ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

931 - 935

140 8 0
By Azure5549

မနေ့ကတည်းက မီးပျက်သွားတာ ခုမှ ပြန်လာလို့ပါရှင့်။

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၃၁ ...... ဒူးထောက်တောင်းပန်

မော့စု ဘေးနားရှိ နတ်ဆိုးကလန်တပည့်များအားလုံး သည်လည်း ကျယ်လောင်စူးရှစွာ လှောင်ပြောင်ရယ်မောလိုက်ကြသည်။

ကွင်းပြင်၏ အပြင်ဘက်ရှိ လူများ၏အကြည့်များသည်လည်း ရှောင်လုံနှင့် မော့စု တို့အပေါ် ကျရောက်လာသည်။

"ဆေး သန့်စင်မှု ကျရှုံးသွားတာလား...အဲ့ဒီနေရာမှာ ဘာတွေဖြစ်နေကြတာလဲ...ဟောင်ရှောင်လုံက နတ်ဘုရားအဆီအနှစ် ဆေးလုံးကို ဖော်စပ်ဖို့ ကျရှုံးခဲ့တာများလား"

"ဘယ်သူ သိမှာတဲ့လဲ...လွန်ခဲ့တဲ့ လအနည်းငယ်က လုပ်ခဲ့တဲ့ သူ့ရဲ့ အကဲဖြတ် စစ်ဆေးမှုက အတုကြီးလည်း ဖြစ်နေနိုင်တာပဲလေ...လူတွေက ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ပြောနေကြတာနေမှာပေါ့...ဟောင်ရှောင်လုံက ကျင့်ကြံမှုမှာတော့ ပြိုင်ဘက်ကင်းပါရမီ ရှိကောင်းရှိလိမ့်မယ်...ဒါပေမယ့်  ဆေးပညာမှာလည်း ပြိုင်ဘက်ကင်းနေဖို့ဆိုတာက မဖြစ်နိုင်ပါဘူးကွာ"

ချက်ချင်းဆိုသလို လူအုပ်ကြီးထဲရှိ လူများသည် ထိုအကြောင်းကို ပြောလိုက်ကြသည်။

ကြီးကြပ်သူ ဖြစ်သော အကြီးအကဲ ဝမ်ကျယ်သည် စန်းရီဆီမှ ညွှန်ကြားမှုကို ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက မော့စု ပြောသော ရှောင်လုံ၏ ဆေးဖော်စပ်ခြင်း ကျရှုံးမှုကို နားလည်ထားပြီး ဖြစ်သည်။

ဝမ်ကျယ်က ကြေညာလိုက်လေသည်။

"ဟောင်ရှောင်လုံ...ဆေးဖော်စပ်ခြင်း မအောင်မြင်၊ ဆေးလုံးဖြစ်တည်မှု ကျရှုံး၊ ကြာချိန် - ၃၂ မိနစ် ၅၀ စက္ကန့်"

ဝမ်ကျယ်၏ စိတ်ထဲ၌မူ ဆေးအမယ်များသည် မှားယွင်းနေသည်မို့ ရှောင်လုံ၏ ဆေးပညာပါရမီ မည်မျှ မြင့်မားနေစေကာမူ သူ့၏ ဆေးလုံးသည် အောင်အောင်မြင်မြင် ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ကျယ်က မည်သည့် တပည့်ကိုမှ ရှောင်လုံ၏ ဆေးဖော်ခန်း ထဲသို့ သွားရောက်စစ်ဆေးခိုင်းမနေတော့ပေ။

ဝမ်ကျယ်၏ ကြေညာချက်ကြောင့် ကွင်းပြင် ပတ်ပတ်လည်ရှိ လူအုပ်ကြီးသည် အော်ဟစ်ဆူညံသွားကြသည်။ အစောပိုင်းက သူတို့၏ သံသယများသည် ယခုအခါ၌ နားလည်သဘောပေါက်မှု အဖြစ် ပြောင်းလဲသွားသည်။

"ဟောင်ရှောင်လုံက တကယ်ကြီး ကျရှုံးသွားတာပဲ..."

"သူက နတ်ဘုရားအဆီအနှစ်ဆေးလုံးလို သာမန် ဆေးလုံးကိုတောင် မဖော်စပ်နိုင်ဘူးပဲ...ကြည့်ရတာ သူ့ရဲ့ ဆေးပညာရှင် စမ်းသပ်အကဲဖြတ်မှုတုန်းက ထွက်လာခဲ့တဲ့ ကောလာဟလတွေအားလုံး အလိမ်အညာတွေချည်းပဲ ထင်တယ်"

ကွင်းပြင် အစွန်းရှိ လူအုပ်ကြီးက ဆူညံပွက်လောရိုက်နေချိန်တွင် မော့စုက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြီး ရှောင်လုံကို ကြည့်လိုက်သည်။

"၃၂ မိနစ်နဲ့ ၅၀ စက္ကန့်ဆိုပဲ... ဟောင်ရှောင်လုံ...မင်းက မဟာပြိုင်ပွဲရဲ့ စံချိန်ကိုတောင် ချိုးသွားပြီပဲ...နှစ်သန်းထောင်ပေါင်း များစွာအတွင်း...ဆေးလုံးဖော်စပ်မှုကို ဒီလောက်ထိ မြန်မြန် ကျရှုံးသွားတဲ့ တပည့်မျိုး တစ်ခါမှ ပေါ်မလာခဲ့ဖူးဘူးလေ"

ရှောင်လုံက မော့စုကို လုံးလုံး လျစ်လျူရှုထားပေသည်။ သူ့၏ စူးရှရှ အကြည့်က အကြီးအကဲ ဝမ်ကျယ်ဆီသို့ ရောက်ရှိသွားပြီး သီးသန့်ဆန်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။

"ခင်ဗျား နာမည်က ဝမ်ကျယ်မလား...ခင်ဗျားက ကျုပ်ရဲ့ ဆေးဖော်ခန်း ကိုတောင် မစစ်ဆေးပဲနဲ့...ဒီလိုမျိုး ရလဒ်ကို လွယ်လွယ်လေး ကြေညာလိုက်တယ်ဆိုတော့...ခင်ဗျားက အရင်ကတည်းက ရလဒ်ကို ကြိုသိပြီးနေတာလား...ဒါမှမဟုတ် အနာဂတ်ကို ကြိုပြောနိုင်နေတာလား"

ဝမ်ကျယ်က တောင့်တင်းသွားပြီး သူ့၏ အမူအရာက မဲမှောင်သွားလေသည်။ အဆင့်အတန်းအရဆိုလျှင် ဟောင်ရှောင်လုံက အစည်းအရုံးထဲရှိ သာမန် ဆေးပညာရှင်များထဲမှ တစ်ယောက်သာ ဖြစ်သည်။ ဟောင်ရှောင်လုံ က သူ့ကို နာမည်တပ်ခေါ်ရဲနေသည်လား။

ရှောင်လုံ၏ စကားများကြောင့် လူအုပ်ကြီး သည် ခဏမျှ ငြိမ်သက်သွားကြပြီး သူပြောသွားသော စကားကို စဥ်းစားတွေးတောနေကြသည်။

ဝမ်ကျယ်က ရှောင်လုံ ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"ဆေးပညာရှင် အကဲဖြတ်စစ်ဆေးမှုနေ့တုန်းက...မင်း ကံကောင်းပြီးတော့ အောင်မြင်ခဲ့တာပဲ...ဟောင်ရှောင်လုံ...မင်းရဲ့ ဆေးဖော်စပ်မှုက မကျရှုံးဘဲ...သခင်လေး မော့စုလိုမျိုး ထိပ်တန်းအဆင့် နတ်ဘုရားအဆီအနှစ်ဆေးလုံးကို သန့်စင်ဖော်စပ်နိုင်ခဲ့တယ်လို့...မင်းက ငါ့ကို ပြောချင်နေတာများလား"

သူ့၏ စကား၌ လှောင်ပြောင်မှု များ ရောယှက်နေသည့်ကို ထိုနေရာ၌ ရှိနေသော လူတိုင်း သတိထားမိကြသည်။

ရှောင်လုံ က အဖက်မလုပ်သည့် အမူအရာဖြင့် ရှိနေဆဲ ဖြစ်သည်။

"သွားပြီး စစ်ဆေးကြည့်ရင်...အဖြေကို ခင်ဗျား သိရလိမ့်မယ်"

ဝမ်ကျယ်က အနီးဆုံးရှိ အစည်းအရုံး၏ တပည့်တစ်ယောက် ကို အမိန့်ပေးလိုက်သည်။

"သွား...ဟောင်ရှောင်လုံရဲ့ ဆေးဖော်ခန်း ထဲကို သွား စစ်ဆေးပြီး သူ့ရဲ့ ကျရှုံးမှု သက်သေကို ဒီနေရာထိ ယူလာခဲ့လိုက်...ဒါမှ လူတိုင်း မြင်နိုင်သွားမှာ"

အစည်းအရုံး၏ တပည့်သည် ရိုသေလေးစားစွာဖြင့် နာခံလိုက်ပြီး အလျင်စလို ပြေးသွားလိုက်လေသည်။

လူတိုင်း က စောင့်ဆိုင်းနေကြသည်။ ဆယ့်ငါးမိနစ်မျှ ကြာပြီးနောက် ထိုတပည့်သည် ပြန်ရောက်လာသည်။ သူ့၏ မျက်နှာထက်၌ ဆိုးဝါးသည့်အမူအရာ ရှိနေလေပြီး သူ့လက်ထဲ၌ ပုလင်းတစ်လုံးကို ကိုင်လာလေသည်။ သေချာကြည့်မည်ဆိုလျှင် သူ့၏ လက်က တုန်ယင်နေသည်ကို လူတိုင်း တွေ့မြင်နိုင်ပေသည်။

ဤသည်ကို သတိထားမိသွားသည်နှင့် ဝမ်ကျယ်သည် မျက်မှောင်ကြုံလိုက်မိသည်။ ဟောင်ရှောင်လုံက နတ်ဘုရားအဆီအနှစ်ဆေးလုံးကို သန့်စင် ဖော်စပ်နိုင်ခဲ့သည်လား။

"အ...အကြီးအကဲ ဝမ်...ဒါက ဟောင်ရှောင်လုံရဲ့ ဆေးဖော်ခန်း ထဲက တွေ့လာတဲ့...နတ်ဘုရားအဆီအနှစ်ဆေးလုံးတွေပါ"

ထိုတပည့်က ဝမ်ကျယ်၏ ရှေ့၌ ရပ်ပြီး စကားပြောလိုက်ချိန်၌ သူ့၏အသံက တုန်ယင်နေပေသည်။

နတ်ဘုရားအဆီအနှစ်ဆေးလုံး...။

ကြောင်အသွားသော ဝမ်ကျယ်သည် သူ့ကိုယ်သူ အလျှင်အမြန် ထိန်းချုပ်လိုက်သည်။

"အဲ့ဒါက အဆင့်နိမ့်ဆေးလုံးတွေလား"

ဆေးအမယ်များ က မှားယွင်းနေလျှင် အလွန်တရာ ကျွမ်းကျင်မှုရှိသော ဆေးပညာရှင် တစ်ယောက် က ထိုဆေးအမယ်များဖြင့် အဆင့်နိမ့်ဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိပေသည်။ သို့သော် ထိုသို့ ဖြစ်နိုင်ချေမှာ နည်းပါးလှသည်။ ဟုတ်ပေသည်...အဆင့်နိမ့်ဆေးလုံးများကိုလည်း ကျရှုံးသည်ဟု သတ်မှတ်၍ ရပေသည်။

အစည်းအရုံး၏တပည့်က တုန်ယင်စွာ ပြောလိုက်လေသည်။

"မ...မဟုတ်ပါဘူး"

ဝမ်ကျယ်က အံ့အားသင့်သွားသည်။

'မဟုတ်ဘူးတဲ့လား'

သူက ထိုတပည့်၏ လက်ထဲမှ ပုလင်းကို လှမ်းယူလိုက်သည်။ ထို့နောက် မော့စုနှင့် လူတိုင်း၏ စိတ်ရှုပ်ထွေးနေသော အကြည့်များရှေ့တွင် ဝမ်ကျယ်သည် ပုလင်း၏ အဟန့်အတားကို ဖယ်ရှားလိုက်သည်။ ချက်ချင်း ဆိုသလို လက်မအရွယ်အစားမျှ ရှိသော ကျောက်စိမ်းရောင် ဆေးလုံးလေးများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာပြီး ရွက်နုလေးများပေါ် ခိုကပ်နေတတ်သည့် မနက်ခင်းနှင်းစက်များနှင့် တူနေလေသည်။

လေထုထဲ၌ ဆေးလုံး၏ သင်းရနံ့က စွဲထင်သွားပြီး ကွင်းပြင်၏ အစွန်သို့ပင် ရောက်ရှိသွားသည်။ လူအုပ်ကြီးက အနောက်ဘက်ဆုံးရှိ လူများပင် ဆေးလုံးများဆီမှ မွှေးရနံ့ကို ခံစားမိသွားကြသည်။

"ဒါတွေက..."

"ကပ်ဘေးအဆင့် ဆေးလုံးတွေပဲ"

"ကောင်းကင်ဘုံ...ဒါက တကယ့်ကို ကပ်ဘေးအဆင့် ဆေးလုံးတွေပဲဟ"

လူအုပ်ကြီး၏ နေရာအနှံ့တွင် အံ့သြတကြီး ရေရွတ်သံများဖြင့် ပြည့်နှက်သွားပြီး အံ့အားသင့်မှုများ၊ တုန်လှုပ်မှုများဖြင့် ရေရွတ်သံများသည် လေထဲ၌ ပဲ့တင်ထပ်သွားလေသည်။ လူတိုင်း၏ အမူအရာများသည် သိသိသာသာပင် မယုံကြည်နိုင်ဟန် ဖြစ်နေကြသည်။

ဤသည်မှာ သူတို့ ကြားရုံသာ ကြားဖူးသော ကပ်ဘေးအဆင့် ဖြစ်သည်။ နတ်ဘုရားအဆီအနှစ် ဆေးလုံးတိုင်းသည် ကပ်ဘေးလျှပ်စီး အော်ရာကို ထုတ်လွှတ်နေလေသည်။

"မဖြစ်နိုင်ဘူး...လုံးဝ မဖြစ်နိုင်ဘူး"

မော့စုက နှစ်ကြိမ်တိုင်တိုင် အော်ဟစ်လိုက်ပြီးနောက် ရှောင်လုံကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"မင်း လှည့်စားခဲ့တာ...ဒီဆေးလုံးတွေကို မင်း ဖော်စပ်ခဲ့တာ မဟုတ်ဘူး"

သူကသာ မဟာဆေးပညာရှင်အစည်းအရုံး ဆီမှ ကြီးကြပ်သူ အကြီးအကဲ ဖြစ်နေသည့်နှယ် မော့စု၏ အသံက သေချာတိကျလွန်းနေပေသည်။

"အမှန်ပဲ...မင်းက လိမ်ညာနေတာ...ကပ်ဘေးအဆင့် နတ်ဘုရားအဆီအနှစ်ဆေးလုံးတွေကို မင်း ဖော်စပ်ထားတာ လုံးဝ မဖြစ်နိုင်ဘူး"

ဝမ်ကျယ်က သူ့၏ အသိစိတ်ကို ထိန်းချုပ်ပြီးသွားသည်နှင့် ရှောင်လုံ ကို ဒေါသတကြီး အော်ဟစ်ကာ လက်ညှိုးထိုးလိုက်လေသည်။

