ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

536 - 540

171 11 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၃၆ ....

"... အဆ တစ်ထောင်လောက် ပိုကျယ်တယ် ..."

ရှောင်လုံလည်း အရမ်းကို အံ့အားသင့်သွားသည်။

အဆတစ်ထောင်ဆိုတော့ တိမ်ပင်လယ် ပင်မကုန်းမြေက ဘယ်လောက်တောင် ကြီးမားလို့လဲမသိဘူး...?
ရှောင်လုံက စဉ်းစားမရနိုင်အောင် ဖြစ်သွားသည်။

ထိုအပြင် တိမ်ပင်လယ် ပင်မကုန်းမြေပေါတွင် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင် အခုတစ်သောင်းကျော်ရှိသည်ဆိုသော အချက်ကလည်း ရှောင်လုံစိတ်ထဲသို့ ဝင်လာသည်။ ထိုကြောင့်လည်း သေးငယ်သော သဲမှုန့်လေးတစ်ခုမှာ အဆင့်နိမ် ဝိညာဉ်ဆေးလုံးနှင့် တူညီသော ဝိညာဉ်စွမ်းအားတွေ ပါဝင်နေခြင်းပင် ။

ဒါဆိုရင် သူတို့ရဲ့အစီအရင်တွေအတွက် နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးတွေကိုရော မလိုဘူးလား ....?
သေးငယ်သော စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်လေးတစ်ခုအတွက်တောင်မှ နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာခန့် လိုအပ်သည်။
အခင်းအကျင်း တစ်သောင်းအတွက်ဆိုလျှင် ...?

ရှောင်လုံလည်း ဆက်ပြီး မတွေးရဲတော့ပေ ။

အကယ်၍ တစ်စုံတစ်ယောက်သာ ဤအစီအရင် အသောင်းကို အဝေးသို့ ယူဆောင်သွားနိုင်ခဲ့လျှင် အစီအရင်အတွင်းမှ နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကြောင့် ကြယ်စင်စုကြီးတစ်ခုလုံးမှာ အချမ်းသာဆုံးလူသား ုဖြစ်လာနိုင်သည်။

  "... စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်တွေကို ယူသွားမယ်ဟုတ်လား ...?"

အောင်းတိုင်ရီက ရှောင်လုံအကြံအစည်ကို သိရှိပြီးနောက် အားရပါးရ ရယ်မောလိုက်သည်

"...  အဲ့ဒီအစီအရင်တွေကို တိမ်ပင်လယ် ပင်မကုန်းမြေနဲ့ တသားနှင့် ဖြစ်အောင် လျှိုဝှက်နည်းစနစ်နဲ့ ပေါင်းစပ်ထားပြီးပြီကွ ...
အဆင့်မြင့် နတ်ဘုရား တပ်မဟာကြီး ချီတက်လာရင်တောင် အစီအရင်အာူလုံးမပြောနဲ့ ...အစီအရင်တစ်ခုကိုတောင် ယူနိုင်မှာ မဟုတ်ဘူး..."

အောင်းတိုင်ရီက ရှင်းပြနေစဉ် ရှောင်လုံက မြို့ကြီးတစ်မြို့ဆီသို့ ပျံသန်းသွားလိုက်သည်။
ထိုနောက် ငရဲမျက်လုံးကို ဖွင့်၍ ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ မြို့များက ပင်မကုန်းမြေပေါတွင် မိုးရာသီတွင် ထွက်လေ့ရှိသည့် မှိုများကဲ့သို့
နေရာအနှံတွင် ရှိနေသည်။ အနယ်နယ်အရပ်ရပ်မှ သိုင်းပညာရှင်များလည်း ဝင်ထွက်သွားလာနေကြသည်။ ထိုကြောင့် မြို့တိုင်းက အလွန်ပင် စည်းကားသိုက်မြိုက်လျက်ရှိသည်။

လမ်းခရီးတစ်လျှောက်တွင် ရွှေရောင် ချပ်ဝတ်တန်ဆာဖြင့် စစ်သားတစ်ချို့ ကင်းလှည့်နေတာကိုလည်း ရှောင်လုံမြင်တွေ့ခဲ့သည်။ ကင်လှည့်စစ်သားများထဲတွင် ခွန်းအားအနိမ့်ဆုံးလူက စကြာဝဠာ အဆင့် ၁၀ သိုင်းပညာရှင် ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်တစ်ချို့
နတ်ဘုရားတစ်ပိုင်းအဆင့့်အထိ ရောက်ရှိနေကြသည်။  သို့သော် နတ်ဘုရားအဆင့် သိုင်းပညာရှင်များကိုတော့ မြင်တွေရခဲသည်။
ရှောင်လုံ ပျံသန်းလာသည့် လမ်းခရီးတစ်လျှောက် တစ်ယောက်စ နှစ်ယောက်စသာ မြင့်ခဲရသည်။

ခဏကြာပြီးနောက်  အစောပိုင်းက မြင်တွေ့ခဲ့သော ဧရာမမြို့ကြီးဆီသို့ ရှောင်လုံရောက်ရှိလာသည်။
မြို့တံခါးအတွင်းသို့ ဝင်လိုက်သည်နှင့် သိပ်သည်းနေသော စိတ်ဝိညာဉ်စွမ်းအားများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ မြို့ထဲမှ စိတ်ဝိညာဉ်စွမ်းအားများက အပြင်ကထက် အဆပေါင်းများစွာ သာလွန်နေသည်။

မြို့အတွင်းမှ လမ်းမျးကလည်း သိုင်းဝိညာဉ်ကမ္ဘာမှ နန်းတွင်းမြို့တော်များထက် နှစ်ဆနီးပါးပို၍ ကျယ်ဝန်းသည်။ လမ်းတစ်လျှောက် စျေးဆိုင်များဖြင့် ပြည့်နှက်နေသည်။ ဆိုင်အားလုံး၏ အရှေ့မျက်နှာစာက ပေတစ်ရာနီးပါး ကျယ်ဝန်းကြသည်။ အကြီးဆုံးဆိုင်က ပေနှစ်ရာ နီးပါး ကျယ်ဝန်းသည်။
မြို့အတွင်းမှာလည်း လူမျာ၊ ရထားလုံးများစွာ သွားလာနေကြသည် ။ သို့သော် မြို့ထဲမှာ ပြည့်ကျပ်နေသည့်ဟူသော ခံစားချက်ကို မရပေ။

ရထားလုံးများကို ကြယ်စင်စုထဲတွင် မြင်ရခဲသည့် သားရဲကြီးများက သယ်ဆောင်သွာူကြသည်။
ထိုသားရဲ တစ်ကောင်၏ ခွန်းအားက အဆင့်မြင့် စကြာဝဠာ သိုင်းပညာရှင် တစ်ယောက်နှင့် ယှဉ်နိုင်သည်။ ရထားလုံးများကိုတော့ ရှားပါးသော တွင်းတွက် သတ္တုများဖြင့် တည်ဆောက်ထားကြသည်။ ရထားလုံး၏ ကိုယ်ပေါ်တွင်
အဖိုးတန် ကျောက်မြက်ရတနာများဖြင့် စီခြယ်ထားသည်။

၎င်းမြို့အတွင်းသို့ ရှောင်လုံဝင်လာရသည့် အဓိကအကြောင်းအရင်းမှာ သားရဲအမြူတေကြောင့် ဖြစ်သည်။ အနက်ရောင် လိပ် ကြယ်စင်စုထဲမှ ရောင်းဝယ်မှုများအတွက် ရွှမ်းဝူ ဟူသော ငွေးကြေ တစ်မျိုးကို အသုံးပြုကြသည်။
ရှောင်လုံဆီမှာ ရှိနေသည့် ရွှေဒင်္ဂါးများက တိမ်ပင်လယ်ပင်မကုန်းမြေတွင် အသုံးမဝင်ပေ။ ထိုကြောင့် သားရဲအမြူတေကို ဝယ်လိုလျှင် ရွှမ်းဝူ ငွေကို  အရင်ဆုံး လဲလှယ်ရမှာပဲ ဖြစ်သည်။

ခဏကြာပြိီးနောက် ကြီးမားသော ကုန်သည်အဖွဲ့အစည်း တစ်ခု၏ အအောက်အဦး အရှေ့သို့ ရှောင်လုံ ရောက်ရှိလာသည်။

"... သခင်လေး ပစ္စည်းဝယ်ချင်လို့လား ... ဒါမှမဟုတ် ပစ္စည်းရောင်ချင်တာလား ခင်ဗျာ ..."

ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လူငယ်ဝန်ထမ်းတစ်ယောက်က ရှောင်လုံကို ယဉ်ကျေးစွာဖြင့် ကြိုဆိုလိုက်သည်။

"... ငါမှာ ဝိညာဉ်ကျောက်တုံး နည်းနည်းရှိတယ်...အဲ့ဒါကို ရွှမ်းဝူ ဒင်္ဂါးနဲ့ လဲချင်လို့..."

ဆိုင်အလုပ်သမားလူငယ်လေးက ရှောင်လုံကို တိတ်တဆိတ် အကဲခတ်လိုက်သည် ။ ထိုနောက် ပြုံးပြီး မေးလိုက်သည်

".... သခင်လေးဆီမှာ အဆင့်၁ကျောက်တုံး ဘယ်လောက်ရှိလဲဆိုတာကို သိပါရစေ ... ကျွန်တော်တို့ ဆိုင်က အဆင့် ၁ ကျောက်တုံးကိုပဲ လက်ခံလို့ပါ ..."

အဆင့် ၁ ဝိညာဉ်ကျောက်တုံးများက လက်နက်ထုလုပ်သည့်နေရာ ၊ ဆေးဖော်စပ်သည့် နေရာ နှင့် သိုင်းလေ့ကျင့်ရာတွင်လည်း အသုံးဝင်သည်။ စကြာဝဠာ သိုင်းပညာရှင်နှင့်  အထက်သိုင်းသမားများအတွက် အဆင့် ၁ ဝိညာဉ်ကျောက်တုံးကသာ လက်တွေ့မှာ အသုံးဝင်သည်။
ထိုကြောင့် ကုန်သည်အဖွဲ့ကြီးများက အဆင့် ၁ ဝိညာဉ်ကျောက်တုံးကိုသာ လက်ခံကြသည်။

အလင်းတန်းတစ်ချက်လက်သွားပြီးနောက် ရှောင်လုံလက်ထဲသို့ ဝိညာဉ်ကျောက်တုံးတစ်ချို့ ရောက်ရှိလာသည်။ ၎င်းဝိညာဉ်ကျောက်တုံးများက
သဘာဝအတိုင်း ဖြစ်လာသည့် စိတ်ဝိညာဉ်သန္ဓေသားလောင်း အနီးမှ  နံရံပေါ်တွင် ရှိနေသည့် စကြာဝဠာအဆင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။

စကြာဝဠာ အဆင့် ဝိညာဉ်ကျောက်တုံး ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တောက်ပခန့်ညားသော အလင်းတန်းများဖြင့် ထွန်းလင်းသွားသည်။ လေထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအားများပင် လှိုင်းတွန့်များအဖြစ် ပြောင်းလဲသွားသည်။

စူးရှသော အလင်းတန်းကြောင့် လူငယ်၏ မျက်လုံးက အလွန်ကို နာကျင်သွား၏ ။ ထိုလူငယ်က ရှောင်လုံလက်ဝါးကို တိုက်ရိုက်မကြည့်ရဲတော့ပေ ။ ဆိုင်အတွင်းမှ တခြားလူများ၏ မျက်နှာထက်တွင် အံ့သြမှင်တက်သည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။

"... ဒါ စကြာဝဠာအဆင့် ဝိညာဉ်ကျောက်တုံးပဲ .."

"... ဟုတ်တယ် သူ့အရည်အသွေးကလည်း နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးလောက်ို သန့်စင်တယ် ..."

ဆိုင်အတွင်း၌ တီးတိုးစကားသံများဖြင့် ဆူညံလာသည်။

လူငယ်လည်း သတိပြန်ဝင်လာပြီးနောက် ရှောင်လုံကို မျက်လုံးအပြူသားဖြင့် ငေးကြည့်လိုက်သည် ။ ရှောင်လုံက စကြာဝဠာ အဆင့် ဝိညာဉ်ကျောက်တုံးဖြင့် ရွှမ်းဝူ ဒင်္ဂါးများကို လာရောက်လဲလှယ် လိမ့်မယ်ဟု ဆိုင်ဝန်ထမ်းလေး၏ စိတ်ထဲမှာ မထင်ထားခဲ့ပေ ။

ပုံမှန်အားဖြင့် လူတိုင်းလိုလိုက ဝိညာဉ်ကျောက်တုံးများကို အဖိုးတန်ရတနာတစ်ခုအဖြစ်
သိမ်းဆည်းထားလေ့ရှိသည်။ ချမ်းသာကြွယ်ဝသော မိသားစုကြီးများတောင် ဝိညာဉ်ကျောက်တုံးနှင့် ရွှမ်းဝူ ဒင်္ဂါးကိ လဲလှယ်လေ့ မရှိပေ ။

"... သခင်လေး ... ကျေးဇူးပြုပြိး ခဏလောက်စောင့်ပေးပါနော် ...  အကြီးအကဲ ကို ကျွန်တော် သွားအကြောင်းကြားပေးပါ့မယ် ..."

ဆိုင်ဝန်ထမ်းလေးက အလွန်ပင် ရိုကျိုးသော အမူအရာဖြင့် ပြောလိုက်သည်။ ထိုနောက် အကြီးအကဲအား သတင်းပို့ရန် သုတ်သုတ်ပြာပြာဖြင့် ထွက်သွားသည်။

ရှောင်လုံက ထိုကဲ့သို့ ဖြစ်လာမည်ဟု တွက်ဆပြီးသား ဖြစ်သည်။ ရှောင်လုံ အကြာကြီးအစောင့်လိုက်ရပေ ။ ဆိုင်ဝန်ထမ်းလူငယ်၏ အနောက်မှ ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် ပါလာသည်။ ထိုလူကြီး၏  မျက်လုံးများက သိသိသာသာကို ကြည်လင်နေသည်။ ထို သတ်လတ်ပိုင်းလူကြီးက အလယ်အဆင့် နတ်ဘုရားတစ်ယောက် ဖြစ်သည်။

သတ်လတ်ပိုင်းအရွယ်လူကြီးက ရှောင်လုံကို မြင်လိုက်ချိန်မှာ အနည်းငယ် အံ့အားသင့်သွားပုံပေါ်သည်။

"... ကျွန်တော် နာမယ်က ကျောင်းရှန်ဖန် ပါ ... ကျွန်တော်က ကုန်သည်အဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်ပါ .. ကျွန်တော်လက်အောက်ငယ်သားကတော့ သခင်လေးက စကြာဝဠာအဆင့် ဝိညာဉ်ကျောက်တုံးကို လဲလှယ်ချင်လို့ ပြောပါတယ် ...မှန်ပါသလား ခင်ဗျား ...?"

