ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

496 - 500

231 18 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၉၆ .....

ချောက်နက်ပင်လယ်သေထဲ၌ မျောလွင့်နေသော ကျွန်းတစ်ခု ရှိသည် ။ ထိုကျွန်းပေါ်တွင် တည်ဆောက်ထားသော ခန်းမဆောင်ထဲတွင် အနက်ရောင်မြူနှင်းတိမ်တိုက်များ လွှမ်းခြုံထားသော နတ်ဘုရားကျောင်းတော်၏ ဂိုဏ်းချုပ် ယန်ထျန်းက သူ့ရှေ့မှာရှိနေသည့် နတ်ဘုရားကျောင်းတော် အကြီးအကဲများကို အေးစက်စက် စိုက်ကြည့်နေသည်။

".. ဟောင်ရှောင်လုံကျင်းပမယ့် ပေါင်းစည်းပွဲအပေါ်ကို ခင်ဗျားတို့ ဘယ်လို သဘောရကြလဲ ...?"

ယန်ထျန်းက ခံစားချက်ကင်းမဲ့နေသော အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

".... ဂိုဏ်းချုပ် ဟောင်ရှောင်လုံ ပေါင်းစည်းပွဲ ကျင်းပရတဲ့ ရည်ရွက်ချက်က အရပ်ဆယ်မျက်နှာသိုင်းပြည်ထဲက အင်အားစုတွေကို သူ့လက်အောက် ခိုလှုံခိုင်းမလို့ပါ ... အဲ့ဒီ ပေါင်းစည်းပွဲ အောင်မြင်သွားတာကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေလို့ မဖြစ်ပါဘူး ... ဟောင်ရှောင်လုံ အရပ်ဆယ်မျက်နှာတိုင်းပြည်ကြီး တစ်ခုလုံးကို အုပ်စိုးပြီးသွားရင် ကျွန်တော်တို့က သူ့ရဲ့နောက်ထပ်ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပါတယ် ..."

မဟာအကြီးအကဲ တစ်ယောက်က ရှေ့ထွက်၍ ပြောလိုက်သည်။

"... ဟုတ်ပါတယ် ... အဲ့ဒီပေါင်းစည်းပွဲ အောင်မြင်သွားလို့ မဖြစ်ပါဘူး ...!"

တခြားအကြီးအကဲများကလည်း တစ်ယောက် တစ်ပေါက် ဝင်ပြောလိုက်သည်။

ယန်ထျန်းက အားလုံး ငြိမ်သက်ရန် လက်ထောင်ပြလိုက်ပြီး ခပ်မှိုင်းမှိုင်း လေသံဖြင့်

".... လျိုဝေ ... စကြာဝဠာ နတ်ဘုရား ဂိုဏ်း .. လေဟာနယ် နတ်တံခါးဂိုဏ်း ... အဖြူရောင် ဖီးနစ်အိမ်တော် နဲ့ အပြစ်မြို့တော်တုိ့ကို လူလွှတ်ပြီး ဆက်သွယ်လိုက် ..."

၎င်းအင်အားစုများကလည်း ဟောင်ရှောင်လုံ ပေါင်းစည်းပွဲ အောင်မြင်မှာကို မလိုလားကြမှန်း ယန်ထျန်းက နားလည်ထားသည်။

".... ကောင်းပါပြီ ဂိုဏ်းချုပ် ..."

လျိုဝေက ဦးညွတ်၍ အမိန့်နာခံလိုက်သည်။

"... ယန်ရွဲ့ ... အရပ်ဆယ်မျက်နှာ တိုင်းပြည်ထဲက ဂိုဏ်းချုပ်တွေနဲ့ ဆက်သွယ်ဖို့ပြင်ထားလိုက် ..."

ယန်ထျန်းက နောက်ထပ်အမိန့်တစ်ခု ထပ်ပေးလိုက်သည်။

ရက်အနယ်ငယ်ခန့်ကြာပြီးနောက် နတ်သူငယ်တောအုပ်အတွင်းမှ အသက်သစ်ပင်ကြီးအောက်တွင် ဘုရင်မ ကယ်လီက သူ့မလက်ထဲမှ အနီရောင် ဖိတ်စာလေးကို ငေးကြည့်နေသည်။
၎င်းဖိတ်စာက ရှောင်လုံအမိန့်ဖြင့် နဂါးကိုးကောင်ကျောင်းတော်မှ သိုင်းပညာရှင်များ လာရောက်ပို့ဆောင်သွားခြင်း ဖြစ်သည်။

"..အရှင်မ...ကျွန်မတို့ ပေါင်းစည်းပွဲကို တကယ်ပဲ သွားတက်ကြမှာလား ...?"

ဆယ်လင်းက မေးလိုက်သည်။
နတ်သူငယ်ဘုရင်မ ကယ်လီက သက်ပြင်းမောကြီးတစ်ခု  မှုတ်ထုတ်လိုက်ပြီး

"... ငါတို့ဘာများ လုပ်နိုင်သေးလို့လဲ ...?"

်ဆယ်လင်းလည်း ဘာပြန်ဖြေရမှန်း မသိဖြစ်သွားသည်။ ထိုပွဲသို့ မတက်ရောက်ခဲ့လျှင် နတ်သူငယ်မျိုးနွယ်စု တစ်ခုလုံး ချေးမှုန်းခံရနိုင်သည်။ သို့သော် တက်ရောက်ခဲ့လျှင်လည်း နတ်သူငယ်များ၏ လွတ်လပ်ခွင့် ဆုံးရှုံးကာ သားရဲလူသားများ၏ အခိုင်းအစေများ ဖြစ်သွားနိုင်သည်။

ကယ်လီက သူရှေ့မှ အသက်သစ်ပင်ကြီးကို ငေးကြည့်နေသည်။ အသက်သစ်ပင်ကြီးကိုငေးကြည့်နေရင်း သူ့စိတ်အတွင်း၌ ရှောင်လုံ မျက်နှာက ဖျတ်ကနဲ ပေါ်လာသည်

"... သူရော ဘာတွေများလုပ်နေလဲ မသိဘူး ...?"

ကယ်လီက ရှောင်လုံအကြောင်းစုံစမ်းရန် နတ်သူငယ်များကို စေလွှတ်ခဲ့သေးသည်။ သို့သော် ရှောင်လုံက လေနှင့်အတူ ပျောက်ကွယ်သွားသလို ုဖြစ်နေပြီး သူ့သတင်းက စုံးစုံးမြုပ်နေသည်။ ကယ်လီက ယခုအချိန်ထိ ရှောင်လုံ မည်သူမည်ဝါ ဆိုတာကို မသိသေးပေ ။

"... အားလုံးကိုပြင်ဆင်ထားဖို့ ပြောလိုက် ... ငါတို့ မနက်ဖြန် နဂါးကိုးကောင်မြို့ကို သွားကြမယ် ..."

ကယ်လီက အဝေးကိုငေးရင်း ဆယ်လင်းကို အမိန့်ပေးလိုက်သည်။

"... ကောင်းပါပြီ အရှင်မ ..."

  ဆယ်လင်းနှင့် ကယ်လီတို့လိုမျိုး လူပုမျိုးနွယ် ၊ ရွှေရောင်ဧရာမမျိုးနွယ် ၊ အစိမ်းရောင်နတ်ဆိုး မျိုးနွယ် နှင့် အရပ်ဆယ်မျက်နှာတိုင်းပြည်အတွင်းမှ တခြား အင်အားကြီး အင်အားသေး မျိုးနွယ်စုများကလည်း အနီရောင်ဖိတ်စာကြောင့်
ဝေခွဲမရဖြစ်နေကြသည်။ သို့သော် သူတို့အားလုံးတွင် ငြင်းဆန်နိုင်သည့် ခွန်အား မရှိကြပေ ။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ရက်နှစ်ဆယ်ခန့် အလျင်အမြန်ကုန်လွန်သွားသည်။
သားရဲလူသားနှင့် မိစ္ဆာသားရဲများ ပေါင်းစည်ပွဲ ကျင်းပရန် အချိန်က နှစ်ရက်သာလိုတော့သည်။
ထိုအချိန်တွင် အရပ်ဆယ်မျက်နှာ တိုင်းပြည်အတွင်းမှ သိုင်းဂိုဏ်းအားလုံးနီးပါး နဂါးကိုးကောင်းမြို့သို့ စုရုံး ရောက်ရှိနေကြသည်။

နဂါးကိုးကောင်မြို့ကြီးက သိုင်းပညာရှင်များဖြင့် ပြည့်နှက်၍ စည်းကားလျက်ရှိသည်။

နေ့ခင်းအချိန်တွင် ကောင်းကင်ထက်မှ နေမင်းကြီးက ညှာတာမှုကင်းစွာဖြင့် အလင်းဓတ်များကို ထုတ်လွှတ်ပေးနေသည်။
နဂါးကိုးကောင်မြို့အတွင်းမှ စိုထိုင်းမှုများက ရက်စက်သော နေရောင်အတူ ပျောက်ကွယ် သွားကြသည်။

ထိုအချိန်၌ နဂါးကိုးကောင်မြို့၏ မြို့တံခါးဝသို့ ယူနီကွန်မြင်း ( ဦးချို တစ်ခုသာရှိသောဒဏ္ဍာရီထဲမှ မြင်း )  များကို စီးနင်းလာကြသူများရောက်ရှိလာသည် ။ ယူနီကွန်းမြင်များ၏ ခွာတွင် ခရမ်းရောင်မီးတောက်များက လှိုင်းတွန့်များလို ကခုန်လျက်ရှိသည်။

သိုင်းဝိညာဉ်ကမ္ဘာကြီးထဲတွင် ယူနီကွန်းမြင်းများက နာမည်ကျော် စီးတော်ယာဉ်များ ဖြစ်ကြသည်။ ယူနီကွန်းမြင်းများက သူတို့၏ အမြန်နှုန်းနှင့် မရပ်မနား ခရီးဆက်နိုင်စွမ်းတို့ကြောင့် နာမည် ကျော်ကြားကြသည်။ သို့သော် ယူနီကွန်းမြင်းများကလည်း အဆင့်အလိုက် ကွာခြားကြသည်။

ပုံမှန်အားဖြင့် ကောင်းကင်အဆင့် ခွန်အားရှိသော ယူနီကွန်းမြင်းများ၏ ခွာတွင် အဝါရောင်မီးတောက်များ ရစ်ပတ်နေလေ့ရှိသည်။ ကောင်းကင်အဆင့် ၁၀ သို့ရောက်ပြီး စကြာဝဠာ အဆင့်သို့ ကျော်ဖြတ်ရန် နီးစပ်နေသော ယူနီကွန်မြင်းများ၏ ခွာတွင်သာ ခရမ်းရောင်မီးတောက်များ ရှိသည်။

စကြာဝဠာအဆင့်သို့ ရောက်ရှိပြီးနောက် ယူနီကွန်မြင်းများ၏ မီးတောက်များက ပို၍ အစွမ်းထက်လာပြီး ခရမ်းရောင်မှ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

နဂါးကိုးကောင်မြို့တ့်ခါးဝသို့ ရောက်ရှိလာသည့် ယူနီကွန်မြင်းများပေါ်တွင် လူသားများ စီးနင်း လိုက်ပါလာကြသည်။ သူတို့ထဲမှ တစ်ယောက်က ရှောင်လုံနှင့် ဟင်္သာမြို့တွင် တွေ့ဆုံခဲ့ဘူးသည့် မိုးကြိုးလူသားဘုရင်၏ သားဖြစ်သူ လဲ့ဟွာ ဖြစ်သည်။

လဲ့ဟွာ နံဘေးတွင် အာဏာစွမ်းအားကြီးမားသည့် ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်နေသော မျက်ခုံးထူထူဖြင့် သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ရှိနေသည်။ ထိုသတ်လတ်ပိုင်းအရွယ်လူကြီးက အရပ်ဆယ်မျက်နှာတိုင်းပြည်၏ လူသားမျိုးနွယ်ဘုရင် နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သူ မိုးကြိုးလူသားဘုရင် ဖြစ်သည်။

မိုးကြိုးလူသားဘုရင်ကလည်း ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ဖြစ်သောကြောင့်
အနီရောင်ဖိတ်စာကိုရရှိခဲ့သည်။အရပ်ဆယ်မျက်နှာတိုင်းပြည်ထဲတွင် လူသားဘုရင်နှစ်ဥိးသာရှိသော်လည်း သူတို့ကတစ်ဦးနှင့်တစ်ဦး သင့်မြတ်ခြင်း မရှိပေ ။ ထိုကြောင့် သူတို့က သူတို့နောက်လိုက်ကိုယ်စီဖြင့် နဂါးကိုးကောင်မြို့သို့ ခရီးထွက်လာကြခြင်း ဖြစ်သည်။

မိုးကြိုးလူသားဘုရင်နောက်တွင် သူ့၏ နောက်လိုက်အများအပြားပါလာသော်လည်း ထိုလူများထဲမှ ခုနှစ်ယောက်ကသာ စကြာဝဠာ သိုင်းပညာရှင်များ ဖြစ်ကြသည်။ တခြားလူများက
စကြာဝဠာ တစ်ပိုင်းအဆင့် သိုင်းပညာရှင်များ ုဖြစ်သည်။

အမှန်တိုင်းဆိုရလျှင် အရပ်ဆယ်မျက်နှာတိုင်းပြည်ထဲတွင် လူသားများက အင်အားအနည်းဆုံး ဖြစ်ကြသည်။
ထိုကြောင့် မိုးကြိုးလူသားဘုရင်၏ လက်အောက်တွင် စကြာဝဠာ သိုင်းပညာရှင် ခုနှစ်ဦးသာ ရှိသည်။ လဲ့ဟွာနှင့် လူသားသိုင်းပညာရှင်များက
သူတို့အရှေ့မှ ကြီးကျယ်ခမ်းနားသော မြို့တော်ကြီးကြောင့် အနည်းငယ် သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။

ကြီးကျယ်ခမ်းနားသော နဂါးကိုးကောင်မြို့တော်နှင့်ယှဉ်လျှင် သူတို့၏ မိုးကြိုးမြို့တော်က တောဇနပုဒ် တစ်ခုသာသာ အဆင့်သို့ ရောက်ရှိသွားသည်။ နဂါးကိုးကောင်မြို့တော်သို့ ဝင်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ မိစ္ဆာချီစွမ်းအားများက လူသားသိုင်းပညာရှင်အပေါ်သို့ အစွမ်းသက်ရောက်လာသည်။ လူသားသိုင်းပညာရှင်များ၏ ရင်ဘတ်ပေါ်သို့ ဧရာမကျောက်တုံးကြီးတစ်ခု ဖိထားသလို ဖြစ်နေသည်။  ထိုကြောင့် သူတို့က အသက်ရှုနိုင်ရန်ပင် အလွန် ကြိုးစားနေကြရသည်။

နဂါးကိုးကောင်မြို့တော်ကြီးကတော့ ပေါင်းစည်းပွဲ ကျင်းပရန် နီးကပ်လာသည်နှင့်အမျှ အသစ်ရောက်ရှိလာသော သိုင်းပညာရှင်များကြောင့် ပို၍ စည်းကားသိုက်မြိုက်လာသည်။

"... သခင်လေး ...ပေါင်းစည်းပွဲကြောင့် နဂါးကိုးကောင်မြို့တော်ကို သိုင်းပညာရှင်တွေ အများကြီးရောက်ရှိလာကြပုံပဲ ... ဟိုသူတောင်းစားလေးလည်း ဒီကိုရောက်နေမယ်ထင်တယ်  ...."

