ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Oleh Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Lebih Banyak

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

906 - 910

167 9 0
Oleh Azure5549

ပျက်ကွက်ခဲ့တဲ့ရက်တွေအတွက်လည်း အားရင်အားသလို တင်ပေးသွားပါ့မယ်ရှင့် 🙆

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၀၆..... မင်္ဂလာပွဲည

သို့သော် သူ့၏ လက်ထပ်ပွဲ ပြီးသည်အထိ စောင့်ဆိုင်းရန်လိုအပ်ပေသည်။

ရှောင်လုံ က လက်ထပ်ပွဲပြီးသည့် တစ်လနှင့် လဝက်အကြာတွင် နတ်ဆိုး မြို့တော် သို့သွားကာ ငရဲမျှော်စင်သို့စိန်ခေါ်ရန် ဆုံးဖြတ်လိုက်လေသည်။

ခဏကြာပြီးနောက် သူသည်  လမင်းဆင်းသက်ခြင်းအဘိုးအို၏ ခြံဝန်းထဲမှထွက်ကာ ကောင်းကင်ဘုံတောင်တန်း၏ အိမ်တော်ထဲသို့ဝင်ရောက်လိုက်လေသည်။

လက်ရှိတွင် သူ့၏ မိဘများ ၊ မောင်နှစ်မ များ၊ ဆွေမျိုးများ ၊ ရှောင်ဖေး၊ ကံကောင်းခြင်းဗုဒ္ဓအင်ပါယာ ရှီဖန်းထန် နှင့်ကျန်သူများသည် ကောင်းကင်ဘုံတောင်တန်းထဲ၌ နေထိုင်နေကြသည်။ ထိုနေရာ၏ အံ့အားသင့်စရာကောင်းလှသော စိတ်ဝိညာဉ် စွမ်းအင်က သူတို့၏ ကျင့်စဥ်အတွက် အကျိုးဖြစ် ထွန်းပေသည်။ အရေးကြီးဆုံး အရာမှာကား ကံကြမ္မာဂိုဏ်း သိုင်းပညာရှင် များရောက်လာလျှင်ပင် ထိုသူများက မဟာနတ်ဘုရားအဆင့် ၁၀ မဟုတ်သ၍ ရှောင်လုံသည် သူ့မိသားစု ၏ လုံခြုံရေး အတွက် စိုးရိမ်နေစရာ မလိုတော့ပေ။ 

သူ့လက်အောက်ရှိ မဟာနတ်ဘုရားအဆင့် နောက်လိုက်များ၏ စောင့်ကြပ်မှုဖြင့်ဆိုလျှင် မဟာနတ်ဘုရားအဆင့် ၉ သိုင်းပညာရှင် တစ်ယောက်သည်ပင် ကောင်းကင်ဘုံတောင်တန်း၏ အကာကွယ်များကို ချိုးဖျက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

ဟုတ်ပေသည်...ကံကြမ္မာဂိုဏ်း က သူ့ကို ရင်ဆိုင်ရန် မဟာနတ်ဘုရားအဆင့် ၉ သိုင်းပညာရှင် တစ်ယောက် အမှန်တကယ် စေလွှတ်လိုက်မည်ဆိုလျှင် ရှောင်လုံ က ကောင်းကင်ဘုံတောင်တန်းဖြင့် ထွက်ပြေးနိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် သူ့မိသားစုနဲ့ မိတ်ဆွေများ၏ လုံခြုံမှုကို စိုးရိမ်နေစရာမလိုအပ်ပေ။

ရှောင်လုံ က ကောင်းကင်ဘုံတောင်တန်း၏ အဓိကခန်းမထဲတွင် ပြန်လည်ပေါ်ထွက်လာလေသည်။ ထို့နောက် သူက သူ့၏မိဘများ နှင့် ရှောင်ဖေးတို့ကို စကားအနည်းငယ် ပြောလိုက်ကာ ဆက်လက်ကျင့်ကြံလိုက်လေသည်။

မဟာဆေးပညာရှင် မဟာပြိုင်ပွဲ မရောက်ခင် သူသည် မဟာနတ်ဘုရားအဆင့် ၇သို့ ရောက်ရှိနေရပေမည်။ ထိုအခါမှသာ သူသည် ဖန်းချူ ၏ ဆရာ စန်းရီ ကို အနိုင်ယူနိုင်ပေလိမ့်မည်။

သူက အချိန်အနည်းငယ်သာ ရရှိပြီး ဆယ်နှစ်ဟူသော အချိန်မှာ လုံလုံလောက်လောက် သန်မာရန်အတွက် တိုတောင်းနေပေသည်။ သူက အချိန်တိုင်း စက္ကန့်တိုင်း တွင်သူ့  ခွန်အားကို တိုးတက်အောင် ပြုလုပ်ရန် လိုအပ်ပေသည်။

ရှောင်လုံ က နတ်မီးတောက်လေးမျိုး ကို နှိုးဆွလိုက်ချိန်တွင် ရုတ်တရက်ဆိုသလို သူ့အထက်ရှိ လေဟာနယ်ဆီမှ တလက်လက်တောက်ပသော မီးခိုးရောင် စွမ်းအင် စီးကြောင်းတစ်ခု စီးဆင်းလာသည်။ ထို့နောက် သူ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး အန္တိမနတ်ဘုရားဦးခေါင်းသုံးခုက ၄င်းအား ဝါးမြိုလိုက်ကာ နတ်ဘုရား အင်အားအသွင် ပြောင်းလဲလိုက်လေသည်။ သူ့၏ နတ်ဘုရားဦးခေါင်းသုံးခုသည် ထိုစွမ်းအင်နှင့် ပူးပေါင်းလိုက်သည်နှင် တုန်ယင်သွားလေပြီး တောက်ပသော အလင်းတစ်ခု ထုတ်လွှတ်လာလေသည်။

ရှောင်လုံ က ကြောင်အသွားသည်။

" ဒါက... "

ထိုတလက်လက် တောက်ပနေသော မီးခိုးရောင်စွမ်းအင် သည် မည်သည့်အရာဖြစ်သည်နည်း။ ၄င်းစွမ်းအင်သည် အရည်အသွေး မြင့်မားလှပြီး သူစုပ်ယူသန့်စင်ခဲ့ဖူးသော လျှပ်စီး နဂါး စိတ်ဝိညာဉ် သွေးကြောထဲရှိ စွမ်းအင် ထက်ပင် အဆပေါင်းများစွာ သာလွန်ပေသည်။ သူ့၏ အန္တိမနတ်ဘုရား ဦးခေါင်းသုံးခုသည်ပင် ထိုစွမ်းအင်ကို စုပ်ယူရချိန်၌ တက်ကြွသည့်အမူအယာကို ဖော်ပြနေပေသည်။

ထိုလျှပ်စီးနဂါး စိတ်ဝိညာဉ်သွေးကြောသည် အထက်ဘုံ ကမ္ဘာ ၏ စိတ်ဝိညာဉ် စွမ်းအင် ကို နှစ်ပေါင်း မရေမတွက်နိုင်အောင် စုစည်း၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် တလက်လက် တောက်ပနေသောမီးခိုးရောင်စွမ်းအင် ၏ အရည်အသွေး သည် ထို့ထက်ပင် အဆပေါင်းများစွာ သာလွန်နေပေသေးသည်။

ရှောင်လုံသည် ထိုစွမ်းအင်၏ အရင်းအမြစ်ကို ခန့်မှန်းနိုင်စွမ်းမရှိပေ။

သို့သော် သူက သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမူကို အလျှင်အမြန် ထိန်းချုပ်လိုက်လေပြီး နတ်မီးတောက်လေးမျိုး ကို ထပ်မံ နှိုးဆွလိုက်လေသည်။ ထို့နောက် တလက်လက် တောက်ပနေသောမီးခိုးရောင်စွမ်းအင်စီးကြောင်းတစ်ခု သည် ဟင်းလင်ပြင်ဆီမှ သူ့၏ ခန္တာကိုယ်ထဲသို့ ဝင်ရောက်လာလေသည်။

သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲ၌ အန္တိမနတ်ဘုရားဦးခေါင်းသုံးခုသည် အလွန်တရာ တောက်ပလာလေသည်။

ထိုအချိန်တွင် ရှောင်လုံသည် တလက်လက်တောက်ပနေသောမီးခိုးရောင်စွမ်းအင် ၏ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သွားပေသည်။
၄င်းမှာ အောက်ဘုံနယ်ပယ်မှ မဟုတ်ဘဲ နတ်ဘုံကမ္ဘာမှ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုစိတ်ဝိညာဥ် စွမ်းအင်သည် မည်သည့်အရာဖြစ်သည်နည်း။

ရှောင်လုံ က ကြယ်စင်စုလေးခု လုံးရှိ တက္ကသိုလ် များ၏ မှတ်တမ်းများအားလုံး နီးပါးကို ဖတ်ရှုပြီးပြီဖြစ်သည်။ သို့သော် နတ်မီးတောက်လေးမျိုး ပေါင်းစပ်ပြီးနောက် မည်ကဲ့သို့သော စိတ်ဝိညာဉ်စွမ်းအင် ထွက်ပေါ်လာကြောင်းကို သူ အနည်းငယ် မျှ ပင် သိရှိခြင်းမရှိပေ။

ခဏကြာပြီးနောက် ရှောင်လုံသည် သူ့၏ ဦးတည်ရာမဲ့နေသော အတွေးများကို ဖိနှိပ်လိုက်လေပြီး နတ်မီးတောက်လေးမျိုးကို အပြည့်အဝ နှိုးဆွလိုက်ကာ ဟင်းလင်ပြင်ဆီမှ ထွက်ပေါ်လာသော တလက်လက်တောက်ပနေသောမီးခိုးရောင်စွမ်းအင်ကို စုပ်ယူလိုက်လေသည်။

ဤတစ်ကြိမ်တွင် ငွေမီးခိုးရောင်စွမ်းအင် သည် ပိုမိုသိပ်သည်းလာပြီး လက်မအရွယ်အစားမျှ ရှိလာလေသည်။

ရှောင်လုံသည် နတ်မီးတောက်လေးမျိုးကို ပိုမိုအင်အားသုံး နှိုးဆွလိုက်လေသည်။
ငွေမီးခိုးရောင် စွမ်းအင်က သည် ဟင်းလင်ပြင်ထဲမှ ဆက်လက် စီးဆင်းလာလေပြီး သူ့၏အန္တိမနတ်ဘုရားဦးခေါင်းသုံးခုသည် ထိုစွမ်းအင်ကို အရူးအမူး ဝါးမြိုစုပ်ယူသွားလေသည်။

ရှောင်လုံ ၏ စိတ်ဝိညာဉ် ပင်လယ်ဆီမှ တောက်ပသော အလင်းရောင် သည် ခန္ဓာကိုယ် အပြင်ဘက်ထိ ပြန့်ကားကျယ်ပြန့်လာပြီး ဆွဲဆောင် နိုင်စွမ်း ရှိပေသည်။

မျက်တောင်တစ်ခက်အတွင်း တစ်ရက်တာ ကုန်ဆုံးသွားသည်။

ရှောင်လုံ က သူ့၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။

ငွေမီးခိုးရောင်စွမ်းအင်ကို တစ်ရက်တာ စုပ်ယူပြီးနောက် သူ့၏ ကျင့်စဥ်သည် သိသိသာသာ တိုးတက်လာသည်ဟု ခံစားလိုက်ရသည်။ အထူးသဖြင့် သူ့၏ အန္တိမနတ်ဘုရားဦးခေါင်းသုံးခုထဲရှိ နတ်ဘုရား အင်အားသည် ပြောင်းလဲမှု အချို့ ဖြစ်ပေါ်လာဟန်ရပြီး ပိုမိုသန့်စင်အားကောင်းလာလေသည်။

ရှောင်လုံအား စိတ်ဓာက်ကျစေသည့် အရာမှာကား သူက နတ်မီးတောက်လေးမျိုးကို မည်မျှ တွန်းအားပေးစေကာမှု နတ်ဘုံကမ္ဘာဆီမှ လက်မအရွယ်အစားမျှ သာရှိသော ငွေမီးခိုးရောင်စွမ်းအင်စီးကြောင်းသည်သာ ထွက်ပေါ်လာသောကြောင့် ဖြစ်ပေသည် ။

ပြောရမည်ဆိုလျှင် အသက်ရှုချိန် တိုင်း၌ စွမ်းအင်စီးကြောင်းတစ်မျှင်မျှသာ စီးထွက်လာခြင်းဖြစ်သည်။

သူ့၏ အန္တိမနတ်ဘုရားဦးခေါင်းသုံးခုက ထိုစွမ်းအင်အား ဝါးမြိုသည့် အမြန်နှုန်းမှာမူ ပြောစရာ မလိုပေ။

အသက်ရှုချိန်တိုင်း၌ သူ့၏ နတ်ဘုရား ဦးခေါင်း တစ်ခုချင်းဆီ တိုင်းသည် မီးခိုးရောင်စွမ်းအင် အမျှင်ပေါင်းတစ်ရာကို ဝါးမြိုနိုင်စွမ်း ရှိသည်။ ထို့ကြောင့် အန္တိမနတ်ဘုရားဦးခေါင်း သုံးခုသည် စွမ်းအင်စီးကြောင်း သုံးရာကို အသက်တစ်ချက် စာအတွင်း ဝါးမြိုနိုင်ပေသည်။

ထို့ကြောင့် အသက်ရှုချိန်တိုင်း၌ စွမ်းအင်စီးကြောင်း တစ်မျှင်သည် သူ့၏ အန္တိမနတ်ဘုရားဦးခေါင်းသုံးခုကြား ခွဲဝေနိုင်ရန် မလုံလောက်ပေ။

လျှပ်စီးနဂါးစိတ်ဝိညာဉ် သွေးကြော၏ စွမ်းအင်သည် အရည်အသွေး နိမ့်ကျသော်လည်း ၄င်းက ရှောင်လုံ ၏ နတ်ဘုရားဦးခေါင်းသုံးခုလုံးကို တစ်ပြိုင်နက်တည်း ဝဝလင်လင် ဖြစ်အောင် ကျွေးမွေးနိုင်စွမ်းရှိပေသည်။

ထို့နောက် သူက အလျှင်အမြန် တွက်ချက်ကြည့်လိုက်သည်။

သူသည်သာ ငွေမီးခိုးရောင်စွမ်းအင်ဖြင့် ကျင့်ကြံမည်ဆိုလျှင် အချိန်နှစ်နှစ်မှ သုံးနှစ်အတွင်း မဟာနတ်ဘုရားအဆင့် ၅သို့ရောက်ရှိရန် အလွန်တရာ အခွင့်အရေး မြင့်မားလေသည်။

