ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

756 - 760

183 14 0
By Azure5549

ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်

အပိုင်း ၇၅၆ ..... မင်းငါ့မျက်နှာကို ရိုက်ရဲတယ်ပေါ့

ဟောင်ဟုန်ထျန်းက သူ၏ဇာမဏီကိုးကောင် ကောင်းကင်မီးလက်ဝါး၏ အင်အားများကို ဘာမှ မကျန်တော့သည်အထိ ဝါးမျိုခံလိုက်ရသည်ကိုအား အရူးတစ်ယောက်နှယ် ကြည့်နေမိပြီး လွှတ်ခနဲ ရေရွတ်လိုက်မိသည်။

"အကုန်ဝါးမျိုခံလိုက်ပြီတဲ့လား "

ရှောင်လုံက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဟောင်ဟုန်ထျန်းကို ပုခုံးတွန့်ပြလိုက်သည်။

"ဟုတ်တယ်လေ "

ဟောင်ဟုန်ထျန်း၏ အကြည့်က ရှောင်လုံ၏ အပြုံးမျက်နှာပေါ်သို့ ကျရောက်သွားသည်။ဟောင်ဟုန်ထျန်း၏ မျက်နှာက စိမ်းဖန့်သွားလေပြီး သူ့ဇနီးသစ္စာဖောက်သည်ကို တွေ့ရှိသွားသည့် ယောက်ျား တစ်ယောက်ထက်ပင် ဒေါသထွက်နေပေသည်။

"မဟာနတ် ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ကို ဆန့်ကျင်ရန်စခြင်းအတွက်... ဘယ်လိုကံဆိုးမိုးမှောင် ကျသွားရတတ်သလဲဆိုတာကို ...မင်းသိအောင်  ငါမင်းရဲ့ စိတ်ဝိညာဥ်ပေါ်မှာ ထွင်းထုပေးလိုက်မယ် "

ဟောင်ဟုန်ထျန်းက အံကိုကြိတ်လိုက်ရင်း ထိုသို့ပြောလိုက်လေပြီး သူ့၏အေးစက်သည့်အသံက အရိုးများထဲထိပင်  စိမ့်၀င်ထိုးဖောက်သွားနိုင်ပေသည်။

ဇာမဏီကလန်၏ မဟာအကြီးအကဲများသည် အေးစက်တုန်ယင်သွားကြပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထသွားကြသည်။

ထို့နောက် ဟောင်ဟုန်ထျန်းသည် ဇာမဏီကလန်ဌာနချုပ်၏ အဓိကခန်းမဆောင် အပြင်ဘက်သို့လှစ်ကခနဲ ထွက်သွားလိုက်လေသည်။ရှောင်လုံသည်လည်း လိုက်ပါသွားပြီး ခန်းမထဲမှအလျင်အမြန် ပျောက်ကွယ်သွားကာ လေထုထဲတွင်ပေါ်လာလေသည်။

သူတို့ဘယ်နေရာ၌ တိုက်ခိုက်သည်ဖြစ်ပါစေ ရှောင်လုံ့အတွက်တူတူသာဖြစ်သည်။သို့သော်လည်း ကြည့်ရသည်မှာ ဟောင်ဟုန်ထျန်းသည် သူ့၏ဇာမဏီအသွင် သဏ္ဍန်ကိုပြောင်းလဲ ဖြစ်တော့မည့်ဟန်ရသည်။

မျှော်လင့်ထားသည့်အတိုင်းပင် တောက်ပသည့်မီးရောင်များက ပြန့်နှံ့လာပြီး ဟောင်ဟုန်ထျန်းကို လွှမ်းခြုံသွားသည်။သူ့၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားပြီးနောက် တခဏ၌ သူ့၏ခန္ဓာကိုယ်သည် ကျက်သရေရှိလှသော ခုနှစ်ရောင်ခြယ်မီးတောက်များဖြင့် ဖုံးလွှမ်းနေသည့် မီတာ ၃၃၀၀၀၀ရှည်လျားသည့် ဇာမဏီငှက်တစ်ကောင်အသွင် ပြောင်းလဲသွားလေသည်။

ခုနှစ်ရောင်ခြယ် မီးတောက်များသည် ပတ်ပတ်လည်ရှိ လေဟာနယ်ကို လှိုင်းတွန့်များ ထသွားစေသည်။

ဟောင်ဟုန်ထျန်း၏ ခန္ဓာကိုယ်ဆီမှ သန်မာအားကောင်းလှသော နတ်ဇာမဏီတစ်ကောင် ပျံသန်းထွက်ပေါ်လာသည်။ဟောင်ဟုန်ထျန်း သူ့၏ဇာမဏီငှက်အသွင် ပြောင်းလဲသွားသည်ကိုကြည့်ရင်း ရှောင်လုံသည် သူ့၏အနက်ရောင်နှင့်အပြာရောင် အမွှာနဂါးသိုင်းဝိညာဥ်ကို ဆင့်ခေါ်လိုက်ပြီး ဝိညာဥ်အသွင် ပြောင်းလဲလိုက်သည်။တချိန်ထဲမှာပင် အေးစက်သည့် နတ်ဆိုးချီသည် သူ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လည်ပတ်နေပေသည်။

အရင်ကကဲ့သို့ပင် အေးစက်စက်နတ်ဆိုးချီသည် အမှောင်မိုက်ဆုံးသော အနက်ရောင်ဖြစ်ပြီး အနီရောင် စွမ်းအင်အမျှင်တန်းတို့ ယှက်သန်းနေပေသည်။

အနက်နှင့်အနီ ..... အပူနှင့်အအေး...။

ဟောင်ဟုန်ထျန်း၏ မီးတောက်အကာအကွယ်နှင့် ရှောင်လုံ၏ ငရဲငှက်ဆိုးအကာအကွယ်တို့သည် ဆန့်ကျင်ဘက် ပန်းချီကားတစ်ချပ်အသွင် ဖြစ်တည်နေပေသည်။သို့သော်လည်း ဆန့်ကျင်ဘက် အင်အားနှစ်ခုအကြားရှိ ပဋိပက္ခသည် အရင်အကြိမ်ကထက်ပိုမိုပြင်းထန်လာပေသည်။

နဂါးအင်ပါယာအောင်းတိုင်ရီသည် ၀င်ရောက်စွတ်ဖက်ရန် ရည်ရွယ်ချက်မရှိသည့်ဟန်ဖြင့် အဝေး၌ရပ်နေပေသည်။သူက ရှောင်လုံ၏ လက်ရှိခွန်အားကို ယုံကြည်မှုရှိသောကြောင့် ဇာမဏီကလန်၏ ခေါင်းဆောင်ကိုအနိုင်ယူခြင်းသည် ပြဿနာရှိမည်မဟုတ်ပေ။

"ဇာမဏီပျံသန်းခြင်း "

ဟောင်ဟုန်ထျန်း၏ ထိုးဖောက်နိုင်စွမ်းရှိသောအသံသည် ကောင်းကင်ထက်သို့ ပဲ့တင်ထပ်သွားလေသည်။

ဟောင်ဟုန်ထျန်း၏ ဇာမဏီငှက်အသွင်သည် သူ့၏ကြီးမားလှသော အတောင်ကြီးများကို ဖျတ်ခတ်လိုက်ရင်း အရှေ့သို့ တိုးလာပေသည်။သူ့၏တောင်ပံများက ကြီးမားလှသောခုနှစ်ရောင်ခြယ် လေဓားချက်များကို ပြစ်လွှတ်လာကာ ရှောင်လုံ့ဆီသို့ တိုး၀င်သွားလေသည်။

ကြီးမားလှသော လေဓားချက်တစ်ခုခြင်းဆီတိုင်းသည် မီတာ၃၃၀၀၀၀အရှည်ရှိပြီး တစ်ခုထက်တစ်ခုပိုမိုရှည်လျားကာ ကြောက်မက်ဖွယ်ရာ ဇာမဏီမီးတောက်များဖြင့် တောက်လောင်နေပေသည်။

ဇာမဏီပျံသန်းခြင်းသည် နဂါးများ၏ နဂါးဟိန်းသံလှိုင်း တိုက်ခိုက်မှုကဲ့သို့ပင် ဇာမဏီများ၏ ပြိုင်ဘက်ကင်း မွေးရာပါ စွမ်းအင်ဖြစ်ပြီး ဇာမဏီကလန်၏ အားအကောင်းဆုံးတိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည်။

ဟောင်ဟုန်ထျန်းက ထိုစွမ်းရည်ဖြင့် မီးကမ္ဘာ၏အနက်ရှိုင်းဆုံးအပိုင်းရှိ တောင်တစ်လုံးကို အစိတ်စိတ်အမွှာမွှာပိုင်းဖြတ်ခဲ့ဖူးသည်။

သူ့ဆီသို့ ပျံသန်းလာနေသော လေဓားကြီးများကို ကြည့်ရင်း ရှောင်လုံ၏ မျက်လုံးသည် မှေးကျဥ်းသွားသော်ငြား ရှောင်ရှားခြင်း မပြုလိုက်ပေ။ထိုအစားရှေ့သို့သာ ပျံသန်းလိုက်လေသည်။သူ့၏လက်သီးများဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ကြီးမားလှသည့် ဇာမဏီဓားကြီးများဆီ တိုး၀င်သွားလေသည်။

အဝေး၌ရှိနေကြသော ဇာမဏီကလန်မဟာအကြီးအကဲများသည် ဤသည်ကိုကြည့်ရင်း အံ့သြမှင်သက်သွားကြသည်။သူတို့ ကလန်ခေါင်းဆောင်၏ ဇာမဏီပျံသန်းခြင်းကို လက်သီးများဖြင့် တန်ပြန်တိုက်ခိုက်လိုသည့်သူ တကယ်ပင်ရှိနေသည်လား။

ချက်ချင်းဆိုသလို အရာအားလုံးသည် ရယ်ချင်သဖွယ် ဖြစ်သွားပေသည်။

ထိုအချိန်၌ အစစ်အမှန်အင်မော်တယ်အဆီအနှစ်မီးတောက် အလွှာတစ်ခုသည် ရှောင်လုံ၏ လက်သီးပေါ်၌ ပေါ်လာလေပြီး ပထမဆုံးသော လေဓားကြီးနှင့် တိုက်မိသွားပေသည်။

ဝုန်းခနဲ နားအူမတတ် ဆူညံသံကြီးသည် ပဲ့တင်ထပ်သွားလေပြီး ဟောင်ဟုန်ထျန်း၏ လေဓားချက်ကြီးသည် ရှောင်လုံ၏ လက်သီးချက်များရှေ့တွင် ကွဲအက်သွားလေသည်။ရလဒ်ကို ကြည့်ရင်း ဖြစ်ပေါ်လာသည့် ဇာမဏီကလန် မဟာအကြီးအကဲများ၏ မျက်နှာအမူအရာကို ကြောက်ရွံ့မှုဆိုသည့် စကားလုံးဖြင့်ပင် ဖော်ပြနိုင်စွမ်းမရှိပေ။

တခဏအတွင်း ဒုတိယမြောက် လေဓားချက်ကြီးသည် ရှောင်လုံ၏ အနီးသို့ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ရောက်ရှိ လာပေသည်။ရှောင်လုံက လက်တစ်ဖက်မြောက်လိုက်ပြီး နောက်ထပ် လက်သီးတစ်ချက် ထိုးနှက်လိုက်ပေသည်။

ထို့နောက် တတိယမြောက် ၊စတုတ္ထမြောက် ...။

လေထုထဲတွင် ပေါက်ကွဲသံများ ဆက်တိုက်မြည်ဟီးသွားပြီး လေဓားချက်ကြီးများကို ရှောင်လုံက တစ်ခုပြီးတစ်ခုဖျတ်ဆီးပြစ်လိုက်လေသည်။

အဆုံး၌ ဇာမဏီပျံသန်းခြင်း၏ ကြီးမားလှသော လေဓားချက်ကြီးတစ်ရာကျော်သည် မှေးမှိန်ပျောက်ကွယ်သွားရပေသည်။

ဟောင်ဟုန်ထျန်း၏မျက်လုံးများက တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားရလေပြီး ရှောင်လုံ့ကို စိုက်ကြည့်လိုက်လေသည်။ထိုလူသား၏ ခန္ဓာကို
ယ်သည် ဤမျှအထိ သန်မာအားကောင်းရသည်လား သူက ကြမ်းတမ်းလှသည့်ရှေးဟောင်းသားရဲတစ်ကောင်၏ ခန္ဓာကိုယ်နှင့်ပင် ယှဥ်ပြိုင်နိုင်ပေသည်။

မဟုတ်ပေ။ဤသည်က ကြမ်းတမ်းလှသော ရှေးဟောင်းသားရဲတစ်တောင်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းပေသည်။

မဟာနတ်ဘုရားအဆင့် ၁ ရှေးဟောင်းသားရဲတစ်ကောင်သည်ပင် ရှောင်လုံ့ကဲ့သို့ ဇာမဏီပျံသန်းခြင်း နည်းစနစ်ကို ခန္ဓာကိုယ်အင်အားသက်သက်ဖြင့် ယှဥ်ပြိုင်နိုင်စွမ်းရှိမည်မဟုတ်ပေ။

ဟောင်ဟုန်ထျန်းက သူ့၏တုန်လှုပ်မှုကို အလျင်အမြန်ထိန်းချုပ်လိုက်ပြီးနောက် မျက်လုံးထဲတွင် လူသတ်လိုစိတ်များ အလျင်အမြန်မြင့်တတ်လာပေသည်။

"ဇာမဏီမီးတောက် မုန်တိုင်း"

သူ့နောက်ရှိ တောင်ပံများကို ဖြန့်ခတ်လိုက်ပြီးနောက် ဇာမဏီခန္ဓာကိုယ်သည် အမြန်ဆုံးနှုန်းဖြင့် လှည့်ပတ်သွားကာ မီးလျှံများဖြင့် ဖုံးလွှမ်းနေသည့် မီးမုန်တိုင်းကြီးတစ်ခုအဖြင့် ကြီးမားကျယ်ပြန့်လာပြီး ရှောင်လုံရှိရာဆီသို့ ရွေ့လျားသွားပေသည်။

မီးမုန်တိုင်းဆီမှ အင်အားများသည် ကောင်းကင်ထက်ရှိ တိမ်တိုက်ကိုးလွှာကိုပင် ပြန့်ကျဲသွားစေသည်။

ဤသည်ကို ကြည့်ရင်း ရှောင်လုံသည်လည်း ခန္ဓာကိုယ်ကိုလှည့်ပတ်လိုက်လေပြီး ရှေ့သို့ခုန်၀င်လိုက်လေသည်။သန်မာလာသော လေပြင်းများက သူ့၏ပတ်ပတ်လည်တွင် စုစည်းလာကြပြီး များပြားလှသော လေမုန်တိုင်းများအဖြစ် ပြောင်းလဲသွားလေသည်။

