ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

641 - 645

187 11 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၄၁ .....

ရှစ်ဆယ်ရာခိုင်နှုန်း .....!

ပင်လယ် လမင်း ဆင်းသက်ခြင်း ဆေးလုံးကိုသောက်သုံးလိုက်လျှင် သူ့မိဘများ စကြာဝဠာ သိုင်းသမားဖြစ်နိုင်ခြေမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ရှိလာမည့်ဆိုသည့် အကြောင်းကိုကြားပြီးနောက် ရှောင်လုံမျက်လုံးများက အရောင်တောက်လာသည်။

၎င်းဆေးလုံးသည် မိုးကောင်ကင်၏ ဆန္ဒကိုပင် အံတုနိုင်သော ဆေးလုံးမျိုးဖြစ်သည်။ ၎င်းဆေးလုံးကို ရရှိခဲ့လျှင် သူ့မိဘနှစ်ယောက် စကြာဝဠာ အဆင့်သို့ မရောက်မည်ကို စိုးရိမ်စရာမလိုတော့ပေ ။ သို့သော် အောင်းတိုင်ရီဆက်ပြောသော စကားကြောင့် ရှောင်လုံလည်း မျက်မှောင်ကြုတ်သွားသည်။

အောင်းတိုင်ရီပြောသော စကားအရ လူတစ်ယောက်ကသာ ၎င်းဆေးလုံး ဖော်စပ်နည်းကို သိရှိထားသည်။

"... အဲ့ဒီလူက ဘယ်သူလဲ ....?"

ရှောင်လုံ မေးလိုက်သည်။

"... သူ့အမည်က လမင်း ဆင်းစက်ခြင်း အဘိုးအိုလို့ခေါ်တယ်ကွ ...."

အောင်တိုင်ရီက ပြန်ဖြေလိုက်သည်

".... အနက်ရောင် သူရဲကောင်း တက္ကသိုလ်မှာ ငါ ကျောင်းသား အဖြစ် ဝင်ရောက်ရွေးချယ်တဲ့အချိန်ကတည်းက အဲ့ဒီအဘိုးကြီးက နာမည်ကျော်နေပြီ .... သူက ငါတို့ကြယ်စင်စုတစ်ခုလုံးမှာ အတော်ဆုံး ဆေးဖော်စပ်သူပဲ .... ဒါပေမယ့် အချိန်တွေလည်း အရမ်းကြာသွားပြီဆိုတော့ သူ သက်ရှိထင်ရှား ရှိနေသေးလားဆိုတာကို ငါလည်း သေချာမသိတော့ဘူး....."

ဖြစ်နိုင်ခြေက အလွန်နည်းပါးနေတာကြောင့် ရှောင်လုံလည်း ခါသီးစွာ ပြုံးလိုက်သည်။ အောင်းတိုင်ရီ နဂါးပုလဲလုံးထဲတွင် ပိတ်မိနေသည်ကပင် နှစ်ပေါင်း ခြောက်သောင်းကျော် ရှိလေပြီ ။ အကယ်၍ လမင်း သက်ဆင်းခြင်း အဘ်ိုးအို အသက်ရှင်ရက် ရှိနေသေးလျှင်တောင်
နတ်ဘုရား ကမ္ဘာသို့ ရောက်ရှိသွားနိုင်ခြေ များနေသည်။

".... လမင်း ဆင်းသက်ခြင်း အဘိုးအို မရှိတော့ရင်တောင် သူ့မျိုးဆက်တော့ ကျန်မှာပဲလေကွာ ...."

အောင်တိုင်ရီက လေးလေးနက်နက်ပြောလိုက်သည်။  ထိုစကားကြောင့် ရှောင်လုံ၏ မှေးမှိန်နေသော မျက်လုံးများ အရောင်ပြန်လည်၍ တောက်ပလာသည်။

".... လမင်း ဆင်းစက်ခြင်း အဘိုအိုက ဘယ်မှာနေတာလဲ ...?"

"....လမင်းဆင်းသက်ခြင်း အဘိုးအိုက မြောက်ဘက်ရေခဲကမ္ဘာမှာ နေတာ ...."

"... မြောက်ဘက် ရေခဲကမ္ဘာ ဟုတ်လား ...?"

ရှောင်လုံနှုတ်ဖျားမှ အာမေထိတ်အသံ ထွက်ပေါ်လာသည်။ ၎င်းကမ္ဘာသည် ရှီရှောင်ဖေး သိုင်းလေ့ကျင့်နေသော နေရာဖြစ်သည်။

ရှောင်လုံ၏ အမူအရာကြောင့် နဂါးအင်ပါရာ အောင်းတိုင်ရီက ရယ်မောလိုက်သည်

" .... မင်းကောင်မလေးကလည်း အဲ့နေရာမှာ သိုင်းလေ့ကျင့်နေတာဆိုတော့ .... ဘယ်လိုလဲ တိုက်ဆိုင်တယ်မလား ..... အခု မင်းလည်း နတ်ဘုရား အဆင့် ၅ နောက်ဆုံးရဲ့ အထွတ်အထိပ် အဆင့်ကိုရောက်နေပြီ ... နတ်ဘုရား အဆင့် ၆ ကို တစ်နှစ်၊ နှစ်နှစ် အတွင်းတော့ ရောက်နိုင်မှာမဟုတ်ဘူး .... အခု အဲ့ဒီအခွင့်အရေးကို အသုံးချပြီး မင်းကောင်မလေးဆီကို သွားမလည်ချင်ဘူးလား ....?"

အောင်းတိုင်ရီ၏ မချိုမချဉ်မျက်နှာကြောင့် ရှောင်လုံမျက်နှာက အနည်းငယ်ရှုံ့မဲ့သွားသည်။
သို့သော် ရှီရှောင်ဖေး၏ နူးညံလှပသော မျက်နှာလေးကိုမြင်ယောင်ပြီး သူ့ရင်ထဲမှာ ညင်သာသော ငလျင်ငယ်လေးတစ်ခု လှုပ်ခတ်သွားသည်။

ယခုဆိုလျှင် ရှီရှောင်ဖေး နှင့် သူနှင့်ခွဲခွာခဲ့ရသည်မှာ ခုနှစ် နှစ်ကျော် ရှိခဲ့လေပြီ ။ ရှီရှောင်ဖေး၏ ပင်ကိုယ်ပါရမီနှင့်ဆိုလျှင် လမင်း ဆင့်ခေါ်ခြင်း ကာရန် သိုင်းကျမ်း၏ အဆင့်သုံးဆင့်လုံးကို အနှစ်သုံးဆယ်အတွင်း ပြီးပြတ်အောင် ကျင့်နိုင်မည်ဟု အရူးသိုင်းဆရာမကြီးက ပြောခဲ့ဘူးသည်။ ထိုသိုင်းကျမ်း၏ နောက်ဆုံးအဆင့်ကို အောင်မြင်သွားခဲ့လျှင် ရှီရှောင်ဖေး၏ ဗုဒ္ဓညဏ်အလင်းရ ခန္ဓာကိုယ် စွမ်းအားများလည်း နိုးထလာမှာ ဖြစ်သည်။

  မြောက်ဘက် ရေခဲကမ္ဘာသို့ ခရီးထွက်မည့်အကြောင်း ရှောင်လုံက သူ့မိဘနှစ်ယောက်ကို အသိပေးလိုက်သည်။ ထိုနောက် သူမိသားစုကိုလည်း ရွှေနဂါးတောင်ထိပ်အပြင်သို့  မထွက်ရန် မှာလိုက်သည်။ ထိုအချိန်တွင် ကျောင်းရှုက လီမင် အမည်ရှိ ကျောင်းသားတစ်ယောက် ရောက်နေကြောင်း ရှောင်လုံကို လာအကြောင်းကြားသည်။

"... လီမင် ....?"

ရှောင်လုံ၏ မျက်လုံးများက ခပ်ရေးရေး လင်းလက်လာသည်။ ရှောင်လုံသည် ရွှေနဂါးတောင် အပြင်ဘက်သို့ ထွက်ခဲသော်လည်း ယန်ဖေးယွဲ့တို့လူစုမှ တဆင့် အနီရောင် မျောလွင့်တောင်တန်းဒေသမှ အထူးတပည့်များအကြောင်းကို ကောင်းကောင်း သိရှိထားသည်။

အထူးတပည့်များထဲမှ ထိပ်သီး သိုင်းပညာရှင်ငါးယောက်တွင် လုံကျွင်းကျွီမှ လွဲ၍ တခြားလူများက ကျောင်းယုကဲ့သို့ ကိုယ်ပိုင်အဖွဲ့အစည်းများကို ပိုင်ဆိုင်ထားကြသည်။ ဂူဒူကျူးက  နတ်သားအဖွဲ့အစည်း၊ ဝမ်ရှောင်မေက ဒေသနာ တစ်ထောင် အဖွဲ့အစည်း ၊ ဖန်ဟိုင်ချန်ကလည်း ဖန်ကျား အဖွဲ့အစည်းများကို အသီးသီးတည်ထောင်ထားသည်။

ယခုရောက်ရှိနေသော လီမင်သည် ဖန်ကျားအဖွဲ့အစည်း၏ ဒုတိယခေါင်းဆောင် ဖြစ်သည်။ ဖန်ဟိုင်ချန်၏ ဘယ်လက်ရုံး ၊ ညာလက်ရုံးဟု ဆိုလျှင်လည်း မမှားပေ။
လီမင်သည် စကြာဝဠာ အဆင့် ၆ နောက်ဆုံး၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် အလွန်ပင် နီးစပ်နေသူလည်း ဖြစ်သည်။ သူ့စွမ်းအားသည် ဖန်ဟိုင်ချန်ထက် အနည်းငယ်လေးသာ နိမ့်ကျသည်။

"... သူ့ကို အထဲခေါ်လိုက်ပါ ..."

ရှောင်လုံက ခဏစဉ်စားပြီး ပြောလိုက်သည်။

"... ကောင်းပါပြီ ဂိုဏ်းချုပ် ...."

ကျောင်းရှုက ရိုရိုသေသေပြန်ဖြေရင် အပြင်သို့ ပြန်ထွက်သွားသည်။ ခဏကြာပြီးနောက် ကြမ်းတမ်းသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည် ခန္ဓာကိုယ် တောင့်တောင့် တင်းတင်း လူငယ်တစ်ယောက်နှင့်အတူ ပြန်ဝင်လာသည်။

ကျောင်းရှု အနောက်မှ ပါလာသော လီမင်၏ အကြည့်က သူ့ကိုအကဲခတ်နေသော ရှောင်လုံဆီသို့ရောက်ရှိသွားသည်။ သူတို့၏ အကြည့်မှ မမြင်နိုင်သော စွမ်းအားများ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ လီမင်၏ မျက်လုံးများက အနည်းငယ် အေးစက်သွားသည်။

တစ်စက္ကန့်မျှ အကြည့်ချင်းဆုံပြ်ိးနောက် နှစ်ယောက်လုံး အကြည့်လွှဲလိုက်ကြသည်။ ထိုနောက် လီမင်က ထိုင်ခုံတစ်ခုတွင် ရုတ်တရက် ဝင်ထိုင်လိုက်သည်

".... ဟောင်ရှောင်လုံ .... မင်းကို ငါတို့ခေါင်းဆောင်ကြီးက တွေ့ချင်နေတယ် .... ဖန်ကျားအဖွဲ့အစည်းကို ငါနဲ့အခုချက်ချင်း လိုက်ခဲ့...."

လီမင်က အထက်စီးလေသံဖြင့် ပြောလိုက်သည်။
လီမင်၏ အမိန့်စကားကို ကြားပြီနောက် ရှောင်လုံက  မထီတရီ ပြုံးလိုက်သည်

"... မလိုက်ဘူးဆိုရင်ရော ...?"

ထိုအခါ လီမင်ထံမှ မနှစ်မြို့ဖွယ်ရာ ရယ်သံတစ်ခု ထွက်ပေါ်လာသည်

".... ဟောင်ရှောင်လုံ .... နဂါးအဖွဲ့အစည်းကလူတွေက အနိုင်ယူပြခဲ့တဲ့ မင်းခွန်အားကိုတော့ ငါအသိအမှတ်ပြုပါတယ် ... ဒါပေမယ့် မင်း ငါနဲ့အတူ ဖန်ကျားအဖွဲ့အစည်းကို လိုက်ခဲ့ရင် ကောင်းမယ်နော်.... ငါတို့ခေါင်းဆောင်သာ တွေ့ချင်တယ်ဆိုရင်  ဘယ်သူမှ ဒုတိယအကြိမ် မငြင်းရဲသေးဘူး...."

ဖန်ဟိုင်ချန်က ရှောင်လုံဆီကို လူလွှတ်၍ ဖိတ်ခေါ်ခဲ့ဘူးသည်။ သူ့စကားအဆုံးတွင် လီမင် ခန္ဓာကိုယ်မှ ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါများ ပေါက်ကွဲ ထွက်ပေါ်လာသည်။

လီမင်၏ အနေအထားအရ ဖန်ဟိုင်ချန်အပါအဝင် တခြားထိပ်သီးကျောင်းသားလေးယောက်ပင်
သူ့ကို လေးလေးစားစားဖြင့် ဆက်ဆံကြသည်။ သိုသော် ရှောင်လုံက နတ်ဘုရားတစ်ပိုင်း အစေခံနှင့်သာ သူ့ကို ဖိတ်ခေါ်ခဲ့သည်။ ရှောင်လုံကတော့ သူ့ကိုအထင်သေးစွာ ဆက်ဆံခဲ့သည်။

ထိုအချိန်တွင် ကြီးမားသောစွမ်းအားတစ်ခုနှင့်အတူ လူရိပ်တစ်ခုက သူ့အရှေ့သို့ရုတ်တရက်ရောက်ရှိလာသည်။ လီမင်လည်း သတိအနေအထားဖြင့် ရင်တုန်ပန်းတုန်ဖြစ်သွားသည်။
လီမင်က အနောက်သို့ ခုန်ရှောင်ရန်ကြိုးစားလိုက်သည်။ သို့သော် ထိူလူရိပ်၏လက်ချက်ဖြင့် အနောက်ဘက်သို့ လွင့်စင်သွားလေပြီ ။

လီမင်တစ်ယောက်သူထိုင်နေသော ထိုင်ခုံနှင့်အတူ ခပ်လှမ်းလှမ်းအထိ လွင့်ထွက်သွားသည်။ ထိုနောက် လီမင်ပါးစပ်မှ သွေးများယိုစီးကျလာသည်။ လီမင်က ရှောင်လုံကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ရှောင်လုံက လီမင်ရင်ဘတ်တွင် ထင်နေသော အနီရောင် လက်ဝါးရာကြီးအား သရော်ပြုံး ပြုံးလိုက်သည်။
ထိုနောက် လီမင်အနားသို့ ချဉ်းကပ်သွားလိုက်သည်။

".... ဟောင်ရှောင်လုံ ... မင်းတော်တော်ကို အရှက်မဲ့တဲ့ကောင်ပဲ .... မင်း ငါ့ကို အလစ်တိုက်ခိုက်တယ်ပေါ့ ဟုတ်လား...?"