လဲ့ဟွာနံဘေးမှ စကြာဝဠာ အကြီးအကဲ တစ်ယောက်က တီးတိုးပြောလိုက်သည်။
ရှောင်လုံအကြောင်းတွေးမိသည်နှင့် တစ်ပြိုင်နက် လဲ့ဟွာမျက်လုံးထဲတွင် အမုန်းမီးတောက်တောက်လောင်လာပြီး

".... ဟုတ်တယ် ကျုပ်လည်း သူနဲ့ တွေ့ချင်နေတာ ... ဒီတစ်ခေါက်တွေ့လိုကတော့ သူ့အောက်ပိုင်းတစ်ခုလုံးကို ကျုပ်ခြေထောက်နဲ့ စိစိညက်ညက်ကြေအောင် နင်းပစ်မယ် ..."

ဟင်္သာမြို့တွင် ရှောင်လုံကြောင့် သားရဲအမြူတေ ပျက်ဆ်ီးသွားခဲ့သည့်  ကျောက်ယုချူး၏ ဒေါသများက လဲ့ဟွာအပေါ်သို့ စုပြုံကျရောက်ခဲ့သည်။ ကျောက်ယုချူး၏ ပြင်းထန်ရက်စက်သော ကန်ချက်ကြောင့် လဲ့ဟွာ ဥနှလုံး ကွဲကြေသွားမတတ် ဖြစ်ခဲ့ရသည်။ သူ့၏ ဥနှလုံး မကွဲခဲ့သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည် ။ ထိုဒဏ်ရာကြောင့် လဲ့ဟွာက လနှင့်ချီ၍ မိန်းမများကို မထိတွေ့ရဲခဲ့ပေ  ။

ထိုအပြင် ကျောက်ယုချူး အသတ်ခံခဲ့ရခြင်းကြောင့် မျောက်ဝံနတ်ဘုရားကျောင်းတော် ဂိုဏ်းချုပ် ကျောက်ယုပင်း ၏ ဒေါသမြားဦးကလည်း သူ့ဆီသို့ရောက်ရှိခဲ့လေသည်။ သူ့အဖေ ကိုယ်တိုင် သွားရောက်တောင်းပန်ခြင်းကြောင့်သာ မဟုတ်လျှင် ယခုအချိန်လောက်ဆို လဲ့ဟွာတစ်ယောက် ကျောက်ယုချူး နှင့် အဖော်ပြုနေရလောက်ပြီ ။

ခွေးသားလေး ...အဲ့ဒါတွေအားလုံးက မင်းကြောင့် ုဖြစ်ခဲ့ရတာကွ ....!
မင်းကိုငါ ဆယ်သက် မကြေဘူး...!

ထိုနောက် လဲ့ဟွာတို့လူစုက နေလအမည်ရှိ စားသောက်ဆိုင်တစ်ခုတွင် ခေတ္တ ရပ်နားလိုက်သည်။

"... ကဲ ငါတို့လည်း တောက်လျှောက်ကို ခရီးဆက်လာရတာ ...ဒီမှာ ခဏလောက်နားပြီး အားဖြည့်ကြရအောင် ..."

မိုးကြိုးလူသားဘုရင်က ပြောလိုက်သည်။
လဲ့ဟွာနှင့် တခြားလူများက ရိုရိုသေသေဖြင့် အမိန့်နာခံလိုက်ကြသည်။

ထိုအချိန်၌ နတ်တောင်ရွှမ်းမီအတွင်း တံခါးပိတ် သိုင်းလေ့ကျင့်ခန်းဝင်နေသည့် ရှောင်လုံလည်း လေ့ကျင်ခန်းပြီး၍ အပြင်သို့ ပြန်ထွက်လာသည်။

ရှောင်လုံက လျှို့ဝှက်ဆန်းကြယ်ဆင်တောင်ထိပ်မှ ရရှိခဲ့သည့် မျောက်ဝံနတ်ဘုရား  ခွန်အားတိုးပွားခြင်း ဆေးလုံးများကို သောက်ဆုံး၍ သိုင်းလေ့ကျင့်နေခဲ့တာပဲ ဖြစ်သည်။ မျောက်ဝံ နတ်ဘုရား ခွန်အားတိုးပွားခြင်း ဆေးလုံးကို မျောက်ဝံနတ်ဘုရားကိုယ်တိုင် ရှေးခတ်သားရဲမျိုးနွယ်မှ အဖိုးတန် ဆေးဝါးပစ္စည်းများကို အသုံးပြု၍ ဖော်စပ် ခဲ့ခြင်းဖြစ်သည်။ ၎င်းဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်းတစ်ခုမှာ နတ်ဘုရားအဆင့် မိစ္ဆာသားရဲ၏ သားရဲအမြူတေ ဖြစ်သည်။ နတ်ဘုရားအဆင့် သားရဲအမြူတေထဲတွင် မိစ္ဆာအဆီအနှစ်များ အမြောက်အများ ပါဝင်သည်။

မိစ္ဆာအဆီအနှစ်များ  ပါဝင်နေသည့် နတ်ဘုရားအဆင့် သားရဲအမြူတေက မိစ္ဆာသားရဲများ အရူးအမူလိုချင်နေသည့် အဖိုးဖြတ်မရသော ပစ္စည်းတစ်ခု ဖြစ်သည်။ ထို မိစ္ဆာအဆီအနှစ် စွမ်းအား အနည်းငယ်ကပင် စကြာဝဠာအဆင့်သို့ရောက်ရှိနေသည့် မိစ္ဆာသားရဲအတွက် မမျှော်လင့်နိုင်လောက်သည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။

အမှန်တိုင်းဆိုရလျှင် လူသားတစ်ယောက်ဖြစ်သည့်ရှောင်လုံက မျောက်ဝံနတ်ဘုရား ခွန်အားတိုးပွားခြင်း ဆေးလုံးထဲမှ မိစ္ဆာအဆီအနှစ်များကို စုပ်ယူနိုင်သည့် စွမ်းရည် မရှိပေ ။ သို့သော် ရှောင်လုံ၏ခန္ဓာကိုယ်က လူသားတစ်ယောက် ခန္ဓာကိုယ်ထက်စာလျှင် နဂါးတစ်ကောင်၏ ခန္ဓာကိုယ်နှင့် ပိုတူသည် ။ နဂါးပုလဲက ပြန်လည် တည်ဆောက်ပေးထားခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။ထိုကြောင့် ရှောင်လုံက မိစ္ဆာအဆီအနှစ်များကို အလွယ်တကူ စုပ်ယူနိုင်ခဲ့ခြင်းဖြစ်သည် ။

မျောက်ဝံ နတ်ဘုရားခွန်အားတိုးပွားခြင်း ဆေးလုံးများဆီမှ စွမ်းအားများကို စုပ်ယူပြီးနောက်
ရှောင်လုံအတွင်းအားများက စကြာဝဠာ အဆင့် ၁၀ သို့ရောက်ရှိရန် ပို၍ နီးစပ်လာသည်။

မျောက်ဝံ နတ်ဘုရား ဆေးလုံးထဲတွင် နတ်ဘုရားအဆင့် သားရဲအဆီအနှစ်များ ပါဝင်နေသလို အချိန်နိယာမနှင့် သက်ဆိုင်သော အသိအမြင်များလည်း ပါဝင်နေသည်။ ထိုအသိအမြင်များက နတ်ဘုရားတစ်ယောက် ဖြစ်လာရန်အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံ အုတ်မြစ်များပင် ဖြစ်သည်။

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၉၇ ....

တံခါးပိတ်လေ့ကျင့်ခန်းမှ ထွက်လာပြီးသည့်နောက် ရှောင်လုံက အောင်ကွမ်း ၊ လွေဂျေ ၊ ချပ် ၊ ဒန်နီ နှင့် တခြားလူများကို အစည်းအဝေး ခန်းမ အတွင်းသို့ဆင့်ခေါ်လိုက်သည်။ သားရဲလူသားများနှင့် မိစ္ဆာသားရဲများ ပေါင်းစည်းပွဲ ကျင်းပမည့်ဟု ရှောင်လုံအမိန့်ထုတ်ပြန်ပြီးသည့်နောက် သားရဲလူသားမျိုးနွယ်ဂိုဏ်းချုပ်များက နဂါးကိုးကောင်မြို့သို့ စောစီးစွာ ရောက်ရှိနေကြသည်။

အားလုံးစုဝေးပြီးနောက် ယခုရက်ပိုင်းအတွင်း နဂါးကိုးကောင်မြို့ထဲမှာ ဖြစ်ပျက်ခဲ့သည့် သတင်းများကို ရှောင်လုံက မေးမြန်းလိုက်သည်။
ပေါင်းစည်ပွဲအား မနက်ဖြန် ကျင်းပမှာ ဖြစ်သောကြောင့် ထိုပွဲတွင် ရှောင်လုံက တစ်စုံတစ်ရာ မှားယွင်းသွားမှာကို မလိုလားပေ ။ အောင်းကွမ်နှင့် တခြားလူများက သူတို့တာဝန်ယူထားသည့် အပိုင်းအလိုက် ရှင်းလင်းတင်ပြလိုက်သည်။

"... နတ်ဘုရားကျောင်းတော်ဘက်ကရော ဘာထူးခြားသေးလဲ ...?"

ရှောင်လုံက ရုတ်တရက် မေးလိုက်သည်။

"... နတ်ဘုရား ကျောင်းတော်က စကြာဝဠာ နတ်ဘုရားဂိုဏ်း ၊ လေဟာနယ် တံခါးဂိုဏ်း၊ အဖြူရောင်ဖီးနစ်အိမ်တော် ၊ အပြစ်မြို့တော်တို့နဲ့ အဆက်အသွယ်ရှိနေတယ်လို့ သတင်းရထားပါတယ် အရှင် ...."

အောင်းကွမ်က ပြန်ဖြေလိုက်သည်။

"... ဒါပေမယ့် သူတို့အစီအစဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး ..."

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်

"... အင်း... အခုချိန်လောက်ဆို သူ့တို့လူတွေ နဂါးကိုးကောင်မြို့ထဲ ရောက်နေလောက်ပြီ ..
ကျောင်းတော်သုံးခုလုံးက အကြီးအကဲတွေနဲ့ တပည့်တွေကို အစစအရာရာ သတိထားဖို့ တပ်လှန့်ထားလိုက်ပါ.... တစ်ယောက်ယောက်က နဂါးကိုးကောင်မြို့ထဲမှာ ပြသနာရှာတာနဲ့ ဘယ်သူပဲ ဖြစ်ဖြစ် အသေသာသတ်ပစ် ...ကျန်တဲ့ကိစ္စကို ကျုပိနောက်မှ ရှင်းမယ်...."

နတ်ဘုရားကျောင်းတော် ၊ စကြာဝဠာ နတ်ဘုရားဂိုဏ်းနှင့် ကျန်သည့် အင်အားစုများ ပေါင်းစည်းသွားမည်ဟု ရှောင်လုံက ကြိုတွေးပြီးသားဖြစ်သည်။

"..ကောင်းပါပြီ... သားရဲနတ်ဘုရား အရှင် ...."

အောင်းကွမ်တို့အကုန်လုံးက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။

"... အော်ဒါနဲ့ ...ကျုပ်ဖိတ်ခေါ်စာရပြီ မလာတဲ့လူတွေရောရှိလား ..."

ရှောင်လုံက မေးလိုက်သည်။

"... မလာတဲ့လူမရှိပါဘူး.. အရှင် .."

လွေဂျေက ပြန်ဖြေလိုက်းည်။

အကုန်လုံးလာကြတာဘဲ ....
ရှောင်လုံက အနည်းငယ် အံ့အားသင့်သွားသည်။

"... ခင်ဗျားတို့အားလုံး အဲ့ဒီဂိုဏ်းချုပ်တွေကို သေသေချာချာ စောင့်ကြည့်ထားကြပါ ... တစ်ဖွဲ့ဖွဲ့က နတ်ဘုရားကျောင်းတော်နဲ့ ဆက်သွယ်တာကို တွေ့ရင် ကျုပ်ကို သတင်းပို့နေစရာမလိုဘူး ... ချက်ချင်းဖမ်းဆီးလိုက်ပါ ..."

ရှောင်လုံက အမိန့်ပေးလိုက်သည်။

ထိုနောက် ရှောင်လုံက မနက်ဖြန်ကျင်းပမည့် ပေါင်းစည်းပွဲတွင် လိုအပ်သည့်အရာများကို ထပ်မံညွှန်ကြားပြီးနောက် အားလုံးကို ပြန်လွှတ်လိုက်သည်။

ရှောင်လုံက ပေါင်းစည်းပွဲမတိုင်ခင် နဂါးကိုးကောင်မြို့အတွင်းမှ အခြေအနေများကို ကိုယ်တိုင် အကဲခတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနောက် ရှောင်လုံက ခရမ်းရောင်မျောက်လေးကို သူနှင့်အတူ အပြင်ထွက်၍ အရက်သွားသောက်ရန် ခေါ်လိုက်သည်။ မျောက်လေးက ရှောင်လုံ ဖိတ်ခေါ်မှုကို ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံလိုက်သည်။

".... အကိုကြီး လူတွေပြောကြတာတော့ နေလစားသောက်ဆိုင်မှာရောင်းတဲ့ နေလဝိုင် မိစ္ဆာသားရဲတွေရဲ့ အကောင်းဆုံး ဝိုင်အရက်ဘဲတဲ့ ... နေလဝိုင်က ပုလင်းအဖုံးဖွင့်လိုက်တာနဲ့  မီတာလေးဆယ်လောက်အထိ မွေးတယ်လို့ သတင်းကြီးတယ် ... ဒီနေ့တော့ လက်တွေ့ကြုံရပြီပေါ့ ..."

