ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

716 - 720

175 10 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၁၆..... ငြိမ်းချမ်းခြင်းအင်ပါယာ ကမ္ဘာသို့

ယင်းလုနှင့် ကျန်သည့် ယင်းမိသားစု သိုင်းပညာရှင်များသည် ရှောင်လုံ ယင်းဖေး၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံးကို လက်ဝါးတစ်ချက် ထဲဖြင့် ရိုက်ချိုးလိုက်သည်ကိုအား ကြောက်ကြောက်ရွံ့ရွံ့ ကြည့်လိုက်ရသည်။ ယင်းဖေး၏ မျက်နှာက အလွန်အမင်း ဖြူရော်သွားပြီး နာနာကျင်ကျင် အော်ဟစ်လိုက်ရလေသည်။ အသက်ချမ်းသာပေးရန် ဗလုံးဗထွေး တောင်းဆိုသံများသည် သူ့၏ အော်သံများအကြားမှ ထွက်ပေါ်လာပြီး ရှောင်လုံကို သူ့အား ခွင့်လွှတ်ပေးရန် တောင်းပန်နေလေသည်။
ယင်းလုနှင့် အခြားသူများသည်လည်း ခွင့်လွှတ်ပေးရန် အလျှင်အမြန် တောင်းပန်လိုက်ကြသော်ငြား ရှောင်လုံက မပြောင်းမလဲ ရှိနေပေသည်။ နောက်ထပ်ရိုက်ချက်တစ်ခုတွင် ယင်းလုနှင့် အခြားသူများသည် ယင်းဖေးနှင့် ဘဝတူ ဖြစ်သွားကြပြီး သူတို့ ကိုယ်ရှိ အရိုးတစ်လက်မစီတိုင်း အပိုင်းပိုင်းအစစ ကြေမွသွားလေသည်။
ထို့နောက် ရှောင်လုံက အလောင်းစား အဆိပ်ပိုးကောင်အုပ်ကို ထုတ်ယူလိုက်လေသည်။ ရှောင်လုံက နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုလာပြီးနောက် အလောင်းစားအဆိပ်ပိုးကောင်များသည် အရင်ကထက် အဆများစွာ ကြောက်မက်ဖွယ် ကောင်းအောင် ကြီးထွားလာကြသည်။
ယင်းဖေး၊ ယင်းလုနှင့် အခြားသူများ၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများပေါ်လာပြီး သူတို့ကိုယ်ပေါ်သို့ တွယ်တက်လာသည့် နက်မှောင်လှသော ပိုးကောင်များကို ကြည့်နေရုံသာ တတ်နိုင်လေသည်။
ဆိုးရွားလှသော အော်ဟစ်သံများက ခန်းမဆောင်ထဲ၌ ပဲ့တင်ထပ်သွားလေသည်။
ရှောင်လုံက အလောင်းစားအဆိပ်ပိုးကောင်များကို သူတို့ပေါ်သို့ တွားသွား တက်သွားစေပြီး သူတို့ကို စက္ကန့်ပိုင်းအတွင်း မျိုချပစ်စေမည့်အစား ဖြည်းဖြည်းချင်း ကိုက်ခဲနေစေသည်။
တစ်ခဏအကြာ၌ ဟောင်ပန်၊စုယန်၊ ဟောင်ရှောင်ဟိုင် နှင့် ကျန်သည့်သူများသည် ခန်းမထဲသို့ ရောက်လာကြသည်။ ယင်းမိသားစု အစောင့်များနှင့် စစ်သည်များ သေဆုံးသွားပြီ ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
တစ်ရက်ကြာပြီးနောက် နွေဦးမာန်ချီကမ္ဘာမှ လီထျန်း ပြန်လာလေသည်။ ကျို့ရှု၊ကျန့်ဖူနှင့် ကျန်သူများသည်လည်း သူတို့အလုပ်များ ပြီးသွားသည်နှင့် ဟောင်မိသားစုအိမ်တော်သို့ ရောက်ရှိလာကြသည်။
နွေဦးမာန်ချီကမ္ဘာ နှင့် အခြားနေရာများရှိ ယင်းမိသားစု အစောင့်များနှင့်စစ်သည်များမှာကား လီထျန်း၊ ဟောင်ရှောင်ယွန်နှင့်ကျန်သူများ၏ လက်တစ်ချက် ဝှေ့စာမျှသာ ရှိပေသည်။ သူတို့ လမ်းတစ်လျှောက် ဖြတ်သန်းလာကြသည့် နိုင်ငံများအတွက်မူ အချိန်အနည်းငယ်သာ သုံးခဲ့ရသည်။
ဟောင်မိသားစုအိမ်တော်၌ အားလုံး စုမိသွားပြီးနောက် သူတို့၏ သိုလှောင်လက်စွပ်များထဲတွင် အဆင့်မြင့် စကြာဝဠာအဆင့်မှ အလယ်အဆင့်နှင့် အစောပိုင်းအဆင့်အထိ ရှိသည့် ယင်းမိသားစု စကြာဝဠာတပည့်များ၏ အလောင်းများဖြင့် ပြည့်နေလေသည်။
အကြောင်းရင်းမှာကား ရှောင်လုံက သူတို့ကို ထိုသို့ လုပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ နဂါးအင်ပါယာအောင်းတိုင်ရီ ပြောကြားချက်အရ စကြာဝဠာအဆင့် သိုင်းပညာရှင်များ၏ အလောင်းသည် အနည်းငယ် အသုံးဝင်သည် ဆိုသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရှောင်လုံက စကြာဝဠာအဆင့် နှင့် အထက် ကျင့်ကြံသူများ၏ အလောင်းများကို သိမ်းဆည်းထားစေခြင်း ဖြစ်သည်။
နဂါးအင်ပါယာအောင်းတိုင်ရီက ထိုအလောင်းများအား ဘာလုပ်ရန် ကြံစည်နေသည်ကို သူမသိသော်ငြား အကြောင်းရင်းရှိ၍သာ ပြောခြင်းဖြစ်မည်ဟု သူ ယုံကြည်ပေသည်။
ဟုတ်ပေသည်။ ရှောင်လုံ ဟောင်မိသားစုအိမ်တော်ရှိ ယင်းဖေး၊ယင်းလုနှင့်ကျန်သူများကို အလျှင်အမြန် အလွယ်တကူသေဆုံးခွင့် ပြုမည်မဟုတ်ပေ။ ထို့ကြောင့် သူက သူတို့ကို လော်တုံတော်ဝင်မြို့တော် ဂိတ်ဝတွင် ဇောက်ထိုးချိတ်ထားပြီး အလောင်းစားအဆိပ်ပိုးကောင်များဖြင့် ဆယ်ရက်ကြာ ညှင်းပန်းနှိပ်စက်ပြီးမှသာ သေဆုံးသွားစေပေမည်။
အဆုံး၌ နှင်းလေတိုက်ကြီး ရှိ ယင်းမိသားစု အစောင့်များနှင့်စစ်သည်များသည် သတ်ဖြတ်ခံလိုက်ရပေသည်။ ရှောင်လုံက မိသားစုကြီးများ၏ ခေါင်းဆောင်များ၊ နိုင်ငံတိုင်း၏ တော်ဝင်မိသားစုများ၊ အင်ပါယာအားလုံး၏ မူလအင်ပါယာ မိသားစုများကို နှင်းလေတိုက်ကြီး အား ပိတ်ဆို့ထားပြီး မည်သည့်သတင်းမှ ပျံ့နှံ့မသွားအောင် ကာကွယ်ရန် အမိန့်ပေးလိုက်သည်။
ရှောင်လုံ ဆီမှ အမိန့်တစ်ခုသည် နှင်းလေတိုက်ကြီး တစ်ခုလုံးကို လိပ်ခွံထဲသို့ ပြန်ဆုတ်သွားစေသည်။
အတိတ်တစ်ခါက ရှောင်လုံသည် သိုင်းဝိညာဉ်ကမ္ဘာ၏ အရှင်သားရဲနတ်ဘုရား ဖြစ်လျှင် ယခုအခါမူ မိသားစုတိုင်း ၊ နိုင်ငံတိုင်းနှင့် အင်ပါယာတိုင်း အတွက် ရှောင်လုံသည် သူတို့၏ ပြိုင်ဘက်ကင်းနတ်ဘုရား ဖြစ်နေပေသည်။
ရှောင်လုံ၏ အမိန့်သည် အနှိုင်းမဲ့အမိန့် ဖြစ်သည်။
နှင်းလေတိုက်ကြီး ကို ပိတ်ဆို့ပြီးနောက် ရှောင်လုံနှင့် ကျန်သူများသည် ဟောင်မိသားစုအိမ်တော်၌ အချိန်ဆွဲမနေပေ။ တစ်နေ့တည်းမှာပင် သူတို့က နှင်းလေတိုက်ကြီးဆီမှ ထွက်လာပြီး ကြယ်တိမ်တိုက်ကြီး ဆီသို့ ဦးတည်လိုက်ကြသည်။
ယင်းနှင့် ကျိုးမိသားစုများအနေဖြင့် ဘာဖြစ်သွားသည်ကို နားမလည်နိုင်လိုက်သေးမီ ရှောင်လုံက သူတို့အားလုံးကို သတ်ဖြတ်ပစ်လိုခြင်း ဖြစ်သည်။
အချိန် ငါးရက်အတွင်း ရှောင်လုံတို့အုပ်စုက ကြယ်တိမ်တိုက်ကြီး ၊ ဗရမ်းဗတာနယ်မြေနှင့် အရပ်ဆယ်မျက်နှာတိုက်ကြီး တို့ကို မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များအား လေဝဲနှင့် လှည်းကျင်းလိုက်သည့်နှယ် သန့်ရှင်းပစ်လိုက်လေသည်။ ယင်းနှင့် ကျိုးမိသားစု မဟာအကြီးအကဲများ၊ တပည့်များနှင့် စစ်သည်များကို သတ်ဖြတ်ပစ်ခဲ့ကြခြင်း ဖြစ်သည်။
ရှောင်လုံက ပိတ်ဆို့ထားရန် အမိန့်ပေးထားစေကာမူ သိုင်းဝိညာဉ်ကမ္ဘာသို့ သူ ပြန်ရောက်လာသည့်သတင်းသည် မိသားစုနှစ်ခုလုံး၏ များစွာသော မဟာအကြီးအကဲများဆီ ရောက်ရှိသွားဆဲ ဖြစ်သည်။
ယင်းနှင့်ကျိုးမိသားစု၏ မဟာအကြီးအကဲ သုံးဆယ့်နှစ်ယောက်တွင် ရှောင်လုံက နှစ်ဆယ့်ခုနစ်ယောက်သာ သတ်ရသေးသည်။
ဥပမာဆိုရသော် ရှောင်လုံက မဟာအကြီးအကဲ ညီအစ်ကို လေးယောက်တွင် ယင်းဖေး၊ယင်းလုနှင့် တတိယအစ်ကိုတို့ကိုသာ သတ်ဖြတ်ရသေးသည်။ စတုတ္ထညီ ဘယ်အရပ်သို့ ပျောက်သွားသည်ကိုတော့ ဘယ်သူမှ မသိပါပေ။
.....
ညအမှောင်က ကောင်းကင်ထက်၌ ဖြည်းဖြည်းချင်း နေရာယူလာသည်။
ရှောင်လုံက ဟောင်မိသားစုအိမ်တော် နောက်ဘက်ရှိ တောင်ထိပ်ပေါ်၌ ရပ်နေလေသည်။ တောင်အောက်ခြေရှိ အလင်းရောင်တောက်ပနေသော ဟောင်မိသားစုအိမ်တော်ကို ကြည့်ရင်း သူမျက်ခုံးများက နက်ရှိုင်းစွာ ကျုံ့သွားသည်။
ယနေ့သည် သူတို့ သိုင်းဝိညာဉ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် ခြောက်ရက်အကြာ ဖြစ်သည်။ အမှန်တွင် ဤနေရာသို့ ရောက်ရှိလာသမျှ ကျိုးနှင့် ယင်းမိသားစုဝင်များအားလုံးကို သတ်ဖြတ်ပြီးရင်း သတ်ဖြတ်ခဲ့ပေသည်။ သို့သော် ယခု ရှောင်လုံကို မျက်မှောင်ကြုတ်စေပြီး ခေါင်းကိုက်နေစေသည်မှာကား ထိုမိသားစုနှစ်စု လုပ်သွားသည့် သိုင်းဝိညာဉ်ကမ္ဘာက ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်ရန် ဖြစ်သည်။
သိုင်းဝိညာဉ်ကမ္ဘာ၏ အရင်းအမြစ်များကို ဆယ်စုနှစ်များစွာအကြာထိ အကြောင်းမဲ့ ဂုတ်သွေးစုပ်ပစ်ခဲ့ပြီးနောက် မြေဆီလွှာကောင်းမွန်သည့် နယ်မြေများသည် အသက်မဲ့ကုန်းမြေများ ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သည့် သတ္ထုကြောများသည်လည်း အပြည့်အဝ တူးဖော်ခံလိုက်ရပြီး ဆေးပင်များသည်လည်း အမြစ်မှ တူးနှုတ်ခံလိုက်ရသည်။ သားရဲများကို ဖမ်းဆီးပြီး မြို့နှင့် ရွာများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရပေသည်။
သိုင်းဝိညာဉ်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအင် အရင်းအမြစ်သည် အလွန်အမင်း ထိခိုက် ပျက်စီးနေပြီ ဖြစ်သည်။ သူက သိုင်းဝိညာဉ်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်လည် သိုလှောင်ရန် မည်သို့လုပ်ရမည်နည်း။ မည်သည့်နည်းလမ်း ရှိနေလေသနည်း။
ရှောင်လုံ၌ အင်မော်တယ်အဆင့် နှင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ မည်မျှပင် ရှိနေစေကာမူ သိုင်းဝိညာဉ်ကမ္ဘာကို အချိန်တိုအတွင်း ပြန်လည်ထိန်းသိမ်းပေးရန် မဖြစ်နိုင်ပေ။
ရှောင်လုံ ပိုမို စဉ်းစားမိလေ၊ ပို၍ပင် ဒေါသထွက်လာလေ ဖြစ်သည်။ ဒီအချိန်၌ သိုင်းဝိညာဉ်ကမ္ဘာထဲရှိ ကိစ္စ အမြောက်အမြားကိုသာ သူ ဂရုစိုက်ဖို့ မလိုအပ်လျှင် သူသည် ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာနှင့် အာကာသအမွှာကမ္ဘာသို့ သွားရောက်ကာ ယင်းနှင့် ကျိုးမိသားစု နှစ်စုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မိပေလိမ့်မည်။
"သိုင်းဝိညာဉ်ကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အချိန်တိုအတွင်း ပြန်လည်ထိန်းသိမ်းဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
နဂါးအင်ပါယာအောင်းတိုင်ရီက ပြောလိုက်သည်။
ရှောင်လုံ တစ်ခဏမျှ ကြောင်သွားပြီးနောက် အပြုံးကြီးကြီးဖြင့် ပြန်တုံ့ပြန်လာသည်။
"နဂါးအိုကြီး...ခင်ဗျားမှာ နည်းလမ်း ရှိနေတာလား?"
