ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

771 - 775

189 10 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၇၁ ..... ဖုယန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း

ရှောင်လုံက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် သိုင်းပညာရှင် ဖြစ်သော်လည်း ဆေးလုံးများနှင့် စိတ်ဝိညာဥ်စွမ်းအင်များ စုပ်ယူမှုအမြန်နှုန်းသည် မည်သည့် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် သိုင်းပညာရှင်ထက်မဆို မြန်ဆန်ပေသည်။

ထို့ကြောင့် သူက ကျားရှင်းထျန်း၏ အဆင့်လေး နတ်ဘုရားဦးခေါင်းကို စုပ်ယူသန့်စင်ရန် အချိန်များစွာ ယူရမည်မဟုတ် ဟု ခန့်မှန်းထားပေသည်။ အနည်းဆုံး သူ နတ်ဘုရားအဆင့် ၇ သိုင်းပညာရှင် ဖြစ်ခဲ့စဥ်က အဆင့်ငါး နတ်ဘုရားဦးခေါင်း ကို သန့်စင်ခဲ့သည့် ကြာချိန်ကဲ့သို့ အချိန်များစွာ ယူရမည်မဟုတ်ပေ။

အချိန်များက ကုန်လွန်သွားပြီး သုံးရက်ကြာ ကုန်ဆုံးသွားပေသည်။

ဝူဟွမ်တောင်ထိပ်...အနက်ရောင်သူရဲကောင်း တက္ကသိုလ်။

အဓိကခန်းမဆောင်ထဲရှိ ပလ္လင် နှင့် တူသော ထိုင်ခုံပေါ်တွင် ဝမ်နာသည် မဲမှောင် မှုန်ကုပ်သည့် အမူအရာ ဖြစ်နေလေသည်။

"ရွှေရောင်ဦးချိုသားရဲဘုရင်နဲ့ ကျားရှင်းထျန်းတို့ဆီက ဘာသတင်းမှ မကြားရဘူးလား "

၀မ်နာက မဲမှောင်နေသည့် မျက်နှာဖြင့် သူမနှင့် အနည်းငယ်ဝေးကွာသည့် နေရာ၌ရပ်နေသော အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ မဟာအကြီးအကဲ ကျန်းယီကျောင်းကိုမေးလိုက်လေသည်။

ကျန်းယီကျောင်းက လေးနက်သည့် အမူအရာဖြင့် ခေါင်းကိုခါပြလိုက်လေသည်။

"အခုထိတော့ ဘာသတင်းမှ မကြားရသေးဘူး "

သူကတုန့်ဆိုင်းနေပြီးနောက် ထပ်ပြောလိုက်သည်။

"လက်ထောက်ကျောင်းအုပ်ကြီး ... ရွှေရောင်ဦးချိုသားရဲဘုရင်နဲ့ ကျားရှင်းထျန်းတို့က မိုးသီးကျောက်တုံးနဲ့ ရွှမ်ကျီရတနာသိုက်တွေကို ခွဲယူလိုက်ကြတာမလို့ ... ယောင်ရှောင်လုံကို သတ်ပြီးတာတောင် လက်ထောက်ကျောင်းအုပ်ကြီးကို မဆက်သွယ်လာတာများလား "

၀မ်နာ၏မဲမှောင်နေသော မျက်နှာထက်၌ သံသယတစ်ခုဖြတ်သန်းသွားသော်ငြား သူမက ခေါင်းယမ်းကာ ငြင်းဆိုလိုက်လေသည်။

"အဲလိုမဟုတ်လောက်ဘူး "

၀မ်နာ၏ တုံ့ပြန်ပုံကို တွေးတောလိုက်ပြီးနောက် ကျားရှင်းထျန်းကပြောလိုက်လေသည်။

"အဲလိုမှ မဟုတ်ရင် သူတို့က ဘာဖြစ်လို့ သတင်းပြန်မပို့တာလဲ ... အခုဆို သုံးရက်တောင်ရှိနေပြီ ...  ကြည့်ရတာ သူတို့က ဟောင်ရှောင်လုံကို သတ်ဖို့ ကျရှုံးခဲ့တာများလား"

"ဟောင်ရှောင်လုံကို သတ်ဖြတ်ဖို့ ကျရှုံးတာတဲ့လား"

၀မ်နာက မှင်သက်သွားလေသည်။ဤဖြစ်နိုင်ချေကို သူမ တစ်ခါမှ တွေးမထားခဲ့ပေ။

သို့သော်လည်း ထိုသို့ ပြောလာသည်ကို ကြားလိုက်ရချိန်၌ ၀မ်နာ၏ သံသယများမြင့်တက်လာပေသည်။လမင်းဆင်းသက်ခြင်း အဘိုးအိုနှင့် ယန်ယီတို့က သိုင်းဝိညာဥ်ကမ္ဘာမှ အမှန်တကယ် ထွက်ခွာမသွားခဲ့သောကြောင့် ရွှေရောင်ဦးချိုသားရဲဘုရင်နှင့် ကျားရှင်းထျန်းတို့သည် သူတို့၏ တာ၀န်ကို ကျရှုံးခဲ့သည်လား။

ထိုအချိန်တွင် အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ခန်းမထဲ၌ ပဲ့တင်ထပ်သွားလေသည်။

အေးစက်စက်နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည်နှင် ပလ္လင်ထက်၌ ထိုင်နေသော ၀မ်နာသည် ဒူးထောက်ကျလိုက်ပြီး သူမ၏ အသံသည် ရိုသေလေးစားမှုများဖြင့် ပျံ့နှံ့နေပေသည်။

"၀မ်နာက မဟာအရှင်သခင်ကို ဂါရ၀ပြုပါတယ်"

အနက်ရောင်သူရဲကောင်း တက္ကသိုလ်၏ မဟာအကြီးအကဲ ကျန်းယီကျောင်း သည်လည်ူ ဒူးထောက်ကာ ခေါင်းမှ ခြေဖျားအထိတုန်ရီနေပေသည်။

"ရွှေရောင်ဦးချိုသားရဲဘုရင်နဲ့ ကျားရှင်းထျန်းတို့ သေသွားကြပြီ"

အေးစက်ကာ စိတ္တဇဆန်သည့် အသံက ထပ်မံထွက်ပေါ်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ အားကောင်းလှသော ဖိအားတို့ကို ထုတ်လွှတ်နေပေသည်။

၀မ်နာက မယုံကြည်နိုင်စွာဖြင့် ခေါင်းမော့ကြည့်လိုက်မိပေသည်။

"ရွှေရောင်ဦးချိုသားရဲဘုရင်နဲ့ ကျားရှင်းထျန်းတို့က သေသွားကြပြီလား "

"ဟုတ်တယ်"

အကောင်အထည်မရှိသော လေသံကထွက်ပေါ်လာပြန်သည်။စကားပြောသံကိုသာ ကြားနေရပြီး အသံရှင်ကိုမူ အရိပ်အယောင်မျှပင် မမြင်ရပေ။

"မဟာအရှင်သခင် ... လမင်းဆင်းသက်ခြင်းအဘိုးအိုနဲ့ ယန်ယီတို့ သိုင်းဝိညာဥ်ကမ္ဘာကနေ တကယ်ထွက်မသွားခဲ့ဘူးလား"

၀မ်နာက အောင့်မထားနိုင်တော့ဘဲ မေးမြန်းလိုက်လေသည်။

ရုတ်တရက် ဟင်းလင်းပြင်ထဲမှ အားကောင်းလှသော အင်အားတစ်ခု ထွက်ပေါ်လာလေသည်။ထိုအားကောင်းလှသော အင်အား၏ရှေ့မှောက်တွင် ၀မ်နာသည် ခုခံကာကွယ်ရန်ပင် မတွေးရဲဘဲ သူမနောက်ရှိ ပလ္လင်နှင့်အတူ လေထဲသို့လွင့်စင်သွားလေသည်။

ဤသည်ကို ကြည့်ရင်း မဟာအကြီးအကဲ ကျန်းယီကျောင်းက သူ့ကိုယ်သူ ပိုမိုသေးငယ်သွားစေလိုသည့်နှယ် ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်လေသည်။

၀မ်နာက အလျင်အမြန်ကြိုးစားထထိုင်လိုက်ကာ ဒူးထောက်လိုက်လေသည်။သူမဆီမှ နာကျင်စွာညည်းညူသံပေါ်ထွက်မလာအောင် သတိထားပြီး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး အမိန့်ပေးပါ... မဟာအရှင်သခင် "

"ရွှေရောင်ဦးချိုသားရဲဘုရင်နဲ့ ကျားရှင်းထျန်းတို့ရဲ့ သေဆုံးမှုအကြောင်းကို တိတိကျကျစုံစမ်းလာခဲ့ကြ ...ပြီးတော့ ဟောင်ရှောင်လုံရဲ့ ဘေးမှာ လမင်းဆင်းသက်ခြင်း အဘိုးအိုနဲ့ ယန်ယီအပြင်အခြားမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တွေ ရှိမရှိဆိုတာကိုလည်း စုံစမ်းလာခဲ့ "

အခြားမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များတဲ့လား။

၀မ်နာက အံ့သြမှင်သက်သွားသော်ငြား အလျင်အမြန် ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ ... မဟာအရှင်သခင် "

'အင်း'ဟုသော ဖြေသံ ထွက်ပေါ်လာပြီးနောက်စကားသံသည် ပျောက်ကွယ်သွားပြီးနောက် ခန်းမကြီးသည် တိတ်ဆိတ်သွားလေသည်။

အချိန်အတော်ကြာပြီးနောက် ၀မ်နာသည် ဖြေးဖြေးချင်းထရပ်လာလေပြီး သူမ၏မျက်နှာသည် အတွေးများဖြင့် မှုန်ကုတ်နေပေသည်။

"မဟာအရှင်သခင် အခုပြောသွားတဲ့စကားကို မင်းကြားတယ်မလား "

၀မ်နာက မဟာအကြီးအကဲကျန်းယီကျောင်း ကို ကြည့်လိုက်လေပြီး သူမ၏ အသံကအေးစက်နေပေသည်။

"အခုချက်ချင်း ရွှေရောင်ဦးချိုသားရဲဘုရင်နဲ့ ကျားရှင်းထျန်းတို့ ဘယ်လိုသေသွားရတယ်ဆိုတာကို သွားစုံစမ်းလိုက် ...မင်း ရှာမတွေ့ဘူးဆိုရင်တော့ အကျိုးဆက်ကို သိတယ်မလား"

မဟာအကြီးအကဲ ကျန်းယီကျောင်း ၏ နောက်ကျောတစ်လျှောက်သည် အေးစက်သွားရလေပြီး အလျင်အမြန်ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ ... လက်ထောက်ကျောင်းအုပ်ကြီး"

ရွှမ်းမီနတ်တောင်ထဲ၌ ကျားရှင်းထျန်း၏ အဆင့်၄နတ်ဘုရားဦးခေါင်းကို စုပ်ယူသန့်စင်နေသောလူသည်ကား ဤကိစ္စကို မေ့ပျောက်သွားပြီးဖြစ်သည်။

ရွှမ်းမီနတ်ဘုရားကျောင်းထဲ၌ ခြေချိတ်ထိုင်နေသော ရှောင်လုံ၏ ခန္ဓာကိုယ်သည် နဂါးချီများဖြင့် ရစ်ခွေလွှမ်းခြုံထားပေသည်။

လိပ်နက်နတ်မီးတောက်နှင့် ဟင်္သာပြဒါးငှက် နတ်မီးတောက်တို့၏ စိတ်ဝိညာဥ်နှစ်ခုသည် သူ့၏ပတ်ပတ်လည်၌ လှည့်ပတ်နေလေပြီး လိပ်နက်နှင့် ဟင်္သာပြဒါးငှက် ကြယ်စင်စုများ၏ ကြယ်အင်အားသည် ဟင်းလင်းပြင်ထဲမှ ရေတံခွန်နှယ် ရှောင်လုံ့ခန္ဓာကိုယ်ထဲသို့ တိုး၀င်လာလေသည်။

ကျားရှင်းထျန်း၏ အဆင့်၄နတ်ဘုရားဦးခေါင်းသည် ရှောင်လုံ၏ရှေ့၌ လှည့်ပတ်နေပေသည်။နတ်ဘုရားမင်အားနှင့် နတ်ဘုရား၏ နိယာမများသည် မျောလွင့်နေလေပြီး သူ့၏ခန္ဓာကိုယ်ထဲသို့ ကြယ်အင်အားနှင့်အတူ ၀င်ရောက်လာလေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ရတနာနဂါးပုံရိပ်ဖော် အစီအရင်က တောက်ပစွာလင်းလက်လာလေပြီး မတူညီသည့် အင်အားသုံးခုနှင့် နတ်ဘုရားအင်အား နတ်ဘုရားနိယာမတို့ကို ရူးသွပ်ဖွယ် အမြန်နှုန်းဖြင့် စုပ်ယူလိုက်လေသည်။

အချိန်များက တရွေ့ရွေ့ကုန်လွန်သွားပြီး တစ်နှစ်ကုန်ဆုံးသွားသည်။

တစ်နှစ်ကြာပြီးနောက် အဆင့်၄နတ်ဘုရားဦးခေါင်းထဲရှိ နတ်ဘုရားအင်အားနှင့် နတ်ဘုရားနိယာမကို ရှောင်လုံက အပြည့်အ၀ စုပ်ယူနိုင်သွားပြီဖြစ်သည်။နတ်ဘုရားဦးခေါင်းသည် မီးခိုးရောင်ပြာမှုန်များအသွင် ပြောင်းလဲသွားပြီး ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားလေသည်။

နောက်ထပ် သုံးရက်ကြာကုန်လွန်ပြီးနောက် ရှောင်လုံသည် သူ့မျက်လုံးကို ဖွင့်ကာ နိုးထလာလေသည်။

သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီးနောက် ရှောင်လုံသည် သူ့၏အခြေအနေကို ချက်ချင်းစစ်ဆေးလိုက်သော်လည်း ရလဒ်သည် စိတ်ပျက်စရာကောင်းလှသည်။

ကျားရှင်းထျန်း၏ အဆင့်၄နတ်ဘုရားဦးခေါင်းသည် သူ့၏ ခွန်အားကို အနည်းငယ်သာတိုးတက်စေသော်လည်း သူ့၏ကျင့်စဥ်ကို နတ်ဘုရားအဆင့်၁၀နောက်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိစေရန်မလုံလောက်ပေ။ သို့သော်လည်း သူ့၏စိတ်ဝိညာဥ်ပင်လယ်ထဲရှိ အချိန်နှင့်နေရာလွတ်ကြိုးမျှင်များသည် သိသိသာသာတိုးပွားလာပြီး သူ့၏အစစ်အမှန်နဂါးကိုယ်သည်လည်း ပိုမိုသန်မာလာပေသည်။

"စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်ရဲ့ ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကို စုပ်ယူသန့်စင်ပြီးတဲ့ အခါကျရင်... ငါဘယ်လောက်ထိတိုးတက်လာမယ် မသိဘူး"

