ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

791 - 795

172 9 0
By Azure5549

အပိုင်း ၇၉၁..... ဟောင်ရှောင်လုံကို သတ်လိုက်
ရှောင်လုံထွက်သွားပြီးမကြာမီတွင် သူသည်အနက်ရောင်သူရဲကောင်းမြို့တော်၏ ကူးပြောင်းခြင်းအစီအရင် ရှေ့၌ ထွက်ပေါ်လာလေသည်။
သူက ထိုအဖြစ်အပျက် အပြီးနောက် မြို့တော်ကိူ လျှောက်ပတ်သွားလိုစိတ် ဆုံးရှုံးသွားလေသည်။
ကူးပြောင်းခြင်းအစီအရင်ကို ဖြတ်သန်းပြီးသည်နှင့် သူသည် အနက်ရောင်သူရဲကောင်းတက္ကသိုလ်မြေပေါ်သို့ ခြေချမိသွားသည်။ သူက သူ့ဆရာ ဖုယန်၏ အိမ်တော်ဆီသို့ ဦးတည်လိုက်လေသည်။ သို့သော်လည်း ထိုသို့ ရောက်သွားချိန်တွင် အပြင်ဘက်၌ စောင့်ကြပ်နေသော တပည့်များက ဖုယန်သည် တံခါးပိတ်ကျင့်ကြံသွားပြီ ဖြစ်ကြောင်း သူ့ကို သတင်းပို့လိုက်ကြသည်။ ထို့ကြောင့် ရှောင်လုံသည် စိတ်ပျက်အားလျော့စွာဖြင့် ပြန်သွားရတော့သည်။
ထို့နောက် သူက ရွှေရောင်နဂါးတောင်ထွတ်ဆီသို့ အလျင်အမြန်ပင် ပြန်လိုက်လေသည်။
ရွှေရောင်နဂါးတောင်ထွတ်ပေါ်ရှိ အရာအားလုံးသည် သူထားခဲ့သည့်အတိုင်း ရှိနေဆဲ ဖြစ်သည်။ ကြည့်ရသည်မှာ သူ ဟဲ့ကျီဝူနှင့် ဟဲ့ဖေးတို့ကို သင်ခန်းစာပေးလိုက်ပြီးနောက်၌ စုန်းမအိုကြီး ဝမ်နာသည် ဉာဏ်ရှိစွာဖြင့် ခြေတစ်လှမ်း ဆုတ်သွားဟန် ရသည်။
ရွှေရောင်နဂါးတောင်ထွတ်၌ ခဏမျှ ရပ်တန့်ပြီးနောက် ရှောင်လုံသည် လျိုယွင်၏ ကျင့်ကြံရာနေရာဆီသို့ သွားလိုက်သည်။
ရှောင်လုံကို မြင်လိုက်ချိန်၌ လျိုယွင်သည် ပြုံးဖြီးဖြီး ရယ်မောလိုက်လေသည်။
"ဆရာတူညီလေး...မင်း ပြန်လာပြီ ပဲ"
ရှောင်လုံက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လျိုယွင်က ရှောင်လုံ၏ ပခုံးကို ပျော်ရွှင်စွာဖက်လိုက်လေပြီး ခန်းမ ဆောင်ထဲသို့ ခေါ်ဆောင် သွားသည်။သူတို့ ခန်းမထဲသို့လျှောက်သွားနေရင်း လျိုယွင်က ရှောင်လုံအား စကြာဝဠာ မိခင် ယောင့်ချီ၏ အမွေအနှစ်အကြောင်း မေးလိုက်လေသည်။
ရှောင်လုံက လျိုယွင် အပေါ်တွင် အမြဲ တမ်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သည်မို့ သူသည် ယောင့်ချီ ဂိုဏ်း၏ ဂိုဏ်းချုပ်တံဆိပ်ပြားကို ရ ရှိခဲ့ပြီးဖြစ်ကြောင်း ပြောပြလိုက်လေသည်။
ဤသည်ကိုကြားလိုက်သည်နှင့် လျိုယွင်က ရှောင်လုံကို ဝမ်းသာအားရဖြင့် ဂုဏ်ပြုစကားဆိုလိုက်လေသည်။ ထို့နောက် သူက သိမ်းဆည်းထားသော ဝိုင်အိုးများစွာကို ထုတ်ယူလိုက်သည်။သို့မှ သူတို့ညီအစ်ကို နှစ်ယောက်သည် စကြာဝဠာ မိခင်ယောင့်ချီ၏ အမွေအနှစ်ကို ဆက်ခံ နိုင်ခဲ့သော ရှောင်လုံ၏ အောင်မြင်မှုကို ဂုဏ်ပြုသည့် အနေဖြင့် စိတ်ကျေနပ်သည်အထိ အရက်သောက်ကြမည်ဖြစ်သည်။
ရှောင်လုံက သူ့၏ လက်ကို ဝှေ့ရမ်းလိုက်ရင်းပြောလိုက််သည်။
"ဆရာတူ အစ်ကိုကြီး...ကျွန်တော် ကိုယ်တိုင် ဖော်စပ်ထားတဲ့ ကောင်းကင်ဘုံ ဆေးဝိုင်ကို ကျေးဇူးပြုပြီး မြည်းကြည့်ပါဦး”
သူ့၏ လက်ထဲတွင် ကောင်ကင်ဘုံဆေးဝိုင်နှစ်အိုးပေါ်ထွက်လာလေသည်။
"ကောင်းကင်ဘုံဆေးဝိုင်တဲ့လား”
လျိုယွင်၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန်များ ပေါ်ထွက်လာသည်။
ထိုခဏတွင် ရှောင်လုံသည် ကောင်းကင်ဘုံ ဆေးဝိုင် နှစ်အိုးကို အဖုံးဖွင့်လိုက် သည်မို့ ချက်ချင်းဆိုသလို မွှေးပျံသင်းကြိုင်နေသော ဝိုင်ရနံ့က ခန်းမ ထဲတွင် ပြည့်နှက်သွားလေသည်။
လျိုယွင်က အစပိုင်းတွင် ကြောင်အသွားပြီးနောက် သူ့၏ အကြည့်သည် ပူလောင် ပြင်းပြလာသည်။ သူက ကောင်းကင်ဘုံဆေးဝိုင်၏ အရသာကို မသိရှိသော်လည်း ၄င်း၏ ရနံ့နှင့်ပင် ကောင်းမွန်လှသော အရာဖြစ်ကြောင်း သူသေချာပေါက်သိရှိပေသည်။
လျိုယွင်က အရသာကို မြည်စမ်းကြည့်လိုသွားသည်မို့ ရှောင်လုံပေးလာသည့် ဝိုင်အိုးကို အလျှင်အမြန် လက်ခံလိုက်ကာ ပါးစပ်အပြည့် မော့သောက်လိုက်လေသည်။ဝိုင် အရက် တို့သည် သူ့၏ လျှာပေါ်ရှိ အရသာခံဖုများကို ညှင်သာစွာ ထိတွေ့သွားပြီးနောက် လည်ချောင်းထဲသို့ ကျဆင်းသွားလေသည်။ဝိုင်၏ မွှေးရနံ့သည် သောက်သုံးပြီးနောက်၌ပင် သူ့၏ ပါးစပ်ထဲ၌ စွဲကျန် စိမ့်ဝင်ပျံ့နှံ့သွားသည်။သူ့၏ ခန္ဓာကိုယ် အတွင်းပိုင်းထဲတွင် နွေးထွေးလှသော စွမ်းအင်စီးကြောင်းများ ပျံ့နှံ့သွားလေပြီး အလွန်အမင်း သက်သောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရလေသည်။
"ဆရာတူညီလေး... ဒီကောင်းကင်ဘုံဆေးဝိုင်က...”
လျိုယွင်က ရှောင်လုံကိုအံ့အားသင့်စွာ စိုက်ကြည့်လိုက်လေသည်။
ဤသည်မှာ သူ့၏ ဘဝ တစ်လျှောက်လုံ၌ သောက်ဖူးသမျှထဲတွင် အကောင်းဆုံးသော ဝိုင်ဖြစ်သည်။ ကြယ်စင်စုလေးစုလုံး၌ အကောင်းဆုံသောဝဆေးဝိုင်ဖြစ်သည့် တော်ဝင်ဆေးဂိုင်သည်ပင် ရှောင်လုံ၏ ကောင်းကင်ဘုံဆေးဝိုင်နှင့် နှိုင်ယှဥ်လျှင် တစ်ဆင့် နိမ့်နေဆဲ ဖြစ်သည်။
ရှောင်လုံက လျှိုယွင်ဆီမှ ထိုသို့သော တုန့်ပြန်မှုကို မျှော်လင့်ထားသည့်နှယ် ရယ်မောလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ကျွန်တော် က စကြာဝဠာ အဆင့်နတ်ဆေးလုံး အမျိုးအစား တစ်ထောင်ကျော်ကို ကောင်းကင်ဘုံဆေးဝိုင် ချက်တဲ့နေရာမှာ အသုံးပြုခဲ့တယ်လေ...ဒါပေမယ့်... တော်ဝင်ဆေးဝိုင်နှင့်မတူအောင်လို့ ကျွန်တော်က အထွတ်အမြတ်အဆင့် နတ်ဆေးလုံး တချို့ကိုပါ ပေါင်းထည့်လိုက်သေးတယ်...ဟုတ်တာပေါ့... ဝိုင်ချက်တဲ့နည်းလမ်းကလည်း ခြားနားတယ်လေ...ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင် အထူးနည်းစနစ်ကို အသုံးပြုခဲ့တာ ”
လျိုယွင်က တုန်လှုပ်သွားလေသည်။
"စကြာဝဠာ အဆင့် စိတ်ဝိညာဉ် ဆေးလုံး အမျိုးအစား တစ်ထောင်ကျော်နဲ့ အထွတ်အမြတ်အဆင့် နတ်ဆေးလုံးတွေ တဲ့လား"
ထိုသို့ဆိုပါက ဤကောင်းကင်ဘုံဆေးဝိုင်၏ ကုန်ကျသည့် တန်ကြေးသည် သန်းတစ်ရာနီးနီး ရှိနေသည်ဟု ဆိုလို နေခြင်းမဟုတ်လော။
လျိုယွင်သည် ရုတ်တရက်ဆိုသလို သူ့လက်ထဲရှိ ဝိုင်အိုးက အလွန်တရာ လေးလံလာသည်ဟု ခံစားလိုက်ရပေသည်။
ခဏကြာပြီးနောက် သူသည် ခါးသက်သက် ပြုံးလိုက်မိလေသည်။ သူ့၏ ဆရာတူညီလေး တစ်ယောက်တည်းသာ ဤကဲ့သို့သော ဝိုင်မျိုးကို ချက်လုပ် သောက်သုံးနိုင်စွမ်းရှိပေလိမ့်မည်။တက္ကသိုလ် လေးခုလုံးရှိ ကျောင်းအုပ်ကြီးများသည်ပင် သန်းတစ်ရာ တန်ကြေးရှိသော ဝိုင်အိုးကို သောက်သုံးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
"အရသာက ဘယ်လိုလဲ... သောက်လို့ကောင်းရဲ့လား ”
ရှောင်လုံက မေးလိုက်လေသည်။
"သူ့ရဲ့ကောင်းကင်ဘုံဆိုတဲ့နာမည်နဲ့ထိုက်တန်ပါပေတယ်”
လျိုယွင်က ဖြေလိုက်လေသည်။
"ဒီကောင်းကင်ဘုံဆေးဝိုင်ကို ဒုတိယလို့ သတ်မှတ်မယ်ဆိုရင်... တခြားဘယ်ဝိုင်ကိုမှ ပထမလို့ ပြောရဲမှာ မဟုတ်ဘူး”
ရှောင်လုံက ပြုံးလိုက်သည်။
"ဆရာတူ အစ်ကိုကြီး သဘောကျတယ် ဆိုရင် ကျွန်တော့် ဝိုင်အိုးနည်းနည်း ရှိနေသေးတယ်... အကုန်လုံး အစ်ကိုကြီးအတွက်ပဲ”
လျိုယွင်က တောက်ပစွာပြုံးလိုက်လေသည်။သူက ရှောင်လုံကို ရှက်ရွံ့နေခြင်း မရှိဘဲ ကောင်းကင်ဘုံဆေးဝိုင်များစွာကို လက်ခံလိုက်လေပြီး သူ့၏ သိုလှောင်လက်စွပ်ထဲသို့ အလျှင်အမြန် သိမ်းဆည်းလိုက်သည်မှာ တစ်ယောက်ယောက်သူ့ဆီမှ ခိုးဝှက်သွားမည်ကို ကြောက်ရွံနေသည့်ဟန်ရသည်။
