ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

811 - 815

160 11 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၁..... အံ့အားသင့်ဖွယ် ခြေကန်ချက်

ရဲ့လူထျန်းဟော်၏ နောက်၌ ရပ်နေသော ပိန်ခြောက်ခြောက် အဘိုးအိုနှစ်ယောက်သည် ရှောင်လုံက သူတို့အား ခွေးနှင့် နှိုင်းလိုက်သောကြောင့် ဒေါသထွက်သွားလေပြီး သူတို့၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားလေသည်။

အဘိုးအိုနှစ်ယောက်က တိုက်ခိုက်ရန်ပြင်လိုက်ချိန်တွင် ရှောင်လုံသည် သူတို့၃ယောက်ကို ထပ်မံရန်စလိုက်လေသည်။

"ဘာလဲ... အရမ်းနည်းနေလို့လား"

ရှောင်လုံ၏ လက်ထဲ၌ အလင်းတစ်ချက် လက်သွားပြီးနောက် နောက်ထပ် ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး ၉၀ သည် ရဲလူထျန်းဟော်၏ ရှေ့တွင် ပေါ်ထွက်လာပေသည်။

သူတို့၏ ရှေ့တွင် ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ ပေါ်ထွက်လာသည်မို့ ပေါများလှသော စိတ်ဝိညာဉ် စွမ်းအင်သည် တည်းခိုခန်း၏ ခန်းမတစ်ခုလုံကို ပြည့်လျှံသွားပေသည်။

အနီးနားရှိ အခြားသော စားသုံးသူများ အားလုံးသည် ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး များကို  စိတ်လှုပ်ရှားစွာဖြင့် အလျှင်အမြန်လှည့် ကြည့်လိုက်ကြသည်။ ပတ်ပတ်လည်ရှိ စားသုံးသူများ၏ အကြည့်များသည် တဖြည်းဖြည်းချင်း ပူလောင် ပြင်းပြလာကြလေသည်။

ရှောင်လုံက ထိပ်တန်းနတ်ဘုရား အဆင့် စိတ်ဝိညာဉ် ကျောက်တုံးပုံကြီးကို ညွှန်ပြလိုက်ရင်း ရဲလူထျန်းဟော်အားပြောလိုက်လေသည်။

"သေချာကြည့်...ဒါက ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်ရာပဲ... မင်းနဲ့ မင်းရဲ့ခွေးနှစ်ကောင် ဒီနေရာကနေ ထွက်သွားမယ်ဆိုရင် ဒီစိတ်ဝိညာဥ်ကျောက်တုံး တွေက မင်းအပိုင်ပဲ ...ဒါပေမယ့် မှတ်ထားပါ...မင်းတို့ထွက်သွားရမယ်"

ထွက်သွားတဲ့လား။

ရဲ့လူထျန်းဟော်၏ မျက်လုံးများသည် ချက်ချင်းဆိုသလို နီရဲသွားလေပြီး သူက ရှောင်လုံကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ရင်း ဒေါသတကြီးဖြင့် လက်သီးဆုပ်ကာ အော်ဟစ်လိုက်လသည်။

ထိုအချိန်တွင် ပတ်ပတ်လည်ရှိ စားသုံးသူများသည် စတင် တီးတိုးပြောဆိုလာကြလေသည်။

"မင်းအမေပဲ...ငါ့ကိုသာ အဲ့ဒီ ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတွေပေးမယ်ဆိုရင် ...ဒီ တည်းခိုခန်းကနေထွက်သွားဖို့ကို အသာထား ...ကျားဖြူမြို့တော်ကနေတောင် ငါထွက်သွားပေးလိုက်မယ်"

"ချီးပဲ...ငါဆိုရင် မိုးကောင်းကင်နတ်ဘုရား ကုန်းမြေကြီးကနေတောင် ထွက်သွားဖို့ ဆန္ဒရှိတယ်"

ထိုသူများသည် ရဲ့လူထျန်းဟော်ကို မနာလိုအားကျစွာဖြင့် ကြည့်နေကြလေသည်။

အချို့ဆိုလျှင် ရဲ့လူထျန်းဟော်ကို လက်ညိုးထိုးကာ အော်ဟစ်နေကြပေသည်။

"ကောင်စုတ်လေး... မင်းနေရာမှာ ငါသာဆိုရင် ...အဲ့ဒီထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တွေကို ကောက်ပြီး ဒီနေရာကနေ အသက်တစ်ရှိုက်အတွင်း ထွက်သွားပြီးနေလောက်ပြီ...မင်းကဒီလောက်နဲ့တောင်  မကျေနပ်သေးဘူးလား "

"သူပြောတာဟုတ်တယ် ...မြန်မြန်ထွက်သွားလိုက်တော့... မင်းရဲ့ ၀က်ဝံလိုမျက်နှာနဲ့များ အဲ့ဒီ အစ်ကိုရဲ့ မိန်းကလေးကို လုယူချင်နေသေးတာလား"

အချို့လူများက သူ့ကို စတင်လှောင်ပြောင်လိုက်ကြသည်။သူတို့ထဲမှ အများစုသည် ရဲ့လူထျန်းဟော်က စကြာ၀ဠာ အရှင်သခင်ကြယ်စင်စု မှ လာကြောင်း ပြောသည်ကို ကြားလိုက်ကြရသည်။

အပြင်လူတစ်ယောက်က ကြယ်စင်စုလေးစု၏ ပိုင်နက်ထဲတွင် စိတ်ကြီး၀င်စွာပြုမူရဲ နေပေသည်။

သူ့အားလှောင်ပြောင်သံများကို ကြားလိုက်ရချိန်တွင် ရဲ့လူထျန်းဟော်၏ ဒေါသသည့် ပေါက်ကွဲထွက်သွားလေသည်။ သူက ပတ်ပတ်လည်သို့ လှည့်ကာ ဟိန်းဟောက်လိုက်သည်။

"သတ်...အဲ့ဒီ အမှိုက်ကောင်တွေအားလုံးကို သတ်စမ်း "

သူ့၏ အမိန့်ကို ကြားသည်နှင့် ပိန်ခြောက်ခြောက်အဘိုးအိုနှစ်ယောက်သည် သူတို့၏ အော်ရာ များကို ထုတ်လွှတ်လိုက်လေသည်။

အားကောင်းလှသော နတ်ဘုရား ဆန္ဒက မြေပြင်ကို တုန်လှုပ်သွားစေသည်။ တည်းခိုခန်းအထက်ရှိကောင်းကင်သည် မှောင်မိုက်လာပြီး လေပြင်းများ တိုက်ခတ်လာပေသည်။

ကျားဖြူမြို့တော်ထဲရှိကျင့်ကြံသူများ အားလုံးသည် ကောင်ကင်ဘုံစားသောက်ပွဲ တည်းခိုခန်းရှိရာဆီသို့ တုန်လှုပ်ခြောက် ခြားစွာကြည့်လိုက်ကြလေသည်။

တည်းခိုခန်းထဲတွင် ရဲ့လူထျန်းဟော်ကို လှောင်ပြောင်နေကြသော သူများသည် ချက်ချင်းဆိုသလို ပါးစပ်ပိတ်သွားကြပြီး သူတို့၏ မျက်နှာများထက်မှ ကြောက်ရွံမှုများ ပေါ်ထွက်လာပေသည်။

"မဟာ နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေ "

ရဲ့လူထျန်းဟော်က ထိုလူများကို လျစ်လျူရှုလိုက်ပြီး ရှောင်လုံကို စပ်ဖြီးဖြီး အမူအရဖြင့် ကြည့်လိုက်သည်။

"မျိုးမစစ်ကောင်...မင်းသေလောက်အောင် ကြောက်သွားပြီ မဟုတ်လား... ဒူးထောက်ပြီးတော့ ဒီတည်းခိုခန်းရဲ့ ကြမ်းပြင်ပေါ်က အရိုးတွေ အားလုံးကို စားလိုက်စမ်း...ပြီးရင် ဒီနေရာကနေ ချက်ချင်းထွက်သွားလိုက်...ဒီသခင်လေးက မင်းရဲ့အသက်ကို တစ်ခါလောက် ချမ်းသာ ပေးလိုက်မယ်...မှတ်ထားပါ...အခု ချက်ချင်း ထွက်သွားလိုက်တော့"

ရှောင်လုံက ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်ရာကို အလွယ်တကူ ထုတ်ပြလာသည်မှာ သူ့၏ နောက်ခံက မရိုးရှင်းလှကြောင်းအား ညွှန်ပြနေသော်လည်း ရဲ့လူထျန်းဟော်က ဤသည်ကို စိုးရိမ်ပူပန်ခြင်း မရှိပေ။
သောင်းပေါင်းများစွာသော ကြယ်စင်စုများထဲ၌ သူ့၏ ရဲ့လူ မိသားစုသည် မည်သူ့ကိုမှ ကြောက်ရွံ့ခဲ့ခြင်းမရှိပေ။

ရဲ့လူထျန်းဟော်က အားပါးတရ ရယ်မောလိုက်ချိန်တွင် ပိန်ခြောက်ခြောက် အဘိုးအို နှစ်ယောက်တို့သည် စတင် လှုပ်ရှားလိုက်လေသည်။ သူတို့ လပ်များက တည်းခိုခန်းထဲ ရှိ အခြား လူများ အပေါ်သို့ ရိုက်ချလာလေသည်။

သူတို့၏ လက်ဝါးများဆီမှ အင်အားသည် လေထဲ တွင်ပေါက်ကွဲသွားပြီး လေဟာနယ်ကို အက်ကွဲ သွားစေကာ တဲခိုခန်းထဲရှိ သူများအား  စိတ်ပျက် အားငယ်မှုများဖြင့် ဖြူဖျော့သွားလေသည်။ စားသုံးသူအများစုသည် နတ်ဘုရား အဆင့် ကျင့်ကြံသူများ ဖြစ်ပြီး တစ်ချို့မှာ နတ်ဘုရား အဆင့် ၁၀ နောက်ပိုင်း အထွတ် အထိပ်အဆင့်သို့ပင်ရောက်ရှိနေသော်လည်း သူတို့သည် မဟာနတ်ဘုရား အဆင့်၁ အလယ်အဆင့် သိုင်းပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိပေ။

လူတိုင်းပဲ သူတို့ကိုယ် သူတို့သေချာပေါက် သေဆုံးသွားရတော့မည်ဟု တွေးလိုက်မိချိန်တွင် အေးစက်စက် နှာခေါင်းရှုံသံတစ်ခု ထွက်ပေါ်လာပေသည်။ ထိုအသံမှာမကျယ်လောင်လှသော်လည်း မဟာ နတ်ဘုရား အဆင့်၁ အလယ်အဆင့် သိုင်းပညာ ရှင်နှစ်ယောက်၏ နားထဲ၌န၀မမြောက် ကောင်းကင်ဘုံ  ဆီမှ ကျဆင်းလာသော နတ်လျှပ်စီး နှယ် မြည် ဟီးသွားပေသည်။

သူတို့ ၏ စိတ်ထဲ၌ ပေါက်ကွဲသံများ စုဝေး သွားပေသည် ။ နောက်တစ်ခဏ၌  သူတို့ လက်ဝါးဆီမှ ကြောက်မက်ဖွယ်ရာ အင်အားသည် လေထု အလယ်၌ ရပ်တန့်သွားပြီ ကမ္ဘာတစ်ခုလုံးသည် အချိန် ရပ်တန့်သွားသည့်နှယ် ဖြစ်သွားလေသည်။

ပတ်ပတ်လည်ရှိ လူများ ၏ မျက်လုံးထဲရှိ စိတ်ပျက်အား ငယ်မှုများသည် တွေဝေမှုများ အဖြစ်သို့ ပြောင်းလဲသွားပြီး လေထု အလယ်၌ တောင့်ခဲလျှက် ရပ်တန့်နေသော လက်ဝါးကြီး နှစ်ခုကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြပေသည်။

၀မ်းသာအားရ ရယ်မောနေသော ရဲ့လူထျန်းဟော်သည်လည်း ကြောင်အသွားလေပြီး ဘာဖြစ်သွားသည်ကို နားမလည်နိုင် ဖြစ်နေပေသည်။သူ့၏ ရှေ့ ရှိမြင်ကွင်းသည် သူ့၏ နားလည်နိုင်သွမ်းကို ကျော်လွန်နေပေသည်။

လူတိုင်းက ကြောင်အနေကြချိန်တွင် ရှောင်လုံက သူ့၏ ထိုင်ခုံဆီမှ ရုတ်တရက်ထရပ်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးနေကြသော လူတိုင်း၏ ရှေ့၌ စကားတစ်ခွန်းပြောလိုက်လေသည်။

"ပေါက်ကွဲလိုက်စမ်း"

လေထဲ၌  အေးခဲနေသော လက်ဝါးရာကြီးနှစ်ခုသည် ပူဖောင်းနှစ်လုံးနှယ် ဖောက်ခနဲပေါက်ကွဲ သွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားပေသည်။

လူတိုင်းသည် တုန်လှုပ်မင်သက်သွားကြလေသည်။ပိန်ခြောက်ခြောက် အဘိုးအို နှစ်ယောက်က ရှောင်လုံကို ကြောက်လန့် မင်သက်စွာ ကြည့်လိုက်ကြသည်။

အခြားသူများက ယခု အသုံးပြုလိုက်သော စွမ်းအားပမာဏ ကို နားလည်လိမ့်မည် မဟုတ်သော်လည်း သူတို့ကိုဟ်တိုင်မှာမူ ကောင်းစွာ သိရှိပေသည်။ မဟာနတ်ဘုရား အဆင့်၁နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက်သည်ပင် ရှောင်လုံ လုပ်လိုက်သကဲ့သို့ သူတို့ လက်ဝါးရိုက်ချက် ထဲ၌ ပါ၀င်နေသော အင်အားကို အလွယ်တကူ ချေဖျက်ပစ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထိုလူငယ်သည် တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းသော သိုင်းပညာ ရှင် တစ်ယာက် ဖြစ်သည်။မဟာနတ်ဘုရား အဆင့်၁ အလယ်အဆင့်သိုင်းပညာရှင်နှစ်ယောက်ဖြစ်သော သူတို့ထက်ပင် စွမ်းအားကြီးမားပေသည်။

သူတို့အားလုံးသည် ထိုလူငယ်ကို မှားယွင်းအထင်သေးမိသွားကြပေသည်။

ရှောင်လုံက ဖြည်းဖြည်း ချင်း လှည့်လိုက်သော်လည်း သူ့၏ လက်ဝါးချက်က ပိန်ခြောက်ခြောက် အဘိုးအို နှစ်ယောက်၏ ရင်ဘက်ပေါိသို့ ရုတ်တရက်ကျဆင်းသွားလေသည်။ အဘိုးအို နှစ်ယောက်သည် ဖြူဖျော့သွားကြလေပြီ နောက်သို့ဆုတ်ကာ သူတို့၏ လက်များကို မြှောက်၍ အသည်းအသန် ခုခံလိုက်ကြလေသည်။