သတ်လတ်ပိုင်းအရွယ်လူကြီးက ရှောင်လုံကို ဖော်ဖော်ရွေရွေပြုံးပြရင်း မေးမြန်းလိုက်သည်။ ထိုနောက် ရှောင်လုံကို သီးသန့်ခန်းအတွင်းသို့ ခေါ်ဆောင်သွာသည်။ သီးသန့်ခန်းအတွင်းမှာ ထိုင်ပြီးနောက် ရှောင်လုံက လိုရင်းကို တဲ့တိုးပြောလိုက်သည်

"... ဟုတ်တယ် ကျုပ်မှာ စကြာဝဠာ အဆင့် ဝိညာဉ်ကျောက်တုံး တစ်ချို့ ရှိတယ် ... အဲ့ဒါတွေကို ရွှမ်းဝူဒင်္ဂါးနဲ့ လဲလှယ်ချင်လို့ ..."

အနည်းငယ် ရှိသေးတယ် ...!

ကျောင်းရှန်ဖန်၏မျက်လုံးများက အရောင်တောက်လာသည်။ သူက ရှောင်လုံဆီမှာ စကြာဝဠာ အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးသာ ရှိသည်ဟု တွက်ဆ ထားခဲ့ခြင်း ဖြစ်သည်။

ရှောင်လုံက စကြာဝဠာ အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံးကို ထုတ်ပြလိုက်သည်။ စကြာဝဠာ အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံးက နတ်ဘုရား တစ်ပိုင်း အဆင့်  သားရဲအမြူတေ အခုတစ်ထောင်ကိုဝယ်ယူရန်အတွက် လုံလောက်သည် အပြင် အနည်းငယ်ပင် ပိုလျှံနိုင်သေးသည်။

ကျန်ရှိနေသေးသော စကြာဝဠာ ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာကျော်နှင့် နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးများကို နောက်မှ လဲလှယ်ရန် ရှောင်လုံ စဉ်းစားထားသည်။ အကုန်လုံး တစ်ပြိုင်နက် လဲလှယ်လိုက်လျှင် လူအများ၏ အာရုံစိုက်မှုကို ခံရနိုင်သည်။

ကျောင်းရှန်ဖန်က သူ့အရှေ့မှ စကြာဝဠာ ဝိညာဉ်ကျောက်တုံးငါးတုံးကို စိုက်ကြည့်လိုက်သည်။
ထိုနောက် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး ဖင်ပြန်ခေါင်းပြန် အကဲခတ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ
ကျောင်းရှန်ဖန်မျက်လုံးက ပိုပြီး အရောင်တောက်လာသည်

"... ဒါ တကယ်ကို စကြာဝဠာ အဆင့် ဝိညာဉ်ကျောက်တုံးပဲ .... နတ်ဘုရားအဆင့်ကိုတောင် ကူးပြောင်းဖို့ နီးစပ်နေပြီ  ...."

ကျောင်းရှန်ဖန်က ဝိညာဉ်ကျောက်တုံးငါးတုံးကို ဂရုတစိုက်ဖြင့် အကဲခတ်ပြီးနောက် အသက်ရှုသွင်းကာ အရင်ဆုံး သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ထိုနောက် ရှောင်လုံကို ပို၍ ဖော်ရွေစွာ ပြုံးပြလိုက်သည်

".... စျေးကွက်ထဲက ငွေလဲနှုန်းအရ ဆိုရင် နတ်ဘုရားအဆင့်ကိုရောက်ခါနီးနေတဲ့ ဝိညာဉ်ကျောက်တုံးတစ်တုံးက  ရွှမ်းဝူဒင်္ဂါး လေးသိန်းငါးသောင်း တန်ကြေးရှိတယ် ... ငွေလဲခ ဆယ်ရာခိုင်နှုန်းကို လျော့လိုက်မယ်ဆိုရင် လေးသိန်း ငါးထောင် ကျန်မယ် ... ကျွန်တော်က သခင်လေးကို လေးသိန်းတစ်သောင်းစျေးနဲ့ ဖြတ်ပေးမယ် ...
ဝိညာဉ်ကျောက်တုံး ငါးတုံးဆိုတော့ အားလုံးပေါင်း
သိန်းနှစ်ဆယ်နဲ့ ငါးသောင်းပေါ့ .... သခင်လေး ဘယ်လိုသဘောရလဲ ...?"

တစ်တုံးကို  လေးသိန်းငါးထောင် ...?
ရှောင်လုံစိတ်ထဲမှာ အရမ်းအံ့သြသွားသည်။

နဂါးအိုကြီးပြောတော့ ဒီဝိညာဉ်ကျောက်တုံးတစ်တုံးက ရွှမ်းဝူဒင်္ဂါး နှစ်သိန်း ခုနှစ်သောင်းလောက်ပဲ တန်ကြေးရှိတာဆို ...?
စျေးတက်သွားတာ များလား...?

ထိုနောက် ရှောင်လုံက စျေးနှုန်းကို ညှိနှိုင်းပြီး အချိန်ဖြုန်းမနေတော့ပေ ။ ကျောင်းရှန်ဖန် ပေးသည့် စျေးနှုန်းကို လက်ခံလိုက်သည်။

နံပါတ်တစ် ကုန်သည် အဖွဲ့က သားရဲအမြူတေများကို အရောင်းအဝယ်မလုပ်တာကြောင့်
ရှောင်လုံလည်း ရွှမ်ဝူ ဒင်္ဂါးများနှင့်အတူ ဆိုင်ထဲမှ ထွက်လိုက်သည်။ ထိုနောက် လေမုန်တိုင်း အမည်ရှိ ဆိုင်အတွင်းသို့ ဝင်လိုက်သည်။ လေမုန်တိုင်း ဆိုင်၏ အဓိက လုပ်ငန်းများမှာ မိစ္ဆာသားရဲများ၏ သားရဲအမြူတေများကို ရောင်းဝယ်ဖောက်ကားခြင်းပင် ဖြစ်သည်။

ရှောင်လုံက နတ်ဘုရားတစ်ပိုင်း သားရဲအမြူတေ အခုတစ်ရာကို ပြတ်ပြတ်သာသား ဝယ်ယူလိုက်သည်။ သာမန် နတ်ဘုရားတစ်ပိုင်း သားရဲအမြူတေတစ်ခုက ရွှမ်းဝူ နှစ်ထောင် တန်ကြေးရှိသည်။ သို့သော် ရှေးဟောင်း မျိုးဆက် မိစ္ဆာသားရဲကြီးများ အမြူတေကတော့ ရွှမ်းဝူ ငါသထောင် တန်ကြေးရှိသည်။ ထိပ်တန်းအဆင့် သားရဲ  အမြူတေ အခုတစ်ရာအတွက် ရွှမ်းဝူ ဒင်္ဂါး
သုံးသိန်း ခြောက်သောင်းကျော် ကျသင့်မှာ ဖြစ်သည်။

ရှောင်လုံက သားရဲအမြူတေများကို ဝယ်ယူပြိးနောက် အနက်ရောင် လိပ် ကြယ်စင်စု နှင့် သက်ဆိုင်သော စာအုပ်တစ်ချို့အပြင် အသေးစိတ်ရေးဆွဲထားသည့် မြေပြုံတစ်ခုကိုပါ ထပ်မံ ဝယ်ယူ ဝယ်လိုက်သည်။  အနက်ရောင် လိပ် ကြယ်စင်စုနှင့် ပတ်သတ်၍ အောင်းတိုင်ရီထံမှ  အတန်အသင့် လေ့လာခဲ့ရသော်လည်း ရှောင်လုံသိထားသည်မှာ
ရေခဲတုံးတစ်တုံး၏ ထိပ်ဖျားမျှသာ ရှိနေသေးသည်။
ထိုကြောင့်လည်း ရှောင်လုံက အနက်ရောင် လိပ်ကြယ်စင်စုနှင့် ပတ်သတ်သော အချက်အလက် များကို ပိုပြီးနားလည်လာအောင် လေ့လာမည်ဟု ဆုံးဖြတ်လိုက်သည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၃၇ .....

သားရဲအမြုတေ အခုတစ်ရာ ၊ အနက်ရောင် လိပ် ကြယ်စင်စုနှင့် သက်ဆိုင်သော စာအုပ်တစ်ချို့နှင့် တခြားလိုအပ်သော ပစ္စည်းများကို ဝယ်ယူပြီးနောက် ရှောင်လုံက တည်းခိုခန်းတစ်ခုဆီသို့ သွားလိုက်သည်။ ထိုနောက် တံခါးပိတ်လေ့ကျင့်ခန်းဝင်ရန်အတွက် တည်ခိုခန်းအတွင်းမှ ခြံကွက်တစ်ခုလုံးကို ငှါးရမ်းလိုက်သည်။

အနက်ရောင် သူရဲကောင်းတက္ကသိုလ်၏ ကျောင်းသားအသစ် ရွေးချယ်ပွဲ ကျင်းပရန် အချိန်တစ်နှစ်ကျော် လိုနေသေးသည်။ ထိုကြောင့် ရှောင်လုံက သူ့အတွင်းအားများ စကြာဝဠာ အဆင့်၁၀ နောက်ဆုံး၏ အထွတ်အထိပ်သို့ ရောက်ရှိရန်သာ အာရုံစိုက်လိုက်သည်။

ရှောင်လုံက နတ်တောင်ရွှမ်းမီအတွင်းမှ ဗုဒ္ဓဆယ်ဆူ အစီအရင်အတွင်း၌ တင်ပျင်ခွေထိုင်လိုက်သည်။
ထိုနောက် ပထမဆုံး သားရဲအမြုတေတစ်ခုကို ထုတ်လိုက်သည်။

ပထမ ၊ဒုတိယ ၊ တတိယ ၊ စတုတ္ထ၊ ပဉ္ဓမ စသဖြင့်

သားရဲအမြုတေ ငါးခုလုံး၏ စွမ်းအားများကို တစ်ပြိုင်နက် စုပ်ယူလိုက်သည်။

သားရဲအမြုတေများမှ ထွက်ပါလာကြသော မိစ္ဆာစွမ်းအားများက နဂါးပုလဲလုံးအတွင်းသို့ အဆက်မပြတ်စီးဝင်သွားကြသည်။ ထိုနောက် နဂါးပုလဲလုံးဆီက စစ်ထုတ်ပေးသည့် သန့်စင်သော စွမ်းအားများကို ရှောင်လုံက တဆင့်ပြန်၍ စုပ်ယူလိုက်သည်။

သားရဲအမြုတေ ငါးခုမှ စွမ်းအားများကို စုပ်ယူပြီးတိုင်း ရှောင်လုံက ခေတ္တရပ်နား၍ ရှေးဟောင်းရုပ်သေးရုပ် ထိန်းချုပ်နည်းစနစ်နှင့် စိတ်အာဏာ နည်းစနစ်တို့ကို အချိန်အနည်းငူပေးကာ လေ့ကျင့်လိုက်သည်။ နဂါးအင်ပါရာ အောင်းတိုင်ရီ၏ ရှင်းပြမှုအရ လူတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအားသည် ထိုလူ၏ အတွင်းအားများ တိုးတက်လာစေရန် အဓိကနေရာမှ ဆောင်ရွက်လေ့ရှိသည်။

ရှောင်လုံ၏ စိတ်ဝိညာဉ်စွမ်းအားများက သူ့၏ အတွင်းအားနောက်တွင် အနည်းငယ် ပြတ်ကျန်နေခဲ့သည်။   စိတ်ဝိညာဉ်က လုံလောက်သော သန်မာမှု မပြည့်ဝသည်အခါ အတွင်းအား အဆင့်တက်ရာတွင် ကြန့်ကြာနေလေ့ရှိသည်။
ထိုကြောင့် ရှောင်လုံက နိမ့်ကျနေသော  သူ့စိတ်ဝိညာဉ် စွမ်းအားကို အဆင့်မြင့်တင်ရန် အတွက် အချိန်တစ်ချို့ပေး၍ လေ့ကျင့်လိုက် ခြင်းပင် ။

တိမ်ပင်လယ်ကုန်းမြေသို့ရောက်ရှိခဲ့သည့် ပထမဆုံးနေ့ရက်က ငြိမ်ငြိမ်းချမ်းချမ်းဖြင့်သာ ကုန်ဆုံးသွား၏ ။ ရှောင်လုံက သားရဲ အမြုတေ ငါးခု၏ စွမ်းအားများကို စုပ်ယူပြီးနောက် စိတ်ဝိညာဉ်လေ့ကျင့်ခန်းကို ပြုလုပ်၍ တစ်ရက်တာ ကုန်ဆုံးလေ့ရှိသည်။ ဤသို့ဖြင့် အချိန်ဆယ်ခြောက်ရက် ကုန်လွန်သွားသည်။ အခုရှစ်ဆယ်မြောက် နတ်ဘုရား တစ်ပိုင်းအဆင့် သားရဲအမြုတေ၏ စွမ်းအားများကို စုပ်ယူပြီးနောကိ ရှောင်လုံ အတွင်းအားများက စကြာဝဠာ အဆင့် ၁၀ နောက်ဆုံး၏ အထွတ်အထိပ်အဆင့် ကျော်ဖြတ်ရောက်ရှိသွားလေသည်။

