ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

781 - 785

166 14 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်
အပိုင်း ၇၈၁..... မင်းက မင်းကိုယ်မင်း ဟဲ့ဖေးဖန်ထက်ပိုပြီး သန်မာတယ်လို့ ထင်နေတာလား
ကျောင်းဟန်ကျီသည် တိုက်ပွဲဆင်မြင့်ပေါ်သို့ဒုတိယမြောက်ခုန်တက်လာသူမှာ မိုးပြာရောင်နဂါးတက္ကသိုလ်၏ လုကုန်းဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင် သူ့၏မျက်နှာထက်၌ တုန်လှုပ်မှုများ ဖြတ်ပြေးသွားလေသည်။သို့သော်လည်း သူ့၏ အမူအရာကို တည်ငြိမ်သည့် ပုံစံဖြစ်အောင် အလျှင်အမြန်ထိမ်းချုပ်လိုက်လေသည်။
သူက လုကုန်းကို အေးစက်စက်ကြည့်လိုက်လေသည်။
"ဒီတော့...ဒါက အကိုလုကုန်းကိုး...အကိုလုကုန်းရဲ့ စာလုံးတစ်သောင်း ရောင်ခြည်စက်ဝိုင်းက ရှေးခေတ်ကာလရဲ့ စွမ်းအားအကြီးဆုံး အသံလှိုင်းနည်းစနစ် တစ်ခုလို့ ကျုပ် ကြားဖူးနေတာကြာပါပြီ...ဒီနေ့တော့ အဲ့ဒီနည်းစနစ်ရဲ့ စွမ်းအားကို ကျုပ်မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ရတော့မယ်"
မဟာနတ်ဘုရားအဆင့် တက်ရောက်မှုစာရင်းပေါ်ရှိ လူကုန်း၏ အဆင့်သည် သူ့ထက် မြင့်မားနေသည့်အချက်မှာ ကျောင်းဟန်ကျီကို စိတ်မသက်မသာ ဖြစ်နေစေခဲ့သည်။
လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာအတွင်း သူသည် တံခါးပိတ်ကျင့်ကြံခဲ့ပြီး သူ့၏ခွန်အားကို ခုန်ပျံတိုးတတ်စေနိုင်သည့် ကံကောင်းသော အဖြစ်အပျက်အချို့နှင့်တွေ့ကြုံခဲ့ရသည်။ထို့ကြောင့်သူ့၏ လက်ခွန်အားဖြင့်ဆိုလျှင် မဟာနတ်ဘုရားအဆင့်တတ်ရောက်မှု စာရင်း၏ ထိပ်ဆုံး သုံး နေရာတွင် ရပ်တည်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိပေသည်။
တစ်နေ့တွင် ကြယ်စင်စုလေးစုမှ သိုင်းပညာရှင်များနှင့် အင်အားစုများရှေ့၌ ကျောင်းဟန်ကျီသည် သူ့၏ အစစ်အမှန်ခွန်အားဖြင့်သူတို့ကို အံ့အားသင့်သွားစေမည်ဖြစ်သည်။
ကျောင်းဟန်ကျီ၏ စကားများထဲ၌ ရန်စလိုဟန်များ ရောယှက်နေကြောင်းကို ခံစားမိလိုက်လေသည်။သူ့၏ အမူအရာကင်းမဲ့နေသော မျက်နှာက ချက်ချင်းဆိုသလို စပ်ဖြီးဖြီးအပြုံးအသွင် ပြောင်းလဲသွားလေသည်။
"မင်းက ငါ့ရဲ့ စာလုံးတစ်သောင်းရောင်ခြည်စက်၀န်းအစွမ်းကို ခံစားကြည့်ဖို့အတွက် မစောင့်နိုင်တော့ဘူးဆိုမှတော့...ငါက မင်းကို ဘယ်စိတ်ပျက်စေလို့ဖြစ်မလဲ"
ကျောင်းဟန်ကျီ၏ အကြည့်က အေးစက်သွားလေသည်။သူက မည်သည့်စကားမှ ထပ်မပြောတော့ဘဲ သူ့၏ ခန္ဓာကိုယ်ဆီမှ မှင်နက်ရောင်စွမ်းအားမျှင်များ ထွက်ပေါ်လာပြီး သူ့၏ ပတ်ပ်လည်၌ မျောလွင့်နေသော မှင်နက်ရောင်တိမ်တိုက်များအသွင် ပြောင်းလဲသွားပေသည်။
"ဒါက ကျောင်းမိသားစုရဲ့ ငရဲ မြူနှင်း နည်းစနစ်ပဲ"
"ကြည့်ရတာ ဒီကျောင်းဟန်ကျီက ငရဲမြူနှင်းနည်းစနစ်ကို အဆင့်ကိုးအထိ ကျင့်ကြံပြီးသွားပြီထင်တယ်"
စင်မြင့်အောက်ရှိ ဧည့်သည်များသည် အံ့အားသင့်စွာဖြင့် တီးတိုးပြောနေကြသည်။
ဧည့်သည်များက တီးတိုးပြောဆိုနေကြချိန်တွင်စင်မြင့်ပေါ်၌ အနက်ရောင် ရေခဲ အလွှာများသည် ကျောင်းဟန်ကျီကို ဗဟိုထား၍ အရပ်မျက်နှာ အနှံ့ဆီသို့ပြန့်နှံ့သွားလေသည်။ မျက်တောင်တစ်ခက်အတွင်း  အနက်ရောင်ရေအခဲ အလွှာများသည် လုကုန်း၏ ခြေဖဝါးဆီသို့ရောက်ရှိသွားလေသည်။
လုကုန်းက တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် သူ့၏ ခြေဖဝါးဆီမှ တုန်ခါမှုလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ရွှေရောင် အလင်းတန်းများသည် ရေမျက်နှာပြင်ကို ထိုးခွင်းလာသည့်နှယ် ရှေ့သို့ တိုး၀င်လာသည်။ ထိုးဖောက်၀င်ရောက်လာသော ရွှေရောင်အလင်းတန်းရှေ့တွင် ကျောင်းဟန်ကျီ၏ ငရဲမြူနှင်းအင်အားနှင့် အနက်ရောင် ရေခဲ အလွှများသည် လုကုန်း ၃၃ မီတာ ပတ်ပတ်လည်အတွင်းသို့ ၀င်ရောက်မလာနိုင်တော့ပေ။
ကျောင်းဟန်ကြည်၏ မျက်လုံးများက ကျဥ်းမြောင်း သွားသော်လည်း စိတ်ထဲ၌မူ တုန်လှုပ်နေပေသည်။လူတစ်ယောက်၏ စာလုံးတစ်သောင်းရောင်ခြည် စက်ဝိုင်းက စာလုံးလေးထောင်သို့ရောက်ရှိသွားချိန်တွင် ထိုသူသည် စာလုံးစွမ်းအားကို စုစည်းနိုင်စွမ်းရှိပြီး အဆင့်တူကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်သည်ဟု သူကြားပေသည်။
'အဲ့ဒီ ရွှေရောင် အလင်းတန်းက စာလုံးအင်အားဆိုတာလား...ဒါဆို လုကုန်းက စာလုံးလေးထောင်ကို အသုံးပြုနိုင်နေပြီလား'
စင်မြင့်အောက်ရှိဧည့်သည်များသည်လည် ကျောင်းဟန်ကျီ ကဲ့သို့တွေးတောကာ ထိုအကြောင်းကို ဆွေးနွေးလိုက်ကြလေသည်။
"စာလုံး အင်အားပဲ... အဲ့ဒီလုကုန်းက စာလုံးတစ်သောင်း ရောင်ခြည် စက်ဝိုင်းရဲ့ စက်လုံးတစ်လေးထောင်ကို အောင်မြင်သွားခဲ့ပြီ"
"စာလုံးအင်အားကိုထုတ်သုံးနိုင်စွမ်း ရှိတဲ့သူက မဟာနတ်ဘုရားဆင့် အောက်က ပြိုင်ဘက်ကင်းပဲလို့ပြောသံကြားဖူးတယ်"
"စာလုံး အင်အားက မဟာ နတ်ဘုရားအဆင့် သိုင်းပညာ ရှင်တစ်ယောက်ရဲ့ နတ်လုရား အဆင့်အင်အားနဲ့ နှိုင်းယှဥ်ရတယ်တဲ့"
စင်မြင့်အောက်ရှိဧည့်သည်များထံမှ စကားသံများကိုကြားလိုက်ရချိန်တွင် လုကုန်းသည် တောက်ပစွာပြုံးနိုင်လေသည်။ထိုနောက် ကျောင်းဟန်ကျီကိုကြည့်ရင်း သူက ပြောလိုက်လေသည်။
"မင်းရဲ့ ရေခဲမြူနှင်း နည်းစနစ်က အား မနည်းဘူးဆိုပေမယ့်...မင်းရဲ့ကျင့်စဥ်က အဆင့်တစ်ဆယ် ကို မအောင်မြင်သေးဘူးလေ ...ဒီတော့ မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူးး...ကျောင်းဟန်ကျီ...မင်းဒီစင်မြင့်ပေါ်က ပြန်ဆုတ်သွားမယ်ဆိုရင်အချိန်မှီသေးတယ်"
ကျောင်းဟန်ကျီ၏အမူအရာက ဆိုးဝါးသွားလေပြီးဒေါသတကြီး အော်ဟစ်လိုက်လေသည်။သူ့၏ ပတ်ပတ်လည်ရှိမှင်နက်ရောင် တိမ်တိုက်များသည် လှုပ်ခါသွားပြီးနောက် ချက်ချင်းဆိုသလို သူက လုကုန်း နားရောက်ရှိသွားကာ လက်သီးဖြင့်ထိုးနှက်တိုက်ခိုက်လိုက်လေသည်။
ကျောင်းဟန်ကျီ၏ လက်သီးဆီမှ မှင်နက်ရောင်တိမ်တိုက်များသည် ကြောက်မက်ဖွယ်အင်အားဖြင့် လုကုန်း၏ ရင်ဘက်ပေါ်သို့ရောက်ရှိသွားလေသည် ။ ထိုအချိန်၌ တိုးဖျော့သော တစ္ဆေ ငိုညည်းသံများကို ကြားနိုင်ရပေသည်။
"ဒါက ရှေးဟောင်း စုန်းတစ္ဆေဂိုဏ်းရဲ့ စုန်းတစေလက်သီးပဲ"
ကျောင်းဟန်ကျီ၏ လက်သီးဆီမှ ပေါက်ကွဲမှု အင်အားကို ကြည့်ရှုရင်း လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်လေသည်။
"စုန်းတစ္ဆေလက်သီးတဲ့လား ...စုန်းတစေ လက်သီးနဲ့တိုက်ခိုက်ခံရတဲ့ မဟာ နတ်ဘုရားအဆင့်အောက် ဘယ်သူမဆို ...သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တစ္ဆေပေါင်းထောင်ချီ ကပ်တွယ်လာသလို ခံစားရပြီးတော့ စိတ်ဝိညာဥ်ကို ဝါးမျိုခံရပြီး နာနာကျင်ကျင်သေဆုံးသွားရတယ်လို့ ပြောကြတယ်"
နောက်တစ်ယောက်က အော်ဟစ်လိုက်လေသည်။
တခြားဧည့်သည်များသည် သူတို့၏ လည်ပင်းပေါ်၌ ကြက်သီးမွှေးညှင်းများ ထလာသလို ခံစားလိုက်ရပေသည်။
မိုးပြာရောင် နဂါးတက္ကသိုလ်၏ ချင်ရီသည်ပင်ကျောင်းဟန်ကျီ ထုတ်ဖော်လိုက်သော ရှေးဟောင်း စုန်းတစ္ဆေ လက်သီးကို ကြည့်ရင်း ကြောင်အ သွားပေသည်။
လုကုန်းက သူရှိရာဆီသို့ ဉီးတည်လာသော မှင်နက်ရောင် တိမ်တိုက်များကို ကြည့်ရင် ဂရုမစိုက် မလုပ်ရဲပေ။ သူ့၏ ခန္ဓာကိုယ်ဆီမှ မျက်စိကြိမ်းမတတ် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သူပါးစပ်ကို ဖွင့်လိုက်ကာ ထူခြားဆန်းကြယ်သော ရှေးဟောင်း သင်္ကေတများစွာကို ထွေးထုတ်လိုက်လေသည်။
ရှေးဟောင်းသင်္ကေတ တစ်ခုချင်းစီတိုင်းသည် ရွှေရောင် တောင်ကုန်းငယ်လေးတစ်ခုနှင့်တူပြီး အားကောင်းလာသော ရွှေရောင် အလင်းတန်းကို ထုတ်လွှတ်နေပေသည်။
ထူးခြားဆန်းကြယ် သော ရွှေရောင်သင်္ကေတ များသည် စုန်းတစ္ဆေ လက်သီးအင်အား နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
တုန်လှုပ်မှု အင်အားက တိုက်ပွဲ စင်မြင့်ကို ယိမ်းယိုင် တုန်ခါသွားစေပြီး ပေါက်ကွဲသံများဖြင့် ပဲ့တင်ထပ်သွားပေသည်။
ရွှေရောင် သင်္ဂေတ များနှင့် စုန်းတစ္ဆေ လက်သီး အင်အားသည် လွင့်ပါးပျောက်ကွယ်သွားလေသည်။
လုကုန်းက ခြေလှမ်းများစွာ ဆုတ်ခွာသွားရပြီး ကျောင်းဟန်ကျီမှာမူ မတည်မငြိမ် ယိမ်းယိုင်စွာဖြင့်ခြေလှမ်းဒါဇင်ချီ ဆုတ်ခွာလိုက်ရသည် ။ သူ့၏ မျက်နှာ မှာလည်း ဖြူလျော့နေပေသည်။
လုကုန်းက သူ့ကိုယ်သူ ချက်ချင်းဆိုသလို တည်ငြိမ်အောင် လုပ်ဆောင်လိုက် ပြီး ပါးစပ်ကို နောက်တစ်ကြိမ် ထပ်ဖွင့်လိုက်လေသည်။ဤတစ်ကြိမ်၌ ရွှေရောင်သင်္ကေတများ တစ်ခုခြင်းပျံသန်း ထွက်ပောါ်မလာတော့ပေ။ ထိုအစား တောက်ပသော ရွှေရောင် အလင်းလုံးများအသွင် ဖြစ်တည်လာပြီး ကျောင်းဟန်ကျီ ဆီသို့ တိုး၀င်သွားလေသည်။တိုက်ပွဲစင်မြင့် ပတ်ပတ်လည်ရှိ လေဟာနယ်သည် ဆံချည်မျှင် အက်ကွဲကြောင်းများ ဖြစ်လာပေသည်။
ကျောင်းဟန်ကျီ မျက်နှာက တင်းကြပ်သွားလေသည်။ သူ့၏ ပတ်ပတ် လည်ရှိ မှင်နက်ရောင် တိမ်တိုက်များသည် စုစည်းသိပ်သည်းသွားပြီး  သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ချပ်၀တ်အသွင်ပြောင်းလဲသွားပေသည်။
စင်မြင့်၏ အောက်တွင်လုကုန်းနှင့် ကျောင်းဟန်ကျီတို့၏ တိုက်ပွဲကို ကြည့်ရှုနေရင်း ရှောင်လုံ၏ မျက်နှာ ထပ်၌ မည်သည့် ခံစားချက်မျှ ဖြစ်တည် မလာပေ။
သူတို့ပြသနေသော စွမ်းအားသည် တုန်လှုပ်ဖွယ် ကောင်းလှသော်လည်း ရှောင်လုံ၏ မျက်လုံးထဲ၌ ပင် သူတို့နှစ်ယောက်သည် ကလေးနှစ်ယောက် ကြမ်းကြမ်းတမ်းတမ်းကစားနေသည်နှင့်တူနေပေသည်။
သူတို့၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့်တတ်ရောက်မှု စာရင်းပေါ် ၀မ်လုံနှင့်ယှဥ်နိုင်ရန် ဝေးကွာနေပေသေးသည်။
စင်မြင့်ပေါ်၌ တိုက်ပွဲက ဆက်လက် တိုက်ခိုက်နေကြသော်လည်း ရှောင်လုံအနေဖြင့် ပိုပြီး ကြည့်မိလေလေ ပိုပြီး ပျင်းရိလာသလိုခံစားလာရလေလေဖြစ်သည်။
အဆုံး၌ သိုင်းကွက်တစ်ရာကျော်ချိန်တွင် ကျောင်းဟန်ကျီသည် ရှုံးနိမ့်သွားပြီး တိုက်ပွဲစင်မြင့်ပေါ်မှ ပြုတ်ကျသွားပေသည်။
