ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

676 - 680

184 13 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၇၆ .....  နတ်ဘုရားအဆင့်သို့ အစဉ်လိုက် ကျော်ဖြတ်ကြခြင်း

ကျောက်ပုကျီ၏ ခန္ဓာကိုယ်က အေးစက်ပြီး  ကြက်သေသေသွားလေသည် ။ ကမ္ဘာကြီး ပြိုလဲကျသွားပြီဟု သူခံစားနေရချိန်တွင် ရှောင်လုံနှင့်ရှဲ့ပူတိတို့က ဆေးအမယ်များ ဝယ်ယူရန် အခြားဆိုင်သို့ သွားနေလေသည်။
အစောပိုင်းက ဖြစ်ပျက်ခဲ့သလိုပင် အံ့အားသင့်နေသည့် လူအုပ်ကြီး ရှေ့တွင် ရှောင်လုံက ဆိုင်တွင် ရှိသမျှ နှစ်တစ်သောင်းကနေ နှစ်တစ်သိန်းသက်တမ်းရှိသည့်ဆေးပင်များ အားလုံးကို ဝယ်ယူလိုက်သည်။

ဆိုင်သုံးဆိုင် ကူးပြီးချိန်တွင် ရှောင်လုံဆီမှာရှိနေသည့် ဘီလီယံသုံးရာကျော်လည်း ကုန်လုနီးပါး ဖြစ်သွားသည်။  မိုးသီးကျောက်တုံး ရတနာသိုက်ထဲတွင်လည်း နှစ်တစ်သောင်းကနေ နှစ်တစ်သိန်းသက်တမ်းရှိသည့် ဆေးပင်များက တောင်ကုန်းလေးများအသွင်ဖြင့်  ပြည့်နှက်နေပေ သည်။

" ပါဝင်ပစ္စည်းတွေ ဒီလောက်ပမာဏ ဆိုရင်တော့ လုံလောက်ပါပြီလေ "

ရှောင်လုံက သူယနေ့ ရရှိခဲ့သည့် ပစ္စည်းများအပေါ် အလွန်ပင် ကျေနပ်နေသည် ။

ဤပမာဏနှင့်ဆိုလျှင် မဟာဆေးပညာရှင်ပြိုင်ပွဲ မစတင်ခင်မှာ သူမည်မျှပင် စိတ်နှစ်ပြီး လေ့ကျင့်သည်ဖြစ်စေ ပါဝင်ပစ္စည်းများ  ပြတ်လပ်သွားမည်ကို  စိုးရိမ်နေစရာ မလိုတော့ပေ။ နောက်ပိုင်းအတွက်ကိုမူ ထိုအချိန်ရောက်လာမှသာ စဉ်းစားမည်ဟု ရှောင်လုံ ဆုံးဖြတ်လိုက်သည် ။

ထိုအချိန်တွင် ကောင်းကင်ကြီးကလည်း မည်းမှောင်လု နီးပါးဖြစ်နေလေပြီ။
သို့သော် ရှောင်လုံနှင့်ရှဲ့ပူတိတို့က ရွှေရောင်နဂါးတောင်ထွတ်သို့ မပြန်ကြသေးပေ။
သူတို့က ထိုသို့ ပြန့်မည့်အစား  လျှိုတောင်း အိမ်တော်၌သာ  အနားယူရန် ရွေးချယ်လိုက် ကြသည်။ သူတို့ နှစ်ယောက်ထဲသာ ရှိသည်မို့ မလွဲမသွေ အမူးသောက်ဖြစ်ကြပြန်သည်။

နောက်တစ်နေ့တွင် ရှောင်လုံနှင့်ရှဲ့ပူတိတို့က ကူးပြောင်းခြင်းအစီအရင်အား ဖြတ်သန်း၍ ရွှေရောင်နဂါးတောင်ထွတ်ဆီသို့ ပြန်လိုက်ကြသည်။
ရွှေရောင်နဂါးတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ရှောင်လုံလည်း သူ့နေ့စဉ်ဘဝထဲသို့ ပြန်လည် ရောက်သွားသည် ။ ရှောင်လုံက မနက်ပိုင်းတွင် ဆေးဖော်စပ်ခြင်းကို လေ့ကျင့်ပြီး နေ့ခင်းပိုင်း၌ သိုင်းကွက်များကို လေ့ကျင့်ကာ ညပိုင်းတွင် နတ်ဘုရားဦးခေါင်းဆီမှ နတ်ဘုရားအင်အားနှင့် နတ်ဘုရားနိယာမများကို စုပ်ယူသည်။

ရှဲ့ပူတိကလည်း သူ့ကိုယ့်သူ ခြံဝန်းထဲတွင် အရူးတစ်ယောက်ပမာ ပိတ်လှောင်ကာ  အပြင်းအထန် သိုင်းကျင့်လျက်ရှိသည်။

ထိုအချိန်၌ ရှောင်လုံ စိတ်ထဲ တွေးလိုက်မိသည်က ကျောက်ဝမ်ရှန်းနှင့် ထိုကဲ့သို့ ဖြစ်ပျက်လိုက်သည်မှာ ရှဲ့ပူတိအတွက် အဆိုးထဲမှ အကောင်း ဖြစ်သွားသည်ဟုပင် ။

ဟောင်မိသားစုဝင်များသည်လည်း ရွှေရောင်နဂါး တောင်ထွတ်၌ ကြိုးကြိုးစားစား သိုင်းလေ့ကျင့် လျက်ရှိကြသည် ။ ရံဖန်ရံခါတွင် အနီးနားရှိ တောင်များဆီသို့ အုပ်စုလိုက် သွား၍ သိုင်းလေ့ကျင့်ကြသည်။

ဤနှစ်ကာလများအတွင်း အနက်ရောင်သူရဲကောင်း တက္ကသိုလ် ကျောင်းအုပ်ကြီး ဖုယန်၏ ညွှန်ကြားပြသမှုအောက်တွင် ရှောင်လုံ၏ အစီအရင်ခင်းကျင်းမှုအပေါ်  နားလည်မှုတို့က ပို၍ ကျယ်ပြန့်လာသည်။  ရှောင်လုံက ရွှေရောင်နဂါးတောင်ထွတ်အပါအဝင် ပတ်ပတ်လည်ရှိ တောင်ထွတ်အခုနှစ်ဆယ်ကို ကာကွယ်ပေးနိုင်သည့် မဟာအစီအရင် တစ်ခုဖြစ်သော ' တောင်စဉ်တစ်သောင်း ပတ်ရံ ပင်လယ်ဟန် ' အစီအရင်အား သူကိုယ်တိုင်ပင် စတင် ခင်းကျင်းနေသည်။

ဤမဟာအစီအရင်ဖြင့် ကာကွယ်ပေးထားသော နေရာအတွင်း၌ ဟောင်မိသားစုဝင်များ၏ လုံခြုံရေးကို စိုးရိမ်စရာ မလိုတော့ပေ ။

ကျောင်းယု နှင့် ဝမ်နာတို့ ရွှေရောင်နဂါးတောင်ထွတ် ကို တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်အပြီးတွင် မည်သူကမှ ဟောင်မိသားစုကို အန္တရာယ် မပြုရဲကြသော်လည်း ရှောင်လုံက သူ့မိသားစု၏  လုံခြုံရေးကို အလောင်း အစား မပြုလုပ်လိုပေ။ ထို့ကြောင့် သူက အားလုံး ကို သတိထားပြီး တွက်ချက်ထားရပေမည်။

အချိန်များက လျှင်မြန်သော အမြန်နှုန်းဖြင့် ကုန်ဆုံးသွားလေသည်။

နေ့ရက်များက နေ့စဉ်ကိစ္စများဖြင့်သာ ကုန်ဆုံးသွားသည်။   ဆေးလုံးဖော်စပ်ခြင်း ၊ သိုင်းကျမ်းများကို လေ့ကျင့်ခြင်း၊ အဆင့်ငါးနတ် ဘုရားဦးခေါင်းမှ စွမ်းအားများကိုစုပ်ယူခြင်းတို့ဖြင့် ရှောင်လုံ၏ အချိန်ရှစ်နှစ်တာကာလက ဖျပ်ခနဲ ကုန်ဆုံးသွားသည်။

ရှစ်နှစ်ကြာပြီးနောက် ရှောင်လုံ၏ ဆေးဖော်စပ်ခြင်း စွမ်းရည်သည် လမင်းဆင်းသက်ခြင်းအဘိုးအို ထွက်သွားပြီးသည့်အချိန်ကနှင့် နှိုင်းယှဉ်ပါလျှင် ကြီးမားစွာ တိုးတက်လာပြီ ဖြစ်သည်။

ဤရှစ်နှစ်တာကာလအတွင်း ရှောင်လုံက သူ့ ဆေးဖော်စပ်ခြင်းစွမ်းရည် တိုးတက်ရန်ကိုသာ အဓိကထား၍ ကြိုးစားခဲ့သော်လည်း ဆေးဖော်စပ်ရာတွင်လည်း  တစ်ခါမှ မကျရှုံးခဲ့ပေ ။

ပုံမှန်အားဖြင့် အင်မော်တယ်အဆင့် စိတ်ဝိညာဉ် နတ်ဆေးလုံးများသည် နှစ်တစ်သိန်းသက်တမ်း ရှိသည့် ဆေးပင်များဖြင့် ဖော်စပ်မှသာ အောင်မြင်နိုင်ပေသည် ။ သို့သော် ရှောင်လုံက နှစ်တစ်သောင်း သက်တမ်းရှိသည့် ဆေးပင်များဖြင့်သာ အင်မော်တယ်အဆင့် နတ်ဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။

ရှစ်နှစ်ခန့် ကုန်လွန်ခဲ့ပြီးနောက် ရှောင်လုံက နတ်ဓားသိုင်းကွက် ဆယ့်ရှစ်ကွက်လုံးကို ကျွမ်းကျင့်စွာ တတ်မြောက်သွားခဲ့သည်  ။ ထိုအပြင် သူက သိုင်းကွက်ဆယ့်ရှစ်ကွက်လုံးကို တစ်ကွက်တည်းဖြစ်အောင် ပေါင်းစည်းကာ   တိုက်ခိုက်မှုစွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်နိုင်ခဲ့သည် ။

ရှောင်လုံက ရွှမ်းမီနတ်ဘုရားကျောင်းထဲတွင် တင်ပျင်ခွေထိုင်ကာ နတ်အတွင်းအားနည်းစနစ် အတိုင်း အတွင်းအားများကို လှည့်ပတ်စီးဆင်း စေလိုက်သည် ။ အဆင့်ငါးနတ်ဘုရားဦးခေါင်းသည် သူ့အရှေ့ လေထုထဲတွင် မျောလွင့်နေပြီး ခပ်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်ပေးနေသည်။

နတ်ဘုရားဦးခေါင်းမှ နတ်ဘုရားအင်အားနှင့် နတ်ဘုရား၏နိယာမ အလင်းမျှင်များက ရှောင်လုံ၏ ကိုယ်ထဲသို့ ဝင်ရောက်နေကြသည်။

သူ့ခေါင်းထက်တွင်လည်း အနက်ရောင်နဂါးနှင့် အပြာရောင်နဂါး အမွှာသိုင်းဝိညာဉ်နဂါးနှစ်ကောင်က ရစ်ဝဲနေကြသည် ။ တစ်ချိန်တည်းမှာပင် မတူညီသည့် အတွင်းအားချီ အမျိုးအစားသုံးမျိုးက ရှောင်လုံ၏ ကိုယ်ထဲသို့ ဝင်ချည် ထွက်ချည် ပြုလုပ်နေကြသည်။ ၎င်းအတွင်းအားချီသုံးမျိုးမှာ နတ်ဆိုးအတွင်းအားချီ၊ ဗုဒ္ဓအတွင်းအားချီနှင့် နဂါးအတွင်းအားချီတို့ပင် ဖြစ်သည်။

မတူညီသည့် အတွင်းအားချီသုံးမျိုး ဖြစ်သည့် ဗုဒ္ဓအတွင်းအားချီ၊ နတ်ဆိုးအတွင်းအားချီ နှင့် နဂါးအတွင်းအားချီများမှတဆင့် အနတ္တ ရွှေရောင် ဗုဒ္ဓပုံရိပ်များ ၊ ကြီးကျယ်ခမ်းနားသော နတ်ဆိုးပုံရိပ်များ ၊ မရေမတွက်နိုင်အောင် များပြားသော နတ်နဂါးများအဖြစ် ပြောင်းလဲသွားသည်။

ဗုဒ္ဓများက ဆုတောင်းဝတ်ပြုနေကြသည်၊
နတ်ဆိုးများက အော်ဟစ်နေကြသည်၊ နတ်နဂါးများကတော့ ဟိန်းဟောက် နေကြသည်။

အချိန်အတော်ကြာပြီးနောက် ရှောင်လုံက နတ်အတွင်းအားနည်းစနစ်အတိုင်း လှည့်ပတ်နေခြင်းအား ဖြည်းဖြည်းချင်း ရပ်တန့်လိုက်သည်။ ထိုအခါ ၎င်းပုံရိပ်များက ရှောင်လုံကိုယ်ထဲသို့ ပျံသန်း ဝင်ရောက် သွားကြသည်။

အဆင့်ငါးနတ်ဘုရားဦးခေါင်းက လေထဲမှနေ၍ ရှောင်လုံ၏ လက်ထဲသို့ ပြုတ်ကျလာသည်။

ရှောင်လုံက နတ်ဘုရားဦးခေါင်းကို ကြည့်လိုက် သည်။ ထိုအခါ မျက်နှာပြင်ထက်တွင် ဆံချည် မျှင်အက်ကြောင်းလေးများ ပေါ်နေသည်ကို သတိပြုမိလိုက်သည်။

အဆင့်ငါးနတ်ဘုရားဦးခေါင်း အတွင်းရှိ  နတ်ဘုရားအင်အားများသည် မူလက ကျယ်ပြန့်သော  သမုဒ္ဒရာကြီးအသွင် ရှိနေခဲ့သော်လည်း ယခုအခါမှာတော့ မြစ်ငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ  ။

ဤနှုန်းအတိုင်းသာဆက်သွားနေမည်ဆိုလျှင် နတ်ဘုရားဦးခေါင်း အတွင်းရှိ နတ်ဘုရားအင်အား နှင့် နတ်ဘုရား၏နိယာမ များသည် အချိန်နှစ်လအတွင်း ကုန်ခမ်းသွားနိုင်သည်  ။ ထိုအခါ စွမ်းအားများ ကုန်ခမ်း၍ခြောက်သွေ့သွားသော နတ်ဘုရားဦးခေါင်းသည်လည်း ကွဲအက် ပျက်စီးကာ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားပေလိမ့်မည် ။

ရှောင်လုံစိတ်ထဲမှာလည်း နောက်ဆယ်ရက်အတွင်း မှာ သူ အဆင့်တက်နိုင်တော့မည်  ခံစားမိနေသည်။ နှစ်ပေါင်းများစွာ အားကြိုးမာန်တက် ကြိုးစားခဲ့ ပြီးနောက်  လွန်ခဲ့သော ငါးနှစ်ကတည်းက  နတ်ဘုရားအဆင့် ၆ နောက်ဆုံးအဆင့်သို့ ရှောင်လုံ ရောက်ရှိသွားခဲ့လေပြီ ။

ရွှမ်းမီနတ်ဘုရားကျောင်းထဲမှ ထွက်လာပြီးနောက် ရှောင်လုံလည်း အဓိကခန်းမဆောင်ဆီသို့ သွားလိုက် သည်။

အပြင်ဘက်မှ ချီးကျူးအော်ဟစ်သံများကို ကြားလိုက်ရသည့်မို့ ရှောင်လုံလည်း ခန်းမဆောင်ဘေးမှ မြေကွက်လပ်ဆီသို့ သွားလိုက်သည် ။

မြေကွက်လပ်တွင် သူ့ညီလေး ဟောင်ရှောင်ဟိုင်နှင့် သူ့တူဖြစ်သူ ဂိုရှောင်ဖန်တို့ သိုင်းပြိုင်နေကြပြီး ဘေးရှိလူများက လက်ခုပ်လက်ဝါးတီး၍ အားပေးနေကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်လုံ မျက်နှာထက် တွင် အပြုံးတစ်ပွင့်  ဖြစ်ပေါ်လာသည်။

