ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

441 - 445

194 16 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၄၁ ....

"... ရပ်လိုက်စမ်း ..."

ရှောက်တုံဂျန်ဆီမှ ဒေါသတကြီးအော်သံထွက်ပေါ်လာသည်။ နို့နံမစင်သေးသော လူငယ်လေးတစ်ယောက်က သူ့ကိုခြိမ်းခြောက်ရဲတာမြင်တော့ ရှောက်တုံဂျန်က အရမ်းကိုဒေါသထွက်သွားသည်။

သို့သော် ကျူးဝူဂျိက သူ့ထက်ပိုမြန်သည်။ ကျူးဝူဂျိက ရှောက်တုံဂျန်ကို တားလိုက်၏ ။

"...  ခဏနေပါအုံး ..."

ရှောက်တုံဂျန်က ဝေခွဲမရသောမျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။ ကျူးဝူဂျိက ရှင်းပြလိုက်သည်

"... အကိုရှောက် ... ဒီလို ငစနူလေးလေးကို ပညာပေးဖို့ အလောတကြီးလုပ်စရာမလိုပါဘူး ..."

ဤနေရာက ရွှေအိမ်တော်ကုန်သည်အဖွဲ့၏ဋ္ဌာနချုပ်ထဲတွင် ဖြစ်သည်။ အကယ်၍ တိုက်ပွဲသာဖြစ်ပွားခဲ့မယ်ဆိုရင် ရွှေအိမ်တော်ကုန်သည်အဖွဲ့၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တာကြောင့် ကျူးဝူဂျိက တားဆီးလိုက်ခြင်း ပင်။

ရှောက်တုံဂျန်က ကျူးဝူဂျိ စိတ်ပူနေသည့် အချက်ကို သဘောပေါက်သွားပြီး ဒေါသကိုလျော့ချလိုက်သည်

".. ကောင်းပြီလေ ... ခင်ဗျားမျက်နှာထောက်ပြီး ဒီကောင်ကို အချိန်နည်းနည်းလောက် အသက်ရှင်ခွင့် ပေးထားလိုက်အုံးမယ် ..."

ကျူးဝူဂျိက ပျောက်ကွယ်သွားသည့် ရှောင်လုံနောက်ကျောကို ကြည့်လိုက်သည်။ ရှောင်လုံစကားထဲက ခြိမ်းခြောက်မှုအချို့ကို သူလည်းခံစားမိလေသည်။ သို့သော် ကြမ်းတမ်းသော သိုင်းလောကထဲတွင် အောင်မြင်သော ကုန်သည်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားနိုင်ခဲ့သူတစ်ယောက်ဖြစ်သည် ကျူးဝူဂျိက ခြောက်တိုင်းကြောက်တတ်သူတစ်ယောက်တော့ မဟုတ်ပေ ။

"... ဒါပေမယ့် အကိုရှောက် ...ဒိကောင်လေးရဲ့ နောက်ခံက ပေါ့သေးသေးတော့ မဟုတ်လောက်ဘူးနော်...."

ကျူးဝူးကျိက တည်ကြည်စွာဖြင့် ပြောလိုက်သည်။
အဆင့်မြင့် နတ်ဘုရားအဆင့် ဆေးလုံးကိုးလုံးကို တစ်ပြိုက်နက်ထဲ ထုတ်ယူနိုင်တယ်ဆိုကတည်းက
ထိုသူ၏ အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင်သည်။
ထိုပြင် ထိုလူငယ်က ရှောက်တုံဂျန်နှင့် သူအကြောင်းကိုသိနေတာတောင်မှ မသိမသာခြိမ်းခြောက်သွားရဲတယ်ဆိုသည့်အချက်က ကျူးဝူးဂျိကို စဉ်းစားသွားစေသည်။

ကျူးဝူးဂျိ၏ အနည်းငယ်စိတ်ပူနေသောပုံစံကိုမြင်တော့ ရှောက်တုံဂျန်က ရယ်မောလိုက်ပြီး

"... အကိုကျူး ... ခင်ဗျားဘယ်တုံးကစပြီး အဲ့လောက်ထိကြောက်တတ်သွားတာလဲ ...? ကျုပ်လို လေဟာနယ်တံခါးဂိုဏ်းရဲ့လက်ထောက်ဂိုဏ်းချုပ်တစ်ယောက်က ဘယ်ကလာမှန်းမသိ အမည်မသိတဲ့ကောင် ကို ကြောက်နေရမှာလား ...?"

တိမ်ကြယ်တာရာတိုင်းပြည်အတွင်း၌ ရှောက်တုံဂျန် ကြောက်ရသည့်သူမှာ လက်ချိုးရေတွက်လို့ရနိုင်သည် အထိ နည်းပါးသည်။
ထိုပြင် ရှောက်တုံဂျန်က စကြာဝဠာနတ်ဘုရားဂိုဏ်းမှ သခင်လေးနှင့် အဖြူရောင်ဖီးနစ်အိမ်တော်မှ သခင်လေးတို့ကို မြင်ဘူးထားသည်။  ဆံပင်အနက်နှင့်ကောင်လေးက ထိုသခင်လေးနှစ်ယောက် မဟုတ်ပေ ။

ရှောက်တုံဂျန်၏ ရှင်းပြချက်ကိုကြားတော့ ကျူးဝူဂျိမျက်နှာထက်မှ စိုးရိမ်စိတ်တွေက နေလာနှင်းပျောက်သကဲ့သို့ ပျောက်ကွယ်သွားပြီး

"... အကိုကျောက်... အဲ့ဒီကောင်လေးဆီကနေ အဆင့်မြင့် နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးတွေကိုရခဲ့ရင် ကျုပ်တို့ ရွှေအိမ်တော်ကုန်သည်အဖွဲ့ကို ပြန်ရောင်းပေးပါလား ...?"

ရှောင်လုံက သူ့အတွင်းအားအဆင့်ကို အထူးတလည်ကွယ်ဝှက်ထားခြင်း မရှိတာကြောင့် သူ့အတွင်းအားအဆင့်ဟာ အခုမှ စကြာဝဠာအဆင့်၄ သာရှိနေသေးသည့်အချက်က အမြင်စူးရှသော မြေခွေအိုကြီးနှစ်ယောက်က သိရှိသွားသည်။

ရှောက်တုံဂျန်၏ အတွင်းအားအဆင့်နှင့်ဆိုရင် သူတကယ်တမ်းတိုက်ခိုက်မည်ဆိုပါက စကြာဝဠာအဆင့်၄  သာရှိသေးသည့် ထိုလူငယ်လေးအနေဖြင့် ဘယ်လိုနည်းနှင့်မှ ခုခံနိုင်မှာ မဟုတ်ဘူးဆိုတာကို ကျူးဝူဂျိက နားလည်လိုက်သည်။

ရှောက်တုံဂျန်က အားရပါးရ ရယ်မောလိုက်ပြီး

"... ဒီလောက်ကတော့ ခင်ဗျားနဲ့ ကျုပ်ကြားမှာ ပြောနေသေးစရာလိုသေးလို့လား ...?"

