ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

941 - 945

151 7 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၄၁.....နှစ်ဝက်ကြာပြီးနောက်

သူ့ဆီသို့ ဦးတည်လာနေသော ချီစွမ်းအင်နဂါးများကို ကြည့်ရင်းး ရှောင်လုံ သည် သူ့၏ ငရဲနတ်ဆိုး အန္တိမနတ်ဘုရား ဦးခေါင်းများကို အသက်သွင်းလိုက်သည်။

သူ့၏ ခန္ဓာကိုယ်ဆီမှ အမှောင်စွမ်းအင် နတ်ဘုရား အင်အား စီးကြောင်းများ ဖြာထွက်လာပြီး ဆေးမြစ်တစ်ခုလုံးကိုဖုံးလွှမ်းသွားကာ ငရဲနတ်ဆိုး အကာအကွယ်တစ်ခု ဖြစ်ပေါ်လာပေသည်။

ထို့နောက် သူက ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်လေပြီး သတ်ဖြတ်လိုစိတ် သည် ပေါက်ကွဲ ထွက်ပေါ်လာပေသည်။

မဟာနတ်ဘုရားအဆင့် ၅၊ အဆင့် ၆နှင့် အဆက့် ၇ ချီစွမ်းအင် နဂါးအားလုံးသည် ရှောင်လုံ၏ လက်သီးတစ်ချက်ကြောင့် ပေါက်ကွဲ ထွက်သွားရပေသည်။

ရှောင်လုံ၏ ငရဲနတ်ဆိုးအန္တိမနတ်ဘုရား ဦးခေါင်းသည် ဆေးချီစွမ်းအင် အမျှင်တန်းအားလုံးကို တက်တက်ကြွကြွဖြင့် စုပ်ယူဝါးမြိုလိုက်လေသည်။

နဂါးတစ်ကောင်၊နှစ်ဂါးနှစ်ကောင်...။

အဆက့်၆၊ အဆင့်၇နှင့် အခြားသော ချီစွမ်းအင်နဂါးအားလုံးသည် တဖြည်းဖြည်းချင်း အရေအတွက် လျော့နည်းသွားပေသည်။

ရှောင်လုံ က ထို နဂါးများဆီမှ စွမ်းအင်များကို စုပ်ယူရင်း သူ့၏ နတ်ဘုရား အင်အား၏ သန့်စင်မှုသည် အနည်းငယ် တိုးတက်လာကြောင်း ခံစားမိပေသည်။

သူ့၏ အစစ်အမှန် နတ်နဂါး ခန္ဓာကိုယ် သည်ပင် ထိုစွမ်းအင်များဆီမှ အံ့သြဖွယ်ရာ အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်စွမ်း ရှိလာပေသည်။ အကြောင်းမှာထို ချီစွမ်းအင် နဂါးများသည် ဆေးမြစ်၏ အသန့်စင်ဆုံး ဆေးချီစွမ်းအင် ဆီမှ နှစ်ပေါင်းများစွာ စုစည်းလာပြီး ဖြစ်ပေါ်လာသောကြောင့်ဖြစ်ပေသည်။

ရှောင်လုံ ဝါးမြိုစုပ်ယူလိုက်သော ချီစွမ်းအင်နဂါးများသည် နှစ်သုံးသန်း ရှိသော ဆေးပင်ရာပေါင်းများစွာအား စုပ်ယူသန့်စင်ခြင်းနှင့် တူညီပေသည်။ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်၇ တစ်ယောက်နှင့် နှိုင်းယှဥ်နိုင်သော နဂါးများသည် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်များ ပါရှိနေပြီး နှစ်သုံးသန်း သက်တမ်းရှိ ဆေးပင်ထောင်ပေါင်းများစွာ နှင့် နှိုင်းယှဥ်နိုင်ပေသည်။

ကံမကောင်းစွာဖြင့် ချီစွမ်းအင်နဂါးများသည် ဆေးစွမ်းအင်မှ ဖြစ်တည်လာခြင်း ဖြစ်ပြီး အကောင်အထည် မရှိကြပေ။ ထိုသို့မဟုတ်ပါက သူသည် ကောင်းကင်ခွဲထုတ်ခြင်း နည်းစနစ် ကို ကျင့်ကြံကာ ၄င်းတို့၏ ခွန်အားကို စုပ်ယူ ၍ သူ့၏ ခွန်အားကို တိုးမြင့်နိုင်ပေလိမ့်မည်။

မကြာမှီ ရှောင်လုံ က ဆေးမြစ်ထဲသို့ ရောက်ရှိနေသည်မှာ တစ်နာရီ ကြာသွားပြီဖြစ်သည်။

အပြင်ဘက် ရှိ အဟန့်အတား နေရာတွင် ချန်းမန် နှင့် ကျန်းရှင်းချန် တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဆေးမြစ်တစ်ခုလုံးကို ရှောင်လုံ၏ငရဲနတ်ဆိုးအကာအကွယ်က ပိတ်ဆို့ထားသောကြောင့် သူတို့နှစ်ယောက် သည် အထဲ၌ ဖြစ်ပျက်နေသမျှကို မြင်နိုင်စွမ်း မရှိပေ။ သူတို့၏ နတ်ဘုရား အာရုံ သည်ပင် ပိတ်ဆို့ခံထားရပေသည်။

သူတို့နှစ်ယောက်လုံးက အမှောင်စွမ်းအင် အကာအကွယ်ကို ချီးကျုးလိုက်ကြပြီး အထဲရှိ ရှောင်လုံ၏ အခြေအနေ ကို ဆွေးနွေးလိုက်ကြသည်။

" ဟောင်ရှောင်လုံ က အထဲကို ရောက်နေတာ တစ်နာရီ တောင် ကြာသွားပြီ...သူ့ရဲ့ ပါရမီ နဲ့ ခွန်အား အရဆိုရင်...သူက အနည်းဆုံး ဆေးမြစ်ထဲမှာ တစ်လကြာအောင် နေနိုင်လိမ့်မယ်"

ချန်းမန် က အလေးအနက်ထားကာ တွက်ချက်ကြည့်လိုက်လေသည်။

ဆေးမြစ်ဖြစ်တည်လာသည့် အချိန်မှစကာ မည်သူကမှ ဆေးမြစ်ထဲ၌ တစ်လလုံးလုံး နေထိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အတိအကျဆိုရသော် ဆေးမြစ်ထဲ၌ အကြာဆုံး ကျင့်ကြံအားထုတ်ခဲ့သူသည် ၂၂ ရက်သာ နေထိုင်နိုင်ခဲ့ပေသည်။

ဆေးမြစ်၏ ဆေးစွမ်းအင်သည် ပြင်းထန်လွန်းသောကြောင့် အလွယ်တကူ သန့်စင်စုပ်ယူရန် မဖြစ်နိုင်ပေ။ ဆေးမြစ်ထဲ၌ နေ့ရက်တိုင်းကို ကျော်ဖြတ်မည်ဆိုပါက လူတစ်ယောက်၏ အတွင်းခန္တာကိုယ်ကို ဖိအားများလာစေပေသည်။

လူတစ်ယောက်၏ အတွင်းခန္တာကိုယ်က အကန့်အသတ်သို့ ရောက်ရှိသွားပြီး ဆေးနဂါးများ၏ ဝန်းရံတိုက်ခိုက်ခြင်းကို တောင့်ခံနိုင်စွမ်း မရှိတော့သည့်အချိန်တွင် သူတို့သည် လက်လျှော့ကာ ဆေးမြစ်မှ ထွက်ခွာရပေသည်။

ကျန်းရှင်းချန် ၏ မျက်လုံးများသည် တောက်ပသွားလေပြီး ပြောလိုက်လေသည်။

"ဘယ်သူသိမှာလဲ...ဟောင်ရှောင်လုံက ဆေးမြစ်ထဲမှာ နှစ်လကြာအောင် နေပြီးတော့... ငါတို့ကို အံ့အားသင့် သွားအောင် လုပ်ပြနိုင်မှာလည်း ဖြစ်နိုင်တာပဲလေ"

" ဟီးဟီး... နှစ်လတဲ့လား..."

သူတို့နှစ်ယောက်၏ နားထဲသို့ လှောင်ပြောင်ထေ့ငေါ့သည့် အသံတစ်ခု ဝင်ရောက်လာပေသည်။

" မင်းတို့အားလုံးက ဟောင်ရှောင်လုံ ကို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လို တကယ်ကြီးဆက်ဆံနေကြတာပဲ...မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်တောင် ဆေးမြစ်ထဲမှာ ဒီလောက်ကြာအောင် နေနိုင်မှာမဟုတ်ဘူး...ပြီးတော့ ဒါက လူတစ်ယောက်ရဲ့ ပါရမီနဲ့ သက်ဆိုင်တယ်ဆိုရုံလောက်ပဲ"

သူတို့ရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုသူမှာ စန်းရီ ဖြစ်သည်။

ထို့နောက် လေထုကို ဖြတ်သန်းလာသော အသံများ ထပ်မံ ထွက်ပေါ်လာပေသည်။ ဝမ်ဂူပိယန် ၊ ယွဲ့ဝူရှန်းနှင့်အခြားသောအကြီးအကဲများသည် တချိန်တည်းလိုလို ရောက်ရှိလာကြပေသည်။

" ဟောင်ရှောင်လုံ က...ဆေးမြစ်ထဲကို အရင်ဆုံး ဝင်ရောက်ဖို့ ရွေးချယ်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး"

ထိုနေရာသို့ ရောက်ရှိလာသည်နှင့် ကျန်းပိ၏ လှောင်ပြောင်သော အသံများ ထွက်ပေါ်လာပေသည်။

" ကြည့်ရတာ...သူက အထွတ်အမြတ်ဆေးဘုရားကျောင်းရဲ့ စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်လိမ့်မယ် လို့...ယုံကြည်မှု မရှိဘူးထင်တယ်"

စန်းရီက လည်း ကျန်းပိ ကဲ့သို့ ပင် လှောင်ပြောင်လိုက်လေသည်။

" သူက သူ့ရဲ့ အကန့်အသတ်ကို သိသွားတာနေမှာပေါ့...သူက စမ်းသပ်စစ်ဆေးမှုကို မကျော်ဖြတ်နိုင်မှန်း သိသွားတော့ စိန်မခေါ်ရဲတော့ဘူးလေ...ဒါပေမဲ့ သူက ဆေးမြစ်ထဲမှာ ကျင့်ကြံအားထုတ်ပြီးသွားရင် စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား...ဘယ်လောက်တောင် နုံအလိုက်တဲ့ အတွေးအခေါ်လဲ"

ဝမ်ဂူပိယန် က ဖြတ်ပြောလာလေသည်။

" သူက ငရဲမျှော်စင်ရဲ့ဆယ့်နှစ်ထပ်လုံးကို ကျော်ဖြတ်နိုင်ခဲ့တာပဲ...ဘာဖြစ်လို့ အထွတ်အမြတ်ဆေးဘုရားကျောင်းရဲ့ အဆင့်ငါးဆင့်ကို... အောင်အောင်မြင်မြင် မဖြတ်ကျော်နိုင်ရမှာလဲ"

စန်းရီက လှောင်ပြောင်လိုက်လေသည်။

" ငရဲမျှော်စင် က သူ့ရဲ့ ပါရမီ မြင့်မားတဲ့ အကြောင်းကိုပဲ သက်သေပြနိုင်စွမ်း ရှိတာ...ဒါပေမဲ့ အထွတ်အမြတ်ဆေးဘုရားကျောင်းရဲ့ အဆင့်ငါးဆင့် စမ်းသပ်စစ်ဆေးမှုက လူတစ်ယောက်ရဲ့ ဆေးဖော်စပ်မှု စွမ်းအင် နဲ့ ခွန်အား အပေည် မူတည်နေတယ်...ဒါကဒါပဲ...ဟိုဟာကဟိုဟာပဲ... လုံးဝမသက်ဆိုင်ဘူး"

ယွဲ့ဝူရှန်း ၏ အထင်သေးသော အကြည့်က စန်းရီ ပေါ်သို့ ရောက်ရှိသွားလေပြီး သူ့၏ တဲ့ထိုးဆန်သော စကားများက ဓားထက်ပင် ထက်ရှနေပေသည်။

" စန်းရီ... ငါသာ မင်းဆိုရင် မနေ့ကတည်းက နတ်ဘုံကမ္ဘာကို တက်လှမ်းသွားလောက်ပြီ...ငါက အောက်ဘုံနယ်ပယ်မှာ သေချာပေါက် နေမှာမဟုတ်ဘူး...ဟောင်ရှောင်လုံ က အထွတ်အမြတ်ဆေးဘုရားကျောင်းကို ကျော်ဖြတ်ပြီးတဲ့ အချိန်အထိ စောင့်နေမဲ့အစား အသက်ချမ်းသာဖို့အတွက် ထွက်ပြေးပစ်လိုက်မိလိမ့်မယ်...အဲ့ဒီ အခါကျရင် မင်းက ထွက်ပြေးချင်တယ်ဆိုရင်တောင် ပြေးနိုင်တော့မှာမဟုတ်ဘူး"

စန်းရီ၏ မျက်နှာက မဲမှောင်သွားပေသည်။

အမှန်အတိုင်း ဆိုရလျှင် သူသည် ထိုသို့ တွေးတောခဲ့ဖူးပေသည်။ သို့သော် သူက ထိုကဲ့သို့ ထွက်ခွာသွားရန် ဆန္ဒ မရှိပါပေ။

သူက မဟာနတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ကံကြမ္မာဂိုဏ်းရဲ့ မဟာအကြီးအကဲ တစ်ယောက်ဖြစ်သည်။ ထို့ပြင် သူက မဟာဆေးပညာရှင်အစည်းအရုံး ၏ အထူးအကြီးအကဲ တစ်ယောက်လည်း ဖြစ်နေပေသည်။ သူ့၏ အဆင့်အတန်း တစ်ခုချင်းစီတိုင်းက သူ့ကို ကြီးကျယ်ခမ်းနားသော အဆင့်အတန်း နှင့် ဂုဏ်သတင်းအား ပေးစွမ်းနေလေသည်။ သူက နတ်ဘုံကမ္ဘာသို့ ရောက်ရှိသွားသည်နှင့် နတ်ဘုရား ဆေးမြို့တော် ထဲရှိ သာမန် စကြာဝဠာ အဆင့် ကျင့်ကြံသူ တစ်ယောက်လောက်ပင် အဆင့်ရှိတော့မည်မဟုက်ပေ။

အရေးကြီးဆုံး မှာကား နတ်ဘုံကမ္ဘာသို့ သူတက်လှမ်းသွားသည်နှင့် မည်သည့်နေရာသို့ ရောက်ရှိသွားမည်ကို သေချာမသိရှိထားပေ။ တိုက်ဆိုင်မှုတစ်ခုခုကြောင့် မိစ္ဆာသားရဲများနှင့် ပြည့်နှက်နေသော ကမ္ဘာဦး တောအုပ်ထဲသို့ ရောက်ရှိသွားမည်ဆိုလျှင် သူ့၏ ဘဝသည် အဆုံးသတ်သွားရမည်ဖြစ်သည်။