ရှောင်လုံက ထပ်တိုးတိုးရေရွတ်လိုက်လေသည်။

ယခုအခါတွင် စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏  စည်းခတ်ခံထားရသော အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကို ရှာဖွေရန် အချိန်ကျလာပြီဖြစ်သည်။

ခဏကြာပြီးနောက် ရှောင်လုံသည် ရွှမ်းမီနတ်တောင်ထဲမှ ထွက်ခွာလိုက်လေသည်။

ရွှမ်းမီနတ်တောင်၏ အပြင်သို့ ရောက်ရှိသွားသည်နှင့် ဇာမဏီဘိုးဘေးနှင့် အခြားသူများကို ဆင့်ခေါ်ကာပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို မေးမြန်းလိုက်လေသည်။

ရှောင်လုံတံခါးပိတ်ကျင့်ကြံနေသည့်အချိန်တွင် ဟေုင်မိသားစုအိမ်တော်နှင့် သိုင်းဝိညာဥ်ကမ္ဘာမှ သာမန်မဟုတ်သည့် မည်သည့်ကိစ္စမျှမဖြစ်ပွားခဲ့ပေ။မိစ္ဆာသားရဲ ကလန်နှင့် မိုးပြာရောင်နဂါးတက္ကသိုလ်မှ လူများသည်လည်း ရောက်ရှိမလာခဲ့ပေ။

ဇာမဏီကလန်ဘိုးဘေး၊ ဟောင်ဟုန်ထျန်း၊ပန်ညီအစ်ကိုသုံးယောက်နှင့် အမြီးကိုးချောင်း မြေခွေးဖြူတို့သည်လည်း ရှောင်လုံတံခါးပိတ်ကျင့်ကြံခြင်း မပြုခင်က ပေးအပ်ခဲ့သော တာ၀န်ကို အောင်အောင်မြင်မြင် ဆောင်ရွတ်ခဲ့ကြပေသည်။ထိုတာ၀န်မှာ တော်၀င်မြို့တော်တိုင်း၌ စိတ်ဝိညာဥ်စွမ်းအင်ချဲ့ထွင်ခြင်းအစီအရင်အသေးစားလေးများ ခင်းကျင်းရန်နှင့် အင်ပါယာမြို့တော်များတွင် အတော်အသင့်ကြီးမားသည့် အစီအရင်ခင်းကျင်းရန် ဖြစ်သည်။

အခြားတဖက်တွင်မူ ဟောင်မိသားစုအိမ်တော်သည် မူလအရွယ်အစားထက် နှစ်ဆပိုမိုကြီးမားလာပေသည်။

ထိုသို့သော တင်ပြချက်များကို ကြားလိုက်ရချိန်၌ ရှောင်လုံသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်လေသည်။

သို့သော်လည်း နှစ်ရက်ကြာပြီးနောက် ရှောင်လုံက စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ စည်းခတ်ခံထားရသော အခြားအစိတ်အပိုင်းများကို ရှာဖွေရန် ထွက်ခွာတော့မည့်အချိန်တွင် မမျှော်လင့်ထားသော ဧည့်သည်နှစ်ယောက်က သူ့၏တံခါးရှေ့သို့ ရောက်ရှိလာလေသည်။

"ဆရာတူကိုကြီး ... ဆရာတူအစ်မ ၃ ... "

သူတို့ကို မြင်လိုက်သည်နှင့် ရှောင်လုံက အံ့သြတကြီး နှုတ်ဆက်လိုက်လေသည်။

"ဟဟ... ဆရာတူညီလေး "

လျိုယွင်က ရှောင်လုံ့ကို တွေ့လိုက်ရသည့်အတွက် အလွန်တရာပျော်ရွှင်သွားပြီး ရှောင်လုံ့ပုခုံးကို ပုတ်ကာ အားပါးတရရယ်မောလိုက်လေသည်။

"ဆရာတူမောင်လေး "

ချီ၀မ်ကလည်း အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်လေသည်။

"ဆရာတူကိုကြီး... ဆရာတူအစ်မ၃... အချိန်တောင်အတော်ကြာသွားပြီ... ဘယ်လေတိုက်ပြီး ရောက်လာကြတာတုန်း"

ရှောင်လုံက မေးလိုက်လေသည်။ဤနှစ်များအတွင်း လျိုယွင်နှင့် ချီ၀မ်တို့သည် လာမည့်မဟာနတ်ဘုရားသိုင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သူတို့၏ ကျင့်စဥ်အပေါ်၌သာ အာရုံစိုက်ထားခဲ့ကြသည်။

လျိုယွင်ကပြုံးလိုက်လေသည်။

"ဘာလဲ ... ငါတို့ကငါတို့ရဲ့ ဆရာတူညီလေးဆီကို ကိစ္စမရှိဘဲနဲ့ လာလို့မရဘူးလား... မင်း သိုင်းဝိညာဥ်ကမ္ဘာဆီပြန်ရောက်တာတောင် ဒီလောက်ကြာနေပြီကို ... ဒါတောင်မှ မင်းက အနက်ရောင်သူရဲကောင်းတက္ကသိုလ်ဆီလာပြီးတော့ ငါနဲ့မင်းရဲ့ ဆရာတူအစ်မဆီကို အလည်မလာပါလား "

ရှောင်လုံက ရှက်ရွံ့စွာပြုံးလိုက်လေသည်။

ဤနှစ်များအတွင်း သူက တံခါးပိတ်ကျင့်ကြံနေခြင်း မဟုတ်လျှင် ဟင်္သာပြဒါးငှက်နတ်မီးတောက်နှင့် လိပ်နက်နတ်မီးတောက်တို့ကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။သူ့၌ အနက်ရောင်သူရဲကောင်းတက္ကသိုလ်ဆီသို့ ပြန်လာရန် အမှန်တကယ် အချိန်မရှိပေ။

"ဒါပေမယ့်... ဒီတစ်ခေါက်လာတာက... ငါတို့ မင်းကို ပြောစရာတစ်ခုရှိနေလို့လေ"

လျိုယွင်က စပ်ဖြီးဖြီးပြုံးလိုက်လေသည်။

"ဆရာက တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပြီ ...ပြီးတော့ သူကမင်းကို တက္ကသိုလ်ဆီ ပြန်လာစေချင်နေတယ် ... ဆရာက မင်းကို ပြောစရာရှိတယ်တဲ့ "

"ဆရာက တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပြီလား "

ရှောင်လုံက မှင်သက်သွားလေသည်။ သို့သော်လည်း သူ့ဆရာက သူ့ကို မည်သည့်အကြောင်းအရာ ပြောလိုနေသည်ကိုတော့ မသိရှိပေ။

.....

ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်

အပိုင်း ၇၇၂..... မင်းက နတ်ဘုရားအဆင့်၉ကို ချိုးဖြတ်၀င်ရောက်သွားပြီလား

"ဆရာက ကျွန်တော့်ကို ဘာပြောချင်နေတာလဲ ဆိုတာကို အစ်ကိုကြီးသိလား"

ရှောင်လုံက အမှတ်တမဲ့ သူ့၏ အကြီးဆုံးဆရာတူအစ်ကိုကြီး လျိုယွင်ကို မေးလိုက်လေသည်။

လျိုယွင်က သူ့ခေါင်းကို ခါယမ်းပြလိုက်လေပြီး ....

"ဒီအကြောင်းကိုတော့ ဆရာက ငါ့ကို မပြောပြလိုက်ဘူး "

"ဒါက.. စကြာ၀ဋ္ဌာမိခင် ယောင့်ချီရဲ့ မွေးနေ့ပွဲတော်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ထင်တာပဲ "

ချီ၀မ်က ပြောလိုက်သည်။

ရှောင်လုံက ဝေခွဲမရဖြစ်သွားသည်။

"စကြ၀ဋ္ဌာမိခင် ယောင့်ချီလား "

ချီ၀မ်က ရှောင်လုံ၏ အမူအရာကို ကြည့်ရင်း ရယ်မောလိုက်လေသည်။

"ပြီးခဲ့တဲ့ နတ်ဘုရားအဆင့် သတ်မှတ်ချက် တိုက်ပွဲတုန်းက... ပထမအဆင့်နေရာကို မိုးပြာရောင်နဂါး တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ချင်ယီက ရခဲ့ပြီးတော့ အစ်မတို့ရဲ့ဆရာဖုယန်က ဒုတိယနေရာကို ရခဲ့တယ်လေ ...ဒါပေမယ့် အဲဒီတိုက်ပွဲမတိုင်မီ အရင်အကြိမ်ရဲ့ ပထမအဆင့်ကို တော့ ဆရာတူမောင်လေးမသိဘူးမလား ... အဲဒီသူက စကြ၀ဋ္ဌာမိခင် ယောင့်ချီလေ"

ရှောင်လုံက အလွန်တရာအံ့အားသင့်သွားလေသည်။စကြာ၀ဋ္ဌာမိခင် ယောင့်ချီသည် နတ်ဘုရားအဆင့်သတ်မှတ်ချက်တိုက်ပွဲ ဒုတိယအကြိမ်၏ ပထမအဆင့်ချိတ်သူဖြစ်ကြောင်း သူ မမျှော်လင့်ထားခဲ့မိပေ။

နတ်ဘုရားအဆင့်သတ်မှတ်ချက် တိုက်ပွဲ၏ မည်သည့်အကြိမ်မြောက်၌ ဖြစ်ပါစေ အနိုက်ရရှိသူများသည် မဟာနတ်ဘုရားအဆင့်သိုင်းပညာရင်များ၏ ထိပ်ဆုံး၌ ရပ်တည်နိုင်ကြပေသည်။

လျိုယွင်က ထပ်ပြောလိုက်သည်။

"စကြ၀ဋ္ဌာမိခင် ယောင့်ချီက  ဒုတိယအကြိမ်မြောက် တိုက်ပွဲရဲ့ အနိုင်ရသူဖြစ်တယ်ဆ်ိုပေမယ့် သူမက အနိုင်ရပြီးတာနဲ့ တံခါးပိတ်ကျင့်ကြံသွားတာမလို့ အပြင်ထွက်တာရှားတယ် ... ဒါ့အပြင် သူမကျင့်ကြံတဲ့နေရာကလည်း မိုးပြာရောင်နဂါးကြယ်စင်စုထဲက မဟာရေကန်လို့ခေါ်တဲ့ ကမ္ဘာတစ်ခုမှာ ဖြစ်နေတယ်လေ... ဆရာတူညီလေးက သူ့မအကြောင်းမကြားဖူးတာ မထူးဆန်းပါဘူး"

ရှောင်လုံက ခေါင်းညိတ်လိုက်လေသည်။ထိုသို့ဆိုပါက စကြာ၀ဋ္ဌာမိခင် ယောင့်ချီသည် မိုးပြာရောင်နဂါးကြယ်စင်စုမှ ဖြစ်ပေလိမ့်မည်။

"နောက်ထပ် ရက်သတ္တပတ်အနည်းငယ်အတွင်း ... စကြာ၀ဋ္ဌာမိခင်ယောင့်ချီက အသက်ငါးသောင်းပြည့်တော့မှာဆိုတော့ မွေးနေ့ဂုဏ်ပြုပွဲတစ်ခု ကျင်းပလိမ့်မယ်... ပြီးတော့ နေရာတိုင်းက သိုင်းပညာရှင်တွေကိုလည်း ဖိတ်ခေါ်လိမ့်မယ် "

လျိုယွင်က ဆက်ပြောလိုက်လေသည်။

"ဒါပေမယ့် ဆရာကမင်းကို တွေ့ချင်နေတာ ဒီကိစ္စနဲ့ ပတ်သက်နေမလားဆိုတာကိုတော့ ငါလည်းသေချာမသိဘူး ...ဆရာက ငါ့ကိုအကုန်တော့ ပြောမပြဘူးလေ...သူက ငါတို့ကို ဒီနေရာကိုလာပြီးတော့ မင်းကို အနက်ရောင်သူရဲကောင်းတက္ကသိုလ်ဆီခေါ်ခဲ့ဖို့ပဲပြောလိုက်တာ "

ပုံမှန်အားဖြင့် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တစ်ယောက်သည် သာမန်လူသားများ အသက်၆၀၊၇၀၊၈၀သို့မဟုတ်၉၀နှစ်ပြည့်များ၌ ကျင်းပသော မွေးနေ့ဂုဏ်ပြုပွဲသို့ နှစ်တစ်သောင်းပြည့်တိုင်း မွေးနေ့ဂုဏ်ပြုပွဲတစ်ခုကို ကျင်းပလေ့ရှိသည်။

သူ့၏ဆရာ ဖုယန်က သူ့ကိုပြန်လာရန် ပြောခြင်သည် စကြာ၀ဋ္ဌာမိခင် ယောင့်ချီ၏စားသောက်ပွဲနှင့် ပတ်သက်နေလိမ့်မည်ဟု ရှောင်လုံ တွေးမိပြန်သည်။

သို့သော်လည်း ကိစ္စများက ထိုမျှမရိုးရှင်းကြောင်း သူ့ရဲ့ မသိစိတ်ကပြောနေလေသည်။

သူ့၏ဆရာဖုယန်က ဤနှစ်များအတွင်း ပြင်းပြင်းထန်ထန်တံခါးပိတ်ကျင့်ကြံခဲ့လေသည်။အခုအခါသူက ရုတ်တရက် ပြန်ထွက်လာခဲ့ပြီး ဤသည်ကလည်း စကြ၀ဋ္ဌာမိခင်ယောင့်ချီ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲနှင့် ပတ်သက်နေလိမ့်ပေမည်။ကြည့်ရသည်မှာ စကြာ၀ဋ္ဌာမိခင်ယောင့်ချီ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲ၏ နောက်ကွယ်တွင် လျို့ဝှက်ထားသည့် အဓိပ္ပာယ်များရှိနေဟန်ရသည်။
"ဆရာတူညီလေး... မင်းတို့ဟောင်မိသားစုအိမ်တော်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်က ပိုပြီးကောင်းမွန်လာတာပဲ "

ရှောင်လုံက သူ့၏ဆရာသူ့ကိုတွေ့ချင်နေသည့်မကြောင်းအရင်းအား စဥ်းစားနေချိန်တွင် လျိုယွင်နှင့် ချီ၀မ်တို့သည် ဟောင်မိသားစုအိမ်တော်ကို လှည့်ပတ်ကြည့်လိုက်ပြီး အံ့သြနေကြပေသည်။

"ဒါက တိမ်ပင်လယ်ကုန်းမြေကြီးလောက် နီးပါးအားကောင်းတာပဲ "

ရှောင်လုံက ပြုံးလိုက်လေသည်။

"ကျွန်တော်က... ဟောင်မိသားစုအိမ်တော်ထဲမှာ မဟာအဆင့်စိတ်ဝိညာဥ်စွမ်းအင် ချဲ့ထွင်ခြင်း အစီအရင်ကို ခင်းကျင်းခဲ့ရုံပါပဲ"

