ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

726 - 730

190 10 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
 
အပိုင်း-၇၂၆ ..... အောက်ပိုင်းရေခဲနန်းတော်ကိုအမြစ်ဖြတ်သုတ်သင်ခြင်း

ရှောင်လုံ၏ ခိုင်မြဲစွာဆုတ်ကိုင်ထားမှုကြောင့် ပိုးစာပင်ဓားသည် တုန်ခါလာပီး မျှော်လင့်စောင့်စားနေထိုင်ရသည်။ ရှောင်လုံရှေ့သို့ ပျံသန်းရောက်ရှိလာသော အောက်ပိုင်းရေခဲနန်းတော်၏ သိုင်းပညာရှင်များသည် လောက၀တ်စကားများ ဆိုမနေပေ။များပြားလှသည့်ဓားချည်များကို ထုတ်လုပ်လွှတ်လိုက်လေပြီး တဖက်လူဆီမှ သိုင်ပညာရှင်တိုင်းဆီသို့တိုး၀င်သွားလေသည် ။ 
    
  အောက်ပိုင်းရေခဲနန်းတော်၏သိုင်းပညာရှင်အုပ်စုသည် လေထုထဲတွင်တောင့်ခဲသွားကြသည်။ သူတို့၏မျက်လုံးများသည်တွေဝေသွားကြပြီး မိမိတို့၏ခန္ဓာကိုယ်အားပြန်ကြည့်လိုက်ကြပြီးနောက် တစ်ခဏတွင် လေထုထဲမှ ထိုးကျလာကြသည် ။
  

ထိုနေရာရှိအခြေအနေသည်ချက်ချင်းဆိုသလို အနီးနားရှိ အခြားအောက်ပိုင်းရေခဲနန်းတော်သိုင်းပညာရှင်များ၏ အာရုံကိုဆွဲဆောင်မိသွားလေသည် ။ အရပ်မျက်နှာအနှံ့ဆီမှ ဒေါသတကြီးအော်ဟစ်သံများသည် ပဲ့တင်ထပ်သွားကြပြီး သူတို့က ရှောင်လုံဆီသို့ပျံသန်းတိုက်ခိုက်လိုက်ကြသည် ။

ရှောင်လုံက အဖက်မလုပ်သည့်အမူအရာဖြင့် ရှိနေပြီး သူတစ်ချက်လှုပ်လိုက်သည်နှင့် သူ၏ပုံရိပ်က ဝေဝါးသွားသည် ။

လှုပ်ရှားမှုတိုင်းတွင် သူ့လက်ထဲရှိ ပိုးစာပင်ဓားသည် သွေးမိုးများကိုဖြစ်တည်သွားစေပြီး ၀မ်းနည်းဖွယ်ရာ ငိုကြွေးသံများက လှိုင်းလုံးများသဖွယ် လိုက်ပါလာသည် ။

ခဏကြာပြီးနောက် ပင်လယ်ပြင်သည် သွေးအနီရောင်သန်း သွားလေတော့သည် ။ အော်ဟစ်သံများရပ်တန့်သွားပြီးနောက် ရင်ထိတ်ဖွယ်ရာ အေးစက်စက်လေထုသည်သာ တိတ်ဆိတ်စွာ ကျန်နေခဲ့သည် ။

     အားလုံးကိုသတ်ဖြတ်လိုက်ပြီးနောက် ရှောင်လုံက အလောင်းများကို အဇူရာလက်စွပ်ထဲသို့ ထည့်လိုက်သည်။ တစ်ခဏအတွင်း အဇူရာ လက်စွပ်ထဲရှိ အလောင်းအရေအတွက်သည် ထောင်ပေါင်းများစွာသောစကြာ၀ဠာအဆင့်သိုင်းပညာရှင်များနှင့် နတ်ဘုရားအဆင့် သိုင်းပညာရှင် အယောက်နှစ်ဆယ်၏ အလောင်းများ ထပ်မံ တိုးပွားလာသည် ။

   သို့သော်လည်း မြောက်ဘက်ရေခဲနန်းတော်၏ရှိလူတိုင်း အသတ်ခံရခြင်း မဟုတ်ပေ။ ရှောင်လုံကအောက်ပိုင်းရေခဲနန်းတော်၏အကြီးအကဲတစ်ယောက်အား သတင်းအချက်အလက်ရရှိရေးအတွက်  စိတ်ဝိဉာဏ် ရှာဖွေရန် အရှင်ထားခဲ့သည် ။ ထုံးစံအတိုင်းသူက အောက်ပိုင်းရေခဲနန်းတော် ဌာနချုပ်၏ တည်နေရာကိုရှာဖွေလိုက်သည် ။

သံသယ ရှိစရာမလိုလောက်အောင်ပင်ရှောင်လုံ၏ရည်ရွယ်ချက်သည် ကျူပင်ခုတ် ကျူငုတ်မကျန် အပြတ်ရှင်းရန် ဖြစ်သည် ။

အောက်ပိုင်းရေခဲနန်းတော် အရှင်သခင်နဲ့ မဟာအကြီးအကဲများအားလုံး သေဆုံးသွားပြီးနောက်တွင် အောက်ပိုင်းရေခဲနန်းတော်၏အင်အားစုများသည် ကျိုးမိသားစု ကဲ့သို့ပင် ခွဲဝေခံလိုက်ရပေလိမ့်မည် ။၎င်းတို့သည် မိစ္ဆာဂိုဏ်း နှင့် မော့မိသားစု တို့၏ ပိုင်းခြားခံ၊ဝါးမြိုခံ ဖြစ်သွားလိမ့်မည်။

ခဏအကြာ၌ ရှောင်လုံသည် အောက်ပိုင်းရေခဲနန်းတော်အကြီးအကဲ၏ စိတ်ဝိဉာဉ် ကို ရှာဖွေပြီးသွားပြီးနောက် ထိုအကြီးအကဲ၏အသက်အား အဆုံးသတ်လိုက်လေသည် ။ ထို့နောက် သူသည် အနောက်မြောက်ဘက် ပင်လယ်မှ သိပ်မဝေးသောနေရာ၌ တည်ရှိသည့် အောက်ပိုင်းရေခဲနန်းတော်ရှိရာအရပ်ဆီသို့ ပျံသန်းသွားလိုက်လေသည်။

ရှောင်လုံ၏ လက်ရှိပျံသန်းနှုန်းဖြင့် ထိုနေရာသို့ရောက်ရန် အချိန်တစ်နာရီမျှသာကြာသည် ။

အောက်ပိုင်းရေခဲနန်းတော်သို့ရောက်ရှိသွားသည့်အချိန်၌ နန်းတော်အရှင်သခင်သည် မိန်းကလေးအစေခံ လေးယောက်နှင့် အလုပ်ရှုပ်နေသည်။

သူက လေးယောက် တစ်ယောက်နှုန်းဖြင့် ပျော်မွေ့နေလေသည်။

အော်ညည်းသံများက ပိုမို ကျယ်လောင်လာပေသည်။

ကြည့်ရသည်မှာ နန်းတော်သခင်၏ အောက်ပိုင်းသည် အလွန်အမင်း အားကောင်းဟန် ရသည်။ သို့သော် ဤအကြိမ်၌ ရှောင်လုံသည် ထိုကဲ့သို့သော အရာများကို ကြည့်ရှုလိုစိတ်မရှိပေ။ ထို့ကြောင့် သူ့လက်ထဲရှိ ပိုးစာပင်ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။

"ဘယ်သူလဲ ?!"

  ရှောင်လုံ၏ ပိုးစာပင်ဓား ခုတ်ပိုင်းလိုက်သည့်ခဏတွင် အောက်ပိုင်းရေခဲနန်းတော် အရှင်သခင်သည် ချက်ချင်းဆိုသလို အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည် ။ သူ့၏ ဒေါသတကြီးအော်ဟစ်သံက မိုးကြိုးပစ်သံနှယ် မြည်ဟီးသွားသည်။

အတိအကျ ဆိုရသော် ၎င်းသည် မဟာမိုးကြိုးတုန်ခါခြင်းအသံဟု ခေါ်သည့် အဆင့်မြင့်အသံနည်းစနစ် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အောက်ပိုင်းရေခဲနန်းတော်သခင်သည် အစေခံမိန်းမပျိုလေးယောက်၏ကြားမှ ပျံသန်းထွက်လာခဲ့သည်။

သို့သော်လည်း မဟာမိုးကြိုးတုန်ခါခြင်းအသံသည် အခြားသူများအပေါ်သာ သက်ရောက်နိုင်စွမ်းရှိပေလိမ့်မည်။ သို့သော် ရှောင်လုံ့အပေါ်၌ အနည်းငယ်မျှပင်သက်ရောက်မှုမရှိပေ။ အောက်ပိုင်းရေခဲနန်းတော်သခင်သည် မိန်းမပျိုအစေခံလေးယောက်ရှိရာဆီမှ ထွက်လာချိန်၌ ရှောင်လုံ၏ ဓားသည် သူ့၏ ချီပင်လယ်ထဲသို့ ထိုးဖောက်သွားသည် ။

ပိုးစာပင်ဓား၏ ထိပ်ဖျားသည် သူ့၏ချီပင်လယ်ကိုထိုးဖောက်သွားပြီး နောက်ကျောဆီမှ ပြန်ထွက်လာသည်။

ရှောင်လုံ သူ့ဓားကို ပြန်ဆွဲထုတ်လိုက်ချိန်တွင် အောက်ပိုင်းရေခဲနန်းတော် သခင်၏ ကြောက်မက်ဖွယ်ရာအော်သံကြီးထွက်ပေါ်လာပြီးကြမ်းပြင်ပေါ်သို့လဲကျသွားသည် ။

အောက်ပိုင်းရေခဲနန်းတော်၏ မိန်းမပျိုအစေခံလေးယောက်သည်လည်း အလွန်အမင်းတုန်လှုပ်သွားကြလေသည် ။ သူတို့၏ အ၀တ်မကပ်သည့် ခန္ဓာကိုယ်များကိုပင်မေ့လျော့သွားကြလေပြီး တံခါးရှိရာဆီသို့မြန်နိုင်သမျှ မြန်မြန်ပြေးလိုက်ကြလေသည်။

အနောက်သို့ တစ်ချက်မျှပင်ပြန်မကြည့်လိုက်ပဲ ရှောင်လုံသည် ပိုးစာပင်ဓားကို တစ်ချက် ယမ်းလိုက်သည် ။ထို့နောက်အစေခံလေးယောက်သည်တံခါးဆီမှ ခြေတစ်လှမ်းအကွာတွင် သေဆုံးသွားကြလေသည်။

"မင်းဘယ်သူလဲ?"

သေလုမတတ်ဖျော့တော့နေသည့် အောက်ပိုင်းရေခဲနန်းတော်သခင်က အံတင်းတင်းကြိတ်လိုက်ရင်း မေးလိုက်လေသည်။ သူ့ နှလုံးသားတစ်ခုလုံး ထိတ်လန့်ကြောက်ရွံ့မှုများဖြင့်ကြီးစိုးလေသည်။

"ကျုပ်အရဲစွန့်ပြီးမေးပါရစေ ... ကျုပ်တို့ အောက်ပိုင်းရေခဲနန်းတော်က လူကြီးမင်းကိုဘယ်လိုများဆန့်ကျင်ခဲ့မိလို့ပါလဲခဗျာ... "

ရှောင်လုံက မျက်နှာသေဖြင့်ပြန်ပြောလိုက်သည်။

" ခင်ဗျားလူတွေကို အနက်ရောင်မြောက်ဘက်ပင်လယ်ထဲမှာ ကျုပ်ကိုရှာပြီးဖမ်းခဲ့ဖို့ အမိန့်မပေးခဲ့ဘူးလား?"

အောက်ပိုင်းရေခဲနန်းတော်သခင်၏ မျက်နှာက တင်းမာသွားသည်။

"အဲ့တာ မင်းလား?"

သူ့အရှေ့ရှိ လူက သူ့သားကို သတ်ဖြတ်သူတဲ့လား။

ရှောင်လုံက ဘာစကားမှ ဆက်ပြောမနေတော့ပေ။ သူက ပိုးစာပင်ဓားကိုမြှောက်လိုက်လေပြီး အောက်ပိုင်းရေခဲနန်းတော်သခင်၏ မျက်ခုံး နှစ်ခုကြားသို့ ထိုးသွင်းလိုက်လေသည်။ အစစ်အမှန် အင်မော်တယ် အဆီအနှစ် မီးတောက်သည် ပိုးစာပင်ဓားပေါ်တွင် တောက် လောင်လာလေသည် ။

နတ်ဘုရားအဆင့်၉ အစောပိုင်း အထွတ် အထိပ် အဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည့် အောက်ပိုင်းရေခဲနန်းတော်သခင်သည် သေဆုံးသွားလေပြီ။

ရှောင်လုံ လိပ်နက် နတ်မီးတောက် နှင့် မပေါင်းစပ်ရသေးခင်က နတ်ဘုရားအဆင့်၉ သိုင်းပညာရှင်များ ဖြစ်သည့် လီမိသားစု အစောင့်များကိုပင် လက်သီးတစ်ချက်ဖြင့် လွင့်စင်သွားစေခဲ့သည် ။လိပ်နက် နတ်မီးတောက်နှင့် ပေါင်းစပ်ပြီးသွားချိန်၌ ရှောင်လုံ၏ အစစ်အမှန်စွမ်းအားသည် အလွန်အမင်းတိုးတတ်လာသည်မှာပြောစရာပင်မလိုပေ ။ထို့ကြောင့် နတ်ဘုရားအဆင့်၉ အစောပိုင်းအထွတ်အထိပ် အဆင့် တစ်ယောက်ကို သတ်ဖြတ်ခြင်း မှာ အလွန်ပင်လွယ်ကူလှသည် ။

ရှောင်လုံက အောက်ပိုင်းရေခဲနန်းတော်သခင်နှင့်အစေခံလေးယောက်၏ အလောင်းကို အဇူရာလက်စွပ်ထဲသို့ ပစ်ထည့်လိုက်သည် ထို့နောက် တံခါးများကို ဖြတ်သန်း၍ အတွင်းခန်းမဆီမှ လျှောက်ထွက်လိုက်လေသည်။

ရှောင်လုံ ထွက်လာပြီးနောက် အောက်ပိုင်းရေခဲနန်းတော်၏ သိုင်းပညာရှင်များသည် အရပ်မျက်နှာ အနှံ့မှ ထွက်ပေါ်လာကြလေပြီး သူ့ကို ၀န်းရံလိုက်လသည် ။

  အောက်ပိုင်းရေခဲနန်းတော် သိုင်းပညာရှင်အုပ်စုကြီးဆီမှ အရောင်အသွေးစုံသည့် ဘရိုကိတ် ၀တ်စုံကို၀တ်ဆင်ထားသော ဆွဲဆောင်မှုအပြည့်နှင့် အမျိုးသမီးတစ်ယောက် အရှေ့သို့ထွက်လာလေသည်။ထိုမိန်းမသည် အောက်ပိုင်းရေခဲနန်းတော်၏ သခင်မှ ဖြစ်ကြောင်းရှောင်လုံ သိပေသည်။

ထိုအမျိုးသမီး၏ ရွှေရင်နှစ်မွှာက ခြေတစ်လှမ်း လှမ်းလိုက်လေတိုင်း လှုပ်ခတ်သွားသည်ကို ရှောင်လုံ တွေ့မြင်နေရသည်။ ၎င်းတို့ကို အရောင်သွေးစုံ ဘရိုကိတ်၀တ်ရုံဖြင့် ဖုံးကွယ်ထားသော်ငြား တကယ့်ကို ကြီးမားလှကြောင်း ရှောင်လုံ ခံစားမိပေသည်။ သူ နောက်တစ်ချက် ပြန်မကြည့်ဘဲ မနေနိုင်ပေ။

ရှောင်လုံ မရည်ရွယ်ဘဲ ၎င်းတို့ကို ရှောင်ဖေး၏ ရွှေရင်အစုံနှင့် နှိုင်းယှဉ်ကြည့်မိသည်။ ရှောင်ဖေး၌ မည်သည့်အရာမျှ လိုအပ်မနေသော်လည်းအရွယ်အစားချင်း ယှဉ်ကြည့်လျှင်မူ ဤ အောက်ပိုင်းရေခဲနန်းတော်သခင်မကို ရှုံးနိမ့်သွားပေလိမ့်မည်။

"မင်းကများ...မင်းက ဘာကိစ္စနဲ့ ငါတို့ရဲ့ အောက်ပိုင်းရေခဲနန်းတော်ကို ချိုးဖျက် ၀င်ရောက်လာရတာလဲ?ငါ့ယောက်ျားရော ဘယ်မှာလဲ?"

