ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...
By Azure5549
63.6K 4.3K 23
ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More
မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990
581 - 585
246 15 0
By Azure5549
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၅၈၁ ......
ထိုကဲ့သို့ နေ့ရက်ရောက်ရှိရန်လည်း မဝေးကွာတော့ပေ ။ ထိုအချိန်တွင် ရှောင်လုံအနောက်မှ ညင်သာသော ခြေသံတစ်ခု ထွက်ပေါ်လာသည်။ ရှောင်လုံလှည့်ကြည့်လိုက်ချိနိမှာတော့ ရှီရှောင်ဖေး၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးကို မြင်လိုက်ရသည်။ အချိန်ခြောက်နှစ် ကုန်လွန်သွားခဲ့သော်လည်း ရှီရှောင်ဖေးမျက်နှာက တစ်စုံတစ်ရာပြောင်းလဲခြင်း မရှိပေ ။
လူနှစ်ယောက်က တိတ်ဆိတ်စွာဖြင့် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် သူတို့နှစ်ယောက်သာရှိနေကြပြီး အရာအားလုံးပျောက်ကွယ်နေသလို ဖြစ်နေသည်။
ထိုနောက် ရှောင်လုံက ရှီရှောင်ဖေးကို သူ့ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲပွေ့လိုက်ပြီး ခြောက်နှစ်ကြာအလွမ်းများကို ဖြေဖျောက်သည့်နှယ် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ရှောင်လုံ၏ နူးညံညင်သာသော စကားသံ ထွက်ပေါ်လာသည်
"... ညီမ ဒီခြောက်နှစ်အတောအတွင်း အဆင်ပြေရဲ့လား ....?"
ရှီရှောင်မေးလည်း မျက်လုံးပြူးပြီး အံ့သြသွားသည်။ ထိုနောက် ပန်းပွင့်ပေါင်းတစ်ရာခန့် တစ်ပြိုင်နက် ဖူးပွင့်လာသလို ရှီရှောင်ဖေးထံမှ သာယာသော ရယ်မောသံ ထွက်ပေါ်လာသည်။ သူမ ရယ်သံ ရေထဲမှ ငါးများပင် ကူးခပ်ရန် မေ့လျော့နေနိုင်သည်။
ရှောင်လုံလည်း သူ့ရင်ခွင်ထဲက အလှဘုရင်မဘေးကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်သည်။
ရှောင်လုံ၏ အပြုအမူကိုမြင်ပြီး ရှီရှောင်ဖေး၏ မျက်နှာဖက်တွင် ချိုသာသော အပြုံးတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။ ရှောင်လုံ၏ အံ့သြမှင်တက်နေသော အမူအရာလေးက အရမ်းကို ရယ်စရာကောင်းသော်လည်း ယင်းမိသားစု၏ သူရဲကောင်းနှစ်ယောက်ကို ဒေါသတကြီး ဥခွဲခဲ့စဉ်ကထက် ပိုပြီးကြည့်ကောင်းသည်ဟု ရှီရှောင်ဖေးက ထင်လိုက်သည်။
ထိုနောက်  ရှောင်လုံ၏ ကြမ်းတမ်းသော အပြုအမူကို ပြန်လည်မြင်ယောင်ပြီး ရှီရှောင်ဖေး၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးက နီရဲတွတ်သွားသည်။
ထိုရှက်ရွံနေသော မျက်နှာလေးက ရှောင်လုံ၏ ထိန်းချုပ်မှုအားလုံးကို သော့ဖွင့်ပေးလိုက်သလို ဖြစ်သွားသည်။ ရှောင်လုံက ရှီရှောင်ဖေး၏ ချယ်ရီသီးလို နူးညံသော နှုတ်ခမ်းလေးကို ရုတ်တရက် နမ်းလိုက်သည်။ ရှောင်လုံ အနမ်းထဲတွင် လျှပ်စစ်ဓတ်ပါနေသလို ရှီရှောင်ဖေးတစ်ကိုယ်လုံး တုန်တက်သွား၏ ။ ထိုနောက် ရှောင်လုံ၏ လျှာက ရှီရှောင်ဖေး၏ နှုတ်ခမ်းကို ညင်သာစွာ ဟရင်း အတွင်းသို့ မြွေတစ်ကောင်လို တိုးဝင်သွားသည်။ ရှီရှောင်ဖေး၏ ခန္ဓာကိုယ်လေးက ကျင့်သားမရခင် အချိန်အနည်းငယ်ကြာအောင် တောင့်တောင့်ကြီး ဖြစ်နေသည်။ ထိုနောက် တဖြည်းဖြည်းနှင့် ရှောင်လုံကို ပြန်၍ တုန့်ပြန်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ရှီရှောင်ဖေး၏ အသက်ရှုနှုန်းကလည်း ပိုမိုမြန်ဆန်လာသည်။
ရှောင်လုံက အနှစ်တစ်သိန်း နှစ်ချို့ဝိုင်များကိုပင် မြည့်စမ်းခဲ့ဘူးသော်လည်း ထိုဝိုင်များက ရှီရှောင်ဖေး နှုတ်ခမ်း၏ အရသာကို မမှီချေ ။
အချိန်အနည်းငယ်ကြာပြီးနောက် သူတို့နှစိယောက် ပြန်လည်ခွဲခွာသွားကြသည်။
ရှီရှောင်ဖေးပုံစံက တာတို အပြေးပြိုင်ထားသလို မျက်နှာနီပြီး အနည်းငယ် မောဟိုက်နေသည်။ ရှောင်လုံကို မကြည့်ရဲသည့်နှယ် ခေါင်းကိုလည်း ငုံ့ထားသည်။ ထိုသနားစဖွယ် အမူအရာလေးကြောင့် ရှောင်လုံရင်ထဲမှာ ဝရုန်းသုန်းကား ဖြစ်သွားသည်။ ထိုနောက် ရှီရှောင်ဖေးထံမှ ထွက်ပေါ်လာသည့် ညင်သာသော အာမောထိတ်သံအဆုံးတွင် နှုတ်ခမ်းနှစ်ခုက ဂဟေဆော်ထားသလို ထပ်မံပူးကပ်သွားသည်။
သူတို့ပြန်လည်ခွဲခွာပြီးနောက် စက္ကန့်ပိုင်းအကြာတွင်
ရှောင်လုံက ရှီရှောင်ဖေးလက်ကိုဆွဲ၍ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ထိုနောက် သူ့၏ လွန်ခဲ့သော ခြောက်နှစ်က အတွေ့အကြုံများကို ပြန်ပြောင်းပြောပြလိုက်သည်။
ရှောင်လုံ၏ အတက်အကျ မျိုးစုံသော ခြောက်နှစ်တာ အတွေ့အကြုံများကို နားထောင်းရင်း ရှီရှောင်ဖေး မျက်နှာထက်တွင် အမူအရာအမျိုးမျိုး ဖြစ်နေသည်။ ရှောင်လုံနှင့် ယှဉ်လျှင် ရှီရှောင်ဖေးကုန်ဆုံးခဲ့သော အချိန်များက အလွန်ပင် ရိုးရှင်းသည်။ ကုန်လွန်ခဲ့သောခြောက်နှစ်တာတွင် သိုင်းလေ့ကျင့်သော အချိန်များမှလွဲ၍ ရှီရှောင်ဖေး၏ တခြား အချိန်များက ဟောင်အိမ်တော်၌ ဟောင်မိသားစုဖြင့် နေထိုင်ရင်းသာ ကုန်ဆုံးခဲ့သည်။
ထိုညက မသိလိုက်မသိဘာသာဖြင့် ကုန်ဆုံးသွားသည်။ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းမှ ရောင်နီများထွက်ပေါ်လာသည်။ ထိုရောင်နီများကြောင့် ရှောင်လုံတို့အရှေ့မှ ပင်လယ်ပြင်ကြီး တစ်ခုလုံး ပုဇွန်ဆီရောင်သမ်းသွားသည်။
ရှောင်လုံတို့နှစ်ယောက် ဟောင်အိမ်တော်သို့ ပြန်လာကြစဉ် လမ်း၌ လျှိုယွင် ၊ ချီဝမ်တို့နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ကြသည်။
"... ညီ ၄ ... မင်းတို့နှစ်ယောက် တစ်ညလုံး ပြန်မလာကြဘူး မဟုတ်လား ...ငါ့ကို မှန်မှန်ပြောစမ်း  ..."
လျှိုယွင်က "  တစ်ညလုံး " ဆိုသည့် စကားတွင် တမင်သတ်သတ် သံရှည်ဆွဲပြောပြီး ရှောင်လုံတို့နှစ်ယောက်ကို စလိုက်သည်။
လျှိုယွင်စကားကြောင့် ရှီရှောင်ဖေး မျက်နှာလေးက ခရမ်းချဉ်သီးတစ်လုံးလို ချက်ချင်းနီရဲသွားသည်။
ရှောင်လုံလည်း မလုံမလဲပုံစံ ဖြင့် ချောင်းဟန့်လိုက်ပြီး
".... ကျွန်တော်တို့နှစ်ယောက်က အနောက်ဘက်တောင်မှ စကားသွားပြောကြတာပါ ...."
".... ဟင် တစ်ညလုံး စကားပဲ ထိုင်ပြောနေကြတာလား ...."
လျှိုယွင်က ".. ငါသိပါတယ်.."
ဆိုသော ပုံစံဖြင့် ရယ်မောလိုက်သည်
"... ဟုတ်ပါပြီ ဟုတ်ပါပြီ... စကားပြောတယ်ဆိုတော့လည်း စကားပြောတယ်ပဲ ထားပါတော့ ...."
ရှီရှောင်ဖေး မျက်နှာလေးက ပိုပြီးနီရဲသွားသည်။
"... အကိုကြီး .....အကိုကြီးကတော့ တကယ်ပဲ အသက်သာကြီးလာတာ ...အခုထိ ပြောင်ချင်နောက်ချင်တုံးပဲ .... မောင် ၄ ကို အကိုကြီးလိုမျိုး
မကောင်းတဲ့စိတ်ရှိတဲ့လူလို့ ထင်မနေနဲ့ ...."
ချီဝမ်က လျှိုယွင်ကို စိန်းစိန်းဝါးဝါး တစ်ချက် စိုက်ကြည့်ပြီးမှ ရှောင်လုံဘက်သို့ ပြန်လှည့် ကြည့်လိုက်သည်
".... မောင် ၄ .... အမတို့နှစ်ယောက် အမွှာ အာကာသ ကမ္ဘာကိုသွားပြီး ယင်းမိသားစုကို ချေမှုန်းပေးရမလား ...."
ယင်းမိသားစုက သေးငယ်သော မိသားစုတစ်ခု မဟုတ်သော်လည်း ယင်းမိသားစုတစ်ခုလောက်ကို အမြစ်နှုတ်ပစ်ရမည့် ကိစ္စမှာ လျှိုယွင် နှင့် ချီဝမ်တို့အတွက် အပန်းကြီးသော ကိစ္စတစ်ခုမဟုတ်ပေ  ။
ထိုစကားကိုကြားချိန်မှာ ရှောင်လုံက ခေါင်းခါလိုက်သည်
"... အမ ၃ ကိုကျေးဇူးတင်ပါတယ် ... အခု အဲ့လိုလုပ်ဖို့ မလိုသေးပါဘူး .... အချိန်တန်လာရင် ကျွန်တော်ဘာသာ ချေမှုန်းပါ့မယ် ...."
ရှောင်လုံ၏ ဆုံးဖြတ်ပြီးနေသော ပုံစံကြောင့် ချီဝမ်လည်း ထပ်ပြောမနေတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
နောက်ရက်တွင် သိုင်းဝိညာဉ်ကမ္ဘာမှ စကြာဝဠာ သိုင်းပညာရှင်အားလုံးကို ဟောင်အိမ်တော်တွင် လာရောက် စုစည်းကြရန် ရှောင်လုံ အမိန့်ထုတ်လိုက်သည်။
သူ့မိသားစုနှင့်အတူ တိမ်ပင်လယ်ပင်မကုန်းမြေသို့ ရွေ့ပြောင်းသွားပြီးနောက် အချိန် မည်မျှကြာပြီးမှ သိုင်းဝိညာဉ်ကမ္ဘာဆီသို့ ပြန်လာနိုင်မည်ဆိုသည့်အချက်ကို ရှောင်လုံလည်း သေချာမပြောနိုင်ပေ  ။ ထိုကြောင့် လိုက်ချင်သူအားလုံးကို ခေါ်ဆောင်ကာ ကြီးမားသော အပြောင်းအရွေ့ကြီးတစ်ခုပြုလုပ်ရန် ရှောင်လုံ ဆုံးဖြတ်လိုက်သည်။
သို့သော် ရှောင်လုံက  အတင်းအကျပ်ခေါ်ဆောင်ခြင်းမရှိပေ ။ ထိုကြောင့် မလိုက်လိုသူများကလည်း သိုင်းဝိညာဉ်ကမ္ဘာတွင် အဆင်ပြေပြေဖြင့် နေခဲ့နိုင်သည်။
သို့သော် သိုင်းဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးမှ စကြာဝဠာ သိုင်းပညာရှင်အားလုံးကို ဟောင်အိမ်တွင် စုစည်းနိုင်ရန် အချိန်အနည်းငယ် ကြာမြင့်နိုင်သည်။ အမြန်ဆုံး စုစည်းလျှင်ပင် အချိန်တစ်လခန့် ကြာနိုင်သည်။ ထိုအပြင် ရှောင်လုံက အားလုံး လတ်စသတ်ပြီးသည့်အချိန်အထိ သိုင်းဝိညာဉ်ကမ္ဘာတွင် နေထိုင်ရန် လိုအပ်သည်။
လျှိုယွင် နှင့်ချီဝမ်တို့ကလည်း တစ်လကြာပြီးမှ ရှောင်လုံနှင့် အတူတူပြန်ရန် သဘောတူလိုက်သည်။
ယခုချိန်ပြန်ခဲ့လျှင်လည်း အနက်ရောင် သူရဲကောင်းမြို့၏ လေလံတင်ပွဲကို မမှီနိုင်တော့ပေ။
ရှောင်လုံက ၎င်းအချိန်တစ်လလုံးကို သူ့မိသားစုနှင့်  စကားပြောဆိုခြင်း ၊  သိုင်းကျင့်စဉ်များ ညွှန်ကြားပြသခြင်း ညအချိန်တွင် ငရဲတံခါးကို ဆင့်ခေါ်၍ ငရဲပြည်တွင် သိုင်းလေ့ကျင့်ခြင်းဖြင့် ကုန်ဆုံးလိုက်သည်။
ရှောင်လုံက သူ့၏အားလပ်သောချိန်တစ်ချို့တွင် လျှိုယွင်နှင့် ချီဝမ်ကို အဖော်ပြု၍ သိုင်းဝိညာဉ်ကမ္ဘာအတွင်းမှ ရှုမျှော်ခင်းများကို လိုက်လံ ကြည့်ရှုကြသည်။
တစ်လကြာပြီးနောက် ........