"စိတ်ဝိညာဥ်စွမ်းအင် ချဲ့ထွင်ခြင်း အစီအရင်တဲ့လား "

လျိုယင်နှင်ချီ၀မ်တို့နှစ်ယောက်လုံး ထိုအစီအရင်အကြောင်းကိုမကြားဖူးပေ။သူတို့က သာမန်စိတ်ဝိညာဥ်စွမ်းအင် စုစည်းခြင်း အစီအရင်များကို သိထားကြသော်လည်း ရှောင်လုံပြောသည့် စိတိဝိညာဥ်စွမ်းအင် ချဲ့ထွင်ခြင်း အစီအရင်ကို မသိရှိကြပေ။

ရှောင်လုံက လျိုယွင်နှင့် ချီ၀မ်တိုကို့ စိတ်ဝိညာဥ်စွမါးအင် ချဲ့ထွင်ခြင်း အစီအရင်၏ မူအစနှင့် သာမန်စိတ်ဝိညာဥ်စွမ်းအင် အစီအရင်များထက်ပိုသော ကောင်းကျိုးများကို ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်လေသည်။

စကားအဆုံး၌ ရှောင်လုံက ရိုရိုကျိုးကျိုးပြောလိုက်လေသည်။

"ဆရာတူကိုကြီးနဒ့ ဆရာတူအစ်မ၃တို့ ဒီအစီအစဥ်ကို သဘောမကျတာမျိုး မဟုတ်ဘူးဆိုရင် ... ကျွန်တော်တို့  အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကို ပြန်ရောက်တာနဲ့ အစ်ကိုနဲ့အစ်မတို့ရဲ့ တောင်ထိပ်တွေပေါ်မှာ အစီအရင်တစ်ခုဆီခင်းကျင်းပေးမယ်လေ"

"တကယ်လား"

လျိုယွင်နှင့် ချီ၀မ်တို့က စိတိလှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"မဟုတ်ဘူး ... မဟုတ်ဘူး ...သေချာပေါက် သဘောကျတာပေါ့"

လျိုယွင်က ရယ်မောလိုက်ပြီးနောက် အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်လေသည်။

"ဒါပေမယ် ... အစီအရင်အတွက်လိုတဲ့ နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတွေက ....ငါတို့ ... "

လျိုယွင်က အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ မဟာအကြီးအကဲများထဲမှ တစ်ယောက် ဖြစ်သော်လည်း စိတ်ဝိညာဥ်စွမ်းအင်အင် ချဲ့ထွင်ခြင်း အစီအရင်ကို ခင်းကျင်းရန်အတွက် လိုအပ်သော နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးအရေအတွက်ကို အသုံးပြုဖို့ရာ မတတ်နိုင်ပေ။ထိုအစီအရင်က သေးငယ်သည့်အစီအရင်ဖြစ်နေလျှင်ပင် တတ်နိုင်မည်မဟုတ်ပေ။

ရှောင်လုံက လက်ခါပြလိုက်လေသည်။

"နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးကတော့ ကျွန်တော့်မှာ လုံလောက်တာထက် ပိုရှိပါတယ် ... ကျွန်တော်က စိတ်ဝိညာဥ်စွမ်းအင်ချဲ့ထွင်ခြင်း အစီအရင်တွေအတွက် လိုအပ်တဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေကို ကျွန်တော့်တာ၀န်ထားလိုက် "

လျိုယွင်နှင့် ချီ၀မ်တို့သည် ရှောင်လုံကို အလွန်တရာကျေးဇူးတင်သွားကြလေသည်။ရှောင်လုံနှင့် သူတို့နှစ်ယောက်သည် ရင်းနှီးကျွမ်း၀င်လှသောလည်း ဤသည်မှာ တန်ဖိုးကြီးလှသော လက်ဆောင်ဖြစ်ပေသည်။

လျိုယွင်နှင် ချီး၀မ်တို့ကို မြင်လိုက်ကြချိန်၌ ဟောင်မိသားစုနှင့် အခြားသူများသည် အလွန်တရာပျော်ရွှင်သွားကြလေပြီး နွေးထွေးစွာဖြင့် ကြိုဆိုလိုက်ကြလေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရေးမိသားစုအကြီးအကဲများသည် ဟောင်မိသားသုအိမ်ကို လာရောက်တိုက်ခိုက်ခဲ့စဥ်က လျိုယွင်နှင့် ချီ၀မ်တို့သည် ရှောင်လုံနှင့်အတူ သိုင်းဝိညာဥ်ကမ္ဘာသို့ အမြန်ဆုံးရောက်မလာခဲ့လျှင် သူတို့ဟောင်မိသားစုတစ်ခုလုံးသည် ယခုအချိန်၌ မြေကြီးထဲတွင် အရိုးဆွေးနေလောက်ပြီဖြစ်သည်။

ထို့ပြင် သူတို့အနက်ရောင်သူရဲကောင်းတက္ကသိုလ်၌ နေထိုင်ခဲ့စဥ်ကလည်း လျိုယွင်နှင့် ချီ၀မ်တို့သည် သူတို့ကိုမကြာခဏလာရောက် ကြည့်ရှုပေးကြပေသည်။

ဟောင်မိသားစု၏ နွေးထွေးပြူငှာသည့် သဘောထားကြောင့် လျိုယွင်နှင့် ချီ၀မ်တို့သည် ဟောင်မိသားစုအိမ်တော်၌ နှစ်ရက်ကြာအောင်နေထိုင်ခဲ့ပေသည်။တတိယမြောက်နေ့ နံနက်ခင်းတွင် သူတို့သည် ရှောင်လုံနှင့်မတူ သိုင်းဝိညာဥ်ကမ္ဘာမှ အနက်ရောင်သူရဲကောင်းတက္ကသိုလ်ဆီသို့ ဦးတည်လိုက်ပေသည်။

ဤတစ်ခေါက်၌သူတို့သည် သူတို့ဆရာ၏အမိန့်ဖြင့် ပြန်သွားရမည်ဖြစ်သောကြောင့် နှောင့်နှေးမနေရဲကြပေ။

မထွက်ခွာခင်၌ ရှောင်လုံသည် ရှောင်ဖေးနှင့်သူ၏မိသားစုကို ဟောင်မိသားစုအိမ်တော်၌သာနေပြီး စိတ်ချလက်ချ နေထိုင်ကျင့်ကြံရန်နှင့် သူပြန်အလာကို စောင့်ဆိုင်းရန် မှာကြားခဲ့လေသည်။

သူက စကြာ၀ဋ္ဌာမိခင် ယောင်ချီ၏ မွေးနေ့ကို တတ်ရောက်ရလောင်သည်ဟု သူတွေးမိထားသောကြောင့် ရှောင်လုံသည် ဇာမဏီကလန်ဘိုးဘေး ၊ဟောင်ဟုန်ထျန်း၊နဂါးအင်ပါယာအောင်းတိုင်ရီနှင့်အခြားသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို ဟောင်မိသားစုအိမ်တော်၌သာထားခဲ့လေသည်။

နှစ်ရက်ကြာပြီးနောက် ရှောင်လုံ၊လျိုယွင်နှင် ချီ၀မ်တ်ု့သည် အနက်ရောင်သူရဲကောင်းတက္ကသိုလ်သို့ ရောက်ရှိသွားပြီး သူတို့ဆရာဖုယန်ကို တွေ့ဆုံလိုက်ကြလေသည်။

ဖုယန်က သူ့၏အငယ်ဆုံးတပည့်ကို တွေ့လိုက်ရချိန်တွင် အလွန်တရာပျော်ရွှင်သွားလေသည်။

ရှောင်လုံ့ကို သူ့ရှေ့သို့လာရန်ပြောလိုက်လေပြီး ဖုယမ်က ရှောင်လုံအား အသေးစိတ်စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ကာ ၀မ်းသာအားရပြောလိုက်လေသည်။

"မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့ ဆရာတူအစ်မ၃ ဆီကနေပြီးတော့... ငါ့တပည့် မဟာဆေးပညာရှင်ပြိုင်ပွဲမှာ ပထမနေရာကို အနိုင်ရခဲ့တဲ့အကြောင်း ဆရာကြားခဲ့ပြီးပြီ...ကောင်းကောင်းလုပ်ခဲ့တာပဲ"

ထို့နောက်သူက ဟာသနှောကာ ပြောလိုက်လေသည်။

"အခုဆိုရင် ...ဆရာတောင်မှ မင်းရဲ့အောင်မြင်ကျော်ကြားမှုကို မှီခိုဖိုလို့အပ်နေပြီ"

ဤနှစ်များအတွင်း သူက တံခါးပိတ်ကျင့်ကြံနေသည်မို့ ဤကိစ္စကို တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခွာပြီး ရက်အနည်းငယ်ကြာသည်အထိ မသိရှိခဲ့ဘဲ လျိုယွင်နှင့် ချီ၀မ်တို့ပြောမှသာ သိရှိခဲ့လေသည်။

ရှောင်လုံက ရင်းနှီးဖော်ရွေစွာပြုံးပြလိုက်လေသည်။

"ဒီတပည့် ဒီနေ့ထိ ရရှိထားတဲ့အောင်မြင်မှုတွေက ဆရာ့ကြောင့်ပါပဲ"

ဖုယန်က သူ့လက်ကိုယမ်းပြလိုက်ကာ အားပါးတရရယ်မောလိုက်လေသည်။

"ကောင်စုတ်လေး... ငါကိုမြှောက်နေတာတော်တော့ ...မင်းရဲ့ဒီနေ့အထိရရှိထားတဲ့အောင်မြင်မှုက မင်းကိုယ်တိုင်ကြိုးစားအားထုတ်ထားတဲ့ အောင်မြင်မှုရဲ့ အသီးအပွင့်ပဲ"

ဖုယန်က အနည်းငယ်ရှက်ရွံ့စွာဖြင့် ဆက်ပြောလိုက်လေသည်။

"ဆရာကမင်းအပေါ် ဆရာကောင်း မဖြစ်ခဲ့ဘူး ....မင်းကိုလည်း ဘာမှသိပ်မသင်ပေးခဲ့ရပါဘူးကွာ "

ဖုယန်က အမှန်တိုင်းပြောနေခြင်းဖြစ်ပြီး ရှောင်လုံ၏ အောင်မြင်မှုများသည် သူ့၏ ကိုယ်ပိုင်အားထုတ်မှုနှင့်သာ များစွာသက်ဆိုင်ပေသည်။အချိန်အများစုတွင် ဖုယန်သည် ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် တက္ကသိုလ် ကိစ္စဝိစ္စမှန်သမျှကို စီမံခန့်ခွဲနေရသည်မို့ ရှောင်လုံကို သင်ကြားပေးရန်အချိန်မှာ ရှားပါးလှပေသည်။

ထို့ပြင်ရှောင်လုံ၏ မကောင်းဆိုးရွားဆန်သော ပါရမီကြောင့်လည်း ဖုယန်က ဤတပည့်ကို များစွာ သင်ကြားပေးစရာမရှိဟု ခံစားနေမိခြင်းဖြစ်သည်။

ခဏကြာပြီးနောက် ခေါင်းစဥ်ကပြောင်းလဲသွားပြီး ဖုယန်က လမင်းဆင်းသက်ခြင်းအဘိုးအိုနှင့် ဟောင်မိသားစုကျန်းမာရေးအခြေအနေကို မေးမြန်းလိုက်လေသည်။

ရှောင်လုံကမေးသမျှကို ဖြေကြားလိုက်သည်။

လမင်းဆင်းသက်ခြင်းအဘိုးအိုက ဟင်္သာပြဒါးငှက်ကြယ်စင်စုသို့သွားကြောင်း ကြားလိုက်ရချိန်တွင် ဖုယန်၏မျက်နှာထက်၌ ထူးဆန်းသည့်အမူအရာပေါ်လာလေသည်။

"ဆရာ"

ရှောင်လုံက ခေါ်လိုက်ချိန်တွင် ဖုယန်က သူ့၏ အတွေးများကို ရှင်းလင်းလိုက်လေသည်။

"ဘာမှမဟုတ်ပါဘူး"

ဖုယန်က စကားလမ်းကြောင်းလွဲလိုက်ပြီးနောက် ရှောင်လုံကို ကြည့်လိုက်လေသည်။

"မင်းရဲ့ ဆရာတူကိုကြီး ပြောတာကို ငါကြားရသလောက် မင်းက နတ်ဘုရားအဆင့်၈နောက်ပိုင်း အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီဆို"

ဖုယန် ပျော်ရွှင်စွာပြောလိုက်လေသည်။

"ဒီအမြန်နှုန်းနဲ့ဆိုရင်... မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲရောက်တာနဲ့ ...မင်းက နတ်ဘုရားအဆင့်၁၀ကို ၀င်ရာက်သွားလောက်ပြီ"

လျိုယွင်က ဘေးမှ၀င်ပြောလိုက်လေသည်။

"ဆရာတူညီလေးရဲ့ ပါရမီနဲ့သာဆိုရင်... နတ်ဘုရားအဆင့်၁၀ကို ရောက်ရှိဖို့ဆိုတာက... တကယ်တော့ ပြဿနာမဟုတ်ဘူး... အဲ့ဒီခါကျရင် ထိပ်တန်းတစ်ရာအတွင်းနေရာတစ်ခုက သူ့လက်ထဲမှာပဲ "

သူ့၏ ဆရာဖုယန်နှင့် ဆရာတူအစ်ကိုကြီး လျိုယွင်၏ စကားများကို ကြားလိုက်ရချိန်၌ ရှောင်လုံသည် မှင်သက်ဆွံ့အသွားလေသည်။

နတ်ဘုရားအဆင့်၈နောက်ပိုင်း အထွတ်အထိပ်အဆင့်တဲ့လား။ ဤသည်မှာ နှစ်ပေါင်း မည်မျှကြာခဲ့ပြီနည်း။

မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ မတိုင်ခင် နတ်ဘုရားအဆင့်၁၀အဆင့်ကို ချိုးဖြတ်၀င်ရောက်နိုင်လိမ့်မည်တဲ့လား။

"ကောင်လေး ... ဘာဖြစ်လို့လဲ ....ကြည့်ရတာ မင်းက နတ်ဘုရားအဆင့်၉ကို ချိုးဖြတ်၀င်ရောက်သွားပြီလား "

ရှောင်လုံ၏ ထူးဆန်းသောအမူအရာကို သတိထားမိသွားသည်နှင့် ဖုယန် စနောက်လိုက်လေသည်။

လျိုယွင်နဲ့ ချီ၀မ်တို့သည်လည်း ရှောင်လုံကို လှည့်ကြည့်လိုက်လေသည်။

ရှောင်လုံက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီးနောက် ဖုံးကွယ်ထားသည့် ကျင့်စဥ်ကို ထုတ်ဖော်လိုက်လေသည်။ထိတ်လန့်ဖွယ်ရာကောင်းသော အရှိန်အဝါက သူ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ထွက်ပေါ်လာလေသည်။