ဤသည်မှာ ရှောင်လုံ ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာထဲ၌ ကျိုးမိသားစု၏ ဌာနချုပ်နှင့် တပည့်များကို ဖျက်ဆီးသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော နဂါးလူးလွန့်တိမ်လွှာညွှန့်ပညာရပ်နှင့် အတူတူပင် ဖြစ်သည်။ထိုစဥ်က ရှောင်လုံသည် နတ်ဘုရားအဆင့်၈ သိုင်းပညာရှင် တစ်ယောက်သာဖြစ်ပြီး ယခုအခါတွင်မူ သူသည် နတ်ဘုရားအဆင့်၁၀ နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ့၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ထိုပညာရပ်သည် အဆတစ်ရာမက ပိုမိုသန်မာအားကောင်းသွားပေလိမ့်မည်။

နဂါးအုပ်စုသည် ကောင်းကင်ကို ထိုးဖောက်၀င်ရောက်ချင်သည့်နှယ် ဟိန်းဟောက်နေပေသည်။

နဂါးများ၏ ဟိန်းဟောက်သံများနှင့် ဇာမဏီအော်ညည်းသံများ ပြန့်လွင့်နေပေသည်။

မီးလျှံများက အလျှံတညီးညီးတောက်လောင်နေကြကာ လေဓားသွားများသည် တရွှီးရွှီးမြည်ဟီးနေကြပေသည်။

ကောင်းကင်ကြီးက ကမ္ဘာ၏ အဆုံးသတ်သို့ ရောက်ရှိတော့မည့်နှယ် မှောင်မိုက်သွားပြီး ကြောက်မတ်ဖွယ်ရာ တုန်ခါမှု လှိုင်းလုံးများသည်  မီတာငါးသန်းအထိရောက်ရှိသွားပေသည်။

ဇာမဏီကလန်၏ သိုင်းပညာရှင်များသည် ကြောက်လန့်မှုများဖြင့် ဆုတ်ခွာလိုက်ကြသည်။အနည်းငယ်နှေးကွေးသွားသည့် လူများမှာကား ကြောက်မတ်ဖွယ်ရာ တုန်လှုပ်မှုလှိုင်းများကြောင့် မရေမတွက်နိုင်သော အသားစများအဖြစ်သို့ လှီးဖြတ်ခံလိုက်ရသည်။

နဂါးလူးလွန့်တိမ်လွှာညွှန့်နှင့် ဇာမဏီမီးတောက်မုန်တိုင်းတို့ ထိပ်တိုက်ရင်ဆိုင်မိသွားပြီး ခဏကြာချိန်တွင် ဇာမဏီမီးတောက်မုန်တိုင်းသည် ရုတ်တရက် ပေါက်ကွဲသွားလေသည်။ဟောင်ဟုန်ထျန်းသည် လေနဂါးတို့၏ တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်ထွက်သွားပြီး အောက်ဘက်ရှိ တောင်ထိပ်တစ်လုံးနှင့် ၀င်တိုက်မိသွားသည်။တောင်တန်းက ကွဲအက်သွားကာ ကျောက်တုံးများနှင့် ကျောက်ဆောင်ကြီးများသည် လိမ့်ဆင်းသွားကြပြီး သဲမှုန်များမှာကား လေထဲ၌ တထောင်းထောင်းပြန့်နှံ့သွားကြပေသည်။

ဟောင်ဟုန်ထျန်း၏ ဇာမဏီခန္ဓာကိုယ်ပေါ်ရှိ ကျက်သရေရှိစွာလှပနေသော မီးလျှံများသည် မှိန်ဖျော့သွားကြလေပြီး သူ့ကလူသားအသွင်သို့ ပြန်လည်ရောက်ရှိသွားပေသည်။

နောက်ဆုံးတိုက်ခိုက်မှုတွင် ရှောင်လုံ၏အစစ်အမှန် အင်မော်တယ်အဆီအနှစ်မီးတောက်သည် ဟောင်ဟုန်ထျန်း၏ ဇာမဏီချီကို အကြီးအကျယ် ထိခိုက်သွားစေခဲ့သောကြောင့် သူက သူ့၏ဇာမဏီအသွင်ကို ဆက်လက်ထိန်းသိမ်းနိုင်စွမ်းမရှိတော့ခြင်းဖြစ်သည်။

"မင်း ..."

ဤတစ်ခေါက်တွင်တော့ ရှောင်လုံ့ကို ကြည့်လိုက်သည်နှင့် ဟောင်ဟုန်ထျန်း၏ အသိစိတ်ထဲ၌ ကြောက်ရွံ့မှုများ ပေါ်ထွက်လာပေသည်။

ယခုအခေါက်တွင် သူသည် ဇာမဏီမီးတောက်မုန်တိုင်းကို အသုံးပြုလိုက်စဥ် ခွန်အားပြည့်ထုတ်သုံးပြီး သူ့၏ နတ်ဘုရားအင်အားကိုပင် ထုတ်သုံးခဲ့သော်လည်း ရှုံးနှိမ့်ခဲ့ရသည်။သူက အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပေသည်။

"ငါမရှုံးဘူး ... လုံး၀မဖြစ်နိုင်ဘူး ... ငါကမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ပဲ ... ငါက နတ်ဘုရားသားရဲ ဇာမဏီတစ်ကောင်ပဲ ... ဘယ်လိုလုပ်ပြီး ငါကနတ်ဘုရားအဆင့်၁၀နောက်ပိုင်းအဆင့်လူသားတစ်ယောက်ကို ရှုံးနိမ်သွားရတာလဲ "

ဟောင်ဟုန်ထျန်းက အမှန်တရားကိုလက်မခံနိုင်ဘဲ အော်ဟစ်နေလေသည်။

သူသည်သာမက ဘာမဟုတ်သည့်နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်ကို ရှုံးနိမ့်သွားရသည့် မည်သည့်မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် မဆို ထိုသို့ ခံစားရမည်သာဖြစ်သည်။

ရှောင်လုံက ဂရုမစိုက်ပေ။မျက်တောင်တစ်ခတ်အတွင်း သူက ဟောင်ဟုန်ထျန်း၏ အရှေ့သို့ ရောက်ရှိသွားသည်။ စကားတစ်ခွန်းမှမဆိုဘဲ ရှောင်လုံ၏ လက်သီးက ဟောင်ဟုန်ထျန်း၏ ဘယ်ဘက်ပါးပြင်ကို ထိုးနှက်လိုက်လေသည်။

ကြောက်မက်ဖွယ်ရာအော်သံကြီးက လေထုထဲတွင် တုန်ဟီးသွားလေပြီး ဟောင်ဟုန်ထျန်းသည် လေထဲ၌ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။သူမြေပေါ်ပြုတ်ကျသွားချိန်တွင် သူ့မျက်နှာ၏ ဘယ်ဘက်ခြမ်းသည် ၀က်တစ်ကောင်၏ မျက်နှာကဲ့သို့ နီရဲဖောင်းကားနေလေပြီး ဇာမဏီတစ်ကောင်နှင့် လုံး၀မတူတော့ကြောင်း လူတိုင်းမြင်နိုင်ပေသည်။

"မင်း ငါ့မျက်နှာကို ရိုက်ရဲတယ်ပေါ့"

ဟောင်ဟုန်ထျန်းက သူ့၏ လောင်ကျွမ်းမှုနီးပါးပူလောင်နေသော ပါးပြင်ကို ကိုင်လိုက်မိသည်။သူ့၏ မျက်လုံးများက ဒေါသများ မယုံကြည်နိုင်မှုများ အမုန်းတရားများဖြင့် ပြည့်နှက်နေလေပြီး ရှောင်လုံကို စိုက်ကြည့်နေလေသည်။သို့သော်လည်း သူ့၏ ဖောင်းကားနေသော မျက်နှာကြောင့် သူ့၏ စကားလုံးများသည် ဗလုံးဗထွေး ဖြစ်နေပေသည်။

ဤသည်ကို ကြားလိုက်သည်နှင့် ရှောင်လုံက ဟောင်ဟုန်ထျန်းရှေ့သို့ ဖြတ်ခနဲ ရောက်ရှိသွားပြီး သူ့၏ ဘယ်ဘက်ပါးပြင်ပေါ်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။

ထို့နောက် ဇာမဏီကလန်ခေါင်းဆောင်သည် လေထဲသို့ ထပ်မံလွင့်ပျံသွားလေသည်။

ဇာမဏီကလန်သားများသည် သူတို့ကခန်ခေါင်းဆောင် ထိုကဲ့သို့ ဆက်ဆံခံနေရသည်ကို ကြည့်ရင်း ဒေါသထွက်သွားကြပြီး ပြေး၀င်သွားလိုက်ကြသည်။

ရှောင်လုံက သူ့၏ လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်သည်နှင့် ပိုးစာပင်ဓားက ထွက်ပေါ်လာလေသည်။မြောက်များစွာသော ဓားချီတန်းများ ထွက်ပေါ်လာပြီး ဇာမဏီကလန်၏ မဟာအကြီးအကဲများနှင့် အကြီးအကဲများကို ဒဏ်ရာရသွားစေသည်။

"ဘယ်မိသားစုရဲ့ တပည့်က ငါ့ရဲ့ ဇာမဏီကလန်ကို လာတိုက်ခိုက်ရဲရတာလဲ "

ကျက်သရေရှိလှသော ဒေါသသံက ပေါ်ထွက်လာပြီး အဆုံးအစမဲ့ ဒီရေလှိုင်းကဲ့သို့ မီးတောက်များသည် ရှောင်လုံရှိရာဆီသို့ ရိုက်ခတ်၀င်ရောက်လာသည်။

ရှောင်လုံက တစ်ခဏမျှကြောင်အသွားသော်လည်း သူက လေဟာနယ်ဖုံးကွယ်ခြင်းနှင့် တစ္ဆေအရိပ်စွမ်းအင်ကို တစ်ချိန်ထဲ အသက်သွင်းလိုက်ပြီး သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

ထိုဒေါသထွက်နေသော အသံကို ကြားလိုက်ချိန်တွင် ဟောင်ဟုန်ထျန်းနှင့် ဇာမဏီကလန်သားများ၏ မျက်နှာထက်၌ ပျော်ရွှင်မှုများ ပေါ်ထွက်လာပေသည်။

ရှောင်လုံက အမူအရာမဲ့စွာရှိဆဲဖြစ်သည်။

'ကြည့်ရတာ ဇာမဏီကလန်ရဲ့ဘိုးဘေးရောက်လာပြီထင်တယ်'

.....

ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်

အပိုင်း ၇၅၇ ဇာမဏီကလန်၏ အညံ့ခံခြင်း

လေဟာနယ်ထဲမှ ကြီးမားလှသော တွင်းနက်ကြီးတစ်ခုပေါ်ထွက်လာပြီး ၎င်းဆီမှ ထက်ရှသော ခြေသည်းကုတ်ချက်နှစ်ခု ထွက်ပေါ်လာလေသည်။ကုတ်ချက်များသည် နေရောင်အောက်တွင် အန္တရာယ်ရှိစွာ တောက်ပနေပြီး ပတ်ပတ်လည်၌ရွှေရောင်မီးတောက်များ လှည့်ပတ်နေပေသည်။

သေစေနိုင်သော လက်သည်းချက်များသည် ခုနှစ်ရောင်ခြယ် ဇာမဏီတစ်ကောင်မှဖြစ်ပြီး ဟောင်ဟုန်ထျန်း၏ ဇာမဏီတစ်ကောင်ထက် နှစ်ဆကြီးမားလှပြီး အနက်ရောင်တွင်းနက်ထဲမှ ထွက်ပေါ်လာသည်။၎င်း၏ ခုနှစ်ရောင်ခြယ် အမွှေးအတောင်များသည် ရင်သက်ရှုမောဖွယ်ရာဖြစ်ပြီး ထို့ပြင် ဇာမဏီမီးတောင်များသည် ပိုမိုတောက်ပထင်ရှားပေသည်။

ဤသည်မှာကား ဇာမဏီကလန်၏ ဘိုးဘေးဟောင်ရီရှောင်းဖြစ်သည်။

သူက မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် သိုင်းပညာရှင်ဖြစ်သည်။အတိအကျဆိုရသော် ဟောင်ရီရှောင်း၏ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်း အထွတ်အထိပ်အဆင့်နှင့် နီးကပ်နေပေသည်။

ရှောင်လုံနှင့် ဟောင်ဟုန်ထျန်းတို့၏ တိုက်ပွဲဆီမှ တုန်လှုပ်မှု အားများသည် နက်ရှိုင်းလှသည့် ဟင်းလင်းပြင်ထဲမှ တံခါးပိတ်ကျင့်ကြံနေသော ဟောင်ရီရှောင်းကို သတိပေးမိသလိုသည်။

ဟောင်ရီရှောင်းပေါ်ထွက်လာချိန်တွင် ရွှေနီလာရောင်မီးတောက်များသည် သူ့၏ မျက်လုံးသူငယ်ထဲ၌ ကခုန်နေပေသည်။သူက မြေပြင်ပေါ်၌ ၀မ်းနည်းဖွယ်ရာ အခြေအနေနှင့် လှဲလျောင်းနေရသော ဟောင်ဟုန်ထျန်းနှင့် ဇာမဏီကလန်သားအုပ်စုကို မြင်လိုက်ရလေသည်။ဟောင်ရီရှောင်း၏ နှလုံးသားထဲ၌ဒေါသများ ပေါ်ထွက်လာပြီး သူ့၏အကြည့်တို့သည် အေးစက်ကာ လူသတ်လိုစိတ်သည်  မိုးသို့တိုင် မြင့်တက်သွားသည်။

သူ့၏နတ်ဘုရားအာရုံက အရူးအမူး ကျယ်ပြန့်လာပြီး အဆုံးအစမဲ့နေဟန်ရသည်။

"ကောင်စုတ်လေး ... ဒူးထောက်ပြီးတော့ နာနာခံခံနဲ့ သေခြင်းတရားကို လက်ခံလိုက်ပါ ... ဒါမှ မဟုတ်ရင် ငါ့ရဲ့ ဇာမဏီမီးတောက်နဲ့ ရက်တစ်ရာကြာတဲ့အထိ လောင်ကျွမ်းနေရပြီးတော့ နှိပ်စက်ခံရပြီးတော့ သေမလား"

ဟောင်ရီရှောင်း၏ သတ်ဖြတ်လိုသည့်အကြည့်က ရှောင်လုံ့ထံသို့ ရောက်ရှိလာသည်။

သူ့အသံထွက်ပေါ်လာသည်နှင့် သူ့မမျှော်လင့်ထားသော နဂါးဟိန်းသံက သူတို့၏ နားထဲ၌ ပဲ့တင်ထက်သွားလေသည်။

ဟောင်ရီရှောင်းက အံ့အားသင့်သွားလေသည်။သူ့ခေါင်းကို လှည့်လိုက်ချိန်တွင် သူ့ဆီသို့ဦးတည်လာသော ကြီးမားလှသည့် ရွှေရောင်နဂါး၏ လက်သည်းကုတ်ချက်တစ်ခုကို မြင်လိုက်ရလေသည်။

ချက်ချင်းဆိုသလို ဟောင်ရီရှောင်းသည် သူ့၏ ကြီးမားလှသော လက်သည်းများအား မြှောက်ကာ ကာကွယ်လိုက်လေသည်။

