ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

بواسطة Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... المزيد

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

806 - 810

172 12 0
بواسطة Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၀၆..... ပုံသဏ္ဍာန် စိတ်ဝိညာဉ် တိုက်ခိုက်မှု

စုတ်ပြဲသွားသော လေဟာနယ်သည် ပြန်လည် ပြုပြင် နိုင်စွမ်းမရှိပေ။ ၄င်းက မီတာ သောင်းပေါင်းများစွာ အထိ ကျယ်ပြန့်သွားပြီးနောက်မှသာ ရပ်တန့်သွားပေသည်။

ပရမ်းပတာလေဟာနယ်သည် တွင်းနက်ဆီမှ စီးဆင်းလာပြီး မီတာသိန်းပေါင်းများစွာ အတွင်း၌ ဖျက်စီးမှု အားကောင်းသော ဖရိုဖရဲ လေဟာနယ်စီးကြောင်းများဖြင့် ပြည့်နှက်သွားလေသည်။

အချိန် အနည်းငယ်ကြာပြီးနောက် တွင်းနက်ကြီးသည် တစ်ဖြည်းဖြည်းချင်း ပြန်လည်ကျုံ့ဝင်သွားပြီး ဖရိုဖရဲ လေဟာနယ်စီးကြောင်းများသည် ပျောက်ကွယ်သွားလေသည်။

ရှောင်လုံ၏ မျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေသည်။စိတ်ဝိညာဥ် တစ်ရာ သားရဲဘုရင်၏ ဦးခေါင်းကို စုပ်ယူသန့်စင်ခြင်းသည် သူ့၏ စိတ်ဝိညာဉ် အင်အားကို မမျှော်မှန်းနိုင်သော အနေအထားထိရောက်အောင် မြှင့်တင်ပေးနိုင်ခဲ့သည်။ထို့အပြင်သူသည် အားကောင်းလှသော စိတ်ဝိညာဉ် စွမ်းအင်ကို လည်း ရရှိသွားပေသည်။

သူ့၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုများ သည် ယခု အခါတွင် လည်း ပြင်ပ ကမ္ဘာ တွင် အကောင်အထည် ပေါ်လာပြီဖြစ်သည်။

မူလအတိုင်းဆိုပါက စိတ်ဝိညာဉ် အင်အားသည် ပုံသဏ္ဍန် အကောင်အထည် မရှိပေ။ သိုင်းပညာရှင် များက သူတို့၏ စိတ်ဝိညာဉ်အင်အားဖြင့် တိုက်ခိုက်နိုင်ရန် စိတ်ဝိညာဉ် နည်းစနစ်များကို ကျင့်ကြံလျှင်ပင်  သူတို့ ရန်သူ၏ စိတ်ဝိညာဉ် ကို မမြင်နိုင်သော တိုက်ခိုက် မှုဖြင့်သာ တိုက်ခိုက်နိုင်ခြင်းဖြစ်ပေသည်။

ဤသည်မှာ ပုံသဏ္ဍာန် တိုက်ခိုက်မှုနှင့် လုံးဝ ခြားနားပေသည်။

ယခုအခါတွင်ရှောင်လုံသည် သူ့၏ စိတ်ဝိညာဉ် အင်အားကို အသုံးပြု၍ မီတာ ၃၃၀မြင့်သော တောင်တန်း တစ်ခုကို ခွဲချေပစ်နိုင်စွမ်းရှိမည်ဖြစ်သည်။

ယခု ဖြစ်ပေါ်လာသော တွင်းနက်ကြီးသည် ရှောင်လုံက စိတ်ဝိညာဉ်အင်အားကို ထုတ်ဖော်၍ လေဟာနယ်အလွှာအား စုတ်ဖြဲပစ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရှောင်လုံက ထရပ်လိုက်ပြီးနောက် ကြီးမားလှသော ပလ္လင် ကြီးကို ကြည့်လိုက်သည်။သူ့၏ အစစ်အမှန် အင်မော်တယ် အဆီအနှစ်အင်အားကို လှည့်ပတ်ကာ ပလ္လင် ပေါ်သို့ ခြေချလိုက်လေသည်။ စိတ်ဝိညာဉ် တစ်ရာသားရဲဘုရင်၏ ဦးခေါင်းကိုစည်းခတ်ရန် အသုံးပြုထားသော ပလ္လင် သည် အလယ်ဗဟိုမှ စ၍ ကွဲအက်သွားလေသည်။ ပင်းကူမျှင်များကဲ့သို့ နက်ရှိုင်းလှသည့် အက်ကွဲကြောင်းများသည် ပလ္လင်၏ အစွန်အထိ ပြန့်နှံ့သွားပေသည်။

အက်ကွဲသံများ ပဲ့တင် ထပ်သွားလေပြီး ပုလ္လင်သည် မြေပေါ်သို့ ပြိုလဲ ကျသွားလေသည်။

ထိုပလ္လင်ကို မည်သည့် ပစ္စည်း များဖြင့် ထွင်းထုထားကြောင်း ရှောင်လုံ မသိပေ။ထိုပုလ္လင်သည် အလွန်တရာ မာကျောလှပြီး မီးခိုးရောင်လေဟာနယ် ထဲတွင် နှစ်ပေါင်းမရေတွက်နိုင်အောင် တည်ရှိနေခဲ့သော အရာဖြစ်သည်။ သို့သော်လည်း ၄င်းသည် ရှောင်လုံ၏ ခြေဖုဝါးအောက်၌ ကွဲအက်သွားရလေသည်။

ကွဲအက်သွားသော ပလ္လင်၏ အပိုင်းအစများကိုကြည့်ရင်း ရှောင်လုံသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ သူက သူ့၏ စိတ်ဝိညာဉ် ပင်လယ်ကို နတ်ဘုရားဦးခေါင်းတစ်ခု ဖွဲ့တည်ခြင်းမှ ရပ်တန့်စေလိုက်ပြီး သူ့၏ ခွန်အားကို နတ်ဘုရားအဆင့်၁၀နောက်ပိုင်း အထွတ်အထိပ်အဆင့်၌ ဖိနှိပ်ထားသော်လည်း သူ့၏ ခွန်အားသည် များစွာ တိုးတက်ပြောင်းလဲသွားပေသည်။ သူက အရင်ကထက် သုံးဆမက ပိုမိုသန်မာလာပေသည်။

ယခုအခါတွင် သူက နတ်ဆိုးတစ္ဆေဘိုးဘေးကဲ့သို့သော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များနှင့် ကြုံတွေ့သွားရမည်ဆိုလျှင် ခွန်အားသုံးစရာမလိုပဲ အလွယ်တကူ သတ်ဖြတ် ပစ်နိုင်လိမ့်မည်။

ရှောင်လုံ၏ ပုံရိပ်သည် အဝေးသို့ရောက်ရှိသွားကာ မီးခိုးရောင်လေဟာနယ်ကို ဖြတ်သန်း၍ ကမ္ဘာမျက်နှာပြင်သို့ ဦးတည် ဖြတ်သန်းသွားလေသည်။မည်သည့် အင်အားမှ စိုက်ထုတ်စရာမလိုဘဲ ကမ္ဘာမြေကြီး သည် ကွဲအက်သွားဟန်ရပြီး သူ့အတွက် လမ်းကြောင်းတစ်ခု ပြုလုပ်ပေးလေသည်။ သူက အရင်ထက် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားပေသည်။

ခဏကြာပြီးနောက် ရှောင်လုံသည် သေခြင်းနတ်ဘုရားရေကန်၏ မျက်နှာပြင်ကို ချိုးဖောက်ကာ လေထဲ၌ လှည့်လည်ပျံသန်းလိုက်လေသည်။

သေမင်းနတ်ဘုရားရေကန် ပတ်ပတ်လည်ရှိ မီးခိုးရောင် မိစ္ဆာချီ သည် လွင့်ပါးပျောက်ကွယ်သွားသည်။ မြင့်မားလှသော သစ်ပင်အိုကြီးများနှင့် အပင်များသည် ဖျက်စီးခံလိုက်ရပြီး ကြီးမားလှ သော အက်ကွဲကြောင်းကြီးများသည် အကွေ့အကောက်များဖြင့် မြေပြင်ပေါ်၌ ထွက်ပေါ်နေကြသည်။

အကြည့််တစ်ချက်နှင့်ပင် ပတ်ဝန်းကျင်၏ ပျက်စီးမှုများသည် သူနှင့် စိတ်ဝိညာဉ် တစ်ရာသားရဲဘုရင်၏ ဦးခေါင်းတို့၏ တိုက်ပွဲဆီမှ ထွက်ပေါ်လာသော တုန်လှုပ်မှုလှိူင်းလုံးများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရှောင်လုံသိပေသည်။

ရှောင်လုံက သူ့၏ ဦးတည်ရာနေရာကိုသတ်မှတ်လိုက်ပြီးနောက် သားရဲတောင်တန်း၏ အပြင်ဘက်ဆီသို့ ဦးတည်ပျံသန်းလိုက်လေသည်။ခဏကြာပြီးနောက် သူက တောက်တန်း၏ အပြင်ဘက်ဆီသို့ရောက်ရှိသွားပြီး ပန်းပင်လယ် ကမ္ဘာ၏ ကူးပြောင်းခြင်း အစီအရင် ရှိရာဆီသို့ ဦးတည်ပျံသန်းလိုက်လေသည်။

ရှောင်လုံ၏ လက်ရှိ အမြန်နှုန်းသည် ဓားပေါ်၌ ပျံသန်းခြင်း မဟုတ်လျှင်ပင် မည်သည့် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်ထက်မဆို သူ့၏ ပုံရိပ်သည် လေထဲရှိ အလင်းတန်းတစ်ခုအသွင်ဖြစ်နေပေသည်။ မဟာနတ်ဘုရားအဆင့်၁နောက်ပိုင်း အဆင့် သိုင်းပညာရှင်သည်ပင် မှုန်ဝါးဝါးပုံရိပ်၏ အမြီးကိုမျှပင် ဖမ်းဆီးနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

၁၅မိနစ်ကြာပြီးနောက် ရှောင်လုံသည် မြို့တော်ဝင်ပေါက်တစ်ခုရှေ့တွင် ဆင်းသက်လိုက်ပေသည် ။ ဤသည်မှာ ပန်းပင်လယ်ကမ္ဘာ၏ အကြီးမားဆုံး မြို့တော်ဖြစ်သည့် ပန်းပင်လယ်မြို့တော်ဖြစ်သည်။ ပန်းပင်လယ်ကမ္ဘာ၏ ကူးပြောင်းခြင်း အစီအရင်သည် ထိုမြို့တော်ထဲ၌ တည်ရှိနေပေသည်။

ပန်းပင်လယ်မြို့တော်ထဲသို့ ဝင်ရောက်လိုက်ပြီးနောက်ရှောင်လုံသည် ကူးပြောင်းခြင်း အစီအရင် သို့ သွားရာလမ်းတွင် စားသောက် ဆိုင်တစ်ခုကို တွေ့လိုက်ရသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော ဆန္ဒ ကြောင့် သူသည် စားသောက်ဆိုင်ထဲသို့ ဝင်လိုက်လေပြီး ဝိုင်တစ်အိုးနှင့် ဟင်းလျာ အချို့ကိုမှာယူလိုက်လေသည်။ ထိုင်ခုံ၌ ထိုင်လိုက်ပြီးချိန်တွင် သူက နောက်လုပ်မည့် အစီအစဥ်များကို တွေးတော စီစဥ်နေပေသည်။

လျန်ကွမ်း၏ မှတ်ဉာဏ်များအရ စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏ စည်းခတ် ခံထားရသော နောက်ဆုံး အစိတ်အပိုင်းတည်နေရာသည် အဖြူရောင်ကျား ကြယ်စင်စုထဲရှိ နတ်ဆိုးပိုင်နက်ဟုခေါ်သော နေရာတွင် တည်ရှိပေသည်။

ထို နတ်ဆိုးပိုင်နက်သည် အဖြူရောင်ကျား ကြယ်စင်စုထဲရှိ ကြီးမားလှသော ကုန်းမြေကြီးဖြစ်ပြီး အနက်ရောင်လိပ်ကြယ်စင်စု၏ တိမ်ပင်လယ် ကုန်းမြေကြီးထက်ပင် ပိုမိုကြီးမားသော ကုန်းမြေကြီးဖြစ်သည်။ ထိုနေရာတွင် မကောင်းဆိုးဝါးနည်းစနစ် ကျင့်ကြံသော သိုင်းပညာရှင် မြောက်များစွာ ရှိပေသည်။ ထိုနေရာသည် အဖြူရောင်ကျား ကြယ်စင်စု၏ နတ်ဆိုး ကျင့်ကြံသူတို့၏ အခရာ နေရာ နယ်မြေဖြစ်သည်။

နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များကြောင့် သွေးဆာရက်စက်သော အကျင့် စရိုက် ရှိသူများဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးပိုင်နက် ကုန်းမြေကြီးပေါ်တွင် သတ်ဖြတ်ခြင်းနှင့် လုပ်ကြံ သတ်ဖြတ်ခြင်းကို ဖြစ်လေ့ဖြစ်ထ ရှိသော အရာများဖြစ်သည်။ မဟာနတ်ဘုရားအဆင့် ၁ သိုင်းပညာရှင်တစ်ယောက်သည်ပင် ထိုနေရာသို့ ဂရုမစိုက်ဘဲ မသွားရဲပေ။

"ကောလ ဟာလတွေအရဆိုရင်... လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက... အဖြူရောင်ကျား တက္ကသိုလ်ကျောင်းအုပ်ကြီး ၏ တပည့်ရင်း ဝမ်ကျန့်ရှင်းရဲ့ကျင့်စဥ်က မဟာနတ်ဘုရားအဆင့် ကို ရောက်ရှိသွားပြီတဲ့"

"ဘာပြောတယ်...ဒီလိုဆိုရင်တော့ ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ က အရင်အကြိမ်တွေထက် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလာပြီပဲ"

"ဒါပေမယ့် ဒီတစ်ခေါက်သိုင်းပြိုင်ပွဲမှာ... ပါရမီ ရှင်တွေဖြစ်တဲ့ ရှန်းမင်ကျီ နဲ့ ဟောင်ရှောင်လုံတို့လည်း ပါသေးတယ်လေ... အခြားသူတွေ ပထမနေရာကို ရနိုင်စွမ်းမရှိလောက်ဘူးလို့ ငါထင်တယ်... ဟဲ့ဖေးဖန်နဲ့ ဝမ်ကျန့်ရှင်း တို့ တောင် သူတို့ကို ယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူး"

"မင်တို့ကောင်တွေ ဘယ်လို ထင်ကြလဲ ...ရှန်းမင်ကျီနဲ့ ဟောင်ရှောင်လုံ တို့နှစ်ယောက်မှာ ဘယ်သူက ပိုပြီး သန်မာလိမ့်မလဲ ဆိုတာကိုလေ "

