ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

836 - 840

174 12 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၃၆..... အံ့အားသင့်ဖွယ် ဆုလာဘ်များ

ရှောင်လုံ သည်သာ မက လျှိုယွင်၊ ချန်းယန်နှင့် ချီဝမ်တို့သည်လည်း အံ့အားသင့်သွားကြလေသည်။ ဤသည်မှာ သူတို့အနေဖြင့် ထိုသတင်းကို ကြားသိလိုက်ရလေခြင်းဖြစ်ပေသည်။

ဖုယန်က ဆက်ပြောလိုက်လေသည်။

"ဆရာလည်း အကြောင်း အရင်း ကို သေသေချာချာ မသိဘူး...ဒါပေမယ့် နတ်ဘုံကမ္ဘာထဲက မဟာပုဂ္ဂိုလ်တစ်ယောက်က ရုတ်တရက် အမိန့် ချလိုက် တာလို့ ဆရာထင်တယ်...အဲ့ဒီ ပုဂ္ဂလိက ဒီလိုလုပ်ရတဲ့ အကြောင်း အရင်းကိုတော့... ဆရာလည်း သေချာ မသိဘူးလေ"

ရှောင်လုံ ၏ မျက်လုံး များက တောက်ပသွားလေသည်။

' နတ်ဘုံကမ္ဘာရဲ့ မဟာ ပုဂ္ဂိုလ် တစ်ယောက်တဲ့လား'

သောင်းပေါင်းများစွာသော အောက်ဘုံကမ္ဘာ ကြယ်စင်စု များအားမဟာ နတ်ဘုရား အဆင့် သိုင်းပြိုင်ပွဲ တစ်ခုထဲတွင် ဝင်ရောက်ယှဥ်ပြိုင်စေရန် အမိန့်ပေးနိုင်စွမ်း ရှိသူသည် ထိုပုဂ္ဂိုလ်၏ မြင့်မားလှသော အဆင့်အတန်းကို ပြနေပေသည်။

ကြယ်စင်စု လေးစုကို ဗီယန်ကျင်း နတ်ဘုံကမ္ဘာ ကြီးက အုပ်ချုပ်ခြင်းဖြစ်ပြီး ထို အောက်ဘုံကမ္ဘာ ရှိ ကြယ်စင်စု ပေါင်း တစ်သိန်းသည် လည်း နတ်ဘုံကမ္ဘာ၏ ပိုင်နက်ထဲတွင် အနည်းဆုံး ကြယ်စင်စု တစ်ထောင်ကျော် သည်လည်း ပါဝင်ပေသည်။ ထိုပုဂ္ဂိုလ်၏ နောက်ခံနှင့် အဆင့်အတန်းသည် ရှောင်လုံ ခန့်မှန်းနိုင်သည်ထက် ကျော်လွန်နေပေသည်။

အချိန်တစ်ခဏအတွင်း ရှောင်လုံသည် သူ့၏ စိတ်ထဲရှိ တုန်လှုပ် အံ့အားသင့် မှုကို ဖိနှိပ်လိုက်လေပြီး ဖုယန်အားမေးမြန်းလိုက်လေသည်။

"ဆရာ...ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ အတွက် စည်းမျဥ်းတွေကရော ဘယ်လို ဖြစ်သွားပြီလဲ"

ဖုယန်က ရှင်းပြလိုက်လေသည်။

"ဒီတစ်ခေါက် ပြိုင်ပွဲ ရဲ့ စည်းမျဥ်းတွေက အရင်နဲ့ မတူတော့ဘူး...အရင်ကဆိုရင် ပြိုင်ပွဲ ဝင်တွေက နှစ်ကြိမ် ဝင်မပြိုင်ရသေးသ၍...ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရတယ်...ဒါပေမယ့် ဒီတစ်ခေါက်ပြိုင်ပွဲမှာတော့ မဖြစ်မနေလိုက်နာရမယ့် အခြေအနေတစ်ခု ရှိလာပြီ... အရိုးသက်တမ်းက နှစ် ၂ ထောင်ထက် မကျော်လွန်ရဘူး...ပြီးတော့ အနည်းဆုံး နတ်ဘုရားအဆင့် ၉ ကျင့်ကြံ မှုရှိရမယ်"

"အရိုးသက်တန်း ၂ ထောင်အောက်တဲ့လား"

ရှောင်လုံ ၊ လျှိုယွင်နှင့် ကျန်သူများသည် အံ့အား သင့်စွာ တစ်ပြိုင်တည်း ရေရွတ်လိုက်မိကြသည်။

ဖုယန်၏ နက်ရှိုင်းလှသော အကြည့်က လျှိုယွင် နှင့် ချန်းယန်တို့ ကို ဖြတ်သန်းသွားပြီး ခေါင်းညိတ်လိုက်လေသည်။

"ဒါက အမှန်ပဲ"

လျှိုယွင် နှင့် ချန်ယန်တို့သည် ဝမ်းနည်းပက်လက်ဖြစ်သွားကြလေသည်။ စည်းမျဥ်း အရဆိုလျှင် သူတို့နှစ်ယောက် သည် ဤတစ်ကြိမ်ကျင်းပမည့် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရှိတော့မည်မဟုတ်ပေ။

ဖုယန်က သူ့တပည့်နှစ်ယောက်၏ အမူအယာများကို ကြည့်ရင်း နှစ်သိမ့်လိုက်လေသည်။

"ဒီတစ်ခေါက်ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်မရတာက ဆိုးတဲ့ အရာတော့ မဟုတ်ပါဘူး ...ဒီတစ်ခေါက် ပြိုင်ပွဲ ကျင်းပမယ့် နေရာက အောက်ဘုံကမ္ဘာမဟုတ်ဘဲ နတ်ဘုံကမ္ဘာမှာ ကျင်းပမှာ လေ"

"နတ်ဘုံကမ္ဘာမှာလား"

ဖုယန်၏ တပည့် လေးယောက်လုံးသည် အော်ဟစ်မိလုနီးပါး ဖြစ်သွားကြလေသည်။

ပြိုင်ပွဲကျင်းပမည့်နေရာသည် နတ်ဘုံကမ္ဘာ ဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့မိကြပေ။

ဖုယန်က ခေါင်းညိတ်လိုက်လေသည်။

"အမှန်ပဲ...ပြိုင်ပွဲကို လျှပ်စီးနယ်မြေလို့ခေါ်တဲ့ နတ်ဘုံကမ္ဘာ တစ်ခုမှာ ကျင်းပလိမ့်မယ်...အဲ့ဒီ လျှပ်စီး နယ်မြေ နတ်ဘုံကမ္ဘာ ရဲ့ နေရာ အနှံ့မှာ နတ်လျှပ်စီးတွေနဲ့ ပြည့်နှက်နေတယ်... ဒါကြောင့်မလို့ ခဏလောက် သတိလွတ်သွားတာနဲ့ နတ်လျှပ်စီး ထိမှန်ပြီး သေဆုံးသွားရလိမ့်မယ်...ဒါတင်မကသေးဘူး အားကောင်းလှတဲ့ လျှပ်စီးသားရဲတွေလည်း အများကြီး ရှိသေးတယ်...အားအနည်းဆုံး သားရဲတွေက အဆင့်မြင့်နတ်ဘုရားအဆင့် ခွန်အား ကို ပိုင်ဆိုင် ထားပြီးတော့.. အသန်မာဆုံး လျှပ်စီးသားရဲ ဆိုရင် မဟာနတ်ဘုရားအဆင့် ၃ ဒါမှ မဟုတ် အဆင့်၄ တောင် ရှိနေနိုင်သေးတယ်"

"မဟာနတ်ဘုရားအဆင့် ၃နဲ့ အဆင့်၄ လျှပ်စီးသားရဲတွေလား"

လျှိုယွင် ၊ ချန်းယန်နှင့် ချီဝမ်တို့သည် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြပြီး ရှောင်လုံသည်ပင် လေးနက်သည့် အမူ အရာဖြစ်သွားပေသည်။

ဖုယန်က ဆက်ပြောလိုက်လေသည်။

"ဒီတစ်ခေါက် ပြိုင်ပွဲ က... အရင် ပြိုင်ပွဲ တွေထက် အဆပေါင်း ထောင်သောင်းမက အန္တရာယ်များလိမ့်မယ်...မဟာနတ်ဘုရားအဆင့် အောက် သိုင်းပညာရှင် တွေ သေးဆုံးနှုန်းကလည်း ၆၀ ကနေ ၇၀ ရာခိုင်နှုန်း ထိ ရှိလိမ့်မယ်...မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် တွေ တောင်မှ ၁၀ကနေ ၂၀ ရာခိုင်နှုန်း အထိ ကျရှုံးကြလိမ့်မယ်...ဒါကငါ့ရဲ့ ခန့်မှန်း ချက် သက်သက် ပါပဲ...တကယ်တမ်း သေဆုံးမှု နှုန်းက ဒီထက်တောင်ပိုပြီး မြင့်မားနိုင်သေးတယ်...ဒါကြောင့် လုံလောက်တဲ့ ခွန်အား မရှိဘဲ ပြိုင်ပွဲ ဝင်မယ်ဆိုရင် ကောင်းတဲ့ ကိစ္စ ဖြစ်လာမှာ မဟုတ်ဘူး "

လျှိုယွင် ၊ ချန်းယန်နှင့် ချီဝမ်တို့သည် တိတ်တဆိတ် မျက်လွှာချလိုက်ကြလေသည်။ဤကဲ့သို့ ဆိုပါက သူတို့၏ ဆရာပြောသကဲ့သို့ပင် ပြိုင်ပွဲ သို့ ဝင်ရောက် ယှဥ်ပြိုင်ခြင်း မပြုနိုင်သည်မှာ မကောင်းသည့် အရာတစ်ခု မဟုတ်တော့ပေ။

သူတို့၏ ခွန်အား ဖြင့် ဆိုလျှင် သူတို့၏ အသက်ကို ဆုံးရှုံးသွားရနိုင်ချေ မြင့်မားပေသည်။

"ဆရာ...ဆုတွေကရော... ဆုလာဘ်တွေက ဘာတွေလဲ"

ရှောင်လုံ က မေးမြန်းလိုက်လေသည်။

ဖုယန်က ပြောလိုက်လေသည်။

" ထိပ်ဆုံး တစ်ထောင်စာရင်းထဲ ဝင်ရောက်နိုင်တဲ့ ပြိုင်ပွဲ ဝင်တွေက အရမ်းကို ကောင်းမွန်တဲ့ ဆု တွေ ရရှိလိမ့်မယ်..အထူးသဖြင့် ထိပ်ဆုံး တစ်ရာအတွက် ဆုလာဘ်တွေ ဆိုရင် တကယ့်ကို တုန်လှုပ် စရာပဲ...ထိပ်ဆုံး တစ်ရာအတွင်း အဆင့်ဝင်တဲ့ ပြိုင်ပွဲ ဝင်တွေအတွက်... သူတို့ တစ်ယောက်ချင်းစီကို အင်မော်တယ် အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀၀၊ နတ်ဘုံကမ္ဘာ ရဲ့ ကောင်းကင်ဘုံ နတ်ဘုရားတွေ သန့်စင်ဖော်စပ်ထားတဲ့ ကောင်းကင်ဘုံ နတ်ဘုရားဆေးလုံး ၁၀၀နဲ့... နတ်ဘုရား အင်အားကို အသုံးပြုပြီး အဟာရ ဖြည့်ပေးထားတဲ့ အလုံးစုံ စိတ်ဝိညာဉ် နတ်ဘုရား သစ်သီး တစ်ရာစီ ပေးအပ်သွားလိမ့်မယ်...ဒါ့အပြင်... ထိပ်ဆုံး အယောက် ၃၀ ၊ထိပ်ဆုံး ၁၀ ယောက် ၊ ထိပ်ဆုံး ၃ယောက်နှင့် ပထမ နေရာအတွက်ဆိုရင်...ဒီထက်တောင် ပိုတဲ့ ဆုလာဘ် တွေ ပြင်ဆင် ပေးထားလိမ့်မယ်"

လျှိုယွင် နှင့် ကျန်သူများသည် တုန်လှုပ်အံ့အားသင့် မှုကြောင့် မျက်လုံး များ ပြူးကျယ် သွားကြလေသည်။

အင်မော်တယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်ရာ...။

ကောင်းကင်ဘုံနတ်ဘုရားအဆင့် သိုင်းပညာရှင်များ သန့်စင် ဖော်စပ်ထားသော ကောင်းကင်ဘုံ နတ်ဘုရား ဆေးလုံး ၁၀၀.. ။

နတ်ဘုံကမ္ဘာ၏ အလုံးစုံ စိတ်ဝိညာဉ် နတ်ဘုရား သစ်သီး၁၀၀..။

မည်သည့် ပစ္စည်း မဆို အောက်ဘုံနယ််ရှိ အင်အားကြီး မိသားစုများနှင့် အင်အားစု များကို ရူးသွပ် သွားစေရန် လုံလောက်ပေသည်။

ထိုမျှသာမက ထိပ်ဆုံးအယောက် ၃၀၊ ထိပ်ဆုံး ၁၀ ယောက်  ၊ ထိပ်ဆုံး ၃ ယောက် နှင့် ပထမနေရာ တို့အတွက် ဆိုလျှင် ပိုမို ကောင်းမွန်သည့်ဆုလာဘ်များ ရှိနေပေသေးသည်။

ရှောင်လုံသည်ပင် သူ့၏ မျက်လုံးထဲရှိ လိုချင်တပ်မက်မှုကိုထိမ်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။

ဖုယန်က ဆက်ပြောလိုက်လေသည်။

"ဆရာပြောတဲ့ ဆုတွေအပြင်... ထိပ်ဆုံးအယောက် ၃၀ ထဲကို ဝင်တဲ့ ပြိုင်ပွဲ ဝင်တွေက အဆင့်မြင့် နတ်ဘုရားအဆင့် ကျင့်ကြံ ခြင်း နည်းစနစ် တစ်ခုကို ရရှိကြလိမ့်မယ်...ထိပ်ဆုံး ၁၀ ယောက် ကတော့ အဆင့်မြင့်နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခု အပြင် တံဆိပ်ပြား တခုကိုပါ လက်ခံ ရရှိလိမ့်မယ် ...ဒီတံဆိပ်ပြားနဲ့တိုရင်...နတ်ဘုံကမ္ဘာ ကို တက်လှမ်းသွားတာနဲ့ နတ်ဘုံကမ္ဘာ ရဲ့ ဘယ်အင်အားကြီး ဂိုဏ်းကိုမဆို ဝင်ရောက်လို့ ရသွားလိမ့်မယ်"

အဆင့်မြင့်နတ်ဘုရား အဆင့် ကျင့်ကြံခြင်း နည်းစနစ် အကြောင်း ပြောချိန်တွင် ဖုယန်သည်ပင် တည့်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။

မိသားစု တစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုအတွက် အရေးပါဆုံး အရာသည် သူတို့၏ အမွေ အနစ်ဖြစ်သည်။ ထို့ကြောင့် မိသားစု တိုင်း ဂိုဏ်းတိုင်းအတွက် ကျင့်ကြံခြင်း နည်းစနစ်တစ်ခု၏ အဆင့် အတန်းနှင့် ဂိုဏ်းများသည် အရေးပါဆုံး အချက်များဖြစ်သည်။ နတ်ဘုံကမ္ဘာ ဆီမှ အဆင့်နိမ့် နည်းစနစ်တစ်ခုသည်ပင် အောက်ဘုံ နယ်ပယ်၏ အသန်မာဆုံး နည်းစနစ်များထက် ပိုမိုအားကောင်းလှပေသည်။ အဆင့်မြင့်နတ်ဘုရားအဆင့် ကျင့်ကြံ မှု နည်းစနစ်ဆိုလျှင် မည်မျှ အစွမ်းထက်လိမ့်မည်နည်း။

