ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Od Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Více

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

731 - 735

176 10 0
Od Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၃၁ ...... အနက်ရောင်အကျဉ်းထောင်ထဲမှ နဂါးသားရဲကြီး

       မြေကြီးအောက်မှခေါင်းပြူထွက်လာသော ဧရာမသားရဲကြီးကို ကြည့်ရင်း ရှောင်လုံ နှင့်ရှောင်ဖေးတို့နှစ်ယောက် တုန်လှုပ်သွားကြသည်။ ထိုသားရဲကြီး၏ ဦးခေါင်းသည်ပင် မီတာငါးရာနီးပါး ရှည်လျားလေသည်။

သူတို့နှစ်ယောက် အံ့သြမှင်တက်နေကြစဉ် သားရဲကြီးသည် မြေကြီးအောက်မှနေ၍ ရုန်းထွက်လာသည်။ သားရဲကြီးကြောင့်  တောင်ကြားတစ်ခုလုံး ပျက်စီးသွားပြီး မြေမှုန့်များနှင့် ကျောက်တုံးများကလည်း နေရာအနှံ့တွင် ပျံသန်းနေကြသည်။

ထိုသားရဲကြီးသည် နဂါးနက်နှင့် အနက်ရောင် ဝက်ဝံတို့ ပေါင်းစပ်ထားသော မျိုးစပ်သတ္တဝါတစ်ကောင်နှင့် ဆင်တူနေသည်။ ၎င်း၏ မျက်လုံးမှာ ရဲရဲနီနေပြီး တောင်ကုန်းကြီးတစ်ခုလုံးကို ဝါးမြိုနိုင်သည်အထိ ကြီးမားသော ပါးစပ်ကြီးကိုလည်း ပိုင်ဆိုင်ထားသည် ။ ထိုသားရဲကြီး၏ နှာခေါင်းပေါက်မှလည်း အနက်ရောင် အခိုးအငွေ့များကို မှုတ်ထုတ်လျက်နေသည်။ ၎င်း၏ လက်သည်းများသည်လည်း ချွန်မြနေသော ဓားသွားများထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းနေသေးသည်။

".... ဒါ မြေအောက် အကျဉ်းတိုက်ထဲက အနက်ရောင်နဂါးမျိုးစပ် သတ္တဝါကြီးပဲ ..."

ရှောင်လုံပါးစပ်မှ  အာမေထိတ်ရေရွတ်သံတစ်ခု လွှတ်ခနဲ ထွက်ပေါ်လာသည်။ အနက်ရောင် နဂါးမျိုးစပ်သတ္တဝါများသည် အမှောင်ဒြပ်စင်အမျိုးအစား မိစ္ဆာသားရဲများ ဖြစ်သည် ။ ထိုသားရဲများသည် ငရဲတွင်နေထိုင်သော ဗီဇကြမ်းတမ်းသည့်  ကမ္ဘာဦးဝိညာဉ်များ၏ မျိုးဆက်များဖြစ်သည်ဟု ဒဏ္ဍာရီများထဲတွင် ဆိုထားကြသည် ။ သူတို့သည် တိုက်ခိုက်ရာတွင် သာမက ခုခံမှုအပိုင်းတွင်လည်း အလွန်အစွမ်း ထက်ကြသည်။

တောင်ကြားထဲတွင် သေခြင်းအော်ရာများကို သူအဘယ်ကြောင့် အာရုံခံမိနေသည်ကို နောက်ဆုံး၌  ရှောင်လုံ နားလည်သွားသည်။ သေခြင်းအော်ရာများသည် နဂါးမျိုးစပ် သားရဲကြီးထံမှ ထွက်ပေါ်နေခြင်းပင် ....။

အနက်ရောင် နဂါမျိုးစပ်သားရဲများသည် အသေကောင်များကို စားသောက်ခြင်းအား နှစ်သက်သကဲ့သို့ သေခြင်းအော်ရာများကို စုပ်ယူ၍ သိုင်းလေ့ကျင့်ခြင်းကိုလည်း နှစ်ခြိုက်ကြသည်။ ထိုနဂါးမျိုးစပ်သားရဲကြီးသည် အနိမ့်ဆုံးအနေဖြင့် နတ်ဘုရားအဆင့် ၁၀ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော သားရဲကြီးတစ်ကောင်ဖြစ်သည်မို့ ရှောင်လုံ အံ့သြသွားခြင်းပင် ..။

".... အဲ့ဒီ သတ္တဝါကြီးက နတ်ဘုရားအဆင့် ၁၀ နောက်ဆုံး အဆင့် ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်နေပြီ ...."

နဂါးအင်ပါရာ အောင်းတိုင်ရီ၏ စကားသံက ရှောင်လုံနားထဲတွင် မြည်ဟိန်းလာသည်

".... သူက မဟာ နတ်ဘုရားအဆင့်ကို ရောက်ဖို့ အရမ်းနီးစပ်နေပြီ ...."

မဟာ နတ်ဘုရားအဆင့်သို့ ရောက်ခါနီးနေသော သားရဲတစ်ကောင်....!

နဂါးပုလဲလုံး၏ ထိန်းချုပ်ထားမှုကြောင့် နဂါးအင်ပါရာ အောင်းတိုင်ရီပင် ၎င်းသားရဲကြီးအား
အလွယ်တကူဖြင့် သတ်နိုင်စွမ်းမရှိပေ ။ နဂါးပုလဲလုံး၏ ကန့်သတ်ထားမှုကြောင့် အောင်းတိုင်ရီသည် ရှောင်လုံခန္ဓာကိ်ုယ်နှင့် မီတာ သုံးထောင်ထက် ပိုဝေးသည့်နေရာသို့ မသွားနိုင်ပေ ။

ထိုကြောင့် ရှီရှောင်ဖေးအား ပိုးစားပင်ဓားပေါ်သို့ တင်ဆောင်၍ ဤနေရာမှနေ၍ မြန်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားသည့်နည်းလမ်းတစ်ခုသာ ရှောင်လုံ ရွေးချယ်ရန် ကျန်တော့သည်။ ရှောင်လုံတို့နှစ်ယောက်သည် ပိုးစာပင်ဓားနှင့်အတူ အလင်းတန်းတစ်ခုပမာ ကောင်းကင်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားကြ၏ ။

သို့သော် အနက်ရောင် နဂါးမျိုးစပ်သားရဲကြီးသည်လည်း မဟာနတ်ဘုရားအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည့် သားရဲကြီးတစ်ကောင်ဖြစ်နေသည့်မို့ သူ့လက်မှ ထွက်ပြေးလွတ်မြောက်နိုင်ရန်မှာ ထင်ထားသကဲ့သို့ မလွယ်ကူလှပေ ။

အနောက်မှ တဟုန်ထိုးလိုက်ပါလာသည် သားရဲကြီးမှာ ရှောင်လုံတို့နှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။ သားရဲကြီး၏ နှာခေါင်းမှ ထွက်ပေါ်လျက်ရှိသော အနက်ရောင်အခိုးအငွေ့များမှာ ရှောင်လုံနောက်ကျောနှင့် မီတာ တစ်ရာခန့်သာ ကွာဝေးတော့သည်။

သူတို့နှင့် တဖြည်းဖြည်း နီးကပ်လာသော သားရဲကြီးကို ကြည့်ရင်း ရှောင်လုံ မျက်လုံးထဲ၌ အလင်းတချက် လက်သွား၏ ။

"... ကြည့်ရတာ အနက်ရောင် လိပ်နက်မီးတောက်
ကို သုံးဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးထင်တယ် ...."

ထိုသို့ တွေးမိလိုက်ပြီနောက် အပြာရောင်မီးတောက်တစ်ခု လောင်ကျွမ်းလျက်ရှိသော နှင်းကဲ့သို့ ဖြုဖွေးနေသည့် ဓားရှည်နှစ်လက် လေထဲ၌ ပေါ်ထွက်လာပြီး သားရဲကြီးကို တိုက်ခိုက်လိုက်သည် ။ ထိုဓားနှစ်လက် ပျံသန်းလာရာတလျှောက်မှ လေထုကြီးမှာ အေးခဲသွားလုမတတ် ကျန်ရစ်ခဲ့သည်။

ဓားနှစ်လက်၏ ကြောက်မက်ဖွယ်ရာကောင်းပုံကို နားလည်သည့် သားရဲကြီးသည် သူ့၏ဧရာမ ခန္ဓာကိုယ်ကြီးအား ယိမ်း၍ တိမ်းရှောင်လိုက်သည်။
အနက်ရောင် နဂါးမျိုးဆက်သားရဲကြီးက ရှောင်လုံ၏ တိုက်ခိုက်မှုအား အောင်မြင်စွာ ရှောင်တိမ်းနိုင်လိုက်သည် ။ ထိုအခြင်းအရာကိုကြည့်ရင်း ရှောင်လုံလည်း မျက်မှောင်ကြုတ် သွားသည်။

သားရဲကြီးမှာ မဟာနတ်ဘုရားအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည့် သားရဲတစ်ကောင်ဖြစ်သည့်အတွက် ယခုမှ နတ်ဘုရားအဆင့် ၈ နောက်ဆုံးအဆင့်၌သာ ရှိနေသေးသော ရှောင်လုံနှင့် အတွင်းအားအဆင့် နှစ်ဆင့် နီးပါးကွာဟနေသည်။ တိတိကျကျဆိုရလျှင် သူတို့၏ ကွာဟချက်မှာ အဆင့်နှစ်ဆင့်ထက်ပင် ပိုနိုင်သေးသည် ။

ရှောင်လုံလည်း လိပ်နက်မီးတောက် ဓားရှည်နှစ်လက်ကိုအသုံးပြု၍ အနက်ရောင် သားရဲကြီးအား ဆက်လက်တိုက်ခိုက်ရန် မကြိုးစားတော့ဘဲ တတ်နိုင်သမျှ အမြန်ဆုံးသာ ဆက်လက် ပျံသန်းလိုက်သည် ။ သို့သော် ဓားရှည်နှစ်လက်၏ နှောက်ယှက်မှုကြောင့် သားရဲကြီး၏ အမြန်နှုန်းက အနည်းငယ်လျော့ကျသွားလေသည်။ ထိုကြောင့် မည်သို့ပင် ကြိုးစားသည်ဖြစ်စေ သားရဲကြီးက ရှောင်လုံနှင့် ရှောင်ဖေးတို့အား လိုက်မမှီနိုင်အောင် ဖြစ်နေသည် ။

အနက်ရောင် နဂါးမျိုးဆက်သားရဲကြီးကိုယ်မှ ထွက်ပေါ်လျှက်ရှိသော ကြောက်မက်ဖွယ်ရာ ဖိအားများကြောင့် လမ်းတလျှောက်တွင် မည်သည့် သိုင်းပညာရှင်ကိုမှ ရှောင်လုံတို့နှစ်ယောက် မမြင်ခဲ့ရပေ ။

တစ်နာရီ ....

နှစ်နာရီ .....

နေ့တစ်ဝက်ခန့် ကြာသည်တိုင်အောင် အနက်ရောင် နဂါးမျိုးဆက်သားရဲကြီးသည် ရှောင်လုံတို့နှစ်ယောက်အား ဖမ်းမိနိုင်ရန် ကြိုးစားနေဆဲပင် ။ သူတို့ကြားမှ အမုန်းတရားများသည်လည်း တဖြည်းဖြည်းနှင့်ပို၍ ကြီးမားလာသည်။ ရှောင်လုံတို့နှစ်ယောက်သည် ဆက်သွယ်ရေး အဆောင်များကို အသုံးပြု၍ လမင်းဆင်းသက်ခြင်း အဘိုးအို နှင့် ယန်ယီတို့အား ဆက်သွယ်နိုင်ရန်ကြိူးစားခဲ့သော်လည်း အရာမထင်ပေ ။

ကောင်းကင်ဘုံတောင်တန်းကြီးသည် အလွန်တရာ ကြီးမားကျယ်ပြန့်သော တောင်တန်းကြီးတစ်ခုဖြစ်သည်မို့ သတ်မှတ်အကွာအဝေးအတွင်းသာ ဆက်သွယ်နိုင်သည့် ဆက်သွယ်ရေးအဆောင်များ အချင်းချင်း အဆက်အသွယ် ရနိုင်ရန်  ခက်ခဲလှသည်။

"..... သေချာတာတော့ ဟိုနှစ်ယောက်နဲ့ အဆက်အသွယ်ရဖို့ မလွယ်လောက်ဘူး ..."

ရှောင်လုံလည်း စိတ်ထဲ၌ပင် သက်ပြင်းချလိုက်သည်။ တဖြည်းဖြည်းနှင့် ရှောင်လုံစိတ်ထဲမှာ သည်းခံစိတ်များလျော့ပါးလာပြီး ဒေါသတရားများ ပိုမိုကြီးထွားလာသည်။ အချိန်အတော်ကြာအောင် လိုက်ဖမ်းခံနေရပြီးနောက် စိတ်မရှည်ဖြစ်လာသည့် ရှောင်လုံတစ်ယောက် အနက်ရောင်သားရဲကြီးအား တုန့်ပြန်တိုက်ခိုက်ရန်အတွက် နဂါးပုလဲလုံးအတွင်းမှ အောင်းတိုင်ရီအား အကူအညီတောင်းတော့မည့်ဆဲဆဲအချိန်တွင် ထိုသားရဲကြီးက ရုတ်တရက် ရပ်တန့်သွားသည်။

ထိုနောက် ရှောင်လုံတို့ ရှိနေသည့် အရပ်သို့ကိုကြည့်၍ ဒေါသတကြီး ဟိန်းဟောက်နေလေသည် ။ သို့သော် ရှောင်လုံတို့အနောက်သို့ ဆက်လက်လိုက်ပါရဲခြင်း မရှိတော့ပေ ။ သို့သော်လည်း ထိုသားရဲကြီးသည် လက်လျော့လိုသည့် ဆန္ဒမရှိသေးပေ ။

ထိုအဖြစ်အပျက်ကိုကြည့်ရင်း ရှောင်လုံလည်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"... ပတ်ဝန်းကျင်မှာ အနက်ရောင် နဂါးမျိုးဆက်သားရဲကြီး ကြောက်တာ တစ်ခုခု ရှိနေတာများလား  .....?"