သို့သော်လည်း အားလုံးသည် အချည်းအနှီးသာဖြစ်သွားကြပေသည်။

ရှောင်လုံ၏ လက်ဝါးအင်အားက လေဟာနယ်ကို ဖြတ်သန်း နိုင်ဟန်ရပြီး အဘိုးအို နှစ်ယောက်၏ ကိုယ်ပေါ်သို့ ကျဆင်းသွားလေသည်။

အဘိုးအိုနှစ်ယောက်သည် နာကျင်မှုကြောင် အေ်ဟစ်လိုက်ကြလေသည်။

သူတို့၏ ရင်ဘတ်များသည် ရှောင်လုံ၏ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသွားရလေပြီး ကြီးမားလှသော သွေးရောင် အပေါက်ကြီးတစ်ခု ထွက်ပေါ်လာလသည်။သူတို့၏ ခန္ဓာကိုယ်များသည် ကြမ်းပြင် တစ်လျှောက်လျှောတိုက်၍ လွင့်စင်သွားကာ မရေမတွက်နိုင်သော စားပွဲများနှင့် ထိုင်ခုံများကို ၀င်တိုက်သွားလေသည်။

တည်းခိုခန်းထဲ၌ ကျယ်လောင်လှသော ကွဲကြေ သံများပေါ်ထွက် လာပေသည်။ လူတိုင်းသည် တွေဝေငေးမောစွာ ကြည့်ရှုနေကြပြီး သူတို့ ၏ တုံလှုပ်မှုှ ပြန်လည် အသိ၀င်မလာသေးပေ။

မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် နှစ်ယောက်သည် လက်ဝါးတစ်ချက်ကြောင့် ဒဏ်ရာ ရရှိသွားပြီလား  ။

ထို့နောက် ရှောင်လုံက အဘိုးအို နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ ရဲ့လူထျန်းဟော်ကို ကြည့်လိုက်သည် ။

ရဲ့လူထျန်းဟော်က သူနှင့် အတူပါလာသော စည်းကမ်းထိန်းနှစ်ယောက်သည် ကြမ်းပြင်ပေါ်၌ နာကျင်စွာ အော်ဟစ်နေသည်ကိုပြူးကျယ်နေသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"မ...ဖြစ်နိုင်ဘူး ....လုံး၀ မဖြစ်နိုင်ဘူး"

"မဖြစ်နိုင်ဘူးဟုတ်လား"

ရှောင်လုံက ရက်စက်စွာ ရယ်မောလိုက်လေသည်။

ရှောင်လုံ၏ အသံကြောင့် ရဲ့လူထျန်းဟော်သည် အသိပြန်၀င်လာသော်လည်း သူက ကြောက်လန့်စွာဖြင့် အလျှင်အမြန် ခြိန်းခြောက်လိုက်လေသည် ။

"မင်း...မင်း...ဘာလုပ်ဖို့ကြံနေတာလဲ... ငါက ရဲ့လူမိသားစုရဲ့သခင်လေးပဲ...မင်း ငါ့ရဲ့ခန္ဓာကိုယ်ပေါ်က ဆံချည်မျှင်တစ်ချောင်းကို ထိခိုက်အောင် လုပ်ရဲတာနဲ့...ငါ့ရဲ့ ရဲ့လူမိသားစုက သေချာပေါက်..."

သူက စကားမဆုံးသေးမီ ရှောင်လုံ၏ လက်ဝါးက လေထဲသို့ ဖိချလိုက်လေသည်။ ထို လက်ဝါးအင်အားက ရဲ့လူထျန်းဟော်ကို ပိန်ခြောက်ခြောက်အဘိုးအို နှစ်ယောက် ဘေးသို့ လွင့်စင်သွားလေသည်။

"မင်းရဲ့ ခန္ဓာကိုယ် ပေါ်က ဆံချည်တစ်မျှင်ကို ထိရင်တဲ့လား"

ရှောင်လုံ က သူ့၏ခြေထောက်ကို မြှောက်ကာ ရဲ့လူထျန်းဟော်၏ ခြေထောက်နှစ်ဖက်ကြားသို့ ကန်ပစ်လိုက်လေသည်။ ဥကွဲသံနှင့် ဆင်တူသော အသံတစ်ခု ထွက်ပေါ်လာပေသည်။

ရှောင်လုံသည် ရွှေရောင်နဂါးတောင်ထွတ်ပေါ်တွင် နေထိုင်စဥ်ကတည်းက နဂါးအဖွဲ့အစည်း၏ ကျောင်းယုနှင့် အခြားသူများအပေါ် ဥကန်ခဲွဲခြင်း နည်းစနစ်အား အသုံးပြုခဲ့ဖူးပေသည်။

သူက ဤနည်းစနစ်ကို အသုံးမပြုသည်မှာ ကြာပြီ ဖြစ်သော်လည်း အလွယ်တကူ ထုတ်သုံးနေနိုင်ဆဲ ဖြစ်သည်။

ရဲ့လူထျန်းဟော်က သူ့၏ ခွကြားကို ဆုပ်ကိုင်ကာ နာနာကျင်ကျင် အော်ဟစ်မြည်တမ်းလျက် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေလေသည်။ သူ့၏ အော်ညည်းသံက ပတ်ပတ်လည်ရှိ လူများ၏ လည်ပင်းများကိုပင် ကြက်သီးမွေးညင်းထသွားစေသည်။

ရှောင်လုံက ရဲ့လူထျန်းဟော်၏ အောက်ပိုင်းကို ခွဲလိုက်သည်အား ကြည့်ရင်း ရှောင်ဖေးသည် ရှက်ရွံ့သွားမိသည်။ သူမက ရှောင်လုံကို 'လူညစ်'ဟု တီးတိုး ဆူငေါက်လိုက်လေသည်။

"သခင်လေး"

ပိန်ခြောက်ခြောက်အဘိုးအိုနှစ်ယောက်သည် ရဲ့လူထျန်းဟော်၏ ဆိုးရွားလှသော အခြေအနေကို ကြည့်ရင်း အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်နှာများသည် ဖြူဖျော့သွားကြကာ သူတို့ ခန္ဓာကိုယ် ပေါ်ရှိ ဒဏ်ရာများကို လျစ်လျူရှု၍ သူတို့၏ သခင်လေးကိုသာ ကုသရန် စိုင်းပြင်းနေကြပေသည်။

"မင်းတို့ရဲ့ သခင်လေးကို ခေါ်ပြီး အခုချက်ချင်း ကျားဖြူမြို့တော်ကနေ ထွက်သွားလိုက်ကြ"

ရှောင်လုံ၏ အေးစက်စက်အသံက ထပ်မံ ထွက်ပေါ်လာသည်။

"နောက်အနာဂတ်မှာ ငါ သူ့ကို မတွေ့မိစေနဲ့...အဲ့လိုမှမဟုတ်ရင် ငါ သူ့ကို တွေ့တဲ့အချိန်တိုင်း သူ့ဟာကို ကန်ခွဲပစ်လိုက်မယ်"

သူ့ဟာ ဆိုသည့်အရာကိုမူ မေးစရာမလိုဘဲ နားလည်နိုင်ပေလိမ့်မည်။

အဘိုးအို နှစ်ယောက်သည် ကြောက်လန့်ကာ ဒေါသထွက်သွားကြသော်လည်း ပြန်မပြောရဲကြပေ။ အကြောင်းမှာ ရှောင်လုံ သည် သူတို့ထက် ပိုမို သန်မာနေသောကြောင့် ဖြစ်သည်။

ရဲ့လူထျန်းဟော်က ဒေါသဖြင့် မေ့လဲသွားလေသည်။

အဘိုးအိုနှစ်ယောက်သည် သူ့ကို တည်းခိုခန်းထဲမှ အလျှင်အမြန် သယ်သွားကြလေပြီး သိပ်မကြာမီတွင် သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။

ပျက်စီးသွားသော တည်းခိုခန်းကို ကြည့်ရင်း ရှောင်လုံသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ဤနေရာ၌ အရက်သောက်ချင်စိတ် ပျောက်ရှသွားလေသည်။ ထို့ကြောင့် သူက တည်းခိုခန်းပိုင်ရှင်ကို ခေါ်လိုက်ပြီး ခြံဝန်းတစ်ခုပြင်ခိုင်းကာ ဟင်းလျာအသစ်များနှင့် ဝိုင်ကို ထို ခြံဝန်းဆီသို့ ပို့ဆောင်ခိုင်းလိုက်သည်။ ရှောင်လုံက တည်းခိုခန်းပိုင်ရှင်ကို တည်းခိုခန်း၏ ဆုံးရှုံးမှုများအတွက် လျော်ကြေးအနေဖြင့် ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ပေးလိုက်လေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၂ ..... ကိုယ်က မင်းကိုပဲ စားချင်နေတာ

တည်းခိုခန်းပိုင်ရှင်သည် ရှောင်လုံ၏ ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး ကို မည်သို့မှ လက်မခံရဲပေ။ ဤသည်မှာ ဟာသမဟုတ်ပေ...မဟာနတ်ဘုရားအဆင့် ၁ အလယ်အဆင့် သိုင်းပညာရှင်နှစ်ယောက်ကိုပင် တစ်ချက်တည်းနှင့် ဒဏ်ရာရအောင်လုပ်နိုင်စွမ်းရှိသည့် ရှောင်လုံ၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို မြင်လိုက်ရပြီးနောက် တည်းခိုခန်းပိုင်ရှင်သည် သူ့ထံမှ ပေးချေလာသော ကျသင့်ငွေ ကို မယူရဲ ဖြစ်နေလေသည်။

သူ မည်သို့ပင် ပြောနေပါစေ စိတ်ဝိညာဥ်ကျောက်တုံး ကို လက်ခံရန် ငြင်းဆိုနေသော တည်းခိုခန်းပိုင်ရှင်ကို ကြည့်ရင်း ရှောင်လုံ သည် အတင်းအကြပ် ပေးနေခြင်း မလုပ်တော့ပေ။

တည်းခိုခန်းပိုင်ရှင်က ရှောင်လုံနှင့် ရှောင်ဖေးတို့အတွက် ကိုယ်တိုင် ခြံဝန်း တစ်ခု စီစဥ်ပေးခဲ့သည်။ ထို့နောက် ကိုယ်တိုင်ပင် လိုက်ပို့လေကာ အစားအသောက် နှင့် ဝိုင်အရက် ကိုလည်း လာရောက်ပို့ဆောင်ပေးသည်။

သူက မည်သည့် ကျွန် သို့မဟုတ် အစေခံထက်မဆို ပိုမို ရိုသေလေးစားစွာ ခစားနေလေသည်။

ရှောင်လုံ၌ ဘာမှ ညွှန်ကြားစရာမရှိကြောင်း သေချာမှသာ တည်းခိုခန်းပိုင်ရှင်သည် ရိုသေလေးစားမှုအပြည့်ဖြင့် နောက်ဆုတ်သွားသည်။

သူက မြင်ကွင်းထဲမှ ပျောက်သွားသည်နှင့် ရှောင်လုံသည် ရှောင်ဖေးကို ခပ်ဖွဖွပြုံးပြလိုက်သည်။

"အခုမှပဲ ကိုယ်တို့ အေးအေးချမ်းချမ်းလေး ထမင်းစားရတော့တယ်"

ရှောင်ဖေးက ရှောင်လုံကို မျက်လုံးလှန်ကြည့်လိုက်သည်။

"အဲ့တာက အစ်ကို့ အမှားပဲ မဟုတ်ဘူးလား"

ရှောင်လုံ က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

"ကိုယ့်ဇနီးလေးကလည်း...ကိုယ့်ကိုချည်းပဲ အပြစ်မတင်နဲ့လေကွာ"

ရှောင်လုံက သူမကို 'ဇနီးလေး'ဟု ခေါ်သံအား ကြားလိုက်ချိန်၌ ရှောင်ဖေး၏ မျက်နှာထက်တွင် ပျော်ရွှင် ကြည်နူးမှုများ ဖြတ်ပြေးသွားလေသည်။

သူတို့နှစ်ယောက် သည် ခြံဝန်းထဲရှိ ကျောက်တုံးစားပွဲ၌ ထိုင်လိုက်ကြသည်။ အငွေ့တထောင်းထောင်းထနေသည့် ဟင်းလျာပန်းကန်များက သူတို့၏ စားချင်စိတ်ကို နှိုးဆွနေလေသည်။

"အရမ်းမွှေးတာပဲ"

စားပွဲပေါ်ရှိ အရသာရှိကာ မွှေးကြိုင်နေသော ဟင်းလျာများကို ကြည့်ရင်း ရှောင်ဖေးက တူတစ်စုံကို သုံး၍ အသားတစ်ဖတ်ကောက်ယူလိုက်ကာ သူမ၏ နှုတ်ခမ်းနှစ်လွှာကြားသို့ ထညွလိုက်သည်။ တစ်ချက်ဝါးလိုက်ရုံဖြင့် အသား၏ အရသာသည် သူမ၏ အရသာခံဖုများဆီသို့ ပျံ့နှံ့သွားသည်။

ရှောင်လုံက ရှောင်ဖေး၏ ချစ်စဖွယ်စားသောက်နေပုံလေးကို မိန်းမောတွေဝေစွာ ကြည့်နေမိရင်း စားရန်ပင် မေ့လျော့သွားသည်။

ရှောင်ဖေး အစားစားချိန်တွင် ချယ်ရီရောင်နှုတ်ခမ်းပါးလေးက တလှုပ်လှုပ်ဖြစ်နေပြီး ဝါးနေသည့်အသံလေးများထွက်ပေါ်နေသည်မို့ ပိုမို ချစ်စဖွယ်ကောင်းနေပေသည်။

ရှောင်လုံက သူမအား စိုက်ကြည့်နေသည်ကို ရုတ်တရက် သတိထားမိသွားချိန်တွင် ရှက်ရွံ့သွားလေသည်။ သူမ၏ လောကြီးမှုကြောင့် သူမ၏ စားသောက်ပုံသည် အမြင်မတော်ဖြစ်သွားပြီဟု သူမ ယူဆမိလိုက်သည်။ ရှက်ရွံ့မှုကြောင့် သူမ၏ မျက်နှာလေးက နီရဲသွားကာ အော်ငေါက်လိုက်သည်။

"ညီမ အစားစားနေတဲ့အချိန်ကို ကြည့်ရတာ...ဘာများ ဒီလောက်ကောင်းနေလို့လဲဟင်"

ရှောင်လုံက စပ်ဖြီးဖြီး ပြုံးလိုက်သည်။

"ညီမလေ..."