မျောက်လေးက နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ပြောလိုက်သည်။
ရှောင်လုံက အားပါးတရ မာန်ပါပါပြောနေသော မျောက်လေးကိုကြည့်ရင်း ရယ်မောလိုက်သည်

"... ဟုတ်သလား ...ဒါဆို သွားမြည်းကြည့်ကြစို့ ...
ငါတို့ညီအကိုနှစ်ယောက် မတွေ့ရတာ နှစ် နှစ်ဆယ်ကျော်ပြီ .... ဒီနေ့တော့ မမူးရင် မပြန်ဘူးကွာ ..."

ထိုနောက် ရှောင်လုံတို့နှစ်ယောက်က နဂါးကိုးကောင်ကျော်တော်မှ ထွက်၍ နေလစားသောက်ဆိုင်ရှိရာသို့ ဦးတည်သွားလိုက်ကြသည်။
ခဏကြာပြီးနောက် နေလစားသောက်ဆိုင်သို့ရောက်ရှိသွားကြသည်။

ရှောင်လုံတို့နှစ်ယောက် ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် မြေညီထပ်တစ်ခုလုံး စားသောက်သူများနှင့် ပြည့်နှက်နေတာကို မြင်လိုက်ရသည်။ နေလစားသောက်ဆိုင်က ပေါင်းစည်းပွဲကြောင့် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသော သိုင်းပညာရှင်များနှင့် အလုပ်ဖြစ်နေပုံ ပေါ်သည်။

"... လာ ငါတို့ ပထမထပ်ကို သွားကြရအောင် ..."

ရှောင်လုံတို့က ပထမထပ်သို့ တက်လိုက်သည်။
နေလစားသောက်ဆိုင်၏ ပထမထပ်က စျေးကြီးသောကြောင့် ဧည့်သည်အနည်းငယ်မျှသာရှိသည်။
ရှောင်လုံက ပထမထပ်အား အကဲခတ်ကြည့်လိုက်သည်။ ထိုအခါ သူ့မိတ်ဆွေဟောင်းတစ်ချို့ကို တွေ့လိုက်လေသည်။
့ပထမထပ်၏ ပြတင်းပေါက်အနီးမှ စားပွဲတွင် နတ်သူငယ်ဘုရင်မ ကယ်လီနှင့် မဟာအကြီးအကဲ ဆယ်လင်းတို့ ထိုင်နေကြသည်။

တခြားထောင့်တစ်နေရာတွင် ဟင်္သာမြို့၌ တွေ့ဆုံခဲ့သော မိုးကြိုးလူသားဘုရင်၏ သားဖြစ်သူ လဲ့ဟွာ  ရှိနေသည်။ လဲ့ဟွာ နံဘေးတွင် သူ့အဖေ မိုးကြိုးလူသားဘုရင် ထိုင်နေသည်။ လဲ့ဟွာက သူ့အဖေ ခွက်ထဲသို့ ဝိုင်များ ဖြည့်ပေးနေစဉ် မျက်လုံးထောင့်မှ ရှောင်လုံအရိပ်ကို မြင်လိုက်သည်။ လဲ့ဟွာ၏ လှုပ်ရှားမှုများက စက္ကန့်ပိုင်းခန့် ရပ်တန့်သွားလေသည်။ ထိုနောက် သူ့နှလုံးသားထဲမှ လူသတ်ချင်စိတ်များ ပေါက်ကွဲထွက်လာပြီး ထိုင်နေရာမှ ခုန်ထလိုက်သည်။

"... ကောင်လေး .... နဂါးကိုးကောင်မြို့ထဲမှာ မင်းနဲ့တွေ့ရလိမ့််မယ်လို့ မထင်ထားဘူး ... "

လဲ့ဟွာက အရူးတစ်ယောက်လို အားပါးတရ ရယ်မောလိုက်သည်။ လဲ့ဟွာက ဒေါသတကြီးလျှောက်ရမ်းနေသည့် ခြင်္သေ့တစ်ကောင်နှင့် တူနေသည်။ သူက ရှောင်လုံကို ရဲရဲနီနေသော မျက်လုံးများဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။

ပထမထပ်မှာရှိနေသူ အကုန်လုံးက ရှောင်လုံကို ဝိုင်းကြည့်လိုက်ကြသည်။ မိုးကြိုးလူသားဘုရင်တို့လူစုက အရင်ဆုံး လှမ်းကြည့်လိုက်ကြသည်။

"...အဖေ ... ကျောက်ယုချူးကို သတ်တာ ဒီကောင်ပေါ့ ...."

လဲ့ဟွာက ရှောင်လုံကိုလက်ညိုးထိုးပြရင်း ပြောလိုက်သည်။

"... အိုး....!"

မိုးကြိုးလူသားဘုရင်၏မျက်လုံးထဲမှာ မိုးကြိုးတန်းတစ်ခု ဖျတ်ကနဲ လက်သွားသည်။ မိုးကြိုးလူသားဘုရင်က ကျောက်ယုချူး သေဆုံးမှုနှင့် ပတ်သတ်၍ ကျောက်ယုပင်း ဒေါသများကို ဖြေလျော့နိုင်ရန် မျောက်ဝံနတ်ဘုရားကျောင်းတော်၏ သိုင်းပညာရှင်များရှေ့တွင် ကျောက်ယုပင်းအား ဒူးထောက်၍ တောင်းပန်ခဲ့ရသည်။ ၎င်း ဖြစ်ရပ်ကြောင့် သူ့ဂုဏ်သိက္ခာအားလုံး ချနင်းခံရသလို ဖြစ်ခဲ့ရသည်။

ထိုကိစ္စများအားလုံး၏လက်သည်မှာ သူ့အရှေ့တွင် ရှိနေသည့် ဆံပင်အနက်နှင့်သူတောင်းစားလေး ပင်ဖြစ်သည်။

ပထမထပ်မှ သိုင်းပညာရှင်များကလည်း ထိုစကားကြောင့် မှင်သက်သွားကြသည်။ ဟင်္သာမြို့တွင် ကျောက်ယုချူး အသတ်ခံခဲ့သည့် အကြောင်း သူတို့အားလုံး သိထားကြသော်လည်း လူသတ်တရားခံက လူငယ်လေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့အားလုံး မထင်ထားကြပေ ။

နတ်သူငယ်ဘုရင်မ ကယ်လီနှင့် ဆယ်လင်းတို့ကလည်း ရှောင်လုံနှင့် မမျှော်လင့်ဘဲ ထပ်မံဆုံတွေ့လိုက်ရခြင်းကြောင့် အံ့သြ သွားကြသည်။  ကယ်လီ၏ ဆွဲဆောင်မှုရှိသော  မျက်လုံးဝိုင်းဝိုင်းလေးထဲတွင် အလင်းရောင်များ တဖျတ်ဖျတ်တောက်ပလာသည်။

မိုးကြိုးလူသားဘုရင်ဆီက အမိန့်သံ ထွက်ပေါ်မလာသေးခင် သူ့နောက်လိုက်များက အလျင်အမြန်မတ်တပ်ထရပ်၍ ရှောင်လုံကို ဝိုင်းရံလိုက်သည် ။

ရှောင်လုံကလည်း သူ့ကို စော်ကားခြင်းကြောင့် ဒေါသထွက်ပြီး တိုက်ခိုက်ရန် တကဲကဲ ဖြစ်နေသည့် ခရမ်းရောင်မျောက်လေးကို မနည်းချော့ထားရလေသည်။

"... ခင်ဗျားတို့က ဒီနေရာမှာ တိုက်ခိုက်ချင်တာလား ...?"

ရှောင်လုံက မိုးကြိုးလူသားဘုရင်နှင့် လဲ့ဟွာကို တည်တည်ငြိမ်ငြိမ်စိုက်ကြည့်ရင်း မေးလိုက်သည်။
ရှောင်လုံမေးခွန်းကြောင့် မိုးကြိုးလူသားဘုရင်က မျက်မှောင်ကြုတ်သွားသည်။

ဤနေရာကား နဂါးကိုးကောင်ကျောင်းတော်၏ ပိုက်နက်ဖြစ်သလို နဂါးကိုးကောင်မြို့အတွင်း တိုက်ခိုက်ရန်ဖြစ်ရဲပါက မည်သူပင်ဖြစ်စေ သေဒဏ်အပြစ်ပေးခံရမည်ဟု နဂါးကိုးကောင်ကျောင်းတော်က ကြော်ငြာချက် ထုတ်ပြန်ထားသည်။ 

မိုးကြိုးလူသားဘုရင်က အရပ်ဆယ်မျက်နှာတိုင်းပြည်းအတွင်း မှီတင်းနေထိုင်ကြသော လူသားမျိုးနွယ်စုများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော်ငြားလည်း နဂါးကိုးကောင်ကျောင်းတော် အရှေ့မှာတော့ ချီးတုံး တစ်တုံးထက် ဘာမှ မပိုချေ ။ ထိုကြောင့်သူက နဂါးကိုးကောင်ကျောင်းတော်၏ အမိန့်ကို ချိုးဖောက်ရဲသည့် သတ္တိမရှိပေ ။

"... အဖေ ... ဒီကောင်ကို အလွတ်ပေးလိုက်လို့ မဖြစ်ဘူးနော် ...."

လဲ့ဟွာက သူ့အဖေအား စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုလိုက်သည်။

မိုးကြိုးလူသားဘုရင်က လက်ဝှေ့ယမ်း၍ သာ့နောက်လိုက်များကို ပြန်ခေါ်လိုက်သည်

"... စိတ်မပူနဲ့ ငါ့သား ... ဒီကောင် ငါတို့လက်ကနေ မလွတ်စေရဘူး ..."

ထိုနောက်သူက ရှောင်လုံကိုကြည့်လိုက်ပြီး

"... ဟေ့ကောင် ...မင်းကို ရက်နည်းနည်းလောက်ထပ်ပြီး အသက်ရှင်ခွင့်ပေးလိုက်မယ် .."

ရှောင်လုံသာ သာမန်လူသားတစ်ယောက်ဆိုလျှင် ပေါင်းစည်းပွဲ ပြီးချိန်မှာ  နဂါးကိုးကောင်မြို့ကနေ ထွက်သွားရမှာ ဖြစ်သည်။ မိုးကြိုးလူသားဘုရင်က ထိုအချိန်ကြမှ ရှောင်လုံကိုအပြတ်ရှင်းရန် ကြံစည်ထားသည်။

သူ့ရှေ့မှ လူများက ရှောင်လုံကို ခြိမ်းခြောက်နေတာမြင်တော့ ခရမ်းရောင်မျောက်လေးက ပို၍ ဒေါကန်သွားလေသည်။ သူ့ကိုယ်ထဲမှ ပြင်းထန်သိသည်းသော သတ်ဖြတ်ခြင်းအော်ရာများ ပေါက်ကွဲ ထွက်လာသည်။ မျောက်လေးကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသော မိစ္ဆာချီများက ဟာရီကိန်းမုန်တိုင်းတစ်ခုလို ပထမထပ်တစ်ခုလုံးကို တိုက်ခတ်သွားသည်။

"... စကြာဝဠာ အဆင့် ၅ သိုင်းပညာရှင် ..."

ထိုမိစ္ဆာချီများ၏ စွမ်းအားများကို ခံစားမိသူများက အံ့အားသင့်ကုန်ကြသည် ။ သို့သော် ရှောင်လုံက မျောက်လေး ပုခုံးကို ဖိ၍ ဒုတိယအကြိမ် တားဆီးလိုက်သည်။ ရှောင်လုံက မိုးကြိုးလူသားဘုရင်နှင့် လဲ့ဟွာတို့နှစ်ယောက်ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး

".... ကျုပ်ကို ရက်နည်းနည်းလောက်ထပ်ပြီး အသက်ရှင်ခိုင်းမယ် ဟုတ်လား ...? ကောင်းပြီလေ ကြည့်ကြသေးတာပေါ့ ...."

ရှောင်လုံမျက်လုံးထဲတွင် ထိုလူနှစ်ယောက်က ဟာသပြောတတ်သည့် လူပျက် နှစ်ဦးနှင့် ထူးမခြားနားပေ ။

ထိုအချိန်တွင် နတ်သူငယ်ဘုရင်မ ကယ်လီက ဆယ်လင်းနှင့် နတ်သူငယ် အကြီးအကဲများကို ဦးဆောင်၍ ရှောင်လုံအရှေ့သို့ ရောက်ရှိလာသည်။ ကယ်လီက ချိုသာသောအပြုံးလေးကို ဆင်မြန်း၍ နှုတ်ဆက်လိုက်သည်

"... သခင်လေး ..ကျွန်မတို့  ပြန်တွေ့ကြပြန်ပြီနော်..."

ရှောင်လုံက အတုန့်အလှည့်အနေဖြင့် ပြုံးရုံလေးသာ ပြုံးပြလိုက်သည်။

".... သခင်လေးကျေးဇူးနဲ့ ကျွန်မတို့ အသက်သစ်ပင်ကြီးလည်း ပြန်လည်ကျန်းမာနေပါပြီ ... သခင်လေးနဲ့ ဒီနေရာမှာ ဆုံရမယ်လို့ မထင်ထားဘူး ... သခင်လေး ကျွန်မတို့ ဝိုင်းမှာ လိုက်ထိုင်ပါလား ...?"

ဘုရင်မ ကယ်လီဘက်က ရှောင်လုံကို စတင်ဖိတ်ခေါ်လိုက်သည်။ ပထမထပ်မှာရှိနေသည့် သိုင်းပညာရှင်များက ရှောင်လုံကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်ရင်း အံ့သြမှင်သက်သွားကြသည်။  သိုင်းလောကထဲတွင် အသက်သစ်ပင်ကြီး ပြန်ကောင်းသွားပြီဆိုသော ကောလဟာလများ ထွက်ပေါ်ခဲ့သည်။ သို့သော် အသက်သစ်ပင်ကြီးကို ကုသပေးခဲ့သူမှာ ဤလူငယ်လေး ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။

သူက တကယ်ဘဲ ဘယ်သူလဲ ....?

