ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

51.1K 3.5K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

601 - 605

187 11 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၀၁ .......

ယုံကြည်ချက်အပြည့်ရှိနေသော ရှောင်လုံ မျက်နှာကိုကြည့်ပြီး ဖုယန်လည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူ့ရင်ထဲမှ စိုးရိမ်ပူပန်မှုများလည်း အနည်းငယ်လျော့ကျသွား၏ ။ ဖုယန်က ပြုံးပြီးပြောလိုက်သည်

"... မင်းက အရမ်းကို ယုံကြည်ချက်ပြည့်ဝနေပါလားကွ ....? မိုးပြာရောင် နဂါး တက္ကသိုလ်ဘက်က အတွင်းစည်းကျောင်းသားခေါင်းဆောင် ရှောင်းမင်ကျီလည်း ပါလာလိမ့်မယ် .... သူ အစွမ်း အတိအကျကို ငါကိုယ်တိုင်လည်း မသိသေးဘူး ... ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်က သူ့လက်ချက်နဲ့ နတ်ဘုရား အဆင့် ၅ စဦး သိုင်းပညာရှင်တစ်ယောက် သေခဲ့တယ်လို့ ကြားတယ် ...."

ထိုစကားကိုကြားသော်လည်း ရှောင်လုံမျက်နှာက တစ်ချက် ပျက်မသွားပေ ။ ရှောင်လုံက သိပ်မထူးဆန်းသည့် ပုံစံဖြင့် ပြန်ဖြေလိုက်သည်

".... လာမဲ့ အချိန်လေးနှစ်အတွင်း ကျွန်တော်လည်း တိုးတက်လာအောင် ကြိုးစားသွားမှာပါ ဆရာ ...."

ဖုယန်က ရှောင်လုံစိတ်ဓတ်ကို  သဘောကျသွားသည့်ပုံစံဖြင့် ရယ်မောလိုက်ပြီး

"... ဒါဆိုလည်း ကောင်းပြီလေ ... ဒါပေမဲ့ မင်းကိုယ်မင်း အရမ်း ဖိအားအောက် အရောက်မခံနဲ့ ... အတွင်းစည်းကျောင်းသားတွေရဲ့ သိုင်းပြိုင်ပွဲကို ငါတို့ ပိုက်နက်ထဲမှာ ကျင်းပမှာဆိုတော့ ရှောင်းမင်ကျီလည်း မင်းကို ဒဏ်ရာပြင်းထန်အောင် မလုပ်ရဲပါဘူး ...."

ရှောင်လုံက ယုံကြည်ချက်အပြည့်ရှိနေသော်လည်း ဖုယန်စိတ်ထဲမှာတော့ ရှောင်းမင်ကျီအား ရှောင်လုံ အနိုင်ယူနိုင်မည်ဟု မထင်ထားပေ။ သူ့ဆရာက သူ့အပေါ် သံသယရှိနေမှန်းသိသော်လည်း ရှောင်လုံက စကားလမ်းကြောင်းလွှဲလိုက်သည်

".... ဆရာ ... အရူးသိုင်းဆရာမကြီး သတင်းရော
ဘာကြားသေးလဲ ....?"

အင်မော်တယ်အဆင့် ဝိညာဉ်ကျောက်တုံးအား အနက်ရောင် သူရဲကောင်း လေလံတင်အိမ်တွင် ရှောင်လုံ လေလံတင်ရသည့် အဓိကအကြောင်းအရင်းမှာ အရူးသိုင်းဆရာမကြီးနှင့် တွေ့ဆုံလို၍ ဖြစ်သည်။ အကယ်၍ သူသာ လေလံတင်ပွဲသို့ ရောက်မလာခဲ့လျှင် ထိုလေလံပွဲက ရှောင်လုံအတွက် အဓိပ္ပါယ်မရှိတော့ပေ။

ဖုယန်က ဝန်ခံလိုက်သည်

"... ငါလည်း သူ့သတင်းမကြားမိတာကြာပြီ ... ဒါပေမဲ့ မနက်ဖြန်ကျင်းပမဲ့ လေလံတင်ပွဲကို တော့ သူသေချာပေါက်ရောက်လာလိမ့်မယ်လို့ ငါခံစားမိနေတယ် ...."

ရှောင်လုံလည်း ခေါင်းညိတ်လိုက်သည်။ ထိုနောက် ရှောင်လုံလည်း သူ့လက်ရှိတွင် ကြုံတွေနေရသည့်သိုင်းပညာ အခက်အခဲများနှင့် ပတ်သတ်၍ ဖုယန်ဆီက  အကြံညဏ်ယူတောင်းခံလိုက်သည်။ ဖုယန်နှင့် အချိန်အတန်ကြာအောင် စကားပြောပြီးနောက် အနက်ရောင် သူရဲကောင်းမြို့သို့ ရှောင်လုံ သွားလိုက်သည်။

အနက်ရောင် သူရဲကောင် လေလံတင်အိမ်က နှစ်စဉ်ကျင်းပလေ့ရှိသော လေလံတင်ပွဲရှိနေတာကြောင့် အနက်ရောင် သူရဲကောင်းမြို့ကြီးက ယခင်ကထက် စည်ကားသိုက်မြိုက်လျက်ရှိသည်။
ရှောင်လုံ လေလံတင်ထားသော အင်မော်တယ်အဆင့် ဝိညာဉ်ကျောက်တုံးကြောင့် အနက်ရောင် လိပ် ကြယ်စင်စုအတွင်းမှ သိုင်းပညာရှင် အတော်များများ အနက်ရောင် သူရဲကောင်းမြို့ဆီသို့ ရောက်ရှိလာကြသည်။
မိုးပြာရောင် နဂါး ကြယ်စင်စု၊ အဖြုရောင် ကျားကြယ်စင်စုနှင့် ဟင်္သာငှက်ကြယ်စင်စုတို့မှ တကူးတက ရောက်ရှိလာသူများပင် ရှိနေသည်။

အနက်ရောင် သူရဲကောင်းမြို့၏  ကျယ်ဝန်းလှသော
လမ်းမကြီးများပင် လူသူများဖြင့် ပြည့်ကျပ်နေသည်။ ရှောင်လုံလည်း ချောင်ကျိမြို့ရှိ နတ်ခံတပ်အိမ်တော်ရှိရာသို့ သွားလိုက်သည်။
နတ်ခံတပ်အိမ်တော်သို့ ရှောင်လုံ ရောက်ရှိပြီးနောက် သူရရှိခဲ့သော မိုးသီးကျောက်တုံး နတ်ဆေးလုံးများအား သူ့မိဘ ၊ ရှီရှောင်ဖေး နှင့် တခြားလူများကို ခွဲဝေပေးလိုက်သည်။

ရှောင်လုံရောက်ရှိလာချိန်တွင် ဟောင်မင်း ၊ ဂိုရှောင်ဟိုင် နှင့် တခြားလူတစ်ချို့က အပြင်ဘက်သို့ ထွက်လည်နေကြသည်။ ဟောင်မင်းတို့လူစု မနက်ခင်းကတည်းက ထွက်သွားခြင်း ဖြစ်သည်။

".... သခင်ကြီး ...သခင်ကြီး ...မကောင်းတော့ဘူး..."

ရှောင်လုံ ဆေးလုံးများကို ခွဲဝေပေးပြီး ခဏအကြာတွင် ကျောင်းရှုတစ်ယောက် အပြင်ဘက်မှ ကမှုးရှုးထိုးဖြင့် ပြေးဝင်လာသည်။
ရှောင်လုံကိုမြင်လိုက်ပြီးနောက် ကျောင်းရှုပါးစပ်မှ စကားလုံးများ အလိုလို ထွက်ကျလာသည်

".... ဂိုဏ်းချုပ် ... တတိယသခင်လေးနဲ့ တခြားလူတွေတော့ ဒုက္ခရောက်နေကြပြီ ...."

ကျောင်းရှုပြောလိုက်သည့် တတိယသခင်လေးဆိုသူမှာ ဟောင်ရှောင်ဟိုင်ကို ဆိုလိုခြင်း ဖြစ်သည်။

"... ဒုက္ခရောက်တယ် ဟုတ်လား ...?"

ဧည့်ခန်းဆောင်ထဲမှာရှိနေသူ အားလုံး မျက်နှာပျက်သွားကြသည်။

"... ဘာဖြစ်ကြတာလဲ သေချာပြောပြပါအုံး..."

ကျောင်းရှု ရှင်းပြမှုကို မကြာခင်ကတည်းက ရှောင်လုံစိတ်ထဲမှာ မကောင်းသော အငွေ့အသက်များကို ကြိုတင်  ခံစားမိရသည်။

"... တတိယ သခင်လေးက ကျန်းဝေအန်ဆိုတဲ့ လူငယ်တစ်ယောက်နဲ့ ပိုဆောင်ရေး ယဉ်ထဲမှာ ပြဿနာဖြစ်ခဲ့ပါတယ် ..."

ကျောင်းရှုက အလောတကြီး ရှင်းပြလိုက်သည်

".... အဲ့ဒီကျောင်းဝေအန်ကြောင့် တတိယသခင်လေးနဲ့ တခြားလူတွေ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပါတယ် "

ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ် ဟုတ်လား...?

ရှောင်လုံမျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး ထိုင်နေရာမှာ ခုန်ထလိုက်သည် ။ ဟောင်ပန် ၊ စုရန် နှင့် တခြားလူများကလည်း စိတ်လှုပ်ရှားစွာဖြင့် ရှောင်လုံနောက်ကနေ မတ်တပ်ထရပ် လိုက်ကြသည်။

"... အဖေနဲ့ အမေ အိမ်မှာပဲ စောင့်နေကြပါ ..."

ရှောင်လုံက ဟောင်ပန်တို့ကို တောင်းဆိုလိုက်သည်

"... ကျွန်တော်တစ်ယောက်ထဲနဲ့ လုံလောက်ပါတယ် ...အဖေတို့ စိတ်ချပါ ကျွန်တော်တစ်ယောက်လုံး ရှိနေတာပဲ ...ညီလေးတို့ ဘာမှ မဖြစ်စေရပါဘူး ..."

ဟောင်ပန် နှင့်စုရန်က ရှောင်လုံနောက်သို့ လိုက်ချင်သော်လည်း နောက်ဆုံးတွင် ရှောင်လုံဆုံးဖြတ်ချက်ကို နားထောင်၍ အိမ်တော်မှာဘဲ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက် ပါလာလျှင်လည်း ရှောင်လုံကို တစ်စုံတစ်ရာ အကူအညီပေးနိုင်မှာမဟုတ်သည့် အပြင် ရှောင်လုံ၏ အားနည်းချက်ပင် ဖြစ်သွားနိုင်သည်။

ထိုနောက် ကျောင်းရှု နှင့် ရှောင်လုံက နတ်ခံတပ်အိမ်တော်အပြင်သို့  တဟုန်ထိုး ပြေးထွက်၍ လေစီးသယ်ဆောင်ယဉ် ရှိရာသို့ ဦးတည်ပျံသန်းသွားကြသည်။

လမ်းခရီးတွင် ကျောင်းရှုက ဖြစ်စဉ် အစအဆုံးကို အတိုချုပ် ရှင်းပြလိုက်သည်။  ဟောင်ရှောင်ဟိုင် နှင့် ကျန်းဝေအန်တို့က ဖီးနစ်ကိုးကောင် သယ်ဆောင်ရေးယဉ်အား တစ်ချိန်တည်း မျက်စိကျမိရာမှ ဤပြသနာ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဒေါသထွက်သွားသည့် ကျန်းဝေအန်က ဟောင်ရှောင်ဟိုင် ၊ ဂိုရှောင်ဖန် နှင့် တခြားလူများက ရုတ်တရက် တိုက်ခိုက်ခဲ့လေသည်။

"...ဒါဆို သူတို့ဘက်က အရင်စတာပေါ့..?"

ရှောင်လုံက အေးစက်နေသော လေသံဖြင့် မေးလိုက်သည်။

"... ဟုတ်ပါတယ် ဂိုဏ်းချုပ် ..."

ရှောင်လုံမျက်နှာထားက အချိန်မရွေး ပေါက်ကွဲထွက်တော့မည် မီးတောင်တစ်လုံးလို ဖြစ်သွားသည်။ ချောင်ကျိမြို့ထဲတွင် တိုက်ခိုက်ရခြင်းမှာ တိမ်ပင်လယ်ပင်မကုန်းမြေပေါ်တွင် ထုတ်ပြန်ထားသည့် စည်းမျဉ်းအား ပြောင်းပြောင်တင်းတင်း ဆန့်ကျင်လိုက်ခြင်း ဖြစ်သည်။
ကျန်းဝေအန်က ကျန်းမိသားစု၏တပည့်သား တစ်ယောက်ဖြစ်သည်။

အနက်ရောင် လိပ် ကြယ်စင်စုအတွင်းမှ မဟာထိပ်သီး သိုင်းအဖွဲ့အစည်း နှစ်ဆယ့်သုံးခုတွင် ကျန်းမိသားစုက ထိပ်ဆုံး ငါးနေရာတွင် ရပ်တည်နေသော မိသားစုကြီးတစ်ခုဖြစ်သည်။

ရှောင်လုံ နှင့် ကျောင်းရှုတို့နှစ်ယောက် လေစီးသယ်ဆောင်ရေး ဋ္ဌာနသို့ တဟုန်ထိုး လာနေကြစဉ်
သယ်ဆောင်ရေး ယဉ်များပြုလုပ်သည့် အလုပ်ရုံအတွင်း၌ ကျန်းဝေအန်က ခမ်းနားသော ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်၍ မြေပြင်ထက်တွင် လဲလျောင်းနေသော ဟောင်ရှောင်ဟိုင်တို့လူစုအား မခန့်လေးစားဖြင့် လှမ်းကြည့်နေသည်။

"...စည်းကမ်းမရှိတဲ့ စောက်တောသားတွေ ...."