ရက်နှစ်ဆယ်ကြာပြီးနောက် ကျန်ရှိနေသေးသော သားရဲအမြုတေအမြုတေ အခုနှစ်ဆယ်၏ စွမ်းအားများကိုပါ စုပ်ယူ နိုင်လိုက်သည်။ သို့သော် ရှောင်လုံ စကြာဝဠာ အဆင့်၁၀ နောက်ဆုံး၏ အထွတ်အထိပ်အဆင့်သို့ရောက်ရှိလာချိန်မှာ နတ်ဘုရားတစ်ပိုင်း သားရဲအမြုတေများ၏ အသုံးဝင်မှုက သိသိသာသာကို လျော့ကျသွားသည်။
ကျန်ရှိနေသော သားရဲအမြုတေ အခုနှစ်ဆယ်က ရှောင်လုံ၏ အတွင်းအားများကို ပိုပြီး ကျစ်လစ်သွားအောင်သာ စွမ်းဆောင်နိုင် လိုက်သည်။

ထိုနောက် ရှောင်လုံက လေမုန်တိုင်းဆိုင်သို့ သွား၍
သားရဲအမြုတေ အခုရှစ်ဆယ်ကို ထပ်မံ ဝယ်ယူလိုက်သည်။ ရှောင်လုံဆီမှာလည်း ရွှမ်းဝူ ဒင်္ဂါး သုံးသောင်းသာ ကျန်ရှိတော့သည်။

ရွှမ်းဝူ ဒင်္ဂါး သုံးထောင်က တည်းခိုခန်း၏ တစ်လစာမျှသာ လုံလောက်သည်။ သိုင်းဝိညာဉ် ကမ္ဘာမှ ထွက်လာပြီးကတည်းက ငွေကြေး ပြတ်လပ်သွားသည့် အဖြစ်ကို ပထမဆုံးအကြိမ်အဖြစ် ရှောင်လုံ ခံစားရခြင်း ဖြစ်သည်။ ဤကဲ့သို့ ဆင်းရဲခြင်း ခံစားမှုကို ရှောင်လုံ မခံစားရသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့လေပြီ။

"... ကြည့်ရတာ ငါလုပ်နေကြ အလုပ်ဟောင်းကိုပဲ ပြန်လုပ်ရအုံးမယ် ထင်တယ် ..."

ရှောင်လုံက သူ့ကိုယ်သူ လှောင်ရယ် ရယ်လိုက်သည်။

ရှောင်လုံ၏ အလုပ်ဟောင်းဆိုသည်မှာ  သတ်ဖြတ် လုယက် ခြင်းပင် ဖြစ်သည်။ အတိတ်ကလည်း နတ်ဘုရားကျောင်းတော်၏ အကြီးအကဲများကို သတ်ပြီးနောက် မြို့တစ်မြို့လုံးကို ဖုံးလွှမ်းနိုင်လောက်အောင် များပြားသည့် ရွှေဒင်္ဂါးများကို မကြာခဏ ရရှိခဲ့သည်။

ထိုအတွေးဖြင့် တည်းခိုဆောင်သို့ ပြန်လိုက်သည်။
ယခုတစ်ကြိမ် သားရဲအမြုတေ အခုရှစ်ဆယ်က ဆယ်ရက်သာ ခံလိုက်သည်။ သားရဲ အမြုတေ အခုရှစ်ဆယ်ဆီက စွမ်းအားများကို စုပ်ယူခဲ့သော်လည်း ရှောင်လုံခန့်မှန်းထားသည့် ရလဒ်မျိုး ဖြစ်မလာခဲ့ပေ ။

၎င်းသားရဲအမြုတေ အခုရှစ်ဆယ်က သူ့ကို နတ်ဘုရားတစ်ပိုင်းအဆင့်သို့ရောက်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ရှောင်လုံက မျှော်မှန်းခဲ့သည်။ သို့သော် နောက်ထပ် သားရဲ အမြုတေ အခုငါးရာကျော်ဆီက စွမ်းအားများကို ထပ်မံစုပ်ယူခဲ့လျှင်တောင် သူ နတ်ဘုရား တစ်ပိုင်းအဆင့်သို့ ရောက်ရှိနိုင်မှာ မဟုတ်ကြောင်း ရှောင်လုံ နားလည်သွားသည်။

"... မင်းရဲ့ နဂါးခန္ဓာကိုယ်က ပိုပြီးသန်မာလာတယ်... အဲ့ဒါကြောင့် မင်းရဲ့ ချီပင်လယ်နဲ့ သွေးကြော တွေထဲမှာ အတွင်းအားတွေကို ပိုပြီး ထိန်းချုပ်လာနိုင်တယ် ... မင်းအဆင့်တက်ဖို့ စွမ်းအားတွေအများကြီး လိုအပ်တယ်ကွ ..."

အောင်းတိုင်ရီက ရှင်းပြလိုက်သည်

".... ငါခန့်မှန်းရသလောက်တော့ မင်းအဆင့်တက်ဖို့ဆိုရင် နောက်ထပ် သားရဲအမြုတေ အခုခြောက်ရာလောက် ထပ်ပြီး လိုအုံးမယ် ..."

နတ်ဘုရားတစ်ပိုင်း သားရဲ အမြုတေ အခုခြောက်ရာ.....!

ရှောင်လုံ မျက်နှာထက်တွင် ခါးသက်သက်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

အင်း .... နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်ဖို့တောင် သားရဲအမြုတေ အခုခြောက်ရာလောက်လိုတယ်ဆိုတော့ နတ်ဘုရားတစ်ပိုင်းအဆင့်ရဲ့ အထွတ်အထိပ်ကိုသာ ရောက်ချင်တယ်ရင် နတ်ဘုရားအဆင့် သားရဲအမြုတေပေါင်း ဘယ်လောက်တောင် လိုအုံးမလဲ မပြောတတ်ဘူး ....?
အခု နှစ်ထောင် ...? ဒါမှမဟုတ်
အခု သုံးထောင်လောက်များလား ...?

ရှောင်လုံက စဉ်းစားကြည့်လိုက်သည်။

သို့သော် တိမ်ပင်လယ် ပင်မကုန်းမြေ တစ်ခုလုံးတွင် နတ်ဘုရား အဆင့် သားရဲအမြုတေများကို ရောင်းဝယ်ဖောက်ကားခြင်း မရှိပေ ။ ဤအချက်က ရှောင်လုံအတွက် အရေးကြီးသော ပြသနာတစ်ခု ဖြစ်လာနိုင်သည်။ နတ်ဘုရားအဆင့် သားရဲအမြုတေများက လေလံတင်ပွဲ တစ်ချို့တွင်သာ ပေါ်လာလေ့ရှိသည်။

".... သဘာဝ သန္ဓေသားလောင်းကို ဘာကြောင့် သိမ်းခိုင်းထားရသလဲဆိုတာကို မင်းအခုတော့ နားလည်သွားပြီမဟုတ်လား .... သဘာဝအတိုင်းဖြစ်လာတဲ့ စိတ်ဝိညာဉ် သန္ဓေသားလောင်းကသာ နဂါးခန္ဓာကိုယ်လိုမျိုး စွမ်းအင်တွေအများကြီး စုပ်ယူနိုင်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်အတွက် လိုအပ်တဲ့ စွမ်းအားကိုထောက်ပံပေးနိုင်မှာ .....မင်းလိုလူက အဲ့လို ရတနာမျိုး မရှိဘဲနဲ့  နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ...."

နဂါးအင်ပါရာ အောင်းတိုင်ရီက ဆကိပြောလိုက်သည်

".... အေး နတ်ဘုရားအဆင့်ကို ကျော်ဖြတ်ရာမှာ ပထမဆုံး အကြိမ်သာ ကျရှုံးသွားမယ်ဆိုရင် ဒုတိယအကြိမ် တတိယအကြိမ်တွေက ပိုပိုပြီး ခက်ခဲလာလိမ့်မယ် ..."

ရှောင်လုံလည်း ခေါင်းညိတ်ပြလိုက်သည်။

အောင်းတိုင်ရီပြောသည်မှာ အမှန်ပင်ဖြစ်သည်။
လူသားတစ်ယောက်ကနေ နတ်ဘုရားတစ်ယောက်အဖြစ်သို့ ကူးပြောင်းရန် မလွယ်ကူပေ။
ပထမဆုံးအကြိမ် ကြိုးစားရာတွင်လည်း အောင်မြင်ရန်အတွက် ဆယ်ပုံတစ်ပုံသာ အခွင့်အရေး ရှိသည်။

ထိုကြောင့် နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်များက နတ်ဘုရားအဆင့်သို့ တက်လှမ်းရာတွင် စိတ်ရှည်လက်ရှည်ဖြင့် အခွင့်အလမ်းကောင်းကို စောင့်ဆိုင်းလေ့ရှိကြသည်။ တစ်ချို့သိုင်းပညာရှင်များက နှစ်ပေါင်းထောင်ချီကြာသွားသည်တိုင်အောင် နတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ရန်အတွက် လုံလောက်သော သတ္တိမရှိကြပေ။

ရှောင်လုံက မြို့ထဲ၌ နှစ်ရက်ထပ်ပြီး နေလိုက်သည်။
ထိုနှစ်ရက်အား မနက်တွင် သိုင်းလေ့ကျင့်၍ ညပိုင်းတွင် သူ့ဝယ်လာသည့် စာအုပ်များကို ဖတ်ရှုလေ့လာလိုက်သည်။ ရှောင်လုံက နှစ်ရက်ကြာပြီးနောက် စာအုပ်အားလုံးကို ဖတ်ပြီးသွားသည်။
အနက်ရောင် လိပ် ကြယ်စင်စုအတွင်းမှ ထိပ်တန်း အင်အားစုများနှင့် တခြားမြင့်မားသော ကမ္ဘာများအကြောင်းကို ပိုပြီးနားလည်သွားသည်။

ယခုအချိန်၌ အနက်ရောင် လိပ် ကြယ်စင်စုထဲတွင် ထိပ်တန်း မဟာအင်အားစု နှစ်ဆယ့်သုံးခု ရှိသည်။
ပထမအဆင့် အင်အားစုကတော့ အခု နှစ်ထောင်ကျော်ရှိသည်။ ကြယ်စင်စု အဆင့် တွင် အဆင့်မြင့် နတ်ဘုရားတစ်ယောက်ရှိသည့် အင်အားစုကိုသာ ထိပ်တန်း မဟာ အင်အားစုအဖြစ် သတ်မှတ်ကြသည်။ ထိုကြောင့် ထိပ်တန်း မဟာ အင်အားစု နှစ်ဆယ်သုံးခု၏ အနောက်တွင် အဆင့်မြင့် နတ်ဘုရားများ သိုင်းပညာရှင်များ ထောက်ပံပေးထားကြသည်။ နတ်ဘုရား အဆင့် ၁၀နှင့် အထက် သိုင်းပညာရှင်များ ရှိသည့် အင်အားစုများကို ပထမအဆင့် အင်အားစု အဖြစ် သတ်မှတ်ကြသည်။

ထိုအပြင်  အနက်ရောင် လိပ်ကြယ်စင်စုအတွင်းမှ ထိပ်ဆုံး ကမ္ဘာ တစ်သောင်း၏ အမည်များက်ိုလည်း ရှောင်လုံ သိရှိသွားသည်။ ကမ္ဘာများ၏ အဆင့်သတ်မှတ်ချက်ကို ထိုကမ္ဘာ၏စုစုပေါင်း အင်အားအပေါ်တွင်  အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သည်။ ထိပ်တန်း ကမ္ဘာ တစ်သောင်းတွင် သိုင်းဝိညာဉ်ကမ္ဘာ၏ အမည် မပါရှိပေ ။ တစ်နည်းအားဖြင့် သိုင်းဝိညာဉ်ကမ္ဘာကြီး တစ်ခုလုံး၏ စုစုပေါင်းအင်အားက အနက်ရောင် ကြယ်စင်စု၏ ထိပ်တန်း ကမ္ဘာ တစ်သောင်း၏ အင်အားကို မမှီသေးပေ။

ရှောင်လုံလည်း အနည်းငယ် စိတ်ဓတ်ကျသွားသည်။
ငါရဲ့ သိုင်းဝိညာဉ်ကမ္ဘာက အဲ့လောက်တောင် ချာတူးလန် နေပြီလား ...?

သို့သော် ငြိမ်းချမ်းရေး အင်ပါရာ ကမ္ဘာ၏ အမည်ကို ထိုကမ္ဘာ တစ်သောင်းစာရင်းထဲတွင် ရှောင်လုံ မြင်လိုက်သည်။ ကမ္ဘာတစ်သောင်းစာရင်းထဲတွင် ငြိမ်းချမ်းရေး အင်ပါရာ ကမ္ဘာက အဆင့် တစ်ထောင့်တစ်ရာတွင် ရပ်တည်နေသည်။ အနက်ရောင် ကြယ်စင်စုထဲတွင် ကမ္ဘာပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှိသည်။ ကမ္ဘာပေါင်း တစ်သိန်းနှစ်သောင်းကျော်ထဲတွင်  အဆင့် ၁၁၀၀ ၌ ရပ်တည်နေနိုင်သော ငြိမ်းချမ်းရေးအင်ပါရာ ကမ္ဘာက မည်မျှ စွမ်းအားကြီးမားသည် ဆိုတာကို မှန်းဆကြည့်နိုင်သည်။

"... အမှန်တိုင်းပြောရရင် လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်ကဆို ငါတိုသိုင်းဝိညာဉ်ကမ္ဘာကြီးက အနက်ရောင်လိပ် ကြယ်စင်စုတစ်ခုလုံးမှာ အဆင့် သုံးဆယ်အတွင်းကို ဝင်တယ်ကွ .... ဒါပေမယ့် မဟာ ဘီဘူး နတ်ဘုရား စစ်ပွဲမှာ ငါတို့ကမ္ဘာရဲ့ အဆင့်မြင့်
နတ်ဘုရား သိုင်းပညာရှင်တွေ အကုန်လုံး ကျဆုံးသွားတယ် ... အဲ့ဒါကြောင့်  ငါတို့ရဲ့ သိုင်းဝိညာဉ်ကမ္ဘာကြီးက အဆင့် တစ်သောင်းအောက်ကို ပြုတ်ကျသွားတာပေါ့ ...."

