ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

826 - 830

188 9 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၆.....ကောင်းကင် ဘုံတောင်တန်း၏ ထိပ်ဖျား

'ကောင်းကင်ထိုးဖောက်ခြင်း သားရဲဘုရင်က ကောင်းကင်ဘုံတောင်တန်းပေါ်မှာ ရှိနေတာလား'

ဤသတင်းကို ရှောင်လုံ မမျှော်လင့်ထားခဲ့ပေ။ကောင်းကင်ထိုးဖောက်ခြင်း သားရဲဘုရင်အပြင် သူနှင့် အရည် အချင်းတူများဖြစ်သော ဘိုးဘေးတောင်ဆိတ် ၊နဂါးစိမ်းသားရဲဘုရင်နှင့် ဘိုးဘေး ဘီဖန်း တို့သည်လည်း ပါရှိပေသည်။

အဖြူရောင်ကျား နတ်မီးတောက် ၏ သတင်းအချက်အလက်သည် ပျံ့နှံ့သွားသည်လား။ထိုကဲ့သို့သော တိုက်ဆိုင်မှုများမဖြစ်နိုင်သောကြောင့် ရှောင်လုံသည် ခေါင်းကို ယမ်းလိုက်လေသည်။

"မင်းတို့ဘယ်လို ထင်ကြလဲ... အဲ့တာက ကောင်းကင်ဘုံ နတ်ဘုရားရဲ့ နတ်ဘုရား ဦးခေါင်း အပိုင်းအစများလား"

"နတ်ဘုရား ဦးခေါင်း အပိုင်းအစက အဲ့ဒီမှာ ရှိနေတာပဲ ဖြစ်ရမယ်...သိပ်မကြာခင်တုန်းက ဝမ်ကျန့်ရှင်း ရှာတွေ့ခဲ့တဲ့ နတ်ဘုရားဦးခေါင်း အပိုင်း အစကို အဖြူရောင်ကျား တက္ကသိုလ်က လေလံတင်ခဲ့တယ်လေ...ကောင်းကင်ဘုံတောင်တန်းကြီးပေါ်မှာ ဦးခေါင်း အပိုင်းအစ တစ်ခု ထက်ပိုပြီး ရှိမှာ သေချာတယ်"

"အဲ့ဒီ ဟောင်ရှောင်လုံက တကယ့်ကို အသုံး အဖြုန်းကြီးတဲ့ ကောင်ပဲ...သူက ကောင်းကင်ဘုံနတ်ဘုရားရဲ့ နတ်ဘုရား ဦးခေါင်း အပိုင်း အစကို ဝယ်ဖို့အတွက် ၅ ထရီလီယံတောင် အသုံးပြုခဲ့တယ်"

"ဒါကို ဗိုလ်ကျ စိုးမိုးတယ် လို့ခေါ်တယ်ကွ"

ထိုစားပွဲဆီမှ အသံများ ထပ်မံ ထွက်ပေါ်လာလေသည်။

သူတို့၏ စကားများကြောင့် ရှောင်လုံသည် ကြောင်အသွားလေပြီး ခါးသက်သက် ပြုံးလိုက်လေသည်။အသုံး အဖြုန်းကြီးသူတဲ့လား...ဗိုလ်ကျ စိုးမိုးသူတဲ့လား...။အမှန်တိုင်းဆိုရလျှင် သူ နတ်ဘုရား ဦးခေါင်းအပိုင်းအစကို လေလံဆွဲခဲ့စဥ်က အခြား အရာများကို စဥ်းစားခဲ့ခြင်း မရှိပေ။

ထိုသူများပြောသည်ကို နားထောင်ရင်း ရှောင်လုံသည် လေးလေးနက်နက် စဥ်းစားလိုက်မိသည်။ ကောင်းကင် ထိုးဖောက်ခြင်း သားရဲဘုရင် ၊ ဘိုးဘေးတောင်ဆိတ်နှင့် အခြားသူများသည် ဤနေရာသို့ ကောင်းကင်ဘုံ နတ်ဘုရား ၏ နတ်ဘုရားဦခေါင်း အပိုင်းအစကို ရှာဖွေရန်လာရောက်ကြခြင်း ဖြစ်သည်လား။

သို့သော်လည်း မကြာမှီပင် ရှောင်လုံသည် ထိုကိစ္စအား တွေးတောနေခြင်းကို ရပ်တန့်လိုက်လေသည်။ ကောင်းကင်ဘုံနတ်ဘုရား တောင်တန်းပေါ်တွင် အခြားသော နတ်ဘုရား  ဦးခေါင်း အစိတ်အပိုင်းများ ရှိနေလျှင်ပင် သူသည် စိတ်ဝင်စားခြင်း မရှိပေ။ ဤနေရာသို့ လာရောက်ခြင်း အဓိကရည်ရွယ်ချက်သည် ကျားဖြူနတ်မီးတောက်ကို ရှာဖွေရန်ဖြစ်သည်။

အချိန်များက အလျှင် အမြန် ကုန်ဆုံးသွားပြီး မကြာမှီ ၂လ ကုန်ဆုံး သွားပေသည်။

ထိုအချိန်ကာလအတွင်း ရှောင်လုံသည် လူလုံမြို့တော်၌ နေထိုင်ကာ ကောင်းကင်ဘုံ တောင်တန်း၏ ထိပ်ဖျား အကြောင်းနှင့်ပက်သက်သော သတင်းအချက်အလက်များကို စုဆောင်းနေခဲ့ပေသည်။ ထိုကဲ့သို့သော သတင်းအချက်အလက်ကို စုံစမ်း သိရှိရန် ခက်ခဲသော်လည်း သူ့၏ ထိပ်တန်းနတ်ဘုရားအဆင့် စိ်တ်ဝိညာဥ် ကျောက်တုံးများ အစွမ်းကြောင့် အသုံးဝင်သော သတင်းအချိို့ကို သိရှိခဲ့ရပေသည်။

ဥပမာအားဖြင့် ကောင်းကင်ဘုံတောင်တန်း၏ ထိပ်ဖျားသည်သိပ်သည်းလှသည့် မြူ ခိုးနှင့် တူသော အဖြူရောင် အငွေ့များဖြင့် တစ်နှစ်ပတ်လုံး လွှမ်းခြုံထားပြီး မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည်သာ ထို အငွေ့များထဲသို့ ဖြတ်သန်းဝင်ရောက် နိုင်စွမ်း ရှိကြောင်းအား ရှောင်လုံ တွေ့ရှိခဲ့ရပေသည်။ထို့ကြောင့်တောင်ထိပ်သို့ရောက်ရှိရန်မှာ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်၏ ခွန်အားနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသော ခွန်အား ရှိရန် လိုအပ်ပေသည်။ သံသယ ရှိစရာ မလိုလောက်အောင်ပင် တောင်ထိပ်သို့ နီးကပ်လာလေလေ ထို အဖြူရောင် အငွေ့များဆီမှ အငွေ့များသည် ပိုမိုလေးလံလာလေလေဖြစ်သည်။ ရှောင်လုံကြားသိရသည့် သတင်းအချက်အလက်အရ မဟာနတ်ဘုရားအဆင့် ၁နောက်ပိုင်း သိုင်းပညာရှင်တစ်ယောက် သည် အဖြူရောင် မီးခိုးများထဲသို့ မီတာ ၃၃၀ သာ သွားနိုင်စွမ်းရှိပေသည်။

မဟာနတ်ဘုရားအဆင့် ၂ သိုင်းပညာ ရှင်တစ်ယောက်သည် မီတာ ၆၆၀ အထိ သွားနိုင်စွမ်းရှိပြီး အဆင့်၂ အလယ်အဆင့် သိုင်းပညာရှင် ကမူ မီတာ ၉၉၀၀အထိ သွားနိုင်ပေသည်။မဟာနတ်ဘုရား အဆင့် ၂ နောက်ပိုင်းအဆင့် သိုင်းပညာရှင်က မီတာ ၁၂၀၀၀အထိ သွားနိုင်စွမ်းရှိပြီး မဟာနတ်ဘုရား အဆင့် ၂ နောက်ပိုင်း အထွတ် အထိပ်အဆင့် သိုင်းပညာရှင် ကမူ မီတာ ၁၅၀၀၀အထိ သွားနိုင်စွမ်းရှိပေသည်။ မဟာနတ်ဘုရား အဆင့်၃ သိုင်းပညာရှင်တစ်ယောက်က မဘ်မျှ အကွာ အဝေးထိ သွား နိုင်စွမ်းရှိသည်ကိုမူ မည်သူမျှ မသိရှိခဲ့ပေ။

ဤနှစ်လအတွင်း ကောင်းကင်ဘုံတောင်တန်း၏ ထိပ်ဖျားအကြောင်း သတင်းအချက် အလက်များအား ရှာဖွေသည့်အပြင် ရှောင်လုံသည် နွေဦး ဆောင်းဦး အသက်ရာချီနတ်ဆေးလုံးများ သန့်စင်ဖော်စပ်ရာတွင် အချိန် ပေး နှစ်မြုပ်ထားခဲ့သည်။

ထိုနေ့တွင် ရှောင်လုံသည် လူလုံ မြို့တော်မှ ထွက်ခွာ၍ ကောင်းကင်ဘုံတောင်တန်းဆီသို့ ဦးတည်လိုက်လေသည်။ သူ့၏ အမြန်နှုန်းဖြင့် ဆိုလျှင် တောင်တန်း ၏ အလယ်သို့ ရောက်ရှိရန် သိပ်ကြာမည်မဟုတ်ပေ။ လမ်းတစ်လျှောက်တွင် သူ့အား အန္တရာယ် ပြုလာကြသော မိစ္ဆာသားရဲများသည် သူ့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြရသည်။

သူ့၏ စိတ်ဝိညာဉ် အင်အား၏ လက်ရှိ အဆင့် နှင့်ဆိုလျှင် သူသည် မဟာနတ်ဘုရား အဆင့် ၂အောက် သိုင်းပညာ ရှင်များကို ပုံသဏ္ဍန် စိတ်ဝိညာဉ် တိုက်ခိုက်မှု တစ်ခုဖြင့် ချက်ချင်း သတ်ဖြတ်နိုင်စွမ်းရှိပေသည်။ ထိုကဲ့သို့သော နန်ဘုရား အဆင့် မိစ္ဆာ သားရဲ များသည် အမှုထားလောက်စရာ မဟုတ်ပေ။

တောင်တန်း၏ အလယ်သို့ ရောက်ရှိချိန်တွင် ရှောင်လုံ၏ သတိရှိမှုသည် ပိုမို တိုးမြင့်လာပြီး ရှေ့သို့ ဂရုတစိုက် ဆက်တိုးလိုက်လေသည်။ သူက မည့်သည့် မိစ္ဆာ သားရဲများ၏ မည်သည့် တိုက်ခိုက်မှုမဆိုကြောက်ရွံ့ခြင်း မရှိသော်လည်း ကောင်းကင်ဘုံ တောင်တန်းပတ်ပတ်လည်ရှိ အစီအရင် များစွာကြားတွင် ပိတ်မိနေခြင်းမရှိပေ။

တစ်လ မျှကြာပြီးနောက် သူသည် ဘေးကင်းသည်ဟု ယူဆရသော နေရာသို့ ရောက်ရှိသွားလေသည်။ သူက တောင့်တင်းနေသော အာရုံကြောများကို ဖြေလျှော့လိုက်ပြီးနောက် ကောင်းကင်ဘုံတောင်တန်း၏ ထိပ်ဖျားကို လွှမ်းမိုးနေသော အဖြူရောင် ထိပ်ဖျားကို လွှမ်းခြုံနေပေသည်။

ထို သိပ်သည်းလှသော အဖြူရောင် အငွေ့များကို ကြည့်ရင်း ရှောင်လုံသည် သုန်မှုန်စွာဖြင့် မျက်မှောင် ကြုတ်လိုက်လေသည်။

ကြယ်စင်စုလေးစု၏ ရှည်လျှားလှသော သမိုင်းကြောင်းအရ ကောင်းကင်ဘုံတောင်တန်း၏ ထိပ်သို့ တက်ရောက်သော သိုင်းပညာရှင်များအားလုံး ပြုတ်ကျ ခဲ့ကြရသည်။ ထို့ကြောင့် အဖြူရောင်အငွေ့များအပြင် မြေဆွဲအားသည်လည်း ဤနေရာ၌  ရှိပေသည်။

သို့သော်လည်း ရှောင်လုံ က အဖြရောင်အငွေ့များကို ဖြတ်ကျော်ဝင်ရောက်ရန် ပြင်လိုက်ချိန်တွင် အားကောင်းလှသော အော်ရာများကို ထုတ်လွှတ်ထားကြသည့် ပုံရိပ်များစွာသည် လေထဲ၌ ပျံသန်း လာကြသည်။ ရှောင်လုံသည် ခေါင်းနပမ်းကြီးသွားသော်ငြား သူ့၏ လှုပ်ရှားမှုများသည် လျှင်မြန်လှပြီး နေရာလွတ်ပုန်းကွယ်ခြင်း အစွမ်းကို ထုတ်သုံးလိုက်ကာ နေရာလွတ်နယ်မြေထဲသို့ ဝင်ပုန်းလိုက်လေသည်။

ရှောင်လုံ ပုန်းကွယ်ပြီးသွားသည်နှင့် များစွာသော ပုံရိပ်များစွာသည် အဝေးမှ ထွက်ပေါ်လာကျပေသည်။ အသစ်ရောက်ရှိ လာသူများ၏ မျက်နှာများကို မြင်လိုက်ရ ချိန်တွင် ရှောင်လုံ၏ မျက်လုံးများသည် ရုတ်တရက် မှေးကျဥ်းသွားပေသည်။သူတို့ထဲမှ တစ်ယောက် သည် အခြားသူ မဟုတ်ဘဲ ဘိုးဘေးတောင်ဆိတ် ဖြစ်ပေသည်။

ရှောင်လုံက မခြား ၃ယောက်ကို မသိရှိသော် လည်း သူတို့သည် ကောင်းကင် ထိုးဖောက်ခြင်း သားရဲဘုရင် ၊ ဘိုဘေး ပိုင်ဖမ်းနှင့် နဂါးစိမ်း သားရဲဘုရင် တို့ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းမိပေသည်။

ရှောင်လုံသည် ထိုသူ ၄ယောက်နှင့် ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မျှော် လင့် မထားမိပေ။ သူတိူ့သည်လည်း ကောင်းကင်ဘုံတောင်တန်း၏ ထိပ်ဖျားဆီသို့ သွားရန် ကြံစည်နေသည်လား ။

"ကောင်းကင်ထိုးဖောက်ခြင်း...ကောင်းကင်ဘုံ နတ်ဘုရားရဲ့ ကျင့်ကြံခြင်း ဂူ က ကောင်းကင်ဘုံတောင်တန်းရဲ့ ထိပ်ဖျားမှာ ရှိတယ်ဆိုတာ သေချာလို့လား"

ဘိုးဘေး တောင် ဆိတ်က သူ့နံဘေးရှိ သန်မာတောင့်တင်းသည့် အနီရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကို လှည့်မေးလိုက်လေသည်။

အနီရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူ၏ နတ်ရှိုင်းလှသော အသံက ထွက်ပေါ်လာပေသည်။