ကျန်းဝေအန် အနောက်မှာရပ်နေသည့် အိမ်တော်ထိန်း ဂူယွမ်က ဟောင်ရှောင်ဟိုင်တို့လူစုအား ရွံရှာစက်ဆုတ်စွာဖြင့် ကြည့်ပြီး

"... ကောင်းကင်အဆင့် သိုင်းသမား...? ငါတို့ တိမ်ပင်လယ်ပင်မကုန်းမြေပေါ်မှာ မင်းတို့လို ကောင်တွေက ကျွန်သာသာ အဆင့်ပဲ ရှိတယ်ကွ နားလည်လား ... အဲ့ဒါကို မင်းတို့က ကိုယ့်အဆင့်အတန်းကိုယ်မသိဘဲ သယ်ဆောင်ရေး ယဉ်တစ်ခုအတွက် ငါတို့ သခင်လေးနဲ့ ယှဉ်ပြိုင်ရဲတယ်ပေါ့လေ ...."

ဟောင်ရှောင်ဟိုင်က သူ့နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာသော သွေးကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။ သူ့ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲလုမတတ် နာကျင်နေသော်လည်း ထိုနာကျင်မှုက ဟောင်ရှောင်ဟိုင်ရင်ထဲမှ ဒေါသများကို လျော့ပါးသွားအောင် မစွမ်းဆောင်နိုင်ပေ ။ ဟောင်ရှောင်ဟိုင်က ကျန်းဝေအန်တို့ လူစုကို စိန်းစိန်ဝါးဝါး စိုက်ကြည့်လိုက်ပြီး

"... မင်းတို့က ချောင်ကျိမြို့ထဲမှာတောင် တိုက်ခိုက်ရဲတယ်ပေါ့လေ ... မြို့စည်းကမ်းအတိုင်း အပြစ်ပေးခံရမှာကို မကြောက်ဘူးလား ...?"

"... မြို့စည်းကမ်း ..ဟားဟား ...!"

ကျန်းဝေအန်က မတ်တပ်ထရပ်၍ အိမ်တော်ထိန်း ဂူယွမ်တို့နှင့်အတူ အားရပါးရ ရယ်မောလိုက်သည်

"... ဟေ့ကောင်ကျွန်စုတ် ... မင်းမှတ်ထား ... ချောင်ကျိမြို့ထဲမှာ ငါ့စကားက ဥပဒေပဲ ...
ချောင်ကျိမြို့ကို ငါတို့ ကျန်းမိသားစုက ပိုင်တာ...
ချောင်ကျိမြို့ရဲ့ လက်ရှိမြို့တော်ဝန်ကလည်း ငါ့ဦးလေးပဲ  ... ငါ့ဦးလေးက မင်းစကားကို ယုံမယ်ထင်လား ငါ့စကားကိုယုံမယ်ထင်လား ဟားဟား ....."

ထိုစကားကြားချိန်တွင် ဟောင်ရှောင်ဟိုင် ၊ ဂိုရှောင်ဖန်နှင့် ဟောင်မင်းတို့ မျက်နှာများက ဖြူဖပ်ဖြုရော်သွားကြသည်။ ချောင်ကျိမြို့၏ လက်ရှိမြို့တော်ဝန်က ဤလူငယ်၏ ဦးလေးအရင်းဖြစ်နေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ ။

  ဟောင်ရှောင်ဟိုင်တို့လူစုက စည်းမျဉ်း ဥပဒေတွေအကြောင်းကို နားလည်ထားကြသည်။ မည်သည့်နေရာတွင် မည်သည့် စည်ကမ်းကို ထုတ်ပြန်ထားပါစေ ထိုစည်မျဉ်း ဥပဒေများက တစ်ချို့သောလူများအပေါ် သက်ရောက်နိုင်ခြင်း
မရှိပေ ။ ဟောင်ရှောင်ဟိုင်တို့လူစု မျက်နှာပျက်သွားတာကို ကျန်းဝေအန်က သတိပြုမိလိုက်သည်။ ထိုကြောင့် သူအပြုအမူက ပိုမိုရဲတင်းလာသည်။ ကျန်းဝေအန်က ဟောင်ရှောင်ဟိုင်အနားသို့ ပြုံးဖြီးဖြီးဖြင့် ချဉ်းကပ်လိုက်သည်။ ထိုနောက် ကျန်းဝေအန်က သူ့ခြေထောက်မ၍ ဟောင်ရှောင်ဟိုင်၏ ဘယ်ဘက်လက်ပေါ်သို့  ရုတ်တရက် ဆောင့်နင်းချလိုက်သည်။

ဟောင်ရှောင်ဟိုင် ပါးစပ်မှ နာကျင်စွာဖြင့် အော်ဟစ်သံ ညည်းညူသံ ထွက်ပေါ်လာသည်။ 

"... ဦးလေး ....!"

"... မောင်လေး ...!"

ဂိုရှောင်ဖန် နှင့် ဟောင်မင်းတို့က ဟောင်ရှောင်ဟိုင်အား စိုးရိမ်တကြီး အော်ခေါ်လိုက်ကြသည်။ သူတို့၏ အော်သံများက ကျန်းဝေအန် နားထဲမှာတော့ ဂန္ဒာဝင်သီးချင်းတစ်ပုဒ်လို နားဝင်ချိုနေသည်။ ကျန်းဝေအန်က ယခုတစ်ကြိမ်တွင် ဟောင်ရှောင်ဟိုင်၏ ညာလက်ပေါ်သို့ ဆောင့်နင်းလိုက်သည်။

ဟောင်ရှောင်ဟိုင်ထံမှ နောက်တစ်ကြိမ် စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာပြန်သည်။

"... ခွေးသား ...မင်းကိုယ်မင်း ဘယ်သူထင်နေလို့ ငါနဲ့ လာပြိုင်ရဲတာလဲ ...?"

ကျန်းဝေအန်က ဟောင်ရှောင်ဟိုင် မျက်နှာကို စေ့စေ့ကြည့်ကာ လှောင်ပြောင်လိုက်သည် ။ ထိုနောက် အိမ်တော်ထိန်း ဂူယွမ်အား လှမ်းကြည့်လိုက်သည်

"... သူတို့အားလုံးရဲ့ ချီပင်လယ် နဲ့ သွေးကြောတွေအကုန်လုံးကို ဖျက်စီးလိုက် ... ပြီးရင် အကုန်လုံးကို လမ်းမပေါ်သာ ပစ်ထားလိုက် ..."

ဂူယွမ်က အနည်းငယ် တုန့်ဆိုင်းနေပြီးမှ ပြောလိုက်သည်

".... သခင်လေး ... အဲ့လိုမလုပ်ခင် ကျွန်တော်တို့ သူတို့နောက်ခံကို စစ်ဆေးဖို့ မသင့်ဘူးလား ...?"

ဂူယွမ်စိတ်ထဲမှာလည်း ဤကျွန်သာသာ ကောင်းကင်သိုင်းသမားများနောက်တွင် နောက်ခံကောင်းကောင်း ရှိနေမည်ဟု မထင်ပေ ။ သို့သော် အရာရာကို သတိထားတတ်သည့် သူ့၏သဘာဝအတိုင်း ဂူယွမ်က ဤကိစ္စအား ပိုပြီးစိတ်ချရအောင်  စစ်ဆေးချင်နေသည်။

ကျန်းဝေအန်က မလိုဘူးဆိုသည့် သဘောဖြင့် လက်ဝေ့ယမ်းပြလိုက်သည်

"... စကြာဝဠာ သိုင်းသမားနည်းနည်းနဲ့ ဒီအမှိုက်လိုကောင်တွေဆီမှာ ဘာနောက်ခံရှိနိုင်မှာလဲ .... ?
ကျုပ် ဖိနပ်ကို ဆေးပေးတဲ့ အစေခံကတောင် ဒီလူတွေထက် အဆတစ်ရာလောက်ပိုပြိး အစွမ်းထက်တယ် .... တကယ့်လို့ သူတို့မှာ နောက်ခံလေး နည်းနည်းရှိတယ်ထားအုံး ...ကျုပ်တို့ ကျန်းမိသားစုကို ယှဉ်နိုင်မှာလား ....?"

တခြားတဖက်ကလည်း ဤကိစ္စ အမှန်တိုင်းသိခဲ့လျှင်တောင် မြိုသိပ်ရုံကလွဲ၍ တခြားရွေးချယ်စရာ လမ်းမရှိပေ ။ အကယ်၍ ကျန်းမိသားစုဆီက ဖြေရှင်းချက်တောင်းရန် ဆုံးဖြတ်ခဲ့ပါက သူတို့မိသားစုတစ်ခုလုံး ကံဆိုးမိုးမှောင် ကျသွားနိုင်သည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၀၂ ......

ကျန်းဝေအန်က မာန်တက်နေသူတစ်ယောက် ဖြစ်သော်လည်း ချောင်ကျိမြို့ထဲတွင် ဟောင်ရှောင်ဟိုင်တို့လူစုကို မသတ်ရဲပေ ။ သတ်ဖြတ်ခြင်းနှင့် ပညာပေးခြင်းကြားတွင် အများကြီး ကွာဟနေသည်။  ဤအမှိုက်တစ်စုကို သတ်ခဲ့လျှင်တောင် သူဘာမှ မဖြစ်နိုင်ဟု ကျန်းဝေအန်က ယုံကြည်နေသည် ။ သို့သေည် ဤသတင်းသာ ကြယ်စင်စုအတွင်းသို့ ပျံ့နှံ့သွားခဲ့လျှင် သူတို့ ကျန်းမိသားစု၏ ဂုဏ်သိက္ခာများ စွန်းထင်းသွားနိုင်သည်။

လေစီးသယ်ဆောင်ရေးအလုပ်ရုံပိုင်ရှင် ကျန်းရှောက်ရှန့်က မျက်နှာမသာမယာဖြင့် ၎င်းဖြစ်စဉ်ကို အဝေးမှ လှမ်းကြည့်နေသည်။ ဟောင်ရှောင်ဟိုင်တို့လူစုက ကျန်းဝေအန်က မသန်မစွမ်းဖြစ်အောင် လုပ်လိုသည်ကိုမြင်သောအခါ ကျန်းရှောက်ရှန့်က ဝင်ရောက်တားဆီးရန် ကြိုးစားခဲ့သည်။ သို့သော် နောက်ဆုံးတွင် လက်လျော့လိုက်ရသည်။
ဤလူစုသည် သေးငယ်သော မိသားစုလေးတစ်ခုမှ အစေခံများ ဖြစ်နိုင်သည်။ ထို လူများအတွက်ကြောင့် ကျန်းမိသားစု၏ အဓိကမိသားစုဝင်နှင့် အတိုက်အခံလုပ်ရန် မသင့်တော်ပေ ။

အိမ်တော်ထိန်း ဂူယွမ်က ဟောင်ရှောင်ဟိုင် အနားသို့ သွက်လက်မြန်ဆန်သော ခြေလှမ်းများဖြင့် ချဉ်းကပ်လိုက်ပြီး

"... ဟေ့ကောင်တွေ ....ငါတို့သခင်လေးနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံပေးခဲ့တဲ့  မင်းတို့ရဲ့ ဆိုးရွားလှတဲ့ ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့ပေတော့  ..."

ထိုနောက် ဟောင်ရှောင်ဟိုင် ရင်ဘတ်မှ ချီပင်လယ်ရှိနေသော နေရာကို လက်ဝါးဖြင့်  ရိုက်ချလိုက်သည်။ အလွန်အမင်းနာကျင်မှုကြောင့်
ဟောင်ရှောင်ဟိုင် ပါစပ်မှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူတို့ မျက်လုံးရှေ့တွင် ဟောင်ရှောင်ဟိုင်၏ ချီပင်လယ် ဖျက်ဆီးခံရမှုကြောင့် ဂိုရှောင်ဖန်နှင့် ဟောင်မင်းတိုကြလည်း အရမ်းကို ဒေါသထွက်သွားကြသည်။

"... ငါ့ဦးလေးက မင်းကို အားလုံးကို ချမ်းသာပေးမှာမဟုတ်ဘူး ..."

ဂိုရှောင်ဖန်က ကျန်းဝေအန် နှင့် ဂူယွမ်တို့ကို စိန်းစိန်းဝါးဝါးကြည့်ပြီး ရင်ဘတ်ပွင့်ထွက်လုမတတ် အသံကုန် အော်လိုက်သည်

"... ငါ့ဘကြီးက မင်းတို့အားလုံးကို သေချာပေါက်သတ်ပစ်လိမ့်မယ် .... မင်းတုိ့အားလုံး သေဖို့သာ ပြင်ထားကြ...."

ဂိုရှောင်ဖန်၏ အကြည့်ကသာ လူသတ်နိုင်စွမ်းရှိ ခဲ့လျှင် ကျန်းဝေအန်နှင့် ဂူယွမ်တို့နှစ်ယောက် အကြိမ်တစ်ထောင်မက သေဆုံးသွားနိုင်သည်။
ဂိုရှောင်ဖန်၏ ကြုံးဝါးသံကိုကြားပြီးနောက် ကျန်းဝေအန်က လှောင်ပြုံး ပြုံးလိုက်ပြီး

"... မင်းရဲ့ ဘကြီး ဟုတ်လား ... ? ဟားဟား ..ကြောက်လိုက်တာကွာ ...အရမ်းကို ကြောက်တာပဲ..."