အောင်းတိုင်ရီက ကြေကွဲဝမ်းနည်းစွာ ညည်းညူလိုက်သည်

"... ကောင်လေးရှောင် ...  ကမ္ဘာအဆင့်ကို နောက်တစ်ကြိမ် ပြန်ပြီးတွက်ချက်တဲ့ အချိန်ကြရင်
သိုင်းဝိညာဉ်ကမ္ဘာကို ကမ္ဘာတစ်သောင်းစာရင်းထဲ ပြန်ရောက်လာအောင် မင်းလုပ်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် ...."

ကမ္ဘာများ၏ အဆင့်ကို နှစ်တစ်သောင်းတွင် တစ်ကြိမ် ပြန်လည်၍ သတ်မှတ်လေ့ရှိသည်။

"... ဒါပေါ့ ..ကျွန်တော်ကို စိတ်ချထားလိုက် ...."

ရှောင်လုံက ကတိပေးလိုက်သည်။

ယခုဆိုလျှင် ကမ္ဘာစာရင်းအား ပြန်လည်သတ်မှတ်ရန် အနှစ် ၂၀၀ ခန့်သာ လိုတော့သည်။ သို့သော်  သိုင်းဝိညာဉ်ကမ္ဘာကြီးကို အဆင့် ၁၀၀ အတွင်း ဝင်အောင် လုပ်နိုင်သည်ဟု ရှောင်လုံက ယုံကြည်နေသည်။

ရှောင်လုံလည်း မြို့ထဲမှာ နှစ်ရက်ခန့် နေပြီးနောက် အနက်ရောင် သူရဲကောင်းမြို့ဆီသို့ ခရီးဆက်လိုက်သည်။ အနက်ရောင် သူရဲကောင်းမြို့က အနက်ရောင် သူရဲကောင်း တက္ကသိုလ် တည်ရှိရာမြို့ ဖြစ်သည်။ ထိုအပြင် ကျောင်းသားသစ်ရွေးချယ်ပွဲကိုလည်း အနက်ရောင် သူရဲကောင်းမြို့၌ ကျင်းပမှာ ဖြစ်သည်။

ကျောင်းသားသစ် စစ်ဆေးပွဲစတင်ရန် အချိန်တစ်နှစ်မျှ လိုနေသေးသော်လည်း စာရင်းပေးမှုများကို လက်ခံနေပြီ ဖြစ်သည်။
တစ်လကြာပြီနောက် အနက်ရောင် သူရဲကောင်းမြို့ဆီသို့ ရှောင်လုံ ရောက်ရှိလာသည်။

ရှောင်လုံက အနက်ရောင် သူရဲကောင်းမြို့သို့ မရောက်သေးခင် အချိန်ကတည်းက သူ့စိတ်ကိုပြင်ဆင်ထားခဲ့သည်။ သို့သော် အနက်ရောင် သူရဲကောင်းမြို့သို့ ရောက်လာချိန်မှာ မြို့ကြီး၏ ကြီးကျယ်ခမ်းနားမှုကြောင့်
အံ့သြမှင်တက်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။

မြို့၏ မြို့တံတိုင်းများ မည်မျှမြင့်မားသည် ဆိုတာကို ရှောင်လုံလည်း မပြောနိုင်ပေ ။ မြင့်မားသောမြို့တံတိုင်းကြီးက အဆုံးမရှိသည်နှယ် တိမ်ကိုပင် ဖောက်ထွက်နေသည်။

"... တော်တော်မှ အံ့သြသွားရဲ့လား .. ပထမဆုံး အကြိမ်စမြင်တုံးက ငါလည်းမင်းလိုပါပဲ ...
အနက်ရောင် သူရဲကောင်း မြို့က ငါတို့ သိုင်းဝိညာဉ်ကမ္ဘာထက်တောင် ပိုကြီးသေးတယ်ကွ..."

အောင်းတိုင်ရီက ပြောလိုက်သည်။

ဘယ်လို မြို့တစ်မြို့က ကမ္ဘာထက်တောင် ပိုကြီးနေတယ် ဟုတ်လား ....?

ရှောင်လုံလည်း အမှတ်တကယ်ကို အံ့အားသင့်သွားလေသည်။

"... ကဲပါ... စာရင်းပေးတဲ့နေရာကို သွားရအောင်..
စာရင်းပေးပြီးရင် လေလံအိမ်တစ်ခုမှာ  နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို လေလံပစ်လိုက်.... အဲ့ဒီကရလာတဲ့ ငွေနဲ့ သားရဲအမြုတေတွေကို ပြန်ဝယ်လိုက်ပေါ့ ...."

အောင်းတိုင်ရီက အကြံပေးလိုက်သည်

"... အဲ့ဒါဆိုရင် ကျောင်းသားသစ် စစ်ဆေးပွဲ မတိုင်ခင်မှာ နတ်ဘုရားတစ်ပိုင်းကိုတောင် မင်းရောက်နိုင်တယ် ..."

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၃၈ ......

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။
နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး၏ တန်ကြေး နှင့်ဆိုလျှင် ရှောင်လုံ နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်သည်အထိ လိုအပ်သော သားရဲအမြုတေများကို ဝယ်ယူနိုင်သည်။

  နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို လေလံတင်ခြင်းကြောင့်
လူအများ၏ အာရုံစိုက်မှုကို ခံရနိုင်သည်။ သို့သော်လည်း ရှောင်လုံက ယခုအချိန်မှာတော့ ထိုအရာများကို ဂရုမစိုက်နိုင်ပေ ။ ထိုနောက် ရှောင်လုံက တခြားမျက်နှာသွင်ပြင်တစ်ခုဖြင့် ရုပ်ဖျက်ကာ လေလံတင်အိမ်ရှိရာသို့ သွားလိုက်သည်။

ရှောင်လုံလည်း အနက်ရောင် သူရဲကောင်းမြို့အတွင်းသို့ ဝင်ရန် တန်းစီလိုက်သည်။
ကံဆိုးစွာဖြင့် အနက်ရောင် သူရဲကောင်းမြို့၏ မြို့ဝင်ကြေးမှာ လူတစ်ဦးလျှင် ရွှမ်းဝူဒင်္ဂါးတစ်ထောင် ကျသင့်သည်။

ယေဘုယျအားဖြင့် ထိပ်တန်းမဟာ အင်အားစု နှစ်ဆယ်သုံးခု၏ လက်အောက်မှ မြို့အတော်များများက မြို့ဝင်ကြေးပေးရန်မလိုပေ ။
ထိုအပြင် အနက်ရောင် သူရဲကောင်းမြို့၏မြို့ဝင်ကြေးသည် မြို့အားလုံးထဲတွင် အမြင့်ဆုံးလည်း ဖြစ်သည်။ ရွှမ်းဝူ ဒင်္ဂါး တစ်ထောင်ဆိုသည့် ပမဏက ရှောင်လုံအတွက် အများသော်လည်း
တခြားစကြာဝဠာ အဆင့် ၁၀ သိုင်းပညာရှင်များ အတွက်တော့ သူတို့အသားကို လှီးယူနေသည်နှင့်
အလားသဏ္ဍာန်တူသည်။

ရှောင်လုံက အနက်ရောင် သူရဲကောင်မြို့အတွင်းသို့ ဝင်လာပြီးနောက် အနက်ရောင်သူရဲကောင်း တက္ကသိုလ်၏ ကျောင်းသားသစ်စာရင်း ပေးသွင်းရာနေရာသို့ သွားလိုက်သည်။ စာရင်းပေးသွင်းရမည့်နေရာက အနက်ရောင် သူရဲကောင်းမြို့၏ အလယ်ပိုင်းတွင် တည်ရှိသည်။ ထိုနေရာအား သူရဲကောင်း ခန်းမဆောင်ဟု ခေါ်ဝေါ်ကြသည်။

သုံးရက်ကြာပြီးနောက် ရှောင်လုံက သူရဲကောင်း ခန်းမဆောင် အတွင်းသို့ လမ်းလျှောက်ဝင်လိုက်သည်။  သူရဲကောင်း ခန်းမဆောင်သည် သူ့၏ အမည်မှာသာ ခန်းမဆောင်ဟု ပါနေသော်ငြားလည်း သိုင်းဝိညာဉ်ကမ္ဘာမှ နန်းတွင်းမြို့များထက်ပင် အဆပေါင်းများစွာ ပိုကြီး
သည်။ ရှောင်လုံ တံခါးဝသို့ရောက်ရှိလာသောအခါ ခန်းမဆောင်၏ အရှေ့ဘက်ပိုင်းတွင် လူအုပ်ကြီးဖြင့် စည်းကားနေသည်ကို မြင်လိုက်ရသည်။

ကျောင်းသားသစ် စစ်ဆေးပွဲက တစ်နှစ်ကျော်လိုနေသေးသော်လည်း ပါဝင်ယှဉ်ပြိုင်သူများအား စာရင်းလက်ခံနေပြီပဲ ဖြစ်သည်။  ထိုကြောင့် အနက်ရောင် လိပ်ကြယ်စင်စု အတွင်းမှ ထိပ်တန်းပါရမီရှင်များက အနက်ရောင် သူရဲကောင်းမြို့သို့ စုရုံးရောက်ရှိလာကြသည်။

သူရဲကောင်းခန်းမဆောင် အတွင်းသို့ ဝင်လာပြီးနောက် ကြီးမားသော ရင်ပြင်ကျယ်ကြီးက ရှောင်လုံအား ဆီးကြိုနေသည်။ သို့သော် ရင်ပြင်ကြီး၏ ထောင့်တစ်နေရာမှ တစ်စုံတစ်ရာက ရှောင်လုံ စိတ်အာရုံကို ဆွဲဆောင်လိုက်သည်။
ထိုနေရာတွင် လူအုပ်ကြီး စုရုံး စုရုံးဖြင့် တစ်စုံတရာကို ဝိုင်းအုံကြည့်နေကြသည်။

"....အဲ့ဒါက နှစ်တစ်သောင်း လိပ် နယ်သတ်မျဉ်းပဲ ...."

  နဂါးအင်ပါရာ အောင်းတိုင်ရီက ရှင်းပြလိုက်သည်

"..  ကမ္ဘာဦးက သိုင်းပညာရှင်ကြီးတစ်ယောက် ဖန်တီးခဲ့တဲ့ အစီအရင်တစ်ခုပေါ့ ... အဲ့ဒီအစီအရင်က မင်းရဲ့ ပင်ကိုစွမ်းရည်နဲ့ အခုလက်ရှိအင်အားကို စမ်းသပ်စစ်ဆေးပေးနိုင်တယ် ..."

လူတစ်ယောက်၏ ပင်ကိုစွမ်းရည်နဲ့ ခွန်အားကို စမ်းသပ်နိုင်တယ် ...!
ရှောင်လုံလည်း အံ့သြမှင်တက်မိသွားသည်။

"....ဘယ်လိုလဲ စမ်းကြည့်မလား ...?"

အောင်းတိုင်ရီက ရှောင်လုံကို သွေးဆောင်ဖြားယောင်းလိုက်သည်။  ရှောင်လုံလည်း စိတ်ပါသွားသည်။

ရှောင်လုံကိုယ်တိုင်လည်း သူ့၏ ပင်ကိုစွမ်းရည်နှင့် ခွန်အားက မည်သည့်နေရာ၌ ရပ်တည်နေကြောင်း ကို သိချင်နေသည်။ သို့သော် လူအများရှေ့တွင် စမ်းသပ်လိုက်ပါက ရှောင်လုံ၏ ပင်ကိုစွမ်းရည်နှင့် ခွန်းအားအကြောင်းကို လူတိုင်းသိရှိသွားနိုင်သည်။

ရှောင်လုံ၏ စိုးရိမ်မှုကို သတိပြုမိလိုက်တော့ အောင်းတိုင်ရီက ရယ်မောလိုက်သည်

"... စမ်းသပ်နေစဉ်မှာ မင်းရဲ့ ကိုယ်ရောင်ကိုယ်ဝါ တစ်ဝက်လောက်ကို ဖိနှိပ်ထားလို့ရပါတယ်ကွ ...
နောက်ပြီး မင်းရဲ့ နဂါးခန္ဓာကိုယ်ကလည်း သူရဲ့ ဗီဇကိုက ပုန်းကွယ်နေတတ်တယ် ... စမ်းသပ်နေစဉ်
မင်းရဲ့ ခွန်အား အစစ်အမှန်ကိုလည်း ဖုံးကွယ်ထားလို့ရတယ်... မင်းသုံးလိုက်တဲ့ ပင်ကိုစွမ်းရည် နဲ့ ခွန်အားပေါ် မူတည်ပြီး ရလဒ်ထွက်လာမှာကွ ..."

ထိုအချိန်မှ ရှောင်လုံလည်း စိတ်သက်သာရာ ရသွားသည်။

"... ဒီ နှစ်တစ်သောင်းလိပ် နယ်သတ်မျဉ်းရဲ့ ရည်ရွယ်ချက်က အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ ကျောင်းသားသစ် ရွေးချယ်ပွဲမတိုင်ခင် ပါဝင်ယှဉ်ပြိုင်မဲ့လူတွေအတွက် ထားထားပေးတာကွ ...အဲ့ဒါမှ သူတို့စွမ်းရည်ကို သိပြီး ပိုကြိုးစားနိုင်မှာပေါ့ ..."

အောင်းတိုင်ရီက ဆက်ရှင်းပြလိုက်သည်

"... ပုံမှန်အားဖြင့်ဆိုရင် အမှတ် တစ်ထောင်ကျော် ရတဲ့လူတွေက အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့  ကျောင်းသားဖြစ်ဖို့အတွက် မျှော်လင့်ချက်ရှိတယ် ..."