"ဟုတ်တယ်... ဒီနှစ်တွေ အတွင်း ကောင်းကင်ဘုံနတ်ဘုရား သွေးရေကန်ရဲ့ တိုက်စားမှုကြောင့် ကျင့်ကြံခြင်းဂူရဲ့ အပြင်ဘက်က အစီအရင်တွေရဲ့ ကိုးဆယ် ရာခိုင်နှုန်းလောက်က အကြီး အကျယ် အားနည်သွားပြီ...ကျုပ်တို့ ၄ယောက်သာ လက်တွဲလုပ်ဆောင်မယ်ဆိုရင်... အပြင်ဘက်အစီအရင်တွေကို ချိုးဖျက်ဝင်ရောက် ဖို့ အတွက် ၈၀ ရာခိုင်နှုန်း အခွင့် အရေးရှိတယ်"

"အဲ့ အချိန်ကျရင် အထဲမှာရှိတဲ့ ဆေးပင်တွေ၊နတ်ဘုရားအဆင့်  စိတ်ဝိညာဉ် ဆေးလုံးတွေနဲ့ နတ်ဘုရားအဆင့်စိတ်ဝိညာဉ် ကျောက်တုံး တွေကို...ငါ ၃၀ ရာခိုင်နှုန်းထိ လိုချင်တယ် "

အစိမ်းရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော အဘိုးအိုက ဝင်ရောက်ပြောဆိုလိုက်ပေသည်။

"ကျုပ်တို့ရဲ့အရင်က သဘောတူညီထားတဲ့အတိုင်း  နတ်ဘုရား ဦးဆောင်း အစိတ်အပိုင်း ရဲ့ တစ်ဝက်ကို ကောင်းကင် ထိုးဖောက်ခြင်းက ယူလိမ့်မယ်... ခန္ဓာကိုယ် ကိုတော့ အရင်ဆုံး ရအောင် ယူနိုင်တဲ့သူ အပေါ် မူတည်တယ်"

နောက်ဆုံး စကားပြောလိုက်သည့် သူမှာ ခုနှစ်ရောင်ခြယ် ချပ်ဝတ် ကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှု ရှိသော လူငယ် တစ်ယောက် ဖြစ်ပေသည်။

ကောင်းကင်ဘုံ နတ်ဘုရား၏ ကျင့်ကြံခြင်း ဂူတဲ့လား။ ထိုသူလေးယောက်၏ စကားများကို ကြားလိုက်ရပြီးနောက် ရှောင်လုံ၏ စိတ် ထဲတွင် တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးများ ရိုက်ခတ်သွားပေသည်။ထိုသူ ၄ ယောက်၏ ကောင်းကင်ဘုံ တောင်တန်းဆီသို့ လာရောက် သည့် ရည်ရွယ်ချက်သည်  ကောင်းကင်ဘုံ နတ်ဘုရား၏  ကျင့်ကြံခြင်း ဂူ ဖြစ်လိမ့်မည်ဟု ရှောင်လုံ မမျှော်လင့်ထားမိပေ။ ကျင့်ကြံခြင်းဂူသည် တောင်ထိပ်တွင် တည်ရှိပြီး ကောင်းကင် ထိုးဖောက်ခြင်း သားရဲဘုရင်၏ စကားအရဆိုရင် သူသည် ထိုနေရာ၏ တည်နေရာကို အတိအကျ သိရှိထားဟန်ရသည်။

သံသယ ရှိစရာ မလိုလောက်အောင်ပင် အနီရောင် ဆံပင်နှင့် သက်လတ်ပိုင်းလူသည် ကောင်းကင်ထိုးဖောက်ခြင်း သတ်လတ်ပိုင်း လူဖြစ်ပြီး ခေါင်းမှ ခြေဖျားထိ အစိမ်းရောင် ကြေးခွံများဖြင့် ဖုံးလွှမ်းထား သည့် သူသည် နဂါးစိမ်း သားရဲဘုရင် ဖြစ်ပေသည်။ ခုနှစ်ရောင် ခြယ် ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဆွဲဆောင်မှု ရှိသည့် လူငယ်သည် ဘိုးဘေး ဘီဖန်း ဖြစ်ပေလိမ့်မည်။

ရှောင်လုံ၏ လက်ရှိ စွမ်းအား ဖြင့်ပင်လျှင့် ထိုသူလေးယောက်၏ ကျင့်စဥ် ကို ခန့်မှန်းနိုင်စွမ်း မရှိပေ။

"ဒါပေမယ့်...ဒီ အဖြူ ရောင် အငွေ့တွေ ကြားထဲမှာ ရှေးဟောင်း မိစ္ဆာ နှလုံးသား ဝါးမြိုခြင်း အစီအရင် တစ်ခု ရှိနေတယ်... ကျုပ်တို့ အထဲကို ဝင်ပြီးသွားရင် လူတိုင်း ၂ဆ သတိထားကြဖို့ လိုတယ်...အရင်ကဒီနေရာကို ရောက်လာကြတဲ့ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်အားလုံက တစ်ကယ်သေသွားကြတာမဟုတ်ဘူး...သူတို့ရဲ့ စိတ်နှလုံးကို မိစ္ဆာချီက ဝါးမြိုလိုက်ပြီးတော့ သူတို့ကို မကောင်းဆိုဝါး အဖြစ်ပြောင်းလဲသွားစေခဲ့တာ...ကျုပ်တို့ အထဲကို ဝင်တဲ့အခါကျရင် အဲ့ဒီ ထူးဆန်းတဲ့ မကောင်းဆိုးဝါး တွေကို ရှောင်ရှားတာက အကောင်းဆုံး ပဲ"

ကောင်းကင် ထိုးဖောက်ခြင်း သားရဲဘုရင်က မဲမှောင်နေသော မျက်နှာထားဖြင့် သတိပေးလိုက်လေသည်။

ဘိုးဘေးကျောက်စိမ်းနှင့် ကျန်သုံးယောက်သည် လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ကျသည်။

ထို့နောက် သူတို့၄ယောက်သည် သူတို့၏ ပတိပတ်လည်တွင် သိပ်သည်းလှသော ချီအကာအကွယ်တစ်ခု ဖြစ်တည်စေလိုက်ကာ အဖြူရောင် အငွေ့များကြား တိုးဝင်သွားပြီး မြင်ကွင်းထဲမှ ချက်ချင်းပျောက်ကွယ်သွားပေသည်။

သူတို့ ၄ယောက် ထွက်သွားကြောင်း သေချာမှ သာ ရှောင်လုံသည် လေထဲမှ ထွက်ပေါ်လာလေသည်။

"ရှေးဟောင်း မိစ္ဆာ နှလုံးသား ဝါးမြိုခြင်း အစီအရင် တဲ့လား"

ရှောင်လုံက အံ့အားသင့်သွားလေသည် ။ သူ့၏ဆရာ ဖုယန်က ထိုရှေးဟောင်း မိစ္ဆာ နှလုံးသား ဝါးမြိုခြင်း အစီအရင် ကို သူ့အား ပြောပြခဲ့ဖူးသည်။ ထိုအစီအရင် သည် လူတစ်ယောက်၏ နှလုံသား မိစ္ဆာ တို့ ထိမ်းချုပ်နိုင်စွမ်းရှိသည့် အားကောင်းလှသော အစီအရင်ဖြစ်သည်။ ထိုသို့ ထိန်းချုပ်ခံလိုက်ရသည်နှင့် ကိုယ့်ကိုကိုယ် ထာဝရမေ့လျော့သွားကာ အသိစိတ်မရှိသည့် မကောင်းဆိုးဝါး  တစ်ကောင်အဖြစ်သို့ ပြောင်းလဲ သွားမည်ဖြစ်သည်။ ကောင်းကင်ဘုံ တောင်တန်းပေါ်တွင် ထိုကဲ့သို့သော အစီအရင်ကို အမှန်တကယ် ခင်းကျင်းထားပေသည်။

ရှောင်လုံက အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်လေပြီးနောက် လိပ်နက်နှင့် ဟင်္သာပြဒါးငှက် နတ်မီးတောက် စိတ်ဝိညာဉ် များကို ဖော်ထုတ်၍ သူ့၏ ပတ်ပတ်လည်၌ အကာအကွယ်တစ်ခု ဖန်တီးလိုက်ကာ အဖြူရောင် အငွေ့တောထဲသို့ ပျံသန်းဝင်ရောက်သွားပေသည်။

မည်သို့ပင်ဖြစ်ပါစေ သူသည် ကျားဖြူနတ်မီးတောက်ကို ရအောင် ယူမည်ဖြစ်သည်။

သူက အဖြူရောင် အငွေ့တောထဲသို့ ဝင်ရောက်လိုက်သည့် တစ်ခဏတွင် မမြင်ရသော စွမ်းအားတစ်ခုသည် သူ့ပေါ်သို့ ဖိချလာသည်လား ရှောင်လုံ ခံစားမိပေသည်။မြေဆွဲအားကို ရုတ်တရက် ခံစားလိုက်ရသောကြောင့် လှုပ်ရှားမှုတိုင်းသည် အစပေါင်းပျားစွာ လေးလံသွားပေသည်။ ရှောင်လုံသည် မြေပြင်ပေါ်သို့ ထိုးကျသွားလေပြီး ရှေ့သို့ မပျံသန်းနိုင် ဖြစ်သွားလေသည်။

သူက အကြိမ် အနည်းငယ် ထပ်မံကြိုးစားကြည့်သော်လည်း ရလဒ်မှာ အတူတူသာဖြစ်သည်။ ဤသည်က သူ့ကို ကြီးမားစွာ တုန်လှုပ်သွားပေသည်။ သူ့၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် အနီရောင်နတ်ဆိုး ရှီကျိုးထန် နှင့် နှိုင်ယှဥ် နိုင်စွမ်း ရှိနေပြီဖြစ်သည်။ မြေစွမ်းအားသည် သူ့ကိုပင် မပျံသန်းနိုင်စေလောက်အောင် အားကောင်းလှ သည်လား။

မည်သည့် ရွေးချယ်စရာမှ မရှိတော့သည်မို့ ရှောင်လုံသည် ဖြေးဖြေးချင်း သာ လမ်းလျှောက်လိုက်လေသည်။

မိုးကောင်းကင် ထိုးဖောက်ခြင်း သားရဲဘုရင် ၊ဘိုးဘေးတောင်ဆိဆ်နှင့် ကျန်၂ယောက်သည် ထွက်သွားကြသည် မှာ ကြာပြီဖြစ်သည်။ ရှောင်လုံ ၏ အရှေ့တွင် အဖြူရောင် အငွေ့ အလွှာများသာ ရှိပေသည်။ထို့အပြင် သူ့၏ နတ်ဘုရား အာရုံသည် မီတာ ၃၃၀ထက် ပို၍ ထိုးဖောက် သိရှိနိုင်စွမ်း မရှိကြောင်း သူ သတိထားမိလိုက်လေသည်။

သူသည်သာ ထူးဆန်း စွာ ရူးသွပ်နေသည့် သက်ရှိများအသွင် ပြောင်းလဲသွားသော မဟာနတ်ဘုရားအဆင့် သိုင်းပညာ ရှင်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင် မီတာ ၃၃၀မျှသာရှိသော နတ်ဘုရား အာရုံသည် ဘာများ အသုံးကျလိမ့်မည်နည်း။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၇.....ပိတ်မိခြင်း

ရှောင်လုံသည် သူ့၏ နတ်ဘုရား အာရုံကို မီတာ ၃၃၀၀ထက် ပို၍ ဖြန့်ကျက် နိုင်ခဲ့ခြင်း မရှိပေ။ ထို့အပြင် အဖြူရောင် အငွေ့များဆီမှ ပြင်းထန်လှသော မြေဆွဲအားကြောင့် ရှောင်လုံသည် ရှေ့သို့ တစ်လှမ်းချင်း လှမ်းနေရပေသည်။ရှေးဟောင်း မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင် ထဲ၌ သူသည် ခြေတစ်လှမ်း လှမ်းပြီးတိုင်း ခဏမျှ ရပ်တန့်ရန် လိုအပ်ပေသည်။

ပုံရိပ်ယောင် အစီအရင် ၏ အကျိုးသက်ရောက်မှုကြောင့် ရှောင်လုံသည် ခြေထောက်ကို မကာ ခြေလှမ်း မလှမ်းမှီ ခဏမျှ ရပ်တန့်ရန် လိုအပ်ပေသည်။ ပုံရိပ်ယောင် အစီအရင် သည် ပိုမိုသန်မာလာပြီး သူ့၏ စိတ်နှလုံးထဲရှိ မိစ္ဆာ များသည် အရှိန်အဟုန် ပြင်းထန်လှသောကြောင့် ရှောင်လုံသည် ခြေလှမ်းတိုင်းတွင် ပိုမို နှောင်းနှေးလာရပေသည်။

စက္ကန့်နှင့် မိနစ်များက ရွေ့ရွေ့ကုန်ဆုံးသွားသည်။

၃နာရီကြာပြီးနောက် ရှောင်လုံသည် မီတာ ၃၀၀မျှသာ ခရီး ပေါက်သေးသည်။ဤသည်မှာ သာမန်လူသားတစ်ယောက် မြေပေါ်သို့ လေးဘက်ထောက်သွားသည်ထက် နှေးကွေးလှပြီး ခရုတစ်ကောင်ကဲ့သို့ အမြန်နှုန်း ဖြစ်နေပေသည်။

မီတာ ၃၀၀ ကျော် ခရီးပေါက်ပြီးနောက် ရှောင်လုံတွေ့ရသည့် မြေဆွဲအားမှာ ပိုမို တိုးပွားလာပေသည်။ဤနှုန်း အတိုင်းသာ ဆိုပါက အဖြူရောင် မြူထုထဲသို့ ပိုမို ခရီးရောက်ချင်သည့် မည်သူမဆို မဟာနတ်ဘုရား အဆင့်၁ အစောပိုင်း အထွတ်အထိပ် အဆင့် ခွန်အားရှိရန် လိုအပ်သည်ဟု ရှောင်လုံ ခန့်မှန်းမိပေသည်။

ရှောင်လုံက သူ့၏ အဇူရာ လက်စွပ်ထဲမှ နွေဦး ဆောင်းဦး အသက်ရာချီ နတ်ဆေးလုံး တစ်လုံး ကို ထုတ်ယူလိုက်ပြီး သောက်သုံးလိုက်လေသည်။ထို့နောက် သူ့၏ နတ်ဘုရား စစ်ပွဲ ချီနှင့် အစစ် အမှန် အင်မော်တယ်အဆီအနှစ် အင်အားတို့ကို ပြန်လည် ဖြည့်တင်းလိုက်လေသည်။

သို့သော် ထို အချိန်၌ သူ့၏ ဘယ်ဘက်ဆီမှ တစ်စုံတစ်ခုသည် စူးရှရှ အော်မြည်ပြီး လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် သူ့အား တိုက်ခိုက်လာပေသည်။ ထိုအရာက မျက်တောင် တစ်ခက် အတွင်း မီတာထောင်ပေါင်းများစွာကို ဖြတ်သန်းလာခြင်းဖြစ်သည်။