ရှောင်လုံ နတ်ဘုရားအဆင့် ၂ စဦး အဆင့် အတွင်းအားများက နောက်ဆုံးတွင် အလယ်အဆင့်သို့ တိုးတက်သွားသည်။
သိုင်းဝိညာဉ်ကမ္ဘာအတွင်းမှ စကြာဝဠာ သိုင်းပညာရှင်အားလုံးကလည်း ရှောင်လုံအမိန့်အတိုင်း ဟောင်အိမ်တော်တွင် လာရောက် စုစည်းကြသည်။
ရှောင်လုံက သူတို့မိသားစု တိမ်ပင်လယ်ပင်မကုန်းမြေသို့ ပြောင်းရွေ့မည့်အကြောင်း အားလုံးကို ရှင်းပြလိုက်သည်။ လူနှစ်ရာခန့်က ရှောင်လုံနှင့်အတူ လိုက်လိုကြသည်။ ရှောင်လုံက တခြားလူများကို အတင်းအကျပ်  တွန်းအားမပေးချေ ။ သူတို့၏ စိတ်ဆန္ဒအတိုင်း သိုင်းဝိညာဉ်ကမ္ဘာတွင်သာ ဆက်နေခိုင်းလိုက်သည်။
ပြောင်းရွေ့ရန်အတွက် ပြင်ဆင်ပြီးနောက် ရှောင်လုံက သူနှင့်အတူ သူ့မိသားစု ၊ ရှီရှောင်ဖေး ၊
ရှီရှောင်ဖေး အဖေနှင့်အမေ ၊ ဒေါင်ရမ်းအင်ပါရာ ၊
ကျောင်းရှု ၊ ကျန်းဖူ ၊ ဂိုမိသားစု ဘိုးဘေး ဂိုချန် ၊သူ့ သူငယ်ချင်း ရှဲပုတိ နှင့် တခြားလူများကို ခေါ်ဆောင်၍ တိမ်ပင်လယ်ပင်မကုန်းမြေဆီသို့ ထွက်ခွာသွားသည်။
ရှောင်လုံက လေဟာနယ်ထဲတွင် ရပ်၍ သိုင်းဝိညာဉ်ကမ္ဘာကြီးကို တစ်ချက်ပြန်လှည့် ကြည့်လိုက်သည်။ ထိုနောက် တခြားလူများနှင့်အတူ
သံမဏိကမ္ဘာသို့ ပျံ့သန်းသွားသည်။ ကျယ်ပြန့်လှသော ကြယ်စင်စုထဲတွင် နတ်ဘုရားအဆင့် သိုင်းပညာရှင်များသာ ပျံသန်းနိုင်ကြသည်။ သို့သော် ထိ ုပြသနာကို နတ်တောင်ရွှမ်းမီက အလွယ်တကူ ဖြေရှင်းပေးလိုက်သည်။
ရှောင်လုံတို့လူစု သံမဏိကမ္ဘာသို့ ရောက်ရှိရန် အချိန် သိပ်မကြာလိုက်ပေ ။ သံမဏိကမ္ဘာတွင်  တစ်ညတာ အနားယူပြီး နောက်တစ်နေ့မနက်ခင်းတွင် ကူးပြောင်းခြင်း အစီအရင်များမှ တစ်ဆင့် တိမ်ပင်လယ် ပင်မကုန်းမြေဆီသို့ ပြန်သွားလိုက်သည်။
ကူးပြောင်းခြင်း အစီအရင်၏ အပြင်သို့ ထွက်လာပြီးနောက် ဖြစ်ပျက်နေကြသော ဟောင်မိသားစုများ၏ မျက်နှာအမူအရာက
ရှောင်လုံ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်စဉ်ကနှင့် တထပ်တည်းတူနေသည် ။
တိမ်ပင်မ ပင်မကုန်းမြေပေါ်တွင်တည်ရှိသော မဆုံးနိုင်သော ကျယ်ပြန့်သည့် ဧရာမ မြို့ကြီးများက မြေပြင်ပေါ်မှ ကျောက် စရစ်ခဲ များ ပြန့်ကျဲနေသည်နှင့် တူနေသည်။
သူတို့ပျံသန်းလာစဉ် တစ်လျှောက် မြင့်တွေ့ခဲ့ရသည့် ကြီးကျယ်ခမ်းနားသော မြို့ကြီးများ မရေတွက်နိုင်အောင်များပြားသော နတ်ဘုရားတစ်ပိုင်း ၊ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်များ ကြောင့် အားလုံး၏ စိတ်ထဲမှာ အလိုလို အားငယ်စိတ်များ  ဝင်လာကြသည်။
သိုင်းဝိညာဉ်ကမ္ဘာတွင် သူတို့အားလုံးက ထိပ်ဆုံးမှ လူသားများဖြစ်ကြသည်။ သို့သော် ဤနေရာမှာတော့ အခုမှ မြို့သို့တက်လာသော တောသားများကဲ့သို့ မျက်စိသူငယ် နားသူငယ် ဖြစ်နေကြသည်။ ထိုအပြင် သူတို့ပျံသန်းလာစဉ် တစ်လျှောက်ကြုံတွေ့ခဲ့ရသော အထင်သေး လှောင်ပြောင်လိုသည့် အကြည့်များကြောင့် အကုန်လုံး ခေါင်းမဖော်ရဲတော့ပေ ။
ထိုအရာ အားလုံးကို ရှောင်လုံလည်း သတိပြုမိလိုက်သည်။ သို့သော် သူက ဘာမှ ဝင်မပြောပေ ။ ဤအရာများက နေရာသစ်တစ်ခုသို့ ပြောင်းရွေ့လာလျှင် လူတိုင်း ကြုံတွေရမည့် သာမန် အဖြစ်အပျက်များသာ ဖြစ်သည်။
ထိုအပြင် သူ့ အကူအညီဖြင့် အားလုံး အောင်မြင်စွာ သိုင်းအဆင့်တက်နိုင်လိမ့်မည်ဟု ရှောင်လုံက ယုံကြည်ထားသည်။  သူနောက်သို့ လိုက်လာသူအားလုံးကို နတ်ဘုရားအဆင့်သို့ ရောက်အောင်လုပ်နိုင်မည်ဟု အာမ မခံနိုင်သော်လည်း အနှစ် သုံးရာ ကြာပြီးနောက် လူ
အတော်များများကို နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်အောင် လုပ်ပေးနိုင်သည်ဟု ရှောင်လုံစိတ်ထဲမှာ ယုံကြည်ထားသည်။
....
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၅၈၂ .......
ရှောင်လုံက အားလုံးကို ချောင်ကျိမြို့သို့ ဦးဆောင်၍ ခေါ်သွားလိုက်သည် ။ ရှောင်လုံ က သူ့မိသားစု အခြေချနေထိုင်ရန်အတွက် အိမ်တော်တစ်ခု ဝယ်ယူရန် လိုအပ်နေသည်။
ချောင်ကျိမြို့က အနက်ရောင်သူရဲကောင်းမြို့က သိပ်မဝေးကြပေ ။ ထိုအချက်ကလည်း ရှောင်လုံ သူ့မိသားစုဆီသို့ မကြာခဏလာလည်ရန် အဆင်ပြေလေသည်။
တိမ်ပင်မ ပင်မကုန်းမြေဆီသို့ ပြန်ရောက်လာချိန်တွင် လျှိုယွင်နှင့် ချီဝမ်တို့က ရှောင်လုံတို့လူစုနှင့် လမ်းခွဲ၍ အနက်ရောင်သူရဲကောင်းမြို့သို့ ပြန်သွားကြသည်။ ရှောင်လုံက ချောင်ကျိမြိုလအတွင်းသို့ ရောက်သည်နှင့် မိုးပြာရောင် ပင်လယ် ကုန်သည်အဖွဲ့ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ သို့သော် ရှောင်လုံတို့လူစု ကုန်သည်အအောက်အဦးအတွင်းသို့ ဝင်လိုက်ချိန်တွင် အထဲမှ ဧည့်သည်အားလုံးက သူတို့ကို သတိပြုမိသွားကြသည်။
"... မြေကြီး အဆင့် ? ကောင်းကင်အဆင့်...?"
".... ငါများမျက်စိမှားနေတာလား ...? ချောင်ကျိမြို့ထဲကို မြေကြီးအဆင့် ကောင်းကင်အဆင့် သိုင်သမားတွေ ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ...?"
ဟောင်ပန် ၊စုရန် နှင့် တခြားလူများဝင်လာခြင်းကြောင့် ကုန်သည်အဖွဲ့၏ အဆောက်အဥိးထဲတွင် ဆူဆူညံညံအသံများ ထွက်ပေါ်လာကြသည်။
"... ဒီက အကို .... ကျွန်တော်တောင်းပန်ပါတယ်..
ကျွန်တော်တို့ မိုးပြာရောင် ပင်လယ်ကုန်သည်အဖွဲ့ရဲ့ အဆောက်အဦးထဲကို မြေကြီး အဆင့် ကောင်းကင်အဆင့် အစေခံတွေကို ခေါ်လာလို့မရပါဘူး ...."
ထိုအချိန်တွင် ဧည့်သည်ကြိုဆိုရေးကို တာဝန်ယူထားသော ကုန်သည်အဖွဲ့မှ လူတစ်ယောက်က ရှောင်လုံအနားသို့ ချဉ်းကပ်၍ ရိုရိုသေသေ ပြောလာသည်။
ရှောင်လုံကိုယ်ပေါ်မှ အနက်ရောင် သူရဲကောင်းညတက္ကသိုလ်၏ အတွင်းစည်းကျောင်းသား အမှတ်တံဆိပ်ကြောင့်သာ မဟုတ်လျှင် သူက ရှောင်လုံတို့ကို စကားတစ်ခွန်းမှ မပြောဘဲ မောင်းထုတ်ပစ်မှာ ဖြစ်သည်။ ဤကဲ့သို့ ယဉ်ယဉ်ကျေးကျေး ပြောဆိုနေမှာလည်း မဟုတ်ပေ ။
မိုးပြာရောင် ပင်လယ် ကုန်သည်အဖွဲ့က အနက်ရောင် လိပ်ကြယ်စင်စုထဲမှ အကြီးဆုံး ကုန်သည်အဖွဲ့များထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ထိုကြောင့် မြေကြီး အဆင့် ကောင်းကင်အဆင့် ယင်ကောင်တွေကို သူတို့အဆောက်အဦးအတွင်းသို့ အဝင်မခံနိုင်ပေ ။ ထိုကဲ့သို့ အဝင်ခံလိုက်လျှင် သူတို့ပါ နိမ့်ကျသွားမည်ဟု မှတ်ယူထားကြသည်။
ထိုလူ၏ စကားကြောင့် ကျောင်းရှု ၊ကျန်းဖူက အရမ်းကို ဒေါကန် သွားကြသည်။ ထိုလူက ဟောင်ပန် ၊ စုရန် ၊ ဟောင်ရှောင်ဟိုင် ၊ ဂိုရှောင်ဖန်တို့ကို အဓိကဦးတည်၍ ပြောဆိုခြင်း ဖြစ်သည်။ ရှောင်လုံက လက်ကာပြပြီး တားဆီလိုက်သည်။ တိမ်ပင်လယ်ပင်မကုန်းမြေက သိုင်းဝိညာဉ်ကမ္ဘာနှင့် မတူပေ ။ ကျောင်းရှုတို့ ဒေါကန်ပြီး တိုက်ခိုက်ခဲ့လျှင် တိမ်ပင်လယ်ပင်မကုန်း မြေ၏ စည်းမျဉ်းများကို ချိုးဖောက်သလို ဖြစ်သွားနိုင်သည်။ ထိုအချိန်ကြလျှင် ရှောင်လုံပင် ကယ်တင်နိုင်မှာ မဟုတ်ပေ ။
"... အဝင်မခံတာ သေချာလား ...?"
ရှောင်လုံက ကုန်သည်အဖွဲ့မှ လူအား အေးစက်စက်စိုက်ကြည့်ပြီး ထပ်မေးလိုက်သည်။
ရှောင်လုံ၏ မထီလေးစား အမူအရာကြောင့် ထိုလူကလည်း အရမ်းကို မကျေမနပ် ဖြစ်သွားသည်။
".ဒီကောင် အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ အတွင်းစည်းကျောင်းသားတစ်ယောက် ဖြစ်ရုံနဲ့ ငါတို့ မိုးပြာရောင် ပင်လယ် ကုန်သည်အဖွဲ့ကို လာပြီး လုပ်ချင်တိုင်း လုပ်လို့ရမယ်လို့ ထင်နေလား မသိဘူး ....!"