ထို့ကြောင့် သူက အဆုံးထိတိုင် အလျော့မပေးနိုင်ရခြင်းဖြစ်ပေသည်။

စန်းရီက တိတ်ဆိတ်နေသည်ကို မြင်လိုက်ချိန်တွင် ယွဲ့ဝူရှန်း က သူ့အား ဆက်လက်ရန်စခြင်း မပြုတော့ပေ။ ဝမ်ဂူပိယန်၊ ချန်းမန် ၊ ကျန်းရှင်းချန် နှင့် အခြားသူများကဲ့သို့ပင် သူက ဆေးမြစ်ထဲမှ လှုပ်ရှားမှုတစ်ခုခုကို စောင့်ဆိုင်းနေလိုက်ပေသည်။

အထူးအကြီးအကဲ များက အပြင်ဘက်၌ စောင့်ဆိုင်းနေရင်း တစ်လတာ ကုန်ဆုံးသွားသည်။

တစ်လတာကုန်ဆုံးသွားသော်လည်း ရှောင်လုံ က ဆက်လက်ကျင့်ကြံနေသည်ကိုမြင်လိုက်ချိန်တွင် ချန်းမန် ၏ မျက်နှာထက်တွင် အပြုံးပန်းတစ်ခု ပွင့်လန်းလာပေသည်။

" ငါမပြောခဲ့ဘူးလား...ဟောင်ရှောင်လုံ ရဲ့ ပါရမီနဲ့ခွန်အား အရဆိုရင်... ဆေးမြစ်ထဲမှာ တစ်လကြာအောင် နေဖို့ဆိုတာက ပြသနာ မရှိဘူး"

ကျန်းရှင်းချန် ကလည်း ရယ်မောလိုက်လေသည်။

" အခုတော့... သူက ဆေးမြစ်ထဲမှာ နှစ်လကြာအောင် နေနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်...ဒီကောင်လေးက ငါ့ကို တကယ်ပဲ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်သွားစေတယ်...သူကဆေးမြစ်ထဲကနေထွက်ခွာလာတဲ့ အခါကျရင် ...သူက အထွတ်အမြတ်ဆေးဘုရားကျောင်းရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီးတော့...ငါတို့အစည်းအရုံးရဲ့ ခေါင်းဆောင်လည်း ဖြစ်ချင်ဖြစ်လာလိမ့်မယ်"

ချန်းမန် က ရယ်မောလိုက်လေသည်။

" အဲ့ဒီလိုသာ တကယ်ဖြစ်လာခဲ့မယ်ဆိုရင်...ငါတို့က သူ့ကို အစည်းအရုံး ခေါင်းဆောင်ဟောင်လို့ ခေါ်ရတော့မှာပေါ့ကွာ"

ချန်းမန်နှင့် ကျန်းရှင်းချန် တို့၏ ပျော်ရွှင်ဝမ်းမြောက်နေသော မျက်နှာများကိုကြည့်ရင်း စန်းရီ၏ မျက်နှာသည် မဲမှောင်သွားပေသည်။

ကျန်းပိ၏ အမူအယာ သည်လည်း ကောင်းမွန်ဟန်မရပေ။ သူနှင့် စန်းရီ တို့၏ ဆက်ဆံရေးသည် အမြဲတစေ ကောင်းမွန်နေခဲ့ပေသည်။ သူ့၏ တပည့် ကျန်းလဲ့ နှင့် ရှောင်လုံ တို့သည် ပြဿနာ အနည်းငယ် ဖြစ်ခဲ့ဖူးကြောင်း သူသိထားပေသည်။ ထို့ကြောင့် စန်းရီကဲ့သို့ပင် သူသည်လည်း ရှောင်လုံ က အစည်းအရုံးခေါင်းဆောင် နေရာကို ရရှိသွားမည်အား တွေ့မြင်လိုခြင်း မရှိပေ။

နောက်ထပ်တစ်လ ကုန်လွန်သွားလေသည်။

ရှောင်လုံ က ဆေးမြစ်ထဲ၌ ကျင့်ကြံအားထုတ်နေသည်မှာ နှစ်လရှိပြီ ဖြစ်သည်။ သို့သော် အပြင်ဘက်ရှိ လူများသည် သူ့၏ မည်သည့်လှုပ်ရှားမှုကိုမှမမြင်တွေ့ကြရပေ။

ရှောင်လုံ က ထွက်ပေါ်လာမည့် လက္ခဏာ မပြသည်မို့ စန်းရီ၏မျက်နှာသည်မဲမှောင်ပုပ်သိုးသွားရပေသည်။

ရှောင်လုံ က ဆေးမြစ်ထဲ၌ အချိန်ကြာကြာကျင့်ကြံအားထုတ်လေလေ အကျိုးအမြတ်များစွာ ရရှိလေလေဖြစ်ပေသည်။ သူက အထွတ်အမြတ်ဆေးဘုရားကျောင်း၏ စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်ရာတွင် အောင်မြင်ရန် အခွင့်အလမ်း ပိုမို မြင့်မားသွားပေသည်။

နတ်ဘုရား ဆေးမြို့တော် ထဲရှိ ခမ်းနားလှပသော အိမ်တော်တစ်ခုထဲ၌...။

ကံကြမ္မာဂိုဏ်း၏ ခေါင်းဆောင် ဝမ်ယု၏ မျက်နှာသည်လည်း မဲမှောင်ပုပ်သိုးနေပေသည်။

သူနှင့် ကံကြမ္မာဂိုဏ်း အကြီးအကဲ အုပ်စုသည် နတ်ဘုရား ဆေးမြို့တော် သို့ လွန်ခဲ့သည့် တစ်လက ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်၌ ဟောင်ရှောင်လုံ က ဆေးမြစ်ထဲသို့ ဝင်ရောက်သွားသည်မှာ တစ်လကြာပြီဖြစ်ကြောင်းကိုသာ တွေ့ရှိခဲ့ရပေသည်။
ထို့ကြောင့် သူက ရှောင်လုံ ထွက်လာသည့်အချိန်ထိ စောင့်ရန် ဆုံးဖြတ်ခဲ့သည်။

အဆုံး၌ ဆေးမြစ်သည် မဟာဆေးပညာရှင် အစည်းအရုံး ၏ ဋ္ဌာနချုပ်၌ ရှိနေခြင်း ဖြစ်ပေသည်။ သူတို့ ကံကြမ္မာဂိုဏ်း က အင်အားကြီးမားလှသော်လည်း အစည်းအရုံး ကို ဆန့်ကျင်မည်ဆိုပါက သုံးကြိမ်တိုင်တိုင် စဥ်းစားတွေးတောရပေမည်။

ထို့အပြင် ဝမ်ယု၏ အတွေးအရ ဟောင်ရှောင်လုံ သည် ဆေးမြစ်ထဲသို့ ဝင်ရောက်သွားသည်မှာ တစ်လကြာပြီဖြစ်သောကြောင့် မကြာခင် ပြန်ထွက်လာပေလိမ့်မည်။ အများဆုံး သူက နှစ်ရက်သုံးရက် မျှသာ စောင့်ဆိုင်းရပေမည်။

သို့သော် သူက တစ်လကြာအောင် စောင့်ဆိုင်းရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

" ခေါင်းဆောင်... ကျုပ်တို့ အစည်းအရုံးရဲ့ ဋ္ဌာနချုပ်ထဲကို ဝင်ရောက်ပြီးတော့...သူ့ကို သတ်ပစ်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ "

ကံကြမ္မာဂိုဏ်းရဲ့မဟာအကြီးအကဲတစ်ယောက်က အကြံပေးလိုက်လေသည်။

ဝမ်ယုက ထို မဟာအကြီးအကဲ ကို သတ်ဖြတ်လိုစိတ် အပြည့်ဖြင့်ကြည့်လိုက်လေသည်။

" မင်းခေါင်းထဲမှာ ဝက်ဦးနှောက်များ ရှိနေတာလား"

ထို မဟာအကြီးအကဲ က တုန်ယင်သွားရပြီး မည်သည့်စကားမျှ မပြောရဲတော့ပေ။

တစ်ဖက်တွင်မူ မော့တင်းထန်းတို့ ရှေးဟောင်းနတ်ဆိုးကလန် အုပ်စုသည်လည်း နတ်ဘုရား ဆေးမြို့တော်ထဲသို့ ရောက်ရှိလာချိန်က ရှောင်လုံ သည် ဆေးမြစ်ထဲသို့ ကျင့်ကြံအားထုတ်ရန် ဝင်ရောက်သွားသည့်အကြောင်းအား သိရှိခဲ့ရပေသည်။ ထို့ကြောင့် သူတို့သည် လည်း ကံကြမ္မာဂိုဏ်း ကဲ့သို့ပင် စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြပေသည်။

သို့သော်လည်း ဟောင်ရှောင်လုံ က သုံးလကြာသည့်တိုင်အောင် ထွက်ပေါ်မလာခဲ့ပေ။

လေးလ၊ငါးလ၊နှစ်ဝက်သို့တိုင် ကြာညောင်းသွားပေသည်။

ဆေးမြစ်၏ အကာအကွယ် အပြင်ဘက် တွင် စန်းရီ နှင့် ကျန်းပိ တို့အပါအဝင် အထူးအကြီးအကဲ များသည် ခြောက်လဟူသော အချိန်ကာလအထိ ရှောင်လုံ ထွက်မလာသေးသောကြောင့် တုန်လှုပ်နေကြပေသည်။ ဟောင်ရှောင်လုံ က ဆေးမြစ်ထဲ၌ ခြောက်လတိုင်တိုင် နေထိုင်နိုင်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြပေ။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၄၂.....အထွတ်အမြတ်ဆေးဘုရားကျောင်းထဲသို့ ဝင်ရောက်ခြင်း

"ထပ်ပြောလိုက်စမ်း...ဟောင်ရှောင်လုံ က နှစ်ဝက်ကြာတာတောင် ဆေးမြစ်
ထဲကနေ ထွက်မလာသေးဘူးတဲ့လား"

" ဒါက အမှန်မဟုတ်ဘူးမလား...သူက နှစ်ဝက်ကြာတာတောင် ထွက်မလာမှတော့ ဆေးမြစ်ထဲမှာ သေနေတာလည်း ဖြစ်နိုင်တာပဲလေ...မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် သိုင်းပညာရှင် တစ်ယောက်တောင် ဆေးမြစ်ထဲမှာ နှစ်ဝက်ကြာတဲ့ထိ နေနိုင်မှာ မဟုတ်ဘူး"

အချိန်တိုအတွင်း ဟောင်ရှောင်လုံ က နှစ်ဝက်ကြာသည်အထိရှိနေဆဲဖြစ် ကြောင်း သတင်းသည် နတ်ဘုရား ဆေးမြို့တော် ၏ နေရာအနှံ့သို့ ပျံ့နှံ့သွားပေသည်။

ဆေးနတ်ဘုရားကမ္ဘာထဲရှိ ကျင့်ကြံသူ များအားလုံး သည် ထိုသတင်းကြောင့် အံ့သြမှင်သက်သွားကြရလေသည်။ အများစုကမှု ရှောင်လုံ က ဆေးမြစ်ထဲ၌ သေဆုံးသွားပြီဟု ပြောနေကြပေသည်။ အကြောင်းမှာ ထိုသတင်းကို သူတို့အနေဖြင့် လက်ခံရန် ခဲယဥ်းနေသောကြောင့်ဖြစ်ပေသည်။

အရင်က မဟာပြိုင်ပွဲ ၏ ပထဆုရှင်သည် မဟာနတ်ဘုရားအဆင့် ၁၀ ကျင့်ကြံမှု ရှိခဲ့ပေသည်။ သို့သော် ထိုသူက ဆေးမြစ်ထဲ၌ ၂၂ ရက်ကြာသည်အထိသာနေထိုင်နိုင်ခဲ့ပေသည်။

၂၂ ရက်နှင့် နှစ်ဝက်ကို နှိုင်းယှဥ်ကြည့်ပါက အလွန်တရာ ကွာခြားလှပေသည်။

မြောက်များစွာ သော ကြယ်စင်စု များရှိ ကျင့်ကြံသူ များက တုန်လှုပ်နေကြချိန်တွင် နောက်ထပ်နှစ်ဝက်တာကာလသည် ကုန်ဆုံးသွားခဲ့ပေသည်။

ရှောင်လုံ ဆေးမြစ်ထဲသို့ ဝင်ရောက်ပြီး တစ်နှစ်အကြာတွင် ဆေးနတ်ဘုရားကမ္ဘာတစ်ခုလုံးသည် ဆူညံပွက်လောရိုက်သွားလေသည်။ စားသောက်ဆိုင်များနှင့် တည်းခိုခန်း များတွက် နေ့ရက်တိုင်းလိုလို ရှောင်လုံ နှင့် ပက်သတ်သော အကြောင်းများကို သာ ဆွေးနွေးနေကြသည်။

ဝမ်ဂူပိယန်၊ ယွဲ့ဝူရှန်းနှင့်အခြားသောအကြီးအကဲများသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုစိတ်လှုပ်ရှားလာကြပေသည်။

" အာ...ဟောင်ရှောင်လုံ က ဆေးမြစ်ထဲမှာတော့ သေမသွားလောက်ပါဘူးနော်"

ချန်းမန် က သံသယ ဖြင့်မေးမြန်းလိုက်လေသည်။ သူ့၏ မေးခွန်းက မည်သူ့ကိုမှ ရည်ရွယ်ခြင်း မဟုတ်ဘဲ အနည်းငယ် စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ကို ခံစားနေရပေသည်။

တစ်နှစ်တာကာလသည် ရှည်လျားလှပေသည်။

ချန်းမန် သည် ရှောင်လုံ က အထဲ၌ သေဆုံးသွားပြီလားဆိုသည့် ကိစ္စ ကို သိရှိချင်နေပေသည်။

ရှောင်လုံ ဖန်တီးထားသော ငရဲနတ်ဆိုးအကာအကွယ်က ဆေးမြစ်တစ်ခုလုံးကို ဖုံးအုပ်ထားဆဲဖြစ်ပြီး အထဲရှိ မြင်ကွင်းကို ပိတ်ဆို့ထားဆဲ ဖြစ်ပေသည် ။

ကျန်းရှင်းချန် က မသေချာ မရေရာစွာ ပြောလိုက်လေသည်။

" ကျုပ်တို့ အဟန့်အတား ကို ဖွင့်ပြီးတော့ စစ်ဆေးကြည့်ရင်ရော ဘယ်လိုလဲ "

စန်းရီက သူတို့ကို လှောင်ပြောင်လိုက်လေသည်။

" အစည်းအရုံး ရဲ့ အထူးအကြီးအကဲ တွေ ဖြစ်နေတာ ဒီလောက်ထိ ကြာနေတာတောင်...မင်းတို့က စည်းမျဥ်းတွေကို မေ့သွားပြီလို့ ငါ့ကို မပြောနဲ့...မဟာပြိုင်ပွဲရဲ့ ပထမဆုရှင် က ဆေးမြစ်ထဲကို ဝင်ရောက်ချင်တဲ့အခါမှသာ မင်းတို့က အတားအဆီးကို ဖယ်ရှားပေးခွင့်ရှိတယ်...တခြားအချိန်မှာဆိုရင်တော့ ဘယ်သူပဲ ဖြစ်နေပါစေ မင်းတို့စိတ်ကြိုက် အတားအဆီးကို ဖွင့်ခွင့်မရှိဘူး...ဒီ စည်းမျဥ်းကို ဖောက်ဖျက်တဲ့ သူတွေက စိတ်ဝိညာဉ် နှိပ်စက်ခြင်း ဂူထဲကို နှစ်တစ်ရာ အပို့ခံရပြီး အပစ်ပေးခံရမယ်"