စကြာဝဠာ အဆင့် ၅ မိစ္ဆာသားရဲနဲ့ အတူတူ ရှိနေတာကိုကြည့်ရင် သူကလည်း သာမာန်လူတစ်ယောက်တော့ မဟုတ်လောက်ဘူး .....!

  ......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၄၉၈ .....
    ဆိုင်အတွင်းမှ လူများက ရှောင်လုံအကြောင်းကို ခန့်မှန်းနေကြသည် ။
ရှောင်လုံက နတ်သူငယ်ဘုရင်မ၏ ဖိတ်ခေါ်မှုအပေါ် ချင့်ချိန်ကြည့်လိုက်သည်။ သို့သော် နောက်ဆုံး၌ သူက ငြင်းဆန်လိုက်သည်
".... ကျုပ်ကို အခုလို ဖိတ်ခေါ်တဲ့ ဘုရင်မကယ်လီကို ကျေးဇူးတင်ပါတယ် ... ဒါပေမယ့် ကျုပ်တို့ ညီအကို နှစ်ယောက်က မတွေ့ရတာကြာနေလို့ ...ကျုပ်တို့ချည်းပဲ သီးသန့်သောက်ချင်လို့ပါ .....
နောက်ပြီး ဒုတိယထပ်မှာလည်း အခန်းမှာထားပြီးပါပြီ ..."
ဘုရင်မကယ်လီက သူ့ကိုကာကွယ်လို၍ ယခုလိုဖိတ်ခေါ်လိုက်မှန်း ရှောင်လုံက သဘောပေါက်လိုက်သည်။ ရှောင်လုံနှင့် ဘုရင်မ ကယ်လီတို့ နတ်သူငယ်မျိုးနွယ်စုကြားမှ ရင်းနှီးမှုကြောင့် မိုးကြိုးလူသားဘုရင်က ရှောင်လုံကို အပြတ်မရှင်းခင် နှစ်ခါပို၍ စဉ်းစားသွားနိုင်သည် ။
သို့သော် ရှောင်လုံလို လူမျိုးက မိန်းမတယောက်၏ ကာကွယ်မှုကို မည်သည့်အချိန်ကစ၍ လိုအပ်သွားသနည်း ...?
ရှောင်လုံငြင်းဆိုမှုကြောင့် ဘုရင်မကယ်လီ၏ မျက်လုံးထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ နတ်သူငယ်တောအုပ်ထဲမှာလည်း ရှောင်လုံက တစ်ကြိမ်ငြင်းဆိုပြီးသား ဖြစ်သည်။ ရှောင်လုံက သူမ၏ ခံစားချက်ကို နားလည်နေလိမ့်မည်ဟု ကယ်လီက ယုံကြည်ထားခဲ့သည်။ ထိုအပြင် ကယ်လီက သူမ၏ ဆွဲဆောင်မှုအပေါ် ပထမဆုံးအကြိမ်အဖြစ် သံသယ ဝင်လာသည် ။
ပတ်ဝန်းကျင်မှ လူများက ဘုရင်မကယ်လီလို အလှနတ်သမီး တစ်ယောက်၏ ဖိတိခေါ်မှုကို ငြင်းဆန်လိုက်သည့် ရှောင်လုံအား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။ ဘုရင်မကယ်လီက သူ့မမျက်လုံးထဲတွင် ဖြစ်ပေါ်လာသည့် အရိပ်အယောင်များကို အလျင်အမြန် ဖုံးကွယ်လိုက်သည်။ ထိုနောက် ကယ်လီက ရှောင်လုံကို ပြုံးလိုက်ပြီး
"... ဟုတ်တယ် ကျွန်မ မစဉ်စားမိဘူးဖြစ်သွားတာ..
သခင်လေးတို့က နဂါးမြို့တော်ထဲမှ ဘယ်နှစ်ရက်လောက် နေမှာလဲ ...?"
ရှောင်လုံက ပြန်ဖြေလိုက်သည်။
"... နှစ်လလောက်တော့ ကြာအုံးမယ်ထင်တယ် ..."
အကယ်၍ သားရဲလူသားမျိုးနွယ်နှင့် မိစ္ဆာသားရဲမျိုးနွယ်စုများ ပေါင်းစည်းပွဲ အောင်မြင်ခဲ့လျှင်တောင်မှ ရှောင်လုံ လုပ်ဆောင်ရန် ကိစ္စများစွာ ကျန်နေသေးသည်။ အရပ်ဆယ်မျက်နှာ တိုင်းပြည်ထဲမှ အင်အားစုများကို သိမ်းသွင်းရမှာ ဖြစ်သလို နတ်ဘုရားကျောင်းတော်နှင့် လျှိုဝှက်၍ ပတ်သတ်မှုရှိနေသည့် အင်အားစုများကိုလည်း ရှင်းလင်းရန် လိုနေသေးသည်။
နဂါးကိုးကောင်မြို့ထဲတွင်  နှစ်လနီးပါး အချိန်ကြာနိုင်သည်ဟု ရှောင်လုံ ပြောလိုက်ချိန်မှာ ဘုရင်မ ကယ်လီက အရမ်းကို ပျော်သွားသည်။
ထိုနောက် ရှောင်လုံက ဘုရင်မကယ်လီနှင့် အချိန်အနည်းငယ် စကားစမြည်ပြောပြီးသည့်
နောက် ဒုတိယထပ်သို့ တက်သွားလေသည်။
ရှောင်လုံတို့ ဒုတိယထပ်သို့ တက်သွားပြီးနောက်
ပထမထပ်တစ်ခုလုံး ဆွေးနွေးငြင်းခုံသံများဖြင့် ပြည့်နှက်သွားလေသည်။ သို့သော် မိုးကြိုးလူသားဘုရင်၏ မျက်လုံးထဲမှာတော့ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
"... သခင်ကြီး ...ဒီကောင်လေးက သာမာန်ရိုးရိုးသာသားထဲကတော့ မဟုတ်လောက်ဘူး.... ကျွန်တော်တိုဘ သူ့နောက်ကြောင်းကို စုံစမ်းသင့်တယ် ...."
မိုးကြိုးလူသားဘုရင်ဘေးမှာ ရပ်နေသည့် အဆင့်မြင့် စကြာဝဠာ သိုင်းပညာရှင်တစ်ယောက်က ဝင်၍ အကြံပေးလိုက်သည်။
နေလစားသောက်ဆိုင်၏ ဒုတိယထပ်သည် အရေးကြီး ဧည့်သည်များကို တည်ခင်းဧည့်ခံသည့်နေရာဖြစ်သည် ။ ထိုကြောင့် လူတိုင်း ဒုတိယထပ်သို့ တက်ခွင့်မရှိပေ ။ နေလ စားသောက်ဆိုင်က ထုတ်ပေးထားသည့် အရေးကြီးဧည့်သည် ကဒ်ကို ရရှိထားသူများသာ တက်ရောက်နိုင်သည့်နေရာဖြစ်သည်။ ဤအချက်ကိုကြည့်ချင်းအားဖြင့် ထိုလူငယ်လေးနှစ်ယောက်၏ နောက်ခံက သာမန် မဟုတ်သည်မှာ ထင်ရှားနေသည်။
"... သူတို့နောက်ခံက မရိုးရှင်းတော့ရော ဘာကို ဂရုစိုက်ရမှာလဲ ...?"
လဲ့ဟွာက အေးစက်စက်လေသံဖြင့် ဝင်ပြောလိုက်သည်
"... နတ်သူငယ်ဘုရင်မနဲ့ သိနေတဲ့ သူငယ်နှပ်စားလေးတစ်ယောက်ကို ...ကျုပ်တို့က သူ့ကို ကြောက်နေရမှာလား ..? သူသေသွားရင် နတ်သူငယ် ဘုရင်မက ကျုပ်တို့ကို ဘာလုပ်နိုင်မှာလဲ ...?"
မိုးကြိုးလူသားဘုရင်က တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်
".... သူ့ဘေးက မိစ္ဆာသားရဲ အကြောင်းကို စုံစမ်းလိုက် ...."
ထိုလူငယ်လေးနံဘေးတွင် စကြာဝဠာ အဆင့် ၅ မိစ္ဆာသားရဲ တစ်ကောင် တွဲပါနေခြင်းကြောင့် မိုးကြိုးလူသားဘုရင်၏ စိတ်ထဲမှာ အနည်းငယ် ထူးခြားနေသလို ခံစားနေရသည်။
သို့သော် သူက အဆင့်၅ မိစ္ဆာသားရဲကို စိုးရိမ်ခြင်း မဟုတ်ဘဲ သူ့နောက်မှ အစွယ်အပွားများကို စိုးရိမ်ခြင်းပင် ။
"... ကောင်းပါပြီ သခင်ကြီး ..."
မိုးကြိုးလူသားဘုရင်၏ နောက်လိုက်တစ်ယောက်က ရိုရိုသေသေဖြင့် ပြန်ဖြေလိုက်သည်။
"... အဖေ .. အဲ့ဒီကောင်သာ နဂါးမြို့ထဲမှာ အချိန်နှစ်လကျော်လောက် ဆက်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ နည်းနည်း အခက်တွေ့နိုင်တယ် ..."
သူတို့က ရှောင်လုံကို နဂါးကိုးကောင်မြို့ထဲတွင် အပြတ်ရှင်းရဲသည့် သတ္တိ မရှိပေ ။
မိုးကြိုးလူသားဘုရင်က သူ့သားကို အခိုင်အမာ ကတိပေးလိုက်သည်
"... အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မင်းဘာမှ စိုးရိမ်နေစရာမလိုဘူး ... နဂါးကိုးကောင်မြို့ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်နဲ့ ငါရင်းနှီးတယ်..
အဲ့ဒီလူကို နည်းနည်းလောက် လဘ်ထိုးပြီး ဟိုကောင်ကို မောင်းထုတ်ခိုင်းလိုက်မယ် ...."
  "... အဖေ အကြံကောင်းတယ် ..."
လဲ့ဟွာက အားရပါးရ ပြုံးလိုက်ပြီး
"... မောက်မာထောင့်လွှားနေတဲ့ကောင် နေနှင့်အုံးပေါ့ကွာ ...  မင်း နဂါးကိုးကောင် ကျောင်းတော်နဲ့ ရန်သူ လုပ်ရဲမလားဆိုတာ စောင့်ကြည့်အုံးမယ် ..."
ထိုအချိန်၌ ကြီးကျယ်ခမ်းနားစွာပြင်ဆင်ထားသော အခန်းတစ်ခုထဲတွင် ရှောင်လုံတို့ ညီအကိုနှစ်ယောက်က ဝိုင်များကို တစ်ခွက်ပြီးတစ်ခွက်သောက်သုံး၍ စားကောင်းသောက်ဖွယ်များဖြင့် ဇိမ်ကျနေသည်။ သူတို့နှစ်ယောက်စလုံးက မိုးကြိုးလူသားဘုရင်ကို ရှိသည်ဟုပင် မသတ်မှတ်ထားကြပေ ။
"... အကိုကြီး ...ပေါင်းစည်းပွဲနေ့ကြရင် နဂါးကိုးကောင်မြို့ကို အမလီလူ လာမယ်လို့ထင်လား ....?"
ခရမ်းရောင်ဝါးမြိုမျောက်လေးက ရုတ်တရက် မေးချလိုက်သည်။
သူက ရှောင်လုံနှင့် လီလူတို့ကြားမှ ဇတ်လမ်းကို ိထားသူတစ်ယောက်ဖြစ်သည်။
လီလူ ....!
ထိုနာမည်ကို ကြားလိုက်ချိန်တွင် ရှောင်လုံခန္ဓာကိုယ်က အနည်းငယ် တုန်သွားသည်။
ထိုနောက် ရှောင်လုံက သူ့လက်ထဲမှခွက်ကို စားပွဲခုံပေါ် တင်လိုက်ပြီး မျက်နှာထားကလည်း သုန်မှုန်သွားသည်။
ခရမ်းရောင်မျောက်လေးကလည်း ရှောင်လုံ မျက်နှာပျက်သွားတာကို ချက်ချင်း သတိထားမိလိုက်သည်။ သူက ရှောင်လုံကို နှစ်သိမ့်လိုက်သည်
"...  အကိုကြီး ...အမလီလူမှာလဲ အခက်အခဲတစ်ချို့ ရှိနေလို့နေမှာပါ ...."
ရှောင်လုံက သက်ပြင်းတစ်ချက် မှုတ်ထုတ်၍ မျက်နှာကျက်ကို မော့ကြည့်လိုက်သည်
".... ကဲပါ ဒီအကြောင်းတွေ နောက်မှပြောကြတာပေါ့ ... အခုတော့ သောက်ကြရအောင်ကွာ ...ချီးယား...."
ရှောင်လုံတို့နှစ်ယောက်က နေလစားသောက်ဆိုင်တွင် သုံးနာရီကျော်နေပြီးမှ ပြန်လည်ထွက်ခွာသွားကြသည်။ ထိုအချိန်တွင် မိုးကြိုးလူသားဘုရင် နှင့် ဘုရင်မကယ်လီတို့ လူစုများက ထွက်သွားနှင့်နေပြီ ဖြစ်သည်။
သူတို့ထွက်လာချိန်တွင် ဘုရင်မကယ်လီ မရှိတာတော့တာကိုဘဲ  ရှောင်လုံက ကျေးဇူးတင်လိုက် သည်။ ကယ်လီရင်ထဲမှ ခံစားချက်များကို ရှောင်လုံက မမြင်ဘဲ မနေပေ ။ ရှောင်လုံက လက်ရှိအချိန်တွင် မည်သည့် ခံစားချက်ကိုမှ ရှေ့တန်းမတင်ချင်ပေ ။
ထိုနောက် ရှောင်လုံစိတ်ထဲသို့ လီလူနှင့် ရှီရှောင်ဖေးတို့က မမျှော်လင့်စွာဖြင့် ဝင်ရောက်လာသည်။
ရှောင်လုံက နဂါးကိုးကောင်ကျောင်းတော်သို့ ပြန်ရောက်သည်နှင့် မျောက်လေးနှင့် လမ်းခွဲ၍ သူ့ခြံဝန်းလေးဆီသို့ ပြန်သွားလိုက်သည် ။ ရှောင်လုံတို့ ပြန်ရောက်လာချိန်တွင် ကောင်းကင်ထက်မှာ ငွေစန္ဒာလမင်းကြီးက အေးမြသော အလင်းရောင်များကို ထုတ်လွှင့်ပေးနေခဲ့လေပြီ ။
ရှောင်လုံက ခြံဝန်းအလယ်တွင် ရပ်ရင်း လမင်းကြီးကု မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် ရှောင်လုံခေါင်းထဲသို့ နတ်ဘုရားကျောင်းတော် နှင့် သူ့၏ ဂိုဏ်းချုပ် ၊ လီလူ ၊ စကြာဝဠာ နတ်ဘုရားဂိုဏ်း ၊ ရှီရှောင်ဖေး ၊ သူ့မိဘများ ၊ နတ်တံခါးဂိုဏ်း စသဖြင့်
အတွေးများစွာဝင်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်၍ အေးချမ်းသော ငွေရောင် အလင်းများဖြင့်က ကမ္ဘာလောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းပေးထားသည်။
သို့သော် ရှောင်လုံက သတ်ဖြတ်ခြင်း နိမိတ်များကို ခံစားမိနေပြီး စိတ်မသက်မသာ ဖြစ်နေသည်။
ညချမ်းလေးက အေးချမ်းစွာဖြင့် ကုန်လွန်သွား၏။