အောက်ပိုင်းရေခဲနန်းတော်သခင်မက ရှောင်လုံ့အား မေးခွန်းပေါင်းများးစွာတစ်ခါတည်းမေးလိုက်လေသည် ။ သူမ၏ယောက်ျားက ရှောင်လုံ၏လက်ထဲ၌ သေဆုံးသွားပြီးဖစ်ကြောင်းကိုမသိရှိလိုက်ပေ။

ရှောင်လုံက စကားတစ်ခွန်းမျှ ပြန်မဖြေပေ။ သူ့အား၀န်းရံထားသည့်သူများကို တစ်ချက်မျှ ကြည့်လိုက်လေပြီး လေထဲသို့ပျံသန်းလိုက်လေသည်။ထို့နောက် အောက်ပိုင်းရေခဲနန်းတော်သိုင်းပညာရှင်များနှင့်သူတို့၏ သခင်မှ ပါ၀င်သည့်အုပ်စုကို အလယ်မှ ထားကာ ကြီးမားလှသည့်လေမုန်တိုင်းကြီးကို လှည့်ပတ်လိုက်သေည် ။ ထိုလေမုန်တိုင်းကြီးက မျက်တောင်တစ်ခတ်အတွင်း ပိုမိုကျယ်ပြန့်လာပြီးအောက်ပိုင်းရေခဲနန်းတော်၏ ဌာနချုပ်တစ်ခုလုံးကို ဖုံးအုပ်သွားလေသည် ။

အောက်ပိုင်းရေခဲနန်းတော်၏ သခင်မ အပါအ၀င် လေမုန်တိုင်းထဲသို့ ဆွဲယူခံလိုက်ရသည် ။

ထိုလေမုန်တိုင်းကြီးသည် ရှောင်လုံကျိုးမိသားစုအိမ်တော်၌ အသုံးပြုခဲ့သည့် နဂါးလူးလွန့်တိပ်လွှာညွှန့် ပင်ဖြစ်သည်။

လိပ်နက်နတ်မီးတောက်ပေါင်းစပ်ပြီးနောက် ၎င်း၏ ဝါးမြိုခြင်းစွမ်းအားကို သဘောပေါက် နားလည်ခဲ့သည်မို့ သူ့၏ နဂါးလူးလွန့်တိမ်လွှာညွှန့် အပေါ်နားလည်မှုသည်လည်းပိုမိုတိုးတတ်လာခဲ့လေသည်။

လေမုန်တိုင်းကြီးကကြောက်မက်ဖွယ်ရာ ဝါးမြိုခြင်းစွမ်းအားနှင့်အတူ  အပြင်ဘက်ဆီသို့ ပိုမိုကျယ်ပြန့်လာလေသည် ။ လေမုန်တိုင်းကြီး၏ ထိပ်ဖျားသည် မဟာလေနဂါးထောင်ချီ အဖြစ် ပြောင်းလဲသွားလေသည်။

နာရီ၀က်အကြာ၌ လေမုန်တိုင်းကြီးသည် လုံးဝပျောက်ကွယ်သွားပြီးနောက် မဟာလေနဂါးထောင်ပေါင်းများစွာသည် ကောင်းကင်ထက်၌ ကျန်နေခဲ့လေသည်။

လေထဲမှ ကျဆင်းလာသည့်အောက်ပိုင်းရေခဲနန်းတော်သိုင်းပညာရှင်များ၏ အလောင်းများကိုကြည့်ရင်း ရှောင်လုံသည်အားလုံးကိုစုစည်းလိုက်လေသည် ထို့နောက်၎င်းတို့ကို သူ၏ အဇူရာလက်စွပ်ထဲသို့ပစ်ထည့်လိုက်လေပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

အောက်ပိုင်းရေခဲနန်းတော် ဌာနချုပ်ဆီမှ ထွက်ခွာခဲ့ပြီးနောက်ရှောင်လုံသည်ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာမှ သိုင်းဝိညာဉ်ကမ္ဘာ သို့ အမြန် ပြန်လာခဲ့လေသည်။

မိစ္ဆာဂိုဏ်းနှင့်မော့မိသားစု တို့က ကျိုးမိသားစုနှင့်အောက်ပိုင်းရေခဲနန်းတော်၏ အကြွင်းအကျန်အင်အားစုများကိုမည်သို့ဝါးမျိုမည်ဆိုသည်ကိုကား ရှောင်လုံစိတ်၀င်စားခြင်းမရှိပေ။ ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ သေးငယ်လှသောအင်အားစုများသည် အနက်ရောင်လိပ်ကြယ်စင်စုထဲရှိ ပထမအဆင့်အင်အားစုများနှင့်ပင် နှိုင်းယှည်နိုင်စွမ်းမရှိပေ။ရှောင်လုံအနေဖြင့်၎င်းတို့ကို သိမ်းသွင်းရန်ပင်ပျင်းရိလှသည်။

ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာမှ ထွက်ခွာလာခဲ့ပြီးနောက် ရှောင်လုံ၏အမြန်နှုန်းသည် ပိုမိတိုးတတ်လာလေသည်။ ၃နာရီကြာပြီးနောက် သိုင်းဝိဉာဉ် ကမ္ဘာသို့ရောက်ရှိသွားလေသည်။

'ငါ နောက်ဆုံးတော့ ပြန်ရောက်လာပြီ'

သိုင်းဝိညာဉ်ကမ္ဘာ၏ လေထုထဲ၌ ရပ်လိုက်လေရင်း ကမ္ဘာ၏လေကိုရှူသွင်းလိုက်လေသည်။ ရှောင်လုံ လျှပ်တပြက်အတွင်းမှာပင် ပျောက်ကွယ်သွားပြီးနောက် ဟောင်မိသားစုအိမ်တော်သို့ အမြန်ပြန်လိုက်လေသည်။

သူသိုင်းဝိညာဉ်ကမ္ဘာသို့ပြန်ရောက်ချိန်တွင် ၎င်း၏စိတ်ဝိညာဉ် စွမ်းအင်သည် ပိုမိုတိုးတတ်လာသည်ကို ရှောင်လုံခံစားလိုက်ရသည်။ ယခင်က ကဲ့သို့ပြိုကွဲပျက်စီး အားနည်းနေမှုမျိုးမခံစားရဘဲ သူ့မိဘများနှင့် အခြားသူများသည် သူမရှိချိန်တွင်း သိုင်းဝိညာဉ်ကမ္ဘာ အားကယ်တင်ရန်အလွန်အမင်းကြိုးစားထားနိုင်ရသည်။

မကြာမှီတွင်ရှောင်လုံသည် ဟောင်မိသားအိမ်တော်၏ ပုံရိပ်ကို မြင်လိုက်ရလေသည်။

သူထွက်သွားခဲ့သည့် အချိန်ကနှင့် နှိုင်းယှဉ်လျှင် ဟောင်မိသားစု အိမ်တော်သည် လုံး၀ ပြောင်းလဲသွားခဲ့သည်။ယင်းမိသားစု မဟာအကြီးအကဲ ယင်းဖေးနှင့် အခြားသူများတည်ဆောက်ထားသည့် နံရံများနှင့်ရုပ်ထုများကို ဖြိုချထားပြီး အသစ်ပြန်လည်တည်ဆောက်ထားသည်။ ထိုအသစ်တည်ဆောက်ထားသည့် ဟောင်မိသားစုအိမ်တော်သည် ပိုမိုကြီးမြတ် ခန့်ညားထည်ဝါပြီး ယခင်ကထက်ပင်ပိုမိုလှပလာလေသည်။

"အကိုကြီးပြန်လာပြီ  "

ဟောင်ရှောင်ဟိုင်က ရှောင်လုံ့ကိုမြင်လိုက်သည်နှင့် ပျော်ရွှင်၀မ်းမြှောက်စွာအော်ပြောလိုက်လေသည်။

သူ့အသံက ဟောင်မိသားစုအိမ်တော် တစ်ခုလုံးကိုပင် ပဲ့တင်ထပ်သွားလေသည်။ ချက်ချင်းဆိုသလို ဟောင်မိသားစု၀င်များအားလုံး၊ရှောင်ဖေးနှင့် အခြားသူများသည် ပြုံးပျော်စွာ ပြေးထွက်လာကြလေသည်။

သို့သော်လည်း ရှောင်လုံထွက်ခွာသွားစဥ္က သူသည်နှစ်ပေါင်းများစွာကြာမှ ပြန်လာမည်ဖြစ်ကြောင်း၊ သူ့အား ဤနေရာမှ စောင့်နေစေလိုကြောင်းလူတိုင်းအားပြောခဲ့ပေသည်။ နှစ်များကုန်လွန်သွားသည်နှင့်အမျှ သူတို့ရှောင်လုံ့ကို မစိုးရိမ်ဟုပြောလျှင် လိမ်ညာရာကျပေလိမ့်မည် ။ အထူးသဖြင့် ရှောင်ဖေးဖြစ်သည်။ ရှောင်လုံကို မြင်လိုက်သည့် အချိန်တွင် သူမ ၏ မျက်၀န်းလှလှလေးသည် နီရဲသွားလေတော့သည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း-၇၂၇ ....လိပ်နက်နတ်မီးတောက်၏ သခင်ဖြစ်လာခြင်း

"ကျွန်တော်မရှိတဲ့အချိန်တွင်း အားလုံး သိုင်းဝိညာဥ်ကမ္ဘာမှာ အဆင်ပြေရဲ့လား"

ရှောင်လုံက တစ်ယောက်ချင်းမဟုတ်ဘဲ လူတိုင်းကိုမေးလိုက်လေသည်။

ထို့ကြောင့်ပင် လူတိုင်းက ရှောင်လုံမေးခွန်းကိုဖြေရန်အလုအယက် ဖြစ်သွားကြပြီး တစ်ယောက်စကားကိုတစ်ယောက် ဖြတ်ပြောလိုက်ကြသည်။ထို့ကြောင့် ရှောင်လုံမရှိသည့် ငါးနှစ်တာကာလအတွင်း အဖြစ်အပျက်များအားလုံးနီးပါးကို သိလိုက်ရလေသည်။

ရှောင်လုံထွက်သွားပြီးနောက် သိုင်းဝိညာဥ်ကမ္ဘာ ၌ ပုံမှန်မဟုတ်သည့် မည်သည့်အရာမျှ မဖြစ်ပွားခဲ့ဘဲ အာကာသအမွှာကမ္ဘာ၏ ယင်းမိသားစုမှာလဲ မည်သည့်သိုင်းပညာရှင်ကိုမျှ မစေလွှတ်ခဲ့ပေ။သူတို့သည် ရှောင်လုံကိုအလွန်အမင်းကြောက်ရွံ့နေကြသည်မို့ မည်သူ့ကိုမျှ ထပ်မံ မစေလွှတ်ရဲခဲ့ပေ။

ရှောင်လုံမရှိသည့်အတောအတွင်း ဟောင်မိသားစုနှင့် သိုင်းဝိညာဥ်ကမ္ဘာ ၏ မိသားစုကြီးငယ်များ၊ အင်ပါယာနိုင်ငံများ၏အားထုတ်မှုအောက်တွင် သိုင်းဝိညာဥ်ကမ္ဘာ၏ အခြေအနေသည်အကြီးအကျယ်တိုးတတ်ခဲ့ပေသည်။အထူးသဖြင့် နှင်းလေတိုက်ပြီး ပြောင်းလဲမှုမှာ အသိသာဆုံးဖြစ်ပေသည်။

အမှန်မှာမူ ရှောင်လုံ မထွက်သွားခင်က ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်ထောင် ကို အသုံးပြု၍ ကြီးမားလှသည့် စိတ်ဝိညာဥ်  စွမ်းအင် ချဲ့ထွင်ခြင်း အစီအရင် ကို ခင်းကျင်းခဲ့ခြင်းကြောင့် ဖြစ်သည်။

  လက်ရှိအချိန်တွင် ဟောင်မိသားစု အိမ်တော်၏ လီတစ်သောင်းပတ်ပတ်လည်ရှိ စိတ်ဝိညာဥ် စွမ်းအင်သည် ငြိမ်းချမ်းခြင်းအင်ပါယာ ကမ္ဘာထက်ပင် ပိုမိုကြွယ်၀နေပေသည်။

ဟုတ်ပေသည် တိမ်ပင်လယ်ကုန်းမြေကြီး သို့မဟုတ် အနက်ရောင်သူရဲကောင်းတက္ကသိုလ် တို့နှင့်ယှဥ်လိုက်လျှင်မူကား အလွန်ပင်ဝေးကွာနေပေသေးသည်။

သို့သော်လည်း နှစ်တစ်ရာအကြာ၌ ဟောင်မိသားစုအိမ်တော်မှ လီပေါင်းတစ်သောင်းအတွင်း စိတ်ဝိညာဥ်စွမ်းအင်များသည် တိမ်ပင်လယ်ကုန်းမြေကြီးနှင့် အနက်ရောင်သူရဲကောင်းတက္ကသိုလ်တို့ကို နှိုင်းယှဥ်နိုင်ပေလိမ့်မည်။ နှစ်ရာဂဏန်းအနည်းငယ်အတွင်း ၎င်းတို့ထက်ပင် ကျော်လွန်သွားနိုင်သေးသည်ဟု ရှောင်လုံ ယုံကြည်ပေသည်။

ရှောင်လုံက လူအုပ်စုကြီးနှင့်အတူ အိမ်တော်ထဲသို့ လျှောက်၀င်လာခဲ့သည်။အမျိုးအစားများပြားလှသော စိတ်ဝိညာဥ်စွမ်းအင် သစ်ပင်များ ၊ပန်းပွင့်များ နှင့် ဆေးပင်များကို အိမ်တော်အတွင်းစိုက်ပျိုးထားသည်။ ၎င်းတို့တစ်ခုချင်းစီတိုင်းက အလင်းဖျော့ဖျော့တောက်ပနေပေပြီး စွဲမက်ဖွယ်ရာ ရနံံ့ကို ထုတ်လွှတ်နေပေသည်။သို့သော် စိတ်ဝိညာဥ် သားရဲများ ကင်းမဲ့နေသောကြောင့် အံ့သြဖွယ်ရာပတ်၀န်းကျင်ဖြစ်နေသော်လည်း မပြည့်စုံသည့်ခံစားချက်ကို ပေးစွမ်းနေပေသည်။

"သိုင်းဝိညာဥ်ကမ္ဘာ စိတ်ဝိညာဥ် သားရဲအားလုံးနီးပါးကို ကျိုးမိသားစုနှင့် ယင်းမိသားစု၀င်တွေက သတ်ဖြတ်ခဲ့ကြတယ်လေ ... အစ်ကိုပြန်လာတဲ့အခါကြရင် အခြားကမ္ဘာ တွေဆီက စိတ်ဝိညာဥ်သားရဲ နည်းနည်းလောက်သွားဖမ်းဖို့ ညီမ တို့ ဆွေးနွေးထားကြတယ် ... ညီမတို့ တိမ်ပင်လယ်ကုန်းမြေကြီးကို ပြန်ရောက်တဲ့အခါကြရင် စိတ်ဝိညာဥ် သားရဲ အများကြီး ပြန်၀ယ်ခဲ့ကြမလို့လေ"

