ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

861 - 865

143 11 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၆၁ ..... မဟာနတ်ဘုရားအဆင့် သို့ ရောက်ရှိခြင်း

ချိုင့်ဝှမ်း အပြင်ဘက်၌ စုဝေးနေကြသော တပည့်များအားလုံးသည် အဝေးသို့ ကြောက်လန့်တကြား ပြေးလိုက်ကြသည်။ ထိုအချိန်တွင် ရှောင်လုံ၏ စိတ်ဝိညာဥ်ပင်လယ်သည် အမြန်ဆုံးနှုန်းဖြင့် ဆက်လက်ကြီးမားလာပြီး အချိန်တိုအတွင်း မီတာ တစ်သောင်း ထိ ကျယ်ပြန့်လာပေသည်။

သူ့၏ အသွေးအသားများက ဆက်လက် စုတ်ပြဲကာ သွေးများ ယိုစီးကျလာသည်။ ထို့နောက် နတ်မီးတောက်လေးမျိုး၏ အဆီအနှစ်က ထိုစုတ်ပြဲမှုများကို ပြန်လည်ကုသပေးနေပြီး သူကမူ လျှပ်စီးနယ်မြေကမ္ဘာ၏ အသန့်စင်ဆုံးသော လျှပ်စီးစွမ်းအင်အား သူ့၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်စုပ်ယူနေပေသည်။

အဝေးမှ ကြည့်မည်ဆိုလျှင် ရှောင်လုံသည်လျှပ်စီးဖြင့် မွေးဖွားလာသည့်နှယ် ဖြစ်နေပေသည်။ ပထမဆုံး သူ့၏ သွေးကြောများနှင့် မရီဒီယန်သွေးကြောများ ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့၏ အတွင်းအင်္ဂါများ၊ အရိုးများနှင့် အသားများ ပျောက်ကွယ်သွားသည်။ ၎င်းတို့က ကောင်းကင်ဘုံ၏ အောက်တွင် စွမ်းအားအကြီးဆုံး ခန္ဓာကိုယ်များထဲမှ တစ်ခုအသွင်သို့ ပြောင်းလဲသွားပေသည်။

သုံးလ ကြာညောင်းသွားသည်။

ရှောင်လုံ၏ စိတ်ဝိညာဥ်ပင်လယ်ထက်ရှိ အလင်းရောင်သုံးခုသည် ယခုအခါ၌ မီတာ တစ်သောင်းခွဲ ကျယ်ပြန့်သွားပြီဖြစ်သည်။

အလင်းတန်းသုံးခုက ဆက်လက် လှုပ်ခါနေချိန်တွင် ၎င်း၏ ပတ်ပတ်လည် မီတာ ဆယ်သန်းသည်လည်း စည်းချက်ညီညီ လှုပ်ခါနေပေသည်။ ထိုအချိန်တွင် မည်သူကမှ ချိုင့်ဝှမ်း၏ မီတာ သန်းတစ်ထောင်အတွင်းသို့ ဝင်ရောက်မလာရဲကြပေ။

ရှောင်လုံက သူ့၏ နတ်ဘုရားဦးခေါင်းကို ဖွဲ့တည်ကာ မဟာနတ်ဘုရားအဆင့်သို့ ချိုးဖြတ်နေချိန်တွင် အပြင်ဘက် ထာဝရကမ္ဘာကွင်းပြင်၌ ဖုယန်တို့အုပ်စုသည် အဆင့်ဇယားကို စူးစိုက်ကြည့်နေမိကြသည်။ သူတို့သည် ဒယ်အိုးပူပေါ်မှ ထိတ်လန့်နေသော ပုရွတ်ဆိတ်လေးများနှယ် ဖြစ်နေကြပေသည်။

ရှောင်လုံ၏ အမှတ်များ ပြောင်းလဲမှု မရှိသည်မှာ ဆယ်လ ရှိသွားပြီ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်လက ရှောင်လုံ၏ အဆင့်သည် ၉၃ နေရာ၌ ရှိခဲ့သည်။ တစ်လကြာပြီးနောက်တွင် သူ့၏ နာမည်သည် ထိပ်ဆုံး အယောက်တစ်ရာ၏ အပြင်ဘက်သို့ ပြုတ်ကျသွားသည်။ ဒုတိယလ၌မူ ရှောင်လုံ၏ နာမည်သည် ထိပ်ဆုံး အယောက်သုံးရာ အပြင်သို့ ရောက်ရှိသွားကာ ယခုမူ ထိပ်ဆုံး သုံရာ၏ အပြင်ဘက်သို့ ရောက်သွားပြီ ဖြစ်သည်။

တပည့်ပေါင်းများစွာက ရှောင်လုံထက် အမှတ် ပိုများသွားကာ သူ့အား အဆင့်ဇယား၏ အောက်သို့ တဖြည်းဖြည်း ပို့ဆောင်ပစ်လိုက်သည်ကို ကြည့်ရင်း လူအုပ်ကြီးဆီမှ ထင်မြင်ချက်များ ထွက်ပေါ်လာကြသည်။

အဆင့်ဇယားပေါ်ရှိ ရှောင်လုံကို သူတို့ တွေ့ဖူးသော အနက်ရောင်ဆံပင်နှင့် လူငယ်လေးဟု မယုံကြည်ကြသော်လည်း အရင်တစ်ခေါက်က လောင်းကြေးကြောင့် ဝမ်ဂူရှို့နှင့် ဝမ်ဂူချန်းချင်သည် ရှောင်လုံ၏ အဆင့်ကို မကြာခဏ စစ်ဆေးတတ်ပေသည်။

"ဆယ်လရှိသွားပြီ...သူ့အမှတ်တွေက တစ်ခါတောင် ပြောင်းလံမလာသေးဘူး...ဒီကောင်လေူက ဒဏ်ရာရသွားလို့များ...တစ်နေရာရာသွားပြီး ကုသနေတာများလား"

ဝမ်ဂူရှို့က အဆင့်များ ဆက်တိုက်ကျနေသော ရှောင်လုံ၏ နာမည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလို ဖြစ်ဖို့များတယ်...ရှန်းမင်ကျီ ကို သတ်ပြီး သူ အဆင့် ၉၃ ကို တက်သွားတုန်း ဒဏ်ရာရသွားတာ ဖြစ်လိမ့်မယ်...သူက ရှန်းမင်ကျီ ကို အောင်အောင်မြင်မြင် သတ်နိုင်ခဲ့တယ် ဆိုပေမယ့်...သူလည်း ကြီးကြီးမားမား ဒဏ်ရာရသွားမှာပဲ"

ဝမ်ဂူ ချန်းချင်က ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။

“အဲ့ဒီ ရှန်းမင်ကျီ က အဆင့် ၆၇ လေ...သေချာပေါက် သူက သန်မာမှာပဲ...ထိပ်ဆုံး အယောက် ၂၀ ထဲက တပည့်တွေတောင်...သူ့ကို သတ်မယ်ဆိုရင် ဒဏ်ရာရကြလိမ့်မယ်"

“နှမြောစရာပဲ"

ဝမ်ဂူရှို့က ခေါင်းကို ယမ်းလိုက်သည်။

“မင်းပြောသလိုသာ ဆိုရင်...ထိပ်ဆုံး အယောက်တစ်ရာ မပြောနဲ့ဦး...သူက ထိပ်ဆုံး အယောက်တစ်ထောင် ထဲမှာတောင် ရှိနိုင်မှာ မဟုတ်တော့ဘူး...သူ့ရဲ့ လက်ရှိနှုန်းနဲ့ ဆိုရင်...ပြိုင်ပွဲ ပြီးချိန် ရောက်တာနဲ့ သူက ထိပ်ဆုံး အယောက်တစ်ထောင်ထဲကနေ ကန်ထုတ်ခံရလိမ့်မယ်"

ဝမ်ဂူချန်းချင် သည်လည်း နှမြောတသဖြစ်နေလေသည်။ အစောပိုင်းတွင် သူသည် ဟောင်ရှောင်လုံ က ထိပ်ဆုံးအယောက်သုံးဆယ်သို့ တက်ရောက်ကာ သူ့အား အံ့အားသင့်စေလိမ့်မည်ဟု တွေးထားခဲ့မိသည်။ သို့သော် ယခုအခါ၌မူ ထိုကိစ္စသည် ဖြစ်နိုင်ချေမရှိတော့ပေ။

ထို့ကြောင့် ဝမ်ဂူရှို့၊ ဝမ်ဂူချန်းချင်နှင့် ကျန်သူများသည် ရှောင်လုံ ကို အာရုံမစိုက်ကြတော့ပေ။ အဆင့်တစ်ရာအတွင်း ဝင်သည့် တပည့်များသည်သာ သူတို့၏ အာရုံစိုက်မှုနှင့် ထိုက်တန်ပေသည်။

ထို ဟောင်ရှောင်လုံ က ပြိုင်ပွဲ၏ ထိပ်ဆုံး အဆင့်တစ်ရာအတွင်း ရောက်ရှိရန် အခွင့်အရေးကို ဆုံးရှုံးသွားပြီ ဖြစ်သည်။

ရှောင်လုံ၏ အဆင့်များ ကျဆင်းသွားသည်ကို ကြည့်ရင်း ချင်ယီသည် စိတ်ထဲမှ အားရဝမ်းသာဖြင့် လှောင်ပြောင်လိုက်မိသည်။ သူ့၏ တပည့် သေဆုံးသွားပြီး ပြိုင်ပွဲနှင့် မသက်ဆိုင်ရတော့လျှင်ပင် ဟောင်ရှောင်လုံ သည်လည်း ထိပ်ဆုံး အယောက်တစ်ထောင်အတွင်းမှ ကျဆင်းသွားရပေလိမ့်မည်။

ချင်ယီ၏ အတွေးကလည်း ဝမ်ဂူရှို့နှင့်အတူတူ ဖြစ်သည်။ ရှောင်လုံသည် ရှန်းမင်ကျီ ကို သတ်ဖြတ်ပြီးချိန်တွင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားပြီး တစ်နေရာရာ၌ ပုန်းအောင်းကုသနေရ၍ သူ့၏ အမှတ်များ ပြောင်းလဲမသွားခြင်း ဖြစ်ကြောင်း ချင်ယကေ ယူဆထားပေသည်။

အမှန်အတိုင်း ဆိုရလျှင် အခြားတပည့်များ သို့မဟုတ် လျှပ်စီးသားရဲများက ရှောင်လုံ ပုန်းအောင်းကုသနေသောနေရာကို ရှာတွေ့သွားပြီး သူ့အား သတ်ဖြတ်သွားစေရန်ပင် ချင်ယီက ဆုတောင်းနေမိပေသည်။

'ဟောင်ရှောင်လုံကို သတ်ပစ်ကြ'

ချင်ယီ၏ စိတ်ထဲမှ အော်ဟစ်နေပေသည်။

နောက်ထပ်နှစ်လတာ ကုန်ဆုံးသွားသော်လည်း ရှောင်လုံ၏ ရမှတ်က မပြောင်းမလဲ ရှိနေသည်။ သူက ထိပ်ဆုံး အယောက်သုံးရာထဲမှ ပြုတ်ကျသွားရုံသာမက ထိပ်ဆုံး အယောက် လေးရာထဲမှလည်း ထွက်သွားရပေသည်။ သူက အောက်သို့ ကျဆင်းသွားလေလေ အမှတ်များအကြား ကွာခြားမှုက နည်းလာလေလေဖြစ်သည်။ ရှောင်လုံ၏ မပြောင်းမလဲ အမှတ်များကြောင့် နေ့စဥ်တိုင်းလိုလိုပင် တပည့်များသည် ရှောင်လုံ၏ အဆင့်ကို ကျော်တက်သွားကြသည်။

လျှပ်စီးနယ်မြေကမ္ဘာထဲတွင် ကောင်းကင်ဘုံနတ်ဘုရား၏ အိမ်တော်ထဲ၌ တစ်နှစ်ပတ်လုံး ထိုင်နေသော ရှောင်လုံသည် အလွန့်အလွန် တောက်ပသောအလင်းကို ထုတ်လွှတ်နေလေသည်။ သူ့၏ ပတ်ပတ်လည်၌ လျှပ်စီးစွမ်းအင် အရည်စက်များ မျောလွင့်နေပေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ သုံးရောင်ခြယ် အလင်းပင်လယ်သည် တောက်ပပြီး လှိုင်းထန်လာကာ ပေါင်းစပ်သွားကြသည်။

နတ်နဂါးများ၊ ရွေရောင်ဗုဒ္ဓများနှင့် နတ်ဆိုးများသည် သူတို့၏ ကိုယ်ပိုင် ကောင်းကင်ဘုံနယ်မြေများကို ဖန်တီးလိုက်ကြသည်။

တစ်ခုသည် နဂါးကောင်းကင်နယ်မြေတစ်ခုဖြစ်ပြီး ပုံသဏ္ဍာမျိုးစုံ၊ အရွယ်အစားမျိုးစုံ၊ အရောင်မျိုးစုံရှိသော နတ်နဂါးများဖြင့် ပြည့်နက်နေလေသည်။နဂါးချီ ဖြတ်သန်းသွားရာ လေဟာနယ်သည် အားကောင်းလှသော နဂါးဟိန်းသံများဖြင့် ပဲ့တင်ထပ်နေပေသည်။

တစ်ခုမှာမူ ဗုဒ္ဓကောင်းကင်ဘုံနယ်မြေဖြစ်ပြီး မရေမတွက်နိုင်သော ဗုဒ္ဓများ၊ ဗုဒ္ဓအလောင်းအလျာများနှင့် ဘုန်းတော်ကြီးများသည် ရွှေရောင် ခန္ဓာကိုယ်များဖြင့် လေထုအလယ်၌ တရားရှုမှတ်နေကြသည်။ သူတို့က မန္တန်ပေါင်းစုံကို ရွတ်ဆိုနေကြပြီး ထိုထဲ၌ ဗုဒ္ဓလမ်းစဥ် ၊ အသက်လမ်းစဥ်နှင့် အလင်းလမ်းစဥ်တို့လည်း ပါဝင်နေပေသည်။

နောက်ဆုံး နယ်မြေတစ်ခုမှာကား နတ်ဆိုးပျော်စံရာနယ်မြေဖြစ်သည်။ ထိုနယ်မြေ၏ နေရာတိုင်း၌ သွေးစီးကြောင်းများဖြင့် ပြည့်နှက်နေပြီး နတ်ဆိုးဝိညာဥ်များကလည်း နေရာအနှံ့ဆီမှ အော်ဟစ်လိုက်ကြသည်။ နေရာတိုင်းတွင် နတ်ဆိုးများ ရှိနေပေသည်။ နွားဦးခေါင်းနှင့် မြင်းဦးခေါင်းရှိသော ငရဲ အစောင့်အရှောက်များသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည်။ သွေးနံ့များက လေထဲ၌ပျံ့လွင့်နေပြီး အမှောင်ထုနှင့် အေးစက်မှုတို့ ကြီးစိုးနေပေသည်။

ထိုအချိန်တွင် ရှောင်လုံ၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ အလင်း သုံးခုသည် မီတာ နှစ်သောင်းကျော် ကျယ်ပြန့်လာသည်။ ၎င်းတို့ လှုပ်ခါသွားချိန်တိုင်း နယ်မြေကိုလည်း ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေသည်။