ထိုနောက် မနက်ခင်း နေမင်းကြီးက လောကကို အလင်းဓတ်များဖြင့် ထွန်းလင်းပေးရန်အတွက် အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် မရေတွက်နိုင်သော များပြားသော သိုင်းပညာရှင်များက နဂါးကိုးကောင်းကျောင်းတော်အရှေ့မှ ရင်ပြင်ကျယ်ကြီးအတွင်း စုရုံးရောက်ရှိလာကြသည်။ သားရကြလူသားများနှင့် မိစ္ဆာသားရဲများ ပေါင်းစည်ပွဲကို နဂါးကိုးကောင်ကျောင်းတော်အရှေ့မှ ရင်ပြင်ကျယ်ထဲ၌ ကျင်းပမှာ ဖြစ်သည်။
  ရှောင်လုံ အမိန့်ဖြင့် ပြန်လည်ပြုပြင်ထားသော နဂါးကိုးကောင် ရင်ပြင်ကျယ်ကြီးက ယခင်ကထက် ၆ဆနီးပါး ပို၍ ကြီးမားလာသည်။ ၎င်းရင်ပြင်
ကျယ်ထဲတွင် လူအယောက် တစ်သိန်းကျော် ကောင်းမွန်စွာ စုစည်းနိုင်သည်။
".... အစိမ်းရောင် နတ်ဆိုး မျိုးနွယ်မှ သိုင်းပညာရှင်တွေ ရောက်ရှိလာပါပြီ ..."
"... ပင်လယ် မျိုးနွယ်တွေ ရောက်ရှိလာပါပြီ  ..."
".... နတ်သူငယ်မျိုးနွယ် ရောက်ရှိလာပါပြီ ..."
"... မိုးကြိုးလူသားဘုရင်အဖွဲ့ ရောက်ရှိလာပါပြီ .."
ရှောင်လုံဖိတ်စာ ရရှိထားသော အရပ်ဆယ်မျက်နှာ တိုင်းပြည်အတွင်းမှ အင်းအားစုများ တဖွဲဖွဲရောက်ရှိလာကြသည်။ နဂါးကိုးကောင်းကျောင်းတော်မှ အကြီးအကဲတစ်ယောက်က ရင်ပြင်ကျယ်အတွင်းသို့ ရောကိရှိလာသည့် ဧည့်ပရိတ်သတ်များကို ခမ်းနားထည်ဝါသော အသံဖြင့် ကြော်ငြာပေးနေသည်။ သူ့အသံက ရင်ပြင်ကျယ်ကြီးတစ်ခုကို ပဲ့တင်ညံနေသည်။
ရင်ပြင်ကျယ်၏ အနီးပတ်ဝန်းကျင်တွင် နဂါးကိုးကောင်ကျောင်းတော် ၊ ခြင်္သေ့ရိုင်းကျောင်းတော် ၊ မျောက်ဝံ နတ်ဘုရားကျောင်းတော် ၊ ကျားလူသား မျိုးနွယ် ၊ ခြင်္သေ့လူသားမျိုးနွယ် စသဖြင့် သားရဲလူသားနှင့် မိစ္ဆာသားရဲ မျိုးနွယ်မှ သိုင်းပညာရှင်များ တန်းစီ၍ စောင့်ဆိုင်းနေကြသည်။
ထိုအဖွဲ့နှစ်ခုတွင် စကြာဝဠာတစ်ပိုင်းအဆင့်များကို မဆိုထားနှင့် စကြာဝဠာအဆင့်သို့ရောက်ရှိနေသည့် သိုင်းပညာရှင်အရေအတွက်ပင် အယောက် တစ်ထောင်ကျော်လေသည်။
သူတို့ကိုယ်မှထွက်ပေါ်နေသည့် အရှိန်မဟုန်များက ကောင်းကင်ကြီးကိုပင် ကိုင်လှုပ်နိုင်စွမ်းရှိသည်။
ရင်ပြင်ကျယ်ထဲမှ ဧည့်ပရိတ်များကလည်း အဖွဲ့နှစ်ခုပေါင်းအင်အားကို မြင်ပြီး ကြောက်လန့်တုန်လှုပ် ကုန်ကြသည်။ ဧည့်ပရိတ်သတ်များက သူတို့အတွက် သတ်မှတ်ပေးထားသည့်နေရာမှ လွဲ၍ တခြားနေရာများသို့ မသွားရဲကြပေ ။
လဲ့ဟွာ လည်း ပတ်ဝန်းကျင်သိုင်းပညာရှင်များအား  မျက်လုံးအပြူးသားဖြင့် လိုက်လံ ငေးမောကြည့်နေသည်။ ပတ်ဝန်းကျင်မှ သိုင်းပညာရှင်နှင့် ယှဉ်လျှင် သူတို့လူသားမျိုးနွယ် မည်မျှ အင်အားနည်းနေသည်ဆိုတာကို လဲ့ဟွာတစ်ယောက် ကောင်းကောင်းကြီး နားလည်သွားသည်။
သူတို့လူစုက ဆင်ကြီးတစ်ယောက် ခြေရင်းသို့ ရောက်နေသည့် ပုရွက်ဆိတ်တစ်ကောင်နှင့် အလားသဏ္ဍာန်တူနေသည်။ မိုးကြိုးလူသားဘုရင်ကလည်း ထိုကဲ့သို့ ခံစားနေသည်။ ထိုအပြင် ပတ်ဝန်းကျင်တွင် စကြာဝဠာ အဆင့် ၉ အောက် သားရဲလူသားနှင့် မိစ္ဆာသားရဲများသာ ရှိနေပြီး ထိုအဆင့်နှင့်အထက်သိုင်းပညာရှင်များ ပေါ်မလာသေးသည်ကိုလည်း မိုးကြိုးလူသားဘုရင် သတိပြုမိလိုက်သည်။
ကယ်လီတို့၏ နတ်သူငယ်မျိုးနွယ်ကိုလည်း လူသားမျိုးနွယ်နှင့် မနီးမဝေးတွင် နေရာချပေးထားသည်။ မဟာအကြီးအကဲ ဆယ်လင်းက ကယ်လီ အနားသို့ ကပ်၍ တီးတိုးပြောလိုက်သည်
"... ဘုရင်မ ...သားရဲလူသားမျိုးနွယ် နဲ့ မိစ္ဆာသားရဲ မျိုးနွယ်တွေရဲ့ အင်အားက ဒီလောက်တောင် ကြောက်စရာကောင်းနေပြီလား ...?"
ဆယ်လင်းက သူ့အသံကို မကြားရသလောက် လျော့ချထားလေသည်။ ဘုရင်မကယ်လီကလည်း ပတ်ဝန်းကျင်မှ သိုင်းပညာရှင်များကို အကဲခတ်ရင်း မသိမသာ ခေါင်းညိတ်ပြလိုက်သည်။ ထိုနောက် သူ့မျက်နှာထားက တည်ကြည်လေးနက်သွားသည်။
အရပ်ဆယ်မျက်နှာတိုင်းပြည်ထဲတွင် သားရဲလူသားများနှင့် မိစ္ဆာသားရဲများက အင်အား အကြီးဆုံးဆိုတာကို အကုန်လုံး သိထားကြသည်။
သို့သော် ဤမျှ ခွန်အားတိုးပွားနေမှန်း မည်သူမှ ထင်မိမှာ မဟုတ်ပေ ။ ထိုအပြင် ယခင်က ထိုအင်အားကြီး အဖွဲ့အစည်းနှစ်ခုက မီးနှင့် ရေလို တသီးတခြားစီ ဖြစ်သည်။ ယနေမှာတော့ ထိုအဖွဲ့အစည်းကြီးနှစ်ခုက ခေါင်းဆောင်အသစ်၏ လက်အောက်တွင် အင်အားစုကြီး တစ်ခုအဖြစ် ပေါင်းစည်းတော့မှာ ဖြစ်သည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၄၉၉ ....
ခဏကြာပြီးနောက် ဖိတ်ခေါ်သည့် အဖွဲ့အစည်းအားလုံးနီးပါး ရင်ပြင်ကျယ်အတွင်းသို့ ရောက်ရှိလာကြသည်။ မျိုးနွယ်စုအားလုံးပေါင်း အဖွဲ့၅၀ မှ ၆၀ အထိ စုရုံးရောက်ရှနလာကြသည်။
ရင်ပြင်ကျယ်ကြီးထဲတွင် ဧည်ပရိတ်သတ်များ ပို၍ ပြည့်နှက်လာလေသည်။ သို့သော် လူအများအပြား စုရုံးရောက်ရှိနေသည့် ရင်ပြင်ကျယ်ကြီးက လူမရှိသည့်အလား ထူးဆန်းစွာဖြင့် တိတ်ဆိတ်နေလေသည်။
ရင်ပြင်ကျယ်အတွင်းမှ လူများက တီးတိုးသဖန်းသာ ပြောဆိုဆွေးနွေးနေကြပြီး မည်သူကမှ လူစွာ မလုပ်ရဲကြပေ။ နောက်ထပ်တစ်နာရီကြာပြီးနောက် ဖိတ်ခေါ်ထားသည့် မျိုးနွယ်စုအားလုံး စုံညီစွာ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် နဂါးကိုးကောင်ကျောင်းတော်၏ အစည်းအဝေး ခန်းမဆောင်ထဲတွင် အောင်းကွမ် ၊
အောင်းရှန် ၊ လွေဂျေ ၊ ဒန်နီနှင့် တခြား သိုင်းပညာရှင်များ စုဝေးနေကြသည်။ ခဏကြာပြီးနောက် ဧည့်ပရိတ်သတ်များ ကြိုဆိုသည့်နေရာတွင်
တာဝန်ယူထားသည့် နဂါးကိုးကောင်ကျောင်းတော်မှ အကြီးအကဲက ခန်းမဆောင်ထဲသို့ ဝင်လာပြီး အောင်းကွမ်အရှေ့တွင် ရပ်၍ ရိုရိုသေသေဖြင့် သတင်းပို့လိုက်သည်
"... ခန်းမဆောင် သခင် ကို သတင်းပို့ပါတယ်... ကျွန်တော်တို့ ဖိတ်ထားတဲ့ ဧည့်ပရိတ်တွေအကုန်လုံး ရောက်လာပါပြီ ...."
"... ငါသိပြီ ... ..."
အောင်းကွမ်က လက်ခါပြလိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်
"... သားရဲနတ်ဘုရားအရှင်က အတွင်းခန်းမှာ အနားယူနေတယ် ...သူတို့ကို စောင့်ခိုင်းထားလိုက် .."
အကြီးအကဲက ရိုရိုသေသေ ဂါရဝပြုပြီးနောက် အပြင်သို့ ထွက်သွားသည်။
နာရီဝက်ခန့်ကြာပြီးနောက် .....
ရင်ပြင်ကျယ်ထဲမှ လူများက တဖြည်းဖြည်းနှင့် အပူရှိန်မြင့်တက်လာသော နေမင်းကြီး၏ နေရောင်ခြည်များကြောင့် သူ့တို့အသားအား အပ်နှင့်စွနေသလို ခံစားပြီး သည်းခံစိတ်များ လျော့ကျလာကြသည်။ သို့သော် မည်သူကမှ မကြေနပ်ကြောင်းကို အတိအလင်း မပြောရဲကြပေ ။
နောက်ထပ် နာရီဝက်ခန့် ထပ်မံကုန်လွန်သွားပြီး နေမွန်းတည့်ချိန်သို့ရောက်ရှိရန် နီးကပ်လာသည်။
မကျေမနပ် ညည်းညူသံများ တစ်စနှင့် တစ်စကျာ်လောင်လာချိန်တွင် အကြီးအကဲတစ်ယောက်က်အဆုတ်ကွဲမတတ် အော်လိုက်သည်
"... သားရဲ နတ်ဘုရား အရှင် ရောက်ရှိလာပါပြီ....""
ဆူညံသံများက မီးကို ရေနှင့် ငြိမ်းလိုက်သလို တိခနဲ ရပ်သွားပြီး အားလုံး၏ အကြည့်က နဂါးကိုးကောင် ကျောင်းတော်၏ ဝင်ပေါက်နေရာဆီသို့ စုပြုံရောက်ရှိသွားကြသည်။
အားလုံး၏ အကြည့်များအောက်တွင် နဂါးကိုးကောင်ကျောင်းတော်ထဲမှ ဆံပင်အနက်နှင့် လူငယ်လေး တစ်ယောက်ထွက်လာသည်။ ထိုလူငယ်လေးနောက်တွင် သားရဲလူသားမျိုးနွယ်နှင့် မိစ္ဆာသားရဲမျိုးနွယ်မှ ထိပ်သီးသိုင်းပညာရှင်များ စီတန်း၍ လိုက်ပါလာကြသည်။
ရင်ပြင်ကျယ်အတွင်းမှ သိုင်းပညာရှင်များက ဆံပင်အနက်နှင့် လူငယ်လေးအား စိတ်ဝင်စားစွာဖြင့် ဝိုင်းကြည့်လိုက်သည်။
ကယ်လီ ၊ ဆယ်လင်း နှင့် နတ်သူငယ်မျိုးနွယ်မှ အကြီးအကဲများက ဆံပင်အနက်နှင့် လူငယ်လေးကိုကြည့်ရင်း သူတို့ခြေထောက်အောက်မှ ကမ္ဘာမြေကြီး အိုးထိန်းစက်ကဲ့သို့ ချာချာလည်သွားသလို ခံစားသွားကြရသည်။
သူ့တို့မျက်နှာပေါ်တွင် အံသြမှုနှင့် မယုံနိုင်သည့် အရိပ်အယောင်များ အထင်သား ဖြစ်ပေါ်နေသည်။
".... ဒါ...ဒါ...ဒါ...သူ....သူ....သူမဟုတ္လား...?"
"... သူက သားရဲနတ်ဘုရား အသစ်... လတ်စသတ်တော့ သူက သားရဲနတ်ဘုရား အသစ်ပဲ ...."
ဘုရင်မ ကယ်လီက ကပေါက်တိကပေါက်ချာ ဖြစ်ပြီး ထစ်ထစ်ငေါ့ငေါ့ ရေရွတ်လိုက်သည်။
ကယ်လီတို့နည်းတူ မိုးကြိုးလူသားဘုရင် ၊ လဲ့ဟွာတို့ လည်း မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။  အကြောက်တရားများက သူတို့ရင်ထဲသို့ လေပြင်းမုန်တိုင်းနှင့်ပါလာသော ရေလှိုင်းများလို အလုံးလိုက် အရင်းလိုက် ဝင်လာကြသည် ။
"... သူ....သူက သားရဲဘုရင်အသစ္ပဲ ....!"
လဲ့ဟွာ မျက်နှာက နင်းချေခံရသော စက္ကူစုတ်တစ်ခုလို တွန့်လိမ်ရှုံ့မဲ့သွားသည်။
မိုးကြိုးလူသားဘုရင်၏ နားထဲမှာတော့ မနေ့က သူရှောင်လုံအား ပြောခဲ့သည့် "... မင်းကို ရက်နည်းနည်းလောက် ထပ်ပြီး အသက်ရှင်ခွင့်ပေးလိုက်မယ် .." ဆိုသည့်စကားကိုသာ  ထပ်ခါထပ်ခါ ကြားယောင်နေလေသည်။
သားရဲ နတ်ဘုရား အသစ်ကို ရက်နည်းနည်းလောက် အသက်ရှင်ခွင့်ထပ်ပေးလိုက်မယ်လို့ ငါတကယ်ပဲ ပြောခဲ့မိတာလား....?
လူအုပ်ထဲမှ နောက်ထပ်လူလေးယောက်ကလည်း ရှောင်လုံကို မှတ်မိလိုက်သည်။ သူတို့က ရှောင်လုံ သူနှင့်အတူ ထိုင်ရန်အဆင့်မရှိဘူးဟု အောင်းရှန်ပြောချိန်တွင် ခန်းမဆောင်အတွင်းရှိနေသည့် သိုင်းပညာရှင် လေးယောက်ဖြစ်သည်။ ထိုလူလေးယောက်ကလည်း သူတို့စိတ်ထဲမှာ ဗလာကျင်းပြီး လောကကြီးတစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ကြရသည်။
ရှောင်လုံနှင့် သူ့နောက်မှာပါလာသည့် သိုင်းပညာရှင်များကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါများက ရင်ပြင်ကျယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရင်ပြင်ကျယ်အတွင်းမှ လူများက ထိုအရှိန်အဝါများကြောင့် သူတို့ ရင်ဘတ်ပေါ်သို့ တောင်ကြီးတစ်လုံး ပိကျလာသလို ခံစားနေရပြီး အသက်ရှုရန်ပင် မနည်းကြိုးစားနေရသည်။
