ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Por Azure5549

46.7K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Mais

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

916 - 920

145 6 0
Por Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၁၆.....ဆယ်ထပ်မြောက်ကို ရှင်းလင်းခြင်း

အရေးကြီးဆုံး မှာ အထပ်တိုင်းရှိလျို့ဝှက်တံခါးအားဖွင့်လှစ်ရန်အတွက် စုဆောင်းရန်ဖြစ်သည်။

ထိုသော့ဆယ်ချောင်းကိုညနတ်ဆိုး နိုင်ငံတော်၏ မြို့တော်ဝန်များ၏ လက်ထဲတွင် ရှာဖွေတွေ့ရှိနိုင်ပေသည်။ ပြဿနာမှာကား နတ်ဆိုးနိုင်ငံတော်တွင် မြို့ပေါင်းတစ်သိန်း မဟုတ်လျှင်ပင် အနည်းဆုံး မြို့ပေါင်းတစ်သောင်း ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့် ရှောင်လုံ က သော့တစ်ချောင်းရှိသည့် မြို့တော်ဝန်ကို ဦးစွာရှာဖွေ၍ လုယူရန် ဆုံးဖြတ်လိုက်လေသည်။

ရှောင်လုံ၏ ခန္ဓာကိုယ် ကို အနက်ရောင် အလင်းများ ဖုံးလွှမ်းသွားပြီး သူ့၏ မျက်နှာနှင့် ခန္ဓာကိုယ် ပုံစံတို့ပြောင်းလဲသွားပေသည်။

အချိန်တိအတွင်းမှာပင် သူသည် နတ်ဆိုးတစ်ကောင်နှင့် အတိအကျ တူညီသွားပြီး လေထုကိုဖြတ်သန်းကာ အနီးဆုံး မြို့တော်ဆီသို့ ဦးတည်ပျံသန်းသွားလေသည်။

ခနကြာပြီးနောက် သူသည် နတ်ဆိုးမြို့တော်တစ်ခု၏ ဂိတ်တံခါးရှေ့၌ ရပ်လိုက်လေသည်။

မြို့တော်၏ နံရံများသည် ငရဲဆီမှ ရှားပါးလှသည့် ပစ္စည်းတစ်ခုဖြစ်သည့် မြေအောက်ကမ္ဘာ အံ့ဖွယ်ကျောက်တုံးဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။
ထိုရှားပါးလှသည့် ကျောက်တုံး များကို တစ်ခုပေါ်တစ်ခု ဆင့်ထပ်ထားလေပြီး နတ်ဆိုးချီများ ဖြာထွက်လာလေသည်။

မြို့တော်ထဲသို့ လှမ်းဝင်လိုက်ပြီးနောက် ရှောင်လုံသည် သူ့၏ ပတ်ပတ်လည်ရှိ သန့်စင် သိပ်သည်းလှသည့် နတ်ဆိုးချီကို ခံစားမိလိုက်လေသည်။

သူက ရှေ့သို့လျှောက်နေရင်း အနီးသို့ရောက်ရှိလာသော နတ်ဆိုးချီကို လျို့ဝှက်စွာ သန့်စင်ပစ်လိုက်ပြီး
စုပ်ယူလိုက်လေသည်။နတ်ဆိုးမြို့တော်ထဲ၌ နတ်ဆိုးများသည် သာမန်လူများကဲ့သို့ လမ်းပေါ်၌သွားလာနေကြသည်။ လမ်း၏ ဘေးနှစ်ဖက်လုံး၌ စျေးဆိုင်တန်းများရှိနေပေသည်။ လူသားမျိုးနွယ် ကဲ့သို့ပင် နတ်ဆိုးမျိုးနွယ်သည်လည်း မျိုးနွယ်စုများနှင့် ဖွဲ့စည်းထားလေသည်။ ထိုမျိုးနွယ်စုများမှာ ငရဲသွေးနတ်ဆိုးများ၊ မဟာတောင်ပံနတ်ဆိုးများ၊ မျက်လုံးစိမ်းနတ်ဆိုးများ၊
မိစ္ဆာ နတ်သူငယ်များစသည်ဖြင့် များစွာ ရှိပေသည်။ ထိုမျိုးနွယ်စုများအနက် မဟာတောင်ပံနတ်ဆိုးများနှင့် မျက်လုံးစိမ်းနတ်ဆိုးများသည် အတွေ့မြင်ရဆုံး မျိုးနွယ်စုများဖြစ်သည် ။

မဟာတောင်ပံနတ်ဆိုးများ၏ ကျောပေါ်တွင် ကြီးမားလှသော တောင်ပံများ ရှိပြီး သူတို့သည် အကောင်းဆုံး ပျံသန်းနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။

မျက်လုံးစိမ်းနတ်ဆိုးများမှာမူ သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်ကိုကျင့်ကြံပြီး စိတ်ဝိညာဉ် တိုက်ခိုက်သည့် သိုင်းပညာရှင် များ ဖြစ်ကြသည်။ နတ်ဆိုးမျိုးနွယ်စုနှင့် ကလန်များအနက် မိစ္ဆာ နတ်ဆိုးများနှင့် မိစ္ဆာ နတ်သူငယ်များသည် အလှပဆုံးသော ရုပ်ရည်သွင်ပြင်ရှိကြသည်။ မိစ္ဆာ နတ်ဆိုးသည် နတ်ဆိုးများထဲတွင် အမြင့်မြတ်ဆုံးသော သွေးမျိုးဆက်ရှိပြီး အမှောင်ထုစွမ်းအင်ကို ကျင့်ကြံရာတွင် သူတို့၏ ပါရမီသည် အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် သူတို့သည် အသန်မာဆုံး မျိုးနွယ်စုလည်းဖြစ်သည်။

ရှောင်လုံ ပြောင်းလဲထားသည့် ရုပ်ရည်သွင်ပြင်သည် မိစ္ဆာ နတ်ဆိုးတစ်ကောင်အသွင် ဖြစ်ပေသည်။

ရှောင်လုံ ဘေးမှ ဖြတ်သန်းသွားသော နတ်ဆိုးများသည် ချက်ချင်းဆိုသလို ကြောက်ရွံ့အံ့အားသင့်သွားပြီး ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။

ရှောင်လုံ သည် မောက်မာဝင့်ကြွားသည့် ဟန်ပန်ကို ထုတ်ဖော်ပြသထားပြီး ထိုနတ်ဆိုးများကို မျက်လုံးထဲပင်မထည့်ပေ။ သူ့၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်လေပြီး ထိုမြို့တော်၏ မြို့တော်ဝန် အိမ်တော်ရှိရာဆီ ဦးတည်လိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်း နှစ်နှစ်တာကာလ ကုန်လွန်သွားလေသည်။

ငရဲမျှော်စင်၏ ဆယ်ထပ်မြောက်တွင် ရှောင်လုံ၏ လက်ထဲမှ နတ်ဆိုးဓားရှည်သည် လှုပ်ခတ်သွားလေပြီး မဟာနတ်ဘုရား အဆင့်ကိုး အစောပိုင်းအဆင့် နတ်ဆိုးတစ်ယောက်ကို ထက်ခြမ်းပိုင်းပစ်လိုက်လေသည်။ သူ့၏ ငရဲနတ်ဆိုး အန္တိမနတ်ဘုရား ဦးခေါင်းသည် အသက်ဝင်လာပြီး ၄င်း၏ စွမ်းအင်ကို စုပ်ယူဝါးမြိုလိုက်လေသည်။

ဟင်းလင်းပြင်ဆီမှ လက်သည်းအရွယ်အစားရှိသော ရွှေရောင်အရာဝတ္ထုတစ်ခုပြုတ်ကျလာလေပြီး ၄င်းသည် ဤအထပ်၏ ဆယ်ခုမြောက်သော ဖြစ်သည်။ နောက်ဆုံး၌သူသည် ဆယ်ထပ်မြောက်အတွက်လိုအပ်နေသော သော့များအားလုံးကို စုဆောင်းမိသွားပြီဖြစ်သည်။

သူ့လက်ထဲရှိ ရွှေရောင် သော့က်ု ဆုပ်ကိုင်လိုက်ရင်း ရှောင်လုံသည် သူ့မျက်လုံးထဲရှိ ပျော်ရွှင်မူများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။

လိုအပ်နေသာ သော့ဆယ်ချောင်းကို စုဆောင်းမိသွားသည်နှင့် သူသည် ဆယ့်တစ်ထပ်မြောက်ဝင်ပေါက်ကိုဖွင့်လှစ်နိုင်ပေလိမ့်မည်။

ငရဲမျှော်စင်၏ ဆယ့်တစ်ထပ်မြောက်...။

ငရဲမျှော်စင် တည်ရှိခဲ့သည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း၌ ရှေးဟောင်းနတ်ဆိုးဘုရင်သည်သာဆယ်ထပ်မြောက်ကို ကျော်ဖြတ်ပြီး ဆယ့်တစ်ထပ် သို့ဝင်ရောက်နိုင်ခဲ့သည်။

'ဆယ့်တစ်ထပ် မှာ ဘာရှိလဲဆိုတာ... ငါသိချင်လိုက်တာ'

ရှောင်လုံ က တွေးတောလိုက်လေသည်။

အတိတ်ကာလက ရှေးဟောင်းနတ်ဆိုးဘုရင်သည် ဆယ့်တစ်ထပ်ကို ဝင်ရောက်နိုင်ခဲ့သော်လည်း သူသည် ကျော်ဖြတ်နိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုအထပ်နှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမှ ပြင်ပကမ္ဘာဆီသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ဆယ့်တစ်ထပ် နှင့် ဆယ့်နှစ်ထပ်မြောက်သည် လူတိုင်းအတွက် ထူးခြားဆန်းကြယ်မူအဖြစ် ကျန်ရှိနေခဲ့ပေသည်။

ရှောင်လုံ က ဆယ်ခုမြောက်သော့ကို ယူဆောင်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို သူ့အထက်ရှိ လေဟာနယ် စုတ်ပြဲသွားလေပြီး ထိုအပေါက်ထဲမှ ကြီးမားလှသော သစ်ပင်ကြီး တစ်ပင်ဆင်းသက်လာလေသည်။

သစ်ပင်၏ ပတ်ပတ်လည်တွင် နတ်ဆိုးချီများဖြင့် သိပ်သည်းနေပေသည်။ ကြီးမားလှသော သစ်ပင်က အပြည့်အဝ ဆင်းသက်လာချိန်တွင် သူ့၏ငရဲနတ်ဆိုးအန္တိမနတ်ဘုရားဦးခေါင်းသည် ပျော်ရွှင်တက်ကြွသည့်အမူအယာကိုဖော်ပြလာလေပြီး ပြင်းပြင်းထန်ထန် တုန်ခါလာကြောင်း ရှောင်လုံ သတိထားမိလိုက်လေသည်။

ထိုအချက်ကြောင့် ရှောင်လုံ သည် ကြောင်အသွားရလေသည်။ ထိုသစ်ပင်သည် မည်သို့သော သစ်ပင်မျိုးဖြစ်သောကြောင့် သူ့၏ ငရဲနတ်ဆိုးအန္တိမနတ်ဘုရားဦးခေါင်းက အလွန်တရာ စိတ်လှုပ်ရှားလာရသနည်း။

သစ်ပင်ကြီး ၏ အကိုင်းအခက်များပေါ်တွင် ရွှေရောင် သစ်သီးဆယ်လုံး ရှိနေလေသည်။ သစ်သီးတစ်လုံးချင်းစီတိုင်းသည် လူတစ်ယောက်၏ အရပ်ကဲ့သို့ ရှည်လျားပြီး နတ်ဆိုးတစ်ကောင်၏ အသွင်အပြင်ရှိပေသည်။

" မိစ္ဆာသစ်သီးတွေ"

ရှောင်လုံ၏ နှလုံးက ခုန်ပေါက်လာလေသည်။ ဆယ်ထပ်မြောက်၏ ဆုလာဘ်သည် နှစ်ပေါင်းဆယ်သန်းသက်တမ်းရှိ မိစ္ဆာသစ်သီးများ ဖြစ်ပေသည်။

ရှောင်လုံ က သက်ပြင်းတစ်ချက်ရှိုက်သွင်းလိုက်လေသည်။ မျက်တောင်တစ်ခက်အတွင်း သူနှင့် သစ်ပင်ကြီးကြားရှိ အကွာအဝေးကို ကျဥ်းမြောင်းလိုက်ပြီးသစ်ကိုင်းများဆီမှ မိစ္ဆာသစ်သီးဆယ်လုံးကို ဆွဲယူလိုက်လေသည်။

ထို့နောက်တွင် သစ်ပင်ကြီးသည် ရွှေရောင်အလင်းတချက်တောက်ပသွားပြီး မြင်ကွင်းမှပျောက်ကွယ်သွားသည်။

ရှောင်လုံ သည် လေထဲတွင် အလျှင်အမြန် ခြေချိတ်ထိုင်လိုက်ကာ သူ့၏ အန္တိမနတ်ဘုရားဦးခေါင်းကို တွန်းအားပေးလိုက်လေသည်။ မိစ္ဆာသစ်သီးဆယ်လုံးကို အင်အားအပြည့်ဖြင့် စုပ်ယူသန့်စင်လိုက်လေသည်။

သူ့၏အန္တိမနတ်ဘုရားဦးခေါင်းသုံးခုသည် အမြန်ဆုံး နှုန်းဖြင့် လှည့်ပတ်သွားလေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်စီးကြောင်း များသည် မိစ္ဆာသစ်သီးဆယ်လုံးဆီမှ ထွက်ပေါ်လာကာ သူ့၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားလေသည်။

ရှောင်လုံ ၏ ခန္တာကိုယ် သည် အလွန်တရာ အားကောင်းလှသော စွမ်းအင်များ စုပြုံရောက်ရှိလာသောကြောင့် တုန်ယင်သွားလေသည်။

သစ်သီးဆယ်လုံး ဆီမှ စွမ်းအင်များသည် ပင်လယ်လှိုင်းလုံးများသဖွယ် သူ့၏ သွေးကြောများကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေလေသည်။ ၄င်းသည် ကြမ်းကြုတ်ရက်စက်လွန်းလှပြီး ရှောင်လုံ ကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်ချင်သည့်နှယ် ပြင်းထန်စွာ လှုပ်ရှားနေပေသည်။