ဝုန်း ...။

ကောင်းကင်က တုန်ခါသွားပြီး ဇာမဏီမီးတောက်များသည် မိုးကြိုးမုန်တိုင်းကြားက မိုးစက်များနှယ် ပြန့်ကြဲသွားလေသည်။

ဟောင်ဟုန်ထျန်းနှင် ဇာမဏီကလန်သားများ၏ ပါးစပ်အဟောင်းသားဖြစ်နေသော မျက်နှာများရှေ့တွင် ဟောင်ရီရှောင်းသည် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီး သူ့၏ ကြီးမားလှသော ခန္ဓာကိုယ်အစိတ်အပိုင်းများသည် မြေပြင်နှင့် ရိုက်ခတ်သွားပေသည်။

မြေပြင်ပေါ်တွင် နက်ရှိုင်းလှသော အက်ကြောင်းရာများ ပေါ်ထွက်လာကာ တောင်တန်းများသည် ပြား ချပ်သွားပြီး ကောင်းကင်ဆီသို့ ကျောပေးထားကာ ကြီးမားလှသော ဇာမဏီတစ်ကောင်သာ ကျန်ရှိနေပေသည်။

ဟောင်ဟုန်ထျန်းနှင့် ဇာမဏီကလန်၏ မဟာအကြီးအကဲများသည် ဟောင်ရီရှောင်း၏ ငေါ့ထွက်နေသော နောက်ကျောပြင်ကိုကြောင်အစွာ စိုက်ကြည့်လိုက်မိကြသည်။နှစ်သောင်းပေါင်းများစွာအတွင်း သူတို့ဘိုးဘေး၏နောက်ကျောတွင် သွေးကွက်တစ်ခုရှိသည်ကို ပထမဆုံးအကြိမ် သတိထားမိသွားကြသည်။

အချိန်အတော်ကြာပြီးနောက် ဟောင်ရီရှောင်းသည် မြေပြင်ဆီမှ ကြိုးစားပျံသန်းလိုက်ပြီး သူ့၏ ဇာမဏီအမွှေးအတောင်များသည် တောက်ပမှုများအား ဆုံးရှုံးသွားရကာ မှေးမှိန်၍ အသက်မဲ့နေပေသည်။သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မီးတောက်များဆိုလျှင် အားနည်းစွာ ပေါ်လိုက်ပျောက်ဖြစ်နေပြီး အလုံးစုံ ကွယ်ပျောက်သွားတော့မည့်ဟန် ရသည်။

ရှောင်လုံ့အား ရွေးခြယ်မှု နှစ်ခု ပေးခဲ့စဥ်က ပြသခဲ့သော ဂုဏ်သိက္ခာရှိသည့် ဟောင်ရီရှောင်းသည် ပျောက်ကွယ်သွားပြီး ကြောက်ရွံ့ကာ အံ့အားသင့်နေသည့် ဟောင်ရီရှောင်း ဖြစ်သွားလေသည်။သူက နဂါးအင်ပါယာအောင်းတိုင်ရီကို ကြည့်လိုက်ရင်း အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်လေသည်။

"မင်း ... မင်းက မဟာနတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်ဘဲ "

ဟောင်ဟုန်ထျန်းနှင့် ဇာမဏီကလန်သားများသည် တုန်လှုပ်မှုကို ခံစားလိုက်ကြရပြီး ကြောက်ရွံ့မှုများ ပြည့်နှက်နေသော အကြည့်များဖြင့် နဂါးအင်ပါယာ အောင်းတိုင်ရီကို ကြည့်လိုက်လေသည်။ရှောင်လုံ၏ ဘေးရှိ သက်လတ်ပိုင်း လူကြီးသည် မဟာနတ်ဘုရားအဆင့် ၂ဖြစ်သော ရှေးဟောင်းနဂါးကလန်၏ သိုင်းပညာရှင် ဖြစ်နေပေသည်။

ထို့အပြင် သူက နဂါးကလန်၏ ထိပ်တန်းနေရာ၌ရှိသော လက်သည်းငါးခု ရွှေရောင်နဂါးဖြစ်ပေသည်။နဂါးအင်ပါယာ အောင်းတိုင်ရီ၏ အားကောင်းလှသော လက်သည်းချက်က ထပ်မံရောက်ရှိလာပြီး ပြန်လည်ထလာရုံမျှသာရှိသေးသော ဟောင်ရီရှောင်းကို ရိုက်ချလိုက်သည်မို့ မြေပြင်ပေါ်သို့ နောက်တစ်ကြိမ်ရောက်ရှိသွားပြန်သည်။ဤတစ်ခေါက်တွင် နဂါးအင်ပါယာအောင်းတိုင်ရီ၏ လက်သည်းများသည် ဟောင်ရီရှောင်း၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်လေသည်။သူ့၏ အေးစက်စက်အသံက ထွက်ပေါ်လာပေသည်။

"ဒူးထောက်ပြီးတော့ အသေခံမလား ...ကြည့်ရတာ မင်းမှာ ဒီလိုအရည်အချင်းမျိုးရှိ ပုံမရဘူး "

ဟောင်းရီရှောင်းက နဂါးအင်ပါယာအောင်းတိုင်ရီ၏ လက်သည်းဆီမှ လွတ်မြောက်ရန် အသဲအသန်ကြိုးစားသော်လည်း မလွတ်မြောက်နိုင် ဖြစ်နေပေသည်။နဂါးချီက ဟောင်ရီရှောင်းကို ဖိနှိပ်ထားလေသည်။

"မင်း ...မင်းက ရှေးဟောင်းနဂါးတစ်ကောင်ဖြစ်ပြီးတော့ ရှေးဟောင်း နဂါးကလန်ရဲ့ တော်၀င်မျိုးနွယ်ပဲ ... ဘာလို့လဲ ...မင်းကဘာလို့ မင်းရဲ့တော်၀င်မြင့်မြတ်မှုကို ဘာမဟုတ်တဲ့ လူသားတစ်ယောက်အတွက် ဘာလို့များ နှိမ့်ချပစ်ရတာလဲ "

ဟောင်ရီရှောင်းက စိတ်ဓာတ်ကျစွာ အော်ဟစ်လိုက်လေသည်။

သူက ဤကဲ့သို့သော အဆုံးအဖြတ်မျိုးကို လက်ခံလိုက်ရန် ဆန္ဒမရှိပေ။ဂုဏ်ယူရသော ရှေးဟောင်းနဂါးကလန်၏ တော်၀င်မျိုးနွယ်ဖြစ်သော နဂါးအင်ပါယာအောင်းတိုင်ရီက လူသားတစ်ယောက်၏ ဘေးတွင် ရှိနေသည်က သူ့ကို ပို၍ပင် စိတ်ရှုပ်ထွေးသွားစေသည်။ထိုမျှသာမက လူသားကောင်လေးသည် ဘာမဟုတ်သည့် နတ်ဘုရားအဆင့်၁၀ နောက်ပိုင်းအဆင့် ပုရွတ်ဆိတ်တစ်ကောင်သာ ဖြစ်သည်။

ဟောင်ရီရှောင်း၏ မေးခွန်းကို ကြားလိုက်ချိန်တွင် နဂါးအင်ပါယာအောင်းတိုင်ရီက  ချက်ချင်းဒေါသထွက်သွားလေသည်။

"ဘာလို့လဲ ဟုတ်လား ... ဘာလို့လဲဆိုတော့ သူကငါ့ရဲ့ သူငယ်ချင်း၊ ငါ့ရဲ့ကယ်တင်ရှင်...ငါ့ကို ကယ်တင်ခဲ့တဲ့သူ ဖြစ်နေလို့ပဲ "

ဤတွင် အခြားသော အရေးကြီးသည့် အကြောင်းလဲ ရှိနေသေးပေသည်။ ထိုအချက်မှာကား ရှောင်လုံ၏ အရည်အချင်းသည် ရာပေါင်းထောင်ပေါင်းများစွာသော ကြယ်စင်စုများကို အံ့သြမှင်သက် သွားစေနိုင်ပြီး အနာဂတ်၌ အလွန်တရာမြင့်သော အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။

ရှောင်လုံ့ဘေး၌ ရပ်နေနိုင်စွမ်းရှိသည့် နဂါးအင်ပါယာအောင်းတိုင်ရီအတွက်မူ ဤသည်မှာ ကောင်းကင်ဆီမှ ပေးပို့လာသည့် အခွင်းအရေးတစ်ခုဖြစ်သည်။

ခဏကြာပြီးနောက် ရှောင်လုံသည် နဂါးအိုကြီးနှင့် ဟောင်ရီရှောင်းဆီသို့ ချက်ချင်းရောက်ရှိသွား ပြီး သူ့၏ အသံက အေးစက်ကာ ခံစားချက် ကင်းမဲ့နေလေသည်။

"ခင်ဗျားအတွက် ရွေးချယ်စရာရှိတယ် ... ဒီနေ့ ခင်ဗျားရဲ့ ဇာမဏီကလန်တစ်ခုလုံး ကျုပ်ကို အညံ့ခံမလား... ဒါမှမဟုတ် သေမလား "

"မင်းကို အညံ့ခံရမယ် .... ဟုတ်လား "

ဇာမဏီကလန်ဘိုးဘေး ဟောင်ရီရှောင်းက  အရူးသွပ်ဆုံးဟာသတစ်ခုကို ကြားလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။

"ဘယ်လိုဟာသမျိုးလဲ ... ဘာမဟုတ်တဲ့ နတ်ဘုရားအဆင့် လူသားတစ်ယောက်ကများ မင်းမှာ ဘာအရည်အချင်းရှိလို့ ငါတို့ ဇာမဏီကလန်တစ်ခုလုံးကို မင်းဆီအညံ့ခံစေချင်နေရတာလဲ ... ဟင်္သာပြဒါးငှက်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးတောင်မှ အဲလိုအရည်အချင်းမရှိဘူး ... ကောင်စုတ်လေး မင်းငါ့လက်ထဲကို ရောက်လာခဲ့မယ်ဆိုရင် ... မင်းကိုယ်မင်း ဘယ်တော့မှ မမွေးဖွားလာပါစေနဲ့လို့ ဆုတောင်းသွားရတဲ့အထိ ငါလုပ်ပေးလိုက်မယ် "

ဇာမဏီကလန်၏ ဘိုးဘေးက လိမ်ညာပြောဆိုနေခြင်းမဟုတ်ပေ။ဟင်္သာပြဒါးငှက်တက္ကသိုလ်၏ အရေးအကြီးဆုံးလူဖြစ်သော ဟင်္သာပြဒါးငှက် တက္ကသိုလ်ကျောင်းအုပ်ကြီးသည်ပင် သူတို့ဇာမဏီကလန်အား အညံ့ခံခိုင်းရန် အရည်အချင်းမရှိပေ။

နဂါးအင်ပါယာအောင်းတိုင်ရီက သူ့ခေါင်းကို ခါယမ်းလိုက်လေသည်။ဇာမဏီကလန်၏ ဘိုးဘေးသည် ရူးနေဟန်ရသည် ရှောင်လုံ့ကိုပင် ဟင်္သာပြဒါးငှက်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် နှိုင်းယှဥ်နေပေသည်။ ထို့အပြင် သူ့၏ လေသံက ရှောင်လုံသည် ထိုဟင်္သာပြဒါးငှက် တက္ကသိုလ် ကျောင်းအုပ်ကြီးထက် အဆပေါင်းများစွာ ဆိုးရွားနေသည့်ပုံ ပေါက်သွားစေသည်။

ရှောင်လုံက နဂါးအင်ပါယာအောင်းတိုင်ရီကို အကြည့်တစ်ချက်ပေးလိုက်သည်။

ရှောင်လုံ၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်မို့ သူက အချိန်ဆွဲမနေတော့ပေ။သူက ပါးစပ်ဟလိုက်ပြီး ဇာမဏီကလန်ဘိုးဘေးအပေါ်သို့ နဂါးမီးလျှံများ ထွေးထုတ်လိုက်လေသည်။

ဇာမဏီကလန်ဘိုးဘေးက အလွန်အမင်းနာကျင်ခံစားသွားရပြီး အော်ဟစ်လိုက်လေသည်။

အဝေးမှ ကြည့်နေကြသည့် ဟောင်ဟုန်ထျန်းနှင့် မဟာအကြီးအကဲများသည် ဖြူဖျော့သွားရလေသည်။

"ခွေးကောင်... ငါမင်းကို ငါ့လက်နှစ်ဖက်နဲ့ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပြစ်မယ်ကွ "

ဇာမဏီကလန်ဘိုးဘေးက အော်ဟစ်ကျိန်ဆဲနေလေပြီး ရှောင်လုံ့ကို အမုန်းတရားများဖြင့် ခြိမ်းခြောက်လာလေသည်။သူ့၏ ခန္ဓာကိုယ်ပေါ်၌ အရောင်စုံ အလင်းတန်းများနှင့် မီးတောက်များ တောက်ပလာပြီး လွတ်မြောက်ရန် အသဲအသန် ကြိုးစားနေလေသည်။

ဟောင်ရီရှောင်း၏ ရည်ရွယ်ချက်ကို သိမြင်လိုက်သည်မို့ နဂါးအင်ပါယာအောင်းတိုင်ရီက အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။သူကသူ့၏ လက်သည်းများကို အင်အားနှစ်ဆတိုးလိုက်ပြီး ဟောင်ရီရှောင်း၏ ခန္ဓာကိုယ်အား မြေကြီးထဲသို့ ပိုမိုနစ်၀င်သွားသည် အထိ ဖိချလိုက်လေသည်။နဂါးမီးလျှံများက သန်မာအားကောင်းနေလေပြီး ဟောင်ရီရှောင်း၌ ထပ်မံအော်ဟစ်ရာ မည်သည့် ခွန်အားမှ မကျန်ရှိတော့ပေ။

နာရီ၀က်ကုန်ဆုံးသွားသည်။ထို့နောက် တစ်နာရီ ... နှစ်နာရီ ... ငါးနာရီ ကြာမြင့်သွားပေသည်။

အချိန်များ ကုန်ဆုံးသွားလေပြီး ဇာမဏီကလန်ဘိုးဘေး၏ အော်ဟစ်ဆဲဆိုသံများသည် တဖြည်းဖြည်းချင်း ပြောင်းလဲသွားလေပြီး ကြောက်ရွံ့မှုများနှင့် ပြေပြေလည်လည် ညှိနှိုင်းရန် ပြောဆိုသံများ ထွက်ပေါ်လာလေသည်။အဆုံး၌ ညှာတာပေးရန် အော်ဟစ်ပြောဆိုသံများကိုပါ ကြားရပေတော့သည်။

ဟောင်ရီရှောင်း အညံ့ခံပြီးနောက် ဟောင်ဟုန်ထျန်းနှင့် ကျန်သည့် ဇာမဏီကလန်သားများသည်လည်း အညံ့ခံလိုက်ကြသည်။

ဟောင်ရီရှောင်း၊ ဟောင်ဟုန်ထျန်းနှင့် မဟာအကြီးအကဲများ၏ စိတိဝိညာဥ်ပင်လယ်များကို ရှောင်လုံ၏ စိတ်ဝိညာဥ်အမှတ်အသားအဖြစ် တံဆိပ်ခတ်နှိပ်လိုက်လေသည်။ကျန်သည့် အကြီးအကဲများနှင့် အခြားသူများကိုမူ ရှောင်လုံက လျစ်လျူရှုလိုက်သည်။

