ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

561 - 565

189 12 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၆၁ ..... ငရဲတံခါးဖွင့်လှစ်ခြင်း

သဘာဝဝိညာဉ်သန္ဓေသားလောင်း၏ စွမ်းအားများကို စုပ်ယူပြီးနောက် သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားမှ ဝိညာဉ်စွမ်းရည်အဖြစ် ပြောင်းလဲနိုင်သည့် စွမ်းအားကို ရှောင်လုံ ပိုင်ဆိုင်လာခဲ့သည်။

ရှောင်လုံက လေထဲတွင် ပျံဝဲနေသည့် ဝိညာဉ်ကျောက်တုံးလေးကို တစ်ချက်ကြည့်လိုက်သည်။ ထိုနောက် သူ့လက်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ညင်သာသော အင်အားတစ်ခုက ဝိညာဉ်ကျောက်တုံးလေးကို သူ့လက်ပေါ်သို့ ဆွဲယူပေးလိုက်သည်။
သို့သော် သူ့လက်ထဲမှ ဝိညာဉ်ကျောက်တုံးကိုကြည့်ပြီး ရှောင်လုံအနည်းငယ် စိတ်ပျက်သွားသည်။ သူ့လက်ထဲမှ ဝိညာဉ်ကျောက်တုံးက အဆင့် ၂ ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ဖြစ်သည်။

အဆင့် ၂ ဝိညာဉ်ကျောက်တုံးက သိုင်းဝိညာဉ်ကမ္ဘာကဲ့သို့ ကမ္ဘာငယ်များတွင် တန်ဖိုးအနည်းငယ် ရှိသော်လည်း အနက်ရောင် လိပ် ကမ္ဘာတွင် အဆင့် ၁ နှင့် အထက် ဝိညာဉ်ကျောက်တုံးများကသာ တန်ဖိုးရှိသည်။

"... ဟေ့ကောင်လေး .... မင်းက လောဘကြီးလွန်းမနေဘူးလားကွ .... "

ရှောင်လုံမျက်နှာပျက်သွားတာကို သတိပြုမိလိုက်သော အောင်းတိုင်ရီက ဒေါသတကြီး ပြောလိုက်သည်

".... ဒါက အခုမှ ပထမဆုံးအကြိမ်ကြိုးစားတာလေ ... အဲ့ဒါတောင် မင်းက အဆင့် ၂ ဝိညာဉ်ကျောက်တုံးကို စုစည်းနိုင်ခဲ့တယ် မဟုတ်လား ....
မင်းရဲ့ ခွန်အားပိုပြီးတိုးတက်လာရင် အဲ့ဒီစွမ်းရည်ကလည်း ပိုပြီးတိုးတက်လာမှာပေါ့....
အချိန်တစ်ခုလောက် စောင့်လိုက်ရင်ဘဲ အဆင့် ၁ ဝိညာဉ်ကျောက်တုံးကို စုစည်းနိုင်မှာပါ ..."

ထိုစကားကြာပြီးနောက် ရှောင်လုံမျက်နှာထက်မှ စိတ်ပျက်လက်ပျက်ဖြစ်နေမှုများ ပျောက်ကွယ်သွားသည်။
ရှောင်လုံက စိတ်အားတက်လာပြီး လေဟာနယ်ထဲ့သို့ နောက်တစ်ကြိမ် လက်ဆန့်ထုတ် လိုက်သည် ။ ရှောင်လုံလက်ဝါးက ဝိညာဉ်စွမ်းအင် အများအပြားကို ဆွဲယူလိုက်သည်။ ဝိညာဉ်စွမ်းအားများက ရှောင်လုံလက်ဝါးပတ်လည် တွင်လည်ပတ်နေသည်။ ထိုနောက် ဒုတိယဝိညာဉ်ကျောက်တုံးတစ်ခု ဖြစ်ပေါ်လာသည်။

ယခုတစ်ခေါက် ဖြစ်ပေါ်လာသည့် ဝိညာဉ်ကျောက်တုံးထဲတွင် ပိုမိုများပြားသော ဝိညာဉ်စွမ်းအားများ ပါဝင်နေသလို ကျောက်တုံးထဲတွင် စီးဆင်နေသည့် ဝိညာဉ်စွမ်းအားများကလည်း ပိုပြီးတည်ငြိမ်နေသည်။

လက်ရှိအနေအထားကို မကျေနပ်သေးသော ရှောင်လုံက  ဝိညာဉ်ကျောက်တုံးများကို မမောပန်းသည့်ပုံစံဖြင့် အဆက်မပြတ် စုစည်းလိုက်သည်။ ရှောင်လုံ၏ ဖိတ်ခေါ်မှုကြောင့် လေဟာနယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ထိုစွမ်းအားများက ဝိညာဉ်ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

တစ်နာရီ ၊ နှစ်နာရီ ၊ သုံးနာရီ ကုန်လွန်သွားသည်။

ရှောင်လုံလည်း နတ်ဘုရားအဆင့် ဝိညာဉ်ဆေးတစ်လုံးကိုမြိုချ၍ သူ့သိုင်းဝိညာဉ်၏ ချက်ချင်းခွန်အားပြန်လည်ဖြည့်တင်းခြင်းစွမ်းရည်ကို ထုတ်သုံးကာ ကုန်ဆုံးသွားသော အတွင်းအားများကို ပြန်လည်ဖြည့်တင်းလိုက်သည်။
ဝိညာဉ်စွမ်းအားများကို ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲခြင်းဖြစ်စဉ်က လွယ်ကူသည်ဟုထင်ရသော်လည်း ထိုကဲ့သို့ ပြောင်းလဲနိုင်ရန်အတွက် အတွင်းအား အမြောက်အမြားကို အသုံးပြုရသည်။

ရှောင်လုံသာ နတ်ဘုရားအဆင့် ၁ နောက်ဆုံးအဆင့်သို့ ရောက်မနေခဲ့လျှင် ထိုကဲ့သို့ အဆက်မပြတ် ပြောင်းလဲနိုင်မှာ မဟုတ်ပေ။
ထိုကဲ့သို့ ပြောင်းလဲရန် ကြိုးစားခဲ့ပါက နာရီဝက်အတွင်း သူ့အတွင်းအားအကုန်လုံး ကုန်ဆုံးသွားနိုင်သည်။

အတွင်းအားများ ပြည့်နှက်လာပြီးနောက် ဝိညာဉ်ကျောက်တုံးများကို ထပ်မံစုစည်းလိုက်သည်။

မကြာခင် ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုကြီးက ဖုံးလွှမ်းသွားသည်။ ရှောင်လုံ၏ အမြန်နှုန်းက ပို၍ မြန်ဆန်လာသည်။ ရှောင်လုံက ပထမဆုံးဝိညာဉ်ကျောက်တုံးကို စက္ကန့်အတော်ကြာအောင် စုစည်းခဲ့ရသည် ။ သို့သော် တစ်ရက်ကြာပြီးနောက် ဝိညာဉ်ကျောက်တုံးတစ်တုံး ဖန်တီးရန် သုံးစက္ကန်မျှသာ ကြာမြင့်တော့သည်။ အချိန်ကြာလာသည်နှင့်အမျှ ရှောင်လုံက ထိုနည်းစနစ်နှင့် ပို၍ ရင်းနှီးလာသည်။

တစ်ရက်ကြာပြီးနောက်တွင်လည်း အဆင့် ဝိညာဉ်၂ ကျောက်တုံးအဆင့်၌သာ ရှိနေသေးသည်။ သို့သော်  ဝိညာဉ်ကျောက်တုံး၏ အရည်အသွေးက ပို၍ ကောင်းမွန်လာသည် ။ ထိုအရာက အနည်းငယ်မျှ တိုးတက်မှုလေး ဖြစ်သော်လည်း ရှောင်လုံကတော့ အရမ်းကို ပျော်ရွှင်သွားသည်။ ဤအမြန်နှုန်းနှင့်ဆိုလျှင် အဆင့် ၁ ဝိညာဉ်ကျောက်တုံးများကို စုစည်းနိုင်ရန် အချိန်မဝေးတော့ပေ ။

အချိန်ဆယ့်ငါးရက်ခန့် ထပ်မံကုန်ဆုံးသွားသည်။
အဆင့်နိမ့်အဆင့်မှ အလယ်အလတ် အဆင့်သို့ တိုးတက်ခဲ့သော ဝိညာဉ်ကျောက်တုံးများက ယခုအချိန်တွင် အဆင့်မြင့် အဆင့်အထိ ရောက်ရှိလာသည်။ ထိုအပြင် ရှောင်လုံအတွက် အဆင့်မြင့် အဆင့် ၂ ဝိညာဉ်ကျောက်တုံးတစ်တုံး စုစည်းရန် တစ်စက္ကန့်သာ ကြာမြင့်တော့သည် ။

တစ်လကြာပြီးနောက်

ဝိညာဉ်ကျောက်တုံး၏ အရည်အသွေးက ဆက်လက် တိုးတက်လာပြီး ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားသည်။ ထိပ်တန်းအဆင့်၂၏  အထက်တွင် အဆင့်နိမ့် အဆင့် ၁ ဝိညာဉ်ကျောက်တုံး ရှိနေသည်။

ကုန်ဆုံးခဲ့သော အချိန်တစ်လတွင် ရှောင်လုံအတွင်းအားများက ကုန်ဆုံးလိုက် ပြန်လည် ဖြည့်တင်းလိုက် စသဖြင့် ထပ်ခါထပ်ခါ လည်ပတ်နေခဲ့သည်။ ထိုကဲ့သို့ အကန့်အသတ်တစ်ခုအထိ အမြဲတွန်းပို့နေခြင်းကြောင့် ရှောင်လုံချီပင်လယ်အတွင်းမှ အတွင်းအားအရည်များက ပို၍ များပြားလာသည်။
ထိုအပြင် ရှောင်လုံက အတွင်းအားကို ထိန်းချုပ်သည့်နေရာတွင် ပိုမိုကျွမ်းကျင်လာသည်။

နှစ်လကုန်ဆုံးသွားသည်။

ရှောင်လုံက လေဟာနယ်အတွင်းသို့ ဖမ်းဆုပ်လိုက်သည်။  လေထဲမှ ဝိညာဉ်ကျောက်တုံးသုံးတုံး ချက်ချင်း ပြုတ်ကျလာသည်။
ယခုအချိန်မှာတော့ ရှောင်လုံက တစ်က္ကန့်အတွင်း ဝိညာဉ်ကျောက်တုံး သုံးတုံးအထိ စုစည်းနိုင်နေပြီ ဖြစ်သည်။ သို့သော်  ဝိညာဉ်ကျောက်တုံးတွေကိုကြည့်ပြီး  ရှောင်လုံလည်း မျက်မှောင်ကြုတ်သွားသည်။ အချိန်နှစ်လကျော်ကုန်ဆုံးသွားသော်လည်း အဆင့် ၁ ဝိညာဉ် ကျောက်တုံးကို စုစည်းနိုင်ခြင်း မရှိသေးပေ။
ရှောင်လုံ မည်မျှပင်ကြိုးစာစေကာမူ ယခုအချိန်တွင်
ထိပ်တန်းအဆင့် ၂ ဝိညာဉ်ကျောက်တုံးကိုသာ စုစည်းနိုင်စွမ်းရှိသည်။

"... တကယ်တော့ နှစ်လထဲနဲ့ ထိပ်တန်း အဆင့်် ၂ ဝိညာဉ်ကျောက်တုံးကို စုစည်းနိုင်တာကတောင် တော်တော်လေး အံ့သြစရာကောင်းနေပြီ ....

နဂါးအင်ပါရာ အောင်းတိုင်ရီက ဖျောင်းဖျ လိုက်သည်

"... အလွယ်တကူသာ ပြုလုပ်နိုင်နေမယ်ဆိုရင် အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေက ဘယ်လိုလုပ်ပြီး အဖိုးတန်တော့မှာလဲ ...."

ရှောင်လုံက အသက်ပြင်းပြင်းတစ်ချက်ရှုသွင်း၍ ခေါင်းညိတ်ပြလိုက်သည်။ ထိုနောက် သဘာဝိညာဉ်သန္ဓေသားလောင်းကို ကာကွယ်ပေးထားသည့် ဧရာမ ကျောက်စိမ်းတုံးကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ ဤကျောက်စိမ်းတုံးက
နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးထက်ပင် ပို၍ အဖိုးတန်သည့် အရာဖြစ်သည်။

ကြီးမားသော ကျောက်စိမ်းတုံးကြီးကို ကြည့်ရင်း
ရှောင်လုံက အကြံတစ်ခုရသွားသည်။ ရှောင်လုံက သဘာဝစိတ်ဝိညာဉ် သန္ဓေသားလောင်းကို စုပ်ယူပြီးနောက် ဤကဲ့သို့ စုစည်းနိုင်သည့် စွမ်းရည်ကို ရရှိခဲ့သည်။ ဤကျောက်စိမ်းတုံးကြီးက သဘာဝစိတ်ဝိညာဉ် သန္ဓေသားလောင်းကို ပြုစုပြိုးထောင်ခဲ့သည့် အရာတစ်ခု ဖြစ်နိုင်သည်။ ထိုကြောင့်
ရှောင်လုံ အဆင့် ၁ ဝိညာဉ်ကျောက်တုံးများ စုစည်းရာတွင်  အကူအညီပေးနိုင်လောက်သည်။

ရှောင်လုံ၏ စိတ်ဝိညာဉ်က ကျောက်စိမ်းတုံးအတွင်းသို့ တိုးဝင်သွားသည်။ ထိုနောက် စကြာဝဠာကြီးတစ်ခုနှင့်တူသော မီးခိုးရောင် လေဟာနယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

ရှောင်လုံက တုန်သွားသည်။
ဟုတ်တယ် ...လေဟာနယ် ....!