သူက ခဏရပ်ကာ ဆက်ပြောလိုက်သည်။

"ရုတ်တရက် ဒီဟင်းလျာတွေက အရသာ မရှိတော့ဘူးလို့ ကိုယ် ခံစားရတယ်...ကိုယ်က မင်းကိုပဲ စားချင်နေတာ"

ရှောင်ဖေး မျက်နှာလေးက ပိုမိုနီရဲသွားကာ သူ့ကို အပြစ်တင်လိုက်သည်။

"နှာဘူးကြီး"

သို့သော်လည်း သူမ၏ မျက်ဝန်းထဲ၌ ပျော်ရွှင်မှုအရိပ်အယောင်များ လင်းလဲ့နေပေသည်။ ထို့နောက် သူမက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ဒီ တည်းခိုခန်း ရဲ့ အသားကင်က အစ်ကို ကင်ကျွေးတဲ့အသားထက် ပိုကောင်းတယ်"

ရှောင်လုံက စိတ်ဝင်စားသွားပြီး အသားတစ်ဖတ်ကို တူဖြင့် ကောက်ယူလိုက်သည်။

"တကယ်လား"

ထို့နောက် သူက အသားဖတ်ကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ ချက်ချင်းပင် အရသာက သူ့ပါးစပ်ထဲ၌ ပျံ့နှံ့သွားသည်။

"အစ်ကို ကင်ကျွေးတဲ့ အသားကင်ကို မစားရတော့တာတောင် အတော်ကြာခဲ့ပြီ"

ရှောင်ဖေးက ထပ်ပြောလိုက်သည်။

ရှောင်လုံ ပြုံးလိုက်မိသည်။

"မနက်ဖြန် ကျရင် အစ်ကို ဟင်းခတ်အမွှေးအကြိုင် တစ်ချို့ သွားဝယ်လိုက်မယ်...ပြီးရင်တော့ မနက်ဖြန်ကျရင် အစ်ကိုတို့ အသားကင်စားကြတာပေါ့"

ရှောင်ဖေးက ဝမ်းမြောက်ကြည်နူးစွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ မျက်နှာလေးက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။

"ဒါပေမယ့်...အဲ့ဒီ ရဲ့လူထျန်းဟော် ဆိုတဲ့သူက ဒီလိုမျိုး ပြီးသွားမယ့်သူ မဟုတ်လောက်ဘူး...အစ်ကို သေချာပေါက် ဂရုစိုက်ရမယ်နော်"

အစောပိုင်းက အဖြစ်အပျက် ကို ပြန်တွေးမိသွားသည်နှင့် ရှောင်ဖေးသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားသည်။

ရှောင်လုံကမူ စိုးရိမ်ပူပန်ခြင်း မရှိပေ။

"မစိုးရိမ်ပါနဲ့...ရဲ့လူထျန်းဟော် ပြန်လာရဲတယ်ဆိုရင် ကိုယ်က သူ့ရဲ့အောက်ပိုင်းကို တစ်ဘဝလုံး သုံးမရတော့အောင် ဖျက်ဆီးပစ်မှာ"

သူ့စကားများကြောင့် ရှောင်ဖေးက ရှက်ရွံ့သွားပြီး ရှောင်လုံကို ထပ်မံ အပြစ်တင်လိုက်လေသည်။

"နောက်ကျရင် အဲ့အကွက်ကို မသုံးတာ အကောင်းဆုံးပဲ...အရမ်းညစ်ညမ်းတယ်ရှင့်"

ရှောင်လုံက မသိနားမလည်ဟန် ဆောင်လိုက်သည်။

"ဘယ်အကွက်လဲကွ"

ရှောင်ဖေး၏ နူးညံ့လှသည့် လက်သီးဆုပ်လေးက ရှောင်လုံ၏ လက်မောင်းပေါ်သို့ ကျဆင်းလာလေသည်။

"အရမ်းဆိုးတာပဲ...ညီမကို အမြဲတမ်း အနိုင်ကျင့်နေတယ်"

"ဒါဆိုရင်လည်း...ဒီည ကိုယ်ကပဲ အလျှော့ပေးပြီးတော့ ညီမ အနိုင်ကျင့်သမျှ ခံယူပါ့မယ်ဗျာ"

ရှောင်လုံက ထိုသို့ပြောကာ ရှောင်ဖေးကို ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်လေသည်။

ရှောင်လုံနှင့် ရှောင်ဖေးတို့ သာယာကြည်နူးနေကြချိန်တွင် အပြင်ဘက် ကျားဖြူမြို့တော်၌မူ တုန်လှုပ်စရာသတင်းတစ်ခု ပျံ့နှံ့သွားလေးသည်။

"ဘာ...ဆံပင်အနက်နဲ့ကောင်လေးက မဟာနတ်ဘုရားအဆင့် ၁ အလယ်အဆင့် သိုင်းပညာရှင်နှစ်ယောက်ကို တစ်ချက်တည်းနဲ့ ဒဏ်ရာ ရသွားစေခဲ့တာလား"

"အဲ့ဒီ ဆံပင်အနက်နဲ့ကောင်လေးက ဘယ်သူလဲ မသိကြဘူးလား"

"မသိဘူးကွ...ဒါပေမယ့် တခြားသူတွေ ပြောတာကတော့... အဲ့ဒီ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်နှစ်ယောက်က စကြာဝဠာအရှင်သခင်ကြယ်စင်စု က ရဲ့လူမိသားစုရဲ့ သခင်လေးနဲ့ ပါလာတာ တဲ့"

"ရဲ့လူမိသားစုလား...အင်မော်တယ်တော်ဝင်မိသားစုလို့ ကျော်ကြားတဲ့ မိသားစုလား"

ညမရောက်ခင်မှာပင် အင်အားစုပေါင်း မြောက်များစွာ အံ့သြမှင်သက်သွားကြသည်။

ကျားဖြူမြို့တော်ထဲရှိ အခြားသော စားသောက်ဆိုင်တစ်ခုတွင် လျှိုယွင် နှင့် ချီဝမ်တို့သည်လည်း ထိုသတင်းကို ကြားလိုက်ကြရသည်။

"ဆံပင်အနက်နဲ့ လူငယ်က ဘယ်သူလဲဆိုတာကို ကျွန်မ သိချင်လိုက်တာ...အကြီးဆုံး ဆရာတူအစ်ကိုကြီး...အဲ့တာက ဆရာတူညီလေး ဖြစ်လိမ့်မယ် လို့ အစ်ကို ထင်လား"

ထိုသတင်းများကို ကြားပြီးနောက် ချီဝမ်သည် စိတ်ဝင်စားသည့် အမူအရာဖြင့် လျှိုယွင်ကို ကြည့်လိုက်လေသည်။

လျှိုယွင် က သူမ၏ မေးခွန်းကြောင့် ကြောင်အသွားသော်လည်း ခေါင်းကို ယမ်းကာ ဖြေလိုက်သည်။

"မဟုတ်ဖို့ များတယ်...သူများတွေ ပြောပုံအရဆိုရင် အဲ့ဒီ ရဲ့လူမိသားစုရဲ့ သိုင်းပညာရှင်နှစ်ယောက်က မဟာနတ်ဘုရားအဆင့် ၁ အလယ်အဆင့် ကို ရောက်နေပြီ...သူတို့ထဲက ဘယ်သူမဆို ကျူးမိသားစုခေါင်းဆောင်နဲ့ ယှဥ်လို့ရတယ်...ဆရာတူညီလေးရဲ့ ခွန်အားက အံ့မခန်းဆိုပေမယ့်...သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ဒဏ်ရာရစေဖို့ကတော့ သိပ်မဖြစ်နိုင်ဘူး"

ရှောင်လုံက ခွန်အားပြည့် သုံးပြီး ရိုက်ချလိုက်၍သာ ကျူးမိသားစုခေါင်းဆောင်ကို လွင့်စင်သွားစေခဲ့ခြင်းဖြစ်သည်ကို လျှိုယွင် ရှင်းရှင်းလင်းလင်း အမှတ်ရမိသည်။

ချီဝမ်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထို့နောက် သူမက ဆက်ပြောလိုက်သည်။

"အမှန်ပဲ...ဆရာတူမောင်လေး ရဲ့ ခွန်အားက အံ့မခန်း ဆိုပေမယ့်...ဒီလောက် ကြီးမားတဲ့ စွမ်းအားကိုတော့ ပိုင်ဆိုင်ထားမယ် မထင်ဘူး...."

ချီဝမ်၏ အသံက တိုးဝင်သွားကာ သူမ၏ နူးညံ့သော မျက်နှာလေးက တောင့်တင်းသွားရလေသည်။

သူမ၏ အပြုအမူက ထူးဆန်းသလို ခံစားလိုက်ရသောကြောင့် လျှိုယွင်သည် ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ ဆိုင်၏ ဝင်ပေါက်၌ လူအနည်းငယ် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။ ထိုသူများမှာ အခြားသူများမဟုတ်ဘဲ ကျူးမိသားစုခေါင်းဆောင်နှင့် ကျူးမိသားစုဝင်များ ဖြစ်ပေသည်။

သို့သော်လည်း ကျူးချူက အုပ်စုကို ခေါင်းဆောင်ရသူ မဟုတ်ပေ။ ထိုအစား သူတို့၏ ရှေ့ဆုံး၌ အားကောင်းလှသော အော်ရာရှိသည့် အရပ်ရှည်ရှည် သန်မာသည့် အဘိုးအိုတစ်ယောက် ဦးဆောင်နေပြီး သု့၏ မျက်လုံးနှင့် ဆံပင်များသည် နီရဲနေပေသည်။

လျှိုယွင်၏ မျက်နှာက တည်တင်းသွားလေသည်။ အနီရောင်ဆံပင်နှင့် အဘိုးအိုသည် ကျူးမိသားစုဘိုးဘေး ကျူးဟန်ဖြစ်သည်။

ကျူးမိသားစု က စားသောက်ဆိုင်ထဲသို့ ဝင်လာသည့်အချိန်တွင် ကျူးချူသည် လျှိုယွင်တို့ကို ချက်ချင်း သတိထားမိသွားသည်။ ကျူးချူက ခဏမျှ အံ့အားသင့်သွားသော်လည်း ကျူးမိသားစုဘိုးဘေး ဆီမှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ချက် ထွက်ပေါ်လာလေသည်။ ထို့နောက်ဘသူက လျှိုယွင်နှင့် ချီဝမ်တို့ စားပွဲသို့ သွားလိုက်လေသည်။

ကျူးဟန်က သူတို့ရှေသို့ ရောက်သွားချိန်တွင် သူ့၏ အေးစက်စက် အသံက လျှိုယွင်၏ နှလုံးသားကို ရစ်ပတ်သွားသည်။

"ကောင်စုတ်လေး...သွေးစာချုပ်ကို ထုတ်ပေးမယ်ဆိုရင်...မင်း ဆရာကို မျက်နှာသာပေးတဲ့အနေနဲ့ ငါ မင်းကို မသတ်ဘူး"

လျှိုယွင်က ထိတ်လန့်ကာ ဒေါသထွက်သွားသည်။ ဤ ကျူးမိသားစုဘိုးဘေး သည် အလွန်တရာ အရှက်ကင်းမဲ့လွန်းလှသည်။ သွေးစာချုပ်ကို ကျူးမိသားစုခေါင်းဆောင် ကျူးချူက ဆုံးရှုံးခဲ့ခြင်း ဖြစ်ပြီး ယခုမူ ပြန်လည် တောင်းယူချင်နေကြပေသည်။

"မပေးနိုင်ဘူး"

ကျူးဟန်၏ နတ်ဘုရားဆန္ဒဖြင့် ဖိအားပေးခံနေရစေကာမူ လျှိုယွင် က အံကိုကြိတ်ကာ ငြင်းဆိုနေဆဲ ဖြစ်သည်။

အကြောင်းမှာ သွေးစာချုပ်သည် သူနှင့် ချီဝမ်တို့၏ ပျော်ရွှင်မှုအတွက် အဟန့်အတား ဖြစ်နေသောကြောင့် ဖြစ်သည်။

လျှိုယွင်၏ အဖြေကို ကြားလိုက်ချိန်တွင် ကျူးဟန်၏ အမူအရာသည် ပိုမို အေးစက်လာပေသည်။ သူ့လက်ကို လေထဲသို့ ရုတ်တရက် ဆုပ်ကိုင်လိုက်သည်မို့ လျှိုယွင်သည် လည်ပင်းမှ မြှောက်ကိုင်ခံလိုက်ရသည်။ လျှိုယွင် သည် အသက် မရှုနိုင်ဖြစ်ကာ သူ့၏ မျက်နှာကလည်း ခရမ်းရောင်သန်းလာသည်။

လျှိုယွင် ထိုသို့ ဆက်ဆံ ခံနေရသည်ကို မကြည့်ရက်တော့သည်မို့ ချီဝမ်သည် ကျူးဟန်ကို ဒေါသတကြီး ဝင်ရောက်တိုက်ခိုက်လိုက်သည်။ သို့သော် သူမ မလှုပ်ရှားနိုင်မီ မမြင်နိုင်သော အင်အားတစ်ခု၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စင်ကာ ကြမ်းပြင်နှင့် တိုက်မိသွားသည်။

ကျူးဟန်က နှာခေါင်းရှုံ့ကာ လျှိုယွင်ကို အေးစက်စက် ကြည့်လိုက်သည်။

"ကောင်စုတ်လေး...မင်းက ငါ့ကို ဒီလိုမျိုး ပြောရဲတဲ့ သတ္တိရှိတယ်ဆိုတော့...ကြည့်ရတာ မင်းက မဟာနတ်ဘုရားအဆင့်ကို ရောက်သွားပြီ ထင်တယ်"

ကျူးဟန်က လျှိုယွင်၏ သိုလှောင်လက်စွပ်ကို ဆွဲချွတ်လိုက်ကာ လက်ထဲထည့်၍ အတားအဆီးများကို ဖျက်ဆီးလိုက်လေသည်။ သူက သွေးစာချုပ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

သွေးစာချုပ်အာယ ယူဆောင်ခံလိုက်ရသည်ကို ကြည့်ရင်း လျှိုယွင်သည် စိုးရိမ်မှူများဒေါသများ အုံကြွလာကာ ဒဏ်ရာရသွားသည့် သားရဲတစ်ကောင်နှယ် ဟိန်းဟောက်လိုက်သည်။

ကျူးဟမ်က သူ့လက်ကို တစ်ချက်ယမ်းကာ လျှိုယွင်ကို စားသောက်ဆိုင် အပြင်ဘက်သို့ လွှင့်ပစ်လိုက်ပြီး လှောင်ပြောင်လိုက်သည်။

"သွေးစာချုပ်ကို ပြန်လိုချင်တယ်ဆိုရင် မင်းဆရာကို လာဖို့ပြောလိုက်လေ...ဟုတ်တာပေါ့...ဟောင်ရှောင်လုံ ကိုလည်း မင်း ပြောလို့ရတာပဲ...အဲ့ဒီ ဟောင်ရှောင်လုံ က ကောလာဟလတွေထဲကအတိုင်း မဟာနတ်ဘုရားအဆင့် ၂ ကို အနိုင်ယူနိုင်စွမ်း ရှိတဲ့အထိ သန်မာရဲ့လား ဆိုတာကို ငါတကယ် သိချင်နေတာ..."

