ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.7K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

856 -860

138 11 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၅၆.....ရှန်းမင်ကျီကို ရှာဖွေခြင်း

ရှောင်လုံက ချိုင့် ဝှမ်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် လျှပ်စီး စွမ်းအင်ဆီမှ အားကောင်းလှသော ဖိအားသည် သူ့ကို ဖိနှိပ်လာပေသည်။

ထိုလျှပ်စီး စွမ်းအင်ထဲတွင် အားကောင်းလွန်းလှသော ဖျက်စီးမှု အင်အား ပါဝင်နေပြီး မဝါ နတ်ဘုရား အဆင့် ၂ အစောပိုင်း အဆင့် သိုင်းပညာရှင် တစ်ယောက်ကို ပင် ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရ သွားစေခဲ့ပေသည်။

ရှောင်လုံသည် သူ့၏ နတ်ဆိုး ချီကို လှည့်ပတ်လိုက်ပြီးနောက် သူ့၏ ပတ်ပတ်လည်တွင် ငရဲ နတ်ဆိုး အကာ အကွယ် တစ်ခု ဖန်တီးလိုက်သည်။ သူ က ပတ်ပတ်လည်ရှိ လျှပ်စီး စွမ်းအင်များကို ကာကွယ်နေရင်း ရှေ့သို့ ပျံသန်းလိုက်လေသည်။ နာရီ ဝက်မျှ ပျံသန်းပြီး နောက်တွင် သူ့၏ ပတ်ပတ်လည်ရှိ လျှပ်စီး စွမ်းအင်သည် ပိုမို ထူထဲလာပေသည်။

လျှပ်စီး အမျှင်တန်းများသည် လေဟာနယ်ထဲတွင် ကြိုးများကဲ့သို့ ရွေ့လျားနေကြပြီး ချိုင့် ဝှမ်း၏ နေရာ အနှံ့ ပြည့် နှက်နေပေသည်။ အနက်ရောင် မီးခိုးမြူနှင်းတစ်မျိုးလည်း ရှိနေပြီး အဆိပ်မရှိသော်ငြား နတ်ဘုရားအာရုံကို ပိတ်ဆို့နိုင်စွမ်းရှိပေသည်။

ရှောင်လုံက သူ့၏ နတ်ဘုရား အာရုံကို ဖြန့်ကျက် ကြည့်ရင် ကြိုးစားကြည့်လိုက်ချိန်တွင် အလွန်ဆုံး မီတာ ၃၃၀၀ အထိသာ အာရုံခံနိုင်ကြောင်း တွေ့လိုက်ရပေသည်။

ရုတ်တရက် ရှောင်လုံသည် လေထဲမှ ဖျော့တော့ သည့် စွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရပြီး အလို အလျှောက် ရှောင် ရှားလိုက်ပေသည်။ သူက ထိုနေရာမှ ပျောက်ကွယ်သွားပြီးနောက် ပြန်ကြည့်လိုက်ချိန်တွင် အတောင် ၂ ဖက် စပါးအုံးမြွေသည် ၄င်း၏ ထက်ရှလှသော  အတောင်များ ဖြန့်ကျက်လိုက်ပြီး သူ့ဆီသို့ တိုးဝင်လာကြောင်း တွေ့လိုက်ရလေသည်။

ထို တောင်ပံ နှစ်ဖက် စပါးအုံးမြွေသည် ကြီးမားလှသော ခန္ဓာကိုယ် ရှိသော်လည်း ၄င်း၏ အမြန်နှုန်းသည် ကြောက်မက်ဖွယ် မြန်ဆန်လှပြီး မဟာ နတ်ဘုရား အဆင့် ၃ အလယ် အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် နှိုင်ယှဥ် နိုင်ပေသည်။

သို့သော်လည်း ရှောင်လုံက ပိုမို မြန်ဆန်နေပေသည်။

သူက ဖျက်ခနဲ ပျောက်ကွယ်သွားပြီး တောင်ပံနှစ်ဖက် စပါးအုံး မြွေ ၏ အထက် လေထု ထဲတွင် ပေါ်ထွက် လာပေသည်။ အနက်ရောင် လှံရှည် တစ်ခုက သူ့၏ လက်ထဲတွင် ပေါ်ထွက် လာပြီး တောင်ပံ နှစ်ဖက် စပါးအုံးမြွေ ၏ ဦး ခေါင်းထဲသို့ ထိုးစိုက်လိုက်လေသည်။

ဖျော့တော့သည့် အပြာရောင် သွေးများသည် လေထဲ၌ ပန်းထွက် လာလေပြီး ကြီးမားလှသည့် တောင်ပံ နှစ်ဖက် စပါးအုံးမြွေကြီးသည် သွေးပျက်ဖွယ် အော်ဟစ်လိုက်လေသည်။

တောင်ပံ နှစ်ဖက် စပါးအုံးးမြွေ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ရှောင်လုံကို အံ့အား သင့်သွားစေသည်။ သူ့၏ လှံရှည်ကို ထိုးသွင်း လိုက်သည့် အချိန်က တောင်ပံ နှစ်ဖက် စပါးအုံးမြွေ၏ အရေပြားသည် အလွန်အမင်း ကြုံနိုင်ဆန့်နိုင်စွမ်းနှင့် ချော်ထွက်တတ်သည့် ဂုဏ်သတ္တိရှိကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် အစောပိုင်းက ၎င်း၏ ဦးခေါင်းကို ရည်ရွယ်သော တိုက်ခိုက်မှုသည် ၎င်း၏အရေပြားထဲသို့ လက်မအနည်းငယ်မျှသာ ထိုးဖောက်နိုင်စွမ်း ရှိခဲ့ပေသည်။

ရှောင်လုံကြောင့် ဒဏ်ရာ ရရှိ သွားပြီး နောက်တွင် တောင်ပံ နှစ်ဖက် စပါးအုံးမြွေ၏ တိုက်ခိုက်မှု များသည် နာကျင်မှုကြောင့် ပိုမို ရက်စက်ကြမ်းကြုတ်လာပေသည်။

ဤသည်ကို ကြည့်ရင်း ရှောင်လုံက ၄ င်း၏ တိုက်ခိုက်မှုကို ရှောင်ရှားခြင်း မရှိတော့ပေ။ သူ့၏ နောက်ကျော ဆီမှ လက်တစ်ထောင် ဖြာထွက်လာပြီး မဟာဟင်းလင်းပြင် နတ်ဘုရား လက်သီး တစ်ထောင်ဖြင့် ထိုးနှက်လိုက်လေသည်။

တစ်ခဏအတွင်း လက်သီးရာ များသည် ကောင်းကင် ထက်၌ ပြည့်နှက်သွားပေသည်။

တောင်ပံ နှစ်ဖက် စပါးအုံးမြွေ သည် ပိုမို မြန်ဆန်သည့် အရှိန်နှုန်းဖြင့် လွင့်စင်သွားပြီး မိုင်ပေါင်းများစွာ အဝေးဆီမှ ကျောက်ဆောင် တစ်ခုကို ဝင်တိုက်မိသွားသည်။ ၄ င်း၏ လောင်ကျွမ်းသွားသော ခန္ဓာကိုယ် သည် ကျောက်ဆောင်ပေါ်မှ မြေပြင်ဆီသို့ ပြုတ်ကျသွားလေသည်။

တောင်ပံ နှစ်ဖက် စပါးအုံးမြွေကို အလျှင်အမြန် အဆုံးသတ် ပစ်ချင်သောကြောင့် ရှောင်လုံ၏ မဟာ ဟင်းလင်းပြင် နတ်ဘုရား လက်သီး များထဲတွင် လိပ်နက် နတ်မီးတောက် အလွှာ  တစ်ခု ဖုံးလွှမ်း ထားခဲ့ပေသည်။

အနက်ရောင် လိပ်နက် နတ်မီးတောက်သည် တောင်ပံ နှစ်ဖက် စပါးအုံးမြွေ၏ ခန္ဓာကိုယ် ထဲကို ထိုးဖောက်ဝင်ရောက်သွားကာ အသက်ဓာတ်ကို ဝါးမြို ပစ်လိုက်လေသည်။

ရှောင်လုံက တစ်စက္ကန့်မျှပင် နှောင့်နှေး သွားခြင်း မရှိဘဲ ရှေ့သို့ ဆက်လက်ပျံသန်း သွားလိုက်သည်။ ချိုင့်ဝှမ်း ထဲသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ သူတွေ့ရသည့် လျှပ်စီး သားရဲများ၏ ခွန်အားသည်လည်း ပိုမို မြင့်မားလာလေလေ ဖြစ်သည်။ ထို သားရဲ များထဲရှိ အသန်မာဆုံးမှာ မဟာ နတ်ဘုရား အဆင့် ၃ အလယ်အဆင့် ဖြစ်ပေသည်။

ပုံမှန်အားဖြင့် ရှောင်လုံသည် မဟာနတ်ဘုရား အဆင့်၃ အစော ပိုင်းအဆင့်အောက် လျှပ်စီးသားရဲများကို အလွယ်တကူ ရင်ဆိုင်နိုင်ပေသည်။ မဟာ နတ်ဘုရား အဆင့် ၃ နှင့် အထက် လျှပ်စီး သားရဲများကိုမူ သူသည် ပျံသန်းနှုန်းအား မြှင့်တင်လိုက်ကာ မျက်ချေဖြတ်ခဲ့ရပေသည်။

မဟာနတ်ဘုရားအဆင့် ၃ အလယ်အလတ်အထွတ်အထိပ်အဆင့် လျှပ်စီး သားရဲ တစ်ကောင်ကို တိုက်ခိုက်ရမည် ဆိုလျှင် သူသည် ကောင်းကင်ဘုံ တောင်တန်းကို အသုံးပြု၍ ထိုသားရဲများအား အလွယ်တကူ ရင်ဆိုင်နိုင်ပေသည်။ သို့သော် ယခု အချိန်၌ အရေးကြီးဆုံး ကိစ္စမှာကား ရှန်းမင်ကျီ ကို ရှာဖွေရန် ဖြစ်ပေသည်။

သို့သော်လည်း တစ်နာရီကြာသည့်တိုင်အောင် ရှန်းမင်ကျီ ၏ တည်ရှိမှုကို အာရုံ ခံနိုင်ခြင်း မရှိသေးသောကြောင့် ရှောင်လုံသည် မျက်မှောင် ကြုတ်လိုက်မိလေသည်။

ထို့အပြင် ချိုင့်ဝှမ်းသည် သူမျှော်လင့်ထားသည် ထက် ပိုမို နက်ရှိုင်းလှပြီး အဆုံးမရှိသည့် နှယ် ဖြစ်နေပေသည်။ သူ့၏ ဓားပေါ်၌ ပျံသန်းခဲ့သည့် အမြန်နှုန်းအရဆိုလျှင် သူသည် သိုင်းဝိညာဥ် ကမ္ဘာ တစ်ခုလုံးကိုပင် တစ်ပတ် ပတ်ပြီး နေလောက်ပြီးဖြစ်သည်။

လမ်းတစ်လျှောက်တွင် သူက နှစ်တစ်သန်းသက်တမ်းရှိ ဆေးပင်များကို တွေ့ခဲ့သော်လည်း တစ်ခုမှ မရင့်မှည့်သေးပေ။ နှစ်၃ သန်း သက်တမ်းရှိသည့် ဆေးပင်များကို မူ မတွေ့ရပေ။ ဟုတ်ပေသည်...ဤနေရာရှိ အကောင်းဆုံးသော အရာများကို သူ့ရှေ့ရှိ တစ်ယောက်ယောက်က ယူဆောင်ပြီး သွားလောက်ပြီဖြစ်ပြီး ထိုသူမှာလည်း ရှန်းမင်ကျီ သာ ဖြစ်ပေလိမ့်မည်။

သူ စိတ်ဝိညာဉ် ရှာဖွေခဲ့သည့် တပည့်နှစ်ယောက်၏ မှတ်ဉာဏ်များ အရ ဤ ချိုင့် ဝှမ်းနေရာ၌ နှစ်၃ သန်းသက်တမ်းရှိ သည့် ဆေးပင် ရှိကြောင်း သိရှိသူမှာ အနည်းငယ်မျှသာဖြစ်ပြီး လူ၁၀ ယောက်မျှသာ ရှိပေသည်။

ထို့ကြောင့် ရှောင်လုံ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီး တစ်ရာရီ ကြာသွားသော်လည်း အခြား မည်သည့် တပည့်ကိုမှ မတွေ့ရှိရပေ။

သူ ပျံသန်းလာရင်း တစ်နေရာသို့ အရောက်တွင် ရှောင်လုံသည် တစ်စုံတစ်ရာကို အာရုံ ခံလိုက်မိပေသည်။

'ဒါက... '

သူ့၏ မျက်နှာထပ်၌ ပျော်ရွှင်မှုများ ပေါ်ထွက်လာသည်။ ဤသည်မှာ ရှန်းမင်ကျီ ကို တွေ့ရှိလိုက်သော ကြောင့် ဖြစ်သည်။ ရှန်းမင်ကျီ ၏ ခန္ဓာကိုယ်ပေါ်၌ သူ ချန်ထားခဲ့သော စွမ်းအင် အမှတ်အသား ၏ စွမ်းအင်လှိုင်းကို အာရုံ ခံမိလိုက်ခြင်း ဖြစ်သည်။

မျှော်လင့် ထားသည့် အတိုင်းပင် ရှန်းမင်ကျီ သည် ဤ ချိုင့် ဝှမ်းထဲသို့ ဝင်ရောက်ခဲ့ပြီး သူနှင့်လည်း ဝေးလံခြင်း မရှိပေ။ ရှောင်လုံက အမြန်နှုန်းကို တိုးမြင့်လိုက်ပေသည်။

သူက ရှန်းမင်ကျီ နှင့် ပိုမိုနီးကပ်လာလေလေ ရှန်းမင်ကျီ ၏ ခန္ဓာကိုယ် ပေါ်မှ အမှတ်အသား၏ တုန်ခါ မှုကိုပိုမို ခံစားမိလာလေလေ ဖြစ်သည်။ အရှေ့ရှိ နေရာဆီမှ အခြားသော သန်မာ အားကောင်းသည့် စွမ်းအင်လှိုင်းများသည်လည်း ထွက်ပေါ်နေပေသည်။

ရှောင်လုံက ရှေ့သို့ အလျှင်အမြန် ပျံသန်းနေချိန်တွင် ရေကန်တစ်ကန်၏ ဘေး၌ ရှန်းမင်ကျီ သည် သူ့ အနားသို့ တိုးကပ်လာသော တပည့် ၄ ယောက်အား အေးစက်စက် စိုက်ကြည့်နေလေသည်။

ထိုတပည့် လေး ယောက်လုံး၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၃ အလယ်အဆင့် တပည့်များဖြစ်ကြသည်။ ထို့အပြင် သူတို့ထဲမှ နှစ်ယောက်သည် မဟာနတ်ဘုရား အဆင့်၃ အလယ်အလတ် အထွတ်အထိပ်အဆင့် များ ဖြစ်ကြသည်။

သူတို့နှင့် သိပ်မဝေးသည့် နေရာတွင် တပည့် ၃ ယောက်သည် မြေပြင်ပေါ်၌ လဲ ကျနေကြပေသည်။ သူတို့ကို သေချာ အကဲ ခတ်ကြည့် ကြမယ်ဆိုလျှင် သေဆုံး သွားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သိရှိ နိုင်ပေသည်။ သူတို့ကို သတ်ဖြတ်မည့် သူသည် ရှန်းမင်ကျီ လော သို့မဟုတ် တပည့် ၄ ယောက်လော ဆိုသည်ကိုမူ ပြောရန် ခက်ခဲလှပေသည်။

ကန်၏ အလယ် ရေမျက်နှာပြင်၏ အထက်တွင် ကိုး ရောင်ချယ် ပန်းပွင့် တစ်ပွင့်သည် လှည့်ပတ်နေလေပြီး ၉ ရောင်ချယ် အလင်း အလွှာတို့ လွှမ်းခြုံနေကာ လတ်ဆတ်သည့် ရနံ့ကို ထုတ်လွှတ်နေပေသည်။