ထိုအမြန်နှုန်းသည် အခြားသူများအတွက် အံသြမှင်သက်စရာ ဖြစ်နေလောက်မည်ဖြစ်သော်လည်း ရှောင်လုံ အတွက်မှု အနည်းငယ် နှေးကွေးနေလေသည်။
အကြောင်းမှာ မဟာဆေးပညာရှင် အစည်းအရုံးပြိုင်ပွဲသို့ရောက်ရန် ဆယ်နှစ်မျှသာ လိုတော့သောကြောင့်ဖြစ်သည်။

ငွေမီးခိုးရောင်စွမ်းအင် အပေါ် မှီခိုရုံဖြင့် သူသည် ဆယ်နှစ်အတွင်း မဟာနတ်ဘုရားအဆင့် ၇ သို့ ရှောက်ရှိနိုင်စွမ်း ရှိမည် မဟုက်ပေ။

' ကြည့်ရတာ...ငါ နတ်ဆိုးမြို့တော်ကို သွားပြီး ငရဲမျှော်စင်ကို စိန်ခေါ်ဖို့လိုအပ်နေသေးတာပဲ'

ရှောင်လုံ က တွေးတောလိုက်လေသည်။

ထို့ကြောင့် ညအချိန်တွင် ရှောင်လုံ ကနတ်မီးတောက်လေးမျိုးကို အသုံးပြုကာ ငွေမီးခိုးရောင်စွမ်းအင်ကို စုပ်ယူ သည်။နေ့အချိန်တွင်မှု သူက သူ့မိသားစုနဲ့ ရှောင်ဖေးတို့နှင့် အချိန်ဖြုန်းသည်။

နေ့ရက်များက အလျှင်အမြန် ကုန်ဆုံးသွားပြီး ရှောင်လုံနှင့်ရှောင်ဖေးတို့၏ လက်ထပ်ပွဲ နေ့သို့ ရောက်ရှိလာသည်။

နှစ်လကြာ ပြန်လည် တည်ဆောက်ပြီးနောက် ဟောင်မိသားစုအိမ်တော်သည်၄င်း၏ ကြီးကျယ်ခမ်းနားလှသော ဂုဏ်ကျက်သရေတို့ကို ပြန်လည် ထိန်းသိန်းနိုင်သွးလေသည်။ အတိအကျ ဆိုရသော် အိမ်တောက်တစ်ခုလုံးသည် ပိုမိုကြီးကျယ်ခန်းနားလာပြီး သက်ဝင်တက်ကြွနေလေသည်။

လွန်ခဲ့သော နှစ်လက ရဲ့လူမိသားစု နှင့်ပေထန်းမိသားစုတို့၏ သိုင်းဝိညာဥ် ကမ္ဘာအား သွေးဖြင့်ဆေးခြယ်မည်ဟူယော သတင်းကြောင့် ရှောင်လုံ၏ ဆရာ ဖုယန် ၊ လျိုယွင်၊ ချီဝမ်နှင့် လူအချို့မှလွဲ၍ မည်သူကမှ သူ့၏ လက်ထပ်ပွဲ သို့ရောက်မလာရဲပေ။

သို့သော်လည်း ယခုအခါ၌မူ ကြယ်စင်စုလေးခု လုံးဆီမှ လူများအားနေရာအနှံ့တွေ့မြင်နေရပြီး လူပင်လယ်ကြီးနှယ် ဖြစ်နေလေသည်။ သူတို့သည် သိုင်းဝိညာဥ်ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားရန် လုံလောက်ပေသည်။ ကြယ်စင်စုလေးခု ၏ မိသားစုကြီး မိသားစုငယ်များဆီမှ ခေါင်းဆောင် များ၊ဘိုးဘေးများ၊မစာအကြီးအကဲများနှင့် အကြီးအကဲများသည် သိုင်းဝိညာဥ်ကမ္ဘာသို့ မင်္ဂလာ လက်ဖွဲ့နှင့်အတူ ရောက်ရှိလာလေသည်။

ဟောင်မိသားစု အိမ်တော်သည် ဧည့်သည် များဖြင့် ပြည့်နှက်နေပြီး အလွန်တရာ သက်ဝင်လှုပ်ရှားနေလေသည်။

ထိုကဲ့သို့ သော မဟာအခန်းအနားသည် ကြယ်စင်စုလေးခု ထဲရှိ နှစ်သန်းပေါင်းများစွာ အတွင်း တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။

လက်ဖွဲ့များသည် တောင်ပုံရာပုံ ဖြစ်နေပြီး တစ်ခုပေါ်တစ်ခု အဆင့်လိုက် အဆင့်လိုက် စီထပ်ထားကြလေသည်။

အမှန် မှာမူ ဟောင်မိသားစု အစေခံများသည် လက်ဆောင်များထားရန် ကြီးမားကျယ်ပြန့်လှသည့် ကွင်းပြင်တစ်ခုကို ရှင်းလင်းထားသည်ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုနေရာသည် လုံလောက်ရန် ဝေးကွာလှကြောင်း သူတို့နားလည် လာကြလေသည်။

လက်ထပ်ပွဲ အခန်းအနားနှင့် ပတ်သက်သည့် ကိစ္စအဆင့်ဆင့်ကို ပြုလုပ်ပြီးနောက် ဟောင်မင်းနှင့် အခြားသူများ သည် ရှောင်ဖေးကို မင်္ဂလာ အိပ်ခန်းထဲသို့ ပျော်ရွှင်စွာ ပို့ဆောင်လိုက်ကြလေသည်။ ရှောင်လုံ ကမူ စားသောက်ပွဲရှိ ဧည့်သည်များနှင့် မင်္ဂလာ အရက်သောက်ရန် နေခဲ့ရလေသည်။

ပြောစရာ မလိုလောက်အောင်ပင် မိသားစုဘိုးဘေးများ၊ ခေါင်းဆောင်များ ၊ မဟာအကြီးအကဲ များနှင့် အကြီးအကဲများသည် ရှောင်လုံ နှင့် ခွက်ချင်းတိုက်ရာတွင် ပြာယာခက်နေကြသည်။ သူတို့က ခြေတစ်လှမ်းနောက်ကျသွားသည်နှင့် ရှောင်လုံ က ဒေါသထွက်သွားမည်စိုးသောကြောင့် သတိထားကာ စကားများကို ရွေးချယ် သုံးနှုန်းပြောဆိုကြနေသည်။

ကောင်းကင်ထက်တွင် အမှောင်ထုက တဖြည်းဖြည်း ချင်းနေရာယူလာလေပြီး ကြယ်စင်စုလေးခုလုံးဆီမှ ဧည့်သည် များသည် နှုတ်ဆက်စကားဆိုကာ ပြန်သွားကြလေသည်။

လူတိုင်း ထွက်ခွာသွားကြချိန်တွင် ရှောင်လုံ က အလှဆင်ထားသော ခြံဝန်းရှိရာသို့သွားကာ မင်္ဂလာအိပ်ခန်းရှိရာ၌ ရပ်တန့်လိုက်လေသည်။ သူ့၏ လက်ဝါးများက သူ့ရှေ့ရှိ တံခါးများကို တွန်းဖွင့်လိုက်ကာ အထဲသို့ လှမ်းဝင်လိုက်သည်။ နှစ်တစ်သောင်းသက်တမ်းရှိ သစ်သား ကုတင် မင်္ဂလာ အိပ်ရာ၏ အစွန်၌ ထိုင်နေသည့် ရှောင်ဖေးသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေရဟန်ရသည်။ ထိုသူနှစ်ယောက်သည် အခန်း၏ အစွန်းတစ်ဖက်ဆီ၌ ရှိနေကြသော်လည်း ရှောင်လုံသည် ရှောင်ဖေး၏ ကျယ်လောင်လှသော နှလုံခုန်သံကို ကြားနေရလေသည်။

သူသည် အနီရောင် မင်္ဂလာ ဝတ်စုံကို ဝတ်ဆင်ထားသော ရှောင်ဖေးအနားသို့ ဖြည်းဖြည်းချင်း တိုးကပ်လာကာ သူမရှေ့၌ ထိုင်လိုက်လေသည်။ ရှောင်ဖေး၏ နှလုံးခုန်သံတို့သည် အလွန်တရာ မြန်ဆန်နေပေသည်။

ရှောင်လုံက သူမ၏ ခေါင်းထက်၌ ဖုံးကွယ်ထားသော အနီရောင် ပဝါကို ဖယ်ရှားလိုက်သောကြောင့် ရှောင်ဖေး၏ ရှက်သွေးဖြာနေသော ဆွဲမက်ဖွယ် မျက်နှာလေး ထွက်ပေါ်လာလေသည်။

ယနေ့တွင် ရှောင်ဖေးသည် အထူးတလည်ပြင်ဆင်ထားသောကြောင့် သူမ၏ ညို့ငင်ဆွဲဆောင်နိုင်စွမ်းရှိသောအလှတရားသည် ပိုမိုတောက်ပနေပေသည်။ သူမ၏အလှကြောင့် အခြားသော သက်ရှိအရာများသည်ပင် မှေးမှိန်သွားဟန်ရသည်။

ရှောင်လုံ ၏ ခံစားချက် များသည်မြင့်တက်လာလေပြီး သူမ၏ နာမည်ကို တီးတိုးခေါ်လိုက်လေသည်။

" ရှောင်ဖေး..."

" အင်း"

ရှောင်ဖေး က ခြင်တစ်ကောင်၏ အသံနှယ် ခပ်တိုးတိုး ဖြေလိုက်လေသည်။ နောက်ဖြစ်လာမည့်ကိစ္စများကို သူမစိတ်ထဲမှ တွေးလိုက်မိသည်နှင့် သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် ပန်းသီးပမာ နီရဲသွားလေသည်။

ရှောင်လုံက သူမအနားသို့ ဖြည်းဖြည်းချင်း တိုးကပ်လာပြီး သူ့၏ နှုတ်ခမ်းပါးသည် သူမ၏နားရွက်ဖျားလေးနား ကပ်ကာ တီးတိုးပြောလိုက်လေသည်။

"ဒီည...မင်းက ကိုယ့်အပိုင်ပဲ..."

  .......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၀၇ ..... သုံးရက် သုံးည

သူ့၏ တိုးညင်းစွာသော အသံကို ကြားလိုက်ချိန်၌ ရှောင်ဖေး၏ ကျစ်လျစ်သေးသွယ်သော ခန္ဓာကိုယ်လေး တစ်လျှောက်တွင် တုန်ယင်မှုတစ်ခု ဖြတ်ပြေးသွားလေပြီး သူမ၏ နူးညံ့သော မျက်နှာလေးသည် ရှက်သွေးဖြာ၍ အနီသွေးခြယ်နေလေသည်။ သူမ၏ နားရွက်ဖျားလေးများမှာလည်း နီရဲတွတ်နေလေသည်။

ထိုအချိန်၌ ရှောင်လုံ၏ လက်က ဆန့်တန်းလာပြီး ရှောင်ဖေးကို ဆွဲယူလိုက်သည်မို့ ရှောင်ဖေးသည် သူ့၏ သန်မာတောင့်တင်းသော ရင်ဘတ်ပေါ်သို့ မှီတွယ်မိသွားသည်။ သူမ၏ မင်္ဂလာဝတ်စုံအလွှာများဖြင့် ခြားနားထားသော်လည်း ရှောင်လုံသည် ရှောင်ဖေး၏ ခန္ဓာကိုယ် အပူချိန်ကို ခံစားမိနေပေသည်။

သူ့၏ လက်များက တရွရွရွေ့လျားနေကာ စတင် ပွတ်သပ်လာသည်။

ရှောင်ဖေး၏ ခန္ဓာကိုယ်လေးက နူးညံ့ပျော့ပျောင်းနေကာ ရှောင်လုံ၏ ရင်ဘတ်ပေါ်၌ သာ အပြည့်အဝ လဲလျောင်းနေရင်း သူမကို စိတ်ကြိုက် စနောက်ကျီစယ်ခွင့် ပြုထားလေသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သန်မာလှသည့်လက်အစုံ ထိတွေ့သမျှ သူမခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသည် ပူလောင်လာလေပြီး သူမ၏ အသက်ရှုနှုန်းသည် တဖြည်းဖြည်းချင်း လေးလံလာပေသည်။

ရှောင်ဖေး၏ ခန္ဓာကိုယ်ဆီမှ ဖျော့တော့သော ကိုယ်သင်းရနံ့သည် ရှောင်လုံ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာလေသည်။

သူက ခေါင်းကို ငုံ့ကိုင်းလိုက်ပြီး ရှောင်ဖေး၏ အနီရောင် ချယ်ရီနှုတ်ခမ်းပါးလေးကို ဖိနမ်းလိုက်ရာ သူမ၏ ကိုယ်လေးသည် တသိမ့်သိမ့်တုန်ယင်သွားလေသည်။

သူတို့၏ အနမ်းသည် ပိုမိုနက်ရှိုင်းလာလေပြီး ကောင်းကင်နှင့် မြေပြင်သို့ နိမ့်ချည်မြင့်ချည်ဖြင့် ပျံသန်းနေသည့်နှယ် အရာအားလုံးကို မေ့လျော့သွားကြသည်။ မည်သူက ဦးစွာ စတင်လိုက်ပြီး မည်သည့်အချိန်မှန်း မသိရသော်ငြား သူတို့၏ အဝတ်အစားများသည် ကွာကျသွားလေပြီး ခြေရင်း၌ ပုံကျသွားကာ အသားချင်း ထိတွေ့မိသွားကြသည်။

ရှောင်လုံ၏ အကြည့်က ပန်းနုရောင်သမ်းနေပြီး ကြည်လင်လှသည့် ကျောက်စိမ်းဖြူအသားအရေကို စိုက်ကြည့်နေလိုက်သည်။ သူမ၏ ရေသူမကိုယ်လုံးလေး၊ တင်းရင်းမို့မောက်သောရွှေရင်အစုံတို့က ရှောင်လုံ၏ အောက်ပိုင်းကို အပူလှိုင်းများ ရုန်းကြွလာစေသည်။

ရှောင်ဖေးမှာမူ သူမ၏ မြင်ကွင်းသည် ရှောင်လုံ၏ ကျောက်ဆစ်ပန်းပုနှယ် တောင့်တင်းသန်မာသော ရင်ခွင်ဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် သူ့၏ ကြီးမားလှစွာသော ကောင်းကင်ထောက်တိုင်က သူမ၏ မျက်နှာလေးကို နီရဲတွတ်သွားစေပေသည်။

ခဏကြာပြီးနောက် မင်္ဂလာအိပ်ခန်းထဲ၌ နူးညံ့သာယာသော ညည်းညူသံများဖြင့် ပြည့်နှက်သွားပြီး တပ်မက်ဖွယ်ရာ အငွေ့အသက်များသည် အခန်းနှင့် ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

သုံးရက်နှင့် သုံးညကြာပြီးနောက် ရှောင်လုံနှင့် ရှောင်ဖေးတို့သည် အိပ်ခန်းထဲမှ ထွက်လာကြသည်။