ဟောင်ရီရှောင်း၊ ဟောင်ဟုန်ထျန်းနှင့် မဟာအကြီးအကဲအုပ်စုကို သူ့၏ ထိန်းချုပ်မှုအောက်၌ ထားရှိပြီးသွားသည်နှင့် မီးကမ္ဘာ၏ ဇာမဏီကလန်တစ်ခုလုံးကို သူ့လက်ဝါးထဲ၌ ဆုပ်ကိုင်ထားရန် လုံလောက်ပေသည်။

ဤသည်များအားလုံး ပြီးစီးသွားချိန်တွင် သူက ဒဏ်ရာကုသရန်အတွက် လူတိုင်းကို နွေးဦးဆောင်းဦးအသက်ရာချီနတ်ဆေးလုံးတစ်လုံးစီပေးလိုက်လေသည်။

သူအမှတ်တမဲ့ ထုတ်ယူလိုက်သည့် နွေဦးဆောင်းဦးအသက်ရာချီဆေးလုံးပုလင်းကိုကြည့်ရင်း ဇာမဏီကလန်ဘိုးဘေးနှင့်လူတိုင်းသည် ရှောင်လုံ့ကို အံ့သြမှင်သက်စွာ ကြည့်လိုက်လေသည်။

နွေဦးဆောင်းဦးအသက်ရာချီ နတ်ဆေးလုံးကဲ့သို့သော ကုသခြင်းဆေးလုံးများသည် ဟင်္သာပြဒါးငှက် တက္ကသိုလ်ကျောင်းအုပ်ကြီးသည်ပင် တစ်ကြိမ်ထဲဖြင့် ဆေးလုံးရာချီ ထုတ်ပေးနိုင်သည့် အရာမျိုးမဟုတ်ပေ။

ဟောင်ရီရှောင်း၊ဟောင်ဟုန်ထျန်းနှင့် အခြားသူများ ဒဏ်ရာကုပြီးသွားချိန်တွင် ရှောင်လုံသည် ဇာမဏီကလန်တစ်ခုလုံးကို ဇာမဏီမီးတောင်ဆီမှ ခေါ်ထုတ်လာခဲ့သည်။အပြင်ဘက်၌စောင့်ဆိုင်းနေသော မိစ္ဆာသားရဲအုပ်စုနှင့် ပူးပေါင်းလိုက်ပြီး မီးတိမ်တိုက်တောင်တန်းဆီသို့ ဦးတည်လိုက်လေသည်။

ရှောင်လုံ၏ လက်ရှိ ခွန်အားနှင့်အတူ နဂါးအင်ပါယာအောင်းတိုင်ရီ၊ဇာမဏီကလန်ဘိုးဘေးနှင့် ဟောင်ဟုန်ထျန်းကိုပါ ပေါင်းထည့်လိုက်မည်ဆိုလျှင် မီးတိမ်တိုက်တောင်တန်း၏ ကြမ်းတမ်းရက်စက်သော မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်ကို ထိန်းချုပ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

သူ့၏ အင်အားထဲ၌ မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်ကိုပါ ပေါင်းထည့်လိုက်ပါက မိုးပြာရောင်နဂါးတက္ကသိုလ်၊ကျင်းမိသားစု၊ဂုဒူမိသားစု၊၀မ်မိသားစုနှင့် ကျမ်းမိသားစုတို့ သူ့၏ ဘ၀ကို ပျက်စီးစေရန် လျို့ဝှက်ကြံစည်လာလျှင်ပင် ရှောင်လုံသည် အရင်ကလောက် စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။

သိပ်မကြာမီ ရှောင်လုံတို့ အုပ်စုသည် မီးတိမ်တိုက်တောင်တန်းသို့ ရောက်ရှိသွားသည်။

မီးတိမ်တိုက်တောင်တန်းသို့ ရောက်ရှိသွားသည်နှင့် ရှောင်လုံနှင့် နဂါးအင်ပါယာအောင်းတိုင်ရီတို့သည် အချိန်ဖြန်းမနေဘဲ တောင်ထိပ်ဆီသို့ ချက်ချင်းဦးတည်လိုက်ကြသည်။သူတို့သွားသည့်နေရာမှာကား မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်တို့ ကျင့်ကြံနေကြသည့် နေရာသို့ ဖြစ်သည်။

ကျန်သည့် ဇာမဏီကလန်သားများနှင့် ဦးချိုမီးတောက် ခြင်္သေ့၏မိစ္ဆာသားရဲအုပ်စုမှာမူ မီးတိမ်တိုက်တောင်တန်း၏ နယ်နိမိတ်ကို စောင့်ကြည့်ပြီး မည်သည့်မိစ္ဆာသားရဲကိုမှ လွတ်မြောက်ခွင့် မပြုရန် ညွှန်ကြားခံထားရပေသည်။

.....

ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်

အပိုင်း ၇၅၈ .....ဘီလီယံခြောက်ရာ

ရှောင်လုံ၊နဂါးအင်ပါယာ အောင်းတိုင်ရီ၊ဇာမဏီကလန်ဘိုးဘေးနှင့် ဟောင်ဟုန်ထျန်းတို့ မီးတိမ်တိုက်တောင်တန်း၏ တောင်ထိပ်သို့ ရောက်ရှိသွားချိန်တွငိ မီးလျှံရွှေလက်သည်း မဟာခွန်ပန် သုံးကောင်တို့ ကျင့်ကြံရာနေရာ၌ အဟန့်အတားတစ်ခု ရှိနေပေသည်။

မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်တို့၏ ကျင့်ကြံမှုကို စောင့်ကြပ်ပေးနေသည့်သူများမှာ ရှေးဟောင်းချပ်၀တ်နဂါးလိပ်လေးကောင်ဖြစ်သည်။

ချပ်၀တ်နဂါးလိပ်များသည် နဂါးကလန်၏ သွေးမျိုးဆက်များ ဖြစ်သည်။ရှေးခေတ်အခါက သူ့တို့၏ ခုခံကာကွယ်မှုစွမ်းရည်သည် အခြားသားရဲများကြားတွင် ထိပ်တန်းစာရင်း၀င်ပေသည်။

ကျင့်ကြံနေသည့်နေရာကို စောင့်ကြပ်နေသော ချပ်၀တ်နဂါးလိပ်လေးကောင်သည် နတ်ဘုရားအဆင့်၁၀နောက်ပိုင်း အထွတ်အထိပ်အဆင့်များဖြစ်သည်။

သို့သော် နတ်ဘုရားအဆင့်၁၀နောက်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော ချပ်၀တ်နဂါးလိပ်လေးကောင်သည် ရှောင်လုံနှင့် အခြားသုံးယောက်ကို မည်သည့်အန္တရာယ်မှ ပေးလာနိုင်စွမ်းမရှိပေ။သူတို့လေးကောင်သည် အလွယ်တကူရှုံးနိမ့်သွားရပေသည်။

သို့သော်လည်း တိုက်ပွဲဆီမှ စွမ်းအင်လှိုင်းများကမီးလျှံရွှေလက်သည်း မဟာခွန်ပန်များကို နိုးကြားသွားစေသည်။သူတို့၏ ကျင့်ကြံခြင်း ဂူထဲ၌ မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်သည် မျက်လုံးများဖွင့်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အပြင်သို့ ပျံသန်းလိုက်ကြသည်။

ပူလောင်တောက်ပသော မီးလျှံလှိုင်းများသည် လေထုထဲတွင် တလိပ်လိပ် ထကြွလာပေသည်။

မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်တို့ သူတို့၏ ကျင့်ကြံရာနေရာမှ ပျံသန်းထွက်ပေါ်လာသည့် အခိုက်တွင် ရှောင်လုံတို့ အုပ်စုက ချပ်၀တ်နဂါးလိပ်များကို အနိုင်ယူလိုက်ခြင်းအား ချက်ချင်းမြင်လိုက်ကြရသည်။သူတို့၏ ထက်ရှသောအကြည့်များက တဖက်အုပ်စုအပေါ် ကျရောက်သွားသည်။

မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်ထဲမှ တစ်ကောင်က ဇာမဏီကလန်ဘိုးဘေးကို ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။

"ငါတို့ ညီအကိုသုံးယောက်နဲ့ မင်းတို့ဇာမဏီကလန်က အမြဲတမ်း ကိုယ့်အကန့်နဲ့ကို နေပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှ ၀င်ရောက်မစွတ်ဖက်ခဲ့ဖူးဘူး... ဇာမဏီကလန်ဘိုးဘေး... ဒီနေ့မင်းက ဒီနေရာကို အပြင်လူတွေ ခေါ်လာပြီးတော့ ငါ့ရဲ့နောက်လိုက်တွေကို ဒဏ်ရာရအောင်လုပ်တယ်... ဒါဘာသဘောလဲ "

"ကြည့်ရတာ ငါတို့ညီအကိုသုံးယောက်က အကြာကြီးငြိမ်ငြိမ်လေး နေပေးခဲ့လို့ ... မင်းတို့ဇာမဏီကလန်က ငါတို့ညီအကိုသုံးယောက်ကို လုပ်ချင်တိုင်းလုပ်လို့ရမယ်လို့ ထင်နေကြတာပဲ ဖြစ်ရမယ်"

သတ်ဖြတ်လိုသည့် အော်ရာများဖုံးလွမ်းနေသော အခြားမီးလျှံရွှေလက်သည်း မဟာခွန်ပန်က ပြောလိုက်လေသည်။

ဇာမဏီကလန်ဘိုးဘေး ကို့ရို့ကားရားဖြစ်သွားပြီး ရှောင့်လုံ့ကို အားကိုးတကြီးကြည့်လိုက်လေသည်။

"မင်း...ဘေးကို ဆုတ်နေလိုက် "

ရှောင်လုံက တည်ငြိမ်စွာသတိပေးလိုက်သည်။

"ဟုတ်ကဲ့... သခင်လေး"

ဇာမဏီဘိုးဘေးက ရိုသေလေးစားစွာ ပြန်ဖြေလိုက်ပြီး ရှောင်လုံ့ဘေးဆီသို့ ဆုတ်သွားလေသည်။

"သခင်လေးတဲ့လား "

မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်သည် ခဏမျှတောင့်ခဲသွားကြပြီးနောက် သူတို့ကို တုန်လှုပ်စွာ ကြည့်လိုက်ကြလေသည်။ဇာမဏီကလန် ဘိုးဘေးသည် လူသားကောင်လေးတစ်ယောက်ကို ဘယ်အချိန်ကတည်းက အညံ့ခံလိုက်သည်နည်း။

ထိုလူသားကလည်း နတ်ဘုရားအဆင့်၁၀နောက်ပိုင်းအဆင့်သာ ရှိသေးပေသည်။

ထို့အပြင် ဇာမဏီကလန်ခေါင်းဆောင် ဟောင်ဟုန်ထျန်း၏ အမူအရာအရ သူသည်လည်း ထိုလူသားကောင်လေးဆီ၌ အညံ့ခံထားသည်လား။

အစပိုင်းတွင် မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်သည် ရှောင်လုံ၏တည်ရှိမှုကို တမင်သက်သက် လျစ်လျူရှုထားခဲ့သည်။သို့သော် ယခုမူ သူတို့သုံးယောက်သည် ရှောင်လုံကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ပြီး အံ့သြမှုများနှင့် သံသယများသည် သူတို့မျက်လုံးထဲ၌ဖြတ်ပြေးသွားပြန်သည်။

"ဟုတ်တယ် ... ဇာမဏီမီးတောင်ရဲ့ ဇာမဏီကလန်က ကျုပ်ရဲ့ လက်အောက်ခံဖြစ်သွားပြီ"

သူတို့သုံးယောက်ရဲ့ အမူအရာကို ကြည့်ရင် ရှောင်လုံက ဤသည်ကသာ ကမ္ဘာပေါ်၌ သဘာ၀အကျဆုံးသော ဖြစ်သည့်နှယ် ပြောလိုက်လေသည်။

"ပြီးတော့ မင်းတို့သုံးယောက်လည်း ငါဒီနေ့ရောက်လာရတဲ့ ရညိရွယ်ချက်ကို ခန့်မှန်းမိလိမ့်မယ်လို့ ထင်ပါတယ် "

ဇာမဏီကလန်တစ်ခုလုံးသည် သူ့အား အညံ့ခံလိုက်သည်ကို ရှောင်လုံ အတည်ပြုပြောဆိုလိုက်ချိန်တွင် သူတို့စိတ်ထဲရှိ တုန်လှုပ်မှုသည် မျက်နှာ ထက်တွင်ပင် ထင်ဟပ်လာပေသည်။

ဇာမဏီကလန်သည် မီးကမ္ဘာထဲရှိ ထိပ်တန်းအင်အားစုထဲမှ တစ်ခုဖြစ်ပြီး အာကာသမက်မွန်သီးဂိုဏ်း ရဲ့မိသားစုနှင့် လျှံမိသားစုတို့ကဲ့သို့သော ထိပ်တန်း အင်အားစုများနှက့် နှိုင်းယှဥ်နိုင်ပေသည်။

ဤကဲ့သို့သော ထိပ်တန်းအင်အားစုသည် လူသားတစ်ယောက်ဆီ၌ တကယ်ကြီး အညံ့ခံလိုက်သည်လား။ဤစကားသာ အပြင်သို့ ပြန့်နှံ့သွားမည်ဆိုလျှင် ဟင်္သာပြဒါးငှက် ကြယ်စင်စုတစ်ခွင်၌ တုန်
လှုပ်မှု လှိုင်းလုံးသည် ပြန့်နှံ့သွားပေလိမ့်မည်။

သူတို့၏ တုန်လှုပ်မှုများကို ထိန်းချုပ်ပြီးနောက် အကြီးဆုံးအကိုကြီး ပန်တာ့ဖေးသည် ရှောင်လုံ့ကိုကြည့်ရင်း လှောင်ပြောင်ပြောဆိုလိုက်သည်။

"ကောင်လေး ... ဇာမဏီကလန်ကို သိမ်းသွင်းဖို့ မင်းဘယ်နည်းလမ်းကို သုံးခဲ့လဲ ငါမသိပေမယ့် ... မင်းဆီမှာ ငါတို့ ညီအကိုသုံးယောက်ကို အညံ့ခံစေချင်တယ်ဆိုရင်တော့ အိပ်မက်မက်နေလိုက် ... အခုချက်ချင်း ချပ်၀တ်နဂါးလိပ်လေးကောင်ကို လွတ်ပေးပြီးတော့ ငါ့မျက်နှာရှေ့ကထွက်သွားရင် ပိုကောင်းလိမ့်မယ် .... မဟုတ်ရင်တော့... ဟီး ဟီးဟီး ... ငါတို့သုံးယောက် မင်းကိုသတ်ပစ်ပြီးတော့ ဇာမဏီကလန်ကို နောက်ဆုတ်သွားအောင် တွန်းအားပေးရမှာပေါ့ "