စင်မြင့်၏ အပြင်ဘက် သို့ ရောက်ရှိသွားသော ကျောင်းဟန်ကျီသည် စင်မြင့်ပေါ်၌ ရပ်နေဆဲဖြစ်သော လုကုန်းကို စိုက်ကြည့်လိုက်လေသည် ။ သူက အဆပေါင်းတစ်ရာမက ဆန္ဒမရှိလျှင်ပင် သူလုပ်နိုင်သည့်အရာ ဟူ၍ မရှိပေ။ထို့နောက် သူ့ပါးစပ်ဆီမှ သွေးစီးကြောင်းများကိုသုတ်လိုက်လေပြီး ကျောင်းမိသားစုခေါင်းဆောင်၏ နောက်သို့ သွားကာရပ်နေလိုက်လေသည်။
လုကုန်းကစင်မြင့်ပေါ်၌ မက်တပ်ရပ်နေပြီး တည်ငြိမ်သော်လည်း မောက်မာသည့်လေသံဖြင့်ပြောလိုက်သည်။
"ဘယ်သူက များ ဒီလုကုန်းရဲ့ စာလုံးတစ်သောင်း ရောင်ခြည် စက်ဝိုင်းအစွမ်းကို စမ်းသပ်ကြည့်ချင်သေးးလဲ”
သို့သော်လည်း မည်သည့်တပည့်ကမှ တိုက်ပွဲစင်မြင့်ပေါ်သို့ တတ်မလာရဲကြပေ။
နီလာခရမ်း မိုးရေစက် နတ်ဆေးလုံး ဆယ်လုံးသည် ဆွဲဆောင်မှု အားပြင်း လှသော်လည်း သူတို့စင်မြင့်ပေါ်မှ ကန်ချခံလိုက်ရချိန်တွင်ကျောင်းဟန်ကျီကဲ့သို့ဆက်လက် ရှင်သန်နေလိမ့်မည်ဟု မည်သူမှ မပြောနိုင်ပေ။
စင်မြင့်ပေါ်သို့မည်သူမှ တတ်မလာရဲသည်ကိုကြည့်ရင်း လုကုန်းသည် ရှောင်လုံဘက်သို့ လှည့်ကြည့်လိုက်ပေသည်။ထို့နောက် သူ့၏ အသံက ရှင်းရှင်းလင်းလင်းထွက်ပေါ်လာသည်။
"အနက်ရောင် သူရဲကောင်းတက္ကသိုလ်က ဘယ်သူကမှ တိုက်ပွဲစင်မြင့်ပေါ်ကို တတ်မလာရဲကြတော့ဘူးလား...ဒီလိုဆိုမှ တော့... အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ် သောင်းကို...  ကျုပ်တို့ မိုးပြာရောင် နဂါးတက္ကသိုလ်ဆီ အလွယ် တကူပို့ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရမှာပေါ့”
"အကိုကြီး လုကုန်းရဲ့ စာလုံးတစ်သောင်းရောင်ခြည် စက်ဝိုင်းက ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတာကို မြင်တွေ့သွားရလို့... အနက်ရောင်သူရဲတက္ကသိုလ်က လူတွေ ဘောင်းဘီထဲ သေးပေါက်ချမိသွားလောက်ပြီ လို့ ကျုပ်ထင်တယ်...ဘယ်သူက များအကိုကြီး လုကုန်းနဲ့ယှဉ်ပြိုင်ရဲမှာလဲ”
ထို အချိန်တွင် မိုးပြာရောင် နဂါးတက္ကသိုလ် မဟာ အကြီး အကဲ တစ်ယောက် က ပြောလိုက်လေသည်။
"ငါလည်း သဘောတူတယ်... အဲ့ဒီ ဟောင်ရှောင်လုံက... အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းကို ငါတို့ဆီ ပေးပစ်ရလောက်တဲ့အထိ ရူးသွပ်မယ်လို့ မထင်ထားမိဘူး”
အခြားသော မိုးပြာရောင် နဂါးတက္ကသိုလ် မဟာအကြီးအကဲတစ်ယောက်က ဝင်ပြောလိုက်လေသည်။
ထို မဟာအကြီးအကဲ နှစ်ယောက်သည် ဘယ်သူမှ မကြားဖူးထင်ကာ တီးပြောဆိုနေကြသော်လည်း စင်မြင့်အောက်၌ ရှိနေသော ဧည့်သည် များသည် အနည်းဆုံး နတ်ဘုရားအဆင့်၁၀ သိုင်းပညာ ရှင်များဖြစ်သည်မို့ ထိုစကားများကို ကြားလိုက်ရသည်။
လျိုယွင်က ဒေါသတကြီးဖြင့်စင်မြင့်ပေါ်သို့ ပျံသန်းသွားရန်ပြင်လိုက်ချိန်တွင် ရှောင်လုံက သူ့ကို တားကာ ပြောလိုက်လေသည်။
"ဒါက. လုကုန်တစ်ယောက်လောက်ပဲ...အကြီးဆုံး ဆရာတူအစ်ကိုကြီး သွားစရာမလိုပါဘူး...ကျွန်တော် သွားရင် ကို လုံလောက်ပါတယ်”
ဖုယံ၊လျိိုယွင်၊ချီဝမ်နှင့် ချန်းယန် သည်ပင် ကြောင်အသွားကြပေသည်။
ဖုယံက ရှောင်လုံကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်လေသည်။
"ဂရုစိုက်ပါ"
"ဆရာ... ကျေးဇူးပြုပြီး စိတ်ချလက်ချနေပါ”
ရှောင်လုံက ရိုသေလေးစားစွာ ပြန်ဖြေပြီးနောက် စင်မြင့်ဘက်သို့လှည့်လိုက်သည် ။မျက်တောင် တစ်ခတ်အတွင်း သူကစင်မြင့်ထက်သို့ ရောက်ရှိသွားပေသည်။
အနက်ရောင်သူရဲကောင်းတက္ကသိုလ်က စေလွှတ်လိုက်သောသူသည် ရှောင်လုံဖြစ်ကြောင်းတွေ့လိုက်ရချိန်တွင် ဧည့်သည် အားလုံးသည် အံ့အားသင့်မှင်သက်သွားကြလေသည်။
ရှောင်လုံ စင်မြင့်ပေါ်သို့ ရောက်ရှိသွားချိန်တွင် စကြာဝဌာ မိခင် ယောင့်ချီ ၏ဆွဲဆောင်မှုရှိသော မျက်ဝန်းများသည် တောက်ပသွားပြီး သူမ ၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်သွားလေသည်။
မိုးပြာရောင် နဂါးတက္ကသိုလ်ကျောင်းအုပ်ကြီးသည် စိတ်ထဲ၌လှောင်ပြောင်လိုက်လေသည်။
စင်မြင့်ထပ်တွင်လုကုန်းက ရှောင်လုံကို ကြည့်ကာ ခေါင်းကို ခါရမ်းလိုက်လေသည်။
"ဟောင်ရှောင်လုံ...မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်မှန်းသိနေရဲ့သားနဲ့ ဒီနေရာကို ရောက်လာရဲတဲ့ မင်းရဲ့သတ္တိကို ငါလေးစားသွားပြီ”
စင်မြင့်အောက်ရှိ မိုးပြာရောင်နဂါးတက္ကသိုလ်မှ လူများသည် ကျယ်လောင်စွာရယ်မောကြလေသည်။
ရှောင်လုံက တည်ငြိမ်နေပေသည်။
"အစကတော့...ငါမင်ရဲ့အသက်ကို ချမ်းသာပေးမလို့ပဲ...ဒါပေမယ့် အခုတော့ မင်းကိုယ်တိုင် အဲ့ဒီအခွင့်အရေးကို လွှင့်ပစ်လိုက်ပြီထင်တယ်”
လုကုန်းနှင့် စင်မြင့်အောက်ရှိ ဧည့်သည်များသည် ရှောင်လုံး၏မောက်မာလှသောစကားများကို ကြားလိုက်ရချိန်၌ ကြောင်အသွားကြလေသည်။
လုကုန်းက ရှောင်လုံ၏ မျက်နှာကိုယ်ကြည့်ကာရယ်မောလိုက်လေပြီး သူ့၏ အကြည့်သည် အေးစက်မှုများဖြင့် ပြည့်နှက်နေပေသည်။
"ဟောင်ရှောင်လုံ...တစ်ခါတလေကျရင်... မင်းက ဟာသလုပ်တဲ့နေရာမှာ တကယ်ကိုအရည်အချင်းရှိတာပဲ”
လုကုန်းက ရယ်မောခြင်းကို ရပ်တန့်လိုက်လေပြီး ရှောင်လုံ အား အဓိပ္ပါယ် အပြည့်ဖြင့်ကြည့်လိုက် လေသည်။
"မင်းက ငါ့ရဲ့အသက်ကို ချမ်းသာပေးဖို့စဉ်းစားနေခဲ့သေးတယ်လို့ ပြောနေတာလား...မဟာနတ်ဘုရားအဆင့်ကို ချိုးဖြတ်ဝင်ရောက်သွားတဲ့ ဟဲ့ဖေးဖန်တောင် ငါ့ကို သတ်နိုင်လိမ့်မယ်လို့ မပြောရဲဘူး...မင်းက မင်းကိုယ်မင်း ဟဲ့ဖေးဖန်ထက် သန်မာတယ်လို့ ထင်နေတာလား”

.....

အပိုင်း ၇၈၂..... နတ်ဘုရားအဆင့်၁၀နောက်ပိုင်းအဆင့်
လုကုန်းက ရှောင်လုံသည် မဟာနတ်အဆင့်ဖြစ်သော ဟဲ့ဖေးဖန်ထက် ပိုမိုသန်မာသည်လားဟုမေးလိုက်ချိန်တွင် စင်မြင့်အောက်ရှိ အခြားမိသားစုများ၏ တပည့်များသည်လည်း ကျယ်လောင်စွာရယ်မောလိုက်ကြသည်။
ထိုနှစ်ယောက်ကြားရှိ အဆင့်ကွာခြားချက်သည် အလွန်တရာ သိသာလှပေသည်။
ဟဲ့ဖေးဖန်သည် မဟာနတ်ဘုရားအဆင့်သို့ မဝက်ရောက်မှီကပင် မဟာနတ်ဘုရားအဆင့်တတ်ရောက်မှုစာရင်းပေါ်၌ အဆင့်နှစ် ဖြစ်ပေသည်။ယခုအခါ၌ သူက မဟာနတ်ဘုရားအဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်သောကြောင့် သူ့၏ ခွန်အားသည် သာမန် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တစ်ယောက်ထက် ကျော်လွန်ပေသည်။သူ၏ လက်ရှိခွန်အားသည် မဟာနတ်ဘုရားအဆင့်၁ သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားနှင့်နီးကပ်နေပြီ ဖြစ်သည်။
ဟောင်ရှောင်လုံသည် အလွန်တရာ အရင်အချင်းရှိသော်လည်း သူက မည်မျှ ကြာကြာ ကျင့်ကြံထားရသေးသည်နည်း။သူက မည်သို့ ဟဲ့ဖေးဖန်ကို ရင်ဆိုင်နိုင်လိမ့်မည်နည်း ။
ရှောင်လုံက စင်အောက်ဆီမှ လှောင်ပြောင် ရယ်မောသံများကို လျစ်လျှူရှု လိုက်ပြီး လုကုန်းကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်လေသည်။
"မင်းအရင်စပါ”
ရှောင်လုံ၏ စကားကြောင့် လုကုန်းနှင့် မိုးပြာရောင်းနဂါး တက္ကသိုလ်တပည့်များသည် ပိုမိုကျယ်လောင်စွာရယ်မောကြသည်။
"ငါ့ကိုအရင်ဆုံးတိုက်စေချင်တာသေချာလား”
လုကုန်းက အားပါးတရပြုံးကာ ရှောင်လုံကိုမေးလိုက်လေသည်။
ရှောင်လုံက ဘာမှ မပြောတော့ဘဲ သူ့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်လေသည်။ အင်အားကြီးမားလှသော စွမ်းအင် လှိုင်းများက စင်မြင့်ထက်ဆီမှ ပေါ်ထွက်လာလေသည်။
ရယ်မောနေကြသော မိုးပြာရောင်နဂါး တက္ကသိုလ် တပည့်များနှင့် တခြားမိသားစုတပည့်များ၏ ရယ်မောသံများသည် လည်ချောင်းထဲ၌ တစ်ဆို့သွားကြပြီး ရှောင်လုံကို စိုက်ကြည့်လိုက်ကြလေသည်။
"နတ်ဘုရားအဆင့်၁၀ နောက်ပိုင်းအဆင့်တဲ့လား...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
"ဟောင်ရှောင်လုံက တကယ်ကြီး နတ်ဘုရားအဆင့်၁၀နောက်ပိုင်းအဆင့်ကိုရောက်နေပြီပဲ...သူက ဘယ်လောက်ကြာကြာကျင့်ကြံထားရသေးလို့လဲ ခုမှ နှစ်တစ်ရာကျော်ကျော်ပဲ ရှိသေးတယ်လေ....ဒါက...ဒါက...ဒါကဘယ်လိုဖြစ်တာလဲ”
"နှစ်တစ်ရာ ကျော်ရုံလေးနဲ့ သူက နတ်ဘုရား အဆင့်၁၀နောက်ပိုင်းအဆင့်သို့ ရောက်ရှိသွားပြီ... ၄စုထဲမှာ ဒီလိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး...နောက်အနာဂတ်မှာလည်း ဘယ်သူမှ ဒီလို မျိုးလုပ်နိုင်စွမ်းရှိမှာ မှာဟုတ်ဘူး...ဒီလိုပါရမီ အရည်အချင်းမျိုးက ကြောက်စရာကောင်းလွန်းတယ်...နောက်ထပ် ၁၀စုနှစ်အနည်းငယ်သာအချိန်ပေးလိုက်မယ်ဆိုရင်...သူက မဟာနတ်ဘုရားအဆင့်ကို ချိုးဖြတ်သွားနိုင်လောက်မယ် မလား... အဲ့လိုသာဆိုရင် သူကနှစ်ပေါင်းနှစ်ရာအတွင်းမဟာနတ်ဘုရားအဆင့်ကို ချိုးဖြတ်ဝင်ရောက်သွားတဲ့သူ ဖြစ်နေမှာပေါ့”
စင်မြင့်အောက်ရှိ ဧည်သည်များသည် ကြယ်စင်စုလေးစုမှ သိုင်းပညာရှင်များဖြစ်ကြပြီး မိသားစု ဘိုးဘေးများနှင့် မိသားစုခေါင်းဆောင်အချို့သည် မိန်းမောတွေဝေစွာ ခုန်ထလိုက်ကြသည်။ဤကိစ္စမှာ တုန်လှုပ်ဖွယ်ကောင်းပေသည်။
မိုးပြရောင်နဂါးတက္ကသိုလ် ချင်ယီ သည် အသက်ရှုမှားသွားရပြီး သူ၏မျက်နှာထပ်၌ တုန်လှုပ်အံ့အားသင့်မှုများ အထင်းသားပေါ်ထွက်လာပေသည်။
အချိန်ပေါင်းများစွာကြာပြီးနောက် လုကုန်းသည် သူ့၏ တည်ငြိမ်မှုကိုပြန်လည် ထိန်းချုပ်လိုက်နိုင်သည်။သူက ရှောင်လုံကို ရှုပ်ထွေးနေသော အကြည့်များဖြင့်ကြည့်နေသော်လည်း ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
"မင်းက... အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်းကို... လောင်းကြေးအဖြစ် ထုတ်လာရဲတာ အံ့ဩစရာ မရှိပါဘူး...မင်းက နတ်ဘုရားအဆင့်၁၀ နောက်ပိုင်းအဆင့်ကိုရောက်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး...ဒါပေမယ့်... ဟောင်ရှောင်လုံ...ဒီလောက်နဲ့လုံလောက်လိမ့်မယ်လို့ မင်းက ထင်နေတာလား...ဒီခွန်အားလေးနဲ့များ မင်းက ငါ့ပြိုင်ဘက််ဖြစ်ဖို့ အရည်အချင်းပြည့်မှီတယ်လို့ ထင်နေတာလား”
လုကုန်းက ထိုသို့ပြောလိုက်ရင်း သူ့၏ မျက်လုံးထဲ၌ အားကောင်းလှသော သတ်ဖြတ်လိုစိတ်တစ်ခု ဖြတ်သန်းသွားလေသည်။မည်သို့ပင်ဖြစ်နေပါစေ... ယနေ့၌ ဟောင်ရှောင်လုံကို သတ်ဖြတ်ပစ်ရပေမည်။