ရှောင်လုံ သည် သူ့၏ခန္ဓာကိုယ် က အချိန်မရွေးပေါက်ကွဲသွားမည့်နှယ် ခံစားနေရပေသည်။

နှစ်နှစ်တာကာလ အတွင်း ရှောင်လုံ သည် ခုနှစ်ထပ်၊ ရှစ်ထပ် ၊ကိုးထပ် တို့ကို ကျော်ဖြတ်ခဲ့လေသည်။ ထိုအချိန်အတောအတွင်း သူ့၏ ကျင့်စဥ်သည်မဟာနတ်ဘုရား အဆင့် ၅ အလယ်အဆင့် မှ အဆင့် ၆ အစောပိုင်းအဆက့်ထိ မြင့်တက်လာခဲ့သည်။
သူ့၏ အစစ်အမှန် နဂါးနတ်ဘုရားခန္တာကိုယ်၏ ခုခံမှုနှင့် စွမ်းအားတို့သည်လည်း သိသိသာသာ တိုးတက်လာခဲ့ပေသည်။

အဆင့်မြင့်သည့် နတ်ဘုရား လက်နက်များသည်ပင် သူ့၏ အရေပြားကို ထိုးဖောက်ရန် ခက်ခဲလှသည်။ သို့သော် မိစ္ဆာသစ်သီးဆယ်လုံးဆီမှ စွမ်းအင် ပမာဏ သည် ရှောင်လုံ ၏ အကန့်အသတ်ဆီသို့ တွန်းပို့နိုင်စွမ်းရှိပေသည်။ မိနစ်များက တရွေ့ရွေ့ကုန်ဆုံးသွားပြီးရှောင်လုံ၏ အရေပြားသည် အက်ကွဲလာကာ သူ့၏ အရေပြားတစ်လျောက် အနီရောင် မျဥ်းများ ထွက်ပေါ်လာ၍ သွေးများစွာစီးကျလာလေသည်။

သို့သော်လည်း သူ့၏ သိုင်းဝိညာဥ် စွမ်းရည်များသည်
ရှောင်လုံ မဟာနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားချိန်ကတည်းက သူ့၏ ခန္ဓာကိုယ် နှင့်ပေါင်းစပ်သွားခဲ့ပေသည်။ ထိုကြောင့် ရှောင်လုံ၏ အရေပြား ကွဲအက်သွားချိန်၌ ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားပေသည်။

အက်ကွဲခြင်းနှင့်ပြန်လည်ကုသခြင်းတို့သည် ထပ်တလဲလဲ ဖြစ်ပေါ်နေပေသည်။

ဤသို့ဖြင့် နောက်ထပ်တစ်လ ကုန်ဆုံးသွားသည်။

ရှောင်လုံ သည် သူ့၏ ခန္ဓာကိုယ် ထဲရှိ အားကောင်းလှသော အင်အားကို နောက်ဆုံးတွင်ကျင့်သားရသွားပေသည်။

သူ့၏ စိတ်ဝိညာဉ် ပင်လယ်အထက်တွင် အန္တိမနတ်ဘုရားဦးခေါင်းသုံးခုသည် တောက်ပလာသော အလင်းရောင်များ ဖြာထွက်နေပေသည်။

သုံးလတာ ကုန်ဆုံးသွားသည်။

ရှောင်လုံ၏ ကျင့်စဥ်သည်မဟာနတ်ဘုရားအဆင့်၆အစောပိုင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည်။ သို့သော်လည်း စွမ်းအင်စီးကြောင်းများသည် သူ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေဆဲဖြစ်ပြီး အန္တိမနတ်ဘုရားဦးခေါင်းသုံးခုက လောဘတကြီး ဝါးမြိုကာ နတ်ဘုရားအင်အားအသွင် ပြောင်းလဲပစ်လိုက်သည်။

ဆယ်ထပ်မြောက်ကို ရှင်းလင်းပြီး ရှစ်လအကြာတွင် ခြေချိတ်ထိုင်နေသော ရှောင်လုံသည် ရုတ်တရက် တုန်ယင်သွားလေပြီး မဟာနတ်ဘုရားအဆင့်၆ အလယ်အဆင့် သို့ ရောက်ရှိသွားလေသည်။

ရက်ပေါင်းများစွာကြာပြီးနောက် မိစ္ဆာ သစ်သီးဆယ်လုံး သည် အလင်းတန်းအသွင် ပေါက်ကွဲသွားလေပြီးလေထုထဲ၌ ပျောက်ကွယ်သွားလေသည်။

ခဏကြာပြီးနောက် ရှောင်လုံသည်သူ့မျက်လုံးကို ဖွင့်ကာ မတ်တပ်ရပ်လိုက်လေသည်။ ထို့နောက်မှသာ သူက သူ့ ခန္ဓာကိုယ် ၏ အခြေအနေကို နတ်ဘုရား အာရုံဖြင့် စတင်စစ်ဆေးလိုက်လေသည်။ သစ်သီး ဆယ်လုံးကို စုပ်ယူသန့်စင်ပြီးနောက် နတ်မီးတောက်လေးမျိုး ၏ စိတ်ဝိညာဉ် သည် နှစ်ဆပိုမို ကြီးမားသွားကြောင်း ရှောင်လုံ တွေ့လိုက်ရလေသည်။

ရှောင်လုံ က နတ်မီးတောက်များကို နှိုးဆွလိုက်သည်နှင့် ဟင်းလင်ပြင်ဆီမှ ငွေမီးခိုးရောင် စွမ်းအင်စီးကြောင်း များ စီးဆင်းလာလေသည်။ သို့သော်လည်း ဤတစ်ခေါက်တွင် စွမ်းအင်စီးကြောင်း ဆယ်ခု ရောက်ရှိနေလာပြီး တစ်ခုချင်းစီတိုင်သည် လူကြီးလက်မောင်းလုံးမျှ ထူထဲသိပ်သည်းပေသည်။

ရှောင်လုံ၏ စိတ်ထဲ၌ ပျော်ရွှင်ဝမ်းမြောက်မူများ ပြည့်နှက်သွားသည်။ မိစ္ဆာ သစ်သီးများက နတ်မီးတောက်လေးမျိုး ၏ စိတ်ဝိညာဉ် များကို ထောက်ပံ့ပေးကာ ငွေမီးခိုးရောင် စွမ်းအင်အား ဆင့်ခေါ်ရာ၌ အကူအညီပေးလိမ့်မည်ဟု ရှောင်လုံ မမျှော်လင့်ထားခဲ့ပေ။

ခဏအကြာ၌ ရှောင်လုံ သည် သူ့၏ စိတ်ထဲရှိ ပျော်ရွှင်မှုများကို ဖိနှိပ်လိုက်ကာ သော့ဆယ်ချောင်းကို ထုတ်ယူပေါင်းစပ်လိုက်လေသည်။ သူ့၏ လက်ဝါးဆီမှ မျက်စိကျိန်းလုမတတ် အလင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး သူ့၏ ရှေ့မလှမ်းမကမ်းနေရာ၌ အနက်ရောင် တွင်းပေါက်တစ်ခု ထွက်ပေါ်လာသည်။

ခနမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ့၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီး ဆယ့်တစ်ထပ်မြောက်သို့ ဝင်ရောက်သွားလေသည်။

ရှောင်လုံ က ဆယ့်တစ်ထပ်မြောက်သို့ ဝင်ရောက်သွားချိန်တွင် ငရဲမျှော်စင်၏ နံရံများသည် တောက်ပသည့် အလင်းတစ်ခုကို ထုတ်လွှတ်နေလေသည်။

ထိုအလင်းတန်းသည် နတ်ဆိုးမြို့တော်၏ အစွန်အဖျားသို့တိုင် ရောက်ရှိသွားလေသည်။

ထိုအချိန်တွင် ကွင်းပြင်ပေါ်ရှိ လူအုပ်ကြီး သည် အဆပေါင်းများစွာ ကြီးမားနေလေပြီး သူတို့အားလုံးက အံ့အားသင့်စွာအော်ဟစ်လိုက်ကြသည်။ တုန်လှုပ်မူများ ၊ စိတ်လှုပ်ရှားမူများ၊ တီးတိုးပြောဆိုသံများနှင့် ကွင်းပြင်တစ်ခုလုံး ပြည့်နှက်သွားသည်။

" နတ်ဆိုးသားတော် မော့စုက ဆယ်ထပ်မြောက်ကို ကျော်ဖြတ်နိုင်သွားပြီပဲ...သူက နှစ်သန်းတစ်ရာအတွင်း ဆယ့်တစ်ထပ်မြောက်ကို ဝင်ရောက်နိုင်တဲ့ ဒုတိယမြောက်သိုင်းပညာရှင်ဖြစ်လာတော့မယ်"

ပထမထပ်ကနေဆယ်ထပ်မြောက်အထိ...နတ်ဆိုးသားတော် မော့စုက သုံးနှစ်ပဲကြာခဲ့တယ်...ရှေးဟောင်းနတ်ဆိုးဘုရင်ဆိုရင် နှစ်ပေါင်းတစ်ရာတောင်ကြာခဲ့တာ...သူက ကောင်းကင်ကိုတောင်ဆန့်ကျင်နိုင်တဲ့ ပါ
ရမီရှင် ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်"

ကျိုးကလန် ခေါင်းဆောင်က လက်သီးလက်ဝါးဆုပ်လိုက်ပြီး မော့တင်းထန်းကို ဂုဏ်ပြုလိုက်လေသည်။

" ဂုဏ်ပြုပါတယ် အစ်ကိုတော် တင်းထန်း...နတ်ဆိုးသားတော် မော့စု ရဲ့ပါရမီက တကယ့်ကို ပြိုင်ဘက်ကင်း ပါပဲ...သူက ဆယ့်တစ်ထပ် ကို လည်းသေချာပေါက် ရှင်းလင်းနိုင်စွမ်းရှိလိမ့်မယ်။ သူက ဒီလိုလုပ်နိုင်စွမ်းရှိတဲ့ ပထမဆုံးသူဖြစ်လာလိမ့်မယ်"

နတ်ဆိုးကလန် ခေါင်းဆောင်က ပျော်ရွှင်ဝမ်းမြောက်စွာ ရယ်မောလိုက်လေသည်။

" ခေါင်းဆောင်ကျိုးရဲ့ မင်္ဂလာ ရှိတဲ့စကားတွေကို ကျုပ်က ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်...ပွင့်ပွင့်လင်းလင်းပြောရရင်...မော့စုက ဆယ်ထပ်မြောက်ကို ဒီလောက်မြန်မြန် ရှင်းလင်းနိုင်လိမ့်မယ်လို့ကျုပ်တောင် မထင်ထားခဲ့မိဘူး"

သူ့၏ ယဥ်ကျေးသိမ်မွေ့နှိမ့်ချဟန်ရသော စကားသံထဲတွင် ကျေနပ်အားရမှုများက မဖုံးဖိနိုင်လောက်အောင် ပေါ်လွင်နေပေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၁၇ ..... ၇ထပ်မြောက်က ကျင်းရှောင်စုလား

ကွင်းပြင်ပေါ်ရှိ အခြားသော မိသားစုခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များသည် မော့တင်းထန်းဆီသို့ အပြေးအလွှားရောက်လာကြကာ ဂုဏ်ပြုစကားဆိုလိုက်ကြသည်။

ဤသည်မှာ အခြားသောနေ့ရက်များ၌ ဖြစ်သည်ဆိုလျှင် သူတို့၏ ပုံရိပ်နှင့် အဆင့်အတန်းကြောင့် မော့တင်းထန်းအား မျက်နှာချိုသွေးရန် မလိုအပ်ပေ။ သို့သော်လည်း ယခုအခါမူ မော့စု၏ ပါရမီကြောင့် အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။

အကြောင်းမှာကား မော့စုသည် ငရဲမျှော်စင်၏ ပထမ ဆယ်ထပ်ကို ရှင်းလင်းရန် လေးနှစ်နီးနီးမျှသာ အချိန်ယူခဲ့ရသောကြောင့် ဖြစ်ပေသည်။

ထို့ပြင် မော့စုသည် ၁၁ ထပ်မြောက်ကို ကျော်ဖြတ်သွားနိုင်ချေများပြီး ထိုအထပ်ကို နှစ်သန်းပေါင်း ရာချီအတွင်း မည်သူမှ ရောက်ရှိနိုင်ခြင်း မရှိပေ။

၁၂ ထပ်သို့ပင် ရောက်နိုင်စွမ်း ရှိပေသည်။

ထို မိသားစုခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များ၏ မြှောက်ပင့် ဂုဏ်ပြုသံများကို နားထောင်ရင်း မော့တင်းထန်းသည် ပျော်ပျော်ရွှင်ရွှင် ရယ်မော လိုက်ကာ လောကဝတ်စကားအချို့ ပြန်ပြောလိုက်သည်။ သူ့ဘဝ၌ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းအနည်းငယ်အတွင်း ယနေ့သည် မော့တင်းထန်းအတွက် အရယ်မောရဆုံးနေ့ ဖြစ်ပေသည်။

အပြင်ဘက်ရှိ လူအုပ်ကြီးက ၁၁ထပ်မြောက်၏ တောက်ပလာမှုကြောင့် ဆူညံပွက်လောရိုက်နေကြချိန်တွင် မော့စုက ခြောက်ထပ်မြောက်ကို ကျော်ဖြတ်ကာ ခုနစ်ထပ်မြောက်သို့ ရောက်ရှိသွားသည်။

ကျိုးယောင်နှင့် ကျင်းရှောင်စုတို့ကမူ ငါးထပ်မြောက်သို့ ရောက်သွားခါစ ဖြစ်ပြီး လူတုန်ဝေကမူ လေးထပ်မြောက်သို့ ဝင်ကာစဖြစ်သည်။

၁၁ ထပ်မြောက်သို့ ဝင်ရောက်သွားပြီးနောက် ရှောင်လုံသည် ကြီးမားကျယ်ပြန့်လှသည့် ဖရိုဖရဲနယ်မြေတစ်ခုသို့ ရောက်ရှိသွားသည်။ အဝေးတစ်နေရာ၌ ကြီးမားလှသော ဘီလူးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်နေလေသည်။

ထို ကြီးမားလှသော ဘီလူးကြီးသည် မည်မျှ မြင့်မားသည်ကို ရှောင်လုံ ခန့်မှန်းနိုင်စွမ်း မရှိပေ။ ၎င်း၏ လက်ဝါးတစ်ခုချင်းစီကပင် တောင်တန်းကြီး နှင့်တူနေပေသည်။ ဘီလူးကြီးက ထိုနေရာ၌ ရပ်နေရင်း ရွှေရောင်ပုဆိန်ကို ကိုင်ထားကာ ဖရိုဖရဲစကြဝဠာကို ခုတ်ထစ်နေလေသည်။