"ငါကတော့ ရှန်းမင်ကျီ ဘက်က လောင်းတယ်...သူက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ဖြစ်နေပြီလေ... ပိုပြီး အရေးကြီးတာက... သူ့ရဲ့ နတ်ဘုရားဦးခေါင်းက ကြယ်စင်စုလေးစုထဲမှာ တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးတဲ့ ထိပ်တန်း အဆင့်တစ်ဆယ် နတ်ဘုရားဦးခေါင်း ဖြစ်နေတယ်လေ...ပြီးတော့ သူ့မှာ မိုးပြာရောင်နဂါး နတ်မီးတောက်လည်း ရှိနေသေးတယ်...ဟောင်ရှောင်လုံက နတ်ဆိုးတစ္ဆေ ဘိုးဘေးနှင့် ကျော်ကြားလှတဲ့ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ချို့ကို သတ်ဖြတ်ခဲ့တယ်လို့ ကောလဟာလတွေရှိနေတယ်ဆိုပေမယ့်...အဆုံးမှာတော့ ဒါတွေက ကောလဟာလ သာသာပါပဲ... အမှန်လို့မှ ယူဆလို့မရတာ"

ရှောင်လုံက နတ်ဆိုးပိုင်နက် ကုန်းမြေကြီး အကြောင်း စဥ်းစားနေချိန်တွင် ရှောင်လုံ၏ အနောက်ဘက်ရှိ စားပွဲဆီမှ ပန်းပင်လယ်ကမ္ဘာ၏ မိသားစုများဆီမှ တပည့် များသည် စိတ်လှုပ်ရှား စွာဖြင့် ပြောနေကြလေသည်။

မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ စိတ်ဝင်စားမှု များပြားလာကြပြီး ကြယ်စင်စု လေးစု၏ နေရာအနှံ့တွင် ဆွေးနွေးပြောဆိုနေသည့် စကားသံများကို ကြားရနေပေသည်။

ပုံမှန်အားဖြင့် မဟာနတ်ဘုရားအဆင့် တက်ရောက်မှု စာရင်းပေါ်ရှိ ထိပ်တန်း ၁၀ယောက်ထဲ၌ အပါအဝင်ဖြစ်သော ရှောင်လုံ၊ရှန်းမင်ကျီ၊ ဟဲ့ဖေးဖန်၊ဝမ်ကျန့်ရှင်းနှင့် ဝမ်လုံတို့သည် ရေပန်းအစားဆုံး သူများဖြစ်သည်။

အဖြူရောင်ကျား တက္ကသိုလ်ကျောင်းအုပ်ကြီး၏ တပည့်ရင်း သည်လည်း မဟာနတ်ဘုရား အဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ရှောင်လုံသည် အနည်းငယ် အံ့အားသင့်သွားလေသည်။သူက ဝမ်ကျန့်ရှင်းကို များစွာ သတိထားမိခြင်း မရှိဘဲ မဟာဆေးပညာရှင် ပြိုင်ပွဲ အတွင်း၌သာ တစ်ခါမျှ တွေ့ဆုံဖူးပေသည်။ဝမ်ကျန့်ရှင်းသည် အရပ်ရှည်ရှည် နှင့် ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိပြီး သာမာန်လူထက် ကြီးမားလှသော လက်ဝါးများ ရှိပေသည်။

သူက အနီးရှိ စားပွဲဆီမှ စကားသံများကို နားထောင်ရင်း ခွက်ထဲသို့ အရက်လောင်းထည့်လိုက်သည်။ ရှန်းမင်းကျီက ပထမနေရာကို ရရှိရန် သူ့ထက် အခွင့် အရေးများကြောင်းပြောသည်ကို ကြားရသော်လည်း သူက စိတ်တိုသွာခြင်း မရှိပေ။

ခဏကြာပြီး နောက် ရှောင်လုံ သည်စားသောက်ဆိုင်မှ ထွက်ခွာလိုက်ပြီး ပန်းပင်လယ် မြို့တော်၏ ကူးပြောင်းခြင်း အစီ အရင် ရှိရာဆီသို့ ရောက်ရှိသွားလေသည်။သူက ရွှမ်းဝူဒင်္ဂါးများဖြင့် ကျသင့်ငွေကိုပေးချေလိုက်ပြီး သိုင်းဝိညာဥ် ကမ္ဘာဆီသို့ ဦးတည်ပျံသန်းလိုက်လေသည်။

သူက နတ်ဆိုးပိုင်နက် ကုန်းမြေကြီး ဆီသို့ မသွားမှီ ဟောင်မိသားစုအိမ်တော်၏ လက်ရှိ အခြေအနေ ကို စစ်ဆေးကြည့်ချင်သေးပေသည်။ ဤတစ်ခေါက်တွင် သူက နှစ် ၂၀နီးပါး ခရီးထွက် သွားခဲ့ရခြင်းဖြစ်သည်။

တစ်ရက်ကြာပြီးနောက် ရှောင်လုံ သည် သိုင်းဝိညာဥ်ကမ္ဘာရှိရာ ဆီသို့ ရောက်ရှိသွာလေသည်။

သူက ကူးပြောင်းခြင်း အစီအရင်ထဲမှ လှမ်းထွက်လိုက်သည့် အချိန်တွင် ပေါများကြွယ်ဝလှသည့် စွမ်းအင်များသည် ချက်ချင်းဆိုသလို သိသာထင်ရှားစွာ သူ့အား ဖြတ်သန်းသွားပေသည်။

နှစ်၂၀ကြာပြီးနောက် သိုင်းဝိညာဥ် ကမ္ဘာ ၏ စိတ်ဝိညာဉ် စွမ်းအင် သည် ထပ်မံတိုးပွားလာပေသည်။ ယခုအခါတွင် ၄င်းသည် တိမ်ပင်လယ် ကုန်းမြေကြှီးထက်ပင် ကျော် လွန်သွားပြီဖြစ်သည်။

ရှောင်လုံသည် ဤရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း အလွန်တရာ စိတ်ကျေနပ်သွားပေသည် ။

ဟောင်မိသားစု အိမ်တော်သို့ ရောက်ရှိသွားသည်နှင့် ထိုနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ပိုမို ပေါများကြွယ်ဝ နေလေပြီး သေးငယ်လှသော အာရုဏ်ဦး မြူနှင်းစက်လေးများအသွင် ဖြစ်ပေါ်နေကြောင်း ရှောင်လုံသတိထားမိလေသည်။ဟောင်မိသားစု အိမ်တော်၏ အထက်တွင် သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များ သည် တိမ်တိုက်များသဖွယ် ဖြစ်ပေါ်နေပေသည်။

အဝေးမှ ကြည့်မည်ဆိုလျှင် ဟောင်မိသားစု အိမ်တော်သည် ဒဏ္ဍာရီ ထဲမှ အင်မော်တယ် နန်းတော် တစ်ခုနှင့် တူနေပေသည်။

အိမ်တော်တစ်ခုလုံးသည် ရှောင်လုံ၏ ပြန်လည် ရောက်ရှိလာမှုသောကြောင့် ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားလေသသည်။

သူ့၏ ပတ်ပတ်လည်၌ ဝန်းရံကာ အဆက်မပြတ် စကားပြောနေကြသော သူ့၏မိသားစုကြောင့် ရှောင်လုံသည် ကူကယ်ရာမဲ့သွားရပေသည်။ အထူးသဖြင့် သူ့၏ မိဘများဖြစ်သော ဟောင်ပန် နှင့် ဆုယန်တို့သည် ရှောင်လုံ ဘယ်သွားခဲ့သည် ဆိုသည့်အကြောင်းကို မေးမြန်းနေကြသည်မို့ ရှောင်လုံသည် မည်သို့ ဖြေရမည်မသိ ဖြစ်သည်။

ရှောင်ဖေးကမူ ခြေလှမ်းအနည်းငယ်အကွာ၌ ဂပ်နေလေပြီး ပြုံးလျက် ကြည့်နေလေသည်။ သူမ၏ လှပသော မျက်ဝန်းလေးများထဲတွင် ရှောင်လုံ၏ ပုံရိပ်သာ ထင်ဟပ်နေသည်။

"အစ်ကိုကြီး...ဒီတစ်ခါ ကြာကြာနေမှာမလား...ယောင်းမက အစ်ကိုကြီး ကို နေ့တိုင်း လွမ်းနေတာ"

သူ့၏ ညီမ ဟောင်မင်းက ပြောလိုက်လေသည်။

ရှောင်လုံက မေးခွန်းကြောင့် ကြောင်အသွားပြီး ခေါင်းညိတ်၍သာ အဖြေပေးလိုက်သည်။

ဟောင်မင်း၏ 'ယောင်းမ'ဟူသော ခေါ်သံကြောင့် ရှောင်ဖေးသည် ရှက်သွေးဖြာသွားရလေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၀၇.....ဒါက ထူးခြားဆန်းကြယ်တဲ့ အရှင်သခင်များ ဖြစ်နေနိုင်လား

ထိုညတွင် ဟောင်မိသားစု အိမ်တော်သည် စားသောက်ပွဲ တစ်ခု ကျင်းပလိုက်လေသည်။ရှောင်လုံနှင့် သူ့၏ မိဘများ စားသောက် ပွဲ၏ ထိပ်ဆုံး ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။ သူ့၏ မိသားစုက ဘယ်ဘက်၌ ထိုင်ကြပြီး ညာဘက်မူနဂါးအင်ပါယာအောင်းတိုင်ရီ ၊ဇာမဏီ ကလန်ဘိုးဘေးနှင့် အခြား မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် များထိုင်ကြသည်။

နေရာထိုင်ခင်းသတ်မှတ်ပြီးသွားသည်နှင့် ရှောင်လုံက သူမရှိသည့် အချိန်အတွင်း သိုင်းဝိညာဥ် ကမ္ဘာ ၌ ဖြစ်ပျက်သွားသော ကိစ္စများကို မေးမြန်းလိုက်လေသည်။

ထိုအချိန်အတောအတွင်း သိုင်းဝိညာဥ်ကမ္ဘာသည် သေးငယ်သော အဖြစ်အပျက်များမှ လွဲ၍ အတော်အတန် ငြိမ်းချမ်းသာယာနေပေသည်။ထိုကိစ္စလေးများမှာလည်း များပြားလှသော သိုင်းပညာရှင်များက သိုင်းဝိညာဥ်ကမ္ဘာဆီသို့ ရွှေ့ပြောင်းလာကြပြီး စိတ်ဝိညာဉ်စွမ်းအင် ပေါများကြွယ်ဝ လှသော အိမ်တော် များတွင် လာရောက်နေထိုင်ကြခြင်း ကဲ့သို့သော ကိစ္စများဖြစ်သည်။ ထို့ကြောင့် ဒေသခံမိသားစုများနှင့် ထိုသူများသည် ပြဿနာများစွာ ဖြစ်ပွားကြပေသည်။

ထိုအပြင်လူ ကျင့်ကြံသူများသည် အချို့သော နိုင်ငံ များ၏ တော်ဝင်မြို့တော်များကိုပင် သိမ်းပိုက် လိုနေကြသည်။ အကြောင်းမှာ တော်ဝင်မြို့တော်နှင့် အင်ပါယာမြို့တော် တစ်ခုခြင်းစီတိုင်းတွင် စိတ်ဝိညာဉ် စွမ်းအင် ချဲ့ထွင်ခြင်း အစီအရင်များ  ရှိပြီး ထိုနေရာများရှိ စိတ်ဝိညာဉ် စွမ်းအင်သည် အခြားနေရာများနှင့်ယှဥ်လျှင် ပိုမိုပေါများ ကြွယ်ဝလှသောကြောင့် ဖြစ်သည်။

သိုင်းဝိညာဥ်ကမ္ဘာ၏ တော်ဝင်မိသားစုနှင့် အင်ပါယာ မိသားစု အားလုံးသည် ဟောင်မိသားစုအိမ်တော်ဆီမှ အကူအညီ တောင်းခံခဲ့ကြသည်။

ဟောင်ပန် သည် ဆုံးဖြတ်ချက် ချခဲ့ပြီးနောက် ဇာမဏီ ကလန်ဘိုးဘေး နှင့် အခြားမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ ကို ထိုတော်ဝင်မြို့တော်များနှင့် အင်ပါယာ မြို့တော်များကို သွားရောက် ကူညီစေလိုက်သည်။ထို့ကြောင့် အခြေအနေက များစွာ ဆိုးဝါးသွားခြင်းမရှိပေ။ဟောင်ပန်က တော်ဝင်မြို့တော်များနှင့် အင်ပါယာမြို့တော်များကို သိမ်းပိုက်ရန် ကြံစည်ခဲ့သော အပြင်လူကျင့်ကြံသူများကို ဖမ်းဆီးပြီးနောက် သတ်ဖြတ် ခြင်း မပြုလုပ်ခဲ့ပေ။ သူတို့ကို ဟောင်မိသားစု အိမ်တော်၏ အနောက်ဘက် တောင်တန်းရှိ လျှို့ဝှက် အကျဥ်းထောင်ထဲတွင် ပိတ်ထားကာ ရှောင်လုံပြန်ရောက်လာပြီးနောက် ချမှတ်မည့်ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းနေကြသည်။

ထိုအဖြစ်အပျက်များ၏အသေးစိတ်ကို ကြားလိုက်ရသည်နှင့် ရှောင်လုံသည် မျက်မှောင်ကြုတ်လိုက်မိသည်။

အပြင်လူ ကျင့်ကြံသူများသည် သိုင်းဝိညာဥ်ကမ္ဘာထဲ၌ နေထိုင်လိုသည် ဆိုလျှင် ရှောင်လုံက သူတို့အား တားမြစ်မည် မဟုတ်ပေ။ ထို့အပြင် သိုင်းဝိညာဥ်ကမ္ဘာ၏ သာယာဝပြောမှုကို အထောက်အကူ ပြုနိုင်သောကြောင့် ရှောင်လုံက သူတို့ နေထိုင် ခြင်းကို ပို၍ပင် လိုလားပေသည်။

သို့သော်လည်း ထို့ကျင့်ကြံသူများသည် ဤနေရာသို့ ရောက်ရှိလာပြီးနောက်တွင် တော်ဝင်မြို့တော်နှင့် အင်ပါယာ မြို့တော် များကို သိမ်းပိုက်ချင်နေကြပေသည်။ ဤသည်မှာ သူတို့သည် ဟောင်မိသားစုအိမ်တော်ကို မျက်လုံးထဲပင် မထည့်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

ပြောစရာမလိုအောင်ပင် သူတို့ ဤနေရာသို့ ရောက်ရှိလာချိန်၌ လမ်းပေါ်ရှိ လူတစ်ယောက်ယောက် ကို မေးမြန်း၍ သိုင်းဝိညာဥ်ကမ္ဘာကို ဟောင်မိသားစုပိုင်ဆိုင်ကြောင်းအား သိရှိနိုင်ပေသည်။ သိုင်းဝိညာဥ်ကမ္ဘာ တစ်ခုလုံးသည် သူတို့၏ ပိုင်နက်ဖြစ်သည်။

သို့သော် လည်း ဤသည်ကိုသိရှိပြီးနောက်၌ပင် ထိုသူများသည် မြို့တော် အချို့ကို သိမ်းပိုက်ရန် ကြံစည် ရဲကြသည်လား။

ရှောင်လုံ၏ မျက်လုံးထဲ ရှိ အကြည့်သည် အေးစက်သွားပေသည်။ ကြည့်ရသည်မှာ သူက မျောက်ကို ခြောက်ရန် ကြက်အချို့ကို သတ်ဖြတ်ရန် လိုအပ်နေဟန်ရသည်။

ရှောင်လုံက ထိုအပြင်လူ ကျင့်ကြံ သူများ၏ နောက်ခံကို မေးမြန်းလိုက်ပြီး အများစုမှာ ကြယ်စင်စု လေးစုမှထိပ်တန်း အင်အားစုများ၏ တပည့်များ ဖြစ်ပြီး အနည်းစုမှာမူ နတ်ဆိုး ကျင့်ကြံသူများဖြစ်ကာ မိစ္ဆာ သားရဲ သိုင်းပညာရှင်တချို့ပင် ပါဝင်နေပေသည်။