ကိုးရောင်ချယ် ပန်းပွင့်သည် မယုံကြည်နိုင်လောက်ဖွယ် ဆေးဖက်ဝင် အပင်များကို ပိုင်ဆိုင်ထားသည့် ဒဏ္ဍာရီ လာ အထွတ်အမြတ် ကိုးရောင်ချယ် ပန်းပွင့်ဖြစ်ပေသည်။ ၄င်း၏ အစွမ်း သတ္တိ များကိုမူ မည်သူမှ မသိရှိပေ။ ရေကန်၏ မျက်နှာပြင်ထက်၌ လွင့်မျောနေသော အထွတ်အမြတ် ကိုးရောင်ချယ်ပန်းပွင့်သည် နှစ်ပေါင်း ၃ သန်း သက်တမ်းသို့ ရောက်ရှိနေပြီဖြစ်သည်။

ရှန်းမင်ကျီ ကို ဝန်းရံထားသည့် တပည့် ၄ ယောက်ထဲမှ တစ်ယောက်က ပြောလိုက်လေသည်် ။

" ကောင်လေး...မင်းက ဒီ အထွတ်အမြတ် ကိုးရောင်ချယ် ပန်းပွင့်ကို လက်လွှတ်လိုက်မယ်ဆိုရင်... ငါတို့ မင်းကို ဒီနေရာကနေ အသက်ရှင်လျှက် ထွက်သွားခွင့် ပြုမယ် "

အတိအကျ ဆိုရသော် သူတို့ ၄ ယောက်သည် သူတို့ရှေ့ရှိ မဟာ နတ်ဘုရား အဆင့် ၂ ကောင်လေး တစ်ယောက်သည် မဟာနတ်ဘုရား အဆင့် ၃ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိကြပေ။

ထိုအကြောင်း ကြောင့် သာ မဟုတ်လျှင် သူတို့ ၄ ယောက်သည် ဤ ကဲ့သို့သော အပြု အမူဖြင့် အချိန်ဖြန်းနေကြမည်မဟုတ်ပေ။

ရှန်းမင်ကျီ က ထိုတပည့် လေးယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အားပါးတရ ရယ်မောလိုက်လေသည်။

" ဟာသပဲ...မင်းတို့ ၄ ယောက်လောက်နဲ့ ငါ့ကို လာပြိုင်ချင်နေကြတာလား... ငါအခု စိတ်ပြောင်းသွားပြီ...အဲ့ဒီ ကိုးရောင်ချယ် ပန်းပွင့်ကို ငါလိုချင်တယ်...မင်းတို့ကောင်တွေ ဒီနေရာကနေ အသက်ရှင်လျှက် ထွက်သွား နိုင်လိမ့်မယ်လို့ မျှော်လင့် မနေကြနဲ့တော့ "

ရှန်းမင်ကျီ၏ ခန္ဓာကိုယ် ဆီမှတောက် ပသည့် မိုးပြာရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်။

မိုးပြာရောင်နဂါး အကြေးခွံများသည် သူ့၏ အရေပြားကို ချပ်ဝတ်သဖွယ်အလျှင်အမြန် ဖုံးအုပ်သွားပြီး နဂါးဆူးချွန်များကလည်း သူ့၏ လက်နှင့် ခြေထောက်ဆီမှ ထွက်ပေါ်လာပေသည်။

ဤသည်မှာ မိုးပြာရောင် နဂါး တက္ကသိုလ် ၏ အဆင့် အမြင့်ဆုံး နည်းစနစ် မိုးပြာရောင်နဂါး ခန္ဓာကိုယ် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ရှန်းမင်ကျီ ၏ ပတ်ပတ်လည်ရှိ တောက်ပသော လျှပ်စီးတန်းများ တစ်လက်လက် ယှက်ဖြာလာပြီး လျှပ်စီး တိမ်တိုက်များသည် စတင်စုဝေး လှည့်ပတ်လာပေသည်။ ရှန်းမင်ကျီ က သူ့၏ ထူးကဲလျှပ်စီး ဖျက်ဆီးခြင်း ခန္ဓာကိုယ် စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။

တပည့်၄ ယောက်က အံ့အားသင့် မင်သက်နေကြချိန်တွင် ရှန်းမင်ကျီ သည် ထို အခွင့် အရေးကို အရယူကာ တိုက်ခိုက်လိုက်လေသည်။

ဒေါသမာန်ဟုန်ပြင်းသော လျှပ်စီးတန်းသည် တပည့်၄ ယောက်ကို နေရာအနှံ့ဆီမှ တိုက်ခိုက်လာပေသည်။

တပည့် ၄ ယောက်လုံသည် ဒေါသ ထွက်သွားလေပြီး တုံ့ဆိုင်းနေခြင်း မရှိဘဲ ရှန်းမင်ကျီ ကို တရစပ် တိုက်ခိုက်လိုက်လေသည်။

ကျယ်လောင်လှသော ပေါက်ကွဲသံများနှင့် မိုးကြိုး ထစ်ခြုန်းသံများသည် တစ်ပြိုင်နက်တည်း မြည်ဟီး လာကျပေသည်။ လူငါးယောက်၏ တိုက်ပွဲ ဆီမှ ကြမ်းတမ်းလှသော စွမ်း အင် ပေါက်ကွဲ မှု လှိုင်းများသည် မြေပြင်ကို အပေါက်များစွာ ဖြစ်ပေါ်လာစေပြီး ကျောက်တုံးများသည် လေထဲသို့ လွင့်ပျံသွားကာ ဖုန်မှုန့်အသွင် ပေါက်ကွဲ သွားကြပေသည်။ အထူး ဆန်းဆုံးအရာမှာကား သူတို့ ပေါက်ကွဲ မှု ဆီမှ ပေါက်ကွဲမှု အားလှိုင်းများသည် အထွတ်အမြတ် ကိုးရောင်ချယ် ပန်းပွင့်ဆီသို့ ရောက်ရှိသွားချိန်တွင် တိတ်တဆိတ် ပျောက်ကွယ်သွားပေသည်။

ပြင်း ထန်လှသည့် တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေပေသည်။

တစ်နာရီမျှ ကြာပြီးနောက် ရှန်းမင်ကျီ သည် မြေပြင်ပေါ်၌ လဲကျနေသော အလောင်းအငစ်လေးခုကို အေးစက်စက် စိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူက မတည်မငြိမ် ဖြစ်ကာ ယိမ်းယိုင်သွားလေသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ဆောင်လိုက်ပြီးနောက် ပူနွေးသည့် သွေးများသည် သူ့၏ ပါးစပ်ဆီမှ စီးကျလာပြီး ချောင်းဆိုးလိုက်ရကာ ခြောက်သွေ့သည့် မြေပြင်ကို နီရဲသွားစေပေသည်။

အစောပိုင်းတွင် ရှန်းမင်ကျီ သည် လတ်တလော မှ ရောက်ရှိထားသည့် မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအဆင့်၊ သူ့၏ မိုးပြာရောင်နဂါး ခန္ဓာကိုယ် နည်းစနစ်၊ သူ့၏ ထူးကဲလျှပ်စီး ဖျက်ဆီးခြင်း ခန္ဓာကိုယ် နှင့် မိုးပြာရောင် နဂါး နတ်မီးတောက် တို့ဖြင့် ဆိုလျှင် ထို တပည့် ၄ ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး သူကမူ ဒဏ်ရာ အနည်းငယ်မျှသာ ရရှိလိမ့်မည်ဟု ထင်မှတ်ထားမိပေသည်။ မည်သူသိမည်နည်း...ထိုတပည့်လေးယောက်သည်လည်း ဝှက်ဖဲများ ရှိကြပြီး သူ့ကို ကြီးကြီးမားမား ဒဏ်ရာ ရသွားစေသည်။

" ဒါပေမယ့်... ဒီ အထွတ်အမြတ် ကိုးရောင်ချယ် ပန်းပွင့်က...ငါ့အပိုင် ဖြစ်သွားပြီပဲ "

ရှန်းမင်ကျီ က နောက်သို့ လှည့်လိုက်ပြီး အထွတ်အမြတ် ကိုးရောင်ချယ် ပန်းပွင့်ကို လိုချင်တပ်မက်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ၄င်းက အခြား သော ၃သန်း သက်တမ်းရှိ ဆေးပင် ဖြစ်နေ ခဲ့မည်ဆိုလျှင် သူက ထိုမျှ ခက်ခက်ခဲခဲ တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း အထွတ်အမြတ် ကိုးရောင်ချယ် ပန်းပွင့်ကမူ ခြားနားပေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက ထိုပန်းပွင့်၏ မှတ်တမ်းကို ရှေးဟောင်း သာအုပ် တစ်အုပ်တွင် ဖတ်ရှုခဲ့ဖူးပေသည်။

ရှန်းမင်ကျီက ရေကန်ရှိရာဆီသို့ သွားရန် ပြင်လိုက်ချိန်တွင် ခြေသံများကို ကြားလိုက်ရပေသည်။

" ဘယ်သူလဲ "

ရှန်းမင်ကျီ က ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ သူက ခြေသံ၏ ပိုင်ရှင်ကို မြင်လိုက်ရချိန်တွင် ကြောင်အသွားပေသည်။

" ဟောင်ရှောင်လုံ"

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၅၇.....ကြောက်လန့်သွားသော ရှန်းမင်ကျီ

ရှောင်လုံက သူ့၏ မျက်နှာထက်တွင် ဖော်ရွေသည့် အပြုံး တစ်ခုကို ဆင်မြန်းလိုက်လေသည်။

"ဟုတ်တယ်...ငါပဲလေ..."

သူက သူတို့ ၂ ယောက်သည် မတွေ့ဆုံရသည်မှာ ကြာပြီဖြစ်သော သူငယ်ချင်းကောင်း ၂ ယောက်နှယ် ပြုမူနေပေသည်။

ခဏမျှ အံ့အားသင့် သွားပြီးနောက် ရှန်းမင်ကျီ သည် အားပါးတရပြုံးလိုက်လေသည်။

" ဟောင်ရှောင်လုံ...မင်းက ငါ့ဆီကို တကယ်လာရဲ တယ်ပေါ့လေ "

သူက ခေါင်းကိုယမ်းလိုက်ရင်း ပြောလိုက်လေသည်။

" မင်းက အသက်ရှင်ရတာ ပင်ပန်းနေတာလား...ဒါမှ မဟုတ် မင်းမှာ ဝက်လို ဦးနှောက် ရှိနေတာလား"

ရှောင်လုံက ရှန်းမင်ကျီ ၏ အနီးသို့ ခြေလှမ်းအနည်းငယ်ဖြင့် တိုးကပ်သွားလိုက်ပြီး သက်တောင့်သက်သာ ပြောလိုက်လေသည်။

" မင်းက မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်း အဆင့်ကို အချိန်တိုအတွင်း ဝင်ရောက်သွားခဲ့တာပဲ...တကယ်လို့ မင်းသာ ဒီလိုမျိုးဆိုးဆိုးဝါးဝါး ဒဏ်ရာ ရမနေခဲ့ဘူးဆိုရင်... မင်းကို သတ်ဖို့ တော်တော်လေး အားစိုက် ထုတ်ရလိမ့်မယ်...ဒါပေမယ့် အခုတော့ မခက်ခဲတော့ဘူး "

ရှောင်လုံ၏ စကားများကို ကြားလိုက်ချိန်တွင် ရှန်းမင်ကျီ က ကျယ်လောင်စွာ ရယ် မောလိုက်လေသည်။

" မင်းလို နတ်ဘုရား အဆင့် ပုရွတ်ဆိတ်ကလေးတစ်ကောင်က ငါ့ကို သတ်ချင်နေတယ်တဲ့လား...မခက်ခဲဘူး ဟုတ်လား...ဟောင်ရှောင်လုံ မင်းက ငါ့ကို သတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား "

ရှန်းမင်ကျီ ၏ အမူ အရာက အေးစက်သွားပြီး သူ့၏ သတ်ဖြတ်လိုစိတ်က အရူးအမူး ထွက်ပေါ်လာပေသည်။

" ငါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတယ် ဆိုရင်တောင်... မင်းကို သတ်ဖြတ်ဖို့ဆိုတာက လက်ချောင်းတစ်ချောင်းပဲ လှုပ်စရာလိုတယ် ဆိုတာကို ....မင်းသိအောင် ငါပြမယ်"

ရှန်းမင်ကျီ က ထိုသို့ ပြောလိုက်ပြီး လက်ကို မြှောက်ကာ ရှောင်လုံ ဆီသို့ လက်ညိုး တစ်ချောင်းဖြင့် ညွှန်လိုက်လေသည်။

" လျှပ်စီး နဂါး လက်ချောင်း "

ရှန်းမင်ကျီ၏ လက်ချောင်းဆီမှ လျှက်စီးတန်း အမြောက်အများ ထွက်ပေါ်လာပြီး လေထဲတွင် ရစ်ခွေနေသော လျှပ်စီး နဂါး တစ်ကောင်အသွင် ပြောင်းလဲ သွားလေသည်။ ထို့နောက် လျှပ်စီး နဂါးသည် ရှောင်လုံ၏ ရှေ့သို့ တစ်ခဏ အတွင်း ရောက်ရှိသွားသည်။

ပတ်ပတ်လည် အပူ ချိန်သည် မြင့်တက်သွားလေပြီး လေစီးကြောင်းများသည်လည်း အုံကြွ လာပေသည်။

လျှပ်စီး စွမ်းအင် တိုက်ခိုက်မှုသည် ဒေါသ ထွက်နေသော လေပြင်းမုန်တိုင်းနှင့် တူနေပေသည်။

ရှန်းမင်ကျီ ၏ လက်ချောင်းဆီမှ ထွက်ပေါ်လာသည့် ကြမ်းတမ်းရက်စက်သော လျှပ်စီး နဂါး ကို ကြည့်ရင်း ရှောင်လုံသည် သူ့၏ လက်ကို မြောက်လိုက်ကာ လက်ချောင်း တစ်ချောင်းတည်းဖြင့် ရင်ဆိုင်လိုက်လေသည်။

ထူးဆန်းသည့် ဖြစ်တည်မှုများ၏  စူးရှရှ အော်ဟစ် သံများထွက်ပေါ်လာပြီး ရှောင်လုံ၏ လက်ချောင်းစီမှ သိပ်သည်းလှသော မြူထုသည် အားကောင်းလှသော အင်အား တစ်ခု အဖြစ် လှည့်ပတ် ကြီးမားလာပေသည်။

ပကတိ စိတ်ဝိညာဉ် လက်ချောင်းသိုင်း...။

ကောင်းကင် ကိုပင် တုန်လှုပ်သွားစေနိုင်သော မိုးကြိုးပစ်သံပမာ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပေသည်။

ရှန်းမင်ကျီ ၏ လက်ချောင်း အင်အား ဆီမှ ဖြစ်တည်လာသည့် လျှပ်စီးနဂါးသည် လေထု အလယ်တွင် ပေါက်ကွဲ သွားလေသည်။ သို့သော် ရှောင်လုံ၏ ပကတိ စိတ်ဝိညာဉ် လက်ချောင်း အင်အားသည်လည်း မမြင်တွေ့နိုင်သည့် အခြေ အနေသို့ ပြောင်းလဲ သွားပေသည်။

ပကတိစိတ်ဝိညာဥ် လက်ချောင်း သိုင်း ၏ အင်အားကြောင့် ရှန်းမင်ကျီ သည် ယိမ်းယိုင်သွားရကာ နောက်သို့ ခြေ နှစ်လှမ်းဆုတ်လိုက်ရပေသည်။

" ဒါက... "