လီမင်က ဒယီးဒယိုင်ဖြင့် မတ်တပ်ထရပ်ရန် ကြိုးစားပြီး တုန်ယင်နေသော လက်ညိုးဖြင့် ရှောင်လုံကို ထိုးကာပြောလိုက်သည်။ သူ့မျက်လုံးများက ဒေါသဖြင့် နီရဲတွတ်နေသည်။

ရှောင်လုံက လှောင်ပြောင်ရယ်မောလိုက်သည်

"... ဘာတဲ့ အလစ်တိုက်တယ်ဟုတ်လား ....?"

ရှောင်လုံပုံရိပ်က  ရုတ်တရက် ပျောက်ကွယ်သွားပြီး လီမင်အရှေ့တည့်တည့်တွင်
ပြန်ပေါ်လာသည် ။ ထိုနောက် ရှောင်လုံ လက်ဝါးနှင့် လီမင်၏ ညာဘက်ပါးတို့ မိတ်ဆက်သွားကြသည်။

ဖောင်း .....!

ထိုလက်ဝါးရိုက်ချက်ကြောင့် လီမင်နားထဲတွင် ဗုံးတစ်လုံး အနီးကပ် ပေါက်ကွဲသလို အသံ အကျယ်ကြီးကြားလိုက်ရသည်။ ထိုနောက် အဝေးသို့ နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။
ယခုတစ်ကြိမ်တွင် ခန်းမဆောင်အပြင်ဘက်အထိ လွင့်ထွက်သွားသည်။

".... မင်းလိုကောင်လောက်ကို ငါက အလစ်ဖမ်းပြီး တိုက်ခိုက်စရာ လိုပါ့မလား ငတုံးရဲ့ ...!"

ရှောင်လုံက သရော်လိုက်သည်။ ထိုနောက် လီမင်အနားသို့ ခြေလှမ်းကျဲကျဖြင့် လမ်းလျှောက်သွားသည်။ ရှောင်လုံလက်ဝါးရိုက်ချက်ကြောင့် လီမင် မျက်နှာတစ်ခုလုံး ဖူးယောင်နေသည်။ သူ့၏ ညာဘက်ပါးကလည်း မီးစနှင့်ထိုးခံရသလို ပူစပ်ပူလောင်ဖြစ်နေသည်။

လီမင်၏ နှလုံးသားထဲမှာ ရှောင်လုံကို တော်တော် ကြောက်လန့်သွားသော်လည်း စော်ကားခံရခြင်း ၊ ဒေါသ ၊ ရူးလောက်အောင် ဖြစ်နေသော သတ်ဖြတ်ချင်စိတ် အစရှိသဖြင့် မကောင်းသော အတွေးများ ထွက်ပေါ်လာသည်။

ယနေ့အချိန်အထိ သူ့ကို မည်သူကမှ  ဤကဲ့သို့ ဆက်ဆံရဲခြင်း မရှိပေ ။

"... ဟောင်ရှောင်လုံ ....မင်းကိုငါသတ်မယ် ...."

လီမင်က မီးကျီခဲကဲ့သို့ နီရဲနေသောမျက်လုံးဖြင့် ရှောင်လုံဆီသို့ အရူးတစ်ယောက်လို  ပြေးဝင်သွားသည်။

"...မဟာမိုးကောင်းကင်  နတ်လက်ဝါး ...."

လီမင်ပါးစပ်မှ မာန်သွင်းအော်ဟစ်သံ တစ်ခုထွက်ပေါ်လာသည်။ ထိုနောက် ရှောင်လုံကို လက်ဝါးနှစ်ဖက်လုံးဖြင့် အားကုန်ရိုက်ချလိုက်သည်။ လီမင်ထံမှ ထွက်ပေါ်လာသော ရွှေရောင်လက်ဝါးများကြောင့် ပတ်ဝန်းကျင်လေဟာနယ်များ တစ်စစီကွဲကြေကာ ကောင်းကင်နှင့်မြေကြီးပင် တိမ်းစောင်းသွားသည်။
ထိုနောက် မျက်စိကန်းမတတ် လင်းလက်နေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သို့သော် ရှောင်လုံက အေးစက်စက် မထုံတတ်သေး ပုံစံဖြင့် ရှိနေဆဲပင် ။ ရှောင်လုံနောက်ကျောမှ လက်ပွားတစ်ထောင် ထွက်ပေါ်လာသည်။ ရှောင်လုံက သူ့လက်နှစ်ဖက်ဖြင့် လီမင်လက်ဝါးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ရွှေရောင်အလင်းတန်းကြီးက လေထဲတွင် ပေါက်ကွဲသွားသည်။ ထိုနောက် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ကျသွားသည်။
တစ်စက္ကန့်မျှကြာပြီးနောက် လီမင်လည်း ခန်းမဆောင်ကိုးခု ဘာဂူအာ အစီအရင်ရှိနေသည့် နေရာအထိ  လွင့်ထွက်သွားသည်။ ထိုနောက် မြေကြီးပေါ်သို့ ခွေးသေတစ်ကောင်လိုပြုတ်ကျလာသည်။

ဖူး.....!

လီမင်မျက်လုံးများက အရောင်မှိန်နေပြီး ချောင်းဆိုးသံလည်း အဆက်မပြတ်ထွက်ပေါ်လာသည်။ သူချောင်းဆိုးလိုက်တိုင်း ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာသည်။
လီမင်စိတ်ထဲမှာ ရှောင်လုံကို အမှန်တကယ်ပင် ကြောက်ရွံသွားသည်။

"....မ....မဖြစ်နိုင်ဘူး ..."

သူသည် နတ်ဘုရားအဆင့် ၆ နောက်ဆုံး၏ အထွတ်အထိပ်အဆင့်သို့ ရောက်လုနီးပါုးဖစ်နေသော သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ ထိပ်သီး သိုင်ပညာရှင် ငါးယောက်ထဲမှ မည်သူကမှ သူ့ကို  ဤကဲ့သို့ အရှက်တကွဲပုံစံဖြင့် အလွယ်တကူ အနိုင်ယူနိုင်ခြင်း မရှိပေ။

သို့သော် ဟောင်ရှောင်လုံ၏ အတွင်းအားသည် နတ်ဘုရားအဆင့် ၅မှာသာ ရှိနေသေးသလို  မကြာသေးခင်ကမှ အထူးကျောင်းသား တိုးမြှင့်ပေးခြင်း ခံရသူတစ်ယောက် ဖြစ်သည်။ ရှောင်လုံက လီမင်ကို ခံစားချက်မရှိသော မျက်နှာဖြင့် အေးစက်စက် စိုက်ကြည့်လိုက်သည် ။ ထိုနောက် သူ့ခြေထောက်ဖြင့် နင်းချလိုက်သည်။ နတ်ဆိုးအေးခဲချီအတွင်းအားမျာက ရှောင်လုံ ခြေထောက်မှ
လီမင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။ ထိုနောက် အရိုးကျိုးသံနှင့်အတူ လီမင်ပါးစပ်မှ
ငယ်သံပါအောင် အော်ဟစ်သံများ ပေါ်ထွက်လာသည်။

"... ငါအတွက်တော့ မင်းကလည်း နဂါးအဖွဲ့အစည်းကလူတွေနဲ့ ဘာမှ မခြားနားဘူး....
အကုန်လုံး သုံးစားလိုမရတဲ့အမှိုက်တွေကြီးပဲ ..."

"....ဟောင်ရှောင်လုံ .... ဒီနေ့လုပ်ရပ်အတွက်မင်းနောင်တရလိမ့်မယ်...."

လီမင်ထံမှ အယးနာ်းချည်းနဲ့နေသော စကားသံထွက်ပေါ်လာသည်။ ရှောင်လုံကိုကြည့်နေသော သူ့မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။

"... အဲ့လိုလား...ကောင်းပြီလေ ...."

ရှောင်လုံက နောက်ထပ်တစ်ကြိမ် ဆောင့်နင်းလိုက်သည်။ လီမင်၏ လည်ချောင်းအတွင်းမှ အသတ်ခံရသော ဝက်တစ်ကောင်လို စူးစူးရှရှ အော်သံများထွက်ပေါ်လာသည်။

"..... ငါ့ကိုတွေ့ချင်ရင် ကိုယ်တိုင်လာခဲ့လို .... မင်းသခင်ကိုသွားပြောလိုက် ... "

ထိုနောက် ရှောင်လုံက လီမင်ကိုနောက်ဆုံး ကန်ချက်ဖြင့် နှုတ်ဆက်လိုက်သည်

".... အခု မင်းလစ်လိုက်တော့ ....."

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၄၂ .....

လီမင်း၏ အော်ဟစ်သံနှင့်အတူ သူ့ခန္ဓာကိ်ုယ်က အဝေးသို့ လွင့်စင်သွားပြီး ရွှေနဂါးတောင်ခြေအထိ လိမ့်ဆင်းသွားသည်။ ရှောင်လုံလည်း တောင်ခြေအထိ လိမ့်ဆင်းသွားသော လီမင်ကို အေးစက်စက်ဖြင့် တစ်ချက်ကြည့်ပြီးနောက် နန်းတော်အတွင်းဘက်သို့ ပြန်ဝင်သွားသည်။

ရှောင်လုံသည် သူ မြောက်ဘက်ရေခဲကမ္ဘာသို့ မသွားခင် သူ့မိသားစုအား ရွှေနဂါးတောင် အပြင်ဘက်သို့ မထွက်ရန် နောက်တစ်ကြိမ် ထပ်မှာလိုက်သည်။ ဆယ်ကြိမ်သတ်ဓား အခင်းအကျင်း ၊ နန်းတော်ကိုးခု သုံးမြောင့် ဘာဂူအာ အခင်းအကျင်းနှင့် မိစ္ဆာသားရဲ တစ်အုပ် ရှိနေခြင်းကြောင့် ရွှေနဂါးတောင်သည် ဖောက်ထွင်းရန် ခက်ခဲသော ခံတပ်တစ်ခုပမာ ဖြစ်နေသည်။

ရှောင်လုံက ကျောင်းရှု နှင့် ကျန်းဖူအား အရေးကြီးသော ကိစ္စတစ်ချို့ကို အာရုံစိုက်ထားရန် နောက်ဆုံးအနေဖြင့် မှာကြားလိုက်သည်။ ထိုနောက် သူ့၏ မြောက်ဘက် ကမ္ဘာသို့ ခရီးစဉ်ကို စတင်လိုက်သည်။ ပထမဆုံးအနေဖြင့် မြောက်ဘက်ကြယ်ရင်ပြင်ကျယ်အတွင်းမှ ကူးပြောင်းခြင်း အစီအရင်များ ရှိရာသို့ ရှောင်လုံ ဦးတည်သွားလိုက်သည်။

ရှောင်လုံ ခရီးထွက်သွားပြီး သိပ်မကြာခင် တောင်ပေါ်မှ တောင်အောက်သို့ လိမ့်ကျပြီး သတိလစ်နေသော လီမင်တစ်ယောက် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာသည်။ သူ့သတိရရချင်းမှာ ရှောင်လုံလက်ချက်ကြောင့် သူ့တစ်ကိုယ်တွင် ရှိနေသော အရိုးအားလုံး ကျိုးကြေနေသလို နာကျင်မှုကို အရင်ဆုံး ခံစားလိုက်ရသည်။

".... ဟောင်ရှောင်လုံ ..... ငါသစ္စာဆိုတယ် ... ငါမင်းကို သေချာပေါက် သတ်မယ် ....."

သူ့စော်ကားခံခဲ့ရသည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်ရင်း လီမင် မျက်လုံးထဲတွင် ခါးသီးသော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ လီမင်က ပြင်းထန်သော နာကျင်မှုကို တောင်ခံရင်း ကြိုးစား၍ မတ်တပ်ထရပ်လိုက်သည်။ ထိုနောက် ဒယီးဒယိုင်ဖြင့် ဖန်ကျားအဖွဲ့အစည်းရှိရာသို့ ပျံသန်းသွားသည်။ ထိုသို့ ပျံသန်းသွားရာ လမ်းခရီးတလျှောက်တွင် မြေကြီးပေါ်သို့ ဇောက်ထိုးပြုတ်ကျလုနီးပါး အကြိမ်ကြိမ် ဖြစ်ခဲ့သည်။

ဖန်ကျားအဖွဲ့၏ အစည်းအဝေး ခန်းမဆောင်ထဲ၌ရှိနေသော ဖန်ဟိုင်ချန်သည် သူ့အရှေ့သို့ ပေကျံနေသောမျက်နှာဖြင့် စုတ်စုတ်ပြတ်ပြတ်ဖြင့် ရောက်ရှိနေသော လီမင်းကိုကြည့်ပြီး သူ့မျက်နှာက အလွန်ကို
မည်းမှောင်နေသည်။ လီမင်မျက်နှာထင်တွင် ယခုအချိန်အထိ သွေးများစွန်းကျန်နေသေးသည်။

လီမင်က အံကြိတ်၍ ဒေါသတကြီး ပြောလိုက်သည်

".... ခေါင်းဆောင် .... ဟောင်ရှောင်လုံက အရမ်းကို ရိုင်းဆိုင်းလွန်တယ် .... သူက ကျောင်းအုပ်ကြီးတပည့်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ကို မျက်လုံးထဲတောင် ထည့်တာမဟုတ်ဘူး .... ကျွန်တော်က သူ့ကို လေးလေးစားစားနဲ့ ဖိတ်ခေါ်ခဲ့တာပါ .... ဒါပေမယ့် ဟောင်ရှောင်လုံက ခေါင်းဆောင်သူ့နဲ့ တွေ့ချင်ရင် လူကိုယ်တိုင်လာတွေ့ရမယ်လို့ ပြောတယ် .....
နောက်ပြီး ခေါင်းဆောင်ကိုယ်တိုင် သွားတွေ့မယ်ဆိုရင်တောင် သူ့စိတ်အခြေအနေပေါ်မူတည်ပြီး လက်ခံတွေ့ ၊ မတွေ့ကို စဉ်းစားမယ်လို့လည်း ပြောတယ် .... ခေါင်းဆောင်ကို စော်ကားနေတော့ ကျွန်တော်လည်းဒေါသထွက်ပြီး မနေနိုင်ဘဲ သူ့ကို အပြစ်တင်မိပါတယ် .... ဒါပေမယ့် သူဘက်က အရှက်ကင်းမဲ့စွာနဲ့ အခုလို အလစ်ဖမ်းပြီး တိုက်ခိုက်လိမ့်မယ်လို့ ကျွန်တော်လည်း မထင်ထားခဲ့မိဘူး .... "

ဖန်ဟိုင်ချန်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အနက်ရောင် အလင်းတန်းတစ်ခု တောက်ပလာသည်

".... ဟောင်ရှောင်လုံက အဲ့လိုပဲ ပြောသလား ....?"