"မင်းက တော်တော့်ကို သတ္တိရှိနေတယ်ပေါ့လေ...ဘယ်လိုလုပ်ပြီး ပြိုင်ပွဲမှာ လိမ်ညာရဲရတာလဲ...မင်းရဲ့ ပြိုင်ပွဲဝင်ခွင့်ကို ငါ ပယ်ချပစ်လိုက်ပြီ...အခုကစပြီး မင်း ဘယ်တော့မှ မဟာဆေးပညာရှင်ပြိုင်ပွဲ ကို ဝင်ပြိုင်ခွင့် မရှိတော့ဘူး"

ဆေးအမယ်များက မှားယွင်းနေပေသည်။ ဟောင်ရှောင်လုံ က ကပ်ဘေးအဆင့် နတ်ဘုရားအဆီအနှစ်ဆေးလုံးကို မည်သို့ သန့်စင်နိုင်စွမ်း ရှိလိမ့်မည်နည်း။

'ဒါက လုံးဝ မဖြစ်နိုင်တာပဲ'

ဝမ်ကျယ်က ထိုစကားများကို အလိုအလျောက် လွှတ်ခနဲ ထွက်မိသွားကာ ရှောင်လုံ က လိမ်ညာထားခြင်းဖြစ်သည်ဟု ငြင်းဆိုလိုက်လေသည်။

ရှောင်လုံ၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားပြီး လှောင်ပြောင်လိုက်သည်။

"လိမ်ညာလှည့်ဖြားတယ်တဲ့လား...ဘယ်မှာလဲ သက်သေ...ဝမ်ကျယ်...ခင်ဗျား က အစည်းအရုံးရဲ့ အကြီးအကဲ တစ်ယောက် ပဲလေ...ဒီ ကပ်ဘေးအဆင့် ဆေးလုံးတွေကို အခုလေးတင် ဖော်စပ်သန့်စင်ထားတယ်ဆိုတာ...ခင်ဗျား မသိဘူးလို့တော့ ကျုပ်ကို မပြောနဲ့"

ဝမ်ကျယ်က နောက်သို့ တွန့်ဆုတ်သွားသည်။

သူ့၏ အမြင်အာရုံဖြင့် ထိုဆေးလုံးများကို ယခုလေးမှ သန့်စင်ထားခြင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ပေသည်။

"သူ လိမ်နေတာ ဟုတ်မဟုတ် ဆိုတာကို...အခန်းရဲ့ မှတ်တမ်းကို ကြည့်ရင် သိရမှာပဲလေ...အဲ့ခါကျရင် ဘာက ဘာလဲဆိုတာကို ငါတို့ ကွဲကွဲပြားပြား သိရမှာပေါ့"

မော့စုက မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။

"အမှန်ပဲ...အကြီးအကဲ...ကျွန်တော်တို့ ဆေးဖော်ခန်း ရဲ့ မှတ်တမ်းကို ကြည့်လို့ရတာပဲ"

အစည်းအရုံး၏တပည့်က အလျှင်အမြန် ပြောလိုက်သည်။

အကြီးအကဲ ဝမ်ကျယ်က သဘောတူလိုက်ပြီး သိပ်မကြာမီ၌ အစည်းအရုံးတပည့်တစ်ယောက်သည် ရှောင်လုံ၏ ဆေးဖော်ခန်း အတွက် ပုံရိပ်မှတ်တမ်းအား ယူကာ ပြန်ရောက်လာသည်။သူ့၏ နတ်ဘုရားအင်အားကို အစီအရင်ထဲသို့ ထည့်သွင်းလိုက်သည်နှင့် ရှောင်လုံ၏ ဆေးဖော်စပ်ခြင်း ဖြစ်စဥ်ကို ပြန်လည်ပြသလာလေသည်။

ရှောင်လုံ၏ သူ့၏ ဆေးဖော်စပ်ခြင်းနည်းစနစ် ဖြင့် ဆေးပင်များကို အလွယ်တကူ ထိန်းချုပ်ထားပြီး ကပ်ဘေးလျှပ်စီး ကို ဆင့်ခေါ်ကာ ကပ်ဘေးအဆင့်နတ်ဘုရားအဆီအနှစ်ဆေးလုံးများ ဖော်စပ်သန့်စင်နိုင်ခဲ့ကြောင်း တွေ့လိုက်ကြရသည်။ ထိုဖြစ်စဥ်၌ မည်သို့သော လိမ်လည် လှည့်ဖြားမှုကိုမှ မတွေ့လိုက်ရပေ။ ၎င်းကို ကြည့်ရင်း ဝမ်ကျယ်၏ မျက်နှာအမူအရာက ပိုမို ဆိုးဝါးလာပေသည်။

ဟောင်ရှောင်လုံ၏ အခန်းထဲရှိ ဆေးပင်များသည် အစားထိုးမခံရသည်လား။

မော့စု၏ အမူအရာကလည်း ဆိုးဝါးနေပေသည်။

ရှောင်လုံက လှောင်ပြုံးပြုံးလိုက်လေသည်။

"ဝမ်ကျယ်...ငါ အခု အကြိုစစ်ဆေးပွဲကို အောင်ပြီလား"

ဝမ်ကျယ်က စိတ်ထဲ၌ ခဏမျှ တုန့်ဆိုင်းနေပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ သူ့၏ ကြေညာချက်ကို ပြန်လည်ပြင်ဆင်လိုက်သည်။

"ဟောင်ရှောင်လုံ...ဆေးဖော်စပ်မှု အောင်မြင်၊ အဆင့် ၁ ကပ်ဘေးအဆင့်နတ်ဘုရားအဆီအနှစ် ဆေးလုံးများ၊ ကြာချိန် - ၃၂ မိနစ် ၅၀ စက္ကန့်"

ရှောင်လုံက တွန်းအားပေးလိုက်သည်။

"ပြီးတော့ရော..."

ဝမ်ကျယ်က စိတ်ရှုပ်ထွေးသွားသည်။

"ပြီးတော့ရောတဲ့လား...ဘာကျန်သေးလို့လဲ"

ရှောင်လုံ ဘာကို ဆိုလိုသည်အား သူက နားလည်ခြင်းမရှိပေ။

ရှောင်လုံက အေးစက်စက် ပြောလိုက်သည်။

"အစောတုန်းက...ကျုပ်ရဲ့ ဆေးဖော်ခန်း ကိုတောင် စစ်ဆေးမကြည့်ပဲနဲ့ ခင်ဗျားက ကျုပ်ကို ကျပြီ လို့ ကြေညာခဲ့တယ်...ပြီးတော့ ကျုပ်က အကြံအဖန် လုပ်တယ်လို့လည်း ခင်ဗျား က စွပ်စွဲခဲ့သေးတယ်...ကျုပ်ရဲ့ ပြိုင်ပွဲဝင်ခွင့် ကိုလည်း ခင်ဗျားက ထာဝရ ပိတ်ပင်ချင်နေခဲ့သေးတယ်လေ...ခင်ဗျား က ကျုပ်ကို ဆေးဖော်စပ်မှု အောင်မြင်တယ်လို့ ပြန်ကြေညာပေးလိုက်ရုံနဲ့...ဒီကိစ္စကို အလွယ်တကူ ကျေအေးပေးလိမ့််မယ်လို့ ခင်ဗျား တကယ်ထင်နေတာလား...ခင်ဗျား ကျုပ်ကို ဒူးထောက်ပြီး တောင်းပန်တာကို လိုချင်တယ်"

"ဘာကွ"

ဝမ်ကျယ်၏ မျက်နှာ က ဒေါသကြောင့် နီမြန်းသွားလေသည်။

ဝမ်ကျယ် မည်သည့်စကားမှ မပြောရသေးမီ ကြည့်ရှုနေကြသောလူအုပ်ကြီးက အော်ဟစ်လိုက်ကြသည်။

"ဟုတ်တယ်...ဒူးထောက်ပြီး တောင်းပန်ရမယ်"

"ဟောင်ရှောင်လုံကို ဒူးထောက် တောင်းပန်ပါ"

အသံများက ပိုမို ကျယ်လောင်လာပြီး ကွင်းပြင်ထဲ၌ မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားလေသည်။

ဝမ်ကျယ်၏ မျက်နှာက ရွှံ့ရေထက်ပင် ပိုမို မဲမှောင်လာကာ သူ့၏ မုန်းတီးသောအကြည့်က ရှောင်လုံအပေါ်သို့ ရောက်ရှိလာသည်။

"ဒီကိစ္စကို ဒီမှာပဲ ပြီးလိုက်တော့...မင်း ထပ်ပြီး ပြဿနာရှာနေဦးမယ်ဆိုရင်...မင်းရဲ့ ပြိုင်ပွဲဝင်ခွင့် ကို ငါ ပယ်ချပစ်လိုက်ရလိမ့်မယ်"

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၃၂.....မော့စုဒဏ်ရာရရှိသွားခြင်း

ပြသနာ ရှာသည်တဲ့လား။ ဝမ်ကျယ်ကသူ့ကို ပြသနာ ရှာသည်ဟု စွတ်စွဲလိုက်သောကြောင့် ရှောင်လုံ၏ စိတ်ရှည်သည်းခံ မှုသည် အဆုံးစွန်သို့တိုင် ရောက်ရှိသွားလေသည်။ သူ့၏ မျက်လုံးထဲ၌ ထက်ရှသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။

ဤသည်ကို သတိထားမိလိုက်သည်နှင့် ဝမ်ကျယ်က လှောင်ပြောင်လိုက်လေသည်။

" ဘာလဲ...မင်းက ငါ့ကို တိုက်ခိုက်ချင်နေတာလား "

ရှောင်လုံ က အားမနည်းကြောင်းကို ဝမ်ကျယ်က သိရှိထားပေသည်။ သို့သော်လည်း သူက မဟာဆေးပညာရှင် အစည်းအရုံး ၏ အကြီးအကဲ အဖြစ်အချိန်အတော်ကြာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ သူ့၏ ဆေးဖော်စပ်ခြင်း စွမ်းရည်က ရှောင်လုံနှင့် ယှဥ်လျှင် အားနည်းနေနိုင်သော်လည်း သူ့၏ ကျင့်ကြံမှု ကမူ အားနည်းလှခြင်းမရှိပေ။

သူက မဟာနတ်ဘုရားအဆင့် ၇ နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ခွန်အားအရာတွင် ဟောင်ရှောင်လုံ က သူ့ကို ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။

ရှောင်လုံ ၏ အသံက အေးစက်သွားလေသည်။

" မကြာခင် ဒီကိစ္စအတွက် ခင်ဗျား နောင်တရစေရမယ်"

ထို့နောက်သူက နောက်သို့လှည့်ကာ ထွက်သွားလိုက်လေသည်။ ရှောင်လုံ က ကွင်းပြင်ထဲမှ ထွက်မသွားမှီ တွင် ဝမ်ကျယ်၏ ခန္ဓာကိုယ် ထဲသို့ သတိထားမိနိုင်စွမ်းမရှိသော အေးစက်မှုစွမ်းအင် တစ်ခုအား ပို့လွှတ်ခဲ့ပေသည်။

သူက မော့စု ဘေးမှ ဖြတ်သွားချိန်တွင် အထင်သေးဟန် အကြည့်ဖြင့် တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် အကြည့်လွဲလိုက်သည်။

ရှောင်လုံ က ကပ်ဘေးအဆင့် နတ်ဘုရားအဆီအနှစ်ဆေးလုံးများကို အမှန်တကယ် ဖော်စပ်သန့်စင်ခဲ့ကြောင်းသိရှိပြီးနောက်၌ မော့စုသည် အလွန်တရာ ဒေါသထွက်နေခဲ့ပြီးဖြစ်သည်။

ရှောင်လုံ၏ အထင်သေးသော အကြည့်ကြောင့် သူ့၏ ဒေါသများက ပေါက်ကွဲထွက်လာလေသည်။

" ဟောင်ရှောင်လုံ... အဲ့ဒီ နေရာမှာ ရပ်နေလိုက်စမ်း"

မော့စုက အော်ဟစ်လိုက်ပြီး သူ့၏ လက်သီးဖြင့် ရှောင်လုံ၏ နောက်ကျောပေါ်သို့ ထိုးနှက် လိုက်လေသည်။

" တစ္ဆေတစ်သောင်း စိတ်ဝိညာဉ် သော့ခတ်ခြင်း လက်သီး "

ချက်ချင်းဆိုသလို နတ်ဆိုးချီသည် လှိုင်းလုံးကြီးများသဖွယ် ပေါက်ကွဲ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ကို အမှောင်ထု က ဖုံးလွှမ်းသွားလေသည်။

ရက်စက်ကြမ်းကြုတ်သော တစ္ဆေခေါင်းများသည် ပေါ်ထွက်လာလေပြီး ရှောင်လုံ ပေါ်သို့ ပိတ်ဆို့လာလေသည်။

ထို တစ္ဆေဦးခေါင်းများသည် မော့စု၏ နတ်ဆိုးချီမှ ဖြစ်တည်လာခြင်းဖြစ်ပြီး ရှောင်လုံ၏ ပတ်ပတ်လည် ၌ လှည့်ပတ်နေလေသည်။

မော့စုသည် ငရဲမျှော်စင် ထဲမှ ထွက်ခွာလာပြီးနောက် မဟာနတ်ဘုရားအဆင့် ၈ နောက်ပိုင်း အထွတ်အထိပ်အဆင့် သို့ရောက်ရှိသွားပြီ ဖြစ်သည်။ တစ္ဆေတစ်သောင်းစိတ်ဝိညာဉ်သော့ခတ်ခြင်းလက်သီး သည် ရှေးဟောင်းနတ်ဆိုးကလန် ၏ အန္တိမ နည်းစနစ် များထဲမှ တစ်ခုဖြစ်သည်။ ထို နည်းစနစ် ၏ အရှိန်အဟုန်ကပင် ကွင်းပြင်၏ အစုံ၌ ကြည့်ရှုနေကြသော သိုင်းပညာရှင် များကိုပင် ဖြူဖျော့သွားစေသည်။

မော့စု၏ တိုက်ခိုက်မှုကြောင့် ရှောင်လုံ က သွေးအန်ရလိမ့်မည်ဟု လူတိုင်းတွေးမိသွားချိန်တွင် ရှောင်လုံ သည် နောက်သို့လှည့်ကာ လက်ဝါးရိုက်ချက်တစ်ခုဖြင့် ပြန်လည်ရင်ဆိုင်လိုက်လေသည်။

မြေဗုဒ္ဓ လက်ဝါး...။

ရှောင်လုံ၏ တိုက်ခိုက်မှုတွင် နတ်ဘုရားရွှမ်းမီ ပညာရပ်ကဲ့သို့သော အခြားနည်းစနစ်များ ပေါင်းစပ်ပါဝင်ခြင်းမရှိပေ။ မော့စု၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် မြေဗုဒ္ဓ လက်ဝါးချက်သာ အသုံးပြုလိုက်ခြင်းဖြစ်သည်။

ချက်ခြင်းဆိုသလို လက်သီးချက်နှင့်လက်ဝါးချက် တို့သည် ထိပ်တိုက်တွေ့သွားလေသည်။ လူအုပ်ကြီး ၏ ခြေဖဝါးအောက်တွင် တုန်လှုပ်မှု လှိုင်းများ ဖြတ်သန်းသွားလေပြီး ပေါက်ကွဲမှု လှိုင်းများကြောင့် သူတို့၏ နားများ တုန်ယင်သွားရလေသည်။ အလွန်တရာ အားကောင်းလှသော တစ္ဆေတစ်သောင်းစိတ်ဝိညာဉ်သော့ခတ်ခြင်း လက်သီးသည် လေထုထဲ၌ ပေါက်ကွဲသွားရလေသည်။ တစ္ဆေဦးခေါင်း တစ်သောင်းလုံးသည် မြေမှုန်များ ကဲ့သို့ ပျံ့ကျဲသွားပြီး မော့စုမှာမှု ကြိုးပျက်သွားသော စွန်တစ်ခုနှယ် လေထဲသို့ လွင့်စင်သွားလေသည်။ သူက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းသွားကာ ကွင်းပြင်၏ အစွန်ထိ လိမ့်ဆင်းသွားလေပြီး ထိုနေရာ၌ ဆိုးဆိုးရွားရွား အခြေအနေဖြင့် လဲလျောင်းသွားရလေသည်။