ဤကဲ့သို့သော ထူးခြားလှသည့် ပါရမီသည် အခြားသူများကို စိုးရိမ်းကြောင့်ကြမှု ခံစားသွားရပေသည်။
ရှောင်လုံက လုကုန်း၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို မြင်တွေ့လိုက်သည်မို့ သူ့၏ နှုတ်ခမ်းထောင့်၌ အေးစက်စက်အပြုံးတစ်ခုပေါ်ထွက်လာပေသည်။
"ငါ့မှာ အရည်အချင်းရှိလား မရှိဘူးလားဆိုတာကို...ခဏနေရင် သိရမှာပေါ့”
သုကုန်းက စကားမပြောတော့ပေ။သူ့၏ချီပင်လယ်ထဲရှိ ချီပင်လယ်ထဲရှိ ချီစွမ်းအင်များကိုအပြည့်အဝစုစည်းလိုက်ပြီးနောက် သူ့၏ ပါးစပ်ထဲတွင် ထူးခြားဆန်းကြယ်သော ရွှေရောင် သေင်္ကတများ ကို အရူးအမူးစုစည်းလိုက်သည်။သူ့၏ တိုက်ခိုက်မှုအရှိန်အဟုန်က ကျောင်းဟန်ကျီ နှင့် တိုက်ခိုက်စဉ်ကထက် နှစ်ဆပိုများပေသည်။ကြည့်ရသည်မှာ လုကုန်းသည် ကျောင်းဟန်ကျီနှင့် တိုက်ခိုက်စဉ်က ခွန်အားအပြည့်မတိုက်ခိုက်ဟန်ရသည်။
စင်မြင့်အောက်ရှိကျောင်းဟန်ကျီ၏မျက်နှာသည် လုကုန်း၏ တိုက်ခိုက်မှု အရှိန်အဟုန်ကို ခံစားမိလိုက်ချိန်၌ ရုပ်ဆိုးသွားရပေသည်။
ခနကြာပြီးနောက် လုကုန်း၏ အလျှင်အမြန်မြင့်တက်နေသော အရှိန်အဟုန်သည် ရပ်တန့်သွားပြီး ရွှေရောင် အလင်းလွှာတစ်ခုက သူ့၏ ခန္ဓာကိုယ်ကို ပိုးအိမ်တစ်ခုသဖွယ် လွှမ်းခြုံလိုက်လေသည်။ထို့နောက် လုကုန်းက သူ့၏ ပါးစပ်ကိုဖြည်းဖြည်းချင်းဖွင့်ဟလိုက်လေသည်။
ရွှေရောင် သင်္ကေတများသည် ပျံသန်းထွက်ပေါ်လာပြီး ကောင်းကင်ကိုပင် တုန်လှုပ်သွားပေသည်။သူ့ဆီသို့ဉီးတည်ပျံသန်းလာနေသောရွှေရောင်သေင်္ကတများကိုကြည့်ရင်း ရှောင်လုံသည် သူ့၏ လက်ကို မြှောက်လိုက်ကာ လက်ညိုးတစ်ချောင်ဖြင့် ထိုးညွှန်လိုက်လေသည်။သူက မည်သည့် တိုက်ခိုက်မှု စွမ်းရည်ကိုမှ အသုံးမပြုလိုက်သော်လည်း ရွှေရောင်သေင်္ကတများအားလုံးသည် ရှောင်လုံ၏လက်ချောင်း အားရှေ့မှောက်၌ ကွဲအက်ပြန့်ကျဲသွားကြလေသည်။
စင်အောက်ဘက်ရှိဧည့်သည်များသည် ပါးစပ်အဟောင်းသားကြည့်လိုက်လေသည်။
"အဲ့ဒီဟောင်ရှောင်လုံက လုကုန်းရဲ့ စာလုံးတစ်သောင်း ရောင်ခြည်စက်ဝိုင်းကို... လက်ချောင်းတစ်ချောင်းထဲနဲ့ အလွယ်တကူ ကွဲအက်ကြေမွသွားစေနိုင်တယ်တဲ့လား”
ထိုမျှသာမကဘဲ စာလုံးတစ်သောင်းရောင်ခြည်စက်ဝိုင်း၏ တိုက်ခိုက်မှု တစ်ခုစီတိုင်းတွင် ထူးခြားဆန်းကြယ်သော သေင်္ကတ၅၀ပါဝင်ပေသည်။
သို့သော်လည်း ပထမဆုံးအကြိမ်အပြန်အလှန်တိုက်ခိုက်မှုရလာဒ်သည် သူတို့ ကြိုတင်ခန့်မှန်းမှုများကို ဖျက်ဆီး ပစ်လိုက်သည်။
ဤသည်ကိုကြည့်ရင်း လုကုန်း၏ စိတ်ထဲရှိ အထင်သေးမှုက လျော့ပါးသွားပြီး သူ့၏ မျက်လုံးများက မှေးကျဉ်းသွားပေသည်။သူက သူ့၏ ပါးစပ်ကို နောက်တစ်ကြိမ်ထပ်ဖွင့်လိုက်လေပြီး နောက်ထပ် ရွှေရောင်သေင်္ကတများထွက်ပေါ်လာပေသည်။
ဤတစ်ခေါက်တွင် ရွှေရောင်စာလုံးသေင်္ကတတစ်ရာကျော်ပါဝင်ပြီး ၄င်း၏စွမ်းအားသည် နှစ်ဆ ပိုများလာပေသည်။
ရှောင်လုံက လက်ညိုးတစ်ချောင်းထဲဖြင့်သာ တုန့်ပြန်လိုက်ကာ ထိုဒုတိယမြောက် ရွှေရောင်သေင်္ကတများအားလေထဲရှိ ဘူဖောင်းများသဖွယ် ပေါက်ကွဲထွက်သွားပေသည်။
ဤသည်ကိုကြည့်ရင်း စင်မြင့်အောက်ရှိ ဧည့်သည်များသည် ဆူညံပွက်လောရိုက်သွားကြပေသည်။ အစောပိုင်းက လုကုန်းနှင့်ကျောင်းဟန်ကျီတို့တိုက်ခိုက်ခဲ့စဉ်တွင် လုကုန်းက ရွှေရောင်သေင်္ကတတစ်ရာ ကျော်သာ အသုံးပြုခဲ့ရသည်။
ယခု အခါ၌ ရှောင်လုံသည် လုကုန်း၏ ရွှေရောင်သေင်္ကတများကို အလွယ်တကူဖျက်စီးနိုင်ခဲ့ပေသည်။ဤသို့ဆိုပါက ရှောင်လုံသည် အဆင့်၅ဖြစ်သော ကျောင်းဟန်ကျီသည် ပိုမိုသန်မာသည်ဟု ဆိုလိုနေခြင်းမဟုတ်လော။
စင်မြင့်ထပ်ရှိရှောင်လုံ၏ ခံစားချက်ကင်းမဲ့နေသော အမူအရာကိုကြည့်ရင်း ကျောင်းဟန်ကျီ၏ မျက်နှာ သည် အလွန်တရာ မဲမှောင်နေပေသည်။သူ့၏စိတ်ထဲ၌မူ ဤအချက်ကို လက်ခံရန်ငြင်းဆိုနေပေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည်ပင်ရှောင်လုံကို ရန်စခဲ့ပေသေးသည်။
"မင်းရဲ့အားအကောင်းဆုံး တိုက်ခိုက်မှု ကို ထုတ်လာခဲ့လိုက်”
ရှောင်လုံက မောက်မာသည့် အမူအရာဖြင့်အနည်းငယ်ဖြူဖျော့နေသော လုကုန်းကိုကြည့်လိုက်သည်။
"မင်းရဲ့ စာလုံးတစ်သောင်းရောင်ခြည်စက်ဝိုင်းက ဒီလောက်ပဲစွမ်းအားရှိတာလား ”
လုကုန်း၏ မျက်နှာက ဒေါသကြောင့် တွန့်လိမ်ရှုံတွသွားပြီး အာခေါင်ခြစ်ကာ အော်ဟစ်လိုက်လေသည် သူ့၏ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရွှေရောင်အလင်းတန်းများ လှည့်ပတ်လာလေသည်။ နောက်တစ်ခဏ၌ လုကုန်း၏ မျက်စိသူငယ်အိမ်များသည် ရွှေရောင်အဖြစ်ပြောင်းလဲသွားပြီး သူ့၏ အသားအရေ သည်လည်း ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်ကို လူတိုင်းမြင်တွေ့လိုက်ရပေသည်။
လုကုန်းသည်လေထုထဲ၌ ဖြည်းဖြည်းချင်း မျောလွင့်သွားလေပြီး သူ့၏ ဝတ်ရုံသည် လေမတိုက်ဘဲ တဖျပ်ဖျပ် လှုပ်ခါနေပေသည် ။ ရုတ်တရုက်ဆိုသလို လုကုန်းသည် သူ၏ ပါးစပ်ကိုဖွင့်ဟလိုက်လေပြီး ရွှေရောင်သေင်္ကတ များဆက်တိုက်ထွက်ပေါ်လာကာ ကြီးမားလှသော စာလုံးတစ်ခုသည် စင်မြင့်ထက် လေထုထဲ၌ ဖြစ်တည်လာသည်။
ရွှေရောင်သေင်္ကတများ၏ အရေအတွက်သည် ဆက်လက်တိုးပွားလာသည်နှင့် ထိုစာလုံးသေင်္ကတသည် နှစ်ဆကြီးမားလာပြီး ရွှေရောင် အလင်းတန်းများသည် ပိုမိုတောက်ပလာသည်။
ကမ္ဘာကို ပျက်စီးစေနိုင်သော စွမ်းအားသည် ဆက်လက် တိုးပွားလာပေသည်။
ထိုကြီးမားလှသော ရွှေရောင် စာလုံးသေင်္ကတထဲရှိ ကြောက်မက်ဖွယ်ရာ ဖျက်စီးမှု စွမ်းအားပမာဏကို အာရုံခံလိုက်မိကြသည်မို့ မဟာနတ်ဘုရားအဆင့်အောက် တပည့်များသည် သေလုမတတ် ဖြူဖျော့သွားကြလေသည်။ အချို့သော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ မျက်နှာ များသည် ပင် တင်းကြပ်သွားရပေသည်။
ခနကြာပြီးနောက် လုကုန်း၏ပါးစပ်ဆီမှ ပျံသန်းထွက်ပေါ်လာသော ရွှေရောင်သေင်္ကတများ ရပ်တန့်သွားပေသည်။ကြီးမားလှသော စာလုံးသေင်္ကတကြီးထဲတွင် ရွှေရောင် သေင်္ကတပေါင်း ၄၁၆၇ ခု ရှိသွားပြီဖြစ်သည်။
"ဟောင်ရှောင်လုံ... သွားသေလိုက်စမ်း”
လုကုန်းက စူးရှစွာ အော်ဟစ်လိုက်လေပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေပေသည်။ထို့နောက် သူ့၏ လက်နှစ်ဖက်လုံးဖြင့် ရိုက်ချပစ်လိုက်သည်။
"စာလုံးတစ်သောင်း ရောင်ခြည်စက်ဝိုင်း အစီ အရင် ”
လုကုန်း၏ လက်လှုပ်ရှားဟန်အတိုင်း လေထုထဲရှိ ကြီးမားလှ သည့် စာလုံးသေင်္ကတကြီးသည် ရှောင်လုံပေါ်သို့ ကျဆင်းလာလေပြီး စက္ကန့်ပိုင်းအတွင်း ရှောင်လုံ၏ ခေါင်းထက်သို့ ရောက်ရှိလာလေသည်။
ဤသည်မှာ စာလုံးတစ်သောင်း ရောင်ခြည်စက်ဝိုင်း၏ အစစ်အမှန်စွမ်းအားဖြစ်ပြီး ရွှေရောင်သေင်္ကတများ၏ စွမ်းအားများ အားလုံး ကို စုစည်းထားသော အစီအရင်ဖြစ်သည်။စာလုံးတစ်သောင်းရောင်ခြည်စက်ဝိုင်းအစီအရင်၏ တိုက်ခိုက်မှု ပမာဏသည် မြေပြင်ကိုပင်ပြားပြားဝပ်သွားစေနိုင်သည်။
သူ့၏ တိုက်ခိုက်မှုသည် မဟာနတ်ဘုရားအဆင့်အောက် အားလုံးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု လုကုန်းက ယုံကြည်မှု ရှိပေသည်။
ရှောင်လုံက ဤတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိပြီး အသက်ရှင်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
စင်မြင့်၏ အောက်တွင် အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီး ဖုယန်က သ
စိုးရိမ်တကြီး မက်တပ်ထရပ်လိုက်မိသည် ။သို့သော်လည်း မိုးပြာရောင်နဂါးတက္ကသိုလ်ကျောင်းအုပ်ကြီး ချင်ယီ ၏ အကြည့်သည်သူ့အပေါ်သို့ ကျရောက်လာပေသည်။
လူတိုင်းက စင်မြင့်ထက်သို့  စိတ်ဝင်တစားကြည့်နေကြချိန်တွင် ရှောင်လုံသည် သူ၏ ညာဘက်လက်ကိုမြှောက်လိုက်လေသည်။တောက်ပလှသောရွှေရောင်အလင်းတန်းက လင်းလက်လာပြီး သူ၏ လက်ဝါးထက်တွင် ရွှေရောင်မီးတောက်တစ်ခု ပေါ်ထွက်လာကာ သူ၏ ခေါင်းထက်သို့ မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းဖြင့်ကျဆင်းလာသော စာလုံးသေင်္ကတကြီးဆီသို့ ဦးတည် လိုက်လေသည်။ သူ့၏လက်ညိုးက ဟင်းလင်းပြင်ထဲသို့ခပ်ဖွဖွ ထိလိုက်လေသည်။
ဘုန်း...။
ပေါက်ကွဲသံကြီးသည် အချိန်အတော်ကြာသည်အထိ ပဲ့တင်ထက်သွားလေသည်။
၄၁၆၇ ခု သော ပေါက်ကွဲသံများကို ကြားလိုက်ရပြီးနောက် ကြီးမားလှသည့် ရွှေရောင်စာလုံးသေင်္ကတကြီးသည် မှေးမှိန်သွားလေပြီး မီးခိုးရောင် ဖုန်မှုန့်အသွင် ပြောင်းလဲသွားကာ နေရာအနှံသို့ ပြန့်ကျဲသွားလေသည်။
လုကုန်း၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်သွားရပြီး အနောက်ဘက်သို့ ခြေလှမ်းပေါင်းများစွားဆုတ်ခွာလိုက်ရသည်။ သူ့၏ မျက်နှာသည် ဖြူဖျော့သွားရပြီး လေထုထဲသို့ငေးမောတွေဝေစွာကြည့်လိုက်လေသည်။
"မဟုတ်ဘူး...ဒါဟာ လုံးဝ မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး”
ထိုအချိန်တွင်ရှောင်လုံသည် သူ၏ လက်တစ်ထက်ကိုဆန့်ထုတ်လိုက်လေပြီး သူ၏ တိုက်ခိုက်မှုကိုပြုလုပ်လိုက်လေသည်။ ကြီးမားလှသော လက်ဝါးရာကြီးသည် လေထဲ၌ ပေါ်လာလေပြီး လုကုန်းအား ရိုက်ချလိုက်လေသည်။
ကြယ်စင်စုလေးစုမှ ဧည်သည်များသည် လုကုန်း၏ ခေါင်းပေါ်သို့ ရိုက်ချလာသော ရွှေရောင် လက်ဝါးကြီးကိုမြင်လိုက်ရလေသည်။ ၄င်း၏ အမြန်နှုန်းသည်  မြန်ဆန်လွန်းလှသည်မို့မည်သူမှ မတုံ့ပြန်နိုင်လိုက်ပေ။
စင်မြင့်ပေါ်ရှိ ကျယ်လောင်လှသော မြည်ဟီးသံနှင့်အတူဝမ်းနည်း ကြေကွဲဖွယ် အော်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ထို့နောက် စင်မြင့်ပေါ်၌ ပြားချပ်နေသော လူသားပုံသဏ္ဍာန် ပန်ကိတ် တစ်ခု ပေါ်ထွက်လာလေသည်။
လုကုန်းသည် စင်မြင့်ပေါ်၌ ပြားကပ်နေလေပြီး သူ့၏ မျက်နှာက စင်မြင့်ကို နမ်းနေသည့်အသွင်ဖြင့် ပြန့်ကားနေကာ မျက်လုံးများက ပြူးထွက်နေပေသည်။ သူ့၏ နောက်ကျော သည် ဆိုးဆိုးရွားရွား စုတ်ပြဲနေလေပြီး ရင်ဘတ်ထဲထိ ခွက်ဝင်သွားသည်။ သူ့၏ အသက်ရှုသံက မျော့မျော့သာ ကျန်ရှိတော့ပြီး တစ်ခဏအတွင်း အသက်ရှုသံ ရပ်တန့်သွားလေသည်။

.....