"ဇာမဏီကလန် ဘိုးဘေးနဲ့ ဟောင်ဟုန်ထျန်းတို့ မင်းဘေးမှာရှိနေတာနဲ့ပဲ... မင်းကိုယ်မင်း လုံခြုံသွားပြီလို့မထင်နဲ့"

ဒုတိယအကို ပန်အာဖေးက စူးရှသည့် အသံဖြင့် ထပ်ပြောလိုက်သည်။

"ငါတို့သုံးယောက်ရဲ့ တိုက်ခိုက်မှုနဲ့သာဆိုရင်... ဇာမဏီဘိုးဘေးနဲ့ ဟောင်ဟုန်ထျန်းက မင်းကို ကယ်တင်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး... မင်းလို့ဘာမဟုတ်တဲ့ နတ်ဘုရားအဆင့်၁၀ပါမွှားလေးတစ်ကောင်က ငါတို့မျက်လုံးထဲမှာ ချီးပုံတစ်ပုံထက်မပိုဘူးကွ "

နတ်ဘုရားအဆင့်၁၀နောက်ပိုင်း အထွတ်အထိပ်အဆင့် ချပ်၀တ်နဂါးလေးကောင်သဘ်ပင် သူတို့၏ ကျင့်ကြံရာဂူကို စောင့်ကြပ်ရန်သာ အရည်အချင်းရှိပေသည်။ဤလူသားကောင်လေးက မည်သို့အရည်အချင်းရှ်မည်နည်း။

ကြမ်းတမ်းသော ရှေးဟောင်းသားရဲများ၏ မျက်လုံးထဲတွင် လူသားများသည် အနိမ့်ဆုံးသော တိရစ္ဆာန်များသာဖြစ်သည်။

နဂါးအင်ပါယာအောင်းတိုင်ရီသည် သူ့၏ကျင့်စဥ်ကို ဖုံးကွယ်ထားသောကြောင့် မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်သည် ရန်သူအုပ်စုထဲ၌အသန်မာဆုံးသူမှာ ဇာမဏီကလန်ဘိုးဘေးနှင့် ဟောင်ဟုန်ထျန်းတို့ ဖြစ်သည်ဟု ယူဆထားကြပေသည်။

ထိုငှက်နှုတ်သီးများဆီမှ ကြမ်းတမ်းလှသော စကားများထွက်လာသည်ကို ကြားလိုက်ရချိန်တွင် ရှောင်လုံသည် အနည်းငယ်မျှပင် ဒေါသထွက်ခြင်းမရှိပေ။

"ဒီလိုဆိုရင်ရောဘယ်လိုလဲ... မင်းတို့သုံးယောက်လုံး ငါ့ကို တစ်ပြိုင်းထဲတိုက်ခိုက်လိုက်ကြ... ဒါပေမယ့် မင်းတို့သုံးယောက်လုံး ငါ့ကို မသတ်နိုင်ကြဘူးဆိုရင် ..."

သူတို့သုံးယောက်သည် ရှောင်လုံ့၏ စကားကို ကြားလျှင် ခွက်ထိုးခွက်လန် ရယ်မောလိုက်ကြသည်။

"ကောင်လေး ... ငါတို့သုံးယောက်ရဲ့အတူတကွ တိုက်ခိုက်မှုက နတ်ဘုရားအဆင့်၁၀နောက်ပိုင်းလူသားတစ်ယောက်ကိုတောင် သတ်နိုင်စွမ်းမရှိဘူးလို့ မင်းကပြောနေတာလား "

တတိယညီလေး ပန်ရှောင်ဖေးက သူ့၏ အကိုများအဆက်မပြတ်ရယ်မောနေချိန်တွင် ရှောင်လုံကို ကြည့်လိုက်လေသည်။

ရှောင်လုံက တည်ငြိမ်စွာဆက်ပြောလိုက်လေသည်။

"အချိန်တစ်နာရီအတွင်း မင်းတို့သုံးယောက် အတူတကွတိုက်ခိုက်လို့ရတယ် ... အဲအချိန်အတွင်း မင်းတို့ငါ့ကို မသတ်ဖြတ်နိုက်ခဲ့ဘူးဆိုရင် မင်းတို့ငါ့ဆီမှာ အညံ့ခံရမယ် ... ဟုတ်တာပေါ့ ...မင်းတို့အနိုင်ရခဲ့မယ်ဆိုရင်တော့ အဆင့်မြက့် နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျေက်တုံးတစ်သောင်းက မင်းတို့အတွက်ပဲ "

ထိုသို့ပြောပြီးသည်နှင့် သု့၏ လက်ကို တ်ချက်ယမ်းလိုက်ကာ ချတ်ဝိညာဥ်ကျောက်တုံးထောင်ပေါင်းများစွာသည် လေဟာနယ်ထဲမှ ကျဆင်းလာပေသည်။

ပေါများကြွယ်၀သော စိတ်ဝိညာဥ်စွမ်းအင်များသည် ကြမ်းတမ်းတက်ကြွစွာ  စီးဆင်းလာပြီး မီးတိမ်တောက်တောင်တန်းသည်ပင် စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများ ရုတ်ချည်းပေါ်ထွက်လာမှုကြောင့် အနည်းငယ် တုန်ယင်သွားပေသည်။

ညီအကိုသုံးယောက်၏ မျက်နှာသည် သူတို့ရှေ့ရှိကြီးမားလှသော အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးပုံကြီးကိုကြည့်ရင်းတုန်လှုပ်သွားကြလေသည်။ဤသည်မှာ စိတ်ဝိညာဥ်ကျောက်တုံးတောင်တစ်လုံးနှင့်ပင် တူနေပေသည်။

စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်း ...အကုန်လုံးသည် အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးများဖြစ်သည်။

ဘေးဘက်ရှိ ဇာမဏီကလန်ဘိုးဘေးနှင့် ဟောင်ဟုန်ထျန်းသည်ပင် အံ့အားသင့်သွားသည်။

အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်း ...။

ကြယ်စင်စုလေးစု၏ တက္ကသိုလ်ကျောင်းအုပ်ကြီးများသည်ပင် ထိုမျှသောပမာဏကို ထုတ်ပေးနိုင်စွမ်းမရှိပေ။

ဟောင်ရီရှောင်းနှင့် ဟောင်ဟုန်ထျန်းတို့သည် ရှောင်လုံ့ဆီ၌ အညံ့ခံပြီးသော်ငြား ရှောင်လုံ၏ နောက်ခံကို လုံး၀မသိရသေးပေ။သူတို့သိသည့် တစ်ခုတည်းသောအရာမှာ သူတို့သခင်းလေး၏နာမည်သည် ဟောင်ရှောင်လုံဖြစ်သည်ဟူ၍သာဖြစ်သည်။

ရှောင်လုံ၏ ကျော်ကြားလာမှုသည် နှစ်တစ်ရာမျှသာရှိသေးပြီး ဇာမဏီကလန်သည်မှာမူ သိုသိုသိပ်သိပ်သာနေကာ ဇာမဏီမီးတောင်ဆီမှ ထွက်ခွာခဲလှသည်။ထို့ကြောင့် ရှောင်လုံ၏ နာမည်မှလွဲ၍ သူတို့သည် မည်သည်မှ သိရှိမထားပေ။

အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးပုံကြီးကို စိုက်ကြည့်ရင်း မီးလျှံရွှေလက်သည်း မဟာခွန်ပန်သုံးကောင်တို့၏ မျက်လုံးများသည် လောဘများဖြင် ပြည့်နှက်လာသည်။ထိုအဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံများကို စိတ်ဝိညာဥ်စွမ်းအင်စုစည်းခြင်း အစီအရင် ခင်းကျင်းရာ၌ အသုံးပြုလိုက်သည် သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းသည် နှစ်ဆပိုမိုမြန်သွားပေလိမ့်မည်။

အစ်ကိုကြီး ပန်တာ့ဖေးသည် သူ့၏အသိစိတ်များကို အရင်ဆုံးထိန်းချုပ်နိုင်သွားသူဖြစ်ပြီး သူက ရှောင်လုံ့ကိုမတူကွဲပြားသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။လူတစ်ယောက်၏ ချမ်းသာကြွယ်၀မှုက မယုံကြည်နိုင်ဖွယ်ရာအဆင့်ထိ ရောက်ရှိသွားချိန်တွင် ဤသည်က အခြားသူများကို စိုးရိမ်ကြောင့်ကြမှုတစ်ခုကို ခံစားသွားရစေသည်။

အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးသည် ကျူးရွှယ်ဒင်္ဂါးသန်းခြောက်ဆယ်မျှ တန်ကြေးရှိပေသည်။

ဆယ်တုံးဆိုလျှင် သန်းခြောက်ရာဖြစ်သည်။

တစ်ရာဆိုလျှင် ခြောက်ဘီလီယံ ... တစ်ထောင်ဆိုပါက ခြောက်ဆယ်ဘီလီယံဖြစ်သည်။

စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းဆိုပါက ခြောက်ရာဘီလီယံဖြင့် ညီမျှပေသည်။

ဤသည်ကို ပုံဖော်တွေးမိသည်နှင့် ခြေထောက်ကြားရှိ အစိတ်အပိုင်းသည်ပင် တုန်လှုပ်သွားမိကြပေလိမ့်မည်။

"ငါတို့သုံးယောက်ကို အတူတကွတိုက်ခိုက်ခွင့်ပြုမယ်ဆိုတာက ... မင်းသေချာလို့လား "

အကိုကြီးပန်တာဖေးက ထူးထူးဆန်းဆန်းအာခေါင်ခြောက်သွားသောကြောင့် ခက်ခက်ခဲခဲထုတ်မေးလိုက်ရလေသည်။

"ဇာမဏီကလန်ဘိုးဘေးနဲ့ ကျန်တဲ့သူတွေက ဘယ်သူမှ ဝင်မပါဘူးဆိုတဲ့ သဘောလား "

ရှောင်လုံက ခေါင်းညိတ်လိုက်လေသည်။

"အမှန်ပဲ "

ဤသည်မှာ အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းမျှသာဖြစ်သည်။

သူနတ်ဘုရားအဆင့်၁၀နောက်ပိုင်းအဆင့်သို့ ချိုးဖြတ်၀င်ရောက်သွားချိန်တွင် ဟင်းလင်းပြင်ထဲမှ စိတိဝိညာဥ်စွမ်းအင်များကို စုစည်းပြီးအဆင့်မြင့် နတ်ဘုရားအဆင့် စိတိဝိညာဥ်ကျောက်တုံးများကို ဖွဲ့တည်နိုင်ခဲ့သည်။ထို့ကြောင့် ရှောင်လုံ့အတွက် အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးများသည် သူအလိုရှိတိုင်း ရရှိနိုင်သည့်အရာများဖြစ်သည်။

"ဒါတင်မကသေးဘူး သတ်မှတ်ထားတဲ့ အချိန်အတွင်းမင်းတို့ငါ့ကိုမသတ်နိုင်ဘူးဆိုရင်လည်း ဒီစိတ်ဝိညာဥ်ကျောက်တုံးတသ်သောင်းက မင်းတို့အတွက်ပဲ"

ရှောင်လုံက ထပ်ပြောလိုက်သည်။

"ဘာဖြစ်တယ် "

ညီအကိုသုံးယောက်သည် ရှောင်လုံ့ကိုမယုံကြည်နိုင်သော မျက်နှာများဖြင့် ကြည့်လိုက်ကြပြီး ဟောင်ရီရှောင်းနှင့် ဟောင်ဟုန်ထျန်းတို့သည်လည်း ထိုကဲ့သို့သော အကြည့်မျိုးများဖြင့် ဖြစ်သည်။

ရှောင်လုံက ပျင်းရိလေးကန်စွာပြောလိုက်လေသည်။

"အဆင့်မြင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းက ငါ့အတွက်ဘာမှမဟုတ်ဘူး .... အနာဂတ်မှာ ... ဘယ်သူပဲဖြစ်ဖြစ် ငါ့ဆီ အညံ့ခံချင်တဲ့ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ဖြစ်နေသ၍... သူတို့ကမရေမတွက်တဲ့ အဆင့်မြင့်နတ်ဘုရားအဆင့် စိတိဝိညာဥ်ကျောက်တုံးတွေနဲ့ ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတွေကိုတောင် ရရှိနိုင်လိမ့်မယ် ... သူတို့လိုချင်သလောက် ငါပေးလို့ရတယ် "

ညီအကိုသုံးယောက်နှင့် ဇာမဏီကလန်၏ သိုင်းပညာရှင်နှစ်ယောက်သည် တုန်လှုပ်ကာ အံ့အားသင့်သွားကြလေသည်။

ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးများတဲ့လား။

....

ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်

အပိုင်း ၇၅၉  .....မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် သုံးယောက်ကို လက်အောက်ခံအဖြစ်သိမ်းသွင်းခြင်း

နဂါးအင်ပါယာအောင်းတိုင်ရီတစ်ယောက်ထဲသာ ပုံမှန်အတိုင်းရှိနေပေသည်။

ပန်ညီအကိုသုံးယောက် ၊ ဇာမဏီကလန်ဘိုးဘေးနှင့် ဟောင်ဟုန်ထျန်းတို့ အကြီးအကျယ်တုန်လှုပ်သွားသော အမူအရာများကိုကြည့်ရင်း နဂါးအင်ပါယာအောင်းတိုင်ရီက အထင်သေးစွာ နှုတ်ခမ်းတွန့်လိုက်လေသည်။

ထိပ်တန်းနတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုန်းများအကြောင်းကိုကြားရုံနှင့် သူတို့သည် ဤမျှအထိ ထိတ်လန့်သွားကြသည်လား။

ရှောင်လုံသာ မဟာနတ်ဘုရားအဆင့်သို့ ချိုးဖြတ်၀င်ရောက်သွားမည်ဆိုလျှင် အထွတ်အမြတ်အဆင့် အင်မော်တယ်စိတ်ဝိညာဥ်ကျောက်တုံးများကို ဖွဲ့တည်နိုင်စွမ်းရှိလာပေလိမ့်မည်။ထိုအခါတွင် ဤလူများသည် ရှောင်လုံ့၏ ခြေထောက်ကို ဖက်ကာ ၀ပ်တွားခယလာကြပေလိမ့်မည်။

ခဏကြာပြီစနောက် ပန်ညီအကိုသုံးယောက်သည် တုန်လှုပ်မှုများကို ထိန်းချုပ်နိုင်သွားသည်။

"သဘောတူတယ် "

အကိုကြီးပန်တာ့ဖေးက ရှောင်လုံကို တည်ကြည်လေးနက်စွားကြည့်လိုက်လေသည်။

"ဒါဆိုရင် ငါတို့ညီအကိုသုံးယောက်က တစ်ချိန်ထဲ တိုက်ခိုက်ကြမယ် ...ဒါပေမယ့် ငါတို့တစ်ယောက်ချင်းဆီက တစ်ကြိမ်စီပဲ တိုက်ခိုက်မှာ ...မင်းက ငါတို့သုံးယောက်လုံးရဲ့ တိုက်ခိုက်မှုတစ်ခုကို တောင့်ခံနိုင်တယ်ဆိုရင်... ငါတို့ရှုံးပြီ"