မော့စု၏ ပါးစပ်ဆီမှ သွေးများသည် ဗုန်းပေါလအော ကျဆင်းသွားလေသည်။

လူအုပ်ကြီး သည် ကြောင်အသွားကြရလေပြီး သူတို့၏ အသိစိတ်ကို ထိန်းချုပ်နိုင်သွားချိန်တွင် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြရပေသည်။

ဝမ်ကျယ်သည် သူ့၏ စိတ်နှလုံးတစ်ခုလုံး တွန့်လိမ်သွားသလို ခံစားလိုက်ရပေသည်။ မော့စုက ထိုမျှ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။ ထို့ပြင် မော့စုသည် မဟာနတ်ဘုရားအဆင့် ၈ နောက်ပိုင်းအထွတ်အထိပ်အဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။ သို့သော် သူ့၏ အလစ်တိုက်ခိုက်မှုက ကျရှုံးသွားရုံသာမက ဟောင်ရှောင်လုံ ကြောင့် လေထဲသို့ပင် လွင့်စင်သွားခဲ့ရပေသည်။

ဝမ်ကျယ်၏ နောက်ကျောတွင် ချွေးများဖြင့် စိုရွှဲလာလေသည်။ အစောကပင် သူသည် ဟောင်ရှောင်လုံ ကို ရန်စခဲ့သေးသည်အား အမှတ်ရသွားပေသည်။

ဟောင်ရှောင်လုံ ကသာ ယခုအချိန်၌ အမှန်တကယ် လှုပ်ရှားလာခဲ့မည်ဆိုပါက...။

ဝမ်ကျယ်သည် အဆိုးရွားဆုံးသော ဖြစ်နိုင်ချေအား တွေးတောလိုက်မိရင်း သူ့၏ လည်ပင်းတစ်လျှောက်၌ ကြက်သီးမွေးညင်းများ ထောင်ထသွားပေသည်။

ရှောင်လုံ က ကွင်းပြင်၏အစွန်သို့ လိမ့်ဆင်းသွားသော ပုံရိပ်အား တချက်မှပင်လှည့်မကြည့်တော့ပေ။အံ့အားသင့်မှင်သက်နေသော အကြည့်များ၏ ရှေ့တွင် သူသည် ကွင်းပြင်ထဲမှ ထွက်ခွာသွားပေသည်။

နတ်ဆိုးကလန် သိုင်းပညာရှင်များသည် ဒေါသထွက်သွားကြသည်။ သို့သော် သူတို့ကရှောင်လုံအား ဝိုင်းဝန်း တိုက်ခိုက်ရန်ပြင်လိုက်ကြချိန်တွင် သူတို့၏ စိတ်လက်မာန်ပါအပြုအမူများကို အကြီးအကဲ မော့ကျန်းရု က တားမြစ်လိုက်လေသည်။

မော့ကျန်းရုက ကွင်းပြင်ထဲမှ ထွက်ခွာသွားသော ရှောင်လုံ ကိုကြည့်ရင်း သူ့ကို တားမြစ်ပိတ်ပင်ခြင်းမပြုလိုက်ပေ။

ရှောင်လုံ ထွက်သွားပြီး သိပ်မကြာမှီ တွင် ပုံရိပ်တစ်ခု သည် ဆေးဖော်ခန်းများထဲရှိ တစ်ခုမှ ထွက်ပေါ်လာပြီး ထိုသူသည် ဝမ်ဂူယီဖြစ်ပေသည်။သူက သူ့၏ ဆေးဖော်ခန်းထဲမှ ထွက်ပေါ်လာချိန်တွင် သွေးအိုင်ထဲ၌ လဲလျောင်းနေသောမော့စုကို ဦးစွာမြင်လိုက်ရလေပြီး ဤသည်က သူ့ကို တုန်လှုပ်သွားစေပေသည်။

တခဏအတွင်း ဆူညံနေသော လူအုပ်ကြီး ဆီမှ မော့စု၏ ဖြစ်ပျက်သွားပုံအကြောင်းကို အကျဥ်းချုံး သိရှိလိုက်ရပြီး ပိုမိုတုန်လှုပ် အံ့အားသင့်သွားရပေသည်။

ဟောင်ရှောင်လုံ က ဤသည်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်လား။

မဟာနတ်ဘုရား အဆင့်၈ နောက်ပိုင်းအထွတ်အထိပ်အဆင့် ဖြစ်သော မော့စုကို ဟောင်ရှောင်လုံ က လက်ဝါးတစ်ချက်ထဲဖြင့် လွင့်စင်သွားစေခဲ့ပေသည်။

ဤသည်မှာ ကား...။

'ဒီကိစ္စကို ခေါင်းဆောင် ဆီ အရင်ဆုံး သတင်းပို့မှဖြစ်မယ်'

ဝမ်ဂူယီက ထိုသို့တွေးတောလိုက်လေသည်။ သူ့၏ စိတ်ထဲ၌ တုန်လှုပ်မှုကိုခံစားနေရဆဲဖြစ်သည်။

ဝမ်ဂူကလန် သည် ရှောင်လုံ နှင့် ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်ထားသော်လည်း ဟောင်ရှောင်လုံ ၏ဘေးမှ ပေါ်ပေါ်ထင်ထင်ရပ်တည်ကာ ကံကြမ္မာဂိုဏ်း ကို ဆန့်ကျင်လိမ့်မည်မဟုတ်ပေ။ သို့သော် ယခုမှု ဝမ်ဂူယီ၏ အမြင်အရ သူတို့၏ ကလန်သည် ရှောင်လုံ နှင့် ဆက်ဆံရေးကို ပိုမိုတိုးတက်လာစေရန် လိုအပ်လာပြီ ဖြစ်သည်။

ခဏကြာပြီးနောက် မော့ကျန်းရုက မော့စု၏ ဒဏ်ရာများ ကို ကုသပေးလိုက်သောကြောင့် မော့စုသည် ပြန်လည်သတိရလာလေသည်။

ထိုအချိန်တွင် ဆေးဖော်စပ်ခန်းများဆီမှ အလင်းတစ်ချက် ထပ်မံတောက်ပသွားလေသည်။ မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာလေသည်။ သူမကအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဇာပဝါပါးတစ်ထည်ဖြင့် သူမ၏ မျက်နှာကို ဖုံးကွယ် ထားသော်လည်း အလှတရားကိုမှု ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။

ထိုမိန်းမပျိုကို မြင်လိုက်သည်နှင့် နတ်ဆိုးကလန် တပည့်များထဲမှတစ်ယောက်သည် မော့စု၏ နားနားသို့ တီးတိုးပြောလိုက်သည်။

" နတ်ဆိုးသားတော်... အဲ့တာက ကံကြမ္မာဂိုဏ်း ရဲ့ လီလူပါ"

လီလူ...။

ဤသည်ကို ကြားလိုက်ချိန်တွင် မော့စုသည် အလျှင်အမြန် လှည့်ကြည့်လိုက်လေသည်။ သူ့၏ မျက်လုံးထဲ၌ လိုချင်တပ်မက်မှုများဖြင့် တောက်ပသွားလေသည်။ သို့သော် ထိုတောက်ပမှုက အလျှင်အမြန် ပျောက်ကွယ်သွားလေသည်။ သူက သူ့နံဘေးရှိ နတ်ဆိုးကလန် တပည့်များကိုအော်ဟစ်အမိန့်ပေးလိုက်လေသည်။

" ငါတို့ထွက်သွားကြမယ်"

ဤသည်ကသာ အခြားအချိန်ဖြစ်ပါက မော့စုသည် လီလူ၏နဘေးသို့ သွားကာ စကားပြောရန် ကြိုးစားမည်ဖြစ်သည်။ သို့သော် ယခုမူ သူသည် ဟောင်ရှောင်လုံ ကြောင့် ဒဏ်ရာရရှိနေပြီး သူ့၏ ဝတ်စုံတစ်ခုလုံးသည် သွေးများဖြင့် စိုရွဲနေပေသည်။ ယခုအချိန်၌ သူသွားလိုက်ပါက မည်မျှရှက်ဖွယ်ရာ ကောင်းလိမ့်မည်နည်း။

ထို့နောက် သူက မည်သည့်စကားမျှ မဆိုပဲ နောက်လှည့်ကာ ထွက်ခွာသွားလိုက်ပေသည်။ သူ့၏ စိတ်ထဲ၌ မှု ဟောင်ရှောင်လုံ အပေါ် သတ်ဖြတ်လိုစိတ် သည် ပိုမိုကြီးမား လာပေသည်။ တဖက်တွင်မူ ရှောင်လုံ သည် နေလအိမ်တော်ထဲသို့ ပြန်ရောက်သွားပြီဖြစ်သည်။

သူ့၏ ခြံဝန်းထဲ၌ ရှောင်လုံ သည် နတ်မီးတောက်လေးမျိုး ကို လှည့်ပတ်ပြီး ငွေမီးခိုးရောင် စွမ်းအင် ကို သုံးရက်ကြာသည်အထိ စုပ်ယူနေခဲ့ပေသည်။ အကြိုစစ်ဆေးပွဲ ပြီးဆုံးမှသာ သူသည် ကွင်းပြင်ဆီသို့ နောက်တစ်ခေါက်ပြန်လာလိုက်လေသည်။ နောက်တစ်ခေါက်တွင် မဟာဆေးပညာရှင်အစည်းအရုံး ၏ အထူးအကြီးအကဲ ဆယ့်နှစ်ယောက်လည်း ရှိနေမည်ဖြစ်သည်။

စန်းရီ နှင့် ကျန်းလဲ့ ၏ ဆရာ ကျန်းပိတို့ ရှိနေမည်ဆိုလျှင်ပင် သူတို့သည် သူ့ကို ဒုက္ခ ပေးရန်အတွက် နောက်ကွယ်မှ လှည့်ကွက်များကို အသုံးပြု၍ မရနိုင်ပေ၏ ထို့ကြောင့် ရှောင်လုံ က စိုးရိမ်ပူပန်မှုမရှိပေ။

သူက နေလအိမ်တော်ထဲ၌ ကျင့်ကြံအားထုတ်နေချိန်တွင် မဟာဆေးပညာရှင်အစည်းအရုံး ၏ ခြံဝန်းများထဲရှိ တစ်ခု၌ စန်းရီ သည် သတင်းကို စောင့်ဆိုင်းနေလေပြီး ဝမ်ကယ်ဝင်လာသည်ကို ကြည့်နေပေသည်။ ဝမ်ကျယ်စကားပြောသည်ကို မစောင့်ဘဲ စန်းရီက မေးမြန်းလိုက်လေသည် ။

" ဟောင်ရှောင်လုံ ရဲ့ အကြိုစစ်ဆေးပွဲ ရလဒ် ထွက်ပြီလား "

စန်းရီက ဝမ်ကျယ်အား ဟောင်ရှောင်လုံ ၏ ရလဒ် ကို ချက်ချင်းတင်ပြရန်အတွက် ညွှန်ကြားထားခဲ့သည်။

သို့သော်လည်း ဝမ်ကျယ်၏ ခေါင်းက ရင်ဘက်သို့ထိသည်အထိ ငိုက်စိုက်ကြနေလေသည်။ သူက စန်းရီကို မကြည့်ရဲပေ။

" ဟောင်ရှောင်လုံ... သူ...သူက အကြိုစစ်ဆေးပွဲ ကို အောင်မြင်သွားပါပြီ"

" မင်း ဘာပြောလိုက်တာလဲ "

စန်းရီနှင့် သူ့နံဘေးရှိ လျှိုဟောက် တို့သည် နားကြားမှားလိုက်သည်ဟု တွေးမိလိုက်ကြသည်။

ဝမ်ကျယ်က ဂရုတစိုက် ဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ ဟောင်ရှောင်လုံ သန့်စင်ဖော်စပ်ခဲ့သော ကပ်ဘေးအဆင့်နတ်ဘုရားအဆီအနှစ်ဆေးလုံးများထဲမှ တစ်လုံးအပါအဝင်ဖြစ်သည့် ပုလင်းတစ်ခုကို ထုတ်ကာ ပေးအပ်လိုက်ရင်း ရှင်းပြလိုက်လေသည် ။

" ဒါက... သူ သုံးဆယ့်နှစ်မိနစ်နှင့်ငါးဆယ်စက္ကန့် အသုံးပြုပြီး ဖော်စပ်သန့်စင်ထားတဲ့ နတ်ဘုရားအဆီအနှစ်ဆေးလုံးတွေထဲက တစ်လုံးပါ "

စန်းရီက ဝမ်ကျယ်၏ လက်ထဲမှ ပုလင်းကို ဆုပ်ကိုင်လိုက်ပြီး အဖုံးအား ဖွင့်လစ်လိုက်လေသည်။ လုံးဝန်းသည့် နတ်ဘုရားအဆီအနှစ်ဆေးလုံးတစ်လုံးသည် လေထုထဲသို့ မျောလွင့်လာပြီး လန်းဆန်းတက်ကြွသည့် ဆေးရနံ့ကို ထုတ်လွှတ်လာပေသည်။

ကပ်ဘေးအဆင့်နတ်ဘုရားအဆီအနှစ်ဆေးလုံး...။

စန်းရီ နှင့် လျှိုဟောက် တို့ နှစ်ယောက်လုံးသည် အံ့အားသင့်စွာ ကြည့်နေမိကြပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။

" ဒါက ဆေးဖော်ခန်းရဲ့ ပုံရိပ်မှတ်တမ်းလွှာ"

ထို့နောက် ဝမ်ကျယ်က အစီအရင် ဆီမှ ရရှိလာသော ထိန်းချုပ်မှု ပုတီးစေ့ တစ်ခုကို စန်းရီဆီသို့ လှမ်းပေးလိုက်လေသည်။

စန်းရီက ထိုထဲသို့ နတ်ဘုရား အင်အားထည့်သွင်းလိုက်လေသည်။

နာရီဝက်မျှကြာပြီးနောက်သူသည် ရှောင်လုံ၏ ဆေးဖော်စပ်ခြင်း ဖြစ်စဥ်တစ်ခုလုံးကို ကြည့်ရှုပြီးသွားလေပြီး အစမှအဆုံးထိ သူ့၏ အမူအယာ က မဲမှောင်နေပေသည်။

" အထူးအကြီးအကဲ စန်း...ကျ... ကျွန်တော် ကျန်တဲ့ ပြိုင်ပွဲဝင် တွေကို သွားရောက်ကြီးကြပ်ဖို့လိုနေပါသေးတယ်...အထူးအကြီးအကဲ ကြည့်ပြီးသွားပြီဆိုရင် ကျွန်တော်... "

ဝမ်ကျယ်က သတိထားကာ ခွင့်ပြုချက် တောင်းလိုက်လေသည်။

စန်းရီက သူ့၏ လက်ကို ဝေ့ယမ်းပြလိုက်လေသည်။

" ကောင်းပြီ...ဒီနေရာမှာ မင်းကိစ္စ မရှိတော့ဘူး...မင်းရဲ့ တာဝန်ကို ပြန်လုပ်ချေတော့"