ဤနေရာက လေဟာနယ် တစ်ခု ဖြစ်သည် ။
အဆင့်၁ ဝိညာဉ်ကျောက်တုံးနှင့်အထက် ဝိညာဉ်ကျောက်တုံးများတွင် ကိုယ်ပိုင် လေဟာနယ်အလွှာ တစ်ခု ရှိသည်။

နတ်ဘုရားအဆင့် သိုင်းပညာရှင်များက အချိန်နှင့် လေဟာနယ်နိယာမကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြီး ကိုယ်ပိုင် လေဟာနယ်အလွှာတစ်ခုကို လက်ညိုးတစ်ချက်ဖြင့် ဖန်တီးနိုင်ကြသည်။

ရှောင်လုံက ကျောက်စိမ်းတုံးအတွင်းမှ စိတ်ဝိညာဉ်အား ရုပ်သိမ်းလိုက်သည်။ ထိုနောက် လေဟာနယ်ကို ဆုပ်ကိုင်ကာ ချက်ချင်း ကြိုးစားကြည့်လိုက်သည်။ လေဟာနယ်အတွင်းမှ
သန့်စင်သော ဝိညာဉ် စွမ်းအားများ ဆောင့်ထွက်လာပြီး အဆင့် ၁ ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည်။

ဝိညာဉ်ကျောက်တုံးထဲတွင် အားမာန်အပြည့်ဖြင့် တည်တည်ငြိမ်ငြိမ် စီးဆင်းနေသည့် ဝိညာဉ်စွမ်းအားများကို အပြင်ဘက်ပင် ခံစားနိုင်သည်။ ထိုအပြင် ဝိညာဉ်စွမ်းအားများက အပြင်ဘက်သို့ တစ်စိုးတစ်စိမျှ စိမ့်ထွက်လာခြင်း မရှိပေ။ ကြည်လင်နေသော သလင်းကျောက်တုံးတစ်ခုလို ဆွဲမက်ဖွယ်ရာ အလင်းတန်းများ ထွက်ပေါ်နေသည်။

"... ဟာ အဆင့််၁ ဝိညာဉ်ကျောက်တုံးပါလား..."

အောင်းတိုင်ရီပါးစပ်မှ အာမေထိတ်သံ လွှတ်ခနဲ ထွက်လာသည်။ အစောပိုင်းက  အဆင့် ၁ ဝိညာဉ်ကျောက်တုံးကို အလောတကြီး ဖန်တီးနိုင်မှာ မဟုတ်ကြောင်း အောင်းတိုင်ရီက ရှောင်လုံကို အကြံပေးခဲ့သည်။ ထိုအကြံပေးချက်အဆုံးတွင် ရှောင်လုံက အဆင့် ၁ ဝိညာဉ်ကျောက်တုံးကို ဖန်တီးနိုင်သွားလေသည်။

ရှောင်လုံက သူ့လက်ကို ဆန့်ထုတ်၍ လေထဲတွင်  ဝဲပျံနေသည့် ဝိညာဉ်ကျောက်တုံးလေးကို  ဖမ်းဆုပ်လိုက်သည်။ ရှောင်လုံကအဆင့်၁ ဝိညာဉ်ကျောက်တုံးအား ဆုပ်ကိုင်ရင်း  ရူးသွပ်စွာ ရယ်မောလိုက်သည်။ နောက်ဆုံးတော့ သူအောင်မြင့်ခဲလေပြီ ။ ပို၍ ဝမ်းမြောက်ဖွယ်ကောင်းသည်မှာ သူ့လက်ထဲတွင် ရှိနေသည့် ဝိညာဉ်ကျောက်တုံးလေးက အလယ်အလတ် အဆင့်၁ ဝိညာဉ်ကျောက်တုံးတစ်တုံး ဖြစ်နေသည်။

ရှောင်လုံက ပျော်ရွှင်မှု ထဲတွင် နစ်မြုပ်နေရင်း နောက်တစ်ကြိမ် ကြိုးစားကြည့်လိုက်သည်။ တောက်ပသော အလင်းတန်းတစ်ခုနှင့်အတူ လေထဲမှအဆင့်၁ ဝိညာဉ်ကျောက်တုံး တစ်တုံးပြုတ်ကျလာသည်။

နောက်ထပ် အချိန် နှစ်လထပ်မံကုန်လွန်သွားသည်။
ရှောင်လုံ မည်မျှပင်ကြိုးစားပါစေ အမြင့်ဆုံးအနေနှင့် အလယ်အလတ် အဆင့်၁ ဝိညာဉ်ကျောက်တုံးများကိုသာ စုစည်းနိုင်လေသည်။

"... ကြည့်ရတာ မင်းဆီမှာရှိနေတဲ့ အချိန် နိယာမ ၊ လေဟာနယ်နိယာမတို့ကြောင့် ဖြစ်မယ်ထင်တယ်.."

အောင်းတိုင်ရီက အခြေအနေအရပ်ရပ်ကို ဆက်စပ် စဉ်းစားပြီးနောက် ပြောသည်

"...မင်း အဲ့ဒီနိယာမ နှစ်ခုကို ပိုပြီးနားလည်လာမယ် ဆိုရင် မင်းဖန်တီးတဲ့လေဟာနယ်က ပိုပြီးတည်တံ့လာလိမ့်မယ် ... အဲ့ဒါဆိုရင် လေဟာနယ်ထဲက ဝိညာဉ်စွမ်းအားတွေက ပိုပြီးသန့်စင်လာလိမ့်မယ်  ... အဲ့ဒ်ိအချိန်ကြမှ ဝိညာဉ်ကျောက်တုံးရဲ့ အရည်အသွေးကလည်း တိုးတက်လာလိမ့်မယ် ..."

ရှောင်လုံက သဘောတူဟန်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။

အဆင်မြင့် အဆင့် ၁ ဝိညာဉ်ကျောက်တုံးကို စုစည်းနိုင်ရန်အတွက် ယခုအခ်ျိန်တွင် လိုအပ်နေသည်မှာ  နတ်ဘုရားအဆင့်၂ အတွင်းအားသို့ ကျော်ဖြတ်ရောက်ရှိရန် ဖြစ်သည်။  ပြဿနာ၏ အရစ်အမြစ်ကို ရှာတွေ့ခဲ့ပြီးနောက် ဝိညာဉ်ကျောက်တုံးများ စုစည်းခြင်းကို ရှောင်လုံ ရပ်တန်လိုက်သည်။

သို့သော် အပြင်စည်းတပည့်များအတွက် စာမေးပွဲကျင်းပရန် ငါးလကျော် လိုနေသေးသည်။
ထိုကြောင့် ရှောင်လုံက အလောတကြိး အပြင်မထွက်ချင်သေးပေ။

"... အော်ဟုတ်သားပဲ ငါရဲ့ နတ်အတွင်းအား နည်းစနစ်က အဆင့် ၁၀ကိုတောင် ရောက်နေပြီပဲ
အခုလောက်ဆို ငရဲတံခါးကို ဖွင့်နိုင်လောက်ပြီ ထင်တယ် ..."

ငရဲပြည်သည် နတ်ဘုရားကမ္ဘာနှင့် ယှဉ်နိုင်သော အထက်တန်းကြသည့် ကမ္ဘာတစ်ခုဖြစ်သည်။ ထိုကဲ့သို့ အဆင့်မြင့် ကမ္ဘာတစ်ခုမှ စိတ်ဝိညာဉ်စွမ်းအားများကို  စုပ်ယူနိုင်ခဲ့လျှင်  ရှောင်လုံ၏  သိုင်းကျင့်စဉ်အတွက် မမျှော်လင့်ထားသော အကျိုးကျေးဇူးများ ရရှိနိုင်သည်။

...

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၆၂  ...

ရှောင်လုံလည်း နတ်အတွင်းအားနည်းစနစ်ကို အသုံးပြု၍ နတ်အတွင်းအားနည်းစနစ်ထဲတွင် ဖော်ပြထားသည့် လျှို့ဝှက်နည်းအတိုင်း ငရဲတံခါးကိုဖွင့်ရန် ကြိုးစားကြည့်လိုက်သည်။

ရှောင်လုံခန္ဓာကိုယ်ပတ်လည်တွင် အနီရောင် စွမ်းအင်များက မိနစ်အနည်းငယ်ကြာအောင် ရစ်ပတ်နေ၏ ။ ထိုနောက် ရှောင်လုံအပေါ်မှ လေဟာနယ်ထဲတွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီး
အနက်ရောင် တံခါးနှင့်တူသော အရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုအနက်ရောင် တံခါးက ကိုးပေရှည်ပြီး ကိုးပေကျယ်ဝန်းသည်။ ရှောင်လုံခန္ဓာကိုယ်တွင် ရစ်ပတ်နေသည့် အနီရောင်အမျှင်နှင့်တူသော စွမ်းအားများက တံခါးအတွင်းမှ ထွက်ပေါ်လျက်ရှိသည်။ ထိုစွမ်းအင်များက အေးခဲ ရက်စက်ပြီး အထီးကျန်သော အော်ရာများပါဝင်နေသည်။

"... ဒါဘာကြီးလဲ ..?"

အောင်းတိုင်ရီက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"... ဒါက ငရဲတံခါးလေ ..."

ရှောင်လုံက လိုတိုရှင်းပုံစံဖြင့် ရှင်းပြလိုက်သည်။
ထိုနောက် ရှောင်လုံလေ့ကျင့်နေသော နတ်အတွင်းအားနည်းစနစ်အား အဆင့်၁၀ သို့ရောက် လေ့ကျင့်နိုင်ခဲ့လျှင် ငရဲပြည်သို့ သွားနိုင်သည့် တံခါးတစ်ခုကို ဆင့်ခေါ်နိုင်မှန်း အောင်းတိုင်ရီ နားလည်သွားသည်။ အောင်းတိုင်ရီလည်း ပါးစပ်အဟောင်းသားဖြင့် ငြိမ်သက်သွားသည်။

ဒါဆို နတ်အတွင်းအားနည်းစနစ်က သဘာဝနိယာမကို ချိုးဖောက်နေသလို မဖြစ်ဘူးလား ....?
နိမ့်ကျသော ကမ္ဘာတစ်ခုမှ ငရဲပြည်နှင့် ဆက်သွယ်နိုင်ခြင်းမှာ သဘာဝနိယာမကို
ချိုးဖောက်နေခြင်း ဖြစ်သည်။

ဒီလောက်ထူးခြားတဲ့ သိုင်းလေ့ကျင့်မျိုး စကြာဝဠာကြီးထဲမှာ ရှိနေသေးပါလား ....?"
နတ်ဘုရားကမ္ဘာ၌ပင် ဤကဲ့သို့ သိုင်းပညာမျိုးကို ကြားဘူးကြမှာ မဟုတ်ပေ ။

အောင်းတိုင်ရီက အချိန်အနည်းငယ်ကြာအောင် ကျောက်ရုပ်တစ်ခုလို ငြိမ်သက်သွားသည်။ ထိုနောက် ရှောင်လုံ ဆင့်ခေါ်ခဲ့သည်မှာ ငရဲပြည်၏ တံခါးဖြစ်ကြောင်း အောင်းတိုင်ရီ၏ စိတ်ဝိညာဉ်က အတည်ပြုပေးလိုက်သည်။ အောင်းတိုင်ရီက ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်သည်

"... ငရဲဆိုတာကငါတို့ထက် မြင့်မားတဲ့ ကမ္ဘာတစ်ခုပဲ ... အဲ့ဒိနေရာမှာရှိတဲ့ သဘာဝနိယာမ တွေက ငါတို့ထက်ပိုပြီး ဆန်းကြယ်တယ် .... နောက်ပြီး အဲ့ဒိနေရာမှာ ပြင်းထန်သော ဆွဲငင်အားတွေလည်းရှိတယ်.... မင်းရဲ့ လက်ရှိအတွင်းအားလောက်နဲ့ အဲ့ဒီနေရာမှာ အသားကျနိုင်ဖို့ မလွယ်လောက်ဘူး ... တော်တော်လေး သတိထားမှ တော်ကာကြမယ် ...."

