ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

821 - 825

164 9 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၁.... နတ်ဆိုးဂူထဲသို့ ဝင်ရောက်ခြင်း

နတ်ဆိုးပိုင်နက် ကုန်းမေကြီး၏ အင်အားစုကြီး၄ခုသည် နောက်တစ်နှစ်အကြာ၌ နတ်ဆိုးဂူကို ဖွင့် လှစ်မည့်အကြောင်း သိလိုက်ရချိန်တွင် ရှောင်လုံသည် အနောက်ဘက်ကျီးကန်းမြို့တော်၌သာ ဆက်လက်နေထိုင်လိုက်သည်။ သူက သူ့၏ ကျင့်စဥ် အပေါ်တွင်သာ အာရုံစိုက်လိုက်ပြီး နတ်ဆိုးဂူ ဖွင့် လှစ်မည့်နေ့ ကို စောင့်မျှော်နေခဲ့ ပေသည်။

တစ်နှစ်တာ ကာလသည် မကြာလွန်း မမြန်လွန်းသော်ငြား အလျှင်အမြန် ကုန်ဆုံးသွားပေသည်။

ထိုတစ်နှစ်တာ ကာလ အတွင်း ရှောင်လုံသည် အနက်ရောင်လိပ်နှင့် ဟင်္သာ ပြဒါးငှက်ကြယ်အင်အားများကို ဆက်လက်စုပ်ယူကာ သူ့၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး အစစ်အမှန်နဂါးကိုယ်၏ ခုခံကာကွယ်မှု နှင့် တိုက်ခိုက်မှုအင်အားကို ကြီးကြီးမားမား တိုးတက်လာစေခဲ့သည်။

သူ့၏ အစစ်အမှန် အင်မော်တယ်အဆီအနှစ် အင်အားနှင့် နတ်ဘုရားစစ်ပွဲ ချီတို့သည် အဆုံး အစမဲ့ မကုန်ခမ်းနိုင်လောက်အောင် ဖြာထွက်နေပေသည်။

တစ်နှစ်တာ ကာလအတွင်း ရှောင်လုံသည် နွေဦးဆောင်းဦး အသက်ရာချီ နတ်ဆေးလုံး အချို့နှင့်နီလာခရမ်း မိုးရေစက် နတ်ဆေးလုံးများကို သန့်စင်ဖော်စပ်ရန် အချိန်လုံလောက်စွာ ရရှိပေသည်။

နတ်ဆိုးဂူ ဖွင့် လှစ်မည့်နေ့ မတိုင်ခင် သုံးရက် အလိုတွင် ရှောင်လုံသည် အနောက်ဘက် ကျီးကန်းမြို့တော်ထဲမှ ထွက် ခွာလိုက်လေသည်။သူသည် နတ်ဆိုး ဂူထဲသို့  အင်အားစုကြီးလေးခုနောက်မှ လိုက်ပါခွင့်ရမည့် အင်အားစုများ၏ ခေါင်းဆောင်များကို စုံစမ်းရှာဖွေရန် လိုအပ်ပေသည်။သူက ထိုသူတို့၏ နာမည်များကို သိရှိပြီးသည်နှင့် ပစ်မှတ်ကို ရွေးချယ် သတ်ဖြတ်ပြီး ထိုသူ့နေရာ၌ အစားဝင်ကာ နတ်ဆိုးဂူထဲသို့ ဝင်ရောက်မည်ဖြစ်သည်။

စုံစမ်း စစ်ဆေးပြီးနောက်တွင် ရှောင်လုံသည် နတ်ဆိုးတစ်ရာ ဂိုဏ်းချုပ် ပိုင်ကျီရှန်း ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်ပေသည်။ထိုသို့ ရွေးချယ်လိုက်သည့် အကြောင်းရင်းမှာ ပိုင်ကျီရှန်းသည် သူ့ကဲ့သို့ပင် နတ်ဘုရားအဆင့် ၁၀နောက်ပိုင်း အထွတ် အထိပ် အဆင့် ဖြစ်ပြီး သူ စိတ်ဝိညာဉ် ရှာဖွေခဲ့သော နတ်ဆိုးတစ်ရာ ဂိုဏ်း၏ တပည့်နှစ်ယောက်ဆီမှ နတ်ဆိုးတစ်ရာ ဂိုဏ်း အကြောင်းကို နားလည် ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။

အခြားသော အကြောင်းပြချက်မှာ နတ်ဆိုးတစ်ရာ ဂိုဏ်း ဌာနချုပ်သည် အနောက်ဘက် ကျီးကန်းမြို့တော်နှင့် အနီးဆုံး ဖြစ်သောကြောင့် ဖြစ်သည်။

နတ်ဆိုးတစ်ရာ ဂိုဏ်းချုပ် ပိုင်ကျီချန်းကို ပစ်မှတ် အဖြစ် ဆုံးဖြတ် ခဲ့ပြီးနောက် ရှောင်လုံသည် ထိုဂိုဏ်း၏ ဌာနချုပ်ဆီသို့ ဦးတည်ပျံသန်းလိုက်သည်။

နတ်ဆိုး၁၀၀ဂိုဏ်း၏ ဌာနချုပ်သို့ ရောက်ရှိသွားချိန်တွင် ရှောင်လုံသည် သူ့၏ နတ်ဘုရား အာရုံကို တိတ်တဆိတ် ဖြန့်ကျက်လိုက်လေသည်။ထို့နောက် မကြာမှီ မြေအောက် လျှို့ဝှက်ခန်းထဲ၌ ကျင့်ကြံအားထုတ်နေသော ပိုင်ကျီရှန်းကို တွေ့လိုက်လေသည်။

လျှို့ဝှက်ခန်းထဲသို့ဝင်ရောက်လိုက်ပြီး အင်အားများစွာ စိုက်ထုတ်လိုက်ခြင်း မရှိဘဲ သူသည် နတ်ဆိုး တစ်ရာ ဂိုဏ်းချုပ် ပိုင်ကျီရှန်းကို သတ်ဖြတ် နိုင်ခဲ့ပေသည်။

ပိုင်ကျီရှန်းသည် သူနှင့် ခွန်အားအတူတူ ဖြစ်ပြီး အားကောင်းလှသော နတ်ဆိုး ကျင့်စဥ်ကို ကျင့်ကြံထားသော်လည်း ရှောင်လုံ၏ ရှေ့၌မူ ပိုင်ကျီရှန်းသည် ခုခံနိုင် စွမ်း ကင်းမဲ့သွားလေသည်။

ပိုင်ကျီရှန်းကို မသတ်ဖြတ်မီ ရှောင်လုံသည် သူ့၏ စိတ်ဝိညာဉ် ကို ရှာဖွေခဲ့ပေသည်။သူ့၏ မှတ် ဉာဏ်များဆီမှ တစ္ဆေ မကောင်းဆိုးဝါး ချိုင့် ဝှမ်း၏ လက်အောက်ခံ အင်အားစုများ ကြားထဲတွင် ပိုင်ကျီရှန်းအပြင် နတ်ဆိုးဂူသို့ ဝင်ရောက်ခွင့် ရသူသည် ၁၈ယောက် ရှိကြောင်း ရှောင်လုံ သိလိုက်ရပေသည်။ သူတို့ အားလုံးသည် မနက်ဖြန် ပြီး နောက်တစ်ရက်တွင် နတ်ဆိုးဂူ၏ အပြင် ဘက်၌ စုဝေး ကြမည် ဖြစ်သည်။

နတ်ဆိုးဂူ ရှေ့၌ မစုဝေးခင် အချိန်လုံလောက်စွာ ရရှိထားသောကြောင့် ရှောင်လုံသည် စိတ်ဝိညာဉ် တစ်ရာ ဂိုဏ်း၏ လှို့ဝှက်ခန်းထဲ၌ နေကာ ပိုင်ကျီရှန်း၏ ခန္ဓာကိုယ် အဖြစ် ပြောင်းလဲ လိုက်ရင်း သူ့၏ အကျင့် စရိုက်များနှင့် ရင်းနှီးအောင် လုပ်ဆောင် နေလိုက်ပေသည်။မနက်ခင်းသို့ ရောက်သည်နှင့် ရှောင်လုံသည် လျှို့ဝှက်ခန်းထဲ၌ ထွက်ကာ နတ်ဆိုးဂူ ဆီသို့ ဦးတည်လိုက်လေသည်။

တစ်ရက်ကြာပြီးနောက် ရှောင်လုံသည် သူ့၏ ခန့်မှန်းချက်အတိုင်း နတ်ဆိုးဂူသို့ ရောက်ရှိသွားသည်။

သူက ထိုနေရာသို့ ရောက်ရှိသွား ချိန်တွင် နတ်ဆိုးဂိုဏ်း ခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များသည် နတ်ဆိုးဂူ၏ အရှေ့ရှိ ကျယ်ပြန့်လှသော နေရာတွင် ရောက်ရှိနေကြပြီဖြစ်သည်။ ထို နတ်ဆိုးဂိုဏ်းခေါင်းဆောင်များအကြားတွင် အားအနည်းဆုံးသူများမှာ နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် များ ဖြစ်သည်။

ပိုင်ကျီရှန်း ရောက်ရှိသွားသည်နှင့် သူသည် သူ့ဆီသို့ ဦးတည်လာသော ကားကောင်းလှသော သတ်ဖြတ်လိုစိတ်ကို ချက်ချင်း ခံစားလိုက်ရပေသည်။ ထိုသတ်ဖြတ်လို စိတ်သည် ရှောင်လုံကို အပိုင်းပိုင်း ခုတ်ပစ်ချင်သည့်နှယ် အားကောင်းလှပြီး ထိုသူ၏ ဒေါသ ပမာဏကို ထင်ထင် ရှားရှားဖော်ပြနေပေသည်။

ရှောင်လုံ၏ အကြည့်က ထို သတ်ဖြတ် လို စိတ် ထွက် ပေါ်လာရာ နေရာ ဆီသို့ ရောက်ရှိသွားချိန်တွင် ကွင်းပြင်၏ တစ်ဖက်ခြမ်း၌ ရပ်နေသော အရို ခြောက် ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်ကို တွေ့ လိုက်ရပေသည်။ သူ့၏ အသားအရေ ပေါ်တွင် အနက်ရောင် သေင်္ကတများရှိနေပြီး ရှောင်လုံကို အေးစက်စက် စိုက်ကြည့်နေပေသည်။

ထိုသက်လတ်ပိုင်းလူကို တွေ့လိုက်ချိန်တွင် ရှောင်လုံသည် အနည်းငယ် မျက်မှောင်ကြုတ် လိုက်လေသည်။ ပိုင်ကျီရှန်၏ မှတ်ဉာဏ်များ ထဲသို့ ကြည်လိုက်ချိန်တွင်ထို သက်လတ်ပိုင်းလူသည်  အရိုးစုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော မော့လန်ဆိုသူဖြစ်ကြောင်း သိလိုက်ရပေသည်။

ထိုမော့လန်၏ အရိုးစု ဂိုဏ်းသည် အနီရောင်နတ်ဆိုး မြို့တော်၏ လက်အောက်ခံ အင်အားစုများကြားထဲမှ တစ်ခုဖြစ်ပြီး ပိုင်ကျီရှန်းနှင့် နက်ရှိုင်းလှသော အမုန်းတရားများ ရှိနေပေသည်။ အတိတ် တစ်ချိန်က ပိုင်ကျီရှန်းနှင့် မော့လန်တို့သည် မိစ္ဆာနတ်ဆိုး ပုတီးစေ့ တစ်လုံး အတွက် ယှဥ်ပြိုင်ခဲ့ကြပြီး  နတ်ဆိုးတစ်ရာ ဂိုဏ်းနှင့် အရိုးစု ဂိုဏ်းတို့၏ များစွာသော သိုင်းပညာရှင်များ သေဆုံးခဲ့ကြရာ သွေးချောင်းစီး လောက်သည်အထိ အချင်းချင်း သတ်ဖြတ်ခဲ့ကြပေသည်။

ပိုင်ကျီရှန်း၏ လက်ထဲ၌ သေဆုံးခဲ့ကြသူများအနက် မော့လန်၏ မိန်းကလေး လက်တွဲဖော်လည်း အပါ အဝင်ဖြစ်သည်။ ထိုအချိန်က မိစ္ဆာ နတ်ဆိုး ပုတီးစေ့သည်လည်း ပိုင်ကျီရှန်း၏ လက်ထဲသို့ ရောက်ရှိသွားပေသည်။ ထိုအချိန်မှစကာ မော့လန်သည် ပိုင်ကျီရှန်းကို အသတ်ဖြတ်ချင်ဆုံး လူသား ဖြစ်လာခဲ့ပေသည်။

ခဏကြာပြီးနောက် ရှောင်လုံ၏ နဖူးထက်ရှိ မျက်မှောင်ကျုံ့နေမှုသည် ပြေလျော့ သွားလေတော့သည်။

မော့လန်သည် ပိုင်ကျီရှန်းထက် အနည်းငယ် ပိုမိုသန်မာသော်လည်း ရှောင်လုံ အတွက်မူ မော့လန်သည် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ အကယ်၍ ထိုမော့လန်သည်သာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ နတ်ဆိုးဂူသို့ ဝင်ရောက်ချိန်၌ ရှောင်လုံ၏ လမ်းကြောင်းကို လာရောက်ပိတ်ဆို့တားဆီးမည်ဆိုလျှင် မော့လန်အား အလျှင်အမြန် ဖြေရှင်း ပစ်လိုက်မည်ဖြစ်သည်။

ထိုကဲ့သို့သော နတ်ဆိုးကျင့်ကြံသူများအတွက်မူ ရှောင်လုံသည် သနားညှာတာလိုစိတ် မရှိပေ။

အချိန်များ ကုန်လွန်သွားသည်နှင့် နတ်ဆိုးကျင့်ကြံသူများသည် ကွင်းပြင်ထဲသို့ ရောက်ရှိလာပြီး လူပေါင်း၁၁၀နီးပါး ရှိသွားပြီ ဖြစ်ပေသည်။ထိုသူများ တစ်ယောက်ချင်းစီတိုင်းသည် နတ်ဆိုးပိုင်နက် ကုန်မြေကြီး၏ ထင်ရှားကျော်ကြားသော နတ်ဆိုးများဖြစ်သည်။

ရုတ်တရက်ဆိုသလို အားကောင်းလှသော နတ်ဘုရားအင်အား တစ်ဒါဇင်ကျော်သည် ကွင်းပြင်ကို လွှမ်းခြုံလာပေသည်။ထိုကဲ့သို့သော နတ်ဘုရား အင်အားများ၏ အောက်တွင် ကွင်းပြင်ပေါ်ရှိ နတ်ဆိုး ကျင့်ကြံသူ များ အားလုံးသည် စိုးရိမ်ထိတ်လန့်သွားကြပြီး အလျှင်အမြန် ဒူးထောက်လိုက်ကြသည်။