နယ်မြေဆီမှ ပူပြင်းလှသော အပူလှိုင်းများ ထွက်ပေါ်နေပြီး ကမ္ဘာကို ဖျက်ဆီးပစ်ရန် အဆင်သင့် ဖြစ်နေဟန်ရသည်။

နောက်ဆုံးတွင် ရှောင်လုံ၏ စိတ်ဝိညာဥ်ပင်လယ်ထက်ရှိ အလင်းရောင်သုံးခုသည် အကန့်အသတ်သို့ ရောက်ရှိသွားပြီး ပေါက်ကွဲထွက်သွားသည်။ အလင်းတန်းများသည် သိန်းပေါင်းများစွာသော ဓားရှည်များအသွင် ပြောင်းလဲသွားပြီး လျှပ်စီးနယ်မြေကမ္ဘာ၏ ကောင်းကင်ကို ထိုးဖောက်ကာ အပေါက်ပေါင်းများစွာ ချန်ထားခဲ့ပေသည်။

ထို့နောက် အလင်းတန်းသုံးခုသည် ပြန့်ကျဲ ပျောက်ကွယ်သွားလေသည်။ ရှောင်လုံ က သူ့၏ စိတ်ဝိညာဥ်ပင်လယ်ထဲသို့ ကြည့်လိုက်ချိန်တွင် သူ အမျိုးအစား မခွဲခြားတတ်သော နတ်ဘုရားဦးခေါင်း သုံးခုက တည်ငြိမ်စွာ မျောလွင့်နေသည်ကို တွေ့လိုက်ရသည်။ ထူးဆန်းသည့် ပုံသဏ္ဍာန်ရှိသော နတ်ဘုရားဦးခေါင်း သုံးခုသည် ဘောလုံးသုံးလုံးနှင့် ပိုတူနေပေသည်။

ရှောင်လုံက သူ့၏ နတ်ဘုရားဦးခေါင်းကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့ပေသည်။

ထို့အပြင် သူက နတ်ဘုရားဦးခေါင်း သုံးခုကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

နက်ရှိုင်းလှသော အပြာရောင် နတ်ဘုရားဦးခေါင်း တစ်ခုသည် အနီရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်နှင့် အဝါရောင် အလင်းများကို ထုတ်လွှတ်နေလေသည်။ နောက်တစ်ခုသည် မှင်ရည်ကဲ့သို့ နက်မှောင်နေလေပြီး အလင်းတစ်စမှ မရှိသော အနက်ရှိုင်းဆုံးငရဲ အမှောင်ထုနှင့် တူနေလေကာ အေးစက်သည့် လေထုကို ထုတ်လွှတ်နေလေသည်။ ထို့ပြင် နောက်ဆုံးတစ်ခုသည် ရွှေရောင် နတ်ဘုရားဦးခေါင်း ဖြစ်ပြီး အတောက်ပဆုံးသော ရွှေရောင်အလင်းတန်း ဖြာထွက်နေကာ ကမ္ဘာပေါ်၌ ပြိုင်ဘက်ကင်း ဖြစ်၍ သန့်စင်မှုနှင့် တောက်ပမှု အဆီအနှစ်ကို ထုတ်လွှတ်နေပေသည်။

နတ်ဘုရားဦးခေါင်း တစ်ခုချင်းစီတိုင်းသည် ၂၄၉၉၉၉၅၀၀ မီတာစီ ရှိပြီး ၂၅၀၀၀၀၀၀၀ သို့ ရောက်ရန် မီတာ ငါးရာသာ လိုတော့ပေသည်။

နတ်ဘုရားဦးခေါင်း သုံးခုလုံးသည် ယိုယွင်းပျက်စီးမှု၊ ဖရိုဖရဲဖြစ်မှု နှင့် မူလဖြစ်တည်မှု ဟူသော ရှေးဟောင်းအော်ရာများကို ထုတ်လွှတ်နေပြီး သက်ရှိအားလုံး၏ အထက်တွင် ရပ်နေလေသည်။ နတ်ဘုရားဦးခေါင်းများသည် ကိုယ်ပိုင် ကောင်းကင်နှင့် မြေကြီး ရှိကာ သူကိုယ်တိုင်သည် ကမ္ဘာဖြစ်ပြီး စကြာဝဠာတစ်ခု၏ သခင်ဖြစ်ပေသည်။

နတ်ဘုရားဦးခေါင်း သုံးခုသည် ရှောင်လုံ၏ စိတ်ဝိညာဥ်ပင်လယ်ထဲ၌ ကြီးမားလှသော တြိဂံတစ်ခုအသွင်ဖြင့် ဖြည်းဖြည်းချင်း လှည့်ပတ်နေလေသည်။ သူတို့ လှည့်ပတ်နေသည့်အချိန်တိုင်း စကြာဝဠာ၏ စွမ်းအားကို ဖျော့တော့တော့ ခံစားနေရပေသည်။

နတ်ဘုရားဦးခေါင်း သုံးခု အပြည့်အဝ ဖွဲ့စည်းပြီးသွားသည်နှင့် ရှောင်လုံ၏ စိတ်ဝိညာဥ်ပင်လယ်သည် ပေါက်ကွဲသွားပြီး သူ့၏ အစစ်အမှန်အင်မော်တယ်အင်အား သည် နတ်ဘုရားအင်အား အသွင် ပြောင်းလဲသွားလေသည်။

ကိုယ်ပိုင်ကမ္ဘာများနှယ် သီးခြားတည်ရှိနေသော နတ်ဘုရားဦးခေါင်း သုံးခု သည် အစစ်အမှန်အင်မော်တယ်အဆီအနှစ် နှင့် နတ်ဘုရားစစ်ပွဲချီတို့ကို အလျှင်အမြန် ပေါင်းစပ်လိုက်သည်။

ရှောင်လုံ၏ အော်ရာနှင့် ကျင့်စဥ်သည် ကြောက်မက်ဖွယ်နှုန်းထားဖြင့် မြင့်တက်လာသည်။

မဟာနတ်ဘုရားအဆင့် ၁ အစောပိုင်းအဆင့်၊ အဆင့် ၁ အလယ်အဆင့်၊ အဆင့် ၁ အလယ်အလတ် အထွတ်အထိပ်အဆင့် ၊ ထို့နောက် မဟာနတ်ဘုရားအဆင့် နောက်ပိုင်း အထွတ်အထိပ်အဆင့်ထိ ရောက်ရှိသွားသည်။

ဟုန်း...။

ရှောင်လုံသည် ရပ်တန့်ခြင်းမရှိဘဲ မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအထွတ်အထိပ်အဆင့် ၏ အတားအဆီးကို ဆက်လက်ချိုးဖြတ်နေလေသည်။

ဤနှစ်များအတွင်း ရှောင်လုံသည် သူ့၏ ကျင့်စဥ်ကို ဖိနှိပ်ကာ သူ့၏ ဒန်တျန် ၊ ချီပင်လယ်၏ အစစ်အမှန်အင်မော်တယ်အဆီအနှစ် အင်အားနှင့် နတ်ဘုရားစစ်ပွဲချီ တို့ကိုလည်း ဖိနှိပ်ထားခဲ့သည်။ ယခုအခါ၌ ထိုအင်အားများကို အနည်းငယ် လွှတ်ထုတ်ပေးလိုက်သည်နှင့် သူ့၏ ကျင့်စဥ်ကို ကြမ်းတမ်းလှသည့် ဒီရေလှိုင်းလုံးကြီးနှယ် တွန်းတင်ပေးလာပေသည်။

နောက်ဆုံး၌ ရှောင်လုံသည် မဟာနတ်ဘုရားအဆင့် ၂ သို့ ချိုးဖြတ်ဝင်ရောက်သွားလေသည်။

သို့သော် မဟာနတ်ဘုရားအဆင့် ၂ အစောပိုင်းအဆင့် သို့ ရောက်ရှိသွားပြီးနောက်၌ပင် ရှောင်လုံ၏ ကျင့်စဥ်သည် မရပ်တန့်သွားခဲ့ဘဲ ဆက်လက် မြင့်တက်နေပေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၆၂..... အန္တိမ အဆင့် နတ်ဘုရား ဦးခေါင်း ၃ ခု

အ ချိန်တို အတွင်း ရှောင်လုံ၏ ကျင့်စဥ်သည် မဟာ နတ်ဘုရား အဆင့် အစောပိုင်းအထွတ်အထိပ်အဆင့် ရောက်ရှိ သွား လေသည်။ ထို အခါမှသာ သူ့၏ အစစ် အမှန် အင်မော်တယ် အင်အားနှင့် နတ်ဘုရား စစ် ပွဲချီတို့သည် တဖြည်းဖြည်းချင်း နှေးကွေး သွားကြလေသည်။

မည်မျှ ကြာညောင်း သွားသည်ကို မသိရှိတော့ဘဲ ရှောင်လုံသည် နောက်ထပ် အတား အဆီး တစ်ခုကို ချိုးဖျက်ကာ မဟာ နတ်ဘုရား အဆင့် ၂ အလယ် အဆင့် သို့ ဝင်ရောက်သွားလေသည်။ သူ အဆင့် ချိုးဖျက်သွားပြီး ရက်အနည်းငယ်အကြာ၌ သူ့၏ အစစ်အမှန် အင်မော်တယ် အင်အားနှင့် နတ်ဘုရား စစ်ပွဲချီသည် တည်ငြိမ်သွားလေပြီး နတ်ဘုရား အင်အား အသွင် ပြောင်းလဲသွားပေသည်။

ထို နေရာ၌ ထိုင်နေရင်း ရှောင်လုံသည် သူ့၏ မျက်လုံးများကို ဖြည်းဖြည်း ချင်း ဖွင့်လိုက်လေသည်။

" နောက်ဆုံးတော့ ငါ့ရဲ့ ကျင့်စဥ်က မဟာ နတ်ဘုရား အဆင့်ကို ရောက်ရှိသွားပြီပဲ "

ရှောင်လုံသည် မဟာ နတ်ဘုရား အဆင့်ကို သချာပေါက် ရောက်ရှိ လိမ့်မည်ဟု သေချာပေါက် ခန့်မှန်း ထားပြီး ဖြစ်သော်လည်း ယခု သူတကယ် အောင်မြင်သွားချိန်တွင် နှလုံးသာ်းထဲမှ ပျော်ရွှင် ဝမ်း မြောက်မှုကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။

ယခုအခါ၌ သူက မဟာ နတ်ဘုရား အဆင့်သို့ ဝင်ရောက်သွားကာ အစစ်အမှန် နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်သည်။

အရင်က သူသည် မည်မျှထိ သန်မာ ခဲ့သည်ဖြစ်ပါစေ သေမျိုး လူသား တစ်ပိုင်းသာ ဖြစ်ခဲ့ပေသည်။ နတ်ဘုရားဦးခေါင်းတစ်ခုကို ဖွဲ့တည်နိုင်သည့် အချိန်မှသာ သာမန်လူသား ခန္ဓာကိုယ်ကို ဖယ်ခွာပြီး နတ်ဘုရား တစ်ပါး ဖြစ်လာ မည်ဖြစ်သည်။

မကြာမှီ ရှောင်လုံသည် သူက မဟာနတ်ဘုရား အဆင့် ၂ သို့ ရောက်ရှိသွားကြောင်း တွေ့လိုက်ရပေသည်။ ထို့အပြင် ဤသည်မှာ မဟာနတ်ဘုရား အဆင့် ၂ အလယ် အဆင့်ပင် ဖြစ်နေပေသေးသည်။

" မဟာနတ်ဘုရား အဆင့် ၂ အလယ် အဆင့်  ပဲလား"

ရှောင်လုံက သူ့၏ ခေါင်း ကို ခါးခါးသီးသီး ခါယမ်းလိုက်လေသည်။ ဤနှစ်ပေါင်း များစွာ အတွင်း သူစုဆောင်းခဲ့သော ကြောက်မက်ဖွယ်ရာ စွမ်းအင်ပမာဏအရ သူသည် အနည်းဆုံး မဟာနတ်ဘုရား အဆင့် ၃ သို့ ရောက်ရှိ နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။ အတိအကျ ဆိုရသော် မဟာ နတ်ဘုရား အဆင့် ၃ အလယ်အဆင့် သို့ ရောက်ရှိရန် တွေးတော ထားပေသည်။

သို့သော်လည်း သူက မဟာနတ်ဘုရား အဆင့် ၂ အလယ် အဆင့်ကိုသာ ရောက်ရှိ လိမ့်မည်ဟု မည်သို့ ထင်မှတ် ထား မိလိမ့်မည်နည်း။ ရှောင်လုံသည် အနည်းငယ် စိတ်ပျက် အားလျော့သွားရပေသည်။

သူ့၏ အတွေးများကိုသာ အခြား မိသားစုနှင့် ဂိုဏ်းများ၏ တပည့်များ သိရှိ သွား ခဲ့မည်ဆိုလျှင် သူတို့သည် ရှက်ရွံ့မှုကြောင့် နံရံနှင့် ခေါင်းဆောင့်ကာ သတ်သေ သွားကြပေလိမ့်မည်။ မရေ မတွက် နိုင်သည့် နှစ်သန်းပေါင်းများစွာ အတွင်း မဟာ နတ်ဘုရား အဆင့်သို့ စတင် ချိုးဖျက် ဝင်ရောက်သည့် အချိန်၌ပင် မဟာ နတ်ဘုရား အဆင့် ၂ အလယ်အဆင့်သို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားခြင်းမျိုး တစ်ခါမှ မရှိဖူးပေ။

သံသယ ရှိစရာ မလိုလောက်အောင်ပင် နှစ်သန်း ရာပေါင်းများစွာ အတွင်း မရေမတွက်နိုင်သော ကြယ်စင်စုများဆီမှ များပြားလှစွာသော ပါရမီရှင်များစွာ ထွက်ပေါ်လာခဲ့ဖူးသည်။ သို့သော် ထို ထိပ်တန်း ပါရမီရှင်များကြားတွင်ပင် သူတို့သည် အများဆုံး မဟာနတ်ဘုရား အဆင့်၁ နောက်ပိုင်း အထွတ်အထိပ် သို့မဟုတ် နောက်ပိုင်း အဆင့် အထိသာ ရောက်ရှိ နိုင်စွမ်း ရှိပေသည်။

ရှောင်လုံ၏ အာရုံက သူ့၏ စိတ်ဝိညာဉ် ပင်လယ် အထက်ရှိ နတ်ဘုရား ဦးခေါင်း ၃ ခု အပေါ်သို့ ရောက်ရှိ သွား ချိန်တွင် သူသည် တုန် လှုပ်မှုကြောင့် အေးခဲ သွားရပေသည်။

ကြီးမားလှသည့် နတ်ဘုရား ဦးခေါင်း ၃ခု...။

ထို့အပြင် နတ်ဘုရား ဦးခေါင်း ၃ခု လုံးသည် မတူ ညီသည့် အရည်အသွေး ရှိနေပေသည်။

နဂါးကလန်၏ နတ်ဘုရား အော်ရာကို ထုတ်လွှတ်နေသော နက်ပြာရောင် နတ်ဘုရား ဦးခေါင်းသည် နဂါး ကလန် နတ်ဘုရား ဦးခေါင်း တစ်ခုဟု သတ်မှတ်၍ ရနိုင်ပေသည်။ ထို့အပြင် နဂါး နတ်ဘုရား ဦးခေါင်းထဲ၌ ရေ ၊ မီး၊ သတ္ထု၊ မြေ ၊ သစ်သား၊ လျှပ်စီး၊ လေနှင့် သဘာဝ စွမ်းအင်များ ပါဝင်ပေသည်။ မှင်နက်ရောင် နတ်ဘုရား ဦးခေါင်းကမူ ငရဲနတ်ဆိုး တစ်ကောင်သာ ဖွဲ့စည်းနိုင်စွမ်းရှိသည့် နတ်ဘုရား ဦးခေါင်းနှင့် တူသည့် အမှောင်စွမ်းအင် နတ်ဘုရား ဦးခေါင်း ဟုသတ်မှတ်၍ ရပေသည်။ ထို့အပြင် ၄င်း နတ်ဘုရား ဦးခေါင်းသည် တိုက်စားခြင်း နှင့် ဝါးမြိုခြင်း စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။

တတိယ မြောက် နတ်ဘုရား ဦးခေါင်းသည် သန့်စက်သည့် ဗုဒ္ဓ စွမ်းအားကို ထုတ်လွှတ်နေပြီး ဗုဒ္ဓ ကမ္ဘာ ရှိ ကျင့်ကြံသူများသည်သာ ဖွဲ့စည်းနိုင်စွမ်း ရှိသော နတ်ဘုရား ဦးခေါင်းဖြစ်ကာ အလင်းနှင့် အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေပေသည်။

'ဒါ..ဒါက...'