အောင်းတိုင်ရီစကားကြောင့် ရှောင်လုံလည်း မှင်တက်သွားသည်။ ရှောင်လုံက ထိုကိစ္စများကို စဉ်းစားခဲ့ခြင်း မရှိပေ ။

ထိုနောက် အောင်းတိုင်ရီက ငရဲသို့သွားရာတွင် တခြားကြုံတွေ့နိုင်သည့် အန္တရာယ်များကိုလည်း သတိပေးလိုက်သည်။ အောင်းတိုင်ရီက ငရဲသို့ တစ်ခါမှ မရောက်ဘူးသော်လည်း သူက လွန်ခဲ့သော     နှစ်ပေါင်းတစ်သိန်းခန့်က အဆင့်မြင့်နတ်ဘုရားတစ်ယောက် ဖြစ်ခဲ့ဘူးသည်။ ထိုကြောင့် သူ့၏ မဟုသုတက ရှောင်လုံထက် များစွာကျယ်ပြန့်သည်။

ရှောင်လုံက စိတ်ဝင်စားစွာဖြင့် နားထောင်ပြီး အားလုံးကိုသေချာမှတ်သားထားလိုက်သည်။
တစ်နာရီကြာပြိးနောက် သူ့အရိပ်က ငရဲတံခါးအတွင်းသို့ ဖျတ်ခနဲ တိုးဝင်ကာ ပျောက်ကွယ်သွားသည် ။

ငရဲတံခါးအတွင်းသို့ဝင်လိုက်သည်နှင့် အလွန်အမင်း အေးစက်နေသည့် အအေးဓတ်တစ်ခုက သူ့တစ်ကိုယ်လုံးသို့ လွှမ်းခြုံသွားသည်။ ထိုအအေးဓတ်က အရိုးအတွင်းသို့ ထိုးဖောက်ဝင်လာသည်နှယ် အရိုးထဲထိအောင် အေးလှသည်။

ရှောင်လုံလည်း သတိအနေအထားဖြစ်သွားကာ
သူ့အတွင်းအား များကို တစ်ကိုယ်လုံး လှည့်ပတ်စီးဆင်းစေလိုက်သည်။ ထိုအခါကြမှ အနည်းငယ် ခံသာသွားသည်။ ရှောင်လုံစိတ်ထဲမှာ မီတာပေါင်းများစွာ ရှည်လျားသော လှိုဏ်ခေါင်းကြီးတစ်ခုကို ဖြတ်ကျော်နေသလို ခံစားနေရသည်။ ထိုနောက် အလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုအလင်းတန်းနှင့်မတူ သူ့အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွား၏ ။ ရှောင်လုံကိုယ်တိုင်လည်း ဘာမှ မရှိသော ကွင်းပြောင်ကြီးတစ်ခုအတွင်းသို့ရောက်ရှိသွားသည်။

ဤကမ္ဘာက အသက်ဓတ်များအားလုံး စုပ်ယူခံထားရသလို အေးစက်မှုန်မှိုင်းပြီး ကျက်တီးမြေတစ်ခု ဖြစ်နေသည်။

ရှောင်လုံပတ်ဝန်းကျင်ကို အကဲခတ်နိုင်ခင် သူ့ဆီကို ကြမ်းတမ်းသော ဖိအားတစ်ခုက နေရာပေါင်းစုံမှ ရောက်ရှိလာသည်။ ရှောင်လုံစိတ်ထဲမှာ သူ့ကိုယ်ပေါ်သို့ အင်မတန်လေးလံသော တောင်ကြီးတစ်လုံး ပိကျလာသလို ခံစားလိုက်ရသည်။ လွန်စွာ လေးလံသော ဖိအားကြောင့် မတ်တပ်ပင် မရပ်နိုင်တော့ပေ။
ထိုအပြင် အသက်ကိုတောင် ကြိုးစားပမ်းစားရှုနေရသည်။

ထိုခံစားမှုကို ဥပမာဆိုရလျှင် လူသာမန်တစ်ယောက် ရေနှစ်နေသည်နှင့် အလားသဏ္ဍာန်တူသည်။  ငရဲကမ္ဘာပေါ်မှ ဆွဲငင်အားက တခြား နိမ့်ကျသော ကမ္ဘာများထက် ပိုမိုကြီးမားကြောင်း အောင်းတိုင်ရီ သတိပေးခဲ့သော်လည်း ယခုကြုံတွေ့နေရသည့် ဆွဲငင်အားက
ရှောင်လုံ ခန့်မှန်းထားသည်ထက် များစွာကျော်လွန်နေသည် ။ ဤကမ္ဘာမှ ဆွဲငင်အားက အနက်ရောင် လိပ် ကမ္ဘာထက် အဆတစ်ထောင်ခန့် ပိုမိုကြီးမားသည်။

အဆတစ်ထောင်ခန့် ပိုမိုကြီးမားသည်ကို ရှောင်လုံ၏ လက်ရှိအတွင်းအားနှင့် ချိန်ဆထားခြင်း ုဖြစ်သည်။ ထိုကြောင့် ထိုဆွဲငင်အားကို အံတုရန်အတွက် ရှောင်လုံအနေနှင့် ပိုပြီးအားစိုက်ထုတ်ရန် လိုအပ်သည်။

ရှောင်လုံက သူ့အတွင်းအားကို အကုန်ထုတ်သုံး၍ သူ့ခန္ဓာကိုယ်ကတ်လည်တွင် အကာအကွယ်တစ်ခု တည်ဆောက်လိုက်သည်။ ထိုအကာအကွယ် ဖြစ်ပေါ်လာပြီးနောက် ရှောင်လုံအတွက် ပိုပြီးစက်တောင့်သက်သာ ဖြစ်သွားပြီး မတ်တပ်ပြန်ရပ်နိုင်သွားသည်။  ရှောင်လုံက ပတ်ဝန်းကျင်ကို ပထမဆုံးအနေဖြင့် လေ့လာလိုက်သည်။ သူ့မြင်ကွင်းတစ်ခုလုံးကို သဲများ ၊ ကျောက်တုံးများကသာ ဖုံးလွှမ်းထားသည်။ အရိုးစိမ့်မတတ် အေးသော အနက်ရောင် လေမုန်တိုင်းများကလည်း အဆက်မပြတ် အော်မြည်သံများရင်း  တိုက်ခတ်နေသည်။

၎င်းအနက်ရောင် လေမုန်တိုင်းက အနက်ရောင် လိပ် ကမ္ဘာမှ ရေခဲမုန်တိုင်းထက် အဆတစ်ရာခန့် ပိုအေးသည်။ ရှောင်လုံသာ နတ်ဘုရားအဆင့်သို့ ရောက်မနေခဲ့လျှင် ၊ နဂါးခန္ဓာကိုယ်သာ ရှိမနေခဲ့လျှင် လေအေးတစ်ချက်ကြောင့် ရေခဲရုပ်ထုဘဝသို့ ရောက်ရှိသွားနိုင်သည်။

"... ဒါက ငရဲပြည်ကိုး ..."

အောင်းတိုင်ရီက စိတ်ဝင်တစားရေရွတ်လိုက်သည်

".....အဆင့်မြင့်တဲ့ ကမ္ဘာတွေက တကယ်ကို ကွာခြားတာပဲ .... အော် ....သိပ်သည်းလိုက်ဝိညာဉ်စွမ်းအား ... ကောင်းလိုက်တဲ့ အရည်အသွေး .....
ငါတို့ကမ္ဘာနဲ့ လားလားမှ မဆိုင်ပါလားနော် ...."

ရှောင်လုံလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
ငရဲမှ ဝိညာဉ်စွမ်းအားများက ပို၍ သန့်စင်သိပ်သည်းသည်မှာ အမှန်ပင် ဖြစ်သည်။
ကျောင်းအုပ်ကြီး ဖုယန် အိမ်တော်မှ ဝိညာဉ်စွမ်းအားများ၏ သိပ်သည်းမှု နှင့် အရည်အသွေးက ငရဲပြည်ကို မမှီပေ ။

အနက်ရောင် လိပ် ကြယ်စင်စုမှ ဝိညာဉ်စွမ်းအားများကို ဒုတိယ အဆင့်အဖြစ် သတ်မှတ်လျှင် ငရဲမှ ဝိညာဉ်စွမ်းအားများက သေချာပေါက် နတ်ဘုရားအဆင့် ရှိနိုင်သည်။

".... ဒီနေရာကိုကြည့်ရတာ ငရဲပြည်ရဲ့ ကမ္ဘာငယ်လေး တစ်ခုထင်တယ် .... "

အောင်းတိုင်ရီက သူ့အမြင်ကို ထုတ်ပြောလိုက်သည်
ငရဲပြည်၏ ထိပ်တန်း နယ်မြေသုံးခုက နတ်ဆိုးနယ်မြေ ၊ သူရဲနယ်မြေနှင့် ဝိညာဉ်နယ်မြေတို့ ုဖြစ်ကြသည်။ ထိုနယ်မြေသုံးခုအပြင် တခြားနယ်မြေအမြောက်အများလည်း ရှိသည်။
ရှောင်လုံတို့ အနက်ရောင် လိပ် ကြယ်စင်စုကို အုပ်ချုပ်သည့် ဗီယက်တိုင်း နတ်ကမ္ဘာကဲ့သို့ ငရဲပြည်၏လက်အောက်တွင် နယ်မြေများစွာ ရှိသည်။

နတ်ကမ္ဘာများနှင့် ငရဲပြည်က ကျယ်ဝန်းမှုချင်း တူညီကြသည်။ ရှောင်လုံက သူ့စိတ်ဝိညာဉ်ကိုဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းလိုက်သည်။ သို့သော် ပြင်းထန်သော အင်အားတစ်ခုက သူ့စိတ်ဝိညာဉ်ကို ဖိနှိပ်ထားသည်။ ထိုကြောင့် မီတာ အနည်းငယ်ကိုသာ စူးစမ်းနိုင်သည်။
ရှောင်လုံစိတ်ဝိညာဉ်က အနက်ရောင် လိပ်ကမ္ဘာတွင် မီတာပေါင်းများစွာအထိ  ဖြန့်ကျက်၍ လေ့လာစူးစမ်းနိုင်သည်။

ထိုနောက် ရှောင်လုံက ပျံသန်း၍ ပတ်ဝန်းကျင်အား စူးစမ်းရန် ကြံစည်လိုက်သည်။ သို့သော် သူ့ကိုစိတ်ပျက်သွားစေသည့်အချက်က သူအနေနှင့် နည်းနည်းမှ မပျံနိုင်ပေ ။

"..  ဒါဘယ်လို ဖြစ်ရတာတုံး ...?"

ရှောင်လုံက မျက်လုံးပြူးပြီး မယုံနိုင်အောင်ဖြစ်သွားသည်။

"... ဟားဟား ..ဆန်းကြယ်တယ်မဟုတ်လား ..?"

အောင်းတိုင်ရီက မချိုမချဉ် ရယ်မောလိုက်သည်

"...  ငရဲပြည်ဆိုတာက အဆင့်မြင့်တဲ့ ကမ္ဘာတစ်ခုလို့ ... မင်းကိုငါမပြောဘူးလား .... ဒီနေရာမှာ ရှိတဲ့ နိယာမတွေက နိမ့်ကျတဲ့ ကမ္ဘာတွေထက် ပိုပြီးဆန်းကြယ်တယ်ကွ ... ဒီနေရာမှာ သဘာဝနိယာမတွေကို ထိန်းချုပ်ထားသလိုပဲ ...
ငါ့အထင်တော့ အဆင့်မြင့်နတ်ဘုရားတွေတောင် ပျံနိုင်ဖို့ ကြိုးစားရမယ်ထင်တယ် ...."

"... အဆင့်မြင် နတ်ဘုရားတွေတောင် မပျံနိုင်လောက်ဘူး ဟုတ်လား ..."

ရှောင်လုံလည်း အံ့သြတုန်လှုပ်သွားသည်။

"... ဟုတ်တယ်... မင်းက နတ်ဘုရားအဆင့် ၁ နောက်ဆုံးအဆင့် သိုင်းသမားဆိုပေမဲ့ အဆင့် ၃ နတ်ဘုရားအဆင့်ကလူနဲ့ ယှဉ်နိုင်တယ် .... အနက်ရောင် လိပ် ကြယ်စင်စုထဲမှာတော့ မင်းက ထိပ်တန်း သိုင်းပညာရှင်တစ်ယောက်ပေါ့ ... ဒါပေမဲ့ ငရဲပြည်လို အဆင့်မြင့်တဲ့နေရာတစ်ခုမှာတော့ မင်းက မြေကြီးအဆင့် သိုင်သမားတစ်ယောက်မှ ဘာမှ မကွာဘူး ... "

အောင်းတိုင်ရီက ရှောင်လုံရှင်းသွားစေရန် ဥပမာပေးလိုက်သည်။

မြေကြီးအဆင့် သိုင်သမား ....!
ကောင်းကင်အဆင့်တောင် မဟုတ်ဘူးလား....!
ရှောင်လုံလည်း နည်းနည်းတော့ စိတ်ထိခိုက်သွားသည်။

သို့သော် သူ့စိတ်ထဲမှာအားတင်းလိုက်သည်။

မြေကြီးအဆင့်ဖြစ်တော့ရော ဘာဖြစ်လဲ.... ငါမွေးလာတုံးကလည်း မြေကြီးအဆင့်ကနေစကျင့်ပြီး အခုလို ထိပ်တန်းကို ရောက်လာတာ မဟုတ်လား ...!