"... ဟုတ်ပါတယ် ခေါင်းဆောင် ...."

လီမင်မျက်လုံးသည်လည်း အမုန်းတရားများဖြင့် တောက်ပနေသည်

"....  ကျွန်တော်ရဲ့ ချီပင်လယ် မပျက်စီးခင် ကျွန်တော် အချိန်မှီရှောင်တိမ်းနိုင်ခဲ့လိုသာပေါ့ .... သူရဲ့ အလစ်ဖမ်းတိုက်ခိုက်က ကျွန်တော်အသက်ကိုတောင် နှုတ်ယူသွားနိုင်တဲ့အထိ ပြင်းထန်ပါတယ်....
နောက်ပြီး သူကပြောသေးတယ် .... ဘာထိပ်သီး ကျောက်သားငါးယောက်လဲတဲ့.... သူ့မျက်လုံးထဲမှာတော့ အကုန်လုံးက သုံးစားလို့မရတဲ့ လူတွေကြီးပဲတဲ့...."

ဖန်ဟိုင်ချန်မျက်လုံးထဲမှ ထွက်ပေါ်နေသည့် လူသတ်ချင်စိတ်များက ပိုမိုပြင်းထန်လာသည်။
ဖန်ဟိုင်ချန်က အကြောစိမ်းများ ထောင်လာသည်အထိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်

"..... အဲ့ကောင်အခု ရွှေနဂါးတောင်ထိပ်မှာဘဲ ရှိနေတုံးလား ....?"

လီမင်က ပြန်ဖြေလိုက်သည်

"... ဖန်ကျားအဖွဲ့ဝင်တစ်ယောက်ကတော့ ဟောင်ရှောင်လုံ အပြင်ထွက်သွားတာကိုမြင်လိုက်တယ်လို့ပြောပါတယ် .... မြောက်ဘက်ကြယ်ရင်ပြင်ကျယ်ကို ဦးတည်သွားနေဆယ်ဆိုတော့ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကနေ တခြားနေရာကို သွားမယ့်ပုံပဲ ...."

ထိုစကားကြားပြီးနောက် ဖန်ဟိုင်ချန်၏ မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်

".... အဲ့လိုဆိုမှတော့ ငါတို့  သူကို လက်ဆောင်ကြီးကြီးတစ်ခုလောက် ပိုပေးကြရအောင်..."

လီမင်လည်း အံ့သြစွာဖြင့် ပြန်မေးလိုက်သည်

"... လက်ဆောင်ကြီးကြီး ဟုတ်လား.....?"

ဖန်ဟိုင်ချန်က အေးစက်စက်ပြုံးလိုက်သည်

"....လက်ထောက်ကျောင်းအုပ် ဝမ်နာ နဲ့ မိုးပြာရောင် နဂါး တက္ကသိုလ်ရဲ့ လူတွေက အဲ့ကောင် အပြင်ထွက်မယ့် အချိန်ကို စောင့်နေကြတာကွ ....
လာ လက်ထောက်ကျောင်းအုပ်ဆီကို သွားကြမယ်..
အဲ့ဒီသတင်းကို ရလိုက်ရင် သူလည်း အရမ်းကို ဝမ်းသာသွားမှာ ... ကံကောင်းရင် ဆုတွေဘာတွေတောင် ရနိုင်သေးတယ် ...."

"..... သူ့ကို ကျွန်တော်တို့ကိုယ်တိုင် မသတ်နိုင်တယတော့ ဝမ်နည်းစရာပဲ ...."

လီမင်က မုန်းတီးစွာဖြင့် ရေရွတ်လိုက်သည်။
ခန်းမဆောင်အတွက်ဘက်မှ ထွက်လာပြီးနောက် ဖန်ဟိုင်ချန်က ပေါ့ပေါ့တန်တန်ဖြင့် ပြောလိုက်သည်

".... ဟောင်ရှောင်လုံ သေသွားရင် ဟောင်မိသားစုကို မင်းကြိုက်သလို လုပ်လို့ရတာပဲ..
အဲ့ဒီအချိန်ကြမှ မင်းရင်ထဲက အမုန်းတွေကို စိတ်ကြိုက်ဖြေ ဟုတ်ပြီလား ....?"

လီမင်၏ မျက်လုံးနက်နက်များက အရောင်တောက်ပလာသည်

".... ဟုတ်ပါတယ်.... ခေါင်းဆောင်ပြောတာ မှန်ပါတယ် ... ဟောင်မိသားစုက ဒီနေ့ကျုပ်ခံစားခဲ့ရတာထက် အဆတစ်ထောင်ပိုပြီး ခံစားစေရမယ် ...."

ထိုနောက် ဖန်ဟိုင်ချန်တို့နှစ်ယောက်သည် ဝမ်နာ နေထိုင်သည့် အိမ်တော်ရှိရာသို့ အလျင်အမြန် ပျံသန်းသွားကြသည်။ ဖန်ဟိုင်ချန်ဆီက သတင်းစကားကိုကြားလိုက်သည်နှင့် ဝမ်နာ၏ မျက်လုံးများက အရောင်တောက်ပလာသည်။
သူက ဖန်ဟိုင်ချန်တို့နှစ်ယောက်ကို ရက်ရက်ရောရောပင် ချီးကျူးလိုက်သည်

".... မင်းတို့နှစ်ယောက်စလုံး အရမ်းတော်တယ်...."

ထိုနောက် ဝမ်နာသည် သိုလှောင် လက်စွပ်နှစ်ကွင်းကို ဖန်ဟိုင်ချန်တို့ဆီသို့ ပစ်ပေးလိုက်သည်

".... ဒါက နင်တို့အတွက် ဆု ....."

သိုလှောင်လက်စွပ်အတွင်းရှိနေသည့် မြောက်မြားစွာသော ဆေးဝါးပစ္စည်းများနှင့် ရွှမ်းဝူ ဒင်္ဂါးများကြောင့်ဖန်ဟိုင်ချန်နှင့် လီမင်တို့၏ မျက်နှာများက ပြုံးရွှင်သွားကြပြီး ဝမ်နာကို ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

ဝမ်နာက ခေါင်းတစ်ချက်ညိတ်ပြပြီး သူတို့နှစ်ယောက်ကို ပြန်ခိုင်းလိုက်သည်။ ထိုနောက် သူဘေးမှာရှိနေသည့် မဟာအကြီးအကဲ လွေယုဘက်သို့ လှည့်ပြီး ပြောလိုက်သည်

".... ဟောင်ရှောင်လုံ ထွက်သွားတဲ့သတင်းကို
မိုးပြာရောင် နဂါးတက္ကသိုလ်ဆီ အခုချက်ချင်းအကြောင်းကြားလိုက် .... ဟောင်ရှောင်လုံဆီမှာရှိတဲ့ မိုးသီးကျောက်တုံး ရတနာသိုက်ရဲ့တစ်ဝက်ကို ငါတို့ဆီပေးဖို့ကိုလည်း ပြောဖို့ မမေ့နဲ့အုံး .... နောက်ပြီး ဟောင်ရှောင်လုံ ရထားတဲ့ ရှေးဟောင်းရတနာ ဆယ့်ငါးခုကိုလည်း ငါတို့ယူမယ်လို့ပြောလိုက် ....."

လွေယုလည်း ဝမ်နာ၏ အမိန့်အတိုင်းဆောင်ရွက်ရန် အလျင်အမြန် ထွက်ခွာသွားသည်။

တခြားတစ်ဖက်တွင်လည်း  မြောက်ဘက်ကြယ်ရင်ပြင်ကျယ်အတွင်းသို့ ရောက်ရှိလာသော ရှောင်လုံသည် ရင်ပြင်ကျယ်အတွင်းရှိနေသော ကူးပြောင်းခြင်း အစီအရင်မှတဆင့် အနက်ရောင် သူရဲကောင်းမြို့ဆီသို့ သွားလိုက်သည်။ ရှောင်လုံက လမ်းခရီးတွင် အချိန်ဆွဲနေခြင်း မရှိပေ ။
ကူးပြောင်းခြင်း အစီအရင်များကို တစ်ခုပြီးတစ်ခု အသုံးပြု၍ မြောက်ဘက် ရေခဲကမ္ဘာဆီသုိ့ ခရီးဆက်နေသည်။ ထိုကဲ့သို့ ခရီးဆက်ရင်း တန်ဂူ ကမ္ဘာဟူသော နေရာဆီသို့ ရောက်ရှိလာသည်။

မြောက်ဘက် ရေခဲကမ္ဘာတွင် ကူးပြောင်းခြင်း အစီအရင်များ နည်းပါးခြင်းကြောင့် ရှောင်လုံ အနေနှင့် အနီးဆုံးကမ္ဘာသို့သာ ကူးပြောင်းနိုင်သည်။
ထိုနေရာမှတဆင့် မြောက်ဘက်ရေခဲကမ္ဘာဆီသို့ ရောက်ရှိရန် ပျံသန်းခြင်းကိုသာ အားကိုး၍ ခရီးဆက်ရမှာ ဖြစ်သည်။

တန်ဂူ ကမ္ဘာနှင့် မြောက်ဘက်ရေခဲကမ္ဘာသည် ဝေးကွာခြင်း မရှိသော်လည်း ရှောင်လုံ၏ လက်ရှိအမြန်နှုန်းအရ ထိုနေရာသို့ ရောက်ရှိရန် အချိန်တစ်လခန့် ကြာမြင့်နိုင်သည်။

အကန့်အသတ်မရှိ ကြီးမား ကျယ်ပြန်သော လေဟာနယ်အတွင်းဖြစ်ပေါ်နေသည့် နက်ရှိုင်းသော ဆိတ်ငြိမ်ခြင်းမှ ငြိမ်သက်အေးချမ်းသော ခံစားမှုရသ တစ်ခုကို ပေးစွမ်းနေသည် ။
အကန့်အသတ်မရှိကျယ်ဝန်းသော လေဟာနယ်ထဲတွင် ရှောင်လုံ ပုံရိပ်သည် ညဉ့်နက် ကောင်းကင်ထက်မှ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်လေးတစ်ခုလို ရွေ့လျားနေသည်။

ရှောင်လုံသည် သူ့၏ စိတ်စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်၍ နက်ရှိုင်းသော လေဟာနယ်အတွင်း ပုန်းအောင်းနေသည့် စွမ်းအားကြီးမားသော မိုးကြိုးစွမ်းအားများကို အာရုံခံ၍ စုပ်ယူရန် ကြိုးစားလိုက်သည်။

"... ဒီမှာရှိနေတဲ့ မိုးကြိုးစွမ်းအားတွေက တကယ်ကို ကောင်းတာပဲနော် ...."

မိုးကြိုးစွမ်းအင်၏ အကျိုးသက်ရောက်မှုကို ခံစားမိလိုက်သည့်အခါ ရှောင်လုံနှုတ်ဖျားမှ မှတ်ချက်စကားသံတစ်ခု ထွက်ပေါ်လာသည်

"... နောက်အနှစ် နှစ်ရာကြာရင် ကျင်းပမယ့် အဆင်မြင့် နတ်ဘုရားတွေရဲ့ သိုင်းပြိုင်ပွဲသာမရှိရင်
ကျွန်တော်တော့ဒီနေရာမှာပဲ မိုးကြိုးစွမ်းအားတွေကို စုပ်ယူပြီး အနှစ်တစ်ရာလောက်
သိုင်းလေ့ကျင့်လိုက်ချင်တယ် ...."

မိုးကြိုးစွမ်းအားသည် ရှောင်လုံ၏ စိတ်ဝိညာဉ်အတွင်းမှ အညစ်အကြေးများကို သန့်စင်ပေးနိုင်ရုံသာမက ပို၍ကြံခိုင်လာစေနိုင်သည်။သို့သော် လက်ရှိအချိန်တွင် ရှောင်လုံသည် သူ့၏ သိုင်းကျင့်စဉ်နှင့် အတွင်းအားကိုသာ အလျင်အမြန် တိုးတက်ချင်နေသည်။

နဂါးအင်ပါရာ အောင်းတိုင်ရီက ပြောလိုက်သည်

"....  စိတ်ခွန်အားတွေ ပိုပြီးသန်မာလာလေ မဟာနတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်ခြေ ပိုများလေပဲကွ .....အခုလို သိုင်းအဆင့်တက်ဖို့လောက်ကိုပဲ အာရုံစိုက်နေရင် နောက်ပိုင်းမှာ အခက်တွေနဲ့ ကြုံရလိမ့်မယ် ... "

ရှောင်လုံလည်း အံ့သြသွားသည်

"... မဟာနတ်ဘုရားဖြစ်ဖို့က စိတ်ဝိညာဉ်နဲ့ သက်ဆိုင်နေတာလား ...?"