ရှောင်လုံက တုန်လှုပ်မှု ကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားကြလေသည်။ သူသည် နဂါးများ ငရဲ နတ်ဆိုး များနှင့် ရွှေရောင် ဗုဒ္ဓ တို့၏ စွမ်းအားများရှိသော မဟာနတ်ဘုရား ဦးခေါင်း၃ ခုကို အမှန်တကယ် ပိုင်ဆိုင်ခဲ့ပေသည်။ သူက သိသိသာသာပင် လူသား တစ်ဦး ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် သူက နဂါး ကလန် ငရဲနတ်ဆိုးနှင့် ရွှေရောင် ဗုဒ္ဓ တို့၏ နတ်ဘုရား ဦးခေါင်းများကို မည်သို့ ဖွဲ့စည်း နိုင်စွမ်း ရှိခဲ့သည်နည်း။

ထို့အပြင် ထို နတ်ဘုရား ဦး ခေါင်း ၃ ခုသည် အနည်းငယ် ကြီး မားနေသည် မဟုတ်လား ။

နတ်ဘုရား ဦးခေါင်း၏ အဆင့် ပိုမို မြင့်မားလာလေလေ ၄င်း၏ အရွယ်အစား ပိုမို ကြီးမား လာလေလေ ဖြစ်ပေသည်။ ရှန်းမင်ကျီ ၏ ထိပ်တန်း အဆင့် ၁၀ နတ်ဘုရား ဦးခေါင်းသည် ၁၀ မီတာ ပတ်ပတ်လည်သာ ရှိသော်လည်း သူ့၏ နတ်ဘုရား ဦးခေါင်း ၃ ခုလုံးသည် တစ်ခုကို ၂၄၉၉၉၉၅၀၀ မီတာစီ ရှိပေသည်။

ရှန်းမင်ကျီ ၏ နတ်ဘုရား ဦးခေါင်းက ရှောင်လုံ၏ နတ်ဘုရား ဦးခေါင်းများနှင့် နှိုင်ယှဥ်မည်ဆိုလျှင် ဖုန်မှုန့်တစ်စပမာ နိမ့်ကျ သွားရပေလိမ့်မည်။ ထို့အပြင် နတ်ဘုရား ဦးခေါင်း တစ်ခု ချင်းစီတိုင်းသည် အန္တိမ အဆင့် နတ်ဘုရား ဦးခေါင်း ဖြစ်ပေသည်။

နတ်ဘုရား ဦးခေါင်းများ၏ အရှင်သခင် အန္တိမနတ်ဘုရား ဦးခေါင်း ဖြစ်ပေသည်။

သူ့၏ နတ်ဘုရား ဦးခေါင်းက မည်သည့် အဆင့်၌ ရှိသော သူ သေချာ မသိသော်လည်း ၄င်းတို့ မှ ထုတ် လွှတ်နေသည့် သက်ရှိ အား လုံး၏ အထက်တွင် ရပ်တည်နေသော မဟာရှေးဟောင်း ကမ္ဘာ ဦး အော်ရာ ကြောင့် ၄င်းတို့သည် သေချာပေါက် အန္တိမ အဆင့် သို့ မဟုတ် ထို့ ထက် ပင် ပိုမို မြင့် မား သည့် အဆင့် ဖြစ်နိုင် ကြောင်း သူသေချာ သိရှိပေသည်။ ယခု အချိန်တွင် သူ့၏ နတ်ဘုရား ဦး ခေါင်း ၃ ခုသည် အဆင့်နိမ့် ၊ အလယ် အလတ်၊ အဆင့်မြင့်  သို့မဟုတ် ထိပ်တန်းအဆင့် အန္တိမ အဆင့် နတ်ဘုရား ဦးခေါင်းများ ဖြစ်သည်လား ဆိုသည်ကို သူသည် တိတိကျကျ ပြောနိုင်စွမ်း မရှိပေ။

နတ်ဘုရား ဦးခေါင်းများ၏ အရှင်သခင် နတ်ဘုရား ဦးခေါင်း ၃ ခု... ။

ရှောင်လုံသည် လေအေး တစ်ချက် ရှိုက်သွင်း လိုက်လေသည်။

နောက်ဆုံး တွင် သူသည် နတ်ဘုရား အားလုံး၏ အရှင်သခင် အန္တိမ ဦးခေါင်းကို ဖွဲ့ တည်နိုင်စွမ်း ရှိသည့် အပြင် တစ်ခုတည်း မဟုတ်ဘဲ နတ်ဘုရား ဦးခေါင်း ၃ ခုပင် ဖွဲ့တည်နိုင်စွမ်း ရှိခဲ့ပေသည်။ သူ့က နတ်မီးတောက် ၄ မျိုးကို ရရှိပြီးနောက်မှသာ မဟာနတ်ဘုရား အဆင့်သို့ ချိုးဖျက် ဝင်ရောက်ရန် ကြံစည်ပြီး သူ့၏ ကျင့်စဥ်အဆင့်ကို အားကြိုးမာန်တက် ဖိနှိပ် ထားခဲ့သည်မှာ တကယ့်ကို မှန်ကန်သည့် ရွေးချယ်မှု တစ်ခု ဖြစ်ပေသည်။

အန္တိမ အဆင့် နတ်ဘုရား ဦးခေါင်း သုံးခု...။

နတ်ဘုံကမ္ဘာတွင် သူ့ကဲ့သို့သော သူများ ရှိလိမ့်မည်လား ဆိုသည်ကို သေချာ မသိရှိပေ။ သိုသော်လည်း အောက်ဘုံနယ်ပယ်၌ အန္တိမ အဆင့် နတ်ဘုရား ဦးခေါင်းကို ဖွဲ့တည်နိုင်စွမ်း ရှိသည့် ပြိုင်ဘက်ကင်း ပါရမီရှင်ဟူ၍ သူတစ်ယောက်သာ ရှိပေသည်။

ထိုကဲသို့ ၃ ခုလုံး တစ်ပြိုင်နက်တည်း ဖွဲ့တည် နိုင်သည့်သူ ကို မေ့ထားလျှင်ပင် အန္တိမ အဆင့် နတ်ဘုရားဦးခေါင်း တစ်ခုကို ဖွဲ့တည် နိုင်စွမ်း ရှိသော မဟာ ပါရမီရှင် တစ်ယောက်မျှပင် ထွက်ပေါ်လာခဲ့ဖူးခြင်း မရှိပေ။ လျှပ်စီး နယ်မြေကမ္ဘာထဲသို့ မဝင်ရောက်ခင်က ဝမ်ဂူကလန် ၏အကြီးမြတ်ဆုံး ဝန်ဂူယန်ဟွေ့ သည်သာ ဘုရင် အဆင့် နတ်ဘုရား ဦးခေါင်းကို ဖွဲ့တည်နိုင်ခဲ့ကြောင်း ရှောင်လုံ သိရှိ ခဲ့ရပေသည်။ အချိန် အတော်ကြာမှသာ ရှောင်လုံသည် သူ့၏ စိတ်လှုပ်ရှား မှုများကို ဖိနိပ်သွားနိုင်ပေသည်။

အန္တိမ အဆင့် နတ်ဘုရား ဦးခေါင်း တစ်ခုကို ဖွဲ့တည်နိုင်ခဲ့သည့် မည်သူမဆို အလွန်တရာ ပျော်ရွှင် ဝမ်းမြောက်သွားလိမ့်မည် ဖြစ်ပြီး ၃ ခုပင် ဖွဲ့တည်နိုင်ခဲ့မည်ဆိုပါက ပိုမို စိတ်လှုပ်ရှား ပျော်ရွှင်သွားရပေလိမ့်မည်။ ရှောင်လုံသည်လည်း ချွင်းချက် မဟုတ်ခဲ့ပေ။ ကမ္ဘာမြေရှိ ၂၁ ရာစုဆီမှ အက များကို ထမကလိုက်မိသည်ကပင် သူ့၏ ထိန်း ချုပ်နိုင်စွမ်းကို ဖော်ပြနေပေသည်။

သူ့၏ စိတ်လှုပ်ရှားမှုကို အနည်းငယ် ထိန်း ချုပ်ခိုက်ပြီးနောက် သူ့၏ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများအား စစ်ဆေးလိုက်လေသည်။

ရှောင်လုံ၏ အစစ်အမှန်နဂါး ခန္ဓာကိုယ်သည် လူသား ခန္ဓာကိုယ်တစ်ခု မဟုတ်တော့ဘဲ နတ်ဘုရား ခန္ဓာကိုယ် တစ်ခု ဖြစ်လာခဲ့ပေသည်။ သူ့၏ ခန္ဓာကိုယ် မည်မျှသန်မာ လာသည်ကိုမူ မသိရှိသော်လည်း ကောင်းကင်ကိုပင်ဆန့်ကျင်နိုင်စွမ်း ရှိသည့် အဆင့်သို့ ရောက်ရှိနေလိမ့်မည်ကိုမူ သိရှိပေသည်။

နတ်မီးတောက် ၄ မျိုးသည် သူ့၏ ကိုယ်တွင်း အအင်္ဂါ ငါးခုနှင့် အူသိမ်အူမ ၆ နေရာ တို့ဖြင့် ပေါင်းစပ်သွားလေသည်။ မိုးပြာရောင် နဂါး နတ်မီးတောက်က သူ့၏ အသည်းနှင့် ပေါင်းစပ်သွားပြီး လိပ်နက် နတ်မီးတောက် ကမူ သူ့၏ ကျောက်ကပ်ထဲသို့ ဝင်ရောက်သွားသည်။ ဟင်္သာ ပြဒါးငှက်နတ်မီးတောက်ကသူ့၏ နှလုံးသားကို အားဖြည့်ပေးထားတာ ကျား ဖြူ နတ်မီးတောက်ကမူ သူ့၏ အဆုတ်များနှင့်ပေါင်းစပ်သွားလေသည်။

နတ်မီးတောက် ၄ မျိုးလုံးသည် တစ်ခု နှင့် တစ်ခု စည်းချက်ညီစွာ ပဲ့တင် ထပ်နေကြပေသည်။ နတ်မီးတောက် လေး မျိုးလုံ၏ အဆီအနှစ်သည် သူ့၏ ဒန်တျန်ထဲတွင် စုဝေးနေပြီး အကြည်လင်ဆုံး မီးခိုးရောင်စွမ်းအင် တစ်ခုကို သူ့၏ ခန္ဓာကိုယ် အနှံ့သို့ ပို့ဆောင်ပေးနေလေသည်။

ထို ကြည်လင်သန့်ရှင်းသော မီးခိုးရောင် စွမ်းအင်၏ အဆင့်သည် ကြယ်စင်စု လေးစု၏ ကြယ်အင်အားများထက် အစပေါင်းများစွာ ပိုမို မြင်မြားလှပေသည်။

သူ့၏ နတ်ဘုရား ဦးခေါင်းများကို သိပ်သည်းပြီးနောက်တွင် သူ့၏ ဒန်တျန်နှင့် ချီပင်လယ်ထဲရှိ အစစ်အမှန် အင်မော်တယ် အဆီအနှစ် အင်အားနှင့် နတ်ဘုရား စစ်ပွဲ ချီသည် လုံးဝ ပျောက်ကွယ်သွားလေပြီး နတ်ဘုရား အင်အား အသွင်သို့ ပြောင်းလဲသွားလေသည်။

ထို့နောက် သူ့၏ အနက်ရောင်နှင့် အပြာရောင် အမွှာနဂါး သိုင်းဝိညာဥ်သည်လည်း ပျောက်ကွယ်သွားကာ သူ့၏ စိတ်ဝိညာဉ် နှင့် ပေါင်းစပ်သွားကြောင်း ရှောင်လုံ သတိထား မိလိုက်လေသည်။ သူ့၏ နေက်ကျောတွင် အပြာရောင် နဂါး ဦးခေါင်း တစ်ခု နှင့် အနက်ရောင် နဂါး ဦး ခေါင်း တစ်ခု တို့သည် တတ်တူးများသဖွယ် ဖြစ်ပေါ် နေပေသည် ။

အနက်ရောင်နှင့် အပြာရောင် အမွှာနဂါး သိုင်းဝိညာဥ်တို့သည် အရင်ကကဲ့သို့ မရှိတော့သော်လည်း သူတိူ့၏ သိုင်းဝိညာဥ် စွမ်းအင်များက မူ ကျန်ရှိနေဆဲ ဖြစ်ပေသည်။ ထို့အပြင် ထို စွမ်းအင်များ က ဆင့်ကဲပြောင်းလဲသွားပြီး ရှောင်လုံ၏ နတ်ဘုရား ခန္ဓာကိုယ်ထဲ သို့ ပေါင်းစပ်သွားလေသည်။

ဆိုလိုသည်မှာ အနာဂါတ်၌ သူသည် ဒဏ်ရာ ရရှိခဲ့မည်ဆိုလျှင် သူသည် သိုင်းဝိညာဥ်စွမ်းအင် ဖြစ်သော ချက်ချင်း ပြန်လည် ကုသနိုင်စွမ်းကို တကူးတက အသုံးပြုနေစရာ မလိုအပ်ဘဲ သူ့၏ အစစ်အမှန် နဂါး နတ်ဘုရား ခန္ဓာကိုယ်သည် အလို အလျှောက် ပြန်လည်ကောင်းမွန်သွားပေလိမ့်မည်။

သူ့၏ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း စွမ်းရည်ကမူ... ။

ရှောင်လုံက ကောင်းကင်ဘုံ တောင်တန်း၏ အထက် လေထု ထဲတွင် ရုတ်တရက် ထွက်ပေါ်လာပေသည်။ တစ်ခဏအတွင်း တောက်ပသည့် အလင်း တစ်ချက် လင်းလက်သွားပြီး သူ့၏ ခန္ဓာကိုယ်သည် ကမ္ဘာဦး နတ်နဂါး တစ်ကောင်အသွင် ပြောင်း လဲသွား ရပေလိမ့်မည်။