ရှန်းမင်ကျီ က တုန်လှုပ်သွားလေပြီး ရှောင်လုံကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။ သူ့၏ လျှပ်စီး နဂါး လက်ချောင်း သိုင်းက ဟောင်ရှောင်လုံကိုလေထဲသိူ့ လွင့်စင်သွားစေပြီးဒဏ်ရာပြင်းပြင်း ထန်ထန် ရသွားစေကာ သေလုမျောပါး ဖြစ်သွားစေလိမ့်မည်ဟု ရှန်းမင်ကျီ ယုံကြည်ထားခဲ့ပေသည်။ သို့သော်လည်း သူသည်သာလျှင် နောက်သို့ ခြေ နှစ်လှမ်း ဆုတ်ရန် ဖိအားပေးခံလိုက်ရပေသည်။

ရှန်းမင်ကျီ သည် သူ့၏ တုန်လှုပ်မှု ကို ထိန်းချုပ်ပြီး သွားချိန်တွင် စိတ်ထဲ ၌ တင်းကြပ်သွားရပေသည်။ သူက ရှောင်လုံကို ကြည့်လိုက်မိချိန်တွင် သူ့၏ မျက်လုံးထဲ၌ လေးလံ မှု တစ်ချို့ ပါဝင်နေပြီဖြစ်သည်။ သူက ဤ တိုက်ခိုက်မှုတွင် သူ့၏ အင်အား အပြည့် အဝ ကို အသုံးပြု လိုက်ခြင်း မရှိသော်လည်း ရှောင်လုံက သူ့ကို နောက်ဆုန် စေသည်အထိ ဖိအားပေးခဲ့သည်အား ကြည့်မည် ဆိုလျှင် ရှောင်လုံ၏ ခွန်အားသည် သူ့ထက် အနည်း ငယ်မျှပင် အား မနည်း ကြောင်း ပြသ နေပေသည်။

သို့သော် ဤ သည်က ရှောင်လုံ၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် နှိုင်းယှဥ်နိုင်စွမ်းရှိသည် ဟု ဆိုလို နေခြင်း မဟုတ်ပေ။

ရှန်းမင်ကျီ ၏ စိတ်ထဲ၌ အံ့အား သင့် မင်သက်မှု များနှင့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားလေသည်။ ဟောင်ရှောင်လုံကဲ့သို့သော နတ်ဘုရား အဆင့် သိုင်းပညာရှင် တစ်ယောက်က သူနှင့် နှိုင်းယှဥ်နိုင်သော ခွန်အား ရှိနေသည်လား။

သူ့၏ ကျင့်စဥ်သည် မဟာ နတ်ဘုရား အဆင့်၂ နောက်ပိုင်း အဆင့်သာ ရှိသော်လည်း သူ့၏ တိုက်ပွဲဝင်ခွန်အားသည် မဟာနတ်ဘုရား အဆင့်၃ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိပေသည်။

ဤသည်က ဟောင်ရှောင်လုံသည်လည်း မဟာနတ်ဘုရားအဆင့် ၃ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် နှိုင်းယှဥ်နိုင်စွမ်းရှိသောခွန်အားကို ပိုင်ဆိုင် ထားသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်လား။

" ဟောင်ရှောင်လုံ...မင်းက ငါ့ကို လာရှာရဲတာ အံ့အား သင့်စရာ မရှိဘူးပဲ "

ရှန်းမင်ကျီ က အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီးနောက် ပြောလိုက်လေသည်။

" မင်းက ဒီ လောက်ထိ တိုးတက်လာမယ်လို့ ငါ မမျှော်လင့်ထားမိဘူး... မင်းက တကယ့်ကို ရှားပါးလှတဲ့ ပါရမီရှင်ဆိုတာ ငါဝန်ခံပါတယ် ...ဒါပေမယ့် ဒီနေ့တော့ မင်း ဒီနေရာကနေအသက်ရှင်လျှက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး... ငါမင်းကို သတ်ရလိမ့်မယ်...ငါ့ရဲ့ ရှိသမျှခွန်အားနဲ့ မင်းကို သတ်ပစ်ရလိမ့်မယ်"

ရှန်းမင်ကျီ က ဟိန်းဟောက် ပြောဆိုလိုက်လေသည်။ သူသာ ယနေ့၌ ဟောင်ရှောင်လုံကို အသက်ရှင်လျှက် လွှတ်ပေး လိုက်မိမည်ဆိုလျှင် သူဝည် ဟောင်ရှောင်လုံကို မည်သည့် အခါမှ သတ်ဖြတ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ အထူးသဖြင့် ဟောင်ရှောင်လုံ မဟာနတ်ဘုရား အဆင့်သို့ ရောက်ရှိသွားသည့် အချိန်တွင် သေရမည့်သူမှာ သူသာ ဖြစ်သွားစေလိမ့်မည်။

ဟောင်ရှောင်လုံက အလွန်တရာ ကြောက်မက်ဖွယ်ကောင်လှပေသည်။

သူက နတ်ဘုရား အဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့်လောက်ဖြင့် မဟာ နတ်ဘုရား အဆင့် ၃ နောက်ပိုင်းအဆင့်နှင့် နှိုင်းယှဥ် နိုင်စွမ်း ရှိသော ခွန် အား ရှိ နေခဲ့မည်ဆိုလျှင် ဟောင်ရှောင်လုံ မဟာနတ်ဘုရား အဆင့်သို့ ရောက်ရှိ သွားမည် ဆိုပါက မည်သို့ ဖြစ်သွား လိမ့်မည်နည်း။ သူ့၏ ခွန်အားက မည်မျှ အားကောင်းသွား လိမ့်မည်နည်း။

ထိုအချိန်သို့ ရောက်ရှိသွားပါက လျှပ်စီး နယ်မြေကမ္ဘာ ထဲရှိ တပည့်များ အား လုံးသည် သူ့၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ရှောင်လုံသည် ရှန်းမင်ကျီ ဆီမှ အားကောင်းလှသော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသော်လည်း သူက တည်ငြိမ်နေဆဲ ဖြစ်ပေသည်။

"အဲ့ဒီလိုလား... ငါလည်း ဒီနေ့ မင်းကို အသက်ရှင်လျက် ထွက်သွားခွင့် မပြုဖို့ ဆုံးဖြတ်ထားပြီးသား... ငါမင်းကိုသတ်ပြီး မင်းရဲ့ မိုးပြာရောင် နဂါး နတ်မီးတောက်ကို ရ အောင် ယူမှာ "

ရှန်းမင်ကျီ က လှောင်ပြုံး ပြုံးလိုက်သည်။

" ဒီလို ဆိုမှတော့... မင်းကို ငါ့ရဲ့ မိုးပြာရောင် နဂါး နတ်မီးတောက်ရဲ့ လက်အောက်မှာ သေခွင့် ပြုရမှာပေါ့... မင်းဂုဏ်ယူသင့်တယ် "

ရှန်းမင်ကျီ ၏ ခန္ဓာကိုယ် ဆီမှ မိုးပြာရောင် မီးနဂါး တစ်ကောင် ပျံသန်း ထွက်ပေါ်လာပေပြီး နဂါးတစ်ကောင်၏ ဟိန်းသံသည် ကောင်းကင်သို့တိုင် ပဲ့တင်ထပ်သွားလေသည်။ မိုးပြာရောင် နဂါး နတ်မီး တောက် ပေါ်လာချိန်တွင် ပတ်ပတ်လည်ရှိ လျှပ်စီးတန်းသည် မြူခိုးအသွင် အားနည်းသွားလေပြီး လေထု သည်လည်း ပြန့်ကျဲ သွားလေသည်။

လျှပ်စီးနယ်မြေ ကမ္ဘာ ထဲရှိ လျှပ်စီး စွမ်းအင်သည်ပင် မိုးပြာရောင်နဂါး နတ်မီးတောက်၏ စွမ်းအင်နှင့် ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။

မီတာ သန်းတစ်ရာ ပတ်ပတ်လည်ရှိ အပူချိန်သည် အလွန်တရာ ပြင်းထန်စွာ ပူလောင်လာပေသည်။ အထူးသဖြင့် ချိုင့် ဝှမ်းထဲရှိ အပူချိန်သည် ကမ္ဘာ အလယ်ရှိ ချော်ရေပူ အလွှာထဲသို့ ကျ  ဆင်းသွားသည့်နှယ် ပူလောင်လွန်းနေပေသည်။

ဤသည်ကို ကြည်ရင်း ရှောင်လုံက သူ့၏ လိပ်နက် နတ်မီးတောက်ကို ဆင့်ခေါ်လိုက်လေသည်။ သူ့၏ ခန္ဓာကိုယ် ဆီမှ ရေခဲ ပြာရောင် အလင်း တန်းကြီး တစ်ခုသည် ကောင်းကင်သို့တိုင် မြင့်တတ်လာလေပြီး လိပ်နက် နတ်မီးတောက် စိတ်ဝိညာဉ် ဆီမှ ရေခဲပြာရောင် နတ်မီးတောက် တစ်ခု ထွက်ပေါ်လာပေသည်။

ရေခဲပြာ ရောင် မီးတောက်၏ ဟန့်တားမှုကြောင့် မိုးပြာရောင် နဂါး နတ်မီးတောက်သည် ရှောင်လုံ၏ ပတ်ပတ်လည် မီတာ ၃၃၀ အတွင်းသို့ ရောက်ရှိ နိုင်စွမ်း မရှိ သည့်အပြင် သူ့ကို ဒဏ်ရာ ရအောင် လုပ်နိုင်စွမ်း မရှိတော့ပေ။

လိပ်နက် နတ်မီးတောက်နှင့် မိုးပြာရောင် နဂါး နတ်မီးတောက်တို့သည် ထပ်တလဲလဲ တိုက်ခိုက်နေကြသည်။ နှစ်ဖက် စလုံသည် ဆန့်ကျင်တိုက်ခိုက်နေကြ ကာ တစ်ခုက အပြာရောင် ဖြစ်ပြီး တစ် ဖက်က မူ မိုးပြာရောင် ဖြစ်ပေသည်။

ရှောင်လုံ ဆင့်ခေါ်လိုက်သည့် ရေခဲ ပြာရောင် မီးတောက်သည် သူ့၏ မိုးပြာရောင်နဂါး နတ်မီးတောက် အား ယှဥ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို ကြည့်ရင်း ရှန်းမင်ကျီ သည် တုန်လှုပ်သွားရလေသည်။ လိပ်နက် နတ်မီးတောက် စိတ်ဝိညာဉ် ကိုကြည့်ရင်း သူ့၏ စိတ်ထဲ၌ အတွေး တစ်ခုပေါ်လာကာ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားလေသည်။

" လိပ်နက် နတ်မီးတောက်လား.... ငါထင်တာမှန်တယ်...ဒါက လိပ်နက် နတ်မီးတောက်ပဲ"

ရှန်းမင်ကျီ ၏ မျက်လုံးထဲမှ လိုချင်တပ်မက်မှု လောဘ အငွေ့ အသက်များ ထွက်ပေါ်လာပေသည်။

" ဒါက လိပ်နက် နတ်မီးတောက်ပဲ....ဟားဟားဟား...ဟောင်ရှောင်လုံ...မင်းက ငါ့ကို တကယ် အံ့အား သင့်သွားစေတာပဲ...ငါမင်းကို သတ်ပြီး လိပ်နက် နတ်မီးတောက်နဲ့ ပေါင်းစပ်လိုက်တာနဲ့...ဒီ လျှပ်စီးနယ်မြေကမ္ဘာ ထဲက တပည့်တွေ အားလုံးကို အနိုင်ယူနိုင်သွားပြီ...ဝမ်ဂူယန်ဟွေ့ တောင် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး"

" ပြိုင်ပွဲ ရဲ့ ပထမ နေရာက ငါ့အပိုင် ဖြစ်လာလိမ့်မယ်"

ရှန်းမင်ကျီ ပျော်ရွှင် ဝမ်းမြောက်သွားလေသည်။

ရှောင်လုံက ရှန်းမင်ကျီ ၏ သူ့ကိုယ်သူ ပြောဆိုနေမှုကို တုန့်ပြန်လိုက်ခြင်း မရှိပေ။ရှေးဟောင်းကမ္ဘာ ဆီမှ ဆင်းသက်လာသော ဇာမဏီ တစ်ကောင်၏ မြည်ကြွေးသံ သည် လေထုအလယ်တွင် ပဲ့တင်ထပ်သွားလေပြီး တောက်ပလှသော နီလာရောင် အလင်းတန်းက တိုက်ပွဲ အတွင်းသို့ ဝင်ရောက်လာကာ ကောင်းကင် သို့ တိုင် တောက်ပ လင်းလက်သွားလေသည်။  ဟင်္သာ ပြဒါးငှက် နတ်မီးတောက် စိတ်ဝိညာဉ် သည် ရှောင်လုံ၏ ပတ်ပတ်လည်၌ ပျံသန်းနေလေပြီး နီလာရောင် မီးတောက် လှိုင်းများကို ထုတ်လွှတ်နေပေသည်။

ဟင်္သာ ပြဒါး ငှက် နတ်မီးတောက်က လိပ်နက် နတ်မီးတောက် နှင့် ပေါင်းစပ်သွား ချိန်တွင် သူတို့၏ အင်အားသည် တိုးပွားသွားကြပေသည်။  အစောပိုင်းက မိုးပြာရောင်နဂါးနတ်မီးတောက် ကို ယှဥ်ပြို င်တိုက်ခိုက်နိုင်ခဲ့သော လိပ်နက် နတ်မီးတောက်သည် အသာ စီး ရရှိ လာပြီး မိုးပြာရောင်နဂါးနတ်မီးတောက် ကို နောက်သို့ တွန်းထုတ်လိုက်လေသည်။ ဤသည်မှာ အလွန်တရာ မသိသာ လှသော်လည်း သာမာန်မျက်စီ ဖြင့် မြင်တွေ့နိုင်စွမ်း ရှိပေသည်။

ရှန်းမင်ကျီ ၏ မျက်နှာ ထက်ရှိ ပျော်ရွှင် ဝမ်းမြောက်နေသော အမူ အရာ သည် အက်ကွဲ သွားလေသည်။

" ဒါ... ဒါက... ဟင်္သာ ပြဒါးငှက်နတ်မီးတောက် လား"

" မင်းက ဟင်္သာ ပြဒါးငှက် နတ်မီးတောက် ကိုတောင် ရရှိထားတယ်ပေါ့ "

ဟောင်ရှောင်လုံသည် မဟာ  နတ်မီးတောက် လေး မျိုးထဲမှ နှစ်မျိုးကို အမှန်တကယ် ရရှိထားပေသည်။ ထို့အပြင် နတ်မီးတောက် နှစ်မျိုးသည် ပေါင်းစပ်သွားပြီးနောက် သူ့၏ မိုးပြာရောင်နဂါးနတ်မီးတောက် ကို ဖိအား ပေးနိုင်စွမ်း ရှိပေသည်။

ရှန်းမင်ကျီ က တုန်လှုပ်နေချိန်တွင် အားကောင်းလှသော ကျားဟိန်းသံတစ်ခုသည် ချိုင့်ဝှမ်း ကို ပဲ့တင်ထပ်သွားလေပြီး သတ္ထုဖြူရောင် မီးတောက်မှ ဖြစ်တည်လာသည့် ကျားဖြူတစ်ကောင်သည် ရှောင်လုံ၏ ဘေး၌ ထွက်ပေါ်လာပေသည်။ နတ်မီးတောက် ၃ မျိုးပေါင်စပ်သွားချိန်တွင် ရှန်းမင်ကျီ ၏ မိုးပြာရောင် နဂါး နတ်မီးတောက်သည် သေးငယ်သည့် ဒီရေ လှိုင်းလေး အသွင် ကျုံ့ဝင်သွားလေပြီး လုံးဝ ဖိနှိပ်ခံလိုက်ရပေသည်။

" ကျားဖြူ နတ်မီးတောက်လား... ဒါက တကယ့်ကို ကျားဖြူ နတ်မီးတောက်ပဲ"

ရှန်းမင်ကျီ ၏ အသံက တုန်ယင်နေလေပြီး သူ့၏ မျက်နှာက သေလု မတတ်ဖြူလျော့နေပေသည်။ အစောပိုင်းက သူ ခံစားခဲ့ရသော ပျော်ရွှင် ဝမ်းမြောက်မှုများသည် လုံဝ ပျောက်ကွယ်သွားပြီ ဖြစ်သည် ။