အောင်းတိုင်ရီက ခေါင်းညိတ်ပြီးရှင်းပြလိုက်သည်

"... ဟုတ်တယ်ကွ ... မင်းစိတ်ဝိညာဉ် ပိုပြီးသန်မာနေရင် နတ်ဘုရားဦးခေါင်းက အလွယ်တကူ ဖြစ်ပေါ်လာလိမ့်မယ် ... မဟာနတ်ဘုရားအဆင့်ကိုရောက်ရင် စိတ်ဝိညာဉ်ရဲ့ သန်စွမ်းမှုနဲ့ သန့်စင်မှုပေါ်မူတည်ပြီး ပိုပြီး အစွမ်းထက်တဲ့ နတ်ဘုရားဦးခေါင်းတွေ ဖြစ်ပေါ်လာတာ  ....  နတ်ဘုရား ဦးခေါင်းဆိုတာက နတ်ဘုရား ရဲ့ အခြေခံဖြစ်တည်မှုပဲ....  အောက်ခြေ ခိုင်မာနေမှ သူများထက် မြင့်တဲ့နေရာကို မင်း တက်လှမ်းနိုင်မှာ... အတိတ်က မင်းသိုင်းအဆင့် အရမ်းနိမ့်နေသေးလို့ မင်းကို မပြောတာ .... အများကြီးသိထားလို့လည်း ဘာမှ အသုံးမဝင်ဘူးလေ .... အခုတော့ မင်းလည်း နတ်ဘုရား အဆင့် ၅ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီ .... အဲ့ဒါကြောင့် အခုကစပြီး အဲ့ဒီအချက်တွေကို သိထားဖို့ လိုလာပြီ....."

မမျှော်လင့်ပဲ ကြားလိုက်ရသော စကားကြောင့် ရှောင်လုံလည်း အနည်းငယ် တုန်လှုပ်သွားသည်။
စိတ်ဝိညာဉ်၏ ကြည်လင်သန့်ရှင်းမှုသည် မဟာနတ်ဘုရားအဆင့်သို့တက်လှမ်းရာတွင်  ဤမျှအထိ အရေးကြီးမှန်း သူ မထင်ထားခဲ့ပေ။

".... နဂါးအိုကြီး .... ဒါဆို ကျုပ်စိတ်ဝိညာဉ်ရဲ့ စွမ်းအား နဲ့ သန့်ရှင်းမှုကရော ဘယ်လို အခြေအနေရှိလဲ ....?"

ရှောင်လုံက အလောတကြီးမေးလိုက်သည်။

အောင်းတိုင်ရီက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ  ပြန်ဖြေလိုက်သည်

".... မင်းလေ့ကျင့်ထားတဲ့ ရှေးဟောင်းရုပ်သေးရုပ် နည်းစနစ်နဲ့ စိတ်အာဏာ နည်းစနစ်တွေကြောင့် မင်းစိတ်ဝိညာဉ်က မင်းနဲ့ အဆင့်တူ သိုင်းသမားအများစုထက် ပိုပြီးသန်မာနေတာတော့ အမှန်ပဲ ... ဒါပေမယ့် မဟာနတ်ဘုရား သိုင်းပညာရှင် တစ်ယောက်အဆင့်ကိုရောက်ဖို့တော့ အဝေးကြီးလိုနေသေးတယ် .... မင်းစိတ်ဝိညာဉ်ရဲ့ သန့်ရှင်းမှုဆိုရင် ပိုလို့တောင် လိုနေသေးတယ် ...."

အောင်းတိုင်ရီစကားကို နားထောင်နေရင်း ရှောင်လုံမျက်နှာက ပိုပိုပြီး မျက်မှောင် ကြုတ်လာသည်။

အောင်းတိုင်ရီက ဆက်ပြောလိုက်သည်

"... ကဲပါ အခုလောလောဆယ်တော့ အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး အာရုံများမနေပါနဲ့.....  ဒီကိစ္စကို မင်း နတ်ဘုရား  အဆင့် ၁၀ သိုင်းပညာရှင်ဖြစ်ပြီး အဆင့်မြင့်နတ်ဘုရားတွေရဲ့ သိုင်းပြိုင်ပွဲမှာ ပထမနေရာကိုရပြီးမှ ဆက်ပြောကြတာပေါ့ ...."

ရှောင်လုံလည်း ခေါင်းညိတ်ပြလိုက်သည်။
ထိုနောက် အကန့်အသတ်မရှိ ကျယ်ဝန်းသော လေဟာနယ်ထဲတွင် နှစ်ရက်ခန့် ထပ်မံပျံသန်းလိုက်သည်။

"...  လူကြီးလူကောင်းတို့ .... ကျုပ်နောက်ကိုလိုက်နေတာလည်း ကြာလှပြီ ....ခင်ဗျားတို့ ဘယ်နေရာအထိ ဆက်လိုက်ချင်တာလဲ ....?"

ရှောင်လုံက ပတ်ဝန်းကျင်ကို ဝေ့ပြီး ကြည့် လိုက်သည်။ ထိုနောက် တစ်ချက် သမ်းကာ မေးလိုက်သည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၄၃ ....

စက္ကန့်အနည်းငယ်အတွင်း ရှောင်လုံပတ်ဝန်းကျင်မှ လေဖိအားများက ပိုမိုသိပ်သည်းသွားသည်။ ထိုနောက် တောက်ပသောအလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားပြီး ရှောင်လုံအရှေ့ဘက်တွင် လူသုံးယောက်ပေါ်လာသည်။

".... မိုးပြာရောင် နဂါး တက္ကသိုလ်ရဲ့ လူတွေပါလား.
..."

ရှောင်လုံက ရောက်ရှိလာသူသုံးယောက်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ ထိုလူသုံးယောက်ထဲတွင် နှစ်ယောက်သည် မိုးပြာရောင် နဂါး တက္ကသိုလ်၏ အကြီးအကဲ ဝတ်စုံကိုဝတ်ဆင်ထားပြီး ရှေ့ဆုံးမှတစ်ယောက်က
မဟာအကြီးအကဲ ဝတ်စုံကို ဝတ်ဆင်ထားသည်။
ရှေ့ဆုံးမှ လူကို ရှောင်လုံ မှတ်မိလိုက်သည်။
ရှေ့ဆုံးမှလူသည် မိုးသီးကျောက်တုံး ရတနာသိုက်ထဲတွင် ရှောင်လုံနှင့် တွေ့ဆုံခဲ့သူ ဖြစ်သည်။

လီကျင်းမင်က ကောက်ကျစ်စွာ ပြုံးပြီး ရှောင်လုံကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်

".... ကောင်လေး ... ငါတို့နောက်ကနေ လိုက်လာတာကို သတိထားမိတယ်ဆိုတော့ မင်းမဆိုးဘူးပဲ .... ဒီတစ်ကြိမ်ရော အရင်တစ်ခါကလို ထွက်ပြေးနိုင်အုံးမလားဆိုတာ ကြည့်ကြသေးတာပေါ့ ... မင်းနဲ့ ပေါက်ကရတွေပြောနေဖို့ ငါမှာ အချိန်မရှိဘူး ... ရှောင်းမင်ကျီဆီက မင်းရခဲ့တဲ့ ရှေးဟောင်း ရတနာ ၁၅ ခုနဲ့ မိုးသီးကျောက်တုံး ရတနာသိုက်ကို အခုချက်ချင်း ထုတ်ပေးစမ်း ..... အဲ့ဒါဆိုရင် မင်းဘဝကူးကောင်းအောင် ခန္ဓာကိုယ်အပြည့်အစုံနဲ့ သေခွင့်ပေးမယ် .... "

ယခု တစ်ကြိမ်တွင် ရှောင်လုံထွက်ပြေးနိုင်တော့မှာ မဟုတ်ဟု လီကျင်းမင်က အပိုင်တွက်ထားသည်။
သူ့အရှေ့မှ လူငယ်လေးက  အစွမ်းထက်သော်ငြားလည်း သူ့လို နတ်ဘုရား အဆင့် ၁၀ သိုင်းပညာရှင် လက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည့် စွမ်းရည်မရှိဟု လီကျင်းမင် ယူဆထားသည်။

ရှောင်လုံ၏ တည်ငြိမ်နေသောမျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်

"....  ခင်ဗျား ကျုပ်ကို သတ်နိုင်မယ်ဆိုတာရော သေချာလို့လား ...?"

လီကျင်းမင်က ခပ်ဖွဖွပြုံးရင်း ခေါင်းခါလိုက်သည်

"... အရင်တစ်ခေါက်က မိုးသီးကျောက်တုံး ရတနာသိုက်ထဲကနေ မင်းဘယ်လို ထွက်ပြေးသွားသလဲဆိုတာကို ငါ အဖြေမရှာနိုင်သေးပေမယ့် ဒီတစ်ကြိမ်တော့  ပတ်ဝန်းကျင် လေဟာနယ်ကြီးတစ်ခုလုံးကို နတ်ဘုရားချုပ်ရွှေပိုးကြိုးနဲ့ ပိတ်ဆို့ထားပြီးပြီ .... ဒီတစ်ကြိမ်တော့ ဘယ်လိုနည်းနဲ့မှ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး...."

လီကျင်းမင်က သူ့စကားအဆုံးတွင် လက်ကို တစ်ချက် ဝေ့ယမ်းလိုက်သည်။ ထိုနောက် ပတ်ဝန်းကျင်တစ်ခုလုံးကို သံမဏိလှောင်အိမ်တစ်ခုပမာ ချုပ်နှောင်ထားသည့် ရွှေရောင်ကြိုးရှည်တစ်ခု ပေါ်လာသည်။

"... နတ်ဘုရားချုပ် ရွှေရောင်ပိုးကြိုးဆိုတာက ငါမတော်တဆရခဲ့တဲ့ ရှေးဟောင်းရတနာတစ်ခုပဲ ... အဲ့ဒီပိုးကြိုးထဲမှာ နတ်ဘုရားဝိညာဉ်ကို ချုပ်နှောင်ခြင်းဆိုတဲ့ အစီအရင်တစ်ခုကို ရေးဆွဲထားတယ်... သူက မီတာ ငါးရာအကွာအဝေးထဲမှာ အတွင်း ၊ အပြင် ကူးပြောင်းသွားလာလို့ မရအောင် ပိတ်ဆို့ခွဲခြားထားနိုင်တဲ့ စွမ်းရည်ရှိတယ်
ဒီပိုးကြိုးနဲ့ ပိတ်ဆို့ထားလိုက်မယ်ဆိုရင် အပြင်ဘက်ကလူတွေကလည်း အတွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို မသိနိုင်တော့ဘူး...
မဟာ နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေတောင်
မီတာ တစ်ရာအတွင်း ဘာဖြစ်နေသလဲဆိုတာကို အာရုံခံနိုင်စွမ်း မရှိဘူး ...."

ရှောင်လုံကို စိုက်ကြည့်နေရင်း လီကျင်းမင်သည် တဖြည်းဖြည်းနှင့် သွေးဆာနေသော ဘီလူးတစ်ကောင်နှင့် တူလာသည် ။ လီကျင်းမင်က  လှောင်ပြောင်သော လေသံဖြင့် ထပ်ပြောလိုက်သည်

".... တစ်ခုတော့ရှိတယ် ... မင်းငါ့ကိုသတ်နိုင်မယ်ဆိုရင် ဒီထဲကနေ လွတ်မြောက်နိုင်တာပေါ့ ...."

ရှောင်လုံက လီကျင်းမင်စကားကို လုံးဝစိတ်ဝင်စားခြင်း မရှိပေ ။ သူ့မျက်လုံးများက နတ်ဘုရားချုပ် ရွှေပိုးကြိုး အမည်ရှိ ရွှေရောင်ပိုးကြိုးလေးကိုသာ အရောင်တလက်လက်ဖြင့် စိတ်ဝင်တစား စိုက်ကြည့်နေသည်။ ထိုနောက် ရှောင်လုံပါးစပ်က ချီးကျူးစကားသံ ထွက်ပေါ်လာသည်

"..... ဒီကြိုးက တကယ်ကို လုယက်လို့ကောင်းတဲ့ ပစ္စည်းမျိုးပဲ .... ဒီကြိုးနဲ့ဟာဆိုရင် တိမ်ပင်လယ် ပင်မကုန်းမြေထဲမှာ ဘယ်သူကိုမဆို စိတ်ကြိုက်သတ်လို့ရပြီ .... ဘယ်အဖွဲ့အစည်းကိုမှလည်း ဂရုစိုက်နေစရာမလိုတော့ဘူး ..."

ရှောင်လုံစကားကိုကြားပြီးနောက် လီးကျင်မင်က ရူးသွပ်စွာဖြင့် အော်ရယ်လိုက်သည်

"... ဟေ့ကောင် .... မင်းရဲ့ ယုံကြည်မှုတွေ ဘယ်ကနေ လာသလဲ ဆိုတာတော့ငါမသိဘူး ..... မင်းက သေခါနီးတောင် သတ္တိကောင်းချင်ယောင် ဆောင်နေပါလား ...."

သူ့မျက်လုံးက ရှောင်လုံနဖူးထက်တွင် ရှိနေသည့်
ရွှေရောင် နဂါးပုလဲလုံး ပုံသဏ္ဍာန် အမှတ်အသားလေးဆီသို့ ရောက်ရှိသွားသည်

"... မင်းရဲ့ နဖူးထက်က အမှတ်အသားကလည်း ရှေးဟောင်း ရတနာတစ်ခုပဲ မဟုတ်လား .... အရင်တစ်ခေါက် မိုးသီးကျောက်တုံး ရတနာသိုက်ထဲမှာ ကျောက်လုဖေး ရဲ့ တိုက်ခိုက်မှုကို အဲ့ဒီရှေးဟောင်း ရတနာက ကာကွယ်သွားတာ ... အဲ့ဒါကြောင့်လည်း မင်းထွက်ပြေးနိုင်သွားတာပေါ့ ... ဒါပေမယ့် မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် အဲ့ဒီရတနာရဲ့ စွမ်းအားကို တစ်ကြိမ်နှစ်ကြိမ်ထက် ပိုသုံးနိုင်မှာ မဟုတ်ဘူး....."