ထိုအတွေးကြောင့် ရှောင်လုံလည်း သူ့၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်အား အလျင်အမြန် လေ့လာလိုက်သည် ။ သို့သော် မည်သည့်ထူးခြားချက်ကိုမှ မတွေ့ရပေ ။ ထိုကြောင့် နဂါးအင်ရာ အောင်းတိုင်ရီအား မေးမြန်းလိုက်သည် ။ အောင်းတိုင်ရီကိုယ်တိုင်လည်း ထူးခြားချက်ကို ရှာမတွေ့ပေ ။

ရှောင်လုံလည်း အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ အနက်ရောင် နဂါးမျိုးဆက်သတ္တဝါကြီးသည် ၎င်းမူလ ရပ်တန့်နေသည့် နေရာ၌ ရှိနေဆဲပင် ။ ရှောင်လုံလည်း ရှေ့ဆက်တိုးရန်အတွက် ဇဝေဇဝါဖြစ်နေ၏ ။ သို့သော် နောက်ဆုံး၌ ရှေ့ဆက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ရှောင်လုံက သူတို့ ရှေ့ဆက်မသွားခင် ရှောင်ဖေး၏ ထင်မြင်ယူဆချက်ကိုလည်း မေးမြန်းလိုက်သည်။ သို့သော် ရှောင်ဖေးဆိုသည်မှာ ရှောင်လုံနှင့် အတူတူသာဆိုလျှင်ငရဲပြည်သို့ပင် ပျော်ပျော်ကြီး သွားလိုသူ ဖြစ်၏ ။ ရှောင်လုံ သူ့အနားရှိနေလျှင် ရှောင်ဖေး၏ ရင်ထဲမှာ အလိုလို လုံခြုံသလို ဖြစ်နေသည် ။

ရှောင်ဖေး၏ အတည်ပြုမှုကိုရပြီးနောက် ရှောင်လုံလည်း တုံ့ဆိုင်းမနေတော့ဘဲ အစွမ်းကုန် အာရုံစိုက်ကာ အရှေ့သို့  ဆက်လက်ပျံသန်း လိုက်သည်။ အနက်ရောင်နဂါးမျိုးစပ်သားရဲကြီးသည် မည်သည့်အရာအား ကြောက်ရွံနေမှန်းကို ရှောင်လုံမသိသော်လည်း ထိုသို့ကြောက်ရွံ့ရသည့် အကြောင်းပြချက်တစ်ခုရှိနေနိုင်ကြောင်းကို ရှောင်လုံ နားလည်ထားသည်။ သို့သော် သားရဲကြီးရန်မှ လွတ်မြောက်ရန် အရှေ့သို့သာ ဆက်လက်ပျံသန်းလိုက်သည်။ သားရဲကြီးကြောင့် ကောင်းကင်ဘုံတောင်တန်း၏ မည်သည့်နေရာသို့ရောက်ရှိနေသည်ကိုပင် ရှောင်လုံခွဲခြားမရတော့ပေ။

ပတ်ဝန်းကျင်တခုလုံး အပ်ကျသံကိုပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်ခြင်းက မင်းမူနေသည်။ ပေါင်းပင်အနည်းငယ်မှလွဲ၍ ခြောက်သွေ့နေသည့် သစ်ပင်များကိုသာ နေရာအနှံ့တွင် မြင်တွေ့နေရသည်။

ထိုသစ်ပင်များ၏ ပင်စည်နှင့် အကိုင်းအခက်များမှာလည်း ထူးခြားသည့်ပုံစံဖြင့် တွန့်လိမ်နေကြသည်။ သစ်ရွက်တစ်ရွက်ကိုပင် မမြင်ရပေ ။ အနည်းငယ် ပျံသန်းပြီးနောက် မြင်ကွင်းပြောင်းလဲလာသည်ကို ရှောင်လုံသတိပြုမိလိုက်သည်။ သူတို့၏ အရှေ့ဘက် မြေပြင်ပေါ်တွင်
ပုံစံအမျိုးမျိုး အရွယ်အစား အမျိုးမျိုးရှိသော မိစ္ဆာသားရဲများ၏ အရိုးများက ပြန့်ကျဲလျက်ရှိနေသည်။

  ".... ဒါ တောင်ပံခုနှစ်ခုနဲ့ ကျားကြီးရဲ့ အရိုးပဲ ...."

".... ဒါက အရိပ်ဝံပုလွေရဲ့ အရိုး ...."

"... တော်ဝင်ခရမ်းရောင် မြွေရဲ့ အရိုး ...."

အောင်းတိုင်ရီ၏ အတွေ့အကြံအရ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် မြေကြီးပေါ်တွင် ပြန့်ကျဲနေသာ အရိုးများ၏ ဇစ်မြစ်ကို သိရှိလိုက်သည် ။ ထိုအပြင် အရိုးများ၏ အခြေအနေအရ ထိုသားရဲအားလုံးမှာ အဆင့်မြင့်နတ်ဘုရားအဆင့် မိစ္ဆာသားရဲများ ဖြစ်ကြဟန် တူသည်။သူတို့အရှေ့မှ အရိုးပင်လယ်ကြီးကိုကြည့်ရင်း ရှောင်လုံနှင့် ရှောင်ဖေးလည်း  အံ့သြတုန်လှုပ်သွားကြသည်။

ဤမျှများပြားသော  မိစ္ဆာသားရဲကြီးများကို မည်သည့်အရာက သေဆုံးစေခဲ့သနည်း ....

အရိုးပင်လယ်ကြီးအား မြင်ပြီးနောက် ရှေ့ဆက်သွားရန်အတွက် ရှောင်လုံစိတ်ထဲ၌ အနည်းငယ် ချီတုံချတုံဖြစ်သွားသည်။ ကြုံတွေ့လာမည့် အန္တရာယ်များသည် အနက်ရောင် လိပ်နက်ပိုင်ရှင်ဖြစ်သော ရှောင်လုံအတွက် လုံခြုံကောင်း လုံခြုံနိုင်သော်လည်း ရှောင်ဖေးအတွက်တော့ မသေချာပေ ။ 

ရှောင်ဖေးလည်း ရှောင်လုံရင်ထဲမှာ စိုးရိမ်နေသည့်အချက်ကို သတိပြုမိလိုက်ပြီးနောက် နူးညံ့စွာဖြင့် နှစ်သိမ့်လိုက်သည်

".... ညီမအဆင်ပြေပါတယ် ... ညီမကိုယ်ညီမ သေချာစောက်ရှောက်ပါ့မယ် ..."

နောက်ဆုံး၌ ရှောင်လုံ ခေါင်းညိတ်လိုက်သည်။ သို့သော် မည်သည့်အရာနှင့် ကြုံလာသည်ဖြစ်စေ သူ့အနားတွင်သာနေရန် ရှောင်ဖေးအား အထပ်ထပ် မှာကြားလိုက်သည်။ ထိုနောက် အန္တရာယ်နှင့် ကြုံတွေ့လာပါက ရှောင်ဖေးကိုသာ အဓိက စောင့်ရှောက်ရန် အောင်းတိုင်ရီအား တိတ်တဆိတ်မှာကြားလိုက်သည်။

အမှန်တကယ်မှာ ရှေ့ဆက်မည်သည့်အရာများ ကြုံတွေ့လာမည်ကို ရှောင်လုံကိုယ်တိုင်လည်း  စိတ်ဝင်စားနေသည် ။  မြေပြင်ထက်မှ မီတာတစ်ရာခန့် အကွာအဝေးကို ထိန်းသိမ်း၍ ရှောင်လုံတို့နှစ်ယောက် ရှေ့ဆက်တိုးလိုက်ကြသည်။

".... အဆင့်မြင် မိစ္ဆာသားရဲတွေရဲ့ အရိုးတွေက ရုပ်အလောင်းအပြည့်အစုံကို မယှဉ်နိုင်ပေမယ့်
စကြာဝဠာအဆင့် သိုင်းပညာရှင်တွေရဲ့ ရုပ်အလောင်းထက် အများကြီးပိုပြီး အဖိုးတန်တယ်ကွ...
ဒိအရိုးတွေနဲ့ သွေးစတေးမှု အစီအရင်သုံးပြီး သိုင်းဝိညာဉ်ကမ္ဘာရဲ့ ဝိညာဉ်စွမ်းအားတွေ တိုးပွားလာအောင် လုပ်ယူလို့ရတယ် ...."

အောင်းတိုင်ရီစကားကိုကြားကြားခြင်း ရှောင်လုံလည်း မှင်တက်သွားသည်။ သို့သော် အလျင်အမြန် လှုပ်ရှားလိုက်သည်။ မိစ္ဆာသားရဲကြီးများ၏ အရိုးများက ရှောင်လုံ၏  နတ်လက်စွပ်ထဲတွင် အလျင်အမြန် နေရာယူသွားကြသည်။

ရှောင်လုံတို့နှစ်ယောက် တစ်နာရီခန့် ရှေ့ဆက်သွားပြီးနောက် သူတို့အရှေ့ဘက်မှ ရုတ်တရက် အရောင်ကိုးမျိုးရောယှက်နေသော မြူနှင်းများ ထွက်ပေါ်လာသည်။ ထိုမြူနှင်းများမှ သေခြင်း အော်ရာများ ထွက်ပေါ်နေသည်။

".... ဒါကိုးရောင်ခြယ် ရုပ်အလောင်း အဆိပ်ပဲ ....
အရမ်းကို အဆိပ်ပြင်းတယ် ..... သတိထား ...."

ကိုးရောင်ခြယ် အဆိပ်ငွေ့များကို သတိပြုမိလိုက်သည့် အောင်းတိုင်ရီက ရှောင်လုံကို အလျင်အမြန် သတိပေးလိုက်သည်။ အမှန်မှာ  ရှောင်လုံသည် အောင်းတိုင်ရီ သတိမပေးခင် ကတည်းက သူ့ကိုယ်ထဲမှ လိပ်နက်မီးတောက်ကို ဆင့်ခေါ်၍ အဖြူရောင်နှင်းဓားရှည်နှစ်လက်ကို သူတို့အနားတွင် အတားအဆီးသဖွယ် အဆက်မပြတ် ပျံ့ဝဲနေရန် ထိန်းချုပ်ထားပြီး ဖြစ်သည် ။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၃၂ ......

     လိပ်နက်မီးတောက်ဖြင့် ပြုလုပ်ထားသော နှင်းဓားဖြူနှစ်လက်က ဝန်းရံပေးထားသော်လည်း အရောင်ကိုးမျိုး အလောင်းအဆိပ်များသည် ရှောင်လုံတို့နှင့် မီတာ သုံးရာအကွာတွင် အုပ်ဆိုင်းနေဆဲပင် ။ ထိုမြင်ကွင်းကိုကြည့်ရင်း ရှောင်လုံစိတ်ထဲမှာ ဦးရေပြားများ စပ်ဖျဉ်းဖျဉ်း ဖြစ်လာသလို ခံစားနေရသည်။

အလွန်အဆိပ်ပြင်းသော အဆင့်သို့ရောက်ရှိနေသောအဆိပ်များသာ အရောင်ရှိကြသည်။ အရောင်ကိုးမျိုး အလောင်းအဆိပ်သည် ထိပ်တန်းအဆင့် အဆိပ်တစ်မျိုးပင် ဖြစ်သည်။
အလွန်သန်မာသော ရှောင်လုံ၏ နဂါးခန္ဓာကိုယ်ပင် ထိုအဆိပ်နှင့် အနည်းငယ် ထိတွေ့မိပါက ပြင်းထန်စွာ ခံစားရနိုင်သည်။ ထိုအချိန်၌ ရှောင်ဖေး၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နူးညံတောက်ပသော ဗုဒ္ဓအလင်းတန်းများတောက်ပလာကာ  အတားအဆီးတစ်ခုသဖွယ် ရှောင်ဖေးအား ကာရံပေးထားသည်။

ရှောင်လုံလည်း ရှောင်ဖေးလက်ကို တင်းတင်းကိုင်ကာ အရှေ့သို့ ဆက်လက်ပျံသန်းလိုက်၏ ။ သူတို့အတွက် ရှေ့ဆက်တိုးရန်မှလွဲ၍ တခြားရွေးချယ်စရာလမ်းမရှိတော့ပေ ။ အရောင်ကိုးမျိုး အလောင်းအဆိပ်များ ထူထပ်အုံ့ဆိုင်းနေသော အဆိပ်ပင်လယ်အတွင်းသို့ လူသားနှစ်ယောက် တိုးဝင်ပျောက်ကွယ်သွားလေသည်။

လိပ်နက်မီးတောက်ဖြင့် ပြုလုပ်ထားသော ဓားရှည်များဖြင့် ကာရံထားခြင်းသည် ထိရောက်သော ကာကွယ်မှုဖြစ်သော်လည်း ထိုသို့ ကာကွယ်ထားခြင်းက ရှောင်လုံ၏ အတွင်းအားများကို လျင်မြန်စွာ ကုန်ခမ်းစေသည်။
ရှောင်လုံသည် နတ်ဘုရား အဆင့် ၈ သိုင်းပညာရှင် တစ်ယောက်ဖြစ်သော်လည်း သူ့အတွင်းအားများက အများဆုံး နှစ်နာရီစာသာ ကာကွယ်ပေးနိုင်သည်။
နှစ်နာရီကြာပြီးနောက် ဤအဆိပ်ပင်လယ်အတွင်းမှ  မထွက်နိုင်ခဲ့လျှင် သူတို့နှစ်ယောက်အတွက် အန္တရာယ်ရှိနိုင်လေသည်။

ရှောင်လုံ သတိထား၍ ပတ်ဝန်းကျင်အား အကဲခတ်နေစဉ် ပတ်ဝန်းကျင်မှ ထူးဆန်းသော အော်မြည်သံတစ်ခုကို ကြားလိုက်ရသည်။  ရှောင်လုံတို့နှစ်ယောက်လည်း ထိုအော်မြည်သံထွက်ပေါ်လာရာ အရပ်သို့ လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် မီတာနှစ်ဆယ်နီးပါးရှည်လျားသော မြွေနှင့်တူသည့် သားရဲကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ ထိုသားရဲကြီး၏ ကိုယ်မှာ သက်တန့်ရောင်များဖြင့် တလက်လက်တောက်ပနေသည်။

သူတို့ကြည့်နေစဉ် ထိုသားရဲကြီး၏ ခန္ဓာကိုယ်မှာ တုံ့ဆိုင်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး စက္ကန့်အနည်းငယ်အတွင်း ပြာအဖြစ် လောင်ကျွမ်းသွားသည်။ ထိုသားရဲကြီးသည် ရှောင်လုံတို့ကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်မှာ ထင်ရှားလှသည်။ သို့သော် ထိုသားရဲကြီးသည် ရှောင်လုံတို့အား ကာကွယ်ပေးထားသည့် နှင်းဓားရှည်နှစ်လက်ကြောင့် အသတ်ဆုံးရှုံးသွားလေသည်။

"... ဒါ အမြီးမဲ့ အလောင်း သန်ကောင် ပဲ ...."