ထိုခဏ၌ လျိုယွင်နှင့် ချီ၀မ်တို့သည် အသည်းအသန် နောက်ဆုတ်လိုက်ကြရသည်။

ဤသုံးယောက်သည် ရှောင်လုံကို တုန်လှုပ်မှု အံ့သြမှင်သက်မှုများဖြင့် ကြည့်လိုက်ကြလေသည်။

"နတ်ဘုရားအဆင့်၁၀ နောက်ပိုင်းအဆင့်ပဲ"

ဖုယန်က လွှတ်ခနဲ ရေရွတ်လိုက်မိကာ အံ့သြတုန်လှုပ်မှုကို မထိန်းချုပ်နိုင်တော့ဘဲ ပျော်ရွှင်၀မ်းမြောက်စွာ ထခုန်လိုက်မိပြီး ရှောင်လုံကို တောက်ပသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပေသည်။

လျိုယွင်နှင် ချီ၀မ်တို့သည် လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်မိကြသည်။

သူက နတ်ဘုရားအဆင့်၈ နောက်ပိုင်း အထွတ်အထိပ်အဆင့်မဟုတ်သလို နတ်ဘုရားအဆင့်၉ သိုင်းပညာရှင်လည်း မဟုတ်တော့ပေ။ရှောင်လုံသည် နတ်ဘုရားအဆင့်၁၀နောက်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၇၃ ..... စကြာဝဠာမိခင် ယောင့်ချီ၏ မွေးနေ့ ဂုဏ်ပြုစားသောက်ပွဲ

ရှောင်လုံက သူတို့သုံးယောက်ထံမှ ထိုသို့သော တုန့်ပြန်မှုကို မျှော်လင့်ထားပြီး ဖြစ်သော်ငြား သူက စူးရှလှသော အကြည့်များကြောင့် ရှက်ရွံ့သွားမိဆဲ ဖြစ်သည်။ သူက ဖုယန်ကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ဒီတပည့်က အရမ်း ကံကောင်းသွားတာပါ...ဒီနှစ်ထဲမှာ ကံကောင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာမလို့...မတော်တဆ နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ကို ချိုးဖြတ်ဝင်ရောက်သွားခဲ့တာပါ"

ဖုယန်၊ လျိုယွင်နှင့် ချီဝမ်တို့သည် ရှောင်လုံ၏ ဆင်ခြေကြောင့် မတ်တပ်ရပ်နေရာမှ လဲကျလုမတတ်ဖြစ်သွားကြသည်။

ထပ်ပြီးတော့ မတော်တဆ တဲ့လား။

လူတစ်ယောက်က နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ကို မတော်တဆ ချိုးဖြတ်ဝင်ရောက်သွားနိုင်သည်လား။

သူတို့သုံးယောက်က ရှောင်လုံကို အလွန်တရာ အံ့သြမှင်သက်စွာဖြင့် စိုက်ကြည့်နေကြလေသည်။

သို့သော်လည်း ရှောင်လုံက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသူတိုင်း ထိုကဲ့သို့ အမူအရာ ဖြစ်သွားပေလိမ့်မည်။

သူ ကျင့်ကြံခဲ့သည်မှာ မည်မျှ ကြာသေးသည်နည်း။နှစ်ပေါင်းတစ်ရာ့ငါးဆယ်ပင် မပြည့်သေးသည်မဟုတ်လော။

နှစ်ပေါင်းတစ်ရာ့ငါးဆယ်...။ အချို့သော နတ်ဘုရားအဆင့် ကျင့်ကြံသူများအတွက် နှစ်ပေါင်းတစ်ရာငါးဆယ်သည် ဘာမှမဟုတ်ဘဲ မျက်တောင်တစ်ခတ်မျှသာ ကြာပေသည်။ အချို့သော ထိပ်တန်းအင်အားစုများမှ ပါရမီရှင်များသည်ပင် တစ်ဝက်တစ်ပျက် နတ်ဘုရားအဆင့်မှ နတ်ဘုရားအဆင့်သို့ တက်ရောက်ရန် နှစ်ပေါင်းရာချီ ကြာမြင့်လေသည်။

အချိန်အတော်ကြာပြီးနောက် ဖုယန်၊ လျိုယွင်နှင့် ချီဝမ်တို့သည် တုန်လှုပ်မှင်သက်မှုကို ထိန်းချုပ်နိုင်သွားကြလေသည်။ သူတို့၏ ရှုပ်ထွေးနေသော စိတ်အခြေအနေများသည် ပို၍သာ ရှုပ်ထွေးလာပေသည်။

ရှောင်လုံကို ကြည့်ရင်း ဖုယန်သည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သလို တစ်ချိန်တည်းမှာပင် ကျယ်လောင်စွာ ငိုကြွေးလိုက်ပြန်သည်။

ရှောင်လုံက သူ့၏ တပည့်ရင်းဖြစ်သည်မို့ သူ့တပည့်က ထိုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာကောင်းသော အောင်မြင်မှုများ ရရှိခြင်းသည် သူ့ကို လရောင်အောက်၌ ရောက်ရှိသွားသည့်နှယ် ခံစားသွားရစေသည်။

သို့သော် သူက သူ့၏ကောင်းမွန်လှသော ပါရမီကို အစဥ်အမြဲ ဂုဏ်ယူနေခဲ့သူဖြစ်သည်။ယခုအခါ၌ သူ့၏ ထိုတပည့်နှင့် နှိုင်းယှဥ်လိုက်ပါလျှင် ကွာခြားမှုသည် ဖုယန်ကို အလွန်တရာတုန်လှုပ်သွားစေသည်။

သူကနတ်ဘုရားအဆင့်၁မှ နတ်ဘုရားအဆင့်၁၀သို့ရောက်ရှိရန် နှစ်ပေါင်း၅၀၀တိတိကြာမြင့်ခဲ့ကြောင်း မှတ်မိနေပေသေးသည်။

မဟုတ်ပေ။ပို၍တိတိကျကျပြောရလျှင် သူက နှစ်ပေါင်း၅၃၀ အချိန်ယူခဲ့ရပေသည်။

ဖုယန်က စိတ်ဓာတ်ကျသွားချိန်တွင် လျိုယွင်နှင့် ချီ၀မ်တို့သည် မျှော်လင့်ချက် ကင်းမဲ့နေလေသည်။

လွန်ခဲ့သည့် နှစ်တရာကျော်က ရှောင်လုံ အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ တပည့်ရွေးချယ်ပွဲကို အောင်မြင်ခဲ့ပြီး အပြင်စည်းတပည့်ဖြစ်လာသည်ကို လျိုယွင် အမှတ်ရနေသေးပေသည်။ထို့နောက် သူတို့၏ ဆရာက စိတ်၀င်စားသွားပြီး ရှောင်လုံကို သူ့၏ တပည့်ရင်းအဖြစ် လက်ခံခဲ့သည်။ထိုမြင်ကွင်းများက လျိုယွင်၏စိတ်ထဲ၌ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလေသည်။

သက်၀င်ခမ်းနားလှသော တပည့်အဖြစ်လက်ခံပွဲအခန်းအနားသည် မနေ့တစ်နေ့ကကဲ့သို့ ခံစားနေရဆဲဖြစ်သော်လည်း သူတို့၏ အငယ်ဆုံးဆရာတူညီလေးသည် နတ်ဘုရားအဆင့်၁၀သိုင်းပညာရှင်ပင် ဖြစ်နေပြီတဲ့လား။ထို့ပြင် ရှောင်လုံထုတ်ဖော်လိုက်သော အော်ရာအရ ရှောင်လုံ၏ အစသ်အမှန်အင်အားသည် သူ့ထက် သေချာပေါက် သာလွန်ပေလိမ့်မည်။

လျိုယွင်က စိတ်ဓာတ်ကျသွားသည်။ သူကကျင့်ကြံခြင်း လမ်းစဥ်ပေါ် လျှောက်လှမ်းခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းကျော် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ သို့သော်ရှောင်လုံက မည်မျှကြာကြာ ကျင့်ကြံထားရသေးသည်မို့နည်း။

မည်သူကမှ စကားမပြောကြပေ။

ခန်းမထဲရှိ လူတိုင်းသည် တိတ်ဆိတ်ငြိမ်သက်နေပေသည်။

"ဆရာ ... ကျွန်တော့်ကို ပြန်လာခိုင်းတာက ကျွန်တော့်ကို ပြောစရာတစ်ခုခုရှိနေလို့ဆို... အဲတာက ဘာလဲဆိုတာ ကျွန်တော်သိခွင့် ရမလား"

အဆုံး၌ လေးလံတိတ်ဆိတ်ငြိမ်သက်နေသော နေမှုကို ဖြိုခွင်းရန်မှာ ရှောင်လုံ၏ တာ၀န် ဖြစ်သွား
လေသည်။

ဖုယန်က သူ့၏စိတ်အခြေအနေကို ထိန်းသိမ်းလိုက်ပြီး အပြုံးတစ်ခုက သူ့မျက်နှာထက်၌ ပျံ့နှံ့သွားလေသည်။

"ကိစ္စကြီးကြီးမားမားတော့မဟုတ်ပါဘူး... ဆရာမင်းကို ပြန်လာခိုင်းရတဲ့ အကြောင်းအရင်းက စကြာဝဠာ မိခင်ယောင့်ချီရဲ့ မွေးနေ့ဂုဏ်ပြုပွဲကို ဆရာနဲ့အတူ လိုက်ခဲ့ခိုင်းမလို့လေ... အစကတော့ ဆရာကနည်းနည်းတော့ စိုးရိမ်နေမိတာ ... ဒါပေမယ့် မင်းက နတ်ဘုရားအဆင့်၁၀ကို ချိုးဖြတ်၀င်ရောက်သွားပြီဆိုတော့ ...ကြည့်ရတာ ဆရာက မလိုအပ်ဘဲ စိုးရိမ်နေမိပြန်ပြီထင်တယ် "

'ထင်တဲ့အတိုင်းပဲ ... ဒီကိစ္စက စကြာဝဠာ မိခင် ယောင့်ချီရဲ့ မွေးနေ့နဲ့ ပတ်သတ်နေတာပဲ'

ရှောင်လုံက စိတ်ထဲမှ အတည်ပြုလိုက်လေသည်။သို့သော် ဖုယန်က မည်သည်ကို စိုးရိမ်နေသည်နည်း။ဤအချက်က ရှောင်လုံကို ဦးနှောက်ခြောက်သွားစေသည်။

ရှေညင်လုံ၏ အမူအရာကိုကြည့်ရင်း ဖုယန်က ရှင်းပြလိုက်သည်။

"ဒီတစ်ခေါက် စကြာ၀ဋ္ဌာမိခင် ယောင့်ချီရဲ့ မွေးနေ့ပွဲဆိုတာက အပေါ်ယံဆင်ခြေတစ်ခုသက်သက်ပဲ ... ဆရာရထားတဲ့ သတင်းအရဆိုရင် စကြာဝဠာ မိခင် ယောင့်ချီက မကြာတော့တဲ့အချိန်အတွင်း နတ်ဘုံကမ္ဘာကို တတ်လှမ်းဖို့ အတွက် ဆုံးဖြတ်လိုက်ပြီ...ဒါကြောင့်မိုလို့ သူမက နတ်ဘုံကမ္ဘာဆီမတတ်လှမ်းခင် သူမအမွေအနှစ်ကို ဆက်ခံဖို့အတွက် တပည့်တစ်ယောက်ရွေးချယ်ချင်နေတယ် "

လျိုယွင်နှင့် ချီ၀မ်တို့သည် သူတို့၏ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ကြပြီး စိတ်၀င်စားစွာ နားထောင်လိုက်ကြသည်။ယခုမှသာ စကြာဝဠာ မိခင် ယောင့်ချီ၏ မွေးနေ့ပွဲနောက်ကွယ်တွင် အခြားသော ရည်ရွယ်ချက်ရှိနေကြောင်း သူတို့နားလည်သွားရပေသည်။

ဖုယန်က ဆက်ပြောလိုက်သည်။

"စကြာဝဠာ မိခင်ယောင့်ချီက သူမရဲ့ အမွေဆက်ခံသူကို ဘယ်လို အရည်အချင်းအပေါ်အခြေခံပြီး ရွေးချယ်မလဲဆိုတာတော့... ဆရာတို့မသိပေမယ့် ... လူရွေးဖို့အတွက် ပြိုင်ပွဲတစ်ခုခု ဒါမှမဟုတ် အရည်အချင်းစစ်ပွဲလိုမျိုးလုပ်လိမ့်မယ်လို့ ဆရာထင်တယ် "

လျိုယွင်က မေးမြန်းလိုက်သည်။

"ဆရာ ပြောပုံအရဆိုရင်... စကြာဝဠာ မိခင် ယောင့်ချီရဲ့ မွေးနေ့ပွဲမှာ ... မိသားစုအားလုံးရဲ့ ပါရမီရှင် တပည့်တွေက တစ်ယောက်နဲ့လတစ်ယောက်ယှဥ်ပြိုင်ကြပြီးတော့ အသန်မာဆုံးတစ်ယောက် ဒါမှမဟုတ် အရည်အချင်းအရှိဆုံးတစ်ယောက်က သူမရဲ့ အမွေအနှစ်ကို ဆက်ခံရမှာလား"

ဖုယန်က ခေါင်းညိတ်ပြလိုက်လေသည်။

"ဒါက ဖြစ်နိုင်ချေအရှိဆုံးလို့ ပြောရမှာပဲ...ဒါပေမယ့် ဒါကလည်း သူမရဲ့ နောက်ဆုံးဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပေသေးတယ်"

ထိုသို့ပြောပြီးသည်နှင့် ဖုယန်က ရှောင်လုံဘက်သို့ လှည့်လိုက်လေပြီး ရှောင်လုံ၏ဂရုမစိုက်ဟန်အမူအရာကို မြင်လိုက်ချိန်တွင် သူ့၏ နှုတ်ခမ်းထက်၌ ဖုယန်ကခါးသက်သက် ပြုံးလိုက်ရလေသည်။

"ကောင်လေး...မင်းက စကြာ၀ဋ္ဌာမိခင်ယောင့်ချီရဲ့ အမွေဆက်ခံသူဖြစ်လာဖို့ ဆန္ဒမရှိတာ ဆရာသိပါတယ် ...ဒါပေမယ့် ရွေးချယ်ခံဖြစ်ရတာက ကျင့်ကြံခြင်း နည်းစနစ်အသစ်ကို ကျင့်ကြံသလိုမျိုး ရိုးရှင်းမနေဘူး"

ရှောင်လုံ၏ မျက်လုံးများက တောက်ပသွားလေသည်။

"ဆရာပြောချင်တာက ..."