ထို့နောက် သူတို့နှစ်ယောက်သည် ဝိုင်ခွက်ချင်းတိုက်ကာ သောက်လိုက်ကြလေသည်။
ခဏကြာပြီး နောက် ရှောင်လုံက မေးလိုက်လေသည်။
"အကြီးဆုံးဆရာတူ အစ်ကိုကြီး... အစ်ကိုကြီးနှင့် ဆရာတူ အစ်မသုံးတို့ အခု ဘယ်လိုဖြစ်သွားပြီလဲ ”
ရှောင်လုံ၏ မေးခွန်ကို ကြားလိုက်သည်နှင့် လျိုယွင်၏ မျက်နှာထက်ရှိ အပြုံးသည် အေးခဲသွားလေပြီး စိတ်ပျက် အားလျော့သွားဟန်ရသည်။သူ့၏ပါးစပ်က ပိတ်လိုက်ဖွင့် လုပ်နေသော်လည်း မည်သည့်စကားမှ ထွက်မလာပေ။
လျိုယွင်၏ အမူအရာကိုကြည့်ရင်း ရှောင်လုံက မျက်မှောင်ကြုတ်လိုက်လေသည်။
"ချီမိသားစုဘိုးဘေးက သူ့စကားသူ ပြန်ယုတ်သိမ်းလိုက်လို့လား”
ထိုသို့မေးလိုက်ရင်း သူ့၏ မျက်လုံးများက စူးရှသွားလေသည်။
လျိုယွင်က ခေါင်းကို ရမ်းလိုက်ရင်း ရှင်းပြလိုက်လေသည်။
"ငါတို့ ယောင့်ချီတောင်တန်းကနေ ပြန်ရောက်လာတာနဲ့ ...မင်းရဲ့ဆရာတူ အစ်မ၃နဲ့ ငါက ချီမိသားစု ဘိုးဘေးကို ချက်ချင်းသွားတွေ့ခဲ့တယ်... သူက အဆင်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းကို မြင်လိုက်တာနဲ့... ကျူးမိသားစု နဲ့ပြောထားတဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းဖို့ သဘောတူခဲ့တယ်...ဒါပေမယ့် ကျူးမိသားစုဘက်က...”
သူ့၏ အသံက တဖြည်းဖြည်း တိမ်ဝင်သွားလေသည်။
ရှောင်လုံ၏ မျက်လုံးများက မှေးကျဥ်းသွားလေသည်။ လျိုယွင်က ဆက်မပြောတော့သော်လည်း ပြဿနာမှာ ကျူးမိသားစု၏ ဘိုးဘေးဖြစ်ကြောင်း ရှောင်လုံ ခန့်မှန်းမိလေသည်။
ရှောင်လုံ၏ အသံက တင်းမာသွားပေသည်။
"ချီမိသားစု ဘိုးဘေးက ကျူးမိသားစုနှင့် လက်ထပ်ပွဲကို ငြင်းဆိုလိုက်ပြီ ဆိုမှတော့ ...ကျူးမိသားစုက ဝင်ပါစရာ အကြောင်း မရှိဘူး မဟုတ်လား...ကျူးမိသားစု ဘိုးဘေး သဘောမတူရတဲ့ အကြောင်းအရင်းက ဘာလဲ”
လျိုယွင် သည် ခါးခါးသီးသီးပြုံးလိုက်လေသည်။
"ချီမိသားစု နဲ့ ကျူးမိသားစု တို့ လက်ထပ်ပွဲကို သတ်မှတ်ခဲ့တဲ့နေ့က...နှစ်ဖက်စလုံး သွေးစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြတယ်...နှစ်ဖက်စလုံးက လက်ထပ်ပွဲကို တညီတညွတ်ထဲ ငြင်းပယ်မှ သွေးစာချုပ်က ပျက်ပြယ်သွားလိမ့်မယ်...ကျူးမိသားစုဘိုးဘေးရဲ့ လက်ထဲက သွေးစာချုပ်နဲ့ဆိုရင်..."
ရှောင်လုံက ပိုမို နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျူးမိသားစု ဘိုးဘေးက ဘယ်လို အခြေအနေ မျိုးနဲ့မှ လက်ထပ်ပွဲကို ဖျက်သိမ်းပေးဖို့ သဘောတူမှာတဲ့လဲ"
လျိုယွင်က တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်လေသည်။
"အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းကို ပေးမယ်ဆိုရင်...ကျူးမိသားစုဘိုးဘေးက လက်ထပ်ပွဲကို ဖျက်သိမ်းပေးဖို့ သဘောတူမယ်လို့ ပြောတယ်"
လျိုယွင်က ခဏမျှ ရပ်ကာ ဆက်ပြောလိုက်သည်။
"မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ မတိုင်ခင် စိတ်ဝိညာဉ်ကျောက်တုံးတွေကို သူ့ဆီ ပေးရမယ်လို့လည်း ပြောလိုက်သေးတယ်"
ရှောင်လုံက နှာခေါင်းရွံ့လိုက်သည်။ ကျူးမိသားစု ဘိုးဘေးသည် လမင်းကိုလိုချင်သည်ဟု တောင်းဆိုနေခြင်းပင် ဖြစ်သည်။
အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်း....။
သူ့၏ ဆရာ ဖုယန်က ကျောင်းအုပ်ရာထူးကို လက်လျှော့ထားသောကြောင့် သူ့၏ဆရာတူ အစ်ကို လျိုယွင်အား သူတို့စိတ်ကြိုက် ပုံသွင်း၍ ရလိမ့်မည်ဟု ကျူးမိသားစုက ယုံကြည်ထားကြသည်လား။
"ဆရာတူ အစ်ကိုကြီး... သွားမယ်...ကျွန်တော်တို့ ကျူးမိသားစုရဲ့ အဓိက အိမ်တော်ဆီသွားကြတာပေါ့ ”
ထိုသို့တွေးလိုက်မိသည်နှင့် ရှောင်လုံ၏စိတ်ထဲသို့ ဒေါသဝင်ရောက်လာပြီး မက်တပ်ထရပ်လိုက်လေသည်။
လျိုယွင်က ကြောင်အသွားလေသည်။
"ဆရာတူညီလေး.... မင်း...ဒါက..."
ရှောင်လုံက ရယ်မောလိုက်လေသည်။
"ဒါက အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းလောက်လေးပါပဲ ကျွန်တော် ဒီလောက်တော့ တတ်နိုင်ပါသေးတယ် ”
ဟုတ်ပေသည်။
ကျူးမိသားစုက ထို စိတ်ဝိညာဉ် ကျောက်တုံးများကို သူ့၏ လက်ထဲမှ ယူနိုင်စွမ်း ရှိ မရှိ အပေါ်တွင် မူတည်နေပေသေးသည်။
"ဒါပေမယ့်..."
လျိုယွင်က ချီတုံချတုံ ဖြစ်သွားလေသည်။
အရင်တစ်ခေါက်က ရှောင်လုံသည် သူ့ကို အတင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးနှစ်သောင်းပေးလာခြင်းကပင် ကောင်ကင်ဘုံထက် ကြီးမားလှသော အကူအညီဖြစ်နေပြီးသား ဖြစ်သည်။သူက မည်သို့ သော မျက်နှာဖြင့် ရှောင်လုံ့ဆီမှ နောက်ထပ် အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံးနှစ်သောင်းကို တောင်းယူ နိုင်လိမ့်မည်နည်း။
ထို်ကြောင့် ဤ နှစ်များအတွင်း ရှောင်လုံရှိရာ ယောင့်ချီတောင်တန်းဆီသို့ အလည်မသွားခဲ့ခြင်းဖြစ်သည်။ရှောင်လုံ ရောက်ရှိလာချိန်၌ပင် သူက ထိုအကြောင်းကို ပြောမပြခဲ့ပေ။
"စိတ်ချပါ ဆရာတူ အစ်ကိုကြီးရာ... အဲ့ဒီ အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးနှစ်သောင်းကို အသာထား... အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုန်း နှစ်သိန်းဆိုရင်တောင် ကျွန်တော့်မှာ ရှိတယ်....လာသွားရအောင်”
လျိုယွင်၏ အမူအရာကို ကြည့်ရင်း သူဘာတွေးနေသည်ကို နားလည်လိုက်သောကြောင့် ဖြောင်းဖြလိုက်လေသည်။
အဆုံး၌ လျိုယွင်သည် ခေါင်းညိတ်လိုက်သည်။သူနှင့်ရှောင်လုံတို့က အနက်ရောင်သူရဲကောင်းတက္ကသိုလ်မှ ထွက်ခွာလိုက်ကာ ကျူးမိသားစု၏ ဆန်းကြယ် ကျောက်တုံး ကမ္ဘာဆီသို့ ဦးတည်လိုက်ကြလေသည်။
ဆန်းကြယ်ကျောက်တုံး ကမ္ဘာ၏ ကူးပြောင်း အစီအရင် ထဲမှ ထွက်လိုက်ပြီးနောက် ရှောင်လုံနှင့် လျိုယွင် တို့သည် ကျူးမိသားစု၏ အဓိက အိမ်တော် တည်ရှိရာနေရာ ဖြစ်သော ဆန်းကြယ်ကျောက်တုံးမြို့တော် တည်ရှိရာ နေရာဆီသို့ ဦးတည်လိုက်လေသည်။
ထိုအချိန်၌ ကျူးမိသားစု အိမ်တော်ရှိ ခန်းမဆောင်ကြီးထဲတွင် ကျူးမိသားစု၏ ခေါင်းဆောင် ၊ကျူးချူနှင့် မိသားစုနှင့် အခြားသိုင်းပညာရှင်များ စုဝေးနေကြပြီး သူတို့သည် မဲမှောင်နေသော မျက်နှာများဖြင့် ကြမ်းပြင်ပေါ်ရှိ ကျူးဝူဟော့၏ အလောင်းကို ကြည့်ရှုနေကြပေသည်။
"ဟောင်ရှောင်လုံက သည်းမခံနိုင်စရာပဲ... သူက ကျုပ်တို့ရဲ့ကျူးမိသားစုကို မျက်လုံးထဲတောင် မထည့်ဘူး"
ကျူးမိသားစု မဟာအကြီးအကဲက ဒေါသတကြီးပြောလိုက်သည်။
"မိသားစုခေါင်းဆောင်...ဒီကိစ္စကို ဒီလိုမျိုး ပြီးဆုံးခွင့်ပေးလိုက်လို့ မဖြစ်ဘူး ”
မဟာအကြီးအကဲနောက်တစ်ယောက်က ဒေါသတကြီးအော်လိုက်လေသည်။
"အသက်ကို အသက်နဲ့ပဲ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်... ဟောင်ရှောင်လုံက လမင်းဆင်းသက်ခြင်းအဘိုးအိုနဲ့ အနက်ရောင် သူရဲကောင်းကျောင်းအုပ်ကြီး၏ တပည့်ဖြစ်နေတာနဲ့ပဲ... ကျုပ်တို့ သူ့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး"
"အမှန်ပဲ...ကျုပ်တို့ အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကို တိုက်ခိုက်ပြီးတော့... ဟောင်ရှောင်လုံကို ကျုပ်တို့လက်ထဲ အပ်ခိုင်းဖို့အတွက် ဖုယန်ဆီမှာ တောင်းဆိုရမယ်”
"ဟောင်ရှောင်လုံ့ကို သတ်မယ်...သူ့ကို အရှင်လတ်လတ် အရေခွံနွာကြမယ်”
ကျူးမိသားစု၏ မဟာ အကြီး အကဲများသည် ဒေါသတကြီး ဟစ်ကြွေးလိုက်ကြသည်။