နဂါးအင်ပါယာအောင်းတိုင်ရီက ပြုံးကာပြောလိုက်သည်။
"ဟုတ်တာပေါ့ဟ...မင်း သုံးလို့ရတဲ့ သွေးစတေးခြင်း နိယာမ ကို ငါသိတယ်...ယင်းနဲ့ ကျိုးမိသားစုဝင် အလောင်းတွေကို သွေးစတေးလိုက်ရင်...  သူတို့ရဲ့ အသွေးအသားတွေက သိုင်းဝိညာဉ်ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်...စကြာဝဠာအဆင့် နဲ့ နတ်ဘုရားအဆင့် အလောင်းတွေ ဆိုရင်ကိုပဲ လုံလောက်နေပြီ...သိုင်းဝိညာဉ်ကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင်က သိပ်မကြာခင် ပြန်ကောင်းသွားလိမ့်မယ်"
ရှောင်လုံက အံ့သြမှင်သက်သွားလေသည်။
"ယင်းနဲ့ ကျိုးမိသားစု အလောင်းတွေက သွေးစတေးခြင်းမှာ သုံးဖို့လား?"
နဂါးအင်ပါယာအောင်းတိုင်ရီက ခေါင်းညိတ်ပြလိုက်သည်။
"မဟုတ်ရင်...ငါက ဘာလို့ မင်းကို ယင်းနဲ့ကျိုးမိသားစုရဲ့ စကြာဝဠာအဆင့် နဲ့ နတ်ဘုရားအဆင့် အလောင်းတွေကို စုခိုင်းထားရမှာတုန်း?"
ထို့နောက် နဂါးအင်ပါယာအောင်းတိုင်ရီက ရှောင်လုံကို သွေးစတေးခြင်း နိယာမအကြောင်း အသေးစိတ် ရှင်းပြလိုက်သည်။
နဂါးအင်ပါယာအောင်းတိုင်ရီက သွေးစတေးခြင်း နိယာမအကြောင်း ရှင်းပြပြီးချိန်၌ ရှောင်လုံသည် ဒီနည်းလမ်းဖြင့် သိုင်းဝိညာဉ်ကမ္ဘာက စိတ်ဝိညာဉ်စွမ်းအင်များကို အချိန်တိုအတွင်း ပြန်စုစည်းနိုင်လိမ့်မည်ကို နားလည်သွားလေသည်။
စဉ်းစားကြည့်လျှင် မည်သည့် စကြာဝဠာအဆင့် သိုင်းပညာရှင်သည် မရေမတွက်နိုင်သည့် ဆေးပင်များ၊ စိတ်ဝိညာဉ်ဆေးလုံးများကို နှစ်ရာပေါင်းများစွာအတွင်း မသောက်သုံးဖူးဘဲ နေမည်နည်း၊ နှစ်ထောင်ချီ၍ ကျင့်ကြံပြီးမှသာ စကြာဝဠာအဆင့် ရောက်သွားသူများလည်း ရှိသည် မဟုတ်ပါလား။
သူတို့၏ သွေးသားများထဲ၌ ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေပေသည်။
နတ်ဘုရားအဆင့်အလောင်းများ ဆိုလျှင် ပို၍ပင် များပြားလှသည်။ နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်၏ သွေးအဆီအနှစ်တစ်စက်သည် သာမန် မြစ်ငယ်လေးထဲသို့ ကျဆင်းသွားပါက စိတ်ဝိညာဉ်စွမ်းအင် မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားရန်ပင် လုံလောက်သည်။
ထို့ပြင် သွေးစတေးခြင်း နိယာမက ထို စွမ်းအားကြီးသည့် အလောင်းများ၏ အသွေးအသားများကို သိုင်းဝိညာဉ်ကမ္ဘာထဲသို့ စုစည်းပစ်မည် ဖြစ်သည်။ သူတို့၏သွေးအဆီအနှစ်နှင့် စိတ်ဝိညာဉ်စွမ်းအင်များကို သုံးကာ သိုင်းဝိညာဉ်ကမ္ဘာ၏ လျော့ပါးသွားသော စွမ်းအင်များကို ပြန်ဖြည့်တင်းပေးပေလိမ့်မည်။
ချက်ချင်းပင် အချိန် တစ်စက္ကန့်မျှ မဖြုန်းတီးတော့ဘဲ ရှောင်လုံက လေထဲသို့ ပျံတက်သွားသည်။ နဂါးအင်ပါယာအောင်းတိုင်ရီ အစောပိုင်းက ရှင်းပြသည့်နည်းအတိုင်း သူက ယင်းနှင့် ကျိုးမိသားစု အလောင်းများကို စတေးခံများအဖြစ် ပေးအပ်လိုက်သည်။
မိသားစုနှစ်ခုမှ တပည့်များ၏ အလောင်းများသည် ရှောင်လုံ ပတ်လည်ရှိ လေထုထဲ၌ မျောလွင့်နေလေသည်။ သူက ဂါထာတစ်ပုဒ် ရွတ်လိုက်ကာ လက်များကို အမူအရာတစ်ခုအသွင် လှုပ်ရှားလိုက်သည်။ ရှောင်လုံ လက်ညှိုးညွှန်လိုက်သမျှ အလောင်းတိုင်းသည် သွေးရောင်အလင်းကို တောက်ပစွာ ထုတ်လွှတ်လာကြသည်။
နောက်တစ်ခဏတွင် ထိုအလောင်းများသည် မြေကြီးထဲ နစ်ဝင်သွားပြီး ကမ္ဘာ့အနက်ရှိုင်းဆုံးအပိုင်းထိ တိုးဝင်သွားကာ သိုင်းဝိညာဉ်ကမ္ဘာ၏ အစိတ်အပိုင်း ဖြစ်လာကြသည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးများသည် စတင် မျောလွင့်လာလေသည်။
တစ်ရက်နှင့်တစ်ည ကြာပြီးနောက် ရှောင်လုံ၏ သွေးစတေးခြင်းနိယာမ အောက်တွင် အလောင်းများအားလုံးသည် သိုင်းဝိညာဉ်ကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း အပြည့်အဝ ဖြစ်သွားလေသည်။
ရှောင်လုံ ရပ်တန့်လိုက်သည့်အချိန်၌ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပေသည်။ ဟောင်မိသားစုအိမ်တော်ကို ဗဟိုထားကာ ဒေါင်ရမ်းအင်ပါယာ၏ စိတ်ဝိညာဉ်စွမ်းအင်သည် ဆယ်ဆပိုမို သိပ်သည်းသွားပြီး အိမ်နီးချင်း အင်ပါယာများဆီသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားလေသည်။
ရှောင်လုံ ပြုံးပျော်သွားရလေသည်။ သွေးစတေးခြင်း နိယာမက ထိုမျှ အကျိုးသက်ရောက်နိုင်စွမ်းရှိမည်ဟု သူမထင်ထားမိပေ။
သို့သော် ထိုအလောင်းများသည် လုံလောက်ရန် လိုအပ်နေသေးပြီး နှင်းလေတိုက်ကြီး၏ အခြေအနေကို တစ်ဝက်မျှသာ ပြောင်းလဲပစ်နိုင်ပေသည်။
"ကြည့်ရတာ ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာကို သွားရတော့မယ့် အချိန်ပဲ!"
အေးစက်စက် အလင်းတစ်ချက်က ရှောင်လုံ၏ မျက်လုံးထဲ၌လက်သွားသည်။ သူက ယင်းနှင့်ကျိုးမိသားစုများကို အမြစ်ပြတ်သုတ်သင်ပြီးနောက်၌ သိုင်းဝိညာဉ်ကမ္ဘာကို ကယ်တင်ရန် လုံလောက်သည့် အလောင်းများ ရရှိလာပေလိမ့်မည်။
ဟုတ်ပေသည်။ ထိုမိသားစု နှစ်ခုကို သတ်ဖြတ်ရန်အပြင် လိပ်နက်မီးတောက်သည်လည်း အရေးကြီးပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၁၇..... မင်းတို့ အရူးအုပ်စု!

သို့သော် ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာသို့ မသွားမီ သူက ဟောင်မိသားစုအိမ်တော်တဝိုက်တွင် ခုခံခြင်း နှင့် သတ်ဖြတ်ခြင်းအစီအရင် ဒါဇင်ကျော်ကို ချထားလိုက်သည်။
ရှောင်လုံနှင့် သူ့မိသားစုတို့ သိုင်းဝိညာဉ်ကမ္ဘာမှ ထွက်ခွာသွားချိန်က ခင်းကျင်းထားခဲ့သည့် ခုခံခြင်းအစီအရင်များသည် ယင်းဖေးတို့အုပ်စု ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ထိုအချိန်က ရှောင်လုံ၏ ကျင့်စဉ်က နိမ့်ကျလှကာ အစီအရင်ခင်းကျင်းမှု အသိပညာသည်လည်း သနားဖွယ်ကောင်းလောက်အောင် နည်းပါးလှသည်။ ထို့ကြောင့် သူ ခင်းကျင်းထားခဲ့သည့် ခုခံခြင်းအစီအရင်များသည် ယင်းဖေးနှင့်ကျန်သူများ၏ ဖျက်ဆီးခြင်း ခံလိုက်ရသည်မှာ အံ့အားသင့်စရာ မရှိပေ။
ယခုမူ ရှောင်လုံက နတ်ဘုရားအဆင့် ၈ သို့ ရောက်နေပြီ ဖြစ်ပြီး သူ့၏ အစီအရင်ခင်းကျင်းမှုအပေါ် နားလည်မှုသည်လည်း အနက်ရောင်သူရဲကောင်းတက္ကသိုလ်၌ နေခဲ့သည့် နှစ်များအတွင်း တဟုန်ထိုး တိုးတက်လာခဲ့သည်။ ထို့အပြင် ရှောင်လုံ အသုံးပြုလိုက်သည့် ပစ္စည်းများသည်လည်း နတ်ဘုံကမ္ဘာမှ ရှားပါးလှသည့် ပစ္စည်းများဖြစ်ကာ နတ်ဘုရားအဆင့် ၉ သိုင်းပညာရှင်တစ်ယောက်သည်ပင် ဤအစီအရင်များကို ခက်ခက်ခဲခဲ ချိုးဖျက်ရပေမည်။
သူက ဟောင်မိသားစုအိမ်တော် တစ်ဝိုက်တွင် ခုခံခြင်း နှင့် သတ်ဖြတ်ခြင်း အစီအရင်များ ခင်းကျင်းလိုက်ပြီးနောက် အတွေးတစ်ခုက ခေါင်းထဲဝင်လာမိသည်။ နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ထုတ်ယူလိုက်ပြီး အိမ်တော် ပတ်ပတ်လည်၌ ကြီးမားလှသည့် စိတ်ဝိညာဉ် စွမ်းအင် ချဲ့ထွင်ခြင်း အစီအရင်ကို ခင်းကျင်းလိုက်သည်။
ထို စိတ်ဝိညာဉ် စွမ်းအင် ချဲ့ထွင်ခြင်း အစီအရင်သည် ကိုယ်တိုင် တီထွင်လိုက်သည့် အစီအရင် ဖြစ်သည်။ သာမန် စိတ်ဝိညာဉ်စွမ်းအင် စုစည်းခြင်းအစီအရင်ကို အဆင့်မြင့်ထားခြင်း ဖြစ်ပေသည်။ ဤသည်ကား ပိုမို အသုံးဝင်ပေသည်။
ပုံမှန်အားဖြင့် စိတ်ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်များသည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို ဆွဲဆောင်ခြင်း ဖြစ်သည်။ သို့သော်လည်း ရှောင်လုံ၏ စိတ်ဝိညာဉ်စွမ်းအင် ချဲ့ထွင်ခြင်းအစီအရင် မှာမူ ခြားနားပေသည်။ ၎င်းကိုယ်တိုင်ပင် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ပေးသည့် အစီအရင် ဖြစ်သည်။
အစီအရင် ခင်းကျင်းရာ၌ သုံးသည့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်မှ စိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူခြင်း ဖြစ်သော်လည်း အရည်အသွေးမြင့်သည့် စိတ်ဝိညာဉ်စွမ်းအင်များစွာကို ထုတ်ပေးနိုင်ပေသည်။
အမှန်တော့ ကျိုးမိသားစုကို မြေ၌ ပြားပြားဝပ်သွားသည်ထိ ချေမှုန်းရန်အပြင် သူက လိပ်နက် နတ်မီးတောက်ကို ရှာရပေဦးမည်။ သူနှင့်အတူ အားလုံးကို ခေါ်သွားရမည်ဆိုပါက အဆင်ပြေမည်မဟုတ်ပေ။
သူ့၏ နှစ်ပေါင်းများစွာ မှတ်တမ်းဟောင်းများကို လေ့လာရှာဖွေခဲ့ခြင်းအရ လိပ်နက်နတ်မီးတောက် သည် ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ၏ အနက်ရောင်မြောက်ဘက်ပင်လယ်တွင် ရှိနေသည်ဟု ရှောင်လုံ ခန့်မှန်းမိသည်။ ထို့အပြင် လိပ်နက်နတ်မီးတောက် က ပင်လယ်၏ အနက်ရှိုင်းဆုံး အပိုင်း၌ ရှိနေပေလိမ့်မည်။
အနက်ရောင်မြောက်ဘက်ပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် အလွန်အမင်း အေးစက်သည့်ချီ ရှိပြီး အနက်ရောင်မြောက်ဘက်ရေခဲစီးကြောင်း ဟု ခေါ်ပေသည်။ အဆင့်မြင့်အဆင့် နတ်ဘုရားအဆင့်သိုင်းပညာရှင်များသည်ပင် ၎င်းကို တောင့်ခံထားရန် ခက်ခဲပေသည်။
ဤသည်မှာ ရှောင်လုံက ရှောင်ဖေး၊ သူ့မိသားစု နှင့် လူတိုင်းကို သူပြန်လာသည့်အချိန်ထိ ဟောင်မိသားစုအိမ်တော်၌ ထားခဲ့ရန် ဆုံးဖြတ်ခဲ့သည့် အဓိကအကြောင်းရင်း ဖြစ်သည်။
