ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.7K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

491 - 495

183 14 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၉၁ .....

  နဂါးကိုးကောင်ကျောင်းတော်တွင် ခန်းမဆောင် သခင်ကိုးယောက်ရှိသော်လည်း ခြင်္သေ့ရိုင်း ကျောင်းတော်တွင် ဂိုဏ်းချုပ် တစ်ယောက်သာရှိသည်။
လွေဂျေ ၏ အနောက်တွင် မတ်တပ်ရပ်နေသူများက  သူလက်အောက်မှ စစ်သူကြီးတွေ ဖြစ်ကြသည်။
လွေကျေ၏ စစ်သူကြီးများထဲတွင် သိုင်းအဆင့် အနိမ့်ဆုံးက စကြာဝဠာ အဆင့်၆ သိုင်းပညာရှင်ဖြစ်ပြီး သိုင်းအဆင့်အမြင့်ဆုံးက စကြာဝဠာ အဆင့်၁၀ နောက်ဆုံးအဆင့် သိုင်းပညာရှင် ဖြစ်သည်။

လွေဂျေကိုတော့ အောင်းကွမ်ပြီးလျှင် အစွမ်းအထက်ဆုံး သိုင်းပညာရှင်အဖြစ် လူသိများကြသည် ။

".... ဂိုဏ်းချုပ်ရဲ့ အစွမ်းက အောင်းကွမ်ထက်ကျော်သွားပြီဆိုတာ ကျွန်တော်ရဲရဲကြီးပြောရဲတယ် ..."

"... ဟုတ်တယ် ကျုပ်တို့ဂိုဏ်းချုပ်က မိစ္ဆာသားရဲမျိုးနွယ်ထဲမှ နံပါတ်တစ်သိုင်းပညာရှင် ဖြစ်လာတော့မှာ ... အခုချိန် အောင်းကွမ်နဲ့ ယှဉ်မယ်ဆိုရင်လဲ အောင်းကွမ်ကို သေချာပေါက်အနိုင်ရပြီ ..."

စစ်သူကြီးများက လွေဂျေကို အားရပါးရ ချီးကျူးလိုက်ကြသည်။ လွေဂျေကရယ်မောလိုက်ပြီး

"... ဒါဆိုလည်း နောက်လကြရင် အောင်းကွမ်နဲ့ သိုင်းဖလှယ်ဖို့ ဖိတ်စာပို့လိုက်တော့မယ် ..."

လွေဂျေ၏မျက်လုံးများက တိုက်ပွဲဆာလောင်စိတ်ဖြင့် တောက်ပလျက်ရှိသည်။
လွေဂျေက ကောင်းကင်မီးတောက်ခြင်္သေ့ အင်ပါရာ လက်ဝါးသိုင်းနှင့်အတူ နတ်ဘုရားအဆင့် ဆေးလုံးအမြောက်အမြားကိုလည်း ရရှိခဲ့သည်။
ထိုဆေးလုံးများကြောင့် လွေဂျေ၏ အတွင်းအားက ယခုနှစ်ပိုင်းအတွင်း သိသိသာသာကို တိုးတက်လာလေသည်။ လွေဂျေရင်ထဲမှာလည်း သူ့၏ လက်ရှိအစွမ်းသည် အောင်းကွမ်ကို ကျော်နိုင်ပြီဟု အပြည့်အဝယုံကြည်နေ၏ ။ ထိုကြောင့် လက်ရှိမှာ အစွမ်းထက်မှုအရ အစဉ်လိုက်စီထားသော သိုင်းပညာရှင် ဇယားကို လွေဂျေက မကျေနပ်တော့ပေ ။

".... ဂိုဏ်းချုပ် .... ဒီကောင်မလေးယောက်ကို လူသားမျိုးနွယ်ထဲကနေ ကျွန်တော်သေသေချာချာကို ရွေးပေးထားပါတယ် ... ဂိုဏ်းချုပ်ကြည့်ပါအုံး ...."

ထိုအချိန်တွင် အိမ်တော်ထိန်းနှင့်တူသော အဖိုးအိုတစ်ယောက်က မိန်းကလေးဆယ်ယောက်ကို ဦးဆောင်၍  အရှေ့သို့ထွက်လာသည်။

လွေဂျေကလည်း သူ့ရှေ့ရောက်လာသည့် သမင်မလေးဆယ်ယောက်ကို ငါးခူပြုံးလေးပြုံးရင်း ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်

"... အင်း ..မဆိုးပါဘူး ...""

လွေဂျေက လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်ကို ကောင်းကင်မီးတောက် ခြင်္သေ့ လက်ဝါးသိုင်း အောင်မြင်စေရန်သာ အပြင်းအထန် ကြိုးစားခဲ့ပြီး တခြားအရာများအပေါ် စိတ်မဝင်စားနိုင်ခဲ့ပေ။
ထိုကြောင့် လွေဂျေက ယခုညတွင် နှစ်ပေါင်းတရာကျော် အောင်းထားသော အရာတွေကို ဖွင့်ထုတ်ပြစ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မိစ္ဆာသားရဲမျိုးနွယ်မှ အမျိုးသမီးများကို လွေဂျေက အကြိုက် မတွေ့ပေ ။ သူက လှပသော လူသားမိန်းမပျိုလေးများကိုသာ ပို၍ နှစ်သက်လေသည်။

".... သတင်းတွေထဲမှာတော့ နှင်းလေတိုင်းပြည်ကြီးရဲ့ အလှဘုရင်မလေ ရှီရှောင်ဖေးက နတ်သူငယ်ဘုရင်မထက်ကို အများကြီး ပိုလှတယ်ဆိုပဲ .... ဂိုဏ်းချုပ် ပျော်ပါးလို့ရအောင် ကျုပ်တို့ နှင်းလေတိုင်းပြည်ကို ခရီးထွက်ပြီး ရှီရှောင်ဖေးကို သွားဖမ်းကြရင် ကောင်းမလား ...?"

အဆင့်မြင့် စစ်သူကြီး တစ်ယောက်က ရှေ့ထွက်လာပြီး သူ့အကြံကို ထုတ်ပြောလိုက်သည်။

"... အဲ့ဒါတော့ မကောင်းဘူးထင်တယ်နော် .... ရှီရှောင်ဖေးဆိုတာက ဟောင်ရှောက်လုံရဲ့ ကောင်မဆလးမဟုတ်လား .... လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စကြာဝဠာနတ်ဘုရားဂိုဏ်း သခင်လေးက ရှီရှောင်ဖေးကို ဖမ်းသွားဘူးတယ် ... အဲ့ဒီမှာ ဟောင်ရှောင်လုံက ဒေါသူပုန်ထပြီး စကြာဝဠာနတ်ဘုရားဂိုဏ်းသားတွေကို သတ်လိုက်တာမှ  ရေရွတ်လို့တောင်မရဘူးတဲ့ ..."

နောက်ထပ် စစ်သူကြီးတစ်ယောက်က စိုးရိမ်တကြီး ဝင်ရောက်သတိပေးလိုက်သည်။

"... စကြာဝဠာ နတ်ဘုရားဂိုဏ်းက ဟောင်ရှောင်လုံကိုကြောက်တိုင်း .... ကျုပ်တို့ကလိုက်ပြီး ကြောက်စရာလား ...? ခြင်္သေ့လူသားမျိုးနွယ်စုက သခင်လေး က သားရဲလူသားမျိုးနွယ်စုတွေကို သစ္စာဖောက်ပြီး နဂါးကိုးကောင်ကျောင်းတော်ဆီမှာ သစ္စာခံလိုက်တယ်တဲ့ .... ဒါပေမယ့် မင်းကြောက်နေတဲ့ သားရဲနတ်ဘုရား ဘွဲ့ခံထားတဲ့ကောင်က အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ချီးတောင်မပေါက်ရဲဘူး...."

တခြား စစ်သူကြီးများကလည်း တစ်ယောက်နှင့် တစ်ယောက် ငြင်းခုန်နေကြသည်။
လွေဂျင်က အားလုံးကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

"... ငါ အောင်းကွမ်ကို အနိုင်ယူပြီးတဲ့ အချိန်ထိစောင့်လိုက်အုံး .... အောင်းကွမ်ကိုအနိုင်ယူပြီတာနဲ့ နှင်းလေတိုင်ပြည်ကို ငါကိုယ်တိုင်သွားမယ် ... ရှီရှောင်ဖေးက သတင်းတွေထဲကအတိုင်း လှမလှဆိုတာ ကြည့်ကြသေးတာပေါ့ ...."

ရှီရှောင်ဖေးသာ သတင်းတွေထဲကအတိုင်းလှနေခဲ့လျှင် လွေဂျင်က ရှီရှောင်ဖေးအား ခြင်္သေ့ရိုင်းကျောင်းတော်၏ ဂိုဏ်းချုပ် ကတော်အဖြစ် ရွေးချယ်ရန် စဉ်းစားထားသည်။

" နောက်ထပ်တစ်လကြာရင် စိန်ခေါ်မယ်ဟုတ်လား .
. မလိုတော့ပါဘူး ..."

လွေဂျင်၏ စကားအဆုံးမှာ အေးစက်စက် စကားသံ ထွက်ပေါ်လာသည်။ ရုတ်တရက် ထွက်ပေါ်လာသည့် အေးစက်စက်စကားသံကြောင့် ရင်ပြင်ကျယ်ထဲမှ လးတွေအကုန်လုံး အံ့သြမှင်သက်သွားကြလေသည်။

"... ဘယ်သူလဲ ထွက်ခဲ့စမ်း ..."

လွေဂျင်အနောက်မှ မိစ္ဆာသားရဲ စစ်သူကြီးတစ်ယောက်က အော်ဟစ် အမိန့်ပေးလိုက်သည်။ ထိုစစ်သူကြီးက သူ့လက်အား တစ်စုံတစ်ရာကို ဖမ်းဆွဲသည့်အနေအထား ပြုလုပ်၍ လေထဲသို့ ခုန်တက်လိုက်သည်။

သို့သော် သူ့ခြေထောက်နှင့် မြေကြီး လွတ်သွားသည့်အခိုက်မှာ ကောင်းကင်တစ်ခုလုံးကို အရိပ်ထိုးသွားနိုင်သည့်  အင်အားကြီးမားသော ဧရာမလက်ဝါးကြီးက လေဟာနယ်အတွင်းမှ ပေါ်ထွက်လာသည်။ စစ်သူကြီးက ရှောင်တိမ်းရန်မဖြစ်နိုင်တာကြောင့် သူ့လက်ဝါးဖြင့် ကပျာကရာ ဆောင့်ခံလိုက်သည်။ သို့သော် ထိုစွမ်းအားသည် သူ့လက်ဝါးအား ချက်ချင်းဆိုသလို ချေဖျက်သွား၏။

ရင်ပြင်ကျယ်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
အရာအားလုံး ငြိမ်သက်သွားပြီးနောက် ရင်ပြင်ကျယ်ထဲတွင် လူပုံသဏ္ဍာန် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ထိုအပေါက်ကြီး၏ အောက်ခြေတွင် အစောပိုင်း လေထဲသို့ ပျံတက်လိုက်သည့် မိစ္ဆာသားရဲ စစ်သူကြီးက သေမှန် ရှင်မှန်းမသိ လဲလျောင်းလျက်ရှိသည်။

ဤအဖြစ်အပျက်ကြောင့် အားလုံးက တုန်လှုပ်ကာ သတိအနေအထား ဖြစ်ကုန်ကြသည်။ ထိုမိစ္ဆာသားရဲ စစ်သူကြီးက လွေဂျေလက်အောက်မှာ ရှိသော စစ်သူကြီးတစ်ရာ့ ရှစ်ယောက်ထဲတွင် အဆင့်၃ နေရာရရှိထားသူ ဖြစ်ပြီး စကြာဝဠာ အဆင့်၉ သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သို့သော် သူက မျက်စိတမှိတ်အတွင်း၌ ရှုံးနိမ့်သွားခဲ့လေသည်။

လွေဂျေလည်း ထိုအဖြစ်အပျက်ကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ ထိုနောက် ရင်ပြင်ကျယ်အပေါ်မှ လေဟာနယ်ထဲတွင် လှိုင်းတွန့်များဖြစ်ပေါ်လာပြီး လေထဲမှ လူအယောက်တစ်ရာကျော် ပေါ်ထွက်လာသည်။ ထိုလူအယောက်တစ်ရာမှ စုပေါင်း၍ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအင်များက လွေဂျေတို့အားလုံးပေါင်းသည်ထက်ကို ပို၍ ကြောက်စရာကောင်းနေသည်။

"... သူတို့က နဂါးကိုးကောင်ကျောင်းတော်က လူတွေပဲ ..."

ခြင်္သေ့ရိုင်းကျောင်းတော်မှ စစ်သူကြီးတစ်ယောက်က အော်ပြောလိုက်သည်။
ထိုနောက် သူတို့က အင်အားကြီးရန်သူများနှင့် ရ်ုဆိုင်ရတော့မည့်အလား လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။

"... အောင်းကွမ် ...ခင်ဗျားလား..?"

လွေဂျေက လေထဲမှာ ရပ်နေသည့် လူတစ်ယောက်ကို သတိပြုမိသွားပြီး မေးလိုက်သည်။
ထိုနောက် သူ့မျက်လုံးများက တိုက်ပွဲဆာလောင်စိတ်ဖြင့် တောက်ပလာကြသည်။ လွေဂျေက အော်ပြောလိုက်သည်

"... အောင်းကွမ် မင်းတို့ နဂါးကိုးကောင်ကျောင်းတော်က ငါတို့ခြင်္သေ့ရိုင်းကျောင်းတော်ကို ကျူးကျော်ချင်တဲ့ သဘောလား ...? မင်းတို့က ရောက်ရောက်ချင်းမှာဘဲ ငါ့လက်အောက်က စစ်သူကြီးတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ပြီးသွားပြီ ...ဒါကရော ဘာသဘောလဲ ...?"