သူတို့က ခန်းမထဲသို့ ဝင်လိုက်ချိန်၌ သွေးရောင်လွှမ်းနေသော မျက်လုံးများနှင့် လူတိုင်းကို မြင်လိုက်ရသည်မို့ ရှောင်လုံနှင့်ရှောင်ဖေးတို့သည် ရှက်သွေးဖြာသွားကြသည်။

သူ့၏ ညီလေး ဟောင်ရှောင်ဟိုင် က ရှောင်လုံကို ကျေကျေနပ်နပ်ကြီး လက်မထောင်ပြလိုက်လေသည်။

ရှောင်လုံက မျက်လုံးသာလှန်ပြလိုက်လေပြီး မမြင်ချင်ယောင်ဆောင်နေလိုက်ကြသည်။

ဆုယန်နှင့် ဟောင်မင်းကမူ ရှောင်ဖေးဆီသို့ အလျှင်အမြန် လျှောက်သွားလိုက်ကြပြီး တီးတိုးပြောဆိုလိုက်ကြသည်။ ရှောင်ဖေးက သူမ၏ ခေါင်းကို ငုံ့ကိုင်းထားပြီး မျက်နှာလေးမှာ နီရဲတွတ်နေလေသည်။

မျက်တောင်တစ်ခတ်အတွင်း တစ်လတာ ကုန်ဆုံးသွားလေသည်။

ထိုတစ်လတာအတွင်း ရှောင်လုံသည် နေ့အချိန်၌ နတ်မီးတောက် လေးမျိုးကို နှိုးဆွကာ ငွေမီးခိုးရောင်စွမ်းအင်ကို စုပ်ယူကျင့်ကြံသည်။ ညအချိန်၌မူ ရှောင်ဖေးနှင့် ချစ်တင်းနှောလေသည်။ ထိုအချိန်များကြား၌ သူသည် ရှောင်ဖေး၊ သူ့မိသားစုတို့နှင့် အတူ သိုင်းဝိညာဥ်ကမ္ဘာ ပတ်ပတ်လည်သို့ ခရီးတိုလေးများ သွားရောက်လည်ပတ်လေ့ရှိသည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားပြီး နောက်တစ်လ ကုန်ဆုံးသွားသည်။

ငွေမီးခိုးရောင်စွမ်းအင်ကို တစ်လမျှ စုပ်ယူပြီးနောက် ရှောင်လုံ၏ ကျင့်ကြံမှုသည် သိသိသာသာ တိုးပွားလာပေသည်။

ရှောင်ဖေးသည် မင်္ဂလာဦးည၌ အပျိုစင်ဖြစ်နေဆဲ ဖြစ်သည့်အပြင် သူမ၌ သန့်စင်ဉာဏ်အလင်းဗုဒ္ဓခန္ဓာကိုယ် ရှိပေသည်။ သူတို့နှစ်ယောက် ကိုယ်လက်နှီးနှော ဖလှယ်ပြီးနောက် ရှောင်လုံသည် သူမ၏ ယင်အဆီအနှစ် အချို့အဝက်ကို ရရှိလိုက်သောကြောင့် သူ့၏ ကျင့်ကြံမှု အမြန်နှုန်းသည် ပိုမို မြန်ဆန်လာခဲ့သည်။ ထိုတိုးတက်မှုသည် ရှောင်ဖေး၏ ကျင့်စဥ် အပေါ်၌ သိသိသာသာ အကျိုးများစေပေသည်။

လက်ထပ်ပွဲအပြီး နှစ်လအကြာ၌ ဟောင်မိသားစုနှင့် ရှောင်ဖေးတို့၏ တွန့်ဆုတ်နေသော အကြည့်များ ရှေ့တွင် ရှောင်လုံ သည် သိုင်းဝိညာဥ်ကမ္ဘာ မှ နတ်ဆိုးမြို့တော်သို့ ထွက်ခွာသွားလေသည်။

ထွက်မသွားခင်တွင် သူက နဂါးအင်ပါယာ အောင်းတိုင်ရီ ၊ ဘိုးဘေးဘီဖန်း နှင့် အခြားသူများအား သူတို့ ဂရုစိုက်ရမည့်ကိစ္စများကို စာရင်းလုပ်၍ ပေးထားခဲ့သည်။

တစ်ရက်ကြာပြီးနောက် သူသည် ကြယ်စင်စုလေးခု၏ ပိုင်နက်ထဲမှ အပြင်သို့ ရောက်ရှိသွားသည်။

'ချိုးပိုင်ဖေးတို့ အုပ်စုရဲ့ အမြန်နှုန်းနဲ့ဆိုရင်...အခုလောက်ဆို သူတို့က အဆုံးမဲ့ကြယ်စင်စုရဲ့ ကံကြမ္မာဂိုဏ်းဆီကို...ရောက်သွားလောက်ပြီ'

လမ်း၌ ရှောင်လုံက လှောင်ပြုံးပြုံးကာ တွေးတောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူ ကြယ်စင်စုလေးခုဆီမှ ထွက်ခွာသွားပြီးနောက် သိပ်မကြာမီတွင် ချိုးပိုင်ဖေးတို့ အုပ်စုသည် အဆုံးမဲ့ကြယ်စင်စုသို့ ရောက်ရှိသွားသည်။

ကံကြမ္မာဂိုဏ်းချုပ် ဝမ်ယုက သူတို့ကိုကိုယ်တိုင်ကိုယ်ကျ ကြိုဆိုလေသည်။

သံသယ ရှိစရာမလိုအောင်ပင် အခြားအချိန်၌ ဆိုပါက ချိုးပိုင်ဖေးတို့အုပ်စုကဲ့သို့သော သူများသည် ကံကြမ္မာဂိုဏ်းချုပ် ကို တွေ့ရန် အရည်အချင်း မရှိပေ။ သို့သော်လည်း ချိုးပိုင်ဖေးတို့ အုပ်စုက အနက်ရောင်လိပ်၊ ဟင်္သာပြဒါးငှက်၊ အဖြူရောင်ကျားနှင့် မိုးပြာရောင်နဂါး ကြယ်စင်စုများမှ လာရောက်ခြင်း ဖြစ်ကြောင်း ဝမ်ယု သိလိုက်ရပြီး ဟောင်ရှောင်လုံနှင့် ပတ်သတ်သော သတင်းများ ပါလာကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ဝမ်ယုက ထိုသူများကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုရန် ဆုံးဖြတ်လိုက်လေသည်။

"ဟောင်ရှောင်လုံ က...မဟာနတ်ဘုရားအဆင့် ၇ ရဲ့လူချူဖေး နဲ့ ပေထန်းယိယန်တို့ကို သတ်ပစ်ပြီလို့...မင်းက ပြောနေတာလား"

ချိုးပိုင်ဖေး၏ စကားကို နားထောင်ပြီးနောက် ဝမ်ယုသည် တုန်လှုပ်မှုကြောင့် တောင့်တင်းသွားလေကာ မယုံမကြည်ဖြစ်နေလေသည်။

"ဟုတ်ပါတယ်...ဂိုဏ်းချုပ်ဝမ်"

ချိုးပိုင်ဖေးက ရိုသေလေးစားစွာဖြင့် ဖြေလိုက်သည်။

"ဒီကိစ္စက လုံးဝအမှန်ပါ...ဒီသတင်းက ကြယ်စင်စုလေးခုလုံး ဆီကို ပျံ့နှံ့နေပါပြီ...ဟောင်ရှောင်လုံက သူ့ရဲ့ ခွန်အားကို ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မယ်လို့...ကျုပ်တို့ ဘယ်သူမှ မျှော်လင့်မထားခဲ့မိကြဘူး"

ဝမ်ယု၏ အမူအရာက သိသိသာသာ မဲမှောင်သွားသည်။

ဟောင်ရှောင်လုံ ၏ ခွန်အားက ထိုမျှ သန်မာလှသည်လား။ ထိုသို့ဆိုပါက သူတို့ဂိုဏ်း၏ အကြီးအကဲ ဝမ်ကျုံးကို သတ်ဖြတ်သွားသူသည် အခြားသူမဟုတ်ဘဲ ဟောင်ရှောင်လုံ ဖြစ်နေသည်လား။

ထိုအတွေးနှင့်ပင် ဝမ်ယု၏ အမူအရာသည် ပိုမိုမဲမှောင်လာပေသည်။

သူတို့ ကံကြမ္မာဂိုဏ်း၏ တပည့်များသည် ထာဝရကြယ်စင်စုနှင့် အနီးအနားရှိ ကြယ်စင်စုများ၏ နယ်နိမိတ်တွင် စောင့်ကြပ်နေကြသည်။ဟောင် ရှောင်လုံသည် သူတို့ မသိဘဲ ထွက်ပြေးရန် မဖြစ်နိုင်ပေ။ သို့သော် ဟောင်ရှောင်လုံ က အနက်ရောင်လိပ်ကြယ်စင်စုသို့ ပြန်ရောက်သွားရုံသာမက ရဲ့လူမိသားစုသိုင်းပညာရှင်များနှင့် ပေ့ထန်းမိသားစု သိုင်းပညာရှင်များကိုပင် သတ်ဖြတ်ခဲ့သေးသည်။

'အသုံးမဝင်တဲ့ အမှိုက်အုပ်စုပဲ'

ဝမ်ယု၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတစ်ချက် လက်သွားသည်။

"ဂိုဏ်းချုပ်ဝမ်...အဲ့ဒီ ဟောင်ရှောင်လုံ က မောက်မာပြီးတော့ အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ စရိုက်ရှိတယ်...စည်းမဲ့ကမ်းမဲ့ နေတတ်ပြီး ရက်စက်ကြမ်းကြုတ်တယ်...သူက ကြယ်စင်စု လေးခုကို သိမ်းပိုက်ဖို့ တကယ်ကြီး စိတ်ကူးနေတယ်...ဒါကြောင့်မိုလို့ ကျုပ်တို့က ကျုပ်တို့ရဲ့ မွေးရပ်မြေကို စွန့်ခွာခဲ့ရပြီး...ကံကြမ္မာဂိုဏ်းဆီမှာ အလုပ်အကျွေးပြုဖို့ ရောက်လာခဲ့ရတာပါ"

အဖြူရောင်ကျားကြယ်စင်စု မှ မဟာနတ်ဘုရားအဆင့် ၃ သိုင်းပညာရှင် မိသားစုဘိုးဘေး တစ်ယောက် က သတိထားပြီး ပြောလိုက်သည်။

ဝမ်ယုက ပြုံးပြလာသည်။

"မင်းတို့က ကျုပ်တို့ရဲ့ ကံကြမ္မာဂိုဏ်းအပေါ် အားကိုးတကြီး အညံ့ခံလာမှတော့...ကျုပ်တို့ကလည်း အားလုံးကို ကြိုဆိုရမှာပေါ့...စိတ်ချပါ...ကျုပ်တို့က ဟောင်ရှောင်လုံကို ဖမ်းပေးပြီး...သေတဲ့အထိ နှိပ်စက်မှာပါ"

ချိုးပိုင်ဖေးတို့အုပ်စု၏ ခွန်အားသည် သူ့မျက်လုံးထဲ၌ ဘာမှ မဟုတ်ကြသော်လည်း သူတို့သည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ ဖြစ်ပေသည်။ သူတို့ ကံကြမ္မာဂိုဏ်း ကဲ့သို့သော သမိုင်းကြောင်း ရှည်လျားသည့် ထိပ်တန်းအင်အားစုသည်ပင် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက် ကို ပြုစုပျိုးထောင်ရန် အရင်းအမြစ် များစွာ လိုအပ်ပေသည်။

ယခုအခါ၌ တစ်ထောင်နီးပါးရှိသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များက သူတို့ဆီ၌ အညံ့ခံလာသောကြောင့် ဝမ်ယုသည် သေချာပေါက် ပျော်ရွှင်ပေသည်။

ဤသို့ဖြင့် သူတို့ ကံကြမ္မာဂိုဏ်း၏ စွမ်းအားသည် နောက်တစ်ဆင့် ထပ်မံ တိုးတက်လာပေလိမ့်မည်။

ကြယ်စင်စုလေးခုဆီမှ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည် ဒူးထောက်ကာ ဂိုဏ်းချုပ်ဝမ် ကို ကျေးဇူးတင်လိုက်ကြသည်။ ချက်ချင်းဆိုသလို ဝမ်ယုက ကံကြမ္မာဂိုဏ်း၏ မဟာအကြီးအကဲ တစ်ယောက် ကို ချိုးပိုင်ဖေးတို့အုပ်စုအား နေရာထိုင်ခင်း စီစဥ်ပေးရန် စေခိုင်းလိုက်သည်။

သို့သော် သူက ရှောင်လုံအား ဖမ်းဆီးဖို့ရာ တစ်စုံတစ်ယောက်ကို စေလွှတ်ရန် ပြင်လိုက်ချိန်တွင် ဟောင်ရှောင်လုံ သည် သိုင်းဝိညာဥ်ကမ္ဘာ မှ ထွက်ခွာကာ နတ်ဆိုးမြို့တော် သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တပည့်တစ်ယောက် က လာရောက် သတင်းပို့လေသည်။

ဟုတ်ပေသည်...ထိုသတင်းကို ရှောင်လုံက တမင်သက်သက် လွှင့်လိုက်ခြင်းဖြစ်ပေသည်။

ဝမ်ယုက ထိုသတင်းကို ကြားချိန်၌ နှာခေါင်းရှုံ့လိုက်လေသည်။

"ဟောင်ရှောင်လုံ...ဟောင်ရှောင်လုံ...ဒီလိုဆိုမှတော့...ငါက နတ်ဆိုးမြို့တော် ရဲ့ ကံကြမ္မာဂိုဏ်း မဟာအကြီးအကဲ တွေကို...နတ်ဆိုးမြို့တော် ဂိတ်တံခါးရှေ့မှာ မင်းကို ကြိုဆိုခိုင်းရတော့မှာပေါ့ကွာ"

ထို့ကြောင့် ဝမ်ယုက သတင်းပို့အဆောင်ကို ထုတ်၍ နတ်ဆိုးမြို့တော် ရှိ ကံကြမ္မာဂိုဏ်းခွဲမှ မဟာအကြီးအကဲများကို ဆက်သွယ်လိုက်သည်။ သူတို့ကို ဟောင်ရှောင်လုံ အား ကောင်းကောင်း ကြိုဆိုပေးလိုက်ရန် မှာကြားလိုက်လေသည်။

ထို့နောက် ဝမ်ယုက မဟာနတ်ဘုရားအဆင့် ၇၊ အဆင့် ၈ နှင့် အဆင့် ၉ သိုင်းပညာရှင် အယောက်သုံးဆယ်ကျော်ကို စုဝေးလိုက်သည်။ သူက သူတို့ကို သိုင်းဝိညာဥ်ကမ္ဘာသို့ သွားကာ ဟောင်မိသားစုအိမ်တော် တစ်ခုလုံးနှင့် ရှောင်လုံ၏ ဇနီး ရှောင်ဖေးကို ဖမ်းဆီးခိုင်းလိုက်လေသည်။

ထို လူသုံးဆယ် ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ယုက ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။

"ဟောင်ရှောင်လုံ...မင်းလည်း မင်းရဲ့ မိသားစု၊ မိန်းမနဲ့အတူ...နတ်ဆိုးမြို့တော် မှာ ပျက်စီးသွားရတော့မယ်"

အနက်ရောင်လိပ်ကြယ်စင်စုနှင့် နတ်ဆိုးမြို့တော် တို့ကြား အကွာအဝေးကြောင့် ရှောင်လုံသည် မဟာလေဟာနယ် ရွှေ့ပြောင်းခြင်းကို ကူးပြောင်းခြင်းအစီအရင် များကြား များစွာ အသုံးပြုခဲ့ရသည်။ သို့သော် သူက လိုရာသို့ရောက်ရန် သုံးလကြာပေသည်။

ထိုသုံးလအတွင်း သူက ခရီးလမ်း၌ ငွေမီးခိုးရောင်စွမ်းအင်ကို ဆက်လက်စုပ်ယူ ကျင့်ကြံပြီး သူ့၏ ကျင့်စဥ်က မဟာနတ်ဘုရားအဆင့် ၄ နောက်ပိုင်း အထွတ်အထိပ်အဆင့် သို့ ရောက်ရန် နီးကပ်လာလေသည်။

သူ့၏ ခန့်မှန်းချက်အရ ဤနှုန်းအတိုင်းဆိုလျှင် သူသည် နှစ်လအတွင်း မဟာနတ်ဘုရားအဆင့် ၄ နောက်ပိုင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

သူ့ရှေ့ လေဟာနယ် အလယ်ရှိ မြင့်မားသည့်တံတိုင်းများနှင့် နတ်ဆိုးချီတို့ ရစ်ပတ်နေပြီး ကြီးမားလှသော မြို့တော်ကို ကြည့်ရင်း ရှောင်လုံသည် သူ့၏ အမြန်နှုန်းအား မြှင့်တင်လိုက်လေသည်။

ခဏကြာပြီးနောက် သူက မြို့တော် ဂိတ်တံခါးများ ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

........