ဟောင်မိသားစုဝင်များ၏ လက်ရှိစွမ်းအားတွင် အမြီးကိုးချောင်းတောက်ပအလင်းကျား နှင့် အခြား မိစ္ဆာသားရဲများ ၊ ခုခံခြင်းနှင့် သတ်ဖြတ်ခြင်း အစီအရင်များ ပေါင်းထည့်လိုက်လျှင် သူတို့၏ လုံခြုံမှုကို ပြန်လာချိန်ထိ ရှောင်လုံ စိုးရိမ်စရာ မလိုတော့ပေ။
သူ ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာသို့ ရောက်နေချိန်တွင် အာကာသအမွှာကမ္ဘာမှ ယင်းမိသားစုက သူတို့၏ သိုင်းပညာရှင်များကို ထပ်မံ စေလွှတ်မည်ဆိုလျှင်ပင် ဟောင်မိသားစုဆီ မရောက်မီ အစီအရင် အလွှာပေါင်းများစွာကို ချိုးဖျက်ရန် ကြိုးစားရပေလိမ့်မည်။
ထို့ကြောင့် ကြိုကြိုတင်တင်ဖြင့် ရှောင်လုံက ယင်းလု၏ စိတ်ဝိညာဉ်ကို ရှာဖွေထားပေသည်။ ထိုမှတစ်ဆင့် ယင်းမိသားစု၏ အသန်မာဆုံးသူမှာ သူတို့၏ ဘိုးဘေး ဖြစ်ပြီး နတ်ဘုရားအဆင့် ၉ အစောပိုင်း သိုင်းပညာရှင်မျှသာ ဖြစ်ပေသည်။
သူတို့၏ ဘိုးဘေးအပြင် ယင်းမိသားစု ခေါင်းဆောင်သည် နတ်ဘုရားအဆင့် ၈ နောက်ပိုင်းအဆင့်သိုင်းပညာရှင် မျှသာ ဖြစ်ပေသည်။ ကျန်သူများမှာ နတ်ဘုရားအဆင့် ၈ အစောပိုင်း နှင့် အလယ်အဆင့် သိုင်းပညာရှင် မဟာအကြီးအကဲများသာ ဖြစ်သည်။
သူ့၏ လိပ်နက်နတ်မီးတောက် ရှာပုံတော်ခရီးက မျှော်လင့်ထားသည်ထက် ပိုကြာသွားမည်ကို တွေးမိသည်မို့ သူနှစ်ပေါင်း မြောက်မြားစွာ ကြာသည်ထိ ရောက်မလာခဲ့ပါက လိုက်မရှာရန် ရှောင်လုံက အားလုံးကို အသိပေးခဲ့လေသည်။
သူ့မိသားစုနှင့် ရှောင်ဖေး၏ တွန့်ဆုတ်နေသော အကြည့်များ ရှေ့မှောက်တွင် ရှောင်လုံက အဝေးသို့ ပျံသန်းသွားလေသည်။ သူ့ပုံရိပ်က အားလုံ၏ မြင်ကွင်းဆီမှ တဖြည်းဖြည်း သေးငယ် ပျောက်ကွယ်သွားပြီး ဟောင်မိသားစုအိမ်တော်ကို ချန်ထားခဲ့လေတော့သည်။
သိုင်းဝိညာဉ်ကမ္ဘာ၏ အပြင်ဘက်အလွှာကို ခွဲထွက်လာပြီးနောက် ရှောင်လုံက သူ့၏ ဓားပေါ်တက်ကာ ဟင်းလင်းပြင်ထဲ၌ ခရီးသွားလိုက်ပြီး ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ သို့ ဦးတည်လိုက်သည်။
ရှောင်လုံ၏ လက်ရှိစွမ်းအားဖြင့် အမြန်ဆုံးအရှိန်နှင့် သွားမည်ဆိုလျှင် သူက ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာသို့ တစ်ရက်ကြာသည်နှင့် ရောက်သွားပေလိမ့်မည်။
'လွတ်သွားတဲ့ ကျိုးမိသားစုက မဟာအကြီးအကဲတွေက...အခုဆို ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာကို ရောက်သွားလောက်ပြီ'
ရှောင်လုံက ထိုသို့တွေးကာ လှောင်ပြောင်လိုက်ပြီး အမြန်ဆုံးနှုန်းဖြင့်ပျံသန်းသွားလေသည်။
ဒီတစ်ကြိမ်၌ ကျိုးမိသားစု မဟာအကြီးအကဲ ဆယ့်ခြောက်ယောက် အနက် လေးယောက် လွတ်မြောက်သွားပေသည်။ သူတို့ သိုင်းဝိညာဉ်ကမ္ဘာမှ ထွက်ပြေးသွားသည့် အချိန်မှဆိုလျှင် တစ်ပတ်ကျော်သွားပြီ ဖြစ်သည်။ နတ်ဘုရားအဆင့် ၈ အစောပိုင်းမှ အလယ်အဆင့် သိုင်းပညာရှင်၏ ပုံမှန် အမြန်နှုန်းအရ သိုင်းဝိညာဉ်ကမ္ဘာမှ ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာသို့ ရောက်ရန် ရှစ်ရက်မှ ကိုးရက်ထိ အချိန်ယူရပေသည်။ ထို့ကြောင့် လွတ်မြောက်သွားသည့် ကျိုးမိသားစု မဟာအကြီးအကဲများသည် ယခုဆိုလျှင် ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာသို့ ပြန်ရောက်သွားလောက်ပြီ ဖြစ်ကြောင်း ရှောင်လုံ ခန့်မှန်းမိပေသည်။
ရှောင်လုံက လေဟာနယ်ကို ဖြတ်သန်းကာ အမြန်ဆုံး ပျံသန်းလာနေပေသည်။ ထိုအချိန်တွင် ကျိုးမိသားစုအိမ်တော်၏ မဟာခန်းမဆောင် အတွင်း၌ ကျိုးခိုင်နှင့် အခြားသုံးယောက်သည် ခေါင်းငိုက်စိုက်ကာ ရပ်နေကြပြီး ဝမ်းနည်းပက်လက် နှင့် ဖရိုဖရဲ ဖြစ်နေကြသည်။
ကြီးမားသည့် ပုလ္လင် ကဲ့သို့သော ထိုင်ခုံတွင် သုန်မှုန်နေသည့်မျက်နှာနှင့် ထိုင်နေသည့်သူမှာ ပိန်ပါးသည့် သတ်လတ်ပိုင်းလူ ဖြစ်သည်။ သူကား ကျိုးမိသားစု၏ ခေါင်းဆောင် ကျိုးဝေ့ထုံ ဖြစ်ပေသည်။
"မင်းတို့အားလုံး ပြောကြတာက ဟောင်ရှောင်လုံ နဲ့ ဟောင်မိသားစုက သိုင်းဝိညာဉ်ကမ္ဘာရဲ့ အပြင်ဘက်နေ ရုတ်တရက်ကြီး ပြန်ရောက်လာတယ်...ပြီးတော့ ကျိုးရှုအန်းနဲ့ လူတိုင်းက ဟောင်ရှောင်လုံ သတ်တာကို ခံလိုက်ရတယ်လို့လား?ပြီးတော့ ယင်းမိသားစုရဲ့ ယင်းချောင်ထျန်းကလည်း သူ့လက်ထဲမှာပဲ သေသွားတာလား?"
ကျိုးဝေ့ထုံက အောက်ဘက်၌ ရပ်နေသည့် လေးယောက်ကို တင်းမာစွာ စိုက်ကြည့်လိုက်လေသည်။
ကျိုးခိုင်က ဝန်ခံလိုက်သည်။
"အမှန်ပါပဲ...မိသားစုခေါင်းဆောင် ခင်ဗျား...အဲ့ဒီ ဟောင်ရှောင်လုံရဲ့ စွမ်းအားက တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတယ်...ယင်းချောင်ထျန်းက ဟောင်ရှောင်လုံကို ပြန်တိုက်နိုင်စွမ်း မရှိဘဲ နှစ်ချက်ထဲနဲ့ အသတ်ခံလိုက်ရတယ် လို့ တောင် ပြောကြတယ်!"
သူပြောသည့်စကားကို မည်သူမဆို ယုံကြည်ရန် ခက်ခဲလိမ့်မည်အား ကျိုးခိုင် သိသော်လည်း ဤသည်မှာ အမှန်တရား ဖြစ်သည်။ သူက အားလုံးကို အစီအရင် ခံရုံမျှသာ ဖြစ်ပေသည်။
သူ့ဘဝ၌ အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်နှယ် ကျိုးဝေ့ထုံသည် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်လေပြီး သူ့ ထိုင်ခုံလက်ရန်းကို ဟိတ်ကြီးဟန်ကြီး ရိုက်ချလိုက်လေသည်။
"နှစ်ပေါင်းတစ်ရာ ကျော်တယ်ဆိုရုံလောက်လေး ကျင့်ကြံထားတဲ့ ဟောင်ရှောင်လုံက ငါတို့ ဘိုးဘေးထက် သန်မာတယ်လို့ မင်းက ပြောနေတာလား?"
ယင်းမိသားစု၏ ယင်းချောင်ထျန်းကို လှုပ်ရှားမှု နှစ်ခုတည်းဖြင့် သတ်ဖြတ်ခြင်းသည် သူတို့ ဘိုးဘေးသည်ပင် လုပ်နိုင်စွမ်း မရှိပေ။
ထိုအခိုက် ကျိုးခိုင် ဘေး၌ ရပ်နေသည့် ကျိုးချန်တုံကလည်း ပြောလိုက်သည်။
"ဒါတင်မကသေးဘူး...ဟောင်မိသားစုဝင်တိုင်းက နတ်ဘုရားအဆင့်ကို ရောက်နေကြပြီ...!ခေါင်းဆောင်...ကျွန်တော်တို့ ဘာလုပ်ကြ..."
ကျိုးချန်တုံ ပြောလိုသည့်စကား မဆုံးမီ၌ ကျိုးဝေ့ထုံ၏ ရူးသွပ်လုလု ဒေါသအော်သံက ခန်းမထဲ၌ ပဲ့တင်ထပ်သွားလေသည်။
"မင်းတို့ တစ်ယောက်ချင်းစီတိုင်းက ငါ့ကို အရူးလို့များ ထင်နေကြတာလား?ငါ့ကိုများ သုံးနှစ်သားကလေးများ မှတ်နေကြလားကွ...ဟေ!ဟောင်ရှောင်လုံက ယင်းချောင်ထျန်းကို လှုပ်ရှားမှုနှစ်ခုတည်းနဲ့ သတ်ဖြတ်လိုက်နိုင်တယ်ဆိုတာကို ငါ ယုံမယ်များ ထင်နေတာလား?ပြီးတော့ အဲ့ဒီ ဟောင်မိသားစု ပုရွတ်ဆိတ်တွေ သိုင်းဝိညာဉ်ကမ္ဘာက ထွက်သွားတုန်းက ကောင်းကင်အဆင့်ကိုတောင်မရောက်သေးဘူးလေ...ဟုတ်တယ်မလား?အခု နှစ်ပေါင်း ဘယ်လောက်ကြာသေးလို့လဲ...မင်းက ငါ့ကို လာပြီး သူတို့အားလုံးက အံ့သြဖို့ကောင်းလောက်အောင် နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေ ဖြစ်သွားကြပါပြီ လို့ ပြောနေတာလားကွ?!"
ကျိုးဝေ့ထုံ ပိုအော်မိလေ ပို၍ ဒေါသထွက်လာလေ ဖြစ်သည်။ သူ့လက်ချောင်းက ဒေါသကြောင့် တုန်ခါနေပြီး မဟာအကြီးအကဲ လေးယောက်လုံးကို အော်ငေါက်လိုက်သည်။
"မင်းတို့ကောင်တွေက ရူးနေတာလား...ဒါမှမဟုတ် ငါလားကွ!သောက်ကျိုးနည်း အရူးကောင်တွေ...ငါ့မျက်နှာကို အိုးမည်းသုတ်နေကြတာပဲ!"
လူလေးယောက်က လှုပ်ရှားလာပြီး တစ်ခုခု ပြောချင်နေကြသည်။
"မိသားစုခေါင်းဆောင်...ဟောင်ရှောင်လုံက ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာကို မကြာခင် ရောက်လာလိမ့်မယ်လို့ ကျုပ်ထင်နေတယ်...ကျုပ်တို့ ကျိုးမိသားစု ဘယ်လိုလုပ်သင့်...?"
ကျိုးခိုင်က မိသားစုခေါင်းဆောင်ကို အသိပေးရန်အတွက် သူ့ကိုယ်သူ မရပ်တန့်လိုက်နိုင်ပေ။ သိုင်းဝိညာဉ်ကမ္ဘာမှ ထွက်ပြေးလာသည့် တစ်ချိန်လုံး ကျိုးခိုင်ကို စိုးရိမ်စိတ်များက ဖိစီးနေပေသည်။
ကျိုးခိုင်၏ သတိပေးမှုကို ကြားလိုက်ချိန်၌ ကျိုးဝေ့ထုံသည် အားပါးတရ ရယ်မောလိုက်ပြီးနောက် အမူအရာက မပြောင်းမလဲ ရှိနေပေသည်။
"မင်း ငါ့ကို ပြောပြဖို့ ကြိုးစားနေတာက အဲ့ဒီ ဟောင်ရှောင်လုံက ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာကို လာပြီး ငါတို့ကျိုးမိသားစုကို ဒုက္ခပေးဖို့ ရောက်လာရဲမယ်လို့လား?"
သူ့မျက်လုံးထဲ၌ ထက်ရှရှအလင်းတစ်ချက် ဖြတ်သန်းသွားသည်။
"ငါဘာမှ ထပ်မမေးတော့တာ အကောင်းဆုံးပဲ...သိုင်းဝိညာဉ်ကမ္ဘာကို ကိုယ်တိုင် သွားကြည့်တာကမှ ငါ့ကို ပိုပြီး အားကုန်သက်သာစေဦးမယ်"
ကျိုးချန်တုံက ဂရုတစိုက် ထပ်ပြောလိုက်သည်။
"အဲ့ဒီ ဟောင်ရှောင်လုံက မရိုးရှင်းဘူး...မိသားစုခေါင်းဆောင်...ကျွန်တော်တို့ ဟောင်ရှောင်လုံရဲ့ နောက်ခံကို နည်းနည်းလောက် စုံစမ်းကြည့်သင့်လား?"
ကျိုးဝေ့ထုံက လှောင်ပြောင်လိုက်သည်။
"သူက မရိုးရှင်းတော့ရော ဘာဖြစ်လဲ?ဒါက မလိုအပ်ဘူးကွ...သူ့နောက်ခံက ဘာပဲဖြစ်ဖြစ် အရေးမဟုတ်ဘူး...ငါတို့နောက်မှာ လီမိသားစုတစ်ခုလုံး ရှိတယ်...သူ့ကို ကြောက်နေစရာ ဘာအကြောင်းမှ မရှိဘူးကွ"
ကျိုးခိုင်နှင့် ကျိုးချန်တုံတို့က စကားအနည်းငယ် ထပ်ပြောချင်နေသော်လည်း ကျိုးဝေ့ထုံ၏ နှင်လွှတ်ခြင်းကို ခံလိုက်ကြရသည်။
"အမှိုက်အုပ်စုပဲ!"