အတိတ်တစ်ချိန်က သူသည် ဝိညာဥ်အသွင် ပြောင်းလဲ ချိန်တွင် နဂါး တစ်ကောင်၏ အရည်အချင်းနှင့် စွမ်းအား တို့၏ အစိတ်အပိုင်းတစ်ခုမျှကိုသာ ပိုင်ဆိုင်ထားခဲ့ရသည်။ ယခု အခါ၌ သူသည် အစစ်အမှန်ကမ္ဘာဦး နတ်နဂါး တစ်ကောင် ကဲ့သို့ အသွင်ပြောင်းလဲသွားနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင်သူသည် နဂါး ကလန်၏ သမိုင်းကြောင်း၌ တစ်ခါ မှ ထွက်ပေါ် မလာခဲ့ဖူးသော အပြာရောင်နဂါးတစ်ကောင်ဖြစ်ပေသည်။

ထိုအပြာရောင်နဂါးသည် အနက်ရောင်နှင့် အပြာရောင် အမွှာနဂါး သိုင်းဝိညာဥ်များကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့် ရလဒ် ဖြစ်ပေသည်။

သူ့၏ ခန္ဓာကိုယ်ကို တစ်ချက် ယမ်းလိုက်ရုံဖြင့် ကမ္ဘာဦး နတ်နဂါး တစ်ကောင် အသွင် ပြောင်းလဲသွားပြီးနောက် ရှောင်လုံသည် မီတာ သန်း၅၀၀ အထိ ပျံသန်းလိုက်လေသည်။ ထို ပျံသန်းမှု နှုန်းကပင် မဟာ နတ်ဘုရား အဆင့် ၃ နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်၏ မဟာ တည်နေရာ ကူးပြောင်းခြင်း အမြန်နှုန်းထက် ပိုမို လျှင်မြန်နေပေသည်။ ခဏကြာပြီးနောက်သူသည် သူ့၏ လူသား အသွင်သို့ ပြန်လည်ပြောင်းလဲ လိုက်လေသည်။

" အခု ဆိုရင် ငါ့ရဲ့ တိုက်ပွဲဝင် စွမ်းရည်က ဘယ်လောက်ထိ ရှိသွားမယ် မသိဘူး"

ရှောင်လုံက တွေးတောလိုက်ရင်း မဟာနတ်ဘုရား အဆင့်သို့ မဝင်ရောက်ခင်က သူသည် မဟာ နတ်ဘုရား အဆင့် ၃ နောက်ပိုင်း သိုင်းပညာရှင်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့ပေသည်။ သို့သော် ယခု အခါ၌ မဟာ နတ်ဘုရား အဆင့်၂ အလယ်အဆင့် အဆင့်၂ သို့ ရောက်ရှိနေကာ အန္တိမ နတ်ဘုရား အဆင့် နတ်ဘုရား ဦးခေါင်း ၃ ခုကို ပိုင်ဆိုင်ထားမည်ဖြစ်သည်။

"ငါ့ရဲ့ တိုက်ပွဲစွမ်းရည် က အရမ်းကို မြင့်မား လာလောက်တယ်"

ရှောင်လုံက နှုတ်ခမ်း သပ်လိုက်မိလိုက်လေသည်။ ကြည့်ရသည်မှာ သူသည် သူ့၏ ခွန်အား စစ်ဆေးရန် ပြိုင်ဘက်တစ်ယောက် လိုအပ်လာပြီဖြစ်သည်။ သူသည် မည်သူ့ကို ရှာဖွေသင့်သည်နည်း။ သဘာဝ ကျကျပင် မဟာ နတ်ဘုရား အဆင့်၄ပြိုင်ပွဲ ဝင်တပည့်များသည် အကောင်းဆုံးသော ပြိုင်ဘက်များ ဖြစ်ပေသည်။

ရှောင်လုံ၏ နတ်ဘုရား အာရုံသည် သူ့၏ ကျောက်စိမ်းတံဆိပ်ပြားထဲသို့ ဝင်ရောက်သွား ချိန်တွင် သူ့၏ အဆင့်က ၉၆၉ နေရာသို့ ရောက်ရှိနေကြောင်း တွေ့ လိုက်ရပေသည်။

သူက ခေါင်းကို ခါယမ်းလိုက်လေပြီး ခါးသက်သက် ပြုံး လိုက်မိလေသည်။ ကြည့်ရသည်မှာ သူ့၏ မဟာ နတ်ဘုရား အဆင့် သို့ ချိုး ဖျက်ဝင်ရောက်သွား ခြင်းသည် မျှော်လင့််ထားသည်ထက် ပိုမို ကြာမြင့်သွားဟန်ရသည်။ သို့မဟုတ်ပါက သူ့၏ အဆင့် သည် အဆင့် ၉၃ မှ အဆင့် ၉၆၃သို့ ကျဆင်းသွားရလိမ့်မည် မဟုတ်ပေ။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း  ၈၆၃..... ပထမ နေရာကို ဝမ်ဂူယန်ဟွေ့ကလွဲပြီး ဘယ်သူမှ မရနိုင်ဘူး

ရှောင်လုံသည် ကောင်းကင်ဘုံ တောင်တန်းကို သူ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်လေပြီး နေရာမှ ပျောက်ကွယ်သွားကာ အဝေးဆီသို့ ပျံသန်းလိုက်လေသည်။

ယခု အချိန်၌ အရေးကြီးဆုံး အရာ မှာကား အချိန်မည်မျှ ကုန်ဆုံး သွားကြောင်းနှင့် ပြိုင်ပွဲပြီးရန် အချိန်မည်မျှ လိုသေးကြောင်း သိရှိရန် ဖြစ်ပေသည်။

အသက်ရှုချိန် အနည်းငယ်အတွင်း ရှောင်လုံသည် ချိုင့်ဝှမ်း၏ အပြင်ဘက်သို့ ရောက်ရှိသွားပေသည်။

သူ နတ်ဘုရား အဆင့်၌ ရှိနေခဲ့စဥ်က ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိရန် တစ်နာရီကျော် ပျံသန်းခဲ့ရသည်။ သို့သော် ယခုမူ ချိုင့်ဝှမ်းထဲမှ ထွက်ခွာသွားခြင်းသည် အသက်ရှုချိန်အနည်းငယ်မျှသာ ကြာပေသည်။ ဤ သည်ကို ကြည့်ရုံဖြင့် ရှောင်လုံ၏ လက်ရှိ အမြန်နှုန်းကို ခန့်မှန်းကြည့်၍ ရနိုင်ပေသည်။

လမ်းတစ်လျှောက်တွင် ပျံသန်းလာခဲ့ရင်း ချိုင့် ဝှမ်းတစ်ခုလုံး အပေါက်များဖြင့် ပြည့်နှက်နေလေပြီး သူရောက်ရှိနေသော ချိုင့်ဝှမ်းဟု သတ်မှတ်ရန်ပင် ခက်ခဲလှကြောင်း သူသတိထားမိသွားလေသည်။ ချိုင့်ဝှမ်း၏ အလယ်ဆီမှ လေပူများ မှုတ်ထုတ်နေသော ကြောက်မက်ဖွယ်ရာ နက်ရှိုင်းလှသည့် တွင်းနက်ကြီး တစ်ခု ရှိနေပေသည်။

" ကြည့်ရတာ... ငါ့ရဲ့ အဆင့်ချိုးဖျက်မှုကနေဖြစ်ပေါ်လာတဲ့ အပျက်အစီးက သေးသေးကွေးကွေးတော့ မဟုတ်ဘူးပဲ"

ရှောင်လုံသည် ဤနေရာ၌ အဆင့် ချိုးဖျက်တက်ရောက်ရန် ရွေးချယ်ခဲ့မိသောကြောင့် ဝမ်းသာ သွားရပေသည်။ သူသည်သာ သိုင်းဝိညာဥ်ကမ္ဘာကိုပြန်ရောက်မှ အဆင့် ချိုးဖျက်လိုက်မည်ဆိုလျှင် သိုင်းဝိညာဥ် ကမ္ဘာတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရပေလိမ့်မည်။

အထက်ဘုံ ကမ္ဘာ တစ်ခု အနေဖြင့် လျှပ်စီး နယ်မြေကမ္ဘာသည် သိုင်းဝိညာဥ် ကမ္ဘာ ထက် အဆပေါင်း ထောင်ပေါင်းသန်းပေါင်းများစွာ ကြံ့ခိုင် သန်မာလှသော်လည်း ဤမျှအထိ ပျက်စီးယိုယွင်းသွားရပေသည်။ သူ့၏ သိုင်းဝိညာဥ်ကမ္ဘာ ၌သာ အဆင့်ချိုးဖျက်မည်ဆိုလျှင် ဖြစ်ပေါ်လာသည့် ဆိုးရွားလှသော အကျိုးဆက်များကို မြင်ယောင်ကြည့်၍ ရနိုင်ပေသည်။

ရှောင်လုံက ပတ်ပတ်လည်ကို ကြည့်ရှု လိုက်ပြီးနောက် ဦးတည်ရာ တစ်ခု သတ်မှတ်လိုက်ကာ အရင်က ရှေးဟောင်းသင်္ချိုင်းဆီ ပျံသန်းလိုက်လေသည်။

သူက လျှပ်စီးနယ်မြေကမ္ဘာ ၏ ဘုံကိုးဆင့်အောက်တွင် ဖြစ်တည်နေသော  လျှပ်စီး တိမ်တိုက်များကို ကျော်ဖြတ်ရင်း ရှောင်လုံ၏ ခေါင်းထဲတွင် အတွေးတစ်ခု ဝင်ရောက်လာပေသည်။

သူက သူ့၏ ကောင်းကင်ဘုံ နဂါး အန္တိမ နတ်ဘုရားဦးခေါင်းကို အမြန်ဆုံး နှုန်းဖြင့် စတင်လှည့်ပတ်လိုက်လေသည်။ ရုတ်တရက်ဆိုသလို ပတ်ပတ်လည်ရှိတိမ်တိုက်များသည် လှည့်ပတ်လာလေပြီး သူ့ဆီသို့ ထိုးဆင်းလာလေကာ သူ့ခေါင်းထက်တွင် စုဖွဲ့သွားလေသည်။

ကောင်းကင်ထက်၌ စုဝေးနေကြသော မုန်တိုင်းတိမ်တိုက်များသည် ရှောင်လုံ ရှိရာဆီသို့ ပြေးဝင်လာလေပြီး တဖြည်းဖြည်း ကျယ်ပြန့်သွားလေသည်။

မီတာ ၅၀၀ ၊ မီတာ ၅၀၀၀၊ မီတာ ၅၀၀၀၀၊ မီတာ ၅၀၀၀၀၀.... ။

ရှောင်လုံ၏ အထက်ရှိ စုဝေးနေကြသော တိမ်တိုက်များသည် ပိုမိုကြီးမားကျယ်ပြန့်လှပြီး မီတာ သန်း၅၀ ပမာဏ ရှိသော တိမ်တိုက်ကြီး အသွင် ပြောင်းလဲသွားပေသည်။ ထိုတိမ်တိုက်ကြီး၏ ဖျက်ဆီးမှု စွမ်းအားသည် မည်သည့် မဟာ နတ်ဘုရား အဆင့်၄ သိုင်းပညာရှင် ကိုမဆို လျှပ်စီး တန်း တစ်ခုမျှဖြင့် သတ်ဖြတ် ပစ်နိုင်စွမ်း ရှိပေသည်။

တစ်ချိန်တည်းမှာ ပင် ရှောင်လုံ၏ ပတ်ပတ်လည်၌ လေဝဲ ကတော့များ ဖြစ်ပေါ်လာပေသည်။

သူ့၏ ကောင်းကင်ဘုံနဂါး အန္တိမ နတ်ဘုရားဦးခေါင်း ထဲတွင် လျှပ်စီး ၊ လေ ၊ ရေ၊ မြေ၊ မီး၊ သတ္ထု ၊ သစ်သားနှင့် အခြားသော သဘာဝ စွမ်းအင်များပါဝင်ပေသည်။ ထို့ကြောင့် ရှောင်လုံက လျှပ်စီး နယ်မြေကမ္ဘာ၏ လျှပ်စီး နှင့် လေ စွမ်းအင်တို့သည် အားစိုက်မထုတ်ရဘဲ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။

ထို့အပြင် ထိုသို့ လုပ်ဆောင်နိုင်စွမ်းရှိငည့် အကြောင်းအရင်းမှာကား ကောင်းကင်ဘုံ နဂါး နတ်ဘုရားဦးခေါင်းသည် အန္တိမ အဆင့် နတ်ဘုရား ဦးခေါင်း ဖြစ်နေသောကြောင့် ဖြစ်ပေသည်။ အခြားသောမဟာနတ်ဘုရားအဆင့် ၄ သိုင်းပညာရှင် များ ကမူ ဤသို့ လုပ်ဆောင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထူးကဲ လျှပ်စီး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ရှန်းမင်ကျီ သည်ပင် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ရှောင်လုံသည် လျှပ်စီး တိမ်တိုက်များကို စုဝေးနေရင်းမှ ရှေ့သို့ ပျံသန်းလိုက်လေသည်။

ရှောင်လုံ၏ မီတာ သန်း၅၀ အပြင်ဘက်ရှိ လျှပ်စီး သားရဲများသည် ကြောက်မက်ဖွယ်ရာ ကြီးမားလှသော မုန်တိုင်း တိမ်တိုက်ကြီးကို ကြည့်ရင်း ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ သို့သော် ရှောင်လုံ၏ ပတ်ပန်လည်ရှိ လေပြင်းမုန်တိုင်းများက သူတို့ နောက်သို့ လိုက်ပါကာ ချက်ချင်းဆိုသလို လျှပ်စီးသားရဲများကို ကြီးမားလှသည့် တိမ်တိုက်များထဲသို့ စုပ်ယူလိုက်လေသည်။

တိမ်တိုက်ကြီးဆီမှ လျှပ်စီး လှိုင်းနဂါးများ ထွက်ပေါ်လာပြီး လျှပ်စီး သားရဲတစ်ကောင်ကို ထိမိသွားလေသည်။ လျှပ်စီး၏ အလွန်တရာ အားကောင်းလှသော ဖျက်စီး မှု စွမ်း အားအောက်တွင် လျှပ်စီး သားရဲသည် အော်ဟစ် ခွင့်တောင်မရဘဲ သေဆုံးသွားကြရပြီး အဆီအနှစ် စွမ်းအင် အသွင် ပြောင်းလဲသွားပေသည်။

ထို့နောက် ရှောင်လုံသည် သူ့၏ ငရဲနတ်ဆိုး အန္တိမနတ်ဘုရားဦးခေါင်း ကို နှိုးဆွလိုက်ကာ ၄င်း၏ ကြောက်မက်ဖွယ်ရာ ဝါးမြိုခြင်း စွမ်းအားဖြင့် သန့်စင်သော အဆီအနှစ်အင်အားကို စုပ်ယူလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ရွှေရောင်ဗုဒ္ဓ အန္တိမနတ်ဘုရားဦးခေါင်းသည် အပြင်းအထန် လှုပ်ရှားလာပြီး လျှပ်စီး သားရဲ၏ အဆီအနှစ်အင်အားကို ပိုမို ကြည်လင်သန့်ရှင်းသွားစေသည်။