.....

အပိုင်း ၇၉၂.....သူ့ရဲ့ဖိနပ်ကို ကိုင်ဖို့ပဲ အဆင့်မှီတယ်
ကျူးမိသားစု၏ မဟာ အကြီးအကဲ များက သူတို့၏ ဒေါသကို ထုတ်ဖော်လိုက်ကြချိန်တွင် စကားတစ်ခွန်းမှ မပြောရသေးသော ကျူးမိသားစုခေါင်းဆောင်က လေးလံသည့် အသံဖြင့် ရုတ်တရက် ပြောလိုက်သည်။
"ဟုတ်တာပေါ့. ..ငါတို့ ဒီကိစ္စကို ဒီလိုမျိုး လွှတ်ပေးလိုက်လို့ မဖြစ်ဘူး... ငါတို့ ကျိုးမိသားစုက ကျောင်းမိသားစုနဲ့ ဂုဒူမိသားစုတို့လို ပျော့ညံ့ညံ့ တည်သီးခြောက်တွေမဟုတ်ဘူး... ဒါပေမယ့်...အခုဆိုရင် ဟောင်ရှောင်လုံက မြင့်မားတဲ့နေရာထိတောင်ရောက်နေပြီ...ငါတို့က သူ့ရဲ့ ဆရာ ဖုယန်ကို အလေးမထားဘူးဆိုရင်တောင်... သူ့ရဲ့နောက်မှာ လမင်းဆင်းသက်ခြင်းအဘိုးအို ရှိနေသေးတယ်...ဟောင်ရှောင်လုံကို သတ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး”
"မိသားစု ခေါင်းဆောင်... ကျုပ်အထင်တော့ လူတွေက ချဲ့ကားပြောနေတာပဲ ဖြစ်ပါလိမ့်မယ်”
ပထမဆုံး ကျူးမိသားစု မဟာ အကြီးအကဲ က အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
"ဟောင်ရှောင်လုံက နတ်ဘုရားအဆင့်၁၀နောက်ပိုင်းအဆင့်ကို ရောက်ပြီဆိုရင်တောင် ...ကောလဟာလတွေထဲကလောက်တော့ သူက ဘယ်လိုလုပ်ပြီး သန်မာနိုင်မာလဲ...နတ်ဘုရား အဆင့် သိုင်းပညာရှင်လေး တစ်ယောက်က မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ စွမ်းအားရှိနေလိမ့်မယ်လို့ ကျုပ်မယုံကြည်ဘူး”
"ကျုပ်လည်း သဘောတူတယ်...အဲ့ဒီ ဟောင်ရှောင်လုံက နှစ်တစ်ရာကျော်လောက်ပဲ ကျင့် ကြံရသေးတာလေ"
ကျူးမိသားစု မဟာအကြီး အကဲနောက်တစ်ယောက်က ဝင်ပြောလိုက်လေသည်။
"သူ့ရဲ့ပါရမီက မကောင်းဆိုးဝါးဆန်နေမယ်ဆိုရင်တောင်... သူ့ရဲ့ သန်မာမှုက အကန့်အသတ်တော့ရှိမှာပဲ”
"အဲ့ဒီမိုးပြာရောင် နဂါးတက္ကသိုလ်ရဲ့ လုကုန်းရဲ့ကျော်ကြားမှု ဆိုတာကလည်း... ကောလဟာလပဲရှိတာပါ...ဒါကြောင့်မလို့သူ့ကို ဟောင်ရှောင်လုံက အလွယ်တကူသတ်ဖြတ် နိုင်ခဲ့တာ”
ထို့နောက် မဟာအကြီး အကဲများစွာသည်သူတို့၏ ထင်မြင်ချက်များဖြင့် ရှောင်လုံကို နှိမ်ချပြောဆိုနေကြပေသည်။
ထိုအချိန်၌ ကျူးမိသားစု အကြီး အကဲတစ်ယောက်သည် ခန်းမဆောင်ထဲသို့ပြေးဝင်လာကာ အလျှင်လိုနေသည့် အမူအရာဖြင့် တင်ပြလိုက်လေသည်။
"မိသားစုခေါင်းဆောင်ကို လျှောက်တင်ပါတယ်...ဟောင်ရှောင်လုံက ဒီကိုရောက်နေပါပြီ”
ချက်ချင်းဆိုသလို ဆူညံသံများအားလုံးသည် တိတ်ဆိတ်သွားပြီး အပ်ကျ သံကိုပင် ကြားရမတတ် ငြိမ်သက်သွားကြသည်။
ရှောင်လုံကို နှိမ်ချလှောင်ပြောင်နေကြသော မဟာ အကြီး အကဲများသည် စိတ်ဝင်စားစရာကောင်းသော မျက်နှာထားများဖြစ်သွားကြလေပြီး တောင့်ခဲသွားသော အပြုံးများ အဖြစ်မှ တုန်လှုပ်အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြလေသည်။
ရှောင်လုံနှင့် လျိုယွင်တို့သည် ဆန်းကျယ်ကျောက်တုံးမြို့တော်သို့ရောက်ရှိချိန်၌ သူတို့၏ လှုပ်ရှားမှုများကို ဖုံးကွယ် မထားခဲ့ကြပေ။ ထို့ကြောင့် ကူးပြောင်းခြင်း အစီအရင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် ကျူးမိသားစု၏ တပည့်များ က သတိထားမိသွားခြင်းဖြစ်သည်။
"ဟောင်ရှောင်လုံက ဒီနေရာမှာ သူ့မျက်နှာကို လာပြရဲလိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားခဲ့မိဘူး”
ကျူးမိသားစု မဟာအကြီးများထဲမှ တစ်ယောက်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရင်း ပြောလိုက်လေသည်။သူက နှာခေါင်းရှုံ့လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
"သူက သူ့သေတွင်း သူတူးနေတာပဲ... ကျုပ်တို့က သူ့ရဲ့ ဆန္ဒ ကို ဖြည့်ဆည်းပေးရမှာပေါ့ ”
မဟာ အကြီးအကဲတစ်ယောက်က မတ်တပ်ရပ်ကာပြောလိုက်လေသည်။
"မိသားစုခေါင်းဆောင်...ကျုပ်တို့ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး... ကျုပ်တို့ ဟောင်ရှောင်လုံကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး”
ကျူးမိသားစု ၏ခေါင်းဆောင် ကျူးချူက လေးနက် တည်ကြည် စွာ အမိန့်ပေးလိုက်လေသည်။
"မင်းတို့ အားလုံး ငါ့နောက်က လိုက်ခဲ့ကြ...ဒါပေမယ့် သူ့ကို တန်းမသတ်ကြနဲ့ဦး...သူ့ကို ဖမ်းပြီးတော့မှ ဖုယန်ဘာပြောမလဲဆိုတာ ငါတို့ စောင့်ကြည့်ကြတာပေါ့”
"ဟုတ်ကဲ့...မိသားစုခေါင်းဆောင်”
ကျူးချူက သူ့၏ ထိုင်ခုံဆီမှ ချက်ချင်း ထရပ်လိုက်လေပြီး ကျူးမိသားစု၏ မဟာ အကြီး အကဲများအားလုံးကို ဦးဆောင်ကာ ခန်းမဆောင်ထဲမှ ရှောင်လုံနှင့် လျိုယွင်တို့၏ တည်နေရာဆီသို့ ချီတက်လိုက်လေသည်။
ထိုအုပ်စုနောက်မှ လိုက်ပါသွားသော ကျူးချန်ရီသည် တစ်ခုခုပြောချင်နေဟန်ရသော်လည်း အဆုံ၌ ဘာတစ်ခွန်းမှ မပြောလိုက်ပေ။
အနက်ရောင် သူရဲကောင်းမြို့တော်ထဲ၌ ရှောင်လုံပြသခဲ့သော ခွန်အားသည် သူ့ကို အံ့အားသင့်သွားစေသော်လည်း ရှောင်လုံက သူတို့၏ ကျူးမိသားစုခေါင်းဆောင် ကျူးချူ၏ ပြိုင်ဘက် ဖြစ်လိမ့်မည်ဟု ကျူးချန်ရီ တွေးမထားပေ။
သူတို့၏ ကျူးမိသားစုခေါင်းဆောင်သည် မဟာနတ်ဘုရားအဆင့် ၁ အလယ်အလတ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်ဖြစ်သည်။
သူက မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် နီးကပ်နေပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ရှောက်လုံနှင့် လျိုယွင်တို့သည် ဆန်းကြယ် ကျောက်တုံး မြို့တော်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော်လည်း သူတို့က မြို့တော် ဂိတ်များကို ဖြတ်သန်းလိုက်ချိန်တွင် နေရာတိုင်း၌ ကျူးမိသားစု တပည့်များ စောင့်ကြပ်နေကြောင်း တွေ့လိုက်ရလေသည်။
သို့သော်လည်း ရှောင်လုံက ဂရုစိုက်ခြင်းမရှိပေ။သူ့၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် သက်တောင့် သက်သာ ရှိနေပြီး သူနှင့် လျိုယွင်တို့သည် ကျူးမိသားစု အိမ်တော်ရှိရာဆီသို့ ဦးတည်လိုက်ကြလေသည်။
ရုတ်တရက် ရှောင်လုံ က လှုပ်ရှားမှု များကို ရပ်တန့်လိုက်လေသည်။ လျိုယွင်က ရှောင်လုံ၏ ရုတ်တရက် ရပ်တန့်မှုကြောင့် ဝေခွဲမရဖြစ်သွားသော်လည်း လမ်း၏ အခြားတစ်ဖက်ဆီမှပျံသန်းထွက်ပေါ်လာသော မိသားစု၏ မဟာအကြီးအကဲများကို ဦးဆောင်လာသည့် ကျူးမိသားစုခေါင်းဆောင်ကို မြင်လိုက်ရချိန်တွင် ချက်ချင်းနားလည်သွားပေသည်။ ဤသည်ကို မြင်လိုက်ရသည်နှင့် လျိုယွင်၏ မျက်နှာသည် စိတ်လှုပ်ရှားစွာဖြင့် တင်းကြပ်သွားရပေသည်။
ရှောင်လုံကမူ တည်ငြိမ်စွာဖြင့် စောင့်ဆိုင်းနေလေသည်။
သိပ်မကြာမီ၌ ကျူးချူနှင့် မဟာအကြီးအကဲများသည် ရှောင်လုံနှင့် လျိုယွင်တို့၏ ရှေ့သို့ရောက်ရှိသွားလေသည်။
ရှောင်လုံသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါတွင် ကျူးမိသားစုအကြီးအကဲများနှင့် တပည့်များသည် သူတို့၏ ပတ်ပတ်လည်၌ အလွှာပေါင်းများစွာ ဝန်းရံထားပြီး ယင်ကောင် တစ်ကောင်မျှပင် မလွှတ်မြောက်နိုင်ကြောင်း တွေ့လိုက်ရပေသည်။
"ဟောင်ရှောင်လုံ... မင်းက ငါတို့ကျူးမိသားစုရဲ့တပည့်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်..မင်းက မင်းရဲ့ ပြစ်မှုကို ဝန်ခံပြီးတော့ အပြစ်ခံယူဖို့ရောက်လာတာလား”
ကျူးမိသားစု မဟာအကြီးအကဲတစ်ယောက်က အေးစက်စက် လှောင်ပြောင်လိုက်လေသည်။
"ဒါပေမယ့် အသက်တစ်ခုအတွက် အသက်ကိုပဲ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်...မင်းက ဒူးထောက်ပြီးတောင်းပန်မယ်ဆိုရင်တောင် ရလဒ်က အတူတူပဲ ဖြစ်လိမ့်မယ်”
သူ၏ ပြစ်မှုကို ဝန်ခံပြီး အပြစ်ပေးမှုကို လက်ခံရမည်တဲ့လား။
သူက ဒူးထောက်ပြီးတောင်းပန်ရမည်တဲ့လား။
ရှောင်လုံက ကြောင်အသွားလေသည်။ထို့နောက် သူတို့ပြောနေသည့် ကျူးမိသားစု တပည့်ဆိုသည်မှာ ကျူးဝူးဟော့ကို ဆိုလိုနေခြင်းဖြစ်ကြောင်း သူ အလျှင်အမြန်နားလည်သွားပေသည်။ ရှောင်လုံက ပြုံးလိုက်ကာ ခေါင်းကို ခါယမ်းလိုက်လေသည်။ကျူးမိသားစု မဟာအကြီးအကဲသည် သူတို့၏ ကျူးမိသားစုကို အလွန်တရာ မြင့်မြတ်လှသည်ဟု ထင်နေဟန်ရသည်။
စကတည်းက ရှောင်လုံသည် ကျူးဝူဟော့၏ သေဆုံးမှုကို လျစ်လျူရှုထားခဲ့ပြီး ဖြစ်သည်။
"မင်းက ဘာကိစ္စ ရယ်နေရတာလဲ”
ထိုကျူးမိသားစု မဟာအကြီးအကဲ၏ အမူအရာက မဲမှောင်သွားလေပြီး ရှောင်လုံကို စိုက်ကြည့်လိုက်သည်။
ရှောင်လုံက ပခုံးတွန့်လိုက်လေသည် ။
"ခဗျားက ကျပ်မပြည့်လို့ ကျုပ်က ရယ်နေတာ”
"ဘာပြောတယ်”
ကျူးမိသားစု၏ မဟာအကြီးကဲက ဒေါသထွက်သွားလေပြီး ရှောင်လုံကို တိုက်ခိုက်ရန်ပြင်လိုက်ချိန်တွင် ကျူးချူက သူ့ကိုတားမြစ်လိုက်လေသည်။
"တော်လောက်ပြီ”
ထိုမဟာအကြီးအကဲက သူ့၏ တိုက်ခိုက်မှုကို ရုတ်သိမ်းလိုက်သော်လည်း ရှောင်လုံကို စိုက်ကြည့်နေဆဲဖြစ်သည်။
မိသားစုခေါင်းဆောင် ကျူးချူက ရှောင်လုံဘက်သို့ မျက်နှာချင်းဆိုင်လိုက်ပေသည်။
"ဟောင်ရှောင်လုံ...မင်းက... ငါတို့ကျုးမိသားစုရဲ့ ပင်မတပည့် ကျူးဝူဟော့ကို သတ်ဖြတ်ခဲ့တယ်...ဒီကိစ္စကို မင်းဘယ်လို ဖြေရှင်းချင်လဲ”
ရှောင်လုံက အမူအရာ ကင်းမဲ့နေသည်။
"ကျုပ်က ခင်ဗျားတို့ရဲ့ ကျူးမိသားစု ဘိုးဘေးကို တွေ့အောင် လာတာ...သူ့ကို စကားထွက်ပြောဖို့ ပြောလိုက်”
ကျူးမိသားစု ဝင်များသည် ကြောင်အသွားလေသည်။သို့ဆိုလျှင်ပင် သူတို့သည် ရှောင်လုံ၏ သူတို့ဘိုးဘေး အပေါ် မရိုမသေ ဆက်ဆံမှုကြောင့် ယမ်းကုန်မီးကျ ဒေါသထွက်သွားကြလေသည်။
သူတို့အားလုံးသည် သူ့ကို စကားပြောရန်မထိုက်တန်ဟု ဟောင်ရှောင်လုံက ပြောချင်နေသည်လား။ သူတို့၏ မိသားစု ခေါင်းဆောင်သည်ပင် မထိုက်တန်ဟု ဆိုလိုနေခြင်း ဖြစ်သည်လား။
ကျူးချူ၏ အမူအရာသည် မည်းမှောင်သွားလေပြီး သူ့၏ အကြည့်က အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
"ရဲတင်းလိုက်တာ ”
မဟာအကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်လေသည်။
"ဟောင်ရှောင်လုံ...မိုးပြာရောင် နဂါးတက္ကသိုလ်ရဲ့ လုကုန်းကို သတ်နိုင်ခဲ့တာနဲ့ပဲ မင်းကိုမင်း ပြိုင်ဘက်ကင်းသွားပြီလို့ ထင်မနေနဲ့... မဟာနတ်ဘုရား အဆင့်အောက် သိုင်းပညာရှင်အားလုံးက ဘာမဟုတ်တဲ့ ပုရွက်ဆိတ်သာသာပဲ... ငါတို့ရဲ့ ဘိုးဘေးကမင်းတွေ့ချင်တိုင်း တွေ့လို့ရတဲ့ နိမ့်ကျတဲ့လူတစ်ယောက် မဟုတ်ဘူး...ငါတို့မိသားစု ခေါင်းဆောင်ရဲ့ အရှေ့မှာ ဆိုရင်တောင် မင်းက သူ့ရဲ့ဖိနပ်ကိုင်ဖို့ပဲ အဆင့်မှီတယ် ”
"မိသားစုခေါင်းဆောင်... ကျုပ်ကို အဲ့ဒီဟောင်ရှောင်လုံကို ကျုပ်ကိုတိုင် သွားဖမ်းခွင့်ပြုပါ”
မဟာအကြီးအကဲနောက်တစ်ယောက်က ဒေါသတကြီးဖြင့် ခွင့်တောင်းလိုက်လေသည်။
ကျူးချူက သူ့လက်ကို ယမ်းပြလိုက်လေပြီး သူတို့အား ဘာမှ မလုပ်ရန် တားမြစ်လိုက်လေသည်။
သူ့၏ အေးစက်စက် အကြည့်က ရှောင်လုံ အပေါ်သို့ ကျရောက်သွားပြီးနောက် ဘေးဘက်ရှိ လျိုယွင်အပေါ်သို့ ရွှေ့ပြောင်းသွားလေသည်။
"ဟောင်ရှောင်လုံ... မင်း ငါတို့ရဲ့ ဘိုးဘေးကို တွေ့ချင်တဲ့ အကြောင်းအရင်းက ကျူးမိသားစုနဲ့ ချီမိသားစုကြားက သဘောတူညီမှုကို ဖျက်သိမ်းခိုင်းဖို့အတွက် တောင်းဆိုမလို့ မဟုတ်လား...ကောင်းပြီ... မင်း ငါ့ဆီက လက်ဝါးတစ်ချက်ကို တောင့်ခံနိုင်စွမ်းရှိမယ်ဆိုရင် ငါမင်းကို သူနဲ့တွေ့ခွင့်ပြုလိုက်မယ်”
သို့သော်လည်း ရှောင်လုံက သူ့၏ ခေါင်းကို နောက်တစ်ကြိမ် ခါယမ်းလိုက်လေသည်။
"ခင်ဗျားသာ ကျုပ်ရဲ့ လက်ဝါးတစ်ချက်ကို တောင့်ခံနိုင်စွမ်းရှိမယ်ဆိုရင်... ဒီအဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်း က ခင်ဗျားအတွက်ပဲ... ဒါပေမယ့်...ခင်ဗျားကျရှုံးခဲ့မယ်ဆိုရင်တော့...သွေးစာချုပ်ရော ချီမိသားစုနဲ့ လက်ထပ်ပွဲကိုပါ ဖျက်သိမ်းပစ်ရမယ် ”
သူ့၏ လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်သည်နှင့် စိတ်ဝိညာဉ် ကျောက်တုံးများသည် လေထုထဲမှ မိုးရွာ ချသည့်နှယ်ကျဆင်းလာပေသည်။
စိတ်ဝိညာဉ် ကျောက်တုံးများက ဆက်တိုက်ဆိုသလို ကျဆင်းနေသောကြောင့် သူတို့ခြေဖဝါးအောက်ရှိ လမ်းမသည် တုန်ခါနေပေသည်။
ကြီးမာလှသော စိတ်ဝိညာဉ် ကျောက်တုံးပုံကြီးသည် ကျူးမိသားစုအကြီးအကဲများနှင့် တပည့်များ၏ အရှေ့တွင် ပေါ်ထွက်လာပေသည်။ အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းကိုကြည့်ရင်း ကျူးမိသားစု ဝင်များ ၏ မျက်လုံးများသည် လောဘများဖြင့် တောက်ပလာလေပြီး တံတွေးမြိုချလိုက်မိကြသည်။
ကျူးချူကမပြောင်းမလဲရှိနေသော်လည်း နောက်တစ်ခဏ၌ သူ့၏ အမူအရာသည် ကောင်းမွန်ဟန်မရတော့ပေ။
ဟောင်ရှောင်လုံက ဘာစကားပြောလိုက်သည်နည်း။ သူ့၏ စကားများကို သူ့ထံပြန်ပြောကာ စိန်ခေါ်ရဲနေသည်လား။ ရှောင်လုံ ၏ စကားအရ ကျူးချူသည် သူ့၏ လက်ဝါးချက်ကို တောင့်ခံနိုင်စွမ်းမရှိဟု သွယ်ဝိုက် ပြောဆိုနေခြင်းဖြစ်သည်လား။
ကျူးချူသည် ဒေါသဖြင့် နီရဲလာလေပြီး သူ့၏သွေးထဲ၌ သတ်ဖြတ်လိုစိတ်များ ဆူပွက်လာကာ အံကို ကြိတ်ရင်း ပြောလိုက်လေသည်။
"ကောင်းပြီ...ဟောင်ရှောင်လုံ...ဒါက သွေးစာချုပ်ပဲ...မင်းရဲ့ရိုက်ချက်တစ်ချက်ကို တောင့်မခံနိုင်ခဲ့ဘူးဆိုရင်...ချီမိသားစုနဲ့သဘောတူထားတဲ့လက်ထပ်ပွဲကို ငါဖျက်သိမ်းပေးမယ်”
ကျူးချူက သဘောတူလိုက်ပြီး သွေးနီရောင်စာချုပ်ကို ထုတ်ပြလိုက်လေသည်။
"မိသားစုခေါင်းဆောင်... ”
ပတ်ပတ်လည်ရှိကျူးမိသားစု မဝါအကြီးအကဲများသည် ကျူးချူကို ဖျောင်းဖျရန် ကြိုးစားလိုက်ကြသည်။
"မင်းတို့အားလုံးနောက်ဆုတ်လိုက်ကြ”
ကျူးချူက အေးစက်စက် အမိန့်ပေးလိုက်ပေသည်။
မဟာအကြီးအကဲများနှင့် တပည့်များသည် နားလည်ကြောင်း ကိုသာ ပြလိုက်ကြရပြီး အဝေးဆီသို့ ဆုတ်ခွာလိုက်ကြသည်။
"ဆရာတူညီလေး...ကျူးမိသားစုရဲ့ ခေါင်းဆောင်က မဟာနတ်ဘုရားအဆင့်၁ အလယ်အလတ် အထွတ်အထိပ်အဆင့် ရောက်နေပြီလေ ...ညီလေးက...”
လျိုယွင်က စိတ်လှုပ်ရှားသွားပြီး ရှောင်လုံကို စိုးရိမ်ပူပန်စွာကြည့်လိုက်လေသည်။
"မစိုးရိမ်ပါနဲ့... ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကျွန်တော်သိပါတယ် ”
ရှောင်လုံက လျိုယွင်ကို စိတ်ချပါ ဟူသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
လျိုယွင်က စကားဆက်ပြောချင်သေးသော်လည်း ရှောင်လုံသည် သူ့၏စိတ်ကို ဆုံးဖြတ်ထားပြီးဖြစ်သည် ။ ထို့ကြောင့် သူသည် နောက်သို့သာ ဆုတ်ခွာပေးလိုက်ရပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၉၃..... ကျူးချုက အမှန်တကယ် ရှုံးနိမ့်သွားခြင်း