အနာဂတ်တွင် ငရဲပြည်ကဲ့သို့ ထိပ်တန်းကမ္ဘာသို့ ရောက်လာသည့်အခါ ၎င်းနေရာတွင်လည်း ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်လာစေရမည်ဟု ရှောင်လုံက သူ့ကိုယ်သူ ယုံကြည်ထားသည်။

ရှောင်လုံက အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်သည်။
သူမပျံနိုင်လျှင် ကမ္ဘာဦးမှ ယခုအချိန်အထိ အသုံးအများဆုံးနည်းလမ်းဖြစ်သော လမ်းလျှောက်ခြင်းကိုသာ အသုံးပြုရတော့မှာ ဖြစ်သည်။
ထိုနောက် ရှောင်လုံက အရှေ့သို့ ခြေတစ်လှမ်း စလှမ်းလိုက်သည်။

ကိုယ်ဖော့သိုင်းပညာကြောင့် ရှောင်လုံ အမြန်နှုန်းက အရမ်းနှေးကွေးခြင်း မရှိပေ ။ အချိန်တစ်နာရီကြာပြီးနောက် မီတာ ငါးထောင်ပထိ ရောက်ရှိလာသည်။

သို့သော် မီတာငါးထောင် ကွာဝေးလာသည်အထိ မြင်ကွင်းက ပြောင်းလဲခြင်းမရှိပေ ။ ရှောင်လုံမျက်စိတစ်ဆုံးတွင် သဲများနှင့် ဖုန်မှုန့်များကိုသာ မြင်နေရသည်။ လမ်းတစ်လျှောက်တွင် လူတစ်ယောက် မဆိုထားနှင့် သစ်ပင်တစ်ပင်ကိုတောင် မမြင်ခဲ့ရပေ။

"... ငါတို့ ကန္တာရတစ်ခုထဲကို ရောက်နေတာထင်တယ်.... မင်းသွားနေတဲ့ အမြန်နှုန်းနဲ့ဆိုရင် နှစ်တစ်ဝက်လောက်ကြာရင်တောင် ကန္တာရထဲက ထွက်နိုင်မှာ မဟူတ်ဘူး...."

အောင်းတိုင်ရီက ပြောသည်

".... ငါပြောပြမယ် မင်း တခြားဟာတွေကို ခဏမေ့ထားလိုက် ... မင်းဒီနေရာကို လာရတဲ့ရည်ရွယ်ချက်က ပိုကောင်းတဲ့ ဝိညာဉ်စွမ်းအားတွေကို ဒီနေရာမှာ သိုင်းလေ့ကျင့်ဖို့မဟုတ်လား  .... ဒီနေရာမှာ တစ်ရက်လောက် သိုင်းလေ့ကျင့်တာက အနက်ရောင် လိပ် ကမ္ဘာမှာ တစ်နှစ်ကျင့်တာထင် ပိုကောင်းတယ်...."

ရှောင်လုံလည်း မညိတ်ချင်ညိတ်ချင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရှောင်လုံက ပတ်ဘညန်ကျင်ဖိအားများကို ခံနိုင်ရည်ရှိစေရန် သူ့ခန္ဓာကိုယ်ပတ်လည်တွင် အတားအဆီးအလွှာ တစ်ခုကို အမြဲကာရံထားရသည်။ ထိုကြောင့် အတွင်းအားအမြောက်အများကို အသုံးပြုရသည်။
ရှောင်လုံ၏ လက်ရှိခွန်အားအရ ဤနေရာတွင် အလွန်ဆုံးသုံးနာရီခန့်သာ နေနိုင်သည်။ အချိန်ပြည့်ပါက အနက်ရောင် လိပ်ကမ္ဘာသို့ပြန်ပြီး ခွန်အားဖြည့်တင်းရန် လိုအပ်သည်။ ထိုကြောင့် အချိန်သုံးနာရီအတွင်းမှ စက္ကန့်တိုင်း မိနစ်တိုင်းက ရှောင်လုံအတွက် လွန်စွာ အဖိုးတန်သည်။

ရှောင်လုံက သူ့ဦးတည်ချက်ကို ဆုံးဖြတ်ပြိးနောက်
အတားအဆီးအလွှာတစ်ခုကို အရင်တုံးတည်ဆောက်လိုက်သည်။ ထိုနောက် ၎င်းအတားအဆီး၏ အလယ်တွင် ခြေချိတ်ထိုင်ကာ နတ်အတွင်းအားနည်းစနစ်ကို အသုံးပြု၍ ငရဲမှ ဝိညာဉ်စွမ်းအားများကို စတင်စုပ်ယူလေသည်။

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၆၃ ...... နတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခြင်း

နတ်အတွင်းအား နည်းစနစ်ကို စတင်လိုက်သည်နှင့် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများက လျင်မြန်သော အရှိန်အဟုန်ဖြင့် တိုးဝင်လာကြသည်။
ပထမဆုံး ဝိညာဉ်စွမ်းအား အမျှင်တန်းတစ်ခု ဝင်လာချိန်မှာ ရှောင်လုံ၏ ဦးခေါင်းမှ ခြေဖျားအထိ တုန်သွားသည်။ ထိုနောက် လျင်မြန်စွာပြန်လည် ုငြိမ်သက်သွားသည်။

ပထမဆုံးစက်ဝန်းတစ်ကြိမ် စုပ်ယူပြီးနောက် ရှောင်လုံက အရမ်းကို စိတ်လှုပ်ရှားသွားသည်။
ငရဲမှ စွမ်းအင်များက သူထက်ထားသည်ထက်ပို၍ သန့်စင်နေသည်။ မဟာမြူနှင်းဆန္ဒဆေးလုံးကို သောက်သုံးခြင်းထက်ပင် ပို၍ ထိရောက်လေသည်။
ထိုအပြင် ရှောင်လုံ၏ နဂါးခန္ဓာကိုယ်အား ပို၍ သန်မာလာစေသည်။

နှစ်နာရီကုန်လွန်သွားသည်။

ရှောင်လုံက လေ့ကျင့်ခြင်းကိုရပ်တန့်ပြီး မတ်တပ်ရပ်လိုက်သည်။ ဤနေရာတွင် နှစ်နာရီခန့် လေ့ကျင့်ခြင်းသည် အနက်ရောင် လိပ်ကမ္ဘာတွင် တစ်လနီးပါးလေ့ကျင့်သည်ထက် ပို၍ သာလွန်၏ ။

ရှောင်လုံက သူ့ခန္ဓာကိုယ်အတွင်းသို့ အကဲခတ်ကြည့်လိုက်သည်။ ငရဲမှ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူပြီးနောက် ရှောင်လုံ၏ ဒန်ထျန်နှင့် ချီပင်လယ်ထဲတွင် ပြောင်းလဲမှုတစ်ချို့ ဖြစ်ပေါ်လာသည်။ အနည်းငယ်မျှသာ ပြောင်းလဲသွားသော်လည်း ရှောင်လုံက သတိပြုမိလိုက်သည်။ ဤပတ်ဝန်းကျင်တွင် အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်နိုင်ခဲ့လျှင် ရှောင်လုံ၏ နတ်ဘုရားအင်အားများက သေချာပေါက် ဆင့်ကဲပြောင်းလဲသွားနိုင်သည်။

ရှောင်လုံက သက်ပြင်းတစ်ချက် ချလိုက်သည်။
သူ့ဆီသို့ သက်ရောက်လာသော ဖိအားများ ပိုမိုပြင်းထန်လာသည်ကို ခံစားမိလိုက်သည်။ ထိုကြောင့် ငရဲတံခါးကို အလျင်အမြန် ဆင့်ခေါ်၍
အနက်ရောင် လိပ်ကမ္ဘာသို့ ပြန်လိုက်သည်။

ရှောင်လုံက အနက်ရောင် လိပ်ကမ္ဘာသို့ ပြန်ရောက်ချိန်တွင် အလွန်အမင်းမောပန်းနွယ်နယ်မှုကြောင့် သတိလစ်ခုမတတ် ဖြစ်နေသည်။ ရှောင်လုံက ချက်ချင်း တင်ပျင်ခွေထိုင်ချလိုက်သည်။ ထိုနောက် အတွင်းအားဖြည့် ဆေးတစ်လုံးကို မြိုချပြီး ခဏချက်ချင်း အတွင်းအားပြန်လည်ဖြည့်တင်းခြင်း စွမ်းရည်ကို ထုတ်သုံးလိုက်သည်။

သူ့၏ နတ်ဘုရားအင်အားများ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိစေရန်အတွက် ဤပုံံစံအတိုင်း အတိုင်း တစ်ရက်ကြာအောင် ပြန်လည် ဖြည့်တင်းလိုက်ရသည်။ ရှောင်လုံလည်း အံ့သြသွားသည်။ အတိတ်က သူ့အတွင်းအားအကုန်လုံးကို အသုံးပြုခဲ့လျှင်တောင် ခဏချက်ချင်း အတွင်းအားပြန်လည်ဖြည့်တင်းခြင်း စွမ်းရည်ကိုအသုံးပြု၍ အချိန်တစ်နာရီအတွင်း အပြည့် ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။ ယခုတစ်ကြိမ်၌ တစ်ရက်နီးပါး အချိန်ယူခဲ့ရသည်။

သို့သော်လည်း ဤအကြောင့်ကြောင့် ရှောင်လုံ၏ ငရဲတံခါးဆင့်ခေါ်ခြင်းက ရပ်တန့်သွားခြင်း မရှိခဲ့ပေ။
ရှောင်လုံက အတွင်းအားဖြည့်တင်းပြီးသည်နှင့် ငရဲတံခါးကို ဆင့်ခေါ်လိုက်သည်။ ထိုနောက် ငရဲပြည်သို့ ကူးသွားလိုက်သည်။ မဆုံးနိုင်သော သဲကန္တာရ တစ်ခုထဲသို့ပင် ရောက်ရှိသွားပြန်သည်။
ရှောင်လုံက ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။
သူရောက်ရှိနေသည့်နေရာက သူသိုင်းလေ့ကျင့်ခဲ့သော နေရာပင် ဖြစ်သည်။

ရှောင်လုံက ရောက်လာသည်နှင့် တန်းပြီးမလေ့ကျင့်သေးဘဲ အရှေ့သို့ တစ်နာရီကြာအောင် ခရီးဆက်ပြီးမှ စတင်လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။

နှစ်နာရီကြာပြီးနောက် အနက်ရောင် လိပ် ကမ္ဘာသို့ ပြန်သွား၏ ။

ထိုဖြစ်စဉ်က ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

တစ်လာကြာပြီးနောက် .....

ထိုအချိန်တစ်လအတွင်း ရှောင်လုံက ငရဲနှင့် အနက်ရောင် လိပ် ကမ္ဘာသို့ ခေါက်တုန့်ခေါက်ပြန် ကူးနေခဲ့သည်။ ထိုကဲ့သို့ သိုင်းလေ့ကျင့်ရင်း တစ်လကြာပြီးနောက် ရှောင်လုံက ထူးခြားချက်တစ်ခုကို သတိပြုမိလိုက်သည်။
ရှောင်လုံက သူနောက်ဆုံးထွက်ခွာခဲ့သောနေရာ၌သာ အမြဲပြန်ပေါ်လာလေ့ရှိသည်။
တစ်လကြာသော်လည်း သဲကန္တာရအတွင်း၌ပင် ရှိနေခြင်းက ရှောင်လုံကို မချင့်မရဲဖြစ်စေသည်။
အောင်းတိုင်ရီက ခန့်မှန်းချက်က မှန်နိုင်သည်။
ရှောင်လုံ လက်ရှိအမြန်နှုန်းအရ နှစ်တစ်ဝက်ခန့်ကြာအောင် မရပ်မနားခရီးဆက်မှသာ ဤသဲကန္တရမှ
လွန်မြောက်နိုင်မှာ ဖြစ်သည်။

လမ်းတစ်လျှောက် ခြောက်သွေ့သော သဲပူစာတောင်များအပြင် အပင်တစ်ပင်ကိုတောင် မမြင်ခဲ့ရပေ။

ရှောင်လုံလည်း အရမ်းကို စိတ်တိုသွားသည်။

".... ကောင်လေး အဲ့ဒါကလည်း ဆိုးတဲ့အချက်တော့ မဟုတ်ဘူးကွ ...."