ရှောင်လုံက ရင်ပြင်ကျယ်အရှေ့တွင် ပြုလုပ်ထားသည့် စင်ပေါ်သို့ တက်လိုက်သည်။
အောင်းကွမ်နှင့် တခြားသိုင်းပညာရှင်များက ရှောင်လုံ အနောက်တွင် ဖြန့်ကျက်၍ ဝန်းရံလိုက်ကြသည်။
ရှောင်လုံက အားလုံးကို စူးရှစွာဖြင့် အကဲခတ်လိုက်သည်။ ရှောင်လုံ အကြည့်ထဲတွင် ပြင်းထန်သော စွမ်းအင်များပါဝင်နေသကဲ့သို့ ရင်ပြင်ကျယ်အတွင်းမှ   ဂိုဏ်းချုပ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များက ရှောင်လုံနှင့် မျက်နှာချင်း မဆိုင်ရဲကြပေ ။
"..... ကျုပ်က သားရဲနတ်ဘုရား အသစ်ဖြစ်လာသူ
ဟောင်ရှောင်လုံ ပဲ..... ဒီနေ့ဟာ သားရဲလူသား မျိုးနွယ်နဲ့ မိစ္ဆာသားရဲ မျိုးနွယ်ကြီး နှစ်ခု ပေါင်းစည်းကြမယ့် သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုပဲ .... ဒီပွဲကို အဝေးကနေ
တက်ရောက်လာပေးကြတဲ့ အကြီးအကဲအားလုံးကိုလဲ ကျုပ်က ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် ..."
ရှောင်လုံအသံက ကျယ်လောင်ခြင်း မရှိသော်လည်း ရင်ပြင်ကျယ်အတွင်းမှ လူအားလုံး ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။
ရှောင်လုံက သူ့ကိုယ်သူ ရိုးရိုးရှင်ရှင်း မိတ်ဆက်ပြီးနောက် အောင်းကွမ်ကိုကြည့်၍
".... ဘိုးဘေး သားရဲနတ်ဘုရား နဲ့ ဘိုးဘေ မျောက်ဝံ အင်ပါရာ နတ်ဘုရား တို့ကို ပူဇော်မယ့် ယဇ်ပလ္လင်နဲ့ ပူဇော်မယ့် ပစ္စည်းတွေကို နေရာချလိုက်ပါ ...."
".... အရှင့် အမိန့်အတိုင်းပါ  ...."
အောင်းကွမ်က ရိုရိုသေသေ ပြန်ဖြေလိုက်သည်။
ထိုနောက် အောင်းကွမ်က ယဇ်ပူဇော်ပွဲအတွက် ပြင်ဆင်ရန် နဂါးကိုးကောင်ကျောင်းတော်မှ အကြီးအကဲများကို ချက်ချင်း အမိန့်ပေးလိုက် သည်။
ယဇ်ပလ္လင်ထက်တွင် သားရဲလူသားများ၏  အထွတ်အမြတ်ဖြစ်သော သားရဲနတ်ဘုရား ရုပ်ထုကြီး နှင့် မိစ္ဆာသားရဲများ၏ အထွတ်အမြတ်ဖြစ်သော မျောက်ဝံအင်ပါရာ နတ်ဘုရား ရုပ်ထုကြီး နှစ်ခုအား ခမ်းနားစွာ နေရာချထား၏ ။
အားလုံးပြင်ဆင်ပြီးနောက် ရှောင်လုံက အရှေ့သို့ထွက်လာပြီး အကြီးအကဲပေးသော အမွေးတိုင်များကိုယူ၍ မီးညှိလိုက်သည်။
အမွေးတိုင်များဖြင့် ဂါရဝပြုပြီးနောက် ယဇ်ပလ္လင်ထက်တွင် ပြင်ဆင်ပေးထားသော အမွေးတိုင်း စိုက်သည့်နေရာတွင် ထိုးစိုက်လိုက်သည်။
ရှောင်လုံ ဂါရဝပြုနေသည့်အချိန်တွင် အောင်းကွမ်က ရှေးခတ်ဦးတွင် ဘုန်းမီးနေရောင်တောက်ပခဲ့သော သားရဲနတ်ဘုရား နှင့် မျောက်ဝံအင်ပါရာ နတ်ဘုရားတို့၏ စွမ်းပကားများဖြင့် အောင်မြင်မှု ဂုဏ်ကျက်သရေများအကြောင်း အောင်းမေ့ဖွယ်ရာ ရွတ်ဆိုလိုက်သည်။ ထိုနောက် ကျားလူသားမျိုးနွယ် ခေါင်းဆောင် ချပ်က သားရဲလူသားများနှင့် မိစ္ဆာသားရဲများ ပေါင်းစည်းပွဲတွင် အရေးကြီးသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားလိုက်သည်။
ဤပေါင်းစည်းမှုတွင် သားရဲလူသားများက မူလအခန်း ကဏ္ဍတွင်နေရာယူမှာ ဖြစ်ပြီး မိစ္ဆာသားရဲများကတော့ သားရဲလူသားများကို ဝန်းရံ၍ ကူညီရမှာ ဖြစ်သည်။ အနာဂတ်တွင် မိစ္ဆာသားရဲများအဖွဲ့အစည်းက သားရဲလူသားအဖွဲ့အစည်း၏  ဂိုဏ်းခွဲတစ်ခု ဖြစ်လာကြမည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ထိုအဖွဲ့အစည်းကို ရှောင်လုံက သားရဲနန်းတော်ဟု အမည်ပေးထားသည်။ ထိုသားရဲနန်းတော်ကို အောင်းကွမ် ၊ လွေဂျေ နှင့် ခရမ်းရောင် ဝါးမြိုမျောက်လေးတို့သုံးယောက်က ကြီးမြတ်သောနန်းတော်သခင် သုံးယောက် အဖြစ် အညီအမျှ အုပ်ချုပ်ကြမှာ ဖြစ်သည်။
သားရဲနန်းတော်လက်အောက်တွင် ယခင်က ရှိခဲ့သော နဂါးကိုးကျောင်းတော် ၊ မျောက်ဝံနတ်ဘုရားကျောင်းတော်နှင့် ခြင်္သေ့ရိုင်းကျောင်းတော် ဟူ၍ ကျောင်းတော်သုံးခုရှိမှာ ဖြစ်သည် ။ ထိုကျောင်းတော်သုံးခုအား ရှောင်လုံရွေးချယ်ထားသည့် အကြီးအကဲများက အုပ်ချုပ်မှာ ဖြစ်သည်။
မိစ္ဆာသားရဲများက သားရဲလူသားများလက်အောက်သို့ ရောက်ရှိသွားကြောင်း ကြော်ငြာချိန်မှာ
ပင်လယ်မျိုးနွယ် ၊ လူသား မျိုးနွယ် နှင့် အစိမ်းရောင် နတ်ဆိုးမျိုးနွယ်မှ ဂိုဏ်းချုပ်များက သိသိသာသာကို မျက်နှာပျက်ကုန်ကြသည်။
  ရှောင်လုံက သူ့၏ စီမံမှုများကို အတိအလင်း ကြော်ငြာခြင်း မရှိသေးသော်လည်း သူ့၏ အနာဂတ် ဆက်လုပ်မည့် စီမံကိန်းများအားနေခင်းကြောင်တောင်ကဲ့သို့ ထင်ရှားနေလေသည်။
မိစ္ဆာသားရဲအဖွဲ့အစည်းကဲ့သို့ အင်အားကြီး အဖွဲ့အစည်းတစ်ခုတောင်မှ  သားရဲလူသားများ၏ ဂိုဏ်းခွဲတစ်ခုသာ ဖြစ်လာခဲ့သည်။ အကယ်၍ ပင်လယ်မျိုးနွယ်များ ၊ လူသားမျိုးနွယ် နှင့် အစိမ်းရောင် နတ်ဆိုး မျိုးနွယ်စုများက ရှောင်လုံလက်အောက်တွင် သစ္စာခံလိုက်မည်လျှင် သူတို့ဟာ မိစ္ဆာသားရဲများ၏ အစေအပါးအဆင့်သာ ဖြစ်လာကြမှာ ဖြစ်သည်။
ထိုအပြင် သူတို့က အနာဂတ်တွင် ရှောင်လုံအမိန့်အတိုင်း တသွေမသိမ်း လိုက်နာရမှာ ဖြစ်သည်။ ချပ်က သူ့အပိုင်းကိုပြောပြီးသည်နှင့်  အောင်းကွမ်က အားလုံးမျှော်လင့်နေသည့်အတိုင်း စကား စလာသည်
".... ရှေးခတ်အချိန်က ဘိုးဘေး သားရဲနတ်ဘုရား ဟာ ကျုပ်တို့အားလုံးကို စုစည်းပြီး အရပ်ဆယ်မျက်နှာတိုင်းပြည်ကြီးတစ်ခုလုံးကို စည်ပင်ဝပြောတဲ့ တိုင်းပြည်ကြီး တစ်ခုဖြစ်လာအောင် အုပ်ချုပ်ခဲ့တယ်ဆိုတာ အားလုံးလဲ သိပြီးသားပါ .... ဘိုးဘေ သားရဲ နတ်ဘုရားရဲ့ အမျှော်အမြင်ကြီးစွာ အုပ်ချုပ်မှုအောက်မှာ အရပ်ဆယ်မျက်နှာတိုင်းပြည်ထဲက  ကျုပ်တို့အားလုံး သွေးချင်းမောင်နှမ အရင်းများသဖွယ် ချစ်ချစ်ခင်ခင် စည်းစည်းရုံးရုံးနဲ့  အေးချမ်းစွာ နေနိုင်ခဲ့ကြတယ် ... ဒါပေမယ့် ဘိုးဘေ သားရဲနတ်ဘုရား ပျောက်ကွယ်သွားချိန်ကစပြီး ကျုပိတို့ အရပ်ဆယ်မျက်နှာတိုင်းပြည်ကြီးက အမှောင်ဓတ်တွေ ဖုံးလွှမ်းသွားတယ် ... ကျုပ်တို့ဟာ ရာထူးအာဏာတွေအတွက် တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ခဲ့ကြတာကြောင့် ကျုပ်တို့အားလုံး အင်အားတွေ ချိနဲ့ခဲ့ကြတယ်မဟုတ်လား ... အဲ့လိုမျိုး အဓိပ္ပါယ်မရှိတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့အတွက် ကျုပ်တို့ရဲ့ မြင့်မြတ်တဲ့သားရဲနတ်ဘုရားက အင်အားကြီး အဖွဲ့အစည်းကြီး နှစ်ခု ပေါင်းစည်းကြမယ့် သမိုင်းဝင်ပွဲကြီးကို  မျက်ဝါးထင်ထင် မြင်သွားရအောင် အားလုံးကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ် ....နောက်ပြီး  အရပ်ဆယ်မျက်နှာတိုင်းပြည်ကြီးတစ်ခုလုံး စည်ပင်ဝပြောပြီး  အေးချမ်းသာယာအောင် ဆောင်ရွက်ဖို့အတွက် ခေါင်းဆောင်တို့ အားလုံးဆီက သဘောတူညီချက်တစ်ချို့ လိုအပ်ပါတယ် ...."
အောင်းကွမ်စကားသံ အဆုံးမှာ ရင်ပြင်ကျယ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ အားလုံး၏စိတ်ထဲမှာ  ထိုကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာမည်ကို မျှော်လင့်ထားကြသော်လည်း သူတို့နားနှင့်ဆတ်ဆတ် ကြားလိုက်ရချိန်မှာတော့ အားလုံးစိတ်ထဲမှာ လက်မခံနိုင်အောင် ဖြစ်နေကြဆဲပင် ။
ရင်ပြင်ကျယ်ထဲမှ လူများက သူ့အဖွဲ့နှင့်သူသာ တီးတိုးသဖန်း ဆွေးနွေးနေကြသည်။ အချိန်အနည်းငယ် ကြာသွားသော်လည်း အောင်းကွမ်၏ အကြံချက်အပေါ် အတိအလင်း ကန့်ကွက်သူ မရှိသေးသလို ရှောင်လုံနှင့် လက်တွဲမည်ဟု ကြော်ငြာသူများလည်း မရှိသေးပေ ။
ရှောင်လုံက တည်ငြိမ်သောမျက်နှာထားဖြင့်
အားလုံးကို စိတ်ရှည်လက်ရှည် အကဲခတ်နေသည်။
"... ဟောင်ရှောင်လုံ ... မင်းက ငါတို့အားလုံးကို မင်းလက်အောက်မှာ သစ္စာခံစေချင်တယ်ပေါ့လေ ... မင်းအကြံအစည်က တစ်သက်လုံး ဖြစ်လာမှာ မဟုတ်ဘူး ..."
ထိုအချိန်တွင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ အားလုံးက အသံထွက်ပေါ်လာသည့်နေရာကို ဝိုင်းကြည့်လိုက်ကြသည်။ ရှောင်လုံကို ကန့်ကွက်စကားပြောလိုက်သူမှာ ပင်လယ်မျိုးနွယ်စုခေါင်းဆောင်  ငမန်းအင်ပါရာ ဖြစ်သည်။ ပက်လယ်မျိုးနွယ်စုတွင်  ငမန်း အင်ပါရာ၏ အဆင့်အတန်းက သားရဲလူသားမျိုးနွယ်မှ သားရဲနတ်ဘုရား နှင့် တူညီလေသည်။
ရှောင်လုံအနောက်မှ ထိပ်သီး သိုင်းပညာရှင်များနှင့် ရင်ပြင်ကျယ်ကြီးကို ဝိုင်းရံထားသည့် သားရဲလူသားများ ၊ မိစ္ဆာသားရဲများက ပင်လယ်မျိုးနွယ်စုခေါင်းဆောင်၏ ရိုင်ဆိုင်းသော စကားကြောင့် ဒေါသပုန်ထကုန်ကြသည်။
ရှောင်လုံက လက်ထောင်၍ အားလုံးကို တားဆီးလိုက်သည်။
"... ဆက်ပြောစမ်းပါအုံး ..."
ရှောင်လုံက ငမန်းအင်ပါရာကို မထီတရီ ကြည့်ပြီး ပြောလိုက်သည်။
"... ရှေးခတ်က အရပ်ဆယ်မျက်နှာ တိုင်းပြည်တစ်ခုလုံးကို သားရဲနတ်ဘုရား အုပ်ချုပ်ခဲ့တာ အမှန်ပဲ .... အဲ့ဒါကို ငြင်းစရာမရှိဘူး.... ဒါပေမယ့် အဲ့ဒီအချိန်မှာ သားရဲနတ်ဘုရားရဲ့ သိုင်းပညာကို ယှဉ်နိုင်တဲ့လူလဲ မရှိဘူး .... သားရဲနတ်ဘုရားက အရပ်ဆယ်မျက်နှာတိုင်းပြည်ထဲမှ ဂိုဏ်းချုပ်တွေ ၊ မျိုးနွယ်စုခေါင်းဆောင်တွေ အားလုံးဝိုင်းပြီး တိုက်ခိုက်တာကို သူ့ကိုယ်ပိုင်အစွမ်းနဲ့ အနိုင်ယူပြီးမှ
ကျုပ်တို့အားလုံးကို အုပ်ချုပ်နိုင်ခဲ့တာ ..."
ထိုနောက်  ငမန်း အင်ပါရာ က ရှောင်လုံကို စူးစူးရှရှ စိုက်ကြည့်လိုက်ပြီး
"... အဲ့ဒါကြောင့် ဒီနေ့ပွဲကိုရောက်လာတဲ့ ဂိုဏ်းချုပ်တွေ ၊ မျိုးနွယ်စုခေါင်းဆောင်တွေ အကုန်လုံးပေါင်းပြီး မင်းကို တိုက်ခိုက်မယ် ... အဲ့ဒါကို မင်းက အဆိပ်နောက်ချေးပိုး နဲ့ တခြားအပြင်ဘက် အကူအညီတွေကို မသုံးဘဲ မင်းကိုယ်ပိုင်အစွမ်းနဲ့
အနိုင်ယူနိုင်မယ်ဆိုရင် ငါတို့ ပင်လယ်မျိုးနွယ်က မင်းဆီမှာ အရင်ဆုံး သစ္စာခံမယ်... ဘယ်လိုလဲ ....?"