ဤနှစ်များအတွင်း နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ဆေးလုံးများနှင့် ရွှေရောင်နဂါးတောင်ထွတ်၏ ကြွယ်ဝလှသော စိတ်ဝိညာဉ်စွမ်းအင်များကြောင့် ဟောင်မိသားစုဝင်အများစုမှာ စကြာဝဠာအဆင့် ၄ သို့ ရောက်နေကြပြီ ဖြစ်သည် ။ အထူးသဖြင့် သူ့ညီနှင့် တူလေးတို့ နှစ်ယောက်စလုံးသည် စကြာဝဠာအဆင့် ၄ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည် ။ သူ့မိဘများဖြစ်သည့် ဟောင်ပန်နှင့် စုယန်တို့ကတော့ စကြာဝဠာအဆင့် ၄ စဦး၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ ။

ရှဲ့ပူတိကလည်း လူအုပ်အလယ်၌ ရှိနေသည်။  တစ်ချက်ကြည့်ရုံနှင့်ပင် သူသည် စကြာဝဠာအဆင့် ၅ စဦးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ရှောင်လုံ တွေ့ရှိလိုက်ရသည် ။ မြင့်မြတ်သောဗုဒ္ဓ အင်ပါယာ ရှီဖန်ထျန်း ၊ ကျောင်းရှု၊ ကျန်းဖူ နှင့် ခရမ်းရောင် စိတ်ဝိညာဉ် ဝါးမြိုမျောက်လေး  ဟောင်ရှောင်ယန် တို့သည် နတ်ဘုရား တပိုင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အံ့အားသင့်စရာအကောင်းဆုံးမှာ ကောင်းကင်ဝါးမြိုသားရဲ ထျန်းလေးသည်လည်း နတ်ဘုရား တပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်နေခြင်းပင် ။

' ကြည့်ရတာ ကောင်းကင်ဝါးမြို ကြယ်စင်ဖြာ နတ်ဆေးလုံးတွေ အများကြီး ဖော်စပ်ရတော့မယ့် အချိန်ရောက်ပြီထင်တယ် '

ရှောင်လုံက စဉ်းစားလိုက်သည်။ ကောင်းကင်ဝါးမြို ကြယ်စင်ဖြာ နတ်ဆေးလုံးနှင့်သာ ဆိုပါက နတ်ဘုရား တပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူများသည် နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ ကျော်ဖြတ်ရောက်ရှိနိုင်ရန်အတွက် တစ်ဝက်နီးပါး သေချာသွားပေလိမ့်မည်။

နတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ရခြင်းမှာ  စကြာဝဠာအဆင့်သို့ ကျော်ဖြတ်ရခြင်းထက် အဆတစ်ထောင်မက ပို၍ ခက်ခဲလေသည်။

ထို့ကြောင့် ကောင်းကင်ဝါးမြိုကြယ်စင်ဖြာနတ် ဆေးလုံးသာ မရှိလျှင် မြင့်မြတ်သော ဗုဒ္ဓအင်ပါယာနှင့် တခြားသူများသည် နတ်ဘုရားအဆင့်သို မည်သည့်အချိန်မှ ကျော်ဖြတ်ရောက်ရှိနိုင်မည်ဆိုသည်ကို မည်သူမျှ သေချာ မသိနိုင်ပေ ။

ကောင်းကင်ဝါးမြို ကြယ်စင်ဖြာနတ်ဆေးလုံး ဖော်စပ်ရန် လိုအပ်သည့် ဆေးအမယ်များအတွက် ကိုမူ ရှောင်လုံ ပူပန်နေစရာမလိုပေ။
ကောင်းကင်ဝါးမြို ကြယ်စင်ဖြာနတ်ဆေးလုံး ဖော်စပ်ရန် လိုအပ်သည့် ပါဝင်သည့်ပစ္စည်းများ သည် မိုးသီးကျောက်တုံးရတနာသိုက်ထဲတွင် အလုံအလောက် ရှိနေသည်။

နောက်တစ်နေ့ မနက်စောစောတွင် ရှောင်လုံက ကမ္ဘာတစ်ထောင် ဆေးမီးဖို ကို ထုတ်၍ ကောင်းကင်ဝါးမြိုကြယ်စင်ဖြာနတ်ဆေးလုံး ကို စတင်ဖော်စပ်လေသည် ။ မနက်ခင်းမှ ညရောက်သည်ထိတိုင်အောင် ရှောင်လုံက ဆေးအိုးဆယ်အိုးစာ ဖော်စပ်ရန် ပြင်ဆင်ခဲ့သည်။  အားလုံးကလည်း အောင်မြင်ခဲ့သည်။

ရှောင်လုံက တစ်နေ့တည်းဖြင့် ကောင်းကင်ဝါးမြို ကြယ်စင်ဖြာနတ်ဆေးလုံးများကို ဆယ်အိုးခန့် အောင်မြင်စွာ  ဖော်စပ်နိုင်ခဲ့မှန်းကိုသာ လမင်းဆင်းသက်ခြင်းအဘိုးအို သိခဲ့လျှင် အပျော်လွန်ပြီး နှုတ်ခမ်းမွှေးများပင် ထောင်တက် သွားပေလိမ့်မည်။

လမင်းဆင်းသက်ခြင်းအဘိုးအိုသည်ပင် ကောင်းကင်ဝါးမြိုကြယ်စင်ဖြာနတ်ဆေးလုံး ကဲ့သို့သော ထိပ်တန်းအဆင့် စိတ်ဝိညာဉ် နတ်ဆေးလုံးများကို ဖော်စပ်ရာတွင် အဆင့်တိုင်း၌ စိတ်ဝိညာဉ် စွမ်းအင် များစွာကို အသုံးပြုရန် လိုပေသည်  ။ တစ်နေ့ကို ဆေးနှစ်အိုးခန့် အောင်မြင်စွာ ဖော်စပ်နိုင်လျှင်ပင် အတော်လေး အံ့အားသင့်ဖွယ်ရာ ကောင်းနေပေသည် ။

်အမှန်တော့ လမင်းဆင်းသက်ခြင်းအဘိုးအို သာ ဆန္ဒရှိခဲ့လျှင် ဆေးသုံးအိုးသာမက လေးအိုးအထိ ဖော်စပ်နိုင်စွမ်းရှိသည် ။

ငါးအိုးမြောက်ဆိုလျှင် ဆေးလုံးဖြစ်တည်လာနိုင်ခြေ မှာ  သုံညသာ ရှိတော့သည်။ ထို့ကြောင့် တစ်နေ့ကို ဆယ်ကြိမ်ခန့် အောင်မြင်အောင် ဖော်စပ်နိုင်ရန်မှာ ဖြစ်နိုင်ရန် အလွန်ပင် ခက်ခဲလှသည် ။

ထိုည၌ပင် ကောင်းကင်ဝါးမြိုကြယ်စင်ဖြာ နတ်ဆေးလုံးများ အဆင့်သင့် ဖြစ်သွားသည်မို့ ရှောင်လုံက မြင့်မြတ်သောဗုဒ္ဓ အင်ပါယာနှင့် အခြားလူများကို ချက်ချင်း စုဝေးစေလိုက်သည်။
ထိုနောက် သူတို့ တစ်ယောက်ချင်းစီတိုင်းကို ဆေးငါးလုံးစီ ဝေပေးလိုက်လေသည်။

ငါးရက်ကြာပြီးနောက် သူတို့က ရှောင်လုံကို စိတ်မပျက်စေခဲ့ပေ ။ သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက် နတ်ဘုရားအဆင့်သို့  ချိုးဖျက်ဝင်ရောက်သွားကြသည် ။ အချိန်တိုအတွင်း၌ ရွှေရောင်နဂါးတောင်ထွတ်တွင် နတ်ဘုရားအဆင့် သိုင်းပညာရှင် နှစ်ဆယ့်ခြောက်ယောက်ခန့် တိုးလာပြီ ဖြစ်သည်။

သူတို့ နတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ရောက်ရှိ သွားချိန်တွင် အသက်ကြီးပြီး အမြဲလိုလို တည်ငြိမ်နေတတ်သည့် မြင့်မြတ်သောဗုဒ္ဓ အင်ပါယာ ရှီဖန်ထျန်းပင် စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပါ ကျဆင်းလာတော့သည် ။ ကျောင်းရှုနှင့် ကျန့်ဖူတို့သည်လည်း တရှုံ့ရှုံ့ နှင့် ငိုကြွေးကုန်ကြသည်။

တစ်ယောက်တည်း ခြွင်းချက်ဖြစ်နေသူမှာ ကောင်းကင်ဝါးမြိုသားရဲ ထျန်းလေးပင် ဖြစ်သည်။ ထိုကောင်လေးက ပျော်လွန်၍ ခုန်ပေါက်နေပြီး ဤကဲ့သို့ညတွင် ရှောင်လုံအနေနှင့်  အသားများစွာ ကင်ပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပပေးသင့်ကြောင်းကို သူက အသည်းအသန် တိုက်တွန်းနေသည်။

ရှောင်လုံလည်း  ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ သို့သော် မြင့်မြတ်သောဗုဒ္ဓ အင်ပါယာ၊ ကျောင်းရှု၊ ကျန့်ဖူနှင့် အခြားသူများ အဆင့်ချိုးဖျက်သွားသည်ကို ဂုဏ်ပြုရန်အတွက် ရှောင်လုံ အသားကင်များ ပြုလုပ်ကာ ဂုဏ်ပြုပွဲကျင်းပပေးလိုက်သည်

လီထျန်းက နှုတ်ခမ်းအဆီရစ်နေသော နှုတ်ခမ်းဖြင့် ပါးစပ်က နားရွက်တက် ချိတ်မတတ်ပြုံးနေပြီး အသားကင်များကို တစ်ညလုံး ပျော်ပျော်ကြီး စားသောက်နေလေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၇၇ ..... ကူညီထောက်ပံ့ခိုင်းခြင်း

နောက်ထပ် သုံးရက်တာကာလက ငြိမ်းချမ်းစွာဖြင့် ကုန်ဆုံးသွားသည်။

ထိုညတွင် ရှောင်လုံက ရွှမ်းမီနတ်ဘုရားကျောင်းထဲတွင် ခြေချိတ်ထိုင်နေသည်။  ခါတိုင်းကဲ့သို့ နတ်ဘုရားဦးခေါင်းဆီမှ နတ်ဘုရားအင်အားနှင့် နတ်ဘုရား၏နိယာမ တို့သည် ရှောင်လုံ၏ ကိုယ်ထဲသို့ အဆုံးအစမဲ့ စီးဝင်နေကြသည်။

သူ့၏ ချီပင်လယ်ထဲ၌ နတ်ဘုရားအတွင်းအား ချီများကလည်း သိပ်သည်းစွာဖြင့် လှည့်ပတ် နေလေသည်။ ဤညတွင်  နတ်ဘုရားအဆင့် ၇ သို့ သူ ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည်ဟု ရှောင်လုံ ခံစားမိနေသည်။

ရှောင်လုံ၏ ချီပင်လယ်ထဲမှ  အင်အား ကောင်းလှသည့် စုပ်ယူအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည် ။ သူ့ခန္ဓာကိုယ်အတွင်းရှိ နဂါးရတနာ ကာကွယ်ခြင်းအစီအရင်ဆီမှ မျက်စိကျိန်းမတတ် အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး နတ်ဘုရားဦးခေါင်းဆီမှ နတ်ဘုရားအင်အားနှင့် နတ်ဘုရား၏နိယာမတို့ကို ရူးသွပ်ဖွယ် အမြန်နှုန်းဖြင့် စုပ်ယူဝါးမြိုလေ သည်။

" ဒါ ...ဒါက..."

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကြောင့် ရှောင်လုံ  အံ့အားသင့်သွားသည်။

ရှောင်လုံ အံ့အားသင့်နေစဉ် သူ့ချီပင်လယ်အတွင်းမှ နတ်ဘုရားအတွင်းအားချီတို့သည် ကမ္ဘာဦးသားရဲကြီးနှယ် အားမာန်အပြည့်နှင့် ရုန်းထလာပြီး သူ့၏ သွေးကြောများထဲသို့ ပြေးဝင်သွားကြသည်။ ထိုကြောင့် သွေးကြောများကလည်း အဆပေါင်းများစွာ ကျယ်ပြန့် လာသည်။

သူ့၏ နတ်ဘုရားစစ်ပွဲချီများက သွေးကြောများကို ကြမ်းတမ်းစွာ စီးဝင်လာနေသည်မို့ ရှောင်လုံလည်း နတ်ဘုရားအဆင့် ၇ ၏ အတားအဆီးအလွှာ၏ ခုခံမှုကိုစတင် ခံစားမိလာသည် ။

ရှောင်လုံက ယခင် ချိုးဖျက်မှုကဲ့သို့ပင် သွေးကြောထဲရှိ ရုန်းကြွနေသော နတ်ဘုရား အတွင်းအားချီစွမ်းအားများကို ကြိုးစားထိန်းချုပ် ကာ ထိုစွမ်းအားများဖြင့် အတားအဆီးအလွှာကြီး ကိုသာ အကြိမ်ပေါင်းများစွာ ဝင်တိုက်စေလိုက် သည် ။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိရှိတော့သည့်အချိန်တွင် ရှောင်လုံ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်လာသည် ။
နတ်ဘုရားအဆင့် ၇ အတားအဆီးအလွှာကြီး ကလည်း ရေလှိုင်းလုံးများ ရိုက်ခတ်နေမှုကြောင့် ကျိုးပျက်သွားသည့် တာတမံနှယ် တစစီ ပြိုကျ ပျက်စီးသွားလေသည်။

ရှောင်လုံ၏ ချီပင်လယ်နှင့် စိတ်ဝိညာဉ်ပင်လယ် တို့သည်လည်း  အင်မတန်မြန်ဆန်သောအမြန်နှုန်းဖြင့် ကျယ်ပြန့်လာကြသည်။

ရှောင်လုံ စိတ်ဝိညာဉ်ပင်လယ်၏အထက်တွင်ရှိနေသော အချိန် နှင့်လေဟာနယ် နိယာမ ကလည်း လျင်မြန်စွာ ကြီးထွားလာကြသည်။

ရှောင်လုံ အောင်မြင်သွားသည်နှင့် တစ်ချိန်တည်းမှာပင် ရွှမ်းမီနတ်ဘုရားကျောင်းက လည်း တုန်ခါသွားသည် ။ အကြောင်းမှာ ရွှေရောင် ဗုဒ္ဓပုံရိပ်များ၊ မြောက်များစွာသော မဟာနတ်ဆိုး ကြီးများ၊ နတ်နဂါးကြီးများက ကောင်းကင်ထက်သို့ ပျံတက်သွားခြင်းကြောင့် ဖြစ်သည်။

ရွှေရောင်နဂါးတောင်ထွတ်၏ ကြည်လင်လှသော ကောင်းကင်ထက်တွင် ရွှေရောင်ဗုဒ္ဓများ၊ နတ်ဆိုးများ၊ နတ်နဂါးများဖြင့် ပြည့်နှက်သွားလေသည်။

ထိုမြင်ကွင်းကြောင့် ရွှေရောင်နဂါးတောင်ထွတ်ရှိ ဟောင်မိသားစုနှင့် အခြားသူများသည် ထိတ်လန့် သွားကြသည် ။ ထို့ကြောင့် သူတို့က ခြံဝန်းထဲမှ ထွက်ကာ ကောင်းကင်ထက်တွင် ဖြစ်ပေါ်နေသည့် အံ့သြဆန်းကြယ်လှသော မြင်ကွင်းကို သတိနှင့် ကြည့်လိုက်မိကြသည် ။

အချိန်အတော်ကြာပြီးနောက် ရွှေရောင်ဗုဒ္ဓများ ၊ နတ်ဆိုးများ နှင့် နတ်နဂါးကြီးများ၏ ပုံရိပ်များက ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်သွားသည်။