ကျူးချူသည် စိတ်ထဲမှ ဒေါသထွက်သွားလေပြီး ရှောင်လုံကိုလက်ဝါး တစ်ချက်တည်းဖြင့် အသေ သတ်ပစ်ချင်နေပေသည်။သို့သော် သူဒေါသပိုထွက်လာလေလေ သူ့၏ စိတ်ထဲ၌ ပိုမိုတည်ငြိမ်လာလေလေဖြစ်သည်။

ဟောင်ရှောင်လုံသည် အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးနှစ်သောင်းကို လောင်းကြေးအဖြစ် ထုတ်ယူပေးရန် သတ္တိ ရှိနေသည်မို့ သူ့၏ ခွန်အားကို အလွန်တရာ ယုံကြည်မှု ရှိနေကြောင်း ထင်ရှားပေသည်။

ကျူးချူက ရှောင်လုံ၏ အနီးသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလေသည်။ သူ့၏ ခြေလှမ်းတိုင်းတွင် မြေပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားကြောင်း လူတိုင်းခံစားလိုက်ကြရပေသည်။

ကျူးချူက ထိတ်လန့် အံ့ဩဖွယ်ကောင်းသော
နတ်ဘုရားဆန္ဒကို သူ့၏ခြေလှမ်းတိုင်း၌ ထုတ်လွှတ်နေပေသည်။

သူ့၏ နတ်ဘုရား ဦးခေါင်းအတွင်းရှိ နတ်ဘုရား အင်အားသည် အပြင်းအထန် လှုပ်ရှားလာပြီး မြေဝါရောင်စွမ်းအင်အလွှာများ ကြီးမာသည့်လှိုင်းလုံးများအသွင် ပေါ်ထွက်လာပေသည်။

ဘေးလွတ်ရာနေရာသို့ ဆုတ်ခွာထားပြီး ဖြစ်သော ကျူးချန်ရီနှင့် ကျန်သည့် ကျူးမိသားစုဝင်များသည် ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်နှာများနှင့် ဖြစ်နေကြပေသည်။

လျှိုယွင်သည်လည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် နောက်သို့  အလျှင်အမြန် ဆုတ်ခွာလိုက်လေသည်။

ကျူးချူ၏ နတ်ဘုရားဆန္ဒသည် အလွန်တရာ အားကောင်းလှသောကြောင့် အနီး၌ ရပ်နေသောသူများသည် သေလုမတတ် မွန်းကြပ်သွားသလို ခံစားလိုက်ရသည်။

လျှိုယွင်က နောက်သို့ ဆုတ်ခွာလိုက်ချိန်တွင် ရှောင်လုံ့အတွက် ပိုမို စိုးရိမ်သွားလေသည်။ ကျူးချူ ထုတ်ဖော်လာသောခွန်အားအရ သူသည် ကော်လ ဟာလများထက်ပင် ပိုမိုသန်မာနေပေသည်။

ရှောင်လုံ အစောပိုင်းက ပြောခဲ့သည့် ကျူးချူက ရှောင်လုံ၏ လက်ဝါးချက်ကို ခံယူရန်ဟူသော စကားအား လျှိုယွင်သည် သူ့ခေါင်းနောက်သို့ ပို့ထားလိုက်ပြီးဖြစ်သည်။ သူ့အတွက်မူ ရှောင်လုံ အနေဖြင့် ကျူးချူအား ထိခိုက်စေရန်မဖြစ်နိုင်ပေ။ မဟာ နတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်သည်ပင် ကျူးချူကို အနိုင်ယူနိုင်လိမ့်မည်ဟု ပြောနိုင်မည် မဟုတ်ပေ။

ထိုအချိန်၌ ရှောင်လုံ၏ ခန္ဓာကိုယ်ဆီမှ အံ့ဩမင်သက်ဖွယ်ရာ အရှိန်အဟုန် ထွက်ပေါ်လာကာ ကောင်းကင်သို့တိုင် ထိုးဖောက်ဝင်ရောက်သွားပေသည်။ ဆန်းကြယ်ကျောက်တုံးမြို့တော်၏ ကြည်လင်လှသော ကောင်းကင်သည် ရုတ်တရက် ဆိုသလို တိမ်မည်းများဖြင့် ဖုံးအုပ်သွားလေသည်။

ရှောင်လုံဆီမှ အေးခဲနတ်ဆိုးချီများ၏ ဖုံးလွှမ်းမှုကြောင့် အနီးနားရှိ လမ်းများ နှင့် အဆောက် အအုံများသည် အနက်ရောင် ရေခဲလွှာ တစ်ခုအောက်တွင် အေးခဲသွားပေသည်။

သူ့၏ခန္ဓာကိုယ်ဆီမှ အေးခဲ နတ်ဆိုးချီက အနက်ရောင် ငရဲနတ်ဆိုး အကာအကွယ် တစ်ခု အဖြစ် ပြောင်းလဲ သွားပေသည်။ မရေတွက်နိုင်သော တစ္ဆေများ၏ အော်ဟစ်သံများကို ကြားနိုင်ပြီး ထိုအထဲတွင် ၄င်းအသံများထဲမှ ငရဲနတ်ဆိုးအသံ၏ နက်ရှိုင်းလှသော အသံကို ကြားနေရပေသည်။

သို့သော်လည်း အဝေးမှ ကြည့်ရှုနေကြသော ကျူးမိသားစု၏မဟာအကြီးများ၏နားထဲ၌မူ ထိုအသံများသည် သူတို့အား ငရဲ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဆွဲယူသွားသည့်နှယ် သူတို့၏ သွေးစီးဆင်းမှုကို ရပ်တန့်သွားစေသည်။

ကျူးမိသားစု မဟာအကြီးအကဲ အုပ်စုသည် ကြောက်လန့်သွားကြသော်လည်း အံ့ဩ မင်သက်ကာ ပါးစပ်အဟောင်းသားဖြစ်သွားကြလေသည်။ သူတို့သည် အေးခဲနတ်ဆိုးချီများ၏ လွှမ်းမိုးမှုကို ခြေဖျက်ရန် သူတို့၏ ချီစွမ်းအင်များအား အလျှင်အမြန်လှည့်ပတ်လိုက်ကြသော်လည်း သူတို့၏ အားထုတ်မှုများသည် အချည်းနှီး ဖြစ်သွားကြလေသည်။

"မြန်မြန်...မိစ္ဆာ နှင်ခြင်း မန္တန်အစီအရင် ကို ခင်းကျင်းလိုက်ကြစမ်း”

ထိုအချိန်၌ ကျူးချန်ရီသည် သူ၏ လက်ဖဝါးပြင်ထဲသို့ လက်သည်းများ စိုက်ဝင်နေသည်ထိ တင်းတင်းဆုပ်ထားရသော်လည်း ကျူးမိသားစုဝင်များကို အော်ပြောလိုက်လေသည်။

ကျူးမိသားစု မဟာအကြီးအကဲများသည် ငူတို့၏ အသိစိတ်ကို အလျှင်အမြန်စုစည်းလိုက်ကြပြီး မိစ္ဆာနှင်ခြင်းမန္တန်အစီအရင်ကို ခင်းကျင်းရန် ကြိုးစား နေရာယူ လိုက်ကြသည်။မဟာ အကြီး အကဲ တစ်ယောက် ချင်းစီတိုင်းက လျို့ဝှက်သော မန္တန်ကို တီးတိုး ရွတ်ဆိုလိုက်ကြသည်။တစ်ချိန်တည်၌ သူတို့၏ လက်ဝါးများကို ချိတ်ဆက်လိုက်ကြလေသည်။

ကျူးမိသားစု မဟာအကြီးအကဲများ၏ လျှို့ဝှက်မန္တန် ရွတ်ဆိုခြင်းဆီမှ ကြီးမားလှသော ရှေးဟောင်း စာလုံး တစ်ခု အဖြစ် စတင် သိပ်သည်း ဖြစ်တည်လာပေသည်။

ရှေးဟောင်းစာလုံးသည် ပိုမို လင်းလက်လာလေပြီး ထူးခြားဆန်းကြယ်သော စွမ်းအင် တစ်ခု အဖြစ် တောက်ပနေပေသည်။

ထို အခါ မှသာ သူတို့သည် ရှောင်လုံ၏ အင်အားကြီးမားလှသော နတ်ဆိုးချီ၏ လွှမ်းမိုးမှုကို လျှော့ချ နိုင်သွားသည်။သို့သော်  ထိုအချိန် ၌ ပင် ကျူးမိသားစု မဝါအကြီးအကဲများသည် သူတို့၏ နဖူးထပ်၌ ချွေးအေးများဖြင့် စိုရွှဲနေကြပြီး အနည်းငယ်မျှ ပင် အနားမယူရဲကြပေ။ ယခုအခါ၌ သူတို့သည် ရှောင်လုံကို ကြောက်ရွံတုန်လှုပ် မှု များဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။ရှောင်လုံ၏ တိုက်ပွဲချီဆီမှ ဖြစ်ပေါ်လာသော အကာ အကွယ်သည်ပင် သူတို့၏ စိတ်ဝိညာဉ် များကို ဖျက်ဆီး လုနီးပါး ဖြစ်သွားသည်မို့ တိတ်ဆိတ်ကာ ထိတ်လန့်သွားကြသည်။ ကျူးချန်ရီ၏ အသိပေးမှုကြောင့်သာ မဟုတ်လျှင် ၊ သူတို့ ကျူးမိသားစု၏ အမွေ နှစ်က ရှေးဟောင်း မိစ္ဆာ နှင်ခြင်းမန္တန် အစီအရင် မဟုတ်ခဲ့လျှင် သူတို့သည် သေဆုံးသွားလောက်ပြီဖြစ်သည်။

ထို့နောက် ရှောင်လုဲ၏ ခန္တာကိုယ်ဆီမှ မီတာ ၃၃၀၀ရှည်သော အနက်ရောင် နှင့် အပြာရောင် နဂါးနှစ်ကောင်သည် ပျံသန်းထွက်ပေါ်လာပြီး ဝိညာဉ် အသွင်ပြောင်းလဲ၍ သူနှင့်ပေါင်းစပ်သွားပေသည်။ အဆုံးအစမဲ့သော ရှေးဟောင်း နတ်နဂါး ဖိအားသည် လမ်းမပေါင်းမြောက်များစွာကိုဖုံးလွှမ်းသွားပေသည်။

အဝေးမှ ကြည့်လိုက်မည်ဆိုပါက ရှောင်လုံသည် ကိုးထပ်မြောက်ငရဲမှ ထွက်ပေါ်လာသော ရှေးဟောင်း မိစ္ဆာ နဂါးတစ်ကောင်နှင့်တူပေသည်။

ကျူးချူ၏ မြေစွမ်းအင် နတ်ဘုရား အင်အားဆီမှ ဖြစ်တည်လာသော မြေအကာအကွယ်သည် အလွန်တရာ အင်အားကြီးများးဟန်ရသော်လည်းရှောင်လုံ၏ နတ်ဆိုး အကာအကွယ် ရှေ့၌မူ  ရှေ့တိုးမလာနိုင်ရုံသာမက ဖိအားပေးခံနေရသည့်နှယ် တုန်ယင် လှုပ်ခါနေပေသည်။ ထိုအဖြစ်အပျက်များက အဝေးမှ ရပ်နေသော လျှိုယွင်ကို အံ့အားသင့် မင်သက်သွားစေသည်။

"ဆရာတူညီ၄ တကယ့်ကို  အထင်ကြီးဖို့ ကောင်းလိုက်တာ ”

ရှောင်လုံ၏ အရှိန် အဟုန်သည် ကျူးချူ၏ နတ်ဘုရား ဆန္ဒနှင့်အပြိုင် ရပ်တည်နေပေသည် ။ ထို့အပြင် ကျူးချူ၏ နတ်ဘုရား ဆန္ဒကသာ ဖိအားပေးခံနေရဟန်ရသည်။

ထိုအချိန်၌ ရှောင်လုံသည် နတ်ဘုရား အတင့်၁၀နောက်ပိုင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လျှိုယွင် သတိထားမိလိုက်လေသည်။

ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

လွန်ခဲ့သည့် ၁၀စုနှစ်တစ်ခုက ယောင့်ချီတောင်တန်း တိုက်ပွဲစင်မြင့်ပေါ်တွင် ရှောင်လုံသည် နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အဆင့်မျှသာ ဖြစ်နေပေသေးသည်။

အစောပိုင်းက ကျူးချူသည် ဒေါသတကြီးဖြင့် ရှောင်လုံအား အသေရိုက််သတ်ရန် ကြံစည်နေခဲ့ပေသည်။ သို့သော် ယခုမူ ရှောင်လုံ၏ အရှိန်အဟုန်ကို ကြည်ရင်း သူ့၏ ဒေါသသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည် ။ ထို့နောက် သူ့၏ စိတ်ထဲ၌ မယုံကြည်နိုင်မှုများ ၊အံ့အားသင့် မင်သက်မှု များနှင့်အတူ စတင်ကြောက်ရွံမှုများ ဖြစ်တည်လာပေသည်။

ရှောင်လုံက ကျူးချူ၏ အမူ အရာ အပြောင်းအလဲကို သတိထားမိသည်မို့ အဖက်မလုပ်ဟန်ဖြင့် ပြောလိုက်လေသည်။

"ကျုပ် စပြီးတေ့ာ တိုက်ခိုက်တော့မယ်...အစောပိုင်းက ကျုပ်တို့ သဘောတူထားတဲ့အတိုင်း ကျုပ်ဆီက လက်ဝါးတစ်ချက်ကို ခင်ဗျား တောင့်ခံနိုင်စွမ်း ရှိခဲ့မယ်ဆိုရင် ...ဒီ အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းက ခင်ဗျား အတွက်ပဲ”

ရှောင်လုံ၏ အသံက ကျူးချူ၏ အသိစိတ်ကို လက်ရှိ ခြေအနေဆီသို့ ဆွဲယူသွားလေသည်။ ဤတစ်ခေါက်၌ မည်သူကမှ ရှောင်လုံကို မလှောင်ပြောင်ရဲတော့ပေ။

စကားဆုံးသည်နှင့် ရှောင်လုံ၏ အရှိန်အဟုန်သည် ပိုမို မြင့်မားလာပေသည်။

အစောပိုင်းက ရှောင်လုံသည် ကျူးချူကို အသာစီးရယူထားနိုင်သည်ဟု ဆိုပါက ယခုမူ တစ်ဖက်လူသည် အောက်စည်းသို့ လုံးဝ ကျဆင်းသွားပြီဖြစ်သည်။

ဤသည်ကို ကြည့်ရင်း လူတိုင်းသည် နှလုံးခုန်နှုန်း မှားယွင်းသွားကြသည်။

ရှောင်လုံသည် သူ့၏ အရှိန်အဝါကို တစ်ကယ်ကြီး ထိန်းချုပ်ထားသည်လော။

ရုတ်တရက်ဆိုသလို ရှောင်လုံ၏ နောက်ကျော ဘက်ဆီမှ အစစ်အမှန်နှင့် တူလှသော လက်ပေါင်းတစ်ထောင် ပေါ်ထွက်လာကြောင်း လူတိုင်း မြင်လိုက်ရလေသည်။ လက်တစ်ထောင်လုံးသည် တစ်ပြိုင်တည်း ကွေးညွတ်သွားကြပြီး လက်ဝါးများသည် ရွှေရောင် အလင်းများဖြင့် တောက်ပနေပေသည်။

"မြေဗုဒ္ဓလက်ဝါး ”

ရှောင်လုံ၏ အသံနှင့်အတူ သူ့နောက်ရှိ လက်တစ်ထောင်သည် ကျူးချူပေါ်သို့ တစ်ပြိုင်နက်တည်း ရိုက်ချလိုက်လေသည်။ထို ခဏတွင် ကောင်းကင်သည် တောက်ပလှသော လက်ဝါးရာကြီးဖြင့် ပြည့်နှက်သွားပြီး လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာပေသည်။ ပတ်ပတ်လည်ရှိ အဆောက်အဦများသည် လဲပြိုသွားကြပြီး ဖုန်မှုန့် အဖြစ်သို့ ကြေမွ သွားကြသည်။ရွှေရောင် အလင်းတန်း ပင်လယ်ထဲမှ ရွှေရောင် ဗုဒ္ဓပုံရိပ်များပေါ် ထွက်လာပေသည်။

ရွှေရောင် ဗုဒ္ဓပုံရိပ်များသည် အသက်ဝင်နေဟန်ရပြီး သူတို့၏ ပါးစပ်များကို လှုပ်ကာ ရှေးဟောင်းဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်နေဟန်ရသည်။ရှေးဟောင်း ကျမ်းစာ ရွတ်ဆိုသံများနှင့်အတူ နတ်ဆိုးတစ်ကောင်၏နီညိုရောင် အေးခဲချီ အမျှင်တန်းများလည်း ရှိနေပေသည်။ ဗုဒ္ဓများနှင့် နတ်ဆိုးများသည် ပုံမှန်အားဖြင့် ဆန့်ကျင်ဘက်များ ဖြစ်ကြသော်လည်း ထိုအခိုက်တွင် သူတို့သည် လိုက်ဖက်ညီနေကာ အတူတကွ ပေါင်းစပ်နေကြပေသည်။ ထို့အပြင်အပြန်အလှန်  ထောက်ပံ့ပေးနေကြ ကာ အင်အားကောင်းလှသော ရွှေညိုရောင်ချီ များကို ထုတ်လွှတ်ပေးနေကြသည်။

လက်ဝါးရာများ၊ ရွှေရောင် ဗုဒ္ဓ ရုပ်ပွားတော်များ၊ ဗုဒ္ဓ ကျမ်းစာ ရွတ်ဆိုသံများနှင့် ပြည့်နှက်နေသော ကောင်းကင်ကို ကြည့်ရင်း ကျူးချူသည် ကြောက်လန့်သွားသလို ခံစားလိုက်ရပေသည်။ မိုးခြိမ်းသံကဲ့သို့သော ဟိန်းသံကို ထုတ်ဖော်လိုက်ပြီး သူ့၏ နတ်ဘုရားဦးခေါင်းထဲရှိ နတ်ဘုရား အင်အားကို နှိုးဆွရန် သူ့၏ ခွန်အား အကုန်အစင်ကို အသုံးပြုလိုက်သည်။ မြေစွမ်းအင် နတ်ဘုရားအင်အားသည် အရူးအမူးထွက်ပေါ်လာပြီး သူ့မေအကာ အကွယ်၏ ထူထဲ သိပ်သည်းမှူကိုတိုးပွားသွားစေသည်။ အဝေးမှကြည့်မည်ဆိုလျှင် ကုန်းမြေတိုက်ကြီး တစ်ခုက ကျူးချူအားလွှမ်းခြုံထားသည် နှင့် တူနေပေသည်။

ထိုအချိန်၌ မြေဗုဒ္ဓလက်ဝါး ၏ အင်အားသည်  ရောက်ရှိ လာလေသည်။ မြေအကာအကွယ်ပေါ်သို့ များပြားလှသော လက်ဝါးရာကြီးများ ကျဆင်းလာပြီး ကြီးမားလှသော တိုက်လိုက်မှု အင်အားက မြေအကာ အကွယ်ကို ကြမ်းတမ်းစွာ လှုပ်ခါသွားစေသည်။  မြေအကာအကွယ် ထက်၌ အက်ကြောင်းရာ တစ်ခု ပေါ်ထွက်လာပြီးနောက်  အက်ကြောင်းရာ များစွာ ထပ်မံ ပေါ်ထွက် ပျံ့နှံ့သွားပေသည်။

ကုန်းမြေတိုက်ကြီး တစ်ခုကဲ့သို့ ထူထည်းသိပ်သည်းလှသော မြေ အကာ အကွယ်သည် လုံးဝ အက်ကွဲသွားပေသည်။

နောက်ထပ် မိုး ခြိမ်းသံတမျှ အော် ဟစ်သံကြီးနှင့်အတူ ကျူးချူ၏ လက်များသည် ရုတ်တရက် နှစ်ဆ ကြီးမားသွားကာ သူ့၏ လက်ဝါး များကို ဆန့်ထုတ်လိုက်လေသည်။ သူ့ဆီမှ ပျံသန်းထွက်ပေါ်လာသော လက်ဝါးရာကြီး များကို မြင်တွေ့နိုင်ပေသည်။မြေငလျင် လှိုင်းများသည် မြေပြင်ကို ဖြတ်သန်းသွားပြီး တစ်ခု ထက်တစ်ခု ပိုမို သန်မာလာပေသည်။

မြေငလျင်လှိုင်း တစ်ခု ချင်းစီတိုင်းတွင် ကျူးချူသည် နောက်သို့ တစ်မိတာမျှ ဆုတ်ခွာသွားရပြီး ခြေလှမ်းတိုင်းတွင် သူ့လက်ဝါးများ၏ အလင်းရောင်သည် အနည်းငယ် မှေးမှိန် သွားရပေသည်။ မီတာ တစ်ရာကျော် ဆုန်ခွာပြီးနောက်၌ သူသည်  မြေဗုဒ္ဓလက်ဝါး ချက်ကို ခုခံနိုင်စွမ်း မရှိတော့ပေ ။ မျက်တောင် တစ်ခတ်အတွင်း ကျူးချူ၏ ပုံရိပ်သည် ရွှေရောင် လက်ဝါးပင်လယ်ထဲ၌ နစ်မြုပ်သွားပြီးနောက် လေထဲသို့ လွင့်ပျံသွားကာ လမ်း၏ အဆုံးတစ်ဖက်သို့ ပြင်းပြင်းထန်ထန် တိုက်မိသွားလေသည်။

လမ်းတစ်ခုလုံး တုန်ယင် လှုပ်ခါသွားလေသည်။ လမ်း၏ အဆုံး တစ်ဖက် သို့ ဝင်တိုက်မိသွားသည့် မိသားစုခေါင်းဆောင်ကို ကျူးမိသားစု ၏ အကြီး အကဲများနှင့် တပည့် များသည် မိန်းမော တွေဝေစွာ ကြည့်နေမိကြသည် ။ မည်သူမှ လှုပ်ရှားခြင်းမရှိပေ။

လျှိုယွင်သည် ကြောင်အသွားရပေသည်။ ကျူးမိသားစု၏ ကျူးချူသည် အမှန်တကယ် ရှုံးနှိမ့်သွားပေးသည်။ ကျူးချူ သည် သူ့၏ဆရာတူ ညီလေးဆီမှ လက်ဝါးတစ်ချက်ကြောင့် အမှန်ကို ရှုံးနိမ့်သွားရသည်။

သို့သော်လည်း မိသားစုခေါင်ဆောင်း ကျူးချူသည်  မဟာနတ်ဘုရား အဆင့် အလယ်အလတ် အထွန်အထိပ် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေသည်။

ဤတိုက်ပွဲသည် ကြယ်စင်စုထဲ၌ ကြီးမားလှသော လှိုင်းလုံးကြီးအား ဖြစ်သွားစေလိမ့်မည်ကို လျှိုယွင် မြင်ယောင်ကြည့်နိုင်ပေသည်။

ရှောင်လုံသည် ပတ်ပတ်လည်ရှိ ကျူးမိသားစု၏ အမူအရာများကို လျစ်လျူရှူလိုက်သည်။ထို့နောက် သူ့၏ လက်ဝါးဆီမှ စုပ်ယူအား တစ်ခု ထွက်ပေါ်လာပြီး အတင့်မြင့် နတ်ဘုရား အဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းကို ရစ်ပတ်လိုက်ကာ အဇူရာ လက်စွပ်ထဲသို့ ပြန်ထည့်လိုက်လေသည်။ တစ်ချိန်တည်း၌ သွေးစာချုပ်သည်လည်း ရှောင်လုံ၏ လက်ထဲသို့ ရောက်ရှိလာပေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၉၄ ..... တံလျှပ်ဘုရင်

"ဆရာတူအစ်ကိုကြီး..."

ရှောင်လုံသည် လျိုယွင်ကို လှည့်ကြည့်လိုက်ပြီးနောက် သွေးစာချုပ်ကို လေထဲမှ ပစ်ပေးလိုက်သည်။

လျိုယွင်က အသိဝင်လာချိန်တွင် တုန်တုန်ရီရီဖြင့်  သွေးစာချုပ်ကို အလျင်စလို ဖမ်းလိုက်ရလေသည်။ သူ့လက်ထဲရှိ သွေးစာချုပ်ကို ကြည့်ရင်း လျိုယွင်သည် ၎င်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီးနောက် သူ့၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုများ တောက်ပသွားပေသည်။

"ပြန်ကြရအောင်"

ရှောင်လုံက ဆက်ပြောလိုက်ပြီးနောက် ကျူးမိသားစုကို ဂရုမစိုက်တော့ဘဲ လေထဲသို့ ခုန်တက်ကာ ပျံသန်းလိုက်လေသည်။ လျိုယွင်က ရှောင်လုံ၏ နောက်သို့ အလျင်အမြန် လိုက်သွားလိုက်သည်။

ရှောင်လုံနှင့် လျိုယွင်တို့ ထွက်သွားချိန်တွင် ကျူးမိသားစုရှိ မည်သူကမှ သူတို့၏ လမ်းကို ပိတ်မထားရဲပေ။ သူတို့သည် အဝေးသို့ ပျံသန်းသွားကြပြီး တဖြည်းဖြည်းချင်း သေးငယ် ပျောက်ကွယ်သွားကြသော ထိုနှစ်ယောက်ကို ကြည့်နေရုံသာ တတ်နိုင်ပေသည်။

"ဆရာတူညီလေး...ကျေးဇူးပါကွာ"

ဆန်းကြယ်ကျောက်တုံးကမ္ဘာ၏ ကူးပြောင်းခြင်းအစီအရင်မှ ထွက်ခွာလိုက်ပြီးနောက် လျိုယွင့် ခန္ဓာကိုယ်၏ တောင့်တင်းနေမှုများအားလုံး ပြေလျော့သွားလေသည်။ သူက ရှောင်လုံကို ကျေးဇူးတင်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်။

ရှောင်လုံက သူ့လက်ကို ယမ်းပြကာ ပြုံး၍ပြောလိုက်သည်။

"ဒါက ကိစ္စအသေးအဖွဲလေးပါပဲ...အစ်ကိုနဲ့ ဆရာတူအစ်မ ၃ တို့ လက်ထပ်တဲ့အခါကျမှ...ကျွန်တော့်ကို ကျေးဇူးတင်လိုက်တော့"