ကျန်းဝေအန်မျက်လုံးထဲမှာတော့ ကောင်းကင်အဆင့် သိုင်းသမားတစ်ယောက်သည် မြေပြင်ပေါ်တွင် တွားသွား သွားနေသည့် ပုရွက်ဆိတ်တစ်ကောင်နှင့်ဘာမှ မခြားပေ ။
ထိုကဲ့သို့ လူက တမ်းတနေသည့် သူ့ဘကြီးဆိုသူသည် မည်မျှအစွမ်းထက်မည်နည်း..?

"... ငါ့ဘကြီးက အနက်ရောင်သူရဲကောင်း တက္ကသိုလ်ရဲ့ အတွင်းစည်းကျောင်းသားတစ်ယောက်ကွ ..."

ဂိုရှောင်ဖန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ထိုစကားကြားလိုက်ချိန်မှာတော့ ဂိုရှောင်ဖန်အား လှောင်ပြောင်ရယ်မောနေကြသော ကျန်းဝေအန်တို့ အားလုံး အံ့သြ မှင်တက်ကုန်ကြသည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ အတွင်းစည်းကျောင်းသား ....!

ကျန်းဝေအန်က မျက်မှောင်ကြုတ်လိုက်သည်။
ထိုနောက် အနည်းငယ်မျှ စဉ်းစားပြီးနောက် သူက ဂိုရှောင်ဖန်ကို လှမ်းပြီး ခနဲ့လိုက်သည်

"... လတ်စသတ်တော့ မင်းတို့က အဲ့ဒါကြောင့် ဇောင်းကြွနေကြတာကိုး .... ဒါပေမဲ့ ငါလိုလူတစ်ယောက်က အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့  အတွင်းစည်းကျောင်းသားတစ်ယောက်ကို ကြောက်နေမယ်လို့ မင်းတို့ ထင်နေတာလား  ..."

သူ့စကားအဆုံးတွင် ကျန်းဝေအန်က ဂိုရှောင်ဖန်၏ ချီပင်လယ်နေရာသို့ ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။ ဂိုရှောင်ဖန်လည်း စူးစူးဝါးဝါးအော်ရင်း အနောက်ဖက်သို့ လွင့်ပျံသွားသည်။

"... ရှောင်ဖန် ............"

ဟောင်မင်းက အသံကုန် အော်ခေါ်လိုက်သည်။

ကျန်းဝေအန်က ထိုမြင်ကွင်းကိုကြည့်ရင်း လှောင်ရယ်ရယ်လိုက်သည်

"...  အဲ့လို မဖြစ်စလောက်လေးနဲ့ ငါ့ကိုလာပြီး ခြိမ်းခြောက်တာကို ငါ့ဘဝမှာ အရွံဆုံးပဲကွ .... ရာရာစစ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ အတွင်းစည်းကျောင်းသားလေးတစ်ယောက်နဲ့များ ငါ့ကို လာပြီးခြိမ်းခြောက်ရတယ်လို့ ရာဇဝင်ရိုင်းလိုက်တာကွာ .... အဲ့ကျွန်စုတ်တွေ အကုန်လုံးရဲ့ ချီပင်လယ်နဲ့ သွေးကြောတွေကို အခုချက်ချင်း ဖျက်ဆီးလိုက် ... သူတို့ တမ်းတနေတဲ့  အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ အတွင်းစည်းကျောင်းသား လူစွမ်းကောင်းကြီးက သူတို့ကို လာကယ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့ ..."

ကျန်းဝေအန်၏အမိန့်သံအဆုံးတွင် ဂူယွမ်နှင့် တခြားလူများက အရှေ့ထွက်လာကြသည်။ ဂူယွမ်တို့လူစုက ဟောင်ရှောင်ဟိုင် ၊ ဂိုရှောင်ဖန် နှင့် တခြားလူအားလုံး၏ ချီပင်လယ်နှင့် သွေးကြောများကို  အချိန်တိုအတွင်း ဖျက်ဆီး ပစ်လိုက်သည်။

"...သူတို့အကုန်လုံးကို လမ်းမပေါ် မှာ ပစ်ထားလိုက်.."

ကျန်းဝေအန်က အချက်ပြလိုက်သည်။

ဂူယွမ်တို့က ကျန်းဝေအန်၏ အမိန့်အတိုင်း သွေးအလိမ်းလိမ်းဖြစ်နေသော ဟောင်ရှောင်ဟိုင်တို့လူစုကို လမ်းမပေါ်တွင် ပစ်ထားလိုက်သည်။

"... သခင်လေး ... ကျွန်တော်တို့ ပြန်ကြမလား...?"

ဂူယွမ်က မေးလိုက်သည်။
ကျန်းဝေအန်က လက်ခါပြီး ပြောလိုက်သည်

"... ဘာလို့ အလောတကြီး ပြန်ရမှာလဲ... ဒီလို စိတ်ဝင်စားစရာမျိုးကို တွေ့ရဖို့ လွယ်တာမဟုတ်ဘူး.... အဲ့ကောင်တွေ တမ်းတနေတဲ့ သူတို့ဘကြီးဆိုတဲ့ကောင်ကို စောင့်ကြတာပေါ့ ...."

သူ့စကားအဆုံး၌ ကျန်းဝေအန်က ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ ထိုနောက် လက်ဘက်ရည်ခွက်ကို စိန်ပြေနပြေဖြင့် အရသာခံ၍ သောက်နေသည်

"... ဒီ လက်ဘက်ရည်က မဆိုးဘူးပဲ .."

ကျန်းဝေအန်က လျှာကိုသပ်၍ ချီးမွန်းလိုက်သည်။
ထိုအချိန်တွင် ခရီးအပြင်းနှင်လာကြသော ရှောင်လုံနှင့် ကျောင်းရှုတို့နှစ်ယောက်လည်း လေစီးသယ်ဆောင်ရေးယာဉ်များ ပြုလုပ်သည့် အလုပ်ရုံ ရှိရာသို့ ရောက်ရှိလာကြသည်။
အလုပ်ရုံရှေ့တွင် လက်ညိုးတထိုးထိုးဖြင့် စုရုံးနေကြသော လူအုပ်ကြီးကိုမြင်ပြီး ရှောင်လုံရင်ထဲမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားသည်။ 

ရှောင်လုံ နှင့် ကျောင်းရှုတို့နှစ်ယောက် လူအုပ်ထဲသို့ အတင်းတိုးဝင်လိုက်သည်။ ထိုသို့ အတင်းတိုးထွက်ရင်း အရှေ့ဘက်သို့ ရောက်လာချိန်တွင် သွေးအလိမ်းလိမ်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေကြသော ဟောင်ရှောင်ဟိုင်တို့လူစုက သူတို့နှစ်ယောက်၏ မြင်ကွင်းထဲသို့ ဝင်လာသည်။

"... တတိယသခင်လေး ...."

"... သခင်လေး ရှောင်ဖန် ..."

ကျောင်းရှုက ဟောင်ရှောင်ဟိုင်တို့၏ အမည်များကို  မချိတင်ကဲစွာဖြင့် ရေရွတ်ရင်း သူတို့အနားသို့ ခြေလှမ်းကျဲကျဲဖြင့် ရောက်ရှိသွားသည်။ ရှောင်လုံက ထိုမြင်ကွင်းကြောင့် တခဏမျှ မှင်တက်သွားသည်။  စက္ကန့်ပိုင်းမျှ မှင်တက်နေပြီးနောက်တွင် သူ့ရင်ထဲမှ ကြောက်မက်ဖွယ်ရာကောင်းသော လူသတ်ချင်စိတ်များက ဧရာမ မီးတောင်ကြီးတစ်လုံးလို ပေါက်ကွဲထွက်လာသည်။
ရှောင်လုံက သူ့လက်ချောင်းများ လက်ဝါးထဲသို့ စိုက်ဝင်သွားသည်အထိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ရှောင်လုံ ဘဝတစ်လျှောက်  ဤကဲ့သို့ ပြင်းထန်သည့် လူသတ်ချင်စိတ်များ တစ်ခါမှ ထွက်ပေါ်မလာခဲ့ဘူးပေ ။ တခြားလူတစ်ယောက်အား ဤမျှ ပြင်းပြင်းထန်ထန် သတ်ချင်စိတ်လည်း တစ်ခါမှ မဖြစ်ခဲ့ဘူးပေ။

ယင်းမိသားစု၏ သိုင်းပညာရှင်နှစ်ယောက်ကြောင့် သူ့မိဘနှင့် လက်အောက်ငယ်သားများ  ထိခိုက်ဒဏ်ရာရခဲ့စဉ် အခါကပင် ဤမျှ ပြင်းထန်စွာ ဒေါသမထွက်ခဲ့ဘူးပေ ။ ရှောင်လုံ တစ်ချက်ကြည့်ရုံဖြင့် သူ့ညီ ဟောင်ရှောင်ဟိုင် ၊ သူ့တူ ဂိုရှောင်ဖန် နှင့် သူ့ညီမ ဟောင်မင်းတို့၏ ချီပင်လယ်နှင့် သွေးကြောများ ပျက်စီးသွားပြီး ဖြစ်ကြောင်းကို ရိပ်မိလိုက်သည်။

သတ် .......!

သတ် .....! သတ် .......!

ရှောင်လုံမျက်လုံးများက မီးကျီခဲကဲ့သို့ ရဲရဲနီသွားသည်။ သို့သော် ရှောင်လုံက အသက်ပြင်းပြင်းတစ်ချက်ရှုသွင်း၍ သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ ထိုနောက်ဟောင်ရှောင်ဟိုင် ၊ ဟောင်မင်း ၊ ဂိုရှောင်ဖန်နှင့် တခြားလူများကို ထိပ်တန်းအဆင့် နတ်ဆေးလုံးတစ်လုံးစီ တိုက်ကျွေးကာ အခြေအနေများ ပိုမဆိုးသွားစေရန် သူတို့၏ သွေးကြော တစ်ချို့ကို ဖိနှိပ်ပေးလိုက်သည်။

".... အကိုကြီး ...."

ခဏကြာပြီးနောက် ဟောင်မင်းနှင့် တခြားလူများလည်း သတိပြန်လည်လာကြသည်။ သို့သော် သူတို့၏ အမြင်အာရုံများက ဝေဝါးနေပြီး ရှောင်လုံကိုလည်း ခပ်တိုးတိုးသာ ခေါ်နိုင်ကြသည်။

"... မင်းတို့ကို ဘယ်သူလုပ်တာလဲ ...?"

ရှောင်လုံက မေးလိုက်သည်။

ရှောင်လုံ မေးခွန်ကို ဟောင်ရှောင်ဟိုင် နှင့် ဟောင်မင်းတို့ ဖြေလုဆဲဆဲအချိန်တွင် လှောင်ပြောင်သံ တစ်ခု ထွက်ပေါ်လာသည်

".... ဟားဟား ... လတ်စသတ်တော့ သူတို့ အရမ်းအားကိုးနေတဲ့ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ အတွင်းစည်းသူရဲကောင်းကြီးက မင်းကိုး .... မင်း လူလုံးထွက်ပြရဲမယ်လို့ ငါမထင်ထားဘူး ...."

ရှောင်လုံက အသံကြားရာသို့ တစ်ချက် မော့ကြည့်လိုက်သည်။ထိုအချိန်တွင် ကျန်းဝေအန်တို့လူစုကလည်း လေစီး သယ်ဆောင်ရေးယဉ်များ ပြုလုပ်သည့် အလုပ်ရုံအတွင်းမှ ထွက်လာကြသည်။ ကျန်းဝေအန်က အထက်တန်းကြသော ပိုးထည်ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသည်။

ရှောင်လုံက ကျန်းဝေအန်တို့လူစုအား မျက်လုံးမှေးစင်းကာ ကြည့်လိုက်သည်။ ထိုနောက် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။
ထပ်မေးစရာပင် မလိုလိုက်ဘဲ ဟောင်ရှောင်ဟိုင်တို့လူစုကို ယခုလိုလုပ်ခဲ့သည့် တရားခံမှာ ကျန်းမိသားစုမှ ကျန်းဝေအန်မှန်း ရှောင်လုံ သိသွားခဲ့ချေပြီ ။

ထောင်ထောင် ထောင်ထောင် လမ်းလျှောက်လာကြသည့် ကျန်းဝေအန်တို့လူစုက ရှောင်လုံ အရှေ့တွင် ချေမိုးပြီး ရပ်လိုက်ကြသည်။

"... မင်းလုပ်တာလား ...?"

ရှောင်လုံက ရေခဲတမျှ အေးစက်နေသော အကြည့်ဖြင့် စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ်မှ အတွင်းစည်းကျောင်းသား၏ ထောင့်မကျိုးသော မေးမြန်းသံကြောင့် ကျန်းဝေအန်၏ မျက်လုံးများကအေးစက်သွားသည်။ ကျန်းဝေအန်က ခပ်မဲ့မဲ့ပြုံးရင်း ပြောလိုက်သည်

".... ဟေ့ကောင် ... ငါ့ကို အဲ့လိုလေသံမျိုးနဲ့ စကားပြောရဲတဲ့လူမရှိခဲ့ဘူး .... ဟုတ်တယ်.... ငါလုပ်တာ အဲ့တော့ ဘာဖြစ်လဲ ...? မင်းငါ့ကို ဘာလုပ်မလို့လဲ .... ကုန်းကိုက်မှာလား ...? အနက်ရောင် သူရဲကောင် တက္ကသိုလ်ရဲ့ အတွင်းစည်း ကျောင်းသားလေးတစ်ယောက်က သူ့ညီ အတွက် ကလဲ့စားချေပေးချင်နေတယ်ပေါ့လေ ...!"