အောင်တိုင်ရီက လေးနက်သော လေသံဖြင့် ရှင်းပြလိုက်သည်

"... အဲ့ဒီသတ္တဝါတွေက တိုက်ခိုက်ရာမှ ဘာအသံ ဘာစွမ်းအင်လှုပ်ရှားမှုမှ မဖြစ်ပေါ်အောင်တိုက်ခိုက်နိုင်စွမ်းရှိကြတယ် .... သူတို့ကိုက်တာကို ခံလိုက်ရရင် နတ်ဘုရား အဆင့် ၁၀ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တောင် အသက်ရှင်ဖို့ မလွယ်ဘူး ... အကိုက်ခံလိုက်ရပြီဆိုတာနဲ့ ဆယ်စက္ကန့်လောက်အတွင်းမှာ ခန္ဓာကိုယ်က ပုပ်သိုးသွားလိမ့်မယ် ... ငါတို့မြင်ခဲ့တဲ့ အဆင့်မြင့် နတ်ဘုရားအဆင့် သားရဲတွေက ဒီသတ္တဝါတွေ လက်ချက်မိသွားတာပဲ ဖြစ်ရမယ် .... "

အောင်းတိုင်ရီ၏ စကားကိုကြားပြီးနောက် ရှောင်လုံတို့နှစိယောက်လည်း ကြက်သီးထသွားကြသည်။

အသံ နှင့် စွမ်းအင်လှုပ်ရှားမှု မဖြစ်အောင် တိုက်ခိုက်နိုင်စွမ်းရည် .......
 
ထိုကြောင့်လည်း ၎င်းသားရဲကြီး၏ တိုက်ခိုက်မှုကို ရှောင်လုံသာမက နဂါးအင်ပါရာ အောင်းတိုင်ရီပင် အာရုံမခံနိုင်ခဲ့ပေ  ။

လိပ်နက်မီးတောက် ကာကွယ်ပေးထားခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် ........

ဤအဆိပ်ပင်လယ်ကြီးသည် ထိုကဲ့သို့သော သားရဲမျိုးကို ပေါက်ဖွားစေနိုင်လိမ့်မည်ဟု ရှောင်လုံ မထင်ထားခဲ့ပေ ။ ထိုသားရဲကြီးသည် ရှောင်လုံ၏ ထိန်းကျောင်းနိုင်ခဲ့သော အဆိပ် နောက်ချေးပိုးများထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

အနက်ရောင် နဂါးမျိုးစပ်သားရဲကြီး ရှောင်လုံတို့နောက်သို့ လိုက်ရန် လက်လျော့လိုက်ခြင်းမှာ ဤသန်ကောင် ကဲ့သို့သော သားရဲများကို ကြောက်ရွံခြင်းကြောင့်ပင် ။

မမျှော်လင့်ထားသော တိုက်ခိုက်ခံရမှုကြောင့် ရှောင်လုံလည်း ပတ်ဝန်းကျင်အား ပို၍ အာရုံစိုက်ထားလိုက်သည် ။ ကံအားလျော်စွာဖြင့် လိပ်နက်မီးတောက်၏ ကာကွယ်နိုင်စွမ်းမှာလည်း ထိုအဆိပ်မြွေနဂါးများ၏ တိုက်ခိုက်မှုနည်းတူ အစွမ်းထက်လှသည်။ ချောင်းမြောင်းတိုက်ခိုက်လာသောသားရဲများသည် ရှောင်လုံတို့ အနီးသို့ မရောက်ခင် အသက်ဆုံးရှုံးသွားရသည် ။

နှင်းဓားရှည်နှစ်လက်ကြောင့် သေဆုံးရသည့် သားရဲအရေအတွက်မှာ တဖြည်းဖြည်းနှင့် ပိုပို များပြားလာ၏ ။  အရောင်ကိုးမျိုး အလောင်းအဆိပ်ပင်လယ်မှာ သူထင်ထားသည်ထက် ပို၍ သေးငယ်နေခြင်းကြောင့် ရှောင်လုံလည်း အနည်းငယ် စိတ်သက်သာရာ ရသွားသည် ။ နာရီဝက်ခန့်ကြာပြီးနောက် အဆိပ်ပင်လယ်အတွင်းမှ  ရှောင်လုံတို့နှစ်ယောက် ထွက်လာနိုင်ခဲ့ကြသည်။

အနောက်တွင် ကျန်ခဲ့သော အဆိပ်ပင်လယ်ကြီးကိုကြည့်၍ ရှောင်လုံလည်း သက်ပြင်းရှည်ကြီးတစ်ခု မှုတ်ထုတ်လိုက်သည်။

နောက်ဆုံး၌ သူတို့ထွက်လာနိုင်ခဲ့လေပြီ ....။

အဆိပ်မြွေနဂါးများသည် အရောင်ကိုးမျိုး အလောင်းအဆိပ်ကြောင့် ပေါက်ဖွားလာသည့် ထူးဆန်းသော သတ္တဝါများ ဖြစ်ကြသည်။ အဆိပ်ပင်လယ်အပြင်သို့ ထွက်လာခဲ့ပြီးနောက် ၎င်းတို့၏ အန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ပေ။

ရှောင်လုံတို့၏ အရှေ့ဘက်တွင် ကြီးမားသော ရှေးဟောင်းမြို့ကြီးတစ်ခုက စောင့်ကြိုနေသည်။
ကောင်းကင်ဘုံတောင်တန်းပေါ်တွင် ဤမျှကြီးမားသော ရှေးဟောင်းမြို့ကြီးတစ်ခုရှိနေသည်မှာ အံ့သြဖွယ်ရာကောင်းလှသည် ။ ထိုကဲ့သို့တွေ့ရှိမှုသည် နဂါးအင်ပါရာအောင်းတိုင်ရီကိုပင် အံ့သြမှင်တက်သွားစေသည်။

သူ့ခေတ်အခါက အောင်းတိုင်ရီလည်း ကောင်းကင်ဘုံတောင်တန်းဆီသို့ လာရောက်ခဲ့ဘူးသည်။ သို့သော် ကောင်းကင်ဘုံတောင်တန်းပေါ်တွင် ဤမျှကြီးမားသော ရှေးဟောင်းမြို့ကြီးတစ်ခု ရှိနေသည်ဟူသော ကောလဟာလကိုပင် သူမကြားဘူးခဲ့ပေ ။

".... ဒီနေရာထိရောက်လာမှတော့ မြို့ထဲကို ဝင်ပြီး စူးစမ်းကြည့်ရအောင် ...."

ရှောင်လုံက ရှောင်ဖေးဘက်သို့လှည့်ပြီးပြောလိုက်သည်

".... လာညီမ အကိုတို့ဝင်ကြည့်ရအောင် ..."

ထိုနောက် ရှောင်ဖေးလက်ကိုဆွဲကာ ရှေးဟောင်း မြို့ကြီးအတွင်းသို့ ဝင်သွားလေသည်။ ထိုသို့ သွားနေစဉ် လိပ်နက်မီးတောက်ဖြင့် ဖန်တီးထားသော ဓားရှည်နှစ်လက်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်ရုပ်သိမ်းလိုက်၏ ။ ထိုနောက် ရှောင်လုံက ကမ္ဘာတစ်ထောင် နတ်ဆေးလုံးကို မြိုချကာ သူ့သိုင်းဝိညာဉ်၏ ခဏချက်ချင်းအတွင်းအား ပြန်လည်ဖြည့်တင်းပေးနိုင်သော စွမ်းရည်ကို အသုံးပြု၍ ကုန်ဆုံးခဲ့သော အတွင်းအားများကို ပြန်လည် စုဆောင်းလိုက်သည်။

  ခဏကြာပြီးနောက် ရှေးဟောင်းမြို့ဆီသို့ ရှောင်လုံတို့နှစ်ယောက်ရောက်ရှိသွားကြသည်။
၎င်းမြို့ကြီး၏ နံရံများမှာ အချိန်ကာလ၏ တိုက်စားမှုကြောင့် အရောင်ကွက်ကြားများ ဖြစ်ပေါ်နေသည်။

မြို့ထဲရှိလမ်းမများမှာ ကြီးမားကျယ်ပြန့်သလို တမူထူးခြားသော အဆောက်အဦးများကိုလည်း စီးတန်း၍ တည်ဆောက်ထားကြသည်။ သို့သော် လူသူကင်းမဲ့ကာ တိတ်ဆိတ်လျက်ရှိသည်။
အသက်ဓတ် နှင့် စွမ်းအင်လှုပ်ရှားမှု အနည်းငယ်ကိုမှ အာရုံခံ၍မရပေ ။ ရှောင်လုံလည်း အနည်းငယ် ချီတုံချတုံဖြစ်နေပြီးနောက် အသက်ပြင်းပြင်း တချက်ရှုသွင်းကာ ရှောင်ဖေးနှင့်အတူ မြို့ပေါ်သို့ ပျံသန်းသွားလိုက်၏ ။
ထိုနောက် မြို့အပေါ်ဘက် မီတာတစ်ရာအမြင့်မှ မြို့ကြီးတစ်ခုလုံးကို လွှမ်းခြုံ၍ ထပ်မံအာရုံခံ ကြည့်လိုက်သည်။

".... မြို့ရဲ့ မြောက်ဘက်အရပ်ကို ဦးတည်သွားလိုက် ...."

ထိုအချိန်တွင် နဂါးအင်ပါရာ အောင်းတိုင်ရီ၏ အလောတကြီးရေရွတ်သံ ထွက်ပေါ်လာသည်။ စိတ်ထဲ၌ အနည်းငယ် ရှုပ်ထွေးသွားသော်လည်း ရှောင်လုံက အောင်းတိုင်ရီ၏ စကားအတိုင်း မြို့၏ မြောက်ဘက်ဆီသို့ ပျံသန်းသွားလိုက်သည်။ ထိုသို့ ပျံသန်းနေစဉ် ရှောင်လုံက သိချင်စိတ်ဖြင့် မေးလိုက်လေသည်

".... နဂါးအိုကြီး ... ခင်ဗျား ဘာကို အာရုံခံမိလို့လဲ ..."

".... ထူးခြားတဲ့ စွမ်းအင်တွေ မြို့ရဲ့မြောက်ဘက်အရပ်မှာ လှုပ်ရှားထကြွနေတာကို ငါအာရုံခံမိလို့ ...."

အောင်းတိုင်ရီက ပြန်ဖြေလိုက်သည်။

ထူးဆန်းတဲ့ စွမ်းအင်လှုပ်ရှားမှု ........

ထိုနောက် ရှောင်လုံတို့လည်း အောင်းတိုင်ရီ အာရုံခံမိရာ အရပ်ဆီသို့ ဆက်၍ ပျံသန်းသွားလိုက်သည်။ တဖြည်းဖြည်းနှင့် ရှောင်လုံလည်း ထူးဆန်းသော စွမ်းအင်များ လှုပ်ရှားနေသည်ကို အာရုံခံမိလာသည်။

".... ဒီ ...ဒီစွမ်းအင်တွေက ..."

ထိုသို့ရေရွတ်ကာ ရှောင်လုံမျက်လုံးများက အရောင်တလက်လက်တောက်ပလာလေသည်။ ရှောင်လုံ နတ်ဘုရားအဆင့်သို့ မတက်လှမ်းနိုင်သေးခင်အချိန် သဘာဝစိတ်ဝိညာဉ်သန္ဓေသားလောင်းကို အာရုံခံမိစဉ်အခါကလည်း ထိုသို့သော စွမ်းအင်လှုပ်ရှားမှုမျိုးကို အာရုံခံမိဘူးသည်။

မြို့ရဲ့တစ်နေရာရာမှာ နောက်ထပ် သဘာဝစိတ်ဝိညာဉ် သန္ဓေသားလောင်း ရှိနေသည်လော ......

ပို၍ အစွမ်းထက်သော သဘာဝစိတ်ဝိညာဉ် သန္ဓေသားလောင်း တစ်ခု ......

ထိုနောက် ရှောင်လုံတို့နှစ်ယောက်သည် သူတို့ ပျံသန်းနေသော အမြန်နှုန်းအား ပို၍ တိုးမြှင့်လိုက်ကြသည်။ ခဏကြာပြီးနောက် စွမ်းအင်များ လှုပ်ရှားနေသော နေရာဆီသို့ သူတို့ရောက်ရှိသွားကြသည်။

စွမ်းအင်လှုပ်ရှားမှုများဖြစ်ပေါ်နေသော နေရာတွင်တွေ့ရသော မီတာတစ်ရာခန့်ကျယ်ဝန်းသည့် သွေးရောင် ရေကန်ကြီးအားမြင်ချိန်၌ ရှောင်လုံတစ်ယောက် ကြက်သေ သေသွားသည်။ သွေးရေကန်အတွင်းမှလည်း ရွှေရောင်အလင်းတန်း တစ်ချို့ တောက်ပလျက်ရှိသည်။ ရေကန်အတွင်းမှ ရေများသည် သွေးအရောင်ပေါက်နေသော်လည်း သွေးအနံထွက်ပေါ်ခြင်း မရှိသည့်အပြင် ဖျော့တော့သော ရနံတမျိုး ထွက်ပေါ်လျက်ရှိသည်။ သွေးရေကန်ကြီးသည် ၎င်းကိုကြည့်နေသူများအား နူးညံစွာ ယစ်မူးစေနိုင်သည့် ထူးခြားသောဆွဲဆောင်မှုတစ်ခုရှိနေသည်ဟု ရှောင်လုံစိတ်ထဲမှာ ခံစားမိလိုက်သည်။ ခဏကြာပြီးနောက် ရှောင်လုံလည်း သတိပြန်ဝင်လာသည်။

"... ကောင်းကင်နတ်ဘုရားရဲ့ သွေးရေကန် ..."

ထိုအချိန်တွင် ရှောင်လုံ ၊ ရှောင်ဖေးနှင့် အောင်းတိုင်ရီတို့ သုံးယောက်စလုံးထံမှ ပြိုင်တူနီးပါး ရေရွတ်သံထွက်ပေါ်လာသည်။
ရှောင်လုံစိတ်ထဲ၌ အရမ်းကို ပျော်ရွှင်ကျေနပ်သွားသည်။

လက်စသတ်တော့ ကောင်းကင်နတ်ဘုရားရဲ့ သွေးရေကန်က ရှေးဟောင်းမြို့ကြီးထဲမှာ ရှိနေတာပါလား ...

ဤသွေးရေကန်သည် နဂါးခန္ဓာကိုယ်ပိုင်ရှင် ရှောင်လုံအတွက် တန်ဖိုးဖြတ်မရသော ရတနာတစ်ခုပင် ဖြစ်သည်။

"... ကောင်လေး ရှောင် ....မင်းဘာရပ်လုပ်နေတာလဲ... အခုချိန်က အဆီအနှစ်တွေကို စုပ်ယူရမယ့်အချိန်ပဲ ... သွေးရေကန်ထဲကို မြန်မြန်ဝင်လေ ...."