မဟာအကြီးအကဲလေးယောက် ထွက်သွားသည်နှင့် ကျိုးဝေ့ထုံက အေးစက်စက် ရေရွတ်လိုက်သည်။ ကြည့်ရသည်မှာ သူ့အနေဖြင့် သိုင်းဝိညာဉ်ကမ္ဘာ၌ ဖြစ်ပျက်သမျှကို စုံစမ်းစစ်ဆေးရန် လိုနေလေပြီ။ ကျိုးခိုင်နှင့် ကျန်သည့်သုံးယောက် ရှင်းပြသည့် ဟောင်ရှောင်လုံက ယင်းချောင်ထျန်းနှင့် ကျိုးမိသားစုမဟာအကြီးအကဲများအား သတ်ဖြတ်လိုက်သည် ဆိုသော စကားအား သူတစ်လုံးမျှ မယုံကြည်ပေ။
ရှောင်လုံ၏ နောက်ခံသည် သူ အရင် ယူဆထားသည်နှင့်မတူဘဲ မရိုးရှင်းလှကြောင်း ခန့်မှန်းမိသော်လည်း ကျိုးဝေ့ထုံသည် များစွာ တွေးတောမနေပေ။
အဘယ့်ကြောင့်ဆိုသော် သူတို့ ကျိုးမိသားစုသည် လီမိသားစု ဆိုသော သစ်ပင်ကြီးကို တွယ်တက်နိုင်ခဲ့ပြီ ဖြစ်သည်။
လီမိသားစုသည် ထိပ်တန်း သြဇာကြီးမားသည့် အင်အားစု ဖြစ်သည်။
ထိုအချိန်၌ ကျိုးမိသားစု အကြီးအကဲ တစ်ယောက်က အထဲသို့ လျှောက်လာကာ ရိုသေလေးစားမှုအပြည့်ဖြင့် သတင်းပို့လာသည်။
"မိသားစုခေါင်းဆောင် ခင်ဗျား...လီသခင်လေးက ခေါင်းဆောင် နဲ့ တွေ့ချင်နေပါတယ် "
ဤသို့ ကြားလိုက်ရသည်နှင့် ကျိုးဝေ့ထုံသည် ထိုင်ခုံမှ ထခုန်မိလုမတတ် ဖြစ်သွားပြီး အကြီးအကဲနှင့်အတူ ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နေသည့် အိမ်တော်ဆီသို့ အလျှင်အမြန် သွားလိုက်လေသည်။
လမ်းသွယ်လေးများကို အလျှင်အမြန် ဖြတ်သန်းသွားပြီးနောက် သူသည် နောက်ဆုံး၌ ခြံဝန်းတစ်ခုသို့ ရောက်သွားလေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၁၈.... ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာသို့ ရောက်ရှိသွားခြင်း

ကျိုးဝေ့ထုံသည် သူ့ခြေလှမ်းများကို အလျှင်အမြန် လှမ်းလိုက်လေပြီး လီကျီရှုံး ရှေ့၌ ရပ်လိုက်လေကာ ရိုသေလေးစားသည့်အမူအရာကိုပြလိုက်လေသည်။ သူ့မျက်နှာထက်၌မူ ကပ်ဖားရပ်ဖားအပြုံးကြီး ရှိနေလေသည်။
"သခင်လေးလီ"
လီကျီရှုံးသည် ကျယ်လောင်စွာ နှာခေါင်းရှုံ့လိုက်လေပြီး သူ့မျက်ခုံးကိုပင့်ကာမေးလိုက်သည်။
"ငါ မင်းကို စစ်ဆေးခိုင်းထားတဲ့ကိစ္စ အခြေအနေ ဘယ်လိုရှိလဲ?"
ကျိုးဝေ့ထုံကအလျှင်အမြန် ပြောလိုက်လေသည်။
"ကျနော်တို့ရှာတွေ့ပါပြီ ခင်ဗျာ... သခင်လေးလီလိုချင်နေတဲ့ တိမ်ကိုးလွှာရေခဲပွင့်ဖက်တွေက အနက်ရောင်မြောက်ဘက်ပင်လယ်ရဲ့ ကျွန်းတစ်ခုမှာရှိပါတယ်... ဒါပေမယ့် ရောင်စုံအဆိပ်ငွေ့တွေက ကျွန်းရဲ့ပတ်ပတ်လည်မှာ တစ်နှစ်ပတ်လုံးတည်ရှိနေပါတယ်... အဲဒီအဆိပ်ငွေ့နည်းနည်းထိလိုက်ရုံနဲ့ နတ်ဘုရားအဆင့်၁၀သိုင်းပညာရှင်တစ်ယောက်ကို အရိုးပုံဖြစ်သွားစေနိုင်ပါတယ်... ဒါကြောင့်မို့လို့ ကျွန်တော်တို့မသွားခင် အဆိပ်ငွေ့တွေလျော့သွားမဲ့အချိန်ကို စောင့်ဖို့လိုပါတယ်"
လီကျီရှုံးမျက်မှောင်ကျုံ့လိုက်မိသည်။
"ရောင်စုံအဆိပ်ငွေ့တွေလား? ဒါဆိုငါတို့ ဘယ်လောက်ကြာအောင်စောင့်ရမှာလဲ...ဒီသခင်လေးက ငြိမ်းချမ်းရေးအင်ပါယာကမ္ဘာမှာ
ကြာကြာနေဖို့ မသေချာဘူး"
ကျိုးဝေ့ထုံက အလျင်အမြန်အာမခံလိုက်သည်။
"သေချာပေါက်မကြာပါဘူးခင်ဗျာ... ၃ရက်ထဲပါ
၃ရက်ကအလွန်ဆုံးပါပဲ... ပြီးတာနဲ့ရောင်စုံအဆိပ်ငွေ့တွေက လျော့သွားပါလိမ့်မယ်"
လီကျီရူံးကခေါင်းငြိမ့်လိုက်သည်။
"ဒီလိုဆိုမှတော့... ဒီသခင်လေးက ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာမှာ ၃ရက်ထပ်နေရတော့မှာပေါ့"
ကျိုးဝေ့ထုံက တစ်ခုခုပြောပြချင်သည့်နှယ် တွေဝေတုံ့ဆိုင်းနေလေသည်။
"ပြောစမ်း ဘာကိစ္စလဲ?"
လီကျီရူံး၏မျက်ခုံးက မြင့်တက်သွားပီး မေးခွန်းထုတ်လိုက်သည်။
"ဒါက... ဒီလိုပါ"
ကျိုးဝေ့ထုံက အလွန်အမင်းသတိထားနေဟန်ဖြင့် ရှင်းပြလိုက်လေသည်။
"သခင်လေးလီရဲ့အမိန့်အတိုင်း ကျွန်တော်တို့လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာ ထုတ်လုပ်မှုကို နေ့ရောညပါ ကြိုးစားအားထုတ်ခဲ့ပါတယ် ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က... ကျွန်တော်တို့ ကြိုးစားပမ်းစားလုပ်ထားတဲ့ လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာသန်းပေါင်းများစွာကို တစ်ယောက်ယောက်ခိုးသွားပါတယ်ခင်ဗျာ"
စကားအဆုံး၌ ကျိုးဝေ့ထုံက လီကျီရူံးဘေးပတ်ပတ်လည်ရှိ လီမိသားစု သိုင်းပညာရှင်လေးယောက်ကို ဒေါသထွက်စွာ စိုက်ကြည့်လိုက်သည်။
ထိုလီမိသယးစုသိုင်းပညာရှင်လေးယောက်သည် နတ်ဘုရားအဆင့်၉ အလယ်အဆင့် သိုင်းပညာရှင်များ ဖြစ်ကြောင်း ကျိုးဝေ့ထုံကောင်းကောင်းသိထားလေသည် ထိုလေးယောက်သည်သာ သူတို့ကျိုးမိသားစုကို ကူညီခဲ့ပါလျှင် ဟောင်ရှောင်လုံတစ်ယောက်ကို မသတ်ဖြတ်နိုင်ဟု သူမယုံကြည်ပေ။
ယခုမူ ကျွန်းမိသားစုသည် နတ်ဘုရားအဆင့်၈ ဆယ့်နှစ်ယောက်နှင့် နတ်ဘုရားအတင့်တပည့် တစ်ရာကျော်ကို ဆုံးရူံးခဲ့ရသည်။ ကျိုးဝေ့ထုံနာကျင်မှုနှင့်ဒေါသတို့ကို မခံစားရဟု ပြောပါက လိမ်ညာနေခြင်းသာ ဖြစ်ပေလိမ့်မည်။ သူက ရှောင်လုံ အရှင်လတ်လတ် အရေခွံနွှာခံရသည်က လွဲပြီး ဘာမှ မလိုချင်ပေ။
ဤသည်ကို ကြားလိုက်ရချိန်၌ လီကျီရှုံး၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ့မျက်လုံးထဲ၌ ထိုးဖောက်နိုင်စွမ်းရှိသည့် အလင်းတစ်ချက် ဖြတ်သွားသည်။
"ဒါက ငါတို့ လီမိသားစု မင်းကို သွန်းလုပ်ဖို့ အမိန့်ပေးထားတဲ့ လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေလို့ သူတို့ကို မပြောလိုက်ဘူးလား?"
ကျိုးဝေ့ထုံက ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ ပြောပါတယ်...ဒါပေမယ့် တစ်ဖက်လူက လီမိသားစု ရောက်လာခဲ့ရင်တောင် ရလဒပြောင်းသွားမှာ မဟုတ်ဘူး လို့ ပြန်ပြောတယ်...ဒါ့အပြင် သူတို့က ကျိုးမိသားစုက လီမိသားစုကို သစ္စာခံထားကြောင်း ရှင်းရှင်းလင်းလင်းကြီး သိကြပေမယ့် သူတို့က ကျွန်တော်တို့ရဲ့ မဟာအကြီးအကဲ ဆယ့်နှစ်ယောက်ကို သတ်ပစ်လိုက်တယ်...ဒါတင်မကသေးဘူး...လွတ်မြောက်ပြီး ပြန်ရောက်လာတဲ့ မဟာအကြီးအကဲတွေ တင်ပြတဲ့အတိုင်းဆိုရင်...အဲ့ဒီလူက ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာကို လာပြီး ကျွန်တော်တို့ ကျိုးမိသားစုကို အမြစ်ဖြတ်သုတ်သင်ပစ်မယ်လို့ ပြောတယ်တဲ့...သူက နောက် ရက်အနည်းငယ်အတွင်း ရောက်လာမယ်ထင်တယ်"
လီကျီရှုံး မျက်နှာပေါ်ရှိ ထိုးဖောက်နိုင်ဟန် အလင်းတန်းက ပို၍ ထက်ရှလာသော်ငြား သူ့မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာလေသည်။
"ဒါဆိုရင် ဒီသခင်လေးကလည်း ငါတို့ လီမိသားစုကို မျက်လုံးထဲတောင် မထည့်တဲ့အထိ မောက်မာနေတဲ့သူက ဘယ်လို ခွေးကောင်မျိုးလဲဆိုတာကို...တကယ်သိချင်မိတယ်!"
တစ်ချက်မျှ တွေးလိုက်ပြီးနောက် သူက ကျိုးဝေ့ထုန်ကို မေးလိုက်သည်။
"အဲ့ဒီလူရဲ့ စွမ်းအားက ဘယ်လိုလဲ?"
အမှန်တကယ်၌ လီကျီရှုံးသည် သူနှင့်အတူ နတ်ဘုရားအဆင့် ၉ အလယ်အဆင့်သိုင်းပညာရှင် လေးယောက်ကိုသာ ခေါ်လာမိခဲ့သည်။
လီကျီရူံး၏ စိုးရိမ်ပူပန်မှုကို ချက်ချင်း နားလည်သွားသည်မို့ ကျိုးဝေ့ထုံက ပြုံးလိုက်သည်။
"ကျေးဇူးပြုပြီး စိတ်ချလက်ချနေပါ...သခင်လေး လီ...တစ်ဖက်လူရဲ့ ကျင့်စဉ်က သေချာပေါက် နတ်ဘုရားအဆင့် ၉ အောက်မှာပါ"
လီကျီရှုံးက စိတ်ချလက်ချ ဖြစ်သွားပြီး ကျိုးဝေ့ထုံကိုပင် တစ်ချက်မကြည့်ဘဲ လက်တစ်ချက် ယမ်းပြလိုက်သည်။
"အရင်ဆုံး ထွက်သွားလိုက်ဦး...အဲ့ဒီလူ ဒီကို ရောက်လာရင် ငါ့ကို သတင်းပို့လိုက်"
ကျိုးဝေ့ထုံက ရိုသေလေးစားမှုအပြည့်ဖြင့် နားလည်ကြောင်း ပြလိုက်လေပြီး သူ့၏ ကျိုးမိသားစု အကြီးအကဲနှင့်အတူ ခြံဝန်းထဲမှ ပြန်ထွက်သွားလေသည်။
နေ့တစ်ဝက်မျှ ကြာပြီးနောက် လေဟာနယ် ဟင်းလင်းပြင်ထဲ၌ အမြန်ဆုံး ပျံသန်းနေသည့် ရှောင်လုံသည် ကမ္ဘာမျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားလေသည်။
ရှောင်လုံက ရပ်တန့်လိုက်ပြီး ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာကို အပြင်ဘက်လေဟာနယ်မှ စစ်ဆေးကြည့်ရှုလိုက်လေသည်။ သူ့အကြည့်က ချစ်ခင်မှုမရှိ အေးစက်စက်သာ ဖြစ်သည်။ ကျိုးမိသားစုက သိုင်းဝိညာဉ်ကမ္ဘာကို သက်မဲ့ကမ္ဘာ ဖြစ်အောင် လုပ်ရဲနေကတည်းက သူသည်လည်း ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ ထဲရှိ မြစ်တစ်ခုထဲသို့ သွေးစီးဆင်းနေသည်ကို မြင်လိုသည်။
အလင်းတစ်ချက် လက်သွားပြီး ရှောင်လုံက အပြင်ဘက်အလွှာကို ထိုးဖောက်ကာ ကောင်းကင်ပြာကို ဖြတ်၍ ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ ထဲသို့ ထိုးဆင်းသွားလိုက်သည်။ တစ်ချက်ကလေးမှတောင် မရပ်တန့်ဘဲ ရှောင်လုံက တောင်ဘက်အရပ်သို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းသွားလေသည်။
ရှောင်လုံ သိထားချက်အရ ကျိုးမိသားစု၏ ပိုင်နက်သည် ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ၏ တောင်ဘက်ကုန်းမြေများ၌ အများဆုံး တည်ရှိသည်။
ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ တွင် အဓိကအင်အားစုကြီး လေးစု ရှိပေသည်။ ၎င်းတို့ထဲမှ တစ်ခုသည် ကျိုးမိသားစု ဖြစ်ပြီး ကျန်သည့်သုံးခုမှာ မော့မိသားစု၊ မိစ္ဆာဂိုဏ်း နှင့် အောက်ပိုင်းရေခဲနန်းတော် တို့ ဖြစ်သည်။
အဓိကအင်အားစုကြီး လေးစုအနက် မိစ္ဆာဂိုဏ်းက အသန်မာဆုံးဖြစ်ပြီး ကျိုးမိသားစု၊ မော့မိသားစု နှင့် အောက်ပိုင်းရေခဲနန်းတော် တို့သည် အင်အားညီမျှပေသည်။ ထို့ပြင် ထိုအင်အားစုသုံးစုက တစ်ဖွဲ့ကို တစ်ဖွဲ့ ရင်းရင်းနှီးနှီး ဆက်ဆံကြသည်။
သို့သော် သူတို့က မည်သူများပင် ဖြစ်ပါစေ...သူ ကျိုးမိသားစုကို အမြစ်ဖြတ် သုတ်သင်ခြင်းအား နှောင့်ယှက်ရဲလျှင် သူတို့ကို အတူတူ သေခိုင်းပစ်ပေမည်။
ရှောင်လုံ၏ ကိုယ်မှ အလွန်အမင်း ဖြာထွက်နေသော လူသတ်ငွေ့များသည် ရေခဲထက်ပင် အေးစက်နေလေသည်။
တစ်နာရီ ကြာပြီးနောက် ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ၏ တောင်ဘက်ခြမ်းရှိ မြို့တော်ကြီးတစ်မြို့ အထက်တွင် ရှောင်လုံက ရုတ်တရက် ရပ်တန့်လိုက်သည်။ ထို့နောက် သူက သူ့၏ နတ်ဘုရားအာရုံကို ဖြန့်ထုတ်လိုက်ကာ သူ့အောက်ရှိ မြို့တော် တစ်မြို့လုံးကို လွှမ်းခြုံလိုက်လေသည်။ တစ်ခဏကြာပြီးနောက် ရှောင်လုံ၏ ပုံရိပ်က မှုန်ဝါးသွားပြီး မြို့တော်ထဲရှိ အိမ်တော် တစ်ခုထဲ၌ ချက်ချင်းပင် ပြန်ပေါ်လာလေသည်။
"ဘယ်သူလဲ?!"