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၀၀ ...

  ငမန်းအင်ပါရာစကားအဆုံးတွင် ရင်ပြင်ကျယ်တစ်ခုလုံး တီးတိုးရေရွတ်သံများဖြင့် ဆူညံသွားလေသည်။

ရင်ပြင်ကျယ်ထဲသို့ရောက်ရှိနေကြသည့် ခေါင်းဆောင်အများစုမှာ စကြာဝဠာ အဆင့်၁၀ သိုင်းပညာရှင်များ ဖြစ်ကြသည်။ ဤကဲ့သို့ များပြားသော သိုင်းပညာရှင်များ ဝိုင်းဝန်းတိုက်ခိုက်မယ်ဆိုလျှင် အရပ်ဆယ်မျက်နှာတိုင်းပြည်၏ နံပါတ် ၁ သိုင်းပညာရှင်ဟု ဂုဏ်သတင်းကျော်ကြားသည့် အောင်းကွမ်ပင် ခုခံနိုင်မှာ မဟုတ်ပေ ။ ထိုသိုင်းပညာရှင်များလက်ချက်ဖြင့် သူပါ အသက်ပျောက်သွားနိုင်သည်။

နတ်ဘုရားအဆင့် သိုင်းပညာရှင်မှသာ ဤသိုင်းပညာရှင်အစုအဖွဲ့အား ခုခံနိုင်မှာ ဖြစ်သည်။
သို့သော် ရှောင်လုံက နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက် မဟုတ်ပေ ။

"... ငမန်း ... မင်း တော်တော် ရိုင်းဆိုင်းတာပဲ ..."

အောင်းကွမ်၊ လွေဂျေ၊ ချပ်နှင့် တခြားသိုင်းပညာရှင်များက ငမန်းအင်ပါရာ ကို ဒေါသတကြီး အော်ပြောကြပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

အောင်းကွမ်တို့က ရှောင်လုံအစွမ်းအား သိထားကြသော်လည်း ဂိုဏ်းချုပ်အများအပြား ဝိုင်းဝန်းတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု မယုံကြည်ကြပေ ။ သို့သော် ရှောင်လုံက အားလုံးကို အနောက်ဆုတ်ရန် လက်ထောင်ပြလိုက်သည်။

ငမန်းအင်ပါရာက အောင်းကွမ်လူစုတို့ကို ရှိသည်ဟုပင် မမှတ်ယူထားသည့်ပုံစံဖြင့် ရှောင်လုံကိုသာ တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေသည်

".... ဟောင်ရှောင်လုံ....ဘယ်လိုလဲ ...? မင်းကြောက်နေပြီလား ...? မင်းမှာ အစွမ်းမရှိဘူးဆိုရင် အစွမ်းမရှိဘူးဆိုတဲ့အကြောင်း အားလုံးသိသွားအောင် အကျယ်ကြီးအော်ပြောလိုက်စမ်းပါ  ...
နောက်ပြီး မင်းငါ့တို့ မျိုးနွယ်စုတွေကို ဘယ်တော့မှ မကျူးကျော်ဘူးလို့ သစ္စာဆိုရမယ် ..."

သစ္စာဆိုရမယ် ...!

ရှောင်လုံကို လူအများရှေ့တွင် သစ္စာဆိုခိုင်းရဲသော
ငမန်အင်ပါရာ ကိုကြည့်ရင်း အောင်းကွမ်တို့က အသားတဆတ်ဆတ်တုန်သည်အထိ ဒေါသထွက်ကုန်ကြသည်။

"... ဟုတ်တယ် ဟောင်ရှောင်လုံ ...! မင်းမှာ အစွမ်းမရှိဘူးဆိုရင် မင်းအဖေ ငါတို့အရှေ့က ထွက်သွားစမ်း... ခွေးသားလေး ...မင်းကိုမင်းဘာထင်နေလဲ ....? ဘာတဲ့ ရှေးခတ် သားရဲနတ်ဘုရားလို အရပ်ဆယ်မျက်နှာတိုင်းပြည်ကြီးတစ်ခုလုံးကို ပေါင်းစည်းမလို ဟုတ်လား .... မင်းကိုယ်မင်း သိပ်တော်လှပြီလို့ ထင်နေတာလား ...?"

ထိုအချိန်တွင် လူအားလုံး၏ နားစည်များကို တုန်ခါသွားစေသည့် စူးရှကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

စူးရှသော အသံပိုင်ရှင်က အစိမ်းရောင်နတ်ဆိုးမျိုးနွယ်စု၏ ဂိုဏ်းချုပ် မန်ရှု ဖြစ်သည်။ မန်ရှုစကားအဆုံးတွင် ပတ်ဝန်းကျင်၌ ရှိနေကြသော သားရဲလူသားများနှင့် မိစ္ဆာသားရဲများ၏ မျက်နှာထက်တွင် လူသတ်ချင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာကြသည်။

အကယ်၍ ရှောင်လုံ နှုတ်ဖျားမှ အမိန့်စကားသံတစ်ခုသာ ထွက်ပေါ်ခဲ့လျှင် ငမန်းအင်ပါရာ နှင့် မန်ရှုတို့ မျိုးနွယ်စုအားလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်သည်။

သို့သော် ရှောင်လုံက ငမန်း အင်ပါရာနှင့် အစိမ်းရောင်နတ်ဆိုး ဂိုဏ်းချုပ် မန်ရှုတို့ကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ စိုက်ကြည့်နေသည်။
သူတို့ နောက်ကွယ်မှ ထောက်ပံပေးနေသူ ရှိခြင်းကြောင့်သာ ဤလူနှစ်ယောက် ယခုလို ရိုင်းရိုင်းဆိုင်းဆိုင်း ပြောရဲနေခြင်းဖြစ်သည်ဆိုတာကို
ရှောင်လုံက နားလည်လိုက်သည်။

သူတို့ နောက်ကွယ်မှ ထောက်ပံနေသူများက နတ်ဘုရားကျောင်းတော် ၊ စကြာဝဠာနတ်ဘုရား ဂိုဏ်းနှင့် အပြစ်မြို့တော် ဆိုတာ ထင်ရှားနေလေသည်။

မန်ရှု ပြောပြီးသည့်နောက် အရိုးခြောက်ဂိုဏ်းချုပ်က အရှေ့ထွက်၍ ရှောင်လုံကို အော်ဟစ်ဆဲဆိုလေသည်။ အရိုးခြောက်ဂိုဏ်းချုပ်
ဆဲဆိုပြီးသည့်နောက် နောက်ထပ်ဂိုဏ်းချုပ် ၆ယောက်က ရှောင်လုံကို မခံချင်အောင် ဆွကြလေသည်။ နောက်ဆုံးတွင် ရှောင်လုံကိုစော်ကားပြောဆိုသူ ဆယ့်ကိုးယောက်တိတိရှိလာသည်။

".... ကောင်းပြီလေ ..."

ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်

".... ခင်ဗျားတို့ စိန်ခေါ်တာကို ကျုပ်လက်ခံတယ် ...
ကျုပ်နဲ့ တိုက်ခိုက်ဖို့ နောက်ထပ် ထွက်လာချင်တဲ့သူ ရှိသေးလား .... "

အမှန်တော့ ရှောင်လုံ အမိန့်တစ်ချက်ပေးလိုက်ရုံဖြင့် သားရဲလူသားများနှင့် မိစ္ဆာသားရဲများက ထိုလူများကို အလွယ်တကူရှင်းပစ်နိုင်စွမ်းရှိသည်။ ရှောင်လုံအနေဖြင့် တခြားလူများ သူ့လက်အောက်သို့ သစ္စာခံလာအောင် အတင်းအကျပ်ပြုလုပ်နိုင်သည့် အင်အားကို ပိုင်ဆိုင်ထားသည်။ ဤကဲ့သို့ စိန်ခေါ်မှုအား လက်ခံစရာ မလိုပေ ။ သို့သော် ရှောင်လုံက တစ်စုံတစ်ခုကို ကြံစည်ပြီးသား ဖြစ်သည်။ ရှောင်လုံက ဤအခွင့်အရေးကိုအသုံးပြု၍ သူ့ခွန်အားကို ပြသရန် ရည်ရွယ်ထားခြင်းပင် ။

ငမန်းအင်ပါရာ နှင့် တခြား ပြသနာရှာကြသူများက ရှောင်လုံအား စကြာဝဠာ အဆင့်၇ ၌သာ ရှိသေးသည်ဟု ထင်နေကြသည်။
ရှောင်လုံ နှုတ်ခမ်းထက်တွင် မထီတရီ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ရှောင်လုံက သူ့တို့စိန်ခေါ်မှု့အား လက်ခံလိုက်ချိန်တွင် ငမန်းအင်ပါရာနှင့် တခြားလူများက အံ့သြမှင်သက်ပြီး ကြက်သေသေ ကုန်ကြသည် ။ ရှောင်လုံ ကြိမ်းသေငြင်းဆန်မယ်ဟု သူတို့က အပိုင်တွက်ထားကြသည်။

ဆက်ပြီး ဖြစ်လာမည့် အခြေအနေများကို တိတ်တဆိတ် စောင့်ကြည့်နေကြသော တခြားဂိုဏ်းချုပ်များနှင့် မျိုးနွယ်စု ခေါင်းဆောင်များက ရှောင်လုံစိန်ခေါ်မှုကို လက်ခံလိုက်တာကြောင့် မက်မော၍ မတ်တပ်ထရပ်လိုက်ကြသည် ။

သူတို့အားလုံး ဝိုင်းဝန်း တိုက်ခိုက်လျှင် တစ်ယောက်တည်း ဖြစ်နေသည့် ရှောင်လုံအနေဖြင့် ခုခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူးဟု သူတို့က ထင်မြင်ယူဆလိုက်ကြသည်။ အကယ်၍ ရှောင်လုံသာ ရှုံးနိမ့်ခဲ့လျှင် သူတို့ နယ်မြေများ ထိန်းချုပ်ခံရမည့်ဘေးမှ ကင်းဝေးမှာ ဖြစ်သည်။
ထိုကြောင့် တစ်စနှင့်တစ်စ မတ်တပ်ထရပ်သူများလာသည်။

"... အဖေ ... ကျွန်တော်တို့လူသားမျိုးနွယ်လည်း ပူးပေါင်း ပါဝင်သင့်တယ် ထင်တယ်  ...."