မဟာ နတ်ဘုရား အဆင့် ၃ လျှပ်စီး သားရဲ တစ်ကောင်သည် ဤကဲ့သို့ သေဆုံး သွားရလေသည်။

ရှောင်လုံစုပ်ယူလိုက်သော သန့်စင်သည့် အစီအနှစ်အင်အားသည် အန္တိမနတ်ဘုရားဦးခေါင်း အတွက် စွမ်းအင် အသွင် ပြောင်းလဲသွားပြီး သူ့၏ နတ်ဘုရား အင်အားကို အနည်းငယ် တိုးတက်သွားစေသည်။

ရှောင်လုံသည် လျှပ်စီး သားရဲနှင့် ရင်ဆိုင်လိုက်ရသော်လည်း သူ့၏ အရှိန်နှုန်းကို လုံးဝ လျှော့ချလိုက်ခြင်း မရှိပေ။ သူက မြို့တော်ရှိရာဆီသို့ ဆက်လက် ပျံသန်းလိုက်ရင်း သူ့၏ ပတ်ပတ်လည် မီတာ သန်း၅၀ အတွင်းရှိ လျှပ်စီး သားရဲများ အားလုံးသည် လေဝဲကတော့ များ နှင့် လျှပ်စီး တန်းများကြောင့် သေဆုံး သွားရသည်။ ၄င်းတို့သည် သန့်စင်သော အဆီအနှစ် အသွင်ပြောင်းလဲသွားကာ ရှောင်လုံ၏ စုပ်ယူခြင်း ကို ခံလိုက်ရပေသည်။

သူ့၏ ခွန်အားသည် ဖြည်းဖြည်း မှန်မှန်ဖြင့် တိုးတက်လာပေသည်။

နာရီဝက်မျှကြာပြီးနောက် ရှောင်လုံ၏ လက်ထဲတွင် သေဆုံးသွားရသော လျှပ်စီး သားရဲပေါင်း တစ်ရာကျော် ရှိ နေပြီဖြစ်သည်။ ထိုကဲ့သို့သော သတ်ဖြတ်မှု နှုန်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပြီး သူ မဟာနတ်ဘုရား အဆင့်သို့ မရောက်ရှိစဥ်က တချိန်လုံး သတ်ဖြတ်ခဲ့သည့် သားရဲပမာဏထက်ပင် အဆပေါင်းများစွာ ပိုမို များပြားပေသည်။

အတိအကျဆိုရလျှင် ချိုင့်ဝှမ်းဆီမှ ထွက်ခွာ လာခဲ့စဥ်က ရှောင်လုံ၏ မဟာ နတ်ဘုရား အဆင့် အခြေ ခံသည်အလွန်တရာ ခိုင်မာခြင်း မရှိသေးပေ။ သို့သော် လျှပ်စီး သားရဲ များ၏ အဆီအနှစ်အင်အားကို စုပ်ယူခဲ့ပြီးနောက်တွင် သူ့၏ အခြေ ခံသည် အဆင့် တိုးတက်ကာ ခိုင်မာ သွားပြီဖြစ်သည်။

ရှောင်လုံ၏ အမှတ်များသည်လည်း တုန်လှုပ်ဖွယ်ရာ နှုန်းထား ဖြင့် တိုးတက်လာပေသည်။

ပြီးခဲ့သည့် လများ အတွင်း သူ့၏ အဆင့်များသည် အဆင့် ၉၆၉ အထိ ကျဆင်း သွားရသော်လည်း ယခု အခါတွင်မူသူ့၏ အဆင့်သည် နာရီဝက်အတွင်း အဆင့် ၉၅၄ သို့ရောက်ရှိသွားလေသည်။

အဆင့် ၁၅ နေရာသို့ အချိန်တို အတွင်း ရောက်ရှိသွားခြင်း ဖြစ်ပေသည်။

ထာဝရ ကမ္ဘာ ကွင်းပြင်တွင် ဖုယန်တို့ အုပ်စုသည် အဆင့် ၉၆၉ နေရာမှ ထိပ်ဆုံး တစ်ထောင်အောက်သို့ ကျဆင်းလု နီးပါးဖြစ်သော ရှောင်လုံ၏ အဆင့်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြလေသည်။ သို့သော် ရုတ်တရက်ဆိုသလို တစ်နှစ်ကျော် ကြာသည်အထိ မပြောင်းလဲသော ရှောင်လုံ၏ အမှတ်များက ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ရုတ်တရက် ထိုးတတ်သွားသည်ကို သူတို့ မြင် လိုက်ကြရပေသည်။

" ဒါက... "

ဖုယန်၊ လျှိုယွင် နှင့် ကျန်သူများသည် တုန်လှုပ်မင်သက်စွာဖြင့် မျက်လုံး များ ပြူးကျယ်သွားရပေသည်။

ပျော်ရွှင်မှုများက သူတို့၏ တုန်လှုပ်မှုများနေရာတွင် အစားထိုး ဝင်ရောက်လာလေသည်။

ဖုယန်သည် အောက်ခြေမဲ့သော ချောက်နက်ကြီးထဲသို့ တစ်စက္ကန့်မျှ ကျဆင်းသွားပြီး ချက်ချင်းဆိုသလို ကောင်းကင်ပေါ်သို့ ဆွဲတင်ခံလိုက်သလို ခံစား နေရပေသည်။ လျှိုယွင်နှင့် ချီဝမ်တို့သည် အလွန်တရာ စိတ်လှုပ်ရှား သွားကြပြီး တစ်ယောက်ကို တစ်ယောက်ဖက်ကာ ခုန်ပေါက်နေကြလေသည်။

ချန်းယန်ကမူ မျက်မှောင် ကြုတ် နေလေသည်။

ဖုယန်တို့ အုပ်စုနှင့် သိပ်မဝေးသည့် နေရာတွင် မိုးပြာရောင်နဂါး တက္ကသိုလ် ဝင်များသည်လည်း အဆင့်ဇယားပေါ်ရှိ ရှောင်လုံ၏ ရုတ်တရက် အဆင့်တက်လာမှုနှင့် အမှတ်များကို ကြည့်နေကြလေသည်။ သူတို့၏ အမူအရာများသည် အလွန်တရာ ဆိုးဝါးနေကြပေသည်။

"မဟုတ်ဘူး...  မဟုတ်ဘူး...လုံးဝ မဖြစ်နိုင်ဘူး"

ချင်ယီသည် ရှောင်လုံ၏ မြင့်တတ်လာသော နာမည်ကို စိုက်ကြည့်ရင်း စိတ်ထဲမှ အော်ဟစ်နေပေသည်။

' ဒါက ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ '

ထို မျိုးမစစ်ကောင် ဟောင်ရှောင်လုံသည် ဒဏ်ရာ အပြင်အထန် ရရှိနေခြင်း မဟုတ်သည်လား။ သူက မည်သို့ ဖြင့် အလျှင်အမြန် ကုသ နိုင်ခဲ့ သည်နည်း ။ထို့ အပြင် သူ့၏ အမှတ်များသည် အဘယ်ကြောင့် ဤ ကဲ့ အလျှင်အမြန် တိုးပွား လာခဲ့သည်နည်း။

ရှောင်လုံ၏ အဆင့် ပြောင်းလဲမှုကို ဖုယန်တို့ အုပ်စုနှင့် မိုးပြာရောင်နဂါးတက္ကသိုလ်တို့ သတိထားမိကြသော်လည်း အခြား မည်သူကမှ အာရုံ မစိုက်ကြပေ။

၀မ်ဂူကလန် အကြီးအကဲများသည် ထိပ်ဆုံး အယောက်တစ်ရာ အတွင်း ရှိ တပည့်များကို သာ အာရုံ စိုက်ကြလေသည်။

ထို အချိန်တွင် အဆင့်ဇယား၏ ထိပ်ဆုံးသည် ၀မ်ဂူယန်ဟွေ့ သည် အမှတ်ပေါင်း ၆၃ သန်းဖြင့်ဗိုလ်စွဲနေဆဲဖြစ်သည်။

အဆင့် ၂ နေရာ၌မူ ကံကြမ္မာဂိုဏ်း၏ ဖန်းချူက အမှတ်ပေါင်း ၆၁သန်းဖြင့် နေရာယူထားပေသည်။

အဆင့် ၃ နေရာ၌မူ ကျိုး ကလန်၏ ကျိုးယောင်ဖြစ်သည်။ သို့သော်လည်း သူ့ အထက် ရှိ နာ မည် နှစ် ခု နဲ့ ယှဥ်မည်ဆို လျှင် ကျိုး ယောင်၏ အမှတ်များသည် အလွန်တရာ နိမ့်ကျနေလေပြီး ၅၃ သန်းကျော်သာ ရှိပေသည်။

အဆင့် ၄ နေရာတွင် မုကလန်၏ မုချီရှိပြီး သူ့၏ အမှတ်ပေါင်းသည် ၅၂ သန်းကျော် ရှိပေသည်။

အဆင့် ၅ နေရာတွင် ဘီလူမျိုးနွယ်စု၏ တိုင်ပန်ရှိပြီး အဆင့် ၆ နေရာ၌မူ ရှေးဟောင်း မှော်ပညာ ကျောင်း၏ လော်ရှို့ချန် ဖြစ်သည်။ အဆင့် ၇ နေရာတွင် အမှောင်နတ်သူငယ် မျိုးနွယ်စု၏ ယွဲ့ဝူ ယဲ့ က နေရာ ယူထားပေသည်။ အဆင့် ၈ နေရာ၌ လေမုန်တိုင်း ကျောင်းတော်မှ ကျင်းရှောင်စု ဖြစ်ပြီး အဆင့် ကိုးနေရာ ကမူ ဓားမဲ့ဂိုဏ်း ၏ ကျန်းရှီရီး ဖြစ်သည် ။ အဆင့် ၁၀ နေရာမှ အဆင့် ၁၃ ရှိ လူများမှာမူ မူလ ယန်ဂိုဏ်း မှ လူတုန်ဝေ၊ အိုးယန်ကလန် မှ အိုယန်ဝမ်ရှောင်း ၊ အသက်မဲ့ကျွန်းမှ ကျွယ့်ရှီစန်းလန်နဲ့ ၁၃ ခုမြောက်နေရာကမူ ဂဠုန်ပျံသန်းခြင်းအဖွဲ့၏ ပန်ရွှယ်ကျောင်း ဖြစ်ပေသည်။

ပြိုင်ပွဲ စတင်ပြီး တစ်နှစ်ကျော်အတွင်း၌ပင် အဆင့်ဇယား၏ ထိပ်ဆုံး ၁၃ နေရာကို ရယူထားသည့် သူများသည် မဟာ နတ်ဘုရား အဆင့်၄ ကျင့်ကြံမှု ရှိသည့် တပည့် ၁၃ ယောက်သာ ဖြစ်ပေသည်။ တစ်ဖက်တွင်မူ ရဲ့လူ မိသားစု ၏ ရဲ့လူထန်းဖန် က အဆင့် ၁၄ နေရာ သို့သာ ရောက်ရှိ နိုင်သေးပေသည်။

" အခုဆိုရင် ပြိုင်ပွဲပြီးဖို့ ၂လ ကျော် လောက်ပဲ လိုတော့တယ် ...ကြည့်ရတာ ပထမ နေရာက ငါတို့ ဝမ်ဂူကလန် အတွက်ပဲ ဖြစ်တော့မယ်ထင်တယ်"

ဝမ်ဂူရှို့ က ပျော်ရွှင်စွာ ပြောလိုက်လေသည်။

"အဲ့ဒီကောင်လေး ဝမ်ဂူယန်ဟွေ့က... ပထမနေရာကို သေချာပေါက် ရရှိလိမ့်မယ်"

ဝမ်ဂူချန်းချင်က ခေါင်ညိတ်ကာ အပြုံး ဖြင့် ပြောလိုပ်လေသည်။

" ကံကြမ္မာ ဂိုဏ်း ရဲ့ ဖန်းချူက ဝမ်ဂူယန်ဟွေ့ကို နည်းနည်းလောက် ချိန်းခြောက်နိုင်စွမ်း ရှိတာကလွဲရင်...ကျန်တဲ့လူတွေကို လျစ်လျူရှု ထားလို့ရတယ်"

" ပြိုင်ပွဲပြီးသွားလို့ ဝမ်ဂူယန်ဟွေ့က ပထမ နေရာကို ရရှိသွားမယ်ဆိုရင်...သူက ကောင်းကင်ဘုံ နတ်ဘုရားရဲ့ နတ်ဘုရား ဦးခေါင်းတစ်ခုကို ဆုလာဘ်အဖြစ် ရရှိလိမ့်မယ်...အဲ့ဒီအခါကျ ခေါင်ဆောင်နှင့် အကြီး အကဲ တွေက လည်း ကောင်းကင်ဘုံ နတ်ဘုရား ဦးခေါင်းရဲ့ ထူးခြားဆန်းကျယ်မှုတွေကို လေ့လာပြီး နားလည် သဘော ပေါက်သွားနိုင်လိမ့်မယ်...အဲ့ဒီ အခါကျရင် လူတိုင်းရဲ့ ခွန်အားတွေကလည်း ကြီးကြီးမားမား တိုးတက်လာလိမ့်မယ်"

ဝမ်ဂူကျီ က ပျော်ရွှင်ဝမ်းမြောက်စွာ ရယ်မောလိုက်လေသည်။

" ပြိုင်ပွဲ ပြီးတဲ့ အခါကျရင်...ကလန်က အဲ့ဒီ ကောင်လေး ဝမ်ဂူယန်ဟွေ့ကို ကြီးကြီးမားမား ဆုချပေးသင့်တယ်"

အခြားသော ဝမ်ဂူကလန် အကြီးအကဲများသည်လည်း သဘောတူ ခေါင်းညိတ်လိုက်ကြ ကာ နားရွက်ချိတ်မတတ် ပြုံး လိုက်ကြလေသည်။

...