"ဟုတ်သားပဲ....ကောင်စုတ်လေးဟောင်... ကိစ္စတစ်ခု ရှိနေသေးတယ်"

ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် နဂါး အင်ပါယာ အောင်းတိုင်ရီက ပြောလိုက်လေသည်။

"လွန်ခဲ့တဲ့ ၁၀စု နှစ်တစ်ခုလောက်တုန်းက... မင်း ဟောင်မိသားစု  အိမ်တော်က ထွက်သွားပြီး သိပ်မကြာခင်ပေါ့...သိပ်ရှင်းရှင်းလင်းလင်း မသိရဘူးဆိုပေမယ့် ဟောင်မိသားစုအိမ်တော် ကို စစ်ဆေးကြည့်ရှုနေတဲ့မျက်လုံးတွေကို ငါ အာရုံခံမိတယ်...အဲ့ဒီသူရဲ့ခွန်အားက သေချာပေါက် ငါ့ရဲ့ အထက်မှာရှိတယ် "

ရှောင်လုံ က ကြောင်အသွားရသည်။ နဂါးအင်ပါယာ အောင်းတိုင်ရီ ထက် သန်မာသည်တဲ့လား။

ယခုအခါတွင် နဂါး အိုကြီး၏ ခွန်အားက မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်း အထွတ်အထိပ်အဆင့် သို့ ရောက်နေပြီး နောက်တစ်ဆင့်သို့ ခြေလှမ်းဝက်မျှရောက်ရှိနေပြီဖြစ်ကြောင်း ရှောင်လုံ အာရုံခံနိုင်နေပြီဖြစ်သည်။ ထို့အပြင် သူ့၏ ရွှေရောင်နဂါး အစစ်အမှန် အသွင်အပြင်နှင့် ဆိုပါက သူ့၏ ခွန်အားသည် မဟာနတ်ဘုရား၃ အစောပိုင်း သိုင်းပညာ ရှင် တစ်ယောက်နှင့်ပင် နှိုင်ယှဥ် နိုင်စွမ်း ရှိပေသည်။

သို့သော်လည်း ထိုသူ၏ ခွန်အား သည် နဂါးအင်ပါယာ အောင်းတိုင်ရီ ၏ခွန်ထက်ပိုမို သန်မာသည်တဲ့လား။ဤသည်က ထိုသူ၏ ခွန်အားသည် အနည်းဆုံး မဟာနတ်ဘုရားအဆင့်၃ အလယ်အဆင့်သိုင်းပညာရှင်တစ်ယောက် သို့မဟုတ် ပိုမိုမြင့်မားနေသည်ဟု ဆိုလိုနေခြင်း မဟုတ်လော။

"အဲ့ဒီလူရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလား"

ရှောင်လုံ က မေးလိုက်သည်။

နဂါး အင်ပါယာ အောင်းတိုင်ရီ က မေးလိုက် လေသည်။

"မဟုတ်ဘူး....မမြင်လိုက်ရဘူး...ငါက အဲ့ဒီသူရဲ့ တည်ရှိ မှု ကိုပဲ အာရုံခံနိုင်ခဲ့တာ...ဒါပေမယ့်... ငါရောက်သွားတိုင်း အဲ့ ဒီလူက မရှိတော့ဘူး...လွန်ခဲ့တဲ့နှစ်လလောက်တုန်းကမှ အဲ့ဒီလူထွက်သွားပြီးတော့ ခုထိ ပြန်ပေါ်မလာတော့ဘူး"

ရှောင်လုံ ၏ အမူအရာ က မည်းမှောင်သွားလေသည်။

ထို့နောက် သူ့စိတ်ထဲ သို့ အတွေးတစ်ခု ဝင်ရောက်သွားလေသည်။ ဤသည်မာ ထူးခြားဆန်းကြယ်သော မဟာအရှင်သခင်ဖြစ်နိုင်သည်လား သို့မဟုတ် ထိုထူးခြားဆန်းကြယ်သည့် မဟာအရှင်သခင် စေလွှတ်လိုက်သော တစ်စုံတစ်ယောက် ဖြစ်နိုင်သည်လား။

ထိုသူက ထူးခြားဆန်းကြယ်သော မဟာအရှင်သခင် ကိုယ်တိုင် ဖြစ်နေခဲ့မည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။ အကြောင်းမှာ ထိုသူ၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၃ အလယ်အလတ် နှင့် နောက်ပိုင်းအဆင့် ကြားတွင် ရှိလိမ့်မည်ဟု နဂါး အင်ပါယာ အောင်းတိုင်ရီ က ခန့်မှန်း နိုင်ခဲ့သောကြောင့် ဖြစ်သည်။သို့သော်လည်း ထိုသူက ထူးခြားဆန်းကြယ်လှသော မဟာအရှင်သခင်း စေလွှတ်လိုက်သော မဟာအရှင်သခင် ဖြစ်နေမည်ဆိုလျှင် ဤသည်မှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှပေလိမ့်မည်။

နောက်လိုက် တစ်ယောက် သည်ပင် မဟာနတ်ဘုရားအဆင့် ၃အလယ်အဆင့် နှင့် အထက် ခွန်အားကို ပိုင်ဆိုင်ထားသည်ဆိုလျှင် ထူးခြား ဆန်းကြယ်လှသော မဟာအရှင်သခင် ကိုယ်တိုင်က မည်မျှထိ စွမ်းအားကြီးမားနေလိမ့်မည်နည်း။

မဟာနတ်ဘုရား ၃ သိုင်းပညာရှင်တစ်ယောက်ကို အမိန့်ပေးနိုင်စွမ်းရှိနေသည်မို့ ထို ထူးခြားဆန်းကြယ်လှသော မဟာ အရှင်သခင် သည် မဟာနတ်ဘုရားအဆင့်၄ သို့မဟုတ် အဆင့်၅ သိုင်းပညာရှင် တစ်ယောက် ပင် ဖြစ်နေပေလိမ့်မည်။

မရင်းနှီးလှသော ရန်သူ၏ အကြောင်းကို တွေးတော နေမိသည် မို့ ရှောင်လုံ သည် လူတိုင်းအား စားသောက်ပွဲကို စောစော အဆုံးသတ်စေလိုက်သည်။

စားသောက်ပွဲ အပြီးတွင် ရှောင်လုံ သည် သူ့၏ ခြံဝန်းဆီသို့ ပြန်သွားလိုက်လေသည်။

'ကြည့်ရတာ ငါ စိတ်ဝိညာဉ် တစ်ရာသားရဲဘုရင်ရဲ့ စည်းခတ် ခံထားရတဲ့ နောက်ဆုံး  အစိတ်အပိုင်း ကို မြန်မြန်သွားရှာဖို့ လိုနေပြီ ထင်တယ်'

ရှောင်လုံ က သူ့ကိုယ်သူ ပြန်တွေးလိုက်မိသည်။

သူက စိတ်ဝိညာဉ်တစ်ရာသားရဲဘုရင်၏စည်းခတ်ခံထားရသောနောက်ဆုံး အစိတ်အပိုင်း ကို ရှာတွေ့သွားသည်နှင့် သူက စိတ်ဝိညာဉ် ဝါးမြိုခြင်း ခန္ဓာကိုယ် ကို ရရှိသွားလိမ့်မည်ဖြစ်ပြီး ထိုခန္ဓာကိုယ်က သူ့ကို စိတ်ဝိညာဉ် များအား ဝါးမြိုနိုင်စွမ်းရှိသည့် စွမ်းရည်ကိုရရှိစေကာ သူ့စိတ်ဝိညာဥ်၏ ကြည်လင်သန့်ရှင်းမှုကို တိုးပွားလာစေနိုင်ပေလိမ့်မည်။ သူ့၏ စိတ်ဝိညာဉ် ကြည်လင် သန့်ရှင်းမှုက အဆင့် ၁ခုထိရောက်ရှိသွားသည်နှင့် သူ့၏ ကျင့်စဥ် က မဟာနတ်ဘုရား အဆင့် သို့ ချိုးဖျက်ဝင်ရောက် သွားခြင်း မရှိသေးလျှင်ပင် ထူးခြားဆန်းကြယ်သော မဟာအရှင်သခင် သည် သူ့အား ထိခိုက်အောင် လုပ်နိုင်တော့မည် မဟုတ်ပေ။

မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ စတင်သည့် အချိန်တွင်သူသည် ရှန်းမင်ကျီ အား သတ်ဖြတ်ပြီး မိုးပြာရောင်နဂါးနတ်မီးတောက်အား ရရှိသွားပေလိမ့်မည်။ ထိုအချိန်တွင် မဟာနတ်မီးတောက်လေးမျိုးက ပေါင်းစပ် သွားမည် ဖြစ်ပြီး သူက မဟာနတ်ဘုရားအဆင့်သို့ တက်ရောက်ကာ နတ်ဘုရား ဦးခေါင်းတို့၏ အရှင်သခင် နတ်ဘုရားဦးခေါင်းကို ဖွဲ့တည် သိပ်သည်းရပေလိမ့်မည်။ထို့နောက်၌ သူသည် ထူးခြားဆန်းကြယ်သော မဟာအရှင်သခင်ကို စိုးရိမ်နေစရာ မလိုအပ်တော့ပေ။

ရှောင်လုံက တည်ငြိမ်သွားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်လေသည်။

နောက်တစ်နေ့တွင် ရှောင်လုံသည် ဇာမဏီကလန်ဘိုးဘေးကို ေဟာင်မိသားစု အိမ်တော် အနောက်ဘက် တောင်တန်း၌ အကျဥ်းချထားသော ကျင့်ကြံသူများအား ခန်းမထဲသို့ ခေါ်လာရန် အမိန့်ပေးလိုက်သည်။

ထိုသူများသည် အယောက် သုံးဆယ် ရှိပေသည်။

အကျဥ်းသားများကို ရှောင်လုံ၏ ရှေ့သို့ ခေါ်လာချိန်တွင် ဇာမဏီကလန်ဘိုးဘေးက ရှောင်လုံ၏ နာမည်ကို သူတို့အား ပြောပြလိုက်သည်။

"ဟောင်ရှောင်လုံ...မင်းကငါတို့ကို ဖမ်းဖို့ ဘာအခွင့်အရေးရှိလို့လဲ....ငါတို့ညီအစ်ကိုက အဖြူရောင်ကျား ကြယ်စင်စုက ဓားကျိုးဂိုဏ်း ခေါင်းဆောင် ရဲ့တပည့်ရင်းတွေပဲ...အခုချက်ချင်း ငါတို့ကို လွှတ်ပေးစမ်း"

ချက်ချင်း ဆိုသလို အကျဥ်သားထဲမှ တစ်ယောက်က အော်ဟစ်လိုက်လေသည်။

"အမှန်ပဲ ဒီသိုင်းဝိညာဥ်ကမ္ဘာက မင်းတို့ ဟောင်မိသားစုအိမ်တော်ရဲ့ အပိုင်လို့ဘယ်သူက သတ်မှတ်ထားတာလဲ... မင်းပြောတာနဲ့ပဲ ဒီကမ္ဘာက ဟောင်မိသားစု အိမ်တော် ရဲ့ အိမ်တော် ဖြစ်သွားရောလား...ဒါဆိုရင် အနက်ရောင်လိပ် ကြယ်စင်စုတစ်ခုလုံးက ငါတို့ မိစ္ဆာ သားရဲကလန်ရဲ့ အပိုင်လို့ ငါပြောတယ်ကွာ"

မိစ္ဆာ သားရဲ ကလန် သိုင်းပညာရှင် တစ်ယောက် က အော်ဟစ်လိုက်သည်။

"မင်းက အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီး နဲ့ လမင်းဆင်းသက်ခြင်းအဘိုးအို တို့ နောက်ခံရှိနေပြီး...မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တွေကို အမှုထမ်းအဖြစ် ရထားတာနဲ့ပဲ...စည်းမဲ့ကမ်းမဲ့ မင်းဖမ်းချင်တဲ့သူ ကောက်ဖမ်းလို့ ရမယ်လို့ ထင်မနေနဲ့ကွ...အခုချက်ချင်း ဒီသခင်ကြီးကို လွှတ်ပေးစမ်း...မဟုတ်လို့ကတော့...ဒီ သခင်ကြီးရဲ့ မိစ္ဆာသားရဲတပ်က သိုင်းဝိညာဥ်ကမ္ဘာကို ပြာကျသွားတဲ့အထိ စစ်ခင်းပစ်လိမ့်မယ်"

ရှောင်လုံက ပြုံးကာ ခေါင်းယမ်းလိုက်လေသည်။

"အဲ့တော့ ဘာလုပ်ရမှာလဲ"

ရှောင်လုံ၏ မျက်နှာထက်ရှိ တည်ငြိမ်စွာသော အမူအရာကို မြင်လိုက်ချိန်တွင် မိစ္ဆာသားရဲကလန်၏ သိုင်းပညာရှင်သည် ပိုမို ကြမ်းတမ်းစွာ ကြိမ်းမောင်းလိုက်သည်။

"ငါ့အဖေက ကောင်းကင်ထိုးဖောက်ခြင်း သားရဲဘုရင်ပဲကွ...ငါ့ခန္ဓာကိုယ်ပေါ်က ဆံချည်မျှင်တစ်ချောင်းကို ထိရဲတာနဲ့ မင်းရဲ့ သိုင်းဝိညာဥ်ကမ္ဘာလည်း ငါနဲ့အတူ တမလွန်ကို လိုက်ခဲ့ရလိမ့်မယ်"

"အိုး...ဒီတော့ ကောင်းကင်ထိုးဖောက်ခြင်းသားရဲဘုရင်ရဲ့ သားတော်ပေါ့လေ"

ရှောင်လုံက လှောင်ပြောင်လိုက်သည်။ ထိုသူက ဤမျှအထိ မောက်မာဝံ့ကြွားနေသည်မှာ အံ့သြစရာမရှိပေ။

ရှောင်လုံက ဇာမဏီကလန်ဘိုးဘေး ကို ရုတ်တရက် ကြည့်လိုက်သည်။

" သူတို့အားလုံးကို ဟောင်မိသားစုအိမ်တော်ထဲကနေ ဆွဲထုတ်သွားပြီးတော့...အကုန် သတ်ပစ်လိုက်"

မောက်မာစွာ ကြုံးဝါးနေကြသော သူများအားလုံးသည် တိတ်ဆိတ်သွားကြလေသည်။

"ဟုတ်ကဲ့...သခင်လေး"

ဇာမဏီကလန်ဘိုးဘေး က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ဟောင်ရှောင်လုံ...မင်း လုပ်ရဲတယ်...မင်း ငါတို့ကို သတ်ရဲတယ်ပေါ့"

"မင်း ငါတို့ကို သတ်လို့မရဘူး...ငါက ဆိုးညစ်မှုဘုရင်ရဲ့ နတ်အစောင့်အရှောက်ခြောက်ယောက်ထဲက တစ်ယောက် ပဲ...ဆိုးညစ်မှုဘုရင်က မင်းကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး"

ထို့နောက် အခြား အကျဥ်းသားများကလည်း အော်ဟစ်လာကြလေသည်။

သူတို့က ရှောင်လုံ သူတို့ကို မည်သို့ ရင်ဆိုင်လာလိမ့်မည် ဆိုသည်နှင့် ပတ်သတ်သော နည်းလမ်းအများအပြားအား စဥ်းစားထားပြီး ဖြစ်သော်လည်း ရှောင်လုံ က သူတို့အား သတ်ဖြတ်ရဲလိမ့်မည်ဟု တစ်ခါမှ တွေးမထားမိပေ။