အမှန်တော့ လွေဂျေ၏ စစ်သူကြီးကိုတိုက်ခိုက်လိုက်သူက ရှောင်လုံ ဖြစ်သည်။ သို့သော် နဂါးကိုးကောင်ကျောင်းတော်တွင် ဤကဲ့သို့ လုပ်ဆောင်နိုင်သူမှာ အောင်းကွမ်တစ်ယောက်တည်းသာ ရှိသည်ဟု  လွေဂျေက ယုံကြည်ထားသည်။

".... ဘာ သဘောမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူးကွာ ..."

အောင်းကွမ်က မထီတရီပြုံးရင်း ပြန်ဖြေလိုက်သည်။

လွေဂျေက ရင်ပြင်ကျယ်ထဲမှ လေထဲသို့ ပျံတက်လ်ိုက်ပြီး

"... ကျုပ်ကလည်း ခင်ဗျားကို စိန်ခေါ်စာပို့မလို့ ကြံစည်နေတာ.... ခင်ဗျားတကယ်ကို အချိန်ကိုက်ရောက်လာတာပဲ ...  ကျုပ်လည်း နောက်လအထိ စောင့်နေစရာမလိုတော့ဘူးပေါ့ ..."

ထိုသို့ ပြောပြီးသည့်နှင့် လွေဂျေကိုယ်ထဲမှ မိစ္ဆာချီများပေါက်ကွဲထွက်လာသည်။ လွေဂျေက အချိန်ဆိုင်းမနေတော့ဘဲ အောင်းကွမ်ရင်ဘတ်သို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။

လေပြင်းမုန်တိုင်းတစ်ခုက လွေဂျေလက်သီးအနောက်ကနေ လိုက်ပါသွားလေသည်။ ထိုကြောင့် လွေဂျေလက်သီးက နေတစ်စင်းလို တောက်ပလာသည်။ အောင်းကွမ်ဆီသို့ အင်အားကြီးမားသော စွမ်းအင်လှိုင်းများ ရောက်ရှိလာကြသည်။

ထိုအချိန်တွင် ဧရာမ လက်ကြီးက နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာပြီး လွေဂျေ၏ ဟာရီကိန်းမုန်တိုင်းလက်သီးနှင့် ဝင်ဆောင့်လိုက်သည်။ ထိုနောက် ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခု တိုက်မိသွားကြပြီး လေဟာနယ်များကွဲကြေကာ ကောင်းကင်ကြီးပါ တုန်ခါသွားသည်။ ရင်ပြင်ကျယ်အတွင်းမှ တခြားလူများကလည်း စွမ်းအင်စက်ဝိုင်းအတွင်းမှ သုတ်သုတ်ပြာပြာ ဆုတ်ခွာလိုက်ကြသည်။

လွေဂျေရင်ထဲမှာ သူ့တစ်ကိုယ်လုံးသို့ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခု လွှမ်းခြုံသွားတာကို ခံစားမိလိုက်သည်။ သူ့ကို အံ့သြသွားစေသည့်အချက်မှာ သူက ထိုအော်ရာများကို မခုခံနိုင်သည့် အချက်ပင် ဖြစ်သည်။ သူက မီတာတစ်ရာကျော်သည်အထိ ဒယီးဒယိုင်ဖြင့် အနောက်ဆုတ်ပေးလိုက်ရသည်။

လွေဂျေက တုန်လှုပ်နေသော မျက်လုံးများဖြင့် ဧရာမလက်ကြီးထွက်ပေါ်လာသည့်နေရာသို့ ရှာဖွေလိုက်သည်။ ထို ဧရာမလက်ကြီးက အောင်းကွမ်နံဘေးတွင် ရှိနေသည့် လူငယ်လေးထံမှ ထွက်ပေါ်လာမှန်းကို လွေဂျေတစ်ယောက် အံ့သြစဖွယ် တွေ့ရှိလိုက်ရသည်။

ဒါဆို ငါလက်အောက်က စစ်သူကြီးကို ဒဏ်ရာရအောင် လုပ်တာလဲ ဒီလူငယ်လေးလား ....?
အောင်းကွမ် မဟုတ်ဘူးလား ..?

အောင်းကွမ်နှင့်အတူ သိုင်းပညာရှင်အယောက်တစ်ရာကျော်ပါလာတာကြောင့် လွေဂျေ ရှောင်လုံအား သတိမပြုမိခဲ့ပေ ။
ခြင်္သေ့ရိုင်းကျောင်းတော်မှ အကြီးအကဲများလည်း အလွန်ပင် ထိတ်လန့်သွားကြသည်။
ပိန်းပိန်ပါးပါး နှင့် လူငယ်လေးတစ်ယောက်က သူတို့လေစားရသော ဂိုဏ်းချုပ်ကို အနောက်ဘက်သို့ ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည့် အဖြစ်ကို သူတို့အားလုံး မယုံနိုင်အောင် ဖြစ်နေကြသည်။

လွေဂျေမျက်နှာထက်မှ အမူအရာများက ထပ်ခါထပ်ခါ ပြောင်းလဲနေသည်။ ထိုနောက် သူက အားရပါးရ ရယ်မောလိုက်သည်

"... ဟားဟား ..အောင်းကွမ် ... သူကို မင်းတို့နဂါးကိုးကောင်ကျောင်းတော်က ငှါးထားတာလား  ...?"

လွေဂျေက ရှောင်လုံကို အောင်းကွမ်၏ လက်အောက်ငယ်သား တစ်ယောက်လို့သာ ထင်နေလေသည်။

"... လူငယ်လေး... အောင်းကွမ်က မင်းကို ဘာတွေနဲ့ ဆွဲဆောင်ထားသလဲ ...?"

သူက ထပ်ပြောလိုက်သည်

".... ဒီလိုလုပ်ကွာ ..မင်း ငါတို့ ခြင်္သေ့ရိုင်းကျောင်းတော်နဲ့ ပူးပေါင်းလိုက် .... ငါမင်းကို အောင်းကွမ် ပေးတာထက် နှစ်ဆပေးမယ် ... "

ထိုစကားကြားချိန်တွင် အောင်းကွမ်နှင့် နဂါးကိုးကောင်ကျောင်းတော်မှ သိုင်းပညာရှင်များ၏ မျက်နှာပေါ်တွင်  ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။ အောင်းကွမ်က လွေဂျင်ကို သနားစရာလူတစ်ယောက်လိုကြည့်ရင်း မဲ့ပြုံး ပြုံးလိုက်သည်။

"... ခင်ဗျားတို့ အားလုံး နောက်ဆုတ်ကြ ..."

အားလုံးက အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြစဉ် ရှောင်လုံ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်ပေါ်လာသည်။

နောက်ဆုတ်ကြ ...?

လွေဂျေက ရှောင်လုံအား နားမလည်သလို စိုက်ကြည့်လိုက်သည်။  အောင်းကွမ်နှင့် နဂါးကိုးကောင်ကျောင်းတော်မှ သိုင်းပညာရှင်များက ရိုရိုသေသေဖြင့် ရှောင်လုံအမိန့်ကို နာခံလိုက်ကြသည်

".... ကောင်းပါပြီ .... သခင် ..."

ထိုနောက် အောင်းကွမ်တို့က ရှောင်လုံနှင့် ခပ်လှမ်းလှမ်းနေရာသို့ ဆုတ်ခွာသွားကြသည်။
လွေဂျင် နှင့် ခြင်္သေ့ရိုင်းကျောင်းတော်မှ သိုင်းပညာရှင်များက အံ့သြလွန်းတာကြောင့် မျက်စိများပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

သခင် .....ဟုတ်လား ?
ငါတို့များ နားကြားလွဲတာလား ....?
ဒါမှမဟုတ် နဂါးကိုးကောင်ကျောင်းတော်မှ သိုင်းပညာရှင်တွေအကုန်လုံး ဒီကောင်လေးကို တကယ်ဘဲ သခင်လို့ ခေါ်လိုက်တာလား ....?!

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၉၂ ....

အောင်းကွမ်လို တစ်တိုင်းပြည်လုံး၏ နံပါတ်တစ်သိုင်းပညာရှင်က ဆံပင်အနက်နှင့် လူငယ်လေးကို သခင်ဟု ခေါ်လိုက်သည့်အပေါ် အားလုံးက မယုံနိုင်အောင် ဖြစ်သွားကြသည်။

ရှောင်လုံက လွေဂျင်အနားသို့ ဖြည်းဖြည်းချင်းလမ်းလျှောက်သွားလိုက်သည်။
သူ့မျက်နှာထားကလည်း ရေခဲတမျှ အေးစက်နေ၏

".. လွေဂျင် ... ခင်ဗျားဆီမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်  .... အောင်းကွမ်လို ကျုပ်ဆီမှာ သစ္စာခံမလား ....သေမလား ....?"

ရှောင်လုံ၏ အေးစက်စက် စကားသံက ခြင်္သေ့ရိုင်း ကျောင်းတော်တစ်ခုလုံးကို ပဲ့တင်ခတ်သွားသည်။
ခြင်္သေ့ရိုင်းကျောင်းတော်အားစောင့်ကြပ်နေကြသည့် အစောင့်များပင် ထိုစကားလုံးများကို ကြည်ကြည်လင်လင် ကြားလိုက်ရသည်။ ကျောင်းတော်ထဲမှ သိုင်းသမားအားလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။

လွေဂျင်က ရှောင်လုံစကားကိုကြားပြီးနောက်တွင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည် ။ ထိုနောက် လွေဂျင်၏ နက်ရှိုင်းထည်ဝါသောအသံက
လေထုထဲတွင် မိုးခြိမ်းသလို ထွက်ပေါ်လာသည်။

"... ကောင်လေး .. မင်း အောင်းကွမ်နဲ့ သူ့လက်အောက်ငယ်သားတွေကိုတော့ ဘယ်လို စည်းရုံးလိုက်တယ်ဆိုတာ ငါမသိဘူး ... နဂါးကိုးကောင် ကျောင်းတော်က လူတွေလောက်နဲ့ ငါတို့ ခြင်္သေ့ရိုင်းကျောင်းတော်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်မယ်လို့ မင်းထင်နေတာလား...?"

ထိုအချိန်တွင် ခြင်္သေ့ရိုင်းကျောင်းတောင်မှ သိုင်သမားများက နေရာအသီးသီးမှ ထွက်ပေါ်လာကြသည်။ ခဏကြာပြီးနောက်  ရင်ပြင်ကျယ်ကြီးတစ်ခုလုံး သောင်းနှင့်ချီသော ခြင်္သေ့ရိုင်းကျောင်းတော်၏ သိုင်းပညာရှင်များဖြင့် ပြည့်နှက်သွားလေသည်။ ထိုလူများထဲတွင် စကြာဝဠာ စဦးမဆင့်နှင့် အလယ်အဆင့် သိုင်းပညာရှင်အမြောက်အများ ပါဝင်လေသည်။

လွေဂျင်၏ လက်အာက်တွင် စစ်သူကြီး တစ်ရာရှစ်ယောက်အပြင် ကောင်းကင် စောက်ရှောက်သူ ဟုသော လက်ရွေးစင်အဖွဲ့ တစ်ဖွဲ့ရှိသည်။ ထိုလက်ရွေးစင်အဖွဲ့ကို စကြာဝဠာသိုင်းပညာရှင်များ သီးသန့်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကုန်လွန်ခဲ့သော နှစ်များတွင် လွေဂျင်က နဂါးကိုးကောင်ကျောင်းတော်၏ လွှမ်းမိုးမှုကို ကျော်လွန်နိုင်ရန် တိတ်တဆိတ် စွမ်းအားများ
စုဆောင်းထားခဲ့သည်။

ရှောင်လုံတို့လူစု လွတ်မြောက်နိုင်သည့် ဖြစ်နိုင်ခြေအားလုံးကို ဖြတ်တောက်ပြီး လွေဂျင်က ခပ်လှောင်လှောင်ပြုံးလိုက်ပြီး

"... အောင်းကွမ် ...  ကျုပ်တို့ ခြင်္သေ့ရိုင်းကျောင်းတော်ရဲ့ ခွန်းအားကို ခင်ဗျားရော ဘယ်လိုထင်လဲ ..?
ကြည့်စမ်းပါအုံး ...ဒါက ခင်ဗျားတို့ နဂါးကိုးကောင်ကျောင်းတော်ကို ချေမှုန်းပြီး မိစ္ဆာသားရဲ မျိုးနွယ်စုတစ်ခုလုံးကိုအုပ်စိုးဖို့အတွက် ကျုပ် ကြိုးစားပမ်းစားနဲ့ စုဆောင်းထားတဲ့ ခွန်းအားတွေပဲ ...!"

အောင်းကွမ်က ခြင်္သေ့ရိုင်းကျောင်းတော်မှ သိုင်းပညာရှင်များကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်သည်။ ထိုနောက် သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
အောင်းကွမ်တို့လူစု၏ မျက်နှာထက်တွင် ကြောက်ရွံစိတ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်း မရှိပေ ။

".... အကုန်လုံးကို ရှင်းပြစ်စမ်း ...!"