ကျန်းဝေအန်နှင့် သူ့နောက်လိုက်များက ရှောင်လုံကိုကြည့်ပြီး လှောင်ပြောင် ရယ်မောလိုက်ကြသည်။

"... ဟေ့ကောင် ..မင်းကိုငါတစ်ခုပြောပြလိုက်မယ်...
ငါတို့သခင်လေးက ကျန်းမိသားစုရဲ့ အဓိက မိသားစုဝင် တစ်ယောက်ပဲ ..... လက်ရှိ ကျန်းမိသားစုရဲ့ ခေါင်းဆောင်ကြီးကလည်း ငါတို့ သခင်လေးရဲ့ အဘိုးကွ ...."

ကျန်းမိသားစုမှ အစောင့်တစ်ယောက်က ဆောင့်ကြွားဆောင့်ကြွား ပုံစံဖြင့် ဝင်ပြောလိုက်သည်

"... နောက်ပြီး  ချောင်ကျိမြို့ရဲ့ လက်ရှိမြို့တော်ဝန်ကလည်း ငါတို့သခင်လေးရဲ့ ဦးလေးပဲ ..."

ထိုအစောင့်၏ စကားကြောင့် ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးက အံ့သြမှင်တက်သွားကြသည်။

"... သူက တကယ်ပဲ ကျန်းမိသားစု ခေါင်းဆောင်ကြီးရဲ့ မြေးလား ...!"

"... ကြည့်ရတာ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ အတွင်းစည်းကျောင်းသားတော့
သူခံစားခဲ့ရတဲ့ တရားမမျှတမှုကို မြိုသိပ်ရုံကလွဲပြီး တခြားဘာမှ မတတ်နိုင်တော့ဘူးထင်တယ် ..."

ပတ်ဝန်းကျင်မှ လူအုပ်ကြီး၏ တီးတိုးစကားသံများကြောင့် ကျန်းဝေအန်က ပိုပြီး မာန်တက်သွားသည်

"... ဟေ့ကောင် ... မင်းရဲ့ အစုတ်ပလုတ်ညီနဲ့ တခြားအမှိုက်တွေကို သိမ်းချင် သိမ်းသွားနိုင်တယ်...
ဒါပေမဲ့ သူတို့က ငွေစလေးအနည်ငယ် ရှိရုံနဲ့ ငါကိုလာပြီး ယှဉ်ရဲတဲ့အပြင် တိုက်ခိုက်ဖို့တောင် ကြိုးစားခဲ့တာဆိုတော့ မင်းက သူ့တို့ကိုယ်စား ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရမယ် ...."

"...အရှက်မရှိတဲ့ဘူး ...တကယ့်ကို အရှက်မရှိတဲ့ကောင်..."

ဟောင်ရှောင်ဟိုင်နှင့် တခြားလူများက ကျန်းဝေအန်အား စူးစူးဝါးဝါးဖြင့် ဒေါသတကြီး စိုက်ကြည့်လိက်ြကြသည်။

"... ဟေ့ကောင် ...ဘာကို ငါတို့က စပြီးတိုက်ခိုက်တာလဲ ..မင်းဘက်က မပြောမဆိုနဲ့ စပြီးတိုက်ခိုက်တာမဟုတ်လား ...?"

ဟောင်ရှောင်လုံက ဒေါသတကြီး အော်ပြောလိုက်သည်။
ရှောင်လုံက လက်ထောင်ပြပြီး ဂိုရှောင်ဖန်နှင့် တခြားလူများအား ဒေါသလျော့ခိုင်းလိုက်သည်။
ထိုနောက် တည်တည်ငြိမ်ငြိမ်ဖြင့် ကျန်းဝေအန်အား ကြည့်လိုက်သည်

"... မင်းကို ငါ့ကဒူးထောက်ပြီး တောင်းပန်ရမယ်ပေါ့ဟုတ်လား..."

ကျန်းဝေအန်က ဘဝင်မြင့်စွာဖြင့် ထပ်ဖြည့် ပြောလိုက်သည်

"... ဟုတ်တယ် ငါစိတ်မပြောင်းသေးခင် ....."

သို့သော် သူ့စကားပင် မဆုံးလိုက်ပေ ။
သူ့အရှေ့တွင် ရှိနေခဲ့သည့် ရှောင်လုံက ဖျတ်ခနဲ ပျောက်ကွယ်သွားချေပြီ ။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၀၃ ......

  ရှောင်လုံပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့လက်သီးနှင့် ကျန်းဝေအန်၏ ချီပင်လယ်တို့က မိတ်ဆက်သွားကြသည်။ ကျန်းဝေအန် အနေနှင်လည်း ဘာဖြစ်သွားမှန်းကိုတောင် သေချာမသိလိုက်ပေ။ ဆွဲဆွဲငင်ငင် အော်ဟစ်သံနှင့်အတူ အဝေးသို့ လွှင့်ထွက်သွားပြီး လေစီးသယ်ဆောင်ရေးယဉ်များပြုလုပ်သည့် အလုပ်ရုံ၏ အရှေ့ဘက်တံခါးနှင့် သွားတိုက်မိသည်။ တံခါးကြီးက အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။

တီးတိုးပြောဆိုသံများနှင့် ဆူညံနေကြသော လူအုပ်ကြီးလည်း ရုတ်တရက် ငြိမ်ကျသွားလေသည်။

"... သ....သခင်လေး ...."

ခဏတာ မှင်တက်သွားကြသော အိမ်တော်ထိန်း ဂူယွမ်နှင့် တခြားလူများလည်း သတိပြန်ဝင်ပြီး စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ ထိုနောက် ကျန်းဝေအန်လဲကျနေသောနေရာသို့ အလျင်အမြန် ပြေးသွားကြသည်။

".... မင်း...မင်းက ငါတို့သခင်လေး ချီပင်လယ်ကို ဖျက်ဆီးရဲတယ်ပေါ့လေ ..."

အိမ်တော်ထိန်း ဂူယွမ်က ရှောင်လုံကို မျက်ထောင့်နီဖြင့် ကြည့်၍ ဒေါသတကြီး အော်လိုက်သည်။

ရှောင်လုံလို အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ အတွင်းစည်းကျောင်းသား တစ်ယောက်က ကျန်းဝေအန်အား ယခုလို တိုက်လိုက်ရဲလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။ ရှောင်လုံက ကျန်းဝေအန်ကို တိုက်ခိုက်လိုက်ရုံတင်မက ကျန်းဝေအန်၏ ချီပင်လယ်ကိုပါ ရက်ရက်စက်စက် ဖျက်ဆီးလိုက်ပြစ်လိုက်ခြင်းပင် ။

ဂူယွမ်က အတွင်းအားအကုန်ထုတ်ပြီး လေပေါ်သို့ ခုန်တက်လိုက်သည်

"... တော်တော် သေချင်တဲ့နေကောင် ..... မင်ဘာသာ အနက်ရောင် တက္ကသိုလ်ရဲ့ အတွင်းစည်းကျောင်းသား ဖြစ်ဖြစ် ဘာဖြစ်ဖြစ်
ငါတို့သခင်လေးရဲ့ ခ်ျီပင်လယ်ကို ဖျက်ဆီးရဲမှတော့
မင်း အပြစ်က သေဒဏ်ပဲ ...."

သူ့စကားအဆုံးတွင် ဂူယွမ်၏ လက်နှစ်ဖက်က မီးကျီခဲလို နီရဲလာသည်။

".... လောင်မီးကျ လက်ဝါးသိုင်း ..."

ဂူယွမ်က ရှောင်လုံကို လက်ဝါးဖြင့် လှမ်းရိုက်လိုက်သည် ။ ဂူယွမ်၏ လက်ဝါးအစစ်အမှန်ရောက်မလာသေးခင် ကြောက်မက်ဖွယ်ရာကောင်းသော အပူလှိုင်းများက ရပ်ကြည်နေကြသော ပရိတ်သတ်များကြားတွင် ဖြတ်သန်းသွားသည်။ ထိုအပူလှိုင်းများနှင့် တွေ့ကြုံလိုက်သူအားလုံး၏ စိတ်ထဲမှာ သူ့တို့တစ်ကိုယ်လုံး အပူရှိန်မြင့်မားသည့် ဒယ်အိုးထဲတွင် ထည့်၍ အကြော်ခံလိုက်ရသလို ခံစားလိုက်ရသည်။

အခြေအနေမဟန်တာကြောင့် စပ်စုနေကြသူအားလုံးလည်း လွတ်ရာကင်းရာသို့ ထွက်ပြေးကြသည်။

ဂူယွမ်က ရှောင်လုံကို ရက်စက်တော့မည့်အကြည့်ဖြင့် ကြည့်ပြီး

"... ကိုယ့်အခြေအနေ ကိုယ်မသိတဲ့ကောင် သေပေတော့ ....."

"... အကိုကြီး... သတိထား..."

ဟောင်ရှောင်ဟိုင် နှင့် ဟောင်မင်းတို့က စိုးရိမ်တကြီး လှမ်းအော်လိုက်ကြသည်။ တခြားလူများက ကမ္ဘာပျက်နေကြသော်လည်း ရှောင်လုံကတော့ သူ့ရပ်နေသည့်နေရာမှာပင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသည်။ သူ့ရင်ဘတ်တွင် လာကပ်နေသော ဂူယွမ်လက်ဝါးကိုကြည့်ရင်း ရှောင်လုံ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်

"... ခင်ဗျားရဲ့ လောင်မီးကျ လက်ဝါးသိုင်းက သစ်ရွက်တွေလောက်ကိုပဲ မီးရှို့လို့ရမယ် ထင်တယ်နော် ....."

ရပ်ကြည့်နေကြသော လူအုပ်ကြီးကလည်း ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

"... မင်း..မင်း . ..."

ဂူယွမ်က ရှောင်လုံကိုကြည့်ပြီး မျက်လုံးပြူးသွားသည်။

ဒါဘယ်လို ဖြစ်ရတာလဲ...?
၎င်းအတွေးက သူ့ခေါင်းထဲသို့ အလိုလို ရောက်ရှိလာသည်။ သူ့လို နတ်ဘုရား အဆင့် ၄ သိုင်းပညာရှင် တစ်ယောက်က အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ အတွင်းစည်းကျောင်းသားလေးတစ်ယောက်အား အနိုင်မရခဲ့သည့်အပေါ်
ဂူယွမ်ကိုယ်တိုင် နားမနိုင်လည်နိုင်အောင် ဖြစ်သွားသည်။

ဂူယွမ်ခေါင်းထဲတွင် အတွေးများဖြင့် ခါခါလည်နေစဉ် ရှောင်လုံကိုယ်ထဲမှ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာ၏ ။
ထိုစွမ်းအားနှင့် ထိတွေ့မိချိန်တွင် ဂူယွမ်တစ်ယောက် လေပေါ်မှ အောက်သို့ ဇောက်ထိုးပြုတ်ကျသွားသည်။

"...ဘာလုပ်နေကြတာလဲ ... အဲ့ကောင်ကိုသတ်ကြစမ်း ..."

ကျန်းဝေအန်က ကြိုးစား၍ မတ်တပ်ထရပ်ပြီး ကျန်းအိမ်တော်မှ အစောင့်များအား ရူးသွပ်စွာ အော်ဟစ်လိုက်သည်

"... မင်းတို့ဘာမှ မပူနဲ့ ...ငါအားလုံး တာဝန်ယူတယ် ..."

ထိုကတိစကားကိုကြားပြီးနောက် ကျန်းအိမ်တော်မှ အစောင့်များက ရှောင်လုံအား တလကြမ်း ဝင်ရောက် တိုက်ခိုက်ကြသည်။သို့သော် သူတို့တိုက်ခိုက်မှုများက ရှောင်လုံထံသို့ မရောက်ခင်
ရှောင်လုံ တိုက်ခိုက်မှုနှင့် ရင်ဆိုင်တွေ့ပြီး သူတို့လွှင့်ထွက်သွားသည့် အမြန်နှုန်းက ပို၍ မြန်ဆန်လေသည်။ ကျန်းအိမ်တော်လို ထိပ်တန်းမိသားစုကြီးတစ်ခု၏ အစောင့် ဖြစ်သည့် အတွက် သူ့တို့၏ အစွမ်းကလည်း မသေးလှပေ။
သို့သော် သူတို့အားလုံးထဲတွင် အတွင်းအားအဆင့်အမြင့်ဆုံးလူက နတ်ဘုရား အဆင့် ၄ သိုင်းပညာရှင်ဖြစ်သည်။ သူတို့က လူဦးရေပိုင်းတွင် အသာရနေသော်လည်း ရှောင်လုံအတွက် တစ်ယောက်နှင့် ဆယ်ယောက်သည် ကြီးမားသော ခြားနားချက်ကြီး တစ်ခုတော့ မဟုတ်ပေ။

ရှောင်လုံ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် နတ်တောင်ရွှမ်းမီသိုင်း ၊ ဝိညာဉ်အသွင်ပြောင်းလဲခြင်းတို့ကို အသုံးမပြုဘဲ ထိုသိုင်းသမားများကို အလွယ်တကူ လှဲသိပ်နိုင်စွမ်းရှိသည်။ ရှောင်လုံက သူ့လူများအား အလွယ်တကူ ကန်ထုတ်နေသည့် မြင်ကွင်းကိုကြည့်ရင်း ကျန်းဝေအန်တစ်ကိုယ်လုံး ရေခဲရေပုံနှင့် အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့ရင်ထဲမှ အမုန်းတရားများနှင့်
သတ်ဖြတ်ချင်စိတ်များကလည်း အလျင်အမြန် ပျောက်ကွယ်သွားသည်။

ကျန်းအိမ်တော် အစောင့်များကို ရှင်းလင်းပြီးနောက် ရှောင်လုံက ကျန်းဝေအန်အနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။

"... မင်း....မင်း ..မင်းဘာလုပ်မလို့လဲ ...?"

