ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

556 - 560

178 18 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၅၆ ......

ဆံပင် အနီရင့်ရောင်ဖြင့် လူငယ်က ရှောင်လုံကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး

"... ဟေ့ကောင် ..... ကျောင်းသားသစ် စာမေးပွဲကိုအောင်လာရုံနဲ့ ဘယ်သူကမှ မင်းကို မသတ်နိုင်တော့ဘူးလို့ ထင်နေတာလား ... ငါမင်းကို တစ်ခုလောက်တော့ ပြောပြရအုံးမယ် ... တက္ကသိုလ် အပြင်ဘက်မှာ အလုပ်မျိုးစုံကို လုပ်ဆောင်ရင်း သေဆုံးခဲ့ကြတဲ့   အပြင်စည်းတပည့်တွေအရေအတွက်က တစ်နှစ်တစ်နှစ်ကို မနည်းဘူးနော် ...."

ဤစကားက ရှောင်လုံကို ပြောင်ပြောင်တင်းတင်း
ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် အပြင်စည်းတပည့်များက အပြင်လောကသို့ ထွက်၍ တာဝန်ကျရာ အလုပ်များကို လုပ်ဆောင်တိုင်းမှာ သေစေနိုင်လောက်သည့် အန္တရာယ်များ စောင့်ကြိုနေသည်မှာ အမှန်ပင်ဖြစ်သည်။ ပုံမှန်အားဖြင့် တက္ကသိုလ်ဘက်က အပြင်စည်းတပည့်များ သေဆုံးခြင်းအပေါ် သယံဇာတများ အသုံးပြု၍ စုံစမ်းခဲသည်။

".... အဲ့ဒီတော့ ငါကဘာလုပ်ရမှာလဲ ..?"

ရှောင်လုံက အေးစက်စက်လေသံဖြင့် ခနဲ့လိုက်သည်

"..... ဒါနဲ့ အတွင်းစည်းတပည့်တော်တော်များများလည်း အပြင်ဘက်မှာ အလုပ်လုပ်ရင်း သေနေကြတာကို မင်းမသိဘူးလား....?"

"... မင်း ..."

ဆံပင်အနီရင်ရောင်ဖြင့် လူငယ်၏ မျက်လုံးအိမ်ထဲ၌ စူးရှသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။ သူ့ရင်ထဲမှာ ရှောင်လုံကို အစိမ်းလိုက် ဝါးစားချင်နေသည်။ သို့သော် သူ့က မလှုပ်ရှားလိုက်ပေ ။ အနက်ရောင် သူရဲကောင်း တက္ကသိုလ်တွင် အတွင်းစည်းတပည့်က အပြင်စည်းတပည့်အား တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။
ထိုလူငယ်က တက္ကသိုလ်၏ တင်းကျပ်သော စည်းမျဉ်းကို မချိုးဖောက်ရဲပေ။ ထိုကြောင့် သူ့ရင်ထဲမှ ဖြစ်ပေါ်နေသည့် လူသတ်ချင်စိတ်တွေကို မြိုသိပ် ထားလိုက်သည်။

"... ဟေ့ကောင် ...နောက်နှစ်လကြာရင် အပြင်စည်းအကုန်လုံး အပြင်ထွက်ပြီး အလုပ်တစ်ခု လုပ်ရလ်ိမ့်မယ် ... အဲ့ကြမှ မင်းနဲ့ငါ တွေ့ကြသေးတာပေါ့ ..."

သူ့ မျက်လုံးထဲမှ အကြည့်များက ပို၍ အေးစက်လာသည်။  နောက်ထပ်နှစ်လကြာပြီးနောက် ရှောင်လုံ အပြင်ဘက်သို့ ထွက်ပြီး အလုပ်လုပ်ချိန်တွင် ရှောင်လုံအပြတ်ရှင်းမည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ကိစ္စအား လူပုံအလယ်တွင် ထုတ်ပြောရဲသည်ကို ကြည့်ခြင်းအားဖြင့် သူနောက်ခံက အင်အားကြီးကြောင်း သိနိုင်သည်။

လူငယ်က ထိုစကားကို ပြောပြီးသည်နှင့် အေးစက်စက် နှာခေါင်းရှုံ့၍ ချာကနဲ လှည့်ထွက်သွားသည်။ ရှောင်လုံကလည်း သူ့ကို မတားပေ။

"... သူ့ကိုယ်ထဲက ရေခဲမီးတောက် စွမ်းအားတွေကို ခံစားမိတယ် .... အင်းကြည့်ရတာ လင်း မိသားစုရဲ့
အဓိကမိသားစုဝင်တစ်ယောက် ဖြစ်မယ်ထင်တယ်...."

အောင်းတိုင်ရီက ပြောလိုက်သည်။

"... အဲ့ဒီ သိုင်းပညာက လင်းမိသားစုရဲ့ လျှို့ဝှက်သိုင်းကျမ်းတစ်ခုပဲ ... မိသားစုရဲ့ အဓိကလူတွေလောက်ပဲ သင်ခွင့်ရကြတာ ... သူ့ကျင့်ထားတဲ့ သိုင်းကျမ်းက အရပ်လေးမျက်နှာ ရေခဲမီးတောက်သိုင်းလို့ ခေါ်တယ် ... ".

လင်းမိသားစုကလည်း ကြယ်စင်စုထဲမှ  မဟာထိပ်တန်းအင်အားကြီး အဖွဲ့တစ်ခု ဖြစ်သည်။ ယခင်အချိန်ကဆိုလျှင် ရှောင်လုံက ဤကိစ္စကို အချိန်အနည်းငယ်ပေး၍ စဉ်းစားနိုင်သည်။ သို့သော် သူ့၏ လက်ရှိအခြေ့နေနှင့် ထိုကိစ္စလောက်ကို မှုနေစရာ မလိုပေ။

" အင်း ... ငါလည်း နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်အောင် အမြန်ဆုံးလုပ်ရမည် ...."
ရှောင်လုံက စဉ်းစားလိုက်သည်။ ရှောင်လုံ၏ လက်ရှိခွန်အားနှင့် နတ်ဘုရားအဆင့် ၂ အောက် သိုင်သမားအားလုံးကို အနိုင်ယူနိုင်သည်။ သို့သော်
နတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်နှင့် ရင်ဆိုင်တွေ့ခဲ့လျှင် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည်။ လောကကြီးတွင်
လူတစ်ယောက်၏ ကိုယ်ပိုင် ခွန်အားက အရေးအကြီးဆုံး ဖြစ်သည်။

ကျောင်းအုပ်ကြီး၏ လက်ရင်းတပည့်တစ်ယောက် ဖြစ်ရုံနှင့် ကြယ်စင်စုအတွင်းမှာ ထင်သလို စိတ်ကြိုက် လုပ်နိုင်ပြီဟုလည်း ထင်နေရအောင်လည်း ရှောင်လုံက အဲ့လောက်ထိ နုံအ မနေပေ။

ရှောင်လုံက အပြင်စည်းတပည့်၏ တံဆိပ်ပြားနှင့် ဝတ်စုံကို လက်ခံရယူပြိးနောက် ဖုယန်၏ အိမ်တော်သို့ တန်းတန်းမတ်မတ် ပြန်လာလိုက်သည်။
အပြင်စည်းတပည့်များတွင် ကိုယ်ပိုင်ခြံဝန်း မရှိကြပေ ။ များသောအားဖြင့် အပြင်စည်းတပည့် လေးယောက်က အခန်းတစ်ခုကို မျှဝေ၍ အသုံးပြုကြရသည်။ သို့သော် ထိုကဲ့သို့ နေထိုင်ခြင်းက ရှောင်လုံ၏ သိုင်းလေ့ကျင့်မှုအား အဟန့်အတား ဖြစ်စေနိုင်သည်။ ထိုကြောင့် ရှောင်လုံက ကျောင်းအုပ်ကြီး ဖုယန်၏ အိမ်တော်တွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ရန် ဆုံးဖြတ်ထားသည်။ အတွင်းစည်းတပည့်
ဖြစ်၍ ကိုယ်ပိုင်ခြံဝန်းရပြီးမှ ဖုယန်အိမ်တော်ကနေ ပြောင်းရွေ့ရန် စီစဉ်ထားလိုက်သည်။  ရှောင်လုံ နေထိုင်ခြင်းက ဖုယန်အတွက် ကိစ္စမရှိသော်လည်း
ရှောင်လုံက အမှီအခိုကင်းကင်ဖြင့် နေလိုသူ တစ်ယောက် ဖြစ်သည်။ 

ရှောင်လုံက ကျောင်းအုပ်ကြီး ဖုယန်၏ နန်းတော်ကြီးနှင့်တူသော စံအိမ်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် သူ့အနောက်သို့ နောက်ယောင်ခံလိုက်လာသည့် အတွင်းစည်းတပည့်တစ်ယောက်က အရမ်းကို အံ့သြတုန် လှုပ်သွားသည်။
အချိန်အနည်းငယ်ကြာမှ ထိုလူက သတိပြန်ဝင်လာပြီး သုတ်သုတ်ပြာပြာဖြင့် ပြန်ထွက်သွားသည်။

ထိုနောက် ရှောင်လုံအနောက်ကို နောက်ယောင်ခံလိုက်ခဲ့သည့် အတွင်းစည်းတပည့်က ဆံပင်အနီရင်ရောင်ဖြင့် လူငယ်ကို သူ့မြင့်ခဲသမျှ ပြန်ပြောင်းပြောပြလိုက်သည် ။ ဆံပင်အနီရင်ရောင့်ဖြင်ြ လူငယ်လည်း ကြားကြားချင်မှာ အံ့သြမှင်တက်သွားသည်။

"... ဒီကောင် ကျောင်းအုပ်ကြီးရဲ့ အိမ်တော်ထဲကို ဝင်သွားတာ သေချာရဲ့လား ..."

"... သေချာပါတယ်အကို လင်းကျန် ..."

ထိုလူက ပြန်ဖြေလိုက်သည်

"... ဒါဆို သူက .....?"

"... ဟုတ်တယ် ဟောင်ရှောင်လုံပဲ ..."

လင်းကျန်၏ မျက်နှာက မည်းမှောင်သွားသည်။
ကျောင်းအုပ်ကြီးအိမ်တော်အတွင်းသို့ စိတ်တိုင်းကြ ဝင်ထွက်သွားလာနိုင်သေ ကျောင်းသားအသစ်ဆိုမှတော့ မျက်စိကန်းနေသူပင် ထိုလူ မည်သူမည်ဝါ ဆိုသည်ကို သိနိုင်သည်။

ဒါကြောင့်လည်း ဒီကောင်က ဒီလောက်အထိ ထောင်လွှားနေတာကိုး ...!

"... အကိုလင်ကျန်း ... ကျွန်တော်တို့ ဒီကိစ္စကို လက်လျော့လိုက်သင့်တယ်နော် ..."

ထိုအတွင်းစည်းတပည့်က ဖျောင်းဖျလိုက်သည်။

လင်ကျန်းမျက်လုံးထဲ၌ အလင်းရောင် တစ်ခု မှိတ်တုတ်မှိတ်တုတ် လင်းလာပြီး သူ့က လက်ခါပြလိုက်သည်

"... မင်းသွားလို့ရပြီ ..."

အတွင်းစည်းတပည့်ထွက်သွားပြီးနောက် လင်းကျန်က တစ်စုံတစ်ရာကို တွေးတောနေသကဲ့သို့ ငြိမ်သက်ပြီး ကျန်နေခဲ့သည်။
မေ့ပစ်လိုက်ရမယ် ဟုတ်လား ...?
သို့သော် သူနှလုံးသားထဲတွင် ၎င်းကိစ္စနှင့်ပတ်သတ်၍ အခဲမကျေသေးပေ။

ရှောင်လုံက ကျောင်းအုပ်ကြီး ဖုယန်၏အိမ်တော်သို့ပြန်ရောက်လာပြီးနောက် ဖုယန်ပေးထားသည့် အနက်ရောင်သူရဲကောင်း အားတိုးဆေးများကို သောက်သုံးရန် စီစဉ်လိုက်သည်။
သူက ဆေးအလုံးနှစ်သောင်းကို တပည့်လက်ခံပွဲ မကျင်းပမှ်ီ အပြတ်ရှင်းရန် ကြံစည်ထားသည်။

ရှောင်လုံက နတ်တောင်ရွှမ်းမီထဲတွင် တင်ပျင်ခွေထိုင်၍ ဆေးအလုံးနှစ်ရာအား တစ်ပြိုင်နက် သောက်ချလိုက်သည်။ ထိုနောက် နဂါးရတနာကိုယ်လုံသိုင်းကို စတင်လိုက်သည်။
ရှောင်လုံကိုယ်ထဲတွင် အစီအရင် အခင်းအကျင်းများ ဖြစ်ပေါ်လာပြီး နဂါးအဆီအနှစ်များစွာ ထွက်ပေါ်လာသည်။

ဆေးအလုံးနှစ်ရာ၏ စွမ်းအားများက ထိုအစီအရင်များအတွင်းသို့ မာန်ဟုန်ပြင်းသော
မြစ်တစ်စင်းလို တိုးဝင်လာကြသည်။ ထိုနောက် ရှောင်လုံ၏ အတွင်းအားတစ်စိတ်အပိုင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

ရှောင်လုံက ဤအဖြစ်အပျက်ကို ပထမအကြိမ် ဆုအဖြစ်ရရှိခဲ့သော အနက်ရောင် သူရဲကောင်း ဆေးအလုံးတစ်ထောင်အား သောက်သုံးရာ၌ သတိပြုမိခဲ့ခြင်း ဖြစ်သည်။ နဂါးရတနာ ကိုယ်လုံသိုင်းကြောင့် ဖြစ်ပေါ်လာသော အစီအရင်များက စုပ်ယူမှုနှုန်းကို ပိုမိုမြန်ဆန်စေသည်။ ထိုကြောင့်လည်း ဆေးအလုံးနှစ်သောင်းကို အချိန်ဆယ်ငါးရက်နှင့် စုပ်ယူနိုင်မည်ဟု ရှောင်လုံထံတွင် ယုံကြည်ချက်ရှိနေခြင်းပင်။