ဝမ်ကျယ်က စိတ်သက်သာရာရသွားသော်လည်း အပေါ်ယံတွင်မူ သူကစန်းရီအား ရိုသေလေးစားစွာဖြင့် ဦးညွတ်လိုက်ကာ နောက်သို့ ဆုတ်သွားလေသည်။ သို့သော်လည်း သူက ထွက်မသွားမှီ ခဏမျှ တွေးတောလိုက်ပြီးနောက် ဟောင်ရှောင်လုံ က မော့စုအား လက်ဝါးတစ်ချက်ထဲဖြင့် နောက်သို့လွင့်စင်သွားစေခဲ့ကြောင်းအား တင်ပြရန် ဆုံးဖြတ်လိုက်လေသည်။

ဝမ်ကျယ်၏ တင်ပြချက်အား နားထောင်ပြီးနောက် စန်းရီ နှင့်လျှိုဟောက်တို့သည် သူတို့၏ မျက်နှာများထက်ရှိ အံ့သြမှင်သက်မှုများကို ဖုံးကွယ်နိုင်ခြင်း မရှိကြတော့ပေ။ ဝမ်ကျယ်၏ ပုံရိပ် ပျောက်ကွယ်သွားသည့်တိုင်အောင် ဆရာတပည့်နှစ်ယောက်လုံးသည် ထိုနေရာ၌ ရပ်နေကြပြီး တစ်လက်မမှ ရွေ့လျားနိုင်ခြင်း မရှိကြတော့ပေ။

အချိန်အတော်ကြာပြီးနောက် စန်းရီသည် ဤသို့ရေရွတ်လိုက်လေသည်။

" မော့စုလို မဟာနတ်ဘုရား အဆင့် ၈ သိုင်းပညာရှင် တောင် သူ့ရဲ့ ပြိုင်ဘက်မဟုက်ဘူးတဲ့လား...ကြည့်ရတာ ငါတို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဟောင်ရှောင်လုံ ကို နတ်ဘုရား ဆေးမြို့တော်ထဲကနေ ထွက်သွားခွင့် ပြုလို့မဖြစ်တော့ဘူးပဲ"

စန်းရီက ထိုသို့ပြောလိုက်ရင်း သူ့၏ ပတ်ပတ်လည် တစ်ခုလုံးကို အားကောင်းလှသော သတ်ဖြတ်လိုမှုအော်ရာက ဖုံးလွှမ်းသွားပြီး လေထုကို အေးခဲသွားစေသည်။

ရှောင်လုံ က ကပ်ဘေးအဆင့် နတ်ဘုရားအဆီအနှစ်ဆေးလုံးများကို အကြိုစစ်ဆေးပွဲ ၌ အောင်အောင်မြင်မြင် ဖော်စပ်သန့်စင်နိုင်ခဲ့သောသတင်းသည် နတ်ဘုရားဆေးမြို့တော်ထဲသို့ တောမီးလောင်သည့်နှယ် အလျှင်အမြန် ပျံ့နှံ့သွားလေသည်။ မြို့တော်၏ နေရာတိုင်း၌ အံ့အားသင့်မှုများ၊ တုန်လှုပ်မှုများ ၊ မှင်သက်မှုများဖြင့် ပြည့်နှက်နေပေသည်။ မော့စုက ရှောင်လုံ ကို အလစ်တိုက်ခိုက်ခဲ့သော်လည်း ရှောင်လုံ၏ လက်ဝါးတစ်ချက်ထဲဖြင့် လေထဲသို့လွင့်စင်သွားရသည့် သတင်းသည်လည်း မြို့တော်ထဲသို့ အမြန်ဆုံး ပျံ့နှံ့သွားရပေသည်။

မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်တာ ကုန်ဆုံးသွားသည်။

ရှောင်လုံ က သူ့၏ အိမ်တော်ထဲမှ လှမ်းထွက်လိုက်လေသည်။ မနက်ဖြန်သည် အကြိုဗိုလ်လုပွဲ နေ့ဖြစ်ပေသည်။ သို့သော် အမည်မသိ အကြောင်းရင်းများကြောင့် သူ့၏ စိတ်နှလုံးများသည် မတည်ငြိမ်နိုင်ဖြစ်နေပေသည်။ အတိအကျ ဆိုရသော် ဆိုးရွားသည့် တစ်စုံတစ်ခု ဖြစ်လာတော့မည်ကဲ့သို့ စိတ် မသက်မသာ ဖြစ်နေရခြင်းဖြစ်သည်။

သူက စိတ်ကို ငြိမ်အောင်ထားကာ ကျင့်ကြံအားထုတ်နိုင်ခြင်း မရှိတော့သည်မို့ မြို့ထဲသို့ လျှောက်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ သူက စကြာဝဠာ ပွင့်ချပ်လွှာ ဝိုင်အချို့ ဝယ်ယူရင်း နတ်ဘုရား ဆေးမြို့တော် ပတ်ပတ်လည် ရှိ နောက်ဆုံးပေါ် သတင်းများကို စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၃၃.....ဟောင်ရှောင်လုံ ဒဏ်ရာရရှိသွားခြင်း

နေလအိမ်တော်ထဲမှ ထွက်ခွာလာပြီးနောက် ရှောင်လုံ သည် ပတ်ပတ်လည် သို့ ခြေဦးတည့်ရာလျှောက်သွားလိုက်လေသည်။ သို့သော် သူ့စိတ်ထဲရှိ မသက်မသာဖြစ်မှုသည် ပိုမိုအားကောင်းလာပေသည်။ အဆုံး၌ သူ့၏ ခြေလှမ်းများသည် စကြာဝဠာပွင့်ချပ်လွှာ ဝိုင်ရှိရာ စားသောက်ဆိုင်ဆီသို့ ဦးတည်မိသွားလေသည်။

ရှောင်လုံ က အရင်တခေါက်ထိုင်သော ပြတင်းပေါက်နား ရှိ စားပွဲ၌သာ ထိုင်လိုက်လေသည်။ သူ့ကို အရင်တစ်ခေါက်က လာရောက်ကြိုဆိုခဲ့သော စားပွဲထိုးကပင် ပျော်ရွှင်ဝမ်းမြောက်စွာ ဖြင့် ခရီးဦးကြိုပြုလာလေသည်။

ရှောင်လုံ က အရင်အတိုင်းပင် ဟင်းလျာအချို့နှင့် စကြာဝဠာပွင့်ချပ်လွှာ ဝိုင်နှစ်အိုးကို မှာယူလိုက်လေပြီး စားပွဲထိုးအား ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးအား ပေးလိုက်လေသည်။ ထုံးစံအတိုင်း ပင် သူက စားပွဲထိုးအား ပိုငွေကို ဆုကြေးအဖြစ် ပေးလိုက်ပေသည်။

စားပွဲထိုးက လပေါ်ရောက်သွားသည့်နှယ် ခံစားလိုက်ရပြီး ရှောင်လုံ ကို ကျေးဇူးတင်စွာဖြင့် အကြိမ်ကြိမ် ဂါရဝပြုလိုက်လေသည်။

စားပွဲထိုး ထွက်သွားပြီးနောက် ရှောင်လုံ သည် သူ့၏ ဝိုင်ကို အမှန်တကယ် အရသာခံခြင်းမရှိဘဲ ပတ်ပတ်လည် ရှိ စကားသံများကို နားထောင်နေလေသည်။ သို့သော် အများစုသည် အကြိုစစ်ဆေးပွဲ က ရှောင်လုံ သန့်စင်ဖော်စပ်ခဲ့သော ကပ်ဘေးအဆင့်နတ်ဘုရားအဆီအနှစ်ဆေးလုံးများအကြောင်းနှင့် မော့စုအား ဒဏ်ရာရအောင် ပြုလုပ်ခဲ့သောသတင်းကိုသာ ပြောနေကြပေသည်။

သူတို့၏ ချဲ့ကားပြောဆိုမှုများကို နားထောင်ရင်း ရှောင်လုံသည် ခါးသက်သက် ခေါင်းယမ်းလိုက်မိလေသည်။

" မင်း ကြားပြီးပြီလား ... ဓားမဲ့ဂိုဏ်း က သိုင်းပညာရှင် တွေအားလုံး မနေ့ကပဲ အသတ်ခံလိုက်ကြရတယ်"

" ဓားမဲ့ဂိုဏ်း တင် ဘယ်ကမလဲ... ထာဝရကြယ်စင်စုရဲ့ မုကလန်နဲ့ ကျိုးကလန် က သိုင်းပညာရှင် တွေ တော်တော်များများ လည်း အသတ်ခံလိုက်ရတယ်... ငါကြားထားတဲ့ အတိုင်းဆိုရင် ဝမ်ဂူကလန်အကြီးအကဲ တစ်ယောက်တောင်မှ အထွတ်အမြတ်ဒဏ္ဍာရီကွင်းပြင်ထဲမှာ ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ရတယ်...သူတို့အားလုံး က မဟာနတ်ဘုရား အဆက့် သိုင်းပညာရှင် တွေကြီးပဲ...ကြောက်ဖို့အကောင်းဆုံးကတော့... သူတို့ သေ သွားရုံတင်မကဘူး...ခေါင်းတွေပါ အဖြတ်ခံရပြီးတော့ မပြည့်စုံတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေပဲ ကျန်နေခဲ့တဲ့ ကိစ္စ ပဲ "

ထိုအချိန်တွင် ရှောင်လုံသည် ထောင့်တနေရာရှိ ကျင့်ကြံသူ အနည်းငယ်၏ စကားဝိုင်းကို ကြားလိုက်ရလေသည်။

ဝမ်ဂူကလန် မှ သိုင်းပညာရှင် တစ်ယောက်ပင် သတ်ဖြတ်ခံခဲ့ရသည်လား။ ရှောင်လုံသည် ထိုသတင်းကြောင့် တုန်လှုပ်သွားရလေသည်။

ထိုသူမှာ ဖြစ်သူဖြစ်သည်နည်း။ ဝမ်ဂူကလန် ကိုပင် ရန်စရဲနေသည်လား။ ထို သတ်ဖြတ်ခံရသူများအားလုံးသည် မတူညီသော ကြယ်စင်စု များအားလုံးရှိ ထိပ်တန်းအင်အားစု များနှင့် အင်အားကြီးဂိုဏ်းများဆီမှ သိုင်းပညာရှင် များဖြစ်ကြောင်း ရှောင်လုံ သတိထားမိပေသည်။

" အဲ့ဒီ လူတွေရဲ့ ခန္ဓာကိုယ် တွေပေါ်မှာ အနက်ရောင် လက်ဝါးရာတစ်ခုရှိတယ်တဲ့...အချို့လူတွေပြောကြတာတော့ အဲ့တာက တစ္ဆေသန့်စင်ခြင်းလက်ဝါးချက်လို့ အချို့ကပြောကြတယ်"

" တကယ်လား...တကယ်ပဲ တစ္ဆေသန့်စင်ခြင်းလက်ဝါးချက်လား...အဲ့တာကတစ္ဆေသန့်စင်ခြင်းဂိုဏ်းရဲ့ အန္တိမ နည်းစနစ် ပဲ...တစ္ဆေသန့်စင်ခြင်း ကမ္ဘာ က တပည့်တစ်ယောက်ယောက်က မရဏ လမ်းကနေ ထွက်လာတာများလား "

" အဲ့ဒီလို မဟုက်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မှာပဲ...တစ္ဆေသန့်စင်ခြင်း ဂိုဏ်းကတပည့်တွေ ထွက်ပေါ်လာတဲ့ အချိန်တိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မုန်တိုင်းတစ်ခု ကပ်ပါလာနေကျ ပဲလေ...လွန်ခဲ့တဲ့ ရက်အနည်းငယ် တုန်းကဆို မဟာနတ်ဘုရား အဆင့် သိုင်းပညာရှင် သုံးရာကျော်တောင် အသတ်ခံရပြီးပြီ... ဒီနှုန်းနဲ့ဆိုရင် ဆေးနတ်ဘုရားမြို့တော်ထဲက မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် တွေအားလုံး ဘယ်သူမှ မကျန်တော့တဲ့အထိ အသတ်ခံရ သွားလိမ့်မယ်"

" မဟာဆေးပညာရှင်အစည်းအရုံး က ဒီကိစ္စကို မဖြေရှင်းပေးတော့ဘူးလား "

" သူတို့က မဖြေရှင်းပေးဘူးလို့ ဘယ်သူပြောလဲ... လွန်ခဲ့တဲ့ နှစ်ရက်တုံးက... မဟာဆေးပညာရှင်အစည်းအရုံး ရဲ့ စည်းကမ်းထိန်း တပည့်တွေကို မြို့တော်ရဲ့နေရာအနှံ့မှာ ပိတ်ဆို့ထားပြီး သံသယ ဖြစ်စရာ မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် တိုင်းကိုစစ်ဆေးဖို့ အမိန့်ပေးထားတယ်...ဒါပေမဲ့ သတ်တဲ့သူက တစ္ဆေသန့်စင်ခြင်း ဂိုဏ်းရဲ့ တပည့်တစ်ယောက် တကယ်ဖြစ်နေခဲ့မယ်ဆိုရင်...အစည်းအရုံး ရဲ့ စည်းကမ်းထိန်းတပည့်တွေက သူ့ကို ဖမ်းချုပ်နိုင်လိမ့်မယ်လို့ မင်းထင်လို့လား... အစည်းအရုံးရဲ့ အထူးအကြီးအကဲ ဆယ့်နှစ်ယောက် ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင်တောင်... သူတို့က တစ္ဆေသန့်စင်ခြင်းဂိုဏ်းရဲ့ တပည့်ကို ဖမ်းဆီးနိုင်စွမ်းရှိမှာ မဟုက်ဘူး "

ထို ကျင့်ကြံသူ များ ၏ စကားများကို နားထောင်ရင်း ရှောင်လုံသည် တစ်မိနစ်မျှ ကြောင်အသွားလေသည်။

'မရဏလမ်းရဲ့ တစ္ဆေသန့်စင်ခြင်း ဂိုဏ်းတဲ့လား '

လမင်းဆင်းသက်ခြင်းအဘိုးအိုက တစ္ဆေသန့်စင်ခြင်း ဂိုဏ်းအကြောင်းပြောသည်ကို သူကြားဖူးပေသည်။
ဝမ်ဂူကလန် ၊ ကံကြမ္မာဂိုဏ်း ၊ ရှေးဟောင်းနတ်ဆိုး ကလန်၊ ကျိုးကလန် ၊ ဘီလူးမျိုးနွယ်စု၊ အမှောင်နတ်သူငယ်မျိုးနွယ်စုနှင့် အခြားသော ထိပ်တန်းအင်အားစု များသည် တစ္ဆေသန့်စင်ခြင်း ဂိုဏ်းနှင့် ရင်ဆိုင်ရချိန်တွင် ကြက်ဥခွံပေါ်၌ လမ်းလျှောက်ရသည့်နှယ် သတိထားကြရပေသည်။

တစ္ဆေသန့်စင်ခြင်းဂိုဏ်းတပည့်တစ်ယောက်သည် မရဏလမ်းဆီမှ ပေါ်ထွက်လာလိမ့်မည်ဟု ရှောင်လုံ မမျှော်လင့်ထားခဲ့ပေ။ သူမှတ်မိထားသည့်အတိုင်းသာ မှန်သည်ဆိုလျှင် တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသည် နှစ်ပေါင်းတစ်သိန်းကြာမှ တစ်ခါသာထွက်ပေါ်လာတက်သည် မဟုက်လား ။ နောက်ဆုံး ပေါ်ထွက်လာသည့် အချိန်မှစကာ ရေတွက်လိုက်မည်ဆိုပါက နှစ်တစ်သိန်းပြည့်ရန် တစ်ဝက်ကျော်မျှ လိုနေသေးသည်။