ကိစ္စအသေးအဖွဲလေးတဲ့လား...။

လျိုယွင်သည် စိတ်ထဲမှ ခါးသက်သက်ပြုံးလိုက်မိသည်။ ရှောင်လုံတစ်ယောက်တည်းသည်သာ ဤကိစ္စကို အသေးအဖွဲအဖြစ် သတ်မှတ်နိုင်လိမ့်မည် ဖြစ်သည်။ ကြယ်စင်စုထဲ၌ မဟာနတ်ဘုရားအဆင့် ၁ အလယ်အလတ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို လက်ဝါးတစ်ချက်ထဲဖြင့် အနိုင်ယူနိုင်သည့်သူ မည်မျှ ရှိသည်မို့နည်း။

နတ်ဘုရားအဆင့်သတ်မှတ်ချက်ပေါ်ရှိ သိုင်းပညာရှင်များသည်သာ ထိုသို့ လုပ်နိုင်စွမ်း ရှိမည်ဖြစ်သည်။ ထိုသို့တွေးလိုက်မိသည်နှင့် လျိုယွင်သည် ရှောင်လုံကို ကြည့်ရင်း သူ့၏ အမူအရာက ထူးဆန်းသွားလေသည်။

လျိုယွင့်စိတ်ထဲ၌ တွေးတောနေသော ကိစ္စများကို ရှောင်လုံ သိရှိခြင်းမရှိပေ။ ပြန်တွေးကြည့်ပါက သူနှင့် ကျူးမိသားစုခေါင်းဆောင်တို့ တိုက်ခိုက်ပြီးနောက် ကျူးချူ ဒဏ်ရာရသွားချိန်၌ပင် ကျူးမိသားစုဘိုးဘေး ပေါ်ထွက်မလာခဲ့သည်မှာ ထူးဆန်းလှသည်ဟု သူ ခံစားနေမိသည်။

ကျူးမိသားစုဘိုးဘေးက ထိုနေရာ၌ ရှိမနေခြင်းကြောင့်လား။ ကျူးမိသားစုဘိုးဘေး၏ ရှိမနေမှုက ရှောင်လုံ့အတွက် ပြဿာနာအတော်များများကို လျော့နည်းသွားစေသည်။ အကြောင်းမှာ ကျူးမိသားစုဘိုးဘေးသည် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်း အထွတ်အထိပ်အဆင့် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူက မဟာနတ်ဘုရားအဆင့် ၂ သို့ ချိုးဖြတ်ဝင်ရောက်သွားပြီ ဟူသော ကောလာဟလများလည်း ရှိနေသေးသည်။

သို့သော်လည်း ကျူးမိသားစုဘိုးဘေးက သူ့အား ပြဿနာလာရှာမည်ကို ရှောင်လုံ စိုးရိမ်နေခြင်းမရှိပေ။ ကျူးမိသားစုဘိုးဘေးက မဟာနတ်ဘုရားအဆင့် ၂ သို့ အမှန်တကယ် ရောက်ရှိနေလျှင်ပင် ရှောင်လုံသည် သူ့၏ လက်ရှိခွန်အားအရ ကြောက်ရွံ့နေခြင်းမရှိပေ။

နာရီအနည်းငယ်ကြာပြီးနောက် ရှောင်လုံ နှင့် လျိုယွင်တို့သည် အနက်ရောင်သူရဲကောင်းတက္ကသိုလ် သို့ ရောက်ရှိသွားသည်။ သူက လျိုယွင်၏နေရာ၌ ရက်အနည်းငယ် နေထိုင်ပြီးနောင် သိုင်းဝိညာဥ်ကမ္ဘာသို့ ပြန်သွားလေသည်။

ရှောင်လုံက သိုင်းဝိညာဥ်ကမ္ဘာဆီသို့ ခရီးနှင်နေချိန်တွင် ကျူးမိသားစုခေါင်းဆောင်ကို လက်ဝါးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သော သူ့၏သတင်းသည် ကြယ်စင်စုတခွင်၌ မုန်တိုင်းသဖွယ် ပျံ့နှံ့သွားသည်။ မကြာမီ အနက်ရောင်လိပ် ကြယ်စင်စု တစ်ခုလုံး ထိုအဖြစ်အပျက်ကို သိရှိသွားကြလေသည်။

ကမ္ဘာပေါင်း မြောက်များစွာ သည် အံ့အားသင့်သွားကြသည်။ အင်အားကြီးမိသားစုများ၊ ဂိုဏ်းကြီး ဂိုဏ်းငယ်များ အားလုံးသည် စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြရသည်။

"ဘာပြောလိုက်တယ်...ဟောင်ရှောင်လုံက ကျူးမိသားစုခေါင်းဆောင်ကို လက်ဝါးတစ်ချက်ထဲနဲ့ အနိုင်ယူခဲ့တယ်ပေါ့"

"မဖြစ်နိုင်ဘူး...ကျူးမိသားစုခေါင်းဆောင်က မဟာနတ်ဘုရားအဆင့် ၁ အလယ်အလတ်အထွတ်အထိပ် အဆင့် သိုင်းပညာရှင်တစ်ယောက် ပဲ...ဒါ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိဘူးကွ"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ...ဒီအကြောင်းက ကျူးမိသားစုရဲ့ အကြီးအကဲတွေနဲ့ တပည့်တစ်ချို့ဆီက ထွက်လာတာကွ"

"အဲ့ဒီ ဟောင်ရှောင်လုံရဲ့ ပင်ကိုပါရမီက ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ ပါရမီ ပဲ...သူက နှစ်ပေါင်းတစ်ရာကျော်ပဲ ကျင့်ကြံရသေးတာလေ...ဒါပေမယ့် သူက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် ကိုတောင် ရောက်နေပြီ လို့ ငါကြားခဲ့ရတယ်...ကျူးမိသားစုခေါင်းဆောင်က သူ့ရဲ့ လက်ဝါးတစ်ချက်ကြောင့် ရှုံးနိမ့်ခဲ့ရတယ် ဆိုတဲ့ သတင်းကဆို ဉာဏ်မမီလောက်တဲ့ထိတောင် နက်နဲလွန်းနေပြီ...ဟောင်ရှောင်လုံရဲ့ လက်ရှိခွန်အားက နတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်တစ်ယောက် နဲ့ ယှဥ်နိုင်နေပြီလို့ ဆိုလိုနေတာ မဟုတ်လား"

နေရာတိုင်း၌ ထိုအကြောင်းကိုသာ ဆွေးနွေးပြောဆိုနေကြသည်။ အံ့အားသင့်မယုံကြည်နိုင်မှုများ၊ တုန်လှုပ်မှုများ ၊ စိုးရိမ်ထိတ်လန့်မှုများ၊ ထိတ်လန့်ကြောက်ရွံ့မှုများ ၊ ဝမ်းနည်းစိတ်ပျက်မှုများနှင့် လေးစားရိုသေမှု အသံတို့သည်ပင် ကြယ်စင်စု၏ နေရာအနှံ့အပြား၌ ပေါ်ထွက်နေပေသည်။

အနက်ရောင်သူရဲကောင်းတက္ကသိုလ် ဝူဟွမ်တောင်ထိပ် ၌မူ ဝမ်နာက ထိုသတင်းကို ကြားလိုက်ရချိန်တွင် သူမ၏ ပထမဆုံး တုန့်ပြန်ပုံမှာ ထိုကိစ္စ အမှန် ဟုတ်မဟုတ်ကို စစ်ဆေးခြင်း ဖြစ်သည်။ သူမ၏ နောက်လိုက်များက ကိစ္စ၏ အကြောင်းအရာကို မှားယွင်း တင်ပြလာခြင်း ဖြစ်ရမည်။ ကျူးမိသားစုခေါင်းဆောင်ကသာ ဟောင်ရှောင်လုံကို တစ်ချက်တည်းနှင့် အနိုင်ယူပြီး နောက်ဆုတ်သွားစေသူ ဖြစ်ရပေမည်။

သို့သော်လည်း သူမ၏ နောက်လိုက်များကို ထိုအကြောင်း စုံစမ်းစစ်ဆေးခိုင်းလိုက်ချိန်တွင် ရလဒ်က ပြောင်းလဲသွားခြင်း မရှိပေ။ ဟောင်ရှောင်လုံ က ကျိုးမိသားစုခေါင်းဆောင်ကို လက်ဝါးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

"ရယ်စရာဟာသပဲ"

ဝမ်နာက အော်ဟစ်လိုက်ကာ ဒေါသဖြင့် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်မို့ ခန်းမထဲရှိ စားပွဲများနှင့် ထိုင်ခုံများသည် လေထဲသို့ လွင့်စင်သွားသည်။

ဤသည်မှယ သူမ လက်ခံရန် အဆင့်သင့်မဖြစ်နိုင်သည့် ရလဒ်ပင် ဖြစ်သည်။

ထို လမ်းဘေးခွေး ဖြစ်သည့် ဟောင်ရှောင်လုံသည် ထိုမျှအထိ ကြီးထွားသန်မာလာပြီ ဖြစ်သည်။

သူမ၏ လက်ရှိခွန်အားသည် ကျူးမိသားစုခေါင်းဆောင်ထက် ပိုမိုသန်မာခြင်း မရှိသလို အားနည်းနေခြင်းလည်း မရှိပေ။

ထိုသို့ ဆိုပါက သူမသည် လမ်းဘေးခွေး ဟောင်ရှောင်လုံ၏ လက်ဝါးတစ်ချက်ကိုပင် တောင်ခံနိုင်လိမ့်မည်မဟုတ်ဟု ဆိုလိုနေခြင်းလော။

ထိတ်လန့်ကြောက်ရွံ့မှုများက သူမစိတ်ထဲ၌ ပြည့်နှက်လာပေသည်။

ဟောင်ရှောင်လုံ၏ အားကောင်းလွန်းလှသော လက်ရှိခွန်အားအရဆိုလျှင် သူ မဟာနတ်ဘုရားအဆင့် သို့ ချိုးဖြတ်ဝင်ရောက်သွားချိန်၌ သူမကို သတ်ဖြတ်ရန်မှာ လက်ဝါး လှန်ကြည့်ရုံမျှထိ လွယ်ကူသွားလိမ့်မည်လား။

"ငါ အဲ့ဒီ လမ်းဘေးခွေးကို ဆက်ပြီး သန်မာစေလို့မဖြစ်တော့ဘူး"

ဝမ်နာသည် ခန်းမထဲတွင် အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေပြီး ရူးသွပ်နေသည့်နှယ် ထိုစကားများကိုသာ တတွတ်တွတ်ပြောဆိုရေရွတ်နေလေသည်။

"တက္ကသိုလ်ကျောင်းအုပ်ကြီး...ကျုပ်အထင်တော့...ဒီကိစ္စကို ကျုပ်တို့ မဟာအရှင်သခင် ဆီ ချက်ချင်း တင်ပြသင့်တယ်"

ဘေး၌ ရပ်နေသည့် မဟာအကြီးအကဲ ကျန်းရိကျားက သတိထားပြီး အသိပေးလိုက်သည်။

"ဟုတ်တယ်...ဟုတ်တယ်...ဟုတ်တယ်...ငါတို့ ဒီကိစ္စကို မဟာအရှင်သခင်ဆီ သတင်းပို့ရမယ်"

ဝမ်နာက အသိစိတ်ကို စုစည်းနိုင်သွားသည်နှင့် ခေါင်းညိတ်လိုက်လေသည်။ သူမက အသံပို့လွှတ်ခြင်း ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ကာ ထိုကိစ္စကို မဟာအရှင်သခင်ဆီသို့ သတင်းပို့လိုက်သည်။

ချက်ချင်းဆိုသလို ခန်းမ၏ အထက် လေဟာနယ်သည် ကွဲအက်သွားပြီး ဟင်းလင်းပြင်ထဲမှ လွှမ်းမိုးချုပ်ကိုင်သည့် အော်ရာများ ထုတ်လွှတ်နေသော အရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ အရိပ်ကို တောက်ပသည့်အလင်းက လွှမ်းခြုံထားပြီး သူ့၏ အသွင်အပြင်ကို ဖုံးကွယ်ထားပေသည်။

ဝမ်နာနှင့် ကျန်းရိကျား နှစ်ယောက်လုံးသည် ရိုသေလေးစားစွာဖြင့် ဒူးထောက်လိုက်ကြလေသည်။

" မဟာအရှင်သခင် ကို ဂါရဝပြုပါတယ်...မဟာအရှင်သခင်ရဲ့ နတ်ဘုရားဆန္ဒက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ"

"ဟောင်ရှောင်လုံ နဲ့ ပတ်သတ်တဲ့ ကိစ္စကို ငါ သိပြီးသွားပြီ...ဒီကလေးရဲ့ ပါရမီက ဒီလောက် ကြောက်ဖို့ကောင်းလိမ့်မယ်လို့ ငါတောင် မမျှော်လင့်ထားခဲ့မိဘူး...ရက်အနည်းငယ်အတွင်း ငါ သူ့ကို ဖြေရှင်းဖို့အတွက် တံလျှပ်ဘုရင် ကို စေလွှတ်လိုက်မယ်...အခု မင်းတို့ လုပ်ဖို့လိုတာက သူ ဘယ်မှာရှိနေလဲ ဆိုတာကို ရှာဖို့နဲ့ တံလျှပ်ဘုရင်ကို ကူညီပေးဖို့ပဲ"

အလင်းလုံးထဲမှာ ထူးခြားနက်နဲသည့်အသံ ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့ပါ...မဟာအရှင်သခင်"

ဝမ်နာနှင့် ကျန်းရိကျားတို့သည် ဝမ်းသာသွားကြပြီး ပေးအပ်လာသည့်အမိန့်ကို ရိုသေလေးစားစွာဖြင့် နာခံလိုက်ကြလေသည်။ တံလျှပ်ဘုရင် က မည်မျှထိ စွမ်းအားကြီးမားလှကြောင်း သူတို့ မသိသော်လည်း သူတို့ မဟာအရှင်သခင်၏ လက်အောင်၌ ဘုရင်ခြောက်ပါး ရှိပြီး တံလျှပ်ဘုရင်သည် ထိုထဲမှ တစ်ယောက်ဖြစ်ကြောင်းကိုမူ သိရှိထားပေသည်။

မဟာအရှင်သခင်၏ ဘုရင်ခြောက်ပါးလုံးသည်ခက်ခဲနက်နဲသော ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။

ဝမ်နာ၏ ခန့်မှန်းချက်အရ ဖုယန်သည်ပင် တံလျှပ်ဘုရင်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

လေထုထဲရှိ တောက်ပသော အလင်းလုံးကြီးသည် ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသည်။ ထို့နောက် ခန်းမဆောင် သည် ထပ်မံတိတ်ဆိတ်သွားလေသည်။

ကျူးချူကို အနိုင်ယူလိုက်သည့်အကြောင်း ကြယ်စင်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ကို သိုင်းဝိညာဥ်ကမ္ဘာသို့ ပြန်နေသည့် ရှောင်လုံက လုံးဝ သိရှိခြင်းမရှိပေ။

နေ့တစ်ဝက်မျှကြာပြီးနောက် ရှောင်လုံသည် မူလသံမဏိကမ္ဘာ၏ ကူးပြောင်းခြင်းအစီအရင်ထဲမှ လှမ်းထွက်လိုက်လေသည်။ ထို့နောက် သူက သိုင်းဝိညာဥ်ကမ္ဘာဆီသို့ ဦးတည်ပျံသန်းလိုက်သည်။