လွေဂျင်က ရုတ်တရက် အော်ဟစ်ပြီး အမိန့်ပေးလိုက်သည် ။ လွေဂျင်၏ အမိန့်သံအဆုံးတွင် ခြင်္သေ့ရိုင်းကျောင်းတော်မှ သိုင်းပညာရှင်များက ရှောင်လုံ ၊ အောင်းကွမ်နှင့် နဂါးကိုးကောင်ကျောင်းတော်မှ သိုင်းပညာရှင်များထံသို့ ရူးသွပ်စွာဖြင့် ပြေးဝင်လာကြသည်။

ထိုမြင်ကွင်းကိုကြည့်နေရင်း ရှောင်လုံမျက်လုံးထဲတွင်  အေးစက်စက်အလင်းတန်းများ ဖျတ်ကနဲ လက်သွားသည်။ ထိုနောက် ရှောင်လုံက လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။ မဟာတစ္ဆေအလံတော်က ကောင်းကင်ပေါ်သို့ တဟုန်ထိုးထိုးတက်သွားပြီး တဖြည်းဖြည်း ကြီးလာသည်။ ထိုနောက် သူ့အမြင့်က မီတာ သုံးရာအထိ ရောက်ရှိသွားသည်။ မဟာတစ္ဆေအလံတော်က ခန့်မှန်း၍ မရသော ထူးခြားသည့် ရွေ့ပြောင်းမှုဖြင့်  လေဟာနယ် တစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။ ထိုသို့ ပိတ်ဆို့ပြီးနောက် အလွန်ပြင်းထန်သော တစ္ဆေအော်ရာများ ထွက်ပေါ်လာပြီး တစ္ဆေများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ခြင်္သေ့ရိုင်းကျောင်းတော်ဘက်က ပြေးလွှားလာကြသည့် သိုင်းပညာရှင်များသည့် ရုတ်တရက် ထွက်ပေါ်လာသော တစ္ဆေအော်ရာများကြောင့် ကြောက်ရွံထိတ်လန့်ကုန်ကြ၏ ။ ထိုမြင်ကွင်းကြောင့် လွေဂျင်နှင့် သူ့လက်အောက်မှ စစ်သူကြီး အကုန်လုံး မျက်နှာပျက်ကုန်ကြသည်။

ရုတ်တရက် ပေါက်ကွဲထွက်လာသော တစ္ဆေအော်ရာများမှ ဖြစ်ပေါ်လာကြသည့် တစ္ဆေများက စကြာဝဠာအဆင့် တစ္ဆေများဖြစ်ကြသည်။ ထိုအပြင် သူတို့က စကြာဝဠာ အဆင့်၅နှ အဆင့် ၆ ကြား ခွန်းအားရှိသော တစ္ဆေများ ဖြစ်သည်။

မြောက်မြားစွာသော တစ္ဆေအုပ်ကြီးလက်ချက်ဖြင့် ခြင်္သေ့ရိုင်းကျောင်းတော်မှ သိုင်းပညာရှင်များက ခုခံရန်စွမ်းအားကင်းမဲ့သွားပြီး သစ်ကိုင်းခြောက်များလို တစ်စစီ ကျိုးကြေပျက်ဆီးကုန်ကြသည်။

"... ပြန်ဆုတ် ... မြန်မြန်ပြန်ဆုတ်ကြ ..."

လွေဂျင်က စိတ်လှုပ်ရှားစွာဖြင့် အလောတကြီး အော်ဟစ် အမိန့်ပေးလိုက်သည်။ အမှန်တော့ လွေဂျင် အမိန့်မပေးခင်ကတည်းက သိုင်းသမားအားလုံး ကြောက်လန့်စွာအော်ဟစ်ရင်း ထွက်ပြေးကုန်ကြပြီဘဲ ဖြစ်သည်။

ကံဆိုးစွာဖြင့် နောက်ကျသွားသူများကတော့ တစ္ဆေများအတွက် အားဖြည့်အစားအစာများ ဖြစ်ကုန်ကြသည်။ မဟာတစ္ဆေတပ်မတော်ကြီးက
မီတာပေါင်းများစွာအထိ ကြီးမားကျယ်ပြန့် သွားသည်။  သူတို့က လမ်းကြောင်းတစ်လျှောက် ရှိနေသည့်အရာအားလုံးကို ချိုးခြေဖျက်ဆီးသွားပြီး နောက်ဆုံးတွင် ရပ်တန့်သွားသည်။

ထိုအခါကြမှ ခြင်္သေ့ရိုင်းကျောင်းတော်က သိုင်းပညာရှင်များက တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ သူတို့ ဝတ်ရုံ၏ နောက်ကျောဘက်တွင် ချွေးများဖြင့် ရွှဲနစ်နေလေသည်။
မဟာတစ္ဆေတပ်မတော်ကြီးက ခြင်္သေ့ရိုင်းကျောင်းတော်မှ သိုင်းပညာရှင်အကုန်လုံးကို ဝိုင်းရံပြီးမှ ရပ်တန့်သွားခြင်းပင် ။

"... ဒါ...ဒါဆို ...မင်း...မင်းက ဟောင်ရှောင်လုံပေါ့ ..."

လွေဂျင်ပါးစပ်မှ တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည့်အသံ ထွက်ပေါ်လာသည်။
ရှောင်လုံထံတွင် သိုင်းလောကသားများ ကြောက်လန့်ကြသည့် အရာနှစ်ခု ရှိသည်။ တစ်ခုက သတ်ရန်အလွန်ခက်ခဲသော အနက်ရောင် အဆိပ်နောက်ချေးပိုးများ ဖြစ်ကြသည်။နောက်တစ်ခုက သိန်းနှင့်ချီသော မဟာတစ္ဆေတပ်မတော်ကြီး၏ မိခင် မဟာတစ္ဆေ အလံတော်ပင် ဖြစ်သည်။ သိုင်းလောကထဲတွင် ထိုနာမည်နှစ်ခုကို ကြားလိုက်သူတိုင်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားလေ့ရှိသည်။ ထိုပစ္စည်းနှစ်ခုက ရှောင်လုံထံတွင်သာရှိသည်။ ထိုကြောင့် မဟာတစ္ဆေအလံတော်ကိုမြင်သည်နှင့် လွေဂျင်က ရှောင်လုံမှန်း တစ်ခါတည်း သိသွားသည်။

"...ဟောင်ရှောင်လုံ ..."

"... သူက ဟောင်ရှောင်လုံပဲ ..."

ထိုနာမည်ကလည်း ခြင်္သေ့ရိုင်းကျောင်းတော်မှ ိုင်းပညာရှင်များ၏  မျက်နှာကို ဖြူဆွတ်သွားစေသည် ။

သူတို့က အစောပိုင်းတွင် သတ္တိအပြည့်ဖြင့် ရှောင်လုံအားမျက်လုံးထဲ လုံးဝ ထည့်မထားသလို ဆွေးနွေးနေကြသော်လည်း ယခုနဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်တွေ့ချိန်မှာတော့ အကုန်လုံး ကြောက်ဒူး တုန်ကုန်ကြသည်။

ရှောင်လုံက စကားတခွန်းမှ မပြောပေ ။ သူလက်တစ်ဖက်ကိုသာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရှောင်လုံ၏ နောက်ထပ် နာမည်ကျော်ကြားသော အဆိပ်နောက်ချေးပိုးအုပ်ကြီး ထွက်ပေါ်လာကြသည်။

တစ္ဆေအုပ်ကြီးကြောင့် ကြောက်ရွံနေကြသူများက အဆိပ်နောက်ချေးပိုးများ ထပ်ရောက်လာတာကို မြင်တော့ ကြောက်ရွံစိတ်များ ငယ်ထိပ်ရောက်သွားပြီး ဒူးများညွတ်၍ မူးမေ့လဲကျကုန်မတတ် ဖြစ်ကုန်သည်။
တစ်နာရီခန့်ကြာပြီးနောက် လွေဂျင်မှ လွဲ၍ ခြင်္သေ့ရိုင်းကျောင်းတော်မှ သိုင်းပညာရှင်အားလုံး
အဆိပ်နောက်ချေပိုးများ အကိုက်ခံလိုက်ရသည်။
သို့သော် ရှောင်လုံက သူတို့အားလုံးကို အသက်ရှင်ရက်ပင် ထားလိုက်သည်။

အောင်းကွမ်တို့လူစုက အချိန်တစ်နာရီအတွင်း ချွေးတစ်စက်မှ မကျ စစ်သားတစ်ယောက် မှ ဆုံးရှုံးခြင်း မရှိဘဲ ခြင်္သေ့ရိုင်းကျောင်းတော်တစ်ခုလုံးကို လွယ်လွယ်ကူကူ ထိန်းချုပ်လိုက်သည့် ရှောင်လုံ ကိုကြည့်ရင်း နဖူးထက်မှ ချွေးသီးချွေးပေါက်များ အဆက်မပြတ် ကျဆင်းလာသည်။

အောင်းကွမ်တို့ ညီအကို ကိုးယောက်က ရှောင်လုံလက်အောက်တွင် ခိုလှုံရန် ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ခဲ့သည့်အပေါ်  အကြိမ်ကြိမ်အခါခါ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။ အကယ်၍ ရှောင်လုံကိုသာ အဆုံးအစွန်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့လျင်  သူအဆုံးသတ်က တွေးဝံ့စရာ မရှိပေ ။

"... ဟောင်ရှောင်လုံ ... အဆိပ်နောက်ချေးပိုးတွေ နဲ့ မဟာတစ္ဆေအလံတော်ကိုဘဲ အားကိုးနေတဲ့ မင်းဆီမှာတော့ ငါသစ္စာမခံနိုင်ဘူး ... မင်းဇရှိရင် မင်းနဲ့ငါနဲ့ တစ်ယောက်တစ်ယောက် ချင်း ယှဉ်ပြိုင်မလား ...?"

လွေဂျင်က အဆိပ်နောက်ချေးပိုး တစ်အုပ်ကို လက်သီးဖြင့် ထိုးချလိုက်ပြီးနောက် ရှောင်လုံအား နီရဲနေသောမျက်လုံးများဖြင့် စိုက်ကြည့်ရင်း စူးစူးဝါးဝါး အော်ပြောလိုက်သည်။

လွေဂျင်စကားကိုကြားတော့ အောင်းကွမ်က ပြုံးရင်း ခေါင်းခါလိုက်သည်။ သူတို့ညီအကို ကိုးယောက် ပူးပေါင်၍ တိုက်ခိုက်တာတောင်မှ ရှောင်လုံကို အနိုင်ယူနိုင်စွမ်း မရှိခဲ့ပေ ။ မကြာခင်မှာ လွေဂျင်တစ်ယောက် မရှုမလှ ခံရတော့မည်အပေါ် အောင်းကွမ်က ကျိတ်ပြုံးလိုက်ခြင်းပင် ။

လွေဂျင်စကားကိုကြားသည့်နှင့် ရှောင်လုံက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အဆိပ်နောက်ချေးပိုးများကို ပြန်သိမ်းလိုက်သည်။ ထိုနောက် သူက လွေဂျင်အရှေ့သို့ ဖျတ်ကနဲ ရောက်ရှိသွားပြီး ဆေးလုံးတစ်လုံး ပြစ်ပေးလိုက်သည်

"... ရော့ ဒါက သက်တမ်း အနှစ်တစ်သောင်းကျော် ဝိညာဉ်သန့်စင်ဆေးမြစ်ပဲ ... မြိုချလိုက် ....ခင်ဗျား အတွင်းအားတွေ ခဏလေးနဲ့ ပြန်ပြည့်လာလိမ့်မယ် ..."

အနှစ်တစ်သောင်းကျော်သက်တမ်းရှိတဲ့ စိတ်ဝိညာဉ် သန့်စင်ဆေး ....!

လွေဂျင်က ဆေးမြစ်ကို လှမ်းဖမ်းပြီးနောက် ရှောင်လုံမျက်နှာကို သံသယအကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။ သို့သော် သူက မြိုချလိုက်လေသည်။ စိတ်ဝိညာဉ်သန့်စင် ဆေးမြစ်ကို မြိုချလိုက်သည်နှင့် အဆိပ်နောက်ချေးပိုးများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရခြင်းကြောင့် ကုန်ခမ်းသွားသည့် လွေဂျင် အတွင်းအားများက လျင်မြန်စွာဖြင့် ပြန်လည် ပြည့်ဝလာသည်။

လွေဂျင်က အတွင်းအားများ ပြည့်ဝလာသည့်နှင့် သားရဲအသွင်သို့ ချက်ချင်းပြောင်းလဲကာ
သူ့ကိုယ်ထဲမှ ရှေးဟောင်းခြင်္သေ့နတ်ဘုရား၏ သွေးမျိုးဆက်ကို နှိုးထစေလိုက်သည်။ ရှေးဟောင်းခြင်္သေ့နတ်ဘုရား သွေးမျိုးဆက် နှိုးထလာပြီးနောက် လွေဂျင်က ဧရာမ မီးတောက် ခြင်္သေ့ကြီးတစ်ကောင် အဖြစ် ပြောင်းလဲသွားလေသည်။ ထိုနောက် လွေဂျင် တဖြစ်လဲ မီးတောက် ခြင်္သေ့ကြီးက ရှောင်လုံကို ခုန်အုပ်လိုက်သည်။

လေထဲတွင် မိုးခြိမ်းသလို ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ သို့သော် ထိုအသံများက စက္ကန့်ပိုင်းအတွင်းမှာဘဲ တိတ်ဆိတ်သွား၏ ။

အောင်းကွမ် အလှည့်ကလို လွေဂျင်ကလည်း ရှောင်လုံလက်သီးတစ်ချက်ကြောင့် လေထဲမှ ဇောက်ထိုးပြုတ်ကျလာပြီး တစ်ကိုယ်လုံး မြေကြီးထဲ နစ်ဝင်သွားပြီ လည်ပင်းလေးသာ မြေကြီးထက်တွင် ပေါ်နေသည်။ သူကလုံးဝကို မလှုပ်ရှားနိုင်တော့ပေ ။

  တစ်နာရီခန့်ကြာပြီးနောက် ခြင်္သေ့ရိုင်းကျောင်းတော်၏ စစ်သူကြီး တစ်ရာ့ရှစ်ယောက်က ရှောင်လုံလက်အောက်တွင် အညံခံလိုက်သည်။
ခေါင်းမာသူတစ်ချို့ကိုတော့ ရှောင်လုံက လင်းလောင်ရတနာစေတီအတွင်းသို့ ပြောင်းရွေ့၍ အဆိပ်နောက်ချေးပိုးများနှင့်အတူ နေထိုင်စေလိုက်သည်။

ကြေနပ်သည့်အထိ ယှဉ်ပြိုင်ပြီးနောက်  လွေဂျင်က  ရှောင်လုံထံတွင် အညံခံလိုက်သည်။

ရှောင်လုံက လွေဂျင် နှင့်  စစ်သူကြီးများအား သူတို့ စိတ်ဝိညာဉ်ပင်လယ်တွင် ကာကွယ်တားဆီးပေးထားသည့် အတားအဆီးကို ဖြေလျော့ရန် အမိန့်ပေးလိုက်သည်။ ထိုနောက် သူတို့ စိတ်ဝိညာဉ်ပင်လယ်အတွင်း၌ စိတ်ဝိညာဉ်အမှတ်အသား ခပ်နှိပ်လိုက်သည်။
ထိုသို့ လုပ်ဆောင်ပြီးနောက် နဂါးကိုးကောင် ကျောင်းတော်နှင့် ခြင်္သေ့ရိုင်း ကျောင်းတော် တို့က ရှောင်လုံ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်ရှိလာသည်။

ရှောင်လုံ သိမ်းပိာက်ရန်အတွက် မျောက်ဝံ နတ်ဘုရားကျောင်းတော် တစ်ခုသာ ကျန်ရှိတော့သည်။ ရှောင်လုံက သတင်းမပြန့်စေရန် နဂါးကိုးကောင်မြို့တွင် အသုံးပြုခဲ့သည့် နည်းလမ်းကိုဘဲ ဆက်လက် အသုံးပြုလိုက်သည်။

သုံးရက်ကြာပြီးနောက် လွေဂျင်နှင့် ခြင်္သေ့ရိုင်းကျောင်းတော်မှ သိုင်းပညာရှင်များက ဒဏ်ရာမှ ပြန်လည် သက်သာလာကြသည်။ ရှောင်လုံက နဂါးကိုးကောင်ကျောင်းတော်နှင့် ခြင်္သေ့ရိုင်းကျောင်းတော်မှ သိုင်းပညာရှင်များကို ခေါ်ဆောင်၍ မျောက်ဝံနတ်ဘုရားကျောင်းတော်ဆီသို့ ဦးတည်ပျံသန်းသွားလေသည်။

  ......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၉၃ ....