အောင်းတိုင်ရီက စိတ်လှုပ်ရှားစွာဖြင့် အလောတကြီးတိုက်တွန်းလိုက်သည်။ ထိုစကားသံကိုကြားချိန်တွင် ရှောင်လုံလည်း တုံ့ဆိုင်းမနေတော့ဘဲ ရှ်ှီရှောင်ဖေးလက်ကိုဆွဲကာ သွေးရန်ကန်အတွင်းသို့ ခုန်ချလိုက်သည်။ သွေးရေကန်အတွင်းသို့ ရောက်ရှိသွားပြီးနောက် ထူးခြားသော စွမ်းအင်တစ်မျိုးသည် ရှောင်လုံအား လွှမ်းခြုံသွား၏ ။ ရှောင်လုံတို့လည်း အလျင်အမြန်ထိုင်ကာ သူတို့၏ သက်ဆိုင်ရာ သိုင်းကျင့်စဉ်များအတိုင်း ထူးခြားသော စွမ်းအင်အား ခန္ဓာကိုယ်အတွင်းသို့ စတင်စုပ်ယူလိုက်ကြသည်။

နဂါးအင်ပါရာ အောင်းတိုင်ရီကိုယ်တိုင်လည်း နဂါးပုလဲလုံးအတွင်းမှ ပျံထွက်လာပြီး သွေးရေကန်အတွင်းမှ စွမ်းအင်များမှ စုပ်ယူလိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှောင်လုံတို့သုံးယောက်စလုံးကို ရွှေနီရောင်မြူနှင်းများက လွှမ်းခြုံသွားလေသည်။

သူ့၏ စိတ်ဝိညာဉ်မှစ၍ မွှေးညှင်းပေါက်များအထိ လွန်စွာ သက်တောင့်သက်သာဖြစ်နေသည် ခံစားချက်ကို ရှောင်လုံခံစားနေရသည်။ ရှောင်လုံ၏ အတွင်းအားများမှာလည်း အလွန်လျင်မြန်စွာဖြင့် စတင် တိုးပွားလာသည်။

ရှောင်လုံအတွင်းအားများသည် မျက်စိတမှိတ်အတွင်း နတ်ဘုရားအဆင့်၈ နောက်ဆုံးအဆင့်မှ အထွတ်အထိပ်အဆင့်သို့ ထိုးတက်သွားသည်။ ထိုသို့ ထိုးတက်ပြီးသော်လည်း
သူ့၏ ချီပင်လယ်ထဲ၌ အတွင်းအားများက ဆက်လက်၍ တိုးပွားနေဆဲပင် .......

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၃၃ ......

    ရှီရှောင်ဖေးကိုယ်တိုင်လည်း ရှောင်လုံကဲ့သို့ အတွင်းအား လျင်မြန်စွာ တိုးတက်နေသော ဖြစ်ရပ်နှင့် ကြုံတွေ့နေရသည်။ သွေးရေကန်အတွင်း၌ ကြာပန်းပုံသဏ္ဍန်ထိုင်နေသည့် သူမ၏ ခန္ဓာကိုယ်သည် ဗုဒ္ဓပုံသဏ္ဍာန်နှင့် မသဲမကွဲ တူနေပြီး တောက်ပသောဗုဒ္ဓအရောင်အဝါလည်း ထွက်ပေါ်နေသည်။

နတ်ဘုရားအဆင့် ၄ အလယ်အဆင့်၏ အထွတ်အထိပ်အဆင့်ရောက်နေသော ရှောင်ဖေး၏ အတွင်းအားများမှာ နတ်ဘုရားအဆင့် ၄ နောက်ဆုံးအဆင့်သို့ လျင်မြန်စွာအဆင့် တက်သွားသည်။ ထိုအပြင် နောက်ထပ် အတွင်းအား အသစ်များကလည်း လျင်မြန်စွာ တိုးပွားလျက်ရှိနေသည်။

နဂါးအင်ပါရာ အောင်းတိုင်ရီ၏ ရွှေနဂါးခန္ဓာကိုယ်သည်လည်း အလင်းတန်းများဖြင့် တောက်ပကာ စစ်မှန်သောနဂါးတစ်ကောင်၏ ချီများ ထွက်ပေါ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ နဂါးအကြေးခွံများမှာလည်း နေရောင်ကြောင့် ရောင်ပြန်ဟပ်နေသည့် ထောင်နှင့်ချီသော ကြယ်ပွင့်များကဲ့သို့ ပို၍ တောက်ပလျက်ရှိသည်။

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာခဲ့သည် ......

သို့သော် သွေးရေကန်အတွင်း၌ ရှိနေသူ သုံးယောက်မှာ အချိန်ကာလ စီးဆင်းကုန်ဆုံးနေမှုကို သတိမပြုမိကြပေ ။ ထိုအချိန်၌ ရှောင်ဖေး၏ ခန္ဓာကိုယ်အတွင်းမှ မသဲကွဲသော အသံတစ်ချို့ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားသည်။ ရှောင်ဖေး၏ အတွင်းအားများက နတ်ဘုရားအဆင့် ၅ သို့ အဆင့်တက်သွားခြင်းပင်။

ရှောင်ဖေး အဆင့်တက်ပြီး သိပ်မကြာခင် ရှောင်လုံ ခန္ဓာကိုယ်ကလည်း ရုတ်တရက် တုန်လာသည်။
သူ့ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးချီများက အဆပေါင်းများစွာ တိုးပွားလာနေသည်။ ထိုနောက် နတ်ဘုရား အဆင့် ၈ နောက်ဆုံး၏ အထွတ်အထိပ်အဆင့်မှ နတ်ဘုရားအဆင့် ၉ သို့ အဆင့်တက်သွားလေသည်။

နဂါးအင်ပါရာ အောင်းတိုင်ရီကမူ အဆင့်တက်မူနှင့် မကြုံရသော်လည်း သူ့၏ အတွင်းအားများသည် ယခင်ကထက် ပိုမိုသန်မာကာ အစွမ်းထက်မြက် လာသည်။ သူ့၏ နဂါးအရှိန်အဝါများသည်လည်း ပို၍ သန်မာလာသည်။

အတွင်းအား အဆင့်တက်ခဲ့သော်လည်း ရှောင်လုံက ရပ်တန့်မည့်ပုံမပေါ်ဘဲ သွေးရေကန်အတွင်းမှ စွမ်းအင်များကို အငမ်းမရပင် ဆက်လက် စုပ်ယူနေသည်။ ရှောင်လုံကိုယ်အတွင်းမှ  နဂါးရတနာအမှတ်အသားသည် စွမ်းအင်များကို ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ဝါးမြိုစုပ်ယူနေသည်။ ထိုကြောင့် သွေးရေကန်အတွင်းမှ စွမ်းအင်များသည်  ကျိုးပေါက်သွားသော ရေစည်တစ်ခုအတွင်းမှ ရေများကဲ့သို့ တလဟော
တိုးဝင်လာနေသည်။ အချိန်ကြာလာသည်နှင့်အမျှ နဂါးရတနာအမှတ်အသားမှာ ပို၍ ကြည်လင် ပြတ်သားလာသည်။

ထိုနောက် ခဏအကြာတွင် ရှောင်လုံကိုယ်ထဲသို့ တိုးဝင်နေသော စွမ်းအင်များမှာ တဖြည်းဖြည်းနှင့် လျော့နည်း ပျောက်ကွယ်သွားသည်။ ထိုအခါကြမှ ရှောင်လုံတစ်ယောက် သိုင်းလေ့ကျင့်နေမှု ရပ်တန့်ကာ မျက်လုံးပွင့်လာသည်။ ရှောင်လုံ မျက်လုံးပွင့်လာချိန်၌ သွေးရေကန်ကြီးမှာ လုံးဝကို ပျောက်ကွယ်သွားချေပြီ ....

သွေးရေကန် ပေါ်လာချိန် တစ်လ ပြည့်သွားမှန်း ရှောင်လုံ နားလည်လိုက်သည်။ ရှောင်လုံလည်း အနည်းငယ် စိတ်ပျက်သွားပုံဖြင့် မဲ့ပြုံးပြုံးကာ ခေါင်းကိုခါလိုက်သည်။ ထိုနောက် သူ့ကိုယ်သူ အလွန်လောဘကြီးနေမှန်း သဘောပေါက်သွားသည်။ ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန်ကို ရှာတွေ့ခြင်းကပင် အလွန်ကံကောင်းသည်ဟု ဆိုနိုင်သည်။

ဤသွေးရေကန်အား ရှာတွေ့နိုင်ရန်မှာ ကြယ်စင်စု လေးခုအတွင်းမှ သိုင်းပညာရှင်တိုင်း၏ မျှော်လင့်ချက်အိမ်မက်တစ်ခုပင် ဖြစ်သည်။
သွေးရေကန်အတွင်း သိုင်းလေ့ကျင့်ချိန်သည် ဆယ်ရက်ခန့်သာကြာမြင့်ခဲ့သော်လည်း ထိုဆယ်ရက်သည် သူ့၏ ပုံမှန်သိုင်းလေ့ကျင့်ချိန် ဆယ်နှစ်နှင့် ညီမျှနေသည်။

ပို၍ အရေးကြီးသည်မှာ .... ခန္ဓာကိုယ်အား ရှောင်လုံပိုင်ဆိုင်ခဲ့သည်။ ၎င်းဆယ်ရက်အတွင်း ရှောင်လုံ၏ နဂါးခန္ဓာကိုယ်သည်လည်း နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲခဲ့သည်။ ရှောင်လုံ
သိုင်းလေ့ကျင့်ချိန်တွင် သူ့၏ စိတ်ဝိညာဉ်သည် ..... အခြေအနေသို့ ဝင်ရောက်နေသည်။
ထိုသည်မှာမှာ ရှောင်လုံ  ... ခန္ဓာကိုယ်အား ပိုင်ဆိုင်နေပြီဆိုသည့် သင်္ကေတတစ်ခုပင် ...

ရှောင်ဖေးနှင့် အောင်းတိုင်ရီတို့ကလည်း သိုင်းလေ့ကျင့်မှု အသီးသီး ရပ်တန့်လိုက်ကြပြီး မျက်လုံးပွင့်လာကြသည်။ သူတို့ကိုယ်မှ တိုးတက်ပြေယင်းလဲမှု အခြေအနေများကို ကိုယ်စီ အကဲခတ်ပြီးနောက် နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းလာသည်။

".... အနား ပတ်ဝန်းကျင်ကို တချက်လောက် ပတ်ကြည့်ရအောင် ...."

ခဏအကြာတွင် ရှောင်လုံက မတ်တပ်ထရပ်လိုက်သည်။ အောင်းတိုင်ရီကလည်း နဂါးပုလဲလုံးအတွင်းသို့ ပြန်ဝင်သွားသည်။ ထိုနောက် ရှောင်လုံက ရှောင်ဖေးလက်ကိုဆွဲကာ ရှေးဟောင်းမြို့အတွင်း၌ ရှိကောင်းရှိနေနိုင်သော ရတနာများကိုရှာဖွေရန် လေထဲသို့ ပျံတက်လိုက်သည်။ သို့သော် အတန်ကြာ ရှာဖွေပြီးသည်တိုင် မည်သည့်ရတနာကိုမှ ရှာမတွေ့ခဲ့ပေ ။ ရတနာများ ရှိမနေမှန်း သေချာသွားပြီးနောက် လာရာလမ်းအတိုင်း ပြန်ထွက်လိုက်ကြသည်။

ယခုဆိုလျှင် ရှောင်လုံ၏ အတွင်းအားများမှာ နတ်ဘုရားအဆင့် ၉ သို့ရောက်ရှိခဲ့လေပြီ ။ နတ်ဘုရား အဆင့် ၉ စဦးအဆင့်သာ ရှိနေသေးသော်လည်း နဂါးမျိုးစပ် သားရဲကြီးနှင့် ပြန်လည်ဆုံတွေ့ပါက အတိတ်ကလိုမျိုး ရုပ်ပျက်ဆင်းပျက် ထွက်ပြေးစရယ မလိုတော့ပေ ။

နောက်ကြောင်းပြန်လှည့်လာသော ရှောင်လုံတို့နှစ်ယောက်မှာ အရောင်ကိုးမျိုး ရုပ်အလောင်းသွေးမြူနှင်းပင်လယ်ရှေ့သို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုနောက် လိပ်နက်မီးတောက် ဓားရှည်နှစ်လက်ကို ဆင့်ခေါ်ကာ အဆိပ်မြူနှင်းများကြားထဲသို့ တုံ့ဆိုင်းခြင်းကင်းစွာဖြင့် တိုးဝင်လိုက်သည်။

ဤတစ်ကြိမ်၌ ရှောင်လုံတို့နှစ်ယောက်သည် အဆိပ်မြူနှင်းပင်လယ်ကြီးအား နာရီဝက်အကြာတွင် ကျော်ဖြတ်နိုင်ခဲ့ကြသည်။ အဆိပ်မြူပင်လယ်အား ဖြတ်သန်းပြီးနောက် မိစ္ဆာသားရဲများ၏ အရိုးများစုပုံနေသော နေရာသို့ ပြန်လည်ရောက်ရှိလာသည်။ ရှောင်လုံက အရိုးအားလုံးကို သိမ်းဆည်းလိုက်သည်။
မကြာခင် နဂါးမျိုးစပ်သားရဲကြီး ကျန်ရစ်နေခဲ့သောနေရာသို့ ပြန်လည်ရောက်ရှိလာကြသည်။ သို့သော် သူတို့ရောက်ရှိသွားချိန်တွင် နဂါးမျိုးစပ် သားရဲကြီးအား ရှာမတွေ့တော့ပေ ။ အဆိပ်မြူ ပင်လယ်အတွင်းသို့ ရှောင်လုံတို့ ဝင်ရောက်သွားသည်မှာ အချိန်ကြာမြင့်သွားသောကြောင့် လက်လျော့ကာ ထွက်သွားခြင်းမျိုး ဖြစ်နိုင်သည်။

အဆုံး၌ ရှောင်လုံလည်း စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်း မှုတ်ထုတ်လိုက်၏ ။ ရှောင်လုံအတွင်းအားများသည် နတ်ဘုရား အဆင့် ၉ စဦးအဆင့်သို့ တိုးတက်ခဲ့သော်လည်း ဤအခြေအနေနှင့် နဂါးမျိုးစပ်သားရဲကြီးအား ရင်ဆိုင်ရန် အခက်အခဲရှိနေဆဲပင် ဖြစ်သည်။