သို့သော်  တစ်ကြိမ်တည်းနှင့် ဆေးလုံးအများကြီးကိုတော့ ရှောင်လုံလည်း မသောက်ရဲပေ ။
ရှောင်လုံ၏ နဂါးခန္ဓာကိုယ်က အငယ်စား ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
သို့သော် ဆေးလုံးနှစ်ရာက ရှောင်လုံ အများဆုံး သောက်သုံးနိုင်သည့် ကန့်သတ်ချက်တစ်ခု ဖြစ်နေသည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

လဝက်ခန့်ကြာပြီးနောက် နတ်တောင်ရွှမ်းမီအတွင်းရောက်ရှိနေသော ရှောင်လုံက မျက်လုံးပွင့်လာသည်။ ထိုနောက် သူ့ကိုယ်ထဲက လေဆိုးလေညစ်များကို အပြင်ဘက်သို့ မှုတ်ထုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

လဝက်ခန့်ကြာပြီးနောက် ရှောင်လုံက သူ့ရည်ရွယ်ထားသည့်အတိုင်း အနက်ရောင် သူရဲကောင်း ဆေး အလုံးနှစ်သောင်းကို အောင်မြင်စွာ သောက်သုံးနိုင်ခဲ့သည် ။ ရှောင်လုံ၏ အတွင်းအားနှင့်
နဂါးခန္ဓာကိုယ်၏ ကြံခိုင်မှုက အကြီးအကျယ် တိုးတက်လာသည်။ ရှောင်လုံ၏ စိတ်ဝိညာဉ်ပင်လျှင် သိသိသာသာကို ကြည်လင် သန်ရှင်းလာသည်။ အချိန်ဆယ့်ငါးရက်အတွင်း
ဆေးအလုံးနှစ်သောင်းအား ရှောင်လုံသောက်သုံးခဲ့သည်ကို တခြားလူများသာ သိခဲ့လျှင်
ကြောက်လန့်လွန်း၍ ထိုနေရာမှာတင်  သေဆုံးသွားနိုင်သည် ။

အချိန်ဆယ့်ငါးရက်နှင့် ဆေးအလုံးတစ်ထောင်ကို ရှောင်လုံ သောက်သုံးနိုင်ခဲ့ကြောင်း သိသိချင်းမှာ ကျောင်းအုပ်ကြီး ဖုယန်ပင်လျှင် အံ့သြတုန်လှုပ် ခဲ့ရသည်။  သို့သော် ယခုတစ်ကြိမ်တွင် ရှောင်လုံ၏ သောက်သုံးမှုနှုန်းက အဆနှစ်ဆယ်အထိ တိုးတက်လာသည်။

ရှောင်လုံ နတ်တောင်ရွှမ်းမီအတွင်းမှ ထွက်လာချိန်တွင် နေမင်းကြီးကလည်း အရှေ့ဘက် မိုးကုတ်စက်ဝိုင်းမှ တရွေ့ရွေ့မြင့်တက်လာသည်။
ဖုယန်၏ တပည့်အသစ်လက်ခံပွဲကြောင့် အနက်ရောင် လိပ် ကမ္ဘာကြီးတစ်ခုလုံး စည်ကား သိုက်မြိုက်နေသည်။

အနက်ရောင် လိပ် ကြယ်စင်စု နေရာအသီးသီမှ သိုင်းပညာရှင်များက ကူးပြောင်းခြင်း အစီအရင်များကို ဖြတ်သန်း၍ အနက်ရောင် လိပ် ကမ္ဘာဆီသို့ ရောက်ရှိလာကြသည်။

အနက်ရောင် လိပ် ကမ္ဘာကြီးက ကြည်နူးပျော်ရွှင်စရာ အငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။ မြို့တိုင်းတွင် ရောင်စုံမီးပုံများကို ချိတ်ဆွဲထားကြသည်။ မြို့အပေါ်ဘက် လေထုထဲမှာလည်း တလက်လက်တောက်ပနေသော ရောင်စုံ ပန်များဖြင့် ပြည့်နှက်နေသည်။

ကူးပြောင်းအစီအရင်များကို ဖြတ်သန်း၍ အနက်ရောင် ကမ္ဘာသို့ ရောက်ရှိလာကြသော သိုင်းပညာရှင်များကို အနက်ရောင် သူရဲကောင်း တက္ကသိုလ်မှ ကျောင်းသားများက တပည့်လက်ခံပွဲ ကျင်းပမည့် ဧရာမ ခန်းမဆောင်ကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်လာကြသည်။ ခန်းမဆောင်ထဲတွင် ဧည့်ပရိတ်သတ်များကို နှုတ်ဆက်နေသည့် ကျောင်းအုပ်ကြီး ဖုယန်က တံခါးပိတ်သိုင်းလေ့ကျင့်နေသော ရှောင်လုံကို စောင့်ခေါ်လာရန်အတွက် အကြီးအကဲ ကျန်းတိုင်ချွမ်အား ညွှန်ကြားထားသည်။

လမ်းတွင် တပည့်လက်ခံပွဲနှင့် ပတ်သတ်၍ ရှောင်လုံ သတိထားရမည့် အရေးကြီးသော အဆင့်များကို ကျန်းတိုင်ချွမ်က အသေး စိတ်ရှင်းပြလိုက်သည်။
အနက်ရောင် လိပ် ကြယ်စင်စု၏ ထိပ်တန်းတက္ကသိုလ် တစ်ခု ဖြစ်တာနှင့်အညီ ကျောင်းအုပ်ကြီး တပည့်အသစ်လက်ခံပွဲတွင် ရှုပ်ထွေးသော အဆင့်များစွာ ပါဝင်နေသည်။ ရှောင်လုံက အားလုံးကို သေသေချာချာ မှတ်သားထားလိုက်သည်။

ရှောင်လုံ တို့နှစ်ယောက်ဧည့်ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာချိန်တွင် ခန်းမဆောင်အတွင်းသို့ ရောက်ရှိနေကြသော သိုင်းပညာရှင်များက တစ်ပြိုင်နက်တည်းလိုလို ရှောင်လုံကို အာရုံစိုက် ကြည့်လိုက်ကြသည်။

ယနေ့အချိန်တွင် ရှောင်လုံက အနက်ရောင် လိပ် ကြယ်စင်စုအတွင်း၌ အားလုံး၏ အာရုံစိုက်မှုကို ရရှိနေသည်။ ထိုကဲ့သို့ အာရုံစိုက်ခံနေရခြင်းမှာ ကျောင်းအုပ်ကြီးဖုယန်၏ တပည့်အသစ် ဖြစ်လာခြင်းကြောင်းသာမက ကျောင်းသားသစ် စစ်ဆေးပွဲတွင် ပြသခဲ့သော ပင်ကိုယ်စွမ်းရည် နှင့် ခွန်အားတိုကြောင့်ပင် ဖြစ်သည်။ ထိုကြောင့် သိုင်းလောကအတွင်း၌ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော  မဟာထိပ်တန်း အင်အားစုများမှ ဘိုးဘေးများပါ ဧည့်ခံပွဲသို့ တက်ရောက်လာကြသည်။

ထိုကြောင့် တပည့်အသစ်လက်ခံပွဲသို့ အဆင့်မြင့် နတ်ဘုရား အဆင့် သိုင်းပညာရှင်အများအပြား ရောက်ရှိလာကြခြင်း ဖြစ်သည်။
ဤကဲ့သို့ အဖြစ်အပျက်မျိုးသည်  ကျောင်းအုပ်ကြီး ဖုယန်၏ ယခင် တပည့်အသစ်လက်ခံပွဲများတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ဘူးခဲ့ပေ ။

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၅၇ ....... ဘိုးဘေး ဂူဒူ

အဆင့်မြင့်သိုင်ပညာရှင် အများအပြား၏ အာရုံစိုက်မှုကို ခံရသူတစ်ယောက်က စိတ်လှုပ်ရှားပြီး ခြေလှမ်းများ မှားသွားနိုင်သည်။
သို့သော် ရှောင်လုံက စစဝင်ချင်း တစ်ချက် တုန်သွားပြီးနောက် သူ့တစ်ကိုယ်လုံးကို ဗုဒ္ဓစွမ်းအင်များက လွှမ်းခြုံသွားသည်။ ထိုနောက် ခန်းမဆောင်အတွင်းသို့ တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်လာသည်။

ရှောင်လုံကိုယ်မှ ထွက်ပေါ်နေသည့် ဗုဒ္ဓစွမ်းအင်များကို မြင်ပြီးနောက် အဆင့်မြင့် သိုင်းပညာရှင်များက အမူအရာ အမျိုးမျိုး ုဖြစ်ကုန်ကြသည်။

ရှောင်လုံရောက်ရှိလာချိန်တွင် တပည့်လက်ခံပွဲကျင်းပရန် အတွက် အချိန်အနည်းငယ် လိုနေသေးသည်။ ထိုကြောင့် ဖုယန်က ရှောင်လုံကို လက်ဆွဲကာ မဟာထိပ်တန်းအင်အားစုများမှ ဂိုဏ်းချုပ်များ ၊ ဘိုးဘေးများနှင့် လိုက်လံ၍ မိတ်ဆက်ပေးလေသည်။

ယနေ့ပွဲအား မဟာထိပ်တန်းအင်အားစုများ နှစ်ဆယ့်တစ်ခုမှ ကိုယ်စားလှယ်များ တက်ရောက်လာသည်။ ထိုအင်အားစု နှစ်ဆယ့်တစ်ခုထဲမှ ဆယ့်ခုနှစ်ယောက်က ထိုမိသားစုများ၏ ဘိုးဘေး များ ဖြစ်ကြသည်။ ထိုကြောင့် အခမ်းအနားသို့ တက်ရောက်လာသူ အားလုံး အံ့သြမှင်တက်နေကြသည်။ ထိုဘိုးဘေများက သိုင်းလောကထဲတွင် အလွန်ပင် တွေ့ရခဲသည်။သူတို့က အရေးကြီးကိစ္စရှိမှသာ ထွက်ပေါ်လာတတ်သူများ ဖြစ်သည်။

ဂူဒူမိသားစု၏ ဘိုးဘေး ဂူဒူပါထျန်းနှင့် မိတ်ဆက်ပေးသည့်အချိန်တွင် ဂူဒူ ပါထျန်း က အားပါးတရ ရယ်မောလိုက်ပြီး

"...   ဖုယန် ... မင်းကိုယ်တော့ တကယ့်ကို အားကျမိတယ် ... သူသိုင်းလေ့ကျင့်တာက အခုမှ အနှစ်သုံးဆယ်ကျော်ပဲ ရှိသေးတာဆို ...ငါအထင်တော့ နောက်ဆယ်နှစ်လောက်ဆို သူ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်အုံးမယ်ထင်တယ် .... အဲ့ဒါဆို သိုင်းလေ့ကျင့်ချိန် အနှစ်လေးဆယ်လောက်နဲ့ နတ်ဘုရားတစ်ယောက်ဖြစ်လာမှာပေါ့ ... ဒါက ငါတို့တစ်ခါမှ မကြားဘူးတဲ့ စံချိန်တစ်ခုပဲ မဟုတ်လား ...."

တစ်ချို့မိသားစုများမှ ဂိုဏ်ချုပ်များနှင့် အကြီးအကဲများက ထိုအကြောင်းကို မသိကြသေးပေ။  ဂူဒူပါထျန်က  ထိုအကြောင်းကို ပြောလိုက်သည့်အခါ ခန်းမဆောင်ထဲတွင် အံ့သြတုန်လှုပ်သွားသည့် အာမေထိတ်အသံများ ထွက်ပေါ်လာသည်။

အနက်ရောင် လိပ် ကြယ်စင်စုတွင် အသက်အငယ်ဆုံး နတ်ဘုရားတစ်ယောက် ဖြစ်လာသာမှာ ကျောင်းမိသားစု၏ ဘိုးဘေးဖြစ်သူ
ကျောင်းရှောင်ဟွမ် ဖြစ်သည်။ ကျောင်းရှောင်ဟွမ်က အသက်ရှစ်ဆယ် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သို့သော် ရှောင်လုံက အသက်လေးဆယ်တွင် နတ်ဘုရားတစ်ယောက်ဖြစ်လာရန် အခွင့်အရေး များနေသည်။

ရှောင်လုံက ဂူဒူလျန်ကို အနိုင်ရခဲ့တာကြောင့် ရှောင်လုံ၏ ပင်ကိုစွမ်းရည်က ဂူဒူလျန်ထက် အနည်းငယ် သာလွန်မည်ဟုသာ ဂိုဏ်းချုပ်များနှင့် ခေါင်းဆောင်ကြီးများက ယူဆထားကြသည်။
သူတို့စိတ်ထဲမှာ ရှောင်လုံ၏ ပင်ကိုယ်စွမ်းရည်က ဤမျှ ကြောက်စရာကောင်းနေလိမ့်မည်ဟု တစ်ခါမှ တွေးမိခဲ့မှာ မဟုတ်ပေ။

ဖုယန်ကလည်း ဂူဒူပါထျန်းနှင့်အတူ လိုက်၍ ရယ်မောလိုက်သည်

"... ငါ့တပည့်က အသက်သုံးဆယ်ကျော်နဲ့ နတ်ဘုရားတစ်ပိုင်း သိုင်သမားတစ်ယောက် ဖြစ်လာပေမဲ့ နတ်ဘုရားတစ်ပိုင်းအထွတ်အထိပ်အဆင့်ကို ဘယ်အချိန် ရောက်နိုင်မလဲဆိုတာတောင် ဘယ်သူမှ သေချာ မပြောရဲသေးလေ ... နတ်ဘုရားအဆင့်ကတော့ ပြောဖို့စောပါသေးတယ် ... မင်းရဲ့ မြစ် (မြေး၏သား ) ဂူဒူလျန်ကလည်း တကယ့်ပါရမီရှင် တစ်ယောက်ပဲ .... ငါကြားမိတော့ သူက ဂူဒူမိသားစုရဲ့ ထိပ်တန်း သိုင်းပညာတစ်ခုဖြစ်တဲ့
ဧကရာဇ် နတ်ဘုရားသိုင်းကို အလွှာကိုးဆယ့်ကိုးခု အထိကျင့်နိုင်ပြီဆို ..."