ခြံဝန်းကို ကင်းလှည့်နေသည့် အစောင့်များက ရှောင်လုံကို တွေ့သွားပြီး သတိရှိစွာ အော်ဟစ်လိုက်သည်။
ရှောင်လုံက ထိုအစောင့်များကို တစ်ချက်မျှ စောင်းငဲ့မကြည့်ခဲ့ပေ။ သူက အဓိက ခြံဝန်းဆီသို့သာ ဦးတည်လိုက်သည်။
အရေးမပါသလို လျစ်လျူရှု ခံလိုက်ရသည်မို့ လှည့်ကင်းအစောင့်အဖွဲ့သည် အလွန်အမင်း ဒေါသထွက်သွားကြသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ဓားများကို ဆွဲထုတ်လိုက်ကြပြီး ရှောင်လုံဆီသို့ ရက်စက်စွာ ခုန်အုပ်လိုက်ကြသည်။ သို့သော် သူတို့ ရှောင်လုံနှင့် မီတာသုံးဆယ်အကွာသို့ ရောက်ရှိသွားသည်နှင့် အစောင့်များအားလုံးသည် မမြင်နိုင်သည့် စွမ်းအားအရံအတားကြောင့် နောက်သို့ ပြန်ကန်ထွက်သွားသည်။ သူတို့ မြေပြင်ပေါ်သို့ ရိုက်ခတ်မိသွားချိန်၌ အစောင့်များသည် ထပ်မလှုပ်ရှားလာတော့ပေ။
တစ်ဖက်ရှိ အဖြစ်အပျက်များသည် ပတ်ပတ်လည်မှ ခြံဝန်းများရှိ အစောင့်များကို နိုးကြားသွားစေသည်။ မိုးခြိမ်းသံတမျှ ခြေသံများနှင့် လေတိုးသံများသည် နေရာအရပ်ရပ်မှ ထွက်ပေါ်လာပြီး ရှောင်လုံအနီးသို့ စက္ကန့်တိုင်း တိုးကပ်လာပေသည်။
အဓိက ခြံဝန်းထဲမှ ရွှေဖြူချည်ထိုးထားသော ဘရိုကိတ်ဝတ်စုံကို သက်လတ်ပိုင်း လူကြီးတစ်ယောက် ထွက်လာလေသည်။ ထို သတ်လတ်ပိုင်း လူကြီး၏ ခြေလှမ်းတိုင်း၌ ငွေဖြူရောင်စွမ်းအင်စီးကြောင်းများက သူ့ပတ်ပတ်လည်တွင် ဝန်းရံနေလေသည်။ ထိုဖြစ်စဉ်သည် သူလေ့ကျင့်သည့် အထူး ကျင့်စဉ်နည်းစနစ်ကြောင့် ဖြစ်ပေသည်။ သတ်လတ်ပိုင်းလူသည် ထိုသို့သော သဘာဝဖြစ်စဉ်မျိုး ထုတ်ပြနိုင်ရန် သူ့၏ ကျင့်စဉ်နည်းစနစ်၌ အဆင့်တစ်ခုထိ ရောက်နေပြီဖြစ်ကြောင်း သိသာ ရှင်းလင်းနေပေသည်။
သတ်လတ်ပိုင်းလူ၏ အကြည့်က ထိုးဖောက်နိုင်မတတ် စူးရှလှသည်။ ကင်းလှည့်အစောင့်အဖွဲ့ကို အလျှင်အမြန် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့၏ အေးစက်စက်အကြည့်က ရှောင်လုံအပေါ် ရောက်သွားလေသည်။
"မင်းဘယ်သူပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး...မင်း ဒီနေ့ သေချာပေါက် သေရလိမ့်မယ်!"
သတ်လတ်ပိုင်းလူ၏ စကားဆုံးသည်နှင့် ရှောင်လုံက သူ့ ညာဘက်လက်ကို မြှောက်လိုက်သည်။ အင်အားပြင်းထန်သည့် စုပ်အားက သတ်လတ်ပိုင်းလူကို ဆွဲယူလိုက်ကာ လည်မျိုကို ဆုပ်ကိုင်လိုက်သည်။ သတ်လတ်ပိုင်းလူ၏ လည်မျိုကို ဆုပ်ထားရင်း ရှောင်လုံ အားအနည်းငယ်မျှ ထည့်လိုက်ရာ သူ့လည်ပင်းကျိုးသံများ ထွက်လာလေသည်။ အေးစက်စက် နတ်ဆိုးချီက ချက်ချင်းဆိုသလို သတ်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်သွားပြီး သွေးကြောများနှင့် ချီပင်လယ်ကို ပိတ်ဆို့လိုက်သည်။
နောက်ဆုံးတွင်တော့ သတ်လတ်ပိုင်းလူ၏ မျက်လုံးထဲ၌ အကြောက်တရားများ ပေါ်ပေါက်လာလေသည်။
"မင်း!"
ရှောင်လုံက ထိုလူနှင့် အမေးအဖြေ လုပ်ရန်ကိုပင် ပျင်းရိနေသည် ဖြစ်ကာ သူ့၏ နတ်ဘုရားအာရုံဖြင့် ထိုလူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ချိုးဖျက်ဝင်ကာ သတင်းရရှိရန်အတွက် မွှေနှောက်လိုက်လေသည်။
သိပ်မကြာမီ ရှောင်လုံက သတ်လတ်ပိုင်းလူ၏ နောက်ခံကို ရှာတွေ့သွားသည်။ သူက ဒီမြို့၏ မြို့တော်ဝန် ဖြစ်ပြီး ကျိုးမိသားစု၏ အကြီးအကဲ တစ်ယောက်လည်း ဖြစ်သည်။ ပို၍ပင် တိုက်ဆိုင်လွန်းလှသည့်အချက်မှာကား ဒီလူသည် ရှောင်လုံ၏ လက်ထဲ၌ သေဆုံးသွားရသည့် ကျိုးယီ၏ ဦးလေး ဖြစ်နေသောကြောင့် ဖြစ်သည်။
တစ်ခဏကြာပြီးနောက် ရှောင်လုံက သတ်လတ်ပိုင်းလူကို စိတ်ဝိညာဉ် ရှာဖွေပြီးသွားပြီး သူလိုသည့်အရာကိုလည်း တွေ့လိုက်လေသည်။ အစစ်အမှန် အင်မော်တယ်အဆီအနှစ် မီးတောက်က သူ့ လက်ချောင်းထိပ်၌ ပေါ်လာလေပြီး သတ်လတ်ပိုင်းလူ၏ စိတ်ဝိညာဉ်ကို လောင်ကျွမ်းသွားလေသည်။
ကျိုးယီ၏ ဦးလေးသည် ရှောင်လုံ၏ ရုတ်တရက် သတ်ဖြတ်မှုကြောင့် အလျှင်အမြန် သေဆုံးသွားရသည်။ သူ့ခန္ဓာကိုယ်က ချက်ချင်းပင် အဇူရာလက်စွပ်ထဲသို့ ပစ်ထည့်ခံလိုက်သည်။
ထိုအချိန်၌ ကျိုးမိသားစု အစောင့်များသည် အသိဝင်သွားပြီး အသက်ရှင်ရန်အတွက် အသည်းအသန် ပြေးကြလေသည်။
ရှောင်လုံ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားလေပြီး သရော်ပြုံးပြုံးကာ သူတို့ကို ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ့ခန္ဓာကိုယ်က အမြန်နှုန်းဖြင့် လှည့်ပတ်သွားပြီး လေဝဲကြီးတစ်ခု ဖြစ်တည်လာကာ ကြီးသထက် ကြီးလာလေသည်။ တစ်ခဏအတွင်း၌ လေဝဲသည် အိမ်တော်တစ်ခုလုံး အထိ ကြီးထွားလာပြီး ကျိုးမိသားစု အစောင့်များကို စုပ်ယူသွားလေသည်။
ဤသည်မှာ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ နည်းစနစ်များထဲမှ တစ်ခု ဖြစ်သည့် နဂါးလူးလွန့် တိမ်လွှာညွန့် ဖြစ်ပေသည်။ ၎င်းသည် ခုခံခြင်းနှင့် တိုက်ခိုက်ခြင်း နှစ်မျိုးလုံး ပါဝင်သည်။
အသက်ဆယ်ရှိုက်မျှ ကြာပြီးနောက် ရှောင်လုံက လှည့်ပတ်ခြင်းကို ရပ်တန့်လိုက်သည်။ လေဝဲကြီးသည် ချက်ချင်း ပျောက်ကွယ်သွားပြီး လေထဲမှ ပြုတ်ကျလာသည့် ကျိုးမိသားစု တပည့် ထောင်ပေါင်းများစွာ၏ အလောင်းများသာ ကျန်နေခဲ့သည်။
လက်တစ်ချက် ယမ်းလိုက်ပြီးနောက် ရှောင်လုံက စကြာဝဠာအဆင့် နှင့်အထက် ခန္ဓာကိုယ်များကို အဇူရာလက်စွပ်ထဲသို့ စုထည့်လိုက်သည်။ ထို့နောက် ခြံဝန်းထဲမှ လက်ခနဲ ပျောက်သွားကာ ကျိုးမိသားစု၏ ဋ္ဌာနချုပ်ဆီသို့ ဦးတည်လိုက်သည်။
ရှောင်လုံက သတ်လတ်ပိုင်းလူ၏စိတ်ဝိညာဉ် ကို ရှာဖွေလိုက်ပြီးနောက် ကျိုးမိသားစု၏ ဋ္ဌာနချုပ်ကို တွေ့ရှိသွားလေသည်။
အဆုံးမှာတော့ ကျိုးမိသားစုက မိသားစုကြီးဖြစ်လာသည်မှာ နှစ်ပေါင်းတစ်သောင်းမက ကြာခဲ့ပြီ ဖြစ်သည်။ ၎င်းကို ပထမအဆင့်မိသားစုဟု မသတ်မှတ်နိုင်သေးသော်လည်း သူတို့၏ ခွန်အားမှာ နက်ရှိုင်းလှသည်ကိုအား မငြင်းပယ်နိုင်ပေ။ ကျိုးမိသားစု၏ ပိုင်နက်ထဲ၌ မြို့တော်ပေါင်း တစ်ထောင်ကျော်ရှိပြီး ရှောင်လုံက တစ်နေရာမှ မရပ်တန့်ခဲ့ပေ။
ထို့နောက်တွင်တော့ သူ့၏ အဓိကရည်ရွယ်ချက် ဖြစ်သော ကျိုးမိသားစု ဋ္ဌာနချုပ်ကို ပြားပြားဝပ်သွားအောင် ချေမှုန်းပစ်ရပေမည်။
ကျိုးမိသားစု၏ ခေါင်းဆောင် ၊ ဘိုးဘေး ၊ မဟာအကြီးအကဲများနှင့် အကြီးအကဲများအားလုံး သေဆုံးသွားသည်နှင့် ကျိုးမိသားစု၏ ကျန်ရှိနေသည့် အင်အားစုသည် မော့မိသားစု၊ မိစ္ဆာဂိုဏ်း၊ အောက်ဘက်ရေခဲနန်းတော်တို့၏ ဝါးမြိုခြင်းကို ခံရရန်သာ ကျန်တော့သည်။ ထိုအချိန်၌ လူမျိုးတုံးသတ်ဖြတ်ခြင်းသည် အကောင်အထည် ပေါ်သွားပေလိမ့်မည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၁၉..... သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိနေကြတာ ဖြစ်နိုင်လား?

ကျိုးမိသားစု၏ အဓိကခန်းမဆောင်ကြီးထဲတွင် ကျိုးမိသားစု ခေါင်းဆောင် ကျိုးဝေ့ထုံ နှင့် ကျိုးမိသားစု မဟာအကြီးအကဲအားလုံးသည် သိုင်းဝိညာဉ်ကမ္ဘာမှ ရရှိလာသည့် သတင်းများကို ဆွေးနွေးနေကြသည်။ ထိုအချိန်၌ အကြီးအကဲတစ်ယောက်က ခန်းမထဲသို့ အလျှင်အမြန် ဝင်ရောက်လာပြီး အဖြူရောင် အင်ပါယာ မြို့တော်၏ မြို့တော်ဝန် ကျိုးပင် အသတ်ခံလိုက်ရကြောင်း သတင်းပို့လာလေသည်။ ကျိုးပင် အပြင် မြို့တော်ဝန်အိမ်တော်ထဲရှိ အစောင့် ထောင်ပေါင်းများစွာသည်လည်း သေဆုံးသွားကြသည်။
ကျိုးဝေ့ထုံနှင့် ရှိနေကြသော မဟာအကြီးအကဲအားလုံးသည် အံ့သြမှင်သက်သွားကြသည်။
"ဘယ်သူ လုပ်တယ်ဆိုတာကို သိပြီးပြီလား?"