လဲ့ဟွာက သူ့အဖေ မိုးကြိုးလူသားဘုရင်အား အကြံပြုလိုက်သည်။ မိုးကြိုးလူသားဘုရင်က အနည်းငယ် တုန့်ဆိုင်းနေသော်လည်း နောက်ဆုံး၌ တင်းမာခက်ထန်သောမျက်နှာထားဖြင့် မတ်တပ်ထရပ်လိုက်သည်။

နောက်ဆုံးထရပ်လိုက်သော မိုးကြိုးလူသားဘုရင်ကိုပါ ထည့်တွက်လျှင် ရှောင်လုံကို စိန်ခေါ်သူ လေးဆယ့်ခြောက်ယောက်အထိ ရှိလာသည်။

လေးဆယ့်ခြောက်ယောက်....!

ထို လေးဆယ့်ခြောက်ယောက်ထဲတွင် အင်အားအနည်းဆုံးဟု ဆိုနိုင်သူက စကြာဝဠာ အဆင့် ၉ အလယ် အဆင့် သိုင်းပညာရှင် ဖြစ်သည်။
ရှောင်လုံက သူ့အရှေ့မှ လူများကို တိတ်တဆိတ် အကဲခတ်လိုက်သည်

".... တော်ပြီလား.... ကျုပ်နဲ့ ယှဉ်ပြိုင်ဖို့ ထပ်ပြီး ထွက်လာချင်တဲ့လူ ရှိသေးလား ...?"

ရှောင်လုံမေးခွန်းကြောင့် ငမန်းအင်ပါရာက လှောင်ပြောင်ရယ်မောလိုက်သည်

"... ဟောင်ရှောင်လုံ ...မင်းနဲ့ ယှဉ်ပြိုင်မယ့် ဂိုဏ်းချုပ်တွေက အများကြီးပဲနော် ... နောက်ပြီး လက်သီးတို့ ဓားတို့ဆိုတာ မျက်လုံးမပါဘူး ... ငါတို့က တိုက်ရင်းခိုက်ရင်း မင်းကို မတော်တဆသတ်မိသွားရင် ဘယ်လိုလုပ်မှာလဲ...?"

အကယ်၍ ရှောင်လုံသေသွားခဲ့လျှင် သူတို့အားလုံး မိစ္ဆာသားရဲ နှင့် သားရဲလူသားများ၏ ဒေါသတကြီး တုန့်ပြန်မှုကို ခံရနိုင်သည်။ ထိုအချိန်ကြရင် သူအပါအဝင် မည်သူမှ ထွက်ပြေးနိုင်မှာ မဟုတ်ပေ ။ ငမန်းအင်ပါရာက ထိုအရာကို အဓိက စိုးရိမ်နေခြင်း ဖြစ်သည်။

ရှောင်လုံက ကြော်ငြာလိုက်သည်

".... သားရဲလူသားနဲ့ မိစ္ဆာသားရဲများ ကျုပ်အမိန့်ကို နားထောင်ကြ .... တကယ်လို့  တိုက်ခိုက်ရင်း ကျုပ်သေသွားခဲ့ရင်တောင် မင်းတို့ဘယ်သူကိုမှ တုန့်ပြန်ပြီး မတိုက်ခိုက်ရဘူး ....!"

".... အရှင့် အမိန့်ကို နာခံပါ့မယ် ...."

ပတ်ဝန်းကျင်မှ သားရဲလူသားများနှင့် မိစ္ဆာသားရဲများ၏ တစ်ပြိုင်နက် ပြန်ဖြေသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ဟိန်းထွက်သွားလေသည်။
ရှောင်လုံကြော်ငြာချက်ကြောင့် ငမန်းအင်ပါရာက အရမ်းကို ပျော်ရွှင်သွားပြီး စိတ်ထဲမှာ တိတ်တဆိတ်ရေရွတ်လိုက်သည်

"... ဟောင်ရှောင်လုံ .... မင်းတော့ ကိုယ်သေတွင်းကိုယ်တူးတာပဲ ...."

"... ဒီနေ့တော့ မင်းသေနေ့စေ့ပြီ ..."

ငမန်းအင်ပါရာ၏ မျက်လုံးများက လောဘအရောင်များဖြင့် တောက်ပလာသည်။ သူက အကယ်၍ ရှောင်လုံသေဆုံးသွားခဲ့လျှင် ရှောင်လုံကိုယ်ထဲမှ ထွက်ပေါ်လာမည့် နတ်တောင်ရွှမ်းမီ ၊ နှောင်ဖွဲ့ခြင်း နတ်ဘုရားလက်စွပ်နှင့် ပကတိစိတ်ဝိညာဉ်လက်စွပ်တို့အား အမြန်ဆုံးယူပြေးရန် ကြံစည်ထားလေသည်။

သို့သော် အရေးအကြီးဆုံးပစ္စည်းက သားရဲနတ်ဘုရား တောင်ဝှေ့ဖြစ်သည်။ ငမန်းအင်ပါရာက တခြားပစ္စည်းများ မရခဲ့လျှင်တောင် သားရဲနတ်ဘုရားတောင်ဝှေ့ကို အရယူရန် ဆုံးဖြတ်ထားသည်။

ငမန်းအင်ပါရာက  သားရဲနတ်ဘုရားတောင်ဝှေ့အား အရယူပြီးနောက် အရပ်ဆယ်မျက်နှာ တိုင်းပြည်ကြီးတစ်ခုလုံး သူ့လက်အောက် ရောက်လာမည့် မြင်ကွင်းများကို မြင်ယောင် လိုက်သည်။ အရပ်ဆယ်မျက်နှာ တိုင်းပြည်မှ သိုင်းပညာရှင်အားလုံး သူ့ရှေ့မှောက်တွင် ဒူးထောက်ခစားနေသည့် မြင်ကွင်းကို မြင်ယောင်ရင်း
ငမန်းအင်ပါရာက အားရပါးရအော်ရယ်လိုက်သည်။

ငမန်းအင်ပါရာကို ကြည့်ရင်း ရှောင်လုံး နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က အနည်းငယ် တွန့်ကွေးသွားသည်။ ထိုနောက်သူက ရင်ပြင်ကျယ်အလယ်သို့ လမ်းလျှောက်သွားလိုက်သည်။

ရှောင်လုံတို့သိုင်းပြိုင်ရန်အတွက် ရင်ပြင်ကျယ်အလယ်မှ သိုင်းပညာရှင်များက တုခါးနေရာများသို့ နေရာရွေ့လိုက်ကြသည်။ ထိုနောက် စက်ဝိုင်းအကျယ်ကြီး တစ်ခု ပြုလုပ်လိုက်သည်။
ငမန်းအင်ပါရာနှင့် မန်ရှုတို့က စည်းဝိုင်းအတွင်းသို့ အရင်ဆုံး ပြေးဝင်လာကြသည်။ ထိုနောက် တခြား ဂိုဏ်းချုပ် လေးဆယ့်နှစ်ယောက်က စည်းဝိုင်းအတွင်းသို့ဝင်လာပြီး ရှောင်လုံအား လွတ်လမ်းမရှိအောင် ဝန်းရံလိုက်ကြသည်။

  ရှောင်လုံအား အဆင့်မြင့်သိုင်းပညာရှင် လေးဆယ့်ခြောက်ယောက် ဝန်းရံထားသည့်မြင်ကွင်းကြောင့် နတ်သူငယ်ဘုရင်မ ကယ်လီ မျက်နှာထက်တွင် စိုးရိမ်မှုများ အတိုင်းသား ဖြစ်ပေါ်လာသည်။
ကယ်လီက ရှောင်လုံ ဤကဲ့သို့ တဇွတ်ထိုး လုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။

".... အရှင်မ ....ဒီပုံစံဆို သားရဲနတ်ဘုရား အရှင်တော့ .......a!"

ဆယ်လင်းက ချီတုံချတုံဖြင့် ပြောလိုက်သည်။
ကယ်လီက သက်ပြင်းမောကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ဤအခြေအနေတွင် ကူညီရန်အတွက် မဖြစ်နိုင်တော့ပေ ။
ရင်ပြင်ကျယ်ကြီး တစ်ခုလုံး အပ်ကျသံကိုပင် ကြားနိုင်သည်အထိ တိတ်ဆိတ်နေလေသည်။

ငမန်းအင်ပါရာ နှင့် တခြားဂိုဏ်းချုပ်များက သူတို့ကိုယ်ထဲမှ အတွင်းအားများအား အပြည့်အဝ ထုတ်လွှတ်လိုက်သည်။ သူတို့ကိုယ်မှ ထွက်ပေါ်လာသည့် ပြင်းထန်သိပ်သည်းသည့် အင်အားများကြောင့် ပတ်ဝန်းကျင်မှ လေစီးကြောင်းများပင် အေးခဲကုန်ကြသည်။

ထိုနောက် ငမန်းအင်ပါရာ က ပွဲကို စဖွင့်လိုက်သည်။
သူ့လက်ထဲသို့ ရှောင်လုံ၏ သားရဲတောင်ဝှေ့နှင့် ပုံစံချင်းတူသည့် တောင်ဝှေ့တစ်လက် ရောက်ရှိလာသည်။ သို့သော် ရှောင်လုံတောင်ဝှေ့နှင့် မတူသည့်အချက်နှာ သူ့တောင်ဝှေ့ထိပ်ပိုင်းက ရေသူမ ဦးခေါင်းကိုထွင်းထုထားခြင်း ဖြစ်သည်။

ဤတောင်ဝှေ့ကား ပင်လယ်အင်ပါရာ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့သည့်  ပင်လယ်မျိုးနွယ်စု၏ အထွတ်အမြတ် ရတနာတစ်ခု ဖြစ်သည်။  ပထမပင်လယ်အင်ပါရာက နတ်ပင်လယ်ကြမ်းပြင်မှ ရသော မရေတွက်နိုင်သည့် သဘာဝ ရေခဲသံမဏိဖြင့် ၎င်းတောင်ဝှေ့အား ထုဆစ်ပုံဖော်ခဲ့ခြင်းဖြစ်သည်။ ထိုအပြင် ပင်လယ်အင်ပါရာက ပင်လယ်တောင်ဝှေ့အား အောင်မြင်စွာ ထုဆစ်နိုင်ရန်အတွက် သူ့၏ နတ်ခွန်အားများစွာကိုလည်း အသုံးပြုခဲ့ရသည်။

"....သေပေတော့ ..."

ငမန်းအင်ပါရာက သူ့၏ အစွမ်းအထက်ဆုံးသိုင်းကွက်ကို ထုတ်သုံးလိုက်သည်။ ဤသိုင်းပြိုင်ပွဲတွင် ရှောင်လုံသာ မသေခဲ့လျှင် သူတို့အားလုံး သေနေ့စေ့ပြီဆိုတာကို ငမန်အင်ပါရာက ကောင်းကောင်းကြီး သဘောပေါက်ထားလေသည်။
ရှောင်လုံက သူ့ကို အသက်ချမ်းသာပေးမှာ မဟုတ်ပေ ။ ထိုကြောင့် တိုက်ပွဲ စတင်သည်နှင့် သူ့၏ အစွမ်းအထက်ဆုံးသိုင်ကွက်အား အသုံးပြုလိုက်ခြင်းပင် ။

ငမန်းအင်ပါရာ၏ ပင်လယ်တောင်ဝှေ့အတွင်းမှ အပြာရောင် ရေခဲစက်ဝိုင်းများစွာ  ဖြာထွက်လာသည်။ ထိုရေခဲစက်ဝိုင်းများ ဖြတ်သန်းသွားသည့်လမ်းတစ်လျှောက်တွင် ရှိနေသည့်အရာအားလုံး ရေခဲပန်းဆွဲ များအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲပင်လယ်ကြီး တစ်ခုအသွင်သို့ ပြောင်းလဲသွား၏။ 

ရှောင်လုံ၏ သားရဲတောင်ဝှေ့ထဲတွင် ရှေးဟောင်းသားရဲနတ်ဘုရားအစွမ်းများကို သိုလှောင်ထားခြင်းဖြစ်ပြီး ပင်လယ်တောင်ဝှေ့ထဲမှာတော့ ရှေးဟောင်း ပင်လယ်နတ်ဘုရားအစွမ်းများကို သိုလှောင် ချိတ်ပိတ် ထားသည်။

ထိုရေခဲပန်းဆွဲများက ပထမပင်လယ်နတ်ဘုရား၏ နတ်စွမ်းအားပင် ဖြစ်သည်။ ပင်လယ်အင်ပါရာ၏ ရေခဲစက်ဝန်းနှင့် ထိတွေ့မိလျှင် စကြာဝဠာ အဆင့် ၁၀ သိုင်းပညာရှင်ပင်လျှင် ရေခဲရုပ်ထုဖြစ်ခြင်းမှ လွတ်မြောက်နိုင်မှာ မဟုတ်ပေ ။

ရှောင်လုံကို တိုက်ခိုက်ရန် စိတ်အားတက်ကြွနေကြသည့် ဂိုဏ်းချုပ်များက ကြောက်မက်ဖွယ်ရာ
အပြာရောင် ရေခဲများကြောင့် အနောက်သို့ ကမန်းကတမ်း ဆုတ်သွားကြသည်။

ရှောင်လုံပုံရိပ်က ကြောက်မက်ဖွယ်ရာ အပြာရောင် ရေခဲထုအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားသည်။ ထိုနောက် ရှောင်လုံက မျက်စိတစ်မှိတ်အတွင်း၌ ရေခဲရုပ်ထုတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။

အပိုင်း ၅၀၁ .......

Continue Reading

You'll Also Like

17.1K 748 29
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...
58.8K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...
196K 2.3K 72
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...