ဧည့်သည်များက ထိုစကားကိုကြားပြီးနောက်
ထပ်မံ၍ အံ့သြတုန်လှုပ်သွားကြသည်။

ဂူဒူမိသားစုရဲ့ ဧကရာဇ် နတ်ဘုရင်သိုင်း ...!

ဧကရာဇ် နတ်ဘုရင်သိုင်းပညာကို ဂူဒူမိသားစုအား စတင်တည်ထောင်ခဲ့သော ပထမဘိုးဘေက တီထွင်ခဲ့ခြင်းဖြစ်သည်။ ထိုသိုင်းပညာရပ်တွင် အလွှာ အခုသုံးရာ ပါဝင်သည်။ ကောလဟာလသတင်းများအရ ထိုသိုင်းပညာရပ်ကို အလွှာတစ်ရာအထိ လေ့ကျင့်ပြီးပါက သူ့၏စွမ်းအားက ကမ္ဘာကိုပင် တုန်လှုပ်နိုင်သည်ဟု ပြောကြသည်။ ထိုအပြင် နတ်ဘုရားအင်အားကိုပင် ထုတ်လုပ်နိုင်သည် ။

ထိုအပြင် အလွှာတစ်ရာကို လေ့ကျင့်အောင်မြင်သူက သေခဲ့လျှင်ပင် ပြန်လည်မွေးဖွားနိုင်သည်ဟု တင်စားပြောဆိုကြသည်။

သို့သော် ထိုသိုင်းပညာကို ဂူဒူမိသားစု၏ ပထမဘိုးဘေးမှလွဲ၍ မည်သူကမှ အလွှာတစ်ကာအထိရောက်အောင် မကျင့်နိုင်သေးပေ ။ ထိုမျှ ခက်ခဲသော သိုင်းပညာရပ်ကို ဂူဒူလျန်ကကိုးဆယ့်ကိုးလွှည အထိ လေ့ကျင့်အောင်မြင်ထားလိမ့်မည်ဟု မည်သူကမှ မထင်ထားပေ။

ဂူဒူပါထျန်းက ကျေနပ်စွာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်

"... ဟုတ်တယ် လျန်အာက ကိုးဆယ့်ကိုးလွှာအထိ အောင်မြင်ပြီးပြီ ...ဒါပေမယ့် အလွှာတစ်ရာအထိ ရောက်နိုင်မရောက်နိုင်ဆိုတာကတော့ ပြောဖုိ့ စောပါသေးတယ် ....."

ဂူဒူပါထျန်းက ရှောင်လုံကိုကြည့်လိုက်ပြီး

"... ကောင်လေးဟောင် .... လာမဲ့ သုံးနှစ်အတွင်း မင်းကြိုးစားမှ ဖြစ်မယ်နော် ... သုံးနှစ်ကြာရင် တပည့်အသစ်တွေကို စစ်ဆေးမဲ့ စာမေးပွဲတစ်ခုရှိတယ် ...အဲ့ဒီအချိန်ကြရင်  လျန်အာက မင်းကို စိန်ခေါ်လိမ့်မယ် ....  ပထမနေရာကို လုယူထားလို့ သူက မင်းကို မကျေမနပ် ဖြစ်နေတာ..."

ရှောင်လုံက ဂူဒူပါထျန်းအား မယဉ်လွန်း မရိုင်းလွန်းသောအမူအရာဖြင့်ဂါရဝပြု၍ ပြန်ဖြေလိုက်သည်

"... ဟုတ်ကဲ့ ...နောက်သုံးနှစ်ကြာရင် အကို ဂူဒူလျန်ရဲ့ စိန်ခေါ်မှုကို ကျွန်တော်လက်ခံပါ့မယ် ..."

ထိုနောက် ဖုယန်က ရှောင်လုံကို အနက်ရောင် သူရဲကောင်း တက္ကသိုလ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ထိပ်သီးအင်အားစုများမှ ဘိုးဘေးများ ၊ ဂိုဏ်းချုပ်များနှင့် မိတ်ဆက်ပေးလိုက်သည်။
သင့်တော်သည့် ဧည့်သည်များနှင့် မိတ်ဆက်ပေးပြီးနောက် ဖုယန်က သူ့တပည့်သုံးယောက်နှင့် ရှောင်လုံကို မိတ်ဆက်ပေးလိုက်သည်။

ဖုယန်၏ အကြီးဆုံးတပည့်အမည်က လျှိုယွင် ုဖြစ်သည်။ လျှိုယွင်၏ ရုပ်ရည်က အသက်သုံးဆယ့်ခန့် လူတစ်ယောက်နှင့်တူပြီး  နူးညံ့အေးဆေးသော ဟန်ပန်အမူအရာရှိသည်။ တည်ကြည်ခန့်ညားသူတစ်ယောက်လည်း ဖြစ်သည်။ ဒုတိယတပည့်၏ အမည်က ချန်ယန်ဖြစ်ပြီး သူကတုံဏှိဘာဝေနေတတ်သူ ဖြစ်သည်။ တတိယ တပည့်၏ အမည်က ချီဝမ် ဖြစ်သည်။ သူမက ဖုယန်၏ တပည့်သုံးယောက်ထဲတွင် တစ်ဦးတည်းသော တပည့်မ ဖြစ်သည်။ ချီဝမ်က ချောမောလှပပြီး စကားပြောနေဟန်တူသည့် မျက်လုံးတောက်တောက်လေးများကို ပိုင်ဆိုင်ထားသည်။

သူတို့သုံးယောက်စလုံးက အလုပ်ထွက်လုပ်နေကြပြီး ယခုမှ ပြန်ရောက်လာကြခြင်း ဖြစ်သည်။ ထိုကြောင့် ရှောင်လုံနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

တပည့်လက်ခံပွဲအချိန်သို့ နီးကပ်လာသောအခါ
ဖိတ်ကြားထားသော ဧည့်သည်များက ခန်းမဆောင်အတွင်းသို့ တဖွဲဖွဲရောက်ရှိလာကြသည်။
ကျောင်းအုပ်ကြီးဖန်ယန်က မဟာထိပ်သီးအင်အားစုများနှင့် ပထမအဆင့် အင်အားစုများကိုသာ ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
ထိုကြောင့် မဟာထိပ်သီးအင်အားစုမှ
ဘိုးဘေးများ ၊ ဂိုဏ်းချုပ်များနှင့် ခေါင်းဆောင်ကြီးများက နောက်လိုက်နောက်ပါများဖြင့် အသီးသီရောက်ရှိလာကြသည်။

"... လေကုန်းမြေ ကမ္ဘာမှ လူမိသားစု ရဲ့ ဂိုဏ်ချုပ်က ဂုဏ်ပြုလက်ဆောင်အဖြစ် ယင် ယန် ငါးနှစ်ကောင်ကို ပေးပါတယ် ...."

"... လေကိုးမျိုး ကမ္ဘာမှ ဝူ မိသားစုရဲ့ ဘိုးဘေးက
နတ်ဘုရားကမ္ဘာမှ ညနက္ခက်ကျောက်တုံးတစ်တုံးကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးအပ်လာပါတယ် ...."

ဧည့်သည်ကြိုဆိုရေးတွင် တာဝန်ယူထားသည့် အကြီးအကဲ၏ အသံက ခန်းမဆောင်ထဲတွင် ထည်ဝါစွာ ပျံ့လွင့်နေသည်။

ရှောင်လုံကတော့ ဂုဏ်ပြုလက်ဆောင်များ၏ အမည်ကိုကြားလိုက်တိုင်းမှာ နှလုံးရပ်မတတ် တုန်လှုပ်သွားလေ့ရှိသည်။ကျောင်းအုပ်ကြီး ဖုယန် ၏ တပည့်လက်ခံပွဲအတွက် ပေးအပ်လာသည့် ဂုဏ်ပြုလက်ဆောင်များမှာ အင်မတန်ရှားပါးသည့်
ပစ္စည်းများ ဖြစ်သည်။ တစ်ချို့ပစ္စည်းများ ပိုက်ဆံရှိသော်လည်း ဝယ်ယူရန် မဖြစ်နိုင်ပေ ။

နှစ်နာရီကြာပြီနောက် တပည့်လက်ခံပွဲအား စတင်လိုက်သည်။
ကျန်းတိုင်ချွမ်၏ အသေးစိတ်သင်ကြားပေးမှုကြောင့် ရှောင်လုံက တပည့်လက်ခံပွဲ အခမ်းအနားကို အမှားအယွင်းမရှိဘဲ ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ခဲ့သည်။ အရာအားလုံးက်ု အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးခဲ့သည်။

အခမ်းအနား၏ နောက်ဆုံးအချိန်တွင် ရှောင်လုံက ဖုယန်အား ဆရာအဖြစ် ရည်ညွှန်းခေါ်ဆို၍ ဝိညာဉ်လက်ဘက်ရည်ကို ဆက်သလိုက်သည်။
ထိုနောက် ရိုသေလေးစားစွာဖြင့် သုံးကြိမ် ဂါရဝပြုလိုက်သည်။ ဖုယန်က ပြုံးရွှင်နေသော မျက်နှာထားဖြင့် လက်ဘက်ရည်ကို လက်ခံယူလိုက်သည်။ ထိုနောက် ဖုယန်က ဝိညာဉ်လက်ဘက်ရည်ကို တစ်ငုံသောက်ရင်း ပြောသည်

"...  ကောင်းတယ် ..ကောင်းတယ် ...အရမ်းတော်တဲ့ တပည့် .... ထပါကွာ ..."

ဖုယန်က လက်ဘက်ရည်ခွက်ကို ချ၍ ရှောင်လုံကို ကိုယ်တိုင်ထူပေးလိုက်သည်။
ထိုအပြုအမူကို ဧည့်သည်အားလုံးက သတိပြုမိလိုက်ကြသည်။ သူတို့မျက်လုံးထဲမှာ တုန်လှုပ်မှုများ အထင်းသားပေါ်လွင်နေသည်။
ရှောင်လုံကို မည်မျှနှစ်သက်ကြောင်း ကျောင်းအုပ်ကြီး ဖုယန်၏ အပြုအမူကို ကြည့်ချင်းအားဖြင့် သိနိုင်သည်။ သို့သော် ထိုအချိန်၌ ဖုယန် ဒုတိယတပည့်ဖြစ်သူ၏ မျက်လုံးထဲတွင် ဖြစ်ပေါ်နေသည့် မနာလိုစိတ်များကို
မည်သူမှ သတိမပြုမိကြပေ။

တပည့်လက်ခံပွဲပြီးဆုံးသွားပြီးနောက် ဖုယန်က ဧည့်ပရိတ်သတ်အားလုံးကို ညစာ စားပွဲဆီသို့ခေါ်ဆောင်သွားသည်။ ဘိုးဘေးများ ၊ဂိုဏ်းချုပ်များက ဝိုင်ခွက် ကိုယ်စီမြှောက်ကာ ဖုယန်ကို မဆုံးနိုင်သော
ဂုဏ်ပြုလိုက်ကြသည်။ သက်ဝင်လှုပ်ရှားနေသော ဧည့်ခံပွဲကြီးက မနက်ရောင်နီလင်းချိန်ကြမှ အဆုံးသတ်သွားသည်။ ထိုအချိန်ကြမှ ဧည့်ပရိတ်သတ်များက ဖုယန်ကို နှုတ်ဆက်စကားဆို၍ အနက်ရောင် လိပ် ကမ္ဘာမှ ထွက်ခွာသွားကြသည်။

ဖုယန်နှင့် ရှောင်လုံလည်း ကျောင်းအုပ် အိမ်တော်သို့ ပြန်လိုက်သည်။လျှိုယွင် ၊ ချန်ဖန် နှင့် ချီဝေတို့ကလည်း သူတို့၏ ကိုယ်ပိုင်ခြံဝန်းများဆီသုိ့ ပြန်သွားကြသည်။

ကျောင်းအုပ် အိမ်တော်သို့ ပြန်ရောက်လာပြီးနောက် ဖုယန်က ရှောင်လုံကို သိုလှောင် လက်စွပ် တစ်ကွင်းပေးလိုက်သည်

"... ဒီထဲမှာ ဒီနေ့လာတဲ့လူတွေပေးတဲ့ ဂုဏ်ပြုလက်ဆောင်တွေပါတယ် ... "

ဂုဏ်ပြုလက်ဆောင်တွေ ....!

ရှောင်လုံက သိုလှောင်လက်စွပ်ကိုကြည့်ပြီး မျက်လုံးပြူးသွားသည်။ သို့သော် သူငြင်းရန် ပြင်နေစဉ် ဖုယန်က ခေါင်းခါပြပြီး ရယ်မောလိုက်သည်

"... တပည့်ပဲ သိပ်ထားလိုက်ပါ ..... ဆရာဆီမှာက အဲ့လိုပစ္စည်းတွေ အများကြီးရှိတယ် ...."