စိတ်ဝိညာဉ်နှိပ်စက်ခြင်း ဂူ...။

ချန်းမန်နှင့် ကျန်းရှင်းချန် တို့သည် စိတ်ဝိညာဉ်နှိပ်စက်ခြင်း ဂူအကြောင်းကို တွေးတောလိုက်ရင်း တုန်ယင်သွားကြသည်။

ထိုနေရာသို့ ဝင်ရောက်ဖူးသည့် မည်သူမဆို သေရမည်ဆိုလျှင်ပင် ထိုထဲသို့ ထပ်မံဝင်ရောက်လိုခြင်းမရှိကြပေ။

ချန်းမန်နှင့်ကျန်းရှင်းချန်တို့က မည်သို့မှ မတတ်နိုင်တော့ဘဲ ရှောင်လုံ၏ အခြေအနေ ကို ဝင်ရောက်စစ်ဆေးမည့်အတွေးအား လက်လျော့လိုက်ရပေသည်။

နေ့ရက်များက ကုန်လွန်သွားလေသည်။

မျက်တောင်တစ်ခတ်အတွင်း ရှောင်လုံ ဆေးမြစ်ထဲသို့ ဝင်ရောက်သွားသည်မှာ နှစ်နှစ်ကြာသွားပြီဖြစ်သည်။

နှစ်နှစ်ကြာပြီးနောက် နတ်ဘုရား ဆေးမြို့တော်ထဲရှိ လူတိုင်းသည်ရှောင်လုံ က သေဆုံးသွားပြီဟု ယူဆလိုက်ကြသည်။ ဤသည်ကသာ ဖြစ်နိုင်ချေ အရှိဆုံး ရှင်းပြချက်တစ်ခု ဖြစ်ပေသည်။ ဤနည်းလမ်းကသာ ဟောင်ရှောင်လုံ က ဆေးမြစ်ထဲ၌ နှစ်နှစ်ကြာ ကျင့်ကြံအားထုတ်ခဲ့သည်ဟူသော ကိစ္စ ထက်ပိုမို ယုံကြည်ဖွယ်ရာ ကောင်းပေလိမ့်မည်။

သူတို့၏စိတ်ထဲ၌မူ ဤကိစ္စသည် မဟာနတ်ဘုရားအဆင့် ၁၀သိုင်းပညာရှင် တစ်ယောက်ပင် လုပ်ဆောင်နိုင်စွမ်း မရှိသည့်အရာတစ်ခုဟု တရားသေမှတ်ယူထားကြပေသည်။ ချန်းမန် ၊ ဝမ်ဂူပိယန် နှင့် ကျန်းရှင်းချန်တို့သည် ပင် ရှောင်လုံ့အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားကြပြီး စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်လေသည်။

ဆေးမြစ်တစ်ခုလုံးကို ဖုံးလွှမ်းထားသော အမှောင်စွမ်းအင် အကာအကွယ် က ရှိနေဆဲဖြစ်သော်လည်း သူတို့၏ စိတ်ထဲ၌မူ ရှောင်လုံ သည် အသိစိတ်မရှိတော့ပဲ သေဆုံးလုနီးပါး ဖြစ်နေပြီဟု တွေးထားကြပေသည်။ ထိုကဲ့သို့ သော အခြေအနေမျိုးသည် အသက်ရှင်နေသော်လည်း သေဆုံး သွားခြင်းနှင့် အတူတူသာ ဖြစ်သည်။

ရှောင်လုံ က အထွတ်အမြတ်ဆေးဘုရားကျောင်း၏ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်ရန် သူ့၏ ခွန်အား ကို မြန်နိုင်သမျှ မြန်မြန် အတင်းအကျပ်တိုးမြင့်ခဲ့ခြင်းကြောင့် သူ့၏ အကန့်အသတ်ကို ရောက်ရှိသွားခြင်း ဖြစ်ပေမည်။ ဆေးမြစ်၏ ဆေးစွမ်းအင်က သူ့၏ နတ်ဘုရားဦးခေါင်းနှင့် နတ်ဘုရားအင်အားကို ဖရိုဖရဲ ဖြစ်သွားစေပြီး သူ့၏ စိတ်ဝိညာဉ် ကို ထိခိုက်သွားစေခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူက နက်နက်ရှိုင်းရှိုင်း မေ့မျောသွားရခြင်းဖြစ်ပေမည်။

ဤသို့သာဖြစ်ခဲ့မည်ဆိုလျှင် ဆေးမြစ်၏ ဆေးစွမ်းအင်လှိုင်းများ ရိုက်ခက်မှုကြောင့် ရှောင်လုံ က သူ့၏ အသိစိတ်ကို ပြန်လည်ရရှိရန် အခွင့်အရေး ရှိတော့မည် မဟုက်ပေ။

ရက်ပေါင်း တစ်ဒါဇင် မျှ ကုန်ဆုံးသွားပြန်သည်။

ထိုအချိန်၌ ချန်းမာန်နှင့် ကျန်သူများသည် မည်သည့်မျှော်လင့်ချက်မှ မထားရှိတော့ပေ။ သို့သော် ရုတ်တရက်ဆိုသလို ဆေးမြစ်အား နှစ်နှစ်ကျော် လွှမ်းခြုံထားသည့် အနက်ရောင် အကာအကွယ် သည် ပြင်းပြင်းထန်ထန် လှုပ်ခက်လာပေသည်။

" ဘာဖြစ်တာလဲ"

ချန်းမန် ၊ ကျန်းရှင်းချန်နှင့် အခြားသူများသည် ထိတ်လန့်သွားကြပေသည်။

ချက်ချင်းဆိုသလို အလင်းတိုင်
လုံးကြီးတစ်ခုသည် ငရဲနတ်ဆိုး အကာအကွယ် ကို ထိုးဖောက်သွားလေပြီး အထက်သို့ မြင့်တက်သွားလေသည်။ ထို့နောက် ဒုတိယမြောက်  အလင်းတိုင်လုံးကြီး ထွက်ပေါ်လာပြီး ဆက်တိုက်ဆိုသလို အလင်းတိုင်လုံးများ ထွက်ပေါ်လာပေသည်။

အလင်းတိုင်လုံးများသည် အမြောက်အမြား ထွက်ပေါ်လာပြီး အလွန်တရာ အားကောင်းလှသည့် ဖိအားနှင့် ဖျက်ဆီးမှု စွမ်းအားကို ထုတ်ဖော်ကာ မိုးကောင်းကင်ကိုပင် ခွဲခြမ်းပစ်ချင်သည့်နှယ်အားကောင်းလှပေသည်။

အထူးအကြီးအကဲ များကဲ့သို့ အင်အားကောင်းသည့်သူများပင် ဖျက်ဆီးမှုလှိုင်းများကြောင့် နောက်သို့ တွန်းပို့ခံလိုက်ကြရသည်။

ထို့နောက်တွင် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသည် ကောင်းကင်နှင့် မြေပြင်အကြားတွင် ပဲ့တင်ထပ်သွားလေပြီး ဆေးမြို့တော် တစ်ခုလုံးကို တုန်လှုပ်သွားစေပေသည်။ ကြယ်စင်စု ပေါင်းမြောက်များစွာ ဆီမှ ကျင့်ကြံသူ ပေါင်း သန်းထောင်ကျော်သည် မဟာဆေးပညာရှင်အစည်းအရုံး ရှိရာဆီသို့ တုန်လှုပ်စွာ စိုက်ကြည့်လိုက်မိကြသည်။

" ဒါက...."

ကြီးကျယ်ခမ်းနားသော အိမ်တော်ထဲတွင် ကံကြမ္မာဂိုဏ်းချုပ် ဝမ်ယုသည် တုန်လှုပ်သွားလေပေသည်။ သူ့၏ စိတ်ထဲ၌ မကောင်းသော ခံစားချက် တစ်ခု ပေါ်ထွက်လာလေပေသည်။

တချိန်ထဲမှာပင် နတ်ဆိုးကလန် ခေါင်းဆောင် မော့တင်းထန်းသည် မဟာအကြီးအကဲများ အားလုံး ကို  စိုးရိမ်တကြီးနှင့် စုစည်းလိုက်ပြီး နဂါးဟိန်းသံအကြောင်းကို စုံစမ်းစစ်ဆေးရန် စေလွှတ်လိုက်လေသည်။

ထိုအချိန်၌ ရှောင်လုံ သည် ဆေးမြစ်၏ အောက်ခြေတွင် ခြေချိတ်ထိုင်နေပေသည်။ သူ့၏ စိတ်ဝိညာဉ် ပင်လယ်အထက်၌ အန္တိမ နတ်ဘုရား ဦးခေါင်းသုံးခုသည် အလွန်တရာ တောက်ပနေပေသည်။ သူ့၏ ခန္ဓာကိုယ် ပေါ်တွင် စွမ်းအင်အမျိုးအစား အမြောက်အမြား ၏ နတ်ဘုရား အင်အား နှင့် လွှမ်းခြုံနေပေသည်။

နာရီဝက်မျှ ကြာပြီးနောက် ဆေးမြစ်ထဲ၌ ကျင့်ကြံအားထုတ်နေသော ရှောင်လုံ သည် သူ့၏ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။

ချန်းမန်နှင့် အခြားသော အထူးအကြီးအကဲ များ၏ မြင်ကွင်းရှေ့တွင် အနက်ရောင်အကာအကွယ် သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေပြီး ရှောင်လုံ၏ ပုံရိပ် ထွက်ပေါ်လာပေသည်။

" မဟာနတ်ဘုရား အဆင့် ၇ နောက်ပိုင်းအထွတ်အထိပ်အဆင့် "

စန်းရီက တုန်လှုပ်နေသော အသံဖြင့် ရေရွတ်လိုက်လေသည်။

အခြားသောအထူးအကြီးအကဲများသည်လည်း ရှောင်လုံ ကို ကြောင်အစွာ စိုက်ကြည့်နေမိကြလေသည်။ သူတို့သည်လည်း ရှောင်လုံ၏ ကျင့်ကြံမှုက မဟာနတ်ဘုရားအဆင့် ၇ နောက်ပိုင်းအထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားကြောင်း သတိထားမိသွားလေသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရှောင်လုံ ဆေးမြစ်ထဲ ဝင်ရောက်သည့် အချိန်တွင် သူ့၏ ကျင့်ကြံမှုသည် မဟာနတ်ဘုရားအဆင့် ၇ အစောပိုင်း အဆင့်၌သာ ရှိသေးပေသည်။

' ဒါ...ဒါက... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ '

သူက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် ကျန်းပိက ရုတ်တရက် အော်ဟစ်လိုက်မိသည်။

" ဒါ...ဒါက...ချီစွမ်းအင် နဂါးတွေ ဘယ်ရောက်သွားတာလဲ"

ချန်းမန်နှင့်အခြားသူများသည် ရှောင်လုံ ကို ကြည့်နေရာမှ အကြည့်လွဲလိုက်ကြသည်။ ထိုအခါမှသာ ဆေးစွမ်းအင်များ စုစည်းမှုကြောင့် ဖြစ်ပေါ်လာသော ချီစွမ်းအင်နဂါးများသည် မရှိတော့ကြောင်း သူတို့ သတိထားမိသွားကြလေသည်။ နဂါးများအားလုံး ပျောက်ဆုံးသွားပြီဖြစ်သည်။

ချန်းမန် က ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး သူ့၏ လည်ချောင်းတစ်ခုလုံး ခြောက်သွေ့သွားသလို ခံစားလိုက်မိသည်။

' ဒါက... ချီစွမ်းအင်နဂါးတွေကို ဟောင်ရှောင်လုံ များ...'

ချန်းမာန် ၏ စိတ်ထဲ၌ ဖြစ်နိုင်ချေ ကိုစဥ်းစားမိသွားချိန်တွင် သူနှင့် အခြားသူများသည် ကြက်သီးမွေးညင်းထကာ တုန်ယင်သွားကြလေသည်။

'သူက လူရော ဟုတ်သေးလား...ဒါက နှစ်ပေါင်းမရေမတွက်နိုင်လောက်
အောင် စုစည်းလာတဲ့ ဆေးစွမ်းအင်က နဂါးအသွင် ပြောင်းသွားခဲ့တာလေ'

ရှောင်လုံ ကမူ ၄င်းတို့အား စုပ်ယူသန့်စင်ရန်အတွက် နှစ်နှစ်သာ အချိန်ယူခဲ့ရပေသည်။

သူတို့ကို ပိုမိုအံ့အားသင့်သွားစေခဲ့သည့်အရာမှာကား ချီစွမ်းအင်နဂါးများအားလုံးကို စုပ်ယူသန့်စင်ပြီး နောက်၌ပင် ရှောင်လုံ၏ ကျင့်ကြံမှုသည် မဟာနတ်ဘုရားအဆင့် ၇ နောက်ပိုင်းအထွတ်အထိပ်အဆင့်သို့ သာ ရောက်ရှိခဲ့သောကြောင့် ဖြစ်ပေသည်။ အခြားသော မဟာနတ်ဘုရားအဆင့်ကျင့်ကြံသူ များ ဆိုပါက မဟာနတ်ဘုရားအဆင့် ၈ သို့ပင် ရောက်ရှိသွားနိုင်ပေလိမ့်မည်။

အံ့သြမှင်သက်နေကြသော အထူးအကြီးအကဲများ၏ ရှေ့တွင် ရှောင်လုံ သည် သူတို့ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပေသည်။

စန်းရီက သေလုမတက် ဖြူဖြော့သွားလေသည်။

ရှောင်လုံ က မဟာနတ်ဘုရားအဆင့် ၇ အစောပိုင်း အထွတ်အထိပ်အဆင့်ရှိစဥ်ကပင်သူက ရှောင်လုံ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ ယခုအခါ၌မူ ဟောင်ရှောင်လုံ ၏ ကျင့်ကြံမှုသည် မဟာနတ်ဘုရားအဆင့် ၇ နောက်ပိုင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထိုသို့ဆိုပါက သူတို့ ကံကြမ္မာဂိုဏ်းချုပ် ဝမ်ယုသည်ပင် ရှောင်လုံ ကို ဖိအားပေးနိုင်တော့မည်မဟုတ်ပေ။

ယခုအခါ၌ ရှောင်လုံ ကို ဖိအားပေးနိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူမှာကား သူတို့၏ ဘိုးဘေးသာ ဖြစ်ပေလိမ့်မည်။

ရှောင်လုံ က ချန်းမာန် တို့အုပ်စုရှေ့သို့ ရောက်ရှိသွားချိန်တွင် ပြောလိုက်လေသည်။

" ကျွန်တော် အထွတ်အမြတ်ဆေးဘုရားကျောင်းထဲကို အခုချက်ချင်း ဝင်ရောက်ချင်တယ်...ကျွန်တော် ဝင်လို့ရမလား"

ချန်းမာန်နှင့် လူတိုင်းသည် သူတို့၏ အသိစိတ်များကို ထိန်းချုပ်လိုက်ပြီးနောက် ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်လေသည်။

