ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

51.2K 3.5K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

816 - 820

182 12 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၆ ..... သူက ဆေးဘုရင် ဟောင်ရှောင်လုံ ပဲ

လေလံပွဲ၏ နောက်ဆုံးပစ္စည်းမှာ မိုးကောင်းကင် နတ်ဘုရား၏ နတ်ဘုရားဦးခေါင်းဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် ရှောင်လုံသည် ကျောကို အနည်းငယ် ဆန့်ထုတ်လိုက်သည်။

ရဲ့လူထျန်းဟော် နှင့် ပေ့ထျန်းကျီ၊ တံလျှပ်ဘုရင်၊ ကျောင်းဝူဟွမ် နှင့် ကျန်သူများသည် မျှော်လင့်ချက်များဖြင့် ဆူညံသွားကြလေသည်။

လူတိုင်း က အသက်အောင့်လိုက်ရင်း တောက်ပနေသော အနက်ရောင် နတ်ဘုရားဦးခေါင်း အပိုင်းအစကို စိုက်ကြည့်နေကြလေသည်။

ကြည်လင်လှသော အနက်ရောင် နတ်ဘုရားဦးခေါင်း အပိုင်းအစသည် ဖျော့တော့တော့ အနက်ရောင်အလင်းကို ထုတ်လွှတ်နေပေသည်။ ၎င်းသည် တည်ငြိမ်နေသော်လည်း စွမ်းအားမှာမူ အချိန်နှင့် စကြာဝဠာကိုပင် ထွင်းဖောက်နိုင်ဟန်ရသည်။ ကွင်းပြင်ထဲရှိ လူတိုင်းက နတ်ဘုရားဦးခေါင်း အပိုင်းအစ၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။ နတ်ဘုရားဦးခေါင်း အပိုင်းအစသည် လက်နှစ်လုံး ပမာဏ ထက် ပိုမကြီးပေ။

ဤသည်မှာ မိုးကောင်းကင်နတ်ဘုရား၏ နတ်ဘုရားဦးခေါင်း အပိုင်းအစဖြစ်သည်။

လူတိုင်းက နတ်ဘုရားဦးခေါင်း၏ အစိတ်အပိုင်းကို စိုက်ကြည့်နေမိကြချိန်တွင် လေလံပွဲတင်ဆက်သူ၏ စိတ်လှုပ်ရှားကာ ကျယ်လောင်လှသော အသံက ကွင်းပြင်တစ်ခွင်သို့ ပျံ့နှံ့သွားလေသည်။

"အမှန်ပါပဲ...ဒါကတော့ ဒီနေ့ လေလံပွဲရဲ့ နောက်ဆုံးပစ္စည်း ဖြစ်တဲ့...မိုးကောင်းကင်နတ်ဘုရားရဲ့ နတ်ဘုရားဦးခေါင်းအပိုင်းအစ ဖြစ်ပါတယ်ခင်ဗျာ"

"လူတိုင်း ကြားဖူးထားခဲ့သလိုပါပဲ...မဟာနတ်ဘုရားအဆင့် ရဲ့အထက် တည်ရှိမှုတွေဟာ အောက်ဘုံနယ်ပယ်ရဲ့ မိုးကောင်းကင်ဥပဒေသကြောင့် တားမြစ်ခံထားရပါတယ်...ဒါကြောင့်လည်း ကျုပ်တို့ ကြယ်စင်စု လေးစုရဲ့ နှစ်သန်းပေါင်းများစွာသော သမိုင်းကြောင်းထဲမှာ မဟာနတ်ဘုရားအဆင့် ရဲ့ အထက်ကို ရောက်သွားတဲ့သိုင်းပညာရှင်က တစ်ယောက်ပဲ ရှိခဲ့ဖူးတယ်လေ...သူကတော့ ကောင်းကင်ဘုံတောင်တန်း ရဲ့ သခင်ဖြစ်ပါတယ်...ပြီးတော့ ဒီ နတ်ဘုရားဦးခေါင်း အပိုင်းအစကလည်း ကောင်းကင်ဘုံတောင်တန်းသခင်ကို မိုးကောင်းကင် ဥပဒေသ အပြစ်ပေးသတ်ဖြတ်ခဲ့စဥ်က ကျန်နေခဲ့တဲ့ ပစ္စည်းဖြစ်ပါတယ်ဗျ"

"ဒီ နတ်ဘုရားဦးခေါင်း အပိုင်းအစ ထဲမှာ နတ်ဘုရားအင်အား မပါဝင်ဘူး ဆိုပေမယ့်လည်း...နတ်ဘုရားရဲ့ နိယာမ တော့ ရှိနေပါသေးတယ်...ဒီပစ္စည်းကို အိမ်ထိ ယူဆောင်သွားပြီးတော့ နားလည်အောင် ကျင့်ကြံနိုင်လိုက်ရုံနဲ့ ကြယ်စင်စုထဲမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပါလိမ့်မယ်ခင်ဗျာ"

"ဒါ့အပြင်...ဒီ နတ်ဘုရားဦးခေါင်းကို နတ်ဘုရားချပ်ဝတ် ပြုလုပ်တဲ့နေရာမှာ ကုန်ကြမ်းအဖြစ် အသုံးပြုလို့ရပါတယ်...အဲ့ဒီနတ်ဘုရားချပ်ဝတ်ကလည်း ဘယ်သူမှ မချိုးဖြတ်နိုင်တဲ့ အင်အားအကြီးဆုံး နတ်ဘုရားချပ်ဝတ် ဖြစ်လာပါလိမ့်မယ်"

လေလံပွဲကျင်းပသူက ဝမ်းမြောက်ဝမ်းသာအသံဖြင့် ပြောလိုက်လေသည်။

လေလံတင်ဆက်သူ၏ စကားကြောင့် ရှောင်လုံ စိတ်ထဲမှ ကြိတ်ရယ်လိုက်မိသည်။ ထို လေလံပွဲတင်ဆက်သူသည် စကားပြောကောင်းလွန်းလှသည်။ ထို နတ်ဘုရားဦးခေါင်းအပိုင်းအစထဲ၌ နတ်ဘုရား၏နိယာမ ရှိနေလျှင်ပင် မပြည့်စုံသော နတ်ဘုရား၏နိယာမသာ ဖြစ်ပေလိမ့်မည်။

ထို နတ်ဘုရားဦးခေါင်း အပိုင်းအစကို နတ်ဘုရားချပ်ဝတ် ပြုလုပ်ရာ၌ ကုန်ကြမ်းတစ်ခုအဖြစ် အသုံးပြု၍ ရသည်ဆိုလျှင်ပင် နတ်ဘုရားဦးခေါင်း သည် အလွန်တရာ မာကျောလှပေသည်။ မည်သူက အရည်ဖျော်ပစ်နိုင်စွမ်း ရှိလိမ့်မည်နည်း။

ရှောင်လုံ ကိုယ်တိုင်မှ လွဲ၍ ဖြစ်သည်။ လိပ်နက်နတ်မီးတောက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက်တို့ကို ပိုင်ဆိုင်ထားသော သူ့အတွက်မူ နတ်ဘုရားဦးခေါင်း အပိုင်းအစကို အရည်ဖျော်ပစ်ရန်မှာ မခက်ခဲလှပေ။

"မိုးကောင်းကင်နတ်ဘုရားရဲ့ နတ်ဘုရားဦးခေါင်း အပိုင်းအစကို လေလံ ကြမ်းခင်းစျေး ၂၀၀ ဘီလီယံ ကနေ စတင်လိုက်ပါပြီခင်ဗျာ"

လူတိုင်းက ကြည်လင်တောက်ပသော နတ်ဘုရားဦးခေါင်း အပိုင်းအစကို လောဘတကြီး ကြည့်နေကြချိန်တွင် လေလံပွဲကျင်းပသူက ကျယ်လောင်စွာ အော်ဟစ်ကြေညာလိုက်လေသည်။

၂၀၀ ဘီလီယံ...။

လေလံပွဲကျင်းပသူ၏ ပါးစပ်ထဲမှ ထိုပမာဏ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပထမအဆင့် အင်အားစုများ၏ မိသားစုများနှင့် ဘိုးဘေးများသည် ထိတ်လန့်တကြား ဖြစ်သွားကြရသည်။ အမှန်အတိုင်းဆိုရသော် ထိပ်တန်းအင်အားစုများ၏ ဘိုးဘေးများသည်ပင် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြရသည်။

ထိုပမာဏ က နတ်ဘုရားဦးခေါင်းအပိုင်းအစကို လိုချင်တပ်မက်သည့်အကြည့်များဖြင့် စိုက်ကြည့်နေကြသော သူများကို ရေအေးနှင့် လောင်းချလိုက်သလို ဖြစ်သွားလေသည်။

အချို့သော ထိပ်တန်းအင်အားစုများဆိုလျှင် သူတို့၏ ပိုင်ဆိုင်မှုအားလုံး ထုခွဲရောင်းချမည်ဆိုလျှင်ပင် ၂၀၀ ဘီလီယံ နီးပါးမျှသာ ရရှိနိုင်သည်အထိ ဆင်းရဲလှသည်။

အစောပိုင်းက တက်ကြွနေသော ပတ်ဝန်းကျင်သည် ငြိမ်ကျသွားလေပြီး မည်သူကမှ လေလံမဆွဲရဲကြပေ။

ရှောင်လုံက သူ့နေရာ၌သာ တည်တည်ငြိမ်ငြိမ် ထိုင်နေပြီး ထိတ်လန့်နေခြင်းမရှိပေ။ သူ့အတွက်မူ ထိုစျေးနှုန်းမျှသည် အသေးအဖွဲသာ ဖြစ်သည်။

"၂၁၀ ဘီလီယံ"

လေလံပွဲ အနေအထားသည် အေးစက်စက် ဖြစ်သွားတော့မည့်အချိန်တွင် အရှိန်အဝါကြီးမားလှသော အသံက ကိုယ်ပိုင်ခန်း နံပါတ်တစ်မှ ထွက်ပေါ်လာလေသည်။

လူတိုင်းသည် အိမ်မက်မက်နေသည့်နှယ် ခံစားလိုက်ကြရသည်။

ရှောင်လုံက နှာခေါင်းရှုံ့လိုက်မိသည်။ ဤသည်မှာ မိုးပြာရောင်နဂါးတက္ကသိုလ် ကျောင်းအုပ်ကြီး ချင်ယီ၏ အသံ ဖြစ်ပေသည်။ မိုးပြာရောင်နဂါးတက္ကသိုလ် သည် အနည်းအကျဥ်းမျှ အရည်အချင်း ရှိသည်ဟု ဆိုရပေလိမ့်မည်။ ပြီးခဲ့သည့်အခေါက်က ယောင့်ချီတောင်တန်း၏ စင်မြင့်တိုက်ပွဲ တွင် မိုးပြာရောင်နဂါးတက္ကသိုလ်ကျောင်းအုပ်ကြီး သည် ၅၀၀ ဘီလီယံကို လောင်းကြေးအဖြစ် ရှုံးနိမ့်ခဲ့ရသည်။ သို့သော်လည်း သူက နောက်ထပ် ၂၁၀ ဘီလီယံ ကို ထပ်မံ ထုတ်ပြလာသည်လား။

"၃၀၀ ဘီလီယံ"

လူတိုင်းက သူတို့၏ တုန်လှုပ်မှုများကို မထိန်းချုပ်နိုင်သေးမီ ရှောင်လုံက စျေးပေးလိုက်လေပြီး နှေးကွေးခြင်းလည်း မရှိသလို အလျင်လိုခြင်းလည်း မဟုတ်သော အသံဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ သူ့၏ အသံက မကျယ်လောင်လှသော်ငြား အခြားသော ကျင့်ကြံသူများ၏နားထဲ၌ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပေသည်။

လူတိုင်း၏ ခန္ဧာကိုယ်က တုန်ယင်သွားကြသည်။

'ဒါက ၃၀၀ ဘီလီယံတောင်လေ'

မြေကွက်လပ်ထဲရှိ လူအများသည် အသံရှင်ရှိရာဆီသို့ လှည့်ကြည့်မိကြကုန်သည်။

"သူက ဟောင်ရှောင်လုံ ပဲ..."

"သူက ဆေးဘုရင်ဟောင်ရှောင်လုံ ပဲ"

ချက်ချင်း ဆိုသလိုပင် ထောင့်အကွယ်လေး၌ ထိုင်နေသော ရှောင်လုံကို တစ်စုံတစ်ယောက်က မှတ်မိသွားသည်။ ကွင်းပြင်တစ်ခုလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်သံများဖြင့် ဆူညံပွက်လောရိုက်သွားလေသည်။

သိပ်မကြာမီ က ရှောင်လုံ သန့်စင်ဖော်စပ်ခဲ့သော ကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံး များသည် ၄၀ ဘီလီယံ ဖြင့် ရောင်းချလိုက်ရသည်။ ထို့ပြင် ယခုမူ ရှောင်လုံသည် နတ်ဘုရားဦးခေါင်း အပိုင်းအစအတွက် ၃၀၀ ဘီလီယံ ပေးနေပြီ ဖြစ်သည်။ ဤသည်မှာ ကောလာဟလများအတိုင်း အစစ်အမှန် ဖြစ်နေကာ အားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိနေပေသည်။

ကိုယ်ပိုင်ခန်း နံပါတ်နှစ်ထဲတွင် လမင်းဆင်းသက်ခြင်းအဘိုးအိုနှင့် ယန်ယီတို့ ရှိနေလေသည်။

လမင်းဆင်းသက်ခြင်းအဘိုးအိုက ကွင်းပြင်ထဲသို့ ကြည့်ရင်း မကျေမနပ်ပြောလိုက်သည်။

"ဒီကောင်စုတ်လေးကတော့လေ...ဘယ်သွားသွား အာရုံစိုက်ခံရအောင် လုပ်နေတုန်းပဲ"

ယန်ယီက ပြုံးလိုက်သည်။

"ရှင်က ရှင့်ရဲ့ တပည့်လေးကို မနာလို ဖြစ်နေတယ်လို့တော့ ကျွန်မကို မပြောနဲ့နော်...ကျွန်မသာ ကြယ်စင်စုလေးစုလုံးမှာ နံပါတ်တစ် အချမ်းသာဆုံး ဖြစ်တဲ့သူကို တပည့်အဖြစ် ရရှိထားမယ်ဆိုရင်...အိမ်မက်ထဲမှာတောင် ရယ်မောနေမိလိမ့်မယ်ရှင့်"