ရှောင်လုံက မတတ်တာတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။ ဖုာန်က ထပ်ပြောလိုက်သည်

"... ဂူဒူမိသားစုရဲ့ ဘိုးဘေးကတော့ ဧကရာဇ်နတ်ဘုရင် သိုင်းကို သုံးနှစ်အတွင်းမှာ  ဂူဒူလျန်က အလွှာတစ်ရာအထိရောက်အောင် လေ့ကျင့်နိုင်လိမ့်မယ်လို့ တော်တော်လေး  ယုံကြည်ချက်ရှိနေပုံပဲ ... ဟုတ်တယ် ... အဲ့လို လေ့ကျင့်နိုင်ခဲ့ရင်တော့ ဂူဒူလျန်သေချာပေါက် အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ် ..."

ဖုယန်က စကားသံထဲတွင် ရှောင်လုံအတွက်စိုးရိမ်နေသော အငွေ့အသက်များ ပါဝင်နေသည်ယ

ရှောင်လုံက ကတိပေးလိုက်သည်

"... ဆရာ .. တပည့်အတွက် စိတ်ချပါ ... ဒီသုံးနှစ်အတွင်းမှာ တပည့် နတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်...
"

ဖုယန်က ခေါင်းညိတ်လိုက်သည်

"... ဂူဒူလျန် အပြင် ဝမ်ပြောင်ယွမ်ကိုလည်း လျော့တွက်လို့မရဘူး ... ဝမ်ပြောင်ယွမ်က သတ္တုအဆီအနှစ်ကို ရသွားပြီး အခုအချိန်မှာ တံခါးပိတ် သိုင်းလေ့ကျင့်နေတယ်လို့ ဆရာ ကြားထားတယ် ... သုံးနှစ်ကြာရင် သူကို မင်းကို သေချာပေါက် စိန်ခေါ်လိမ့်မယ် ..."

ရှောင်လုံက သုံးနှစ်အတွင်း နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်စေရန် ကြိုးစားမည်ဟု အာမခံခဲ့သော်လည်း ၎င်းကိစ္စနှင့်ပတ်သတ်၍ ဖုယန်စိတ်ထဲမှာ သိပ်ပြီးအလေးအနက်မထားပေ။
ရှောင်လုံ၏ ပင်ကိုယ်စွမ်းရည်ကို အသိအမှတ်ပြုသော်ငြားလည်း ဖုယန်စိတ်ထဲမှာ သုံးနှစ်အတွင်း နတ်ဘုရားတစ်ပိုင်းအဆင့်မှ နတ်ဘုရားအဆင့်သို့  ရှောင်လုံ ကျော်ဖြတ်နိုင်လိမ့်မည်ဟု မယုံကြည်ထားပေ။ အချိန်သုံးနှစ်အတွင်း နတ်ဘုရားတစ်ပိုင်းအဆင့်မှ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်သို့ ရောက်ရန်ကိုပင် အပြင်းအထန် ကြိုးစားရမှာ ဖြစ်သည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၅၈ .... တပည့်အသစ်များအတွက် အလုပ်

ဝမ်ပြောင်ယွမ်တစ်ယောက် ကံကောင်းပြီး  သန့်စင်သော သတ္တုအဆီအနှစ်ကို ရရှိသွားလိမ့်မည်ဟု ရှောင်လုံ မထင်ထားခဲ့ပေ ။ သို့သော် ထိုကဲ့သုိ့့ ရရှိသွားခြင်းကိုလည်း ရှောင်လုံက သိပ်ပြီး အာရုံမရှိလှပေ။

ကျောင်းအုပ်ကြီး ဖုယန်က ဆက်ပြောလိုက်သည်

".... ဆရာ ပေးထားတဲ့ အနက်ရောင် သူရဲကောင်း အားတိုးဆေး အလုံးနှစ်သောင်းက တပည့်အတွက် တနှစ်လောက်တော့ ကောင်းကောင်းကြီး လုံလောက်တယ်  .... ကုန်သွားရင်ပြော... ဆရာ ထပ်ပေးမယ် ဟုတ်ပြီလား ..."

ရှောင်လုံက မလုံမလဲဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုနောက် ဖုယန်က ရှောင်လုံကို သိုင်းကျင့်စဉ်နှင့်ပတ်သတ်သော အသိညဏ်ဗဟုသုတ တစ်ချို့ ဝေမျှ ပေးလိုက်သည်။ တစ်နာရီကြာပြီးနောက်
ရှောင်လုံက ဖုယန်ကို နှုတ်ဆက်ကာ သူ့နေထိုင်ရာ ခြံဝန်းဆီသို့ ပြန်သွားသည်။

ထွက်သွားသော ရှောင်လုံ နောက်ကျောကိုကြည့်ရင်း ဖုယန်က ပြုံးပြီး ခေါင်းခါလိုက်သည်။ သူ့တပည့်သည် ဂူဒူလျန်နှင့် ဝမ်ပြောင်ယွမ်တို့ကို နည်းနည်းလေးမှ ဂရုမစိုက်ကြောင်း ဖုယန်က သိနေ၏ ။ သို့သော် အင်မတန် ထူးချွန်ထက်မြက်သူတစ်ယောက်မှာ ဤကဲ့သို့ မာနရှိနေသည်က မထူးဆန်းလှပေ ။

ရှောင်လုံက သူ့ခြံဝန်းအတွင်းသို့ပြန်ရောက်လာပြီးနောက် ဂုဏ်ပြုလက်ဆောင်များ ထည့်ထားသည့် သိုလှောင်လက်စွပ်မှ အတားအဆီးများကို ဖယ်ရှားလိုက်သည်။ အထဲသို့ ကြည့်လိုက်ချိန်၌ အရမ်းကို အံ့သြမှင်တက်သွားသည်။ သိုလှောင်လက်စွပ်တစ်ခုလုံး အဖိုးတန် ရတနာများ၊ တလက်လက်တောက်ပနေသည့် နတ်ဘုရားအဆင့် ဆေးလုံးများ ၊ ဆေးပင်ဆေးမြစ်များဖြင့် ပြည့်နှက်နေ၏ ။

ရှောင်လုံက ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချမိလိုက်သည်။
ဤသိုလှောင်လက်စွပ်အတွင်းမှ ရတနာများကိုသာ လေလံတင်ခဲ့လျှင် ရှောင်လုံ နေချင်းညချင်းကို ချမ်းသာသွားနိုင်သည်။

ထိုနောက် လက်စွပ်အတွင်းသို့ ကြည့်နေရင်းတစ်နေရာတွင် ရွှေရောင်တလက်လက်တောက်ပနေသည့် ဆေးလုံးလေးတစ်ခုက ရှောင်လုံ၏ စိတ်အာရုံကို ဖမ်းစားသွားသည်။  ရွှေရောင်ဆေးလုံးဆေးလုံးကို အပြင်ထုတ်သို့ ထုတ်လိုက်သည့်အခါ ထိုဆေးလုံးမှ ခပ်ဖျော့ဖျော့ အလင်းတန်းများ တောက်ပလာပြီး ရှောင်လုံလက်ပေါ်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေသည်။

"... ဒါက ရှေးဟောင်း မဟာဆန္ဒမြူနှင်း ဆေးလုံးပဲ ..."

နဂါးအင်ပါရာ အောင်းတိုင်ရီက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်

".. ဒါ တော်တော်ရှားပါးတဲ့ဆေးလုံးပဲ.... ရှေးခတ်တုံးကတောင် ဒီလိုဆေးလုံးမျိုးကို မြင်တွေ့နိုင်ဖို့ မလွယ်ဘူး... ဒီဆေးလုံးက နတ်ဘုရားအဆင့် သားရဲအမြုတေထက် အဆပေါင်းများစွာ ပို ကောင်းတာပေါ့ .... အော် ...ဒီလူတွေက ဒီလိုဆေးလုံးမျိုးကိုတောင် လက်ဆောင်အဖြစ် ပေးကြပါလား ....!"

မဟာဆန္ဒမြူနှင်းဆေးလုံး ....!
ရှောင်လုံမျက်လုံးများက အရောင် တောက်လာသည်။ ရှောင်လုံလည်း ၎င်းဆေးလုံးအကြောင်းကို ကြားဘူးသည်။ ဤဆေးလုံးကို နှစ်ပေါင်းသိန်းချီသက်တမ်းရှိသော ဆေးပင်ဆေးမြစ်များ အသုံးပြု၍ ဆေးနတ်ဘုရားများက သူ့တို့၏ နတ်မီးတောက်များကိုအသုံးပြုကာ ဖော်စပ်ထားခြင်း ဖြစ်သည်။

ရှောင်လုံလည်း နတ်တောင်ရွှမ်းမီအတွင်း၌ ချက်ချင်း တင်ပျင်ခွေ ထိုင်ချလိုက်သည်။ ထိုနောက် ရွှေရောင်ဆေးလုံးဆယ်လုံးကို ပါးစပ်ထဲသို့ မြိုချလိုက်သည်။ ထိုဆေးလုံးများကိုမြိုချပြီးနောက် ရှောင်လုံကိုယ်ထဲမှ တဖောက်ဖောက်မြည်သံများ ထွက်ပေါ်လာသည်။

လေးနာရီကြာပြီးနောက် ရှောင်လုံက ဆေး အာနိသင်အကုန်လုံးကို စုပ်ယူပြီးသွားသည်။ ရှောင်လုံခန္ဓာကိုယ်က သက်တောင်သက်သာရှိပြီး
ပေါ့ပါးလန်းဆန်းနေသည်။ ထိုခံစားမှုမျိုးကို အနက်ရောင်သူရဲကောင်းဆေးလုံးများ သောက်သုံးချိန်တွင် မခံစားခဲ့ရပေ ။ သိုလှောင်လက်စွပ်ထဲတွင် မဟာဆန္ဒမြူနှင်း ဆေး အလုံးသုံးဆယ်ကျော် ကျန်ရှိနေသေးသည်။ ရှောင်လုံက ဆေးအလုံးသုံးဆယ်၏ ဆေးအာနိသင်များကို တထိုင်တည်းစုပ်ယူလိုက်သည် ။ ကျန်ရှိနေသေးသည့် ဆေးလုံးများကိုတော့ သူ့မိသားစုအတွက် ဖယ်ထားလိုက်သည်။

ရှောင်လုံက နတ်တောင်ရွှမ်းမီထဲတွင် တစ်လကြာအောင် နေထိုင်၍ ဂုဏ်ပြုလက်ဆောင်အဖြစ်ရရှိခဲ့သည့်
နတ်ဘုရားအဆင့် ဆေးလုံးများနှင့် အနှစ်တစ်သိန်းသက်တမ်းရှိ ဆေးပင်ဆေးမြစ်များ၏ စွမ်းအားများကို စုပ်ယူခဲ့သည်။
နတ်ဘုရားအဆင့်ဆေးလုံးများက ရွှေရောင် မဟာဆန္ဒမြူနှင်း ဆေးလုံးကို မယှဉ်နိုင်သော်လည်း
ကြယ်စင်စုအတွင်းမှ ရှားပါးသော ဆေးလုံးများ ဖြစ်ကြသည်။ အချိန်တစ်လအတွင်း ရှောင်လုံ၏ အတွင်းအားများက ဒီရေအလား တရိပ်ရိပ် တိုးတက်လာသည်။ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် တဖြည်းဖြည်း နီးကပ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ  သိုင်းအဆင့်တက်တော့မည့်  လက္ခဏာများ မကြာခဏ ပြသလာသည်။

၎င်းအချိန်တစ်လအတွင်း ရှောင်လုံ၏ ဆရာတူအကိုကြီး လျှိုယွင်နှင့် ဆရာတူ အမ ချီဝမ်တို့က ရှောင်လုံဆီသို့ မကြာခဏ လာလည်ကြသည်။ ထိုကြောင့် ရှောင်လုံနှင့် သူ့တို့နှစ်ယောက်က မောင်နှမများသဖွယ် ရင်းနှီးလာကြသည်။

တပည့်အကြီးဆုံး လျှိုယွင်က နူးညံပျော့ပျောင်းသော ကိုယ်ရေကိုယ်သွေး ရှိပြီး အမ၃ ဖြစ်သူ ချီဝမ်က စိတ်သဘောထားကောင်းပြီး သွက်လက်ချက်ချာသူ တစ်ယောက်ဖြစ်သည်။
သူတို့နှစ်ယောက်စလုံးက ရှောင်လုံအား မောင်နှမအရင်းသဖွယ် ကြည်ရှု့ စောင့်ရှောက် ကြသည်။ သူတို့က ရှောင်လုံခြံဝန်းဆီသို့ အပါတ်စဉ် ရောက်ရှ်ိလာကြပြီ သိုင်ပညာနှင့် ပတ်သတ်၍ အကြံညဏ်ကောင်းများ ညွှန်ပြကြသည်။

သူတို့နှစ်ယောက်က ကျောင်းအုပ်ကြီး ဖုယန်၏ တပည့်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း နှစ်သောင်းကျော်ကြာမြင့်ခဲ့လေပြီ ။ ထိုအပြင် သူတို့က နတ်ဘုရားအဆင့် ၁၀ နှင့် အထက် သိုင်းပညာရှင်များ ဖြစ်သည်။ ထိုကြောင့် သူတို့၏ လမ်းညွှန်မှုများက ရှောင်လုံကို များစွာ အကျိုးရှိစေခဲ့သည်။

သို့သော် ဒုတိယဆရာတူအကိုဖြစ်သူ ချန်ဖန်ကတော့ တစ်ကြိမ်တစ်ခါမှ ပေါ်မလာခဲ့ပေ ။

တစ်ရက်သောနေ့တွင် နဂါးအင်ပါရာ အောင်းတိုင်ရီက ရှောင်လုံကို စကားပြောလိုက်သည်

".... အခုဆို ကျောင်းသားသစ် ရွေးချယ်ပြွဲပီးတာက နှစ်လကျော်သွားပြီ ... မနက်ဖြန်ကြရင် ကျောင်းသားသစ်အားလုံး အတွက် သက်ဆိုင်တဲ့ အလုပ်တွေ ချပေးလိမ့်မယ် ..... မင်းလည်း တခြားကျောင်းသားသစ်တွေနဲ့အတူ ပူးပေါင်းသင့်တယ် ..."