မဟာအစီအရင်ကြီးက ဖုံးကွယ်နေသည်မို့ ဤအဖြစ်အပျက်ကို အနီရောင်မျောလွင့်တောင် တန်းဒေသရှိ တခြား အထူးတပည့်များက သတိမထားမိကြပေ ။ မဟုတ်ပါက ဤမျှ ကြီးမားလှသည့် အရှိန်အဟုန်နှင့်သာ ဆိုလျှင် ရွှေရောင်နဂါးတောင်ထွတ်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသောနေရာမှ တခြား လက်ရွေးစင် တပည့်များပင် သတိပြုမိသွားပေလိမ့်မည် ။

ကောင်းကင်ထက်ရှိ ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် ရှောင်လုံက သူ့မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။ သူ ခြေလှမ်း အနည်းငယ်မျှ လှမ်းလိုက်ရုံနှင့်ပင် ရွှမ်းမီနတ်ဘုရားကျောင်း တစ်ခုလုံး တုန်ခါ သွားလေသည် ။ ရှောင်လုံ၏ ညင်သာသော ခြေလှမ်းတစ်ချက်သည် မြင်းကောင်ရေပေါင်း သန်းတစ်ရာအားကို သယ်ဆောင်ထားပြီး တောင်ကြီးတစ်လုံးကိုပင် ခြေတစ်လှမ်းထဲနှင့် ပြိုကျပျက်စီးသွားအောင် လုပ်နိုင်ပေသည်။

ရှောင်လုံ၏ မျက်လုံးများကလည်း အလင်းရောင်များဖြင့် တောက်ပနေသည် ။ နောက်ဆုံးတော့ သူ နတ်ဘုရားအဆင့် ၇ သို့ ချိုးဖျက် ဝင်ရောက်သွားနိုင်ခဲ့လေပြီ။

သူ့၏ စိတ်ဝိညာဉ်အင်အားကို ခန္ဓာကိုယ် အနှံ့သို့ ဖြန့်ကျက်ကြည့်လိုက်သည်အခါ သူ့၏ ဒန်ထျန်ထဲတွင် အင်မော်တယ်အရင်းအမြစ် စွမ်းအင်များ ပိုမိုသန့်စင် တိုးပွားလာကြောင်းကို ရှောင်လုံ တွေ့လိုက်ရသည် ။ ရှောင်လုံက သူ့လက်ဝါးကို ဖြန့်လိုက်သည့်အခါ အင်မော်တယ်အဆီအနှစ် မီးတောက်ငယ်လေးတစ်ခု ထွက်ပေါ်လာပြီး သူ့လက်ပေါတွင် နူးညံ့ညင်သာစွာ ကခုန်နေလေသည်  ။ ၎င်းက စိန်ပယင်းရောင် တောက်ပနေပြီး ကြည့်မိသူတိုင်းအား အကြည့် မလွှဲနိုင်အောင် စွမ်းဆောင်နေသည်။

ယခုတိုးတက်လာသော အင်မော်တယ်အဆီအနှစ် မီးတောက်နှင့်ဆိုလျှင် သူ့ဖော်စပ်သမျှ ဆေးလုံးများသည် ပိုမြင့်သော အဆင့်၊ အရည်အသွေး နှင့် အကျိုးထိရောက်မှုများ ရှိလာနိုင်သည် ။

ရှောင်လုံက ရွှမ်းမီနတ်ဘုရားကျောင်းထဲမှ ထွက်လိုက်ပြီး ရွှေရောင်နဂါးတောင်ထွတ် အထက် လေထဲတွင် ဖျပ်ခနဲ ပေါ်လာသည် ။ ရှောင်လုံက လက်ကို မြှောက်၍  အဝေးမှ တောင်တစ်လုံးကို လက်ညှိုးညွှန်လိုက်သည် ။

မျက်စိတမှိတ်အတွင်းမှာ မမြင်နိုင်သည့် အင်အားတစ်ခုက တောင်ကို အပေါက်ကြီး ဖြစ်သွားစေပြီး အနောက်ရှိ တောင်တစ်လုံးရှိရာသို့ ထပ်မံ တိုးဝင်သွားသည်။

လက်တစ်ချောင်းတည်းအားဖြင့် မြောက်များစွာသော တောင်ထိပ်များကို ထိုးဖောက်ပစ်လိုက်နိုင်သည်။

ရှောင်လုံက ရလဒ်ကို ကျေနပ်အားရစွာ ခေါင်းငြိမ့်လိုက်ပြီး မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်သည်။

ရွှေရောင်နဂါးတောင်ထွတ်ပေါ်ရှိ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြောင်း သတိထားမိသွားသည်မို့ ရှောင်လုံက ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြလိုက်လေသည်။

" ဒီလိုမျိုးဖြစ်သွားတာတွေက ကျွန်တော် ကံကောင်းပြီးတော့ နတ်ဘုရားအဆင့် ၇ကို ကျော်ဖြတ်နိုင်သွားလို့ပါ "

ရှောင်လုံက သူတို့၏ အတွေးများကို အတည်ပြုပေးလိုက်သည်။  အားလုံးက ခဏမျှ ကြောင်အမ်းသွားကြသော်လည်း ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်လိုက်ကြသည် ။

နတ်ဘုရားအဆင့် ၇က မည်သို့သော အဆင့်အတန်းမျိုးဆိုသည်အား သူတို့ ကောင်းကောင်း နားလည်ထားကြသည် ။

ဟောင်မိသားစု အပျော်လွန်နေကြချိန်တွင် စကြာဝဠာအဆင့် ငယ်သားတစ်ယောက်က ဝင်လာပြီး ရှောင်လုံကို ရိုသေလေးစားသည့် အမူအရာဖြင့် တင်ပြလာသည်။  အနက်ရောင် သူရဲကောင်းတက္ကသိုလ်၏ အကြီးအကဲ နှစ်ယောက်က ရှောင်လုံကို တွေ့ဆုံချင်နေပြီး အပြင်မှာစောင့်နေကြောင်း၊ သူတို့ထဲမှ တစ်ယောက်မှာ ဟူယွဲ့ဖြစ်ပြီး နောက်တစ်ယောက် သည် လီကျားယုံ ဖြစ်ကြောင်း သတင်းပို့လိုက်သည် ။

ရှောင်လုံ၏ မျက်ခုံးနှစ်ဖက်လည်း မြင့်တက်သွားသည် ။ ထိုအကြီးအကဲနှစ်ယောက်မှာ ဝမ်နာ၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။

သူတို့က မည်သည့်ရည်ရွယ်ချက်ဖြင့် သူ့နှင့် တွေ့ရန် ရောက်လာကြသနည်း.......

ခဏမျှ တွေးလိုက်ပြီးနောက် ရှောင်လုံ သူ့၏ လက်အောက်ငယ်သားအား အမိန့်ပေးလိုက်သည်။

" သူတို့ကို အရှေ့ဘက်ခန်းမဆောင်ထဲ ခေါ်ခဲ့လိုက် "

စကြာဝဠာအဆင့် လက်အောက်ငယ်သားက လေးစားစွာဖြင့် နားလည်ကြောင်း ပြလိုက်ပြီး ပြန်ဆုတ်သွားလေသည် ။ ရှောင်လုံဆီမှာ  လုပ်စရာကိစ္စများစွာရှိနေကြောင်း တွေ့လိုက် သည့်အခါ ဟောင်မိသားစုကလည်း ရှောင်လုံကို နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။

ရှောင်လုံက အရှေ့ဘက်ခန်းမဆီသို့ ပုံမှန်သာ လမ်း လျှောက်သွားလိုက်သည် ။ ခဏအကြာတွင် စကြာဝဠာအဆင့် လက်အောက်ငယ်သားက အသက်ကြီးကြီး လူနှစ်ယောက်ကို အထဲသို့ ခေါ်ဆောင်လာသည် ။ သူတို့ထဲမှ တစ်ယောက်က အသားဖြူပြီး ပြည့်ဖောင်းကာ နောက်တစ်ယောက်မှာ အရပ်ရှည်ပြီး ပိန်ပါးသည်။

ရှောင်လုံက ဤအကြီးအကဲနှစ်ယောက်နှင့် အဆက်အဆံ မရှိဘူးသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အတွင်းစည်းတပည့် ပြိုင်ပွဲတွင်  သူတို့ နှစ်ယောက်လုံးကို မြင်တွေ့ဘူးသည်။ ထို့ကြောင့် အသားဖြူဖြူနှင့် ခပ်ဝဝလူသည် ဟူယွဲ့ဖြစ်ပြီး ပိန်ခြောက်ခြောက်ကိုယ်နှင့် အရပ်ရှည်သူမှာ လီကျားယုံ ဆိုသည်ကို သူ သိထားသည်။

အကြီးအကဲနှစ်ယောက်ကို အထဲသို့ ပို့ဆောင်ပေးပြီးသည် နှင့် စကြာဝဠာအဆင့် လက်အောက်ငယ်သားလည်း အပြင်ဘက်သို့ ပြန်ထွက်သွားသည်။

ရှောင်လုံက သူတို့နှစ်ယောက်ကို မြင်ချိန်၌ ရှေ့သို့ တိုးပြီး နှုတ်ဆက်ခြင်း မရှိပေ ။ ထိုအစား သူက ခန်းမအတွင်းရှိ ထိုင်ခုံဆီသို့သာ တန်းတန်းမတ်မတ် သွားထိုင်ပြီး မေးလိုက်သည် ။

" အကြီးအကဲနှစ်ယောက်က ဒီနေရာကို ဘာကိစ္စနဲ့ ရောက်လာတယ်ဆိုတာကို မေးလို့ရမလား "

ဤလူနှစ်ယောက်သည် ဝမ်နာ၏လက်အောက် ငယ်သားများ ဖြစ်သည်မို့ သူ့အနေနှင့် မည်သို့သော လောကဝတ်မျိုးမှ ပြသနေစရာမလိုပေ။

သူတို့ရောက်လာခြင်းအပေါ် ရှောင်လုံ၏ မကြိုဆိုဟန် သဘောထားကြောင့် ဟူယွဲ့နှင့် လီကျားယုံ၏ မျက်လုံးထဲတွင် ဒေါသရောင်များ လက်သွားသည်။ ရှောင်လုံက အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ ကျောင်းအုပ်ကြီး ဖုယန်ကို တပည့်ရင်း ဖြစ်သလို တက္ကသိုလ်၏ အထူးတပည့်တစ်ယောက်လည်း ဖြစ်သည်။

အထူးတပည့်တစ်ယောက်အနေဖြင့် တက္ကသိုလ်၏ အကြီးအကဲ ကို လေးလေးစားစား ဆက်ဆံရန် လိုအပ်ပေသည်။

" ဟောင်ရှောင်လုံ...မင်းက တော်တော်ကို ရိုင်းစိုင်းတာပဲ "

လီကျားယုံ က ရှောင်လုံ၏အပြုအမူအပေါ် မခံမရပ်ဖြစ်ပြီး ဟိန်းဟောက် လိုက်သည်။

" မင်းက ငါတို့ အနက်ရောင်သူရဲကောင်းတက္ကသိုလ်ရဲ့ အထူးတပည့် တစ်ယောက်ဖြစ်နေတာတောင် အကြီးအကဲတွေကို ရိုရိုသေသေ ထပြီး နှုတ်ဆက်ဘဲ နေရဲတယ်ပေါ့လေ .... ငါတို့တက္ကသိုလ်ရဲ့ စည်းမျဉ်း အတိုင်း အပြစ်ပေးခန်းမဆောင်မှာ မင်း ကြိမ်ဒဏ် အချက်တစ်ထောင်ကို  သွားခံယူရမယ် "

ထိုစကားကိုကြားသော်လည်း ရှောင်လုံ၏ မျက်နှာ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ ပကတိအတိုင်း ငြိမ်သက်နေသည် ။

" ဒါပဲလား...ကျုပ် မှတ်ထားလိုက်မယ်... ခင်ဗျားတို့မှာ ဘာကိစ္စမှ မရှိရင် ပြန်လို့ရပြီ "

အပြစ်ပေးခန်းမဆောင်၏ အကြီးအကဲသည် မဟာအကြီးအကဲ ပေါင်ရှင်းလွေ့ ဖြစ်ပြီး သူ့ဆရာ ဖုယန်၏  ညာလက်ရုံးသဖွယ် အားကိုးရသူ ဖြစ်သည် ။

လီကျားယုံ၏ ဒေါသက ပေါက်ကွဲထွက်လာကာ ရှောင်လုံကို လက်ညှိုးထိုးလိုက်ပြီး...

"မင်း..."

" တော်လောက်ပြီ "

ဟူယွဲ့က  လီကျားယုံ ကို စကားဖြတ် ပြောလိုက် သည် ။ ထိုနောက် သူက ရှောင်လုံ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

" ဟောင်ရှောင်လုံ... ငါတို့ကလည်း အရေးကြီးကိစ္စသာ မရှိရင် ဒီနေ့ ဒီနေရာကို  လာချင်တာမဟုတ်ဘူး ... ငါတို့ကြားထားတာက မင်း ကောင်းကင်ဝါးမြိုကြယ်စင်ဖြာနတ်ဆေးလုံး တွေ ဖော်စပ်နိုင်စွမ်း ရှိတယ်ဆို "

ရှောင်လုံ၏ မျက်ခုံးများက စိတ်ဝင်စားစွာဟန်ဖြင့် မြင့်တက်သွားသည်။

" အမှန်ပဲ "

မြင့်မြတ်သောဗုဒ္ဓအင်ပါယာ ၊ ကျောင်းရှု၊ ကျန့်ဖူနှင့် အခြားလူများ ကောင်းကင်ဝါးမြိုကြယ်စင် ဖြာနတ်ဆေးလုံးများကို သောက်သုံးပြီး နတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ရောက်ရှိသွားသည့် သတင်းကို အနက်ရောင်သူရဲကောင်း တက္ကသိုလ် တစ်ခုလုံး သိထားကြသည်။ ထိုကြောင့် တက္ကသိုလ်၏ ထိပ်ပိုင်းမှ အကြီးအကဲများ ဤသတင်းကို သိနေသည်မှာ မထူးဆန်းလှပေ။

ရှောင်လုံ ဝန်ခံသည်ကို တွေ့လိုက်ရသည်မို့ ဟူယွဲ့က စကားဆက်လိုက်သည်။

" ကောင်းကင်ဝါးမြိုကြယ်စင်ဖြာနတ်ဆေးလုံး က နတ်ဘုရားတစ်ပိုင်း အဆင့်ကနေ နတ်ဘုရားအဆင့်ကို ချိုးဖျက်နိုင်ဖို့အတွက် အခွင့်အရေး ငါးဆယ်ရာခိုင်နှုန်း တိုးလာစေနိုင်တယ် ...  ငါတို့ တက္ကသိုလ်မှာ သူတို့တစ်ဘဝလုံး အဲ့ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေကြပြီး နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်ကြတဲ့ အရည်အချင်းရှိတဲ့ အပြင်စည်းတပည့်တွေ အများကြီး ရှိနေတယ် ... အဲ့ဒီ ကောင်းကင်ဝါးမြို ကြယ်စင်ဖြာ နတ်ဆေးလုံး နဲ့သာဆိုရင် ငါတို့တက္ကသိုလ်က ပါရမီရှင် အပြင်စည်း တပည့်တွေလည်း နတ်ဘုရားအဆင့်ကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ကြမှာ ... အဲ့ဒီအခါကြရင် ငါတို့ရဲ့ အတွင်းစည်း ကျောင်းသားအရေအတွက်က အခုထက် အဆများစွာ တိုးလာလိမ့်မယ် "

ရှောင်လုံက အေးစက်စွာ ပြုံးလိုက်သည်။

"ပြီးတော့ရော..."