ဤသည်မှာ အနီရောင် နတ်ဆိုး ၊ အရိုးစု နတ်ဆိုး ၊ တစ္ဆေ မကောင်းဆိုးဝါးနှင့် အခြားသော ခေါင်းဆောင်များ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှောင်လုံသည် ချက်ချင်း နားလည်လိုက်ပေသည်။

အခြား ကျင့်ကြံသူများ အတိုင်းသည်ပင် သူသည်လည်း ကြောက်လန့်နေသည့် အမူအရာပြောင်းလိုက်ကာ မြေပြင်ပေါ်သို့ ထိုင်ချလိုက်လေသည်။

"ဟားဟားဟားဟား...တစ္ဆေမကောင်းဆိုဝါး မင်းကို မတွေ့ရတာ နှစ်တစ်ထောင်တောင် ရှိပြီ... ဒါပေမယ့် ကြည့်ရတာတော့ မင်းရဲ့ တစ္ဆေ မကောင်းဆိုးဝါး ကျင့်စဥ်က သိပ် မတိုးတက်သလိုပါပဲလား"

ရယ်မောလှောင်ပြောင်သံတစ်ခုသည် လေထဲ၌ ပြန့်လွင့်လာလေသည်။

ရှောင်လုံနှင့် ကွင်းပြင်ပေါ်၌ ဒူးထောက်နေကြသော အခြား နတ်ဆိုး ကျင့် ကြံသူများသည် သူတို့၏ ခေါင်များးကို ငုံ့ထားကြလေသည်။ထိုအသံကို နားထောင်လိုက်သည်နှင့် အသံရှင်သည် အနီရောင်နတ်ဆိုး ရှီကျိုးထန်ဖြစ်ကြောင်းသူ သိလိုက်ပေသည်။

"ဟီးဟီး...တူတူပဲ တူတူပဲ...ငါလည်း မင်းရဲ့ အနီရောင် နှလုံးသား နတ်ဆိုးကျင့်စဥ်က သိပ်ပြီး မတိုးတတ်လာတယ်လို့ မထင်ဘူးကွ"

အက်ကွဲနေသော အသံ တစ်ခုက တုံ့ပြန်ပြောဆိုလိုက်လေသည်။နောက်တစ်ခဏ တွင် လူရိပ် ၂၂ခုသည် လေဟာနယ်ကို ဖြတ်သန်း၍ နတ်ဆိုးဂူ ၏ဝင်ပေါက်ရှေ့ တွင် ဆင်းသက်လိုက်လေသည််။

"မင်းတို့အားလုံး ထလို့ရပြီ "

အနီရောင် နတ်ဆိုးက ကွင်းပြင်ပေါ်၌ ဒူးထောက်နေကြသော နတ်ဆိုး ကျင့်ကြံသူများကို ကြည့်ရင်း ပြောလိုက်လေသည်။

တစ္ဆေ မကောင်းဆိုးဝါး ၊ မီးတောက် နတ်ဆိုးနှင့် သွေးမိစ္ဆာ တို့သည်လည်း သူတို့၏ လက်အောက်ရှိ နတ်ဆိုး ကျင့်ကြံသူများကို ထိုသို့ပြောလိုက်ပေသည်။

ရှောင်လုံသည်လည်း မတ်တပ်ရပ်လိုက်ပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှီကျိုးထန်ကို တစ်ချက်ကြည့်လိုက်လေသည်။

အနီရောင် နတ်ဆိုး၏ နောက်ဘက်တွင် အရိုးနတ်ဆိုး ရှီကျိူးရှင်းနှင့် အနီရောင် နတ်ဆိုး မြို့တော်၏ အခြား နတ်ဆိုး သုံးယောက်သည်လည်း လိုက်ပါလာပေသည်။

အနီရောင် နတ်ဆိုး၏ ဘေးတွင် ကြက်သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဝဖိုင့်ဖိုင့် အဘိုးအိုတစ်ယောက် ရှိပေသည်။ ပိုင်ကျီရှန်း၏ မှတ်ဉာဏ်များအရ ထိုဝဖိုင့်ဖိုင့် အဘိုးအိုသည် တစ္ဆေ မကောင်းဆိုဝါး ချိုင့်ဝှမ်း၏ သခင် ပန်းဟိုင်ဖြစ်သည်။ တစ္တေ မကောင်းဆိုးဝါး ပန်းဟိုင်၏ နောက်တွင် လူလေးယောက် ရပ်နေပြီး တစ္ဆေမကောင်းဆိုးဝါး ချိုင့်ဝှမ်း၏ စည်းကမ်းထိန်းလေးယောက်ဖြစ်ပေသည်။ထိုလေးယောက်လုံးသည် မဟာနတ်ဘုရား ၁နှင့် အထက် သိုင်းပညာရှင်များ ဖြစ်သည်။

တစ်ဖက်တွင်မူ အနီရောင်နတ်ဆိုး၏ ဘေးတစ်ဖက်တွင် ခရမ်းနက်ရောင် မီးတောက်ကိုယ် ခန္ဓာကိုယ် တစ်ခုလုံးဆီမှ ထုတ်လွှတ်နေသော ပိန်ခြောက်ခြောက် အဘိုးအို တစ်ယောက် ရပ်နေပေသည်။

ထိုပိန် ခြောက်ခြောက် အဘိုးအို ကိုကြည့်ရင်း ရှောင်လုံ၏ မျက်လုံးများသည် မှေးကျဥ်းသွားပေသည်။ထိုပိန်ခြောက်ခြောက် အဘိုးအို သည် အခြားသူ မဟုတ်ဘဲ နတ်ဆိုး ပိုင်နက် ကုန်းမြေကြီး၏ အသန်မာဆုံး သူအဖြစ် လူတိုင်း သိရှိထားကြသော မီးတောက် နတ်ဆိုး ဖြစ်သည်။သူ့၏ နာမည်က ယွမ်ကျီးဖြစ်ပြီး မီးတောက် နတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ကာ နက်ရှိုင်းလှသေည ခွန်အားကို ပိုင်ဆိုင်ထားပေသည်။

နဂါးအင်ပါယာ အောင်းတိုင်ရီက မဟာ နတ်ဘုရား အဆင့် ၂နောက်ပိုင်း အထွတ်အထပ် အဆင့် သိုင်းပညာရှင်ဖြစ်ပြီး အဆင့် ၃သို့ ချိုးဖြတ်ဝင်ရောက်ရန်နီးကပ်နေပြီဖြစ်သည်။သို့သော် မီးတောက် နတ်ဆိုး ယွမ်ကျီက အနည်းငယ်ပိုသန်မာကြောင်း ရှောင်လုံသည် ခံစား သိရှိလိုက်ရပေသည်။

မီးတောက် နတ်ဆိုး ယွမ်ကျီး၏ ဘေးတွင် ရပ်နေသူသည် သွေးမိစ္ဆာ အိမ်တော်၏ ဝမ်ဟန်ဖြစ်သည်။ သူ့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အနက်ရောင် ဝတ်စုံထဲတွင် နစ်မြုပ်နေပြီး အစိမ်းရောင် မျက်လုံး တစ်စုံကိုသာ တွေ့မြင်ရပေသည်။

ရှောင်လုံက အင်အားစုကြီး ၄ခု၏ ခေါင်းဆောင် များကို လေ့လာ ဆန်းစစ်နေချိန်တွင် ရှီကျိုးထန် ၊ ပန်းဟိုင်နှင့် ယွမ်ကျီတို့သည် လက်ဖဝါး နှစ်ခုစာ အရွယ် အစား ရှိသည့် ကျောက်တုံး စည်းခတ်သော့ တစ်ချောင်းစီကို ထုတ်ယူလိုက်ကြသည်။ထို့နောက် သူတို့သည် ကျောက်တုံး စည်းခတ်သော့ ၄ ချောင်းကို ပေါင်းစပ်ရန် ရှေးဟောင်း နတ်ဆိုး မန္တန် တစ်ခုကို ရွတ်ဆိုဟန်ရပြီး နတ်ဆိုး ဂူရှေ့ရှိ သေင်္ကတများဖြင့် ပြည့်နှက်နေသော ကျောက်တုံး နံရံဆီသို့ ဦးတည် ပျံသန်းလိုက်ကြပေသည်။

စည်းခတ်သော့များ ကျောက်တုံးနံရံထဲသို့ ဝင်ရောက်သွားသည်နှင့် စည်းခတ်ခံထားရသည့် နတ်ဆိုးဂူ၏ ဝင်ပေါက်တွင် အလင်းတန်းများ ဖြာထွက်လာပြီး တဖြေးဖြေးချင်း မှေးမှိန်ပျောက်ကွယ် သွားပေသည်။

ရှီကျိုးထန်၊ ပန်းဟိုင်၊ယွမ်ကျီနှင့် ဝမ်ဟန်တို့သည် သူတို့၏ ကျောက်တုံး စည်းခတ်သော့ များကို သိမ်းဆည်းလိုက်လေသည်။ ထို့နောက် မီးတောက် နတ်ဆိုး ဂိုဏ်း နှင့် သူ့၏ နတ်ဆိုးဂိုဏ်းကို ဦးဆောင်ကာ နတ်ဆိုး ဂူထဲသို့ ဝင်ရောက်သွားလေသည်။ထို့နောက် တစ္ဆေ မကောင်းဆိုဝါး ချိုင့်ဝှမ်း၏
အင်အားစုများ ဝင်ရောက်လိုက်ကြပေသည်။
တစ္ဆေ မကောင်းဆိုးဝါး ချိုင့် ဝှမ်း၏ မဟာ နတ်ဘုရား အဆင့် သိုင်း ပညာရှင် ၅ယောက်သည် နတ်ဆ်ုး ဂူထဲသို့ ရောက်ရှိသွားပြီးနောက် ရှောင်လုံနှင့် တစ္ဆေ မကောင်း ဆိုးဝါး အင်းအားစုများသည်လည်း ဂူထဲဝင်ရောက်လိုက်ကြပေသည်။

ရှောင်လုံက နတ်ဆိုး ဂူထဲသို့ ဝင်ရောက်လိုက်သည့် အချိန်တွင် မိစ္ဆာ နတ်ဆိုးချီသည် ရှောင်လုံ၏ ခန္ဓာကိုယ်ကို လေပြင်းများနှယ် ဖြတ်သန်းသွားပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း  ၈၂၂..... မိစ္ဆာနတ်ဆိုး ပုတီးစေ့ကို ရှာဖွေခြင်း

ထို အန္တရာယ် များလှသော မိစ္ဆာချီသည် သိပ်သည်းလွန်းလှပြီး အချို့သော အဆင့်မြင့် နတ်ဘုရားအဆင့် မိစ္ဆာ ကျင့်ကြံသူများသည်ပင် ထို ချီစွမ်းအင်ကို တောင့်ခံနိုင်ရန် ခက်ခဲလှပေသည်။ သို့သော်လည်း နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ် အဆင့်နှင့် အထက် နတ်ဆိုး ကျင့်ကြံသူများ အတွက်မူ ထို မိစ္ဆာ နတ်ဆိုး ချီကို တောင့် ခံနိုင်စွမ်းရှိကြပေသည်။ထို့အပြင် မြင့်မားလှသော ကျင့်စဥ်နှင့် နတ်ဆိုးအိုကြီး များအတွက် ထို မြင့်မားလှသော နတ်ဆိုးအိုကြီးများ အတွက် ရတနာ တစ်ပါးဖြစ်ပေသည်။နတ်ဆိုး ဂူထဲ၌ နှစ်ရာ နေထိုင်ပြီး ကျင့်ကြံမည်ဆိုလျှင် အပြင် ဘက် ကမ္ဘာ၌ နှစ်တစ်ထောင် ကျင့်ကြံခြင်း နှင့် နှိုင်းယှဥ်၍ ရပေသည်။

ရှောင်လုံက ဂူ၏ အတွင်း ပိုင်းဆီသို့ ပျံသန်းသွားရင်း နတ်ဆိုး နည်းစနစ်ကို လှည့်ပတ်လိုက်သည်မို့ ပတ်ပတ်လည်ရှိ နတ်ဆိုး ချီစွမ်းအင်သည် သူ့၏ ခန္ဓာကိုယ်ထဲသို့ ဆွဲယူ ခံလိုက်ရပြီး စုပ်ယူသန့်စင် ခံလိုက်ရပေသည်။ ထို နတ်ဆိုး ချီစွမ်း အင်ကို ခဏမျှ စုပ်ယူလိုက်ပြီးနောက် စိတ်ဝိညာဉ် တစ်ရာ သားရဲဘုရင်၏ မိစ္ဆာ ချီသည်လည်း ရောယှက်ပါဝင်နေကြောင်း သိလိုက်ရချိန်တွင်  ရှောင်လုံသည် ပျော်ရွှင်ဝမ်းမြောက်သွားပေသည်။

ထို နတ်ဆိုးချီထဲ၌ ပါဝင်နေသော မိစ္ဆာချီသည် အလွန် တရာ အားနည်းနေပြီး အခြားသူများ ရှာတွေ့နိုင်စွမ်း မရှိသော်လည်း ရှောင်လုံက မူ သူ့၏ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို စုပ်ယူသန့်စင်ထားသောကြောင့် ၄င်း၏ မိစ္ဆာ ချီနှင့် ရင်းနှီးပေသည်။

အစပိုင်းတွင် ရှောင်လုံသည် နတ်ဆိုးဂူကို စိတ်ဝိညာဉ် တစ်ရာ သားရဲဘုရင်၏ စည်းခတ်ခံထားရသော နောက် ဆုံး ခန္ဓာကိုယ် အစိတ်အပိုင်း ရှိနိုင်သည့် နေရာ တစ်ခုဟု သတ်မှတ်ထားခဲ့သော်လည်း ယခုမူ သေချာသွားပြီဖြစ်သည်။

ထို အခိုက် အတန့်တွင် ရှေ့ဆုံးမှ ပျံသန်းနေသော ပန်ဟိုင်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှောင်လုံကို စူးရှရှ လှည့်ကြည့်လိုက်လေသည်။

"ပိုင်ကျီရှန်း...ဒီကိုလာခဲ့ဦး "

ပန်းဟိုင်က ပြောလိုက်လေသည်။

ရှောက်လုံ၏ စိတ်ထဲမှ တင်းကြပ်သွားလေသည်။ ထို တစ္ဆေ မကောင်းဆိုးဝါး အရှင်သည် သူ့ကို ထွင်းဖောက် မြင်နိုင်နေသည်လား။

သို့သော်လည်း ရှောင်လုံက ရှေ့သို့ တိုးသွားလိုက်ကာ ရိုသေလေးစားစွာဖြင့် ဂါရဝ ပြုလိုက်သည်။