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၀၈.....နတ်ဆိုးပုတီးစေ့

သို့သော် လည်း နတ်ဆိုးမြို့တော်ကို မဝင်ရောက်ခင် ရှောင်လုံသည် သူ့၏ နတ်ဘုရား အာရုံကို ဖြန့်ကျက်စစ်ဆေးလိုက်လေသည်။ ထို့နောက် ပုန်းကွယ်နေသည့် ကံကြမ္မာဂိုဏ်း တပည့်များစွာကို တွေ့လိုက်ရလေသည်။ သူတို့ထဲ၌ အဘိုးအိုတစ်ယောက်သည် အင်အားကြီးမားလှသော ဖိအားကို ထုတ်ဖော်နေကာ သေချာပေါက် မဟာနတ်ဘုရား အဆင့်၈ နှင့်အထက် ခွန်အားရှိပေလိမ့်မည်။

ထိုအဘိုးအိုသည် နတ်ဆိုး မြို့တော် ထဲရှိ ကံကြမ္မာဂိုဏ်း ခွဲ၏ မဟာအကြီးအကဲ ဖြစ်ဟန်ရသည်။

ရှောင်လုံ က လှောင်ပြုံးပြုံးလိုက်သည်။

သူက နတ်ဆိုးမြို့တော်ကို ထွက်ခွာသည့်သတင်းအား ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းဖြန့်ခဲ့သောကြောင့် ကံကြမ္မာဂိုဏ်း သည် သူ့၏ လမ်းအား ပိတ်ဆို့ရန် သူတို့၏ လူများအား သေချာပေါက်စေလွှတ်ပေလိမ့်မည်။ သို့သော် သူက ထိုကိစ္စကြောင့် အနှောင့်အယှက် မဖြစ်ပေ။

သူက မြို့တော်ဂိတ်တံခါးများဆီသို့ မရောက်မှီ၌ပင် သူ့၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲ ထားခဲ့ပြီး ဖြစ်သည်။ ကံကြမ္မာဂိုဏ်းတပည့်များကို အသာထား၍ ဖန်းချူ ကိုယ်တိုင် သူ့ရှေ့၌ ရောက်လာမည်ဆိုလျှင် ရှောင်လုံ ကို မှတ်မိနိုင်စွမ်းရှိမည်မဟုတ်ပေ။

ဝင်ကြေးအနေဖြင့် စကြာဝဠာ အဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးကို ပေးပြီးနောက် ရှောင်လုံ သည် နတ်ဆိုးမြို့တော်ထဲသို့ ဟိတ်ဟန်အပြည့်ဖြင့်ဝင်သွားလေသည်။

သူက ကံကြမ္မာဂိုဏ်း တပည့်များ၏ ရှေ့၌ မောက်မာဝင့်ကြွားစွာဖြင့် လမ်းလျှောက်သွားသော်လည်း သူတို့၏အကြည့်များသည် ရှောင်လုံ နောက်မှ ဝင်ရောက်လာသော အမျိုးသမီး ကျင့်ကြံသူအပေါ် ၌သာ ရောက်ရှိနေပေသည် ။

ထိုအမျိုးသမီးကျင့်ကြံသူ က အလွန်တရာ လှပသည်ဟု ပြော၍ရပြီး အထူးသဖြင့် သူမ၏ ရင်ဘတ်ပေါ်ရှိ ဖွံ့ထွားကြီးမားလှသော တောင်ပို့နှစ်ခုသည် လမ်းလျှောက်လိုက်တိုင်း လှုပ်လီလှုပ်လဲ့ ဖြစ်နေလေသည်။

နတ်ဆိုးမြို့တော်ထဲသို့ ချောချောမွေ့မွေ့ဝင်ရောက်သွားပြီးနောက် ရှောင်လုံသည် လူအုပ်ကြီးအတိုင်း လိုက်ပါသွားကာ ပတ်ပတ်လည်ရှိ ဆိုင်များနှင့် လမ်းများကို စစ်ဆေးကြည့်ရှုလိုက်လေသည်။ ထိုဈေးဆိုင်များ အားလုံးသည် နတ်ဆိုးမျိုးနွယ်နှင့် ပတ်သက်သော ပစ္စည်း များကိုသာ အဓိကထားရောင်းချသည်။ သို့သော် လူသားကျင့်ကြံသူများအတွက်သင့်တော်သည့် ဆေးလုံးများ ရောင်းချသော ဈေးဆိုင်အချို့လည်း ရှိပေသည်။

သူက ပတ်ပတ်လည် သို့လျှောက်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ ဝယ်ယူခြင်းမရှိပေ။ရှောင်လုံက ငရဲမျှော်စင်အကြောင်း အနည်းငယ် စုံစမ်းလိုက်ပြီးနောက် ထိုနေရာရှိရာဆီသို့ ဦးတည်လိုက်လေသည်။

နတ်ဆိုးမြို့တော်၌ လေထုထဲတွင် ပျံသန်းခွင့်နှင့် မဟာလေဟာနယ် ရွှေ့ပြောင်းခြင်း အသုံးပြုမူတို့ကို တားမြစ်ထားသည့် စည်းမျဉ်း တသ်ခု ရှိပေသည်။ ထို့ကြောင့် ရှောင်လုံ က ငရဲမျှော်စင်သို့ရောက်ရန် သုံးရက်မှလေးရက်အထိ အချိန်ယူရပေသည်။

သူသည် နတ်ဆိုးမြို့တော်ကို ရောက်ရှိနေပြီဖြစ်သောကြောင့် အလျှင်လိုခြင်း မရှိပေ။  သုံးရက်မှ လေးရက်အထိ နှောင့်နှေးခြင်းသည် ကိစ္စမရှိလှပဲ နေရာသစ်တစ်ခု၏ မြင်ကွင်းသစ်များကို ခံစားကြည့်ရှု ၍ရပေသည်။ လုံးဝကြီး လိုအပ်ခြင်း မရှိလျှင် ရှောင်လုံသည် နတ်ဆိုးမြို့တော်၏ စည်းမျဥ်းများကို ချိုးဖောက်လိုခြင်း မရှိပေ။

လမင်းဆင်းသက်ခြင်းအဘိုးအို၏ ပြောစကားအရ ထိုနတ်ဆိုးမျိုးနွယ် ကလန်၏ စွမ်းအားသည် ဝမ်ဂူကလန် ထက် အနည်းငယ်မျှပင် အားနည်းခြင်းမရှိပေ။ ဖြစ်နိုင်မည်ဆိုလျှင် သူသည် သူတို့နှင့် မည်သည့် ပြသနာမျှမဖြစ်ရန် ရှောင်
ကျဥ်လိုပေသည်။

သူက ထိုသို့ သွားလာနေရင်း ကောင်းကင်သည် တဖြည်းဖြည်း ချင်း မှောင်မည်းလာလေသည်။

ရှောင်လုံ က ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် ပျက်ဆီးယိုယွင်းနေသော ခြံဝန်းတစ်ခုကို တွေ့လိုက်လေသည်။ သူက ထို့နေရာ၌ တစ်ည နေကာ မနက်ရောက်မှ ခရီးဆက်သွားရန် စီစဥ်လိုက်သည်။

ပျက်ဆီးယိုယွင်းနေသောခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ရှောင်လုံသည် လက်တစ်ချက် ဝေ့ယမ်းလိုက်ကာ ရှင်းလိုက်လေပြိီး ကြမ်းပြင်ထက်၌ ခြေချိတ်ထိုင်လိုက်လေသည်။ ထို့နောက် သူက ထူးကဲနတ်ဘုရား ဆေးလုံးတစ်လုံး ထုတ်ယူသောက်သုံးလိုက်ကာ အသက်ရှု လေ့ကျင့်ခန်းအချို့ စတင်ပြုလုပ်လိုက်လေသည်။

မျက်တောင်တစ်ခက်အတွင်း ညဥ့်နက်သန်းခေါင်သို့ ရောက်ရှိသွားသည်။

ငွေလရောင်ခြည်က ဖြာကျနေလေပြီး ခြံဝန်းကို နူးညံ့တဲ့ အလင်းဖြင့် လွှမ်းခြုံနေလေသည်။

ရှောင်လုံသည် တရားထိုင်သည့်ပုံသဏ္ဍာန်ဖြင့် အနားယူနေချိန်တွင် အဝေးတစ်နေရာဆီမှ လေတိုက်ခတ်သံများ ကြားလိုက်လေသည်။

သူက သူ့၏ မျက်လုံးကို ဖွင့်လိုက်ချိန်တွင် ကျဆင်းလာသော သက်လတ်ပိုင်း လူတစ်ယောက်၏ ပုံရိပ်ကို တွေ့လိုက်ရလေသည်။ လရောင်အောက်တွင် သူ့၏ သွေးများဖြင့် စိုရွှဲနေသောရုံကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရလေပြီး သူ့၏ တစ်ကိုယ်လုံးသည် မတည်မငြိမ် ယိမ်းယိုင်နေကာ အသက်ရှုသံက ဖရိုဖရဲ ဖြစ်နေလေသည်။ ထိုသူ၏ နတ်ဘုရား ဦးခေါင်း က အလွန်တရာ အားကောင်းလှသော အင်အားကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ထားကြောင်း ရှောင်လုံ သတိထားမိလေသည်။

သတ်လက်ပိုင်းလူက ခြံဝန်းထဲရှိ ရှောင်လုံကို သတိထားမိသွားချိန်တွင် သူ့၏ မျက်လုံးများသည် တောက်ပသွားလေပြီး အနားသို့ တိုးကပ်လာရန် အားစိုက်လိုက်လေသည်။ သို့သော် သူက စကားတစ်ခွန်းမှ မပြောရသေးခင် ဟင်းလင်းပြင်ဆီမှ ထက်ရှသော ဓားအလင်းတစ်ချက် ကျဆင်းလာပြီး သက်လက်ပိုင်းလူ၏ လည်မြိုကို ခုတ်ဖြတ်သွားလေသည်။

သက်လက်ပိုင်းလူသည် သူရှိနေသည့် နေရာ၌ပင် တောင့်ခဲသွားလေပြီး သူ့၏ ခေါင်းပြတ်ပေါ်ရှိ မျက်လုံးများသည် ပြူးကျယ်သွားလေသည်။

ဓားအလင်းပျောက်ကွယ်သွားပြီးနောက် ဘရိုကိတ် ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ယောက်သည် ခြံဝန်းထဲ၌ ထွက်ပေါ်လာလေပြိီး အေးစက်စက် လှောင်ပြုံးဖြင့် သက်လက်ပိုင်းလူကြီး၏ ခန္တာကိုယ်ဆီသို့ လျှောက်သွားလေသည်။ သူ့၏ လက်ဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်ရင်း သက်လတ်ပိုင်းလူ၏ နတ်ဘုရား ဦးခေါင်း ကို အပြည့်အဝ ကွဲအက်သွားစေကာ စိတ်ဝိညာဉ် ကိုလည်း ဖျက်ဆီးပစ်လိုက်လေသည်။ ထိုသို့ လုပ်ဆောင်ပြီးသည်နှင့် လူငယ်သည် သက်လက်ပိုင်းလူ၏ သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်ကာ အနက်ရောင် ပုတီးစေ့ တစ်လုံးကို ထိုထဲမှ ထုတ်ယူလိုက်သည်။

အနက်ရောင်ပုတီးစေ့ ထွက်ပေါ်လာသည်နှင့် ပတ်ပတ်လည်ရှိ စိတ်ဝိညာဉ် စွမ်းအင်သည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခတ်သွားလေသည်။ နတ်ဆိုးချီက သိပ်သည်းအားကောင်းစွာ ဖြင့် ခြံဝန်းတစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။

သို့သော်လည်း အနက်ရောင်ပုတီးစေ့ သည် ကန့်သတ်ချုပ်ချယ်ခံထားရဟန်ရပြီး ၄င်း၏ အားကောင်းလှသော နတ်ဆိုးချီသည် ခြံဝန်းဆီမှ ပျံ့နှံ့မသွားပေ။

ဘရိုကိတ်ဝတ်စုံဝတ်ထားသည့် လူငယ်သည် သူ့လက်ထဲရှိ အနက်ရောင်ပုတီးစေ့ ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကြည့်လိုက်လေသည်။ ထို့နောက် သူက အားပါးတရ ရယ်မောလိုက်လေပြီး အနက်ရောင်ပုတီးစေ့ကို သူ့၏ သိုလှောင်လက်စွပ် ထဲသို့သိမ်းဆည်းလိုက်လေသည်။ ထိုအခါမှသာ သူက ရှောင်လုံ ကို အာရုံစိုက်လိုက်သည်။

" မဟာနတ်ဘုရား အဆင့် ၄ နောက်ပိုင်းအဆင့် ပဲ "