ကုန်သည်အဖွဲ့မှ လူက တွေးလိုက်သည်။
အတွင်းစည်းကျောင်းသား မဆိုထားနှင့် အထူးကျောင်းသားများပင် မိုးပြာရောင် ပင်လယ်  ကုန်သည် အဖွဲ့၏ ပိုင်နက်ထဲတွင် မခန့်လေးစား မလုပ်ရဲကြပေ။
ကုန်သည်အဖွဲ့မှ လူက မျက်နှာထား တင်းတင်းဖြင့် ပြန်ဖြေလိုက်သည်
"...သေချာတယ်.... မင်းမပြောဘူးဆိုရင် သူတို့အားလုံးကို ငါကိုယ်တိုင် မောင်းထုတ်ပစ်မယ် .."
ရှောင်လုံ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုနောက် ရှောင်လုံက ခရမ်းရောင်
တံဆိပ်ပြားတစ်ခုကို ထုတ်၍ ထိုလူဆီသို့ ပစ်ပေးလိုက်သည်။
".... အ..အထူးဧည့်သည်တော် တံဆိပ်ပြား ပါလား....!"
ကုန်သည်အဖွဲ့မှ လူက တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်သည်။ သူ့မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
ရှောင်လုံ ပစ်ပေးလိုက်သော ခရမ်းရောင် တံဆိပ်ပြားသည်  မိုးပြာရောင် ကုန်သည်အဖွဲ့၏ အလေးအမြတ်ထားရသော အထူးဧည့်သည်များကို ကိုယ်စားပြုသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။
".... မင်းအထက်က ကြီးကြပ်ရေးမှူးကို ခေါ်လိုက်စမ်း ..."
ရှောင်လုံက ငေါက်ဆတ်ဆတ်ပြောလိုက်သည်။
ရှောင်လုံ၏ စကားသံက ထိုလူ၏ နားထဲသို့ မိုးခြိမ်းသံတစ်ခုလို ဝင်လာသည်။ အထူးဧည့်သည်တော်က သူ၏ ကြီးကြပ်ရေးမှူးနှင့် တွေ့လိုကြောင်း ကြားသိလိုက်ရသည်အခါ ထိုလူလည်း ခြေထောက်များ ပျော့ခွေ၍ သတိလစ် မေ့မျောလုမတတ် ဖြစ်သွားသည် ။
သူ့ပါးစပ်က တစ်ခုခုပြောလိုဟန်ဖြင့် ကုန်းပေါ်ရောက်နေသော ငါးများကဲ့သို့ ဟစိဟစိ ဖြစ်နေသည်။ သို့သော် ရှောင်လုံ၏ အေးစက်စက်အကြည့် တစ်ချက်ကြောင့် ထိုလူလည်း ပါးစပ်မဟရဲတော့ဘဲ ကြီးကြပ်ရေးမှူးကိုသာ သွားအကြောင်းကြားလိုက်သည်။
ပွဲကြီးပွဲကောင်းကြည့်ရန်အတွက် စောင့်ဆိုင်းနေကြသူများလည်း တမုဟုတ်ချင်း ငြိမ်ကျသွားသည်။
"....ဒီ ဆံပင်အနက်နဲ့ကောင်လေးက မိုးပြာရောင် ကုန်သည်အဖွဲ့ရဲ့ အထူးဧည့်သည်တော် တံဆိပ်ပြားကို ဘယ်လိုဖြစ်ပြီး ရထားတာလဲ ...?"
မိုးပြာရောင် ကုန်သည်အဖွဲ့၏ အထူးဧည့်သည်တော် အမှတ်တံဆိပ်က မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူတို့ကောင်းကောင်းကြီး နာလည်ထားကြသည်။
ခဏကြာပြီးနောက် ကုန်သည်အဖွဲ့မှ ဧည့်ကြိုက သတ်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့်အတူ ပြန်လည်ရောက်ရှိလာသည်။ ထိုလူက ရှောင်လုံကိုမြင်မြင်ချင်း မှတ်မိလိုက်သည်။
လွန်ခဲ့သော တစ်လကျော်ခန့်က  ကျောက်ချန် ၊ ရှဲဟွေတို့နှင့် ရှောင်လုံ ခိုက်ရန် ဖြစ်ပွားမည့်အချိန်တွင်  သတိပေးခဲ့သူ ဖြစ်သည်။
ထိုလူကြီးက ရှောင်လုံမြင်လိုက်သည်နှင့် အံ့သြသွားသည်။
"... ကျုပ်အမည်က ဖန်ချွင့်ကျန်ပါ ....မိုးပြာရောင် ကုန်သည်အဖွဲ့ရဲ့ ကြီးကြပ်ရေမှူးတစ်ယောက်လည်း ဖြစ်ပါတယ် ... "
သတ်လတ်ပိုင်းအရွယ်လူကြီးက ရှောင်လုံအရှေ့တွင်ရပ်၍ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်
"... ညီလေးဆီမှာ အထူးဧည့်သည်တော် တံဆိပ်ပြား ရှိနေလိမ့်မယ်လို့ မထင်ထားဘူး...."
ဖန်းချွင့်ကျန်က အလွန် ယဉ်ကျေးစွာ ဖြင့် ပြောလိုက်သည်။
အမှန်တိုင်းဆိုရလျှင် ရှောင်လုံဆီမှာ အထူးဧည့်သည်တော် တံဆိပ်ပြားရှိနေသည့်အပေါ် သူ့စိတ်ထဲတွင် သံသယ ဖြစ်နေသည်။ မိုးပြာရောင် ပင်လယ် ကုန်သည်အဖွဲ့၏ အထူးဧည့်သည်တော် တံဆိပ်ပြားကို ပိုင်ဆိုင်ရန်အတွက် မိုးပြာရောင် ပင်လယ် ကုန်သည်အဖွဲ့တွင် ရွှမ်းဝူ သန်း ၁၅၀၀ နှင့်အထက် အရောင်းအဝယ် တစ်ကြိမ် လုပ်ထားရန် လိုအပ်သည်။ ထိုအပြင် မိုးပြာရောင် ပင်လယ် ကုန်သည်အဖွဲ့၏ စည်မျဉ်းစည်းကမ်းအရ မိုးပြာရောင်ပင်လယ်ကုန်သည်အဖွဲ့သားများက အထူးဧည့်သည်တော် တံဆိပ်ပြားကိုင်ဆောင်ထားသူအားလုံးကို လေးစားရသော ဧည့်သည်တော်များအဖြစ်သတ်မှတ်ပြီး လေးလေးစားစား ဆက်ဆံရသည်။
တခြားတစ်ဖက်မှ ယဉ်ယဉ်ကျေးကျေးပြောနေတာကြောင့် ရှောင်လုံလည်း အနည်းငယ် အလျော့ပေးလိုက်သည်။
"... ညီလေးကို ဘယ်လို ခေါ်ရမလဲ ...? ကျုပ်တို့ ကုန်သည်အဖွဲ့က ဘာမျာဝယ်လိုပါသလဲ ...?"
ဖန်ချွင့်ကျန်က ဖော်ရွေသောအပြုံးဖြင့် မေးလိုက်သည်။
"...ချောင်ကျိမြို့မှာ ရောင်းဖို့ အိမ်ရာတွေရှိတယ်လို့ အကြီးအကဲ မန်ရှီက ကျုပ်ကို လမ်းညွှန်လိုက်တာ .... အဲ့ဒါကြောင့် ခင်ဗျားတို့ဆီကို ရောက်လာတာပဲ ..."
ရှောင်လုံက ထပ်ပြောလိုက်သည်
"... ဒါပေမဲ့ ကျုပ်တို့က ခင်ဗျားကုန်သည်အဖွဲ့ရဲ့ အဆောက်အဦးထဲကိုပဲ ရောက်သေးတယ် ခင်ဗျားတို့ရဲ့ ဝန်ထမ်းက ဆူညံဆူညံလုပ်ပြီး ကျုပ်မိသားစုကို မောင်းထုတ်တယ် ...."
မန်ရှီက အနက်ရောင် သူရဲကောင်မြို့မှ မိုးပြာရောင် ပင်လယ်ကုန်သည်အဖွဲ့ခွဲ့၏ ကြီးကြပ်ရေးမှူးရှိသည်။ ရှောင်လုံကို အထူးဧည့်သည်တော် တံဆိပ်ပြားပေးခဲ့သူလည်း ဖြစ်သည်။
ဖန်ချွင့်ကျန်က ရှောင်လုံစကားကိုကြားလိုက်သည်နှင့် သူ့နောက်မှ ဝန်ထမ်းအား မျက်နှာထားတင်းတင်းဖြင့် လှည့်ကြည့်လိုက်ပြီး အော်မေးလိုက်သည်
"... ဘာဖြစ်တာလဲ ...?"
ကြီးကြပ်ရေးမှူး ဖန်ချွင့်ကျန်၏ တင်းမာသော မျက်နှာထားကြောင့် ဧည့်ကြိုဝန်ထမ်း၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ ထိုနောက် သူက ကြမ်းပြင်ပေါ်သို့ ဒူးထောက်၍ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်
"... ကြီးကြပ်ရေးမှူး ဖန်... ကျွန် ...ကျွန်တော်"
ဖန်ချွင့်ကျန်က ထိုကိစ္စနှင့် ပတ်သတ်၍ သေချာမသိသေးသော်လည်း ထိုဝန်ထမ်း၏ တုန့်ပြန်မှုကို အကဲခတ်ကြည့်ခြင်းအားဖြင့် ဖြစ်ပျက်ခဲ့သည့်အရာများအား အကြမ်းအားဖြင့် သဘောပေါက်သွားသည်။ သူက မာမာထန်ထန် အော်ငေါက်လိုက်သည်
"... မင်း အထုတ်သွားသိမ်းလိုက်တော့.... နောက်နေ့ကစပြီး အလုပ်လာစရာ မလိုတော့ဘူး..."
ထိုစကားသံက မိုးကြိုးတစ်ခုလို ဧည့်ကြိုဝန်ထမ်း၏ နောက်ထပ် မျှော်လင့်ချက်ကို လောင်ကျွမ်းပစ်လိုက်သည်။ ထိုဝန်ထမ်းက မြေကြီးပေါ်သို့ ပြိုလဲကျသွားသည်။
ထိုဝန်ထမ်းက မိုးပြာရောင် ပင်လယ် ကုန်သည်အဖွဲ့တွင် ဧည့်ကြိုအဖြစ် အလုပ်ရရန်အတွက် အဆက်အသွယ် အများအပြားနှင့် လူအတော်တော်များကို ချဉ်းကပ်ခဲ့ရသည်။ သူ ဤအလုပ်ကို စရချိန်ကတည်းက ပတ်ဝန်းကျင်မှ လူများ၏
သူ့အပေါ် အကြည့်များ ပြောင်းလဲသွားခဲ့သည်။
သူ့မိသားစုမှ အကြီးအကဲများကလည်း သူ့အပေါ် အများကြီး မျှော်လင့်ထားခဲ့သည်။ သို့သော် ထိုအရာများက လေနှင့်အတူ ပျောက်ကွယ်သွားချေပြီ ။
"... ဒီကောင်ကို ဆွဲထုတ်သွားစမ်း ..."
ဖန်ချွင့်ကျန်က တခြားဝန်ထမ်းများကို အမိမ့်ပေးလိုက်သည်။ ထိုနောက် ရှောင်လုံကို ဖော်ဖော်ရွေရွေ ပြုံးပြလိုက်ပြီး
"... ညီလေး ... နောက်တစ်ခါကြရင် ဧည့်သည်ကြိုဆိုရေးနဲ့ပတ်သတ်ပြီး အကိုတို့ဘက်က တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါ့မယ် ... ဝန်ထမ်းတွေအကုန်လုံးကို သေချာသင်ပေးထားပါ့မယ် ...
အခုလိုမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူးလို့ အာမခံပါတယ် ...."
ထိုနောက် ဖန်ချွင့်ကျန်က စကားခဏရပ်လိုက်ပြီးမှ ပြန်မေးလိုက်သည်
"... ညီလေးက ဘယ်လို အိမ်မျိုးကို ဝယ်ချင်တာလဲ ....? ကျုပ်တို့ ကုန်သည်အဖွဲ့က ချောင်ကျိမြို့ထဲက အိမ်တော်အမြောက်အများကို ပိုင်ဆိုင်ထားပါတယ်
....ဒါပေမဲ့ စျေးအပေါဆုံးအိမ်ကတောင် ရွှမ်းဝူ သန်းငါးရာ နီးပါးတန်ကြေးရှိပါတယ် ...."
ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်
"... ကျုပ်အတွက် စျေးနှုန်းကပြဿနာမဟုတ်ဘူး....
ကျုပ်လိုချင်တဲ့ အိမ်က နေရာကျယ်ရမယ် ...ကျယ်လေကောင်းလေပဲ ...."
ရှောင်လုံက သိုင်းဝိညာဉ်ကမ္ဘာမှ လူနှစ်ရာကျော်ကို ခေါ်ဆောင်လာခဲ့သည်။ ထိုကြောင့် သူဝယ်မည့်အိမ်တော်ကလည်း နေရာကျယ်ဝန်းရန် လိုအပ်သည်။
ဖန့်ကျွင့်ချန်က ဇဝေဇဝါဖြင့် ရှောင်လုံကို တစ်ချက်လှမ်းကြည့်လိုက်သည်
"... ပိုက်ဆံက ပြဿနာမရှိဘူး ...."