"... အကိုဟောင် ... အဲ့းဒီရှောက်တုံဂျန်ကို ကျွန်မတို့ ....?"

ရွှေအိမ်တော်ကုန်သည်အဖွဲ့အိမ်တော်အတွင်းမှထွက်လာပြီးနောက် ရှီရှောင်ဖေးက မအောင့်နိုင်တော့ပဲ မေးလိုက်သည်။

"... စိတ်မပူပါနဲ့ .. သူမနက်ဖြန်အထိတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး ..."

ရှောင်လုံက ရှီရှောက်ဖေး ပြောချင်တာကို သိပြီးသားဖြစ်သည်။ ထိုကြောင့် သူမကို ဖြောင်းဖြစကားဆိုလိုက်သည်

"... လောလောဆယ်တော့ ဘုဇပတ်ရွက်မြို့ထဲကနေ ထွက်သွားရအောင် ..."

ရှောင်လုံက ရှောက်တုံဂျန်ကို မျှားခေါ်လိုသည့် အကြံဖြင့် ဘုဇပတ်ရွက်မြို့ကနေ ထွက်သွားဖို့ အရိပ်အယောင်ပြမယ်ဆိုတာကို ရှီရှောငိဖေးက နားလည်လိုက်သည်။

ထိုကြောင့်သူတို့လေးယောက်က မြို့ထဲမှာ အချိန်ဖြုန်းမနေတော့ပဲ မြို့ပြင်သို့ ထွက်သွားလေသည်။ ရှောင်လုံတို့မြို့ထဲကနေ ထွက်သွားသည့်သတင်းက ချက်ချင်းဆိုသလို ရှောက်တုံဂျန်နားထဲသို့ ရောက်ရှိသွားသည်။
ရှောက်တုံဂျန်က အပြုံးကြီးပြုံးလိုက်ပြီး

"... ဒီကောင် တော်တော်လေးကို သေချင်နေတာပဲ..."

ရှောင်လုံတို့ အလောတကြီး မြို့ထဲကနေ ထွက်သွားလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ ။

ကျူးဝူဂျိကလည်း ရှောက်တုံဂျန်နှက့်အတူ ယုတ်ညံစွာ ရယ်မောလိုက်ပြီး

".... အကိုရှောက်တို့ကတော့ ကံကောင်းချက်ပဲဗျို့
ကောင်မလေးက မှည့်နေတာပဲနော် ... ဟီဟီ... ပြီးရင် ခင်ဗျားဆီက အတွေ့အကြုံလေးကြားချင်သေးတယ်..."

ရှောက်တုံဂျန်က ပြီတီတီရယ်မောလိုက်ပြီး

"... ကျေးဇူးပဲဗျို့ အခုတစ်ခေါက် ဘုဇပတ်မြို့ကို လာတဲ့ ခရီးစဉ်မှာ အခုလိုမျိုး အမြတ်ထွက်လိမ့်မယ် ကျုပ်မထင်ထားခဲ့ဘူး ....  ကဲကျုပ်တော့ အအောင့်နိုင်တော့ဘူးဗျာ...သွားတော့မယ်...."

ထိုနောက် ရှောက်တုံဂျန်ပုံရိပ်က ဝေ့ဝါးကာ ရွှေအိမ်တော်ကုန်သည်အဖွဲ့၏ ဋ္ဌာနချုပ်အတွင်းကနေ ပျောက်ကွယ်သွားလေသည်။ ရှောက်တုံဂျန်က ရှောင်လုံတို့အနောက်သို့ သူ့အမြန်နှုန်းအကုန် သုံး၍
လိုက်ပါသွားသည် ။

သိပ်မကြာခင်မှာပဲ ရှောက်တုံဂျန်က ရှောင်လုံတို့လူစုကို လိုက်မှီသွားသည်။
လေထဲတွင် ပျံသန်းလာသည့် ရှောက်တုံဂျန်က ရှောက်လုံတို့အရှေ့မှာ ခန့်ငြားစွာဖြင့် ဆင်းသက်လိုက်သည်။ ထိုနောက် အင်မတန်ကြီးကျယ်ခမ်းနားသော လူသားတစ်ယောက်ပုံစံဖြင့် ရှောင်လုံတို့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"... ကောင်လေး ... ဘာတွေအရေးကြီးလို့ ဒီလောက်လောနေရတာလဲ "

ရှောက်တုံဂျန်က ရှောင်လုံတို့ကို အချိန်မရွေး ရိုက်သတ်စားနိုင်သည့် သူ့ခြံထဲက ကြက်လေးတွေကိုကြည့်သလိုမျိုး လှည့်ပတ်ကြည့်ရှု လိုက်သည်။

သို့သော် သူ့စကားအဆုံးမှာ ပြင်းထန်စွာဖြင့် ပေါက်ကွဲထွက်လာသော တစ္တေအော်ရာတွေက ရှောက်တုံဂျန်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။ ထိုနောက် သွေးပျက်မတတ် ကြောက်စရာကောင်းသော တစ္ဆေအော်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

သူ့ကို တစ်စစီ ဆွဲဖြဲတော့မည့်ဟန်ပန်များဖြင့် ဝိုင်းပတ်လာကြသော တစ္ဆေတွေကိုကြည့်ရင်း အံ့သြမှင်သက်သွားသည်။

"... ဒါ...ဒါက ဘယ်လိုဖြစ်ရတာလဲ .... ? "
ရှောက်တုံဂျန်က အတွေ့အကြုံရင့် သိုင်းသမားတစ်ယောက်ပီပီ လက်ရှိအနေအထားကို ချက်ချင်းသဘောပေါက်သွားသည်

"... ဒါ. အစီအရင် တစ်ခုပဲ ..."

ထိုနောက် ရှောက်တုံဂျန်က သူ့လက်ထဲတွင် အတွင်းအားကို စုစည်းကာ အရှေ့သို့ရိုက်ထုတ်လိုက်သည် ။ ရှောက်တုံဂျန်လက်ဝါးမှ အစိမ်းရောင်လက်ဝါးရာများ ဖြာထွက်လာသည်။ ထိုနောက် လက်ဝါးရာများနှင့် ထိမှန်ပြီး သူ့ဆီသို့ လာနေသော တစ္တေတွေအကုန်လုံးမီးခိုးငွေ့များ အဖြစ်သို့ ပြောင်းလဲသွားလေသည်။

"... ကောင်လေး ... အစီအရင်တစ်ခု ချက်ချင်းတည်ဆောက်လို့ရတဲ့ ပစ္စည်းတွေ မင်းဆီမှာ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး ...!"