နဂါးမျိုးစပ်သားရဲကြီးကို မမြင်သော်လည်း ရှောင်လုံစိတ်ထဲမှာ မပေါ့ဆရဲပေ ။ ပတ်ဝန်းကျင်အား နတ်ဘုရားအာရုံဖြင့် သေသေချာချာ အကဲခတ်လိုက်သည်။
ကောင်းကင်ဘုံတောင်တန်းကြီးသည် အမျိုးမျိုးသော အန္တရာယ်များ ၊ အတားအဆီး အကာအရံများနှင့် ပြည့်နှက်လျက်ရှိသည် ။ အနည်းငယ် သတိကင်းလွတ်သွားလျှင် နတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင်ပင် သေဆုံးနိုင်ခြေ များပြားသည်။

သွေးရေကန် ပေါ်ချိန်တစ်လ ကုန်ဆုံးသွားခြင်းကြောင့် တော်တော်များများ သိုင်းပညာရှင်များမှာ ကောင်းကင်ဘုံတောင်တန်းမှ ပြန်လည်ထွက်ခွာ သွားကြသည်။ ထိုကြောင့် ရှောင်လုံတို့၏ အပြန်လမ်းတလျှောက်မှာ အတားအဆီးမရှိ ချော့မွေ့နေသည် ။ တခါတရံ သိုင်းပညာရှင်တစ်ချို့နှင့် ကြုံတွေ့ခဲ့သော်လည်း နှစ်ဖက်စလုံး စကားတစ်ခွန်းမှ မဆိုဘဲ ဘာသိဘာသာ ဖြတ်သန်းသွားကြသည်။ ထိုသိုင်းပညာရှင်များ၏ ဝတ်စားဆင်ရင်ပုံများကို အကဲခတ်ခြင်းဖြင့် ထိုလူများသည် အဖြူရောင်ကျားကြယ်စင်စုမှ ဒေသခံသိုင်းပညာရှင် ဖြစ်မှန်း ရှောင်လုံ နားလည်လိုက်သည်။

သွေးရေကန်ကိုရှာတွေ့ကာ အတွင်းအား အဆင့်တက်နိုင်ခဲ့ခြင်းကြောင့် ရှောင်လုံ၏ စိတ်အခြေအနေမှာ အထူးပင် ကောင်းမွန်လျက်ရှိသည်။
ထိုကြောင့် အားလပ်ရပ်ခရီးထွက်သကဲ့သို့ ရှောင်ဖေးနှင့် အတူ ကောင်းကင်ဘုံတောင်တန်းပေါ်မှ ရှုမြင်ကွင်းများကို လှည့်ပတ်ကြည့်ရှုနေလေသည်။
အန္တရာယ်အတားအဆီးများကိုသာ မရှိခဲ့လျှင် ကောင်းကင်ဘုံတောင်တန်းကြီးသည် အလွန်လှပသော နေရာတစ်ခု ဖြစ်လာနိုင်သည်။  ထိုအပြင် ဤတောင်တန်းပေါ်တွင် ကြယ်စင်စုအတွင်း မရှိသော မမြင်နိုင်သည့် စွမ်းအားတစ်ခုလည်း ရှိနေသည်။
ရှောင်လုံက ထိုစွမ်းအားကို အာရုံခံမိနေသော်လည်း စုပ်ယူနိုင်စွမ်း မရှိပေ ။

".... နဂါးအိုကြီး .... ဒီကောင်းကင်ဘုံတောင်တန်းကြီးက နတ်ဘုရားအမွေအနှစ်တစ်ခုဖြစ်မှန်းကို လူတွေသိနေရဲ့သားနဲ့ အပိုင်သိမ်းဖို့ ဘာလို့ မကြိုးစားကြတာလဲ ...."

ရှောင်လုံစိတ်ထဲ၌ သိချင်စိတ် ရုတ်တရက် ဖြစ်ပေါ်လာပြီး မေးလိုက်သည်။ ရှောင်ဖေးလည်း ထိုအကြောင်းအရင်းကို သိချင်နေသည်။ ကောင်းကင်ဘုံတောင်တန်း၏ စွမ်းအားကို သေချာမသိသော်လည်း
အစွမ်းထက်သော နတ်ဘုရားလက်နက်တစ်ခု ဆိုသည်မှာ သံသယဖြစ် စရာမလိုပေ ။ ထိုကြောင့် ဤတောင်တန်းကြီးကို ပိုင်ဆိုင်ရန်အတွက် ကြိုးစားသူ မရှိသည့်အချက်မှာ အလွန်ပင်ထူးဆန်းနေသည်။

ရှောင်လုံ မေးခွန်းကို ကြားပြီးနောက် နဂါးအင်ပါရာ အောင်းတိုင်ရီက ခေါင်းခါလိုက်သည်

"... ဒီတောင်တန်းကို ရယူဖို့အတွက် ကြိုးစားသူမရှိဘူးလို့ မင်းကို ဘယ်သူပြောလဲ ....
လူတွေအများကြီး ကြိုးစားခဲ့တာပေါ့ကွာ ... ဒါပေမယ့် ကြယ်စင်စု လေးခုထဲက ဘယ်သူကမှ
မအောင်မြင်သေးဘူး .... ငါကြားဘူးတဲ့ ကောလဟာလသတင်းတွေအဆိုအရ ဒီတောင်တန်းကို ပိုင်ဆိုင်ဖို့ဆိုရင် အနိမ့်ဆုံး မဟာ နတ်ဘုရားအဆင့်အတွင်းအားရှိရမယ် ... နောက်ပြီး
ကောင်းကင်ဘုံတောင်တန်းအလယ်မှာရှိတဲ့ ပင်မအစီအရင်ကို ရှာတွေ့ရမယ် .... အဲ့ဒီအစီအရင်ကို ထိန်းချုပ်နိုင်တော့မှ ဒိတောင်တန်းကြီးကို ထိန်းချုပ်နိုင်မှာ ...."

"... ဒါပေမယ့် နှစ်ပေါင်းတစ်သောင်းကျော်သာ ကြာသွားတယ် .... ဘယ်သူကမှ ပင်မအစီအရင်ကို ရှာမတွေ့ခဲ့ဘူး .... "

ရှောင်လုံက အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်

".... ဘာလို့ရှာမတွေ့တာလဲ ..."

အောင်းတိုင်ရီက ပြန်ဖြေလိုက်သည်
"... ဘာလို့လဲဆိုတော့ ပင်မအစီအရင်က ကောင်းကင်ဘုံတောင်တန်း၏ တောင်ထိပ်ပေါ်မှာ ရှိနေလို့ပဲ .... အဲ့ဒီနေရာမှာ တားဆီးထားတဲ့ အစီအရင်တွေက အရမ်းကိုကြောက်စရာကောင်းတယ်ကွ....
သတိတချက်လွှတ်သွားရင် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်တောင် အသက်ဆုံးရှုံး သွားနိုင်တယ် ... အဲ့ဒီတောင်ထိပ်ပေါ်ကိုရောက်ဖို့ ကြိုးစားရင် သေခဲ့ရတဲ့ မဟာနတ်ဘုရားအဆင့် သိုင်းသမားတွေ မနည်းတော့ဘူး .... အဲ့ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကစပြီး  တောင်ထိပ်ပေါ်ကို တက်ဖို့ ဘယ်သူမှ မကြိုးစားရဲတော့ဘူး ..."

ကောင်းကင်ဘုံတောင်တန်းရဲ့ ထိပ်ဆုံးနေရာ ....

ရှောင်လုံက ထိုစကားကို ထပ်ခါထပ်ခါရေရွတ်လိုက်သည်။ တစ်စုံတစ်ခုက သူရင်ထဲမှာ နိုးကြွလာသည်။ မဟာ နတ်ဘုရားအဆင့်သို့ရောက်သည့်အခါ တောင်ထိပ်ပေါ်သို့ တက်ပြီး ကောင်းကင်ဘုံတောင်တန်းကြီးကို အရယူနိုင်ရန် ကြိုးစားမည်ဟု ရှောင်လုံစိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်သည်။

မဟာ နတ်ဘုရား အဆင့်သို့ ရောက်ရှိပြီး ဤကောင်းကင်ဘုံတောင်တန်းကိုသာ ပိုင်ဆိုင်နိုင်ခဲ့လျှင် ရှောင်လုံ အနေနှင့် မိုးပြာရောင် နဂါးတက္ကသိုလ်အား
ကြောက်နေစရာ မလိုတော့ပေ ။

ထိုအချိန်သို့ရောက်ပါက စုန်းအိုမကြီး ဝမ်နာ ၊ ကျန်းမိသားစု နှင့် မိုးပြာရောင် နဂါးတက္ကသိုလ်တို့ ပူးပေါင်းထားလျှင်ပင် သူအနေနှင့် ချေမှုန်းနိုင်စွမ်း ရှိသည်ဟု ရှောင်လုံစိတ်ထဲမှာ ယုံကြည်ချက်ရှိနေသည်။ ၎င်းအတွေးများက သူ့စိတ်ထဲမှာ စုံချည်ဆန်ချည်ပြေးလွှားနေစဉ် ရေကန်တစ်ခုအနီးသို့ ရှောင်လုံတို့နှစိယောက် ရောက်ရှိလာကြသည်။ ရေကန်အတွင်းမှ ရေများမှာ မှင်ကဲ့သို့ မည်းနက်နေသည်။

ထူးဆန်းသော ရေကန်ငယ်လေးကိုကြည့်ပြီး ရှောင်လုံလည်း ရပ်လိုက်သည်။

"... ကောင်လေးရှောင် .... မင်းကိုကြည့်ရတာ မိုးနတ်မင်းရဲ့ မွေးစားသား ထင်တယ် ... အမြဲကို ကံကောင်းနေတော့တာပဲ .... ရေကန်ထဲမှာ ရတနာတစ်ခုရှိနေတယ် ... တကယ့်ကို ရှားမှရှား ရတနာကွ ...."

ထိုအချိန်တွင် အောင်းတိုင်ရီ၏ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်သံ ထွက်ပေါ်လာသည်။ အောင်းတိုင်ရီသည် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားဟန် ရသည်။
ထိုစကားသံကြောင့် ရှောင်လုံလည်း အံ့သြမှင်တက်သွားသည်။ ထိုအချိန်တွင် ရေကန်၏ ရေမျက်နှာပြင်မှာ ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီး
ကောင်ကင်ကို ဖောက်ထွက်သွားမတတ် စွမ်းအားကြီးမားသော အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုနောက် လက်ဝါးလေးခုစာ အရွယ်အစားခန့်ကြီးမားသော အနက်ရောင်ကြာပွင့်တစ်ခု ရေကန်အတွင်းမှ ပေါ်ထွက်လာသည်။

"... ဒါ ...ဒါ အနက်ရောင်ကြာပွင့်မဟုတ်လား ....".
ရှောင်လုံထံမှ အာမေထိတ်အသံ ထွက်ပေါ်လာသည်။

"... ဟုတ်တာပေါ့ ...  မင်းစိတ်ထဲမှာထင်နေတဲ့ အနက်ရောင် ကြာပွင့်ပဲ .....  သူ့ဘေးမှာ ပွင့်ဖတ် အခုနှစ်ဆယ်ကနေ သုံးဆယ်လောက်ရှိတယ်တွေ့လား .... အနက်ရောင်ကြာပွင့်က နှစ်တစ်ရာကြာပြီးတိုင်း ပွင့်ဖတ်တစ်ခု ကြီးထွားလာလေ့ရှိတယ် .... ဒီ အနက်ရောင်ကြာပွင့်ရဲ့ သက်တမ်းက အနည်းဆုံး အနှစ်နှစ်သန်းလောက် ရှိနေပြီ ...."

အောင်းတိုင်ရီ ရှင်းပြလိုက်သော စကားသံမှာ စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့ သည်။

......

#Sorryကျန်ခဲ့တာcommentတွေမြင်မှတွေ့လို့

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၃၄ .....

".... အနှစ် နှစ်သန်းနဲ့အထက် သက်တမ်းရှိတဲ့ အနက်ရောင် ကြာပွင့် ....!"

ရှောင်လုံ မျက်နှာပေါ်တွင် အလွန်စိတ်အားတက်ကြွသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ ရှောင်လုံတို့နေထိုင်သော ကြယ်စင်စုလေးခုတွင် အနှစ်တစ်သန်း သက်တမ်းရှိသည့် ဆေးပင်များမှာ အလွန်ပင်ရှားပါးပြီး အရေအတွက် အနည်းငယ်မျှသာ ရှိသည်။ အနှစ် နှစ်သန်းကျော်သက်တမ်းရှိ ဆေးပင်မှာ လွန်ခဲ့သော အနှစ်သုံးသောင်းမှ ယခုအချိန်အထိ တစ်ကြိမ်သာ ပေါ်ထွက်ခဲ့ဘူးသည်။

လွန်ခဲ့သော အနှစ်သုံးသောင်းခန့်က ထိပ်သီးနှစ်သန်းအင်အားစု တစ်ခုမှ မဟာမကြီးအကဲတစ်ယောက်သည် အနက်ရောင်လိပ်ကြယ်စင်စုအတွင်းရှိ တစ္ဆေတောင်ကြားအတွင်းမှ အနှစ် နှစ်သန်းကျော် သက်တမ်းရှိသော ရွှေနဂါးဂျင်စင်းဘုရင် ဆေးမြစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအချိန်၌ ၎င်းသတင်းကြောင့် သိုင်းလောကကြီးတခုလုံး ပွက်ပွက်ညံသွားခဲ့သည်။ အနှစ် တစ်သန်း သက်တမ်းရှိ ဆေးမြစ်နှင့် အနှစ်  ဆေးမြစ်တို့၏ အကျိုးအာနိသင်မှာ ကောင်းကင်နှင့် မြေကြီးသဖွယ် ကွာခြားလှသည်။

အနှစ် နှစ်သန်းနှင့် အထက် ဆေးပင်များထဲတွင်
အံ့သြဖွယ်ရာ ဂုဏ်သတ္တိများ ပါဝင်လေ့ရှိသည်ဟု ရှေးကျမ်းစာများထဲတွင် ဖော်ပြထားကြသည်။ ထိုဆေးပင်ကို စားသုံးပြီးနောက်တွင် ခွန်အားများ တဟုန်ထိုး တိုးတက်လာရုံသာမက ရုပ်ပိုင်းဆိုင်ရာမှာလည်း အသစ်တဖန် ပြန်လည်မွေးဖွားလိုက်သကဲ့လို လုံးဝကို ပြောင်းလဲသွားလေ့ရှိသည်။ ထိုအပြင် ၎င်းဆေးပင်များသည် စားသုံးသူ သိုင်းပညာရှင်၏
စိတ်ဝိညာဉ်အား သန့်ရှင်ကြည်လင်စေသည့် ထူးခြားသောအာနိသင်တစ်ခုလည်း ရှိနေသည်။ 

နတ်ဘုရားဦးခေါင်းတစ်ခု ဖွဲ့စည်းရာတွင် စိတိဝိညာဉ် ကြည်လင်သန့်ရှင်းမှုသည် အလွန်ပင် အရေးကြီးလှသည်။ ထိုအကျိုးကျေးဇူးမှာ  နတ်ဘုရားအဆင့် သိုင်းပညာရှင်များ အထူးသဖြင့်
နတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင်များအား အလွန်ပင် ဆွဲဆောင်နေသည်။ ၎င်းသိုင်းပညာရှင်များသည် ထိုကဲ့သို့ ဆေးမြစ်ကို ရရှိရန် မည်သည့်အရာမဆို ပေးဆပ်ရဲကြသည်။

ရွှေနဂါးဂျင်စင်းဘုရင် ဆေးပင်ကို ရှာတွေ့ခဲ့သည့် အကြီးအကဲမှာ မဟာနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းစာမျှသာ လိုတော့သည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။
ရွှေရောင်ဂျင်စင်းဘုရင် ဆေးပင်အား စားသုံးပြီးနောက် ၎င်းအကြီးအကဲသည် မဟာနတ်ဘုရားအဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ခဲ့ရုံသာမက အဆင့် ၇ နတ်ဘုရား ဦးခေါင်းကို ဖွဲ့စည်းနိုင်ခဲ့သည်။

အဆင့် ၇ နတ်ဘုရား ဦးခေါင်း .....