"အရှင် တစ္ဆေ မကောင်းဆိုးဝါး ခင်ဗျာ "

"လွန်ခဲ့တဲ့ အချိန် အနည်းငယ်တုန်းက တစ္ဆေ ဧကရာဇ် ကျမ်းစာ ကို မင်း ရရှိခဲ့တယ်လို့ ငါကြားခဲ့တယ်... အဲ့တာ ဟုတ်လား"

တစ္ဆေ မကောင်းဆိုးဝါး ပန်းဟိုင်က မေးမြန်းလိုက်လေသည်။

တစ္ဆေ အင်ပါယာ ကျမ်းစာတဲ့လား။ဤသည်ကို ကြားလိုက်ရချိန်တွင် ရှောင်လုံသည် စိတ်သက်သာ ရာ ရသွားလေသည်။

တစ္ဆေ ဧကရာဇ် ကျမ်းစာသည် ရှေးဟောင်း နတ်ဆိုးဂိုဏ်းများ၏ ထိပ်တန်းမဟာ နတ်ဆိုး ကျမ်းစာ ၁၀ ခု တည်းမှ တစ်ခုဖြစ်သည်။ လွန် ခဲ့သည့် အချိန် အနည်း ငယ်က ပိုင်ကျီရှန်းသည် ကံကောင်း ထောက်မစွာဖြင့် တစ္ဆေ ဧကရာဇ်ကျမ်းစာကို ရရှိခဲ့သည်။ ထို အချိန်ကတည်းက လျှို့ဝှက် ကျင့်ကြံခဲ့ပေသည်။ ဤသည်ကို မည်သူက မှ သိရှိထားခြင်း မရှိပေ။ တစ္ဆေ မကောင်းဆိုးဝါး အရှင်က ဤသည်ကို  သိရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

"ဒီငယ်သားက တစ္ဆေ ဧကရာဇ် ကျမ်းစာကို သိပ်မကြာခင်ကမှ တွေ့ရှိခဲ့တာပါခင်ဗျာ...ဒီကျမ်းစာကို တစ္ဆေ မကောင်းဆိုးဝါးဆီကို ဆက်သဖို့အတွက်... နတ်ဆိုး ဂူဖွင့်လှစ်မယ့်နေ့ကို စောင့်ဆိုင်းနေခဲ့တာပါ"

ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ရှောင်လုံသည် ရွှေရောင် အလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေသော အနက်ရောင် သတ္ထု တံဆိပ်ပြားတစ်ခုကို ထုတ်လွှတ်နေပေသည်။

တစ္ဆေ ဧကရာဇ် ကျမ်းစာကို ထို အနက်ရောင် သတ္ထု တံဆိပ်ပြားထဲတွင် ထွင်းထုထားပေသည်။

သူပိုင်ကျီရှန်းကို သတ်ဖြတ်ခဲ့သည့်နေ့က တစ္ဆေ ဧကရာဇ်ကျမ်းစာကို သိုလှောင် လက်စွပ်ထဲ၌ တွေ့ရှိခဲ့ရပေသည်။

ရှောင်လုံသည် တစ္ဆေ ဧကရာဇ် ကျမ်းစာကို သူ့ ၏ တစ္ဆေ အဇူရာ လက်စွပ်ထဲသို့ ထဲ့သွင်းခဲ့မိသည့် အတွက် ဝမ်းသာနေမိနေသည်။သို့ မဟုတ်ပါက ယခုအချိန်တွင် သံသယ ဝင်ခံနေရပြီဖြစ်သည်။

တစ္ဆေ မကောင်းဆိုးဝါး ပန်းဟိုင်က အနက်ရောင် သတ္ထု တံဆိပ်ပြားကို လက်ထဲသို့ ဆွဲယူလိုက်ပြီး သူ့၏ နတ်ဘုရား အာရုံဖြင့် စစ်ဆေးလိုက်ကာ ရှောင်လုံအား ပြောပြလိုက်လေသည်။

"မဆိုးပါဘူး... ဒါက တကယ့်ကို တစ္ဆေ ဧကရာဇ် ကျမ်းစာပဲ... မင်း ဒီဂူထဲကနေ ပြန်ထွက်တဲ့ အချိန်ကျရင် တစ္ဆေ မကောင်းဆိုးဝါးချိုင့်ဝှမ်းထဲကို လာခဲ့...မင်းကို တစ္ဆေ မကောင်ဆိုးဝါး ရေကန်ထဲမှာ ၂လ ကျင့်ကြံခွင့် ပေးမယ်"

တစ္ဆေ မကောင်းဆိုးဝါးရေကန်သည် တစ္ဆေမကောင်းဆိုးဝါး အရှင် ပန်းဟိုင်က နတ်ဆိုး ပိုင်နက်ကုးန်မြေကြီး၏ များ စွာသော ဆေးပင်များနှင့် အခြား ရတနာများကို စုစည်းကာ သန့်စင်ထားသည့် စိတ်ဝိညာဉ် ရေကန် တစ်ခုဖြစ်ပေသည်။ပြောစရာ မလိုလောက်အောင်ပင် ထိုရေကန်ထဲ၌ ကျင့်ကြံခြင်း ကောင်းကျိုးများသည် အလွန်တရာ ကြီးမားလှပေသည်။ ဤသည်ကို ကြားလိုက် ရသည်နှင့် အခြား နတ်ဆိုး ဂိုဏ်းခေါင်းဆောင်များသည် ရှောင်လုံကို မနာလို အားကျသည့် အကြည့်များဖြင့် ကြည့်လာကြလေသည်။

ရှောင်လုံက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အမူ အရာကို ချက်ချင်း ထုတ်ပြလိုက်လေသည်။

"အခုတော့ လူစုခွဲပြီးတော့ ရတနာတွေကို ရှာလိုက်ကြ...ငါတို့ ဂူ အပြင်ရောက်တဲ့ အခါကျရင် မင်းတို့ စုဆောင်းခဲ့တဲ့ ရတနာ အရေအတွက်အတိုင်း မင်းတို့ကို ဆုချီးမြင့်မယ်"

တစ္ဆေ မကောင်းဆိုးဝါး အရှင် ပန်းဟိုင်က လူတိုင်းကို ပြောလိုက်လေသည်။ နတ်ဆိုးဂူထဲတွင် နှစ်တစ်ထောင်ပြည့်တိုင်း သိပ်သည်း ဖြစ်တည်လာတတ်သည့် မိစ္ဆာ နတ်ဆိုး ပုတီးစေ့များအပြင် အခြားသော ရတနာများစွာလည်း ရှိပေသည်။ ထို့ကြောင့်လည်း တစ္ဆေ မကောင်းဆိုးဝါး ၊ အနီရောင် နတ်ဆိုးနှင့် အခြား ခေါင်းဆောင် နှစ်ယောက်တို့သည် နတ်ဆိုး ဂူထဲသို့ ဝင်ရောက်သည့် အချိန်တိုင်း လူအုပ်စုကို ခေါ်ဆောင်လာရခြင်း ဖြစ်သည်။

သူတို့ နတ်ဆိုးဂူ၏ စည်း ခတ်ထားသော အစီအရင်သည် ၁၀ရက်တာ မျှသာ ပွင့်နေတတ်ပေသည်။

တစ္ဆေ မကောင်းဆိုးဝါး ၊ အနီရောင်နတ်ဆိုး ၊မီးတောက်နတ်ဆိုးနှင့် သွေးမိစ္ဆာတို့သည် မိစ္ဆ နတ်ဆိုး ပုတီးစေ့များကိုသာ လုယူရန် အာရုံစိုက်လာကြသည်။ဂူထဲရှိ အခြားသော ရတနာများကို လိုက်လံရှာဖွေရန် အချိန် မရှိပေ။ထို့ကြောင့်လည်း ထိုသို့သော ကိစ္စများကို ရှောင်လုံနှင့်အခြားသူများအတွက် ချန်ထားခဲ့ခြင်းဖြစ်သည်။

သူတို့ က နတ်ဆိုးဂူ၏ အပြင်သို့ ပြန်ရောက်သွားသည်နှင့် ထိုရတနာများကို ပြန်လည် လွဲပြောင်းပေးရမည်ဖြစ်သည်။တစ္ဆေ မကောင်းဆိုးဝါး အရှင်က ရတနာ များကို လူစုခွဲရှာဖွေရန် အမိန့်ပေးလိုက်သည်နှင့် နတ်ဆိုးဂိုဏ်းခေါင်းဆောင်များသည် ရိုသေလေးစားစွာ နာခံလိုက်နာကြပြီး ပျော်ရွှင်မှုများစွာဖြင့် နေရာ အနှံ့သို့ပြေးထွက်သွားကြပေသည်။

"အဲ့ဒီ ပိုင်ကျီရှန်းက အတော်လေး ရည်မှန်းချက် ကြီးမားတာပဲ... တစ္ဆေ ဧကရာဇ် ကျမ်းစာကို ရရှိပြီးသွားတာနဲ့ လျို့ဝှက် ကျင့်ကြံနေခဲ့တယ်... ဒီနေ့သာ ချိုင့်ဝှမ်းသခင်ကသူ့ကို ကျမ်းစာ အကြောင်း မမေးခဲ့ဘူးဆိုရင်... သူက ချိုင့်ဝှမ်းသခင်ကို တစ္ဆေဧကရာဇ်ကျမ်းစာ ဆက်သ လာမှာ မဟုတ်ဘူး"

တစ္ဆေ မကောင်းဆိုးဝါး အရှင် ၏ မဟာစည်းကမ်းထိန်းများထဲမှ တစ်ယောက်က ထွက်ခွာသွားသော ရှောင်လုံ၏ ပုံရိပ်ကို အေးစက်စက် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

တစ္ဆေ မကောင်းဆိုးဝါး အရှင် ပန်းဟိုင်က ခေါင်းညိတ်ပြောဆိုလိုက်လေသည််။

"အခုချိန်မှာ အရေးကြီးဆုံး ကိစ္စက မိစ္ဆာ နတ်ဆိုး ပုတီးစေ့ကို ရှာဖို့ပဲ... သူက တစ္ဆေ မကောင်းဆိုးဝါးရေကန်ကို လာပြီး ကျင့်ကြံတဲ့ အချိန်ထိသာ စောင့် လိုက်... ငါကိုယ်တိုင် သူ့ကို ဖြေရှင်းလိုက်မယ်... ငါ့ရဲ့ တစ္ဆေမကောင်းဆိုးဝါး တံခွန်က... နတ်ဆိုးကျင့်ကြံသူ အလောင်းတချို့ လိုအပ်နေတာနဲ့ အတော်ပဲ"

"သွားမယ်...အရင်ဆုံး မိစ္ဆာ နတ်ဆိုး ပုတီးစေ့ကို အရင် ရှာကြစို့ "

"အမိန့်အတိုင်းပါ... ချိုင့်ဝှမ်းသခင်"

တစ္ဆေ မကောင်းဆိုးဝါး ပန်းဟိုင်နှင့် သူ့၏ မဟာ စည်းကမ်းထိန်များသည် ရပ်နေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။

ပန်းဟိုင်တို့ အုပ်စု ထွက်သွားပြီးနောက် သူတို့ရပ်တန့်ခဲ့သည့် နေရာရှိလေဟာနယ်သည် ကွဲအက်သွားလေပြီး ရှောင်လုံ၏ ပုံရိပ် ထွက်ပေါ်လာပေသည်။

ရှောင်လုံက ပန်းဟိုင်တို့ အုပ်စု ထွက်ခွာသွားသည့် နေရာကို အေးစက်စက် ကြည့်လိုက်ရင်း နှာခေါင်းရှုံ့လိုက်လေသည်။

'ဒီ နတ်ဆိုး အိုကြီးတွေကတော့ သူတိူ့ အကုန်လုံးတော်တော် ရက်စက်တတ်ကြတာပဲ '

"တစ္ဆေ မကောင်းဆိုးဝါး တံခွန် "

ရှောင်လုံက တီးတိုးရေရွတ်လိုက်လေသည်။

ရှောင်လုံသည် ပန်းဟိုင်ကို အတွေးထဲမှ ထုတ်လိုက်လေပြီး နတ်ဆိုးချီ ထွက်ပေါ်လာရာ အတိုင်း ဂူ၏ အတွင်းပိုင်းဆီသို့ ဦးတည်ပျံသန်းလိုက်လေသည််။

ရတနာများအပြင် နတ်ဆိုးဂူထဲ၌ မိစ္ဆာ သက်ရှိများစွာလည်း ရှိနေပေသည်။

အထူးသဖြင့် ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် မဟာနတ်ဘုရား အဆင့် ၁ သိုင်းပညာရှင်များနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသော အင်အားကြီး နတ်ဆိုး သက်ရှိများ ရှိပေသည်။ ထို့အပြင် အချို့ဆိုလျှင် မဟာနတ်ဘုရားအဆင့်၂ သိုင်းပညာရှင်များထက််ပင် ပိုမိုသန်မာပေသည်။

ထို့ကြောင့် ရှောင်လုံသည် သူ့၏ ခွန်အားကို ယုံကြည်မှု ရှိသော်လည်း ဂရုမစိုက်ပဲ မနေရဲပေ။

သူက နတ်ဆိုးဂူ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်ပျံသန်းရန် ပြင်လိုက်ချိန်တွင် ထက်ရှလှသော ဓားချီစွမ်းအင်သည် လေထုကို ရုတ်တရက် ထိုးဖောက်လာကာ ရှောင်လုံ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ပေသည်။ လူနှစ်ယောက်ထွက်ပေါ်လာပြီး ထိုထဲမှ တစ်ယောက်သည် အရိုးစု ဂိုဏ်း၏ မော့လန်ဖြစ်သည်။ မော့လန်အပြင် ဖောင်းကားနေသော လက်မောင်းများနှင့် အဘိုးအိုတစ်ယောက်လည်း ပါရှိပေသည်။

ပိုင်ကျီရှန်း၏ မှတ်ဉာဏ်များအရ ထိုအဘိုးအိုသည် အဆိပ်ပြင်းကင်းမြီးကောက်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ပြီး နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။

"ပိုင်ကျီရှန်း...ဒီနေ့တော့ နတ်ဆိုးဂူက မင်းရဲ့သင်္ချိုင်းပဲ"

မော့လန်က အံကြိတ်လိုက်ပြီး မြေနဂါး၏ အရိုးဖြင့် သွန်းလုပ်ထားသည့် ဓားတစ်ချောင်းသည် သူ့၏ လက်ထဲ၌ ထွက်ပေါ်လာကာ ရှောင်လုံကို ချိန်ရွယ်လိုက်ပေသည်။ အရိုးဓားရှည်သည် အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေပေသည်။