ရှောက်တုံဂျန်က အေးစက်စက်ရယ်မောလိုက်ပြီး

"... ဒါလည်းကောင်းပါတယ်လေ မင်းကိုသတ်ပြီးရင်
ဒီအစီအရင်ကို ငါပိုင်သွားတာပေါ့ ..."

ထိုနောက် ရှောက်တုံချန်က သူ့လက်ကု လက်သည်းပုံသဏ္ဍာန်ပြောင်း၍ ရှောင်လုံရင်ဘတ်ကို ကုတ်ဆွဲလိုက်သည်။
အစိမ့်ရင့်ရောင်လက်သည်းရာကြီးက လေဟာနယ်ကိုဖြတ်သန်း၍ မျက်စိတစ်မှိတ်အတွင်း ရှောင်လုံဆီသို့ရောက်ရှိလာသည်။

ရှောက်တုံချန်လက်သည်းနှင့် မထိခင် ရှောင်လုံပတ်ပတ်လည်တွင် တစ္ဆေအော်ရာများ ပေါက်ကွဲထွက်လာသည်။ထိုတစ္ဆေအော်ရာများက ဧရာမ တစ္ဆေကြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး ရှောက်တုံချန်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ပေးလိုက်သည်။ ထိုနောက် ရှောင်လုံပုံရိပ်က
တစ္ဆေအစီအရင်ထဲကနေ ပျောက်ကွယ်သွားသည်။

တစ္ဆေအစီအရင်၏ အပြင်ဘက်သို့ရောက်ရှိလာသောရှောင်လုံက ရှောက်တုံချန်အား မရေတွက်နိုင်သော တစ္ဆေတွေ ဝန်းရံထားတာကို အေးစက်စက်မျက်လုံးဖြင့် ကြည့်နေလိုက်သည်။
မဟာတစ္ဆေအလံတော်က ရှောင်လုံလက်ထဲသို့ ရောက်ရှိခဲ့ပြီးနောက် စကြာဝဠာသိုင်းပညာရှင်အများအပြား၏ စိတ်ဝိညာဉ်တွေကို မြိုချခဲ့ရသည်။ ထိုကြောင့် သူအစွမ်းက သိသိသာသာကို တိုးတက်လာသည်။

တစ္ဆေအစီအရင်ထဲမှ မိစ္ဆာတစ္ဆေများ၏ အစွမ်းက စကြာဝဠာအဆင့်၁ သိုင်းပညာရှင်တစ်ယောက်နှင့် ညီမျှလေသည်။ စကြာဝဠာ အဆင့်၁ တစ္ဆေတွေက စကြာဝဠာ အဆင့် ၁၀ သိုင်းပညာရှင်တစ်ယောက်ဖြစ်သော ရှောက်တုံဂျန်ကို သတ်ဖို့လောက်အထိ အစွမ်းမရှိသော်လည်း အချိန်အတိုင်းအတာတစ်ခုလောက်အထိတော့ ထိန်းချုပ်ထားနိုင်သည်။ 

ရှောက်တုံဂျန်က သူနောက်ကို ကမှုးရှုးထိုး လိုက်လာလိမ့်မည်ဟု ရှောင်လုံက တွက်ဆပြီးသားဖြစ်သည်။ ထိုကြောင့်လည်း
တစ္ဆေအစီအရင်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။

"... ခွေးသားလေး ..မင်းငါ့ကိုချက်ချင်းလွှတ်ပေးစမ်း.... မဟုတ်ရင် မင်းရဲ့ အစီအရင်တစ်ခုလုံးကို ဖျက်စီးပြစ်လိုက်မယ် ..ငါအပြင်ရောက်လို့ကတော့ မင်းဘဝ မင်းတွေးထားပေတော့ ..."

ရှောက်တုံဂျန်က အော်ပြောရင်း သူ့ဆီသို့ ပျံသန်းလာနေသည့် တစ္ဆေတစ်အုပ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"... ခင်ဗျားက အဲ့လောက်အစွမ်းရှိလို့လား...?"

ရှောင်လုံက အပြက်ဘက်ကနေ မခံချင်အောင် ခနဲ့လိုက်သည်။ ထိုနောက် သူလက်တစ်ဖက်ကို ဝေ့ယမ်းကာ အဆိပ်နောက်ချေးပိုးအမြောက်အမြားကို တစ္ဆေအစီအရင်အတွင်းသို့ မောင်းသွင်းလိုက်သည်။ အဆိပ်နောက်ချေးပိုးလေးတွေက ရှောက်တုံဂျန်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်။

ရှောက်တုံဂျန်က တစ္ဆေတစ်အုပ်ကို မီးခိုးငွေ့များဖြစ်အောင် ရိုက်ထုတ်လိုက်ပြီးနောက် အစီအရင်၏ ဗဟိုချက်မကို စတင်ရှာဖွေလိုက်သည်။ ဗဟိုချက်မကိုရှာဖွေနေစဉ် သူ့ဆီသို့ ပျံသန်းလာသည့် မည်းမည်းသတ္တဝါလေးများကို မြင်လိုက်လေသည်။ ရှောက်တုံဂျန်က နာမယ်ကျော် အဆိပ်နောက်ချေးတွေကို အစီအရင်ကနေ ဖြစ်ပေါ်လာသည့် သတ္တဝါများဟု ပေါ့ပေါ့တန်တန် ယူဆကာ ပေါ့ပေါ့လက်ဝါးတစ်ချက် ဖြင့် လှမ်းရိုက်လိုက်သည်။

သို့သော် ထိုသတ္တဝါလေးတွေက သူ့လက်ဝါးနှင့် ထိမှန်သွားသော်လည်း အကောင်းပကတိအတိုင်းရှိနေသေးတာကို ရှောက်တုံဂျန်က အံ့သြစဖွယ် မြင်တွေ့လိုက်ရသည်။  ထိုသတ္တဝါလေးတွေက လက်ဝါးနှင့်ထိမှန်ကာ အနောက်သို့ လွင့်စင်သွားကြသော်လည်း  သူ့ဆီသို့ နောက်ထပ်တစ်ကြိမ် လျင်မြန်စွာဖြင့် ပျံသန်းလာတာကို မြင်လိုက်လေသည်။

ရှောက်တုံဂျန်က မျက်မှောင်ကြုတ်ကာ နဂိုကထက် အားပိုစိုက်၍ နောက်တစ်ကြိမ် ရိုက်ထုတ်လိုက်သည်။  သို့သော် ထိုသတ္တဝါတွေက အကောင်းပကတိရှိနေကြပြန်သည် ။ ရှောက်တုံဂျန်က သူ့များအမြင်မှားသလားဆိုပြီး မျက်လုံးကို ပွတ်သပ်၍ နောက်တစ်ကြိမ် ကြည့်လိုက်သည်။

"... မဖြစ်နိုင်ဘူး... ဒါဘယ်လိုဖြစ်ရတာလဲ ...?"