ကျန်းဝေအန်က အနောက်ကဆုတ်ရင်း ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။

".... စောစောက မင်းရဲ့ ချီပင်လယ်ကိုဖျက်ဆီးပြီးပြီဆိုတော့ အခုက မင်းရဲ့ သွေးကြောတွေ အလှည့်ပဲ ..."

ရှောင်လုံက ခံစားချက်ကင်းမဲ့နေသော မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။

"... မလုပ်နဲ့ ...."

ကျန်းဝေအန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုနောက် ရှောင်လုံလက်ထဲသို့ ပိုးစာပင်ဓား ရောက်ရှိလာသည်။ ရှောင်လုံက ပိုးစာပင်ဓားဖြင့် ကျန်းဝေအန်၏ အဓိက သွေးကြောမများကို စိတ်ပြေနပြေ လှီးဖြတ်လိုက်သည်။

".... ငါတို့ ကျန်းမိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး  ..."

ကျန်းဝေအန်က စူးစူးဝါးဝါး အော်ပြောလိုက်သည်။

"... ဟေ့ကောင် မင်းပြေးလို့ မလွတ်တော့ဘူး ... မင်းတင်မကဘူး မင်းနဲ့ ပတ်သတ်သူအားလုံးလည်း ပြေးလွတ်မယ်မထင်နဲ့ .... အနက်ရောင် လိပ် ကြယ်စင်စုရဲ့ ဘယ်နေရာကမှ မင်းကို လက်ခံထားရဲမှာ မဟုတ်ဘူး ..... မင်း အသေဆိုးနဲ့ကို သေစေရမယ် ..."

".... ဟုတ်လား အဲ့ဒါဆိုလည်း မထူးတော့ပါဘူးလေ..."

ရှောင်လုံ မျက်နှာထားက ရေးခဲတမျှ အေးစက်သွားပြီး  သူ့လက်ထဲတွင်ကိုင်ထားသည့် ပိုးစာပင်ဓားဖြင့် ကျန်းဝေအန်၏ ဘယ်လက်အား လက်မောင်းအရင်းမှ ခုတ်ဖြတ်ပြစ်လိုက်သည်။

"... ငါအတွက် ပြေးစရာ မြေမရှိတော့ဘူးဆိုမှတော့ ...  မင်းကို အရင် သတ်ပြစ်မယ်....."

ရှောင်လုံက မျက်နှာသေဖြင့် ရေရွတ်လိုက်သည်။
ထိုစကားကြားချိန်တွင် ရှောင်လုံကိုဖြဲချောက်နေသော ကျန်းဝေအန်လည်း မျက်လုံးလေးဝိုင်းသွားသည်။ ထိုနောကက် သူ့၏ အကောင်းပကတိကျန်နေသေးသော ညာဘက်လက်ဖြင့် ဘယ်လက်မောင်းကို ဆုပ်ကိုင်ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ရေရွတ်လိုက်သည်

"အဲ့ ....အဲ့လို ... မ...မလုပ်ပါနဲ့...."

ရှောင်လုံလက်ထဲမှ ပိုးစာပင်ဓားက ညင်သာစွာ လှုပ်ရှားသွားသည်။ ထိုဓားချက်ကြောင့် ကျန်းဝေအန်၏ ညာလက်လည်း မြေပြင်ပေါ်သို့ ပြတ်ကျသွားသည်။

".... အသေဆိုးနဲ့ သေတယ်ဆိုတာ ဘာလဲဆိုတာကို မင်းသိအောင် ပြပေးရမှာပေါ့ ..."

ရှောင်လုံက သာမန်ကိစ္စတစ်ခုကိုပြောနေသည့်အတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ ထိုနောက် စူးရှသော အလင်းတန်းတစ်ခုနှင့်အတူ ကျန်းဝေအန်၏ ခြေထောက်တစ်ဖက် ပြတ်သွားသည်။

အနက်ရောင် တက္ကသိုလ်၏ အတွင်းစည်း ကျောင်းသားလေးတစ်ယောက်က ကျန်းမိသားစု၏ တိုက်ရိုက် မျိုးဆက်ကို သတ်ရဲလိမ့်မည်ဟု မည်သူကမှ မထင်မိခဲ့ပေ။
သူတို့အားလုံး၏ စိတ်ထဲမှာ ရှောင်လုံ၏ ဆိုးရွားသော အဆုံးသတ်ကိုသာ ကြိုတင်မြင်ယောင်နေကြသည်။ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ဘက်ကလည်း အတွင်းစည်း ကျောင်းသားလေး တစ်ယောက်အတွက် ကျန်းမိသားစုနှင့် အတိုက်အခံပြုလုပ်မှာ မဟုတ်ပေ။

ထိုအဖြစ်အပျက်များ ဖြစ်ပျက်နေစဉ် ချောင်ကျိမြို့၏ လက်ရှိမြို့တော်ဝန် ဖြစ်သာ ကျန်းယုံချန်က ဝမ်မိသားစု၏ မဟာအကြီးအကဲများနှင့် မြို့တော်ဝန်အိမ်တော်အတွင်းမှ   ဧည့်ခန်းမဆောင်ထဲတွင် စကားစမြည် ပြောနေကြသည်။ ထိုအချိန်တွင် မြို့တော်ဝန်အိမ်တော်စောင့် တစ်ယောက်က ကျန်းယုံချန်တို့ ရှိနေသည့် ဧည့်ခန်းမဆောင်အတွင်းသို့ ကမှုးရှုးထိုးဖြင့် ပြေးဝင်လာသည်

".... သခင်ကြီး ..... ချောင်ကျိမြို့ထဲမှာ သခင်လေး ကျန်းဝေအန်ရဲ့ ခ်ျီပင်လယ်ကို တစ်စုံတစ်ယောက်က ဖျက်ဆီးလိုက်ပါတယ်  ..."

".... ဘာပြောတယ်ကွ ...."

ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားပြောနေသော ကျန်းယုံချန်က ထိုင်နေရာမှ ခုန်ထပြီး ဒေါသတကြိး ပြန်မေးလိုက်သည်

".... ဘယ်သူလဲ ...ဘယ်ကောင်က ငါတို့ကျန်းမိသားစုရဲ့လူကို ချောင်ကျိမြို့ထဲမှာ ထိရဲတာလဲ ..."

ဝမ်မိသားစု၏ မဟာအကြီးအကဖြစ်သူ ဝမ်ကျင်းယွမ်လည်း ထိုမတော်တဆဖြစ်မှုကိုကြားသိပြီးနောက် အံ့သြဘနန်း ဖြစ်သွားသည်။

ဘယ်လို လူမျိုးက ကျန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ကျန်းဝေအန် ခ်ျီပင်လယ်ကို
ဖျက်ဆီးရဲတာလဲ  ....?
အဲ့ဒီလူက နဂါးသွေးသောက်ပြီး ကျားအသည်းကိုစားထားလို့ အဲ့လောက် သတ္တိကောင်းနေတာလား ....?

"...သခင်လေးကျန်းဝေအန်ရဲ့ ချီပင်လယ်ကို ဖျက်ဆီးလိုက်သူက အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ အတွင်းစည်းကျောင်းသားတစ်ယောက်ပါ ...."

အစောင့်က အလျင်အမြန် ရှင်းပြလိုက်သည်

".... အဲ့ဒီလူက သခင်လေးရဲ့ ချီပင်လယ်ကို ဖျက်ဆီးလိုက်ရုံတင်မကသေးပါဘူး ... သွေးကြောတွေအကုန်လုံးကိုလည်း ဖြတ်ပြစ်လိုက်ပါတယ်...."

ကျန်းယုံချန်ကိုယ်ထဲမှ လူသတ်ချင်စိတ်မှ သိပ်သည်းစွာ ထွက်ပေါ်လာသည်

".... သတ္တိကောင်းလိုက်တဲ့ခွေးသား .... အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်နေတာတောင် တိမ်ပင်လယ်ပင်မကုန်းမြေရဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ပြီး
ငါတို့ ကျန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို တိုက်ခိုက်ရဲတယ်ပေါ့လေ ..... အဲ့ကောင်ကို အခုချက်ချင်း ငရဲပို့ပြစ်ရမယ်  ..."

ထိုနောက် ကျန်းယုံချန်က ဝမ်မိသားစု၏ အကြီးအကဲ ဝမ်ကျင်းယွမ်ကိုပင် နှုတ်မဆက်နိုင်တော့ဘဲ  ဧည့်ခန်းမဆောင်အတွင်းမှ အခင်းဖြစ်ပွားရာ လေစီးသယ်ဆောင်ရေးယဉ် အလုပ်ရုံရှိရာသို့  မုန်တိုင်းတိုက်သလို တလကြမ်း ထွက်သွားသည်။ မြို့တော်ဝန်အိမ်တော်မှ သိုင်းပညာရှင်များကလည်း ကျန်းယုံချန်အနောက်မှ ကမန်းကတမ်းလိုက်ပါသွားကြသည်။

ဝမ်ကျင်းယွမ်လည်း ထိုအဖြစ်အပျက်ကို စိတ်ဝင်စားသွားပြီး ကျန်းယုံချန်တို့ အနောက်မှ လိုက်ပါသွားသည်။ သို့သော် ထိုကိစ္စက ထင်သလောက် မလွယ်ဟု သူ့စိတ်ထဲတွင် ခံစားနေရသည်။

လေစီးသယ်ဆောင်ရေး အလုပ်ရုံအရှေ့တွင်
ရှောင်လုံက ခြေပြတ် လက်ပြတ် ဖြစ်ပြီး မြေပြင်ထက်တွင် ဆားပက်ခံထားရသော တီကောင်တစ်ကောင်လို ထွန့်ထွန့်လူးနေသည့် ကျန်းဝေအန်ကို  ခံစားချက် တစ်စုံတစ်ရာမပြသော မျက်နှာသေဖြင့် ကြည့်နေသည်။ ရှောင်လုံ၏ ခံစားချက်ကင်းမဲ့နေသော မျက်လုံးများက ရုတ်တရက် လူသတ်ချင်စိတ်များဖြင့် အရောင်တောက်လာသည်။ ရှောင်လုံ ပိုးစာပင်ဓားကို လွှဲရန် ပြင်နေစဉ် ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါသွားစေသည့် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာသည်

".... ရပ်လိုက်စမ်း ...."

သို့သော် ထိုတားဆီသံက ရှောင်လုံလက်ထဲမှာရှိနေသည့် ပိုးစာပင်ဓား၏ လှုပ်ရှားမှုကို  ရပ်တန့်နိုင်စွမ်းမရှိခဲ့ပေ ။ ပုလဲလေးများ စီးတန်းနေသလို သွေးစီးကြောင်း တစ်ခုနှင့်အတူ ကျန်းဝေအန်၏ ခေါင်းက လေထဲသို့ လွှင့်ပျံသွားသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၀၄ ......

ကျန်းဝေအန်၏ ဦးခေါင်း ပြုတ်ကျလာသော နေရာတွင်ရှိနေသည့် လူများက သူတို့ဆီသို့ ကမ္ဘာ့အဆိုးဆုံး ကပ်ဘေးကြီးတစ်ခုကျရောက်လာသလို ဝရုန်းသုန်းကား ထွက်ပြေးကြသည်။

ခဏကြာပြီးနောက် ကျန်းယုံချန်တို့လူစုက မြေပြင်ပေါ်သို့ သက်ဆင်းလာကြသည် ။ ကျန်းယုံချန်က မြေပြင်ပေါ်သို့ လှိမ့်နေသေးသည့် သူ့တူ၏ ဦးခေါင်းကို မယုံနိုင်သလို ငေးကြည့်လိုက်သည်။ ကျန်းယုံချန်က သွေးများစီးကျလာလုမတတ် နီရဲနေသော မျက်လုံးဖြင့် ရှောင်လုံကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ ထိုနောက် အံကြိတ်ပြီး တစ်ခွန်းချင်းပြောလိုက်သည်

".....  ဒီနေ့တော့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး ...."

ထိုစကားလုံးများနှင့်အတူ ကျန်းယုံချန်၏ ဆင်ခြင်တုံတရားများကလည်း ပျောက်ကွယ်သွားသည်။ သူ့ကိုယ်တိုင် အမိန့်ပေးခဲ့သော်လည်း တခြားတစ်ဖက်မှ မျိုးမစစ်ကောင်က သူ့တူကို သတ်ရဲလိမ့်မည်ဟု ကျန်းယုံချန် စိတ်ထဲမှာ ထင်မထားခဲ့ပေ ။

ကျန်းဝေအန်က ကျန်းမိသားစု၏ အရင်းအမြစ် သယံဇာတများစွာကို အသုံးပြုပြီး ပြုစုပျိုးထောင်ထားသော တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့ အရေးပါသောလူက  ကျန်းယုံချန် အုပ်ချုပ်နေသော ချောင်ကျိမြို့ထဲတွင် နေ့ခင်းကြောင်တောင်အချိန်မှာ အသတ်ခံလိုက်ရသည်။

ထိုဖြစ်ရပ်က ကျန်းယုံချန်ကို အရမ်းအရှက်ရသွားစေသည်။

ဤဖြစ်ရပ်ကို သူ့ဘဝတစ်လျှောက်လုံးတွင်  အကြီးမားဆုံး စော်ကားခံရမှုဟုဆိုလျှင်လည်း မမှားပေ။

ထိုအချိန်တွင် အကြီးအကဲ ဝမ်ကျင်းယွမ်နှင့် သူ့နောက်လိုက်များလည်း ရောက်ရှိလာကြသည်။
လမ်းမထက်တွင် ဦးခေါင်းပြတ်ကာ လဲလျောင်းနေသော ကျန်းဝေအန်၏ ရုပ်အလောင်းကိုမြင်ပြီး သူတို့အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သေသွားပြီလား ...?