လမင်းဆင်းသက်ခြင်းအဘိုးအို က ရယ်မောလိုက်လေသည်။

"မင်းပြောတာ မှန်တယ်...ဒီကောင်လေးက လေလံဆွဲလိုက်ပြီဆိုမှတော့...ငါဘာမှ လုပ်စရာ မလိုတော့ဘူးပေါ့ကွာ...ဒီ အဘိုးကြီး ငွေကုန်သက်သာသွားတာပေါ့"

ယန်ယီက လမင်းဆင်းသက်ခြင်းအဘိုးအို ၏ အပြုအမူကိုကြည့်ရင်း ပြုံးလိုက်လေသည်။

ကိုယ်ပိုင်ခန်းနံပါတ် ကိုးထဲ၌ ရဲ့လူထျန်းဟော် သည် ၃၀၀ ဘီလီယံ စျေးပေးလိုက်သော ရှောင်လုံ၏ အသံကို ကြားလိုက်ချိန်တွင် သူ့၏ မျက်နှာသည် မဲမှောင်သွားသည်။ ရှောင်လုံ က လူအများ၏ အာရုံကို ဆွဲဆောင်နိုင်လိုက်ကြောင်း တွေ့လိုက်ရချိန်တွင် ရဲ့လူထျန်းဟော်၏ သူ့အား သတ်ဖြတ်လိုစိတ်က ပိုမို ပြင်းထန်လာသည်။

ကွင်းပြင်တစ်ခုလုံး စိတ်လှုပ်ရှားသည့်အသံများဖြင့် ပြည့်နှက်နေချိန်တွင် ရဲ့လူထျန်းဟော် သည် တစ်စက္ကန့်မျှပင် မစဥ်းစားတော့ဘဲ အော်ပြောလိုက်လေသည်။

"၄၀၀ ဘီလီယံ ပေးမယ်"

၄၀၀ ဘီလီယံ...။

လူတိုင်း၏ ခန္ဓာကိုယ် သည် ပြင်းပြင်းထန်ထန် တုန်ခါသွားရပြီး ရှောင်လုံကို ကြည့်နေရာမှ ကိုယ်ပိုင်ခန်းနံပါတ်ကိုး ကို အကြည့်ရွှေ့လိုက်မိကြသည်။

ထိုအသံက ရဲ့လူထျန်းဟော် အသံ ဖြစ်ကြောင်း သိလိုက်သည်မို့ ရှောင်လုံ လှောင်ရယ်လိုက်သည်။ ထို ရဲ့လူထျန်းဟော် သည် သူ့ရှေ့၌ ထပ်မံ ပေါ်ထွက်လာရဲနေပေသည်။

"သူက ရဲ့လူထျန်းဟော် ဆိုတဲ့သူပဲ"

ရှောင်ဖေးက ရှောင်လုံ၏ နားထဲသို့ တီးတိုးပြောလိုက်သည်။

ရှောင်လုံက ပြုံးကာ သူမကို ခေါင်းညိတ်ပြလိုက်သည်။

"၄၁၀ ဘီလီယံ "

၄၀၀ ဘီလီယံကြောင့် တုန်လှုပ်နေကြသော လူအများ၏ ရှေ့တွင် ကိုယ်ပိုင်ခန်း ၁၂ ထဲမှ တံလျှပ်ဘုရင်သည် လျှို့ဝှက်ဆန်းကြယ်သော အသံဖြင့် လေလံဆွဲလိုက်သည်။

ပေ့ထျန်းကျီ၏ ခရမ်းရောင်မျက်လုံးထဲ၌ စိတ်အနှောင့်အယှက် ဖြစ်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

'ဒီ ကိုယ်ပိုင်ခန်း ၁၂ ပဲ ထပ်ဖြစ်ပြန်ပြီ'

အစောပိုင်း က သူတို့ မဟာနတ်ဘုရင်ဆေးလုံးများကို လေလံဆွဲချိန်ကလည်း ကိုယ်ပိုင်ခန်းနံပါတ် ၁၂ ထဲမှ ဧည့်သည်သည် သူ့အား ရှုံးနိမ့်စေခဲ့သည်။

ရှောင်လုံက ကိုယ်ပိုင်ခန်း ၁၂ ကို သာမန်မျှ ကြည့်လိုက်ကာ စျေးပေးလိုက်လေသည်။

"၅၀၀ ဘီလီယံ"

ငါးရာဘီလီယံ...။

လေလံပွဲ၌ ရှိနေကြသော မကောင်းဆိုးဝါးအိုကြီးများသည်ပင် ရူးသွပ်လုမတတ် နှလုံးခုန်မြန်သွားကြရသည်။ ရှောင်လုံကို လူအများက ထပ်မံ အာရုံစိုက်လာကြပြန်သည်။

ရဲ့လူထျန်းဟော်၏ မျက်နှာ အမူအရာက ဆိုးသထက် ဆိုးဝါးလာကာ ဒေါသကြောင့် မျက်လုံးများ နီရဲလာပြီး ဒေါသဖြင့် ရေရွတ်လိုက်လေသည်။

"အဲ့ဒီ ခွေးကောင် ဟောင်ရှောင်လုံ က ငါ့ထက် ပိုပြီး ချမ်းသာလိမ့်မယ်လို့ ငါ မယုံဘူးကွ...ငါ့ရဲ့ ရဲ့လူမိသားစုထက် သူက ပိုချမ်းသာနိုင်ပါ့မလား"

သူ့၏ အသံက ကွင်းပြင်ထဲတွင် မြည်ဟည်းသွားသည်။

"၆၀၀ ဘီလီယံ ပေးမယ်ကွ"

ကိုယ်ပိုင်ခန်းနံပါတ် ၁၂ မှ ခန့်မှန်းရခက်သော လျှို့ဝှက်ဆန်းကြယ်သည့်အသံက ထွက်ပေါ်လာပြန်သည်။

"၆၁၀ ဘီလီယံ"

လေလံပွဲရှိ မိသားစုဘိုးဘေးများနှင့် မိသားစုခေါင်းဆောင်များသည် အလွန်တရာ စိတ်ဓာတ်ကျဆင်းသွားကြရသည်။ ထိုမျှ ကြီးမားလှသော ပမာဏသည် သူတို့၏ ရင်ဘတ်ပေါ်သို့ တောင်ကြီးတစ်လုံးနှယ် ဖိနှိပ်ထားနိုင်ပေသည်။

"၁ ထရီလီယံ"

ရှောင်လုံက ရည်ရွယ်ချက်ရှိရှိဖြင့် ခဏရပ်တန့်နေပြီးမှ ပြောလိုက်လေသည်။

၁ ထရီလီယံ တဲ့လား။

၆၁၀ ဘီလီယံကြောင့် ဖိအားများသလို ခံစားနေကြရသော သူများသည် ၁ ထရီလီယံကြောင့် ခြေဖျား လက်ဖျားများ ထုံကျင်သွားကာ မေ့မျောလုလု ဖြစ်သွားကြလေသည်။

လေလံပွဲတင်ဆက်သူသည်လည်း အခြေအနေ ကောင်းမွန်နေခြင်း မရှိပေ။ သူ့၏ ဒူးများက တဆတ်ဆတ်တုန်ခါနေပြီး ဖင်ထိုင်လျက် လဲကျမသွားမိစေရန် ထိန်းချုပ်နေရပေသည်။ မရေမတွက်နိုင်သော လေလံပွဲများကို ဦးစီးပေးခဲ့ဖူးသော သူသည် ယခုမူ ခေါင်းထဲ၌ ဘာမှမရှိသည့် စာရွက်ဖြူတစ်စနှယ် ဗလာဖြစ်နေလေသည်။

"ဘာဖြစ်တယ်...၁ ထရီလီယံ တဲ့လား"

ကိုယ်ပိုင်ခန်းနံပါတ် ၉ ထဲတွင် ရဲ့လူထျန်းဟော်သည် လျှာခေါက်သွားသလို ခံစားလိုက်ရပြီး မထင်မှတ်ထားသော စျေးနှုန်းကြောင့် ဖိအားများသွားရသည်။ ပေ့ထျန်းကျီသည်ပင် အံ့သြမှင်သက်သွားပေသည်။

ကိုယ်ပိုင်ခန်းနံပါတ် ၁၂ ထဲတွင် တံလျှပ်ဘုရင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုင်ခုံလက်ရန်းကို လက်ချောင်းထိပ်ဖျားဖြင့် ခပ်ဖွဖွ ခေါက်ကာ ပြောလိုက်သည်။

"အဲ့ဒီ ဟောင်ရှောင်လုံက တကယ့်ကို ရဲတင်းတာပဲ"

"ကောလာဟလတွေအရတော့...သူက ဒဏ္ဍာရီလာ နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို တွေ့ခဲ့တယ်လို့ ပြောကြတယ်"

ကျောင်းဝူဟွမ် က ဂရုတစိုက်ဖြင့် တင်ပြလိုက်လေသည်။

တံလျှပ်ဘုရင်ကလည်း ဤသည်ကို ငြင်းဆိုနေခြင်း မပြုဘဲ လေလံပွဲကွင်းပြင်သို့ကြည့်ကာ ပြောလိုက်သည်။

"၂ ထရီလီယံ"

ဤနည်းဖြင့်သာ သူသည် ဟောင်ရှောင်လုံကို ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။

သံသယရှိစရာမလိုလောက်အောင်ပင် သူသည် မဟာအရှင်သခင်ကို ထို မိုးကောင်းကင်နတ်ဘုရား၏ နတ်ဘုရားဦးခေါင်း အပိုင်းအစအား ဆက်သရမည် ဖြစ်သည်။

ဤသည်မှာ မဟာအရှင်သခင်၏ အမိန့်တော် ဖြစ်ပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၇..... နတ်ဆိုးပိုင်နက် ကုန်းမြေကြီး

၂ ထရီလီယံ...။

ကွင်းပြင်ထဲရှိ ကျင့်ကြံသူများစွာသည် တစ်ယောက်ပြီး တစ်ယောက် မေ့မျောသွားကြသည်။

သူတို့သည် ၁ ထရီလီယံ ပမာဏကိုပင် နားလည် လက်ခံနိုင်စွမ်းမရှိသေးပေ။

ကြယ်စင်စု ၄စု၏ သမိုင်းတွင် မည်သည့် လေလံအိမ်တော်ကမှ ၂ထရီလီယံ တန်ကြေးရှိသည့် ပစ္စည်းကို ၂ထရီလီယံကို အသာထား၍ ၁ ထရီလီယံ ပမာဏရှိသော ပစ္စည်း တစ်ခုမျှပင် မရှိခဲ့ဖူးကြပေ။

၂ ထရီလီယံဟူသော ပမာဏသည် သူတို့၏ ခန့်မှန်းထားသော ပမာဏကို ကျော်လွန်သွားပြီဖြစ်သည်။သို့သော်လည်း အချို့သော ဘိုးဘေးများနှင့် ခေါင်းဆောင်များသည် ၂၀၀ဘီလီယံ ပမာဏကိုပင် ပေးနိုင်စွမ်းမရှိကြပေ။

ကောင်းကင်ပေါ်မှ ကျဆင်းလာမည့် ၂၀၀ဘီလီယံသည် ပင်လယ်ကိုပင် ကုန်းမြေကြီး အဖြစ်သို့ ပြောင်းလဲ သွားနိုင်မည် ဖြစ်သည်။၄င်း ပမာဏက မြို့တော်ကြီး တစ်ခုကို မြုပ်သွားစေနိုင်ကာ မီတာ ၃၃၀ ရှိသော တောင်တစ်လုံးပမာဏ ထိ မြင့်မားသွားပေလိမ့်မည်။

ကိုယ်ပိုင်ခန်း နံပါတ် ၁ ထဲတွင် ချင်ယီသည် တပည့်တစ်ယောက်ကို ညွှန်ကြားလိုက်လေသည် ။

"ကိုယ်ပိုင် အခန်း ၁၂ ထဲက ဘယ်သူလဲ ဆိုတာကို သွားစုံစမ်းလိုက်စမ်း"

တပည့်များက ရိုသေလေးစားစွာဖြင့် နာခံလိုက်ကြပြီး အခန်းထဲမှ ထွက်သွားကြလေသည်။

ထိုကဲ့သို့ အဖြစ် အပျက်များသည် အခြားသော ကိုယ်ပိုင်ခန်းများထဲ၌လည်း ဖြစ်ပျက်နေပေသည်။ လေလံပွဲ ၌ ရှိနေကြသော ထိပ်တန်း အင်အားစုများသည် ကိုယ်ပိုင် အခန်း ၁၂ထဲဲမှ ဧည့်သည်၏ နောက်ခံကို သိချင်နေကြပေသည်။

ကိုယ်ပိုင်အခန်း နံပါတ်၂ ထဲတွင်မူ ယန်ယီသည် စိုးရိမ်နေပေသည်။

"ကောင်လေး ဟောင်က ၂ထရီလီယံကို ထုတ်ပေးလိမ့်မယ်လို့ ကျွန်မ မထင်မိဘူး...အဲ့ ဒီ နတ်ဘုရား ဦးခေါင်း အပိုင်း အစက ကိုယ်ပိုင်အခန်း ၁၂ထဲက လူရဲ့ လက်ထဲကိုပဲ ရောက်ရှိသွားလိမ့်မယ်"

လမင်းဆင်းသက်ခြင်း အဘိုးအို က တိတ်ဆိတ်နေပေသည်။

ထိုနတ်ဘုရားဦးခေါင်းအပိုင်းအစက ၂ထရီလီယံဟူသော ပမာဏထိ ရရှိသွားလိမ့်မည်ဟု သူ မထင်ထားပေ။လွန်ခဲ့သည့် နှစ်သောင်းပေါင်းများစွာ အတွင်း သူစုဆောင်းထားခဲ့သော အရာများ အားလုံးကို ပေါင်းလိုက်မည်ဆိုလျှင်ပင် ၆၀၀ဘီလီယံမျှသာ ရှိပေသည်။

"၂ထရီလီယံပါ... ကိုယ်ပိုင်အခန်း နံပါတ်၁၂က ၂ထရီလီယံနဲ့ လေလံဆွဲလိုက်ပါပြီ"

ကွင်းပြင်ထဲရှိ လူများသည် သူတို့၏ စိတ်နှလုံးထဲမှ တုန်လှုပ်မှု လှိုင်းလုံးများကို မထိန်းချုပ်နိုင်သေးမှီ အချိန်မှာပင် လေလံပပွဲ ကျင်းပသူ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပေသည်။သို့သော်လည်း သူက အနည်းငယ် တုန်ယင်စွာဖြင့်မေးလိုက်လေသည်။

"ဘယ်... ဘယ်သူက... စျေး... ပိုပေးချင်ပါသလဲခဗျာ"