ရှောင်လုံက ကြောင်အသွားလေပြီး သူ့၏ လက်ထဲတွင် အနက်ရောင် အလင်းတစ်ချက် လင်းလတ် သွားကာရေနတ်ဘုရား၏ လှံတံကို ထုတ်ယူလိုက်ပြီး တိုက်ခိုက်လာသူ၏ ရင်ဘက်ကို ထိုးသွင်းလိုက်လေသည်။လှံတံ၏ ထိပ်ဖျားသည် လေထဲရှိ တိုက်ခိုက်လာသူကို ထိမိသွားလေသည် ။နာကျင်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက် သူသည် ရှောင်လုံဆီမှ ၁၀ မီတာ အကွာ အဝေးဆီသို့ လွင့်စင် သွားလေသည်။

သူ့အားတိုက်ခိုက်လာသူသည် အသွေး အသားများ မရှိသော ထူးဆန်းလှသည့် မကောင်းဆိုးဝါး တစ်ကောင်ဖြစ်ပြီး ၄င်း၏ မျက်လုံးများသည် အနက်ရောင်မီးတောက်များ တောက်ပနေသော အလုံးနှစ်ခုအသွင် ဖြစ်ကာ သေချာပေါက် အားမနည်းလှကြောင်း ရှောင်လုံ သိလိုက်ရသည်။ ၄င်း၏ ခွန်အားသည် မဟာနတ်ဘုရား အဆင့်၁ အလယ်အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် နီးကပ်နေပေသည်။

ကြည့်ရသည်မှာ ထိုသက်ရှိသည် ကောင်းကင်ဘုံတောင်တန်းထိပ်ဖျားသို့ တက်ရောက်ရန် ကြိုးစားခဲ့သော်လည်း အသိဉာဏ် ပျောက်ဆုံးပြီး နှလုံးသား မိစ္ဆာ ၏ ဝါးမြိုခြင်းကို ခံလိုက်ရသော ရှေးဟောင်း မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် များထဲမှ တစ်ယောက် ဖြစ်ဟန်ရသည်။ထိုကဲ့သို့သော ဖြစ်တည်မှု မျိုးသည် သေနေသည်လည်း မဟုတ်သလို ရှင်သန်နေခြင်းလည်း မဟုတ်ပေ။

ထိုမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်သည် ရှေးဟောင်းမိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင်ထဲ၌ အသွေးအသားကင်းမဲ့သော မကောင်းဆိုးဝါး အဖြစ်သို့ ပြောင်းလဲသွားရသည်မှာ မည်မျှကြာပြီးဖြစ်ကြောင်း ရှောင်လုံသည်ပင် ခန့်မှန်းနိုင်ခြင်းမရှိပေ။

'ဒီလူရဲ့ အသွေးအသားတွေက ဘယ်ရောက်သွားတာများလဲ'

ရှောင်လုံ က ထိတ်လန့်သွားပေသည်။

ထိုအချိန်တွင် ရှောင်လုံကို တိုက်ခိုက်သွားသည့် မကောင်းဆိုးဝါး သည် စူးရှရှ အော်မြည်သံကို ထပ်မံထုတ်လွှတ်လိုက်ကာ အရူးအမူး တိုက်ခိုက်လိုက်ပေသည်။ ရှောင်လုံက တွေဝေ တုံ့ဆိုင်းမနေတော့ဘဲ သူ့၏ ညာဘက်လက်ကို ဝေ့ရမ်းလိုက်ပေသည်။ လိပ်နက်နတ်မီးတောက်ဆီမှ ရေခဲပြာရောင် ဓားရှည် တစ်ချောင်း ဖြစ်တည်လာပြီး မကောင်းဆိုးဝါး ၏ နဖူးကို ချက်ချင်း ထိုးဖောက်သွားကာ ၄င်း၏ စိတ်ဝိညာဉ် ကို ဖျက်စီး လိုက်လေသည်။

နောက်ဆုံး၌ ထူးဆန်းလှသည့် မကောင်းဆိုးဝါးသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်လေသည်။

မမြင်ရသည့် အင်အားသည် အနီဖျော့ရောင် အလင်းကို ထုတ်လွှတ်နေသော နတ်ဘုရားဦးခေါင်း တစ်ခုကို ရစ်ပတ်လိုက်ကာ ရှောင်လုံ၏ လက်ထဲသို့ ဆွဲယူလိုက်လေသည်။

ထူးဆန်းသော မကောင်းဆိုဝါး သည် အသွေးအသား ကင်မဲ့နေသော်လည်း ၄င်း၏ နတ်ဘုရား ဦးခေါင်း သည် ရှိနေဆဲ ဖြစ်ပေသည်။ သို့သော်လည်း ရှောင်လုံက မီးစွမ်းအင် နတ်ဘုရားဦးခေါင်း ကို ကြည့်ရင်း အနည်းငယ် စိတ်ပျက် လက်ပျက်ဖြစ်သွားလေသည်။ထိုနတ်ဘုရားဦးခေါင်းသည် အလယ်အလတ် အဆင့် ၄ နတ်ဘုရားဦးခေါင်း မျှသာ ဖြစ်ပေသည်။

ရှောင်လုံ က နတ်ဘုရားဦးခေါင်းကို သူ့၏ အဇူရာ လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် သူ့၏ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်ပြီးမှသာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလိုက်လေသည်။ အဖြူရောင် မြူခိုး ထုထဲတွင် လေလွင့်နေသော အသွေးအသားမဲ့ မကောင်းဆိုဝါး များ ရှိနေသည် ကို သိရှိထားသောကြောင့် ရှောင်လုံသည် ပိုမို ဂရုစိုက်လာပေသည်။

မကြာမှီ ၃ရက်တာ ကုန်ဆုံးသွားပေသည်။

အကြမ်းဖျင်းတွက်ချက်လိုက်ရာတွင် သူသည် မီတာ ၃၃၀ အကွာအဝေးကို ကျော်လွန်ပြီး မီတာ ၆၆၀ နီးပါးသို့ ရောက်ရှိနေပြီဟု ရှောင်လုံ ခန့်မှန်းမိပေသည်။သူ စတင် ဝင်ရောက် လာသည့် အခြေအနေ နှင့် နှိုင်းယှဥ် လျှင် မြေဆွဲအားနှင့် ဖိအားတို့သည် ၁၀ဆ ပိုမို သန်မာလာပေသည်။ဤနေရာမှ စတင်၍ မဟာနတ်ဘုရားအဆင့် ၂ သိုင်းပညာ ရှင် တစ်ယောက်သည်သာ အင်အား ၂ခု၏ အဟန့်အတား ကို တောင့်ခံနိုင်စွမ်းရှိပေသည်။

ဤ၃ရက်တာ ကာလအတွင်း ရှောင်လုံသည် ထူးဆန်းသော မဟာနတ်ဘုရားအဆင့် မကောင်းဆိုးဝါး ၆ယောက်ကို သတ်ဖြတ်ခဲ့ပေသည်။တစ်ခါကဆိုလျှင် သူ့ကို မကောင်းဆိုးဝါး ၂ကောင်က တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့ပြီး အသန်မာဆုံးတစ်ယောက်မှာ မဟာနတ်ဘုရားအဆင့် ၁နောက်ပိုင်း အထွတ်အထပ် အဆင့် မကောင်းဆိုးဝါး ဖြစ်သည်။

သို့သော်လည်း ထို ထူးဆန်လှသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် မကောင်းဆိုးဝါးများ မှ လွဲ၍ ရှောင်လုံ တွေးထင်ထားသည့် မည်သည့် အသားစား သက်ရှိကိုမှ မတွေ့ရှိခဲ့ရပေ။သူ့၏ ခန့်မှန်း မှုသည် မှားယွင်းနေခဲ့သည်လား။အဖြူရောင်မြူထု ထဲ၌ အသွေးအသားကို ဝါးမြို စုပ်ယူသည့် မည်သည့် သက်ရှိမျှ ရှိမထားခဲ့ပေ။ မိစ္ဆာ နှလုံးသားဝါးမြိုခြင်းအစီအရင် အသွေးအသား များ မှ စွမ်းအင်ကို ၄င်းကိုယ်တိုင် စုပ်ယူ ဝါးမြိုလိုက်ခြင်း ဖြစ်သည်လား။

၄ရက်မြောက်နေ့တွင် ရှောင်လုံသည် မီတာ ၆၆၀အထိ ရောက်ရှိသွားခဲ့ပေသည်။သူသည် ထိုနေရာတွင် မဟာနတ်ဘုရားအဆင့် ၂ မကောင်းဆိုဝါး တစ်ကောင်နှင့် ရင်တိုင်ခဲ့ရပေသည်။  ၄င်းက မဟာနတ်ဘုရား အဆင့်၂ အစောပိုင်း အဆင့်သာ ဖြစ်သော်လည်း ရှောင်လုံသည် အရင်က ကဲ့သို့ အလွယ်တကူ နေထိုင်နိုင်ခြင်း မရှိတော့ဘဲ ၁၀ရက်ကြာပြီးနောက် ရှောင်လုံ သည်မီတာ ၉၉၀ အကွာ အဝေး သို့ ရောက်ရှိသွားပြီဖြစ်သည်။ အဖြူရောင် မြူထုထဲသို့ မီတာ ၉၉၀၀ခရီး နှင် ပြီးနောက် မဟာနတ်ဘုရားအဆင့် ၂ အလယ်အဆင့် မကောင်းဆိုဝါးများ စတင် ထွက်ပေါ်လာပေသည်။ ရှောင်လုံသည် ဖိအား အချို့ကို စတင် ခံစားလိုက်ရပြီး မကောင်းဆိုဝါး တိုင်းကို အချိန်ကုန်ခံ၍ နတ်ဘုရား စစ်ပွဲ ချီများစွာ ရင်ဆိုင်လိုက်ရပေသည်။ ကံကောင်းစွာဖြင့် သူ့ဆီသို့ မကောင်းဆိုးဝါး ၂ကောင် ဂက်ရောက်လာသည်မှာ ရှားပါးလှပေသည်။

မီတာ ၉၉၀၀တွင် အဖြူရောင် မြူနှင်းထု၏ လှိုင်းလုံးများသည် ပင်လယ်ပြင်ပမာ လှည့်လည်နေပေပြီး ကောင်းကင်ထက်ရှိ တိမ်တိုက်များကဲ့သို့ သိပ်သည်းလှပေသည်။ ဤနေရာတွင် ရှောင်လုံ ၏ သာမာန် အမြင် အာရုံနဲ့ဆိုလျှင် သူ့၏ ပတ်ပတ်လည် ၃၃မီတာမျှသာ မြင်နိုင်စွမ်းရှိသောကြောင့် အနီးနား၌ ပုန်းကွယ်နေသော မည်သည့် မကောင်းဆိုးဝါးကို မဆို ရှာဖွေရန် ခက်ခဲ သွားပေသည်။

ထိုအတော အတွင်း သူသည် နောက်သို့ ပြန်လှည့်ရန် ကြိုးစား ကြည့်ခဲ့ဖူးသည်။ သို့သော်လည်း သူ ကြိုးစားလိုက်သည့် အချိန်တိုင်း မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင် ၏ ပတ်ပတ်လည်ရှိ အဖြူရောင် မြူထုသည် ပြောင်းပြန်စီးဆင်းသွားကာ သူ့၏ လမ်းကြောင်းတွင် မမြင်နိုင်သည့် နံရံသဖွယ် ပိတ်ဆို့တားဆီးလာကြောင်းသိရှိရပေသည်။သူက နောက်သို့ပြန်လှည့်၍ မရနိုင်ပေ။အခြားစကားဖြင့် ပြောရမည်ဆိုလျှင် ဤ အဖြူရောင် မြူနှင်းထုထဲသို့ ဝင်ရောက်သွားသည်နှင့် ရှေ့သို့သာ လျှောက်လှမ်းခွင့်ရှိပြီး နောက်သို့ပြန်လှည့်ခွင့်မရှိပေ။

ထိုကဲ့သို့သော ရှာဖွေတွေ့ရှိမှုကြောင့် ရှောင်လုံသည် ခါးသက်သက် ပြုံးလိုက်ပေသည်။

နှစ်သန်းပေါင်းများစွာအတွင်း ကောင်းကင်ဘုံတောင်တန်း၏ ထိပ်ဖျားဆီသို့ တတ်ရောက်သွားသည့် မည်သည့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ကမှ ပြန်ထွက် လာနိုင်စွမ်း မရှိတော့သည်မှာ အံ့အား သင့်စရာ မရှိပေ။သူတို့ကဲ့သို့ပင် ရှောင်လုံသည် ယခုအခါ၌ ရွေးချယ်စရာ ၂ခုသာ ရှိပေတော့သည်။ တစ်ခုမှာ မိစ္ဆာ နှလုံးသားဝါးမြိုခြင်းအစီအရင် ထဲမှ ထွက်ခွာရန်နှင့် ဒုတိယ ရွေးချယ်မှုမှာမူ သူ တွေ့ရှိခဲ့ရသည့် မကောင်းဆိုးဝါး များကဲ့သို့ ထာဝရ ပိတ်မိကာ အဆုံးသတ်သွားရန် ဖြစ်ပေသည်။

မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင် သည် မည်မျှ ကြီးမားသည်ကို မသိရှိပေ။ ထိုအစီအရင် က မီတာ ၁၆၅၀၀ထိသာ ရှိမည်ဆိုလျှင် ရှောင်လုံသည် အပြင်ထွက်နိုင်မည်ဟု ယုံကြည်ချက် ဖြစ်နေပေသေးသည်။သို့သော် မီတာ ၁၉၈၀၀ထက် ကျယ်ပြန့်သည်ဆိုလျှင် သေချာပေါက် သေဆုံးရပေလိမ့်မည်။

အတိအကျ ဆိုရသော် သူ့၌ ရွေးချယ်စရာ ဟူ၍ပင် မရှိပေ။သူသည်သာမသေချင်သေးပါက  ရှေ့သို့ဆက်လက် လျှောက်လှမ်းရမည် ဖြစ်ပေသည်။

တစ်လ ကြာပြီးနောက် ရှောင်လုံသည် ၁၃၂၀၀အကွာ အဝေးထိ ရောက်ရှိသွားပေသည်။ထိုမျှ အကွာ အဝေးဆီသို့ ရောက်ရှိသွားချိန်တွင် အဖြူရောင် မြူထုသည် ထူထဲလှသော တိမ်တိုက်များ အသွင် ဖြစ်ပေါ်နေရုံသာမက ထိတွေ့ ကိုင်တွယ်၍ပင် ရလာပေသည်။ရှောင်လုံ ဤသည်ကို သိရှိသွားရသည့် အကြောင်းအရင်းမှာသူသည် ထိုတိမ်တိုက်ထုများကို တွန်းထိုး ဖယ်ရှားလိုက်ရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူ့၏ အမြန်နှုန်းသည် ပိုမို နှေးကွေးလာပြီး သူ့၏ စွမ်းအင် ကုန်ဆုံး နှုန်းကလည်း ပိုမို မြန်ဆန်လာပေသည်။သူက မြူနှင်းထုထဲသို့ စတင်ဝင်ရောက်လာချိန်ကစ၍ မီတာ၃၃၀၀အကွာအဝေး သို့ရောက်ရှိချိန်တိုင်းတွင် နွေဦး ဆောင်းဦး အသက်ရာချီနတ်ဆေးလုံး တစ်လုံး ကို သောက်သုံးရပေသည်။ ယခုမူ ၆၆မီတာ မှ ၉၉ မီတာသို့ ရောက်ရှိသွားချိန်၌ သူသည် နွေဦးဆောင်းဦးအသက်ရာချီ ဆေးလုံး တစ်လုံးကို သောက်သုံးကာ သူ့၏ ပင်ပန်းနွမ်းနယ်နေသော နတ်ဘုရားစစ်ပွဲချီနှင့် အစစ်အမှန်အင်မော်တယ်အဆီအနှစ်အင်အားကို ဖြည့်တင်းနေရပေသည်။