သူ့အရှေ့မှ လူငယ်လေးက အထူးဧည့်သည်တော် ကဒ်ပြားကို ကိုင်ဆောင်ထားသော်လည်း ရွှမ်းဝူ သန်းတစ်ထောင်ကျော်ကို ထုတ်ပေးမည့်ကိစ္စအပေါ် ဖန်ကျွင့်ကျန်စိတ်ထဲမှာ သံသယရှိနေသည်။
ချောင်ကျိမြို့ထဲမှ ကျယ်ဝန်းသော အိမ်တော်များက အနည်းဆုံး  ရွှန်းဝူ သန်းတစ်ထောင်ကျော် တန်ကြေးရှိကြသည်။
သို့သော် သူ့ရင်ထဲမှ သံသယစိတ်များက ဖန်ချွင့်ကျန်၏ မျက်နှာထက်တွင်ပေါ်မလာခဲ့ပေ။
ဖန်ကျွင့်ချန်က စိတ်အားထက်သန်စွာဖြင့် ရွှမ်းဝူ သန်းတစ်ထောင်အောက် အိမ်တော်များကို မိတ်ဆက်ရှင်းပြလိုက်သည်။
....
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၅၈၃ ......
ဖန်ချွင့်ကျန်က သူ့ကို တစ်ဘီလီယံအောက်သာ တန်ဖိုးရှိသော အိမ်တော်များအကြောင်းကိုသာ ရှင်းပြနေတာကြောင့် ရှောင်လုံလည်း မျက်မှောင်ကြုတ်သွားပြီး
"... ကြီးကြပ်ရေးမှူး ဖန် ... ဒါတွေက ခင်ဗျားတို့ဆီမှာရှိတဲ့ အကြီးဆုံးအိမ်တွေလား  ...."
ဖန်ချွင့်ကျန်က သူ့မတတ်နိုင်မည်ကိုစိုးရိမ်ပြီး စျေးနည်းသော အိမ်တော်များကိုသာ မိတ်ဆက်ပေးနေမှန်း ရှောင်လုံ သဘောပေါက်လိုက်သည်။
ရှောင်လုံ၏ မကျေမနပ်လေသံကြောင့် ဖန်ချွင့်ကျန်က ခဏမျှ မှင်တက်သွားသည်။ ထိုနောက် သူ့မှင်တက်သွားမှုကို အပြုံးဖြင့် ဖုံးကွယ်၍
".... ကောင်းပြီလေ ...ညီလေးက တောင်းဆိုနေတော့လည်း ချောင်ကျိ မြို့အလယ်မှာ ရှိတဲ့ အိမ်တော်တစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ် ... သူ့အမည်က
နတ်ခံတပ် အိမ်တော်လို့ ခေါ်ပါတယ် ...အဲ့ဒီအိမ်တော်က အလျား အနံ နှစ်သောင်းသုံးရာ မီတာ  ကျယ်ဝန်းပါတယ်.... ဒါပေမဲ့  သူရဲ့ စျေးနှုန်းကလည်း အတော်လေးမြင့်ပါတယ် ....  ၂.၅ ဘီလီယံ ကျသင့်မှာပါ ...."
၂.၅ ဘိလီယံ ...!
ထိုစျေးနှုန်းက ကုန်သည်အဆောက်အဦးအတွင်းသို့ ရောက်ရှိနေကြသူအားလုံး ရင်သက်ရှုမော ဖြစ်သွားကြသည်။ မဟာထိပ်သီး အဖွဲ့များ၏ အကြီးအကဲများက သူတို့၏ အောက်ခံဘောင်းဘီကိုပါ ထုတ်ရောင်းခဲ့လျှင်တောင် ထိုမျှများပြားသော ငွေကြေးအား စုဆောင်းနိုင်မှာ မဟုတ်ပေ ။
သို့သော် ရှောင်လုံကတော့ သူ့အင်္ကျီလက်စကိုသာ တစ်ချက်ခါလိုက်သည်။ ထိုနောက် မဆုံးနိုင်သော ရွှမ်းဝူ ဒင်္ဂါးပြားများက ကောင်းကင်ထက်မှ မိုးရွာသလို ရွာကျလာသည်။
ထိုမြင်ကွင်းက အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ ထိုအပြင် ရွှမ်းဝူ ဒင်္ဂါးပြားများ နှင့် ကြမ်းပြင်တို့ အဆက်မပြတ် ထိတွေ့ရာမှာ ထွက်ပေါ်လာသော တချွင်ချွင်မြည်သံများကြောင့် သူတို့ခေါင်းထဲတွင် မူးနောက်နောက်ဖြစ်လာကြသည်။
ထိုနောက် ကုန်သည်အဆောက်အဦး၏ အလယ်တွင် မြင့်မားသော တောင်များကဲ့သို့ စုပုံနေသည့်  ရွှမ်းဝူ ဒင်္ဂါး အပုံကြီး ၂၆ပုံ ဖြစ်ပေါ်လာသည်။
တစ်ပုံတွင် ရွှမ်းဝူ ဒင်္ဂါးပြား အရေအတွက် သန်းတစ်ရာ တိတိပါဝင်သည်။
ထိုကြောင့် ရွှမ်းဝူ ဒင်္ဂါး အားလုံး၏ စုစုပေါင်း အရေအတွက်မှာ၂. ၆ ဘီလီယံ ဖြစ်သည်။
သို့သော် ရှောင်လုံက ထိုဒင်္ဂါးပြားများကို မြေပြင်ထက်တွင် ပြန့်ကျဲမနေစေဘဲ အခန်းအလယ်တွင်သာ စုစည်းနေစေရန် ထိန်းချုပ်ထားသည် ။
ရှောင်လုံ သိုင်းဝိညာဉ်ကမ္ဘာတွင် တစ်လခန့် နေထိုင်ခဲ့စဉ်က အချိန်အားတိုင်း ဝိညာဉ်ကျောက်တုံးများ ပြုလုပ်ခဲ့သည်။
တိမ်ပင်လယ် ပင်မကုန်းမြေသို့ ပြန်ရောက်လာသည့်အခါ ထိုဝိညာဉ်ကျောက်တုံးများကို ရွှမ်းဝူဒင်္ဂါးများနှင့် လဲလှယ်ခဲ့သည်။ ထိုကြောင့် ရှောင်လုံ၏ နတ်လက်စွပ်ထဲတွင် ရွှမ်းဝူ ဒင်္ဂါး ၃ ဘီလီယံ ကျော်ရှိနေသည်။
ကြီးကြပ်ရေးမှူး ဖန်ချွင့်ကျန်ကလည်း တခြားလူများကဲ့သို့ သူ့အရှေ့မှ ရွှေဒင်္ဂါးပုံကြီးအား အံ့သြတကြီး ငေးမောကြည့်နေသည်။
လူအားလုံး အံ့သြမှင်တက်နေရာမှ သတိပြန်ဝင်မလာခင် ရှောင်လုံက ထပ်ပြောလိုက်သည်
"... ကြီးကြပ်ရေးမှူးဖန် ... အဲ့ဒါက ရွှမ်းဝူ ၂. ၆ ဘီလီယံပဲ ......အိမ်တန်ဖိုးနှုတ်ပြီး  ကျန်တဲ့ ရွှမ်းဝူ သန်းတစ်ရာနဲ့ အိမ်ထောင် ပရိဘောက ကောင်းကောင်းလေးတွေ ဝယ်ထည့်ပေးပါ ..."
ဖန်ကျွင့်ချန်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစား၍ ထိန်းချုပ်လိုက်ရသည်။ သို့သော် တုန်လှုပ်မှုများက ခေါင်းမာစွာဖြင့် သူရင်ထဲမှာ ကျန်နေဆဲပင် ။
မိုးပြာရောင် ပင်လယ် ကုန်သည်အဖွဲ့၏ ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်တာကြောင့် သူ့လစာကလည်းမနည်းပေ ။ သို့သော် ရွှမ်းဝူ ၂.၆ ဘီလီယံဆိုသည့် ငွေးကြေ ပမာဏကို သူအနေနှင့် မည်သို့မျှ မတတ်နိုင်ပေ ။ ချောင်ကျိမြို့အတွင်း လက်ရှိ သူနေထိုင်သည့် အိမ်ရာက တစ်ဘီလီယံတောင် တန်ကြေးမရှိပေ ။
ဖန်ချွင့်ကျန်၏ မျက်နှာထက်တွင် မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ့၏ ခန့်မှန်းချက်က တက်တက်စင်အောင် မှားယွင်းသွားခဲ့ချေပြီ ။ သူ့အရှေ့မှ လူငယ်လေးက မကုန်ဆုံးနိုင်သော ငွေတွင်းကြီးနှင့်တူသည့်
အလွန်ကြွယ်ဝချမ်းသာသော မိသားစုမှ သခင်လေးတစ်ယောက် ဖြစ်နိုင်ကြောင်း သူနားလည်သွားသည်။
ထိုကြောင့် ဖန်ချွင့်ကျန်က နတ်ခံတပ် အိမ်တော်ကို လွှဲပြောင်းခြင်းနှင့် ပတ်သတ်၍ လိုအပ်သော စာချုပ်စာတန်းကိစ္စများကို စိတ်အားထက်သန်စွာဖြင့် ကူညီပေးလိုက်သည်။
ထိုနောက် ရှောင်လုံတို့ကို နတ်ခံတပ် အိမ်တော်ဆီသို့ သူ့ကိုယ်တိုင်လိုက်ပို့ပေးသည် ။
နတ်ခံတပ် အိမ်တော်အတွင်းသို့  ဝင်လိုက်သည့်အခါ ဟောင်မိသားစုအပါအဝင် ရှောင်လုံအနောက်သို့ လိုက်လာကြသော သိုင်းပညာရှင်အားလုံး အံ့သြတုန်လှုပ်သွားကြသည်။ထိုကဲ့သို့ အံ့သြတုန်လှုပ်သွားခဲ့သူများထဲတွင် ရှင်ဘုရင်များ ဖြစ်ခဲ့ကြသော  ဒေါင်ရမ် နှင့် ရှီဖန်ထျန်းတို့လည်း ပါဝင်သည်။ နတ်ခံတပ် အိမ်တော်ကြီးကိုမြင်ပြီးနောက် ဒေါင်ရမ်နှင့် ရှီဖန်ထျန်တို့ စိတ်ထဲမှာ သူတို့၏နန်းတော်များကို အိမ်သာ နှင့်တူသည်ဟု ထင်သွားကြသည်။
ရှောင်လုံလည်း အရမ်းကို စိတ်ကျေနပ်သွားသည်။
နတ်ခံတပ် အိမ်တော်ထဲတွင် ရေကန်တစ်ခုလည်း ရှိဘည်။ ထိုရေကန်ထဲမှ ရေများက အနက်ရောင် ကြယ်စင်စုထဲတွင် ရှားပါးပြီး အဖိုးတန်သည့် ပစ္စည်းတစ်မျိုးဖြစ်သော ဝိညာဉ် ပျိုးထောင်ခြင်း ရေများပင် ဖြစ်သည်။ ထိုအပြင် ဥယျာဉ်ထဲမှ ကျောက်တောင်တန်းကိုလည်း နောက်ထပ်ရှားပါးသော ပစ္စည်းတစ်မျိုးဖြစ်သည့် သတ္တုငါးမျိုး
ကျောက်တုံးဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
ထိုကြောင့် နတ်ခံတပ် အိမ်တော်အတွင်းမှ ဝိညာဉ်စွမ်းအားများက တိမ်ပင်လယ်ပင်မကုန်းမြေပေါ်မှ တခြားနေရာများထက် ပိုမိုသိပ်သည်းသည်။
ရှောင်လုံ အိမ်ဝယ်ရသည့် အဓိကရည်ရွယ်ချက်မှာ
သူ့မိသားစုနှင့် ရှီရှောင်ဖေးတို့ သက်တောင့်သက်သာဖြင့် နေနိုင်စေရန် ဖြစ်သည်။ ထိုအတွက် ဘီလီယံနှင့်ချီ၍ သုံးစွဲခဲ့ရသော်လည်း ရှောင်လုံက မျက်တောင်တစ်ချက်ခတ်ခြင်း မရှိပေ။
နတ်ခံတပ် အိမ်တော့ကြီးက အလွန်ကြီးမားသော်လည်း အခန်းသုံးဆယ်ထက် ပိုမရှ်ိပေ။
ထိုကြောင့် ရှောင်လုံ မိသားစု နှင့် မိတ်ဆွေများကို နေရာချလိုက်လျှင် တခြားလူများအတွက် အခန်းမကျန်တော့ပေ ။
ရှောင်လုံအနောက်သို့ လိုက်လာကြသူများက
ကျားမျိုးနွယ်စုခေါင်းဆောင် ချပ် ၊  မြွေမျိုးနွယ်စုခေါင်းဆောင် ဒန်နီ ၊ နဂါးကိုးကောင် ကျောင်းတော်မှ ညီအကို ကိုးယောက် ၊ ခြင်္သေရိုင်းကျောင်းတော်မှ
လွေဂျေ ၊ နတ်သူငယ် ဘုရင်မ ကယ်လီ ၊ မဟာအကြီးအကဲ ဆယ်လင်းတို့နှင့် တခြားလူများ ဖြစ်ကြသည်။
အကယ်၍ လူလေးယောက်ကို တစ်ခန်းတည်အတူနေခိုင်းလျှင်ပင် သူတို့လူစုအတွက် အခန်းမလောက်ငှသေးပေ ။  နတ်ခံတပ်စံအိမ်၏ အနောက်ဘက်မှ ဥယျာဉ်အား အခန်းပိုထွက်လာစေရန် ပြုပြင်၍ ရနိုင်သည်။ သို့သော် အရမ်းကို အလုပ်ရှုပ်နိုင်သည်။ ထိုကြောင့် ပတ်ဝန်းကျင်မှ အိမ်တော်များကို ဝယ်ယူ၍ နတ်ခံတပ် စံအိမ်တော်၏ နေရာ အကျယ်အဝန်းကို ချဲ့ပစ်သည့်နည်းလမ်းက  အလွယ်ကူဆုံး နှင့် အလျင်မြန်ဆုံးဖြစ်သည်။
ရှောင်လုံက သူ့အတွေးကို ဖန့်ကျွင့်ကျန်အား ပြောလိုက်ချိန်သည်အခါ ဖန်ကျွင့်ကျန် တစ်ယောက် အရမ်းကို အံ့သြသွား၏ ။ ထိုနောက်သူက ရှောင်လုံကို ထူးဆန်းသော အမူအရာဖြင့် ပြန်ကြည့်လိုက်သည်။ ရှောင်လုံကို ကြည့်နေသော သူ့အကြည့်များက ငွေတွင်းကြီးတစ်ခုကို ကြည့်နေသည်နှင့် တူနေသည်။
နတ်ခံတပ် စံအိမ် ပတ်ဝန်းကျင်မှ အိမ်တော်များက ဧရိယာ အရွယ်အစား အနည်းငယ် သေးသော်လည်း ရွှမ်းဝူ ၂ ဘီလီယံနှင့် အထက်မှ ဝယ်ယူနိုင်မှာ ဖြစ်သည်။
".... နတ်ခံတပ် အိမ်တော် ပတ်ဝန်းကျင်အိမ်တော်တွေကိုလည်း ကျုပ်တို့ကုန်သည်အဖွဲ့ပဲ ပိုင်ခဲ့တာပါ ...ဒါပေမဲ့ အခုက တခြားလူတွေကို ရောင်းပြီသား ဖြစ်နေပါတယ်  ..."