လေလံပွဲကျင်းပသူသည် သိုးတစ်ကောင်၏ တုန်ယင်နေသည့်အသံနှယ်ပြောလိုက်လေသည်။ ကံကောင်းစွာဖြင့် လေလံပွဲ၌ ရှိနေသော သူများသည် အကြားအာရုံ ကောင်းမွန်လှသောကြောင့်လေလံပွဲ ကျင်းပသူ ပြောသည့် စကားကို နားလည် နိုင်စွမ်းရှိကြပေသည်။

အမှန်တိုင်းဆိုရသော် အဖြူရောင်ကျားတက္ကသိုလ်ကျောင်းအုပ်ကြီး သည် နတ်ဘုရား ဦးခေါင်း အပိုင်း အစကို လေလံတင်ရန်အတွက် ထုတ်ယူရန် ဆုံးဖြတ်ခဲ့စဥ်က အလွန်ဆုံး တန်ကြေးကို ၆၀၀ဘီလီယံ အထိသာ ခန့်မှန်းထားခဲ့ပေသည်။ သို့သော် ယခုမူ ကမ္ဘာကိုပင် တုန်လှုပ်စေနိုင်သော စျေးနှုန်းဖြစ်သည့် ၂ထရီလီယံ သို့ပင် ရောက်ရှိသွားပေသည်။

ထိုပမာဏသည် မျှော်လင့်ထားသည်ထက် သုံးဆပိမို များပြားနေပေသည်။

လူတိုင်းက ဟောင်ရှောင်လုံကို ကြည့်လိုက်ကြပြီး ထို့ကြောင့် ပိုမို မြင့်မားသော စျေးနှုန်းအား ပေးနိုင်လိမ့်မည်လားဟု သိချင်နေကြပေသည်။

သို့သော်လည်း ရှောင်လုံက ခံစားချက်မဲ့စွာ ထိုင်နေဆဲဖြစ်ကာ စျေးပေးမည့်ဟန်မရပေ။ ဤသည်ကို ကြည့်ရင်း သူတို့အားလုံးသည် စိတ်ပျက်လက်ပျက် ဖြစ်သွားကြပေသည်။

"ကိုယ်ပိုင်ခန်း ၁၂က ၂ထရီလီယံနဲ့ လေလံဆွဲလိုက်ပါပြီ ဘယ်သူက စျေးပိုပေးချင်ပါသေးလဲခဗျာ"

လေလံပွဲ ကျင်းပသူသည် ၂ထရီလီယံဟု ပြောလိုက်နိုင်တိုင်း သူ့၏ ပါးစပ်က တုန်ယင်နေပေသည်။

လေလံပွဲကျင်းပသူသည် ကွင်းပြင်ထဲသို့ လှည့်ပတ်ကြည့်ရှုနေလေပြီး သူ့၏ အကြည့်က ရှောင်လုံ ဆီသို့ မကြာခဏ ရောက်ရှိနေပေသည်။

သူက သစ်သားတူလေးကို မြှောက်၍ လေလံအောင်မြင်သွားသူကို ကြေညာရန် ပြင်လိုက်ချိန်တွင် ရှောင်လုံ၏ မထူးခြားနားဟန်အသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။

"၅ ထရီလီယံ ပေးမယ်"

၅ ထရီလီယံ....

ထိုပမာဏသည် ကွင်းပြင်ထဲရှိ လူများဆီသို့ မန္တန်တစ်ခုအသွင် ပျံ့နှံ့သွားပေသည်။ အချိန်ကာလ ရပ်တန့်သွားသည့်နှယ် လူတိုင်းက အသက်ရှုရန် မေ့လျော့သွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြကာ ရှောင်လုံ ကို စိုင်ကြည့်လိုက်ကြသည်။ မည်သူကမှ လက်တစ်ချောင်းပင် မလှုပ်ရှားနိုင်ကြတော့ပေ။ စကားသံ ခပ်တိုးတိုးပင် ပြောနိုင်စွမ်း မရှိကြတော့ဘဲ သူတို့အားလုံးသည် အသက်ရှုရန်ပင် မေ့လျော့နေကြပြီ ဖြစ်သည်။

ကိုယ်ပိုင်ခန်းနံပါတ် ၁၂ ထဲရှိ ငယ်ရွယ်လှသော တံလျှပ်ဘုရင် သည် ထိုင်နေရာမှ ခုန်ထလိုက်ပေသည်။ ထူးခြားဆန်းကြယ်သော အလင်းရောင်က သူ့၏ ပုံပန်းသဏ္ဍာန်ကို လွှမ်းခြုံထားသောကြောင့် အခန်းထဲရှိ သူများသည် သူ့၏ အမူအရာကို မမြင်တွေ့ရပေ။ သို့သော်လည်း သူ့၏ ခန္ဓာကိုယ် မှ ဖြာထွက်နေသော လူသတ်ငွေ့များအရ သူ့၏ အမူအရာ အခြေအနေကို သူတို့ ခန့်မှန်းနိုင်ပေသည်။

ကျောင်းဝူဟွမ်၊ဝမ်နာ နှင့် ကျန်သူများသည်လည်း ဆိုးဝါးသည့် အမူအရာများ ဖြစ်နေကြပြီး ထိုင်နေရာမှ ထခုန်လိုက်မိကြကာ သူတို့၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ပေါ်ထွက်နေကြပေသည်။

အကြောင်းမှာ သူတို့အားလုံး၏ ချမ်းသာကြွယ်ဝမှုအားလုံးကို ပေါင်းလိုက်မည်ဆိုလျှင်ပင် ၅ ထရီလီယံသာ ရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ သူတို့ စုဆောင်းထားသော ပမာဏ၏ အကန့်အသတ် ဖြစ်ပေသည်။ ထို့်ပြင် ဟောင်ရှောင်လုံ၏ လေလံဆွဲသော ပမာဏသည် ၅ ထရီလီယံ အတိအကျ ဖြစ်နေသည်။ တစ်ပြားမှလည်း မပိုသလို တစ်ပြားမှလည်း မလျော့ပေ။

အရေးအကြီးဆုံးအရာမှာကား သူတို့သည် နောက်ထပ် ၁ ဘီလီယံ ကိုမှ ထုတ်မပေးနိုင်တော့ခြင်း ဖြစ်သည်။ လေလံပွဲကျင်းပသူသည် တစ်ခါလေလံဆွဲတိုင်း အနည်းဆုံး ၁ ဘီလီယံ တိုးပေးရမည်ဟု အစောပိုင်းကတည်းက ပြောထားခဲ့ပြီး ဖြစ်သည်။

အဆုံး၌ ရှောင်လုံသည် ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်သောင်းသုံးကာ မိုးကောင်းကင်နတ်ဘုရား၏ နတ်ဘုရားဦးခေါင်း အပိုင်းအစကို အောင်အောင်မြင်မြင် ရရှိသွားပေသည်။

ရှောင်လုံက လေလံပွဲ ကျင်းပသူ၏ လက်ထဲမှ နတ်ဘုရား ဦးခေါင်း အပိုင်းအစကို လက်ခံ ရယူလိုက်သည်ကိုကြည့်ရင်း တံလျှပ်ဘုရင်၏အနက်ရှိုင်းဆုံး ငရဲမှ ထွက်ပေါ်လာသည့် နှယ် အေးစက်နေသော အသံက ပေါ်ထွက်လာပေသည်။

"ငါတို့ ဟောင်ရှောင်လုံကို မိုးကောင်းကင် နတ်ဘုရား ကုန်းမြေကြီးကနေ ထွက်ခွာခွင့်ပြုလို့မဖြစ်ဘူး "

ကျောင်းဝူဟွမ်၊ ဝမ်နာနှင့် ကျန်သိုင်းပညာရှင်များသည်ကြောင်အ သွားသော်လည်း အလျှင်အမြန်တုန့်ပြန်လိုက်ကြသဖြင့် နာခံလိုက်ကြသည်။

လေလံပွဲသို့တက်ရောက်လာသူများသည် တုန်လှုပ်မှုများ၊ ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် ဒေါသထွက်မှုများတို့ကို ခံစားလိုက်ကြပေသည်။

ရှောင်လုံတို့ ၄ယောက်ထွက်ခွာသွားကြချိန်တွင် သူတို့နောက်မှ အကြည့်ပေါင်းများစွာကပ်ပါလာကြပေသည်။

ရှောင်လုံက လေလံပွဲကွင်းပြင်ဆီမှ ထွက်ခွာလာပြီးနောက်တွင် လမင်းဆင်းသက်ခြင်း အဘိုးအို ဆီမှ သတင်းပို့ချက်တစ်ခု ရရှိလာသောကြောင့် သူသည် တဲခိုခန်းသို့ မပြန်ခဲ့ပေ။ ရှောင်ဖေး ၊လျှိုယွင်နှင့် ချီဝမ်တို့နှင့်အတူ သူတို့လေး ယောက်သားသည် ကျားဖြူမြို့တော်၏ တောင်ဘက်ခြမ်းရှိ ခြံဝန်းတစ်ခုသို့ ရောက်ရှိသွားကြ ကာ အဘိုးအိုနှင့် ယန်ယီ တို့ကို တွေ့ဆုံလိုက်ကြပေသည်။

"ကောင်စုတ်လေး... ငါမင်းကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီလေ... ဒါပေမယ့် ဒီနေ့ မင်းက ပြန်ပေါ်လာတာနဲ့....ဒီအဘိုးကြီးကို သေလောက်အောင် ခြောက်လှန့်လိုက်တာပဲ"

ရှောင်လုံကို မြင်လိုက်တာနဲ့ အဘိုးအိုက အပြစ်တင်လိုက်လေသည်။

ရှောင်ဖေးက ပြုံးရွှင်စွာဖြင့် ခြေလှမ်းလှမ်းလိုက်ကာ သူမ၏ ဆရာမနှင့်ဆရာကြီး လမင်းဆင်းသက်ခြင်း အဘိုးအိုတို့ကို နှုတ်ဆက်လိုက်လေသည်။ လျှိုယွင် နှင့် ချီဝမ်တို့ကလည်း အကြီးအကဲနှစ်ယောက်ကို အလျှင်အမြန် ဂါရဝပြုလိုက်ကြသည်။

ယန်ယီက ပြုံးရွှင်စွာဖြင့် ရှောင်ဖေးကို သူမ၏နားဘေးသို့ဆွဲခေါ်လိုက်ပြီး လမင်းဆင်းသက်ခြင်း အဘိုးအိုကို ဝေဖန်လိုက်လေသည်။

"ကျွန်မပြောပါအုံးမယ်... ရှင်က သေလောက်အောင် ကြောက်ရွံ့သွားတာမှ မဟုတ်တာ ...ပျော်လွန်းလို့သေလုမတတ် ဖြစ်သွားတာလေ...ရှင့်ရဲ့ အဖိုးတန် တပည့်လေးကြောင့်သာ မဟုတ်ဘူးဆိုရင်... ဒီ နတ်ဘုရားဦးခေါင်းအပိုင်းအစကို ထိတွေ့နိုင်ဖို့ အခွင့်အရေးတောင် ရှင် ရနိုင်ပါ့မလား"

လမင်းဆင်းသက်ခြင်း အဘိုးအိုက မလုံမလဲ ရယ်မောလိုက်ရင်း ရှောင်လုံ၏ နောက်ကျောကိုရိုက်ချလိုက်လေသည်။

"ကောင်စုတ်လေး...ဒီနေ့ လေလံအိမ်တော်မှာ ပြုမူခဲ့တဲ့ မင်းရဲ့ အပြုအမူက မဆိုးဘူးပဲ ...မင်းရဲ့ဆရာ ငါ့လိုပဲ တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိတယ်ကွာ"

ရှောင်လုံက အဘိုးအိုကို မျက်လုံး လှန်ကြည့်လိုက်လေသည်။

ရှောင်ဖေး၊လျှိုယွမ်နှင့် ချီဝမ်တို့သည် ဘေး၌ တိတ်တခိုးရယ်မောလိုက်ကြသည် ။

ရှောင်လုံက နတ်ဘုရားဦးခေါင်း အပိုင်းအစကို ထုတ်ယူလိုက်ကာ လမင်းဆင်းသက်ခြင်း အဘိုးအိုကို ထုတ်ပေးလိုက်သည်။

"အဘိုး...နတ်ဘုရားဦခေါင်း အစိတ်အပိုင်းကို ယူသွားလိုက်တော့...ရှောင်ဖေးတို့ကို လည်း အဘိုးနဲ့ အတူ ပြန်ခေါ်သွားလိုက်ပါ"

ယခု အခါတွင် ရှောင်လုံက ပစ်မှတ်တစ်ခု ဖြစ်လာပြီမို့ ရှောင်ဖေးကို သေချာပေါက် သူ့၏ နံဘေးနားသို့ ထားလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အလွန်တရာ အန္တရာယ် များလှပေသည်။

လမင်းဆင်းသက်ခြင်း အဘိုးအိုသည် ရှောင်လုံ၏ စကားများကို နားလည်ကြပေသည်။

"မဟုတ်ဘူး...အကိုကြီးဟောင်..ညီမက အစ်ကိုနဲ့ပဲ အတူနေချင်တာ"

ရှောင်ဖေးက စိုးရိမ်တကြီး ငြင်းဆိုလိုက်လေသည်။

ရှောင်လုံက ခေါင်းရမ်းပြလိုက်လေသည်။

"ညီမ အစ်ကို အတွက် စိုးရိမ်ပူပန်နေစရာမလိုပါဘူး...အစ်ကို ပြောတာကို နားထောင်ပြီးတော့ ဆရာနဲ့အတူ သိုင်းဝိညာဥ် ကမ္ဘာ ကို ပြန်လိုက်သွားလိုက်ပါ...အစ်ကိုက တော့ နတ်ဆိုးပိုင်နက် ကုန်းမြေကြီးကို သွားဖို့ လိုနေသေးတယ်"

ရှောင်လုံက နတ်ဆိုး ပိုင်နက် ကုန်းမြေကြီးဆီသို့ သွားမည်ဖြစ်ကြောင်းအား ကြားလိုက်ရချိန်တွင် လူတိုင်းသည် အံ့ အားသင့်သွားကြလေသည်။

"ကောင်စုတ်လေး... မင်းက နတ်ဆိုးပိုင်နက် ကုန်းမြေကြီးကို သွားမလို့လား...အဲ့ဒီမှာ မရေတွက်နိုင်အောင်များပြားတဲ့ နတ်ဆိုး ဂိုဏ်းတွေ ရှိတယ်လေ... ပြီးတော့ အဲ့ဒီ နတ်ဆိုး ကျင့် ကြံသူတွေကလည်း ရက်စက်ပြီး သွေးဆာလွန်းတယ်ကွ...ငါတောင်မှပဲ ဂရုမစိုက်ဘဲ ဝင်မသွားရဲဘူး"