ဖုယန်က ဆက်ပြောလိုက်သည်။

"စကြာဝဠာ မိခင်ယောင့်ချီက ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ နတ်ဘုရားအဆင့်သတ်မှတ်ချက်တိုက်ပွဲရဲ့ ပထမနေရာကို အနိုင်ရခဲ့တဲ့သူပဲ... အရင်ကဆိုရင် သူမအကြောင်းကို သိတဲ့သူသိပ်မရှိဘူး ... နောက်ပိုင်း သူမရဲ့ ခွန်အားက ဘာဖြစ်လို့ အလျင်အမြန်တိုးတက်လာရသလဲဆိုတော့ သူမက မဟာရှေးဟောင်းဂိုဏ်းတစ်ခုရဲ့ ရတနာသိုက်ကို ရှာတွေ့ခဲ့လို့ပဲ ... အဲဒီမဟာရှေးဟောင်းဂိုဏ်းရဲ့ ရတနာသိုက်ထဲမှာ မဟာနတ်ဘုရင်ဆေးလုံးထက်တောင် အဆင့်မြင့်တဲ့ ဆေးလုံးအမျိုးအစားတစ်ခု ရှိတယ်တဲ့ "

"မဟာနတ်ဘုရင်ဆေးလုံးထက်တောင် အဆင့်မြင့်သေးတာလား "

ရှောင်လုံက အလွန်တရာတုန်လှုပ်သွားခဲ့လေသည်။

လျိုယွင်နှင့် ချီ၀မ်တို့သည်လည်း တုန်လှုပ်သွားကြလေသည်။

မဟာနတ်ဘုရင်ဆေးလုံးသည်ပင် ကြယ်စင်စုလေးစုထဲရှိ အထွတ်အမြတ်အဆင့် နတ်ဆေးလုံးများကြား၌ အထွတ်အမြတ်အဆင့် ၀င်သည်လော။ထိုဆေးလုံးထက် ပိုမိုအဆင့်မြင့်သည့် ဆေးလုံးမျိုး အမှန်တကယ်ရှိနေသည်လား။

ဖုယန်ကခေါင်းညိတ်ပြလိုက်သည်။

"အမှန်ပဲ ... မဟာနတ်ဘုရင်ဆေးလုံးက အထွတ်အမြတ်အဆင့် နတ်ဆေးလုံးရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်ဆိုပေမယ့် လုံး၀အတိအကျကြီးတော့မဟုတ်ဘူး ... ဆရာသိသလောက်ဆိုရင် မဟာနတ်ဘုရင်ဆေးလုံးထက် အဆင့်ပိုမြင့်တဲ့ အထွတ်အမြတ်အဆင့် နတ်ဆေးလုံးနှစ်မျိုးရှိသေးတယ်"

နှစ်မျိုးတောင် ...။

ရှောင်လုံ၊လျိုယွင်နှင့် ချီ၀မ်တို့သည် အံ့သြမှင်သက်သည့် မျက်နှာများကို ဖော်ပြလာလေသည်။

"အဲဒီဆေးလုံးနှစ်မျိုးထဲက တစ်ခုက စကြာဝဠာ မိခင် ယောင့်ချီ မဟာရှေးဟောင်းဂိုဏ်းရဲ့ ရတနာသိုက်ကနေ ရှာတွေ့ခဲ့တဲ့ နီလာခရမ်းမိုးရေစက် နတ်ဆေးလုံးဆိုတဲ့ ဆေးလုံးပဲ ...ပြီးတော့ နောက်တစ်ခုက ရှေးခေတ်အချိန်တုန်းက ရှိခဲ့ဖူးတဲ့ အထီးကျန်အင်မော်တယ် ထာ၀ရရှင်သန်ခြင်း နတ်ဆေးလုံးဆိုတဲ့ တစ်ခုပဲ"

ရှောင်လုံ၏မျက်လုံးထဲ၌ အလင်းတစ်ချက်လက်သွားလေသည်။

နီလာခရမ်းမိုးရေစက်နတ်ဘုရားဆေးလုံး...။

သူ့၏လက်ရှိခွန်အားဖြင့် နီလာခရမ်းမိုးရေစက် နတ်ဆေးလုံးကို အသုံးပြုရန် မလိုအပ်သော်လည်း ဟောင်မိသားစု အိမ်တော်ရှိ သူ့၏ မိသားစုနှင့် အခြားသူများကတော့ လိုအပ်နေပေသေးသည်။ထိုနီလာခရမ်းအိုးရေစက်နတ်ဆေးလုံးသည် သူ့မိသားစု၏ ကျင့်စဥ်အတွက် သေချာပေါက် အကျိုးရှိပေလိမ့်မည်။

"ဆရာ ... စကြာဝဠာ မိခင်က နီလာခရမ်းမိုးရေစက် နတ်ဆေးလုံးကို ရှာတွေ့ခဲ့တယ်ဆိုရင်တောင် နှစ်တွေအများကြီး ကြာသွားခဲ့ပြီလေ... သူမတစ်ယောက်ထဲ သုံးစွဲရုံနဲ့တင် ဆေးလုံးတွေက ကုန်သွားလောက်ပြီ မဟုတ်ဘူးလား "

လျိုယွင်ကမေးလိုက်သည်။

ဖုယန်ကပြုံးလိုက်လေသည်။

"ကုန်သွားတာတဲ့လား ... သူမက နီလာခရမ်းမိုးရေစက်နတ်ဆေးဘုံး ဖော်စပ်တဲ့နည်းလမ်းကို ရရှိထားတယ်ဆိုရင်ရော ..."

"ဆေးလုံးဖော်စပ်တဲ့ နည်းလမ်းလား "

လျိုယွင်က အံ့အားသင့်စွာဖြင့် လွှတ်ခနဲထွက်သွားလေသည်။

ဖုယန်က အတည်ပြုလိုက်သည်။

"အမှန်ပဲ... စကြာဝဠာ မိခင် ယောင့်ချီက နီလာခရမ်းမိုးရေစက် နတ်ဆေးလုံးကို ရခဲ့ရုံတင်မကဘူး ...ဆေးလုံးဖော်စပ်တဲ့ နည်းလမ်းကိုပါ ရခဲ့သေးတယ် ... ဒါ့အပြင် သူမက ရေနတ်ဘုရားရဲ့ အလင်းရောင်ခြည်လို့ အမည်ရတဲ့ နတ်ဘုရားချပ်၀တ်တစ်ခုနှင့် တခြားနတ်ဘုရားချပ်၀တ်တွေကို ရခဲ့သေးတယ်...  သူမ နတ်ဘုံကမ္ဘာကို တက်လှမ်းသွားတဲ့ အခါကျရင် ရေနတ်ဘုရားရဲ့ အလင်းရောင်ခြည်နတ်ဘုရားချပ်၀တ်ကို ယူသွားနိုင်မှာ မဟုတ်လောက်ဘူး ... ဒါကြောင့်မို့လို့ အဲဒီပစ္စည်းအားလုံးကို သူမရွေးချယ်လိုက်တဲ့ တပည့်ဆီ အကုန်လုံးလွှဲပြောင်းထားခဲ့လိမ့်မယ်.... သူမရှာတွေ့ခဲ့တဲ့ ရတနာသိုက်ကိုရောပေါ့ ....ဒါတင်မကသေးဘူး ....သူမက အဆင့်မြင့်မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာသွားပြီဆိုတော့ ... သူမ ကိုယ်တိုင်စုဆောင်းထားတဲ့ ရတနာတွေကလည်း အရမ်းတန်ဖိုးရှိလိမ့်မယ် "

"ဒီလိုဆိုရင် ကျွန်တော်တို့က နတ်ဘုံကမ္ဘာကို တက်လှမ်းတဲ့ အချိန်ကျရင် တခြားပစ္စည်းတွေကို ယူသွားလို့မရဘူးလား "

ရှောင်လုံက ကြောင်အသွားပြီးနောက် ထိုသို့ မေးလိုက်လေသည်။

ဖုယန်ကခေါင်းငြိမ့်လိုက်သည်။

"အမှန်ပဲလေ... အထက်ဘုံနယ်ပယ်တွေရဲ့ သဘာ၀နိယာမတွေက ဆရာတို့ဆီနဲ့ ကွဲပြားခြားနားတယ်... ဒါကြောင့်မို့လို့ ဆရာတို့ အောက်ဘုံနယ်ပယ်ရဲ့ ပစ္စည်းတွေက နတ်ဘုံကမ္ဘာဆီကို ၀င်ရောက်နိုင်စွမ်းမရှိဘူး... သိုလှောင်လက်စွပ်တွေလည်း အပါအ၀င်ပဲပေါ့.... အစကတည်းက အထက်ဘုံကမ္ဘာရဲ့ ပစ္စည်းတွေဖြစ်နေရင်တော့ ယူသွားလို့ရတယ် "

ရှောင်ဘုံက နောက်ဆုံးအပိုင်းကိုကြားလိုက်ရချိန်၌ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

'တော်သေးတာပေါ့'

ရွှမ်းမီနတ်တောင်သည် ဗုဒ္ဓကမ္ဘာမှ ရတနာတစ်ပါးဖြစ်ပြီး နဂါးပုလဲသည် နတ်ဘုံကမ္ဘာရှိ နဂါးနတ်ဘုရား၏ ရတနာဖြစ်သည်။ထို့ကြောင့် သူသည် ထိုပစ္စည်းနှစ်ခုကို နတ်ဘုံကမ္ဘာသို့ ယူဆောင်သွားနိုင်ပေသည်။

"ဆရာ ... စကြာဝဠာ မိခင်ယောင့်ချီရဲ့ တပည့်ရွေးချယ်ပွဲက ဘယ်သူမဆို ၀င်ပြိုင်လို့ရလား "

ချီ၀မ်က မေးလိုက်သည်။

ဖုယန်က ပြုံးလိုက်ပေသည်။

"သေချာပေါက်မဟုတ်ဘူးပေါ့ ...မဟာနတ်ဘုရားအဆင့်အောက် သိုင်းပညာရှင်တွေကိုပဲ ပါ၀င်ခွင့်ပြုတယ် ... မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်က နတ်ဘုံကမ္ဘာကို အချိန်မရွေး တတ်လှမ်းသွားနိုင်တယ်လေ ...ဒါကြောင့်မို့လို့ စကြာဝဠာမိခင်ယောင့်ချီ ရွေးချယ်မယ့် အမွေအနှစ်ဆက်ခံသူက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်မဖြစ်နိုင်ဘူး ...မင်းတို့အားလုံး အဆင်သင့်ဖြစ်ရင် ...နောက်၃ရက်ရောက်တာနဲ့ ... ဆရာတို့ မဟာရေကန်ကမ္ဘာကို ခရီးထွက်ကြတာပေါ့"

ဖုယန်၏ တပည့်သုံးယောက်သည် ခေါင်းညိတ်လိုက်ကြသည်။

သူတို့က နောက်၃ရက်ကြာမှ ထွက်ခွာမည် ဖြစ်သည်မို့ ရှောင်လုံသည် သူ့၏ ရွှေရောင်နဂါး တောင်ထွတ်သို့ ပြန်ကာ လှည့်ပတ်ကြည့်ရှု့ရန် ဆုံးဖြတ်လိုက်လေသည်။

.....

အပိုင်း ၇၇၄ ..... ကြောက်လန့်သွားသော ဝမ်နာ

ရှောင်လုံ ဖုယန်၏ အိမ်တော်မှ ထွက်ခွာလာပြီး သိပ်မကြာမီ၌ သူသည် ရေလှိုင်းနီတောင်တန်းဆီသို့ ရောက်ရှိသွားသည်။

သို့သော် သူ ရွှေရောင်နဂါးတောင်ထွတ်သို့ ရောက်ရှိသွားချိန်တွင် ဖျက်ဆီးခံထားရသော ကိုးခန်းမနန်းတော်ကို ကြည့်ရင ရှောင်လုံ၏ အမူအရာသည် ရွှံ့ရေထက်ပင် မဲမှောင်သွားရသည်။

ကိုးခန်းမနန်းတော်၏ မဟာ ခုခံကာကွယ်ခြင်းအစီအရင်သည်လည်း ဖျက်ဆီးခံထားရသည်။

အဝေးတွင်တော့ အနက်ရောင်သူရဲကောင်းတက္ကသိုလ် မဟာအကြီးအကဲ နှစ်ယောက်သည် လက်ရွေးစင်တပည့် တစ်ဒါဇင်ကျော်ကို ကိုးခန်းမ ပတ်ပတ်လည်ရှိ စိတ်ဝိညာဥ်သစ်ပင်များနှင့် ဆေးပင်များအား အမြစ်မှ ဆွဲနှုတ်ရန် ညွှန်ကြားနေလေသည်။

ဤသည်ကို ကြည့်ရင်း ရှောင်လုံ၏ မျက်လုံးထဲ၌ ထက်ရှသောအလင်းတစ်ချက် ဖြတ်ပြေးသွားလေကာ ထိုလူစုဆီသို့ ပျံသန်းလိုက်သည်။

စိတ်ဝိညာဥ်သစ်ပင်များနှင့် ဆေးပင်များကို အမြစ်နှုတ် ဖျက်ဆီးရင်း အလုပ်ရှုပ်နေကြသော လက်ရွေးစင်တပည့်များသည် သူတို့ဆီသို့ ပျံသန်းလာနေကြသော တစ်စုံတစ်ယောက်အား မြင်သည်နှင့် လုပ်လက်စများ အနည်းငယ် နှေးကွေးသွားကြသည်။ သို့သော် ရှောင်လုံကို မြင်လိုက်ရသည်နှင့် သူတို့အားလုံးသည် အလုပ်များကို ပစ်ချခဲ့ကာ မဟာအကြီးအကဲနှစ်ယောက်၏ နောက်သို့ အသည်းအသန် ဆုတ်ခွာသွားကြသည်။

ရှောင်လုံက အနက်ရောင်သူရဲကောင်းတက္ကသိုလ် ၌ ရှိမနေသည်မှာ ဆယ်နှစ်ကျော်ကြာပြီ ဖြစ်သော်လည်း သူ့၏ ရက်စက်တတ်သော ဂုဏ်သတင်းကမူ ကျော်ကြားနေဆဲ ဖြစ်သည်။ ရှောင်လုံက ကျောင်းယုကို ဒုက္ခိတ အရူး ဖြစ်အောင် မည်သို့ လုပ်ခဲ့သည်ကို လက်ရွေးစင်တပည့်များ မှတ််မိနေကြသေးသည်။

ရှောင်လုံ က ကျောင်းယု၏ စိတ်ဝိညာဥ်ကို ထိခိုက်စေပြီး အရူးအဖြစ် ပြောင်းလဲသွားစေကတည်းက ကျောင်းမိသားစုခေါင်းဆောင် နှင့် လက်ထောက်ကျောင်းအုပ် ဝမ်နာတို့သည် ဖြစ်နိုင်ချေရှိသော နည်းလမ်းမှန်သမျှကို အသုံးပြုခဲ့သော်လည်း ကျောင်းယုကို ကုသနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ယခုချိန်ထိတိုင် ကျောင်းယုက အရူးတစ်ယောက် ဖြစ်နေဆဲသာ ဖြစ်သည်။

"ငါ့ရဲ့ ကိုးခန်းမနန်းတော်ကို ဖျက်ဆီးပစ်ဖို့ ဘယ်သူ ပြောခဲ့တာလဲ"

တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် ရှောင်လုံ၏ အေးစက်စက်အကြည့်သည် အနက်ရောင်သူရဲကောင်းတက္ကသိုလ်မဟာအကြီးအကဲနှစ်ယောက် အပေါ်သို့ ကျရောက်သွားသည်။

ရှောင်လုံ က သူတို့ကို စစ်ဆေးမေးမြန်းသလို အသံဖြင့် မေးလာသောကြောင့် မဟာအကြီးအကဲနှစ်ယောက် က ဒေါသထွက်သွားပြီး သူတို့၏ မျက်နှာထက်၌ အထင်သေးမှုများဖြင့် ပြည့်နှက်နေလေသည်။

"ဟောင်ရှောင်လုံ...မင်းက ဘာမဟုတ်တဲ့ အကြီးအကဲတစ်ယောက် ပဲ...ငါတို့ကို မင်းက ဘယ်လိုတောင် ဒီလိုလေသံမျိုးနဲ့ ပြောရဲရတာလဲ"

မဟာအကြီးအကဲ ဟဲ့ကျီဝူ က ဟိန်းဟောက်လိုက်သည်။

အခြား မဟာအကြီးအကဲ ဖြစ်သော ဟဲ့ဖေးကလည်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"မင်းရဲ့ နန်းတော် ဟုတ်လား...ဟောင်ရှောင်လုံ...မင်းက အကြီးအကဲ ဖြစ်သွားတောင် အတော်ကြာနေပြီလေ...အကြီးအကဲ ဖြစ်သွားရင် ရေလှိုင်းနီတောင်တန်းထဲမှာ ဆက်ပြီးကျင့်ကြံခွင့် မရှိတော့ဘူးဆိုတာကို မင်း မသိဘူးလို့တော့ ငါ့ကို မပြောနဲ့...လက်ထောက်ကျောင်းအုပ် ဝမ်နာက ရွှေရောင်နဂါးတောင်ထွတ်ကို အခြား လက်ရွေးစင်တပည့်တွေအတွက် ပြန်သုံးဖို့ အမိန့်ပေးလိုက်တယ်...မင်းက အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ် ရဲ့ တပည့် ဖြစ်နေတာနဲ့ပဲ ငါတို့ မင်းကို ရွှေရောင်နဂါးတောင်ထွတ်မှာ ဆက်နေခွင့်မပြုနိုင်ဘူး"

ရှောင်လုံ၏ မျက်လုံးထဲရှိ အကြည့်သည် အေးခဲသွားပေသည်။

"ဒီတော့...ဒါက စုန်းမကြီး ဝမ်နာရဲ့ အကြံပေါ့...ငါ့ဆရာရော ဒီကိစ္စကို သိထားလား"

ဟဲ့ကျီဝူက အန္တရာယ် ရှိသည့်ရယ်သံဖြင့် ရယ်မောလိုက်သည်။

"အဓိပ္ပါယ် မရှိလိုက်တာ...မင်းက ကျောင်းအုပ်ကြီးရဲ့ တပည့်ရင်းဆိုတဲ့ အချက်ကြောင့်နဲ့ ဒီ ရွှေရောင်တောင်တန်းကို မောင်ပိုင်စီးချင်နေတာပဲ...လက်ထောက်ကျောင်းအုပ်ဝမ်နာက တက္ကသိုလ်ကျောင်းအုပ်ကြီးကို တင်ပြနေစရာ မလိုဘူး"

ဟဲ့ဖေးက အော်ငေါက်လိုက်သည်။

"ငါတို့ရဲ့ လက်ထောက်ကျောင်းအုပ် ဝမ်နာက ရွှေရောင်နဂါးတောင်ထွတ်ကို ပြန်လည်ပြင်ဆင်ဖို့ အမိန့်ပေးထားခဲ့တာကွ...မင်းကို အပြစ်မပေးတာကတောင် အတော်လေး သက်ညှာရာကျနေပြီ...ဒီတော့ မင်းက ဘာလို့ အခုထိ ထွက်မသွားသေးရတာလဲ"

ရှောင်လုံက လှောင်ရယ်လိုက်သည်။

"ခင်ဗျားတို့ ပြောပုံအရဆိုရင်...ကျုပ်က စုန်းမကြီး ဝမ်နာကို ကျေးဇူးတောင် တင်သင့်သေးတယ်ပေါ့လေ"

အနက်ရောင်သူရဲကောင်းတက္ကသိုလ် ၏ စည်းမျဥ်း အရ လက်ရွေးစင်တပည့်တစ်ယောက်သည် အကြီးအကဲရာထူးသို့ ရောက်ရှိသွားလျှင် ရေလှိုင်းနီတောင်တန်း၌ ဆက်လက် ကျင့်ကြံစရာ မလိုတော့ပေ။ အကြီးအကဲများက အရှေ့အရပ် စိတ်ဝိညာဥ်တောင်တန်း၌ နေထိုင်ရမည်ဖြစ်သည်။

ထို့ပြင်  စည်းမျဉ်း က စည်းမျဥ်း မျှသာ ဖြစ်သည်။ အကြီးအကဲ အများစုက အကြီးအကဲ ဖြစ်ပြီးနောက်၌ ရေလှိုင်းနီတောင်တန်း၌ ဆက်လက် နေထိုင်ကြပေသည်။

သို့သော်လည်း ဤကိစ္စကို မည်သူကမှ အရေးတယူ လုပ်မနေကြပေ။ အကြောင်းမှာ ဤကိစ္စသည် အသေးအဖွဲမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။

ယခုမူ စုန်းမကြီး ဝမ်နာသည် ထိုအချက်ကို ဆင်ခြေအဖြစ် သုံးကာ ရှောင်လုံ၏ ရွှေရောင်နဂါးတောင်ထွတ်ရှိ ကျင့်ကြံခြင်းအိမ်တော်ကို ဖျက်ဆီးပစ်ပေသည်။ ဤသည်မှာ ဝမ်နာက ရှောင်လုံကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနေခြင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်လေသည်။

"ဟောင်ရှောင်လုံ...မင်းလို ဘာမဟုတ်တဲ့အကြီးအကဲတစ်ယောက် ကများ...လက်ထောက်ကျောင်းအုပ်ကြီးဝမ်နာ ကို ခဏခဏ မလေးမစား ပြောဆိုရဲနေတယ်ပေါ့လေ"

ဟဲ့ဟျီဝူက အလွန်အမင်း ဖြောင့်မတ်မှန်ကန်သည့်ဟန်ဖြင့် ဆုံးမပြစ်တင်လာလေသည်။

"ငါ မင်းကို အခုချက်ချင်း ဖမ်းချုပ်ပြီးတော့...အပြစ်ပေးခန်းမ ကို မင်းရဲ့အပြစ်တွေအတွက် ဆုံးဖြတ်ခိုင်းရမယ်"

သူ့၏ လက်များက ကုတ်ချက်အသွင် ကွေးညွတ်သွားပြီး ရှောင်လုံဆီသို့ ဦးတည်လိုက်လေသည်။

ရှောင်လုံ က ဤသည်ကို ကြည့်ကာ နှာခေါင်းရှုံ့ပြီး လက်တစ်ချောင်းတည်းဖြင့် ပြန်လည် ရင်ဆိုင်လိုက်သည်။

ဟဲ့ကျီဝူက ရှောင်လုံ၏ လှုပ်ရှားမှုများကို အလေးအနက် မထားပေ။ သူ့၏ မျက်လုံးများက လှောင်ရိပ်များဖြင့် စွန်းထင်းနေပေသည်။ ဘာမဟုတ်သည့် ဟောင်ရှောင်လုံ လို အကြီးအကဲတစ်ယောက် က သူ့၏ တိုက်ခိုက်မှုကို ပြန်လည်ရင်ဆိုင်ချင်နေသည်တဲ့လား။

သို့သော် နောက်တစ်ခဏ၌ ဟဲ့ကျီဝူ၏ မျက်နှာသည် တင်းကြပ်သွားရသည်။

ထိုအချိန်၌ ရှောင်လုံ၏ လက်ညှိုးသည် ဟဲ့ကျီဝူ၏ လက်ဝါးကို ထိုးဖောက်ကာ သူ့၏ ရင်ဘတ်ဆီသို့ ဦးတည်ရောက်ရှိသွားလေသည်။

ဟဲ့ကျီဝူ ဆိုးဆိုးရွားရွား အော်ဟစ်လိုက်ရကာ လေထဲသို့ လွင့်စင်သွားသည်။

ဟဲ့ဖေးနှင့် လက်ရွေးစင်တပည့်များသည် ထိုရလဒ်ကြောင့် ကြောင်အထိတ်လန့်သွားကြသည်။

ရှောင်လုံ၏ ပုံရိပ်က အလင်းတစ်ချက်လက်သွားပြီး ဟဲ့ဖေး၏ ရှေ့သို့ ရောက်ရှိသွားလေသည်။ ဟဲ့ဖေးက မကာကွယ်နိုင်လိုက်ခင် ရှောင်လုံ၏ လက်ဝါးက သူ့ရင်ဘတ်ပေါ်သို့ ရိုက်ချမိသွားသည်။ သူ့၏ ရင်ဘတ်က ခွက်ဝင်သွားပြီး နောက်သို့ လွင့်စင်ကာ ဟဲ့ကျီဝူ ပေါ်သို့ ဝင်တိုက်မိသွားတော့သည်။

ပတ်ပတ်လည်ရှိ လက်ရွေးစင်တပည့်များသည် အသိစိတ်ကင်းမဲ့သွားသည့်နှယ် ဖြစ်နေကြလေသည်။

"ဟောင်...ဟောင်ရှောင်လုံ...မင်း!"

ဟဲ့ဖေးက ဟဲ့ကျီဝူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးအန်ရင်း ကုန်းထလာကာ ရှောင်လုံကို ကြောက်လန့်တကြား စိုက်ကြည့်လိုက်လေသည်။

"ခင်ဗျားတို့ နှစ်ယောက်...ကျောင်းယုလိုမျိုး အဆုံးသတ်မသွားချင်ဘူးဆိုရင်...ခုချက်ချင်း ထွက်သွားကြစမ်း"

ရှောင်လုံ၏ အသံက ရေခဲတမျှ အေးစက်နေပေသည်။

မြေပြင်ပေါ်မှ ကုန်းရုန်းထလာသော ဟဲ့ကျီဝူနှင့် ဟဲ့ဖေးတို့သည် ရှောင်လုံ၏ စကားများကြောင့် ကြောက်ရွံ့သွားကြလေသည်။ သူတို့နှစ်ယောက်သည် ဘာစကားမှ ထပ်မပြောရဲတော့ဘဲ နောက်လှည့်ကာ ထွက်ပြေးသွားကြသည်။

"အဲ့ဒီ စုန်းမကြီး ဝမ်နာကို သွားပြောလိုက်...သူက ငါ့ရဲ့ ရွှေရောင်နဂါးတောင်ထွတ် ကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်ဆိုမှတော့...နောက် ရက်နည်းနည်းကြာရင် ငါက သူ့ရဲ့ ဝူဟွမ်တောင်ထိပ်ကို ဖျက်ဆီးဖို့ လာခဲ့မယ်"

ရှောင်လုံက ပြောလိုက်လေသည်။

ဟဲ့ကျီဝူနှင့် ဟဲ့ဖေးတို့၏ ခန္ဓာကိုယ်များသည် တုန်ယင်သွားကြပြီး အဝေးသို့ ပျံပြေးသွားကြသည်။

လက်ရွေးစင်တပည့်အုပ်စုသည် ကြောက်လန့်မှုကြောင့် တုန်ယင်နေကြသော်ငြား ရှောင်လုံ၏ ခွင့်ပြုချက် မရှိဘဲ ထွက်သွားရဲသည့်သတ္တိမရှိကြပေ။

"အ...အကြီးအကဲ ဟောင်...ကျွန်တော်တို့က အမိန့်အတိုင်း လိုက်နာရရုံပါ...ကျွန်တော်တို့ အခု မလုပ်ရဲတော့ပါဘူး...ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး...ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

လက်ရွေးစင်တပည့်များထဲမှ တစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ဖြင့် အသနားခံလိုက်သည်။

"ကျေးဇူးပြုပြီး...ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါဗျာ"

ရှောင်လုံက တင်းမာနေသည့်အမူအရာဖြင့် ရှိနေဆဲဖြစ်ပြီး လက်ဝါးတစ်ချက် ယမ်းလိုက်လေသည်။ လက်ဝါးအင်အားက လက်ရွေးစင်တပည့်များအားလုံးကို လေထဲသို့ လွင့်ပျံသွားစေပြီးနောက် တောင်ထိပ်ပေါ်မှ တောင်ခြေထိ လိမ့်ဆင်းသွားကြလေသည်။

ရွှေရောင်နဂါးတောင်ထွတ် က တိတ်ဆိတ်ငြိမ်သက်သွားပေသည်။

ရှောင်လုံ က ပတ်ပတ်လည်ရှိ တူးနှုတ်ခံထားရသော သစ်ပင်များနှင့် ဆေးပင်များကို ကြည့်ရင်း သူ့၏ စိတ်အခြေအနေက အလွန်အမင်း ဆိုးရွားသွားပေသည်။ စိတ်ဝိညာဥ်သစ်ပင်များနှင့်ဆေးပင်များသည် သူ့အတွက် အရေးမပါလှသော်လည်း ရွှေရောင်နဂါးတောင်ထွတ်သည် သူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသော နေရာဖြစ်သည်။

ထို့ပြင် သူ တက္ကသိုလ် သို့ ပြန်မလာမီက သူ့အမေသည် ဤနေရာကို ပြန်လာကြည့်ချင်နေသေးကြောင်း ပြောခဲ့သေးသည်။

သု့၏ မိဘများသည်လည်း ရွှေရောင်နဂါးတောင်ထွတ်နှင့် ဆက်နွယ်မှုတစ်ချို့ ရှိထားပေသည်။ အကြောင်းမှာ သူတို့က ဤနေရာ၌ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သောကြောင့် ဖြစ်သည်။ ဤနေရာသည် သူ့မိဘနှင့် အခြားသူများ စကြာဝဠာအဆင့် နှင့် နတ်ဘုရားအဆင့် သို့ တက်ရောက်ခဲ့သော နေရာ ဖြစ်ပေသည်။

ပျက်စီးယိုယွင်းနေသော ကိုးခန်းမနန်းတော်ကို ကြည့်ရင်း ရှောင်လုံ့ မျက်လုံးထဲ၌ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သေချာပေါက် ဤကိစ္စကို လွယ်လွယ်နှင့် အဆုံးသတ်မပေးနိုင်ပေ။ သို့သော် ထို စုန်းမအိုကြီး ဝမ်နာသည် အချိန်တစ်ခုထိ နှိမ့်နှိမ့်ချချ နေထိုင်ခဲ့သည်။  ယခု ရုတ်တရက် လှုပ်ရှားလာသည်က ထူးခြားဆန်းကြယ်သောမဟာအရှင်သခင် ဆိုသူ၏ နောက်ခံကြောင့် ဖြစ်သည်လား။