ရှောင်လုံသာ သူတို့တစ်ယောက်ချင်းစီ၏ တိုက်ခိုက်မှုကိုတောင့်ခံနိုင်ခဲ့လျှင် သူ့၏ခွန်အားသည် သူတို့ထက် ပိုမိုသာလွန်ကြောင်း သက်သေပြနိုင်သွားမည်ဖြစ်သည်။

ထိုကဲ့သို့သော လူမျိုးကို သူတို့အညံ့ခံလိုက်ရလျှင်လည်း မှားယွင်းသည်ဟု ခံစားရမည်မဟုတ်ပေ။

ဟုတ်ပေသည်။အဓိကအကျဆုံးသော အချက်မှာ ရှောင်လုံ့နောက်သို့ လိုက်ပါမည်ဆိုပါက သူတို့သည် အဆုံးအစမဲ့သော အဆင့်မြင့်နတ်ဘုရားအဆင့် စိတိဝိညာဥ်ကျောက်တုံးများ ၊ ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးများကိုပါ သူတို့၏ ကျင့်ကြံမှုအတွက် ရရှိန်ုင်မည်ဖြစ်ပေသည်။

"ကောင်းပြီ "

ရှောင်လုံက ခေါင်းညိတ်လိုက်သည်။

အကိုကြီးပန်တာ့ဖေးက သူ့၏အငယ်ဆုံးညီလေး ပန်ရှောင်ဖေးကို လှမ်းကြည့်လိုက်သည်။ပန်ရှောင်ဖေးက ခေါင်းညိတ်ကာ တုန့်ပြန်လိုက်ပြီး ရှောင်လုံ့နားသို့ သွားလိုက်လေသည်။

"ငါက ငါ့ရဲ့အားအကောင်းဆုံးတိုက်ခိုက်မှု ဖြစ်တဲ့ အကန့်အသက်မဲ့ လေပွေမီးလျှံကုတ်ချက်နှင့် တိုက်ခိုက်မှာ ... မင်းဂရုတစိုက်ခုခံရင် ပိုကောင်းလိမ့်မယ် "

'ဒါကို ကြင်နာမှုနဲ့ သတိပေးတာလို့ သက်မှတိရမလားပဲ '

ရှောင်လုံ၏ နှုတ်ခမ်းထက်၌ အပြုံးအသေးလေးတစ်ခု ပြန့်နှံ့သွားပြီး နားလည်ကြောင်းပြရန် ပမ်ရှောင်ဖေးကို ခေါင်းညိတ်ပြလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် ပန်ရှောင်ဖေး၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ မီးတောက်များထွက်ပေါ်လာပြီး ရွှေရောင်မီးတောက် တိမ်တိုက်တစ်ခုကို ဖြစ်တည်သွားစေသည်။

သူ့၏ခန္ဓာကိုယ်ဆီမှ နတ်ဘုရားအင်အားထွက်ပေါ်လာြီး သူ့၏လက်ဝါးများပေါ်တွင် ကြမ်းတမ်းသော လေပွေနှစ်ခု စုဝေးလားသည်။ထို့နောက် သူက သူ့လက်ကို လွဲယမ်းလိုက်ပြီး ရှောင်လုံကို ရုတ်တရက်တိုက်ခိုက်လိုက်လေသည်။

ပန်ရှောင်ဖေး၏ လက်များ လွှဲယမ်းလိုက်ချိန်တွင် မီးတောက်ဓားချက်များက မီးရှုးမီးပန်များကဲ့သို့ ထွက်ပေါ်လာလေသည်။သူတို့ကအရှေ့သို့ ပျံသန်းသွားကြပြီး ကြောက်မက်ဖွယ်ရာအမြန်နှုန်းဖြင့် လှည့်ပတ်နေကာ ရှောင်လုံ့ဆီသို့ ဦးတည်နေလေသည်။

မီးဓားချက်များက လေထုထဲတွင် လှည့်ပတ်နေသည်မို့ မီးတာတစ်ဒါဇင်ကျော် ကျယ်၀န်းသော  ဝဲကန်တော့ကြီးနှစ်ခုအသွင် ဖြစ်တည်နေပေသည်။ဝဲကန်တော့များ၏ အလယ်ဗဟိုဆီမှ နားကွဲမတတ်ဆူညံသံများ ပေါ်ထွက်နေပေသည်။

အသံလှိုင်းများသည် မီတာ တစ်ရာကျော်အထိ ပြန့်နှံ့သွားပေသည်။

မီးတိမ်တိုက်တောင်တန်းထဲရှိ မိစ္ဆာသားရဲများသည် မြေပေါ်၀ပ်ကာ ခေါင်းကို ငုံ့ထားကြပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြသည်။

သူ့ဆီသို့ ရောက်လာတော့မည့် မြောက်များစွာသော မီးတောက်ဓားချက်များမှ ဖြစ်တည်လာသည့် ဝဲကန်တော့များကို ကြည့်ရင်း ရှောင်လုံ၏ လက်ထဲ၌ အလင်းတစ်ချက်လက်သွားကာ နတ်ဆိုးဓားရှည်များ ပေါ်ထွက်လာပေသည်။

သူ့၏လက်ကို ဝှေ့ယမ်းလိုက်ကာ အမွှာဓားရှည်နှစ်ချောင်းတို့ဖြင့် လွှဲယမ်းလိုက်ပြီး အကန့်အသက်မဲ့သော လေဓားရှာ်များကို အရှေ့သို့ ပစ်လွှတ်လိုက်သည်။အေးစက်စက်နတ်ဆိုးချီက ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံနေပေသည်။

ကြီးမားလှသော လေဝဲကန်တော့ကြီးနှစ်ခုနှင့် မီးတောက်ဓားရှည် ဝဲကန်တော့ကြီး နှစ်ခုတို့သည် တိုက်ခိုက်ရာလမ်းအလယ်သို့ ရောက်ရှိသွားကြသည်။

စိတိမချမ်းမြေ့ဖွယ်ရာအသံက သရဲတစ်ကောင်၏ အော်ညည်းသံနှယ်၊ နတ်ဆိုးတစ်ကောင်၏ ကြုံးဝါးသံနှယ် ၊နတ်ဆိုးဘုရင်က အမိန့်ပေးလိုက်သည့်နှယ် လေထုထဲ၌ပဲ့တင်ထပ်သွားလေသည်။

နောက်ဆုံး၌ နတ်ဆိုးလေဓားချက် ဝဲကန်တော့များနှင့် မီးတောက်ဓားချက် ဝဲကန်တော့တို့သည် တိုက်မိသွားကြလေတော့သည်။ဓားရှည် အလင်းတန်းများက လွှင့်စင်သွားကြပြီး မီးတောက်များက ပြန့်ကျဲသွားကြသည်။

မတူကွဲပြားသည့် ဝဲကန်တော့လေးခုသည် ဆက်လက် ထိပ်တိုက်ရင်ဆိုင်နေကြပြီး ပေါက်ကွဲသံများထွက်ပေါ်လာကာ နီသွေးရောင်အလင်းတန်းများနှင့် ခရမ်းနက်ရောင် အလင်းတန်းများသည် ကောင်းကင်ထက်၌ တလက်လက်တောက်ပနေပေသည်။

တိုက်ပွဲဆီမှ ပေါ်ထွက်လာသော ကြောက်မက်ဖွယ်ရာ တုန်လှုပ်မှုလှိုင်းကို ကြည့်ရင်း ဟောင်ဟုန်ထျန်းသည် ဘေးလွတ်ရာနေရာသို့ အလျင်အမြန် ဆုတ်ခွာလိုက်လေသည်။ဇာမဏီကလန်ဘိုးဘေးသည်ပင် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ မီးတောက်များနှင့်အကာအကွယ်တစ်ခု ဖန်တီးလိုက်ပြီး သူရှိရာသို့ရောက်ရှိလာသော အားကောင်းသည့် တုန်လှုပ်မှုလှိုင်းများကို ခုခံနေရသောကြောင့် မကြည်မသာဖြစ်နေလေသည်။နဂါးအင်ပါယာ အောင်းတိုင်ရီ တစ်ယောက်ထဲသည်သာ တိုက်ပွဲကို ပေါ့ပေါ့ပါးပါးကြည့်ရှုနေလေပြီး သူ့ရှိရာသို့ရောက်ရှိလာသော တုန်လှုပ်မှုအားလှိုင်းများသည် မမြင်ရသော အင်အားတစ်ခုကြောင့် ပြန့်ကျဲသွားပေသည်။

ဟောင်ရှောင်ဖေးသည်ပင် တုန်လှုပ်မှုအားလှိုင်းများကြောင့် ကြိမ်ဖန်များစွာ နောက်ဆုတ်လိုက်ရပြီး မီတာဒါဇင်ချီ ဆုတ်ခွာလိုက်ရကာ ခြေရာများ ကျန်နေခဲ့ပေသည်။ခြေရာတစ်ခုချင်းစီတိုင်းသည် မြေကြီးထဲသို့ တစ်လက်မထိ နက်ရှိုင်းနေပေသည်။

အချိန်အတော်ကြာမှသာ လေထုကတည်ငြိမ်သွားပြီး မီးတောက်များ ငြိမ်သက်သွားလေသည်။ ရှောင်လုံကမူ ထိုနေရာ၌သာ ရပ်တန့်နေဆဲဖြစ်သည်။အဝေးရှိ ပန်တာ့ဖေးနှင့် ပန်အာဖေးတို့သည် ဤရလဒ်ကို ပြူးကျယ်နေသည့် မျက်လုံးများဖြင့် မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

သူတို့တတိယညီလေး၏ အင်အားပြည့် တိုက်ခိုက်လိုက်မှုသည် သဲထဲရေသွန်ဖြစ်သွားရလေသည်။

'ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ '

တစ်ဖက်လူက ဘာမဟုတ်သည့် နတ်ဘုရားအဆင့်၁၀နောက်ပိုင်း လူသားတစ်ယောက်သာ ဖြစ်သည်။

တစ်ဖက်လူက နတ်ဘုရားအဆင့်၁၀နောက်ပိုင်း အဆင့်ခွန်အားရှိသည့်  ပြန်လည်မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေလျှင်ပင် ထိုသူသည် သူတို့ တတိယညီလေး၏ ပြိုင်ဘက်ဖြစ်ရန် အရည်အချင်း မပြည့်မှီပေ။

သူတို့၏ တတိယညီလေးသည် မဟာနတ်ဘုရားအဆင့်၁အစောပိုင်း အထွတ်အထိပ်အဆင့်ဖြစ်ပြီး မဟာနတ်ဘုရားအဆင့်၁ အလယ်အဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်သည်။

ပန်ရှောင်ဖေး ခံစားရသော တုန်လှုပ်မှုမှာ အခြားသူများထက်ပင် ပိုမိုကြီးမားနေပေသေးသည်။

ခဏကြာပြီးနောက် ပန်တာ့ဖေးသည် အသက်ကို ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ကာ သူ့ကိုယ်သူထိန်းချုပ်လိုက်ပြီး သူ့၏ မျက်နှာသည်ပင် အရင်ကထက် ပိုမိုလေးနက်သွားပေသည်။

"ကြည့်ရတာ ငါတို့မင်းကို အမြင်မှားခဲ့ပုံပဲ... မင်းက ငါတို့သုံးယောက်နီးပါး သန်မာတာပဲ ... ဒီတော့ ငါ့ရဲ့ ဒုတိယညီလေးက တိုက်ခိုက်နေစရာမလိုတော့ဘူး ... အခု မင်းငါ့ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်းရှိမယ်ဆိုရင်... ငါတို့ ညီအကိုသုံးယောက် မင်းဆီမှာ အညံ့ခံမယ် "

ပန်အာဖေးသည် မဟာနတ်ဘုရားအဆင့်၁ အလယ်အဆင့် တစ်ယောက်ဖြစ်သည်။

ပြီးခဲ့သည့်တိုက်ပွဲအတွင်း ရှောင်လုံဖော်ပြခဲ့သည့် စွမ်းအားအရ ပန်အာဖေးသည် ရှော်လုံ့ကိုအနိုင်ရရန် အခွင့်အရေးတစ်ခုသာရှိပေသည်။ထို့ကြောင့် ပန်တာ့ဖေးက ပန်အာဖေးအလှည့်ကို ကျော်လိုက်ပြီး သူကိုယ်တိုင် အဆုံးသတ်ရန်ဆုံးဖြတ်လိုက်လေသည်။

သူက ရှေ့သို့ ခပ်ဖြေးဖြေးလျှောက်သွားလိုက်လေသည်။

ရှောင်လုံက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ပန်တာ့ဖေးက ဇာမဏီကလန်ဘိုးဘေးထက်ပင် သန်မာပြီး မဟာနတ်ဘုရားအဆင့်၁နောက်ပိုင်းအဆင့် သိုင်းပညာရှင်ဖြစ်ကြောင်းသူ သိမြင်နိုင်ပေသည်။

ပန်တာ့ဖေးက ရှောင်လုံ့ဆီမှ ခြေလှမ်းအနည်းအကွာ ရပ်တန့်လိုက်သည်။ သု့၏ခန္ဓာကိုယ်ဆီမှ နတ်ဘုရားအင်အားများ ဆူပွက်လာပြီး မီးတောက်အလွှာများသည် သူ့ကို ဗဟိုထား၍ လောင်ကျွမ်းလာကာ ပတ်ပတ်လည်၌ အပူချိန်များ မြင့်တက်နေပေသည်။

ရှောင်လုံက ဂရုမစိုက်မလုပ်ရဲပေ။သူ့၏ အနက်ရောက်နှင့်အပြာရောင် အမွှာနဂါးသိုင်းဝိညာဥ်ကိုဆင့်ခေါ်လိုက်ပြီး ဝိညာဥ်အသွင်ပြောင်းလဲလိုက်ကာ သူ့၏ ဒန်တျန်ဆီမှ အစစ်အမှန်အင်မော်တယ် အဆီအနှစ်အင်အားကို လှုံ့ဆော်လိုက်လေသည်။အစစ်အမှန်အင်မော်တယ် အဆီအနှစ်မီးတောက်နှင့် နတ်ဆိုးချီသည် သူ့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီး ပန်တာဖေး၏ အားကောင်းလှသော မီးတောက်များကို ရင်ဆိုင်လိုက်လေသည်။

ဤသည်ကိုကြည့်ရင်း ပန်တာဖေး၏ မျက်လုံးများက မှေးကျဥ်းသွားလေပြီး သူ့၏ မွေးရာပါစွမ်းရည်မီးတောက်များကို ဝါးမျိုနိုင်စွမ်းရှိသော ရှောင်လုံ၏ ရွှေဖြူရောင်မီးတောက်အား တိတ်တခိုးလေးစားမိသွားသည်။သို့သော်လည်း သူ့၏ အရှိန်အဟုန်က ပိုမိုသန်မာအားကောင်းလာပေသည်။

မီးတိမ်တိုက်တောင်တန်း၏ အထက်တွင် လေပြင်းများက အားကောင်းစွာတိုက်ခတ်နေလေပြီး ရွေ့လျားနေသော တိမ်တိုက်များက နေမင်းကို ပိတ်ကာသွားလေသည်။