အပိုင်း ၇၈၃ ..... တရားဝင် အမွေဆက်ခံသူ
အရာအားလုံးက လျင်လျင်မြန်မြန်ပင် ဖြစ်ပျက်သွားသည်။ တစ်ချိန်လုံး ခုခံကာကွယ်နေသည့် ရှောင်လုံသည် လုကုန်းကို တစ်ချက်တည်းဖြင့် အသားပြား ဖြစ်သွားစေလိမ့်မည်ဟု မည်သူမှ ထင်မထားမိကြပေ။
စင်မြင် ကြမ်းပြင်နှင့် ပါးချင်းအပ်နေသော လုကုန်းကို ကြည့်ရင်း အောက်ဘက်ရှိ သိုင်းပညာရှင်များသည် သူတို့၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည့်နှယ် ခံစားလိုက်ရသည်။
ကျောင်းမိသားစု၏ ကျောင်းဟန်ကျီသည်လည်း သူ့၏ ခြေလက်များက အေးစက်လာသလို ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ရာ အတွေးတစ်ခု သူ့စိတ်ထဲ၌ ဖြတ်သွားချိန်တွင် သေးပေါက်ချမိမတတ်ဖြစ်သွားသည်။ အစောပိုင်းက လုကုန်းသည် မဟာနတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ထားသော ဟဲ့ဖေးဖန်သည်ပင် သူ့အား မသတ်နိုင်ဟု ကြွားဝါခဲ့ပေသည်။
သို့သော် ယခုမူ ဟောင်ရှောင်လုံက လုကုန်းအား တစ်ချက်တည်းနှင့် အသားပြား ဖြစ်သွားအောင် လုပ်ခဲ့ပေသည်။
ဤသည်က ဟောင်ရှောင်လုံသည် ဟဲ့ဖေးဖန် ထက် ပိုမို သန်မာသည်ဟု ဆိုလိုနေခြင်းလော။ မဟာနတ်ဘုရားအဆင့် ဖြစ်သည့် ဟဲ့ဖေးဖန်ထက် ပိုမို သန်မာသည်လား။
ကျောင်းဟန်ကျီ တွေးသကဲ့သို့ပင် ရှိသမျှ မိသားစုဘိုးဘေးများနှင့်မိသားစုခေါင်းဆောင်များသည်လည်း တွေးနေကြပြီး သူတို့၏ အမူအရာများက တင်းမာနေပေသည်။
စင်မြင့်ပေါ်၌ ပြားကပ်နေပြီး အသေဆိုးနှင့် သေဆုံးသွားရသော လုကုန်းကို ကြည့်ရင်း မိုးပြာရောင်နဂါးတက္ကသိုလ်ကျောင်းအုပ်ကြီး ချင်ယီ ဆီမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာလေသည်။
လုကုန်းသည် ဤနှစ်များအတွင်း ထွက်ပေါ်လာသော မိုးပြာရောင်နဂါးတက္ကသိုလ်၏ ထိပ်တန်းပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ အမှန်ဆိုရလျှင် လုကုန်း၏ ပါရမီ သည် သူ့၏ တပည့်ရင်းဖြစ်သည့် ရှန်းမင်ကျီ ထက် မနိမ့်ကျပေ။ စောင့်ရှောက်သူအကြီးအကဲ နှစ်သက်သဘောကျသည့် တပည့်များထဲတွင် လုကုန်းသည်လည်း အပါအဝင် ဖြစ်သည်။
သူက မဟာနတ်ဘုရားအဆင့် သို့ တက်ရောက်ရန် အခွင့်အရေးရှိဆုံးတပည့်များထဲမှ တစ်ယောက် ဖြစ်သည်။
သူက သူတို့ မိုးပြာရောင်နဂါးတက္ကသိုလ်၏ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များထဲ၌ တစ်ယောက်အပါအဝင်ဖြစ်လာနိုင်ပေသည်။
သို့သော်လည်း...ဟောင်ရှောင်လုံ က လုကုန်းကို သတ်ပစ်လိုက်သည်။
ချင်ယီ၏ မျက်လုံးများက သွေးရောင်လွှမ်းသွားကာ ဟိန်းဟောက်လိုက်လေသည်။
"ဟောင်ရှောင်လုံ...သွားသေလိုက်စမ်း"
ချင်ယီ၏ ညာဘက်လက်ဝါးသည် မိုးပြာရောင်နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းသွားကာ အဆပေါင်းများစွာ ကြီးမားသွားပြီး ရှောင်လုံကို ရိုက်ချလိုက်သည်။
ချင်ယီ၏ ညာဘက်လက်ဆီမှ မိုးပြာရောင်နဂါးချီများ ထွက်ပေါ်လာပြီး ကြီးမားသည့် မိုးပြာရောင်နဂါးကြီး အသွင် ပြောင်းလဲသွားကာ ၎င်း၏ ဟိန်းသံသည် ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။
အောက်၌ ရှိနေသည့် ဧည့်သည်များသည် တုန်လှုပ်သွားကြပေသည်။
သူ့၏ တပည့် ပြသလိုက်သော ခွန်အားကြောင့် အံ့သြမှင်သက်နေသည့် ဖုယန်သည် ချင်ယီက ရှောင်လုံ ကို ရုတ်တရက် တိုက်ခိုက်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သူ သတိထားမိသွားချိန်တွင် ချက်ချင်း အော်ဟစ်လိုက်သည်။
"ချင်ယီ...ခွေးအိုကြီး...မင်း လုပ်ရဲတယ်ပေါ့"
သူက ချင်ယီကို လက်ဝါးဖြင့် လှမ်းရိုက်လိုက်သော်လည်း ခြေတစ်လှမ်းနောက်ကျသွားရသည်။
ချင်ယီ၏ တိုက်ခိုက်မှုက ဆက်လက်ကျဆင်းသွားသည်။ ထိုတိုက်ခိုက်မှုက ရှောင်လုံကို ရိုက်မိတော့မည့်အချိန်တွင် ကြီးမားလှသော ကြာပန်းတစ်ပွင့်သည် စင်မြင့်ပေါ်၌ ပွင့်လန်းလာပြီး ဖျော့တော့တော့ ပန်းနုရောင်မြူထုကို ထုတ်လွှတ်ကာ မိုးပြာရောင်နဂါးကြီးကို တားဆီးလိုက်ပေသည်။
မိုးပြာရောင်နဂါးကြီး သည် ကြီးမားလှသော ကြာပန်းကြီးနှင့် ဝင်တိုက်မိသွားသည်။ ပန်းနုရောင် ကြာပန်းက ပိုမိုတောက်ပလာပြီး မိုးပြာရောင်နဂါးက ဟိန်းသံပြုလိုက်သည်။ မိုးပြာရောင်နဂါးက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်သော်လည်း ကြီးမားလှသော ပန်းနုရောင်ကြာပန်း၏ အကာအကွယ်ကို မချိုးဖြတ်နိုင် ဖြစ်နေလေသည်။
ပတ်ပတ်လည်မှ ဧည့်သည့်များသည် ချင်ယီက ဒေါသတကြီး သူ့၏လက်ဝါးဖြင့် ကောင်းကင်နှင့် မြေကြီးအား ဖျက်ဆီးနိုင်သော မိုးပြာရောင်နဂါး အသွင် ပြောင်းကာ ရိုက်ချလိုက်သည်ကို မြင်လိုက်ကြရသည်။ သို့သော်ထို လက်ဝါးချက်သည်
တိုက်ခိုက်မှုတစ်ခုစာကို တောင့်ခံနိုင်ရုံသာ ရှိသည့် နူးညံ့ထိခိုက်လွယ်ဟန်ရသော ပန်းနုရောင်ကြာပန်း အကာအကွယ်ကို ချိုးဖျက်နိုင်စွမ်း မရှိခဲ့ပေ။
လူတိုင်း၏ မျက်လုံးများသည် စကြာဝဠာမိခင်ယောင့်ချီ ဆီသို့ ရောက်ရှိသွားကြသည်။
သိသာစွာပင် ထို ကြာပန်းအကာအကွယ်သည် စကြာဝဠာမိခင်ယောင့်ချီ၏ ကြာပန်း နတ်ဘုရားအင်အား မှ ဖြစ်တည်လာခြင်း ဖြစ်သည်။
ထိုအချိန်၌ အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ်ကြီး ဖုယန်၏ လက်ဝါးချက်က ရောက်ရှိလာပြီး မိုးပြာရောင်နဂါးကြီးကို ကွဲကြေသွားစေသည်။
ထို့နောက် ကြာပန်းသည်လည်း ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသည်။
"တက္ကသိုလ်ကျောင်းအုပ်ကြီး ချင်...တိုက်ပွဲစင်မြင့်ပေါ်မှာ ဆိုရင် သေတာနဲ့ ဒဏ်ရာရတာတွေကို ရှောင်လွှဲလို့ မရနိုင်ဘူး"
စကြာဝဠာမိခင်ယောင့်ချီ၏ စိတ်မပါဟန် အသံက ထွက်ပေါ်လာသည်။
"ဒါက အငယ်တွေကြားက ပြိုင်ပွဲလေး တစ်ခုသာသာပါပဲ...တက္ကသိုလ်ကျောင်းအုပ်ကြီးချင် ဝင်စွက်ဖက်နေတာကို ကျွန်မ အံ့သြမိတယ်"
စကြာဝဠာမိခင်ယောင့်ချီက သွယ်ဝိုက်ပြောနေသော်လည်း တက္ကသိုလ်ကျောင်းအုပ်ကြီး ချင်ကို ပြစ်တင်ရှုံ့ချနေခြင်း ဖြစ်ကြောင်း လူတိုင်း သိနိုင်ပေသည်။ မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် တစ်ယောက်သည် သူ့၏ နောက်ခံအဆင့်အတန်းနှင့် အချိန်အခါကို မကြည့်ဘဲ ရှောင်လုံ သတ်ဖြတ်ရန် ကြိုးစားနေပေသည်။
သူတို့က ယောင့်ချီတောင်တန်း၌ ဖြစ်ပြီး ယခုအချိန်က စကြာဝဠာမိခင် ယောင့်ချီ၏ မွေးနေ့ဂုဏ်ပြုပွဲ ဖြစ်သည်။ ဤသည်ကို ဂရုမစိုက်ဘဲ ချင်ယီက တိုက်ခိုက်သမှုပြုလာခြင်းသည် စကြာဝဠာမိခင်ယောင့်ချီကို သူ့မျက်လုံးထဲ၌ပင် ထည့်မထားခြင်း နှင့် တူပေသည်။
စကြာဝဠာမိခင်ယောင့်ချီ၏ ဖိအားသည် တိတ်တဆိတ် ဖြန့်ကျက်သွားလေပြီး ယောင့်ချီတောင်တန်းတစ်ခုလုံးကို ဖုံးအုပ်သွားကာ အများစုသည် ချင်ယီဆီသို့ ဦးတည်နေပေသည်။
ချင်ယီ၏ အမူအရာက ဆိုးရွားသွားပေသည်။ ခဏမျှ တွေဝေတုန့်ဆိုင်းသွားပြီးနောက် သူက တွန်းအားပေး ပြုံးပြလိုက်လေသည်။
"ဟီးဟီး...စကြာဝဠာမိခင်ယောင့်ချီ ပြောတာ အမှန်ပါပဲ...သေခြင်းနဲ့ ထိခိုက်ဒဏ်ရာတွေက ရှောင်လွှဲလို့မှ မရတာပဲလေ...တကယ်တော့ ဒီ တိုက်ခိုက်မှုကလည်း...ဟောင်ရှောင်လုံ ရဲ့ ခွန်အားကို စမ်းသပ်ချင်တာထက် မပိုပါဘူး...သူ့ကို အကြံဉာဏ်နည်းနည်း ပေးချင်ရုံပါ...စကြာဝဠာမိခင်ယောင့်ချီနဲ့ အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ်ကြီးကို နားလည်မှု လွဲသွားစေလိမ့်မယ်လို့ မထင်ထားမိဘူး"