လူငယ်က ရှောင်လုံ၏ ကျင့်စဥ်ကို အကြည့်တစ်ချက်ဖြင့် သိရှိသွားလေသည်။သူက ရှောင်လုံကို စစ်ဆေးမေးမြန်းနေခြင်းမရှိပဲ အေးစက်စက် ကြည့်လိုက်ပြီး တစ်ခွန်းသာ ပြောလိုက်လေသည်။

" ကောင်လေး...မင်းကိုမင်း သတ်သေမလား...ဒါမှမဟုတ် ငါသတ်ပေးရမလား"

ရှောင်လုံသည် မျက်မှောင်ကြုံ့လိုက်မိလေပြီး မကျေမနပ်ဖြစ်သွားသည် ။ကြည့်ရသည့်မှာ သူက မမြင်သင့်သော အရာတစ်ခုကို မြင်တွေ့သွားဟန်ရသည်။ ထို့ကြောင့် ထိုလူငယ်က သူ့ကို နှုတ်ပိတ်ရန် ကြံစည်နေခြင်း ဖြစ်ပေသည်။

ဘရိုကိတ်ဝတ်စုံနှင့် လူငယ်၏ ခွန်အား သည် ဆိုးဝါးလှခြင်းမရှိပဲ မဟာနတ်ဘုရားအဆင့် ၇ အလယ်အဆင့်သိုင်းပညာရှင် တစ်ယောက်ဖြစ်ပေသည်။

" မင်းက နတ်ဆိုးကလန်ရဲ့တပည့်လား "

ရှောင်လုံ က ထိုလူငယ်၏ ဝတ်စုံကို တစ်ချက်ကြည့်လိုက်လေသည်။

ဘရိုကိတ်ဝတ်စုံဝတ်ထားတဲ့ လူငယ်က ရယ်မောလိုက်လေသည်။

" အမှန်ပဲ... မင်းရဲ့ ခွန်အားက သိပ်မဆိုးပါဘူး...ဒီ ကံကြမ္မာဂိုဏ်း တပည့်ထက် နည်းနည်း တော့သာသားပဲ...ဒါပေမဲ့ မင်း ငါ့လက်ကနေ လွတ်နိုင်မယ် မထင်နဲ့...ငါ့ရှေ့မှာ ဆိုရင် မင်းက လွတ်မြောက်ဖို့ အခွင့်အရေး ရှိမှာမဟုက်ဘူး"

ရှောင်လုံ ၏ မျက်လုံးများက ပြေလျော့သွားလေပြီး သူ့၏ အမူအယာသည် ခံစားချက်မဲ့နေသည့် အမူအယာအဖြစ် ပြန်လည်ပြောင်းသွားလေသည်။

" ငါမင်းကို မသတ်ချင်ဘူး...ပြီးတော့ မင်းတို့ နတ်ဆိုးကလန်ရဲ့ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ စိတ်မဝင်စားဘူး... အခုထွက်သွားလိုက်တော့... ငါတို့ တစ်ယောက်ကိုတစ်ယောက် မသိသလိုပဲနေလိုက်ကြတာပေါ့"

ရှောင်လုံသည် နတ်ဆိုးကလန်၏ ကိစ္စများထဲသို့ ပါဝင်လိုခြင်း မရှိပေ။

နတ်ဆိုးမြို့တော်၌ လိုအပ်ခြင်း မရှိဘဲ သူသည် နတ်ဆိုးကလန်နှင့် မျက်နှာမပျက်ချင်ပေ။

ရှောင်လုံ၏ စကားများကြောင့် လူငယ်၏ မျက်လုံးထဲတွင် သွေးဆာရက်စက်မှုများ ဖုံးလွှမ်းသွားလေသည်။ ထိုလူငယ်က နားကလော်သည့်ဟန် အမူအယာ လုပ်လိုက်လေသည်။

" ငါနားကြားမှားတာ မဟုက်ပါဘူး နော်...မင်းက ငါ့ကို  မသတ်ချင်ဘူး လို့ပြောလိုက်တာလား"

အဝေးဆီမှ လေတိုက်ခတ်သံတစ်ခု ထွက်ပေါ်လာပြီး သူ့၏ စကားများကို ကြားဖြတ်နှောင့်ယှက်လိုက်လေသည်။

ဆင်တူ ဘရိုကိတ်ဝတ်စုံဝတ်ထားသော
အခြားတပည့်တစ်ယောက်သည် ခြံဝန်းထဲသို့ ဆင်းသက်လာလေသည်။

" မော့ချန်...နတ်ဆိုးပုတီးစေ့ ကို မင်းတွေ့ပြီလား..."

ဒုတိယ ရောက်ရှိလာသော နတ်ဆိုးကလန် တပည့်က ပထမတပည့်ကို မေးလိုက်လေသည် ။

နတ်ဆိုးကလန်၏ ပင်မတပည့်အားလုံးသည် မျိုးရိုးနာမည် မော့ကို အသုံးပြုကြလေသည်။

ပထမ ရောက်လာသော နတ်ဆိုး ကလန်တပည့် မော့ချန်က မေးလိုက်လေသည်။

" ငါလုပ်တဲ့ ကိစ္စ တွေကို မင်းစိတ်ချလက်ချနေလို့ရပါတယ်...ငါက နတ်ဆိုးပုတီးစေ့ ကို ရပြီးသွားပြီ... ဒါပေမဲ့ ဒီကောင်လေးက မမြင်သင့်တဲ့ အရာတစ်ချို့ကို မြင်သွားတယ်...ငါက သူ့ကိုယ်သူ သတ်သေဖို့ ပြောလိုက်တယ်လေ ...ဒါပေမဲ့ သူက ငါ့ကို ဘာပြန်ပြောတယ်မှတ်လဲ... သူက ငါ့ကို မသတ်ချင်ဘူး တဲ့...တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ဘဲနဲ့ ထွက်သွားလို့ သူကပြောနေတာပဲကွ"

ဒုတိယ မြောက်ရောက်ရှိလာသော နတ်ဆိုးကလန်တပည့်ကခေါင်းရမ်းလိုက်လေသည်။ သူကရှောင်လုံအား ထူးဆန်းစွာ ကြည့်လိုက်ပြီး နောက် မော့ချန်ကိုပြောလိုက်လေသည်။

" ဒီကောင်လေးရဲ့ ရူးသွပ်မှုက ချစ်စရာကောင်းသားပဲဟ...ဒီတော့သူ့ကို ငါတို့ ရှေးဟောင်း နတ်ဆိုးကလန် ရဲ့ နတ်ဆိုး လက် တစ်သောင်းနဲ့ ပြုစုပေးလိုက်လေ"

မော့ချန်က ခေါင်းညိတ်လိုက်လေသည်။

" သေချာပေါက် လုပ်ပေးရမှာပေါ့ ကွ"

ထိုသို့ ပြောပြီးသည်နှင့် သူက ရှောင်လုံ ရှိရာသို့ ရောက်သွားလေသည်။ သူ့၏ နတ်ဘုရားအင်အားက ဖြာထွက်လာကာ လက်ဝါးထဲ၌ ဖြာထွက်လာလေပြီး ပစ်မှတ်ကို တိုက်ခိုက်လိုက်လေသည်။

ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ရာ နတ်ဆိုး ချီက ပြေးထွက်လာလေပြီး မြောက်မြားစွာ သော နတ်ဆိုလက်များ အသွင် သိပ်သည်းသွားလေသည်။ ပိုလည်းမပို လျော့လည်းမလျော့သော နတ်ဆိုး လက်တစ်သောင်း အတိအကျ ဖြစ်ပေသည်။

ထိုနတ်ဆိုး လက်များသည် ရှောင်လုံ ပေါ်သို့ ရောက်ရှိရန် နိီးကပ်လာချိန်တွင် ရှောင်လုံ ၏ ခန္ဓာကိုယ် ဆီမှ သန်းပေါင်းများစွာသော နေမင်း များနှယ် အလင်းရောင်များတောက်ပလာသည်။ သူ့၏ အလင်းစွမ်းအင် နတ်ဘုရား အင်အားက နဂါးငွေ့တန်း မြစ်တစ်စင်းသဖွယ် စီးထွက်လာပြီး နတ်ဆိုးလက်များ အားလုံးကို သန့်စင်ပစ်လိုက်လေသည်။

ရှောင်လုံ က လက်တစ်ချောင်းမြှောက်ကာ လေထဲသို့ ညွှန်လိုက်လေသည်။ ပကတိ စိတ်ဝိညာဉ် လက်ချောင်း စွမ်းအင် သည် သူ့၏အလင်းစွမ်းအင်နတ်ဘုရားအင်အားနှင့် ပေါင်းစပ်ကာ မော့ချန်၏ နားထင်ကို ချက်ချင်းဖောက်ထွက်သွားသည်။

မော့ချန်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားလေပြီး သေဆုံးနေသော သူ့၏ မျက်နှာထက်တွင် မယုံကြည်နိုင်သည့်
အမူအယာ ဖြင့် ပြည့်နှက်နေလေသည်။

ဒုတိယနတ်ဆိုးကလန် တပည့် မော့လွေ သည် ကြောင်အသွားလေပြီး နောက် သူ့၏ မျက်နှာသည် သွေးဆုတ်သွားပေသည်။

" အလင်းစွမ်းအင်နတ်ဘုရားအင်အား "

သူက နောက်သို့ လှည့်ကာ တုန့်ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးလိုက်လေသည်။

သူက ပြေးဟန်ပြင်လိုက်ချိန်တွင် ပုံရိပ်တစ်ခုသည် သူ့ရှေ့၌ ပိတ်ဆို့လာလေသည်။ ရှောင်လုံ က မြေဗုဒ္ဓ လက်ဝါးချက်ဖြင့် မော့လွေကို ရိုက်ချလိုက်လေပြီး အဆုံးအစမဲ့သော ဗုဒ္ဓ စွမ်းအင်သည် သူ့ရဲ့ ရင်ဘတ်ထဲသို့စီးဝင်သွားလေသည်။

မော့လွေက အော်ဟစ်လိုက်ရကာ သူ့၏ တစ်ကိုယ်လုံးသည် အလင်းရေကန်အသွင် ပြောင်းလဲ သွားပြီး ကမ္ဘာ ပေါ်မှပျောက်ကွယ်သွားလေသည်။

မော့လွေကို သတ်ဖြတ်ပြီးနောက် ရှောင်လုံ သည် မော့ချန်၏ အလောင်းဘေးသို့ ရောက်ရှိသွားသည်။ သူ့၏ ခန္ဓာကိုယ်ဆီမှ အနက်ရောင်ပုတီးစေ့ကို တွေ့လိုက်ရပြီးနောက် မီးစွမ်းအင် နတ်ဘုရားအင်အားတစ်မျှင်ဖြင့် သဲလွန်စများကို ဖျက်ဆီးလိုက်လေသည်။ ထိုအချိန်တွင် အဝေးတစ်နေရာဆီမှ လေထုကိုထိုးဖောက်လာသောအသံများစွာ ထွက်ပေါ်လာပေသည်။

သူတို့၏ အော်ရာ တစ်ခုချင်းစီတိုင်းသည် မော့ချန်နှင့် မော့လွေထက် အဆပေါင်းများစွာ အင်အားကြီးမားလှလေသည်။

နှောင့်နှေးနေခြင်းမရှိဘဲ ရှောင်လုံသည် ခြံဝန်းထဲမှတိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၀၉.....နတ်ဆိုးသားတော် မော့စု

" ဒီလောက်တောင်တုန်လှုပ်ဖို့ကောင်းတဲ့ အလင်းစွမ်းအင်နတ်ဘုရား အင်အား "

"ဒီနေရာမှာ မီးစွမ်းအင်နတ်ဘုရားအင်အားအကြွင်းအကျန်တွေလည်းရှိနေတယ်"

"ဒါက ဗုဒ္ဓ စွမ်းအင်လား..."

ရှေးဟောင်း နတ်ဆိုးကလန် အကြီးအကဲငါးယောက်သည် အချိန်တိုအတွင်း အဆပေါင်းများစွာ ထိတ်လန့်သွားကြသည်။

ထိုအုပ်စုထဲရှိ နှင်းဖြူရောင်ဆံပင်နှင့် အကြီးအကဲ တစ်ယောက်သည် မော့ချန်နှင့် မော့လွေတို့ သတ်ဖြတ် ဖျက်ဆီးခံလိုက်ရသည့် နေရာ၌ ရပ်တန့်လိုက်သည်။ သူက နေရာအနှံ့ဆီမှ တစ်စုံတစ်ခုကို စုဆောင်းလိုက်သည့်နှယ် လက်ကိုဝေ့ယမ်းလိုက်သည်နှင့်အလင်းရေကန်တစ်ခုဖွဲ့တည်လာကာ မော့လွေနှင့် မော့ချန်တို့၏ ပုံရိပ်အသွင် ကွဲထွက်သွားလေသည်။

ပုံရိပ်နှစ်ခုသည် အလွန်တရာ မှုန်ဝါးလှသော်လည်း သူတို့၏ နာမည်များကို ရှင်းရှင်းလင်းလင်း သိရှိရန်လုံလောက်ပေသည်။

" မော့ချန်နဲ့ မော့လွေတို့နှစ်ယောက်လုံး သေသွားကြပြီ"

နှင်းဖြူရောင်ဆံပင်နှင့်အကြီးအကဲ က မဲမှောင်နေသော အမူအယာ ဖြင့် အတည်ပြုလိုက်လေသည်။

" ကြည့်ရတာ... နတ်ဆိုးပုတီးစေ့ ကို တစ်ဖက်လူက ယူသွားပြီထင်တယ်"

သူ့စကားကို ကြားလိုက်သည်နှင့် အခြားသူများ၏ အမူအယာ များသည် အလွန်တရာ ဆိုးဝါးသွားလေသည်။

" ဘယ်လောက်တောင် အံ့အားသင့်ဖို့ကောင်းတဲ့ အလင်းစွမ်းအင် နဲ့ ဗုဒ္ဓ စွမ်းအင်လဲ... အဲ့ဒီ့လူက ဗုဒ္ဓ ဂိုဏ်းခွဲကများလား "

သူတို့ထဲမှ တစ်ယောက်က ခန့်မှန်းလိုက်လေသည်။ ဗုဒ္ဓ ဂိုဏ်းခွဲသည် အလွန်တရာ ရှေးကျလှသော ထိပ်တန်းအင်အားစုဖြစ် ကာ ကြယ်စင်စု ပေါင်း တစ်သိန်းကို သိမ်းပိုက်နိုင်စွမ်းရှိပေသည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်သိန်းပေါင်းများစွာ ကတည်းက သူတို့သည် သူတို့၏ ဋ္ဌာနချုပ်များဆီသို့ ရုတ်တရက် ဆုတ်ခွာသွားကြသည်။ ယခုအခါတွင် သူတို့၏ တပည့်များသည် အပြင်ဘက် ကမ္ဘာ ဆီသို့ ထွက်ပေါ်လာသည်မှာ ရှားပါးလှသည်။