သုံးနာရီကျော်ကြာပြီးနောက် ရှောင်လုံ သည် စားသောက်ဆိုင်မှ ထွက်ကာနေလအိမ်တော်ဆီသို့ ဦးတည်လိုက်လေသည်။ အရင်အခေါက်ကကဲ့သိုပင် စား
သောက်ဆိုင်မှ မထွက်မီ ရှောင်လုံ သည် စကြာဝဠာပွင့်ချပ်လွှာ ဝိုင်အိုးတစ်ရာကျော်ကို ဝယ်ယူခဲ့ပေသည်။

နေလအိမ်တော်ထဲသို့ ပြန်ရောက်သွားချိန်တွင်ရှောင်လုံသည် ကျင့်ကြံအားထုတ်ခြင်း မပြုမိပေ။ သို့သော်ခြံဝန်းထဲ၌ ထိုင်ရင်း သူကြားလာခဲ့သော တစ္ဆေသန့်စင်ခြင်းဂိုဏ်းအကြောင်းကို တွေးတောနေမိပေသည်။

ပြောစရာမလိုလောက်အောင်ပင် ထို ဂိုဏ်းသည် မရဏ၏ အသန်မာဆုံး ဂိုဏ်းဖြစ်သည်။ သို့သော် မရဏလမ်း၏ မည်သည့်နေရာ၌ တစ္ဆေသန့်စင်ခြင်း ဂိုဏ်း တည်ရှိသည်ဆိုသည်မှာ အပြင်လူများ မသိရှိနိုင်သော အရာတစ်ခုဖြစ်သည်။

မည်သူက တစ္ဆေသန့်စင်ခြင်းဂိုဏ်းကို တည်ထောင်ခဲ့ပြီး ထိုဂိုဏ်းတည်ရှိခဲ့သည်မှာ မည်မျှကြာသည်ဆိုသော ထိုဂိုဏ်းနှင့်ပတ်သက်သည့်မေးခွန်းများမှာမှု ထူးခြားဆန်းကြယ်စွာ အဖြေမရှိနေဆဲဖြစ်သည်။ လူအများကို ဝေခွဲမရဖြစ်စေဆုံး အရာမှာကား တစ္ဆေသန့်စင်ခြင်းဂိုဏ်းကတပည့်တစ်ယောက်ထွက်ပေါ်လာသည့်အချိန်တိုင်း သူတို့ သည် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် များကို တမင်ရည်ရွယ်ရှိ ရှိဖြင့် အမဲလိုက်ခြင်းကြောင့်ဖြစ်ပေသည်။

၄င်းတို့သည် အဆင့်မြင့်အဆင့် တစ္ဆေ နည်းစနစ်ကို ကျင့်ကြံထားသည် ဖြစ်သည်လား။ ရှောင်လုံ၏ မျက်လုံးများသည် တောက်ပသွားလေသည်။

အချိန်ကတရွေ့ရွေ့ကုန်ဆုံးသွားပြီး ည၏အမှောင်ထုက ကောင်းကင်ကို လွှမ်းခြုံသွားလေသည်။

ခြံဝန်းထဲ၌ တစ်ယောက်ထဲ အရက်သောက်နေသော ရှောင်လုံ သည် သူထိုင်နေသည့် နေရာမှ ချက်ချင်းဆိုသလို အဝေးသို့ ခုန်လိုက်လေသည်။ သူက တစ်စုံတစ်ခု ကို ရှောင်ရှားလိုက်သည့် တစ်ခဏတွင် နေလအိမ်တော်တစ်ခုလုံးသည် စတင်တုန်လှုပ်သွားလေသည်။

ရှောင်လုံ ထိုင်နေခဲ့သော ခြံဝန်းသည် ကျောက်စရစ်ခဲများအသွင် အက်ကွဲသွားလေပြီး မြေကြီးထဲသို့ နစ်ဝင်သွားလေသည်။

ယခုအခါတွင် ကြမ်းပြင်ပေါ်၌ ကြီးမားလှသော အနက်ရောင် လက်ဝါးရာကြီး တစ်ခုရှိနေလေပြီး ၄င်းဆီမှ တစ္ဆေချီသည် ပြင်းပြင်းထန်ထန် ဖြာထွက်နေလေသည်။ ဤသည်ကိုကြည့်ရင်း ရှောင်လုံ၏ မျက်လုံးများက မှေးကျဥ်းသွားလေပြီး သူနှင့် ဆန့်ကျင်ဘက်၌ မတ်တပ်ရပ်နေသော အနက်ရောင် ဝတ်စုံနှင့် လူငယ်အား စိုက်ကြည့်လိုက်လေသည်။

ထို အနက်ရောင် ဝတ်စုံနှင့် လူငယ်ကို နတ်ဆိုးချီ အလွှာပါးတစ်ခုက ဖုံးကွယ်ထားလေပြီး သူ့၏ ရုပ်သွင်ကို ဝေဝါးသွားစေသည်။ ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည့် တစ်ခုထဲသော အရာမှာကား သူ့၏ ဖျော့တော့တော့ တောက်ပနေသော အစိမ်းရောင် မျက်လုံးများသာ ဖြစ်ပေသည်။

" တစ္ဆေသန့်စင်ခြင်းဂိုဏ်း ရဲ့ တပည့်တစ်ယောက်ပဲ"

ရှောင်လုံ က မနှေးမမြန်သော အသံဖြင့်ပြောလိုက်လေပြီး တိတ်ဆိတ်မှုကို ချိုးဖြတ်လိုက်လေသည်။

လူငယ်က အားရရွှင်မြူးစွာ ရယ်မောလိုက်လေသည်။ ထိုအသံက အက်ကွဲကြမ်းရှလှသော်လည်း ရှောင်လုံ၏ နားထဲသို့ ဇီးကွက်တစ်ကောင်၏ အော်မြည်သံနှယ် ပဲ့တင်ထွက်သွားလေသည်။ သို့သော်လည်း လူတစ်ယောက်၏ အသံကို အချိန်အပိုင်းခြား တစ်ခုထိ ပြောင်းလဲ ပေးနိုင်စွမ်းရှိသော ဆေးလုံးတစ်မျိုးရှိပေသည်။ ထို့ကြောင့် ထိုလူငယ်၏ အသံသည် သူ့၏အစစ်အမှန် အသံမဖြစ်နိုင်ပေ။

" မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ ရဲ့ ပထမ ဆုရှင် ဟောင်ရှောင်လုံ... ကောင်းပြီလေ... ကြည့်ရတာ မင်းက ငါထင်ထားတာထက် ပိုပြီးသန်မာနေတဲ့ပုံပဲ...သာမန် မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်တောင် ငါ့ရဲ့အလစ်တိုက်နိုင်စွမ်းကို ရှောင်နိုင်စွမ်း ရှိမှာမဟုက်ဘူး"

တစ္ဆေသန့်စင်ခြင်းဂိုဏ်း မှ လူငယ်က ခဏမျှ တွေးတောလိုက်ပြီးနောက် ဆက်ပြောသည်။

" မင်းရဲ့ ခွန်အားက ကောလဟာလထဲကထက် ပိုပြီး အဆင့်မြင့် တာပဲ"

ရှောင်လုံ က မျက်မှောင်ကြုံလိုက်လေသည်။

" ဒါပေမဲ့... "

တစ္ဆေသန့်စင်ခြင်းဂိုဏ်းမှ လူငယ်က ထိုသို့ပြောလိုက်ရင်း သူ့၏ မျက်လုံးထဲ၌ သွေးဆာရက်စက်မှုအရိပ်အရောင်များနှင့် ပြည့်နှက်သွားကာ နှုတ်ခမ်းသပ်လိုက်လေသည်။

" ဒီတော့လည်း မင်းကို သတ်ရတာ ပိုပြီး အဓိပ္ပာယ် ရှိသွားတာပေါ့...မင်းက ဘယ်အဆင့်နတ်ဘုရား ဦးခေါင်းကို ဖွဲ့စည်းထားတာလဲ... အဆင့်မြင့်အင်ပါယာအဆင့်လား...ဒါမှမဟုတ် ထိပ်တန်းအင်ပါယာအဆင့်လား...ငါက ထိပ်တန်းအင်ပါယာအဆင့် နတ်ဘုရားဦးခေါင်းတစ်ခုလိုနေတာ "

ရှောင်လုံ က လှောင်ရယ်ကာ တုံ့ပြန်လိုက်လေသည်။

" မင်းတို့ တစ္ဆေသန့်စင်ခြင်းဂိုဏ်း က လူတွေအားလုံးက ပြိုင်ဘက်ကင်း ပါရမီ ရှိပြီးတော့...လေးနက်သိမ်မွေ့တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်လို့ ကျင့်ကြံသူ တွေက ပြောနေကြတယ်...မင်းက ဘယ်လိုမျိုး နတ်ဘုရားဦးခေါင်း ကို ဖွဲ့စည်းထားနိုင်ခဲ့လဲ ဆိုတာကို ငါလည်း သိချင်မိတယ်"

လူငယ်က အားပါးတရ ရယ်မောလိုက်လေသည်။

" ဒါဆိုရင်...ငါကလည်း မင်းရဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးရတာပေါ့"

သူ့စကားမဆုံးခင်မှာပင် သူ့၏ လက်ဝါးချက်က ရှောင်လုံရှိရာဆီသို့ ရိုက်ချလာသည်ဖြစ်သည်။

'အရမ်းမြန်လွန်းတယ် '

ရှောင်လုံ၏ စိတ်ထဲ၌ အတွေးတစ်ခု ဝင်ရောက်လာပေသည်။သူ့၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် မှုန်ဝါးသော ပုံရိပ်တစ်ခုကိုသာ မြင်နိုင်စွမ်း ရှိပေသည်။

ရှောင်လုံ ကတွေဝေတုံ့ဆိုင်းမနေဘဲ သူ့၏ သိုင်းဝိညာဥ် မွေးရာပါ စွမ်းအင်ဖြစ်သော လေဟာနယ်ပုန်းကွယ်ခြင်းကို ချက်ချင်းထုတ်သုံးလိုက်ကာနေရာမှ ပျောက်ကွယ်သွားသည်။

သူက သူ့ကိုယ်သူ ပုန်းကွယ်လိုက်သည့် အချိန်တွင် တစ္ဆေသန့်စင်ခြင်း ဂိုဏ်းမှ လူငယ်၏ မျက်လုံးများသည် အစိမ်းရောင် တောက်ပလာလေပြီးရှောင်လုံ ပုန်းကွယ်နေသည့် နေရာလွတ်နယ်မြေဆီသို့ ချက်ချင်းရိုက်ချလိုက်လေသည်။

ရှောင်လုံ က ထိတ်လန့်သွားပြီး သူ့၏ သတိကို အထွတ်အထိပ်ဆီ တို့းမြင့်လိုက်လေသည်။ အန္တိမ နတ်ဘုရား ဦးခေါင်းသုံးခုသည် အရူးအမူး လှည့်ပတ်သွားလေပြီး သူသည် မြေဗုဒ္ဓ လက်ဝါးချက်ကို ထုတ်သုံးလိုက်လေသည်။

ဝုန်း...။

သူတို့၏ လက်ဝါး ချက်များ ဆီမှ အင်အားလှိုင်းများသည် လေဟာနယ် ကို ပြင်းပြင်းထန်ထန် စုတ်ဖြဲပစ်လိုက်လေသည်။

လူသွားလမ်းသည် ကွဲအက်ပေါက်ကွဲသွားလေပြီး အစီအရင် များဖြင့် ကာကွယ်ထားသော နေလအိမ်တော်၏ ခြံဝန်းများသည်ပင်ပျက်ဆီး ယိုယွင်းသွားရလေသည်။

ရှောင်လုံ သည် သူ့၏ နေရာလွတ်နယ်မြေထဲမှ ကျဆင်းသွားပြီးနောက် လေထဲသို့ မီတာငါးသောင်းကျော် ဆုတ်ခွာလိုက်ရပြီး နောက်မှသာ အားလှိုင်းများ၏ သက်ရောက်မှုကို ဖယ်ရှားနိုင်သွားသည်။

'ငါဒဏ်ရာရသွားပြီ'

ရှောင်လုံ ဒဏ်ရာမရတော့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ 

သူ့၏ လက်ရှိ အစစ်အမှန် နတ်နဂါးခန္တာကိုယ်၏ သန်မာကြံ့ခိုင်မှုကြောင့်ဘသူ့ ခန္ဓာကိုယ် ၏ အကာအကွယ်ကို ထိုးဖောက်နိုင်စွမ်း ရှိသည့်အရာဟူ၍ များစွာ မရှိပေ။ သူက တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ကျင့်ကြံသူ တစ်ယောက်ကြောင့် အမှန်တကယ် ဒဏ်ရာရရှိသွားရပေသည်။ ထို့အပြင် သူ့၏ ခန္ဓာကိုယ် ထဲရှိ သွေးအဆီအနှစ်ကို ဝါးမြိုရန်ကြိုးပမ်းနေသော ထူးဆန်းလှသည့် အားကောင်းလှသော တိုက်စားမှုစွမ်းအင်တစ်ခုကိုလည်း ရှောင်လုံခံစားမိပေသည်။

ရှောင်လုံ က ထို လူငယ်၏ ကျင့်ကြံမှု အတိအကျ ကို သိရှိနိုင်ခြင်းမရှိသော်လည်း သူ့၏ ခွန်အား သည် မဟာနတ်ဘုရားအဆင့် ၁၀နောက်ပိုင်းအဆင့်၏ ပတ်ပတ်လည် ၌ ရှိလိမ့်မည်ဖြစ်ကြောင်းရှောင်လုံ ခန့်မှန်းမိပေသည်။

" အမ်...အသက်ရှင်နေသေးတာလား"

လူငယ်သည် တုန်လှုပ်သွားဟန်ရသည်။ သူ့၏ တိုက်ခိုက်မှု ကြောင့်ရှောင်လုံ သည် သေချာပေါက် သေဆုံးသွားရလိမ့်မည်ဟု ယုံကြည်ထားသော်လည်း ရှောင်လုံ က သွေးအနည်းငယ်မျှသာ အန်လိုက်ရပေသည်။

ခဏမျှ တုန်လှုပ်သွားပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူငယ်သည် သူ့၏ အမူအယာ ကို ထိန်းချုပ်လိုက်လေပြီး ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ ထို့နောက် သူ့၏ ခန္ဓာကိုယ် က ရုတ်တရက် နှစ်ဆကြီးမားသွားပြီး ရှောင်လုံ ကို ထပ်မံတိုက်ခိုက်လာပေသည်။

အနက်ရောင်ဝတ်စုံနှင့်လူငယ်၏ လက်ဝါးအင်အားသည် လေဟာနယ် ကိုပင် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားစေပေသည်။ တစ္ဆေချီက မြင်ကွင်းထဲရှိ
အရာအားလုံးကို ဝါးမြိုလိုက်သည်မို့ ကြယ်အလင်းရောင်သည်ပင် ပျောက်ကွယ်သွားပြီး ကမ္ဘာ တစ်ခုလုံး ငရဲအသူရာချောက်ကြီးသဖွယ် ပြောင်းလဲ သွားပေသည်။

ထိုတိုက်ခိုက်မှုသည် သူ့၏ နောက်ဆုံး တိုက်ခိုက်မှု ထက် လေးငါးဆမက ပိုမိုအားကောင်းပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၃၄.....ငါးနှစ်တာကတိ

ရှောင်လုံ၏ နေလအိမ်တော် အနီးရှိအိမ်တော်များသည် လူငယ်၏ လက်ဝါးအင်အားကြောင့် အလွယ်တကူ မြောက်တက်လာပေသည်။