".... ကောင်လေးရှောင် .... မင်း ဒိတစ်ကြိမ် ကောင်းကင်ဘုံတောင်တန်းကိုလာမိတာတော့ အချီကြီးပွတာပဲကွ ...."

နဂါးအင်ပါရာ အောင်းတိုင်ရီကိုယ်တိုင်လည်း ရှောင်လုံ၏ သြချဖွယ်ရာကောင်းသော ကံတရားအပေါ် မချီးမွမ်းဘဲ မနေနိုင်အောင် ဖြစ်နေသည်။

ရှောင်လုံမျက်နှာကလည်း မှိုရထားသကဲ့သို့ အပြုံးကြီးပြုံးနေသည်။ နဂါးအင်ရာ အောင်းတိုင်ရီဆိုသည့်အတိုင်း ရှောင်လုံ၏ ယခုတစ်ခေါက် ခရီးစဉ်သည် ကံကောင်းခြင်းများနှင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။ ယခုခရီးစဉ်တွင် ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန်ကို ရှာတွေ့ခဲ့ရုံသာမက အနတ္တ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ခဲ့သည် ။ ထိုအပြင် အနှစ် နှစ်သန်းသက်တမ်းရှိသော ဆေးပင်တစ်ပင်နှင့်လည်း ကံစပ်နေသေးသည်။

ရှောင်လုံ ယခုရှာတွေ့သော အနက်ရောင် ကြာပွင့်မှာ အလွန်ပင် ရှားပါးပြီး နှင်းကြာပွင့် ၊ ကြာပန်းဖြူ ၊ ကြာပန်းနီတို့ထက်ပင် ပို၍ အဖိုးထိုက်တန်သည်။ အနှစ်တစ်သန်း သက်တမ်းရှိ အနက်ရောင်ကြာပွင့်တစ်ခုသည်ပင် အဖိုးဖြတ်မရလောက်အောင် တန်ဖိုးရှိလှသည် ။ ထိုကြောင့် အနှစ် နှစ်သန်း သက်တမ်းရှိ အနက်ရောင်ကြာပွင့်၏ တန်ဖိုးကို တွေးကြည့်ရုံဖြင့် သိနိုင်လေသည်။

  ရှောင်လုံလက်မှ ထွက်ပေါ်လာသော ညင်သာသည့် စုပ်အားတစ်ခုက အဝေးသို့ ထွက်ပြေးရန် ကြိုးစားနေသော အနက်ရောင်ကြာပွင့်အား ရစ်ပတ်၍ ဆွဲယူလိုက်သည်။ သို့သော် ထိုအချိန်တွင် သူတို့ရှိရာအရပ်သို့ ပျံသန်းလာနေသော စူးရှသည့် လေတိုးသံ နှစ်ခု ထွက်ပေါ်လာလေသည်။

".... ငါတို့ရှေ့က ဘာပါလိမ့် ...."

"... ဟာ... အနက်ရောင်ကြာပွင့်ပဲ .... နောက်ပြီး ပွင့်ဖတ် အခုနှစ်ဆယ်ကျော်တောင် ရှိနေပါလား....
ဒါဆို အနှစ် နှစ်သန်းကျော် သက်တမ်းရှိနေတဲ့ အနက်ရောင်ကြာပွင့်ပဲ ....."

"....   အနှစ် နှစ်သန်းကျော် သက်တမ်းရှိနေတဲ့ အနက်ရောင် ကြာပွင့် မွေးဖွားလာတာနဲ့ ငါတို့ တိုက်တိုက်ဆိုင်ဆိုင် လာကြုံနေတာပဲ ...."

အဝေးမှ လူနှစ်ယောက် အပြန်အလှန် စကားပြောသံများ ပေါ်ထွက်လာသည်။ ထိုနောက် မီးတောက်ကဲ့သို့ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ် လူကြိီးနှစ်ယောက်က စိတ်လှုပ်ရှားပျော်ရွှင်နေသည့် ရှောင်လုံ နှင့် ရှောင်ဖေးတို့၏ အရှေ့သို့ ရုတ်တရက် ရောက်ရှိလာကြသည်။

  အနက်ရောင် ကြာပွင့် မွေးဖွားလာချိန်တွင် ထွက်ပေါ်လာသော အနက်ရောင် အလင်းတန်းကြီး ကောင်းကင်သို့ ထိုးတက်သွားချိန်တွင် ဤလူနှစ်ယောက်က အနီးပတ်ဝန်းကျင်၌ ရှိနေကြသည်။ ထိုအလင်းတန်းထွက်ပေါ်ခဲ့ခြင်းမှာ အဖိုးဖြတ်မရသော ရတနာတစ်ခု မွေးဖွားလာခြင်းကြောင့် ဖြစ်နိုင်သည်ဟု  ယူဆပြီးနောက် ရတနာအား ရှာဖွေရန်  ရောက်ရှိလာကြခြင်းပင် ။ သို့သော် ၎င်းရတနာမှာ ယခုကဲ့သို့ အနှစ်နှစ်သန်းကျော် သက်တမ်းရှိ ကြာပန်းနက် ( အနက်ရောင်ကြာပန်းအား ကြာပန်းနက်ဟုပြောင်းရေး ) ဖြစ်နေလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ ။

ထိုလူနှစ်ယောက် ရောက်ရှိလာချိန်၌ ကြာပန်းနက်မှာလည်း ရှောင်လုံလက်ထဲသို့ ပျံသန်း ရောက်ရှိသွားလေသည်။

"... ဟားဟား အကိုချန်ရေ ကြည့်ရတာ ကျုပ်တို့ကံတရားက ထင်သလောက်မဆိုးဘူးပဲဗျ ...
ကောင်းကင်ဘုံနတ်ဘုရားရဲ့ သွေးရေကန်ကို မတွေ့ပေမယ့် အခုလို ကြာပန်းနက်နဲ့ တိုက်တိုက်ဆိုင်ဆိုင်လာတွေ့တာတော့ တကယ်ကံကောင်းတာပဲ ...."

ဟူကျယ်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

".... ဒီကြာပန်းနက်နဲ့ဆို အနာဂတ်မှာ ကျုပ်တို့ မဟာနတ်ဘုရားအဆင့်ကိုတက်လှမ်းဖို့ ပူနေစရာမလိုတော့ဘူး ..."

ဟူကျယ်၏ မျက်လုံးထဲတွင် ကြာပန်းနက်အား သူတို့ပိုင်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ဟူကျယ် အကိုချန်အဖြစ် ခေါ်ဆိုလိုက်သသော ချန်လွေကွမ်းကလည်း ရယ်မောရင်း ပြောလိုက်သည်

".... ဟုတ်တယ်ညီလေးဟူ ... ငါတို့အနာဂတ်ကတော့ ဖြောင့်တန်းပြီဟေ့ ...."

ထိုအချိန်တွင် ချန်လွေကွမ်း၏ လက်များက ရုတ်တရက် လှုပ်ရှားသွားလေသည်။ ချန်လွေကွမ်းလက်မှ ထွက်ပေါ်လာသည့် စူးရှသော အလင်းတန်းတစ်ခုသည် ဟူကျယ်၏ ချီပင်လယ်တည်ရှိရာ ရင်ညွှန့်နေရာနားသို့ ဖောက်ဝင်သွားသည်။  သူ့၏ စီနီယာအကိုချန် ယခုလို ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု
ဟူကျယ်၏ စိတ်ထဲမှာ ထင်မထားခဲ့ပေ ။
ဟူကျယ်က မယုံကြည်နိုင်သော မျက်လုံးများဖြင့် ချန်လွေယွမ်းအား ကြည့်လိုက်သည်။ ထိုအချိန်၌ ချန်လွေကွမ်း၏ မျက်နှာထက်တွင် သရော်ပြုံးတစ်ခုကို ဟူကျယ်မြင်တွေ့လိုက်သည်။

".... အနာဂတ်ဖြောင့်တန်းပြီဆိုတာဟုတ်တယ် ...ဒါပေမယ့် ငါတစ်ယောက်တည်းပဲ ..မင်းမပါဘူး ...
ဒီ အနှစ် နှစ်သန်းကြာပန်းနက်က ငါ့အတွက်ပဲ ဖြစ်ရမယ် ...."

ထိုသို့ ရေရွတ်ပြီးနောက် လူသတ်ချင်စိတ်များနှင့်ပြည့်နှက်နေသော ချန်လွေကွမ်းတစ်ယောက် ဟူကျယ်အနားသို့ ချဉ်းကပ်သွားလိုက်သည်။

ဟူကျယ်က ချန်လွေကွမ်းအား ဒေါသတကြီးစိုက်ကြည့်ကာ

"... ချန်လွေကွမ်း ...မင်း ..မင်း ...."

သူတို့နှစိယောက်သည် သိုင်းတစ်ဂိုဏ်းတစ်ခုထဲတွင် အနှစ်သုံးသောင်းကျော် သေခြင်းရှင်ခြင်း အခြေအနေအမျိုးမျိုးကို ဖြတ်ကျော်ကာ သိုင်းလေ့ကျင့်ခဲ့ကြသည့် သွေးသောက်ညီအကိုများ ဖြစ်ကြသည်။
ယခုအချိန်၌ ကြာပန်းနက်အား အပိုင်စီးရန်အတွက် ချန်လွေကွမ်းက သူ့ကို သစ္စာဖောက်ခဲ့လေပြီ ....

  ချန်လွေကွမ်းက ဟူကျယ်အရှေ့တွင် ရပ်ကာ

".... မင်း ငါ့အသက်ကို တစ်ခါကယ်ခဲ့ဘူးတယ် ...
အဲ့ဒီကျေးဇူးကို ဆပ်တဲ့အနေနဲ့ မင်း မနာကျင်ရအောင် ခပ်မြန်မြန် သေခွင့်ပြုလိုက်မယ် .... ပြီးရင်မင်းကို ကောင်းကောင်းမြှပ်နှံပြီး သဂြိုလ်ပေးမယ် ... အော်နောက်ပြီး မင်းမိန်းမကိုလည်း စိတ်မပူနဲ့သိလား ... ငါကိုယ်ဖိရင်ဖိ စောက်ရှောက်ပေးမယ် ...."

ထိုစကားကိုကြားချိန်တွင် ဟူကျယ်မျက်လုံးများက မီးကျီခဲကဲ့သို့ ရဲရဲနီသွားလေသည်

"... မင်း... မင်း လူမဟုတ်ဘူး ...တိရိစ္ဆာန်လိုကောင် ..."

ထိုအချိန်တွင် ချန်လွေကွမ်းလက်ထဲမှ ဓားက အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ဟူကျယ်လည်ပင်အား လှီးဖြတ်သွားသည် ။ ထိုနောက် ချန်လွေကွမ်းက ပုလင်းတစ်လုံးကို ထုတ်၍ ထိုပုလင်းထဲမှ အစိမ်းရောင်အရည်တစ်ချို့ကို ဟူကျယ်ဦးခေါင်းပေါ်သို့ သွန်ချလိုက်သည် ။ ၎င်းအစိမ်းရောင် အရည်များ၏ တိုက်စားခြင်းကိုခံလိုက်ရသော ဟူကျယ်၏ ဦးခေါင်းမှာ မျက်စိတမှတ်အတွင်း နောက်ကျိနေသောအစိမ်းရောင် ရေအိုင်ငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ရှောင်လုံက ထိုအဖြစ်အပျက်ကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲအေးစက်စက်အမူအယာ ဖြင့်သာ စိုက်ကြည့်နေ၏။
ရှောင်လုံမျက်လုံးထဲ၌ ချန်လွေကွမ်းအသုံးပြုလိုက်သော နတ်ဘုရားအဆင့် ၉ သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်အား လွယ်လင့်တကူ တိုက်စားချေဖျက်ပြစ်နိုင်စွမ်းရှိသည့် အစိမ်းရောင်အရည်အား စိတ်ဝင်စားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ဟူကျယ်ကိစ္စကိုရှင်းပြီးနောက် ချန်လွေကွမ်းက ရှောင်လုံတို့ဘက်တို့ မည်သည့်အမှားမှ မပြုလုပ်ခဲ့သလို တည်ငြိမ်နေသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များက ရှောင်လုံကိုင်ထားသော ကြာပန်းနက်မှတဆင့် ရှီရှောင်ဖေး၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။
နတ်သမီးတစ်ပါးပမာ ချောမောပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပသည့် ရှီရှောင်ဖေးကို မြင်ချိန်၌ ချန်လွေကွမ်းမျက်လုံးများက အရောင်တောက်ပလာသည်။

အစောပိုင်းတွင် သူ့အာရုံများက ကြာပန်းနက်ဆီမှာသာ ရှိနေခဲ့ပြီး ရှီရှောင်ဖေးကို သတိမပြုမိခဲ့ပေ ။ လောကကြီးတွင်
ဤမျှချောမောလှပသော  မိန်းကလေးတစ်ရှိနေလိမ့်မည်ဟု သူ့စိတ်ထဲမှာ လုံးဝကို ထင်မထားခဲ့ပေ ။

ချန်လွေကွမ်က သူ့ကိုယ်သူထိန်းချုပ်ကာ ရှောင်လုံကိုကြည့်လိုက်သည် ။ ထိုနောက် လှောင်ပြောင်သော လေသံဖြင့်

".... ဟေ့ကောင် ... ငါအပိုစကားတွေ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး ... မင်းလက်ထဲက ကြာပန်းနက် ငါ့ကိုပေးစမ်း ...."