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။ ရှောင်လုံက ကျောင်းအုပ်ကြီး၏ လက်ရင်းတပည့် တစ်ယောက် ဖြစ်တာကြောင့် ကျောင်းသားသစ်များကို အပြင်ဘက်တွင် အလုပ်များချပေးသည့်အခါ ငြင်းဆန်နိုင်သည်။ သို့သော် ရှောင်လုံက လုပ်ပိုင်ခွင့်ကြောင့် အထူးအခွင့်အရေး ယူတတ်သူတစ်ယောက် မဟုတ်ပေ ။ ထိုအပြင် ကျောင်းသားသစ်များအတွက် အလုပ်က သူ့သိုင်းကျင့်စဉ်အတွက်လည်း အကျိုးရှိနိုင်သည်။

ကျောင်းသားသစ်များအတွက် ချမှတ်ပေးသည့်အလုပ်များက မိစ္ဆာသားရဲများ ၊ လူဆိုး ဓားပြ များ ၊ တစ္ဆေသတ္တဝါများကို အမဲလိုက်ခိုင်းခြင်း ဖြစ်သည်။ ရှောင်လုံက ခေါင်းထဲတွင် ခပ်မြန်မြန် တွက်ချက်လိုက်သည်။
ရှောင်လုံ၏ မှန်းဆချက်အရ သူ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနိုင်ရန် နတ်ဘုရားအဆင့် ၁ သားရဲအမြုတေ အခု တစ်ရာ သို့မဟုတ် နတ်ဘုရားအဆင့် ၁ တစ္ဆေများ၏ ဝိညာဉ်အကောင်တစ်ရာ ထပ်မံ လိုအပ်နေသေးသည်။

နောက်တစ်နေ့မနက်ခင်းတွင် ရှောင်လုံက ကျောင်းသားသစ်များအတွက် ချမှတ်ပေးသည့် အလုပ်များကို လုပ်ဆောင်မည် ဖြစ်ကြောင်း ကျောင်းအုပ်ကြီးအား အရင်ဆုံးသတင်း သွား    ပို့လိုက်သည်။ ထိုနောက် မဟာစည်းချက်ညီ ခန်းမဆောင် ရှိရာသို့ ရောက်ရှိလာသည်။

ရှောင်လုံ ရောက်ရှိလာချိန်တွင် မဟာစည်းချက်ညီ ခန်းမဆောင် အရှေ့မှ ရင်ပြင်ကျယ်ထဲတွင် ကျောင်းသားသစ်အားလုံးနီးပါး စုရုံးရောက်ရှိနေကြသည်။ ရှောင်လုံက စုရုံးနေသည့် ကျောင်းသားအသစ်များကို ခပ်မြန်မြန်  တစ်ချက် အကဲခတ်လိုက်သည် ။ ကျောင်းသားသစ်များထဲတွင် ဂူဒူလျန်နှင့် ကျောင်းရှောင်စုတို့နှစ်ယောက်ကို မြင်တွေ့လိုက်သည်။ အမှန်တိုင်းဆိုရလျှင် ရှောင်လုံက သူတို့နှစ်ယောက်ကိုမြင်ချိန်မှာ အံ့အားသင့်သွားသည်။ သူတို့နှစ်ယောက်လည်း ကျောင်းသားသစ်များ အတွက် ချမှတ်ပေးသည့် အလုပ်များကို ဝင်ရောက် လုပ်ဆောင်လိမ့်မည်ဟု ရှောင်လုံစိတ်ထဲမှာ  မထင်ထားခဲ့ပေ။ သူတို့နှစိယောက်၏ အရှိန်အဝါနှင့်ဆိုလျှင် သူတို့စိတ်မဝင်စားပါက ပါဝင်ဆင်နွှဲရန် မလိုအပ်ပေ။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားသည်။  ကျောင်းသားသစ်များကလည်း ရင်ပြင်ကျယ်အတွင်းသို့ ပိုပိုပြီး ရောက်ရှိ လာကြသည်။

"... ဟော ဟိုမှာဝမ်ပြောင်ယွမ်းလည်း လာတယ်ကွ ..."

ကျောင်းသားတစ်ယောက်က အော်ပြောလိုက်သည်။

  ကျောင်းသားသစ်များနည်းတူ ရှောင်လုံ၏ အကြည့်က လေကိုခွင်း၍ လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်းလာသည့် လူရိပ်တစ်ခုဆီသို့ ရောက်ရှိသွားသည်။ သူ့ပျံသန်းလာရာ လမ်းတစ်လျှောက်တွင်  ရွှေရောင်မီးတောက်တစ်ခု ကြွင်းကျန်နေခဲ့သည်။ ထိုလူက ဝမ်ပြောင်ယွမ် ဖြစ်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝမ်ပြောင်ယွမ်က
ကျောင်းသားသစ်များ စုရုံးနေသည့် ရင်ပြင်ကျယ်အတွင်းသို့ ဆင်းသက်လာသည်။ သူ့ခြေထောက်နှင့် မြေကြီး ထိလိုက်ချိန်တွင် ဧရာမသတ္တုတောင်ကြီးတစ်လုံး မြေကြီးနှင့် ဆောင့်မိသလို မြေပြင်တစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ရမ်းသွားသည်။ ဝမ်ပြောင်ယွမ်က စကားတစ်လုံးမှ မဆိုဘဲ ရှောင်လုံရှိနေသည့်နေရာသို့ အေးစက်စက် စိုက်ကြည့်လိုက်သည်။

ဝမ်ပြောင်ယွမ်က အရင်နှစ်လကထက် သိသိသာသာကို တိုးတက်လာသည်။ သတ္တုအဆီအနှစ်ကို စုပ်ယူခြင်းက
ဝမ်ပြောင်ယွမ်အတွက် အမှန်တကယ် အကျိုးပြုခဲ့ပုံ ပေါ်သည်။

ဝမ်ပြောင်ယွမ်က ရှောင်လုံ ဤမြင်တွေ့ရမည်ဟု မထင်မှတ်ထားခဲ့သူ နောက်တစ်ယောက်ဖြစ်သည်။
ယေဘုယျအားဖြင့် သတ္တုအဆီအနှစ်ကဲ့သို့ ရတနာမျိုးကို သန့်စင်စုပ်ယူရာတွင် အရေးကြီးသည့်အချက်က အာနိသင်များ ကုန်ဆုံးသွားသည်အထိ တစ်ဆက်တည်း စုပ်ယူရန် ဖြစ်သည်။ ကြားထဲတွင် ခေတ္တရပ်နားခြင်းက သတ္တုအဆီအနှစ်မှ ရရှိမည့် အကျိုးကျေးဇူးကို ကြီးမားစွာ လျော့ကျသွားစေနိုင်သည်။

အချိန်သိပ်မကြာလိုက်ပေ ။  ကျောင်းသားသစ် အယောက်တစ်ရာလုံး ရင်ပြင်ကျယ်အတွင်းသို့ စုရုံး ရောက်ရှိ လာကြသည်။ သူတို့အားလုံး စုံချိန်ကြမှ အကြီးအကဲ ချန်တိုင်ချွမ်က သူတို့အရှေ့မှာ ပေါ်လာသည်။  ဤတစ်ကြိမ်တွင် ကြီးကြပ်မည့်သူကလည်း အကြီးအကဲ ချန်တိုင်ချွမ်ပင်ဖြစ်သည်။

ချန်တိုင်ချွမ်က ကျောင်းအားအားလုံးကို ဖြန့်ကျက်၍ အကဲခတ်လိုက်သည်။ သူ့အကြည်က ရှောင်လုံကိုယ်ပေါ်တွင်  တစ်စက္ကန့်မျှ ရပ်နားသွားသည်။ ချန်တိုင်ချွမ်က ရှောင်လုံကို ခပ်ဖွဖွပြုံးပြရင်း မသိမသာခေါင်းညိတ်ပြလိုက်သည်။

"... ငါက ဒီတစ်ကြိမ် ကျောင်းသားသစ် လုပ်ငန်းများကို  ကြီးကြပ်ပေးမဲ့သူ တစ်ယောက်ပဲ .... ဒီတစ်ကြိမ်အတွက် မင်းတို့လုပ်ရမဲ့အလုပ်က မသေမျိုး ကမ္ဘာကို သွားပြီး တစ္ဆေသတ္တဝါတွေကို အမဲလိုက်ရမှာ ...."

ကျန်းတိုင်ချွမ်က ဆက်ပြောလိုက်သည်

".... မသေမျိုး ကမ္ဘာကိုရောက်ရင် အားလုံး ကိုယ်လုံခြုံရေးကို အရင်ဆုံး ဂရုစိုက်သင့်တယ် ...
မင်းတို့ အဲ့နေရာမှာ တွေ့ရမဲ့ တစ္ဆေတွေက တောနက်ကြယ်ဂြိုလ်ပေါ်က တစ္ဆေတွေလို မဟုတ်ဘူး .... မသေမျိုး ကမ္ဘာပေါ်မှာရှိတဲ့ တစ္ဆေတွေက သူတို့ကိုယ်သူတို့  ပြန်လည်ကုသနိုင်စွမ်းရည် အလွန်ကောင်းတယ် .....အဲ့ဒါကြောင့် သူတို့ကို လွယ်လွယ်ကူကူနဲ့ သတ်နိုင်မှာ မဟုတ်ဘူး...."

ထိုနောက် ကျန်းတိုင်ချွန်က တခြားအာရုံစိုက်ရမည့် ကိစ္စများကိုလည်း သတိပေးလိုက်သည်။ ဤတစ်ကြိမ် ထူးချွန်သူများ အတွက်လည်း ဆုလာဘ်များကို ချီးမြှင့်မှာဘဲ ဖြစ်သည် ။
သို့သော် အမှတ်အများဆုံး သုံးယောက်သာ အကျုံးဝင်သည်။

ရှောင်လုံက ကျန်းတိုင်ချွမ်၏ သတိပေးချက်အားလုံးကို သေချာမှတ်သားထား လိုက်သည်။ အကြီးအကဲ ကျန်းတိုင်ချွမ်၏  အထပ်ထပ်အခါခါ မှာနေပုံကိုကြည့်ချင်းအားဖြင့် ထိုနေရာတွင် အမှတ်တကယ်ကို အန္တရာယ်များနိုင်သည်။ ထိုနောက် ကျန်းတိုင်ချွမ်က ကျောင်းသားသစ်များကို ဦးဆောင်ကာ မြောက်ဘက်ကြယ် ရင်ပြင်တွင် ရှိသော ကူးပြောင်းခြင်း အစီအရင်ကို စတင်လိုက်သည်။
ထိုနောက် အလင်းတစ်ခု ဖျတ်ခနဲလက်သွားပြီးနောက် ရှောင်လုံစိတ်ထဲမှာ ကမ္ဘာကြီးတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားသလို ခံစားလိုက်ရသည်။
ထိုနောက် သူတို့အားလုံးက ညှိုမှိုင်းပြီး ကျတ်တီးမြေနှင့်တူသော သဲကန္တာရ တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။

ရှောင်လုံက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ သဲကန္တာရကြီးက အဆုံးသတ်မရှိသည်နှယ် အနားသတ်မျဉ်းကိုပင် မမြင်ရပေ ။ ခြောက်သွေ့သော သဲများက သဲတောင်ပူစာများအဖြစ် နှေရာအနှံတွင် ပြန်ကျဲနေကြသည်။ သဲကန္တာရ၏ အပေါ်တွင်လည်း သေခြင်း အငွေ့အသက်များ စုစည်း၍ အနက်ရောင် တိမ်တိုက်များ ဖြစ်ပေါ်နေသည်။  သဲကန္တာရတစ်ခုလုံးကို ညှီစို့စို့ လူသေကောင် အပုပ်နံများက ဖုံးလွှမ်းထားသည်။

"... ဒါက မသေမျိုး ကမ္ဘာပဲ ..."

ထိုအချိန်တွင်ကျန်းတိုင်ချွမ်၏ စကားသံက သူတိုနားထဲသို့ ရောက်ရှိလာသည်။

"... ပြောထားတာတွေကို အားလုံးပဲ မှတ်မိကြမယ်လို့ မျှော်လင့်တယ် .... တစ်လကြာရင် ဒိနေရာမှာပဲ ငါတို့ပြန်ဆုံကြမယ် ... ကဲ အလုပ်စလုပ်လို့ရပြီ ...."
ကျန်းတိုင်ချွမ်၏ စကားအဆုံးတွင် ဝမ်ပြောင်ယွမ် ၊
ဂူဒူလျန် ၊ ကျောင်းရှောင်စု နှင့် တခြားကျောင်းသားများက မြင်ကွင်းမှ ဖျတ်ခနဲ ပျောက်ကွယ်သွားကြသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၅၉ ...... သဘာဝစိတ်ဝိညာဉ် သန္ဓေသား၏ စွမ်းအားများကို စုပ်ယူခြင်း

ဂူဒူလျန်တို့ပျောက်ကွယ်သွားပြီးနောက် ရှောင်လုံလည်း စတင်လှုပ်ရှားလိုက်သည်။
အမှန်တော့ ရှောင်လုံက ယခုတစ်ခေါက်တွင် ပထမနေရာကို ရယူရန် စိတ်မဝင်စားပေ။ သူ့အတွက် အရေးအကြီးဆုံးက နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်သို့  အဆင့်တက်နိုင်ရန်သာ ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက
သဘာဝစိတ်ဝိညာဉ် သန္ဓေသားလောင်းဖြင့်
နတ်ဘုရားအဆင့်သို့ အလွယ်တကူ ကျော်ဖြတ်နိုင်သည်။

သုံးရက်ကြာပြီးနောက် ရှောင်လုံက တောင်ကြားတစ်ခု အပေါ်သို့ ရောက်ရှိနေသည်။
သို့သော် ရှောင်လုံက တောင်ကြားအတွင်းပိုင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။

လွန်ခဲ့သော သုံးရက်အတွင်း ရှောင်လုံက နတ်ဘုရားတစ်ပိုင်းအဆင့် နှင့် နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့် တစ္ဆေများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ထိုသတ္တဝါများက ရှောင်လုံ၏ လိုအပ်ချက်နှင့်ကိုက်ညီခြင်း မရှိပေ။ ရှောင်လုံက သုံးရက်အတွင်း အကောင်နှစ်ဆယ်ကျော်သာ သတ်နိုင်ခဲ့သည်။

ဆယ်ရက်လျှင် ဆယ်ကောင်းပင်မပြည့်သော်ကြောင့် ရှောင်လုံလည်း စိတ်ဓတ်ကျသွားသည်။
အခြေအနေများ ဤကဲ့သို့ ဆက်သွားနေမည်ဆိုလျှင် ရှောင်လုံ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ရန်
အချိန်ဆယ်ရက်ခန့် ကုန်ဆုံးသွားနိုင်သည်။

"... ဆယ်ရက်.."