ရှောင်လုံက သူ့၏ လမ်းကြောင်းတွင် လာရောက်ပိတ်ဆို့သည့် လူနှစ်ယောက်ကြည့်ကာ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

"မင်းတို့ အခု ထွက်ပြေးမယ်ဆိုရင်....မှီနိုင်သေးတယ်"

မော့လန်နှင့် အဘိုးအိုသည် ကြောင်အသွားကြပြီး လှောင်ပြောင်ရယ်မောလိုက်ကြပေသည်။

"ပိုင်ကျီရှန်း...မင်း အခု ဘာပြောလိုက်တာလဲကွ...ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်"

အဆိပ်ပြင်းကင်းမြီးကောက်ဂိုဏ်း၏ ခေါင်းဆောင် က လှောင်ရယ်လိုက်သည်။

"မင်းကိုယ်မင်း မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် လို့များ ထင်နေတာလား"

ရှောင်လုံက အချိန်ဖြုန်းလိုခြင်းမရှိသည်မို့ ခေါင်းယမ်းလိုက်လေသည်။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး အဆိပ်ပြင်းကင်းမြီးကောက်ဂိုဏ်း၏ခေါင်းဆောင် ကို သူ့ရှေ့သို့ ဆွဲယူလိုက်သည်။ ရှောင်လုံက သူ့၏ လက်ချောင်းများကို ဆုပ်ညှစ်လိုက်သည်နှင့် အဘိုးအိုသည် ပေါက်ကွဲသွားရလေသည်။

မော့လန်က ဤသည်ကို ကြည့်ရင်း ကြောင်အသွားလေသည်။ ကြောက်ရွံ့မှုများက သူ့၏ မျက်လုံးထဲ၌ ထွက်ပေါ်လာပြီး နောက်သို့လှည့်ကာ ထွက်ပြေးရန် ကြိုးပမ်းလိုက်ပေသည်။

မော့လန်ကို ကြည့်ရင်း ရှောင်လုံ၏ လက်ချောင်းထိပ်မှ အစစ်အမှန်အင်မော်တယ် အဆီအနှစ် အင်အားအမျှင်တစ်စ ထွက်ပေါ်လာပြီး သူ့၏ နောက်ကျောကို ချက်ချင်း ထိုးဖောက်သွားလေသည်။ မော့လန်၏ ရင်ဘတ်မှ စတင်ကာ အစစ်အမှန်အင်မော်တယ်အဆီအနှစ် မီးတောက်သည် အပြင်သို့ ပျံ့နှံ့ကူးစက်သွားသည်။ အသက်တစ်ရှိုက်အတွင်း သူ့၏ ခြေလက်လေးချောင်းစလုံးကို ရောက်ရှိသွားပြီး ပြာအဖြစ် လောင်ကျွမ်းသွားလေသည်။

ရှောင်လုံ က ထိုနေရာ၌ ကြာမြင့်စွာနေခြင်းမရှိဘဲ ဂူ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်ပျံသန်းလိုက်သည်။

နတ်ဆိုးဂူသည် ဆယ်ရက်သာ ပွင့်မည်ဖြစ်ပြီး ထိုအချိန်လေးအတွင်း၌ ရှောင်လုံသည် စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်းကို ရှာဖွေကာ နှိမ်နင်းရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက ဆယ်ရက်ကုန်ဆုံးသွားပြီး ပန်းဟိုင်နှင့် ကျန်သူများ နတ်ဆိုးဂူမှ ထွက်ခွာသွားသည်နှင့် သူသည် နှစ်တစ်ထောင် ကြာသည်အထိ ထွက်ခွာနိုင်စွမ်းရှိတော့မည်မဟုတ်ပေ။

မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲသို့ရောက်ရှိရန် နှစ်ခုနစ်ဆယ်သာ လိုတော့ပြီး ဤနေရာ၌ ပိတ်မိနေရန်မှာကား ရှောင်လုံ၏ အစီအစဉ် ထဲ၌ ပါဝင်ခြင်းမရှိပေ။

တစ်ရက်ကြာ၍ မိစ္ဆာသက်ရှိ တစ်ရာကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက် ရှောင်လုံသည် နတ်ဆိုးဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားပေသည်။ ထိုနေရာတွင် နတ်ဆိုးချီသည် အသိပ်သည်းဆုံးဖြစ်ပြီး စိမ်းနက်ရောင် ယင်မိုးတိမ်များအသွင် ဖြစ်တည်နေပေသည်။ ထို စိမ်းနက်ရောင် မိုးတိမ်တိုက်များသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ကြီးကြီးမားမား ဖိအားပေးနိုင်စွမ်းရှိသော မမြင်နိုင်သည့်အင်အားကို ထုတ်လွှတ်နေပေသည်။ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များအတွက်ပင် လွယ်ကူနိုင်လိမ့်မည် မဟုတ်ပေ။

ရှောင်လုံက စိမ်းရောင် မိုးတိမ်များထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ပိုမို မဲမှောင်လာလေလေဖြစ်သည်။ သူက ကျောက်တုံး ကျောက်စက်ပန်းဆွဲ တစ်ခုပေါ်တွင် ရပ်တန့်လိုက်လေပြီး သွေး အဆီ အနှစ်တစ်စက်ကို သွေးယဇ် ပူဇော်ခြင်း နိယာမကို အသုံးပြု၍ မြေအောက်ထဲသို့ ပို့လွှတ်လိုက်လေသည်။ချက်ချင်းဆိုသလိုပင် အောက်ဘက်ဆီမှ ထူးဆန်းလှသော စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာပေသည်။

ရှောင်လုံ ၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် တောက်ပသွားလေပြီး ထူးဆန်းလှသော စွမ်းအင် ဖြာထွက်မှု လှိုင်းများ ထွက်ပေါ်ရာ နေရာဆီသို့ ထိုးဖောက် ဝင်ရောက်သွားလေသည်။

မကြာမီ သူသည် စိတ်ဝိညာဉ် တစ်ရာ သားရဲ ဘုရင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို စည်းခတ်ထားသော မီးခိုးရောင် လေဟာနယ်ကို ရောက်ရှိသွားပေသည်။

ရှောင်လုံက မီးခိုးရောင်လေဟာနယ်ထဲသို့ ဝင်ရောက်လိုက်ချိန်တွင် မီးတောက် နတ်ဆိုး၊ တစ္တေ မကောင်းဆိုးဝါး အနီရောင် နတ်ဆိုးနှင့် သွေးမိစ္ဆာ တို့သည် နတ်ဆိုးဂူ၏ အနက်ရှိုင်းဆုံး အပိုင်း၌ ထွက်ပေါ်လာတတ်သော မိစ္ဆာ ပုတီးစေ့ကို ရှာဖွေရန် ဂူ၏ အနက်ရှိုင်းဆုံး အပိုင်း ဆီသို့ရောက်ရှိလာကြသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၃... နတ်ဆိုး အိုကြီးများ သိရှိသွားခြင်း

မီးတောက် နတ်ဆိုး ယွမ်ကျီးသည် နတ်ဆိုး ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ရောက်ရှိသွားချိန်တွင် သူ့၏ ခန္ဓာကိုယ် ပတ်ပတ် လည်ရှိ ခရမ်းရောင်မီးတောက်များသည် ပေါက်ကွဲ ထွက်သွားလေပြီး ခရမ်းရောင် မီးတောက် ပင်လယ်အသွင်ပြောင်းလဲ သွားပေသည် ။ ထို ခရမ်းရောင် မီးတောက်ပင်လယ်၏ အကျယ်အဝန်းအတွင်းတွင် အန္တရာယ် များသော နတ်ဆိုးချီအားလုံး သည် ပျောက်ကွယ်သွားလေသည်။

တစ္ဆေ မကောင်းဆိုးဝါး ပန်းဟိုင် ၊ အနီရောင် နတ်ဆိုး ရှီကျိုးထန်နှင့် သွေးမိစ္ဆာ ဝမ်ဟန်တို့သည် သူတို့၏ သိုင်းပညာများကို အသီးသီး ထုတ်သုံးလိုက်ကြလေပြီး မိစ္ဆာ နတ်ဆိုး ပုတီးစေ့ကို ရှာဖွေလိုက်ကြလေသည်။

မိစ္ဆာ နတ်ဆိုး ပုတီးစေ့သည် နက်ဆိုးဂူ၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်ပေါ်လာတတ်ကြောင်း သူတို့ သေချာ သိရှိထားကြသော်လည်း  အချိန်တိုင်း၌ ထွက်ပေါ်လာသည့် နေရာ ပြောင်းလဲလေ့ ရှိပေသည်။ထို့ကြောင့် အခြား ၃ယောက်ရှာမတွေ့မီ ဦးအောင် အရင် ရှာတွေ့ရန် အရင်ရှာနေခြင်းဖြစ်သည်။သူတို့သည် မိစ္ဆာ နတ်ဆိုး ပုတီးစေ့ တည်နေရာကို ရှာတွေ့သွားသည်နှင့် ထိုပုတီးစေ့ကို ရယူရန် အခွင့်အရေး မြင့်မားသွားပေလိမ့်မည်။

မီးတောက် နတ်ဆိုး ယွမ်ကျီးနှင့် ကျန်သူများသည် မိစ္ဆာ နတ်ဆိုး ပုတီးစေ့ကို ရှာဖွေနေကြချိန်တွင် ရှောင်လုံကမူ မြေအောက်ရှိ မီးခိုးရောင်လေဟာနယ်ထဲ၌ အမြန်ဆုံးပျံသန်းနေလေပြီး စိတ်ဝိညာဉ် တစ်ရာ မိစ္ဆာချီ ထွက်ပေါ်လာရာ နေရာ ဆီသို့ ဦးတည်နေပေသည်။

ဤမီးခိုးရောင် နယ်မြေသည် စိတ်ဝိညာဉ် တစ်ရာ သားရဲဘုရင်၏ နောက်ဆုံး အစိတ်အပိုင်းဖြစ်သော ခြေထောက်ပိုင်းကို စည်းခတ်ထားသော နေရာဖြစ်သည်။ မီးခိုးရောင် လေဟာနယ် လေထု အနက် ဦးခေါင်းပိုင်း တည်ရှိရာနေရာသည် အသန်မာဆုံး မိစ္ဆာချီများရှိပြီး ကိုယ်ပိုင်းက ဒုတိယမှလိုက်ကာ တတိယသည် ခြေထောက်များ ဖြစ်သည်။

ထို့ကြောင့် ဤနေရာရှိ မိစ္ဆာချီသည် စိတ်ဝိညာဉ် တစ်ရာသားရဲဘုရင်၏ ဦးခေါင်းပိုင်း စည်းခတ်ခံထားရသော နေရာ နှင့် ယှဥ်လျှင် တစ်ဝက်မျှ အားနည်းပေသည်။ရှောင်လုံ၏ လက်ရှိ ခွန်အားနှင့်ဆိုလျှင် စည်းခတ်ခံထားရသော ခြေထောက်ပိုင်းကို ကိုင်တွယ်ရန်အတွက် ပိုမို လွယ်ကူသွားမည်ဖြစ်သည်။ မကြာမီ ရှောင်လုံသည် ရင်းနှီးနေသော ကြီးမားလှသည့် ပလ္လင်ကို တွေ့လိုက်ရပေသည်။ ပလ္လင်ထက်တွင် ရွှေရောင် အမွှေး အမြင်များဖြင့် ဖုံးလွှမ်းနေသည့် ကြီးမားလှသော မိစ္ဆာ သားရဲ ခြေထောက်တစ်စုံ ရှိနေပေသည်။ စိတ်ဝိညာဉ် တစ်ရာ မိစ္ဆာချီသည် ပလ္လင်ထက်တွင် စုဝေးနေပြီး များပြားလှသော မိစ္ဆာ သားရဲ ကလန် များ၏ သင်္ကေတများ အသွင် ဖြစ်တည်နေကာ ထူးခြားဆန်းကျယ်လှသော စွမ်းအင်တစ်ခု ပါဝင်နေပေသည်။

ရှောင်လုံက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး စိတ်ဝိညာဉ် တစ်ရာ ရွှေလူဝံ ခြေထောက်တစ်စုံကို စိုက်ကြည့်လိုက်ပေသည်။

ထို အချိန်တွင် မီးခိုးရောင် နယ်မြေ၏ မိစ္ဆာ ချီစွမ်းအင်များသည် ကြမ်းတမ်းစွာ လှည့်ပတ်လာပြီး မီတာ၃၃၀ရှည်သော စိတ်ဝိညာဉ် တစ်ရာ သားရဲဘုရင်၏ ခန္ဓာကိုယ်ကြီးအသွင် ဖွဲ့တည်သွားပေသည်။ဤသည်မှာ ရှောင်လုံ ရင်းနှီးနေကြ မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ ရှောင်လုံက စကားတစ်ခွန်းမှ မဆိုတော့ဘဲ လိပ်နက် နတ်မီးတောက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက် တို့ကို ဆင့်ခေါ်လိုက်ပြီး မီတာ ၃၃၀ ရှည်သည့် စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်ကို တိုက်ခိုက်လိုက်လေသည်။

သူ့အတွက် ရရှိသည့် အချိန်မှာ မလုံလောက်သောကြောင့် ရှောင်လုံသည် ထိုခြေထောက် တစ်စုံကို အချိန်တိုအတွင်း အနိုင်ယူရမည်ဖြစ်သည်။

သူသည် မိစ္ဆာချီမှ ဖြစ်တည်လာသော စိတ်ဝိညာဉ် တစ်ရာ သားရဲဘုရင်၏ မီတာ ၃၃၀ရှည်သော ခန္ဓာကိုယ်နှင့် ပထမဆုံး အကြိမ် စတင် ရင်ဆိုင်ခဲ့ရစဥ်က ရှောင်လုံသည် နဂါးအင်ပါယာအောင်းတိုင်ရီက အကူအညီဖြင့် ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရပေသည်။သို့သော်လည်း ထိုအချိန်က သူသည် နတ်ဘုရားအဆင့် ၁၀ သို့ ချိုးဖျက် ဝင်ရောက်ရုံသာ ရှိသေးသည်။ ယခုမူ သူ့၏ ကျင့်စဥ်သည် နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ် အထိပ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် တစ်နာရီ ကျော် အကြာတွင် ရှောင်လုံသည် နဂါး အင်ပါယာ အောင်းတိုင်ရီ၏ အကူ အညီမပါဘဲ စိတ်ဝိညာဉ် တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်းရှိ စိတ်ဆန္ဒ အကြွင်းအကျန် ကို ဖျက်ဆီး ပစ်နိုင်ခဲ့ပေသည်။

စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ စိတ်ဆန္ဒအကြွင်း အကျန်ကို ဖျက်ဆီးပြီးနောက် သူသည် ပလ္လင်ဆီသို့ပျံသန်းလိုက်ကာ ပလ္လင်ရှေ့၌ ရပ်တန့်လိုက်သည် ရှောင်လုံ၏ လက်ဝါးချက်က စည်းတံဆိပ် အစီ အရင်ပေါ်သို့ ရောက်ရှိသွားကာ ၄င်းကို ချိုးဖျက်ရန် ကြိုးစားလိုက်လေသည်။

သူက နတ်ဆိုး ဂူထဲ၌ နေထိုင်ရန် ၁၀ရက်သာ အချိန်ရပေသည်။ ထို့ကြောင့် သူသည် ဤနေရာ၌နေ၍ စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်းကို ထုတ်ယူသန့်စင်ရန် အချိန်မရတော့ပေ။သူက စည်းတံဆိပ် အစီအရင်ကို ဖျက်စီး၍ စည်းခတ်ခံထားရသော ခြေထောက်ပိုင်းကို ယူဆောင်ကာ ရွှမ်းမီ နတ်ဘုရား ကျောင်းထဲ၌ ယာယီ ထားရှိရန် ရှောင်လုံက စီစဥ်ထားပေသည် ။ ရှောင်လုံက နတ်ဆိုး ကုန်းမြေကြီးမှ ထွက်ခွာပြီး သွားသည်နှင့် သူသည် လုံခြုံသည့် နေရာတစ်ခုကို ရှာကာ ခြေထောက် ပိုင်းအား စုပ်ယူသန့်စင် မည် ဖြစ်သည်။

သို့သော်လည်း ပလ္လင်ပေါ်ရှိ စည်းတံဆိပ်အစီ အရင်သည် အားကောင်းလှ သော ရှေးဟောင်း သိုင်းပညာရှင် တစ်ယောက် ရေးသား စီရင်ထားခြင်း ဖြစ်သည် ။နှစ်ထောင်ပေါင်းများစွာ စိတ်ဝိညာဉ် တစ်ရာ မိစ္ဆာချီ၏ တိုက်စားမှုကို ခံယူခဲ့ရသော်လည်း စည်းတံဆိပ် အစီအရင်သည် သန်မာနေဆဲဖြစ်သည်။

ကံကောင်းစွာဖြင့် သူသည် စည်းတံဆိပ်အစီအရင်ခင်းကျင်းခြင်း ပညာကို လေ့လာ ခဲ့ဖူးပြီး အစီအရင်၏ ဗဟိုအူတိုင် ၏ တည်နေရာကို သိရှိပေသည် ။ ထို့ကြောင့်လည်း သူ့၏ လက်ဝါးရိုက်ချက်တိုင်းက အစီအရင်၏ အူတိုင်ပေါ်သို့ ကျဆင်း သွားပေသည်။ထို အစိအရင်ကို ဖျက်စီး ပြီး သွားသည်နှင့် သူက စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ခြေထောက်ပိုင်းကို ယူဆောင်သွားနိုင်ပေလိမ့်မည်။

ရှောင်လုံက စည်းတံဆိပ်အစီအရင်ကို လက်ဝါးဖြင့် ရိုက်ခတ်လိုက်သည့် အချိန်တိုင်း တောက်ပသော ရွှေရောင် အက်ကွဲကြောင်းများသည် လေဟာနယ်ကို ဖြတ်သန်းသွားပြီး ရှောင်လုံ၏ လက်ဝါး အင်အားကို ပြန့်ကျဲသွားစေသည်။

သို့သော်လည်း ၃ရက်တာ ကြာသွားပြီးနောက်တွင် ရွှေရောင်အက်ကွဲကြောင်းများသည် တဖြည်းဖြည်းချင်း မှေးမှိန်  အားနည်းသွားပေသည် ။ ဤသည်ကို ကြည့်ရင်း ရှောင်လုံ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာပေသည်။ ဤ နှုန်း အတိုင်းသာ ဆိုပါက သူသည် နောက်တစ်ရက်ကြာသည်နှင့် စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ခြေထောက်ပိုင်းကို ယူဆောင်သွားနိုင်ပေလိမ့်မည် ။

တစ်ရက်ကြာပြီးနောက် ရွှေရောင် အက်ကွဲကြောင်းများသည် မီးခိုးရောင် အသွင် ဖျော့တော့သွားချိန်တွင် ရှောင်လုံသည် စည်းတံဆိပ် အစီအရင်ပေါ်သို့ မြေဗုဒ္ဓလက်ဝါးသိုင်းကို အားအပြည့်သုံးကာ ရိုက်ချလိုက်လေသည်။ မဟာ စည်းတံဆိပ် အစီအရင် တစ်ခုလုံးသည် ပေါက်ကွဲသံကြီး ဖြင့် ပျက်စီးသွားလေသည်။

ကြောက်မက်ဖွယ်ရာ တုန်လှုပ်မှု လှိုင်းလုံးများသည် တစ်လွှာပြီး တစ်လွှာ ပြန့်နှံ့သွားလေပြီး တစ်ခုနှင့် တစ်ခု တိုက်မိသွားကြကာ မီးခိုးရောင် လေဟာနယ်ကို ပျက်စီး သွားစေတော့မည့်နှယ် ကြမ်းတမ်းလှသည့် စွမ်းအင်များ ထွက်ပေါ်လာပေသည်။

စည်းတံဆိပ် အစီအရင်ဆီမှ အက်ကွဲကြောင်းများ ထွက်ပေါ်လာပေသည်။ထိုအက်ကွဲကြောင်းက ပြန့်နှံ့သွားပြီး အစီအရင် တစ်ခုလုံသည် အကြောင်းအရာ မြောက်များစွာဖြင့် ပြည့်နှက်သွားလေသည်။

စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ခြေထောက်ပိုင်းဆီမှ စိတ်ဝိညာဉ် မိစ္ဆာချီ သည် အပြင်ကမ္ဘဆီသို့် ဟိန်းေဟာက်လိုက်ပေသည်။

စည်းတံဆိပ် အစီအရင် ကွဲအက်သွားသည့် အချိန်၌ မိးခိုးရောင်လေဟာနယ် တစ်ခုလုံးသည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားလေပြီး များပြားလှသော စိတ်ဝိညာဉ် တစ်ရာ မိစ္ဆာချီ များသည် ဂူထဲသို့ စိမ့်ဝင်ရောက်သွားပေသည်။

နတ်ဆိုးဂူ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် တုန်ယင် လှုပ်ခါသွားပေသည်။ မီးတောက် နတ်ဆိုး ယွမ်ကျီး ၊တစ္ဆေ မကောင်းဆိုးဝါးပန်းဟိုင်၊ အနီရောင်နတ်ဆိုး ချီကျိုးထန် ၊သွေးမိစ္ဆာ ဝမ်ဟန်နှင့် သူတို့၏ နောက်လိုက်များသည်လည်း တုန်လှုပ်မှု လှိုင်းများကို ခံစားလိုက်ရသည်။

"ဘာဖြစ်သွားတာလဲ...ဒါက... "

မီးတောက် နတ်ဆိုး ယွမ်ကျီး၏ မျက်နှာက တင်းမာသွားလေသည်။

" ဘယ််လောက်တောင်အားကောင်းလှတဲ့ မိစ္ဆာချီ တွေလဲ...နတ်ဆိုး ဂူထဲမှ ဘယ်လို လုပ်ပြီးတော့ ဒီလောက်တောင် အားကောင်းတဲ့ မိစ္ဆာချီ တွေ ရှိနေရတာလဲ... အဲ့တာက မြေအောက်ကနေ ထွက်ပေါ်လာတာပဲ"

အနီရောင်နတ်ဆိုး ရှီကျိုးထန်က အံအားသင့်စွာ ပြောလိုက်လေသည်။

"ဒါသာမာန် မိစ္ဆာချီ မဟုတ်ဘူး... ရှေးခေတ်ကာလက ပြိုင်ဘက်ကင်း မိစ္ဆာ သားရဲ ဘုရင်တွေသာ ဒီလောက် ကြောက်ဖို့ ကောင်းတဲ့ မိစ္ဆာ ချီကို ပိုင်ဆိုင်နိုင်စွမ်းရှိတာ"

သွေးမိစ္ဆာ ဝမ်ဟန်က ပြောလိုက်လေပြီး သူ့၏ မျက်လုံး ထဲ၌ တောက်ပသော အလင်းတစ်ချက် လင်းလက်သွားလေသည်။

"ဒီဂူရဲ့အောက်မှာ ရှေးဟောင်းမိစ္ဆာ သားရဲဘုရင်ရဲ့ ကျင့်ကြံခြင်းနေရာ ရှိနေတာ များလား"

တစ္ဆမကောင်းဆိုးဝါး ပန်းဟိုင် က အံအားသင့်စွာပြောလိုက်လေသည်။

နတ်ဆိုးအိုကြီး များက ခန့်မှန်း ပြောဆိုရန် ကြိုးစားနေကြချိန်တွင် မိးတောက်နတ်ဆိုး ယွမ်ကျီး၏ ပတ်ပတ်လည်ရှိ ခရမ်းရောင် မီးတောက်များသည် ပိုမို ကျယ်ပြန့်သွားလေပြီး သူက မြေအောက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ မီးခိုးရောင်လေဟာနယ်ထဲသို့ ဦးတည်ဝင်ရောက်လိုက်လေသည်။ သူသည် မိစ္ဆာ နတ်ဆိုး ပုတီးစေ့ ကို စိတ်ဝင်စား ခြင်း မရှိတော့ပေ။

မီးတောက် နတ်ဆိုး ယွမ်ကျီးက မိစ္ဆာ နတ်ဆိုး ပုတီးစေ့ ကို ရှာဖွေရန် လက်လျှော့သွားကြောင်း အခြားသူများ တွေ့ရှိသွားချိန်တွင် သူတို့သည် ကြောင်အ သွားလေပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။

"အစ်ကိုကြီး ...ကျွန်တော်တို့လည်း အထဲကို လိုက်ဝင်ကြမှာလား"

အရိုးနတ်ဆိုး ရှီကျိုးရှင်းက အနီရောင်နတ်ဆိုး ရှီကျိုးထန်ကို မေးလိုက်လေသည်။

"ဆင်းကြတာပေါ့"

အနီရောင် နတ်ဆိုး ရှီကျိုးထန် သည်လည်း အံကြိတ်လိုက်ပြီး သူ့၏ ညီအစ်ကို များကို ဦးဆောက်ကာ မြေအောက်ထဲသို့ ဝင်ရောက်၍ မီးခိုးရောင် လေဟာနယ်ရှိရာဆီသို့ ဦးတည်လိုက်လေသည်။

သွေးမိစ္ဆာ ဝမ်ဟန်နှင့် တစ္ဆေမကောင်းဆိုဝါး ပန်းဟိုင်တို့သည်လည်း ခဏမျှတွေဝေ နေကြပြီးနောက် မြေအောက်ဆီသို့ တိုးဝင်သွားကြပေသည်။

မီးခိုးရောင်လေဟာနယ်ထဲ၌ စည်းတံဆိပ် အစီအရင် ကို ဖျက်ဆီးလိုက်ပြီး နောက် စိတ်ဝိညာဉ် တစ်ရာ မိစ္ဆာချီ များ ပြေးထွက်သွားချိန်တွင် ရှောင်လုံသည် အပြင်းအထန်တုန်ခါသွားမှုကို ခံစားမိပေသည်။ သူက ရွှမ်းမီ နတ်တောင် ကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်းကို အထဲသို့ စုပ်ယူရန် ကြိုးပမ်းလိုက်ပေသည်။

ရှောင်လုံက ရွှမ်းမီနတ်ဘုရား တောင်၏ အစီအရင်ကို သူ့၏ စိတ်အာရုံဖြင့် အသက်သွင်းလိုက်သည်မို့ တောက်ပသော ရွှေရောင် အလင်းတန်းများသည် လှိုင်းလုံးများ အသွင် ထွက်ပေါ်လာပေသည်။ ဗုဒ္ဓ အလင်းလှိုင်း တစ်ခုချင်းစီတိုင်းသည် တစ်ခုထက်တစ်ခု ပိုမို သန်မာလာပြီး စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ခြေထောက်ပိုင်းကို တင်းကျပ်စွာ ဖိနှိပ်ထားပေသည်။

ခြေထောက်ပိုင်းက မည်မျှရုန်းကန် လှုပ်ရှားပြီး စိတ် ဝိညာဉ် တစ်ရာ မိစ္ဆာချီ မည်မျှ ထွက်ပေါ်လာသည်ဖြစ်ပါစေ လွတ်မြောက်သွားနိုင်ခြင်း မရှိပေ။ ထို့အပြင် ဗုဒ္ဓအင်အား ၏ အောက်တွင် မိစ္ဆာချီ ထွက်ပေါ်လာနှုန်းသည် အားနည်းသွားပေသည် ။ ထိုနှုန်းဖြင့် ဆိုပါက ခြေထောက်ပိုင်းထဲရှိ မိစ္ဆာ ချီသည် အလျှင်အမြန် ဖယ်ရှားခံလိုက်ရမည်ဖြစ်ပြီး ခြေထောက်ပိုင်းသည်လည်း သန့်စင်သွားပေလိမ့်မည် ။

ရှောင်လုံသည် ရွှမ်းမီနတ်တောင်၏ မိစ္ဆာချီကို ဖိနှိပ်ထားနိုင်သည့် စွမ်းအားကိုကြည့်ရင်း အံအားသင့်နေပေသည်။

ရွှမ်းမီနတ်တောင် ၏ ဗုဒ္ဓ အလင်းတန်း များသည် ခြေထောက်ပိုင်းထဲရှိ မိစ္ဆာချီ ကို နှိမ်နင်းနေစဥ်တွင် အားကောင်းလှသော အော်ရာ တစ်ခုသည် မီးခိုးရောင်လေဟာနယ်ထဲသို့ ရုတ်တရက် ရောက်ရှိလာသည်မို့ လေဟာနယ် တစ်ခုလုံး တုန်ခါသွားပေသည်။

ရှောင်လုံ၏ မျက်လုံးများက မှေးကျဥ်းသွားပေသည်။မျှော်လင့်ထားသည့် အတိုင်း သူသည် ဂူထဲရှိ နတ်ဆိုး အိုကြီး အုပ်စု ကို သတိပေးမိသလို ဖြစ်သွားသည်။ ထို အားကောင်းလှသော အရှိန်အဝါအရ ရောက်ရှိလာသူသည် မီးတောက် နတ်ဆိုး ယွမ်ကျီးဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယွမ်ကျီးရှိနေသည့် နေရာမှ ဆိုလျှင် ပလ္လင်ရှိရာ နေရာဆီသို့ရောက်ရှိရန် ၁၀မိနစ်အရှိန်ယူရပေလိမ့်မည်။