ဟောင်ရှောင်လုံသည် နတ်မီးတောက် ၃ မျိုးကို ရရှိ ထားပြီး ဖြစ်သည်။

ဟောင်ရှောင်လုံက မိုးပြာရောင်နဂါး နတ်မီးတောက်ကို ရရှိသွားသည်နှင့် သူသည် မဝါ နတ်မီးတောက် လေးမျိုးကို အပြည့်အဝ ပေါင်းစပ်လိုက်နိုင်ပေလိမ့်မည်။ နတ်မီးတောက် ၄ မျိုးလုံးကို ပေါင်းစပ်လိုက်မည် ဆိုလျှင် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော ခွန်အားကို ရရှိ သွားပေလိမ့်မည် ။

ထို့နောက် ရှန်းမင်ကျီ ၏ စိတ်ထဲ တွင် ဖြစ်နိုင်ချေ တစ်ခု ထွက်ပေါ်လာပေသည်။ ဟောင်ရှောင်လုံ၏ ကျင့်စဥ် သည် ရှေ့သို့ တိုးတက်ရမည့်အစား ယခု အချိန်ထိ တိုင် နတ်ဘုရား အဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ် အဆင့်၌ ရပ်တန့်နေခဲ့ပေသည်။ ကြည့်ရသည်မှာ ဟောင်ရှောင်လုံက နတ်မီးတောက် လေး မျိုးစလုံးကို ရ ရှိပြီးမှ မဟာ နတ်ဘုရား အဆင့်သို့ ချိုးဖျက် ဝင်ရောက်ရန် ကြံစည်ထားခြင်း ဖြစ်သည်လား။

သူကိုယ်တိုင်သည်ပင် မိုးပြာရောင်နဂါးနတ်မီးတောက်တစ်ခုတည်း ရှိရုံဖြင့် ထိပ်တန်းအဆင့် နတ်ဘုရား ဦးခေါင်း တစ်ခုကိုဖွဲ့တည်နိုင်စွမ်း ရှိခဲ့ပေသည်။ ဟောင်ရှောင်လုံသည်သာ နတ်မီးတောက် ၄ မျိုးသလုံးကို ရရှိ ခဲ့မည် ဆိုလျှင် သူ ဖွဲ့ စည်းမည့် နတ်ဘုရား ဦးခေါင်းသည် မည်မျှ အဆင့် ဖြစ်သွား လိမ့်မည် နည်း။

ဤ သည်ကို တွေး လိုက်မိရင်း ရှန်းမင်ကျီ ၏ မျက်နှာသည် သွေး မရှိတော့ သည့်နှယ် ဖြူဖျော့သွားပေသည်။ ထိုအခိုက်၌ သေခြင်းတရားသည် သူနှင့် နီးကပ်လာသည့်နှယ် ခံစားလိုက်ရပေသည်။

နတ်မီးတောက် ၃ မျိုးကို ထုတ်ဖော်လိုက်ပြီးနောက် ရှောင်လုံသည် သူ့၏ အနက်ရောင်နှင့် အပြာရောင် အမွှာနဂါး သိုင်းဝိညာဥ် များကို ဆင့်ခေါ်လိုက်ကာ ဝိညာဉ် အသွင် ပြောင်းလဲ လိုက်လေသည်။ သူ့၏ နောက်ကျောဆီမှ လက်တစ်ထောင်ဖြာ ထွက်လာပြီး တိုက်ခိုက်ရန် အသင့် ဖြစ်နေပေသည်။

နဂါးနတ်ဘုရား၏ ၁၅ ကွက်မြောက်သိုင်းကွက် -ပြိုင်ဘက်ကင်း နဂါး အနန္တ...။

ချိုင့်ဝှမ်း ထဲတွင် မရေ မတွက်နိုင်သော နဂါးဟိန်းသံ လှိုင်းများ ပဲ့တင်ထွက်သွားလေသည်။

မလိုလားအပ်သော အဖြစ်အပျက်များကို ရှောင်ကျဥ်ရန် ရှောင်လုံသည် ရှန်းမင်ကျီ အား အချိန်တိုအတွင်း သတ်ဖြတ်ပစ်ရန် ဆုံး ဖြတ်လိုက်လေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း  ၈၅၈...တဖြည်းဖြည်းချင်း မှေးမှိန်သွားခြင်း

ကောင်းကင်ထက်၌ ပိတ်ဆို့နေသော မရေမတှက်နိုင်သည့် နတ်နဂါးများကိုကြည့်ရင်း ရှန်းမင်ကျီ သည် ခဏမျှ ထိတ်လန့် သွားလေသည်။ ထို့နောက် ရူးသွပ်သည့် ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခုကို ထုတ်ဖော်လိုက်လေသည်။

" လျှပ်စီး တစ်ထောင် နတ်ဘုရား လက်ဝါး "

ချန်းမင်ကျီ၏ ခန္ဓာကိုယ် ဆီမှ မျက်စိ ကျိန်းလု မတတ် လျှပ်စီး တန်းများ ထွက်ပေါ်လာပြီး သူ့၏ ထူးကဲ လျှပ်စီး ဖျက်ဆီးခြင်းခန္ဓာကိုယ် ကို အင်အား အကုန် တိုးမြင့် လိုက်လေသည်။ သူ့၏ လက်ဝါးက ရှောင်လုံကို ဆက်တိုက် ရိုက်ချ လာလေသည်။ အချိန်တို အတွင်း လျှပ်စီး အင်အားဆီမှ ဖြစ်တည်လာသည့် များပြားလှစွာသော လက်ဝါးရာများသည် သူ့အား တိုက်ခိုက်လာသော မရေ မတွက်နိုင်သည့် နတ်နဂါး များနှင့် ထိပ်တိုက်တွေ့သွားလေသည်။

သို့သော်လည်း အားကောင်းလှဟန်ရသော လျှပ်စီး လက်ဝါးများသည် နတ်နဂါး အုပ်စုနှင့် ရင်ဆိုင်ရချိန်တွင် အားနည်းသွားရပေသည်။

နတ်နဂါးပေါင်း ရာပေါင်းထောင်ပေါင်းများစွာသည် ရှန်းမင်ကျီ ၏ လျှပ်စီး လက်ဝါး များကို မျက်တောင် တစ်ခတ်အတွင်း အက် ကွဲ သွားစေသည်။ ရှန်းမင်ကျီ ၏ တိုက်ခိုက်မှုကို ဖကျြ သိမျး ပြီး နောက်တွင် နတ်နဂါး များထဲရှိ နဂါး ချီသည် အားနည်းသွားသော်လည်း ရှန်းမင်ကျီ  ရှိရာဆီသို့ ဆက်လက်တိုးဝင်သွားလေသည်။

ရှန်းမင်ကျီ ၏ မျက်နှာသည် သေလု မတတ် ဖြူဖျော့သွားလေသည်။ သူ့၏ လက်များက လေထဲသို့ ဝှေ့ယမ်းသွားလေပြီး မိုးပြာရောင်နဂါး နတ်မီးတောက် က ထပ်မံ ထွက်ပေါ်လာကာ နတ်နဂါး အုပ်စုရှိရာဆီသို့ ဒေါသတကြီး ဟိန်းဟောက်၍ တိုးဝင်သွားလေသည်။ မိုးပြာရောင်နဂါး နတ်မီးတောက် လှုပ်ရှား လာသည်နှင့် လိပ်နက်၊ ဟင်္သာပြဒါးငှက်နှင့် ကျားဖြူ နတ်မီးတောက်တို့က ပိတ်ဆို့ တားဆီးလိုက်လေသည်။

နတ်နဂါး တစ်သိန်းသည် ရှန်းမင်ကျီ ၏ ရှေ့သို့ ရောက်ရှိ သွားပေသည်။

ထို အချိန် တွင် ရှန်းမင်ကျီ သည် ရှောင်ရှားရန် နောက်ကျသွားသည်မို့ လေ ထဲသို့ လွင့်စင်သွားပြီး အဝေးရှိ ကျောက်တုံး တစ်ခုကို ဝင်တိုက်မိသွားကာ ကျောက်တောင် နံရံ တစ်ခုလုံးအား လှုပ်ခါ သွားစေသည်။ ကျောက်တုံး များနှင့် ကျောက်စရစ် ခဲ များသည် ကျဆင်းလာလေပြီး ရှန်းမင်ကျီ မှာ မူ ပါးစပ်အပြည့် သွေး အလုပ်ပေါင်းများစွာ အန်လိုက် ရပေသည်။

အစော ပိုင်းကတည်းက သူသည် တပည့်လေး ယောက်နှင့် ရင်ဆိုင်ပြီး ချိန်ကပင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ပြီး ဖြစ်ပေသည်။ ယခုအခါတွင် ရှောင်လုံ၏ အင်အားပြည့် တိုက်ခိုက်မှုကြောင့် ရှန်းမင်ကျီ ဒဏ်ရာများသည် ပိုမို ဆိုးဝါးသွားရသည်။ သူ့၏ တိုက်ခိုက်မှု က နတ်နဂါး တစ်သိန်း၏ စွမ်းအားကို အားနည်းသွားစေပြီး မိုးပြာရောင်နဂါးခန္ဓာကိုယ်နည်းစနစ်ကို အောင်မြင်ထားခြင်းသာ မရှိခဲ့လျှင် သူသည် သေလုမြော ပါး ဖြစ်နေလောက်ပြီဖြစ်သည်။

ရှန်းမင်ကျီ က ကြိုးစား ထရပ် လို က်လေပြီး သူ့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများနှင့် ဒေါ သများ ရှိနေကာ ရှောင်လုံကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်လေသည်။ သို့သော်လည်း ခဏကြာပြီးနောက် ရှန်းမင်ကျီ ၏ ရူးသွပ်စွာ ရယ်မောသံ တစ်ခု ထွက်ပေါ်လာပြန်သည်။

" ဟောင် ရှောင်လုံ မင်းက ငါ့ကို သတ်ချင်နေတာလား... မင်းထင်သလောက် မလွယ်ဘူး...ငါက ထိပ်တန်းအဆင့် တစ်ဆယ် နတ်ဘုရား ဦးခေါင်းတစ်ခုကို ဖွဲ့စည်းပြီးတော့ ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ... မင်းမှာ နတ်မီးတောက် ၃ မျိုး ရှိနေတယ် ဆိုရင်တောင် နတ်ဘုရားဦးခေါင်း ထဲက ငါ့ရဲ့ စိတ်ဝိညာဉ် အမျှင်တန်းကို ဖျက်စီး နိုင်စွမ်း ရှိမှာ မဟုတ်ဘူး...ဘယ်သူက မှ ငါ့ကို သတ်ဖြတ် နိုင်မှာ မဟုတ်တော့ဘူး"

ရှန်းမင်ကျီ၏ နတ်ဘုရား အင်အားသည် ရုတ်တရက်ဆိုသလိုမတည်မငြိမ် ဖြစ်လာကာ အရူး အမူး ထွက်ပေါ်လာပေသည်။

သူ့၏ စိတ်ဝိညာဉ် ပင်လယ် အထက်တွင် ခရမ်းရောင် သလင်းကျောက် နှင့်တူသော နတ်ဘုရားဦးခေါင်းတစ်ခုသည် ၁၀ မီတာ ပတ်ပတ်လည်ရှိနေသည်။ ၄င်းက ရွှေခရမ်းရောင် အလင်းကို ထုတ်လွှတ်ကာ အမြန်ဆုံး နှုန်းဖြင့် လှည့်ပတ်နေလေပြီး ရေနှင်းမီး နတ်ဘုရား အင်အားက နေရာ အနှံ့သို့ ပျံသန်းထွက်ပေါ်နေပေသည်။

ပုံမှန်အားဖြင့် အဆင့်ငါး နတ်ဘုရားဦးခေါင်းများ သို့မဟုတ် အဆင့်ခုနစ် နတ်ဘုရားဦးခေါင်း များသည် လူ တစ်ယောက်၏ လက်သီး ဆုပ်မျှသာ ကြီးမားနိုင်ပေသည်။ သို့သော် ရှန်းမင်ကျီ၏ နတ်ဘုရား ဦးခေါင်းသည် အမှန်တကယ်ကိုပင် ၁၀ မီတာ ကြီးမားနေပေသည်။

ထိုမျှသာမက သူ့၏ နတ်ဘုရား ဦးခေါင်းတွင် မတူ ညီသည့် စွမ်း အင် နှစ်မျိုး ပါဝင်နေပေသည်။

ရှန်းမင်ကျီ ၏ ခန္ဓာကိုယ် ဆီမှ ထွက်ပေါ်လာသော ရေနှင့် မီးစွမ်းအင် နတ်ဘုရား အင်အားကို ကြည့်ရင်း ရှောင်လုံသည် မျက်မှောင် ကြုတ်လိုက်လေသည်။ ရှန်းမင်ကျီ ၏ နတ်ဘုရား ဦးခေါင်းက စွမ်း အင် နှစ်မျိုး ပါဝင်နေလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့မိပေ။

"ဟောင်ရှောင်လုံ... မင်း ငရဲကို သွားလို့ ရပြီ"

ရှန်းမင်ကျီ က ဒေါသတကြီး အော်ဟစ်လိုက်လေပြီး ရှောင်လုံ ရှိရာ သို့ ပြေး ဝင်သွားလေသည်။ သူ့၏ လက်နှစ်ဖက် က ရွေ့လျားသွားပြီး သူ့၏ ရေနှငိ့မီး စွမ်းအင်များသည် ရှောင်လုံကို တိုက်ခိုက်လိုက်လေသည်။

"မိုးပြာရောင်နဂါး ဓားချီ"

"အနက်ရှိုင်းဆုံး ငရဲ မီးတောက် လက်ဝါး..."