နဂါးအင်ပါရာအောင်းတိုင်ရီက ပြောလိုက်သည်

"... မင်းရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ငရဲက သတ္တဝါတစ်ကောင်ကောင်နဲ့ တွေ့ရင် မင်းအတွက် အန္တရာယ်ရှိနိုင်တယ် ...."

ရှောင်လုံလည်း ထိုအချက်ကို သတိရသွားပြီး ခေါင်းညိတ်လိုက်သည်။ ရှောင်လုံက ငရဲမှ သတ္တဝါများကို မမြင်ဘူးသော်လည်း ခွန်အားအနိမ့်ဆုံးက နတ်ဘုရားအဆင့်  ၊ စကြာဝဠာ အဆင့် ရှိနိုင်မှန်း ခန့်မှန်းရန် မခက်ခဲပေ ။

ထိုကဲ့သို့ သဘောပေါက်သွားပြီးနောက် ရှောင်လုံက သဲကန္တာရ အတွင်းမှ ထွက်သွားရန် မကြိုးစားတော့ပေ။ အဆင့်မြင့် ဝိညာဉ်စွမ်းအားများကို စုပ်ယူရန်သာ အာရုံစိုက်ထားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း အချိန်ငါးလခန့် ကုန်ဆုံးသွားသည်။

၎င်းအချိန်ငါးလအတွင်း သိုင်းကျင့်မှု၏ ရလဒ်က ရှောင်လုံ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်။ ငရဲတွင် အချိန်ငါးလခန့်သိုင်းလေ့ကျင့်ခဲ့ခြင်းက အနက်ရောင် လိပ်ကမ္ဘာတွင် ဆယ်စုနှစ်တစ်ခုနီးပါး သိုင်းလေ့ကျင့်ခြင်းထက် ရှောင်လုံကို ပို၍ အကျိုးရှိစေခဲ့သည်။ ထိုအချိန်ငါးလအတွင်း အတွင်းအားပြန်လည်ဖြည့်တင်းရန်  မရေတွက်နိုင်သော မဟာဆန္ဒမြူနှင်းဆေးလုံးများကို သောက်သုံးခဲ့ရသည်။ ငရဲတွင်စတင်လေ့ကျင့်ပြီး ငါးလအကြာ အပြင်စည်းတပည့်များ၏ စစ်ဆေးပွဲမတိုင်ခင် တစ်ရက်မှာ ရှောင်လုံက နတ်ဘုရားအဆင့် ၂ သို့ တက်လှမ်းနိုင်ခဲ့သည်။

အမှန်အတိုင်းဆိုရလျှင် ဤအချိန်အတိုင်းအတာနှင့် ရှောင်လုံ နတ်ဘုရားအဆင့် ၂ သို့ ရောက်ရှိမည့် အခွင့်အရေး မရှိပေ  ။ သို့သော် ငရဲမှ စိတ်ဝိညာဉ်စွမ်းအားများ၏ အရည်အသွေးက ရှောင်လုံ မျှော်လင့်ထားသည်ထက် များစွာ သာလွန်ခဲ့သည်။

အချိန်တိုအတွင်း နတ်ဘုရားအဆင့် ၂ သို့ ရှောင်လုံ တက်လှမ်း နိုင်ခဲ့သည့် အဖြစ်အပျက်ကြောင့် အောင်းတိုင်ရီက အဆက်မပြတ် သက်ပြင်းချလိုက်သည်။ ထိုအပြင် ရှောင်လုံကို လူထူးလူဆန်း တစ်ယောက်အဖြစ် သတိရတိုင်း ချီးကျူးလေသည်။

အောင်းတိုင်ရီက လေးလေးနက်နက် ပြောလိုက်သည်

"... မနက်ဖြန် အပြင်စည်းတပည့်တွေကို စစ်ဆေးမည့် စာမေးပွဲ ရှိတယ် ... မင်း နတ်ဘုရား အဆင့် ၂ ရောက်နေမှန်းကိုသာ ဂူဒူလျန် ၊ ဝမ်ပြောင်ယွမ်တို့ သိခဲ့ရင် သူတို့ အဲ့ဒီနေရာမှာတင် ချက်ချင်း ရူးသွားလောက်တယ်  ..."

အောင်တိုင်ရီ၏ စကားက တမင်မြှောက်ပြောခြင်း မဟုတ်ပေ ။ စစ်ဆေးပွဲက မစသေးသော်လည်း ရှောင်လုံ နတ်ဘုရားအဆင့်၂ သို့ရောက်နေမှန်းကို ဂူဒူလျန် ၊ တခြားတပည့်များနှင့် ကျောင်းအုပ်ကြီးဖုယန် တုိ့သိသွားခဲ့လျှင် ဖြစ်ပျက်သွားမည့် မျက်နှာအမူအရာများကို အောင်းတိုင်ရီက ကြိုတင်မြင်ယောင်ကြည့် လိုက်သည်။

ကျောင်းသားသစ်ရွေးချယ်ပွဲမတိုင်ခင်မှာ ရှောင်လုံ၏ အတွင်းအားက နတ်ဘုရားတစ်ပိုင်း အဆင့်၌သာ ရှိခဲ့ပြီး နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်ကိုပင် မရောက်သေးပေ ။
သိုသော် သုံနှစ်ကြာပြီးနောက် ရှောင်လုံအတွင်းအားအဆင့်က နတ်ဘုရားအဆင့်၂ အထိ မြင့်တက်လာခဲ့သည်။

နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့် ၊ နတ်ဘုရားအဆင့် ၁ စဦးအဆင့် ၊ နတ်ဘုရားအဆင့် ၁ အလယ်အဆင့် ၊ နတ်ဘုရား အဆင့်၁ နောက်ဆုံးအဆင့် ၊ နတ်ဘုရားအဆင့် ၁ နောက်ဆုံး၏အထွတ်အထိပ် အဆင့် အစရှိသည့် အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ နတ်ဘုရားအဆင့် ၂ သို့ရောက်ရှိမှာ ဖြစ်သည်။

မဟာထိပ်သီးအင်အားစုများမှ ပါရမီရှင်များကို အနှစ်သုံးရာခန့် အချိန်ပေးလျှင်တောင် နတ်ဘုရားတစ်ပိုင်းအဆင့်မှ နတ်ဘုရားအဆင့်၂ စဦးအဆင့်သို့ ရောက်ရှိအောင်လုပ်ရန် မလွယ်ကူပေ ။

အောင်းတိုင်ရီ၏ ရင်ကွဲပက်လက် ဖြစ်နေပုံကိုကြည့်ပြီး ရှောင်လုံက သွားပေါ်အောင် ရယ်မောလိုက်သည် ။ ရှောင်လုံ၏ လက်ရှိအမြန်နှုန်းအရ နောက်ထပ်သုံးနှစ်ကြာပြီးနောက် နတ်ဘုရားအဆင့် ၃ သို့ ရောက်ရှိနိုင်သည်။

အချိန်ဆယ်နှစ်အတွင်း နတ်ဘုရားအဆင့် ၄ ကို ကျိမ်းသေပေါက် ကျော်ဖြတ်နိုင်သည်။

နတ်ဘုရားအဆင့် ၄ သိုင်းပညာရှင်ကို အလယ်အဆင့် နတ်ဘုရားတစ်ယောက် ဟု သတ်မှတ်နိုင်သည်။ သူက အရေးပါသော ကန့်သတ်မျဉ်းတစ်ကြောင်းကို ကျော်ဖြတ်ပြီးသားလူ ဖြစ်သည်။

တစ်ချို့သိုင်းပညာရှင်များက သူ့တို့ဘဝတစ်လျှောက်လုံး နတ်ဘုရားအဆင့်၃မှာသာ တစ်ဆို့နေကြသည်။ အလယ်နတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိကြပေ ။ အလယ်နတ်ဘုရား အဆင့် သိုင်းပညာရှင်တစ်ယောက်က ကြယ်စင်စု၏ မည်သည့်နေရာကိုပင် သွားစေကာမူ အကြီးအကဲ တစ်ယောက်အဖြစ် အရေးတယူ ဆက်ဆံခံရသည်။

ရှောင်လုံလည်း နတ်တောင်ရွှမ်းမီအတွင်းမှ ပြန်ထွက်လာသည်။

ရှောင်လုံအပြင်ဘက်သို့ ထွက်လာပြီးနောက် သူ့ကိုစောင့်ဆိုင်းနေပုံရသော ဆရာတူ အကို လျှိုယွင်နှင့် အရင်ဆုံး တွေ့ဆုံလိုက်သည်။

"... ညီ ၄ ...မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့..."

ရှောင်လုံကိုမြင်လိုက်သည်နှင့် လျှိုယွင်မျက်နှာက ပြုံးရွှင်သွားပြီး

".... မနက်ဖြန်ဆိုရင် အပြင်စည်းတပည့်တွေကို စစ်ဆေးတဲ့ စာမေးပွဲစပြီလေ ... မင်း ဒီနေ့ ထွက်လာလို့တော်သေးတာပေါ့ ... ဒီနေ့ညအထိ မင်းထွက်မလာသေးဘူးဆိုရင် ဆရာက မင်းကို ကုတ်ကနေ ဆွဲထုတ်ခိုင်းတော့မှာကွ ...."

ရှောင်လုံက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်၍ ရှက်ရယ် ရယ်လိုက်သည် ။

"... အကိုက မင်းဝိုင်ကြိုက်တတ်မှန်း သိထားတယ် ...အဲ့ဒါကြောင့် မင်းအတွက် ဝိုင်နည်းနည်း ယူလာတယ် ... ဒီနေ့တော့ မင်း တံခါးပိတ် သိုင်းလေ့ကျင့်တာကနေ ထွက်လာတဲ့ အထိမ်းအမှတ်နဲ့ ငါတို့ညီအကိုနှစ်ယောက် အဝသောက်ကြစို့ ..."

လျှိုယွင်က ရှောင်လုံကို ဥယျာဉ်အတွင်းသို့ ဆွဲခေါ်သွားသည်။ ထိုနောက် ဝိုင်ပုလင်းတစ်လုံကို အဖုံးဖွင့်ပြီး ရှောင်လုံကို ကမ်းပေးလိုက်သည်။

".... အကိုကြားတာတော့ ဝမ်ပြောင်ယွမ်က နတ်ဘုရားအဆင့် ၂ ကို ရောက်ရှိသွားပြီတဲ့ ....
ဖြစ်နိုင်တာကတော့ နတ်ဘုရားအဆင့် ၂ အလယ်အဆင့်လောက်အထိ ရောက်နေမယ်ထင်တယ် ...."

လျှိုယွင်က သူကြားထားသော သတင်းကို ပြောပြရင်း ရှောင်လုံကို သေချာစွာ အကဲခတ်နေသည်

".... မနက်ဖြန် စာမေးပွဲကြရင် မင်းကို အနိုင်ယူပြမယ်လို့လည်း အဲ့ကောင်က သတင်းလွှင့်ထားသေးတယ် .... ညီလေး ... မင်းကိုသူ  အခဲကြေမှာ မဟုတ်ဘူး ... မင်းဂရုစိုက်မှ တော်ကာကြမယ်နော် ...."

လျှိုယွင်မျက်လုံးအတွင်းမှ သူ့အတွက် အမှတ်တကယ်စိတ်ပူသော အရိပ်အယောင်များကြောင့် ရှောင်လုံရင်ထဲမှာ နွေးထွေးသွားသည်။
သူက ပြုံးရင်း အာမခံလိုက်သည်

"...အကိုကြီး စိတ်ချပါ ...ဂူဒူလျန် ဖြစ်ဖြစ် ဝမ်ပြောင်ယွမ်ဖြစ်ဖြစ် မနက်ဖြန်  ကျွန်တော်ကို အနိုင်ယူချင်ရင်တော့ ဆုတောင်းမှပဲရမယ် .... "

နတ်ဘုရားအဆင့် ၂အလယ်အဆင့် ဟုတ်လား ....?
သူ့ပြိုင်ဘက်သည် နတ်ဘုရားအဆင့် ၃ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေလျှင်တောင် သူ့လက်သီးတစ်ချက်ဖြင့် မသေမရှင်ဖြစ်အောင် လုပ်နိုင်သည်ဟု ရှောင်လုံစိတ်ထဲမှာ ယုံကြည်ချက် အပြည့်ရှိနေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၆၄ ..... အဆင့်၅အတွင်းဝင်ရင်တောင် တော်တော်လေး ကံကောင်းနေပါပြီ

ရှောင်လုံ၏ ယုံကြည်ချက်ပြည့်ဝနေသောအမူအရာကြောင့် လျှိုယွင်ကသူ့စဉ်စားထားသည့် အတွေးကို ထပ်ဖြည့်ပြောလိုက်သည်

"... နတ်ဘုရားအဆင့် ၂ အလယ်အဆင့်ကို ရောက်လာပြီးတဲ့နောက် ဝမ်ပြောင်ယွမ်ရဲ့ မဖျက်ဆီးနိုင်သော ဗာဂျရာ ခန္ဓာကိုယ်က အရင်ကထက် ဆယ်ဆလောက်ပိုပြီး အစွမ်းထက်လာမယ်ထင်တယ် ...."