ကျိုးဝေ့ထုံ၏ မျက်နှာသည် နောက်ကျိနေသည့် ရေပမာ မှုန်မှိုင်း မဲမှောင်နေပေသည်။
ထို ကျိုးမိသားစု အကြီးအကဲက ခေါင်းယမ်းပြလာသည်။
"မသိလိုက်ရပါဘူးခင်ဗျာ...အခြား ကျိုးမိသားစု တပည့်တွေ အဖြူရောင် အင်ပါယာမြို့တော်ကို ရောက်သွားတော့ လူသတ်သမားက မရှိတော့ဘူး...အဖြူရောင်အင်ပါယာမြို့တော် ထဲက တပည့်တစ်ချို့ ပြောပုံအရဆို မြို့တော်ဝန်အိမ်တော်ထဲမှာ ကြောက်ဖို့ကောင်းတဲ့ လေမုန်တိုင်းကြီး ပေါ်လာတာကို တွေ့လိုက်ရတယ်တဲ့"
"ကြောက်စရာကောင်းတဲ့ လေမုန်တိုင်းကြီးတဲ့ လား?"
ကျိုးမိသားစု၏ မဟာအကြီးအကဲများအားလုံး စိတ်ရှုပ်သွားသည့်အမူအရာသို့ ပြောင်းလဲသွားကြသည်။
"ဒါက မိစ္ဆာဂိုဏ်း လော့ချောင်ရဲ့ အနက်ရောင်မီးတောက် လေမုန်တိုင်း ဖြစ်နေမလား?"
ကျိုးခိုင်က ခန့်မှန်းချက်တစ်ခုကို ထုတ်ပြောလိုက်သည်။
ငြိမ်းချမ်းခြင်းအင်ပါယာ ကမ္ဘာထဲတွင် အဖြူရောင်အင်ပါယာမြို့တော်၏ မြို့တော်ဝန် ကျိုးပင်ကို သတ်ဖြတ်နိုင်လောက်သည်ထိ သန်မာသည့်လူမှာ လက်တစ်ဆုပ်စာမျှသာ ရှိပေသည်။ ထို့ပြင် ကျိုးပင်သည် နတ်ဘုရားအဆင့် ၅ နောက်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေသည်။
သူတို့ကျိုးမိသားစုသည် မော့မိသားစု၊ အောက်ပိုင်းရေခဲနန်းတော် တို့နှင့်လည်း ရန်ညှိုးရန်စ မရှိပေ။ ရှင်းလင်းစွာပင် မိစ္ဆာဂိုဏ်းသည်တော့ ခြွင်းချက် ဖြစ်ပေသည်။
မိစ္ဆာဂိုဏ်း မဟာအကြီးအကဲ လော့ချောင်၏ အနက်ရောင်မီးတောက် လေမုန်တိုင်းသည် လီတစ်ရာအတွင်းရှိ လေထုစီးဆင်းမှုကို စုစည်းပစ်လိုက်နိုင်ပြီး ကြောက်မက်ဖွယ် လေမုန်တိုင်းကို ဖြစ်စေနိုင်ကာ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
"မဟုတ်ပါဘူးဗျာ...အဖြူရောင်အင်ပါယာမြို့တော်ရဲ့ တပည့်တွေ အကျဉ်းချုံးပြောပုံအရဆိုရင် အဲဒီ လေမုန်တိုင်း ရဲ့ ပုံစံက လော့ချောင်ရဲ့ အနက်ရောင်လေမုန်တိုင်းနဲ့ မတူ ခြားနားပါတယ်...လော့ချောင်ရဲ့ လေမုန်တိုင်းက အနက်ရောင်အော်ရာနဲ့ပါ...ဒါပေမယ့် အကြီးအကဲ ကျိုးပင် ကို သတ်သွားတဲ့ လေမုန်တိုင်းက တောက်ပစူးရှတဲ့ အလင်းရောင်ကို ထုတ်လွှတ်နေခဲ့ပါတယ်တဲ့"
ထို ကျိုးမိသားစုအကြီးအကဲ က ပြန်ဖြေလာသည်။
ဤသည်ကိုကြားလိုက်ရချိန်၌ ကျိုးဝေ့ထုံ နှင့် မဟာအကြီးအကဲများသည် မျက်မှောင်ကြုတ်လိုက်မိကြသည်။ လော့ချောင်မဟုတ်ပါက မည်သူ ဖြစ်မည်နည်း။
သိုင်းဝိညာဉ်ကမ္ဘာနှင့် ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ အကြား ကွာဝေးမှုကြောင့် ရှောင်လုံ ဖြစ်နေနိုင်သည်ဟု ကျိုးဝေ့ထုံ မယူဆမိပေ။ သူအများဆုံး တွေးထားသည်မှာကား ရှောင်လုံ ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ သို့ အလျှင်အမြန် လာခဲ့လျှင်ပင် အနည်းဆုံး နှစ်ပတ်မက ကြာပေလိမ့်မည်။
ကျိုးဝေ့ထုံက အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။
"စုံစမ်းကြ!ရှိသမျှ လူအင်အား အကုန်သုံးလိုက်ကြ!ဒါက ဘယ်သူပဲဖြစ်ဖြစ် ငါတို့ ကျိုးမိသားစု အကြီးအကဲ နဲ့ တပည့်ထောင်ချီကို သတ်ဖြတ်ရဲတဲ့ကောင်က သေကိုသေရမယ်!"
"ဟုတ်ကဲ့ပါ...ခေါင်းဆောင်!"
အကြီးအကဲက ရိုသေလေးစားစွာဖြင့်ဖြေလိုက်သည်။
"မလိုတော့ဘူး "
အေးစက်စက် အသံက ခန်းမထဲ၌ ပဲ့တင်ထပ်သွားလေပြီး အနက်ရောင်အရိပ်တစ်ခုက ကောင်းကင်ထက်၌ ပေါ်လာလေသည်။ ထို့နောက် မည်သူမျှ မတုန့်ပြန်နိုင်မီ မျက်စိကျိန်းစေမတတ် အလင်းရောင်က ခန်းမထဲ၌ လင်းလက်သွားသည်။ ထိုအလင်းသည် လူတိုင်းရှေ့မှောက်၌ ရပ်လိုက်သည့် အနက်ရောင်ဆံပင်နှင့်လူငယ်လေးဆီမှ လာခြင်း ဖြစ်သည်။
"ဟောင်ရှောင်လုံ လား?"
လူငယ်၏ မျက်နှာကို မြင်လိုက်ရချိန်၌ မဟာအကြီးအကဲများထဲမှ တစ်ယောက်က ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်မိသည်။
မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်မှာကား အခြားလူမဟုတ်...ဟောင်ရှောင်လုံ ဖြစ်သည်။
ရှောင်လုံက ခန်းမထဲကို ဝေ့ဝဲ ကြည့်လိုက်ပြီးနောက် မပြောင်းမလဲ တည်တည်ငြိမ်ငြိမ် ရှိနေလေသည်။ သူက မှောင်မိုက်ကာ ခပ်နိမ့်နိမ့်အသံနှင့် ပြောလိုက်သည်။
"ကြည့်ရတာ ကျိုးမိသားစုရဲ့ ကျန်ရှိသမျှ မဟာအကြီးအကဲတွေအားလုံး ဒီမှာ ရှိနေကြပုံပဲ...ကျုပ် အပိုတွေ မေးမနေချင်ဘူး...တစ်ယောက်ပြီးတစ်ယောက် နေရာမေးနေရတဲ့ ဒုက္ခလည်း သက်သာသွားတာပေါ့"
ကျိုးဝေ့ထုံ၏ မျက်လုံးက ရှောင်လုံ အပေါ်သို့ စွဲစွဲမြဲမြဲ ကြည့်လိုက်ပြီး မထင်မှတ်ထားစွာ ရယ်မောလိုက်လေသည်။
"မင်း ဒီလောက် စောစောရောက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး...ကြည့်ရတာ မင်းက သေဖို့ အလျင်လိုနေပုံပဲ...ဟောင်ရှောင်လုံ...ငါ ကျိုးခိုင်နဲ့ အခြားလူတွေဆီက ကြားခဲ့တာတော့ မင်းက ယင်းချောင်ထျန်း ကို သတ်ပစ်ခဲ့တာဆို?"
မဟာအကြီးအကဲ အချို့က လှောင်ပြောင်ရယ်မောလိုက်ကြပြီး သိုင်းဝိညာဉ်ကမ္ဘာမှ ထွက်ပြေးလာသူ လေးယောက်သာ မရယ်မောရဲခြင်း ဖြစ်သည်။
ရှောင်လုံက ကျိုးဝေ့ထုံကို ခံစားချက်မဲ့နေသည့် အကြည့်ဖြင့် စိုက်ကြည့်လာသည်။
"ကျုပ် ခင်ဗျားကို သတ်ချင်ရင် တစ်ချက်လောက် လှုပ်လိုက်ရုံပဲ!"
ကျိုးဝေ့ထုံက သူ့တစ်ကိုယ်လုံး လှုပ်ခါသွားသည်ထိ ရယ်မောလိုက်လေပြီး မျက်နှာကြီးသည်လည်း နီရဲလာလေသည်။
"ဟောင်ရှောင်လုံ...မင်း ငါ့ကို တစ်ချက်ထဲနဲ့ သတ်နိုင်လိမ့်မယ်ဆိုတာ သေချာလား?"
အမှန်မှာမူ ကျိုးဝေ့ထုံနှင့် အခြား မဟာအကြီးအကဲအချို့က ဟာသဟု ထင်မြင်ကြသည်ကိုလည်း အပြစ်တင်၍မရပေ။
ရှောင်လုံသည် နှစ်တစ်ရာ ပတ်လည်မျှသာ ကျင့်ကြံထားရသေးသည့် ကလေးတစ်ယောက် ဖြစ်သည်။ သို့သော် သူက နတ်ဘုရားအဆင့် ၈ နောက်ပိုင်းအထွတ်အထိပ်အဆင့် ကျိုးဝေ့ထုံ ကို သတ်ပစ်နိုင်သည်ဟု ပြောနေသည်လား?ထို့ပြင် လှုပ်ရှားမှုတစ်ခုတည်းကိုသာ သုံးမည်ဟု ဆိုနေပေသည်။
ကျိုးခိုင်နှင့် အခြားမဟာအကြီးအကဲ သုံးယောက်သည် ရှောင်လုံက ယင်းချောင်ထျန်းကို နှစ်ကြိမ်လှုပ်ရှားလိုက်ရုံဖြင့် သတ်ဖြတ်လိုက်နိုင်ကြောင်း တင်ပြပြီးခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့က ထိုအဖြစ်အပျက်ကို အကြားမျှသာ ရှိပြီး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရခြင်း မဟုတ်ပေ။
ကျိုးဝေ့ထုံ နားလည်ထားမှုအရ ဆိုပါက ရှောင်လုံသည် ယင်းချောင်ထျန်းကို သတ်ဖြတ်ရန် အခြားတစ်ယောက်၏ အကူအညီကို ရယူခဲ့ခြင်း ဖြစ်ပေမည်။ ယင်းချောင်ထျန်း နှင့် အခြား ယင်းမိသားစု သိုင်းပညာရှင်များ ၊ သိုင်းဝိညာဉ်ကမ္ဘာရှိ သူတို့ ကျိုးမိသားစု သိုင်းပညာရှင်များ ကို ရှောင်လုံ သတ်ဖြတ်ပစ်လိုက်သည်ဟု သူ လုံးဝ မယုံကြည်ပေ။
ရှောင်လုံက ရယ်ရလွန်း၍ မျက်နှာရဲတက်နေသော ကျိုးဝေ့ထုံ ကို ကြည့်လိုက်သည်။ သူက ထိုနေရာတွင်ပင် စိတ်ရှည်ရှည်နှင့် ရပ်နေလေပြီး အလျင်စလို မလှုပ်ရှားပေ။
"ဟောင်ရှောင်လုံ...လာခဲ့စမ်း...ဒီဘိုးဘေးက မင်းနဲ့ ခဏလောက် ကစားချင်လို့!"
ထိုအချိန်၌ မဟာအကြီးအကဲတစ်ယောက်က ရှောင်လုံအနား လျှောက်လာလေပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။
"အခုချိန်ထိ မင်းက နှစ်ပေါင်းတစ်ရာ လောက်လေးပဲ လေ့ကျင့်ခဲ့ရသေးတာမလား?လူငယ်မျိုးဆက်ကို အနိုင်ကျင့်နေတယ်လို့တော့ ငါ့ကို လာမပြောနဲ့...ငါ ကျိုးဟုန်ဖန်း မင်းကို သိုင်းကွက်တစ်ရာ အကျောပေးမယ်...ဒါပြီးရင်တော့ ငါ့အလှည့်ပဲ!"
ကျိုးဟုန်ဖန်း ဆိုသည့် မဟာအကြီးအကဲက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြန်သည်။
"သိုင်းကွက်တစ်ရာက မလုံလောက်ဘူးလား?"
ကျိုးမိသားစု မဟာအကြီးအကဲများဆီမှ ရယ်မောသံများ ထပ်မံ ထွက်ပေါ်လာလေသည်။
လူတိုင်း ရယ်မောနေချိန်၌ ရှောင်လုံ၏ ပုံရိပ်က လက်ခနဲ မှုန်ဝါးသွားပြီး ထို မဟာအကြီးအကဲ၏ ရှေ့သို့ ချက်ချင်း ရောက်လာလေသည်။ ကျိုးဟုန်ဖန်း၏ ရယ်သံက ချက်ချင်း ရပ်တန့်သွားပြီး နောက်သို့ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူက ရှောင်လုံ၏ လက်ဆီမှ အားကောင်းလှသည့် စုပ်အားကြောင့် ရှေ့သို့ ဆွဲယူခံလိုက်ရသည်။ တစ်ခဏအတွင်း ကျိုးဟုန်ဖန်းသည် ရှောင်လုံ၏ လက်ချောင်းများက သူ့အပေါ် ဖိထားသည့် ကြီးမားလှသော လက်ငါးချောင်းတောင်ကြီးအသွင် ခံစားလိုက်ရသည်။
သူ့ကို တုန်လှုပ်သွားစေသည်မှာကား သူ လုံးဝမလှုပ်ရှားနိုင်တော့ခြင်းကြောင့်ပါတည်း။
'ဒါက...?'
အကြောင်းရင်းကို သူ ရေရေရာရာ မတွေးလိုက်နိုင်သေးခင် အထက်မှ ရှောင်လုံ၏ လက်ငါးချောင်းက သူ့ ဦးခေါင်းခွံထဲကို အလွယ်တကူ နှိုက်ထုတ်လိုက်လေသည်။
သွေးပျက်ဖွယ် အော်သံကြီးက ကျိုးဟုန်ဖန်းဆီမှ ထွက်ပေါ်လာသော်ငြား မကြာမီ မှိန်ဖျော့သွားသည်။ သူ့၏ အေးစက်တောင့်တင်းသွားသော ကိုယ်က ခန်းမဆောင်၏ အလယ်၌ လဲကျသွားလေသည်။
ဘန်း!