ထိုအသံများကို လျစ်လျူရှု၍ ရှောင်လုံ က ဇာမဏီကလန်ဘိုးဘေးကို ခေါင်းညိတ်ပြလိုက်သည်မို့ သူနှင့် အခြားသူများသည် တုန့်ဆိုင်းမနေတော့ဘဲ အကျဥ်းသားများအားလုံးကို ဆွဲခေါ်သွားကြလေသည်။

ခဏကြာပြီးနောက် ဇာမဏီကလန်ဘိုးဘေး သည် အကျဥ်းသားအားလုံးကို သတ်ဖြတ်ပြီးသွားပြီ ဖြစ်ကြောင်း ရှောင်လုံအား တင်ပြလာလေသည်။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီး သူတို့အား သိုင်းဝိညာဥ်ကမ္ဘာ၏ အခြေအနေကို အာရုံစိုက်ထားရန် နှင့် ဟောင်မိသားစုအိမ်တော်၏ ခုခံ ကာကွယ်မှုများကို တိုးမြှင့်ထားရန် အမိန့်ပေးလိုက်သည်။

ဇာမဏီကလန်ဘိုးဘေးက ခန်းမထဲမှ ပြန်လည် ဆုတ်ခွာသွားချိန်တွင် ရှောင်လုံသည် ကမ္ဘာတစ်ထောင်ဆေးမီးဖို ကို ထုတ်ယူလိုက်သည်။ သူက အန္တရာယ်များနှင့် ကြုံတွေ့နိုင်သော နတ်ဆိုးပိုင်နက်ကုန်းမြေကြီး ဆီသို့ ခရီးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နွေဦးဆောင်းဦးအသက်ရာချီ နတ်ဆေးလုံး မြောက်မြားစွာ ကို ဖော်စပ်သန့်စင်ရန် စီစဥ်ထားပေသည်။

သူက ပထမအကြိမ် ဆေးဖော်စပ်ပြီးသွားချိန်တွင် ရှောင်ဖေးက ခန်းမထဲသို့ ဝင်ရောက်လာပြီး ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"အစ်ကိုကြီး ဟောင်...ညီမရဲ့ ဆရာမကို မတွေ့ရတာ အတော်လေး ကြာနေပြီ...ဒါကြောင့်မိုလို့ မနက်ဖြန်ကျရင် မြောက်ဘက်ရေခဲကမ္ဘာဆီကို ညီမ သွားချင်တယ်...အစ်ကို ညီမနဲ့ လိုက်ခဲ့ပေးလို့ရမလား"

ရှောင်လုံက အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော ရှောင်ဖေး၏ မျက်လုံးများကို မြင်လိုက်ရသည်မို့ သူက ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ"

ရှောင်ဖေးက ယခုအခါ၌ နတ်ဘုရားအဆင့် ၅ သိုင်းပညာရှင် ဖြစ်နေပြီ ဖြစ်သော်လည်း သူက သူမကို တစ်ယောက်တည်း သွားခွင့်မပြုနိုင်ပေ။

အမှန်၌ သူသည်လည်း လမင်းဆင်းသက်ခြင်းအဘိုးအို ကို မတွေ့ရသည်မှာ အတော်ပင် ကြာနေပြီ ဖြစ်သည်။

မနေ့က သူ့မိသားစု ပြောကြားချက်အရ အဘိုးအို သည် ဟင်္သာပြဒါးငှက်ကြယ်စင်စု၏ မီးကမ္ဘာဆီမှ လွန်ခဲ့သည့် ဆယ်နှစ်ကတည်းက ပြန်ရောက်လာခဲ့သည်။ ဟောင်မိသားစုအိမ်တော်၌ ခဏတဖြုတ်မျှ နေထိုင်ပြီးနောက် သူသည် သူ့၏ ကျင့်ကြံခြင်းအိမ်တော်ရှိရာ မြောက်ဘက်ရေခဲကမ္ဘာသို့ ပြန်သွားခဲ့သည်။  ရှောင်လုံ ပြန်လာသည်နှင့် သူရှိရာ မြောက်ဘက်ရေခဲကမ္ဘာသို့ လာရောက်ရန် အဘိုးအိုက သူ့မိသားစုအား မှာကြားထားခဲ့ပေသည်။

သူက ဤအခွင့်အရေးကို အရယူ၍ အဘိုးအို အား ထူးခြားဆန်းကြယ်သော မဟာအရှင်သခင် အကြောင်း ပြောရပေမည်။

နတ်ဆိုးပိုင်နက်ကုန်းမြေကြီး ကို သွားမည့် ကိစ္စကိုမူကား ခဏ ရွှေ့ဆိုင်းထားရန်သာ တတ်နိုင်ပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၀၈.....မြောက်ဘက် ရေခဲကမ္ဘာ

သူက ရှောင်ဖေးနှင့်အတူ မြောက်ဘက် ရေခဲကမ္ဘာ သို့ လိုက်ပါရန် ဆုံးဖြတ်လိုက်ပြီးနောက် ရှောင်လုံသည် နွေဦးဆောင်းဦး အသက်ရာချီ နတ်ဆေးလုံးများ သန့်စင်ဖော်စပ်သည့်နေရာတွင်သူ့၏ အချိန်ကို အပြည့် အဝ အသုံးပြုလိုက်လေသည်။ တစ်ညလုံး ဆေးဖော်စပ်လိုက်ပြီးနောက် သူသည် နောက်ထပ် ဆေးသုံးအိုးကို ထပ်မံ ဖော်စပ်နိုင်ခဲ့သည်။

ရှောင်လုံနှင့် ရှောင်ဖေးတို့ မြောက်ဘက် ရေခဲ ကမ္ဘာ ဆီသို့ ထွက်ခွာမည့် အကြောင်း သိလိုက်ရချိန်တွင် ဟောင်ပန်နှင့် စုယန်တို့ တို့သည် သူတို့ကို သွားခွင့်ပြုရန် တွန့်ဆုတ်နေကြပေသည်။ သို့သော်လည်း သူတို့စုံတွဲသည် သူတို့သား၏ ဆက်လက် နေနိုင်စွမ်းမရှိသည့် အကြောင်းအရင်းကို သိရှိသည်မို့ သူတို့သည် ရှောင်လုံတို့နှစ်ယောက်အား လမ်း၌ ဂရုစိုက်ရန်သာ မှာကြားလိုက်ကြသည်။

သူ့၏ မိဘများက သူတို့ကို ဂရုစိုက်ရန် ထပ်တလဲလဲ မှာကြားလိုက်သည်အား နားထောင်ရင်း ရှောင်လုံ စိတ်ထဲမှ ခါးသက်စွာ ပြုံးလိုက်လေသည်။ သူ့၏ လက်ရှိ ခွန်အားအရ သူ့ကို သတ်ဖြတ်နိုင်စွမ်းရှိသည့် လူအရေအတွက်သည် လက်နှစ်ဖက် အရေအတွက် ပင် မပြည့်ပေ။ သို့သော်လည်း ဟောင်ပန်နှင့် စုယန်တို့ကို နာနာခံခံ ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ဟောင်မိသားစု၏မခွဲနိုင်မခွာရက် ဖြစ်နေကြသော အကြည့်များအောက်တွင် ရှောင်လုံနှင့် ရှောင်ဖေးတို့သည် သူတို့၏ စီးတော်ယာဥ် သားရဲများဖြင့် ပျံသန်းထွက်ခွာ သွားကြလေသည်။

ရှောင်ဖေးက ဇာမဏီအမ တစ်ကောင်ပေါ်တွင် စီးနင်းလိုက်ပါပြီး ရှောင်လုံ၏ စီးတော်ယာဥ်မှာမူ ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်သော ငရဲနက်ကျားအမ တစ်ကောင်ဖြစ်သည် ။ မိစ္ဆာ သားရဲ နှစ်ကောင်လုံး၏ ခွန်အားသည် နတ်ဘုရားအဆင့် ၁၀နောက်ပိုင်း အထွတ်အထိပ် အဆင့် ဖြစ်ကြသည်။

လမ်းတွင် ရှောင်လုံ စီးနင်းထားသော ငရဲနက် ကျားသည် အမ တစ်ကောင်ဖြစ်ကြောင်း သတိထားမိလိုက်သည်နှင့် ရှောင်ဖေးသည် သူမ၏ နှုတ်ခမ်းကို ဖိကိုက်လိုက်ရင်း ပြောလိုက်သည်။

"အကိုကြီးဟောင်... နောက်တစ်ခါကျရင် အစ်ကို့ရဲ့ စီးတော်ယာဥ် သားရဲကို ပြောင်းလိုက်ဦး "

ရှောင်လုံက ကြောင်အသွားပြီးနောက် အားပါးတရ ရယ်မောလိုက်သည်။ကြည့်ရသည်မှာ ရှောင်ဖေးသည် ငရဲနက် ကျားမကို မနာလို ဝန်တို ဖြစ်နေဟန်ရသည်။ သူက သူမကို ပြုံးပြလိုက်ပြီးနောက် အကြံပြုလိုက်လေသည်။

"ဒါဆိုလည်း ... အစ်ကိုက ညီမနဲ့အတူ ဒီဇာမဏီပေါ်ကနေ လိုက်စီးမယ်လေ"

သူမ ပြန်မပြောလိုက်နိုင်မီမှာပင် ရှောင်လုံက ဖျတ်ခနဲပျောက်ကွယ်သွားသည်။ သူမ မသိလိုက်ခက်မှာခင် နွေးထွေးကာ ကြံ့ခိုင် သန်မာသည့် ခန္ဓာကိုယ် တစ်ခုက သူမ၏ နောက်တွင် ပေါ်ထွက်လာလေသည်။ ရှောင်လုံက သူမ၏ စီးတော်ယာဥ် သားရဲဖြစ်သော ဇာမဏီ ပေါ်သို့ တက်လာပြီး သူမနောက်၌ ထိုင်လိုက်ခြင်းဖြစ်သည်။

ရှောင်ဖေး၏ ခန္ဓာကိုယ်ဆီမှ ဆွဲဆောင်မှု အားကောင်းလှသော ကိုယ်သင်းနံ့ဖျော့ဖျော့သည် ရှောင်လုံ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည် ။ ဤသည်မှာ ပွင့်အာလာသော သစ်ခွပန်း ရနံ့နှင့်ပင် တူနေပေသေးသည်။

ရှောင်ဖေး၏ ခန္ဓာကိုယ်လေးက တောင့်ခဲသွားရပေသည်။ သူက ရှောင်ဖေး၏ မျက်နှာ အမူ အရာကို မမြင်ရသော်လည်း သူမ၏ နားရွက်ဖျားလေးများ ရဲရဲနီနေသည်ကိုမူ မြင်တွေ့နေရပေသည်။

ရှောင်ဖေး၏ အသက်ရှုသံက အနည်းငယ် မြန်ဆန်နေကြောင်းကို ရှောင်လုံ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး သူ့၏ လက်များကို ရှေ့သို့ ဆန့်တန်းလိုက်ကာ သူမအား နောက်မှပွေ့ဖက်လိုက်လေသည်။

ရှောင်ဖေး၏ ချယ်ရီရောင် နုတ်ခမ်းဖျားလေဆီမှ  သက်ပြင်းတစ်ချက် ထွက်ပေါ်လာလေပြီး သူမ၏ ခန္ဓာကိုယ် လေးသည် ပျော့ပျောင်းသွားကာ ရှောင်လုံ၏ ရင်ခွင်ထဲသို့ မှီချလာလေသည်။ သူမ၏ နီရဲနေသော မျက်နှာလေးက ရှောင်လုံကို လှည့်ကြည့်လိုက်သည်။

"အစ်ကို ကြီးဟောင်...အစ်ကို..."

ရှောင်ဖေး၏ ရှက်သွေးဖြာနေသော အမူအရာက ငါးများကို အောက်ခြေ ဆီသို့ ထိုးဆင်းသွားစေနိုင်ပြီး ငှက်များကို ပင် အော်ဟစ်မြည်ကြွေးလာစေနိုင်အောင် လုပ်ဆောင် နိုင်စွမ်းရှိပေသည်။ရုတ်တရက် ဖြစ်ပေါ်လာသော ဆန္ဒ ကြောင့် ရှောင်လုံသည် သူ့၏ ခေါင်းကို ငုံ့လိုက်ကာ နှုတ်ခမ်း နှစ်စုံအား ဖိကပ်လိုက်လေသည်။

ရှောင်ဖေး၏ မျက်လုံးများက ခဏမျှ ပြူးကျယ် သွားပြီးနောက် သူမက ဖြည်းဖြည်းချင်း မျက်လွှာချလိုက်လေသည်။

သူတို့၏ နားထဲသို့ လေပြင်းများ ဝင်ရောက်လာပြီး အထူးသဖြင့် ရှောင်ဖေး၏ နားထဲသို့ ဖြစ်သည်။ သူတို့၏ကြား၌ အဝတ်အလွှာများ ခြားထားစေကာမူ ရှောင်ဖေး၏ ကိုယ်လေးမှ မြင့်တက်လာနေသော အပူချိန်ကို ရှောင်လုံ ခံစားမိပေသည်။

သူ့၏ လက်ဝါးပြင်များက ရှောင်ဖေး၏ ခန္ဓာကိုယ်ကောက်ကြောင်းများကို ဖြည်းဖြည်းချင်း ပွတ်သပ်နေသည်မို့ သူမဆီမှ ညည်းသံတိုးတိုးလေးများ ထွက်ပေါ်လာလေသည်။

ရှောင်ဖေး၏ ခန္ဓာကိုယ်က ရှောင်လုံ၏ လက်ဖဝါးများအောက်တွင် အလွန်တရာ နူးညံ့ပျော့ပျောင်းနေပြီး သူမ၏ သေးကျင်လှသော ခါးလေးသည် သေးသွယ်နူးညံ့လှသည်မို့ သူက လက်တစ်ဖက်တည်းနှင့်ပင် ရစ်ပတ်၍ ရနိုင်ပေသည်။

သူတို့ နမ်းရှိုက်နေသည်မှာ စက္ကန့်အနည်းငယ်မျှ ကြာသွားချိန်တွင် အဝေးဆီမှ စိတ်အနှောင့်အယှက် ဖြစ်ဖွယ် ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။

"ဟီးဟီး...ငါတို့ သိုင်းဝိညာဥ်ကမ္ဘာကို မရောက်သေးတာတောင်...အချစ်ငှက်လေးနှစ်ကောင် နဲ့ လာတိုးနေပါလားကွ"

ရှောင်လုံ နှင့် ရှောင်ဖေးတို့သည် လူချင်းခွဲလိုက်ကြပြီးနောက် အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ များစွာသော လူများကို သူတို့ မြင်လိုက်ကြရပြီး မူလသံမဏိကမ္ဘာမှ တစ်ဆင့် သိုင်းဝိညာဥ်ကမ္ဘာရှိရာသို့ ရောက်ရှိလာကြဟန် ရသည်။

ထိုသူများသည် အပြာရောင် ဆင်တူဝတ်စုံကို ဝတ်ဆင်ထားကြသော လူတစ်ဒါဇင်ဖြစ်ပြီး သူတို့၏ ရင်ဘတ်ပေါ်၌ ထူးဆန်းလှသော အဖြူရောင်ပန်းပွင့်ပုံ သင်္ကေတ တစ်ခု ပါရှိကြသည်။

ရှောင်ဖေးက လှည့်ကြည့်လိုက်ချိန်၌ ထိုသူများသည် သူမ၏ ဆွဲဆောင်မှုအားကောင်းသော မျက်နှာလေးကို မြင်လိုက်ရသည်မို့ သူတို့၏ အကြည့်များသည် တဏှာခိုးများဖြင့် လောင်ကျွမ်းသွားကြသည်။

"ဒီကြ က်ပေါက်စလေးက အချောအလှလေး ဖြစ်လိမ့်မယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ...ဟိုစကားပုံ အတိုင်းပဲ 'မိန်းမလှတွေက တိုင်းပြည် တစ်ပြည်နဲ့ ပြည်သူတွေကို ဘေးသင့်စေနိုင်တယ်' ဆိုတဲ့စကားပုံလေ ...စည်းကမ်းထိန်းခုံး..အဲ့ဒီကောင်မလေးကို ဖမ်းပြီးတော့ ဂိုဏ်းခေါင်းဆောင်ဆီဖမ်းပြီးတော့ ဂိုဏ်းခေါင်းဆောင်ဆီ ခေါ်သွားကြအောင်...သူက သေချာပေါက် ပျော်ရွှင်သွားလိမ့်မယ်"

သူတို့ထဲမှ တစ်ယောက်က ရှောင်ဖေးကို ကြည့်ကာ လျှာသပ်လိုက်သည်။

"ဒီကောင်မလေးကို ခေါင်းဆောင်အတွက် ဖမ်းဆီးသွားရမှာလား...အရမ်း ဒုက္ခများပါတယ်ကွာ..."