ရှောင်ဖေးက ရှင်းပြလိုက်သည်။

ရှောင်လုံက ခေါင်းငြိမ့်လိုက်လေသည်။ ဤကိစ္စက အလျှင်လိုစလို လုပ်ရန်မလိုပေ။သိုင်းဝိညာဥ်ကမ္ဘာ အပြည့်အ၀ ပြန်လည်ကောင်းမွန်စေရန်မှာ နှစ်အနည်းငယ်အတွင်းဖြစ်နိုင်ချေရှိပေသည်။

ထို့နောက် ရှောင်လုံက သူတို့၏ ကျင့်စဉ်အမြန်နှုန်းနှင့် ပြဿနာများကို မေးမြန်းလိုက်လေသည်။အကြောင်းမှာ သူက လူတိုင်း၏ စွမ်းအားသည် အလွန်အမင်းတိုးတတ်လာကြောင်း သတိထားလိုက်မိသောကြောင့်ဖြစ်သည်။

အရာအားလုံးက အကောင်းဘက်သို့ ဉီးတည်တိုးတက်နေပေသည်။

ရှောင်လုံပြန်လာပြီးနောက် ညဘက်တွင်ဟောင်မိသားစုအိမ်တော်သည် စားသောက်ပွဲ တစ်ခု ကျင်းပလေသည်။ချီးကျူးဂုဏ်ပြုသံများနှင့်ရယ်မောသံများ တစ်ညလုံး ပဲ့တင်ထပ်နေလေသည်။သူ့၏ သိုင်းဝိညာဥ်ကမ္ဘာသို့ လိပ်နက်နတ်မီးတောက်နှင့်ပေါင်းစည်းရန် သွားရောက်ခဲ့သောခရီးသည် အောင်မြင်ခဲ့ပေသည်။ ထို့ကြောင့် ရှောင်လုံက ပျော်ရွှင်၀မ်းမြောက်နေပြီး ဝိုင်သောက်ခြင်းကိုမရပ်တန့်ခဲ့ပေ။

စားသောက်ပွဲကို နောက်တစ်နေ့မနက် နေထွက်လာသည့် အချိန်ထိ ကျင်းပခဲ့ပြီးမှသာ လူတိုင်းပြန်သွားကြသည်။ရှောင်လုံသည်လည်း သူ့ခြံ၀န်းဆီသို့ ပြန်သွားလိုက်လေသည်။

ထိုခြံ၀န်းကို အရင်ဟောင်မိသားစုအိမ်တော်ရှိ ရှောင်လုံ၏ ခြံ၀န်းအတိုင်း ပြန်လည်တည်ဆောက်ထားပေသည်။ အသွင်အပြင်လက္ခဏာရပ်တိုင်းက သူနေခဲ့သည့်ခြံ၀န်းနှင့် တူနေပေသည်။

ရှောင်လုံသူနှင့် ရင်းနှီး လှသည့်ပတ်၀န်းကျင်ကို ကြည့်ရှုနေရင်း အတိတ်ကို လွမ်းဆွတ်သည့် ခံစားချက်တစ်ခု ပေါ်ထွက်လာလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ ဤကမ္ဘာ၌မွေးဖွားလာသည်မှာ နှစ်ပေါင်းတစ်ရာပင်ကျော်လွန်ခဲ့ပြီဖြစ်သည်။

နှစ်ပေါင်းတစ်ရာ ကြာခဲ့လေပြီ ... သူ့၏သိုင်းဝိညာဥ် နိုးထလာသည့်အချိန်မှ စကာ ဟောက်ထျန် သိုင်းအဆင့်လူငယ်လေးသည် နတ်ဘုရားအဆင့်၈ အလယ်အလတ် အထွတ်အထိပ်သိုင်းပညာရှင်ဖြစ်လာခဲ့သည်။

ရှောင်လုံက သူ့လက်ဖဝါးနှစ်ဖက်ကို မြှောက်ကာတီးလိုက်ပြီးနောက် ပြန်ခွာလိုက်သည်။ အပြာရောင်ရေခဲနှင်းမီးတောက် နှစ်ခုသည် ရှောင်လုံ၏ လက်ဝါးထဲ၌ပေါ်လာလေသည်။

ရှောင်လုံက လိပ်နက် နတ်မီးတောက်နှင့်ပေါင်းစပ်ပြီးဖြစ်သော်လည်း ၎င်းက သူ့ကို ဖောက်ခွဲပစ်နိုင်စွမ်းရှိနေဆဲဖြစ်သည်။ ထိုမီးတောက်အကြောင်း သူသိသလောက်မှာ ကြီးမားလှသည့် ရေခဲ့တုံးကြီးတစ်ခု၏ အက်ကွဲကြောင်းထဲမှ ရရှိခဲ့သည် ဆိုသည်ကိုသာဖြစ်သည်။

လိပ်နက် နတ်မီးတောက်အပေါ် သူ၏သဘောပေါက်နားလည်မှု တိုးပွားလာသည်နှင့်အမျှ သူ့၏ မသိစိတ်က ပြောနေသည်မှာ မဟာမီးတောက်လေးမျိုးသည် အောက်ဘုံကမ္ဘာတွင် မွေးဖွားလာသည့် အရာများ မဟုတ်ဟူ၍ ဖြစ်သည်။ထို့အပြင် သူတို့၏ အောက်ဘုံကမ္ဘာတွင် ထိုနတ်မီးတောက်လေးမျိုး ပေါ်ပေါက်လာနိုင်သည့် ပျက်စီးခြင်း နယ်မြေ မျိုး အဘယ်သို့ရှိနိုင်မည်နည်း။

ရှောင်လုံ ထိုကိစ္စကိုမတွေးတောနိုင်သကဲ့သို့ ၎င်း ကို နဂါးအင်ပါယာအောင်းတိုင်ရီသည်လည်း မစဉ်းစားတတ်ပေ။

သူ့လက်ထဲရှိ သေးငယ်လှသော ရေခဲနှင့် မီးဘောလုံးနှစ်လုံးကိုကြည့်ရင်း ရှောင်လုံ အတွေးတစ်ချက်၀င်သွားလေသည်။သူက မီးဘောလုံးနှစ်လုံးကို သူ့ကိုယ်ထဲသို့ပြန်သိမ်းရန်ကြိုးပမ်းလိုက်ပြီး အကြိမ်ပေါင်းဒါဇင်ချီ ကြိုးစားလိုက်ရသည်။နောက်ဆုံးတွင်တော့ သူအောင်မြင်သွားသည်။

ထိုသို့အောင်မြင်သွားပြီးနောက် သူနတ်မီးတောက်ကိုထပ်မံဆင့်ခေါ်လိုက်လေသည်။ ဤအကြိမ်၌ သူက ၎င်းကိုမတူညီသည့်ပုံစံဖြစ်ပေါ်စေရန်ကြိုးပမ်းလိုက်လေသည်။ရှောင်လုံကို ခါးသက်စွာရယ်မောစေသည့်အရာမှာကား မီးဘောလုံးများ၏ ပုံပန်းသဏ္ဌာန်ကို မည်သို့ပင်ပြောင်းလဲနေပါစေ... ပေါက်စီနှစ်လုံးနှင့်သာတူနေသောကြောင့်ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ၎င်းတို့သည်ပေါက်စီနှင့်မတူတော့သော်ငြား ကျောက်တုံးနှင့်တူလာလေသည်။ လိပ်နက် နတ်မီးတောက်က သူ့အား တမင်သက်သက် ခက်ခဲအောင် လုပ်နေသည်ဟု ရှောင်လုံ အဓိပ္ပာယ်မရှိစွာ တွေးလိုက်မိလေသည်။ ထိုနတ်မီးတောက်ကဲ့သို့ သဘာ၀၏ဖြစ်တည်မှုတစ်ခုသည် သေချာပေါက် အသိစိတ်ရှိနေပေသည်။

သူသည် တစ်ရက်ပီးတစ်ရက် တစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက် ကြိုးစားသင်ယူပြီးနောက် တစ်ရက်ထက် တစ်ရက် ပိုမိုသဘောပေါက်နားလည်လာပေသည်။ လိပ်နက်နတ်မီးတောက်နှင့် ရင်းနှီးလာသည်နှင့်အမျှ ရှောင်လုံသည် အနက်ရောင်လိပ်ကြယ်စင်အင်အားကို စုပ်ယူကျင့်ကြံ လေသည်။ထို့အပြင် တစ်ချိန်တည်းမှာပင် အဆင့်ခြောက်နတ်ဘုရားဉီးခေါင်းကိုပါ စုပ်ယူသန့်စင်လေသည်။

အဆုံး၌ ရှောင်လုံနှင့်သူမိသားစုအပါအ၀င် ရှောင်ဖေးသည်လည်း သိုင်းဝိညာဥ်ကမ္ဘာ၌ နေထိုင်လိုက်ကြသည်။

နောက်ထပ် အချိန်သုံးနှစ်တာ ကုန်ဆုံးသွားသည်။

အဆင့်ခြောက် နတ်ဘုရားဦးခေါင်းက အမှုန့်အဖြစ်ကွဲကြေသွားပြီး ရှောင်လုံ့လက်ထဲမှ ပျောက်ကွယ်သွားသည်။ ထို့အပြင် ရှောင်လုံသည် အနက်ရောင်နှင့် ကြယ်စင်အင်အားကို လွန်ခဲ့သည့်သုံးနှစ်အတွင်း စုပ်ယူခဲ့ပေသည်။ ထို့ကြောင့် နတ်ဘုရားအဆင့်ရှစ် အလယ်အလတ် အထွတ်အထိပ် အဆင့်မှ နတ်ဘုရားအဆင့်ရှစ် နောက်ပိုင်းအဆင့်သို့တိုးတက်လာခဲ့သည်။ ဤသုံးနှစ်တာကာလသည် ရှောင်လုံကိုသူ့၏ စွမ်းအားနှင့်ကျင့်စဉ်တို့ကို အခြေခိုင်မာစေရန် အချိန်လုံလောက်စေခဲ့သည်။

ဤ သုံးနှစ်အတွင်း ရှောင်လုံ၏ အစစ်အမှန် နဂါးကိုယ်သည် အနက်ရောင်လိပ်ကြယ်စင်အင်အား ကြောင့် ပိုမိုတောင့်တင်းသန်မာလာခဲ့ပြီး ပိုမို ဆင့်ကဲပြောင်းလဲလာခဲ့သည်။

သူ့၏ ကိုယ်တွင်း အစိတ်အပိုင်းများ ၊သူ့၏ သွေးကြောများနှင့် ချီပင်လယ်သည်လည်း ကြယ်ရောင်တလက်လက်တောက်ပနေလေပြီး ရှေးကျသည့် စကြာ၀ဌာ တစ်ခုနှင့်ပင် တူနေပေသေးသည်။ လွန်ခဲ့သည့်သုံးနှစ်တာအတွင်း အနက်ရောင် လိပ်ကြယ်စင်စု ကြယ်စင်အင်အား၏ တောင့်တင်းခိုင်မာစေသောအကျိုးသက်ရောက်မှုကြောင့် ရှောင်လုံ၏ အစစ်အမှန်နဂါးခန္ဓာကိုယ်သည် ယခုအခါ နှစ်ဆသန်မာလာပြီဖြစ်သည်။

၎င်းသည်တမူထူးခြားသော ခန္ဓာကိုယ် ဖြစ်ခဲ့ပေသည်။ သို့သော်ယခုမူကား ရှောင်လုံသည်ပင် သူ့၏အစစ်အမှန်နဂါးကိုယ်သည် မည်မျှသန်မာပြီး မည်မျှထိပြောင်းလဲသွားကြောင်း ပြောနိုင်စွမ်းမရှိပေ။ရှောင်လုံသိသည့် အရာမှာကား သူ၏ ခန္ဓာကိုယ်စွမ်းအင် တစ်ခုတည်းကို သုံးလျှင်ပင်သူ့လက်သီးတစ်ချက်သည် ကမ္ဘာ့ အူတိုင်ဆီမှ ကျောက်လွှာများသို့ပင် နက်ရှိုင်းစွာ ကွဲအက်သွားစေနိုင်သည်။

သူသံသယရှိနေသည်မှာ နတ်ဘုရားအဆင့်တစ်ဆယ် နောက်ပိုင်းအဆင့် သို့ ချိုးဖျက်၀င်ရောက်သွားသည်နှင့် သိုင်းဝိညာဥ်ကမ္ဘာကဲ့သို့ ကမ္ဘာတစ်ခုကို လက်သီးတစ်ချက်နှင့်ပင် ထိုးဖောက်ပစ်လိုက်နိုင်လိမ့်မည်ဟူ၍ဖြစ်သည်။

ကမ္ဘာတစ်ခုကို အပေါက်ဖြစ်သွားအောင် ထိုးဖောက်နိုင်ခြင်း ...!

သူ့ဆရာဖြစ်သည့်အနက်ရောင်သူရဲကောင်းကျောင်းအုပ်သည်ပင် ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းမရှိပေ။သူ့ခန္ဓာကိုယ်ထဲရှိ နဂါးရတနာ ကာကွယ်ခြင်းဒိုင်းကာသည် လိပ်နက် နတ်မီးတောင်၏ ဝါးမျိုခြင်းစွမ်းအားကို ဆက်ခံထားသည်မို့ ၎င်း၏စွမ်းဆောင်နိုင်စွမ်းသည်အလွန်အမင်းတိုးတတ်လာသည်။ ယခုတွင် ရှောင်လုံ နဂါးရတနာကာကွယ်ခြင်းဒိုင်းကာကို လှည့်ပတ်လိုက်သည်နှင့် အနက်ရောင်လိပ်ကြယ်စင်စွမ်းအားသည် သူ့ကိုယ်ထဲ၌ စီးဆင်းလာလေသည်။

ဤသုံးနှစ်အတွင်း ရှောင်လုံသည် သွေးစတေးခြင်းနိယာမကို အသုံးပြုပြီး ကျိုးမိသားစုနှင့် အောက်ပိုင်းရေခဲနန်းတော် ၀င်အားလုံး၏ အလောင်များကို သိုင်းဝိညာဥ်ကမ္ဘာ၏ မြေဆီလွှာထဲသို့ မြုပ်နှံသန့်စင်ပစ်လိုက်သည်။ ဤ သို့ဖြင့် သိုင်းဝိညာဥ်ကမ္ဘာ၏ လက်ရှိစိတ်ဝိညာဥ်စွမ်းအင် ကို ပေါများလာစေသည်။သိုင်းဝိညာဥ်ကမ္ဘာ၏ စိတ်ဝိညာဥ်စွမ်းအင် ပြန်လည်တိုးတက်လာသည်သာမက ၎င်း ၏ အရည်အသွေးသည်လည်း အဆင့်အတန်းတစ်ခုသို့ တိုးတက်လာလေသည်။

ဟောင်မိသားစုအိမ်တော်၏ လီတသောင်းပတ်ပတ်လည်မှ သိုင်းဝိညာဥ်ကမ္ဘာ တစ်ခုလုံးဆီသို့ စိတ်ဝိညာဥ်စွမ်းအင်များ ပျံ့နှံ့သွားလေသည်။ ရှောင်လုံက ဤသို့အမိန့်တစ်ခုပေးလိုက်သည်။ဆယ်နှစ်ကြာတိုင်း အင်ပါယာ ဘုရင်များအရေးပါသောမိသားစုများ၏ ခေါင်းဆောင်များးနှင့် ဂိုဏ်းခေါင်းဆောင်များအားလုံးသည် အောင် မိသားစုအိမ်တော်ဆီသို့ သွားရောက်ဂါရ၀ပြုရမည်။ထိုစည်းမျဉ်းမှာ မဖြစ်မနေလုပ်ဆောင်ရမည့်အချက်ဖြစ်သည်။

သိုင်းဝိညာဥ်ကမ္ဘာသို့ အင်ပါယာ နိုင်ငံနှင့် မိသားစုတိုင်း၏ ထောက်ပံ့ကြေးများနှင့် အကျိုးအမြတ်ဖြစ်စေသည့် လုပ်ဆောင်ချက်များအရ သူတို့သည် အမျိုးအစားများပြားလှသော ကောင်ကင်ဘုံအဆင့်၊စကြာ၀ဠာအဆင့် ၊နတ်ဘုရားအဆင့် စိတ်ဝိဉာဏ်ဆေးလုံးများ နှင့် ကောင်းကင်ဘုံအဆင့်၊စကြ၀ဌာအဆင့်၊နတ်ဘုရားအဆင့်၊စိတ်ဝိညာဥ်ကျောက်တုံးများကိုလည်း ဆုလာဒ်အဖြစ် ရရှိသွားမည်ဖြစ်သည်။