ကျန်းယုံချန်က ရှောင်လုံအနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားသည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါများကလည်း တဖြည်းဖြည်းပို၍ ကြောက်စရာကောင်းလာသည်။

ကျန်းယုံချန်က ချောင်ကျိမြို့၏ မြို့တော်ဝန်တစ်ယောက်ဖြစ်သည့် အပြင် ကျန်းမိသားစုတွင်လည်း မဟာအကြီးအကဲ အဆင့်ရှိသူ ဖြစ်သည်။ ထိုကြောင့်
သူ့အတွင်းအားက နတ်ဘုရားအဆင့် ၁၀ စဦးအဆင့်တွင် ရှိနေသည်။ ကျန်းယုံချန်က နတ်ဘုရားအဆင့် ၁၀ စဦး အဆင့်တွင်သာရှိနေသော်လည်း သာမန် နတ်ဘုရား
အဆင့် ၁၀ အလယ်အဆင့် သိုင်းပညာရှင်များထက်ပင်
ပိုပြီး အစွမ်းထက်သူ ဖြစ်သည်။

အန္တရာယ်အငွေ့အသက်များကို ခံစားမိလိုက်သည့် လူအုပ်ကြီးကလည်း အနောက်ဘက်သို့ ကြောက်လန့်တကြား ဆုတ်ခွာသွားသည်။

"... သေပေတော့ ...."

ကျန်းယုံချန်က ရှောင်လုံအား လက်သီးဖြင့် လှမ်းထိုးလိုက်သည်။ ကျန်းယုံချန်၏ လက်သီး ဖြတ်သန်းသွားလာ လမ်းတစ်လျှောက်မှ လေဟာနယ်အလွှာများလည်း တစ်စစီ ပြိုလဲကျကုန်သည်။

ထိုကဲ့သို့ ပြင်းထန်သော လက်သီးချက်နှင့် ထိမိပြီး
ရှောင်လုံခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အချိန်တွင် အဝေးတစ်နေရာမှ စူးရှသော ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုဓားအလင်းတန်း၏ နောက်မှ မသဲကွဲသော နဂါးဟိန်းသံများ ကပ်ပါလာသည်။

ထိုဓားအလင်းတန်းက ကျန်းယုံချန်၏ လက်သီးအားကို ပြတ်ပြတ်သားသား ချေဖျက်လိုက်သည်။ ထိုကြောင့် ကျန်းယုံချန်က လက်သီးသိုင်းကွက်က ရှောင်လုံ အင်္ကျီ အဖျားကိုပင် ထိမှန်အောင် မလုပ်နိုင်ခဲ့ပေ။ သို့သော် ကျန်းယုံချန်တော့ အနောက်ဘက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်လိုက်ရသည်။

ကြောက်မက်ဖွယ်ရာကောင်းသော ဓားချီစွမ်းအင်ကြောင့်ရပ်ကြည့်နေကြသူအားလုံး၏ မျက်နှာများက ဖြုဖပ်ဖြုရော် ဖြစ်ကုန်ကြသည်။
ထိုဓားချီက နတ်ဘုရားအဆင့် ၁၀ စဦးအဆင့် သိုင်းပညာရှင် ကျန်းယုံချန်ကိုပင် အနောက်သို့ ဆုတ်သွားအောင် လုပ်နိုင်ခဲ့လေသည်။

"... ဘယ်ကောင်လဲကွ ခိုးကြောင်ခိုးဝှက်နဲ့ ...? အခုချက်ချင်း ထွက်ခဲ့စမ်း....!"

ကျန်းယုံချန်က အော်ပြောလိုက်သည်။
သူ့ပါးစပ်နားရောက်နေသည့် အစားအစာကို ပုတ်ချခံလိုက်သလို ကျန်းယုံချန်တစ်ယောက် မကြေမနပ် ဖြစ်သွားသည်။

"... ထွက်ခဲ့စမ်း ဟုတ်လား ...? မြို့တော်ဝန် ကျန်းက အဲ့လိုမျိုး စကားကြီး စကားကျယ်ပြောရဲတယ်ဆိုတော့  တကယ်ကို မာန်တက်နေတာပဲ .... "

ထိုအသံထွက်ပေါ်လာပြီးနောက် တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအလင်းတန်းကြားမှ လူတစ်ယောက် ပေါ်လာသည်။

ဒေါသထွက်နေသော ကျန်းယုံချန်တစ်ယောက် ထိုလူ၏ မျက်နှာကိုမြင်လိုက်ချိန်တွင် တခဏမျှ မှင်တက်သွားသည်။ ထိုနောက် ကျန်းယုံချန်က မျက်မှောင်ကြုတ်လိုက်ပြီး

"... လျှိုယွမ် ခင်ဗျားပါလား ...."

အသစ်ရောက်လာသူက အနက်ရောင် သူရဲကောင်း တက္ကသိုလ် ကျောင်းအုပ်ကြီး၏ အကြီးဆုံးတပည့် ဖြစ်နေတာကြောင့် မဟာအကြီးအကဲ ဝမ်ကျင်းယွမ်လည်း အနည်းငယ် တုန်လှုပ်သွားသည်။

ကျန်းယုံချန်က လျှိုယွမ်ကို စူးစိုက်ကြည့်ကာ မကြိုဆိုသော လေသံဖြင့်

".... လျှိုယွမ် ... ဒီကောင်က ငါတို့ ကျန်းမိသားစုရဲ့ တိုက်ရိုက်မျိုးက်ကို သတ်ခဲ့တယ် .... အဲ့ဒီအပြစ်နဲ့တင် အကြိမ်တစ်ထောင်မကသေသင့်နေပြီ .... ဒီကိစ္စကို မင်း ဝင်မပါဖို့ ငါအကြံပေးလိုက်မယ် ... အဲ့ကောင်ကို ဒီနေ့ သတ်ကိုသတ်ရမှ ဖြစ်မယ် ..."

လျှိုယွမ်က လှောင်ရယ်ရယ်လိုက်သည်

"... အကြိမ်တစ်ထောင်မက သေသင့်တယ် ဟုတ်လား ...? တကယ်လို့ ကျုပ်ဝင်ပါမယ်ဆိုရင်ရော ..?"

ထိုနောက် ကျန်းယုံချန်၏ အဖြေကိုပင် လျှိုယွမ်ကအဖြေကို မစောင့်တော့ဘဲ
ရှောင်လုံကို ကြည့်လိုက်သည်

"..... ညီ၄ ...မင်း အဆင်ပြေရဲ့လား...?"

".... အကိုကြီး .... ကျွန်တော်အဆင်ပြေပါတယ် ..."

ရှောင်လုံက ခပ်ဖွဖွပြံ၍ ပြနအဖြေလိုက်သည်။

ကျန်းဝေအန်၏ ဦးလေးသည် ချောင်ကျိမြို့တော်ဝန်တစ်ယောက် ဖြစ်နေမှန်း မှန်း သိခဲ့စဉ်ကတည်းက ကျန်းယုံချန် တစ်ယောက် မကြာခင်မှာ ပေါ်ထွက်လာလိမ့်ဆိုတာကို ရှောင်လုံက ကြိုတွက်ပြီးသား ဖြစ်သည်။
ထိုကြောင့် လည်း ရှောင်လုံက လျှိုယွင်ကို အကြောင်းစုံပြောပြပြ်ိး  အကူအညီတောင်းထားခြင်းဖြစ်သည်။

".... ညီလေး ဟုတ်လား ...?"

ကျန်းယုံချန်နှင့် တခြားလူများလည်း အံ့အားသင့်သွားကြသည်။

ဒါဆို သူက လျှိုယွင်ရဲ့ညီ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကျောင်းအုပ် ဖုယန်ရဲ့ အငယ်ဆုံး တပည့်ဟောင်ရှောင်လုံပေါ့  .....!

ကျန်းယုံချန်က ရှောင်လုံကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။သို့သော် သူ့အကြည့်က ကွဲပြားသွားချေပြီ ။ သူ့စိတ်တိုင်းကျ သတ်နိုင်မည်ဟု ယူဆထားခဲ့သော အတွင်းစည်းကျောင်းသားက ဖုယန်၏ တပည့်ဖြစ်နေလိမ့်မည်ဟု ကျန်းယုံချန်စိတ်ထဲမှာ ထင်မထားခဲ့ပေ ။

".... လျှိုယွင် .... တိမ်ပင်လယ်ပင်မကုန်းမြေရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လူသတ်ကိုသတ်ခဲ့ရင် သေဒဏ်ပဲ .... သူက မင်းရဲ့ ညီ အနက်ရောင် သူရဲကောင်း ကျောင်းအုပ်ကြီးရဲ့ လက်ရင်းတပည့်ဖြစ်နေတယ်ဆိုရင်တောင် စည်းမျဉ်းစည်းကမ်းတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး ..."

ကျန်းယုံချန်က အေးစက်စက်မျက်နှာထားဖြင့်
နှာခေါင်းရှုံ့လိုက်သည်

"..... အနက်ရောင် သူရဲကောင်း တက္ကသိုလ် ကျောင်းအုပ်ရဲ့ တပည့်ဖြစ်နေလုိ့ ငါတို့ကျန်းမိသားစုကလူကို လက်လွတ်စပယ် သတ်နိုင်တယ်လို့တော့ လာမပြောနဲ့ ...."

".... သူက ကျုပ်တို့ကို အရင်တိုက်ခိုက်ခဲ့တာ ..."

ထိုအချိန်တွင် ဟောင်ရှောင်ဟိုင်က ကျန်းဝေအန်၏ အလောင်းကို လက်ညိုးထိုး၍ ဝင်ပြောလိုက်သည်

"... ကျန်းဝေအန်က သူရဲ့ အဆင့်အတန်းကို အားကိုးပြီး ကျုပ်တို့ရဲ့ ချီပင်လယ်ကို ဖျက်ဆီးခဲ့တာ.... အဲ့ဒါကြောင့်သာ ကျုပ်အကိုကြီးက သူ့ကို ပြန်ပြီး တုန့်ပြန်လိုက်တာ"

လျှိုယွင်က ပြုံး၍ ရှောင်လုံ ပုခုံးကို အသာအယာ ပုတ်လိုက်သည်

"... ညီလေး .... မင်းဘာမှစိတ်ပူ မနေနဲ့.... မင်းလုပ်တာ ဘာမှမမှားဘူး ...."

လျှိုယွင်စကားကြောင့် ကျန်းယုံချန်က သွေးများအန်ထွက်လုမတတ် ဒေါကန်သွားသည်။

"... ငါကတော့ ဘယ်သူအရင်တွေ ဘာတွေနားမလည်ဘူး ...ငါသိတာက ဟောင်ရှောင်လုံ ငါတို့မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကိုသတ်ခဲ့တယ်... အဲ့ဒီအတွက် သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ် ..."

သူ့စကားဆုံးသည်နှင့် ကျန်းယုံချန်က သွေးနီရောင် လွှမ်းနေသော ဓားကြီးကိုကိုင်၍ ရှောင်လုံကို ရုတ်တရက် ပိုင်းချလိုက်သည်။
သို့သော် နောက်ထပ်ဓားအလင်းတန်းတစ်ခုက ကျန်းယုံချန်ထက် ပိုမိုမြန်ဆန်စွာ ရောက်ရှိလာသည်။ ကျန်းယုံချန်မျက်လုံးထဲတွင် စူးရှသော ဓားအလင်းတန်းတစ်ချက်ကို မြင်တွေ့လိုက်ရသည်။ ထိုနောက် ဓားကိုင်ထားသော သူ့ညာလက်က  ရုတ်တရက် နာကျင်သွားသည်။
ကျန်းယုံချန်က သူ့တိုက်ကွက်ကို ရုတ်သိမ်း၍ အနောက်ဘက်သို့ ခုန်ဆုတ်လိုက်သည်။ အောက်ကို ငုံံံ့ ကြည့်လိုက်သည်အခါ ဓားကိုင်ထားသောလက်တွင် လက်ချောင်ငါးချောင်းစလုံး မရှိတော့ပေ။

".... ကျန်းယုံချန် ...မင်း သတ္တိရှိရင် ထပ်ကြိုးစားကြည့်လိုက်  ..."

လျှိုယွင်က ကျန်းယုံချန်ကို လှမ်းခနဲ့လိုက်သည်

"... ဒါပေမဲ့ မင်းကိုတစ်ခုတော့ သတိပေးလိုက်မယ်...
နောက်တစ်ကြိမ်ဆိုရင်တော့ လက်ချောင်းငါးချောင်းပြတ်ရုံလောက်နဲ့ ပြီးမှာ မဟုတ်ဘူးနော် ..."

"... မင်း...မင်း ..."

ကျန်းယုံချန်မျက်နှာက ဒေါသကြောင့် ကြေးနီရောင်သမ်းသွားသည်။ လျှိုယွင်ကလည်း သူ့ခန့်မှန်းထားသည့်ထက် ပို၍ အစွမ်းထက်နေသည်။
သူ့ဖြေရမည့်မေးခွန်းမှာ
ယခုအတိုင်း ရှေ့ဆက်တိုးမှာလား ....?
နောက်ဆုတ်မှာလား....?