ထို အိမ်တော်များမှာ သူတို့၏ ကိုယ်ပိုင် ခုခံကာကွယ်မှု အစီအရင် များ ရှိပေသည်။ သို့သော် သွေးကဲ့သို့နီရဲနေသော လူငယ်၏ လက်ဝါးအင်အားနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ သက်ရောက်မှုများသည် အချည်းနှီး သာဖြစ်ပေသည်။

အဆောက်အဦများထဲရှိ အိမ်သားများသည်လည်း လွတ်မြောက်နိုင်ခြင်းမရှိပေ။ ကြောက်မက်ဖွယ်ရာ လက်ဝါးအင်အား၏ အောက်၌ သူတို့သည် သေဆုံးသွားလေပြီး သွေးမြူများအသွင် ပေါက်ကွဲသွားလေသည်။ သူတို့၏ သွေးအဆီအနှစ်များနှင့် နတ်ဘုရား အင်အားကို လက်ဝါးကြီးက စုပ်ယူသွားပေသည်။

ကျင့်ကြံသူ များ၏ သွေးအဆီအနှစ်နှင့် နတ်ဘုရားအင်အားကို စုပ်ယူပြီးနောက် သွေးနီရောင် လက်ဝါးရာကြီးသည် ပိုမိုကြီးမား လာပေသည်။

ထိုအချိန်တွင် ရှောင်လုံ သည် တွေဝေတုံ့ဆိုင်းမနေတော့ပေ။ သူ့၏ ဗုဒ္ဓ စွမ်းအင် နတ်ဘုရားအင်အားက ဟိန်းဟောက်ထွက်ပေါ်လာကာ သူ့၏ ခန္ဓာကိုယ် ထဲရှိ တိုက်စားမှု စွမ်းအင် ကို ဖယ်ရှားပစ်လိုက်သည်။ ချက်ချင်းဆိုသလို သူ့၏ခန္ဓာကိုယ် က ယိမ်းယိုင်သွားလေပြီး ကမ္ဘာဦး နတ်နဂါးအသွင် ပြောင်းလဲသွားပေသည်။

အပြာရောင် ကမ္ဘာဦးနတ်နဂါးကြီးသည် မီတာပေါင်း ၃၃၀၀၀ ရှည်လျားပြီး နတ်ဘုရားဆေးမြို့တော် ၏ လေထုထဲ၌ ရုတ်တရက် ပေါ်ထွက်လာကာ ကမ္ဘာပြိုမတက် ဟိန်းသံကြီးကို ထုတ်ဖော်လိုက်ပေသည်။

ရှောင်လုံ၏ နဂါးလက်သည်းကြီး က ကြမ်းတမ်းပြင်းထန်စွာ ကျဆင်းလာပေသည်။

ဆယ့်တစ်ကွက်မြောက်... ရန်သူနတ်ဘုရားကို အံ့သြမှင်သက်စေသောနဂါး...။

ရှောင်လုံ၏ ကောင်းကင်ဘုံ နဂါး အန္တိမ နတ်ဘုရား ဦးခေါင်းဆီမှနတ်ဘုရားအင်အားသည်ပေါက်ကွဲထွက်ပေါ်လာပေသည်။ နဂါးချီလှိုင်းများသည် ကြီးမားလှသော နဂါးတစ်ကောင်အသွင်ပြောင်းလဲသွားပြီး တစ္ဆေလက်ဝါးကြီးဆီသို့ ပျံသန်းသွားလေသည်။

ထိပ်တိုက်တွေ့မှုကြောင့် လေထုထဲတွင် မိုးချိန်းသံကဲ့သို့သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပေသည်။

ဖျက်ဆီးမှု လှိုင်းလုံးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်စီးသွားပေသည်။

ပေါက်ကွဲမှု လှိုင်းလုံးများသည် ကမ္ဘာဦးနတ်နဂါးအသွင် ဖြင့်ရှိနေသော ရှောင်လုံ ကို လေထဲသို့ မီတာသောင်းပေါင်းများစွာ လွင့်စင်သွားစေသည်။ အနီးကပ်ကြည့်မည်ဆိုပါက သူ့၏ နဂါးအကြေးခွံများဆီမှ သွေးများစိမ့်ထွက်နေလေပြီး မြေပြင်ပေါ်သို့ လက်သည်းများမှတဆင့် ကျဆင်းနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုအင်အားလှိုင်းကြောင့် အကြေးခွံများစွာ အက်ကွဲသွားရပေသည်။

အခြားတစ်ဖက်၌မှု လူငယ်သည်လည်း နောက်သို့ ဆုတ်ခွာသွားရပေသည်။ သို့သော် မီတာအနည်းငယ်မျှသာ နောက်ဆုတ်လိုက်ရခြင်းဖြစ်သည်။ သူ့၏ ဟန်ချက်ကို ထိန်းချုပ်နိုင်ပြီး သွားသည်နှင့် ပတ်ပတ်လည် ရှိ တစ္ဆေချီက ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပေသည်။

" ကမ္ဘာဦး နတ်နဂါးကလန်"

လူငယ်က အံ့အားသင့်စွာ ရေရွတ်လိုက်လေသည်။ ရှောင်လုံ၏ ကမ္ဘာဦး နတ်နဂါးခန္တာကိုယ်ကို မြင်လိုက်ချိန်တွင် သူက တုန်လှုပ်မှင်သက်သွားသည်။ အပြာရောင် နဂါးတစ်ကောင်သည်မည်သည့်အချိန်ကတည်းက စကြာဝဠာ ထဲ၌ တည်ရှိနေခဲ့သနည်း။

လူငယ်က ထပ်မံတိုက်ခိုက်ရန်ပြင်လိုက်ချိန်တွင် အရပ်မျက်နှာအနှံ့ဆီမှ လေထုကို ဖြတ်သန်းလာသော အသံများကို ကြားလိုက်ရလေသည်။

သူနှင့် ရှောင်လုံ၏ တိုက်ပွဲ သည် အလွန်တရာ ကြီးမားလှသောကြောင့် နတ်ဘုရားဆေးမြို့တော် ထဲရှိ အခြားသော သိုင်းပညာရှင် များကို သိရှိသွားစေသည်။ သူတို့ထဲမှ အားကောင်းလှသော လူအများစုသည်အော်ရာကိုထုတ်လွတ်နေပေသည်။

ဤသည်ကို အာရုံခံမိလိုက်သောကြောင့် တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ လူငယ်သည် ရှောင်လုံ အား ထပ်မံတိုက်ခိုက်မည့် အကြံအစည်ကို လက်လျော့လိုက်ပေသည်။

" ဟောင်ရှောင်လုံ... မင်းက ငါ့ကို တကယ် အံ့အားသင့်သွားစေတာပဲ... အပြာရောင် နတ်နဂါး တဲ့လား...စိတ်ဝင်စားစရာပဲ...နောင်ငါးနှစ်ကြာရင် ငါက တစ္ဆေသန့်စင်ခြင်းဂိုဏ်းရဲ့ ခေါင်းဆောင် နေရာ ကို ဆက်ခံရလိမ့်မယ်...အဲ့ဒီ အခါကျရင် မင်းက မရဏလမ်းကိုလာပြီး ငါနဲ့ တိုက်ခိုက်ရဲမလားဆိုတာကို ငါသိချင်မိတယ်"

ဤသည်ကို ကြားလိုက်ချိန်တွင် ရှောင်လုံ သည် အနည်းငယ် သတိထားလိုက်လေသည်။

ထိုလူငယ်သည် တစ္ဆေသန့်စင်ခြင်း ဂိုဏ်းခေါင်းဆောင်၏ နေရာကို ဆက်ခံသူဖြစ်နေသည်လား။

"အော် ဟုတ်သားပဲ... ငါမင်းကို ပြောဖို့မေ့နေတာ...ငါတို့ တစ္ဆေသန့်စင်ခြင်း ဂိုဏ်းရဲ့ ခေါင်းဆောင် အသစ်တင်မြောက်တဲ့အခါကျရင်...မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် အုပ်စုကို သတ်ဖြတ်ပြီးတော့ တစ္ဆေနတ်ဘုရားဆီ ပူဇော်ပသရတယ်...ငါလည်း ချွင်းချက်မဟုတ်ဘူး...ဒီတစ်ခေါက်ထွက်လာတော့ ငါက မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်အုပ်စုတစ်စုကို ဖမ်းထားခဲ့တယ်...သူတို့ထဲက တစ်ယောက်ကို လမင်းဆင်းသက်ခြင်းအဘိုးအိုလို့ခေါ်တာပဲ...သူက မင်းဆရာ ဟုတ်တယ်မလား"

လူငယ်က ထပ်မံ ရယ်မောလိုက်လေသည်။

ရှောင်လုံ၏ မျက်နှာက မဲမှောင်သွားပေသည်။ သူ့၏ ဆရာက ထိုလူငယ်၏ လက်ထဲသို့ ကျရောက်သွားပြီလား။

သူ ပြောချင်သည့်အရာကိုပြောဆိုပြီးသွားသည့်နောက် လူငယ်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပေသည်။

အချိန်ခဏအတွင်း သူတို့ရှိရာဆီသို့ လာနေသော သိုင်းပညာရှင် များသည် အလွန်တရာ နီးကပ်သည့်နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။

မလိုလားအပ်သော ဒုက္ခ များ အတွက် ရှောင်လုံ သည် ထိုနေရာမှ အရင်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်လေသည်။

သူထွက်ခွာသွားပြီး အသက်ရှုချိန် အနည်းငယ် မျှ ကြာသွားချိန်တွင် နေလအိမ်တော်၏ အပျက်အစီးများ ရှိရာသို့ သိုင်းပညာရှင် တစ်ယောက်သည် ဦးဆုံးရောက်ရှိလာလေသည်။ ထိုလူမှာ အခြားသူမဟုတ်ဘဲ စန်းရီ ဖြစ်
ပေသည်။

သူ့၏ အောက်ဘက်ဆီမှ အပျက်အစီး မြင်ကွင်းကို ကြည့်ရှုရင်း စန်းရီ ၏ မျက်နှာက အလွန်တရာ မဲမှောင်နေလေသည်။ သူ ယခုမြင်တွေ့ရသော အပျက်အစီး များအရ ထိုနေရာ၌ တိုက်ခိုက်ခဲ့ကြသော လူများသည် သူ့ထက် ပိုမိုသန်မာကြောင်းအာရုံ ခံမိပေသည်။

စန်းရီ က ပတ်ပတ်လည် သို့ ကြည့်ရှုနေချိန်တွင် လေတိုးသံများနှင့်အတူ ပုံရိပ်နှစ်ခုရောက်ရှိလာပေသည်။ ထိုနှစ်ယောက်မှာ အခြားသူများ မဟုတ်ဘဲ
နတ်ဆိုးကလန် မဟာအကြီးအကဲ မော့ကျန်းရု နှင့် နတ်ဆိုးသားတော် မော့စု ဖြစ်ပေသည်။ အောက်ဘက်ရှိ မြင်ကွင်းကိုကြည့်ရင်း သူတို့၏ မျက်နှာများသည်လည်း စန်းရီ ကဲ့သို့ မဲမှောင်သွားကြပေသည်။

" ဟောင်ရှောင်လုံ ရဲ့ နေလအိမ်တော် က ဒီနားတဝိုက်မှာပဲ ရှိတာ မဟုက်ဘူးလား "

မော့စုက ရုတ်တရက် ပြောလိုက်လေသည်။

သူ့၏ မျက်လုံးထဲ၌ အံ့အားသင့် တုန်လှုပ်မှုများ ရှိနေပေသည်။

" အခုတိုက်ခိုက်လိုက်ကြတဲ့အထဲက တစ်ယောက်က ဟောင်ရှောင်လုံ များ ဖြစ်နေမလား "

မော့ကျန်းရုက သဘောမတူဟန်ဖြင့် ခေါင်းရမ်းပြလိုက်လေသည်။

" ဒီနေရာရဲ့ ဖျက်စီးမှု စွမ်းအင် အကြွင်းအကျန်အရဆိုရင်...ဟောင်ရှောင်လုံ မဖြစ်နိုင်ဘူး...သူက ဒီလိုမျိူး ခွန်အားမှမရှိတာ...သူက ရေအိုင်ထဲက သာမန် ငါးတစ်ကောင်သာသာပဲလေ"

မော့ကျန်းရုက ပတ်ပတ်လည် သို့ တစ်ချက် ကြည့်လိုက်လေသည်။

" ဒါက... သူ သေသွားတာလား... ဒါမှမဟုတ် ထွက်ပြေးသွားတာလား"

ထိုနေရာသို့ သိုင်းပညာရှင် မြောက်များစွာ ရောက်ရှိလာပြီး သူတို့တစ်ယောက်ချင်းစီတိုင်းသည် အောက်ဘက်ရှိ အပျက်အစီး ပုံကြီးကိုကြည့်ရင်း သူတို့၏ အမူအယာ များသည် မဲမှောင်သွားကြ လေသည်။

မဟာဆေးပညာရှင်အစည်းအရုံး ၏ စည်းကမ်းထိန်း အဖွဲ့ရောက်ရှိလာချိန်တွင် ပတ်ဝန်းကျင်ရှိအဓိက လမ်းမများကို ပိတ်ဆို့ကာ သံသယ ရှိသူ မည်သူကိုမဆို ရှာဖွေရန်နှင့် အနီးအနားရှိ လွတ်မြောက်သူများကို
စစ်ဆေးရန် စန်းရီက အမိန့်ပေးလိုက်လေသည်။

နတ်ဘုရားဆေးမြို့တော် ၏ အစွန်ရှိ ခြံဝန်းတစ်ခုထဲတွင် ဖျော့တော့သော အလင်းတစ်ခု အက်ကွဲလာလေပြီး ရှောင်လုံ ထွက်ပေါ်လာလေသည်။

မျက်တောင်တစ်ခတ်အတွင်း သူက ခြံဝန်းထဲသို့ အလွယ်တကူ ဝင်ရောက်လိုက်လေပြီး အစီအရင် တစ်ခု ခင်းကျင်းပြီးမှသာ စိတ်သက်သာရာ ရသွား၍ ခြေချိတ်ထိုင်လိုက်လေသည်။ ထို့နောက် မသေနိုင်သော နတ်ဘုရားဆေးလုံးအား ထုတ်ယူ သောက်သုံးလိုက်ကာသူ့၏ အသက်ရှုနှုန်းကို ထိန်းညှိ လိုက်လေသည်။

တစ္ဆေသန့်စင်ခြင်းဂိုဏတေတပည့်၏ တစ္ဆေလက်ဝါးတွင် ကြောက်မက်ဖွယ်ရာ အင်အား ပါဝင် နေသော်လည်း ရှောင်လုံ ကို အပြင်ပိုင်း ဒဏ်ရာတချို့သာ ရရှိသွားစေပေသည်။ ထိုကဲ့သို့ သော ဒဏ်ရာမျိုးကို ထည့်တွက်နေစရာမလိုအပ်ပေ။ သူ့၏ ချက်ချင်းပြန်လည်ကုသနိုင်သော စွမ်းရည်အရ ရှောင်လုံ သည် နာရီဝက် အတွင်း သူ့၏ အထွတ်အထိပ်အခြေအနေသို့ရောက်ရှိသွားပေသည်။

သို့သော်လည်း ထိုအချိန်၌ ရှောင်လုံ က မျက်မှောင်ကြုံလိုက်မိပေသည်။ အဘိုးအိုသည် တစ္ဆေသန့်စင်ခြင်း ဂိုဏ်းတပည့်၏ လက်ထဲသို့ ကျဆင်းသွားရပေသည်။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်ပြီး အသေးအမွှား ပြသနာလေးမဟုက်ပေ။