လမင်းဆင်းသက်ခြင်း အဘိုးအိုက ဖျောင်းဖျ ပြောဆိုလိုက်လေသည်။

ရှောင်လုံက ပြောလိုက်လေသည်။

"ကျွန်တော်က အဲ့ဒီကို ပစ္စည်းတစ်ခု သွားရှာချင်လို့ပါ"

လမင်းဆင်းသက်ခြင်းအဘိုးအို၊ ယန်ယီနှင့် ကျန်သူများ အားလုံးသည် သူ့ကို ဖြောင်းဖျ လာကြပေသည်။ သို့သော်လည်းရှောင်လုံက စိတ်ဝိညာဉ် တစ်ရာ သားရဲဘုရင်၏ စည်းခတ်ခံထားရသော ခန္ဓာကိုယ် အစိတ်အပိုင်းကို ရှာဖွေရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဤနည်းဖြင့်သာ သူက စိတ်ဝိညာဉ် ဝါးမြိုခြင်း ခန္ဓာ ကိုယ်ကို ကျင့်ကြံနိုင်မည်ဖြစ်သည်။

ထို့ကြောင့်လည်း နတ်ဆိုး ပိုင်နက်ကုန်းမြေကြီးက အန္တရာယ် များစေကာမူ သူသည် သေချပေါက်သွားရပေလိမ့်မည်။

ထို့အပြင် သူက အစစ်အမှန် အင်မော်တယ်အဆီအနှစ်အင်အားနှင့် သူ့၏ ပုံပန်းသွင်ပြင်ကို ပြောင်လဲ ပစ်နိုင်သောကြောင့် စိုးရိမ်ပူပန်နေစရာမလိုအပ်ပေ။

အဆုံး၌ ရှောင်လုံ၏ ချော့မော့ပြောဆိုမှုကြောင့် ရှောင်ဖေးသည် အဘိုးအိုနှင့် ယန်ယီတို့သည် နာနာခံခံ ထွက်ခွာသွားကြလေသည်။နတ်ဘုရားဦးခေါင်း အစိတ်အပိုင်းကိုလည်း လမင်းဆင်းသက်ခြင်း အဘိုးအို ဆီတွင် ထားရစ်ခဲ့လေသည်။

ရှောင်လုံက စိတ်ဝိညာဉ် တစ်ရာ သားရဲ ဘုရင်၏ နောက်ဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းနှင့် ကျားဖြူ နတ်မီးတောက်တို့ကို ရှာဖွေရန် ဆုံးဖြတ်ထားပေသည်။သူက သူ့၌ နတ်ဘုရားဥိီးခေါင်း အပိုင်းအစကို လေ့လာရန် အချိန်မရှိတော့ပေ။ထို့ကြောင့် လမင်းဆင်းသက်ခြင်း အဘိုးအိုနှင့် ယန်ယီတို့ထံတွင် အချိန်တစ်ခုကြာသည်အထိ ထားခြင်းက ပိုမိုကောင်းမွန်ပေသည်။

သူက မဟာနတ်ဘုရားအဆင့်သို့ ဝက်ရောက်သွားပြီး သူ့၏ ကိုယ်ပိုင်  နတ်ဘုရား၏ နိယာမကို ရရှိသည့် အချိန်မှသာ ထိုနတ်ဘုရားဦးခေါင်း အပိုင်းအစကို လေ့လာသင့်ပေသည်။

ရှောင်ဖေးက လမင်းဆင်းသက်ခြင်း အဘိုးအို ၊ ယန်ယီ ၊ အခြားသူများနှင့် အတူ ထွက်ခွာသွားပြီးနောက်တွင် ရှောင်လုံသည် ခြံဝန်းထဲ၌ လဝက်မျှ ဆက်လက်နေထိုင်ခဲ့ပေသည်။လဝက်ကြာပြီးနောက် သူက သူ့၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် ပုံပန်း သဏ္ဍာန်တို့အားပြုပြင်လိုက်သည်မို့ ကြမ်းတမ်းကာ ကြံ့ခိုင်သန်မာသော သတ်လတ်ပိုင်း လူတစ်ယောက်အသွင် ပြောင်းလဲ သွားပေသည်။မည်သူ့ကိုမှ သိရှိစေခြင်း မရှိဘဲ ရှောင်လုံသည် မြောက်များစွာသော အင်အားစုများ၏ ပိတ်ဆို့မှု ကြားမှ နေ၍ မိုးကောင်းကင် နတ်ဘုရား ကုန်းမြေ ကြီးမှ ထွက်ခွာသွားပေသည်။

၆ရက်ကြာပြီးနောက်  အဖြူရောင်ကျားကြယ်စင်စုထဲရှိ နတ်ဆိုးပိုင်နက် ကုန်းမြေကြီး၏ လေထု အလွှာသည် စုတ်ပြဲသွားလေပြီး ဟင်းလင်းပြင်ထဲမှ ပုံရိပ်တစ်ခုသည် လမ်းးလျှောက်လျှက် ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် အခြားသူမဟုတ်ဘဲ မိုးကောင်းကင်နတ်ဘုရား ကုန်းမြေကြီးဆီမှ တိတ်တဆိတ် ထွက်ခွာလာသော ရှောင်လုံဖြစ်ပေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၈.....အနီရောင်နတ်ဆိုးမြို့တော် 

ရှောင်လုံက သူ့၏ ပတ်ပတ်လည်သို့ အကဲခတ်လိုက်လေသည် ။ အနက်ရောင် စွမ်းအင် လှိုင်းတို့သည် မြူခိုး တစ်ခု နှယ် ပြန့်နှံ့နေပြီး အလွန်တရာ ဆိုးယုတ်လှသော အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။ထိုအနက်ရောင်စွမ်းအင်များသည် နတ်ဆိုးချီများ ဖြစ်ပြီး နတ်ဆိုးပိုင်နက် ကုန်းမြေကြီး တစ်ခုလုံးကို လွှမ်းခြုံထားပေသည်။

နတ်ဆိုးချီသည်  နတ်ဆိုးကျင့်ကြံသူများ အလွန်တရာ နှစ်သက်ဆုံးသော စွမ်းအင်ဖြစ်ပြီးထိုစွမ်းအင်က  သူတို့၏ ကျင့်စဥ်များ တိုးတတ်မှုတွင် ကြီးမားစွာ အထောက်အကူပြုပေသည်။ သို့သော်လည်း အခြားကျင့်ကြံသူများအတွက်မူ နတ်ဆိုးချီသည် အန္တရာယ် များလှသော စွမ်းအင်ဖြစ်သည်။သူတို့က ထိုစွမ်းအင်ကို စုပ်ယူမိသွားသည်နှင့် ဖျက်ဆီးပစ်ရန် ခက်ခဲလှသည်။ ထို့အပြင် သူတို့၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားသော နတ်ဆိုးချီကြောင့် များစွာဒုက္ခ ရောက်သွားနိုင်ပြီးအသိစိတ်မရှိတော့သော နတ်ဆိုး တည်ရှိမှု တစ်ခုအသွင် ပြောင်းလဲသွားပေလိမ့်မည်။

ထို့ကြောင့် နတ်ဆိုးပိုင်နက် ကုန်းမြေကြီးပေါ်တွင် နတ်ဆိုးကျင့်ကြံခြင်း ဂိုဏ်းများသည် မိုးဦးကာလ၌ တောထဲတွင် ပေါက်ရောက်သည့် မှိုများနှယ် များပြားလှပေသည်။နတ်ဆိုးကျင့်ကြံသူများသည် ပို၍ပင်များပြားလှလေပြီး အသိစိတ်ပျောက်ဆုံးနေသော နတ်ဆိုးသက်ရှိများသည်လည်း ထိုနေရာ၌ ရှိနေပေသည်။

သို့သော် ရှောက်လုံကမူ နတ်ဆိုးနည်းစနစ်ကိုကျင့်ကြံထားပြီး လိပ်နက် နတ်မီးတောက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက်တို့ကို ပိုင်ဆိုင်ထားသောကြောင့် နတ်ဆိုးချည်သည်သူ့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။အတိအကျဆိုရသော် အချို့သော နတ်ဆိုးချီများသည် သူ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန်တွင် သူ့၏ နတ်ဆိုးချီများသည် ပိုမို သိပ်သည်းလာကြောင်း သတိထားမိလေသည်။ဤ သည်မှာ အလွန်အမင်းနည်းပါးလှသော်လည်း ရှောင်လုံက သတိထားမိလေသည်။

သူက ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သူ့၏ ရုပ်ရည် အသွင်အပြင်ကို ခဏမျှ ပြုပြင်လိုက်ပြီး ဖရိုဖရဲဖြစ်နေသော မီးခိုရောင်ဆံပင်နှင့် အရိုးတမျှ ပိန်ပါးလှသော အဘိုးအိုတစ်ယောက်အသွင် ပြောင်းလိုက်လေသည်။နတ်ဆိုးနည်းစနစ်ကို လှည့်ပတ်လိုက်ချိန်တွင် သူ့၏ မျက်လုံးများသည် သွေးနီရောင် ထွက်ပေါ်လာပြီး အေးစက်စက် အရှိန်အဝါက ခေါင်းမှ ခြေဖျားထိ ထုတ်လွှတ်နေကာ အစစ်အမှန် နတ်ဆိုးကျင့်ကြံသူ တစ်ယောက်နှင့် ခြားနားခြင်း မရှိတော့ပေ။

သူက အနက်ရောင် ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်ပြီးနောက် အရပ်မျက်နှာ တစ်ခုသို့ ဦးတည်လိုက်ကာ ရှေ့သို့ ပျံသန်းလိုက်လေသည်။

တစ်နာရီကြာပြီးနောက်သူသည် မြို့တော်တစ်ခု၏ အနီးသို့ ရောက်ရှိ သွားပေသည်။ ထိုမြို့တော်၏ နံရံများသည် ၉၉မီတာ မြင့်မားပြီး နတ်ဆိုးကျောက်တုံးဟု ခေါ်သော သတ္ထု တစ်မျိုးဖြင့် ပြုလုပ်ထားကြောင်းသူ သတိထားမိလိုက်လေသည်။မြို့တော်နံရံများ၏ ထိပ်ဖျားတွင် များပြားလှသော စိမ်းနက်ရောင် ချီစွမ်းအင် များက မျောလွင့်နေပေသည်။

နတ်ဆိုးကျောက်တုံးများသည် အချိန်တိုင်း နတ်ဆိုးချီကို ထုတ်လွှတ်နေပြီး အချိန်တိုင်း နတ်ဆိုး ကျင့်ကြံသူများကို များစွာ အကျိုးဖြစ်ထွန်းစေနိုင်သည်။

အနီရောင် နတ်ဆိုးမြို့တော် ။

ရှောင်လုံက မြို့တော်ဂိတ်၏ အထပ်သို့ ကြည့်လိုက်ချိန်တွင် ရှေး ဟောင်း ဘာသာစကား များဖြင့် ရေးသားထားသော မြို့တော်နာမည် စာလုံး သုံးလုံးကို မြင်လိုက်ရပေသည်။' အနီရောင် နတ်ဆိုးမြို့တော်'ဆိုသည့် စာလုံးသုံးလုံးတွင်ပါဝင်နေသော ဆိုးဝါးလှသည့် အင်အားသည် ကြည့်မိသူတိုင်းကို ထက် မကြည့်လောက်အောင် ထက်ရှနေပေသည်။

သိသာစွာဖြင့် ထိုစာလုံးသုံးလုံးကို အနည်းဆုံး  သို့ ေရာက်ရှိနေပြီး သူတို့၏ ကိုယ်တိုင် နတ်ဘုရား နိယာမကို နက်နက်ရှိုင်းရှိုင်းနားလည်ထားပြီးဖြစ်သော အင်အားကြီးမားလှသည့် နတ်ဆိုး အဘိုးအို တစ်ယောက်က ရေးသားထားခြင်း ဖြစ်ပေလိမ့်မည်။

'နတ်ဘုရား အဆင့်၂'

ရှောင်လုံသည် တစ်ခဏမျှ မောပန်းသွားသလို ခံစား ရပေသည်။

ကြယ်စင်စု ၄စုထဲတွင် မဟာနတ်ဘုရား အဆင့် ၁ သိုင်းပညာ ရှင်များကို နည်ပါးသည် ဟု ဆိုနိုင်သော်လည်း အလွန်အမင်း နည်းပါးနေခြင်း မရှိပေ။ထိပ်တန်းအင် အားစု များ၏ ခေါင်းဆောင်များသည် မဟာ နတ်ဘုရား အဆင့် ၂ ခေါင်းဆောင် များဖြစ်ကြပြီး မဟာ နတ်ဘုရား အဆင့် ၂ သိုင်းပညာ ရှင်များမှာမူ တကယ့်ကို နည်းပါးလှပေသည်။ မဟာ ထိပ်တန်း အင်အားစုများ၏ ဘိုးဘေးများသည်ပင် မဟာနတ်ဘုရား အဆင့် ၂ သိုင်းပညာရှင် ဖြစ်နေသူများ နည်းပါးလှပေသည်။

ထို့ကြောင့်လည်း ရှောင်လုံသည် မဟာနတ်ဘုရား အဆင့် သိုင်းပညာရှင်များကို နှစ်စဥ်ကြေး အဆင့်မြင့် နတ်ဘုရား အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၂၀၀ဖြင့် ကမ်းလှမ်းခဲ့စဥ်က လက်တစ်ဆုပ်စာမျှသော ပမာဏသည်သာ ဟောင်မိသားစု အိမ်တော်သို့ ရောက်ရှိလာကြပေသည်။

ဤသည်မှာ မဟာ နတ်ဘုရား အဆင့် ၂ သိုင်းပညာရှင်များသည် ထို ပမာဏကို စိတ်ဝင်စားခြင်းကြောင့် မဟုတ်ပဲ ကြယ်စင်စုလေးစု၌ ထိုမျှ အဆင့်ရှိသော သူ များစွာ မရှိသောကြောင့် ဖြစ်သည်။

ရှောင်လုံက သူ့၏ အကြည့်ကို ရုတ်သိမ်းလိုက်ပြီးနောက် ပိုမို သတိထားလိုက်ကာ မြို့တော် ဂိတ်များဆီသို့ ဦးတည်လိုက်လေသည်။ သို့သော်လည်း သူက မြို့တော်ဂိတ်များ ဆီသို့ ဦးတည်လိုက်ချိန်တွင် နတ်ဆိုးဂိုဏ်း တပည့်တစ်ယောက်သည် သူ့၏ လမ်းကို လာရောက် ပိတ်ဆို့လာပေသည်။ ထိုတပည့်က ယဥ်ကျေးစွာဖြင့် တောင်းဆိုလာပေသည်။