တစ်လကျော် ကြာပြီးနောက် ရှောင်လုံသည် မီတာ ၁၆၅၀၀ ကို ရောက်သည်ဆိုရုံမျှ ရောက်ရှိသွားခဲ့သည်။ ၁၅၆၀၀ မီတာသို့ အရောက်တွင် တိမ်တိုက်ဖြူများ၏ ပြန်ကန်အားသည် တိုးပွားလာပြီး သူ့၏ ပိုးစာပင်ဓားနှင့် ဖြတ်တောက်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ပေသည်။ သူ့၏ ပိုးစာပင်ဓားသည် တိမ်တိုက်ဖြူများအပေါ်တွင် ပါးလျသော ဓားရှည်တစ်ခုကိုသာ ချန်ရစ်ထားနိုင်ခဲ့ပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ထိုကဲ့သို့သော အခြေအနေသည် လေးဖက်လေးတန်၌ အဖြူနံရံများ ရှိနေသော လှောင်အိမ်ထဲ၌ ပိတ်မိနေသည်နှင့် တူညီပြီး ထွက်သွားရန် မဖြစ်နိုင်ပေ။ ဤသည်က စိတ်ပျက်အားလျော့သည့် ခံစားချက်ကို ပေးစွမ်းနေပေသည်။

၎င်းတို့ကို ဖြတ်တောက်ရန် ကျရှုံးခဲ့သောကြောင့် ရှောင်လုံသည် သူ့၏ အစစ်အမှန်အင်မော်တယ်အဆီအနှစ် မီးတောက် ကို အသုံးပြုရန် ကြိုးစားကြည့်လိုက်သည်။ သူ့၏ အစစ်အမှန်အင်မော်တယ်အဆီအနှစ် မီးတောက်က တိမိတိုက်ဖြူများကို လောင်ကျွမ်းသွားစေသည်မှာ ကောင်းလှသော်လည်း ထိုနည်းလမ်းသည် သူ့၏ စွမ်းအင်များစွာကို ကုန်ခမ်းသွားစေနိုင်ပေသည်။ ၆.၆ မီတာသို့ ရောက်ရှိသွားသည်နှင့် သူသည် အသက်ကိုပင် မနည်းရှုလိုက်ရသည်။

၁၅၈၀၀ မီတာသို့ အရောက်တွင် သူ့၏ အစစ်အမှန်အင်မော်တယ်အဆီအနှစ် မီးတောက်သည် သူ့၏ လမ်းကြောင်းရှိ တိမ်တိုက်ဖြူများကို လောင်ကျွမ်းနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် လိပ်နက်နှင့်ဟင်္သာပြဒါးငှက် နတ်မီးတောက်တို့ကို ဆင့်ခေါ်လိုက်ရသည်။

နတ်မီးတောက်နှစ်မျိုးသည် ရှောင်လုံကို စိတ်ပျက်စေခြင်း မရှိပေ။ မျက်တောင်တစ်ခတ်အတွင်း သူတို့သည် လမ်းကြောင်းတစ်လျှောက်ရှိ တိမိတိုက်ဖြူများကို လောင်ကျွမ်းသွားလေသည်။ သို့သော်လည်း နတ်မီးတောက် နှစ်မျိုး ကို တပြိုင်နက်တည်း ထုတ်ဖော်ခြင်းသည် သူ့၏ စွမ်းအင် ကို ကြီးမားစွာ ကုန်ဆုံးသွားစေသည်။

မီတာ ၁၆၃၀၀ သို့ရောက်ရှိသွားချိန်တွင် မြေဆွဲအားနှင့် တွန်းကန်အား သည် အဆတစ်ရာ ပိုမို သန်မာလာပေသည်။ ရှောင်လုံ၏ ခြေလှမ်းတိုင်းတွင် တောင်တန်းကြီးတစ်ခုကို ကျောပေါ်ထမ်းကာ တောင်ပေါ်တက်နေရသည့်နှယ် ဖိအားများလာပေသည်။

၁၆၄၆၇ မီတာ သို့ ရောက်ရှိချိန်၌ ရှောင်လုံ သည် အားကောင်းလွန်းလှသော တွန်းကန်အား နှင့် မြေဆွဲအား အောက်တွင် ဆက်လက် ရွေ့လျားနိုင်စွမ်း မရှိတော့ပေ။ ရှောင်လုံ သည် စိတ်ပျက်အားလျော့သွားရပေသည်။ သူသည် မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင် ထဲ၌ ထာဝရ ပိတ်မိသွားတော့မည်လား။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၈... ကျားဖြူ နတ်မီးတောက်

ရှောင်လုံ၏ အသိစိတ်သည် တဖြည်းဖြည်းချင်း လျော့ပါးပျောက်ကွယ်နေလေပြီး သူ့၏ မျက်ခွံများသည် လေးလံထိုင်းမှိုင်းလာပေသည်။ သူ့၏ အသိစိတ် လွတ်သွားသည်နှင့် မိစ္ဆာနှလုံးသားဝါးမြိုခြင်း အစီအရင် သည် သူ့၏ နှလုံးသားမိစ္ဆာများကို နိုးထလာစေလိမ့်မည် ဖြစ်သည်။ ထိုသို့သာ ဖြစ်သွားခဲ့လျှင် သူသည် အသိစိတ်ပျောက်ကာ အစီအရင်ထဲ၌ လေလွင့်နေသော မဟာနတ်ဘုရားအဆင့် မကောင်းဆိုးဝါးများနှင့် ခြားနားမှု ရှိတော့မည်မဟုတ်ပေ။

သူ့၏ သတိတရားများ လျော့ပါးလာသည်နှင့် ရှောင်လုံသည် သူ့ဆီသို့ ဦးတည်လာသော များပြားလှသည့် မကောင်းဆိုးဝါးများကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

ထိုအချိန်ခဏတွင် သူ့၏ စိတ်ဝိညာဥ်ပင်လယ်ထဲ၌ မျက်စိကျိန်းလုမတတ် အလင်းတန်းများ တောက်ပသွားပြီး အနက်နှင့် အပြာ အမွှာနဂါး၏ ဟိန်းသံများသည် သူ့၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။

ရှောင်လုံ၏ အသိစိတ်သည် တုန်ယင်သွားလေပြီး ဆင်ခြင်တုံတရားအချို့ကို ရရှိသွားပေသည်။ သူက သွေးအရသာကို ခံစားမိသည်အထိ လျှာကို ကိုက်လိုက်ရပြီး ရှင်းလင်းသည့် အသိအာရုံကို ရရှိရန် ကြိုးစားလိုက်သည်။ ထို့နောက် သူသည် အလျှင်အမြန် ထိုင်ချလိုက်ပြီး အနတ္တ အခြေအနေသို့ ဝင်ရောက်လိုက်လေသည်။

ထိုကဲ့သို့သော သူ့၏ အနတ္တအခြေအနေတွင် သူ့၏ စိတ်ဝိညာဉ် သည် ခန္ဓာကိုယ် မှ ဖြည်းဖြည်းချင်း ထွက်ခွာသွားပြီး အပြင်ဘက် ကမ္ဘာသို့ မျောလွင့်သွားသည်။

"ဒါက..."

ရှောင်လုံသည် တုန်လှုပ်သွားပြီး မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင်ကို သူ့၏ စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း မှတ်သားလိုက်ပေသည်။

'အနတ္တခန္ဓာကိုယ်က ဒီလို စွမ်းရည်မျိုး တကယ်ရှိတာလား'

ရှောင်လုံ က စိတ်လှုပ်ရှားစွာဖြင့် မိစ္ဆာနှလုံးသား အစီအရင်ကို သူ့၏စိတ်ထဲ၌ အလျှင်အမြန် မှတ်သားလိုက်သည်။ ထို့နောက်၌ အစီအရင်သည် မီတာ ၁၆၅၀၀ တွင် အဆုံးသတ်သွားကြောင်း သိရှိလိုက်ရသည်။

ဆိုလိုသည်မှာ သူသည် ယခုအခါတွင် အစီအရင်၏ အဆုံးတစ်ဖက်ဆီမှ ၃၃ မီတာ အကွာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူက ရှေ့သို့ ၃၃ မီတာ တိုးလိုက်ပြီးသည်နှင့် မိစ္ဆာနှလုံးသားဝါးမြိုခြင်း အစီအရင်ထဲမှ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။

ရှောင်လုံက လေးလံစွာ သက်ပြင်းချလိုက်ပြီး နွေဦးဆောင်းဦးအသက်ရာချီ နတ်ဆေးလုံး တစ်လုံးကို ထုတ်သောက်လိုက်ကာ သူ့၏ အခြေအနေကို ချက်ချင်းပြန်လည် ကုသလိုင်လေသည်။  တစ်နာရီကြာပြီးနောက်သူသည် သူ့၏ အထွတ်အထိပ် အခြေအနေ သို့ ပြန်လည် ရောက်ရှိသွားသည်။ သူက ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ အမွှာနဂါးသိုင်းဝိညာဥ်နှစ်ခုကို ဆင့်ခေါ်လိုက်ပြီး ဝိညာဥ်အသွင် ပြောင်းလဲလိုက်သည်။

ဝိညာဉ်အသွင် ပြောင်းလဲမှုသည် ရှောင်လုံ၏ အရှိန်အဟုန် ကို တိုးတက်သွားစေသည်။ မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင်သည်သာ ၁၉၈၀၀မီတာ အထိ ရှိမည်ဆိုလျှင် သူ့၌ မည်သည့် မျှော်လင့်ချက်မှ ရှိတော့မည် မဟုတ်ပေ။ သို့သော်လည်း ယခုမူ ၁၆၅၀၀ မီတာသာ ရှိသောကြောင့် သူ့၏ လက်ရှိ ဝိညာဉ် အသွင်ဖြင့် ဆိုလျှင် သူ အသက်ရှင်လျက် ထွက်သွားနိုင်ပေသည်။

တစ်နာရီ ကြာပြီး ခြေလှမ်း ၅၀၀ ရောက်ရှိသွားချိန်တွင် ရှောင်လုံသည် မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင်၏ သိပ်သည်းလှသော မြူထုထဲမှ ချိုးဖြတ် ထွက်ခွာလာနိုင်ခဲ့သည်။ သူ့၏ ခန္ဓာကိုယ် ထဲမှ အင်အားကုန်ကို အသုံးပြုလိုက်ရသည်မို့ ရှောင်လုံ ကို မောပန်းနွမ်းနယ်မှုက ဖုံးလွှမ်းသွားပေသည်။ သူက မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားပြီး မောပန်းစွာ အသက်ရှုလိုက်ရသည်။

'နောက်ဆုံးတော့ အဲ့ဒီ သောက်ချီးထုပ်နေရာကနေ ငါ ထွက်လာနိုင်ခဲ့ပြီ'

ရှောင်လုံသည် သူ့နောက်မှ မြူထုနံရံကို လှည့်ကြည့်လိုက်မိပြီး သူ့၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့မှုများ ပေါက်ဖွားလာပေသည်။

'ကောင်းကင်ထိုးဖောက်ခြင်း သားရဲဘုရင် ၊ ဘိုးဘေးတောင်ဆိတ် နဲ့ ကျန်တဲ့ နှစ်ယောက် ကော...ဒီနေရာက ထွက်သွားနိုင်သွားလား ဆိုတာကို သိချင်မိတယ်'

ရှောင်လုံ က စိတ်ထဲမှ တွေးလိုက်လေသည်။

ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်တို့ အုပ်စု၏ ခွန်အားသည် သူ့ထက် ပိုမို မြင့်မားလှပေသည်။ သို့သော် မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင် ထဲမှ ထွက်ခွာလာရခြင်းသည် ကိုယ်ပိုင်ခွန်အားအပေါ် မူတည်နေခြင်း မဟုတ်ပေ။ ဥပမာအနေဖြင့် မီတာ ၁၅၈၀၀ သို့အရောက်တွင် ရှောင်လုံသည် လိပ်နက်နှင့်ဟင်္သာပြဒါးငှက်နတ်မီးတောက်တို့၏ စွမ်းအားကို ငှားရမ်း၍ သူ့ရှေ့ရှိ လမ်းကို လောင်ကျွမ်းသွားစေကာ လမ်းဖောက်ခဲ့ရသည်။

ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်၊ ဘိုးဘေးတောင်ဆိတ် ၊ နဂါးစိမ်းသားရဲဘုရင်နှင့် ဘိုးဘေးဘီဖန်းတို့၏ ကိုယ်ပိုင်မီးတောက်များသည် တိမ်တိုက်ဖြူများကို အလုံးစုံ လောင်ကျွမ်းသွားနိုင်စွမ်း ရှိမည် မဟုတ်ပေ။

ရှောင်လုံ၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။ ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်၊ ဘိုးဘေးဘီဖန်းနှင့် အခြားသူများသည်သာ မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင်ထဲ၌ ပိတ်ဆို့ကာ သေဆုံးသွားမည်ဆိုလျှင် ရှောင်လုံ အတွက် သတင်းကောင်း ဖြစ်ပေသည်။

"ကောင်းကင်ဘုံနတ်ဘုရား ရဲ့ ကျင့်ကြံခြင်းဂူတဲ့လား"

ရှောင်လုံ တီးတိုးရေရွတ်မိလိုက်သည်။

ရှောင်လုံက ကောင်းကင်ဘုံနတ်ဘုရား၏ ကျင့်ကြံခြင်းဂူ တည်နေရာကို မသိရှိသော်ငြား ကောင်းကင်ဘုံတောင်ထိပ်၏ နေရာအကျယ်အဝန်းသည် များစွာ မကြီးမားလှပေ။ သူက အချိန်အနည်းငယ်အတွင်း ထိုနေရာကို ရှာတွေ့နိုင်စွမ်း ရှိပေသည်။ အရေးအကြီးဆုံးအရာမှာကား ကျားဖြူနတ်မီးတောက် ကို ချက်ချင်း ရှာတွေ့နိုင်ရန် ဖြစ်သည်။

ရှောင်လုံ က အနည်းငယ် အနားယူလိုက်သေးသည်။ သူ့၏ အသက်ရှုနှုန်း ပုံမှန်သို့ ပြန်ရောက်သွားသည်နှင့် လိပ်နက်နှင့်ဟင်္သာပြဒါးငှက်နတ်မီးတောက် စိတ်ဝိညာဉ်တို့ကို ဆင့်ခေါ်ကာ ကျားဖြူနတ်မီးတောက် ၏ တည်နေရာကို ရှာဖွေရန် အမိန့်ပေးလိုက်သည်။

မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင်ဆီမှ ထွက်ခွာပြီးနောက် သူသည် ပျံသန်းနိုင်သွားသော်လည်း သူ့၏ နတ်ဘုရားအာရုံကို ဖိအားပေးခံထားရဆဲ ဖြစ်သည်။

ရှောင်လုံ က လေထဲမှ ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့ပြီးနောက် သူ့၏ ပတ်ပတ်လည်ကို ဂရုတစိုက် ကြည့်ရှုလိုက်လေသည်။

ထိုသို့ဖြင့် လမ်းတစ်လျှောက်၌ သုံးရက်ကြာသွားသည်။

သူက တောင်တန်း၏ အပိုင်းတစ်ခုသို့ ပျံသန်းသွားချိန်တွင် သုံးရက်တာကာလအတွင်း မည်သည့် တုန့်ပြန်မှုမှ မရှိသည့် နတ်မီးတောက် စိတ်ဝိညာဉ် နှစ်ခုသည် ရုတ်တရက် တောက်ပလာပြီး စိတ်လှုပ်ရှားသည့်အသံများ ထွက်ပေါ်လာသည်။

ဤသည်ကိုကြည့်ရင်း ရှောင်လုံသည် အောက်ဘက်သို့ ကြည့်ကာ သူ့၏ မျက်လုံးများသည် တောက်ပလာပေသည်။ လိပ်နက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက် စိတ်ဝိညာဉ်များ၏ တုံ့ပြန်မှုအရ သူ့၏ အောက်ဘက်ရှိ နေရာတွင် သေချာပေါက်ရှိ ရမည်။

ရှောင်လုံက မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်းဆင်းသက်လိုက်ပြီးနောက် လှိုဏ်ဂူ တစ်ခု၏ ဝင်ပေါက်ကို တွေ့လိုက်ရပေသည်။ ဝင်ပေါက်က သိပ်မကြီးလှဘဲ လူနှစ်ယောက် ဝင်နိုင်ရုံ မျှသာ ရှိပေသည်။ လှိုဏ်ဂူထဲမှ အပူဓာတ်များနှင့်မီးတောက် အမျှင်တန်းများ ထွက်ပေါ်လာပေသည်။

ရှောင်လုံက တွေဝေတုံ့ဆိုင်းမနေတော့ဘဲ လှိုဏ်ဂူထဲသို့ ပျံသန်းဝင်ရောက်ကာ နက်ရှိုင်းလှသည့် နေရာသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။ လှိုဏ်ဂူထဲသို့ ဂရုတစိုက် ဝင်ရောက်သွားလိုက်ရင်း လူနှစ်ယောက်စာသာ ကျယ်ဝန်းသော လိုဏ်ဂူ၏ အကျယ်အဝန်းသည် တဖြည်းဖြည်း ချင်း ကျယ်ပြန့်လာပေသည်။ သူက အတွင်းထဲသို့ဝင်ရောက်သွားသည်နှင့် လှိုက်ဂူထဲမှ မီးတောက်များနှင့် အပူစွမ်းအင်သည် အပူချိန်ပိုမို မြင့်တတ်လာသည်။မဟာနတ်ဘုရား အဆင့် ၂ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်သည်ပင် ကျားဖြူ နတ်မီးတောက် ထံမှ အပူစွမ်းအင်ကို တောင့်ခံနိုင်ရန် ခက်ခဲလှပေသည်။

သို့သော်လည်း လိပ်နက်နှင့်ဟင်္သာပြဒါးငှက် နတ်မီးတောက် စိတ်ဝိညာဉ် များသည် သူ့၏ ခန္ဓာကိုယ် ကို ကာကွယ်ပေးထားသောကြောင့် ရှောင်လုံသည် အားကောင်းလှသော အပူလှိုင်းကို ကြောက်ရွံ့ခြင်း မရှိပေ။ကျားဖြူ နတ်မီးတောက် ၏ အပူဓာတ်က ရှောင်လုံ ဆီသို့ ရောက်ရာရှိလာချိန်တွင်နတ်မီးတောက် စိတ်ဝိညာဉ် နှစ်ခုသည် သူတို့၏ ပါးစပ်များကို ဖွင့်ကာ ဝါးမြို ပစ်လိုက်ပြီး ရှောင်လုံ၏ ခန္ဓာကို ယ်ကို အားဖြည့် ပေးလိုက်လေသည်။ ထိုအပူလှိုင်းများသည် ရှောင်လုံ၏ စွမ်းအား များ အဖြစ်သို့သာ ပြောင်းလဲသွားပေသည်။

သူက တစ်နာရီမျှ ပျံသန်းပြီးသွားချိန်တွင် ရုတ်တရက်ဆိုသလိုစူးရှသော သတ္ထုဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှောင်လုံသည် မျက်လုံးများကို မှိတ်လိုက်ရလေသည်။ခဏကြာပြီးနောက် သူ့၏ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူသည် မီးကမ္ဘာထဲသို့ ရောက်ရှိနေသည်အား တွေ့လိုက်ရပေသည်။ သူ့၏ ခြေထောက် အောက်ရှိ မီးတာ ၃၃၀၀ လုံးတွင် ချော်ရည်များဖြင့် ဆူပွက်နေပေသည်။

ရှောင်လုံကို ကြောင်အသွားစေသည့် အရာမှာကား လောင်ကျွမ်းနေသော မီးကမ္ဘာထဲတွင် မျောလွင့်နေသော မိးတောက်များသည် သတ္ထုဖြူရောင် မီးတောက်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

သတ္ထု ဖြူရောင် မီးတောက်သည် အစစ်အမှန်အင်မော်တယ် အဆီအနှစ်မီးတောက် နှင့်တူညီသော် လည်း အနည်းငယ် ကွာခြားမှုရှိပေသည်။သူက သတ္ထုဖြူရောင် မီးတောက်ဆီမှ ကြမ်းတမ်းလှသော သက်ဖြတ်ခြင်း အော်ရာ တစ်ခုကို ခံစားနေရပြီး ထိုမီးတောက်က တောက်ပလွန်းသောကြောင့် မည်သူမှ ကြာမြင့်စွာ ကြည့်ရှုနိုင်စွမ်း ရှိမည် မဟုတ်ပေ။

ရှောင်လုံက ရှေ့သို့ပျံသန်းလိုက်ကာ သတ္ထုဖြူရောင် မီးတောက်များ ထွက်ပေါ်လာရာ မီးတောက်ဆီသို့ဦးတည်ပျံသန်းလိုက်လေသည် ။ တစ်နာရီမျှကြာပြီးနောက် ရှောင်လုံသည် မီးတောက်၏ မူလ နေရာကို သိရှိသွားပေသည်။

သူနှင့် သိပ်မဝေးသည့် နေရာတွင် ကြီးမားလှ သော သတ္ထုဖြူရောင် မိးတောက် ဘောလုံးကြီးသည် လေထဲ၌ လှည့်လည်နေပြီး ထို ထဲ၌ မီတာ ရာပေါင်းများစွာ ကြီးမားသော ကျားးဖြူတစ်ကောင်ရှိနေပေသည်။ထိုဘောလုံးနှင့် ရှောင်လုံ၏ ကြားတွင် မီတာထောင်ပေါင်းများစွာ ကွာဝေးသော်လည်း ကြောက်မက်ဖွယ်ရာ သတ်ဖြတ်မှု အော်ရာကြောင့် သူ့၏ အရေပြား သည် စပ်ဖျင်းဖျင်း ဖြစ်လာသလို ခံစားလိုက်ရသည်။ သို့သော်လည်း ထိုသတ်ဖြတ်မှု အော်ရာသည် ရှောင်လုံကို တိုက်ရိုက် ရည်ညွှန်းခြင်း မဟုတ်ဘဲ ထိုကျားဖြူ မွေးရာပါ စွမ်းရည်တစ်ရပ်ဖြစ်ပေသည်။

ရှောင်လုံ၏ တည်ရှိမှုကို အာရုံခံမိသွားသည်နှင့် ကြိးမားလှသော သတ္ထုဖြူရောင် မီးတောက် ဘောလုံးကြီးထဲရှိ ကျားဖြူ သည် သူ့၏ ခြေထောက်ပေါ်တွင် ရပ်တန့်လိုက်လေပြီး ကောင်းကင်ပေါ်သို့ မော့ကာ ဟိန်းဟောက်လိုက်လေသည်။ ကျားဖြူ၏ ဟိန်းသံက အောက်ဘက်ရှိ စီးဆင်းနေသော ချော်ရည်ပူများကို စုစည်းသွားစေကာ ကြမ်းတမ်းစွာ လှိုင်းတံပိုး ထန်သွားစေသည်။

ထိုအချိန်၌ ကောင်းကင်ဘုံတောင်တန်း ပေါ်ရှိ ကျင့်ကြံသူများအားလုံးသည် ထိတ်လန့်ဖွယ်ရာ ကျားဟိန်းသံ ကို ကြားလိုက်ကြရသည်။

" ဒါက..."

မိစ္ဆာနှလုံးသား ဝါးမြိုခြင်း အစီအရင်ထဲ၌ ပိတ်မိနေဆဲ ဖြစ်သော ဘိုးဘေးတောင်ဆိတ် ၊ ကောင်းကင်ထိုးဖောက်ခြင်း သားရဲဘုရင်၊ ဘိုးဘေး ဘီဖန်းနှင့် နဂါးစိမ်းသားရဲဘုရင်တို့၏ အမူအရာများသည် တင်းမာသွားရပေသည်။ ရုတ်တရက်ဆိုသလို သူတို့၏ ပါးစပ်များထံမှ သွေးအန်လိုက်ကြရသည်။

"ဒီလောက်တောင် ကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ခြင်း အော်ရာ... ဒါက သေချာပေါက် ပြိုင်ဘက်ကင်း ရတနာတစ်ခု ထွက်ပေါ်လာတာပဲဖြစ်ရမယ်"

ဘိုးဘေးဘီဖန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ရသည်။

"အဲ့တာက... ကောင်းကင်ဘုံတောင်တန်းရဲ့ ထိပ်ဖျားမှာပဲ... ငါတို့နဲ့သိပ်မဝေးဘူး...ငါတို့ ဒီအစီအရင် ထဲကနေ မြန်မြန် ထွက်ကြမှရမယ်"

နဂါးစိမ်း သားရဲဘုရင်က တိုက်တွန်းလိုက်လေသည်။

ထိုသူလေးယောက်သည် မိစ္ဆာ နှလုံးသား ဝါးမြိုခြင်းအစီအရင် ကို အရူးအမူး တိုက်ခိုက်လိုက်ကြပြီး ရှေ့သို့ အင်အား အပြည့်ဖြင့် တိုးသွားလိုက်ကြလေသည်။

ထိုအချိန်တွင် မြေအောက် မီးလှိုက်ဂူထဲ၌ ကျားဖြူနတ်မီးတောက်သည် ရှောင်လုံဆီသို့ ခုန်ဝက်လာလေသည်။ မျက်တောင် တစ်ခတ်အတွင်း ကြီးမားလှသော သတ္ထုဖြူရောင် မီးတောက် ဘောလုံး ကြီးသည် သူ့၏ မျက်လုံးထဲသို့ အပြည့် အဝ နေရာ ယူသွားလိုက်သည်။

ရှောင်လုံက တောင့်တင်းသွားသော်လည်း လိပ်နက် နှင့် ဟင်္သာ ပြဒါးငှက် နတ်မီးတောက်တို့ကို အလျှင် အမြန် ထိန်းချုပ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။

ချက်ချင်းဆိုသလို နတ်မီးတောက် သုံးမျိုးသည် ထိပ်တိုက်တွေ့သွားကြလေသည်။

အံ့ အားသင့်ဖွယ်ကောင်းစွာပင် ကြောက်မက်ဖွယ်ကောင်းစွာ ထိပ်တိုက်တွေ့သွားကြသော်လည်း မည်သည့် ပေါက်ကွဲမှုမှ ထွက်ပေါ်မလာပေ။ ပူပေါင်းပေါက်သံကဲ့သို့ နူးညံ့သည့်အသံတစ်ခုသာ ကြားလိုက်ရပြီး နတ်မီးတောက် သုံးမျိုးသည် စတင် ပေါင်းစပ်သွားလေသည်။

ရေခဲပြာရောင် ၊ နီလာရောင်နှင့် သတ္ထုဖြုရောင် မီးတောက်သုံးမျိုးတို့သည် ပေါင်းစပ်သွားကာ ကြီးမားကျယ်ပြန့်သွားလေသည်။ ရှောင်လုံက တုန့်ပြန်နိုင်ခြင်း မရှိလိုက်ချိန်တွင် သူသည် နတ်မီးတောက် သုံးမျိုးတို့၏ မျက်စိကျိန်းလုမတတ်တောက်ပသော အလင်းရောင်များထဲသို့ နစ်မြုပ်သွားရလေသည်။

အရင် နှစ်ကြိမ်ကဲ့သို့ပင် သူသည် ချက်ချင်းဆိုသလို အသိစိတ် ပျောက်ဆုံးသွားရပေသည်။ပေါင်းစပ်နေသော နတ်မီးတောက်များထဲတွင် မျောလွင့်နေရင်း မီးတောက် စိတ်ဝိညာဉ် ၃ခု သည် ရှောင်လုံ၏ ပတ်ပတ်လည်၌ လှည့်ပတ်ကာ သူ့၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးနေပေသည်။

သူ့၏ ခန္ဓာကိုယ်က ကြံ့ခိုင် သန်မာလာချိန်တွင် သူ့၏ စိတ်ဝိညာဉ် ပင်လယ်သည်ပေါက်ကွဲတော့မည့် မီးတောင် တစ်ခုနှယ် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၉.....စိတ်ဝိညာဉ် ၏ အသွင်ပြောင်းလဲခြင်း

စိတ်ဝိညာဉ်အင်အားလှိုင်းလုံးများသည် ရှောင်လုံ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် မြင့်တက်လာပြီး တစ်ခုထက်တစ်ခု ပိုမို ကြမ်းတမ်းလာပေသည်။ သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲ၌ တောက်ပနေသော အလင်းရောင်သည် မရေမတွက်နိုင်သော နေမင်းများ စုဝေးနေသည့်နှင့် တူပေသည်။ အလင်းတန်းသည်  လေဟာနယ်ကို ထိုးဖောက်နိုင်လုမတတ် တောက်ပနေပြီး စကြာဝဠာ ထဲတွင် ထာဝရတည်ရှိနေမည့် ဂြိုဟ်ပတ်လမ်းကြောင်းတစ်ခုကို ချန်ထားခဲ့သည်နှင့် တူပေသည်။

သူ့၏ စိတ်ဝိညာဉ်ပင်လယ်အထက်တွင် ရေခဲပြာရောင် ၊ နီလာရောင် နှင့် သတ္ထုဖြူရောင်တို့သည် စွမ်းအင်များစွာကို ထုတ်လွှတ်နေလေသည်။ ထို စွမ်းအင်သည် ရှောင်လုံ၏ ခန္ဓာကိုယ် နေရာအနှံ့သို့ ရောက်ရှိသွားပြီး သူ့စိတ်ဝိညာဥ်၏ ကြည်လင်သန့်ရှင်းမှုကို ဆက်လက် မြှင့်တင်ပေးနေပေသည်။

