ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

796 - 800

168 12 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၉၆.....မရေမတွက်နိုင်သော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ

"မင်းဘာပြောလိုက်တယ်... ဟောင်ရှောင်လုံက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တွေကို စုဆောင်းနေတာလား”

"မဟာနတ်ဘုရားအဆင့် ၁ သိုင်းပညာရှင်တစ်ယောက်က တစ်နှစ်ကို အဆင့်မြင့်နတ်ဘုရားအတင့် စိတ်ဝိညာဥ် ကျောက်တုံးတစ်ရာ ရမှာတဲ့လား...မဟာနတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်တစ်ယောက်ဆိုရင် အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ် ကျောက်တုံး နှစ်ရာ ရမှာတဲ့လား...မဟာနတ်ဘုရားအဆင့် ၃ ဆိုရင် သုံးရာ ရမှာလား"

"မဖြစ်နိုင်ဘူး ...ဟောင်ရှောင်လုံက ဘယ်လို လုပ်ပြီးတော့ အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေရှိနေရတာလဲ... သူက ထိပ်တန်းရတနာသိုက်ကြီးကို ရှာတွေ့ထားတာလား...ပထမဆုံး မိုးသီးကျောက်တုံးရတနာသိုက်ကို ရတယ်...ပြီးတော့ ရွှမ်ကျီး ရတနာသိုက်ကိုလည်း ရထားတယ်... ဒါပေမယ့်... အဲ့လို ဆိုရင်တောင် ရတနာသိုက် နှစ်ခု ပေါင်းလိုက်မယ်ဆိုရင် ဒီလောက်များတဲ့ အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေ ရှိမှာမဟုတ်ဘူးလေ"

ရှောင်လုံက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို စုဆောင်းလိုနေသည့် သတင်းသည် ကမ္ဘာပေါင်းများစွာဆီသို့ ကြီးမားလှ သည့် ဒီရေ လှိုင်းလုံးကြီးသဖွယ် ပြန့်နှံ့သွားရန် သိပ်မကြာလိုက်ပေ။ အနက်ရောင် လိပ်ကြယ်စင်စု၏ သန်းပေါင်းများစွာသော ကမ္ဘာများသည် ထိုသတင်းကို ပထမဆုံး လက်ခံ ရရှိလိုက်ကြပြီး တုန်လှုပ်သွားကြပေသည်။ ထို့နောက် မိုးပြာရောင်နဂါး ကြယ်စင်စု ၊အဖြူရောင် ကျားကြယ်စင်စု၊ ဟင်္သာ ပြဒါးငှက် ကြယ်စင်စုဆီသို့ ပျံ့နှံသွားသည်။

ထိုသတင်းကို ကြားလိုက်ရသည့် လူတိုင်းသည် မယုံကြည်နိုင်မှု များနှင့် တုန်လှုပ်သွားသည့် အမူအရာများကို ပြသလာကြသည် ။

ထိုသတင်းသည် ရှောင်လုံက ကျူးမိသားစုခေါင်းဆောင်ကို လှုပ်ရှားမှု တစ်ခုတည်းဖြင့် အနိုင်ယူခဲ့သည့် အကြောင်းထက် ပိုမို တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

အပြင်ဘက်ရှိ သိုင်းပညာရှင်များက ထိုသတင်းကို ကြားလိုက်ကြချိန်တွင် သူတို့၏ ပထမဆုံးတုံ့ပြန်ပုံမှာ ဤကိစ္စကို  တစ်စုံတစ်ယောက် က စနောက်လိုက်သည့် ဟာသတစ်ခုအဖြစ် ရှုံ့ချ ပြောဆိုလိုက်ခြင်းပင်ဖြစ်သည်။

ပြောစရာမလိုလောက်အောင် ပင် အနက်ရောင်သူရဲကောင်း ၊ မိုးပြာနဂါး၊ အဖြူရောင်ကျားနှင့် ဟင်္သာပြဒါးငှက် တက္ကသိုလ် ကျောင်းအုပ်ကြီး များက တက္ကသိုလ် လေးခုလုံး၏ ရတနာများကို ပေါင်းစည်းလိုက်မည်ဆိုလျှင်ပင် ထိုမျှ များပြားလှသော အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး များကို ထုတ်ပြနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

အနက်ရောင်လိပ် ကြယ်စင်စုထဲရှိ ထိပ်တန်းအင်အားစုများအားလုံးရှိ ချမ်းသာ ကြွယ်ဝမှုများကို စုပေါင်းလိုက်မည်ဆိုလျှင်ပင် ထိုကဲ့သို့ ကြွားဝါနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

ထို့အပြင် ရှောင်လုံသည် အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် လမင်းဆင်းသက်ခြင်းအဘိုးအိုတို့၏ တပည့်အရင်း ဖြစ်နေလျှင်ပင် သူက ကြယ်စင်စု၏ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို စနောက်ရဲလောက်မည်မဟုတ်ပေ။ ကြယ်စင်စုထဲရှိ မဟာနတ်ဘုရားအဆင့်ရှိ သိုင်းပညာရှင်များအားလုံးကို ဟာသ လုပ်နေခြင်းသည် ကိုယ့်သေတွင်းကို တူးနေခြင်းပင်ဖြစ်သည်။

ထို အချိန်သို့ ရောက်ရှိသွားပါက ဖုယန်နှင့် လမင်းဆင်းသက်ခြင်းအဘိုးအို ပင် သူ့ကို ကယ်နိုင်မည်မဟုတ်ပေ။ထို့ကြောင့် တစ်စုံ တစ်ယောက်က ရှောင်လုံကို ဒုက္ခ ရောက်စေရန် ရည်ရွယ် ချက် ရှိရှိ ထိုသတင်းကို ဖြန့်ပြီး ရှောင်လုံ ဆီသို့ ဘေးဒုက္ခရောက်စေရန် ကြံစည်နေခြင်းဟု လူတိုင်းနီးပါးက ယုံကြည်နေကြပေသည်။

ထို့ကြောင့် စပ်စုချင်စိတ်များကြသော ကျင့်ကြံသူများသည် ထိုသတင်း၏ ခိုင်လုံမှုကို စုံစမ်းစစ်ဆေးရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း သူတို့၏ စစ်ဆေးမှုရလဒ်က သူတို့ကို အံ့အားသင့်သွားစေသည်။ ထိုသတင်းသည် ရှောင်လုံဆီမှ အမှန်တကယ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ ဝူဟွမ် တောင်ထိပ်ပေါ်၌...။

ထိုသတင်းက အစစ်အမှန်ဖြစ်ကြောင်း သိရှိလိုက်ရချိန်တွင် ဝမ်နာက လှောင်ပြောင်လိုက်လေသည်။

"အဲ့ဒီ လမ်းဘေးခွေးကောင် ဟောင်ရှောင်လုံမှာ... ဒီလောက်များတဲ့ အဆင့်မြင့်နတ်ဘုရားအဆင့် ကျောက်တုံးတွေရှိလိမ့်မယ်လို့ ငါမယုံဘူး”

အနီး၌ ရပ်နေသည့် ကျန်းရီကျားက အားပါးတရ ရယ်မောလိုက်လေသည်။

"ဟောင်ရှောင်လုံက လိုအပ်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးပမာဏကိုသာ ထုတ်ပြနိုင်စွမ်း မရှိဘူးဆိုရင်...လူထုကြီးရဲ့ ဒေါသကို ခံစားသွားရလိမ့်မယ်...အဲ့ဒီအခါကျရင် လမင်းဆင်းသက်ခြင်းအဘိုးအိုတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး"

ဝမ်နာက ဝမ်းမြောက် ဝမ်းသာဖြင့် ခေါင်းမော့ကာ ရယ်မောလိုက်လေသည်။

"အဲ့ဒီလိုသာ ဖြစ်သွားခဲ့မယ်ဆိုရင် တံလျှပ်ဘုရင်က လက်ချောင်းတစ်ချောင်းတောင် မြှောက်စရာ လိုတော့မှာ မဟုတ်ဘူး”

...

အနက်ရောင်လိပ် ကြယ်စင်စု၏ မြောက်ဘက်အကျဆုံး အပိုင်းတွင် ကြီးမားလှသော နေရာလွတ် အက်ကွဲကြောင်းကြီး ရှိပြီး ထိုထဲမှ ခြောက်ခြားဖွယ်လေပြင်းများ တိုက်ခတ်နေကာ ကြက်သီးထဖွယ်ရာ အော်ဟစ်ငိုညည်းသံများပမာ မြည်ဟည်းနေပေသည်။ တစ်ချိန်တည်း၌ အမည်မသိ အနက်ရောင် အရာများသည် အက်ကွဲကြောင်းထဲမှ စိမ့်ထွက်နေပေသည် ။

ဤသည်မှာ အနက်ရောင်လိပ် ကြယ်စင်စု၏ အန္တရာယ် အရှိဆုံး အရာများထဲမှ တစ်ခု ဖြစ်သော တစ္ဆေ အသူရာ ချောက် ဖြစ်ပေသည်။

တစ္ဆေ အသူရာ ချောက်ထဲတွင် တစ္ဆေလေပြင်းက တိုက်ခတ်နေပေသည်။ သိပ်သည်းလှသော တစ္ဆေချီများသည် လှုပ်ရှားထကြွနေလေပြီး တစ္ဆေဖြစ်တည်မှု များနှင့် ဝိညာဉ် သေများအတွက် ကောင်းကင်ဘုံသဖွယ် တည်ရှိနေပေသည်။

တစ္ဆေအသူရာချောက်၏ အနက်ရှိုင်းဆုံးနေရာတွင် တစ္ဆေချီများသည် သိပ်သည်းလွန်းသောကြောင့် နေရာအနှံ့၌ မျောလွင့်နေသော အစိမ်းရောင် တိမ်တိုက်များ သဖွယ် အသွင်ပြောင်းသွားကြပေသည်။ တစ္တေ အသူရာချောက် ၏ နက်ရှိုင်းလှသော နေရာတွင် မဟာနတ်ဘုရား အဆင့် သိုင်းပညာရှင်များသည် ပင် ပိုမို သတိထားရန် လို အပ်ပေသည်။

သို့သော် တစ္ဆေ အသူရာချောက်သည် အန္တရာယ် များလှသော်လည်း များစွာသော မိသားစု တပည့်များသည် ဤနေရာသို့   အတွေ့အကြုံများရရှိရန် လာရောက်ကြဆဲဖြစ်သည်။ထို့အပြင် ချောက်နက် ထဲရှိ သိပ်သည်းလှသော တစ္ဆေချီသည် တစ္ဆေကျင့် ကြံမှု နည်း စနစ်များကို လေ့ကျင့် သည့် သိုင်းပညာရှင်များအတွက် အလွန်တရာ အကျိုးရှိပေသည်။ထို့ကြောင့် ထိုနည်း စနစ်များကို ကျင့်ကြံသည့် အချို့ သိုင်းပညာရှင်များသည် တစ္ဆေ အသူရာ ချောက်ထဲရှိ ထူးခြားဆန်းကြယ်သော လေဟာနယ်များတွင် တံခါးပိတ် ကျင့် ကြံတတ်ကြသည်။

"မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တွေကို စုဆောင်းတာတဲ့လား... မဟာနတ်ဘုရားအဆင့် ၁ သိုင်းပညာရှင်တွေက တစ်နှစ်ကို အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်ရာ ရမှာတဲ့လား... အဲ့ဒီလိုသာဆိုရင် ဆယ်နှစ် ပြည့်တာနဲ့ စိတ်ဝိညာဉ် ကျောက်တုံး တစ်ထောင် ဖြစ်သွားမှာ မဟုတ်ဘူးလား"

တစ္ဆအသူရာ ချောက်နက် ထဲ၌ တုတ်ချောင်းတမျှ ပိန်လှီပြီး ပုခုံးသို့ရောက်နေသည့် ဆံပင် များနှင့် အဘိုး အိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။

"ကမ္ဘာပေါ်မှ ဒီလောက်ကောင်းတဲ့ အရာမျိုး ရှိသေးတာလား...ဒီလိုဆိုရင် နတ်ဆိုးဘုရင် ဘိုးဘေးဖြစ်တဲ့ငါက... ရွေးချယ်စရာမရှိဘဲ တစ္ဆေအသူရာချောက် ကနေ ယာယီ ထွက်ခွာရမှာပေါ့.”

"ဟီးဟီး...ဟောင်ရှောင်လုံက အမှန်အတိုင်း ပြောနေတာဖြစ်ဖို့ ဆုတောင်းရမှာပဲ...မဟုတ်ရင်တော့ သူက ငါ့ကို ခရီးပန်းအောင် လုပ်ခဲ့တဲ့အတွက်...သူ့အသက်ကို တန်ရာတန်ကြေးအဖြစ် ပေးရလိမ့်မယ်"

ထိုသို့ ပြောပြီးနောက် အဘိုးအို၏ ပုံရိပ်သည် မှုန်ဝါးပျောက်ကွယ်သွားလေသည်။

...

အဖြူရောင်ကျားကြယ်စင်စု...။

ရေခဲမြစ် ကမ္ဘာ၏ အအေးခဲဆုံးသော မြောက် အရပ်ဒေသသည် အစိမ်းရော ရေခဲစိမ်းတောင်တန်း၏ တားမြစ်နယ်မြေဖြစ်သည်။တစ်ခုသော လျှို့ဝှက်နယ်မြေထဲတွင် အစိမ်းရောင် တောက်ပနေသည့် ရေခဲလူသားနှစ်ယောက် ထိုင်နေကြလေသည်။

ထိုရေခဲ လူသား နှစ်ယောက် ၏ ခန္တာကိုယ်သည် အသွေးအသားများ မဟုတ်ဘဲ ရေခဲစိမ်းဖြင့် ပြုလုပ်ထားဟန် ရသည် ။

"အစ်ကိုကြီး... ကျုပ်တို့ သိုင်းဝိညာဥ် ကမ္ဘာ ကို တကယ်သွားမှာ လား”

အစိမ်းရောင်ရေခဲလူသား  တစ်ယောက်ကမေးလိုက်လေသည်။ ရေခဲလူသား ကစကားပြောလိုက်သည်နှင့် သူ့ပါးစပ်ထဲမှ အေးစက်လှသော အစိမ်းရောင် မြူနှင်းတိမ်တိုက် တစ်ခု ထွက်ပေါ်လာကာ လေထုကိုပင် အေးခဲသွားစေသည်။

"ဟုတ်တာပေါ့... အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်ရာကို အရူးတွေပဲ မယူပဲနေလိမ့်မယ်”

အခြားသော အစိမ်းရောင် ရေခဲ လူသားက ပြောလိုက်လေသည်။

"ပုံမှန်အတိုင်းဆိုရင် ငါတို့ ညီအစ်ကိုက မဟာနတ်ဘုရားအဆင့် ၂ကို ချိုးဖျက်ဝင်ရောက်ဖို့ အတွက် နောက်ထပ် နှစ်တစ်သောင်းလိုဦးမှာ...ဒါပေမယ့်...ဒီလောက်များတဲ့ နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့သာ ဆိုရင် နှစ်လေးရာ ဒါမှ မဟုတ် နှစ်ငါးရာအတွင်း ချိုဖျက်ဝင်ရောက်သွားနိုင်လိမ့်မယ်”

"ဒါပေမယ့်... ကျုပ်တို့က ဘာမဟုတ်တဲ့ နတ်ဘုရားအဆင့် ကောင်စုတ်လေးတစ်ယောက်ရဲ့ အမိန့်ကို လိုက်နာရမှာလား”

"ဟီးဟီး...ငါတို့လိုချင်တာရပြီးရင် သူ့အမိန့်ကို နားထောင်တယ် မထောင်ဘူဆိုတာက တခြားကိစ္စဖြစ်သွားပြီလေ... ဟောင်ရှောင်လုံက ဘယ်လောက်ပဲ ပါရမီ ရှိရှိ...သူ့ရဲ့ကျင့်စဥ်က နတ်ဘုရားအဆင့် ၁၀ပဲ ရှိနေသေးတယ်... ငါတို့ရဲ့ မျက်လုံးထဲမှာတော့ သူက ဘာမဟုတ်တဲ့ ပုရွက်ဆိတ်လေးတစ်ကောင်ပဲ...ငါက ဘာမဟုတ်တဲ့ ပုရွက်ဆိတ်တစ်ကောင်ရဲ့ အမိန့်ကို လိုက်နာလိမ့်မယ်လို့ မင်း တကယ်ထင်နေတာလား..."