နောက်တစ်ယောက် က စပ်ဖြီးဖြီး ရယ်မောလိုက်လေသည်။

"ငါတို့ ညီအစ်ကိုတွေ မိန်းမတစ်ယောက် နဲ့ မထိတွေ့ရတာတောင် အတော်ကြာနေပြီ...ငါတို့ပဲ ဒီကောင်မလေးနဲ့ ပျော်ပါးလိုက်ကြရအောင်"

"စည်းကမ်းထိန်းခုံး ပြောတာ မှန်တယ်....ငါ လေဟာနယ် ထဲမှာ လုပ်မကြည့်ဖူးဘူး"

"ငါလည်း စီးတော်ယာဥ် သားရဲပေါ်မှာ တစ်ခါမှ မကြိုးစားကြည့်ဖူးဘူး"

ထိုလူစု၏ ပါးစပ်များဆီမှ ရုန့်ရင်းညစ်ညမ်းလှသော စကားသံများ ထွက်ပေါ်လာသည်။

ရှောင်ဖေး၏မျက်နှာလေးက ဒေါသဖြင့် နီရဲသွားရပြီး ထိုလူစုကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမက စတင်တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ရှောင်လုံ က သူမထက် ခြေတစ်လှမ်း စောသွားသည်။ သူ့၏ လက်က ရှေ့သို့ ဆန့်တန်းသွားလေပြီး ဆုပ်ကိုင်ဟန်သဏ္ဍာန်ပြုလိုက်ရာ ထိုလူစုသည် မမြင်ရသော ကြီးမားသည့်လက်ကြီးတစ်ခုက သူတို့အား ဆုပ်ညှစ်လာသည့်နှယ် ခံစားလိုက်ကြရသည်။

ထိုလူစုသည် ကြောင်အသွားကြပေသည်။ သူတို့က လွတ်မြောက်ရန်အတွက် ပြင်းထန်စွာ ရုန်းကန်လိုက်ကြသော်လည်း သူတို့သည် တစ်လက်မမျှ ရွေ့လျားနိုင်စွမ်း မရှိတော့ကြောင်း သိလိုက်ကြရသည်။

"မင်း..."

သတ်လတ်ပိုင်းလူ ဖြစ်သော စည်းကမ်းထိန်းခုံးသည် ဖြူဖျော့သွားလေသည်။ ကြောက်လန့်မှုများနှင့် မှင်သက်မှုများဖြင့် သူ့၏ မျက်လုံးထဲတွင် ပြည့်နှက်သွားပြီး ရှောင်လုံကို ကြည့်လိုက်လေသည်။

ရှောင်လုံက နှာခေါင်းရှုံ့လိုက်ပြီးနောက် ထိုသူများကို တစ်ချက်တည်းဖြင့် မသတ်ဖြတ်မိစေရန် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ ထိုအစား မမြင်ရသော ကြီးမားလှသည့် လက်ကြီးသည် တဖြည်းဖြည်းချင်း ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်ပစ်လိုက်လေသည်။

သူ့၏ လက်သီးဆုပ်ကို ပိုမိုတင်းကြပ်ပစ်လိုက်သည်နှင့် ထိုသူများ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့တွလာကြလေသည်။ ကိုယ်တွင်းအင်္ဂါများကို တစ်ပြိုင်တည်း ဆုပ်ညှစ်ပစ်လိုက်လျှင် ဤသည်မှာ မည်မျှ နာကျင်သွားမည်ကို မြင်ယောင်ကြည့်၍ရနိုင်ပေသည်။

ရှောင်ဖေးက ဤသည်ကို ကြည့်ရင်း ရက်စက်လှသည်ဟု ခံစားမိသော်လည်း သူမက ငြင်းချက်ထုတ်ခြင်း မရှိပေ။ သူတို့၏ ခွန်အားသည်သာ ထိုသူတို့ထက် မြင့်မားနေခြင်း မရှိလျှင် ထိုသူတို့၏ လက်ထဲ ကျဆင်းသွားသည်နှင့် သူတို့၏ ကံတရားသည် ထို့ထက် ဆိုးရွားသွားရလိမ့်မည် ဖြစ်ကြောင်း သူမ နားလည်ပေသည်။

"ငါတို့က ဒဏ္ဍာရီပန်းပွင့်ဂိုဏ်းက အကြီးအကဲ တွေနဲ့ စည်းကမ်းထိန်းတွေပဲ...မင်း..."

"ကျုပ်တို့မှာ မျက်လုံးတွေရှိပေမယ့် မြင်နိုင်စွမ်းမရှိခဲ့ပါဘူးဗျာ...ဆရာကြီး...ကျုပ်တို့ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

သူတို့ထဲမှ အချို့က နာကျင်မှုကို မခံစားနိုင်တော့သည်မို့ ခွင့်လွှတ်ပေးရန် တောင်းပန်လာကြသည်။ သို့သော်လည်း ရှောင်လုံ၏ အမူအရာက အေးစက်ကာ ခံစားချက်မဲ့နေဆဲ ဖြစ်သည်။

အချိန်အနည်းငယ်အတွင်း ထို လူတစ်ဒါဇင်သည် မမြင်နိုင်သော လက်ကြီး၏ အောက်တွင် သွေးမြူများအသွင် ပေါက်ကွဲသွားလေသည်။

ဒဏ္ဍာရီပန်းပွင့်ဂိုဏ်းတဲ့လား။ ရှောင်လုံ၏ မျက်လုံးများသည် အေးစက်မှုများဖြင့် တောက်ပသွားသည်။ သူက ဒဏ္ဍာရီပန်းပွင့်ဂိုဏ်းကို သိရှိပေသည်။ ၎င်းသည် မူလသံမဏိကမ္ဘာ မှ အသန်မာဆုံးသော ဂိုဏ်းများအနက် တစ်ခု ဖြစ်ပြီး မူလသံမဏိကမ္ဘာ၏ အင်အားစု ဆယ်ပုံခြောက်ပုံကို ထိန်းချုပ်ထားပေသည်။ အနက်ရောင်လိပ်ကြယ်စင်စုထဲတွင် ထိုဂိုဏ်းကို ပထမအဆင့် အင်အားစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာမှ ကျိုးမိသားစုထက် ဆယ်ဆ ပိုမို အစွမ်းထက်ပေသည်။

ရှောင်လုံ နှင့် ရှောင်ဖေးတို့သည် ထိုလူစုကို သတ်ဖြတ်ပစ်ပြီးနောက် မူလသံမဏိကမ္ဘာ သို့ ဆက်လက် ခရီးနှင်လိုက်သည်။ သူတို့၏ မူလအစီအစဥ်သည် ထိုကမ္ဘာရှိ ကူးပြောင်းခြင်းအစီအရင် ကို အသုံးပြုရန် ဖြစ်သော်လည်း ယခုမူ ရှောင်လုံသည် မူလသံမဏိကမ္ဘာ ၌ နာရီအနည်းငယ်နေရန် ဆုံးဖြတ်လိုက််သည်။

နာရီအနည်းငယ်ကြာပြီးနောက် ဒဏ္ဍာရီပန်းပွင့်ဂိုဏ်းသည် သူတို့၏ ဂိုဏ်းခေါင်းဆောင်၊ လက်ထောက်ဂိုဏ်းခေါင်းဆောင် နှစ်ယောက်၊စည်းကမ်းထိန်း ၁၀ယောက်ကျော်နှင့် အကြီးအကဲများသည် ခန်းမဆောင်ကြီးထဲ၌ သတ်ခံထားရကြောင်းတွေ့လိုက်လေသည်။ လူတိုင်းက ကြောင်အသွားကြပြီး သူတိူ့၏ အမူအရာများသည် မယုံကြည်နိုင်မှုများ ကြောက်လန့်သွားမှုများနှင့် ပြည့်နှက်သွားကြလေသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ် ဆီမှ မည်သည့် ဒဏ်ရာကိုမှ မတွေ့ရှိရသလို သူတို့၏ အတွင်းအင်္ဂါများသည် လည်း ဒဏ်ရာ ရရှိနေခြင်းမရှိပေ။

အားလုံးကို ဝေခွဲမရဖြစ်စေသော အရာမှာကား ခန်းမဆောင်ကြီးထဲ၌တိုက်ပဲဲဖစ်ပွားသည့် မည်သည့် လက္ခဏာကိုမှ မတွေ့ရှိရခြင်း ဖြစ်သည်။

မကြာမီ ဒဏ္ဍာရီပန်းပွင့်ဂိုဏ်းခေါင်းဆောင်၊ လက်ထောက်ခေါင်းဆောင် နှစ်ယောက်၊ စည်းကမ်းထိန်းများ၊ အကြီးအကဲများနှင့် ပင်မတပည့်မြောက်မြားစွာ ကို သေဆုံးလျက် တွေ့ရှိလိုက်ရကြောင်း သတင်းသည် မူလသံမဏိကမ္ဘာ တစ်ခုလုံး ကို တုန်လှုပ်သွားစေပေသည်။

ဒဏ္ဍာရီပန်းပွင့် ဂိုဏ်း၏ လက်အောက်ရှိ အင်အားစုများ အားလုံးသည် တုန်လှုပ်သွားကြသော်လည်း အချင်းချင်း စတင်တိုက်ခိုက်လာကြသည်။

ဒဏ္ဍာရီလာ ပန်းပွင့် ဂိုဏ်းတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားလေသည်။

ထိုအချိန်တွင် ရှောင်လုံနှင့် ရှောင်ဖေးတို့သည် မူလ သံမဏိကမ္ဘာမှ ထွက်ခွာသွားပြီး ဖြစ်သည်။

ထိုကမ္ဘာမှ ထွက်ခွာသွားပြီးနောက် ရှောင်လုံနှင့် ရှောင်ဖေးတို့သည် ရှောင်ဖေး၏ စီးတော်ယာဥ် ဇာမဏီပေါ်တွင် အတူစီးကာ သာယာပျော်ရွှင်ဖွယ်ကောင်းသော အချိန်ကောင်းလေးကိုရယူလိုက်ပြီး ငရဲနက် ကျားကမူ သူတို့ နောက်မှ လိုက်ပါလာလေသည်။သိသာစွာပင် မြန်ဆန်လှသော နှလုံးခုန်နှုန်း များနှင့် လေးပင်လှသော အသက်ရှုသံများက ထွက်ပေါ်လာပေသည်။ဒဏ္ဍာရီပန်းပွင့်ဂိုဏ်းကဲ့သို့သော ဒုက္ခများလှသည့် အရာများကို ရှောင်ရှားရန် ရှောင်လုံသည် ငရဲနက်ကျားကို ၎င်း၏ အော်ရာအား ထုတ်လွှတ်ရန် အမိန့်ပေးထားလိုက်သည်။

ထို့ကြောင့် သူတို့သည် လမ်းတစ်လျှောက်၌ မည်သို့သော နှောင့်ယှက်မှုကိုမှ မကြုံတွေ့ရပေ။

သူတို့နောက်၌ လိုက်ပါလာသော နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲဖြင့် ဆိုပါက မည်သူကမှ သေခြင်းတရားကို လာရောက် ရှာဖွေရဲမည် မဟုတ်ပေ။

ရှစ်ရက်ကြာပြီးနောက် ရှောင်လုံနှင့်ရှောင်ဖေးတို့သည် မြောက်ဘက်ရေခဲကမ္ဘာသို့ ရောက်ရှိသွားကြလေသည်။

သူတို့နှစ်ယောက် သည် ဇာမဏီငှက်ကို စီးနင်းပြီး ကျဆင်းနေသော နှင်းမြူများအကြားပျံသန်းကာ ယန်ယီ၏ နေရာဆီသို့ ဦးတည်လိုက်ကြသည်။

နူးညံ့ညင်သာစွာ ကျဆင်းနေသော နှင်းမြူများကို ကြည့်ရင်း ရှောင်ဖေး၏ မျက်နှာထက်တွင် တွေဝေမှုများ ထွက်ပေါ်လာသည်။ ထိုနေရာ၌ သူမနေထိုင်ခဲ့သော အချိန်များသည် မနေ့တစ်နေ့ကကဲ့သို့ပင် ခံစားနေရဆဲ ဖြစ်သည်။ သူမ၏ ဆရာ နေကောင်းပါမည်လား ဆိုသည်အား သိချင်နေမိပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၀၉.....မိုးကောင်းကင် နတ်ဘုရား ကုန်းမြေကြီး

"ညီမရဲ့ ဆရာအကြောင်းကို ထပ်ပြီး စဥ်းစားနေပြန်ပြီလား"

ရှောင်ဖေ၏ တွေဝေနေသော အကြည့်ကိုကြည့်ရင်း သူက စနောက်လိုက်လေသည်။

ရှောင်ဖေးက နာခံစွာဖြင့် ညင်ညင်သာသာ ခေါင်းညိတ်ပြလိုက်သည်။သူမက စကားပြောလိုက်သည်မို့ သူမ၏ နှုတ်ခမ်း နှစ်လွှာကြားမှ နှင်းငွေ့တန်း ဖျော့ဖျော့ စီးဆင်းထွက်ပေါ်လာလေသည်။

"ဆရာက ညီမ အပေါ် အရမ်းကောင်းတယ်"

ရှောင်လုံ သူမ၏ မျက်ဝန်းထဲသို့ စိုက်ကြည့်ရင်း စကားတစ်ခွန်းမှ ပြောမလာပေ။ရှောင်လုံ၏ စူးချလှသော အကြည့်က ရှောင်ဖေးကို ရှက်ရွံ့သွားလေသည်။ သူမက အရှက်သည်းစွာဖြင့် ခေါင်းငုံ့လိုက်လေပြီး တုန့်ပြန်ပြောဆိုလိုက်လေသည်။

"အစ်ကို ညီမကို ဘာဖြစ်လို့ ဒီလို မျိုးကြည့်နေရတာလဲ...ဒီလောက်နှစ်တွေ အကြာကြီး ညီမကို တွေ့မြင်နေရတာတောင် မလုံလောက်သေးဘူးလား"

ရှောင်လုံက ပြန်ဖြေလိုက်သည်။

"ညီမကို သာ ဒီလိုမျိုးကြည့်နေရမယ်ဆိုရင်... နှစ်တစ်သန်းမကလို့ ၁၀သန်း ကြာသွားရင်တောင် လုံလောက်ဦးမှာ မဟုတ်ဘူး"

ရှောင်ဖေး၏ လှပကာ ဆွဲဆောင်မှုရှိ၍ ပြိုင်ဘက်ကင်းလှသော မျက်နှာလေးသည် မြင်ရသူတိုင်း၏ စိတ်နှလုံးကို ယူဆောင်သွားနိုင်ပေသည်။သူမကို ပိုပြီး ကြည့်မိလေလေ သူမဖြစ်စေချင်သည့် အရာတိုင်းကို လုပ်ဆောင်ပေးချင်လာလေလေဖြစ်သည်။

ရှောင်လုံ၏အကြင်အနာ စကားများကို ကြားရသည်နှင့် ရှောင်ဖေးသည် အလွန်အမင်း ရှက်သွေးဖြာသွားကာ သူမ၏ ခုန်ပေါက်နေသော နှလုံးသားလေးထဲ၌ ချိုမြိန်မှုများနှင့် ပြည့်နှက်သွားလေသည်။.