ထိုခုတ်ထစ်မှု၏ အောက်တွင် ဖရိုဖရဲ စကြာဝဠာသည် ပြင်းပြင်းထန်ထန် တုန်လှုပ်လာပြီး များပြားလှစွာသော လေဟာနယ် မုန်တိုင်းများ ဖြစ်တညိလာကာ အရာအားလုံးကို ဝဲကန်တော့ထဲသို့ စုပ်သွင်းနေလေသည်။ အနီးအနားရှိ ဂြိုဟ်များသည် ချေမွခံလိုက်ရသည်။

ရှောင်လုံက ထိတ်လန့်သွားပြီး သူ့၏ နတ်ဘုရားအင်အား ကို တုန့်ဆိုင်းခြင်းမရှိဘဲ အလျှင်အမြန် ထုတ်သုံးလိုက်ကာ ကမ္ဘာဦးနတ်နဂါးအသွင် ပြောင်းလဲ၍ ဘေးလွတ်ရာသို့ ပြေးလိုက်လေသည်။

သူက အလျှင်အမြန် လှုပ်ရှားလိုက်သော်လည်း ကျောက်တုံးကြီးတစ်ခုနှင့် ရိုက်ခတ်မိသွားသည်။ ကြီးကြီးမားမား ထိခိုက်မှုကြောင့် သူ့၏ နဂါအကြေးခွံများသည် ကျိုးပဲ့သွားရပြီး သွေးများ စီးထွက်လာသည်။

ရှောင်လုံသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားသော်လည်း သူ့၏ ကျိုးပဲ့နေသော နဂါးအကြေးခွံများနေရာ၌ နဂါးအကြေးခွံ အသစ်များ ထွက်ပေါ်လာလေသည်။

ထိုအချိန်၌ ရှောင်လုံသည် သူ့၏ ဒဏ်ရာများကို စစ်ဆေးလိုစိတ်မရှိသေးဘဲ ဘီလူးကြီး၏ လှုပ်ရှားမှုတိုင်းကိုသာ အပြည့်အဝ အာရုံစိုက်ထားသည်။ ထို ပုဆိန်ခုတ်ချက်သည် အစီအစဥ် မကျ ရှုပ်ထွေးလှသော်လည်း အန္တိမတာအိုနှင့် စွမ်းအင်တို့ ပါဝင်နေသည်။

သို့သော်လည်း ဘီလူးကြီး၏ အပြုအမူများသည် အလွန်တရာ မြန်ဆန်လှသောကြောင့် ရှောင်လုံသည် ဂရုတစိုက်ကြည့်ရှုရန် အချိန်မရှိပေ။

သူက ဘီလူးကြီးအပေါ် အာရုံစိုက်နေချိန်တွင် ၎င်းက ထပ်မံ လှုပ်ရှားလာသည်။ ဘီလူးကြီးက သူ့လက်ထဲရှိ ရွှေပုဆိန်ကို ဖရိုဖရဲ စကြာဝဠာဆီသို့ လွှဲယမ်းလိုက်လေပြီး လေဟာနယ်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။

ဂြိုဟ်ပေါင်းများစွာ ဖျက်ဆီးခံလိုက်ရသည်။

ရှောင်လုံ၏ အန္တိမနတ်ဘုရားဦးခေါင်း သုံးခုဆီမှ နတ်ဘုရားအင်အား ဖြာထွက်လာပြီး သူ့၏ ပတ်ပတ်လည်၌ အကာအကွယ် တစ်ခု ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် နတ်မီးတောက် လေးခုသည် ပျံသန်းထွက်ပေါ်လာပြီး ရှောင်လုံ ကို ကာကွယ်ရန် မီးပင်လယ်တစ်ခု ဖန်တီးလိုက်ကြသည်။

တုန်လှုပ်မှုလှိုင်းများ နှင့်ကျောက်တုံးများက သူရှိရာသို့ လာနေသော်လည်း ရှောင်လုံ ကမူ ဘီလူးကြီး၏ ပုဆိန်လွှဲချက်ကိုသာ ဂရုတစိုက် ကြည့်နေလေသည်။

သို့သော်လည်း ဘီလူးကြီး၏ လှုပ်ရှားမှု များသည် ရှောင်လုံအတွက် မြန်ဆန်လွန်းနေသည်။ သူက လုံးဝဥဿုံ အာစုံစုးစိုက်ထားသော်လည်း ဝေဝါးသည့် လှုပ်ရှားမှုအချို့ကိုသာ မြင်တွေ့ရသည်။

အက်ကွဲသွားသော ဂြိုဟ်အပိုင်းအစများသည် လေဟာနယ် မုန်တိုင်းများကြောင့် ရှောင်လုံရှိရာဘက်သို့ လွင့်စင်လာကြသည်။ ၎င်းတို့က နတ်ဘုရားအင်အား အရံအတားကို ဖြတ်သန်း ကာ သူ့ရှေ့ရှိ မီးပင်လယ်ကို ထိမှန်လေသည်။

ရှောင်လုံ၏ နဂါးခန္ဓာကိုယ်က လေထဲသို့ လွင့်သွားကာ လူးလှိမ့်လိုက်ရသည်။ သို့သော် ပထမဒဏ်ရာထက် ပိုမို ကောင်းမွန်ပေသည်။ သူ့၏ နဂါးအကြေးခွံများသည် ဟိုဟိုသည်သည် ကွဲအက်သွားကြသော်လည်း သွေးထွက်နည်းသွားပေသည်။

ပြန်လည်ကုသပြီးနောက် ရှောင်လုံ ပထမဆုံးလုပ်ဆောင်သည့်အရာမှာကား ဘီလူးကြီး၏ လှုပ်ရှားမှုများကို အာရုံအပြည့်ဖြင့် စိုက်ကြည့်ခြင်း ဖြစ်သည်။

ဘီလူးကြီးက သူ့၏ ပုဆိန်ကို မြှောက်ကာ တတိယအကြိမ်မြောက် ခုတ်ချလိုက်ပြန်သည်။

ရှောင်လုံသည်လည်း အဝေးသို့ လွင့်စင်သွားရသည်။

လေးကြိမ်မြောက်၊ ငါးကြိမ်မြောက်... ။

ဘီလူးကြီး၏ ပုဆိန်ခုတ်ချက် တစ်ခုချင်းစီတိုင်းသည် တစ်ခုထက်တစ်ခု ပိုမိုအားကောင်းပေသည်။

ရှောင်လုံသည် အကောင်းဆုံး ခုခံကာကွယ်သော်လည်း ဘီလူးကြီး၏ ခုနစ်ချက်မြောက် ခုတ်ချက်ကြောင့် သူ့၏ နဂါးခန္ဓာကိုယ်သည် ဒဏ်ရာများ ပြည့်နှက်နေလေပြီး အကြေးခွံများပေါ်၌ သွေးခဲများ ပြည့်နှက်သွားသည်။

ကိုးချက်မြောက် ခုတ်ချက်တွင် သူ့၏ နဂါးခန္ဓာကိုယ်သည် အကျိုးဆက်ကို လက်ခံနိုင်ခြင်းမရှိတော့ဘဲ အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားကာ နဂါးခေါင်းတစ်ခုထဲသာ ကျန်ရစ်ခဲ့တော့သည်။ သို့သော်လည်း သူ့၏ နဂါးခေါင်းဆီမှ အသွေးအသားများစတင်ဖွဲ့တည်လာပြီး ခန္ဓာကိုယ် အသစ်တစ်ခု ဖြစ်ပေါ်လာသည်။ အရေပြားအသစ် ဖြစ်ပေါ်ပြီးနောက် နဂါးအကြေးခွံများ ထွက်ပေါ်လာသည်။

ထိုသို့ ဖြစ်ပွားနေချိန်၌ ရှောင်လုံသည် ဘီလူးကြီး၏ ပုဆိန်ကိုသာ အာရုံစိုက်နေဆဲ ဖြစ်သည်။ ဘီလူးကြီးသည် ပုဆိန်ကို ထပ်မြှောက်လိုက်ကာ ဆယ်ကြိမ်မြောက် ခုတ်လိုက်လေသည်။

ရှောင်လုံ၏ မြင်ကွင်းထဲ၌ ဖရိုဖရဲစကြာဝဠာ သည် အပြင်းအထန် လှုပ်ခတ်တုန်ယင်လာပြီး သူကိုယ်တိုင် သို့မဟုတ် စကြာဝဠာက ပေါက်ကွဲသွားတော့မည်လား ဆိုသည်ကို မသိရှိတော့ပေ။ အရာအားလုံးက တိတ်ဆိတ်သွားပြီး ဟင်းလင်းပြင် လေဟာနယ်ထဲသို့ ပစ်သွင်းခံလိုက်ရသည်နှင့်တူသည်။ အဝေး၌ ပုဆိန်ခုတ်ချက် ဆယ်ချက်မြောက်ကြောင့် ပေါက်ပြဲမှုများနှင့် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။

လေဟာနယ်အက်ကွဲကြောင်းများက ပိုမိုကြီးမားကျယ်ပြန့်လာပြီး ပျက်စီးမှုကို ဖြစ်ပွားစေသော စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာသည်။

အလွန်တရာအင်အားကြီးမားသော လှိုင်းလုံးများ၏ အကျိုးသက်ရောက်မှုကြောင့် ရှောင်လုံ၏ ကမ္ဘာဦးနတ်နဂါးခန္ဓာကိုယ်သည် ထပ်မံ ပေါက်ကွဲသွားရသည်။ သွေးသံတရဲရဲ နှင့် အသားအစအနများသည် ဟင်းလင်းပြင်ထဲ၌ မျောလွင့်နေလေပြီး အလွန်တရာ ကောက်ပသည့်အလင်းကို ထုတ်လွှတ်နေသော နတ်ဘုရားဦးခေါင်း သုံးခုသာ ကျန်နေခဲ့တော့သည်။

တောက်ပသည့် အလင်းတန်း၏ အောက်တွင် ပြန့်ကျဲနေသော နဂါးအသားစများသည် တဖြည်းဖြည်းချင်း စုဝေး ပေါင်းစပ်သွားလေပြီး သူ့၏ အရေပြားထက်မှ နဂါးအကြေးခွံအသစ်များ ပေါ်ထွက်လာလေသည်။

ထိုအချိန်၌ ပုဆိန်ကိုင်ထားသည့် ဘီလူးကြီးသည် ကွယ်ပျောက်သွားသည်။

အားကောင်းလှသည့် စွမ်းအင်စီးကြောင်းများနှင့် အက်ကွဲကြောင်းများသည်လည်း ပျောက်ကွယ်သွားပြီး ဖရိုဖရဲ ဟင်းလင်းပြင် သည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ် တိတ်ဆိတ်သွားသည်။

ရှောင်လုံသည် လူသားအသွင်ပြန်ပြောင်း၍ သူ့၏ မျက်လုံးကို ပိတ်လိုက်ကာ စတင်ကုသလိုက်သည်။ ရှောင်လုံ၏စိတ်ထဲ၌မူ ဘီလူးကြီး၏ပုဆိန်လွှဲယမ်းသည့် မြင်ကွင်း ကိုသာ ထပ်တလဲလဲ မြင်ယောင်နေလေသည်။

ပုဆိန်ခုတ်ချက် ဆယ်ချက်လုံးသည် သူ့၏ စိတ်ထဲ၌ ထပ်ခါထပ်ခါ ထွက်ပေါ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ရှောင်လုံ၏ စိတ်ဝိညာဥ်နှင့် နှလုံးသားသည် သူရောက်ရ်ှိနေသည့် ကမ္ဘာနှင့် တသားတည်းဖြစ်သွားဟန်ရသည်။

ကြယ်စွမ်းအား အမျှင်တန်းများနှင့် ငွေမီးခိုးရောင်စွမ်းအင်သည် စကြာဝဠာ၏ အနက်ရှိုင်းဆုံးအပိုင်းမှ စီးဆင်းလာပြီး ရှောင်လုံ၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွလေသည်။

ထိုစွမ်းအင်နှစ်ခုသည် နတ်မီးတောက် လေးမျိုး သယ်ဆောင်လာသည့် ကြယ်အင်အားနှင့် မီးခိုးရောင်စွမ်းအင်တို့ဖြင့် တူညီဟန်ရသော်လည်း ခြားနားပေသည်။

တစ်လ၊ နှစ်လ၊ ဆယ့်နှစ်လသည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားသည်။

ရှောင်လုံသည် ထူးဆန်းသည့် အခေအနေတစ်ခု၌ လုံးဝဥဿုံ နစ်မြုပ်သွားပြီး သူ့ကိုယ်သူပင် မသိလိုက်ဘဲ ဖရိုဖရဲစကြာဝဠာ ထဲရှိ ကြယ်အင်အားနှင့် ငွေမီးခိုးရောင်စွမ်းအင်ကို ဆက်လက်စုပ်ယူနေမိသည်။

တစ်နှစ်ကြာပြီးနောက် သူ့၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၆ အလယ်အဆင့်သို့ ရောက်ရှိသွားလေသည်။

တစ်ချိန်တည်းမှာပင် ရှောင်လုံ၏ စိတ်ဝိညာဥ်ပင်လယ်ထဲရှိ အန္တိမ နတ်ဘုရားဦးခေါင်း သုံးခုသည် တုန်လှုပ်ဖွယ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ပိုမိုတောက်ပ သိပ်သည်းလာသည်။

ရှောင်လုံက ကြယ်အင်အားနှင့် ငွေမီးခိုးရောင်စွမ်းအင်ကို စုပ်ယူနေချိန်တွင် ငါးထပ်မြောက်ရှ် ကျိုးယောင်သည် ငရဲလေပြင်းနှင့် အပြစ်သားမီးတောက်တို့ကို ခံနိူင်ရည်အား မရှိတော့ပေ။ ထို့ကြောင့် သူ့၏ သက်သေခံတံဆိပ်ပြားကို ချိုးဖဲ့လိုက်လေသည်။ တစ်လဏအတွင်းသူက ငရဲမျှော်စင်မှ အစီအရင်ဖြင့် အပြင်သို့ အပို့ခံလိုက်ရသည်။

မျှော်စင်ပြင်ပရှိ လူများသည် ၁၁ ထပ်မြောက်ကို အာရုံစိုက်နေချိန်တွင် ပုံရိပ်တစ်ခုသည် ငါးထပ်မြောက်မှ ပျံသန်းထွက်ပေါ်လာသည်ကို မြင်လိုက်ကြသည်။

လူအုပ်ကြီး က သူ့၏ မျက်နှာကို မြင်လိုက်ချိန်၌ အများစုမှာ အံ့သြမှင်သက်သွားကြသည်။

"ကျိုးယောင်လား...သူက ဘယ်လိုလုပ်ပြီးထွက်လာတာလဲ"

"သူက ခုနစ်ထပ်မြောက်ကို ရောက်နေတာမဟုတ်ဘူးလား...ဒါမှမဟုတ် ခုနစ်ထပ်မြောက်က တစ်ယောက်က...ကျိုးယောင် မဟုတ်တာများလား"