ဤလူနှစ်ယောက်သည် သူတို့၏ ရည်ရွယ်ချက်ကို ဖွင့်ဟမပြလာသေးသော်လည်း ရှောင်လုံက အနည်းနဲ့ အများတော့ ခန့်မှန်းမိနေလေပြီ။

ဟူယွဲ့က ဆက်ပြောလိုက်သည်။

" အဲ့ဒီနည်းနဲ့သာဆိုရင် ငါတို့ တက္ကသိုလ်ရဲ့ စုစုပေါင်းအင်အားကလည်း အကြီးအကျယ် တိုးလာလိမ့်မယ်...အချိန်နည်းနည်းလောက်သာ ယူလိုက်မယ်ဆိုရင် ငါတို့တက္ကသိုလ်က မိုးပြာရောင် နဂါးတက္ကသိုလ်ကို ကျော်ပြီး တက္ကသိုလ်လေးခု ရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်...
အဲ့ဒါကြောင့် မင်းပိုင်ဆိုင်ထားတဲ့  ကောင်းကင်ဝါးမြို ကြယ်စင်ဖြာနတ်ဆေးညွှန်းကို ငါတို့ အနက်ရောင် သူရဲကောင်းတက္ကသိုလ်ဆီ လွှဲပြောင်းပေးသင့်တယ်"

သူ ထင်ထားသည့်အတိုင်း ဖြစ်လာသည်မို့ ရှောင်လုံ နှာခေါင်းရှုံ့လိုက်သည် ။
ကောင်းကင်ဝါးမြိုကြယ်စင်ဖြာ နတ်ဆေးညွှန်းကို အပိုင်စီးရန် အတွက် သူ့တံခါးကို တကယ်ကြီး လာခေါက်နေကြလေပြီ ။

ဆယ်စုနှစ်နှစ်ခုမျှ ကြာမြင့်ပြီးနောက် စုန်းမအိုကြီးဝမ်နာက မစောင့်ဆိုင်းနိုင်တော့ဟန် ရသည် ။ ဤလူနှစ်ယောက် သူ့နေရာသို့လာပြီး ကောင်းကင်ဝါးမြိုကြယ်စင်ဖြာနတ်ဆေးညွှန်း အား လာရောက်တောင်းဆိုရဲခြင်းမှာ  စုန်းမအိုကြီး ဝမ်နာ၏ ခိုင်းစေမှုကြောင့်ပင် ဖြစ်ပေလိမ့်မည် ။ သို့မဟုတ်လျှင် သူတို့ဆီမှာ ဤသို့လုပ်ရဲသည့် သတ္တိရှိမျိုး ရှိမှာမဟုတ်ပေ ။

" ပြီးတော့ရော..ဘာပြောစရာ ရှိသေးလဲ "

ရှောင်လုံ၏ အသံက မာကျောခက်ထန်နေသည်။

ဤသည်ကို မြင်လိုက်သည်မို့ လီကျားယုံက ရှောင်လုံကို ထပ်မံ အပြစ်တင်လိုက်သည်။

" ဟောင်ရှောင်လုံ... အနက်ရောင်သူရဲကောင်း တက္ကသိုလ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကောင်းကင်ဝါးမြိုကြယ်စင်ဖြာနတ်ဆေးညွှန်းကို တက္ကသိုလ်ဆီ ပေးလှူတာက မင်း လုပ်သင့်တဲ့အရာပဲ မဟုတ်ဘူးလား ... အချိန်ကြလာလို့ အပြင်စည်းတပည့်တွေ ကောင်းကင်ဝါးမြိုကြယ်စင်ဖြာနတ်ဆေးလုံး သောက်ပြီး နတ်ဘုရားအဆင့်ကို ချိုးဖျက်နိုင်သွားတဲ့အချိန်ကျ  သူတို့က မင်းကို ကျေးဇူးတင်ကြလိမ့်မယ် "

ရှောင်လုံက နှာခေါင်းရှုံ့ပြီး လှောင်ပြောင် လိုက်သည်။

" ကျေးဇူးတင်ကြမယ် ဟုတ်လား ... အဲ့ဒါဆို
ခင်ဗျားတို့ နှစ်ယောက် အဲ့လောက်ထိ  ကျေးဇူးတင်ခံချင်နေရင် ခင်ဗျားတို့ရဲ့ အမေတွေ၊  အစ်မတွေ ၊ ညီမတွေကို တက္ကသိုလ်ဆီ လှူလိုက်ပါလား  ... အဲ့လိုသာ လှူဒါန်းလိုက်မယ် ဆိုရင် ကျောင်းက တပည့်တွေက ခင်ဗျားတို့ကို အဆုံးမရှိအောင် ကျေးဇူးတင်ကြလိမ့်မယ်  "

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၇၈ ..... ဟောင်ရှောင်လုံကို အပြစ်ပေးခြင်း

ငါတို့ရဲ့ အမေတွေ၊ အမတွေ၊ ညီမတွေကို
အနက်ရောင်သူရဲကောင်းတက္ကသိုလ်ဆီ ပေးလှူရမယ် ဟုတ်လား ......

ထိုစကားကို ကြားသည်နှင့် လီကျားယုံ၏ ဒေါသက ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။

" ဟောင်ရှောင်လုံ... မင်းက သေချင်နေတာပဲ... မင်း ကျောင်းအုပ်ကြီးရဲ့ တပည့်ဖြစ်နေရင်တောင် အကြီးအကဲတွေကို မလေးမစားတဲ့ မင်းလိုတပည့် ကို ငါကိုယ်တိုင် အပြစ်ပေးရလိမ့်မယ် "

ထိုနောက် လီကျားယုံက ရှေ့သို့ ခုန်လွှားလိုက်ပြီး ရှောင်လုံကို လက်ဝါးနှင့် လှမ်းရိုက်လိုက်သည်။

များပြားလှသည့် မိုးပြာရောင်စွမ်းအင်လှိုင်းများက ချောကျိကျိ မိုးပြာရောင် စပါးအုံးမြွေများအဖြစ်သို့ ပြောင်းလဲသွားကြသည် ။ စူးရှသော သွေးရနံ့များကလည်း လေထုထဲတွင် ကြိုင်လှိုင် သွားသည် ။

ဤသိုင်းကွက်သည် အနက်ရောင်သူရဲကောင်း တက္ကသိုလ်၏ ထိပ်တန်းအဆင့် သိုင်းကျမ်းများထဲမှ  တစ်ခုဖြစ်သော မိုးပြာရောင် စပါးအုံး ဝါးမြိုခြင်း လက်သိုင်း ဖြစ်သည် ။ ဤသိုင်းကျမ်းကိုလေ့ကျင့်လိုသူသည်  မြွေတစ်ထောင်လှောင်ကန် ထဲတွင် နေပြီး မြွေပေါင်းစုံ၏ ချီစွမ်းအားများကို စုပ်ယူကာ သူတို့၏ ကိုယ်ပိုင်ချီစွမ်းအားနှင့် ပေါင်းစပ်ပြီးမှသာ အပြည့်အဝ အောင်မြင်သည်ဟု ဆိုနိုင်ပေသည် ။

၎င်းသိုင်းကွက်ကို ကြည့်ပြီး ရှောင်လုံကနှာခေါင်း ရှုံ့လိုက်သည် ။ ရှောင်လုံက မတ်တပ်ထရပ်ရန်ပင် စိတ်ကူးမရှိပေ ။   ထိုင်ခုံ၌သာ ဆက်ထိုင်၍ လက်ပြန်ရိုက်ချက် တစ်ခုဖြင့် တုန့်ပြန်လိုက် လေသည် ။  ကြယ်စင်လှိုင်းများက ခန်းမထဲတွင် ချက်ချင်းဆိုသလို ပေါက်ကွဲ လင်းလက်လာသည်။ ထိုနောက် ရှောင်လုံ၏ လက်မှ ကြယ်စင်များ မွေးဖွားလာသကဲ့သို့ ခန်းမဆောင်တစ်ခုလုံး ကြယ်စုတန်းအဖြစ် ပြောင်းလဲသွားလေ သည်။

ဤသိုင်းသည် ဖုယန် သူ့ကို သင်ပေးထားသည့် ထာဝရ ငွေကြယ်စင် လက်စည်းတံဆိပ် သိုင်းကွက် ပင် ဖြစ်သည်။
ပြင်းထန်စွာ လှည့်ပတ်နေ ကြယ်စင်များမှ  သိပ်သည်းလှသည့် ဖိအားကို ထုတ်ပေါ်လာသည်။ ထိုဖိအားများက မိုးပြာရောင်စပါးအုံးမြွေ၏ ချွဲကျိကျိအရည်များကို အပိုင်းပိုင်းအစစ ကွဲအက်သွားစေသည် ။ ကြယ်ငွေ့တန်းများက ဤမျှနှင့် ရပ်တန့်သွားခြင်း မရှိပေ ။ သူတို့က ဝဲကတော့သဏ္ဍာန် လှည့်ပတ်၍ လီကျားယုံဆီသို့ ဒေါသလှိုင်းလုံးများ အသွင်ဖြင့် တိုးဝင်သွားလေ သည်။

လီကျားယုံလည်း မျက်နှာပျက်သွားသည်။

" မဟာဂဠုန်ငှက် ကိုးကြိမ် ပြောင်းလဲခြင်း "

လီးကျားယုံက သူ့ခန္ဓာကိုယ်အား အလျှင်အမြန် လှည့်ပတ်လိုက်သည်မို့ လေထဲ၌ အရိပ်တစ်ခုအသွင် ဖြစ်သွားသည်။ ထိုအရိပ်များက ထပ်တလဲလဲ ပြောင်းလဲနေသည်မို့ သူ့၏ အစစ်အမှန် တည်နေရာကို တွေ့နိုင်ရန် ခက်ခဲနေသည်။

သို့သော် သူ့၏ ပြောင်းလဲနေဆဲ အရိပ်သည် တစ်စုံတစ်ရာဖြင့် အပြင်းအထန် အရိုက်ခံလိုက်ရသည့်နှယ် ဆန့်ကျင်ဘက် အရပ်ဆီသို့ လွင့်ပျံသွားသည် ။ ဗုန်းခနဲ အသံကျယ်ကြီး မြည်ဟီးသွားပြီး လီကျားယုံ၏ ကိုယ်လုံးသည် ခန်းမထဲရှိ တိုင်များအနက် တိုင်တစ်လုံးရှိရာဆီ ဝင်တိုက်မိသွားသည်။

အရာအားလုံး တိတ်ဆိတ်သွားတော့သည်။

ဟူယွဲ့လည်း လီကျားယုံ၏ အဆုံးသတ်ကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်သွား လေသည်။ သူက လီကျားယုံ၏ အစွမ်းကို ကောင်းကောင်းကြီး သိထားသည် ။

လီကျားယုံသည် နတ်ဘုရားအဆင့် ၇ နောက်ဆုံး အထွတ်အထိပ်အဆင့် သိုင်းပညာရှင် ဖြစ်သည်။ နတ်ဘုရားအဆင့် ၈သို့ ကျော်ဖြတ်ရောက်ရှိရန်နိုင်ကန် အလွန် နီးစပ်နေသူလည်း ဖြစ်သည်။

သို့သော်...

သူက ရှောင်လုံဘက်သို့ လှည့်ကာ တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

" မင်း...မင်းက နတ်ဘုရားအဆင့် ၇ ကို ရောက်နေပြီလား "

နတ်ဘုရားအဆင့် ၇....

ဟောင်ရှောင်လုံက တကယ်ကြီး နတ်ဘုရားအဆင့် ၇ကို ချိုးဖျက်ပြီးသွားပြီလား......

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...မဖြစ်နိုင်ဘူး....'

ဟောင်ရှောင်လုံ အထူးတပည့် ဖြစ်လာသည်မှာ မည်မျှပင် ကြာသေးသနည်း။

နှစ်ပေါင်းသုံးဆယ် မပြည့်ခင် အချိန်းလေးမှာ သူက နတ်ဘုရားအဆင့်၅ ကနေ နတ်ဘုရားအဆင့် ၇ထိ ကျော်ဖြတ်ရောက်ရှိသွားတာလား...။

ဤသည်က နတ်ဘုရားအဆင့်၇ ဖြစ်ပြီး စကြာဝဠာအဆင့် ၇ မဟုတ်ပေ ။

လီကျားယုံက ကြမ်းပြင်မှ ထလိုက်ပြီး  ရှောင်လုံကို အံ့အားသင့်မှင်တက်နေသည့် အမူအရာဖြင့် ငေးကြည့်နေသည်။

ရှောင်လုံက တည်ငြိမ်သော အမူအရာဖြင့် လီကျားယုံကို ကြည့်လိုက်လေသည်။

" ခင်ဗျားက ကျုပ်ကို အပြစ်ပေးချင်တာလား ....
ခင်ဗျားမှာ အဲ့လောက် အရည်အချင်းမရှိမှန်း ရှင်းနေတာပဲ ....လီကျားယုံ...ခင်ဗျားက ခင်ဗျားရဲ့ အမေတွေညီမတွေကို ကျုပ်တို့ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ တပည့်တွေဆီ ပေးလှူဖို့ ဆန္ဒမရှိတာလား.....  အနက်ရောင်သူရဲကောင်း တက္ကသိုလ်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ဒါက ခင်ဗျားလုပ်သင့်တဲ့ အရာပဲလေ"

" ...မင်း..."

လီကျားယုံ၏ ရင်ဘတ်မှာ ဒေါသ၏ ဖိစီးမှုကြောင့် လေးလံသွားရပြီး သူ့လည်ချောင်းထဲမှ ပူနွေးသော အရည်များ လှိမ့်တက်လာလေသည်။

ထိန်းထားနိုင်စွမ်းကင်းမဲ့သွားသည်မို့ ပါးစပ်အပြည့် သွေးအန်သွားတော့သည်။

အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ ဂုဏ်သရေရှိ အကြီးအကဲတစ်ယောက်အနေဖြင့်  တပည့်တစ်ယောက်ကြောင့် သွေးအန်သည်အထိ ဒေါသထွက်ခဲ့သည့် သတင်းစကားသာ အပြင်သို့ ရောက်သွားပါက သူသည် လူတိုင်းအတွက် ရယ်စရာကြီးတစ်ခု  ဖြစ်သွားပေလိမ့်မည် ။

သို့သော် သွေးအန်သည်ထိ ဒေါသထွက်သွားစေကာမူ သူက မည်သည့် တိုက်ခိုက်မှုကိုမှ မလုပ်ရဲတော့ချေ ။
ထိုသို့တိုက်ခိုက်ခဲ့လျှင် ကိုယ်သေတွင်းကိုယ်တူးသလို  ဖြစ်သွားနိုင်မှန်းကို သူနားလည်ထားသည် ။

တစ်ဖက်တွင်လည်း ဟူယွဲ့က ရှောင်လုံကို အေးစက်စက် စိုက်ကြည့်နေလေသည်။

" ဟောင်ရှောင်လုံ... မင်းတော်တော်ကို အထိန်းအကွပ် မဲ့လွန်းနေပြီ ...မင်းက အကြီးအကဲတွေကို အာခံပြီး တက္ကသိုလ်ရဲ့ အကြီးအကဲတစ်ယောက် ကိုတောင် ဒဏ်ရာရစေခဲ့တယ် ... ငါတို့က ဒါကို သေချာပေါက် အစီအရင်ခံလိုက်မှာ ... စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မင်းကို သေချာပေါက် အပြစ်ပေးလိမ့််မယ် ... မင်းကကျောင်းအုပ်ကြီးရဲ့ တပည့်ရင်း ဖြစ်နေတာနဲ့ တက္ကသိုလ်မှာ မင်းလုပ်ချင်တိုင်း လုပ်လို့ရမယ်မထင်နဲ့ ..."

" အကြီးအကဲတွေကို အာခံတယ် ဟုတ်လား "

ထိုစွပ်စွဲချက်ကို ကြားလိုက်ရသည့်အခါ ရှောင်လုံက  ရယ်မောလိုက်သည် ။ သို့သော် သူ့မျက်လုံးထဲတွင် ထက်ရှသည့် အလင်းတန်းတစ်ခု လင်းလက်သွားလေသည်။

" အဲ့လိုဆိုသာဆို ဘာပဲ ဖြစ်ဖြစ် ကျုပ်က အပြစ်ပေးခံရတော့မှာပဲ ... အဲ့တော့ မထူးဘူး အပြစ်ပေးခံရတာနဲ့တန်အောင် တစ်ယောက်ဖြစ်စေ နှစ်ယောက်ဖြစ်စေ ဒဏ်ရာရအောင် လုပ်မှဘဲ ... ဒီကိစ္စမှာတော့ ကျုပ်က ငြိမ်ခံနေမှာမဟုတ်ဘူး "

သူ့စကားဆုံးသည်နှင့် ရှောင်လုံက ဖျပ်ခနဲ ပျောက်ကွယ်သွားလေသည် ။ သူပြန်ပေါ်လာချိန်တွင် ဟူယွဲ့နှင့် ခြေလှမ်းအနည်းငယ်မျှသာ ကွာဟတော့သည်။

ဟူယွဲ့လည်း ကြောင်အမ်းသွားပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။

" သံမဏိလက် "

သူက ရှောင်လုံကို လက်သီးနှစ်လုံးဖြင့် တစ်ပြိုင်တည်း ထိုးနှက်လိုက်သည် ။ သူ့ အကျီလက်စများက အမှုန်အမွှားများအဖြစ် ပေါက်ကွဲသွားပြီး သံမဏိအလွှာတစ်ခု ဖုံးအုပ်ထားသည့်နှယ် သတ္ထုရောင်တောက်နေသည့် လက်မောင်းကြီးနှစ်ခု ပေါ်လာသည်။

ရှောင်လုံ၏ မျက်လုံးများကလည်း အေးစက်နေသည်။ ထိုနောက် သူ့လက်သီးကို သံမဏိရောင်တောင်ပြောင်နေသည့်လက်သီးအား ဦးတည်၍ ပစ်လွှတ်လိုက်သည် ။

ဘုန်း ......