  သို့သော် ရှောင်လုံတို့ မျောက်ဝံနတ်ဘုရားကျောင်းတော်သို့ရောက်ရှိလာချိန်တွင် ဂိုဏ်းချုပ် ကျောက်ယုပင်း မရှိပေ ။ ထိုကြောင့် လက်ထောက်ဂိုဏ်းချုပ်ကို ဖမ်းဆီး၍ စစ်ဆေးမေးမြန်းလိုက်သည် ။ မျောက်ဝံနတ်ဘုရားဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်က သူ့သိထားသမျှကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်

"....ဂိုဏ်းချုပ်ကြီးက လျှို့ဝှက်ဆန်းကြယ် ဆင်တောင်၏ အနီးအနားမှာ ခရမ်းရောင်ဝိညာဉ်ဝါးမြိုမျောက်တစ်ကောင်ပေါ်တဲ့ သတင်းကို ရရှိခဲ့ပါတယ် .. အဲ့ဒါကြောင့် ခရမ်းရောင်ဝိညာဉ်ဝါးမြိုမျောက်ကို ဖမ်းပြီး သွေးမျိုးဆက်ကို စုပ်ယူဖို့အတွက် ခရီးထွက်သွားတာ နှစ်ရက်လောက်ရှိနေပါပြီ ... "

ခရမ်းရောင်ဝိညာဉ်ဝါးမြိုမျောက် ....!

ထိုနာမည်အားကြားလိုက်သည်နှင့် ရှောင်လုံရင်ထဲမှာ မြေငလျင်ငယ်လေးတစ်ခု လှုပ်ခတ်သွားလေသည်။ ဤကမ္ဘာတွင် ခရမ်းရောင်ဝိညာဉ်ဝါးမြိုမျောက် မျိုးဆက်ကား အလွန်ပင်ရှားပါးလှသည်။ နှစ်ပေါင်းထောင်ချီကြာသော်လည်း တစ်ကောင်မြင်ရခဲသည်။ ထိုကြောင့် လျှို့ဝှက်ဆန်းကြယ် ဆင်တောင် ထိပ်ပေါ်သို့ ရောက်နေသည့် ခရမ်းရောင်မျောက်ကလေးက ရှောင်လုံနှင့် ကွဲကွာခဲ့ရသည့် မျောက်ကလေး ဖြစ်နိုင်ခြေများ၏ ။

ထိုသတင်းကို ကြားလိုက်သည်နှင့် ရှောင်လုံက အရမ်းကို တုန်လှုပ်သွားလေသည်။ သူက ဒုဂိုဏ်းချုပ်ကို ဂုတ်ကနေ ကိုင်မ၍ သေသေချာချာ မေးမြန်းလိုက်သည်။ ထိုနောက် မျောက်ဝံနတ်ဘုရားကျောင်းတော်တွင် လုပ်ဆောင်ရန် ကျန်ရှိနေသေးသည့် အရာများကို အောင်းကွမ်တို့ လူစုအား တာဝန်ပေးလိုက်ပြီး သူ့ကတော့ လျှိုဝှက်ဆန်းကြယ် ဆင်တောင်ထိပ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားသည်။

ဆန်းကြယ်လျှို့ဝှက် ဆင်တောင်ထိပ်က မိစ္ဆာသားရဲများ၏ အထွတ်အမြတ် နယ်မြေတစ်ခု ဖြစ်သည်။ ရှေးဟောင်း ဒဏ္ဍာရီများအရ ထိုနေရာကား မိစ္ဆာသားရဲမျိုးနွယ်အားလုံး အုပ်ချုပ်ခဲ့သော သားရဲအင်ပါရာ၏  သိုင်းလေ့ကျင့်ရာ ဘူမိနက်သန် လည်း ဖြစ်ခဲ့ဘူးသည်။ သားရဲအင်ပါရာက နောက်ပိုင်းတွင် သားရဲနတ်ဘုရားလက်အောက်မှာ ခိုလှုံခဲ့ပြီး သားရဲနတ်ဘုရား၏ အားအကိုးရဆုံး စစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့သည်။

ရှောင်လုံက ခရမ်းရောင်ဝါးမြိုမျောက်လေး၏ လုံခြုံရေးကို အရမ်းစိုးရိမ်နေတာကြောင့် မဟာနဂါးဆေဘာဓားကြီကို ထုတ်၍ သူ့ကိုယ်ထဲမှ စစ်မှန်သော အဆီအနှစ်စွမ်းအားများကို ဓားအတွင်းသို့ စီးဝင်စေလိုက်သည်။ စစ်မှန်သောအဆီအနှစ်များနှင့် ပြည့်ဝလာသော မဟာနဂါးဆေဘာဓားကြီးက လေဟုန်ကိုခွင်းချက် တဟုန်ထိုး ပျံသန်းသွားလေသည်။

ရှောင်လုံအရှေ့မှ ဦးဆောင်လာသော မဟာနဂါးဆေဘာဓားကြီးက တိမ်တိုက်များအတွင်း လျင်မြန်သောအမြန်နှုန်းဖြင့် ဖြတ်သန်းသွားသည်။ ရှုမျှော်ခင်းများ ၊ မြို့ရွာများက ရှောင်လုံအနောက်တွင် ဝေဝါး၍ ကျန်နေခဲ့သည်။

စိတ်အာရုံစူးရှသော စကြာဝဠာ သိုင်းပညာရှင်တစ်ချို့က လေထဲမှာ တစ်စုံတစ်ရာ ပျံသန်းသွားသည်ကို သတိပြုမိလိုက်သည်။ သို့သော် သူတို မော်ကြည့်လိုက်ချိန်တော့ အနီးရောင်အလင်းတန်း၏ အမြီးပိုင်းကိုသာ မြင်လိုက်ရသည်။ ထိုအလင်းတန်းက အလွန်လျင်မြန်တာကြောင့် သူတို့မတုန့်ပြန်နိုင်ခင်မှာ  မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

အကုန်လုံးက နေခင်းကြောင်တောင် သရဲခြောက်ခံရသလို ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

အမှန်တော့ အောင်းကွမ်လို စကြာဝဠာ အဆင့်၁၀ ၌ အထွပ်အထိပ်သို့ ရောက်ရှိနေသည့် သိုင်းပညာရှင်က သူ့အစွမ်းကုန် ပျံသန်းခဲ့လျှင်တောင် လျှို့ဝှက်ဆန်းကြယ် ဆင်တောင်ထိပ်သို့ ရောက်ရှိရန် အချိန်သုံးရက် ကြာမြင့်နိုင်သည်။
သို့သော် သူ့ကိုယ်တွင်းမှ စစ်မှန်သောစွမ်းအားများကို မဟာနဂါးဆေဘာဓားကြီး၏ လောင်စာရင်းမြစ်တစ်ခုအဖြစ် အသုံးပြု၍ ပျံသန်းလာသော ရှောင်လုံက လျှို့ဝှက်ဆန်းကြယ် ဆင်တောင်ထိပ်သို့ရောက်ရှိရန် အချိန်တစ်ရက်သာ
ကြာမြင့်လိုက်သည်။

ရှောင်လုံက အဝေးမှ လှမ်းမြင်ရသော ဆင်ပုံသဏ္ဍာန် တောင်ထွပ်ကြီးကိုတစ်ချက်ကြည့်ရုံဖြင့် လျှို့ဝှက်ဆန်းကြယ် ဆင်တောင်ထိပ်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိလိုက်သည်။ ထိုနောက် ရှောင်လုံက နတ်လက်စွပ်အတွင်းမှ သူနှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော မြေပုံတစ်ပုံကို ထုတ်လိုက်သည်။

ရှောင်လုံကောင်းကင်သိုင်းသမားအဆင့်သို့ အရောက်ခင် အသက်ငယ်စဉ်အချိန်က ဖေးဟိုနှင့် ခရီးထွက်လာရာတွင် ထိုမြေပုံအား ကံအားလျော်စွာဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။  ထိုမြေပုံပေါ်တွင် ရေးဆွဲထားသည့် တောင်ထွတ်က ရှောင်လုံအရှေ့မှာရှိနေသည့် လျှို့ဝှက်ဆန်းကြယ် ဆင်တောင်ထွတ် နှင့် တစ်ထပ်တည်း တူညီနေသည်။

ရှောင်လုံက ခေတ္တခဏ စဉ်းစားပြီးနောက် မြေပုံပေါ်တွင် ညွန်ပြထားသည့် လေကင်းမဲ့ ဥမင်း သို့ ဦးတည်သွားလိုက်သည်။ ခရမ်းရောင် ဝါးမြိုမျောက်ကလေးက ဤနေရာသို့ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာခြင်း မဟုတ်ပေ ။ ရှောင်လုံ ဤမြေပုံကို ရရှိခဲ့အခါက ခရမ်းရောင်ဝါးမြိုမျောက်ကလေးလည်း အတူတူ ရှိနေခဲ့သည်။ ထိုကြောင့် ခရမ်းရောင်မျောက်ကလေးက ဤနေရာတွင် ရတနာများ  လာရှာခြင်း ဖြစ်နိုင်သည်။

"... အဲ့ကောင်လေးရော အဆင်မှပြေရဲ့လား မသိဘူး ...."

ရှောင်လုံက တီးတိုးရေရွတ်လိုက်သည်။ ရှောင်လုံနှင့် ခရမ်းရောင်မျောက်လေးတို့ ခွဲခွာခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော် ကြာမြင့်ခဲ့လေပြီ ။

  ရှောင်လုံက ကောင်းကင်သိုင်းသမားအဆင့်သို့ ရောက်ရှိစဉ် အချိန်က သူတို့ ခွဲခွာခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်မှာတော့ ရှောင်လုံက စကြာဝဠာ အဆင့်၉ နောက်ဆုံးအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေခဲ့လေပြီ ။

"... အဲ့ကောင်လေးလည်း စကြာဝဠာ အဆင့်ကို ရောက်နေပြီလားမသိဘူး ...?"

ရှောင်လုံခေါင်းထဲမှာ အတွေများ ပြေးလွှားနေလေသည်။ ခရမ်းရောင်ဝါးမြိုမျောက်လေးက ရှေးဟောင်း ခရမ်းရောင်ဝိညာဉ် ဝါးမြို သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ ထိုကြောင့်သူက အရာအားလုံးကို ဝါးမြိုနိုင်သလို ထိုသို့ ဝါးမြိုခြင်းမှ ရရှိလာသော စွမ်းအင်ဖြင့် သိုင်းလေ့ကျင့်ခြင်း ဖြစ်သည်။ ထိုကြောင့် သူ့ပါရမီအစွမ်းက ကောင်းကင်ကို လွန်ဆန်နိုင်သည်ဟု ဆိုလျှင် မမှားပေ ။ ထိုအစွမ်းကြောင့်အကယ်၍ သူအနေနှင့် စကြာဝဠာ အဆင့်သို့ ရောက်ရှိနေခဲ့လျှင်တောင် အံ့သြစရာ မရှိပေ ။

ထိုကြောင့် ခရမ်းရောင်ဝါးမြိုမျောက်ကလေးက မည်သို့ပင် ထူးခြားသော ပါရမီစွမ်းရည်ကို ပိုင်ဆိုင်ထားပါစေ မျောက်ဝံနတ်ဘုရား ဂိုဏ်းချုပ် ကျောက်ယုပင်း၏ ပြိုင်ဘက်တော့ မဖြစ်နိုင်သေးပေ ။ ကျောက်ယုပင်းနှင့်သာ တွေ့ဆုံခဲ့လျှင် မျောက်လေး သေမှာက အသေအချာပင် ။

ရှောင်လုံက ထိုဖြစ်နိုင်ခြေအား စဉ်းစားမိပြီးနောက် မျောက်လေးအတွက် အရမ်းကို စိုးရမ်ပူပန်သွားသည်။ ရှောင်လုံကိုယ်ထဲမှ စစ်မှန်သော အဆီအနှစ်များက ပို၍ လျင်မြန်စွာလောင်ကျွမ်းသွားသလို ရှောင်လုံခြေထောက်အောက်မှ မဟာနဂါးဆေဘာဓားကြီးကလည်း လျှက်စီးလက်သလို မြန်ဆန်လာသည် ။ ရှောင်လုံက ကျောက်ယုပင်းထက်စော၍ ခရမ်းရောင်မျောက်လေးအား ရှာတွေရန် အရေးကြီးနေသည်။

ရှောင်လုံဖြတ်သန်းသွားရာတစ်လျှောက်တွင် အနီရောင်အလင်းတန်းရှည်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ လျှို့ဝှက်ဆန်းကြယ် ဆင်တောင်ထွတ်၏ မြောက်ဘက်ပိုင်းတွင် လေကင်းမဲ့ ဥမင် အမည်ရှိ လှိုဏ်ဂူ တစ်ခု ရှိသည်။ ထိုလှိုဏ်ဂူထဲတွင် ပျက်ဆီးခြင်းစွမ်းအားများ မတည်မငြိမ်ဖြစ်နေတာကြောင့် လှိုဏ်ဂူနံရံများက အမြဲလိုလို လှုပ်ခါနေကြသည်။

"....ဟားဟား .... ရှားပါးတဲ့ရှေးဟောင်းမျိုးစိတ်တစ်ခုကိုလည်း
ဖမ်းနိုင်မယ် .... စီနီယာ မျောက်ဝံ အင်ပါရာ သိုင်းလေ့ကျင့်ခဲ့တဲ့ ဂူ ကိုလည်း ရှာတွေ့တယ်ဆိုတော့
ဒီနေတော့ တကယ်ကံကောင်းတာပဲ ...ငါ့ကို မိုးနတ်မင်းကြီးက ကူညီနေပြီထင်တယ် ..."