ချင်ယီက ထိုမျှအထိ အရှက်မရှိ ဖြစ်နေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားသည်မို့ ဧည့်သည်များအားလုံး ကြောင်အသွားရပေသည်။ သူက ဟောင်ရှောင်လုံ ကို တစ်ချက်တည်းနှင့် အသေသတ်ပစ်လိုသည်ကို လူတိုင်း မျက်မြင် တွေ့လိုက်ရသော်လည်း သူက ရှောင်လုံ၏ ခွန်အားကို စမ်းသပ်ပြီး အကြံဉာဏ်ပေးလိုရုံဟု မျက်နှာပြောင်တိုက်ကာ ပြောနေပေသည်။
"အဲ့ဒီလိုလား"
စကြာဝဠာမိခင်ယောင့်ချီက မယုတ်မလွန် တုန်ပြန်လိုက်လေပြီး သူမ၏ တည်ငြိမ်အေးချမ်းသော မျက်နှာထက်၌ မည်သည့် ပြောင်းလဲမှုမှ ပေါ်ထွက်မလာပေ။
ဖုယန်က စက်ဆုပ်ရွံရှာစွာ နှာခေါင်းရှုံ့လိုက်ပြီး ဖုယန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူတို့သာ စကြာဝဠာမိခင်ယောင့်ချီ၏ မွေးနေ့ဂုဏ်ပြုပွဲ ၌ ရောက်မနေပါက သူသည် ချင်ယီ ဆီသို့ ပြေးဝင်တိုက်ခိုက်ပြီးနေပြီ ဖြစ်သည်။
ဟုတ်ပေသည်။ အရေးကြီးဆုံးအရာမှာကား ရှောင်လုံ ထိခိုက်မသွားရန် ဖြစ်သည်။ ဖုယန်က စကြာဝဠာမိခင်ယောင့်ချီကို ရှောင်လုံအား ကယ်တင်ပေးသည့်အတွက် ကျေးဇူးတင်လိုက်သည်။
ဖုယန်က သု့၏ ထိုင်ခုံဆီသို့ ပြန်သွားလိုက်ပြီး ညို့မှိုင်းနေသော မျက်နှာထားနှင့် မိုးပြာရောင်နဂါးတက္ကသိုလ်ကျောင်းအုပ်ကြီးကို ကြည့်ကာ အားပါးတရ ရယ်မောချလိုက်သည်။
"လောင်းကြေးအကြောင်း ပြောရမယ်ဆိုရင်...ကျုပ်တို့ကို ချင်းလုံဒင်္ဂါး ငါးရာဘီလီယံ လာပေးတဲ့အတွက် မိုးပြာရောင်နဂါးတက္ကသိုလ်ကျောင်းအုပ်ကြီးချင်ကို ကျေးဇူးတင်ရမှာပဲ...ဟီးဟီး...ကျောင်းအုပ်ကြီးချင်က နောက်ထပ် လောင်းကြေးထပ်ဖို့များ စိတ်ဝင်စားသေးလား မသိဘူး"
ဖုယန်က 'ငါးရာဘီလီယံ'ဆိုသည့်နေရာတွင် အသံကို တမင်သက်သက် မြှင့်ပြောလိုက်လေသည်။
ချင်ယီ၏ နှုတ်ခမ်းက တွန့်လိမ်သွားရပြီး လက်သီးဆုပ်လိုက်မိသော်ငြား ဘာစကားမှ မပြောလိုက်ပေ။
ဖုယန်၏ စကားကို ကြားလိုက်ရချိန်၌ ပတ်ပတ်လည်ရှိ ဧည့်သည်များသည် လှောင်ရယ်လိုစိတ်များကို ဖိနှိပ်လိုက်ကြရသည်။ ယခုအချိန်တွင် မိုးပြာရောင်နဂါးတက္ကသိုလ် ကျောင်းအုပ်ကြီး၏ ရင်ထဲ၌ သွေးစိမ်းရှင်ရှင် ထွက်နေရလောက်ပေပြီ။ သူက မဟာနတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်စွမ်းရှိသော ပါရမီရှင်တပည့်တစ်ယောက်ကို ဆုံးရှုံးလိုက်ရရုံတင်မက ငါးရာဘီလီယံကိုလည်း ဆုံးရှုံးလိုက်ရသည်။
ဤသည်မှာ ငါးရာဘီလီယံ ဖြစ်ပြီး ငါးဆယ် ဘီလီယံ မဟုတ်ပေ။
သူ့၏ စိတ်ထဲ၌ နာကျင်မှုနှင့် သွေးစိမ်းရှင်ရှင် ထွက်နေခြင်း မရှိဟု ပြောလာမည်ဆိုလျှင် အရူးပင် ယုံနိုင်လိမ့်မည်မဟုတ်ပေ။
ချင်ယီသာ နောက်ထပ်လောင်းကြေးကို သဘောတူလိုက်မည်ဆိုလျှင် မိုးပြာရောင်နဂါးတက္ကသိုလ် တပည့်များသည် ဝတ်စရာ ဘောင်းဘီပင် ကျန်တော့မည်မဟုတ်ပေ။
ချင်ယီက တိတ်ဆိတ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရချိန်၌ ဖုယန်သည် လှောင်ပြောင်ပြောဆိုလိုက်သည်။
"တက္ကသိုလ်ကျောင်းအုပ် ချင်က ငါးရာဘီလီယံ မထုတ်နိုင်ဘူးဆိုရင်လည်း...နှစ်ရာဘီလီယံပဲ လောင်းကြတာပေါ့...နှစ်ရာဘီလီယံတောင် မတတ်နိုင်ဘူး လို့တော့ ကျုပ်ကို မပြောနဲ့"
ချင်ယီ၏ မျက်နှာသည် စိမ်းပုပ်ရောင်သန်းလာပြီး စိမ်းရာမှ နီသွားပြန်သည်။ သူက ဒေါသကို ထိန်းချုပ်ထားသော်လည်း အခြား ဧည့်သည်များကို ထိတ်လန့်သွားစေသည်။ ချင်ယီနောက်၌ ထိုင်ကြသော မိသားစုဘိုးဘေးများနှင့်မိသားစုခေါင်းဆောင်များသည် သူ့၏ ပတ်ပတ်လည်တွင် ဖြာထွက်နေသော လူသတ်ငွေ့များကို ခံစားမိနေကြသည်။
ဖုယန်က ချင်ယီကို ရန်စရာတွင် မအောင်မြင်သည်မို့ စိတ်ဝင်စားမှု ကင်းမဲ့သွားပြီး အရှုံးပေးလိုက်သည်။ အကြောင်းရင်းမှာ စကြာဝဠာမိခင်ယောင့်ချီ၏ မွေးနေ့ဂုဏ်ပြုပွဲ ဖြစ်သည်မို့ တိုက်ပွဲ ကို ဆက်လက်ပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ သူက စင်မြင့်ထက်ရှိ ရှောင်လုံကို ကြည့်ရင်း အလွန်တရာ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ ထိုကောင်လေးသည် ဤတစ်ခေါက်တွင် သူ့ထံ အံ့အားသင့်စရာ ကိစ္စကြီးကို ဆောင်ကျဥ်းလာခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် ဖုယန်သည် စိတ်ထဲမှ ခါးသက်သက် ပြုံးလိုက်မိသည်။ သူက သူ့၏ တပည့်ကို လျှော့တွက်မိနေဆဲ ဖြစ်သည်။ သို့တိုင်အောင် သူ့မျက်နှာထက်၌ အပြုံးကြီးတစ်ခု ပွင့်လန်းနေပေသည်။
စင်မြင့်ထက်၌ ရှောင်လုံသည် တစ်ချိန်လုံး အမူအရာကင်းမဲ့နေသည့် မျက်နှာထားဖြင့် ရှိနေဆဲ ဖြစ်သည်။ သူ့၏ အကြည့်သည် မိုးပြာရောင်နဂါး တက္ကသိုလ်ကျောင်းအုပ် ချင်ယီပေါ်သို့ ကျရောက်သွားပြီး စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
'မဟာနတ်ဘုရားသိုင်းပြိုင်ပွဲ ရောက်တဲ့ အချိန်ထိ စောင့်နေလိုက်...ကျုပ်က ရှန်းမင်ကျီကို သေချာလေး ဂရုစိုက်ပေးလိုက်မယ်...အဲ့ဒီအခါကျရင် ချင်ယီ သေချာပေါက် ရူးသွားလောက်မယ် ထင်တယ်'
မိုးပြာရောင်နဂါးတက္ကသိုလ်၏ မဟာအကြီးအကဲ နှစ်ယောက်သည် စင်မြင့်ပေါ်သို့ ပျံသန်းလာကာ လုကုန်း၏ အလောင်းကို လာကောက်လိုက်ကြသည်။ သို့သော်လည်း သူ့၏ ခန္ဓာကိုယ်က ကြမ်းပြင်နှင့် ပြားကပ်နေသောကြောင့် မဟာအကြီးအကဲနှစ်ယောက်သည် စင်မြင့်မှ ဆွဲခွာရန် အင်အားများစွာ သုံးလိုက်ကြရသည်။
မိုးပြာရောင်နဂါးတက္ကသိုလ် မှ မဟာအကြီးအကဲနှစ်ယောက် က လုကုန်း၏ အလောင်းကို စင်မြင့်ပေါ်မှ ဖယ်ရှားပစ်လိုက်ပြီးနောက် မည်သည့် တပည့်ကမှ ရှောင်လုံကို စိန်ခေါ်ရန် စင်ပေါ် တက်မလာရဲကြတော့ပေ။
ဤသည်မှာ ဟာသလုပ်စရာမဟုတ်ပေ။ လုကုန်းသည်ပင် ရှောင်လုံ၏ တစ်ချက်တိုက်ခိုက်မှုဖြင့် ပြားကပ်ပြီးသေအောင် အရိုက်ခံလိုက်ရသည်။ သူတို့သာ ဝင်ပြိုင်မည်ဆိုပါက အသက်ဆက်မရှင်ချင်တော့၍သာ ဖြစ်ရမည်။
အဆုံး၌ ရှောင်လုံက ပထမနေရာဖြင့် အနိုင်ရရှိသွားသည်။
စကြာဝဠာမိခင် ယောင့်ချီ၏ လှပသော မျက်လုံးများသည် ရှောင်လုံကို တောက်ပစွာကြည့်နေပြီး နူးညံ့သိမ်မွေ့မှုများ ရောယှက်နေပေသည်။ ရှောင်လုံ၏ ခွန်အားနှင့် ပါရမီ နှစ်မျိုးလုံးသည် သူမ စိတ်ကူးထားသော တရားဝင်အမွေဆက်ခံသူ လိုအပ်ချက်နှင့် ကိုက်ညီနေလေသည်။
ထိုသို့ဖြင့် စင်မြင့်တိုက်ပွဲ ပြီးဆုံးသွားသော်လည်း မွေးနေ့ပွဲကိုမူ ဆက်လက်ကျင်းပလိုက်ပေသည်။
များစွာသော မိသားစုဘိုးဘေးများနှင့်မိသားစုခေါင်းဆောင်များသည် ဝိုင်ခွက်များကို ပျော်ရွှင်စွာ မြှောက်လိုက်ကြပြီး ဖုယန်ကို ဂုဏ်ပြုစကားဆိုလိုက်ကြသည်။ မိုးပြာရောင်နဂါးကြယ်စင်စုမှ အချို့လူများသည်ပင် သူ့အား လာရောက်မြှောက်ပင့်ကြသေးသည်။
အများစုက စကြာဝဠာမိခင်ယောင့်ချီကို အမွေအနှစ်ဆက်ခံသူ ရှာတွေ့သွားသည့်အတွက် ထပ်တလဲလဲ ဂုဏ်ပြုနေကြသည်။
သက်ဝင်လှုပ်ရှားနေသော ရယ်မောသံများက လေထုကို နွေးထွေးသွားစေသော်လည်း မိုးပြာရောင်နဂါးတက္ကသိုလ် ရှိ မည်သူကမှ ရယ်မောလိုစိတ်မရှိကြပေ။

.....