အချိန် များ ကုန်လွန်သွားသည်နှင့် အမျှ သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲရှိ တောက်ပလှသော အလင်းရောင်သည် ပို၍ ပို၍ မျက်စိ ကျိန်းလုမတတ်တောက်ပလာပေသည်။ အလင်းတန်းတိုင်သည် လေဟာနယ်ကို ဖြတ်တောက် ထိုးဖောက် သွားသည့် တံတား တစ်စင်းနှင့် တူပြီး ရှောင်လုံ၏ အားကောင်းလှသော စိတ်ဝိညာဉ် အင်အားကို သက်သေပြနေပေသည်။

ကျားဖြူနတ်မီးတောက်သည် လိပ်နက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက်တို့နှင့် ပေါင်းစပ်နေပြီး ရှောင်လုံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာချိန်တွင် များပြားလှသော ကျင့်ကြံသူများသည် ကောင်းကင်ဘုံ တောင်တန်းဆီသို့ ဦးတည်လာရောက်နေကြပေသည်။

ကျားဖြူနတ်မီးတောက် ၏ ပဲ့တင်ထပ်သွားသော ဟိန်းဟောက်သံ သည် တောင်ခြေ၌ ရှိသော မြို့တော်များစွာ ရှိ လူတိုင်းကို ထိပ်လန့်သွားစေသည်။

ကြမ်းတမ်းလှသော သတ်ဖြတ်မှု အော်ရာ နှင့် သိပ်သည်း လှသော စိတ်ဝိညာဉ် စွမ်းအင်လှိုင်းတို့ကြောင့် ပြိုင်ဘက်ကင်း ရတနာတစ်ခု မွေးဖွားထွက်ပေါ် လာပြီဟု လူတိုင်း ယုံကြည်လက်ခံလာကြသည်။

မကြာမီ ဂိုဏ်းပေါင်းမြောက်များစွာနှင့် မိသားစုများဆီမှ ကျင့်ကြံသူများသည် မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင် ၏ မြူခိုးဖြူများရှေ့တွင် စုစည်းမိသွားကြသည်။ ထိုသူများထဲတွင် အဆင့်နိမ့် နတ်ဘုရားအဆင့် မှ အလယ်အဆင့်၊ အဆင့်မြင့် နတ်ဘုရားအဆင့်များနှင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် နှစ်ယောက်သည်ပင် ပါရှိပေသည်။

ထို မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် နှစ်ယောက် သည် အဖြူရောင်ကျားကြယ်စင်စု၏ ထိပ်တန်းအင်အားစုများမှ ဖြစ်ပြီး တာအိုဂိုဏ်း၏ ခေါင်းဆောင် တောက်ဂူနှင့် သူ့၏ဆရာ ကျောင်းယုံဖုန်းတို့ဖြစ်သည်။

ရှောင်လုံက ကောင်းကင်ဘုံတောင်တန်း ပေါ်၌ နှစ် နှစ်သန်းသက်တမ်းရှိ ကြာပန်းနက်ကို တွေ့ရှိခဲ့စဥ်က တောက်ဂူနှင့် ကျောင်းယုံဖုန်းတို့ နှစ်ယောက်စလုံးသည် သူ့ဆီမှ ထိုအရာကို လုယူရန် ကြိုးစားခဲ့ကြဖူးသည်။ သူတို့ အောင်မြင်ခါနီးအချိန်တွင် ယန်ယီနှင့် လမင်းဆင်းသက်ခြင်းအဘိုးအို တို့ရောက်ရှိလာကာ ရှောင်လုံ၏ အကျပ်အတည်း အခြေအနေကို ဖြေရှင်းပေးခဲ့ပေသည်။

ပြောရမည်ဆိုလျှင် တောက်ဂူနှင့် ကျောင်းယုံဖုန်းတို့ ကို ရှောင်လုံနှင့် မျက်မှန်းတန်းမိသူများဟု သတ်မှတ်၍ ရပေသည်။

"ဆရာ...ဘာလုပ်ဖို့ စီစဥ်ထားလဲ"

တောက်ဂူက သူ့ရှေ့ရှိ အဖြူရောင်မြူထုကို ထိတ်လန့်နေသည့် မျက်လုံးများဖြင့် ကြည့်ရင်း
သူ့၏ဆရာ ကျောင်းယုံဖုန်း ကို မေးမြန်းလိုက်သည်။

ကျောင်းယုံဖုန်း ၏ မျက်လုံးများထဲ၌ တွေဝေမှုများ ဖြတ်ပြေးသွားလေသည်။

နှစ်သန်းပေါင်း မြောက်များစွာအတွင်း အဖြူရောင် မြူထုထဲသို့ဝင်ရောက်သွားသော မဟာနတ်ဘုရားအဆင့် ၂  အပါအဝင် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်များသည် ထပ်မံ ပေါ်ထွက်လာခြင်း မရှိကြတော့ပေ။ သူ့အနေဖြင့် ကြောက်ရွံ့ခြင်း မရှိဟု ဆိုပါက လိမ်ညာနေခြင်းသာ ဖြစ်ပေသည်။

"မင်း အရင် ဝင်သွားလိုက်"

ကျောင်းယုံဖုန်းက သူ့ခေါင်းကို တာအိုဂိုဏ်း မဟာ အကြီးအကဲတစ်ယောက် ရှိရာ ဆီသို့ ရုတ်တရက်လှည့်ကြည့်လိုက်လေသည်။

ကျောင်းယုံဖုန်း၏ အမိန့်ကို ကြားလိုက် ရချိန်တွင် မဟာ အကြီးအကဲသည် တုန်ယင်သွားပြီး သူ့၏ မျက်နှာက ဖြူလျော်သွားလေသည်။

"ဘိုး...ဘိုးဘေး...ကျ...ကျွန်တော်..."

ကျောင်းယုံဖုန်း၏ အကြည့်က ဓားသွားများကဲ့သို့ ထက်ရှသွားလေပြီး သူ့၏ စကားလုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ရောယှက်ပါဝင်လာပေသည်။

"မင်းက ငါ့အမိန့်ကို မကြားဘူးလား"

ထို တာအိုဂိုဏ်း မဟာ အကြီးအကဲသည် တာအိုဂိုဏ်း မဟာအကြီးအကဲသည် အံကြိတ်လိုက်လေသည်။သူက သွေးမရှိ ဖြူလျော်နေသည့် မျက်နှာနှင့် အဖြူရောင် မြူထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပေသည်။ ထို့နောက် ကျောင်းယုံဖုန်း က အပြင်ဘက်၌ စောင့်ကြည့်နေသော်လည်း မဟာအကြီး အကဲသည် ပြန်လည် ပေါ်ထွက်မလာခဲ့ပေ။

ထိုနေရာ၌ စုဝေးနေကြသော ကျင့်ကြံသူများသည် ထိုရလဒ်ကြောင့် သူတို့၏ စိတ်ထဲတွင် သံသယ များ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ထိုသို့ ဆိုလျှင်ပင်အဖြူရောင် မြူထု ထဲမှ ကံကောင်းထောက်မစွာဖြင့် ထွက်ခွာနိုင်စွမ်းရှိလိမ့်မည်ဟု ယုံကြည်နေကြသည့် သုများလည်း ရှိနေပေသည်။

ဟုတ်ပေသည်... ။ ထိုသူများသည် ပင်လယ်သမုဒ္ဒရာ ထဲသို့ ကျဆင်းသွားသည့် ကျောက်စရစ်ခဲများနှယ် အသံတစ်ချက်မှ မထွက်ဘဲ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။ အဖြူရောင်မြူထုသည် သီးသန့် ကမ္ဘာ တစ်ခုနဲ့တူပြီး အသံပို့ ကျောက်စိမ်းပြားများသည်ပင် အထဲ၌ အသုံးပြု၍ မရတော့ပေ။

ထိုသို့ ဖြစ်စေကာမူ အဖြူရောင်ကျားတက္ကသိုလ် ရှိ ဘိုးဘေးအဆင့်အတန်းရှိသူများ ထိုသတင်းကို ကြားရချိန်တွင် သူတို့အားလုံးသည် ကောင်းကင်ဘုံတောင်တန်း ရှိရာဆီသို့ အပြေးရောက်လာကြသည်။ ထို့ကြောင့် အဖြူရောင်မြူထု၏ အပြင်ဘက်၌ လူပေါင်းမြောက်များစွာ စုဝေးမိလာသည်။

ပြိုင်ဘက်ကင်း ရတနာ၏ ဆွဲဆောင်နိုင်စွမ်း သည် မဟာနတ်ဘုရား အဆင့်  ဘိုးဘေး အချို့ကိုပင် မဟာမိတ် အဖွဲ့တစ်ခု ဖွဲ့ကာ အဖြူရောင် မြူထုထဲသို့ ထိုးဖောက်ဝင်ရောက်လာအောင် လုပ်နိုင်ပေသည်။

ကျင့်ကြံသူအုပ်စုကြီး၏ မြောက်များစွာသော အကြည့်များရှေ့တွင် များပြားလှသော အင်အားစုများထံမှ မဟာနတ်ဘုရားအဆင့် ၁၂ယောက်သည် ထိုထဲသို့ ချိုးဖြတ် ဝင်ရောက် သွားကြလေသည်။အထဲသို့ မဝင်ရောက်ခင် ထိုဘိုးဘေးများသည် သူတို့၏ တပည့်များကို မြူထု၏ အပြင်ဘက်၌သာ စောင့်ဆိုင်းနေရန် အမိန့် ပေးခဲ့ကြသည်။

သို့သော်လည်း နေ့ရက်များ ကုန်ဆုံးသွားပြီး မဝါနတ်ဘုရားအဆင့် သိုင်းပညာရှင် ၁၂ယောက် အစီအရင်ထဲသို့ ဝင်ရောက်သွားခြင်း တစ်လပြည့်သွားချိန်တွင် သူတို့သည်လည်း ကျယ်ပြောလှသော ပင်လယ်သမုဒ္ဒရာထဲသို့ ပစ်ချလိုက်သည့် ကျောက်စရစ်ခဲများနှယ် ပျောက်ကွယ်သွားကြသည်။

တစ်လမှ နှစ်လသို့ ကူးပြောင်းသွားချိန်တွင် အဖြူရောင် မြူထုထဲရှိ အခြေအနေသည် ပုံမှန် အတိုင်း တည်ငြိမ်နေဆဲဖြစ်သည်။

၃လ ကုန်ဆုံးသွားပြီး ၄ လထိ ကြာမြင့်သွားချိန်တွင် အပြင်ဘက်၌ စောင့်ဆိုင်းနေသော များစွာသော တပည့်များ၏ မျက်နှာများသည် စိုးရိမ် မှုများဖြင့် ပြည့်နှက်လာကာ တင်းမာလာကြလေသည်။

အပြင်ဘက်၌ ထိုသို့ ဖြစ်နေချိန်တွင် မြေအောက်လေဟာနယ်ထဲရှိ မီး တောက်ဂူထဲမှာမူ ရှောင်လုံ၏ ခန္ဓာကိုယ် သည် မဟာနတ်မီးတောက် ၃မျိုး၏ အားဖြည့်ပေးမှုကြောင့် သလင်းကျောက်တစ်ခုနှယ် တောက်ပနေပေသည်။ရေခဲပြာရောင်၊ နီလာရောင်နှင့် သတ္ထုဖြူရောင် အလင်တန်းတို့သည် သူ့၏ အရေပြားပေါ်တွင် တောက်ပနေပေသည်။ အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ အလင်းရောင် ၃ခုသည် မျက်စိကျိန်းလုမတတ် တောက်ပလာပေသည်။

အဝေးမှ ကြည့်မည်ဆိုလျှင် ရှောင်လုံသည် လူသား ပုံသဏ္ဍန် ရှိသည့် တောက်ပလှသော စိန်တုံး တစ်ခုနှင့် တူနေပြီး သူ့၏ စိတ်ဝိညာဉ် ပင်လယ်သည် နတ်မီးတောက် ၃မျိုး၏ အရောင်များဖြင့် ဆေးချယ်ထား ပေသည်။သူ့ စိတ်ဝိညာဉ်ပင်လယ်၏ ကြည်လင် သန့်ရှင်းမှုသည် လိပ်နက် ၊ ဟင်္သာပြဒါးငှက် နှင့် ကျားဖြူ နတ်မီးတောက် တို့၏ သက်ရောက်မှုအောက်တွင် သိပ်သည်းလှသည့် အလင်းတန်းများ ဖြားထွက်လာသည်အထိ တိုးတက်လာပေသည်။

ကိုင်တွယ်၍ မရနိုင်သော အလင်းရောင်က အစိုင်အခဲ အသွင် သိပ်သည်းသွားခြင်းမှာ တစ်ခါမှ မဖြစ်ဖူးသောဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။

ထို့အပြင် သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ အလင်းတန်းလှိုင်းသည် အချိန်နဲ့ နေလွတ်ကိုပင် ချိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသော အထက်ရှဆုံး ဓားသွားနှင့် တူပြီး မဟာနတ်ဘုရားအဆင့် ၁နောက် ပိုင်း သိုင်းပညာရှင် တစ်ယောက် ကိုပင် နှစ်ပိုင်း ဖြစ်သွားအောင် ဖြတ်တောက် ပစ်နိုင်စွမ်း ရှိပေသည်။

နောက်ထပ် ၅လတာ ကုန်ဆုံးသွားပေသည်။

ရှောင်လုံကို လှည့်ပတ် ပျံသန်းနေသော လိပ်နက် ဟင်္သာ ပြဒါးငှက် နှင့် ကျားဖြူ နတ်မီးတောက် စိတ်ဝိညာဉ် များသည် မီးဘောလုံ ၃ခုအသွင် ပြောင်းလဲသွားပြီး သူ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပေသည်။

တစ်ချိန်လုံး အိပ်ပျော်သွားသည့် ရှောင်လုံသည် သူ့၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။

သူ့၏ မျက်လုံကို ဖွင့်လိုက်သည်နှင့် စူးရှသည်အလင်းတန်းတစ်ခု တောက်ပသွားပြီး ချက်ချင်း ပျောက်ကွယ်သွားကာ သူ့၏ အပေါ်ဘက် လေထုထဲတွင် အောက်ခြေ မဲ့ တွင်းနက် ၂ခု ထွက်ပေါ်လာပေသည်။ မည့်သည့် လှုပ်ရှားမှုမှ လုပ်စရာ မလိုဘဲ ကြောက်မက်ဖွယ်ရာ မီးတောက် ဘောလုံးများသည် ရှောင်လုံ၏ ခန္ဓာကိုယ်စီမှ ပျံသန်းထွက်ပေါ်လာပြီး အောက်ဘက်ရှိ ချော်ရည် အလွှာကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

ရှောင်လုံက လေထုထဲ၌ ရပ်တန့်နေလေပြီး ကမ္ဘာဦး မီးနတ်ဘုရား တစ်ပါး၏အော်ရာ ကို ထုတ်လွှတ်နေပေသည် ။သူ့၏ ခန္ဓာကိုယ်က ပြောမပြနိုင်လောက်အောင် ထူးခြားလှသည့် ထည်ဝါ ခမ်းနားသော နတ်ဘုရားဆန်သည့် အချိန်အဝါကို ထုတ်လွှတ်နေပေသည်။