"ဟဟ...အကိုကြီး...အဲ့ဒီအခါကျရင် ကျွန်တော်တို့ သူ့ရဲ့စိတ်ဝိညာဥ်ကျောက်တုံးတွေကို ယူပြီးတော့ သူ့အမိန့်ကို မနာခံဘူး ဆိုရင်တောင်...သူက ကျုပ်တို့ကို ဘာမှ လုပ်နိုင်စွမ်းရှိမှာ မဟုတ်ဘူး"

ရယ်မောသံများ ပဲ့တင်ထပ်သွားပြီးနောက် ပုံရိပ်နှစ်ခုသည် လျှို့ဝှက်နယ်မြေထဲမှ ပျောက်ကွယ်သွားကြလေသည်။

ထိုကဲ့သို့သော အဖြစ်အပျက်များနှင့် စကားဝိုင်းများသည် ကြယ်စင်စု လေးစုထဲရှိ နေရာအရပ်ရပ်၌ ဖြစ်ပွားနေကြသည်။

ရှောင်လုံက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို စုဆောင်းနေသော သတင်းသည် များစွာသော ထိပ်တန်းအင်အားစုများ၏ ဘိုးဘေးများကို ထိပ်လန့်သွားစေသည်။ထူးခြားဆန်းကြယ်သော နယ် မြေများ၌ တံပိတ်ကျင့်ကြံနေသည့် မကောင်းဆိုးရွား အိုကြီးများသည်လည်း ထိုသတင်းကြောင့် စိတ်လှုပ်ရှားသွားကြသည်။

အချိန်တို အတွင်း နေရာအနှံ့အပြားဆီမှ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည် သိုင်းဝိညာဥ်ကမ္ဘာ ဆီသို့ ဦးတည် ထွက်ခွာလာကြသည်။

သံသယရှိစရာစရာမလိုလောက်အောင်ပင် ထိုမိသားစုဝင်များနှင့် မကောင်းဆိုးဝါး ဘိုးဘေးများသည် ရှောင်လုံဆီမှ အမြတ်ထုတ်ရန် ရည်ရွယ်ချက်များဖြင့် လာရောက်ကြခြင်းဖြစ်သည်။

အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများသည် အမှန် တကယ် ဆွဲဆောင်သော အရာများဖြစ်ပေသည်။ သို့သော်လည်း ကြယ်စင်စုတစ်ခွင်၌ ဆယ်စု နှစ်ပေါင်းများစွာ ထင်ရှာကျော်ကြားခဲ့သော နာမည်ကြီး သိုင်းပညာရှင်များသည် အရွယ်မရောက်သေးသည့် ကလေးတစ်ယောက်၏ အမိန့်ကို နာခံရန်မှာ ဖြစ်နိုင်ရန်မရှိပေ။

အချို့သော မိသားစု ဘိုးဘေးများနှင့် မကောင်းဆိုးဝါး အိုကြီးများသည် ရှောင်လုံကို ဖမ်းဆီးရန်ပင် အစီအစဥ်ချထားကြပြီး ဖြစ်သည်။ သို့မဟုတ် ဟောင်မိသားစု ဝင်များကို ဖမ်းဆီးပြီး ရှောင်လုံဆီမှ အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ပြည့်နှက်နေသော ရတနာသိုက်ကို တောင်းဆိုရန် ကြံစည်ထားကြပေသည်။

သို့မဟုတ်ပါက ဟောင်ရှောင်လုံသည် အဘယ်ကြောင့် ထိုမျှ များပြားလှသော အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ပိုင်ဆိုင်ထားကြောင်းကို ရှင်းပြနိုင်လိမ့်မည် မဟုတ်ပေ။

ဟောင်ရှောင်လုံက ဇာမဏီကလန်ဘိုးဘေးနှင့် အခြားသူများ သတင်းလွှင့်ခိုင်းပြီး တစ်လမျှ အကြာတွင် ဟောင်မိသားစု အိမ်တော်၏ အထက် ကြည်လင်လှသော ကောင်းကင်သည် ချက်ချင်းဆိုသလို သန်မာလှသော လေပြင်များဖြင့် ဖုံးလွှမ်းသွားပေသည်။ ကြီးမားလှသော တိမ်အမည်း ကြီး တစ်ခုက ဟောင်မိသားစု အိမ်တော် ကို ဖုံး လွှမ်းသွားပြီး အရိပ်ကြီး တစ်ခု ဖြစ်ပေါ်လာပေသည်။

အားကောင်းလှသော တစ္ဆေချီက ပျံ့နှံလိုက်သွားလေပြီး လူတိုင်းကို တစ္ဆေဘုံထဲသို့ ကျဆင်းသွားသည့် နှယ် ခံစားသွားရပေသည်။

ဟောင်မိသားစု အိမ်တော်၏ အစောင့်အကြပ်များ အားလုံးသည် ကောင်းကင်ထက်ရှိ ရုတ်တရက်ပြောင်းလဲသွားမှုကို ထိပ်လန့်ခြောက်ခြားစွာ ကြည့်နေကြလေသည်။

"ဟောင်မိသားစု... နားထောင်ကြစမ်း... အခုချက်ချင်း ငါ နတ်ဆိုးတစ္ဆေ ဘိုးဘေးကို ကြိုဖို့ ဟောင်ရှောင်လုံကို လွှတ်လိုက်ကြစမ်း”

ကြီးမားလှသော တိမ်တိုက်မည်းကြီးဆီမှ ကြမ်းတမ်းလှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပေသည် ။ ဟောင်မိသားစု အိမ်တော်၏ အစောင့် အကြပ်များသည် သူတို့၏ နားထဲသို့ စူးရှလှသည့် အပ်ချွန်များဖြင့် ထိုးစိုက်နေသည့်နှယ် ခံစားလိုက်ကြရပြီး ကြမ်းပြင်ပေါ်သို့ နာကျင်စွာလဲကျသွားလေသည်။

ဟောင်မိသားစု အိမ်တော် ၏ ခန်းမဆောင်ထဲရှိ ဟောင်ရှောင်လုံသည် သူ့၏ မျက်လုံးများကို ဖွင့်လိုက်လေသည်။ထိုမျက်လုံးများထဲ၌ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည် ။

ယခုချက်ချင်း ကြိုဆိုရမည်တဲ့လား။

ရှောင်လုံ ထုတ်ပြန်ခဲ့သော သတင်းကို ကြားပြီးနောက် အမှုထမ်းရန် ရောက်ရှိလာသည့် ထို နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် ဤသို့ပြောဆို လာခဲ့ပေသည်။ ထိုနတ်ဆိုးတစ္ဆေ ဘိုးဘေးအတွက် ကံဆိုးသွားသည်မှာ ရောက်လျှင်ရောက်ချင်း သူ့ကိုယ်သူ မှားယွင်းသည့်နေရာ၌ ထား၍ ရှောင်လုံက သူ့အား ကိုယ်တိုင် ထွက်ကြိုရမည်ဟု အမိန့်ပေးလာခြင်းပင် ဖြစ်သည်။ ထို့ပြင် ရှောင်လုံကို ခြိမ်းခြောက်ရန် တစ္ဆေ အသံ နည်းစနစ်ကို အသုံးပြု၍ အစောင့် အကြပ်များကို ဒဏ်ရာ ရစေခဲ့ပေသည်။

ရှောင်လုံ၏ နှုတ်ခမ်းထောင့်သည် အေးစက်စက် အပြုံးအသွင် ကွေးညွတ်သွားလေပြီး အပြင်သို့ ထွက်သွားလိုက်လေသည်။ သူက သူ့၏ လက်အောက်၌ အမှုထမ်းရန် ရောက်လာသူများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမည်ဖြစ်သည်။ သို့သော် မောက်မာ ဝင့်ကြွားလှသောအကျင့်စရိုက်များနှင့်သူများကိုမူ အခြေအနေနှင့် အချိန်အခါအား နားလည်သွားစေရန် သင်ခန်းစာပေးရပေလိမ့်မည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၉၇ ..... နတ်ဆိုးတစ္ဆေဘိုးဘေး

ရှောင်လုံက ရပ်တန့်လိုက်ပြီးနောက် ခန်းမထဲရှိ ဇာမဏီကလန်ဘိုးဘေး နှင့် အခြားသူများကို ပြောလိုက်သည်။

"ခုခံကာကွယ်ခြင်း အစီအရင်ကို အသက်သွင်းလိုက်ကြ "

မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များက ရိုသေလေးစားစွာဖြင့် နားလည်ကြောင်း ခေါင်းညိတ်လိုက်ကြသည်။

ရှောင်လုံ က ခန်းမထဲမှ ထွက်ခွာသွားပြီး ဟောင်မိသားစုအိမ်တော်၏ အထက် လေထုထဲ၌ ချက်ချင်း ပေါ်ထွက်လာသည်။

သူက တစ္ဆေချီဖြင့် ဖွဲ့တည်ထားသော တိမ်တိုက်မည်းကြီးကို အေးစက်စက် စစ်ဆေးကြည့်ရှုလိုက်သည်။

နတ်ဆိုးတစ္ဆေဘိုးဘေး ဖွဲ့စည်းထားသော ကြီးမားလှသည့် တိမ်တိုက်မည်းကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသော်လည်း ရှောင်လုံကို ခြောက်လှန့်နိုင်ခြင်း မရှိပေ။

တစ္ဆေတိမ်တိုက်ကြီးသည် ရှောင်လုံဆီမှ မီတာ သုံးဆယ်အကွာသို့ ဝင်ရောက်လာချိန်တွင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခုက တစ္ဆေတိမ်တိုက်ကြီး၏ တစ်ဝက်ကျော်ကို ဝါးမြိုပစ်လိုက်သည်။ ဤသည်မှာ ရှောင်လုံ့ ပတ်ပတ်လည်၌ အနက်ရောင် တွင်းနက်ကြီးတစ်ခု ဖြစ်နေသည်နှင့် တူပေသည်။

နတ်ဆိုးတစ္ဆေဘိုးဘေး က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

"မင်းက လူတိုင်း ပြောနေကြတဲ့ ဟောင်ရှောင်လုံ ဆိုတာလား...ဟီးဟီး...တကယ်ကို အရည်အချင်း ရှိတာပဲ"

နတ်ဆိုးတစ္ဆေဘိုးဘေးသည် သူ့၏ အံ့အားသင့်မှုကို အလျှင်အမြန် ထိန်းချုပ်လိုက်ပြီး ရှောင်လုံက သူ့၏ တစ္ဆေချီများကို မကြောက်ရွံ့ကြောင်း မြင်လိုက်သော်လည်း ဆိုးရွားလှသော အသံဖြင့် ရယ်မောချလိုက်သည်။ ဤမျှနှင့် သူက ဘာမဟုတ်သည့် နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက် ကို ဂရုစိုက်ပြုမူနေလိမ့်မည်မဟုတ်ပေ။

"ဒီနေရာကို လာရတဲ့ ငါ့ရဲ့ ရည်ရွယ်ချက်ကို...မင်းလည်း သိပြီးလောက်ပါပြီ"

အရိုးချောင်းတမျှ ပိန်လှီနေသည့် အဘိုးအိုက မောက်မာစွာ တောင်းဆိုလာသည်။

"ငါက မင်းဆီမှာ နှစ်တစ်ရာ အမှုထမ်းဖို့ ဆုံးဖြတ်ထားတယ်... အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းစာ ပမာဏအထိပေါ့...ဒီဘိုးဘေးကို အခုချက်ချင်း စိတ်ဝိညာဥ်ကျောက်တုံးတွေ ထုတ်ပေးလိုက်တော့"

'အမှုလာထမ်းခြင်း'ဟူသောစကားကို အသုံးပြုလိုက်စေကာမူ နတ်ဆိုးတစ္ဆေဘိုးဘေး၏ မောက်မာလှသော အသံက သူသည်သာလျှင် အရှင်သခင် ဖြစ်ပြီး ရှောင်လုံက သူ့ထံ၌ အမှုထမ်းချင်နေသည့်သူနှယ် သဘောသက်ရောက်နေပေသည်။ ထို့ပြင် နတ်ဆိုးတစ္ဆေဘိုးဘေး သည် ရှောင်လုံကို အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်း ပေးရန် ချက်ချင်း တောင်းဆိုလာပေသည်။

ထို သဘောထားနှင့် အသံနှုန်းသည် ရှောင်လုံက သူ့ထံ၌ အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်း အကြွေးတင်နေသည့်နှယ် ပြောနေခြင်း ဖြစ်သည်။ သူက သိုင်းဝိညာဥ်ကမ္ဘာသို့ ရှောင်လုံထံမှ အကြွေးတောင်းရန် ရောက်လာသည်နှင့် တူနေပေသည်။

နတ်ဆိုးတစ္ဆေဘိုးဘေး က ရှောင်လုံကို ထိုကဲ့သို့သော အမူအရာဖြင့် ဆက်ဆံရဲသည်ဆိုလျှင် သူ့၏ ယုံကြည်မှုအတွက် အကြောင်းပြချက် ရှိပေလိမ့်မည်။ သူက မဟာနတ်ဘုရားအဆင့် နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်သေးသော်လည်း သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့၏ ခန္ဓာကိုယ် ကို ငရဲတစ္ဆေခန္ဓာကိုယ် အဖြစ် ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီး ဖြစ်သည်။

ငရဲတစ္ဆေခန္ဓာကိုယ် သည် မသေနိုင်သော ခန္ဓာကိုယ် ဟု ကျော်ကြားပြီး မရေမတွက်နိုင်သည့် ပုံစံများအသွင် ပြောင်းလဲ၍ ရပေသည်။ ငရဲတစ္ဆေခန္ဓာကိုယ် သည် တစ္ဆေဘုရင်ချီကို ခန္ဓာကိုယ် နှင့် ပေါင်းစပ်၍ စွမ်းအားတိုးပွားစေရန် အသုံးပြုနိုင်သည် ဟု ပြောကြသည်။ မဟာနတ်ဘုရားအဆင့် ၂ အစောပိုင်း သိုင်းပညာရှင်တစ်ယောက် ကပင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်သည်အထိ အစွမ်းထက်လှပေသည်။