ရှောင်လုံသည် ထိုကိစ္စကို တွေးတောလိုက်ပြီးနောက် အခွင့်အရေး တစ်ခုရှာကာ သူ့ဆရာ ဖုယန်နှင့် ထူးခြားဆန်းကြယ်သောမဟာအရှင်သခင် အကြောင်းကို ဆွေးနွေးကြည့်ရန် ဆုံးဖြတ်လိုက်ပေသည်။

ထို့နောက် သူက လက်တစ်ချက်ယမ်းလိုက်ပြီး အစစ်အမှန်အင်မော်တယ်အဆီအနှစ် မီးတောက်ဖြင့် ပျက်စီးနေသော ကိုးခန်းမနန်းတော်ကို အောက်ခြေထိ ဝါးမြိုပြာချပစ်လိုက်လေသည်။ ထို့နောက် မည်သည့်အရာမှ ကျန်ရှိမနေတော့ပေ။

စုန်းမကြီးဝမ်နာက ဤနေရာကို ဖျက်ဆီးလိုက်ပြီးပြီမို့ သူက ပိုမိုကြီးမားသည့် နန်းတော်ကို တည်ဆောက်ရပေလိမ့်မည်။ စကြာဝဠာ မိခင် ယောင့်ချီ၏ မွေးနေ့ပွဲတော်သို့ ရောက်ရန် သုံးရက် သာ လိုတော့သော်လည်း ထို သုံးရက်က လုံလောက်ပေသည်။

ထို့ကြောင့် ရှောင်လုံက နန်းတော်အသစ် ဆောက်ရန် နတ်ဘုံကမ္ဘာ၏ သတ္ထုများနှင့် သံမဏိများကို စတင် ထုတ်ယူလိုက်လေသည်။

သို့သော်လည်း ရွှေရောင်နဂါးတောင်ထွတ်၏ ခုခံကာကွယ်ခြင်း အစီအရင်များသည် သူ့၏ ကိုးခန်းမပါ့ကွားအစီအရင်ကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်။ ဟဲ့ကျီဝူနှင့် ဟဲ့ဖေးတို့သည် ရွှေရောင်နဂါးတောင်ထွတ်၏ အစီအရင်များကို ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

သူတို့က မည်သည့်နည်းလမ်းကို အသုံးပြုခဲ့ကြသည်နည်း။

ဤသည်မှာ ထူးခြားဆန်းကြယ်သောမဟာအရှင်သခင် နှင့် တစ်နည်းတစ်ဖုံ ပတ်သတ်နေကြောင်း သူ့၏ မသိစိတ်က ပြောနေပေသည်။

ရှောင်လုံက ရွှေရောင်နဂါးတောင်ထွတ်ကို ပြန်လည်တည်ဆောက်ရန် နတ်ဘုံကမ္ဘာ၏ သံမဏိများအား အရည်ဖျော်ခြင်းဖြင့် အလုပ်များနေချိန်တွင် ဟဲ့ကျီဝူ နှင့် ဟဲ့ဖေးတို့သည် ဝမ်နာ၏ တောင်ထိပ်ဆီသို့ ပျံသန်းသွားကာ ဖြစ်ပျက်သမျှကို တင်ပြလိုက်ကြသည်။

သူတို့၏ တင်ပြချက်ကို ကြားပြီးနောက် ဝမ်နာသည် စိတ်ထဲမှ ထိတ်လန့်သွားသည်။ ဆယ်စုနှစ် နှစ်ခုအတွင်း ထို ဟောင်ရှောင်လုံ၏ ခွန်အားသည် ဤမျှအထိ တိုးတက်လာပေသည်။ ဟဲ့ကျီဝူနှင့် ဟဲ့ဖေးတို့ကဲ့သို့သော နတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့်များကိုပင် အလွယ်တကူ အနိုင်ယူနိုင်ပေသည်။

ဤသည်က ဝမ်နာ၏ မှုန်ကုပ်နေသော မျက်နှာကို ပိုမို မဲမှောင်သွားစေလေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၇၅ ..... ကျောင်းမိသားစုခေါင်းဆောင်နှင့် တွေ့ဆုံမိခြင်း

"မင်းတို့ ပြောပုံအရဆိုရင်...အခု ဟောင်ရှောင်လုံရဲ့ လက်ရှိ ခွန်အားက ဘယ်ထိရောက်နေပြီလဲ"

ဝမ်နာက လေးနက်သည့်အသံဖြင့် မေးလိုက်သည်။

ဟဲ့ကျီဝူနှင့်ဟဲ့ဖေးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ ဟဲ့ကျီဝူက တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

"ကျုပ်အထင် ဟောင်ရှောင်လုံရဲ့ ခွန်အားက အကြီးဆုံး အစ်ကိုကြီးလောက် ရှိမယ်ထင်တယ်"

အကြီးဆုံးအစ်ကိုကြီးသည် လျိုယွင်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

"မင်းတို့နှစ်ယောက် ဘာပြောလိုက်ကြတာလဲ...ဟောင်ရှောင်လုံရဲ့ ခွန်အားက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ် အဆင့်နဲ့တောင် ယှဥ်နိုင်နေပြီလား"

ဟဲ့ကျီဝူ၏ အဖြေကို ကြားလိုက်ချိန်၌ ဝမ်နာသည် လက်ခံနိုင်စွမ်း မရှိဘဲ နောက်တစ်ကြိမ် ထပ်မံမေးမြန်းလိုက်လေသည်။

လျိုယွင်က နှစ်ပေါင်း တစ်သောင်းကျော် ကျင့်ကြံအားထုတ်ထားသူ ဖြစ်သည်။ ဟောင်ရှောင်လုံ ကျင့်ကြံထားသည်မှာ မည်မျှ ကြာညောင်းခဲ့သေးသည်နည်း။

ဟဲ့ကျီဝူနှင့်ဟဲ့ဖေးတို့သည်လည်း စိတ်ပျက်အားလျော့နေကြလေသည်။အမှန်၌သူတို့နှစ်ယောက်သည်လည်း ရှောင်လုံအား ရှုံးနိမ့်ခဲ့ခြင်းမပေါ် ယုံကြည်ရန် ခက်ခဲနေကြပေသည်။သို့သော်လည်း အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှသည် ပုံရိပ်ယောင် တစ်ခု မဖြစ်နိုင်ဘဲ သူတို့၏ ဒဏ်ရာများနှင့် နာကျင်မှုများသည် အကောင်းဆုံးသက်သေဖြစ်သည်။

သူတို့က စိတ်ထဲမှ ခါးခါးသီးသီးပြုံးလိုက်ကြပြီး ဒုတိယအကြိမ် ထပ်မံမေးမြန်းလာသော ၀မ်နာ၏မေးခွန်းကို ခေါင်းညိတ်ပြလိုက်လေသည်။

၀မ်နာက လေအေးတစ်ချက် ရှိုက်သွင်း လိုက်မိပေသည်။သူမက စကားထပ်မပြောတော့ဘဲ အလွန်တရာမှုန်မှိုင်းမဲမှောင်သည့် အမူအရာနှင့် ဖြစ်သွားလေသည်။

ဟောင်ရှောင်လုံ၏ ခွန်အားသည် ထိုမျှအနေအထားအထိ အမှန်တကယ် တိုးတက်လာပေသည်။

"လက်ထောက်ကျောင်းအုပ်ကြီး "

အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေသော ၀မ်နာကိုကြည့်ရင်း သူတို့နှစ်ယောက်က သတိထားပြီး ခေါ်လိုက်လေသည်။

၀မ်နာက အတွေးနစ်နေရာမှ ပြန်လည် အသိ၀င်သွားလေသည်။

"စကြာ၀ဠာမိခင် ယောင့်ချီရဲ့မွေးနေ့ပွဲတော်က နီးလာပြီ ... ပြီးတော့ တက္ကသိုလ်ကျောင်းအုပ်ကလည်း ဟောင်ရှောင်လုံကို သေချာပေါက် ခေါ်သွားလိမ့်မယ် ...ဒါကအခွင့် အရေးကောင်းတစ်ခုလို့ ဒီငယ်သား ခံစားမိတယ် "

ဟဲ့ကျီဝူက အကြံပြုလိုက်လေသည်။

၀မ်နာ၏မျက်လုံးက တောက်ပသွားလေသည်။

"မင်းပြောချင်တာက ဟောင်ရှောင်လုံသာ စကြ၀ဠာမိခင်ရဲ့ အမွေအနှစ်ဆက်ခံသူ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်သွားခဲ့ရင် ...ငါတို့လုပ်နိုင် ..."

"အတိအကျပဲပေါ့... ဒါပေမယ့် ဟောင်ရှောင်လုံရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ... မဟာနတ်ဘုရားအဆက့်ရဲ့ အောက်မှာ သူ့ကို သတ်နိုင်စွမ်းရှိတဲ့သူက လက်တစ်ဆုပ်စာလောက်ပဲ ရှိလိမ့်မယ်"

ဟဲ့ဖေးက လေးနက်စွာ သတိပေးလိုက်လေသည်။

၀မ်နာက တွေးလိုက်သည်။

"မင်းတို့နှစ်ယောက် ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်နေစရာမလိုတော့ဘူး ...ငါဟာငါပဲ စီစဥ်လိုက်တော့မယ် "

"ဟုတ်ကဲ့ပါ ... လက်ထောက် ကျောင်းအုပ်ကြီး"

၃ရက်ကြာပြီးနောက် ...။

ရှောင်လုံ၏ ၃ရက်တာ ပြင်ဆင်တည်ဆောက်မှု အပြီးတွင် ရွှေရောင်နဂါးနဂါးတောင်ထွတ်ပေါ်၌ သစ်လွင်ကြီးမားလာသော နန်းတော်ကြီးတစ်ခု ဖြစ်တည်လာပေသည်။

အသစ်ဆောက်လုပ်ထားသော အဆောက်အအုံသည် နန်းတော်ကဲ့သို့ ခမ်းနားလှပြီး နေရောင်အောက်၌ တလက်လက် တောက်ပနေပေသည်။နန်းတော်၏ ပတ်ပတ်လည်နယ်မြေက စိတ်ဝိညာဥ်သစ်ပင်များ ပန်းများနှင့် ဆေးဖက်၀င်အပင်များဖြင့် ပြည့်နှက်နေပေသည်။

ရှောင်လုံက သူ့၏ပြီးမြောက်သွားသော အလုပ်ကို ကြည့်ရင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ထို့နောက် သူ့က သူ့ဆရာ၏ အိမ်တော်ဆီသို့ ဦးတည်ပျံသန်းလိုက်လေသည်။

သူရောက်ရှိသွားချိန်၌ သူ့၏ဆရာတူအစ်ကိုကြီး လျိုယွင်နှင့် ဆရာတူအစ်မ၃ ချီ၀မ်တို့သည် ရောက်နှင့်နေကြပြီး ဖြစ်သည်။သူတို့အပြင် သူ့၏ ဆရာတူအကိုနှင့် ချန်းယန်သည်လည်း ရောက်ရှိနေပေသည်။

ဤနှစ်များအတွင်း ရှောင်လုံသည် ချန်းယန်နှင့် တွေ့ဆုံခဲလှကာ သူတတို့၏ ဆက်ဆံရေးကို ဖော်ပြစရာစကားလုံးမရှိပေ။ချန်းယန်က ရှောင်လုံကို မြင်တွေ့လျှင်ပင် အပြန်အလှန် နှုတ်ဆက်ရန် ရည်ရွယ်ချက်မရှိပေ။ထို့ပြင် ရှောင်လုံကလည်း အခြားသူများကို မျက်နှာချိုသွေးတတ်သော သူမျိုးမဟုတ်ပေ။'လူတိုင်းကို မှန်လို ဆက်ဆံပါ'ဟူသော စကားအတိုင်း ရှောင်လုံကလည်း ချန်းယန်ကို လျစ်လျူရှုထားလေသည်။

သူ့၏တပည့်များအားလုံး ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင် သူနှင့်အတူ သူတို့အားလုံးကို ခေါ်ကာအနက်ရောင်သူရဲကောင်းတက္ကသိုလ်ဆီမှ ထွက်ခွာပြီး မဟာရေကန်ကမ္ဘာဆီသို့ ဦးတည်လိုက်လေသည်။

မွေးနေ့ပွဲကျင်းပသည့် ရက်သို့ ရောက်ရန် အချိန်များစွာလိုနေသေးသောကြောင့် သူတို့၏ ခရီးသည် သက်တောင့်သက်သာ ရှိပေသည်။မကြာခဏဆိုသလို သူတို့သည် ကမ္ဘာတစ်ချို့ကို ဖြတ်သန်းသွားချိန်တွင် တစ်ရက်သို့မဟုတ် နှစ်ရက်မျှ ရပ်တန့်အနားယူကြသည်။

သူတို့၏ ခရီး၌ မည်သည့်မတော်တဆမှုမျှ မဖြစ်ဘဲ အဆင်ပြေချော့မွေ့နေပေသည်။

တစ်လနီးနီးကြာပြီးနောက် ဖုယန်တို့ အုပ်စုသည် မိုးပြာရောင်နဂါးကြယ်စင်စု၏ မဟာရေကန်ကမ္ဘာသို့ ရောက်ရှိသွားပေသည်။

မဟာရေကန်ကမ္ဘာ၏ အပြင်ဘက်အကာအကွယ်ကို ထိုးဖောက်လိုက်ပြီး သူတို့ငါးယောက်သည် လေထုအလွှာထဲသို့ ထိုးဖောက်၀င်ရောက်လိုက်လေသည်။ရှောင်လုံ ၀င်ရောက်လိုက်သည့် အချိန်တွင် သူက ချက်ချင်းဆိုသလို ပတ်၀န်းကျင်မှပေါများလှသော ရေစွမ်းအင် ရေဒြပ်စင်စိတ်ဝိညာဥ်စွမ်းအင်ကို ခံစားလိုက်ရလေသည်။

ထို့အပြင် မဟာရေကန်ကမ္ဘာ၏ ရေစိတ်ဝိညာဥ်စွမ်းအင်တွင် ပြိုင်ဘက်ကင်းအသက်စွမ်းအားတစ်ခု ပါ၀င်နေပေသည်။ထိုစွမ်းအင်က ဖျော့တော့ သေးငယ်လှသော်လည်း ရှောင်လုံက အာရုံခံနိုင်ခဲ့ပြီး အံ့အားသင့်သွားရပေသည်။