"ဆရာကြီး...ဆရာကြီးရဲ့ သက်သေခံတံဆိပ်ပြားကို ပြပေးပါခင်ဗျား"

"သက်သေခံတံဆိပ်ပြားလား"

ရှောင်လုံက မေးမြန်းလိုက်လေပြီး မျက်မှောင် ကျုံ့လိုက်လေသည်။အနီရောင် နတ်ဆ်ုး မြို့တော်သို့ ဝင်ရောက် ရန် သက်သေခံတံဆိပ်ပြား လို အပ်သည် လား။

ရှောင်လုံ၏ အမူ အရာက သိသိသာသာ မရွှင်မလန်း ဖြစ်နေစေကာမူ နတ်ဆိုးဂိုဏ်း တပည့်က ယဥ်ကျေးစွာ ဆက်ဆံနေဆဲဖြစ်သည်။

"ဆရာကြီးမှာ ကျွန်တော်တို့ အနီရောင် နတ်ဆိုး မြို့တော်ရဲ့ သက်သေခံ တံဆိပ်ပြား မရှိဘူးဆိုရင်...ဆရာကြီးက ဆရာကြီး ရဲ့ နာမည်ကို ပြောပြီးတော့ ပိုင်ဟူ ဒင်္ဂါး တစ်သောင်းကိုဝင်ကြေးအဖြစ် ပေးလိုက်တာနဲ့...ဆရာကြီးက ကျွန်တော်တို့ အနီရောင် နတ်ဆိုး မြို့တော်ရဲ့ သက်သေခံတံဆိပ်ပြားကို ရရှိသွားမှာပါခင်ဗျား...အဲ့ဒီ အချိန်ကြရင်...ဆရာကြီးက အနီရောင် နတ်ဆိုး မြို့တော်ထဲသို့ အလွယ်တကူ ဝင်နိုင်ထွက်နိုင်သွားပါလိမ့်မယ် ခင်ဗျား"

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။ထို့နောက်သူက ပိုင်ဟူဒင်္ဂါး တစ်သောင်းကို ပေးလိုက်လေသည်။

ခဏကြာပြီးနောက် ရှောင်လုံသည် သက်သေခံ တံဆိပ်ပြားကို ရရှိသွားလေပြီး အနီရောင် နတ်ဆိုး မြို့တော်ထဲသို့ ဝင်ရောက်လိုက်လေသည်။

မြို့တော်ထဲသို့ လှမ်းလျှောက်လိုက်ချိန်တွင် ရှောင်လုံသည် သူမျှော်လင့်ထားသည် ထက် ပို မို ကြီးမားနေကြောင်း တွေ့ လိုက် ရပေသည်။ ထို့အပြင် မိုးကောင်းကင် နတ်ဘုရား ကုန်းမြေကြီးပေါ်မှ ကျားဖြူ မြို့တော် ထက်ပင် အဆပေါင်းများစွာ ကြီးမားနေပေသေးသည်။

တစ်ဖက်တွင်မူ မြို့တော်က ကြီးမားလှသော်လည်း လူအသွားအလာ ကျဲပါးသောကြောင့် င့် င့် လမ်းမများသည် တိတ်ဆိတ်ငြိမ်သက်နေပေသည်။

လေနှင့် မုန်တိုင်း ဟု အမည်ရသော ဆိုင်ခန်းကြီးတစ်ခုကို ဖြတ်သန်းသွားချိန်တွင် ရှောင်လုံသည် ရုတ်တရက်ဖြစ်ပေါ်လာသော ဆန္ဒကြောင့် ဝင်ရောက်သွားလိုက်လေသည်။ထိုဆိုင်ထဲတွင် နတ်ဘုရား အဆင့် ၁၀ နောက်ပိုင်း မိစ္ဆာ သားရဲ အလောင်းများကို ခင်းကျင်းထားပေသည်။ နတ်ဘုရားအဆင့် ၁၀နောက်ပိုင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသော မိစ္ဆာ သားရဲများကိုလည်း တွေ့ရပေသည်။ ထို့အပြင် သူက နတ်ဘုရား အဆင့် ၁၀နောက််ပိုင်း အဆင့် မိစ္ဆာ သားရဲ အမြုတေများကိုလည်း တွေ့လိုက်ရပေသည်။

နတ်ဆိုး ကျင့်ကြံသူများ အသုံးပြုသည့် အချို့သော လက်နက် များအပြင် နတ်ဆိုး ကျင့်ကြံသူ၏ ခွန်အားကိုတိုးတက်စေနိုင်သောနတ်ဘုရား အဆင့် ဆေးလုံးများနှင့်  အခြား ပစ္စည်း များစွာလည်း ရှိပေသည်။  သူ့အား အံအားသင့်သွားစေနိုင်သော ရှေးဟောင်း နတ်ဆိုး ဂိုဏ်းများ၏ ကျင့်ကြံခြင်း နည်းစနစ်များနှင့် သိုင်းပညာများကိုလည်း ရှောင်လုံ တွေ့လိုက်ပေသည်။

ထိုပစ္စည်းများ အားလုံးကို လေလံတင်လိုက်မည် ဆိုပါက တစ်ခု ချင်းစီတိုင်းသည် ပြင်ပ ကမ္ဘာရှိ လူတိုင်းကို စိတ်လှုပ်ရှားမှုကြောင့် ရူးသွပ်သွားစေလိမ့်မည်။သို့သော်လည်း ဤနေရာ၌မူ အမှတ်တမဲ့ အဖြစ်နဲ့သာ ခင်းကျင်းပြသထားသည်တဲ့လား။

"ဒီအစ်ကိုက ဘာကို ဝယ်ချင်နေလဲဆိုတာကို ကျုပ်မေးလို့ရမလား"

ကောင်တာဆီမှ သန်မာထွားကြိုင်းသော သက်လတ်ပိုင်း လူတစ်ယောက်ထွက်ပေါ်လာပြီး အပြုံးတစ်ခုဖြင့် ရှောင်လုံကို မေးလိုက်လေသည်။

ထိုသံမာ ထွားကြိုင်းသော သက်လတ်ပိုင်း လူသည် ခင်မင် နှစ်လိုဖွယ် ကောင်းသော်လည်း ရှောင်လုံသည် သူ့ထံမှ အန္တရာယ် အငွေ့ အသတ်ကို ရရှိလိုက်လေသည်။

နောက်တစ် ခဏ၌ ထို သက်လတ်ပိုင်းလူသည် နတ်ဘုရား အဆင့် ၁၀နောက်ပိုင်း အထွတ် အထိပ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သတိထားမိလိုက်လေသည်။ထို့အပြင် သူက အလွန်တရာ စွမ်းအားကြီးလှသော ရှေးဟောင်း နတ်ဆိုးဂိုဏ်း ၏ ကျင့်စဥ်ကို ကျင့်ကြံထားဟံန်ရသည်။ ထိုသက်လတ်ပိုင်း လူသည် မဟာနတ်ဘုရား အဆင့်တက်ရောက်မှု စာရင်း ပေါ်ရှိ ဝမ်လုံထက် ဆယ်ဆ ပိုမို သန်မာပေသည်။ထို့အပြင် သာမာန် မဟာနတ်ဘုရား အဆင့် ၁ အစော ပိုင်း အဆင့် သိုင်းပညာရှင် တစ်ယောက် ထက်ပင် သန်မာနေသေးသည်။

ထိုသို့သော မမျှော်လင့်ထားသည့် တွေ့ရှိမှုသည် ရှောင်လုံကို အံ့အားသင့်သွားစေသည်။

ဤသည်မှာ မဟာနတ်ဘုရားအဆင့် အောက်တွင် သူ့အပြင် မဟာနတ်ဘုရားအဆင့် ၁ အစောပိုင်းအဆင့် သိုင်းပညာရှင်၏ ခွန်အားနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသော တစ်စုံတစ်ယောက် ကို တွေ့ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို သတ်လတ်ပိုင်းလူသည် မဟာနတ်ဘုရားအဆင့် အောက် သူတွေ့ဖူးသမျှထဲ၌ အသန်မာဆုံးသော သူ ဖြစ်ပေသည်။

ရှောင်လုံက အံ့အားသင့်သွားသလို သတ်လတ်ပိုင်းလူကမူ ပိုမို တုန်လှုပ်သွားရပေသည်။ သူက ရှောင်လုံ၏ အစစ်အမှန်ခွန်အားကို ဖောက်မြင်နိုင်စွမ်းမရှိကြောင်း သိရှိလိုက်ရပေသည်။ ထိုနေရာ၌ ရပ်နေရင်း ရှောင်လုံဆီမှ သူ့ဆရာ ကဲ့သို့ မခန့်မှန်းနိုင်သော ထူးခြားဆန်းကြယ်မှုကို သူ ခံစားနေရသည်။

သို့သော်လည်း သူ့၏ဆရာသည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ဖြစ်ပြီး သူ့အရှေ့ရှိ သူမှာမူ သူ့ကဲ့သို့ပင် နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်နေပေသည်။

"ကျုပ်က ကိစ္စတစ်ခု စုံစမ်းချင်လို့ပါ"

ရှောင်လုံက ခဏမျှရပ်တန့်လိုက်ပြီးနောက် ထိပ်တန်း နတ်ဘုရားအဆင့်စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးကို သတ်လတ်ပိုင်း လူဆီသို့ ပစ်ပေးလိုက်လေသည်။

သန်မာတောင့်တင်းသော သတ်လတ်ပိုင်းလူသည် ထိပ်တန်း နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို အလွယ်တကူ ဖမ်းလိုက်ပြီး သူ့၏ မျက်လုံးများက တောက်ပသွားလေသည်။ ထို့နောက် သူက ချိုချိုသာသာ ပြုံးလိုက်ကာ မေးလိုက်သည်။

"ဒီကအစ်ကိုက ဘာများ မေးမြန်းချင်ပါသလဲ ခင်ဗျာ"

ရှောင်လုံသည် နတ်ဆိုးပိုင်နက် ကုန်းမြေကြီး နှင့် အနီရောင်နတ်ဆိုးမြို့တော် ၏ မြေပြင်အခြေအနေအကြောင်းကို မေးမြန်းလိုက်လေသည်။ သတ်လတ်ပိုင်းလူဆီမှ နတ်ဆိုးပိုင်နက်ကုန်းမြေကြီး ပေါ်တွင် အဓိကအင်အားစု လေးခုရှိကြောင်း ရှောင်လုံ သိလိုက်ရသည်။ ၎င်းတို့မှာ မီးတောက်နတ်ဆိုးဂိုဏ်း၊ တစ္ဆေမကောင်းဆိုးဝါး ချိုင့်ဝှမ်း၊ သွေးမိစ္ဆာအိမ်တော် နှင့် အနီရောင်နတ်ဆိုးမြို့တော် တို့ ဖြစ်သည်။

အဓိကအင်အားစု လေးခု အပြင် ထောင်ပေါင်းများစွာသော နတ်ဆိုးဂိုဏ်းကြီး ဂိုဏ်းငယ်များလည်း ရှိပေသည်။ ပထမအဆင့် အင်အားစုများသည် တစ်ရာကျော်မျှသာ ရှိသော်လည်း သူတို့က အဓိကအင်အားစု လေးခုအပေါ် မှီခိုနေပေသည်။

ရှောင်လုံကို တုန်လှုပ်စေသည်မှာကား အဓိကအင်အားစု လေးခုစလုံးတွင် မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအဆင့် သိုင်းပညာရှင်များ ရှိနေခြင်းပင် ဖြစ်သည်။အပေါ်ယံ အင်အားမျှနှင့်ပင် ထိုအင်အားစု တစ်ခုချင်းစီတိုင်းသည် အဖြူရောင်ကျားတက္ကသိုလ် ကို ယှဥ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ထို သတ်လတ်ပိုင်း လူက သူသည် အနီရောင်နတ်ဆိုးမြို့တော် ၏ မြို့တော်ဝန် ချီမို၏ အကြီးဆုံး တပည့် ပိုင်လွေ့ဂူ ဖြစ်ကြောင်း မိတ်ဆက်လာပေသည်။

ဤသည်ကို နားထောင်နေရင်း ရှောင်လုံသည် ခဏမျှ မျက်မှောင်ကြုတ်လိုက်မိသည်။

တစ်နာရီ ကြာပြီးနောက် ပိုင်လွေ့ဂူ သည် ရှောင်လုံကို ဆိုင်အပြင်ဘက်ထိ ကိုယ်တိုင် လိုက်ပို့လိုက်လေသည်။

ရှောင်လုံ ထွက်ခွာသွားသည်ကို ကြည့်ရင်း ပိုင်လွေ့ဂူ သည် ဆိုင်၏ အလုပ်သမားတစ်ယောက်ကို ဆင့်ခေါ်လိုက်ရင်း အမိန့်ပေးလိုက်လေသည်။

"ဆရာ့ကို ဒီလူအကြောင်း သတင်းပို့လိုက်"

"ဟုတ်ကဲ့...ဂိုဏ်းတူအစ်ကိုကြီး"

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၉ ..... အရိုးနတ်ဆိုး

အနီရောင်နတ်ဆိုး မြို့တော်၏ အနောက်ဘက်တွင် ကြီးမားလှသော အနက်ရောင် ခံတပ်ကြီး တစ်ခု ရှိနေပေသည်။ အနက်ရောင်ခံတပ်ကြီး၏ နယ်မြေထဲတွင် မိစ္ဆာတောင် တစ်ခု မျောလွင့်နေပြီး လူငါးယောက် ထိုင်နေပေသည်။

ထိုငါးယောက်သည် အားကောင်းလှသော အော်ရာကို ထုတ်လွှတ်ထားကြပြီး သူတို့၏ ပတ်ပတ်လည်တွင် နတ်ဆိုးချီ လှိုင်းလုံးများ ထွက်ပေါ်နေပေသည်။သူတို့ အသက်ရှုလိုက်ချိန်တိုင်း ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးစစ်တပ်ကြီး ဟိန်းဟောက်လိုက်သည်နှင့် တူနေပေသည်။ သူတို့ငါးယောက်လုံးသည် မဟာနတ်ဘုရား အဆင့် သိုင်းပညာရှင်များ ဖြစ်ကြပေသည်။