ကျူးဟန်က သူ့၏ မဟာနတ်ဘုရားအဆင့် ၂ အရှိန်အဝါကို ထုတ်ဖော်ပြလိုက်သည်။

လျှိုယွင်၏ မျက်နှာက တင်းမာသွားလေသည်။ ကျူးဟန်က မဟာနတ်ဘုရားအဆင့် ၂ ကို အမှန်တကယ် ဝင်ရောက်သွားပြီး ဖြစ်သည်။

သူပြောချင်သည်ကို ပြောပြီးသည်နှင့် ကျူးဟန်သည် သူ့၏ ကျူးမိသားစုဝင်များဖြင့် ထွက်ခွာသွားလေသည်။

ကျူးချန်ရီကမူ ချီဝမ်၏ ဘေးမှ ဖြတ်သန်းသွားချိန်တွင် သူ့၏ မျက်နှာထက်၌ ရှုပ်ထွေးနေသော အမူအရာတစ်ခု ထွက်ပေါ်လာပေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၃......ကျူးမိသားစုဘိုးဘေး

ကျူးမိသားစု အုပ်စု ထွက်သွားပြီးနောက်ချီဝမ်သည် လျှိုယွင် ၏ ဘေးနားသို့ စိုးရိမ် ပူ ပန် စွာ ဖြင့် အလျှင်ဘအမြန် သွားလိုက်လေသည်။

"ဆရာတူ အစ်ကိုကြီး...အစ်ကိုကြီးရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်လား"

လျှိုယွင် က သူမကို နှစ်သိပ်ပေးလိုသော်လည်း ပါးစပ် ဟ လိုက်သည်နှင့် သွေးအန် လိုက်ရလေသည်။

ဤ သည်ကို ကြည့်ရင်း ချီဝမ်သည် သူမ၏ နှလုံးသားကို ဆုပ်ညှစ်ခံလိုက်ရသည့်နှယ်  ခံစားလိုက်ရပြီး မျက်ရည်များကျဆင်းလာလေသည််။

လျှိုယွင်က အားတင်း ပြုံးလိုက်လေပြီး သူမကို နှစ်သိပ်ရန် ကြိုးစားလိုက်သည်။

"အစ်ကို အဆင်ပြေပါတယ်"

သို့သော်လည်း သူစကားဆုံးသည်နှင့် ချောင်ဆိုးလိုက်ရပြီး သွေးတစ်လုပ် အန်လိုက်ရလေသည်။

"ဆရာတူ အစ်ကိုကြီး... ညီမတို့ အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကို ပြန်ပြီးတော့ ဆရာ့ဆီက အကူအညီ သွားတောင်းရအောင် "

ချီဝမ်ကတိုက်တွန်းလိုက်လေသည်။

လျှိုယွင်က ခေါင်းကို ရမ်းလိုက်လေပြီး...

"ဆရာက တံခါးပိတ်ကျင့်ကြံနေတုန်းပဲ ရှိသေးတယ်.... ဆရာတူညီလေး ၄ သာ ဒီနေရာမှာ ရှိနေမယ်ဆိုရင်... သူ့မှာ နွေဦးဆောင်းဦး အသက်ရာချီဆေးလုံးတွေ ရှိတယ်"

"ဆရာတူမောင်လေး ၄ လား"

ချီဝမ်က တုန်လှုပ်သွားလေသည်။

"ဟုတ်တယ်...ဟုတ်တယ်...ဆရာတူမောင်လေး ၄...မိုးကောင်းကင် နတ်ဘုရား ကုန်းမြေကြီးေပါ်မှာ ကျင်းပမယ့် လေလံပွဲမှာ မိုးကောင်းကင် နတ်ဘုရား တစ်ပါးရဲ့  ဦးခေါင်းတစ်ခု လေလံတင်မယ့်ပွဲက ကြယ်စင်စု လေးစုလုံးကို ပြန့်နှံ့သွားပြီလေ...ဆရာတူညီလေး ၄လည်း ဒီသတင်းကို ကြားပြီးတော့ ဒီကို ရောက်နေလောက်တယ်...သူသာ အနီးနားမှာ ရှိနေမယ်ဆိုရင် သူ့ကို ဆက်သွယ်လို့ ရလောက်တယ်"

ချီဝမ်က ကျောက်စိမ်းပြားတစ်ခုကို အလျှင်အမြန်ထုတ်ယူလိုက်ပြီး ခွဲချေလိုက်လေသည်။

တစ်ချိန်ထဲမှာပင် ကောင်းကင်ဘုံစားသောက်ပွဲ တဲခိုခန်းတစ်ခုရှိ ခြံဝန်းထဲ၌ဖြစ်သည်။ရှောင်ခုံသည် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သတင်းပို့ချက်ကို ကြားလိုက်ရပြီးနောက် သူ့၏အမူအရာသည် တင်းမာလာသွားသည်။

"ဘာဖြစ်လို့လဲ"

ရှောင်လုံ၏ မျက်နှာထက်ရှိ ပြောင်းလဲမှုကို သတိထားမိသွားသည်နှင့် ရှောင်ဖေး၏ နှလုံးသားသည် ဆိုးဝါးသည့် ခံစားချက်ကို တုန်လှုပ်သွားလေသည်။

"ဆရာတူအစ်ကိုကြီးနဲ့ ဆရာတူ အစ်မ၃လည်း ကျားဖြူမြို့တော်ထဲမှာရှိနေတယ်...ဒါပေမယ့် ဆရာတူ အစ်မ ၃ပို့လိုက်တဲ့ သတင်းပို့ချက်ထဲမှာတော့ သူတို့နှစ်ယောက်လုံး ဒဏ်ရာပြင်းပြင်းထန်ထန်ရနေတယ်တဲ့"

ရှောင်လုံက လေးနက်သည့် အသံဖြင့် ရှင်ပြလိုက်သည်။

ဤသည်ကို ကြားလိုက်ရသည်နှင့် ရှောင်ဖေး၏ မျက်နှာမှာ မဲမှောင်သွားလေသည်။

"ဆရာတူ အစ်ကိုကြီးနဲ့ ဆရာတူ အစ်မ၃က အခု ဘယ်မှာတဲ့လဲ...သူတို့ဆီကို သွားရအောင်"

ရှောင်လုံက ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်ဖေးနှင့်အတူ ခြံဝန်းထဲမှ ထွက်ခွာလာကြသည်။မျက်တောင်တစ်ခတ်အတွင်း တည်းခိုခန်းထဲမှ  ထွက်ခွာလိုက်ပြီး ချီဝမ်ပြောသည့် နေရာသို့ ဦးတည်လိုက်သည်။

ခဏကြာပြီးနောက် ရှောင်လုံနှင့်ရှောင်ဖေးတို့်သည် စားသောက်ဆိုင် အရှေ့သို့ ရောက်ရှိလာကြသည်။ သို့သော် သူတို့ အထဲသို့ ဝင်လိုက်သည်နှင့် လျှိုယွင်နှင့် ချီဝမ်တို့သည် ထွက်ခွာသွားကြပြီဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် မခြောက်သေးသော သွေးအိုင်နှစ်ခု ရှိနေပေသည်။ဤ သည်ကို ကြည့်ရင်း ရှောင်လုံ၏ မျက်နှာသည် ဒေါသဖြင့် မဲမှောင်သွားလေသည်။

စဥ်းစားစရာ မလိုလောက်အောင်ပင် ထိုသွေးကွက်သည် လျှိုယွင်၏ သွေးဖြစ်ကြောင်း သူသိသွားပေသည်။

ရှောင်လုံ၏ စူးရှသော အကြည့်က ပတ်ပတ်လည်ကို ရောက်ရှိသွားလေသည်။သူ့၏  အသိစိတ်ထဲ၌ သတ်ဖြတ် လိုစိတ်က မြင့်တတ်လာလေသည်။

စားသောက်ဆိုင်ထဲရှိ လူများသည် လေထုထဲမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်မို့ ဘေးလွတ်ရာနေရာသို့ ချက်ချင်းဆုတ်ခွာလိုက်ရပြီး ရှောင်လုံကို ကြောက်လန့်တကြားကြည့်လိုက်ကြလေသည်။

"အစ်ကိုကြီးဟောင်"

ရှောင်ဖေးက သူ့ကို စိုးရိမ်ထိတ်လန့်စွာဖြင့် ခေါ်လိုက်လေသည်။

ထို့နောက်မှသာ ရှောင်လုံသည် သတ်ဖြတ်လိုစိတ်ကိုရုတ်သိမ်းလိုက်ပြီး ခေါင်းကို ကြည်လင်အောင် ထားလိုက်လေသည်။

"အစ်ကို့ရဲ့ ဆရာတူ အစ်ကိုကြီးနဲ့ ဆရာတူ အစ်မတို့က အခုပဲ ထွက်သွားတာဖြစ်လောက်တယ်...သူတို့ကို ကျောက်စိမ်းပြားနဲ့ ဆက်သွယ်ပြီးတော့ သူတို့ရဲ့ တည်နေရာကို မေးကြည့်လိုက်လေ"

ရှောင်ဖေးက နူးညံ့စွာ ဖျောင်းဖျ လိုက်လေသည်။

ရှောင်လုံက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ရှောင်ဖေးကို ခေါင်းညိမ့်ပြလိုက်လေသည်။ထို့နောက် သူက ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး လျှိုယွင်နှင့် ချီဝမ်တို့ကို ဆက်သွယ်လိုက်ပြီး ချက်ချင်းဆိုသလို  သတင်းပို့ချက်အား ပြန်လည်လက်ခံ ရရှိလိုက်လေသည်။
ရှောင်လုံက သတင်းပို့ချက်ကို လျှင်မြန်စွာရရှိသွားသောကြောင့် စိတ်သက်သာရာ ရရှိသွားပြီး ရှောင်ဖေးကို ကြည့်ကာ ပြောလိုက်လေသည်။

"လာ...ဆရာတူ အစ်ကိုကြီးနဲ့ဆရာတူ အစ်မတို့က ဒီနားမှာပဲရှိတယ်"

သူသည် ရှောင်ဖေးနှင့်အတူ လျှိုယွင်နှင့်ချီဝမ်တို့ရှိရာနေရာသို့ အလျှင် အမြန်သွားလိုက်သည်။ ခဏကြာပြီးနောက် သူတို့ကို တည်းခိုခန်းတစ်ခု၏ ခြံဝန်းလေးထဲတွင် တွေ့ရှိလိုက်ရသည်။

ရှောင်လုံရောက်ရှိလာသည်ကို မြင်လိုက်သည်နှင့် စိုးရိမ်ပူပန်နေသော ချီဝမ်သည် စိတ်သက်သာရာ ရသွားလေသည်။

ရှောင်လုံ၏ အကြည့်က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေသော လျှိုယွင် အပေါ်သို့ ရောက်ရှိသွားပြီး သူ့၏ မျက်နှာက မဲမှောင်သွားလေသည်။စကားတစ်ခွန်းမှ မဆိုဘဲ သူက နွေဦးဆောင်းဦး အသက်ရာချီ ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်ပြီး လျှိုယွင်နှင့် ချီဝမ်ကို တစ်ယောက်တစ်လုံးပေးလိုက်သည်။တစ်ချိန်ထဲမှာပင် ရှောင်လုံသည် သု့၏ အစစ်အမှန် အင်မော်တယ် အဆီအနှစ်အင်အားကို လှည့်ပတ်လိုက်ပြီး လျှိုယွင်၏ နောက်ကျောထက်၌ လက်နှစ်ဖက်တင်လိုက်ကာ နွေဦးဆောင်းဦး အသက်ရာချီ ဆေးလုံးကို စုပ်ယူချေဖျက်ရာတွင် ကူညီပေးလိုက်လေသည်။

ဆေးလုံးကို သန့်စင်ရာတွင် သူ့၏ ကူညီမှုကြောင့် လျှိုယွင်၏ မျက်နှာသည် အနည်းငယ် သွေးရောင်လွှမ်းလာပေသည်။

"ဆရာတူ အစ်ကိုကြီး... အစ်ကိုကြီးကို ဒီလိုဖြစ်အောင် ဘယ်သူ လုပ်လိုက်တာလဲ"

ရှောင်လုံက မေးလိုက်လေသည်။

လျှိုယွင်က တုန့်ဆိုင်းနေသော်လည်း ရှောင်လုံ၏ အကြည့်အောက်တွင် ဖြစ်ပျက်ခဲ့သမျှကို အလျှင် အမြန်ပြောပြလိုက်လေသည်။

"ကျူးမိသားစုဘိုးဘေး "

ရှောင်လုံ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားလေသည်။

ရှောင်လုံ၏ တုန့်ပြန်ပုံကိုကြည့်ရင်း သူ့ကို ဖျောင်းဖြရန် ကြိုးစားလိုက်လေသည်။

"ဆရာတူညီလေး...အဲ့ဒီကျူးမိသားစု ဘိုးဘေးက မဟာနတ်ဘုရား အဆင့် ၂ကို ချိုးဖြတ်ဝင်ရောက်သွားပြီ...ပြီးတော့ သူ့မှာ ပြိုင်ဘက်ကင်းခန္ဓာကိုယ်ဖြစ်တဲ့ အနန္တ အဆိပ်ဘုရင် ခန္ဓာကိုယ် ရှိတယ်လို့ အစ်ကို ကြားဖူးထားတယ်...ဒီကိစ္စအကြောင်းမပြောခင် ငါတို့ ဆရာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာကို စောင့်တာ ပိုကောင်းလိမ့်မယ်"

ရှောင်လုံက လျှိိုယွင်၏စိုးရိမ်ပူပန်မှုများကို သိရှိသော်လည်း သူက သက်တောင့်သက်သာ ပြုံးပြလိုက်လေသည်။

"ဆရာတူ အစ်ကိုကြီးအနေနဲ့ စိုးရိမ်ပူပန်ဖို့ မလိုပါဘူး...ဒီကိစ္စကို ကျွန်တော် သိပါတယ်...ကျွန်တော်အစ်ကို အတွက် အဲ့ဒီကိစ္စသွေးစာချုပ်ကို ပြန်ယူပေးမယ်"