"ငါ့ချီပင်လယ်ရဲ့ စွမ်းဆောင် နိုင်မှုက နှစ်ဆဖြစ်သွားပြီ...ငါ့ရဲ့ စိတ်ဝိညာဉ်ပင်လယ်ကရော ဘယ်လို ဖြစ်သွားပြီလဲ... ငါ့ရဲ့စိတ်ဝိညာဥ်ဆီက အလင်းတန်းက အစိုင်အခဲ ဖြစ်သွားတာလား "

ရှောင်လုံက သူ့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ပင်လယ်တို့၏ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် ပျော်ရွှင်ဝမ်းမြောက်သွားလေသည်။ အထူးသဖြင့် သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲရှိ ပြောင်းလဲမှုများသည် သူ့ကို စိတ်လှုပ်ရှားသွားစေသည် ။

တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ် အလင်းတန်းက အစိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားသည်ဟု သူ တစ်ခါမှ မကြားဖူးပေ။ ဤသို့ဖြစ်ရခြင်းမှာ သူ့၏ စိတ်ဝိညာဉ် ကြည်လင်သန့်ရှင်းမှုသည်မျှော်မှန်း မထားနိုင်လောက်သော အဆင့်သို့ ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။

"နတ်မီးတောက် လေးမျိုးလုံးသာ ပေါင်းစပ်သွားမယ်ဆိုရင်... ငါ့ရဲ့ စိတ်ဝိညာဉ်ပင်လယ်က ဘယ်လောက်ထိ ပြောင်းလဲသွားမလဲ မသိဘူး"

ရှောင်လုံ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပသွားလေသည်။

သူက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး လေဟာ နယ် ထဲမှ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာချိန်တွင် အပြင်သို့ ရောက်ရှိနေပြီဖြစ်သည်။

တည်နေရာ ကူးပြောင်းခြင်း.... ။

တည်နေရာ ကူးပြောင်းခြင်းကို မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသာ လုပ်ဆောင် နိုင်စွမ်းရှိပေသည်။

သူက နတ်ဘုရားဦးခေါင်း တစ်ခုကို ဖွဲ့တည်ထားခြင်း မရှိသော်လည်း သူ့၏ ခွန်အားသည် သိသိသာသာ တိုးတက်လာပေသည်။ သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ အချိန်နှင့် နေရာလွတ် ကြိုးမျှင်များသည် မယုံကြည်နိုင်သော အရေအတွက် သို့ ရောက်ရှိနေပေသည်။ထို ကြိုးမျှင်များသည် များပြားလွန်းသောကြောင့် သူ့၏ ပတ်ပတ်လည်ရှိ သဘာဝ အင်အားကို အလွယ်တကူ ထိန်းချုပ်နိုင်စွမ်းရှိလာပေသည်။

သူ့၏ လက်ရှိခွန်အားသည် နဂါး အင်ပါယာ အောင်း တိုင်ရီထက် အားနည်းခြင်း မရှိဟု ရှောင်လုံ ခန့်မှန်း မိပေသည်။ သူသည်သာ မိစ္တာ နှလုံးသား ဝါးမြိုခြင်းအစီအရင် ထဲသို့ ထပ်မံလျှောက်လှမ်းရမည်ဆိုလျှင် သူသည် သေချာပေါက် အရင်က ကဲ့သို့ ခံစားရတော့မည် မဟုတ်ပေ။

လက်ရှိ ခွန်အားနှင့် နတ်မီးတောက်သုံးမျိုးဖြင့် ဆိုလျှင် ရှောင်လုံသည် အစီအရင်ကို တစ်လဟူသော အချိန်အတွင်း ဖြတ်သန်းနိုင်ပေလိမ့်မည်။ သို့သော်လည်း သူသည် ယခုချက်ချင်း ထွက်ခွာရန် အချိန်မရှိပေ။

ကောင်းကင်ဘုံ တောင်တန်း သခင်၏ ကျင့်ကြံခြင်း နန်းတော်က တောင်ထိပ်၌ ရှိနေကြောင်း သူ သိခဲ့ရသည်မို့သေချာပေါက် သွားရောက်ရှာဖွေ ကြည့်မည် ဖြစ်သည် ။ ထိုအချိန်တွင် လေဟာနယ်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားပေသည်။

ရှောင်လုံက တောင့်တင်းသွားလေသည်။ ထို တုန်ခါမှုသည် မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင် ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုသူများသည် ဘိုးဘေး တောင်ဆိတ်၏ အုပ်စု ဖြစ်နိုင်သည်လား။

နောက်တစ်ခဏတွင် အားကောင်းလှသော တည်ရှိမှုလေးခု ရှောင်လုံ၏ တည်ရှိရာ နေရာဆီသို့ ထိပ်လန့်ဖွယ် အမြန်နှုန်းဖြင့် နီးကပ်လာပေသည်။

ရှောင်လုံက သူ့၏ လေသာနယ် ပုန်းကွယ်ခြင်း စွမ်းအင်ကို နှိုးဆွကာ  ချက်ချင်း ပျောက်ကွယ်သွားပေသည်။သူ ပုန်းကွယ် လိုက်ပြီး ချိန်တွင် ဘိုးဘေးတောင်ဆိတ် ၊ ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်၊ နဂါးစိမ်းသားရဲဘုရင်နှင့် ဘိုးဘေးဘီဖန်းတို့ ရောက်ရှိလာသည်ကို သူ မြင်လိုက်ရပေသည်။ မျှော်လင့်ထားသည့်အတိုင်း ထိုလူလေးယောက် ဖြစ်ပေသည်။ရှောင်လုံ၏ မျက်လုံးများက မှေးကျဥ်းသွားလေပြီး သူ့၏ အရှိန်အဝါကို ဂရုတစိုက် ဖုန်းကွယ်လိုက်လေသည်။

မျက်တောင် တစ်ခတ်အတွင်း ၄ယောက်သည် သူ့၏ မျက်စိရှေ့သို့ ရောက်ရှိလာလေသည်။

"ထူးဆန်းတယ်... ခုနလေးကမှ ဒီနေရာကနေ စွမ်းအင်လှိုင်းတွေ ထွက်ပေါ်လာသေးတာလေ "

ဘိုးဘေး တောင်ဆိတ်က မျက်မှောင် ကြုတ်လိုက်လေသည်။သူ့၏ မျက်လုံးများက အစိမ်းရောင် တောက်ပလာပြီး ပတ်ပတ်လည်သို့ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်လေသည်။အခြားသုံးယောက်သည်လည်း ပတ်ပတ်လည် လေဝါနယ်ကို ပိတ်စို့ကာ ဂရုတစိုက်ရှာဖွေလိုက်ကြသည်။ သို့သော်လည်း သူတို့သည် မည်သည့် အရာကိုမှ မတွေ့ရှိ ခဲ့ရပေ။

"ဘိုးဘေးတောင်ဆိတ် ...မင်း အတွေးလွန်နေတာဘဲ ဖြစ်ပါလိမ့်မယ်...ငါတို့ထက် အရင် မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင် ကို ဖြတ်သန်း သွားနိုင်တဲ့လူ ရှိလိမ့်မယ်လို့ ငါတော့ မထင်ဘူး...ငါတို့၄ယောက်လုံး တစ်နှစ်ကျော် အတူတူ ဖြတ်သန်းခဲ့ကြတာတောင်အထဲမှာ သေမလို ဖြစ်ခဲ့ရတာလေ"

ဘိုးဘေးဘီဖန်းက ထပ်ပြောလိုက်လေသည်။

"ကောင်းကင်ဘုံ နတ်ဘုရားရဲ့ ကျင့်ကြံခြင်း နန်းတော်ကို ရှာဖွေဖို့ကသာ... ပိုအရေးကြီးပါတယ်ကွာ "

"အမှန်ပဲ...ကောင်းကင်ဘုံ နတ်ဘုရားရဲ့ ကျင့်ကြံခြင်း အိမ်တော်ကို အရင် သွားရှာကြတာပေါ့...ကောင်းကင်ဘုံနတ်ဘုရားရဲ့ နတ်ဘုရားဦးခေါင်း ဆီက ဉာဏ် အလင်း ရပြီးတော့ ငါတို့ရဲ့ ခွန်အား အကြီးအကျယ် တိုးတက်လာတဲ့အခါကျရင် ...လူသားကျင့်ကြံသူတွေကို ကြောက်နေစရာမလိုတော့ဘူး "

နဂါးစိမ်း သားရဲဘုရင် က ဝင်ရောက် ထောက်ခံလိုက်လေသည်။

ဘိုးဘေးတောင်ဆိတ် က ထပ်မံရှာဖွေသော်လည်း မည်သည်ကို မှ မတွေ့ ရှိခဲ့ပေ။ သူသည် ရွေးချယ်စရာမရှိတော့ဘဲ ကျန်သူများနှင့်အတူ ထွက်ခွာလိုက်ရသည်။

ထို၄ယောက် ထွက်ခွာသွားပြီးနောက် ရှောင်လုံသည် ပုန်းကွယ်နေရာမှ ထွက်ခွာလိုက်သည်။ ခဏမျှ တွေဝေ တုန့်ဆိုင်းနေပြီးနောက် သူသည် ထိုအုပ်စု သွားရာ ဘက်ဆီသို့ ပျံသန်း လိုက်ကာ သူတို့နောက် ဆီမှ ဂရုတစိုက် နောက်ယောင်ခံ လိုက်ပါသွားလေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၃၀ ...... ကောင်းကင်ဘုံနတ်ဘုရား၏ ကျင့်ကြံ ခြင်း နန်းတော်

ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်တို့ အုပ်စု လေးယောက် သည် ပတ်ပတ်လည်သို့ ပျံသန်းကာ တောင်ထွတ်တည်နေရာအား ရှာဖွေနေသည်မှာ နှစ်ရက်ကြာသွားပြီ ဖြစ်သည်။ ရှောင်လုံ က သူတို့နောက်မှ ဂရုတစိုက် ပုန်းကွယ်၍ လိုက်ပါလာသည်မို့ ရှာတွေ့နိုင်စွမ်း မရှိကြပေ။

ထိုလေးယောက်သည် အင်အားကောင်းလှသော်လည်း သူ့၏ လက်ရှိခွန်အားနှင့် လေဟာနယ်ပုန်းကွယ်ခြင်း စွမ်းရည်တို့ကြောင့် ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင် တို့ အုပ်စုသည် သူ့အား ရှာမတွေ့ကြပေ။

ကန်တစ်ခု၏ အရှေ့တွင် ရပ်တန့်နေရင်း ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်သည် သားရဲသားရေလိပ် မြေပုံတစ်ခုကိုထုတ်ကာ လေ့လာလိုက်ပြီးနောက် ပြောလိုက်သည်။

"ကောင်းကင်ဘုံနတ်ဘုရားရဲ့ ကျင့်ကြံခြင်းနန်းတော် က... ဒီနေရာ ပတ်ပတ်လည်မှာပဲ ရှိရမယ်"

ဘိုးဘေးဘီဖန်းက ရေကန်နှင့် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့၏ အသံ က မသေချာမှုများ ရောယှက်နေပေသည်။

"ကောင်းကင်ဘုံနတ်ဘုရားရဲ့ ကျင့်ကြံခြင်းနန်းတော် က ဒီနေရာမှာလား"

သူသည် ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမှ မမြင်ရပေ။

ဘိုးဘေးတောင်ဆိတ် နှင့် နဂါးစိမ်းသားရဲဘုရင်တို့၏ မျက်လုံးများထဲ၌လည်း သံသယများ ထွက်ပေါ်လာသည်။

ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်က ပြန်မဖြေပေ။ သူက လေထဲသို့ ခုန်တက်လိုက်ပြီး ကန်၏ ရေမျက်နှာပြင်ထက်သို့ မတ်တပ်ရပ်လိုက်ပြီးနောက် နတ်ဘုရားအင်အားအချို့ဖြင့် သူ့လက်ထဲရှိ မြေပုံကို နှိုးဆွလိုက်သည်။ သားရဲသားရေ စာလိပ် က မျက်စိကျိန်းစေမတတ် တောက်ပသော အလင်းများ ထုတ်လွှတ်လာပြီး ပေါင်းစပ် သင်္ကေတ ငါးခုသည် ပျံသန်းထွက်ပေါ်လာကာ ရေကန်၏ အလယ်ဗဟိုသို့ တံဆိပ်ခတ်နှိပ်လိုက်သည်။

သင်္ကေတများ ကန်ရေပြင်ထက် ကျဆင်းသွားသည်နှင့် ကန်၏ အလယ်မှစတင်၍ ရေများ အငွေ့ပျံတက်လာပြီး အလင်းလှိုင်းများ ရိုက်ခတ်သွားလေသည်။

ထို့နောက် သူတို့၏ အံသြမှင်သက်နေသော မျက်လုံးများရှေ့တွင် လှပဆန်းကြယ်သော နန်းတော်များ ပေါ်ထွက်လာပေသည်။

အနိမ့်အမြင့် မျိုးစုံနှင့် နန်းတော်များသည် ၃၆ ခုတိတိရှိပြီး ရောင်စုံအလင်းတန်းများ တောက်ပနေကာ နန်းတော်ရာတစ်ခုလုံးကို တောက်ပသော ရောင်စုံအလင်း အကာအကွယ် ဖြင့် ဖုံးလွှမ်းထားသည်။

ရေကန်ထဲမှ ထွက်ပေါ်လာသော နန်းတော်ကို ကြည့်ရင်း ဘိုးဘေးတောင်ဆိတ်၊ ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်၊ နဂါးစိမ်းသားရဲဘုရင် နှင့် ဘိုးဘေးဘီဖန်းတို့၏ မျက်လုံးများသည် ပျော်ရွှင်မှုများ ၊ လိုချင်တပ်မက်မှုများဖြင့် ပြည့်နှက်သွားကြသည်။ ဤသည်မှာကား ကောင်းကင်ဘုံနတ်ဘုရား၏ ကျင့်ကြံခြင်းနန်းတော် ဖြစ်ပေသည်။

ထိုထဲရှိ နတ်ဘုရားဦးခေါင်း အပိုင်းအစတစ်ခုကပင် လူတိုင်းကို ရူးသွပ်သွားစေနိုင်သည်။

အဝေး၌ ပုန်းအောင်းနေသော ရှောင်လုံသည်ပင် နန်းတော်ကို မြင်လိုက်ချိန်၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူ့အကြည့်က ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်၏ လက်ထဲရှိ သားရဲသားရေလိပ် ပေါသို့ ရောက်ရှိသွားသည်။ ထိုစာလိပ်က ကောင်းကင်ဘုံနတ်ဘုရား၏ ကျင့်ကြံခြင်းနန်းတော် ကို ဖွင့်လှစ်သည့် သော့ဟု သူ မထင်ထားခဲ့မိပေ။ ကျင့်ကြံခြင်းနန်းတော် ကို ရှောင်လုံသာ လိုက်ရှာမည်ဆိုလျှင် သေချာပေါက် ရှာတွေ့လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ရှောင်လုံက သူ့၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။ ထိုအစား သူက ပိုမို ဂရုတစိုက်ဖြင့် ပုန်းကွယ်လိုက်သည်။

တစ်ဖက်တွင် ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်က သူ့၏ အဖော်သုံးယောက်ကို ပြောလိုက်သည်။