ထို့ကြောင့် အရင်က ဆုလာဘ်များနဲ့ နှိုင်းယှဥ် လျှင် အဆင့်မြင့်နတ်ဘုရားအဆင့် ကျင့်ကြံမှု နည်းစနစ်သည် အောက်ဘုံ ကမ္ဘာရှိ မိသားစု များနှင့် ဂိုဏ်း များကို ပိုမို ဆွဲဆောင် နိုင်စွမ်း ရှိပေသည်။

ထိပ်ဆုံး ၁၀ ယောက်ဖြစ်သည့် ပြိုင်ပွဲ ဝင်များသည်ပင် နတ်ဘုံကမ္ဘာသို့ တတ်လှမ်းပြီး နောက်တွင် မည်သည့် အင်အားကြီး အင်အားစု ကို မဆို ဝင်ရောက် နိုင်စွမ်းရှိသည့် တံဆိပ်ပြားတစ်ခုအား ရရှိမည်ဖြစ်သည်။နတ်ဘုံကမ္ဘာထဲရှိ ပါရမီ ရှင်များ သည် သန်းအနည်းငယ်ကို ကျော်လွန်ကာ တစ်ယောက် ချင်းစီတိုင်းသည် အင်အားကြီး ဂိုဏ်း တစ်ခုကို ဆက်သွယ်ဝင်ရောက်ရန် အတွေးရှိထားကြပြီဖြစ်သည်။ ကံမကောင်းစွာဖြင့် ထိုဂိုဏ်းများ၏ တပည့်လက်ခံသည့် အခြေအနေမှာ အလွန်တရာ စည်းကမ်း တင်းကြပ်လှပေသည်။ ထို့ကြောင့် အလွန်တရာ အရည်အချင်းရှိလှသည့် မကောင်းဆိုးဝါး ဆန်သော ပါရမီ ရှင်များသည်သာ ရွေးချယ် ခံရပေသည်။

ထို တံဆိပ် ပြားသည် အောက်ဘုံ နယ်ပယ်ရှိ သူများအတွက် မည်မျှ အရေးကြီးလှသည်ကို မြင်ယောင်ကြည့်၍ ရနိုင်ပေသည်။

ဖုယန်က သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်လေပြီး ဆက်ပြောလိုက်လေသည်။

"ထိပ်ဆုံး ၃ ယောက်ကတော့ အထွတ် အထိပ် နတ်ဘုရား သားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ လျှပ်စီး သားရဲ ဥ တစ်ဥစီ ရလိမ့်မယ်...ပြီးတော့ ပထမနေရာ ရတဲ့သူက ကောင်းကင်ဘုံနတ်ဘုရားရဲ့ နတ်ဘုရားဦး ခေါင်းတစ်ခုကို ဆုလာဘ် အဖြစ် ရရှိလိမ့်မယ်...နတ်ဘုရားဦးခေါင်း၏ အဆင့်ကို ထုတ်မပြောထားပေမယ့် သေချာပေါက် စိတ်ပျက်စရာ တော့ ဟုတ်မယ်မထင်ဘူး "

လျှိုယွင် ၊ ချန်းယန်၊ချီဝမ်နှင့် ရှောင်လုံတို့သည် တစ်ခဏမျှ အံ့အား သင့်တုန်လှုပ်သွားကြလေသည်။

အထွတ်အထိပ် နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် လျှပ်စီးသားရဲဥ တစ်ဥ...။
ထိုကဲ့သို့သော သားရဲ နတ်ဘုရားဥသည် နတ်ဘုံကမ္ဘာ၏ ထိပ်တန်း အင်အားစုများကို ပင် လိုချင် တပ်မက်စိတ်များ ဝင်ရောက်သွားစေနိုင်ပေသည်။ ထို့အပြင် ပထမ နေရာ ရရှိသူသည် ကောင်းကင်ဘုံနတ်ဘုရား၏ နတ်ဘုရား ဦးခေါင်း တစ်ခုကို ရရှိနိုင်ပေလိမ့်မည်။

ကောင်းကင်ဘုံ နတ်ဘုရား၏ နတ်ဘုရားဦးခေါင်း...။

အဆင့် နိမ့် ကောင်းကင်ဘုံ နတ်ဘုရား၏ နတ်ဘုရားဦးခေါင်းတစ်ခုသည်ပင် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် များ၏ နတ်ဘုရားဦးခေါင်း တစ်ထောင် သို့မဟုတ် တစ်သောင်း ထက်ပင်  အဆသန်းပေါင်းများစွာ ပိုမို အဖိုးတန်ပေသည်။

ရှောင်လုံ၏ မျက်လုံးများသည် ဆုံးဖြတ်ချက် ပြတ်သား မှု များဖြင့် တောက်ပလာသည် ။ လက်သီး ကို တင်းတင်းဆုပ်ကာ အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်လေသည်။ဤ တစ်ခေါက် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ ဆုလာဘ် များသည် သူမျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ကျော်လွန်နေပေသည်။

အထွတ်အထိပ် နတ်ဘုရားသားရဲ သွေးမျိုးဆက်နှင့် လျှပ်စီးသားရဲဥ တစ်ဥ တဲ့လား။ တိုက်ဆိုင်စွာဖြင့် သူ့၌ စီးတော်ယာဥ် သားရဲ တစ်ကောင် လိုအပ်နေပေသည်။ သူက မဟာနတ်ဘုရား အဆင့် သို့ ချိုးဖျက်ဝင်ရောက်ပြီးချိန်တွင် ကောင်းကင်ဘုံ နတ်ဘုရား၏နတ်ဘုရားဦးခေါင်း ကို စုပ်ယူသန့်စင်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုပါက ထိုနည်းဖြင့် သူ့၏ အခြေ ခံကို ခိုင်မာသွားစေကာ သူ့၏ ခွန်အားသည်လည်း အချိန်တိုအတွင်း သိသိသာသာတိုးတက်လာပေလိမ့်မည်။

ထို အချိန်တွင် သူသည် ထူးခြားဆန်းကြယ်သော မဟာ အရှင်သခင်နှင့် တိုက်ခိုက်ရမည် ဆိုလျှင်ပင် ယုံကြည်မှု ရှိလာပေလိမ့်မည်။

ရှောင်လုံ ၏ အမူအရာကို ဖုယန်က သတိထားမိသွားသောကြောင့် စိတ်ထဲ မှ ခေါင်းယမ်းလိုက်လေကာ ပြောလိုက်သည်။

"ဆုလာဘ် တွေက သေလောက်အောင် ဆွဲဆောင်မှု ရှိတယ် ဆိုပေမယ့် ကြယ်စင်စုပေါင်း တစ်သိန်းဆီက တပည့်တွေလည်း ဝင်ရောက်ယှဥ်ပြိုင်မယ်ဆိုတာကို မေ့မထားကြနဲ့ဦး...မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ ဝင်ရောက် ယှဥ်ပြိုင်လာမှာ ဖြစ်ပြီးတော့... အချို့ဆိုရင် မဟာနတ်ဘုရားအဆင့်၃ ၊ နောက်ပိုင်း အဆင့် ဒါမှမဟုတ် အဆင်၃နောက်ပိုင်း အထွတ်အထိပ်အဆင့်တွင် ဖြစ်ကြတယ်...မဟာနတ်ဘုရားအဆင့် ၄ သိုင်းပညာရှင် တွေတောင် ပါကောင်းပါလာလိမ့်မယ်...ထိပ်တန်း၁၀ ယောက်စာရင်းဝင်ဖို့ အသာထား ...ထိပ်ဆုံး အယောက်တစ်ထောင်နဲ့ အယောက်နှစ်ထောင်အတွင်း ဝင်ရောက်နိုင်ဖို့တောင် မလွယ်ကူနိုင်ဘူး"

လျှိုယွင် ၊ချန်းယန်နှင့် ချီဝမ်တို့သည် ဤသည်ကို နားထောင်ရင်း မျက်လုံး ပင် ကျွတ်ကျမတတ် ပြူးကျယ် သွားကြလေသည်။ မဟာနတ်ဘုရားအဆင့် ၃ နှင့် ၄ သိုင်းပညာရှင်များ ပါဝင်သည် တဲ့လား။

ရှောင်လုံက မျက်မှောင်ကြုတ်လိုက်မိသည်။

ဖုယန်က ဆက်ပြောလိုက်လေသည်။

"ဆရာက ချဲ့ကား ပြောဆိုနေတယ်လို့ မထင်နဲ့... ဆရာသိထားသလောက်ဆိုရင် ဆရာ တို့ ကြယ်စင်စု လေးစုနဲ့ သိပ်မဝေးတဲ့ စကြာဝဠာ အရှင် သခင် ကြယ်စင်စု ရဲ့  ရဲ့လူမိသားစုမှာ ရဲ့လူထန်းဖန်လို့ အမည်ရတဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်...သူက နှစ်ပေါင်း ၁၅၀၀အတွင်း ကျင့်ကြံ ရသေးတယ် ဒါပေမယ့် သူ့ရဲ့ ကျင်ကြံမှုက မဟာနတ်ဘုရား အဆင့် ၃ နောက်ပိုင်း အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ"

ဖုယန်၏ တပည့်များ သည် မျက်နှာအမူအရာများ တွန့်လိမ်သွားကြလေသည်။ နှစ်ပေါင်း ၁၅၀၀ ကျင့်ကြံ ခဲ့ရုံဖြင့် သူသည် မဟာနတ်ဘုရားအဆင့် ၃ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်တဲ့လား။ထိုသို့ဆိုပါက နှစ်သောင်းပေါင်းများစွာ ကျင့်ကြံ ခဲ့ပြီး မဟာနတ်ဘုရားအဆင့်သို့ မတက်ရောက်နိုင်သေးသော ပါရမီ ရှင်ဟုခေါ်သည့် သူတို့သည် ထိုရဲ့လူထန်းဖန်၏ ရှေ့တွင် ရှက်ရွံ့မှုကြောင့် တွင်းတူးကာ ဝင်ပုန်းနေရပေလိမ့်မည်။

ဖုယန်က ဆက်ပြောလိုက်လေသည်။

"ဒီလောက်များတဲ့ ကြယ်စင်စု တွေထဲမှာ ရဲ့လူထန်းဖန်ထက် ပါရမီ ရှိတဲ့ သူတွေ ရှိနေအုန်းမှာပဲ...သူတို့ထဲက တစ်ချို့ဆိုရင် အရိုးသက်တမ်း ၁၀၀၀အောက်ပဲ ရှိသေးပေမယ့်...မဟာနတ်ဘုရားအဆင့် ၄ကို ရောက်ရှိနေကြလောက်ပြီ...အဲ့ဒီရဲ့လူထန်းဖန်က ထိပ်တန်း ၁၀ယောက်ထဲ ဝင်ရောက်နိုင်လိမ့်မယ်လို့ ဆရာ ခန့်မှန်းထားတယ်...ပြီးတော့ မဟာနတ်ဘုရားအဆင့် ၄ ဖြစ်တဲ့ မကောင်းဆိုဝါး ဆန်တဲ့ ပါရမီရှင် တွေသာ ထိပ်ဆုံး ၃ နေရာနဲ့ ပထမ နေရာကိုသာ ရရှိနိုင်လိမ့်မယ်"

လျှိုယွင်နှင့် လူတိုင်းသည် သူတို့ဆရာ၏ စကားများကြောင့် အသက်ရှူရန်ပင် မေ့လျော့သွားကြသည်။

ဖုယန်က သက်ပြင်းချလိုက်လေသည်။

" ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ မှာ ထိပ်တန်း တစ်ထောင်အတွင်း ဝင်ရောက်ဖို့ ဆိုရင်... ဆရာ့အထင် အနည်းဆုံး မဟာနတ်ဘုရားအဆင့် ၂ နဲ့ အထက် ခွန်အား ရှိဖို့ လိုအပ်တယ်လို့ ဆရာထင်တယ်"

သူက ရှောင်လုံဘက်သို့ လှည့်ကာ လေးလေးနက် နက် အကြံပေးလိုက်လေသည်။

"ရှောင်လုံ...မင်းက တကယ့်ကို ပါရမီ ရှိပြီးတော့ ရဲ့လူထန်းဖန်အောက် မကျမှန်းဆရာသိပါတယ်...ဒါပေမယ့် မင်း ကျင့်ကြံ ခဲ့တဲ့ ကာလက အရမ်းကို တိုတောင်းလွန်းတယ်... ဒီတစ်ခေါက်ပြိုင်ပွဲမှာ မင်း ဝင်ရောက်ယ်ှဥ်ပြိုင်မယ်ဆိုရင် ထိပ်တန်း အယောက်တစ်ထောင် အတွင်းမှာ ဝင်ရောက်ဖို့တောင် ခက်ခဲလိမ့်မယ်"

ရှောင်လုံ က နတ်ဆိုးတစ္ဆေ ဘိုးဘေးကို သတ်ဖြတ်ခဲ့သည့် အကြောင်း ကောလဟာလ များအား ဖုယန် ကြားခဲ့သော်လည်း ရှောင်လုံ၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၂ အလယ်သို့မဟုတ် အလယ်အလတ် အထွတ်အထိပ် အဆင့် သိုင်းပညာရှင် တစ်ယောက် နှင့်သာ နှိုင်းယှဥ်နိုင်လိမ့်မည်ဟု သူ တွေးထားပေသည်။ ထိပ်တန်း အယောက်တစ်ထောင် ထဲတွင် တစ်နေရာ ရရှိလိုပါက ခက်ခဲပေလိမ့်မည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း  ၈၃၇..... ရဲ့လူထန်းဖန်

ရှောင်လုံ က သူ့ဆရာ ဖုယန်၏ အကြံပေးချက်ကြောင့်ကြောင်အသွားလေပြီး သူ့၏ စိတ်ထဲ တွင် ခါးသက်သက် အပြုံးတစ်ခု ထွက်ပေါ်လာပေသည်။

ဖုယန်က ရှောင်လုံအပေါ် ယုံကြည်ချက် မရှိခြင်းအား အပြစ်တင်၍ မရနိုင်ပေ။ သူ့ကဲ့သို့သော နတ်ဘုရား အဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ် သိုင်းပညာရှင်တစ်ယောက် သည် မဟာနတ်ဘုရားအဆင့် ၂ သိုင်းပညာရှင် တစ်ယောက် နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိ လိမ့်မည်ဟု မည်သူမဆို ယုံကြည်ရန် ခက်ခဲလှပေသည်။

ရှောင်လုံက မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်း အထွတ်အထိပ် အဆင့် ဖြစ်သော နတ်ဆိုး တစ္ဆေဘိုးဘေးကို သတ်ဖြတ် ခဲ့ချိန်တွင် ကြယ်စင်စု ၄ စုလုံးရှိ အင်အားစုများသည် မယုံကြည်ဖွယ်ဖြစ်နေပေသည်။ ယနေ့ထိပင် ထိုကိစ္စ ကို ရှောင်လုံ က လုပ်ဇာတ်ခင်းထားသည့် ကိစ္စဟုပင် အချို့က ယူဆနေကြဆဲဖြစ်သည်။