ရှန်းမင်ကျီ ၏ ညာ ဘက်လက်ဆီမှ ရေစွမ်းအင်သည် များပြားလှစွာသော ဓားချီအသွင် စုစည်းသွားလေပြီး ရေထဲ၌ ကူးခတ်နေသော မိုးပြာရောင် နဂါး များနှယ် တုန်ခါနေပေသည်။ ထို အချိန်တွင် သူ့၏ ဘယ် ဘက် လက်ဆီမှ အနက်ရှိုင်း ဆုံး ငရဲ မီးတောက် လက်ဝါးဖြင့် ဖွဲ့စည်းထားသော ကြီးမား လှသည့် လက်ဝါး ရာကြီး တစ်ခု ထွက်ပေါ်လာကာ ၄ င်း ၏ လမ်းကြောင်း တစ်လျှောက်တွင် အမှောင်ထု နှင့် အနက်ရောင် မျဥ်းတန်း ကိုသာ ချန်ရစ်ခဲ့ပေသည်။

မိုးပြာရောင်နဂါး ဓားချီနှင့် အနက်ရှိုင်းဆုံး ငရဲ ၏ မီး တောက်လက်ဝါး တို့သည် လွန်ခဲ့သည့် နျစ်များ အတွင်း မိုးပြာရောင် နဂါး တက္ကသိုလ် ၏ တားမြစ်နယ်မြေဆီမှ ရှန်းမင်ကျီ ကျင့်ကြံ ခဲ့ရသော ပြိုင်ဘက်ကင်း သိုင်းပညာ နှစ်ခု ဖြစ်ပေသည်။

ထို ပြိုင်ဘက်ကင်း သိုင်းပညာ နှစ်ခုကို သူ့၏ ရေနှင့် မီး နတ်ဘုရား အင်အား ဖြင့် ပေါင်စပ်၍ တိုက်ခိုက်လိုက်မည် ဆိုလျှင် မဟာ နတ်ဘုရား အဆင့် ၃ နောက်ပိုင်း အဆင့် သိုင်းပညာ ရှင် တစ် ယောက်သည်ပင် ဒဏ်ရာ ရရှိသွား လိမ့်မည်ဟု ရှန်းမင်ကျီ ယုံကြည်မှု ရှိပေသည်။

ဟောင်ရှောင်လုံက ဒီ တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။

' သေစမ်း... သေစမ်း..သေစမ်း...ငါ့ လက်ချက်နဲ့ သေလိုက်စမ်း'

ရှန်းမင်ကျီ မျက်လုံးများသည် သွေးဆာမှု များနှင့် နီရဲနေပေသည်။ သူ့၏ စိတ်ထဲ၌ ရှောင်လုံအား သတ်ဖြတ်ရန် အတွေး တစ်ခုသာ ရှိနေသည်။

ရှန်းမင်ကျီ က သူ့၏ မိုးပြာရောင်နဂါး ဓားရှည်ချီနှင့် အနက်ရှိုင်းဆုံး ငရဲ၏ မီးတောက် လက်ဝါးတို့ သူ့၏ ပြိုင်ဘက်အပေါ် ကျဆင်းသွားသည်အား ကြည့်နေလေသည်။ ရှောင်လုံက သက်တောင့်သက်သာ ရပ်တန့်နေဆဲ ဖြစ်ပြီး သူ့၏ လက်ချောင်းကို ဖြည်းဖြည်းချင်း မြှောက်လိုက်ကာ ရှေ့သို့ တစ်ချက် ထိလိုက်လေသည်။

ထို့နောက် အသေးစား တောင်တန်းလေး တစ်ခု ပျံသန်းထွက်ပေါ်လာပေသည်။

ရှောင်လုံက သူ့၏ နတ်မီးတောက် ၃ မျိုးကို ရုတ်သိမ်းလိုက်ကာ သေးငယ်သည့် တောင်တန်းလေးတစ်ခုကို ဖော်ထုတ်လိုက်ကြောင်းတွေ့လိုက်ရချိန်တွင် ရှန်းမင်ကျီ သည် ခဏမျှ တုန်လှုပ်သွားပြီးနောက် စူးရှစွာ ရယ်မောလိုက်လေသည်။

" ဟောင်ရှောင်လုံ...မင်းက သေချင်နေတာပဲ"

ရှန်းမင်ကျီ ၏ စကား ဆုံးသွား ချိန်တွင် အသေးစား တောင်တန်းလေးသည် လေသွင်းလိုက်သလို အလွန်တရာ ကြီးမားသွားလေပြီး ချိုင့်ဝှမ်း အထက်ရှိ ကောင်းကင်ကို ပင် ပိတ်ဆို့နိုင်သည့် ကြီးမားလှသော တောင်တန်း အသွင် ပြောင်းလဲသွားပေသည်။ တောင်တန်း၏ ပတ်ပတ်လည်တွင် ကြီးမားလှသော မြူ ထုများ လှည့်ပတ်နေလေသည်။

တောင်တန်းပေါ်သို့  ကျဆင်း သွားသော ရှန်းမင်ကျီ ၏ မိုးပြာရောင်နဂါးချီနှင့် အနက်ရှိုင်းဆုံး ငရဲ ၏ မီးတောက် လက်ဝါးတို့သည် ပင်လယ် ထဲသို့ ကျဆင်း သွားသည့် နှယ် တောင်တန်းအား အနည်းငယ်မျှပင် လှုပ်ခတ် သွားစေခြင်း မရှိပေ။

တောင်တန်းသည် ရှန်းမင်ကျီ ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ လိုက်ပြီးနောက် ရှေ့သို့ပျံသန်းလာကာ ရှန်းမင်ကျီ ကို တိုက်ချလိုက်လေသည်။

မဟာ တောင်တန်းကြီး၏ တိုက်ချလိုက်မှုကြောင့် ရှန်းမင်ကျီ ၏ မိုးပြာရောင် နဂါး ခန္ဓာကိုယ် သည် တွန့်လိမ် ရှုံ့တွ သွားပြီး သူ့၏ ရင်ဘတ်သည် အထဲ သို့ နစ်ဝင်သွားလေသည်။ သူ့၏ အောက်ပိုင်း ခန္ဓာကိုယ် က ပေါက်ကွဲ သွားလေပြီး အသွေး အသား များသည် နေရာ အနှံ့သို့ ပြန့်ကျဲ သွားလေသည်။

ရှန်းမင်ကျီ သည် ပြိုင်ဘက်ကင်း ထူးကဲ လျှပ်စီး ခန္ဓာကိုယ် ဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူက မိုးပြာရောင်နဂါးခန္ဓာကိုယ် နစ်စနစ်ကို အောင်မြင်အောင် ကျင့်ကြံထားပြီး မိုးပြာရောင်နဂါး နတ်မီးတောက် ဖြင့်လည်း နှစ်နှစ်ရာ နီးပါး အင်အား ဖြည့်တင်း ပေးခဲ့သည်။ ထို့အပြင် သူ့၏ ရေနှင့် မီးစွမ်းအင် နတ်ဘုရား အင်အားကြောင့် ရှန်းမင်ကျီ ၏ ခန္ဓာကိုယ် ကြံခိုင်မှုသည် ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိ နေပြီဖြစ်သည်။ သို့သော်လည်း သူ့၏ ခန္ဓာကိုယ် သည်ပင် ထို တိုက်ခိုက်မှုကြောင့် ပေါက်ကွဲ ထွက်သွား ရလေသည်။

ရှန်းမင်ကျီ သည် အဝေး ရှိ ကျောက်ဆောင်နံရံနှင့် ဝင်တိုက်မိသွားလေပြီး ကျောက်တုံးများ အောက်သို့ နစ်မြုပ်သွားကာ အချိန်အတော်ကြာသည်အထိ လှုပ်ရှား နိုင်စွမ်း မရှိတော့ပေ။

ရှောင်လုံက ခံစားချက် မဲ့စွာ ပြုံး လိုက်သည်။ သူ့၏ လက်ဆီမှ အား ကောင်းလှသော စုပ်ယူ အား တစ် ခု ထွက် ပေါ်လာပြီး ကျောက်ဆောင်နံရံဆီမှ ရှန်းမင်ကျီ ကို ဆွဲယူ လိုက်လေသည်။ ရှန်းမင်ကျီ က သူ့၏ ခေါင်းကို အလွန်အမင်း ခက်ခက် ခဲခဲဖြင့် ကြိုးစား ပင့်မော့လိုက်လေပြီး သူ့ရှေ့ရှိ မဟာ တောင်တန်းကြီးကို ကြောက်လန့်တကြား ကြည့်လိုက်မိလေသည်။

'ဒါ က ဘာပစ္စည်းကြီးလဲ'

ထိုတောင်တန်း၏ ရှေ့တွင် သူ့၏ မိုးပြာရောင်နဂါး ခန္ဓာကိုယ် နှင့် ထူးကဲ လျှပ်စီး ဖျက်ဆီး ခြင်း ခန္ဓာကိုယ် တို့သည် အလွန်တရာ နူးညံ့ ကျိုးပဲ့လွယ်သွားရပေသည်။

ထို အချိန်၌ ရှန်းမင်ကျီ သည် ထိုတောင်တန်းမှာ တစ်စုံ တစ်ယောက် ယူ ဆောင်သွားသောကောင်းကင်ဘုံ တောင်တန်းဖြစ်ကြောင်း မတွေး မိသေးပေ။  အတိအကျ ဆိုရလျှင် ရှန်းမင်ကျီ သည် ကောင်းကင်ဘုံတောင်တန််းကို ယူဆောင်သွားသူမှာ ရှောင်လုံ ဖြစ်ကြောင်း လုံးဝ မတွေးထားမိခြင်း ဖြစ်ပေသည်။

" အဆုံသတ်ဖို့ အချိန်ရောက်ပြီ"

ရှောင်လုံက ထိုသို့ ပြောရင်း ရှန်းမင်ကျီ ရှိရာ ဆီသို့ လျှောက်သွားလိုက်လေသည်။

ထို အချိန်၌ ထာဝရ ကမ္ဘာ ကွင်းပြင်ထဲတွင် မိုးပြာရောင်နဂါး တက္ကသိုလ် ကျောင်းအုပ်ကြီး ချင်ယီနှင့် အခြားသူများသည် အဆင့် ၆၇ ၌ ရှိနေသော ရှန်းမင်ကျီ ၏ နာမည်ကို ကြည့်ရင်း တောက်တောက် ပပ ပြုံးနေကြလေသည်။

တပည့်၄ ယောက်ကို သတ်ဖြတ်ပြီး သူတို့၏ အမှတ်များကို ရရှိပြီးနောက် ရှန်းမင်ကျီ သည် အဆင့် ၈၀ ကျော်မှ အဆင့် ၆၇သို့ ခုန်တက်သွားလေသည်။

အဆင့် ၆၇...။

ဤသည်မှာ ချင်ယီ အိမ်မက်ပင် မမက်ဖူးသည့် အဆင့်ပင် ဖြစ်ပေသည်။

အနီးနားရှိ အခြားမိသားစု များနှင့် ဂိုဏ်းများမှ သိုင်းပညာရှင် များသည် ရှန်းမင်ကျီ ၏ အဆင့်ကို သတိထားမိသွားချိန်တွင် ချင်ယီ ကို မျက်နှာချိုသွေး၍ ဂုဏ်ပြုစကား ပြောလာကြပေသည်။

စန့်ချူက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ချင်ယီကို ပြောလိုက်လေသည်။

" ဆရာ... ဆရာတူညီလေးရဲ့ အဆင့်ကို ကြည့်ပါဦး... ပြိုင်ပွဲရဲ့ အဆုံးသတ်ရောက်တဲ့ အခါကျရင်... ညီလေးက ထိပ်ဆုံး ၁၀ ယောက် အတွင်းကို အလွယ်တကူ ဝင်ရောက်သွားနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်"

ချင်ယီက အားပါးတရ ရယ်မောလိုက်လေပြီး သူ့၏ မျက်နှာ ထက်ရှိ ဂုဏ်ယူ ဝင်ကြွားမှုကို ဖုံးကွယ် ထားနိုင်စွမ်း မရှိပေ။

"ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်ဖို့က ခက်ခဲလိမ့်မယ်...ပြိုင်ပွဲ ထဲမှာ မဟာနတ်ဘုရား အဆင့် ၄ တပည့်တွေ အများကြီး ဝင်ရောက် ယှဥ်ပြိုင်ကြတာလေ ...ဒါပေမယ့် မင်းရဲ့ ဆရာတူညီလေးက ထိပ်ဆုံး အယောက် ၅၀ အထဲကို ဝင်ရောက်နိုင်လိမ့်မယ် "

ဆရာတပည့် နှစ်ယောက်သားသည် သူတို့၏ အသံများကို ထိန်းချုပ် မထားကြပေ။ ရှင်းလင်းစွာပင် သူတို့၏ စကားများသည် ဖုယန်တို့ အုပ်စုကို တိုက်ရိုက် ရည်ညွှန်းခြင်း ဖြစ်ပေသည်။

ဖုယန်သည် အဆင့် ဇယား ပေါ်ရှိ ရှန်းမင်ကျီ ၏ တည်နေရာကို ကြည့်ရင်း အလွန်တရာ တုန်လှုပ်သွားပေသည်။ အဆင့်ဇယားပေါ်တွင် တိုက်ဆိုင်မှု သို့မဟုတ် ကံကောင်းခြင်း ဟူ၍ မရှိဘဲ ရမှတ်တိုင်းသည် ထိုတပည့်၏ ခွန်အား အပေါ် တွင် မူတည်နေသည်။ ရှန်းမင်ကျီ၏ ခွန်အားသည် ထိုမျှ အဆင့်ထိ ရောက်ရှိနေပြီဖြစ်သည်။

ထို့နောက် ဖုယန်၏ အဆင့်သည် အဆင့် ၉၀၀ ကျော်၌ ရှိနေဆဲဖြစ်သော သူ့တပည့်၏ နာမည် အပေါ် သို့ ကျရောက်သွားပေသည်။ ဤသည်မှာ အာရုံစိုက်စရာ နေရာ တစ်ခုဖြစ်သော်လည်း ရှန်းမင်ကျီ နှင့်ယှဥ်လျှင် ကွာခြားမှု ကြီးမားလှပေသည်။

ဖုယန်သည် စိတ်ထဲမှ ခေါင်းယမ်းကာ သက်ပြင်းချလိုက်မိလေသည်။ ကြည့်ရသည်မှာ သူ့ တပည့်၏ ခွန်အားသည် လက်ရှိ ရှန်းမင်ကျီ နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိဟန်မရပေ။ ရှန်းမင်ကျီ သည် ထိပ်တန်း အဆင့် ၁၀ နတ်ဘုရား ဦးခေါင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီး သူ့၏ ခွန်အားသည် အကန့်အသတ် မဲ့ တိုးတက်သွားကာ သူ့တပည့်ကို အဆပေါင်းများစွာ ကျော်လွန်သွားပြီဖြစ်သည်။

ရုတ်တရက် ဆိုလို သူ့ဘေးရှိ ချီဝမ်က အဆင့်ဇယားပေါ်သို့ လက်ညိုးထိုးကာ အော်ဟစ်လိုက်လေသည်။

" ဆ...ဆရာ...ကြည့်... ကြည့်ပါဦး...ရှန်းမင်ကျီ..."

ရှန်းမင်ကျီ တဲ့လား... ။

ရှန်းမင်ကျီ ၏ အဆင့်က ထပ်မံ တိုးတတ် သွားပြန်သည်လား။ ဖုယန်က ဝေခွဲ မရ ဖြစ်သွားလေပြီး ရှောင်လုံ၏ နာမည် ကို ကြည့်နေရာမှ ရှန်း မင်ကျီ၏ နာမည်ကို လှည့် ကြည့်လိုက်လေသည်။

သို့သော် သူမြင်လိုက်ရသည့် အရာမှာကား ရှန်းမင်ကျီ၏ နာမည်သည် တဖြည်းဖြည်းချင်း မှေးမှိန်သွားခြင်းကို မြင်လိုက်ရခြင်း ဖြစ်ပေသည်။

" ဒါက... ဒီလိုများ ဖြစ်နေမလား... "

ဖုယန်က အံ့အား သင့် မင်သက်သွားလေသည်။

သူတို့ နှင့် သိပ်မဝေးသည့် နေရာရှိ ချင်ယီ နှင့် အခြားသူ များသည်လည်း ရှန်းမင်ကျီ ၏ တောက်ပနေသော နာမည်သည်တဖြည်းဖြည်းချင်း မှေးမှိန်သွားကြောင်း မြင်လိုက်ရလေသည်။

ထို အချိန်တွင် ချင်ယီ၏ မျက်နှာ ထက်ရှိ ပျော်ရွှင် မှုများနှင့် ဂုဏ်ယူ မှုများသည် ပျောက်ကွယ်သွားပြီး အနည်းငယ် ဖြူဖျော့သွားပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၅၉ ..... နတ်ဘုရားဦးခေါင်းတစ်ခု ဖွဲ့စည်းခြင်း

သူ့တပည့်၏ နာမည်က အဆင့်ဇယားမှ တဖြည်းဖြည်းချင်း မှေးမှိန်သွားသည်ကို ကြည့်ရင်း ချင်ယီသည် ဒေါသများ၊ မယုံကြည်နိုင်မှုများ၊ထိတ်လန့်မှုများဖြင့် အော်ဟစ်လိုက်လေသည်။

"မ...မဟုတ်ဘူး...မဖြစ်နိုင်ဘူး...မဖြစ်ရဘူး..."