ရှောင်လုံက ဟုတ်ပေသည်။

ရှောင်လုံက သွေးစာချုပ်ကို ပြန်ယူ ရုံထက်ပိုသော ကိစ္စများကို လုပ်ဆောင်မည်ဖြစ်သည်။

လျှိုယွင်က သူ့ကို အဆင်အခြင်မဲ့ မပြုလုပ်ရန် ဖျောင်းဖြလိုသော်လည်း အဆုံး၌ မည်သည်စကားမှ မပြောလိုက်ပေ။ သူက ရှောင်လုံ၏ အကျင့်စရိုက်ကို ကောင်းစွာ နားလည်ထားပေသည်။

ကိစ္စများက ဤသို့ ဖြစ်သွားပြီးမို့ ရှောင်လုံနှင့် ချီဝမ်တို့သည် လျှိုယွင်တို့နှစ်ယောက်နှင့် တဲခိုခန်းထဲ၌ အတူနေရန် ဆုံးဖြတ်လိုက်ပြီး သူတို့နေထိုင်ရာနေရာဘေးရှိ ခြံဝန်းတွင် နေရာယူလိုက်ကြပေသည်။

၆ရက်ကြာပြီးနောက်၌ လေလံပွဲရက်သို့ရောက်ရှိမည်ဖြစ်သည်။

ရှောင်လုံနှင့် ရှောင်ဖေးတို့သည် လမင်းဆင်းသက်ခြင်း အဘိုးအိုနှင့် ယန်ယီတို့ကို ဆက်သွယ်ရန် ကြိုးပမ်းခဲ့ကြသော်ငြား သူတို့နှစ်ယောက်လုံ၌ မည်သည့် တုန့်ပြန်မှုမှ မရရှိခဲ့ပေ။

သို့သော်လည်း သူက အကြီးအကဲ နှစ်ယောက်ကိုစိုးရိမ် ပူပန်ခြင်း မရှိပေ။

သူတို့ က နတ်ဘုရား ဦးခေါင်းအတွက် လာရောက်ကြသည်မို့ ရှောင်လုံသည် သူတို့ကို လေ လံပွဲ၌ တွေ့ရပေလိမ့်မည်။ ကျူးမိသားစုဘိုးဘေးကို လည်း လေလံပွဲပွဲ၌ တွေ့ရမည်မို့ ရှောင်လုံသည် လေလံပွဲပြီးသည်နှင့် သူ့ကို သေသေချာချာ 'ဂရုစိုက်'ပေးလိုက်ရန်ဆုံးဖြတ်လိုက်လေသည်။

ဤကိစ္စများကို တွေးတောမိချိန်တွင် ရှောင်လုံသည် ထူးဆန်းသလို ခံစားမိလိုက်လေသည်။

သူပိုင်ဆိုင်ထားသော စွမ်းအားကိုသိလျက်နှင့် ကျူးမိသားစု သည် သူ့၏ ဆရာတူအစ်ကို ကို ဒုက္ခပေးရဲနေသေးသည်လား။

ဤသည်က သွေးစာချုပ်လေးတစ်ခု အတွက် ဖြစ်သည်လား။

သူတို့သည် သူ၏ ဒေါသကို ဆွမိသလို ဖြစ်သွားသည်ကို မစိုးရိမ်သည်လား။အပေါ်ယံတွင် ရှောင်လုံသည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်၁၄ယောက်နှင့် သွေးစာချုပ် ချုပ်ဆိုထားသည့် အကြောင်းမှာ လျှို့ဝှက်ချက် မဟုတ်ပေ။

မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ၁၄ယောက်သည် ကျူးမိသားစု တစ်ခုလုံးကို အလွယ်တကူ သတ်ဖြတ်ပစ်လိုက်နိုင်ပေသည်။

ရှောင်လုံက ခြံဝန်းထဲတွင် ရပ်ရင်း ဤကိစ္စကို တွေးတောလိုက်ကာ သူ့၏ မျက်လုံးထဲတွင် အေးစက်စက် အပြုံးတစ်ချက် ဖြတ်သန်းသွားလေသည်။

"အစ်ကိုက ကျူးမိသားစု အကြောင်းစဥ်စားနေတာလား"

ရှောင်ဖေးက ရှောင်လုံ၏ ဘေးသို့ ရောက်ရှိလာရင်း နူးညံ့စွာမေးလိုက်လေသည်။

ရှောင်လုံက ခေါင်းညိတ်လိုက်သည်။

"ကျူးမိသားစု ဘိုးဘေး၏ လှုပ်ရှားမှုက မရိုးရှင်းဘူး "

ရှောင်ဖေးက မကျေမနပ်ဖြစ်နေသည့် အသံဖြင့် ဆက်ပြောလိုက်လေသည်။

"သူက အစ်ကို့ကို ဒေါသထွက်အောင် တမင်လုပ်တာများလား"

ရှောင်လုံက အတွေးနက်သွားလေသည်။

"ဒါပေမယ့်...အစ်ကို့ကို ဒေါသထွက်အောင် လုပ်ပြီး မျှားခေါ်တာက သူတို့၏ ကျူးမိသားစု အတွက် ဘာအကျိူးအမြတ်မှ မရှိဘူးလေ"

ရှောင်ဖေးက တီးတိုးရေရွတ်လိုက်ပြီး ကျူးမိသားစု ဘိုးဘေး၏ လှုပ်ရှားမှုနောက်ကွယ်မှ အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်သွားလေသည်။

"တစ်ယောက်ယောက်က သူ့ကို ဒီလို လုပ်စေချင်တာလား...ဒါမှ မဟုတ် သူ့ကို ဒီလိုလုပ်ဖို့ အမိန့်ပေးခဲ့တာလား...သူက အဲ့ဒီလူရဲ့ အမိန့်ကို နာခံရတာများလား"

အတွေးနက်နေသည့်ရှောင်လုံက ရုတ်တရက်ပြောလိုက်လေသည်။

"အမိန့် လား...ကြယ်စင်စုလေးစုထဲမှာ ဘယ်သူကများ ကျူးမိသားစုဘိုးဘေးကို အမိန့်ပေးနိုင်တာလဲ"

ထို့နောက် ရှောင်ဖေးသည် တစ်စုံတစ်ခုကို သတိရသွားလေသည်။

"အစ်ကို ဆိုလိုတာက ထူးခြားဆန်းကျယ်တဲ့ မဟာ အရှင်သခင်လား "

သူမက ရှောင်လုံဆီက ထူးခြားဆန်းကျယ်သော မဟာအရှင်သခင်အကြောင်းကို သိရှိထားပြီးဖြစ်သည်။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။

ဤသည်ကသာ ကျူးမိသားစု ဘိုးဘေး၏ အပြုအမူများကို ရှင်းပြနိုင်စွမ်းရှိပေလိမ့်မည်။

၆ရက်တာကာလက အလျှင်အမြန်ကုန်ဆုံးသွားပေသည်။

ဤ၆ရက်တာကာလအတွင်း သူတိူ့၄ယောက်သည် မည်သည့်နေရာကိုမှ မသွားကြဘဲ ခြံဝန်းထဲ၌သာ ကျင့်ကြံခြင်း သို့မဟုတ် တစ်ခါတစ်ရံ အတူတကွ အရက်သောက်ခြင်းတို့သာ ပြုလုပ်ခဲ့ကြသည်။

လေလံပွဲကျင်းပသည့်နေတွင် ရှောင်လုံ၊ရှောင်ဖေး၊လျှိုယွင်နှင့်ချီဝမ်တို့သည် တည်းခိုခန်းထဲမှ ထွက်ခွာကာ လေ လံပွဲ အိမ်တော််သို့ ဦးတည်လိုက်ကြသည်။

သူတို့၄ယောက် လေလံပွဲ အိမ်တော်သို့ရောက်ရှိသွားချိန်တွင် ဝင်ပေါက်ဝ၌ နေရာအနှံ့မှ ကျင့်ကြံသူများပြည့်နှက်နေပြီး ပတ်ပတ်လည်တွင် လူများဖြင့် ပြည့်ညပ်နေသည်။ထိုလူအုပ်ကြီးဖြင့်ဆိုပါက ရှေ့သို့ တစ်လှမ်းတိုးရန်ခက်ခဲလှပေသည်။သို့သော် လေလံပွဲ အိမ်တော်သည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကိုသာ ကိုယ်ပိုင်အခန်း ငှားရမ်းပေးနိုင်မည်ဖြစ်သည်။ထို့အပြင် ဝင်ကြေးအနေဖြင့် ပိုင်ဟူဒင်္ဂါးတစ်သန်း ပေးရန်လိုအပ်ပေသည်။

ပိုင်ဟူ ဒင်္ဂါးလေးသန်းပေးပြီးနောက် သူတို့၄ယောက်သည် လေလံအိမ်တော်ထဲသို့ ဝင်ရောက် လိုက်သည်။

"နောင် အနာဂတ်ကြရင် ငါလည်း သိုင်းဝိညာဥ်ကမ္ဘာ ထဲမှာ လေလံပွဲတွေ ကျင်းပပစ်မယ်...ရွှမ်းဝူဒင်္ဂါးတစ်သန်းကို ဝင်ကြေးအဖြစ်တောင်းပစ်မယ် "

ရှောင်လုံက ဟာသ လုပ်လိုက်သည်။

ရှောင်ဖေးနှင့် ချီဝမ်တို့သည်လည်း ရယ်မောလိုက်ကြသည်။

ရုတ်တရက်ဆိုသလို လျှိုယွင် ၏ မျက်လုံးများက နီရဲသွားလေပြီး နေရာတစ်ခုသို့ ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

ရှောင်လုံက လျှိုယွင်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ချိန်တွင်သိပ်မဝေးသည့်နေရာမှ လူအုပ်စုတစ်ခုကို မြင်လိုက်ရ လေသည်။သူတို့သည် ကျူးချူနှင့် ကျူးမိသားစု သိုင်းပညာရှင်များဖြစ််သည်။

ရှောင်လုံ၏ မျက်လုံးများက ကျဥ်းမြောင်းသွားလေပြီး ကျူးချူနံဘေးရှိ အနီရောင်ဆံပင်နှင့် အဘိုးအိုကိုစိုက်ကြည့်လိုက်လေသည်။

'ဒါက ကျူးမိသားစုဘိုးဘေး ကျူးဟန်ထင်တယ်'

ထိုအချိန်တွင် ကျူးမိသားစု ဘိုးဘေး ကျူးဟန်သည် ရှောင်လုံရှိရာဆီသို့ကြည့်လာလေပြီး လူနှစ်ယောက်၏ အကြည့်သည်လေထုထဲ၌ ထိပ်တိုက်တွေ့ဆုံသွားလေသည်။

"ဘိုးဘေးခင်ဗျာ... သူက ဟောင်ရှောင်လုံလေ"

ကျူးချူက ရှောင်လုံရှိရာဆီသို့ ကြည့်လိုက်ရင်း ကျူးဟန်အား တင်ပြလိုက်လေသည်။

ကျူဟန်သည် အံ့ အားသင့်သွားလေသည်။သူက ရှောင်လုံကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ခဏမျှ ရပ်တန့်နေပြီးနောက် ကျူးဟန်သည် ရှောင်လုံတို့ ၄ယောက်ရှိရာနေရာသို့ လျှောက်လာလေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၄.....ပေ့ထျန်းကျီ

ကျူးဟန်က ရှောင်လုံရှေ့၌ ရပ်တန့်လိုက်လေပြီး အေးစက်စက်အမူအရာဖြင့် ပြောလိုက်လေသည်။

"မင်းက ဟောင်ရှောင်လုံလား... ပြီးခဲ့တဲ့ အချိန်က မင်းက ငါမရှိတာကို အခွင့်ကောင်းယူပြီး ကျူးချူနဲ့ လောင်းကြေးထပ်ခဲ့တယ်လေ...မင်းက သူ့ကို အငိုက်ဖမ်းပြီး တိုက်ခိုက်ခဲ့လို့ လောင်းကြေးကို အနိုင်ရသွားခဲ့တာ "

လျှိုယွင်က ကျူးဟန်၏ အချက်မရှိသော စကားများကြောင့် ဒေါသထွက်သွားလေသည်။ထိုအခေါက်က လောင်းကြေးထပ်ပွဲသည် မျှတသော်လည်း ယခုမူ ရှောင်လုံက လောင်ကြေးကို အနိုင်ရရန် ဖုံးကွယ်ထားသော နည်းလမ်းတစ်ခုကို အသုံးပြုသလို ပြောဆိုနေပေသည်။

ရှောင်လုံက ကျူးဟန်၏ စကားများကြောင့် အနည်းငယ်မျှပင် စိတ်လှုပ်ရှားသွားခြင်းမရှိပေ။

"သွေးစာချုပ်က ငါ့ရဲ့လက်ထဲမှာလေ"

ကျူးဟန်က ဆက်ပြောလိုက်သည်။

"မင်းက ဒါကို လိုချင်တယ်ဆိုရင်... ဆန်းကျယ် ကျောက်တုံးကမ္ဘာကို လာပြီးတော့ ငါနဲ့ မျှမျှတတ လာပြိုင်လှည့်... မင်းနိုင်သွားမယ်ဆိုရင် သွေးစာချုပ်ကို ယူသွားလို့ရတယ်....ပြီးတော့ ငါတို့ ကျူးမိသားစုက မင်းရဲ့ ဆရာတူ အကိုကြီးနဲ့ ဆရာတူ အစ်မတို့ရဲ့ ဆက်ဆံရေးကို ဝင်မစွက်ဖက်တော့ဘူး "

ဤသည်မှာ ကျူးဟန်၏ အစစ်အမှန်ရည်ရွယ်ချက်ဖြစ်သည်။

အတိအကျဆိုရသော် ရှောင်လုံကို ဆန်းကြယ်ကျောက်တုံး ကမ္ဘာသို့ မျှားခေါ်ခြင်းသည် ထူးခြား ဆန်းကျယ်သော မဟာ အရှင်သခင်၏ ရည်ရွယ်ချက် ဖြစ်ရပေလိမ့်မည်။

ရှောင်လုံသာ ထိုနေရာသို့ အမှန်တကယ် သွားခဲ့မည်ဆိုလျှင် ထောင်ချောက်တစ်ခုက သူ့ကို စောင့်ကြိုနေလိမ့်မည်။

ကျူးဟန်က ထပ်ပြောလိုက်လေသည်။

"ဒါပေမယ့်...မင်းတစ်ယောက်တည်း လာခဲ့ရမယ်...ဒီလိုမှ မဟုတ်ရင်တော့ မင်း သွေးစာချုပ်ကို ဘယ်တော့မှ ရမှာ မဟုတ်တော့ဘူး"