ချန်လွေကွမ်းက နတ်ဘုရားအဆင့်၁၀ အတွင်းအားရှိသော သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ ထိုကြောင့် သူက နတ်ဘုရားအဆင့် ၉ သိုင်းပညာရှင်ကိုပင် မျက်လုံးထဲ ထည့်မထားပေ ။

"...  နင့်လို ဆန်ကုန်မြေလေးမျိုးကို အစိတ်အပိုင်းတစ်သောင်းလောက်ဖြစ်အောင် အပိုင်းပိုင်းခုတ်ပြီး သတ်ပြစ်သင့်တယ် ...."

ထိုအချိန်၌ ရှီရှောင်ဖေးက အေးစက်စက်လေသံဖြင့် ဝင်ပြောလိုက်သည်။ အသက်သခင် ကျေးဇူးရှင်အား ကျေးပြန်စွပ်ခဲ့သော ချန်လွေကွမ်း၏ လုပ်ရပ်ကိုကြည့်ပြီး ရှောင်ဖေးစိတ်ထဲမှာ အရမ်းကို ရွံရှာစက်ဆုပ်သွားသည်။

ရှောင်ဖေး၏ ပြင်းထန်သော ကြိမ်းမောင်းစကားကိုကြားသော်လည်း ချန်လွေကွမ်းက စိတ်မဆိုးသည့်အပြင် ပြုံးပင်ပြုံးလိုက်သေးသည်။

"...ငါက ဆန်ကုန်မြေလေးပေါ့ ဟုတ်လား ... အေး ငါ့လို ဆန်ကုန်မြေလေးမျိုးရဲ့ ဘဝက အရမ်းကိုသာယာတယ် ... ကြာပန်းနက်ကို ရပြီးရင် ပိုလို့တောင် သာယာအုံးမယ် .... နင်ပြောခဲ့တဲ့ စကားတခွန်းကြောင့် နင့်ကိုငါ့ရဲ့ လိင်ကျွန်အဖြစ် တသက်လုံး နေသွားခိုင်းမယ် ... နင့် တစ်ဘဝလုံး
ငါ့ကိုကောင်းကောင်းပြုစုဖို့သာ ပြင်ထားပေတော့ ..."

ချန်လွေကွမ်း၏ စကားအဆုံး၌ လူရိပ်တစ်ခုက သူ့အရှေ့သို့ ရုတ်တရက် ရောက်ရှိလာလေသည်။
ချန်လွေကွမ်းတစ်ယောက် သတိဝင်ကာ ကမန်းကတမ်းရှောင်တိမ်းရန် ကြိုးစားစဉ် သူ့လည်ပင်းနေရာ၌ တင်းကျပ်မှုတစ်ခုကို ခံစားလိုက်ရပြီး လေထဲသို့ ပင့်မြှောက်ခံလိုက်ရသည်။ ချန်လွေကွမ်းက သူ့ကို လည်ပင်းကကိုင်၍ ပင့်မြှောက်ထားသူအား အထိတ်တလန့်ဖြင့် ကြည့်လိုက်သည်။ ထိုလူမှာ သူလျော့တွက်ခဲ့သော မိန်းမချောလေးဘေးနားတွင်ရှိနေသည့် ဆံပင်အနက်နှင့် ကောင်လေး ဖြစ်နေသည်ကို မြင်လိုက်ရသည် ။

  ရှောင်လုံက အေးစက်စူးရှနေသော မျက်လုံးများဖြင့် ချန်လွေကွမ်းအား စိုက်ကြည့်လိုက်သည်

"... မင်းလိုကောင်ကို အစိတ်အပိုင်း တစ်သောင်းလောက် ခုတ်ပြီး သတ်လိုက်ရင် မင်းကို အရမ်းရှောင်လုံမျက်နှာကိုကြည့်ပြီးညှာတာလွန်းရာ ကျသွားမယ် ... အဲ့ဒါထက်အဆတစ်ထောင်လောက် ပိုဆိုးတဲ့နည်းကို ငါသိထားတယ် .... ဘယ်လိုလဲ ... မြည်းကြည့်ချင်လား ....."

ပြုံးပြုံးလေးနှင့်မေးနေသော  ချန်လွေကွမ်း မျက်နှာက ဖြုဖပ်ဖြူရော် ဖြစ်သွားလေသည်။ ချန်လွေကွမ်းက ရှောင်လုံထက်ထဲမှ ရုန်းထွက်နိုင်ရန် အပြင်းအထန် ကြိုးစားလိုက်သည်။ သို့သော် သူ့၏ ချီပင်လယ်အား အလွန် အေးစက်နေသော ချီဓတ်တစ်ခုက ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသည်။

ထိုအချိန်တွင် အဝေးမှ လေတိုးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရှောင်လုံတို့အနားသို့ လူရိပ်တစ်ခု လျင်မြန်စွာရောက်ရှိလာသည် ။ အသစ်ရောက်ရှိလာသူကိုမြင်ချိန်တွင် ချန်လွေကွမ်း၏ မျက်နှာမှာ ငပုပ်ဖမ်းရာမှ လွတ်မြောက်လာသော လမင်းကြီးကဲ့သို့ ဝင်းဝင်းပပ တောက်ပသွားသည်

"... ဆ...ဆရာ ...တပည့်ကို ကယ်....ကယ်ပါအုံး ..."

ချန်လွေကွမ်းက ရင်ကွဲမတတ် အော်ပြောလိုက်လေသည်။ 

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၃၅.... နင် ထွက်သွားဖို့ မစဉ်းစားနဲ့တော့

အနက်ရောင်ဆံပင်နှင့် လူအိုကြီး ရောက်လာချိန်၌ သူ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ ဟူကျယ်၏ ခေါင်းပြတ်နေသော အလောင်းဖြစ်ပြီး သူ့အမူအရာက ချက်ချင်းဆိုသလို မဲမှောင်သွားသည်။ သူ့၏ အေးစက်စက် အကြည့်က ရှောင်လုံအပေါ်သို့ ကျရောက်သွားလေ၏။
"မျိုးမစစ်ကောင်...မင်းက ဒီ တောက်ဂူရဲ့ တပည့်ကို သတ်ရဲတယ်ပေါ့လေ...မင်းဘယ်သူပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး...ဒီနေ့ မင်း သေချာပေါက် သေရမယ်"
ဟူကျယ်ကို သတ်သူမှာ ရှောင်လုံ ဖြစ်သည်ဟု သူက လုံးဝကို မှားယွင်းစွာ ကောက်ချက်ချသွားပေသည်။
ချန်းလွေ့ကွမ်းက ထိုအခြေအနေကို အခွင့်ကောင်းယူကာ ခွန်အားရှိသမျှ ရုန်းကန်ရင်း အော်ပြောလေသည်။
"ဆရာ...ကျွန်တော်တို့က နှစ် နှစ်သန်းကျော် သက်တမ်းရှိတဲ့ ကြာပန်းနက်ကို တူးနေတုန်း ဒီကောင်စုတ်ရောက်လာပြီး ကျွန်တော်တို့ကို ခြုံခိုတိုက်ခိုက်တယ် ....နောက်ပြီး ဆရာတူညီလေး ဟူကို သတ်ပစ်လိုက်တယ်... သူက ကြာပန်းနက်ကိုတောင် ယူသွားလိုက်သေးတယ် "

နှစ်နှစ်သန်းသက်တမ်း ရှိတဲ့ ကြာပန်းနက် ....

တစ်ခဏအတွင်း၌ တောက်ဂူ၏ စိတ်ထဲတွင် ပိတီလှိုင်းဖြာသွားလေပြီး ရှောင်လုံကို ဂနာမငြိမ်သည့် အကြည့်ဖြင့် ကြည့်လာသည်။

"ကောင်စုတ်လေး...ကြာပန်းနက်ကို မြန်မြန်ထုတ်ပေးစမ်း...ငါ ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် မင်းရော မင်းကောင်မလေးရော နှစ်ယောက်လုံးကို လွှတ်ပေးမယ်"

ရှောင်လုံ က လူအိုကြီး သတိမထားမိခင်ကပင် ကြာပန်းနက်ကို သိမ်းဆည်းထားပြီး ဖြစ်သည်။
ချန်းလွေ့ကွမ်းက ရှောင်လုံကို လှောင်ပြောင်လိုက်သည်။

"မင်းကြားပြီလား မျိုးမစစ်ကောင်ရ... ကြာပန်းနက်ကို လိမ်လိမ်မာမာလေး ထုတ်ပေးပြီးတော့ ငါ့ကို လွှတ်ပေးလိုက်...ငါ့ဆရာက မင်းတို့ကို အသက် ချမ်းသာပေးနိုင်လိမ့်မယ်"

"အဲ့ဒီလိုလား "

ရှောင်လုံ၏မျက်နှာထားမှာ တည်ငြိမ်နေပြီး အမူအရာပြောင်းလဲခြင်း မရှိပေ။ ထိုနောက်ရှောင်လုံက ချန်းလွေ့ကွမ်း၏ လည်ပင်းအားဆုပ်ကိုင်ထားသော သူ့လက်ချောင်းများကို အားစိုက်ကာ လည်ပင်အား လိမ်ချိုးပစ်လိုက်သည်။ ထိုနောက် ချက်ချင်းဆိုသလို အစစ်အမှန်အင်မော်တယ်အဆီအနှစ် မီးတောက်ဖြင့် ချန်လွေကွမ်း၏ စိတ်ဝိညာဉ်ကိုပါ  လောင်ကျွမ်းဖျက်ဆီးပစ်လိုက်လေသည်။

ရှောင်လုံ သူ့လက်များကို ဖယ်ချလိုက်ချိန်တွင် ချန်းလွေ့ကွမ်း၏ ခန္ဓာကိုယ်က မြေပြင်ထက်သို့ ပုံလဲကျသွားသည်။ ရှောင်လုံက မဟာနတ်ဘုရားအဆင့် သူ့ဆရာ၏ ရှေ့တွင် သူ့ကို အမှန်တကယ် သတ်ပစ်ရဲသည့်အပေါ် မယုံကြည်နေဟန်ဖြင့် ချန်းလွေ့ကွမ်း၏ မျက်လုံးများက ပြူးကျယ်နေသည်။

သူ့ဆရာက မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် ဆိုသည်ကို ထိုခွေးကောင်လေး သတိမပြုမိသည်လော....

ရှောင်လုံက သူ့တပည့်ကို သူ့ရှေ့၌ပင် သတ်ပစ်ရဲလိမ့်မည်ဟု တောက်ဂူကိုယ်တိုင်လည်း မမျှော်လင့်ထားမိပေ။
တောက်ဂူ၏ မျက်လုံးဆီမှ လူသတ်လိုသော အရိပ်အယောင်များ ပေါက်ကွဲဖြာထွက်လာသည်။
မဟာနတ်ဘုရား အဆင့်သိုင်းပညာရှင်တစ်ယောက်ရှေ့တွင် မဟာနတ်ဘုရားအဆင့်မရောက်သေးသည့် သိုင်းပညာရှင်များမှာ တုံ့ပြန်နိုင်စွမ်းမရှိသော ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။

ပုရွက်ဆိတ်သာသာ ကောင်က သူ့တပည့်အား သူ့ရှေ့၌ပင် သတ်ဖြတ်ရဲပေသည်။

" တော်တော်သေချင်နေတဲ့ကောင်ပဲ "

တောက်ဂူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်တော့သည်။
ကြီးမားလှသည့် လက်ဝါးချက်ကြီးက ရှောင်လုံနှင့် ရှောင်ဖေးတို့ကို ရိုက်ချလာသည်။
အစပိုင်းတွင် တောက်ဂူက ရှောင်လုံ ကြာပန်းနက်ကို ယောင်မှား၍ ဖျက်ဆီးပစ်မည်ကို စိုးရိမ်မိခဲ့သည်။ သို့သော် ယခုမူ ကြာပန်းနက်ကို ဖျက်ဆီးသွားနိုင်ခြေကို ရင်း၍ ရှောင်လုံ၏ အသက်ကို နှုတ်ယူရန် တောက်ဂူက စွန့်စားလိုက်ခြင်းဖြစ်သည်။

ထို့ပြင် သူ့၏ ရုတ်တရက် တိုက်ခိုက်မှုက ရှောင်လုံကို အငိုက်ဖမ်းလိုက်နိုင်ပြီး တုံ့ပြန်ချိန် ရလိမ့်မည် မဟုတ် ဟု တောက်ဂူ ယုံကြည်ပေသည်။
အင်အားအပြည့်နှင့် လက်ဝါးရာကြီးက ရှောင်လုံနှင့် ရှောင်ဖေးအပေါ် ကျဆင်းလာချိန်တွင် အေးစက်စက် နှာခေါင်းရှုံ့သံ တစ်သံက လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာလေသည်။ ရှောင်လုံနှင့် ရှောင်ဖေးတို့၏ ရှေ့ရှိ လေထုက စုတ်ဖြဲခံလိုက်ရပြီး တောက်ပလင်းလက်သော လပြည့်ဝန်းကြီးတစ်ခု ပေါ်ထွက်လာကာ သူတို့ရှေ့၌ ပိတ်ကာပေးလာသည်။
လေထုထဲ၌ ထိခတ်မိသွားသည့်အသံ ပျံ့လွင့်လာလေသည်။
တောက်ဂူ၏ ကြီးမားလှသော လက်ဝါးရာကြီးက ကွဲအက်သွားပြီး နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ ခန္ဓာကိုယ် က ယိမ်းယိုင်သွားရပြီး ဟန်ချက်ပျက်သွားကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ရသည်။
ရှောင်လုံနှင့်ရှောင်ဖေးတို့၏ ရှေ့၌ ပုံရိပ်တစ်ခု ပေါ်လာလေသည်။
တောက်ဂူ က တုန်လှုပ်ကာ ဒေါသထွက်သွားသည်။ မည်သူက သူ့အား နှောင့်ယှက်လာသည်နည်း။
"...အရူးသခင်မ ....မင်းကို "
သူ့ကို နှောင့်ယှက်သူအား တွေ့လိုက်ရချိန်၌ တာအိုဂူ၏ အမူအရာမှာ မကောင်းမွန်တော့ပေ။
သူ့တို့ကို ကာကွယ်ပေးသူအား မြင်လိုက်ချိန်တွင် ရှောင်ဖေးလည်း အရမ်းကို ပျော်ရွှင်သွားသည်။ သူမက အနားသို့ လျှောက်သွားကာ နှုတ်ဆက်လိုက်လေသည်။