ဖန့်ချွင့်ကျန်က သတိပြန်ဝင်လာပြီးနောက် မဲ့ပြုံးလေးဖြင့် ပြောလိုက်သည်
".... ပုံမှန်အားဖြင့်ဆိုရင် လူတွေက ဝယ်ပြီးသားအရာတစ်ခုကို အမြတ်မရရင် ပြန်ရောင်းကြမှာ မဟုတ်ဘူး  ..."
ရှောင်လုံ .....
".... ပိုက်ဆံက ပြဿနာ မရှိဘူး ...."
ဖန်ချွင့်ကျန်ကလည်း ထိုအဖြေကို မျှော်လင့်ပြီးသား ဖြစ်တာကြောင့် ခေါင်းညိတ်ပြလိုက်သည်
"... ကောင်းပြီလေ ညီလေးက အဲ့လိုဆိုမှတော့ ပိုင်ရှင်နဲ့တွေ့ပြီး အစွမ်းကုန် ကြိုးစားပေးပါ့မယ် ..."
ဤနေရာတွင် အလွန်ချမ်းသာသူများသာ အိမ်တော်တစ်ခုကို ဝယ်ယူနိုင်ကြသည်။ ထိုကြောင့်
ဆွဲဆောင်မှုရှိသော စျေးနှုန်းတစ်ခုသာ မဟုတ်လျှင် သူတို့က ရောင်းချရန် စိတ်ဝင်စားမှာ မဟုတ်ပေ ။
ထိုနောက် ရှောင်လုံမှာထားသည့်အတိုင်း ကောင်းပေ့ညွှန့်ပေ့ဆိုသည့် ပရိဘောဂများကိုအရင်ဆုံး ပြင်ဆင်ပေးလိုက်သည်။ ပရိဘောဂ တစ်ခုချင်းစီက ထိပ်တန်းကုန်ပစ္စည်းများ ဖြစ်ကြသည်။ ထိုပရိဘောဂများထဲတွင် ဆောင်းနွေး ကျောက်စိမ်း ကုတင်ဆိုသည့် ကုတင်တစ်ခုလည်း ပါဝင်သည်။
ထိုကုတင်ကို အလွန်ရှားပါးသော နွေးထွေးသည့် ကျောက်စ်ိမ်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ထိုကုတင်ပေါ်တွင် အိပ်စက်ခြင်း ၊ အတွင်းအားလေ့ကျင့်ခြင်းများ ပြုလုပ်ခြင်းဖြင့် စိတ်ကြည်လင်သန့်ရှင်းရုံသာမက ခန္ဓာကိုယ်ကလည်း ပို၍ ကြံခိုင်သန်စွမ်း လာနိုင်သည်။ ဖန်ချွင့်ကျန်က ထိုကဲ့သို့ ကုတင်ငါးရာကို နတ်ခံတပ် စံအိမ် ပို့လိုက်သည်။
ရှောင်လုံဆီမှာ အထူးဧည့်သည်တော်ကဒ် ရှိနေတာကြောင့် မိုးပြာရောင်ပင်လယ် ကုန်သည်အဖွဲ့မှ ဝယ်ယူသည့် ပစ္စည်ားအားလုံးကို ဆယ်ရာခိုင်နှုန်းလျော့စျေးရသည်။ ရှောင်လုံက သူတို့ စတင်ပြောင်းရွေ့လာသည့် အထိတ်အမှတ်အနေဖြင့် အနောက်ဘက် ဥယျာဉ်ထဲတွင် မီးပုံပွဲကြီးတစ်ခုကို ကျင်းပလိုက်သည်။
မီးပုံပွဲဆိုသည့် အသံကိုကြားလိုက်သည်နှင့် အစားသရဲ ထျန်လေး သရေတွဲလောင်းဖြင့် ထိုအစီအစဉ်ကို အားရပါးရထောက်ခံလိုက်သည်။
ထိုညတွင် အားလုံးက စိတ်လက်ကြည်လင်၍ ပေါ့ပါး လန်းဆန်းနေကြသည်။
ရှီရှောင်ဖေးကလည်း ရှောင်လုံဘေးမှာထိုင်၍ ချစ်ရည်ရွှမ်းလဲ့နေသော အချစ်မျက်လုံးများဖြင့် ရှောင်လုံ လုပ်သမျှကို ချစ်မြတ်နိုးစွာ စိုက်ကြည်နေသည်။
ထိုညလေးက ပျော်ရွှင်ချမ်းမြေစွာဖြင့် ကုန်ဆုံးသွားသည်။
နတ်ခံတပ်အိမ်တော်အတွက် လိုအပ်သည်များကို လုပ်ဆောင်ပေးပြီးနောက် ရှောင်လုံလည်း အနက်ရောင် သူရဲကောင်း တက္ကသိုလ်သို့ပြန်သွားသည်။
ရှောင်လုံက သူမပြန်ခင် သူ့အဖေ နှင့် အမေကို  ရွှမ်းဝူ သန်းတစ်ရာစီ ပေးခဲ့သည်။ သူ့ညီ ၊ သူ့ညီမ ၊
ရှီရှောင်ဖေး ၊ ရှီဖန်ထျန် ၊ ဒေါင်ရမ်နှင့် သူ့အချစ်ဆုံးသူငယ်ချင်း ရှဲပူတိတို့ကို  လိုအပ်သည်များ ဝယ်ရန်အတွက် သန်းနှစ်ဆယ်စီ ပေးခဲ့သည်။ အကယ်၍ လိုအပ်သေးပါက သူလာသည့်အချိန်ကြရင် ထပ်တောင်းရန်လည်း ရှောင်လုံက မှာထားခဲ့သည်။
ရှောင်လုံက သူလိုအပ်သည့်အချိန်တိုင်း မရေတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများကို ပြောင်းလဲနိုင်သည်။ ထိုကြောင့် ငွေကြေးက သူ့အတွက် ပြဿနာတစ်ခု မဟုတ်ပေ ။
ရှောင်လုံ အနက်ရောင် သူရဲကောင်း တက္ကသိုလ် သို့ပြန်ရောက်သည်နှင့် သူ့ဆရာကို အရင်ဆုံးသွားတွေ့လိုက်သည်။ ထိုနောက် သူ့မိသားစု၏ မွေးရာပါ အရည်အချင်း ချို့တဲ့မှု ပြသနာကို ဖြေရှင်းရမည့် နည်းလမ်းအား မေးမြန်းလိုက်သည်။
ဖုယန်က လာမည့်ရက်ပိုင်းအတွင်း အားလပ်နေကြောင်းကိုသိသွားပြီးနောက် ရှောင်လုံလည်း ချောင်ကျိမြို့မှ နတ်ခံတပ်အိမ်တော်သို့ပြန်ပြီး သူ့မိသားစုကို သူ့ဆရာနှင့်တွေ့ဆုံပေရန် သွားပြန်ခေါ်လိုက်သည်။ ဖုယန်၏ အကူအညီဖြင့် မြေကြီးအဆင့်တွင် တစ်ဆို့နေခဲ့သော ဟောင်ပန်နှင့် စုရန်တို့က ကောင်းကင်သိုင်းသမားအဆင့်သို့ တက်လှမ်းနိုင်သွားသည်။
ရှောင်လုံလည်း သူ့မိဘများ သိုင်းအဆင့်တက်နိုင်ခဲ့သည့်အတွက် အရမ်းကို ပျော်ရွှင်သွားသည်။ ထိုအပြင် သူ့ဆီမှာရှိနေသည့် ဆေးဝါးပစ္စည်းများနှင့် ဆိုလျှင် သူ့မိဘနှစ်ယောက်၏ သက်တမ်း အသက်သုံးရာကျော်အထိ ဆွဲဆန့်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။  နောက်အနှစ် နှစ်ရာအတွင်း သူ့မိဘနှစိယောက်အား စကြာဝဠာအဆင့်သို့ တက်လှမ်းနိုင်မည့်  နည်းလမ်းကို ရှာတွေ့လိမ့်မည်ဟုလည်း ရှောင်လုံ ယုံကြည်ထားသည်။
ရှီရှောင်ဖေး၏ မွေးရာပါ စွမ်းရည်အား နှိုးဆွနိုင်မည့် နည်းလမ်းကိုလည်း  မေးမြန်းလိုက်သည်။ သို့သော်  သူ့ဆရာကိုယ်တိုင်လည်း ထိုပြဿနာ၏ အဖြေကို မသိပေ ။ ရှောင်လုံလည်း အနည်းငယ် စိတ်ပျက်သွားသည်။
ဖုယန်က ရှီရှောင်ဖေး၏ မွေးရာပါ စွမ်းရည်အား နှိုးဆွနိုင်မည့် နည်းလမ်းကို မသိသော်လည်း အဖိုးတန် လက်ဆောင်အများအပြားကို တွေ့ဆုံခြင်း လက်ဆောင်အဖြစ် ပေးလိုက်သည်။
နောက်ဆုံးတွင် ဖုယန်က သူ့တပည့်ကို စလိုက်သည်
"... ကောင်လေး မင်းတကယ်ကံကောင်းတာပဲ ...
ရှောင်ဖေး လို မိန်းကလေးကိုတွေ့ရဖို့မလွယ်ဘူး...
မင်းသူ့ကို ကောင်းကောင်း ဆက်ဆံရမယ်နော်....
ရှောင်ဖေးကို အနိုင်ကျင့်လို့ကတော့ ဆရာကိုယ်တိုင် မင်းကိုအပြစ်ပေးမှာနော် ....."
သူ့ဆရာစကားကြောင့် ရှောင်လုံလည်း မှင်တက်သွားသည်။
ထိုနောက် ရှောင်လုံ ကူရာကယ်ရာမဲ့နေသောအပြုံးဖြင့် အာမခံလိုက်သည်
"... ဆရာစိတ်ချပါ ကျွန်တော်သေချာဂရုစိုက်ပါ့မယ် ...."
ထိုနောက် သူ့ဘေးမှ ရှီရှောင်ဖေးအား အဓိပ္ပါယ်ပါပါဖြင့် တစ်ချက်ပြုံးပြလိုက်သည်။
ရှောင်လုံအဓိပ္ပါယ်ပါသော အကြည့်ကြောင့် ရှီရှောင်ဖေး မျက်နှာတစ်ခုလုံး နီရဲတွတ်သွားလေသည်။
.....
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၅၈၄ ......
  ဖုယန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလိုက်သည်
".... မိန်းကလေး ရှောင်ဖေးရဲ့ ပြဿနာကို ဖြေရှင်းဖို့ ငါ့မှာ နည်းလမ်းမရှိဘူး .... ဒါပေမဲ့ ကူညီနိုင်တယ်တဲ့ တစ်ယောက်တော့ ရှိမယ်ထင်တယ် ..."
ဖုယန်စကားကြောင့် ရှောင်လုံတို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပျော်သွားသွားကြသည် ။
"... ဆရာက ဘယ်သူကို ရည်ညွှန်းချင်တာလဲ ...?"
ရှောင်လုံက မေးလိုက်သည်။
"... တကယ်တော့ ငါလည်း သူနာမည်အရင်းတော့ မသိဘူးကွ ... နာမည်ပြောင်ပဲ သိတယ် ... သူ့နာမည်ပြောင်က အရူးမိန်းမကြီးတဲ့ .... လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က အရူးမိန်းမကြီးနဲ့ ငါတစ်ခါ ယှဉ်ပြိုင်ခဲ့ဘူးတယ် ..."
ဖုယန်က အတိတ်ကိုပြန်သတိရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်
".. ငါတို့ သိုင်းကွက်တစ်ထောင်ကျော် ယှဉ်ပြိုင်ခဲ့ကြတာ ... အဲ့ဒီကံကောင်းပြီး ငါနိုင်ခဲ့တယ်
အဲ့အချိန်ကတည်းက သူနဲ့မတွေ့တော့တာ အခုချိန်အထိပဲ ... သူက လစည်းချက်ကို ဆင့်ခေါ်ခြင်း ဆိုတဲ့ သိုင်းကျမ်းကိုလေ့ကျင့်တာ ...
အဲ့ဒီသိုင်းကျမ်းရဲ့ ထူးခြားချက်ကတစ်ခုက သိုင်းလေ့ကျင့်သူရဲ့ ပင်ကိုပါရမီစွမ်းရည်ကို နှိုးထလာစေတယ် ..."