ဟောင်ရှောင်လုံ၏ ခွန်အားက မဟာနတ်ဘုရားအဆင့် အစောပိုင်း သိုင်းပညာရှင်တစ်ယောက်နှင့် နှိုင်းယှဥ်နိုင်သည်ဟု ကောလာဟလများ ရှိသော်လည်း ရှောင်လုံ က သူ့အား ထိခိုက်အောင် လုပ်နိုင်စွမ်းမရှိ ဟု နတ်ဆိုးတစ္ဆေဘိုးဘေး က ယုံကြည်မှုရှိပေသည်။

သူ့ဆီမှ အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်း ကို တောင်းဆိုနေသည့် နတ်ဆိုးတစ္ဆေဘိုးဘေး၏ သဘောထားကို ကြည့်ရင်း ရှောင်လုံက ရယ်မော လှောင်ပြောင်လိုက်သည်။

"ကျုပ်က မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တွေကို စုဆောင်းနေတယ်ဆိုတာတော့ အမှန်ပဲ...ဒါပေမယ့် ကျုပ်က ဒုက္ခသည်စခန်းဖွင့်နေတာ မဟုတ်ဘူး...ဘယ် လမ်းဘေး ကြောင်နဲ့လမ်းဘေးခွေးကိုမှ လက်ခံမှာမဟုတ်ဘူး...ခင်ဗျားက ကျုပ်ဆီမှာ အမှုထမ်းချင်နေရင်တောင်...ကျုပ်က ခင်ဗျားကို လက်ခံချင်ရဲ့လား ဆိုတဲ့အပေါ်မှာ မူတည်နေသေးတယ်"

လမ်းဘေးကြောင်တဲ့လား...လမ်းဘေးခွေးတဲ့လား။

ရှောင်လုံက သူ့ကို လမ်းဘေးခွေးတစ်ကောင်နှင့် ခိုင်းနှိုင်းလိုက်သည်ကို ကြားလိုက်ရပြီးနောက် နတ်ဆိုးတစ္ဆေဘိုးဘေး သည် အစပိုင်းတွင် ကြောင်အသွားသော်လည်း ချက်ချင်းပင် ဒေါသထွက်သွားသည်။ နတ်ဆိုးတစ္ဆေဘိုးဘေး ၏ မျက်လုံးများက ပြူးကျယ်လာကာ အစိမ်းရောင်အလင်းဖြင့် တောက်ပလာသည်။

"ဟောင်ရှောင်လုံ...မင်းကို အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ် နဲ့ လမင်းဆင်းသက်ခြင်းအဘိုးအို က ထောက်ပံ့ပေးထားတာနဲ့ပဲ... ငါက မင်းကို မသတ်ရဲလောက်ဘူးလို့ ထင်မနေနဲ့"

သူက အောက်ဘက်၌ တည်ရှိနေသော ဟောင်မိသားစုအိမ်တော် ကို ရည်ရွယ်ချက်ရှိရှိပင် ကြည့်လိုက်သည်။

"မင်းအနေနဲ့ အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်း ကို ဒီဘိုးဘေးဆီ အခုချက်ချင်း လွှဲပေးရင် ပိုကောင်းလိမ့်မယ်...မဟုတ်ရင်တော့..."

"ငါ... မင်းရဲ့ ဟောင်မိသားစုအိမ်တော် တစ်ခုလုံးကို... အထက်အောက် ပြောင်းပြန်လှန်ပြီး ဖျက်ဆီးပစ်မယ်"

"တစ်ယောက်ကိုမှ အရှင်မထားဘူး"

နတ်ဆိုးတစ္ဆေဘိုးဘေး ၏ အသံ ထွက်ပေါ်လာသည်နှင့် ရှောင်လုံက စတင်လှုပ်ရှားလိုက်သည်။

ရှောင်လုံက သူ့၏ လက်ဝါးကို ဆန့်ထုတ်လိုက်သည်နှင့် ၎င်း၏ အင်အားသည် လေပြင်းတိုက်ခတ်သံနှင့်အတူ လေထုကို ဖြတ်တောက်သွားသည်။ ရွှေရောင်ဗုဒ္ဓများ၏ မရေမတွက်နိုင်သော အရိိပ်များသည် ပျံသန်းထွက်ပေါ်လာပြီး ကောင်းကင်တခွင်လုံး ဗုဒ္ဓရောင်ဝါများဖြင့် ပြည့်နှက်သွားလေသည်။

တစ်စက္ကန့် အတွင်း မြေဗုဒ္ဓလက်ဝါးသည် တစ္ဆေတိမ်တိုက်ကြီးကို အလွယ်တကူ ဖြတ်တောက်ဝင်ရောက်သွားပြီး တစ်ဖက်ခြမ်းမှ ပြန်ထွက်လာလေသည်။

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ တစ္ဆေတိမ်တိုက်ကြီးသည် အင်အားအပြည့်ဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး လေထုထဲမှ ပျောက်ကွယ်သွားလေသည်။ ဆံပင်ပုခုံးကျော်ရုံနှင့် အရိုးတမျှ ပိန်လှီလှသော အဘိုးအိုတစ်ယောက်သည် ရှောင်လုံ့ရှေ့သို့ ရောက်ရှိလာပြီး ထိုသူသည် တစ္ဆေတိမ်တိုက်ကြီးထဲ၌ ပုန်းကွယ်နေသော နတ်ဆိုးတစ္ဆေဘိုးဘေး ဖြစ်သည်။

ထိုတိုက်ခိုက်မှုကသာ သာမန်တိုက်ခိုက်မှုဆိုပါက တစ္ဆေချီဖြင့် ဖွဲ့စည်းထားသော သူ့၏ တိမ်တိုက်ကြီးကို အလွယ်တကူ ဖြတ်တောက်ပစ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ရှောင်လုံ အစောပိုင်း က အသုံးပြုခဲ့သော တိုက်ခိုက်မှုသည် မြေဗုဒ္ဓလက်ဝါး ဖြစ်သည်။

မြေဗုဒ္ဓလက်ဝါး ထဲ၌ ပါဝင်နေသော ဗုဒ္ဓချီသည် တစ္ဆေနတ်ဆိုးဖြစ်တည်မှုများအားလုံး၏ ရန်သူ ဖြစ်သည်။ ထို့ပြင် နတ်ဆိုးတစ္ဆေဘိုးဘေး က ရှောင်လုံ၏ တိုက်ခိုက်မှု ကို ဂရုမစိုက် ပြုမူလိုက်သောကြောင့် ရလဒ်အနေဖြင့် လက်ဝါးချက်မိသွားရခြင်း ဖြစ်သည်။

ရှောင်လုံ၏ လက်ဝါးရိုက်ချက်ကြောင့် နတ်ဆိုးတစ္ဆေဘိုးဘေး၏ ခန္ဓာကိုယ် ဆီမှ အစိမ်းရောင်မီးခိုးများ စိမ့်ထွက်လာပေသည်။ ဗုဒ္ဓအင်အားက သူ့၏ ခန္ဓာကိုယ် ကို သန့်စင်ပစ်လိုက်သောကြောင့် သူ့ကို အကြီးအကျယ် ထိခိုက်သွားစေသည်။

"မင်း...မင်းရဲ့ နတ်ဘုရား စစ်ပွဲချီမှာ တကယ်ကြီး ဗုဒ္ဓအင်အား ပါဝင်နေတာပဲ"

ခဏကြာပြီးနောက် နတ်ဆိုးတစ္ဆေဘိုးဘေး သည် သူ့ခန္ဓာကိုယ်ကို တိုက်စားပစ်နေသည့် ဗုဒ္ဓစွမ်းအား အား ချေဖျက်နေရင်း ရှောင်လုံကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူ့၏ ငရဲတစ္ဆေခန္ဓာကိုယ်သည် မသေဆုံးနိုင်သည့် ခန္ဓာကိုယ် ဟု ကျော်ကြားပြီး ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲနိုင်၍ နတ်ဘုရားလက်နက်များကို မကြောက်ရွံ့သော်လည်း ဗုဒ္ဓအင်အား၏ သန့်စင်လှသောစွမ်းအင်ကိုမူ တောင့်ခံနိုင်စွမ်း မရှိပေ။

ရှောင်လုံက နတ်ဆိုးတစ္ဆေဘိုးဘေး၏ အော်ဟစ်သံကို ပြန်လည် တုန့်ပြန်ခြင်း မရှိပေ။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းသည် လေဟာနယ် ထဲမှ ကျဆင်းလာဟန်ရပြီး မြေပြင်ပေါ်သို့ ကျယ်လောင်လှသော အသံဖြင့် ပြုတ်ကျသွားလေသည်။

"အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း...ခင်ဗျားမှာ ယူနိုင်တဲ့ အစွမ်းရှိတယ်ဆိုရင် လာယူလေ"

ရှောင်လုံ၏ တသီးတခြားဆန်သော အသံ ထွက်ပေါ်လာပြီး သူ့၏ မျက်ဝန်းထဲ၌ အေးစက်စက်အလင်းတစ်ချက် လက်သွားသည်။

"ခင်ဗျား ရှုံးသွားခဲ့မယ်ဆိုရင်တော့...ရလဒ်က သေခြင်းပဲ"

နတ်ဆိုးတစ္ဆေဘိုးဘေး က ရှောင်လုံကို ဟောင်မိသားစုဝင်များ၏ အသက်ဖြင့် ခြိမ်းခြောက်ခဲ့ချိန်ကတည်းက သူသည် ရှောင်လုံ၏ အောက်ဆုံးစည်း ကို ထိပါးမိသွားခြင်း ဖြစ်ပြီး ရှောင်လုံ၏ သတ်ဖြတ်လိုစိတ်ကို မြင့်တက်လာစေသည်။

ရှောင်လုံ၏ မျက်လုံးထဲ၌ နတ်ဆိုးတစ္ဆေဘိုးဘေး သည် သေလူ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ဤသည်မှာ အခြားသူများကို သတိပေးသည့် အနေဖြင့် တစ်ယောက်ကို ဦးစွာ သတ်ဖြတ်ပြရန် စီစဥ်လိုက်ခြင်း ဖြစ်သည်။

ရှောင်လုံသည် ဇာမဏီကလန်ဘိုးဘေးနှင့်အခြားသူများကို သတင်းဖြန့်စေလိုက်ကတည်းက နတ်ဆိုးတစ္ဆေဘိုးဘေးကဲ့သို့သော သူများသည် သူ့ထံမှ အမြတ်ထုတ်ရန် ကြိုးပမ်းလာကြမည်ကို တွေးထားခဲ့ပေသည်။

ထိုသို့ ဖြစ်လာလျှင်လည်း သူက အနည်းအကျဉ်းမျှ သတ်ဖြတ်ပစ်ရန်အတွက် စိတ်မရှိပါပေ။

နတ်ဆိုးတစ္ဆေဘိုးဘေး သည် အောက်ဘက်ရှိ အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကို လောဘတကြီး ကြည့်ရင်း အားပါးတရ ရယ်မောချလိုက်သည်။

"ဟောင်ရှောင်လုံ...ငါ ဆုံးဖြတ်ပြီးသွားပြီ...ငါက ဒီ အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း ကို ယူရုံတင် မကဘူး...မင်းရဲ့ ဟောင်မိသားစုဝင်တိုင်းကို ဖမ်းပြီးတော့ မင်းရဲ့ ရတနာသိုက်ကိုပါ အရယူပစ်မယ်ကွ"

သူ့ စကား အဆုံးမသတ်မီမှာပင် နတ်ဆိုးတစ္ဆေဘိုးဘေး က စတင် လှုပ်ရှားလိုက်ပြီး စိတ်ဝိညာဥ်ကျောက်တုံးပုံကြီး၏ အထက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။ ထို့နောက် သူက လက်ကို ဆန့်ထုတ်လိုက်ပြီး အားလုံးကို ရယူရန် ပြင်လိုက်သည်။

သို့သော်လည်း ရှောင်လုံက ပိုမို လျှင်မြန်ပေသည်။ နတ်ဆိုးတစ္ဆေဘိုးဘေး က စိတ်ဝိညာဥ်ကျောက်တုံးပုံကြီးပေါ် ရောက်ရှိသွားသည်နှင့် ရှောင်လုံက သူ့၏ နောက်ကျောနားသို့ ရောက်သွားပြီး လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။

ဤသည်မှာ နောက်ထပ်သော မြေဗုဒ္ဓလက်ဝါးချက် ဖြစ်သည်။

ပေါများလှသည့် ဗုဒ္ဓချီများ ပေါက်ကွဲထွက်လာလေသည်။

နတ်ဆိုးတစ္ဆေဘိုးဘေး၏ မျက်နှာက ဖြူဖျော့သွားသည်။ ဤ မြေဗုဒ္ဓလက်ဝါးချက်သည် ပထမတစ်ချက်ထက် အဆပေါင်းများစွာ အစွမ်းထက်ပေသည်။

ထိုအချိန်၌ သူသည် အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း ကို အာရုံမစိုက်နိုင်တော့ဘဲ နတ်ဆိုးတစ္ဆေဘိုးဘေးသည် ခန္ဓာကိုယ်ခွဲခြင်း နည်းစနစ်တစ်ခုကို အလျှင်အမြန် ထုတ်သုံးလိုက်ရသည်။ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်စွမ်းအင်လုံးတစ်ရာကျော်အသွင် ကွဲထွက်သွားသည်။

ဤသည်မှာ ငရဲတစ္ဆေခန္ဓာကိုယ် ၏ အသွင်ပြောင်ခြင်း စွမ်းရည်များထဲမှ တစ်ခု ဖြစ်သည်။

ရှောင်လုံ၏ မြေဗုဒ္ဓလက်ဝါးသည် ဘာမှမရှိသည့် နေရာပေါ်သို့ ကျဆင်းသွားလေသည်။

အဝေးတစ်နေရာ၌ အနက်ရောင် စွမ်းအင်လုံးတစ်ရာကျော်သည် ပြန်လည်စုစည်းသွားပြီး နတ်ဆိုးတစ္ဆေဘိုးဘေး၏ မူလကိုယ်အသွင် ပြန်ပြောင်းသွားသည်။

ရှောင်လုံ၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ရှားလိုက်နိုင်သည်မို့ သူက အားပါးတရ ရယ်မောလိုက်သည်။

"ကောင်စုတ်လေး...ဒီနေ့တော့ မင်းက ငါ့ရဲ့ စမ်းသပ်ခံ ဖြစ်သွားပြီ...ငါ နတ်ဆိုးတစ္ဆေဘိုးဘေး ရဲ့ ခန္ဓာကိုယ် က ဘယ်လောက်တောင် အစွမ်းထက်သလဲ ဆိုတာကို လူတိုင်း သိသွားရစေမယ်ကွ"

အနက်ရောင်အလင်းလုံးများသည် သူ့၏ ပတ်ပတ်လည် ၌ လှည့်လည်နေသည်။ ဟင်းလင်းပြင်ထဲမှာ ပေါများလှသော တစ္ဆေချီများသည် နတ်ဆိုးတစ္ဆေဘိုးဘေး ၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်လာပေသည်။