သို့သော် သူက အော်ဟစ်နေလျှင်ပင် ရှန်းမင်ကျီ၏ နာမည်က ဆက်လက်မှေးမှိန်နေဆဲ ဖြစ်သည်။ နောက်ဆုံး၌ သူ့၏နာမည်သည် မီးရှုးမီးပန်းများနှယ် ပေါက်ကွဲသွားပြီး အဆင့်ဇယားဆီမှ ပယ်ဖျက်ခံလိုက်ရလေသည်။

တပည့်တစ်ယောက်၏ အဆင့်က ပိုမိုမြင့်မားလာလေလေ၊ ထိုတပည့်သေဆုံးချိန်၌ ထွက်ပေါ်လာသော မီးရှုးမီးပန်းများသည် ပိုမိုတောက်ပလာလေလေ ဖြစ်သည်။ ထို့ကြောင့် အဆင့်ဇယားမှ ရှန်းမင်ကျီ၏ နာမည် ပျောက်ကွယ်သွားချိန်တွင် တောက်ပလှသည့် မီးရှုးမီးပန်းသည် လေထဲ၌ ပေါက်ကွဲသွားလေပြီး မိုးခြိမ်းသံပမာ မြည်ဟည်းသွားသည်။ အလင်းရောင်များသည် ရေလှိုင်းဂယက်သဖွယ် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထာဝရကမ္ဘာကွင်းပြင်ထဲရှိ လူများသာမက လမ်းများနှင့် ဆိုင်များရှိ လူများသည်လည်း ထိုတောက်ပသည့်အလင်းများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။

"အဆင့် ၆၇က ရှန်းမင်ကျီ...အဲ့ဒီတပည့်က ဘယ်နေရာကလာလဲ ဆိုတာကိုတော့ ငါသိချင်မိသား...နှမြောစရာပဲကွာ...သူက ပြိုင်ပွဲထဲမှာ သေသွားရပြီ"

"ထိပ်ဆုံးအယောက် ၁၀၀၀ အတွင်း ဝင်တဲ့ တပည့်တွေက မဟာပါရမီရှင်တွေပဲလေ...ထိပ်ဆုံးအယောက် ၁၀၀ ဆိုရင်တော့...ပါရမီရှင် ထဲက ပါရမီရှင်တွေပေါ့...ဒီလိုမျိုး တပည့်တွေက သေချာပေါက် ကြီးထွားလာတာနဲ့...ကြယ်စင်စုရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေ ဖြစ်လာကြလိမ့်မယ်"

စာနာသနားနေကြသည့်အသံများနှင့် တုန်လှုပ်သံများကို နေရာတိုင်း၌ ကြားနေရပေသည်။

ရှန်းမင်ကျီ၏ နာမည် အဆင့်ဇယားမှ ပြုတ်ကျသွားသည်ကို ကြည့်ရင်း ဝမ်ဂူကလန်အကြီးအကဲများသည် အံ့သြမှင်သက်သွားကြသည်။

ပြိုင်ပွဲစတင်ပြီး လေးလအကြာ၌ ထိပ်ဆုံး သုံးထောင် ထဲတွင် အဆင့်ပြောင်းလဲမှုများစွာ ရှိသော်လည်း အများစုမှာမူ ထိပ်ဆုံး အယောက် တစ်ထောင် အပြင်ဘက်၌ ဖြစ်သည်။ ယခုချိန်ထိ ထိပ်ဆုံး အယောက် တစ်ရာထဲရှိ မည်သည့် တပည့်မှ အသက်ဆုံးရှုံးသွားရခြင်း မရှိသေးပေ။

"အဆင့် ၆၇"

ဝမ်ဂူရှို့ဆီမှ သနားဂရုဏာအပြည့်နှင့်သက်ပြင်းချသံ ထွက်ပေါ်လာသည်။

"ဒီလိုမျိုး အရည်အချင်း နဲ့ ဆိုရင်...ငါတို့ ဝမ်ဂူတပည့်တွေကြားမှာတောင်...ထိပ်ဆုံးတပည့် ဆယ်ယောက်အတွင်း ဝင်နိုင်ဖို့ လုံလောက်နေပြီ ပဲ"

"အဲ့ဒီ ရှန်းမင်ကျီ က ဘယ်လိုသေသွားတာလဲ...လျှပ်စီးသားရဲတစ်ကောင်က သတ်သွားတာလား...ဒါမှမဟုတ် အခြားပြိုင်ပွဲဝင် တပည့်တစ်ယောက် က သတ်သွားတာလား"

ဝမ်ဂူချန်းချင် က လေးလေးနက်နက် မေးလိုက်သည်။

"ထိပ်တန်း အယောက် ၂၀ ထဲက လူတွေသာ...ရှန်းမင်ကျီ ကို သတ်နိုင်လိမ့်မယ်...ဒါပေမယ့်...ထိပ်ဆုံး အယောက် ၂၀ ထဲက တပည့်တွေရဲ့ အဆင့်နဲ့ ရမှတ်တွေက...ဘာမှ မပြောင်းလဲသွားဘူးလေ...ဒါကြောင့် လျှပ်စီးသားရဲ က သတ်သွားတာပဲ ဖြစ်ရမယ်"

ဝမ်ဂူကလန် ၏ အကြီးအကဲ နောက်တစ်ယောက် ဖြစ်သော ဝမ်ဂူကျီက အဆင့်ဇယားပေါ်ရှိ ထိပ်ဆုံး အယောက် ၂၀ ၏ နာမည်များကို စစ်ဆေးကြည့်ရှု ရင်း ပြောလိုက်သည်။

အခြားသော ဝမ်ဂူကလန်အကြီးအကဲများသည်လည်း ထိုအဖြေကို သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

သို့သော်လည်း ထိုအခိုက်တွင် အဆင့် ၉၃ သည် တောက်ပစွာ လင်းလက်သွားပြီး ရှောင်လုံ၏ နာမည် ထွက်ပေါ်လာပေသည်။

ပြိုင်ပွဲကာလ လေးလကုန်ဆုံးပြီးနောက်တွင် ထိပ်ဆုံး အယောက်တစ်ရာ သည် အနည်းနှင့်အများ တည်ငြိမ်နေပြီဖြစ်ပြီး ကြီးကြီးမားမား ပြောင်းလဲမှုများ မရှိပေ။ ထို့ကြောင့် အဆင့် ၉၃ နေရာ၌ ရှောင်လုံ၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်မိသွားသည်။

"ဟောင်ရှောင်လုံလား...သူက ဘယ်ကြယ်စင်စုနဲ့ မိသားစုကနေ လာတာလဲ...သူ့နာမည်ကို ထိပ်ဆုံး အယောက် နှစ်ရာ ထဲမှာ အရင်က မတွေ့မိပါဘူး...သူက ထိပ်ဆုံး အယောက် တစ်ရာ ထဲကို ဘယ်အဆင့်ကနေ ခုန်တက်လာတာပါလိမ့်"

"အရင်က ဟောင်ရှောင်လုံရဲ့ နာမည်က်ု မြင်ဖူးတယ်လို့တော့...ငါ မထင်ဘူး"

မိသားစုများနှင့် ဂိုဏ်းများရှိ သိုင်းပညာရှင်များသည် ထိပ်ဆုံးအယောက် တစ်ရာအတွင်းသို့ ရောက်ရှိလာသော ရှောင်လုံ၏ နာမည်အား သတိထားမိသွားကြသည်။ ရုတ်တရက်ဆိုသလို  မြေကွက်လပ်သည် လူအများ၏ စကားပြောသံများဖြင့် ဆူညံသွားလေသည်။

ထိုစကားသံများသည် ဝမ်ဂူမိသားစုကလန် အကြီးအကဲများ၏ နားထဲသို့ ရောက်ရှိသွားသည်။ ထို့နောက် သူတို့က အဆင့်ဇယားပေါ်ရှိ အဆင့် ၉၃ နေရာ ကို ကြည့်လိုက်ကြသည်။

"အဲ့ဒီ ဟောင်ရှောင်လုံ ဆိုတဲ့ ကောင်လေးရဲ့ အရင်အဆင့်ကို သွားရှာကြစမ်း"

အကြီးအကဲ ဝမ်ဂူယွမ်က သူ့ဘေးရှိ အဆင့်မြင့် အိမ်တော်ထိန်း နှစ်ယောက်ကို ရုတ်တရက် အမိန့်ပေးလိုက်သည်။

နောက်လိုက်နှစ်ယောက်က ရိုသေလေးစားစွာဖြင့် နာခံကြောင်း ပြလိုက်ကြပြီး သူတို့၏ တာဝန်များကို သွားရောက်လုပ်ဆောင်လိုက်ကြသည်။

ဝမ်ဂူကလန်တပည့်များသည် တစ်နာရီ ကြာတိုင်း အဆင့်ဇယားကို ကူးယူထားရပေသည်။ ထို့ကြောင့် ရှောင်လုံ၏ အဆင့်သည် အရင်ကတည်းက အဆင့်သုံးထောင်အတွင်း၌ ရှိနေခဲ့မည်ဆိုလျှင် ဝမ်ဂူကလန် နောက်လိုက်များသည် သူ့၏ အရင်အဆင့်ကို ရှာတွေ့နိုင်ကြမည် ဖြစ်သည်။

နောက်လိုက် နှစ်ယောက် က အချိန် သိပ်မကြာဘဲ ပြန်ရောက်လာကြသည်။ သို့သော် သူတို့ ပြန်လည် တင်ပြလာသည့် အကြောင်းအရာသည် ဝမ်ဂူကလန် မဟာအကြီးအကဲ ၁၂ ယောက် ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

"ဘာ...လွန်ခဲ့တဲ့ တစ်နာရီက...ဒီကလေး ဟောင်ရှောင်လုံ က အဆင့် ၉၂၁ မှာ ရှိနေခဲ့တာလား"

အကြီးအကဲ အားလုံးနီးပါးသည် ထိုစကားတစ်ခွန်းတည်းကို တစ်ပြိုင်တည်း ထွက်မိသွားကြသည်။

အဆင့်မြင့် နောက်လိုက်နှစ်ယောက်ကလည်း သူတို့ခေါင်းများကို ညိတ်ပြလိုက်ကာ အတည်ပြုလိုက်ကြသည်။

ဝမ်ဂူကလန် အကြီးအကဲများသည် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြသည်။

ရုတ်တရက် အဆင့် ၉၂၁မှ အဆင့် ၉၃ ထိ ကြီးမားစွာသော ကွာခြားမှု ဆီသို့ ရောက်ရှိသွားခြင်း...။

ဤသည်ကို ရှင်းပြနိုင်ရန်အတွက် ကိစ္စတစ်ခုတည်းသာ ဖြစ်နိုင်ချေရှိပေသည်။ ဟောင်ရှောင်လုံ က အဆင့်ဇယားပေါ်မှ အဆင့်များစွာ မြင့်မားသော တပည့်တစ်ယောက် ကို သတ်ဖြတ်ခဲ့ပြီး ထိုတပည့်၏ အမှတ် တစ်ဝက်ကို ရရှိခဲ့သောကြောင့် ဖြစ်ရပေလိမ့်မည်။ ထိုအချက်ကသာ သူ့၏ ထိပ်ဆုံး အယောက်တစ်ရာထဲသို့ ရုတ်တရက် ရောက်ရှိလာမှုအား ရှင်းပြနိုင်မည်ဖြစ်သည်။

ထိပ်ဆုံးအယောက်တစ်ရာထဲ၌ ကျရှုံးသွားသည့် တပည့်ဟူ၍ အဆင့် ၆၇ ၌ ရှိသော ရှန်းမင်ကျီ တစ်ယောက်သာ ရှိပေသည်။

ရှန်းမင်ကျီ ကို ဟောင်ရှောင်လုံ က သတ်ဖြတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

"ဒီ ဟောင်ရှောင်လုံ ကို...ဘာလို့ အရင်က နာမည် ကြားဖူးသလို ခံစားနေရပါလိမ့်"

ဝမ်ဂူချန်းချင် က အံ့အားသင့်စွာ ပြောလိုက်သည်။

"ဟောင်ရှောင်လုံလား...သိပ်မကြာခင်က ငါတို့ အလောင်းအစား လုပ်ခဲ့ဖူးတဲ့ ကောင်လေးများ ဖြစ်နေမလား...အဲ့ဒီကောင်လေးရဲ့ နာမည်ကလည်း ဟောင်ရှောင်လုံပဲလေ"

ဝမ်ဂူရှို့၏ မျက်လုံးများက တောက်ပသွားသည်။

"အလောင်းအစားလား"

ဝမ်ဂူကျီက ဝမ်ဂူချန်းချင်နှင့် ဝမ်ဂူရှို့တို့ကို သိချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။

ဤကိစ္စက ဖုံးကွယ်ထားရန် လိုအပ်သည့် လျှို့ဝှက်ချက် မဟုတ်သည်မို့ ဝမ်ဂူရှို့က လောင်ကြေးထပ်သည့်ကိစ္စအား လူတိုင်းကို အလျှင်အမြန် ရှင်းပြလိုက်သည်။

ရှောင်လုံ၏ အရိုးသက်တမ်းက ၂၅၈ နှစ်သာ ရှိပြီး နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ် အဆင့်မျှဖြင့် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့်တစ်ယောက် ကို အနိုင်ယူခဲ့ကြောင်း ကြားလိုက်ရချိန်၌ အခြား အကြီးအကဲ ဆယ်ယောက်၏ မိက်နှာများသည် အံ့သြမှင်သက်မှုများဖြင့် ပြည့်နှက်သွားကြသည်။

"အရိုးသက်တမ်း ၂၅၈ပဲ ရှိပြီး...နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့်လောက်နဲ့ မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တယ်...ဒီ အရည်အချင်း က ထိပ်ဆုံး ပါရမီရှင် ဆယ်ယောက်ကြားမှာတောင် မကောင်းဆိုးဝါးဆန်ဆန် ပါရမီမျိုးပဲကွ...ဒါပေမယ့် နတ်ဘုရားအဆင့် ကောင်လေးတစ်ယောက် က...အဆင့် ၆၇ မှာရှိတဲ့ ရှန်းမင်ကျီ ကို သတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့... ငါ မယုံနိုင်ဘူး...ဒါက ဖြစ်နိုင်စရာအကြောင်း မရှိဘူးလေ"

ဝမ်ဂူကျီက ပြောလိုက်ရင်း ခေါင်းယမ်းလိုက်လေသည်။

"အဲ့ဒီ ရှန်းမင်ကျီ က အဆင့် ၆၇ ထိ ရောက်နိုင်တယ် ဆိုကတည်းက...သူ့မှာ အနည်းဆုံး မဟာနတ်ဘုရားအဆင့် ၃ နောက်ပိုင်းအဆင့် ခွန်အားရှိနေတယ်ဆိုတာကို...သက်သေပြနေတယ်လေ...ထိပ်ဆုံး အယောက် ၂၀ ထဲက တပည့်တွေသာ သူ့ကို သတ်နိုင်စွမ်း ရှိလိမ့်မယ်...ဟောင်ရှောင်လုံ လို နတ်ဘုရားအဆင့် ကောင်လေးတစ်ယောက်က...ဘယ်လိုလုပ်ပြီး ထိပ်ဆုံး အယောက် ၂၀ ထဲက တပည့်တွေရဲ့ ခွန်အား နဲ့ ယှဥ်နိုင်မှာတဲ့လဲ...ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်တယ်...ရယ်စရာပဲ"

ဝမ်ဂူယွမ်ကလည်း ခေါင်းကို ယမ်းလိုက်ရင်း ထိုဖြစ်နိုင်ချေကို ပယ်ချလိုက်လေသည်။

"ဒီတော့...အဲ့ဒီကောင်လေးက... မင်းတို့ လောင်းကြေးထပ်ခဲ့တဲ့ ဟောင်ရှောင်လုံ မဖြစ်နိုင်လောက်ဘူး"

"ငါလည်း အဲ့လိုပဲ ထင်တယ်...သူတို့က နာမည်တူတာပဲ ဖြစ်ပါလိမ့်မယ်"

ဝမ်ဂူချန်းချင် က ခေါင်းညိတ်ပြလိုက်သည်။

ပြိုင်ပွဲဝင်တပည့်များ နာမည် တူနေခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အရာတစ်ခု ဖြစ်သည်။

ဖုယန်တို့အုပ်စုသည်လည်း ရှောင်လုံ၏ ကြီးကြီးမားမား အဆင့်ခုန်တက်သွားမှုကြီးကို မြင်လိုက်ကြရသည်။ ထို့ကြောင့် မိုးပြာရောင်နဂါးတက္ကသိုလ် မှ လူများလည်း မြင်ကြပေသည်။