ငါးနှစ်...။

ကြည့်ရသည်မှာ သူသည် မရဏလမ်းဆီသို့ မလွဲမသွေ သွားရောက်ရပေလိမ့်မည်။ သို့သော်လည်း အခြားသော ပြဿနာတစ်ခု ရှိနေပေသေးသည်။ တစ္ဆေသန့်စင်ခြင်း ဂိုဏ်းက မရဏလမ်း၌ တည်ရှိကြောင်း သိရှိထားလျှင်ပင် ၄င်း၏ အတိအကျ တည်နေရာက မည်သည့်နေရာဖြစ်သည်နည်း။ သူက ထိုအချိန်၌ သူ့၏ ဆရာကို မည်သို့ ကယ်တင်ရမည်နည်း။

ရှောင်လုံ က ခေါင်းကို ခါယမ်းရင်း အတွေးများကို ဖယ်ရှားလိုက်လေသည်။ မဟာပြိုင်ပွဲ ပြီးဆုံးမှသာ သူက ထို အတွေးများကို ပြန်လည် တွေးတောရပေမည်။ ထိုအခါမှသာ သူက လမင်းဆင်းသက်ခြင်းအဘိုးအိုအား ကယ်ဆယ်နိုင်မည့်နည်းလမ်းအား စဥ်းစားနိုင်လိမ့်မည်ဖြစ်သည်။

ညအချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားလေပြီး မနက်ခင်းသို့ ကူးပြောင်းသွားပေသည်။ အရှေ့အရပ်ဆီမှ နူးညံ့သော တောက်ပသည့် အလင်းတန်းများ ဖြာကျလာလေပြီး နောက်တစ်နေ့သို့ ရောက်ရှိလာကြောင်း ဖော်ပြနေပေသည်။

ရှောင်လုံ က ထရပ်လိုက်ပြီးနောက် သူ့၏ ပုံရိပ်က မှုန်ဝါးသွားကာ ခြံဝန်းထဲမှ သူ့၏ ပုံရိပ်သည် အလျှင်အမြန်ပျောက်ကွယ်သွားလေသည်။ လမ်းအပြင်ဘက်သို့ ရောက်ရှိသွားပြီးနောက် သူက အစည်းအရုံး၏ တည်နေရာသို့ ရောက်ရှိသွားပေသည်။

ယနေ့သည် မဟာပြိုင်ပွဲ ၏ ဒုတိယမြောက်ပြိုင်ပွဲနေ့ဖြစ်သည်။ မည်သည့်အရာများ ဖြစ်လာစေကာမူ သူသည် ယနေ့၌ ပထမနေရာ ကို အရယူကာ စန်းရီ ကို စိန်ခေါ်ရပေမည်။ သူက စန်းရီကို ဆေးပညာတွင် အနိုင်ယူကာ သူ့၏ အသက်အား ရယူရန်စီစဥ်ထားပေသည်။

သို့သော် အရေးကြီးဆုံး အချက်မှာကား သူ့အနေဖြင့် ဆေးမြစ်ထဲသို့ ဝင်ရောက်ကျင့်ကြံခွင့်ရရန်ဖြစ်ပေသည်။

ဆေးမြစ်သည် သူ့၏ ခွန်အား ကို တိုးမြင့်ပေးမည်ဖြစ်ပြီး သူ့၏ ကျင့်ကြံမှု ကို တိုးတက်စေရန် ကူညီပေးနိုင်လိမ့်မည်။ ထိုအခါ၌ ရှောင်လုံ သည် တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ လူငယ်ကို အနိုင်ယူရန် အခွင့်အရေး များပြားလာမည်ဖြစ်သည်။

မဟာဆေးပညာရှင်အစည်းအရုံး သို့ရောက်ရှိပြီး ကွင်းပြင်ပေါ်သို့ ပေါ်ထွက်လာချိန်တွင် ဒုတိယပြိုင်ပွဲသို့ အောင်အောင်မြင်မြင် ရောက်ရှိလာသော ပြိုင်ပွဲဝင် များသည် အိမ်တော်များစွာကို ပျက်စီးသွားစေခဲ့သော မနေ့က တိုက်ပွဲအကြောင်း အား ပြောဆိုနေကြပေသည်။

" ဟောင်ရှောင်လုံပဲ "

" မနေ့က ဟောင်ရှောင်လုံ အသတ်ခံလိုက်ရတယ် လို့ ပြောနေကြတာမဟုတ်ဘူးလား...သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နေရတာလဲ"

ပြိုင်ပွဲဝင် များနှင့် လူအုပ်ကြီး သည် ရှောင်လုံ ကို တွေ့လိုက်ချိန်တွင် သူတို့၏ အမူအယာ များသည် အံ့အားသင့်မှုများ၊တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပေသည်။

နေလအိမ်တော်၏ အပျက်အစီးများ ကြောင့် လူတိုင်းသည် ရှောင်လုံ ကို နောက်ဘဝသို့ပင် ပြန်လည် ဝင်စားနေပြီဟု ယူဆသွားခဲ့ကြသည်။

ပြိုင်ပွဲ ကို ကြည့်ရှုရာနေရာဖြစ်သည့် အဓိကနေရာတွင် ထိုင်နေသော စန်းရီ သည် ရှောင်လုံ ၏ ရှေ့သို့ ရုတ်တရက် ပေါ်ထွက်လာလေပြီး အော်ငေါက်လိုက်လေသည်။

" ဟောင်ရှောင်လုံ... မနေ့ညက ဘာဖြစ်သွားတာလဲ...မင်းက ဘယ်ကို ထွက်ပြေးသွားခဲ့တာလဲ "

သူ့၏ အသံနှင့် အမူအယာ အရ ဆိုလျှင် မည်သူမဆို ရှောင်လုံ က ခွင့်လွှတ်နိုင်စရာမရှိသော ပြစ်မှုတစ်ခုအား ကျူးလွန်ခဲ့သည်ဟု ထင်မှတ်သွားကြမည်ဖြစ်သည်။

ရှောင်လုံ က သူ့ကို တစ်ချက်မျှပင် မကြည့်ဘဲ အဖက်မလုပ်သည့် အမူအယာ ဖြင့် ကျော်ဖြတ်သွားလေသည်။

ရှောင်လုံ က သူ့ကို လျစ်လျူ ရှုသွားသည်ကိုကြည့်ရင်း စန်းရီသည် ဒေါသထွက်သွားလေသည်။

" တော်လောက်ပြီ... အထူးအကြီးအကဲ စန်းရီ... ဒီနေ့က မဟာပြိုင်ပွဲ ရဲ့ အကြိုဗိုလ်လုပွဲ နေ့ပဲ...ကျန်တဲ့ကိစ္စတွေကို နောက်မှ ပြောကြတာပေါ့"

ထိုအချိန်တွင် အဓိက ပွဲကြည့်စင်ပေါ်ရှိ အထူးအကြီးအကဲ တစ်ယောက်က ပြောလိုက်လေသည်။

ထိုအကြီးအကဲသည် ဝမ်ဂူကလန် ၏ မဟာအကြီးအကဲ များထဲမှ တစ်ယောက်ဖြစ်သော ဝမ်ဂူပိယန်ဖြစ်ပေသည်။ အခြားသော အကြီးအကဲ များကလည်း ဝမ်ဂူပိယန် ၏ စကားကို ထောက်ခံလိုက်ကြလေသည်။

စန်းရီက တုံ့ဆိုင်းသွားသည်။ အဆုံး၌ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သော်လည်း မည်သို့မျှ ငြင်းဆိုပြောဆိုခြင်းမရှိတော့ဘဲ အဓိက ပွဲကြည့်စင်ပေါ်ရှိ သူ့၏ ထိုင်ခုံနေရာသို့ ပြန်လည်ရောက်ရှိလာလေသည်။

ရှောင်လုံ က စန်းရီကိုကြည့်ရှုလိုက်ရင်း သူ့၏ မျက်လုံးထဲ၌ အေးစိမ့်သော သတ်ဖြတ်လိုစိတ် တစ်ခုတောက်ပသွားလေသည်။ မဟာပြိုင်ပွဲ ပြီးဆုံးသွားသည့် အချိန်တွင် စန်းရီ၏ အဆုံးသတ်သို့ ရောက်ရှိသွားရပေလိမ့်မည်။

........

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၃၅ ..... လီလူ...မင်းလား

ရှောင်လုံက အဓိက ပွဲကြည့်စင်ဆီမှ အကြည့်လွှဲလိုက်ပြီးနောက် သူ့၏ အကြည့်က ကျန်သော ပြိုင်ပွဲဝင်များပေါ်သို့ ကျဆင်းသွားလေသည်။

မကြာမီ သူက ပြိုင်ပွဲဝင်များကြားရှိ နတ်ဆိုးသားတော် မော့စု ကို မြင်လိုက်ရသည်။ သို့သော် သူ့၏ အကြည့်က မော့စု၏ နံဘေးရှိ အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်လေးအပေါ် ရောက်ရှိသွားချိန်တွင် ရှောင်လုံ သည် အနည်းငယ် တုန်ယင်သွားရပေသည်။ သူ့၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ လှိုက်တက်လာပေသည်။

လီလူ...။

'အဲ့ဒါက လီလူလား'

'ဟုတ်တယ်...အဲ့တာက သူမပဲ...အဲ့တာ လီလူပဲ'

သူမက ပုဝါပါးဖြင့် မျက်နှာကို ဖုံးကွယ်ထားသော်လည်း ရှောင်လုံက အကြည့်တစ်ချက်တည်းနှင့်ပင် သူမကို မှတ်မိပေသည်။ ထိုသူကား လီလူသာ ဖြစ်ပေလိမ့်မည်။

ရှောင်လုံက လီလူရှိရာဆီသို့ အလျင်စလိုနိုင်သော ခြေလှမ်းများဖြင့် လျှောက်သွားလေသည်။

ရှောင်လုံက သူမရှိရာသို့ လျှောက်လှမ်းလာကြောင်း သူမ သတိထားမိသည်မှာ သိသာပေသည်။ စက္ကန့်ပိုင်းအတွင်း သူမ၏ လှပသော မျက်လုံးများထဲ၌ ပျာယာခတ်မှုများ ဖြတ်ပြေးသွားလေသည်။

အသက်ရှုကြိမ် နှစ်ကြိမ်မှ သုံးကြိမ်အတွင်း ရှောင်လုံသည် လီလူ ရှိရာသို့ ရောက်ရှိသွားပြီး သူ့၏ မျက်လုံးများသည် ကြယ်စင်များနှယ် တောက်ပနေလေသည်။

"လီလူ...မင်းလား"

ထိုသို့ မမေးလိုက်မီ စက္ကန့်ပိုင်းအလိုက ရှောင်လုံသည် လီလူနှင့် ပတ်သတ်သော သူ့၏ အတိတ်မှတ်ဉာဏ်ကို သူ့ အသိစိတ်၏ အနက်ရှိုင်းဆုံး အပိုင်းတွင် စည်းခတ်ထားပြီးပြီ ဟု ထင်မှတ်ထားမိသည်။ သို့သော် သူမကို နောက်တစ်ကြိမ် ပြန်တွေ့မိချိန်၌ သူမသည် သူ့၏ စိတ်ထဲ၌ အမြဲတစေ ရှိနေခဲ့ကြောင်း ရှောင်လုံ နားလည်သွားပေသည်။

"စိတ်မကောင်းပါဘူး...ရှင် လူမှားနေတယ်ထင်တယ်"

လီလူက ရှောင်လုံကို အေးစက်စက် တုန့်ပြန်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ကျွန်မ ရှင့်ကို မသိဘူး"

ရှောင်လုံက ကြောင်အသွားရလေသည်။

လီလူက ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း သူမ၏ မျက်ဝန်းထဲရှိ အနက်ရှိုင်းဆုံးနေရာမှ စိုးရိမ်ပူပန်မှုကို ရှောင်လုံ သတိထားမိပေသည်။ သူမက သူ့ကို မှတ်မိကြောင်း ရှောင်လုံ ယုံကြည်သည်။

သူမက လိမ်ညာနေခြင်းပင်...။

ထိုနှစ်က သူ နတ်ဘုရားကျောင်းတော်၏ တမန်တော်အား သတ်ဖြတ်ပြီးနောက် လီလူ၏ မှတ်ဉာဏ်နှင့် အသိစိတ်တို့သည် ပြန်လည်ကောင်းမွန်သွားခဲ့ပြီး ဖြစ်သည်။

မော့စု က ဖြတ်ပြောလာပြီး သူ့၏ အသံက ရန်လိုနေပေသည်။

"မင်း ကြားရဲ့လား...ဟောင်ရှောင်လုံ...မိန်းကလေး လီလူက မင်းကို မသိဘူးလို့ ပြောနေတယ်လေ...မြန်မြန်ထွက်သွားစမ်း"

လီလူကို မြင်လိုက်ပြီးနောက် မော့စုသည် အပြည့်အဝ ဆွဲဆောင်ခံလိုက်ရပြီး ဖြစ်သည်။ သူ့၏ ကိုယ်လုပ်တော် တစ်ရာကျော် က လှပသော်လည်း သူတို့သည် လီလူနှင့် ယှဥ်နိုင်စွမ်း မရှိပေ။ မော့စု၏ စိတ်ထဲ နှလုံးသားထဲ၌ သူမကို သူ့အပိုင် ဟု သတ်မှတ်ပြီးသွားပြီ ဖြစ်သည်။ သူက သူမကို သိမ်းပိုက်ပြီးနောက်တွင် သူမသည် သူ့ မောင်းမဆောင် ၏ ဧကရီ ဖြစ်လာပေလိမ့်မည်။

ယခုအခါတွင် သူ့၏ ရှေ့တည့်တည့်၌ ရှောင်လုံသည် သူ့၏ မိန်းကလေးကို စကားစရန် ကြိုးပမ်းလာသည်မို့ မော့စု သည် အလွန်တရာ ဒေါသထွက်သွားပေသည်။ ဟောင်ရှောင်လုံ မဟုတ်ဘဲ အခြားသူသာ စကားလာပြောခဲ့မည်ဆိုလျှင် သူက ထိုခွေးသူတောင်းစားကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်မည် ဖြစ်သည်။

ရှောင်လုံက မော့စုကို လှည့်ကြည့်လိုက်လေပြီး သူ့၏ အသံက အေးစက်စက် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပေသည်။

"ထွက်သွား"

ထွက်သွား...။

ရှောင်လုံ၏ အသံက မိုးခြိမ်းသံတမျှ ကျယ်လောင်လှကာ အားကောင်းလှသောသတ်ဖြတ်မှုအော်ရာကို ထုတ်လွှတ်နေပေသည်။

အခြားတပည့်များက ရှောင်လုံနှင့် မော့စု တို့ ရှိရာဆီသို့ လှည့်ကြည့်လာလေသည်။

မော့စု၏ စိတ်ထဲ၌ ဒေါသများသည် အရူးအမူး ထွက်ပေါ်လာပေသည်။ သူ့၏ ဘဝတစ်လျှောက်လုံး သူကသာ အခြားသူများကို ထွက်သွားရန် ပြောခဲ့ဖူးပေသည်။ သို့သော် ယခုမူ ဟောင်ရှောင်လုံ က သူ့အား ထွက်သွားခိုင်းနေသည်တဲ့လား။ လူပေါင်းများစွာ၏ ရှေ့မှောက်၌ ထွက်သွားခိုင်းနေသည်လား။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သောကြောင့် လက်ဆစ်များပင် ဖြူဖျော့လာပြီး နတ်ဆိုးချီသည် သူ့၏ ပတ်ပတ်လည်၌ လွှမ်းခြုံလာပေသည်။ သို့သော် လွန်ခဲ့သည့် နှစ်ရက်က ရှောင်လုံ သူ့ကို လွင့်စင်သွားအောင် တိုက်ခိုက်ခဲ့သော မြင်ကွင်း သည် သူ့၏ စိတ်ထဲ၌ ပေါ်လာပေသည်။