ဤသည်မှာ တစ္ဆေကမ္ဘာ၏ တစ္ဆေဘုရင်ချီ ဖြစ်သည်။

တစ္ဆေဘုရင်ချီ နှင့် ပေါင်းစပ်ပစ်လိုက်ပြီးနောက် နတ်ဆိုးတစ္ဆေဘိုးဘေး၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးမားလာပေသည်။ တစ်ချိန်တည်းတွင် သူ့၏ ငရဲတစ္ဆေခန္ဓာကိုယ် ကလည်း ရွေ့လျားသွားသည်။ မျက်တောင်တစ်ခတ်အတွင်း နတ်ဆိုးတစ္ဆေဘိုးဘေး ၏ ခန္ဓာကိုယ်သည်  ၃၃ မီတာ ရှိသွားပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်၏ တစ်လက်မချင်းစီတိုင်းကို အနက်ရောင် အကြေးခွံများက ဖုံးလွှမ်းသွားပြီး သူ့၏ မျက်လုံးများက အစိမ်းရောင်တောက်လာလေသည်။

တစ္ဆေချီများက နေရာအနှံ့အပြားဆီသို့ ပျံ့နှံ့သွားသည်။

အားကောင်းလှသော တစ္ဆေချီများ၏ သက်ရောက်မှုကြောင့် မီတာ သန်းပေါင်းများစွာအတွင်း၌ လေပြင်းများ တိုက်ခတ်လာပြီး နေရာတိုင်း၌ အေးစက်သွားလေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၉၈ ..... လူသုံးယောက် ပူးပေါင်းတိုက်ခိုက်ခြင်း

နတ်ဆိုးတစ္ဆေ ဘိုးဘေးကို ကြည့်၍ ရှောင်လုံသည် သူ့၏ သတိကို တိုးမြှင့်လိုက်လေသည်။

သူသည် အနက်ရောင်သူရဲကောင်းတက္ကသိုလ်နှင့် ဟင်္သာ ပြဒါးငှက် တက္ကသိုလ်များတွင် ရှိသော စာအုပ်များအားလုံးကို နှစ်ပေါင်းများစွာ ဖတ်ရှုခဲ့သည် မို့ ငရဲတစ္ဆေ ခန္ဓာကိုယ်သည် မည်မျှ အားကောင်းလာကြောင်းကို သိရှိထားပေသည်။

ရှောင်လုံသည် သူ့၏ အပြာရောင်နှင့် အနက်ရောင်နဂါးများကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး ဝိညာဉ် အသွင် ပြောင်းလဲလိုက်ပြီးနောက် သူ့၏ နတ်ဆိုး ခန္ဓာကိုယ် ကို ထုတ်လွှတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ရှောင်လုံသည် သူ့၏ ဒန်တျန်ထဲရှိ အစစ်အမှန် အင်မော်တယ်  အဆီအနှစ် ကို နှိုးဆွ လိုက်လေသည်။ ရှောင်လုံ၏ ခန္ဓာကိုယ်ဆီမှ နတ်ဆိုးချီ စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် သူ့၏ ပတ်ပတ် လည်၌ နတ်ဆိုး အကာအကွယ် တစ်ခု အသွင် ပြောင်းလဲ သွားပေသည်။

ရုတ်တရက် ဆိုသလို ဟောင်မိသားစု အိမ်တော်၏  အထက် လေထုထဲတွင် တစ္ဆေ ငိုညည်းသံများနှင့် နတ်ဆိုး ဟစ်ကြွေးသံများဖြင့် ဖုံးလွမ်းသွားပေသည်။

ရှောင်လုံ နတ်ဆိုး အကာအကွယ် ၏ အကျိုး သက်ရောက် မှု ကြောင့် နတ်ဆိုးတစ္ဆေ ဘိုးဘေး၏ ဟင်းလင်းပြင်ဆီမှ ကျဆင်းလာသော တစ္ဆေဘုရင်ချီများသည် နှေးကွေးလျော့ပါးသွားလေသည်။ နတ်ဆိုးတစ္ဆေ ဘိုး ဘေးသည်ရှောင်လုံ၏ နတ်ဆိုး အကာ အကွယ်ကို ကြည့်ရင်း တုန်လှုပ်သွားလေသည်။

သူက တုန်လှုပ်နေချိန် တွင် ရှောင်လုံ က အရိပ်သဖွယ်ပျောက်ကွယ်သွားပြီး သူ့၏ ရှေ့သို့ရောက်ရှိလာပေသည်။ ရှောင်လုံ၏ လက်ချောင်းက နတ်ဆိုး တစ္ဆေ ဘိုးဘေး၏ မျက်ခုံး နှစ်ခု ကြားသို့ အလျှင် အမြန် ထိုးညွှန်လိုက်လေသည်။

လက်ချောင်း အင်အားသည် လှိုင်းလုံးကြီးသဖွယ် ပြေးထွက်လာပြီး မိုင်သောင်းပေါင်းများစွာအထိ ပဲ့တင်ထပ်သွားပေသည်။ တစ်ချိန်တည်းမှာပင် သိပ်သည်းလှသော မီးခိုးရောင် မြူခိုးများ ထွက်ပေါ်လာပြီး ထူးဆန်းလှသော မကောင်းဆိုးဝါး သဏ္ဍာန်များသည် ၄င်းနောက်၌ ပုန်းကွယ်ကာ အော်ဟစ်နေကြပေသည်။

ဤသည်မှာ ပကတိ စိတ်ဝိညာဉ်လက်ချောင်းသိုင်းဖြစ်သည်။

ပကတိ စိတ်ဝိညာဉ် လက်ချောင်းသိုင်းသည် ရွှမ်းမီ နတ်ဘုရားသိုင်းနှင့် မယှဥိပြိုင်နိုင်လျှင်ပင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားသည်နှင့် တစ်ဖက် ရန်သူ၏ စိတ်ဝိညာဉ် ကို အကြွင်းမဲ့ ထိုးဖောက်သွားနိုင်စွမ်း ရှိပေသည်။ ရန်သူ၏ စိတ်ဝိညာဉ် ကို ဖျက်ဆီးခြင်းအပြင် ရန်သူ၏ အသက်စွမ်းအားကိုလည်း ခြောက်သွေ့ ညို့နွမ်းသွားစေနိုင်သည်။

နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် ရှောင်လုံ၏ ပကတိစိတ်ဝိညာဥ် လက်ချောင်း သိုင်းတွင် ပါဝင်နေသော ကြောက်မက်ဖွယ်ရာ အင်အားကြောင့် သူ့၏မျက်နှာက ဖြူဖပ်သွားလေသည်။ သူက သူ့၏ ညာဘက်လက်ဖြင့် ရှောင်လုံ၏ လက်ချောင်း ကို အဝေးသို့ ရိုက်ချရန် ကြိုးပမ်းလိုက်ရင် အော် ဟစ်လိုက်လေသည်။

"တစ္ဆေလေပြင်းသွေးမိုးလက်ဝါး ”

သိပ်သည်းလှသော တစ္ဆေချီများသည် မိူးသက်မုန်တိုင်းအသွင်ပြောင်းလဲသွားပြီး နေရာအနှံ့ဆီသို့ သွေးရောင် မိုးအသွင် ရွာသွန်းသွားပေသည်။

ရှောင်လုံ၏ ပကတိ စိတ်ဝိညာဉ် လက်ချောင်းနှင့် နတ်ဆိုးတစ္ဆေ ဘိုးဘေး၏ တစ္ဆေလေပြင်း သွေးမိုး လက်ဝါးတို့သည် ထိပ်တိုက်ရင်ဆိုင်သွားလေသည်။

တစ္ဆေအော်ညည်းသံများသည် မိုင်ပေါင်းများစွာအတွင်း ပဲ့တင်ထပ်သွားပြီး မြေပြင်သည်ပင် တုန်လှုပ်သွားပေသည်။သို့သော်လည်း ကျဆင်းလာသော သွေးမိုးများသည် အလွန်တရာ တိုက်စားပျက်စီးစေသော သဘာဝ ရှိသည်။ ပကတိစိတ်ဝိညာဥ် လက်ချောင်းက သွေးမိုးစက်များကို ဖြတ်သန်းသွားသောကြောင့် ပေါက်ကွဲသံများ ပေါ်ထွက်လာပြီး ၄င်း၏ အင်အားသည် အားနည်း မှေးမှိန်သွားပေသည်။

နတ်ဆိုးတစ္ဆေဘိုးဘေးနှင့် ရှောင်လုံတို့သည် နောက်သို့ လွင့်စင်သွားကြပြီး မီတာသုံးရာကျော် ဆုတ်ခွာလိုက်ကြရသည်။

ဤတိုက်ခိုက်မှုတွင် မည်သူကမှ အသာစီး မရလိုက်ကြပေ။

ရှောင်လုံ၏ မျက်လုံးများသည် အန္တရာယ် ရှိစွာ ကျဥ်းမြောင်းသွားပေသည်။ ထိုနတ်ဆိုးတစ္ဆေ ဘိုးဘေးသည် သု့ ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။

နတ်ဆိုးတစ္ဆေဘိုးဘေး၏ ခွန်အားသည် မဟာနတ်ဘုရား အဆင့်၂ ကျူးမိသားစုခေါင်းဆောင်နှင့်ယှဥ်လျှင် နတ်ဆိုးတစ္ဆေဘိုးဘေးသည် ဆယ်ဆ ပိုမို သန်မာပေသည်။ ဇာမဏီကလန် ဘိုးဘေးသည်ပင် သူ့ထက် အနည်ငယ် အားနည်းပေလိမ့်မည်။

ရှောင်လုံက ဤသည်ကို မျှော်လင့်မထားသော်လည်း နတ်ဆိုးတစ္ဆေ ဘိုးဘေး ကမူ ထိတ်လန့်သွားပေသည်။သူ့၏ တစ္ဆေ လေပြင်းသွေးမိုးလက်ဝါးတွင် ထူးကဲယင် အဆိပ်ပါဝင်နေပြီး အလွန်တရာ စွမ်းအားကြီးလှသော သိုင်းပညာရပ်ဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိသည့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များစွာ မရှိသော်ငြား နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်သော ဟောင်ရှောင်လုံက ရင်ဆိုင်နိုင်စွမ်းရှိနေပေသည်။

ထို့အပြင် ဤတိုက်ခိုက်မှုတွင် နှစ်ဘက်လုံး ညီမျှနေပေသည်။

ထိုအချိန် တွင် ရှောင်လုံ က အော်ဟစ်လိုက်ပြီး နတ်ဆိုးတစ္ဆေ ဘိုးဘေးဆီသို့ ထပ်မံ တိုက်ခိုက်လိုက်ပေသည်။ ရန်သူ၏ ခွန်အားက ရှောင်လုံ မျှော်မှန်းထားသည်ထက် အနည်းငယ် ပိုသာနေသော်လည်း တိုက်ခိုက်လိုစိတ်များသည် သူ့၏ ရင်ဘက်ထဲ၌ ပြည့်နှက်လာပေသည်။

သူက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားပြီးနောက် သူ့၏ လက်ရှိခွန်အားကို စမ်းသပ် ရန် တစ်စုံတစ်ယောက် ကို ရှာဖွေချင်ခဲ့ပြီး ဤ နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် အသင့်တော်ဆိုး ပြိုင်ဘက်ဖြစ်ပေသည်။

ထို့ကြောင့် ဟောင်ရှောင်လုံသည်နဂါးအင်ပါယာ အောင်းတိုင်ရီ၊ ဇာမဏီကလန် ဘိုးဘေးနှင့် အခြားသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို ဟောင်မိသားစု အိမ်တော်၏ ပတ်ပတ်လည်အား အာရုံစိုက်ရန်ပြောထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင်သူတို့သည် တိုက်ပွဲကို ထိုင်ကြည့်နေရန်သာ လိုပေသည်။

ဟောင်မိသားစု အိမ်တော်၏ ခုခံကာကွယ်ခြင်းအစီအရင်များကို အစောပိုင်း ကတည်းက အသက်သွင်းထားပြီးဖြစ်သောကြောင့် ရှောင်လုံသည် အိမ်တော်ပေါ်သို့ တုန်လှုပ်မှုလှိုင်းများကြောင့် ထိခိုက်မှုများဖြစ်သွားမည်ကို စိုးရိမ်နေစရာ မလို အပ်ပေ။

နတ်ဆိုးတစ္ဆေဘိုးဘေးနှင့် ရှောင်လုံတို့ ဟောက်မိသားစု အိမ်တော်အပေါ်၌ တိုက်ခိုက်နေကြစဥ် သိုင်းဝိညာဥ် ကမ္ဘာ၏ အပြင်ဘက် အလွှာ၌ ပုံရိပ် နှး်ခုသည် အပြင်ဘက် အကာ အကွယ်ကို ထိုးဖောက်ကာ ဝင်ရောက်လာပေသည်။ ထို ပုံရိပ်နှစ်ခုသည် အဖြူရောင်ကျား ကြယ်စင်စုဆီမှရောက်ရှိလာသော အစိမ်းရောင်ရေခဲလူသား နှစ်ယောက် ဖြစ်ပေသည်။

သူတို့ သိုင်းဝိညာဥ် ကမ္ဘာသို့ ဝင်ရောက်လာသည့် အချိန်တွင် ရှောင်လုံနှင့် နတ်ဆိုးတစ္ဆေ ဘိုးဘေးတို့၏ တိုက်ပွဲစီမှ ထွက်ပေါ်လာသော ကြမ်းတမ်းလှသည့် စွမ်းအင်လှိုင်းများကို ချက်ချင်း အာရုံခံမိသွားကြလေသည်။

"ဘယ်လောက်တောင် အားကောင်းတဲ့ စွမ်းအင် ဖြာထွက်မှုလှိုင်းတွေလဲ ... ဒါကမဟာနတ်ဘုရားအဆင့်၂ အစောပိုင်းသိုင်းပညာရှင်နှစ်ယောက် တိုက် ခိုက်နေကြတာများလား”

အစိမ်းရောင် ရေခဲလူသားတစ်ယောက်က အံအားသင့်စွာပြောလိုက်လေသည်။

"သူတို့ထဲက တစ်ယောက်ကတော့ တစ္ဆေကျင့်ကြံသူ ဖြစ်လိမ့်မယ်...နောက်တစ်ယောက်ကတော့...”