သို့သော် သူက သူ့၏ လက်ရှိခွန်အား အား သူ့ဆရာ ဖုယန်ကို မပြောရန် ဆုံးဖြတ်လိုက်လေသည်။ ဤကိစ္စကို သိရှိတဲ့သူ နည်းလေ ပိုကောင်းလေ ဖြစ်သည်။

ရှောင်လုံ၏ တိတ်ဆိတ် နေမှုကို စိတ်ပျက်အားလျော့သွားခြင်း ဖြစ်သည်ဟု ယူဆလိုက်ကာ ဖုယန်က နှစ်သိမ့်လိုက်လေသည်။

"မင်းစိတ်ပျက်နေသလို ခံစား နေစရာမလိုပါဘူး...တပည့်က နှစ်ပေါင်း ၂၀၀ ကျော်လေးပဲ ကျင့်ကြံ အားထုတ်ရသေးတယ်လေ... တပည့် အနေနဲ့ ပြိုင်ပွဲ ဝင်ဖို့အတွက် နောက်ထပ် အခွင့်အရေး တွေ ရှိနေသေးတယ်လေ...မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ က နှစ်တစ်ထောင် ပြည့်တိုင်း ကျင်းပလေ့ ရှိတယ်လေ... ပြီးတော့ တပည့်ရဲ့ ပါရမီနဲ့ဆိုရင် မဟာ နတ်ဘုရား အဆင့်၄ကို ရောက်ရှိသွားလိမ့်မယ်...အဲ့ဒီ အခါကျရင် ထိပ်ဆုံး ၁၀ ယောက် ထဲကို ဝင်ဖို့ ဆိုတာက ပြဿနာ မဟုတ်တော့ဘူးလေ"

နောက်ထပ် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ တဲ့လား။

ရှောင်လုံက ကြောင်အသွားလေသည်။ ဖုယန်က သူ့ကို မဟာနတ်ဘုရားအဆင့်သိုင်းပြိုင် ပွဲ ကို ဝင်ရောက်ယှဥ်ပြိုင်ရန် နောက်ထပ် နှစ်တစ်ထောင် စောင့်ဆိုင်းဖို့ ပြောနေသည်လား။ သူက ခါးသက်သက် ပြုံးလိုက်ပြီး ဖုယန်ကို ပြောလိုက်လေသည်။

"ဆရာ... အဆင်ပြေပါတယ်...ကျွန်တော် ဒီတစ်ခေါက်ပြိုင်ပွဲမှာ ဝင်ပြိုင်မှာပါ"

ဤသည်ကို ကြားလိုက်သည်နှင့် ဖုယန်က ဖျောင်းဖျပြောဆိုရန် ကြိုးစား လိုက်လေသည်။

"ရှောင်လုံ...တပည့်က သန်မာတယ်ဆိုတာကို ဆရာသိပါတယ်..ဒါပေမယ့် ဒီတစ်ခေါက်ပြိုင်ပွဲ က ကြယ်စင်စု ပေါင်း တစ်သိန်းရဲ့ မကောင်းဆိုးဝါး ပါရမီရှင် တွေ စုဝေးလာမယ့် ပြိုင်ပွဲ ပဲ...တပည့်အနေနဲ့ ထိပ်ဆုံး အယောက် ၁၀၀၀အတွင်း ဝင်ဖို့တောင် ခက်ခဲလိမ့်မယ်... ဒါ့အပြင် သေဆုံးနိုင်ချေလည်း ပိုများလိမ့်မယ်"

ရှောင်လုံ က ခေါင်းရမ်းလိုက်လေသည်။

"ကျွန်တော် သိပါတယ်... ဒါပေမယ့်..ဆရာ...စိတ်ချပါခင်ဗျာ..ကျွန်တော် ထိပ်ဆုံး အယောက် တစ်ထောင် အတွင်း မဝင်ဘူးဆိုရင်တောင်... ကျွန်တော့်ကိုယ် ကျွန်တော် ကာကွယ်ဖို့က ပြဿနာမရှိပါဘူး "

ဖုယန်က အကြိမ်များစွာ ကြိုးစား ဖျောင်းဖျခဲ့သော်လည်း ရှောင်လုံက ဤတစ်ကြိမ် မဟာနတ်ဘုရားအဆင့်သိုင်းပြိုင် ပွဲ တွင် ဝင်ရောက် ယှဥ်ပြိုင် ရန် ဆုံးဖြတ် ထားပြီးဖြစ်သည်။ ထို့ကြောင့် ဖုယန်က ကူကယ်ရာ မဲ့စွာ ဖြင့် သက်ပြင်းချကာ အရှုံးပေးလိုက်လေသည်။

"ဒါဆိုလည်း ကောင်းပါပြီ ကွာ...တပည့်က ဆုံးဖြတ်ထားပြီးပြီဆိုမှတော့ ဆရာလည်း မင်းကို ထပ်ပြီး ဖျောင်းဖျမနေတော့ပါဘူး...တပည့်ဝင်ပြိုင်မယ်ဆိုရင်လည်း... အတွေ့အကြုံ ရရှိလာနိုင်တာပဲလေ...ဒါ့အပြင်... လျှပ်စီး နယ်မြေ နတ်ဘုံကမ္ဘာထဲမှာ ရတနာပေါင်း မြောက်များစွာ ရှိနေသေးတယ်...နှစ် နှစ်သန်း သက်တမ်းရှိတဲ့ ဆေးပင်တွေကလည်း ရှားပါးမနေဘူးလေ...ဒီတော့ တပည့် အနေနဲ့ ထိပ်ဆုံး အယောက် တစ်ထောင်အတွင်း မဝင်ရောက် နိုင်ဘူး ဆိုရင်တောင်... အဲ့ဒီ ဆေးပင်တွေကို နည်းနည်းလောက် ရအောင် ယူနိုင်ခဲ့မယ် ဆိုရင်လည်း ကောင်းတဲ့ ကိစ္စ တစ်ခုပဲလေ"

သူ့အနေဖြင့် ထိပ်ဆုံး အယောက် တစ်ထောင် အတွင်း ဝင်ရောက် နိုင်စွမ်း မရှိဟု သူ့ ဆရာက ထပ်ပြောလာသည်အား ကြားလိုက်ရချိန်တွင် ရှောင်လုံသည်နားလည်ကြောင်း ပြရန် ခေါင်းကိုသာ ညိတ်လိုက်လေသည်။

ဖုယန် နှင့် သူ့တပည့် ၃ ယောက်သည် ရှောင်လုံ၏ အိမ်တော်၌ ရက်အနည်းငယ် နေထိုင်ခဲ့ကြသည်။ ထို့နောက်မှသာ သူတို့ ၄ ယောက််သည် အနက်ရောင် သူရဲကောင်း တက္ကသိုလ် ဆီသို့ ပြန်သွားကြလေသည်။

ဖုယန်က ဟောင်မိသားစု အိမ်တော်တွင် နေထိုင်ခဲ့သည့် အချိန်အတောအတွင်း သူသည် သူ့၏ သက်တမ်းတစ်လျှောက် ကျင့်ကြံမှု အပေါ် နားလည်သဘောပေါက်ထားသော ဉာဏ် အလင်းတန်းကို စိတ်ဝိညာဉ် ကျောက်စိမ်းပြားထဲ၌ ထည့်သွင်းခဲ့ပေသည်။ ထိုသို့ဖြင့် ရှောင်လုံသည် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ မစတင်မှီ ကျန်ရှိသည့် အချိန်အတွင်း ထို ဉာဏ် အလင်းများ ထဲမှ တစ်စုံတစ်ခု ကို နားလည်သွားပေလိမ့်မည်။

တစ်ချိန်ထဲမှာပင် ရှောင်လုံကို လာမည့်ပြိုင်ပွဲနှင့် ပက်သက်ပြီး သိရှိထားရမည့် အကြောင်းအရာများကို အသေးစိတ် ရှင်းပြခဲ့ပေသည်။

ဖုယန်က သူ ပြန်မသွားခင် သူ့၏ အငယ်ဆုံး တပည့် အား နောက်၇ နှစ်အကြာ၌ အနက်ရောင် သူရဲကောင်းတက္ကသိုလ် သို့လာကာ သူ့အားရှာဖွေရန် မှာကြားခဲ့ပေသည်။ သို့မှသာ သူက ရှောင်လုံကို ထာဝရ ကြယ်စင်စု ရှိရာဆီသို့ ပြိုင်ပွဲ ဝင် စာရင်း သွင်းရန် ခေါ်ဆောင်သွားနိုင်မည်ဖြစ်သည်။

ဖုယန်ထွက်သွားသည်နှင့် ရှောင်လုံက တံခါးပိတ် ကျင့်ကြံ လိုက်လေသည်။

မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ တွင် ကြယ်စင်စု ပေါင်း တစ်သိန်းဆီမှ ပါရမီရှင် များ ဝင်ရောက် ယှဥ်ပြိုင် မည်ကိုသိလိုက်ရလေသည်။ သူ့၏ လက်ရှိခွန်အား သည် နဂါးအင်ပါယာအောင်းတိုင်ရီ ၊နဂါးစိမ်း သားရဲ ဘုရင်နှင့် ဘိုးဘေးဘီဖန်းတို့ကို တစ်ပြိုင်နက်တည်း ယှဥ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သောကြောင့် သူသည် မဟာနတ်ဘုရားအဆင့် ၃ အလယ်အဆင့် သိုင်းပညာရှင်တစ်ယောက်နှင့် ပင် နှိုင်းယှဥ် နိုင်လု နီးပါး ဖြစ်နေပေလိမ့်မည်။ သူ့ လက်ရှိ ခွန်အားနှင့် ထိပ်ဆုံး အယောက်တစ်ထောင် အတွင်းသို့ ဝင်ရောက် ရန်မှာ ပြဿနာ မဟုတ်သော်လည်း ထိပ်ဆုံးအယောက်တစ်ရာ အတွင်းသို့ ရောက်ရန်မှာမူ သူ့အတွက် ခက်ခဲပေလိမ့်မည်။

ထိပ်ဆုံး ၁၀ယောက်၊ ထိပ်ဆုံး ၃ ယောက်နှင့် ပထမ နေရာကို ရရှိရန် အခွင့် အရေးမှားမူ နည်းလွန်းမက နည်းပါးလှပေသည်။ ထို့ကြောင့် ဤ ခုနှစ် နှစ်တာ ကာလအတွင်း သူက သူ့၏ ခွန်အားကို ဖြစ်နိုင်သမျှ တိုးတတ်စေရန် ကြိုးပမ်းမည်ဖြစ်သည်။

ရွှမ်းမီ နတ်ဘုရား ကျောင်းထဲတွင် ခြေ ချိတ် ထိုင်နေရင်း ရှောင်လုံ၏ ရှေ့၌ သွေးနီပင်တစ်ပင်၊ အနီရောင်သစ်သီးတစ်လုံး ၊ အနက်ရောင် ဂျင်ဆင်းနက်တစ်ပင် ကြာပန်းနက်တစ်ပွင့်နှင့် အခြား ဆေး ပင် များသည် မျောလွင့်နေပေသည်။စုစုပေါင်း ဆေးပင် ၁၇ ပင် ရှိပေသည်။ ထိုဆေးပင် တစ်ခုချင်းစီတိုင်းသည် နှစ်၂ သန်းနှင့် အထက် ဆေးပင်များ ဖြစ်ကြပေသည်။

မူလက သူသည် ထိုဆေးပင်များကို သိမ်းဆည်းကာ မဟာနတ်ဘုရားအဆင့် သို့ ချိုးဖျက်ဝင်ရောက် ပြီးနောက်မှ ထိုဆေးပင် များကို သုံးစွဲမည်ဟု သူ စီစဥ်ထားခဲ့ပေသည်။သို့သော် ထို အစိအစဥ်သည် ပြောင်းလဲ သွားပေသည်။ သူက ထို ဆေးပင် ၁၇ပင်ကို ခုနှစ် နှစ်ဟူသော အချိန်ကာလအတွင်း စုပ်ယူ သန့်စင် မည်ဖြစ်သည် ။

သူ့၏ ကျင့်ကြံ မှု အမြန်နှုန်း အရဆိုလျှင် နှစ် ၂ သန်း သက်တမ်းရှိ ဆေးပင် ၁၇ ပင် ကို သန့်စင်ရန်မှာ ပြဿနာ မဟုတ်ပေ။

ရှောင်လုံ က နတ်ဆိုး နည်းစနစ် ကို လှည့်ပတ်လိုက်သည်မို့ ဆေးပင် ၁၇ ပင်တို့သည် တောက်ပသော အလင်း တစ်ခုကို စတင် ထုတ်လွှတ်လာပေသည်။ ထိုဆေးပင်များဆီမှ ထွက်ပေါ်လာသော ရောင်စုံ စွမ်းအင်လုံးများသည် ရှောင်လုံ၏ ကိုယ်ထဲသို့ ပျံသန်း ဝင်ရောက်သွားပေသည်။

ရှောင်လုံက တံခါးပိတ်ကျင့်ကြံ နေချိန်တွင် မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ ၌ ကြယ်စင်စု ပေါင်း တစ်သိန်း ဝင်ရောက်ယှဥ်ပြိုင်ကြမည့် သတင်းသည် ပျံ့နှံ့သွားလေပြီး နေရာအနှံ့ဆီမှ တုန်လှုပ် မင်သက်သွားသည့် အသံများ ထွက်ပေါ်လာပေသည်။

မိသားစု များ၊ ဂိုဏ်း များနှင့် တက္ကသိုလ် များ အားလုံးသည် ထို အကြောင်းကိုသာ ပြောနေကြပေသည်။

သူတို့က အံ့အားသင့် ဖွယ်ရာ ဆုလာဘ် အကြောင်း တွေးလိုက်ရချိန်တွင် များစွာသော မိသားစုများ ၏ ခေါင်းဆောင်များနှင့် ပါရမီ ရှင်များသည် လိုချင်တပ်မက်စိတ်များဖြင့် ပြည့်နှက်သွားသည်။ ကြယ်စင်စု များသည်လည်း စိတ်လှုပ်ရှား မှုကြောင့် ရူးသွပ်လုနီးပါး ဖြစ်သွားကြပေသည်။

နေရာတိုင်းတွင် ပျော်ရွှင် စိတ်လှုပ်ရှား မှုများနှင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများနှင့် ပြည့်နှက်သွားပေသည်။

ကြယ်စင်စု လေးစု နှင့် သိပ်မဝေးသည့် နေရာ၌ ရှိသော စကြာဝဠာအရှင်သခင် ကြယ်စင်စု သည်  အနီးနား ပတ်ပတ်လည် ရှိ အားကောင်းလှသော ကြယ်စင်စု များထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။    ၄င်း ကြယ်စင်စု ၏  မည်သည့် အင်အားစု ကမဆို မိုးပြာရောင် နဂါး ကြယ်စင်စု ထက် နှစ်ဆ ပိုမိုသန်မာ ပေသည်။ စကြာဝဠာ အရှင်သခင်ကြယ်စင်စု တွင် နံပါတ် ၁ ထိပ်တန်းအင်အားစု မှာ ရဲ့လူ  မိသားစု ဖြစ်ပြီး ကြယ်စင်စု ၏ အင်အားစု တစ်ဝက်ကျော်ခန့်ကို ထိန်းချုပ် ထားနိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် ရဲ့လူ မိသားစု ၏ အင်အားကြီး မားမှု ကို မြင်ယောင်ကြည့်၍ ရနိုင်ပေသည်။