"မဟာနတ်ဘုရား သိုင်းပြိုင်ပွဲရောက်ဖို့ သိပ်မလိုတော့ဘူး...သိုင်းပြိုင်ပွဲ ပြီးသွား လို့  အစ်ကို မဟာနတ်ဘုရားအဆင့်သို့ ဝင်ရောက် ပြီးသွား တာနဲ့...အစ်ကိုက ညီမကို ကြီးကျယ်ခမ်းနားတဲ့  လက်ထပ်ပွဲတစ်ခု လုပ်ပေးပါ့မယ်"

ရှောင်လုံက ရှောင်ဖေး အနီးသို့ တိုးကပ်သွားရင်း သူမ၏ နားရွက်လေးနားကပ်ကာ တီးတိုးပြောလိုက်လေသည်။

ရှောင်ဖေးက သူ့ကို ကြည်လင်လှသော မျက်ဝန်းလေးများဖြင့် ကြည့်ရင်း 'အင်း' ဟု ပြန်ဖြေလိုက်သည်။သူက စကားတစ်ခွန်းမှ မပြောလိုက်နိုင်မီတွင် ရှောင်ဖေး၏ လက်များက သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လာပြီး သူမ၏ ချယ်ရီရောင် နှုတ်ခမ်းပါးလေးက သူ့ကို နမ်းရှိုက်လာသည်။ရှောင်လုံက သူမ၏ ရှားပါးလှသော ဦးဆောင်မှုကြောင့် ကြောင်အသွားရကာ ခဏမျှ သတိလွတ်သွားလေသည်။

သူက သတိကို ပြန်လည်ထိန်းချုပ်လိုက်ပြီးပြန်လည်နမ်းရှိုက်ရန် ပြင်လိုက်သော်ငြား ရှောင်ဖေးက တောက်ပလှသော အပြုံ တစ်ခုဖြင့် သူမ၏ လက်များကို ဖြေလျှော့လိုက်လေသည်။သူမ၏ လှပသော  မျက်ဝန်းလေးထဲတွင် စနောက် လိုသော အရိပ်အယောင်များ ယှက်သန်းသွားလေသည်။

"အစ်ကိုကြီးဟောင်... ညီမတို့ နှစ်ယောက်စလုံးရဲ့ နာမည်မှာ 'ရှောင်' ဆိုတဲ့ နာမည် ပါနေတယ်ဆိုတော့... ဒါက ကံကြမ္မာ များလား မသိဘူးနော်"

ရှောင်လုံက သူ့၏ နှုတ်ခမ်းများကို တို့ထိလိုက်ရင်း ရှောင်ဖေး၏ နှုတ်ခမ်းဖျားဆီမှ ကျန်ရစ်ခဲ့သော နွေးထွေးမှု အကြွင်းအကျန် များကို ခံစားလိုက်ရသည်။သူက ခါးသက်စွာ ပြုံးလိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"ဟုတ်ချင်လည်း ဟုတ်မှာပေါ့"

ရှောင်ဖေးက ရှောင်လုံ၏ အဖြေကို မကျေမနပ်ဖြစ်သွားဟန်ဖြင့် နှုတ်ခမ်းကိုက်ပြလာလေသည်။

ရှောင်လုံဆီမှ ခပ်တိုးတိုး ရယ်မောသံ တစ်ခု ထွက်ပေါ်လာလေသည်။

"နောက်ပိုင်းရောက်လို့ အစ်ကိုတို့မှာ ကလေးလေးတွေ ရှိလာတဲ့ အချိန်ရောက်ရင်...ယောက်ျားလေးဆို ဖေးလုံ (ပျံသန်းခြင်းနဂါး)လို့ နာမည်ပေးမယ်...မိန်းကလေးဆိုရင် လုံဖေး(နဂါး ပျံသန်း ခြင်း)လို့ နာမည် ပေးမယ်"

ရှောင်ဖေးက တုန့်ဆိုင်း နေခြင်း မရှိဘဲ ငြင်းဆို လိုက်လေသည်။

"သေချာပေါက် အဲ့နာမည်တွေ ပေးလို့ ဘယ်ဖြစ်မလဲ ...အရမ်းရုပ်ဆိုးလွန်းတယ်"

ရှောင်လုံက အားပါးတရ ရယ်မောလိုက်သည်။

သူတို့စုံတွဲသည် ဟာသများပြောကာ ဆက်လက် ရယ်မောပျော်ရွှင်နေကြသည်။ သိပ်မကြာမီတွင် သူတို့သည် ယန်ယီ၏ လသစ်နယ်မြေသို့ ရောက်ရှိသွားလေသည်။

သို့သော်လည်း ရှောင်လုံနှင့် ရှောင်ဖေးတို့ ရောက်ရှိသွားချိန်၌ ယန်ယီ၏ အစေခံများထဲမှ တစ်ယောက်က ယန်ယီ မရှိသည့် အကြောင်းနှင့် အဖြူရောင် ကျားကြယ်စင်စုဆီသို့ လမင်း ဆင်းသက်ခြင်း အဘိုးအိုနဲ့ အတူ ထွက်သွားမည် ဖြစ်ကြောင်း သတင်းပို့လာသည်။

"သူတို့ က အဖြူရောင်ကျား ကြယ်စင်စုကို သွားတာလား"

ရှောင်လုံနှင့် ရှောင်ဖေးတို့သည် အံအားသင့်သွားကြလေသည်။

သူတို့က အဖြူရောင်ကျားကြယ်စင်စုဆီသို့ အဘယ်ကြောင့် သွားကြသည်နည်း။

အစေခံက ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ် သခင်မနဲ့ ဆရာကြီး လာမင်းဆင်းသက်ခြင်းတို့က... အဖြူရောင်ကျားကြယ်စင်စုရဲ့ မိုးကောင်းကင် နတ်ဘုရား ကုန်းမြေကြီး မှာ မဟာလေလံပွဲတစ်ခု ကျင်းပတဲ့အကြောင်း ကြားလိုက်ရလို့ အဲ့ဒီကို သွားကြတာပါ"

"မဟာ လေလံပွဲလား"

ရှောင်လုံ နှင့် ရှောင်ဖေးတို့သည် တစ်ယောက် ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကြည့်ရသည်မှာ မိုးကောင်းကင် နတ်ဘုရား ကုန်းမြေကြီး၏ မဟာလေလံပွဲတွင် အကြီးအကဲ နှစ်ယောက် လိုအပ်နေသော အရာများ ရှိနေဟန်ရသည်။ သို့ မဟုတ်ပါက အကြီးအကဲ နှစ်ယောက်သည် အဖြူရောင်ကျားကြယ်စင်စုဆီသို့ ချက်ချင်း ထွက်ခွာသွားလိမ့်မည်မဟုတ်ပေ။

"သူတို့ ထွက်သွားတာ ဘယ်လောက် ကြာပြီလဲ"

ရှောင်လုံက မေးလိုက်လေသည်။

"နှစ်ရက်လောက်ရှိသွားပါပြီ"

အစေခံက ပြန်ဖြေလိုက်သည်။

"နှစ်ရက်တဲ့လား"

ရှောင်လုံက မျက်မှောင် ကြုတ်လိုက်သည်။

သူက အစေခံကို အကြီး အကဲ နှစ်ယောက်သည် မည်သည့် အရာအား လေ လံဆွဲနေကြောင်း မေးမြန်းရန် ကြံလိုက်သော်လည်း သူမက သိရှိထားခြင်း မရှိပေ။

ရှောင်ဖေက တွေဝေ တုန့်ဆိုင်းသွားသည်။သူမက ရှောင်လုံကို ကြည့်လိုက်ရင်း မေးလိုက်သည်။

"အကိုကြီးဟောင်... ဒါဆိုရင် ညီမတို့လည်း အဖြူရောင် ကျား ကြယ်စင်စုရဲ့ မိုးကောင်းကင်နတ်ဘုရား ကုန်းမြေကြီး ဆီသွားကြမှာလားဟင်"

"ကောင်းပြီလေ သွားကြတာပေါ့"

ရှောင်လုံက တွေးတောလိုက်ပြီးနောက် သဘောတူကာ ခေါင်းငြိမ့်လိုက်လေသည်။အကြီး အကဲနှစ်ယောက်က ထိုသို့ သွားကြသည်မို့ သူသည် လည်း အဖြူရောင်ကျားကြယ်စင်စုထဲက နတ်ဆိုးပိုင်နက် ကုန်းမြေကြီး ဆီသို့ စိတ်ဝိညာဉ် တစ်ရာ သားရဲ ဘုရင်၏နောက်ဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းအား ရှာဖွေရန် အစီအစဥ်ချလိုက်ပေသည်။

ရှောင်လုံ သဘောတူသည်ကို ကြားလိုက်သည်နှင့် ရှောင်ဖေးက သူ့ကိုတောက်ပစွာ ပြုံးပြရင်း သူ့၏ လက်ကို ပျော်ရွှင်စွာ ဆွဲယူလိုက်လေသည်။

"ဒါဆိုရင် ညီမတို့ အခုပဲ သွားကြရအောင် လေ "

ရှောင်လုံက သူမ၏ စိတ်လှုပ်ရှားမှုကြောင့် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိပြီး သူမဆွဲခေါ်ရာဆီသို့ လိုက်ပါ သွားလေသည်။ အိမ်တော်အပြင်ဘက်သို့ ရောက်သည်နှင့် အစေခံအုပ်စု၏ မြင်ကွင်းရှေ့ဆီမှ ရှောင်လုံနှင့် ရှောင်ဖေးတို့သည် ဇာမဏီ ၏ ကျောပေါ်သို့တတ်ကာ ထွက်ခွာသွားကြလေသည်။

အရင်က ကဲ့သို့ပင် သူတို့နှစ်ယောက်က ဇာမကီပေါ်၌ ထိုင်နေပြီး ငရဲနက် ကျားသည် သူတို့နောက်မှ လိုက်ပါနေပေသည်။

လမ်း၌ ရှောင်လုံသည် အကြီး အကဲ နှစ်ယောက်ကိုပင် အလျှင်အမြန်ပြေးသွားရလောက်အောင် လုပ်ဆောင်နိုင်ခဲ့သော မိုးကောင်းကင်နတ်ဘုရား ကုန်းမြေကြီး၏ လေ လံပွဲ အတွင်း၌ မည်သို သော ပစ္စည်းများအား လေလံတင်မည့် ဆိုသည့် အကြောင်းကို သိချင်နေပေသည်။ယခုအခါ၌ အောက်ဘုံနယ်ပယ်တွင် အဘိုးအို၏ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေနိုင်သော ပစ္စည်းများစွာ မရှိတော့ပေ။

ရှောင်ဖေးနှင့်ရှောင်လုံတို့ အဖြူရောင်ကျားကြယ်စင်စုဆီသို့ သွားနေကြချိန်တွင် သတင်းတစ်ခုသည် ကြယ်စင်စု လေးစုလုံးကို အံ့အားသင့် မင်သက်သွားစေသည်။မိုးကောင်းကင် နတ်ဘုရား ကုန်းမြေကြီးသည် မိုးကောင်းကင် နတ်ဘုရားတစ်ပါး၏ နတ်ဦးခေါင်းတစ်ခု ဖြစ်ပေသည်။

ကောင်းကင်ဘုံနတ်ဘုရား၏ နတ်ဘုရားဦးခေါင်း...။

ထိုသတင်း ပျံ့နှံ့သွားသည့် အခိုက်တွင် ကြယ်စင်စု လေးစု လုံး၏ သိုင်းပညာရှင်များသည် အံ့အားသင့် မင်သက်သွားကြသည်။ တစ်ချိန်ထဲတွင် ကမ္ဘာတိုင်းဆီမှ အဆင့်မြင့်ကျင့်ကြံသူများ အဖြူရောင်ကျားကြယ်စင်စုဆီသို့ အသည်းအသန်ခရီးနှင်လာလေသည်။

အချိန်တိုအတွင်း အဖြူရောင်ကျားကြယ်စင်စု၏ မိုးကောင်းကင် နတ်ဘုရား ကုန်းမြေကြီး သည် ကြယ်စင်စု လေးစု ရှိ သိုင်းပညာ ရှင်များ၏ ဆုံချက်ဗဟို တစ်ခု ဖြစ်လာပေသည်။

ရှောင်လုံနှင့် ရှောင်ဖေးတို့သည် ထိုသတင်းကို ကြားလိုက်ရချိန်တွင် နှစ်ယောက်လုံး တုန်လှုပ်အံ့အားသင့် သွားပေသည်။ကြယ်စင်စုလေးစု၏ရှည်လျားလှသော သမိုင်းကြောင်း တစ်လျှောက်တွင် ကောင်းကင်ဘုံ နတ်ဘုရား အဆင့် သိုင်ပညာရှင် တစ်ယောက်သာ ရှိပြီး ထိသူုသည် ကောင်းကင်ဘုံ တောင်တန်းဆီမှ သူဖြစ်သည်။

'ဒါများဖြစ်နေမလား...'