ရှောက်တုံဂျန်တစ်ယောက် အရမ်းကို တုန်လှုပ်သွားသည်။ 

ဒီ စောက်ရေးမပါတဲ့ ဟာတွေကဘာတွေတုံး ....?

စကြာဝဠာ အဆင့် ၄ မိစ္ဆာသားရဲတောင်မှ ရှောက်တုံချန် လက်ဝါးတစ်ချက်ကို ခုခံနိုင်စွမ်းမရှိပေ။ ရှောက်တုံဂျန် ယခုရိုက်ထုတ်လိုက်သည့်  လက်ဝါးချက်ဟာ စကြာဝဠာအဆင့် ၄ မိစ္ဆာသားရဲမျာကို ခေါင်းတခြားကိုယ်တခြား ဖြစ်သွားစေနိုင်သည် အထိပြင်းထန်လေသည်။
သို့သော် ဒီ အနက်ရောက်ပိုးမွှားလေးတွေကတော့ သူလက်ဝါးချက်ကို လုံးဝကို မမှုပေ ။

ရှောက်တုံဂျန်က တစ်စုံတစ်ရာကို တွေးမိလိုက်သည်။

"... သူတိုက အဆိပ်နောက်ချေးပိုးတွေများလား ....?"

ရှောက်တုံဂျန်ရေရွတ်လိုက်သော အသံက အနည်းငယ်တုန်ခါနေသည်။
လက်ရှိသိုင်းလောကထဲတွင် နာမယ်ကျော်အဆိပ်နောက်ချေးပိုးတွေကသာ သူ့လက်ဝါးချက်ကို ခုခံနိုင်စွမ်းရှိသည်။

".... ဟုတ်တယ် ဒါတွေက အဆိပ်နောက်ချေးပိုးတွေပဲ ..."

ထိုအချိန်၌ ရှောက်လုံ၏ အရိုးထဲထိ အေးစိမ့်သွားစေနိုင်သော အသံက အစီအရင်အပြင်ကနေ ထွက်ပေါ်လာသည်။

သူ့ထင်တာ မှားပါစေလို့ ကျိတ်ပြီးဆုတောင်းနေသော ရှောက်တုံဂျန်၏ ဆုတောင်းနှင့် မျှော်လင့်ချက်တွေကို ရှောင်လုံစကားသံက တစ်စစီချေမွ ဖျက်ဆီးပြစ်လိုက်သည်။

"... ဒါ...ဒါဆို မင်းက ဟောင်ရှောင်လုံပေါ့....!"

  ....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၄၂ .....

ဟောင်ရှောင်လုံ .....!

နတ်တံခါးဂိုဏ်းချုပ် ....!

ရှောက်တုံဂျန်မျက်နှာက ကြောက်ရွံမှုများဖြင့် ပြည့်လွှမ်းသွားသည်။ ရှောက်တုံဂျန်ကနောက်ဆုံးမှာတော့  ဘီလူးတစ်ကောင်လို ကြောက်စရာကောင်းသည့် လူတစ်ယောက်ကို ရန်စမိပြီဆိုတာကို နားလညိသွားသည်။

ရှောင်လုံကတော့ အစီအရင်ထဲမှာဖြစ်ပျက်နေသည့် မြင်ကွင်းတွေကို အေးစက်စက်မျက်လုံးများဖြင့် ကြည့်နေလေသည်။

".... လတ်စသတ်တော့ ဒီကညီလေးက နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ ..."

ရှောက်တုံဂျန်၏ လေသံက ရုတ်တရက်ပြောင်းလဲသွားပြီး

"...ကြည့်ရတာ အကိုတို့နှစ်ယောက် နားလည်မှုလွဲသွားကြတယ်ထင်တယ် ....နားလည်မှုလွဲသွားတာကို ညီလေးကပဲ ခွင့်လွှတ်ပေးပါ ... ဆိုရိုးစကားတောင်ရှိကြသေးတာပဲကွာ...
သိုင်းပြိုင်ခြင်းမှသည် မိတ်တွေအဖြစ်သို့ ရောက်ရှိတတ်သည်တဲ့.... ညီလေးလိုချင်နေတဲ့ နတ်နဂါးမြက်လေးပင်ကိုလည်း အလကားပေးပါ့မယ် ..."

  ရှောင်လုံဆီက စကားပြန်မလာပေ ။ သို့သော် အဆိပ်နောက်ချေးပိုးများ၏ တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာသည်။

အဆိပ်နောက်ချေးပိုးများ၏ အမြန်နှုန်း ၊ ခုခံနိုင်စွမ်း နှင့် တိုက်ခိုက်မှုတို့က နတ်တံခါးဂိုဏ်းအရှေ့တွင်  နတ်ဘုရားကျောင်းတော်မှလူများနှင့်  ရင်ဆိုင်ခဲ့ရချိန်ကထက် များစွာပို၍ အစွမ်းထက်လာသည်။ ရှောက်တုံဂျန်အနေနှင့်လည်း အကြာကြီးခုခံနိုင်မည့်ပုံ မပေါ်ပေ။

ရှောင်လုံ ခန့်မှန်ထားသည့်အတိုင်းသိပ်မကြာခင်မှာပဲ
ရှောက်တုံဂျန်၏ အခြေပနေတွေက ပိုမိုဆိုးရွားလာသည်။ အဆိပ်နောက်ချေးပိုးတွေက သူ့ကို နေရာပေါင်းစုံကနေ ဝန်းရံ တိုက်ခိုက်နေကြသည်။ အဆိပ်နောက်ချေးပိုးတွေက သူ့ကိုက်မိတော့မတတ် ဖြစ်ခဲ့သည့် အကြိမ်အရေတွက်က တဖြည်းဖြည်း ပိုများလာသည်။
ထိုပြင် အစက ရှောင်လုံကို လေသံချိုချိုဖြင့် ချုပ်နေသည့်  ရှောက်တုံဂျန်ပါးစပ်က ယခုအချိန်မှာတော့ ဆဲဆို ကျိမ်စာတိုက်မှုများနှင့် ပြည့်နှက်နေသည်။

"... မျိုးမစစ်လေး ...မင်းကိုငါသတ်မယ် ...ဒီကိစ္စကို လေဟာနယ်နတ်တံခါးကသိသွားရင်လည်း မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး ....!"

"... ငါ့ကို အခုချက်ချင်းလွှတ်ပေးစမ်း...."