ထို အချိန်၌ ရှောင်လုံသည် ရှေးဟောင်းသင်္ချိုင်းရှိရာ ဆီသို့ ရောက်ရှိသွားလေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၆၄..... ရှေးဟောင်း လျှပ်စီး နတ်ဘုရား၏ ကျင့်ကြံခြင်း နန်းတော်

ရှေးဟောင်းသင်္ချိုင်းသို့ ရောက်ရှိ သွားချိန်တွင် ရှောင်လုံသည် မြို့တော် ဂိတ်များမှ မဝင်ရောက်လိုက်ပေ။ ထိုအစား သူက မြို့တော်၏ အထက်သို့ ပျံသန်းကာ ရပ်တန့်လိုက်လေသည်။

ကြီးမားလှသော မြို့တော်ကြီး၏ အထက်ရှိ တိမ်တိုက်များသည် ရှောင်လုံ၏ ဦးခေါင်း အထက်ရှိ ဆင်တစ်ကောင် အရွယ် အစားမျှရှိသော လျှပ်စီး တိမ်တိုက်ထဲသို့ ချက်ချင်း စုပ်ယူ ခံလိုက်ရပေသည်။ ထိုတိမ်တိုက်များက လျှပ်စီး တိမ်တိုက်ကြီးနှင့် ပေါင်းစပ်သွားလေပြီး ပိုမို ကြီးမားလာလေသည်။

မီတာ သန်း၇၀၊ မီတာ ၇၅ သန်း...။

မီတာ သန်း ၁၀၀ ။ မီတာ သန်း ၁၅၀...။

ကြီးမားလှသည့် လျှပ်စီး တိမ်တိုက်ကြီး သည် မီတာ သန်း၁၅၀ အထိအောင် ကျယ်ပြန့်သွားလေသည်။ ထို့နောက်မှသာ ကြီးမားလှသည့် တိမ်တိုက်ကြီး သည် အရွယ်အစား ကြီးမားလာမှုကို ရပ်တန့်သွားလေသည်။

ရှောင်လုံ၏ လက်ရှိကျင့်စဥ်သည် မဟာနတ်ဘုရား အဆင့် ၂ အလယ်အဆင့် ဖြစ်ပြီး မီတာ သန်း ၁၅၀ အတွင်းရှိ လျှပ်စီး စွမ်းအားများကို စုစည်းခြင်းသည် သူ့၏ အကန့်အသတ် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် လျှပ်စီး တိမ်တိုက်များထဲ၌ ပုန်းအောင်းနေသော လျှပ်စီးသားရဲ များသည် ရှောင်လုံ ရှိရာဆီသို့ ဆွဲယူ ခံလိုက်ရပြီး လျှပ်စီး ထိမှန်ကာ သေဆုံးသွားကြရပေသည်။ ထို့နောက် သူတို့၏ အဆီအနှစ်အင်အားကို ရှောင်လုံက စုပ်ယူလိုက်လေသည်။

ကြီးမားလှသော လျှပ်စီး တိမ်တိုက်ကြီး၏ လှည့်နေမှုကြောင့် မီတာ ၃၃၀၀ ရှိသော လျှပ်စီး လှိုင်းနဂါးများသည် ရှောင်လုံ၏ ပတ်ပတ်လည်၌ လှုပ်ရှား သွားလာနေကြလေသည်။ အဝေးမှ ကြည့်မည် ဆိုလျှင် ရှောင်လုံသည် ဖျက်ဆီးခြင်း နတ်ဘုရား တစ်ပါး၏ ပုံရိပ်နှင့် တူနေပေသည်။

မြို့တော်နှင့် ပတ်ပတ်လည် မီတာ သန်း၅၀ အတွင်းရှိ တပည့်များသည် ကပ်ဘေး မုန်တိုင်း တိမ်တိုက်ကြီးကို ကြည့်ရင်း တုန်လှုပ်သွားကြပေသည်။ ထိုပျက်စီး မှု များ အလယ်ရှိ အနက်ရောင် ဆံပင်နှင့် လူငယ်ကို ကြည့်ရင်း သူတို့၏ မျက်နှာများထက်တွင် ထိတ်လန့် ကြောက်ရွံ့မှူ များ ပြည့်နှက်သွားလေသည်။

" ဒါက ဘယ်မိသားစုရဲ့ ပါရမီရှင်လဲမသိဘူး....သူက ဒီလောက်တောင် ဖျက်ဆီးမှုကြီးမားတဲ့ လျှပ်စီး စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေတာလား"

မဟာ နတ်ဘုရား အဆင့် ၃ နောက်ပိုင်း အထွတ်အထိပ်အဆင့် တပည့် တစ်ယောက်၏ အသံက တုန်ယင်စွာ ထွက်ပေါ်လာပေသည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းလှသော လျှပ်စီး တိမ်တိုက် ကြီး၏ ရှေ့တွင် သူသည် မည်သို့သော ခုခံရန် အတွေးမျိုးမှ မတွေးမိပေ။

" သူက လေမုန်တိုင်းကျောင်းတော်က အဆင့် ၁၀ ရှိတဲ့... ကျင်းရှောင်စု များ ဖြစ်နေမလား...ငါကြားတာတော့ ကျင်းရှောင်စုက လျှပ်စီးနဲ့ လေပြင်းကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်စွမ်း ရှိတယ်တဲ့ "

မဟာ နတ်ဘုရားအဆင့် ၃ နောက်ပိုင်း အထွတ်အထိပ်အဆင့်တပည့် တစ်ယောက်က ခန့်မှန်း ပြောဆိုလိုက်လေသည်။

ထိုတပည့် နှစ်ယောက်သည် လက်ရှိ ထိပ်တန်း အယောက် ၁၀၀ အတွင်း၌ ရှိပေသည်။

" ကျင်းရှောင်စု တဲ့လား...  ကျင်းရှောင်စုကို မေ့ထားလိုက်ဦး... ပထမ အဆင့် ဖြစ်တဲ့ ဝမ်ဂူယန်ဟွေ့တောင်မှ ဒီလောက်ထိ ကြောက်ဖို့ မကောင်းဘူး"

" ဒီတစ်ခေါက် ပြိုင်ပွဲမှာ ဒီလောက်တောင် ကြောက်ဖို့ ကောင်းတဲ့ လူမျိုး ရှိတယ်လား"

" ဒီလူက ဘယ်သူ ပါလိမ့်...သူက ထိပ်ဆုံး ၁၀ ယောက်တည်းက မဟုတ်နိုင်ဘူး...ထိပ်ဆုံး ၁၀ယောက်ထဲက မဟာပါရမီရှင် တွေကို...  ငါ အကုန် မှတ်မိတယ်"

မြေပြင်ပေါ်ရှိ ပြိုင်ပွဲဝင်တပည့်များသည် ရှောင်လုံ၏ အကြောင်းကို သိချင်စိတ်များဖြင့် ဆွေးနွေး ပြောဆိုနေကြပေသည်။ မည်သူကမှ ရှောင်လုံ၏ လမ်းကြောင်းကို သွားရောက် မပိတ်ဆို့ရဲပေ။ သူတို့က လျှပ်စီး တန်းဖြင့် ထိမှန်သွားမည်ကို ကြောက်ရွံနေကြပေသည်။ များစွာသော မဟာ နတ်ဘုရားအဆင့် ၃ နောက်ပိုင်း အထွတ်အထိပ် အဆင့် တပည့်များသည်ပင် မည်သို့သော သတိလက်လွတ် အပြု အမူ ကိုမှ မလုပ်ဆောင်ရဲကြပေ။

ရှောင်လုံက မြေပြင်ပေါ်သို့ ကြည့်လိုက်လေပြီး တပည့်တစ်ယောက်ကို လက်ညိုးထိုးလိုက်လေသည်။

" မင်း...ဒီကို လာခဲ့ဦး"

မဟာ နတ်ဘုရားအဆင့် ၃ နောက်ပိုင်းအဆင့် တပည့်သည် သူ့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ရှောင်လုံ ရှိရာ ဆီသို့ ပျံသန်း ရောက်ရှိသွားသည်မို့ ထိုတပည့်သည် ကြောက်ရွံ့သွားရပေသည်။ သူ့၏ နတ်ဘုရားအင်အား အနည်းငယ်မျှကိုပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ဤ အဖြစ်အပျက်ကို အခြားသူများသည်လည်း သတိထားမိသွားကြပြီး သူတို့သည် ပို၍ပင် လှုပ်ရှားရဲခြင်း မရှိကြတော့ပေ။

"ဆ...ဆရာကြီး... အသက်...ကို ချမ်းသာပေးပါ"

ထို မဟာ နတ်ဘုရားအဆင့် ၃ နောက်ပိုင်း အဆင့် တပည့်သည် ရှောင်လုံ ရှေ့သို့ ရောက်ရှိသွားသည်နှင့် ချက်ချင်းဆိုသလို အသက်ချမ်းသာပေးရန် အော်ဟစ်လာပေသည်။ သူ့၏ အသံက အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပေသည်။

ထိုတပည့်၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများနှင့် သူ့၏ အသက်ချမ်းသာပေးရန် တောင်းဆိုမှုများကြောင့်ရှောင်လုံသည်စိတ်ထဲမှ ခါးသက်သက် ခံစားလိုက်ရသည်။

'ငါက ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေတာလား...ငါသူ့ကို သတ်မယ်လို့လဲ မပြောမိပါဘူး'

" ငါမင်းကို မေးစရာရှိလို့... ပြိုင်ပွဲစတာ ဘယ်လောက်ကြာသွားပြီလဲ "

ရှောင်လုံက မေးလိုက်လေသည်။

အသက်ချမ်းသာ ပေးရန် တောင်ဆို နေသော တပည့်သည် ကြောင်အသွားလေပြီး နေရာ၌ပင် တောင့်ခဲသွားရလေသည်။

ထို အနက်ရောင်ဆံပင်နှင့် လူငယ်သည် သူ့အား ဆွဲခေါ်လိုက်ခြင်းမှာ မေးခွန်းမေးရုံ အတွက်သာ ဖြစ်သည်လား။

ထိုတပည့်က သူ့အား ကြောင်အစွာ ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် ရှောင်လုံသည် မျက်မှောင် ကြုတ်လိုက်မိလေသည်။ ဤသည်ကို သတိထားမိလိုက်သည်နှင့် ထို တပည့်သည် အလျှင်အမြန် ဖြေကြား လိုက်လေသည်။

" ပြိုင်ပွဲပြီးဖို့ ရက်ပေါင်း ၄၀ ကျော် လိုနေပါသေးတယ်ခဗျာ"

ရှောင်ခုံက ထို အဖြေကို ကြားလိုက်ချိန်တွင် စိန်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိလေသည်။ ပြိုင်ပွဲပြီးရန် ရက်အနည်းငယ် မျှသာ ကျန်တော့သည် ဆိုလျှင် သူ မည်မျှထိ သန်မာသည်ဖြစ်ပါစေ ပထမ နေရာသို့ ရောက်ရှိရန် အလွန်တရာ ခက်ခဲသွားပေလိမ့်မည်။ ထိပ်တန်း၁၀ ယောက် အတွင်းသို့ ဝင်ရောက်ရန် သည်ပင် သူ့၏ ကံတရားအပေါ်သာ မူတည်နေပေလိမ့်မည်။

ရက်လေးဆယ်ကျော် ကျန်ရှိနေသေးကြောင်း သိလိုက်ရသည်မို့ သူ့အနေဖြင့် ထိပ်ဆုံး ၁၀ ယောက် ၊ ထိပ်ဆုံး ၃ ယောက် သိမဟုတ် ပထမ နေရာကိုပင် ရရှိနိုင်သည့် မျှော်လင့်ချက် ရှိနေပေလိမ့်မည်။

ရှောင်လုံက ထိုတပည့်ကို မေးခွန်းအနည်းငယ် မေးမြန်းလိုက်လေသည်။ သူကလည်း ရှောင်လုံကို သူသိသမျှဖြေကြားလိုက်သည်။

"အခု...ရဲ့လူထန်းဖန် ဘယ်နေရာမှာ ရှိနေလဲဆိုတာကို မင်းသိလား"

ရှောင်လုံက မေးမြန်းလိုက်လေသည်။

ရှောင်လုံသည် ရက်ပေါင်း ၄၀ ကျော်မျှသာ အချိန်ကျန်ရှိတော့လေပြီး သူ့၏ အဆင့်မှာလည်း အလွန်တရာ ကျဆင်းနေပေသည်။ ထို့ကြောင့် ပထမအဆင့်သို့ တက်ရန် အလွန်တရာ ဝေးကွာနေကာ အမြန်ဆုံး ဖြေရှင်းနိုင်သည့် အချက်သည် အဆင့်မြင့်မားသော အခြားတပည့်များကို သတ်ဖြတ်ကာ အမှတ်များကို ရယူရန်ဖြစ်ပေသည်။

သူ့၏ လက်ရှိခွန်အားကို ယုံကြည်မှု ရှိသော်လည်း ရှောင်လုံသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်လိုခြင်း မရှိပေ။ ထိုသို့ လုပ်ဆောင်လိုက်ပါက သူ ဤနေရာမှ ထွက်ခွာ လိုက်သည်နှင့် များပြားလှသော အင်အားစုများ၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။ အကျိုးအမြတ်ထက် ဆုံးရှုံးမှု ပိုမို များပြား သွားပေလိမ့်မည်။

ရဲ့လူမိသားစုနှင့် သူနှင့်ကြားတွင်မူ ရန်ညိုး ရန်စများ ရှိထားပြီဖြစ်ကာ သူက ရဲ့လူရှင်း ၊ ရဲ့လူပိုင်၊ ရဲ့လူရွှမ်း နှင့် အခြား ရဲ့လူ မိသားစု ၁၃ယောက်ကို သတ်ဖြတ်ထားခဲ့ပေသည်။ သူတို့ကြားရှိ ရန်ညိုးသည် ပြန်လည်ပြင်ဆင်၍ မရနိုင်တော့ပေ။ ထို့ကြောင့် ရဲ့ လူ မိသားစု တပည့်များကို ထပ်မံ သတ်ဖြတ်ခြင်းသည် မည်သည့် ခြားနားချက်မှ မရှိတော့ပေ။ ထို့အပြင်ရှောင်လုံ၏ အကြီးမားဆုံးပစ်မှတ်သည် ရဲ့လူထျန်းဖန်ဖြစ်ပေသည်။

" ဆရာကြီးက... ရဲ့လူထန်းဖန်ကို ရှာနေတာလား "

ထိုတပည့်က ခဏမျှ ကြောင်အသွားလေပြီး သူ့၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်ရောက်လာကာ အလျှင်အမြန် ဖြေကြားလိုက်လေသည်။

"ကောလ ဟာလ တွေအရဆိုရင်တော့... အချို့တပည့်တွေက ရှေးဟောင်းလျှပ်စီး နတ်ဘုရား ရဲ့ ကျင့်ကြံခြင်း နန်းတော်ကိုတွေ့ရှိခဲ့တယ်တဲ့... ဒီသတင်းကို တပည့်တွေ အများကြီး သိရှိသွားပြီးတော့ အဲ့နေရာကို အမြန် သွားကြတယ်... ဝမ်ဂူယန်ဟွေ့ ၊ ဖန်ချူ၊ ကျိုးယောင် ၊မုချီ ၊ ရဲ့လူထန်းဖန်နဲ့ အခြားသူတွေလည်း သွားကြလိမ့်မယ်"

ပြောစရာ မလိုလောက်အောင်ပင် မြို့တော်ထဲရှိ တပည့်များသည်လည်း ဤ နေရာသို့ သွားရန် ပြင်ဆင်ထားကြပေသည်။ သို့သော် အနက်ရောင်ဆံပင်နှင့် လူငယ်က ဤနေရာ၌ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက တွေးထားမည်နည်း၏ သူတို့ထဲမှ မည်သူကမှ မထွက်ခွာရဲကြတော့ပေ။

" အိုး"

ရှောင်လုံ၏ မျက်လုံးများက တောက်ပ သွားလေသည်။

ရှေးဟောင်းလျှပ်စီး နတ်ဘုရား၏ ကျင့်ကြံခြင်းနန်းတော်... ။

လျှပ်စီးနယ်မြေကမ္ဘာ သည် အထက်ဘုံ ကမ္ဘာ ဖြစ်သောကြောင့် ရှေးဟောင်း လျှပ်စီး နတ်ဘုရား တစ်ပါးသည် ကောင်းကင်ဘုံ နတ်ဘုရား အဆင့် သိုင်းပညာရှင် ထက်ပင် ပိုမို သန်မာပေလိမ့်မည်။

လျှပ်စီး နတ်ဘုရား တစ်ပါး ချန်ထားရစ်ခဲ့သော ကျင့်ကြံခြင်း နန်းတော်သည် ပြိုင်ပွဲ၏ စုများထက်ပင် ပိုမို သာလွန်နေပေလိမ့်မည်။