" ရတာပေါ့... မင်းဝင်လို့ရတာပေါ့...ငါတို့ မင်းကို အဲ့ဒီ နေရာဆီ အခုချက်ချင်း ခေါ်သွားပေးမယ်"

သူတို့၏ စိတ်ထဲရှိ တုန်လှုပ်မှု ကို ဖိနှိပ်လိုက်ရင်း ဆေးမြစ်နှင့် နီးကပ်နေသော
နေရာရှိ အထွတ်အမြတ်ဆေးဘုရားကျောင်းဆီသို့ ရှောင်လုံ အား ခေါ်ဆောင်သွားပေသည်။ သုံးမိနစ် လေးမိနစ်မျှ ပျံသန်းလိုက်ပြီးနောက် သူတို့အုပ်စုသည် ဘုရားကျောင်းဝင်ပေါက်၌ ဆင်းသက်လိုက်လေသည်။

ရှောင်လုံ က ကြားဖူးနေသည်မှာကြာပြီဖြစ်သော အထွတ်အမြတ်ဆေးဘုရားကျောင်းကိုကြည့်ရင်း အနည်းငယ် ဆွံ့အသွားပေသည်။ အထွတ်အမြတ်ဆေးဘုရားကျောင်း၏ တည်ဆောက်ပုံသည် သူ့၏ မျက်လုံးထဲ၌ 'ပြိုင်ဘက်ကင်း လွန်း' နေပြီး သာမန်ဆေးဒယ်စောက်တစ်ခုနှင့်တူနေပေသည်။ ဘုရားကျောင်းက ဒေါက်တိုင်လေးခုရှိပြီး အထက်ငါးထပ်မြောက်ပေါ်၌ ဒယ်အိုးဖုံးကဲ့သို့သော အရာတစ်ခု ရှိနေပေသည်။

ရှောင်လုံ၏ ဆွံ့အသွားသော အမူအယာ ကို မည်သူမှ သတိမထားမိကြဘဲ ချန်းမန်နှင့် ကျန်းရှင်းချန်တို့သည် ရှောင်လုံ သတိထားရန် လိုအပ်သည့် အချက်များအား ရှင်းပြလိုက်ကြသည်။ ရှောင်လုံ က အရာအားလုံးကို မှတ်သားလိုက်ပြီးနောက် ဘုရားကျောင်းထဲသို့ ချက်ချင်း ပျံသန်းဝင်ရောက်သွားလေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၄၃.....အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ငါးခုမြောက်အဆင့်

အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ပထမအဆင့်ကို ဝင်ရောက်လိုက်ပြီးနောက် ရှောင်လုံ၏ ရှေ့ရှိ မြင်ကွင်းသည် မှုန်ဝါးသွားပြီး မတူညီသော မြင်ကွင်းအသွင် ပြောင်းလဲသွားသည်။ သူက ဆေးဖော်စပ်ခြင်း ကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားပြီး ထိုနေရာ၌ သူကလွဲ၍ အခြားသူများ မရှိပေ။

သူက ပတ်ပတ်လည် သို့ ကြည့်လိုက်ချိန်တွင် ထူးခြားဆန်းကြယ်သော အဆောင်လက်ဖွဲ့သင်္ကေတများ ပေါ်ပေါက်လာပြီး မြေကွက်လပ်၏ ပတ်ပတ်လည် တွင် အစီအရင် တစ်ခု ဖြစ်ပေါ်လာပေသည်။

ရှောင်လုံ က ရှေ့သို့ တိုးရန် ပြင်လိုက်သည်နှင့် ထူးခြားဆန်းကြယ်သော သင်္ကေတများသည် တစ်ခုပြီးတစ်ခု လင်းလက်လာလေပြီး ဆေးသန့်စင်ခြင်းကွင်းပြင်တစ်ခုလုံး တောက်ပသွားပေသည်။

ထို့နောက် ဆေးသန့်စင်မှု ကွင်းပြင်သည် တုန်ခါသွားလေပြီး ဆေးလုံးသောင်းပေါင်းများစွာသည် မုန်တိုင်းနှယ် ကျဆင်းလာလေသည်။

ဆေးလုံးတိုင်းသည် လက်သီးစုပ်တစ်ဝက်မျှ ကြီးမားလှပြီး ထူးခြားဆန်းကြယ်သော အစီအရင်တစ်ခု နှယ် ခန်းမတစ်ခုလုံးကို လွှမ်းခြုံနေပေသည်။

ဆေးလုံးတိုင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းသော ချီပမာဏကို ထုတ်လွှတ်နေပေသည်။ ၄င်းတို့ထဲ၌ ပါဝင်နေသော စွမ်းအင် ပမာဏအရ ထိုဆေးလုံးများသည်ကပ်ဘေးအဆင့်သို့ နီးကပ်နေပြီဖြစ်ကြောင်း ရှောင်လုံ သိရှိလိုက်ရပေသည်။

သူ့၏ ပတ်ပတ်လည် ၌ရှိသော ဆေးလုံးသောင်းပေါင်းများစွာသည် အချိန်မြစ်ထဲ၌ ပျောက်ဆုံးသွားသော ရှေးဟောင်းအထွတ်အမြတ်အဆင့် နတ်ဆေးလုံး များဖြစ်ကြောင်း ရှောင်လုံ ပြောနိုင်ပေသည်။

ချက်ချင်းဆိုသလို ထိုဆေးလုံးများသည် ရှောင်လုံ ပေါ်သို့ ကျဆင်းလာပြီး တမူထူးသော ပုံသဏ္ဍာန်နှင့်လျို့ဝှက်ဆန်းကြယ်သောအမြန်နှုန်းဖြင့် ကျဆင်းလာခြင်း ဖြစ်သည်။ လေဟာနယ် က ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး မဟာအင်အား၏နောက်တွင် တိုက်ခိုက်မှုများ ပါဝင်လာပေသည်။ ထိုအင်အားနှင့်အမြန်နှုန်းအရ ဆိုလျှင် သာမန် မဟာနတ်ဘုရား အဆင့် ၇ အစောပိုင်း သိုင်းပညာရှင်တစ်ယောက်သည်ပင် တောင့်ခံနိုင်ရန် ခဲယဥ်းလှပေသည်။

ရှောင်လုံ က ဤသည်ကို မြင်လိုက်ချိန်၌ ရှောင်ရှားခြင်း မရှိပေ။ ထိုအခါ သူက လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။

သူ့၏ လက်ရှိခွန်အားဖြင့် ဆိုပါက အင်အားအပြည့်ပါဝင်သော လက်သီးတစ်ချက်သည် ရှေးဟောင်းတောင်တန်းတစ်ခုကိုပင် မြေမှုန်များ အသွင် ကြေမွသွားစေနိုင်ပေသည်။ ထို့ကြောင့် ရှောင်လုံ့ကို ရိုက်နှက်ရန် ကြိုးပမ်းလာသော ဆေးလုံးသောင်းပေါင်းများစွာသည် ကွင်းပြင်၏ နေရာအနှံ့သို့ လွင့်ပျံသွားလေသည်။

တုန်လှုပ်ဖွယ်ရာ ကိစ္စ မှာကား ထိုဆေးလုံးများအားလုံးသည် မထိမခိုက် ရှိနေခြင်းကြောင့်ဖြစ်ပေသည်။ ရှောင်လုံ၏ အားကောင်းလှသော တိုက်ခိုက်မှုကို ခံယူလိုက်ရပြီးနောက်တွင် ထိုဆေးလုံးများသည် ကွဲအက်မသွားခဲ့ပေ။ ထို့အပြင် ၄င်းတို့သည် မျက်တောင်တစ်ခတ်အတွင်း အစီအရင်တစ်ခု အဖြစ်အလျှင်အမြန် ပြန်လည်ခင်းကျင်းလိုက်ပြီး ဒုတိယမြောက် တိုက်ခိုက်မှု ကို စတင်လိုက်လေသည်။

ရှောင်လုံ၏ မျက်လုံးများက အံ့အားသင့်မှုများဖြင့် တောက်ပသွားလေပြီး ကြည့်ရသည်မှာ သူ့၏ ဆရာ လမင်းဆင်းသက်ခြင်းအဘိုးအို ပြောခဲ့သည်က အမှန်ဖြစ်ဟန်ရသည်။ မိခင်ဆေးလုံး တည်ရှိသည့်နေရာကို တွေ့ရှိပြီး ဖမ်းဆီးနိုင်မှသာ ထိုဆေးလုံး အစီအရင် ကို ချိုးဖျက်နိုင်မည်ဖြစ်သည်။

မိခင်ဆေးလုံး သည် ကျန်သည့် ဆေးလုံးများအား ထိန်းချုပ်သည့် အဓိကဆေးလုံးဖြစ်သည်။

သို့သော် သူက မြောက်များစွာသော ရွေ့လျားနေသည့် ဆေးလုံးသောင်းပေါင်းများစွာထဲတွင် မိခင်ဆေးလုံး ကို မည်သို့ ရှာဖွေရမည်နည်း။ ဤသည်မှာ တကယ့်ကို ဒုက္ခများလှပေသည်။

ထို့ကြောင့် စမ်းသပ်စစ်ဆေးမှုကို စိန်ခေါ်သူသည် ဆေးဖော်စပ်ခြင်း စွမ်းရည်၌ပါရမီ မြင့်မားနေရန်လိုအပ်သည်သာမက အနည်းဆုံး မဟာနတ်ဘုရားအဆင့်၇ ကျင့်ကြံမှု ရှိရမည်ဖြစ်ကာ အစီအရင် များကိုလည်း အတိုင်းအတာ တစ်ခုအထိ နားလည်ထားရမည် ဖြစ်သည်။

ဆေးလုံး အစီအရင် ၏ ဒုတိယအကြိမ် တိုက်ခိုက်မှု ကိုကြည့်ရင်း ရှောင်လုံ က လက်သီးတစ်ချက်သုံး၍ အစီအရင် ကို အပိုင်းပိုင်းအစစကွဲအက်သွားစေလိုက်ပေသည်။

သူက ဆေးလုံးအစီအရင်ကို ချိုးဖျက်လိုက်သည့်အချိန်တိုင်း နတ်ဘုရား အာရုံ ကို ဖြန့်ကျက်ကာ ဆေးလုံးများ၏ လှုပ်ရှားပုံကို စစ်ဆေး၍ ဆေးလုံးများဆီမှ ချီစွမ်းအင် ပမာဏကို အာရုံခံလိုက်သည်။

ဆေးလုံးတိုင်းသည် တစ်ခုနှင့်တစ်ခု တူညီနေဟန်ရသော်လည်း မိခင်ဆေးလုံးသည် အနည်းငယ် ကွဲပြားခြားနားပေသည်။

ကျွမ်းကျင်သော ဆေးပညာရှင် တစ်ယောက်သည် ခြားနားချက်ကို ရှာဖွေနိုင်ပေလိမ့်မည်။

ရှောင်လုံက မိခင်ဆေးလုံး ကို ထိုအပြုအမှုဖြင့် ဆက်လက်ရှာဖွေလိုက်သည်။ ဆေးလုံးအစီအရင်ကို ၁၆ကြိမ်အထိ ချိုးဖျက်ပြီးနောက် သူ့၏ အမူအယာ က ရုတ်တရက်ဆိုသလို ပြောင်းလဲသွားပြီး စိမ်းနုရောင်တောက်ပနေသော ဆေးလုံးတစ်လုံး ပေါ်သို့ အကြည့်ရောက်သွားလေသည်။

စက္ကန့် ပိုင်းအတွင်း ရှောင်လုံ သည် ထိုဆေးလုံး ရှေ့သို့ ရောက်ရှိသွားပြီး သူ့၏ လက်ဝါးထဲသို့ ဆွဲယူလိုက်ကာ စွမ်းအင် ဖြာထွက်မှုကို ပိတ်ဆို့လိုက်လေသည်။

ကွင်းပြင် ပတ်ပတ်လည် ၌ ပြန့်ကျဲကာ အစီအရင် သဖွယ်ဖြစ်ပေါ်နေသော ဆေးလုံးများသည် လှုပ်ရှားမှုများကို ချက်ချင်းဆိုသလို ရပ်တန့်လိုက်လေသည်။

ပထမအဆင့်၏ ဆေးလုံးအစီအရင်သည် ကျိုးပျက်သွားပြီဖြစ်သည်။

ပြောစရာမလိုလောက်အောင်ပင် ရှောင်လုံ က ထိုဆေးလုံး များကို ဖြုန်းတီးပစ်မည်မဟုတ်ပေ။

ရှောင်လုံ၏ပါးစပ်က ပွင့်ဟသွားကာ ဝေလငါးကရေများကို စုပ်ယူလိုက်သည့်နှယ် ဆေးလုံးများအားလုံးကို သူ့၏ ပါးစပ်ထဲသို့ စုပ်သွင်းလိုက်လေသည်။ ထို့နောက် ထိုစွမ်းအင်များကို သူ့၏ ခန္ဓာကိုယ် ထဲသို့ စုပ်ယူလိုက်လေသည်။

မိနစ်လေးဆယ်ကျော်ကြာပြီးနောက် အပြင်၌ စောင့်ဆိုင်းနေကြသော ချန်းမာန်နှင့် အခြားအထူးအကြီးအကဲများသည် ဒုတိယ ထပ်က တောက်ပသွားသည်ကို ချက်ချင်း သတိထားမိလိုက်လေသည်။ ခဏမျှ တွေဝေသွားပြီးနောက် သူတို့သည် အံ့အားသင့်သွားကြလေသည်။

ရှောင်လုံ က ပထမအဆင့်ကို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်မည်ဟု သူတို့မျှော်လင့်ထားပြီး ဖြစ်သော်လည်း တစ်နာရီမပြည့်ခင် ကျော်ဖြတ်နိုင်ခဲ့ခြင်းက ထို အကြီးအကဲ များကို ကြောင်အသွားစေခဲ့သည်။

ချန်းမာန် ၊ ဝမ်ဂူပိယန် နှင့်ကျန်သူများသည် အရင်က ပထမအဆင့်ကို ကျော်ဖြတ်ခဲ့ချိန်တွင် အမြန်ဆုံး တစ်ယောက်သည် အနည်းဆုံး တစ်ရက် အချိန်ယူခဲ့ရပေသည်။

နှစ်လတာကုန်လွန်သွားသည်။

အကြီးအကဲ များသည် အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ငါးထပ်မြောက်ကို တွေဝေမိန်းမောစွာ စိုက်ကြည့်နေမိကြလေသည်။

လွန်ခဲ့သည့် မိနစ်အနည်းငယ်က ငါးထပ်မြောက်သည် တောက်ပသွားခဲ့ပေသည်။

ရှောင်လုံ က အောက်ဆင့်လေးဆင့်လုံးကို ကျော်ဖြတ်ရန်အတွက် အချိန်နှစ်လသာ အသုံးပြုခဲ့ရပေသည်။

သူတို့ ဆယ့်နှစ်ယောက် လုံးသည် အထွတ်အမြတ်ဆေးဘုရားကျောင်းကို စိန်ခေါ်ရန် ကြိုးပမ်းခဲ့ကြဖူးပေသည်။ သို့သော်သူတို့ထဲရှိ အမြန်ဆုံး သူသည်ပင် ထိုအဆင့်သို့ရောက်ရှိရန် ၃နှစ်နှင့်၄လ ကြာခဲ့ပေသည်။