'ကြည့်ရတာ သိုင်းဝိညာဥ်ကမ္ဘာထဲမှာ ကူးပြောင်းခြင်းအစီအရင် တစ်ခု တည်ဆောက်ဖို့ လိုနေပြီ ထင်တယ်'

ရှောင်လုံ သူ့ကိုယ်သူ တွေးတောလိုက်သည်။

သိုင်းဝိညာဥ်ကမ္ဘာ၌ မည်သည့် ကူးပြောင်းခြင်းအစီအရင်မှ မရှိသောကြောင့် သူသည် မူလသံမဏိကမ္ဘာမှ ကူးပြောင်းကာ ကျန်ခရီးကို ပျံသန်းနေရသည်မို့ ဒုက္ခများလှသည်။

သိုင်းဝိညာဥ်ကမ္ဘာထဲ၌ ကူးပြောင်းခြင်းအစီအရင်တစ်ခု ရှိမည်ဆိုလျှင် အိမ်အပြန်လမ်းသည် သေချာပေါက် ပိုမို လွယ်ကူမြန်ဆန်ပေလိမ့်မည်။

မူလသံမဏိကမ္ဘာမှ ထွက်ခွာပြီးနောက် ရှောင်လုံသည် ဓားပေါ်တက်ကာ အမြန်ဆုံးပျံသန်းလိုက်သည်။ သူက သိုင်းဝိညာဥ်ကမ္ဘာသို့ နာရီဝက်အတွင်း ရောက်ရှိသွားကာ အကာအကွယ်ကို ထိုဖောက်ဝင်ရောက်လိုက်သည်။ အထဲသို့ ရောက်ရှိသွားသည်နှင့် ရှောင်လုံသည် သူ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသော ပေါများကြွယ်ဝသည့် စိတ်ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသည်။

ရှောင်လုံ မရှိသည့် ဆယ်နှစ်တာကာလအတွင်း သိုင်းဝိညာဥ်ကမ္ဘာ၏ စိတ်ဝိညာဥ်စွမ်းအင်သည် ထပ်မံ အရည်အသွေး မြင့်တက်လာသည်။ ထို့ပြင် ရှောင်လုံကို အံအားသင့်သွားစေသည်မှာ သိုင်းဝိညာဥ်ကမ္ဘာ၏လက်ရှိ စိတ်ဝိညာဥ်စွမ်းအင်အဆင့်သည် တိမ်ပင်လယ်ကုန်းမြေကြီး၏ စွမ်းအင်ထက်ပင် အဆင့် ပိုမြင့်နေသောကြောင့် ဖြစ်သည်။

သူက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပေသည်။ နောက် နှစ်ပေါင်းတစ်ရာကျော်ချိန်တွင်  သိုင်းဝိညာဥ်ကမ္ဘာသည် ကြယ်စင်စုထဲ၌ စိတ်ဝိညာဥ်စွမ်းအင် အပေါများ အကြွယ်ဝဆုံးနေရာ ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်ပေသည်။ သိပ်မဝေးသည့် အနာဂတ်တွင် များပြားလှသော ကျင့်ကြံသူများသည် သိုင်းဝိညာဥ်ကမ္ဘာ၌ ကျင့်ကြံရန် အပြေးအလွှား ရောက်ရှိလာကြမည်ကို သူ မြင်ယောင်ကြည့်၍ ရနိုင်ပေသည်။ သူ့၏ မျက်လုံးထဲ၌ အလင်းတစ်ချက် လက်သွားသည်။

ဆယ်မိနစ် ကြာပြီးနောက် သူက ဟောင်မိသားစုအိမ်တော်သို့ ရောက်ရှိသွားသည်။

လွန်ခဲ့သည့်ဆယ်နှစ်ကနှင့် ယှဥ်လျှင် ဟောင်မိသားစုအိမ်တော် သည် များစွာ ပြောင်းလဲသွားသည်။ ဆယ်စုနှစ်တစ်ခုကြာသည်ထိ များစွာသော အကျယ်အဝန်းတိုးချဲ့မှုနှင့် ကောင်းသထက်ကောင်းအောင် ပြုပြင်မွမ်းမံမှုတို့ကြောင့် အင်ပါယာ၏ အင်ပါယာမြို့တော်နှင့်ပင် တူနေပေသည်။

ရှောင်လုံ အိမ်ပြန်ရောက်သည်နှင့် ဝမ်းသာပျော်ရွှင်သည့်အသံများဖြင့် ပြည့်နှက်သွားပေသည်။ ဆူညံပွက်လောရိုက်နေသော်လည်း ပတ်ဝန်းကျင်အငွေ့အသက်သည် ချက်ချင်းဆိုသလို သက်ဝင်တက်ကြွသွားသည်။

ရှောင်လုံ့ ပတ်ပတ်လည်ရှိ ဟောင်မိသားစုဝင်များအားလုံးသည် သု့၏ အာရုံစိုက်မှုကို ရရှိရေးအတွက် သူ့ထက်ငါအပြိုင် စကားလုပြောနေကြလေသည်။ ရှောင်လုံက လူအုပ်ကြီးကြားတွင် မူးဝေနေရသည်။ ရှောင်ဖေးကမူ ခြေလှမ်းအနည်းငယ်အကွာ၌ ရပ်နေပေသည်။ ရှောင်လုံကို ကြည့်ရင်း သူမ၏ မျက်လုံးထဲ၌ ပီတိနှင့်ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

ထိုနေ့၌ ဟောင်မိသားစုအိမ်တော် သည် ရှောင်လုံ ပြန်လာခြင်းနှင့် စကြာဝဠာမိခင်ယောင့်ချီ၏ အမွေအနှစ်ဆက်ခံသူ ဖြစ်ခဲ့ခြင်းအတွက် စားသောက်ပွဲတစ်ခု ကျင်းပကြလေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၉၅....မဟာ နတ်ဘုရားအဆင့် သိုင်းပညာရှင်များကိုစုဆောင်းခြင်း

စားသောက်ပွဲသည် တစ်နေ့လုံး ကျင်းပခဲ့ပေသည်။ စားသောက်ပွဲ၌ရှောင်လုံသည် ယောင့်ချီတောင်တန်းပေါ်၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို အလျှင်အမြန် ပြန်ပြောပြလိုက်ပြီးနောက် ဤနှစ်များအတွင်း ဟောင်မိသားစု အိမ်တော်၏ အခြေအနေကို မေးမြန်းလိုက်လေသည်။

လူတိုင်းက စိတ်လှုပ်ရှားနေကြပြီး သူ့ထက်ငါ အပြိုင်အဆိုင်ပြောရန် ကြိုးပမ်းနေကြပေသည်။

နာရီဝက်မျှကြာပြီးနောက် ရှောင်လုံသည် သူမရှိစဥ် ဖြစ်ပျက်သွားခဲ့သော သိုင်းဝိညာဥ်ကမ္ဘာ၏ အဖြစ်အပျက်များကို အနည်းနှင့်အများ နားလည်သွားပေသည်။

သိုင်းဝိညာဥ် ကမ္ဘာ သည် ကောင်းမွန်စွာ တိုးတတ်  ဖွံ့ဖြိုးနေသည်ဟုဆိုနိုင်ပြီး သေးငယ်လှသော တိုက်ခိုက်မှုများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ကပ်ဘေးဆန်သည့် အဖြစ်အပျက်များ မဖြစ်ပွားခဲ့ပေ။သို့သော်လည်း နဂါးအင်ပါယာ အောင်းတိုင်ရီ ၊ဇာမနီ ကလန်ဘိုးဘေးနှင့် အခြားမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များရှိနေသောကြောင့် ထို တိုက်ခိုက်သူများသည် ဟောင်မိသားစု အိမ်တော်ကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိပေ။

"သေးငယ် တဲ့ တိုက်ခိုက်မှုတွေတဲ့လား”

ရှောင်လုံက နဂါး အင်ပါယာ အောင်းတိုင်ရီကို လှည့်ကြည့်လိုက်လေသည်။

နဂါး အိုကြီးက ရှင်းပြလိုက်လေသည်။

"သူ တို့တွေက မိုးပြာရောင် နဂါး တက္ကသိုလ် က သူတွေပဲ...သူတို့အပြင် ဟင်္သာ ပြဒါးငှက်တက္ကသိုလ် ၊အဖြူရောင် ကျားတက္ကသိုလ် တွေနဲ့အခြားထိပ်တန်း အင်အားစုအချို့လဲ ပါသေးတယ်... ဒါပေမယ့် အဲ့ဒီလူတွေအားလုံးက ဘာမဟုတ်တဲ့ ပုဇွန်ဆိတ်ကလေးတွေပဲ...အဲ့ဒီ အုပ်စု သုံးခုလုံး ထပ်မတိုက်ခိုက်နိုင်တော့အောင်လို့ ငါက သူတို့အားလုံးကို သတ်ပစ်လိုက်တယ် ”

မိုးပြာရောင် နဂါးတက္ကသိုလ် အကြောင်းကြားလိုက်ရချိန်တွင် ရှောင်လုံ၏ မျက်လုံးထဲ၌ အေးစက်စက် အပြုံးတစ်ချက် လက်သွားလေသည်။

မိုးပြာရောင်နဂါးတက္ကသိုလ်က ဟောင်မိသားစု အိမ်တော်ကိုတိုက်ခိုက်လာခြင်းသည် မည်သည်ကို ကြံစည်နေခြင်းဖြစ်ကြောင်း ရှောင်လုံတွေးကြည့် စရာမလိုဘဲ သိရှိနိုင်ပေသည်။

လွန်ခဲ့သည့် နှစ်များစွာက ယောင့်ချီတောင်တန်း၏ တိုက်ပွဲစင်မြင့်ပေါ်တွင် သူသည် အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းကို မိုးပြာရောင် နဂါးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် လောင်းကြေးထပ်ရန် ထုတ်ပြခဲ့ပေသည်။ ထိုမျှ များပြားလှသော ချမ်းသာ ကြွယ်ဝမှုက များပြားလှသော လူများ၏ လောဘကို ဆွဲဆောင်မိသွားသည်။

မကြာမီ စားသောက်ပွဲ ပြီးဆုံးသွားပေသည်။

ရှောင်လုံက သူ့၏ ခြံဝန်းသို့ ပြန်သွားလေသည်။ သို့သော် ခါတိုင်းနှင့်မတူညီစွာ သူသည် ကျင့်ကြံရန် မစီစဥ်ထားပေ။ထိုအစားသူက နီလာခရမ်း မိုးရေစက် နတ်ဆေးလုံး များကို သန့်စင်ဖော်စပ်ရန် ယောင့်ချီဆေး မီးဖိုကို ထုတ်ယူလိုက်ပေသည်။

စကြာဝဠာ မိခင်ယောင့်ချီက နတ်ဘုံကမ္ဘာသို့ တတ်လှမ်းမသွားမီ သူ့အတွက် နီလာခရမ်း မိုးရေစက် နတ်ဆေးလုံး များ ချန်ထားခဲ့သော်လည်း ပမာဏ သိပ်မများလှပေ။ ထို့အပြင် ရှောင်လုံကလည်း ဖော်စပ်သန့်စင်ဖို့ရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့်သူက သူ့၏မိသားစုနှင့် ဟောင်မိသားစု အိမ်တော်ထဲရှိ အခြားသူများအတွက် ဆေးလုံး မြောက်များစွာ ဖော်စပ်ရန် ဆုံးဖြတ်လိုက်ပေသည်။

ထို့အပြင် သူက မကြာမီ၌ စိတ်ဝိညာဉ် တစ်ရာ သားရဲဘုရင်၏ ခေါင်းပိုင်းနှင့် ခြေထောက်များကို ရှာဖွေရန်ထွက်ခွာမည်ဖြစ်သည် ။ ထိုအချိန်၌ သူက ဆေးလုံးဖော်စပ်ရန် အချိန် ရှိတော့မည်မဟုတ်ပေ။

မျက်တောင် တစ်ခတ် အတွင်းမှာပင် ရှောင်လုံ ဆေးဖော်စပ်နေသည်မှာ နှစ်လမျှ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရှောင်လုံ၏ ဆေးဖော်စပ်သည့် အမြန်နှုန်းကြောင့် သူသည် တစ်နေ့လျှင် ဆေးနှစ်အိုစာ ဖော်စပ်နိုင်စွမ်းရှိပေသည်။ ထို့အပြင် တစ်ရာ ရာခိုင်နှုန်း အောင်မြင်မှု ရှိပြီး ဆေးလုံးများသည် ထိပ်တန်း အဆင့်များ ဖြစ်သည်။အခြားသော ဆေးပညာရှင်များသာ ဤသည်ကို သိရှိသွားမည်ဆိုလျှင် အံ့ဩ မင်သက်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားပေလိမ့်မည်။

အထွတ်အမြတ်အဆင့် နတ်ဆေးလုံးများကို အောင်အောင်မြင်ဖော်စပ်ရန် ရာခိုင်နှုန်းနည်းပါးလှကြောင်း သည် လူတိုင်သိရှိထားသည့် အခြေ ခံ ဗဟုသုတဖြစ်သည်။ အထွတ်အမြတ် အဆင့် နတ်ဆေးလုံး ဆိုလျှင်ပင် ဆယ်ကြိမ်၌ တစ်ကြိမ်အောင်မြင်လိမ့်မည်ဟု ပြောရန် ခက်ခဲပေသည်။နီလာ ခရမ်း မိုးရေစက် နတ်ဆေးလုံးကဲ့သို့သော ဒဏ္ဍရီလာ နတ်ဆေးလုံးဆိုပါက ပြောနေစရာပင်မလိုအပ်တော့ပေ။

လမင်းဆင်းသက်ခြင်း အဘိုးအို သည်ပင် ရှောင်လုံကဲ့သို့ တစ်ရာ ရာခိုင်နှုန်း အောင်မြင် မှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ လမင်ဆင်းသက်ခြင်းအဘိုးအိုသည် လိပ်နက် နတ်မီးတောက် နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက်တို့ကို မပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

နှစ်လကြာပြီးနောက် ရှောင်ခုံသည် သူ့၏ မိသားစုနှင့် ယုံကြည်ရသော သူများကို နီလာခရမ်းမိုးနေစက် နတ်ဆေးလုံး နှစ်ပုလင်းစီ ပေးအပ်လိုက်လေသည်။

လူတစ်ယောက်ကို နှစ်ပုလင်းလုံးစီ များပြားလှခြင်း မရှိသော်လည်း သူတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းအရ နှစ်ပေါင်းနှစ်ဆယ်မှ သုံးဆယ် အထိ လုံလောက်မှု ရှိလိမ့်မည် ။ သူတို့အကုန် အစင်သောက်သုံး ပြီးသွားချိန်တွင် သူသည် ထပ်မံ ဖော်စပ်ပေးလိုက်ရုံသာဖြစ်သည်။