ခန်းမဆောင် ထဲ၌သတ္ထုနှစ်ခုကြား တိုက်မိသွားသည့် အသံကဲ့သို့ ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။

ဟူယွဲ့၏ ကိုယ်က လီကျားယုံ၏ မျက်စိရှေ့မှာပင်  ကြိုးပြတ်သွားသည့်စွန်နှယ် လေထဲသို့ လွင့်ပျံသွားသည်။ ထိုနောက် ခန်းမတစ်လျှောက် လွင့်ပျံသွားပြီး မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည် ။ သူ့လက်မောင်းရှိ အသားများက စုတ်ပြတ်ထွက်ကုန်ပြီး ကျန်ရှိနေသေးသော အသားများဆီမှလည်း သွေးများ မရပ်တန့်နိုင်လောက်အောင် ပန်းထွက်နေလေသည်။

လီကျားယုံ၏ နှလုံးသည် ချောက်နက်ထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရသည်။ ထိုနောက် လီကျားယုံက သူ့အကြည့်ကို ဟူယွဲ့၏ လက်ဆီမှ ရှောင်လုံ၏ လက်ဆီသို့ ပြောင်းကြည့်မိလိုက်သည်။

ဟူယွဲ့က သူ့၏ သံမဏိလက်ကို ထောင်စုနှစ်ကြာအောင် လေ့ကျင့်ခဲ့ပြီး ဖြစ်ကာ မည်သည့်အရာကိုမဆို ကွဲကြေသွားလုနီးပါး စွမ်းဆောင်နိုင်ပေသည် ။ နတ်ပြည်မှသံမဏိသည်ပင် ဟူယွဲ့၏ သံမဏိလက်သီးနှင့် ထိုးနှက်ခံလိုက်ရပါက အထဲသို့ ချိုင့်ဝင်သွားနိုင်သည် ။ သို့သော် ယခုတွင်မူ ဟူယွဲ့၏ သံမဏိလက်မှာ ဟောင်ရှောင်လုံ လက်ချက်ကြောင့် ပျက်ဆီးသွားလေသည် ။

ဟောင်ရှောင်လုံ၏ လက်သီးများက မည်သည့်အရာနှင့် ပြုလုပ်ထားလေသနည်း။

သူ မြင်နေရသည်မှာ ရှောင်လုံ၏လက်များသည် အခြားသူများနှင့် ကွာခြားခြင်း မရှိပေ ။ ထိုအပြင် အနည်းငယ် ဖြူဖွေး ချောမွေ့ကာ  ပို၍ပင် ပျော့ပျောင်းနူးညံ နေသေးသည် ။

ရှောင်လုံက လီကျားယုံ အနီးသို့ ဖြည်းဖြည်းချင်း တိုးကပ်လာသည် ။

လီကျားယုံက သူ့အသိစိတ်ကို ပြန်လည် ထိန်းချုပ် လိုက်ပြီးနောက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။

" ဟောင်ရှောင်လုံ... မင်း ဘာလိုချင်တာလဲ "

ရှောင်လုံက ဖြေကြားခြင်း မရှိပေ။ သူက လီကျားယုံ ရှေ့တွင် ရပ်တန့်လိုက်ပြီး ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။ ထိုနောက် လီကျားယုံကို ခန်းမဆောင်အပြင်ဘက်သို့ ကန်ထုတ်လိုက်သည်။ လီကျားယုံလည်း ဟူယွဲ့၏ ခန္ဓာကိုယ်အနားသို့ ပြုတ်ကျသွားသည် ။

ရှောင်လုံက အရှေ့ဘက်ခန်းမဆောင်ထဲမှ ထွက်လာပြီး အကြီးအကဲနှစ်ယောက်၏ ရှေ့တွင် အေးစက်စက် အမူအရာဖြင့် ရပ်တန့်လိုက်သည်။

" ခင်ဗျားတို့ ပြန်ပြီးတော့ စုန်းမကြီးဝမ်နာကို ပြောလိုက် ...သူ ကောင်းကင်ဝါးမြိုကြယ်စင်ဖြာ
နတ်ဆေးညွှန်းကို လိုချင်တယ်ဆိုရင် အခြေအနေ တစ်ခုမှာ ကျုပ် သူ့ကို ပေးနိုင်တယ်...ဒါပေမယ့် သူရဲ့ အဲ့ဒီနေရာကို အနက်ရောင်သူရဲကောင်း တက္ကသိုလ် က တပည့်အားလုံးအတွက် ပေးလှူပေးရမယ်လို့ပြောလိုက် "

ထိုနေရာ .....

ရှောင်လုံဆိုလိုသည့် " အဲ့ဒီနေရာ " ၏ အဓိပ္ပါယ်ကို ဟူယွဲ့နှင့် လီကျားယုံတို့ အပြည့်အဝ နားလည်သွားချိန်၌ သူတို့ရင်ထဲမှာ အံ့သြခြင်း၊ တုန်လှုပ်ခြင်း၊ ဒေါသထွက်ခြင်းတို့ကို တပြိုင်နက် ဖြစ်ပေါ်လာသည်။

" ထွက်သွားကြစမ်း "

ရှောင်လုံ၏ မျက်လုံးများက သူတို့ကို လှီးဖြတ်ပစ်တော့မည့် ဓားထက်ထက်နှယ် ထက်ရှနေလေသည်။

ရှောင်လုံစကားကြားသည့်အခါ ဟူယွဲ့နှင့်လီကျားယုံ တို့လည်း တုန့်ဆိုင်းမနေရဲတော့ပေ။ လီကျားယုံတို့လည်း နောက်ကျသောခြေထောက် သစ္စာဖောက်ဆိုသည့်ပုံစံဖြင့် အသက်ဘေးမှ လွတ်မြောက်နိုင်ရန် လှစ်ခနဲနေအောင် သုတ်ခြေတင်၍ ထွက်ပြေးကြသည် ။

ဟူယွဲ့နှင့်လီကျားယုံတို့သည် ရွှေရောင်နဂါးတောင်ထွတ်မှ ပြေးထွက်လာပြီးနောက် သူတို့နေရာဆီသို့ ပြန်မသွားကြပေ ။ ထိုသို့ပြန်မည့်အစား သူတို့က ဝမ်နာရှိရာ ဝူဟွမ်တောင်ထိပ်သို့ သွားလိုက်ကြသည် ။ ဝမ်နာကို မြင်သည်နှင့် သူတို့က ခါးသက်သက် ညည်းတွားလိုက်ကြသည်။

" အဲ့ဒီ ကလေကချေကောင် ဟောင်ရှောင်လုံက တကယ့်ကို စည်းမဲ့ကမ်းမဲ့ ပြုမူနေတာပဲ ... သူက ကျုပ်တို့လို အကြီးအကဲတွေကိုတောင် တိုက်ခိုက်လိုက်တယ်  .... ကျောင်းအုပ်ကြီး... ခင်ဗျား ဒီကိစ္စကို မဟာအကြီးအကဲတွေဆီ သေချာပေါက် တိုင်တန်းပြီး ဟောင်ရှောင်လုံကို အပြစ်ပေးရမယ် "

ဟူယွဲ့က ဒေါသဖြင့် အော်ဟစ်ပြောလိုက်လေသည်။

" အဲ့ဒါအမှန်ပဲ...ဟောင်ရှောင်လုံက ကျုပ်တို့ကို တကယ့်ကို အာခံ ရဲတယ် "

လီကျားယုံလည်း ဒေါသထွက်စွာဖြင့် ထောက်ခံလိုက်သည်။

"  ဖုယန်ရဲ့ တပည့်ဖြစ်နေတယ်ဆိုတာနဲ့ဘဲ သူ့ကိုအခုလို ဆက်ပြီး စည်းမဲ့ကမ်းမဲ့ လုပ်ခွင့်မပြုနိုင်တော့ဘူး "

ဝမ်းနည်းဖွယ်ရာအခြေအနေနှင့် ပြန်ရောက်လာသော အကြီးအကဲနှစ်ယောက်ကို  မြင်လိုက်ရသည့် အခါ ဝမ်နာလည်း တုန်လှုပ်သွားသည်။

ဟောင်ရှောင်လုံက နတ်ဘုရားအဆင့် ၇ကိုတောင် ရောက်ရှိသွားပြီးလား ။

ထို့ပြင် ဟူယွဲ့ နှင့် လီကျားယုံတို့သည်ပင် သူ့၏ ပြိုင်ဘက်များ မဟုတ်ကြပေ ။ သူတို့နှစ်ဦးသည် နတ်ဘုရားအဆင့် ၇ နောက်ဆုံးအဆင့် နှင့် နတ်ဘုရားအဆင့် ၇ နောက်ဆုံး အထွတ်အထိပ် အဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။

" မင်းတို့နှစ်ယောက် ပြန်လိုက်ကြ...ဒီကိစ္စကို ငါ ဘယ်လိုကိုင်တွယ်ရမလဲ သိပြီ "

ဝမ်နာက တည်ကြည်လေးနက်သည့် အမူအရာဖြင့် သူတို့နှစ်ယောက်ကို ပြန်ခွင့်ပြုလိုက်သည် ။

ဟူယွဲ့နှင့်လီကျားယုံတို့လည်း ဝမ်နာ အမိန့်ကိုတော့ မလိုက်နာဘဲ မနေရဲကြပေ ။ ဝမ်နာကို အရိုအသေ ပေးပြီးနောက် သူတို့နှစ်ယောက်လုံး ပြန်သွားကြသည် ။ ရှောင်လုံပြောခဲ့သည့် ဝမ်နာ၏ 'ထိုနေရာ'ကို အနက်ရောင်သူရဲကောင်း တက္ကသိုလ်မှ တပည့်များဆီ ပေးလှူရမည် ဆိုသည့်စကားကိုမူ  သူတို့နှစ်ယောက်လုံး ထုတ်မပြောရဲကြချေ။

ခန်းမဆောင်ထဲမှ သူတို့နှစ်ယောက် ထွက်သွားပြီး နောက် ဘေးဘက်တွင် ရပ်နေသည့် မဟာအကြီး အကဲလျိုက အေးစက်စက်လေသံဖြင့် ပြောလိုက် သည်။

" ဒီကလေးရဲ့ တိုးတက်မှုနှုန်းက အရမ်းကို ကြောက်ဖို့ကောင်းတယ် ...ကျုပ်တို့ သူ့ ဒီထက်ပိုပြီး သန်မာလာတာကို စောင့်နေလို့မဖြစ်တော့ဘူး ... မဟုတ်ရင် နောက်နှစ်ပေါင်းနှစ်ရာကြာတဲ့အခါ အကောင်အထည်ဖော်မယ့် ကျုပ်တို့ရဲ့ အစီအစဉ်တွေမှာ သူက အကြီးမားဆုံး အတားအဆီးကြီး ဖြစ်လာလိမ့်မယ် "

နောက်ထပ် မဟာအကြီးအကဲ တစ်ဦးဖြစ်သည့် ချီပေါင်ဝမ်ကလည်း ဝင်ပြောလိုက်သည် ။

" ဖုယန် သူ့ကို ကာကွယ်ပေးပုံနဲ့ဆိုရင် ကျုပ်တို့ ဒီကောင်လေးကို အပြစ်ပုံချပြီး သတ်ဖြတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ... အဲ့ဒါအပြင်...ဒီ မကောင်းဆိုးရွားလေးကို ဟိုမကောင်းဆိုးဝါး အဘိုးကြီးကလည်း အရမ်းကို မျက်စိကျနေတာ ... ဒီမွန်းစတားလေး ဘာလို့ အဲ့လောက်ထိ ကံကောင်းနေလဲဆိုတာ ကျုပ် တကယ်ကို စဉ်းစားလို့မရဘူး "

ဝမ်နာက ခက်ထန်စွာ အမိန့်ပေးလိုက်လေသည်။

" ကျွန်မ အမိန့်ကို အမိန့်ထုတ်ပြန်လိုက် ... ဟောင်ရှောင်လုံ ရဲ့ အပြစ်ဒဏ်အတွက် မဟာအကြီးအကဲတွေအားလုံး စုဝေးပြီး
ဆွေးနွေးပွဲ ကျင်းပကြမယ် "

( သူ့ငယ်သားများက ဝမ်နာကို ကျောင်းအုပ်ကြီးဟု ခေါ်ရခြင်းမှာ နောက်တက်လာမည့် ကျောင်းအုပ်နေရာကို ဝမ်နာသာရမည်ဟု ယုံကြည်ချက်လွန်လဲနေသောကြောင့် ဖြစ်သည် ... ဤကားစကားချပ် )

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၇၉ ..... အကြီးအကဲ ရာထူးသို့ တိုးမြှင့်ပေးခြင်း

" ဟောင်ရှောင်လုံကို အပြစ်ပေးဖို့လား "

လျှိုယု၊ ချီပေါ်ဝမ်နှင့် အခြား မဟာအကြီးအကဲ အနည်းစုတို့က သံသယအပြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ခွကျကျ အဘိုးကြီး ဖုယန်၏ ရှောင်လုံအပေါ် ကာကွယ်ပေးပုံနှင့်သာ ဆိုလျှင် သူတို့က မဟာအကြီးအကဲ အားလုံးကို ဆွေးနွေးပွဲ အတွက် စုစည်းစေချင်နေလျှင်တောင်မှ ရှောင်လုံကို အပြစ်ပေးနိုင်ရန် အခွင့်အရေး နည်းပါးလှသည်။

ဤအရာကို ဝမ်နာ နားမလည်သည်မှာ မဖြစ်နိုင်ပေ။ သို့သော် သူမက ဤအရာကို သိရှိပြီးထိတိုင် မဟာအကြီးအကဲများ ဆွေးနွေးပွဲ ဆက်လုပ်ချင်နေ သေးသည်လား....