ရဲ့လူ မိသားစု ၏ ခေါင်းဆောင် သည် စကြာဝဠာအရှင်သခင် ကြယ်စင်စု ၏ သိုင်းပညာရှင် ဖြစ်ကာ ရဲ့လူ ထန်းဖန်သည် နှစ်ပေါင်း တစ်ထောင်အတွင်း သူ့၏ အရည်အချင်း အရှိဆုံး သား ဖြစ်ပေသည်။ ရဲ့လူထန်းဖန်သည် နှစ်ပေါင်း ၁၅၀၀ အတွင်း မဟာနတ်ဘုရားအဆင့် ၃ နောက်ပိုင်း အထွတ် အထိပ် အဆင့်သို့ ရောက်ရှိခဲ့ပေသည်။

စကြာဝဠာအရှင်သခင် ကမ္ဘာ ထဲ၌ တည်ရှိသော ရဲ့လူ မိသားစု၏ ဌာနချုပ်ထဲတွင် လူငယ်တစ်ယောက်သည် လှံရှည် တစ်ချောင်းကို ကိုင်ကာ လေထဲ၌ ရပ်နေလေပြီး ဟင်းလင်းပြင်ထဲသို့ လှံချက် တစ်ချက်ပြီး တစ်ချက် ထိုးနှက် တိုက်ခိုက်နေပေသည်။ လှံ ချက်တိုင်းသည် လေဟာနယ်ထဲ၌ တွင်း နက် တစ်ခုချင်းစီတိုင်းကို ချန်ထားနေပေသည်။ ရုတ်တရက် ဆိုသလို လူငယ်၏ လှံရှည်သည် အောက်ဘက် မြေပြင်ဆီသို့ ကွေ့ဝိုက် ထိုးနှက်လိုက်လေသည်။ လှံချက် တစ်ချက်ကြောင့် အောက်ဘက်ရှိ တောင်တန်းဆီမှ မီတာ သိန်းပေါင်းများစွာ ကြီးမားသော အစိတ်အပိုင်းတစ်ခု သည် လေထဲသို့ မြင့်တက်လာပေသည်။ ထို့နောက် လူငယ်၏ လှံရှည်က ထပ်မံ ထိုးနှက်လိုက်လေသည်။ တစ်ခဏအတွင်း သူ့၏ လှံ ရှည်သည် အကြိမ်ပေါင်းတစ်ထောင် လှုပ်ရှားသွားလေကာ လေထဲရှိ တောင်တန်း အပိုင်းကြီးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေလေသည်။

လူငယ်က သူ့၏ လှံရှည်ကို သိမ်းဆည်းလိုက်လေသည် ။

"အစ်ကိုကြီး... ကောင်းလိုက်တဲ့ မဟာ လှံစွမ်းရည်ပါလား...ကျွန်တော် ပြောမယ်...မဟာနတ်ဘုရားအဆင့် ၄ သိုင်းပညာရှင် တစ်ယောက် တောင်မှ အစ်ကိုကြီးရဲ့ နတ်ဘုရား သတ်ဖြတ် ခြင်း လှံရှည်နည်းစနစ် ရဲ့လှံချက် တစ်ချက်ကို တောင့်ခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူး...ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ ရဲ့ ပထမ နေရာက သေချာပေါက် အစ်ကိုကြီး အတွက်ပဲ ဖြစ်ရမယ်"

ထိုအချိန်တွင် အဝေးမှ လူငယ် တစ်ယောက်သည် လက်ခုပ်တီးကာ ပျံသန်းထွက်ပေါ်လာပေသည်။

ထိုလူငယ်သည် အဖြူရောင်ကျား ကြယ်စင်စု ၏ မိုးကောင်းကင် နတ်ဘုရား ကုန်းမြေကြီး ပေါ်တွင် ရှောင်လုံ နှင့် ပြဿနာ ဖြစ်ခဲ့သော ရဲ့လူထျန်းဟော် ဖြစ်ပေသည်။ လှံရှည်ကို ကိုင်ဆွဲထားသည့် လူငယ်မှာမူ ရဲ့လူ ထန်းဟော်၏ အစ်ကိုကြီး ရဲ့လူထန်းဖန်ဖြစ်သည်။ သူက ရဲ့လူ မိသားစု ၏ သမိုင်းတစ်လျှောက်တွင် ပါရမီ အရှိဆုံးနှင့် အင်အား အကောင်းဆုံးတပည့်ဖြစ်သည်။

ရဲ့လူထန်းဖန်က ကောင်းကင်ကို ထိုးဖောက်သည့်နှယ် ထက်ရှလှသည့် အော်ရာကို ထုတ်လွှတ်နေပေသည်။ သူ့၏ အသံက ယုံကြည်မှုများဖြင့် ပြည့်နှက်နေလေသည်။

"ပထမနေရာကို ရဖို့တဲ့လား...အောက်ဘုံ ကမ္ဘာ ရဲ့ ပြိုင်ပွဲ လေး တစ်ခုမှာ ပထမနေရာကို အနိုင်ရဖို့ဆိုတာက ဘာမှ မဟုတ်သေးပါဘူး...ငါ နတ်ဘုံကမ္ဘာ ကို တက်လှမ်းသွားပြီးတော့... ထိပ်တန်း အင်အားကြီး ဂိုဏ်း တစ်ခု ကို ဝင်ရောက်တဲ့ အခါကျရင်... အဲ့ဒီ နတ်ဘုံကမ္ဘာ ရဲ့ တပည့် တွေကို ဘယ်သူက ပိုတော်တယ် ဆိုတာ ငါ သေချာပေါက်ပြရလိမ့်မယ်"

ရဲ့လူ ထန်းဖန်၏ မျက်လုံးထဲတွင် အောက်ဘုံနယ်ပယ်၏ ပါရမီ ရှင်များ ဆိုသူများသည် ဘာမဟုတ်သည့် သာမန်အဆင့်များဖြစ်ပေသည်။နတ်ဘုံကမ္ဘာ၏ပါရမီရှင်များသည်သာ သူ၏စိတ်ဝင်စားမူကိုရယူရန် ထိုက်တန်ပေသည်။ဤသည်မှာမောက်မာထောင်လွှားခြင်းမဟုတ်ဘဲယုံကြည်မှုရှိခြင်း ဖြစ်ကာ နှစ်ပေါင်းထောင့်ငါးရာ ကျင့်ကြံ အားထုတ်ခဲ့ပြီးနောက် မဟာနတ်ဘုရားအဆင့်၃နောက်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာခဲ့သောလူတစ်ယောက်၏ယုံကြည်မူဖြစ်ပေသည်။

ရဲ့လူထျန်းဟော် သည်စပ်ဖြီးဖြီးပြုံးလိုက်လေသည်။

"အကိုကြီးပြောတာမှန်တယ်...အခြားကြယ်စင်စုရဲ့ပါရမီရှင်တွေက အစ်ကိုကြီးရဲ့ရှေ့မှာဆိုရင်...ဘာမဟုတ်တဲ့ ခွေးချီးသာသာပဲ...ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက ...ကျွန်တော် အဖြူရောင် ကျား ကြယ်စင်စု ကို သွားခဲ့သေးတယ်... အဲ့ဒီမှာ ဟောင်ရှောင်လုံ ဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်... သူက တကယ့်ကို မောက်မာပြီးတော့... သူ့ရဲ့ အရည် အချင်းကို ပြိုင်ဘက်ကင်းတယ်ဆိုပြီး ယူဆနေတာလေ...သူက ကျွန်တော် တို့ ရဲ့လူ မိသားစုကို မျက်လုံးထဲတောင် မထည့်ဘူး"

ရဲ့လူထန်းဖန်က ရဲ့လူ ထန်းဟောင်ကို ခံစားချက်မဲ့စွာ ဖြင့် ကြည့် လိုက်လေသည်။

"မင်းဘာတွေးနေတယ်ဆိုတာကို ငါ မသိဘူးများ ထင်နေတာလား...ဘာဖြစ်ခဲ့တယ် ဆိုတာကိုလည်း ငါက မသိဘူး များ ထင်နေလား... အဲ့ဒီ ဟောင်ရှောင်လုံရဲ့ အရည်အချင်းက ဆိုးတော့ မဆိုးပါဘူး... သူက  နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် လောက်လေး ဆိုပေမယ့်... ငါတို့ ရဲ့မိသားစုရဲ့ မဟာနတ်ဘုရားအဆင့် အဟောင့်တွေကို သတ်နိုင်စွမ်း ရှိနေပြီ...ဒါပေမယ့် သူက အရမ်းအားနည်းလွန်းတယ်... သူ့ကို မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ ထဲမှာ သတ်ဖြတ်ဖို့အတွက် ငါ မစိတ်ဝင်စားဘူး... ဒါပေမယ့် မင်း ရဲ့လူရွှမ်း  ဒါမှ မဟုတ် တစ်ယောက် ယောက်ကို... သူ့ကို သတ်ပေးဖို့ သွားပြောကြည့်နိုင်တယ်"

ပြောစရာမလိုလောက်အောင်ပင် ရဲ့လူမိသားစု ဆီမှ ရဲ့လူ ထန်းဖန် တစ်ယောက်တည်း ဝင်ရောက်ယှဥ်ပြိုင်မည့်သူ မဟုတ်ပေ။ တပည့် ရာပေါင်း များစွာ ဝင်ရောက်ယှဥ်ပြိုင် ကြမည်ဖြစ်ပြီး ရဲ့လူရွှမ်း သည် သူတို့ထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူက နှစ်ပေါင်း တစ်ထောင့် ရှစ်ရာ ကျင့်ကြံ အားထုတ်ပြီးချိန်တွင် မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအဆင့် သို့ ရောက်ရှိသွားပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၃၈ ..... ခုနစ်နှစ် ကြာပြီးနောက်

ဤသည်ကို နားထောင်ရင်း ရဲ့လူထျန်းဟော်သည် ခဏမျှ ကြောင်အသွားပြီးနောက် သူ့မျက်နှာက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။

"အစ်ကိုကြီး ပြောတာ မှန်တယ်...အစ်ကိုကြီး ကိုယ်တိုင် ဟောင်ရှောင်လုံ ကို သတ်မယ်ဆိုရင်...အစ်ကိုကြီးရဲ့ စွမ်းအားကို နှိမ့်ချပစ်ရာ ရောက်သွားမှာပေါ့...ကျွန်တော်တို့ ရဲ့လူမိသားစုက တပည့်တစ်ရာကျော်တောင် ပြိုင်ပွဲဝင်ကြမှာပဲလေ...သူတို့ထဲက ဘယ်သူမဆို အဲ့ဒီ ခွေးကောင်ရဲ့အသက်ကို အလွယ်တကူ အဆုံးသတ်နိုင်စွမ်းရှိတယ်"

ရဲ့လူထန်းဖန်က ပြောလိုက်သည်။

"ပေ့ထန်းဝူကျိ ဆိုတဲ့ကောင်...နတ်ဆိုးမျှော်စင်ကနေ ပြန်လာပြီ လို့ ငါကြားတယ်"

စကြာဝဠာအရှင်သခင်ကြယ်စင်စု အနီးတွင် မြောက်ပိုင်းခန်းမကြယ်စင်စုရှိပြီး နံပါတ်တစ်အင်အားစုမှာ ပေ့ထန်းမိသားစု ဖြစ်သည်။ ပေ့ထန်းမိသားစုခေါင်းဆောင်သည် ရဲ့လူမိသားစုခေါင်းဆောင်နှင့် အဆင့်တူမဟုတ်သော်လည်း ကွာခြားမှု ကို လျစ်လျူရှု၍ ရပေသည်။ ထို့ပြင် ပေ့ထန်းဝူကျိ သည် ပေ့ထန်းမိသားစု၏ နှစ်ပေါင်း ဆယ်သန်းကျော်အတွင်း အတောက်ပဆုံးကြယ်တစ်ပွင့် ဖြစ်သည်။ နှစ်ပေါင်း ၁၇၀၀ ကျော် ကျင့်ကြံခဲ့ပြီးနောက် ပေ့ထန်းဝူကျိသည်လည်း မဟာနတ်ဘုရားအဆင့် ၃ နောက်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရဲ့လူထျန်းဟော်က ရယ်မောလိုက်လေသည်။

"ပေ့ထန်းဝူကျိ ရဲ့ အရည်အချင်းက မဆိုးဝါးပေမယ့်...အစ်ကိုကြီးနဲ့ ယှဥ်ရင်တော့ အများကြီး လိုနေသေးတာပေါ့...မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲမှာ ဆိုရင်...သူက အစ်ကိုကြီးကို ယှဥ်နိုင်စွမ်း ရှိမှာမဟုတ်ဘူး..."

ရဲ့လူထန်းဖန်က ခေါင်းညိတ်ပြလိုက်သည်။ ပေ့ထန်းဝူကျိ ကို သူ့၏ ပြိုင်ဘက် အဖြစ် သတ်မှတ်ရမည်ဆိုလျှင်ပင် ရဲ့လူထန်းဖန်သည် သူ့ကို အနိုင်ရရမည်ဟု ယုံကြည်ချက်ရှိပေသည်။

....

အနက်ရောင်ကြယ်စင်စုနှင့် အလွန်တရာ ဝေးကွာသော နေရာတွင် ထာဝရကြယ်စင်စု တည်ရှိသည်။ ၎င်း၏ အင်အားစုများအားလုံးသည် စကြာဝဠာအရှင်သခင်ကြယ်စင်စု ထက် အဆပေါင်းများစွာ ပိုမို သန်မာပေသည်။

ထာဝရကြယ်စင်စုထဲတွင် ထိပ်တန်းအင်အားစုများသည် တစ်ရာကျော်ရှိပြီး ပထမအဆင့်အင်အားစုများမှာမူ ရေတွက်၍ပင်မရပေ။ မကောင်းဆိုးဝါးဆန်သည့် ပါရမီရှင်များသည် မြစ်ထဲ၌ ကူးခတ်နေသော ငါးများနှယ် ပေါများလှပြီး နှစ်တစ်ထောင် အတွင်း မဟာနတ်ဘုရားအဆင့် သို့ ရောက်ရှိခြင်းသည် သာမန်မျှသာ ဖြစ်ပေသည်။

မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ အတွက် စာရင်းသွင်းရာနေရာသည် ထုံးစံအတိုင်းပင် ထာဝရကြယ်စင်စု ထဲရှိ ထာဝရကုန်းမြေကြီးပေါ်တွင် ဖြစ်သည်။

ထာဝရကုန်းမြေကြီးသည် ထာဝရကြယ်စင်စု ၏အချက်အချာ ဗဟိုဖြစ်ပြီး အလွန်တရာ စည်ကားသိုက်မြိုက် ကြွယ်ဝလှသောကြောင့် ထိပ်တန်းအင်အားစု များနှင့် ပထမအဆင့်အင်အားစုများသည် ဤနေရာ၌ အိမ်တော်တစ်ခုစီ ပိုင်ဆိုင်ထားကြသည်။ ထာဝရကုန်းမြေကြီး၏ အဓိက မြို့တော် မှာ အကြီးမားဆုံးမြို့တော်ဖြစ်သော ထာဝရကမ္ဘာမြို့တော်ဖြစ်ပြီး ဝမ်ဂူကလန်က အုပ်ချုပ်ပေသည်။

ထိုအချိန်တွင် ထာဝရကမ္ဘာမြို့တော်ထဲရှိ တိမ်တိုက်စုဝေးအဆောက်အဦ၌ ထိပ်တန်းအင်အားစုများစွာဆီမှ တပည့်များ ရောက်ရှိစုဝေးလာကြပြီး မကြာမီ ကျင်းပမည့် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲအကြောင်းကို ဆွေးနွေးနေကြသည်။