ရှောင်လုံ နဖူးထက်တွင်ရှိနေသည့် ရွှေရောင် ပုလဲလုံးပုံသဏ္ဍာန် အမှတ်အသားလေးကိုကြည့်ရင်း လီကျင်းမင်၏ မျက်လုံးများက လောဘဖြင့် ပိုပြီး အရောင်လက်လာသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က ရှောင်လုံသည် နတ်ဘုရား အဆင့် ၂ သိုင်းပညာရှင်အဆင့်သာ ရှိခဲ့သည်။သို့သော် သူ့နဖူးထက်တွင်ရှိနေသည့် ရတနာ၏ စွမ်းအားကို ငှါးရမ်း၍ နတ်ဘုရားအဆင့်၁၀ သိုင်းပညာရှင်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။
အကယ်၍ ရှောင်လုံဆီက ရတနာကို သူ့သာရယူနိုင်ခဲ့လျှင် မဟာနတ်ဘုရား အဆင့်အောက် သိုင်ပညာရှင်များထဲတွင် ပြိုင်ဘက်ကင်း သိုင်းပညာရှင် ဖြစ်သွားနိုင်သည်။

".... ကောင်လေး ...ဘယ်လိုလဲ စဉ်းစားပြီးပြီလား...?"

မိုးပြာရောင်နဂါးတက္ကသိုလ်၏ အကြီးအကဲတစ်ယောက်ကို ရှောင်လုံကို ရွံရှာစက်ဆုပ်စွာဖြင့် ကြည့်ရင်း မေးလိုက်သည်

".... မင်း ပထမတစ်ခုကို ရွေးမယ်ဆိုရင် မိုးသီးကျောက်တုံးရတနာသိုက်ကို ငါတို့ဆီ လိမ်လိမ်မာမာနဲ့ လွှဲပေး ... အဲ့ဒါဆို ခန္ဓာကိုယ်အပြည့်အစုံနဲ့ သေခွင့်ပေးမယ် .... ဒုတိယတစ်ခုကို ရွေးမယ်ဆိုရင် ငါတို့လက်ချက်နဲ့ ဆိုးဆိုးရွားရွားကို သေရလိမ့်မယ် ...."

ရှောင်လုံက ခေါင်းခါလိုက်သည်

"... တတိယတစ်ခု ရှိသေးတယ် ... အဲ့ဒါက ခင်ဗျားအားလုံးကို သတ်ပြီး ခင်ဗျား ပစ္စည်းအားလုံးကလည်း ကျုပ်အပိုင်ဖြစ်လာမှာ ...."

ရှောင်လုံစကားကြောင့် လီကျင်းမင်နှင့် အကြီးအကဲ နှစ်ယောက်သည် ခဏ မှင်တက်သွားကြသည်။ ထိုကြောင့် သူတို့ဘဝတစ်လျှောက်တွင် အရယ်ရဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို တဟားဟား အော်ရယ်လိုက်ကြသည်။

ထိုအချိန်တွင် ရှောင်လုံနဖူးထက်တွင်ရှိနေသည့် ပုလဲလုံးပုံသဏ္ဍာန် အမှတ်အသားလေးမှ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်များ တောက်ပလာသည်ကို လီကျင်းမင်တို့သုံးယောက် သတိပြုမိလိုက်ကြသည်။ ထိုနောက် ပိတ်ဆို့ထားသော လေဟာနယ်ကြီးတစ်ခုလုံးသည် ကြီးကျယ်လမ်းနားသော နဂါးခွန်အားများဖြင့် ပြည့်နှက်သွားသည်။

အကန့်အသတ်မရှိလောက်အောင် စွမ်းအား ကြီးမားသော နဂါးစွမ်းအားများကြောင့် လီကျင်းမင်တို့သုံးယောက်လုံး အသက်ရပ်မတတ် ဖြစ်သွားကြသည်။
ထိုအတူသူတို့၏ လှောင်ရယ်သံများကလည်း ချက်ချင်းကို ရပ်တန့်သွားသည်။ သူတို့၏ မျက်လုံးအိမ်ထဲတွင် အကြောက်တကြား ဖြစ်ပေါ်လာသည် ။ ထိုအပြင် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး အရာတစ်ခုကို မြင်လိုက်ရသလို သူတို့၏ မျက်နှာများက ဖြုဖပ်ဖြုရော် ဖြစ်ကုန်ကြသည်။

".... မ....မဟာနတ်ဘုရားအဆင့် နဂါးသိုင်းပညာရှင် တစ်ယောက်ပါလား ...!"

ရှောင်လုံခေါင်းပေါ်တွင် ဝဲပျံလျက်ရှိသော ဧရာမနဂါးကြီးကိုကြည့်ရင်း လီကျင်းမင်၏ နှုတ်ဖျားမှ ထစ်ထစ်ငေါ့ငေါ့ဖြင့် ရေရွတ်သံ ထွက်ပေါ်လာသည်။
ထိုဧရာမရွှေနဂါးကြီးသည် အောင်းတိုင်ရီ၏ အသွင်ပြောင်း ပုံသဏ္ဍာန်ဖြစ်သည်။
မိုးသီးကျောက်တုံး ရတနာသိုက်အတွင်း ရှိခဲ့စဉ်အခါက လီကျင်းမင်နှင့် သိုင်းအဆင့်တူ သိုင်းပညာရှင်ခြောက်ယောက်စလုံးကို အသေ သတ်နိုင်မယ်ဟု အောင်းတ်ိုင်ရီဆီမှာ ယုံကြည်ချက် မရှိခဲ့ပေ။ သို့သော် အောင်းတိုင်ရီအနေနှင့် လီကျင်းမင်တစ်ယောက်တည်းကိုတော့ အလွယ်တကူ သတ်နိင်စွမ်းရှိသည်။

မိုးပြာရောင် နဂါးတက္ကသိုလ်မှ  အကြီးအကဲ နှစ်ယောက်သည် အောင်းတိုင်ရီအတွက်  အရေးမပါလှပေ။ နဂါးအင်ပါရာအောင်းတိုင်ရီသည် သူ့၏ ရေကန်အငယ်စားပမာ ကြီးမားသော မျက်စိနှစ်လုံးဖြင့် လီကျင်းမင်တို့လူစုကို စက်ဆုပ်ရွံရှာစွာ စိုက်ကြည့်လိုက်သည်။

အောင်းတိုင်ရီ၏ ကြမ်းတမ်းအေးစက်သော အကြည့်ကြောင့် လီကျင်းမင်လည်း မှင်တက်နေရာမှ သတိပြန်ဝင်လာကြသည်။ သူ့စိတ်ထဲတွင် ပထမဆုံးဝင်လာသည့်အတွေးမှာ ဤနေရာမှ အမြန်ဆုံး ထွက်ပြေးရန် ဖြစ်သည်။

ဝေးနိုင်သမျှ အဝေးဆုံးထွက်ပြေးနိုင်လေ ပိုကောင်းလေဖြစ်သည်။
လီကျင်းမင်၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ စူးရှသောအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းအတွင်းမှ အဆောင်လက်ဖွဲ့ သင်္ကေများသည် လီကျင်းမင် ခန္ဓာကိုယ်နားတွင် ရစ်ပတ်ကာ လိပ်ခွံတစ်ခုနှင့်ဆင်တူသော အတားအဆီးတစ်ခုအဖြစ် ထူးဆန်းစွာ ပြောင်းလဲသွားသည်။

".... ရွှေရောင်ပုစဉ်းရင်ကွဲ အရေခွံလဲသိုင်း ပါလား ...."

လီကျင်းမင်ပြောင်းလဲသွားသော ပုံသဏ္ဍာန်ကြောင့် အောင်းတိုင်ရီက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။
ရွှေရောင် ပုစဉ်းရင်ကွဲ အရေခွံလဲသိုင်းသည် ကောင်းမွန်သော ထွက်ပြေးနည်းတစ်ခု ဖြစ်သည်။
ထိုသိုင်းပညာရပ်သည် အသုံးပြုသူ၏ ခန္ဓာကိုယ်နှင့် ကိုယ်ရောင်ကိုယ်ဝါအား လုံးဝ ကွယ်ဝှက်ပေးနိုင်သည်။ ရန်သူ၏ စိတ်ဝိညာဉ်အင်အား ၊ နတ်ဘုရားအင်အားတို့ဖြင့် အာရုံခံခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

သို့သော် အောင်းတိုင်ရီ၏ နှုတ်ခမ်းများက အေးစက်စက်ပြုံးသွားသည်။ အောင်းတိုင်ရီနေရာတွင် တခြား မဟာနတ်ဘုရား အဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်နေလျှင် လီကျင်းမင်သည် ဤနည်းလမ်းဖြင့် လွတ်မြောက်ကောင်း လွတ်မြောက်သွားနိုင်သည်။
ကံဆိုးသွားသည့်တစ်ချက်မှာ လီကျင်းမင်၏ ရန်သူသည် တိုက်ပွဲ အတွေ့အကြုံပြည့်ဝနေသော နဂါးအင်ပါရာ အောင်တိုင်ရီ ဖြစ်နေခြင်းပင် ။

အောင်းတိုင်ရီက သူမေးရိုးကို အကျယ်ကြီး ဟ၍
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောနဂါး ဟိန်းသံ ဖြင့် ဟိန်းဟောက်လိုက်သည်။ အောင်းတိုင်ရီ၏ ဟိန်းသံသည် နဂါးပေါင်းများစွာ တစ်ပြိုင်နက် ဟိန်းဟောက်သံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုဟိန်းသံကြောင့် ကြောက်မက်ဖွယ့ရာကောင်းသော လေမုန်တိုင်းကြီးများ ဖြစ်ပေါ်လာကြသည်။ ထိုလေမုန်တိုင်းများက လေဟာနယ်တစ်ခုလုံးကို အကြားအလပ်မရှိ ရိုက်ခတ်သွားသည်။

သူ့ကိုယ်သူ အောင်မြင်စွာ ပုန်းအောင်နိုင်ပြီဟု ယူဆထားသော လီကျင်းမင်တစ်ယောက် ဒဏ်ရာဒဏ်ချက်များစွာရပြီး သွေးအလိမ်းလိမ်းဖြင့် ပြန်ပေါ်လာသည်။ သူ့၏အဖော်နှစ်ယောက်သည် သူထက်ပင်ပို၍ အဖြစ်ဆိုးသေးသည်။ အကြီးအကဲ နှစ်ယောက်၏ ခန္ဓာကိုယ်များသည့် လေမုန်တိုင်းနှင့် ရိုက်မိပြီး အပိုင်းပိုင်း ပြတ်ထွက်ကာ သွေးမိုးအဖြစ် လီကျင်းမင်ကိုယ်ပေါ်သို့ ရွာကျလာသည်။

အချိန်အနည်းငယ်ကြာပြီးနောက် လေဟာနယ်အတွင်း ပဲ့တင်ထပ်နေသည့် နဂါးဟိန်းသံများလည်း မှေးမှိန်၍ ပျောက်ကွယ်သွားသည်။
လီကျင်းမင်သည် အလုံပိတ်ထားသော လေဟာနယ်ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။
သူ၏ ဝင်သက်ထွက်သက်များကလည်း အလွန်ပင် အားနည်းနေသည်။ သို့သော် သူ့၏မျက်လုံးများက အောင်းတိုင်ရီအား ကြောက်ရွံစွာဖြင့် စိုက်ကြည့်နေသည်။ အောင်းတိုင်ရီသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ့စိတ်ထဲမှာ မတွက်ဆမိခဲ့ပေ။ 

ရှောင်လုံက လီကျင်းမင်အရှေ့သို့ သွားလိုက်သည်။ လီကျင်းမင်ကိုကြည့်ပြီး သူ့မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်

"... ခင်ဗျားကို ဘယ်သူ သတင်းပေးတာလဲ ....?"

လီကျင်းမင်က အေးစက်စက်နှာခေါင်းရှုံ့ပြီးပြန်ဖြေလိုက်သည်

".... ဟောင်ရှောင်လုံ .... မင်းငါ့ကိုသတ်လိုက်ရင် မိုးပြာရောင် နဂါးတက္ကသိုလ်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး ..... မင်းသေချာ စဉ်းစားဖို့ လိုမယ်နော် ...."

ရှောင်လုံ မျက်လုံးများက ပို၍ အေးစက်သွားသည်။
ထိုနောက် ရှောင်လုံ ခြေထောက်က လီကျင်းမင်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။ အရိုးများ ကျိုးကြေသံနှင့်အတူ လီကျင်းမင်ထံမှ နာနာကျင်ကျင် အော်ဟစ်သံ ထွက်ပေါ်လာသည်။

".... ကျုပ်ကတော့ သေသေချာချာကို စဉ်းစားပြီးသွားပြီ ...."

ရှောင်လုံက လှောင်ပြောင်သော အမူအရာဖြင့် လီကျင်းမင်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်

".... ဒါပေမယ့် ခင်ဗျားကတော့ အခုချိန်အထိ အခြေအနေကို သေချာနားမလည်သေးတဲ့ပုံပဲ ...."

လီကျင်းမင်ရင်ထဲမှာ ရှောင်လုံအပေါ် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည် ။ လီကျင်းမင်က ကြမ်းကြုတ်သော မျက်လုံးများဖြင့် ရှောင်လုံကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်

".... ဟောင်ရှောင်လုံ ....မင်းဘေးမှာ မဟာနတ်ဘုရားအဆင့် နတ်နဂါးတစ်ကောင် စောင့်ကြပ်ပေးနေလို့ မင်းကို ငါတို့ မိုးပြာရောင် နဂါး တက္ကသိုလ်က မသတ်နိုင်တော့ဘူးလို့ ထင်နေတာလား .... အချိန်တန်လာရင် မင်းရဲ့ သေဆုံးခြင်းက ငါ့ထက်အဆတစ်ရာလောက် ပိုဆိုးလိမ့်မယ် ...."

ရှောင်လုံက လီကျင်းမင်၏ ချိန်းခြောက်မှုအပေါ် တစ်စက်ကလေးမှ မျက်နှာပျက်သွားခြင်း မရှိပေ

".... အဖြစ်ဆိုးနဲ့ သေမလား ၊ မသေမလားဆိုတာတော့ ကျုပ်မသိဘူး .... အခု ကျုပ်သိနေတာကတော့ ခင်ဗျား အဖြစ်ဆိုးနဲ့ သေရတော့မယ် ဆိုတာပဲ ...."

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၄၄ .......