အောင်းတိုင်ရီ၏ စကားအဆုံး၌ ရှောင်လုံက လူများတန်းစီနေသော နေရာသို့ ရောက်ရှိလာသည်။
သို့သော် မိမိစွမ်းရည်ကို စမ်းသပ်လိုသူများက အလွန်ပင် များပြားနေသည်။ ရှောင်လုံအရှေ့တွင်
လူငါးထောင်ကျော် ရှိနေသေးသည်။

ရလဒ်တစ်ခု ထွက်ပေါ်လာချိန်တိုင်းမှာ ပတ်ဝန်းကျင်၌ ကဲ့ရဲ့ ရှုံ့ချသံ ၊ အံ့သြသွားသည့် အာမေထိတ်အသံဖြင့် ထွက်ပေါ်လာလေ့ရှိသည်။

"..  ပင်ကိုစွမ်းရည် - ၈၉၂ ၊ ခွန်အား -၉၈၃ !"

"၉၈၃ဆိုရင် တစ်ထောင်နားကို ကပ်နေတာပဲ
အဲ့ဒါဘယ်မိသားစုက သိုင်းပညာရှင်လဲကွ ...?"

"....  ကြည့်ရတာ သံမဏိကမ္ဘာက လျိုမိသားစုဝင် တစ်ယောက်နဲ့တူတယ် ..."

အရည်အချင်း စမ်းသပ်စစ်ဆေးပေးသော ပလ္လင်မှ မိုးပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ် ထွက်လာခ်ျိန်တွင် ရပ်ကြည့်နေကြသော လူအုပ်ကြားထဲတွင် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ယခုဆိုလျှင် အရည်အချင်းစမ်းသပ်ပြီးသူ အယောက် တစ်သောင်းကျော်သွားခဲ့သော်လည်း လူအနည်းစုကသာ အမှတ်၉၀၀အထက် ကျော်ကြသည်။ အမှတ် ၁၀၀၀
နားကပ်နေသည့် ရလဒ်တစ်ခု ထွက်ပေါ်လာချိန်တိုင်း လူအုပ်ကြီးဆီက အာမေထိတ်အသံများနှင့် မနာလိုသည့် အကြည့်များ ရောက်ရှိလာလေ့ရှိသည်။

လျိုမိသားစု၏ သိုင်းပညာရှင်က လူအများ၏ လေးစားအားကျနေသော အကြည့်များအောက်တွင် ရင်ကော့၍ ကျောင်းသားသစ် စာရင်းပေးသွင်းရာနေရာသို့ ထွက်သွားသည်။ ရှောင်လုံလည်း စိတ်လှုပ်ရှားနေသည်။ လျိုမိသားစုက မဟာ ထိပ်တန်း အင်အားစု နှစ်ဆယ့်သုံးခုထဲတွင် မပါပေ။
သို့သော် ပထမအဆင့် အင်အားစု တစ်ခုဖြစ်သည်။
လျိုမိသားနှင့် ယီမိသားစုက သံမဏိကမ္ဘာမှ အင်းအားစုများ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ချုပ်ကိုင်ထားသည်။

ထိပ်တန်းကမ္ဘာတစ်သောင်းတွင်လည်း သံမဏိကမ္ဘာက အဆင့် ၁၀၀ ပတ်လည်တွင် ရပ်တည်လျက်ရှိသည်။

"... ပင်ကိုစွမ်းရည် -၉၂၃ ... ၊ ခွန်အား - ၁၀၅၆ "

" ... အခု စမ်းသပ်တဲ့လူကိုကြည့်လိုက် သူ့က သံမဏိကမ္ဘာ ယီမိသားစုဝင် တစ်ယောက်ပဲ "

လူအုပ်အတွင်းမှ မနာလိုသော အသံနှင့် အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာသည်။
ယီမိသားစုမှ သိုင်းပညာရှင်၏ ပင်ကိုစွမ်းရည်နှင့် ခွန်းအားက လျိုမိသားစုဝင် သိုင်းပညာရှင်ထက် အနည်းငယ် သာလွန်နေသည်။ သို့သော် ယီမိသားစု၏ သိုင်းပညာရှင်  စမ်းသပ်ပြီးနောက် ထပ်မံ၍စမ်းသပ်ကြသောလူများတွင် အမှတ် ၉၀၀ ကျော်သူပင် ထွက်ပေါ်မလာတော့ပေ ။

နှစ်နာရီကြာပြီးနောက် ရှောင်လုံအလှည့်သို့ ရောက်ရှိလာသည်။ ရှောင်လုံက စမ်းသပ်စစ်ဆေးရာ ပလ္လင်ဆီသို့ သွားလိုက်သည်။ ပလ္လင်ရှေ့တွင် အလျား သုံးပေခန့်ရှည်သော ရေချိုးစည်ပိုင်းတစ်ခုနှင့်တူသည့် အရာဝတ္ထုတစ်ခု လေထဲတွင် ပျံဝဲနေသည်။ ထိုအရာက နှစ်တစ်သောင်း လိပ် နယ်သတ်မျဉ်းပင် ဖြစ်သည်။

ရှောင်လုံက သူ့၏ နဂါးခန္ဓာကိုယ်အား လုံးဝ ဖုံးကွယ်ထားလိုက်သည် ။ ထိုနောက် ယခင် စမ်းသပ်သူများအတိုင်း နှစ်တစ်သောင်း နယ်သတ်မျဉ်းနှင့်  သူ့လက်ဝါးကို ထိကပ်လိုက်ပြီး အတွင်းအား အနည်းငယ်ကို ထိုအရာဝတ္ထုအတွင်းသို့ စီးဆင်း စေလိုက်သည်။

ထိုအချိန်၌ နှစ်တစ်သောင်း လိပ် နယ်သတ်မျဉ်းက နေတစ်စင်းကဲ့သို့ ထွန်းလင်းတောက်ပလာသည်။
ထိုနောက် ထူးခြားဆန်းကြယ်သော အလင်းတန်းများထွက်ပေါ်လာပြီး ကောင်းကင်ထက်သိုဘ တဟုန်ထိုး ပျံတက်သွားသည်။ ထိုအပြင် ရင်ပြင်ကျယ်ကြီးထဲမှာလည်း လေပြင်းများ
တိုက်ခတ်လာသလို ကမ္ဘာမြေကြီးကလည်း သွက်သွက်ခါအောင် လှုပ်ရမ်းသွားသည်။

ပတ်ဝန်းကျင်မှ ဆူညံသံများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူအားလုံးက နှစ်တစ်သောင်း လိပ် နယ်သတ်မျဉ်အား မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။

သူရဲကောင်း ခန်းမဆောင်သို့ စာရင်းပေးသွင်းရန် ရောက်ရှိလာကြသည့် သိုင်းပညာရှင်များကလည်း
ရုတ်တရက် လေပြင်းများ တိုက်ခတ်လာသည်ကို
မြင်တွေ့လိုက်ကြသည်။

"... ဒါ..ဒါ ဘာဖြစ်တာလဲ ....?"

"... အရည်အချင်း စမ်းသပ်ပေးတဲ့ ပလ္လင်ကနေထွက်ပေါ် လာတာပဲ ...."

သူရဲကောင်းခန်းမဆောင်အတွင်းမှ လူများကလည်း ထူးခြားသော အလင်းတန်းများ ထွက်ပေါ်လာသည့်နေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့အားလုံးက နှစ်တစ်သောင်း လိပ် နယ်သတ်မျဉ်းအား အံ့သြမှင်တက်သောအမူအရာများဖြင့် ငေးကြည့်နေကြသည်။

".... ဘယ် မဟာ ထိပ်တန်း အင်အားစုက ပါရမီရှင်လဲ မသိဘူးနော် ...? နှစ်တစ်သောင်း လိပ်
နယ်သတ်မျဉ်းကို အခုလို အလင်းတန်းတွေ ထွက်ပေါ်လာအောင် လုပ်နိုင်ဖို့ဆိုတာ တော်ရုံလောက်နဲ့တော့ မဖြစ်နိုင်ဘူး ...."

".... ငါသိသလောက်တော့ နှစ်တစ်သောင်း လိပ် နယ်သတ်မျဉ်းကနေ အခုလို အလင်းတန်းတွေ မထွက်တော့တာ နှစ်ပေါင်းအတော်ကြာနေပြီတဲ့ ..."

".... သူက တကယ့်ကိုကြောက်စရာကောင်းတဲ့ ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ရမယ် ... !"

ရင်ပြင်ကျယ်ကြီး တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။
ထိုနောက် နှစ်တစ်သောင်း လိပ် နယ်သတ်မျဉ်းမှ
ဒဏ္ဍာရီဆန်သော ရွှေရောင် လိပ်ကြီးတစ်ကောင်၏ အရိပ် ထွက်ပေါ်လာသည်။ ထိုအရိပ်ကြီးက တဖြည်းဖြည်း ကြီးမားလာပြီး ကောင်းကင်ထက်သို့
မြင့်တက်သွားသည်။ ကောင်းကင်ထက်သို့ ရောက်ချိန်တွင် ဧရာမ လိပ်ကြီးတစ်ကောင် ဖြစ်သွားသည်။

"... အလို မိုးနတ်မင်း ....ဒါ နယ်သတ်မျဉ်း လိပ်ဝိညာဉ် ရဲ့ ရုပ်ပုံ မဟုတ်လား ....!
နယ်သတ်မျဉ်း လိပ်ဝိညာဉ် နောက်ဆုံး ပေါ်ထွက်လာခဲ့တာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ ....? ထိပ်တန်း ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာမှသာ နယ်သတ်မျဉ်း လိပ်ဝိညာဉ်ကလည်း ပေါ်ထွက်လာလေ့ရှိတယ် ..."

ကောင်းကင်ထက်မှာရှိနေသည့် ဧရာမရွှေရောင် လိပ်ကြီးက ကောင်းကင်ကိုးခုဆီသို့ မော့ကြည့်လိုက်
သည်။ ထိုနောက် သန်းနှင့်ချီသော မိုင်အကွာအဝေးမှပင် ကြားနိုင်သည့် အသံဖြင့် ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည်အထိ ဟိန်းဟောက်လိုက်သည်။

အနက်ရောင် သူရဲကောင်းမြို့အပေါ်မှ  လေထုအတွင်းသို့ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ အနက်ရောင် သူရဲကောင်းမြို့ကြီးတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည့် ဟိန်းဟောက်သံကြီးကြောင့် သူတို့အားလုံး သတိဝင်သွားပြီး အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိလာကြခြင်းပင် ။

အနက်ရောင် သူရဲကောင်းမြို့၏ မြောက်ဘက်မှ လေထုထဲတွင် ရှိနေသည့် အပြာရောင်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထာသော အဘိုးအိုက သူရဲကောင်း ခန်းမဆောင် ရှိရာသို့ တည်ကြည်သော မျက်နှာထားဖြင့် မျှော်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်

"... ဒါ.... နှစ်တစ်သောင်း နယ်သတ်မျဉ်း လိပ်ဝိညာဉ်ရဲ့ ဟိန်းဟောက်သံပဲ ... နောက်ဆုံးတော့ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မဲ့ သူရဲကောင်းတစ်ယောက် ထပ်ပြီး မွေးဖွားလာပြန်ပြီပေါ့ ...."

သူ့အသံပင် မဆုံးလိုက်ပေ ။ အဘိုးအို၏အရိပ်က ချက်ချင်းပျောက်ကွယ်သွားသည်။

အနက်ရောင် သူရဲကောင်းမြို့တွင် ရှိနေသည့် သိုင်းပညာရှင်အားလုံးက သူရဲကောင်းခန်းမဆောင် ရှိရာသို့ စုပြုံရောက်ရှိလာကြသည်။

နှစ်ပေါင်းသန်းနှင့်ချီ၍ ပျောက်ကွယ်နေသော နှစ်တစ်သောင်း နယ်သတ်မျဉ်း လိပ်ဝိညာဉ်အား ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့သည့်
ထိပ်တန်း ပါရမီရှင်ကို လူတိုင်းက မြင်တွေ့ချင်နေကြသည်။

လူအများ၏ အာရုံစိုက်ခြင်းကို ရှောင်လွှဲလိုသည့် ရှောင်လုံတစ်ယောက် ကောင်းကင်ထက်မှ ဧရာမ ရွှေလိပ်ဝိညာဉ်အား ကူရာကယ်ရာမဲ့စွာဖြင့် ငေးကြည့်လိုက်သည်။ သူ့၏ နဂါးခန္ဓာကိုယ်အား
ဖုံးကွယ်ထားသော်လည်း ဤကဲ့သို့ တုန့်ပြန်မှုမျိုး ထွက်ပေါ်လာလိမ့်မည်ဟု ရှောင်လုံ မမျှော်လင့်ထားခဲ့ပေ။ ဤမျှ ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်ကြီးကို ဖြစ်ပေါ်စေခဲ့ပြီးနောက် ရှောင်လုံ၏ လူမသိသူမသိနေထိုင်ရန် စီမံကိန်းက အောင်မြင်တော့မှာ မဟုတ်ပေ။

ထိုအချိန်၌ ရေချိုးစည်ပိုင်းနှင်တူသော နှစ်တစ်သောင်း လိပ် နယ်သတ်မျဉ်းက စတင်၍ လည်ပတ် လာသည်။ ထိုနောက် အရည်အချင်း ရလဒ်ကိုထုတ်ပြန်ပေးသည့် ပလ္လင်၏ ဘေးနှစ်ဖက်တွင် ရှောင်လုံ၏ ပင်ကိုစွမ်းရည် နှင့် ခွန်အား  ရမှတ်များ ထွက်ပေါ်လာသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၃၉ ..... စစ်ဆေးမှု၏ ရလဒ်

     လူအားလုံး၏ အကြည့်က  အရည်အချင်း စစ်ဆေးပေးသည့် ပလ္လင်နားဆီကိုသာ ရောက်ကှိနေသည်။ ထိုနောက် နှစ်တစ်သောင်း လိပ် နယ်သတ်မျဉ်းက ဖြည်းဖြည်းချင်းစတင် လည်ပတ်လာသည်။

သိုသော် ပလ္လင်ထက်မှ ရမှတ်များက ဒုံးပျံတစ်စင်းလို တဟုန်ထိုး မြင့်တက်လာသည်။
ထိုအရာကိုမြင်လိုက်ချိန်မှာ အကုန်လုံးမျက်လုံးပြူးကုန်ကြသည်။

" ....၁၀၀၀ ... ဟာ ... မျက်စိတမှိတ်အတွင်းမှာ အမှတ် ၁၀၀၀ ကိုတောင် ကျော်သွားပါလား...!"