ရှောင်လုံက တီးတိုးရေရွတ်လိုက်သည်။ ကျောင်းသားသစ်များ အလုပ်အတွက် ကြာချိန်က တစ်လဖြစ်ပြီး ရှောင်လုံ အချိန်ဆယ်ရက်ကို နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် အသုံးချရမှာဖြစ်သည်။ ထိုကြောင့် သူ့ဆီမှာ ရက်နှစ်ဆယ်ခန့်သာ ကျန်တော့သည်။

"...နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့အတွက်တော့ ပြန်ရောက်မှဘဲ ကြိုးစားရတော့မယ် ထင်တယ် ....!"

သဘာဝ ဝိညာဉ် သန္ဓေသားလောင်းထံမှ စွမ်းအားများကို စုပ်ယူ၍ နတ်ဘုရားအဆင့် တက်လှမ်းရသည့် ကိစ္စမှာ ရက်အနည်းငယ်နှင့် ပြုလုပ်နိုင်သော ကိစ္စတစ်ခုမဟုတ်ပေ။
ထိုကြောင့် တက္ကသိုလ်ပြန်ရောက်မှ ကြိုးစားမည်ဟု ရှောင်လုံက စိတ်ဆုံးဖြတ်လိုက်သည်။

အချိန်ဆယ်ရက်ကလည်း မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားသည် ။

ရှောင်လုံက သူ့လက်ကို လက်သည်းအဖြစ် ကွေး၍ နတ်ဘုရားအဆင့် တစ္ဆေတစ်ကောင်အား ချေမှုန်းလိုက်သည်။ ထိုနောက် ထွက်ပြေးရန်ကြိုးစားနေသည့်  တစ္ဆေ၏ ဝိညာဉ်ကို
ပါးစပ်ထဲသို့ စုပ်သွင်းကာ သွေးအာဏာ နည်းစနစ်ကိုအသုံးပြု၍ သန့်စင်ယူလိုက်သည်။
ထိုတစ္ဆေ၏ ဝိညာဉ်ကို သန့်စင်စုပ်ယူနေသောအချိန်တွင် ရှောင်လုံက တစ်ချက်တုန်သွားသည်။ ထိုနောက် သူ့ကိုယ်ထဲမှ တိုးညှင်းသော ပေါက်ကွဲသံတစ်ခုနှင့်အတူ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

ရှောင်လုံစိတ်ထဲမှာ အပျော်များဖြင့် ပြည့်နှက်သွားသည် ။

ငါ နောက်ဆုံးတော့ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်ကို ရောက်ခဲ့ပြီကွ....!

ရှောင်လုံက သူ့ရင်ထဲမှ အပျော်များကို ထိန်းချုပ်ပြီး ကျောင်းသားသစ် တံဆိပ်ပြားကို ထုတ်လိုက်သည်။ လွန်ခဲ့သော ဆယ်ရက်လုံးလုံး ရှောင်လုံက အမှတ်များကို အာရုံမစိုက်နိုင်ခဲ့ပေ။
ထိုကြောင့် သူမည်သည့် အဆင့်သို့ ရောက်နေမှန်းကိုလည်း မသိပေ ။

"... အဆင့် ၇... ရမှတ် ၆၈၃.၂၁သန်း ..."

သူ့စိတ်ဝိညာဉ်နှင့် တံဆိပ်ပြားအတွင်းသို့ အကဲခတ်ကြည့်လိုက်သည့်အခါ ရှောင်လုံစိတ်ထဲတွင် အကြောင်းအရာတစ်ခု ပေါ်လာသည်။

"... အဆင့် ၇ ... အင်းမဆိုးသေးဘူးပဲ ..."

ရှောင်လုံက စဉ်းစားလိုက်သည်။ ရှောင်လုံက ကုန်လွန်ခဲ့သေရက်များတွင် နတ်ဘုရားအဆင့် တစ္ဆေများကိုသာ အဓိကထား၍ အမဲလိုက်ခဲ့ပြီး တစ်ခါတစ်ရံမှသာ နတ်ဘုရားတစ်ပိုင်းတစ္ဆေများကို အမဲလိုက်ခဲ့သည်။ ထိုကြောင့် အဆင့် ၇နေရာသို့ ရောက်ရှိနေခြင်းက သူထက်ထားသည်ထက် ပို၍ ကောင်းမွန်သောရလဒ်တစ်ခု ဖြစ်နေသည်။
ထိပ်ဆုံးဆယ်ယောက် အပြင်သို့ ရောက်နေပြီဟု
ရှောင်လုံက တွက်ဆထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ဂူဒူလျန်က ပထမနေရာကို ရယူထားပြီး ဝမ်ပြောင်ယွမ်က ဒုတိယနေရာကို ရယူထားသည်။ ရှောင်လုံက အဓိကရည်ရွယ်ချက်ကလည်း အောင်မြင်သွားပြီမို့
အားလုံးထုတ်သုံးရန် အချိန်တန်လေပြီ ။

ရှောင်လုံက လေပေါ်သို့ ခုန်တက်လိုက်သည်။ညရှောင်လုံ၏ ဒန်ထျန်အတွင်းမှ အဆီအနှစ်စွမ်းအားများက စတင်လည်ပတ်လာပြီး
သူ့အရေးပြားပေါ်တွင် မီးအဆီအနှစ်အလွှာ တစ်ခုဖြစ်ပေါ်လာသည်။ ရှောင်လုံကိုယ်ထဲက ထွက်ပေါ်လာသည့် မီးအဆီအနှစ်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်မှ တစ္ဆေများကို မီးရှို့ဖျက်ဆီးလိုက်သလို ဖြစ်သွားသည်။

ထိုတစ္ဆေများကို ရင်ဆိုင်ရာတွင် ရှောင်လုံ၏ မီးအဆီအနှစ်များက အလွန်ကို ထိရောက်လေသည်။ တခြားသိုင်းများကို ထုတ်သုံးရန်ပင် မလိုအပ်ပေ ။

အချိန်များက စမ်းချောင်းတစ်ခုလို တရွေ့ရွေ့စီးဆင်းသွားပြီး  အချိန် ၁၅ရက်လည်း ကုန်လွန်သွားသည်။

အဆင့် ၇နေရာမှ ရှောင်လုံ၏ ရမှတ်များက ကျောင်းသားသစ် စစ်ဆေးပွဲကလို
ဂူဒူလျန်အား လျင်မြန်စွာ အမှီလိုက်လာသည်။ ထိုနောက် ဂူဒူလျန်ကို ကျော်တက်သွားသည်။
လွန်ခဲ့သော ဆယ်ရက်လုံးလုံး ရှောင်လုံ၏ ရမှတ်များရပ်တန့်နေခြင်းကြောင့် ဂူဒူလျန်နှင့် တခြားကျောင်းသားများက ကျိတ်ပြီး ဝမ်းသာနေခဲ့သည်။ သို့သော် အချိန်လဝက်ခန့်ကြာပြီးနောက်
ထိုပုဂ္ဂိုလ်က ကျောင်းသားသစ်စစ်ဆေးပွဲကလို တူညီသော လှည့်ကွက်ကို အသုံးပြု၍ သူတို့အားလုံးကို ကျော်တက်ကာ ပထမနေရာကို ရယူသွားခဲ့ပြန်သည်။

ကျန်ရှိနေသော ရက်များတွင် ဂူဒူလျန်က မည်မျှပင် ကြိုးစားသည်ဆိုစေကာမူ ရှောင်လုံနှင့် သူ့ကြားမှ အမှတ်ကွာဟချက်ကို ကျဉ်းမြောင်းလာအောင် မလုပ်နိုင်ခဲ့ပေ။ ရမှတ်ကွာဟချက်က ပို၍ ကြီးမားလာသည်။

နောက်ဆုံးတွင် သတ်မှတ်ထားသည့် အချိန်တစ်လ ပြည့်သွားသည်။ သူတို့အားလုံးလည်း ကူးပြောင်းခြင်း အစီအရင်နားသို့ ပြန်လည်ရောက်ရှိလာကြသည်။

မျှော်လင့်ထားသည့်အတိုင်း ရှောင်လုံက ပထမနေရာကို ဆွတ်ခူးသွားသည်။ ကျန်းတိုင်ချွမ်က ဦးဆောင်၍ ကျောင်းသားများကို အနက်ရောင် လိပ် ကမ္ဘာသို့ ပြန်လည်ခေါ်ဆောင်လာသည် ။ သူတို့အပြန်လမ်းတစ်လျှောက်တွင် ဂူဒူလျန်နှင့် ဝမ်ပြောင်ယွမ်တို့က မျက်နှာ မကောင်းကြပေ။

  ဝမ်ပြောင်ယွမ်က အရမ်းကို ခံရခက်နေသည်။
ရတနာမြေပုံ၏ လမ်းညွှန်မှုဖြင့် ရရှိခဲ့သော သတ္တုအဆီအနှစ်က ဝမ်ပြောင်ယွမ်အတွက် များစွာအကျိုးရှိခဲ့ပြီး သူ့ ခွန်အားများကို ကြီးမားစွာ တိုးတက်ခဲ့သည်။   ရှောင်လုံကို သိက္ခာကျဆင်းအောင် လုပ်လိုသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဝမ်ပြောင်ယွမ်က ယခုတစ်ခေါက် ပြိုင်ပွဲသို့  လာရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးကြားမှ အမှတ်ကွာဟချက်က ယခင်အချိန်ကထက်ပို၍ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သည်။

ကျန်းတိုင်ချွမ်က ကျောင်းသားများကို မဟာစည်းချက် ညီခန်းမဆောင်ဆီသို့ ပြန်လည်ခေါ်ဆောင်လာသည်။ ထိုနောက် ထိပ်ဆုံးသုံးယောက်ကို ဆုချီးမြှင့်လိုက်သည်။

ရှောင်လုံ ပထမဆုကို လက်ခံနေသည့် မြင်ကွင်းကိုကြည့်ရင်း  ဘီလူးသံပရာသီး ကိုက်ထားသည့်ပုံစံလို ဝမ်ပြောင်ယွမ်မျက်နှာက ရှုံ့မဲ့နေသည်။

"..အေး မင်းပြောထားအုံးပေါ့ကွာ ... သုံးနှစ်ကြာရင် ကျောင်းသားသစ်များကို အရည်အချင်းစစ်မဲ့ ပြိုင်ပွဲကြမှ မင်းအခုလို မာနကြီးနိုင်အုံးမလားဆိုတာ ကြည့်ကြသေးတာပေါ့ ..."

ဆုချီးမြှင့်ပြီးနောက် ကျန်းတိုင်ချွမ်က အာလုံးကို ပြန်ခိုင်းလိုက်သည်။ ထိုစကားကို မျှော်လင့်နေသော ရှောင်လုံက ကျောင်းအုပ်ကြီးအိမ်တော်ဆီသို့ အလျင်အမြန်ပြန်လိုက်သည်။ သူ့ခြံဝန်းအတွင်းသို့ ပြန်ရောက်သည်နှင့် နတ်တောင်ရွှမ်းမီအတွင်းသို့
ကမန်းကတမ်း ဝင်လိုက်သည်။

နတ်တောင်ရွှမ်းမီအတွင်း ဗုဒ္ဓဆယ်ဆူ အစီအရင်အလယ်တွင် ရှိနေသည့် သဘာဝစိတ်ဝိညာဉ် သန္ဓေသားလောင်းကို ရှောင်လုံက စိတ်လှုပ်ရှားစွာဖြင့် ငေးကြည့်လိုက်သည်။ ရှောင်လုံနှလုံးသားက ရည်စားထံမှ အဖြေရခါစ လူငယ်လေးတစ်ယောက်လို တဒိတ်ဒိတ် ခုန်နေသည်။

နောက်ဆုံးတော့ သဘာဝစိတ်ဝိညာဉ် သန္ဓေသားလောင်း၏ စွမ်းအား စုပ်ယူရန် အချိန်တန်လာခဲ့လေပြီ ။ ယခင်သာ မြင်သာမြင် မကြင်ရဖြစ်ခဲ့ရသည်။ ရှောင်လုံလည်း ဤနေ့ရက်သို့ ရောက်ရှိရန် အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရသည်။

"... ဟေ့ကောင်လေး ...သဘာဝစိတ်ဝိညာဉ် သန္ဓေသယးလောင်းမှာ အသိညဏ်ရှိတယ်ဆိုတာကို မမေ့နဲ့အုံး ... သူရဲ့ စွမ်းအား စပြီးစုပ်ယူတဲ့ အချိန်မှာ သတိထားမှ ဖြစ်မယ်... "

အောင်းတိုင်ရီက အပျော်လွန်နေသော ရှောင်လုံကို သတိပေးလိုက်သည်

"... မင်း တစ်ခုခုမှားသွားရင်း သူ့စိတ်ဝိညာဉ်က မင်းခန္ဓာကိုယ်ကို အပိုင်သိမ်းသွားလိမ့်မယ်...."