ရှောင်လုံက သူ့အော်ရာများကို ထိန်းချုပ်ထာူတာကြောင့် လျှိုယွင်က ရှောင်လုံအဆင့်တက်နေတာကို မသိသေးပေ ။ ထိုကြောင့် သူက ရှောင်လုံ ပင်ကိုယ်စွမ်းရည်ကို ယုံကြည်သော်လည်း လက်ရှိအခြေအနေအရ ဝမ်ပြောင်ယွမ်ကို ယှဉ်နိုင်လိမ့်မည်ဟု မထင်ထားပေ။

တကယ်တမ်းဆိုရလျှင် ထိုကဲ့သို့ ထင်မြင်နေသူက လျှိုယွင်တစ်ယောက်တည်းမဟုတ်ပေ ။ အနက်ရောင် သူရဲကောင်း တက္ကသိုလ်မှ လူအားလုံးက ရှောင်လုံ ထိပ်ဆုံးသုံးနေရာကို ဝင်နိုင်လိမ့်မည်ဟုပင် မထင်ထားကြပေ ။ ဆယ်ယောက်တွင် ကိုးယောက်က ပထမနေရာကို ဝမ်ပြောင်ယွမ် သို့မဟုတ် ဂူဒူလျန်ရမည်ဟုသာ ယုံကြည်ထားကြသည်။

လျှိုယွင်က ထပ်ပြောလိုက်သည်

"... အဲ့ဒါတင်မကသေးဘူး ဂူဒူလျန်ကလည်း နတ်ဘုရားအဆင့်၂ကိုရောက်သွားပြီလို့ ကြားတယ်.....နောက်ပြီး ဂူဒူမိသားစုရဲ့ ထိပ်တန်းသိုင်းပညာတစ်ခုဖြစ်တဲ့ ဧကရာဇ် နတ်ဘုရင်သိုင်းကိုလည်း အလွှာတစ်ရာ ပြန်လည်မွေးဖွားခြင်း အဆင့်အထိ ရောက်အောင် ကျင့်နိုင်ခဲ့ပြီတဲ့ .... အဲ့ဒါကြောင့် သူ့ခွန်အားက ဝမ်ပြောင်ယွမ်ထက်တောင် ပိုပြီးကြောက်စရာကောင်းနေလောက်တယ်...."

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည် ။ရှောင်လုံက သူတံခါးပိတ် လေ့ကျင့်နေစဉ် ဂူဒူမိသားစု၏ ဧကရာဇ် နတ်ဘုရင် သိုင်းကျမ်းနှင့် ပတ်သတ်၍
နဂါးအင်ပါရာ အောင်းတိုင်ရီကို မေးမြန်းခဲ့သည်။
ထိုကြောင့် ဧကရာဇ် နတ်ဘုရင်သိုင်း၏ ကြောက်စရာကောင်းသော စွမ်းအားကို သူနားလည်ထားသည်။ ဂူဒူလျန်က ဧကရာဇ်နတ်ဘုရင်သိုင်း၏ အလွှာတစ်ရာကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့မှန်းသိထားသော်လည်း ရှောင်လုံစိတ်ထဲမှာတော့ နည်းနည်းမှကို စိတ်မပူချေ။

လျှိုယွင်က ရှောင်လုံ၏ ဂရုမစိုက်သော မျက်နှာပေးကိုမြင်လိုက်တော့ ဂူဒူလျန်နှင့် ဝမ်ပြောင်ယွမ်ကို ရှောင်လုံတကယ်ပဲ စိတ်ထဲ ထည့်မထားမှန်း နားလည်သွားပြီး ခေါင်းခါလိုက်သည်။ သို့သော် ရှောင်လုံကိုတော့ ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ။

သူတို့နှစိယောက်က ဝိုင်ကိုသာဆက်ပြီး သောက်လိုက်ကြသည်။ လျှိုယွင်က သိုင်းပညာနှင့်ဆိုသောအသိညဏ်တစ်ချို့ကို ဝေမျှပေးလိုက်သည်။
နှစ်နာရီကြာပြီးနောက် လျှိုယွင်လည်း ပြန်သွားသည်။

လျှိုယွင်ထွက်သွားပြီးနောက် အောင်းတိုင်ရီက ရယ်ချင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်

"... လူလိမ်လူကောင်လေး ဟောင် ... မင်းကို ပထမရမယ်လို့ ဘယ်သူမှ မယုံကြည်ဘူးတဲ့ ....
မင်းရဲ့ ဆရာတူအကြီးကတောင် မင်းက ဂူဒူလျန်နဲ့ ဝမ်ပြောင်ယွမ်ကို မယှဉ်နိုင်သေးဘူးလို့ ထင်နေတယ် .... မင်း မနက်ဖြန်ကိုတော့ ကောင်းကောင်းကြီး အစွမ်းပြမယ် ဖြစ်မယ် ...."

ရှောင်လုံက ပြုံးလိုက်သည်

"... လွန်ခဲ့တဲ့ သုံးနှစ် ကျွန်တော် နတ်ဘုရားတစ်ပိုင်းအဆင့်မှာ ရှိနေတုံးကလည်း ပထမရမယ်လို့ ဘယ်သူက ယုံခဲ့လို့လဲ ...အဲ့တော့သူတို့ကိုလည်း အပြစ်တင်လို့ မရပါဘူး ..."

ထိုညက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကုန်လွန်သွား၏ ။

အနက်ရောင် လိပ် ကမ္ဘာအတွင်းမှ အိမ်တော်တစ်ခုထဲတွင် တင်ပျင်ခွေထိုင်နေသော ဝမ်ပြောင်ယွမ်က လေထဲတွင် ပေါ့ပါးသွက်လက်သော လိပ်ပြာဆ ဟိုဟိုဒီဒီပျံဝဲလျက်ရှိသည်။

ခဏကြာပြီးနောက် ဝမ်ပြောင်ယွမ်က ဆူညံခြင်းကင်းမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

"... လိပ်ပံတောင်ပံခတ်သိုင်းကို အဆင့်ကိုအထိ လေ့ကျင့်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ် .... "

အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ အပြင်စည်းတပည့်တစ်ယောက်ဖြစ်သလို ဝမ်အိမ်တော်မှ လူတစ်ယောက်လည်းဖြစ်သည့် တပည့်တစ်ယောက်က ဝမ်ပြောင်ယွမ်ကို မျက်နှာချိုသွေးလိုက်သည်။

".... မနက်ဖြန်ကြရင် ပထမနေရာကို သခင်လေးမှ မရရင် ရမဲ့သူ မရှိတော့ဘူး ..."

ဝမ်ပြောင်ယွမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည် ။ ဝမ်ပြောင်ယွမ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အံကြိတ်ပြီး ရေရွတ်လိုက်သည်

"... ဟောင်ရှောင်လုံ .... မင်းနဲ့ငါနဲ့ တွေကြသေးတာပေါ့ကွာ ... လွန်ခဲ့တဲ့ သုံးနှစ်က ငါ အရှက်ကွဲခဲ့တဲ့ဟာကို အဆတစ်ရာ ပြန်ဆပ်ပြမယ် ... မနက်ဖြန်ကြရင် မင်း ငါ့ရှေ့မှာ ဒူးထောက်တောင်းပန်စေရမယ် ...."

ဝမ်ပြောင်ယွမ်ကိုယ်ထဲမှထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကြောင့် ဝမ်မိသားစု တပည့်က ကြောက်လန့်တုန်လှုပ်သွားပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

"... မင်းကိုငါ စုံးစမ်းခိုင်းထားတာရော အဆခြပနေ ဘယ်လိုလဲ ...?"
ဝမ်ပြောင်ယွမ်က သူ့အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းပြီး မေးလိုက်သည်။

ဝမ်မိသားစုမှ တပည့်က ရိုရိုသေသေဖြင့် ပြန်ဖြေလိုက်သည်

".... သုံးနှစ်အတွင်းမှာ ဟောင်ရှောင်လုံက ကျောင်းအုပ်ကြီး အိမ်တော်ထဲကနေ တဖဝါးမှ မခွာပါဘူး ... တံခါးပိတ် လေ့ကျင့်နေတယ်လို့ ကြားပါတယ် ... အဲ့ဒါကြောင့် ကျွန်တော်မျိုးလည်း သူခွန်အား ကို စုံးစမ်းလို့ မရခဲ့ပါဘူး  .... ဒါပေမဲ့ ကျွန်တော်မျိုး အမြင်အရတော့ သူက ဘယ်လောက်ပဲ အစွမ်းထက်တဲ့ ပါရမီကို ပိုင်ဆိုင်ထားပါစေ အချိန်သုံးနှစ်လောက်နဲ့ဆိုင်ရင်တော့ အလွန်ဆုံး နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ် အဆင့်လောက်ကိုပဲ ရောက်မှာပါ ...."

ဝမ်ပြောင်ယွမ်က သဘောတူသလိုမျိုး ခေါင်းညိတ်ပြလိုက်သည်။

".... မနက်ကြရင် သခင်လေး သူ့ကို အလွယ်တကူနဲ့ အနိုင်ရမှာပါ .... ဒီတစ်ကြိမ်မှ သခင်လေးရဲ့ အဓိကပြိုင်ဘက်က ဂူဒူလျန် ဖြစ်လာနိုင်ပါတယ် ..
ဂူဒူလျန်က နတ်ဘုရားအဆင့်ကို အဆင့်တက်ခဲ့တဲ့အပြင် ဧကရာဇ် နတ်ဘုရင်သိုင်းကိုလည်း အလွှာတစ်ရာအထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပါပြီ .... သူက သခင်လေးအတွက် ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်...."

ဝမ်ပြောင်ယွမ်က ပြောသည်

".... ဂူဒူလျန်က ဧကရာဇ်နတ်ဘုရင်သိုင်းကို အလွှာတစ်ရာအထိ ရောက်အောင် လေ့ကျင့်နိုင်တော့ရော ဘာဖြစ်လဲ .... ငါကတော့ သူ့ကို အနိုင်ယူနိုင်တယ် ... "

ထိုအချိန်တွင် တခြား အပြင်စည်းတပည့်များကလည်း ထိပ်တန်းဆယ်နေရာအတွင်းသို့ ဝင်နိုင်ရန် ပြင်ဆင်နေကြသည်။
သူတို့အားလုံး၏ ရည်မှန်းချက်က ပထမနေရာကို အရယူရန် ဖြစ်သည်။

ပြီးခဲ့သော စစ်ဆေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အပြင်စည်းတပည့်များကလည်း အတွင်းစည်းတပည့် တိုးမြှင့်နိုင်ရန် တူညီသော အခွင့်အရေးကို ပိုင်ဆိုင်ထားကြသည်။ အပြင်စည်းတပည့်တစ်ချို့၏ ခွန်အားက အတွင်းစည်းတပည့်များနှင့်ပင် ယှဉ်နိုင်ကြသည်။

မနက်ခင်းနေမင်းကြီးက အရှေ့ဘက် မိုးကုတ်စက်ဝိုင်းမှ တရွေ့ရွေ့ ထွက်ပေါ်လာသည်။
အမှောင်ထုကြီး ဖုံးလွှမ်းနေခဲ့သော အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကြီးက မနက်ခင်းနေရောင်ခြည်နှင့်အတူ အားမန်အပြည့်ဖြင့် နှိုးထလာသည်။

ယနေ့သည့် အပြင်စည်းတပည့်များအား အရည်အချင်းစစ်မဲ့ နေ့တစ်နေ့ဖြစ်သည်။ ထိုအပြင် ရှောင်လုံ၏ အနေအထား ၊ ဝမ်ပြောင်ယွမ် ၊ ဂူဒူလျန်တို့ကြောင့် ယခုတစ်ခေါက် အရည်အချင်းစစ်ပွဲကို တော်တော်များများက စိတ်ဝင်စားနေကြသည်။ ထိုကြောင့် တက္ကသိုလ်မှ  အကြီးအကဲများနှင့် မဟာအကြီးအကဲများပါ တက်ရောက်လာကြသည်။

အတွင်းဘက်ခန်းမဆောင်ထဲတွင် တရားထိုင်နေသည့် ရှောင်လုံလည်း မျက်လုံးပွင့်လာသည်။
ပြတင်းပေါက်ကို ဖြတ်ကျော်၍ ဝင်ရောက်လာသော နေရောင်ခြည်ကိုကြည့်ပြီး ရှောင်လုံက မတ်တပ်ထရပ်၍ အပြင်ဘက်သို့ ထွက်လာလိုက်သည်။  ရှောင်လုံ အဓိကခန်းမဆောင်ကို ဖြတ်သန်းသွားစဉ် ခန်းမဆောင်အလယ်မှ ထိုင်ခုံတွင် ဖုယန်ထိုင်နေသည်ကို လှမ်းမြင် လိုက်သည်။

ဖုယန်က သူ့ကိုစောင့်ဆိုင်းနေကြောင်း ခန့်မှန်းမိပြီး
ရှောင်လုံလည်း အနည်းငယ် အံ့အားသင့်သွားသည်။
သူက ဖုယန်အနားသို့ သွားပြီး ရိုရိုသေသေ ဂါရပြုနှုတ်ဆက်လိုက်သည်

"... ဆရာ ...."