ရှောက်တုံဂျန်က ကမ္ဘာပျက်နေသလိုမျိုး အသံကုန်အော်ဟစ်ဆဲဆိုနေလေသည်။

ရှောင်လုံကတော့ နားကန်းနေသူပမာ အေးစက်နေသောအကြည့်ဖြင့်သာ စိုက်ကြည့်နေသည်။

ခဏလောက်အကြာတွင် ရှောက်တုံဂျန်တစ်ယောက် ထပ်ပြီး တောင်ခံနိုင်ခြင်း မရှိတော့ပေ ။ သူ့လက်မောင်းကို အဆိပ်နောက်ချေးပိုးတစ်ကောင်က ကိုက်မိသွားပြီးသည့်နောက် သိပ်မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ကြီးက အဆိပ်နောက်ချေးပိုးအစာများ၏ ဖြစ်သွားပြီး သူ့စိတ်ဝိညာဉ်ကိုတော့ မဟာတစ္ဆေအလံတော်က ဝါးမြိုလိုက်သည်။

အစီအရင်ထဲတွင် ရှောက်တုံဂျန်၏ မချိမဆန့်အော်သံများဖြင့် ဆူညံပွက်လောရိုက်နေသည်။
ရှီရှောငိဖေးတို့ စိတ်ထဲမှာ ရှောက်တုံဂျန်တို့ သေသင့်သည်ဟု သတ်မှတ်ထားသော်လည်း ရှောင်လုံအသုံးပြုလိုက်သည့် နည်းလမ်းကိုမြင်တော့ သူတို့မျက်နှာတွေက ဖြူဖတ်ဖြူရော်ဖြစ်သွားကြသည်။

ရှောင်လုံက ရှောက်တုံဂျန်၏ သိုလှောင်လက်စွပ်ယူကာ အထဲကို ဖွင့်ကြည့်လိုက်သည်။ သိုလှောင်လက်စွပ်ထဲတွင်
ရွှေဒင်္ဂါးများ ၊ ဝိညာဉ်ဆေးလုံးများ ၊ ရှားပါးဆေးပင်များ နှင့် အဆင့် ၁ ဝိညာဉ်ကျောက်တုံးအချို့ပါ မြင်တွေ့လိုက်သည်။

ရှောင်လုံက တောင်ပုံရာပုံရှိနေသည့် ဆေးပင်များအကြားတွင် နတ်နဂါးမြက်လေးပင်ကို ရှာတွေ့လိုက်သည် ။

နောက်ဆုံးမှာတော့ သူလိုချင်နေသည့် နတ်နဂါးမြက်အား ရရှိခဲ့လေပြီ ....!

"... အကိုဟောင် ... အခု ညီမတို့က နတ်တံခါးဂိုဏ်း ဋ္ဌာနချုပ်ကို သွားကြတော့မှာလား ...?"

ရှီရှောင်ဖေးက မေးလိုက်သည်။

"... မသွားသေးဘူး ..."

ရှောင်လုံ က ခေါင်းခါပြလိုက်ပြီး

"... ရွှေအိမ်တော်ကုန်သည်အဖွဲ့ရဲ့ အိမ်တော်ဆီကို ပြန်သွားကြမယ် ..."

ထိုအချိန်၌ ရွှေအိမ်တော် ဋ္ဌာနချုပ်၏ အတွင်းဆောင်ထဲတွင် ကျူးဝူဂျိက လက်ဖက်ရည်ကို နည်းနည်းချင်းစီ မြည်းစမ်းရင်း ရှောက်တုံဂျန် ပြန်အလာကို စောင့်မျှော်နေသည်။

ကျူးဝူးဂျိ စိတ်ဝင်စားသည့် အရာက သိပ်မများပေ။ သို့သော် လက်ဖက်ရည် အရသာမျိုးစုံကို မြည်းခြင်းက သူ့ဝါသနာတစ်မျိုး ဖြစ်သည်။
သူ့အတွက် လက်ဖက်ရည်ကောင်းကောင်းတစ်ခွက် မသောက်လိုက်ရပဲ ကုန်ဆုံးလိုက်သည့်နေ့က မရှိသလောက်ရှားပါးသည်။

ကျူးဝူဂျိက  လက်ဖက်ရည်ကိုတစ်ငုံသောက်ရင်း မျက်စိမှိတ်ကာ ကောင်းကောင်းကြီး အရသာ ခံနေသည်။ ယခု ကျူးဝူဂျိ သောက်နေသော လက်ဖက်ရွက်ကို နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိနေသည့် အထူးစိုက်ပျိုးထားသော လက်ဖက်ရွက်တစ်မျိုးနှင့် ဖျော်ထားခြင်းဖြစ်သည်။

ထိုလက်ဖက်ရည်က စိတ်ဝိညာဉ်ကို သန့်ရှင်းကြည့်လင်စေရုံသာမက ပုံမှန်သောက်သုံးခြင်းအားဖြင့် ကိုယ်တွင်း အင်္ဂါများကိုပါ ကြံခိုင်သန်စွမ်း လာစေနိုင်စွမ်းရှိသည်။

ကျန်းကျင်းဖန်က ကျူးဝူကျိနှင့် မလှမ်းမကမ်းတွင်ရှိနေပြီး သူ့ပုံစံက တစ်ခုခုကိုပြောချင်ဟန်ဖြင့် ဂဏှာမငြိမ်ဖြစ်နေသည်။
ကျူးဝူဂျိက ကျန်းကျင်းဖန်အား ဖျတ်ကနဲ ကြည့်လိုက်ပြီး

".... ဘာဖြစ်နေတာလဲ ပြောစရာရှိရင် ပြောလေ..."

ကျန်းကျင်းဖန်က အနည်းငယ် တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်

"... ခေါင်းဆောင်ကြီး ... လက်ထောက်ဂိုဏ်းချုပ် ထွက်သွားတာက အတော်လေးကြာနေပြီနော် ... မတော်တဆ တစ်ခုခုများ ဖြစ်နေလားမသိဘူး ...?
ကျွန်တော် လူတွေခေါ်ပြီး တစ်ချက်လောက် သွားကြည့်လိုက်ရမလား ...?"

ကျန်းကျင်းဖန်၏ စကားကိုကြားတော့ ကျူးဝူဂျိက ရယ်မောလိုက်ပြီး

"... ရှောက်တုံဂျန် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို ငါအသိဆုံးပါ..
စကြာဝဠာအဆင့်၄ သိုင်သမားတစ်ယောက်ကို သတ်ဖို့လောက်ကတော့ သူ့လက်ညိုးလေး တစ်ချောင်းထိုးလိုက်ရုံနဲ့တင် လုံလောက်တယ် ...
ငါအထင်တော့ ရှောက်တုံဂျန်က ကောင်မလေးသုံးယောက်နဲ့ အချစ်စစ်ပွဲ အကြီးအကျယ် ဖြစ်နေပြီထင်တယ်..."