မိုးခြိမ်းသံများ မြည်ဟီးလာပြီး လျှပ်စီးတန်းများက ကောင်းကင်ထက်၌ လင်းလက်သွားသည်။

ရုတ်တရက်ပန်တာ့ဖေးက အရှေ့သို့ ပြေးတက်သွားပြီးခပ်တိုးတိုးအော်ဟစ်လိုက်ကာ ရှောင်လုံ့၏ ရင်ဘက်ကို လက်ဝါးနှစ်ဖက်စလုံးဖြင့် တိုက်ခိုက်လိုက်လေသည်။

"မဟာရက်စက်ခြင်း မိုးကောင်းကင်လက်ဝါး"

ပန်တာဖေး၏ လက်ဝါးများ တိုက်ခိုက်လိုက်ချိန်တွင် ထူးဆန်းလာသော အကန့်အသက်မဲ့ ပျက်ဆီးမှု စွမ်းအင်တစ်ခုသည် ရှေ့သို့တိုး၀င်လာပြီး စိတ်ပျက်ခြင်းနှင့် ဗလာတည်ရှိမှုခံစားချက်များ ပြန့်နှံ့သွားပေသည်။ထိုထူးဆန်းသည့် စွမ်းအင်က မေ့လျော့နေသော အချိန်ကာလတစ်ခုဆီမှ မူလအရင်းအမြစ်တစ်ခု ဖြစ်ဟန်ရပြီး ပန်တာဖေး၏ ကိုယ်ပိုင်စွမ်းရည်မဟုတ်ပေ။

မဟာရက်စက်ခြင်း မိုးကောင်းကင်လက်ဝါးသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရှေးဟောင်းကျင့်ကြံခြင်းဂူထဲတွင် ပန်တာ့ဖေး ရှာတွေ့ခဲ့သည့် အရာတစ်ခုဖြစ်သည်။နှစ်ပေါင်းများစွာ နားလည်အောင် လေ့ကျင့်ပြီးနောက် သူသည် ဤသိုင်းပညာကို မကြာသေးခင်ကမှ အောင်မြင်သွားခဲ့ပေသည်။

သူ့၏ ကိုယ်ပိုင်မီးတောက်နှင့် ထိုပျက်ဆီးခြင်းအင်အားတို့ကို ပေါင်းစပ်ထားသည့် စွမ်းအားက ပန်တာဖေးအား မဟာနတ်ဘုရားအဆင့်၁ နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည်ဟုသော ယုံကြည်ချက်ကို ပေးစွမ်းနေသည်။

ပန်တာဖေး၏ လက်ဝါးရိုက်ချက် ရောက်ရှိလာသည့် အခိုက်တွင် ရှောင်လုံ၏ နောက်ကျောဆီမှ  လက်တစ်ထောင်ထွက်ပေါ်လာပြီး တစ်ချိန်တည်းနီးပါး ပြန်လည်တိုက်ခိုက်လိုက်ပေသည်။

"၁၅ခုမြောက်သိုင်းကွက်... ပြိုင်ဘက်ကင်း နဂါးအနန္တ"

ရာပေါင်းထောင်ပေါင်းများစွာသောနတ်နဂါးများသည် ပျံသန်းဟိန်းဟောက်လာလေပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားကြပေသည်။ မြင်မြင်သမျှ နေရာတိုင်သည် နတ်နဂါးများဖြင့် ဖုံးလွှမ်းနေသော နေရာများဖြစ်သည်။

ပန်အာဖေးနှင့် ပန်ရှောင်ဖေးသည် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော မရေမတွက်နိုင်သည့် နတ်နဂါးများကို စိုက်ကြည့်ရင်း သူတို့၏စိတ်ဝိညာဥ်များ ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲမှုများက ထပ်တလဲလဲ ပဲ့တင်ထပ်နေပေသည်။

မီးတိမ်တိုက် တောင်တန်းတစ်ခုလုံးသည် ယိမ်းယိုင်တုန်ခါနေလေသည်။ တောင်၏ကိုယ်ထည်အစိတ်အပိုင်းများ အက်ကွဲကုန်ကာ သစ်ပင်များစွာ အမြစ်မှ ကျွတ်ထွက် လဲပြိုသွားကြပေသည်။

ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်း၊ပန်ရှောင်ဖေးနှင့် ပန်အာဖေးတို့သည် လေထဲသို့ ပျံသန်းလိုက်ကြရသည်။နဂါးအင်ပါယာအောင်းတိုင်ရီမှာမူ နဂိုနေရာ၌ပင်ရှိနေသေးသော်လည်း သူ့၏ပတ်ပတ်လည်တွင် တောက်ပသည့်အလင်းတန်းတစ်ခု ရှိနေပေသည်။

ပန်တာ့ဖေးနှင့် ရှောင်လုံတို့သည် တိုက်ခိုက်မှု အားလှိုင်းများကြောင့် နောက်သို့ ဆုတ်လိုက်ရသည်။ရှောင်လုံက မီတာသုံးသောင်းသုံးထောင်မက ဆုတ်ခွာပြီးမှ သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းချုပ်လိုက်နိုင်ပြီး ပန်တာ့ဖေးမှာမူ မီတာသုံးသောင်းသုံးထောင်နီးပါသာ ဆုတ်ခွာလိုက်ရသည်။

ရှောင်လုံ၏ မျက်နှာမှာ ဖြူဖျော့နေလေပြီး ပန်တာ့ဖေးမှာမူ အနည်းငယ်မျှသာ မောဟိုက်နေပေသည်။

ပန်တာ့ဖေးက ရှောင်လုံ့ကို ရှုပ်ထွေးနေသည့် မျက်နှာဖြင့် ကြည့်လိုက်လေသည်။ သူ့၏တိုက်ခိုက်မှုက သန်မာအားကောင်းလှသော်လည်း ရှောင်လုံက သူ့၏တိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့ပေသည်။

သူတို့၏ သဘောတူညီထားမှုအရ သူသည်ရှုံးနိမ့်သွားပြီဖြစ်သည်။

နတ်ဘုရားအဆင့်၁၀နောက်ပိုင်းအဆင့် လူသားတစ်ယောက်က အဘယ်ကြောင့် ဤမျှသန်မာနေရသည်ကို သူနားမလည်နိုင်ဖြစ်နေပေသည်။

ပန်တာ့ဖေးက ဤတိုက်ပွဲတွင် သူ့၏ အစစ်အမှန်ခန္ဓာကိုယ်ကို အသုံးမပြုခဲ့သော်လည်း ရှောင်လုံ့၌ အခြားသော ဝှက်ဖဲများရှိနေသေးကြောင်း သူအာရုံခံမိသည်။

အနည်းငယ်ဝေးကွာသည့်နေရာရှိ ဇာမဏီကလန်ဘိုးဘေးသည် ရှောင်လုံက ပန်တာ့ဖေး၏တိုက်ခိုက်မှုကို အမှန်တကယ်တောင့်ခံနိုင်ခဲ့သည်ကိုဘကြည့်ရင်း အံ့သြမှင်သက်သွားလေသည်။ ထိုအခါမှသာ နဂါးအင်ပါယာအောင်းတိုင်ရီ၏ အကူအညီမရှိလျှင်ပင် သူကရှောင်လုံ့ကို ထိခိုက်အောင် လုပ်နိုင်စွမ်းမရှိကြောင်း နားလည်လိုက်ပေသည်။

ပန်တာ့ဖေးက အချိန်အတော်ကြာအောင် တုန့်ဆိုင်းနေခဲ့ပြီးနောက် ရှောင်လုံ၏ ရှေ့သို့သွားကာ မတ်တပိရပ်လိုက်လေသည်။ထို့နောက် ရိုသေလေးစားစွာ ဒူးတစ်ဖက်ထောက်၍ ဂါ၀ရပြုလိုက်လေသည်။

"ဒီငယ်သားက သခင်လေးကို ဂါရ၀ပြုပါတယ် "

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၆၀.....နတ်ဘုရားအဆင့် မိစ္ဆာသားရဲတစ်သောင်းကျော်

အခြား မီးလျှံရွှေလက်သည်း မဟာခွန်ပန် နှစ်ကောင် ဖြစ်ကြသော ပန်အာဖေး နှင့် ပန်ရှောင်ဖေးတို့သည် သူတို့အစ်ကိုကြီးက ရှောင်လုံ့ကို သခင်လေးဟု နှုတ်ဆက်လိုက်သည်အား မြင်လိုက်ရချိန်၌ တုန့်ဆိုင်းသွားကြလေသည်။

ပန်တာ့ဖေးက နောက်သို့ လှည့်ကြည့်လိုက်ပြီး သူ့၏ ညီများကို အသံမာမာဖြင့် ပြောလိုက်သည်။

"မင်းတို့ လောင်းကစား လုပ်ရဲတယ်ဆိုရင်...အရှုံးကိုလည်း လက်ခံနိုင်ရမှာပေါ့...ဒီကိုလာပြီး သခင်လေးကို ဂါရဝပြုလိုက်ကြစမ်း"

ပန်အာဖေး နှင့် ပန်ရှောင်ဖေးတို့သည် ရှောင်လုံ့ရှေ့သို့ အလျင်အမြန် လာရပ်လိုက်ကြပြီး ရိုသေလေးစားမှုအပြည့်ဖြင့် ဂါရဝပြုလိုက်ကြသည်။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီး သူတို့ကို မတ်တပ်ပြန်ရပ်စေလိုက်ကာ အဆင့်မြင့် နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်း အပုံကြီးရှိရာဆီသို့ ညွှန်ပြလိုက်ရင်း ပြောလိုက်သည်။

"ငါ အရင်က ပြောခဲ့သလိုပဲ...ငါ မင်းတို့ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်သည်ဖြစ်စေ တောင့်မခံနိုင်သည်ဖြစ်စေ...ဒီ အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းက မင်းတို့အတွက်ပဲ...မင်းတို့ ယူလိုက်...မင်းတို့အားလုံးက ငါ့ရဲ့ နောက်လိုက်တွေ ဖြစ်သွားကြပြီ ဆိုမှတော့...ငါ မင်းတို့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး...နောက်ပိုင်းကျ ကျင့်ကြံဖို့အတွက် အဆင့်မြင့် နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံးတွေ မလုံလောက်ဘူးဆိုရင်... ငါ့ဆီ ထပ်လာတောင်းလို့ ရတယ်"

ပန်ညီအစ်ကို သုံးယောက်သည် အလွန်အမင်း ပျော်ရွှင်သွားကြပြီး ရှောင်လုံ့ကို ထပ်တလဲလဲ ကျေးဇူးတင်လိုက်ကြသည်။ ထို့နောက် တုန်ယင်နေသည့်လက်များဖြင့် အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းကို သူတို့၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ကြလေသည်။

ဤသို့ ထည့်ပြီးသည့်နောက်၌ပင် သူတို့သုံးယောက်သည် အိမ်မက်တစ်ခုပမာ ခံစားလိုက်ကြရပြီး အမှန်တကယ် ဖြစ်နေခြင်း ဟုတ်မဟုတ်ကို သံသယဖြစ်နေကြပေသည်။

ဇာမဏီကလန်၏ဘိုးဘေးနှင့် ဟောင်ဟုန်ထျန်းတို့သည် သူတို့ညီအစ်ကို သုံးယောက်ကို မနာလို အားကျမှုများဖြင့် ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့က ရှောင်လုံ့ကို စကားတစ်ခွန်းမှ မပြောရဲကြပေ။

အကြောင်းမှာ သူတို့က ရှောင်လုံ့ကို အသွေးအသားထဲမှ ကြောက်ရွံ့နေကြသောကြောင့် ဖြစ်သည်။

မီးလျှံရွှေလက်သည်း မဟာခွန်ပန် သုံးကောင်တို့သည် မီးကမ္ဘာတစ်ခုလုံးတွင်သာမက ဟင်္သာပြဒါးငှက် ကြယ်စင်စုတွင်ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသော တည်ရှိမှုမျိုး ဖြစ်သည်။ ဇာမဏီမီးတောင်၏ ဇာမဏီကလန်သည်လည်း မီးတိမ်တိုက်တောင်တန်း ပတ်လည်၌ ဆိုပါက သိုသိုသိပ်သိပ် နေရပေသည်။

ယခုမူ ထိုကဲ့သို့သော တည်ရှိမှုဖြစ်သည့် သူတို့ သုံးကောင်သည် ရှောင်လုံ့ကို အညံ့ခံလိုက်ကြသည်။

ရှောင်လုံက ဇာမဏီကလန်ဘိုးဘေး နှင့် ဟောင်ဟုန်ထျန်းတို့၏ မျက်နှာအမူအရာများကို သတိထားမိသွားလေသည်။ သူတို့ မည်သည်အားစဥ်းစားနေသည်ကို သိလိုက်သည်မို့ ရှောင်လုံသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ထို့နောက်တွင် နောက်ထပ် အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းသည် ဝေါခနဲ ကျဆင်းလာလေသည်။

ပိုလည်း မပို လျော့လည်း မလျော့သော ကျောက်တုံးပေါင်း တစ်သောင်းတိတိပင် ဖြစ်သည်။

ဇာမဏီကလန်ဘိုးဘေးနှင့် ဟောင်ဟုန်ထျန်း၏ ကြောင်အနေသော မျက်နှာများရှေ့တွင် ရှောင်လုံက နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံးပုံကို ညွှန်ပြလိုက်သည်။

"မစိုးရိမ်ပါနဲ့...ခင်ဗျားတို့ ဇာမဏီကလန်ကလည်း ကျုပ်ဆီမှာ အညံ့ခံလိုက်ကြပြီးသားဆိုတော့...ကျုပ်က ခင်ဗျားတို့ကိုလည်း ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး...ဒီ အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းက ခင်ဗျားတို့ ဇာမဏီကလန်အတွက်ပဲ"

ဟောင်ရိရှောင်းနှင့် ဟောင်ဟုန်ထျန်းတို့ နှစ်ယောက်သည် တုန်ယင်သွားကြပြီး သူတို့ကြားလိုက်ရသည့်ကိစ္စကို မယုံကြည်နိုင် ဖြစ်နေလေသည်။

ဇာမဏီကလန်၏ဘိုးဘေးက အရူးတစ်ယောက်နှယ် ရပ်နေလေပြီး ရှောင်လုံကို ကြည့်လိုက်သည်။

"သ...သခင်လေး...ဒီ အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းက...တ...တကယ်ပဲ ကျုပ်တို့ ဇာမဏီကလန်အတွက်လား"

ယခုတွင် သူသည် စိတ်ကူးယဥ်ဆန်နေသလို ခံစားလိုက်ရပြီး ရှောင်လုံက သူတို့ ဇာမဏီကလန်ကို အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်း ပေးလာလိမ့်မည်ဟု ထင်မှတ်မထားမိပေ။ ရှောင်လုံက သူတို့ဇာမဏီကလန်အား စိတ်ဝိညာဥ်ကျောက်တုံးများ ပေးလာလိမ့်မည်ဟု မျှော်လင့်ထားလျှင်ပင် အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်း ဟု မတွေးထားခဲ့ပေ။