အပိုင်း-၇၈၄...... မင်းဘာတွေစဉ်းစားနေတာလဲ
မွေးနေ့ပွဲသည် ၃နာရီအကြာ၌ ပြီးဆုံးသွားလေသည်။
မွေးနေ့ပွဲပြီးဆုံး သွားသည်နှင့်  မိုးပြာရောင်နဂါး တက္ကသိုလ်ကျောင်းအုပ်ကြီးသည် သူ့၏ လူများနှင့်အတူ စကြာဝဠာ မိခင် ယောင့်ချီ၏ ဘေးသို့ သွားလိုက်ကာ နှုတ်ဆက်လိုက်ပြီးနောက် ခေါင်းငိုက်စိုက်ကျကာ အလျှင်အမြန်ပြန်သွားကြလေသည်။
ချင်ယီ နှင့်ဆက်ဆံရေးကောင်းရှိသော မိုးပြာရောင်နဂါးြကယ်စင်စု၏ မိသားစု ဘိုးဘေးများနှင့် မိသားစုခေါင်းဆောင်များသည်ပင် သူ့ကိုနှုတ်ဆက်ရန်အခွင့်အရေးမရလိုက်ပေ။
ထွက်ခွာသွားကြသော မိုးပြာရောင် နဂါးတက္ကသိုလ်မှ လူများ၏ ရှက်ရွံနေသည့် မျက်နှာများကိုကြည့်ရင်း ရှောင်လုံ၏ မျက်နှာထပ်၌ အေးစက်စက်အပြုံးတစ်ခု ပျံ့နှံ့သွားလေသည်။သံသယ ရှိစရာ မလိုလောက်အောင်ပင် ထိုသူတို့၏ ဒေါသများကို နာရီပေါင်းများစွာထိန်းချုပ်ထားရပြီး မွေးနေ့ပွဲ ပြီးဆုံးမှသာ သူတို့ကို သူတို့ စိတ်လျှော့နိုင်သွားကြသည်။
ကြည့်ရသည်မှာ ချီယီသည် စကြာဝဠာမိခင် ေယာင့်ချီကို အတိုင်းအတာတစ်ခုထိ သတိထားနေဟန်ရသည်။
မွေးနေ့ပွဲ ပြီးခါနီးအချိန်တွင် များစွာသောမိသားစု ခေါင်းဆောင်များသည် သူတို့၏ တပည့်များကို ဉီးဆောင်ကာ စကြာဝဠာ မိခင်ယောင့်ချီ ကို ဂါရဝ ပြုလိုက်ပြီးနောက် ထွက်ခွာလိုက်ကြသည်။ သို့သော်လည်း အချို့ လူများမှာ မူ သုံးရက် အကြာ၌ ကျင်းပမည့်တပည့်လက်ခံပွဲ အခန်းအနားကို့ကြည်ရှုရန် နေရစ်ခဲ့ကြသည်။
ပြောစရာမလိုလောက်အောင်ပင် အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီး ဖုယန်နှင့် သူ၏ အခြားတပည့်သုံးယောက်ဖြစ်သော လျိုယွင်၊ချန်းယန်နှင့်ချီဝမ်တို့သည်လည်း ထိုအခန်းအနားကိုကြည့်ရန်နေခဲ့ကြလေသည်။
ဧည်သည်များနည်းပါးသွားသည်နှင့် တပည့်လက်ခံပွဲအခမ်းအနားကို ကြည့်ရှုရန် နေခဲ့ကြသောသူများသည် သူတို့နေထိုင်ရာ စီမံပေးထားသည့်နေရာသို့ပြန်လိုက်ကြလေသည်။
ညအချိန်၌ တိတ်ဆိတ်ငြိမ်သက်နေပေသည်။
ရှောင်လုံက ခြံဝန်းထဲ၌ ရပ်လိုက်ရင်း မွေးနေ့ပွဲအတွင်းက စင်မြင့်တိုက်ပွဲအကြောင်းကို စဉ်းစားလိုက်လေသည်။
သံသယ ရှိစရာမလိုလောက်အောင်ပင် သူက လုကုန်းကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့်အကြောင်းသည် ယနေ့ပြန်သွားသော ဧည့်သည်များထံမှ တစ်ဆင့် ကြယ်စင်စုလေးစု တစ်ခွင်လုံးသို့ အလျှင်အမြန်ပျံနှံသွားပေလိမ့်မည်။ ကြယ်စင်စုလေးစုလုံး၌ မည်မျှ တုန်လှုပ်သွားလိမ့်မည်ကို သူက မြင်ယောင်ကြည့်နိုင်ပေသည်။
ထိုအချိန်၌ သူ့ဆီသို့ဉီးတည်ချိန်ရွယ်လာသော ဓားထိပ်ဖျားများပိုမိုများပြား လာမည်ကို သိရှိသော်လည်း ရှောင်လုံသည် သူ့၏ခွန်အားကို ထုတ်ဖော်ရန်ဆုံးဖြတ်ခြင်းအား နောင်တမရပေ။သူ့၏  လက်ရှိ ကိုယ်ပိုင်စွမ်းအားနှင့် အင်အားစုများသည် မိုးပြာရောင်နဂါးတက္ကသိုလ်ကိုပင်ခက်ခဲသွားအောင် လုပ်နိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ယနေ့ တိုက်ပွဲစင်မြင့်ပေါ်၌ သူပြသခဲ့သော ခွန်အားသည် သူ့စွမ်းအား၏ အစိတ်အပိုင်းတစ်ခု မျှသာဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲရှိလိပ်နက်နတ်မီးတောက်နှင့် ဟင်္သာပြဒါးငှက်နတ်မီးတောက်တို့သည် သူ့၏ အဓိကဝှက်ဖဲ များ ဖြစ်သည်။
သို့သော်လည်း နောက်သုံးရက်အကြာ၌ ကျင်းပမည့်တပည့်လက်ခံပွဲအခမ်းအနားအကြောင်းစဉ်းစားမိချိန်တွင် ရှောင်လုံသည် ခေါင်းကိုက်လာသလိုခံစားလိုက်ရသည်။
ထိုအချိန်ရောက်ချိန်၌ မိသားစုဘိုးဘေးများနှင့် မိသားစုခေါင်းဆောင်များသည် ဂုဏ်ပြုစကားများဖြင့် သူ့ကို နှုတ်ဆက်ကာ ဆက်ဆံရေးကောင်း တည်ဆောက်ရန် ကြိုးစားလာကြမည် ဖြစ်ပြီး သူကလည်း သူတို့ကို လောကဝတ်အရ ဆက်ဆံရမည်ဖြစ်သည်။
သုံးရက်တာကာလက မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပြီး တပည့်လက်ခံပွဲ အခမ်းအနားနေ့ ကိုရောက်ရှိသွားပေသည်။ အခမ်းအနားကို ယောင့်ချီ တောင်တန်းပေါ်ရှိ ရေကန်ရှိသည့်နေရာတွင် ကျင်းပမည်ဖြစ်သည်။
သုံရက်ကြာပြီးနောက် ရေကန်ပတ်ပတ်လည်ရှိ အပြင်အဆင်များသည် အသစ်ပြောင်းလဲသွားသော်လည်း အသက်ဝင်တတ်ကြွနေဆဲဖစ်သည်။ ရှောင်လုံ၊ စကြာဝဠာမိခင် ယောင့်ချီ နှင့် သူ့ဆရာ ဖုယန်တို့ ပွဲကျင်းပမည့်နေရာသို့ ရောက်ရှိလာကြမည်ကို အခြား မိသားစုဘိုးဘေးများနှင့် မိသားစုခေါင်းဆောင်များသည် ကြိုတင် စောင့်ဆိုင်းနေကြသည်။
စကြာဝဠာ မိခင်နှင့် ဖုယမ်တို့ ရောက်ရှိလာသည်ကိုမြင်လိုက်ရချိန်တွင် ထိုဧည်သည်များသည် သူတို့ကို တောက်ပသည့်အပြုံးများနှင့်အလျှင်အမြန် ဂါရဝ ပြုလိုက်ကြသည်။ စကြာဝဠာ မိခင်ယောင့်ချီနှင့်ဖုယမ်တို့သည် အပြုံးနှင့် တုံပြန်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်လေသည်။
ထို့နောက် တပည့်လက်ခံပွဲအခမ်းအနားကို စတင်လိုက်ကြသည်။
ရှုပ်ထွေးကာ အသေးစိတ်ကျလာသည့် နည်းလမ်းအဆင့်ဆင့်ကို လုပ်ဆောင်လိုက်ရပြီးနောက် ရှောင်လုံသည် နောက်ဆုံးအဆင့်သို့ရောက်ရှိသွားသည် ။ ထို့အဆင့်မှာ သုံးကြိမ်ဒူးထောက်ပြီး စကြာဝဠာ မိခင်ယောင့်ချီကို ကိုးကြိမ် ကန်တော့ရန် ဖြစ်သည်။ ထို့နောက်မှာသာ တပည့်လက်ခံပွဲအခန်းအနားက ပြီးဆုံးသွားမည်ဖြစ်သည်။
ရှောင်လုံက တပည့်လက်ခံပွဲအခမ်းအနားကို ပြီးမြှောက်အောင် လုပ်ဆောင်သည် အား ကြည့်ရင်း စကြာဝဠာ မိခင်ယောင့်ချီသည် ချစ်ခင်နှစ်သက်သည့် အပြုံးများနှင့်ပြည့်နှက်သွားပြီး သူမကိုယ်တိုင် ရှောင်လုံကို ထူမလိုက်လေသည်။ သို့သော်လည်း စကြာဝဠာမိခင် ယောင့်ချီက ကိုယ်ကို ကိုင်းညွှတ်ကာ ရှောင်လုံ၏ လက်ကို ခပ်ဖွဖွ ကိုင်လိုက်ချိန်တွင် သူမ၏ နှင်းဖြူရောင် နူးညံ့ချောမွတ်လှသော ရွှေရင်အစုံသည် ရှောင်လုံ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာလေသည်။
ဤသည်က မတော်တဆ မြင်ကွင်းပင် ဖြစ်သော်ငြား ရှောင်လုံသည် သူ့ ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံး တစ်စက္ကန့်အတွင်း အောက်ပိုင်းဆီသို့ စီးဝင်သွားသလို ခံစားလိုက်ရသည်။
ရှောင်လုံက သူ့၏ နောက်ဆုံးအဆင့်ကို ပြီးမြောက်သွားချိန်တွင် မိသားစုဘိုးဘေးများနှင့် မိသားစုခေါင်းဆောင်များသည် စကြာဝဠာမိခင် ယောင့်ချီနှင့် ရှောင်လုံကို ဂုဏ်ပြုစကားဆိုရန် ရှေ့သို့ တိုးလာကြသည်။
စကြာဝဠာမိခင်ယောင့်ချီ က လာရောက် ဂုဏ်ပြုစကားဆိုသော တစ်ယောက်ချင်းစီတိုင်းကို ပြုံးပြလိုက်ပြီးနောက် သူမက ရှောင်လုံကို သူမဘေးရှိ ထိုင်ခုံဆီသို့ ဆွဲခေါ်သွားလေသည်။
သူမ၏ နုနယ်သိမ်မွေ့သော လက်အစုံသည် ပျော့ပျောင်းချောမွေ့နေပေသည်။
ရှောင်လုံက ဖုယန်ဆီသို့လှည်ကြာ အသနားခံသည့် မျက်လုံးများနှင့် ကြည့်လိုက်သော်လည်း ဖုယန်က သူ့ကို ပြန်ပြုံးပြလာကာ အားပေးတိုက်တွန်းဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်လေသည်။
ဤသည်ကိုကြည့်ရင်း ရှောင်လုံသည် စကြာဝဠာ မိခင် ယောင့်ချီ၏ဘေး၌ ကူကယ်ရာမဲ့စွာဖြင့် ထိုင်လိုက်ရပေသည်။
တပည့်လက်ခံပွဲ အခမ်းအနားအပြီးကျင်းပသော စားသောက်ပွဲတွင် လူတိုင်းသည် ပျော်ရွှင်ဝမ်းမြောက်နေကြလေပြီး ရယ်မောသံများထွက်ပေါ်လာကာ ဝိုင်ခွက်တစ်ခွက်စီကိုင်ထားကြသည်။
သို့သော်လည်း စကြာဝဠာ မိခင်ယောင့်ချီ နဘေး၌ ထိုင်နေရသည်မို့ သူမ ခန္ဓာကိုယ် ၏ ဆွဲဆောင်မှု ရှိလှသော ကိုယ်သင်းနံ့က ရှောင်လုံ၏ နှာသီးဝဆီသို့ တိုးဝင်လာလေသည်။သူနှင့် စကြာဝဠာ မိခင်ယောင့်ချီတိုသည့် ဆရာတပည့်များဖြစ်စေကာမူ ဤသည်က သူ့ကို စိတ်မသက်မသာ ဖြစ်သွားစေသည်။ သို့သော်လည်း စကြာဝဠာ မိခင်ယောင့်ချီသည် အလွန်တရာ ဆွဲဆောင်မှု ရှိလှပေသည်။ သူ့နေရာ၌ နေရသည့် မည်သူမဆို အနည်းငယ် စိတ်ကူးယဉ်မိမည်သာဖြစ်သည်။
ထို့အပြင်ကြယ်စင်စုလေးစုထဲ၌ စုံတွဲ များဖြစ်သွားကြသော ဆရာတပည့်များစွာရှိပေသည်။အချို့မှာ ယောကျာ်းလေးဆရာနှင့် မိန်းကလေး တပည့်များ ဖြစ်သည်။ အချို့အတွဲများမှာမူ မိန်းကလေးဆရာနှင့် ယောကျာ်းလေးတပည့်များဖြစ်သည်။
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် များအတွက် သက်တမ်းသည် နံပါတ်အရေအတွက်မျှသာဖြစ်သည်။
အမှောင်ထုက ဖုံးလွှမ်းလာပြီး တဖြည်းဖြည်း ညနက်လာချိန်တွင် စားသောက်ပွဲသည် ပြီးဆုံးသွားလေသည်။
ရှောင်လုံ၊သူ့၏ဆရာ ဖုယန် ၊လျိုယွင်နှင့် အခြားသူများသည် သူတို့၏ ခြံဝန်ဆီသို့ ပြန်လိုက်ကြလေသည်။
သူ့၏ ခြံဝန်းသို့ အပြန်တွင် ရှောင်လုံသည် ကူကယ်ရာမဲ့စွာဖြင့် စကြာဝဠာ မိခင်ယောင့်ချီ၏ ညို့အားပြင်းသော မျက်နှာ၊ သူမ၏ သွယ်ပျောင်းနူးညံသော လက်အစုံ၊ညို့ငင်ဆွဲဆောင်နိုင်စွမ်းရှိသော ကိုယ်သင်းနံ ၊ကိုယ်ဟန်လှုပ်ရှားပုံများနှင့် အပြုံးများ အထူးသဖြင့်  သူမ၏ နှင်းဖြူရောင်အသားအရည်တို့ဖြစ်သည်။
ရုတ်တရက်ဆိုသလို ရှောင်လုံသည် စိတ်ကူးယဉ်နေရာမှ နိုးထလာပြီး သူ့ခေါင်းကိုခါယမ်းလိုက်လေသည်။ သူ့၌ မည်သည့်အရာများ မှားယွင်းနေသည်နည်း။ စကြာဝဠာ မိခင်ယောင့်ချီသည် ဆွဲဆောင်မှု အားကောင်းသော မိန်းမလှ တစ်ယောက် ဖြစ်နေလျှင်ပင် သူက တဏှာကြီးသောသူ မဟုတ်ပေ။
ထို့နောက်  ရှောင်ဖေး အကြောင်းစဉ်းစားလိုက်ချိန်တွင် သူ၏  ရင်ဘတ်ထဲ၌ ရောထွေးမှုများနှင့်ပြည့်နှက်သွားလေသည်။
သူက ရှောင်ဖေးအကြောင်းကို စဉ်းစားမိလိုက်လေတိုင်း နွေးထွေးလုံခြုံသည့်ခံစားချက်ကို အမြဲတစေ ရရှိပေသည်။ရှောင်ဖေးဆီမှတဆင့် သူ့၏ အတွေးများသည် သူ့ကို စိတ်ပျက်အားလျော့နေစေသော လီလူ ဆီသို့ရောက်ရှိသွားသည် ။
ဤနှစ်များအတွင်း သူသည် လီလူနှင့်ပက်သက်သော သဲလွန်စများကို ရှာဖွေခဲ့သော်လည်း သူက နတ်ဘုရားအကြောင်းစုံကို အမြစ်ပြတ် သုတ်သင်လိုက်ပြီးနောက်တွင် လီလူက ထွက်ပေါ်မလာတော့ပေ။