ရှောင်လုံက လက်ဝါးကိုဖြန့်လိုက်သည်။ ရှောင်လုံ လက်ဝါးပေါ်တွင် တောက်ပနေသော အင်မော်တယ် မီးအဆီအနှစ်များ ပေါ်လာသည်။ ထိုနောက် အံ့သြမှင်တက်နေသော လီကျင်းမင်၏ အကြည့်အောက်တွင် ရှောင်လုံလက်ဝါးထက်မှ မီးအဆီအနှစ်များက လီကျင်းမင်ကိုယ်ပေါ်သို့ ညင်သာစွာ ကျရောက်သွားသည်။

ထိုအဖြစ်အပျက်ကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေသော လီကျင်းမင်ထံမှ လှောင်ပြောင်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။

ဒီကောင် တကယ့်ကို ညဏ်တိမ်တဲ့ကောင်ပဲ ....
သူ့လို အလယ်အဆင့် နတ်ဘုရားတစ်ယောက်ရဲ့ နတ်မီးတောက်နဲ့ ငါ့လို အဆင့်မြင့် နတ်ဘုရားတစ်ယောက်ကို သတ်နိုင်မယ်လို့ သူထင်နေတာလား..?

သို့သော် သူ့ပါးစပ်မှ လှောင်ပြောင်သော စကားသံများ ထွက်ပေါ်မလာခင်  ကြောက်ရွံထိတ်လန့်မှုတစ်ခုကြောင့် သူ့မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည် ။ ထိုနောက် လီကျင်းမင်ထံမှ ငယ်သံပါအောင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့သော အင်မော်တယ်မီးတောက်လေးသည် တဖြည်းဖြည်းနှင့် သူ့တစ်ကိုယ်လုံးကို စတင်ဝါးမြိုလာသည်။

  မည်သို့ပင် ကြိုးစားသည်ဖြစ်စေ လီကျင်းမင်သည် ထိုမီးတောက်လေး၏ ဝါးမြိုစားသုံးမှုမှ မလွတ်မြောက်နိုင်သည့်အပြင် လောင်ကျွမ်းနေသော ကြောက်မက်ဖွယ်ရာမီးတောက်များ ကိုလည်း ငြိမ်းသက်နိုင်ခြင်း မရှိပေ။

ရှောင်လုံက သူ့ကို အလွယ်တကူဖြင့် သေခွင့်မပေးပေ။ မီးတောက်ကို ထိန်းချုပ်၍ လီကျင်းမင်၏ ခန္ဓာကိုယ်အား နည်းနည်းချင်း ဝါးမြိုပစ်လိုက်သည်။ လီကျင်းမင်သည် သူ့မျက်စိရှေ့တွင် တမြေ့မြေ့လောင်ကျွမ်းလျက်ရှိသော သူ့ခန္ဓာကိုယ်ကြောင့် ထိတ်လန့်ကြောက်ရွံမှုအပြင်
အလွန်အမင်း နာကျင်မှုများကိုပါ တစ်ပြိုင်နက် ခံစားနေရသည်။

တစ်နာရီခန့်ကြာပြီးနောက် လီကျင်းမင်ဟူသော ဖြစ်တည်မှုသည် စကြာဝဠာပေါ်မှ ထာဝရ ပျောက်ကွယ်သွားလေသည်။ ရှောင်လုံလည်း လီကျင်းမင်တို့ထံမှ ကျန်ရစ်ခဲ့သော နတ်ဘုရားချုပ် ရွှေပိုးကြိုးနှင့် သိုလှောင်လက်စွပ်သုံးကွင်းကို သိမ်းဆည်းလိုက်သည်။

".... သွားကြစို့ ဒီနေရာကို လူတွေအများကြီးလာနေကြတယ် ... သူတို့ထဲက တစ်ယောက်က တော်တော်ကို အစွမ်းထက်တယ် ...."

အောင်းတိုင်ရီထံမှ ရုတ်တရက် လေးလေးနက်နက်စကားသံ ထွက်ပေါ်လာသည်။ သူကိုယ်တိုင်ကလည်း အခိုးအငွေ့အဖြစ်ပြောင်းလဲကာ ရှောင်လုံ နဖူးထက်မှ နဂါးပုလဲလုံးအတွင်း ပြန်ဝင်သွားသည်။
ရှောင်လုံလည်း အောင်းတိုင်ရီ၏ စကားအပေါ် ချက်ချင်းပင် တုန့်ပြန်လိုက်သည်။ ပိုးစာပင် ဓားပေါ် တက်စီး၍ လွန်စွာ လျင်မြန်သော အမြန်နှုန်းဖြင့် အဝေးသို့ ပျံသန်းသွားသည်။ ရှောင်လုံတို့ထွက်သွားပြီး သိပ်မကြာခင် သူတို့ရှိနေခဲ့သော နေရာသို့  လျင်မြင်သော အမြန်နှုန်းဖြင့် လူငါးယောက် ရောက်ရှိလာသည်။ ထိုလူငါးယောက်၏ ခန္ဓာကိုယ်တွင် ရစ်ပတ်နေသော မိစ္ဆာစွမ်းအားများကို သာမာန်မျက်စိနှင့်ပင် ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။

ထိုလူငါးယောက်က ပတ်ဝန်းကျင်ကို ခပ်မြန်မြန် အကဲခတ်လိုက်ကြသည်။ ထိုနောက် ရွှေရောင် ပိုးထည်ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် လူကြီး၏ ညွန်ကြားမှုအတိုင်း ရှောင်လုံ ပျံသန်းသွားရာအရပ်သို့ ထပ်ချပ်မခွာ လိုက်ပါသွားကြသည်။  ရှောင်လုံတို့အနောက်သို့ မီတာငါးသောင်းခန့်ပထိ လိုက်ပြီးနောက် ထိုလူငါးယောက်သည် လူမရှိသော ဂြိုလ်တစ်ခုပေါ်တွင် ခေတ္တရပ်နားလိုက်သည်။

ရွှေရောင်ပိုးထည် ဝတ်စုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ်လူကြီးက စူးရှသော သိမ်းငှက်မျက်လုံးဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထိုနောက် ခေါင်းတဆတ်ဆတ်ညိတ်ကာ တခြားလူ
လေးယောက်ကို အမိန့်ပေးလိုက်သည်

".... လူခွဲပြီး ရှာကြစမ်း .... အဲ့ကောင် ဝေးဝေး မပြေးနိုင်ပါဘူး....."

"....  အရှင်မင်ကြီးရဲ့ အမိန့်အတိုင်းပါ ...."

လူလေးယောက်က ရိုရိုသေသေပြန်ဖြေကာ လူခွဲ၍ ထွက်ခွာသွားကြသည်။ ရွှေရောင် ဝတ်စုံဖြင့်လူကြီးက လူမရှိသော ဂြိုလ်၏ တောင်ထိပ်တစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။
သူ့ခြေထောက်နှင့် ထိလိုက်သော မြေကြီးသည် အောက်ဘက်သို့ ကျွံဝင်သွားသည်။ ထိုနောက် သူ့ခြေထောက် ချထားသော နေရာကို ဗဟိုပြု၍ မီတာ ငါးသိန်းအတွင်းရှိနေသော တောင်ထိပ်များမှ ချော်ရည်ပူများ ရုတ်တရက် ပေါက်ကွဲလာသည်။
ပူးပြင်းသော ချော်ရည်ပူများသည် ရေပူစမ်းကဲ့သို့ မြေကြီးအတွင်းမှ ရုတ်တရက် ပန်းထွက်လာသည်။

".... ပုံမှန်သာဆို ငါရဲ့ စိတ်ဝိညာဉ် အာရုံခံမှုကနေ ဒီကောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး...."

သတ်လတ်ပိုင်းအရွယ်လူကြီးက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်

".... နောက်ပြီး မိုးပြာရောင် နဂါးတက္ကသိုလ်ကလာတဲ့ လူတွေကရော ဘယ်ပျောက်နေကြတာလဲ  ....?"

မကြာခင် အရပ်လေးမျက်နှာခွဲ၍ ရှာဖွေရန် ထွက်သွားသူ လေးယောက် ပြန်လည်ရောက်ရှိလာကြသည်။ အားလုံးက သူတို့ ရှာဖွေမှု၏ ရလဒ်ကို ခေါင်းတရမ်းရမ်းဖြင့် အတည်ပြုလိုက်ကြသည် ။ မည်သူကမှ ရှောင်လုံ၏ သဲလွန်စ တစ်စုံတရာအား ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။

ထိုအခြင်းအရာကိုမြင်ပြီးနောက် ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသူ၏ မျက်နှာက ပို၍ လေးနက်သွားသည် ။ ထိုလူကြီးက သူ့လူလေးယောက်ကို နောက်တစ်ကြိမ် ထပ်မံရှာဖွေ ခိုင်းလိုက်သည်။ သို့သော် အချည်းနှီးသာ ဖြစ်သွားခဲ့သည်။ ထိုအခါကြမှ သူတို့လူစုလည်း လက်လျော့၍ အဝေးသို့ပျံသန်းသွားကြသည်။
သူတို့ငါးယောက်ထွက်သွားပြီး သိပ်မကြာခင် ရွှေရောင်ဝတ်စုံနှင့်လူကြီး ရပ်နေခဲ့သော တောင်ထိပ်တွင် ရှောင်လုံ ပြန်ပေါ်လာသည်။

"... ကြောက်စရာကောင်းလိုက်တဲ့ မိစ္ဆာချီစွမ်းအားတွေပါလား ..."

ရှောင်လုံက အနည်းငယ်စိုးရိမ်နေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။ နတ်တောင်ရွှမ်းမီနှင့် နဂါးအင်ပါရာ အောင်းတိုင်ရီက သူ့ကိုယ်ရောင်ကိုယ်ဝါများကို ကွယ်ဝှက်ပေးထားခြင်းကြောင့်သာ ရှောင်လုံ ကံကောင်းသွားခြင်းပင် ။ သို့မဟုတ်လျှင် ရွှေရောင်ဝတ်စုံနှင့် လူကြီး၏ အာရုံခံမှုမှ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။

".... အဲ့ဒီရွှေရောင်ဝတ်စုံနဲ့လူက မိစ္ဆာသားရဲ မျိုးနွယ်စုတစ်ခုခုရဲ့ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ပဲ...."

ထိုလူငါးယောက် ထွက်ခွာသွားချိန်ကြမှ အောင်းတိုင်ရီလည်း သက်ပြင်းမောကြီးတစ်ခုကို မှုတ်ထုတ်ပြီး ပြောလိုက်သည်

"... နောက်ပြီး ငါခန့်မှန်းရသလောက်တော့ သူ့ရဲ့ခွန်အားက ကြယ်စင်စု လေးခုအတွင်းမှာ ရှိတဲ့ မိစ္ဆာသားရဲ သိုင်းပညာရှင်တွေထဲမှ ထိပ်ဆုံးငါးယောက်အတွင်း ဝင်လောက်တယ် .....!
သူက မင်းဆရာကို မယှဉ်နိုင်ပေမယ့် သူ့ခွန်အားက မင်းဆရာထက် နည်းနည်းပဲ နိမ့်တယ် ...."

ရှောင်လုံက ခေါင်းညိတ်လိုက်သည်။
ကြယ်စင်စု လေးခုအတွင်းမှ လူသားမျိုးနွယ်စုများသည် စွမ်းအားကြီးမားကြသော်လည်း မိစ္ဆာသားရဲ မျိုးနွယ်စုများကလည်း စွမ်းအားနိမ့်ကျခြင်း မရှိပေ ။

ရွှေရောင်ဝတ်စုံနှင့် လူကြီး၏ ခွန်အားသည် ကြယ်စင်စု လေးခုအတွင်းမှ ထိပ်သီး မိစ္ဆာသားရဲ သိုင်းပညာရှင် ငါးယောက်အတွင်း ဝင်နေတာကြောင့် ထိုလူကြီး၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို မြင်ယောင်ကြည့်နိုင်သည်။

"....  နဂါးပုလဲရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်နိုင်မယ်ဆိုရင် ငါ သူ့ကို ကောင်းကောင်း ယှဉ်နိုင်တယ် ....."

အောင်းတိုင်ရီက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ရှောင်လုံလည်း ခေါင်းခါလိုက်သည်

".... ဒီလူကြီးအကြောင်းကိုနောက်မှ ဆက်ပြောမယ်
....  အခု ဒီနေရာကနေ ဝေးရာကို အရင်ဆုံး သွားကြမယ် ... သူတို့ ရုတ်တရက် စိတ်ကူးပေါက်ပြီး ပြန်လှည့်လာရင် ကျွန်တော်တို့နှစ်ယောက်လုံး နားကားသွားလိမ့်မယ် ...."

ထိုနောက် ရှောင်လုံသည် ပိုးစားပင်ဓားပေါ်တက်စီးကာ အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ ရှောင်လုံ ခန့်မှန်းချက်က သွားမှန်နေသည်။ ရှောင်လုံ ထွက်ခွာသွားပြီး နာရီဝက်ခန့်ကြာပြီးနောက် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသူနှင့် သူ့၏ လက်အောက်ငယ်သားလေးယောက်က ၎င်းနေရာသုိ့ ပြန်လည်ရောက်ရှိလာကြသည်။

လူမရှိသော ဂြိုလ်မှ ရှောင်လုံ ထွက်ခွာလာပြီးနောက် နက်ရှိုင်းသော လေဟာနယ်အတွင်းမှ  မိုးကြိုးစွမ်းအားများကို စုပ်ယူရင်း တည်ငြိမ်သော အမြန်နှုန်းဖြင့် အရှေ့သို့ ဆက်လက်ပျံသန်းနေသည်။ ပျံသန်းရင်း သူ့ခွန်အားများ ကုန်ဆုံးသွားသည့်အခါ ရှောင်လုံက လူမရှိသော ဂြိုလ်များတွင် ခေတ္တရပ်နား၍ သုံးကြိမ်ပြောင်းလဲခြင်းဆေးလုံးကို သောက်သုံးကာ ခွန်အားများကို  ပြန်လည်ဖြည့်တင်း လိုက်သည်။

  တစ်လခန့်ကြာပြီးနောက် ရှောင်လုံ၏ အတွင်းအားများက နတ်ဘုရား အဆင့် ၅ အထွတ်အထိပ်အဆင့်အထိ တိုးတက်လာသည်။
မိုးကြိုးစွမ်းအင်များကို တစ်လနီးပါး စုပ်ယူခဲ့သည့် အကျိုးရလဒ်ကြောင့် နောက် ရှောင်လုံ၏ စိတ်ဝိညာဉ်ကလည်း ယခင်ကထက်ပို၍ ကြည်လင်လာသည်။ ယခင်က ရှောင်လုံ၏ စိတ်ဝိညာဉ်သည် မီးခိုးရောင်သမ်းနေသော အဖြူရောင် အဝတ်စတစ်ခုနှင့် တူခဲ့သည်။ ယခုအခါ
မှာတော့ အဝတ်ပေါ်မှ မီးခိုးရောင် အညစ်အကြေးများကို လျှော်ဖွတ်လိုက်သည့်အလား ပြန်လည်၍ ကြည်လင်တောက်ပလာသည်။

အောင်းတိုင်ရီ၏ ပြောစကားအရ ဤနည်းလမ်းဖြင့် စိတ်ဝိညာဉ်ကို အကြည်လင်ဆုံး အနေအထားအထိ ရောက်လိုလျှင် အနည်းဆုံး အချိန်အနှစ်တစ်ရာခန့် ကြာမြင့်နိုင်သည်။ စိတ်ဝိညာဉ်က ထိုအနေအထားအထိ ရောက်သွားလျှင် ရှောင်လုံ နတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင် ဖြစ်လာသည့်အခါ နတ်ဘုရားဦးခေါင်းကို အောင်မြင်စွာ ပြုလုပ်နိုင်မည့် အခွင့်အရေး ခုနှစ်ဆယ်ရာခိုင်နှုန်းကျော် ရှိလာမှာ ဖြစ်သည်။

".... အနှစ်တစ်ရာကြာတာတောင် ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ သေချာတာလား...?"