လူအုပ်ကြီးကြားတွင် ဆွေးနွေးပြောဆိုသံများ ပြည့်နှက်သွားသည်။

နတ်ဆိုးကလန်ခေါင်းဆောင် မော့တင်းထန်းသည်လည်း လူတိုင်းကဲ့သို့ အံ့သြသွားပေသည်။ သူသည်လည်း ကျိုးယောင်က ၇ထပ်မြောက် ရောက်နေသည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သူက ငါးထပ်မြောက်၌ပင် အရှုံးပေး ထွက်ခွာခဲ့လိမ့်မည်ဟု မည်သူ တွေးမိမည်နည်း။

မော့တင်းထန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ကျင်းရှောင်စုက ၇ထပ်မြောက်ကို ရောက်သွားတာများလား"

မဟာအကြီးအကဲ မော့ကျန်းရုသည် အလျှင်အမြန် ထောက်ခံလိုက်သည်။

"အဲ့လိုပဲ ဖြစ်ရမယ်...ကျုပ်တို့ ခန့်မှန်းချက်မှားသွားတာပဲ ဖြစ်လိမ့်မယ်...၇ ထပ်မြောက်က ကျင်းရှောင်စုပဲ နေမှာ"

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၁၈ ..... ၁၂ထပ်ဆီသို့

ရက်အနည်းငယ် ကြာသွားပြီး အပြင်ဘက်ရှိ လူအုပ်ကြီးသည် ၇ထပ်မြောက် ရှိလူကို ကျင်းရှောင်စုဟု ခြွင်းချက်မရှိ လက်ခံသွားကြလေသည်။ သို့သော် ထိုအချိန်၌ ရုတ်တရက်ဆိုသလို ငရဲမျှော်စင်၏ ငါးထပ်မြောက်ဆီမှ ပုံရိပ်တစ်ခု ထပ်မံ လွင့်စင်လာလေသည်။

ထွက်ပေါ်လာသော သူကို ကြည့်ရင်း လူအုပ်ကြီး သည် တုန်လှုပ်ကြောင်အသွားကြလေသည်။

"ကျင်းရှောင်စုလား"

"ဘယ်လိုလုပ်ပြီး ကျင်းရှောင်စု ဖြစ်နေရတာလဲ"

ကွင်းပြင်တစ်ခုလုံးသည် ဆူညံလှုပ်ရှားသွားလေသည်။

နတ်ဆိုးကလန်ခေါင်းဆောင် မော့တင်းထန်းသည် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ၇ထပ်မြောက်က ကျင်းရှောင်စု မဟုတ်လျှင် မည်သူဖြစ်နိုင်သည်နည်း။

ထိုနေရာရှိ နတ်ဆိုးကလန် မဟာ အကြီးအကဲနှင့် အကြီးအကဲများသည် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြပြီး လေးလေးနက်နက် စဥ်းစားနေသည့် အမူအရာများ ဖြစ်သွားကြသည်။ အခြားသော မိသားစုခေါင်းဆောင် များနှင့် အကြီးအကဲများသည်လည်း ထိုကဲ့သို့သော အမူအရာများ ဖြစ်သွားကြသည်။

ယခုအချိန်၌ လူအများစုသည် သံသယများ ဖြစ်ပေါ်လာကြပြီး ၁၁ ထပ်မြောက်ရှိ လူသည် နတ်ဆိုးသားတော် မော့စု အမှန်တကယ် ဟုတ်မဟုတ်ဆိုခြင်း အပေါ် သိရှိချင်လာကြသည်။

အဝေးတစ်နေရာရှိ ကံကြမ္မာဂိုဏ်းမဟာအကြီးအကဲစန်းရီသည် တွေဝေတုန့်ဆိုင်းနေပြီးနောက် ဂိုဏ်းချုပ် ဝမ်ယုကို တီးတိုး ပြောလိုက်သည်။

"ဂိုဏ်းချုပ်...၁၁ ထပ်မြောက်ပေါ်က လူကို ဟောင်ရှောင်လုံ လို့ ထင်လား"

ဂိုဏ်းချုပ် ဝမ်ယု၏ မျက်နှာသည် ချက်ချင်း မဲမှောင်သွားသည်။ သို့သော် သူက ချက်ချင်းဆိုသလို အလျှင်အမြန် ထိန်းချုပ်လိုက်ပြီး ခေါင်းကို ယမ်းပြလိုက်သည်။

"စန်းရီ...မင်းက ပိုတွေးနေတာပဲ...အဲ့ဒါက ဟောင်ရှောင်လုံ လုံးဝ မဖြစ်နိုင်ဘူး...အဲ့ဒါကသာ ဟောင်ရှောင်လုံ ဆိုရင်...ဒီကိစ္စကို နတ်ဆိုးကလန် က မသိဘဲ နေမယ်လို့ မင်းထင်နေတာလား...ဒါ့အပြင် ဟောင်ရှောင်လုံ က နတ်ဆိုးမြို့တော် ကို သွားတဲ့အကြောင်း ငါတို့ သိတော့...မြို့တော်ဂိတ်တံခါးနဲ့ ငရဲမျှော်စင် ဝင်ခွင့် စာရင်းသွင်းတဲ့နေရာကို သေချာစောင့်ဖို့ ကျန်းလင်ကို ငါ မှာထားခဲ့တာ...ဒါပေမယ့် ဟောင်ရှောင်လုံ က လုံးဝ ထွက်မလာခဲ့ဘူး"

"အမှန်ပဲ...မဟာအကြီးအကဲ စန်းရီ...ဟောင်ရှောင်လုံ ရဲ့ ပါရမီက မဆိုးဘူး ဆိုပေမယ့်...သူက ၁၁ ထပ်မြောက်ကို ရောက်လိမ့်မယ်လို့ မင်းတကယ် ထင်နေတာလား"

ကံကြမ္မာဂိုဏ်းမဟာအကြီးအကဲ ဝမ်ဖန်က စန်းရီ ပြောသည်ကို လက်မခံပေ။

စန်းရီက ခေါင်းညိတ်လိုက်လေသည်။

"အင်း...ကျုပ် အတွေးလွန်နေတာပဲ ဖြစ်ပါလိမ့်မယ်"

နောက်ထပ် တစ်လတာ ကုန်လွန်သွားသည်။

"အမ်...၈ထပ်မြောက် က တောက်ပလာပြီ"

"တစ်ယောက်ယောက် က ၈ထပ်မြောက် ကို ရောက်လာပြီ...ဒါပေမယ့် အဲ့တာက ဘယ်သူလဲ"

ငရဲမျှော်စင်၏ ၈ထပ်မြောက်က လင်းလက်လာချိန်တွင် လူအုပ်ကြီးသည် ဆူညံပွက်လောရိုက်လာကြသည်။

"ကြည့်ရတာ...အဲ့ဒီလူက ထိပ်တန်းအင်အားစု ရဲ့ နှိမ့်ချနေတတ်တဲ့ ပါရမီရှင် ဖြစ်လိမ့်မယ်...ဂိုဏ်းကနေ ထွက်လာပြီးတော့ ဂိုဏ်းအမိန့်အတိုင်း...ငရဲမျှော်စင် ကို စိန်ခေါ်ပြီး သူတို့ရဲ့ ပါရမီနဲ့ ခွန်အားကို စမ်းသပ်ဖို့လာတဲ့သူက တစ်ယောက် နှစ်ယောက် အမြဲတမ်း ရှိတတ်ကြတယ်"

"အဲ့ဒီလူက ဗုဒ္ဓဂိုဏ်းကများ ဖြစ်နေမလား...လွန်ခဲ့တဲ့ ရက်အနည်းငယ် က ရှေးဟောင်း နတ်ဆိုးကလန် ရဲ့ နတ်ဆိုးပုတီးစေ့ ပျောက်သွားတယ်လို့ ငါကြားထားတယ်...အဲ့ဒါကို ဗုဒ္ဓဂိုဏ်းရဲ့ တစ်စုံတစ်ယောက်က ခိုးသွားတာတဲ့"

"မဟုတ်လောက်ပါဘူးဟ...သူက လင်းလုံကလန် ဒါမှမဟုတ် စွန့်လွှတ်ခြင်းဂိုဏ်းက တစ်ယောက်ယောက် ဖြစ်မယ်လို့ ငါထင်တယ်...အဲ့တာက စကြာဝဠာနဂါးဘုရားကျောင်းက တပည့်တောင် ဖြစ်နေနိုင်လောက်တယ်"

ရုတ်တရက်ဆိုသလို လူအုပ်ထဲမှ တပည့်တစ်ယောက် သည် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"မင်းတို့ ဘယ်လိုထင်လဲ...သူက နတ်ဆိုးသန့်စင်ခြင်းဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေလောက်လား"

"နတ်ဆိုးသန့်စင်ခြင်းဂိုဏ်းလား"

တပည့်တစ်ယောက် သည် သူ့၏ လည်ချောင်းက ရုတ်တရက် ခြောက်သွေ့လာသလို ခံစားလိုက်ရသည်။

"အဲ့တာက နတ်ဆိုးသန့်စင်ခြင်းဂိုဏ်းကတော့...မဟုတ်လောက်ပါဘူးနော်...ဟုတ်တယ်မလား...ပြီးတော့ သူတို့ဂိုဏ်း ပျောက်ကွယ်သွားတာက နှစ်တစ်သောင်းတောင် ရှိပြီလေ...သူတို့က မရဏလမ်းကနေ ထွက်လာတာ ရှားတယ်"

နတ်ဆိုးသန့်စင်ခြင်းဂိုဏ်းသည် မရဏလမ်း၌ ပုန်းကွယ်နေကြပြီး သူတို့ဂိုဏ်း၏ နာမည်ကို ကြားရုံနှင့်ပင် လူတိုင်းကို ဖြူဖျော့သွားစေနိုင်သော ရွံရှာစက်ဆုပ်ဖွယ်ရာဂိုဏ်း ဖြစ်သည်။ တစ္ဆေနတ်ဆိုးဂိုဏ်း၏ တပည့်တစ်ယောက် ပေါ်လာသည့်အချိန်တိုင်း သတ်ဖြတ်မှုမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတတ်ပြီး မရေမတွက်နိုင်သည့် ကြယ်စင်စုများသည် သွေးမြစ်စီးသွားရတတ်သည်။

ထို့ပြင် နတ်ဆိုးသန့်စင်ခြင်းဂိုဏ်း တပည့်တစ်ယောက်သည် မရဏလမ်းမှ ထွက်လာခဲသည်။ အချိန်အရ ရေတွက်ကြည့်လျှင် တပည့်တစ်ယောက် နောက်ဆုံး ထွက်ပေါ်လာသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းအကြာက ဖြစ်သည်။

ထို့နောက် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး လူအုပ်ကြီးသည် ဆွေးနွေး ငြင်းခုန်သံများဖြင့် ဆူညံသွားလေသည်။ တဖြည်းဖြည်းချင်းဖြင့် တစ်နှစ်ကျော် ကုန်ဆုံးသွားသည်။

ထိုအချိန် အတောအတွင်း မော့စုသည် ၈ထပ်မြောက်ကို ရှင်းလင်း၍ ၉ထပ်မြောက်သို့ ရောက်ရှိသွားသည်။

ရှောင်လုံကမူ ဖရိုဖရဲစကြာဝဠာထဲ၌ ရှိနေဆဲ ဖြစ်ကာ ကြယ်အင်အားနှင့် ငွေမီးခိုးရောင်စွမ်းအင်ကို စုပ်ယူ၍ ဘီလူးကြီး၏ ပုဆိန်ခုတ်ချက် တာအိုကို လေ့လာဆန်းစစ်နေပေသည်။

နောက်ထပ် နှစ်ရက်ကြာပြီးနောက် ၁၁ထပ်တွင် ထိုင်နေသည့် ရှောင်လုံသည် သူ့၏ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ထိုလှုပ်ရှားမှုလေးကြောင့် လေဟာနယ်တစ်ခုလုံးသည် တုန်ယင်သွားရလေသည်။

သူက အသက်ရှုထုတ်လိုက်သည်နှင့် အညစ်အကြေးများဖြင့် ပြည့်နေသော ချီသည် လေထုနှင့် ရောယှက်သွားကာ မရေမတွက်နိုင်သော လေမုန်တိုင်းများ အသွင် ပြောင်းလဲသွားလေသည်။

"မဟာနတ်ဘုရားအဆင့် ၆ နောက်ပိုင်းအဆင့်"

ရှောင်လုံ၏ နတ်ဘုရားအာရုံသည် သူ့ခန္ဓာကိုယ် ထဲရှိ ပြောင်းလဲမှုများကို အာရုံခံမိပြီး သူ့၏ လက်ရှိကျင့်စဥ်သည် မဟာနတ်ဘုရားအဆင့် ၆ နောက်ပိုင်း အထွတ်အထိပ်အဆင့် နယ်နိမိတ် အထိ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

ပြောစရာမလိုလောက်အောင်ပင် ဖရိုဖရဲ ကြယ်အင်အားနှင့် ငွေမီးခိုးရောင်စွမ်းအင်ကို အချိန်ပေါင်း အတော်ကြာထိ စုပ်ယူခဲ့ပြီးနောက် ရှောင်လုံ၏ အစစ်အမှန်နဂါးကိုယ်သည် ထပ်မံအသွင်ပြောင်းသွားလေသည်။ ဤသည်မှာ သူ့၏ အရေပြားနှင့် အသွေးအသားတို့သည် ပျောက်ကွယ်သွားသည်နှင့် တူပေသည်။ဖရိုဖရဲ ကြယ်အင်အားနှင့်ငွေမီးခိုးရောင်စွမ်းအင်တို့သည် သူ့၏ အသွေးအသားများနှင့် အပြည့်အဝ ပေါင်းစပ်သွားကာ ကြယ်ရောင်အလင်းပြန်နေပေသည်။.