သူ့၏ အသံထဲမှ ခြိမ်းခြောက်မှုသည် နေ့အချိန်အလား ရှင်းလင်းနေပေသည်။ထိုသို့ ပြောပြီးသည်နှင့် ကျူးဟန်သည် နောက်သို့လှည့်ကာ ကျူးမိသားစု သိုင်းပညာများကို ဦးဆောင်၍ ထွက်သွားလေသည်။

ရှောင်လုံ၏ အေးစက်စက် အကြည့်ကထွက်ခွာသွားသော ကျူးမိသားစု ဝင်များပေါ်သို့  လိုက်ပါသွားလေသည်။ ကြည့်ရသည်မှာ ကျူးဟန်သည် ရှောင်လုံ၏ ဆရာတူ အစ်ကိုနှင့် ဆရာတူ အစ်မတို့အပေါ် အလေးထားမှုကို အသုံးချကာ ဆန််ကြယ် ကျောက်တုံးကမ္ဘာသို့စွန့်စွန့်စားစား လာရောက်စေရန် လောင်းကြေးထပ်လိုက်ခြင်းဖြစ်သည်။

"ဆရာတူ ညီလေး၄"

လျှိုယွင်၏ မျက်နှာထပ်တွင် စိုးရိမ်ပူပန်မှုများပြည့်နှက်နေပြီး ရှောင်လုံကိုခေါ်လိုက်လေသည်။

ရှောင်လုံလှည့်ကြည့်လိုက်ချိန်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော ရှောင်ဖေး၊လျှိုယွင်နှင့် ချီဝမ်တို့ကို တွေ့လိုက်ရလေသည်။သူက အပြုံးတစ်ခုဖြင့် ခေါင်းကို ခါယမ်းပြလိုက်လေသည်။

"အဆင်ပြေပါတယ်...လာကြလေ... လေလံပွဲက စတော့မယ် "

ဤသည်ကို မြင်လိုက်ပြီးမှ သာ လျှိုယွင်နှင့် ကျန်သူများသည် ရှောင်လုံနှင့်အတူ လေလံပွဲကျင်းပရာဆီသို့ သွားလိုက်ကြလေသည်။

လေလံပွဲ အိမ်တော်၏ စည်းမျဥ်းများအရ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကိုသာ ကိုယ်ပိုင်အခန်း သတ်မှတ်ပေးထားသောကြောင့် ရှောင်လုံတို့လေးယောက်သည် အခြားမိသားစုများမှ သိုင်းပညာရှင်များကဲ့သို့ မြေ ကွက်လပ်ထဲရှိ ထိုင်ခုံများတွင် နေရာ ယူလိုက်ကြရသည်။

လေလံပွဲကျင်းပရာ မြေကွက်လပ်သည် လူသောင်းပေါင်းများစွာ အတွက် လုံလုံလောက်လောက် ကျယ်ပြန့်ပေသည်။ သို့သော်လည်း ရှောင်လုံ ဝင်လိုက်ချိန်တွင် ထိုင်ခုံများသည် ပြည့် လုနည်းပါး ဖြစ်နေပြီဖြစ်သည်။

ပတ်ပတ်လည်သို့ ကြည့်လိုက်ပြီးနောက် သူတို့သည် နောက်တစ်နေရာရှိခုံတန်းတစ်ခုရှိ ခုံလေးခုံ လွတ်နေသော ခုံတန်းတစ်ခုကို တွေ့လိုက်ရပြီး ထိုင်လိုက်ကြလေသည်။ ရှောင်လုံက ခုံပေါ်၌ ထိုင်လိုက်ချိန်တွင် သူ့အားအမုန်းတရားများဖြင့် ပြည့်နှက်နေသော အကြည့်ဖြင့် စိုက်ကြည့်နေသော အကြည့်ကိုခံစားလိုက်ရလေသည်။သူ့၏ မျက်ခုံက အနည်းငယ် တွန့်ကွေးသွားလေပြီး အကြည့်၏ လာရာဆီသို့ လှည့်ကြည့်လိုက်လေသည်။ ထိုအကြည့်သည် ကိုယ်ပိုင်ခန်း နံပါတ်၉မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော်လည်း ကိုယ်ပိုင်ခန်း အားလုံသည် လုံခြုံရေးအတွက် ရည်ရွယ်ကာ တားမြစ်အစီအရင်များဖြင့် ဖုံးကွယ်ထားပေသည်။ ထို့ကြောင့် အပြင်ဘက်မှ လူများက ကိုယ်ပိုင်အခန်းထဲရှိ လူများကို မမြင်တွေ့နိုင်ပေ။

ကိုယ်ပိုင်ခန်း နံပါတ်၉ထဲ၌ ထိုင်နေသော သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ရှောင်လုံ၏ ဥကန်ခွဲမှုကို ခံလိုက်ရသော ရဲ့လူထျန်းဟော်ဖြစ်သည်။ရဲ့လူထျန်းဟော်နှင့် ပိန်ခြောက်ခြောက် အဘိုးအို နှစ်ယောက်အပြင် အခြား လူသုံးယောက်လည်း ရှိနေပေသည်။ သူတို့ထဲ မှ တစ်ယောက်သည် ခရမ်းရောင် ဝတ်ဆုံနှင့် လူငယ်ဖြစ်ပြီး သူ့၏ နောက်တွင် အဘိုးအို နှစ်ယောက် ရှိနေပေသည်။ထို အဘိုးအို နှစ်ယောက်ဆီမှ မမြင်တွေ့နိုင်သော ဖိအားသည် ရဲ့လူထျန်းဟော်နောက်ရှိ အဘိုးအိုနှစ်ယောက်ထပ် ပိုမို အားကောင်းနေပေသည်။

ခရမ်းရောင် မျက်လုံးနှင့် လူငယ်သည် ရဲ့လူထျန်းဟော်၏ မျက်လုံးထဲမှ အမုန်းတရားများကို တွေ့ရှိသွားသောကြောင့် ထူးဆန်းသလို ခံစားလိုက်ရပေသည်။ ရဲ့လူထျန်းဟော်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီးနောက် သူက ဟောင်ရှောင်လုံကို မြင်လိုက်ရပေသည်။

"သူက ဟောင်ရှောင်လုံလား "

ခရမ်းရောင် မျက်လုံးနှင့်လူငယ်သည် ရုတ်တရက်နားလည်သွားပြီး ရှောင်လုံဘေး၌ ထိုင်နေသော ရှောင်ဖေးကို ကြည့်လိုက်လေသည်။ သူက သူမ၏ ဆွဲဆောင်မှုကောင်းသော အလှကို မြင်လိုက်သည်နှင့် သူ့၏ ခရမ်းရောင် မျက်လုံးထဲတွင် တပ်မက်သည့်ခံစားချက်များ ဖြတ်ပြေးသွားလေသည်။

"အကို ထျန်းဟော်က ဒီမိန်းကလေးကို အရူးအမူးစွဲလန်းနေတာ အံ့အားသင့်စရာမရှိဘူးပဲ...ကျွန်တော်ဆိုရင်လည်း အစ်ကို့လိုပဲ ဖြစ်မိမှာ"

လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက ရဲ့လူထျန်းဟော်သည် ရှောင်လုံ၏ နာမည်နှင့် နောက်ခံကို စုံစမ်းခဲ့ပေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က အဖြစ်အပျက်ကို အမှတ်ရသွားသည်နှင့် ရဲ့လူထျန်းဟော် ၏ မျက်လုံးထဲရှိ အမုန်းတရားများပိုမိုပြင်းထန်သွားလေပြီး သူ့၏ အကြည့်က ရှောင်ဖေး၏ မျက်နှာပေါ်သို့ ရောက်ရှိသွားလေသည်။

"တစ်နေ့ကျရင်... ငါ အဲ့ဒီ မိန်းမကို ငါ့ခန္ဓာကိုယ်အောက် ဆွဲသွင်းပစ်ပြီးတော့ အနေအထား တစ်ရာ့ရှစ်မျိုးနဲ့ နှိပ်စက်ပစ်မယ်...ငါ သူမကို သေတဲ့အထိ ကစားပစ်မယ်ကွ"

ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည်  အားပါးတရ ရယ်မောလိုက်သည်။

"ဒါပေမယ့် အဲ့ဒီ ဟောင်ရှောင်လုံ က တကယ်ကြီး အစ်ကို့ကို ခံစားရအောင် လုပ်ခဲ့တယ်နော်...ဒါက ကျွန်တော့်ကို စိတ်ဝင်စားမိသွားစေတယ်လေ"

ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည် အမှတ်တမဲ့ နှုတ်ခမ်းသပ်လိုက်မိပြီး သူ့၏ မျက်လုံးထဲ၌ ယုတ်မာသည့်အလင်းတစ်ချက် လက်သွားလေသည်။

ရဲ့လူထျန်းဟော်က နတ်ဆိုးဆန်ဆန် ရယ်မေယလိုက်လေပြီး...

"ပေ့ထျန်းကျီ...မင်းက ဟောင်ရှောင်လုံကို လိုချင်နေတယ်ဆိုရင်လည်း ကိစ္စမရှိဘူး...ဒါပေမယ့်  မင်း သူ့ကို သေခွင့်ပြုလို့တော့ မဖြစ်ဘူးနော်...ငါက ငါကိုယ်တိုင် သူ့ကို ငရဲပို့ပစ်ချင်နေတာ"

ပေ့ထျန်းကျီ က တောက်ပစွာ ပြုံးလိုက်လေသည်။

"သေချာတာပေါ့...ဒါပေမယ့် အဲ့ဒီ ဟောင်ရှောင်လုံ ရဲ့ခွန်အားက အနက်ရောင်လိပ်ကြယ်စင်စုမှာ ထိပ်တန်းပဲလေ...သူ့နောက်မှာ အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ လမင်းဆင်းသက်ခြင်းအဘိုးအိုတို့ ရှိနေတာကို ထည့်မတွက်ရင်တောင်...သူ့ရဲ့ နောက်လိုက်ဖြစ်တဲ့ မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တွေက ရုပ်သေးရုပ်လေးတွေမှ မဟုတ်တာ"

ရဲ့လူထျန်းဟော်၏ မျက်လုံးများက အရိုးစိမ့်လုမတတ် အေးစက်နေပေသည်။

"သူက ကြယ်စင်စုလေးစုထဲမှာပဲ တစ်သက်လုံး နေလိမ့်မယ်လို့ ငါမယုံဘူး...ကြယ်စင်စု လေးစု အပြင်ဘက် ကို သူ ခြေတစ်လှမ်း ချရဲတာနဲ့ သူ သေရလိမ့်မယ်"

"ဒီကောင်လေးက...သူ့မှာ ဘယ်လိုလုပ်ပြီး နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး အများကြီး ရှိနေရတာပါလိမ့်"

ပေ့ထျန်းကျီ က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

"သူက နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခုကို တကယ်ရရှိထားတာလား...ဒီလိုသာဆိုရင်တော့ မိုးကောင်းကင်နတ်ဘုရား ရဲ့ နတ်ဘုရားဦးခေါင်းကို လေလံဆွဲတဲ့နေရာမှာ သူ ဝင်ပါလာရင်...ငါတို့ ယှဥ်ပြိုင်နိုင်စွမ်းမရှိမှာ စိုးရတယ်"

သို့သော်လည်း ရဲ့လူထျန်းဟော်က ဤသည်ကို ကြားလိုက်ချိန်၌ အားပါးတရ ရယ်မောလိုက်လေသည်။

"သူ့မှာ နတ်ဘုရားအဆင့်စိတ်ဝိညာဉ် ကျောက်တုံး မိုင်းတွင်း ရှိနေတော့ရော ဘာဖြစ်လဲ...ပတ်ပတ်လည်က ကြယ်စင်စု ထောင်ပေါင်းများစွာထဲမှာ...ဘယ်သူကများ ရဲ့လူမိသားစုထက် ပိုပြီး ချမ်းသာကြွယ်ဝနေလို့လဲ"

ရဲ့လူထျန်းဟော်၏ မျက်လုံးများထဲ၌ ကြမ်းတမ်း ရက်စက်သည့် အလင်းများ ထွက်ပေါ်နေကြသည်။

"ဒီနေ့...အဲ့ဒီ နတ်ဘုရားဦးခေါင်း အပိုင်းအစက ငါ့အပိုင်ပဲ ဖြစ်ရမယ်...အဲ့ဒီ ခွေးကောင် ဟောင်ရှောင်လုံ က ငါနဲ့ ဘယ်လို ယှဥ်ပြိုင်မလဲ ဆိုတာကိုတော့ သိချင်မိသား"

ပေ့ထျန်းကျီ က စပ်ဖြီးဖြီး ပြုံးလိုက်သည်။

"အစ်ကို မှန်တယ်....ချမ်းသာကြွယ်ဝမှုမှာဆိုရင် အစ်ကိုရဲ့ ရဲ့လူမိသားစုကို ဘယ်သူမှ ယှဥ်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလေ"

ကွင်းပြင်ထဲ၌ ထိုင်နေသည့် ရှောင်လုံသည် ကိုယ်ပိုင်အခန်း နံပါတ်ကိုး၌ ဖြစ်ပျက်သမျှကို မသိရှိပေ။ ကိုယ်ပိုင်အခန်း နံပါတ်ကိုးထဲရှိ ဧည့်သည်များအပြင် များစွာသော မျက်လုံးများသည် ရှောင်လုံနှင့် သူ့အုပ်စုကို စစ်ဆေးကြည့်ရှုနေကြပေသည်။

ဥပမာ ကိုယ်ပိုင်ခန်း နံပါတ် ဆယ့်နှစ် ဖြစ်သည်။

ထိုအခန်းထဲ၌ ကျောင်းမိသားစု၏ခေါင်းဆောင် ကျောင်းဝူဟွမ်၊ အနက်ရောင်သူရဲကောင်းတက္ကသိုလ် လက်ထောက်ကျောင်းအုပ်ကြီး ဝမ့နာ၊ ဂုဒူမိသားစုခေါင်းဆောင် ဂုဒူရီ၊ ဝမ်မိသားစုခေါင်းဆောင် ဝမ်တင်းရီ၊ ရှောင်လုံကို လောင်းကြေးထပ်ရန် စိန်ခေါ်ခဲ့သော ကျူးမိသားစုဘိုးဘေး ကျူးဟန်နှင့် အခြားသော ကျူးမိသားစုသိုင်းပညာရှင်များ ရှိနေကြပေသည်။

စုစုပေါင်း မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် နှစ်ဆယ့်ရှစ်ယောက်ဖြစ်သည်။
အခန်းထဲရှိ လူများအားလုံးသည် ပြင်ပကမ္ဘာကြီး၌ ဆိုပါက ကြီးမြတ်သည့် တည်ရှိမှုများ ဖြစ်ကြသော်လည်း ထို မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် နှစ်ဆယ့်ရှစ်ယောက်သည် ဝေဝေဝါးဝါး အလင်းဖြင့် လွှမ်းခြုံထားသော လူငယ်တစ်ယောက်၏ ရှေ့တွင် ခစားနေကြလေသည်။