ထို့ကြောင့် အင်ပါယာနိုင်ငံ မိသားစုနှင့် အင်အားစုတိုင်းသည် သိုင်းဝိညာဥ်ကမ္ဘာကို ပြန်လည်တည်ဆောက်ရန် သိသိသာသာဖြင့် အားထုတ်လာကြသည်။

၎င်းသည် သိုင်းဝိညာဥ်ကမ္ဘာကို ပိုမိုစည်ကားသွားစေသည်။

အချိန်နှင့်အမျှ ရှောင်လုံ ၊သူ့မိဘများ၊မောင်နှမများ ၊ကျို့ရှု ၊ကျန့်ဖူနှင့် အခြားသူများသည် အခြားကမ္ဘာများသို့ သွားရောက်၍ စိတ်ဝိညာဥ်သားရဲများကို ဖမ်းဆီးကြပြီးနောက် သိုင်းဝိညာဥ်ကမ္ဘာသို့ ပြန်လာကြသည်။ဤသို့ဖြင့် ပျောက်ဆုံးသွားသည့် သဘာ၀ အစိတ်အပိုင်းများကို ပြန်လည်တည်ဆောက်ကြလေသည်။

တိတ်ဆိတ်သည့် ညနက်နက်တွင်ဖြစ်သည်။

ဟောင်မိသားစုအိမ်တော်အနောက်ဘက်ရှိ တောင်တန်းထဲတွင် တောက်ပသည့်အလင်းရောင်တစ်ချက် လင်းလက်သွားသည်။ ရေခဲနှင်းမီးတောက်မှ ဓားရှည်နှစ်ချောင်းအဖြစ်သို့ပြောင်းလဲသွားပြီး အရှေ့ဆီသို့ပစ်လွှတ်လိုက်သည်။ ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးသည် ရေခဲပန်းဆွဲအဖြစ်ပြောင်းလဲသွားသည်။

ထို့နောက် ဓားရှည်နှစ်ချောင်းသည် လေထဲတွင်ပျံ့လွင့်လာလေပြီး မူလလမ်းကြောင်းအတိုင်း ပြန် လှည့်လာလေသည်။ ရေခဲပန်းဆွဲများသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားလေပြီး မီးလမ်းကြောင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ခဏကြာပြီးနောက် ရှောင်လုံသည် မီးတောက်ဓားရှည်နှစ်ချောင်းကို သူ့ကိုယ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်လေပြီး စိတ်ကျေနပ်မှုအပြည့် ဖြင့် ခေါင်းငြိမ့်လိုက်လေသည်။

သုံးနှစ်ကြာပြီးနောက် သူ့၏ လိပ်နက် နတ်မီးတောက်အပေါ်နားလည်မှုသည် နက်ရှိုင်းသထက် နက်ရှိုင်းလာပြီဖြစ်ပြီး သူ့အင်အား၏ အကြီးမားဆုံးအစိတ်အပိုင်းကို ထိန်းချုပ်နိုင်စွမ်းရှိလာပြီဖြစ်သည်။သူသည်မီးတောက်၏ ပုံပန်းသဏ္ဌာန်ကို ပုံစံမျိုးစုံပြောင်းလဲနိုင်စွမ်းရှိရုံသာမက ၎င်း၏ ရေခဲနှင့်မီးတောက် မူလစွမ်းအင်ကိုပါ ခွဲဲခြားနိုင်သည်အထိ ကျွမ်းကျင်ပိုင်နိုင်လေပြီဖြစ်သည်။

ယခု ရေခဲနှင့်မီးတောက် ဓားရှည်နှစ်လက်သည် ရှောင်လုံကိုတိုင်ကျွမ်းကျင်စွားထိန်းချုပ်ထားသည့် လိပ်နက် နတ်မီးတောက်၏ ပုံသဏ္ဌန်ဖြစ် သည်။ဓားတစ်လက်၏ ပုံစံ အဖြစ် ပြောင်းလဲလိုက်ခြင်းကြောင့် လိပ်နက် နတ်မီးတောက် ၏ စွမ်းအားသည် ပို၍ ပင်သန်မာလာလေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း၇၂၈.....ကောင်းကင်ဘုံတောင်တန်း

ရေခဲနှင်းမီးတောက်ဓားရှည်နှစ်ချောင်းသည် ရှောင်လုံ၏ကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် အေးစက်စက်စွမ်းအင်ကို ထုတ်လွှတ်နေသည့် နှင်းဖြူရောင်မီးတောက်ဘောလုံးများသည် သူ့ကိုယ်၏ ပတ်ပတ်လည်တွင်ပေါ်ထွက်လာလေသည်။၎င်းသည် အခြားမီးတောက်ဘောလုံးများနှင့် တဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီး နတ်မီးတောက်ချပ်ဝတ်တစ်ခုအဖြစ်ပြောင်းလဲသွားကာ ရှောင်လုံ၏လည်ပင်းအထိ ဖုံးအုပ်သွားသည်။ နှင်းဖြူရောင် နတ်ဘုရားချပ်ဝတ်၏ မျက်နှာပြင်ထက်တွင် လိပ်နက်တစ်ကောင်နှင့်မြွေတစ်ကောင် ပုံသဏ္ဍာန် ရှိနေပေသည်။၎င်းသည် အသက်ဝင် ရုပ်လုံးကြွနေဟန်ရပြီး လိပ်နက်နတ်မီးတောက်၏ စိတ်ဝိညာဥ်ကို ပုံဖော်နေပေသည်။

ရှောင်လုံသည် သုံးနှစ်တာကာလအတွင်း သူ၏လေ့ကျင့်မှုကို မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် သူသည် လိပ်နက်နတ်မီးတောက်ကို လိပ်နက်နတ်ဘုရားချပ်ဝတ် အဖြစ် ပြောင်းလဲနိုင်သည်ထိ ကျွမ်းကျင်နေပြီဖြစ်သည်။၎င်းချပ်ဝတ်သည် ရန်သူဖြင့်တိုက်ခိုက်သည့်အခါ ကောင်းမွန်သည့် အကာအကွယ်ဖြစ်သည်။ သို့သော်လည်း လိပ်နက်နတ်ဘုရားချပ်ဝတ်သည် မည်မျှသန်မာလာကြောင်း ရှောင်လုံကိုယ်တိုင်ပင် မသိပေ။

ထိုချပ်ဝတ်ကို စမ်းသပ်ဖို့ရန်အတွက် နဂါးအင်ပါယာ အောင်းတိုင်ရီ နတ်ဘုရားလက်နက် သုံး၍သူ့အားတိုက်ခိုက်ပေးရန်တောင်ဆိုလိုက်သည်။နတ်ဘုရားလက်နက်က လိပ်နက်နတ်ဘုရားချပ်ဝတ်ကို တိုက်ခိုက်လိုက်ချိန်တွင် ထိုလက်နက်သည် ချက်ချင်းဆိုသလို ပြာအဖြစ်ပြောင်းလဲသွားသည်။

လိပ်နက်ပုံစံသည် ၎င်း၏ ပါးစပ်ကိုဖွင့်ဟလိုက်လေပြီး ရောက်ရှိလာသည့် တိုက်ခိုက်မှုစွမ်းအားကို ဝါးမျိုလိုက်လေသည်။

ရှောင်လုံသည် အနည်းငယ်မျှပင် မသက်မသာ ဖြစ်မှုကိုမခံစားရပေ။

အမှန်တွင် နဂါးအင်ပါယာ အောင်တိုင်ရီ မတိုက်ခိုက်လိုက်မီက ရှောင်လုံသည် သူ့၏စွမ်းအားကို နတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့်အဖြစ် ကန့်သတ် ထားပေးစေခဲ့သည်။ နဂါးအင်ပါယာ အောင်းတိုင်ရီသည်သာ နတ်ဘုရားအဆင့်လက်နက် အပြင် နတ်ဘုရားအဆင့် ၁၀ အလယ်အလတ်အဆင့် စွမ်းအားကိုသာ အသုံးပြုလိုက်မည်ဆိုလျှင်လည်း  နတ်ဘုရားအဆင့်လက်နက်သည် ပြာအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည် ။ သို့သော် လိပ်နက်နတ်ဘုရားချပ်ဝတ်သည် တိုက်ခိုက်မှုစွမ်းအား၏ တစ်ဝက်ကျော်ကိုသာ ဝါးမျိုနိုင်လိမ့်မည် ဖြစ်ပြီး ကျန်ရစ်သည့် စွမ်းအားအကြွင်းအကျန်များသည် ရှောင်လုံ၏ အစစ်အမှန်နဂါးကိုယ်ပေါ်သို့ ကျရောက်သွားမည်ဖြစ်ကာ ဒဏ်ရာရရှိသွားနိုင်ပေသည်။

ထိုကဲ့သို့သော ဒဏ်ရာအသေးအမွှားလေးများသည် ရှောင်လုံအပေါ် များစွာမသက်ရောက်နိုင်သည်ကို ဝန်ခံရပေမည်။သို့သော် သူသည် ဤရလဒ်နှင့်ပက်သက်၍ စိတ်ကျေနပ်ပေသည်။ နတ်ဘုရားအဆင့် ၈ နောက်ပိုင်းအဆင့် တစ်ယောက်ဖြစ်သည့် သူသည် လိပ်နက်နတ်ဘုရားချပ်ဝတ်အပေါ် မှီခို၍ နတ်ဘုရားအဆင့် ၁၀ အလယ်အလတ်အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိပေလိမ့်မည်။ဤအကြောင်းသည်သာ ပျံ့နှံသွားပါက လူပေါင်းများစွာကို တုန်လှုပ်သွားစေလိမ့်မည် ။

ထို့အပြင် လိပ်နက်နတ်မီးတောက်နှင့် သူ၏စွမ်းအားတိုးတတ်လာခြင်းအပေါ် ရှောင်လုံနားလည်သဘောပေါက်သည်မို့ လိပ်နက်နတ်ဘုရားချပ်ဝတ်၏ စွမ်းအားသည်လည်း ဆက်လက်ကြီးထွားလာပြီး ၎င်း၏ ကာကွယ်ခြင်း စွမ်းရည်များသည် ပို၍ပင် မြင့်မားလာပေလိမ့်မည်။

ထိုသို့သာမကပဲ ချပ်ဝတ်တစ်ခုအသွင် မရှိလျှင်ပင် လိပ်နက် နတ်မီးတောက်သည် ၎င်း၏သခင်ကို ကာကွယ်ပေးနိုင်စွမ်းရှိပေသည်။အတိအကျဆိုရသော် နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်သည်ပင် ရှောင်လုံကို အမှန်တကယ်သတ်ဖြတ်ရန် ခက်ခဲနေပေလိမ့်မည်။

"အခု ဆိုရင် သိုင်းဝိညာဥ်ကမ္ဘာက ပြန်ကောင်းလာပြီ...အဆင့်ခြောက်နတ်ဘုရားဦးခေါင်းကိုလည်း အပြည့်အဝ စုပ်ယူ သန့်စင်ပြီးသွားပြီ...ပြီးတော့ ငါကလိပ်နက်နတ်မီးတောက်ကိုလည်း  အကျွမ်းတဝင်ဖြစ်နေပြီ... အခုကတော်ဝင်ဆေးမြို့တော်ကို ခရီးထွက်ရတော့မယ့်အချိန်ပဲ "

ရှောင်လုံသည် တစ်ယောက်တည်း တွေးတောလိုက်မိသည်။ရှောင်ဖေးနှင့် အခြားဟောင်မိသားစုဝင်များ အသုံးပြုကြသည့် ကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံးများသည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည် ။ထို့ကြောင့် ရှောင်လုံက တော်ဝင်ဆေးမြို့တော်သို့ သွားရောက်ကာ လိုအပ်သည့် ဆေးအမယ်များကိုဝယ်ယူ၍ မဟာနတ်ဘုရင်ဆေးလုံးများသန့်စင်ဖော်စပ်ရန် ကြံရွယ်နေခြင်းဖြစ်သည်။

သူ တော်ဝင်ဆေးမြို့တော်ဆီမှ ဆေးအမယ်အားလုံးအား ဝယ်ယူနိုင်ခြင်းမရှိလျှင်ပင် မဟာဆေးပညာရှင်အဖွဲ့အစည်းခေါင်းဆောင် ချန်းယဲ့ သို့မဟုတ် ဌာနချုပ်၏ အဖွဲ့အစည်း အကြီးအကဲ များသည် ဆေးအမယ်များကို မည်သည့်နေရာ၌ ရှာရမည်အား သေချာပေါက်သိရှိရပေလိမ့်မည်။

ပြီးခဲ့သည့် မဟာဆေးပညာရှင် ပြိုင်ပွဲ၏ ဆေးအမယ်များအားလုံးကို အဖွဲ့အစည်းမှ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရှောင်လုံသည် တော်ဝင်ဆေးမြို့တော်တွင် လမင်းဆင်းသက်ခြင်းအဘိုးအို လုပ်ဆောင်နေသည့်အရာများအား သိရှိလိုနေပေသေးသည်။

အဘိုးအို၏ မည်သည့်သတင်းကိုမျှ မကြားရသည်မှာ အလွန်ကြာခဲ့ပြီ ဖြစ်သည်။ ရှောင်လုံအနေဖြင့် တစ်စုံတစ်ခု မှားယွင်းနေသည့်နှယ် မသက်မသာခံစားချက်တစ်ခုကို ခံစားနေရပေသည်။

ထိုအဘိုးကြီး၌ တစ်စုံတစ်ခု ဖြစ်နေသည်လော... သို့မဟုတ်လျှင် ဤမျှ ကြာသည်အထိ သတင်းတစ်စုံတစ်ရာ မကြားရသည်မှာ ရှင်းပြရန်ပင်ခက်ခဲလှသည်။

ဆုံဖြတ်ချက် ချပြီးသည်နှင့်ရှောင်လုံသည် ရှောင်ဖေးနှင့် ဟောင်မိသားစုဝင်များကို သူသည်တော်ဝင်ဆေးမြို့တော်သို့ ခရီးတစ်ခု ထွက်မည်ဖြစ်ကြောင်း အသိပေးလိုက်သည် ။

အရင် တစ်ချိန်ကဲ့သို့ပင် ရှောင်ဖေးသည် ရှောင်လုံနှင့်အတူလိုက်ပါလိုကြောင်း အတင်းအကြပ်ပူဆာလေသည်။

ရှောင်ဖေး၏ ချိုသာလှသော ချွဲနွဲ့မှုအောက်တွင် ရှုံးနိမ့်သွားရပြီးနောက်ဆုံး၌ ရှောင်လုံ သဘောတူလိုက်ရလေသည်။ အမှန်တွင် တော်ဝင်ဆေးမြို့တော်ဆီသို့ ဆေးအမယ်များဝယ်ယူရန်သွားသည့်ခရီးသည် မည်သည့်အန္တရာယ်မှ မရှိနိုင်ပေ။

ရှောင်ဖေးနှင့် မထွက်ခွာသွားသေးမှီ ရှောင်လုံသည် လိပ်နက် အစီအရင်ကို ဟောင်မိသားစုအိမ်တော်ရှိ အကာအကွယ်များအတွင်း ထပ်မံဖြည့်သွင်းခဲ့သည်။ ထိုအစီအရင်သည် လိပ်နက်နတ်မီးတောက်ဆီမှ သူကိုယ်တိုင် နားလည်တတ်ကျွမ်းထားသော အစီအရင် ဖြစ်သည်။ သူ့၏ လက်ရှိခွန်အား အရ လိပ်နက်အစီအရင်သည် လီသောင်းပေါင်းများစွာ အကွာမှ မီးနှင့်ရေခဲ ဒြပ်စင် နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ကာကွယ်ခြင်းနှင့် တိုက်ခိုက်ခြင်းစွမ်းအားများကို အသုံးပြုနိုင်သည်။ ပုံမှန်အားဖြင့် နတ်ဘုရား အဆင့် ၁၀ သိုင်းပညာရှင်များသည်ပင် ထိုအစီအရင် ချိုးဖျက်ရန် အလွန်ပင်ခက်ခဲပေလိမ့်မည်။