သူ့ ခန္ဓာကိုယ်ထဲရှိ နတ်မီးတောက်လေးမျိုးသည် ထပ်မံကြီးထွားလာသည်။ သူ့၏ အန္တိမ နတ်ဘုရားဦးခေါင်း သုံးခုက ပုံမှန်ထက် ပိုမို သိပ်သည်းလာပြီး သူ့၏ နတ်ဘုရားအင်အားသည်လည်း အလွန်တရာ သန့်စင် အားကောင်းလာပေသည်။

ရှောင်လုံ က သူ့၏ နတ်မီးတောက်လေးမျိုးကို ထပ်မံ လှည့်ပတ်လိုက်ပြီး ငွေမီးခိုးရောင်စွမ်းအင်ကို ဟင်းလင်းပြင်ဆီမှစီးဆင်းလာစေလိုက်သည်။ အရင်က လက်မောင်းလုံးမျှသာ ရှိရာမှ ယခုအခါတွင် ငွေမီးခိုးရောင်စွမ်းအင်သည် လူကြီးခြေထောက်မျှ ထူထဲသိပ်သည်းလာပေသည်။ ထို့ပြင် ယခုအခါ၌ အကြိမ်တိုင်းတွင် စွမ်းအင်စီးကြောင်း နှစ်ဆယ်ကျော် စီးဆင်းလာပေသည်။

ပြောစရာမလိုအောင်ပင် ရှောင်လုံက ဤသည်ကိုကြည့်ရင်း ပျော်ရွှင် ဝမ်းမြောက်နေလေသည်။

နတ်မီးတောက်လေးမျိုး၏ ငွေမီးခိုးရောင်စွမ်းအင်ကို ဆင့်ခေါ်နိုင်သော လက်ရှိအမြန်နှုန်းအရ ငရဲမျှော်စင် မှ ထွက်ခွာသွားပြီးနောက်၌ပင် ရှောင်လုံသည် ဆယ်နှစ်အတွင်း မဟာနတ်ဘုရားအဆင့် ၇သို့ ရောက်ရှိရန် ယုံကြည်မှု ရှိပေသည်။

'အဲ့ဒီ ဘီလူးကြီးက ဘယ်သူလဲဆိုတာ...ငါ သိချင်လိုက်တာ'

ရှောင်လုံ က ဘီလူးကြီး အရင်ကရပ်နေခဲ့သော နေရာကို ကြည့်ရင်း တွေးလိုက်သည်။ ယခုအခါ၌မူ ဘီလူးကြီး ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သည်။

"အဲ့ဒီ နတ်ဆိုးသားတော် မော့စုက...အခုဆိုရင် ကိုးထပ်မြောက်ကို ရောက်နေလောက်ပြီ"

ရှောင်လုံက တီးတိုးရေရွတ်လိုက်မိသည်။

ယခုအခါ၌ ရှောင်လုံသည် ၁၁ ထပ်မြောက်၌ ကျင့်ကြံအားထုတ်ရင်း အချိန်များစွာ နှောင့်နှေးသွားရသည်။ ထို့ကြောင့် မော့စုသည် ၉ထပ်မြောက်သို့ ရောက်ရှိနေလောက်ပြီ ဟု သူ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

ရှောင်လုံသည် မတ်တပ်ထရပ်လိုက်ကာ ဖရိုဖရဲစကြာဝဠာ၏ အဆုံးသတ်သို့ ဦးတည် ပျံသန်းလိုက်လေသည်။ ၁၂ထပ်မြောက်၏ ဝင်ပေါက်သည် သူ့၏ မြင်ကွင်းထဲ၌ ဖြည်းဖြည်းချင်း ပေါ်ထွက်လာပေသည်။

ရှောင်လုံက သူ့၏ မြင်ကွင်းထဲ၌ တဖြည်းဖြည်း ကြီးမားလာသော ၁၂ ထပ်မြောက်၏ ဝင်ပေါက်ကို ကြည့်လိုက်လေသည်။ သူ့၏ စိတ်ထဲ၌ အနည်းငယ်မျှသော ကြောက်လန့်မှုတစ်ခု ထွက်ပေါ်လာပေသည်။

၁၂ ထပ်မြောက်၌ မည်သို့သော စစ်ဆေးမှု ရှိနေသည်နည်း။

သူ့၏ အန္တိမနတ်ဘုရားဦးခေါင်း သုံးခုသာ မရှိပါက ၁၁ ထပ်မြောက်၏ စမ်းသပ်စစ်ဆေးမှုသည် သူ့၏ အသက်ကို နှုတ်ယူသွားပေလိမ့်မည်။ ပထမဆုံး ပုဆိန်ခုတ်ချက်၏ တုန်လှုပ်မှုလှိုင်းများနှင့်ပင် သူ့အား နှစ်ကြိမ်ထိ သတ်ဖြတ်ပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။

၁၂ ထပ်မြောက်၌ အခြားသော ဘီလူးတစ်ကောင် ထွက်ပေါ်လာမည်ဆိုလျှင် သူ့၏ နတ်ဘုရားဦးခေါင်းတို့၏ ဘုရင်သုံးပါးက တောင့်ခံနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။ သူ့၌ အန္တိမနတ်ဘုရားဦးခေါင်း သုံးခုရှိပြီး နက်ရှိုင်းကာ မမျှော်မှန်းနိုင်သော ကံကောင်းမှုကို ပိုင်ဆိုင်ထားသော်လည်း သူက မသေနိုင်သော လူသားတစ်ယောက် မဟုတ်ပေ။

ရှောင်လုံ သိထားသလောက်ဆိုပါက သူတို့ကိုယ်သူတို့ ထာဝရ ရှင်သန်နိုင်သည့် မသေမျိုးအင်မော်တယ်ဟု ကြွေးကြော်ရဲသူ မည်သူမှ မရှိပေ။

၁၂ ထပ်မြောက်၏ ဝင်ပေါက်သို့ ရောက်သွားချိန်၌ ရှောင်လုံသည် တည်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်း ရှုသွင်းလိုက်မိသည်။ ထို့နောက် အလင်းတန်းအသွင်ပြောင်းကာ ဝင်ပေါက်ထဲသို့ ပျံသန်းလိုက်လေသည်။

ချက်ချင်းဆိုသလို ငရဲမျှော်စင် အပြင်ဘက်ရှိ ၁၂ထပ်မြောက် နံရံသည် အလွန့်အလွန် တောက်ပလာလေသည်။

အလွန်တရတောက်ပသော အလင်းတန်းသည် ကောင်းကင်သို့တိုင် ထိုးတက်သွားပြီး နတ်ဆိုးမြို့တော် ပေါ်ရှိ ထူထဲသိပ်သည်းလှသည့် နတ်ဆိုးချီအလွှာကိုပင် ထိုးဖောက် ဝင်ရောက်သွားသည်။ အလင်းရောင်သည် နတ်ဆိုးမြို့တော် ပြင်ပအလွှာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

တောက်ပလှသော အလင်းတန်းကို မြင်သည့်သူတိုင်းသည် ရင်သပ်ရှုမော ဖြစ်သွားကြရသည်။

ရှောင်လုံ ၁၁ထပ်မြောက်သို့ ဝင်ရောက်သွားချိန်က မျှော်စက်၏ အလင်းသည် နတ်ဆိုးမြို့တော် အစွန်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ယခုအခါ၌မူ အံ့အားသင့်ဖွယ်ရာထက်ပင် ကျော်လွန်နေသေးသည်။

ရောင်စုံအလင်းပြန်မှု၏ အောက်တွင် နတ်ဆိုးမြို့တော်၏ အရာအားလုံး သည် ဖျော့တော့ မှေးမှိန်သွားသည်။

တောက်ပသည့် အလင်းတန်းများသည် ကောင်းကင်ဘုံမှ ကျဆင်းလာသော ပန်းဝတ်လွှာများနှယ် ပွင့်အာနေကာ ဆယ်မိနစ် ကြာမှသာ မှေးမှိန်သွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ ထို့နောက် ကောင်းကင်သည် မူလအသွင်သို့ ပြန်လည် ရောက်ရှိသွားသည်။

"ငါတို့ နတ်ဆိုးသားတော်က...၁၁ ထပ်မြောက်ကို ရှင်းလင်းပြီးသွားပြီပဲ...အရင်တုန်းက အဲ့အထပ်ကို ဘယ်သူမှ မအောင်မြင်ခဲ့ဖူးဘူး"

နတ်ဆိုးကလန် တပည့်များသည် အရူးအမူး အော်ဟစ် ကြွေးကြော်လိုက်ကြသည်။

အများစုသည် အစောပိုင်း က သံသယများ ရှိနေကြသော်လည်း ၁၁ထပ်မြောက်ရှိ လူမှာ နတ်ဆိုးသားတော် ဖြစ်လိမ့်မည်ဟု သူတို့ ယုံကြည်ထားကြသည်။

"ရှေးခေတ်ကတည်းက ခုချိန်ထိအတွင်းမှာ ပထမဆုံးသူ"

"ရှေးခေတ်ကတည်းက ခုချိန်ထိအတွင်းမှာ ပထမဆုံးသူ"

နတ်ဆိုးကလန် တပည့်များအားလုံး သည် အဆုတ်များ ကွဲထွက်မတတ် ကြွေးကြော်လိုက်ကြပြီး တစ်ယောက် ထက် တစ်ယောက် အသံပိုကျယ်နေကြသည်။

နတ်ဆိုးကလန် အကြီးအကဲ အုပ်စုနှင့် မဟာအကြီးအကဲများသည် ခဏမျှ တုန့်ဆိုင်းနေကြပြီးနောက် ခေါင်းဆောင် မော့တင်းထန်း ဘက်သို့ လှည့်ကာ ဂုဏ်ပြုစကားဆိုလိုက်ကြသည်။

မော့တင်းထန်း က တောက်ပစွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်၌ ရှောင်လုံသည် ကျယ်ပြောလှသော လေဟာနယ်ထဲသို့ ထပ်မံ ရောက်ရှိသွားကာ ထိုနေရာ၌ မဟာမျှော်စင်တစ်ခုတည်းသာ မျောလွင့်နေလေသည်။ ထိုမျှော်စင်သည် ငရဲမျှော်စင်နှင့် အလွန်တရာ တူညီနေပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၁၉.....မော့စု၏ ကျရှုံးမှု

သူ့ရှေ့ရှိ ငရဲမျှော်စင် နှင့်တူသော မှော်စင်ကြီးကို ကြည့်ရင်း ရှောင်လုံ သည် ခဏမျှ ကြောင်အသွားလေသည်။

ဆယ့်နှစ်ထပ်မြောက်သို့ မဝင်ခင်က သူသည် ဖြစ်နိုင်ချေ များစွာ ကိုစဥ်းစားထားခဲ့သည်။ ဖျက်ဆီးမှုများ၏ အလယ်၌ရှိသော စကြာဝဠာ တစ်ခုဟုပင်မျှော်လင့်ထားခဲ့လေသည်။ သို့သော် ဤနေရာတွင် မဟာမျှော်စင်တစ်ခု ရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ထို့ပြင် ကျယ်ပြောလှသည့် လေဟာနယ် ထဲ၌ မျှော်စင်မှလွဲ၍ အခြားဘာမှ မရှိပေ။

ထိုသို့ဆိုပါက ဤနေရာသည် ငရဲမျှော်စင်၏ လက်နက်ဝိညာဥ် ဖြစ်သည်လား။

ရှောင်လုံ သည် ခဏမျှ ကြောင်အနေချိန်တွင် မျှော်စင်သည် မျက်စိကျိန်းလုမတက် အလင်းရောင်တစ်ခု တောက်ပလာပြီး သူရှိရာဆီသို့ပျံသန်းလာလေသည်။

မဟာမျှော်စင် ရွေ့လျားလာသည့် အခိုက်တွင် ဟင်းလင်းပြင်တစ်ခုလုံးသည် တုန်ခါသွားလေပြီး လေဟာနယ် ကို ဆုတ်ဖြဲပစ်နိုင်စွမ်းရှိသော ကြမ်းတမ်းပြင်းထန်သည့် လေမုန်တိုင်းများ ထွက်ပေါ်လာလေသည်။

ရှောင်လုံ က ကြောင်အသွားလေသည်။

ထိုကြမ်းတမ်းပြင်းထန်သော လေမုန်တိုင်းများ ၏ ဖျက်စီးမှု စွမ်းအားသည် ဘီလူကြီး၏ ပုဆိန်ခုတ်ချက်ဆီမှ တုန်လှုပ်မှုလှိုင်းများထက် ပိုမိုကြောက်မက်ဖွယ်ရာကောင်းပေသည်။

ရှောင်လုံ၏ကျင့်စဥ်က မဟာနတ်ဘုရားအဆင့် ၆ နောက်ပိုင်းအဆင့် သို့ရောက်ရှိနေပြီး အဆင့်၇ နှင့် နီးကပ်နေသော်လည်း မျှော်စင်၏ ဖြာထွက်လာသော စွမ်းအားသည် ရှောင်လုံ တောင့်ခံနိုင်စွမ်းရှိသော အရာမဟုက်ပေ။

ရှောင်လုံ၏ ပုံရိပ်သည် မှုန်ဝါးသွားပြီးရှောင်ရှားရန် အသင့်ဖြစ်နေသော်လည်း မျှော်စင်ဆီမှ အင်အားကြီးမားလှသော စွမ်းအားကြောင့် သူသည် ရုန်းကန်နိုင်စွမ်း မရှိတော့ကြောင်း သိလိုက်ရလေသည်။

သူက အဝေးသို့ ပျံသန်းရန် စီစဥ်ထားသော်လည်း မျှော်စင်ဆီသို့သာ ဆွဲခေါ်ခံလိုက်ရလေသည်။

စက္ကန့်ပိုင်း အတွင်း အားကောင်းလှသော လေမုန်တိုင်းသည် ရှောင်လုံ ကို ရစ်ပတ်သွားလေသည်။

သူမတုန့်ပြန်လိုက်နိုင်မီ တွင် ခုခံနိုင်စွမ်း ကင်းမဲ့သွားရပြီး သူ့၏ အသွေးအသားများ ပိုင်းဖြတ်ခံလိုက်ရကာသွေးမြူအသွင် ပြောင်းလဲသွားလေသည်။ ဆယ့်တစ်ထပ်မြောက်ကကဲ့သို့ပင် သူ့၏ အစစ်အမှန်နဂါးနတ်ဘုရားခန္တာကိုယ်သည်လည်း လုံးဝဖျက်စီးခံလိုက်ရသည်။ သူ့၏ အန္တိမနတ်ဘုရားဦးခေါင်းသုံးခုသည်သာ လေဟာနယ်ထဲ၌ ကျန်ရစ်ခဲ့လေသည် ။

သူ့၏ အန္တိမနတ်ဘုရားဦးခေါင်းသုံးခုသည် တောက်ပသည့် အလင်းကို ထုတ်လွှတ်နေလေပြီး ရှောင်လုံ၏ အသွေးအသားများ ကို ပြည့်စုံသည့် ခန္ဓာကိုယ် အဖြစ်ပြန်လည် တည်ဆောက်လိုက်လေသည်။

သို့သော်လည်း သူ့၏ အစစ်အမှန်နဂါးနတ်ဘုရားခန္တာကိုယ် တည်ဆောက်ပြီးသွားသည်နှင့် အခြားသော ကြမ်းတမ်းရက်စက်သည့် လေမုန်တိုင်းက ထပ်မံဖျက်စီးပစ်လိုက်လေသည်။