ဗုဒ္ဓ ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်သည် ဗုဒ္ဓ ကျင့်ကြံခြင်း နည်းစနစ်များကိုသာ အခြေခံထားသည်။ ထို့ကြောင့် နတ်ဆိုးကလန်အကြီးအကဲများက ထိုသူသည် ဗုဒ္ဓ ဂိုဏ်း ဆီမှ လူ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်ကြခြင်း ဖြစ်သည်။

သူ့၏ စိတ်ထဲတွင် ဗုဒ္ဓ ကျင့်ကြံခြင်းနည်းစနည်ကို ကျင့်ကြံသည့် ဗုဒ္ဓ ဂိုဏ်း တပည့်သည်သာ ထိုမျှအားကောင်းလှသော ဗုဒ္ဓ စွမ်းအင်နှင့် အလင်းစွမ်းအင် ကို ပိုင်ဆိုင်ထားနိုင်လိမ့်မည်ဟု တွေးထားပေသည်။

" နတ်ဆိုးပုတီးစေ့ က ပါသွားပြီ...ခေါင်းဆောင် က သေချာပေါက် ဒေါသထွက်လိမ့်မယ်... ဒီကိစ္စရဲ့ အကျိုးဆက်က ကြီးမားလွန်းတယ်...ငါတို့ အခု လုပ်ရမှာက မြန်မြန်ပြန်ပြီးတော့ ခေါင်းဆောင်ဆီ တင်ပြဖို့ပဲ... ပြီးရင် နတ်ဆိုးမြို့တော်တစ်ခုလုံးကို ပိတ်ဆို့လိုက်မယ်...မြေအောက်ပေတစ်ရာအထိ တူးရမယ်ဆိုရင်တောင်... ငါတို့ နတ်ဆိုးပုတီးစေ့ ကို ပြန်အရယူရမယ်"

အကြီးအကဲ ငါးယောက်ထဲမှ တစ်ယောက် က သုန်မှုန်စွာပြောလိုက်လေသည်။

အခြားသူများက ခေါင်းညိတ်သဘောတူလိုက်ကြပြီး ခြံဝန်းထဲမှ ချက်ချင်းပျောက်ကွယ်သွားကြလေသည်။

ထိုအချိန်တွင် စွန့်ပစ်ခံထားရသည့် အခြား ခြံဝန်းတစ်ခုထဲ၌ လေဟာနယ်က တိတ်တဆိတ် ပေါက်ကွဲသွားလေပြီး ရှောင်လုံ၏ ပုံရိပ် ထွက်ပေါ်လာလေသည်။

လရောင်၏အောက်တွင် သူ့လက်နှစ်ချောင်းကြားရှိ နတ်ဆိုးပုတီးစေ့ သည်ဖြော့တော့သည့် အနက်ရောင် အလင်းကို ထုတ်လွှတ်နေပေသည်။

သူက အနက်ရောင်ပုတီးစေ့ ကိုစစ်ဆေးကြည့်လိုက်ချိန်တွင် ရှေးဟောင်းနတ်ဆိုးမျိုးနွယ် သင်္ကေတတစ်ခုကို တွေ့လိုက်ရလေသည်။

သူက ထို နတ်ဆိုးပုတီးစေ့ ၏ အသုံးဝင်ပုံကို မသိရှိသော်လည်း ထို ပုတီးစေ့ သည် နတ်ဆိုးကလန်အတွက် အလွန်တရာ အဖိုးတန် သည့် ပစ္စည်းတစ်ခု ဖြစ်ရပေမည်။ ထိုသို့မဟုတ်ပါက သူတို့သည် ထိုပစ္စည်းကို ရှာရန် သိုင်းပညာရှင် များစွာစေလွှတ်လိုက်မည်မဟုက်ပေ။

သူက နတ်ဘုရားအာရုံအမျှင်တစ်ခုကို အနက်ရောင်ပုတီးစေ့ ထဲသို့ စေလွှတ်လိုက်သည်။ သို့သော်၄င်းကို ထူးခြားဆန်းကြယ်သည့် အင်အားတစ်ခုက ပယ်ဖျက်လိုက်လေသည်။ သူ့၏ နတ်ဘုရား အာရုံက နတ်ဆိုးပုတီးစေ့ ထဲသို့ ဝင်ရောက်သွားချိန်တွင် ရှေးဟောင်းနတ်ဆိုးမျိုးနွယ်သင်္ကေတက တုန်ခါသွားကြောင်း သူတွေ့လိုက်ရလေသည်။

ထိုထူးခြားဆန်းကြယ်သည့် အင်အားသည် ရှေးဟောင်းနတ်ဆိုးသင်္ကေတဆီမှ ဆင်းသက်လာခြင်းဖြစ်သည်လား။

နတ်ဆိုးပုတီးစေ့ ကို တစ်နာရီကြာသည်အထိ လေ့လာနေသော်လည်း ရှောင်လုံ သည် မည်သည့်အကျိုးအမြတ်မှမရရှိခဲ့ပေ။သူက နတ်ဆိုးပုတီးစေ့ အား ချက်ချင်း သိမ်းဆည်းလိုက်လေပြီး ထူးကဲနတ်ဘုရားဆေးလုံးတစ်လုံးကို ဝါးမြိုသောက်သုံးလိုက်လေကာ အသက်ရှုလေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးကလန် ၏ မဟာခန်းမထဲတွင် ကလန်ခေါင်းဆောင် မော့တင်းထန်း သည် အလွန်တရာ ဒေါသထွက်နေလေသည်။ နတ်ဆိုးပုတီးစေ့ကို ဗုဒ္ဓ နည်းစနစ် ကျင့်ကြံသည့် အမည်မသိ သိုင်းပညာရှင် တစ်ယောက်က ယူဆောင်သွားကြောင်းသူ့၏ နောက်လိုက်က တင်ပြလာလေသည်။

" အမှိုက်အုပ်စုတွေ"

မော့တင်းထန်း က ဒေါသတကြီး ဟိန်းဟောက်လိုက်လေပြီး မဟာခန်းမကြီးတစ်ခုလုံးတုန်လှုပ်သွားလေသည်။

စင်မြင့်၏အောက်ဘက်ရှိ ခြေလှမ်းများစွာအကွာမှ နတ်ဆိုးကလန်အကြီးအကဲ အုပ်စုသည် သူတို့၏ စိတ်နှလုံးသို့တိုင် တုန်လှုပ်သွားလေပြီး နောင်တရစွာဖြင့် ခေါင်းကို ငုံ့ထားကြလေသည်။

ပျောက်ဆုံးသွားသော နတ်ဆိုးပုတီးစေ့ အကြောင်း တွေးမိချိန်တိုင်း မော့တင်းထန်း၏ မျက်လုံးထဲတွင် နတ်ဆိုးချီများ တောက်ပသွားလေသည်။ 

မရဏလမ်း၏ နတ်ဆိုးဘုရင် နန်းတော် သည် ထို ပုတီးစေ့ မရှိဘဲ ဖွင့်၍မရနိုင်ပေ။ သူသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ချင်သည့်နှယ် ခံစားနေရလေသည်။

" မင်းတို့ မျိုးမစစ်ကောင်တွေ ဘာဖြစ်လို့ မြို့တော်ကို မပိတ်ဆို့ရတာလဲ...တစ်လက်မမှမကျန်အောင်ရှာပြီးတော့ နတ်ဆိုးပုတီးစေ့ကို ငါ့ဆီပြန်ယူလာခဲ့စမ်း"

မော့တင်းထန်း ကဟိန်းဟောက်လိုက်လေသည်။

" အဲ့ဒီ လူက ဘယ်သူလဲ ဆိုတာ ငါဂရုမစိုက်ဘူး ...သူတို့ကို သတ်ပစ်လိုက်...ပြီးတော့... ကံကြမ္မာဂိုဏ်း က ငါတို့ရဲ့ တပည့်တွေထဲမှာ သူလျို လွှတ်ထားတယ်...ဒီကိစ္စက ကံကြမ္မာဂိုဏ်း နဲ့ ပတ်သက်နေလားဆိုတာ စုံစမ်းကြည့်စမ်း... ကိစ္စတွေကို ဒီအတိုင်း အဆုံးသတ် လိုက်လို့ မဖြစ်ဘူး "

" ဟုတ်ကဲ့... ခေါင်းဆောင်"

ချက်ချင်းဆိုသလို အမိန့်အတိုင်း လုပ်ဆောင်လိုက်ကြသောကြောင့် နတ်ဆိုးကလန် က နတ်ဆိုးမြို့တော်ကို ပိတ်ဆို့လိုက်သည့်သတင်းအား ရှောင်လုံ ကြားလိုက်ရလေသည်။

လမ်းမများသည် ရှေးဟောင်းနတ်ဆိုးကလန် တပည့်များနဲ့ ပြည့်နှက်နေသော်လည်း ရှောင်လုံ သည် ထိုကိစ္စကို စိတ်ထဲမထားပေ။

သုံးရက်ကြားပြီးနောက် သူသည် ငရဲမျှော်စင်တည်ရှိရာ နတ်ဆိုးမြို့တော်၏ မြောက်ဘက်ဆုံးအပိုင်းသို့ ရောက်ရှိသွားလေသည်။

ငရဲမျှော်စင်နှင့် နီးကပ်လာလေလေ ပတ်ပပတ်လည်ရှိ နတ်ဆိုးချီက ပိုမိုသန်မာလာလေ ဖြစ်ကြောင်း သူသတိထားမိလေသည်။

မကြာမှီ ရှောင်လုံ သည် ကြီးမားလှသော ကွင်းပြင်ထဲတွင် မိုးထိလုမတတ် မြင့်မားနေသော မှော်စင်တစ်ခုကို မြင်လိုက်ရလေသည်။

ငရဲမျှော်စင် တစ်ခုလုံးသည် နက်မှောင်နေလေပြီး ကြောက်မက်ဖွယ်ရာ နတ်ဆိုးချီကို ထုတ်လွှတ်နေပေသည်။အနက်ရောင် မျှော်စင်၏ ပတ်ပတ်လည်၌ နတ်ဆိုးချီသည် မြောက်မြားစွာ သော နတ်ဆိုးနဂါးများ နှယ် ရစ်ပတ်နေလေသည်။ မျှော်စင်၏ မျက်နှာပြင်ထက်တွင် ရှေးဟောင်းနတ်ဆိုးမျိုးနွယ်သင်္ကေတများ ရေးထွင်းထားပြီး အထက်တိုင်း၏ သင်္ကေတများသည် ကွဲပြားခြားနားလေသည်။

အနိမ့်ဆုံး အထက်သည် မီတာရာပေါင်းများစွာ ကျယ်ဝန်းပြီး အထက်သို့ ရောက်လေ ပိုမို သေးငယ်သွားလေ ဖြစ်သည်။ ပိုမိုမြင့်မားသည့် အထက်များသည် နတ်ဆိုးချီများ ပိုမိုသိပ်သည်းနေလေသည်။

နတ်ဆိုးမျှော်စင် ကွင်းပြင်ပေါ်တွင်စားသောက်ဆိုင် များနှင့်တည်းခိုခန်းများကို တွေ့မြင်နေရသည်။ ၄င်းတို့အပြင် ဆေးလုံးများ၊ ချပ်ဝတ်များ၊ လက်နက်များနှင့် အခြားပစ္စည်းများ လဲလှယ်ပေးသော ဆိုင်တစ်ဆိုင်လည်း ရှိပေသည်။

လမင်းဆင်းသက်ခြင်းအဘိုးအို ပြောထားသည်များကို ပြန်တွေးလိုက်ပြီးနောက် ရှောင်လုံ သည် ငရဲမျှော်စင် သို့ ဝင်ရောက်ရန် စာရင်းသွင်းရသည့်နေရာအား ရှာဖွေဖို့ရာ အချိန်သိပ်မကြာလိုက်ပေ။

သူက ထိပ်တန်း နတ်ဘုရား အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ဆယ်တုံး ပေးချေ လိုက်ပြီး သက်သေခံတံဆိပ်ပြားတစ်ခု လက်ခံရရှိလိုက်သည်။ ရှေးဟောင်း နတ်ဆိုးကလန်တပည့်တစ်ယောက်က နောက်သုံးရက်ကြာမှသာ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သူ့ကို သတင်းပို့လိုက်လေသည်။

ရှောင်လုံ က သူ့၏ သက်သေခံ တံဆိပ်ပြားကို ယူကာ စားသောက်ဆိုင် တစ်ခု ကိုရှာ၍ ပြတင်းပေါက်နား ၌ ထိုင်ရန်ရွေးချယ်လိုက်လေသည်။ထို့နောက် သူက စားပွဲထိုးကိုခေါ်ကာ ဟင်းလျာတစ်ချို့နှင့် ဝိုင်တစ်အိုးမှာလိုက်ကာ ဖြည်းဖြည်းချင်း စားသောက်၍ အပြင်သို့ ကြည့်နေလိုက်လေသည်။

သူရွေးချယ်လိုက်သည့် စားသောက်ဆိုင် သည် စားသုံးသူ အမြောက်အမြား ရှိနေပေသည်။ တချက်မျှကြည့်လိုက်သည်နှင့် မတူညီသော မိသားစုများနှင့် ဂိုဏ်းများ၏ ဝတ်စုံများကို ဝတ်ဆင်ထားသော တပည့်များအား မြင်လိုက်ရလေသည်။ထိုသူများသည် ဝမ်ဂူကလန် ၊ ကံကြမ္မာဂိုဏ်း ၊ အိုးယန်ကလန်နှင့် ဓားမဲ့ဂိုဏ်း မှတပည့်များဖြစ်ကြသည်။

ရှောင်လုံ သည် ရင်းနှီးနေသော မျက်နှာတစ်ခုကိုလည်း မြင်လိုက်ရလေသည်။ ထိုသူမှာ လျှပ်စီးနတ်ဘုရား ၏ လေဟာနယ်ကမ္ဘာထဲတွင် ဖန်းချူ ၏ လက်မှကယ်တင်ခဲ့သော တပည့်များအနက်မှ တစ်ယောက်ဖြစ်သည်။ မူလ ယန်ဂိုဏ်း၏ လူတုန်ဝေ ဖြစ်ပေသည်။

'လူတုန်ဝေ ကလည်း...ငရဲမျှော်စင်ကို ဝင်ဖို့ စီစဥ်ထားတာလား '

ရှောင်လုံ က စိတ်ဝင်စားစွာဖြင့် တွေးတောလိုက်လေသည်။

" မင်းတို့ကြားပြီးပြီလား...နောက်သုံးရက်ကြာရင် ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ နတ်ဆိုးသားတော် မော့စု က... ငရဲမျှော်စင်ကို စိန်ခေါ်လိမ့်မယ်တဲ့"

အနီးနားရှိ စားပွဲဆီမှ ဓားမဲ့ဂိုဏ်း တပည့်တစ်ယောက်၏ အသံသည် ရှောင်လုံ၏ နားထဲသို့ ရောက်ရှိလာလေသည်။