ဖုယန်က ပြုံးရွှင်နေသော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည် ။  ထိုနောက် ရှောင်လုံကို သေသေချာချာ အကဲခတ်လိုက်သည်

".... ဂူဒူလျန်နဲ့ ဝမ်ပြောင်ယွမ်ရဲ့ အနေအထားကို ဆရာလည်း ကြားပြီပြီ .... တကယ်လို့ သိုင်းပြိုင်ပွဲမှာ သူတို့နှစ်ယောက်နဲ့ ယှဉ်ဆိုင်တွေ့ရင် တပည့်အနေနဲ့ ကိုယ်ဟာကိုယ် အရမ်း တွန်းအားပေးနေစရာမလိုဘူး .... ထိပ်ဆုံးသုံးနေရာထဲကို ဝင်ရင်ဘဲ တော်ပါပြီ ...."

ရှောင်လုံက ရင်ထဲမှာပဲ ခပ်မဲ့မဲ့ ပြုံးလိုက်သည်။
ကျောင်းအုပ်ကြီးဖုယန်က ဤသို့ ပြောလိမ့်မည်ဟု သူမထင်ထားခဲ့ပေ ။ သူ့ဆရာကလည်း သူပထမနေရာကို ရယူနိုင်လိမ့်မည်ဟု ယုံကြည်ထားပုံ မပေါ်ပေ ။

ထိပ်ဆုံးသုံးနေရာ ...?
သို့သော် သူက တတိယနေရာကို ဆိုလိုချင်တာဘဲ ဖြစ်သည်။

"... ကောင်းပါပြီ ဆရာ ..."

ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဆဖြလိုက်သည်။

ဖုယန်က ခေါင်းညိတ်ပြလိုက်သည်

"... ကဲ သွားတော့... ပြိုင်ပွဲမှာ ဂရုစိုက် ..."

ရှောင်လုံလည်း ဂါရဝပြုပြီး ခန်းမဆောင်အတွင်းမှ ထွက်၍ သိုင်းပြိုင်ပွဲ ကျင်းပမည့်နေရာသို့ ဥိးတည်သွားလိုက်သည် ။ အပြင်စည်းတပည့်များအတွက် သိုင်းပြိုင်ပွဲကို လျှို့ဝှက်နဂါး သိုင်းပြိုင်ကွင်းတွင် ကျင်းပမှာ ုဖြစ်သည်။ လျှိုဝှက်နဂါး သိုင်းပြိုင်ကွင်းအား မဟာစည်းချက်ညီ ခန်းမဆောင်နှင့် မီတာငါးထောင်ခန့်ကွာဝေးသည့် တောင်ထိပ်တစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

ရှောင်လုံက မကြာခင်မှာ ထိုတောင်ထိပ်ဆီသို့ ရောက်ရှိသွားသည်။ တောင်ထိပ်မှ ချွန်ထက်နေသောနေရာများကို အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ သိုင်းပညာရှင်များက သူတို့၏ နတ်ဘုရားအင်အားဖြင့် ဖြတ်တောက်ထားသည်။ ထိုနောက် လျှို့ဝှက်နဂါးသိုင်းပြိုင်ကွင်းကို ညီနေသော တောင်ထိပ်ပေါ်တွင်တည်ဆောက်ထားသည်။

သိုင်းပြိုင်ကွင်းအား အလွန်မာကျောသည့် ကျောက်သားဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ မြေပြင်မှ သုံးပေမြင့်၍ တည်ဆောက်ထားသည် ။ ထိုသိုင်းပြိုင်ကွင်းကို လူအယောက်တစ်သောင်းခန့် ချောင်ချောင်ချိချိ နေနိုင်ရန်ကျယ်ကျယ်ဝန်းဝန်း တည်ဆောက်ထားသည်။ သိုင်းပြိူင်ကွင်း၏ အပြင်ဘက်မှာတော့ လူပေါင်းသိန်းနှင့်ချီသော ကြည့်ရှုနိုင်သည်။

"... သူက ဟောင်ရှောင်လုံ မဟုတ်လား ...!"

ရှောင်လုံ ရောက်ရှိလာမှုကြောင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သိုင်းပြိုင်ကွင်းအတွင်းသို့ ကြိုတင်၍ ရောက်ရှိနေကြသော အပြင်စည်းတပည့်များကလည်း ရှောင်လုံဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ရှောင်လုံက ထိုအကြည့်များကို လျစ်လျူရှုပြီး လျှို့ဝှက်နဂါး သိုင်းပြိုင်ကွင်းအမှတ်လေးတွင် ဆင်းသက် လိုက်သည်။

"... သုံးနှစ်ကြာပြီးနောက်မှာ ဟောင်ရှောင်လုံ သိုင်းပညာတွေက ဘယ်လောက်အထိများ တိုးတက်လာလဲ မသိဘူးနော် ..."

"...ဘယ်လောက်ရှိမှာလဲ အလွန်ဆုံးမှ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်ပေါ့...
ကြီးမားတဲ့ ကံကောင်းခြင်းတွေနဲ့သာ မကြုံခဲ့ဘူးဆိုရင် နတ်ဘုရားအဆင့်ကို ဘယ်လိုနည်းနဲ့မှ ရောက်နိုင်မှာ မဟုတ်ဘူး ..."

"... အဲ့လိုဆိုရင် သူ့  ထိပ်ဆုံး သုံးနေရာကိုဝင်နိုင်ပါ့မလား ...."

"...ဘယ်လို  ထိပ်ဆုံးသုံးနေရာဟုတ်လား... ငါအထင်တော့ ထိပ်ဆုံး ငါးနေရာကို ဝင်နိုင်ရင်တောင် အတော်လေး ကံကောင်းနေပါပြီ ..."

သိုင်းပြိုင်ကွင်းအတွင်း၌ ထိုကဲ့သို့ တူညီသော လှောင်ပြောင်သရော်သံများဖြင့် ပြည့်နှက်နေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၆၅ .....

ရိုင်းစိုင်ကြမ်းတမ်းသော စကားကြောင့် ရှောင်လုံလည်း မျက်မှောင်ကြုတ်သွားသည်။ သို့သော် စိတ်ကို ပြန်လျော့ချလိုက်သည်။

".... ဝမ်ပြောင်ယွမ် ရောက်လာပြီဟေ့ ..."

လူတစ်ယောက်က အော်ပြောလိုက်သည်။

"... ပြောကြတာတော့ ဝမ်ပြောင်ယွမ်က နတ်ဘုရားအဆင့် ၂သိုင်သမားတစ်ယောက် ဖြစ်နေပြီတဲ့ .... နတ်ဘုရားအဆင့် ၂ကိုတောင် အလယ်အဆင့် ရောက်နေပြီတဲ့ ...."

လူတစ်ယောက်က လူအများ၏ အကြည့်များအောက်မှ သိုင်းပြိုင်ကွင်းဆီသို့ အလျင်အမြန် ပျံသန်းလာသည်။ ထိုလူက ဝမ်ပြောင်ယွမ် ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ် နှင့် နှိုင်းယှဉ်လျင် ဝမ်ပြောင်ယွမ်ကိုယ်မှ ပိုမိုလွှမ်းမိုးနိုင်သော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်နေသည်။ တူညီသော ရှေးဟောင်းဓားတစ်လက်ကို ခါးတွင်ချိတ်ဆွဲထားသည်။

ဝမ်ပြောင်ယွမ်က မြေပေါ်သို့ ညင်သာစွာ ဆင်းလိုက်သည်။ ထိုနောက် လူအုပ်ကြီးကို အလျင်အမြန် အကဲခတ်ကြည့်လိုက်သည်။ ထိုနောက် သိုင်းပြိုင်ကွင်းဘေးတွင် ရပ်နေသည့် ရှောင်လုံကို ရှာတွေ့သွားသည်။ ရှောင်လုံကိုမြင်လိုက်သည်နှင့် ဝမ်ပြောင်ယွမ်  မျက်လုံးများက အေးစက်တင်းမာသွားသည်။
ရှောင်လုံအနားသို့ ချဉ်းကပ်သွားလိုက်သည်။

".... ဟောင်ရှောင်လုံ ... သိုင်းပြိုင်ကွင်းပေါ်မှာတွေ့လို့ကတော့ မင်းကိုညှာမှာ မဟုတ်ဘူးနော်...."

ဝမ်ပြောင်ယွမ်က အေးစက်စက်လေသံဖြင့် ကြော်ငြာလိုက်သည်

"... လွန်ခဲ့တဲ့ သုံးနှစ်က မင်းငါ့ကိုပေးခဲ့တာထက် ဒီနေ့အဆတစ်ရာ ပိုပေးမယ် .... မင်းကို ရက်ရက်စက်စက် နင်းချေပြမယ် ...."

ရှောင်လုံ၏ အမူအရာက တည်ငြိမ်နေသည်

"... ကောင်းပြီလေ ကြည့်ကြသေးတာပေါ့ ..."

တည်ငြိမ်နေသော ရှောင်လုံမျက်နှာထားကြောင့် ဝမ်ပြောင်ယွမ်ရင်ထဲမှ ဒေါသများဆောင့်ထွက်လာသည်။
ဒီကောင် ငါရဲ့လက်ရှိခွန်အားကို မကြောက်ဘူးလား....?
အချိန်သုံးနှစ်အတွင်း ရှောင်လုံ နတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်မည်ဟုလည်း ဝမ်ပြောင်ယွမ်က မယုံကြည်ပေ ။

သူ့ရင်ထဲမှ ဒေါသကို ကြိုးစား၍ ဖိနှိပ်ကာ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်

".. ဟေ့ကောင် .... အေးအေး မင်းစောင့်နေပါ....
မင်းဘယ်အချိန်အထိ မာနကြီးနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ ...."

ထိုစကားပြောပြီးသည်နှင့် ဝမ်ပြောင်ယွမ်က လှည့်ထွက်သွားသည်။

ခဏကြာပြီးနောက် ဂူဒူလျန် ရောက်ရှိလာသည်။ လူအုပ်ကြီးက နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။ ဂူဒူလျန်က ရှောင်လုံကိုမြင်သော်လည်း စကားလာပြောခြင်း မရှိပေ။ သူ့မျက်လုံးထဲတွင် တလက်လက် တောက်ပနေသည့် တိုက်ပွဲကိုဆာလောင်သော စိတ်များကို အားလုံးတွေ့မြင်နိုင်သည်။

ဂူဒူလျန်ရောက်ပြီမကြာခင် ကျောင်းရှောင်စု ရောက်ရှိလာသည်။
ကျောင်းရှောင်စုကလည်း ထိပ်ဆုံးငါးယောက်အတွင်း ဝင်နိုင်သည်ဟု ထင်ကြေးပေးခံထားရသူ တစ်ယောက်ဖြစ်သည်။ သို့သော် သူ့အတွင်းအားက နတ်ဘုရားအဆင့် ၁ နောက်ဆုံး၏ အထွတ်အထိပ်အဆင့်မှာသာ ရှိနေသေးသည်။

တစ်နာရီကြာပြီးနောက် အရည်အချင်းစစ် သိုင်းပြိုင်ပွဲကိုစတင်လိုက်သည်။ ယခုတစ်ကြိမ်အတွက် တာဝန်ခံအကြီးအကဲ ကလည်း ကျန်းတိုင်ချွမ်ပင်ဖြစ်သည်။
ကျန်းတိုင်ချွမ်က သိုင်းပြိုင်ကွင်းပေါ်တွင် ညင်သာစွာ ဆင်းသက်လိုက်သည်။ ထိုနောက် စုရုံးနေကြသော အပြင်စည်းတပည့်များကို စူးရှစွာ အကဲခတ်လိုက်သည် ။  ယခုတစ်ကြိမ် သိုင်းပြိုင်ပွဲအတွက် စည်းမျဉ်းစည်းကမ်းနှင့် ဆုကြေးများကိုလည်း ရှင်းလင်းပြောကြားလိုက်သည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ်တွင် အပြင်စည်းတပည့်ပေါင်း တစ်သိန်းကျော်ရှိသည်။
သို့သော် အပြင်စည်းတပည့်တိုင်းက သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ခွင့်မရကြပေ ။ အပြင်စည်းတပည့်များအတွက် သိုင်းပြိုင်ပွဲကျင်းပရာတွင် အနက်ရောင် တက္ကသိုလ်မှ တာဝန်ရှိသူများက အစွမ်းအထက်ဆုံး တပည့်တစ်ရာကို ရွေးချယ်လေ့ရှိသည်။ ထိုတပည့်တစ်ရာကသာ သိုင်းပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲခွင့်ရှိသည်။

".... ဂူဒူလျန် ၊ ဝမ်ပြောင်ယွမ် ၊ ကျောင်းရှောင်စု ၊ ဟောင်ရှောင်လုံ ...."