အကြောင်းမှာ ထို စိတ်ဝိညာဥ်ကျောက်တုံးများသည် အဆင့်မြင့်နတ်ဘုရားအဆင့် ဖြစ်နေသောကြောင့် ဖြစ်ပြီး အဆင့်မြင့် စကြာဝဠာအဆင့် မဟုတ်ကြပေ။ ထို့ပြင် အဆင့်မြင့်စကြာဝဠာအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းဆိုလျှင်ပင် အလွန်တရာ များပြားနေပြီ ဖြစ်သည်။

ဇာမဏီကလန်ဘိုးဘေး၏ မျိုးစုံပြောင်းလဲနေသော အမူအရာကိုကြည့်ရင်း ရှောင်လုံ ရယ်ချင်လာသလို ခံစားလိုက်ရသည်။ သူက ခေညင်းညိတ်ပြပြီး ဖြေလိုက်သည်။

"ဟုတ်တယ်"

ထိုအခါမှသာ ဇာမဏီကလန်ဘိုးဘေးနှင့် ဟောင်ဟုန်ထျန်းတို့သည် စတင် တုန့်ပြန်လာကြသည်။ သူတိူ့က အလွန်တရာ ပျော်ရွှင်သွားကြပြီး ရှေ့သို့ အလျင်အမြန် တိုးလာကာ ရှောင်လုံအား ကျေးဇူးတင်လိုက်ကြသည်။

ပန်ညီအစ်ကို သုံးယောက်သည် ဘေးမှ ရပ်ကြည့်နေကြသည်။ ရှောင်လုံ ဇာမဏီကလန်ဆီသို့ နောက်ထပ် အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်း ထပ်မံထုတ်ပေးလိုက်သည်အား ကြည့်ရင်း သူတို့၏ နှလုံးသားက ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မတတ် ခုန်ပေါက်နေပေသည်။ ရှောင်လုံ့အား ကြည့်လိုက်သည်နှင့် သူတို့စိတ်ထဲရှိ တုန်ရီလှုပ်ရှားမှုက ပိုမို ကြီးမားလာပေသည်။

ထို့နောက် ရှောင်လုံက ပန်ညီအစ်ကိုသုံးယောက်၏ စိတ်ဝိညာဥ်ပင်လယ်များကို စိတ်ဝိညာဥ်အမှတ်အသားဖြင့် တံဆိပ်ခတ်နှိပ်လိုက်သည်။

ပန်တာ့ဖေးနှင့် သူ့ညီ နှစ်ယောက်သည် လောင်းကြေးရှုံးသွားကတည်းက ရှောင်လုံ့နောက်သို့ လိုက်ပါရန် ဆန္ဒရှိနေကြသည်မို့ ရှောင်လုံ၏ လှုပ်ရှားမှုကို ငြင်းဆန်ခြင်း မရှိပေ။

သူတို့သုံးယောက် ရှောင်လုံ့ဆီ၌ အညံ့ခံလိုက်ကြပြီးနောက် ချပ်ဝတ်နဂါးလိပ် လေးကောင်သည်လည်း အစဥ်လိုက် သိမ်းသွင်းခံလိုက်ရသည်။

ထို့နောက် ပန်တာ့ဖေးနှင့် သူ့ညီများ၏ အကူအညီဖြင့် ရှောင်လုံသည် မီးတိမ်တိုက်တောင်တန်းရှိ အခြားသော မိစ္ဆာသားရဲများကို တောင်ထိပ်မှစကာ တောင်ခြေထိ စတင် သိမ်းသွင်းလေသည်။

မီးလျှံရွှေလက်သည်းမဟာခွန်ပန် သုံးကောင်က ရှောင်လုံကို သခင်အဖြစ် အသိအမှတ်ပြုထားသောကြောင့် အခြားမိစ္ဆာသားရဲများကို စုဆောင်းသိမ်းသွင်းရာတွင် ပိုမို လွယ်ကူသွားပေသည်။ အတိအကျဆိုရလျှင် မီးတိမ်တိုက်တောင်တန်းရှိ သားရဲများအားလုံးသည် ရှောင်လုံကို ခုခံခြင်းမရှိဘဲ အညံ့ခံလိုက်ကြသည်။

မီးတိမ်တိုက်တောင်တန်းရှိ မိစ္ဆာသားရဲများက သူ မျှော်လင့်ထားသည်ထက် များပြားနေလိမ့်မည်ဟု ရှောင်လုံ မမျှော်လင့်ထားပေ။

မိစ္ဆာသားရဲ စုစုပေါင်းသည် တစ်သောင်းတစ်ထောင့်တစ်ရာ ထိ ရှိပေသည်။

မိစ္ဆာသားရဲ အများစုသည် နတ်ဘုရားအဆင့် ၇ နှင့် အထက်များ ဖြစ်ပြီး နှစ်ရာကျော်လောက်သည်သာ နတ်ဘုရားအဆင့် ၅ နှင့် အဆင့် ၆ အတွင်း မိစ္ဆာသားရဲများ ဖြစ်ကြသည်။

အရေးအကြီးဆုံးမှာကား နတ်ဘုရားအဆင့် ၁၀ မိစ္ဆာသားရဲ သုံးဆယ်ကျော် ရှိနေခြင်းပင် ဖြစ်သည်။

ရှောင်လုံ လွန်ခဲ့သည့် လေးနှစ်က သိမ်းသွင်းထားခဲ့သည့် မိစ္ဆာသားရဲများ အပါအဝင် ဆိုပါက နတ်ဘုရားအဆင့် ၁၀ နှင့်အထက် ခွန်အားရှိသော အကောင် ခြောက်ဆယ် ကျော်သွားမည်ဖြစ်သည်။ ဤသည်မှာ ဇာမဏီကလန်၏ မဟာအကြီးအကဲများကိုပင် ထည့်မတွက်ရသေးပေ။

ဇာမဏီကလန်၌ နတ်ဘုရားအဆင့် ၁၀ ခွန်အားရှိသော မဟာအကြီးအကဲ နှစ်ဆယ့်ငါးယောက် ရှိပေသည်။

ထို့ကြောင့် လက်ရှိ၌ ရှောင်လုံသည် နတ်ဘုရားအဆင့် ၁၀နှင့် အထက် နောက်လိုက် ၈၀ ကျော်ကို ပိုင်ဆိုင်ထားသည်။

နဂါးအင်ပါယာ အောင်းတိုင်ရီ၊ ဇာမဏီကလန်၏ဘိုးဘေး၊ ဟောင်ဟုန်ထျန်း ၊ ပန်ညီအစ်ကိုသုံးယောက်...မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခြောက်ယောက် ရှိနေသေးပေသည်။

ဇာမဏီကလန်ဘိုးဘေး၊ ဟောင်ဟုန်ထျန်းနှင့် သူ့နောက်ရှိ ပန်ညီအစ်ကိုသုံးယောက်ကို ကြည့်ရင်း ရှောင်လုံ ကောင်းကင်သို့ မော့ကြည့်ကာ ပြုံးလိုက်မိသည်။

'ဒီနေ့ကစပြီး...နောက်ဆုံးတော့ ငါ့မှာ ကိုယ်ပိုင်အင်အားစုတစ်ခု ရှိလာခဲ့ပြီပဲ"

ဤသည်မှာ ကြယ်စင်စုလေးစုရှိ မည်သည့် ထိပ်တန်းအင်အားစုထက်မှ အားမနည်းသော အင်အားစု ဖြစ်သည်။

နဂါးအင်ပါယာအောင်းတိုင်ရီက ရှောင်လုံ၏ အမုအရာများကို ကြည့်ရင်း သူ့အတွက် ပျော်ရွှင်နေပေသည်။

ရှောင်လုံက နောက်ဆုံးတွင် ကြီးပြင်းလာခဲ့ပေပြီ။

ထို့ပြင် သူက ရှောင်လုံ ၏ လျှောက်လမ်းတစ်လျှောက် ခြေလှမ်းတိုင်း ဖြစ်သည့် အဆင့်မြင့်စကြာဝဠာအဆင့် အဖြစ်မှ နတ်ဘုရားအဆင့် ၁၊ အဆင့် ၂ ၊ အဆင့် ၃၊ အလယ်အလတ် နတ်ဘုရားအဆင့်မှသည် အဆင့်မြင့်နတ်ဘုရားအဆင့်ဆီသို့ တစ်ဆင့်ချင်းစီတိုင်းကို ကြည့်ရှုခဲ့ရသူ ဖြစ်သည်။

တုန်လှုပ်ဖွယ်ရာ အမြန်နှုန်းဖြင့် ရှောင်လုံက တစ်စထက်တစ်စ သန်မာအားကောင်းလာခဲ့ပေသည်။

ထို့ထက် သူ ပိတ်မိနေခဲ့သည့် နဂါးပုလဲ ရရှိသွားသူသည် အခြားသူမဟုတ်ဘဲ ရှောင်လုံ ဖြစ်နေသည့်အတွက် တိတ်တဆိတ် ဝမ်းသာမိသွားသည်။

ယခုအခါ၌ သူသည် ရှောင်လုံ ကြယ်စင်စုလေးစုအား ပေါင်းစည်းပစ်မည့်နေ့ရက်ကို မျှော်လင့်စောင့်စားနေပြီ ဖြစ်ပြီး ထိုနေ့သည် မကြာခင် ရောက်ရှိလာပေလိမ့်မည်။

"ငါတို့ မီးကမ္ဘာထဲကနေ ထွက်သွားကြစို့"

ရှောင်လုံက သူ့လက်ဖြင့် ညွှန်ပြလိုက်သည်။

"ဟုတ်ကဲ့...သခင်လေး"

ဇာမဏီကလန်ဘိုးဘေး၊ ဟောင်ဟုန်ထျန်း၊ ပန်ညီအစ်ကိုများ နှင့် ကျန်သည့် မိစ္ဆာသားရဲများက ရိုသေလေးစားစွာ ပြန်ဖြေလိုက်ကြသည်မို့ သူတို့၏ အသံများက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။

ထို့နောက် ရှောင်လုံနှင့် နဂါးအင်ပါယာအောင်းတိုင်ရီသည် အားလုံးကို ဦးဆောင်၍ မီးတိမ်တိုက်တောင်တန်း မီးကမ္ဘာအပြင်ဘက်ခြမ်းဆီသို့ ဦးတည်ပျံသန်းသွားကြသည်။

လမ်းတစ်လျှောက်၌ သူတို့အုပ်စုဆီမှ ဖိအားများသည် တွေ့သမျှ မိစ္ဆာသားရဲများကို မေ့လဲသွားစေသည်အထိ အားကောင်းလှပေသည်။ အသိစိတ်ရှိနေသေးသော မိစ္ဆာသားရဲများသည်ကား အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးကြသည်မို့ သစ်ပင်များနှင့် ဝင်တိုက်မိသွားသည်။

သစ်ပင်တိုက်မိကြသော မိစ္ဆာသားရဲများသည် တစ်ကောင် နှစ်ကောင်မက ရှိကြပေသည်။

ရှောင်လုံက ဤသည်ကို ကြည့်ရင်း ခေါင်းယမ်းလိုက်မိပြီး ထိုကဲ့သို့သော ပုစွန်ဆိတ်လေးများကို အာရုံစိုက်မနေပေ။

မီးကမ္ဘာ၏ ဗဟိုအပိုင်းမှ အပြင်သို့ ထွက်ကာ အလယ်ပိုင်းသို့ ဝင်ရောက်သွားချိန်တွင် ရတနာလာရှာသည့် မိသားစုတပည့်များနှင့် တွေ့လိုက်ကြရသည်။ ထို မိသားစုတပည့်များက ကြီးမားလှသော မိစ္ဆာသားရဲအုပ်စုကြီးကို မြင်လိုက်ရချိန်၌ ဆယ်ယောက်တွင် ကိုးယောက်သည် ဘောင်းဘီထဲသို့ သေးပေါက်ချမိသွားကြသည်။

နတ်ဘုရားအဆင့် မိစ္ဆာသားရဲ တစ်သောင်းကျော်...။ အားအနည်းဆုံးသည်ပင် နတ်ဘုရားအဆင့် ၅ ရှိသည်။ ဤသည်မှာ မည်သို့သော ကမ္ဘာဖြစ်သည်နည်း။

ထိုအချိန်၌ ရှောင်လုံသည် မိစ္ဆာသားရဲအားလုံးကို ရွှမ်းမီနတ်တောင်ထဲသို့ ရွှေ့ပြောင်းလိုက်ပြီး ဇာမဏီကလန်၏ဘိုးဘေး၊ ဟောင်ဟုန်ထျန်း နှင့် ပန်ညီအစ်ကိုများကိုသာ သူနှင့် နဂါးအင်ပါယာအောင်းတိုင်ရီတို့ ဘေး၌ ချန်ထားခဲ့လိုက်သည်။

အကြောင်းမှာ မိစ္ဆာသားရဲတစ်သောင်းကျော် မီးကမ္ဘာထဲမှ ပြောင်ပြောင်တင်းတင်း ထွက်ပေါ်လာခဲ့ပါက ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာပြီး ကြယ်စင်စုလေးစုလုံးကို နိုးကြားသွားစေပေလိမ့်မည်။

ယခု၌ သူ မဟာနတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားချိန်ထိ သူ့၏ အင်အားကို ဖုံးကွယ်ထားရန် လိုအပ်ပေသည်။

ခဏကြာပြီးနောက် သူတို့ ခုနစ်ယောက်သည် မီးကမ္ဘာနယ်မြေထဲမှ ထွက်လာနိုင်ခဲ့သည်။

"ကောင်လေးဟောင်...အခု ငါတို့ ဘယ်သွားကြမှာလဲ"

နဂါးအင်ပါယာ အောင်းတိုင်ရီက မေးလိုက်သည်။

ရှောင်လုံက စဥ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်။

"သိုင်းဝိညာဥ်ကမ္ဘာကို ပြန်ကြတာပေါ့"

သူ သိုင်းဝိညာဥ်ကမ္ဘာမှ ထွက်လာခဲ့သည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီမို့ အခြေအနေကို သွားရောက်စစ်ဆေးရန် လိုအပ်ပေသည်။

တစ်ချိန်တည်းမှာပင် ရှောင်လုံသည် သူ့မိဘများနှင့် ရှောင်ဖေး၏ ကျင့်စဥ်တိုးတက်မှုနှုန်းကိုလည်း သိချင်နေသေးသည်။

ရှောင်ဖေး၏ ဆွဲဆောင်မှုရှိသောမျက်နှာလေးက ရှောင်လုံ၏ စိတ်ထဲ၌ ပေါ်လာလေသည်။

နှောင့်နှေးနေခြင်း မရှိဘဲ ပုံရိပ်ခုနစ်ခုသည် သိုင်းဝိညာဥ်ကမ္ဘာရှိရာဆီသို့ ဦးတည်လိုက်ကြသည်။ မီးကမ္ဘာက သူတို့၏ နောက်၌ သေးသထက်သေးကာ ကျန်နေခဲ့ပြီး မြင်ကွင်းထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။

Continue Reading

You'll Also Like

175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
19.2K 778 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
157K 3.9K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
540K 18.4K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...