"ပြောကြည့်ကြ...ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲမှာ ဘယ်သူက ပထမနေရာကို ရရှိသွားလိမ့်မယ်လို့ မင်းတို့ထင်လဲ...ဝမ်ဂူယန်ဟွေ့လား...ဒါမှမဟုတ်...ကျိုးယောင် လား"

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိသားစုတပည့်တစ်ယောက်သည် သူ့၏ အဖော်များကို မေးခွန်းမေးနေလေသည်။ ထိုတပည့်၏ အနီရောင်ဝတ်စုံ ရင်ဘတ်ပေါ်၌ တောက်လောင်နေသော မီးလျှံ သင်္ကေတ ပါရှိပြီး ထာဝရကြယ်စင်စုရှိ ထိပ်တန်းအင်အားစုများထဲမှ တစ်ခု၏ အမှတ်အသား ဖြစ်သည်။

"ငါတို့ ဝမ်ဂူကလန်ရဲ့ ဝမ်ဂူယန်ဟွေ့က...မဟာနတ်ဘုရားအဆင့် ၄ ကို အစောကြီးကတည်းက ရောက်ရှိသွားပြီလေ...ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲရဲ့ ပထမနေရာက သေချာပေါက် သူ့အတွက်ပဲ"

ဝမ်ဂူကလန်၏ တပည့်တစ်ယောက် က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။

"ဟမ့်...ငါတို့ ကျိုးကလန်ရဲ့ ကျိုးယောင် က သတ်ဖြတ်ခြင်းတာအိုကို နားလည်သွားပြီးတော့...ငါတို့ကျိုးကလန်ရဲ့ ဓားကျမ်းကိုလည်း အောင်မြင်သွားပြီကွ...သိပ်မကြာခင်တုန်းကပဲ ကျိုးယောင် က မဟာနတ်ဘုရားအဆင့် ၄ မိစ္ဆာသားရဲတစ်ကောင် ကို သတ်ဖြတ်ခဲ့သေးတယ်...ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲရဲ့ ပထမဆုရှင်က ကျိုးယောင် က လွဲပြီး ဘယ်သူမှ ဖြစ်လာမှာ မဟုတ်ဘူး"

ကျိုးမိသားစုတပည့်တစ်ယောက်က တုန့်ပြန်ပြောဆိုလိုက်သည်။

"ဘယ်သူ သိမှာလဲကွာ...ဝမ်ဂူယန်ဟွေ့ရော...ကျိုးယောင်ရော... ဘယ်သူမှ ပထမနေရာ မရတာလည်း ဖြစ်နိုင်တာပဲ"

မူကလန်၏ တပည့်တစ်ယောက်က ဖျာဝင်ခင်းလာသည်။

"ငါတို့ မူကလန်ရဲ့ မူချင်က... နတ်ဆိုးမျှော်စင်ရဲ့ စတုတ္ထအလွှာကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တယ်လေ...သူက နတ်ဆိုးသလင်းကျောက်တစ်ခုကို ရရှိခဲ့ပြီး နတ်ဆိုးဓားကို သွန်းလုပ်ခဲ့တယ်...နတ်ဆိုးဓား ပေါ်လာတဲ့အခါကျရင် ဝမ်ဂူယန်ဟွေ့ရော...ကျိုးယောင် ရော ဘယ်သူမှ...မူချင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တော့မှာမဟုတ်ဘူး"

တစ်ခဏအတွင်း ထိုတပည့်များသည် မရပ်မနား ငြင်းခုံလိုက်ကြလေသည်။

....

အဆုံးမဲ့ ကြယ်စင်စုသည် လာမည့် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲတွင် ယှဥ်ပြိုင်ရမည့် ကြယ်စင်စုပေါင်းတစ်သိန်းထဲတွင် အပါအဝင် ဖြစ်သည်။ ၎င်း၏ အင်အားစုအားလုံးပေါင်းမည်ဆိုလျှင် ထာဝရကြယ်စင်စု ထက် အနည်းငယ် အားနည်းသော်လည်း အဆုံးမဲ့ကြယ်စင်စုသည် ရှေးအကျဆုံးနှင့် အဆန်းကြယ်ဆုံး ကြယ်စင်စု ဖြစ်ပေသည်။ ဤနေရာတွင် ကံကြမ္မာဂိုဏ်းက အားလုံး၏ အထက်၌ ရပ်တည်နေပြီး အဆုံးမဲ့ကြယ်စင်စုထဲ၌ အသန်မာဆုံးသော ဂိုဏ်းဖြစ်သည်။

ကောလာဟလများအရဆိုလျှင် ကံကြမ္မာဂိုဏ်း၌ နတ်ဘုံကမ္ဘာမှ မဟာပုဂ္ဂိုလ်တစ်ယောက် အောက်ဘုံနယ်ပယ်တွင် ထားရစ်ခဲ့သော အမွေအနှစ်တစ်ခု ရှိပြီး ထိုအမွေအနှစ်မှာ အောက်ဘုံနယ်ပယ်တွင် အားအကောင်းဆုံးကျင့်စဥ် ဖြစ်သည်ဟု ပြောကြပေသည်။

ကံကြမ္မာဂိုဏ်း၏ မဟာခန်းမဆောင်ထဲ၌ ကံကြမ္မာဂိုဏ်းခေါင်းဆောင် ဝမ်ယုသည် မဟာအကြီးအကဲများအားလုံးကို စုဝေးပြီး မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲအကြောင်း ဆွေးနွေးနေပေသည်။

"ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲမှာ...ကျုပ်တို့ ကံကြမ္မာဂိုဏ်းရဲ့ ဖန်းချူက ပထမနေရာကို သေချာပေါက်ရရှိလိမ့်မယ်"

ကံကြမ္မာဂိုဏ်းမဟာအကြီးအကဲတစ်ယောက်က ဦးစွာပြောလိုက်သည်။

"ဖန်းချူက ငါတို့ ကံကြမ္မာဂိုဏ်းရဲ့ နှစ်တသန်းအတွင်း ပါရမီအရှိဆုံးတပည့်ပဲ...သူက နှစ်ပေါင်း ၁၈၀၀ လောက် ကျင့်ကြံရုံနဲ့ ကံကြမ္မာဂိတ်ကို ပုံဖော်နိုင်ခဲ့ပြီ...အဲ့တာက ခပ်ရေးရေးပဲ ပေါ်သေးတဲ့ ကံကြမ္မာဂိတ်ဖြစ်ပေမယ့်...သာမန် မဟာနတ်ဘုရားအဆင့် ၄ သိုင်းပညာရှင် တစ်ယောက်က သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်စွမ်းရှိမှာ မဟုတ်ဘူး"

ဂိုဏ်းခေါင်းဆောင် ဝမ်ယုက ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။

"ထိပ်ဆုံးသုံးနေရာမှာ တစ်နေရာ အရယူဖို့က သူ့အတွက် မခက်ခဲပါဘူး...ဒါပေမယ့် ပထမနေရာကတော့ ပြောဖို့ ခက်ခဲလိမ့်မယ်"

"ခေါင်းဆောင်က အခြားသူတွေကို အရမ်း အထင်ကြီးနေပြန်ပြီ...ကျုပ်အထင် ထာဝရကြယ်စင်စု ရဲ့ ဝမ်ဂူယန်ဟွေ့နဲ့ ကျိုးယောင်တို့ မုချင်တို့ တောင်မှ...ဖန်းချူရဲ့ ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူး"

ကံကြမ္မာဂိုဏ်း၏ မဟာအကြီးအကဲ က ဆက်ပြောလိုက်သည်။

"ဖန်းချုက ပထမနေရာကို ရသွားတဲ့အခါကျရင်...သူက ကျုပ်တို့ ကံကြမ္မာဂိုဏ်းအတွက် ကြီးမားလှတဲ့ မင်္ဂလာကျက်သရေကို ယူဆောင်လာပေးနိုင်လိမ့်မယ်...ရှေးခေတ်ကာလက ကျုပ်တို့ရဲ့ ရွှေရောင်နေ့ရက်တွေလည်း ပြန်လည်ရောက်ရှိလာလိမ့်မယ်"

ထိုကဲ့သို့သော အဖြစ်အပျက်များသည် ကြယ်စင်စုပေါင်းတစ်သိန်းထဲရှိ နေရာအနှံ့တွင် ဖြစ်ပျက်နေပေသည်။ ထိုကြယ်စင်စုများထဲရှိ ထိပ်တန်းအင်အားစု များသည် သူတို့၏ တပည့်များက လာမည့် မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲတွင် မည်မျှတောက်ပလိမ့်မည် ဖြစ်ကြောင်းကိုသာ ဆွေးနွေးနေကြသည်။

ထို ထိပ်တန်းအင်အားစု များနှင့် ဂိုဏ်းများသည် အလွန်တရာရှားပါးလှသော ရတနာများကို ရက်ရောစွာ ထုတ်ယူကာ သူတို့၏ အရည်အချင်း အရှိဆုံး တပည့်များအား ပေး၍ ခွန်အားတိုးပွားစေရန် စုပ်ယူသန့်စင်စေသည်။ သို့မှသာ ရလဒ်ကောင်းများရရှိရန် အခွင့်အရေး ပိုများမည်ဖြစ်သည်။

ဟုတ်ပေသည်...ရှောင်လုံက ဤသည်များကို မသိရှိပေ။

ရွှမ်းမီနတ်ဘုရားကျောင်းထဲ၌ ခြေချိတ်ထိုင်ရင်း နှစ် နှစ်သန်းသက်တမ်းရှိ ဆေးပင်များဆီမှ အဆီအနှစ် ဆယ့်ခုနစ်မျှင် စီးကြောင်းများသည် ရှောင်လုံ၏ ကိုယ်ထဲသို့ဝင်ရောက်သွားလေသည်။ သူ့ကိုယ်ထဲရှိ ရတနာနဂါးပုံရိပ်ဖော် အစီအရင် ကလည်း ထိုစွမ်းအင်များကို လောဘတကြီး စုပ်ယူနေပေသည်။

ထို့ပြင် နှစ်နှစ်သန်းဆေးပင်များ၏ ပွင့်ဖတ်များဆီမှ အဆီအနှစ်များသည်လည်း ရှောင်လုံ၏ ကိုယ်ထဲသို့ တပြိုင်တည်း ဝင်ရောက်နေသောကြောင့် အနည်းငယ် ဖိအားများနေပေသည်။ သူ့၏ အစစ်အမှန် နဂါးကိုယ်ဖြင့်ပင် ရှောင်လုံသည် ဤသည်ကို တောင့်ခံရန် ခက်ခဲနေပေသည်။

ပေါများကြွယ်ဝလွန်းသော အဆီအနှစ်စွမ့းအင့များကြောင့် ရှောင်လုံ သည် ဖောင်းကားလာသည်။ ထို့နောက် သူ့၏ ခန္ဓာကိုယ် သည် ဆက်လက်ကြီးမားလာပြီး အသွေးအသားများသည် ဆန့်ထွက်လာကာ သွေးစက်များသည် အက်ကွဲကြောင်းများကြားမှ စတင်စိမ့်ထွက်လာသည်။

သူ့၏ ခန္ဓာကိုယ် မှ စိမ့်ထွက်လာသော သွေးစက်လေးများသည် အနည်းငယ်နက်မှောင်နေပြီး ခဏအကြာ၌ ၎င်းတို့သည် အလွန်တရာ ဖျော့တော့သော မီးခိုးရောင်ချီကို ထုတ်လွှတ်လာပေသည်။

ဆေးပင် ၁၇ ပင်သည် ရှောင်လုံ၏ ခန္ဓာကိုယ်ဆီမှ ကျန်ရစ်နေသည့် မသန့်စင်မှုများအားလုံးကို ဖယ်ထုတ်ပစ်ခြင်း ဖြစ်ပေသည်။

ရှောင်လုံသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးကြီးက ဆုတ်ဖြဲပစ်နေသည့်နှယ် ခံစားနေရပေသည်။ သူ့၏ ခန္ဓာကိုယ်သည် ဆုတ်ဖြဲခံရသည့်နာကျင်မှုကို အဆုံးအစမဲ့ ခံစားနေရသော်လည်း ရှောင်လုံသည် အံကိုကြိတ်ကာ နောက်ဆုံးသော အသိစိတ်အမျှင်လေးအား ထိန်းသိမ်းထားရပေသည်။ သူက အဆီအနှစ်စွမ်းအင်များကို စုပ်ယူကာ နတ်ဘုရားစစ်ပွဲချီ နှင့် အစစ်အမှန်အင်မော်တယ်အဆီအနှစ် အင်အား အဖြစ်သို့ ပြောင်းလဲနေပေသည်။

သူက သူ့၏ ချီပင်လယ်နှင့် ဒန်တျန် တို့ကို နေရာလွတ်များစွာ ကျယ်ပြန့်အောင် ထပ်တလဲလဲ ဖိအားပေးထားသောကြောင့် စွမ်းအင်များစွာကို စုပ်ယူနေနိုင်ဆဲ ဖြစ်ပေသည်။

အတိအကျဆိုရလျှင် သူသည် လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဆယ်အတွင်း သူ့၏ ချီပင်လယ်နှင့် ဒန်တျန်ထဲရှိ စွမ်းအင်များကို အလွန်အမင်း ဖိအားပေးထားခဲ့ပေသည်။ ရှောင်လုံ၏ ထပ်တလဲလဲ ဖိနှိပ်မှုအောက်တွင် သူ့၏ ချီပင်လယ်နှင့် ဒန်တျန်တို့သည် အားဖြည့်ခံထားရသည့် သံမဏိတုံးကဲ့သို့ ဖြစ်လာကြပြီး နတ်ဘုရားလက်နက်တစ်ခုထက်ပင် ပိုမိုတောင့်တင်းလာကြသည်။

တစ်ချိန်တည်းမှာပင် သူ့၏ စိတ်ဝိညာဥ်ကို နှစ်နှစ်သန်း ဆေးပင် ဆယ့်ခုနစ်ပင်က အားဖြည့်ပေးနေသောကြောင့် သူ့စိတ်ဝိညာဥ်၏ ကြည်လင်သန့်ရှင်းမှု သည် နောက်တစ်ဆင့်သို့ တက်သွားကာ ထက်ရှသိပ်သည်းလာသည်။

တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်.....