အထူးသဖြင့် အလယ်၌ ထိုင်နေသော အနီရောင် ဆံပင်နှင့် အဘိုးအိုသည် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အော်ရာကို ထုတ်လွှတ်နေပေသည်။သူ့၏ ဦးခေါင်း အထက်တွင် အနီရောင် နတ်ဆိုး တိမ်တိုက်များသည်  သူ့၏ ဝင်သက်ထွက်သက်တိုင်း၌ လှည့်လည် ပေါင်းစီးနေကြပေသည်။

သူ့၏ အထက် ဟင်းလင်းပြင်ဆီမှ တောက်ပလှသော နီညိုရောင် အလင်းတန်းဖြာကျလာပြီး မိုးရေစက်များနှယ် လူငါးယောက်လုံးပေါ်သို့ ကျဆင်လာပေသည်။

ဟင်းလင်းပြင်ဆီမှ နီညိုရောင် အလင်းတန်းများသည် တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားပြီးနောက် ကျင့်စဥ် ကျင့်ကြံနေကြသော ငါးယောက်သည် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြသည်။

"အစ်ကိုကြီး ဒီကျင့်စဥ် အတိုင်သာဆိုရင် ကျွန်တော်တို့ရဲ့ တစ္ဆေ ငါးကောင် စိတ်ဝိညာဉ် သော့ခတ်ခြင်း ရက်စက်မှု တံဆိပ်တော်က မကြာခင် ပြည့်စုံမှု အဆင့်ကို ရောက်ရှိသွားပေမယ်"

ငါးယောက်ထဲမှ အနည်းငယ် ဝသော အဘိုးအိုက အလယ်၌ ထိုင်နေသည့် အနီရောင် ဆံပင်နှင့် လူကိုပြောလိုက်လေသည်။

"အမှန်ပဲ...ကျွန်တော်တို့ရဲ့ တစ္ဆေငါးကောင် စိတ်ဝိညာဉ် သော့ခတ်ခြင်း ရက်စက်မှု တံဆိပ်တော်က ပြည့်စုံမှု အဆင့်ကို ရောက်ရှိသွားမယ်ဆိုရင်... နောက်တစ်ခေါက် နတ်ဆိုးဂူ ဖွင့် လှစ်တဲ့ အချိန်မှာ... တစ္ဆေ မကောင်းဆိုးဝါး ချိုင့် ဝှမ်းက တစ္ဆ အိုကြီးတွေ ကျုပ်တို့ ရှေ့မှာ မောက်မာရဲအုံးမလားဆိုတာကို ကြည့်ရသေးတာပေါ့ "

ညီ အစ်ကို များထဲမှ နောက်တစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

အလယ်၌ ထိုင်နေသော အနီရောင် ဆံပင်နှင့် အဘိုးအိုက ခေါင်းညိတ်ကာ ပြုံးလိုက်လေသည်။ သူ့၏ မျက်လုံးထဲ၌ ထက်ရှသည့် အနက်ရောင်အလင်းတစ်ချက် လက်သွားသည်။

"ဒီတစ်ခါ နတ်ဆိုးဂူ ဖွင့်တဲ့အချိန်ကျရင်...မိစ္ဆာနတ်ဆိုး ပုတီးစေ့က ငါတို့အပိုင်ပဲ ဖြစ်ရမယ်"

သူတို့၏ နားစည်ကွဲမတတ် ရယ်မောသံ က တံခါးပိတ် ကျင့်ကြံရာနေရာတစ်ခွင်သို့ ပျံ့နှံသွားလေသည်။ အနီရောင်ဆံပင်နှင့်အဘိုးအိုသည် ရယ်နေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သုက ထိုထဲရှိ သတင်းပို့ချက်ကို ဖတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

"အစ်ကိုကြီး...ဘာဖြစ်လို့ လဲ"

ဝဖိုင့်ဖိုင့် အဘိုးအိုက ထူးဆန်းသလိုခံစားလိုက်ရပြီး မေးလိုက်သည်။

ကျန်သည့် သုံးယောက် ကလည်း အနီရောင်ဆံပင်နှင့် အဘိုးအိုကို ကြည့်လိုက်ကြသည်။

"အခုလေးတင်ပဲ...လွေ့ဂူတောင် ဖောက်မြင်နိုင်စွမ်း မရှိတဲ့ ခွန်အားရှိတဲ့ လူစိမ်းတစ်ယောက်က.... အနီရောင်နတ်ဆိုးမြို့တော် ထဲကို ဝင်လာတယ်လို့ သတင်းပို့လာတယ်"

အနီရောင်ဆံပင်နှင့်အဘိုးအိုသည် သူ့၏ ညီအစ်ကို လေးယောက် ကို ရှောင်လုံ၏ ပုံစံအား ရှင်းပြလိုက်လေသည်။

ထို အနီရောင်ဆံပင်နှင့်အဘိုးအိုသည် အခြားသူမဟုတ်ဘဲ ပိုင်လွေ့ဂူ၏ ဆရာ ၊ အနီရောင်နတ်ဆိုးမြို့တော် ၏ မြို့တော်ဝန် ဖြစ်သည်။ ကျန်သည့် လေးယောက်မှာ အနီရောင်နတ်ဆိုးမြို့တော် ၏ လက်ထောက် မြို့တော်ဝန်များ ဖြစ်ပေသည်။

အနီရောင်ဆံပင်နှင့် အဘိုးအို၏ စကားများကို နားထောင်ရင်း သူတို့လေးယောက်သည် ရှောင်လုံကို စိတ်ဝင်စားလာကြသည်။

"အဲ့ဒီလူက ထိပ်တန်း နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်တယ်ဆိုတော့...သူ့ဆီမှာ အဖိုးတန်ရတနာတွေ အများကြီး ရှိမှာ သေချာတယ်"

ငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ရှည်မျောပိန်လှီသော ခန္ဓာကိုယ် ရှိပြီး အစိမ်းရောင်မျက်လုံးများနှင့် အဘိုးအို က အန္တရာယ်ရှိစွာ ရယ်မောလိုက်သည်။

ထိုသူကို အရိုးနတ်ဆိုးဟု ခေါ်ပြီး ငါးယောက်ထဲ၌ အဆင့်လေး ဖြစ်သည်။

"ညီလေး ၄...လွေ့ဂူ ပြောပုံအရဆိုရင်...အဲ့ဒီသူက ရိုးရှင်းတဲ့ပုံ မပေါ်ဘူး...သူက အပေါ်ယံ မှာ နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် ဆိုပေမယ့်...မင်း ဂရုမစိုက်ဘဲ မနေသင့်ဘူး"

အနီရောင်နတ်ဆိုး ရှီကျိုးထန်က သတိပေးလိုက်သည်။

ရှီကျိုးရှင်းက ဂရုမစိုက်စွာ ရယ်မောလိုက်သည်။

"အစ်ကိုကြီး...အစ်ကိုကြီး က အစိုးရိမ်လွန်နေတာပါ...ဒါက နတ်ဘုရာအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ် အဆင့် ကျင့်ကြံသူ လေးပါပဲ...သူက ဘယ်လောက်ထိများ သန်မာနိုင်မှာတဲ့လဲ...သူက ကျုပ်လို မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့်သိုင်းပညာရှင် တစ်ယောက် မကိုင်တွယ်နိုင်လောက်တဲ့အထိ သန်မာနိုင်ပါ့မလား"

အနီရောင်ဆံပင်နှင့်အဘိုးအိုက တွေဝေသွားကာ ခေါင်းညိတ်လိုက်ပြီး စကားထပ်မပြောတော့ပေ။ ဟုတ်ပေသည်...နတ်ဘုရားအဆင့်သိုင်းပညာရှင်က မည်မျှ သန်မာနေသည် ဖြစ်ပါစေ မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့်သိုင်းပညာရှင် တစ်ယောက် ကို ကျော်လွန်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

တစ်ဖက်တွင်မူ ရှောင်လုံသည် ပိုင်လွေ့ဂူ၏ ဆိုင်မှ ထွက်ခွာခဲ့ပြီးနောက် အနီရောင်နတ်ဆိုးမြို့တော် ၌ ဆက်လက် နေထိုင်ခဲ့သည်။ ဤ အနီရောင်နတ်ဆိုးမြို့တော် သည် ထိပ်တန်းအင်အားစုကြီး လေးစုထဲမှ တစ်ခု ဖြစ်သောကြောင့် သူက တည်းခိုဆောင်တစ်ခုကို ရှာကာ ခြံဝန်းတစ်ခု ငှားရမ်းထားခဲ့သည်။ သူက ဤနေရာတွင် ရက်အနည်းငယ် နေထိုင်ကာ စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ စည်းခတ်ခံထားရသောခန္ဓာကိုယ် အစိတ်အပိုင်း ၏ တည်နေရာကို ရှာဖွေရန် စီစဥ်ထားပေသည်။

ယခုအခါ၌ သူ့၏ အကြီးမားဆုံးပြဿနာမှာကား စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏စည်းခတ်ခံထားရသောခန္ဓာကိုယ်အစိတ်အပိုင်း မည်သည့်နေရာ၌ စည်းခတ်ခံထားရကြောင်းကို တစ်ခုတစ်လေမှ မသိရှိထားခြင်းပင် ဖြစ်သည်။ သူက တည်နေရာကို သိရှိနိုင်ခဲ့မည်ဆိုလျှင် ပိုမိုလွယ်ကူသွားပေလိမ့်မည်။

သို့သော်လည်း ရှောင်လုံက ကမ္ဘာတစ်ထောင် မီးဖိုကို ထုတ်ယူကာ နွေဦး ဆောင်းဦး အသက်ရာချီ နတ်ဆေးလုံး အချို့ကို သန့်စင်ဖော်စပ်ရန် ပြင်ဆင်လိုက်ချိန်တွင် ရှေးခေတ်ကာလဆီမှ အားကောင်းလှသော ထက်ရှလှသည့် ဓားတစ်ချောင်းနှယ် အင်အားကြီးမားလှသည့် နတ်ဘုရားဆန္ဒသည် လေဟာနယ်ကို ဖြတ်သန်းဝင်ရောက်လာပေသည်။ ၄င်း နတ်ဘုရား ဆန္ဒသည် သူ့၏ စိတ်ဝိညာဉ် ပင်လယ်ဆီသို့ ဦးတည်ဝင်ရောက်လာခြင်းဖြစ်သည်။

ရှောင်လုံ၏ မျက်လုံးများသည် အန္တရာယ် ရှိစွာ မှေးကျဥ်းသွားလေပြီး အေးအေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

စက္ကန့်ပိုင်းအတွင်း သူ့၏ စိတ်ဝိညာဉ် ပင်လယ်သည် တောက်ပလှသော အလင်းများနှင့်ပြည့်နှက်သွားပြီး ကျူးကျော်ဝင်ရောက်လာသောထက်ရှလှသော ရှေးဟောင်း ဓားရှည်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်လေသည်။ ထို့နောက် ရှောင် လုံသည် ရပ်တန့်သွားခြင်း မရှိဘဲ ဟင်းလင်းပြင်ထဲရှိ နေရာတစ်ခုသို့ လက်ဝါးဖြင့် ရိုက်နှက်လိုက်လေသည်။

ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသံကြီးသည် ကျယ်လောင်စွာ မြည်ဟည်းသွားသောကြောင့် အနီရောင် နတ်ဆိုး မြို့တော်ထဲ ရှိသူများအားလုံး ကြားရနေပေသည်။

ရှည်လျား ပိန်လှီသော အဘိုးအို တစ်ယောက်သည် ဟင်းလင်းပြင်ထဲမှ ကျဆင်းလာပြီး ရှောင်လုံ၏ ခြံ ဝန်းအလယ်သို့ ပြုတ်ကျ သွားလေသည်။

ထို အရပ်ရှည်ပြီး ပိန်လှီသော အဘိုးအိုသည် ရှောင်လုံ၏ ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများကို လိုချင် တပ်မက်နေသော အရိုးနတ်ဆိုး ရှီကျိုးရှင်း ၏ မျက်နှာထက်တွင်တုန်လှုပ်မှု  မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေသည်။သူ့၏ တွေးတောထားပုံအရ ဆိုလျှင် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်း အဆင့် သိုင်းပညာရှင်တစ်ယောက်အနေနှင့် သူ့၏ နတ်ဘုရားဆန္ဒသည် ရှောင်လုံကဲ့သို့ သော နန်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖိအားပေး၍ စိတ်ဝိညာဥ် ဖျက်စီးပစ်ရန် လုံလောက်သည်ထက်ပိုပေသည်။

ထို့ကြောင့် သူဤနေရာသို့ မလာရောက်မှီက အနီရောင် နတ်ဆိုး၏ သတိပေးချက်ကို စိတ်ထဲ မှန်ယူမထားမိခြင်းဖြစ်သည် ။ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသော သူသည် စက္ကန့်ပိုင်းအတွင်း သူ့၏ တိုက်ခိုက်မှုကို ဟောင်ရှောင်လုံမှ ဖျက်စီးသွားခြင်းကို ခံလိုက်ရရုံသာမက ပုန်းအောင်းနေသော သူ့၏ တည်ရှိမှုကိုလည်း ရှာတွေ့သွားပြီး နတ်ဘုရားအာရုံဖြင့် ပိတ်ဆို့ခံလိုက်ရပေသည်။ သူက ရှောင်လုံ၏ ဒဏ်ရာ ရရှိမှုကို ခံလိုက်ရလေပြီး ဟင်းလင်းပြင်ထဲမှ ထွက်ခွာသွားရန် တွန်းအားပေးခံလိုက်ရပေသည်။ထို့အပြင်  ရှောင်လုံ၏ ခွန်အားကြီးမားလှသော  လက်ဝါးအင်အားက သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားပေသည်။

"မင်းက တကယ်ပဲ ဘယ်သူလဲ"

သူက တုန်လှုပ်မှုကို အလျှင်အမြန်ထိန်းချုပ်လိုက်လေပြီး ရှီကျိုးရှင်းသည် ရှောင်လုံကို သံသယ အပြည့်ဖြင့် စိုက်ကြည့်လိုက်ကာ ဒေါသတကြီး မေးမြန်းလိုက်လေသည်။ရှောင်လုံသည် အနီရောင်နတ်ဆိုးမြို့တော်ထဲသို့ တိတ်တဆိတ်ဝင်ရောက်လာသော နတ်ဆိုးဂိုဏ်း များ၏ မဟာနတ်ဘုရားအဆင့်  ၂ သိုင်းပညာ ရှင်များထဲမှ တစ်ယောက်ဟုပင် သူက သံသယ ရှိပေသည်။ရှောင်လုံက လှောင်ပြောင်လိုက်ပေသည်။

"ငါဘယ်သူလည်း ဟုတ်လား...ကြည့်ရတာ မင်းရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိဘူးထင်တယ်"