အောင်းတိုင်ရီ၏ ရှင်းပြချက်ကိုကြားပြီးနောက် ရှောင်လုံ မျက်ခုံးနှစ်ဖက်က အပေါ်ဘက်သို့ မြင့်တက်သွားသည်။ သူ့စကားကို သံသယဖြစ်နေသော ရှောင်လုံကိုကြည့်ပြီး အောင်တိုင်ရီတစ်ယောက် ဒေါကန်သွားသည်

".... ဟေ့ကောင်... မင်းရဲ့ နဂါးခန္ဓာကိုယ်ကြောင့်သာ နက်ရှိုင်းတဲ့ လေဟာနယ်ထဲမှ ပုန်းအောင်းနေတဲ့ မိုးကြိုးစွမ်းအားတွေကို စုပ်ယူနိုင်ခဲ့တာကွ  ...
အဲ့ဒါကြောင့် မင်းစိတ်ဝိညာဉ်က သန့်စင်ပြီး နတ်ဘုရား ဦးခေါင်းပြုလုပ်ဖို့ အခွင့်အရေး ခုနှစ်ဆယ်ရာခိုင်နှုန်းလောက် ရလာတာ .... အဲ့ဒါကြောင့်သာ မဟုတ်ရင်  ...... အနှစ်တစ်ရာလောက်
မပြောနဲ့ အနှစ်တစ်ထောင်လောက် ကြိုးစားမယ်ဆိုရင်တောင် နတ်ဘုရား ဦးခေါင်းကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်မယ်လို့ မင်းထင်နေတာလား..... အဲ့လိုသာ လုပ်နိုင်မယ်ဆိုရင် ကြယ်စင်စုတွေထဲမှာ မဟာနတ်ဘုရားတွေ ရှားပါးနေမယ်လို့ မင်ထင်လား .... မင်းရဲ့ ဆရာတူ အကို လွေယန်ကိုပဲ ဥပမာကြည့်လိုက် ... သူဆိုရင် အနည်းဆုံး အနှစ် တစ်သောင်းလောက် သိုင်းလေ့ကျင့်ပြီးပြီ ..... သူ အခုအခြေအနေနဲ့သာ အတင်းအကျပ် သိုင်းအဆင့်တက်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် အောင်မြင်နိုင်ဖို့က တစ်ဝက်လောက်ပဲ အခွင့်အရေးရှိတယ်ကွ ...."

ရှောင်လုံလည်း တွေဝေမိန်းမောသွားသည်။

"..... ဘယ်လိုလဲ မင်း အခုတော့ အသံမထွက်နိုင်တော့ဘူးမလား ....?"

အောင်းတိုင်ရီက ရှောင်လုံကို မခံချိမခံသာ ဖြစ်အောင်ပြောလိုက်သည်

"...... တကယ်လို့ သဘာဝအတိုင်း မွေးဖွားလာတဲ့ မိုးကြိူးရတနာ တစ်ခုခုကို ရှာနိုင်ခဲ့ရင် မင်းအတွက် အနှစ်တစ်ရာတောင်ကြာချင်မှ ကြာမှာ ....အဲ့ဒီ ရတနာနဲ့ဆို ဆယ်စုနှစ် တစ်ခု ၊ နှစ်ခုလောက်ပဲ ကြာတော့မှာ .... ဒါပေမယ့် စိတ်ဝိညာဉ်ကို သန့်စင်တဲ့ လုပ်ငန်းစဉ် အောင်မြင်သွားရင်တောင် သာမန် နတ်ဘုရားဦးခေါင်းလောက်ကိုပဲ ပြုလုပ်နိုင်မှာ ..."

ရှောင်လုံလည်း နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်သည်

"..... အဆင့်မြင့် နတ်ဘုရား ဦးခေါင်းကို ပြုလုပ်နိုင်ဖို့အတွက်က စိတ်ဝိညာဉ် ဘယ်လောက်ထိသန့်စင်နေဖို့ လိုတာလဲ .. အင်း နေအုံး....
နတ်ဘုရား ဦးခေါင်းတွေမှာရော အဆင့်ကွာဟချက် ရှိနေတာလား ....?"

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၄၅ ......

အောင်တိုင်ရီလည်း ပျင်းတွဲ့တွဲ့ဖြင့် ရယ်မောပြီးမှ ဆက်ပြောလိုက်သည်

"..... မင်း အသက် အသက်ခုနှစ်နှစ်တုံးက မင်းကိုယ်ထဲကနေ သိုင်းဝိညာဉ် နှိုးထခဲ့တယ်မလား .... သိုင်းဝိညာဉ်တွေထဲမှာလည်း အစွမ်းထက်တဲ့ သိုင်းဝိညာဉ်နဲ့ အားနည်းတဲ့ သိုင်းဝိညာဉ်ဆိုပြီး ခွဲခြားထားတာပဲ မဟုတ်လား .... ငါအထင် အဆင့် ဆယ့်လေးဆင့်တောင် ရှိမယ်ထင်တယ် .....အဲ့လိုပဲ နတ်ဘုရားဦးခေါင်းတွေမှာလည်း သူတို့ရဲ့ အားသာချက်နဲ့ အဆင့်တွေရှိတယ်ကွ .... တစ်ကနေ တစ်ဆယ်အထိ ခွဲထားတယ် .... အဆင့် တစ်ဆယ်ထက်မြင့်သွားရင် ဘုရင်အဆင့် ၊ အင်ပါရာ အဆင့်တို့လည်း ဖြစ်နိုင်တယ် .... အင်ပါရာ အဆင့်ရဲအ အထက်မှာ မဟာနတ်ဘုရား ဦးခေါင်းဆိုတာ ရှိသေးတယ် ... သူကတော့ နတ်ဘုရား ဦးခေါင်းတွေထဲမှာ အစွမ်းအထက်ဆုံးပဲ ... သူ့ကို နတ်ဘုရားဦးခေါင်းများရဲ့ အရှင်သခင်လို့လည်း သတ်မှတ်ကြတယ် .... မဟာနတ်ဘုရား ဦးခေါင်းကို ပိုင်ဆိုင်ထားတဲ့လူတွေကလည်း ရှားမှရှား ပါရမီရှင်တွေကြီးပဲ .... သူတို့ရဲ့ သိုင်းအဆင့်တက်နှုန်းကလည်း ကြောက်ခမန်းလိလိကို မြန်ကြတာ ... ဒါပေမယ့် ငါသိထားသလောက်တော့ အနက်ရောင် လိပ် ကြယ်စင်စုထဲမှာ အဲ့လို နတ်ဘုရားဦးခေါင်းပိုင်ရှင် တစ်ယောက်မှ မရှိသေးဘူး ...."

ရှောင်လုံလည်း လေအေးများကို ရှိုက်သွင်း၍ မေးလိုက်သည်

"... နှစ်ပေါင်း သောင်းနဲ့ချီနေတာတောင် တစ်ယောက်မှ မရှိဘူးလား....?!"

အောင်းတိုင်ရီက ခေါင်းညိတ်ပြလိုက်သည်

"... ဟုတ်တယ်ကွ ... ငါတို့ အနက်ရောင် လိပ် ကြယ်စင်စုတစ်ခုတည်းတင်မကဘူး မိုးပြာရောင် နဂါး ကြယ်စင်စု ၊ အဖြူရောင် ကျား ကြယ်စင်စု နဲ့ ဟင်္သာငှက် ကြယ်စင်စုတွေမှာလည်း အဲ့လို အဆင့် နတ်ဘုရားဦးခေါင်းကို တစ်ယောက်မှ အောင်အောင်မြင်မြင်နဲ့ မဖွဲ့စည်းပြနိုင်သေးဘူး .....
ပုံမှန်ဆိုရင် သန့်ရှင်းကြည်လင်တဲ့ စိတ်ဝိညာဉ်ပိုင်ရှင်တွေဆီမှာ အဆင့် ၄ ၊ ၅ နတ်ဘုရား ဦးခေါင်းတွေ ဖြစ်ပေါ်လာလေ့ရှိတယ် ... အဲ့အဆင့်နဲ့ နတ်ဘုရား ဦးခေါင်းတွေက သာမန်ပဲ .... အင်း အဆင့် ၇ နတ်ဘုရား ဦးခေါင်းဆိုရင်တော့ အဆင့်မြင့် နတ်ဘုရား ဦးခေါင်းအဖြစ် သတ်မှတ်ကြတယ်....
အဆင့် ၇ နဲ့ အထက် နတ်ဘုရား ဦးခေါင်းကို ဖွဲ့စည်းနိုင်တဲ့ လူတွေကလည်း အရမ်းကို ရှားတယ်...
ဖြစ်နိုင်ခြေကလည်း အယောက်တစ်ရာမှာမှ တစ်ယောက် ၊ နှစ်ယောက်လောက်ပဲ ရှိတာ ....."

ရှောင်လုံလည်း ထိုစကားကိုကြားပြီးနောက် သူ့စိတ်ထဲကို တည်ငြိမ်နေအောင် အတော်လေး ကြိုးစားလိုက်ရသည်။

ထိုနောက် နဂါးအင်ပါရာ အောင်းတိုင်ရီ၏ လေသံသည် သူ့ကိုယ်သူ ကျေနပ်အားရနေသော လေသံအဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားသည်

".... ငါရဲ့ မူလခန္ဓာကိုယ်က လက်သည်းငါးခုပါတဲ့ ရွှေနဂါးကြီးပဲ ..... နောက်ပြီး ငါက  နဂါးမျိုးနွယ်စုရဲ့ ရှေးဟောင်းအထွတ်အထိပ် သိုင်းကျမ်းကိုလည်း လေ့ကျင့်ထားတာ .... အဲ့ဒီ အချိန်က ကောင်းကင် နဂါး နတ်ဘုရားဦးခေါင်းကို ငါဖွဲ့စည်းနိင်ခဲ့တယ်...
အဆင့်အားဖြင့် ဆိုရမယ်ဆိုရင် ကောင်းကင်နဂါး နတ်ဘုရား ဦးခေါင်းက အဆင့် ၈ကို ရောက်လုနီးပါး ဖြစ်နေတဲ့ နတ်ဘုရား ဦးခေါင်းပဲ  ....."

အဆင့်၈ ရောက်လုနီးပါး အဆင့် ၇ နတ်ဘုရား ဦးခေါင်းတစ်ခု ဖွဲ့စည်းနိုင်ခဲ့တာကြောင့် အောင်းတိုင်ရီ၏ ဂုဏ်ယူနေမှုကို အပြစ်တင်၍ မရပေ။

"... အဲ့ဒီနတ်ဘုရား ဦးခေါင်းကို ငါဖွဲ့စည်းနိုင်ခဲ့တဲ့ အချိန်က ငါ့စိတ်ရဲ့ ကြည်လင်နေမှုက အဖြူရောင်တွေ ရောင်ပြန်ဟပ်ပြီး တောက်ပနေတဲ့ ကျောက်မြက်ရတနာ တစ်ခုနဲ့ တူနေတယ် .... "

အောင်းတိုင်ရီက ဆက်ပြောလိုက်သည်

"... မင်းရဲ့ နဂါးခန္ဓာကိုယ်နဲ့ဆိုရင် အဆင့် ၁၀ နတ်ဘုရားဦးခေါင်းတစ်ခုကို ဖွဲ့စည်းနိုင်ဖို့ အခွင့်အရေးများတယ်ကွ....."

ထိုစကားကြောင့် ရှောင်လုံက မျက်မှောင်ကြုတ်သွားသည်

"....  အဆင့်တစ်ဆယ် ပဲလား ....?"

အောင်တိုင်ရီလည်း ရှောင်လုံကိုကြည့်ပြီး ပြောစရာစကား ရှာမရအောင် ဖြစ်သွားသည်

".... မင်းရဲ့ အဆင့်တစ်ဆယ်ပဲလားဆိုတဲ့စကားက ဘာကိုဆိုလိုချင်တာလဲ ....? အဆင့် ၁၀ နတ်ဘုရား ဦးခေါင်းဆိုတာကို လွယ်လွယ်နဲ့ ဖွဲ့စည်းနိုင်မယ်လို့ မင်းထင်နေတာလား ....? ဟောဒ်ီ ကြယ်စင်စုလေးခုစလုံးမှာ အဆင့် ၉ နတ်ဘုရား ဦးခေါင်းကိုပဲ အမြင့်ဆုံးဖွဲ့စည်းနိုင်ခဲ့တာကွ ...အဲ့ဒါကိုရော မင်းသိရဲ့လား ..... အဲ့ဒီလူက အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ ပထမဆုံးကျောင်းအုပ်ပဲ
အဆင့် ၁၀ နတ်ဘုရား ဦးခေါင်းကို ဖွဲ့စည်းနိုင်ခဲ့ရင်
ရှားမှရှား ပါရမီရှင်တွေထဲမှာမှ မင်းက အရမ်းကြောက်စရာကောင်းတဲ့ လူတစ်ယောက်ဖြစ်သွားမှာ......"