အစိမ်းရောင် ရေခဲလူသားနောက်တစ်ယောက်က စိတ်ဝင်စားစွာပြောလိုက်လေသည်။

"လာ...ငါတို့ တစ်ခေါက်လောက်သွားကြည့်လိုက်ရအောင်”

နှောင့်နှေးနေခြင်းမရှိပဲ သူတို့နှစ်ယောက်သည် မဟာလေဟာနယ် ကူးပြောင်းခြင်း နည်းစနသ်ကို ထုတ်သုံးလိုက်လေသည်။အကြိမ်ပေါင်းများစွာ ကူးပြောင်း လိုက်ပြီးနောက် ဟောင်မိသားစု အိမ်တော် ရှိရာဆီသို့ ရောက်ရှိသွားလေသည်။

"ဒါက နတ်ဆိုးတစ္ဆေ ဘိုးဘေးပဲ”

သူတို့ရောက်ရှိသွားချိန်တွင်နတ်ဆိုးတစ္ဆေဘိုးဘေးကို မြင်လိုက်ရသည်မို့ တုန်လှုပ်သွားကြလေသည်။

နတ်ဆိုးတစ္ဆေဘိုးဘေးသည် တစ္ဆေ အသူရာချောက်ထဲမှ ထွက်လာခဲလှပြီး ငယ်ရွယ်သော မျိုးဆက်များက သူ့၏ နာမည်ကို မသိရှိကြလျှင်ပင် မဟာနတ်ဘုရား အဆင့် သိုင်းပညာရှင် အများစုသည် သူ့ကို သိရှိကြပေသည်။

လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်းကျော်က နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် ထိပ်တန်းမိသားစုတစ်ခုကို တစ်ယောက်တည်း အမြစ်ဖြတ် သုတ်သင်ခဲ့ပေသည်။

ထိုကိစ္စ က ကြယ်စင်စုလေးစုလေးစုကို တုန်လှုပ်သွားစေသည်။ ထို့နောက် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်အချို့သည် သူ့ကို သတ်ဖြတ် ရန် မဟာမိတ်ဖွဲ့လိုက်ကြသည်။ သို့သော်လည်း သူတို့ ဘာမှ လုပ်နိုင်စွမ်းမရှိလိုက်ခင် နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် တစ္ဆေ အသူရာ ချောက်နက် ထဲသို့ ပုန်းကွယ်သွားခဲ့သည်။

နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် တစ္ဆေ နတ်ဆိုး ဘိုးဘေးသည် ပြန်လည် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမှ မျှော်လင့်ထားမည်မဟုတ်ပေ။

"အဲ့ဒီ အနက်ရောင်ဆံပင်နဲ့လူငယ်က ဘယ်သူလဲ”

ညီအစ်ကိုနှစ်ယောက်သည် နတ်ဆိုးတစ္ဆေ ဘိုးဘေးကို မြင်လိုက်သည်နှင့်တုန်လှုပ်သွားသော်လည်း သူတို့ကို ပိုမိတုန်လှုပ်စေသည့် အရာမှာ သူ့၏ ပြိုင်ဘက်သည် အနက်ရောင်ဆံပင်နှင့် လူငယ်လေးဖြစ်နေသောကြောင့်ဖြစ်သည်။

"နတ်ဘုရားအဆင့်၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်လား”

"ဒါက ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ... လုံးဝ မဖြစ်နိုင်ဘူး”

နတ်ဆိုးတစ္ဆေ ဘိုးဘေးနှင့် တိုက်ခိုက်နေသော အနက်ရောင်ဆံပင်နှင့်လူငယ်သည် နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်မျှသာ ဖြစ်ကြောင်း အစိမ်းရောင် ရေခဲလူသား ညီအစ်ကို နှစ်ယောက် သိရှိသွားလေသည်။

ထို့အပြင် နတ်ဆိုးတစ္ဆေ ဘိုးဘေးသည်ပင် သူ့ကို ထိခိုက်နာကျင်အောင် လုပ်နိုင်စွမ်းရှိမည်မဟုတ်ဟန်ရသည်။ မဟုတ်ပေ...နတ်ဆိုးတစ္ဆေ  ဘိုးဘေးသည် အောက်စည်းမှ ခုခံနေရပေသည်။ အနက်ရောင် ဆံပင်နှင့် လူငယ်၏ ပြင်းထန်လှသော တိုက်ခိုက်မှုများအောက်တွင် နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် နောက်သို့ ထပ်တလဲလဲ ဆုတ်ခွာနေရပြီး ဝမ်းနည်းဖွယ်ရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပေသည်။

သူတို့က အနက်ရောင်ဆံပင် နှင့် လူငယ်နှင့် နတ်ဆိုးတစ္ဆေဘိုးဘေး တို့ တိုက်ခိုက်နေသည်ကို ကြည့်နေစဥ်တွင် အတွေးတစ်ခု ဝင်ရောက်လာပေသည်။

ဤသည်မှာ ဖြစ်နိုင်ပါမည်လော...။

ထိုညီအစ်ကိုသည် သူတို့၏ စိတ်ထဲ သို့ ဝင်ရောက်လာသော အတွေးအား အတည်ပြု နေကြချိန်တွင် အဝေးရှိ နတ်ဆိးတစ္ဆေဘိုးဘေးသည် ဒေါသကြီးစွာ အော်ဟစ်လိုက်လေသည်။

"ဟောင်ရှောင်လုံ... ငါက မင်းရဲ့လက်အောက်မှာ အမှုထမ်းဖို့အတွက် ဒီနေရာကို ရိုးရိုးသားသားရောက်လာခဲ့တာ... မင်းက ဘယ်လို လုပ်ပီးတော့ အပြစ်ကင်းတဲ့လူတစ်ယောက်ကို ရုတ်တရက်တိုက်ခိုက်ရဲရတာလဲ... ဒါက ဘာအဓိပ္ပါယ်လဲ...မင်းက ဒီနေရာကို ရောက်လာတဲ့ မဟာနတ်ဘုရားအဆင့် သိုင်းပညာ ရှင် အားလုံးရဲ့ဒေါသကို ဆွမိသွားမှာ မကြောက်ဘူးလား”

နတ်ဆိုးတစ္ဆေဘိုးဘေးက သူ့၏ ဖြူစင်မှုကို ကြေညာလာသည်အား နားထောင်ရင်း ရှောင်လုံ လှောင်ပြောင်လိုက်လေသည်။

"ကျုပ်ရဲ့ လက်အောက်မှာ အမှုထမ်းဖို့အတွက် ဒီနေရာကို ရိုးရိုးသားသားရောက်လာတာတဲ့လား... ခင်ဗျားက ခုနကပဲ ကျုပ်ရဲ့ ဟောင်မိသားစု အိမ်တော်တစ်ခုလုံးကို သတ်ပစ်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား.... ဘယ်သူ့ကို မှ အရှင်မထားဘူးလို့ ပြောခဲ့တယ်လေ... ခင်ဗျားက ကျုပ်ကို မသတ်ချင်ဘူး ဆိုတော့... ကျုပ်ဆီက အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေကို လိုချင်နေတာ မဟုတ်ဘူးလား”

ရှောင်လုံ၏ စကားနဲ့ အတူ သူ့၏ တိုက်ခိုက်မှုများက နတ်ဆိုး တစ္ဆေဘိုးဘေးပေါ်သို့ ကျဆင်းလာလေသည်။ ရပ်တန့် သွားရမည့်အစား သူ၏ဒန်တျန်ထဲမှ  အစစ်အမှန် အင်မော်တယ် အဆီအနှစ်ကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး အစစ်အမှန်အင်မော်တယ် အဆီအနှစ် မီးတောက် ဓားရှည် တစ်ရာကျော်ကို ဖြစ်တည်စေလိုက်ပြီး နတ်ဆိုး  တစ္ဆေ ဘိုးဘေးကို အရပ်မျက်နှာ အနှံ့ဆီမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်လေသည်။

မီးတောက်ဓားရှည်တစ်ရာကျော်ကို ကြည့်ရင်း နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် ကြောက်လန့်ဒေါသ ထွက်သွားလေပြီး သနားသဖွယ် ရှောင်တိမ်းလိုက်ရပေသည်။

အစောပိုင်းတွင် သူနှင့် ရှောင်လုံတို့သည် အင်အား ညီမျှနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရှောင်လုံက တဖြည်းဖြည်းခြင်း အသာစီး ရလာပေသည်။ ထို့အပြင် ရှောင်လုံ တိုက်ခိုက်လိုက်ချိန်တွင် သူ့၏ တိုက်ခိုက်မှုများသည် ထက်ရှစွာ အပြောက်အလန့်ကင်းပြီး သူ့ ၏ နတ်ဘုရားတိုက်ပွဲ ချီနှင့် အခြားသော ထူးခြားဆန်းကြယ်သည့် အင်အားများသည် မည်သည့် အခါမှ ကုန်ဆုံး မသွားတော့မည့် ဟန်ရသည်။

နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် ဦးနှောက် ခြောက်မတတ် စဥ်းစားနေမိသော်လည်း ရှောင်လုံ မည်သို့ လုပ်ဆောင်နေကြောင်းကိုမူ စဥ်းစား၍ မရပေ။

သူ့၏ နတ်ဘုရားစစ်ပွဲချီနှင့် ထူးခြားဆန်းကြယ်သော အင်အားတို့ လျော့ပါးသွားချိန်တိုင်း ရှောင်လုံသည် မျက်တောင် တစ်ခတ်အတွင်း အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ထိုကဲ့သို့သော ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော နည်းစနစ်သည် ဤကမ္ဘာ၌ တည်ရှိနေသည်လား။လူတစ်ယောက်၏ နတ်ဘုရားစစ်ပွဲချီကိုပင် မျက်တောင် တစ်ခတ်အတွင်း ပြန်လည် ဖြည့်တင်းနိုင်စွမ်းရှိသည်လား။

ထို့အပြင် ရှောင်လုံ၏ ဗုဒ္ဓ အင်အား ဖိအားပေးမှုကြောင့် နတ်ဆိုးတစ္ဆေ ဘိုးဘေး၏ တစ္ဆေ အင်အားသည် အကြီးအကျယ် ထိခိုက်သွားရပေသည်။

သူက ရှောင်လုံ၏ တိုက်ခိုက်မှုများကို ဒေါသ တကြီး ရှောင်လိုက်ချိန်တွင် သူ့၏ အနောက်မှ အစစ်အမှန်အင်မော်တယ် အဆီအနှစ် မီးတောက် ဓားရှည်တစ်ချောင်းသည် သူ့၏ နောက်ကျောဘက်ဆီမှ ပေါ်ထွက်လာပြီး ရင်ဘက်ထဲသို့ စိုက်ဝင်သွားသည်။ နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် သွေးပျက်လုမတတ် အော်ဟစ်လိုက်လေသည်။

ထို အော်ဟစ်သံကြီးကို ကြားလိုက်သည်နှင့် အစိမ်းရောင်ရေခဲလူသားနှစ်ယောက်၏ နှလုံးများသည် ခုန်ပေါက်သွားကြလေသည် ။ သူတို့က နတ်ဆိုးတစ္ဆေ ဘိုးဘေးကဲ့သို့သော ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

"အစိမ်းရောင် ရေခဲ မွန်းစတား အမွှာတွေ... ငါနဲ့ အတူပူးပေါင်းပြီး ဟောင်ရှောင်လုံကို သတ်ရအောင်...သူ့ကို သတ်ပြီးသွားတာနဲ့ သူ့ရဲ့ အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး က ငါတို့ အပိုင် ဖြစ်လာလိမ့်မယ်...ငါတို့သုံးယောက် ညီတူညီမျှ ခွဲယူကြတာပေါ့”

နတ်ဆိုးတစ္ဆေ ဘိုးဘေးက အစိမ်းရောင်ရေခဲလူသားနှစ်ယောက်ဆီသို့ ရုတ်တရက် အော်ဟစ်လိုက်လေသည်။

အစိမ်းရောင်ရေခဲလူသားနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင် တွေဝေ တုန့်ဆိုင်းမှုများ ပေါ်ထွက်လာပေသည်။

ရှောင်လုံ၏ ခွန်အားက သူတို့ကို အမှန်တကယ် အံ့ဩ မင်သက်သွားစေသော်လည်း သူတို့သုံးယောက် ပူးပေါင်းလိုက်မည် ဆိုပါက ရှောင်လုံကို သတ်ရန်မှာ ပြဿနာ မဟုတ်ပေ။

သူတို့က အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ရတနာသိုက်အကြောင်း တွေးလိုက်မိချိန်တွင် ညီအစ်ကို နှစ်ယောက်၏ မျက်လုံးများသည် လောဘဖြင့် တောက်ပသွားကြလေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၉၉.....နတ်ဆိုးတစ္ဆေ ဘိုးဘေး သေဆုံးသွားပြီ

အစိမ်းရောင် ငရဲလူသားညီအကိုနှစ်ယောက်က ထိုအကြံအစည်ကို စိတ်ဝင်စားသွားကြချိန်တွင် ရှောင်လုံ၏ မြေဗုဒ္ဓ လက်ဝါးချက်သည် နတ်ဆိုးတစ္ဆေ ဘိုးဘေး ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းသွားပေသည်။ သန့်စင်လှသော ဗုဒ္ဓ အင်အားက သူ့၏ ငရဲတစ္ဆေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ့ကို နာနာကျင်ကျင် အော်ဟစ်သွားရစေသည်။

"ငါတို့ ပူးပေါင်းပြီး ဟောင်ရှောင်လုံကို သတ်ကြမယ်လေ... ငါက နတ်ဘုရား အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ရတနာသိုက်ရဲ့ ဆယ်ပုံ နှစ်ပုံကို ပဲ လိုချင်တာပါ...ကျန်တဲ့ဟာ အကုန်လုံး မင်းတို့ယူလိုက်”

နတ်ဆိုးတစ္ဆေဘိုးဘေးကနာနာကျင်ကျင် အော်ဟစ်လိုက်ရင်း အစိမ်းရောင် ပုံရိပ်နှစ်ခုကို လှမ်းပြောရန် အခွင့်အရေး ရသွားပေသေးသည်။

ဆယ်ပုံ ရှစ်ပုံ... ။

အစိမ်းရောင် ရေခဲလူသားနှစ်ယောက်သည် သူတို့၏ မျက်လုံးထဲရှိ လောဘများသည် ပိုမို သိသာ ထင်ရှားလာပေသည်။

"မင်းတို့ နှစ်ယောက် ဘာဖြစ်လို့ မတိုက်ခိုက်ကြသေးတာလဲ...ကျန်တဲ့ မကောင်းတိုးဝါး အိုကြီးတွေရောက်လာတဲ့ အချိန်ထိ စောင့်နေမယ်ဆိုရင်တော့... ငါတို့အတွက် ဘာမှ မကျန်ဘဲ ဖြစ်သွားလိမ့်မယ်...”