လူငယ်ကို ဝန်းရံထားသော ပုံရိပ်ယောင်အလင်းသည် မြင်ရသူတိုင်းအား ထူးခြားဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းနေပေသည်။ တစ်ချိန်တည်းမှာပင် လူငယ်၏ အစစ်အမှန် ရုပ်သွင်ကိုလည်း ဖုံးကွယ်ထားပေသည်။ ထိုသူ၏ ပုံပန်းသဏ္ဍာန်အရ လူငယ်တစ်ယောက် ဖြစ်ကြောင်း ကိုသာ သူတို့ ပြောနိုင်စွမ်း ရှိပေသည်။

"ဒီတစ်ယောက် က ဟောင်ရှောင်လုံ ဆိုတာလား"

လူငယ်၏ အသံက ခံစားချက် ကင်းမဲ့စွာ ထွက်ပေါ်လာပြီး သူ့၏ အသံသည် မတိုးမကျယ်သော်လည်း ဖိအားပြင်းထန်နေပေသည်။

"ဟုတ်ပါတယ်...အရှင် တံလျှပ်ဘုရင် ခင်ဗျား"

လူငယ်၏ ဘေး၌ ထိုင်နေသော ကျောင်းမိသားစုခေါင်းဆောင် ကျောင်းဝူဟွမ်က တွန့်ဆုတ်သွားပြီးနောက် ဖြေလိုက်လေသည်။ ဝမ်နာနှင့် အခြားသူများမှာမူ အသံတစ်ချက်မှ မထွက်လာရဲကြပေ။

"သနားစရာပဲ...အင်း...သနားစရာပါလား"

တံလျှပ်ဘုရင် ဖြစ်သော လူငယ်က ရုတ်တရက် ရေရွတ်လိုက်လေသည်။

မည်သည်ကို သနားနေခြင်း ဖြစ်သည်ကိုမူ မည်သူမှ မမေးမြန်းရဲကြပေ။

"မင်းတို့အားလုံး လုံလောက်တဲ့ ငွေကြေးကို ပြင်ဆင်ထားကြပြီးပြီလား"

တံလျှပ်ဘုရင် က စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ဟုတ်ကဲ့...အကုန်လုံး အဆင်သင့် ဖြစ်နေပါပြီ ခင်ဗျာ"

ကျောင်းဝူဟွမ်၊ ဝမ်နာ၊ ဂုဒူရီ၊ ဝမ်တင်းရီနှင့် ကျူးဟန်တို့အားလုံးသည် ရိုသေလေးစားစွာ ပြန်ဖြေလိုက်ကြသည်။

တံလျှပ်ဘုရင် က ခေါင်းညိတ်လိုက်လေသည်။

"ဒီတစ်ခေါက် ဘာကိစ္စပဲ ရှိရှိ...အဲ့ဒီ နတ်ဘုရားဦးခေါင်း အပိုင်းအစက ငါတို့လက်ထဲကို ရောက်ကိုရောက်ရမယ်...မဟာအရှင်သခင် က အဲ့ပစ္စည်းကို အရမ်းစိတ်ဝင်စားနေတာလေ...ငါတို့ လေလံပြိုင်တာ မအောင်မြင်ခဲ့ဘူးဆိုရင် မင်းတို့အားလုံး အကျိုးဆက်ကို သိထားပြီး ဖြစ်လိမ့်မယ်"

ကျောင်းဝူဟွမ်၊ ဝမ်နာနှင့် ကျန်သူများသည် တုန်လှုပ်သွားကြလေပြီး လူငယ်၏ စကားများကို နားလည်သိရှိကြောင်း အလျှင်အမြန် ခေါင်းညိတ်ပြလိုက်ကြသည်။

ကွင်းပြင်ထဲ၌ ရှောင်လုံတို့အုပ်စုသည် ထောင့်နေရာ၌သာ ငြိမ်သက်စွာ ထိုင်နေကြကာ သူတိူ့ရှိရာသို့ ရောက်ရှိလာသော အကြည့်များအားလုံးကို လျစ်လျူရှုထားကြသည်။ သူတို့သည် အချင်းချင်း ရယ်မောပျော်ရွှင်စွာ စကားပြောဆိုနေကြကာ လေလံပွဲ စတင်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြလေသည်။

တစ်နာရီ မျှကြာပြီးနောက် မြေကွက်လပ်ထဲသို့ ဝင်ရောက်လာသူ မရှိတော့သည့် အချိန်တွင် အဘိုးအို တစ်ယောက်သည် လေလံပွဲစင်မြင့်ပေါ်သို့ တက်လာလေသည်။

လေလံပွဲ စတင်လိုက်ပြီ ဖြစ်သည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၅... မိုးကောင်းကင်နတ်ဘုရား ၏ နတ်ဘုရားဦးခေါင်းအပိုင်းအစ

လေလံပွဲကို တာဝန်ယူသည့် အဘိုးအိုသည် အဖြူရောင်ကျားကြယ်စင်စုတွင် ကျော်ကြားလှသော အဆင့်မြင့် လေလံပွဲရောင်းချသူ ဖြစ်သည်။

လေလံပွဲ၏ စတင်ရောင်းချသော အဖွင့်ပစ္စည်းသည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များဖြစ်သည့် ပိုင်ရှင်ဟောင်း ၁၁ယောက်ရှိသော အစိမ်းရောင် ရှေးဟောင်း ဓားရှည်တစ်လက်ဖြစ်သည်။ ရှေးဟောင်းဓားရှည်၏ ကိုယ်ထည်သည် အလွန်တရာ ရှားပါးလှသော နတ်ဘုံကမ္ဘာမှ သံမဏိဖြင့် ပြုလုပ်ထားပြီး ၄င်း၏ ကိုယ်ထည်ပေါ်တွင် ရှုပ်ထွေးလှသော အကာ အကွယ် အစီအရင်များ ထွင်း ထုထားပေသည်။ ထို့ကြောင့် ဓားရှည်ကို လေလံစင်မြင့်ပေါ်သို့ ယူလာသည့်အခိုက်တွင် ကျင့်ကြံသူအချို့သည် မြင့်မားလှသော စျေးနှုန်းများ ပေးလိုကြပေသည်။

အဆုံး၌ အစိမ်းရောင် ဓားရှည်ကို ပိုင်ဟူဒင်္ဂါး၂၃၀သန်းဖြင့် အဖြူရောင်ကျားကြယ်စင်စု၏ ထိပ်တန်းအင်အားစု ခေါင်းဆောင် တစ်ယောက်ဆီသို့ ရောင်းချလိုက်လေသည်။

ထိုကဲ့သို့သော နတ်ဘုရားဓားများ၊နတ်ဘုရား လှံတံများ ၊ နတ်ဘုရားဓားမြောင်များကိုမူ ရှောင်လုံသည် အနည်းငယ်မျှသာ သူ့၌ ထိုကဲ့သို့သော ပစ္စည်းများ ရှားပါးမနေဘဲ သူ့၏ အဇူရာ လက်စွပ်ထဲတွင် ထိုအရာများ အားလုံးသည် တိတ်တဆိတ်တည်ရှိနေပေသည်။ ထို့ကြောင့်သူက လေ လံဆွဲရာတွင် ပါဝင်ခြင်း မရှိပေ။

ထို့နောက်တွင် ရှားပါးသော နှစ်တစ်သန်း သက်တန်းရှိ ဆေးပင်များ၊ နတ်ဘုရား လက်နက်အသစ်များနှင့် ချပ်ဝတ် အသစ်များ ရှားပါးလှသော နတ်ဘုံကမ္ဘာမှ သံမဏိများနှင့်သတ္ထုများ၊နတ်ဘုရားအဆင့် ၁၀နောက်ပိုင်း အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲများ၏ သားရဲအမြုတေများသည်ပင် လေလံပွဲ၌ ပါဝင်လာပေသည်။

ပစ္စည်းတစ်ဒါဇင်မျှကို ရောင်းချလိုက်ရပြီး ဖြစ်သည်။

ရှောင်လုံက စိတ်ဝင်စားမှု မရှိစွာဖြင့် တိတ်တဆိတ်ထိုင်နေပေသည်။ထိုကဲ့သို့သော ပစ္စည်းများသည် သူ့၏ မိုးသီးကျောက်တုံး ရတနာသိုက် နှင့် ရွှမ်ကျီး ရတနာသိုက်ထဲတွင် မြောက်များစွာရှိပေသည်။

ရှောင်ဖေး ၊လျှိုယွမ်နှင့်ချီဝမ်တို့သည်လည်း တိတ်တဆိတ်ကြည့်ကာ စကားမပြောကြပေ။

သို့သော်လည်း လေလံပွဲ၏ ဆယ်ကိုးခုမြောက် ပစ္စည်း ထွက်ပေါ်လာချိန်တွင် ရှောင်လုံတို့ အုပ်စုအပါအဝင်လူပေါင်းများစွာ၏ တုန်လှုပ်မှုများနှင့် အံ့ အားသင့်သော အသံများသည် ကွင်းပြင်ထဲ၌ ပဲ့တင်ထပ်သွားသည်။

လေလံပွဲတင်ဆက်သူက မိတ်ဆက်လိက်ုလေသည်။

"နောက်တစ်ခုဖြစ်တဲ့ ကျုပ်တို့ရဲ့ ဆယ်ကိုးခုမြောက် လေလံပစ္စည်းကတော့... ဒီတစ်ကြိမ်ပြိုင်ပွဲရဲ့ ဆေးဘုရင် ဟောင်ရှောင်လုံကိုယ်တိုင် သန့်စင်ဖော်စပ်ထားတဲ့ ကပ်ဘေးအဆင့် မဟာနတ်ဘုရင် ဆေးလုံးတစ်အိုးစာ ဖြစ်ပါတယ်ခဗျာ"

လေလံပွဲတင်ဆက်သူ၏ မိတ်ဆက်ပုံကို ကြားလိုက်ရချိန်တွင် ရှောင်လုံ အံ့ အားသင့်သွားလေပြီး ရှောင်ဖေး၊လျှိုယွမ်၊ ချီဝမ်တို့သည်လဘ်း ထိုသို့ပင်ဖြစ်သွားလေသည်။

ကိုယ်ပိုင်ခန်းနံပါတ်ဆယ့်နှစ် ထဲရှိ ငယ်ရွယ်လှသော သံလျက်ဘုရင်သည် တစ်ခဏမျှ ကြောင်အသွားလေသည်။ ကျောင်းဝူဟွမ်၊ဝမ်တင်းရီ၊ဂုဒုရီ၊ဝမ်နာနှင့်အခန်ထဲရှိ ကျန်သော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည် ခဏမျှ ကြောင်အသွားကြလေသည်။

ကိုယ်ပိုင်အခန်း နံပါတ်ကိုးထဲရှိ ရဲ့လူထျန်းဟော်နှင့်ပေ့ထျန်းကျီသည်ပင် တုန့်ပြန်နိုင်စွမ်းမရှိဖြစ်သွားလေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကွင်းပြင်ထဲရှိ လူအုပ်ကြီးသည် ဆူညံပွတ်လောရိုက်သွားလေသည်။

"ဆေးလုံဘုရင် ဟောင်ရှောင်လုံကိုယ်တိုင် ဖော်စပ်ထားတဲ့ ကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံး တစ်အိုးစာတဲ့လား"

"ဟောင်မိသားစုဝင်တွေရဲ့ကျင့်စဥ်တွေ မြန်မြန်ဆန်ဆန်တိုးတတ်လာရတဲ့အကြောင်းရင်းက... ဟောင်ရှောင်လုံကိုယ်တိုင် ဖော်စပ်ထားတဲ့ မဟာနတ်ဘုရင်ဆေးလုံးကို သောက်သုံးခွင့်ရလို့ လို့ ငါကြားဖူးတယ်"

ရှောင်လုံ၏ ဂုဏ်သတင်းသည် နှစ်ပေါင်းတစ်သောင်းအတွင်းကျော်ကြားခဲ့သော လူပေါင်းမြောက်များစွာကို ကျော်လွန်သွားပြီဟု ပြောနိုင်ပေသည်။

ကြယ်စင်စု လေးစုထဲတွင် ရှောင်လုံအား မသိဟုပြောလျှင် ထိုသူများသည် အသိဉာဏ် နည်းပါးသူများဟု သတ်မှတ်ခံရကာ အထင်သေးခံရပေလိမ့်မည်။

လေလံပွဲ၌ ရှိကြသော လူများစုသည် ရှောင်လုံကို မသိရှိကြသော်လည်း ကြယ်စင်စုလေးစု၏ ထိပ်တန်းသမိုင်းတွင် မှတ်တမ်းတင်ခံထားရသော သူ၏ ထူးခြားလှသော အပြုအမူများ ကြားဖူးကြပေသည်။

စိတ်လှုပ်ရှားနေသော လူအုပ်ကြီးနှင့် နှိုင်းယှဥ်ရမည်ဆိုလျှင် ရှောင်ဖေးသည် ရှောင်လုံ၏ အနားသို့တိုးကပ်လာပြီး သူမ၏ မျက်နှာထပ်တွင် စနောက်ကျီစယ် သောအပြုံးတစ်ခု ထွက်ပေါ်လာပေသည်။

"ဒီကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံးတွေကို အစ်ကို သန့်စင်ဖော်စပ်ခဲ့တာလား"

ရှောင်ဖေး၏ နူးညံ့ညင်သာလှသော အသက်ရှုသံသည် ရှောင်လုံ၏ နားရွက်ဖျားကို ပွတ်သပ်သွားလေသည်။

ရှောင်လုံက ကူကယ်ရာမဲ့စွာဖြင့် ဖြေလိုက်လေသည်။

"ကိုယ်လည်း မသိဘူးလေကွာ"

ထိုဆေးလုံးများသည် သေချာပေါက် ရှောင်လုံက လေလံတင်လိုက်ခြင်းမဟုတ်ပေ။ သူက သူ့၌ ငွေကြေးလိုအပ်နေခြင်းမရှိသောကြောင့် မည်သည့် အရာကိုမျှလေလံတင်ခြင်းမရှိပေ။ သို့သော်လည်း လေလံအိမ်တော်က ထိုဆေးလုံးများကို ထုတ်ယူလာပြီး အစစ်အမှန်ဖြစ်ကြောင်း အာမခံထားသည်မို့ ဆေးလုံးများသည် အတုဖြစ်ဟန်မရပေ။