မသဲကွဲသည့် လဲပြိုသံက ခန်းမထဲ၌ပဲ့တင်ထပ်သွားလေသည်။
"သိုင်းကွက်တစ်ရာ မလိုဘူး"
ရှောင်လုံက ကြမ်းပြင်ထက်ရှိ အသက်မဲ့နေသော ခန္ဓာကိုယ် ကို ကြည့်လိုက်သည်။
"တစ်ကွက်နဲ့တင် လုံလောက်တယ်!"
ရှိနေကြသော ကျိုးမိသားစု မဟာအကြီးအကဲများသည် ကျိုးဟုန်ဖန်း၏ အသက်မဲ့နေသောကိုယ်ကို ကြည့်ရင်း တုန်လှုပ်မှင်သက်သွားကြသည်။
သေသွားပြီလား..?!
ကြီးစွာသော တိတ်ဆိတ်မှုက ခန်းမဆောင်ကြီးထဲ၌ စိုးမိုးသွားသည်။
ကျိုးဝေ့ထုံ၏ မျက်နှာသည်ကား ဆိုးရွားသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ မြင့်တက်လာပေသည်။
ဟောင်ရှောင်လုံ၏ စွမ်းအားက ကျိုးခိုင် ပြောသကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းနေသည်လား?သို့သော် သူက ငြင်းပယ်နေမိဆဲ ဖြစ်သည်။ နှစ်ပေါင်းတစ်ရာလောက်သာ ကျင့်ကြံထားရသေးသည့် ကောင်စုတ်လေးက ဤမျှထိ စွမ်းအားကြီးသည်ကို သူမယုံကြည်ပေ။
မဟာခန်းမဆောင်ထဲ၌ ထိုသို့ ဖြစ်နေချိန်တွင် ကျိုးမိသားစုအိမ်တော်နှင့် သိပ်မဝေးသည့် အိမ်တော်တစ်ခုထဲ၌ ကျိုးမိသားစု အကြီးအကဲတစ်ယောက်က လီကျီရှုံးကို အစီအရင် ခံလိုက်သည်။
"သခင်လေး လီ...ကျွန်တော်တို့ ကျိုးမိသားစုကနေ လက်နက်တွေနဲ့ချပ်ဝတ် သန်းချီကို ခိုးယူသွားတဲ့သူက ဒီကို ရောက်နေပါပြီ...သူက ကျွန်တော်တို့ကျိုးမိသားစုရဲ့ မဟာခန်းမဆောင် ထဲမှာပါ!"
လီကျီရှုံးက ကြောင်အသွားသည်။
"ဒီလောက် မြန်တယ်လား?"
ထို့နောက် ဆိုးယုတ်လှသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဒါဆိုရင် ဒီသခင်လေးက အဲ့လူမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေရဲ့လား ဆိုတာကို သွားကြည့်သင့်တာပေါ့!"
ထိုသို့ ပြောလိုက်ပြီးနောက် သူက နတ်ဘုရားအဆင့် ၉ အလယ်အဆင့် အစောင့်လေးယောက်နှင့်အတူ ကျိုးမိသားစုအိမ်တော်ဆီသို့ ပျံသန်းသွားလေသည်။
တစ်ခဏအကြာ၌ လီကျီရှုံးတို့အုပ်စု ခြောက် ယောက်သားသည် ကျိုးမိသားစုအိမ်တော်၏ အထက် လေထုထဲသို့ ရောက်သွားကြသည်။
သူ အိမ်တော်ထဲသို့ မရောက်သေးမီမှာပင် လီကျီရှုံး၏ အသံက မိုးခြိမ်းသံနှယ် အိမ်တော်အနှံ ပျံ့နှံ့သွားသည်။
"ဘယ်ခွေးကောင်ကများ ငါတို့ လီမိသားစုက ပစ္စည်းတွေကို ခိုးရဲတဲ့အထိ မျက်စိကန်းနေရတာလဲ?!"
စကားဆုံးသည်နှင့် လီကျီရှုံးတို့အုပ်စုက မဟာခန်းမဆောင် ထဲ၌ ပေါ်လာကြသည်။
ရှောင်လုံက သူ့ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်လေသည်။
ထိုတစ်ခဏတွင် ရှောင်လုံနှင့် လီကျီရှုံးတို့ မျက်လုံးချင်း ဆုံမိသွားကြပြီး မမျှော်လင့်ဘဲ တွေ့လိုက်ကြရသည်မို့ နှစ်ယောက်သား အနည်းငယ် အံ့အားသင့်သွားကြသည်။
လီကျီရှုံးခမျာ စကားများပင် ထစ်ငေါ့သွားရသည်။
"ဟောင်...ဟောင်...ဟောင်ရှောင်လုံ! "
လီကျီရှုံး ရောက်ရှိလာမှုကြောင့် ပျော်ရွှင်သွားကြသည့် ကျိုးဝေ့ထုံနှင့် မဟာအကြီးအကဲများသည် သူ့၏ တုန့်ပြန်မှုကြောင့် သံသယများဖြင့် ပြည့်နှက်သွားသည်။ ဒီနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိနေကြတာ ဖြစ်နိုင်လား?
ကျိုးဝေ့ထုံက လီကျီရှုံး ဘေးဘက်ဆီသို့ သုတ်သုတ်ပြာပြာ ပြေးလိုက်လေသည်။
"သခင်လေးလီ...ဒါက တကယ့်ကို ဟောင်ရှောင်လုံ ပါ ခင်ဗျာ...သူက..."
ကျိုးဝေ့ထုံ စကားမဆုံးလိုက်မီမှာပင် လီကျီရှုံးက သူ့မျက်နှာကို လက်ဖြင့် ဖြတ်ရိုက်လိုက်ပြီး လေထဲ တစ်ပတ်လည်သွားစေပေသည်။ လီကျီရှုံး၏ အော်သံက ကျိုးဝေ့ထုံ၏ နားစည်ဆီသို့ ရိုက်ခတ်သွားလေသည်။
"မင်းမေယိုး ကျိုးဝေ့ထုံ!မင်းတို့ ကျိုးမိသားစု သေချင်နေရင်လည်း ဘာမှမဖြစ်ဘူး...ဒါပေမယ့် ငါ့ကို သေဖော်လာမညှိနဲ့!"

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၂၀ ..... လိပ်နက် နတ်မီးတောက်အား ရှာဖွေခြင်း

လီကျီရှုံး၏ ရက်စက်ကြမ်းတမ်းသည့် ရိုက်ချက်က ကျိုးဝေ့ထုံကို အံ့အားသင့်သွားစေပြီး အခြား မဟာအကြီးအကဲများသည်လည်း တုန်လှုပ်သွားကြလေသည်။
မင်းတို့ ကျိုးမိသားစု သေချင်နေရင်လည်း ငါ့ကို ဆွဲမထည့်နဲ့ တဲ့လား?!
ကျိုးဝေ့ထုံက လီကျီရှုံးကို အမှတ်တမဲ့ စိုက်ကြည့်နေမိပြီး သူ့ စကားလုံးများကိုတော့ နားမလည်ပေ။
သို့သော် လီကျီရှုံးက ထပ်မံ အော်ဟစ်ပစ်လိုက်သည်။
"မင်းအမေပဲ!သူက အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ လက်ရင်းတပည့်ဆိုတာ မင်း မသိဘူးလား? သူက လမင်းဆင်းသက်ခြင်းအဘိုးအိုရဲ့ တပည့်ဆိုတာရော မင်းမသိဘူးလား?မင်းတို့ သောက်ရူးကောင်တွေ...သူက မဟာဆေးပညာရှင်အဖွဲ့အစည်းရဲ့ အကြီးအကဲကွ!သူက ဒီတစ်ခေါက် မဟာဆေးပညာရှင်ပြိုင်ပွဲရဲ့ ဆေးဘုရင် ဆိုတာကိုရော မင်းတို့ မသိကြဘူးလား?"
ကျိုးဝေ့ထုံနှင့်မဟာအကြီးအကဲအားလုံးသည် သူတို့၏ စိတ်အတွင်း၌ ဗလာကျင်းသွားပြီး မိုးကြိုးအချက်ပေါင်းများစွာ ပစ်ခွင်းသွားသည့်နှယ် ခံစားလိုက်ရသည်။
အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီး၏ လက်ရင်းတပည့်တဲ့လား?!
လမင်းဆင်းသက်ခြင်း အဘိုးအို၏ လက်ရင်းတပည့်တဲ့လား?!
မဟာဆေးပညာရှင်အဖွဲ့အစည်း၏ အကြီးအကဲတစ်ယောက် တဲ့လား?!
ဤအကြိမ် မဟာဆေးပညာရှင်ပြိုင်ပွဲ၏ ဆေးဘုရင်တဲ့လား?!
ကျိုးမိသားစုသည် သူတို့၏ နှလုံးသားများ ခုန်လှုပ်နေစဉ်၌ တစ်စစီ ပဲ့ကြွေသွားသည့်နှယ် ခံစားလိုက်ရလေသည်။
သူတို့က လမင်းဆင်းသက်ခြင်းအဘိုးအိုသည် မည်သူ ဖြစ်သည်အား မသိဘဲ သူ့နာမည်ကိုလည်း မကြားဖူးကြပေ။ သို့သော် အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီး ကိုမူကား သိရှိကြပေသည်။
မည်သည့် မိသားစုကြီးမဆို အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီး ဆိုသည့် အဓိပ္ပာယ်နှင့် ဖြစ်တည်မှုကို ကောင်းကောင်း သဘောပေါက်ထားကြသည်။
ဤ ဟောင်ရှောင်လုံသည် တကယ့်ကို အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီး ၏ လက်ရင်းတပည့်ဖြစ်နေသည်လား?
ကျိုးဝေ့ထုံ၏ အကြည့်က ရှောင်လုံ ရှိရာဆီသို့ တစ်ဖန် ရောက်ရှိသွားချိန်တွင် ကြောက်ဒူးတုန်လာလေသည်။ သူ ရပ်နေသည့်နေရာဆီမှ အောက်သိုးသိုး သေးနံ့များ ထွက်ပေါ်လာလေသည်။
လီကျီရှုံးက ကျိုးမိသားစု ခေါင်းဆောင်ကို အော်ငေါက်ပြီးနောက် သူ့နောက်ရှိ လီမိသားစု အစောင့်လေးယောက်ဘကိသို့ လှည့်သွားလိုက်သည်။
"ငါတို့ ပြန်ကြမယ်!"
တစ်ဖက်လူမှာ ရှောင်လုံ ဖြစ်နေသည်မို့ သွန်းလုပ်ပြီး လက်နက်များနှင့် ချပ်ဝတ် သန်ချီကို ပြန်ရရန် မဖြစ်နိုင်တော့ကြောင်း လီကျီရှုံး သိလိုက်သည်။ သူတို့ လီမိသားစု အနေဖြင့် ဆိုးရွားလှသော အရသာကို ပြန်လည် မျိုချလိုက်ရုံသာ တတ်နိုင်ပေသည်။
"အလျင်မလိုပါနဲ့"
လီကျီရှုံးနှင့် လီမိသားစု အကြီးအကဲ လေးယောက်တို့ လှည့်ပြန်ရန် အလုပ်... ရှောင်လုံ၏ အေးစက်စက်အသံက သူတို့ကို ရပ်တန့်ပစ်လိုက်သည်။
"မင်း ထွက်သွားချင်ရင် သွားလို့ရတယ်...ဒါပေမယ့် မသွားခင်မှာ မင်းရဲ့ သွေးကြောတွေနဲ့ လက်နှစ်ဖက်ကို ကိုယ်တိုင် ဖျက်ဆီးလိုက်!"
ကျိုးနှင့် ယင်းမိသားစုများက မရေမတွက်နိုင်သည့် သိုင်းဝိညာဉ်ကမ္ဘာရှိ အပြစ်မဲ့အသက်ပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လက်နက်နှင့် ချပ်ဝတ်များ သွန်းလုပ်ရမည် ဆိုသည့် လီမိသားစု၏ အမိန့်ကြောင့်သာ မဟုတ်လျှင် သိုင်းဝိညာဉ်ကမ္ဘာသည် ထိုမျှ ဆိုးဆိုးရွားရွား ထိခိုက်သွားလိမ့်မည် မဟုတ်ပေ။
လီကျီရှုံး၏ ခြေလှမ်းများက ရပ်တန့်သွားပြီး ဒေါသဖြင့် ပြန်လှည့်လာသည်။ သူ့အကြည့်က ရက်စက်ကြမ်းတမ်းနေပြီး ရှောင်လုံကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။
"ဟောင်ရှောင်လုံ! မင်း သိပ်လွန်မလာနဲ့...မင်းက ငါတို့ လီမိသားစုရဲ့ လက်နက်နဲ့ ချပ်ဝတ်တွေကို အကြောင်းပြချက်မရှိ လုယူခဲ့တယ်...ငါက ကျော်သွားပေးချင်ပေမယ့်...မင်းက တစ်လက်မလောက်ပေးတာကို တစ်ကိုက်လောက် လိုချင်နေတယ်ပေါ့လေ...မင်းက ငါ့ လက်မောင်းကို ချိုးပြီး ငါ့ရဲ့သွေးကြောတွေကိုပါ ဖျက်ဆီးပစ်ချင်နေတယ်ပေါ့...ငါတို့လီမိသားစုက မင်းကို တကယ် ကြောက်နေတယ်လို့များ မင်းထင်နေတာလား?"
ပြင်းပြင်းထန်ထန် ပြောဆိုနေရင်း လီကျီရှုံး၏ မျက်လုံးများက နီရဲလာပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ထားရာမှ ပေါက်ကွဲထွက်လာသော မုန်းတီးမှုများဖြင့် ပြည့်နှက်နေကာ ရှောင်လုံကို ကြည့်လိုက်သည်။ သူ့စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်များသာ ပြင်းထန်နေလေသည်။ လီကျီရှုံး၏ မျက်လုံးထဲ၌ ရှောင်လုံသည် အကြောင်းရင်းမရှိဘဲ ပြဿနာရှာကာ နောက်ခံအင်အားဖြင့် သူတို့လီမိသားစုကို အနိုင်ကျင့်လိုကြောင်း ထင်ရှားလှသည်။
ဟုတ်ပေသည်။ လီကျီရှုံးက သိုင်းဝိညာဉ်ကမ္ဘာ၌ ဖြစ်ပျက်သမျှကို မသိရှိပေ။ လီမိသားစုအတွက် လက်နက်နှင့် ချပ်ဝတ်များ သွန်းလုပ်ရန်တာဝန်ကို အောင်မြင်ဖို့ရာအတွက် ကျိုးနှင့် ယင်းမိသားစုများ လုပ်ဆောင်သမျှကို ပို၍ပင် လျစ်လျူရှုထားသေးသည်။
အားလုံးခြုံကြည့်သော် လီကျီရှုံးက ရှောင်လုံသည် သိုင်းဝိညာဉ်ကမ္ဘာက ဖြစ်ကြောင်း မသိရှိခဲ့ပေ။
လီကျီရှုံး၏ နီရဲနေသည့် မျက်လုံးများကို ကြည့်ရင်း ရှောင်လုံ၏အော်ရာက ပို၍ပင် အေးစက်လာလေသည်။
"ငါ့စိတ်ငါ ပြောင်းလိုက်ပြီ...ငါ မင်းရဲ့လက်တွေနဲ့ သွေးကြောတွေကို ဖျက်ဆီးပစ်ချင်ရုံတင် မကဘူး...မင်းရဲ့ ခြေထောက်တွေနဲ့ ချီပင်လယ်ကိုပါ ဖျက်ဆီးပစ်ချင်တယ်!"