သဘာဝစိတ်ဝိညာဉ်သန္ဓေသားလောင်း၏ စွမ်းအားကို စုပ်ယူမည့်လုပ်ငန်းစဉ်တွင် အောင်းတိုင်ရီက ရှောင်လုံကို မကူညီနိုင်ပေ။ အရာအားလုံးက ရှောင်လုံအပေါ်သာ မူတည်နေသည်။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။ ထိုနောက်  ရှောင်လုံကစိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။
သူ့မျက်နှာထားက တဖန်ပြန်လည်၍ တည်ကြည်လေးနက်သွားသည် ။ ထိုနောက် သဘာဝ စိတ်ဝိညာဉ် သန္ဓေသားလောင်း အနီးတွင် တင်ပျင်ခွေ ထိုင်၍ ခန္ဓာကိုယ်ထဲမှ အတွင်းအားများကို နတ်အတွင်းအား နည်းစနစ်အတိုင်း လှည့်ပတ်စီးဆင်း စေလိုက်သည်။ ထိုနောက် အသင့်ဖြစ်ပြီဟု ခံစားမိချိန်တွင် သဘာဝသန္ဓေသားလောင်း၏ စွမ်းအင်များကို နည်းနည်းချင်းစတင် စုပ်ယူလိုက်သည်။

အရှိန်အဟုန်ပြင်းစွာဖြင့် ဆောင့်ဝင်လာသော စွမ်းအားများကြောင့် ရှောင်လုံ၏ နဂါးခန္ဓာကိုယ်က တစ်ချက်တုန်သွားသည်။ သူ့တစ်ကိုယ်လုံး အပ်နှင်စွခံနေရသလို နာကျင်နေသည်။ ထိုကြောင့် ရှောင်လုံလည်း မှင်တက်သွားသည်။

ရှောင်လုံ နဂါးရတနာ ကိုယ်လုံသိုင်းကို စတင်လေ့ကျင့်ချိန်ပြီးနောက် သူ့ကိုယ်ထဲတွင် အစီအရင်များ ဖြစ်ပေါ်လာခဲ့သည်။ ရှောင်လုံက နတ်ဘုရား ဆေးလုံး နှင့် သားရဲအမြုတေအမြောက်အများကို စုပ်ယူခဲ့သော်လည်း ထိုအစီအရ်ုကြောင့် တစ်ကြိမ်တစ်ခါမှ နာကျင်မှုကို မခံစားခဲ့ရပေ။

သို့သော် သဘာဝသန္ဓေသားလောင်းအတွင်းမှ စွမ်းအင်များက ရှောင်လုံ နဂါးခန္ဓာကိုယ်အား ုကန့်သတ်ချက်တစ်ခုရောက်အောင် တွန်းပို့ခဲ့သည်။
ရှောင်လုံက စွမ်းအင်များကို စုပ်ယူရာတွင် စိတ်မပြန့်လွင့်အောင် အဓိက အာရုံစိုက်လိုက်းည်။
ထိုနောက် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများကို စုပ်ယူရာတွင် နတ်အတွင်းအားနည်းစနစ်ကို ထပ်ခါထပ်ခါ ထုတ်သုံးလိုက်သည်။

နာရီပေါင်းများစွာကြာလာပြီးနောက် နာကျင်မှုများက တဖြည်းဖြည်းသက်သာလာသည်။
သို့သော် ရှောင်လုံကတော့ တစ်စက်ကလေးမှ သတိလက်လွတ် မနေရဲသလို အမှားလည်း မလုပ်ရဲပေ။ သဘာဝစိတ်ဝိညာဉ် သန္ဓေသားလောင်း တွင် ုဖြစ်ပေါ်နေသည့် အသိစိတ်၏ ခုခံမှုက ပို၍ကြမ်းတမ်းလာသည်။ အောင်းတိုင်ရီ၏ အစွမ်းထက်သော ထိန်းချုပ်မှုကြောင့်သာ တခြားနေရာသို့ ထွက်ပြေးမသွားခြင်း ဖြစ်သည်။

တစ်ရက်ကြာပြီးနောက် သန္ဓေသားလောင်း၏ ခုခံမှုက လျောကျမသွားသည့်အပြင် ပို၍ ပြင်းထန်လာသည်။ သူ၏ ပြင်းပြင်းထန်ထန် ရုန်းကန်မှုကြောင့် ရှောင်လုံကိုယ်ထဲသို့ စွမ်းအားများက ပိုပြီး လျင်မြန်စွာ စီးဝင်လာသည်။
စီးဝင်လာသော စွမ်းအားများက ရှောင်လုံ လက်ရှိစုပ်ယူနိုင်သော ပမာဏထက် ကျော်လွန်သွားသည်

ထိုကြောင့် ရှောင်လုံ၏ နဂါးခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၆၀ ..... နတ်ဘုရားတစ်ယောက် ဖြစ်လာခြင်း

  ရှောင်လုံ၏ အရေပြားပေါ်တွင် သွေးနဂါးများနှင့်တူသော သွေးအရေးအကြောင်းများ ဖြစ်ပေါ်လာသည်။ ထိုမြင်ကွင်းကို မြင်လိုက်သည့် လူတိုင်း တုန်လှုပ်ခြောက်ခြား သွားနိုင်သည်။

သို့သော် ထိုသွေးနဂါးနှင့်တူသော သွေးအရေးအကြောင်းများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်
ရှောင်လုံကိုယ်ထဲမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုနောက် ရှောင်လုံခန္ဓာကိုယ်ပေါ်က အနီရောင် သွေး အရေးအကြောင်းများက ပြုပြင်ခံလိုက်ရသလိုမျိုး ပျောက်ကွယ်သွားသည်။

သို့သော် ထိုကဲ့သို့ ပြန်ကောင်းလာပြီး စက္ကန့်ပိုင်းအတွင်းမှာ ရှောင်လုံ အရေပြားက နောက်တကြိမ် အက်ကွဲလာပြန်သည်။ ဤကဲ့သို့ ကွဲအက်လိုက် ၊ ပြုပြင်လိုက် ဖြစ်နေသည်က သုံးရက်တိုင်အောင် ကြာမြင့်ခဲ့သည်။

သုံးရက် ....!

ထိုရက်များတွင် ရှောင်လုံက အသဲခိုက်အောင် နာကျင်မှုများကို ခံစားခဲ့ရသည်။ ၎င်းနာကျင်မှုက သူခန္ဓာကိုယ်ပေါက်ကွဲ သွားခြင်းထက်ပင် အဆတစ်သိန်းခန့် ပို၍ နာကျင်သည်။
ရှောင်လုံခန္ဓာကိုယ်က စက္ကန့်တိုင်းမှာ ပေါက်ကွဲလုမတတ် ဖြစ်နေသည်။ ရှောင်လုံက ထိုကဲ့သို့ နာကျင်မှုမျိုးကို ထပ်ခါထပ်ခါ ခံစားနေရသည်။ ရှောင်လုံစိတ်ထဲမှာ လက်လျော့ချင်စိတ်များ အကြိမ်ကြိမ် ဖြစ်ပေါ်နေသည်။
အကယ် ရှောင်လုံသာ လက်လျော့ခဲ့လျှင် သူ့စိတ်ဝိညာဉ်နေရာကို သဘာဝသန္ဓေသားလောင်း၏ စိတ်ဝိညာဉ်က အစားထိုးနေရာယူသွားမှာ ဖြစ်သည်။

ရှောင်လုံ၏  နဂါးခန္ဓာကိုယ်က နောက်ဆုံးတွင် အက်ကွဲခြင်း မရှိတော့ပေ ။ ထိုအခ်ျိန်မှစ၍ သဘာဝစိတ်ဝိညာဉ်သန္ဓေသားလောင်း၏ အသိစိတ်က မည်မျှပင် ရုန်းကန် ခုခံနေပါစေ ရှောင်လုံ၏ နဂါးခန္ဓာကိုယ်က ကျောက်တောင်ကြီးတစ်ခုလို တည်တည်ငြိမ်ငြိမ်ဖြင့် ခုခံနိုင်သွားသည်။

နဂါးရတနာ ကိုယ်လုံသိုင်း၏ အစီအရင်များက စိတ်ဝိညာဉ်စွမ်းအင်များအပြင် အချိန်နိယာမနှင့်
လေဟာနယ်နိယာမတို့ကိုပါ စုပ်ယူလျက်ရှိသည်။
ထိုနောက် ရှောင်လုံဆီသို့ လွှဲပြောင်းပေးလိုက်သည်။

ရှောင်လုံ၏ စိတ်ဝိညာဉ်ပင်လယ်ထက်တွင် တလက်လက်တောက်ပနေသော အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။ အချိန်နိယာမနှင့် လေဟာနယ်နိယာမတို့က သန့်စင်ထားသော ချည်မျှင်များကဲ့သို့ ယိမ်းထိုးနေကြသည်။ ထိုအမျှင်လေးများက တဖြည်းဖြည်း သန်မာလာပြီး အလင်းရောင်များလည်း ပိုမိုထွက်ပေါ်လာသည်။

စစချင်းတွင် ၂ စင်တီမီတာခန့် ရှိသော အချိန်နိယာမ ၊ လေဟာနယ် နိယာမ  ချည်မျှင်လေးများက တဖြည်းဖြည်းနှင့် ပိုထူပြီး ပိုရှည်လာသည်။
နှစ်ဝက်ခန့်ကြာပြီးနောက် ထိုအမျှင်လေးများက
အနီရောင်ချည်မျှင်များကဲ့သို့ ထူလာပြီး တစ်ဆယ် စင်တီမီတာခန့် ရှည်လျားလာသည်။

(အနီရောင် ချည်မျှင်ဆိုသည်မှာ တရုတ်နိုင်ငံ၏ ဓလေ့ထုံးတမ်းအရ  မင်္ဂလာဆောင်ရာတွင် ဖူးစာဆုံသော စုံတွဲများကို ရစ်ပတ်လေ့ရှိသော အနီရောင် ကြိုးများက်ု ဆိုလိုခြင်း ဖြစ်သည်)

သဘာဝစိတ်ဝညာဉ် သန္ဓေသားလောင်း၏ စွမ်းအားများကို နှစ်တစ်ဝက်နီးပါးခန့် စုပ်ယူပြီးနောက် ရှောင်လုံ၏ ဒန်ထျန်နှင့် ချီပင်လယ်ထဲတွင်
မမျှော်မှန်းနိုင်လောက်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ရှောင်လုံ ချီပင်လယ်အတွင်းမှ အတွင်းအားများက
ပျစ်ခဲပြီး  အားမာန်ပြည့်နေသော ရွှေရောင်အရည် များအဖြစ်ပြောင်းလဲသွားသည်။ ထိုအပြင် ရှောင်လုံ၏ ချီပင်လယ်က ပေါက်ကွဲတော့မည့် တောက်ပသော နေတစ်စင်းကို ဆုပ်ကိုင်ထားရသည်နှယ် တုန်ခါနေသည်။

ရှောင်လုံ ဒန်ထျန်၏ လောဟာနယ်ထဲတွင်  ပုတီး စေ့နှင့်တူသော တလက်လက်တောက်ပနေသော အလုံးလေးဆယ်လုံး ရှိနေသည်။ ထိုအလုံးလေးဆယ်လုံးက ရှောင်လုံ၏ စစ်မှန်သော အဆီအနှစ်စွမ်းအားများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုအလုံးလေးများထဲမှ ကမ္ဘာဦး နတ်နဂါးများကလည်း မကြာခင် အပြင်ဘက်သို့ ပျံထွက်လာမည့် အသွင်ကို ဆောင်နေကြသည်။

ထိုအရာများနှင့်အတူ သဘာဝစိတ်ဝိညာဉ်သန္ဓေသားလောင်း၏ ခုခံမှုကလည်း ရပ်တန့်သွားသည်။ ရှောင်လုံက ရွှမ်းမီကျောင်းတော် အလယ်တွင် ခံစားချက်ကင်းမဲ့စွာဖြင့် တင်ပျင်ခွေထိုင်နေစဉ် သူ့ကိုယ်ထဲမှ အသံတစ်ခု  ရုတ်တရက် ထွက်ပေါ်လာပြီး တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။ ရှောင်လုံခန္ဓာကိုယ်က သိသိသာသာကို တုန်နေသည်။ ရှောင်လုံ၏ ချီပင်လယ်အတွင်းမှ ပျစ်ခဲနေသော ရွှေရောင်အတွင်းအားများက ကြီးမားသော ရေကာတာကြီးတစ်ခု ကျိုးပေါက်သွားသလို ထူးခြားဆန်းကြယ်သော သွေးကြောများအတွင်းသို့ တဟုန်ထိုး စီးဆင်းသွားကြသည်။

  နတ်နဂါးဆယ်ကောင်ကလည်း ပုတီးစေ့ဆယ်လုံးအတွင်းမှ ပျံထွက်လာကြသည်။ ပုတီးစေ့များက ပျောက်ကွယ်သွားသည်။

အပြင်ဘက်တွင်ရှောင်လုံ၏ နဂါးခန္ဓာကိုယ် ကျောက်စ်ိမ်းတစ်ခုလို ရွှမ်းလက်တောက်ပနေသည်။

နတ်ဘုရားအဆင့် ...!