ကျန်းတိုင်ချွမ်က ရွေးချယ်ခံထားသည့် တပည့်တစ်ရာကို စွမ်းအားအလိုက် ကြော်ငြာလိုက်သည်။ ထိုအမည်စာရင်းတွင် အားလုံး ခန့်မှန်းထားသည့်အတိုင်း ဂူဒူလျန်က ပထမနေရာ၌ ရပ်တည်နေသည်။
ဝမ်ပြောင်ယွမ်က ဒုတိယ ၊ ကျောင်းရှောင်စုက တတိယ ၊ ရှောင်လုံကတော့ စတုတ္ထနေရာတွင် ရပ်တည်နေသည်။ ပဉ္စမနေရာတွင် လျှိုခိုင် အမည်ရှိ အပြင်စည်းတပည့်တစ်ယောက်က ရယူထားသည်။

လျှိုခိုင်က ပြီးခဲ့သော သိုင်းပြိုင်ပွဲများတွင် သုံးကြိမ်တိုင်တိုင် ချန်ပီယံ ဖြစ်ခဲ့သူ တစ်ယောက် ဖြစ်သည်။

ကျန်းတိုင်ချွမ်က ရွေးချယ်ခံထားသော အမည်စာရင်းကိုကြော်ငြာပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မေးမြန်းလိုက်သည်

"... စိန်ခေါ်ချင်တဲ့ လူတွေရှိကြလား ....?"

"... အခုကစပြီ စိန်ခေါ်လို့ရပြီ ...?"

အကယ်၍ စိန်ခေါ်မှုမရှိခဲ့လျှင် ရွေးချယ်ခံထားရသည့် အမည်စာရင်းအတိုင်း အဆင့်သတ်မှတ်မှာဘဲ ဖြစ်သည်။ ကျန်းတိုင်ချွမ် စကားအဆုံးတွင် တပည့်တစ်ယောက်က စတင်စိန်ခေါ်လိုက်သည်

"... ကျုပ် လျှိုရှီချန်း ... မန်ပင်း ကို စိန်ခေါ်တယ် ..."

ခန္ဓာကိုယ်တောင့်တင်ကြံခိုင်သော လူငယ်တစ်ယောက်က သိုင်းပြိုင်ကွင်းအတွင်းသို့ ခုန်ဝင်လာသည်။ ထိုနောက် သေးသွယ်သော လူတစ်ယောက်ကလည်း သိုင်းပြိုင်ကွင်းအတွင်းသို့ မျောလွင့်လာသည်။ ထိုလူငယ်က စိန်ခေါ်ခံထားရသည့် မန်ပင်း ဖြစ်သည်။

သူတို့နှစ်ယောက်က တစ်ဦးနှင့်တစ်ဦး ထုံးတမ်းအစဉ်အလာအတိုင်း အရိုအသေပြုပြီးနောက် တိုက်ပွဲကိုစတင်လိုက်သည်။ ပြိုင်ပွဲက သိပ်မကြာလိုက်ပေ ။ စိန်ခေါ်သူ လျှိုရှီချန်က သိုင်းပြိုင်စင်ပေါ်မှ အရှက်တကွဲပြုတ်ကျပြီး ရှုံးနိမ့်သွားသည်။

ထိုနောက် စိန်ခေါ်မှာအများအပြား ဖြစ်ပေါ်ခဲ့သည်။ တစ်ချို့က အောင်မြင်ခဲ့သော်လည်း စိန်ခေါ်သူ အများစုက ရှုံးနိမ့်သွားကြသည်။

တစ်နာရီကြာပြီးနောက် စိန်ခေါ်သူ မရှိတော့ပေ။
ကျန်းတိုင်ချွမ်က ထပ်ပြီးကြော်ငြာလိုက်သည်

"... ဒါဆိုရင် ယခုနှစ်သိုင်းပြိုင်ပွဲအတွက် ထိပ်ဆုံးဆယ်နေရာကို ထပ်ပြီးကြော်ငြာမယ် ... "

"... ဂူဒူလျန် ၊ ဝမ်ပြောင်ယွမ် ၊ ကျောင်းရှောင်စု ၊ ဟောင်ရှောင်လုံ ၊ လျှိုခိုင် ၊ လုံကျွင်းဖေး ၊ စုကောင်း
ရှုရှောင်ကျင်း ၊ ဝူရှောင်ချီ ၊ ယန်ယု ....."

ထိုနောက် ကျန်းတိုင်ချွမ်ကစကား ပြောချင်းကို ခေတ္တရပ်နားလိုက်ပြီးမှ မေးလိုက်သည်

".... အဆင့်တစ်ဆယ်အတွင်းက လူတွေကို စိန်ခေါ်ချင်တဲ့လူ ရှိကြလား...?"

စိန်ခေါ်သူမရှိခဲ့လျှင် အဆင့် ၁ မှ ၁၀ အထိက ကျန်းတိုင်ချွမ်ကြော်ငြာခဲ့သည့်အတိုင်း မပြောင်းလဲဘဲ ရှိနေမှာ ဖြစ်သည်။

ကျန်းတိုင်ချွမ်မေးခွန်းကြောင့် သိုင်းပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

"... ကျွန်တော်က ရှဲနင် .... ဟောင်ရှောင်လုံကို စိန်ခေါ်ချင်ပါတယ် ..."

ရုတ်တရက် လူတစ်ယောက် ခုန်ထွက်လာသည်။
ထိုလူက သတ်လတ်ပိုင်းအရွယ်ရှိပြီး မုတ်ဆိတ်ကင်းသော မျက်နှာနှင့် သေးငယ်သော မျက်လုံးများကို ပိုင်ဆိုင်ထားသည် ။

သိုင်းပြိုင်ကွင်းအတွင်းမှ လူအုပ်ကြီးက ခေတ္တမျှ ငြိမ်သက်သွားသည်။ ထိုနောက် အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြသည်။

နောက်ဆုံးတော့ ဟောင်ရှောင်လုံကို စိန်ခေါ်သူတစ်ယောက် ပေါ်လာခဲ့ချေပြီ ....!

ရှဲတင်ကလည်း အပြင်စည်းတပည့်များသိုင်းပြိူင်ပွဲတွင် ပထမနေရာကို နှစ်ကြိမ်တိုင်တိုင် ရယူခဲ့ဘူးသူ တစ်ယောက်ဖြစ်သည်။ အမှန်တော့ ရှဲနင်၏ အမည်က ထိပ်ဆုံးဆယ်နေရာအတွင်း ဝင်သင့်သည်။ သို့သော် ကံမကောင်းစွာဖြင့် ရှဲနင်က နောက်ဆုံးဆယ်ယောက်စာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိပေ ။ ထိုကြောင့် ထိပ်ဆုံးဆယ်နေရာသို့ ရောက်ရှိလိုပါက အဆင့် ၁၀အတွင်းမှ လူတစ်ယောက်ကို စိန်ခေါ်ရမည့် နည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည်။

ဤစိန်ခေါ်မှုကို အားလုံက မမျှော်လင့်ထားကြသော်လည်း သူတို့စိတ်ထဲမှာအရမ်းကို ကျေနပ်ပျော်ရွှင်သွားကြသည်။

လွန်ခဲ့သော သုံးနှစ်က  ကျောင်းသားသစ်ပြိုင်ပွဲ၏ ပထမနေရာကို ရှောင်လုံရရှိခဲ့သည်။ထိုပြိုင်ပွဲမှ စ၍ ရှောင်လုံ၏ ပင်ကိုစွမ်းရည်ကလည်း ကမ္ဘာကျော်သွားခဲ့သည်။  ပင်ကိုယ်စွမ်းရည်ချင်းသာနှိုင်းယှဉ်မည်ဆိုလျှင် လွန်ခဲ့သော နှစ်ဆယ်သန်းမှ အခုအချိန်အထိ ရှောင်လုံကို ယှဉ်နိုင်သူ တစ်ယောက်မှ မရှိပေ ။
ထိုအပြင် ရှောင်လုံက ကျောင်းအုပ်ကြီး ဖုယန်၏ လက်ရင်းတပည့်တစ်ယောက်လည်း ဖြစ်နေပြန်သည်။ လွန်ခဲ့သော သုံးနှစ်မှ အခုအချိန်အထိ ရှောင်လုံအကြောင်းက လူပြောအများဆုံးခေါင်းစဉ်တစ်ခု ဖြစ်နေခဲ့သည်။

ရှောင်လုံကလည်း သုံးနှစ်လုံးလုံး ကျောင်းအုပ်ကြီး အိမ်တော်ထဲတွင် တံခါးပိတ်သိုင်းလေ့ကျင့်ကာ သိုသိုသိပ်သိပ်ဖြင့် နေထိုင်ခဲ့သည်။ထိုကြောင့် မည်သူကမှ ရှောင်လုံ၏ လက်ရှိအဆင့်ကို မခန့်မှန်းနိုင်ကြပေ။

ရှောင်လုံက အလွန်ဆုံး နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်ကိုသာ ရောက်ရှိသေးသည်ဟု လူအများစုက ယူဆနေကြသော်လည်း ရှောင်လုံနတ်ဘုရားတစ်ယောက် ဖြစ်လာခဲ့ပြီဟု ယုံကြည်သူအနည်းငယ်လည်း ရှိသည်။

ပရိတ်သတ်များက စတင်တော့မည့် စိန်ခေါ်တိုက်ပွဲကိုကြည့်ရှုရန် စိတ်အားထက်သန်နေုကသည် ။ သူတို့၏ အကြည့်က ရှောင်လုံကိုယ်ပေါ်မှ တဖဝါးမှ မခွာပေ ။ အကြီးအကဲ ကျန်းတိုင်ချွမ်ပင် ရှောင်လုံကို စိတ်ဝင်တစား ငေးကြည့်နေသည်။ သုံးနှစ်အတွင်း ရှောင်လုံမည်မျှ တိုးတက်လာသည်ကို သူကိုယ်တိုင်လည်း အရမ်း သိချင်နေသည်။

ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ ထိုနောက် လူအားလုံး၏ စိတ်ထဲမှာ သူတို့မြင်ကွင်းများ ဝေဝါးသွားသလို ခံစားလိုက်ရသည်။ သူတို့ ကြည်ကြည်လင်လင်ပြန်မြင်ချိန်မှာတော့ ရှောင်လုံက သိုင်းပြိုင်ကွင်းအတွင်းသို့ ရောက်ရှိနေလေပြီ ။ ဝမ်ပြောင်ယွမ် ၊ ဂူဒူလျန်နှင့် တခြားလူမျာက မျက်မှောင်ကြုတ်သွားကြသည်

"....မြန်လှချည်လား ....!"

သူတို့စိတ်ထဲတွင် ထိုစကားလုံးက အရင်ဆုံး ပေါ်လာသည်။ ကျန်းတိုင်ချွမ်၏ မျက်လုံးကတော့ အရောင် တောက်လာသည်။ ရှောင်လုံ၏ အမြန်နှုန်းက သူ့ကိုပင် အ့ံ့အားသင့်စေခဲ့သည်။

ရှောင်လုံက သူ့အရှေ့တွင် ရုတ်တရက် ပေါ်လာတာကြောင့် ရှဲနင်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် အနောက်သို့ သုံးလှမ်း ဆုတ်သွားသည်။ ရှဲနင်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထိုနောက် အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းကာ ပြောလိုက်သည်

"... ဟောင်ရှောင်လုံ ... မင်းအရင်စပါ ..."

စကားအဆုံးသတ်ချိန်တွင် ရှဲနင်ကိုယ်ထဲမှ ကြမ်းတမ်းသော အတွင်းအားများ ပေါက်ကွဲ ထွက်လာသည်။

သိုင်းပြိုင်ကွင်းကြီးက လေမုန်တိုင်းများ မွေးဖွားရာ ကမ္ဘာတစ်ခု အတွင်းသို့ ရောက်ရှိသွားသလိုမျိုး ကြမ်းတမ်းသော လေပြင်းမုန်တိုင်းများ စတင်တိုက်ခတ်လာသည်။

Continue Reading

You'll Also Like

19K 766 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
168K 25.8K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
27.1K 593 42
A student from the Paldea region took an interest in traveling to other regions to learn new things.
168K 5K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...