" ဘာ...နတ်ဆိုးသားတော်မော့စုက နောက်သုံးရက်ကြာရင် ငရဲမျှော်စင်ကို စိန်ခေါ်မလို့လား...နတ်ဆိုးသားတော်မော့စုက ရှေးဟောင်းနတ်ဆိုး ဘုရင်နဲ့ တူတယ်လို့ ငါကြားထားတယ်... သူမွေးလာကတည်းက မွေးရာပါ နတ်ဆိုးခန္တာကိုယ်ကို ပိုင်ဆိုင်ထား တာတဲ့... သူ့ရဲ့ ခန္တာကိုယ်က အားအကောင်းဆုံး ခန္ဓာကိုယ် တွေထဲက တစ်ခုလေ... ဒီတော့ သူ့ရဲ့ ပါရမီကလည်း ရှေးဟောင်းနတ်ဆိုးဘုရင်ထက် လုံးဝ အားနည်းမှာမဟုတ်ဘူး... သူက ငရဲမျှော်စင်ကို တကယ်ကြီး စိန်ခေါ်ချင်နေတာလား "

အခြားတပည့်တစ်ယောက်က တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်လေသည်။

အခြားသော ဓားမဲ့ဂိုဏ်း တပည့်များ၏ မျက်နှာတွင်လည်း တုန်လှုပ်သည့် အမူအယာ များ ရှိနေလေသည်။

" နတ်ဆိုးသားတော်မော့စုက... ငရဲမျှော်စင်ကို တစ်ခါမှ စိန်မခေါ်ဖူးဘူးလို့ သူများတွေက ပြောနေကြတယ်... ဒါက သူ့ရဲ့ ပထမဆုံးအကြိမ်ဆိုတာ ဟုတ်လား...အရင်တုန်းက ဆိုရင်...မော့စုက ငရဲမျှော်စင်ကို စိန်ခေါ်တာနဲ့ နတ်ဆိုးဘုရင် လိုပဲ ဆယ်ထပ်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့...ကောလဟာလရှိဖူးတယ်"

ဓားမဲ့ဂိုဏ်း တပည့်တစ်ယောက်က သက်ပြင်းချလိုက်လေသည် ။

" ဆယ်ထပ်ကို ကျော်ဖြတ်နိုင်မယ်တဲ့လား...ဒါက သေချာပေါက်ကို တုန်လှုပ်စရာပဲပေါ့...ဒါသာအမှန်ဆိုရင် နောက်သုံးရက်ကြာတာနဲ့ ဒီနေရာက အသက်ဝင်စည်ကားနေတော့မှပဲ..ဒါပေမဲ့... အဲ့ဒီ မော့စုက ငါတို့လူသားမျိုးနွယ်ရဲ့ ဟောင်ရှောင်လုံ နဲ့ယှဥ်ရင်ရောဘယ်လိုလဲ... ဘယ်သူ့ရဲ့ ပါရမီ ကပိုကောင်းလဲ ဆိုတာ ငါသိချင်မိတယ်"

" သေချာပေါက် မော့စု နိုင်မှာပေါ့...သူ့ရဲ့ နတ်ဘုရား ဦခေါင်းက ဧကရာဇ် အဆင့်လို့တောင်ကောလဟာလ ရှိထားတယ်...ဟောင်ရှောင်လုံ ဘယ်လောက်တော်တော်...သူက မော့စု နဲ့ တန်းညှိလို့ရမှာမဟုတ်ဘူး "

ဓားမဲ့ဂိုဏ်းတပည့်များက စကားဝိုင်းဖွဲ့ပြောနေကြပြီး သူတို့စကားဝိုင်းသည် ပတ်ပတ်လည် စားပွဲများ၏ အာရုံကိုဆွဲဆောင်မိသွားကာ လူတိုင်း တုန်လှုပ်မှု ကို ခံစားလိုက်ကြရသည်။

" အမှန်ပဲ... မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ ကျင်းပတဲ့ အချိန်တုန်းက...ငါတို့ရဲ့ နတ်ဆိုးသားတော် ဟာ အန္တိမ နတ်ဆိုး နည်းစနစ် တစ်ခုကို တံခါးပိတ် ကျင့်ကြံနေခဲ့တာ...ဒါကြောင့်သူက ပြိုင်ပွဲမဝင်နိုင်ခဲ့ဘူး...အဲ့ဒီ လိုမှမဟုတ်ရင် မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲရဲ့ ပထမနေရာ က... သေချာပေါက် ငါတို့နတ်ဆိုးသားတော်ရဲ့ အပိုင်ဖြစ်လာလိမ့်မယ်...အဲ့ဒီ ဟောင်ရှောင်လုံ မဟုတ်ဘူး"

ရုတ်တရက် ဆိုသလို စားသောက်ဆိုင် ၏ အပြင်ဘက်ဆီမှ မောက်မာသည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။

ရှောင်လုံ နှင့် လူတိုင်းသည် ဝင်ပေါက်ကို ကြည့်လိုက်မိကြပြီး နတ်ဆိုးကလန်တပည့် ဆယ်ယောက်ကျော်အုပ်စုသည် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်အား တွေ့လိုက်ကြရသည်။

........

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၁၀.....ကြယ်စင်စုပေါင်းတစ်သိန်း၏ အစစ်အမှန် နံပါတ်တစ် ပါရမီရှင်

စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသော နတ်ဆိုးကလန်တပည့်အုပ်စုကိုကြည့်ရင်လူသားမျိုးနွယ်တပည့်များအားလုံး တိတ်ဆိတ်သွားလေသည်။

ထို နတ်ဆိုးကလန် တပည့်များ၏ မောက်မာမှုအပေါ် သူတို့သည် မကျေမနပ် ခံစားလိုက်ကြရသော်လည်း မည်သူမျှ ထုတ်မပြောကြပေ။

နတ်ဆိုးကလန်တပည့်များသည် ပြတင်းပေါက်ဘေးရှိ စားပွဲဆီသို့ မောက်မာဝင့်ကြွားစွာ လျှောက်သွားလိုက်ကြပြီး သူတို့ထဲမှ တစ်ယောက်က ထိုစားပွဲရှိလူကို ထွက်သွားရန် အမူအယာ ပြလိုက်သည်။

ထိုလူက ဘာမှလုပ်နိုင်စွမ်းမရှိဘဲ ဒေါသကို မြိုသိပ်လိုက်ရကာ သူ့၏ စားပွဲကို ပေးလိုက်ရလေသည်။ သူက အဝေးတစ်နေရာ၌ ထိုင်ခုံတစ်ခုကို ရှာလိုက်ရလေသည်။

ထိုနတ်ဆိုးကလန် တပည့်များသည် စားပွဲ၏ ပတ်ပတ်လည် တွင် ရှက်ရွံ့မှုမရှိပဲထိုင်လိုက်ကြလေသည်။ သူတို့၏ ပြုမူပုံအရဆိုလျှင် သူတို့သည် စားသောက်ဆိုင်၏ ပုံမှန် ဖောက်သည် များဖြစ်ကြဟန်ရသည်။ သူတို့က စားပွဲ၌ ထိုင်လိုက်သည်နှင့် စားပွဲထိုးတစ်ယောက်သည် သူတို့ရှိရာဆီသို့ ဟင်းလျာနှင့် အရက်ထည့်ထားသော ဗန်းကို ယူဆောင်လာပေးလေသည်။

" အဲ့ဒီ ဟောင်ရှောင်လုံ ဆိုတဲ့ ချီးထုပ် က...ဘယ်လိုခွေးချီး ကံမျိုးတက်နင်းမိပြီးတော့...မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲမှာ ပထမ ဆုရလာတယ်ဆိုတာကို ငါမသိဘူး...သူက သူသာ ငါတို့ နတ်ဆိုးသားတော် နဲ့ တွေ့ကြည့်လိုက်ပါလား... သူက နတ်ဆိုးသားတော် ရဲ့ ရှေ့မှာ ချီးတောင်ပေါက်ရဲမှာမဟုတ်ဘူးလို့ ငါလောင်းရဲတယ်"

နတ်ဆိုးကလန်တပည့်များထဲမှ တစ်ယောက်က ကျယ်လောင်စွာ ပြောဆိုလိုက်လေသည်။

" အမှန်ပဲ... ဟောင်ရှောင်လုံ ကသာ ငရဲမျှော်စင်ကို လာပြီး စိန်ခေါ်ရဲမယ်ဆိုရင်...သူက အလွန်ဆုံး ၈ ထပ်မြောက်ကိုပဲ ကျော်ဖြတ်နိုင်လိမ့်မယ်"

အခြားသော ရှေးဟောင်းနတ်ဆိုး ကလန် တပည့်တစ်ယောက်က နှာခေါင်းရှုံ့လိုက်လေသည်။

" ရှစ်ထပ်မြောက်လား....ငါ့အထင်တော့...သူက ခုနှစ်ထပ်မြောက်ကို ရောက်ရင်ကိုပဲ...တော်တော်ကံကောင်းနေပြီလို့ပြောလို့ရတယ်"

နောက်ထပ် နတ်ဆိုးကလန်တပည့်တစ်ယောက်က လှောင်ရယ်လိုက်လေသည်။

"အဆင့်လေး ရတဲ့ မုကလန်ရဲ့ မုချီက... မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ မတိုင်ခင် ငရဲမျှော်စင်ကို စိန်ခေါ်ဖို့ကြိုးစားခဲ့သေးတယ်...ဒါပေမဲ့ သူက လေးထပ် ထိပဲကျော်ဖြတ်နိုင်ခဲ့တယ်လေ...ဝမ်ဂူယန်ဟွေ့ရဲ့
အရည်အချင်း ကတော့ နည်းနည်း ပိုမြင့်တယ်...သူက ငါးထပ် ထိတော့ ရောက်နိုင်လောက်တယ် ... ဖန်းချူ သာ အသက်ရှင်နေဦးမယ်ဆိုရင်... သူအမြင့်ဆုံးရောက်နိုင်တဲ့ အဆင့်က ခြောက်ထပ်အထိပဲ... ဒါကြောင့်မို့လို့ ဟောင်ရှောင်လုံ အလွန်ဆုံးရောက်နိုင်တဲ့ နေရာက ခုနှစ်ထပ် လို့ ငါပြောတာလေ...ငါက သူ့ကို အများကြီး ပိုတွက်ပေးထားတာကွ"

" ဟောင်ရှောင်လုံ က ခုနှစ်ထပ်မြော က်ပဲ ရောက်နိုင် တဲ့အချိန်မှာ... ငါတို့နတ်ဆိုးသားတော် က သေချာပေါက် ဆယ်ထပ်မြောက်ကို ကျော်ဖြတ်နိုင်လိမ့်မယ်...သူတို့ ကြားက ကွာခြားမှုက မိုင်ပေါင်းသန်းချီ ကွားဝေးနေတာလေ...အဲ့ဒီ ဟောင်ရှောင်လုံ က ငါတို့နတ်ဆိုးသားတော် နဲ့ တန်းတူ ဆက်ဆံခံရဖို့ အရည်အချင်း မပြည့်မှီဘူး"

နတ်ဆိုးကလန် တပည့်အုပ်စုသည် ထိုသို့ ပြောဆိုလေလေ ပိုမိုမကျေမနပ်ဖြစ်လာသလို ခံစားလာရလေလေ ဖြစ်သည်။

သူတို့၏ စကားများအရဘဆိုပါက ရှောင်လုံ သည် ကံကောင်းသည့် သာမန် ပါရမီရှင်တစ်ယောက်ထက်မပိုပေ။ သူတို့၏ နတ်ဆိုးသားတော် သည်သာ ပြိုင်ဘက်ကင်းပါရမီရှင် ဟု ကြွေးကြော်နေကြလေသည်။

သူတို့ နတ်ဆိုးသားတော်မော့စု ၏ရှေ့တွင် ဟောင်ရှောင်လုံ သည် လူပိုတစ်ယောက်မျှသာ ဖြစ်သည်။

စားသောက်ဆိုင်ထဲရှိ အခြားသော စားသုံးသူများသည် နတ်ဆိုးကလန် တပည့်များပြောဆိုနေကြသည်ကိုနားထောင်ရင်း မကျေမနပ် ဖြစ်လာလေသည်။ သို့သော် သူတို့အားလုံး သည် မည်သည့်စကားမျှ မပြောဘဲ ကြိတ်မှိတ် တောင့်ခံလိုက်ကြလေသည်။ ရှောင်လုံ ကမူ ထိုစကားများကို ကြားလိုက်ချိန်၌ စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်မိလေသည်။

ထိုအချိန်တွင် ခြေသံများ ထွက်ပေါ်လာပြီး အခြားသော လူအုပ်စု တစ်ခုသည် စားသောက်ဆိုင်ထဲသိူ့ ဝင်ရောက်လာလေသည်။ စည်းကမ်းထိန်း ဝတ်စုံများ ဝတ်ဆင်ထားသည့် ရှေးဟောင်းနတ်ဆိုးကလန် တပည့်အုပ်စုဖြစ်ပြီး ထိုသူများသည် စုစုပေါင်း အယောက်သုံးရာဖြစ်ပေသည်။

ထိုအုပ်စု၏ ခေါင်းဆောင်သည် ရှေးဟောင်းနတ်ဆိုးကလန် အကြီးအကဲ တစ်ယောက် ဖြစ်ပြီး မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။

စားသောက်ဆိုင်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသော ထိုအုပ်စုကိုကြည့်ရင်း ဆိုင်ထဲရှိ လူတိုင်းသည် အံ့အားသင့်သွားလေသည်။

ရှေးဟောင်းနတ်ဆိုးကလန် အကြီးအကဲ ကပြောလိုက်လေသည်။

" လူတိုင်းပဲ...စိတ်မလှုပ်ရှားကြပါနဲ့...ကျုပ်တို့က ထုံးစံအရ စစ်ဆေးရုံပါ...လူတိုင်းက ကိုယ့်ရဲ့နတ်ဘုရားအင်အားကို တစ်ချက်လောက်ပြပေးရုံပါပဲ"

နတ်ဆိုးပုတီးစေ့ ပျောက်ဆုံးပြီးနောက် နတ်ဆိုးမြို့တော်တစ်ခုလုံးကို ပိတ်ဆို့လိုက်လေသည်။ သူတို့က အလင်းနတ်ဘုရားအင်အား သို့မဟုတ် ဗုဒ္ဓစွမ်းအင်နတ်ဘုရား အင်အားနဲ့ မိီးစွမ်းအင်ရှိသည့်လူတိုင်းအား လိုက်လံရှာဖွေကြလေသည်။

ရှေးဟောင်းနတ်ဆိုးကလန် တပည့်သုံးရာသည် စားသောက်ဆိုင်၏ အရပ်မျက်နှာ အနှံ့ သို့ဖြန့်ကျက်လိုက်လေပြီး စတင်စစ်ဆေးလိုက်လေသည်။

သိပ်မကြာမှီ သူတို့ထဲမှ အများစုသည် ရှောင်လုံ၏ စားပွဲသို့ရောက်လာပြီး သူ့၏ နတ်ဘုရားအင်အားကို ထုတ်ပြရန် ညွှန်ကြားလာလေသည်။