မျောက်ဝံနတ်ဘုရားကျောင်းတော်သခင် ကျောက်ယုပင်းက အားရပါးရ ရယ်မောလိုက်သည်။

သားရဲ အင်ပါရာက ရှေးဟောင်း ကြေးနီလက် မျောက်ဝံ နတ်ဘုရား မျိုးနွယ်ဝင် တစ်ယောက်ဖြစ်သည်။ မျောက်ဝံနတ်ဘုရားကျောင်းတော်ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။
လေကင်းမဲ့ လှိုဏ်ဂူသည် ရှေးခတ်အချိန်က မျောက်ဝံနတ်ဘုရား သိုင်းလေ့ကျင့်ခဲ့သည့် ဂူဗိမာန် တစ်ခုဖြစ်သည်။

လေကင်းမဲ့ လှိုဏ်ဂူထဲတွင်  ကျောက်ယုပင် နှင့် အသက် ဆယ့်ခွန် ဆယ်ရှစ်အရွယ် လူငယ်လေး တစ်ယောက်တို့ တိုက်ခိုက်နေကြသည်။ လူငယ်လေး၏ ခန္ဓာကိုယ်ထဲမှ လွှမ်းမိုးသည့် မိစ္ဆာချီများ ထွက်ပေါ်နေသည်။

ကျောက်ယုပင်းက လူငယ်အား လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။ ထိုနောက် ထပ်မံ၍ ရယ်မောလိုက်သည်

"... ဟားဟား ကောင်လေး ... မင်းက ရှားပါးတဲ့ ခရမ်းရောင် ဝါးမြိုမျောက်လေး တစ်ကောင် ဖြစ်နေပေမယ့် မင်းခွန်အားကတော့ အရမ်းနည်းနေသေးတယ်ကွ .... မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး...
ငါသာ မင်းကို တကယ် သတ်ချင်ရင် လက်ညိုးလေးတစ်ချောင်းမြှောက်လိုက်ရုံပဲ ... မင်းငါ့ဆီမှာ သစ္စာခံပြီး ငါရဲ့ မွေးစားတိရိစ္ဆာန် လုပ်မယ်ဆိုရင်တော့ မင်းကိုယ်ထဲက ဝိညာဉ်ဝါးမြိုသွေးမျိုးဆက်ကို စုပ်ယူပြီးတာနဲ့
မင်း အသက်ကို ချမ်းသာပေးမယ် ...  ဘယ်လိုလဲ ...?"

"... ခင်ဗျားက ကျုပ်ကို အညံခံခိုင်းချင်တယ်ပေါ့ ...အဲ့လိုလုပ်လို့ ခင်ဗျားက အဆင့်မှီလို့လား...?"

လူငယ်လေးက လှောင်ရယ်ရယ်လိုက်ပြီး

"... ကျုပ်သေရင် ....ကျုပ်အကိုကြီးက ကျုပ်အတွက် ကလဲ့စားချေပေးလိမ့်မယ် ..."

"... မင်း အကိုကြီး ဟုတ်လား ...?"

ကျောက်ယုပင်းက အဆက်အပြတ်ရယ်မောလိုက်သည်

"... ကောင်းပြီလေ ..အဲ့လိုဆိုမှတော့ မင်းကို သတ်ပြီး မင်းကိုယ်ထဲက ဝိညာဉ်ဝါးမြိုသွေးမျိုးဆက်ကို စုပ်ယူရတော့မှာပေါ့ ... မင်းရဲ့ သောက်သုံးမကျတဲ့ အကိုက ငါဆီလာပြီး ပြသနာ လာရှာရဲသလားဆိုတာ ကြည့်ကြသေးတာပေါ့ကွာ ...."

ထိုနောက် လူငယ်၏ ခန္ဓာကိုယ်က တုန်လာပြီ အရောင်ရွှမ်းခဲ့နေသော  ခရမ်းရောင်အမွှေးနှင့် အပြာရောင် မျက်ဆံများရှိသည့်  ဧရာမ မျောက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ လူငယ်က ဧရာမမျောက်ကြီးအဖြစ်သို့ ပြောင်းလဲပြီးနောက် သူ့လက်နှစ်ဖက်စလုံးကို လွှဲယမ်း၍ ကျောက်ယုပင်အားတိုက်ခိုက်လိုက်သည်။

"... မင်းက အဆင်အခြင်ကင်တဲ့ တဇောက်ကန်းပဲ.."

ကျောက်ယုပင်ကလည်း ထိုလူငယ်၏ သိုင်းကွက်အတိုင်း တုန့်ပြန်လိုက်သည်။ ကျယ်လောင်သော မည်ဟိန်းသံကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဧရာမမျောက်ကြီးအသွင် ပုံပြောင်းထားသည့် လူငယ်က လှိုဏ်ဂူနံရံနှင့် ပြင်းထန်စွာရိုက်မိပြီး လူအသွင်သို့ ပြန်လည်ပြောင်းလဲသွားသည်။

ကျောက်ယုပင်းက လှောင်ရယ်ရယ်လိုက်ပြီး လူငယ်အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်

"... မင်းရဲ့ သွေးမျိုးဆက်ကိုစုပ်ယူပြီးရင် မျောက်ဝံနံရံအင်ပါရာချန်ထားခဲ့တဲ့ သိုင်းကျင့်စဉ် နဲ့ ဆေးလုံးတွေကို ယူပြီး သိုင်းလေ့ကျင့်မယ် ... ဒါဆို နောက်အနှစ်တရာကြာရင် ငါ နတ်ဘုရားတစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်  ... ငါနတ်ဘုရား ဖြစ်ပြီးတာနဲ့အရပ်ဆယ်မျက်နှာတိုင်းပြည်တစ်ခုလုံး ကို သိမ်းပိုက်မယ် ... အဲ့ကြရင် ငါလက်အောက်မှာ မနေချင်တဲ့လူမှန်သမျှကို သေရွာပို့ပစ်မယ် ..."

  ရူးသွပ်စွာ ရယ်မောလိုက်သည့်အသံကြီးက လှိုဏ်ဂူထဲတွင်  ပဲ့တင်ထပ်သွားသည်။ ကျောက်ယုပင်က လူငယ်နှင့် လက်မအနည်းငယ် ကွာဝေးသည့်နေရာတွင် ရပ်တန့်လိုက်ပြီး သူ့လက်ကိုမြှောက်လိုက်သည်။ ထိုနောက် လူငယ်၏ ဦးခေါင်းခွံအား ညှာတာခြင်းကင်းစွာဖြင့် လျက်တပြက် ရိုက်ချလိုက်သည်

".... သေပေတော့ ...."

ထိုကဲ့သို့ သေရေးရှင်ရေး အချိန်တွင် ဆေဘာဓားအလင်းတန်းတစ်ခု လေဟာနယ်ကို  ဖောက်ထွင်း၍ ချိန်သားကိုက်ထွက်ပေါ်လာသည်။
ကျောက်ယုပင်းက  မထင်မှတ်ထားတာကြောင့် ဆေဘာဓားအလင်းတန်းအား ကြောင်တောင်တောင်ဖြင့်ငေးကြည့်နေသည်။ ဆေဘာဓားအလင်းတန်းမှ ဖြစ်ပေါ်လာသော သွေးနဂါးကြီးက ကျောက်ယုပင်းအား နှစ်ခြမ်းခွဲပြစ်ရန် အသင့် ဖြစ်နေသည်။

သို့သော် ကျောက်ယုပင်းက တိုက်ပွဲများစွာကို ဆင်နွှဲလာသည့် အတွေ့အကြုံရင့်  သိုင်းသမားတစ်ဦး ဖြစ်တာကြောင့် ဟန်ပျက်သွားသော အခြေအနေကို အလျင်အမြန် ပြန်ထိန်းနိုင်လိုက်သည်။ သူက အနောက်သို့ခုန်ရှောင်ရင်း လက်ကောက်ဝတ်ကို လှည့်ကာ သူ့လက်ဝါးရိုက်ချက်၏ ဦးတည်ရာကို သွေးနဂါးကြီးဆီသို့ လွှဲပြောင်းလိုက်သည်။

ကျောက်လှိုဏ်ဂူကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။ ထိုနောက် ဖုန်မှုန့်များ ငြိမ်သက်သွားပြီးနောက် ကျောက်ယုပင်း က ဆံပင်အနက်နှင့် လူငယ်တစ်ယောက် မြင်တွေ့လိုက်သည်။ သို့သော် ရှောင်လုံ၏ အကြည့်ကတော့ ကျောက်ယုပင်းကိုကျော်၍ သူ့အနောက်မှ အသက်ဆယ့်ငါးနှစ်အရွယ် လူငယ်လေးဆီသို့ ရောက်ရှိနေသည်။ ရှောင်လုံက ခရမ်းရောင်မျောက်လေး၏ လူပုံသဏ္ဍာန်ပြောင်းလဲမှုကို တစ်ခါမှ မမြင်ဘူးသေးသော်လည်း ထိုလူငယ်လေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့၏ပျောက်ဆုံးနေသော ခရမ်းရောင် မျောက်လေးမှန်း အလိုလို သိလိုက်သည်။

၎င်း၏ ကိုယ်ရောင်ကိုယ်ဝါ နှင့် မျက်လုံးတွေက ရှောင်လုံနှင့် အလွန်ကို ရင်နှီးနေသည်။ လူငယ်လေးကလည်း မြေကြီးပေါ်ကနေ ကုန်ရုန်းထလာပြီး
ရှောင်လုံကို စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။
ထိုနောက် သူက စိတ်လှုပ်ရှားစွာဖြင့် ထစ်ထစ်ငေါ့ငေါ့ ခေါ်လိုက်သည်

"....အ.....အကိုကြီး ....!"

သူ့မျက်လုံးတွေက  နီရဲစိုစွတ်ကာ မျက်ရည်များ ဝိုင်းလာသည်။

ရှောင်လုံက ထိုလူငယ်၏ ခေါ်သံကိုကြားကြားချင်မှာ အံ့သြမှင်သက်သွားလေသည်။ ထိုနောက် သူ့မျက်နှာထက်တွင် နွေးထွေးသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး

"... ကောင်လေး ... ငါတုိ့မတွေ့ရတာ အနှစ် နှစ်ဆယ်ကျော်သွားပြီးနော် ... မင်းတောင် တော်တော်ကြီးလာပြီပဲ ...."

ရှောင်လုံမျက်နှာထက်တွင် နွေးထွေးသည့် အပြုံးများ ပျောက်ကွယ်နေခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာနေခဲ့လေပြီ ....။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၉၄ ....

သိုင်းဝိညာဉ်လောကထဲတွင် ပြန်လည်မွေးဖွားလာပြီးနောက် ခရမ်းရောင်မျောက်လေးကြောင့်သာ မဟုတ်လျှင် နတ်အတွင်းအားသိုင်းကျမ်းနှင့် နတ်ဓားသိုင်းကျမ်းတို့ကို ရှောင်လုံရခဲ့မှာ မဟုတ်သလို ယနေ့ကဲ့သို့ အောင်မြင်နေမှာလည်း မဟုတ်ပေ။

ခရမ်းရောင်မျောက်လေး ကိုကြည့်ရင်း ရှောင်လုံရင်ထဲမှာ ပျောက်ဆုံးနေတာကြာနေပြီဖြစ်သည့် မိသားစုဝင်ဟောင်းတစ်ယောက်နှင့် ဆုံတွေ့လိုက်ရသလိုမျိုး ခံစားလိုက်ရသည်။

"...  အကိုကြီး ...သတိထား ...."

ခရမ်းရောင်မျောက်လေးက ရုတ်တရက် အော်၍ သတိပေးလိုက်သည်။ ကြမ်းတမ်းသောအားတစ်ခုက ရှောင်လုံနောက်ကျောသို့ လာရောက်ထိမှန်လေသည်။ ရှောင်လုံအနေနှင့် ရှောင်တိမ်းရန် အချိန်မမှီတော့ပေ ။ ကျောက်ယုပင်း၏ လက်ဝါးချက်က ရှောင်လုံနောက်ကျောအား တိကျစွာ ထိမှန်သွားသည်။

".... ဟားဟား ကောင်လေး ... ဒီကောင်က မင်းရဲ့ အကိုကြီးဆိုတာလား ...? ငါသူ့ကိုအရင်သတ်မယ် ...ပြီးမှ မင်းကိုယ်ထဲက သွေးမျိုးဆက်ကို ယူမယ် .."