ပြန်လည်တည်ဆောက်ခြင်းနှင့် ထပ်မံ ဆုတ်ဖြဲခံရခြင်း...။

အကြိမ်ပေါင်း တစ်ဒါဇင်မျှ ပြန်လည်တည်ဆောက်မှုနှင့် ဆုတ်ဖြဲခံရမှုတို့ ဆက်တိုက်ဖြစိပေါ်ခဲ့ပြီးနောက် မျှော်စင်သည် သူ့၏ ရှေ့ တိုးလာမှုကိုရပ်တန့်လိုက်လေပြီး ကြမ်းတမ်းရက်စက်လှသည့် လေ မုန်တိုင်းများသည်လည်း ပျောက်ကွယ်သွားလေသည်။

နောက်ဆုံး၌ ရှောင်လုံ သည် အသက်တစ်ရှိုက်အတွင်း ခန္ဓာကိုယ် တစ်ခုကို အပြည့်အဝ တည်ဆောက်နိုင်သွားလေသည်။ ထိုအချိန်တွင် ကြမ်းတမ်းပြင်းထန်သည့်လေမုန်တိုင်း၏ အကြိမ်ပေါင်းများစွာ ဆုတ်ဖြဲခံရပြီး ပြန်လည်ဖြစ်တည်လာသောသူ့၏ အစစ်အမှန်နဂါးနတ်ဘုရားခန္တာကိုယ်သည် အမှောင်စွမ်းအင် ဖြင့် ပေါင်းစပ်သွားကြောင်း ရှောင်လုံ တွေ့လိုက်ရလေသည်။

"ဒါက...အမှောင်စွမ်းအင်လား"

သို့သော် ရှောင်လုံ သည် အမှောင်စွမ်းအင် ၏ အသုံးဝင်ပုံကို လေ့လာစစ်ဆေးရန် အချိန်မရှိတော့ပေ။ မဟာမျှော်စင် သည် သူ့၏ ခေါင်းထက်၌ လှည့်လည်လာပြီး အမှောင်စွမ်းအင် လှိုင်းများကို ရှောင်လုံ၏ ခန္ဓာကိုယ် ထဲသို့ အရူးအမူး စေလွှတ်လိုက်လေသည်။

ပေါများလှသော အမှောင်စွမ်းအင် များသည် ရှောင်လုံ၏ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်ကို ရိုးရိုးရှင်းရှင်းပင် ဆွဲဆန့်ပေးလာပေသည်။ သူ့၏ အစစ်အမှန်နတ်နဂါးနတ်ဘုရားခန္တာကိုယ်သည် ပြည့်လျံနေသော အိတ်ကြီးတစ်လုံးနှယ်ဖောင်းကားလာလေပြီး အကန့်အသတ်ထိရောက်ရှိလာလေသည်။

ရှောင်လုံ၏ ခန္ဓာကိုယ် သည် ထပ်မံပေါက်ကွဲသွားပြီးနောက် ပြန်လည်တည်ဆောက်လာလေသည်။

ကြမ်းတမ်းရက်စက်သည့် လေမုန်တိုင်းများကဲ့သို့ပင် ရှောင်လုံသည် ဖျက်စီးခြင်းနှင့်ပြန်လည်မွေးဖွားခြင်း ဖြစ်စဥ်ကို မရမေတွက်နိုင်အောင် တွေ့ကြုံလိုက်ရပေသည်။ တစ်ရက်ကြာပြီးနောက် သူ့၏အစစ်အမှန်နဂါးကိုယ်သည် အသစ်ပေါင်းစပ်လာသမျှ အမှောင်စွမ်းအင် နှင့် ကျင့်သားရသွားလေသည်။

မဟာမျှော်စင် ၏ အောက်ဘက်တွင် ခြေချိတ်ထိုင်နေရင်း ရှောင်လုံ ၏ ခန္ဓာကိုယ်သည် လေထိုးခံရသည့် ဘောလုံးတစ်လုံးနှယ် ဖောင်းကားလာလေသည်။သုံးလမျှ ကြာပြီးနောက်မှသာ သူ့၏ မူလရုပ်သွင် ကို ပြန်လည်ရရှိလာလေသည်။

မျှော်စင်၏ ဆယ့်နှစ်ထပ်မြောက်က အလွန်တရာ များပြားလှသော အမှောင်စွမ်းအင် ကို ထုတ်လွှတ်နေချိန်တွင် ၄င်း၏ ကိုယ်ထည်ပေါ်ရှိ ရှေးဟောင်းနတ်ဆိုးမျိုးနွယ် သင်္ကေတများသည် အလွန်တရာ တောက်ပလာလေပြီး ခြိမ်းခြောက်နိုင်စွမ်းရှိသော ဖိအားကို ထုတ်လွှတ်နေလေသည်။

ရှောင်လုံ၏ စိတ်ဝိညာဉ် စွမ်းအင်သည် အတော်လေး သန်မာအားကောင်းလှသော်လည်း ထိုဖိအားနှင့် ကြုံတွေ့ရချိန်တွင် သူသည် လမ်းလျှောက်တစ်ခါစ ကလေးတစ်ယောက်နှင့် ခြားနားခြင်းမရှိတော့ပေ။

အမှန်တိုင်းဆိုရလျှင် သူသည် အရှုံးပေးကာ ငရဲမျှော်စင် ထဲမှ ထွက်ခွာသွားချင်သည့် အတွေးကို အကြိမ်ပေါင်း များစွာ တွေးတောခဲ့မိသည်။ သို့သော် အချိန်တိုင်းတွင် သူသည် အံကြတ်ကာတောင့်ခံရင်း'နည်းနည်းပဲ... နည်းနည်းလေးပဲလိုတော့တာ 'ဟု အားပေးဖြေသိမ့်ခဲ့ရပေသည်။

ဤသို့ဖြင့် နှစ်ဝက်မျှ ကြာသွားသည် ။

မျှော်စင်၏ အားကောင်းလှသော ဖိအားအောက်တွင် ရှောင်လုံ၏ နတ်ဘုရား အင်အားသည် ပိုမိုသန်မာထက်ရှလာပေသည်။ အစပိုင်းတွင် ထိုဖိအားကို တောင့်ခံရန် ခက်ခဲလှသော်လည်း ယခုအခါ၌မူ သူသည် အလွယ်တကူ တောင့်ခံနိုင်စွမ်း ရှိလာပြီဖြစ်သည်။

ရှောင်လုံ၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၆ နောက်ပိုင်းရောက်ရှိသွားကာ မဟာနတ်ဘုရားအဆင့် ၇ သို့ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

သို့သော်လည်း မဟာနတ်ဘုရားအဆင့်၇ သည် များပြားလှစွာသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် များအတွက် ကြီးမားလှသည့် အဟန့်အတား တစ်ခုဖြစ်လေသည်။ နှစ်ပေါင်းဆယ်သန်းကျော် ခါးခါးသီးသီး ကျင့်ကြံအားထုတ်စေကာမူ မဟာနတ်ဘုရားအဆင့် ၆ နောက်ပိုင်းအထွတ်အထိပ်အဆင့် ၌ တန့်ရပ်ကာ တစ်ဘဝလုံး မဟာနတ်ဘုရားအဆင့် ၇သို့
မတက်ရောက်နိုင်တော့သည့်သူများ စွာရှိပေသည်။

လူတသ်ယောက်၌ ပါရမီ မရှိလျှင် မည်မျှကြိုးစားစေကာမူ မဟာနတ်ဘုရားအဆင့် ၇ သို့ရောက်ရှိရန် မျှော်လင့်ချက် အနည်းငယ် သာ ရှိပေသည်။ အဆင့် ၅ အောက်နိမ့်ကျသည့် နတ်ဘုရား ဦးခေါင်းများရှိသော သူများသည် မဟာနတ်ဘုရားအဆင့် ၇သို့ရောက်ရှိရန်မှာ အိမ်မက်မက်နေခြင်းသာဖြစ်သည်။ အဆင့် ၅ နှင့်အထက် နတ်ဘုရားဦးခေါင်းများရှိသော မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် များသည်သာ အနည်းငယ် မျှော်လင့်ချက် ရှိပေသည်။ သို့သော်လည်း အဆင့်၅ နတ်ဘုရား ဦးခေါင်းရှိသည့်သူလျှင်ပင် ဆယ်ပုံတစ်ပုံသော အခွင့်အရေး သာရှိပေသည်။

အဆင့် ၆ နတ်ဘုရားဦးခေါင်း ရှိသူကမူ သုံးပုံတစ်ပုံ အခွင့်အရေး ရှိပေသည်။

ရှောင်လုံ က ဆယ့်နှစ်ထပ်မြောက်၏ အမှောင်စွမ်းအင်ကို စုပ်ယူနေချိန်တွင် နတ်ဆိုးသားတော် မော့စုသည် ကိုးထပ်မြောက်ကိုရှင်းလင်းနိုင်သွားပြီး ဆယ်ထပ်မြောက်ကို ရောက်ရှိသွားလေသည်။

မော့စုက ဆယ်ထပ်မြောက်ကို ရောက်ရှိသွားချိန်တွင် မျှော်စင်အပြင်ဘက်နံရံများသည် အလွန်တရာ တောက်ပသွားလေပြီး မြေကွက်လပ်ကို ဆူညံပွက်လောရိုက်သွားစေသည်။

လူအုပ်ထဲရှိ လူပေါင်းများစွာသည် ထိုတပည့်ကမည်သည့်ဂိုဏ်းမှဖြစ်ကြောင်း ခန့်မှန်းရန် ကြိုးစားနေကြသည်။ တချိန်ထဲမှာပင် ထိုတပည့်က ဆယ်ထပ်မြောက်ကိုကျော်ဖြတ်နိုင်ပြီး ဆယ့်တစ်ထပ်မြောက်သို့ ဝင်ရောက်နိုင်စွမ်းရှိမရှိကို ခန့်မှန်းနေကြလေသည်။

မြေကွက်လပ်၏ အပြင်ဘက်တွင် ကံကြမ္မာဂိုဏ်းချုပ် ဝမ်ယုသည် ထိုမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုံ့နေလေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း မဟာအကြီးအကဲ ကျန်းလင်သည် နတ်ဆိုးမြို့တော် အနှံ့ သွားရောက်၍ ဟောင်ရှောင်လုံ အား အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့သည်။ သို့သော်လည်း ထိုကောင်လေး၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ပေ။

" ဂိုဏ်းချုပ် အဲ့ဒီ ဟောင်ရှောင်လုံ က နတ်ဆိုးမြို့တော် ကို ရောက်မလာတာပဲ ဖြစ်ရမယ်...ကြည့်ရတာ ကျွန်တော်တို့ ရထားတဲ့ သတင်းက အတုကြီးပဲဖြစ်လိမ့်မယ်"

ကျန်းလင်ကပြောလိုက်လေသည်။

ထိုသို့မှသာ နတ်ဆိုးမြို့တော် ၌ ဟောင်ရှောင်လုံအား ရှာမတွေ့ရသည့် အကြောင်း ကိုရှင်းပြနိုင်စွမ်း ရှိမည်ဖြစ်သည်။

ဝမ်ယုက ခပ်လေးလေး သက်ပြင်းချလိုက်သည်။

" ဒီလိုပဲဖြစ်လိမ့်မယ်"

ထို့နောက် သူက စန်းရီ ဘက်သို့လှည့်ကာမေးလိုက်လေသည်။

" ဟောင်မိသားစု အကြောင်း ဘာသတင်းကြားရသေးလဲ"

စန်းရီ က ခေါင်းရမ်းလိုက်လေသည်။

ဟောင်မိသားစု က ဟိုတစ်ခေါက်လွတ်သွားပြီးကတည်းက...ဘာသတင်းမှ ထပ်မကြားရတော့ဘူး...ကောင်းကင်ဘုံတောင်တန်းရဲ့ ခုခံကာကွယ်မှု အစီအရင်တွေက အဲ့လောက်ထိအားကောင်းမယ်လို့ ဘယ်သူက တွေးမိမှာလဲ...မဟာနတ်ဘုရားအဆင့် ၉ သိုင်းပညာရှင် တွေတောင် အကာအကွယ်တွေကို ဖျက်စီးနိုင်စွမ်း မရှိဘူး...ဒါပေမဲ့... ဒီငယ်သားအထင်တော့... ဟောင်မိသားစု က အနက်ရောင်လိပ်ကြယ်စင်စုထဲမှာပဲ ရှိနေဦးမယ် "

ဝမ်ယု၏ အသံသည် ရေခဲတမျှ အေးစက်နေပေသည်။

" ငါတို့ရဲ့ တပည့်တွေကို အမိန့်ပေးထားလိုက်... ဘယ်လောက်ထိ ကုန်ကျပါစေ... ဟောင်ရှောင်လုံ နဲ့ ဟောင်မိသားစု ရဲ့ တည်နေရာကို လူတိုင်းကို ရှာခိုင်းထားလိုက်...သူတို့ကို ရှာတွေ့တဲ့ ဘယ်သူမဆို ထိုက်ထိုက်တန်တန် ဆုချီးမြှင့် ခံရမယ်"

" ဟုက်ကဲ့...ဂိုဏ်းချုပ်"

နှစ်နှစ်တာကာလက အလျှင်အမြန် ကုန်ဆုံးသွားသည်။

စိတ်ဝင်တစား ကြည့်ရှုနေကြသော လူအုပ်ကြီး၏ ရှေ့တွင် ဆယ်ထပ်မြောက်ကိုရှင်းလင်းပြီးသွားသောမော့စုသည် ဆယ့်တစ်ထပ်မြောက်သို့ ဝင်ရောက်လိုက်လေသည်။

ငရဲမျှော်စင်၏ တောက်ပသောအလင်းများသည် နတ်ဆိုးမြို့တော် တစ်ခုလုံးကို ထပ်မံ ဖုံးလွှမ်းသွားလေသည်။ ဤသည်ကိုကြည့်ရင်း ကွင်းပြင်ပေါ်ရှိ လူအုပ်ကြီး သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေသည်။

လူတိုင်းက လက်သီးလက်မောင်းတန်းကာအော်ဟစ်ကြွေးကြော်နေကြချိန်တွင် အလွန်တရာ တောက်ပနေသည့် ဆယ့်တစ်ထပ်မြောက်ဆီမှ အနက်ရောင် အရိပ်တစ်ခုသည် လွင့်ထွက်လာပေသည်။