ထိုသို့ဆိုပါက သူကိုယ်တိုင်ဖော်စပ်သန့်စင်ခဲ့သည့် ကပ်ဘေးအဆင့်မဟာနတ်ဘုရင်ဆေးလုံးများကို မည်သူက လေလံတင်ခဲ့သည်နည်း။သူ့ဆေးလုံးပေးခဲ့ဖူးသော သူများ၏ နာမည်များသည် သူ့၏ စိတ်ထဲ၌တစ်ယောက်ချင်းစီ ပေါ်ထွက်လာပေသည်။

ထိုသူများသည် မဟာ ဆေးပညာရှင်အဖွဲ့အစည်းမှ သူများဖြစ်သည်လား။ သူက ကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံး အချို့ကိုအဟာဆေးပညာရှင် အဖွဲ့အစည်းခေါင်းဆောင် လင်းပင်းဟိုင်ကဲ့သို့သော အဖွဲ့အစည်း၏ အကြီးအကဲများကို ပေးအပ်ခဲ့ပေသည်။

"ဒီကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံးတွေက တကယ့်ကို အစစ်အမှန်ဖြစ်ပြီးတော့...ကျုပ်တို့လေလံအိမ်တော်ရဲ့ အဆင့်မြင့် ရာဖြတ် သုံးယောက်လုံးက အတည်ပြုပေးထားပါတယ်...စုစုပေါင်း ကပ်ဘေး အဆင့် မဟာနတ်ဘုရင်ဆေးလုံး ၁၂ လုံးရှိပြီးတော့... တစ်လုံးချင်းစီတိုင်းက အကောင်ဆုံးအရည်အသွေးဖြစ်တဲ့ ကပ်းဘေ အဆင့်တွေပါ"

လေလံပွဲတင်ဆက်သူက ဂရုတစိုက် ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်။

"လေလံကြမ်းခင်းစျေး ကတော့ ၁.၂ ဘီလီယံဘီလီယံကနေ စပါမယ်"

၁.၂ဘီလီယံ...။

ကျင့်ကြံသူ အချို့သည် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြပြီး ရှောင်လုံသည်ပင် အံ့အားသင့်သွားလေသည်။သူ သန့်စင်ဖော်စပ်ခဲ့သော ကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံးများသည် ထိုမျှမြင့်မားလှသော စျေးနှုန်းပမာဏဖြင့် ရောင်းချခံရမည်ဟု မမျှော်လင့်ထားပေ။

ဆေးလုံးပေါင်း ၁၂ လုံး ရှိသည်မို့ တစ်လုံးကို သန်းတစ်ရာဖြင့် ညီမျှနေပေသည်။ ထို့အပြင် ဤသည်မှာ ကြမ်းခင်းလေလံစျေးနှုန်းပမာဏမျှသာဖြစ်သည်။ ထိုအတိုင်းသာ ဆိုပါက သူတို့သည် ၂ဘီလီယံ ဖြင့် ရောင်းချနိုင်လိမ့်မည်ဟု ရှောင်လုံ ခန့်မှန်းမိပေသည်။

"နောင်အနာဂတ်ကျရင်အစ်ကို ဘာမှ လုပ်စရာမလိုတော့ဘူး...အိမ်မှာထိုင်ပြီးတော့ ကပ်ဘေးအဆင့် မဟာနတ်ဘုရင် ဆေးလုံးတွေကို နေ့တိုင်း သန့်စင်နေရုံနဲ့တင်... အစ်ကိုက ကြယ်စင်စု လေးစုလုံးမှာ အချမ်းသာဆုံးသူ ဖြစ်လာလိမ့်မယ်"

ရှောင်ဖေးက ရှောင်လုံ၏ နားရွက်နားသို့ တိုးကပ်ရင်း ဟာသပြောလိုက်လေသည်။

ရှောင်လုံက တုန့်ပြန်လိုက်သည်။

"ညီမသာ အစ်ကို့ဘေးနားမှာ ရှိနေမယ်ဆိုရင်... ကြယ်စင်စုလေးစုထဲမှာ အချမ်းသာဆုံးလူဖြစ်လာဖို့အရေးကို ဂရုမစိုက်ပါဘူး"

ရှောင်လုံ၏ ချိုသာလှသော စကားမျာကို ကြားလိုက်ရသည်မို့ ရှောင်ဖေးသည် ရှက်သွေးဖြာသွားလေသည်။

သူတို့နှင့် သိပ်မဝေးသည့် နေရာတွင် ထိုင်နေသော ချီဝမ်က ရယ်မောလိုက်ရင်း ရှောင်လုံကို ပြောလိုက်လေသည်။

"မင်းရဲ့ ဆရာတူ အစ်ကိုကြီးရဲ့ ပါးစပ်သာ မင်းတစ်ဝက်လောက်ချိုသာနေမယ်ဆိုရင်...ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်မလဲ"

သူမက စကားအဆုံး၌ လျှိုယွင်ကို မျက်လုံးလှန်ကြည့်လိုက်သည်။

လျှိုယွင်က ခါးသက်သက်ပြုံးလိုက်လေသည်။

'ဒါက ဘယ်လိုဖြစ်ရတာပါလိမ့်... အိပ်နေကာမှ တတ်နင်းခံလိုက်ရသလို ခံစားလိုက်ရတယ်'

လေလံပွဲတင်ဆက်သူက ကြေညာပြီးချိန်တွင် တစ်စုံတစ်ယောက်က စျေးခေါ်လိုက်လိုက်လေသည်။

"၁.၅ဘီလီယံ"

လူတိုင်းက ကြောင်အသွားလေပြီး ကိုယ်ပိုင်းအခန်းနံပါတ်၉သို့ လှည့်ကြည့်လိုက်လေသည်။

ရှောင်လုံက ကိုယ်ပိုင် အခန်းနံပါတ်၉ကို တစ်ချက်မျှ လှည့်ကြည့်လိုက်ပြီးနောက် ကိစ္စများက ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာမည်ဟုတွေးလိုက်လေသည်။

ကိုယ်ပိုင်အခန်း နံပါတ်၉ထဲဲ၌ ရဲ့လူထျန်းဟော်က ပေ့ထျန်းကျီကို မျက်မှောင် ကြုတ်ကာ ကြည့်လိုက်လေသည်။

"မင်းက ဘာဖြစ်လို့ အဲ့ဒီခွေးကောင် ဟောင်ရှောင်လုံရဲ့ ဆေးလုံးတွေကို လေလံဆွဲလိုက်ရတာလဲ"

စျေးနှုန်း ၁.၅ဘီလီယံပေးလိုက်သည့် သူမှာ အခြားသူမဟုတ်ဘဲ ပေ့ထျန်းကျီဖြစ်နေပေသည်။

ရဲ့လူထျန်းဟော် သိရှိသွားသခေါက်ဆိုပါက ပေ့ထျန်းကျီ၏ မိသားစုသည် ဆေးလုံးများကို လိုအပ်ခြင်းမရှိပေ။ပေ့ထျန်းမိသားစု ခေါင်းဆောင် ပင်မတပည့်တစ်ယောက်အနေဖြင့် သူ လက်ခံရရှိသော ဆေးလုံးများသည် ကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံးများထက် နိမ့်ကျခြင်းမရှိပေ။

သို့သော် ပေ့ထျန်းကျီက ပြုံးလိုက်လေသည်။

"ဟောင်ရှောင်လုံက ကြယ်စင်စုလေးစုရဲ့ဆေးဘုရင်ဘွဲ့ကိုရရှိတယ်ဆိုမှတော့... သူဖော်စပ်ထားတဲ့ ဆေးလုံးတွေက အစွမ်းအစအချို့တော့ ရှိမှာပဲလေ"

ရဲ့လူထျန်းဟော်က လေးနက်စွာပြောလိုက်လေသည်။

"ငါ ဆေးလုံးသုံးလုံးလိုချင်တယ်"

"သေ ချာတာပေါ့"

ပေ့ထျန်းကျီက တုန့်ဆိုင်းနေခြင်း မရှိဘဲပြောလိုက်လေသည်။ သို့သော်လည်း ထိုအချိန်တွင် တစ်စုံတစ်ယောက်က လေလံဆွဲလိုက်လေသည်။

"၅ဘီလီယံ"

၅ဘီလီယံ...။

ပေ့ထျန်းကျီ၊ ရဲ့လူထျန်းဟော်နှင့် ကွင်းပြင်ထဲရှိလူများအားလုံးသည် အံ့အားသင့်သွားကြလေပြီး ကိုယ်ပိုင်ခန်း၁၂သို့ ကြည့်လိုက်ကြလေသည်။

ပေ့ထျန်းကျီ၏ မျက်လုံးထဲ၌ အေးစက်စက် အပြုံး တစ်ချက် လက်သွားလေသည်။ ဤသည်ကို အပြုံးတစ်ခုဖြင့် ဖုံးကွယ်လိုက်ရင်း သူက ရဲ့ထျန်းဟော်ကို ပြောလိုက်လေသည်။

"ကြည့်ရတာ ဒီကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံးတွေကို စိတ်ဝင်စားနေတာ ငါတို့တင် မဟုတ်ဘူးပဲ ...ဒီလိုဆိုမှတော့ ငါက သူတို့နဲ့ နည်းနည်းလောက်ကစားပေးရမှာပေါ့"

ထို့နောက်သူက ရှေ့သို့လှည့်လိုက်လေပြီး စျေးပေးလိုက်လေသည်။

"၈ဘီလီယံ"

၈ဘီလီယံ...။

"၈ဘီလီယံတဲ့လား"

လူတိုင်း၏ စိတ်နှလုံးသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပေသည်။ သို့သော်သူတို့သည် ၈ဘီလီယံကြောင့် တုန်လှုပ်သွားမှုကို မထိန်းချုပ်လိုက်မှီမှာပင် ကိုယ်ပိုင် အခန်း၁၂ထဲဲမှ အခြားသော လေလံဆွဲသည့် အသံကို ကြားလိုက်ရပေသည်။

"၁၀ဘီလီယံ"

၁၀ဘီလီယံ...။

လူတိုင်းသည်  ထုံကျင်သွားမတတ် တုန်လှုပ်နေကြပေသည်။ရှောင်ဖေး၊လျှိုယွင်နှင့် ချီဝမ်တို့သည် ပြူးကျယ်သော မျက်လုံးများဖြင့် ရှောင်လုံကို ကြ ည့်လိုက်ကြလေသည်။ ကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံး ၁၂ လုံး ကို ဝယ်ယူရန် ၁၀ဘီလီယံ အသုံးပြုသည့် သူများ အမှန်တကယ် ရှိနေပြီလား။ ထိုသူ၏ ဦးခေါင်းသည် မီးဖိုနှင့် ဝင်တိုက်မိထားသည်လား။

ထို အခိုက်တွင် ရှောင်လုံသည် အတွေးနက်သွားပေသည်။

အဆုံး၌ ကိုယ်ပိုင် အခန်း၁၂ထဲဲရှိ ဧည့်သည်သည် ၄၀ ဘီလီယံသုံးကာ ရှောင်လုံ ဖော်စပ်ထားသော ကပ်ဘေးအဆင့် မဟာနတ်ဘုရင် ဆေးလုံး ၁၂ လုံး ကို ဝယ်ယူခဲ့ပေသည်။

ထိုရလဒ်က ရှိနေကြသော ကျင့်ကြံသူများအကြား ဆူနာမီလှိုင်းလုံးများ အသွင် ပြန့်နှံသွားပေသည်။

ဆေးလုံးတစ်အိုးစာကို ၄၀ဘီလီယံနှင့် ရောင်းချခဲ့ခြင်းသည် ကြယ်စင်စုလေးစုထဲရှိ နှစ်ပေါင်းများသော သမိုင်းကြောင်းတွင် အမြင့်ဆုံး မှတ်တမ်းဖြစ်ပေသည်။

ဤသို့ဖြင့် ရှောင်လုံသည် ပိုမို ကျော်ကြားလာပေလိမ့်မည်။

ထိုခုံ၌ ထိုင်နေဆဲ ဖြစ်သော ရှောင်လုံသည် တိတ်တဆိတ် ခေါင်းယမ်းလိုက်လေပြီး သူ့၏ မျက်နှာထက်၌ ခါးသက်သက် အပြုံးတစ်ခုပေါ်ထွက်လာပေသည်။

ကိုယ်ပိုင် အခန်း နံပါတ်၉ထဲဲတွင်မူ ပေ့ထျန်းကျီ၏ အမူအရာမှာ ဆိုးရွားနေပေသည်။ ဤသည်မှာ သူက ၄၀ဘီလီယံကို မတတ်နိုင်သော ကြောင့် မဟုတ်ပေ။ သို့သော် ထို ပမာဏသည် ဆေးလုံးများ၏ အစစ်အမှန် တန်ကြေးထက် အဆပေါင်းမြောက်များစွာ သာလွန်နေခဲ့ပြီဖြစ်သည်။ အဆုံး၌ သူက အရှုံးပေးရန်ကိုသာ ရွေးချယ်လိုက်ရပေသည်။

"ကိုယ်ပိုင် အခန်း ၁၂ "

ပေ့ထျန်းကျီသည် တီးတိုးပြောဆို လိုက်ပြီးနောက် သူ့၏ မျက်လုံးထဲရှိ ခရမ်းရောင် အလင်းများသည် တောက်ပလာပေသည်။

လေ လံ ပွဲ က ဆက်လက် ကျင်းပနေပေပြီး ပစ္စည်း ၂၀ ကျော် ထက်မံရောင်းချလိုက်ပေသည်။

ထိုပစ္စည်း ၂၀ ကျော်ကို သင့်တင့်သော စျေးနှုန်းများဖြင့် ရောင်းချ လိုက်ရပေသည်။ မည်သည့် ပစ္စည်းကမှ ရှောင်လုံ၏ မဟာနတ်ဘုရင် ဆေးလုံးများကဲ့သို့ မတန်တဆ မြင့်မားလှသော စျေး နှုန်းဖြင့် ရောင်းချနိုင်ခြင်း မရှိပေ။

"နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ ကျုပ်တို့ရဲ့ နောက်ဆုံးပစ္စည်းလည်း ဖြစ်...ဒီလေ လံပွဲရဲ့ ကြယ်ပွင့်လည်း ဖြစ်တဲ့ ကောင်းကင်ဘုံနတ်ဘုရား တစ်ပါးရဲ့ နတ်ဘုရားဦးခေါင်းအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ် ခင်ဗျား"

လေလံပွဲ တင်ဆက်သူက သူ့၏ အသံကို မြှင့် လိုက်လေသည်။

သူတို့က ဤ အခိုက် အတန့်ကို စောင့်စားနေကြခြင်းဖြစ်သည်။

ရုတ်တရက်ဆိုသလို လူတိုင်း၏ မျက်လုံးထဲတွင် လိုချင်တပ်မက်သည့် အလင်းတစ်ချက် ဖြတ်သန်းသွားလေသည်။

Continue Reading

You'll Also Like

169K 5K 97
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
19.3K 784 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
541K 18.5K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...