ထိုစကားကိုကြားတော့မှ ကျန်းကျင်းဖန်မျက်နှာထက်တွင် စိုးရိမ်မှုအနည်းငယ်လျော့ကျသွားပြီး

"... ကျွန်တော်မျိုး အတွေးလွန်သွားမိပါတယ်...
ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လက်ထောက်ဂိုဏ်းချုပ် ရှောက်က တကယ်ကို ကံကောင်းတာပဲ .... အဲ့လို ချောမောလှပတဲ့ နတ်သမီး သုံးယောက်နဲ့ အချစ်စစ်ပွဲဆင်နွှဲဖို့က တော်ရုံကံတရားလောက်နဲ့တော့ မဖြစ်နိုင်ဘူး..."

ကျူးဝူဂျိက မချိုမချဉ်ပြုံးလိုက်ပြီး

"... ဒါကလည်း ပစ္စည်းရဲ့ အရည်အသွေးပေါ် မူတည်သေးတယ်ကွ ... ရှောက်တုံဂျန်က တော်ရုံလောက်ကို မျက်လုံးထဲ ထဲ့တာမဟုတ်ဘူး ..."

"... သေချာလို့လား ...?"

ကျူးဝူဂျိနှင့် ကျန်းကျင်းဖန်တို့၏ ရယ်မောသံများကို ဖြတ်သန်း၍ အေးစက်စက်မေးသံတစ်ခု ထွက်ပေါ်လာသည်။ ကျူးဝူဂျိတို့နှစ်ယောက်းလုံး အရယ်ရပ်သွားသလို အရမ်းကိုလည်း
အံ့အားသင့်သွားကြသည်။

"... ဘယ်သူလဲ  ..?!"

ကျူးဝူဂျိတို့၏ နိုးနိုးကြားကြားရှိနေသော မျက်လုံးတွေအရှေ့တွင် လူရိပ်လေးခု ထွက်ပေါ်လာသည်။

"... မင်းပါလား ...!"

ကျူးဝူဂျိက တုန်လှုပ်နေမှုတွေကို ကွယ်ဝှက်ထားသောမရသောအကြည့်ဖြင့် ရှောင်လုံကိုကြည့်ကာ

"... မင်း...မင်း ဘယ်လိုဖြစ်ပြီး အသက်ရှင်နေသေးတာလဲ ...?"

ရှောက်တုံဂျန်များ စိတ်ပြောင်းပြီး ဒီကောက်လေးကို လွှတ်ပေးလိုက်တာလား ...?
ကျူးဝူဂျိစိတ်ထဲမှာ အံ့သြမှုနှင့် ထူးဆန်းမှုကို တစ်ပြိုက်နက် ခံစားလိုက်ရသည်။

"... ကြည့်ရတာ ခေါင်ဆောင်ကြီး ကျူးက ကျုပ်မသေသေးတဲ့ အပေါ်ကို အတော်လေး အံ့အားသက့်နေပုံပဲ ...."

ရှောင်လုံဆီက ခနဲ့လိုက်သော စကားသံ ထွက်ပေါ်လာသည်။

ကျူးဝူဂျိက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့တင်ကာ ရှောင်လုံကိုကြည့်လိုက်ပြီး

"... ရှောက်တုံဂျန်က မင်းကို သတ်ရမယ့်အစား လွှတ်ပေးလိုက်မယ်လို့ ငါတကယ်မထင်ထားမိဘူး ..."

ယခုအချိန်တွင် ရှောင်လုံ အသက်ရှင်နေခြင်းအပေါ် ထိုအကြောင်းပြချက်လွဲ၍ တခြားအကြောင်းအရာကို ရှာမရပေ။ စကြာဝဠာအဆင့် ၄ သိုင်သမားတစ်ယောက်က စကြာဝဠာ အဆင့် ၁၀ သိုင်သမားလက်ထဲကနေ အသက်မသေပဲ လွတ်လာနိုင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ စကြာဝဠာအဆင့် ၁၀ သိုင်းသမားက မသတ်ပဲ လွှတ်ပေးလို့ပင် ဖြစ်သည်။

"... ရှောက်တုံဂျန် ဘယ်မှာလဲ ...?"

ကျူးဝူဂျိက မေးခွန်းထုတ်လိုက်သည်။

"... ရှောက်တုံဂျန်က ကျုပ်ကို အသက်ချမ်းသာပေးလိုက်တယ်ဟုတ်လား ...?"

ကျူးဝူဂျိ၏ သုံးသပ်ချက်ကိုကြားတော့ ရှောင်လုံက ခဏလောက် မှင်သက်သွားပြီးမှ ခေါင်းခါလိုက်သည် ။ ထိုနောက် ကျူးဝူဂျိအား အေးစက်စက်ပြုံးပြလိုက်ပြီး

"... ခင်ဗျားက ရှောက်တုံဂျန် ဘယ်ရောက်မေလဲဆိုတာကို သိချင်တယ်ပေါ့ ... ခဏလောက်ကြာရင် ခင်ဗျားသိရလိမ့်မယ် ..."

".. ခဏကြာရင် ...?"

ကျူးဝူဂျိ မျက်လုံးတွေက ရှောင်လုံကို ဇဝေဇဝါဖြင့်
ကြည့်လိုက်သည်။ သူက ရှောင်လုံ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားမလည်နိုင်ပဲ ဖြစ်နေသည်။

ကျန်းကျင်းဖန်တစ်ယောက် သတိလက်လွတ်ဖြစ်နေစဉ် အလင်းတစ်ချက် ဖျတ်ကနဲလက်သွားပြီး အန်မီနက်စစ်ပုဆိန်က သူ့မျက်ခုံးနှစ်ခုကြားထဲသို့ စိုက်ဝင်သွားသည်။ ထိုနောက် စစ်ပုဆိန်က လည်ပတ်ကာ ဦးခေါင်းခွံအတွင်းသို့ ဖောက် ဝင်သွားပြီး အနောက်ဘက်သို့ ပြန်ထွက်လာသည်။

ရှောင်လုံက စသ်ပုဆိန်ကို ပြန်ဆွဲနှုတ်လိုက်ချိန်တွင် ကြမ်းပြင်တစ်ခုလုံး သွေးပင်လယ်ကြီး အိုင်ထွန်းသွားသည်။ ကျန်းကျင်းဖန်က မျက်လုံးပြူးရင်း ရှောင်လုံကို မယုံနိုင်သလိုမျိုး ငေးကြည့်နေသည်။ ထိုနောက် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ ကျန်းကျင်းဖန်က ရွှေအိမ်တော်ကုန်သည်အဖွဲ့၏ အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း သူ့က စကြာဝဠာ အဆင့် ၄  သိုင်းပညာရှင် အဆင့်သာ ရှိနေသေးသည်။
ထိုကြောင့် ရှောင်လုံအတွက် ငှက်ပျော်သီး အခွံနွှာစားသည်ထက်ကိုပင် လွယ်ကူနေသေးသည်။

ကျူးဝူဂျိက သူ့မျက်စိရှေ့မှာတင် ကျန်းကျင်းဖန်း သေးဆုံးသွားခြင်းအပေါ် မယုံနိုင်အောင် ဖြစ်နေသည်။ ရှောင်လုံက အခုလိုမျိုး ရုတ်တရက် တိုက်ခိုက်လာမည်ဟုလည်း သူမထင်ထားပေ။
ထိုပြင် စကြာဝဠာအဆင့် ၄ ချင်းတူသော်လည်း ကျန်းကျင်းဖန်က ရှောင်လုံ၏ သိုင်းတစ်ကွက်ကိုတောင် ခုခံနိုင်ခဲ့ခြင်း မရှိပေ။

"... မင်း.....""