မော့စု သည် ရှားပါးလှသော ပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း ဆယ့်တစ်ထပ် မြောက်သို့ရောက်ရှိသွားသည်နှင့် သူသည် ဘီလူးကြီး၏ပုဆိန်ခုတ်ချက် ပထမဆုံးလှိုင်းကိုပင် တောင့်ခံနိုင်စွမ်းမရှိပေ။ ထိုကြောင့် ဆယ်တစ်ထပ်မြောက်သို့ဝင်ရောက်ပြီး စက္ကန့်ပိုင်းအတွင်း သူသည် အရှုံးပေးလိုက်ရလေသည်။

မမြင်နိုင်သော သူတို့၏ လည်မြိုကို ဆုပ်ညှစ်ပစ်လိုက်သည့်နှယ် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသော လူအုပ်ကြီးသည် တိတ်ဆိတ်ငြိမ်ကြသွားလေသည်။

ချက်ချင်းဆိုသလို တိတ်ဆိတ်သွားရခြင်းမှာ ဆယ့်တစ်ထပ် မြောက်မှပျံသန်းထွက်ပေါ်လာသော ပုံရိပ်သည် လူအုပ်ကြီး၏ မြင်ကွင်းထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာလေသည်။

" အဲ့ဒါက နတ်ဆိုးသားတော် မော့စုပဲ"

" နတ်ဆိုးသားတော် မော့စု ...ဒါက... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

အံ့အားသင့်စွာ ပြောဆိုသံများသည် ကွင်းပြင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားလေသည်။

နတ်ဆိုးကလန် တပည့်များ၊ အကြီးအကဲ များနှင့် မဟာအကြီးအကဲ များသည် ရပ်နေသည့်နေရာ၌ပင် တောင့်တင်းသွားကြရလေသည်။ မော့တင်းထန်းက မှု သူ့၏ နှလုံးသားအား ကြီးမားလှသည့် လက်ကြီးတစ်ဖက်က ဆုပ်ညစ်လိုက်သည့်နှယ် စူးရှလှသည့် နာကျင်မှုတစ်ခုက သူ့အား ထိုးဖောက်လာလေသည်။ သူ့၏ အမူအယာ က အလွန်တရာ ဆိုးဝါးနေလေသည်။

ဆယ်ထပ်မြောက်ကို ရှင်းလင်းပြီး ဆယ့်တစ်ထပ် မြောက်ကို ကျရှုံးခဲ့သည့်သူသည် သူတို့၏ နတ်ဆိုးသားတော် မော့စု ဖြစ်နေပေသည်။ ထိုသို့ဆိုပါက ဆယ့်နှစ်ထပ်မြောက်မှသူသည် မည်သူဖြစ်သည်နည်း။

မော်တင်ထန်းသည် ငရဲမျှော်စင်၏ ဆယ့်နှစ်ထပ်မြောက်ကို ကြောင်အစွာ စိုက်ကြည့်နေပေသည်။

ထိုနေရာရှိ တောက်ပနေသော အလင်းသည် ယခုအခါတွင် သူ့၏ မျက်လုံးထဲသို့ ထိုးဖောက်နေသည့်နှယ် ခံစားနေရပေသည်။

အဆုံးတွင် အံ့အားသင့်နေသာ လူအုပ်ကြီး၏ ရှေ့၌ မော့စု၏ ပုံရိပ်သည် ကွင်းပြင်ပေါ်သို့ ကျဆင်းလာလေသည်။ မြေပြင်သည် မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တုန်ခါသွားလေသည်။

ထိုအခါမှသာ နတ်ဆိုးကလန် တပည့်များသည် အသိဝင်လာကြလေပြီး မော့စုအား အပြေးအလွှား ကူညီလိုက်ကြလေသည်။ ခဏမျှ စိတ်ရှုပ်ထွေးမူးဝေသွားပြီးနောက်တွင် မော့စုသည် အသိစိတ်ကို ပြန်လည်ရရှိလာလေသည်။

သူ့၏ အသိစိတ်ကိုပြန်လည်ရရှိပြီးနောက်တွင် ပတ်ပတ်လည်ရှိ နတ်ဆိုးကလန် တပည့်များအား ကြည့်ရင်း အားရရွှင်လန်းစွာ ရယ်မောလိုက်လေသည်။ သူသည် ဆယ်ထပ်မြောက်ကို ရှင်းလင်းနိုင်ခဲ့ပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၂၀.....ဆယ့်နှစ်ထပ်ပေါ်မှာ သေသွားတာလား

မော့စုသည် မတ်တပ်ထရပ်လိုက်ကာ နတ်ဆိုးကလန်ခေါင်းဆောင် မော့တင်းထန်းဆီသို့ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်သွားလိုက်လေသည်။

ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးနောက် ပတ်ပတ်လည်ရှိ လူများနှင့် နတ်ဆိုးကလန်တပည့်များ၏ အကြည့်များသည် အနည်းငယ် ထူးဆန်းနေ
ကြောင်းသူသတိထားမိသွားလေသည်။

သို့သော် ချက်ချင်းဆိုသလို မော့စုသည် နားလည်သွားပေသည်။ သူက ယခုဆိုလျှင် ငရဲမျှော်စင်၏ ဆယ်ထပ်မြောက်ကို ရှင်းလင်းကာ သူ့၏ ဘိုးဘေးနတ်ဆိုးဘုရင်ပြီးလျှင် ထိုသို့လုပ်နိုင်စွမ်းရှိသည့် ဒုတိယမြောက်လူ ဖြစ်လာပြီဖြစ်သည်။

ထို့ကြောင့် လူတိုင်းက သူ့ကို ကွဲပြားခြားနားစွာ ကြည့်နေကြခြင်းသည် သဘာဝကျပေသည်။

" ခေါင်းဆောင် "

မော့တင်းထန်း၏ ရှေ့၌ ရပ်တန့်လိုက်ရင်း မော့စုသည် ဂါရဝပြုလိုက်လေသည်။

မော့စု၏ ဂုဏ်ယူဝင့်ကြွားနေသော အမူအယာ ကိုကြည့်ရင်း မော့တင်းထန်းသည် ခပ်တောင့်တောင့် ပြုံးလိုက်မိလေပြီး တောင့်တင်းစွာ ခေါင်းငြိမ့်ပြလိုက်လေသည်။

" မင်းကောင်းကောင်းလုပ်ခဲ့တယ်"

အခြားအချိန်၌သာဆိုလျှင် ဆယ်ထပ်မြောက်ကို ဖြတ်သန်းနိုင်ခဲ့သော မော့စု၏ အောင်မြင်မှုသည် သူ့၏ အံ့အားသင့်ဖွယ်ရာ ပါရမီကို သက်သေပြနေခြင်းဖြစ်သောကြောင့် မော့တင်းထန်းသည် အားရဝမ်းသာစွာ ရယ်မောမိပေလိမ့်မည်။ သူက ယခုအချိန်၌မူ ရယ်မောချင်စိတ် ရှိမနေခြင်းကြောင့်သာဖြစ်ပေသည်။

ခေါင်းဆောင်က သူ့ကို အားရဝမ်းသာစွာ ဖြင့် ချီးကျူးဂုဏ်ပြုလိမ့်မည်ဟု မော့စု ထင်ထားခဲ့ပေသည်။ သို့သော် ' မင်းကောင်းကောင်းလုပ်ခဲ့တယ်'ဟူသည့် သာမန်ကာလျှံကာ ချီးကျူးစကားကိုမျှသာ ရရှိလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

'သောက်ကျိုးနဲ... ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ'

မော့စုသည် အလွန်တရာ စိတ်ရှုပ်ထွေးသွားလေသည်။ ထို့နောက် မော့တင်းထန်းက သူ့နောက်ရှိ ငရဲမျှော်စင် ကို ထပ်တလဲလဲ တိတ်တဆိတ် ကြည့်နေကြောင်း သူသတိထားမိလိုက်လေသည်။

မော့တင်းထန်း၏ အကြည်နောက်သို့ လိုက်ကြည့်လိုက်ချိန်တွင် မော့စု၏ အကြည့်သည် မျှော်စင်၏ ထိပ်ဆုံးနေရာသို့ရောက်ရှိသွားလေသည်။ တစ်ခဏအတွင်း သူသည် အလွန်တရာတောက်ပနေသော ဆယ့်နှစ်ထပ်မြောက်ကို ကြည့်ရှုရင်း မယုံကြည်နိုင်ဖြစ်ကာ တောင့်တင်းသွားလေသည်။

ဆယ့်နှစ်ထပ်မြောက်သည် တောက်ပနေပေသည်။

တစ်စုံတစ်ယောက်က ဆယ့်နှစ်ထပ်မြောက်သို့ အမှန်တကယ် ရောက်ရှိနေပေသည် ။

'မဟုတ်ဘူး...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ...မဖြစ်နိုင်ဘူး '

မော့စုသည် သူ့၏ ဦးနှောက်ကို မွှေနှောက်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရပြီး နားထဲတွင် အကြားအာရုံသည် ပင် ထုံထိုင်းသွားရလေသည်။

သူ့ထက်ပိုမိုမြင့်မားသော ပါရမီရှိသည့် တစ်စုံတစ်ယောက် ရှိနေပေသည်။

မော့စု ငရဲမျှော်စင် သို့ ဝင်ရောက်ချိန်က အထဲ၌ မည်သူမျှ မရှိဘဲ သူကသာ ပထမဆုံးဝင်ရောက်သူ ဖြစ်ပေသည်။ အခြားစကားဖြင့် ဆိုရသော် ထိုလူသည် သူ့နောက်မှ ဝင်ရောက်သွားခြင်းဖြစ်ပေသည်။ သို့သော်လည်း ထိုသူသည် ဆယ့်နှစ်ထပ်မြောက်သို့ ရောက်ရှိသွားပေသည်။

" သူက ဘယ်သူလဲ "

မော့စုသည် တောက်ပနေသောဆယ့်နှစ်ထပ်မြောက်ကို စိုက်ကြည့်ရင်း မျက်လုံးများ နီရဲလာလေသည်။ သူ့က နံဘေးရှိ နတ်ဆိုးကလန် အကြီးအကဲ မော့ချီရုန်ကိုအေးစက်စက်လေသံဖြင့် မေးမြန်းလိုက်လေပြီး စကားတစ်လုံးချင်းစီတိုင်းသည် ထက်ရှမှုများဖြင့် ပြည့်နှက်နေပေသည်။

မော့ချီရုန်သည် စာရင်းသွင်းသည့်နေရာတွင် တာဝန်ကျသော အကြီးအကဲ ဖြစ်သည်။

ထိုအကြီးအကဲက မော့စု၏ ခန္ဓာကိုယ် ဆီမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့် အော်ရာကို အာရုံခံမိသောကြောင့် တုန်ယင်သွားရပြီး မော့စုကို သတိထားနေသည့် အသံဖြင့် ဖြေကြားလိုက်လေသည်။

" နတ်ဆိုးသားတော် ကို လျှောက်တင်ပါတယ်...ဒီငယ်သားက အတိအကျမသိပါဘူး"

ထိုလူသည် စာရင်းသွင်း တပည့်များ၌ ပါရှိသော်လည်း ငရဲမျှော်စင် ထဲသို့ဝင်ရောက်သည့်လူများမှာ ငါးရာကျော်မှ ခြောက်ရာကျော်အထိ ရှိပေသည်။ ကျရှုံးကာ အပြင်သို့ ပစ်ထုတ်ခံလိုက်ရသည့် လူများမှ လွဲ၍ မျှော်စင်ထဲ၌ လူများစွာ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ဆယ့်နှစ်ထပ်မြောက်ရှိ လူ၏ နာမည်ကို အတည်ပြုရန်မော့ချီရုန်အတွက်ပင် ခက်ခဲလှပေသည်။

မော့စု၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ဖြင့်တောက်ပသွားလေသည်။

" ရှာစမ်း...မင်း ဘယ်လိုနည်းလမ်း သုံးမယ်ဆိုတာကို ငါဂရုမစိုက်ဘူး... အဲ့ဒီ လူက ဘယ်သူလဲ ဆိုတာကို ငါသိချင်တယ်"

ထိုအချိန်တွင် မဟာအကြီးအကဲ မော့ကျန်းရုသည် မော့တင်းထန်းနားသို့ ဂရုတစိုက် တိုးကပ်သွားကာ ပြောလိုက်လေသည်။

" ခေါင်းဆောင်... ဂုဏ်ပြုစားသောက်ပွဲက...ကျုပ်တို့ အဲ့တာကို ကျင်းပဦးမှာလား"

အရင်က မော့တင်းထန်းသည် နတ်ဆိုးကလန် တပည့်များကို ကြီးကျယ်ခမ်းနားလှသော ဂုဏ်ပြုစားသောက်ပွဲတစ်ခု ပြင်ဆင်ထားရန် အမိန့်ပေးထားခဲ့ပေသည်။ ထိုကြောင့် သူတို့၏ နတ်ဆိုးကလန် ဋ္ဌာနချုပ်ကို ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားခဲ့ကြပေသည်။ သူတို့၏ ကနဦး အစီအစဉ် မှာ ခေါင်းဆောင်များ နှင့် ဂိုဏ်းချုပ်များကို စားသောက်ပွဲသို့ဖိတ်ခေါ်ထားပြီး
ငရဲမျှော်စင် မှ မော့စု ထွက်ခွာလာသည့်အချိန်တွင် စားသောက်ပွဲကျင်းပရန် ဖြစ်သည်။

သို့သော် ယခုမူ...။

" စားသောက်ပွဲကို နောက်ရွှေ့ ထားလိုက်တော့"

မော့တင်းထန်းက မှုန်ကုပ်နေသည့်  အသံဖြင့် ညွှန်ကြားလိုက်လေသည်။

မော့ကျန်းရုက ရိုသေလေးစားစွာဖြင့် နာခံလိုက်လေသည်။

ပတ်ပတ်လည် ရှိ နတ်ဆိုးကလန်တပည့်များ၊ အကြီးအကဲ များနှင့်မဟာအကြီးအကဲ များသည် စကားတစ်ခွန်း မှ မပြောရဲကြတော့ပေ။

ထိုအချိန်တွင် အခြားသော ကျင့်ကြံသူများ၏ အကြည့်များသည် မော့စုဆီမှ ငရဲမျှော်စင်၏ဆယ့်နှစ်ထပ်မြောက်ဆီသို့ ပြန်ရောက်သွားကြပြီး သူတို့၏ အဖော်များနှင့်အတူ ထင်မြင်ချက်များအားဆွေးနွေးနေကြလေသည်။

လူတိုင်းက သူ့၏ နောက်ခံအား ခန့်မှန်းနေကြချိန်တွင် ဆယ့်နှစ်ထပ်မြောက်၌ ခြေချိတ်ထိုင်နေသောရှောင်လုံ သည် ရုတ်တရက် တုန်ခါသွားလေသည်။ သူ့၏ ခန္ဓာကိုယ်ဆီမှ လင်းလက်တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး သူ့၏ ပတ်ပတ်လည်သို့ ပျံ့နှံ့သွားလေသည်။