လျှိုယွင်က စကားအပိုပြောတတ်သူတစိယောက် မဟုတ်ပေ ။ သူ့သာနောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပါက သူ့လက်တစ်ဖက်လုံး ပြတ်ထွက်သွားနိုင်သည်။ အခန့်မသင့်လျှင် အသက်ပါ ပေးဆပ်လိုက်ရနိုင်သည်။

တခြားသူများက သူတို့ကျန်းမိသားစု၏ ပိုင်နက်ထဲတွင် ဤကဲ့သို့ မလုပ်ရဲကြသော်လည်း လျှိုယွင်က ချွင်းချက်ဖြစ်သည်။

".... ညီလေးရေ ...သွားကြစို့ ..."

လျှိုယွင်က ကျန်းယုံချန်၏ စကားပြန်ကိုပင် စောင့်မနေတော့ဘဲ ရှောင်လုံကိုပြောလိုက်သည်။ ရှောင်လုံကလည်း ခေါင်းညိတ်ပြလိုက်သည်။
လျှိုယွင် ၊ ရှောင်လုံနှင့် တခြားသူများ ထွက်သွားသည့် မြင်ကွင်းကိုကြည့်ရင်း ကျန်းယုံချန်တစ်ယောက် သူ့လက်ထဲမှာရှိနေသည့် သွေးဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ကျန်းယုံချန်၏ မျက်နှာထက်တွင် မချင့်မရဲ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း နောက်ဆုံးအချိနိအထိ မလှုပ်ရှားခဲ့ပေ ။

".... လျှိုယွင် .... ဟောင်ရှောင်လုံ ..."

ကျန်းယုံချန်က အံကြိတ်ပြီး ရေရွတ်လိုက်သည်

".... မင်းတို့ တော်တော်များသွားပြီ ...."

ထိုအချိန်တွင် ဝမ်မိသားစု၏ မဟာအကြီးအကဲ ဝမ်ကျင်းယွမ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်

"... အကိုယုံချန် ... ဟောင်ရှောင်လုံဆိုတဲ့ကောင်လေးက သူ့ကိုယ်သူ ကျောင်းအုပ်ကြီးရဲ့ တပည့်ဆိုပြီး ဘယ်သူကိုမှ မျက်လုံးထဲထည့်ထားတာ မဟုတ်ဘူး .... သူ့က အကိုတို့ ကျန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကိုတောင် သတ်လိုက်တာဆိုတော့ အဲ့ဒါ အကိုတို့ကျန်းမိသားစုကိုလုံးစ ဂရုမစိုက်ဘုးဆိုတဲ့ အဓိပ္ပါယ်ပဲ ... "

ကျန်းယုံချန်၏ အကြည့်များက ပို၍ အေးစက်သွားသည်

".... ဒီကိစ္စကို ဒီနေရာမှာတင် ပြီးမယ်လို့ ခင်ဗျားထင်နေတာလား ..."

ဝမ်ကျင်းယွမ်က စိတ်ကောင်းစေတနာကောင်းဖြင့် အကြံပေးခြင်း မဟုတ်သည့်အပြင် အနက်ရောင် သူရဲကောင်း တက္ကသိုလ် နှင့် သူတို့ ကျန်းမိသားစုကို ရန်တိုက်ပေးနေမှန်း ကျန်းယုံချန် သိနေသော်လည်း
ချောင်ကျိမြို့ထဲတွင် ကျန်းဝေအန် အသတ်ခံလိုက်ရခြင်းက သူတို့ကျန်းမိသားစု၏ ဂုဏ်သတင်းကို ထိခိုက်စေသည်မှာ အမှန်ပင် ဖြစ်သည်။ ထိုကြောင့် ဤကိစ္စကို ကြေအေးပေရန် မဖြစ်နိုင်ပေ ။

ခဏအကြာတွင် ရှောင်လုံတို့ လူစုက နတ်ခံတပ်အိမ်တော်သို့ ပြန်လည်ရောက်ရှိသွားသည်။

"... ညီလေး ... ကျန်းမိသားစုက ဒီကိစ္စကို အလွယ်တကူနဲ့ ကြေအေးပေးမှာ မဟုတ်ဘူး..."

လျှိုယွင်က ထပ်ပြောလိုက်သည်

"....  အနက်ရောင် သူရဲကောင်း မြို့ထဲမှာ အကိုပိုင်တဲ့ တစ်နေရာ ရှိတယ် ... မင်း မိသားစုကို
အချိန်အတိုင်းအတာ တစ်ခုလောက်အထိ အဲ့ဒီနေရာမှာ နေခိုင်းသင့်တယ် ..."

ရှောင်လုံလည်း တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်

".... ကောင်းပါပြီ အကိုကြီး ..."

ဤအခြေအနေအထိရောက်လာပြ်ီးနောက် သူမိသားစုအတွက် ချောင်ကျိမြို့က အန္တရာယ်မကင်းတော့ပေ ။

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၀၅ .....

ရှောင်လုံက နတ်ခံတပ်အိမ်တော်အတွင်းမှ လူ အားလုံးကို အထုတ်အပိုးပြင်ထားရန် အကြောင်းကြားလိုက်သည်။ ထိုနောက် ရှောင်လုံတို့မိသားစုက လျှိုယွင်နှင့်အတူ ချောင်ကျိမြို့မှ ထွက်ခွာလာကြသည်။

အနက်ရောင် သူရဲကောင်း မြို့သို့ ရောက်သည်နှင့် ရှောင်လုံက သူမိသားစုနေထိုင်ရန်အတွက် လျှိုယွင်ကို အကူအညီတောင်းလိုက်သည်။ လျှိုယွင်ကို အိမ်ဝယ်ရန်အတွက် အကူအညီတောင်းလိုက်ခြင်း ဖြစ်သည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ အထူးကျောင်းသားများကသာ အနက်ရောင် သူရဲကောင်းမြို့ထဲတွင် အိမ်ဝယ်ခွင့် ရှိကြသည်။
ထိုကြောင့် ရှောင်လုံက ပိုက်ဆံရှိနေသော်လည်း အတွင်းစည်းကျောင်းသားအဆင့်သာ ရှိနေသည့်အတွက် အိမ်ဝယ်ခွင့်မရှိသေးပေ။

ပိုက်ဆံအလုံအလောက်ရှိနေခြင်းက အရာရာကို ချောမွေ့စွာ ပြီးဆုံးသွားစေသည်။ ရွှမ်းဝူ တစ်ဆယ် ဘီလီယံခန့် ကုန်ကျပြီးနောက် အိမ်တော်အများအပြား၏ ပိုင်ရှင်က အပြောင်းအလဲ ဖြစ်သွားသည်။ ရှောင်လုံက ချောင်ကျိမြို့မှ နတ်ခံတပ်အိမ်တော်အတိုင်း နီးကပ်နေသော အိမ်တော်များကို တစ်ခါတည်း ဝယ်ယူလိုက်သည်။  ထိုနောက် တံတိုင်းများကို ဖြိုချ၍ အိမ်တော်တစ်ခုတည်း အဖြစ် ပေါင်းစည်းလိုက်သည်။
အားလုံးပြီးဆုံးသွားပြီးနောက်တွင် ရှောင်လုံဝယ်ယူခဲ့သော နယ်မြေဧရိယာကြီးက နတ်ခံတပ်အိမ်တော်ကြီးထက်ပင် ပိုမို ကျယ်ဝန်းသွားသည်။

၎င်းအိမ်တော်ကို လျှိုတောင်း စံအိမ်ဟု ရှောင်လုံက အမည်ပေးလိုက်သည်။ ထိုညမှာပင် ရှောင်လုံ မိသားစုက လျှိုတောင်းအိမ်တော်သို့ ပြောင်းရွေ့နေထိုင်ကြသည်။

ရှောင်လုံက အနက်ရောင် သူရဲကောင်းမြို့တွင် အိမ်ဝယ်ယူခြင်းဖြင့် အလုပ်ရှုပ်နေစဉ်
ရှောင်လုံလက်ချက်ဖြင့် ကျန်းဝေအန် သေဆုံးခဲ့ရသည့်သတင်းက
ချောင်ကျိမြို့အတွင်း၌ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ထိုသတင်းကြောင့် တိမ်ပင်လယ်ပင်မကုန်းမြေကြီးတစ်ခုလုံးပါ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

ကျန်းမိသားစုသည် အနက်ရောင် လိပ် ကြယ်စင်စုအတွင်းမှ ထိပ်တန်းအင်အား စုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကျန်းမိသားစု၏ သမိုင်းတစ်လျှောက် ယခုလို တိုက်ရိုက်မျိုးဆက် အသတ်ခံရတာမျိုး တစ်ခါမှ မရှိဘူးခဲ့ပေ။

"... အဲ့ဒီကျန်းဝေအန်က ကျန်းမိသားစုခေါင်းဆောင် လက်ရှိခေါင်းဆောင် ကျန်းဝူဟွမ် ရဲ့အချစ်ဆုံးမြေးလို့ ကြားဘူးတယ်... သူရဲ့ အချစ်ဆုံးမြေ သေသွားရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကျန်းဝူဟွမ်ဘက်က ဘယ်လိုနည်းနဲ့မှ ကြေအေးပေးမှာ မဟုတ်ဘူး..."

"... ငါတို့တော့ ပွဲကြီးပွဲကောင်းကြည့်ရပြ်ီပေါ့ ... ကျန်းဝူဟွမ်က သေချာပေါက်ပွဲကြမ်းတော့မှာဘဲ...
ဒါပေမဲ့ ဟောင်ရှောင်လုံကလည်း တကယ့် ပါရမီရှင်တစိယောက်ပဲကွ ... ငါကြားမိတာတော့ သူက ကျန်းမိသားစုရဲ့ နတ်ဘုရားအဆင့် ၃ ၊ အဆင့် ၄ သိုင်ပညာရှင်တွေကို သိုင်းတစ်ကွက်ပဲသုံးပြီး အနိုင်ယူခဲ့တာတဲ့ ..."

"... တကယ်ကြီးလား ...? ဟောင်ရှောင်လုံရဲ့ သိုင်းလေ့ကျင့်တာ ဘယ်လောက်ရှိသေးလို့လဲ ...?
အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကို သူရောက်တာ ၆ နှစ်တောင် မကြာသေးဘူး မဟုတ်လား ....?"

အနက်ရောင် သူရဲကောင်း လေလံတင်အိမ်မှ ကျင်းပမည့် လေလံပွဲကြောင့် တိမ်ပင်လယ် ပင်မကုန်းမြေဆီသို့ ရောက်ရှိနေကြသော သိုင်းပညာရှင်များက ကျန်းဝေအန်သေဆုံးခဲ့ရသည့် ကိစ္စအပေါ် တီးတိုးဆွေးနွေးနေကြသည်။

ထိုအချိန် အနက်ရောင် သူရဲကောင်း တက္ကသိုလ်အတွင်းမှ ကျောင်းအုပ် အိမ်တော်ထဲတွင် ဖုယန်က ဧည့်ခန်းမ၏ အဓိကထိုင်ခုံတွင် ထိုင်ကာ လက်ဘက်ရည်ခွက်အား အရသာခံ၍ သောက်သုံးနေသည်။ ရှောင်လုံ ၊ လျှိုယွင် ၊ ချန်ယန် နှင့် ချီဝမ်တို့က ဖုယန်အရှေ့တွင်  တိတ်တဆိတ် ထိုင်နေကြသည်။

".... အဲ့ဒီ ကိစ္စအကြောင်းကို ငါသိပြီးသားပါ ..."

ဖုယန်က လက်ဘက်ရည်ခွက်ကို ချပြီး ပြောလိုက်သည်

".... သူ့တို့ဘက်က စမှားတာပဲလေ ... ဝူဟွမ်လည်း ဘာမှမတတ်နိုင်ပါဘူး ...."

ရှောင်လုံက ပြောလိုက်သည်

"... ကျွန်တော့ကြောင့် ပြဿနာဖြစ်သွားတဲ့ အတွက် တောင်းပန်ပါတယ် ဆရာ ..."

ဖုယန်က အရေးမကြီးသည့်ပုံစံဖြင့် လက်ဝေ့ယမ်းလိုက်ပြီး

".... ဒီကိစ္စလောက်ကတော့ စကားထဲတောင် ထည့်ပြောနေစရာမလိုပါဘူး .... နောက်ပြီးတော့ မင်းဘက်ကလည်း မမှားဘူးလေ ... မင်းနေရာမှာ ငါဆိုရင်လည်း မင်းလိုပဲလုပ်မှာပဲ ... ကျန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်လောက်ကိုမပြောနဲ့ အကြီးအကဲတစ်ယောက်ကို သတ်ခဲ့ရင်တောင် ငါတို့ဘက်က မှန်နေသေးသရွေ့ ဘာမှ စိတ်ပူနေစရာမလိုဘူး ...."

"... ကျေးဇူးတင်ပါတယ် ဆရာ ..."

ရှောင်လုံက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် အနက်ရောင် သူရဲကောင်း တက္ကသိုလ် ကျောင်းသားတစ်ယောက်က သတင်းပို့ရန်အတွက် ဧည့်ခန်းထဲသို့ ရောက်ရှိလာသည်

".... ကျောင်းအုပ်ကြီး ... ကျန်းမိသားစုရဲ့ ခေါင်းဆောင်ကြီးနဲ့  လက်ထောက် ကျောင်းအုပ် ဝမ်နာတို့ အပြင်မှာရောက်နေပါတယ် ...သူတို့က ကျောင်းအုပ်ကြီးနဲ့ တွေ့ဆုံခွင့်တောင်းနေပါတယ် ..."