ရှောင်လုံက ရှေးဟောင်းလျှပ်စီး နတ်ဘုရား၏ ကျင့်ကြံခြင်း အိမ်တော် တည်နေရာကို မေးမြန်းလိုက်လေသည်။

ထိုတပည့်က သူ သိထားသမျှ အသေးစိတ်ကို ရှောင်လုံအား ပြောပြလိုက်လေသည်။

သူသိချင်သည်ကို မေးမြန်းပြီးသည်နောက် ရှောင်လုံသည် အလျှင်အမြန်တွက်ချက်ကြည့်လိုက်လေသည်။ သူ့၏ လက်ရှိ အမြန်နှုန်းအရ သူသည် ရှေးဟောင်း လျှပ်စီးနန်းတော်၏ ကျင့်ကြံခြင်း နန်းတော် ရှိရာဆီသို့ နေ့တဝက်အချိန်အတွင်း ရောက်ရှိသွားပေလိမ့်မည်။

ထို့နောက် အောက်ဘက်၌ ရှိနေသော တပည့်များအား အာရုံ မစိုက်တော့ဘဲ သူသည် နန်းတော်ရှိသည့် နေရာသို့ ချက်ချင်း ရောက်ရှိသွားလေသည်။

ရှောင်လုံ၏ ဦးခေါင်းထက်ရှိ ကြီးမားလှသော လျှပ်စီး တိမ်တိုက်ကြီးသည် အဝေးသို့ ရွေ့လျားသွားသည်အား ကြည့်ရင်း မဟာ နတ်ဘုရား အဆင့် ၃ နောက်ပိုင်း အဆင့် တပည့်သည် သူ့၏ တစ်ကိုယ်လုံး အင်အား ယုတ်လျော့သွားသလို ခံစားလိုက်ရသည်။ သူ့၏ ဝတ်စုံက နောက်ကျော၌ ကျဆင်းနေသော ချွေးအေးများကြောင့် စိုရွှဲသွားရပေသည်။

မြေပြင်ပေါ်ရှိ တပည့်များသည် ကပ်ဘေးကြီးမှ လွတ်မြောက်သွားသလို ခံစားလိုက်ရပေသည်။ထိုတပည့် ပြောခဲ့သလို မြို့တော်ထဲရှိ ကျင့်ကြံသူများသည် ရှေးဟောင်းလျှပ်စီး နတ်ဘုရား၏ ကျင့်ကြံခြင်း နန်းတော် ရှိရာဆီသို့ အလျှင်အမြန်သွားရန် ကြံစည်ထားကြခြင်းဖြစ်သည် ။ သို့သော် ယခုအခါတွင် သူတို့ထဲမှ တစ်ဝက်ကျော်သည် စိတ်ပြောင်းသွားကြလေသည်။

ရှေးဟောင်းသင်္ချိုင်းနှင့် ဝေးကွာလှသောနေရာတွင် မြင့်မားလှသော တောင်ထွတ်တစ်ခုသည် တိမ်တိုက်များဖြင့်ဝန်းရံနေကာ တောက်ပသော လျှပ်စီးတန်းများ ဖြာထွက်နေပေသည်။

ထိုတောင်ထွတ်သည် နတ်ဘုရားကမ္ဘာ တစ်ခု၏ ရှားပါးလှသော သတ္ထု ဖြစ်သည့် သံလိုက် လျှပ်စီး ကျောက်တုံး များဖြင့် တည်းဆောက်ထားကာ ထိုကဲ့သို့သော တောင်ထွတ် တစ်လုံး ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုတောင်ထိပ်၏ အထက်တွင် အနက်ရောင် လေဟာနယ် အပေါက် ကြီး တစ်ခု ရှိပေသည်။ ထို မီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော လေဟာနယ် အပေါက်ကြီးသည်  ရှေးဟောင်းလျှပ်စီး နတ်ဘုရား၏ ကျင့်ကြံခြင်း နန်းတော်ဖြစ်ပေသည်။

အမှန်တိုင်းဆိုရလျှင် ထို ဝင်ပေါက်သည် ပိတ်ဆို့ ထားခြင်း ဖြစ်ပေသည်။ သို့သော် သံလိုက်လျှပ်စီး တောင်တန်းဆီသို့ ရောက်ရှိသွားသော တပည့်တစ်ယောက်သည် ကျင့်ကြံခြင်း နန်းတော်၏ အစီအရင်များကို မတော်တဆ အသက်သွင်းလိုက်မိသည်မို့ ဝင်ပေါက်ကို ဖွင့်လှစ်မိသွားခြင်း ဖြစ်ပေသည်။

ဤသည်ကို တွေ့ရှိသည်မှာ သိပ်မကြာလှသေးသော်လည်း ပြိုင်ပွဲဝင်တပည့်များ အားလုံးသည် ထိုသတင်းကို ကြားလိုက်ကြရပြီး အလျှင်အမြန် ရောက်ရှိလာကြပေသည်။ ပြောစရာ မလိုလောက်အောင်ပင် ထိပ်ဆုံး အယောက် ၃၀ ထဲရှိ တပည့်များလည်း ပါဝင်နေပြီး ရဲ့လူထန်းဖန်သည် ထိုတပည့်များထဲမှ တစ်ယောက်ဖြစ်သည်။

ရဲ့လူထန်းဖန်က ရဲ့လူ မိသားစု တပည့်အုပ်စုကို ဦးဆောင်ကာ ဝင်ပေါက်အား ဖြတ်သန်းလာခဲ့သည် ရှေးဟောင်းလျှပ်စီး နတ်ဘုရား၏ ကျင့်ကြံခြင်း နန်းတော်သည် အမှီ အခိုကင်းမဲ့သော ကမ္ဘာတစ်ခု ဖြစ်ကာ အလွန်တရာ ကျယ်ပြန့်လှပေသည်။

" ဒီ ကျင့်ကြံခြင်း နန်းတော်က ... တကယ့်ကို အစွမ်း ထက်လွန်းတဲ့ ကောင်းကင်ဘုံ နတ်ဘုရား အဆင့် သိုင်းပညာရှင်တစ်ယောက် ပိုင်ဆိုင်တာ ဖြစ်လိမ့်မယ်...ဒီလိုမျိုး ကျင့်ကြံခြင်းနန်းတော်မှာ ဗဟို အစီအရင်တစ်ခု ရှိလိမ့်မယ်... ငါတို့ အဲ့ဒီ အစီအရင်ကို အရင်ဆုံး သွားရှာကြတာပေါ့"

ရဲ့လူ ထန်းဖန်က အမိန့်ပေးလိုက်လေသည်။

ရဲ့လူ မိသားစု တပည့်များ အားလုံးသည် သူ့အမိန့်ကို ရိုသေလေးစားစွာဖြင့် နားလည်ကြောင်း ပြလိုက်ကြပေသည်။

"အစ်ကိုကြီး ထန်းဖန်...ဒီလျှပ်စီး နတ်ဘုရား ကျင့်ကြံခြင်း နန်းတော်ရဲ့ သတင်းက ...ဟောင်ရှောင်လုံကို ဆွဲဆောင် သွားနိုင်လောက်လား "

ရဲ့လူဝေက မေးလိုက်လေသည်။

ယခုအခါတွင် ရဲ့လူမိသားစု တပည့် ၁၆ ယောက်ကို ရှောင်လုံက သတ်ဖြတ်သွားကြောင်းအား ရဲ့လူထန်းဖန် သိရှိသွားပြီဖြစ်သည် ။ ထို့ကြောင့် ကုန်လွန်ခဲ့သည့် တစ်နှစ်တာအတွင်း ရဲ့လူထန်းဖန်သည် ရှောင်လုံကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

ရှောင်လုံ၏ နာမည်ကို ကြားလိုက်သည့် အချိန်တွင် ရဲ့လူ ထန်းဖန်၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ကြောင့် သွေးရောင်လွှမ်းသွားလေသည်။

" အဲ့ဒီ ဟောင်ရှောင်လုံ ရောက်လာပါစေလို့ ငါတကယ် မျှော်လင့်နေတာ... အဲ့ဒီဟောင်ရှောင်လုံက ငါတို့ ရဲ့လူ မိသားစုရဲ့ တပည့် ၁၆ ယောက်ကို သတ်ဖြတ်သွားခဲ့တယ်... ငါသူ့ကို အသက်ရှင်လျက် အရေခွံနွှာပြီး သူ့ရဲ့ သွေးကြောတွေကို စုတ်ဖြဲပစ်ရမယ်...သူ့ရဲ့ အရိုး ကို ချိုးပြီး အသွေး အသားတွေကို တစ်လွှာချင်း လှီးဖြတ်ပစ်ချင်တယ်...ငါသူ့ကို သေတာထက်ဆိုးတဲ့ နာကျင်မှုမျိုး အဆပေါင်းတစ်သန်းမက ခံစား သွားရစေချင််တယ်...အဲ့ဒီ အခါမှသာ ငါ့ရဲ့ နှလုံးသားထဲက အမုန်းတရားတွေကို ဆေးကြောပစ်နိုင်လိမ့်မယ်"

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၆၅ ..... အားနည်းလွန်းတယ်

"ဟောင်ရှောင်လုံ က... ဒီလောက်ထိ သန်မာလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့မိဘူး"

ရဲ့လူဝေက မကျေမနပ်သည့် အသံဖြင့်ပြောလိုက်သည်။

"သူက ရဲ့လူရှင်း၊ ရဲ့လူပိုင်နဲ့ တခြားလူတွေကို သတ်ဖြတ်ခဲ့တယ်...သူ့ရဲ့ ခွန်အားက အနည်းဆုံး မဟာနတ်ဘုရားအဆင့် ၃ အလယ်အလတ်အထွတ်အထိပ်အဆင့်နဲ့ နှိုင်းယှဥ်နိုင်လိမ့်မယ်"

သို့သော် ရဲ့လူထန်းဖန်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"မဟာနတ်ဘုရားအဆင့် ၃ အလယ်အလတ်အထွတ်အထိပ်အဆင့် လေးကများ...ငါ သူ့ကို သတ်ချင်တယ်ဆိုရင် လက်တစ်ချက် ယမ်းတာ ထက်ပိုပြီး လုပ်စရာမလိုဘူး"

"အမှန်ပဲ...အစ်ကိုကြီး ရဲ့လူထန်းဖန်ရဲ့ ရှေ့မှာဆိုရင်...အဲ့ဒီ ဟောင်ရှောင်လုံ က အသတ်ခံရဖို့ စောင့်နေတဲ့ ကြက်တစ်ကောင်လောက်ပဲ အဆင့်ရှိတာ"

ရဲ့လူမိသားစုတပည့်တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အဲ့ဒီ ဟောင်ရှောင်လုံ သာ ရောက်လာရဲမယ်ဆိုရင်...အစ်ကိုကြီး ရဲ့လူထန်းဖန်က လက်တစ်ချောင်းတောင် လှုပ်ရှားနေစရာ မလိုပါဘူး...အစ်ကိုကြီး ရဲ့လူဝေ တစ်ယောက်တည်းနဲ့တင် အဲ့ခွေးက်ု သတ်ဖို့ လုံလောက်နေပြီ"

ရဲ့လူဝေသည် ရဲ့လူမိသားစု၏ ပြိုဲင်ပွဲဝင်တပည့် တစ်ရာထဲတွင် ရဲ့လူထန်းဖန်အပြင် ထိပ်ဆုံး အယောက်တစ်ရာထဲ ဝင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သူ့၏ လက်ရှိအဆင့်သည် ၈၅ ဖြစ်သည်။ သူ့၏ ကျင့်စဥ်က မဟာနတ်ဘုရားအဆင့် နောက်ပိုင်းအဆင့် ဖြစ်ပြီး မဟာနတ်ဘုရားအဆင့် နောက်ပိုင်းအထွတ်အထိပ်အဆင့် သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။

"အုပ်စု ဆယ်ဖွဲ့ခွဲပြီးတော့ ဗဟိုအစီအရင်ကို ရှာကြစမ်း...တစ်ခုခု ဖြစ်လာခဲ့ရင် သတင်းပို့အဆောင်ကို သုံးလိုက်ကြ"

ရဲ့လူထန်းဖန်က ရဲ့လူမိသားစုတပည့်များကို အမိန့်ပေးလိုက်သည်။ 

သတင်းပို့အဆောင်၏ အကျိုးသက်ရောက်မှုသည် လျှပ်စီးနယ်မြေကမ္ဘာထဲ၌ ကန့်သတ်ခံထားရကာ တစ်ယောက် နှင့် တစ်ယောက် အရမ်းဝေးလျှင် ဆက်သွယ်နိုင်ခြင်း မရှိသော်လည်း ဆက်သွယ်၍ ရနေဆဲ ဖြစ်ပေသည်။ ထို့ကြောင့် မိသားစူတူဂိုဏ်တူ တပည့်များသည် တစ်ယောက်ကိုတစ်ယောက် ရှာဖွေနိုင်စွမ်းရှိပေသည်။

အချိန်ခဏအတွင်း ရဲ့လူမိသားစုတပည့်များသည် ဆယ်ဖွဲ့ခွဲလိုက်ကြပြီး နေရာအရပ်က
ရပ်သို့ ဦးတည်ပျောက်ကွယ်သွားကြသည်။

ထိုအချိန်၌ ရှောင်လုံသည် လျှပ်စီးနတ်ဘုရားကျင့်ကြံခြင်းနန်းတော်၏ ဝင်ပေါက်နှင့် နီးကပ်လာနေပြီ ဖြစ်သည်။

သူ ဖြတ်သန်းလာရာလမ်းတစ်လျှောက်တွင် လမ်းလာပိတ်သော လျှပ်စီးသားရဲများအားလုံးသည် သူ့ခေါင်းအထက်ရှိတိမ်တိုက်ဆီမှ ထွက်ပေါ်လာသော လျှပ်စီးတန်းကြောင့် ထိမှန်သေဆုံးသွားကြရသည်။ သူ့၏ အမှတ်များသည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် မြင့်တက်နေလေသည်။

နာရီဝက်နီးပါးအကြာ၌ ရှောင်လုံ၏ အဆင့်သည် အဆင့်ဇယားပေါ်၌ တစ်ဒါဇင်ကျော်အဆင့်ထိ ခုန်တက်သွားသည်။

ငါးနာရီ ကြာပြီးနောက် သူသည် ထိပ်ဆုံး အယောက် ရှစ်ရာထဲသို့ ဝင်ရောက်ကာ အဆင့် ၇၉၃ သို့ ရောက်ရှိသွားပေသည်။ထိပ်ဆုံး ရှစ်ရာထဲသို့ ဝင်ရောက်သွားပြီးနောက် ရှောင်လုံ၏ အဆင့်တက်မှုနှုန်းသည် နှေးကွေးသွားသည်။ သို့သော် ထိုသို့ ဆိုလျှင်ပင် သူက နာရီဝက်အတွင်း အဆင့် ဆယ်ဆင့်ကျော် မြင့်တက်သွားဆဲ ဖြစ်သည်။

နေ့ဝက်ကြာပြီးနောက် အဆင့် ၇၅၈ သို့ ရောက်ရှိသွားသည်။

ရှောင်လုံက သံလိုက်လျှပ်စီးတောင်ထွတ်ကို မြင်လိုက်ရချိန်၌ သူ့၏ အဆင့်သည် ၇၅၂ သို့ ရောက်ရှိသွားသည်။