သူ လိပ်နက်အစီအရင်ကို ခင်းကျင်းလိုက်ပြီးနောက် ရှောင်လုံနှင့် ရှောင်ဖေးတို့သည် သိုင်းဝိညာဥ်ကမ္ဘာမှ ထွက်ခွာလာကြသည်။

သူတို့သည် သိုင်းဝိညာဥ် ကမ္ဘာနှင့်အနီးဆုံးဖြစ်ပြီး ကူးပြောင်းခြင်းအစီအရင်ဖြစ်သည့် မူလသံမဏိကမ္ဘာ သို့ ရောက်ရှိချိန်တွင် ရှောင်လုံနှင့်ရှောင်ထေးတို့သည် ထိုကမ္ဘာ၌ တစ်ရက်မျှ နားလိုက်သည်။ ထို့နောက် များစွာသော ကူးပြောင်းခြင်းအစီအရင်များကို သုံး၍တိမ်ပင်လယ် ကုန်းမြေကြီးဆီသို့ ဦးတည်လိုက်ကြ ကာ နောက်ဆုံးတွင် အနက်ရောင် သူရဲ ကောင်းမြို့တော်သို့ ရောက်ရှိသွားကြသည်။

အနက်ရောင် သူရဲကောင်းမြို့တော်၌ သူတို့နှစ်ယောက်သည် လောတုံ အိမ်တော်တွင် နှစ်ရက်မျှ အနားယူလိုက်ကြပြီးနောက်အနက်ရောင်သူရဲကောင်းမြို့တော် ကူးပြောင်းခြင်းအစီအရင် ဖြင့် ထွက်ခွာလိုက်ကြသည်။ အကြိမ်သုံးဆယ်မက ကူးပြောင်းပြီးနောက် ရှောင်လုံနှင့် ရှောင်ဖေးတို့သည် အနောက်အရပ် ကျီးကန်းကမ္ဘာသို့ ထပ်မံရောက်ရှိသွားသည် ။

အနောက်အရပ် ကျီးကန်းကမ္ဘာ ၏ ကူးပြောင်းခြင်းအစီအရင် အပြင်ဘက်သို့ထွက်လာပြီးနောက် ရှောင်လုံတို့နှစ်ယောက်သည် အချိန်ဆွဲမနေတော့ဘဲ အနောက်အရပ်ကျီးကန်းကမ္ဘဆီမှ တော်ဝင်ဆေး မြို့တော်ဆီသို့ ပျံသန်းလိုက်ကြသည်။

နှစ်ပတ်ကြာပြီးနောက် သူတို့နှစ်သည် တော်ဝင်ဆေးမြို့တော်၏ ဝင်ပေါက်အရှေ့သို့ ရောက်ရှိသွားကြသည်။အပြင်ဘက်မှ နေ၍ ကြီကျယ်ခမ်းနားလှသော မြို့တော်ကို ကြည့်ရှုနေရင်း သူတို့၏ နှလုံးသားထဲ၌ လေးစားမှုများပေါ်ပေါက်လာဆဲဖြစ်သည်။

ဤသို့ဖြစ်ရသည်မှာ တော် ဝင်ဆေးမြို့တော်သည် စိတ်ကူးပုံဖော်နိုင်သည်ထက် သာလွန်ကောင်းမွန်နေခြင်းကြောင့် ဖြစ်သည်။ရှောင်လုံသည်ပင် တော်ဝင်ဆေးမြို့တော်ကို နတ်ဘုံကမ္ဘာရှိ မြို့များနှင့် အနည်းငယ် နှိုင်းယှဥ်နိုင်စွမ်းရှိလိမ့်မည်ဟု တစ်ခဏမျှ သံသယဝင်သွားမိပေသည်။

ခဏ ကြာပြီးနောက် ထိုစုံတွဲသည် မြို့တော်ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာကြသည် ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှောင်လုံ ထွက်ခွာ သွားခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်ပင် ရှိသည် ဖြစ်သည်။ မဟာ ဆေးပညာရှင် ပြိုင်ပွဲအတွင်း အဖြစ်အပျက်များကို သူ့စိတ်ထဲ၌ ပြန်လည်အမှတ်ရလာလေသည်။တော်ဝင်ဆေးမြို့တော်မှ ထွက်ခွာခဲ့သည့်အချိန်၌ သူသည် နတ်ဘုရားအဆင့် ၇ နောက်ပိုင်းအဆင့်သို့ပင် မရောက်သေးပေ။ ယခုအခါတွင်သူ၏စွမ်းအားသည် နတ်ဘုရားအဆင့် ၈ နောက်ပိုင်းအဆင့်သို့ပင် ရရှိနေပြီ ဖြစ်သည်။

ထိုစုံတွဲသည် မဟာ ဆေးပညာရှင်အဖွဲ့အစည်းခေါင်းဆောင် ချန်းယဲ့၏ အိမ်တော်သို့ ချက်ချင်းသွားရောက်မည့်အစားတော်ဝင်ဆေးအိမ်တော်သို့ ဦးစွာ လည်ပတ်လိုက်ကြသည်။ရှောင်လုံ အနေဖြင့် တော်ဝင်ဆေးအိမ်တော်၏ တော်ဝင်ဆေးအရက်ကို မသောက်ရသည်မှာ ကြာပြီဖြစ်သည်။

တော်ဝင်ဆေးအိမ်တော်သည် လူရှုပ်နေဆဲဖစ်ပြီး မည်သည့်စားပွဲမျှ မကျန်လုနီးပါးဖြစ်နေပေသည်။ သို့သော် သူတို့၏ ကံတရားသည် ကောင်းမွန်နေဟန်ရသည်။ သူတို့ရောက်ရှိသွားချိန်တွင် ပြတင်းပေါက်နှင့်အနီးရှိ နေရာကောင်းကို ရလိုက်လေသည်။

သူတို့မှာယူထားသည့် အရာများသည်အလျှင်အမြန်ရောက်ရှိလာသည်။ တော်ဝင်ဆေးအရက် ၊ဝိုင်အိုးနှစ်အိုးနှင့် အရံဟင်းလျာ အနည်းငယ်ဖြစ်သည်။မည်သို့သော အာရုံစိုက်မှုကိုမျှ မဆွဲဆောင်လိုသည်မို့ ရှောင်လုံသည် ဆိုင်ပိုင်ရှင် ထန်းချိုင်ကျီ ကို နှုတ်ဆက်မနေတော့ပေ ။

နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာညှောင်းခဲ့သော်ငြား တော်ဝင်ဆေးအရပ်သည် ယစ်မူးဖွယ်ရာ စွဲညို့နိုင်စွမ်းအပြည့်နှင့် အရသာ ရှိနေဆဲဖြစ်သည်။သူ့၏ ဝိုင်ခွက်ကို ပွတ်သပ်နေရင်းမှ အတွေးတစ်ချက်ဝင်ရောက်လာလေသည်။ တော်ဝင်ဆေးဝိုင်အရက်သည် စကြာဝဠာ အဆင့် နှင့် အထက် စိတ်ဝိညာဥ်ဆေးလုံးအမျိုးအစားထောင်ချီကို အသုံးပြု၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဆိုလျှင် သူသည်လည်း စကြာဝဠာ အဆင့်နှင့်အထက် စိတ်ဝိညာဥ်အမျိုး အစားထောင်ချီကိုသုံး၍တော်ဝင်ဆေးအရက်၏ အမျိုးကွဲတစ်ခုကိုဖန်တီးနိုင်ပေလိမ့်မည်။၎င်းသည် တော်ဝင်ဆေးအရက်ထက် သေချာသလောက်ကျော်လွန် သွားပေလိမ့်မည်။

သူကိုယ်တိုင်က မဟာဆေးပညာရှင်တစ်ယောက် ဖြစ်ေနသည့် အပြင် မိုးသီးကျောက်တုံး ရတနာသိုက်နှင့် ရွှမ်ကျီးရတနာသိုက်တို့တွင်လည်း စကြာဝဠာ အဆင့်  စိတ်ဝိညာဥ်ဆေးလုံးများ ရှားပါးနေခြင်းမရှိပေ ။

"ကြည့်ရတာတော့  ကမ္ဘာတစ်ထောင် ရတနာသိုက်ကို  သွားလေ့လာဖို့ လိုနေပြီပဲ”

ရှောင်လုံတွေးလိုက်လေသည်။ကမ္ဘာတစ်ထောင် ရတနာသိုက်ထဲ၌ အင်မော်တယ် အဆင့် နတ်ဆေးလုံးများ ပေါများကြွယ်ဝစွာရှိကြောင်း လမင်းဆင်းသက်ခြင်းအဘိုးအို ပြောခဲ့သည်ကို သူမှတ်မိနေပေသည်။ သို့သော်လည်း အဘိုးအိုက သူ့အား ကမ္ဘာ တစ်ထောင် ကျောက်စိမ်းတံဆိပ်ပြား ပေးအပ်ပြီးနောက်တွင် ရှောင်လုံသည် ကမ္ဘာတစ်ထောင်ဂိုဏ်း၏ ရတနာသိုက်သို့ သွားရောက်ရန် အချိန်မရှိခဲ့ပေ။

နှစ်နာရီကြာပြီးနောက် ရှောင်လုံနှင့်ရှောင်ဖေးသည် တော်ဝင်ဆေးအိမ်တော်မှ ထွက်ခွာလိုက်ကြပြီး မဟာဆေးပညာရှင်အဖွဲ့အစည်းခေါင်းဆောင် ချန်းယဲ့ ၏ အိမ်တော်ဆီသို့ ဦးတည်လိုက်ကြသည်။ ရှောင်လုံနှင့်ရှောင်ဖေးတို့ ရောက်ရှိလာခြင်းသည် ချန်းယဲ့ကို ဝမ်းမြောက်ပျော်ရွှင်သွားစေသည်မို့ သူက သူတို့နှစ်ယောက်ကို နွေးထွေးစွာ ကြိုဆိုကာ ရှောင်လုံကို စိတ်အားထက်သန်စွားဖြင့် ဆွဲခေါ်သွားလေသည်။သူက ရှောင်လုံကို အဓိကထိုင်ခုံတွင်ထိုင်ရန်ဖိတ်ခေါ်လိုက်လေသည်။ ရှောင်လုံကလည်းမငြင်းပယ်ခဲ့ပေ။

ရှောင်လုံ၏ တော်ဝင်ဆေးမြို့တော်သို့ လာရသောရည်ရွယ်ချက်ကို ချန်းယဲ့သည် အံ့သြ သွားလေသည်။

"ဆရာတူအကိုကြီးလိုချင်နေတဲ့ မဟာနတ်ဘုရင်ဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေက အဖွဲ့အစည်းထဲမှာ ရှိပါတယ်... အဲ့တာက ဆေးနှစ်အိုး သုံးအိုးစာပဲ ရှိပြီးတော့ အများကြီးမရှိပါဘူး...ကောင်းကင်ဘုံတောင်တန်းကသာ အဲ့ဒီလောက် ဆေးအမယ်အများကြီးကို ရောင်းချပေးနိုင်ပါလိမ့်မယ်”

"ကောင်းကင်ဘုံ တောင်တန်းလား?”

ရှောင်လုံ၏ မျက်လုံးများက ထိုအကြောင်းကိုမသိရှိဟန်ပေါ်နေပေသည်။ဤ သည်မှာ သူ့အနေဖြင့် ကောင်းကင်ဘုံတောင်တန်းအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

ချမ်ယှဲ့က ခေါင်းငြိမ့်လိုက်လေသည်။

"ဟုတ်ပါတယ် ကောင်းကင်ဘုံ တောင်တန်းက အနက်ရောင်လိပ် ကြယ်စင်စုထဲမှာ ရှိတာ မဟုတ်ဘူးလေ အဲ့ဒီတောင်တန်းက အဖြူရောင်ကျားကြယ်စင်စုထဲမှာ ရှိတာဆိုတော့ ဆရာတူအကိုကြီး မကြားဖူးတာ ဖြစ်နိုင်ပါတယ်... ကောင်းကင်ဘုံတောင်တန်းက အဖြူရောင်ကျား ကြယ်စင်စုရဲ့ အကြီးမားဆုံးတောင်တန်းလေ.. ဒဏ္ဍာရီ အရဆိုရင် ကောင်းကင် ဘုံနတ်ဘုရားအဆင့်သိုင်းပညာရှင်တစ်ယောက်ထားခဲ့တဲ့ နတ်ဘုရားအဆင့်လက်နက်တစ်ခုရှိတယ်တဲ့... ပြီးတော့ ရှားပါးအဖိုးတန်တဲ့ ဆေးပင်တွေကိုလည်းချန်ခဲ့သေးတယ်တဲ့ သိပ်မကြာခင်တုန်းကပဲဆရာက အဲ့ဒီ ကောင်းကင်ဘုံတောင်တန်းဆီကို ထွက်သွားခဲ့တယ်လေ ”

ရှောင်လုံ၏ စိတ်နှလုံးသည် ပြင်းပြင်းထန်ထန်  တုန်လှုပ်၍ စိတ်လှုပ်ရှားသွားသည် ။အဘိုးကြီးက ကောင်းကင်ဘုံတောင်တန်းကို သွားသည်တဲ့လား။

"ဆရာက ဘာလို့ အဲ့ဒီကိုသွား တာလဲ?”

ရှောင်လုံက ထိုသို့ မေးမြန်းလိုက်လေသည် ။သူ့၏ အလိုလို သိစိတ်က အဘိုးအိုသည်ထိုနေရာသို့ ဆေးပင်များအတွက် သွားရောက်ခြင်းမဟုတ်ကြောင်း ပြောနေပေသည်။

ကောင်းကင်ဘုံတောင်တန်းတွင် ကောင်းကင်ဘုံနတ်ဘုရားအဆင့်သိုင်းပညာရှင် ချန်ထားခဲ့သည့် နတ်ဘုရားအဆင့်လက်နက်တစ်ခု အမှန်တကယ် ရှိနေပြီလော။ ဤသည်မှာ  မဟာနတ်ဘုရား အဆင့် ၏ အထက်တွင် ကောင်းကင်ဘုံ နတ်ဘုရားအဆင့် ရှိနေသည်ဟု ဆိုလိုနေခြင်းမဟုတ်လော.....။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၂၉..... ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန်

ရှောင်လုံ၏ အမေးကို ချန်းယဲ့ က ဖြေလိုက်လေသည်။

"အဲ့ဒီမှာ ကောင်းကင်ဘုံနတ်ဘုရားရဲ့သွေးရေကန်တစ်ခု ရှိတယ်... ဒဏ္ဍာရီ အရဆိုရင် အဲ့ဒီသွေးရေကန်က ကောင်းကင်ဘုံ နတ်ဘုရားအဆင့်သိုင်းပညာရှင် ရဲ့ သွေးနဲ့ ဖြစ်တည်လာတာလို့ ဆိုကြတယ်... လူ တစ်ယောက်က အဲ့သွေးရေကန်ထဲမှာ တစ်ရက်လောက် ဝင်စိမ်လိုက်ရုံနဲ့  အကျိုးအမြတ်အများကြီး ရနိုင်တယ်... အဖြူရောင်ကျား တက္ကသိုလ် ရဲ့ မဟာအကြီးအကဲ ဆိုရင် သူ့အတွင်းစည်း တပည့် ဖြစ်ခဲ့တုန်းကသွေးရေကန်ထဲမှာ တစ်ခါကျင့်ကြံဖူးတယ်လို့ပြောကြတယ်... ဒါ့အပြင် သူက သွေးရေကန်ထဲမှာ တစ်လ လုံးတောင်နေခဲ့တယ်တဲ့...တစ်လကြာအောင်လည်း ကျင့်ကြံပြီးသွားရော...သူက နတ်ဘုရားအဆင့် ၂ ကနေ နတ်ဘုရားအဆင့် ၃ အထိ ရောက်သွားတယ် တဲ့လေ"

တစ်လအတွင်း နတ်ဘုရားအဆင့်၂ကနေ နတ်ဘုရားအဆင့်၃ထိ ရောက်ရှိသွားသည် တဲ့လား။

ရှောင်လုံနှင့် ရှောင်ဖေးတို့သည် တစ်ယောက်ကို တစ်ယောက် အံ့သြမှင်သက်စွာ ကြည့်လိုက်မိကြသည်။

တစ်လအတွင်း!