ရှောင်လုံ၏ စကားဆုံးသည်နှင့် ရှီကျိုးရှင်း ရှေ့တွင် ချက်ချင်းပေါ်ထွက်လာကာ သူ့ကို လက်ဝါးတစ်ချက်ရိုက်ချလိုက်လေသည်။

ရှောင်လုံ၏ အမြန်နှုန်းသည် ရှီကျိုးရှင်းလိုက်မမှီနိုင်လောက်အောင် လျှင်မြန်လှပေသည် ။ သူသည် တုန့်ပြန်ချိန်ပင်မရလိုက်ဘဲ ထိုလက်ဝါးချက်ကြောင့် နောက်သို့ လွင့်စင်သွားကာ တောင်ကုန်းတု တစ်ခုနှင့် ဝင်တိုက်မိသွားပြီး ခြံဝန်း၏ နံရံပေါ်သို့ ကျဆင်းသွားပေသည်။ ထို့နောက် သူက ရှောင်လုံ၏ ခြံဝန်းထဲမှ လိမ့်ထွက် သွားပေသည်။

ရှီကျိုးရှင်းသည် ရှောင်လုံ၏ လက်ဝါးချက်ကြောင့် ကိုယ်တွင်း အစိတ်အပိုင်းများ အားလုံး ခုန်ထွက်သွားသလို ခံစားလိုက်ရကာ အရိုးကျိုးသံများသည်ပင် သူ့၏ နားထဲ၌ ထွက်ပေါ်သွားပေသည်။သူက ကြောက်လန့်ကာ အံ့ အားသင့်သွားရလေသည်။ သူ့၏ ကျင့်စဥ်သည် မူလ အထွတ်အထိပ်နတ်ဆိုး နည်းစနစ် ဖြစ်ပြီး သူ့၏ နတ်ဆိုးခန္ဓာကိုယ်သည် ခုခံ ကာကွယ်နိုင်စွမ်းမြင့်မားလှကာ သူ့၏ အစ်ကိုကြီးဖြစ်သော ချီကျူးထန်သည်ပင် ချီးကျူးခဲ့ပေသည်။ သို့သော် ယခုမူ သူ့၏ ဂုဏ်ယူရသော နတ်ဆိုး ခန္ဓာကိုယ်၏ အရိုးများသည် ရှောင်လုံ၏ လက်ဝါးချက်အောက်တွင်  အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပေသည်။

သူ့၏ ခန္ဓာကိုယ် ထဲရှိ အရိုးတစ်ချောင်းချင်းစီတိုင်းသည် ကြယ်စင်စုထဲရှိ နတ်ဘုရား လက်နက် အများစု ထက် ပိုမို သန်မာအားကောင်းမည်ဟု ပြောလျှင် လွန်မည်မဟုတ်ပေ။သူ မဟာ နတ်ဘုရားအဆင့်သို့ ချိုးဖျက်ဝင်ရောက်မည့် နှစ်ပေါင်းများစွာကာလအတွင်း သူသည် ထိုမျှ ဒဏ်ရာ မရရှိခဲ့ပေ။

"အမ်"

ပိန်ခြောက်ခြောက် အဘိုးအို ကို လေထဲသို့ လွင့်စင်သွားစေပြီးနောက် သူမျှော်လင့်ထားသလို တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို သူ့၏ လက်ဝါးချက်ကြောင့် ပေါက်ကွဲ မသွားသည်မှာ သူ အံအားသင့်သွားပေသည်။ထို ပိန်ခြောက်ခြောက် အဘိုးအို၏ အရိုးများကိုသာ ချိုးပစ်လိုက်နိုင်ခြင်းသည် သူ မမျှော်လင့်ထားသည့် ရလဒ်ဖြစ်သည် ။ ကြည့်ရသည်မှာ နတ်ဆိုး ကျင့်ကြံသူများသည် သာမန် ကျင့်ကြံသူများထက် ပိုမို အားကောင်းလာရပေသည်။

ရှီကျိုးရှင်းသာ ရှောင်လုံ၏ အတွင်းအားကို သိရှိနိုင်မည်ဆိုလျှင် သူသည် စိတ်ဓာတ်ကျမှုကြောင့် သွေးအန်လိုက်ရပေလိမ့်မည်။

ရှောင်လုံက ရှီကျူးရှင်း၏ အသက်ကို အဆုံးသတ်ပေးရန် ပြင်လိုက်ချိန်တွင် အဝေးဆီမှ အော်ဟစ်သံတစ်ခု ကြားလိုက်ရပေသည်။

"ရပ်လိုက်စမ်း"

ထို အသံက မကျယ်လောင်လှသော်လည်း ဘုံကိုးဆင့်ဆီမှ ဆင်းသက်လာသော ဒေါသထွက်နေသည့် မိုးကြိုးနဂါးနှယ် ရှောင်လုံ၏ စိတ်ဝိညာဉ်ပင်လယ် ထဲသို့ အသံလှိုင်းများအသွင် ဝင်ရောက်လာပေသည်။

ရှောင်လုံ၏ စိတ်ဝိညာဉ် ပင်လယ်က အသံလှိုင်း တိုက်ခိုက်မှုကြောင့် တုန်လှုပ်သွားပေသည်။

ကြီးမားလှသော လက်ဝါးရာကြီးသည် ကောင်းကင်ကို ပိတ်ဆို့သွားပြီး ရှောင်လုံ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာပေသည်။

တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ရှောင်လုံ၏ နောက်ကျောဘက်ဆီမှ လက်တစ်ထောင်သည် ဖြာထွက်လာပေသည်။ထို လက်ပေါင်းတစ်ထောင်သည် လက်ချောင်းများကို ကွေးညွှတ်လိုက်လေပြီး ကြီးမားလှသော လက်ဝါးရာကြီးကို ရင်ဆိုင်လိုက်လေသည်။

နတ်ဘုရားရွှမ်းမီသိုင်းပညာ... ။

ထို လက်သည်းကုတ်ချက်တစ်ထောင်ဆီမှ မရေ မတွက်နိုင်သော နတ်ဆိုး တစ္ဆေများ ပျံသန်းထွက်ပေါ်လာပြီး ကြီးမားလှသော လက်ဝါးရာကြီးကို ရင်ဆိုင်လိုက်လေသည်။ ဤသည်မှာ ရှောင်လုံ၏ နတ်ဆိုးမိစ္ဆာ ကုတ်ချက်ဖြစ်ပေသည်။

ပေါက်ကွဲသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ မြို့တော်တစ်ခုလုံးကို ပဲ့တင်ထွက်သွားလေသည်။

ရှောင်လုံနေထိုင်နေသော ခြံဝန်းသည် ဖုန်မှုန့်အသွင်သို့ ကြေမွသွားလေပြီး ပတ်ပတ်လည်ရှိ ခြံဝန်းများသည်လည်း ဖျက်စီးခံလိုက်ရပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၀ ..... နတ်ဆိုးဂူ

ရှောင်လုံက ပေါက်ကွဲမှုလှိုင်းများကြောင့် နောက်သို့ ထပ်တလဲလဲ ဆုတ်ခွာလိုက်ရင်း မီတာပေါင်းများစွာ ဆုတ်လိုက်ပြီးမှသာ အရှိန်ထိန်းနိုင်သွားသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး ထုံကျင်သွားမှုကို ခံစားလိုက်ရသည်။ ရှောင်လုံ ထိတ်လန့်သွားရပြီး နွေဦးဆောင်းဦးအသက်ရာချီနတ်ဆေးလုံး တစ်လုံးကို ထုတ်သောက်လိုက်ကာ ချက်ချင်း ပြန်လည်ကုစားလိုက်လေသည်။ ထို့နောက်မှသာ အနည်းငယ် သက်သာသလို ခံစားလိုက်ရသည်။

ဟင်းလင်းပြင်ထဲမှ အံ့အားသင့်သံနှင့်အတူ အနီရောင်ဆံပင်နှင့် အဘိုးအိုသည် ရှောင်လုံ၏ ခြံဝန်းအထက် လေထုထဲ၌ ထွက်ပေါ်လာသည်။

ရှောင်လုံ၏ မျက်လုံးသူငယ်အိမ်များက ကျုံ့ဝင်သွားသည်။ ထို အနီရောင်ဆံပင်နှင့်အဘိုးအိုသည် အနီရောင်နတ်ဆိုးမြို့တော်၏ မြို့တော်ဝန် ဆိုသည်မှာ သံသယရှိစရာမလိုပေ။ မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအဆင့်သိုင်းပညာရှင် သည်သာ သူ့ကို ဤမျှအထိ ဖိအားပေးနိုင်စွမ်း ရှိပေသည်။

အနီရောင်နတ်ဆိုး ရှီကျင်းထန်၏ မျက်လုံးထဲမှ အံ့အားသင့်မှုများသည် သိသာထင်ရှားနေပြီး ရှောင်လုံကို ကြည့်နေလေသည်။ သူ့၏ လက်ဝါးရိုက်ချက်သည် တစ်ဖက်လူကို နောက်ဆုတ်သွားစေရုံမျှသာ လုပ်နိုင်စွမ်း ရှိသည်လား။

ထိုခဏတွင် အရိုးနတ်ဆိုး ရှီကျိုးရှင်းသည် ရှီကျိုးထန်၏ နံဘေးသို့ ဆုတ်ခွာသွားကာ ရှောင်လုံကို မုန်းတီးစွာ စိုက်ကြည့်လိုက်လေသည်။

"အစ်ကိုကြီး...ဒီအရူးအဘိုးကြီး ကို အလွတ်ပေးလို့မဖြစ်ဘူးနော်"

ရှီကျိုးထန်က ရှီကျိုးရှင်း၏ ရင်ဘတ်ရှိ ဒဏ်ရာကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှောင်လုံကို မျက်နှာချင်းဆိုင်လိုက်သည်။

"ဒီကလူကြီးမင်းက....ဘာအကြောင်းကိစ္စနဲ့များ ကျုပ်ရဲ့ အနီရောင်နတ်ဆိုးမြို့တော်ကို ရောက်ရှိလာခဲ့တာပါလဲ"

အနီရောင်နတ်ဆိုး၏ သဘောထားကို ကြည့်ရင်း ရှောင်လုံသည် အက်ကွဲကွဲအသံဖြင့် ရယ်မောလိုက်လေသည်။

"ငါက မင်းရဲ့ အနီရောင်နတ်ဆိုးမြို့တော်ထဲကို ဘာကိစ္စနဲ့ ရောက်လာတာလဲတဲ့လား...ကြည့်ရတာ တခြားလူတွေကို အနီရောင်နတ်ဆိုးမြို့တော်ထဲ ဝင်ခွင့်မပြုထားတာများလား...ဒါဆိုရင်တော့ ဒီအဘိုးကြီး စိတ်ရှုပ်သွားပြီ...ငါ ပိုင်ဟူဒင်္ဂါး တစ်သောင်းပေးပြီး လုပ်လာခဲ့တဲ့ ဒီ သက်သေခံတံဆိပ်ပြားက အတုကြီးဆိုတဲ့သဘော သက်ရောက်သွားတာပေါ့လေ...ဟုတ်လား"

ရှောင်လုံက သက်သေခံတံဆိပ်ပြားကို ထုတ်ပြလိုက်ရင်း ပြောလိုက်သည်။

ရှောင်လုံ၏ အသံနှင့် စကားလုံးများကြားမှ လှောင်ပြောင်မှုများကို ခံစားလိုက်မိသောကြောင့် ရှီကျိုးထန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီနေ့ မင်းရဲ့ လက်ဝါးချက်အတွက်...နောင်အနာဂတ် မှာ ငါ နှစ်ဆ ပြန်ဆပ်ပါ့မယ်"

ရှောင်လုံက ထပ်ပြောလိုက်သည်။ ထိုသို့ ပြောပြီးသည်နှင့် ရှောင်လုံသည် ထိုနေရာ၌ မရှိခဲ့ဖူးသည့်နှယ် လေဟာနယ် အက်ကွဲသွားခြင်းမရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ရှီကျိုးထန်က ရှောင်လုံ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်နေသော်လည်း လှုပ်ရှားခြင်းမပြုဘဲ ထွက်သွားခွင့်ပြုလိုက်သည်။

"အစ်ကိုကြီး...အဲ့ဒီ အရူးအဘိုးကြီးကို ဒီတိုင်း လွှတ်ပေးလိုက်မလို့လား..."

ရှီကျိုးရှင်းက စိုးရိမ်ထိတ်လန့်စွာ မေးလိုက်လေသည်။

ရှီကျိုးထန်က ခေါင်းကို မော့လိုက်သည်။

"မင်းက သူ့ကို ဖမ်းနိုင်လို့လား...အဲ့ဒီလူက တော်တော်လေး သန်မာတယ်...ငါတောင် သူ့ကို သတ်နိုင်စွမ်း ရှိမယ်လို့ အပြည့်အဝ ယုံကြည်မှု မရှိဘူး"

ရှီကျိုးရှင်း၏ ပါးစပ်သည် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေပေသည်။ သူက ရှီကျိုးထန်ကို ဖျောင်းဖျပြောဆိုလိုသော်ငြား မည်သည့်စကားမှ ထွက်မလာတော့ပေ။ ရှီကျိုးထန်က အေးစက်စက် သတိပေးလိုက်သည်။

"မင်းရဲ့ ဒဏ်ရာတွေကို ကုပြီးမှ တခြားအရာတွေကို စဥ်းစားရင်ကောင်းမယ်လို့ ငါထင်တယ်"

သူက နှာခေါင်းရှုံ့ကာ ထွက်သွားလိုက်သည်။

ခဏကြာပြီးနောက် ရှောင်လုံ၏ ပုံရိပ်သည် အနီရောင်နတ်ဆိုးမြို့တော်၏ မီတာ သန်းပေါင်းများစွာ အကွာရှိ တောအုပ်တစ်ခုအထက်တွင် ရပ်တန့်လိုက်သည်။

ထို့နောက် သူက တောအုပ်ထဲရှိ ချိုင့်ဝှမ်းတစ်ခုထဲသို့ ဝင်ရောက်လိုက်ပြီး ပတ်ပတ်လည်ကို ခုခံကာကွယ်ခြင်းအစီအရင်များ ခင်းကျင်းလိုက်ကာ ခြေချိတ်ထိုင်၍ ဒဏ်ရာများကို ကုသလိုက်လေသည်။