တဖြည်းဖြည်းချင်း ရှောင်လုံ ၏ ဖောင်းကားနေသော ခန္ဓာကိုယ် သည် မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားသည်။ သွေးများက စိမ့်ထွက်နေဆဲ ဖြစ်သော်လည်း သူ့၏ အသားအရေ ကမူ ရောင်စုံအလင်းတို့ဖြင့် တောက်ပနေပေသည်။

ထိုအလင်းများသည် နှစ်နှစ်သန်း ဆေးပင်၁၇ပင် ဆီမှ အဆီအနှစ်များဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်သည်။

မကြာမီ ခုနစ်နှစ် ကုန်ဆုံးသွားသည်။

ရှောင်လုံ အရှေ့၌ မျောလွင့်နေသော ဆေးပင် ၁၇ ပင်သည် ပြာအသွင် ကြေမွသွားကာ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည်။ လွန်ခဲ့သည့် နှစ်လကတည်းက ရှောင်လုံသည် ဆေးပင်များ၏ အဆီအနှစ်အားလုံးကို စုပ်ယူထားခဲ့ပြီး ဖြစ်သည်။

ခြေချိတ်ထိုင်နေရင်းမှ ရှောင်လုံသည် သူ့မျက်လုံးများကို ဖွင့်လိုက်လေသည်။ နောက်တစ်ခဏ၌ သူသည် သိုင်းဝိညာဥ်ကမ္ဘာ၏ အပြင်ဘက်တွင် ပေါ်ထွက်လာလေသည်။

ထို့နောက် သူက အသက်တစ်ချက် ရှုထုတ်လိုက်သည်။ သူ ရှုထုတ်လိုက်သည့်လေက စွမ်းအင်လှိုင်းများ အသွင် ပြေးထွက်သွားပြီး မီတာ သန်းပေါင်းများစွာရောက်မှသာ ပျောက်ကွယ်သွားလေသည်။

"ခုနစ်နှစ် ကြာသွားပြီ ပဲ...အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကို သွားဖို့ အချိန်ကျပြီ"

ရှောင်လုံက တီးတိုး ရေရွတ်လိုက်မိသည်။ ထိုနေရာ၌ ရပ်နေရင်း သူက အားကောင်းလှသော အော်ရာကို ထုတ်လွှတ်နေပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၃၉.....ထာဝရ ကြယ်စင် စု ဆီသို့ သွားရောက်ခြင်း

ဟောင်မိသားစုအိမ်တော်၏ အပြင်ဘက်တွင် ဟောင်မိသားစု ဝင်များ ၊ ရှောင်ဖေး ၊ ကျို့ရှု၊ ကျန့်ဖူ ၊ရှဲ့ပူတိ ၊ခရမ်းရောင် စိတ်ဝိညာဉ် ဝါးမြို မျောက် ဟောင်ရှောင်ယွန် ၊ ကံကောင်းခြင်း ဗုဒ္ဓ အင်ပါယာ ချီဖန်းထန် ၊ လဲ့ထျန်း နှင့် အခြားသူများသည် ရှောင်လုံကို လိုက်ပါ ပို့ဆောင်နေကြပေသည်။

ရှောင်ဖေး၏ မျက်လုံးများသည် နီရဲနေကာ မျက်ရည်များဖြင့် ပြည့်နှက်နေပေသည်။ ဤတစ်ခေါက် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ သည် မည်မျှ အန္တရာယ် များလှကြောင်း သူမ သိရှိပေသည်။ သူမက အမြဲတစေ စိတ်ဓာတ် သန်မာခဲ့သော်လည်း ယခု အချိန်တွင်မူ သူမ၏ မျက်ရည်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ရှောင်လုံ က သူမ၏ မျက်နှာထက်သို့ ကျဆင်းလာသည့် မျက်ရည်များကို သုတ်ပေးလိုက်လေရင်း ညင်ညင်သာသာပြောလိုက်လေသည်။

"မစိုးရိမ်ပါနဲ့...အစ်ကို သေချာပေါက် ပြန်လာမှာပါ...အစ်ကို ပြန်လာတဲ့အခါကျရင်...ညီမ အတွက် အခမ်းနားဆုံး လက်ထပ်ပွဲ တစ်ခု ယူဆောင်လာပါ့မယ်"

သူက အရှေ့သို့ ငုံ့ကိုင်းလိုက်လေပြီး သူမ၏ နားဖူးပေါ်တွင် အနမ်းတစ်ခု ချန်ရစ်ခဲ့လိုက်လေသည်။

ရှောင်လုံက လူအများရှေ့တွင် နမ်းလိုက်သောကြောင့် ရှောင်ဖေး၏ ပါးပြင်သည် သိသိသာသာ နီရဲ သွားပေသည်။ ထို့နောက် သူမက ရှောင်လုံ၏ သတိပေးမှုကို ညင်သာစွာ ခေါင်းညိတ် ပြလိုက်လေသည်။

ထို့နောက် ရှောင်လုံက သူ့၏ မိဘများနှင့် အခြားသူများကို နုတ်ဆက်လိုက်လေပြီး သူ့အတွက် စိတ်မပူရန် ပြောလိုက် လေသည်။

ဖုယန်က ရှောင်လုံကို ပြောလိုက်လေသည်။

"ရှောင်လုံ...ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ မှာ... မဟာနတ်ဘုရားအဆင့် ၃ နောက်ပိုင်းနဲ့ နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင် တွေတောင် မှပဲ ပါဝင်လာလိမ့်မယ်လို့ သားရဲ့ ဆရာ ဖုယန်က အမေတို့ကို ပြောပြခဲ့တယ်...ဒါကြောင့်မလို့ သားအနေနဲ့ ထိပ်ဆုံး အယောက် ၁၀၀၀အတွင်း မဝင်ရင်တောင် အဆင်ပြေပါတယ်...အရေးကြီးဆုံးအရာက သားလေး လုံလုံ ခြုံခြုံနဲ့ ပြန်ရောက်လာဖို့ပါပဲ"

ရှောင်လုံက စိတ်ထဲ မှ ခါးသီးစွာ ပြုံးလိုက်မိပြီး စနောက် ကျီစယ် လိုက်လေသည်။

"ဟုတ် ကဲ့... ကျွန်တော် သိပါပြီ အမေရဲ့... ကျွန်တော် ထိပ်ဆုံး အယောက် တစ်ထောင် အတွင်း တစ်နေရာ ရအောင် ယူပြီး တော့ ပြန်လာခဲ့ပါ့မယ်"

ဖုယန်က ပြုံးလိုက်လေသည်။

"ဒီကောင်လေးကတော့လေ...အမေ့ကို ဘယ်လို ပျော်အောင် လုပ်ရမယ်ဆိုတာကို တကယ်သိတာပဲ"

ရှောက်လုံ နောက်၌ ရပ်နေသော နဂါးအင်ပါယာ အောင်းတိုင်ရီ၊ နဂါးစိမ်းသားရဲဘုရင်နှင့် ဘိုးဘေးဘီဖန်းတို့သည် သူတို့၏ မျက်နှာ များသည် တွန့်လိမ်သွားကြသည်။

မနေ့က ရှောင်လုံ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကာ သူသည် သူတို့ သုံးယောက် ကို လာရှာကာ လက်ရည် ယှဥ်ပြိုင်ခဲ့ပေသည်။

သူတို့ ၃ ယောက်နှင့် တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သော်လည်း သူတို့သည်သာ ဆိုးဆိုးဝါးဝါး နာကျင်စွာ ရိုက်နှက်ခံလိုက်ကြရပေသည်။ ထိုအချိန်တွင် သူတို့၏ ခန့်ညား ချောမောလှသော မျက်နှာ များသည် ဝက်ခေါင်းများ အသွင် ဖောင်းကား သွားကြပေသည်။ သူတို့က အထွတ်အမြတ် အဆင့် နတ်ဆေးလုံးများကို ထုတ်သုံးကာ ကုသခဲ့ကြသော်လည်း သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ယခု အချိန်ထိ အနည်းငယ် ထုံကျင်နေဆဲ ဖြစ်ပေသည်။

"ဆရာကြီး နဂါး အင်ပါယာ ခင်ဗျာ... နေလို့ အဆင်ပြေရဲ့လား... ဆရာကြီးတို့ ၃ ယောက်ကြည့်ရတာ နေမကောင်းသလိုပဲ"

ရှောင်လုံ၏ တူဖြစ်သည့် ဂိုချောင်ဖန်က ရုတ်တရက် ပြောလိုက် လေသည်။

ဂိုချောင်ဖန်ပြောလိုက်မှ သာ နဂါးအင်ပါယာအောင်းတိုင်ရီ ၊နဂါးစိမ်း သားရဲဘုရင် နှင့် ဘိုးဘေးဘီဖန်းတို့သည် မသက်မသာ ဖြစ်နေကြောင်း လူတိုင်း သတိထားမိသွားကြသည်။

နဂါး အင်ပါယာအောင်းတိုင်ရီ က တောင့်တင်းနေသည့် အပြုံးတစ်ခုဖြင့် အလျှင် အမြန် ရှင်းပြလိုက်လေသည်။

" ငါတို့ ၃ ယောက် မနေ့ညက ကျင့်စဥ်ကျင့်တုန်း နည်းနည်း အလျှင် လိုသွားလို့ပါ... ရက်အနည်းငယ် ကြာရင် သက်သာ သွားပါလိမ့်မယ်"

နဂါးစိမ်းသားရဲဘုရင်နှင့် ဘိုးဘေးဘီဖန်းတို့က အလျှင် အမြန် ခေါင်ညိတ် ပြလိုက်လေသည်။

ကျန်သည့် သူများက ဝေခွဲ မရ ဖြစ်သွားကြလေသည်။ အလွန်အမင်း ကျင့်ကြံ အားထုတ်ခြင်းသည် လူတစ်ယောက်၏ မျက်နှာ ကိုနီရဲ ဖူးယောင် သွားစေသည်လား။

ရှောင်လုံက သူ့ကို အပြုံးဖြင့် ကြည့်လိုက်လေသည်။

"ကျွန်တော် ပြောမယ်... နဂါးအိုကြီး... နောင်အနာဂတ်ကျရင် ပိုပြီး ဂရုတစိုက် ကျင့်ကြံ အားထုတ်သင့််တယ်"

နဂါးအင်ပါယာအောင်းတိုင်ရီသည် သူ့၏ မျက်နှာ ထက်ရှိ ကြွက်သားများ ပိုမို တင်းမာသလို ခံစားလိုက်ရပေသည်။

'ကောင်လေး...မနေ့တုန်းက ဘာလို့ထိန်းထိန်းသိမ်းသိမ်း မတိုက်ခိုက်ခဲ့တာလဲ'

နဂါးအင်ပါယာအောင်းတိုင်ရီက မကျေမနပ်ဖြင့် ရှောင်လုံကိုစိတ်နှင့် ဆက်သွယ်ကာ ပြောလိုက်လေသည်။

ရှောင်လုံက စပ်ဖြီးဖြီး အမူအရာ နှင့်ပင် ပြန်ဖြေလိုက်လေသည််။

'မနေ့က ကျွန်တော်  ထိန်းထိန်းသိမ်းသိမ်း တိုက်ခိုက်ခဲ့တာပါဗျာ'

အမှန် တိုင်း ဆိုရသော် မနေ့က လက်ရည် ယှဥ် ပြိုင်ပွဲတွင် ရှောက်လုံသည် အားထိန်းကာ တိုက်ခိုက်ခဲ့ပေသည်။ သို့ မဟုတ်လျှင် နဂါးအိုကြီး နှင့် ကျန်သည့် နှစ်ယောက်သည် လူ အများကို လပေါင်းများစွာ ထွက် မတွေ့ရဲလောက်အောင် ရှက်ကိုးရှက်ကန်း ဖြစ်သွားကြပေသည်။

ရှောင်လုံက သူ့၏ မိသားစု ကို ကိစ္စ များ မှာကြားခဲ့ပြီးနောက် တွေဝေ တုန့်ဆိုင်း နေသော အကြည့်များ အောက်တွင် အဝေးသို့ ပျံသန်း ထွက်သွားလေသည်။

ခဏမျှ ကြာပြီးနောက် ရှောင်လုံသည် သိုင်းဝိညာဥ် ကမ္ဘာ ၏ ကူးပြောင်းခြင်း အစီအရင် ရှိရာဆီသို့ ရောက်ရှိသွားပေသည် ။ ဤ မဟာကူးပြောင်းခြင်း အစီအရင်နှင့် အိမ်နီးချင်း နိုင်ငံ များရှိ ကူးပြောင်းခြင်း အစီအရင် များသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက အောင်အောင်မြင်မြင် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။

ကူးပြောင်းခြင်း အစီအရင် ၏ အစောင့် အရှောက်များသည် သိုင်းဝိညာဥ်ကမ္ဘာ ၏ အမြင့်မားဆုံး တည်ရှိမှု ဖြစ်သော ရှောင်လုံ ကူးပြောင်းခြင်း အစီအရင်ရှိရာဆီသို့ ရောက်ရှိလာကြောင်း သိလာချိန်တွင် သူတို့ အားလုံးသည် ဦးညွှတ် ဂါရဝ ပြုလိုက်ကြသည် ။ ထို့နောက် သူ့အတွက် ကူးပြောင်းခြင်းအစီအရင် ကို အလျှင်အမြန် မောင်းနှင်ပေးလိုက်လေသည်။

အချိန်အတော်ကြာပြီးနောက် ရှောင်လုံ ပျောက်ကွယ်သွားမှသာ အစောင့်များသည် သူတို့၏ ကျောကုန်းများကို ပြန်လည် ဆန့်ထုတ်ရဲသွားကြပေသည်။

ရှောင်လုံ က ကူးပြောင်းခြင်းအစီအရင်များစွာကို ဖြတ်သန်းကာ တစ်ရက်တာ အတွင်း တိမ်ပင်လယ်ကုန်မြေကြီးဆီသို့ ရောက်ရှိ သွားကြပေသည်။ ထိုနေရာမှ နေ၍ သူသည် အနက်ရောင် သူရဲကောင်း မြို့တော်ဆီသို့ ပျံသန်းလိုက်လေသည်။ အချိန် အနည်းငယ်မျှ ပင် ဖြုန်းတီးခြင်း မရှိဘဲ မြို့တော်၏ ကူးပြောင်ခြင်းအစီအရင် ဆီသို့ ဦးတည်လိုက်ပြီး အနက်ရောင်သူရဲကောင်းတက္ကသိုလ် ၏ နယ်မြေထဲသို့ ဝင်ရောက်လိုက်လေကာ ဖုယန်၏ အိမ်တော်ရှိရာဆီသို့ ချက်ချင်း ပျံသန်းလိုက်လေသည်။

ဖုယန်သည် ရှောင်လုံ ကို စောင့်ဆိုင်းနေသည်မှာ ရက်အနည်းငယ် ကြာညောင်းနေပြီဖြစ်သည်။ သူရောက်ရှိလာသည်ကို မြင်သည်နှင့် သူတို့ နှစ်ယောက် သည် အနက်ရောင် သူရဲကောင်းတက္ကသိုလ် မှ ထပ်မံ ထွက်ခွာ လာခဲ့ရာ ထာဝရကြယ်စင်စု ရှိရာဆီသို့ ဆက်လက် ခရီး ထွက်လာကြလေသည်။

လျှိုယွင် ၊ ချန်းယန်နှင့် ချီဝမ်တို့သည် ဤ တစ်ကြိမ် ပြိုင်ပွဲ ကို ဝင်ရောက် နိုင်စွမ်း မရှိကြသော်လည်း သူတို့၃ ယောက်သည်လည်း ဖုယန်နှင့် ရှောင်လုံတို့နောက်မှ ထားဝရ ကုန်မြေကြီး ရှိရာဆီသို့ လိုက်ပါ လာကြပေသည်။

ဖုယန်၏ ရည်ရွယ်ချက်မှာ သူတို့အတွက် အတွေ့အကြုံ ရရန်ဖြစ်ပေသည်။

စည်းမျဥ်း အသစ်ပြောင်လဲမှုများကြောင့် အနက်ရောင်သူရဲကောင်း တက္ကသိုလ် ၌ ရှောင်လုံမှလွဲ၍ မည်သည့် တပည့် မှ မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ သို့ ဝင်ရောက် ယှဥ် ပြိုင်ရန်  အရည် အချင်း ပြည့်မီခြင်း မရှိပေ။ ထို့ကြောင့် သူတို့၏ အုပ်စုတွင် တပည့် ၄ ယောက်နှင့် သူတို့၏ ဆရာသည်ဝါ ပါဝင်ပေသည်။  ထို့ကြောင့် ဖုယန်သည် သူတို့ အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ နိမ့်ကျလှသော အမွေအနှစ်အပေါ် တိတ်တဆိတ် ဝမ်းနည်းနေမိပေသည်။

ဖုယန်နှင့် သူ့တပည့် ၄ ယောက်တို့ အနက်ရောင်သူရဲကောင်းတက္ကသိုလ်မှ ထွက်သွားပြီး သိပ်မကြာမီတွင် ဝူဟွမ်တောင်ထိပ်ရှိ  ခန်းမထဲရှိ အဓိက ထိုင်ခုံပေါ်တွင် လူတစ်ယောက် ထိုင်နေပေသည်။ ထိုလူငယ်သည် အခြားသူ မဟုတ်ဘဲ ထူးခြား ဆန်းကြယ် သည့် အလင်းရောင်များဖြင့် ဖုံးလွမ်းနေသော တံလျှပ်ဘုရင် ဖြစ်ပေသည်။

" အရှင် တံလျှပ်ဘုရင်... ဖုယန်နှင့် ဟောင်ရှောင်လုံတို့ ထာဝရ ကြယ်စင်စု ကို ခရီး ထွက်သွားကြပါပြီ..."