အဆင့်ခြောက် နတ်ဘုရားဦးခေါင်း တစ်ခုကို စုပ်ယူသန့်စင်ခြင်းနှင့် လိပ်နက်နတ်မီးတောက်ကို ပိုင်ဆိုင်ထားသည့်ရှောင်လုံ၏ ကျင့်ကြံမှု အမြန်နှုန်းသည်ပင် ထိုမျှလောက်တုန်လှုပ်ဖွယ်ရာ မမြန်ဆန်ခဲ့ပေ။

ရှောင်လုံ နတ်ဘုရားအဆင့်၂ ၌ ရှိနေစဥ်တွင် လိပ်နက်နတ်မီးတောက်ကို ရရှိခဲ့ပါက သူသည် နတ်ဘုရားအဆင့်၃ကို ချိုးဖျက်ဝင်ရောက်ရန် နှစ်ဝက်မျှကြာပေလိမ့်မည်။

ချမ်းယဲ့က ဆက်ပြောသည်။

"အဲ့ဒီ အဖြူရောင်ကျားတက္ကသိုလ် သွေးရေကန်ကြီးထဲက ထွက်လာတော့ သူ့ရဲ့ ခန္ဓာကိုယ် က အနတ္တ  ခန္ဓာကိုယ် အဖြစ် ပြောင်းလဲသွားတယ်... သူ့ရဲ့ ကျင့်ကြံမှု အမြန်နှုန်းကလည်း ငါးဆ ပိုမြန်သွားတယ်တဲ့... ဒါကြောင့်မလို့ အဲ့ဒီ မဟာအကြီးအကဲက  နတ်ဘုရားအဆင့် တစ်ဆယ် ကို နှစ်တစ်ထောင်အတွင်း ရောက်ရှိ သွားတယ်လေ... သူ့ရဲ့အရင်ကျင့်ကြံမှုအမြန်နှုန်း နဲ့သာဆိုရင် ဒီနေ့လို ကျင့်စဥ်မျိုး ဖြစ်ဖို့ အနည်းဆုံး နှစ်ငါးထောင်လောက် ကျင့်ကြံဖို့ လိုလိမ့်မယ်"

ထိုအကြောင်းအရာသည်ကား ရှောင်လုံ နှင့် ရှောင်ဖေးတို့ကို အံ့အားသင့်သွားစေသည်။

အနတ္တ ခန္ဓာကိုယ်တဲ့လား!

"အနတ္တ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းခန္ဓာကိုယ် အမျိုးအစားများကြားမှာတောင် ထိပ်တန်း မှာ ရှိနေတယ်လေ... ရှေးခေတ်မှတ်တမ်းတွေအရဆိုရင် အနတ္တ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ သူတွေက သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဘယ်လိုဆိုးကျိုးမှ မသက်ရောက်ဘဲနဲ့  တိုးတက်သွားစေနိုင်တဲ့ အနတ္တအခြေအနေကို ဝင်ရောက်သွားနိုင်တယ်...ဒါတင်မကသေးဘူး...သူတို့ရဲ့ နားလည်သဘောပေါက်နိုင်တဲ့ စွမ်းရည်က အရင်ကထက်တောင် ပိုသန်မာလာသေးတယ်တဲ့"

အားလုံးကို နားထောင်ပြီးနောက် အစစ်အမှန်နဂါးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ရှောင်လုံ သည်ပင် စိတ်ဝင်စားသွားသည်။။

သူသည်သာ သူ့၏ အစစ်အမှန်နဂါးကိုယ်တွင် အနတ္တခန္ဓာကိုယ်ကို ပေါင်းထည့်နိုင်သည်ဆိုပါက လိပ်နက် နတ်မီးတောက်ကိုလည်း ပိုင်ဆိုင်ထားသည်မို့ မဟာနတ်ဘုရားသိုင်းပြိုင်ပွဲ မရောက်ခင်အချိန်တွင် သူသည် မဟာနတ်ဘုရားအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် တစ်ရာရာခိုင်နှုန်း သေချာပေသည်။

သူ့အနေဖြင့် မဟာနတ်ဘုရားသိုင်းပြိုင်ပွဲတွင်ပထမနေရာရရန် ယုံကြည်မှု အပြည့်အဝ ရှိပေသည်။

" သွေးရေကန်ထဲမှာ ကျင့်ကြံတဲ့သူတိုင်း အနတ္တ ခန္ဓကိုယ်ကို ရနိုင်တာလား?”

ရှောင်ဖေးက မေးလိုက်သည်။

ချန်းယဲ့က ခေါင်း ညိတ်ပြလိုက်လေသည်။

"အများစုလို့ပြောရင် ပိုမှန်မယ်...ကောင်းကင်ဘုံနတ်ဘုရားရဲ့သွေးရေကန်ထဲမှာ စုစုပေါင်း လူခြောက်ယောက် ကျင့်ကြံဖူးတယ်...ပြီးတော့ အဲ့ဒီခြောက်ယောက်စလုံးကအနတ္တခန္ဓာကိုယ်ကို ရရှိခဲ့တယ်လေ”

ခြောက်ယောက် တည်းတဲ့လား!

ရှောင်လုံက စိတ်ရှုပ်ထွေးသွားခဲ့သည်။

" ခင်ဗျား ပြောတာက ဒီလောက် နှစ်အများကြီးအတွင်းမှာတောင် သွေးရေ ကန်ထဲမှာ ကျင့် ကြံဖူးတဲ့လူ ခြောက်ယောက်ပဲ ရှိတယ်လို့လား?”

ချန်းယဲ့က ခါးသက်သက် ပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ် ...နှစ်သန်းပေါင်းများစွာအတွင်း လူခြောက်ယောက်ကပဲ သွေးရေကန်ထဲမှာကျင့်ကြံနိုင်ခဲ့တာပါ... ကောင်းကင်ဘုံတောင်တန်းပေါ်က သွေးရေကန်က နှစ်တစ်သောင်းကနေ နှစ်ငါးသောင်းအတွင်းမှာပဲ တစ်ကြိမ်လောက် ပြန်ပေါ်တာ.. .ပြီးတော့ရေကန်ပေါ်လာတဲ့အချိန်တိုင်း မတူညီတဲ့နေရာတွေကို ပြောင်းသွားတယ်... တစ်ခါပေါ်ရင် တစ်လပဲ ကြာတယ်...တစ်လပြည့်တာနဲ့ ကောင်းကင်ဘုံနတ်ဘုရားရဲ့ သွေးရေကန်က ပျောက်သွားရော... အဲ့ဒီ တစ်ချိန်လုံး လူခြောက်ယောက်ကပဲ သွေးရေကန်ပေါ်လာချိန်မှာ ရှာတွေ့နိုင်စွမ်းရှိခဲ့တာ ”

ရှောင်လုံ၏ စိတ်အားထက်သန်မှုက အနည်းငယ်လျှော့ကျ သွားသည် ။ နှစ်သန်းပေါင်းများစွာအတွင်း ခြောက်ယောက်တည်းသာ အခွင့်အရေးရခဲ့ပေသည်။

သို့သော် ဤသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ... မည်သူမဆို သွေးရေကန်ထဲ၌ ကျင့်ကြံနိုင်စွမ်းရှိမည်ဆိုပါက ကြယ်စင်စုထဲတွင် ထိပ်တန်းအဆင့်သိုင်းပညာရှင်များ မှိုလိုပေါက်နေပေလိမ့်မည်။

"ဒါဆို ကောင်းကင်ဘုံနတ်ဘုရားရဲ့သွေးရေကန် ပေါ်လာတယ်ဆိုတာကို သူတို့ ဘယ်လို အတည်ပြုကြလဲ ”

ရှောင်လုံက မေးလိုက်လေသည်။

"ကောင်းကင်ဘုံနတ်ဘုရား ပေါ်လာတဲ့အချိန်တိုင်း ကောင်းကင်ဘုံတောင်တန်းတစ်ခုလုံးကို မြူအလွှာပါးပါးတစ်ခုက လွှမ်းခြုံသွားတယ်”

ချန်ယဲ့က ရှင်းပြလိုက်လေသည်။

"လွန်ခဲ့တဲ့ ဆယ်ရက်က ကောင်းကင်ဘုံနတ်ဘုရားရဲ့သွေးရေကန် ပေါ်လာတယ်လေ... ဒါကြောင့်မလို့ ဆရာနဲ့ဆရာမကြီး ယန်ယီ အဲ့ကိုသွားကြတယ်”

"ဆရာမကြီးယန်ယီရောလား ”

ရှောင်လုံနှင့် ရှောင်ဖေးတို့ အတူတကွ ရေရွတ်လိုက်ကြသည်။ အထူးသဖြင့် ရှောင်ဖေးသည် အလွန်အမင်းစိတ်လှုပ်ရှားနေဟန် ရသည်။

သူမသည် သူမဆရာမ၏ သတင်းကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း သူမ၏ ဆရာမ လသစ် နယ်မြေမှ ထွက်ခွာသွားသည့် အချိန်မှစ၍ ယန်ယီ နှင့် ရှောင်ဖေးတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြန်လည် မတွေ့ဆုံရသေးပေ။

မမျှော်လင့်ထားမိပဲ တော်ဝင်ဆေး မြို့တော်သို့ လာရောက်သည့် ဤခရီးတွင် သူမသည် သူမ၏ ဆရာမနှင့် လမင်းဆင်းသက်ခြင်း အဘိုးအိုတို့ ကောင်းကင်ဘုံတောင်တန်းဆီသို့ အတူတကွ သွားရောက်ကြကြောင်း သိလိုက်ရလေသည်။

ရှောင်ဖေးက အဆောတလျှင် မေးမြန်းလိုက်လေသည်။

"ကျွန်မရဲ့ ဆရာမ နေကောင်းရဲ့လား?"

"ဆရာမ လား”

ချန်းယဲ့က ပဟေဠိ ဖြစ်သွားလေသည် ။

"ဆရာမကြီးယန်ယီက ရှောင်ဖေးရဲ့ ဆရာမလေ "

ရှောင်လုံက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်လေသည်။

ချန်းယဲ့သည် ယခုမှသာ ရှောင်ဖေးက ယန်ယီ၏ တပည့်ရင်းဖြစ်ကြောင်းသိသွားလေသည်။

သို့သော်လည်း ချန်းယဲ့သည် ယန်ယီ အကြောင်း များစွာ မသိပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က ယန်ယီသည် တော်ဝင် ဆေးမြို့တော် ထဲ၌ ရုတ်တရက် ပေါ်လာလေပြီးလမင်းဆင်းသက်ခြင်းအဘိုးအိုအား ကောင်းကင်ဘုံတောင်တန်းတွင်ပေါ်ပေါက်လာသည့် ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန်အကြောင်း အသိပေးလာသည်ကိုသာ ချန်းယဲ့ သိပေသည်။ချက်ခြင်းဆိုသလို လမင်းဆင်းသက်ခြင်းအဘိုးအို နှင့် ယန်ယီ တို့ ထွက်ခွာသွားခဲ့ကြသည်။

ထို့နောက် ရှောင်လုံသည် ချန်းယဲ့ကို ကောင်းကင်ဘုံတောင်တန်းနှင့် ပက်သက်သည့် အကြောင်းအရာများကို မေးမြန်လိုက်လေသည်။

မဟာနတ်ဘုရားအဆင့်၏ အထက်အဆင့်ကို ကောင်းကင်ဘုံ နတ်ဘုရားအဆင့်ဟု ခေါ်ဆိုခြင်းဟုတ်မဟုတ် ရှောင်လုံမေးမြန်းလိုက်သည်အား ကြားလိုက်ရချိန်တွင် ချန်းယဲ့က သူ့ခေါင်းကို ခါယမ်းပြလိုက်ရင်း ပြောလာသည်။

"နတ်ဘုံကမ္ဘာကို ဘယ်သူမှ မရောက်ဖူးတော့ အတိအကျ သိတဲ့သူမရှိဘူး...ဒါပေမယ့် ကျုပ်တို့ အောက်ဘုံကမ္ဘာက မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်အချို့ကတော့ မဟာနတ်ဘုရားအဆင့်ပြီးရင် ကောင်းကင်ဘုံနတ်ဘုရားအဆင့်ကို ရောက်ရှိလိမ့်မယ်လို့ ယုံကြည်ထားကြတယ်...ဒါပေမယ့် ဒီလောက်နှစ်အများကြီးအတွင်း ကျုပ်တို့ အောက်ပုံ ကမ္ဘာမှာ ကောင်းကင်ဘုံ နတ်ဘုရားဖြစ်သွားတဲ့ သူ တစ်ယောက်ပဲ ရှိတယ်... အဲ့ဒီလူက အဖြူရောင်ကျားကြယ်စင်စုရဲ့ကောင်းကင်ဘုံတောင်တန်းမှာ သေဆုံးသွားတဲ့ သိုင်းပညာရှင်ပဲလေ ”

ရှောင်လုံ ဝေခွဲမရ ဖြစ်သွားသည်။

ကောင်းကင်ဘုံတောင်တန်း၏ မဟာသိုင်းပညာရှင်သည် မည်သို့ သေဆုံသွားသည်နည်း။

သူတို့၏ အောက်ဘုံကမ္ဘာတွင် ထိုသူသည် အသန်မာဆုံးဖြစ်သည်။ သူ့ကို သတ်ဖြတ်နိုင်သည့် တစ်စုံတယောက် ရှိသည်ဆိုသည်မှာ ဖြစ်နိုင်ချေမရှိပေ။

ချန်းယဲ့က ခေါင်းယမ်းလိုက်လေသည်။

"ဘာဖြစ်သွားတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး... ဒါပေမယ့် တစ်ချို့လူတွေပြောတာကတော့ သူ ကောင်းကင်ဘုံနတ်ဘုရားအဆင့်ကို ချိုးဖျက်သွားတဲ့အချိန်မှာ သူက အောက်ဘုံကမ္ဘာရဲ့ အကြောင်းကိစ္စတွေမှာ ဝင်စွက်ဖက် ခဲ့လို့ ပေါက်ကွဲသေဆုံးသွားရတယ်တဲ့လေ...ဒါကြောင့်မလို့ပဲ ဒီလောက် နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဘယ်မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်ကမှ ကောင်းကင်ဘုံ နတ်ဘုရား အဆင့်ကို မချိုးဖျက်မဝင်ရောက်ရဲခဲ့တာ...ပြောရရင်တော့ သူတို့က သူတို့ရဲ့ ကျင့်စဥ် အဆင့်မြင့် မဟာနတ်ဘုရားအဆင့်ကို ရောက်တာနဲ့ နတ်ဘုံကမ္ဘာကို တတ်ရောက်စံမြန်းဖို့ ရွေးချယ်လိုက်ကြတယ်”

ရှောင်လုံက ခေါင်းညှိမ့်လိုက်လေသည်။

အောက်ဘုံကမ္ဘာ၌ မည်သည့် ကောင်းကင်ဘုံနတ်ဘုရားအဆင့်သိုင်းပညာရှင် မရှိခြင်းမှာ အံအားသင့်စရာမရှိပေ။ အဆင့်မြင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်အများစုသည် ကောင်းကင်ဘုံသို့ တတ်ရောက်သွားသောကြောင့် ဖြစ်သည်။