ဤသည်ကို တွေးတောလိုက်ရရင်း ရှောင်လုံသည် အလွန်တရာ စိတ်လှုပ်ရှား သွားပေသည်။ သူက သူ့၏ ဒန်တျန်ထဲရှိ အစစ်အမှန် အင်မော်တယ် အဆီအနှစ် အင်အားကို နှိုးဆွကာ ရွှမ်းမီနတ်တောင်ကို အကန့်အသတ်ထိရောက်အောင် တွန်းအားပေးလိုက်လေပြီး ကြီးမားလှသည့် လူဝံခြေထောက်တစ်စုံကို သန့်စင်သည့် အမြန်နှုန်းအား တိုးမြှင့်လိုက်ရပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၄ ..... ထွက်ပြေးခြင်း

ရှောင်လုံက သူ့၏ အစစ်အမှန် အင်မော်တယ် အဆီအနှစ်အင်အားကို ရွှမ်းမီ နတ်တောင်ထဲသို့ အရူးအမူး ပို့လွှတ်လိုက်သောကြောင့် ဗုဒ္ဓဆယ်ပါးအစီအရင်မှ ဗုဒ္ဓစွမ်းအင်များ ထွက်ပေါ်လာသည်။ ထည်ဝါခမ်းနားလှသော ရွှေရောင်အလင်းတန်း က ပိုမိုတောက်ပလာပြီး မီးခိုးရောင် လေဟာနယ်ထဲ၌ ပျံ့နှံ့သွားကာ စိတ်ဝိညာဥ်တစ်ရာ မိစ္ဆာချီကို လှိုင်းထသွားစေသည်။

စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်းဆီမှ မိစ္ဆာချီသည် စီးဆင်းထွက်ပေါ်လာပြီး ကြီးကြီးမားမား လျော့ပါးသွားလေသည်။

ထိုသို့ ဆိုလျှင်ပင် ရှောင်လုံ၏ အာရုံခံနိုင်စွမ်းက မြင့်မားလှသောကြောင့် မီးတောက်နတ်ဆိုး ယွမ်ကျီးသည် ပလ္လင်ရှိရာဆီသို့ ဦးတည်လာနေပြီး ဆယ်မိနစ် မျှသာ ကြာမြင့်မည်ကို သိရှိနေပေသည်။ သူသာ ထိုအချိန်လေးအတွင်း စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်းကို ယူဆောင်ရန် ကျရှုံးခဲ့မည်ဆိုလျှင် ထို နတ်ဆိုးအိုကြီး ရောက်လာချိန်၌ ပိုမို ခက်ခဲသွားပေလိမ့်မည်။

ထို့နောက် မီးခိုးရောင်လေဟာနယ်က ထပ်မံတုန်လှုပ်သွားပြီး များစွာသော အင်အားကြီးတည်ရှိမှုများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ထိုသူများသည် အနီရောင်နတ်ဆိုးနှင့် အခြားသူများ ဖြစ်ကြောင်း သိလိုက်သည်မို့ ရှောင်လုံ၏ အသိစိတ်က တင်းကျပ်သွားရပြီး အာရုံကြောများ တောင့်တင်းသွားလေသည်။

သူ မည်သို့ လုပ်ရမည်နည်း။

သူက ထိုသူများထဲမှ နှစ်ယောက် သုံးယောက်ကို တစ်ပြိုင်တည်း ကိုင်တွယ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ချက် ရှိသော်လည်း မီးတောက်နတ်ဆိုး ၊ အနီရောင်နတ်ဆိုး နှင့် ကျန်သူများကို သာ ရင်ဆိုင်မည်ဆိုလျှင် သူကိုယ်တိုင်သည်ပင် လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဘဲ တစ်စစီ ဖြစ်သွားရပေလိမ့်မည်။

ထိုအချိန်၌ သူ့ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်လှိုင်းများသည် တုန်ယင်လာပြီး လိပ်နက်နှင့် ဟင်္သာပြဒါးငှက် နတ်မီးတောက် တို့၏ စိတ်ဝိညာဥ်များသည် တောက်ပသည့်အလင်းတန်းများ ဖြာထွက်လာပေသည်။ နတ်မီးတောက် ဝိညာဥ်နှစ်ခု၏ ထောက်ပံ့မှုကြောင့် မိစ္ဆာချီ လျော့ပါးသွားသည့်နှုန်းသည် သိသိသာသာ မြန်ဆန်သွားပေသည်။

"ဒါက..."

ရှောင်လုံသည် ခဏမျှ ကြောင်အသွားပြီးနောက် ပျော်ရွှင်သွားလေသည်။ သူသည် အစောပိုင်းက ထိတ်လန့်ကာ အသည်းအသန် ဖြစ်နေသောကြောင့် နတ်မီးတောက် နှစ်ခုက စိတ်ဝိညာဉ်တစ်ရာမိစ္ဆာချီကို ဖိအားပေးနိုင်စွမ်း ရှိကြောင်း အား မေ့လျော့နေခဲ့သည်။ သူသည် နှောင့်နှေးမနေဘဲ နတ်မီးတောက်နှစ်ခု၏ စိတ်ဝိညာဥ်ကို အလျှင်အမြန် ဆင့်ခေါ်လိုက်သည်။

ရှောင်လုံ၏ ထိန်းချုပ်မှုအောက်၌ နတ်မီးတောက် စိတ်ဝိညာဥ် နှစ်ခု သည် စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်းဆီသို့ ဦးတည်ပျံသန်းသွားပြီး ရွှေရောင်အမွှေးအမျှင်များရှိနေသည့် ခြေထောက် ပတ်ပတ်လည်တွင် ရေခဲပြာရောင်နှင့် နီလာရောင်အလင်းများက ပျံသန်းလှည့်ပတ်သွားလေသည်။ စိတ်ဝိညာဥ်တစ်ရာမိစ္ဆာချီသည် ဆက်လက်၍ ကျုံ့ဝင်အားနည်းသွားသည်။

ဤသည်ကို ကြည့်ရင်း ရှောင်လုံသည် ရွှမ်းမီနတ်တောင်နှင့် နတ်မီးတောက်စိတ်ဝိညာဥ်နှစ်ခု ကို အတူတကွ လုပ်ဆောင်စေရန် ဂရုတစိုက် ထိန်းချုပ်လိုက်ကာ ခြေထောက်ပိုင်းကို ရွှမ်းမီနတ်တောင်ထဲသို့ မြန်နိုင်သမျှမြန်မြန် ရောက်ရှိသွားအောင် ကြိုးစားလိုက်သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ တစ်မိနစ်...နှစ်မိနစ်...။

မီးတောက်နတ်ဆိုး ယွမ်ကျီးသည် သူမျှော်လင့်ထားသည်ထက် မြန်ဆန်သောနှုန်းဖြင့် ပလ္လင်နားသို့ နီးကပ်လာကြောင်း ရှောင်လုံ ခံစားသိရှိနေပေသည်။

အစပိုင်းတွင် မီးတောက်နတ်ဆိုးယွမ်ကျီး အနေဖြင့် ပလ္လင်ဆီသို့ ရောက်ရှိရန် ဆယ်မိနစ်မျှ အချိန်ယူရလိမ့်မည်ဟု ရှောင်လုံ ထင်ထားခဲ့မိသော်လည်း သူ့၏ ပျံသန်းနှုန်းသည် မြန်ဆန်လှသောကြောင့် ဆယ်မိနစ်မပြည့်ခင် ရောက်ရှိလာတော့မည် ဖြစ်သည်။

ရှောင်လုံသည် ထပ်မံ၍ စိတ်တင်းကြပ်သွားရသည်။

မကြာမီ ခြောက်မိနစ် ကုန်ဆုံးသွားသည်။

ထိုအချိန်တွင် စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်းဆီမှ စိတ်ဝိညာဥ်တစ်ရာချီသည် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်နှယ် သိသိသာသာ အားနည်းလာပေသည်။ သို့သော် မီးတောက်နတ်ဆိုးယွမ်ကျီးသည် သူနှင့် မီတာ ၅၀၀၀ အကွာသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ရှောင်လုံ အာရုံခံမိလိုက်သည်။ ထိုအကွာအဝေးသည် အသက်ရှုချိန်အနည်းငယ်မျှသာ ကြာညောင်းပေသည်။

အသက်နှစ်ရှိုက်စာ ကုန်ဆုံးသွားပြီးနောက် စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်းဆီမှ စိတ်ဝိညာဥ်တစ်ရာမိစ္ဆာချီသည် ကုန်ဆုံးပျောက်ကွယ်သွားသည်မို့ ရှောင်လုံ၏ မျက်နှာထက်တွင် ဝမ်းသာအားရ အမူအရာ ထွက်ပေါ်လာသည်။  သူက ရွှမ်းမီနတ်တောင်ကို ထိန်းချုပ်လိုက်ရင်း အားကောင်းလှသည့် စုပ်ယူအားဖြင့် ခြေထောက်ပိုင်းကို ရွှမ်းမီနတ်ဘုရားကျောင်းထဲသို့ ဆွဲသွင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် လိပ်နက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက်စိတ်ဝိညာဥ် များနှင့် ရွှမ်းမီနတ်တောင်တို့သည်လည်း သူ့၏ ကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားလေသည်။

ရှောင်လုံ၏ ကိုယ်ထဲသို့ ၎င်းတို့အား ပြန်သွင်းပြီးသွားသည်နှင့် ပလ္လင်အထက်ရှိ လေဟာနယ်သည် တုန်ခါသွားပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာပေသည်။ ထိုသူသည် ခရမ်းနက်ရောင်မီးတောက်ဖြင့် ဝန်းရံထားပြီး အခြားသူမဟုတ်ဘဲ နတ်ဆိုးပိုင်နက်ကုန်းမြေ၏ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်သော မီးတောက်နတ်ဆိုးယွမ်ကျီး ဖြစ်ပေသည်။

"အမ်"

မီးတောက်နတ်ဆိုး ရောက်ရှိလာသည်နှင့် ရှောင်လုံကို မောက်မာစွာကြည့်လိုက်ပြီး မျက်နှာကို မြင်လိုက်ချိန်တွင် အနည်းငယ်အံ့အားသင့်သွားလေသည်။

"ပိုင်ကျီရှန်းလား"

နတ်ဆိုးတစ်ရာဂိုဏ်းချုပ် ပိုင်ကျီရှန်းက တစ္ဆေမကောင်းဆိုးဝါး အရှင်၏ နောက်လိုက် ဖြစ်သော်ငြား နတ်ဆိုးဂူထဲသို့ အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ပြီးဖြစ်သည်မို့ သူသည် ပိုင်ကျီရှန်းကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားပေသည်။

ရှောင်လုံက နောက်သို့ ဆုတ်လိုက်ပြီး တမင်သက်သက် သူ့အသံကို ကြောက်ရွံ့မှုဖြင့် တုန်ယင်သည့်ပုံစံ လုပ်လိုက်လေသည်။

"ပိုင်ကျီရှန်းက အရှင် မီးတောက်နတ်ဆိုးကို ဂါရဝပြုပါတယ်"

ထိုအချိန်၌ ရှောင်လုံသည် သူ့၏ မူလရုပ်သွင်သို့ ပြန်မပြောင်းထားခဲ့မိသည့်အတွက် စိတ်ထဲမှ ဝမ်းသာသွားမိသည်။ ထို့ပြင် သူက မီးတောက်နတ်ဆိုး ရောက်မလာမီ လက်မတင်လေး၌ စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ခြေထောက်ပိုင်းကို သိမ်းယူနိုင်ခဲ့ပေသည်။

သို့မဟုတ်ဘဲ ထိုအဘိုးကြီးသာ သူ့၏ ရွှမ်းမီနတ်တောင်နှင့် နတ်မီးတောက်စိတ်ဝိညာဥ်နှစ်ခုကို တွေ့ရှိသွားခဲ့မည်ဆိုလျှင် သေချာပေါက် ဒုက္ခကြီးစွာရောက်သွားပေလိမ့်မည်။

မီးတောက်နတ်ဆိုး က နှာခေါင်းရှုံ့လိုက်သည်။

"ပိုင်ကျီရှန်း...ငါ မင်းကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်...ရတနာကို မင်းကိုယ်တိုင် အပ်မှာလား...ဒါမှမဟုတ် ဒီအရှင်ကိုယ်တိုင် ယူရမှာလား...ရတနာကို ထုတ်ပေးမယ်ဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်"

သူ မရောက်ခင်တွင် ပိုင်ကျီရှန်းက ဘာယူလိုက်သည်အား သူမသိသော်လည်း ပလ္လင်ထက်ရှိ ပျက်စီးနေသော စည်းတံဆိပ်အစီအရင်အရ ပိုင်ကျီရှန်းသည် စည်းခတ်ထားသော ရတနာအား ယူလိုက်ခြင်း ဖြစ်ကြောင်း သူ သေချာသိပေသည်။

ပိုင်ကျီရှန်း တဖြစ်လဲ ရှောင်လုံက တွေဝေတုန့်ဆိုင်းနေဟန် ပြုလိုက်ပြီးနောက် တစ်ခုခုကို ထုတ်ယူလိုက်လေသည်။

"ဒါဆိုရင်လည်း...ကျွန်တော် ဒီနေရာမှာ ရှာတွေ့ခဲ့တဲ့ပစ္စည်းကို အရှင်မီးတောက်နတ်ဆိုးဆီ ဆက်သပါ့မယ်...ကျေးဇူးပြုပြီး ဒီငယ်သားရဲ့အသက်ကို ချမ်းသာပေးပါဗျာ"

ရှောင်လုံက ထိုပစ္စည်းကို မီးတောက်နတ်ဆိုး ရှိရာဆီသို့ ပစ်ပေးလိုက်လေသည်။

ရှောင်လုံ ပစ်ပေးလိုက်သည့်ပစ္စည်းသည် မျက်စိကျိန်းစေမတတ် ရွှေရောင်အလင်းတန်းဖြင့် ဖုံးလွှမ်းထားပြီး ရှေးဟောင်း ကမ္ဘာဦးခေတ်အော်ရာနှင့် ကြောက်မက်ဖွယ်ရာ မိစ္ဆာချီတို့ကို ထုတ်လွှတ်နေပေသည်။

မီးတောက်နတ်ဆိုးသည် ရွှေရောင်အလင်းလွှာကို ထွင်းဖောက်မြင်နိုင်စွမ်းမရှိပေ။ သူက ထိုပစ္စည်းကို ဖမ်းယူလိုက်ပြီး သူ့၏ ကျင့်စဥ်နည်းစနစ်ကို လှည့်ပတ်လိုက်ကာ အလင်းအကာအကွယ်ကို ကွဲအက်စေလိုက်သည်။ အထဲ၌ လက်သီးဆုပ်အရွယ် မိစ္ဆာသားရဲအရိုးတစ်ခု ရှိနေပေသည်။ ထိုအရိုးဆီမှ ရှေးဟောင်းကမ္ဘာဦးအော်ရာနှင့် မိစ္ဆာချီတို့ ထုတ်လွှတ်နေသည်မှ လွဲ၍ မည်သည့်ထူးခြားမှုမှ ရှိမနေပေ။