အထွတ်အမြတ်ဆေးဘုရားကျောင်း၏ အပြင်ဘက်၌ ရပ်နေသော စန်းရီ၏ မျက်နှာသည်လည်း ကြောက်လန့်မှုများ၊ပြာယာခတ်မှုများဖြင့် ပြည့်နှက်နေလေသည်။ ပထမဆုံးအဆင့်လေးဆင့်ကို ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ကျော်ဖြတ်သွားနိုင်ခဲ့သော ရှောင်လုံ၏ ဆေးပညာ စွမ်းရည်သည် အလွန်တရာ ထူးကဲလှကြောင်း သိရှိနိုင်ပေသည်။ ရှောင်လုံ ကငါးခုမြောက်အဆင့်ကို ကျော်ဖြတ်ရန် အချိန်များစွာယူရလိမ့်မည် မဟုတ်ဟု သူ ခန့်မှန်းမိပေသည်။

ရှောင်လုံ က ငါးခုမြောက်အဆင့်ကို ကျော်ဖြတ်ကာ မဟာဆေးပညာရှင် အစည်းအရုံး ၏ ခေါင်းဆောင် ဖြစ်လာမည့်ပုံရိပ်ကို မြင်ယောင်ကြည့်ရင်း စန်းရီ၏ မျက်နှာသည် သေလုမတတ် ဖြူရော်သွားပေသည်။

သူ့၏ စိတ်ထဲ၌ နောင်တလှိုင်းလုံးများ ရိုက်ခက်နေပေသည်။ ထိုနေ့က ရှောင်လုံ၏ ဆရာဘိုးဘေးကို သူသတ်ဖြတ်ခဲ့မိသည့်အတွက် နောင်တရသည်။ အတိတ်ကာလက ရှောင်လုံ့ အပေါ်ပြုလုပ်ခဲ့သည့်အပြုအမူတိုင်းအတွက် နောင်တရပေသည်။

ရုတ်တရက် သူ့၏ သိုလှောင်လက်စွပ်ထဲမှ တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။ သူ့၏ ကံကြမ္မာဂိုဏ်း သတင်းပို့အဆောင်က တုန်ခါလာခြင်းဖြစ်ပြီး စန်းရီကို သူ့၏ အတွေးဆီမှ လှုပ်နှိုးလိုက်ပေသည်။ သူက သတင်းပို့အဆောင်ကို ထုတ်ယူကာ နတ်ဘုရား အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး သူ့၏ မျက်နှာသည် ချက်ချင်းဆိုသလို လေးနက်တည်ကြည်သွားရသည်။

' ဘိုးဘေးက ငါနဲ့ခေါင်းဆောင်ကို တွေ့ချင်နေတာတဲ့လား'

သူက သူ့၏ စိတ်ထဲရှိ ကြောက်ရွံ့မှုများ နှင့်ပြာယာခတ်မှုများကို အလျှင်အမြန် ဖိနှိပ်လိုက်ရင်း အမြန်ဆုံး နှုန်းဖြင့် အဝေးသို့ ပျံသန်းလိုက်လေသည်။

စန်းရီ ထွက်ခွာသွားသည်ကို ကြည့်ရင်း ချန်းမာန် ၊ ဝမ်ဂူပိယန်နှင့်ကျန်သူများသည် မျက်မှောင်ကြုံ့လိုက်ကြသည်။ သို့သော် မည်သူကမှ သူ့အား တားဆီးပိတ်ဆို့ခြင်း မရှိကြပေ။

ထိုအချိန်၌ အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ငါးထပ်မြောက်သို့ ဝင်ရောက်သွားသော ရှောင်လုံသည် အဆုံးအစမဲ့သော ဆေးပင်လယ်ထဲသို့ ရောက်ရှိသွားလေသည်။

ဆေးပင်လယ်ဆီမှ ချီစွမ်းအင် များသည် မီးတောင်အောက်ရှိ ချော်ရည်ပူများနှယ် စီးဆင်းလာပြီး မကြာခနဆိုသလို လေထုထဲသို့ ရောက်ရှိသွားသည်။

ထို ချီစွမ်းအင် နှင့်အတူ ခရမ်းရင့်ရောင် နှင့် သေစေနိုင်သော ခရမ်းနီရောင် မီးတောက်များ ပါရှိလာတတ်ပေသည်။ ထို မီးတောက်များကို မဟာနတ်ဘုရား အဆင့် ၁၀ သိုင်းပညာရှင်တစ်ယောက် သည်ပင် တားဆီးပိတ်ဆို့ရန်ခက်ခဲလှကြောင်း ရှောင်လုံ ခန့်မှန်းမိပေသည်။

ရှောင်လုံ နှင့် ဆန့်ကျင်ဘက်နေရာတွင် ဆေးပညာရှင် တစ်ယောက်၏ ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက် ရပ်နေပေသည်။သို့သော်လည်း ထိုအဘိုးအိုသည် အစစ်အမှန် လူတစ်ယောက်မဟုတ်ဘဲ စွမ်းအင်များဖြင့် သူ့၏ ခန္ဓာကိုယ် ကို တည်ဆောက်ထားခြင်းဖြစ်သည်။

ရှောင်လုံ က အဘိုးအို ၏ နောက်ခံကို ခန့်မှန်းကြည့်ရန် ကြိုးစားနေချိန်တွင် ထိုအဘိုးအိုက စကားပြောလာပေသည်။ သူပြောလိုက်သည်မှာကား ရှောင်လုံ က ကပ်ဘေးအဆင့် ၁၀ တောက်ပဗုဒ္ဓအထွတ်အမြတ်ဆေးလုံး ကို သန့်စင်ဖော်စပ်နိုင်မှသာ ငါးခုမြောက်အဆင့်ကို အောင်မြင်မည်ဟူ၍ ဖြစ်ပေသည်။

" ကပ်ဘေးအဆင့် ၁၀ တောက်ပဗုဒ္ဓအထွတ်အမြတ်ဆေးလုံးလား"

ရှောင်လုံ က လွှတ်ခနဲ အော်လိုက်မိလေသည်။

တောက်ပဗုဒ္ဓဆေးလုံးသည် ဗုဒ္ဓစွမ်းအင် ဆေးလုံးအမျိုးအစား များစွာထဲမှ တစ်ခုဖြစ်သည်။ ထိုဆေးလုံး သည် အန္တတ ကုသခြင်းကောင်းကင်ဘုံဆေးလုံးနှင့် အဆင့်တူတူဖြစ်သော်လည်း တောက်ပဗုဒ္ဓအထွတ်အမြတ်ဆေးလုံး ကိုဖော်စပ်ရန်မှာ ပိုမို ခက်ခဲပေသည်။

ထို့ပြင် အဘိုးအိုက ကပ်ဘေးအဆင့် ၁၀ ဆေးလုံး ကို လိုချင်နေပေသည်။ ရှောင်လုံ က ခါးသက်သက် ပြုံးလိုက်မိသည်။

ကပ်ဘေးအဆင့် ၁၀တောက်ပဗုဒ္ဓအထွတ်အမြတ်ဆေးလုံးကို သန့်စင်ဖော်စပ်ခြင်းကပင် ခက်ခဲသည့် တာဝန်ဖြစ်နေပေသည်။ ထိုသို့ဆိုပါက အထက်၌ ရှိသော ဆေးပင်လယ်သည်မည်သည်ကို လုပ်ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်နည်း။ မတူညီသော ဆေးချီစွမ်းအင် များက လေထုထဲသို့ ပျံ့လွင့်နေခြင်းသည် ဆေးလုံးဖြစ်တည်မှု ဖြစ်စဥ်ကို အကျိုးသက်ရောက်လာနိုင်ပေသည်။

အဘိုးအိုက စကားဆုံးသည်နှင့် သူ့၏ စွမ်းအင် ခန္ဓာကိုယ် သည် မှေးမှိန်ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပင် မြောက်များစွာသော ဆေးပင်များသည် ဟင်းလင်ပြင်ထဲမှ ကျဆင်းလာလေသည်။ ဟုက်ပေသည် ...ထိုဆေးပင်များသည် တောက်ပဗုဒ္ဓအထွတ်အမြတ်ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးပင်များ ဖြစ်ပေသည်။

ဤသည်ကိုကြည့်ရင်း ရှောင်လုံ သည် တွေဝေနေရန် အချိန်မရှိတော့ပေ။ သူက လေထဲသို့ လက်များကို ဝေ့ယမ်းလိုက်ရင်း ကျဆင်းလာသော ဆေးအမယ် များကို ချက်ချင်း ထိန်းချုပ်လိုက်သည်။ သူက ဆေးသန့်စင်ခြင်း နတ်ဘုရား သားရဲ တစ်ရာ ပုံရိပ်ဖော် နည်းစနစ် ဖြင့် ၄င်းတို့အား အမျိုးအစား ခွဲလိုက်လေသည်။ ထို့နောက် သားရဲတစ်ရာ မှနေ၍ သားရဲ တစ်ထောင် အဖြစ်သို့ ကွဲထွက်သွားသည်။ ထို့နောက် နတ်ဘုရားသားရဲ တစ်သောင်းအဖြစ် ထပ်မံပြောင်းလဲသွားကာ ဆေးပင်များအားလုံးကို ဖရိုဖရဲ ကြယ်အင်အား ဖြင့် သန့်စင်လိုက်ပေသည်။

ချက်ချင်းဆိုသလို သူက နတ်ဘုရားသားရဲ ပုံရိပ် များကို ထိန်းချုပ်ကာ ရုတ်တရက် ပေါ်ထွက်လာသော ဆေးချီအငွေ့တန်းများအားလုံးကိုရှောင်ရှားရမည်ဖြစ်သည်။

ဆယ်ရက်ကြာပြီးနောက်...။

ရှောင်လုံ၏ ခန္ဓာကိုယ် က ယိမ်းယိုင်သွားပြီး အပြာရောင် ကမ္ဘာဦး နတ်နဂါး ခန္ဓာကိုယ် အသွင် ပြောင်းလဲသွားသည်။သူက အလွန်တရာ ခန့်ငြားထည်ဝါစွာပေါ်ထွက်လာလေပြီး ကျဆင်းလာသော ကပ်ဘေးလျှပ်စီး ဆယ်လှိုင်းမြောက်ကို ကြည့်နေလေသည်။

ထို့နောက် ကပ်ဘေးလျှပ်စီး ဆယ်လှိုင်းသည် ပစ်ခတ်လာလေပြီး ထူထဲသိပ်သည်းလှသော လျှပ်စီး တန်း ဆယ်ခုသည် ရှောင်လုံ ရှိရာဆီသို့ ဟိန်းဟောက်ရောက်ရှိလာပေသည်။

နဂါးတစ်ကောင်၏ဟိန်းဟောက်သံသည် ပဲ့တင်ထပ်သွားလေပြီး ရှောင်လုံ၏ အန္တိမ နတ်ဘုရား ဦးခေါင်းသုံးခုသည် အရူးအမူး လည်ပတ်လာလေသည်။ သူ့၏ အားကောင်းလှသော နဂါးလက်သည်းက လျှပ်စီး တန်းများကို ရိုက်ချလိုက်လေသည်။

အပြင်ဘက်၌ ချန်းမန် ၊ဝမ်ဂူပိယန်နှင့် ကျန်သူများသည် အထွတ်အမြတ်ဆေးဘုရားကျောင်းတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရမ်းနေကြောင်းမြင်နေရပေသည်။ ငါးထပ်မြောက်၏ အလင်းသည် လည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေသည်။

ထိုအလင်းရောင်က ငါးမိနစ် ခြောက်
မိနစ်ကြာမှသာ ပြန်လည် တည်ငြိမ်သွားသည်။

ချန်းမန် နှင့် ကျန်သူများက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိလေသည်။ အထဲ၌ ဘာဖြစ်သွားသည် ကို သူတို့ မသိရှိကြပေ။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၄၄.....အစည်းအရုံး ခေါင်းဆောင်

" အဲ့တာက ကျရှုံးသွားတာလား...ဒါမှမဟုတ် အောင်မြင်သွားတာလား"

ကျန်းရှင်းချန် က အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ငါးထပ်မြောက်ကို ဝေခွဲမရစွာကြည့်လိုက်မိလေသည်။

" အောင်မြင်သွားတာ ဖြစ်လိမ့်မယ် ထင်တယ်"

ချန်းမန်သည်လည်း မသေချာမရေရာ ဖြစ်နေပေသည်။

လွန်ခဲ့သည့် နှစ်တစ်သန်းအတွင်း မည်သူမှ မအောင်မြင်ခဲ့ဖူးသောကြောင့် ငါးဆင့်မြောက် ကို အောင်မြင်သည့် အချိန်သည် မည်သို့ဖြစ်လာမည်ဆိုသည်အား သူတို့ မသိရှိကြပေ။ ငါးထပ်မြောက်ကို ကျော်ဖြတ်ခဲ့သော မှတ်တမ်း အနည်းငယ် မျှသာ ရှိသောကြောင့် အကြီးအကဲ ဆယ့်တစ်ယောက်သည် ခန့်မှန်းကြည့်ရုံသာ တတ်နိုင်ပေသည်။ သို့သော်လည်း ငါးထပ်မြောက်ရှိ အလင်းရောင်ကြောင့် ရှောင်လုံ သည် အသက်ရှင်နေသေးကြောင်း သိနိုင်ပေသည်။ သူက စမ်းသပ်စစ်ဆေးမှုကို အောင်မြင်သည် သို့မဟုတ် ကျရှုံးသည် ဆိုသည်ကို သူကိုယ်တိုင် အပြင်ထွက်လာမှသာ သိရှိနိုင်ပေသည်။ ထို့ကြောင့် အထူးအကြီးအကဲ ဆယ့်တစ်ယောက်သည် ဆက်လက်စောင့်ဆိုင်းနေကြပြီး ငါးထပ်မြောက်သို့ အာရုံစိုက်နေကြလေသည်။ 

အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ငါးဆင့်မြောက် တွင် ရှောင်လုံ က ကပ်ဘေးလျှပ်စီး နောက်ဆုံး လှိုင်းကို ရှင်းလင်းလိုက်ပြိီးနောက် သန့်စင်သော လျှပ်စီး စွမ်းအင် သည် ဆေးလုံးအဆီအနှစ်ထဲသို့ ဝင်ရောက်ပေါင်းစပ်သွားပေသည်။

ချက်ချင်းဆိုသလို ဆေးရနံ့များသည် ဆေးပင်လယ်၏ အထက် လေထုထဲတွင် ပျံ့နှံ့နေလေသည်။

ဗုဒ္ဓ ညဏ်အလျှင်၏ အလင်းရောင် အောက်တွင် တောက်ပသော ရွှေရောင် ဆေးလုံးလေးများ မျောလွင့်နေပေသည်။

ထို ရွှေရောင်ဆေးလုံးများ၏ အလယ်ဗဟို၌ ရွှေရောင် ဗုဒ္ဓ ပုံရိပ် တစ်ခု ရှိနေလေပြီး သိမ်မွေ့နက်နဲကာ ထူးခြားဆန်းကြယ်လှပေသည်။