ချင်ယီ သည် သူ့တပည့်အား ဟောင်ရှောင်လုံ သတ်ဖြတ်သွားကြောင်းကို ယုံကြည်ရန်အတွက် အလွန်တရာ ခက်ခဲနေပေသည်။ သို့သော်လည်း သတ်ဖြတ်သူမှာ ဟောင်ရှောင်လုံ ဖြစ်ရန် ၉၀ ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိကြောင်း မသိစိတ်က သူ့အား ပြောနေပေသည်။

ချင်ယီသည် ပူဆွေးမှုများဖြင့် ပြည့်နှက်နေပြီး သူ့၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲနေကာ ဖုယန်တို့အုပ်စုအား မုန်းတီးစွာ စိုက်ကြည့်လိုက်လေသည်။ သို့သော်လည်း သူက ဤနေရာ၌ စည်းလွတ်ဝါးလွတ် မပြုမူမိစေရန် သူ့ကိုယ်သူ ထိန်းချုပ်နိုင်လိုက်သည်။

ထာဝရကမ္ဘာကွင်းပြင်၌ တိုက်ခိုက်ခြင်းကို ခွင့်ပြုမထားသည့် စည်းမျဥ်းသာ မရှိထားခဲ့လျှင် သူသည် ဖုယန်ရှိရာသို့ လေအလျင်လိုပြေးဝင်သွားပြီး ဖုယန်အား တစ်စစီ ဆုတ်ဖြဲပစ်မိပေလိမ့်မည်။

ဖုယန်က ချင်ယီ၏ သတ်ဖြတ်လိုစိတ်ကို သတိမထားမိဟန်ဆောင်လိုက်ပြီး အဆင့်ဇယားပေါ်ရှိ ရှောင်လုံ၏ နာမည်ကို အံ့သြမှင်သက်မှုများ၊ ပျော်ရွှင်မှုများနှင့် စိတ်လှုပ်ရှားမှုများဖြင့် ကြည့်နေမိပေသည်။

ဤသည်မှာ သူ့၏ တပည့် ရှောင်လုံ ဖြစ်သည်လား။ သူသည် အိမ်မက်မက်ရင်း လမ်းလျှောက်နေမိသည့်နှယ် စိတ်ကူးယဥ်ဆန်ဆန် ခံစားချက်မျိုးကို ခံစားနေရပေသည်။ ရှောင်လုံက ထိပ်ဆုံး အယောက်တစ်ရာထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။ အစပိုင်းတွင် ရှောင်လုံ ထိပ်ဆုံး အယောက်တစ်ထောင် အတွင်း ရောက်ရှိခဲ့စဥ်က အလွန်တရာ ကံကောင်းမှုကြောင့် ဟု သူ ထင်ခဲ့မိသည်။

ထိုအချိန်၌ လျှပ်စီးနယ်မြေကမ္ဘာ၏ ချိုင့်ဝှမ်းတစ်ခုထဲတွင် ရှောင်လုံ သည် မြေပြင်ပေါ်ရှိ ရှန်းမင်ကျီ၏ အလောင်းကို ကြည့်ကာ လက်ညှိုးဖြင့် ညွှန်လိုက်လေသည်။ လိပ်နက်နတ်မီးတောက် အမျှင်တစ်ခုသည် ရှန်းမင်ကျီ၏ အလောင်းပေါ်သို့ ကျဆင်းသွားပြီး လောင်ကျွမ်းပြာချပစ်လိုက်သည်။

ရှောင်လုံ က ရှန်းမင်ကျီ၏ သိုလှောင်လက်စွပ် ၊ နတ်ဘုရားဦးခေါင်း နှင့် အထွတ်အမြတ်ကိုးရောင်ချယ် ပန်းပွင့်ကို သူ့၏ အဇူရာလက်စွပ်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် မိုးပြာရောင်နဂါးနတ်မီးတောက် ကို အာရုံစိုက်လိုက်သည်။

ရှန်းမင်ကျီ သေဆုံးသွားပြီးနောက် မိုးပြာရောင်နဂါးနတ်မီးတောက် သည် ပိုင်ရှင်ကင်းမဲ့သွားသည်။ ထို့ကြောင့် ရှောင်လုံက ၎င်းကို လိပ်နက်၊ ဟင်္သာပြဒါးငှက် နှင့် ကျားဖြူနတ်မီးတောက်တို့ဖြင့် ထောင်ဖမ်းရာ၌ လွယ်ကူသွားပေသည်။

သူက လက်ကို မြှောက်လိုက်ကာ အားကောင်းလှသော အင်အားဖြင့် နတ်မီးတောက် လေးမျိုးကို ကောင်းကင်ဘုံနတ်ဘုရား၏ အိမ်တော်ထဲသို့ ဆွဲယူလိုက်သည်။

"နောက်ဆုံးတော့...ငါ နတ်ဘုရားဦးခေါင်းကို ဖွဲ့စည်းပြီးတော့ မဟာနတ်ဘုရားအဆင့်ကို တက်ရောက်နိုင်သွားပြီ"

ရှောင်လုံ၏ အဓိကအိမ်တော်ထဲ၌ ခြေချိတ်ထိုင်လိုက်ရင်း နတ်မီးတောက် လေးမျိုးကို ကြည့်ကာ စိတ်လှုပ်ရှားနေမိပေသည်။

ရှောင်လုံက ဗဟိုအစီအရင်ကို အသက်သွင်းလိုက်ပြီး ကောင်းကင်ဘုံတောင်တန်းပေါ်ရှိ အစီအရင်များအားလုံးကို အသက်ဝင်စေလိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှုလိုက်ကာ နတ်မီးတောက် လေးမျိုးလုံးကို သူ့၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်လေသည်။

..…....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၆၀..... ထူးကဲမြင့်မြတ်လှသည့် ရတနာ တစ်ခု ထွက်ပေါ် လာခြင်း ဖြစ်သည်လား

ရှောင်လုံက နတ်မီးတောက် လေး မျိုးကို သူ့၏ ခန္ဓာကိုယ် ထဲသို့ စုပ်ယူလိုက်သည်နှင့် ပုန်းကွယ် နေသော ရတနာ နဂါး ပုံရိပ်ဖော် အစီအရင်သည် ထွက်ပေါ်လာပြီး မိုးပြာရောင် နဂါး နတ်မီး တောက် ဆီမှ အဆီ အနှစ် အင်အားကို ရူးသွပ်ဖွယ် အမြန်နှုန်းဖြင့် စုပ်ယူ လိုက်လေသည်။

မိုးပြာ ရောင် နဂါး နတ်မီးးတောက်၏ များပြား လှသော အဆီအနှစ်အင်အားသည် ရှောင်လုံ၏ ဒန်တျန် နှင့် ချီပင်လယ်ထဲတွင် မျက်တောင် တစ်ခတ် အတွင်း ပြည့် နှက်သွားပေသည်။

အရင် အချိန်များ ကဲ့သို့ ရှောင်လုံသည် သူ့၏ ဒန်တျန်ထဲရှိ အစစ်အမှန် အင်မော်တယ် အဆီအနှစ် အင်အားနှင့် သူ့၏ ချီ ပင်လယ် ထဲရှိ နတ်ဘုရား စစ် ပွဲ ချီတို့ကို ဖိနှိပ်လိုက်သော်လည်း ၄င်း တို့သည် အလျှင် အမြန် ပြန်လည် ပြည့် တင်းလာပေသည်။

ပြန်လည်ပြည့်တင်းလာသည်နှင့် သူ က ဖိနှိပ်ပစ်လိုက်သည်။ နောက်တစ်ကြိမ် ပြန်လည် ပြည့်တင်း လာချိန်၌လည်း ထပ်မံ ဖိနှိပ်လိုက်ပေသည်။

ရှောင်လုံသည် အကြိမ်ပေါင်း မရေ မတွက် နိုင်လောက်အောင် သူ့၏  အစစ်အမှန် အင်မော်် အဆီအနှစ်နှင့် နတ်ဘုရား စစ်ပွဲ ချီတို့ကို ဖိနိပ် သိပ်သည်း စေခဲ့ပေသည်။ သူ့၏ ဒန်တျန်နှင့် ချီပင်လယ် တို့က အကန့်အသတ်သို့ ရောက်ရှိ သွား ချိန်တွင် သူက စွမ်းအင်များကို ထပ်မံ သိပ်သည်းပစ်နိုင်စွမ်း မရှိတော့ပေ။ သူ့၏ ချီပင်လယ်က စတင် အက်ကွဲ လာပြီး သွေးရောင် မျဥ်းကြောင်းလေးများ ထွက်ပေါ်လာကာ စတင် ကျယ်ပြန့်လာပေသည်။

သူ့၏ ဒန်တျန်ထဲ၌မူ အစစ်အမှန်အင်မော်တယ် အဆီအနှစ် အင်အားသည် ကြမ်းတမ်းစွာ လှည့်ပတ်လာလေပြီး နေရာ အနှံ့ဆီသို့ ထိုးဖောက်နေသည့် ဆူးချွန်များ နှယ် အရူး အမူးကျယ်ပြန့်လာပေသည်။

တစ်ချိန်တည်းမှာပင် ရှောင်လုံ၏ စိတ်ဝိညာဉ် ပင်လယ်က တုနှိုင်း မမှီသော အလင်းရောင် ဖြာ ထွက်လာပြီး မျက်စိကျိန်းမတတ် တောက်ပလာပေသည်။ မိုးပြာရောင်နဂါး နတ်မီးတောက်ဆီမှ အစီအနှစ်သည် ရှောင်လုံ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ကို ပိုမို တိုးပွားလာစေပြီး ရှောင်လုံ၏ စိတ်ဝိညာဉ် ကြည်လင် သန်ရှင်းမှု အထွတ်အထိပ် အခြေ အနေသို့ ရောက်ရှိ သွားပေသည်။

အရာ အားလုံး ဖြစ်ပျက်နေသည့် အလယ် တွင် ရှောင်လုံ၏ စိတ်ဝိညာဉ်ပင်လယ်ထဲ၌ ကြီးမားလှသော လေ မုန်တိုင်းကြီးများ သည် တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပေသည်။ ဤသည်မှာ နတ်ဘုရားဦးခေါင်း တစ်ခု ဖွဲ့တည်လာတော့မည့် ပထမဆုံး လက္ခဏာရပ်ဖြစ်သည်။

ကောင်းကင်ဘုံ နတ်ဘုရား တောင်တန်း၏ အိမ်တော်ထဲ၌ ခြေ ချိတ် ထိုင်နေရင်း ရှောင်လုံသည်အဖြူရောင် အလင်းပင်လယ် ထဲ၌ နစ်မြုပ်နေပေသည်။ သူ့၏ ခန္ဓာကိုယ်ထဲမှ နဂါး ချီသည် ထွက်ပေါ်လာပြီး နဂါးပေါင်း အနန္တအသွင်ပြောင်းလဲသွားကာ ၄င်းတို့၏ မိုးကြိုး ပစ်သံနှယ် ဟိန်းဟောက်သံများသည် ကောင်းကင် ကို ပင် တုန်လှုပ်သွားစေပေသည်။

ရှောင်လုံ၏ ခန္ဓာကိုယ်က အကန့်အသတ်မဲ့စွာ ထူးခြားဆန်းကြယ်သော နဂါးအင်အားကို ထုတ်လွှတ်နေပေသည်။

ချက်ချင်းဆိုသလို ရွှေရောင်ဗုဒ္ဓ အလင်းသည် ရှောင်လုံ၏ စိတ်ဝိညာဉ်ပင်လယ်မှ စီးဆင်း ထွက်ပေါ်လာပြီး ကောင်းကင်ကို တောက်ပသွားစေပေသည်။ အိမ်တော်၏ အထက်တွင် ရွှေရောင် ဗုဒ္ဓ တပါးက တရား ရှုမှတ်နေသည့် အသွင်ဖြင့် ထွက်ပေါ်လာပြီး လေးနက် သိမ်မွေ့သော ဂါထာတစ်ခုကို ရွတ်ဖတ်နေပေသည်။ ဗုဒ္ဓစွမ်းအင်များသည် ဒီရေလှိုင်းများနှယ် အပြင်ဘက်ဆီသို့ လိပ်တက်သွားပေသည်။

နတ်နဂါး များနှင့် ရွှေရောင် ဗုဒ္ဓများ ထွက်ပေါ်လာပြီးနောက် နတ်ဆိုး ချီများ ပြေးထွက် လာလေပြီး အားကောင်းကာ လွှမ်းမိုး နိုင်စွမ်းရှိသော နတ်ဆိုးများသည် ငရဲပြည်၏ အုပ်စိုးသူများ သဖွယ် ထွက်ပေါ်လာပေသည်။

နဂါး အနန္တ ၊ မရေမတွက် နိုင်သော ဗုဒ္ဓများနှင့် မြောက်များစွာသော နတ်ဆိုးများသည် ကောင်းကင်ဘုံ တောင်တန်း၏ အထက် ကောင်းကင်ယံတွင် ထူးဆန်းသည့် ပုံရိပ်အသွင် ဖြစ်ပေါ်နေပေသည်။ မတူ ညီသည့် စွမ်းအင် အလင်းတန်း တစ်ခုသည် တစ်ခု နှင့်တစ်ခု ပေါင်းစပ်သွားကြလေသည်။

နတ်နဂါးများ ၊ ရွှေရောင် ဗုဒ္ဓများနှင့် နတ်ဆိုးများ ပိုမို ထွက်ပေါ်လာလေပြီး မတူညီသည့် အလင်းတန်းသုံးခုသည့် ပိုမို သိပ်သည်းကာ ကျယ်ပြန့်လာလေလေဖြစ်ပေသည်။ အချိန်တစ်ခဏအတွင်း ထို အလင်းတန်း များသည် ကောင်းကင်ဘုံ တောင်တန်း တစ်ခုလုံးကို ဖုံး အုပ်သွားပေသည်။ သိပ်မကြာခင် အလင်းတန်း ၃ ခုသည် ကောင်းကင်ဘုံ တောင်တန်း၏ နယ်နမိတ်ကို ကျော်လွန်သွားပြီး အစီအရင် အလွှာများကို ထိုးဖောက်ကာ ချိုင့်ဝှမ်း ကို ကျော်လွန်၍ ကောင်းကင်ယံဆီသို့ ထိုးတက်သွားပေသည်။

မရေမတွက်နိုင်သည့် နတ်နဂါးများ၊ ရွှေရောင်ဗုဒ္ဓများနှင့် ငရဲ နတ်ဆိုးများသည် ၃ရောင်ချယ် အလင်းပင်် လယ်ထဲတွင် ဆက်တိုက် ထွက်ပေါ်လာပေသည်။ သိသာထင်ရှားစွာ ထွက်ပေါ်လာသော အလင်းတန်း ၃ ခု ၏ တည်ရှိမှုကြောင့် ချိုင့်ဝှမ်းထဲမှ လျှပ်စီး စွမ်းအင်သည် မီတာ ၁၀ သန်းကျော် အတွင်း ၌ ပိုမို ကြမ်းတမ်း သိပ်သည်း လာပေသည်။ ထို့အပြင် လျှပ်စီး နယ်မြေကမ္ဘာ ၏ ဘုံ ကိုးဆင့် လျှပ်စီးသည် ချိုင့်ဝှမ်းဆီသို့ ရက်စက်ကြမ်းကြုတ်စွာ စုဝေးလာပေသည်။

အစောပိုင်းတွင် ချိုင့်ဝှမ်း၏ ပတ်ပတ်လည် မီတာ ၁၀ သန်းကျော်လောက်သာ ဖိအား သက်ရောက် ခံရပေသည်။ သို့သော် မကြာမှီပင် အလင်းတန်း၃ ခုသည် မီတာ သန်းတစ်ရာ ၊ မီတာ သန်း၂၀၀၊ မီတာ သန်း၃၀၀ အထိ ကျယ်ပြန့်သွားပေသည်။

အလင်းတန်း၃ ခုသည် ချိုင့် ဝှမ်းဆီမှ မီတာ သန်း၅၀၀၀ အကွာသို့ ရောက်ရှိ သွား ချိန်တွင် များပြားလှသော တပည့်များ၏ အာရုံကို ဆွဲဆောင်မိသွားကာ တုန်လှုပ်သွား စေပေသည်။

" ဒါက ဘာပါလိမ့်...ဒီချိုင့်ဝှမ်း၏ လျှပ်စီး စွမ်းအင်က ဘယ်လို လုပ်ပြီး ဒီလောက်ထိ သိပ်သည်းလာရ တာလဲ... ပြီးတော့ လျှပ်စီး စွမ်းအင် ကလည်း ချိုင့်ဝှမ်း၏ အထက်မှာ စုဝေးနေတယ်"

ချိုင့်ဝှမ်းနှင့် သိပ်မဝေးသည့် နေရာရှိ ဝမ်ဂူကလန် တပည့်တစ်ယောက်သည် အံ့အား သင့်စွာ ပြောလိုက်လေသည်။

" အရမ်းကို တောက်ပတဲ့ အလင်းတန်း ၃ခု...နတ်နဂါးတွေ၊ ရွှေရောင်ဗုဒ္ဓ တွေနဲ့ ငရဲနတ်ဆိုး တွေက တစ်ချိန်တည်း ထွက်ပေါ်လာကြတယ်"

ထို အချိန်၌ နောက် ထပ် ဝမ်ဂူကလန် တပည့်တစ်ယောက် ထွက်ပေါ်လာပြီး လေထု အလယ်၌ ရပ်တန့်ကာ အားကောင်း လှသည့် နတ်ဘုရား အင်အားကို ထုတ်ဖော်လာပေသည်။

" ဒါက... ထူးကဲ မြင့်မြတ်တဲ့ ရတနာ တစ်ခု ထွက်ပေါ်လာတာများလား"

ထို နေရာ၌ ရှိနေကြသော ဝမ်ဂူ ကလန် တပည့်များသည် အသံရှင်ကို မြင်လိုက်ကြချိန်တွင် ရိုသေလေးစားစွာဖြင့် ဦးညွှတ် နှုတ်ဆက်လိုက်ကြလေသည်။

"အစ်ကို ကြီး ယန်ဟွေ့..."