ရှောင်လုံနောက်ကျောနှင့် သူ့လက်ဝါးထိမှန်သွားပြီးနောက် ကျောင်းယုပင်းစိတ်ထဲမှာ ယုံကြည်မှုများ ပြည့်ဝသွားသည်။ အောင်းကွမ်ကဲ့သို့ တိုင်းပြည်၏ နံပါတ်တစ် သိုင်းပညာရှင်တောင်မှ သူ့၏ ယခုလို အလစ်ငိုက်ဖမ်း၍ တိုက်ခိုက်လိုက်သောလက်ဝါးနှင့်ထိမှန်ခဲ့လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သည်။

သို့သော် ခဏအကြာတွင် အောင်းကွမ်၏ ရယ်မောသံများက ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ ကျောက်ယုပင်းက မယုံနိုင်သောအကြည့်ဖြင့် ရှောင်လုံနောက်ကျောအားငေးကြည့်နေသည်။ သူလက်ဝါးထိမှန်သွားသော်လည်း ဤလူငယ်လေးက တစ်လက်မမှ ရွေ့သွားခြင်း မရှိသည့်အချက်ကို သူသတိပြုမိလိုက်သည်။

ခရမ်းရောင်ဝါးမြိုမျောက်လေးကလည်း မှင်သက်စွာဖြင့် ငေးကြည့်နေသည်။ ရှောင်လုံက အနောက်သို့ ဖြည်းဖြည်းချင်းလှည့်၍ ကျောက်ယုပင်းအား အေးစက်စက်စိုက်ကြည့်လိုက်သည် ။ ထိုနောက် ကျောက်ယုပင်း အရှိုက်နှင့် ရှောင်လုံလက်သီးတို့ မိတ်ဆက်သွားလေသည်။

ယခုတစ်ကြိမ်မှာတော့ ကျောက်ယုပင်းက ရှောင်လုံလက်သီးကို လက်ဖြင့်သာ တန်ပြန်တိုက်ခိုက်နိုင်လိုက်သည်။

ဂျွတ် ...ဂျွတ် ....

အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ကျောက်ယုပင်းက ငယ်သံပါအောင် အော်ရင်း လွင့်ထွက်သွားကာ ကျောက်နံရံကြီးနှင့် သွားဆောင့်မိလေသည်။ ကျောက်နံရံထက်တွင် လူပုံသဏ္ဍာန် အရာကြီး ဖြစ်ပေါ်လာသည်။ ပြင်းထန်သော ထိတွေ့မှုကြောင့် ကျောက်လှိုဏ်ဂူအမိုးပေါ်မှ သဲများ ဖုန်များဖြင့် အဆက်မပြတ် ကျလာသည်။

မျောက်လေးက ရှောင်လုံကိုကြည့်ရင်း အရမ်းကို အံ့သြနေလေသည်။ သူတို့ခွဲခွာစဉ်အချိန်က သူနှင့် ရှောင်လုံက အတွင်းအားပိုင်းတွင် အဆင့် မကွာကြပေ။
သို့သော်ယခုအချိန်မှာတော့ ရှောင်လုံအတွင်းအားက ကြောက်စရာကောင်းအောင် တိုးတက်နေချေပြီ ။

အစောပိုင်းယှဉ်ပြိုင်မှုအရ  ကျောက်ယုပင်း အစွမ်းကို မျောက်လေးက ကောင်းကောင်းကြီး သဘောပေါက်ထားသည်။ ထိုအပြင် ကျောက်ယုပင်းက မျောက်ဝံနတ်ဘုရား ကျောင်းတော် ဂိုဏ်းချုပ်ဖြစ်သလို စကြာဝဠာအဆင့်၁၀ နောက်ဆုံးအဆင့် သိုင်းပညာရှင်ဆိုတာကိုလည်း သူသိထားသည်။

ကျောက်ယုပင်းနှင့် တိုက်ခိုက်ခဲ့စဉ် မျောက်လေးက သူ့၏ အကျီစကိုပင် ထိမိအောင်မလုပ်နိုင်ခဲ့ပေ ။

"....မင်း ..မင်း ဘယ်သူလဲ ...?"

ကျောက်ယုပင်းက ပါးစပ်နှင့်အပြည့် သွေးများ အန်ထုတ်ပြီးနောက် ကြိုးစား၍ မတ်တပ်ထရပ်ရင်း မေးလိုက်သည်။ ရှောင်လုံနှင့် ရင်ဆိုင်တွေ့ချိန်တွင် သူ့၏ မသိစိတ်ထဲမှာ အန္တရာယ်အငွေ့အသက်များကို  ခံစားမိပြီး ကြောက်ရွံစိတ်များလည်း အလိုလို ဖြစ်ပေါ်လာသည်။
ကျောက်ယုပင် ဘဝတစ်လျှောက် ဤမျှအထိ တစ်ခါမှ မကြောက်လန့်ဘူးခဲ့ပေ ။

ကျောက်ယုပင်းက အောင်းကွမ်နှင့် ရင်ဆိုင်တွေ့ခဲ့လျှင်တောင် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိသူဖြစ်သည်။ သို့သော် ဤလူငယ်လေး၏ အရှေ့မှာရောက်သည့်အခါ သူ့တစ်ကိုယ်လုံး စွမ်းအားကင်းမဲ့သွားသလို ခံစားနေရသည်။

"... လွန်ခဲ့တဲ့ ရက်တွေတုံးက  ခင်ဗျားသားအတွက် ကလဲ့စားချေချင်တယ်ဆိုပြီး ခင်ဗျားပဲ ဆူညံဆူညံ ဖြစ်နေတာမဟုတ်လား....?"

ရှောင်လုံက သရော်လိုက်သည်။

"... မင်း...မင်းက ချူးအာကို သတ်ခဲ့တဲ့လူလား ...?"

ကျောက်ယုပင်းလည်း မျက်လုံးပြူးသွားသည်။ ကျောက်ယုပင်းက သူ့သား ကျောက်ချူးယု အသတ်ခဲ့ရပြီးနောက်  လူသတ်သမားကို ရှာဖွေရန်အတွက် မျောက်ဝံနတ်ဘုရားကျောင်းတော်၏ လူစွမ်းအား အရင်းအမြစ် အကုန်လုံးကို အသုံးပြုခဲ့သည်။ သိုင်းဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးကို မြေလှန်ရမည်ဆိုလျှင်တောင် သူ့သားကိုသတ်သွားသည့် လူသတ်သမားကို ရအောင် ရှာရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

စဦးပိုင်းတွင် ကျောက်ယုပင်းက ဟင်္သာမြို့သို့ သွား၍ ကျူးမိသားစုဝင်အကုန်လုံးကို သတ်ပစ်ရန် ကြံစည်ထားသည်။ သို့သော် ခရမ်းရောင်မျောက်လေးက လျှို့ဝှက် ဆန်းကြယ် ဆင်တောင်ထိပ်တွင် ရုတ်တရက် ပေါ်လာတာကြောင့် သု့အစီအစဉ်ကို ရုတ်တရက် ပြောင်းလဲလိုက်ရသည်။

ရှောင်လုံက ကျောက်ယုပင်းအနားသို့ ခြေလှမ်းကျဲကျဲဖြင့် လမ်းလျှောက်သွားလိုက်သည်။

"... ခင်ဗျား နောက်ဆုံးအနေနဲ့ ဘာပြောစရာရှိသေးလဲ? ..."

အမှန်တော့ ရှောင်လုံက ကျောက်ယုပင်းအား သတ်ဖြတ်ရန် အစီအစဉ်မရှိပေ ။ အကယ်၍ ကျောက်ယုပင်း သူ့လက်အောက်တွင် ခိုလှုံခဲ့ပါက သူ့အသက်ကို ချမ်းသာပေးရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ သို့သော် သူသာ အလောတကြီး ခရီးမနှင်ခဲ့လျှင် ခရမ်းရောင်မျောက်လေးကကျောက်ယုပင်း၏ လက်ဝါးအောက်မှာ  အသက်ပျောက်နေလောက်ပြီ။

ရှောင်လုံ သူ့အနားသို့ တဖြည်းဖြည်း နီးကပ်လာသည်ကိုကြည့်ရင်း ကျောက်ယုပင်းမျက်နှာတစ်ခုလုံး ဖြုဖပ်ဖြုရော် ဖြစ်သွားသည်။ ထိုနောက် ရှောင်လုံ မေးခွန်းကို ပြန်ဖြေရမည့်အား ကျောက်ယုပင်းကိုယ်ထဲမှ ပြင်းထန်သော မိစ္ဆာချီများ ပေါက်ကွဲထွက်လာသည်။ ကျောက်ယုပင်းက နီရဲနေသော မျက်လုံး ၊ ကြီးမားသောလက်များကို ပိုင်ဆိုင်ထားသည့် ဧရာမမျောက်ဝံကြီး တစ်ကောင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ ဧရာမမျောက်ဝံကြီးက ရူးသွပ်နေသည့် အသွင်ဖြင့် ရှောင်လုံထံသို့ တဟုန်ထိုး ပြေးဝင်လာသည်။

"... မျောက်ဝံနတ်ဘုရား နှလုံးကွဲကြေ လက်သီး ..!"

"... ဧရာမမျောက်ဝံ တောင်ကြေ လက်ဝါး ...!"

ကျောက်ယုပင်က ကျယ်လောင်စွာ ဟိန်းဟောက်၍ မိစ္ဆာချီများရစ်ပတ်နေသော လက်နှစ်ဖက်ဖြင့် ရှောင်လုံကို ထိုးချလိုက်သည်။

ကျောက်ယူပင်း လက်သီးထံမှ စွမ်းအားများ ရောက်မလာသေးခင် ရှောင်လုံတို့ရှိနေသော ဂူကြီးက ယခုပင် ပြိုကျတော့မည့်ပုံစံဖြင့် ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
ရှောင်လုံက ကျောက်ယုပင်းကိုကြည့်ရင်း လှောင်ပြုံးပြုံးလိုက်သည်။ သို့သော် ရှောင်လုံက ရှောင်းတိမ်းရန် ဆန္ဒမရှိပေ ။ရှောင်လုံကိုယ်ထဲတွင်ရှိနေသည့် စစ်မှန်သောအဆီအနှစ်စွမ်းအားများကလည်း ကျယ်လောင်စွာ အော်မြည်လာကြသည်။ ရှောင်လုံက  မဟာလေဟာနယ်လက်သီးသိုင်းကို အသုံးပြု၍ ကျောက်ယုပင်းအား ရင်ဆိုင်လိုက်သည်။

ရှောင်လုံ လက်သီးချက်ထိမှန်သွားပြီးနောက် ကျောက်ယုပင်း တစ်ကိုယ်လုံးတုန်တက်၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကျောက်ယုပင်းက  ယခင်အကြိမ်တုံးကအတိုင်း အဝေးသို့ လွင့်ထွက်၍ သူ့တစ်ကိုယ်လုံး ကျောက်နံရံများကြားထဲသို့ နစ်ဝင်သွားသည်။ ဧရာမမျောက်ဝံကြီးက ဒွါရ ခုနှစ်ပေါက်မှ သွေးများယိုစီးကျလာသည်။ မျောက်ဝံကြီး၏ ကြီးမားသော လက်ကြီးနှစ်ဖက်ကလည်း အရိုးများကျိုး၍  အောက်သို့ တွဲလောင်းကျနေသည်။

ထိုနောက် ရှောင်လုံက ကျောက်ယုပင်း ပြန်ထလာမည့်အချိန်ကို စောင့်ဆိုင်းမနေတော့ဘဲ ကျောက်ယုပင်းအနားသို့ လျင်မြန်စွာရောက်ရှိသွားပြီး ရင်ဘတ်အား လက်သီးဖြင့် အဆက်မပြတ် ထိုးလိုက်သည်။ ကျောက်ယုပင်း၏ ခန္ဓာကိုယ်က ကျောက်နံရံအတွင်းသို့ ပို၍ နစ်ဝင်သွားသည်။
ပြင်းထန်လွန်းလှသည့် ရှောင်လုံလက်သီးအားကြောင့် ကျောက်ယုပင်း၏ ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားသည့်အပြင် သူ့နှလုံးသားကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။

ကျောက်ယုပင်းကိုယ်ထဲမှ အသက်ဓတ်များက အပြင်ဘက်သို့ လျင်မြန်စွာဖြင့် စိမ့်ထွက်လာသည်။

"... မင်း... မင်းဘယ်သူလဲ ...?"

ကျောက်ယုပင်းက  ပြတ်တောင်းပြတ်တောင်းဖြင့် အသက်လုရှုရင်း မေးလိုက်သည်။ လူသားမျိုးနွယ်ထဲတွင် မည်သူက ဤမျှ ကြီးမားသော အစွမ်းမျိုး ပိုင်ဆိုင်ထားသနည်း ဆိုသည့်အဖြေကို သူ့ခေါင်းပူအောင် စဉ်းစားနေသော်လည်း ခန့်မှန်း၍ မရပေ ။

"... ကျုပ်က ဟောင်ရှောင်လုံပဲ ..."

ရှောင်လုံက အေးစက်စက်ပြောလိုက်သည်။ ထိုနောက် သူ့၏ ပကတိစိတ်ဝိညာဉ်လက်ညိုးသိုင်းဖြင့် ကျောက်ယုပင်းအား အဆုံးသတ်ပေးလိုက်သည်။
ကျောက်ယုပင်းက သူမသေခင်မှာ သူ့သိချင်နေသည့်အရာကို သိသွားရသည့်အတွက် အနည်းငယ်ကျေနပ်သွားပုံပေါ်သည်။ ရှောင်လုံက ကျောက်ယုပင်းကို အဆုံးသတ်ပေးပြီးနောက် အလောင်းအား လင်းလောင်ရတနာစေတီအတွင်းသို့ ပစ်သွင်းလိုက်သည်။

ခရမ်းရောင်မျောက်လေးက သူ့နေရာတွင် ကျောက်ရုပ်ကြီးကဲ့သို့ ရပ်၍ ရှောင်လုံ၏ တိုက်ခိုက်မှုများကို အံ့သြတုန်လှုပ်စွာဖြင့် ငေးကြည့်နေသည် ။ ယခု ဖြစ်ပျက်သွားခဲ့သော အရာများကို သူ့ဦးနှောက်က စဉ်းစား၍ မရနိုင်အောင် ဖြစ်နေသည်။

"..ဟိတ် ကောင်လေး ..မင်း ဒဏ်ရာက သက်သာရဲ့လား ဘယ်လိုနေသေးလဲ ...?"

ရှောင်လုံက မျောက်လေးကို စိုးရိမ်စွာဖြင့် မေးလိုက်သည်။ ထိုအချိန်ကြမှ မှင်သက်နေသော မျောက်လေးလည်း သတိပြန်လည်လာသည် ။

"... အကိုကြီး ...ကျွန်တော်ဘာမှ မဖြစ်ပါဘူး..."