နောက်ဆုံး၌ ရှောင်လုံ သည် ကပ်ဘေးအဆင့် ၁၀ တောက်ပဗုဒ္ဓ အထွတ်အမြတ်ဆေးလုံးများကို သန့်စင်ဖော်စပ်နိုင်ခဲ့ပြီဖြစ်သည်။

ရှောင်လုံ က သူ့၏ ဆယ်စုနှစ်တစ်ခုစာ ကံကောင်းမှုများကို အသုံးပြုလိုက်ရသည့်နှယ် သက်ပြင်းချလိုက်မိပေသည်။ သူ့၏ မျက်နှာထက်၌ ပျော်ရွှင်မှုများ ပေါ်ထွက်လာလေပေသည်။

ကံကောင်းစွာဖြင့် ပထမအဆင့်လေးဆင့်ကို ရှင်းလင်းပြီး နောက်၌ သူ့၏ ကျင့်စဥ် သည် မဟာနတ်ဘုရားအဆင့် ၈သို့ ရောက်ရှိလာခဲ့ပေသည်။ ထိုသို့မဟုတ်ပါက မြောက်များစွာသော ဆေးပင်လယ်၏ အထက်၌ ကပ်ဘေးအဆင့် ၁၀ တောက်ပဗုဒ္ဓအထွတ်အမြတ်ဆေးလုံးကိုသန့်စင်ဖော်စပ်ခြင်းသည် မဖြစ်နိုင်သည့်အရာသာဖြစ်နေပေလိမ့်မည်။

ထိုသို့ဆိုလျှင်ပင် ရှောင်လုံ သည် သေချာပေါက် အောင်မြင်လိမ့်မည်ဟု ယုံကြည်မှု မရှိပေ။ သို့သော်သူက နောက်ဆုံး၌ ဆေးလုံးကို သန့်စင်ဖော်စပ်နိုင်ခဲ့ပေသည်။

အခြားစကားဖြင့် ဆိုရလျှင် သူသည် အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ငါးဆင့်မြောက် ရှိ စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌ ဟင်းလင်းပြင်ဆီမှ ရွှေရောင် မိုးရေစက်များ ကျဆင်းလာကြောင်း ရှောင်လုံ မြင်လိုက်ရလေသည်။ ရွှေရောင်မိုးရေစက်များ နှင့်အတူ ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ပါရှိလာပေသည်။ ရှောင်လုံ က သူ့၏ လက်ကို ဆန့်ထုတ်လိုက်ကာ ကျောက်စိမ်းတံဆိပ်ပြားကို ဆုပ်ကိုင်လိုက်လေသည်။

သူ့လက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြားသည် နွေးထွေးနေလေပြီး အလွန်တရာ သက်တောင့်သက်သာ ခံစားချက် ကို ခံစားနေရနေပေသည်။ ကျောက်စိမ်းတံဆိပ်ပြား ၏ မျက်နှာပြင်ပေါ်တွင် အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ပုံရိပ် ကို ထွင်းထုထားပြီး နောက်ကျောဘက်၌မူ အစည်းအရုံး ခေါင်းဆောင် ဟူသော ရှေးဟောင်းသင်္ကေတများ ရှိပေသည်။ ဤသည်မှာ မဟာဆေးပညာရှင် အစည်းအရုံး ၏ ခေါင်းဆောင်တံဆိပ်ပြားဖြစ်သည်။

ရှောင်လုံ က သူ့၏ လက်ချောင်းထိပ်ကို ကိုက်လိုက်ပြီး ကျောက်စိမ်းတံဆိပ်ပြား ပေါ်သို့ သွေးတစ်စက် ညှစ်ချလိုက်လေသည်။ သွေးစက်က ထိုထဲသို့ ချက်ချင်း နစ်မြုပ်သွားပြီး တောက်ပသည့်အလင်းကို ထုတ်လွှတ်လာလေသည်။ ထို့နောက် ကြီးမားလှသော ဆေးလုံးပင်လယ်ဆီမှ လှိုင်းလုံးကြီးများ ဖြာကျလာကာ ဆေးပင်လယ်၏ အောက်ခြေမှ ဆေးချီများအားလုံးသည် မျက်နှာပြင်ထက်သို့ ပေါ်ထွက်လာလေသည်။

ရှောင်လုံက ကျောက်စိမ်းတံဆိပ်ပြား ကို အသေးစိတ် ကြည့်ရှုမနေနိုင်တော့ဘဲ သိုလှောင်လက်စွပ် ထဲသို့ ပစ်ထည့်လိုက်ရကာ အလျှင်အမြန် ခြေချိတ်ထိုင်လိုက်ရလေသည်။ သူ့၏ ငရဲနတ်ဆိုးအန္တိမနတ်ဘုရားဦးခေါင်းဆီမှ ဝါးမြိုခြင်းစွမ်းအားသည် အကန့်အသတ်ထိ ဖြာထွက်လာပြီး ဆေးလုံးပင်လယ်ဆီမှ ထွက်ပေါ်လာသော ချီစွမ်းအင် များအားလုံး ကို ဝါးမြိုလိုက်လေသည်။

ဆေးပင်လယ်ထဲ၌ ပါဝင်နေသော စွမ်းအင် ပမာဏသည် ဆေးမြစ်၏ ချီစွမ်းအင် နဂါးများထက် အဆပေါင်းများစွာ ပိုမိုသာလွန်ပေသည်။

မရေမတွက်နိုင်သော ဆေးချီစွမ်းအင် များသည် ရှောင်လုံ၏ ကိုယ်ထဲသို့ ဝင်ရောက်သွားပြီး နတ်ဘုရား အင်အားအသွင် ပြောင်းလဲသွားပေသည်။

ချီစွမ်းအင် အမြောက်အမြား နှင့်အတူ ခရမ်းနီရောင်မီးတောက်များ သည်လည်း သူ့၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်လာပြီး သူ့၏ အစစ်အမှန် နတ်နဂါးခန္ဓာကိုယ် ၊ နတ်ဘုရား ဦးခေါင်းများနှင့်စိတ်ဝိညာဥ်တို့ကို အင်အားဖြည့်တင်းပေးလာလေသည်။

ရှောင်လုံ ၏ ခွန်အား သည်လည်း တစ်နေ့တခြား ပိုမိုတိုးတက်လာပေသည်။ မကြာမှီ နှစ်ဝက်တာကာလ ကုန်ဆုံးသွားသည်။

နှစ်ဝက်တာကာလ အတွင်း ရှောင်လုံ၏ ကျင့်ကြံမှုသည် မဟာနတ်ဘုရားအဆင့် ၈မှ မဟာနတ်ဘုရားအဆင့် ၈ အစောပိုင်းအထွတ်အထိပ်အဆင့် ထိ ရောက်ရှိသွားလေပေသည်။

သို့သော်လည်း ငါးဆင့်မြောက် ၏ ဆေးချီပမာဏသည် လျော့နည်းသွားဟန်မရပဲ အဆုံးအစမဲ့ ကာ ပြင်းထန်ကြမ်းတမ်းနေလေသည်။

အထွတ်အမြတ် ဆေးဘုရားကျောင်းရဲ့ အပြင်ဘက်၌...။

" အခုဆိုရင် တစ်နှစ်နဲ့သုံးလတောင်ရှိသွားပြီ...အထဲမှာ မတော်တဆ တစ်ခုခု ဖြစ်နေတာတော့ မဟုတ်လောက်ဘူး မဟုက်လား "

ဝမ်ဂူပိယန် က မျက်မှောင်ကြုံ့ကာ ပြောလိုက်လေသည်။

ရှောင်လုံ က ဘုရားကျောင်း၏ ငါးထပ်မြောက်ကို ဝင်ရောက်သွားသည်မှာ တစ်နှစ်နှင့်သုံးလ ကြာခဲ့ပြီဖြစ်သည်။

ငါးထပ်မြောက်သည် တောက်ပနေဆဲ ဖြစ်သော်လည်း မည်သည့်လှုပ်ရှားမှုမှ ထွက်ပေါ်မလာသောကြောင့် အကြီးအကဲများသည် ဝေခွဲမရ ဖြစ်နေကြလေသည်။

မတော်တဆ ဖြစ်ပွားရန် အခွင့်အလမ်းမှာ မရှိသလောက် နည်းပါးလှသော်လည်း မည်သည့်အရာမဆို ဖြစ်ပွားသွားနိုင်ပေသည်။

အထူးအကြီးအကဲဆယ့်တစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြချိန်တွင် အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ထိပ်ရှိ ' မီးဖိုအဖုံး' သည် တောက်ပသည့် အလင်းတန်းများကို ထုတ်လွှတ်လာပြီး လည်ပတ်ကျုံ့ဝင်သွားလေသည်။ 'မီးဖို၏ပါးစပ်'ဆီမှ ပုံရိပ်တစ်ခု သည် ပျံသန်းထွက်ပေါ်လာကြောင်း မြင်လိုက်ကြရလေသည်။

ထို ပုံရိပ် မှာကား ဟောင်ရှောင်လုံ ဖြစ်ပေသည်။

ချန်းမန်၊ဝမ်ဂူပိယန်နှင့် အခြားသူများသည် ရှောင်လုံ ကို စိုက်ကြည့်လိုက်မိကြသည်။ သူတို့၏ နောက်ကျောပေါ်၌ စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာလေပြီး သူတို့၏ မျက်လုံးများသည် တုန်လှုပ်မှု နှင့် ကြောက်ရွံ့မှုများ ကြောင့် ပြူးကျယ်လာကြလေသည်။

မဟာနတ်ဘုရားအဆင့်၈ အလယ်အဆင့်... ။

ရှောင်လုံ သည် မဟာနတ်ဘုရားအဆင့်၈ အလယ်အဆင့် သို့ ရောက်ရှိသွားပြီဖြစ်သည်။

ဤသည်မှာ မဟာနတ်ဘုရားအဆင့် ၈ အလယ်အဆင့် မျှသာ ဖြစ်သော်လည်း ရှောင်လုံ ဆီမှ ထွက်ပေါ်လာသော ထူးခြားဆန်းကြယ်သည့် အရှိန်အဟုန်နှင့် နတ်ဘုရား စွမ်းအင်သည် သူတို့ကိုပင် ဖိအား ခံစားသွားရစေသည်။ မဟာနတ်ဘုရားအဆင့် ၁၀ အလယ်အလတ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်များဖြစ်သော ချန်းမာန်နှင့် ဝမ်ဂူပိယန် တို့အပါအဝင် လူတိုင်းသည် အသက်ရှုကျပ်သလို ခံစားလိုက်ကြရသည်။

ရှောင်လုံ က လေထဲမှနေ၍ သူတို့ရှိရာသို့ဖြည်းဖြည်းချင်းလျှောက်လှမ်းလာပေသည်။ ဤသည်မှာ နှေးကွေးလွန်းဟန် ရသော်လည်း သူက လူတိုင်း၏ ရှေ့သို့ အသက်တစ်ရှိုက်အတွင်း ရောက်ရှိလာပေသည်။

" သူရဲကောင်းလေးဟောင်...ကျုပ် မေးလို့ရမလား... "

ချန်းမန်က တွေဝေတုံ့ဆိုင်းနေပြီး ရှောင်လုံ သည် ငါးခုမြောက်အဆင့်ကို အောင်မြင်ခဲ့သည်လားဟုမေးမြန်းရန်ပြင်လိုက်ချိန်တွင် သူ့၏ စကားများကို ပြန်လည်မြိုသိပ်လိုက်ရသည်။ သူ့၏ မျက်လုံးများက သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ပြူးကျယ်သွားရလေသည်။

ရှောင်လုံ၏ လက်ဝါးထဲ၌ ကျောက်စိမ်းတံဆိပ်ပြား တစ်ခု ပေါ်ထွက်လာလေသည်။

ကျောက်စိမ်းတံဆိပ်ပြား ၏ ရှေ့ဘက်တွင် အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ပုံရိပ်ကို ထွင်းထုထားပေသည်။ ဤသည်မှာမဟာဆေးပညာရှင်အစည်းအရုံးခေါင်းဆောင် ၏ ကျောက်စိမ်းတံဆိပ်ပြား ဖြစ်ပေသည်။

ချန်းမန် ၊ ဝမ်ဂူပိယန်နှင့်ကျန်သူများသည် တုန်ယင်သွားကြပြီးနောက် ဦးညွတ်ကာ ဂါရဝပြုလိုက်လေသည်။

"အစည်းအရုံး ခေါင်းဆောင် ကို ကျွန်တော် တို့ ဂါရဝ ပြုပါတယ်"

" ဂါရဝပြုစရာ မလိုပါဘူး"

ရှောင်လုံ က ခေါင်းညိတ်ပြလိုက်ပြီး အထူးအကြီးအကဲ အုပ်စုကို ဝေ့ဝဲကြည့်လိုက်လေသည်။ စန်းရီကို မတွေ့ရသည်မို့ သူက မျက်မှောင်ကြုံ့လိုက်မိသည်။

" စန်းရီ ဘယ်မှာလဲ "

ချန်းမန် က ရှေ့သို့ အလျှင်အမြန် တိုးလာပြီး ရိုသေလေးစားစွာ ဖြေကြားလိုက်လေသည်။

" အစည်းအရုံးခေါင်းဆောင်ကို လျှောက်တင်ပါတယ်... ခေါင်းဆောင် က အထွတ်အမြတ်ဆေးဘုရားကျောင်းရဲ့ ငါးထပ်မြောက်ကို ဝင်သွားပြီး သိပ်မကြာခင်မှာပဲ စန်းရီက ထွက်ခွာသွားခဲ့တာပါ...ကြည့်ရတာ သူက ကံကြမ္မာဂိုဏ်းရဲ့ ဘိုးဘေးဆီကနေ အမိန့်ရလို့ ထွက်သွားတာပဲ ဖြစ်ပါလိမ့်မယ်"

'သူက ထွက်သွားပြီလား'

ရှောင်လုံက ပိုမိုနက်ရှိုင်းစွာ မျက်မှောင်ကြုံ့လိုက်မိလေသည်။ ထို့နောက် သူက ချန်းမန် ကို ညွန်ကြားလိုက်လေသည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်...စန်းရီက အခုချက်ချင်း ဋ္ဌာနချုပ်ကို လာပြီး ငါနဲ့တွေ့ဆုံရမယ်"

" ဟုတ်ကဲ့... အစည်းအရုံးခေါင်းဆောင် "

ချန်းမန် က ပြန်ဖြေလိုက်သည်။

ချက်ချင်းဆိုသလို ရှောင်လုံ က ကျန်းပိဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ရှောင်လုံ က သူ့အား ကြည့်ရှုလာသည်ကို မြင်လိုက်သည်နှင့် ကျန်းပိ သည် သူ့၏ နောက်ကျောတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရပြီး အလျှင်အမြန် ခေါင်းငုံ့လိုက်လေသည်။ သူက ရှောင်လုံ ၏ အကြည့်နှင့် ရင်မဆိုင်ရဲပေ။

" ကျန်းပိ "

ရှောင်လုံ က ခေါ်လိုက်လေသည်။

ကျန်းပိသည် သိသိသာသာ တုန်ယင်သွားလေပြီး အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေလိုက်သည်။

" ကျန်း...ကျန်းပိ ဒီနေရာမှာ ရှိပါတယ် "