ထို ပြန်လည် မြင်ယောင်မိခြင်းကြောင့် မော့စုသည် သူ့ခေါင်းပေါ်သို့ ရေခဲရေဖြင့် လောင်းချခံလိုက်ရသည့်နှယ် ခံစားလိုက်မိပြီး သူ့၏ ဒေါသများ ပျောက်ကွယ်သွားသည်။

"ကောင်းတယ်...အရမ်းကောင်းတယ်"

မော့စုက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီးနောက် ရှောင်လုံ ကို စိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူက ဒေါသတကြီးဖြင့် အံကြိတ်လိုက်မိသည်။

"ဟောင်ရှောင်လုံ...မင်းက ငါ့ထက် ပိုသန်မာတယ်ဆိုတာ ငါဝန်ခံတယ်...ဒါပေမယ့် ဆေးပညာစွမ်းရည် မှာ မင်း ငါနဲ့ ပြိုင်ရဲလား...အကြိုဗိုလ်လုပွဲရဲ့ ငါတို့အဆင့်အရ အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့"

ရှောင်လုံက တုန့်ပြန်လိုက်သည်။

"ခွန်အားအရ ဆိုရင် မင်းက ငါ့ထက်နိမ့်ကျတယ်...ဆေးဖော်စပ်မှု မှာဆိုရင်တော့ မင်းက ငါနဲ့ ပြိုင်ဖို့တောင် အရည်အချင်း မရှိဘူး"

မော့စုက ဒေါသတကြီးဖြင့် အရူးအမူး ရယ်မောလိုက်လေသည်။

"ဆေးဖော်စပ်မှုမှာ ငါက မင်းနဲ့ ပြိုင်ဖို့တောင် အရည်အချင်း မရှိဘူးလို့ မင်းကပြောနေတာလား...ငါက အကြိုစစ်ဆေးပွဲရဲ့ ပထမပဲ...မင်းကတော့ ဒုတိယပဲလေ...မင်းကိုယ်မင်း သိပ်ပြီး အထင်ကြီးမနေနဲ့...ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ ပြောရဲရအောင် မင်းမှာ အရှက်မရှိဘူးလား...အရည်အချင်း မရှိတဲ့သူက မင်းပဲ ဖြစ်လိမ့်မယ်"

ရှောင်လုံက လှောင်ရယ်လိုက်သည်။

"မင်းက ဒီလောက်တောင် ပြိုင်ချင်နေမှတော့...အသက်နဲ့ လောင်းကြေးထပ်ကြတာပေါ့"

အသက် လောင်းကြေး...။ မော့စု အသက်မရှုနိုင်လုနီးပါး ဖြစ်သွားသည်။

"မင်းအသက်နဲ့ ငါ့အသက်ကို လောင်းကြေးထပ်ကြတာပေါ့...ဘယ်သူပဲရှုံးရှုံး...ရှုံးတဲ့သူက နေရာမှာတင် နတ်ဘုရားဦးခေါင်း ကို ဖျက်ဆီးပစ်ရမယ်"

ရှောင်လုံက အေးစက်စက်ဖြင့် လောင်းကြေးထပ်လိုက်သည်။

သူတို့၏ နတ်ဘုရားဦးခေါင်း ကို နေရာ၌ပင် ဖျက်ဆီးပစ်ရမည်တဲ့လား။ မော့စု၏ အမူအရာက ပိုမို ဆိုးဝါးသွားပေသည်။ သူက သူ့၏ ဆေးပညာအရည်အချင်းသည် ရှောင်လုံထက် သာလွန်သည်ဟု ယုံကြည်သော်လည်း သူ့၏ အသက်ကို လောင်းကြေးထပ်ရန် သတ္တိမရှိပေ။

"ဘာလဲ...အရမ်းကြောက်နေလား...သတ္တိမရှိဘူးလား...ဒါဆိုလည်း ဒွနားမှာ ရပ်ပြီး ခွေးလို ဟောင်မနေနဲ့တော့...ဒီနေရာကနေ ခုချက်ချင်း ထွက်သွား"

ရှောင်လုံက အော်ငေါက်လိုက်သည်။

မော့စုက မျက်နှာပျက်သွားသော်လည်း စကားတစ်ခွန်းမျှ ပြောမလာပေ။ သူက ဒေါသတကြီးဖြင့် နောက်လှည့်ကာ ထွက်သွားလေသည်။ သူက ရှောင်လုံ၏ မြင်ကွင်းထဲမှ အကွယ်သို့ ရောက်သွားချိန်တွင် သူ့၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်သည် အရူးအမူး ထွက်ပေါ်လာပေသည်။ မည်သူက အမှန်တကယ် အရည်အချင်းမပြည့်မီကြောင်း ကို ဟောင်ရှောင်လုံ သိအောင် သူ သေချာပေါက် ပြသရပေလိမ့်မည်။

ရှောင်လုံက လီလူ့အပေါ် အာရုံစိုက်လိုက်ပြီး သူ့၏ အသံက နူးညံ့နေပေသည်။

"အရင်က ဘာဖြစ်ခဲ့လဲ ဆိုတာ ငါမသိဘူး...ဒါပေမယ့် ဒီလောက် နှစ်တွေအများကြီး ကြာခဲ့တာတောင်...ငါ မင်းကို ရှာဖို့ လက်မလျှော့ခဲ့ဖူးဘူး...ငါ မင်းကို လက်လျှော့မှာမဟုတ်ဘူး လီလူ"

မည်သို့သော တုန့်ပြန်စကားကိုမှ စောင့်စားမနေတော့ဘဲ ရှောင်လုံက နောက်သို့ လှည့်ထွက်သွားလေသည်။

အကြိုဗိုလ်လုပွဲသည် မကြာခင် စလာတော့မည် ဖြစ်သည်။ ထို့ကြောင့် အရာအားလုံး ကို ပြိုင်ပွဲ ပြီးသည်အထိ စောင့်ဆိုင်းရန် လိုအပ်ပေသည်။

ထိုအချိန်က လီလူ ဘာဖြစ်သွားသည်ကို ရှောင်လုံ မသိရှိသော်လည်း သူ သေချာသိသည့် တစ်ခုတည်းသော အရာမှာကား လီလူသည့် သန့်စင်သော ခန္ဓာကိုယ် အတိုင်း ရှိနေခြင်းသာ ဖြစ်သည်။ အခြားစကားဖြင့် ဆိုရမည်ဆိုလျှင် နှစ်ပေါင်းများစွာ ကြာသွားပြီးနောက် သူမသည် မည်သည့် အမျိုးသားအဖော်မှ မထားရှိခဲ့ဘဲ သူ့အား မေ့လျော့ခဲ့ခြင်းမရှိပေ။

လီလူက ရှောင်လုံ၏ နောက်ကျောကို စိုက်ကြည့်နေလေသည်။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲသွားသော်လည်း သူမ၏ မျက်နှာကာပုဝါကြောင့် မည်သူကမှ သတိထားမိခြင်းမရှိပေ။ ထို့ပြင် သူမကလည်း ချက်ချင်းဆိုသလို ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သွားသည်။

အဓိကပွဲကြည့်စင်ပေါ်၌ စန်းရီသည် ထိုအဖြစ်အပျက်ကို ကြည့်ရင်း သူ့မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။ ဟောင်ရှောင်လုံနှင့် လီလူတို့၏ ဆက်ဆံရေးသည် တစ်စုံတစ်ခုကို ဦးတည်နေဟန် ရသည်။

သူတို့၏ ဘိုးဘေးက ကြယ်စင်စုတစ်ခုအနီး ဖြတ်သွားချိန်၌ လီလူကို တပည့်ရင်းအဖြစ် လက်ခံခဲ့ပြီး သူမကလည်း သူမ၏ အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသောကြောင့် ကံကြမ္မာဂိုဏ်း၏ မည်သူကမှ သူမ၏အကြောင်းကို သိရှိခြင်းမရှိပေ။

စန်းရီ၏ မျက်လုံးများက တောက်ပသွားသည်။ သူ ဘာစဥ်းစားနေသည်ကိုမူ မည်သူမှ ခန့်မှန်းနိုင်ခြင်းမရှိပေ။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဆယ်မိနစ် အကြာ၌ မဟာပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲ ကို စတင်လိုက်ပေသည်။

ရှောင်လုံနှင့် မြောက်များစွာသော ကြယ်စင်စုများမှ ပြိုင်ပွဲဝင်များသည် တုတ်ချောင်းလေးများကို ဆွဲယူလိုက်ကြသည်။ တုတ်ချောင်းပေါ်ရှိ နံပါတ့အရ သူတို့သည် သတ်မှတ်ထားသော နေရာသို့ သွားကြရသည်။

ပြိုင်ပွဲကွင်းပြင်၏ အထက်၌ အစီအရင်တစ်ခု ခင်းကျင်းထားပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထိုထဲရှိ လေဟာနယ်သည် မီတာတစ်ရာ ပတ်ပတ်လည်ရှိသော နေရာလွတ် တစ်သောင်းအသွင် ကွဲထွက်သွားလေသည်။ နေရာလွတ်တစ်သောင်း၏ အစီအရင် ကို အသက်သွင်းလိုက်သည်နှင့် ပြိုင်ပွဲဝင်များသည် အပြင်ကမ္ဘာဆီမှ ခွဲထုတ်ခံလိုက်ရမည် ဖြစ်ကာ ဆေးသန့်စင်ချိန်အတွင်း မည်သို့သော အနှောင့်အယှက် ကိုမှ ခံစားရမည်မဟုတ်ပေ။

တစ်ဖက်တွင်မူ အစီအရင်များသည် မမြင်ရသော နံရံများနှင့် တူပြီး ပြိုင်ပွဲဝင်များသည် အခြားသော ပြိုင်ပွဲများ၏ အခြေအနေကို တွေ့မြင်နိုင်ပေသည်။

အကြိုဗိုလ်လုပွဲ၌ စုစုပေါင်း စည်းမျဥ်း ၁၂ ခု ရှိပေသည်။

အစည်းအရုံး၏ အကြီးအကဲတစ်ယောက် ချင်းစီတိုင်းသည် စည်းမျဥ်း တစ်ခုစီ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စည်းမျဥ်းများကို ကြေညာပြီးနောက် ဝမ်ဂူပိယန်သည် အကြိုဗိုလ်လုပွဲ စတင်ကြောင်း ကြေညာလိုက်လေသည်။

ဝမ်ဂူပိယန်၏ ကြေညာချက်ထွက်ပေါ်လာသည်နှင့် ပြိုင်ပွဲဝင်တိုင်းသည် မတူကွဲပြားသော အရောင်စုံ မီးတောက်များကို ထုတ်လွှတ်လိုက်ကြသည်။

စည်းမျဥ်းက ၁၂ ခုရှိသည်ဟု ဆိုသော်လည်း ရိုးရှင်းပေသည်။

ခွဲခြားပေးထားသော နေရာတစ်ခုစီတိုင်း၌ ဆေးအမယ်များနှင့် ဒယ်စောက်တစ်ခုကို ထားရှိပေးထားသည်။ ပြိုင်ပွဲဝင်များသည် ထိုဆေးအမယ်များနှင့် ဒယ်စောက်ကို အသုံးပြု၍ သုံးရက်အတွင်း အနန္တကုသခြင်းကောင်းကင်ဘုံ ဆေးလုံးကိုသာ သန့်စင်ရန် လိုအပ်ပေသည်။

အဆင့်များကို ဆေးလုံး၏ အဆင့်အရ သတ်မှတ်မည်ဖြစ်သည်။

ဆေးလုံး၏ အဆင့်နှင့် အရည်အသွေး တူညီနေမည်ဆိုလျှင် အဆင့်သတ်မှတ်ရာ၌ ဆေးဖော်စပ်ချိန်ကို ထည့်သွင်း တွက်ချက်မည်ဖြစ်သည်။

အနန္တကုသခြင်းကောင်းကင်ဘုံ ဆေးလုံးသည် ကုသခြင်းဆေးလုံး အမျိုးအစား ဖြစ်ပြီး ထိပ်တန်းအဆင့် နတ်ဆေးလုံး ဖြစ်ကာ မြောက်များစွာသော ကြယ်စင်စုများအတွင်း အဆင့်အမြင့်ဆုံး ဆေးလုံးအမျိုးအစားလည်း ဖြစ်သည်။ ဤသည်မှာ ဖော်စပ်သန့်စင်ရန် အခက်ခဲဆုံး ဆေးလုံးလည်း ဖြစ်သည်။

အရင်က ရှောင်လုံ မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ ပြိုင်ရန် ပြင်ဆင်ခဲ့ချိန်တွင် ဝမ်ဂူကလန်၏ ကုန်သည်အစည်းအရုံးဆီမှ မသေနိုင်သောနတ်ဘုရားဆေးလုံး၊ ထူးကဲနတ်ဘုရားဆေစလုံးနှင့် အနန္တကုသခြင်းကောင်းကင်ဘုံဆေးလုံး မြောက်များစွာ ကို ဝယ်ယူခဲ့ဖူးသည်။ ထို့ကြောင့် သူက အနန္တကုသခြင်းကောင်းကင်ဘုံ ဆေးလုံးနှင့် မစိမ်းပေ။

"နတ်ဘုရားသားရဲ တစ်ထောင်ပုံရိပ်ဖော် နည်းစနစ်ပဲ"

ရှောင်လုံက စတင် ဖော်စပ်ရန် ပြင်လိုက်ချိန်တွင် ကွင်းပြင်၏ အပြင်ဘက်ရှိ လူအုပ်ကြီး ဆီမှ လူအချို့က အော်ဟစ်လိုက်လေသည်။

ရှောင်လုံက တစ်ချက် လှည့်ကြည့်လိုက်သည်။ သူနှင့် သိပ်မဝေးသည့် နေရာ၌ မော့စုသည် လက်သဏ္ဍာန် တစ်ခုဖြင့် ထိန်းချုပ်နေလေပြီး သူ့ရှေ့၌ ဆေးပင်များ လွင့်မျောနေကာ မြောက်များစွာ သော နတ်ဘုရားသားရဲများအသွင် ပြောင်းလဲနေပေသည်။ အတိအကျ ဆိုရလျှင် နတ်ဘုရားသားရဲပေါင်း တစ်ထောင် ရှိပေသည်။

ချက်ချင်းဆိုသလို မော့စု၏ ဆေးသန်စင်သော နယ်မြေထဲတွင် သလင်းကျောက်များနှင့် သဏ္ဍာန်တူသော အနက်ရောင် ချီစီးကြောင်းတစ်ခုသည် စီးဆင်းထွက်ပေါ်လာပေသည်။

"မြေအောက်မြစ်စွမ်းအင်ပဲ"

လူအုပ်ကြီး သည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

မော့စုက မြေအောက်မြစ်စွမ်းအင်ကို ထိန်းချုပ်နိုင်ကြောင်း တွေ့လိုက်ရချိန်၌ ပွဲကြည့်စင်ပေါ်ရှိ အထူးအကြီးအကဲများသည် စိတ်ဝင်တစား ကြည့်လိုက်မိကြသည်။

Continue Reading

You'll Also Like

31.9K 1.3K 24
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
168K 25.8K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
198K 2.3K 73
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်