ရှောင်လုံလည်း မလုံမလဲဖြင့် ပြုံးလိုက်ပြီး

".... အိုး ...လက်စသတ်တော့ စကြာဝဠာ လေးခုစလုံးမှာ အမြင့်ဆုံး ဖွဲ့စည်းနိုင်ခဲ့တဲ့ နတ်ဘုရား ဦးခေါင်းက အဆင့် ၉ နတ်ဘုရားဦးခေါင်းကိုး ...."

".... မင်းက အဆင့် ၁၀ နတ်ဘုရား ဦးခေါင်းဆိုတာကို ပေါ့ပေါ့လေး ထင်နေတယ်ပေါ့လေ... "

အောင်းတိုင်ရီက ပြောလိုက်သည်

"... လူတစ်ယောက်ရဲ့ တိုးတက်နိုင်စွမ်းကို သူ့ရဲ့ စိတ်ဝိညာဉ် ဘယ်လောက်ကြည်လင်သလဲဆိုတာနဲ့ ဆုံးဖြတ်တာကွ .... တစ်ချို့ဆို သဘာဝအတိုင်းမွေးဖွားလာတဲ့ ရတနာတွေအများကြီး သုံးစွဲခဲ့ပေမယ့် သူ့တို့ရဲ့ စိတ်ဝိညာဉ်က ကြည်လင်တဲ့ ကျောက်မျက်ရတနာတစ်ခုအဆင့်ကို ဘယ်လိုမှ မရောက်နိုင်ခဲ့ဘူး .... အဲ့ဒါကြောင့် သူတို့အနေနဲ့ အဆင့်မြင့် နတ်ဘုရား ဦးခေါင်းကို ဘယ်တော့မှ ဖွဲ့စည်းလို့ရမှာ မဟုတ်ဘူး ...."

"... လတ်စသတ်တော့ အဲ့ဒီလိုကိုး ....!"

ရှောင်လုံလည်း အားလုံးကို သေသေချာချာ နားလည်သွားသည်။

လူတစ်ယောက်၏ စိတ်ဝိညာဉ်ကြည်လင်မှုသည် ဖြစ်ပေါ်လာမည့် နတ်ဘုရား ဦးခေါင်းကို အဆုံးအဖြတ် ပေးနိုင်သည်၊ ထိုကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်လာမည့် မိုးကြိူးရတနာများကို အသုံးပြု၍ သူ့စိတ်ကို အကြည်လင်ဆုံး ဖြစ်အောင် ပြုလုပ်မည်ဟု ရှောင်လုံက စဉ်းစားခဲ့သည်။ သို့သော် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကြည်လင်နိင်မှုသည် သူ့၏ မွေးရာပါ ပင်ကိုယ်စွမ်းရည်အားဖြင့် အကန့်အသတ်ရှိ နေခြင်းသည် ။ ထိုကြောင့် ရတနာများအသုံးပြု၍ စိတ်ဝိညာဉ်အား အဆက်မပြတ်သန့်စင်ခြင်းသည် ကုထုံးတစ်ခု မဟုတ်ပေ ။

".... နောက်ပြီးတော့ မင်းရဲ့ နဂါးခန္ဓာကိုယ်ကလည်း အဆက်မပြတ် ဆင့်ကဲ့ပြောင်းလဲနေတာ မဟုတ်လား .... မင်းဘယ်လို နတ်ဘုရား ဦးခေါင်းမျိုးကို ဖွဲ့စည်းနိုင်မလဲဆိုတာ ဘယ်သူက သေချာပြောနိင်မှာလဲ.....အဆင့် ၁၀ ထက် ကျော်ချင်လည်း ကျော်သွားမှာပေါ့ ...."

အောင်းတိုင်ရီက ထပ်ဖြည့်၍ပြောလိုက်သည်

".... ဘုရင်အဆင့် ဒါမှမဟုတ် အင်ပါရာ အဆင့် နတ်ဘုရား ဦးခေါင်းကို ဖွဲ့စည်းနိုင်ဖို့လည်း မင်းမှာ အခွင့်အရေး ရှိနေတယ် ...."

ဘုရင်အဆင့် ? အင်ပါရာ အဆင့် ....?
ရှောင်လုံက အသက်ရှုသွင်းရင်း ဗလုံးဗထွေးရေရွတ်လိုက်သည်။ သို့ထိတိုင် ဘုရင်အဆင့် နှင့် အင်ပါရာအဆင့် နတ်ဘုရားဦးခေါင်းများသည်
သူ ရည်မှန်းထားသော အရာများမဟုတ်သေးပေ။
ရှောင်လုံ မျက်လုံးထဲတွင် တစ်စုံတစ်ရာကို ပြတ်ပြတ်သာသား ဆုံးဖြတ်လိုက်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

မဟာနတ်ဘုရားအဆင့် ....!

အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသော သူ့၏ နဂါးခန္ဓာကိုယ်နှင့်ဆိုလျှင် မဟာနတ်ဘုရာသအဆင့် နတ်ဘုရားဦးခေါင်းအား ဖွဲ့စည်းနိုင်လိမ့်မည်ဟု ရှောင်လုံစိတ်ထဲ၌ တစွန်းတစ ခံစားမိနေသည်။

နှစ်ရက်ခန့် ထပ်မံကုန်ဆုံးသွားသည်။
ပိုးစားပင်ဓားပေါ် တက်စီး၍ ပျံသန်းနေသော ရှောင်လုံလည်း သူ့အရှေ့တွင် မြင်နေရသော ကမ္ဘာကြီးကိုကြည်အပြီး နောက်ဆုံး၌ ရပ်တန့်သွားသည်။ ထိုကမ္ဘာကြီးသည် အကန့်အသတ် မရှိကျယ်ဝန်းသော လေဟာနယ်ကွက်လပ်ကြီးထဲတွင် ဝဲပျံနေခြင်း ဖြစ်သည်။ ထိုကမ္ဘာမှ နေရောင်နှင့် ထိတွေ့ကာ အလင်းပြန်နေသော နှင်းများကဲ့သို့ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လျက်ရှိသည်။

ဤကမ္ဘာသည်  ရှောင်လုံ ဦးတည်လာသော မြောက်ဘက် ရေခဲကမ္ဘာပင် ဖြစ်သည်။ မြောက်ဘက်ရေခဲကမ္ဘာ၏ အပြင်ဘက်လေဟာနယ်ထဲတွင် အေးနေသောလေမှ သိပ်သည်းဖြစ်ပေါ်လာသည့် အဖြူရောင် မြူနှင်းငွေ့နှင့်တူသည့် အလွှာတစ်ခု လွှမ်းခြုံထားသည်။

တခဏမျှရပ်နားပြီးနောက် တက်ကြွ လှုပ်ရှားနေသော အဖြူရောင် မြူနှင်းငွေများကြားထဲမှ မြောက်ဘက်ရေခဲကမ္ဘာ၏ လေထုအတွင်းသို့ ရှောင်လုံ တိုးဝင်သွားသည်။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် မျက်စိတဆုံး ကျယ်ဝန်းသော နှင်းကွင်းပြင်ကျယ်ကြီးများက ရှောင်လုံကို ဆီးကြိုနေသည်။ ကောင်းကင်ထက်မှ အဖြူရောင် ဆီးနှင်းများ အဆက်မပြတ် ကျဆင်းနေသည်။ သို့သော် မြောက်ဘက် ရေခဲကမ္ဘာမှ ဆီးနှင်းများသည် မိုးသီးကျောက်တုံး ပင်မကုန်းမြေမှ ဆီးနှင်းများနှင့် တူညီခြင်း မရှိပေ။

မိုးသီးကျောက်တုံး ကမ္ဘာမှ ဆီးနှင်းခဲများသည် အရွယ်အစားကြီးမားပြီး သာမန်ထက် အအေးလွန်ကဲသည်။ သို့သော် မြောက်ဘက်ရေခဲကမ္ဘာမှ ဆီးနှင်းများသည် နူးညံသောအထိအတွေ့ ရှိသည့်အပြင် အရမ်းမအေးဘဲ သက်တောင့်သက်သာ ရှိလှသည်။

ရှောင်လုံသည်  သူ့ ကိုယ်ပေါ်သို့ တသွင်သွင် ကျဆင်းနေသည့် ဆီးနှင်းများကို နတ်ဘုရားအတွင်းအား အသုံးပြု၍ ကာကွယ်ခြင်း မပြုဘဲ သဘာဝအတိုင်း ကျဆင်းခွင့် ပြုထားသည်။
ထိုကဲ့သို့ ကျဆင်းနေခြင်းက ရှောင်လုံ အတွက် ထူးခြားသော ခံစားမှုတစ်ခု ဖြစ်နေသည်။ ဖြူစင် သန့်ရှင်းနေသော ဆီးနှင်းများနှင့် လွမ်းဆွတ်ဖွယ်ကောင်းအောင် တိုက်ခတ်နေသည့်  လေနုအေးများကြောင့် ရှောင်လုံစိတ်ထဲမှာ နတ်သမီးနိုင်ငံ တစ်ခုကို ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။

ထိုအချိန်တွင် ရှီရှောင်ဖေး၏ ဆွဲဆောင်ရှိရှိ လှပနေသော မျက်နှာလေးက ရှောင်လုံစိတ်ထဲမှာ အလိုလို ပေါ်လာသည်။

".... ရှောင်ဖေးတစ်ယောက် အဆင်မှ ပြေရဲ့လား မသိဘူး ...."

ရှီရှောင်ဖေးကို နောက်တစ်ကြိမ် မြင်တွေ့ရတော့မည်ဟု စဉ်းစားလိုက်သည်နှင့် ရှောင်လုံ၏ ရင်ခုန်သံများက ဝုန်းဒိုင်းကျဲ မြန်ဆန်လာသည်။
ရှောင်လုံ၏ အမြန်နှုန်းနှင့်ဆိုလျှင် မြောက်ဘက်ရေခဲကမ္ဘာမှ ရှီရှောင်ဖေး သိုင်းလေ့ကျင့်နေသော
လမင်းသစ်ကုန်းမြေဆီသို့ နှစ်ရက်အတွင်း ရောက်ရှိနိုင်သည်။

ရှောင်လုံက ရှီရှောင်ဖေးနှင့် အရင်တွေ့ပြီးမှ လမင်းသက်ဆင်းခြင်း အဘိုးအိုအား ရှာဖွေရန် စီစဉ်ထားသည်။  လမင်းသစ် ကုန်းမြေနှင့် ရှောင်လုံ တဖြည်းဖြည်း နီးကပ်လာချိန်တွင် လူငယ်နှစ်ယောက်ကလည်း ရှောင်လုံနှင့် တူညီသော အရပ်ဆီသို့ ခရီးဆက်နေကြသည်။ သူတို့နှစ်ယောက်၏ အဝတ်အစားများအရ ထိုလူငယ်နှစ်ယောက်သည်သခင်နှင့် ကျွန် ပတ်သတ်မှုမျိုး ရှိကြဟန် တူသည်။

".... သခင်လေး .... အဲ့ဒီရှီရှောင်ဖေးက လှတော့လှပါတယ် ...ဒါပေမယ့်  ဘယ်အရာက သူ့အတွက် ပိုကောင်းလည်းဆိုတာကို သေချာသိပုံ မပေါ်ဘူး ...."

ချန်ယွမ် က သူ့၏ သခင်လေးဖြစ်သူ ကျန်းဟန် အား ပြောလိုက်သည်

".... သခင်လေးလိုလူနဲ့ တွေ့ဆုံဖို့ကိုတောင် သူက သုံးကြိမ် ဆက်တိုက်ငြင်းရဲတယ်နော် .... ယန်ယီရဲ့ တပည့် အရင်းဖြစ်နေလို့သာပေါ့ .... ယန်ယီရဲ့ တပည့်ဆိုတဲ့ ဂုဏ်ပုဒ်သာမရှိရင် သူအနေအထားနဲ့ သခင်လေး ခြေထောက် ဆေးပေးဖို့တောင် တန်တာမဟုတ်ဘူး ..."

ကျန်းဟန်လည်း အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်

".... ငါစိတ်ဝင်စားခဲ့တဲ့ မိန်းမတွေထဲမှာ ဘယ်သူက ငါလက်ကနေ လွတ်မြောက်ဘူးလို့လဲကွ ... ရှီရှောင်ဖေးလို မိန်းမ အကြောင်းကို ငါ ကောင်းကောင်း သိတယ် .... သူကိုကြည့်လိုက်ရင် အပေါ်ယံက အေးတိအေးစက်နေပေမယ့် ချက်ကောင်းကိုသာ ကိုင်မိလိုက်ရင် လိုသလို ပုံသွင်းလို့ရတဲ့ မိန်းမမျိုးကွ... ငါကလည်း အဲ့လို အေးတိအေးစက်မျိုးမှ ပိုပြီးကြိုက်တာ ... ဒါပေမယ့် အဲ့ကောင်မကို ငါကစားလို့ ပျင်းသွားရင် မင်းရှေ့မှာဘဲ အဝေးကို ကန်ထုတ်ပြမယ် ...."

ချန်ယွမ်က ပြုံးဖြီးဖြီးဖြင့် မျက်နှာချိုသွေးလိုက်သည်

"....သခင်လေး သူ့ကို ဒီအတိုင်း  ကန်ထုတ်ရင်
နှမြောစရာ ကောင်းနေမှာပေါ့ ....  သခင်လေး သူ့ကို စိတ်မပါတော့ရင် တပည့်ကြီးအတွက်သာ စွန့်ကျဲလိုက်ပါ...."

ထိုစကားကိုကြားပြီးနောက် ကျန်းဟန်လည်း မနှစ်မြို့ဖွယ်ကောင်းအောင် စူးစူးဝါးဝါး အော်ရယ်လိုက်သည်

".... ဘာမှ စိတ်မပူနဲ့ .... မင်းလည်း သေချာပေါက် ဝေစုရစေရမယ် ...."

သူတို့နှစ်ယောက်က ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ တစ်နာရီခန့်ကြာပြီးနောက် ကျန်းဟန် တို့ဆရာတပည့်နှစ်ယောက်သည် လမင်းသစ် ကုန်းမြေပေါ်ရှိ အိမ်တော်တစ်ခုအရှေ့သို့ ရောက်ရှိသွားကြသည်။

Continue Reading

You'll Also Like

198K 2.3K 73
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
108K 1.7K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥
Re:Cursed By

Adventure

43.3K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
21.2K 446 42
What If Chloe lukasiak has a twin sister who is the favorite?