မီးတောက်နတ်ဆိုး သည် ရှောင်လုံကို ဒေါသတကြီး စိုက်ကြည့်ရန် ပြင်လိုက်သော်ငြား အစောပိုင်း က ရှောင်လုံ ရပ်နေသည့်နေရာ၌ ဘယ်သူမှ မရှိတော့ပေ။ မီးတောက်နတ်ဆိုးယွမ်ကျီးက မိစ္ဆာသားရဲအရိုးကို စစ်ဆေးနေသည့် အချိန် တစ်ခဏတွင် ပိုင်ကျီရှန်း သည် အမည်မသိနည်းစနစ်တစ်ခုဖြင့် ပျောက်ကွယ်သွားပြီဖြစ်သည်။

ထိုအချိန်တွင် မီးတောက်နတ်ဆိုးသည် အလှည့်စားခံလိုက်ရကြောင်း နားလည်သွားရသည်။

"ပိုင်ကျီရှန်း...မင်းလို နတ်ဘုရားအဆင့် သိုင်းပညာရှင်လေးကများ...ငါအရှင်ကို လှည့်စားရဲတယ်ပေါ့...မင်းက သေချင်နေတာပဲ"

မီးတောက်နတ်ဆိုး ယွမ်ကျီး၏ အသံက မိုးခြိမ်းသံပမာ မြည်ဟည်းသွားသည်။ သူ့၏ လက်နှစ်ဖက်လုံးဖြင့် ရိုက်နှက်လိုက်သောကြောင့် ခရမ်းရောင်မီးလျှံများသည် လှိုင်းလုံးကြီးများနှယ် အုံကြွသွားပြီး ပတ်ပတ်လည် လေဟာနယ်ကို လွှမ်းခြုံသွားလေသည်။

ခရမ်းရောင်မီးလျှံများ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လေဟာနယ်သည် အက်ကွဲသွားပြီး မည်သည့်အရာမှ ပုန်းကွယ်နိုင်စွမ်း မရှိတော့ပေ။ သို့သော်လည်း ခရမ်းရောင်မီးလျှံများ ဖြတ်သန်းသွားပြီး လေဟာနယ်က ပြန်လည်တည်ငြိမ်သွားချိန်တွင် ပိုင်ကျီရှန်း၏ မည်သည့်အရိပ်အယောင်ကိုမှ မမြင်တွေ့ရတော့ပေ။

မီးတောက်နတ်ဆိုး ယွမ်ကျီးက တုန်လှုပ်သွားပြီး သူ့၏ မျက်နှာက တွန့်လိမ်မဲမှောင်သွားပေသည်။

"ခွေးကောင်...မင်း ဘယ်လောက်ထိ ပုန်းနိုင်မလဲ ကြည့်ရသေးတာပေါ့"

ရုတ်တရက် သူက ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လိုက်ပြီး ထက်ရှသည့် အသံလှိုင်းများကို ထုတ်လွှတ်လိုက်ကာ မီးခိုးရောင် လေဟာနယ်တစ်ခုလုံးကို လှီးဖြတ်လိုက်သည်။

အဝေးတစ်နေရာရှိ အနီရောင်နတ်ဆိုး နှင့် အခြားသူများသည် အလျှင်အမြန် ပျံသန်းလာနေကြရင်းမှ ရုတ်တရက် ရပ်တန့်လိုက်ကြရပြီး တစ်လက်မမှ ရှေ့မတိုးရဲကြပေ။

အချိန်အတော်ကြာပြီးနောက် အသံလှိုင်းက ပျောက်ကွယ်သွားသော်လည်း ပိုင်ကျီရှန်း ကမူ ထွက်ပေါ်မလာခဲ့ပေ။

မီးတောက်နတ်ဆိုး ၏ မျက်နှာသည် ယခုမူ ဒေါသဖြင့် တွန့်ရှုံ့နေပေသည်။

"ဂိုဏ်းချုပ်"

အဝေးရှိ မီးတောက်နတ်ဆိုးဂိုဏ်း၏ သိုင်းပညာရှင်သည် ယွမ်ကျီး မျက်နှာ၏ ဆိုးဝါးလှသော အမူအရာကို မြင်လိုက်ချိန်တွင် သတိထားပြီး ခေါ်လိုက်လေသည်။

မီးတောက်နတ်ဆိုး ၏ မျက်လုံးများသည် သွေးဆာမှုများဖြင့် ပြည့်နှက်နေပြီး အမိန့်ပေးလိုက်သည်။

"ငါ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...နတ်ဆိုးဂူရဲ့ ဝင်ပေါက်ကို ပိတ်ဆို့လိုက်ကြ...ငါ့အမိန့်မရဘဲ ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး...ငါ့အမိန့်မရဘဲ ထွက်သွားဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို ခြွင်းချက် မရှိ သတ်ဖြတ်ပစ်လိုက်"

"ဟုတ်ကဲ့...ဂိုဏ်းချုပ်"

ထိုအချိန်၌ နတ်ဆိုးဂူ၏ နေရာတစ်ခုတွင် မြေပြင်က လှုပ်ခါသွားသည်။ ရှောင်လုံ၏ ပုံရိပ် ထွက်ပေါ်လာပြီး အနည်းငယ် မောပန်းနေပေသည်။ သူက အနည်းငယ်မျှပင် အနားယူခြင်း မရှိဘဲ နတ်ဆိုးဂူ၏ ဝင်ပေါက်ဆီသို့ ဦးတည်ပျံသန်းလိုက်သည်။

နှစ်ရက်ကြာပြီးနောက် ရှောင်လုံသည် နတ်ဆိုးပိုင်နက်ကုန်းမြေကြီးနှင့် သိပ်မဝေးသည့် နေရာရှိ လူမနေသော ဂြိုဟ်တစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။

ထိုနှစ်ရက်အတွင်း မီးတောက်နတ်ဆိုးသည် နတ်ဆိုးဂူ၏ ဝင်ပေါက်ကို ပိတ်ဆို့ရန် အမိန့်ပေးထားခဲ့သော်လည်း အပြင်ဘက်ရှိ ထို နတ်ဆိုးကျင့်ကြံသူများသည် ရှောင်လုံ၏ ပြိုင်ဘက်မဟုတ်ကြပေ။ သူက မီးတောက်နတ်ဆိုးဂိုဏ်း၏ တပည့်များကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ပြီး နတ်ဆိုးပိုင်နက်ကုန်းမြေကြီးမှ ထွက်ခွာလာခဲ့ပေသည်။

ရှောင်လုံက သူ့၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် သိပ်မကြာမီ၌ ဂြိုဟ်ပေါ်ရှိ လျှို့ဝှက်ဂူတစ်ခုကို တွေ့လိုက်ပေသည်။ ခုခံကာကွယ်ခြင်း အစီအရင်များစွာကို စီရင်ပြီးနောက် သူသည် ရွှမ်းမီနတ်ဘုရားကျောင်းထဲသို့ ဝင်ရောက်ကာ ဗုဒ္ဓဆယ်ပါးအစီအရင်ထဲ၌ တိတ်တဆိတ် လဲလျောင်းနေသော စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ပိုင်း ရှိရာဆီ သွားလိုက်သည်။

နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ် သည် စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ နောက်ဆုံး ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်သော ခြေထောက် ကို စုပ်ယူသန့်စင်ရန် ဖြစ်သည်။

ရှောင်လုံက ရလဒ်ကို ကြိုတွေးနေမိသည်။ သူ့၏ ခွန်အားသည် မည်မျှ အဆင့်ထိ တိုးပွားလာလိမ့်မည်နည်း။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၅ ..... ကျားဖြူနတ်မီးတောက်၏ တည်နေရာ

ရှောင်လုံက လေထဲသို့ ခုန်တက်လိုက်ပြီး စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ခြေထောက်ပိုင်း အထက်တွင် ခြေချိတ်ထိုင်လိုက်လေသည်။ ထို့နောက် နတ်ဆိုးနည်းစနစ်ကို လှည့်ပတ်ကာ ခြေထောက်ပိုင်း ဆီမှ သွေးအဆီအနှစ်ကို စတင် စုပ်ယူသန့်စင်လိုက်သည်။

ချက်ချင်းဆိုသလို အနီရောင်စွမ်းအင် အမျှင်တန်းများ ထွက်ပေါ်လာပြီး သူ့၏ ကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ရှောင်လုံ စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ ခေါင်းပိုင်းကို စုပ်ယူသန့်စင်ခဲ့ချိန်က သူ့၏ ကျင့်စဥ်ကို မဟာနတ်ဘုရားအဆင့်သို့ ချိုးဖျက်ဝင်ရောက်မသွားစေရန်အတွက် သူ့၏ စိတ်ဝိညာဥ်ပင်လယ်၊ ချီပင်လယ်နှင့် ဒန်တျန်တို့ကို ဖိနှိပ်ခဲ့ရသည်။ သို့သော် ယခုမူ သူ့၏ သန့်စင်စုပ်ယူမှုနှုန်းသည် ဆယ်ဆ ပိုမို လျှင်မြန်လာပေသည်။

သူ့၏ ခန္ဓာကိုယ်ထဲရှိ ရတနာနဂါးပုံရိပ်ဖော်အစီအရင်သည် ထွက်ပေါ်လာပြီး တွင်းနက်ကြီးတစ်ခုနှယ် စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ သွေးအဆီအနှစ်ကို စုပ်ယူလာသည်။ ထို့နောက် ၎င်း၏ စွမ်းအင်တိုင်းကို ရှောင်လုံ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားအောင် ပို့လွှတ်လိုက်သည်။

ပေါများကြွယ်ဝသည့် စွမ်းအင်များက ရှောင်လုံ၏ ကိုယ်ထဲ၌ လှည့်ပတ်လာသည်မို့ သူ့၏ စိတ်ဝိညာဥ်ပင်လယ်သည် ပြင်းပြင်းထန်ထန် တုန်ခါလာပြန်သည်။

ရွှေရောင်၊ အနက်ရောင်နှင့် အပြာရောင် အလင်းတန်းများသည် သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲ၌ လှည့်ပတ်သွားလာနေပေသည်။

ရှောင်လုံက ဖြာထွက်လာသော စွမ်းအင်များကို အင်အားများစွာ စိုက်ထုတ်ကာ အာရုံစိုက်၍ ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့၏ စိတ်ဝိညာဥ်ပင်လယ်ရှိ နတ်ဘုရားစစ်ပွဲချီ နှင့် ဒန်တျန်ထဲရှိ အစစ်အမှန်အင်မော်တယ်အဆီအနှစ် အင်အားတို့ကိုလည်း ဂရုတစိုက် ထိန်းချုပ်လိုက်သည်။

ရှောင်လုံ က နတ်ဆိုးချီကို ဖိနှိပ်ထားသော်လည်း စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ သွေးအဆီအနှစ် ကို စုပ်ယူပြီးသည်နှင့် သူ့၏ ချီပင်လယ်သည် ထပ်မံတောက်ပလာသည်မို့ သူသည် နောက်တစ်ကြိမ် ထပ်မံ ဖိနှိပ်လိုက်လေသည်။ ထိုကဲ့သို့သော ဖြစ်ရပ်များသည် သူ့၏ ဒန်တျန်ထဲ၌လည်း ထပ်တလဲလဲ ဖြစ်ပွားနေပြီး အဆုံးအစမဲ့နေသည့်နှယ် ဖြစ်နေပေသည်။

သူက စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏သွေးအဆီအနှစ် ကို စုပ်ယူနေသည့်အချိန်တွင် နတ်ဆိုးပိုင်နက်ကုန်းမြေကြီး ပေါ်ရှိ နတ်ဆိုးကျင့်ကြံသူများသည် ကျီးလန့်စာစား နေထိုင်နေကြရသည်။ နတ်ဆိုးတစ်ရာဂိုဏ်းတစ်ခုလုံးကို မီးတောက်နတ်ဆိုး ယွမ်ကျီး က တစ်ညတည်းနှင့် အမြစ်ပြတ် သတ်ဖြတ်ပစ်လိုက်သည်။ မည်သည့် သက်ရှိမှ မလွတ်မြောက်ခဲ့ဘဲ သူတို့၏ ခွေးများအားလုံးသည်ပင် သတ်ဖြတ်ခံလိုက်ရသည်။

ကံမကောင်းစွာဖြင့် ယွမ်ကျီးသည် နတ်ဆိုးတစ်ရာဂိုဏ်း တစ်ခုလုံးကို သတ်ဖြတ် မြေလှန်ခဲ့သော်လည်း ပိုင်ကျီရှန်း ကို ရှာတွေ့ခဲ့ခြင်း မရှိပေ။ သူက နတ်ဆိုးကုန်းမြေကြီးတစ်ခုလုံးကို ပိတ်ဆို့၍ ရှာဖွေရန် အမိန့်ထုတ်လိုက်သည်။ နတ်ဆိုးတစ်ရာဂိုဏ်းချုပ် ပိုင်ကျီရှန်း ၏ တည်နေရာကို သတင်းပေးလာမည့် မည်သူ့အားမဆို အထွတ်အမြတ်အဆင့် နတ်ဆေးလုံး တစ်သောင်း နှင့် ပိုင်ဟူဒင်္ဂါး ဆယ်ဘီလီယံ ဆုချမည်ဖြစ်သည်ဟုလည်း သတင်းလွှင့်လိုက်သည်။

ထိုအချိန်၌ နတ်ဆိုးပိုင်နက်ကုန်းမြေကြီးပေါ်ရှိနတ်ဆိုးကျင့်ကြံသူများအားလုံးသည် ပိုင်ကျီရှန်းကို ချောင်ကြိုချောင်ကြားမကျန် နေရာတိုင်းတွင် လိုက်လံရှာဖွေကြလေသည်။

ပြောစရာမလိုအောင်ပင် ရှောင်လုံက ထိုကိစ္စများအားလုံးကို မေ့ပျောက်သွားပြီ ဖြစ်သည်။

တစ်လတာ အချိန်က အလျှင်အမြန် ကုန်ဆုံးသွားသည်။ ရွှမ်းမီနတ်ဘုရားကျောင်းထဲတွင် ရှောင်လုံကို သွေးရောင့်မြူလွှာအထပ်ထပ်က ဝန်းရံထားပြီး အနက်ရောင်နှင့် အပြာရောင်နဂါးအမွှာသည် သူ့နောက်ကျောမှ ထွက်ပေါ်လာသည်။