သူ့ဘေးမှ ဝမ်နာက တံလျှပ်ဘုရင် က ခေါင်းညိတ်လိုက်လေသည်။

ဝမ်နာက ထပ်ပြောချင်နေသေးသော်လည်း ပြောရဲခြင်း မရှိပေ။

တံလျှပ်ဘုရင် က သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။

"မဟာအရှင်သခင် က လာမယ့် ပြိုင်ပွဲ မှာ ဝင်ပြိုင်ပြီးတော့... ဟောင်ရှောင်လုံ ကို ကိုယ်တိုင် ရင်ဆိုင်လိမ့်မယ်...ဟောင်ရှောင်လုံ အနေနဲ့ သိုင်းဝိညာဥ်ကမ္ဘာ ကို နောက်တစ်ကြိမ် ဝင်ရောက်လာနိုင်မှာ မဟုတ်ဘူး...ဟောင်မိသားစု အတွက် ကတော့ ဖြည်းဖြည်းချင်း ဖြေရှင်း လိုက်လို့ ရတယ် ငါ ဒီကိစ္စကို မင်းဆီ လွှဲပေးခဲ့မယ် "

ဝမ်နာသည် ပျော်ရွှင်မှု များဖြင့် ပြည့်နှက်သွားလေသည်။

"အများကြီးကျေးဇူးတင်ပါတယ် ...အရှင်သားရဲဘုရင်"

တံလျှပ်ဘုရင် ၏ ပတ်ပတ်လည် ရှိ ထူးခြားဆန်းကျယ်သော အလင်းသည် တောက်ပသွားလေပြီး နေရာမှ ပျောက်ကွယ်သွားပေသည်။

တံလျှပ်ဘုရင် ထွက်ခွာသွားပြီးနောက်တွင် မဟာ အကြီးအကဲ ဟဲ့ကျီဝူသည် ရှေ့သို့ တစ်လှမ်း တိုးလာပြီး ဝမ်နာကို မျက်နှာချိုသွေးကာ ပြောလိုက်သည်။

"မဟာအရှင်သခင် ကိုယ်တိုင် လှုပ်ရှားမယ်ဆိုရင်...ဟောင်ရှောင်လုံ က သေချာပေါက် သေသွားရလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ကျောင်းအုပ်ကြီး ဝမ်နာက...အနက်ရောင်သူရဲကောင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ရာထူးကို အလွယ်တကူ ရယူသွားနိုင်လိမ့်မယ်"

ဝမ်နာက ခေါင်းကိုမော့ကာ အားပါးတရ ရယ်မောလိုက်သည်။

" ကျောင်းအုပ်ကြီး နေရာကို ငါ ယူပြီးတဲ့နေ့က...ဟောင်မိသားစုအိမ်တော် ပျက်စီးမယ့်နေ့ပဲ"

ပြိုင်ပွဲရက်သို့ ရောက်ရှိရန် နှစ်ဝက်လိုနေသေးသော်လည်း ရှောင်လုံကဲ့သို့ပင် အင်အားစုခေါင်းဆောင်များစွာသည် သူတို့၏ ပြိုင်ပွဲဝင်တပည့်များကို ခေါ်ကာ ထာဝရကြယ်စင်စု ရှိရာဆီ ထွက်ခွာလာကြပေသည်။
အချိန်တို အတွင်း နေရာအနှံ့မှ လူများသည် ထာဝရကြယ်စင်စု ထဲသို့ ဝင်ရောက်လာကြသည်။

အနက်ရောင်လိပ်ကြယ်စင်စု နှင့် ထာဝရကြယ်စင်စု တို့သည် အလွန်တရာ ဝေးကွာလှသည့်အပြင် ကြယ်စင်စုတစ်ခုနှင့် တစ်ခုကြား ဆက်သွယ်ထားသော မည်သည့် ကူးပြောင်းခြင်းအစီအရင် မှ မရှိပေ။ ထို့ကြောင့် ရှောင်လုံတို့အုပ်စုသည် ထာဝရကြယ်စင်စု သို့ ရောက်ရှိရန် လေးလကျော် ကြာမြင့်ခဲ့ပေသည်။

လေးလကြာပြီးနောက် သူတို့အုပ်စု ထာဝရကုန်းမြေကြီးပေါ်သို့ ရောက်ရှိသွားချိန်တွင် သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့် စိတ်လှုပ်ရှားသွားရသည်။ ထိုမြင်ကွင်းမှာ နေရာအရပ်ရပ်မှ ကျင့်ကြံသူ များ ထာဝရကုန်းမြေကြီးဆီသို့ လာရောက်နေကြသည့် မြင်ကွင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ က ရှောင်လုံ မဟာဆေးပညာရှင်ပြိုင်ပွဲ ဝင်ပြိုင်ရန်အတွက် တော်ဝင်ဆေးမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ချိန်တွင် သူသည် မြို့တော်၏ ကြီးမား ခမ်းနားလှမှုကြောင့် အံ့အားသင့်ခဲ့ရသည်။ သို့သော် သူ့ရှေ့ရှိ မြင်ကွင်း သည် ပို၍ပို၍ ပင် အံ့အားသင့် မှင်သက်စရာကောင်းလှပေသည်။

နေရာအနှံ့မှ ရောက်ရှိလာသည့် ထရီလီယံများစွာသော ကျင့်ကြံသူများသည် ပိုးစုန်းကြူးများကဲ့သို့ တစ်အုပ်စုပြီးတစ်အုပ်စု ပျံသန်းနေကြသည်။ ရောက်ရှိလာသူများအနက် အားအနည်းဆုံးသူများသည် အဆင့်မြင့် နတ်ဘုရားအဆင့် ကျင့်စဥ်များကို ပိုင်ဆိုင်ထားပြီး နှစ်တစ်ထောင်လုံးတွင် တွေ့ရန် ခက်ခဲလှသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များစွာသည် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားကြကြောင်း ရှောင်လုံ သတိထားမိပေသည်။

ခဏကြာပြီးနောက် ဖုယန်သည် တံတွေးမြိုချလိုက်မိရင်း ပြောလိုက်သည်။

"ထာဝရကမ္ဘာမြို့တော်ဆီ အရင်သွားပြီးတော့ အရင်ဆုံး စာရင်းသွင်းကြရအောင်...ပြီးမှ နေဖို့နေရာ ရှာကြတာပေါ့"

ထိုသို့ ပြောလိုက်ပြီးနောက် သူသည် သူ့တပည့်လေးယောက်ကို ဦးဆောင်ကာ မြင်ကွင်းထက် ပိုမိုကြီးမားလှသော ထာဝရကုန်းမြေကြီး ရှိရာဆီသို့ ဦးတည်ပျံသန်းလိုက်သည်။

သူတို့ငါးယောက်လုံးသည် ထာဝရကုန်းမြေကြီး ပေါ်သို့ ပျံသန်းလိုက်ကြပေသည်။ အောက်ဘက်ရှိ စည်ကားသိုက်မြိုက်လွန်းနေသော အဆောက်အဦးများနှင့် မြို့တော်များကို ကြည့်ရင်း သူတို့သည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားကြသည်။

သူတို့ ကြည့်လိုက်သည့်နေရာတိုင်း၌ မြို့တော်တစ်ခု ရှိနေသည့်နှယ် ခံစားနေကြရသည်။ နေရာတိုင်းတွင် လူများ ရှိနေလေပြီး သစ်တောစိမ်းများ၊ မြစ်များနှင့် ပန်းပွင့်လေးများစွာလည်း ရှိပေသည်။ ထာဝရကုန်းမြေကြီး နှင့် နှိုင်းယှဥ်မည်ဆိုလျှင် အနက်ရောင်လိပ်ကြယ်စင်စု ၏ တိမ်ပင်လယ်ကုန်းမြေကြီးသည် နွမ်းပါးနိမ့်ကျသည့် နယ်မြေတစ်ခုမျှသာ ဖြစ်သွားမည်ဖြစ်သည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၄၀ ..... ငါ့ကို မင်းနေရာ ပေးစမ်း

ဖုယန်တို့ အုပ်စု သည် တစ်ရက်ကြာပြီးနောက် ထာဝရ ကမ္ဘာ မြို့တော်သို့ ရောက်ရှိသွားကြလေသည်။

မြို့တော်၏ ဂိတ်တံခါးများရှေ့တွင် ရပ်ရင်း သူ့ရှေ့ရှိ တိမ်စိုင်များကိုပင် ထိုးဖောက်လုမတတ် မြင့်မားလှသော မြို့တော် နံရံ များကို ကြည့်ရင်း ဖုယန် က ယူကျုံးမရ ဖြစ်စွာ သက်ပြင်းချလိုက်လေသည်။

"ဒါကမှ အင်မော်တယ်တွေရဲ့ အစစ်အမှန်မြို့တော်ပဲ..."

သူက ရှောင်လုံနှင့် အခြားသူများကိုကြည့်လိုက်ရင်း ရှင်းပြလိုက်လေသည်။

"ဒီထာဝရ ကမ္ဘာ မြို့တော် တည်ရှိခဲ့တာ... နှစ်သန်းပေါင်း တစ်ရာမက ရှိခဲ့ပြီလို့ ပြောကြတယ်"

နှစ်သန်းပေါင်း တစ်ရာကျော်တဲ့လား။

တပည့် ၄ ယောက်လုံးသည် မျက်လုံးများ ပြူးကျယ်သွားကာ အံ့အား သင့်သွားကြလေသည်။

နတ်ဘုရား လက်နက် တစ်ခုသည်ပင် နှစ်သန်းပေါင်း၁၀၀ ကြာမြင့်သွားသည်နှင့် ပျက်စီး ယိုယွင်းကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲ သွားပေလိမ့်မည်။ သို့သော်လည်း ထားဝရ ကမ္ဘာမြို့တော်သည် ထိုမျှ ကြာညောင်းသည် အထိ ကုန်းမြေကြီး ၏ အစိတ်အပိုင်း တစ်ခု အဖြစ် တည်ရှိနေဆဲဖစ်သည်။

အနက်ရောင် သူရဲကောင်းတက္ကသိုလ် တည်ထောင်ခဲ့သည် မှာ မည်မျှကြာသေးသည်နည်း။ နှစ်သန်း ပေါင်း ၂၀ မှ ၃၀ အတွင်း ဖြစ်သည်လား။

ဖုယန်က ဆက်ပြောလိုက်လေသည်။

"ဆရာသိထားသလောက်တော့...ဒီမြို့တော်ရဲ့ သက်တမ်းက နှစ်သန်းပေါင်း နှစ်ရာ အထိ ရောက်နေပြီတဲ့... ဒါပေမယ့် ဒီအကြောင်းအရာက မှန်သလား မှားသလားဆိုတာတော့ ဘယ်သူမှ သေချာ မပြောနိုင်ကြဘူး...ထာဝရ ကပ်ကမ္ဘာမြို့တော်ကို ထာဝရ ကြယ်စင်စု ရဲ့ အင်အားအကြီးဆုံး ဝမ်ဂူကလန်က အုပ်ချုပ်ထားတယ် "

ရှောင်လုံက မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။

"အဲ့ဒီ ဝမ်ဂူကလန်ကလည်း နှစ်သန်းပေါင်း တစ်ရာကျော် တည်ရှိနေခဲ့တာလား"

ဖုယန်က ခေါင်းညိတ်ပြလိုက်သည်။

"အမှန်ပဲ...ဝမ်ဂူကလန် တည်ရှိခဲ့တာ နှစ်သန်းပေါင်း တစ်ရာ ကျော်သွားခဲ့ပြီ...သူတို့ကလန်ရဲ့ အင်အားစု တွေက အိမ်နီးချင်း ကြယ်စင်စု တစ်ရာကျော်ကို ဖြန့်ကျက်ထားတယ်...ဒီတစ်ခေါက် ပြိုင်ပွဲမှာ ပါဝင် ယှဥ် ပြိုင်တဲ့ ကြယ်စင်စု တွေထဲမှာ ဆိုရင်...ထာဝရ ကြယ်စင်စု ကို အသန်မာဆုံး ကြယ်စင်စု တွေထဲက တစ်ခုအဖြစ် သတ်မှတ်လို့ရတယ်"

"ဆရာ...ကြယ်စင်စု ပေါင်း တစ်သိန်း အတွင်းမှာ ဝမ်ဂူကလန် က ရှေးအကျဆုံး မိသားစုလား"

ချီဝမ်က မေးမြန်းလိုက်လေသည် ။

သို့သော် မထင်မှတ် ထားစွာပင် ဖုယန်က ခေါင်းယမ်းကာ ဖြေကြားလိုက်လေသည်။

" မဟုတ်ဘူး  "

" သူတို့ မဟုတ်ဘူးလား..."