သို့မသ်ာလည်း မဟာအကြီးအကဲများက သူတို့၏ သံသယကို ထုတ်ဖော်မပြောရဲပါပေ။ သူတို့အနေဖြင့် ဝမ်နာ၏ အမိန့်အတိုင်း လိုက်နာရန်သာ ရှိပေသည်။

အချိန်နှစ်ရက်က ကုန်ဆုံးသွားသည်။

ရှောင်လုံက သူ့၏ ဆေးဖော်စပ်သည့် စွမ်းရည်ကို လေ့ကျင့်နေချိန်စဉ် သူ့ဆရာ ဖုယန် ရောက်ရှိလာသည်။

ဖုယန်က ပေါ့ပေါ့ပါးပါးပင် ဆေးဖော်စပ်နေသည့် ရှောင်လုံကို တွေ့လိုက်ရသည်မို့  လက်ညှိုးထိုးလိုက်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။

" ကောင်လေး...မင်းက ဟိုကစား ဒီကစား လုပ်နေတဲ့အထိ စိတ်အခြေအနေကောင်း တုန်းပဲလားကွ "

ဤသည်ကို ကြားလိုက်သည်နှင့် သူ့ဆရာရောက်လာရခြင်းမှာ လွန်ခဲ့သော နှစ်ရက်က ဟူယွဲ့နှင့်လီကျားယုံ တို့ကို သူ ဒဏ်ရာရစေလိုက်သည့် ကိစ္စနှင့် ပတ်သတ်နေကြောင်း ရှောင်လုံ သိလိုက်သည်။

"  စုန်းမကြီးဝမ်နာက အဲ့ဒီကိစ္စကို အခုထိ အခဲမကျေဖြစ်နေပြီးတော့ လက်လွှတ်ဖို့ ဆန္ဒမရှိသေးဘူးလား "

ရှောင်လုံက မေးလိုက်သည်။

ထိုနောက် သူတို့ဆရာတပည့်နှစ်ယောက်သား အဓိကခန်းမဆောင်ထဲတွင် ထိုင်လိုက်ကြသည်။
ကျောင်းအုပ်ကြီးဖုယန်က ခေါင်းငြိမ့်ပြလိုက်သည်။

" မနေ့က တက္ကသိုလ်ရဲ့ မဟာအကြီးအကဲတွေစုဝေးပြီး ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပြီးတော့ အဲ့ဒီမှာ စုန်းမကြီးဝမ်နာက... မင်း နောက်ခံကို အားကိုးပြီး အကြီးအကဲတွေကို အာခံပြီးတော့ ဟူယွဲ့နဲ့ လီကျားယုံတို့ကို ဒဏ်ရာရစေခဲ့တယ်လို့ တိုင်တန်းခဲ့တယ် ... တက္ကသိုလ်ရဲ့ စည်းမျဉ်းအရ မင်းကို အတွင်းစည်းတပည့်အဖြစ်ကနေ ရုတ်သိမ်းဖို့အပြင် တပည့်အားလုံး အရှေ့မှာ ကွပ်မျက်ဖို့ကိုလည်း သူက အတင်းအကြပ် တောင်းဆိုခဲ့သေးတယ်ကွ..."

ရှောင်လုံက အေးစက်စက် ရယ်မောလိုက်သည်။

" အဲ့ဒီ စုန်းမကြီးဝမ်နာက ကောင်းကင်ဝါးမြိုကြယ် စင်ဖြာနတ်ဆေးညွှန်း အကြောင်းကိုရော မပြောခဲ့ဘူးလား?"

တက္ကသိုလ်ကျောင်းအုပ်ကြီး ဖုယန်က ပြောလိုက်သည်။

" ပြောတာပေါ့ကွ...ဒါပေမဲ့ သူပြောတဲ့ ပုံစံကကြတော့ ဟူယွဲ့ နဲ့ လီကျားယုံ တို့က မင်းဆီကို လာပြီး ကောင်းကင်ဝါးမြိုကြယ်စင်ဖြာနတ်ဆေးညွှန်းကို အနက်ရောင်သူရဲကောင်းတက္ကသိုလ်ဆီ မျှဝေပေးဖို့အတွက် အသာတကြည် လာရောက် ဆွေးနွေးတယ်တဲ့ ... ဒါပေမယ့် မင်းက အဲ့ဒါကို ဒေါသထွက်ပြီး သူတို့ကို တိုက်ခိုက်တယ်လို့ ပြောတာ "

ရှောင်လုံ နှာခေါင်းရှုံ့လိုက်လေသည်။

" အဲ့ဒီ စုန်းမကြီးရဲ့ အလိမ်အညာ စွမ်းရည်ကတော့ တကယ့်ကို လေးစားစရာပဲ ... တကယ်တော့  လီကျားယုံက စပြီးတိုက်တာပါ...နောက်ပြီး ဝမ်နာက အနက်ရောင်သူရဲကောင်းတက္ကသိုလ်ရဲ့ နာမည်ကိုသာ ဗန်းပြတာပါ ... ဆေးညွှန်းကို တကယ်တမ်းလိုချင်နေတဲ့လူက သူဆိုတာ ကျွန်တော် သေချာပေါက် သိနေတယ် ...တကယ်ဆို တက္ကသိုလ်ကို အကျိုးပြုနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေတာပဲ...သူတကယ် အကျိုးပြုချင်တဲ့ဆိုရင် သူ့ခန္ဓာကိုယ်နဲ့ရင်းပြီး ပေးဆပ်လို့ရတာပဲ .... သူ့ခန္ဓာကိုယ်နဲ့ တပည့်အများကြီးရဲ့ ဖိအားတွေကို လျှော့ချ သင့်တယ် ...အဲ့လိုသာဆို သူ့ကိုလူတိုင်းက ကျေးဇူးတင်ကြမှာ  "

ဖုယန်လည်း သောက်နေသည့် လက်ဖက်ရည်ကိုပင် ထွေးထုတ်မိလုနီးပါး ဖြစ်သွားရပြီး အားရပါးရ ရယ်မောလိုက်သည်။

" ဟားဟား သိပ်ကောင်းတဲ့ စကားပဲ ...မင်း ပြောတာ မှန်တယ်...ပြောရမယ်ဆိုရင် သူရဲ့ အဲ့ဒီနေရာက ကျောင်းဝူဟွမ် ကို ရော်ပြီးသားပဲ..... သူအတွက်တော့ တတက်စားလည်း ကြက်သွန်ပဲ မထူးတော့ဘူးလေ .. လက်ထောက်ကျောင်းအုပ်တစ်ယောက်အနေနဲ့ ငါတို့ တက္ကသိုလ် ရဲ့ တပည့်တွေကို ဖျော်ဖြေပေးတာပဲ တစ်ခုခုတော့လုပ်ပေးသင့်တယ် ... ငါနောက်ကျမှ သူ့ကို အကြံပေးကြည့်လိုက်မယ် "

ရှောင်လုံ လက်ဖက်ရည် သီးပြီး ချောင်းဆိုးရသည့် အလှည့် ပြန်ရောက်သွားသည်။

ခဏကြာပြီးနောက် ဖုယန်က မျက်နှာတည်သွားပြီး လေးနက်စွာ ပြောလိုက်သည်။

"အတိအကျပြောရရင် စုန်းမကြီးဝမ်နာရဲ့ တကယ့် ရည်ရွယ်ချက်က ကောင်းကင်ဝါးမြိုကြယ်စင်ဖြာ နတ်ဆေးညွှန်း မဟုတ်ဘူးကွ...သူက  ဟူယွဲ့နဲ့လီကျားယုံ တို့ကို လွှတ်ပြီး မင်းရဲ့ အမှားတွေကို တမင်သက်သက် ရှာခိုင်းတာ... အဲ့ဒီကိစ္စကို ငါ သေသေချာချာ ကိုင်တွယ်လိုက်နိုင် ပေမယ့် မဟာအကြီးအကဲတွေဘက်မှာ မင်းနဲ့ ပတ်သတ်ပြီးတော့ မကြေနပ်ချက်တွေ ရှိလာနေပြီ "

" အရင်တစ်ခေါက် ကျောင်းယုနဲ့ဖြစ်တဲ့ ကိစ္စက အဆင်ပြေပေမယ့် ဒီတစ်ခါက နည်းနည်း ကွဲတယ်... ပြောရရင် ဟူယွဲ့နဲ့လီကျားယုံ တို့က တက္ကသိုလ်ရဲ့ အကြီးအကဲတွေလေ...ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မင်း သူတို့ကို တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့တာကတော့ အမှန်ပဲ...အဲ့ဒါကြောင့် မဟာအကြီးအကဲ တစ်ချို့က မင်းကို မကြေမနပ်ဖြစ်နေကြတယ် "

ရှောင်လုံ၏ မျက်ခုံးနှစ်ဖက်က နဖူးထိတိုင် မြင့်တက်သွားလေသည် ။

" အဲ့ဒီစုန်းမကြီးက နောက်ပိုင်းကျရင်လည်း ဒီလိုမျိုး အဖြစ်အပျက်တွေနဲ့ ပြဿနာတွေ ဆက်ဖြစ်အောင် လုပ်လောက်အုန်းမှာဘဲ... ဒီတော့ မင်းက သေချာပေါက် ဂရုစိုက်ရမယ် "

ဖုယန် ခဏမျှ တွေးတောလိုက်ပြီးနောက် သူ့ အတွေးတစ်ခုကို ထပ်ပြောလိုက်သည်။

" ပုံမှန်အခြေအနေအတိုင်းသာ ဆိုရင် တက္ကသိုလ်ကျောင်းအုပ် အသစ် ရွေးချယ်ပွဲကို အဆင့်မြင့်နတ်ဘုရားတွေရဲ့ သိုင်းပြိုင်ပွဲပြီးမှ လုပ်ရမှာ ...ဒါပေမယ့် အဲ့ဒါက အတိအကျကြီးတော့ မဟုတ်ဘူး... ငါက တက္ကသိုလ်ကျောင်းအုပ်ကြီး အနေနဲ့ မင်းကို ကာကွယ်ပေးမယ်ဆိုရင် စုန်းမကြီးဝမ်နာက အဲ့ဒီ အခြေအနေကို ကောင်းကောင်း အသုံးချပြီး အဆင့်မြင့်နတ်ဘုရားတွေရဲ့ သိုင်းပြိုင်ပွဲ မစခင် ငါ့နေရာကို စွန့်လွှတ်ခိုင်းဖို့အထိ တွန်းအားပေးလာလိမ့်မယ် "

မျက်လုံးထဲတွင် စူးရှရှ အလင်းတစ်ချက်  ဖြတ်ပြေးသွားသော်လည်း ရှောင်လုံကက တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သို့သော် သူက သူ့ဆရာ ဖုယန် ဘာပြောချင်နေသည် ကို နားလည် သဘောပေါက်ပေသည် ။ စုန်းမအိုကြီး၏ အဓိကရည်ရွယ်ချက်သည် သူ့ဆရာကို အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ ကျောင်းအုပ် ရာထူးအား စွန့်လွှတ်ကန် ဖိအားပေးလိုခြင်းပင် ။ ဝမ်နာသာ ကျောင်းအုပ်နေရာကို  အောင်အောင်မြင်မြင်နှင့် ရရှိသွားလျှင် ရှောင်လုံကို သတ်ဖြတ်ရန်မှာ ပုရွက်ဆိတ် တစ်ကောင်ကို သတ်ဖြတ်သကဲ့သို့ လွယ်ကူသွားပေလိမ့်မည်။

သူ့ဆရာ ပြောသည့် တခြားအကြောင်းဖြစ်သော မဟာအကြီးအကဲအချို့က သူ့ကို သဘောမကျ ဆိုသည်မှာလည်း ထိုမဟာအကြီးအကဲအများစု သည် ဝမ်နာ၏ အဖွဲ့ထဲသို့ဝင်ရန် စိတ်ယိုင်နေပြီဟု ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည် ။

ဤအခြေအနေတိုင်းဆက်သွားနေလျှင် ဖုယန်အတွက် အကျိုးမရှိနိုင်ပေ။

"ဒါပေမယ့် အဲ့ဒီကိစ္စတွေကို မင်းအများကြီး စိုးရိမ်နေစရာ မလိုပါဘူး..."

ဖုယန်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

" ကျောင်းအုပ်ကြီး နေရာကို စောစော လိုချင်နေရင် ငါ  သဘောတူလား မတူဘူးလား ဆိုတာ အဲ့ဒီစုန်းမ အရင်လာမေးသင့်တယ်... ဒယပေမယ့် နောက်ပိုင်းကျရင်တော့ မင်းရဲ့ အပြုအမူကို ဂရုစိုက်ကွာ...သူမမှာ မင်းကို တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက် မရှိသရွေ့ အဆင်ပြေပါတယ် "

ထို့နောက် စကားခေါင်းစဉ်ကို ရှောင်လုံ၏ လက်ရှိ နတ်ဘုရားအဆင့် ၇ ချိုးဖျက်နိုင်ခြင်း ကိစ္စဆီသို့ ရွှေ့လိုက်ကြသည်။ ဒီသတင်းက ဖုယန်ကို မျှော်လင့်ထားသည့်အတိုင်း ပျော်ရွှင်သွားစေပြီး ချီးကျူးစကားများစွာ ပြောဆိုလာစေသည်။
ခဏကြာပြီးနောက် ဖုယန် ပြန်သွားသည်။

သူ့ဆရာ ပြန်သွားသည်နှင့် ရှောင်လုံ လေးလေးနက်နက် စဉ်းစားနေမိသည်။

စုန်းမအိုကြီးဝမ်နာက လမင်းဆင်းသက်ခြင်း အဘိုးအို နှင့် ကျောင်းအုပ်ကြီး ဖုယန်တို့ကိုပင် အလေးမထားတော့ဟန်ဖြင့် သူ့ကို ဤကဲ့သို့ ပေါ်တင် တိုက်ခိုက်လာသည် ။ သူမ၏နောက်ကွယ်တွင်  သန်မာသည့် နောက်ခံတစ်ခု ရှိနေနိုင်သည် ။

" ကြည့်ရတာ ငါ့ရဲ့ အဆင့်အတန်းကို နည်းနည်းလောက် မြှင့်တင်ဖို့ လိုနေပြီ  ..."

ရှောင်လုံက အသက်ရှုလိုက်ပြီးနောက် ရေရွတ်လိုက်သည်။

သူ့၏ လက်ရှိ နတ်ဘုရားအဆင့် ၇ စွမ်းအားနှင့်သာ ဆိုလျှင် အထူးတပည့်အဖြစ်မှ အကြီးအကဲ အဖြစ်သို့ အဆင့်တိုးရန် အရည်အချင်း ပြည့်မီနေလေပြီ ။ အကြီးအကဲ အဆင့်အတန်း နှင့်ဆိုလျှင် စုန်းမအိုကြီးဝမ်နာက သူအား လာရှုပ်ချင်လျှင်ပင် တခြားနည်းလမ်းများကို ရှာဖွေရပေလိမ့်မည် ။

တကယ့်အရေးပါသည့် အချက်က သူ့၏ ကိုယ်ပိုင်စွမ်းအားပင် ဖြစ်သည် ။ သူသာ နတ်ဘုရားအဆင့် ၁၀ ကို ကျော်ဖြတ်နိုင်ခဲ့ပါက နဂါးအင်ပါယာ အောင်းတိုင်ရီ၏ အကူအညီမပါလျှင်ပင် မဟာနတ်ဘုရား စဦး အဆင့်ရှိ စုန်းမအိုကြီးဝမ်နာမှာ သူ့အား သတ်နိုင်စွမ်း ရှိတော့မည်မဟုတ်ကြောင်း ရှောင်လုံ ယုံကြည်ထားသည် ။

အတွင်းစည်းတပည့်မှ အထူးတပည့် ဖြစ်ရန်အတွက် အရည်အချင်စစ်ပြိုင်ပွဲတွင် အဆင့် ၁မှ ၁၀ အတွင်း ရေရှိရန် လိုအပ်သည် ။ သို့သော် နတ်ဘုရားအဆင့် ၇သို့ ရောက်ရှိသွားလျှင် အထူးတပည့် မှ အကြီးအကဲအဖြစ် အလိုလို အဆင့်တိုး သွားမှာဖြစ်သည်။

ရှောင်လုံက သူ အကြီးအကဲ ဖြစ်ပြီးနောက်  ရှီရှောင်ဖေးရှိရာ မြောက်ဘက်ရေခဲကမ္ဘာဆီ သွားရန် ဆုံးဖြတ်ထားသည် ။

သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် ခွဲခွာပြီးကတည်းက နှစ်ပေါင်းနှစ်ဆယ်သည် မျက်စိတမှိတ်အတွင်း ကုန်လွန်သွားသကဲ့သို့ မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့သည် ။ ရှောင်လုံ၏ တွက်ချက်မှုအရ ယခုဆိုလျှင် ရှောင်ဖေးအနေဖြင့် လမင်းဆင့်ခေါ်ခြင်းကာရန် သိုင်းကျမ်း၏ တတိယကျင့်စဉ်သို့ ရောက်နေလောက်ပြီ ဖြစ်သည်။ ထိုအဆင့်သို့ရောက်ရှိသွားလျှင် သူမ၏ သန့်စင် ဗုဒ္ဓဉာဏ်အလင်းရ ခန္ဓာကိုယ်လည်း နိုးထလာမည် ဖြစ်သည် ။ ဤသို့နိုးထပြီးပါက ရှီရှောင်ဖေးအနေနှင့် လမင်းသစ်နယ်မြေတွင် ဆက်လက်ကျင့်ကြံနေစရာ အကြောင်း မရှိတော့ပေ  ။