တစ်ဖက်တွင်မူ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်သည်ပင် လွန်စွာသန်မာလှသည်မို့ ကောင်းကင်ဘုံနတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကိုအား ရှောင်လုံ သိချင်နေမိပေသည်။ ကောင်းကင်ဘုံအဆင့် သိုင်းပညာရှင်များသည်သာ အောက်ဘုံကမ္ဘာ၌ ရှိနေမည်ဆိုလျှင် သူတို့သည် ကမ္ဘာတစ်ခုလုံးကို အလွယ်တကူ ဖျက်စီး ပစ်နိုင်စွမ်းရှိသည်ဟု ဆိုလို ခြင်းမဟုတ်လော ။

မူလ က ချန်းယဲ့သည် ရှောင်လုံနှင့်ရှောင်ဖေးတို့ကို ကြိုဆိုပွဲလုပ်၍ ဆွဲထားလိုခဲ့ပေသည်။ သို့သော် ကောင်းကင်ဘုံ တောင်တန်းအကြောင်း ကြားပြီးချိန်တွင်သူတို့နှစ်ယောက်သည်အနည်းငယ်မျှပင် အချိန်ဆွဲ မနေတော့ပေ။သူတို့နှစ်ယောက််သည် တော်ဝင်ဆေးမြို့တော်မှထွက်ခွာလိုက်ကြပြီး အဖြူရောင်ကျားကြယ်စင်စုဆီသို့ ဦးတည်လိုက်လေသည်။

သာမန် နတ်ဘုရားအဆင့်ရှစ်သိုင်းပညာရှင်များအတွက်မူ ကူးပြောင်းခြင်းအစီအရင်များ အသုံးပြုလျှင်ပင် အဖြူရောင်ကျား ကြယ်စင်စု၏ ကောင်းကင်ဘုံတောင်တန်း သို့ရောက်ရှိရန် သုံးလတာကြာပေလိမ့်မည်။

သို့သော် ရှောင်လုံ့အတွက်မူကား သူ့ဓား၏ အမြန်ဆုံးနှုန်း နှင့်အတူ ကူးပြောင်းခြင်းအစီအရင် ကို တွဲသုံးလိုက်ပါက ဆယ်ရက်တာအတွင်း ရောက်ရှိသွားနိုင်ပေသည်။

ရှောင်ဖေး၏ လက်ကို ကိုင်ထားနေရင်း ပိုးစာပင် ဓားကို ထုတ်လိုက်လေသည်။သူက သူမကို ပိုးစာပင်ဓားပေါ် သို့ ခေါ်ဆောင်လိုက်လေပြီး သူတို့၏ ပုံရိပ်သည် အာကာပြင်ထဲမှာ အလင်းတန်းသထွာ် ပျောက်ကွယ်သွားလေသည်။

တော်ဝင်ဆေးမြို့တော်သည် သူတို့၏ နောက်၌ သေးငယ် မှုန်ဝါး ကျန်နေခဲ့သည်။

ကိုးရက်ကြာပြီးနောက် ...

အာကာသ၏ အဆုံ အစမဲ့ တစ်ဖက်ဆီမှ နေ၍ ရှောင်လုံနှင့် ရှောင်ဖေးတို့သည် သူတို့ရှေ့ရှိ ကျယ်ပြောလှသော ကြယ်စင်စုကို အံအားသင့်စွာ ကြည့်လိုက်လေသည်။အာကာသထဲ၌ လင့်မျောနေသောကောင်းကင်ဘုံတောင်တန်းကို မြူအလွှာပါးပါးက လွှမ်းခြုံထားလေသည်။

'ဒါက ကောင်းကင်ဘုံတောင်တန်းလား?'

ရှောင်လုံက အံ့သြ မင်းသက်သွားလေသည်။သူတို့ရှေ့ရှိ တောင်တန်းကြီးသည် သူမျှော်လင့်ထားသည်ထက်ပင် ပိုမိုကြီးမားလှ ပေသည်။ ရှောင်လုံသည်ပင် အစွန်းတစ်ဖက်နှင့်တစ်ဖက် လီပေါင်းမည်မျှ ကွာဝေးသည်ကို ပြောနိုင်စွမ်းမရှိပေ။သူ့၏အမူအရာသည် အလွန်အကြူးဖြစ်သွားရပြီး တော်ဝင်ဆေးမြို့တော်ကို မြင်လိုက်ရသည့် အချိန်နှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။

ထို ကောင်းကင်ဘုံတောင်တန်းသည် နတ်ဘုရားအဆင့်လက်နက်တစ်ခု ဖြစ်သည်ဟု မြင်ယောင်ကြည့်ရန်ပင် ခက်ခဲလှသည်။

ရှောင်လုံ၏ ရွှမ်းမီ နတ်တောင် သည်ပင် အကန့်အသတ်ရောက်သည်အထိချဲ့ကားလိုက်ပါက နှင်းလေတိုက်ကြီး၏ အရွယ်အစားအထိသာ ကြီးမားနိုင်ပေလိမ့်မည်။ ဤသည်မှာ ကောင်းကင်ဘုံတောင်တန်း၏ တစ် ရာခိုင်နှုန်း ထက်ပင် သေးငယ်နေသေးသည်။

ကောင်းကင်ဘုံတောင်တန်းသည် ၎င်း၏ထိပ်ဖျားကိုမမြင်နိုင်လောက်အောင်ပင် မြင့်မားလှပေသည်။

"သွားကြစို့”

အချိန်အနည်းငယ်ကြာပြီးနောက် ရှောင်လုံသည် ပြန်လည် တည်ငြိမ်သွားသည်မို့ ရှောင်ဖေးအား ဆက်သွားကြရန် ပြောလိုက်သည်။

ယခုတွင်ကောင်းကင်ဘုံနတ်ဘုရား၏သွေးရေကန်ပျောက်ကွယ်သွားရန် အချိန် ဆယ့်တစ်ရက်သာ ကျန်တော့သည်။

မျှော်လင့်ချက် အနည်းငယ်မျှသာ ရှိစေကာမူ ရှောင်လုံသည် ကံစမ်းလိုနေသေးသည်။

နာရီအနည်းငယ်ကြာပြီးနောက် ရှောင်လုံနှင့်ရှောင်ဖေးတို့သည် ကောင်ကင်ဘုံတောင်တးန်၏ တောင်ခြေသို့ ရောက်ရှိသွားလေသည်။

ကောင်းကင်ဘုံတောင်တန်း၏ တောင်ခြေတွင် ကြီးမားလှသော မြို့တော်များရှိပေသည်။ မြို့တော်တိုင်းသည် နှင်းလေတိုက်ကြီး၏  တစ်ဝက်မျှ ရှိပေသည်။

ထိုမြို့တော်များသည် အဖြူရောင်ကျားတက္ကသိုလ် နှင့် အဖြူရောင်ကျား ကြယ် စင်စု၏ ထိပ်တန်းအင်အားစုများ နှင့်မိသားစုများ တည်ဆောက်ထားခြင်းဖြစ်ကြောင်းရှောင်လုံသိပေသည်။

သူတို့ရောက်ရှိသွားသည့် တချိန်တည်းမှာပင် အရပ်မျက်နှာ အနှံ့ဆီမှ နတ်ဘုရားအဆင့်သိုင်းပညာရှင်များ အပြေးအလွှားရောက်လာကြသည်ကို မြင်တွေ့ နေရပေသည်။ကျယ်ပြောလှသည့်ဟင်းလင်းပြင်ထဲတွင် လူပေါင်းများစွာရှိနေပေသည် ။ထိုအ ပြင် ထိုသူများသည် ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန်အတွက်လာရောက်ကြခြင်းဖြစ်ပေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၃၀... ဓားကျိုးဂိုဏ်း

အချိန်သိပ်မကျန်တော့သည်မို့ ရှောင်လုံနှင့်ရှောင်ဖေးတို့သည် တောင်ခြေရှိ မြို့တော်များနှင့် အချိန်ဖြုန်းမနေတော့ဘဲ ကောင်းကင်ဘုံတောင်တန်းဆီသို့ တိုက်ရိုက်သွားလိုက်လေသည်။

ထိုနေရာတွင် ကြယ်စင်စု လေးစုမှ များပြားလှသော သိုင်းပညာ ရှင်များ တစ်ချိန်တည်းရောက်လာကြသော်လည်း ကောင်းကင်ဘုံတောင်တန်းသည် အလွန်တရာကြီးမားလှသောကြောင့် အဆိုပါသိုင်းပညာရှင်များအားလုံးသည် ပင်လယ်ထဲသို့ ကျဆင်း သွားသော မိုးပေါက်များပမာ ဖြစ်နေပေသည်။ မကြာခင် ထိုသူတို့သည် ရှောင်လုံ၏ မြင်ကွင်းထဲမှ ကွယ်ပျောက်သွားသည်။

နေ့တစ်ဝက်ကြာပြီးနောက် သူတို့နှစ်ယောက်သည် ဂူတစ်ခု၏ အထက် လေထုထဲ၌ ရပ်တန့်လိုက်ကြသည်။

"ဒီကောင်းကင်ဘုံတောင်တန်းက အရမ်းကြီးတာပဲ... ကောင်းကင်ဘုံနတ်ဘုရားရဲ့ သွေးရေကန်ကို ရှာဖို့ဆိုတာက အပြောထက် အလုပ်ခက်တယ် "

ရှောင်ဖေးက ပြောလိုက်လေသည်။

ရှောင်လုံက သဘောတူဟန်ဖြင့်  ခေါင်းညိတ်ပြလိုက်လေသည်။

နှစ်သန်းပေါင်းများစွာအတွင်း ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန်ကို လူခြောက်ယောက်သာ ရှာဖွေနိုင်ခဲ့ခြင်းမှာ အံအားသင့်စရာမရှိပေ။

သွေးရေကန်တစ်ခုကို ဤမျှကျယ်ပြောလှသည့် တောင်တန်းကြီးအတွင်း ရှာဖွေရခြင်းမှာ ပင်လယ်ထဲ၌ ပင်လယ်ထဲမှကျောက်ခဲတစ်လုံး ရှာရသည်ထက် အဆသန်းပေါင်းများစွာ ခက်ခဲပေသည်။ ထိုအချိန်တွင် ရှောင်လုံသည် ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန်အကြောင်းပြောစဉ် အခါက ချန်းယဲ့ အဘယ့်ကြောင့် သူ့အားမတိုက်တွန်းခဲ့သနည်း ဆိုသည်အား နားလည်သွားပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသွေးရေကန်ကို ရှာဖွေရန်မဖြစ်နိုင်ကြောင်း ချန်းယဲ့က ယုံကြည်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အချိန်နှင့် ခွန်အားကို ဖြုန်းတီးရန် မလိုအပ်ပေ။

ထို့အပြင် များပြားလှသည့် အင်အားစုများ၏ သိုင်းပညာရှင်များသည်လည်း ရောက်ရှိလာကြသည်မို့ သွေးငယ်လှ သော သဘောထားကွဲလွဲမှုသည်ပင် ရှောင်လွှဲမရနိုင်သည့် အကြီးအကျယ် ခိုက်ရန်ဖြစ်ပွားမှုကို ဖြစ်ပေါ်စေနိုင်သည်။

အတိုချုပ်ပြောရသော် ဤ အချိန်တွင်ကောင်းကင်ဘုံတောင်တန်းသည် လုံခြုံစိတ်ချ ရသော နေရာမဟုတ်တော့ပေ ။

ချမ်းယဲ့၏ ပြောစကားအရ ကောင်းကင်ဘုံနတ်ဘုရား၏ သွေးရေကန် ပေါ်ထွက်လာသည့် နောက်ဆုံးအကြိမ်က ကြယ်စင်စုလေးစုမှ  နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်သိန်းကျော် သည် ကောင်းကင်ဘုံတောင်တန်းသို့ ဝင်ရောက်ခဲ့ကြသည်။ သို့သော် တိုတောင်းလှသည့် တစ်လဟူသော ကာလအတွင်း နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်သိန်းနီးပါး သေဆုံးခဲ့ရသည်။ ဤသည်မှာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်ဖြစ်သည်။

"ခဏအနားယူဖို့ နေရာ တစ်ခုရှာရအောင် ”

ရှောင်လုံက ရှောင်ဖေးကိုပြောလိုက်လေသည်။

ထိုအခိုက် လေနှင့်အတူ သွေးနံ့ဖျော့ဖျော့ တစ်ခု လွင့်မျောပါလာလေသည် ။ ကြည့်ရသည်မှာ သူတို့ရှိနေသည့် နေရာနှင့် အနီးအနားတွင် လူအတော်များများသေဆုံးသွားဟန်ရသည် ။ ထိုသို့မဟုတ်လျှင် ထိုသွေးရနံ့သည် သူတို့ရှိရာဆီသို့ ရောက်ရှိလာစရာ အကြောင်းမရှိပေ။ ရှောင်ဖေးက နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ ရှောင်လုံက သူတို့အောက်ရှိ ဂူကို လေ့လာလိုက် ပြီးနောက် နှစ်ယောက်လုံး မေပြင်ပေါ်သို့ပျံသန်းသွားလိုက်လေပြီး နှစ်ယောက်သား ရေကန်လေး တစ်ခု၏ အနားသို့ ဆင်းသက်လိုက်လေသည်။

အခြေအနေပေါ်မူတည်၍ ရှောင်လုံနှင့်ရှောင်ဖေးတို့သည် ရွှမ်ကျီး ချပ်ဝတ် ကို ဝတ်ဆင်ထားကြသည်။

ရွှမ်ကျီးချပ်ဝတ်သည် ရွှမ်ကျီး ရတနာသိုက် ထဲရှိ ချပ်ဝတ်အားလုံး အနက် အသန်မာဆုံးသော ကာကွယ်ခြင်း စွမ်းအားးရှိသည့်ချပ်ဝတ်ဖြစ်သည်။မည့်သည့် သာမန် နတ်ဘုရားအဆင့် ၇ နှင့် ၈ သိုင်းပညာရှင်ကမှ ရှောင်ဖေးကို အန္တရာယ် ပေးနိုင်စွမ်း ရှိမည်မဟုတ်ပေ။

ရေကန်ငယ် လေး၏ ပတ်ပတ် လည်ကို စူးစမ်း လေ့ လာ လိုက်ပြီးနောက် ရှောင်လုံ၏ မျက်ခုံးတန်းသည် မြင့်တတ်သွားလေသည်။

ပတ်ဝန်းကျင်က ငြိမ်သက် အေးဆေးစေကာမူ ရှောင်လုံ၏ မသိစိတ်က ထိုဂူ နှင့်ပက်သက်၍ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပေးနေပေသည်။

ထိုဂူသည် တိတ်ဆိတ်လွန်းလှသည်။ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်လွန်းလှသည်  ။
ထို့အပြင် ထိုနေရာ၌ ဖုံးကွယ်ထားသည့် သေဆုံးခြင်း အော်ရာ တစ်ခု ရှိနေပေသည်။

သေခြင်းအော်ရာ!