ရှောင်လုံက ဤသို့ တွေးတော နေချိန်တွင် ထိုနတ်ဘုရား ဦးခေါင်းသည် ကောင်းကင်ဘုံ တောင်တန်း၏ သိုင်းပညာရှင်ဖြစ်ကြောင်း သတင်းတစ်ခု ထပ်မံထွက်ပေါ်လာပေသည်။ရှောင်လုံ မမျှော်လင့်ထားခဲ့သည့် အရာမှာကား ထိုနတ်ဘုရား ဦးခေါင်းကို ရှာတွေ့လာသူကား အဖြူရောင်ကျား တက္ကသိုလ်ကျောင်းအုပ်ကြီး၏တပည့်ရင်း ၀မ်ကျန့်ရှင်းရှာတွေ့ခဲ့ခြင်း ဖြစ်နေပေသည်။

ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန် ထွက်ပော်လာခဲ့သည့် အချိန်က ၀မ်ကျန်ရှင်းသည်လည်း ၄င်း ရေကန်ကို ရှာဖွေရန် ကောင်း ကင်ဘုံ တောင်တန်းသို့ ၀င်ရောက်ခဲ့သည် ။သူက သွေးရေကန်ကို ရှာမတွေ့ခဲ့သော်လည်း ကောင်းကင်ဘုံ နတ်ဘုရား၏ နတ်ဘုရား ဉီးခောက်းကို ရှာတွေ့  ခဲ့ပေသည်။သို့သော်လည် ရှောင်လုံက နောက် ဆက်တွဲ သတင်းများကို ကြားလိုက် ရသည်၌ အနည်းငယ် စိတ်ပျက်သွားလေသည် ။ ၀မ်ကျန်ရှင်း ရှာတွေ့ခဲ့သည့် နတ်ဘုရားဉီးခေါင်းသည် ပြည့်စုံခြင်းမရှိဘဲ နတ်ဘုရး ဦးခေါင်း၏ ကျိုးပဲ့နေသော အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပြီး ငါးပုံ တစ်ပုံသာ ရှိပေသည်။

အခြားသော သိုင်းပညာရှင်များသည်လည်း ထိုသတင်းကို ကြားလိုက်ရသော်ငြား သူတို့သည် မိုးကောင်းကင်နတ်ဘုရား ကုန်းမြေကြီး ရှိရာဆီသို့ သွားနေကြဆဲဖြစ်သည်။

နတ်ဘုရား ဦးခေါင်းက ကျိုးပဲ့နေသော အစိတ်အပိုင်းတစ်ခု ဖြစ်နေလျှင်ပင် ဤသည်မှာ ကောင်းကင်ဘုံနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်၏ နတ်ဘုရားဦးခေါင်းမှ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။ သူတို့သာ ဤသည်ကို အောင်အောင်မြင်မြင် လေလံဆွဲနိုင်ခဲ့မည်ဆိုလျှင် သူတို့သည် ကောင်း ကင်ဘုံ နတ်ဘုရား၏ နတ်ဘုရားဦးခေါင်းထဲမှကောင်းကင်ဘုံ နိယာမ တစ်ခုကိုပင် ရှာတွေ့ နိုင်ပေလိမ့်မည်။သူတို့က ကောင်းကင်ဘုံ နတ်ဘုရား၏ စွမ်းအားကြီးမားလှသော နည်းစနစ်များကို ပင် နားလည် နိုင်စွမ်းရှိလာပေလိမ့်မည်။

ထို့အပြင် ၀မ်ကျန့်ရှင်းက မဟာနတ်ဘုရား အဆင့်သို့ မကြာမှီက ရောက်ရှိသွားသော သတင်းများလည်း ရှိနေပေသေးသည်။ဤသည်က ထို နတ်ဘုရား ဦးခေါင်း၏ အပိုင်း အစသည် သူ့ကို အဆင့် ချိုးဖောက်ရာ၌ ကူညီခဲ့သည်များ ဖြစ်နိုင်သည်လား။

၀မ်ကျန့်ရှင်းက ထို နတ်ဘုရား ဦးခေါင်း အပိုင်း အစ၏ အကူအညီကြာင့် အဆင့် ချိုးဖျက်သွားနိုင်ခြင်း ဖြစ်သည်ဟု လူတိုင်းနီးပါး က သံသယမရှိစွာ ယုံကြည်နေကြသည်။

လမ်း၌ ကြားရသော ကောလဟာလများကို နားထောင်လျှင် ရှောင်လုံသည် သူ့ခေါင်းကို ယမ်းလိုက်မိလေသည်။ မဟာနတ်ဘုးအဆင့်သို့ ရောက်ရှိရန် ထိုမျှ လွယ်ကူနေပါက မဟာနတ်ဘုရား အဆင့် သိုင်းပညာရှင်များသည် မြောက်များစွာ ရှိနေပေလိမ့်မည် ။

သူ့၏ ယူဆချက်အရ ထိုနတ်ဘုရားဦးခေါင်း အပိုင်းအစသည် ၀မ်ကျန်ရှင်း၏ အဆင့် ချိုးဖျက်မှုနှင့် ဆက်နွယ်ရန် ရာခိုင်နှုန်း အနည်းဆုံးဖြစ်သည်။ သို့မဟုတ်လျှင် အဖြူရောင်တက္ကသိုလ်က နတ်ဘုရားအပိုင်းအစကို လေလံတင်ခွင့်ပြုမည် မဟုတ်ပေ။

ယခုဆိုလျှင် ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန်ပေါ်ပေါက်လာသည်မှာ ဆယ်စုနှစ်အနည်ငယ် ကြာခဲ့ပြီဖြစ်သည်။ ထိုအချိန်အတောအတွင်း အဖြူရောင်ကျား တက္ကသိုလ်သည် နတ်ဘုရား ဦးခေါင်း အပိုင်းအစကို လေ့လာစစ်ဆေးကြည့်ပြီသော်လည်း မည်သို့သော အကျိုးအမြတ်ကို မှ မရရှိခဲ့ကြောင်း ရှောင်လုံ သေချာ သိရှိပေသည်။ဤ သည်ကသာ သူတို့ည် နတ်ဘုရား ဦးခေါင်းကို လေလံတင်ရသည့် အဓိက အကြောင်းရင်းဖြစ်သည်။

လေလံပွဲသည် နောက် သုံးပတ်အကြာမှသာ ကျင်းပမည်ဖြစ်ကြောင်း သိလိုက်ရသည်မို့ ရှောင်လုံနှင့် ရှောင်ဖေးတို့သည် အလျှင်အမြန်သွားနေခြင်းအား ရပ်တန့်လိုက်လေသည်။သူတို့၏ စီးတော်ယာဥ်နှင့် သူတို့ အသုံးပြုခဲ့သော ကူးပြောင်းခြင်း အစီအရင်တို့၏ အမြန်နှုန်းအရ သူတို့သည် မိုးကောင်းကင်နတ်ဘုရား ကုန်းမြေကြီးသို့ ရောက်ရှိရန် အချိန်လုံလောက်ပေသည်။

ဇာမဏီငှက်၏ နောက်ကျောပေါ်တွင် သူတို့သည် လှပသော အမှတ်တရများစွာ ပြုလုပ်ခဲ့ကြပေသည်။

ငရဲနက်ကျားက ၄င်း၏ အော်ရာကို ဖုံးကွယ်မထားသောကြောင့် သူတို့နှင့် ဦးတည်ရာတူသောသူတို့သည် ကျင့်ကြံသူအချို့နှင့် ရင်ဆိုင်တွေ့ခဲ့ရသော်လည်း ပြဿနာများစွာ ဖြစ်ပျက်ခြင်းမရှိပေ။

အချိန်ကကိုက်ဆိုသလို ရှောင်လုံနှင့် ရှောင်ဖေးတို့သည် မိုးကေင်းကင်နတ်ဘုရား ကုန်းမြေကြီးဆီသို့ ရက်နှစ်ဆယ်ကြာပြီးနောက်၌ ရောက်ရှိသွားပေသည်။

အဖြူရောင်ကျားကြယ်စင်စု၏ အကြီးမားဆုံး နယ်မြေကြီးဖြစ်သည်မို့ အနက်ရောင်လိပ်ကြယ်စင်စု၏ တိမ်ပင်လယ်ကုန်းမြေကြီးကဲ့သို့ပင် မိုးကောင်းကင်နတ်ဘုရား ကုန်းမြေကြီးသည်လည်း အဖြူရောင်ကျား ကြယ်စင်စု၏ အချက်အချာ အကျဆုံး နေရာ ဖြစ်သည်။စည်ကားသာယာ၀ပြောလှသော မိုးကောင်းကင်နတ်ဘုရား ကုန်းမြေကြီးသည် ယခု အခါတွင်  လေလံပွဲ အတွက်လာရောက်ကြသော ဧည့်သည်များဖြင့် ပြည့်နှက်နေပေသည်။

ရှောင်လုံနှင့် ရှောင်ဖေး တို့သည် ဇာမဏီငှက်ကို စီးပြီး ကျားဖြူ မြို့တော်သို့ ခရီးနှင်လိုက်ကြလေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၀.....ဒါက မင်းအတွက်

ကျားဖြူမြို့တော်သည် အဖြူရောင်တက္ကသိုလ်မှ တည်ဆောက်ကာ စောင့်ကြပ်သည့် နေရာ တစ်ခု ဖြစ်ပြီး မဟာလေလံပွဲ ကျင်းပရာ နေရာလည်း ဖြစ်သည်။မကြာမှီ ရှောင်လုံနှင့်ရှောင်ဖေးတို့သည် ကျားဖြူ မြို့တော်ထဲသို့ ရောက်ရှိသွားကြသည်။ မြို့၀င်ကြေးအနေဖြင့် ပိုင်ဟူ ဒင်္ဂါး နှစ်သောင်း ပေးချေပြီးနောက်သူတို့နှစ်ယောက်သည် မြို့ထဲသို့ လမ်းလျှောက်၀င်လိုက်လေသည်။

သူတို့က မြို့တော် ဂိတ်များကို ဖြတ်သန်းဝင်ရောက် သွားသည်နှင့် ပတ်ပတ်လည်လည်ရှိလူများသည် ရှောင်ဖေးကိုသာ ထပ်တလဲလဲ ကြည့်လာကြသည်။ လက်တလော ရက်များအတွင်း၌ သိုင်းပညာရှင်ပေါင်းမြောက်များစွာသည် ကျားဖြူမြို့တော်သို့ ရောက်ရှိလာကြသော်လည်း ရှောင်ဖေးကဲ့သို့သော လှပသည့်မိန်းမပျိုမှာမူ ရှားပါးလှပြီး ကျားဖြူမြို့တော်တပည့်များသည် သူမကဲ့သို့သော အလှပဂေးတစ်ယောက်ကို မမြင်ဖူးကြပေ။

ကျားဖြူမြို့တော်သို့ ရောက်ရှိပြီးနောက် လူပေါင်းများစွာဖြင့် စည်ကားသိုက်မြိုက်နေသော လမ်းမများကို မြင်လိုက်ရသည်မို့ ရှောင်ဖေးသည် ပျော်ရွှင်သွားရလေပြီး ၀မ်းမြောက်စွာဖြင့် ဘယ်ညာကြည့်နေလေသည်။ သူမက ရှောင်လုံ၏ လက်ကို ဆွဲကာ စျေး၀ ယ်ထွက်ရန် ေခါ်သွားလေသည်။

သူမ၏ အမူ အရာ များကိုကြည့်ရင်း ရှောင်လုံသည် စိတ်ထဲမှ ရှုံ့မဲ့သွားမိလေသည်။သူက မိန်းကလေး တစ်ယောက်စျေး၀ယ်ထွက်သည့်နောက်သို့ တစ်နေ့လုံး လိုက်ပါရမည့် အစား မဟာနတ်ဘုရားအဆင့်၃ သိုင်ပညာရှင် တစ်ယောက်နှင့်သာ သွားရောက် တိုက်ခိုက်ပစ်လိုက်ချင်ပေသည်။

မြို့တော်ထဲသို့ ၀င်ရောက်လိုက်ပြီးနောက် ရှောင်လုံသည် ဇာမဏီငှက် ငရဲနက်ကျားတို့ အော်ရာများကို ထုတ်လွှတ် ခိုင်းထားသော်လည်း သူတို့သည် အာရုံစိုက်ခံရမှုမှ ရှောင်ရှားနိုင်ခဲ့ခြင်းမရှိပေ။

ဤ သည်မှာ ရှောင်ဖေးကြောင့်ဖြစ်သည်။

သူမကို မြင်လိုက်ရသည့် သူတိုင်းသည် ထပ်တလဲလဲခေါင်းကို လှည့်ကြည့်လာကြသည်။

ယောကျာ်းများသည်သာမက မိန်းခလးများသည်လည်း လှည့်ကြည့်နေကြပေသည်။

ငယ်ရွယ်လှသော မိသားစု တပည့်တစ်ယာက်သည် ရှောင်ဖေးဆီမှ အကြည့်မလွဲနိုင်ဖြစ်ကာ လမ်းလျှောက်သွားသည်မို့ သူ့ရှေ့ရှိ ကျောက်တိုင်နှင့် ၀င်စောင့်မိသွားလေသည်။

ဤသည်ကို ကြည့်ရင်း ရှောင်ဖေး၏ နုတ်ခမ်းဆီမှ ဆည်းလည်းသံကဲ့သို့သော ရယ်သံလေးများ ထွက်ပေါ်လာသည်။

ထိုမိသားစုတပည့်သည် သူ့၏ ကံဆိုးမှုကြောင့် ဒေါသထွက်သွားသော်လည်း ရှောင်ဖေး၏ ရယ်မောလိုက်သော မျက်နှာလေးကို ကြည့်ရင်းသူသည် သတိမဲ့စွာဖြင့် အရူးတစ်ယောက်နှယ် စတင်ရယ်မောလိုက်လေသည်။ ရှောင်လုံက စွန့်အ သွားလေသည်။နောက်ဆုံး၌သူက မိန်းမလှလေးတစ်ယောက်သယ်ဆောင်လိုက်သော ဒုက္ခများကို ကိုယ်တိုင် ခံစားလိုက်ရပေသည်။

ရှောင်ဖေးက သူမ၏ သန့်စင်ဉာဏ်အလင်းဗုဒ္ဓခန္ဓာကိုယ်ကို နိုးထစေနိုင်ခဲ့ပြီးချိန်မှစ၍ သူမ၏ အပြုအမူ၊အပြုံး၊ မျက်မှောင်ကျုံ့လိုက်သည့် အမူအရာလေးက အစ ဖော်ပြနိုင်စွမ်းမရှိသော ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားနေပေသည်။

ထို့ကြောင့်လည်း သေးငယ်လှသော ပြဿနာလေးများသည် အဆုံးအစမဲ့သော လှိုင်းလုံးများ အသွင်ထွက်ပေါ်လာကြပြီး သူတို့ မြို့တော်ထဲသို့ ခြေချလိုက်သည့် အချိန်ကတည်းက ပြဿနာရှာသူများ တစ်ယောက်ပီးတစ်ယောက် ပေါ်ထွက်လာကြပေသည်။

သို့သော်လည်း ရှောင်လုံက ဦးနှောက်မရှိသောသူများကို ကိုင်တွယ်ရန် ပျင်းရိလွန်းသောကြောင့် ထို့လူများအား ကိုင်တွယ်ရန်ကိစ္စကို ဇာမဏီငှက်နှင့်ငရဲနက်ကျားတို့အားလွှဲအပ်ထားလိုက်ပေသည်။

သူတို့အား လာရောက် နှောက်ယှက်လာသူများထဲတွင် နတ်ဘုရားအဆင့်ကျင့်ကြံသူများ ပါ၀င်နေကြပြ အများစုမှာ နတ်ဘုရားအဆင့်၈နှင့်အဆင့်၉ သိုင်းပညာရှင်များဖြစ်သည် ။သို့သော်လည်း နတ်ဘုရား အဆင့်၁၀နောက်ပိုင်း အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနှစ်ကောင် ရှေ့မှောက်တွင် သူတို့သည် ဘာမဟုတ်သည့် သိုင်းပညာရှင်လေးများသာဖြစ်သည်။

ရှောင်လုံသည် သူတို့နှင့်အတူ စီးတော်ယာဥ္ သားရဲနှစ်ကောင် ခေါ်လာမိသည့်အတွက် ၀မ်းသာနေမိပေသည်။ သို့မဟုတ်ပါက  စိတ်အနှောက်အယှက်ဖြစ်ဖွယ်ရာ ဒုက္ခရှာသူများကို သူ    ကိုယ်တိုင် ကိုင်တွယ်နေရပေလိမ့်မည်။