သူက ခေါင်းခါပြလိုက်သည်။ ထိုအပြင် ရှောင်လုံ၏ ဂရုစိုက်မှုများပြည့်နှက်နေသော စကားကြောင့် မျောက်လေး ရင်ဘတ်တစ်ခုလုံး နွေးထွေးသွားလေသည်။ မျောက်လေးက ကျောက်ယုပင်းကြောင်ရရှိခဲ့သော ဒဏ်ရာကို အချိန်နှစ်လအတွင်းမှာ ပြန်လည်ကုသ နိုင်စွမ်းရှိသည်။

အမှန်တော့ သူစိတ်ထဲမှာ တုန်လှုပ်နေဆဲပင် ။
သူက ရှေးဟောင်းဝါးမြိုဝိညာဉ် သွေးမျိုးဆက်အား ပိုင်ဆိုင်ထားတာကြောင့် အတွင်းအားပိုင်းတွင် သူ့၏အဆင့်တက်နှုန်းက ကောင်းကင်၏ ဆန္ဒကိုပင် ဖီဆန်နိုင်သည်။ သို့သော် သူ့အတွင်းအားအဆင့်တက်နှုန်းက ထိုမျှ မြန်ဆန်နေသော်လည်း သူ့အတွင်းအားကတော့ စကြာဝဠာ အဆင့်၅ ၌သာ ရှိနေသေးသည် ။ ထိုကြောင့် ရှောင်လုံ ဤအတွင်းအားအဆင့်သို့ မည်သည့် နည်းလမ်းဖြင့် ရောက်လာသည်ဆိုသည့် အချက်က
သူ့အတွက် ဦးနှောက်ခြောက်စရာ ဖြစ်နေသည်။

  ရှောင်လုံက နတ်လက်စွပ်ထဲမှ အရောင်ကိုးမျိုး နှင်းကြာပွင့်ကို ထုတ်၍

"... ဒါက အရောင်ကိုးမျိုးနှင်းကြာပွင့်ပဲ .. သူက ဒဏ်ရာ ကုသရေးပိုင်းမှာ အရမ်းကို အစွမ်းထက်တယ် .. မြန်မြန်မျိုချပြီး မင်းဒဏ်ရာတွေကို အရင် ကုလိုက် ..."

"... အရောင်ကိုးမျိုး နှင်းကြာပွင့် ..."

ခရမ်းရောင်မျောက်လေးက နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်သည်။ သူက ငြင်းဆန်တော့မည့်အချိန်တွင် ရှောင်လုံက လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့လက်ထဲသို့ အတင်းထဲ့ပေးလိုက်သည်။ မျောက်လေးက ရှောင်လုံကို မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ့ကရှောင်လုံစကားအတိုင်း နှင်းကြာပွင့်ကိုမြိုချလိုက်သည်။

တစ်ရက်ခန့်ကြာပြီးနောက် အရောင်ကိုးမျိုး နှင်းကြာပွင့်တန်ခိုးဖြင့် မျောက်လေး တစ်ကိုယ်လုံးမှ ဒဏ်ရာအားလုံး သက်သာပျောက်ကင်းသွားလေသည်။ မျောက်လေးကိုယ်မှ ဒဏ်ရာများ သက်သာသွားပြီးနောက် ရှောင်လုံက မျောက်လေးနံဘေးမှာ ထိုင်ချလိုက်ပြီး သူနှင့်ကင်းကွာနေခဲ့စဉ် မျောက်လေး ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို မေးမြန်းလိုက်သည်။

မျောက်လေးက ဟောင်မိသားစုအတူနှင့် ဒေါင်ရမ်းအင်ပါရာနိုင်ငံသို့ ခရီးဆက်နေစဉ်မှာ လူစု ကွဲသွားခြင်း ဖြစ်သည်။ ထိုသို့ ကွဲကွာခဲ့ပြီးနောက် မျောက်လေးကက သားရဲအမြူတေများကို တက်မက်သူ ပီပီ မြောက်ဘက်ပိုင်းတွင်ရှိသော မိစ္ဆာတောအုပ်သို့ ဦးတည်သွားလိုက်သည်။ ထိုနောက် မိစ္ဆာတောအုပ်အတွင်းမှ သားရဲအမြူတေများအကူအညီဖြင့် စကြာဝဠာအဆင့်သို့ရောက် သည်အထိ သိုင်းလေ့ကျင့်ခဲ့သည်။ သို့သော် မျောက်လေးက စကြာဝဠာသားရဲတစ်ကောင် ဖြစ်လာပြီးနောက် မိစ္ဆာသစ်တောအတွင်းမှ အဆင့်မြင်စကြာဝဠာသားရဲ တစ်ချို့နှင့် ပဋိပက္ခဖြစ်ခဲ့သည်။ ထိုကြောင့် သူကမိစ္ဆာသစ်တောမှ ဘတ်လန်း နယ်မြေသို့ ရွေ့ပြောင်းခဲ့ရသည်။သို့သော် ဘတ်လန်းမြို့၌ နေထိုင်စဉ် အပြစ်မြို့သား တစ်ယောက်ကို သတ်မိပြီး နောက်ဆုံးတွင် ကြံရာမရဖြစ်ကာ အရပ်ဆယ်မျက်နှာတိုင်းပြည်သို့ ရောက်ရှိလာခြင်းပင်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က လျှို့ဝှက်ဆန်းကြယ် ဆင်တောင်ထွတ် ဧရိယာမှ ဖြတ်သန်းသွားစဉ် မျောက်လေးက ရှောင်လုံနှင့်အတူရရှိခဲ့သည့် ရတနာမြေပုံအကြောင်းကို သတိရသွားခဲ့သည်။ ထိုကြောင့် မျောက်လေးက ရတနာမြေပုံထဲတွင် ဖော်ပြထားသည့် လေကင်းမဲ့ လှိုဏ်ဂူအတွင်း၌ ရတနာများပစ္စည်းများ ရှိနေမလားဆိုသည့် မျှော်လင့်ချက်ဖြင့် ယခုကဲ့သို့ လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ လေကင်းမဲ့ လှိုဏ်ဂူကို တွေ့ရှိပြီးနောက် ကျောက်ယုပင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ခဲ့ရသည်။ အသက်တမျှ အရေးကြီးသည့် အချိန်တွင် ရှောင်လုံသာ ရောက်မလာခဲ့လျှင်
အဆုံးသတ်ထွက်လာမည့် အဖြေက ပြောင်းလဲသွားနိုင်သည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၉၅ .....

မျောက်လေးက သူ့ကြုံတွေ့ခဲ့ရသည့်
အတွေ့အကြုံများကို ရိုးရိုးရှင်းရှင်းပြောပြနေသော်လည်း လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း မျောက်လေး၏ ဘဝက ဤသို့ရိုးရှင်းမည် မဟုတ်ကြောင်း ရှောင်လုံကသဘောပေါက်လိုက်သည်။
သူက ရွေးချယ်စရာလမ်းမရှိခြင်းကြောင့်သာ မိစ္ဆာသားရဲ သစ်တောမှ စွန့်ခွာလာခဲ့ခြင်းဖြစ်သည်။
ရှောင်လုံက မျောက်လေး အနောက်သို့ အဆင့်မြင့် စကြာဝဠာ သားရဲများ အမဲလိုက်နေသည့် မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်သည်။
ထိုနောက် မျောက်လေးက ဘတ်လန်းဒေသသို့ သွား၍ အန္တရာယ်တွေကို ရှောင်တိမ်းခဲ့သော်လည်း အပြစ်မြို့တော်၏ ဂိုဏ်းသား တစ်ယောက်နှင့် ပဋိပက္ခဖြစ်ရင်း လက်လွန်သွားခဲ့သည်။ ထိုကြောင့် သူက ဘတ်လန်းဒေသမှ အသက်လု၍ ထွက်ပြေးခဲ့ရပြန်သည် ။

ကမ္ဘာကြီး တစ်ခုလုံးမှာ ကိုယ်အတွက်နေစရာနေရာ ပျောက်ဆုံးနေသည့် ခံစားချက်ကို ရှောင်လုံကိုယ်တိုင်လည်း ခံစားခဲ့ဘူးသည်။ ထိုခံစားချက်က အလွန် ခံရခက်လေသည်။

"... မင်း ငါ့ကို ဘာလို့ လာမရရှာတာလဲ ...?"

ရှောင်လုံက မေးလိုက်သည်။ ယခုကုန်လွန်ခဲ့သော နှစ်များအတွင်း နတ်ဘုရားကျောင်းတော်မှ အကြီးအကဲများအား သတ်ဖြတ်ခဲ့မှုနှင့် နတ်တံခါးဂိုဏ်းချုပ်နေရာကို ရရှိခဲ့ခြင်းတို့ကြောင့် သိုင်းလောကထဲမှာ ရှောင်လုံနာမည်က တဟုန်ထိုး ကျော်ကြားခဲ့သည်။ ထိုကြောင့် မျောက်လေးကလည်း သူ့သတင်းကို သိနေမည်ဆိုတာ သံသယဖြစ်နေစရာ မလိုပေ ။

မျောက်လေးက ရှက်ရွံသွားတာကြောင့် အိုးတိုးအမ်းတမ်းဖြင့် ခေါင်းကုတ်လိုက်ပြီး

"... ကျွန်တော်ကို စွမ်းအားကြီးတွေ အများကြီး လိုက်ရှာနေကြတာ ...အဲ့ဒါကြောင့် ....."

မျောက်လေးက သူ့ကြောင့် ရှောင်လုံပါ အမှုပတ်မည်ကို စိုးရိမ်၍ ရှောင်လုံကို လာမရှာခဲ့ခြင်းပင် ။

"... အရူးလေး ...."

ရှောင်လုံက ထပ်ပြောလိုက်သည်

".... ဒီနေ့ကစပြီး မင်းရှေ့မှာ ငါရှိတယ် ... မင်းဘယ်သူကိုမှ ကြောက်စရာမလိုတော့ဘူး....!"

ရှောင်လုံနှင့် ပတ်သတ်နေမှန်းသာ သိသွားကြလျှင် သိုင်းလောကထဲတွင် မျောက်လေးက်ု ရန်ရှာရဲသူက လက်တစ်ဆုပ်စာမျှသာ ရှိနိုင်တော့သည်။

".... အကိုကြီး ..."

မျောက်လေးက အလွန်အမင်း ခံစားသွားရသည့် ပုံစံဖြင့် မျက်ရည်ရစ်ဝိုင်းနေသော မျက်လုံးများဖြင့် ရှောင်လုံကိုကြည့်လိုက်သည်။

"... လာ ...မျောက်ဝံနတ်ဘုရား အင်ပါရာ သိုင်းလေ့ကျင့်ခဲ့တဲ့ ဂူဗိမာန်ထဲမှာ ဘာတွေရှိနေမလဲ သွားကြည့်ကြရအောင် ...."

ရှောင်လုံက ပြောပြီးနောက်မတ်တပ် ထရပ်လိုက်သည် ။ မျောက်လေးကလည်း ရှောင်လုံအနောက်မှ လိုက်ဝင်သွားသည်။
ခဏကြာပြိးနောက် ရှောင်လုံတို့က မျောက်ဝံနတ်ဘုရား အင်ပါရာ ချန်ထားခဲ့သည့် မျောက်ဝံနတ်ဘုရား ခွန်းအားတိုးပွား ခြင်း ဟူသည့် သိုင်းကျမ်းတစ်ခုကို ရှာတွေ့လိုက်ကြသည်။
ရှောင်လုံဆီမှာက နတ်အတွင်းအားနည်းစနစ် နှင့် နတ်တောင်ရွှမ်းမီသိုင်းကျမ်းတို့ ရှိနေပြီးဖြစ်သဖြင့် ၎င်းသိုင်းကျမ်းက ရှောင်လုံအတွက် အသုံးမဝင်လှပေ ။ ထိုကြောင့် ရှောင်လုံကို မျောက်လေးကို ပေးလိုက်သည်။  လေကင်းမဲ့ လှိုဏ်ဂူအတွင်း၌ မျောက်ဝံနတ်ဘုရား ခွန်အားတိုးပွားခြင်း သိုင်းကျမ်းအပြင် မျောက်ဝံနတ်ဘုရား ဆေးလုံးများ ၊ အတွင်းအားကျမ်းများ ၊ သိုင်းကျမ်းများနှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိသော ဆေးမြစ်များလည်း ရှိနေသည်။ ရှောင်လုံက အားလုံးကို အပြောင်ရှင်းလိုက်သည်။ ထိုနောက် ရှောင်လုံနှင့် မျောက်လေးက မျောက်ဝံနတ်ဘုရား ကျောင်းတော့သို့ ပြန်သွားလိုက်ကြသည်။

ရှောင်လုံက မျောက်ဝံနတ်ဘုရားကျောင်းတော်ကို ပြန်ရောက်သည်နှင့် အောင်းကွမ် ၊လွေဂျေ ၊ မျောက်ဝံနတ်ဘုရားကျောင်းတော်၏ လက်ထောက်ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို အစည်းအဝေးခန်းမဆောင်အတွင်းသို့ ဆင့်ခေါ်လိုက်သည်။

ထိုနောက် လက်ထောက်ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် စိတ်ဝိညာဉ်အမှတ်အသား ခပ်နှိပ်လိုက်လေသည်။
ရှောင်လုံကမ်းလှမ်းမှုကို ငြင်းပယ်သူများနှင့် သစ္စာမခံလိုသူများက အဆိပ်နောက်ချေးပိုး အစာ ဖြစ်သွားကြသည်။ နောက်ဆုံးတွင်  မျောက်ဝံနတ်ဘုရားကျောင်းတော်တစ်ခုလုံးကို ရှောင်လုံ အပြည့်အဝ ထိန်းချုပ်နိုင်လိုက်သည်။

နဂါးကိုးကောင်ကျောင်း ၊ ခြင်္သေ့ရိုင်း ကျောင်းတော်နှင့် မျောက်ဝံနတ်ဘုရားကျောင်းတော်ကို သူ့လက်အောက်ခံအဖြစ် သွတ်သွင်းပြီးနောက်
မိစ္ဆာသားရဲ မျိုးနွယ်စု၏ ဆယ်ပုံ ကိုးပုံခန့်က ရှောင်လုံ လက်အောက်သို့ ရောက်ရှိသွားလေသည်။
သို့သော် မျောက်ဝံနတ်ဘုရားကျောင်းတော် ဂိုဏ်းချုပ် ကျောက်ယုပင်း က ရှောင်လုံလက်ချက်ဖြင့် သေဆုံးသွားတာကြောင့် မျောက်ဝံနတ်ဘုရား ဂိုဏ်းချုပ် နေရာက လစ်လပ် နေသေးသည်။