ရှောင်လုံက နီလာခရမ်းမိုးရေစက် နတ်ဆေးလုံးများကို နှစ်လလုံးလုံးဖော်စပ် သန့်စင်နေစဥ် ရှောင်ဖေးသည် နေ့စဥ် နေ့တိုင်း ရောက်လာတတ်သည်။ သူမ ရောက်ရှိလာချိန်တွင် ရှောင်လုံကို နှောက်ယှက်ခြင်း မရှိဘဲ ဘေး၌အသာရပ်ကာ သူ့အားကြည့်နေတတ်သည်။

ရှောင်းဖေး အတွက်မူ ရှောင်လုံဘေး၌ ရှိနေနိုင်စွမ်းရှိခြင်း ၊သူနှင့်လိုက်ပါခွင့် ရှိခြင်း၊ သူ့ကို ကြည့်နေခွင့် ရခြင်းကပင် သူမကို ပျော်ရွှင်မှုများဖြင့် ပြည့်နှက်စေသည်။

ရှောင်လုံ က အောင်အောင်မြင်မြင် ဆေးတစ်အိုး ဖော်စပ်ပြီးသွားချိန်တိုင်း သူမသည် လက်ဖက်ရည် ယူလာပေးကာ ရှောင်လုံ၏ မျက်နှာပေါ်ရှိချွေးစက်များကို သုတ်ပေးတတ်လေသည်။

နီလာခရမ်း မိုရေ စက် နတ်ဆေးလုံးများကို သူ့၏ မိသားစုအတွက် သန့်စင်ဖော်စပ်ပြီး အချိန် နှစ်လမျှ ကုန်ဆုံးသွားပြီးနောက် ရှောင်လုံသည် စိတ်ဝိညာဉ်တစ်ရာ သားရဲဘုရင် ၏ ခေါင်းပိုင်းနှင့် ခြေထောက် များကို ရှာဖွေရန် အလျှင်စလို ထွက်ခွာခြင်းမပြုပေ။ အကြောင်းမှာ သူ့၏ မိသားစု နှင့် ရှောင်ဖေးတို့နှင့်အတူ နေထိုင်ရသည့် အချိန်မှာ ရှားပါးသောကြောင့်ဖြစ်သည်။ ဤတစ်ခေါက်၌ ရှောင်လုံ သူ့၏ မိသားစုနှင့်ရှောင်ဖေးတို့သည် သိုင်းဝိညာဥ်ကမ္ဘာက အနှံ့သို့ လှည့်လည် သွားလာနိုင်ပေသည်။ တစ်ချိန်တည်းမှာပင် သိုင်းဝိညာဥ်ကမ္ဘာ၏ အခြေအနေ အားလုံးကို စစ်ဆေးလိုက်ပေသည်။

ရှောင်လုံက ဇာမဏီကလမ်ဘိုးဘေးကို အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်သောင်းပေးကာ သူနှင့် အခြား မဟာနတ်ဘုရား သိုင်းပညာ ရှင်များကိုသိုင်းဝိညာဥ် ကမ္ဘာ ထဲ၌ ကူးပြောင်းခြင်း အစီအရင်တစ်ခုကို  တည်ဆောက်ခိုင်းလိုက်သည်။

အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်သောင်း အသုံးပြုပြီး တည်ဆောက်မည့် ကူးပြောင်းခြင်း အစီအရင် တစ်ခု၏ ခမ်းနားကြီးကျယ်မှုကို မြင်ယောင်ကြည့်ရှု၍ ရနိုင်ပေသည်။ ထို့ကြောင့် ဤသည်ကို ကြားလိုက်ရသည်နှင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည် တုန်လှုပ်မင်သက်သွားကြလေသည်။

သူတို့၏ အသိပညာများအရ တိမ်ပင်လယ် ကုန်းမြေကြီး၏ မဟာ ကူးပြောင်းခြင်း အစီအရင် တည်ဆောက်မှုသည်ပင် အဆင့်မြင့် နတ်ဘုရား အဆင့် စိတ်ဝိညာဉ် ကျောက်တုံး သုံးသောင်းသာ ကုန်ကျလိမ့်ပေမည်။ ထို တိမ်ပင်လယ် ကုန်းမြေကြီး၏ ကူးပြောင်း ခြင်း အစီ အရင်သည်အနက်ရောင် လိပ် ကြယ်စင်စု၏ အကြီးမားဆုံး ကူးပြောင်းခြင်း အစီအရင်ပင် ဖြစ်သည်။

ထိုမျှသာ မကပဲ ကူးပြောင်းခြင်း အစီအရင်တစ်ခု တည်ဆောက်ခြင်းသည် အချိန်ကုန်ပြီး ရှုပ်ထွေးလှသော အလုပ်တစ်ခု ဖြစ်ပေသည် ။ဇာမဏီ ကလမ်ဘိုးဘေး၊ဟောင်ဟုန်ထျန်း၊ ပန်ညီအကို သုံးယောက်နှင့် အမြီးကိုးချောင်းမြေခွေးဖြူတို့ ရှိနေသော်လည်း အစီအရင် အပြီးအစီး တည်ဆောက်ရန်အတွက် တစ်နှစ်ကျော် ကြာမည်ဖြစ်သည်။

ရှောင်လုံက ကူးပြောင်းခြင်း အစီအရင်ကို အလျင်စလို လိုအပ်နေခြင်းမရှိသည်မို့ အချိန်မည်မျှ ကြာကြာ ဂရုမစိုက်ပေ။

သူက သူ့၏ မိသားစု နှင့် ရှောင်ဖေးတို့နှင့် အတူ လိုက်ပါကာ ကုန်မြေတိုက်ကြီး သုံးခုနှင့် အကျဥ်းထောင်နယ်မြေတို့ကို လှည့်လည် ခရီးသွားလိုက်လေသည် ။ သူတို့နေရာစုံ သွားလာပြီးချိန်တွင် သုံးလတာ ကုန်ဆုံးသွားပေသည်။

တစ်ပတ်လောက်မျှ လှည့်ပတ်စစ်ဆေးပြီးသွားပြနောက် ရှောင်လုံသည် လက်ရှိ တိုးတတ်မှု အခြေအနေကို စိတ်ကျေနပ်သွားပေသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ရှောင်လုံ ချီးမြင့်ခဲ့သည် စိတ်ဝိညာဉ် ဆေးလုံးများစွာနှင့် သိုင်းဝိညာဥ် ကမ္ဘာ၏ စိတ်ဝိညာဉ် စွမ်းအင် တိုးတတ်မှုတို့ကြောင့် လူအချို့သည် စကြာဝဠာ အဆင့်သို့ တည်တည်ငြိမ်ငြိမ် ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့ကြပေသည်။

နောက်ထပ် ဆယ်နှစ် သို့မဟုတ် ထို့ထက် ကုန်ဆုံးသွားပြီဆိုလျှင် သိုင်းဝိညာဥ်  ကမ္ဘာ၏ စကြာဝဠာ အဆင့် သိုင်းပညာ ရှင်အရေအတွက်သည် ပိုမိုတိုးတက် လာပေလိမ့်မည်။

မူလက စကြာဝဠာ အဆင့် သိုင်းပညာရှင်အရေအတွက်သည် ရှောင်လုံမှတ်မိထားသော်လည်း ယခုမူ အယောက် နှစ်သောင်းကိုကျော်လွန်သွားပြီဖြစ်သည်။

ထိုနေ့၌ ရှောင်လုံသည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်အားလုံးကို ဆင့်ခေါ်လိုက်လေသည်။

"သခင်လေးက မဟာနတ်ဘုရား အဆင့် သိုင်းပညာ ရှင်တွေကို စုဆောင်ချင်နေတာလား”

ရှောင်လုံ၏ စကားများကို နားထောင်လိုက်ရင်း ဇာမဏီကလန် ဘိုးဘေးနှင့် တခြားသူများသည် ကြောင်အသွားပေသည်။ အချို့သော ထိပ်တန်း အင်အားစုများက သိုင်းပညာရှင်များ ကို သူတို့မိသားစု၏ ဧည့်သည်အကြီး အကဲများ အဖြစ် စုဆောင်းသည်ကို ကြားဖူးသော်လည်း မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို ဧည့်သည် အကြီး အကဲများအဖြစ် စုဆောင်းခြင်းကိုမူ တစ်ခါမှ မကြားဖူးခဲ့ပေ။

မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်သည် ကြယ်စင်စုထဲတွင် အထွတ်အထိပ်နေရာ၌ ရပ်တည်နေကြသည်။ သူတို့ တစ်ယောက်ခြင်း စီတိုင်းသည် မိုးနှင့်လေကို ဆင့်ခေါ်နိုင်စွမ်းရှိသည့် တည်ရှိမှုမျိုး ဖြစ်သည်။ မည်သူက တစ်ပါးသူ၏ အမိန့်များကို လိုက်နာလိုခြင်း ရှိလိမ့်မည်နည်း။

ဇာမဏီကလန်ဘိုးဘေးနှင့် တခြားသူများ၏ အမူအရာများ ကို ကြည့်ရင်း ရှောင်လုံသည် သူတို့ စိတ်ထဲရှိ အရာများကို ခန့်မှန်းနိုင်သွားပြီမို့ ပြောလိုက်လေသည်။

"ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်... အမှုထမ်းဖို့ဆန္ဒရှိတဲ့ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တွေကို တစ်နှစ်စာအတွက် အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်ရာ ပေးမယ်... မဟာနတ်ဘုရားအဆင့် ၂သိုင်းပညာရှင်ဆိုလျှင် အဆင့်မြင့် မဟာနတ်ဘုရားအတင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်ရာ ရမယ်...မဟာနတ်ဘုရားအဆင့်၃ သိုင်းပညာရှင်ဆိုရင်တော့ တစ်နှစ်ကို သုံးရာ ရမယ်...ပြီးတော့ အဆင့် ၄ဆိုလည်း အဲ့ဒီ အတိုင်းပဲ..."

ရှောင်လုံရှေ့ရှိ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်၆ယောက်သည် တုန်လှုပ်မင်သက်သွားကြပေသည်။

တစ်နှစ်ကို အဆင့် မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်ရာ ...။

အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်ရာသည် ရွှမ်းဝူဒင်္ဂါးသန်း၈၀ တန်ကြေးရှိပေသည်။ စိတ်ဝိညာဉ် ကျောက်တုံး တစ်ရာ ဆိုပါက သန်း ၈၀၀ ဖြစ်သွားပေလိမ့်မည်။

ဆယ်နှစ် ဆိုပါက ၈၀၀ ဘီလီယံ ဖြစ်သွားမည် မဟုတ်လော။

၈၀၀ ဘီလီယံ...။

ထိပ်တန်းအင်အားစုတစ်ခုသည် ၈၀၀ဘီလီယံဟူသော ကြီးမာလှသည့် ချမ်းသာ ကြွယ်ဝမှုကို စုဆောင်းရန် နှစ်ပေါင်းမည်မျှ အချိန်ယူရန် လိုအပ်မည်နည်း။ သို့သော်လည်း ရှောင်လုံထံ၌ ၁၀နှစ်တာ အမှုထမ်းရုံဖြင့် ထိုမျှပမာဏကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။

မည်သည့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကမှ ထိုကဲ့သို့သော သွေးဆောင် ဖျားယောင်းမှုကို တောင့်ခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

ဤကိစ္စကိုကြေညာ လိုက်သည်နှင့် ထူးခြားဆန်းကြယ်သောနေရာများ၌ တံခါးပိတ်ကျင့်ကြံနေသည့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များစွာသည် သိုင်းဝိညာဥ် ကမ္ဘာ ဆီသို့ အပြေးအလွှားရောက်ရှိလာကြမည့်မြင်ကွင်းကို သူတို့ ၆ယောက် မြင်ယောင်ကြည့်၍ရနိုင်ပေသည်။

သိုင်းဝိညာဥ်  ကမ္ဘာ ၌ နဂါးအင်ပါယာ အောင်းတိုင်ရီ၊ ဇာမဏီကလန် ဘိုးဘေးနှင့် အခြားသူများ စောင့် ကြပ်နေကြသော်လည်း သိုင်းဝိညာဥ် ကမ္ဘာ ၏ ခုခံကာကွယ်မှုသည် အားနည်းလှသည်ဟု ရှောင်လုံ ခံစားနေဆဲဖြစ်သည်။

ထို ထူးခြားဆန်းကြယ်လှသော မဟာအရှင်သခင်က ရှောင်လုံအား စိုးရိမ်ပူပန်ဖွယ် ခံစားချက်ကို ပေးစွမ်းနေပေသည်။ ထို့ကြောင့်သူက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို စုဆောင်းရန် အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး များကို အသုံးပြု၍ သိုင်းဝိညာဥ် ကမ္ဘာ၏ ခုခံကာကွယ်မှု စွမ်းအားကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်ပေသည်။

သူ့၏ လက်ရှိခွန်အားနှင့် စိတ်ဝိညာဉ် အင်အားအရ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို စိတ်ဝိညာဉ် အမှတ်အသားတစ်ခုအသုံးပြု၍ ထိန်းချုပ်ရန် အခက်အခဲ မရှိပေ။ကံမကောင်းစွာဖြင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည် ကြယ်စင်စုအနှံ့ပျံ့နှံနေပေသည်။

ထို့အပြင် ထူးခြားဆန်းကြယ်သော နေရာများ၌ တံခါးပိတ်ကျင့်ကြံနေကြသော သူများလည်း ရှိပေသည်။ သူတို့ကို တစ်ယောက်ခြင်းလိုက်လံရှာဖွေရန်မှာ ဒုက္ခ များလှပေသည်။

ယခု ဆိုလျှင် စုဆောင်းခြင်းနည်းလမ်းကို အသုံးပြု၍ ထိုမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို သူ့၏ တံခါးဝရှေ့တည့်တည့်သို့ ရောက်ရှိအောင် လုပ်ဆောင်လိုက်သည်မို့ အရာအားလုံးသည် ပိုမို လွယ်ကူသွားပေသည်။

"ဒါအကုန်ပဲ ...သွားပြီးကြေညာလိုက်တော့”

ရှောင်လုံက ပြောလိုက်လေသည်။

"ဟုတ်ကဲ့... သခင်လေး”

ဇာမဏီကလန် ဘိုးဘေးနဲ့ အခြားသူများသည် ရိုသေလေးစားမှု အပြည့်ဖြင့် ခေါင်းညိတ် လိုက်ကြလေပြီး ခန်းမထဲမှ ထွက်ခွာသွားကြလေသည်။ထို့နောက် ဤ ကိစ္စကို ပြင်ပကမ္ဘာ ဆီသို့ ကြေညာရန် သူတို့၏ နောက်လိုက်များကို ညွှန်ကြားလိုက်လေသည်။

Continue Reading

You'll Also Like

107K 1.6K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥
58.9K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...
18.9K 759 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
61.6K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...