"... ၁၁၀၀ .... ၁၂၀၀ ....၁၃၀၀ ..."

ရင်ပြင်ကျယ်ကြီး၏ နေရာအနှံ့မှ အံ့သြမှင်တက်စွာဖြင့် ရေရွတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ရှောင်လုံ ရမှတ်များက အမှတ် ၁၀၀၀ ကိုကျော်လာပြီးနောက် ၁၃၀၀ အထိ အလျင်အမြန် မြင့်တက်သွားသည်။

"... ၁၃၀၀ ... ဟော ၁၄၀၀ ကျော်သွားပြန်ပြီ..."

"... ၁၅၀၀ .... ဟာ ၁၅၀၀ ကိုတောင် ရောက်နေပြီဟ..."

ရှောင်လုံ ရမှတ်ကိုကြည့်ရင်း အကုန်လုံး နှလုံးခုန်မြန်လာကြသည်။ ရှောင်လုံ၏ ပင်ကိုစွမ်းရည်နှင့် ခွန်အား ရမှတ်နှစ်ခုစလုံးက  ၁၅၀၀အမှတ်ကို ကျော်သွားသည်။

ယေဘုယျအနေဖြင့် ဆိုရလျှင် ခွန်အား ရမှတ် ၁၂၀၀ ကို ရရှိသူက အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ရန် ၇၀ ရာခိုင်းနှုန်းကျော် အခွင့်အရေး ရှိသည်။ ၁၃၀၀ ကျော်ရပါက ၈၀ရာခိုင်နှုန်းကျော် အခွင့်အရေးရှိသည်။
ထိုကြောင့် ၁၅၀၀ ဆိုသည့် ရမှတ်က မည်သည်ကို ရည်ညွှန်းမှန်း အားလုံး နားလည်လိုက်ကြသည်။

ဆိုလိုသည်မှာ အရည်အချင်းစစ်ဆေးပွဲတွင် တစ်စုံတစ်ရာ အမှားအယွင်းသာမရှိခဲ့လျှင် ထိုလူက အရည်အချင်းစစ် စာမေးပွဲကို အလွယ်တကူ အောင်မြင်သွားမှာပဲ ဖြစ်သည်။ ယခု အရည်အချင်း စစ်ဆေးနေသူက အမှားအယွင်းတစ်စုံတစ်ရာ မရှိခဲ့လျှင် အနာဂတ်မှာ  အနက်ရောင် သူရဲကျောင်း တက္ကသိုလ်၏ ကျောင်းသားတစ်ယောက် သေချာပေါက် ဖြစ်လာနိုင်သည်။

အနက်ရောင် လိပ် ကြယ်စင်အတွင်းမှ လူတိုင်း၏ အိမ်မက်မှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အနက်ရောင် သူရဲကောင်း တက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန် ဖြစ်သည်။

"... ၁၇၀၀ ....၁၈၀၀ ..."

"... ငါ.... တကယ်ကို အမှတ် ၁၈၀၀ ရောက်သွားတာလား ..ငါကပဲ မျက်စိ မှားနေတာလား....?"

လူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

၁၈၀၀....!

ပင်ကိုပါရမီနှင့် ခွန်းအား နှစ်ခုလုံးက အမှတ် ၁၈၀၀ သို့ရောက်ရှိသွားသည်။ အတည်ငြိမ်ဆုံးဟုဆိုနိုင်သောလူပင် အံ့သြတုန်လှုပ်မှုကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ ။

၁၈၀၀ ....!

သူတို့စိတ်ထဲမှာ ရမှတ် ၁၈၀၀ က မည်သည့် အဆင့်တွင် ရှိနေမှန်း ဆက်စပ်၍ မစဉ်းစားနိုင်တော့ပေ ။  သူတို့၏ အသိညဏ်ထဲတွင် အနက်ရောင် သူရဲကောင်း တက္ကသိုလ် က ကျောင်းသားသစ်ကို စတင်လက်ခံသည့်ချိန်မှစ၍ ယခုအချိန်အထိ ရမှတ် ၁၈၀၀အထိ ရောက်သူကို တစ်ခါမှ ပေါ်ထွက်လာခြင်းမရှိပေ ။ ရမှတ် ၁၈၀၀ ဝေးစွ
၁၅၀၀အမှတ်ကိုပင် ရောက်ရှိသူ ပေါ်မလာသေးပေ။

သို့သော် ပင်ကိုစွမ်းရည်နှင့် ခွန်အားကို ကိုယ်စားပြုသော အနီရောင် နှင့် အစိမ်းရောင်အလင်းတန်းများက ဆက်လက်မြင့်တက်နေဆဲပင် ။

ရင်ပြင်ကျယ်အတွင်းမှ လူအားလုံးကလည်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အလင်းတန်းများ ဆက်၍ မြင့်တက်နေခြင်းကို ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။
ရမှတ်များကိုကြည့်နေရင်း သူတို့ရင်ထဲမှ နှလုံးသားက ပါးစပ်ထဲကနေ ထွက်လာကျလုမတတ် ခုန်ပေါက်နေသည်။

"... ဟော ၁၉၀၀ အမှတ်ကိုရောက်သွားပြီ ... ၁၉၀၀ကိုတောင် ကျော်သွားပြန်ပြီ... မိုးနတ်မင်း ကယ်တော်မူပါ ... "

"... အမှတ် ၂၀၀၀ကိုတော့ မကျော်လောက်ပါဘူးနော်....အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ ပြီးခဲ့သော အရည်အချင်းစစ် စာမေးပွဲတွင် ပထမရရှိခဲ့သူ၏ အမှတ်က ရမှတ် ၂၃၀၀ ကို အနည်းငယ်သာ ကျော်သည်။ အစိမ်းရောင် ၊ အနီရောက်ညအလင်းတန်းများက အမှတ် နာရီ၁၉၀၀ အား ဖြည်းဖြည်းချင်းကျော်တက်သွားသည်။
ရမှတ်များကလည်း အမှတ် ၂၀၀၀ နှင့် တဖြည်းဖြည်း နီးကပ်လာသည်။

ရင်ဘတ်တွင် အနက်ရောင် လိပ်တစ်ကောင်ပုံပါသော အပြာရောင် ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုကလည်း လေထဲမှာ နေရင်း ရမှတ်များမြင့်တက်နေသည်ကို ရပ်ကြည့်နေ၏ ။

".... အမှတ် ၂၀၀၀ ကို ကျော်နိုင့်ပါ့မလား..."

အဘိုးအိုက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
".. အင်းသူသာ ရမှတ် ၂၀၀၀ကျော်ခဲ့ရင် အရည်အချင်းစစ်စာမေးပွဲမှာ သေချာပေါက် အဆင့် ၁ ကနေ ၁၀ အတွင်းဝင်နိုင်တယ် ..."

၁၉၇၆ ...!

၁၉၈၅ ....!

၁၉၉၃ .....!

လူတိုင်းကရင်ခုန်သံများက သူတို့နားစည်အတွင်း ကျယ်လောင်စွာ မည်ဟိန်းနေသည်။ ထိုနောက် အစိမ်းရောင် နှင့် အနီရောင် အလင်းတန်းများက
ပိုပြီးတောက်ပလာသည်။ နောက်ဆုံး၌ အမှတ် ၂၀၀၀ကို ကျော်တက်သွားသည်။

လူအုပ်ကြီးက လှပသော အလင်းတန်းများကို ကြည့်ရင်း မှင်တက်နေသည်။ ထိုအခိုက်တွင် တိတ်ဆိတ်သော ရင်ပြင်ကျယ်အတွင်းမှ စိတ်လှုပ်ရှားမှုဖြင့် ရောထွေးနေသော တုန်လှုပ်မှုများ ၊ မနာလိုမှုများ ၊ အံ့သြမှုများ ပေါက်ကွဲထွက်လာသည်။

သို့သော် အနီရောင် နှင့် အစိမ်းရောင် အလင်းတန်းက ဆက်၍ မြင့်တက်လျက်ရှိသည်။
သို့သော် အမြန်နှုန်းက အနည်းငယ် လျော့ကျသွားသည်။ ထိုနောက် အလင်းတန်းနှစ်ခုလုံးက အမှတ် ၂၁၀၀ ကိုကျော်ဖြတ်သွားပြန်သည်။

ထိုအချိန်တွင် ရှောင်လုံက သူ့၏ အတွင်းအားချီများကို စတင် ချုပ်တည်းလိုက်သည်။ ရှောင်လုံ၏ ခွန်အားရမှတ်က အမှတ် ၂၁၃၂တွင် ရပ်တန့်သွားသည်။ သို့သော် ပင်ကိုစွမ်းရည်အား ကိုယ်စားပြုသည့် အစိမ်းရောင် အလင်းတန်းက ဆက်လက်မြင့်တက်နေပြီး ၂၂၅၆ အမှတ်ကိုရောက်မှ ရပ်တန့်သွားသည်။

သူ့၏ နဂါးခန္ဓာအား ဖုံးကွယ်ထားသော်လည်း
သူ့၏ ပင်ကိုစွမ်းရည်ရမှတ်က ဤမျှအထိ မြင့်မားနေလိမ့်မည်ဟု ရှောင်လုံ မထင်ထားခဲ့ပေ။

"... အဲ့ဒီပင်ကိုစွမ်းရည်ရမှတ်က မင်းရဲ့ အမြွှာသိုင်းဝိညာဉ်နဲ့ နတ်ဆိုးသွေးမျိုးဆက်ကို ကိုယ်စားပြုတယ် ..."

ထိုအချိန်တွင် အောင်းတိုင်ရီက ပြောလိုက်သည်။
အောင်းတိုင်ရီ၏ ရှင်းပြမှုကြောင့် ရှောင်လုံစိတ်ထဲမှာ ရှင်းလင်းသွားသည်။ သူ့၏ အမြွှာ သိုင်းဝိညာဉ်နှင့် နတ်ဆိုးသွေးမျိုးဆက်တို့၏ ပင်ကိုစွမ်းရည်ကလည်း ရှောင်လုံကို အံ့သြသွားစေသည်။

"... မင်းရဲ့ ပင်ကိုစွမ်းရည်က ကြောက်စရာကောင်းတာတော့ အမှန်ပဲ ... မင်းရဲ့ နဂါးခန္ဓာကိုယ်ကို ဖုံးကွယ်မထားဘူးဆိုရင် ရမှတ် ၄၀၀၀ ကိုတောင် ကျော်သွားမယ်ထင်တယ် ..."

အောင်းတိုင်ရီက ထပ်ပြောလိုက်သည်

"... ၄၀၀၀ .... မင်းက ဘယ်လို မွန်းစတားလဲကွာ....!
နောက်ပြီး မင်းခွန်းအားရဲ့ သုံးပုံတစ်ပုံကိုလည်း ထိန်းချုပ်ထားသေးတယ် မဟုတ်လား ... မဟုတ်ရင် ခွန်အားရမှတ်ကလည်း အမှတ်၃၀၀၀ ကို ကျော်မှာပဲ ..."

နဂါးအင်ပါရာ အောင်းတိုင်ရီ ကျောင်းတက်စဉ်ကလည်း သူ့၏ ပင်ကိုစွမ်းရည်နှင့်
ခွန်အားကို စမ်းသပ်ခဲ့ဘူးသည်။ ထိုအချိန်တွင် ပထမနေရာကို ရခဲ့သူက ပင်ကိုစွမ်းရည်တွင် အမှတ် ၂၅၀၀ ကျော်သာ ရခဲ့သည်။ ခွန်အားရမှတ်ကတော့
၃၀၀၀ကျော်ရခဲ့သည်။

သူ့အပေါ် အံ့သြ ၊ အားကျ ၊ မြှောက်ပင့်လိုနေသော အကြည့်များအောက်မှ ရှောင်လုံလည်း အရည်အချင်း စစ်ဆေးပေးသော ပလ္လင်ကနေ ထွက်လာသည်။ လူအုပ်ကြီးက ရှောင်လုံအတွက် လမ်းဖယ်ပေးလိုက်ကြသည်။

ရှောင်လုံကလည်း တည်ငြိမ်စွာဖြင့် ရင်ပြင်ကျယ်အတွင်းမှ ထွက်သွားသည်။ထိုနောက် ကျောင်းသားသစ် စာရင်းပေးသွင်းရာ နေရာသို့ သွားလိုက်သည်။

ရင်ပြင်ကျယ်အတွင်းမှ လူအုပ်ကြီးက ကျောက်ရုပ်ကြီးများကဲ့သို့ သူတို့ရပ်နေသည့်၌
မလှုပ်ရှားဘဲ ရှိနေကြသည်။  သို့သော်သူတို့၏ အကြည့်များက ဆံပင်အနက်ရောင်နှင့် လူငယ်လေး၏ နောက်ကျောသို့ ကပ်ပါသွားသည်။

ရင်ပြင်ကျယ်ကြီးနှင့် မလှမ်းမကမ်းနေရာတွင် ရှိနေသည့် ကျောင်းရှောင်စု နှင့် ကိုယ်ရံတော် အဘိုးအို
ငါးယောက်ကလည်း ရှောင်လုံ အရည်အချင်စစ်ဆေးနေသော မြင်ကွင်းကို အစအဆုံး မြင်လိုက်ရသည်။

"... သခင်လေး .... ဆံပင်အနက်နဲ့ကောင်လေးရဲ့ ပင်ကိုစွမ်းရည်နဲ့ ခွန်အားရမှတ်က တော်တ်ေလေးကို မြင့်တာပဲနော်  ... သူ့ရဲ့ ခွန်အားနဲ့ဆိုရင် အရည်အချင်းစစ်စာမေးပွဲမှာ အဆင့် ၁ ကနေ ၁၀ အတွင်း ဝင်နိုင်လောက်တယ် ..."

အဘိုးအို တစ်ယောက်က မှတ်ချက်ပြုလိုက်သည်။

ကျောင်းရှောင်စုကလည်း သဘောတူသည့်ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်

"... သူရဲ့ ပင်ကိုစွမ်းရည်ရော ခွန်အားရော မဆိုးပါဘူး ... ဒါပေမဲ့ သူက ကျုပ်ရဲ့ ပြိုင်ဘက်တော့ မဖြစ်နိုင်ဘူး ..."