"ဆရာ"

ထိုသူကား အခြားသူမဟုတ်... သိုင်းလောကမှ နှစ်ပေါင်းအတော်ကြာ သတင်း ပျောက်ကွယ်နေသည့် အရူးဆရာမကြီး ယန်ယီပေတည်း။
ရှောင်လုံလည်း အမြန်ရှေ့သို့တိုးကာ "ဆရာမကြီး" ဟု နှုတ်ဆက်လိုက်သည်။
ရှောင်လုံ ချန်းလွေ့ကွမ်းအား တုံ့ဆိုင်း ခြင်းမရှိဘဲ သတ်ဖြတ်ရဲသည့် အကြောင်းရင်းမှာ လမင်းဆင်းသက်ခြင်းအဘိုးအို က သူ့၏ အကြောင်းကြားချက်ကို တုံ့ပြန်လာသောကြောင့် ဖြစ်သည်။ သို့သော်  ပထမဆုံး ရောက်လာသူမှာ ရှောင်လုံ မမျှော်လင့်ထားသော ယန်ယီ ဖြစ်နေလေသည် ။

ယန်ယီက ရှောင်လုံနှင့်ရှောင်ဖေးတို့ကို ပြုံးပြလိုက်သည်။ ရှောင်ဖေး၏ လက်ရှိခွန်အားကို အကြည့်တစ်ချက်တည်းဖြင့် သူမ ပြောနိုင်ပေသည်။ သူမက ပျော်ရွှင်သွားကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည့် ဆရာတပည့်နှစ်ဦးတွင် သေချာပေါက် ပြောစရာကိစ္စများစွာ ရှိနေသော်ငြား သူတို့၏ ပြန်လည်တွေ့ဆုံမှုကို ကျင်းပရန် အလျင်လိုနေစရာမလိုပေ။

"သရဲနက် တောက်...ရှင့်လို မဟာနတ်ဘုရားအဆင့်က အငယ်နှစ်ယောက်ကို အနိုင်ကျင့်နေတာ အရှက်မရှိဘူးလား "
ယန်ယီက ပြန်လှည့်ကြည့်လိုက်ကာ တောက်ဂူကို အေးစက်စက် မျက်နှာထားဖြင့် ရင်ဆိုင်လိုက်သည်။ သူမ၏ အသံ၌ လှောင်ပြောင်ရိပ်တို့ စွန်းထင်းနေလေသည်။

"ဒီသတင်းသာ ပျံ့သွားမယ်ဆိုရင် ရှင်တော့မသိဘူး ကျွန်မတော့ ရှင့်အစား တော်တော် ရှက်မိမှာ "
တောက်ဂူ၏ မည်းနက်နေသော မျက်နှာက ပိုမို နက်မှောင်သွားသည်။

" အရူးသခင်မ...အခြားသူတွေကတော့ နင့်ကို ကြောက်ရင်ကြောက်လိမ့်မယ်...ငါကတော့ မကြောက်ဘူး "

တောက်ဂူ၏ မျက်လုံးများက ယုတ်မာကောက်ကျစ်မှုများဖြင့် အရောင်တောက်ပလာသည်။

"မင်းရဲ့ တပည့်ကောင်မလေးကို ခေါ်ပြီး ထွက်သွားလို့ရတယ်...ဒါပေမယ့် ငါ့တပည့်နှစ်ယောက်ကို သတ်သွားတဲ့ အဲ့ခွေးကောင်ကတော့ ဒီနေ့ သေကိုသေရမယ်"
သူက ရှောင်လုံကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
သို့သော် သူ ရှောင်လုံကို သတ်လိုခြင်းမှာ သူ့တပည့်နှစ်ယောက်အတွက် လက်စားချေပေးလိုသည့်အပြင် တခြားအဓိပ္ပါယ်လည်း ရှိနေသေးသည် ။

တစ်ဖက်လူ၏ သူ့အပေါ် သတ်ဖြတ်လိုစိတ်ကို ရှောင်လုံက နှာခေါင်းတစ်ချက်သာ ရှုံ့ပြလိုက်ပြီး မလိုအပ်တော့သည်ကို ရှင်းပြလိုစိတ်မရှိပေ။
ယန်ယီက သူမလက်ထဲရှိ သစ်သားနက်ကို မြှောက်ပြလိုက်ကာ တောက်ဂူကို သရော်လိုဟန် အေးစက်စက်အပြုံး ပြုံးပြလိုက်သည်။
"ဟာသပဲ...ကျွန်မ ဘယ်သူ့ကိုပဲ ခေါ်သွားသွား ရှင့်ကို ပြောစရာလိုလို့လား...ဆန်ကုန်မြေလေး ရှင့်တပည့်နှစ်ယောက် သေသွားတော့ ကမ္ဘာကြီး သန့်ရှင်းသွားတာပေါ့...သူတို့ အသက်ရှင်နေသေးရင် ရှင့်ကို မျက်နှာပျက်စေ နေဦးမယ်လေ...ဟုတ်တယ်မလား "

ယန်ယီစကားကြောင့် တောက်ဂူတစ်ယောက် ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုနောက်သူက ဒေါသတကြီး ရယ်မောလိုက်သည်။

"မင်း ပြောပုံအရဆိုရင် ငါ့တပည့်နှစ်ယောက်ကို သတ်ပစ်တဲ့အတွက် ဒီ ကောင်စုတ်ကို ငါက ကျေးဇူးတောင်တင်သင့်တယ်ပေါ့လေ...ဟုတ်လား"

ယန်ယီက ပြန်ပြောသည်။

"ရှင် ဒီလို တွေးချင်ရင်လည်း...အဆင်ပြေတာပဲလေ"
တောက်ဂူ၏ အော်ဟစ်သံက ပဲ့တင်ထပ်သွားတော့သည်။
"ယန်ယီ...ဒီနေရာက ကောင်းကင်ဘုံတောင်တန်း...
ကျားဖြူကြယ်စင်စု...ငါ့ရဲ့ ဓားကျိုးဂိုဏ်း ပိုင်နက် ကွ..... ဒီနေရာမှာ နင် မောက်မာချင်သလို မောက်မာလို့ရမယ် ထင်မနေနဲ့...နင့်တပည့်ကို ခေါ်ပြီး ဒီနေရာကနေ ချက်ချင်း ထွက်သွားလိုက်တော့..မဟုတ်ရင်တော့လား..."

ယန်ယီက လှောင်ရယ် ရယ်လိုက်သည်။
"မဟုတ်ရင် ဘာဖြစ်လဲ"

ထိုအချိန်တွင် လေတိုးဝှေ့သံများက ရန်စောင်နေကြသည့် အခြေအနေကို ဝင်နှောင့်သွားသည်။

အသစ်ရောက်ရှိလာသူများသည်လည်း ဓားကျိုးဂိုဏ်းမှ လူများ ဖြစ်ကြသည်။ရောက်ရှိလာသူ ခြောက်ယောက်ထဲတွင် အများစုမှာ နတ်ဘုရားအဆင့် ၁၀ နှင့်အထက်သိုင်းပညာရှင်များ ဖြစ်ကြသည်။  သူတို့ထဲတွင် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တစ်ယောက်ပင် ပါဝင်နေသည်။
ထိုလူများကို မြင်လိုက်ချိန်တွင် တောက်ဂူက အားပါးတရ ရယ်မောချလိုက်သည်။ သူ့ရယ်သံထဲတွင် ရူးသွပ်မှုတစ်ချို့ ရောယှက်နေ၏ ။

"အရူးမ...ငါပြောတဲ့အချိန်ကသာ နင့် တပည့်ကို ခေါ်ပြီး ထွက်ပြေးရင် အခုလောက်ဆို လွတ်နေလောက်ပြီ ...ဒါပေမယ့် အခုတော့ နင် ထွက်ပြေးချင်ရင်တောင် ပြေးလို့ မလွတ်တော့ဘူး"

ယန်ယီလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ဓားကျိုးဂိုဏ်းသည် ကျားဖြူကြယ်စင်စု၏ ထိပ်တန်းအင်အားစုများအနက်မှ တစ်ခု ဖြစ်ပြီး ယခု သူမရှေ့တွင် ရှိနေသော မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် နှစ်ယောက်မှာ ၎င်းဂိုဏ်း၏ အဓိကမဏ္ဍိုင်များ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ ဂိုဏ်းချုပ် တောက်ဂူ ဖြစ်ပြီး အခြားတစ်ယောက်မှာ အရင်ဂိုဏ်းချုပ်လည်းဖြစ်၊ တောက်ဂူ၏ ဆရာလည်း ဖြစ်သော ကျောင်းယုံဖုန်းဖြစ်သည်။

ကျောင်းယုံဖုန်းတစ်ယောက် အနီးအနားတွင် ရှိနေလိမ့်မည်ဟု ယန်ယီ မမျှော်လင့်ထားမိပေ။
ယန်ယီက တောက်ဂူအား ယှဉ်ဆိုင်ရန် ယုံကြည်မှုအပြည့် ရှိသော်လည်း  သူမသည် ကျောင်းယုံဖုန်း၏ ပြိုင်ဘက်မဟုတ်သည်ကို ဝန်ခံရပေလိမ့်မည် ။ ဤအခြေအနေသည် တခြားတစ်ချိန်၌သာ ဖြစ်ခဲ့ပါလျှင် သူမသည် ရှောင်လုံနှင့်ရှောင်ဖေးတို့ကို ခေါ်ကာ အလျှင်အမြန် ထွက်ပြေးပြီးသွားပြီ ဖြစ်သည်။ သို့သော် ယန်ယီက တည်ငြိမ်ပြီး မာနကြီးသည့်အသွင်နှင့် ရှိနေဆဲ ဖြစ်သည်။

တောက်ဂူက ရှေ့သို့ တိုးကာ ကျောင်းယုံဖုန်းကို ရှင်းပြလိုက်သည်။

"ဆရာ...ချန်းလွေ့ကွမ်းက နှစ် နှစ်သန်းသက်တမ်းရှိတဲ့ ကြာပန်းနက်ကို ရှာတွေ့ခဲ့တယ်...ဒါပေမယ့် သူနဲ့ ဟူကျယ်ကို ဒီခွေးကောင်လေးက အလစ်ငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်...နောက်ပြီး သူက ဟူကျယ်နဲ့ ချန်းလွေ့ကွမ်းတို့ကိုသတ်ပြီး ကြာပန်းနက်ကို အလစ်သုတ်သွားတယ်...တပည့်က အဲ့မျိုးမစစ်လေးကို သတ်ဖို့ လုပ်ပေမယ့် ယန်ယီက ဝင်နှောင့်ယှက်နေတာပါ"

အနှစ် နှစ်သန်းသက်တမ်းရှိတဲ့ ကြာပန်းနက် .....

ထိုစကား ကြားချိန်၌ ကျောင်းယုံဖုန်းနှင့် သူ့နောက်ရှိ ဓားကျိုးဂိုဏ်းမှ မဟာအကြီးအကဲ ငါးယောက်လည်း တုန်လှုပ်သွားကြသည်။ ထိုနောက် ချက်ချင်းဆိုသလို သူတို့မျက်လုံးထဲတွင် လောဘများဖြင့် ပြည့်နှက်လာလေသည်။

ဤပြဿနာသည် အနှစ်နှစ်သန်း ကြာပန်းနက်မှ စတင်ကြောင်း သိလိုက်ရချိန်တွင် ယန်ယီလည်း အံ့အားသင့်သွားသည်။ ထို့ပြင်  ရှောင်လုံက ကြာပန်းနက်အား ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ကျောင်းယုံဖုန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

"ယန်ယီ...နင် ထွက်သွားဖို့အတွက် သုံးစက္ကန့် အချိန်ပေးမယ်... ငါပြောသလို ထွက်သွယးမယ်ဆိုရင် အစောပိုင်း ဖြစ်ပျက်ခဲ့သမျှကို ငါ ခွင့်လွှတ်ပေးလိုက်မယ်...အဲ့လိုမှ မဟုတ်ဘူးဆိုရင် နင် ငါ့ရဲ့ ဓားကျိုးဂိုဏ်းကို တမင်သက်သက် ဆန့်ကျင်တယ်လို့ ယူဆရမှာပဲ ... ငါတို့ဂိုဏ်းကို ဆန့်ကျင်ရဲတဲ့အကျိုးဆက်ကို နင် သေချာပေါက် ခံစားရလိမ့်မယ် "

ယခုချိန်တွင် ယန်ယီကို ထွက်သွားစေခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ သူတို့သာ တိုက်ခိုက်မည်ဆိုပါက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်နှစ်ယောက်ကြား တိုက်ခိုက်မှု စွမ်းအားလှိုင်းများသည် အခြားသိုင်းပညာရှင်များအား  ဖိတ်ခေါ်သလို ဖြစ်သွားနိုင်သည် ။ သိုင်းလောကထဲတွင် အနှစ်နှစ်သန်းသက်တမ်းရှိ ကြာပန်းနက်အား မလိုချင်သောလူ မရှိပေ။

ယန်ယီက အမူအရာပြောင်းလဲခြင်းမရှိဘဲ ပြန်လည် ချေပလိုက်သည်။

" ကျွန်မကလည်း ရှင်တို့ ထွက်သွားဖို့အတွက်  အချိန် သုံးစက္ကန့်ပေးမယ်...ရှင်တို့ လိမ်လိမ်မာမာထွက်သွားမယ်ဆိုရင် ဖြစ်ပျက်ခဲ့တာတွေကို သင်ပုန်းချေပေးမယ် "

ယန်ယီစကားကြောင့် ကျောင်းယုံဖုန်းနှင့် တောက်ဂူတို့ တခဏမျှ ကြောင်အသွားပြီး ဒေါသကြောင့် ရယ်မောလိုက်မိကြသည်။
ဤအခြေအနေသို့ ရောက်နေသည့်တိုင် ယန်ယီဆိုသည့် မိန်းမသည် ကိုယ့်အခြေအနေကို နားမလည်နိုင်သေးသည်လော ။
သို့မဟုတ် သူမ၏ နာမည်နှင့်လိုက်အောင် ရူးမိုက်နေသည်လော ။
ယန်ယီက သူတို့ကို ထွက်သွားရန်ပင် အချိန်ပေးနေသေးသည်။
" ကောင်းပြီလေ ...စေတနာကို နားမလည်မှတော့ နင်ထွက်သွားဖို့ မစဉ်းစားနဲ့တော့  "

ထိုနောက် ကျောင်းယုံဖုန်း၏ မျက်လုံးထဲမှ ရက်စက်လိုသည့် အလင်းတန်းတစ်ချို့ ဖြာထွက်လာသည်။

Pokračovat ve čtení

Mohlo by se ti líbit

61.6K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
533K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
539K 18.4K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...