ရှောင်လုံ ၊ သူ့၏ ဆရာတူ အစ်ကိုများနှင့် ဆရာတူ အစ်မသည် တုန်လှုပ်သွားကြလေသည်။

ဖုယန်က ခေါင်းညိတ်ပြလိုက်သည်။

ရှေးအကျဆုံး အင်အားစု ကတော့ အဆုံးမဲ့ ကြယ်စင်စုရဲ့ ကံကြမ္မာ ဂိတ်ပဲ... ခွန်အား သက်သက်ဆိုရင် ကံကြမ္မာ ဂိုဏ်း က ဝမ်ဂူကလန် ထက် နည်းနည်း အဆင့် နိမ့်လိမ့်မယ်...ဒါပေမယ့် ဒါက ကံကြမ္မာဂိုဏ်း ကို မသန်မာဘူးလို့ ဆိုလိုတာမဟုတ်ဘူး "

ဖုယန်က သူ့တပည့်များကို မပြောသည့် စကားတစ်ခွန်းရှိပေသည်။ ဝမ်ဂူကလန် နှင့် ကံကြမ္မာဂိုဏ်း ကဲ့သို့သော မဟာ အင်အားစု များ ရှေ့တွင် သူ့၏ အနက်ရောင်သူရဲကောင်းတက္ကသိုလ် သည် ဘာမဟုတ်သည့် ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်ပေသည်။

သူတို့ က ပုရွက်ဆိတ် တစ်ကောင် လောက် ပင် အဆင့် မရှိသည်လည်း ဖြစ်နိုင်ပေသည်။

သူတို့ တစ်ယောက် ချင်းစီအတွက် အဆင့်မြင့် စကြဝဠာ အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀ တုံးစီ ပေးချေပြီးနောက် ဖုယန် တို့ အုပ်စုသည် အခြားတပည့်များနှင့် အတူ မြို့တော်ထဲသို့ ဝင်ရောက်သွားကြပေသည်။

သူတို့က မြို့တော် တံခါးများကို ဖြတ်သန်း သွားသည့် အချိန်တွင် ရှောင်လုံ၏ အကြည့်သည် အနည်းငယ် ဝေးကွာသည့် နေရာရှိ ကြီးမားလှ သော ရုပ်ထုကြီး တစ်ခုပေါ်သို့ ကျဆင်းသွားပေသည်။ ၄င်းသည် မီတာ ရာအနည်းငယ်ထိ မြင့်မားသော ကြောက်မက်ဖွယ်ရာ ချီလင်တစ်ကောင်ဖြစ်သည်။ ဤသည်မှာ နတ်ဘုရား သားရဲ ချီလင် ဖြစ်သည်။

ဖုယန်က ကြီးမားလှသည့် ရုပ်ထုကြီးကို ကြည့်ရင်း သူ့၏ တပည့်များကို ပြောလိုက်လေသည်။

" ဝမ်ဂူကလန် ရဲ့ ပထမဆုံး ဘိုးဘေးက လူသားမျိုးနွယ်ကနေ ဆင်းသက်လာတာ မဟုတ်ဘူးဆိုတာကို... မင်းတို့ တွေးမိကြမှာမဟုတ်ဘူး"

"လူသားမျိုးနွယ် ကမဟုတ်ဘူးတဲ့လား"

သူတို့၄ ယောက်လုံသည် ကြောင်အသွားကြပြီး အတွေး တစ်ခုက သူတို့၏ စိတ်ထဲသို့ ဝင်ရောက်လာပေသည်။

"အမှန်ပဲ... ဝမ်ဂူကလန်ရဲ့ ပထမဆုံး ဘိုးဘေးက ရှေးဟောင်း နတ်ဘုရား သားရဲ ဖြစ်တဲ့ချီလင် တစ်ကောင်ပဲ...ဒါကြောင့်မလို့ ဝမ်ဂူ ကလန်ရဲ့ ပင်မ တပည့်တွေ အားလုံးဟာ ရှေးဟောင်း ချီလင် ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြတယ်...ဒါ့အပြင်... သူတို့ရဲ့ ခန္ဓာကိုယ် တွေကလည်း သာမာန် ထက်ပိုပြီး ကြံ့ခိုင်သန်မာကြတယ်... ပြီးတော့ သူတို့ရဲ့ ပထမဆုံး ဘိုးဘေး က ချီလင် ဖြစ်တာကြောင့်... သူတို့ ပင်မ တပည့်တွေရဲ့ မီးတောက် အပေါ် သဘောပေါက်နားလည်မှု ဉာဏ်အလင်းကလည်း တကယ့်ကို မြင့်မားလွန်းလှတယ်"

ဖုယန်က ရှင်းပြလိုက်လေသည်။ ဝမ်ဂူ မိသားစု၏ ပထမဆုံး ဘိုးဘေးသည် မီးတောက် ချီလင်တစ်ကောင် ဖြစ်လိမ့်မည်ဟု ရှောင်လုံနှင့် အခြားသူများသည် မျှော်လင့်မထားမိကြပေ။

ဖုယန်က ရှောင်လုံကို ကြည့်ကာ ပြောလိုက်ကြပေသည်။

"ရှောင်လုံ...ပြိုင်ပွဲ မှာ ဝမ်မိသားရဲ့ ပင်မတပည့်နဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုရင်... သူတို့ကို အရဲစွန့် မတိုက်ခိုက်ဖို့ သတိရပါ "

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။

သူတို့က ပြိုင်ပွဲ ၏ စာရင်းသွင်းရာနေရာကို စုံစမ်းလိုက်ပြီးနောက် ထိုနေရာသို့ ဦးတည်လိုက်လေသည်။ကံကောင်းစွာဖြင့် စာရင်းသွင်းရာနေရာသည် သူတို့ရှိရာ နေရာနှင့် ဝေးကွာခြင်း မရှိပေ။ နေ့ဝက်မျှ ကြာပြီးနောက် သူတို့ ၅ ယောက်သည် စာရင်း သွင်းရာ မြေကွက်လက်ဆီသို့ ရောက်ရှိလာကြပေသည်။

သို့သော်လည်း သူတို့ စာရင်းသွင်းရာ ကွင်းပြင်ဆီသို့ ရောက်ရှိချိန်တွင် ကွင်းပြင်သည် စာရင်းသွင်းရန် လာရောက်သော ကြယ်စင်စု များမှ မရေမွက်နိုင်အောင် များပြားသည့် တပည့်များဖြင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရပေသည်။ ဤသည်ကို ကြည့်ရင်း ရှောင်လုံ သည် ဆွံ့အ သွားရပေသည်။

ကြီးမားလှသော ကွင်းပြင်ပေါ်တွင် ပြိုင်ပွဲဝင် စာရင်းသွင်းသည့် စားပွဲ လူတန်းတစ်တန်းစီ တန်းစီနေကြပေသည်။

ရှောင်လုံက အတိုဆုံး လူတန်းကို ရွေးချယ်ကာ တန်းစီလိုက်လေပြီး သူ့အလှည့်သို့ ရောက်ရှိရန် စောင့်နေလိုက်ပေသည်။ လက်ရှိ စာရင်းသွင်းလက်ခံသော အမြန်နှုန်းအရ တွက်ချက်ကြည့်မည်ဆိုလျှင် သူ့အလှည့်သို့ ရောက်ရှိရန် ရက်ပေါင်းသုံးဆယ် ကြာမည် ဖြစ်သည်။ သို့သော် သူက အလျင်လိုခြင်း မရှိပေ။ နောက်ဆုံး စာရင်းလက်ခံသည့်နေ့သို့ ရောက်ရန် ရက်ပေါင်း လေးဆယ်ကျော် လိုနေပေသေးသည်။

ဖုယန်၊ လျှိုယွင်၊ ချန်းယန်နှင့်ချီဝမ်တို့သည် ကွင်းပြင်၏ အစွန်းတစ်ဖက်၌ ရှောင်လုံ ကို စောင့်ဆိုင်းနေကြသည်။ သူတို့ကဲ့သို့သော ကျင့်ကြံသူများအတွက် ရက်ပေါင်းသုံးဆယ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပေလိမ့်မည်။

နေ့ရက်များ က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

မကြာမီ ရက်ပေါင်းသုံးဆယ်က ကုန်ဆုံးသွားပြီး ရှောင်လုံက သူ့အရှေ့ရှိ လူတန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ့အလှည့်သို့ ရောက်ရှိရန် လူပေါင်း ၃၄ ယောက်သာ ကျန်ရှိတော့ပြီး နာရီ အနည်းငယ်သာ လိုလေသည်။

ထိုအချိန်၌ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားတိုတစ်ချောင်းကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက် သည် ရှောင်လုံရှိရာဆီသို့ လျှောက်လာလေသည်။

ထိုလူငယ်က ရှောင်လုံရှေ့၌ ရပ်တန့်လိုက်ကာ ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးပစ်ပေး၍ အမိန့်ပေးလာလေသည်။

"ငါ့ကို မင်း နေရာပေးစမ်း...အခု မင်း ထွက်သွားလို့ရပြီ"

စာရင်းသွင်းရန် စောင့်ဆိုင်းနေကြသော ပတ်ပတ်လည်ရှိ တပည့်များသည် ပွဲကြီးပွဲကောင်း ကြည့်ရန် မျှော်လင့်ချက်များဖြင့် လှည့်ကြည့်လာကြသည်။

ရှောင်လုံ သည် ဤလူတန်းအတွက် တာဝန်ရှိသူဖြစ်သော ဝမ်ဂူကလန် တပည့်အား ကြည့်လိုက်လေသည်။ သူက ဤအခြေအနေကို သတိမထားမိသည့်နှယ် ပြုမူနေကြောင်း ရှောင်လုံတွေ့လိုက်ရပေသည်။

ဤသည်ကို ကြည့်ရင်း ဘာဖြစ်နေသည်ကို သူမည်သို့ နားမလည်ဘဲ ရှိလိမ့်မည်နည်း။ သိသာစွာပင် အပြာရောင်ဝတ်စုံနှင့် လူငယ်က ဝမ်ဂူကလန်တပည့်ကို လာဘ်ထိုးထားပြီး ဖြစ်ပေလိမ့်မည်။ ထိုလူငယ်က ရှောင်လုံကို သူ့စိတ်ကြိုက် ဖိချေပစ်၍ရသည့် နူးညံ့သော တည်သီးဟု မှတ်ယူထားဟန်ရသည်။ ထို့ကြောင့် သူက လူတန်းရှည်ကြီးထဲတွင် သူ့နေရာကို ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။

ရှောင်လုံက ထိုလူငယ်၏ လက်ထဲရှိ ထိပ်တန်း နတ်ဘုရား အဆင့် စိတ်ဝိညာဉ် ကျောက်တုံးကို ကြည့်ရင်း ရယ်ချင်စိတ် ဖြစ်သွားရသည်။သူက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အဆင့် ဖြစ်နေသောကြောင့် အနိုင်ကျင့်ရန် အကောင်းဆုံး ပစ်မှတ် ဖြစ်နေဟန်ရသည်။ ထို့ကြောင့် အပြာရောင် ဝတ်စုံနှင့် လူငယ်က သူ့အပေါ် ပစ်မှတ် ထားလာခြင်းအတွက် အပြစ်တင်၍ မရနိုင်ပေ။

ရှောင်လုံ က ထိပ်တန်းနတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ကိုကြည့်ရင်း ရယ်မောနေသည်အား ထို လူငယ်က မြင်လိုက်ရပေသည်။ သူက စိတ်မရှည်စွာဖြင့် မျက်မှောင် ကြုတ်လိုက်လေသည်။

" ကောင်လေး... လိမ်လိမ်မာမာနဲ့ ဒီနေရာကို ငါ့ဆီ ပေးခဲ့ရင် ပိုကောင်းလိမ့်မယ်...ငါက စိတ်ရှည်တဲ့ လူတစ်ယောက် မဟုတ်ဘူး."

ရှောင်လုံက ခေါင်းကို မော့လိုက်ကာ လူငယ်ကို  စပ်ဖြီးဖြီး ရယ်ပြလိုက်လေသည်။

" ထာဝရ ကမ္ဘာမြို့တော် ထဲမှာ လူသတ်တာကို... ခွင့်ပြုပေးထားလား"

အပြာရောင် ဝတ်စုံ နှင့် လူငယ်က ခဏမျှ ကြောင်အ သွားသော်လည်း အလျှင်အမြန် ထိန်းချုပ်လိုက်လေသည်။ သူ့၏ လည်ချောင်းဆီမှ သတ်ဖြတ်လို စိတ်ပြင်းပြနေသော ရယ်မောသံ တစ်ခု ထွက်ပေါ်လာလေသည်။

" ဟုတ်တာပေါ့... အသတ်ခံရတဲ့ လူက ဝမ်ဂူကလန် က မဟုတ်သရွေ့ ဝမ်ဂူကလန် က ဂရုစိုက်မှာ မဟုတ်ဘူး...ဒါကြောင့် ငါမင်းကိုသတ်လိုက်မယ် ဆိုရင်တောင် ...ဝမ်ဂူ ကလန်က မင်းအတွက် တရားမျှတမှုကို ရှာပေးနေမှာမဟုတ်ဘူး"

ရှောင်လုံ က ပိုမို တောက်ပစွာ ပြုံးလိုက်လေသည်။

"ဒါဆိုရင်လည်း... ငါအလုပ်ရှုပ် သက်သာ သွားတာပေါ့"

အပြာရောင် ဝတ်စုံနှင့် လူငယ်က ထိုစကားကြောင့် စိတ်ရှုပ်သွားချိန်တွင် ရှောင်လုံ ၏ လက်သီး သည် တည်ငြိမ်စွာ ဖြင့် မည်သည့် အင်အားမှ စိမ့်ထွက် ခြင်း မရှိဘဲ ထိုးနှက်လိုက်လေသည်။

ရှောင်လုံက သူ့အား တိုက်ခိုက်လာသည်ကို မြင်လိုက်ရချိန်တွင် လူငယ်က ဒေါသထွက်သွားလေသည်။

"ခွေးကောင်... မင်းက သေချင်နေတယ်ဆိုမှတော့ ငါက.."

ထို အပြာရောင်ဝတ်စုံနှင့် လူငယ် သည် သူ့စကားများ အဆုံးမသတ်သေးမီမှာပင် သူ့မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားလေသည်။ သူက နောက်သို့ ဆုတ်ခွာရန် ပြင်လိုက်သော်လည်း အလွန်တရာ နောက်ကျသွားပေသည်။

ရှောင်လုံ၏ လက်သီး ချက်က သူ့၏ ရင်ဘက်ပေါ်သို့ ကျဆင်း လာသည့် အခိုက်တွင် လူငယ်သည် အနောက်ဘက်သို့ ကြိုးပြတ်သွားသည့် စွန်တစ်ခုနှယ် လွင့်စင်သွားပေသည်။ သူ့၏ ပါးစပ်ဆီမှ သွေးများစွာ ပန်းထွက်သွားလေပြီး သူ့၏ ရင်ဘက်သည်လည်း နောက်ကျောသို့ ရောက်သည်အထိ ချိုင့်ဝင်သွားပေသည်။

စာရင်းသွင်းရန်စောင့်ဆိုင်းနေကြသော ပတ်ပတ်လည် တပည့်များသည် သူတို့ရှေ့ရှိ အဖြစ်အပျက်ကြောင့် အံ့အားသင့် မင်သက်သွားကြလေသည်။

ထို အပြာရောင်ဝတ်စုံနှင့် လူငယ်သည် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည် ။ နတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင်လက်သီး တစ်ချက်ကြောင့် လွင့်စင်သွားရပေသည်။

သူတို့ သိရှိ ယုံကြည်ထားသည့် အရာများသည် ပြောင်းလဲသွားပေသည်။

ရှောင်လုံသည် သူနှင့် သိပ်မဝေးသည့် နေရာရှိ မကောင်းသည် ရည်ရွယ်ချက်များ ရှိနေသော တပည့်ပေါင်းများစွာကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်လေသည်။

"ငါ့နေရာကို ဘယ်သူလိုချင်သေးလဲ..."

များစွာ သော တပည့်များသည် တောင်ကြည့် မြောက်ကြည့် ကြည့်လိုက်ရင်း ရှောင်လုံ၏ အကြည့်ကို ရှောင်ရှားလိုက်ကြလေသည်။

စာရင်းသွင်း လူတန်းကို စောင့်ကြည့်ရန် တာဝန်ကျသည့် ဝမ်ဂူကလန် တပည့်သည် မြေပြင်ပေါ်၌ လူးလှိမ့်နေသော အပြာရောင်ဝတ်စုံနှင့် လူငယ်ကို တစ်ချက်ကြည့်လိုက်လေသည်။ ထို့ကြောင့် သူက မျက်မှောင် ကြုတ်ရင်း ထိုနေရာသို့ လျှောက်လှမ်းလာလေသည်။

Continue Reading

You'll Also Like

168K 25.8K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
534K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
21.3K 446 42
What If Chloe lukasiak has a twin sister who is the favorite?
42.6K 2.1K 75
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...