နောက်ထပ် ခြောက်ရက်တာ ထပ်မံ ကုန်ဆုံးသွားသည်။

ရှောင်လုံက အဆင့်ငါး နတ်ဘုရားဦးခေါင်းထဲမှ နတ်ဘုရားအင်အားနှင့် နတ်ဘုရား၏နိယာမ အားလုံးကို စုပ်ယူလိုက်သည်။ ထိုကြောင့် နတ်ဘုရားဦးခေါင်းသည်လည်း အမှုန်အစအဖြစ် ပြောင်းလဲကာ ကမ္ဘာပေါ်မှ ထာဝရ ပျောက်ကွယ် သွားတော့သည် ။ နတ်ဘုရား ဦးခေါင်းအတွင်းမှ စွမ်းအားများကို စုပ်ယူပြီးနောက်  နတ်ဘုရားအဆင့် ၇သို့ ရောက်ရှိနေသော ရှောင်လုံ အတွင်းအားများ မှာလည်း တည်ငြိမ်သွားခဲ့လေပြီ ။

ရှောင်လုံ ရွှမ်းမီဘုရားကျောင်းအတွင်းမှ ထွက်လာပြီးနောက် အနီရောင်မျောလွင့်ခန်းမဆောင်သို့ သွားပြီး အကြီးအကဲ ရာထူးကိုရယူရန် ဆုံးဖြတ်လိုက်သည်။

အနီရောင်မျောလွင့်ခန်းမဆောင်သည် အနီရောင်မျောလွင့်ဒေသ၏ အလယ်ပိုင်းတွင် တည်ရှိသည့် ကြီးမားသော အနီရောင်မျောလွင့် တောင်ကြီး၏ ထိပ်ဖျားတွင် တည်ရှိသည် ။ ထိုခန်းမဆောင်သည် အထူးတပည့်များ အကြီးအကဲ အဖြစ် အဆင့်တိုးခြင်း ၊ ကျောင်းသားများ အလုပ်တာဝန် လက်ခံခြင်း နှင့် အခြား များစွာသော ကိစ္စများစွာကို တာဝန်ယူကိုင်တွယ်နေသည့် နေရာတစ်ခုဖြစ်သည်။

နတ်တောင်ရွှမ်းမီမှ ထွက်လာသည့် ရှောင်လုံတစ်ယောက် ရွှေရောင်နဂါးတောင်ထွတ်ပေါ်တွင် ဖျပ်ခနဲ ပေါ်လာသည်။ ထိုနောက် အနီရောင်မျောလွင့်ခန်းမ ရှိရာသို့ ဦးတည်၍ ပျံသန်းသွားသည် ။

နှစ်နာရီမျှ ကြာပြီးနောက် အနီရောင်မျောလွင့်ခန်းမ ဆီသို့ ရှောင်လုံ ရောက်ရှိသွားသည်။

အနီရောင်မျောလွင့်ခန်းမဆောင်ထဲသို့ ရှောင်လုံ  ခြေချလိုက်သည် တခဏတွက် ဆူညံနေသည့် ခန်းမဆောင်ကြီးတစ်ခုလုံး တမဟုတ်ချင်း တိတ်ဆိတ် ငြိမ်သက်သွားလေသည် ။ ရာပေါင်းများစွာသော အထူးတပည့်များသည် သူတို့၏ အလုပ်တာဝန်များကို လက်ခံခြင်း သို့မဟုတ် တာဝန်များ ပြီးဆုံးကြောင်း အစီအရင်ခံခြင်း များ ပြုလုပ်နေကြစဉ် ထူးခြားသောခံစားချက်တစုံတရာကြောင့်  အပေါက်ဝဆီ ရုတ်တရက် လှည့်ကြည့် မိလိုက်ကြသည် ။

" ဟောင်ရှောင်လုံ "

ကျောင်းသားတစ်ယောက်၏ ပါးစပ်မှနေ၍ လွှတ်ခနဲ အကျယ်ကြီး ထွက်သွားသည်။

အသံကြားရသည့်နေရာကို ကြည့်လိုက်သည့်အခါ ရှောင်လုံလည်း အံ့အားသင့်သွားသည် ။ ထိုလူမှာ တခြားသူမဟုတ်ပေ ။  ဖန်ကျားအဖွဲ့အစည်းမှ ဒုခေါင်းဆောင် လီမင် ဖြစ်သည်။လီမင်သည် တချိန်က ဖန်ဟိုင်ချန်း၏ အမိန့်ဖြင့်  ရွှေရောင်နဂါး တောင်ထွတ်သို့ လာပြီး  ရှောင်လုံကို ပန်ဟိုင်ချန်းက တွေ့ချင်နေကြောင်း လာပြောခဲ့သူဖြစ်သည် ။

ပန်ဟိုင်ချန်း၏ ဖိတ်ခေါ်မှုကို မည်သူကမှ မငြင်းပယ်ရဲကြောင်း ထိုအချိန်က မောက်မာ ထောင်လွှားစွာဖြင့် ပြောခဲ့သေးသည်။

အဆုံးတွင် ရှောင်လုံလက်ချက်ဖြင့် အမြီတန်းနေအောင် ထွက်ပြေးသွားရသူ ဖြစ်သည်။

လီမင်၏ဘေးတွင် ကျားဝတ်စုံကိုဝတ်ထားပြီး သာမန်ထက် ပိုမိုလွန်ကဲသော အရှိန်အဝါတို့ ဖြာထွက်နေသည့် လူငယ်တစ်ယောက် ရှိနေသည်။ သူ့ဝတ်စုံပေါ်ရှိ ကျားတံဆိပ်မှာ အရည်အသွေး ကောင်းမွန်စွာဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

ထိုလူငယ်သည် ထိပ်တန်း အထူးတပည့် ငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဖန်ဟိုင်ချန်းပင် ဖြစ်ပေလိမ့်မည်။

ရှောင်လုံက ဖန်ဟိုင်ချန်း၏ အကြောင်းကို အစကတည်းက ကြားဘူးနေသော်လည်း အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးပေ။
ဤနေ့မှာတော့ မမျှော်လင့်စွာဖြင့်  ပန်ဟိုင်ချန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၈၀ ..... အသက်ကြီးမှ ရိုက်နှက်ခံချင်တယ်ပေါ့လေ

လီမင်ပါးစပ်မှ ရုတ်ခြည်း ထွက်ပေါ်လာသော အသံကို ကြားလိုက်ရချိန်တွင် ပန်ဟိုင်ချန်းတစ်ယောက် သိသိသာသာပင် တုန်ယင်သွားသည် ။ ထိုသို့ တုန်ယင်သွားပြီးနောက် ဖန်ဟိုင်ချန်က  ရှောင်လုံ ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည် ။

သူတို့နှစ်ယောက်၏ မျက်လုံးများက လေထုအလယ်တွင် ထပ်တိုက်တွေ့ဆုံတွေ့သွားကြသည် ။ သူတို့အကြည့်ဆီမှ မမြင်နိုင်သော စွမ်းအားချင်း ပြိုင်ဆိုင်နေကြသည်။ ထိုစွမ်းအားများကြောင့် ခန်းမဆောင်ထဲတွင် ဖိအားရပ်ဝန်းများ ဖြစ်တည်လာနေသည်မှာ ဆွဲဆန့်ထား၍ အချိန်မရွေး ပြတ်တောက်သွားနိုင် သည့် ကြိုးတစ်ချောင်းနှင့်ပင် တူနေပေသည် ။

ရှောင်လုံက ပန်ဟိုင်ချန်းဆီသို့ အရင်ဆုံး လမလျှောက်သွားလိုက်သည် ။

ပန်ဟိုင်ချန်းသည် ခဏမျှ ကြောင်အမ်းသွားသော် လည်း သူကလည်း ရှောင်လုံဆီသို့ သွားလိုက်သည်။  ရှောင်လုံရှေ့ မရောက်မှီ ဖန်ဟိုင်ချန်၏မျက်နှာ ထက်တွင် တောက်ပသည့် အပြုံးတစ်ခု ဖြစ်တည်လာသည်။

" လတ်စသတ်တော့ အစ်ကို ဟောင်ရှောင်လုံ ရောက်လာတာကိုး .... ကျွန်တော်က အကိုရဲ့ ဂုဏ်သတင်းကို ကြားပြီး လေးစားနေခဲ့တာ ...အာ...ပြီးတော့ ကျွန်တော်က အစ်ကို
ဟောင်ရှောင်လုံရဲ့ ရွှေရောင်နဂါးတောင်ထွတ်ကို အလည်လာချင်နေတာဗျ ...မထင်မှတ်ဘဲ ဒီနေရာမှာ အခုလို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူးဗျာ"

သူ့အပြုံးက နှိမ့်ချဟန် ပေါ်နေသည် ။
သူ့၏ ရှည်လျားလှသည့် နှုတ်ဆက်စကား အဆုံး၌ ဖန်ဟိုင်ချန်က ရှောင်လုံ အရှေ့သို့ ရောက်ရှိသွားသည် ။ ထိုနောက် ခါးကို အနည်းငယ် ညွှတ်ကာ ဂါရဝပြုလိုက်သည် ။

သို့သော် ရှောင်လုံက သူ့ကိုအရိုအသေပေးနေသည့်  ပန်ဟိုင်ချန်းကို မမြင်သည့်နှယ် မျက်နှာသေကြီးဖြင့် ဖြတ်ကျော်သွားသည်။

ပန်ဟိုင်ချန်း နေရာ၌ပင် တောင့်ခဲသွားရသည်။ သူ့မျက်နှာထက်ရှိ နှိမ့်ချ ဖော်ရွေသော အပြုံးကလည်း အေးစက်သွားလေသည်။ သူ့မျက်နှာရှိ အကြောများ တင်းမာသွားသလို အပြုံးနေရာတွင် ရက်စက်ချင်သည့် အမူအရာများက အစားထိုးဝင်ရောက်လာသည် ။

ခန်းမဆောင်ထဲရှိ လူအားလုံးသည် ထိုအဖြစ်အပျက်ကို မြင်နေကြသော်လည်း မည်သူကမှ တစ်ခွန်းပင် ဝင်မပြောရဲကြချေ ။ ခန်းမဆောင်ကြီးတစ်ခုလုံး ရှောင်လုံ ခြေသံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေလေသည် ။

ပန်ဟိုင်ချန်းလည်း လက်ချောင်းထိပ်များက လက်ဝါးထဲသို့ စိုက်ဝင်သွားသည်အထိ  လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်  ။ သူမျက်လုံးထဲ တွင် ဒေါသရောင်သန်းနေလေပြီး သတ်ဖြတ်လိုစိတ် အငွေ့အသက်များကလည်း သိပ်သည်းစွာ ထွက်ပေါ်နေသည် ။

ဟောင်ရှောင်လုံက သူ့ကို တကယ်ကြီး လျစ်လျူရှုရဲလေသည်။

များပြားလှသော အထူးတပည့်များ၏ ရှေ့တွင် ရှောင်လုံက ပန်ဟိုင်ချန်း၏ နှုတ်ဆက်မှုကို မသိချင်ယောင်ဆောင်ပြီး ထွက်သွားခဲ့သည်။

သေစမ်း...သေစမ်း...သေစမ်း....

သူ့ မျက်လုံးက ဒေါသဖြင့် နီရဲနေသော်လည်း ရှောင်လုံ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပြန်တွေးမိလိုက်သည့်အခါ ပန်ဟိုင်ချန်းလည်း သူ့ကိုယ်သူ ကြိုးစား၍သာ ထိန်းချုပ်လိုက်သည် ။

ထိုအချိန်တွင် ရှောင်လုံက တံခါးဝ ဖြတ်ကျော်ကာ အတွင်းဘက်ခန်းမဆီ ရောက်နေလေပြီ ။ 
ပျောက်ကွယ်သွားသော ရှောင်လုံ၏ နောက်ကျောဘက်ကို ကြည့်ရင်း ပန်ဟိုင်ချန်း၏ အကြည့်များထဲတွင် အေးစက်မှု နှင့်ကောက်ကျစ်စဉ်းလဲမှုများ ပိုမို တိုးပွားလာသည်။

စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်   လီမင်က သူ့အနောက်မှ သတိဖြင့် တိုးကပ်လာပြီး ပြောလိုက်သည် ။

"ခေါင်းဆောင်... အဲ့ဒီ ဟောင်ရှောင်လုံ ဆိုတဲ့ကောင်က အရမ်း မောက်မာလွန်းတယ် ... ဒါပေမဲ့ သူအကြာကြီး မောက်မာနိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး ... လက်ထောက်ကျောင်းအုပ်ကြီး ဝမ်နာ ကျောင်းအုပ်ရာထူးတိုးတဲ့အချိန် အထိပဲ စောင့်ရမှာ... အဲ့ဒီအချိန်ရောက်တဲ့နေ့ အဲ့ကောင် သေနေ့စေ့တဲ့နေ့ပဲ "

ပန်ဟိုင်ချန်းက အေးစက်စက်ဖြင့် လီမင်ကို တစ်ချက်မျှ စောင်းငဲ့ကြည့်လိုက်သည်။ ထိုနောက် ခန်းမထဲရှိ အခြားတပည့်များကို လှည့်ကြည့်လိုက်သည် ။ ပတ်ပတ်လည်ရှိ တပည့်များသည် ပန်ဟိုင်ချန်း၏ အေးစက်စက်အကြည့်မှ ရှောင်ရှားလိုဟန်ဖြင့် အနောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားကြသည် ။

ပန်ဟိုင်ချန်းက စကားတစ်ခွန်းမှ မပြောဘဲ ခန်းမထဲမှ အေးစက်စက်အမူအရာဖြင့် ထွက်ခွာသွားသည် ။ လီမင်လည်း သူ့နောက်မှ အလျှင်အမြန် လိုက်ပါသွားသည် ။

သူတို့နှစ်ယောက်လုံး အပြင်သို့ ရောက်သည်နှင့် ပန်ဟိုင်ချန်းဆီက တင်းမာခက်ဖန်သောလေသံ ထွက်ပေါ်လာသည် ။

" ရွှမ်းကျီရတနာသိုက်က နဂါးကိုးကောင် ကြယ်တာရာနယ်မြေမှာ ရှိနေတာ သေချာလား "

လီမင်က ခေါင်းညိတ်ပြလိုက်သည်။

" လုံးဝကို သေချာပါတယ် "

" ဒီနှစ်ရက်အတွင်း လိုတာတွေအကုန်လုံးကို ပြင်ဆင်ထားလိုက် ... နှစ်ရက်ပြည့်တာနဲ့ ငါတို့ နဂါးကိုးကောင် ကြယ်တာရာနယ်မြေကို ခရီးထွက်ကြမယ် "

ပန်ဟိုင်ချန်း၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားသည် ။

" ငါတို့သာ အဲ့ဒီရတနာတွေကို ရလိုက်လို့ကတော့...ဟောင်ရှောင်လုံဆိုတဲ့ ကောင်လောက်ကို ဘာသောက်ဂရုစိုက်စရာ လိုမလဲ "

သူတို့နှစ်ယောက်သည် တခဏအတွင်း  အနီရောင်မျောလွင့်တောင်တန်းပေါ်မှ ပျောက်ကွယ်သွားကြသည် ။

ရှောင်လုံကမူ အကြီးအကဲအဖြစ် ရာထူးတိုးရယူရန်အတွက် အတွင်းဘက် ခန်းမထဲသို့ ဝင်လိုက်သည်ဘ။ ထိုမှတဆင့်  ကျောက်တုံးခန်းမဆောင်ထဲသို့ ဦးတည်လိုက်သည် ။ ၎င်းကို ကျောက်တုံးခန်းမဆောင်ဟု ခေါ်သော်လည်း ကြီးမားလှသည့် မြေကွက်လပ်ကြီးနှင့် ပိုမို ညီနေသည်။

မြေကွက်လပ်၏အလယ်တွင် တရားထိုင်နေသည့် ပုံစံပေါက်နေသော အရပ်ရှည်ရှည် ပိန်ခြောက်ခြောက်ကိုယ်နှင့် အဘိုးအိုက တစ်ယောက် ထိုင်နေသည် ။

ထိုအဘိုးအိုကို မြင်လိုက်ရချိန်တွင် ရှောင်လုံလည်း တကယ့်ကို ရယ်ချင်သွားသည် ။  ဤငါးဖောင်ရိုးခြောက်နှင့်တူသည့် အဘိုးအိုသည် သူ့လက်ချက်ဖြင့် ရွှေရောင်နဂါးတောင်ထွတ်မှ ခွေးပြေးဝက်ပြေးထွက်ပြေး သွားရသည့် လီကျားယုံပင် ဖြစ်သည် ။

တစ်ယောက်ယောက် ဝင်ရောက်လာသံ ကြားလိုက်ရသည့်အခါ လီကျားယုံလည်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သို့သော် ရှောင်လုံကို မြင်လိုက်သည်နှင့် ချက်ချင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည် ။

" ဟောင်ရှောင်လုံ... မင်း ဒီနေရာကို ဘာလာလုပ်တာလဲ ..."