နတ်ဆိုးတစ္ဆေ ဘိုးဘေးက ထပ်မံအော်ဟစ်လိုက်ပေသည်။

အစိမ်းရောင် ရေခဲလူသား ညီအကို နှစ်ယောက် သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။ထို့နောက် သူတို့နှစ်ယောက်သည် ရှောင်လုံကို ရုတ်တရက် တိုက်ခိုက်လိုက်ကြသည်။ များစွားသော အစိမ်းရောင်ရေခဲချီမျှင်များထွက်ပေါ်လာပြီး ကြီးမားလှသော အစိမ်းရောင် ရေခဲမြစ်ကြီး နှစ်ခု သဖွယ် ကောင်းကင်သို့ စီးဆင်းသွားလေသည်။

ရှောင်လုံ ကို အနက်ရောင်သူရဲကောင်း ကျောင်းအုပ်ကြီးနှင့် လမင်းဆင်းသက်ခြင်းအဘိုးအိုတို့က နောက်ခံပြုပေးထားသော်လည်း သူတို့ညီအကို နှစ်ယောက် သည် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ရတနာသိုက်ကို ရရှိသွားသည်နှင့် ချက်ချင်း ပုန်းကွယ်သွားမည်ဖြစ်သည်။ အနက်ရောင်သူရဲကောင်း တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် လမင်းဆင်းသက်ခြင်း အဘိုးအို တို့သည်ပင် သူတို့ ညီအကိုနှစ်ယောက်အား ရှာတွေ့နိုင်စွမ်းရှိမည် မဟုတ်ပေ။

သူတို့နှစ်ယောက်သည် ကြယ်စင်စုလေးစု၏ ပိုင်နက်ထဲမှ ထွက်ခွာကာ အခြားကြယ်စင်စုများဆီသို့ သွား၍ ပုန်းကွယ်နိုင်ပေသည် ။ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲ၌ ကြယ်စင်စုပေါင်းများစွာ တည်ရှိနေသောကြောင့် အနက်ရောင်သူရဲကောင်းကျောင်းအုပ်ကြီးနှင့် လမင်းဆင်းသက်ခြင်း အဘိုးအိုတို့ သူတို့အား ရှာတွေ့သွားမည်ကို နေ့စဥ်နေ့တိုင်း စိုးရိမ်နေရန် မလိုအပ်ပေ။

အစိမ်းရောင် ပုံရိပ်နှစ်ခုက ရှောင်လုံအား စတင် တိုက်ခိုက်လာသည်ကို မြင်လိုက်ချိန်တွင် နတ်ဆိုး တစ္ဆေ ဘိုးဘေးသည် စိတ်သက်သာစွာ ရသွားကာ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူက ရှောင်လုံကို ကြည့်လိုက်လေသည်။

"ဟောင်ရှောင်လုံ...မင်း သေရတော့မယ့်အချိန်ကို ရောက်လာပြီ ”

အစိမ်းရောင် ရေခဲမြစ်နှစ်စင်းသည် ရှောင်လုံကို ထိမိသွားတော့မည့်အချိန်တွင် ရုတ်တရက်ဆိုသလို ကောင်းကင်ကိုပင် တုန်လှုပ်သွားစေမည့် နဂါးဟိန်းသံတစ်ခု ပဲ့တင်ထွက်သွားလေသည်။ ထို့နောက် နတ်ဆိုးတစ္ဆေ ဘိုးဘေးနှင့် အစိမ်းရောင် ရေခဲလူသားနှစ်ယောက်၏ စိတ်ရှုပ်ထွေးနေသော မျက်လုံးများရှေ့တွင် မီတာသုံးထောင့် သုံးရာ ရှည်သည့် လက်သည်းငါးခု ရွှေရောင်နဂါးတစ်ကောင်သည် သူတို့၏ ရှေ့မှောက်၌ ပေါ်ထွက်လာပေသည်။

လက်သည်းငါးခု ရွှေရောင်နဂါး ပေါ်ထွက်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားဟန်ရသည်။ထို ခန့်ညားထည်ဝါသော နဂါးစွမ်းအင်၏ ရှေ့မှောက်တွင် သူတို့သုံးယောက်သည် ကုန်းပေါ်တင်သွားသည့် ငါးသဖွယ် အသက်မရှုနိုင်ဘဲ ဖြစ်သွားကြသည်။

ထိုအချိန်တွင် လက်သည်းငါးခု နဂါး၏ အားကောင်းသန်မာလှသော လက်သည်းသည် အစိမ်းရောင် ရေခဲလူသား နှစ်ယောက်ပေါ်သို့ ကျဆင်းသွားသည်။

ရွှေရောင်နဂါးလက်သည်း၏ အောက်တွင် ရေခဲမြစ်များသည် အပိုင်းပိုင်းအစစ ကွဲအက်သွားပြီးနောက် ကျဆင်းသွားပေသည်။

အကောင်းလှသော တိုက်ခိုက်မှုကြောင့် အစိမ်းရောင် ရေခဲလူသား နှစ်ယောက်သည် နောက်သို့မီတာ တစ်ရာကျော် ဆုတ်ခွာပြီးမှ သူတို့ကို သူတို့ တည်ငြိမ်အောင် လုပ်ဆောင်လိုက်ကြသည်။သို့ဆိုလျှင်ပင် သူတို့ နှစ်ယောက်စလုံးသည် သွေးတစ်လုပ်စီ အန်လိုက်ကြရသည်။

"ရှေးဟောင်းနဂါးကလန် "

အစိမ်းရောင် ရေခဲလူသားနှစ်ယောက်နှင့် နတ်ဆိုးတစ္ဆေ ဘိုးဘေး တို့သည် တစ်ပြိုင်နက်တည်း နီးပါး အော်ဟစ်လိုက်ကြသည်။သူတို့၏ အသံများထဲရှိတုန်ယင်မှုမှာ သိသာထင်ရှားလှပေသည်။

ထို့အပြင် ဤသည်မှာ ရှေးဟောင်းနဂါးကလန်၏ တော်ဝင် သွေးမျိုးဆက်ဖြစ်သော ရှေးဟောင်းနဂါးဖြစ်သည် ။

ပြောစရာမလိုလောက်အောင်ပင် ရွှေရောင်နဂါးကြီးသည် ရှောင်မိသားစု အိမ်တော်ထဲမှ ကြည့်ရှုနေသူဖြစ်သည့် နဂါးအင်ပါယာ အောင်းတိုင်ရီ ဖြစ်သည်။

"ဒီတော့...နဂါးကလန်က ဆရာကြီး ပေါ့...ဆရာကြီးနဂါးကလည်း ဒီနေရာကို နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးရတနာသိုက်အတွက်ရောက်နေတာလား...ဆရာကြီးနဂါးကလည်း ဒီရတနာသိုက်ကို စိတ်ဝင်စားနေတယ်ဆိုမှတော့...ကျုပ်တို့က ပြိုင်မလုရဲပါဘူး”

အစိမ်းရောင် ရေခဲလူသားများထဲမှ တစ်ယောက်က နဂါးအင်ပါယာ အောင်းတိုင်ရီကို ရိုသေလေးစားစွာ ပြောလိုက်လေသည်။ သူ့၏ မျက်နှာပေါ်ရှိ မျက်နှာချိုသွေးဟန် အမူအရာအရ သူသည် နဂါးအင်ပါယာအောင်းတိုင်ရီ၏ လက်သည်းချက်ကြောင့် ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ပြောရန် ခက်ခဲလှပေသည်။

အစိမ်းရောင် ရေခဲလူသား၏ မျက်နှာချိုသွေးနေသော စကားများကို ကြားလိုက်ရသည်မို့ ရှောင်လုံ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်လာလေသည်။

သိသာစွာပင် တစ်ဖက်လူသည် နဂါးအင်ပါယာအောင်းတိုင်ရီကို သူတို့ကဲ့သို့ ရှောင်လုံ၏ နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး  ရတနာသိုက်ကို လုယူရန် ရောက်ရှိလာသည်ဟုတွေးတောနေပေသည်။

နဂါးအင်ပါယာအောင်းတိုင်ရီက ဟားတိုက်ရယ်မောလိုက်ပြီး လေပြင်းတစ်ခုကို ဖြစ်ပေါ်သွားစေသည် ။

အဝေး၌ ရှိနေသော နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် ကြောက်လန့်နေသည်မို့ မည်သည့် စကားကို မှ မပြောရဲပေ။အစိမ်းရောင် ရေခဲလူသား နှစ်ယောက်ကဲ့သို့ပင်  နတ်ဆိုးတစ္ဆေ ဘိုးဘေးသည်လည်း ရှေးဟောင်းနဂါးကလန်သိုင်းပညာရှင်က ရှောင်လုံ၏ နတ်ဘုရား အဆင့် စိတ်ဝိညာဉ် ကျောက်တုံးရတနာသိုက်အတွက် ရောက်ရှိလာသည်ဟု တွေးနေခဲ့ပေသည်။

နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် အစပေါင်းထောင်သောင်းမက ဆန္ဒ မရှိသော်လည်း အနည်းငယ်မျှပင် အထွန့်မတက်ရဲပေ။သူတို့၏ ရှေ့ရှိ ရွှေရောင်နဂါးသည် သေချာပေါက် မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်ဟု သူသေချာပေါက်ပြောနိုင်ပေသည်။

"ကောင်စုတ်လေးဟောင်...မင်း သူတို့ကို ဘယ်လို ဖြေရှင်းချင်လဲ”

ထိုအချိန်တွင် နဂါးအင်ပါယာအောင်းတိုင်ရီသည် ရှောင်လုံဘက်သို့ အပြုံးဖြင့် လှည့်ကြည့်လိုက်ရင်း နတ်ဆိုးတစ္ဆေ ဘိုးဘေးနှင့် အစိမ်းရောင် နေခဲလူသားနှစ်ယောက် ဆီသို့ နဂါးလက်သည်း တစ်ခု ဖြင့် ညွှန်ပြကာ မေးလိုက်လေသည်။

အစိမ်းရောင် ရေခဲလူသား နှစ်ယောက်နှင့် နတ်ဆိုးတစ္ဆေ ဘိုးဘေးတို့သည် ကြောင်အသွားကြပေသည်။ကောင်စုတ်လေးဟောင်တဲ့လား။

ဤသည်မှာ ဖြစ်နိုင်ပါမည်လော။

"သူတို့ကို မသတ်သေးနဲ့ဦး”

ရှောင်လုံကဆက်ပြောလိုက်သည်။

"ကျွန်တော့်ကို နတ်ဆိုးတစ္ဆေ ဘိုးဘေးနဲ့ အရင်ဆုံး တိုက်ခိုက်ခွင့်ပေး”

နဂါးအင်ပါယာ အောင်းတိုင်ရီက ခေါင်းငြိမ့်လိုက်ပြီးနောက် သူ့၏ နတ်ဘုရားအာရုံဖြင့် အစိမ်းရောင် ရေခဲလူသားနှစ်ယောက် ရှိနေသော နေရာကို ပိတ်ဆို့ထားလိုလေသည််။

နတ်ဆိုးတစ္ဆေ ဘိုးဘေးနှင့် အစိမ်းရောင် ရေခဲလူသားနှစ်ယောက် ကြောင်အနေချိန်တွင် ရှောင်လုံ၏ ညာဘက်လက်သည် လှုပ်ခါသွားလေသည်။ ရွှေရောင်အလင်းတန်းတစ်ခုက လင်းလက်သွားကာ ပျောက်ကွယ်သွားသည်။ သူက ရှေးဟောင်းနတ်ဘုရား ချုပ်နှောင်ခြင်း ရွှေပိုးကြိုးကို အသုံးပြု၍ လေဟာနယ်အား ပိတ်ဆို့ထားလိုက်ခြင်းဖြစ်သည်။

နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် ကြောက်လန့်လာသလို ခံစားသွားရပြီး သူ့၏ လက်ဝါးများဖြင့် အသည်းအသန် ရိုက်နှက်လိုက်လေသည်။နတ်ဆိုးတစ္ဆေ ဘိုဘေး၏ လက်ဝါးချက်များ ရိုက်နှက်သွားသည့် နေရာတိုင်၌ ပိုးကြိုးမျှင်များက တောက်ပစွာ ပေါ်ထွက်လာပေသည်။

"ဒါက ဘာလဲ ”

နတ်ဆိုးတစ္ဆေ ဘိုးဘေး ၏ မျက်လုံးများသည် ကြောက်လန်မှုကြောင့် ပြူးကျယ်သွားလေသည်။

"ဒါက ရှေးဟောင်းနတ်ဘုရားလက်နက် တစ်ခုဖြစ်တဲ့ နတ်ဘုရားချုပ်နှောင်ခြင်း ရွှေပိုးကြိုးပဲ"

ရှောင်လုံက ပြုံးလိုက်သော်လည်း ထိုအပြုံးက သူ့၏ မျက်လုံးထဲသို့ မရောက်ပေ။

"ခင်ဗျားရဲ့ စွမ်းအင် တွေကို ဖြုန်းတီးမနေနဲ့...ခင်ဗျား အပြင်ကို ထွက်ချင်တယ် ဆိုရင် ကျုပ်ကို အရင်ဆုံး အနိုင်ယူမှ ဖြစ်မယ်.... ခင်ဗျား ကျုပ်ကို အနိုင်မယူနိုင်ဘူးဆိုရင်တော့... ဝမ်းနည်းပါတယ်.... ခင်ဗျားဒီနေရာမှာပဲသေရလိမ့်မယ်”

နတ်ဆိုးတစ္ဆေ ဘိုးဘေး၏ ဒေါသသည် ကောင်းကင်ထိတိုင် မြင့်တတ်သွားရပြီး ရှောင်လုံကို ကြောက်မက်ဖွယ် စိုက်ကြည့်လိုက်လေသည်။

"ဟောင်ရှောင်လုံ...တရားလွန်မလာနဲ့...မင်းက ငါ့ကို အဆုံးထိ တွန်းပို့မယ်ဆိုရင်... ငါက မင်းကို ငါနဲ့အတူ အုတ်ဂူ ထဲထိ ဆွဲချသွားပစ်မယ်..”

ရှောင်လုံက တောက်ပစွာ ပြုံးလိုက်သည်။

"ကောင်းတာပေါ့...ဒါဆိုရင်လည်း အခုချက်ချင်း ဖောက်ခွဲပစ်လိုက်လေ”

ရှောင်လုံသည် နတ်ဆိုးတစ္ဆေ ဘိုးဘေး၏ ခြိမ်းခြောက်မှုများကို ထိတ်လန့်ခြင်းမရှိပေ။ နတ်ဆိုးတစ္ဆေ ဘိုးဘေးက ရွှေရောင် ဦးချို သားရဲဘုရင် ကဲ့သို့ သူ့ကိုယ်သူ ဖောက်ခွဲ ပစ်ရန် သတ္တိရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။

ထို့အပြင် ရွှေရောင်ဦးချိုသားရဲဘုရင် သူ့ကို သူ သတ်သေရန်ရွေးချယ်လိုက်သည့် အဓိက အကြောင်း အရင်းသည် ထူးခြားဆန်းကြယ်လှသော မဟာ အရှင်သခင် ၏ အပြည့်အဝ ထိန်းချုပ်ထားမှုကြောင့် ဖြစ်သည်။

နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် ထိုသို့ ထိန်းချုပ် ခံထားရခြင်း မရှိပေ။

လူသားများသည် သေခြင်းတရားကို အကြောက်ရွံဆုံးဖြစ်ပြီး မဟာနတ်ဘုရား အဆင့် သိုင်းပညာ ရှင်များ သည်လည်း ချွင်းချက် မဟုတ်ပေ။

မျှော်လင့်ထားသည့်အတွင်း နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် သူ့ကိုယ် သူ ဖောက်ခွဲပစ်ရန် မရွေးချယ်လိုက်သော်လည်း အော်ဟစ်လိုက်လေပြီး ရှောင်လုံကို တိုက်ခိုက်လိုက်ပေသည်။

နတ်ဘုရားချုပ်နောင်ခြင်း ရွှေပိုးကြိုး၏ အဟန့်အတား အပြင်ဘက်တွင် နဂါးအင်ပါယာ အောင်းတိုင်ရီ၏ နတ်ဘုရား အာရုံ ဖြင့် ချုပ်နှောင် ခံထားရသော အစိမ်းရောင် ရေခဲလူသား နှစ်ယောက်သည် မှုန်ကုပ်နေကြသည်။ သူတို့ညီ အစ်ကို နှစ်ယောက်သည် ရှိနေသည့် နေရာ၌ ငြိမ်သက်စွာရပ်နေရန် ရွေးချယ်လိုက်ပြီး အနည်းငယ်မျှ မလှုပ်ရှားရဲပေ။