အရူးမိန်းမကြီးဆိုသော အမျိုးသမီးက သူ့ဆရာနှင့် သိုင်းကွက်တစ်ထောင်ကျော် ယှဉ်ပြိုင်ခဲ့ကြောင်းကို ကြားသိလိုက်ရပြီးနောက် ရှောင်လုံလည်း အရမ်းကို တုန်လှုပ်သွားသည်။ ထိုအပြင် သူဆရာက ကံတရား၏ ဖေးမမှုကြောင့်သာ ထိုအမျိုးသမီးကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ထိုအမျိုးသမီး မည်မျှအစွမ်းထက်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။
"... ငါပြောခဲ့တဲ့ အတိုင်း သူနဲ့မတွေ့ရတော့တာကြာပြီ .."
ဖုယန်က သက်ပြင်းချလိုက်သည်
"....သူ ဘယ်မှာရှိနေမလဲဆိုတာလည်း ခန့်မှန်းလို့ မလွယ်ဘူးကွ ... သူက တစ်နေရာမှာ အကြာကြီးမနေတတ်ဘူး ... အဲ့ဒါကြောင့် သူ့ကိုရှာဖို့ဆိုတာက မလွယ်လောက်ဘူး ..."
ရှောင်လုံ နှင့် ရှီရှောင်ဖေးတို့နှစ်ယောက်က ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားသလို   အီလည်လည် ဖြစ်သွားကြသည်။
ကျယ်ဝန်းလှတဲ့ ကြယ်စင်စုအတွင်း၌ လူတစ်ယောက်အား မည်ကဲ့သို့ ရှာဖွေရမည်နည်း....?
ကောက်ရိုးပုံထဲ အပ်ရှာလျှင်တောင် လွယ်ကူနိုင်သေးသည်။
".... တခြား နည်းလမ်းမရှိတောဘူးလား ဆရာ..?"
ရှောင်လုံက လက်မလျော့ချင်သေးပေ ။ အကယ်၍ ရှီရှောင်ဖေးပိုင်ဆိုင်ထားသည့် သန့်စင်သော ဗုဒ္ဓညဏ်အလင်းဓတ် ခန္ဓာကိုယ်၏ စွမ်းရည်များသာ နှိုးထမလာခဲ့လျှင် ရှီရှောင်ဖေးတစ်ယောက် နတ်ဘုရားအဆင့်ရောက်ရန် အချိန်မည်မျှကြာမြင့်နိုင်ကြောင်းကို မည်သူမှ ပြောနိုင်မှာ မဟုတ်ပေ။
".... အရူးမိန်းမကြီးကို ရှာဖို့ နည်းလမ်းတစ်ခုတော့ရှိတယ် ..."
ဖုယန်က ပြောလိုက်သည်။ ထိုနောက် သူ့ခေါင်းကို ချက်ချင်းခါလိုက်သည်
".... ဒါပေမဲ့ အဲ့ဒီနည်းကလည်း ...."
"... ဆရာ ဘယ်လိုနည်းလမ်းမျိုးလဲ ...?"
ရှောင်လုံက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"... သူက အင်မော်တယ် အဆင့် ဝိညာဉ်ကျောက်တုံးကို ရှာနေတယ်လို့ ငါကြားဘူးတယ် ..."
ဖုယန်က ပြောသည်
".... အဲ့ဒါကြောင့် အင်မော်တယ်ဝိညာဉ်ကျောက်တုံးရှိတဲ့နေရာမှ သူပေါ်လာနိုင်တယ် ...
ဒါပေမဲ့ အင်မော်တယ် ဝိညာဉ်ကျောက်တုံးဆိုတာက
နှစ်တစ်သန်းမှာတောင် တစ်ကြိမ် ကြုံရခဲတယ်ကွ...
ငါမှာတောင် တစ်တုံးမှ မရှိဘူး ...."
အင်မော်တယ် ဝိညာဉ်ကျောက်တုံးက အဆင့်မြင့် နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးထက် ပိုမိုအဆင့်မြင့်သော ဝိညာဉ်ကျောက်တုံးဖြစ်သည်။
ဖုယန်စကားကိုကြားပြီးနောက် ရှောင်လုံက သူ့ဆီမှာရှိနေသည့် ကျောက်တုံးအမျိုးအစားတစ်ခုကို သတ်ိရလိုက်သည် ။
"... ဆရာ ... ဆရာ ပြောတာ ဒါမဟုတ်လား ...?"
ရှောင်လုံက မေးလိုက်သည်။ သူ့လက်ထဲမှ နူးညံသော အစိမ်းရောင်ခြည်တန်းတစ်ခု ထွက်ပေါ်လာပြီး ခန်းမဆောင်ကြီးတစ်ခုလုံး အစိမ်းရောင်ပြောင်းသွားသည်။ ဆူနာမီလှိုင်းလုံးများကဲ့သို့ သူ့ဆီကို ရုတ်တရက် တိုးဝင်လာသည့် ဝိညာဉ်စွမ်းအားများကို ဖုယန် ခံစားမိလိုက်သည်။
ထိုအစိမ်းရောင် အလင်းတန်းများက နံရံလေးဖက်ကိုပင် ဖောက်ထွက်သွားလုမတတ် တောက်ပနေသည်။
"... ဒါ....ဒါက ...."
ရှောင်လုံ လက်ထဲမှ ဝိညာဉ်ကျောက်တုံးကိုကြည့်ရင်း ဖုယန်လည်း အရမ်းကို အံ့အားသင့်သွားသည်။ သူက ပျော်ရွှင် တုန်လှုပ်ပြီး စိတ်လှုပ်ရှားနေတာကြောင့် လက်တွေတုန်၍ စကားပါထစ်နေသည်။ စကားကို တစ်ခွန်းအပြည့်ပင် မပြောနိုင်ပေ ။
ရှောင်လုံလည်း ဝိညာဉ်ကျောက်တုံးကို သု့ဆရာဆီသို့ လွှဲပေးလိုက်သည်။ ထိုအစိမ်းရောင် ဝိညာဉ်ကျောက်တုံးက ရှောင်လုံရရှိခဲ့သော သဘာဝ စိတ်ဝိညာဉ် သန္ဓေသားလောင်းနေထိုင်ခဲ့သည့် အပြင်ဘက် အခွံဖြစ်သည်။
ရှောင်လုံ သဘာဝစိတ်ဝိညာဉ် သန္ဓေသားလောင်း၏ စွမ်းအားများကို စုပ်ယူခဲ့ပြီးနောက် နတ်ဓားများကို အသုံးပြု၍ ကျောက်တုံးကြီးအား စျေးကွက်အတွင်းမှ အသုံးပြုနေသော ဝိညာဉ်ကျောက်တုံးပုံစံနှင့် တူအောင် အပိုင်းငယ်များစွာ ပိုင်းဖြတ်ခဲ့သည်။
".... မင်း ....မင်း ဒါကို ဘယ်နေရာက ရှာတွေလာတာလဲ ..."
အမြဲလိုလို တည်တည်ငြိမ်ငြိမ်ရှိတတ်သော ဖုယန်၏ စကားသံများက အနည်းငယ် တုန်ယင်နေသည်။
ဖုယန်၏ လွန်လွန်ကျူးကျူး တုန်ပြန်မှုကြောင့် ရှောင်လုံလည်း အနည်းငယ် အံ့သြသွားသည်။
ကြည့်ရတာ အင်မော်တယ်အဆင့် ဝိညာဉ်ကျောက်တုံးက အရမ်း အဖိုးတန်မယ်ထင်တယ် ...!
ရှောင်လုံ တွေးကြည့်လိုက်သည်  ။
ထိုနောက် ရှောင်လုံက သူ့ သဘာဝ ဝိညာဉ်
သန္ဓေသားလောင်းအား ရရှိခဲ့ပုံကို ပြန်ပြောင်းပြောပြလိုက်သည်။ 
ရှောင်လုံ၏ ကံကောင်းပုံကို နားထောင်ပြီးနောက် ဖုယန်လည်း အမှန်တကယ်ကို အံ့သြ မှင်တက်သွားသည်။ ထိုနောက် မဲ့ပြုံးလေးတစ်ခုဖြင့် ခေါင်းခါလိုက်သည်။ ရှောင်လုံက သူ့တပည့်များထဲတွင် အငယ်ဆုံးဖြစ်သလို ကံလည်း အကောင်းဆုံးဖြစ်သည်။ ထိုအပြင် ဖုယန်စိတ်ထဲမှာ လိပ်ခဲတည်းလည်း ဖြစ်နေသည့် အဖြေကလည်း ရှင်းလင်းသွားသည် ။ အချိန်သုံးနှစ်ဆိုသည့် အတိုင်းအတာအတွင်း ရှောင်လုံ နတ်ဘုရားတစ်ပိုင်းအဆင့်မှ နတ်ဘုရားအဆင့် ၂ သို့တက်လှမ်းနိုင်ခဲ့သည့်အပေါ် ဖုယန်က စဉ်းစားရကျပ်နေခဲ့ခြင်းပင် ။
ဖုယန်လည်း ပြန်လည်တည်ငြိမ်လာပြီးနောက် အစောပိုင်းမှ သူ့၏ တုန်ပြန်မှုများအပေါ် ရှက်ရွံသွားသည်
"....  ရှောင်လုံ ..ဒီ အင်မော်တယ်အဆင့် ဝိညာဉ်ကျောက်တုံးကို ဆရာမင်းဆီကနေ နှစ်ခုလောက် တောင်းလို့ရမလား ....?"
ထိုစကားကိုပြောနေချိန်တွင် ဖုယန်၏ မျက်နှာကြီးက နီရဲနေသည်။ ဖုယန် ဘဝတွင် စကားကို ဤမျှ ခက်ခဲစွာဖြင့် တစ်ခါမှ မပြောဘူးခဲ့ပေ ။
သူ့ဆရာ၏ တောင်းဆိုမှုကိုကြားလိုက်သည်နှင့် ရှောင်လုံက အင်မော်တယ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ချက်ချင်းဆိုသလို ထုတ်ပေးလိုက်သည်။ ယခုနှစ်ပိုင်းအတွင်း ဖုယန်၏ လမ်းပြမှုကြောင့် ရှောင်လုံ၏ သိုင်းကျင့်စဉ်များက  များစွာတိုးတက်ခဲ့သည်။ ထိုအပြင် ဖုယန်က သူ့မိဘနှစ်ပါးကို ကောင်းကင်အဆင့်သို့ရောက်အောင်လည်း ကူညီခဲ့သည်။ ထိုကြောင့် ဖုယန်၏ တောင်းဆိုမှုကိုကြားလိုက်သည်နှင့် ရှောင်လုံဘက်ကလည်း တစ်စက်ကလေးမှ တုန့်ဆိုင်းနေခဲ့ခြင်းမရှိပေ ။
ဖုယန်က အစပိုင်းတွင် အနည်းငယ် ငြင်းဆန်နေသော်လည်း နောက်ဆုံး၌ အင်မော်တယ်အဆင့် ဝိညာဉ်ကျောက်တုံးဆယ်တုံးကို လက်ခံယူလိုက်သည်။ ရှောင်လုံကိုကြည့်နေသည့် ဖုယန်၏ အကြည့်များကလည်း ပိုပြီး နူးညံလာသည်။
သို့သော် ဖုယန်ကလည်း အင်မော်တယ်ဝိညာဉ်ကျောက်တုံးများကို အလကားမယူပေ ။ သူ့ဘဝတစ်လျှောက် စုဆောင်းလာခဲ့သော ပစ္စည်းများပါဝင်နေသည့် သိုလှောင်လက်စွပ် တစ်ကွင်းကို ရှောင်လုံအား ပြန်ပေးလိုက်သည်။
ရှောင်လုံကလည်း တုန့်ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း လက်ခံလိုက်သည်။ ထိုနောက် အင်မော်တယ်ကျောက်တုံးတစ်တုံးအား   အနက်ရောင် သူရဲကောင်း လေလံတင်အိမ်တွင် လေလံတင်မည့်အကြောင်းကို ဖုယန်နှင့် ရှောင်လုံတို့နှစ်ယောက် အသေးစိတ် တိုင်ပင်လိုက်သည်။ ဤလေလံသတင်းကို
အရူးမိန်းမကြီးသာ ကြားသိခဲ့လျှင် အနက်ရောင် သူရဲကောင်းမြို့ဆီသုိ့ သုတ်ခြေတင်ပြီး ရောက်ရှိလာမှာဘဲ ဖြစ်သည်။
ရှီရှောင်ဖေး၏ ပြဿနာကို အခုချက်ချင်း ဖြေရှင်း
မပေးနိုင်ခဲ့သော်လည်း နောက်ထပ် အချိန်တစ်နှစ်အတွင်း ဖြေရှင်းနိုင်မည့် ရာခိုင်နှုန်းများက အလွန်များပြားနေတာကြောင့် ရှောင်လုံလည်း စိတ်ပေါ့ပါးသွားသည်။ ရှောင်လုံ၏ သိုင်းအဆင့် တက်နှုန်းအရ အဆင့်မြင့် နတ်ဘုရားတစ်ယောက် ဖြစ်လာမည့်ရက်က မဝေးလှပေ ။ ထိုကဲ့သို့ အဆင့်မြင့်နတ်ဘုရားတစ်ယောက် ဖြစ်လာသည်နှင့် ရှောင်လုံက နတ်ကမ္ဘာများဆီသို့ ကူးပြောင်းရမှာဖြစ်သည်။
နိမ့်ကျသော ကမ္ဘာများတွင် အချိန်အကြာကြီးနေနိုင်မှာ မဟုတ်ပေ ။ ထိုကြောင့် ရှီရှောင်ဖေး၏ သန့်စင်သော ဗုဒ္ဓညဏ်အလင်းရောင် ခန္ဓာကိုယ် စောစောစီးစီ နိုးထလာစေရန် ရှောင်လုံ စိတ်ထဲမှာ မျှော်လင့်နေသည်။ ထိုကဲ့သို့ နိုးထလာပါက ရှီရှောင်ဖေးလည်း အဆင့်မြင့် နတ်ဘုရားတစ်ယောက် အလျင်အမြန် ဖြစ်လာနိုင်သည်။ ထိုအချိန်ကြလျှင် သူတို့နှစ်ယောက်လုံး နတ်ကမ္ဘာဆီသို့ အတူတူ ကူးပြောင်းသွားနိုင်မှာ ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ရှောင်လုံက သူ့အချိန်များကို  ခြံဝန်းအမှတ် ၁ အတွင်း ဝိညာဉ်ကျောက်တုံးများ စုစည်းခြင်းဖြင့်သာ အဓိက ကုန်ဆုံးလိုက်သည်။
ယခင်က တစ်ရက်ကို ရှောင်လုံ ဝိညာဉ်ကျောက်တုံး နှစ်သောင်းကျော် စုစည်းနိုင်ခဲ့သည်။ ယခု သူသိုင်းကျင့်စဉ်ကလည်း တိုးတက်လာခြင်းကြောင့်
ဝိညာဉ်ကျောက်တုံးအဖြစ် ဖွဲ့စည်းသည့် လုပ်ငန်းစဉ်က ပိုမိုမြန်ဆန်လာသည်။ ထို တစ်လ အဆုံးသတ်ချိန်တွင် ရှောင်လုံ သိုလှောင်လက်စွပ်အတွင်း၌ အဆင့် ၁ ဝိညာဉ်ကျောက်တုံး ၇သန်းကျော်ကို ထပ်မံ၍ ပေါင်းထည့်နိုင်ခဲ့သည်။
ရှောင်လုံ ခြံဝန်း အမှတ် ၁ မှ ထွက်၍ ကူပြောင်းအစီအရင်ကို ဖြတ်သန်းပြီး အနက်ရောင် သူရဲကောင်းမြို့ဆီသို့ ရောက်ရှိလာသည်။ ရှောင်လုံက အနက်ရောင် သူရဲကောင်းမြို့ရှိ မိုးပြာရောင် ပင်လယ်ကုန်သည်အဖွဲ့ခွဲဆီသို့ ဦးတည်၍ သွားလိုက်သည်။ ရှောင်လုံ ရောက်ရှိလာကြောင်း ကြားသိလိုက်ရသောအခါ ရှောင်လုံကို အထူးဧည့်သည်ကဒ်ပေးခဲ့သော မန်ရှ ကိုယ်တိုင် ရင်းရင်းနှီးနှီး လာရောက်ကြိုဆိုသည်။ 
ရှောင်လုံ၏ လာရင်းအကြောင်းကိုကြားသိလိုက်ရသောအခါ မန်ရှမျက်လုံးများက ချက်ချင်း တောက်ပလာသည်။ အရင် တစ်ခေါက်က ရှောင်လုံ လာရောက် လဲလှယ်ခဲ့သော အဆင့်မြင့် အဆင့် ၁ ဝိညာဉ်ကျောက်တုံးများကို သူ့တို့ ကုန်သည်အဖွဲ့မှ အကဲဖြတ်များက ထိပ်တန်းအရည်အသွေး ရှိသည်ဟု အကဲဖြတ်ခဲ့ကြသည်။ ထိုရောင်းဝယ် ဖြစ်ခဲ့မှုကြောင့် ကုန်သည်အဖွဲ့ခွဲ၏ အကြီးအကဲ ကိုယ်တိုင် မန်ရှကို ဆုချီးမြှင့်ခဲ့သည်။
"... ညီလေးရေ ဒီတစ်ကြိမ်ရော ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပမဏလောက်ကို အလဲအလှယ် လုပ်ချင်တာလဲ ...?"