"အခု ငါတို့ ဒီ ရောင်စုံအကာအကွယ်ကို အတူတူ ချိုးဖျက်ဖို့ လိုလာပြီ...ချိုးဖျက်ပြီးတာနဲ့ ငါတို့ နန်းတော်ထဲ ဝင်ရသွားလိမ့်မယ်"

ဘိုးဘေးတောင်ဆိတ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒါဆိုလည်း ဘာကို စောင့်နေကြတာတုန်း...အခုပဲ အကာအကွယ် ကို တိုက်ခိုက်လိုက်ကြစို့"

"ကောင်းကင်ဘုံနတ်ဘုရား ရဲ့ ကျင့်ကြံခြင်းနန်းတော် ထဲမှာ...နှစ် နှစ်သန်းနဲ့အထက် သက်တမ်းရှိတဲ့ ဆေးပင်တွေ ရှိကိုရှိရမယ်...အဲ့တာတွေအားလုံးက အခုတော့ ငါတို့အပိုင်ပဲ"

နဂါးစိမ်းသားရဲဘုရင် က အားပါးတရ ရယ်မောလိုက်သည်။

နဂါးစိမ်းသားရဲဘုရင် ၏ စကားသံကို ကြားသည်နှင့် ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

'ကောင်းကင်ဘုံနတ်ဘုရားရဲ့ကျင့်ကြံခြင်းနန်းတော် ထဲမှာ နှစ် နှစ်သန်း သက်တမ်းရှိတဲ့ဆေးပင်တွေ ရှိနေရင်တောင်...မင်းတို့ဟာတော့ ဖြစ်လာမှာမဟုတ်ဘူး...အကုန် ငါ့အပိုင်ကွ'

အကြောင်းမှာ ကျင့်ကြံခြင်းနန်းတော် ထဲ၌ ဗဟိုအစီအရင်တစ်ခု ရှိသည်ကို သူ သိရှိထားသောကြောင့် ဖြစ်ပေသည်။ သူက ထိုအစီအရင်ကို အခွင့်ကောင်းယူကာ ထိန်းချုပ်လိုက်သည်နှင့် ရတနာအားလုံးသည် သူ့အပိုင် ဖြစ်လာပေလိမ့်မည်။

'တောင်ဆိတ်၊ နဂါးစိမ်းနဲ့ ဘီဖန်းတို့ရဲ့ သိုလှောင်လက်စွပ်တွေထဲမှာ ပစ္စည်းကောင်းလေးတွေ ပါလာလောက်ပါတယ်...ဟီးဟီး'

ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်က တွေးတောလိုက်လေသည်။ သူက ဗဟိုအစီအရင်ကို ထိန်းချုပ်ပြီးသွားသည်နှင့် တောင်ဆိတ်၊ နဂါးစိမ်းနှင့် ဘီဖန်းတို့အတွက် သေနေ့စေ့သွားပေလိမ့်မည်။

ကောင်းကင်ထိုးဖောက်ခြင်း သားရဲဘုရင်က ကောင်းမွန်လှသော အဆုံးသတ်ကို စိတ်ကူးယဥ်နေချိန်တွင် သူတို့လေးယောက်သည် အဓိက နန်းတော်၏ ရှေ့သို့ ရောက်ရှိသွားသည်။ ထို့နောက် သူတို့လေးယောက်သည် နန်းတော်တစ်ခုလုံး ကို လွှမ်းခြုံထားသော ရောင်စုံအလင်းအကာအကွယ်အား စတင်တိုက်ခိုက်လိုက်ကြသည်။

ထိုအချိန်အတွင်း ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်သည် သားရဲသားရေလိပ် ကို သူ့၏ သိုလှောင်လက်စွပ်ထဲသို့ လျှို့ဝှက်စွာ ပြန်ထည့်လိုက်သည်။

လူလေးယောက်၏ လက်ဝါးများနှင့် လက်သီးချက်များသည် လေထုကို ဖြတ်သန်းသွားပြီး ရောင်စုံအလင်း အကာအကွယ်ပေါ်သို့ ကျဆင်းသွားသည်။ ပေါက်ကွဲသံများသည် ဆက်တိုက်ထွက်ပေါ်လာသည်။ အံ့အားသင့်ဖွယ် ကောင်းသည်မှာ သူတို့၏ အားကောင်းလှသော တိုက်ခိုက်မှုများအောက်တွင် ရောင်စုံအလင်း အကာအကွယ် သည် အနည်းငယ်မျှပင် တုန်ယင်မသွားပေ။

ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်က ဤရလဒ်ကို မျှော်လင့်ထားပြီးသည့်နှယ် တည်ငြိမ်နေပေသည်။ ထို့ကြောင့်လည်း သူက သားရဲသားရေလိပ် ကို ရရှိပြီးနောက်၌ ဘိုးဘေးတောင်ဆိတ် နှင့် အခြားသူများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူတို့လေးယောက် အတူ အလုပ်လုပ်မှသာ ရောင်စုံအလင်းအကာအကွယ် ကို ချိုးဖျက်၍ နန်းတော်ထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

"ဒီလောက် နှစ်တွေအများကြီး ကြာတာတောင်...ကျင့်ကြံခြင်းနန်းတော် ရဲ့ ခုခံကာကွယ်မှုအစီအရင်က...အားကောင်းနေတုန်းပဲ"

နဂါးစိမ်းသားရဲဘုရင် က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒါ့အပြင် ဘယ်သူကမှလည်း ဒါကို ထိန်းချုပ်မထားဘူး"

တစ်စုံတစ်ယောက်ကသာ ထိုအကာအကွယ်ကို ထိန်းချုပ်ထားမည်ဆိုလျှင် ၎င်းအကာအကွယ်၏ စွမ်းအားသည် ကြောက်မက်ဖွယ် မြင့်တက်သွားပေလိမ့်မည်။

"ထပ်တိုက်ကြမယ်...အလင်းအကာအကွယ်ကို မြန်မြန် ချိုးဖျက်ကြရအောင်"

ဘိုးဘေးတောင်ဆိတ် က တိုက်တွန်းလိုက်သည်။

"ငါတို့နှောင့်နှေးနေရင် ပြဿနာတွေနဲ့ တိုးနေလိမ့်မယ်"

သူတို့က ဤနေရာ၌ ကြန့်ကြာနေချိန်တွင် အခြားသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည် မိစ္ဆာနှလုံးသားဝါးမြိုခြင်းအစီအရင်ကို ဖြတ်သန်းလာနိုင်စွမ်းမရှိ ဟု မည်သူက အာမခံနိုင်မည်နည်း။

"အစောပိုင်းက ကျားဟိန်းသံက...ဘယ်လို ရတနာမျိုး ဖြစ်မလဲ သိချင်လိုက်တာ...အဲ့တာက ကောင်းကင်ဘုံနတ်ဘုရားရဲ့ ကျင့်ကြံခြင်းနန်းတော် ထဲမှာ ရှိနေတာများလား"

ဘိုးဘေးဘီဖန်းက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး သူ့၏ မျက်လုံးထဲတွင် လောဘကြီးသည့် အရိပ်အယောင်များ တောက်ပသွားလေသည်။

ဤသည်ကို ကြားသည်နှင့် ရှောင်လုံက နှာခေါင်းရှုံ့လိုက်သည်။ ဘိုးဘေးဘီဖန်းက သူ့၏ ကျားဖြူနတ်မီးတောက် ကို ဆိုလိုနေခြင်း ဖြစ်ဟန်ရသည်။

ထိုအချိန်၌ သူတို့လေးယောက် သည် ရောင်စုံအလင်းအကာအကွယ် ကို ထပ်မံ တိုက်ခိုက်လိုက်ကြသည်။ နောက်ထပ်ပေါက်ကွဲသံများက လေထုကို တုန်ခါသွားစေသော်လည်း အလင်းအကာအကွယ်သည် မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။

သူတို့လေးယောက်က အကာအကွယ်ကို ဆက်တိုက် တိုက်ခိုက်နေရင်း တစ်နေ့တာကာလသည် မသိလိုက်ဘဲ ကုန်ဆုံးသွားသည်။

ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်နှင့် ကျန်သူများသည် ဒေါသကြီးစွာထွက်နေကြသည်။ သူတို့က တစ်နေကုန် မရပ်မနား တိုက်ခိုက်ခဲ့ကြသော်လည်း ပါးလျသည့် အလင်းအလွှာကို ချိုးဖျက်နိုင်စွမ်း မရှိခဲ့ပေ။

သူတို့လေးယောက်လုံးသည် မဟာနတ်ဘုရားအဆင့် ၃ သိုင်းပညာရှင်များ ဖြစ်ပေသည်။

ထိုကဲ့သို့ ဆက်တိုက် တိုက်ခိုက်မှုများဖြင့်ဆိုလျှင် သူတို့သည် ကမ္ဘာတစ်ခုလုံးကိုပင် အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်နိုင်စွမ်းရှိပေသည်။ သို့သော်လည်း သူတို့သည် ပါးလျလျသာ ရှိသော ခုခံကာကွယ်ခြင်းအစီအရင်ကို ချိုးဖြတ်နိုင်ခြင်း မရှိခဲ့ပေ။

အလင်းအကာအကွယ်ကို တိုက်ခိုက်လိုက်ချိန်တိုင်း သူတို့၏ စိတ်ရှည်မှုများ ကုန်ဆုံးနေရသည်။

"မင်းအမေပဲ...ဒီဘိုးဘေးက သောက်ချီး အကာအကွယ်ကို မချိုးဖြတ်နိုင်ဘူးလို့ မယုံဘူးကွာ"

ဘိုးဘေးဘီဖန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ့၏ လက်များက ဓားကဲ့သို့ ချွန်ထက်သည့် လက်သည်းများနှင့်အတူ နှစ်ဆ ပိုမို ကြီးမားသွားကာ အလင်းအကာအကွယ်ကို အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။

ကျန်သည့်သူများသည်လည်း သူတို့၏ ခွန်အားကို ထိန်ချန်မထားကြဘဲ အားအပြည့်ထုတ်သုံးကာ အလင်းအကာအကွယ်ကို ရိုက်ချလိုက်ကြသည်။

မုန်တိုင်းပမာ မြည်ဟီးသံကြီးနှင့်အတူ လေဟာနယ်သည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသည်။

ဝုန်း...

မိုးကြိုးပစ်သွားသည့်နှယ် ပေါက်ကွဲသံကြီးက တောင်ထိပ်ကို တုန်ယင်သွားစေသည်။

နောက်ဆုံးတွင် ရောင်စုံအလင်း အကာအကွယ် သည် တုန်ခါသွားသည်။ ဤသည်မှာ အနည်းငယ် တုန်ခါမှုမျှသာ ဖြစ်သော်လည်း သူတို့လေးယောက် သည် အလွန်တရာ ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။

"ဆက် တိုက်ခိုက်ကြရအောင်...ဒီအကာအကွယ်က မကြာခင် ပျက်စီးသွားလိမ့်မယ်"

ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်က အော်ပြောလိုက်သည်။

သူတို့လေးယောက် သည် အရူးအမူး ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။ သို့သော်လည်း တစ်ရက်တာ ကြိုးစားအားထုတ်မှုအပြီးတွင် အကာအကွယ်သည် တုန်ခါရုံမျှသာ တုန်ခါခဲ့သည်။ အစောပိုင်းက သူတို့၏ ပျော်ရွှင်မှုများသည် ပျောက်ကွယ်သွားပြီး ဒေါသများက ပေါက်ကွဲထွက်လာပေသည်။

နေရာလွတ်နယ်မြေထဲ၌ ပုန်းကွယ်နေသော ရှောင်လုံသည် ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်တို့ အုပ်စုကိုကြည့်ရင်း သူ့မျက်လုံးထဲ၌ သူတစ်ပါးဒုက္ခရောက်နေသည်ကို အားရကျေနပ်နေမှုများဖြင့် ပြည့်နှက်နေပေသည်။ အလင်းအကာအကွယ်ကို ဖျက်ဆီးရန် ခက်ခဲလေလေ၊ သူ့အတွက် ပိုကောင်းလေလေ ဖြစ်သည်။

နှစ်ရက်တာ တိုက်ခိုက်မှုအပြီး၌ သူတို့၏ နတ်ဘုရားအင်အားသည် လျှင်မြန်စွာ ကုန်ဆုံးလာသည်ကို သူ တွေ့နေရပေသည်။  သူတို့က ပြန့လည် ကုသရန် ဆေးလုံးများ ထုတ်သောက်လျှင်ပင် အချိန်တိုအတွင်း ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

'ဒီလိုမျိုးသာ လဝက်လောက် ဆက်ဖြစ်နေမယ်ဆိုရင်...'

သူ့၏ မျက်လုံးထဲ၌ စူးရှသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။

ဤကဲ့သို့ဖြင့် ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်တို့ အုပ်စုသည် အလင်းအကာအကွယ်ကို ဆက်လက်တိုက်ခိုက်နေကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ခုနှစ်ရက် ကုန်ဆုံးသွားသည်။ သူတို့လေးယောက် သည် ပြင်းပြင်းထန်ထန် တိုက်လိုက်နေကြပြီး အလင်းအကာအကွယ်သည်လည်း ယိမ်းယိုင်လှုပ်ခါလာပြီ ဖြစ်သည်။ ထိုအကာအကွယ်က ပျက်စီးမသွားသေးသော်လည်း ကျိုးပဲ့မည့် လက္ခဏာများ စတင်ပြလာပြီ ဖြစ်သည်။

ထိုအချိန်အတောအတွင်း သူတို့လေးယောက်သည် အကြိမ်အနည်းငယ်မျှ အနားယူခဲ့သည်။ သို့သော် သူတို့ ရပ်နားလိုက်သည်နှင့် အလင်းအကာအကွယ်သည် မြန်ဆန်လှသည့် နှုန်းဖြင့် ပြန်လည် အားပြည့်လာတတ်ကြောင်း သူတို့ သတိထားမိခဲ့ပေသည်။

ထို့ကြောင့် သူတို့သည် ရွေးချယ်စရာမရှိဘဲ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ကြရသည်။

ဆယ်ရက်မြောက်နေ့တွင် အလင်းအကာအကွယ်၏ မျက်နှာပြင်ထက်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

သူတို့လေးယောက်သည် ဤသည်ကို သတိထားမိသွားသည်နှင့် ပျော်ရွှင်သွားကြပြီး သူတို့၏ တိုင်ခိုက်မှုအင်အားကို တိုးမြှင့်လိုက်ကြသည်။

ဆယ့်သုံးရက်မြောက်နေ့တွင် အက်ကွဲကြောင်းများသည် ပိုမို ကြီးမားလာပြီး အလင်းအကာအကွယ် တစ်ခုလုံး ကို ပျံ့နှံ့သွားလေသည်။

"နောက် သုံးရက်ကြာရင်...ငါတို့ ဒီ အလင်းအကာအကွယ် ကို ချိုးဖြတ်ပစ်နိုင်လိမ့်မယ်"

ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်က ဘိုးဘေးတောင်ဆိတ် နှင့် ကျန်နှစ်ယောက်ကို အားပေးလိုက်လေသည်။

Continue Reading

You'll Also Like

168K 25.8K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
152K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
21.3K 446 42
What If Chloe lukasiak has a twin sister who is the favorite?
157K 3.9K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...