အသက်စွမ်းအားပါ၀င်နေသော စိတ်ဝိညာဥ်စွမ်းအင်သည် ရှားသထက်ရှားလှသော အရာတစ်ခုဖြစ်ကြောင်း လူတိုင်းသိပေသည်။ရှောင်လုံက ကမ္ဘာပေါင်းများစွာသို့ ရောက်ရှိဖူးသော်လည်း စိတ်ဝိညာဥ်စွမ်းအင်ထဲ၌ အသက်စွမ်းအားရှိနေသော ကမ္ဘာတစ်ခုကို အရင်က မမြင်ဖူးခဲ့ပေ။ထို့ကြောင့် မဟာရေကန်ကမ္ဘာ၏ ရေစိတ်ဝိညာဥ်ထဲ၌ အသက်စွမ်းအားပါ၀င်နေကြောင်း တွေ့လိုက်ရချိန်တွင် ရှောင်လုံက  အံ့အားသင့်သွားရခြင်း ဖြစ်သည်။

လျိုယွင်၊ချန်းယန်နှင့် ချီ၀မ်တို့သည်လည်း စိတ်ဝိညာဥ်စွမ်းအင်ထဲ၌ပါ၀င်နေပေသော ဖျော့တော့သည့် စွမ်းအင်ကို ခံစားမိလိုက်ကြသည်မို့ သူတို့၏အမူအရာများသည် ရှောင်လုံကဲ့သို့ ဖြစ်သွားကြလေသည်။

ဖုယန်က သူ့တပည့်များ၏ အမူအရာကို တွေ့လိုက်ရချိန်တွင် အားပါးတရရယ်မောကာ ပြောလိုက်လေသည်။

"ရှေးခေတ်ကာလတုန်းက ရှင်သန်ခြင်းနတ်ဘုရားတစ်ပါးဟာ ဒီမဟာရေကန်ကမ္ဘာထဲမှာ သေဆုံးခဲ့တယ်လို့ ဒဏ္ဍာရီရှိခဲ့ဖူးတယ် .... ဒါ့အပြင် သူ့ရဲ့ နတ်ဘုရားဦးခေါင်းက မဟာရေကန်ကမ္ဘာနဲ့ ပေါင်းစပ်သွားတာမိုလို့ ...ဒိနေရာရဲ့ စိတ်ဝိညာဥ်စွမ်းအင်ထဲမှာ အသက်စွမ်းအား ရှိနေရတာပဲ"

"ရှင်သန်ခြင်းနတ်ဘုရားရဲ့ နတ်ဘုရားဦးခေါင်းလား"

ရှောင်လုံနှင့် အခြားသူများက အံ့သြမှင်သက်သွားကြလေသည်။

ဖုယန်က ပြောလိုက်သည်။

"ဟုတ်တာပေါ့ ...ဒါကြောင့်ပဲ ဒီလိုဒဏ္ဍာရီမျိုး ဖြစ်လာတာလေ .... ဒီအကြောင်းက မှန်လားမှားလားဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး ...ဒီနှစ် သန်းပေါင်းများစွာအတွင်း... မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေက ဒဏ္ဍာရီထဲက နတ်ဘုရားဦးခေါင်းကို ရှာဖွေဖို့ ကြိုးစားခဲ့ကြတယ်... ဒါပေမယ့် ခုချိန်ထိ ဘယ်တစ်ယောက်မှ မအောင်မြင်ခဲ့ကြသေးဘူး "

ရှောင်လုံ၏ မျက်လုံးထဲ၌ အလင်းတချက်လက်သွားလေသည်။

မည်သူကမှ ရှာမတွေ့သေးသည်တဲ့လား။ မဟာရေကန်ကမ္ဘာ၌သာ နတ်ဘုရားတစ်ပါး၏ နတ်ဘုရားဦးခေါင်း အမှန်တကယ် ရှိရိုးမှန်လျှင် ရှောင်လုံသည် ၎င်းကို  တွေ့ရှိန်ိုင်ရန်အတွက် ယုံကြည်ချက်ရှိပေသည်။

အကြောင်းအရင်းမှာ သူ့၌သွေးယဇ်ပူဇော်ခြင်းနိယာမနည်းစနစ်ရှိနေသောကြောင့် ဖြစ်သည်။

သူကနတ်ဘုရားဦးခေါင်းကို ရှာဖွေရန် သွေးယဇ်ပူဇော်ခြင်းနိယာမကို အသုံးပြု၍ ရပြီး စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ စည်းခတ်ခံထားရသော လက်မောင်းများကို ရှာဖွေချိန်ကလည်း ထိုသို့ပြုလုပ်ခဲ့ပေသည်။

ရှောင်လုံက ဆုံးဖြတ်ချက်ချလိုက်ပေသည်။စကြာ၀ဠာမိခင်ယောင့်ချီ၏ မွေးနေ့ပွဲအပြီး၌ သူသည် သွေးယဇ်ပူဇော်ခြင်း နိယာမကို အသုံးပြု၍ ရှေးဟောင်း နတ်ဘုရား၏နတ်ဘုရားဦးခေါင်းကို ရှာဖွေရန်ဖြစ်သည်။

နတ်ဘုရားအဆင့်၁၀ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက်က မဟာနတါဘုရားအဆင့်သို့ ချိုးဖြတ်ရန် နတ်ဘုရားဦးခေါင်းကို သိပ်သည်းဖွဲ့တည်ရာတွင် ထိုသူ၏ကျင့်ကြံခြင်း နည်းစနစ်အရ ဖွဲ့တည်လာသော နတ်ဘုရားဦးခေါင်းသည် အမျိုးမျိုး ကွဲပြားသွားပေသည်။ထို့ကြောင့် နတ်ဘုရားဦးခေါင်းများသည် ကွဲပြားခြားနားသော ပင်ကိုယ်အရေအသွေးများ ရှိပေသည်။

မြေစွမ်းအင်နည်းစနစ်ကို ကျင့်ကြံသူများသည် မြေစွမ်းအင်နတ်ဘုရားဦးခေါင်းတသ်ခုကို ဖွဲ့တည်နိုင်မည်ဖြစ်ပြီး မီးစွမ်းအင်နှင့် ဆက်စပ်ကျင့်ကြံသူများသည် မီးစွမ်းအင်နတ်ဘုရားဦးခေါင်းတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ထို့ပြင်ရေစွမ်းအင် ၊သတ္ထုစွမ်းအင်နှင့် မိုးကြိုးစွမ်းအင်များသည်လည်း ထိုသို့သာ ဖြစ်သည်။

သာမန်စွမ်းအင်များအပြင် အလင်းစွမ်းအင်၊ အမှောင်စွမ်းအင်နှင့် အသက်စွမ်းအင်တို့သည်လည်း ရှိပေသည်။

အလင်း၊ အမှောင်နှင့် အသက်စွမ်းအင် နတ်ဘုရားဦးခေါင်းများသည် ဖွဲ့တည်ရန် အခက်ခဲဆုံးသော နတ်ဘုရားဦးခေါင်းများ ဖြစ်ကြပေသည်။အထူးသဖြင့် အသက်စွမ်းအင် နတ်ဘုရားဦးခေါင်းဖြစ်သည်။

အသက်စွမ်းအင်နတ်ဘုရားဦးခေါင်းတစ်ခုထဲ၌ ပါ၀င်နေသော ပေါများလှသည့် အသက်စွမ်းအင်မျညးကြောင့် ၎င်းကို မဟာနတ်ဘုရားအဆင့်အောက် ကျင့်ကြံသူများက စုပ်ယူသန့်စင်ခဲ့လျှင် ခန္ဓာကိုယ်အင်အားကို တိုးပွားလာစေနိုင်ပြီး သက်တမ်းသည်လည်း တိုးမြှင့်လာပေလိမ့်မည်။ထို့ကြောင့် အသက်စွမ်းအင်နတ်ဘုရားဦးခေါင်းသည် နတ်ဘုရားဦးခေါင်း အများစုထက် ပိုမိုအဖိုးတန်ပေသည်။

အခြားဓာတ်စင်များ၏ နတ်ဘုရားဦးခေါင်းများကို လူတစ်ယောက်၏ ကျင့်ကြံမှုနည်းစနစ်သို့မဟုတ် ခန္ဓာကိုယ်ကန့်သတ်ချက်တို့ကြောင့် စုပ်ယူရန် မသင့်တော်ခြင်းမျိုး ဖြစ်နိုင်ပေသည်။သို့သော်လည်း အသက်စွမ်းအင် နတ်ဘုရားဦးခေါင်းကမူ ခြားနားပေသည်။လူတစ်ယောက်၏ ကျင့်ကြံခြင်း နည်းစနစ်သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တို့ ရှိနေလျှင်ပင် နတ်ဘုရားဦးခေါင်းတို့ရှိ အသက်စွမ်းအားကို အလွယ်တကူ စုပ်ယူနိုင်ပေလိမ့်မည်။ဟောင်မိသားစုသည်လည်း ထိုသို့လုပ်နိုင်ပေသည်။

သူက ထိုအသက်စွမ်းအင် နတ်ဘုရားဦးခေါင်းကို ရှာတွေ့နိုင်ခဲ့ပါက သူကိုယ်တိုင်အတွက် မလိုအပ်နေလျှင်ပင် နတ်ဘုရားဦးခေါင်းထဲရှိ အသက်စွမ်းအားက သူ့၏မိသားစုနှင့် ရှောင်ဖေးတို့အတွက် အကျိုးရှိပေလိမ့်မည်။

"ကျုပ်က ဘယ်သူများလဲ ဆိုပြီး တွေးနေတာ ... ဒီတော့ ဒါက အနက်ရောင်သူရဲကောင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးကိုး "

ရှောင်လုံက ရှင်သန်ခြင်းနတ်ဘုရား၏ နတ်ဘုရားဦးခေါင်းအကြောင်း တွေးနေချိန်တွင် အသံတစ်ခုထွက်ပေါ်လာလေသည်။ တစ်ချက်လှည့်ကြည့်လိုက်ချိန်၌ သူတို့ဆီသို့ ပျံသန်းလာနေသော အုပ်စုတစ်စုအား တွေ့လိုက်ရလေသည်။

ထိုသူများသည် ကျောင်းမိသားစုခေါင်းဆောင်နှင့် ကျောင်းမိသားစု၀င်များဖြစ်သည်။

ရှောင်လုံက သူ့၏မျက်လုံးများကို မှေးကျဥ်းလိုက်လေသည်။

ခဏကြာပြီးနောက် ကျောင်းမိသားစုနှင် ဂုဒူမိသားစု၀င်များသည် ဖုယန်တို့အုပ်စုဆီသို့ ရောက်ရှိလာကြသည်။

"ဟဟ ... အနက်ရောင်သူရဲကောင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ... ခင်ဗျားကလည်း ဒီနေရာကို စကြာ၀ဠာမိခင် ယောင့်ချီရဲ့ မွေးနေ့ကို တက်ဖို့ ရောက်လာတာလား"

ကျောင်းမိသားစု၏ ခေါင်းဆောင် ကျောင်းဝူဟွမ်ကတောက်ပစွာပြုံးလိုက်ပြီး ဖုယန်ကို နှုတ်ဆက်လာလေသည်။

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ...ကျုပ်တို့လည်း ဒီနေရာကို မွေးနေ့ပွဲတက်ရောက်ဖို့အတွက် ရောက်လာကြတာလေ"

ကျောင်းဝူဟွမ်၏ မျက်နှာထက်ရှိ အပြုံးဖြင့် သာဆိုလျှင် သူက ရှောင်လုံကို ခါးခါးသီးသီးမုန်းတီးနေကြောင်း မည်သူမှ ခန့်မှန်းမိလိမ့်မည်မဟုတ်ပေ။

ဖုယန်က ညင်ညင်သာသာဖြင့် တုန့်ပြန်လိုက်လေသည်။

"တကယ့်ကို တိုက်ဆိုင်တာပါပဲ"

ဂုဒူမိသားစုခေါင်းဆောင် ဂုဒူရီ၏ အကြည့်က ရှောင်လုံ၊လျိုယွင်နှင့် အခြားသူများအပေါ်ကျရောက်သွားပြီးနောက် ရှောင်လုံ့ပေါ်သို့ အကြည့်ပြန်ရောက်သွားကာ ဖုယန်ကို ပျင်းရိလေးကန်စွာပြောလိုက်လေသည်။

"တက္ကသိုလ်ကျောင်းအုပ်ကြီးဖုယန်က... သူ့ရဲ့အငယ်ဆုံးတပည့်ကို... စကြာ၀ဠာမိခင်ယောင့်ချီရဲ့ မွေးနေ့ပွဲတတ်ရောက်ဖို့ ခေါ်လာလိမ့်မယ်လို့ မမျှော်လင့် ထားခဲ့မိဘူး ... မွေးနေ့ပွဲအတွင်းမှာ ခင်ဗျားရဲ့ တပည့်က ပြိုင်ဘက်ကင်းစွမ်းရည်နဲ့ လူတိုင်းကို မှင်သက်သွားအောင် ထပ်လုပ်နိုင်လိမ့်မယ်လို့ တက္ကသိုလ်ကျောင်းအုပ်ကြီးက မျှော်လင့်နေတာလား "

ဂုဒူရီ၏ စကားလုံးများက လှောင်ပြောင်လိုခြင်းနှင့် ရန်စခြင်းများဖြင့် ပြည့်နှက်နေလေသည်။

ဖုယန်၏ မျက်လုံးထဲ၌ ထက်ရှသည့်အလင်းတန်းတစ်ခု တောက်ပသွားပေသည်။

"မိသားစုခေါင်းဆောင် ဂုဒူက... ဒီကိစ္စအပေါ် စိုးရိမ်ပေးနေဖို့မလိုပါဘူး "

ကျောင်းမိသားစု ခေါင်းဆောင်ဘေးရှိ အရပ်ရှည်ရှည်နှင့် လူငယ်တစ်ယောက်သည် ရှေ့သို့ တက်လှမ်းလာလေပြီး မောက်မာဝံ့ကြွားစွာ ရန်စသည့်ဟန်ဖြင့် ရှောင်လုံကို တစ်ချက်ကြည့်လိုက်လေသည်။

"ဒီတော့မင်းက အဲဒီ့ ဟောင်ရှောင်လုံဆိုတာလား ... စကြာ၀ဠာမိခင် ယောင့်ချီရဲ့ တိုက်ပွဲစင်မြင့်ပေါ်မှာလည်း မင်းရဲ့ ဒဏ္ဍာရီလာ အရှုံးမရှိပြိုင်ဘက်ကင်းမှတ်တမ်းကို ထိန်းသိမ်းထားနိုင်ဖို့ ငါမျှော်လင့်ပါတယ်"

"တက္ကသိုလ်ကျောင်းအုပ်ကြီး ဖုယန်... ကျုပ်တို့ မွေးနေ့ပွဲမှာ ပြန်တွေ့ကြတာပေါ့ "

ကျောင်းဝူဟန်က ကြောက်မက်ဖွယ်ရယ်မောလိုက်ပြီးနောက် သူနှင့် ဂုဒူမိသားစုခေါင်းဆောင်တို့သည် သူတို့မိသားစုရှိ လူများနှင့်အတူ ပျံသန်းထွက်ခွာသွားကြလေသည်။

Continue Reading

You'll Also Like

157K 3.9K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
13K 291 15
An alternate Jason Uchiha timeline
107K 1.7K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥
59K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...