မန်ရှက တောက်ပသော အပြုံးလေးဖြင့် မေးမြန်းလိုက်သည်။
".... အားလုံးပေါင်းဆိုရင် ခုနှစ်သန်းကျော်မယ်ထင်တယ် ..."
ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်။
ရှောင်လုံ၏ ရိုးရိုးရှင်းရှင်း အဖြေက မန်ရှကို ကုလားထိုင်ပေါ်မှ ပြုတ်ကျသွားလုမတတ် ကြောက်လန့်တုန်လှုပ်သွားစေသည်
"... ခု....ခုနှစ်သန်းကျော် ဟုတ်လား ...?"
မန်ရှက ရှောင်လုံအား အံ့သြမှင်တက်စွာ ငေးကြည့်ရင်း ပြန်မေးလိုက်သည်။
ခုနှစ်သန်းကျော် ....အဲ့ဒါဆို ဘယ်လောက်တောင် တန်ကြေး ရှိမလဲ ...?
ဆယ် ဘီလီယံ .....!
မန်ရှ စိတ်ထဲမှာ တွက်ချက်ကြည့်လိုက်သည်။
သူစိတ်မှန်းဖြင့် တွက်ချက်လိုက်သော ပမဏကြောင့် မန်ရှတစ်ယောက် နှလုံးခုန်နှုန်းများပါ မြန်ဆန်လာသည်။ သူတို့ ကုန်သည်အဖွဲ့က အနက်ရောင် လိပ်ကြယ်စင်စု အတွင်းမှ အကြီးဆုံး ကုန်သည်အဖွဲ့များထဲတွင် တစ်ခု အပါအဝင်ဖြစ်သော်လည်း ရွှမ်းဝူ ဆယ် ဘီလီယံနှင့်အထက် အရောင်းအဝယ်ကို အကြိမ်အနည်းငယ်သာ လုပ်ဆောင်ခဲ့ဘူးသည်။
"... ဟုတ်တယ် ..."
ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။
ရှောင်လုံ ထံမှ အတည်ပြုချက်ကိုရသည်နှင့် မန်ရှလည်း ထိုင်နေရာမှ ခုန်ထပြီး အလောတကြီး ပြောလိုက်သည်
".... ညီလေး ...ဒီမှာ ခဏလောက် စောင့်နေအုံးနော် ... ကျုပ်တို့ ကုန်သည်အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးကလည်း အနက်ရောင် သူရဲကောင်းမြို့ကို တိုက်တ်ိုက်ရောက်နေတယ်  ... ကျုပ် အခုချက်ချင်း ခေါင်းဆောင်ကြီးကို သွားဖိတ်ခေါ်ခဲ့ပါ့မယ် ..."
ဤမျှ တန်ကြေးရှိသည့် အရောင်းအဝယ်က သူ့ဆုံးဖြတ်နိုင်သည်ထက် များစွာ ကျော်လွန်သွားချေပြီ ။
.....
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၅၈၅ ......
ခဏကြာပြီးနောက် သတ်လတ်ပိုင်းအရွယ် တည်ကြည်ခန့်ငြားသော လူတစ်ယောက်နှင့်အတူ မန်ရှပြန်လည်ရောက်ရှိလာသည်။ မန်ရှ နှင့်အတူရောက်ရှိလာသူက မိုးပြာရောင် ပင်လယ် ကုန်သည်အဖွဲ့၏ ခေါင်းဆောင် ဟူစုရှင်း ဖြစ်သည်။
ဟူစုရှင်းက ရှောင်လုံကိုမြင်လိုက်ချိန်တွင် အနည်းငယ် အံ့အားသက့်သွားဟန်တူသည်။ ထိုနောက် သူက အားရပါးရ ရယ်မောရင်းပြောလိုက်သည်
".... ကျုပ်က ဘယ်သူများလဲလို့ လမ်းတစ်လျှောက်စဉ်းစားလာတာ ...လတ်စသတ်တော့ အနက်ရောင် သူရဲကောင်း တက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့  အချစ်ဆုံးတပည့် ညီလေး ရှောင်လုံ ဖြစ်နေတာကိုး ....""
လွန်ခဲ့သော နှစ်ပိုင်းက ကျင်းပခဲ့သော ဖုယန်၏ တပည့်အသစ်လက်ခံပွဲ အခမ်းအနားကို ဟူစုရှင်းလည်း တက်ရောက်ခဲ့သည်။ ထိုကြောင့် ရှောင်လုံကိုမြင်မြင်ချင်း မှတ်မိသွားခြင်း ဖြစ်သည်။
"... အနက်ရောင် သူရဲကောင်း ကျောင်းအုပ်ကြီးရဲ့ အချစ်ဆုံး တပည့်  .....?"
ထိုစကားက မန်ရှ ၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချလိုက်သလို မည်ဟိန်းသွားလေသည်။
ရှောင်လုံကိုကြည့်နေရင်း သူ့မျက်လုံးများက လက်သီးဆုပ်အရွယ်အစားခန့်  ပြူးကျယ်လာသည်။ မန်ရှလည်း အခုအချိန်မှ ရှောင်လုံမည်သူမည်ဝါကို သိရှိသွားခြင်း ဖြစ်သည်။
ရှောင်လုံမှန်းသိသွားတာကြောင့် နောက်ထပ် ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များက အရမ်းကို လွယ်ကူသွားသည်။ ခဏကြာပြီးနောက်  ရွှမ်းဝူ ဒင်္ဂါး ၁၁ ဘီလီယံ ထည့်ထားသော သိုလှောင်လက်စွပ်က ရှောင်လုံ ဆီသို့ ရောက်ရှိလာသည်။ ရှောင်လုံလည်း ဟူစုရှင်းနှင့်အတူ အချိန်အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် ပြန်လည်ထွက်ခွာရန် ဟူစုရှင်အား နှုတ်ဆက်လိုက်သည်။
ရှောင်လုံကို အဆောက်အဦးအဝအထိ ဟူစုရှင်းနှင့် မန်ရှတို့ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးကြသည်။
".... ကျောင်းအုပ်ဖုယန်က ဟောင်ရှောင်လုံကို ဒီလောက်အထိ ချစ်ခင်နှစ်သက်လိမ့်မယ်လုိ့ ကျွန်တော် မထင်ခဲ့ဘူး ... သူက ဟောင်ရှောင်လုံစိတ်ကြိုက်သုံးဖို့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးထားတာပဲ ..."
မန်ရှက ပျောက်ကွယ်သွားသော ရှောင်လုံနောက်ကျောကို ငေးကြည့်ရင်း ပြောလိုက်သည်။
"... ဟောင်ရှောင်လုံရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ဆိုရင် ကျောင်းအုပ် ဖုယန် ဒီလောက် ချစ်ခင်တာကိုလည်း အပြစ်ပြောလို့ မရဘူးကွ ..."
ဟူစုရှင်းက ထပ်ပြောလိုက်သည်
"... ဖုယန်ဆီမှာ အဲ့လောက် ထက်မြက်တဲ့ တပည့်တစ်ယောက် ရှိနေတာကို ငါတောင်မှ မနာလို ဖြစ်မိတယ် ..."
သူတို့စိတ်ထဲတွင် ရှောင်လုံ လာရောက်ရောင်းချသော ဝိညာဉ်ကျောက်တုံးများကို ဖုယန်ပေးထားသည်ဟုသာ ယူဆထားကြသည်။
ရှောင်လုံ အနက်ရောင် သူရဲကောင်းမြို့မှ ထွက်လာပြီးနောက် ချောင်ကျိမြို့ရှိ မိုးပြာရောင် ပင်လယ် ကုန်သည် အဖွဲ့ခွဲဆီသို့ သွားလိုက်သည်။
ပိုင်ရှင် သုံးယောက်က သူတို့အိမ်တော်များအား ရောင်းချရန် သဘောတူကြကြောင်း အကြီးအကဲ ဖန်ချွင့်ကျန်က  ရှောင်လုံကို သတင်းပို့လိုက်သည်။
သူတို့တောင်းဆိုသည့် စျေးနှုန်းက သူတို့ဝယ်ရင်းစျေးထက် ရွှမ်းဝူ သန်းနှစ်ရာကျော် ပိုများသည်။
ထိုကြောင့် အိမ်တော်သုံးခုပေါင်းကို ရွှမ်းဝူ ၆.၈ ဘီလီယံကျော် ကျသင့်မှာ ဖြစ်သည်။
ရှောင်လုံက စကားတစ်ခွန်းမှ မဆိုဘဲ လက်ကိုသာ တစ်ချက် ဝေ့ယမ်းလိုက်သည် ။ ရွှမ်းဝူ ဒင်္ဂါးများက ယခင် တစ်ခေါက်ကလို ကောင်းကင်ထက်မှ မိုးရွာသကဲ့သို့ ရွာကျလာသည်။ ဖန်ချွင့်ကျန်က ထိုမြင်ကွင်းအား သူ့အချစ်ဦးတစ်ယောက်ကို ကြည့်နေသလို မှင်တက်စွာဖြင့် ငေးကြည့်နေသည်။ ထိုအပြင် သူ့မျက်လုံးများကလည်း အရောင် တလက်လက် တောက်ပနေသည်။
ဖန်ချွင့်ကျန်က ရေတံခွန်လို ကျဆင်းနေသော ဒင်္ဂါးပြားများကို အချိန်အတော်ကြာအောင် ငေးမောကြည့်နေသည်။ ထိုနောက် သူ့ရင်ထဲမှာ ဖြစ်ပေါ်နေသည့် စိတ်လှုပ်ရှားမှုများကို ကြိုးစားထိန်းချုပ်ပြီး စာရွက်စာတန်းကိစ္စကို ဆက်လက် ဆောင်ရွက်လိုက်သည်။
စာချုပ်စာတန်း ကိစ္စပြီးဆုံးသွားပြီးနောက်  ပရိဘောဂ ဝယ်ရန်အတွက် ရှောင်လုံက နောက်ထပ် ရွှမ်းဝူ တစ်ဘီလီယံ ထပ်ပေးလိုက်သည်။
တစ္ဘီလီယံ ...!