ရှောင်လုံက ထိုကိစ္စအား ခဏ စဉ်းစားလိုက်သည်။ ထိုနောက် မျောက်လေး၏ သဘောဆန္ဒကို မေးမြန်း၍ မျောက်လေးကို မျောက်ဝံနတ်ဘုရား ကျောင်းတော်၏ ဂိုဏ်းချုပ်အဖြစ် တင်မြှောက်လိုက်သည်။

မျောက်လေး၏ အတွင်းအားအရာတွင် အခုမှ စကြာဝဠာ အဆင့် ၅၌သာ ရှိသေးသော်လည်း သူ့ကို နောက်ထပ် အနှစ်တစ်ရာခန့် အချိန်ပေးလိုက်လျှင်
သူ့ခွန်းအားများက အောင်းကွမ်းကိုပင် ကျော်တက်သွားနိုင်စွမ်းရှိသည်။

နောက်တစ်နေ့မနက်ခင်းတွင် ကျောင်းတော်သုံးခု၏ ဂိုဏ်းချုပ်များကို အစည်းအဝေး ခန်းမဆောင် အတွင်းသို့လာရန် ရှောင်လုံ ဆင့်ခေါ်လိုက်သည်။
ခွန်းအားကြီးမားသော မိစ္ဆာသားရဲ သုံးယောက် စုစည်းနေခြင်းကြောင့် အစည်းအဝေး ခန်းမဆောင်ထဲတွင် မိစ္ဆာချီများ အုံကြွ၍ တလိပ်လိပ် ထွက်ပေါ်နေသည်။ နတ်ဘုရားကျောင်းတော်အပေါ်မှ ကောင်းကင်ထက်တွင်လည်း မိစ္ဆာချီများသိပ်သည်းနေသော  တိမ်တိုက်ကြီးများ ဖြစ်ပေါ်နေသည်။

ရှောင်လုံက ခဏမျှ စဉ်စားပြီးနောက် ပြောလိုက်သည်

"... အောင်းကွမ် ၊ လွေဂျေ ..... နဂါးကိုးကောင်း ကျောင်းတော် ၊ ခြင်္သေ့ရိုင်းကျောင်းတော် နဲ့ မျောက်ဝံနတ်ဘုရား ကျောင်းတော်တို့ ကျုပ်လက်အောက် ခိုလှုံလိုက်ပြီဆိုတဲ့သတင်းကို ခင်ဗျားတုိ့လက်အောက်ငယ်သားတွေကနေတဆင့် အရပ်ဆယ်မျက်နှာ တိုင်းပြည်ကြီးတစ်ခုလုံး သိသွားအောင် သတင်းဖြန့်လိုက်ပါ ... အဲ့ဒီသတင်းက သိုင်းလောကတစ်ခုလုံးကို ပျံ့နှံ့သွားပါစေ .... "

ကျောင်းတော်ကြီးသုံးခုကို ထိန်းချုပ်ပြီးပြီဆိုမှတော့ ၎င်းသတင်းကို သိုင်းလောကကြီးတစ်ခုလုံး သိချိန်တန်လေပြီ ....။

".... ကောင်းပါပြီ ..... သားရဲနတ်ဘုရား အရှင် ..."

အောင်းကွမ်နှင့် လွေဂျေတို့နှစိယောက်က ရိုရိုသေသေဖြင့် ပြန်ဖြေလိုက်ကြသည်။

"... အော် ...နောက်တစ်ခုရှိသေးတယ် .. နောက်တစ်လကြာရင် ကျုပ်က သားရဲလူသား များနဲ့ မိစ္ဆာသားရဲ များ ပေါင်းစည်းပွဲကို ကျင်းပမယ် ...   အရပ်ဆယ်မျက်နှာ တိုင်းပြည်ထဲက ထိပ်တန်း သိုင်းပညာရှင်တွေ ၊ ဂိုဏ်းချုပ်တွေ ၊ လက်ထောက်ဂိုဏ်းချုပ်တွေ မဟာအကြီးအကဲတွေ နဲ့ စကြာဝဠာ သိုင်းသမားတွေကို အဲ့ဒီပေါင်းစည်းပွဲ တက်ရောက်ဖို့ ဖိတ်ခေါ်မယ့်လူတွေကိုလည်း စီစဉ်ထားလိုက်ပါ ....."

ရှောင်လုံ၏ အောင်မြင်ထည်ဝါသော အသံက ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ၎င်းပွဲကို ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ရှောင်လုံက အောင်းကွမ် တို့ကို သတင်းဖြန့်ခိုင်း လိုက်ခြင်းဖြစ်သည်။ ထိုပွဲစီစဉ်ရခြင်း၏ အဓိက ရည်ရွယချက်မှာ အရပ်ဆယ်မျက်နှာ တိုင်းပြည်ကြီးတစ်ခုလုံးကို သူ့လက်အောက်သို့ သိမ်းသွင်းရန် ဖြစ်သည်။ အရပ်ဆယ်မျက်နှာတိုင်းပြည်အတွင်းမှ ဂိုဏ်းချုပ် တွေကလည်း သူ့ဖိတ်ခေါ်မှုကို ရရှိလိုက်သည်နှင့် တစ်ပြိုင်နက် သူဖိတ်ရခေါ်ရခြင်း အဓိက ရည်ရွယ်ချက်ကို  နားလည်ကြလိမ့်မည်ဟု ရှောင်လုံက ယုံကြည်နေသည်။

ထိုအချိန်တွင် ပေါင်းစည်းပွဲကို လာရောက်ရန်ငြင်းဆိုကြသူများ နှင့် တက်ရောက်ရန် ငြင်းဆိုကြသူများကို အနာဂတ်တွင် ဒုက္ခမပေးနိုင်စေရန် ရှောင်လုံက အပြတ်ရှင်းပစ်မှာဘဲ ဖြစ်သည်။

ဤလောကကြီးထဲတွင် အင်အားကြီးသူများသာ အသက်ရှင်နေနိုင်မှာ ဖြစ်သည်။ ကို ကိုယ်တိုင်က အင်အားမကြီးလျှင် အင်အားကြီးသူ လက်အောက်သို့ ခိုလှုံရမှာ ဖြစ်သည်။

ရှောင်လုံက အရပ်ဆယ်မျက်နှာ တိုင်းပြည်ကြီးတစ်ခုလုံးကို သူ့လက် သူ့ခြေဖြင့် အပြည့်အဝ ထိန်းချုပ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။

"...အရှင်ရဲ့  အမိန့်အတိုင်း တသွေမသိမ်း လုပ်ဆောင်လိုက်ပါ့မယ် ... "

အောင်းကွမ်က ရှောင်လုံ ဆိုလိုချင်သည့် အဓိပ္ပါယ်အား အပြည့်အဝ နားလည်လိုက်သည်။
ထိုနောက် ပေါင်းစည်းပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့် အစီအမံများကို ရှောင်လုံက ဆက်လက်ညွန်ကြားလိုက်သည်။

ရှောင်လုံက အရပ်ဆယ်မျက်နှာတိုင်းပြည်မှ အင်အားစုများ၏ သုံးပုံ နှစ်ပုံခန့်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သေယ်လည်း ပေါင်းစည်းပွဲအား သတိဖြင့် ဆောင်ရွက်ရန် လိုအပ်သည်။ နတ်ဘုရားကျောင်းတော်ကလည်း ရှောင်လုံ အရပ်ဆယ်မျက်နှာ တိုင်းပြည်ကြီးတစ်ခုလုံးကို ဝါးမြိုသွားမည့်အစီအစဉ်အား လက်ပိုက်ကြည့်နေမှာ မဟုတ်ပေ။ နတ်ဘုရားကျောင်းတော်ဘက်က အရပ်ဆယ်မျက်နှာ တိုင်းပြည်ထဲမှ ကျန်ရှိနေသေးသော ဂိုဏ်းချုပ်များကို စည်းရုံး၍ သူ့လူများစေလွှတ်ကာ ရှောင်လုံ၏ ပေါင်းစည်းပွဲကို နှောက်ယှက် ဖျက်ဆီးလာနိုင်သည်။

"... ဘာပြောတယ် ... နဂါးကိုးကောင်ကျောင်း ၊ ခြင်္သေ့ရိုင်းကျောင်းတော် ၊ မျောက်ဝံ နတ်ဘုရားကျောင်းတော်တွေက ဟောင်ရှောင်လုံဆီမှာ သစ္စာခံလိုက်ပြီ ဟုတ်လား ...?"

".... မိစ္ဆာသားရဲ ကျောင်းတော်သုံးခုလုံး သူ့လက်အောက် ရောက်သွားပြီးဆိုတော့ ဟောင်ရှောင်လုံ လက်အောက်ကို မိစ္ဆာသားရဲ မျိုးနွယ်စု တစ်ခုလုံးရောက်ရှိသွားတာနဲ့ ဘာခြားတော့မှာလဲ ....!"

"... အင်း ဟောင်ရှောင်လုံကတော့ သားရဲလူသားတွေနဲ့ မိစ္ဆာသားရဲတွေကို အုပ်ချုပ်လိုက်ပြီ ...
သူ့ရဲ့ နတ်တံခါးဂိုဏ်းအင်အားကို ထည့်မတွက်သေးရင်တောင် သိုင်းလောကတစ်ခုလုံး  သူ့အင်အားကို ယှဉ်နိုင်တဲ့သူ ဘယ်သူရှိသေးလို့လဲ ....နောက်ပြီး သူ့ရဲ့  ပေါင်းစည်းပွဲဆိုတာကလည်း ကြည့်ကောင်းရုံ သက်သက်ပါ .. အမှန်တော့  ကျုပ်တို့အားလုံး သူ့ဆီမှာ သစ္စာလာခံဖို့အတွက် အဲ့ဒီပွဲကို  ဟန်ပြ ကျင်းပပေးလိုက်တာ  ..."

"... အဲ့ဒါသိတော့ရော ကျုပ်တို့က ဘာလုပ်နိုင်လို့လဲ ..?"

"... ဟောင်ရှောင်လုံသာ အရပ်ဆယ်မျက်နှာတိုင်းပြည်ကြီး တစ်ခုလုံးကို အုပ်ချုပ်ပြီးရင် သူ့ရဲ့ နောက်ထပ် ပစ်မှတ်က ကျုပ်တို့ စကြာဝဠာ နတ်ဘုရား ဖြစ်လာနိုင်တယ်နော် ....!"

အောင်းကွမ် နှင့် လွေဂျေတို့နှစ်ယောက် သူ့တို့လက်အောက်ငယ်သားများကို သတင်းဖြန့်ခိုင်းလိုက်ပြီးသည့်နောက် သိုင်းဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ ၎င်းသတင်းကြောင့် သိုင်းလောကအတွင်းမှ အင်အားကြီး အဖွဲ့အစည်းများက ငယ်ထိပ်ကို မိုးကြိုးပစ်ခံရတော့မလို ကြောက်လန့် တုန်လှုပ်ကုန်ကြသည်။

ယခုသတင်းက ရှောင်လုံ သားရဲနတ်ဘုရား အသစ်ဖြစ်လာသည့်သတင်းထက် ပို၍ သက်ရောက်မှု ကြီးမားသည်။

ထိုသတင်းပျံ့နှံ့လာပြီးနောက် သိုင်းဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးတွင် စိုးရိမ်ပူပန်ခြင်း ၊ ကြောက်လန့်ခြင်း ၊ ဆောက်တည်ရာမရဖြစ်ခြင်း နှင့် ပျော်ရွှင်ဝမ်းမြောက်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်သွားလေသည်။

တိမ်ကြယ်တာရာ တိုင်းပြည် ထဲမှ စကြာဝဠာ နတ်ဘုရား ဂိုဏ်းကလည်း ၎င်းသတင်းကို လက်ခံရရှိခဲ့သည်။ ထိုသတင်းကြောင့်  ဂိုဏ်း၏ ထိပ်ပိုင်းအကြီးအကဲများမှစ၍ အောက်ခြေ သိုင်းသမားများအထိ  စိုးရိမ်ကြောက်လန့်မှုများဖြင့် လွှမ်းခြုံနေသည်။
သူတို့စိတ်ထဲမှ သံသယစိတ်များ ထွက်ပေါ်လာကြသည်။

ချောက်နက်ပင်လယ်သေအတွင်းမှာ တည်ရှိသည့် နတ်ဘုရားကျောင်းတော်ထဲမှာလည်း ထိုကဲ့သို့ တူညီသော အခြေအနေများ ဖြစ်ပေါ်နေသည်။ သားရဲနတ်ဘုရား ယဇ်ပူဇော်တွင် ရှောင်လုံလက်ချက်ကြောင့် လီမိုလင်နှင့် စကြာဝဠာ သိုင်းပညာရှင် အယောက်ခြောက်ဆယ်ခန့် သေဆုံးခဲ့ရသည့်အချိန်မှစ၍ နတ်ဘုရားကျောင်းတော်က တခြားအရာများကို လျစ်လျူရှုထား ခဲ့သည်။ သူတို့က ဂိုဏ်းတွင်း အင်အား တိုးပွားလာအောင်လုပ်သည့်နေရာတွင်သာ အဓိက အာရုံစိုက်ထားလေသည်။

အကယ်၍ ရှောင်လုံ၏ ပေါင်းစည်ပွဲအစီအစဉ်သာ အောင်မြင်သွားခဲ့လျှင် သိုင်းလောကကြီးထဲတွင် နတ်ဘုရားကျောင်းတော်အတွက် ခြေချစရာမြေရှိမှာ မဟုတ်တော့ပေ ။

အပိုင်း ၄၉၆ ....

Continue Reading

You'll Also Like

20.9K 436 42
What If Chloe lukasiak has a twin sister who is the favorite?
34.3K 861 38
Another union bullied crossover
155K 3.8K 54
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
Re:Cursed By

Adventure

42.1K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...