ပထမတွင် လက်ထောက်ကျောင်းအုပ် ဝမ်နာ၏ မွေးစားသမီးချန်းရင်သည် နာမည်ပြောင်းထားသည့် လီလူဖြစ်သူဟု သူက သံသယ ရှိခဲ့သော်လည်း ထိုသို့မဟုတ်ကြောင်း သိရှိလိုက်ရပေသည်။ ချန်းရင်သည် လီလူ မဟုတ်ပေ။
ခဏကြာပြီးနောက် ရှောင်လုံသည် တဖြေးဖြေးခြင်းတည်ငြိမ်သွားလေပြီး ရွှမ်းမီနတ်တောင် ထဲသို့ ဝင်ရောက်လိုက်ကာ ရွှမ်းမီ နတ်ဘုရားကျောင်း၏ အလယ်တွင် ခြေချိတ် ထိုင်လိုက်လေသည်။
ညအချိန်က ငြိမ်းချမ်းစွာ ကုန်ဆုံးသွားလေသည်။
နောက်တစ်နေ့နံနက်ခင်းတွင် တပည့်လက်ခံပွဲအခမ်းအနားကိုကြည့်ရန် နေခဲ့ကြသော မိသားစုဘိုးဘေးများနှင့် မိသားစုခေါင်းဆောင်များသည် စကြာဝဠာ မိခင်ယောင့်ချီကို နုတ်ဆက်ကာပြန်သွားကြလေသည်။ရက်အနည်းငယ်ကြာပြီးနောက် သူ့၏ ဆရာ ဖုယန်၊လျိုယွင်၊ ချန်းယန်နှင့် ချီဝမ်တို့သည်လည်း ယောင့်ချီတောင်တန်းဆီမှ ထွက်ခွာသွားကြလေသည်။
ရှောင်လုံတစ်ယောက်တည်းသာ ကျန်နေခဲ့ပေသည်။
စကြာဝဠာ မိခင်ယောင့်ချီ၏ ရွေးချယ်ထားသော အမွေဆက်ခံသူ ဖြစ်သည်မို့ ရှောင်လုံသည် ထိုနေရာ၌ နေရမည် ဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းနည်းစနစ်များ၊ ဆေးဖော်စပ်ခြင်းအသိပညာများနှင့် ယောင့်ချီဂိုဏ်းနှင့် ပက်သက်သော အခြားကိစ္စများကိုလည်း လေ့လာသင်ယူရမည်ဖြစ်သည်။
ရှောင်လုံက ဖုယန်နှင့်အခြားသူများ မဟာရေကန်ကမ္ဘာမှ ထွက်ခွာသွားသည့်တိုင်အောင် လိုက်လံပို့ဆောင်လိုက်ပြီးနောက် ယောင့်ချီတောင်တန်းဆီသို့ ပြန်လှည့်ကာ စကြာဝဠာ မိခင်ယောင့်ချီ၏ ခြံဝန်းသို့  ဉီးတည်လိုက်လေသည်။
"သခင်လေးကို ဂါရဝ ပြုပါတယ် ”
ယောင့်ချီခြံဝန်း၏ အစေခံမိန်းခလေးများသည် ရှောင်လုံကိုမြင်လိုက်ချိန်တွင် ခါးကိုကိုင်းညွှန့်ကာ ဂါရဝပြုလိုက်လေသည်။
ရှောင်လုံက ခေါင်းညိတ် ပြလိုက်ပြီး ရှေ့သို့ဆက်သွားလိုက်သည် ။
"ရှောင်လုံ...မင်းက ဒီရောက်နေတာပဲ...လာခဲ့လေ အထဲကို ”
သူမ၏ အစေခံများရှောင်လုံကို ဂါရဝပြုလိုက်သည်အား ကြားလိုက်ရချိန်တွင် စကြာဝဠာ မိခင်ယောင့်ချီ သည် ပျော်ရွှင်စွာဖြင့် အခန်းထဲမှလှမ်းထွက်လာလေသည်။သူမက ရှောင်လုံဆီသို့ လျှောက်သွားလိုက်ပြီး သူ့လက်ကို ဆွဲကာ သူမဘေး၌ ထိုင်စေလိုက်သည်။ စကြာဝဠာ မိခင်ယောင့်ချီ၏ ပျော့ပြောင်းနူးညံလှသော လက်များ သူ့အပေါ်ရောက်ရှိလာသည်ကို ခံစားလိုက်ရပြီးသူမ၏ ပန်းရနံ့ ကဲ့သို့သော ကိုယ်သင်းနံကြောင့် ရှောင်လုံသည် နှလုံး ခုန်နှုန်း မြန်ဆန်သွားရသည်။
စကြာဝဠာ မိခင်ယောင့်ချီ၏ နံဘေးတွင် နီးနီးကပ်ကပ် ထိုင်နေရသည်မို့ ရှောင်လုံသည် သူမခန္ဓာကိုယ်၏ အနွေးဓာတ်ကို ခံစားနေရသလို တွေးထင်နေမိသည်။ထို့ကြောင့် သူ့၏ မျက်နှာက အနည်းငယ် နီမြန်းလာပေသည်။
စကြာဝဠာ မိခင်ယောင့်ချီက ရှောင်လုံ၏ အမူ အရာကိုကြည့်ရင်း နူးညံညှင်သာစွာ ရယ်မောလိုက်လေသည်။
"ဘာလဲ... မင်းက ဆရာ့ရဲ့အရှေ့မှာ ရှက်သလိုခံစားနေရတာလား”
ခြံဝန်းထဲ၌ ရပ်နေသော အစေခံမိန်းကလေးများသည် သူမက ရှောင်လုံကို စနောက်လိုက်သံအားကြားလိုက်ရချိန်တွင် တစ်ခစ်ခစ်ရယ်မောလိုက်ကြသည်။
သို့သော်လည်း စကြာဝဠာ မိခင် ယောင့်ချီကလေးနက်သည့်အမူအရာကို အလျှင်အမြန်ပြောင်းလဲလိုက်ပြီးနောက် ယောင့်ချီဂိုဏ်း၏ သမိုင်းနှင့် ကျင့်ကြံခြင်းနည်းစနစ်ကို ရှင်းပြလိုက်လေသည်။
ယောင့်ချီဂိုဏ်း၏ လိုအပ်ချက်များသည် လမင်းဆင်းသက်ခြင်းအဘိုးအို၏ ကမ္ဘာတစ်ထောင် ဂိုဏ်းနှင့် တူညီလေပြီး မျိုးဆက်တိုင်းတွင် ဆက်ခံသူ တစ်ယောက်သာ ရှိရပေသည်။
သို့သော်လည်း မျိုးဆက်တိုင်း၏ ဆက်ခံသူများသည် ပုံမှန်အားဖြင့် အမျိုးသမီးများသာ ဖြစ်ကြသည်။
စကြာဝဠာမိခင်ယောင့်ချီ က ယောင့်ချီဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ်ဖြစ်သော ယောင့်ချီ အထွတ်အမြတ်ကျမ်းစာအကြောင်း ရှင်းပြလာချိန်တွင် ရှောင်လုံသည် စိတ်ရှုပ်ထွေးသွားရလေသည်။ အကြောင်းမှာ ယောင့်ချီ အထွတ်အမြတ်ကျမ်းစာကို ကျင့်ကြံရန် သန့်စင်သည့် ခန္ဓာကိုယ် ရှိရမည် ဖြစ်သောကြောင့်ဖြစ်သည်။
အပျိုစင်တစ်ယောက်သည်သာ ထိုကျမ်းစာကို ကျင့်ကြံနိုင်သည်တဲ့လား။ ထို့နောက် ရှောင်လုံသည် ထပ်မံတွေးတောမိသွားသည်။ ဤသည်က စကြာဝဠာ မိခင်ယောင့်ချီ အပျိုစင်တစ်ယောက် ဖြစ်သည်ဟု ဆိုလို  နေခြင်းဖြစ်သည်ကား။ အသက်ပေါင်း ထောင်ပေါင်းများစွာရှိသည့် အပျိုစင်တစ်ယောက် တဲ့လား ။
သူမ က ယောင့်ချီအထွတ်အမြတ်ကျမ်းစာကိုကျင့်ကြံရန်အတွက် လိုအပ်ချက်များအား ရှင်းပြနေချိန်တွင် ရှောင်လုံက သူမအား မိန်းမောတွေဝေစွာ စို်က်ကြည့်နေသည်အား စကြာဝဠာမိခင်ယောင့်ချီ သတိထားမိလိုက်သည်။ ထို့အပြင် ရှောင်လုံ စိုက်ကြည့်နေသည့်နေရာမှာ သူမ၏ နူးညံ့ဖွံ့ထွားလှသော ရွှေရင်အစုံ ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ရှောင်လုံ မည်သည်ကို စဥ်းစားနေသည်အား သူမ ခန့်မှန်းမိသွားပေသည်။ သူမက သူ့ကို ချစ်စဖွယ်အမူအရာဖြင့် ဆူငေါက်လိုက်လေသည်။
"ကောင်လေး...မင်းခေါင်းထဲမှာ ဘာ မဟုတ်တာတွေ လျှောက်တွေးနေတာလဲ"
စကြာဝဠာမိခင်ယောင့်ချီ၏ ညို့အားပြင်းလှသော အကြည့်ကြောင့် ရှောင်လုံသည် သူ့၏ စိတ်ဝိညာဥ်သို့တိုင် တုန်လှုပ်သွားရလေသည်။

....

အပိုင်း ၇၈၅ ..... နတ်ဘုံကမ္ဘာသို့ တက်လှမ်းခြင်း
သူမအား စူးစူးရဲရဲ ကြည့်ရှုနေသည့် ရှောင်လုံ၏ အကြည့်ကို မြင်လိုက်ရချိန်၌ စကြာဝဠာမိခင်ယောင့်ချီ၏ စိတ်ထဲတွင် ဖော်ပြခြင်းငှာ မစွမ်းသာသော ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်တည်လာပေသည်။
အမှန်၌ ရှောင်လုံ၏ ခန့်မှန်းချက်သည် မှားယွင်းမနေပေ။ စကြာဝဠာမိခင် ယောင့်ချီသည် အပျိုစင်တစ်ယောက်ဖြစ်ပေသည်။ သူမက မဟာရေကန်ကမ္ဘာ၌သာ အမြဲတစေ ကျင့်ကြံအားထုတ်နေခဲ့ပြီး အပြင်သို့ ထွက်ခွာခဲလှသည်မို့ သူမဘေး၌ ထိုင်နေသော လူငယ်လေးက ထိုသို့သော အမူအရာဖြင့် ကြည့်လာခြင်းမျိုးကို မတွေ့ကြုံဖူးပေ။
သို့သော်လည်း ထိုမျှ နီးနီးကပ်ကပ် အနေအထားမှ ရှောင်လုံ၏ စိုက်ကြည့်ခံနေရခြင်းအပေါ် သူမ ဒေါသမထွက်မိပေ။ သူမက ရှက်ရွံ့မှုနှင့် ပျော်ရွှင်ကြည်နူးမှုကိုပင် ခံစားနေရသေးသည်။
စကြာဝဠာမိခင် ယောင့်ချီသည်ပင် ဤသည်က ထူးဆန်းနေကြောင်း သိရှိပေသည်။ ဤရက်အနည်းငယ်အတွင်း သူမက ရှောင်လုံကို မြင်လိုက်ချိန်တိုင်း သူတို့ကြား၌ ဆက်နွယ်မှုတစ်ခု ရှိနေသည်ဟု သူမ ခံစားနေရသည်။
'ဒါက ရှောင်လုံက ငါ့ရဲ့ တရားဝင် အမွေဆက်ခံသူ ဖြစ်နေလို့များလား'
စကြာဝဠာမိခင်ယောင့်ချီသည် သူမကိုယ်သူမ ပြောလိုက်မိသည်။
တရားဝင်အမွေဆက်ခံသူ နှင့် နီးစပ်သလို ခံစားရခြင်းသည် သာမန်ထက် ထူးကဲနေခြင်း မဟုတ်ပါပေ။
စကြာဝဠာမိခင်ယောင့်ချီသည် သူမ၏ အတွေးများကို ပြုပြင်လိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်ကာ ယောင့်ချီဂိုဏ်း၏ ဆေးဖော်စပ်ခြင်း နည်းစနစ်များအား ရှောင်လုံကို ရှင်းပြလိုက်လေသည်။
ယောင့်ချီဂိုဏ်း၏ ဆေးဖော်စပ်ခြင်းနည်းစနစ်များသည် ကမ္ဘာတစ်ထောင်ဂိုဏ်းနှင့် မယှဥ်ပြိုင်နိုင်သော်လည်း သူမ၏ ဂိုဏ်းသည် ကြယ်စင်စုလေးစုထဲ၌ ထင်ရှားကျော်ကြားပြီး ပြိုင်ဘက်ကင်းနေဆဲ ဖြစ်သည်။ သူတို့ဂိုဏ်း၏ နည်းစနစ်များအနက် ယောင့်ချီ ပန်းသုံးပွင့်လက်ဟန် သည် ကြယ်စင်စုလေးစုလုံးရှိ ဆေးဖော်စပ်ခြင်းနည်းစနစ်အားလုံးထဲတွင် ထိပ်တန်းဆယ်ခုစာရင်း ဝင်ပေသည်။
အချိန်ကို မေ့လျော့သွားပြီး စကြာဝဠာမိခင် ယောင့်ချီသည် သုံးနာရီဆက်တိုက် သင်ပြပေးနေလေသည်။
သုံးနာရီ ကြာပြီးနောက် ရပ်တန့်လိုက်လေပြီး ရှောင်လုံ နားမလည်သောအရာ ရှိပါက မည်သည်မဆို မေးမြန်းနိုင်ကြောင်း ပြောလိုက်သည်။ ရှောင်လုံက မေးခွန်းအနည်းငယ်ကို မေးမြန်းလိုက်ပြီး စကြာဝဠာမိခင်ကလည်း မှိန်ဖျော့သွားခြင်းမရှိသော အပြုံးတစ်ပွင့်ဖြင့် မေးခွန်းအားလုံးကို စိတ်ရှည်လက်ရှည် ဖြေကြားလိုက်လေသည်။
နေ့အချိန်က အမြန်နှုန်း နှစ်ဆဖြင့် အချိန်ကုန်သွားဟန်ရသည်။ ရှောင်လုံက စကြာဝဠာမိခင် ယောင့်ချီ၏ ခြံဝန်းဆီမှ ခွင့်တောင်းပြီး ထွက်လာချိန်တွင် ညအချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ရှောင်လုံက ပထမဆုံးရောက်ရှိလာစဥ် နေရာချပေးခံထားရသော စကြာဝဠာမိခင်ယောင့်ချီနှင့် သိပ်မဝေးသည့် မူလနေရာ၌သာ နေထိုင်နေဆဲ ဖြစ်သည်။ သူ့၏ နေထိုင်ရာ ခြံဝန်းသို့ ရောက်ရှိသွားရန် အချိန်သိပ်မယူရပေ။
ခြံဝန်းဆီသို့ ပြန်ရောက်သွားချိန်တွင် ရှောင်လုံသည် စကြာဝဠာမိခင် ယောင့်ချီ တစ်နေကုန် သင်ကြားပေးလိုက်သော ယောင့်ချီဂိုဏ်း၏ ကျင့်စဥ်နှင့် ဆေးဖော်စပ်ခြင်းနည်းစနစ်များကို စနစ်တကျ အစီအစဥ်ချလိုက်သည်။ ထို့နောက် သူက ကမ္ဘာတစ်ထောင်ဆေးမီးဖိုကို ထုတ်ယူလိုက်ပြီး ယောင့်ချီ ပန်းသုံးပွင့်လက်ဟန် ကို သုံးကာ ဆေးလုံးအချို့ ဖော်စပ် သန့်စင်ကြည့်လိုက်သည်။
လိုအပ်သည့် ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်ပြီးနောက် စကြာဝဠာမိခင်ယောင့်ချီ၏ ယောင့်ချီပန်းသုံးပွင့်လက်ဟန် နည်းစနစ်အတိုင်း ရှောင်လုံက သူ့၏ လက်ကို လေထဲသို့ မြှောက်လိုက်သည်။
ပါဝင်ပစ္စည်းများကို သူ့ရှေ့သို့ မျောလွင့်လာစေရန် ထိန်းချုပ်လိုက်သော်ငြား 'ပန်းပွင့်ထောင်ချီ မျောလွင့်၊ ငွားငွားစွင့်စွင့် ပန်းပွင့်လွှာ'အဆင့်သို့ မအောင်မြင်နိုင်နေဆဲ ဖြစ်သည်။
နှစ်နာရီကြာ လေ့ကျင့်ပြီးနောက် ရှောင်လုံသည် ခေါင်းကိုသာ ခါယမ်းလိုက်နိုင်ပြီး ခဏတာ အရှုံးပေးလိုက်ဖို့ရာသာ တတ်နိုင်ပေသည်။
စကြာဝဠာမိခင် ယောင့်ချီ၏ သင်ကြားမှုများအရ သူမသည်ပင် ယောင့်ချီ ပန်းသုံးပွင့်လက်ဟန် ကို ကျွမ်းကျင်ပိုင်နိုင်ရန် ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူခဲ့ရသည်။ သူကမူ တစ်နေ့ထဲဖြင့် ကျွမ်းကျင်ပိုင်နိုင်ချင်နေခဲ့ကာ သူ့၏ အစောပိုင်းရလဒ်များအရ အောင်မြင်နိုင်မည်မဟုတ်ပေ။