ကြီးကြပ်ရေးမှူး ဖန်ချွင့်ကျန်လည်း စကားမပြောနိုင်အောင် ဖြစ်သွားသည်။ ရှောင်လုံ ပရိဘောဂ ဝယ်ရန်ပေးထားသည့် ငွေကြေးက သူနေထိုင်နေသည့် အိမ်တော်ကိုပင် ဝယ်ယူနိုင်သည်။ ထိုကြောင့် ဖန့်ချွင့်ကျန် စိတ်ထဲမှာ ရှောင်လုံမည်သူ မည်ဝါဆိုသည်ကို အရမ်း သိချင်သွားသည် ။ သူတို့ကုန်သည်အဖွဲ့တွင် ရှောင်လုံ စုစုပေါင်း အသုံးပြုထားသည့်ငွေကြေးပမာဏက ရွှမ်းဝူ ဆယ်ဘီလီယံနီးပါး ရှိနေသည်။ ရွှမ်းဝူ ဆယ်ဘီယံခန့်ကို မျက်တောင် တစ်ချက်မခတ်ဘဲ ထုတ်သုံးနိုင်ကတည်းက ရှောင်လုံ၏နောက်ခံက ရိုးရှင်မှာ မဟုတ်ကြောင်း ဖန်ချွင့်ကျန်လည်း ခန့်မှန်း မိလိုက်သည်။
အိမ်တော်သုံးခုကို ဝယ်ယူပြီးနောက် ရှောင်လုံက အကြီးအကျယ် ပြုပြင်ခဲ့ခြင်း မရှိပေ ။ အိမ်တော်သုံးခုနှင့် နတ်ခံတပ်အိမ်တော်ကြီးကိုသာ ချိတ်ဆက်ရန် အမိန့်ပေးခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ခဲ့မှုကြောင့် နတ်ခံတပ်အိမ်တော်ကြီးကလည်း သုံးဆနီးပါး ကျယ်ပြန့်လာသည်။ ကြီးမားကျယ်ပြန့်လာသော နတ်ခံတပ် အိမ်တော်ကြီးထဲတွင် လူအယောက်နှစ်ရာကျော် သက်တောင့်သက်သာဖြင့် နေထိုင်နိုင်သွားကြသည်။ ထိုအပြင် နတ်ခံတပ်အိမ်တော်က ချောင်ကျိမြို့၏ အကြီးဆုံးအိမ်တော်ကြီးတစ်ခုလည်း ဖြစ်လာသည်။
ချောင်ကျိမြို့ပေါ်တွင် အန္တရာယ် တစ်စုံတစ်ရာမရှိတာကြောင့် ရှောင်လုံလည်း နတ်ခံတပ်အိမ်တော်အတွက် အစောင့်အသစ်များ ခေါ်ယူခဲ့ခြင်း မရှိပေ ။ နတ်ခံတပ်အိမ်တော်ကို ချဲ့ထွင်ခဲ့ပြီးနောက် ရှောင်လုံက သူ့မိသားစုနှင့် မိတ်ဆွေများကို ငွေကြေးများ ထပ်မံပေးအပ်ခဲ့သည်။
ဟောင်မိသားစုတစ်ခုလုံးကို ကောင်းမွန်စွာ အထိုင် ချပြီးနောက် နောက်ထပ်သုံးလကို မြူမိုး တောင်ထိပ်မှ ခြံဝန်း အမှတ် ၁ အတွင်း၌ နေထိုင်ပြီး သိုင်းလေ့ကျင့်မှုကိုသာ အာရုံစိုက်ရန် ရှောင်လုံ ဆုံးဖြတ်လိုက်သည်။
ရှောင်လုံ၏ လက်ရှိခွန်အားနှင့်ဆိုလျှင် အတွင်းစည်း ကျောင်းသား အမှတ်စဉ်၌ ထိပ်ဆုံး သုံး နေရာအတွင်းသို့ သေချာပေါက် ဝင်နိုင်သည်။
သို့သော် ရှောင်လုံအတွက် ထိုအဆင့်က မလုံလောက်သေးပေ ။
ယင်းမိသားစုကြောင့် ဖြစ်ခဲ့သော မတော်တဆမှုတွင် လျှိုယွင်နှင့် ချီဝမ်တို့၏ အကူအညီကြောင့်သာ ရှောင်လုံ မိသားစု အသက်ချမ်းသာရာ ရခဲ့ခြင်း ဖြစ်သည်။ ရှောင်လုံတစ်ယောက်တည်းသာ ဆိုလျှင်
သူ့မိသားစုများ အသတ်ခံနေရသည်ကို ရင်နာနာဖြင့် ထိုင်ကြည့်နေရမှာ ဖြစ်သည်။
ယင်းမိသားစုတစ်ခုလုံးကို ချေမှုန်းနိုင်ရန် ဝေးစွ
ရှောင်လုံ၏ လက်ရှိခွန်အားနှင့် ယင်းမိသားစု၏ မည်သည့်အကြီးအကဲကိုမှ မယှဉ်နိုင်သေးပေ ။
ယခုအချိန်တွင် အဆင့်မြင့်နတ်ဘုရား အဆင့်သည့် ရှောင်လုံအတွက် အလွန်ပင် ဝေးကွာနေသေးသည်။
ရှောင်လုံလက်ရှိ ပစ်မှတ်ထားနေသည်မှာ နတ်ဘုရားအဆင့် ၄ သို့ မြန်နိုင်သမျှ အမြန်ဆုံး ဖြတ်ကျော်ရောက်ရှိရန် ဖြစ်သည်။ ရှောင်လုံ နတ်ဘုရား အဆင့် ၄ သို့ရောက်ခဲ့လျှင် သူ့အကိုကြီး လျှိုယွင်၏ အကူအညီကို မယူဘဲ ယင်းမိသားစု၏ အကြီးအကဲများကို သူ့လက်နှင့်ကိုယ်တိုင် သတ်ဖြတ်နိုင်စွမ်း ရှိလာမှာ ဖြစ်သည်။
ယခုသုံးလအတွင်း နတ်အတွင်းအား နည်းစနစ် ၊
နတ်တောင်ရွှမ်းမီသိုင်းတို့ကို လေ့ကျင့်ခြင်းအပြင်
စိတ်အာဏာ နည်းစနစ် နှင့် ရှေးဟောင်း ရုပ်သေးရုပ်ထိန်းချုပ်နည်းစနစ်တို့ကိုလည်း တိုးတက်လာအောင် အာရုံစိုက်၍ လေ့ကျင့်ခဲ့သည်။
ထိုအပြင် နဂါးရတနာ အကာအကွယ် ကိုယ်လုံသိုင်းကြောင့် ရှောင်လုံကိုယ်ထဲမှာ ဖြစ်ပေါ်နေသည့် အစီအရင်များကြောင့် သူ့ခန္ဓာကိုယ်က နေ့ရက်တိုင်း ပိုပိုပြီး ကြံခိုင်သန်စွမ်း လာသည်။
သုံးလကြာပြီးနောက် ရှောင်လုံက သူ့၏ တံခါးပိတ် လေ့ကျင့်ခန်းကို အဆုံးသတ်လိုက်သည်။
အချိန်သုံးလကုန်လွန်ခဲ့သော်လည်း ရှောင်လုံ အတွင်းအားက နတ်ဘုရားအဆင့် ၂ နောက်ဆုံး အဆင့် သို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိဘဲ နတ်ဘုရားအဆင့် ၂ အလယ်၏ အထွတ်အထိပ်ကိုသာ ရောက်ရှိခဲ့သည်။
အခြေအနေများက ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် နောက်ထပ် တစ်လအတွင်း နတ်ဘုရားအဆင့် ၂ နောက်ဆုံး အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ရှောင်လုံက ယုံကြည်ထားသည်။
ရှောင်လုံ သူ့ခြံဝန်းအတွင်းမှ ထွက်လာပြီးနောက် သူ့အကိုကြီး လျှိုယွင်နေထိုင်သည့် ပြိုင်ဘက်ကင်း တောင်ထိပ်မှ  အင်မော်တယ် လှိုဏ်ဂူဆီသို့ အလည်အပတ် သွားလိုက်သည်။
အနက်ရောင် သူရဲကောင်း တက္ကသိုလ်တွင် အတွင်းစည်းကျောင်းသားတိုင်း ကိုယ်ပိုင်ခြံဝန်းကို ပိုင်ဆိုင်ကြသည်။ သို့သော် အထူးကျောင်းသားများအတွက်သူတို့ ကြိုက်နှစ်သက်ရာ တောင်ထိပ်တွင် သူတို့ကိုယ်ပိုင် လှိုဏ်ဂူများကို တည်ဆောက်ခွင့်ပေးထားသည်။
တောင်တစ်တောင်လုံးကို အထူး ကျောင်းသားတစ်ယောက်ထဲက ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။
လျှိုယွင် နေထိုင်သော လှိုဏ်ဂူက ပြိုင်ဘက်ကင်း တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ ရှောင်လုံနေထိုင်သော မြူမိုးတောင်ထိပ်နှင့် အနည်းငယ် ဝေးကွာသောနေရာတွင် တည်ရှိသည်။ ရှောင်လုံ၏ အမြန်နှုန်းနှင့်ပင် ပြိုင်ဘက်ကင်းတောင်ထိပ်သို့ရောက်ရန် နှစ်ရက်ကြာအောင် ပျံသန်းလိုက်ရသည်။
သူ့၏ ညီအငယ်ဆုံးလေး အလည်အပတ် ရောက်လာသည့်အတွက် လျှိုယွင်လည်း အလွန်ကို ပျော်ရွှင်သွားပြီး ရှောင်လုံကို နွေးထွေးစွာဖြင့် ကြိုဆိုလိုက်သည်။ ရှောင်လုံ ကျောင်းအုပ်ကြီး ဖုယန်၏ လက်ရင်း တပည့်ဖြစ်လာခဲ့ပြီးနောက် လျှိုယွင်ဆီသို့ ယခုမှ ပထမဆုံး အကြိမ်အဖြစ် လာရောက်လည်ပတ်ခြင်း ဖြစ်သည်။
လျှိုယွင်ကလည်း သူကိုယ်တိုင် ပြုလုပ်ဖော်စပ်ထားသော ဝိုင်ပုလင်းနှင့် ရှောင်လုံကို ဧည့်ခံလိုက်သည်။
သူတို့နှစ်ယောက်က တစ်နေ့ တစ်ညလုံး ဝိုင်သောက်ရင်း ကြယ်စင်စုကြီး အတွင်းမှ မိသားစုများ ၊ ပတ်သတ် ဆက်နွယ်မှုများ နှင့် အနက်ရောင် သူရဲကောင်း တက္ကသိုလ် အကြောင်းကို ဆွေးနွေပြောဆိုကြသည်။
ရှောင်လုံက ဖုယန်၏ လက်ရင်း တပည့်များထဲတွင် လျှိုယွင်နှင့် အနီးစပ်ဆုံးဖြစ်သည်။ အထူးသဖြင့် လျှိုယွင်က  ယင်းမိသားစု၏ အန္တရာယ်ကို ကာကွယ်ပေးခဲ့သည်အတွက် ရှောင်လုံရင်ထဲမှာ လျှိုယွင် အပေါ် အကြွေးတင်နေသလို ခံစားနေရသည်။
".... ညီ ၄ .... အပြင်ကိုထွက်ပြီး အလုပ်လုပ်နေတဲ့ ကျောင်းပီက နောက်နှစ်ရက်လောက်ဆို ပြန်လာတော့မှာနော် ...."
လျှိုယွင်က ထပ်ပြောလိုက်သည်
".... အတွင်းစည်းကျောင်းသားတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျောင်းပီကိုတော့ မင်း ဂရုစိုက်သင့်တယ် .. ကျောင်းပီက နတ်ဘုရား အဆင့် ၄ကို ရောက်နေပြီ .... အဲ့ဒါကြောင့် သူ့ခွန်အားက လီတုဖန်တို့လို နိမ့်ကျမှာမဟုတ်ဘူး .... နောက်ပြီးတော့ ကျောင်းပီက အာဟတ်ရွှေရောင် ဗုဒ္ဓ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ .... နတ်ဘုရားအဆင့် ၄ နောက်ဆုံး အဆင့် သိုင်းပညာရှင်တွေတောင် သူ့ကို မယှဉ်နိုင်ကြဘူး .... မင်းက သူ့ညီဝမ်းကွဲ လီတုဖန်ကို ဒဏ်ရာရအောင် လုပ်ထားတာဆိုတော့
သူပြန်လာတာနဲ့ မင်းကိုသေချာပေါက်ပြဿနာ ရှာလိမ့်မယ် ...."
ရှောင်လုံက ပြုံးရင်း အာမခံလိုက်သည်။
"... အကိုကြီး စိတ်ချပါ ... ကျောင်းပီလည်း ကျွန်တော်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ဖို့ မလွယ်ပါဘူး ...."
လွန်ခဲ့သော နှစ်ဝက်ခန့်က  အာဟတ် ရွှေရောင် ဗုဒ္ဓ ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် ကျောင်းပီနှင့်  ရင်ဆိုင်ရန် ရှောင်လုံဆီမှာ ယုံကြည်ချက်မရှိခဲ့သော် လည်း ယခုအချိန်တွင် ယုံကြည်ချက် အနည်းငယ်ရှိနေသည် ။
Continue Reading
You'll Also Like
20.5K 2.8K 32
ប្តូរពីក្មេងប្រុសធម្មតាម្នាក់ ក្លាយជាសំណព្វចិត្តមនុស្សមានអំណាចដែលត្រូវបានមនុស្សគ្រប់គ្នាខ្លបខ្លាច គេទទួលបានទាំងការថ្នាក់ថ្នម នឹងការមើលថែ ប្រៀបបានដូចជ...
52.5K 832 15
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...
125K 1.9K 25
710K 17.3K 51
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...