အသစ်ရောက်ရှိ လာသော သူသည် အခြား သူ အဟုတ်ဘဲ ဝမ်ဂူကလန် ၏ အကြီးမြတ်ဆုံး ပါရမီရှင် ဝမ်ဂူယန်ဟွေ့ ဖြစ်ပေသည်။

" ထူးကဲမြင့်မြတ်တဲ့ ရတနာလား ...မဟုတ်လောက်ပါဘူးကွာ"

ဝမ်ဂူယန်ဟွေ့ ၏ မေး ခွန်းကို အသံတစ်ခုက ဖြေကြားလိုက်လေသည်။

" အစ်ကိုကြီး မုချီ"

ပတ်ပတ်လည်ရှိ မုကလန်တပည့်များ သည် ထိုသူကို မြင်လိုက်ချိန်တွင် ပျော်ရွှင် ဝမ်းမြောက်စွာ နုတ်တက်လိုက်လေသည်။ ထို ရောက်ရှိ လာသူသည် အဆင့်ဇယားပေါ်တွင် လက်ရှိ အဆင့် ၄ ဖြစ်သော မုချီ ဖြစ်ပေသည်။

ချိုင့်ဝှမ်း ပတ်ပတ်လည်ရှိ ဖြစ်စဥ်များသည် ရက်အနည်းငယ် ကြာသည်အထိ ဆက်လက်ဖြစ်ပွားနေပြီး ထိုသတင်းက ပျံနှံ့သွားလေကာ တပည့်ပေါင်းများစွာကို ဆွဲဆောင် မိသွားလေသည်။ ထို့ကြောင့် တပည့်ပေါင်း များစွာသည် ချိုင့်ဝှမ်း ရှိရာသို့ ရောက်ရှိ လာကြပြီး ဝမ်ဂူယန်ဟွေ့ နှင့် မုချီကဲ့သို့သောထိပ်ဆုံး ၁၀ ယောက်ထဲမှ တပည့်များသည်ပင် ရောက်ရှိလာကြပေသည်။

"ဒါက ...ထူးကဲမြင့်မြတ်တဲ့ ရတနာ ဟုတ်သည် ဖြစ်စေ...မဟုတ်သည်ဖြစ်စေ...ငါတို့ ချိုင့်ဝှမ်း ထဲကို သွားပြီး တစ်ချက်လောက် သွားကြည့်သင့်တယ်"

ဝမ်ဂူယန်ဟွေ့ က တိကျ လေးနက်သည့် အသံဖြင့် ပြောလိုက်လေသည်။

ထို့နောက်သူက ဖျက်ခနဲ ပျောက်ကွယ်သွားလေပြီး လေထုကို ထိုးခွင်းသွားသည့် မြား တစ်စင်းနှယ် ချိုင့်ဝှမ်း ထဲသို့ ဦးတည် ပျံသန်းလိုက်သည်။ စက္ကန့်ပိုင်းအတွင်း ဝမ်ဂူယန်ဟွေ့ သည် ကြမ်းတမ်းရက်စက်သော လျှပ်စီး စွမ်းအင် အလွှာများကို ချိုးဖျက်သွားလေပြီး ကောင်းကင်ဘုံ တောင်တန်းဆီသို့ တဖြည်းဖြည်း နီးကပ်သွားလေသည်။

ဤသည်ကို ကြည်ရင်း မုချီသည်လည်း ရှေ့သို့ ပျံသန်းသွားလေသည်။

သူတို့ ရပ်နေသည့် နေရာ၏ ပတ်ပတ်လည်တွင် တပည့်များစွာလည်း ရှိနေပေသည်။ သူတို့က ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ရန် ကြိုးစား ခဲ့ကြသေးသော်လည်း ဝင်ရောက်သွားပြီး ခဏအကြာ၌ သူတို့ထဲမှ အများစုကို ဒဏ်ရာ ရရှိသွားစေပြီး သူတို့ကို ဝမ်းနည်းဖွယ်ရာ အခြေ အနေသို့ ရောက်ရှိသွားပေသည်။

" ဝမ်ဂူယန်ဟွေ့ နဲ့ မုချီတို့က... ချိုင့်ဝှမ်း ရဲ့ အနက်ရှိုင်းဆုံးနေရာကို ရောက်ရှိသွားနိုင်မှာတဲ့လား"

ကျိုးကလန်မှ တပည့်ပေါင်းများစွာက တီးတိုး ပြောဆိုကြလေသည်။

သူတို့ ပြောနေကြသည်ကို ဝမ်ဂူကလန် တပည့်တစ််ယောက်က ကြားလိုက်ချိန်တွင် အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

" မင်းတို့မှာတောင် ချိုင့်ဝှမ်း ထဲကို ဝင်သွားနိုင်စွမ်း မရှိဘဲနဲ့... ဒီတော့  မင်းတို့တွေက ဘယ်လို လုပ်ပြီး ငါတို့အစ်ကို ကြီး ယန်ဟွေ့နဲ့ ယှဥ်ပြိုင်နိုင်မှာတဲ့လဲ...ငါတို့ အစ်ကိုကြီး ယန်ဟွေ့ရဲ့ စွမ်းအင် နဲ့သာဆိုရင်... သူက သေချာပေါက် ချိုင့်ဝှမ်းရဲ့ အနက်ရှိုင်းဆုံး နေရာထိ ရောက်ရှိ သွားနိုင်လိမ့်မယ်"

"ငါတို့ အစ်ကိုကြိး မုချီကလည်း... အနက်ရှိူင်းဆုံးနေရာထိ ဝင်ရောက်နိုင်စွမ်းရှိလိမ့်မယ်"

မုကလန်တပည့်များကလည်း လည်း ဝင်ရောက်ပြောဆို လိုက်ကြလေသည်။

တစ်မိနစ်၊ နှစ်မိနစ်၊ မိနစ် ၂၀ တို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားပေသည်။

အပြင်ဘက်၌ တပည့် အုပ်စုကြီး စောင့်ဆိုင်းနေကြချိန်တွင် ဝမ်ဂူယန်ဟွေ့ နှင့် မုချီတို့၏ ပုံရိပ်နှစ်ခုသည် အလျင် အမြန်ပျံသန်းလာသည်ကို မြင်လိုက်ကြရသည်။ သူတို့၏ နတ်ဘုရား ချပ်ဝတ်များပေါ်တွင် ကုတ်ခြစ်ရာများနှင့် ချိုင့်ခွက်များ ရှိနေ လေပြီး သူတို့၏ မျက်နှာထက်တွင် ဖုန်မှုန့်များဖြင့် ပေကျံနေပေသည်။ ဝမ်ဂူယန်ဟွေ့ နှင့် မုချီတို့၏ ဆိုးရွားလှသော အခြေ အနေသည် သူတို့ ထက် အရင် ဝင်ရောက်သွားကြသော အခြား တပည့်များ ထက် သာ လွန်နေခြင်း မရှိပေ။

သူတို့ဆီသို့ ရောက်ရှိလာသော အကြည့်ပေါင်းများစွာကို အာရုံ ခံလိုက်ရချိန်တွင် ဝမ်ဂူယန်ဟွေ့ နှင့် မုချီတို့သည် ရှက်ရွံ့သွားသလို ခံစားလိုက်ကြသည်။

ထို အကြည့်များကို လျစ်လျူရှုကာ ဝမ်ဂူ ယန်ဟွေ့ နှင့် မုချီတို့သည် သူတို့ကလန်၏ တပည့်များကို ဦးဆောင်ကာ ထွက်ခွာ သွားကြလေသည်။

ကျန်ရှိ နေသည့် တပည့်များသည် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြလေသည်။ ဝမ်ဂူယန်ဟွေ့ နှင့် မုချီတို့၏ ထူးဆန်းလှသော အပြု အမူကိုကား ထင်မြင်ချက် အချို့ကို ပြောဆို လာကြသည်။

...

ကောင်းကင်ဘုံတောင်တန်းဆီမှ အလင်းတန်း သုံးခုသည် ရှောင်လုံ၏ ခန္ဓာကိုယ် ဆီမှ ဆက်လက် ထွက်ပေါ်နေဆဲဖစ်သည်။ ထို အလင်းများထဲ၌ ပါဝင်နေသော စွမ်းအင်များသည် အလွန်တရာ ပေါများကြွယ်ဝလှပြီး သူ့၏ အသွေး အသားများကို ေပါက်ပြဲသွားစေကာ သွေးများ ယိုစီး ကျလာလေသည်။

သို့သော်လည်း နတ်မီးတောက် ၄ မျိုး၏ အစီအနှစ်က ထောက်ပံ့နေသောကြောင့် ရှောင်လုံ၏ ဒဏ်ရာများသည် အလျှင်အမြန်ကောင်းမွန်သွားပေသည်။

ဤဖြစ်စဥ်က ထပ်တလဲလဲ ဖြစ်ပွားနေပေသည်။

ရှောင်လုံက ထိုဖြစ်စဥ်ကို ဆက်တိုက်ကြုံတွေ့နေရပြီး သူ့၏ ဦးခေါင်း အထက်တွင် ရေဝဲ ကတော့ တစ်ခု ဖြစ်တည်လာပြီး အလွန်တရာကြီးမား ကျယ်ပြန့်သည့် အရွယ်အစားသို့ ရောက်ရှိသွားလေသည်။ ထို ရေဝဲကတော့က လျှပ်စီး နယ်မြေကမ္ဘာ၏ အသန့်စင်ဆုံး လျှပ်စီး စွမ်းအင်ကို စုပ်ယူကာ ရှောင်လုံ၏ အသစ်ဖြစ်တည်လာသော ခန္ဓာကိုယ်ကို အင်အား ဖြည်တင်း ပေးနေပေသည်။

ချိုင့်ဝှမ်း၏ အထက်တွင် များပြားလှစွာသော လျှပ်စီး စွမ်းအင်များသည် လျှပ်စီး နဂါး အုပ်ကြီး သဖွယ် ပြောင်းလဲသွားပြီး ကြောက်မက် ဖွယ်ရာ ဖျက်ဆီးမှု စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ မီတာ သန်း ငါးထောင် အကွာ
အဝေး ဆီမှ တပည့် များသည် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစား လိုက်ရပေသည်။

ထို့နောက် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအင် ဖြာထွက်မှု လှိုင်းများသည် ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာမှ အားပြင်းသည့် လှိုင်းလုံးများနှယ် တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပေသည်။

ထိုကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်း ဖြာထွက် လာ ချိန်တွင် ချိုင့်ဝှမ်း၏ ပတ်ပတ်လည်နေရာ ဆီသို့ လျှပ်စီး လှိုင်းများ ဖြာထွက်လာပေသည်။ အချို့နှေးကွေး လွန်းသည့် တပည့်များသည် လျှပ်စီး တန်းများဖြင့် ထိမှန်ခံလိုက်ကြရသည်။

ရှောင်လုံ၏ စိတ်ဝိညာဉ် ပင်လယ် အထက်ရှိ အလင်းတန်း ၃ ခုသည် ဆက်လက် သိပ်သည်းနေသော်လည်း တစ်ချိန်တည်းမှာပင် ပိုမို ကြီးထွား လာကြပေသည်။ အချိန်နှင့် နေရာလွတ် ကြိုးမျှင်များသည် အလင်းတန်း တစ်ခုချင်းစီတိုင်းတွင် စတင်ဖြစ် တည်လာကြပေသည်။

တစ်ရက် ၊ ၁၀ ရက်၊ ၁ လ ၊ ၂ လ အထိ ကြာမြင့်သွားပေသည်။

ယခု အခါတွင် အလင်းတန်း ၃ ခု၏ ဗဟို နေရာသည် မီတာ ၅၀၀၀ အထိ ကျယ်ပြန့်သွားပြီဖြစ်သော်လည်း ဆက်လက်ကျယ်ပြန့်နေဆဲဖြစ်ပေသည်။ ထို အလင်းတန်းများကြားတွင် တစ်စုံတစ်ခုသည် သန္ဓေသားတစ်ခုနှယ် ဖြစ်တည်နေပြီး နှလုံးပမာ ခုန်လှုပ်မှု တိုင်းသည် လျှပ်စီး ရိုက်ခတ်မှုများနှင့် တူညီကာ ချိုင့် ဝှမ်း တစ်ခုလုံးကို လှုပ်ခါ သွားစေနိုင်သည်။

ချိုင့်ဝှမ်း၏ အပြင်ဘက်ဆီမှ ကြည့်ရှု နေကြသူများ အနက် အားနည်းလှသော တပည့်များသည် သွေး အန်လိုက်ကြရပြီး သူတို့၏ စိတ်အခြေအနေ ကိုပါ များ စွာ အကျိုးသက်ရောက် သွားစေသည်။ လူတိုင်း၏ မျက်နှာ များက ဖြူဖျော့သွားကြလေပြီး ကြောက်လန့်မှုများဖြင့် နောက်သို့ ဆုတ်ခွာသွားကြလေသည်။ ထို အခါ မှသာ သူတိူ့သည် ဝမ်ဂူ ယန်ဟွေ့ နှင့် မုချီတို့ သူတို့၏ ကလန် တပည့်များကို အဘယ်ကြောင့် ဤ နေရာမှ ခေါ်ဆောင်သွားရသည် ကို နားလည်သွားကြ လေသည်။

ဤသည်မှာ ထူးကဲမြင့်မြတ်လှသော ရတနာ တစ်ခု မွေးဖွား လာတော့မည့် ပုံစံနှင့် မတူညီပေ။ ထို ချိုင့်ဝှမ်းသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကို သံကြိုးခတ်ထားသည့် နေရာနှင့်သာ ပိုတူပေသည်။

Continue Reading

You'll Also Like

78.9K 1.9K 56
Y/n and Luz are best friends who have gone through thick and thin. But this time, they will go through thicker and thinner. They are both considered...
31.1K 1.2K 22
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
13.2K 255 9
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...
21K 441 42
What If Chloe lukasiak has a twin sister who is the favorite?