လီကျားယုံက ဒေါသ တစ်ဝက် ၊ တုန်လှုပ်ခြောက်ခြားမှု တစ်ဝက်ဖြင့် ခုန်ထလိုက်လေသည် ။

ရှောင်လုံက မထူးခြားနားသည့်ဟန်ဖြင့် ပြန်ဖြေလိုက် သည် ။

" ဒီနေရာက အကြီးအကဲ အဖြစ် ရာထူးတိုးပေးတဲ့နေရာ မဟုတ်ဘူးလား .... ကျုပ်က နတ်ဘုရားအဆင့် ၇ ကိုရောက်နေပြီ .... အဲ့ဒါကြောင့် အကြီးအကဲ ရာထူးကို ယူဖို့ လာတာ "

လီကျားယုံလည်း တခဏမျှ ကြောင်အမ်းသွားသည် ။ ရှောင်လုံဆီကအဖြေမှာ သူ လုံးဝ မမျှော်လင့် ထားသည့် အဖြေတစ်ခု ဖြစ်နေသည် ။ လီကျားယုံဘည်း အသိဝင်လာပြီးနောက်  တစုံတရာကို အကြံအဖန် ရသွားဟန်ဖြင့် သူ့မျက်လုံးများက အရောင်တစ်ချက် လက်သွားသည် ။

" မင်းက အကြီးအကဲ အဖြစ် ရာထူးတိုးချင်တယ်ပေါ့ ... ကောင်းပြီလေ ...အဲ့ဒါဆိုရင် ဒီသံမဏိတုံးကို နှစ်ခြမ်းခွဲပြ ....ခွဲပြနိုင်ရင် ရပြီ "

သူ့စကားဆုံးသည်နှင့် လီကျားယုံက ကျောက်မီးသွေးနှင့်တူသော အနက်ရောင် သံမဏိတုံးတစ်တုံးကို ထုတ်လိုက်သည် ။

၎င်းသံမဏိတုံးသည် သူ မထင်မှတ်ဘဲ ရရှိခဲ့သည့် သစ်သားနက် သံမဏိ ပင် ဖြစ်သည်။ ၎င်းသံမဏိက နတ်ဘုရားအဆင့် လက်နက်ကိုသုံး၍ သူ့ခွန်အားအပြည့်နှင့် ခုတ်ထစ်သည်ကိုပင် တောင့်ခံနိုင်သည်။ ထိုသို့ခုတ်ထစ်ပြီးနောက် သံမဏိပေါ်တွင် ဓားရာသေးသေးလေးသာ ထင်ကျန်ခဲ့သည် ။ နတ်ဘုရားအဆင့် ၈ စဦးအဆင့် သိုင်းပညာရှင် သည်ပင်  ဤ သစ်သားနက် သံမဏိ ကို နှစ်ပိုင်း ပိုင်းနိုင်စွမ်းမရှိကြောင်း လီကျားယုံ ယုံကြည်ထားသည် ။

ထိုကြောင့် နတ်ဘုရားအဆင့် ၇ အတွင်းအားနှင့် ဤသံမဏိတုံးကို ထက်ခြမ်း ခုတ်ဖြတ်ရန်မှာ ဖြစ်နိုင်သော ကိစ္စတစ်ခု မဟုတ်ပေ ။

ရှောင်လုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွား သည်။  ထိုနောက်သူက မျက်လုံးထဲတွင် ကေက်ကျစ်မှုများဖြင့် အရည်လဲ့နေသည့် လီကျားယုံကို စိုက်ကြည့်လိုက်သည် ။ အကြီးအကဲအဖြစ် တိုးမြှင့်ပေးရန်အတွက် စစ်ဆေးရာတွင် ဤကဲ့သို့စည်းမျဉ်းမျိုး မရှိပေ ။

စစ်ဆေးမှု အောင်မြင်ရန်အတွက် နတ်ဘုရားအဆင့် ၇ အတွင်းအားများကို ထုတ်လွှတ်ပြရန်သာ လိုအပ်သည် ။ လီကျားယုံက ကိစ္စများကို ရည်ရွယ်ရှိရှိဖြင့် ခက်ခဲအောင်လုပ်ပြီး  ရှောင်လုံနှင့်ထိပ်တိုက်တွေ့ချင်နေသည်။

အကျဉ်းအကျပ်ထဲ ရောက်သွားသည့် ရှောင်လုံကို ကြည့်ရင်း လီကျားယုံ၏ မျက်နှာထက်တွင် အေးစက်ပြီး အားရကျေနပ်နေသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည် ။

" ဟောင်ရှောင်လုံ ....မင်း ဒီ သစ်သားနက်သံမဏိကို ထပ်ပိုင်း မပိုင်းနိုင်ဘူးဆိုရင် မင်း လာရာလမ်းအတိုင်း ပြန်လှည့်သွားပေတော့ ....  နောက်ထပ် အနှစ်နှစ်ရာလောက် ထပ်ကျင့်လိုက်အုံး ... ဒီ သစ်သားနက်သံမဏိကို ချိုးဖျက်နိုင်လောက်ပြီလို့ မင်းကိုယ်မင်း ယုံကြည်နဲ့တစ်နေ့ကြမှ ပြန်လာခဲ့ "

လာရာလမ်းအတိုင်း ပြန်လှည့်ပြီး သိုင်းထပ်ကျင့်အုံး ဟုတ်လား ......

ရှောင်လုံ၏ သည်းခံနိုင်စွမ်းမှာ အလျှင်အမြန်ပင် ကုန်ဆုံးသွားသည် ။ သူ့အသံကလည်း အေးစက်၍ နေသည်။

" ခင်ဗျားပြောတဲ့အတိုင်းဆို ကျုပ် ဒီ သစ်သားနက်သံမဏိကို နှစ်ပိုင်း ပိုင်းနိုင်ရင်ရပြီမလား..."

ရှောင်လုံ၏ တည်ငြိမ်သော အမူအရာကြောင့် လီကျားယုံလည်း သံသယဖြင့် မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်မိလိုက်သည်။ အလျှင်အမြန် စဉ်းစားလိုက်ပြီးနောက် သူက လေးနက်စွာ ပြောလိုက်သည် ။

" ဟုတ်တယ်...မင်း သစ်သားနက်သံမဏိကို ထက်ပိုင်း ပိုင်းနိုင်တာနဲ့ အရည်အချင်းစစ် စာမေးပွဲအောင်ပြီ " 

ရှောင်လုံတွင် ကျောင်းအုပ်ကြီး ဖုယန် ပေးအပ်ထားသည့် ပိုးစာပင်ဓား ရှိနေသည်ကို သူသိထားသည် ။ သို့သော် ရှောင်လုံ၏ လက်ရှိ ခွန်အားနှင့်ဆိုချှင် ပိုးစာပင်ဓားအား အသုံးပြုလျှင်ပင် ဤသစ်သားနက်သံမဏိကို ချိုးဖျက်နိုင်မှာမဟုတ်ဟု သူ ယုံကြည်ထားသည် ။

လီကျားယုံ၏ အသံအဆုံးတွင် ရှောင်လုံ၏ လက်ထဲ၌ ရွှေရောင်အလင်းတန်းတစ်ချက် လက်သွားပြီး ဓားရှည် သဏ္ဍာန် ရွှေရောင် မီးတောက် တစ်ခု ထွက်ပေါ်လာသည် ။

ဤ ရွှေရောင်မီးတောက်ဓားရှည်သည် သူ့၏ ဒန်ထျန်ထဲရှိ အင်မော်တယ် အဆီအနှစ်များမှ  ဖြစ်တည်လာခြင်းပင် ။ ရှောင်လုံက စကားတစ်ခွန်းမှ မဆိုတော့ဘဲ  သံမဏိတုံးကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဒန် ......

ကြွပ်ဆတ်ဆတ် ဆူညံသံတစ်ခု လေထဲတွင် ထွက်ပေါ်လာသည် ။ မာကျောလှပါသည်ဆိုသော သစ်သားနက်သံမဏိလည်း   အစိတ်အပိုင်း ဒါဇင်ချီသည်ထိ ပြန့်ကျဲသွားသည် ။

သစ်သားနက်သံမဏိ ၏ ဒါဇင်ချီသော အစိတ်အပိုင်းများကို လီကျားယုံက မှင်တက်စွာဖြင့် ငေးကြည့်နေလေသည် ။

ဒါ တကယ်ကြီးကို ပြတ်ထွက်ကုန်တာလား ....

သူက အယောင်ယောင်အမှားမှားဖြင့် ရှောင်လုံမှ ရွှေရောင်မီးတောက်ဓားရှည်ကို စိုက်ကြည့် လိုက်သည် ။

ရှောင်လုံက လီကျားယုံ၏ အပြုအမူကို ဂရုစိုက်မနေပေ ။  ရွှေရောင်မီးတောက်ဓားရှည်ကို ကိုယ်ထဲသို့ ပြန်သိမ်းလိုက်သည်။ ထိုနောက် ရှောင်လုံထံမှ အေးစက်စက် အမိန့်ပေးသံ ထွက်ပေါ်လာသည် ။

" လီကျားယုံ... ငါ့အတွက် အကြီးအကဲ တံဆိပ်ပြားနဲ့ ဝတ်စုံကို ထုတ်လာခဲ့တော့ "

လီကျားယုံလည်း မျက်နှာပျက်သွားသည်။ လီကျားယုံက ထိုသို့လုပ်ရန် ဆန္ဒမရှိသော်လည်း အကြီးအကဲ ရာထူးကို ကိုယ်စားပြုသည့် တံဆိပ်ပြားနှင့် ဝတ်စုံကို ရှောင်လုံအား ထုတ်ပေးလိုက်ရသည် ။

လီကျားယုံဆီမှ ထိုပစ္စည်းများကို ယူလိုက်ပြီးနောက် ရှောင်လုံ သူ့ လက်ညှိုးထိပ်ကို ဖောက်ကာ တံဆိပ်ပြားပေါ်သို့ သွေးတစ်စက်ချလိုက်သည်။
သွေးစက်ကျသွားသည်နှင့် တံဆိပ်ပြား၏ မျက်နှာပြင်မှ တောက်ပလာပြီး မျက်စိတမှိတ်အတွင်း ၎င်းသွေးစက်က တံဆိပ်ပြားထဲသို့ စိမ့်ဝင်သွားသည်။

ဤအချိန်မှစ၍ ရှောင်လုံက အနက်ရောင်သူရဲကောင်း တက္ကသိုလ်၏ အကြီးအကဲ ဖြစ်သွားခဲ့လေပြီ ။

အကြီးအကဲ တစ်ယောက်... ။

ယေဘုယျ ဆိုရလျှင်  အနက်ရောင်သူရဲကောင်း တက္ကသိုလ်၏ အကြီးအကဲတစ်ယောက် ဖြစ်လာပြ်ီးနောက် ရှောင်လုံက အထက်တန်းကြသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည် ။  သူ့အဆင့်အတန်းကလည်း များစွာ မြင့်မားသွားသည်မှာ ပြောနေစရာပင်မလိုပေ  ။

အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ အကြီးအကဲ ရာထူးဖြင့်သာ ဆိုလျှင် အနက်ရောင်လိပ် ကြယ်စင်စုထဲရှိ မည်သည့်နေရာတွင်မဆို သူ့ကို အဆင့်အတန်း မြင့်မြင့်ထားကာ ဆက်ဆံကြပေလိမ့်မည်။

သူ့၏ သွေးစက်က အနက်ရောင်သူရဲကောင်း တက္ကသိုလ်၏ အကြီးအကဲ တံဆိပ်ပြားထဲသို့ စိမ့်ဝင်သွားပြီးနောက်  ရှောင်လုံက ရုတ်တရက် လှုပ်ရှားလိုက်သည် ။ လီကျားယုံ မတုံ့ပြန်နိုင်သေးခင် သူ့၏ ညာဘက်ပါးက ပူခနဲ ဖြစ်သွားသည်။ ရှောင်လုံက သူ့ပါးကို အားရပါးရ ရိုက်ချလိုက်ခြင်းပင် ။ လီကျားရုံလည်း အဝေးသို့ လွင့်ပျံသွားသည်။

မြေပေါ်မှ ကုန်းရုန်းထလိုက်ပြီးနောက် လီကျားယုံက ရှောင်လုံကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

" ဟောင်ရှောင်လုံ အကြီးအကဲတစ်ယောက်ကို တိုက်ခိုက်ရဲလောက်တဲ့အထိ  မင်းက တော်တော် အတင့်ရဲနေပါလား ... မဟာအကြီးအကဲတွေကို နောက်တစ်ကြိမ်စုဝေးပြီး ဒီကိစ္စကို ဆွေးနွေးမယ် ... ဒီတစ်ကြိမ်တော့ မင်း အပြစ်ပေးခံရမှာ သေချာတယ်   ... သူတို့က မင်းကို အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကနေ ကန်ထုတ်လိုက်ကြမှာ "

သို့သော် သူ့စကားမဆုံးခင်မှာ ရှောင်လုံက သူ့ရှေ့သို့ ရောက်နေလေပြီ ။  ထိုနောက် လီကျားယုံတစ်ယောက် သူ့တစ်သက်မမေ့နိုင်လောက်သည့် ကန်ချက်တစ်ခုကို မြည်စမ်းလိုက်ရသည် ။

သူ့ဝမ်ဗိုက်တစ်ခုလုံး စူးရှရှ နာကျင်သွားသည် ။ ထိူနောက် နောက်ဘက်ဆီသို့ လွင့်စင်သွားပြီး နံရံနှင့် တိုက်မိသွားကာ မြေပေါ်သို့ လျောတိုက်ပြုတ်ကျလာသည် ။

" အကြီးအကဲကို တိုက်ခိုက်ဟူတ်လား...ကြည့်ရတာ ခင်ဗျားရဲ့ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့ဘူးထင်တယ် ...ကျုပ်ကလည်း အခု ခင်ဗျားလိုပဲ အကြီးအကဲတစ်ယောက် ဖြစ်နေပြီလေ ... အခု ကျုပ်တို့က တစ်ယောက်နဲ့ တစ်ယောက် သိုင်းကွက်ချင်း ဖလှယ်နေကြတာ မဟုတ်ဘူးလား ..."

ရှောင်လုံက အေးစက်စက် လေသံဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။

" ခင်ဗျား ဟို စုန်းမကြီးဝမ်နာကို မဟာအကြီးအကဲ ဆွေးနွေးပွဲ အကြိမ်တစ်ရာ လုပ်ခိုင်းရင်တောင် ခင်ဗျား ကျုပ်ကို နှင်ထုတ်နိုင်ဖို့ဆိုတာ ဆုတောင်းမှပဲ ရတော့မယ်  ...."

ဤသို့ ပြောပြီးသည်နှင့် ရှောင်လုံက လီကျားယုံအနီးသို့ တိုးကပ်လာပြန်သည် ။ ထိုနောက် ရှောင်လုံက ခြေထောက် မ၍ လီကျားယုံ၏ အောက်ပိုင်းဆီသို့ ပြင်းပြင်းထန်ထန် ဆောင့်နင်းချလိုက်သည် ။

" ခင်ဗျားက အသက်ကြီးမှ ထုနှက်ခံချင်တယ်ပေါ့လေ .... စိတ်ချ ...ခင်ဗျားဖြစ်ချင်နေတဲ့ ထုလေမာလေ ငဖယ်မျိုး ဖြစ်စေရမယ်   "

Continue Reading

You'll Also Like

168K 25.8K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
534K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
Re:Cursed By

Adventure

43.4K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
541K 18.5K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...