ကျူးဝူဂျိက နှာနုကို ဖြတ်ရိုက်ခံရသလိုမျိုး ရှုးရှုးရှဲရှဲဖြစ်ကာ အရမ်းကို ဒေါကန်သွားသည်။

"... မင်း ငါရှေ့မှာတောင် သူ့ကို သတ်ရဲတယ်ပေါ့လေ...."

"... ကောင်းပြီ  ... ခွေးကောင်လေး ... မင်းဘာသာမင်း ဘယ်သူကြီးပဲဖြစ်နေပစေ... ရှောက်တုံဂျန်က မင်းကို ဘာကြောင့် အသက်ရှင်ခွင့်ပေးလိုက်တယ်ဆိုတာကိုလည်း ငါမသိချင်တော့ဘူး ... မင်း ဒိနေ့တော့ သေကိုသေရမယ် ...."

သူ့ပိုင်နက် သူ့မျက်စိရှေ့မှာတင် ကျန်းကျင်းဖန် အသတ်ခံရတာကိုမြင်ပြီး ကျူးဝူဂျိတစ်ယောက် ရူးသွပ်သွားမတတ် ဖြစ်သွားသည်။

"... အကန့်သတ်မဲ့ ရွှေရောင်ခြည် လက်သီး ...""

ကျူးဝူဂျိက မာန်သွင်းကာ ရှောင်လုံ၏ သေကွင်းသေကွက်နေရာသို့ လက်သီးတစ်ချက် ထိုးလိုက်သည်။ အတွင်းခန်းမဆောင်ထဲတွင် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ထိုကြောင့် ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲနေသည့် လက်သီးရာတွေက ရှောင်လုံရှိရာသို့ ပျံသန်းလာကြသည်။

အမှန်ဆိုရင် ကျူးဝူဂျိ၏ အတွင်းအားက ရှောက်တုံဂျန်ထက်ကိုပင် အနည်းငယ်ပိုသာနေသေးသည်။ သို့သော်ကျူးဝူဂျိ လက်သီးရာတွေက ရှောင်လုံဆီသို့ ရောက်မလာခင် တစ္ဆေအော်ရာတွေက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ခန်းမဆောင် တစ်ခုလုံးက တစ္ဆေအော်ရာများဖြင့် ပြည့်နှက်သွားသည်။

ရှောက်တုံဂျန်တုံးကလိုမျိုး ရှောင်လုံက ခန်းမဆောင်ထဲကနေပျောက်ကွယ်သွားလေသည်။
သူရှေ့တွင် လာရောက်ပိတ်ဆို့နေသည့် မရေတွက်နိုင်သော တစ္ဆေတွေကိုကြည့်ရင်း ကျူးဝူဂျိလည်း အရမ်းကို အံ့အားသင့်သွားသည်။

"... အစီအရင် တစ်ခုပါလား ..."

ထိုနောက်  အနက်ရောင် ပိုးကောင်လေးတွေက သူ့မြင်ကွင်းအတွင်းသို့ ဝင်လာသည်။ ကျူးဝူဂျိကလည်း အဆိပ်နောက်ချေးပိုးတွေကို ရှောက်တုံဂျန်ကဲ့သို့ ခပ်ပေါ့ပေါ့သာ သဘောထားလိုက်သည်။ သို့သော် လက်ဝါးချက်များစွာကို ထိမှန်ခဲ့တာတောင်မှ အကောင်းပကတိရှိနေသေးသော အဆိပ်နောက်ချေးပိုးတွေကိုကြည့်ရင်း ကျူးဝူဂျိ မျက်နှာက တည်ကြည်လေးနက်သွားသည်။

".... ဒါဆိုရင် ဒီသတ္တဝါလေးတွေက ....?"

".... မင်း...မင်းက ဟောင်ရှောင်လုံပေါ့....?!"

ကျူးဝူဂျိ နှုတ်ဖျားမှ အာမေထိတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော် ရှောင်လုံဆီက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည့် တုန့်ပြန်မှု တစ်ခုကိုသာ လက်ခံရရှိလိုက်သည်။

တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းပင် မဟုတ်ပါလား....။
ကျူးဝူဂျိ၏ ရင်တစ်ခုလုံး အေးစက်သွားလေသည်။
ထိုအချိန်တွင် အဆိပ်နောက်ချေးပိုးတွေက နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။
အဆိပ်နောက်ချေးပိုးဆိုသည့် အသိက ကျူးဝူဂျိကို အလိုလို အားနည်းသွားစေသည်။ သူက အရူးတစ်ယောက်လိုမျိုး  သိုင်းကွက်တွေကို အဆက်မပြတ် ထုတ်သုံးလိုက်သည်။

သူ့စိတ်ထဲမှာ ရှောင်လုံပြောသည့် မကြာခင်မှာ ရှောက်တုံဂျန်နှင့် တွေ့ရမည်ဆိုသော အဓိပ္ပါယ်ကို သဘောပေါက် စပြုလာသည်။ 

".... မင်း ရှောက်တုံဂျန်ကို သတ်လိုက်ပြီလား...?"

ကျူးဝူဂျိက နောက်ဆုံးမျှော်လင့်ချက်ဖြင့် မဝံမရဲ မေးလိုက်သည်။

"...  ရှောက်တုံဂျန် ဘယ်ရောက်နေသလဲဆိုတဲ့ အဖြေကို သိပ်မကြာခင်မှာ ခင်ဗျား သိလာလိမ့်မယ်လို့ ကျုပ်မပြောခဲ့ဘူးလား ...."