ရှောင်လုံ၏ အသိစိတ်က ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် မဟာနတ်ဘုရားအဆင့် ၇ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

နောက်ဆုံးတွင် သူသည် မဟာနတ်ဘုရားအဆင့် ၆နောက်ပိုင်း အထွတ်အထိပ်အဆင့် အဟန့်အတားကို ချိုးဖျက်ကာမဟာနတ်ဘုရား အဆင့်၇သို့ရောက်ရှိသွားလေသည်။ သို့သော်လည်း သူက နေမြဲအတိုင်းနေကာသူ့အထက်ရှိ မျှော်စင်ဆီမှ အမှောင်စွမ်းအင် ကို ဆက်လက် စုပ်ယူလိုက်လေသည်။

မဟာနတ်ဘုရားအဆင့် ၇သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ရှောင်လုံ၏ စုပ်ယူမှုအင်အားသည် အလွန်တရာ တိုးတက်လာပေသည်။

မဟာမျှော်စင် ဆီမှ အမှောင်စွမ်းအင် သည်မကုန်ဆုံးနိုင်တော့သည့်နှယ် ရှောင်လုံ ခန္ဓာကိုယ် ဆီသို့ ဆက်လက်ဝင်ရောက်လာလေသည်။

တစ်ခဏအတွင်း အချိန်နှစ်လ ကုန်ဆုံးသွားသည်။

ထိုအချိန်တွင် မျှော်စင်ဆီမှ ထွက်ပေါ်လာသော အမှောင်စွမ်းအင် သည် ရပ်တန့်သွားပေသည်။ ထို့နောက် မျှော်စင်သည် လေဟာနယ်ထဲ၌ လွင့်မြောနေလေပြီး ၄င်း၏ နံရံများဆီမှ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်သင်္ကေတများအားလုံးသည် ပျံသန်းလာလေပြီး အနက်ရောင် ပုလဲလုံးများအသွင် ပြောင်းလဲသွားကာ ရှောင်လုံ၏ နဖူးကို ထိုးဖောက်၍ သူ့၏ စိတ်ဝိညာဉ် ပေါ်၌တံဆိပ်နှယ် ထင်ထင်ရှားရှား ရောက်ရှိသွားလေသည်။

နံရံများဆီမှ စာလုံးများနှင့် သင်္ကေတများအားလုံး ကုန်ဆုံးသွားချိန်တွင် မျှော်စင်သည် အလင်းတန်းတစ်ခုအသွင်ဖြင့်ပျောက်ကွယ်သွားလေသည်။

ရှေးဟောင်းနတ်ဆိုးမျိုးနွယ်သင်္ကေတများသည် သူ့၏ ကိုယ်ထဲသို့ အင်အားအပြည့်ဖြင့် ဝင်ရောက်လာချိန်တွင် သူ့၏ စိတ်ဝိညာဉ် ပင်လယ်အား ကျယ်ပြန့်လာစေရန် ဖိအားပေးလာလေသည်။ ရှောင်လုံ သည် သူ့၏ ဦးခေါင်းကို တစ်ယောက်ယောက်က အထဲမှ စုတ်ဖြဲပစ်ရန် ကြိုးစားနေသည့်နှယ် နာကျင်မှုကို ခံစားလိုက်ရပေသည်။ ထိုနာကျင်မှုသည် သုံးရက်ကြာမှသာပျောက်ကွယ်သွားပေသည်။

" ဒါက ကောင်းကင်ခွဲထုတ်ခြင်း နည်းစနစ် များလား "

ရှောင်လုံ သည် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

မျှော်စင်ပျောက်ကွယ်မသွားမှီက ၄င်း၏ ကိုယ်ထည်ပေါ်ရှိ သင်္ကေတများအားလုံးသည် ကောင်းကင်ခွဲထုတ်ခြင်းနည်းစနစ် ကျင့်စဥ်အသွင်ပြောင်းလဲသွားပေသည်။

ရှောင်လုံ သည် ကောင်းကင်ခွဲထုတ်ခြင်းနည်းစနစ် အဆင့်ကို ခန့်မှန်းနိုင်စွမ်း မရှိသော်လည်း ဤသည်မှာ သေချာပေါက် အန္တိမ အဆင့် နည်းစနစ် တစ်ခု ဖြစ်ပေလိမ့်မည်။

" ငါက ကောင်းကင်ခွဲထုတ်ခြင်းနည်းစနစ် ရဲ့ ဆယ့်နှစ်ဆက့်မြောက်ကို ရောက်တဲ့အခါကျရင်...ဒီငရဲမျှော်စင်ကိုယူသွားလို့ ရနိုင်တာလား"

ရှောင်လုံ က တီးတိုးရေရွတ်လိုက်လေသည်။

ကျင့်စဥ်ထဲရှိ သတင်းအချက်အလက်များအရ သူသည် နည်းစနစ် ၏ ဆယ့်နှစ်ဆင့်မြောက်သို့ ရောက်ရှိသွားသည်နှင့် ငရဲမျှော်စင် ကို ယူဆောင်သွားနိုင်ပေလိမ့်မည်။

သို့သော်လည်း မကြာမှီ တွင်ရှောင်လုံသည် ခါးသက်သက် ပြုံးလိုက်မိလေသည်။

ထိုကောင်းကင် ခွဲထုတ်ခြင်း နည်းစနစ် အား အဆင့် ဆယ့်နှစ်ဆင့်သို့ ရောက်ရှိရန်အထိ ကျင့်ကြံရန်မှာ နှစ်ပေါင်း မည်မျှအထိ ကြာမြင့်လိမ့်မည်နည်း။

ရှောင်လုံ သည် ထိုနည်းစနစ်ကို နှစ်ပေါင်းတစ်ရာအတွင်း အောင်မြင်နိုင်စွမ်း မရှိမည်မှာသေချာပေသည်။ ထို့ပြင် ထိုအချိန်ရောက်ပါက သူသည် နတ်ဘုရား ကမ္ဘာ သို့ပင် တက်လှမ်းသွားပြီး ဖြစ်ပေလိမ့်မည်။

ကောင်းကင်ခွဲထုတ်ခြင်းနည်းစနစ် ကလည်း အလွန်တရာ နက်နဲသိမ်မွေ့ပြီး နားလည်ရန် ခက်ခဲလှပေသည်။ ရှောင်လုံ က ခဏမျှ လေ့လာကြာပြီးနောက် မည်သည့် အကျိုးအမြတ်ကို မှ မရရှိသည်မို့ အရှုံးပေးရန် ဆုံးဖြတ်လိုက်လေသည်။

သူကမတ်တပ်ထရပ်လိုက်ရင်း မျှော်စင်၏ အစွန်းကို လိုက်လံရှာဖွေလိုက်လေသည်။

အကြမ်းပျင်း တွက်ချက်ကြည့်ရာ၌ သူသည် ငရဲမျှော်စင်ထဲသို့ရောက်ရှိနေသည်မှာ ကိုးနှစ်နီးပါးရှိသွားပြီဖြစ်သည်။ မဟာဆေးပညာရှင် မဟာပြိုင်ပွဲ ကျင်းပရန်မှာ သုံးလလေးလကျော်သာလိုတော့သည်။

သူက ငရဲမျှော်စင် မှ ထွက်ခွာရန် လိုအပ်ပေသည်။ ခဏကြာပြီးနောက် သူသည် ဆယ့်နှစ်ထပ်မြောက်၏ အစွန်းဖြစ်ဟန်ရသော နေရာသို့ရောက်ရှိသွားပြီး ထွက်ခွာရန် ပြင်လိုက်လေသည်။

ရှောင်လုံက ထွက်ပေါက်သို့ ပျံသန်းလိုက်သည်နှင့် မျက်စိကျိန်းစေသော အလင်းရောင်သည် သူ့၏ မျက်လုံးထဲသို့တိုးဝင်လာလေသည်။ သူက မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး ပတ်ပတ်လည်ရှိ ကြည့်ရှုလိုက်ချိန်တွင် အံ့သြမှင်သက်သွားရလေသည်။

'ဘာဖြစ်သွားတာလဲ '

သူက ကျယ်ပြောလှသည့် ပင်လယ်သမုဒ္ဒရာ တစ်ခု၏ အထက်တွင် ရပ်တန့်နေပေသည်။

ငရဲမျှော်စင် သည် နတ်ဆိုးမြို့တော် ထဲ၌ ရှိနေခြင်းမဟုတ်လား။ ထိုသို့ဆိုပါက သူသည် ဆယ့်နှစ်ထပ်မြောက်မှ ထွက်ခွာလာချိန်တွင် နတ်ဆိုးမြို့တော်သို့ ရောက်ရှိရမည့်အစား အဘယ်ကြောင့် ဤနေရာသို့ရောက်ရှိနေရသည်နည်း။ ရှောင်လုံ သည် အလွန်တရာ အံ့အားသင့်သွားလေသည်။

သူသည် ခါးသက်သက် ပြုံးလိုက်မိသည် ။ သူသည် မည်သည့်ကမ္ဘာထဲရှိ သမုဒ္ဒရာ အလယ်၌ ထွက်ပေါ်လာရလဒ်ဆိုသည်ကို ဘုရားသာ သိရှိပေလိမ့်မည်။ ပထမဆုံး သူလုပ်ရန် လိုအပ်သည့်အရာမှာ သူရောက်ရှိနေသည့်နေရာအကြောင်းကို ရှာဖွေရန် ဖြစ်ပေသည်။

ထို့နောက် သူက အရပ်မျက်နှာ တစ်ခုကို ရွေးချယ်ပျံသန်းလိုက်ကာ ပင်လယ်သမုဒ္ဒရာ ထဲမှ ထွက်ခွာ ပျံသန်းလိုက်လေသည်။

ထိုအချိန်တွင် ငရဲမျှော်စင် ကွင်းပြင်ထဲ၌ လူအုပ်ကြီး သည် ပူပြင်းလှသော ဒယ်အိုးပေါ်ရှိ ပုရွက်ဆိတ်များနှယ်ရုတ်ရုတ်သဲသဲ ဖြစ်နေကြလေသည်။

ရှောင်လုံ က ဆယ့်နှစ်ထပ်မြောက်မှ ထွက်ခွာသွားသည့်အခိုက်တွင် တောက်ပနေသော နံရံများသည် ချက်ချင်းဆိုသလို မှေးမှိန်သွားလေသည်။ သူတို့သည် ဆယ့်နှစ်ထပ်မြောက်သို့ရောက်ရှိသွားသောလူကို တွေ့ရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပေသည်။
သို့သော် ယခုမူ...။

" ဘာဖြစ်သွားတာလဲ... ဘာဖြစ်လို့ ဘယ်သူမှ ထွက်မလာတာလဲ"

" သူက ဆယ့်နှစ်ထပ်မြောက်မှာ သေသွားတာများလား"

လူအုပ်ကြီး က ပိုမို ဆူညံလာလေသည်။

ထိုလူကို ပိတ်ဆို့ကာ မည်သူက ပိုမိုသာလွန်ကြောင်း ပြသရန် တိုက်ပွဲ ကျင်းပဖို့ရာ စီစဥ်ထားသည့် မော့စုသည်လည်း ကြောင်အသွားလေသည်။

ဆယ့်နှစ်ထပ်မြောက် နံရံများသည် မှေးမှိန်သွားသော်လည်းမည်သူမှ ထွက်ပေါ်မလာပေ။ ထိုသူက အထဲ၌ သေဆုံးသွားခြင်း ဖြစ်သည်လား။

ငရဲမျှော်စင်၏ အထပ်တိုင်းသည် အလွန်တရာ အန္တာရယ် များလှပြီး ဂရုမစိုက်ပြုမူမိသော အမှားတစ်ခုကပင် လူတစ်ယောက်၏ အသက်ကို အချိန်မရွေး စုပ်ယူပစ်နိုင်စွမ်းရှိပေသည်။

မော့တင်းထန်းသည်လည်းမှေးမိန်သွားသော ဆယ့်နှစ်ထပ်မြောက်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်လေသည်။

" ခေါင်းဆောင်... ဒါ...အဲ့ဒီလူက မျှော်စင်ထဲ မှာ တကယ်သေသွားတာများလား"

မဟာအကြီးအကဲမော့ကျန်းရုက သံသယ များ၊ သိချင်စိတ်များဖြင့် မေးမြန်းလိုက်လေသည် ။

မော့တင်းထန်း၏ မျက်လုံးထဲ၌ အလင်းတစ်ချက် လက်သွားလေသည်။

" နည်းနည်းလောက် စောင့်ကြည့်ကြတာပေါ့"

သို့သော် သုံးရက်ကြာပြီးနောက်၌ လည်းမည်သည့်လှုပ်ရှားမှုမှရှိမလာပေ။

လူပေါင်းများစွာသည် ခေါင်းရမ်းကာ ထွက်ခွာ သွားကြသည်။

" ဒီလိုမျိူး ရလဒ် ဖြစ်လာမယ်လို့ ငါတကယ် မမျှော်လင့်ထားခဲ့မိဘူး"

ကံကြမ္မာဂိုဏ်းချုပ် ဝမ်ယုက လှောင်ရယ်လိုက်လေသည်။

" ဒါက တကယ့်ကို ကမောက်ကမအဖြစ်ဆုံးဟာသပဲ...ငရဲမျှော်စင် ရဲ့ ဆယ့်နှစ်မြောက်ကို ပထမဆုံး ရောက်ရှိသွားတဲ့ မဟာပါရမီရှင်က... တကယ်ကြီး အထဲမှာ သေဆုံးသွားရတယ်"

ထို့နောက် ဝမ်ယုက ကံကြမ္မာဂိုဏ်း ၏ သိုင်းပညာရှင် အုပ်စုကို ကြည့်လိုက်လေသည်။

"အရင်ပြန်ကြစို့...မဟာဆေးပညာရှင်မဟာပြိုင်ပွဲ က ကျင်းပတော့မယ်...ငါတို့ နတ်ဘုရား ဆေးကမ္ဘာကို အမြန်သွားဖို့လိုနေပြီ "

Continuar a ler

Também vai Gostar

98.1K 2.1K 26
Jujutsu Kaisen Gojo reader is in the world of FairyTail. Starting at the conclusion of the Phantom Guild Arc what kind of mischief will we see with o...
20.7K 436 42
What If Chloe lukasiak has a twin sister who is the favorite?
501K 14.8K 38
MALE WEDNESDAY X READER "I love you...Wednesday Addams" The girl cried while hugging him as tight as she could. "I love you too....Amore mio. Please...
149K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...