အနီရောင်နတ်ဆိုး၏ လက်ဝါးချက်တွင် အနီရောင်မီးတောက်ကဲ့သို့သော အားကောင်းသည့် နတ်ဆိုးအင်အား ပါဝင်နေပေသည်။ သူက ထိုမီးတောက်ကို လိပ်နက်နတ်မီးတောက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက် တို့၏ အကူအညီ ဖြင့် သူ့၏ ခန္ဓာကိုယ် ထဲမှ ထုတ်ပစ်၍ ရသော်လည်း ထိုအင်အားကို သူ့ကိုယ်ထဲမှ တစ်စက္ကန့် စော၍ ထုတ်နိုင်လေလေ တစ်စက္ကန့် ပိုပြီး စိတ်သက်သာရာရလေလေ ဖြစ်ပေသည်။

ဤနေရာက နတ်ဆိုးပိုင်နက်ကုန်းမြေကြီး ဖြစ်သည်မို့ မည်သည့်အရာမဆို ဖြစ်ပွားသွားနိုင်ပေသည်။

နာရီဝက်မျှကြာပြီးနောက် ရှောင်လုံသည် သူ့ကိုယ်ထဲမှ အနီရောင်မီးတောက်စွမ်းအင်များအားလုံးကို ဖယ်ရှားပစ်နိုင်လိုက်သောကြောင့် စိတ်သက်သာရာရသွားသည်။ သူက မတ်တပ်ထရပ်လိုက်ပြီး အနက်ရောင်အလင်းအသွင် ပြောင်းလဲကာ ချိုင့်ဝှမ်းထဲမှ ထွက်ခွာလိုက်လေသည်။

သိပ်မကြာခင်မှာပင် တစ္ဆေမကောင်းဆိုးဝါးချိုင့်ဝှမ်း၏ ပိုင်နက်မြို့တော်များထဲမှ တစ်ခုဖြစ်သော အနောက်ဘက်ကျီးကန်းမြို့တော် သို့ ရောက်ရှိသွားသည်။

ထို့နောက် ရှောင်လုံသည် အနောက်ဘက်ကျီးကန်းမြို့တော်၌ တစ်လမျှ နေကာ လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းလိုက်လေသည်။

သူ စုဆောင်းထားခဲ့သော သတင်းအချက်အလက်များအရ ရှောင်လုံသည် ဖြစ်နိုင်ချေအရှိဆုံး နေရာများကို တစ်ခုချင်း ရွေးထုတ်လိုက်လေသည်။ အဆုံး၌ သူသည် စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ စည်းခတ်ခံထားရသော ခန္ဓာကိုယ် အစိတ်အပိုင်း တည်ရှိရန် အဖြစ်နိုင်ဆုံးသော နေရာနှစ်ခုကို ရွေးထုတ်နိုင်လိုက်ပေသည်။ တစ်ခုမှာမူ နတ်ဆိုးပိုင်နက်ကုန်းမြေကြီး၏ တောင်ဘက်ခြမ်း၌ ရှိသော  နတ်ဆိုးဂူ ဖြစ်ပြီး နောက်တစ်နေရာမှာမူ မြောက်ဘက်စွန်းရှိ အလွန်တရာ အေးခဲနေသော ရေခဲကျွန်း ဖြစ်သည်။

သို့သော်လည်း နတ်ဆိုးဂူတွင် ရှေးဟောင်းစည်းခတ်အစီအရင်တစ်ခု ရှိပြီး ထို အစီအရင်ကိုဖွင့်လှစ်ရန်လိုအပ်သည့် စည်းခတ်သော့များသည် အဓိကအင်အားစုကြီး လေးခု၏ လက်ထဲသို့ ကျရောက်နေပေသည်။ ထို့ကြောင့် ရှောင်လုံသည် မြောက်အရပ်ရှိ ရေခဲကျွန်းရှိရာဆီသို့သာ ဦးတည်လိုက်ရသည်။

"စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်ရဲ့ ခြေထောက်ပိုင်းက ရေခဲကျွန်းမှာပဲ ရှိနေပါစေလို့... မျှော်လင့်ရမှာပဲ..."

ရှောင်လုံ တီးတိုး ရေရွတ်လိုက်မိသည်။ ထိုသို့မဟုတ်ဘဲ နတ်ဆိုးဂူထဲ၌သာ ရှိနေသည်ဆိုလျှင် ဒုက္ခများစွာရောက်သွားပေလိမ့်မည်။

ယခုအခါ၌ သူ့၏ ခွန်အားသည် အားမနည်းလှသော်လည်း အင်အားစုကြီး လေးခုဆီမှ စည်းခတ်သော့များကို လုယူနိုင်စွမ်းရှိသည်အထိ အားကောင်းခြင်း မရှိပေ။

သူက ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် အနောက်ဘက်ကျီးကန်းမြို့တော်မှ ထွက်ခွာကာ မြောက်ဘက်ရှိ ရေခဲကျွန်းရှိရာဆီသို့ ဦးတည်လိုက်ပေသည်။

သူ့၏ ဓားပျံသန်းနှုန်းဖြင့် တစ်ရက်ကြာချိန်တွင် ရှောင်လုံသည် မြောက်ဘက် ရေခဲကျွန်းစွယ်များအနီးသို့ ရောက်ရှိသွားသည်။ လေထုထဲ၌ ရပ်တန့်လိုက်ရင်း သူ့၏ မြင်ကွင်း ထဲသို့ တောင်တန်း တစ်လုံးပြီးတစ်လုံး ဝင်ရောက်လာလေသည်။

သို့သော်လည်း တောင်တန်းများပေါ်ရှိ ရေခဲထုများသည် အနက်ရောင်အလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေပြီး ရွေ့လျားနေသည်ကို အဝေးမှပင် မြင်တွေ့နေရသည်။ ကောင်းကင်ထက်မှ ကျဆင်းလာသော မိုးသီးများသည်ပင် အနက်ရောင်ဖြစ်သည်။

ရှောင်လုံက လိပ်နက်နတ်မီးတောက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက် တို့ကို ဆင့်ခေါ်ကာ သူ့၏ ပတ်ပတ်လည်ကို အကာအကွယ် တစ်ခုအဖြစ် ဖန်တီးလိုက်ပြီး အနက်ရောင်မိုးတောထဲသို့ ဝင်ရောက်လိုက်သည်။

ခဏကြာပြီးနောက် သူသည် ရေခဲတောင်တန်းတစ်ခုကို ရွေးချယ်လိုက်ကာ သူ့၏ လက်ချောင်းထိပ်ကို ဖောက်၍ သွေးအဆီအနှစ်တစ်စက် ထုတ်ယူလိုက်သည်။ သွေးယဇ်ပူဇော်ခြင်း နိယာမနည်းစနစ်ကို အသုံးပြု၍ သူသည် သွေးအဆီအနှစ်ကို အောက်ဘက်မြေပြင်ထဲသို့ ပို့လွှတ်လိုက်သည်။

သွေးအဆီအနှစ်သည် ရေခဲတောင်တန်းထဲသို့ အလျှင်အမြန် ဖြတ်သန်းသွားပြီး မြေကြီးအောက် နက်ရှိုင်းသည့်နေရာသို့ ဝင်ရောက်သွားသည်။ အချိန်အတော်ကြာသွားသော်လည်း မည်သည့် တုန့်ပြန်မှုကိုမှ မရရှိပေ။

ထိုရလဒ်က ရှောင်လုံကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။

ခဏကြာပြီးနောက် သူသည် အခြားသော ရေခဲတောင်တန်းတစ်ခုပေါ်တွင် ရပ်တန့်လိုက်ပြီး နောက်ထပ် သွေးအဆီအနှစ် တစ်စက်ကို သွေးယဇ်ပူဇော်ခြင်းနိယာမနည်းစနစ် အသုံးပြု၍ မြေအောက်ထဲသို့ ပို့လွှတ်လိုက်ပြန်သည်။ အကြိမ်အနည်းငယ်မျှ ထိုသို့ ပြုလုပ်လိုက်ပြီးနောက် ရေခဲကျွန်းစွယ် နယ်မြေတစ်ခုလုံးသည် မည်သည့်တုန့်ပြန်မှုမှ မရှိကြောင်း ရှောင်လုံ စစ်ဆေး သိရှိလိုက်ရသည်။ ရှောင်လုံ၏ စိတ်အခြေအနေမှာ ကောင်းမွန်ခြင်း မရှိတော့ပေ။

ဤ ရေခဲကျွန်းစွယ်များ၌ ရှိနေခြင်း မဟုတ်လျှင် စိတ်ဝိညာဥ်တစ်ရာ သားရဲဘုရင်၏ ခြေထောက်ပိုင်းသည် နတ်ဆိုးဂူထဲ၌ စည်းခတ်ခံထားရခြင်း ဖြစ်ပေလိမ့်မည်။

"နတ်ဆိုးဂူ"

ရှောင်လုံသည် မျက်မှောင်ကြုတ်လိုက်မိသည်။

နတ်ဆိုးဂူသို့ ဝင်ရောက်ရန် နည်းလမ်းသည် အင်အားစုကြီး လေးခုက စည်းခတ်သော့ဖြင့် ဖွင့်လှစ်သည်ကို စောင့်ဆိုင်းရန်မှ လွဲ၍ အခြားနည်းလမ်း မရှိပေ။ ကံမကောင်းစွာဖြင့် အင်အားစုကြီးလေးခုဆီမှ စည်းခတ်သော့များကို လုယူရန်သည် လက်တွေ့ဆန်သည့် အတွေးမဟုတ်ပေ။

ယခုမူ ရှောင်လုံသည် မည်သို့မှ နည်းလမ်းရှာမတွေ့နိုင် ဖြစ်နေပေသည်။ ထိုသို့ တွေးတောလိုက်ရင်း သူသည် အနောက်ဘက်ကျီးကန်းမြို့တော်သို့ ဦးတည် ပျံသန်းလိုက်သည်။

သူ မြောက်ဘက်ရေခဲနယ်မြေမှ ထွက်ခွာလာပြီး သိပ်မကြာမီတွင် သူ့ရှေ့မှ အသံနှစ်ခုကို ကြားလိုက်ရသည်။

သူတို့ထဲမှ တစ်ယောက် က စကားစ ပြောလိုက်သည်။

" နောက်တစ်နှစ် နေလို့ နတ်ဆိုးဂူ ဖွင့်တဲ့အခါကျရင်.... ငါတို့အတွက် အခွင့်အရေး ရနိုင်လောက်မလား ဆိုတာကို သိချင်လိုက်တာ"

"ငါတို့မှာ အခွင့်အရေး သိပ်မရှိဘူးလေကွာ...ငါတို့ရဲ့ နတ်ဆိုးတစ်ရာဂိုဏ်းကဆိုရင်...ငါတို့ရဲ့ ဂိုဏ်းချုပ် ကပဲ အရှင် တစ္ဆေမကောင်းဆိုးဝါး နောက်ကနေ လိုက်ပါနိုင်ခွင့် ရှိလိမ့်မယ်"

သူ့၏ အဖော်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

နတ်ဆိုးဂူ ဖွင့်လှစ်မည်တဲ့လား။ ရှောင်လုံသည် စိတ်ဝင်စားသွားပြီး နတ်ဆိုးကျင့်ကြံသူနှစ်ယောက်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားလေသည်။

နတ်ဆိုးတစ်ရာဂိုဏ်း၏ တပည့်နှစ်ယောက်သည် ရှောင်လုံ၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် တုန်လှုပ်ကြောင်အသွားကြသည်။  သူတို့ တုန့်ပြန်နိုင်စွမ်း မရှိမီမှာပင် ရှောင်လုံ၏ လက်ဝါးထဲသို့ ဆွဲယူခံလိုက်ရသည်။ ရှောင်လုံက သူ့တို့၏ မှတ်ဉာဏ်များကို ဖတ်ရှုရန် လုပ်ဆောင်လိုက်သည်မို့ ထိုတပည့်နှစ်ယောက်၏ မျက်နှာသည် နာကျင်မှုကြောင့် တွန့်လိမ်သွားလေသည်။

စိတ်ဝိညာဥ်ရှာဖွေခြင်း ပြီးဆုံးသွားသည်နှင့် ရှောင်လုံသည် ကျင့်ကြံသူနှစ်ယောက်၏ စိတ်ဝိညာဥ် ကို ဖျက်ဆီးပစ်လိုက်သည်။

သူတို့နှစ်ယောက်၏ မှတ်ဉာဏ်အရ နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း နတ်ဆိုးဂူသည် အသန့်စင်ဆုံးနတ်ဆိုးချီဖြင့် ဖြစ်တည်လာသော မိစ္ဆာနတ်ဆိုးပုတီးစေ့ဟု ခေါ်သည့် ရှားပါးလှသော ရတနာတစ်ခု ထုတ်ပေးတတ်ကြောင်း ရှောင်လုံ သိလိုက်ရသည်။

ထို့ကြောင့် နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း မီးတောက်နတ်ဆိုးဂိုဏ်း၊ တစ္ဆေမကောင်းဆိုးဝါး ချိုင့်ဝှမ်း၊ သွေးမိစ္ဆာအိမ်တော် နှင့် အနီရောင်နတ်ဆိုးမြို့တော် တို့သည် အတူတကွ စုစည်းလိုက်ကြပြီး စည်းခတ်သော့လေးချောင်းဖြင့် နတ်ဆိုးဂူကို ဖွင့်လှစ်လေ့ရှိပေသည်။ အင်အားစုကြီးများအားလုံး ဝင်ရောက်ခွင့်ရှိကာ မိစ္ဆာနတ်ဆိုးပုတီးစေ့ အတွက် ယှဥ်ပြိုင်ခွင့်ရှိပေသည်။

နောက်တစ်နှစ်အကြာတွင် အင်အားစုကြီးလေးခုသည် နတ်ဆိုးဂူကို ထပ်မံဖွင့်လှစ်ကြမည် ဖြစ်သည်။

ရှောင်လုံက ဝမ်းမြောက်ဝမ်းသာဖြင့် လေချွန်လိုက်မိသည်။

အင်အားစုကြီးလေးခုက နတ်ဆိုးဂူ ကို ဖွင့်လှစ်သည့်အချိန်တွင် သူသည် အခြားကျင့်ကြံသူများနှင့် ရောနှောဝင်ရောက်သွားရန်သာ လိုအပ်ပေသည်။

Continue Reading

You'll Also Like

39.7K 932 137
النوع: شونين اي ، مأنها ، كوميديا ، دراما ، الحياه المدرسيه العمل: مستمر -القصه- "يوما يحكى قصه مرحه عن الحياة...
18.9K 453 27
Long ago, when the pyramids were still young, the Egyptian Kings played a game of great and terrible power. But these Shadow Games erupted into a war...
558K 16.3K 39
MALE WEDNESDAY X READER "I love you...Wednesday Addams" The girl cried while hugging him as tight as she could. "I love you too....Amore mio. Please...
607K 20.4K 85
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...