ထို့နောက် ရှောင်လုံသည် ရွှမ်းမီနတ်တောင်ထဲသို့ ကျင့်ကြံရန် ဝင်ရောက်လိုက်ကာ နတ်ဆိုးနည်းစနစ်ကို လှည့်ပတ်လိုက်ပြီးနောက် အနက်ရောင်လိပ် နှင့် ဟင်္သာပြဒါးငှက် တို့၏ ကြယ်စင်အင်အားများကို စုပ်ယူလိုက်လေသည်။
ထိုတစ်လလုံးလုံး ရှောင်လုံသည် စကြာဝဠာမိခင်ယောင့်ချီ၏ ခြံဝန်းသို့ သွားကာ သူမ သင်ပြပေးသော ယောင့်ချီဂိုဏ်း၏ ကျင့်စဥ်နှင့် ဆေးဖေယ်စပ်ခြင်းနည်းစနစ်များကို နားထောင်တတ်သည်။ မနက်ခင်းများ တွင် စကြာဝဠာမိခင် ယောင့်ချီက ယောင့်ချီအထွတ်အမြတ်ကျမ်းစာ အကြောင်းကို ရှင်းပြလိမ့်မည်ဖြစ်ပြီး နေ့လည်ခင်းများတွင် သူမက ရှောင်လုံ၏ မေးခွန်းများကို ဖြေကြားပေးလိမ့်မည် ဖြစ်သည်။ ညအချိန်တွင် ရှောင်လုံက ရွှမ်းမီနတ်တောင်ထဲ၌ ကျင့်ကြံမည်ဖြစ်သည်။
တစ်လကြာပြီးနောက် ရှောင်လုံ စကြာဝဠာမိခင်ယောင့်ချီ၏ ခြံဝန်းသို့ ရောက်သွားသည့် မနက်ခင်းတစ်ခုတွင် စကြာဝဠာမိခင်ယောင့်ချီသည် အပြုံးနှင့် ရှောင်လုံအား ပြောလိုက်လေသည်။
"ရှောင်လုံ...မင်းက အခုဆိုရင် ယောင့်ချီအထွတ်အမြတ်ကျမ်းစာ ထဲမှာ ရှိသမျှကို နားလည်ပြီးသွားပြီ...ဒီနေ့ကစပြီး မင်းက ယောင့်ချီတောင်တန်း ရေကန်ထဲမှာ စပြီး ကျင့်ကြံလို့ရတယ်"
ယောင့်ချီတောင်တန်းရေကန်၏ ရေဒြပ်စင်စိတ်ဝိညာဥ်စွမ်းအင်များသည် ယောင့်ချီအထွတ်အမြတ်ကျမ်းစာ ကို ကျင့်ကြံရာတွင် အကျိုးရှိပေသည်။  အထူးသဖြင့် ကျင့်စဥ် အစပိုင်း လေ့ကျင့်သူသည် ရေကန်ဆီမှ ရေဒြပ်စင် စိတ်ဝိညာဥ်စွမ်းအင်များကို ငှားရမ်းရန် လိုအပ်သောကြောင့် ပိုမို အကျိုးရှိလေသည်။
သူမက ထိုသို့ ပြောပြီးသည်နှင့် ရှောင်လုံ့လက်ကို ဆွဲကာ ရေကန်ဆီသို့ ဦးတည်လိုက်သည်။
သူမ၏ သေးသွယ်ပျော့ပျောင်းသော လက်ဆီမှ နူးညံ့ချောမွတ်မှုကို ခံစားလိုက်ရပြီး ရှောင်လုံသည် ကူကယ်ရာမဲ့စွာ လိုက်ပါသွားရသည်။
လွန်ခဲ့သည့် တစ်လလုံး သူ စကြာဝဠာမိခင်ယောင့်ချီ၏ခြံဝန်းသို့ ရောက်သွားချိန်တိုင်း သူမသည် သူ့၏ လက်ကို လာဆွဲတတ်ကာ ရုန်းရန် အခွင့်အရေး မပေးပေ။ ထို့ပြင် စကြာဝဠာမိခင်ယောင့်ချီ ကဲ့သို့သော အလှနတ်မိမယ်တစ်ပါးက သူ့၏လက်အား ကိုင်ထားသည်ကို ရှောင်လုံ ငြင်းပယ်ရန် ခွန်အားမရှိပေ။
ထိုအချိန်၌ ရှောင်လုံကိုယ်တိုင်ကလည်း ဤသည်ကို နှစ်သက်ကြည်နူးနေမိကြောင်း သိလိုက်ရသည်။ ချက်ချင်းဆိုသလို ရှောင်လုံသည် သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်ရင်း အနည်းငယ် တွေဝေငေးမောလိုက်မိသည်။
ခဏကြာပြီးနောက် ရှောင်လုံ အသိဝင်လာချိန်တွင် စကြာဝဠာမိခင် ယောင့်ချီက သူ့ကို ရေကန်၏ အစွန်သို့ ဆွဲခေါ်လာကြောင်း သိလိုက်ရသည်။
"ငါတို့ ရောက်ပြီ"
စကြာဝဠာမိခင်ယောင့်ချီက လေပြေအောက်၌ ယိမ်းနွဲ့နေသည့် တံတိုင်းမွှေးပန်းနှယ် တိုးညှင်းလှစွာ အသက်ရှူထုတ်လိုက်သည်။ သူမက ရှောင်လုံဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"ရှောင်လုံ...အဝတ်အစားတွေကို ချွတ်ပြီးတော့ ရေကန်ရဲ့အောက်ခြေကို တည့်တည့်သွားလိုက်...ဒီနည်းနဲ့သာဆိုရင် မင်းက ရေဒြပ်စင်စိတ်ဝိညာဥ်စွမ်းအင်တွေကို အလွယ်တကူ စုပ်ယူနိုင်လိမ့်မယ်"
ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဝတ်စုံးကို ချွတ်ပစ်လိုက်ကာ သူ့၏ တောင့်တင်းသန်မာလှသော ကြွက်သားများကို လှစ်ဟပြလာလေသည်။ ယောကျ်ားပီသသော ကိုယ်သင်းနံ့က လေပြေနှင့်အတူ စကြာဝဠာမိခင်ယောင့်ချီရှိရာဆီသို့ တိုးဝင်သွားသည်။
ရှောင်လုံ၏ အဝတ်ဗလာဖြစ်နေသည့် အပေါ်ပိုင်းကိုယ်ကို ကြည့်ရင်းသူမသည် ရှက်သွေးဖြာသလို ခံစားလိုက်ရသော်ငြား ရှောင်လုံကမူ ရေကန်ထဲသို့ ခုန်ဆင်းသွားပြီ ဖြစ်သည်။ ရေကန်၏ အောက်ခြေသို့ ရောက်ရှိသွားချိန်တွင် သူက ခြေချိတ်ထိုင်ပြီးနောက် ယောင့်ချီအထွတ်အမြတ်ကျမ်းစာ အတိုင်း ချီစွမ်းအင်ကို စတင် လှည့်ပတ်လိုက်လေသည်။
ရှောင်လုံ ရေကန်ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ရင်း စကြာဝဠာမိခင်ယောင့်ချီသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ဝမ်းနည်းသွားသလိုလည်း ခံစားလိုက်ရသည်။ သူမ၏ လှပသော မျက်ဝန်းလေးများသည် ရေကန်အောက်ရှိ ပုံရိပ်ကိုသာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိသည်။
ပြီးခဲ့သည့်လအတွင်း ဆက်ခံသူတပည့်အပေါ် သူမ၏ ရင်းနှီးကျွမ်းဝင်လှသောအပြုအမူများသည် အန္တရာယ်ရှိသည့်အပိုင်းသို့ဦးတည်နေကြောင်း သူမ သတိမူမိပေသည်။ သို့သော် စိတ်ပျက်စရာကောင်းသည်မှာ သူမ ရှောင်လုံကို မြင်တွေ့လိုက်ရချိန်တိုင်း သူမကိုယ်သူမ မထိန်းချုပ်နိုင်ပေ။
သူမ၏ မျက်လုံးများက မှေးမှိန်သွားရပြီး သက်ပြင်းဖွဖွ ချလိုက်သည်။
'ဒါဆိုရင်လည်း...ကံစီမံရာအတိုင်းပဲ ဖြစ်ပါစေတော့...'
နှစ်ဝက်ကြာသည်အထိ ရှောင်လုံသည် ရေကန်သို့ သွားကာ မနက်တိုင်း လေ့ကျင့်တတ်သည်။ နေ့လည်ခင်းတွင်မူ စကြာဝဠာမိခင်ယောင့်ချီက သူ့ကို ယောင့်ချီဂိုဏ်း၏ ဆေးဖော်စပ်ခြင်းနည်းစနစ် များ နှင့် အခြားအရာများကို ဆက်လက် သင်ကြားပြသပေးသည်။
သူမကို အံ့အားသင့်စေသည့်အရာမှာကား ရှောင်လုံ၏ ဆေးဖော်စပ်ခြင်းစွမ်းရည် သည် သူမမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသောကြောင့် ဖြစ်သည်။ နှစ်ဝက်ဆိုသော အချိန်ကာလအတွင်း၌ ရှောင်လုံသည် ယောင့်ချီပန်းသုံးပွင့်လက်ဟန် ကို ကျွမ်းကျင်ပိုင်နိုင်သွားလေသည်။
ရှောင်လုံက ယောင့်ချီပန်းသုံးပွင့်လက်ဟန် နည်းစနစ်ကို 'အတွေးတစ်ချက်နှင့် ပန်းပွင့် အသင်္ချေကို ကခုန်စေခြင်း'အဆင့်ထိ မရောက်သေးသော်ငြား ခြောက်လဟူသော အချိန်တိုအတွင်း ထိုမျှတိုးတက်လာသည်မှာ တုန်လှုပ်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။
သူမ၏ ဗဟုသုတအရ ယောင့်ချီဂိုဏ်း၏ တည်ထောင်သူပင်လျှင် ထိုနည်းစနစ်ကို ကျွမ်းကျင်ရန် တစ်နှစ်ကျော် ကျင့်ကြံအားထုတ်ခဲ့ရသည်။
အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားပြီး တစ်နှစ်တာ ကျော်လွန်သွားသည်။
အစပိုင်း၌ စကြာဝဠာမိခင်ယောင့်ချီသည် ရှောင်လုံကို သူမသိသမျှ အရာအားလုံး သင်ကြားပေးရန် အနည်းဆုံး ဆယ်နှစ်မျှ အချိန်ယူရလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော် အချိန်တစ်နှစ်ပြည့်သွားပြီးနောက်၌ သူမတွင် ရှောင်လုံကို သင်ပြပေးစရာ မကျန်ရှိတော့ကြောင်း တွေ့လိုက်ရသည်။
ထိုအခါမှသာ ရှောင်လုံသည် ကြောက်မက်ဖွယ်ရာ အရည်အချင်းရှိလှကြောင်း သူမ နားလည်သွားရလေသည်။ အထူးသဖြင့် ရှောင်လုံ၏ မှတ်ဉာဏ်စွမ်းရည်ကြောင့် စကြာဝဠာမိခင်ယောင့်ချီသည်ပင် အံ့အားသင့်မှင်သက်နေရသည်။ မည်သည့်အရာကိုပင် ဖြစ်ပါစေ...ရှောင်လုံသည် တစ်ခါဖတ်ပြီးရုံ သို့မဟုတ် တစ်ခါကြားလိုက်ရုံနှင့် မှတ်မိနိုင်ပေသည်။
ယခုအခါ၌ ရေကန်၏ အစွန်၌ ရပ်နေပြီး အောက်ခြေရှိ ပုံရိပ်ကို ကြည့်ရင်း စကြာဝဠာမိခင်ယောင့်ချီသည် တဖြည်းဖြည်းနီးကပ်လာသော နတ်ဘုံကမ္ဘာသို့ တက်ရောက်ရမည့်နေ့ရက်ကြောင့် အကြီးအကျယ် တွန့်ဆုတ်နေမိသည်။
ရှောင်လုံ၏ ခန့်ညားလှသော ယောကျ်ားပီသသည့် ခန္ဓာကိုယ်ကို ကြည့်ရင်း သူမ၏ မျက်လုံးထဲ၌ ချစ်ခြင်းမေတ္တာ အငွေ့အသက်များ ယှက်သန်းသွားသည်။
နောက်ထပ် နှစ်ဝက်တာ ကုန်လွန်သွားပြန်သည်။
ထို့နေ့၌ ရှောင်လုံ စကြာဝဠာမိခင် ယောင့်ချီ၏ခြံဝန်းသို့ ရောက်ရှိသွားချိန်တွင် သူမက ပုံမှန်နေ့များကဲ့သို့ပင် သူ့လက်ကို ဆွဲကာ ခန်းမဆောင်ထဲသို့ ခေါ်သွားသည်။ လေးနက်ကာ ညို့မှိုင်းသည့် အမူအရာဖြင့် သူမက ယောင့်ချီဂိုဏ်း၏ ဂိုဏ်းချုပ်တံဆိပ်ပြားကို သူ့အား လွှဲပြောင်းပေးလိုက်သည်။
ရှောင်လုံက ခေါင်းကို ညွတ်ကာ ရိုသေလေးစားမှုအပြည့်ဖြင့် တံဆိပ်ပြားအား ယူလိုက်သည်ကို ကြည့်ရင်း စကြာဝဠာမိခင် ယောင့်ချီသည် တုန့်ဆိုင်းတွေဝေနေမိသည်။ သူမ၏ နှုတ်ခမ်းများက ဖြည်းဖြည်းချင်း လှုပ်ရှားသွားသည်။
"ရှောင်လုံ...အခုကစပြီး...မင်းက ယောင့်ချီဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ပဲ...မင်းက ငါတို့ဂိုဏ်းရဲ့ ဂုဏ်ကျက်သရေကို ဆောင်ကျဥ်းပေးနိုင်ဖို့ ငါမျှော်လင့်ပါတယ်"
သူမက ခဏမျှ ရပ်တန့်သွားပြီးနောက် ထပ်ပြောလိုက်သည်။
"ငါ့မှာ မင်းကို သင်ကြားပေးစရာ ဘာမှ မကျန်တော့ဘူး...ဒီတော့ မနက်ဖြန်ကျရင် နတ်ဘုံကမ္ဘာကို တက်လှမ်းဖို့အတွက် ငါ ဆုံးဖြတ်ချက် ချလိုက်ပြီ"
စကြာဝဠာမိခင်ယောင့်ချီက နောက်တစ်နေ့တွင် နတ်ဘုံကမ္ဘာသို့ တက်လှမ်းရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ကြားလိုက်ရချိန်၌ ရှောင်လုံသည် သိသိသာသာ တုန်လှုပ်သွားပြီး သူ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားရသည်။
ပြီးခဲ့သော တစ်နှစ်နှင့် နှစ်ဝက်တာ ကာလပတ်လုံး၌ သူတို့သည် ဆရာတပည့် များ ဖြစ်ကြသော်လည်း ဆရာတပည့်ဆက်ဆံရေးထက် ကျော်လွန်သော ခံစားချက်များ ရှိခဲ့ကြပေသည်။
စကြာဝဠာမိခင်ယောင့်ချီ၏ သူ့အပေါ်ထားရှိသော ချစ်ခြင်းတရားများကို မမြင်ရလောက်သည်အထိ ရှောင်လုံသည် ကန်းနေခြင်းမဟုတ်ပေ။ ဆရာတပည့်စည်းကို ကျော်ဖြတ်ရန် ခက်ခဲနေခြင်းမျှသာ ဖြစ်သည်။ သူက သူမအပေါ် မည်သည့် ခံစားချက်မှ မရှိ ဟု ဆိုမိလျှင် ကိုယ့်ကိုယ်ကို လိမ်ညာနေခြင်းသာ ဖြစ်သည်။

Continue Reading

You'll Also Like

108K 1.7K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥
16.2K 457 13
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
79.3K 1.9K 56
Y/n and Luz are best friends who have gone through thick and thin. But this time, they will go through thicker and thinner. They are both considered...
26.6K 654 114
النوع: شونين اي ، مأنها ، كوميديا ، دراما ، الحياه المدرسيه العمل: مستمر -القصه- "يوما يحكى قصه مرحه عن الحياة...