သဘာဝစိတ်ဝညာဉ်သန္ဓေသားလောင်း၏ စွမ်းအားများကို နှစ်တစ်ဝက်နီးပါး အဆက်မပြတ်စုပ်ယူခဲ့ပြီးသည့်နောက် ရှောင်လုံက
နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်မှ နတ်ဘုရားအဆင့်သို့ ကျော်ဖြတ်နိုင်သွားသည်။

ကြီးမားကျယ်ပြန့်သော ကြယ်စင်စုထဲတွင် နတ်ဘုရားအဆင့်အောက်အားလုံးက သေမျိုးများ ဖြစ်ကြသည်။ မည်သည့် ကမ္ဘာ ၊ မည်သည့် မိသားစု၌ ဖြစ်စေ နတ်ဘုရားအဆင့် သိုင်းပညာရှင်များက မြင့်မားသော အဆင့်အတန်းများကို ပိုင်ဆိုင်ကြသည်။

နတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ရှောင်လုံက ရပ်တန့်မည့်ပုံစံ မပေါ်သေးပေ။
သဘာဝစိတ်ဝိညာဉ်သန္ဓေသားလောင်း၏ စွမ်းအားများကို ဆက်၍ စုပ်ယူလျက်ရှိသည်။

ရှစ်လ ၊ ကိုးလ
မကြာခင် အချိန်တစ်နှစ် ကုန်ဆုံးသွားသည်။
ရှောင်လုံက မကြာသေးခင်မှ ကျော်ဖြတ်ခဲ့သော နတ်ဘုရားအဆင့်၏ အတွင်းအားများကို ကျစ်လျစ်အောင် ပြုလုပ်နိုင်ခဲ့ရုံသာမက ရှောင်လုံ ခွန်အားက အဆက်မပြတ် တိုးတက်လျက်ရှိသည်။ ထိုအပြင် အတွင်းအားအဆင့်များကလည်း တရိပ်ရိပ်မြင့်တက်လျက် ရှိသည်။

ရှောင်လုံအတွင်းအားများက  နတ်ဘုရားအဆင့် ၁ စဦးအဆင့် မှ အလယ်အဆင့် ထိုနောက် အလယ်၏ အထွတ်အထိပ် အဆင့်အထိ တိုးတက်လာခဲ့သည်။

အချိန်နှစ်နှစ် ကုန်လွန်သွား၏ ။

တစ်နေ့သောအချိန်တွင် ဗုဒ္ဓဆယ်ဆူအစီအရင်အတွင်း ငြိမ်သက်စွာဖြင့် တင်ပျင်ခွေထိုနေသူက ရုတ်တရက် မျက်လုံး ပွင့်လာသည်။ ထိုကဲ့သို့ ရိုးရှင်းသော လုပ်ဆောင်မှုက
လေထဲတွင် မိုးခြိမ်းသလို အသံများကို ဖြစ်ပေါ်လာစေသည်။

ရှောင်လုံက မတ်တပ်ထရပ်လိုက်သည်။ သူ့မျက်လုံးထဲမှ ကြီးမားသော စွမ်းအားများ ထွက်ပေါ်လျက် ရှိသည်။ နှစ်နှစ်ကြာအောင် တံခါးပိတ်လေ့ကျင့်ပြီးနောက် ရှောင်လုံက နတ်ဘုရားအဆင့်သို့ ကျော်ဖြတ်နိုင်ခဲ့ရုံသာမက နတ်ဘုရားအဆင့်၁ နောက်ဆုံး၏ အထွတ်အထိပ်အဆင့်အထိ ရောက်ရှိခဲ့သည်။
နတ်ဘုရားအဆင့် ၂ သို့ ရောက်ရှိရန် ခြေလှမ်းအနည်းငယ်သာ လိုအပ်တော့သည်။

သဘာဝသန္ဓေသားလောင်း၏ စွမ်းအားများကို မစုပ်ယူခင် နတ်ဘုရားအဆင့်၁ နောက်ဆုံးအဆင့်ကိုရောက်ရှိရန် ရှောင်လုံက ပစ်မှတ်ထားခဲ့သည်။ သြိုသော် မမျှော်လင့်စွာဖြင့် နတ်ဘုရားအဆင့် ၁ နောက်ဆုံး၏ အထွတ်အထိပ်အဆင့်အထိ ရောက်ရှိခဲ့သည်။ ထိုအဆင့်နှစ်ခုက သဘောတရားချင်းတူညီသော်လည်း ခွန်အားပိုင်းတွင် အလွန်ကွာခြားသည်။

ရှောင်လုံက သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို သေသေချာချာ လေ့လာလိုက်သည်။  ရှောင်လုံကိုယ်ထဲမှ သွေးကြောများက ကမ္ဘာဦးနဂါးကြီးတစ်ကောင် ခွေနေသည်နှင့် တူနေသည်။ ထိုအပြင် ကျောက်စိမ်းတုံးတစ်ခုနှင့်တူသော သွေးသားများမှ ပြောင်းလဲလာသလို  ရှောင်လုံ၏  ဝမ်းတွင်သားနှင့် အူသိမ်အူမများက သလင်းကျောက်ကဲ့သို့ တလက်လက် တောက်ပနေကြသည်။ အမှန်တိုင်းဆိုရလျှင် ထိုအရာများက ရှောင်လုံကို ကြောက်လန့်ပြီး ကြက်သေ သေသွားစေသည်။

ရှောင်လုံသတ်ိပြန်ဝင်လာပြီးနောက် သူ့နဂါးခန္ဓာကိုယ်၏ ခုခံမှုနှင့် စွမ်းအားများက အနည်းဆုံး ဆယ်ဆနီးပါးတိုးတက်လာသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။ ရှောင်လုံ၏ နဂါးခန္ဓာကိုယ်က ယခင်ကတည်းက နတ်ဘုရား ခန္ဓာကိုယ်များနှင့် ယှဉ်နိုင်စွမ်း ရှိခဲ့သည် ။ ယခုဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

သူ့လက်သီးတစ်ချက်က နတ်တောင်ကြီးတစ်လုံးကို စိစိညက်ညက်ဖြစ်သွားအောင် ထိုးချေနိုင်မည်ဟု ရှောင်လုံစိတ်ထဲမှာ ယုံကြည်နေသည်။ ထိုနောက် သူ့ဒန်ထျန် အတွင်းသို့ လေ့လာကြည့်လိုက်သည်။
ထိုအခါ အသစ်အဆန်းတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။ ရှောင်လုံဒန်ထျန်ထဲတွင် အင်မော်တယ် အဆီအနှစ် အမျှင်လေးများ လှည့်ပတ်နေကြသည်။

အင်မော်တယ် အဆီအနှစ် အင်အား ....!

ရှောင်လုံ၏ စသ်မှန်သော အဆီအနှစ်စွမ်းအားများက အင်မော်တယ်အဆီအနှစ် အင်အားများအဖြစ် ဆင့်ကဲ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ရှောင်လုံ စိတ်ဝိညာဉ်ပင်လယ်အတွင်းမှ အချိန်နိယာမ ၊ လေဟာနယ်နိယာမ အမျှင်များက
လက်မအရွယ်အစားခန့် ထူပြီး တစ်မီတာနီးပါး ရှည်လျားနေကြသည်။ ထိုကဲ့သို့ အမျှင်ပေါင်း ၃၆၅၂ ခု ရှိနေသည်။

သုံးသောင်းခြောက်ရာငါးဆယ့်နှစ်ခု ....!

ပုံမှန်အားဖြင့် ထိပ်သီးသိုင်းအဖွဲ့များမှ ရှားပါးသော ပါရမီရှင်များထဲမှာတွင် အချိန်နိယာမနှင့် လေဟာနယ် နိယာမ အမျှင် တစ်ရာနီးပါးကို ပိုင်ဆိုင်ထားသူက  လက်တစ်ဆုပ်စာမျှသာ ရှိကြသည်။
ယေဘူယျအားဖြင့် နတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်၏ စိတ်ဝိညာဉ်ထဲမှာတောင် နိယာမ အမျှင် တစ်ထောင်ခန့်သာ ရှိကြသည်။ နတ်ဘုရားအဆင့် ၂ နောက်ဆုံးအဆင့်၏ အထွတ်အထိပ် သိုင်းပညာရှင်ပင်လျှင် ထိုနိယာမအမျှင် တစ်ထောင်နီးပါးသာ ရှိကြသည်။

သို့သော် နတ်ဘုရားအဆင့် ၂ ကိုပင် မရောက်သေးသည့် ရှောင်လုံက နိယာမအမျှင် သုံးသောင်းကျော်ကို ပိုင်ဆိုင်ထားခဲ့သည်။

ထိုကိစ္စကို တခြားသူများသာ သိခဲ့လျင် ထိုနေရာမှာတင် ငုတ်တုတ် မေ့သွားနိုင်သည်။

အစွမ်းထက်သော နတ်ဘုရားတစ်ယောက်နှင့် အားနည်းသော နတ်ဘုရား တစ်ယောက်တို့ကြားတွင် သူတို့၏ ရုပ်ပိုင်ဆိုင်ရာ စွမ်းရည် ၊ သိုင်းကျမ်း ၊ သိုင်းကျင့်စဉ်များနှင့် သူ့တို့စိတ်ဝိညာဉ်အတွင်းမှ အချိန် ၊ လေဟာနယ် နိယမယာမအမျှင်များက အဓိကနေရာမှ အဆုံးအဖြတ်ပေးသွားသည်။

နိယာမအမျှင်များ ပိုပြီးပိုင်ဆိုင်ထားသူ၏ တိုက်ခိုက်မှုက ပို၍ အစွမ်းထက်သည့်အပြင် ထိုသူက အနာဂတ်တွင်လည်း ပိုပြီးတိုးတက်နိုင်စွမ်း ရှိသည်။

"... ချီး .... သုံးသောင်းခြောက်ရာ ငါးဆယ့်နှစ်ခုတောင်လား ....!"

ထိုအချိန်တွင် အောင်းတိုင်ရီ၏ အာယကျနေသော အသံထွက်ပေါ်လာသည်

"... နောက်ပြီး မင်းရဲ့ အမျှင်တွေက လက်မအရွယ်လောက် ထူပြီး တစ်မီတာလောက်တောင် ရှည်သေးတယ် ... ဟေ့ကောင် မင်းလူရော ဟုတ်ရဲ့လား..? နတ်ဘုရားအဆင့် ၃ သိုင်းပညာရှင်ရဲ့ အချိန် ၊ လေဟာနယ် နိယာမ အမျှင်တွေကတောင် မင်းကို ယှဉ်နိုင်မှာ မဟူတ်ဘူး ..."

အောင်းတိုင်ရီက အမှန်ကိုပြောလိုက်သည်။ သူပြောသည်ကလည်း မမှားပေ။ နတ်ဘုရားအဆင့် ၃ သိုင်းပညာရှင်ပိုင်ဆိုင်ထားသော နိယာမ အမျှင်များက ရှောင်လုံကို မယှဉ်နိုင်ပေ ။

ရှောင်လုံက မလုံမလဲ ပြုံးလိုက်ပြီး

"... ဟုတ်လို့လားဗျာ...?"

"... ဟုတ်တာမှ ဟုတ်ဟုတ် ဟုတ်ဟုတ် တောင်မြည်နေသေးတယ် ...."

ထိုနောက်အောင်းတိုင်ရီက တစ်စုံတစ်ရာကို သတိရသွားသည့်နှယ် ရှောင်လုံကိုမေးလိုက်သည်

"... ဒါနဲ့ သဘာဝစိတ်ဝိညာဉ် သန္ဓေသားဆီက စွမ်းအားတွေအကုန်လုံးကို စုပ်ယူပြီးတဲ့နောက် ဘယ်လို စွမ်းရည်အသစ်တွေ ပိုင်ဆိုင်လာသေးလဲ ...?"

သဘာဝစိတ်ဝိညာဉ်သန္ဓေသားလောင်းကဲ့သို့ ရှားပါးပြီး အဖိုးဖြတ်မရသော ရတနာမျိုးက အတွင်းအားနှင့် ခွန်အားများကို တိုးတက်စေသည့်အပြင် တခြားအကျိုးကျေးဇူးများကိုလည်း  ပေးစွမ်းနိုင်သည်။

ရှောင်လုံက တစ်စုံတစ်ရာကို သတိရသွားပြီး စိတ်လှုပ်ရှားလာသည်။ ထိုနောက် ရှောင်လုံက လေဟာနယ်အတွင်းမှ တစ်စုံတစ်ရာကို စုစည်းလိုဟန်ဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ထိုနောက် အောင်းတိုင်ရီ၏ အံ့သြမှင်တက်နေသော အကြည့်များအောက်တွင် လေဟာနယ်အတွင်းမှ အားမန်ပြည့်ဝနေသည့် သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားများက ဝိညာဉ်ကျောက်တုံးတစ်ခုအဖြစ်သို့ စုစည်းသွားသည်။

ဝိညာဉ်ကျောက်တုံး ...!

အောင်းတိုင်ရီက ထိုကျောက်တုံးလေးကို မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေ၏ ။

ဒါ....ဒါဘယ်လိုမှော်ပညာလဲ .... !
ဒီကောင်စုတ်လေးက လေဟာနယ်ထဲမှာ ပုန်းကွယ်နေတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ဆွဲယူပြီး ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲနိုင်တာလား ...?
အောင်းတိုင်ရီက ဤနေရာ၌ သတိမေ့မျောလုမတတ် ဖြစ်နေသည်။

ဒါက မလွန်လွန်းဘူးလား...?
ဒီကမ္ဘာမှာ သူ့ထက်ချမ်းသာမဲ့လူ ရှိပါ့အုံးမလား...?

အောင်းတိုင်ရီက  ရှောင်လုံ၏ ကံတရားအပေါ် ပထမဆုံးအကြိမ်အဖြစ် မနာလို ဖြစ်သွားသည်။

Continue Reading

You'll Also Like

169K 5K 97
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
157K 3.9K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
28K 611 43
A student from the Paldea region took an interest in traveling to other regions to learn new things.