ဟောင်ရှောင်လုံ၏ဘေး၌ မဟာနတ်ဘုရားအဆင့်၂ နောက်ပိုင်းအဆင့် ဖြစ်သော ရှေးဟောင်း နတ်နဂါးတစ်ကောင်းရှိနေလိမ့်မည်ဟု သူတို့ တွေးမထားခဲ့ပေ။

နဂါးအင်ပါယာ အောင်းတိုင်ရီ အပြင် ဇာမဏီ ကလန် ဘိုးဘေး ၊ ဇာမဏီ ကလန်ခေါင်းဆောင် ၊ ပန်ညီအစ်ကိုသုံးယောက်နှင့် ၊ အမြှီးကိုးချောင်း မြေခွေးဖြူ စသည်ဖြင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ခြောက်ယောက် ရှိနေသေးကြောင်း သိလိုက်ရပါက သူတိူ့၏ တုန့်ပြန်ပုံသည် မည်သို့ ဖြစ်သွားမည်နည်း။

အချိန်များက နှေးကွေးစွာ ကုန်ဆုံးသွားပြီး တစ်နာရီ ကြာမြင့်သွားပေသည်။

နတ်ဘုရား ချုပ်နှောင်ခြင်း ရွှေပိုးကြိုး၏ နယ်မြေထဲတွင် နတ်ဆိုးတစ္ဆေ ဘိုးဘေး၏ ခန္ဓာကိုယ် ပေါ်၌ ဒဏ်ရာ များဖြင့် ပြည့်နှက်နေပြီး ထိုဒဏ်ရာများသည် ဓားချက်ရာများနှင့် မြေဗုဒ္ဓ လက်ဝါးဆီမှ လက်ဝါးရာများဖြစ်သည်။ငရဲတစ္ဆေ ခန္တာကိုယ်၌ ကြောက်မက်ဖွယ် ရာ စွမ်းအင်များ ရှိနေလျှင်ပင် နတ်ဘုရားချုပ်နှောင်ခြင်းရွှေရောင် ပိုးကြိုးကြောင့် နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် သူ့၏ အသွင်ပြောင်းလဲမှု များကို ပြုလုပ်ရန်၌ နှောင့်နှေးကြန့်ကြာနေရပေသည်။

ယခုအခါ၌ နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် စတင်ရောက်ရှိ လာချိန်က ကဲ့သို့ စိတ်အား ထက်သန်မှု များနှင့် ယုံကြည်မှုများ မရှိတော့ဘဲ ပျောက်ဆုံးသွားပေသည်။

"ဟောင်ရှောင်လုံ...ငါ နတ်ဆိုးတစ္ဆေ ဘိုးဘေးက ဒီတစ်ခေါက်လွတ်မြောက်သွားခဲ့မယ်ဆိုရင် ...မင်းကို အရှင်လက်လက် အရေခွံနွှာပြီး... မင်းရဲ့အသားကို စားပစ်မယ် လို့ ငါ ကျိန်ဆိုတယ်.”

နတ်ဆိုးတစ္ဆေ ဘိုးဘေး၏ အမုန်းတရားများဖြင့် ပြည့်နှက်နေသော အသံက လေထဲတွင် ပဲ့တင်ထပ်သွားလေသည်။

"လွတ်မြောက်ဖို့တဲ့လား.”

ရှောင်လုံက နှာခေါင်း ရှုံ့လိုက်သည်။

"ခင်ဗျား ဒီအခွင့်အရေးကို ဘယ်တော့မှ မရနိုင်တော့တာ ကံဆိုးတာပဲ”

ထိုသို့ ပြောပြီးသည်နှင့် မျက်စိကျိန်းလုမတတ် အလင်းရောင်တစ်ချက် လက်သွားပြီးနောက် မြွေ အမြှီးနှင့် လိပ်ကြီးတစ်ကောင်သည် ရေခဲပြာရောင် အလင်းတန်းကို ထုတ်လွှတ်၍ ရှောင်လုံ၏ နောက်၌ ပေါ်လာပေသည်။

မျက်တောင်တစ်ခတ်အတွင်း ရေခဲပြာရောင် အလင်းသည် နတ်ဘုရားချုပ်နောင်ခြင်းရွှေပိုးကြိုးနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားပေသည်။

"ဒါ...ဒါက လိပ်နက်နတ်မီးတောက်လား”

နတ်ဆိုးတစ္ဆေဘိုးဘေးက စူးရှရှအော်ဟစ်လိုက်လေသည်။

"မင်းက လိပ်နက် နတ်မီးတောက်ကို တကယ်ကြီး ရထားတာပဲ”

နတ်ဆိုးတစ္ဆေဘိုးဘေးက အော်ဟစ်နေချိန်တွင် ရောင်စုံခြယ် ဇာမဏီတစ်ကောင်က ရှောင်လုံ၏ ပတ်ပတ်လည်တွင် ပျံသန်းထွက်ပေါ်လာပြီး တောက်ပသော နီလာရောင် မီးတောက်ကို ထုတ်လွှတ်နေပေသည်။

"ဟ....ဟင်္သာပြဒါးငှက် နတ်မီးတောက်ပဲ”

နတ်ဆိုးတစ္ဆေဘိုးဘေးသည် တုန်လှုပ်မှုကို ကျော်လွန်သွားပေသည်။ ကံမကောင်းစွာဖြင့် သူ့၏ အသိစိတ်ကို သူ့၏ အသိစိတ်ကို မထိန်းချုပ်နိုင်လိုက်ခင်မှာပင် သူ့၏ ခန္ဓာကိုယ် ကို လိပ်နက်နှင့် ဟင်္သာပြဒါးငှက် နတ်မီးတောက် တို့က ဝါးမြိုသွားလေသည်။ခဏကြာပြီးနောက် လေထုထဲမှ အနက်ရောင် နတ်ဘုရား ဦးခေါင်းတစ်ခု ကျဆင်းလာပေသည်။

ရှောင်လုံက သူ့၏ လက်ဝါးကို ဖွင့်လိုက်ကာ အနက်ရောင် နက်ဘုရားဦးခေါင်းကို ဆွဲယူလိုက်လေသည်။သူက နတ်မီးတောက် နှစ်မျိုးကို သူ့၏ ခန္ဓာကိုယ် ထဲသို့ ပြန်လည် ဆင့်ခေါ်လိုက်ပြီးနောက် ပိတ်ဆို့ထားသော နယ်မြေ၏ အပြင်ဘက်သို့ လှမ်းထွက်လာလေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း၈၀၀..... မဟာနတ်ဘုရားအဆင့် သိုင်ပညာရှင် ၂၃ယောက်

အစိမ်းရောင်ရေခဲလူသားနှစ်ယောက်သည် မူလနေရာ၌ပင် ကြောက်လန့်တကြား နာခံစွာဖြင့် ရှိနေကြဆဲ ဖြစ်သည်။သူတို့က ရှောင်လုံထွက်ပေါ်လာသည်ကို မြင်လိုက်ချိန်တွင် နှလုံးခုန်နှုန်းမြန်ဆန်သွားကြသည်။ သူတို့၏ အကြည့်က ရှောင်လုံ၏ လက်ထဲရှိ အနက်ရောင် နတ်ဘုရားဦးခေါင်းပေါ်သို့ ကျရောက်သွားကြပြီး သူတို့၏ မျက်နှားများသည် တင်းကြပ်ဖြူဖျော့သွားကြကာ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေသည်။

ထိုအနက်ရောင် နတ်ဘုရားဦးခေါင်း သည် သံသယရှိစရာ မလိုလောက်အောင်ပင် နတ်ဆိုးတစ္ဆေဘိုးဘေး၏ နတ်ဘုရားဦးခေါင်းဖြစ်ေပသည်။

နတ်ဆိုးတစ္ဆေ ဘိုးဘေးသည် သေဆုံးသွားပြီဖြစ်သည်။

ဟောင်ရှောင်လုံက သူ့ကို တကယ်ကြီးသတ်ဖြတ် ပြစ်လိုက်ပေသည်။သူတို့၏ မျက်လုံးထဲ၌ ဘာမဟုတ်သည့် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုသော နတ်ဘုရားအဆင့်၁၀နောက်ပိုင်း သိုင်းပညာရှင်တစ်ယောက်က နတ်ဆိုးတစ္ဆေ ဘိုးဘေးကို သတ်ဖြတ်ပစ်လိုက်ခြင်းဖြစ်သည်။

သူတို့နှစ်ယောက်သည် မယုံကြည်နိုင်ဖြစ်နေကြပြီး ထိုရလဒ်ကိုမယုံကြည်နိုင်ဖြစ်နေကြပေသည်။

ရှောင်လုံက အစိမ်းရောင်ရေခဲလူသားနှစ်ယောက်ရှေ့တွင် ရပ်လိုက်ပြီး သူ့၏ တသီးတခြားဆန်သော အသံက သူတို့၏ နားထဲသို့ ဝင်ရောက်လာပေသည်။

"အမှန်ပဲ...နတ်ဆိုးတစ္ဆေ ဘိုးဘေက သေ သွားပြီ... ငါသူ့ကို သတ်လိုက်တာ...အခုငါ မင်းတို့ နှစ်ယောက်ကို ရွေးချယ်စရာ နှစ်ခုပေးမယ်...ပထမဆုံးရွေးချယ်စရာက မင်းတို့ရဲ့ စိတ်ဝိညာဉ် ပေါ်မှာ စိတ်ဝိညာဉ် အမှတ်အသားတစ်ခု ခတ်နှိပ်ခွင့်ပြုရမယ်...ပြီးတော့ မင်းတို့ငါ့ကို အညံ့ခံလိုက်မယ်ဆိုရင်တောင် ...သတ်မှတ်ထားတဲ့အတိုင်း ငါက မင်းတို့ တစ်ယောက်ချင်းစီတိုင်းကို အတင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်ရာ နှစ်တိုင်း ထောက်ပံ့ပေးမယ်...ဒုတိယရွေးချယ်မှုကတော့...နတ်ဆိုးတစ္ဆေ ဘိုးဘေးရဲ့ခြေလှမ်းအတိုင်းလိုက်ပြီး သေလိုက်ဖို့ပဲ”

ရှောင်လုံက သာယာလှသော ယာသီဥတုအကြောင်းပြောနေသည့်နှယ် သူ့၏ အသံက တည်ငြိမ်နေသော်လည်း အစိမ်းရောင်ရေခဲလူသားနှစ်ယောက်၏ အမူအရာမှာမူ ဆိုးဝါးနေပေသည်။သူတို့၏ စိတ်ထဲ၌ ဒေါသများ ထွက်ပေါ်နေကြသည်။

ရှောင်လုံသည် သူတို့၏ စိတ်ဝိညာဉ် အကာအကွယ်ကို ဖယ်ရှားကာ သူ့၏ စိတ်ဝိညာဉ် အမှတ်အသားကို ခတ်နှိပ်ပစ်ချင်နေပေသည်။

သူတို့က အညံ့ခံ၍ ရနိုင်သော်လည်း စိတ်ဝိညာဉ် အမှတ်အသားခတ်နှိပ်ခြင်းကမူ လက်မခံနိုင်စရာဖြစ်သည် ။

ထိုညီအစ်ကိုနှစ်ယောက်၏ မျက်လုံးများသည် တွေဝေမှုများ၊ဒေါသများ နှင့် အေးစက်မှုများဖြင့် ပြည့်နှက်သွားပေသည်။

ရှောင်လုံက သူတို့၏ ပြောင်လဲနေသော အမူအရာများကို ကြည့်ရင်း စိတ်ထဲမှ လှောင်ပြောင်လိုက်လေသည်။သူက ဟောင်မိသားစု အိမ်တော်ရှိရာဆီသို့ လှမ်းကြည့်လိုက်လေသည်။

"မင်းတို့အားလုံး... ဒီကို ထွက်လာခဲ့ကြ ”

အစိမ်းရောင်ရေခဲလူသားနှစ်ယောက်သည် ရှောင်လုံ၏စကားများကြောင့် စိတ်ရှုပ်သွားကြချိန်တွင် များစွာသော အသံများသည် တစ်ချိန်တည်း ထွက်ပေါ်လာပေသည်။

"ဟုတ်ကဲ့ သခင်လေး ”

ထိုအသံများနှင့်အတူ ဇာမဏီကလန်ဘိုးဘေး၊ဇာမဏီကလန်ခေါင်းဆောင် ၊ပန်ညီအကို သုံးယောက်နှင့် အမြှီးကိုးချောင်းမြေခွေးဖြူတို့သည် အစိမ်းရောင် ရေခဲလူသားနှစ်ယောက်ရှေ့တွင် ပေါ်ထွက်လာပေသည်။

ချက်ချင်းဆိူသလို ထို ၆ယောက်သည် အစိမ်းရောင် ရေခဲလူသား နှစ်ယောက်အား အလယ်တွင်ထားကာ ဝန်းရံလိုက်ကြသည်။

ရုတ်တရက်ထွက်ပေါ်လာသော မဟာနတ်ဘုရားအဆင့် ၆ယောက်ကို ကြည့်ရင်း အစိမ်းရောင်ရေခဲလူသားနှစ်ယောက်သည် မင်သက်သွားကြလေသည်။

သခင်လေးတဲ့လား။

မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်၆ယောက်က ရှောင်လုံအား သခင်လေးဟု နှုတ်ဆက်လိုက်သံကို ကြားလိုက်ရသည့် မည်သူမဆို တုန်လှုပ်သွားကြပေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက် အစိမ်းရောင်ရေခဲ ညီအစ်ကိုနှစ်သည် သူတို့၏ အသိစိတ်များကို တဖြည်းဖြည်းချင်းထိန်းချုပ်နိုင်သွားသည်။အစောပိုင်းတွင်သူတို့သည် ရှောင်လုံကို အငိုက်ဖမ်းတိုက်ခိုက်ရန် လွတ်မြောက်ရန် အခွင့်အရေးကို ရှာဖွေလိုခဲ့သည်။သို့သော်လည်း ဇာမဏီကလန် ဘိုးဘေးနှင့် အဖြားမဟာနတ်ဘုရားအဆင့် သိုင်ပညာရှင်များ ပေါ်ထွက်လာချိန်တွင် သူတို့၏ လွတ်မြောက်ရန်အတွေးများသည် ပျက်စီးသွားရပေသည်။

မဟာနတ်ဘုရား သိုင်းပညာ ရှင်၆ယောက်က သူတို့ကို စောင့်ကြည့်နေကြပြီး မဟာနတ်ဘုရားအဆင့်၂နောက်ပိုင်းအဆင့် ဖြစ်သည့် ရွှေရောင်နတ်နဂါးတစ်ကောင် ကလည်း ရှိနေသည်မို့ သူတို့သည် လွတ်မြောက်နိုင်စွမ်းမရှိတော့ပေ။သို့သော်လည်း သူတို့သည် ဟောင်ရှောင်လုံ၏ ထိန်းချုပ် မှုကို ခံယူရန် ဆန္ဒ မရှိနေဆဲ ဖြစ်သည်။