သူတို့၀င်ရောက်လိုက်သည့် ဆိုင်တိုင်းတွင် ရှောင်ဖေးသည် သူမ သဘောကျသည့် အရာတိုင်းကို ၀ယ်ယူနေပေသည်။ ရှောင်လုံက သုံးစွဲမကုန်နိုင်လောက်အောင် ချမ်းသာသောသူဖြစ်ကြောင်း သူမက သိရှိထားသည်မို့ သူ့အတွက် ခြိုးခြံနေစရာ မလိုအပ်ပေ။

ခဏကြာပြီးနောက် ရှောင်လုံ၏ သိုလှောင် လက်စွပ်ထဲတွင် များစွာသော ပစ္စည်းများနှင့်ပြည့်နှက်သွားလေသည်။ထိုပစ္စည်းများ အားလုံးကို ပုံကြည့်လိုက်မည်ဆိုပါက ၃၃မီတာ ပင် မြင့်မားပေလိမ့်မည်။

"အစ်ကိုကြီဟောင် ...ဒီည ဒီတည်းခိုခန်းမှာ အနားယူရအောင် "

တည်းခိုခန်းတစ်ခုကို ဖြတ်သွားမိချိန်တွင် ရှောင်ဖေးက အကြံပြုလိုက်လေသည်။

ရှောင်လုံက သူ့ခေါင်းကို မော့ပြီး ဆိုင်းဘုတ် ကို ဖတ်ကြည့်လိုက်ရာ တည်းခိုခန်းနာမည်ကို ကောင်းကင်ဘုံစကားသောက်ပွဲတည်းခိုခန်းဟု တွေ့လိုက်ရပေသည်။

အပြင်မှ ကြည့်မည်ဆိုလျှင် တည်းခိုခန်းသည် ခမ်းနားစွာ ပြင်ဆင်ထားကြောင်းတွေ့ရပေသည်။ ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။ ညအချိန်ရောက်ရန်မှောင်ရီပျိုးနေသည်မို့ သူတို့သည် တစ်ညတာ ခိုနားရန်နှင့် တစ်ခုခုစားရန်အတွက် နေရာတစ်ခု လိုအပ်နေပေသည်။

သူတို့နှစ်ယောက်သည် တည်းခိုခန်းထဲသို့ ၀င်ရောက်သွားကြသည်။ ဇာမဏီငှက်နှင့်ငရဲငှက်ကျားက အသေးဆုံးပုံစံဖြင့် ကျုံ့၀င်သွားကြပြီး ကြောင်တစ်ကောင် အရွယ် အစားသို့ရောက်ရှိသွားကြကာ ရှောင်လုံ့ပခုံး၏ ဘယ်ညာတွင် ခိုနားလိုက်ကြသည်။

ကျားဖြူမြို့တော်သို့ ကျင့်ကြံသူပေါင်းမြောက်များစွာ ရုတ်တရက်ရောက်ရှိလာမှုကြောင့် နေ
ရာပေါင်းမြောက်များစွာသည် ပြည့်နှက်သွားပြီး ဖြစ်သည်။ ရှောင်လုံက ခန်းမကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် စားပွဲလွတ်သုံးခုအား မြင်လိုက်ရသော်လည်း ကောင်းမွန်လှသည့် နေရာများမဟုတ်ပေ။ ကံကောင်းစွာဖြင့် ရှောင်လုံနှင့် ရှောင်ဖေးတို့သည် ဤသည်ကို ဂျီးများနေမည့် သူများမဟုတ်ပေ။

သူတို့သည် စားပွဲလွတ်တစ်ခု၌ ထိုင်လိုက်ကြပြီး ဟင်းလျာတစ်ချို့ကို မှာလိုက်ကြသည်။

အခြားစားပွဲများဆီမှ အကြည့်များရောက်ရှိလာသည်မို့ ရှောင်လုံသည် စိတ်ထဲမှ ခါးခါးသီးသီးပြုံးလိုက်မိသည်။

'ကြည့်ရတာတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရက်တစ်ခွက် ထိုင်သောက်ရဖို့အတွက်တောင် ခက်ခဲနေပြီနဲ့တူတယ်'

သံသယရှိစရာ မလိုလောက်အောင်ပင် ပြင်းထန်လှသော အကြည့် များက ရှောင်ဖေးဆီသို့ ဦးတည် နေကြခြင်းဖြစ်သည်။

ရှောင်လုံ၏ ကြိုတင်ခန့်မှန်းချက်အရ အချို့သော မိသားစုကြီးများ၏ သခင်လေး သို့ဟုတ် အင်အားကြီး ဂိုဏ်း၏ သခင်လေး က သေချာပေါက် ရောက်လာပြီး စကားစရန် ကြိုးပမ်းလာပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း ရှောင်လုံနှင့်ရှောင်ဖေးတို့ အစားအသောက်များ မှာယူပြီးသွားသည်နှင့် သူတို့စားပွဲနှင့် သိပ်မဝေးသော နေရာမှ စာပွဲတစ်လုံးရှိ အဝါရောင်ငန်းတစ်ကောင်ပါသည့် ၀တ်စုံကို ၀တ်ဆင်ထားသော လူငယ်တစ်ယောက် သည် ရှောင်ဖေး၏ ဆွဲဆောင်မှုရှိလှသော မျက်နှာကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ရင်း လျှာသပ်လိုက်လေသည်။

"ဤကမ္ဘာပေါ်မှာ ဒီလိုမျိုးအလှလေးရှိလိမ့်မယ်လို့ ငါတစ်ခါမှ တွေးမထားမိဘူး...ဒီတစ်ခေါက် အဖြူရောင်ကျား ကြယ်စင်စုကို လာလိုက်တာက တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ"

"သခင်လေး...ကျုပ် အဲ့ဒီ မိန်းမပျိုကို သွားပြီး ဖတ်ခေါ်ပေးရမလား"

အ၀ါရောင်၀တ်စုံနှင့် လူငယ်ဘေး ၌ ထိုင်နေသော ပိန်ခြောက်ခြောက်အဘိုးအိုနှစ်ယောက်ထဲမှ တစ်ယောက် က ပြောလိုက်လေသည်။

ထိုလူငယ်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ဒီလိုမျိုး အလှလေးကို ဒီသခင်လေးကိုယ်တိုင် သွားပြီး ဖိတ်ခေါ်သင့်တာပေါ့ "

သူက မတ်တပ်ထရပ်လိုက်ပြီး ရှောင်လုံ၏ စားပွဲရှိရာဆီသို့ သွားလိုက်သည်။ ဤသည်ကို ကြည့်ရင်း ပိန်ခြောက်ခြောက်အဘိုးအို နှစ်ယောက် သည် မတ်တပ်ထရပ်ကာ သူ့နောက်မှ လိုက်ပါသွားကြလေသည်။

ရှောင်လုံက ထိုလူငယ်၏ လှုပ်ရှားမှုများကို သတိထားမိပြီး ဖြစ်သည်။ သူတို့၏ စားပွဲနားသို့ တိုးကပ်လာသော သူ့အား ကြည့်ရင်း ရှောင်လုံသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အဝါရောင်ဝတ်စုံနှင့် လူငယ်ကို မျက်လုံးထဲ မထည့်သော်လည်း ပိန်ခြောက်ခြောက်အဘိုးအို နှစ်ယောက်သည် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်များ ဖြစ်သည်။ သူတို့က မဟာနတ်ဘုရားအဆင့် ၁ အလယ်အဆင့်သိုင်းပညာရှင် များသာ ဖြစ်သော်လည်း ဤသည်က ထိုလူငယ်၏ နောက်ခံအင်အားကို ဖော်ပြနေပေသည်။

သို့သော်လည်း ရှောင်လုံသည် ကြယ်စင်စုလေးစုထဲ၌ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်နှစ်ယောက် ကို သူတို့ သခင်လေး၏ သက်တော်စောင့်အဖြစ် ထည့်ပေးနိုင်စွမ်း ရှိသော မည်သည့်အင်အားစုကိုမှ တွေးကြည့်နိုင်စွမ်း မရှိပေ။

'ကြည့်ရတာ သူတို့က ကြယ်စင်စုလေးစု ထဲက မဟုတ်တာများလား'

ထို ဖြစ်နိုင်ချေက သူ့၏ စိတ်ထဲသို့ ဝင်ရောက်လာလေသည်။

ရှောင်ဖေးက မျက်မှောင်ကြုတ်လိုက်သည်မို့ ချောမွေ့သော နဖူးလေးထက်တွင် သေးငယ်သော မျဥ်းလေးတစ်ခု ပေါ်လာလေသည်။ အကြောင်းမှာ သူမကလည်း အဝါရောင်ဝတ်စုံဝတ်လူငယ်ကို သတိထားမိသွားသောကြောင့် ဖြစ်သည်။ သို့သော် သူမက မျက်မှောင်ကြုတ်လိုက်လျှင်ပင် အလှပဂေးလေး ဖြစ်နေဆဲ ဖြစ်သည်။ အဝါရောင်ဝတ်စုံဝတ်လူငယ်၏ မျက်လုံးက သူမ၏ အမူအရာကို ကြည့်ရင်း တောက်ပသွားလေသည်။

"မိန်းမလှလေး...ကျုပ်က စကြာဝဠာအရှင်သခင်ကြယ်စင်စုရဲ့ ရဲ့လူထျန်းဟော်ပါ... မိန်းမလှလေးသာ ကျုပ်ကို နည်းနည်းလောက် မျက်နှာသာ ပေးမယ်ဆိုရင်...ကျုပ် က မိန်းမလှလေးကို ကျုပ်နဲ့အတူ တစ်ခွက်လောက်သောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်..."

အဝါရောင်ဝတ်စုံ လူငယ်က သူတို့၏ စားပွဲသို့ ရောက်ရှိလာသည်နှင့် ရှောင်ဖေးကို ယဥ်ကျေးသိမ်မွေ့စွာ ပြောလိုက်လေသည်။

အဝါရောင်ဝတ်စုံဝတ်လူငယ်သည် အတော်လေး သွက်သွက်လက်လက်ရှိကာ ကျက်သရေရှိသော သွင်ပြင်များဖြင့် ပြည့်နှက်နေလေသည်။ သူ့၏ အကြည့်နှင့်ပင် အမျိုးသမီးထုကြီးကို ဆွဲဆောင်နိုင်စွမ်း ရှိပေလိမ့်မည်။

ရှောင်လုံ က အကြိမ်အနည်းငယ်မျှ မျက်တောင်ခတ်လိုက်မိသည်။

'စကြာဝဠာအရှင်သခင်ကြယ်စင်စုတဲ့လား...ထင်တဲ့အတိုင်းပဲ သူတို့က ငါတို့ရဲ့ ကြယ်စင်စုလေးစုက မဟုတ်ဘူးကိုး'

ရဲ့လူထျန်းဟော်တဲ့လား။

တစ်ဖက်လူ၏ ဖိတ်ခေါ်လာမှုကို ရှောင်ဖေး က အနည်းငယ်မျှပင် စဥ်းစားလိုက်ခြင်းမရှိဘဲ ချက်ချင်း ငြင်းဆိုလိုက်သည်။

"စိတ်မဝင်စားဘူး"

ချက်ချင်းငြင်းဆိုမှုကို ခံစားလိုက်ရသည်မို့ ရဲ့လူထျန်းဟော်၏ ဆွဲဆောင်မှုရှိသော အပြုံးသည် တောင့်ခဲသွားရလေသည်။ သို့သော်လည်း သူက သူ့၏ အမူအရာကို ပြန်လည်ထိန်းချုပ်လိုက်သည်။

"မိန်းမလှလေးက အဲ့ဒီစားပွဲမှာ ထိုင်ဖို့ စိတ်မဝင်စားဘူးဆိုတော့...ကျုပ် ဒီနေရာမှာ ထိုင်လိုက်ရင်လည်း အတူတူပါပဲ"

ရှင်းလင်းစွာပင် ရဲ့လူထျန်းဟော်သည် သာမန်လူထက် မျက်နှာအရေထူလှပေသည်။

ရှောင်ဖေးနှင့် ရှောင်လုံတို့ ဘာမှ မပြောရသေးမီ ရဲ့လူထျန်းဟော်က ဝင်ထိုင်လိုက်သည်။ သို့သော်လည်း သူက ထိုင်ပြီးနောက်မှသာ ရှောင်လုံကို သတိထားမိသွားသည်။ သူက အမိန့်ပေးသည့်လေသံဖြင့် ရှောင်လုံကို ပြောလိုက်လေသည်။

"ဒီနေရာမှာ မင်း ဆက်နေစရာ ဘာအကြောင်းမှ မရှိဘူး...အခု မင်း ထွက်သွားလို့ရပြီ"

ရဲ့လူထျန်းဟော်က အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ကာ ရှောင်လုံ့ရှေ့သို့ ပစ်ပေးလိုက်သည်။

"ဒါက မင်းအတွက် ပဲ"

ရဲ့လူထျန်းဟော်က အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို လက်ညိုးထိုးကာ ပြောလိုက်သည်။ သူ့၏ စိတ်ထဲ၌ ရှောင်လုံသည် အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို လက်နှစ်ဖက်ဖြင့် တရိုတသေ ယူကာ သူ့အား အထူးတလှယ် ကျေးဇူးတင်လာလိမ့်မည်ဟု တွေးထင်ထားပေသည်။

ရှောင်လုံက သူ့ရှေ့ရှိ အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို ကြည့်ရင်း တစ်စက္ကန့်မျှ ကြောင်အသွားပြီးနောက် ရယ်မောချမိလုနီးပါး ဖြစ်သွားရလေသည်။ သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်လိုက်သော်ငြား ရှောင်ဖေးကမူ ထိုသို့ မဟုတ်ပေ။ သူမ၏ ဆည်းလည်းသံကဲ့သို့သော ရယ်သံလွင်လွင်လေးများသည် နားထဲသို့် ဂီတသံများနှယ် ဝင်ရောက်လာသည်။

လွတ်လပ်စွာ ရယ်မောနေသော ရှောင်ဖေး၏ မျက်နှာလေးကို ကြည့်ရင်း ရဲ့လူထျန်းဟော်သည် တပ်မက်မှုများဖြင့် လောင်ကျွမ်းသွားလေသည်။

ထိုအချိန်၌ ရှောင်လုံသည် ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ရဲ့လော်ထျန်းဟော်၏ အရှေ့သို့ ပစ်ပေးလိုက်သည်။

"ဒီ စိတ်ဝိညာဉ်ကျောက်တုံး တွေက မင်းအတွက် ပဲ...အခု မင်းရဲ့ ခွေးနှစ်ကောင်ကို ခေါ်ပြီး ဒီနေရာကနေ လှိမ့်လိုက်တော့"

ရဲ့လူထျန်းဟော်က စားပွဲပေါ်ရှိ ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ကြည့်ရင်း ကြောင်အနေလေသည်။ ရှောင်လုံက သူ့အား ထွက်သွားရန် ပြောသည်ကို ကြားလိုက်ရချိန်၌ သူ့၏ အမူအရာသည် ရှုံ့မဲ့ ရုပ်ဆိုးသွားပေတော့သည်။

واصل القراءة

ستعجبك أيضاً

21.2K 446 42
What If Chloe lukasiak has a twin sister who is the favorite?
31.8K 1.3K 24
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
42.1K 2.1K 75
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
61.6K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...