ထိုအချိန်၌ပင် ရှောင်လုံ၏ ငရဲနတ်ဆိုး အန္တိမ နတ်ဘုရားဦးခေါင်းသည် အရူးအမူး စုပ်ယူဝါးမြိုနေလေပြီး မီတာ သန်း ၁၅၀ ရှိသော လျှပ်စီးတိမ်တိုက်ကြီးသည် အလျှင်အမြန် ကြုံ့ဝင်သွားကာ သူ့ကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

အန္တိမနတ်ဘုရားဦးခေါင်း သုံးခုသည် အရူးအမူး လှည့်ပတ်ကာ လျှပ်စီးတိမ်တိုက်ကြီးဆီမှ လျှပ်စီးစွမ်းအင်များကို လောဘတကြီး စုပ်ယူကာ နတ်ဘုရားအင်အား အသွင် ပြောင်းလဲပစ်လိုက်လေသည်။

အသက်ရှုချိန်အနည်းငယ်မျှအတွင်း ကြီးမားလှသော တိမ်တိုက်ကြီးကို ရှောင်လုံက အပြည့်အဝ စုပ်ယူသန့်စင်ပစ်လိုက်နိုင်လေသည်။

တစ်ချိန်တည်းမှာပင် ရှောင်လုံက သူ၏ ပတ်ပတ်လည်ရှိ လေဝဲများကို ပြန့်ကျဲသွားစေလိုက်သည်။ ထို့နောက်မှသာ သူက သံလိုက်လျှပ်စီးတောင်ထွတ်ရှိရာသို့ ဦးတည်၍ လေဟာနယ်အပေါက်ထဲသို့ ဝင်ရောက်သွားသည်။

သို့သော်လည်း သူက ဝင်ပေါက်ထဲသို့ ဝင်ရောက်ရန် ပြင်လိုက်ချိန်တွင် ပုံရိပ်နှစ်ဆယ်ကျော်က သူ့၏ လမ်းကြောင်းကို လာရောက်ပိတ်ဆို့လေသည်။

ထိုတပည့်များသည် မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းနှင့် နောက်ပိုင်းအထွတ်အထိပ်အဆင့် များ ဖြစ်ကြပြီး မတူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သိသာစွာပင် သူတို့အားလုံးသည် မတူကွဲပြားသော အင်အားစုများ နှင့် ကြယ်စင်စုများဆီမှ ဖြစ်ပေသည်။

"ဟေ့ကောင်...မင်းက လျှပ်စီးနတ်ဘုရားရဲ့ ကျင့်ကြံခြင်းနန်းတော် ထဲကို ဝင်ချင်နေတာလား"

မီးတိမ်တိုက် တံဆိပ်ပုံနှင့် အနီရောင်ဝတ်စုံ ကို ဝတ်ဆင်ထားသော တပည့်တစ်ယောက် က ရှောင်လုံ ကို လှောင်ပြောင်လိုက်သည်။

"ဟီးဟီး...ငါ မင်းကို ခုချက်ချင်း ထွက်သွားဖို့ အကြံပေးလိုက်မယ်...ဒါမှသာ မင်း အသက် ဆက်ရှင်နိုင်လိမ့်မယ်"

ထို့တပည့်၏ ဝတ်စုံအရဆိုလျှင် သူသည် ဝမ်ဂူကလန်တပည့် တစ်ယောက် ဖြစ်ပေလိမ့်မည်။

ရှောင်လုံက ပတ်ပတ်လည်ရှိ လူ အယောက် ၂၀ ကျော်ကို ဝေ့ကြည့်လိုက်သည်။ အများစုမှာ ဝမ်ဂူကလန် ၊ ကျိုးကလန်၊ မုကလန်၊ ကံကြမ္မာဂိုဏ်းနှင့် ရှေးဟောင်းမှော်ပညာကျောင်းတို့မှ ဖြစ်ပြီး အခြားတပည့်များ လျှပ်စီးနတ်ဘုရား၏ ကျင့်ကြံခြင်းနန်းတော် ထဲသို့ ဝင်ရောက်လာခြင်းကို ကာကွယ်ရန် စောင့်ကြပ်နေကြခြင်း ဖြစ်သည်။

ကြည့်ရသည်မှာ ဝမ်ဂူကလန် ၊ ကံကြမ္မာဂိုဏ်းနှင့် အခြားအင်အားစုများသည် အတော်လေး လောဘကြီးကြဟန်ရသည်။ သို့မဟုတ် ဝမ်ဂူယန်ဟွေ့၊ ဖန်းချူ၊ ကျိုးယောင် နှင့် မုချီ တို့သည် အတော်လေး အလိုဆန္ဒ ပြင်းပြကြသည်ဟု ပြောလျှင် ပိုမှန်ပေမည်။

သံသယရှိစရာမလိုအောင်ပင် ထို တပည့်များသည် ဝမ်ဂူယန်ဟွေ့နှင့် အခြားသူများ၏ အမိန့်အရ စောင့်ကြပ်နေကြခြင်း ဖြစ်သည်။ ထို့ပြင် ရှောင်လုံသည် ရဲ့လူမိသားစုတပည့်တစ်ယောက်ကိုပင် တွေ့လိုက်ရသည်။ သို့သော်လည်း ရှောင်လုံသည် လေဟာနယ် ဝင်ပေါက်သို့ မရောက်ခင်ကတည်းက ထိုသူများ၏ တည်ရှိမှုကို အာရုံခံမိပြီး ဖြစ်သည်။

"ဒါဆို ငါက ထွက်မသွားဘူး ဆိုရင်ရော..."

ရှောင်လုံက ရယ်ချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။

"မထွက်သွားချင်ဘူးလား"

ဝမ်ဂူကလန်တပည့် က နတ်ဆိုးဆန်ဆန် ရယ်မောလိုက်သည်။

"ဒါဆိုလည်း...သွားသေလိုက်တော့"

သု့၏ လက်သီး က သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေပြီး ရှောင်လုံ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းလာသည်။ လေဟာနယ် ထဲတွင် အနီရောင်မီးတောက်များ တောက်ပလာပြီး ကြီူမားလှသော လက်သီးရာကြီးတစ်ခု ဖြစ်ပေါ်လာပေသည်။

ထို အနီရောင်မီးတောက် လက်သီးရာကြီး၏ ရှေ့တွင် ပတ်ပတ်လည်ရှိ လျှပ်စီးတန်းများသည် ပြာလဲ့လဲ့ မြူခိုးများအသွင် ပြောင်းလဲသွားလေသည်။ ဤသည်မှာ ဝမ်ဂူကလန်၏ ပင်မတပည့်များသည်သာ သူတို့၏ သွေးမျိုးဆက်ကြောင့် ပိုင်ဆိုင်ထားသည့် ရွှေရောင် ချီလင်မီးတောက် ဖြစ်ပေသည်။

ဤသည်ကိုကြည့်ရင်း အခြားတပည့်များသည် နောက်သို့ ဆုတ်ခွာသွားကြလေသည်။

သူ့ရှေ့သို့ ချီလင်မီးတောက် လက်သီးရောက်ရှိလာမှသာ ရှောင်လုံသည် သူ့လက်ကို မြှောက်လိုက်သောကြောင့် အခြားတပည့်များ၏ မျက်လုံးများသည် တုန်လှုပ် ပြူးကျယ်သွားကြလေသည်။ ဒီလူက ချီလင်မီးတောက်လက်သီးကို လက်ဝါးသက်သက်ဖြင့် ခံယူလိုနေသည်လား။

"မဟာနတ်ဘုရားအဆင့် ၂ အလယ်အဆင့်လေးတစ်ယောက်က...အစ်ကိုကြီး တုန်ချန်းရဲ့ ရွှေရောင်ချီလင်မီးတောက်လက်သီးကို ထိပ်တိုက် ရင်ဆိုင်ချင်နေတာလား...အဲ့ မျိုးမစစ်ကောင် က ကြောင်နေတာလားဟ"

မုကလန်တပည့်တစ်ယောက်က ဤသည်ကို ကြည့်ရင်း လှောင်ပြောင်လိုက်သည်။

အခြားတပည့်များသည်လည်း ခေါင်းယမ်းလိုက်မိကြသည်။

ရွှေရောင်ချီလင်မီးတောက်သည် ဝမ်ဂူကလန်၏ အားအကောင်းဆုံး လက်သီးပညာရပ်များထဲမှ တစ်ခုဖြစ်သည်။ ထိုပညာရပ်ကို ထုတ်သုံးလိုက်သော ဝမ်ဂူတုန်ချန်းသည် မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မဟာနတ်ဘုရားအဆင့် ၃ အစောပိုင်းအဆင့် သိုင်းပညာရှင်အများစုသည်ပင် ရှောင်လုံကဲ့သို့ ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲကြမည်မဟုတ်ပေ။

လူတိုင်း ခေါင်းယမ်းလိုက်ကြချိန်၌ ထို ရွှေရောင်ချီလင်မီးတောက်လက်သီးသည် ရှောင်လုံ ၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။ ထို့နောက် သူက ဆုပ်ကိုင်လိုက်သည့် လက်ဟန်ဖြင့် ဘောလုံးတစ်လုံးပမာ လှည့်ပတ်နေသော ရွှေရောင်ချီလင်မီးတောက်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်လေသည်။ ထို ရွှေရောင်ချီလင်မီးတောက်သည် ပင်လယ်ရေမြုပ်များပမာ မီးတောက်အစအနလေးများအသွင် ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်မျော ပြန့်ကျဲသွားလေသည်။

ဝမ်ဂူတုန်ချန်း၊ ထို မူကလန်တပည့်နှင့် အခြားတပည့်များအားလုံးသည် ကြောင်အသွားကြသည်။

'သူက တကယ် အောင်မြင်သွားတာလား'

ကြည့်ရသည်မှာ ဤသည်က အလုပ်လုပ်သွားဟန်ရသည်။

ဝမ်ဂူတုန်ချန်း၏ အမူအရာသည် ပိုမိုဆိုးဝါးသွားသည်။

"အားလုံးပဲ...မကြောက်ကြပါနဲ့...ငါတို့က အများကြီး ရှိနေတာလေ...သူကတော့ မဟာနတ်ဘုရားအဆင့် ၂ အလယ်အဆင့် တစ်ယောက်ထဲပဲ...သူက ဘာမဟုတ်တဲ့ ဘဲတစ်ကောင်ထက်မပိုပါဘူး...ငါတို့ ပူးပေါင်းပြီး သူ့ကို သတ်ကြရအောင်"

တပည့်များထဲမှ တစ်ယောက်က ကျန်သူများကို တိုက်တွန်းလိုက်လေသည်။

ထို့တပည့်သည် ရဲ့လူမိသားစုမှ တပည့်ဖြစ်ပေသည်။ ထို့ကြောင့် ခြိမ်းခြောက်ခံရသလို ခံစားနေရသော တပည့်များသည် တည်ငြိမ်သွားပြီး ရှောင်လုံကို ရက်စက်သည့်အကြည့်များဖြင့် ကြည့်ကာ ဝိုင်းလိုက်ကြလေသည်။

ရှောင်လုံက ထို ရဲ့လူမိသားစုတပည့် ရှိသည့်နေရာကို ကြည့်လိုက်သည်။ သူ့၏ လက်ဝါး ဆီမှ စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး  ထိုတပည့်ကို သူ့ရှေ့သို့ ဆွဲယူလိုက်လေသည်။ ရဲ့လူမိသားစုတပည့်သည် လက်တစ်ချောင်း မှ မလှုပ်ရှားနိုင်တော့ဘဲ သူ့တစ်ကိုယ်လုံးရှိ နတ်ဘုရားအင်အားများအားလုံးကို မမြင်နိုင်သော စွမ်းအားတစ်ခုက ထိန်းချုပ်လိုက်သည်မို့ ကြောက်လန့်သွားရကာ ရှောင်လုံ ရှိရာဆီသို့ ဆွဲယူခံလိုက်ရသည်။

ရဲ့လူမိသားစုတပည့်ကို ဆွဲယူလိုက်ပြီးနောက် ရှောင်လုံ၏ ငရဲနတ်ဆိုး အန္တိမ နတ်ဘုရားဦးခေါင်းသည် စတင်လှည့်ပတ်လာကာ အားကောင်းလှသော ဝါးမြိုခြင်းစွမ်းအင်ကို ထုတ်ဖော်လိုက်လေသည်။ ချက်ချင်းဆိုသလို ရဲ့လူမိသားစုတပည့်၏ ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနှစ်နှင့် နတ်ဘုရားအင်အားသည် ရှောင်လုံ၏ စုပ်ယူမှုကို ခံလိုက်ရသည်။

ပတ်ပတ်လည်ရှိ တပည့်များ၏ ကြောက်လန့်သွားသော မျက်နှာများရှေ့တွင် ရဲ့လူမိသားစုတပည့်၏ ခန္ဓာကိုယ်သည် ကျုံ့ဝင်သွားကာ ခြောက်သွေ့သော အလောင်းတစ်ခု ဖြစ်သွားလေသည်။ ထိုသို့ ဖြစ်သွားသည်မှာ အသက်နှစ်ရှိုက်စာ အတွင်း ဖြစ်သွားခြင်း ဖြစ်သည်။

"အရမ်း အားနည်းလွန်းတယ်"

ရှောင်လုံသည် တီးတိုးရေရွတ်လိုက်ပြီး ခြောက်သွေ့သောအလောင်းကို ဘေးသို့ လွှင့်ပစ်လိုက်ကာ ကျန်သည့်တပည့်များကို ကြည့်လိုက်လေသည်။

ပတ်ပတ်လည်ရှိ တပည့်များ၏ မျက်နှာသည် မီးခိုးရောင်ပြောင်းသွားကြသည်။ ဝမ်ဂူတုန်ချန်းအပါအဝင် သူတို့အားလုံးသည် နောက်လှည့်ကာ ပြန်ပြေးသွားကြလေသည်။

ရှောင်လုံက လှောင်ပြုံးပြုံးလိုက်လေကာ ထိုသူများကို ဂရုမစိုက်လိုသည်မို့ ဝင်ပေါက်ထဲသို့ ချက်ချင်း ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ရှောင်လုံ ဝင်ပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည့်တိုင်အောင် ထွက်ပြေးသွားသည့် တပည့်များသည် ဝင်ပေါက် အနီးသို့ ပြန်ကပ်မလာရဲကြပေ။ ထိုထဲ၌ ဘောင်းဘီထဲ သေးပေါက်ချမိသည့် တပည့်တစ်ယောက်လည်း ပါဝင်ပေသေးသည်။

အချိန်များစွာကြာပြီးနောက် ထိုတပည့်များသည် အားတင်းကာ ထိုနားသို့ ပြန်ကပ်လာကြသည်။ သို့သော်လည်း ရဲလူမိသားစုတပည့်၏ ခြောက်သွေ့သွားသော အလောင်းကိုကြည့်ရင်း သူတို့၏ မျက်နှာများသည် သေလုမတတ် ဖြူဖျော့သွားကြလေသည်။

Continue Reading

You'll Also Like

61.5K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
26.7K 592 42
A student from the Paldea region took an interest in traveling to other regions to learn new things.
211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...