" ကျန်းလဲ့က မင်းရဲ့တပည့်အရင်းလား "

ရှောင်လုံ၏ မျက်လုံးများက မှေးကျဥ်းသွားလေသည်။

ကျန်းပိက တုံ့ဆိုင်းနေပြီးနောက်ပြန်ဖြေလိုက်လေသည်။

" ဟုတ်ပါတယ်...အစည်းအရုံးခေါင်းဆောင် "

" ကျန်းလဲ့ ကို မဟာခန်းမထဲလာပြီးတော့ ငါ့ကို လာတွေ့ခိုင်းလိုက်...ဒါပေမဲ့ မှတ်ထားပါ...သူထွက်ပြေးသွားမယ်ဆိုရင် မင်းတာဝန်ယူရမယ်"

ရှောင်လုံ၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် များ ဖြတ်သန်းသွားလေသည်။

ကျန်းပိ ၏ မျက်နှာထက်၌ ကြောက်ရွံ့မှုများ ပေါ်ထွက်လာလေပြီး ထပ်တလဲလဲ ခေါင်းညိတ်၍ နောက်ဆုတ်သွားလေသည်။ ကျန်းပိ က လှည့်ထွက်သွားချိန်တွင် ရှောင်လုံ က သူ့၏ နောက်ကျောဆီသို့ ညွှန်လိုက်ရင်း အမှတ်အသားတစ်ခု ချန်ရစ်လိုက်လေသည်။ ကျန်းပိ က ထို အမှတ်အသားကို မဖျက်နိုင်သရွေ့ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သတိပေးလိုက်ခြင်း ဖြစ်ပေသည်။

ကျန်းပိ၏ စိတ်နှလုံးက အေးစက်သွားလေသည်။ သူက အစည်းအရုံး ၏ ဋ္ဌာနချုပ်ဆီမှ ထွက်ခွာလိုက်သည့်အချိန်တွင်သူ့၏ မျက်နှာသည်ဖြူဖပ်ဖြူရော် ဖြစ်နေပေသည်။

ကျန်းပိ ထွက်ခွာသွားပြီးနောက် ရှောင်လုံ သည် ချန်းမန်၊ ကျန်းရှင်းချန်နှင့် အခြားသူများ တို့နှင့်အတူ အထွတ်အမြတ်ဆေးဘုရားကျောင်းဆီမှ ပျံသန်း ထွက်ခွာလိုက်လေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်သူတို့ အုပ်စု သည် မဟာခန်းမသို့ ရောက်ရှိသွားလေသည်။

ရှောင်လုံ က အဓိက ထိုင်ခုံပေါ်၌ ထိုင်ရုံသာ ရှိသေးသော်လည်း ကျန်းပိ သည် မျက်နှာတစ်ခုလုံး ဖြူရော်နေသော ကျန်းလဲ့ အား ခေါ်ဆောင်ကာ မဟာခန်းမ၏ ရှေ့သို့ ပစ်ချလိုက်လေသည်။

ကျန်းလဲ့ သည် နှစ်တစ်သန်းကျော်ကြာသည်အထိ လစ်လပ်နေသော ထိုင်ခုံအထက်၌ ရှောင်လုံ ထိုင်နေသည်ကို မြင်လိုက်ချိန်တွင် သူ့၏ ခြေထောက်ကြားမှ နံဟောင်သော ပူနွေးစိုစွတ်သည့် အရည်များ စီးကျလာလေသည်။ သူက မည်သည့်စကားမှ ပြောဆိုနိုင်ခြင်း မရှိဘဲ မေ့လဲသွားပေသည်။

သို့သော်လည်း ချန်းမန် ပြန်ရောက်လာသည့် အချိန်တွင် သူက ရှောင်လုံ လိုလားဖွယ်ရာမရှိသော သတင်းများကို သယ်ဆောင်လာပေသည်။စန်းရီက နတ်ဘုံကမ္ဘာသို့ တက်လှမ်းသွားပြီဖြစ်သည်။

'သူက တကယ်ကြီး ထွက်ပြေးသွားတယ်'

" ကံကြမ္မာဂိုဏ်းချုပ် ဝမ်ယုက ရောဘယ်လိုလဲ"

ရှောင်လုံ က မေးမြန်းလိုက်လေသည်။

" ကံကြမ္မာဂိုဏ်းချုပ်ကလည်း...စန်းရီ နဲ့ အတူ နတ်ဘုံကမ္ဘာကိုတက်လှမ်းသွားပါတယ်"

ချန်းမန် က ဖြေကြားလိုက်လေသည်။

ရှောင်လုံ က ထရပ်ကာ သူ့၏ ညာဘက်လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ မဟာခန်းမကြီး တစ်ခုလုံးသည် တုန်ယင်သွားလေပြီး ကြမ်းပြင်ပေါ်၌ မေ့လဲနေသော ကျန်းလဲ့ သည် ရှောင်လုံ၏ လက်ဝါးချက်ကြောင့်အသားပြားအသွင် ပြောင်းလဲသွားရပေသည်။

" နတ်ဘုံကမ္ဘာကို ထွက်ပြေးသွားရုံနဲ့ ငါ့လက်က လွတ်မယ်လို့ ထင်မနေနဲ့...ငါက မင်းတို့ကို မရှာနိုင်ဘူးများ မှတ်နေလား"

သူ့၏ မျက်လုံးထဲ၌ ထက်ရှသည့် အလင်းတစ်ချက် တောက်ပသွားလေသည်။ ခဏမျှကြာပြီးနောက် ရှောင်လုံ က ကျန်းရှင်းချန် ကို မေးမြန်းလိုက်လေသည် ။

" နတ်ဆိုးသားတော် မော့စုက ဘယ်မှာလဲ... သူက နတ်ဘုရား ဆေးမြို့တော် ထဲမှာပဲ ရှိနေတုန်းလား"

" အစည်းအရုံးခေါင်းဆောင် ကိုလျှောက်တင်ပါတယ်...နတ်ဆိုးသားတော်မော့စု၊ နတ်ဆိုးကလန်ခေါင်းဆောင် မော့တင်းထန်းနဲ့ မဟာအကြီးအကဲ တွေအားလုံး နတ်ဘုရားဆေးမြို့တော် ကနေ ထွက်ခွာသွားပြီးတော့...နတ်ဆိုးမြို့တော် ကို ရောက်ရှိသွားကြပါပြီ"

ကျန်းရှင်းချန် က လေးနက်စွာဖြင့် ဖြေလိုက်လေသည်။

........

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၄၅...မင်း ဒီနေ့သေရမယ်

" သူတို့က နတ်ဆိုးမြို့တော် ကို ပြန်သွားကြတယ်ပေါ့လေ..."

ရှောင်လုံ၏ နှုတ်ခမ်းထောင့်၌ အေးစက်စက် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။ ထိုသို့ဆိုပါက သူသည် နတ်ဆိုးမြို့တော် သို့ သွား၍ နတ်ဆိုးပုတီးစေ့ ၏ အသုံးဝင်ပုံ ကို ရှာဖွေရပေမည်။

ရှောင်လုံ၏ ပတ်ပတ်လည်၌ အားကောင်းလှသော နတ်ဘုရား စွမ်းအင် ပေါ်ထွက်လာပြီး ဝမ်ဂူပိယန် ၊ ယွဲ့ဝူရှန်း နှင့် ကျန်သူများအားလုံးကိုကြည့်လိုက်လေသည်။

" ငါ အဆင့်ငါးဆင့် မြောက်ကို အောင်မြင်သွားတဲ့သတင်းက မပျံ့သေးဘူးမဟုတ်လား"

အထူးအကြီးအကဲ ဆယ့်တစ်ယောက်သည် သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြသည်။ ရှောင်လုံ၏ အမိန့်မရပဲ သူတို့သည် စကားတစ်ခွန်း မှပင် မပြောရဲကြပေ။

ရှောင်လုံ က ပြောလိုက်သည်။

" ငါက အထွတ်အမြတ်ဆေးဘုရားကျောင်းရဲ့ ငါးဆင့်လုံးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သတင်းကို... လာမဲ့အပတ်အထိ လူနည်းစုပဲ သိရှိထားဖို့ မျှော်လင့်တယ် "

သူ့၏ အကြည့် ခဏမျှ အေးစက်သွားလေပြီး ဆက်ပြောလိုက်လေသည်။

" အဲ့ဒီ လိုမှ မဟုတ်ဘူးဆိုရင်...ဒီသတင်းကို ပျံ့နှံ့သွားစေတဲ့ ဘယ်သူ့ကိုမဆို အစည်းအရုံးရဲ့ သစ္စာဖောက် လို့ သတ်မှတ်ပြီးတော့...သတ်ဖြတ်ပစ်မယ်"

တစ်ပတ်ဟူသော အချိန်အတွင်း ၌ ရှောင်လုံ သည် ရှေးဟောင်းနတ်ဆိုးကလန်နှင့် အခြားသော ပြဿနာများကို ဖြေရှင်းပစ်နိုင်လိမ့်မည်ဟုယုံကြည်မှု ရှိပေသည်။

အထူးအကြီးအကဲ ဆယ့်တစ်ယောက်သည် ရှောင်လုံ ဆီမှ သတ်ဖြတ်လိုစိတ် ကို အာရုံခံမိသောကြောင့် ကြက်သီးမွေးညင်းထကာ သူတို့၏ စိတ်နှလုံးသည် တုန်ယင်သွားရလေပြီး နာခံကြောင်း ပြသလိုက်ကြသည်။

" မင်းတို့အားလုံး ထွက်သွားလို့ရပြီ...ကျန်းပိ... မင်းကတော့ နေခဲ့ဦး"

ရှောင်လုံ က အမိန့်ပေးလိုက်လေသည်။

ဝမ်ဂူပိယန်နှင့်အခြား သူများသည် ဂါရဝပြုကာ ထွက်ခွာသွားကြပြီး ကျန်းပိတစ်ယောက်ထဲသာ ကျန်ခဲ့လေသည်။

ကျန်းပိသည် ဖြူဖြော့နေသော မျက်နှာဖြင့် မတ်တပ်ရပ်နေလေသည်။ သူ့၏ စိတ်ထဲ၌ ထိတ်လန့်ကြောက်ရွံ့နေသော်လည်း တစ်ချက်မှပင် မလှုပ်ရှားရဲပေ။ သူ့ရှေ့ မီတာ ဒါဇင်မျှအကွာ၌ လွန်ခဲ့သည့် အချိန်အနည်းငယ်က အသားပြားဖြစ်အောင် ရိုက်ချခံလိုက်ရသော ကျန်းလဲ့၏ အလောင်း ရှိနေပေသည်။ သွေးနံ့များသည် လေထုထဲ၌ စူးရှပြင်းထန်နေလေပြီး ကျန်းပိ၏ အာရုံငါးပါးကို ထိုးဆွနေလေသည်။

ရှောင်လုံ က မတည်မငြိမ်ဖြစ်ကာဖြူရော်နေသော ကျန်းပိ ကိုကြည့်ရင်း အပိုစကားများပြောကာ အချိန်ဖြုန်းမနေတော့ဘဲ လိုရင်းကိုသာ ပြောလိုက်တော့သည်။

" အခု ငါမင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်...တစ်ခုက မင်းရဲ့ စိတ်ဝိညာဉ် ပင်လယ်ကိုဖွင့်ပေးပြီးတော့ ငါ့ရဲ့ စိတ်ဝိညာဉ် အမှတ်အသားခက်နှိပ်မှုကိုလက်ခံလိုက်...ဒီလိုဆိုရင် ငါမင်းအပေါ် ချန်ထားခဲ့တဲ့ အမှတ်အသားကို ဖျက်ပေးမယ်...ဒုတိယ ရွေးချယ်စရာ ကတော့ သေခြင်းတရားပဲ "

ကျန်းပိ၏ ခန္ဓာကိုယ် က ပြင်းပြင်းထန်ထန် တုန်ယင်လာလေပြီး သူ့၏ အမူအယာက ဆိုးရွားသွားလေသည်။

စိတ်ဝိညာဉ် တံဆိပ်ခတ်ခြင်း...။

ရှောင်လုံ က ခံစားချက်မဲ့စွာဖြင့် ဆက်ပြောလိုက်လေသည် ။

" ဟုတ်တာပေါ့...မင်းက ငါ့ကို အညံ့ခံမယ်ဆိုရင်...မင်းရဲ့ ကျင့်ကြံမှု အတွက် တစ်နှစ်ကို အဆင့်မြင့် အထွတ်အမြတ်အဆင့် အင်မော်တယ် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံး ထောက်ပံ့ပေးမယ်"

" ဘာ...အဆင့်မြင့် အထွတ်အမြတ် အဆင့် အင်မော်တယ်စိတ်ဝိညာဉ်ကျောက်တုံး လား"

သူက မယုံကြည်နိုင်စွာဖြင့် ခေါင်းကို ခါရမ်းလိုက်လေပြီး ရှောင်လုံ အား ကြည့်လိုက်လေသည်။

အဆင့်မြင့် အထွတ်အမြတ် အဆင့် အင်မော်တယ်စိတ်ဝိညာဉ်ကျောက်တုံး များသည် ရှေးခေတ်ကာလမှစကာ ပေါ်ထွက်မလာခဲ့ဖူးပေ။ ဟောင်ရှောင်လုံ က သူ့၌ ထိုအဆင့် စိတ်ဝိညာဉ် ကျောက်တုံး များရှိသည်ဟု ပြောနေသည်လား ။

ရှောင်လုံ က သူ့၏ လက်ကို လေထဲ၌ ခပ်ဖွဖွ ဝေ့ယမ်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို ဟင်းလင်းပြင်ဆီမှ အဆင့်မြင့်အထွတ်အမြတ်အဆင့်အင်မော်တယ်စိတ်ဝိညာဉ် ကျောက်တုံးများသည် တစ်တုံးပြီးတစ်တုံး ကျဆင်းလာလေပြီး မဟာခန်းမ တစ်ခုလုံးသည် ပေါများကြွယ်ဝလှသော စိတ်ဝိညာဉ် စွမ်းအင် ဖြင့် ပြည့်နှက်သွားပေသည်။

သူ့ရှေ့ရှိ အထွတ်အမြတ်အဆင့်အင်မော်တယ်စိတ်ဝိညာဉ် ကျောက်တုံး ပုံကြီးကိုကြည့်ရင်း ကျန်းပိ သည် သူ့၏ လည်ချောင်း ခြောက်သွေ့သွားသလို ခံစားလိုက်ရလေသည်။

'ဒါက...တကယ့်ကို အဆင့်မြင့်အထွတ်အမြတ်အဆင့်အင်မော်တယ်စိတ်ဝိညာဉ် ကျောက်တုံး တွေပဲ'

စိတ်ဝိညာဉ် ကျောက်တုံး တစ်ရာ လုံးသည် အဆင့်မြင့်အထွတ်အမြတ်အဆင့်အင်မော်တယ်စိတ်ဝိညာဉ် ကျောက်တုံး များ ဖြစ်ပေသည်။

ထို့နောက် ရှောင်လုံ၏ အသံက ကျန်းပိ၏ နားထဲသို့ ဝင်ရောက်လာပေသည်။

" ငါမင်းကို စဥ်းစားဖို့ အချိန် သုံးမိနစ် ပေးမယ်...သတိတော့ကြိုပေးထားလိုက်မယ်...မင်းမှာ အခွင့်အရေး တစ်ခုတည်းပဲရှိတာ"