အနက်ရောင်နှင့်အပြာရောင်နဂါး အမွှာအပြင် လိပ်နက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက်တို့၏စိတ်ဝိညာဥ် များသည် သူ့ကို လှည့်ပတ်နေကြပြီး ရှောင်လုံ၏ ခန္ဓာကိုယ် ဆီမှ ပျံသန်းထွက်ပေါ်လာသော သွေးအဆီအနှစ် စွမ်းအင်ကို စုပ်ယူလိုက်ကြသည်။

နှစ်လကြာပြီးနောက် သိပ်သည်းလှသော သွေးမြူလွှာသည် ရွှမ်းမီနတ်ဘုရားကျောင်းထဲ၌ ပြည့်လျှံလာသည်။

သွေးမြူလွှာ၏ အလယ်တွင် ခြေချိတ်ထိုင်နေသော ရှောင်လုံသည် ရောင်စုံအလင်းကို ထုတ်လွှတ်နေပေသည်။

သုံးလတာ ကုန်ဆုံးသွားသည်။

ရှောင်လုံ၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသော ရောင်စုံအလင်းတန်းများသည် ပိုမို တောက်ပလာပြီး သူ့ကို သက်တံ့ရောင် ရှေးဟောင်းနတ်ဘုရားကျောက်တုံးနှင့် တူသွားစေပေသည်။

ထိုအချိန်၌ သူ့၏ ကိုယ်တွင်းအင်္ဂါများသည်လည်း သက်တန့်ရောင်အလင်းကို ထုတ်လွှတ်နေပေသည်။ သူ့၏ ကိုယ်တွင်းအင်္ဂါများသည်သာမက သူ့၏ မရီဒီယန်သွေးကြောများ၊ သွေးပြန်ကြောများ၊ ချီပင်လယ်၊ ဒန်တျန် နှင့် စိတ်ဝိညာဥ်ပင်လယ်တို့သည်လည်း ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေသည်။ ဤသည်မှာ ရှောင်လုံ၏ စိတ်ဝိညာဥ်ပင်လယ်ထဲ၌ တောက်ပသော နေအစင်းပေါင်း မြောက်များစွာ ထွက်ပေါ်နေသည်နှင့် တူပေသည်။ သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ အလင်းတန်းများသည် သိပ်သည်းသွားပြီး ရောင်စုံအလင်း ဝဲကန်တော့ကြီး တစ်ခုအသွင် လှည့်ပတ်သွားလေသည်။

ရောင်စုံအလင်း ဝဲကန်တော့ကြီးသည် လှည့်ပတ်နေလေပြီး နူးညံ့သိမ်မွေ့သော အော်ရာကို ထုတ်လွှတ်လိုက်သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားကာ လေးလကြာညောင်းသွားပြီး စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ ခြေထောက်ဆီမှ ထွက်ပေါ်လာသော သွေးအဆီအနှစ်သည် အားနည်းဖျော့တော့ကာ တဖြည်းဖြည်းချင်း လျော့ပါးသွားသည်။ ခြေထောက်များသည် ပြာအသွင် ကြေမွသွားလေပြီး ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားလေသည်။

ရှောင်လုံက ဝေလငါးကြီးသဖွယ် ရွှမ်းမီနတ်ဘုရားကျောင်းထဲရှိ သွေးအဆီအနှစ် အမျှင်တန်းအားလုံးကို စုပ်ယူဝါးမြိုလိုက်လေသည်။ အနက်နှင့် အပြာ အမွှာနဂါးဝိညာဥ်တို့သည် နတ်မီးတောက် စိတ်ဝိညာဥ်နှစ်ခုနှင့် အတူ သူ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားလေသည်။

ခဏကြာပြီးနောက် ရှောင်လုံသည် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် လူသူမရှိသည့် ဂြိုဟ်၏ အထက် လေဟာနယ်ထဲ၌ ပေါ်လာသည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်လေပြီး ဂြိုဟ်ကို ဦးတည် ထိုးနှက်လိုက်သည်။

ရိုက်ခတ်မှုလှိုင်းလုံးများနှင့်အတူ မိုးခြိမ်းသံတမျှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အောက်ရှိ ဂြိုဟ် ကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။ ရှောင်လုံ၏ အောက်ဘက်ရှိ တောင်တန်းမှ စတင်၍ မြေပြင်က ကွဲအက်ကာ တောင်တန်းများက တုန်ခါသွားသည်။ မြေအောက်ရှိ ချော်ရည်မြစ်များသည်လည်း မြေမျက်နှာပြင်အထက်သို့ ပန်းထွက်လာကာ ရေပူစမ်းကဲ့သို့ လေပူများ မှုတ်ထုတ်လိုက်လေသည်။

ထို လက်သီးတစ်ချက်၏ အင်အားသည် မီတာ ၃၃၀၀၊ မီတာ ၉၉၀၀...မီတာ ၃၃၀၀၀ အထိ ရောက်ရှိ ပျံ့နှံ့သွားပေသည်။ တခဏတာအတွင်း မီတာ ၃၃၀၀၀ အကျယ်အဝန်းသည် ပြင်းပြင်းထန်ထန် ပျက်စီးသွားသည်။ အစောပိုင်းက မြင့်မားလှသော တောင်တန်းကြီးများသည် ယခုမူ အပုံလိုက်လဲပြိုသွားကြပြီး မြေပြင်သည်လည်း နစ်ဝင်သွားပေသည်။

ရှောင်လုံ၏ လက်သီးဆီမှ ဖျက်ဆီးမှုအားလှိုင်းများသည် မီတာ ၃၃၀၀၀ ကို ကျော်လွန်ကာ ဆက်လက်ပျံ့နှံ့သွားသည်။

အချိန်အတော်ကြာမှသာ တုန်လှုပ်မှုလှိုင်းများ ငြိမ်သက်သွားကြသည်။

ရှောင်လုံက သူ့လက်သီး၏ ရလဒ်ကို ကြည့်ရင်း သူ့၏ ခွန်အားအပေါ် တွက်ချက်ခန့်မှန်းလိုက်သည်။ သူက နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်နေသေးသော်လည်း သူ့၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအဆင့်သိုင်းပညာရှင် ဖြစ်သော အနီရောင်နတ်ဆိုး ရှီကျိုးထန်အောက် မနိမ့်တော့ပေ။ နတ်ဆိုးကျင့်ကြံသူဖြစ်သော ရှီကျိုးထန်သည် မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအထွတ်အထိပ်အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် ယှဥ်နိုင်စွမ်း ရှိပေသည်။

ထိုရလဒ်ကြောင့် ရှောင်လုံ၏ မျက်လုံးများထဲ၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထွက်ပေါ်လာပေသည်။ စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ နောက်ဆုံးခန္ဓာကိုယ်အစိတ်အပိုင်းကို သန့်စင်စုပ်ယူပြီးသွားချိန်တွင် သူ့ခွန်အားသည် ထိုမျှ တိုးတက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ထို့ပြင် သူ့၏ စိတ်ဝိညာဥ်ပင်လယ်ထဲရှိ ပြောင်းလဲမှုများသည် ပို၍ပင် သိသာထင်ရှားလာပေသည်။ သူ့စိတ်ဝိညာဥ်၏ ကြည်လင်သန့်ရှင်းမှုသည် ပိုမိုမြင့်မားလာလေပြီး သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ ရောင်စုံဝဲကန်တော့မှာ အခြားမဟုတ်ဘဲ စိတ်ဝိညာဥ်ဝါးမြိုခြင်းခန္ဓာကိုယ်၏ စိတ်ဝိညာဥ်ဝါးမြိုခြင်း ဝဲကန်တော့ ဖြစ်သည်။

ယခုအခါတွင် သူသည် အစစ်အမှန် နဂါးကိုယ်နှင့်
အနတ္တခန္ဓာကိုယ် တို့ကို ပိုင်ဆိုင်ထားရုံသာမက စိတ်ဝိညာဉ်ဝါးမြိုခြင်းခန္ဓာကိုယ် ကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

ရလဒ်ကို စစ်ဆေးကြည့်ရှုပြီးနောက် ရှောင်လုံသည် အဝေးဆီသို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းသွားလေသည်။

ရက်အနည်းငယ်ကြာပြီးနောက် သူသည် ကျားဖြူမြို့တော်၌ ထပ်မံ ထွက်ပေါ်လာပေသည်။

ဤမြို့တော်သည် အဖြူရောင်ကျားတက္ကသိုလ်၏ အရေးအပါဆုံးမြို့တော် ဖြစ်သည်မို့ ရှောင်လုံသည် ဟင်္သာပြဒါးငှက်နတ်မီးတောက် ရှာဖွေစဥ်က ကဲ့သို့သော နည်းလမ်းအတိုင်း သုံးကာ အဖြူရောင်ကျားတက္ကသိုလ် သို့ ဝင်ရောက်ရန် စီစဥ်ထားပေသည်။

သို့သော်လည်း ဤတစ်ခေါက်၌ ရှောင်လုံသည် ပင်မတပည့်အစား မဟာအကြီးအကဲ တစ်ယောက်၏ နောက်ခံကို အသုံးပြုလိုက်သည်။ သူ့၏ လက်ရှိခွန်အားအရ အရင်ကကဲ့သို့ ဂရုတစိုက် လုပ်ဆောင်နေစရာ မလိုတော့ပေ။

သုံးနှစ်ကြာပြီးနောက် ရှောင်လုံသည် အဖြူရောင်ကျားတက္ကသိုလ် မှ ထွက်ခွာကာ ကောင်းကင်ဘုံတောင်တန်း၏ တောင်ခြေရှိ ကြီးမားလှသော လူလုံမြို့တွင် ပြန်ပေါ်လာသည်။

ဤ သုံးနှစ်တာကာလအတွင်း စေ့စေ့စပ်စပ် စစ်ဆေး အဖြေရှာမှုအပြီးတွင် ရှောင်လုံသည် အဖြေတစ်ခု ကို ရရှိခဲ့ပေသည်။ ကျားဖြူနတ်မီးတောက်သည် ကောင်းကင်ဘုံတောင်တန်း၏ ထိပ်ဖျားရှိ တစ်နေရာရာ၌ ရှိပေသည်။

ထိုရလဒ်က ရှောင်လုံကို စိတ်ပျက်လက်ပျက် ဖြစ်ကာ ခါးသက်သက်ခံစားသွားရစေသည်။

သူ ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန်ကို လာရောက်ရှာဖွေခဲ့စဥ်က နဂါးအင်ပါယာ အောင်းတိုင်ရီ ပြောခဲ့ဖူးသည့်အရာ ရှိပေသည်။ နှစ်ရာပေါင်း ထောင်ပေါင်းများစွာအတွင်း၌ များစွာသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည် ကောင်းကင်ဘုံတောင်တန်း၏ ထိပ်ဆုံး သို့ တက်ရောက်ကာ အဓိကအစီအရင်ကို ရှာဖွေရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် သူတို့အားလုံး သေဆုံးသွားကြရသည်။

သို့သော်လည်း ရှောင်လုံသည် ဤမျှ ခရီးအထိ ရောက်ရှိပြီးကာမှ လက်လျှော့လိုခြင်းမရှိပေ။

သူ့၏ ခွန်အားသည် မဟာနတ်ဘုရား ၂ နောက်ပိုင်းအဆင့် ဖြစ်သော အနီရောင်နတ်ဆိုးရှီကျိုးထန်နှင့် နှိုင်းယှဥ်နိုင်သော်လည်း ရှန်းမင်ကျီသည် မဟာနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ပြင် သူက အဆင့်တစ်ဆယ်နတ်ဘုရားဦးခေါင်း ကို ဖွဲ့တည်နိုင်ခဲ့ပြီး သူ့၏ ကျင့်စဥ်သည်လည်း နေ့စဥ်နေ့တိုင်း အကြီးအကျယ် တိုးတက်နေပေသည်။ ရှောင်လုံသည် လက်ရှိအင်အားဖြင့် သူ့ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။

သူသာ ကျားဖြူနတ်မီးတောက်ကို ရရှိနိုင်မည်ဆိုလျှင် အခြေအနေက ပြောင်းလဲသွားပေလိမ့်မည်။ သူ့၏ နတ်မီးတောက် သုံးမျိုးဖြင့် ဆိုလျှင်  ရှန်းမင်ကျီ မည်မျှပင် သန်မာသည်ဖြစ်ပါစေ အသေသတ်ပစ်နိုင်မည်ဖြစ်သည်။

ရှောင်လုံက လူလုံမြို့တော်ထဲရှိ စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေကာ ဝိုင်တစ်ခွက် သောက်လိုက်ရင်း ကျားဖြူနတ်မီးတောက် နှင့် ပတ်သတ်သော အကြောင်းအရာများကို တွေးတော စဥ်းစားနေပေသည်။ သူက ကောင်းကင်ဘုံတောင်တန်း၏ ထိပ်ဖျားသို့ တက်ရောက်မည်ဟု ဆုံးဖြတ်ထားပြီးပြီမို့ ရနိုင်သမျှ သတင်းအချက်အလက်များကို စုစည်းရန် လိုအပ်ပေသည်။

"မင်းတို့ ကြားပြီးကြပြီလား...လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက...ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင် ဒီကို ရောက်နေတယ်တဲ့"

"ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင် တင်မဟုတ်ဘူးကွ...ဘိုးဘေးတောင်ဆိတ်ရယ် နဂါးစိမ်းသားရဲဘုရင်ရယ်နဲ့ ဘိုးဘေးဘီဖန်းတို့လည်း...ကောင်းကင်ဘုံတောင်တန်းပေါ် ရောက်နေကြတယ်"

"အဲ့ဒီ မကောင်းဆိုးဝါးအိုကြီး တွေ...သူတို့က ဘာလို့ ရုတ်တရတ်ကြီး ဒီနေရာမှာ လာစုကြတာပါလိမ့်"

"ငါလဘ်း မသိဘူးလေကွာ...ဒါပေမယ့် ကောလာဟလတွေအရ ဆိုရင်တော့...အဲ့ဒီမှာ ပြိုင်ဘက်ကင်းရတနာတစ်ခု ပေါ်လာတာကို မကောင်းဆိုးဝါးအိုကြီးတွေ သိသွားကြတယ်ဆိုပဲ"

ရှောင်လုံက ကျားဖြူနတ်မီးတောက် အကြောင်း စဥ်းစားနေချိန်တွင် အဝေးရှိ စားပွဲဆီမှ စကားသံများကြောင့် စိတ်ဝင်စားသွားရလေသည်။

Continue Reading

You'll Also Like

21.1K 443 42
What If Chloe lukasiak has a twin sister who is the favorite?
167K 25.7K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
168K 4.9K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
12.9K 289 15
An alternate Jason Uchiha timeline