"သခင်လေး...ဒီ ဟောင်ရှောင်လုံ ဆိုတဲ့ကောင်ရဲ့ အပြုအမူတွေက သည်းခံနိုင်စရာကို မရှိဘူး!"
လီကျီရှုံး နောက်ရှိ လီမိသားစု သိုင်းပညာရှင်များထဲမှ တစ်ယောက်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ဒေါသထွက်စွာ ပြောလိုက်လေသည်။
"ကျုပ် သူ့ကို သင်ခန်းစာပေးပြီးတော့ သူရဲ့ ခြေလက်၊ သွေးကြောတွေနဲ့ ချီပင်လယ်ကို ဖျက်ဆီးပစ်ဖို့အတွက် ခွင့်ပြုပေးပါ!"
လီကျီရှုံးက ရှောင်လုံကို သတ်ပစ်လိုသည့်အော်ရာဖြင့် စိုက်ကြည့်လိုက်လေပြီး ရက်စက်ဟန်ဖြင့် ပြောလိုက်သည်။
"ဟောင်ရှောင်လုံ...မင်းက ဒီလို ဆိုမှတော့ ငါ့ကို အပြစ်လာမတင်နဲ့!"
ထို့နောက် သူက လီမိသားစု အစောင့်ကို ခေါင်းညိတ်ပြလိုက်သည်။
လီကျီရှုံး အတွေးမှာကား ရှောင်လုံ ဒီနေရာ၌ မသန်စွမ်း ဖြစ်သွားခဲ့လျှင်ပင် အနက်ရောင်သူရဲကောင်းတက္ကသိုလ် အနေဖြင့် တရားမျှတမှု တောင်းဆိုနိုင်ရန် အခွင့်အရေး မရှိပေ။ ဤသည်မှာ ရှောင်လုံက သူ့နောက်ခံဖြင့် လီမိသားစုကို အနိုင်ကျင့် ရန်စလာခြင်းကြောင့်ဖြစ်သည်မို့ ကိုယ်သေတွင်းကိုယ်တူးနေခြင်းသာ ဖြစ်သည်။
ဟောင်ရှောင်လုံသည် သူ့ကိုယ်သူသာ အပြစ်တင်ရပေလိမ့်မည်။
လီကျီရှုံး၏ အမိန့်ကို ရရှိလိုက်သည်နှင့် ထို လီမိသားစုအစောင့်သည် ရှောင်လုံ အနားသို့ မောက်မာထောင်လွှားသည့် အမူအရာဖြင့် လျှောက်သွားလိုက်လေသည်။ သူ့ မျက်လုံးထဲ၌ ရက်စက်မှုများ တောက်လောင်နေပြီး လက်သီးနှစ်ဖက်လုံးဖြင့် ရှောင်လုံကို ထိုးနှက်လိုက်သည်။
အစောင့်၏ လက်သီးချက်တွင် မိုးကြိုးထစ်ချုန်းသံနှင့် လေထုမြည်ဟည်းသံများ လိုက်ပါလာလေသည်။ ဤသည်မှာ လီမိသားစု၏ အရူးအမူး မိုးကြိုး နှလုံးကွဲအက် လက်သီး ဖြစ်သည်။
ကျိုးဝေ့ထုံနှင့် ကျန်သည့် မဟာအကြီးအကဲများသည် ကြောက်ရွံ့မှုကြောင့် အလျှင်အမြန် နောက်ဆုတ်လိုက်ကြသည်။
ရှောင်လုံ၏ အကြည့်က ရေခဲတမျှ အေးစက်နေလေပြီး လီမိသားစု အစောင့်၏ အရူးအမူး မိုးကြိုး နှလုံးကွဲအက်လက်သီး သည် နီးသထက်နီးလာကာ သူ့ကိုယ်ပေါ်သို့ ကျဆင်းလာလေသည်။ တစ်ချိန်တည်းမှာပင် ရှောင်လုံ၏ နောက်ဘက်ဆီမှ လက်ပေါင်းတစ်ထောင် ပေါ်ထွက်လာပြီး ထိုအစောင့်ကို ရိုက်ချလိုက်ပေသည်။
နဂါးနတ်ဘုရား:ပြိုင်ဘက်ကင်း နဂါးအနန္တ ၏ ဆယ့်ငါးကွက်မြောက်!
အစစ်အမှန် နဂါးချီသည် မရေမတွက်နိုင်သည့် နတ်နဂါးများအဖြစ် ပြောင်းလဲသွားသည်။
တစ်ခဏအတွင်း နတ်နဂါး တစ်သောင်းသည် ရှေ့တူရူသို့ ပျံသန်းသွားပြီး လီမိသားစု အစောင့်၏ အရူးအမူးမိုးကြိုးနှလုံးကွဲအက် လက်သီး ကို ချေဖျက်သွားကာ အစောင့်၏ကိုယ်ကို ရိုက်ချလိုက်လေသည်။
လေအဝှေ့တွင် ရွက်ဝါကြွေသည့်နှယ် လီမိသားစု အစောင့်သည် မဟာခန်းမဆောင် ထဲမှ အဝေးဆီသို့ လွင့်ပျံသွားလေတော့သည်။ သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်ပေ။ လီကျီရှုံး အနောက်နားရှိ အခြားအစောင့်သုံးယောက်သည်လည်း ရှောင်လုံ၏ နတ်နဂါး များစွာကြောင့် နောက်သို့ လွင့်စင်သွားကြသည်။
ကျိုးဝေ့ထုံနှင့် မဟာအကြီးအကဲများသည် လီမိသားစု အစောင့်လေးယောက် နောက်သို့ လွင့်စင်သွားသည်ကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။
ထိုအချိန်၌ လီကျီရှုံး၏ ဆင်ခြင်နိုင်စွမ်းတို့ ပျောက်ရှသွားရပြီး ကြောက်လန့်တကြား သူ့ခေါင်းကို အတွင်တွင် ခါယမ်းလိုက်မိသည်။
"မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...လုံးဝ မဖြစ်နိုင်ဘူး!!"
နောက်ဆုံးအကြိမ် သူတို့ ရင်ဆိုင်ခဲ့ရချိန်က ရှောင်လုံသည် နတ်ဘုရားအဆင့် ၇ သို့ပင် မရောက်ရှိသေးပေ။ ဤသို့ မကြာလှသေးသည့် အချိန်အတောအတွင်း ရှောင်လုံသည် နတ်ဘုရားအဆင့် ၉ အလယ်အဆင့်တစ်ယောက်ကိုပင် အနိုင်ယူနိုင်နေပြီလော။
ရှောင်လုံက မပြောင်းမလဲ မျက်နှာသေနဗင့်သာ ရှိနေလေသည်။ သူက သွေးရူးသွေးတန်း ခေါင်းယမ်းနေပြီး တတွတ်တွတ်ရေရွတ်နေသည့် လီကျီရှုံးကို အကြည့်တစ်ချက်မျှ မစွန့်ကြဲလိုက်ပေ။ သူ့လက်သီးက လီကျီရှုံး၏ ချီပင်လယ်ထက်သို့ ကျဆင်းသွားသည်။ ထို့နောက် နောက်ထပ် လက်သီးတစ်ချက်က သူ့၏ ခြေလက်များရှိ အရိုးများနှင့် သွေးကြောများကို ပြိုပျက်ကွဲကြေသွားစေသည်။
လီကျီရှုံး၏ ပျော့ခွေသွားသော ခန္ဓာကိုယ်က လေထဲသို့ လွင့်သွားသည်။ ကြမ်းပြင်ပေါ်သို့ ခွေးတစ်ကောင်နှယ် ဒလိမ့်ကောက်ကွေး ကျသွားလေသည်။
ရှောင်လုံက ချက်ချင်းဆိုသလို လှည့်လိုက်ပြီး ကျိုးဝေ့ထုံနှင့်မဟာအကြီးအကဲများကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ကျိုးဝေ့ထုံ၏ ခြေထောက်က ပျော့ခွေသွားရပြီး ရှောင်လုံ ရှေ့၌ ဒူးထောက်လိုက်ရသည်။ သူ့လျှာမှာကား ထုံကျင်နေပြီး ဘာစကားပြောရမည် မသိပေ။
"ဟောင်...ဟောင်..."
ပထမဆုံးအနေဖြင့် သူ ရှောင်လုံကို ဘယ်လို ခေါရမည်မသိ ဖြစ်သွားသည်။
ရှောင်လုံ၏ လက်ထဲ၌ အေးစက်စက် သတ္ထုရောင် တစ်ချက်လက်သွားတော့သည်။ နောက်တစ်ခဏတွင် ကျိုးဝေ့ထုံ၏ ခေါင်းသည်  ပြူးကျယ်နေသည့် မျက်လုံးအစုံဖြင့် သူ့ ပုခုံးများဆီမှ ကင်းကွာသွားပြီး အောက်သို့ လိမ့်ကျသွားလေသည်။
ထိုအခါမှ ကျိုးခိုင်နှင့် မဟာအကြီးအကဲများသည် အသိဝင်လာကြလေပြီး အရပ်မျက်နှာအနှံ့ဆီသို့ ထွက်ပြေးလိုက်ကြသည်။
ရှောင်လုံက ဤသည်ကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ထဲရှိ ပိုးစာပင်ဓားကို လေထဲသို့ မြှောက်လိုက်သည်။ တစ်စက္ကန့်အတွင်း ဓားအလင်းတန်းများ တောက်ပလာပြီး ဓားအလင်းတစ်ခုတိုင်း၌ သွေးစက်များ စွန်းထင်းသွားကာ ကျိုးမိသားစု မဟာအကြီးအကဲတစ်ယောက် ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိုးမိသားစုခေါင်းဆောင်နှင့် မဟာအကြီးအကဲအားလုံးသည် ကြမ်းပြင်ပေါ်၌ လဲလျောင်းသွားကြလေပြီ။ ကျိုးဝေ့ထုံနှင့် ကျိုးခိုင်အပါအဝင် စုစုပေါင်း လူဦးရေ လေးဆယ့်ခြောက်ယောက် ရှိပေသည်။
ထိုလူများဆီမှ အသနားခံသံများကို လျစ်လျူရှုလိုက်ရင်း ရှောင်လုံက သူ့၏ အစစ်အမှန် အင်မော်တယ်အဆီအနှစ် မီးတောက်ကို ဆင့်ခေါ်လိုက်သည်။ သူတို့၏ စိတ်ဝိညာဉ်များအား တစ်ခုပြီးတစ်ခု လောင်ကျွမ်းစေလိုက်ပြီး အလောင်းများကိုမူ အဇူရာလက်စွပ်ထဲသို့ ပစ်ထည့်ခိုက်လေသည်။
ရှောင်လုံ မဟာခန်းမဆောင် အပြင်သို့ လျှောက်ထွက်လိုက်ချိန်၌ ကျိုးမိသားစုတပည့်များသည် လူလှိုင်းလုံးကြီးမှာနှယ် တစ်အုပ်ပြီးတစ်အုပ် ရောက်ရှိလာသည်။
ကျိုးမိသားစုတပည့်များနှင့် ရင်ဆိုင်ရချိန်တွင် ရှောင်လုံက နဂါးလူးလွန့်တိမ်လွှာညွန့် ကို တစ်ဖန် ထုတ်ဖော်လိုက်ကာ ကြီးမားလှသည့် လေမုန်တိုင်းကြီးကို ဖြစ်စေလိုက်သည်။ လေမုန်တိုင်းက ကျိုးမိသားစု အဓိကအဆောင်ကို ဗဟိုပြု၍ ကျယ်သထက် ကျယ်ပြောလာလေသည်။ လမ်းကြောင်းထဲရှိ ကျိုးမိသားစုတပည့်များအားလုံးသည် ကြောက်မက်ဖွယ် လေမုန်တိုင်းထဲသို့ ဆွဲစုပ်ခံလိုက်ရလေသည်။
နောက်မှ အပြေးအလွှား ရောက်လာကြသည့် ကျိုးမိသားစု တပည့်များသည် ကြောက်လန့်တကြား ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့သည်လည်း အချိန်တိုအတွင်း လေမုန်တိုင်းထဲသို့ ဆွဲစုပ်ခံလိုက်ကြရသည်။
အဆုံးတွင် ကျိုးမိသားစု အဓိက အိမ်တော်၏ လီတစ်ထောင် ပတ်ဝန်းကျင်အထိ ဖြန့်ကျက်သွားလေပြီး ကျိုးမိသားစုတပည့်များအားလုံးသည် လေမုန်တိုင်း၏ ဝါးမြိုခြင်းကို ခံလိုက်ကြရပြီး မည်သူမျှ မလွတ်မြောက်နိုင်ပေ။
တစ်ခဏကြာပြီးနောက် ကြီးမားလှသည့် လေမုန်တိုင်းကြီးသည် တဖြည်းဖြည်း လျော့ပါးသွားလေသည်။
စကြာဝဠာအဆင့် နှင့် အထက် အလောင်းများသည် သူ့၏ အဇူရာလက်စွပ်ထဲသို့ ပစ်သွင်းခံလိုက်ရသည်။
"ကျိုးမိသားစုနဲ့ အကြွေးစာရင်း ရှင်းပြီးပြီဆိုတော့...လိပ်နက်နတ်မီးတောက် ကို ရှာကြည့်ဖို့ အချိန်ရောက်ပြီပဲ!"
ရှောင်လုံက သူ့ကိုယ်သူ ပြောလိုက်ပြီး ကျိုးမိသားစုအိမ်တော်၏ အထက် လေထုထဲမှ ပျောက်ကွယ်သွားလေသည်။
နှစ်နာရီ ကြာပြီးနောက် ရှောင်လုံက ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာ၏ မြောက်ဘက်ခြမ်းသို့ ရောက်ရှိသွားပြီး ရေခဲပင်လယ်တစ်စင်းအထက်၌ ရပ်နေလေသည်။

Continue Reading

You'll Also Like

13.5K 314 16
An alternate Jason Uchiha timeline
108K 1.7K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥
199K 2.3K 73
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
541K 18.5K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...