တစ်မိနစ် မျှ ကြာပြီးနောက် ကျန်းပိ သည် ဒူးထောက်လိုက်ရင်း အညံ့ခံရန် ဆန္ဒ ရှိကြောင်း ဒူးထောက်ဝန်ခံလိုက်လေသည်။

ရှောင်လုံ က ထိုရလဒ်ကြောင့် အံ့အားသင့်သွားခြင်း မရှိပေ။ သူက တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ကျန်းပိ၏ စိတ်ဝိညာဉ် ကို သူ့၏ စိတ်ဝိညာဉ် အမှတ်အသားဖြင့် တံဆိပ်ခတ်နှိပ်လိုက်လေသည်။

အကြီးအကဲ ဆယ့်နှစ်ယောက်အနက် ချန်းမန်နှင့် ကျန်းရှင်းချန် တို့ကဲ့သို့သော အထူးအကြီးအကဲ ၆ ယောက်သည် မဟာဆေးပညာရှင်အစည်းအရုံး ၏ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့သည်မှာကြာပြီဖြစ်သော မိသားစုများ၏ ခေါင်းဆောင် များ ဖြစ်သည်။

ထို ၆ ယောက်သည် အစည်းအရုံးခေါင်းဆောင် ကို အကြွင်းမဲ့ သစ္စာရှိကြသည်မို့ လက်ရှိ ရှောင်လုံ အပေါ်၌လည်း သစ္စာခံထားကြပေသည်။ ကျန်းပိ ကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ရှောင်လုံ သည် အရေးသာသည့် အခြေအနေ၌ရှိနေသည်။

စန်းရီက ထွက်ပြေးသွားခဲ့သည်။ ကျန်ရှိနေသော ဝမ်ဂူပိယန်၊ ယွဲ့ဝူရှန်းနှင့် အခြားသော အထူးအကြီးအကဲ နှစ်ယောက်ကိုမှု ရှောင်လုံ သည် စိတ်ဝိညာဉ်အမှတ်အသားဖြင့် ထိန်းချုပ်ရန် အစီအစဉ် မရှိပေ။ ထို အကြီးအကဲ တစ်ယောက်ချင်းစီတိုင်း၏ နောက်ကွယ်၌ ထိပ်တန်း အင်အားစုတစ်ခု ရှိနေပေသည်။

ပြောစရာမလိုလောက်အောင်ပင် ထို လေးယောက်သည် သူ့၏ တရားဝင် အမိန့်များကို ဆန့်ကျင်ရဲကြမည်မဟုတ်ကြောင်း ရှောင်လုံ ခန့်မှန်းမိပေသည်။

ကျန်းပိ ကို ကိစ္စ အချို့ ခိုင်းစေခဲ့ပြီးနောက် ရှောင်လုံ သည် မဟာလေဟာနယ် ရွေ့ပြောင်းခြင်း ကို အသုံးပြုကာ မဟာဆေးပညာရှင်အစည်းအရုံး ၏ ဋ္ဌာနချုပ်ဆီမှ ပျောက်ကွယ်သွားလေသည်။

ရှောင်လုံ က ပြန်ပေါ်လာသည့် အချိန်၌ သူသည် ဆေးနတ်ဘုရားကမ္ဘာမှ ဝေးကွာသော အိမ်နီးချင်းကမ္ဘာများထဲမှ တစ်ခုဖြစ်သည့် အနတ္တ ကမ္ဘာ ဆီသို့ ရောက်ရှိသွားလေသည်။

သာမန်မှာ နတ်ဘုရား အဆင့် သိုင်းပညာရှင် များ၏ မဟာလေဟာနယ်ရွေ့ပြောင်းခြင်း သည် ကမ္ဘာတစ်ခုတည်း၏ နေရာအနှံ့သို့သာ ပြောင်းရွေ့နိုင်စွမ်း ရှိပေသည်။ အဆင့်မြင့် အဆင့် သိုင်းပညာရှင် များသည်သာ ကမ္ဘာ တစ်ခုနှင့်တစ်ခု ရွေ့ပြောင်းသွားနိုင်ခြင်း ရှိပေသည်။
အချိန်နှင့်နေရာလွတ် နိယာမကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသော အလယ်အလတ်အဆင့် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် အနည်းစုသည်လည်း ကမ္ဘာများကြား၌ ကူးပြောင်းနိုင်ခြင်းရှိပေသည်။

အနတ္တ ကမ္ဘာ သို့ ကူးပြောင်းလိုက်ပြီးနောက် ရပ်တန့်ခြင်းမရှိပဲ ရှောင်လုံ သည် မဟာလေဟာနယ်ရွေ့ပြောင်းခြင်းကို ထပ်မံ ထုတ်သုံးလိုက်လေသည်။

၁၆ ကြိမ်အထိ ရွေ့ပြောင်းမှုပြုလုပ်ပြီးမှသာ ရှောင်လုံ သည် ရပ်တန့်လိုက်လေသည်။

မဟာလေဟာနယ်ရွေ့ပြောင်းခြင်းသည် နတ်ဘုရား အင်အားများစွာကို ကုန်ခမ်းစေသည်။ သာမန် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်သည်ပင် ၆ကြိမ်မှ ၇ကြိမ် အများဆုံး အသုံးပြုနိုင်ပေသည်။

နာရီဝက်မျှ အနားယူပြီးနောက် ရှောင်လုံ၏ကုန်ခမ်းနေသော နတ်ဘုရား အင်အားသည် အထွတ်အထိပ်အဆင့် သို့ ပြန်လည်ရောက်ရှိသွားလေသည်။ ထို့နောက် သူက နတ်ဆိုးမြို့တော်သို့ ဆက်လက် ကူးပြောင်းလိုက်လေသည်။

နေ့ဝက်မျှကြာပြီးနောက် ရှောင်လုံ သည် နတ်ဆိုးမြို့တော် နှင့် အနီးဆုံး ကမ္ဘာ ရှိရာဆီသို့ ရောက်ရှိသွားလေသည်။ သူက မြို့တော်၏ ပုံရိပ်ကို မြင်လိုက်သည်နှင့် ကျန်ရှိနေသော ခရီးကို တည်နေရာ ခုန်ကူးခြင်းမပြုတော့ဘဲ ဓားပေါ်မှ ပျံသန်းရန်သာ ရွေးချယ်လိုက်လေသည်။

ဓားအလင်းကို အသုံးပြုကာ ပျံသန်းချိန်၌ပင် သူ့၏ အမြန်နှုန်းသည် ထိတ်လန့်ဖွယ်ရာ ကောင်းလှပြီး သူနှင့် နတ်ဆိုးမြို့တော် ကြားရှိအကွာအဝေးသည်နီးကပ်လာပေသည်။

ထိုအချိန်တွင် ရှေးဟောင်းနတ်ဆိုးကလန် ၏ မဟာခန်းမထဲ၌ နတ်ဆိုးသားတော်မော့စုသည် မဟာအကြီးအကဲ မော့ကျန်းရုကို အေးစက်စက် ကြည့်လိုက်လေသည်။

" အဲ့ဒီ  လီလူက... ဒီ နတ်ဆိုးသားတော် ရဲ့ ဖိတ်ဆိုမှုကို ငြင်းဆိုလိုက်တယ်တဲ့လား"

မော့ကျန်းရုက တွေဝေတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိမ့်ပြလိုက်လေသည်။

" ဟုတ်ပါတယ်... သူမ ပြောတာကတော့... သူမက လက်ရှိမှာ ကံကြမ္မာကျမ်းစာကို အာရုံစိုက်လေ့ကျင့်နေရပြီးတော့ အထွတ်အမြတ် ကံကြမ္မာ တောင်တန်းကနေ ထွက်ခွာလို့မရပါဘူးတဲ့ "

ပြီးခဲ့သည့် နှစ်များအတွင်း မဟာဆေးပညာရှင် မဟာပြိုင်ပွဲ ပြီးဆုံးစဥ်ကတည်းက မော့စုသည် ဆေးပညာနှင့် ကျင့်ကြံမှု တွင် 'လေ့ကျင့်ညွန်ပြရန်'ဟူသော ခေါင်းစဥ်တပ်ကာ လီလူ အား အကြိမ်နှစ်ဆယ်ကျော် ဖိတ်ခေါ်ခဲ့လေသည်။ သို့သော်လည်း လီလူက အကြိမ်တိုင်း၌ ဆင်ခြေတစ်ခုတည်းကိုသာသုံး၍ မော့စု၏ ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်လေသည်။

မော့ကျန်းရု ၏ ဖြေကြားမှုကြောင့် မော့စုသည် သူ့လက်ထဲရှိ အရက်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

" မင်းအမေပဲ...ဘာမဟုက်တဲ့ မိန်းမတစ်ယောက် ကများ...သူမက ငါလို နတ်ဆိုးသားတော်ရဲ့ဖိတ်ဆိုမှုကို အကြိမ်ကြိမ် အခါခါ ငြင်းဆိုရဲတယ်ပေါ့လေ...သူမ ငါ့လက်ထဲကို ရောက်လာတဲ့ အချိန်ထိ စောင့်နေလိုက်...ငါ အဲ့ဒီ မိန်းမကို ခေါင်းမထောင်နိုင်တော့လောက်အောင် နှိပ်စက်ပစ်မယ်"

မော့ကျန်းရုက ချောင်းဟန့်လိုက်ပြီးနောက် ပြောလိုက်သည်။

" အပြင်မှာ ပျံ့နေတဲ့ ကောလဟာလတွေ အရဆိုရင် လီလူ ကလည်း သိုင်းဝိညာဥ် ကမ္ဘာ ကပဲတဲ့... သူမနဲ့ ဟောင်ရှောင်လုံ က ငယ်ချစ်ဦးတွေဖြစ်ပြီးတော့ လက်ထပ်ဖို့လည်း သဘောတူထားကြတယ်။ နောက်ပိုင်းမှာ ကိစ္စ တစ်ချို့ကြောင့် လီလူကလည်း ပျောက်ဆုံး သွားခဲ့တယ်...သူတို့နှစ်ယောက်က နှစ်တွေအကြာကြီး ကွဲကွာသွားခဲ့ကြတာ "

မော့ကျန်းရုက ထိုသို့ ပြောပြီးသည်နှင့် သတိထားကာ ဆက်ပြောလိုက်လေသည် ။

" လီလူက ဟောင်ရှောင်လုံ နဲ့ ဒီလိုမျိူး ပတ်သက်နေတာဆိုမှတော့...ကျုပ်တို့ ဒီကိစ္စကို မေ့ပစ်လိုက်ရင် ပိုမကောင်းဘူးလား"

မော့စု၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာကာ မော့ကျန်းရု အား စိုက်ကြည့်လိုက်လေသည်။

" ထပ်ပြီး ဟောင်ရှောင်လုံ ပဲလား...ဟောင်ရှောင်လုံ က တကယ့်ကို ချီးထုပ်ပဲ...မင်းတို့အားလုံး က ဟောင်ရှောင်လုံ ကို ကြောက်နေကြတာပဲ...ဒါပေမဲ့ ဒီ နတ်ဆိုးသားတော် ကတော့ သူ့ကို မကြောက်ဘူး...သူက အထွတ်အမြတ်ဆေးဘုရားကျောင်းရဲ့ စမ်းသပ်စစ်ဆေးမှုကို တကယ်ကြီး အောင်မြင်သွားလိမ့်မယ်လို့ ငါမယုံဘူးကွ...သူက အောင်မြင်သွားပြီးတော့ အစည်းအရုံးခေါင်းဆောင် ဖြစ်လာမယ်ဆိုရင်တောင် ဘာဖြစ်လဲ ... သူက ငါ့ကို ဘာလုပ်နိုင်မှာမိုလို့လဲ...ငါက သူ့မိန်းကလေးကို အရုပ်လို ကောင်းကောင်း ကစားပစ်မယ်...ငါက လီလူရဲ့ ရင်သားတွေကို ပေါက်ထွက်သွားတဲ့အထိ ဆုပ်ညှစ်ပစ်မယ် ဆိုရင်တောင်...ဟောင်ရှောင်လုံ က ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ငါသိချင်မိတယ်"

မော့ကျန်းရု က ရှောင်လုံ၏ နာမည်ကို ပြောလာသည်အား ကြားလိုက်သည်နှင့် မော့စု၏ နှလုံးသားထဲရှိ မကျေနပ်မှုများအားလုံး ပေါက်ကွဲထွက်လာလေသည်။

ရှောင်လုံသာ ပေါ်ထွက်မလာခဲ့ပါက သူသည် အဆင့်လေးသို့ ရောက်ရှိကာ လူအများ၏ ဟာသတစ်ပုဒ် ဖြစ်လာလိမ့်မည် မဟုတ်ပေ။

"ကံဆိုးတာပဲ...မင်းမှာ အဲ့ဒီ အခွင့်အရေး မရှိတော့ဘူး"

မော့စု၏ ဒေါသသံက ခန်းမထဲ၌ ပဲ့နင်ထပ်သွားသည်နှင့် အေးစက်စက် အသံက ထွက်ပေါ်လာသည်။

ရင်းနှီးနေသောအသံကို ကြားလိုက်ချိန်၌ မော့စုနှင့် မော့ကျန်းရု တို့က ခုန်ထလိုက်မိကြသည်။

"ဟောင်ရှောင်လုံ"

"သေချာတာပေါ့... ငါပဲလေ"

ခန်းမထဲ၌ တောက်ပသည့်အလင်းတစ်ချက် လက်သွားလေပြီး အလင်းရောင်ပျောက်ကွယ်သွားချိန်၌ ရှောင်လုံ၏ ပုံရိပ် ပေါ်ထွက်လာသည်။

သူတို့၏ ရှေ့ရှိ လူမှာ ဟောင်ရှောင်လုံ ဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် ဒေါသထွက်ကာ မောက်မာသောစကားများ ပြောနေခဲ့သော မော့စု သည် ကြောက်စိတ်များပေါ်ထွက်လာလေသည်။

"ဟောင်ရှောင်လုံ...မင်း ဒီကို ဘယ်လို ရောက်လာတာလဲ"

လွန်ခဲ့သည့် တစ်ရက်ကပင် ဟောင်ရှောင်လုံ သည် အထွတ်အမြတ်ဆေးဘုရားကျောင်း၏ ငါးဆင့်မြောက် ၌ ရှိနေဆဲဖြစ်သည်ဟု သူ့၏ နောက်လိုက်က တင်ပြခဲ့ခြင်း ဖြစ်သည်မဟုတ်လား ။

ရှောင်လုံ က မော့စုကို ပြုံးပြလိုက်သောလည်း ထိုအပြုံးသည် မျက်လုံးထဲထိ မရောက်ပေ။

"ငါဒီကို ဘယ်လိုရောက်လာလည်းဆိုတာက အရေးမကြီးပါဘူး... အရေးကြီးဆုံးအရာက မင်း ဒီနေ့ သေကိုသေရမယ်ဆိုတာပဲ "

Continue Reading

You'll Also Like

21.1K 443 42
What If Chloe lukasiak has a twin sister who is the favorite?
61.5K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
167K 25.6K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...