လက်ထောက်ကျောင်းအုပ် ဝမ်နာ ....?
ရှောင်လုံမျက်လုံးထဲတွင် အလင်းတန်းတစ်ချို့ ဖြတ်ပြေးသွားသည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကို အုပ်ချုပ်နေသော လက်ထောက်ကျောင်းအုပ် သုံးယောက်ထဲတွင် ဝမ်နာက တစ်ယောက်အပါအဝင် ဖြစ်သည်။ ထိုအပြင် ဝမ်နာက ဖုယန်နီးပါး သိုင်းစွမ်းထက်သူတစ်ယောက်လည်း ဖြစ်သည်။

လက်ထောက်ကျောင်းအုပ် ဝမ်နာက တခြားအင်အားစုဘက်မှနေ၍ ထောက်ခံပေးလိမ့်မည်ဟု ရှောင်လုံမထင်ခဲ့ပေ ။

"... သူတို့က တယ်လည်း မြန်ကြသကိုး ..."

သတင်းပို့ချက်ကိုကြားသည်နှင့် ဖုယန်က လှောင်ရယ်ရယ်လိုက်သည်

".... သူတို့ကို ဝင်ခိုင်းလိုက်ပါ ...."

ရှောင်လုံ၏ အနည်းငယ် ဝေခွဲရခက်နေသောပုံစံကိုမြင်တော့ ဖုယန်က ရှင်းပြလိုက်သည်

".... ဝမ်နာက ကျန်းမိသားစုနဲ့ ပတ်သတ်မှုနည်းနည်းရှိတယ်ကွ ..."

သတင်းလာပို့သည့်ကျောင်းသားထွက်သွားပြီး ခဏကြာပြီးနောက် ဆွဲဆောင်မှုအားပြင်းသော အမျိုးသမီးတစ်ယောက်နှင့် သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ဧည့်ခန်းမဆောင်ထဲသို့ ဝင်လာကြသည်။

ဝမ်နာ၏ အဆင့်အတန်းကြောင့် ထိုင်ခုံတွင် ထိုင်နေကြသော ရှောင်လုံ ၊ လျှိုယွင် ၊ ချန်ယန် နှင့် ချီဝမ်တို့လည်း မတ်တပ်ရပ်ပြီး လေးလေးစားစား နှုတ်ဆက်လိုက်ရသည်။

ဧည့်ခန်းမဆောင်ထဲသို့ရောက်ရှိလာပြီးနောက် ကျန်းဝူဟွမ်က ပတ်ဝန်းကျင်ကို အနည်းငယ် မျက်စိ ကစားလိုက်သည်။ ရှောင်လုံကိုမြင်လိုက်သည်နှင့် သူ့မျက်လုံးထဲမှ လူသတ်ချင်စိတ်များ သိသိသာသာ ထွက်ပေါ်လာသည်။

"... ကျောင်းအုပ် ဖုယန် ...."

ကျန်းဝူဟွမ်က ပါးစပ်ဟပြ်ီး ဆက်ပြောရန် ပြင်နေစဉ် ဖုယန်က လက်ထောင်ပြကာ ရုတ်တရက် စကားဖြတ်ပြောလိုက်သည်

".... ကျန်းဝူဟွမ် ... ခင်ဗျား တစ်ယောက်ယောက်ကို လာတောင်းတာဆိုရင် ဘာမှဆက်မပြောနဲ့တော့ ...."

ကျန်းဝူဟွမ်၏ စကားလုံးများက သူ့လည်ချောင်း ထဲမှာသာ တစ်ဆို့သွားသည်။

"... ကျုပ်အိမ်မှာရှိတဲ့ လက်ဘက်ရည်က တော်တော်ကိုကောင်းတယ် ... ခင်ဗျားတို့ ကျန်းအိမ်တော်က လက်ဘက်ရည်ထက်တောင် ပိုကောင်းသေးတယ် ... "

ဖုယန်က ဆက်ပြောလိုက်သည်

".... တကယ်လို့ ခင်ဗျားက လက်ဘက်ရည်သောက်ဖို့ ရောက်လာတာဆိုရင် ကျုပ်ကလည်း သဘောကောင်းသူပီပီ ခင်ဗျားကို လက်ဘက်ရည်တစ်ခွက်လောက်တော့ တိုက်နိုင်ပါတယ် ..."

ကျန်းဝူဟွမ်မျက်နှာထားက ချက်ချင်းကို မည်းမှောင်သွားသည်။

ဘာတဲ့ ...လက်ဘက်ရည်လာသောက်ရင် တစ်ခွက်တိုက်မယ်ဟုတ်လား ....?
ဒီကောင် ငါ့ကို လက်ဘက်ရည်လာတောင်းသောက်တဲ့ သူတောင်းစားများ ထင်နေတာလား မသိဘူး ....!

ကျန်းဝူဟွမ်က အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ ထိုနောက် အေးစက်စက်လေသံဖြင့် ပြောလိုက်သည်

"...ကျောင်းအုပ် ဖုယန် ....အဲ့ဒီစည်းကမ်းတွေက အနက်ရောင် လိပ် ကြယ်စင်စုထဲမှာရှိတဲ့ အင်အားကြီးအဖွဲ့ နှစ်ဆယ့်သုံးခုပေါင်းပြီး ချမှတ်ထားတယ်ဆိုတာ ခင်ဗျားလည်း သိတယ်မဟုတ်လား ... ဘယ်သူပဲ ဖြစ်ပစေ တိမ်ပင်လယ်ပင်မကုန်းမြေပေါ်မှာ လူသတ်မှု ကျုးလွန်ခဲ့တယ်ဆိုရင် အဲ့ဒီလူကို တိမ်ပင်လယ် ပင်မကုန်းမြေရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆီကို ချက်ချင်း လွှဲပြောင်းပေးရမယ်လို့ စည်းကမ်းထဲမှာပါတယ် .... ကျောင်းအုပ် ဖုယန် ...
အင်အားကြီးသိုင်းအဖွဲ့အစည်းကြီး နှစ်ဆယ့်သုံးခု ချမှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ခဲ့တဲ့ ခင်ဗျားရဲ့ တပည့်ကို ခင်ဗျား တကယ်ပဲ ကာကွယ်နေတော့မှာလား...?"

ဖုယန်က မသိမသာ ပြုံးလိုက်သည်

".... ခင်ဗျား ဦနှောက်ရော ကောင်းသေးရဲ့လား...?
ကျုပ်လုပ်တာ ဘာများမှားနေလို့လဲ ...?
ကျုပ်သိထားသလောက်တော့ ကျုပိတို့စည်ကမ်းတွေ သတ်မှတ်ခဲ့စဉ်က အရင်တိုက်ခိုက်တဲ့လူကိုပဲ အပြစ်ရှိတယ်လို့ သတ်မှတ်ထားတာပါ .... သူ့ကိုယ်သူကာကွယ်တဲ့ အနေနဲ့ လူသတ်မိခဲ့တဲ့လူက
ဘာလို့ အပြစ်ရှိရမှာလဲ ...?"

ကျန်းဝူဟွမ်၏ မျက်နှာက နီရဲတွတ်သွားသည်။

"... ဖုယန် ..."

ထိုအချိန်တွင် ဝမ်နာက ကြားဖြတ်၍ ဝင်ပြောလိုက်သည်

".... ရှင်က လက်ရှိမှာ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ ကျောင်းအုပ်တစ်ယောက် ဖြစ်နေပေမဲ့
စည်းကမ်းတွေကိုတော့ ရှင်တိုင်းကျ ဖီဆန်လို့မရဘူး.... သူက တိမ်ပင်လယ်ပင်မကုန်းမြေပေါ်မှာ လူသတ်ပြီး အပြစ်တစ်ခု ကျုးလွန်ခဲ့တယ် ....
တက္ကသိုလ်ရဲ့ လက်ထောက်ကျောင်းအုပ် တစ်ယောက်အနေနဲ့ ကျွန်မဘက်က သူ့ကို စည်းကမ်းထိန်းသိမ်းရေ အဖွဲ့ဆီ ပို့ခွင့်ရှိတယ် ..."

ဝမ်နာက သူ့စကားအဆုံးတွင် ရှောင်လုံကိုလက်ဖြင့် ဖမ်းဆွဲလိုက်သည် ။ ရှောင်လုံစ်တ်ထဲမှာ သူ့ရှိနေသော နေရာတစ်ခုလုံး ခဲသွားသလို ခံစားလိုက်ရပြီး နည်းနည်းမှ လှုပ်မရတော့ပေ ။

"... ရိုင်းလိုက်တာ ...."

ဖုယန်က ငေါက်ဆတ်ဆတ် အော်လိုက်သည်။ သူ့၏ အသံက  နတ်စစ်သည် သန်းပေါင်းများစွာဖြင့်ပုံဖော်ထားသော တိုက်ပွဲဝင် အခင်းအကျင်းတစ်ခုလို
ကြမ်းတမ်းသော ကမ္ဘာဦး သားရဲကြီး၏ အော်မြည်သံလို ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။

တစ်ချိန်လုံးတည်ငြိမ်နေခဲ့သော ဝမ်နာလည်း မျက်နှာပျက်သွားသည်။ ဝမ်နာက သူ့၏ဘယ်ဘက် လက်ကိုလှည့်၍ သိုင်းကွက်ထုတ်လိုက်သည်။ ဝမ်နာလက်မှ မရေတွက်နိုင်သော ရေခဲမီးတောက်များ ထွက်ပေါ်လာသည်။

ထိုအင်အားများအချင်းချင်း ထိတွေ့မိသွားပြီးနောက်  မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဝမ်နာလည်း ဒယီးဒယိုင် ဖြစ်ပြီး အနောက်သို့ ခြေလှမ်းများစွာဆုတ်လိုက်ရသည်။ ကျန်းဝူဟွမ်က ဝမ်နာထက်ပင် ပို၍ အဖြစ်ဆိုးသေးသည်။ သူက ခန်းမဆောင် အပြင်ဘက်အထိ လွင့်ထွက်သွားသည်။

ဖုယန်က နဂိုပုံစံ ထိုင်ခုံပေါ်တွင်သာ ရှိနေသည်။ ဖုယန်က ရေခဲတမျှ အေးစက်နေသော မျက်လုံးများဖြင့် ဝမ်နာကို စိုက်ကြည့်လိုက်သည်

"... စုန်းမအိုကြီး ...  ငါ့တပည့်ကို ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး နင့်မှာ ဆုံးဖြတ်ပေးပိုင်ခွင့်ရှိတယ်လို့ ထင်နေလား.....နင်တို့နှစ်ယောက်ကို သိပ်ရှည်ရှည်မပြောချင်ဘူး ...အခုချက်ချင်း ငါအိမ်တော်ထဲကနေ ထွက်သွားလိုက်တော့ ...အေး မဟုတ်လို့ကတော့ နင်တို့နှစိယောက်လုံးကို အိမ်ထောင်ရေး ဖောက်ပြန်တဲ့ စုံတွဲလို ကိုယ်တုံးလုံးချွတ်ပြီး အပြင်ဘက်ကို ကန်ထုတ်ပစ်မယ် ...."

အိမ်ထောင်ရေး ဖောက်ပြန်တဲ့ စုံတွဲလို ကိုယ်တုံးလုံး ချွတ်ပြီး အပြင်ကို ကန်ထုတ်မယ် ....!

ဝမ်နာ နှင့် ကျန်းဝူဟွမ်တို့၏ မျက်နှာထားများက စိမ်းတလှည့် ပြာတလှည့့် ဖြစ်သွားသည်။
သူတို့၏ ဂုဏ်အဆင့်အတန်းအရ သူတို့ကို မည်သုက ဤကဲ့သို့ ကြိမ်းမောင်းပြစ်တင်ရဲသနည်း ...?
သူတို့ဘဝတွင် ဤမျှ စော်ကားမှုမျိုးနှင့် တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ရဘူးပေ ။

ထိုနောက် အိမ်တော်အပြင်ဘက်မှ လေတိုးသံများ ထွက်ပေါ်လာသည်။ ဖုယန်နှင့် ဝမ်နာတို့၏ တိုက်ပွဲက အနက်ရောင် သူရဲကောင်း တက္ကသိုလ်မှ သိုင်းပညာရှင်များကို တပ်လှန့်လိုက်သလို ဖြစ်သွားသည်။

ဝမ်နာက ဖုယန်ကို ရေခဲလို အေးစက်နေသော အကြည့်ဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး

"... ဖုယန် ...နင်က နင့် တပည့်ကို တစ်သက်လုံး ကာကွယ်ပေးနိုင်မယ် ထင်နေလား......?
အဆင့်မြင့် နတ်ဘုရား သိုင်းပြိုင်ပွဲ ပြီးရင် နင်ဘယ်လို လုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ ..."

"... သွားမယ် ..."

ဝမ်နာနှင့် ကျန်းဝူယွမ်က ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည်။ သူတို့နှစ်ယောက် မသွားခင် ကျန်းဝူဟွမ်က ရှောင်လုံကို နှစ်ပိုင်းချိုးပြီး သွားကြားထိုးချင်နေသော အကြည့်ဖြင့် စူးရှစွာ စိုက်ကြည့်ခဲ့သေးသည်။

Continue Reading

You'll Also Like

34.7K 531 21
forelsket / verb to experience the euphoric, blissful feeling of falling in love baby netflix show season 1-3 🦢🫧🕯️
10.6K 584 38
Liz is an unclaimed kid with no family and no idea of who she is. Her only home is Camp Half-Blood When Camp is at risk of being in the middle of a w...
557K 16.3K 39
MALE WEDNESDAY X READER "I love you...Wednesday Addams" The girl cried while hugging him as tight as she could. "I love you too....Amore mio. Please...
12K 416 13
Waking up in the body of a Romani Archiman is acceptable. Getting 3rd and 1st True Magics is nice. Getting Beasts as pets - delightful. The world of...