ရှောင်လုံ၏ ခန္တာကိုယ် ပတ်ပတ်လည် တွင် လျှပ်စီး တန်းများ က ရစ်ပတ်လာလေပြီး သူ့၏ လျှပ်စီးစွမ်းအင် နတ်ဘုရားအင်အားကို ထုတ်ဖော်လိုက်သည်။

ဤသည်ကို အတည်ပြုရင်း စည်းကမ်းထိန်း တပည့်များသည် သူ့အားမနှောင့်ယှက်တော့ပေ။ နောက်လူတစ်ယောက်ဆီသို့ ရွေ့သွားကြသည်။

ခဏကြာပြီးနောက် စည်းကမ်းထိန်း အဖွဲ့သည် ထွက်ခွာသွားကြပြီး သူတို့နှင့်အတူ မီးစွမ်းအင်နတ်ဘုရား အင်အားပိုင်ဆိုင်ထားကြသည့် ကျင့်ကြံသူနှစ်ယောက်အားခေါ်ဆောက်သွားလေသည်။ ထိုသူများက ပြင်းပြင်းထန်ထန် ခုခံကြသော်လည်း သူတို့၏ ရုန်းကန်မှုသည် အချည်းနှီး သာဖြစ်သွားပေသည်။

ရှောင်လုံ က စားသောက်ဆိုင်ထဲတွင် အချိန်တစ်ချို့ကြာအောင် နေလိုက်ပြီးနောက် ထွက်ခွာလိုက်လေသည်။ သူက ကွင်းပြင်ထဲရှိ တည်းခိုခန်းများထဲမှ တစ်ခု၏ သီးသန့်ခြံဝန်း တစ်ခုကို ငှားရမ်းလိုက်လေသည်။ ထို့နောက် သူက သူ့၏ အခန်းထဲ၌ တိတ်တဆိတ်ကျင့်ကြံကာ ငရဲမျှော်စင်သို့ ဝင်ရောက်ရမည့် နောက်သုံးရက်တာ အချိန်ကို စောင့်ဆိုင်းလိုက်လေသည်။

သူက ေရှးဟောင်းနတ်ဆိုးကလန်၏ အာရုံကို ဆွဲဆောင်မိသွားမည်စိုးသောကြောင့် နတ်ဆိုးပုတီးစေ့ ၏ အကြောင်းကို စုံစမ်းစစ်ဆေးခြင်းမရှိပေ။ ဤသည်မှာ အရေးတကြီး လိုအပ်နေသည့် ကိစ္စမဟုတ်ပေ။ ထိုကြောင့် သူက ငရဲမျှော်စင် ဆီမှ ထွက်ခွာပြီးနောက်မှသာ စုံစမ်းကြည့်၍ရပေသည်။

သုံရက်တာကာလက ထူးထူးခြားခြား မရှိဘဲ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။

ရှောင်လုံ က သူ့၏ ခြံဝန်းထဲမှ အပြင်သို့ လှမ်းထွက်လိုက်ပြီး လူအုပ်ကြီးနှင့်စည်ကားနေသော ငရဲမျှော်စင် ကွင်းပြင်ရှိရာသို့ ဦးတည်လိုက်လေသည်။

ကွင်းပြင်သည် ပုံမှန်အားဖြင့် လူစုလူဝေး ရှိလေ့မရှိသော်လည်း နတ်ဆိုးသားတော်မော့စုက ငရဲမျှော်စင် အားစိန်ခေါ်မည့်သတင်းသည် ပျံ့နှံ့သွားပြီး မြောက်များစွာ သော ကျင့်ကြံသူများအား ဆွဲဆောင်မိသွားလေသည်။

ရှောင်လုံ က သက်သေခံတံဆိပ်ပြားကို ကိုင်ရင်း လူအုပ်ကြီးထဲသို့ တိုးဝင်သွားလေသည်။ သူက စောင့်ဆိုင်းသည့်နေရာသို့ ရောက်ရှိသွားချိန်တွင် တပည့်ပေါင်း ငါးရာ မှ ခြောက်ရာကျော်သည် စောင့်ဆိုင်းနေကြောင်းတွေ့လိုက်ရလေသည်။

တချက်ကြည့်လိုက်ပြီးနောက် သူသည် မူလယန်ဂိုဏ်း၏ လူတုန်ဝေ ကို မြင်လိုက်ရလေသည်။ သူခန့်မှန်းထားသည့်အတိုင်း လူတုန်ဝေ က နတ်ဆိုးမြို့တော်၌ ပေါ်ထွက်လာခြင်းမှာ နတ်ဆိုးမျှော်စင် အတွက် ဖြစ်ပေသည် ။ ထိုအချိန်၌ လူတုန်ဝေ အပြင် ရင်းနှီးနေသောမျက်နှာနှစ်ခုကိုလည်း ရှောင်လုံ မြင်လိုက်ရလေသည်။

သူတို့ထဲမှ တစ်ယောက်သည် ကျိုးကလန်၏ ကျိုးယောင် ဖြစ်ပြီး အခြားတစ်ယောက်မှာမူ လေမုန်တိုင်းကျောင်းတော်၏
ကျင်းရှောင်စု ဖြစ်သည်။

ကျင်းရှောင်စု ကဲ့သို့သော အမျိုးသမီး တစ်ယောက်က ငရဲမျှော်စင် ကို စိန်ခေါ်ရန်လာရောက်ကြောင်း မြင်လိုက်ရချိန်၌ ရှောင်လုံသည် အံ့အားသင့်သွားလေသည်။

သူသည် နတ်ဆိုးမြို့တော်ကို မဝင်ရောက်ခင်ကတည်းက သူ့၏ ရုပ်ရည်သွင်ပြင်အား ပြောင်းလဲထားခဲ့သည်မို့ မည်သူကမှ သူ့အားမမှတ်မိကြပေ။

ထိုအချိန်၌ လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

" ဟိုမှာ နတ်ဆိုးသားတော် ပဲ"

" နတ်ဆိုးကလန် ရဲ့ နတ်ဆိုးသားတော် ပဲ"

ပတ်ပတ်လည် ရှိ ရှေးဟောင်းနတ်ဆိုးကလန် ၏ တပည့်များသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ထိုသူများ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ချိန်တွင် ရှေးဟောင်းနတ်ဆိုးကလန် တပည့်များဖြင့် ခြံရံထားသော အနက်ရောင် ဘရိုကိတ်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် စောင့်ဆိုင်းခြင်း မြေကွက်လပ်ဆီသို့ လျှောက်လာကြောင်း တွေ့လိုက်ရလေသည်။ သူက လမ်းလျှောက်လာသည်နှင့် လူအုပ်ကြီးက ဘေးသို့ ချဲပေးလိုက်လေသည်။

တောက်ပသည့် ကြယ်စင်များနှယ် အသက်ဝင်သည့် မျက်လုံးများနှင့် ထက်ရှသည့် ဓားရှည်များနှယ် အင်အားကြီးမားလှသော မျက်ခုံးများ ရှိနေသည့် ထိုသူသည် သဘာဝကျကျပင် အားကောင်းလှသော အော်ရာကို ထုတ်လွှတ်နေပေသည်။ ထိုကဲ့သို့ သော အရှိန်အဝါကြီးမားသည့် အော်ရာသည် ရှောင်လုံ ၏ အကြောက်အရွံ့ကင်းမူကြောင့်ဖြစ်ပေါ်လာသော အားကောင်းလှသည့် အော်ရာ နှင့် ခြားနားပေသည်။

မော့စု၏ အာဏာကြီးမားလှသော အော်ရာ သည် သူ့၏ ပိုင်ဆိုင်လိုစိတ်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးကို သူ့၏ လက်ဝါးထဲ၌ ဆုပ်ကိုင်ထားချင်ဟန်ရသည်။

" နတ်ဆိုးသားတော်... ဒီတစ်ခေါက် ငရဲမျှော်စင် ကို စိန်ခေါ်တဲ့အထဲမှာ လူသားပါရမီရှင် အချို့လည်းပါပါတယ်...မူလယန်ဂိုဏ်း၏လူတုန်ဝေ အပြင်...အဆင့်သုံးနေရာက ကျိုးယောင် နဲ့... အဆင့်ရှစ် နေရာက ကျင်းရှောင်စု တို့လည်း ဒီနေရာမှာ ရှိနေပါတယ်"

မော့စု၏ နောက်မှ လိုက်ပါလာသော ရှေးဟောင်းနတ်ဆိုးကလန် အကြီးအကဲတစ်ယောက် သည် သူ့ကို အပြုံးဖြင့် သတင်းပို့လိုက်လေသည်။

မော့စုက ရယ်မောလိုက်လေသည်။

" ဘာကို လူသားမျိုးနွယ် ပါရမီရှင် လဲ...ငါ့မျက်လုံးထဲ မှာတော့... သူတို့ထဲမှာ ပါရမီရှင် နဲ့ တူတဲ့သူမရှိဘူး...ကျိုးယောင် လား...သတ်ဖြတ်ခြင်းတာအိုကို ဆံချည်မျှင် လောက်လေး နားလည်လိုက်ရုံနဲ့... သူ့ကိုယ်သူ ပါရမီရှင် လို့အမည်တပ်ရဲတဲ့ အမှိုက်ကောင်လား...ဒါပေမဲ့ ကျင်းရှောင်စု ကတော့... သူမက ဆွဲဆောင်မှု ရှိတယ်လို့ ငါကြားဖူးတယ်...သူမအနေနဲ့ ငါ့ရဲ့ အငယ်ဆုံး ကိုယ်လုပ်တော် ဖြစ်ဖို့တော့ အရည်အချင်း ရှိပါတယ်"

မော့စုက ထိုသို့ပြောလိုက်ချိန်တွင် သူ့၏ အသံကို နှိမ့်ချထားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် နတ်ဘုရား အင်အားကိုပါအသုံးပြုထားသောကြောင့် ကွင်းပြင်တစ်ခုလုံး ကြားလိုက်ကြရသည်။

ကျိုးယောင် ၏ အမူအယာ က အလွန်တရာ ဆိုးဝါးသွားလေသည်။ ကျင်းရှောင်စု ၏ အမူအယာ မှာလည်းကောင်းမွန်လှခြင်းမရှိပဲ ဒေါသကြောင့် နီရဲ သွားလေသည်။

" အဲ့ဒီ ဟောင်ရှောင်လုံ ရောက်မလာတာကတော့ နှမြောစရာပဲ... သူသာရောက်လာခဲ့မယ်ဆိုရင်... ဘယ်သူက တကယ့်ပြိုင်ဘက်ကင်း ပါရမီရှင် လဲ...ဘယ်သူကသာ ကြယ်စင်စု ပေါင်းတစ်သိန်းရဲ့ နံပါတ်တစ် ပါရမီရှင် လဲဆိုတာကို လူတိုင်းသိအောင် ငါပြလိုက်မယ်"

မော့စုက လှောင်ပြောင်လိုက်လေသည်။

ရှောင်လုံ က မျက်မှောင်ကြုံ့လိုက်မိလေသည်။

မော့စုက အလွန်တရာ မောက်မာလှသော်လည်း သူက ထိုသို့လုပ်ဆောင်ရန် အရည်အချင်း ရှိပေသည်။ သူ့၏ ကျင့်စဥ်က မဟာနတ်ဘုရားအဆင့် ၈ သို့ရောက်ရှိနေကြောင်း ရှောင်လုံ တွေ့မြင်နိုင်ပေသည်။

ဤသည်မှာ တကယ့်ကို တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူကြားခဲ့ရသည်မှာ မော့စု၏ အရိုးသက်တမ်းသည် နှစ်ပေါင်းနှစ်ထောင်ကို ကျော်လွန်သွားခြင်းမရှိသေးပေ။ အခြားစကားဖြင့် ဆိုရလျှင် သူသည် နှစ်ပေါင်းနှစ်ထောင်အောက်သာ ကျင့်ကြံအားထုတ်ရသေးပေသည်။

ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှုအမြန်နှုန်းသည် သူ့အတွက် မောက်မာရန် လုံလောက်ပေသည်။

ခဏအတွင်း လူအုပ်ကြီး ခြံရံထားသည့် မော့စုသည် စောင့်ဆိုင်းခြင်း မြေကွက်လပ်ဆီသို့ ရောက်ရှိလာလေသည်။

" နတ်ဆိုးသားတော်...အဲ့နေရာက လူက မိန်းကလေး ကျင်းရှောင်စု ပါပဲ"

ရှေးဟောင်းနတ်ဆိုးကလန် အကြီးအကဲ တစ်ယောက်သည် သူမကို ညွှန်ပြလိုက်ရင်း မော့စုအားပြောလိုက်လေသည်။

မော့စု၏ မျက်လုံးများသည် တောက်ပသွားလေသည်။ သူ့၏ လိုချင်တပ်မက်သော အကြည့်က ကျင်းရှောင်စု၏ ခန္ဓာကိုယ် ပေါ်သို့ စုန်ချည်ဆန်ချည် ရောက်ရှိသွားပြီး အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

" အပျိုစင်တစ်ယောက်ဖြစ်ပြီးတော့ သာမန်ထက် သာလွန်တဲ့ မျက်နှာလေးရှိတယ်...ငါ့ရဲ့ ကိုယ်လုပ်တော် လေးဖြစ်ဖို့ အရည်အချင်း ပြည့်မှီသားပဲ"

ကျင်းရှောင်စု က အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ မော့စု ဆီမှ မျက်နှာလွဲလိုက်လေသည်။

မော့စုက ရယ်မောလိုက်လေပြီး သူမ၏ အပြုအမူများကို ဒေါသထွက်ခြင်းမရှိပေ။ ရှေးဟောင်းနတ်ဆိုးကလန်အကြီးအကဲ ၏ ဦးဆောင်မှုဖြင့် မော့စု သည် အရှေ့ဆုံးနေရာသို့ ရောက်ရှိလာပြီး ငရဲမျှော်စင် ဝင်ပေါက်၏ရှေ့၌ ရပ်တန့်လိုက်လေသည်။

ရှေးဟောင်းနတ်ဆိုးကလန် ၏ နတ်ဆိုးသားတော် ဖြစ်သောကြောင့် မော့စု သည်ငရဲမျှော်စင်ထဲသို့ အရင်ဆုံး ဝင်ရောက်မည့်သူ ဖြစ်ပေသည်။

Lanjutkan Membaca

Kamu Akan Menyukai Ini

167K 4.8K 95
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
21K 511 34
----"𝚆𝙴 𝚆𝙴𝚁𝙴 𝙱𝙾𝚁𝙽 𝙵𝙾𝚁 𝚃𝙷𝙸𝚂."---- ⚜️Meet Xavier Mikaelson he's the original heretic and happens to be the twin brother of the big bad...
61.5K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
26.1K 579 41
A student from the Paldea region took an interest in traveling to other regions to learn new things.