သူစိတ်ထဲမှာ  ရှောင်လုံ၏ ဖြစ်တည်မှုကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်း မရှိပေ။ ထိုနောက် သူ့မျက်နှာထားက မုန်းတီးသော သွင်ပြင်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး

"... မသတီစရာကောင်းလိုက်တာကွာ ...ရာရာစစ ငါပိုင်ဆိုင်မဲ့ ပစ္စည်းကို ယူသွားရဲတယ်ပေါ့လေ...
အေး ...ဘယ်သူယူသွားလဲဆိုတာကို ရှာတွေ့လိုကတော့ အဲ့ကောင်ကို အရိုးချိုးပြီး သွားကြားထိုးပစ်မယ် ..."

ကျောင်းရှောင်စုက သဘာဝစိတ်ဝိညာဉ် သန္ဓေသား၏ သတင်းကိုရရှိရန်အတွက် ဆယ်စုနှစ် တစ်ခုစာမျှ ရှေးဟောင်း မှတ်တမ်းများကို စေ့စေ့စပ်စပ် လေ့လာခဲ့ရသည်။ သို့သော် တစ်စုံတစ်ယောက်က သူတို့ထက် စောပြီး ရတနာပစ္စည်းကို ရရှိသွားသည်။

"... ကျောင်းသားသစ် ရွေးချယ်ပွဲမတိုင်ခင် ....အဲ့ဒီရတနာပစ္စည်းကို မရရင်တောင် ...ကျုပ် နတ်ဘုရားတစ်ယောက် ဖြစ်ကိုဖြစ်လာရမယ်  ...."

ကျောင်းရှောင်စုက အံ့ကြိတ်ပြီး ရေရွတ်လိုက်သည်။

".. ဂူဒူလျန် .... ငါမင်းကို ကြိမ်သေပေါက် အနိုင်ယူပြမယ် ....ငါက ပထမနေရာအတွက် မွေးဖွားလာတာကွ ...."

"... သခင်လေး ... သခင်လေးရော စမ်းသပ်ကြည့်ချင်လား ...?"

နောက်ထပ် အဘိုးအိုတစ်ယောက်က မေးမြန်းလိုက်သည်။

ကျောင်းရှောင်စုက ခေါင်းညိတ်ပြလိုက်သည်

"... စမ်းကြည့်တာပေါ့.... ကျုပ်ရဲ့ ပင်ကိုစွမ်းရည်နဲ့ ခွန်အား ဘယ်လောက်ရှိလဲဆိုတာကိုလည်း သိချင်သား ....."

ထိုအချိန်တွင် ရှောင်လုံက သူရဲကောင်းခန်းမဆောင်အတွင်းမှ ကျောင်းသားသစ်များ စာရင်းပေးသွင်းရမည့် နေရာသို့ ရောက်ရ်ှနေသည်။ စာရင်းလက်ခံမည့်အပိုင်းကို တာဝန်ယူထားသူက အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ အတွင်းစည်းတပည့် တစ်ယောက်ဖြစ်သည်။ ထိုတပည့်က နတ်ဘုရား အဆင့် ၁ သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်သည်။

သူလည်းဘဲ ရှောင်လုံ၏စမ်းသပ်မှုကို မြင်တွေ့ခဲ့သည်။ ထိုအတွင်းစည်းတပည့်က တခြားစာရင်းလာပေးသည့် ကျောင်းသားများကို အေးစက်စက် မျက်နှာထားဖြင့် လူမထင်သလို ဆက်ဆံသော်လည်း ရှောင်လုံကိုတော့ ဖော်ဖော်ရွေရွေဖြင့် ဆက်ဆံလေသည်။

  မြင့်မားသော ပင်ကိုစွမ်းရည်ကြောင့် ရှောင်လုံက တက္ကသိုလ်၏ အထူးတပည့်တစ်ယောက် ဖြစ်လာရန် အခွင့်အရေးများနေသည်။ သို့သော် စာရင်းသွင်းခ ရွှမ်းဝူ ဒင်္ဂါးတစ်သောင်းကိုတော့ လျော့မပေးချေ ။ ရှောင်လုံက စာရင်းသွင်းပြီးနောက် လက်ဝါးအရွယ် တံဆိပ်တစ်ခုနှင် စာအုပ်လေးတစ်အုပ်ကို လက်ခံရရှိသည်။

ရှောင်လုံက စာရင်းသွင်းပြီးနောက် သူရဲကောင်း ခန်းမဆောင်အတွင်းမှ ချက်ချင်း ထွက်သွားသည်။
ထိုနောက် ရှောင်လုံက လေလံအိမ်သို့ မသွားခင် လူပြတ်သော နေရာတစ်ခု ရှာပြီး မျက်နှာနှင့် ခန္ဓာကိုယ် အချိုးအစားကို ပြောင်းလဲလိုက်သည်။
ရှောင်လုံက နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးကို လေလံတင်၍ သူ့အတွင်းအားများ
နတ်ဘုရားတစ်အပိုင်း အထွတ်အထိပ်သို့ ရောက်သည်အထိ လုံလောက်သော သားရဲအမြုတေများကို ဝယ်ယူရန် ကြံစည်ထားသည်။

နာရီအနည်းငယ်ကြာပြီးနောက် လေလံတင်အိမ်သို့ ရှောင်လုံ ရောက်ရှိလာသည်။ ၎င်းလေလံတင်အိမ်ကိုလည်း အနက်ရောင် သူရဲကောင်း တက္ကသိုလ်က ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး အနက်ရောင် လိပ်ကြယ်စင်စုအတွင်း၌ အကြီးဆုံး လေလံတင်အိမ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

" .. သခင်လေး ... တစ်ခုခုကိုလေလံတင်ချင်လို့လား ရှင့်...?"

အစိမ်းရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည့် လှပသော မိန်းမပျိုလေးတစ်ယောက်က ချိုသာသော အပြုံးလေးဖြင့် ရှောင်လုံအနားသို့ ရောက်ရှိလာသည်။

ရှောင်လုံက သူ့၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်

"... ဟုတ်တယ် ... ဝိညာဉ်ကျောက်တုံး တစ်တုံးကို လေလံတင်မလို့ ..."

"... ဝိညာဉ်ကျောက်တုံး  တစ်တုံးပဲလား ..?"

မိန်းမပျိုလေးက စက္ကန့်ပိုင်းမျှ မှင်တက်သွားပြီး တခစ်ခစ် ရယ်မောလိုက်သည်

"... သခင်လေး ...နောက်နေတာတော့ မဟုတ်ပါဘူးနော် ....?  ကျွန်မတို့ လေလံတင်အိမ်ရဲ့ စည်းကမ်းကို သခင်လေး သိတယ်မဟုတ်လား...?
ကျွန်မတို့ လေလံတင်အိမ်က တစ်နှစ်မှာ တစ်ခါပဲ လေလံပွဲကို ကျင်းပတာ ... ပွဲ တစ်ခါ ကျင်းပရင်လည်း ပစ္စည်းတစ်ရာကိုပဲ လေလံတင်တာ.... အဲ့ဒီတော့ ဝိညာဉ်ကျောက်တုံးလေး တစ်တုံးလောက်ကိုတော့ လေလံတင်ပေးနိုင်မှာ မဟုတ်ဘူး  ..."

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၄၀ ..... လေလံမတင်ဘူးဆိုတာ သေချာလား

အနက်ရောင် သူရဲကောင်း လေလံတင်အိမ်မှ ရွှမ်းဝူ တစ်သန်း အနည်းဆုံးတန်ကြေးရှိသည့် ပစ္စည်း ကိုများသာ လေလံတင်လေ့ရှိသည်။ ထိုစည်းမျဉ်းနှင့် မကိုက်ညီသောအရာများကို ခြွင်းချက်မရှိ ပယ်ချလေ့ရှိသည်။ ဥပမာအားဖြင့် ဆိုရသော် ရှောင်လုံ ယခင်က ရောင်းချခဲ့ဘူးသည့်
စကြာဝဠာ အဆင့် ဝိညာဉ်ကျောက်တုံးက ရွှမ်းဝူ လေးသိန်းမျှသာ တန်ကြေးရှိသည်။
ထိုကြောင့် ဆိုင်ဝန်ထမ်း မိန်းမပျိုလေးက ဝိညာဉ်ကျောက်တုံးတစ်တုံးကို လေလံမတင်ပေးနိုင်ကြောင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။ ချမ်းသာကြွယ်ဝသော ထိပ်တန်း မိသားစုကြီးများပင် အဖိုးတန်ရတနာ တစ်ခုဖြစ်သည့် နတ်ဘုရားအဆင့် ကျောက်တုံးများကို လေလံတင်လေ့ မရှိကြပေ။
ထိုကြောင့် ထိုမိန်းမပျိုလေးက နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးကို ထည့်မတွက်ခြင်း ဖြစ်သည်။
တခြားတစ်ဖက်မှ ဝိညာဉ် ကျောက်တုံး တစ်တုံးတည်းဆိုလျှင် လေလံတင်မပေးနိုင်ကြောင်း ပြတ်ပြတ်သာသား ငြင်းဆိုသံကိုကြားလိုက်ချိန်မှာ
ရှောင်လုံက မဲ့ပြုံး ပြုံးလိုက်သည်
".... လေလံတင်မပေးဘူးဆိုတာ သေချာလား...?"
မိန်းမပျိုလေးက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ဒီလူ ဂေါက်နေတာလား မသိဘူး ..ငါပြောတာကိုရော နားလည်ရဲ့လား ...?
မိန်းမပျိုလေး၏ မျက်နှာထာယက အနည်းငယ် တင်းမာသွားပြီး
"... ဟုတ်တယ် ...လေလံတင် မပေးနိုင်ဘူး...."
မိန်းမပျိုလေး၏ စကားအဆုံး၌ ရှောင်လုံလက်က အလင်းတန်း တစ်ချက် လက်သွားသည်။ ထိုနောက် နေမင်းကြီးထွက်ပေါ်လာသကဲ့သို့ အလင်းတန်းမျာ ပေါက်ကွဲထွက်ပေါ်လာပြီး ခန်းမဆောင်ကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ခန်းမဆောင်ထဲသို့ လေပြင်းများတိုက်ခတ်လာသည်။
ထိုအပြင် ကြွယ်ဝသော ဝိညာဉ်စွမ်းအားများက ခန်းမဆောင်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ပတ်ဝန်းကျင်မှ လူများက ထိုအလင်းတန်းများ ထွက်ပေါ်လာသည့် ပင်မရင်းမြစ်ဆီသို့ စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်ကြသည်။
ဒါ...ဒါက ......?
မျက်စိကန်းမတတ် လင်းထိန်နေသော အလင်းတန်းများက ရှောင်လုံလက်ထဲတွင် ရှိနေသည့် ကျောက်တုံးလေးဆီက လာမှန်းကို သူတို့ သိသွားကြသည်။
".... နတ်ဘုရားအဆင့် ကျောက်တုံး ....?!"
"... အို အဖ မိုးနတ်မင်း .... ဒါက နတ်ဘုရားအဆင့် ကျောက်တုံး မဟုတ်လား ....!"
ဝိညာဉ်ကျောက်တုံးမှ စူးရှတောက်ပသော အလင်းတန်းများကြောင့် ဆိုင်ဝန်ထမ်း မိန်းမပျိုလေး၏ မျက်လုံးထဲမှ  မျက်ရည်များပင် စီးကျလာသည်။သူမ၏  ရွှမ်းလဲ့နေသော ချယ်ရီလို နှုတ်ခမ်းလေးကလည်း အံ့သြတုန်လှုပ်မှုကြောင့် ပွင့်အာ လာသည်။
ရှောင်လုံက မိန်းမပျိုလေးကိုကြည့်ပြီး  မထီတရီ ပြုံးလိုက်သည်
"... မင်းတို့ရဲ့ အနက်ရောင် သူရဲကောင်း လေလံတင်အိမ်က နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးကို လေလံတင်မပေးနိုင်ဘူးဆိုမှတော့ တခြားနေရာကိုဘဲ  သွားရတော့မှာပေါ့ ..."
ထိုနောက် နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးအား ပြန်လည်သိမ်းဆည်းပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။
တိမ်ပင်လယ် ပင်မကုန်းမြေတွင် အနက်ရောင် သူရဲကောင်း လေလံတင်အိမ် တစ်ခုသာ ရှိနေခြင်း မဟုတ်ပေ။
မိန်းမပျိုလေးက အံ့သြတုန်လှုပ်သွားရာမှ သတိပြန်ဝင်လာသည်။ ရှောင်လုံ လှည့်ထွက်သွားတာကိုမြင်ချိန်မှာ အရမ်းကို စိတ်လှုပ်ရှားသွားပြီး နှုတ်မှ လွှတ်ခနဲထွက်သွားသည်
".. မ..မ..မဟုတ်ပါဘူး .. အဲ့လို သဘောမျိုး မဟုတ်ပါဘူး သခင်လေး ... ကျွန်မတို့ လေလံတင်ပေးပါ့မယ် ... သေချာပေါက် လေလံတင်ပေးပါ့မယ်.. ..သခင်လေး .... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ ... ကျွန်မ ကြီးကြပ်ရေးမှုးကို အခုဘဲ သတင်းသွားပို့လိုက်ပါ့မယ် ..."
မိန်းမပျိုလေးက ရှောင်လုံလက်ကို ဖမ်းဆွဲပြီး အကြိမ်ကြိမ် တောင်းပန်စကားဆိုလိုက်သည်။
ထိုအခ်ျိန်ကြမှ ရှောင်လုံက ပြုံးပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်
"... ဒါဆိုလည်း ကောင်းပြ်ီလေ...."
အမှန်တကယ်မှာ ရှောင်လုံက  ဟန်ဆောင်လိုက်ခြင်းပင်  ဖြစ်သည်။
ရှောင်လုံ ဆက်နေရန် ဆုံးဖြတ်လိုက်တာကိုမြင်တော့မှ မိန်းမပျိုလေးက သက်ပြင်းချလိုက်သည်။
ထိုနောက် ကြီးကြပ်ရေးမှုးအား သတင်းပို့ရန်အတွက် သုတ်သုတ်ပျာပျာနှင့် ထွက်သွားသည်။
ခဏကြာပြီးနောက် မိန်းမပျိုလေးက လူအများကြီးနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
သူတို့က ဦးဆောင်လာသူက ရင်ဘတ်နေရာတွင် အနက်ရောင် လိပ် တစ်ကောင် ပုံစံကို ပန်းထိုးထားသည့် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် လူကြီး တစ်ယောက်ဖြစ်သည်။ ထိုလူကြီး၏ အနောက်တွင်
အနီရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည့်
အဘိုးအိုများ လိုက်ပါလာကြသည်။
"... သခင်လေး .. ဒါက ကျွန်မတို့ရဲ့ ကြီးကြပ်ရေးမှုး ခိုချန် ပါ "
မိန်းမပျိုလေးက ကြီးကျပ်ရေးမှု ခိုချန်နှင့် ရှောင်လုံကို မိတ်ဆက်ပေးလိုက်သည်။ ထိုနောက် သတ်လတ်ပိုင်းအရွယ်လူကြီးက ဖော်ရွေသော အပြုံးဖြင့် ရှောင်လုံအရှေ့သို့ ရောက်ရှိလာပြီး
ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်
"... ကျုပ်ကြားတာတော့ ဒီက ညီလေးက နတ်ဘုရားအဆင့် ကျောက်တုံးတစ်တုံး လေလံတင်ချင်လို့ဆို .... တစ်ချက်လောက်ကြည့်လို့ရမလား ....?"
"... ရတာပေါ့ ..."
ရှောင်လုံက နတ်ဘုရား ဝိညာဉ်ကျောက်တုံးကို ပြန်ထုတ်လိုက်သည်။
အနီရောင် ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားကြသည့် အဘိုးအိုများက နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးအား စေ့စေ့စပ်စပ် လေ့လာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့မျက်နှာထက်မှာ စိတ်လှုပ်ရှားပြီး ပိတီဖြစ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
အချိန် အနည်းငယ် ကြာပြီးနောက် အဘိုးအို တစ်သိုက်က သူတို့၏ လေလာမှုကို  အဆုံးသတ်လိုက်သည်
"... အကြီးအကဲ ခို ... ဒီဝိညာဉ်ကျောက်တုံးက တကယ့်ကို နတ်ဘုရား အဆင့် ဝိညာဉ် ကျောက်တုံးပါ ... အထဲမှ ပင်လယ်ကြီးလို ပေါများကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအားတွေ ပါနေတယ်...  နတ်ဘုရား အဆင့် ဝိညာဉ်ကျောက်တုံးတွေထဲမှာ အသန့်စင်ဆုံးဆိုတာကတော့ သေချာပါတယ် ...ဒီလို ဝိညာဉ်ကျောက်တုံးမျိုးကို မြင်တွေ့ရဖို့ဆိုတာ မလွယ်ဘူး ... ကျွန်တော်တို့အားလုံး၏ အကဲဖြတ်မှာအရ သူ့ရဲ့ တန်ကြေးက ရွှမ်းဝူ ဒင်္ဂါ သန်းခြောက်ဆယ် အထက်မှ. ရှိပါတယ်.."

နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးများထဲမှ အကောင်းမွန်ဆုံး ဝိညာဉ်ကျောက်တုံးက နှစ်ပေါင်းတစ်သိန်းမှာတောင် မြင်တွေ့ရခဲသည်။
သူ့၏ ခန့်မှန်ခြေတန်ကြေးက ရွှမ်းဝူဒင်္ဂါး သန်း ခြောက်ဆယ်ခန့်ရှိသည်။
လေလံတင်အိမ်သို့ ရောက်ရှိနေကြသည့် သိုင်းပညာရှင်များကလည်း နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးအား လိုချင်တပ်မက်စွာဖြင့် ကြည့်လိုက်ကြသည်။
အကဲဖြတ် ပညာရှင်များ၏ ".. နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးများထဲမှ အကောင်းမွန်ဆုံး ဝိညာဉ်ကျောက်တုံး " ဟူသော အကဲခတ်မှုကို ကြားပြီးနောက် ခိုချန်မျက်နှာက ပို၍ ပြုံးရွှင်သွားသည်။ အနက်ရောင် သူရဲကောင်း လေလံတင်အိမ်က ဤအဆင့်ရှိသော ဝိညာဉ်ကျောက်တုံးကို လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းခန့်က တစ်ကြိမ်သာ လေလံတင်ခဲ့ဘူးသည်။
ထိုနောက် ခိုချန်က လေလံတင်စည်မျဉ်များနှင့် ပတ်သတ်၍ ရှောင်လုံကိုရှင်းပြလိုက်သည်။
နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးကိုတော့
ရတနာပစ္စည်များကိုသာ သီးသန့်သိမ်းဆည်းသည့် ခန်းမဆောင်အတွင်းသို့ ပိုဆောင်လိုက်သည်။
လေလံတင်ပွဲစတင်ရန် အခ်ျိန်တစ်လခန့် လိုနေသေးသည်။ ခိုချန်က နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးကို သိမ်းဆည်းထားသည့် သက်သေအဖြစ် ရှောင်လုံကို သက်သေခံလက်မှတ်တစ်ခု ပေးလိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက် ရှောင်လုံလည်း လေလံတင်အိမ်အပြင်ဘက်သို့ ပြန်ည်ရောက်ရှိလာသည်။ ရှောင်လုံက သူ့၏ နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးအား စိတ်ချလက်ချဖြင့် ထားခဲ့လေသည်။ အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော အနက်ရောင် သူရဲကောင်း လေလံတင်အိမ်အနေဖြင့် သူတို့ ဂုဏ်သတင်းပျက်ပြားစေမည့် အရာများကို လုပ်ဆောင်မှာ မဟုတ်ပေ။

ရှောင်လုံက လေလံတင်အိမ်ကနေ ထွက်လာပြီးနောက် ကုန်သည်အဖွဲ့အစည်းတစ်ခုဆီသို့ သွားလိုက်သည်။ ရှောင်လုံဆီမှာ ရွှမ်းဝူဒင်္ဂါးပြား အမောက်အမြား ကျန်ရှိနေသေးသော်ငြားလည်း ဝိုင်ပုလင်းအနည်းငယ် ဝယ်ယူရန် မလုံလောက်တော့ပေ ။ ထိုကြောင့် ရှောင်လုံက ရွှမ်းဝူဒင်္ဂါးပြားအနည်းငယ်ကို လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။
ရှောင်လုံက စကြာဝဠာအဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံးနှင့် ရွှမ်းဝူ ဒင်္ဂါးများကို လဲလှယ်လိုက်သည်။
ထိုနောက် အနက်ရောင် သူရဲကောင်း လေလံတင်အိမ်နှင့် မနီးမဝေးမှ တည်းခိုအိမ်တစ်ခုသို့ သွားလိုက်ပြီး လေလံပွဲစတင်မည့် အချိန်ကို စောင့်နေချိန်မှာ သိုင်းလေ့ကျင့်ရန်အတွက် ခြံဝန်းလေး တစ်ခုကို ငှါးရမ်းလိုက်သည်။
နေ့တစ်ဝက်ခန့်ကြာပြီးနောက် အနက်ရောင် သူရဲကောင်း လေလံအိမ်က နတမဘုရားအဆင့် ဝိညာဉ်ကျောက်တုံးကို လေလံတင်မည်ဆိုသော သတင်းက
တိမ်ပင်လယ် ပင်မကုန်းမြေတစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ တိမ်ပင်လယ်ပင်မ ကုန်းမြေ၏ နေရာအနှံ့တွင် ရောက်ရှိနေကြသော သိုင်းပညာရှင်များက အနက်ရောင် သူရဲကောင်း လေလံတင်အိမ်ရှိရာ အနက်ရောင် သူရဲကောင်းမြို့သို့ အလောသုံးဆယ်ရောက်ရှိ လာကြသည်။ ထိုအပြင်  သူရဲကောင်း ခန်းမဆောင် အရှေ့မှ ရင်ပြင်ကျယ်အတွင်း၌ စစ်ဆေးခဲ့ရာမှ ထွက်ပေါ်ခဲ့သည့် ရှောင်လုံ၏ အရည်အချင်း ရမှတ်များကြောင့် အနည်းငယ် ဂယက်ထ သွားသေးသည်။
"... ကိုယ်လူတို့ ကြားပြီးကြပြီလား ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူငယ်တစ်ယောက် သူ့အရည်းအချင်း စမ်းသပ်ခဲ့တယ်.... သူက ခွန်အားမှာ အမှတ် ၂၁၃၂ ရခဲ့တယ်တဲ့ ... အင်း သူ့ရဲ့ ပင်ကိုစွမ်းရည်က သူ့ခွန်အားရမှတ်ထက်တောင် ပိုပြီး များနေသေးတယ် ... ပင်ကို ပါရမီအတွက် ရမှတ်က ၂၂၅၆ တဲ့ ....ငါစုံစမ်းကြည့်တော့  သူ့အမည်က ဟောင်ရှောင်လုံ တဲ့ ..."
"... ဟောင်ရှောင်လုံ ... မဟာထိပ်တန်း အင်အားစု နှင့် ပထမတန်းစား အင်အားစု တွေထဲမှာ ဟောင် အမည်နဲ့ မိသားစု မရှိပါဘူး ... ဘယ်လို ကမ္ဘာငယ်လေးတစ်ခုက ဘယ်လို မိသားစုမျိုးက အခုလို အစွမ်းထက်တဲ့ ပါရမီရှင်ကို မွေးဖွားပေးလိုက်လဲ မသိဘူး ...."
"... ကျောင်းမိသားစုက သခင်လေးကလည်း သူ့အရည်အချင်းကို စမ်းသပ်ခဲ့သေးတယ်ကွ ...
သူက ခွန်းအားမှာ ရမှတ် ၂၃၆၈ ရတယ် ...
ပင်ကိုစွမ်းရည် ရမှတ်က ၂၃၂၁ တဲ့ ..  ဟောင်ရှောင်လုံထက် ပိုမြင့်တယ် ... အင်း ... ကျောင်းမိသားစုကတော့ နောက်ထပ် ပါရမီရှင်တစ်ယောက်ကို မွေးဖွားပေးလိုက်ပြန်ပြီဘဲ ..."
ထိုအချိန်တွင် ရှောင်လုံက တည်းခိုဆောင်၏ ဧည့်ခန်းမတွင် ဝိုင်သောက်နေသည်။ သိုင်းလောကအတွင်းမှ သတင်းအားလုံးက သူ့နားထဲသို့ အလိုလို ရောက်ရှိလာသည်။
"... ကျောင်းရှောင်စု ..."
ရှောင်လုံလည်း ကျောင်းမိသားစုဝင် တစ်ယောက်ဆီက သဘာဝ စိတ်ဝိညာဉ် သန္ဓေသားလောင်းကို သူ့ဖြတ်ခုတ်ခဲ့သည့် အကြောင်း ပြန်ပြီး အမှတ်ရလိုက်သည်။
"..အင်း ..ကြည့်ရတာ အဲ့ဒ်ီ ကျောင်းမိသားစုဝင်က ကျောင်းရှောင်စုဖြစ်မယ် ထင်တယ် ...!
ခွန်အား  ၂၃၆၈ .... မဆိုးဘူးဘဲ .... "
ရှောင်လုံက စဉ်းစားကြည့်လိုက်သည်။
အကယ်၍ ကျောင်းရှောင်စုက နတ်ဘုရားအဆင့်သို့
ရောက်ရှိခဲ့လျှင် သူ့ခွန်အားရမှတ်က အမှတ် ၃၀၀၀ကျော်သွားနိုင်သည်။
အချိန် လဝက်ခန့်က အလျင်အမြန် ကုန်လွန် သွားသည်။
လေလံတင်ပွဲ ကျင်းပမည့် အချိန်ကလည်း တဖြည်းဖြည်းနီးကပ်လာသည်။
နောက်ဆုံးတွင် လေလံတင်ပွဲ ကျင်းပမည့် နေရက်သို့ ရောက်ရှိလာသည်။
ရှောင်လုံက လေလံတင်အိမ်သို့ ထပ်ပြီးသွားလိုက်သည်။ လေလံတင်အိမ်၏ တံခါးဝတွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။ ထိုလူအုပ်အတွင်းမှ ဖြတ်ဝင်ရန် မဖြစ်နိုင်ပေ။
ပုံမှန်အားဖြင့် လေလံတင်ပွဲကို ဤကဲ့သို့ လူအမြောက်အမြား လာရောက်ခဲသည်။ သို့သော် ထိပ်တန်းအရည်အသွေးရှိသည့် နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးကို လေလံတင်မည်တိုသော သတင်းကြောင့် ယခင်လေလံပွဲများထက် လူဦးရေ နှစ်ဆနီးပါးပို၍ များပြားနေခြင်းပင်။
ရှောင်လုံက အထူးဧည့်သည်များအတွက် ပြုလုပ်ထားသည့် အပေါက်ဝသို့ သွားလိုက်သည်။
"... တောင်းပန်ပါတယ် ...သခင်လေး ... ဒီဝင်ပေါက်က ကျွန်မတို့ လေလံတင်အိမ်ရဲ့ အထူးကဒ်ကို ကိုင်ဆောင်ထားတဲ့ ဧည့်သည်များ အတွက် သီးသန့်ပါ ... "
အထူး ဝင်ပေါက်နှင့် ခြေလှမ်းအနည်းငယ် ကွာဝေးသည့် နေရာသို့ ရှောင်လုံ ရောက်ရှိလာချိန်၌
လေလံတင်အိမ်၏ ဝန်ထမ်းဖြစ်ဟန်တူသည့် လှပသော မိန်းမပျိုလေးတစ်ယောက်က ယဉ်ယဉ်ကျေးကျေးဖြင့် တားဆီးလိုက်သည်။

Continue Reading

You'll Also Like

21.3K 446 42
What If Chloe lukasiak has a twin sister who is the favorite?
211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
42.6K 2.1K 75
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
108K 1.7K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