တစ်ဖက်တွင်မူ ရှောင်လုံက သူတို့ စကားကို ကြားရရန် အလျင်လိုနေခြင်းမရှိပေ။သူက ထို့နှစ်ယောက်ကို အလည်ဗဟိုထား၍ နတ်ဘုရားချုပ်နှောင်ခြင်း ရွှေပိုးကြိုးကို ခင်းကျင်ထားပြီးဖြစ်သည်မို့ လွတ်မြောက်သွားမည် ကို ဆိုးရိမ်နေခြင်းမရှိပေ။

အချိန်များစွာ ကုန်လွန်သွားသည်။အစိမ်းရောင်ရေခဲလူသားနှစ်ယောက်သည် ခံစားချက်များစွာဖြင့် လွန်ဆွဲနေကြပြီးနောက် အဆုံး၌ ရှောင်လုံထံတွင် ရွေးချယ်ရန် ဆုံးဖြတ်လိုက်လေသည်။

သူတို့၏ အညံခံမည်ဟူသော ဆုံးဖြတ်ချက်ကို ကြားလိုက်ရချိန်တွင် ရှောင်လုံ၏ မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာပေသည်။

ထို အစိမ်းရောင်ရေခဲလူသားနှစ်ယောက်သည်လည်း နတ်ဆိုးတစ္ဆေ ဘိုးဘေးကဲ့သို့ မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်း အထွတ်အထိပ်အဆင့်များဖြစ်သည်။ သူတို့နှစ်ယောက် ပေါင်းလိုက်မည်ဆိုလျှင် နတ်ဆိုးတစ္ဆေ ဘိုးဘေး ထက် သေချာပေါက် ပိုမို သန်မာပေသည်။

သူတို့ကိုပါပေါင်းထည့်လိုက်မည်ဆိုလျှင် ရှောင်လုံ၏ အင်အားစုသည် ပိုမို သန်မာလာပေလိမ့်မည်။ရှောင်လုံက သူတို့၏ စိတ်ဝိညာဉ် ကို သူ့၏ စိတ်ဝိညာဉ် အမှတ်အသားနှင့် တံဆိပ် ခတ်နှိပ်ရန် မေ့လျော့မနေခဲ့ပေ။

သို့သော်လည်း သူက နတ်ဆိုးတစ္ဆေ ဘိုးဘေး၏ သေဆုံးခြင်းသည် သူနှင့် ပက်သက်နေကြောင်းကို အပြင်ဘက်လောက ဆီသို့ သတင်းထွက်မသွားစေရန် အားလုံးအား မှာကြားထားလိုက်ပေသည်။

မကြာမှီ သုံးလတာ ကုန်ဆုံးသွားသည်။

ထိုသုံးလအတွင်း ကြယ်စင်စုလေးစုထဲ၌ တံခါးပိတ်ကျင့်ကြံနေကြသော ဘိုးဘေးများနှင့် မကောင်းဆိုးဝါးအိုကြီးများသည် သိုင်းဝိညာဥ် ကမ္ဘာဆီသို့ အပြေးအလွှားရောက်ရှိလာကြပေသည်။ သူတို့ထဲမှ အများစုသည် ဂုဏ်မောက်သောင်းကျန်းတတ်သော စရိုက်များရှိပေသည် ။သူတို့ရောက်ရှိလာချိန်တွင် တစ်ယောက်ချင်းစီတိုင်းသည် ရှောင်လုံက သူတို့ကို အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများ ပေးရမည်ဟု မောက်မာစွာဖြင့် တောင်းဆိုကြလေသည်။

နတ်ဆိုးတစ္ဆေဘိုးဘေးကဲ့သို့ပင် အချို့သည် ဟောင်မိသားစု ဝင်များကို အသုံးပြု၍ ရှောင်လုံ၏ ရတနာသိုက်အား လွှဲ အပ်ပေးရန် ခြိမ်းခြောက်လာကြသည်။

ထိုကဲ့သို့သော သဘောများနှင့် လူများကို ရှောင်လုံက အချိန်ဖြုန်းမနေဘဲ သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ အချို့က သူတို့၏ အသက်များအား ချမ်းသာပေးရန် ရှောင်လုံကို တောင်းပန်ကြပြီး သူတို့၏ စိတ်ဝိညာဉ် အား စိတ်ဝိညာဉ် အမှတ်အသား ခတ်နှိပ်ခွင့်ပြုရန် ဆန္ဒရှိလာကြသည်မို့သူက သူတို့ကို ထိန်းချုပ်နိုင်သွားလေသည်။

အချို့သော သူများသည်သာရိုးရိုးသားသားဖြင့် ရှောင်လုံဆီကို အမှုထမ်းရန် ရောက်ရှိလာကြသည်။ထိုသူများကို ပုံမှန်အားဖြင့် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုရပေမည်။ သို့သော် ထိုသို့ဆိုလျှင်ပင် ရှောင်လုံသည် သူတို့တောင်းသည့်စျေးနှုန်းတိုင်းပေးရန်အထိ တုံးအနေခြင်းမရှိပေ။

ထိုသို့ ရိုးသားစွာ အမှုထမ်းလာသူများအတွက် ရှောင်လုံသည် အနည်းဆုံးအချိန်ကာလအဖြစ် နှစ်တစ်ရာ သတ်မှတ်ကာ သွေးစာချုပ်များ ချုပ်ပေးလိုက်လေသည်။

သွေးစာချုပ်ကို လက်မှတ်ထိုးသည့် လူတိုင်းသည် ကောင်းကင်ဘုံနိယာမကို တိုင်တည်ကျိန်ဆိုရမည်။ သွေးစာချုပ်ကိုဖောက်ဖျက်သူတိုင်းကောင်းကင်ဘုံ နိယာမ၏ အပြစ်ပေးခြင်းကိုခံရပြီး သူတို့၏ ကျင့်စဥ်တွင် ပိတ်ဆို့မှုများ ကြုံတွေ့ရပေလိမ့်မည်။

သွေးစာချုပ်နှင့် ကျမ်းကျိန်ချက်တို့ ပြီးမြောက် အောင်မြင်သွားသည်နှင့် နှစ်တစ်ရာ သဘောတူညီချက်အရ မဟာနတ်ဘုရားအဆင့် ၁ သိုင်းပညာရှင်များသည် အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်သောင်းကို ရရှိမည်ဖြစ်ပြီး မဟာနတ်ဘုရား အဆင့် ၂ သိုင်းပညာရှင်များသည် အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးနှစ်သောင်းကို ရရှိမည်ဖြစ်သည်။

သုံလအတွင်း ရှောင်လုံသည် စုစုပေါင်းသွေးစာချုပ်ကိုးခု လုပ်ဆောင်ခဲ့ရသည် ။စုစုပေါင်းမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ကိုးယောက်ဖြစ်သည်။သူတို့ကြားတွင် ၈ယောက်သည် မဟာနတ်ဘုရား အဆင့်၁များဖြစ်ပြီး တစ်ယောက်သည် မဟာနတ်ဘုရားအဆင့် ၂သိုင်းပညာရှင်ဖြစ်သည်။

နတ်ဆိုးတစ္ဆေဘိုးဘေးကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသူများသည် ရှောင်လုံ၏ လက်ထဲ၌ သေဆုံးသွားသည်မှာ ၁၃ယောက် ရှိသွားပြီဖြစ်သည် ထို့အပြင် မဟာနတ်ဘုရားအဆင့် ၁ သိုင်းပညာရှင် ၇ယောက်နှင့် မဟာနတ်ဘုရားအဆင့် ၂ယောက်တို့သည် သူတို့၏ စိတ်ဝိညာဉ် များကို ရှောင်လုံအား တံဆိပ်ခတ်နှိပ်ခွင့်ပြုရန် ဆန္ဒရှိကြပေသည်။

ထို့ကြောင့် သုံးလဟူသော အချိန်တိုအတွင်း ရှောင်လုံဆီ၌ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်အသစ် ၁၆ယောက် ရရှိသွားပေသည်။ ထိုအထဲမှသုံးယောက်သည် မဟာနတ်ဘုရားအဆင့်၂ သိုင်းပညာ ရှင်များ ဖြစ်သည်။

နဂါးအင်ပါယာအောင်းတိုင်ရီ ၊ဇာမဏီကလန်ဘိုးဘေးနှင့် ကျန်သည့်သူများကို ပါ ပေါင်းလျုက်မည်ဆိုလျှင် ရှောင်လုံ၏ ဘေး၌ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ၂၃ယောက် ရှိသွားပေလိမ့်မည်။မဟာနတ်ဘုရားအဆင့်၂ သိုင်းပညာရှင်များမှာ ၄ယောက်ဖြစ်သည်။

ထိုကဲ့သို့သော အင်အားစု တစ်ခုသည် အနက်ရောင်လိပ်ကြယ်စင်စု၏ မည်သည့် ထိပ်တန်း အင်အားစုကိုမဆို ပြားပြားဝပ်သွားအောင် ချေမှုန်းပစ်လိုက်နိုင်စွမ်းရှိသည်။

အင်အားကြီးမိသားစုများ၏ မဟာနတ်ဘုရားအဆင့် ဘိုးဘေးများနှင့် မိသားစု ခေါင်းဆောင်များသည် သူတို့မိသားစုများ၏ အကျိုးအမြတ်နှင့် ဆက်နွယ်မှုများကို  စဥ်းစားရန် လိုအပ်ပေသည်။ဥပမာအားဖြင့် ဂုဒူမိသားစု၏ ဘိုးဘေးက ရှောင်လုံထံတွင် အမှုထမ်းရန် ဆုံးဖြတ်လိုက်မည်ဆိုလျှင် ဂုဒူမိသားစု တစ်ခုလုံးသည် ရှောင်လုံကို အညံ့ခံလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုကဲ့သို့သောကိစ္စ၏ အကျိုးအမြတ်နှင့် လွှမ်းမိုးမှုများသည် ရှုပ်ထွေးလှသောကြောင့် ရှောင်လုံ၏ ဆွဲဆောင်နိုင်စွမ်းရှိအောင် သတ်မှတ်ပေးထားသည့် အခြေအနေနှင့်ပင် မည်သည့် ထိပ်တန်းအင်အားစုများ၏ ဘိုးဘေးနှင့် မိသားစုခေါင်းဆောင် ကမှ ရောက်ရှိမလာခြင်း ဖြစ်သည်။

သုံးလပြည့်သွားချိန်တွင် ရှောင်လုံသည် ဇာမဏီကလန်ဘိုးဘေး နှင့် အခြားသူများအား သူက နတ်ဆိုးတစ္ဆေ  ဘိုးဘေးကို သတ်ဖြတ်သောသတင်းနှင့် သူနှင့်အတူ သွေးစာချုပ် ချုပ်ဆိုထားသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ကိုးယောက်၏ နာမည်များကို ကြေညာရန် စေခိုင်းလိုက်သည်။

ဟုတ်ပေသည်...ရှောင်လုံက သွေးစာချုပ် ချုပ်ဆိုထားသည့် သိုင်းပညာရှင်များ၏ နာမည်များကိုသာကြေညာလိုက်ခြင်းဖြစ်သည်။နဂါးအင်ပါယာ အောင်တိုင်ရီ၊ဇာမဏီကလန်ဘိုးဘေး နှင့် ကျန်ငါးယောက်ကိုမူ လျို့ဝှက်ချက်အဖြစ်ဖုံးကွယ်ထားေလသည်။

ထိုသို့ဆိုလျှင်ပင် ရှောင်လုံက ထိုနာမည်များကို ပြင်ပကမ္ဘာဆီသို့ကြေညာလိုက်သည်နှင့် ကြယ်စင်စုလေးစုလုံးကို ကြီးမားလှသည့် မိုးကြိုးလျှပ်စီးတစ်ခု ပစ်ခတ်သွားသည့်နှယ် တုန်လှုပ်သွားစေပေသည်။

အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ ဝူဟွမ်တောင်ထိပ်ပေါ်၌... ။

"မင်းဘာပြောလိုက်တာလဲ... မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ကိုးယောက်တောင် ဟောင်ရှောင်လုံနဲ့ သွေးစာချုပ် ချုပ်ဆိုပြီးသွားကြပြီတဲ့လား”

ဝမ်နာ၏ ဒေါသက ပေါက်ကွဲထွက် လာပြီး ထိုကိစ္စအား တင်ပြလာသော မဟာအကြီးအကဲ ဟဲ့ကျီဝူကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"အမှန်ပါပဲ...လက်ထောက်ကျောင်းအုပ်ကြီး...ဒီသတင်းက ပျံ့နှံ့နေပြီးတော့ သတင်းအမှန်ဖြစ်တဲ့အကြောင်းကိုလဲ အတည်ပြုပြီးသွားပါပြီ ”

ဟဲ့ကျီဝူက တုန့်ဆိုင်းစွာဖြင့် ဆက်ပြောလိုက်သည်။

"ဟောင်ရှောင်လုံက သူတို့နဲ့ နှစ်ပေါင်းတစ်ရာ စာချုပ်ချုပ်ထားတာပါ"

ဝမ်နာ၏မျက်နှာက ရှုံ့မဲ့တွန့်လိမ်သွားလေသည်။

"ငါ ဒါကို လုံးဝ မယုံနိုင်ဘူး...မဖြစ်နိုင်လိုက်တာ...ဟောင်ရှောင်လုံက ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိနေနိုင်မှာတဲ့လဲ"

ဟဲ့ကျီဝူက ဝမ်နာကို ဂရုတစိုက် ကြည့်ကာ ပြောလိုက်လေသည်။

"ဒီငယ်သားလည်း မယုံကြည်နိုင်ဖြစ်နေရတာပါပဲ... ဒါပေမယ့် ဒါက အမှန်ပါ...သွေးစာချုပ် ချုပ်ဆိုပြီးသွားတာနဲ့ ဟောင်ရှောင်လုံကမဟာနတ်ဘုရားအဆင့်၁ သိုင်းပညာရှင်တွေကို အတင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်းပေးခဲ့တယ်...ပြီးတော့ မဟာနတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်အားလုံးကို စိတ်ဝိညာဉ် ကျောက်တုံး၂သောင်းပေးခဲ့တယ်"

ဝမ်နာသည် သူမ၏ခုံပေါ်သို့ ပျော့ခွေလျက် ထိုင်ကျသွားပြီး ချက်ချင်းဆိုသလို ပြန်ခုံထလာပြန်သည်။ သူမက ရူးသွပ်နေသည့် အကြည့်များဖြင့် သူတို့ ကြည့်လာသည်။သူမ၏ လက်များကို လေထဲ၌ ဝှေ့ရမ်းလိုက်ပြီး ခန်းမထဲရှိ ပရိဘောဂ ပစ္စည်းများကို လေထဲသို့ လွင့်စင်သွားစေသည်။

"မဟုတ်ဘူး....မဟုတ်ဘူး...မဖြစ်နိုင်ဘူး...ဒါလုံးဝ မဖြစ်နိုင်ဘူး”

သူမက သူမကိုယ်သူမ တစ်စုံတစ်ခုအား လက်ခံလာစေလိုသည်နှယ် အော်ဟစ်လိုက်လေသည်။

Continue Reading

You'll Also Like

537K 18.3K 77
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
156K 3.8K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
26.3K 579 41
A student from the Paldea region took an interest in traveling to other regions to learn new things.
151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...