ရှောင်လုံ၏ မျက်လုံးထဲ၌ ထက်ရှသည့် အလင်းတစ်ချက်ဖြတ်ပြေးသွားသည်။

"အစ်ကိုရှောင်လုံ... ညီမတို့ တစ်ခြားနေရာ သွားရအောင် ”

ရှောင်ဖေးကပြောလိုက်လေသည်။

ရှောင်ဖေးသည်ပင် လှိုက်ဂူ၏ ပုံမှန်မဟုတ်သော ပတ်ဝန်းကျင်ကို ပြောနိုင်နေပေသည်။

ရှောင်လုံက ခေါင်းညိတ် လိုက်လေသည်။

သို့သော် ထိုသူတို့နှစ်ယောက် လှိုက်ဂူ နားမှ ထွက်သွားရန်ပြောနေစဉ်တွင် လှိုက်ဂူထက်၌ လူများစွာ ထပ်မံ ရောက်ရှိလာပြန်သည်။

"အောက်မှာ ဂူတစ်ခု ရှိတယ်...ငါတို့အဲ့ဒီမှာ ခန နားပြီးတော့မှ ဆက်သွားကြတာပေါ့”

"မင်းအမေပဲ ငိုးမသား... ငါတို့ အတောင်ခုနှစ်ဖက်ကျားရဲ့ ဥနှစ်လုံးကို ရှာတွေ့ခဲ့တယ်...ဒါပေမယ့် အဲ့ဒီ အဖြူရောင်ကျား တက္ကသိုလ် ရဲ့မိမစစ်ဖမစစ်တွေက တကယ်ကြီး လုယူသွားတယ်...လိ့ပဲပေါ့"

များပြာလှသည့် လူအရိပ်များက လှိုက်ဂူဆီသို့ ဆင်းသက်လာကြသည်။ ထိုသူများသည် ကောင်းကင်ဘုံ နတ်ဘုရားသွေးရေကန်ကို ပစ်မှတ်ထားနေကြပြီး လှိုက်ဂူ၌ ခဏတစ်ဖြုတ် အနားယူ ရန် ရပ်တန့်လိုက်ကြသည့် အရေးပါသော မိသားစုတပည့်တို့ဖြစ်ကြောင်း သိနိုင်ပေသည်။

သို့သော်လည်း သွေးရေကန်ကို ရှာဖွေရန်ခက်ခဲ လှသောကြောင့် ထိုမိသားစုတပည့်အများစုသည် သွေးရေကန်အစား အခြားရတနာများအား ရှာဖွေရန်ကိုသာ အာရုံစိုက်လာကြသည်။

ပုံမှန်အတိုင်းဆိုလျှင် ကောင်းကင်ဘုံတောင်တန်းကို  အဟန့်အတား အလွှာပေါင်းများစွာဖြင့် ကာကွယ်ထားသည်။တောင်၏ ပိုမြင့်သည့်နေရာသို့ရောက်လေလေ အဟန့်အတား အလွှာများသည် ပို၍ အားကောင်းလာလေဖြစ်သည်။ကောင်းကင်ဘုံ နတ်ဘုရား၏ သွေးရေကန်ပေါ်လာသည့် အချိန်မှသာ ကောင်းကင်ဘုံတောင်တန်းကို မြူအလွှာပါးပါးက ဖုံးလွှမ်းသွားပြီး အဟန့်အတားများက အလွန်အမင်း အားနည်းသွားပေသည်။

ထို အင်အားကြီးမိသားစုများ၏ သိုင်းပညာရှင်များသည် ကောင်းကင်ဘုံတောင်တန်း ကို ဝင်ရောက်ရန် အခွင့်အရေး ရှားရှားပါးပါး ရရှိခဲ့ခြင်း ဖြစ်သည်။

သူတို့ ဆင်းသက်လိုက်ကြပြီးနောက် ရှောင်လုံနှင့်ရှောင်ဖေးတို့ကို မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားကြလေသည်။

"ဟေး...အချစ်ငှက်လေးနှစ်ကောင် ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"

သူတို့ထဲမှ လေးထောင့်ပုံစံမျက်နှာရှိသည့် သက်လတ်ပိုင်းလူက မကောင်းဆိုးဝါး ဆန်ဆန် ရယ်မောလိုက်ပြီးနောက် ရှောင်ဖေးကို မြင်လိုက်ချိန်၌ သူ့မျက်လုံးက တောက်ပသွားလေသည်။

ရှောင်ဖေး၏ အလှသည် လူအများ လျစ်လျူရှုနိုင်စွမ်းရှိသည့် အလှမျိုး မဟုတ်ပေ။

"ငါက အဲ့ဒီအဖြူရောင်ကျားတက္ကသိုလ်ရဲ့ မိမစစ်ဖမစစ်တွေ ငါတို့ဆီက တောင်ပံခုနှစ်ဖက်ကျားရဲ့ ဥနှစ်လုံးကို လုသွားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဒေါသထွက်နေတုန်းပဲ...ကြည့်ရတာ ငါ့ရဲ့ ဒေါသကို လျှော့ချလို့ ရတော့မယ့်ပုံပဲ"

အုပ်စုထဲက အခြားတစ်ယောက်က ပြောလိုက်လေပြီး သူ့မျက်လုံးကလည်း ရှောင်ဖေးဆီ၌သာ တဝဲလည်လည် ဖြစ်နေလေသည်။

တောင်ပံခုနစ်ဖက်ကျားသည် ရှေးခေတ်သားရဲအမျိုးအစား ဖြစ်သည်မို့ ၎င်း၏ ဥများသည် အလွန်အမင်း အဖိုးတန်ပေသည်။ ထို ကျားကိုသာ အရွယ်ရောက်သည်အထိ ကျွေးမွေးပြုစုနိုင်ပါက အတောင်ခုနှစ်ဖက်ကျား၏ စွမ်းအားသည် အဆင့်မြင့် နတ်ဘုရားအဆင့် သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

သူတို့၏ အတောင်ပံခုနစ်ဖက်ကျားဥကို လုယက်ခံရသည့်မည်သူမဆို ဒေါသထွက်သွားမိပေမည်။

ရှောင်လုံ၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းအတစ်ချက် ဖြတ်ပြေးသွားလေပြီး ချက်ချင်းဆိုသလို နှာခေါင်းရှုံ့လိုက်လေသည်။ ထိုသူများသည် အဖြူရောင်ကျားတက္ကသိုလ်၏ မဟာ အကြီးအကဲများကြောင့် ဒေါသထွက်ခဲ့ရသော်ငြား သူတို့၏ ဒေါသကို ရှောင်လုံ၏ အပေါ်သို့ ဖွင့်ထုတ်လိုနေကြသည်။

ရှောင်လုံ၏ နတ်ဘုရား အာရုံက အခြားအုပ်စုအပေါ် လွှမ်းခြုံသွားလေသည်။ နတ်ဘုရားအဆင့်၉ အလယ်အလတ်အဆင့် နှစ်ယောက် ၊ နတ်ဘုရားအဆင့် ၉ အလယ်အလတ် အထွတ်အထိပ်အဆင့် တစ်ယောက် နှင့် နတ်ဘုရားအဆင့် ၉ အစောပိုင်းအဆင့် တစ်ယောက်တို့ ဖြစ်ပေသည်။

"ဆရာတူအစ်ကိုကြီးချန်... မေ့လိုက်ပါတော့... ပြဿနာ မရှာတာပိုကောင်းပါတယ်"

ထိုအချိန်တွင် နတ်ဘုရားအဆင့်ကိုး အစောပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်က တုံ့ဆိုင်းနေပေသည်။

ထိုစကားကိုကြားလိုက်ပြီးနောက် ပထဆုံး စကားပြောခဲ့သူဖြစ်သူ နတ်ဘုရား အဆင့် ၉ အလယ် အလတ် အထွတ်အထိပ်အဆင့် အသက်လတ်ပိုင်းလူသည် မကျေမနပ်ဖြစ်သွားလေသည်။

"ဆရာတူညီလေးချန်း... နတ်ဘုရားအဆင့်ရှစ် နောက်ပိုင်းအဆင့် ကောင်လေးတစ်ယောက်လောက်ကို မင်းကြောက်နေတယ်လို့တော့ ငါ့ကို လာမပြောနဲ့... ဒီအဖြူရောင်ကျားကြယ်စင်စုထဲမှာ ငါတို့ ဓားကျိုးဂိုဏ်းက ဘယ်သူ့ကို စောက်ဂရုစိုက်စရာလိုသေးလို့လဲ?”

"ဒါ အမှန်ပဲ...ဒီနေ့ ဆရာတူ အကိုလင်း မရှိလို့သာ မဟုတ်ဘူးဆိုရင် ငါတို့ အဖြူရောင်ကျားတက္ကသိုလ်က မိမစစ် ဖမစစ်တွေကို သင်ခန်းစာကောင်းကောင်းပေးလိုက်နိုင်မှာ!”

နောက်တစ်ယောက်က ထောင်လွှားမောက်မာစွာပြောလိုက်လေသည်။

'ဒီတော့ အဲ့ဒီ လူတွေက ဓားကျိုးဂိုဏ်းက ပေါ့လေ'

ရှောင်လုံက နှာခေါင်းရှုံ့လိုက်လေသည်။

ဤ နေရာသို့မလာရောက်မီ ရှောင်လုံသည် အဖြူရောင်ကျားကြယ်စင်စု၏ ထိပ်တန်းအင်အားစုများအကြောင်ကို စုံစမ်းခဲ့ပေသည်။

ဓားကျိုးဂိုဏ်းသည် အဖြူရောင်ကျားကြယ်စင်စု၏ ထိပ်တန်းအင်အားစုများအနက်တစ်ခုဖြစ်ပြီး အဖြူရောင်ကျားတက္ကသိုလ်အောက် တစ်ဆင့်သာ နိမ့်ကျပေသည်။ ထို့ကြောင့် သူတို့ မောက်မာဝင်ကြွားစွာ ပြောဆိုနေခြင်းမှာ အံ့သြ စရာမရှိပေ... သူတို့သည် အဖြူရောင်ကျား တက္ကသိုလ်၏ မဟာအကြီးအကဲများကိုပင် သတ်ဖြတ်လိုနေပေသေးသည်။

"ဒါပေမယ့် ဆရာတူညီလေးချန်းက ပြောနေပြီ ဆိုမှတော့...ကောင်လေး...မင်း ဘေးမှာ အေးအေးဆေးဆေး ရပ်နေမယ်ဆိုရင် အသက်ချမ်းသာပေးလိုက်မယ်...ငါတို့ ကျေနပ်အားရသွားပြီဆိုတာနဲ့ ထွက်သွားမှာပါကွာ"

လေးထောင့်မျက်နှာနှင့် သတ်လတ်ပိုင်းလူကြီးက ရှောင်လုံကို ရုတ်တရက် ပြောလိုက်လေသည်။

ရှောင်ဖေး၏ နူးညံ့လှသော မျက်နှာလေးက ဒေါသများ၊လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်သွားလေသည်။

"မလိုဘူး"ရှောင်လုံက သတ်လတ်ပိုင်းလူကြီးကို တည့်တည့်ကြည့်လိုက်ရင်း ပြန်ဖြေလိုက်သည်။

ထိုသူ ဘာစကားမှ ထပ်မပြောနိုင်သေးမီ ရှောင်လုံက လှုပ်ရှားလိုက်လေပြီး သက်လတ်ပိုင်းလူကြီး အရှေ့တွင် ပြန်ပေါ်လာလေသည်။ သူ့၏ လက်ချောင်းများသည် ကုတ်ဆွဲသည့်ဟန် ကွေးညွတ်သွားပြီး သတ်လတ်ပိုင်းလူကြီး၏ ခေါင်းကို အစိတ်စိတ်အမွှာမွှာ ခွဲခြေပစ်လိုက်လေသည်။ထို့နောက် သူ့၏ အစစ်အမှန် အင်မော်တယ် အဆီအနှစ်မီးတောက်က လောင်ကျွမ်းပစ်လိုက်သည်။

ဓားကျိုးဂိုဏ်း မှ အခြား လူသုံးယောက်သည် ထိုမြင်ကွင်းကြောင့် တုန်လှုပ်အံ့အားသင့်သွားကြသည်။ အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်မို့ တုန့်ပြန်ရန်ပင် အချိန်မရလိုက်ပေ။

သူတို့ လေးယောက် အနက် အသန်မာဆုံးဖြစ်သည့် ဆရာတူအစ်ကိုကြီး ချန်းကို နတ်ဘုရားအဆင့် ၈ ကောင်လေးတစ်ယောက် က သတ်ဖြတ်ပစ်လိုက်သည်လား။

ရှောင်လုံ က သေဆုံးသွားပြီးသည့် လူကို တစ်ချက်မျှပင် ပြန်မကြည့်တော့ပေ။ သူက တစ်ဖက်သို့ လှည့်လိုက်လေပြီး ကျန်ရှိနေသည့် သုံးယောက်ကို အေးစက်စက် ကြည့်လိုက်သည်။

"ခင်ဗျားတို့ ဘယ်သူနဲ့ ပြဿနာတက်တက် ကျုပ်စောက်လုပ် မဟုတ်ဘူး...ဒါပေမယ့် ခင်ဗျားတို့ ဟောင်ရှောင်လုံ ဆိုတဲ့ ကျုပ်ကိုတော့ ရန်လာမစသင့်ဘူး"

"ဘာ...မင်းက ဟောင်ရှောင်လုံ လား?"

ထိုလူ သုံးယောက်၏ မျက်နှာအမူအရာများသည် တင်းကျပ်သွားရလေသည်။

ရှောင်လုံ မဟာဆေးပညာရှင် ပြိုင်ပွဲ ၏ ဆေးဘုရင်ဘွဲ့ကို ရရှိခဲ့သည့် သတင်းသည် ကြယ်စင်စုလေးစုလုံး ကို ပျံ့နှံ့သွားခဲ့ပေသည်။ ဓားကျိုးဂိုဏ်း၏ အကြီးအကဲများဖြစ်သည့် သူတို့သည်လည်း ထိုအကြောင်းကို သိရှိပေသည်။

သို့သော် သူတို့ကို ကြောက်ရွံ့စေသည့်အရာမှာ ရှောင်လုံ၏ ဆေးဘုရင်ဘွဲ့မဟုတ်ဘဲ လမင်းဆင်းသက်ခြင်းအဘိုးအို၏ တပည့်ရင်းဆိုသည့် အချက်ဖြစ်သည်။

သူတို့သုံးယောက်သည် သူတို့ ဓားကျိုးဂိုဏ်း၏ အရင်ဂိုဏ်းခေါင်းဆောင်မှာ လမင်းဆင်းသက်ခြင်းအဘိုးအို၏ လက်ထဲ၌ သေဆုံးသွားရခြင်း ဖြစ်ကြောင်း သိရှိထားပေသည်။

သူတို့၏ မျက်နှာများ ဖြူဖျော့သွားချိန်တွင် ရှောင်လုံ၏ အရိပ်သည် လက်ခနဲ မှုန်ဝါးသွားပြီး သူတို့အကြား၌ ပေါ်လာလေသည်။ တစ်ချက်လှုပ်ရှားလိုက်တိုင်း လေထုထဲ၌ သွေးစီးကြောင်းတစ်ခု ပေါ်ထွက်သွားသည်။

အသက်ရှုချိန်အနည်းငယ်မျှ ကြာပြီးနောက် လှိုက်ဂူ ထဲတွင် အလောင်းသုံးလောင်း မက ဖြစ်သွားသည်။

ချက်ချင်းဆိုသလို လှိုက်ဂူ တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားပြီး ပြိုင်ဘက်ကင်းကြမ်းတမ်းလှသည့် သားရဲတစ်ကောင် နိုးထလာသည်နှင့်ပင် တူနေပေသည်။

ရှောင်လုံ၏ မျက်နှာက တင်းကျပ်သွားလေပြီး ရှောင်ဖေး၏ ဘေးဆီသို့ အမြန် ဆုတ်ခွာလိုက်လေသည်။ သူမ၏ လက်ကို ဆွဲလိုက်ပြီးနောက် သူ့၏ စိုးရိမ်တကြီးအသံက ထွက်ပေါ်လာလေသည်။

"အမြန် ထွက်သွားကြမယ်!"

ပိုးစာပင်ဓားသည် လေထဲတွင်တုန်ခါနေပြီ ဖြစ်ပြီး ရှောင်လုံ၏ ခြေထောက်နှင့် ထိလိုက်သည်နှင့်တစ်ပြိုက် လှိုက်ဂူ ဆီမှ ချက်ချင်းပြေးထွက်သွားလေသည်။

ရှောင်လုံ နှင့်ရှောင်ဖေးတို့ လှိုက်ဂူဆီမှ ထွက်သွားပြီးနောက် အသက်တစ်ခါရှုချိန်မျှ အကြာတွင် လှိုက်ဂူ၏ ကြမ်းပြင်သည် ပေါက်ကွဲသွားပြီး သားရဲတစ်ကောင်၏ ကြီးမားလှသော အနက်ရောင် ဦးခေါင်းကြီးက ကမ္ဘာမြေကြီးဆီမှ ဖောက်ထွက် လာလေသည်။

Continue Reading

You'll Also Like

168K 25.7K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
31.8K 1.3K 24
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
18.8K 747 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
58.8K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...