ရှောင်လုံက အေးစက်စက် ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားပြီးနောက် ကျူးဝူဂျိမျက်နှာထက်တွင် သွေးရောက်များပျောက်ကွယ်သွားသလို နတ်ပူးသလိုမျိုး တစ်ကိုယ်လုံး တုန်လာသည်။

နာရီဝက်အကြာတွင် အဆိပ်နောက်ချေးပိုးလေးတွေ လက်ချက်ဖြင့် ကျူးဝူဂျိတစ်ယောက် အသက်ပျောက်သွားလေသည်။ ကျူးဝူဂျိ မသေခင်မှာ ရှောင်လုံသူ့ကို အသက်ချမ်းသာပေးပါက ရှောင်လုံထံမှာ သစ္စာခံမည်ဟု အကြိမ်ကြိမ် ကတိပေးခဲ့သည်။ သို့သော် ကျူးဝူဂျိကို ကံဆိုးသွားစေသည့် အချက်မှာ ရှောင်လုံ၏ လက်ရှိစိတ်ဝိညာဉ်ခွန်အားက စကြာဝဠာအဆင့် ၁၀ သိုင်းပညာရှင်တစ်ယောက် ဖြစ်သော ကျူးဝူဂျိ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း၌ စိတ်ဝိညဉ် အမှတ်အသား ပြုလုပ်နိုင်စွမ်းမရှိသေးပေ။

ကျူးဝူဂျိကို သတ်ပြီးနောက် ရှောင်လုံနှင့် ရှီရှောင်ဖေးတို့က အတွင်းခန်းမဆောင်ထဲကနေ ပျောက်ကွယ်သွားလေသည်။ ရှောင်လုံက အတွင်းခန်းတစ်ခုလုံးကို နှောင်ဖွဲ့ခြင်း နတ်ဘုရားလက်စွပ်ဖြင့် စည်းချထားတာကြောင့် ခန်းမဆောင်ထဲမှာ ဖြစ်ပျက်နေသည့် ကိစ္စရပ်တွေကို အပြင်လူတွေက သတိမပြုမိကြပေ။ အရာအားလုံးက ပုံမှန်အတိုင်းသာ ဆက်လက်ဖြစ်ပွားနေသည်။

နောက်ဆုံး၌ စစ်ဆင်ရေးတွေအကုန်ပြီးဆုံးသွားသော ရှောင်လုံက ရှီရှောင်ဖေးတို့သုံးယောက်ကို ခေါ်ဆောင်ကာ နတ်တံခါးဂိုဏ်းဋ္ဌာနချုပ်ရှိရာသို့ ဦးတည်၍ ပျံသန်းသွားသည်။

  ....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၄၃

  ရှောင်လုံက သူ့အလိုရှိနေသည့် နတ်နဂါးမြက်ပင်တွေကိုရရှိထားတာကြောင့် အေးအေးဆေးဆေးသာ ခရီးဆက်နေသည်။ ရှောင်လုံတို့က နေ့ဘက်တွင် ခရီးဆက်၍ ညပိုင်းတွင် အတွင်းအား လေ့ကျင့်ရင်း အနားယူကြသည်။

ရှောင်လုံက ထိုကဲ့သို့ အနားယူနေချိန်တွင် ရွှေနဂါးဆေးဖော်စပ်ကျမ်းထဲတွင် ပါဝင်သည့် ဆေးဖော်စပ်နည်းကိုးမျိုးပါ ရင်းနှီကျွမ်းဝင်သွားအောင် ထပ်ခါထပ်ခါ လေ့ကျင့်လိုက်သည်။ ရှောင်လုံက ရှောက်တုံဂျန်နှင့် ကျူးဝူဂျိတို့ကို သတ်ပြီးသည့်နောက် ဆေးဖော်စပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းတော်တော်များများကို ရရှိလိုက်သည်။ ထိုပြင် နဂိုထဲက ရှောင်လုံဆီမှာလည်း ကုန်ကြမ်း အမြောက်အမြား ရှိနေပြီးသားဖြစ်သည်။

ရှေးဟောင်းနဂါးသိုက်ထဲကနေ ရရှိခဲ့သော နတ်နဂါးဝိညာဉ်ဆေးလုံး၊ ရွှေကျောက်စိမ်းနဂါးဆေးလုံး နှင့် တခြားနတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးများက မကြာခင်မှာ ပြတ်လပ်သွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည် ။ ထိုဆေးလုံးတွေ ပြတ်လပ်မသွားခင်မှ  ရှောင်လုံအနေနှင့် ရွှေနဂါးဆေးဖော်စပ်ကျမ်းထဲမှ ဆေးဖော်စပ်နည်းများကို ပိုင်နိုင်ထားရန် လိုအပ်သည်။

ခရီးဆက်နေစဉ် ကာလတစ်လျှောက် ရှောင်လုံ၏ နောက်ထပ်ကျွမ်းကျင်မှုတစ်ခုဖြစ်သော ဟင်းချက်ကျွေးမှုအောက်တွင် အမျိုးသမီး သုံးယောက်စလုံး ကျရှုံးသွားလေသည်။

ရှီရှောင်ဖေးလိုမျိုး နူးညံသိမ်မွေ့သောသူပင် ရှောင်လုံအသားကင်ရှေ့မှာ အိနြေ္ဒမဆယ်နိုင်တော့ပေ ။ ရှီရှောင်ဖေးက အသားကင်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အားရပါးရကိုက်စားနေလေသည်။ ရှီရှောင်ဖေး၏ နှုတ်ခမ်းလေးတွေက ဆီရောင်ဖြင့် တောက်ပြောင်နေသည်။ သို့သော် ဤအရာက သူမ၏ အလှတရားကို လျော့ကျသွားစေနိုင်စွမ်းမရှိပေ။ ရှီရှောင်ဖေးက မသိလိုက် မသိဘာသာဖြင့် ဆီပေနေသော လက်ချောင်းတွေကိုစုပ်နေသော်လည်း ဤမြင်ကွင်းက ရှောင်လုံကိုယ်ထဲမှာရှိနေသည့် သွေးတွေကို ဆူပွက်လာစေသည်။

ရှောင်လုံအတွက်တော့ ရှီရှောင်ဖေးနှင့် ထျန်လေးတို့က ထပ်တူနီးပါးကိုတူညီလေသည်။ သူတို့၏ ချစ်စဖွယ်ကောင်းသော အမူအရာနှင့် သနားစရာကောင်းအောင် ပြုမူတတ်မှုတို့ကြောင့် သူတို့တောင်းဆိုလာသည့်အခါ ရှောင်လုံအနေနှင့် ငြင်းဆန်နိုင်ရန် ခွန်အားမရှိခဲ့ပေ ။

  တစ်လနီးပါးကြာတော့မှ ရှောင်လုံတို့လူစု  နတ်တံခါးဂိုဏ်းဋ္ဌာနချုပ်ဆီသို့ ရောက်ရှိသွားကြသည်။ နတ်တံခါးဂိုဏ်း၏ ဝင်ပေါက်ဝမြင်တော့မှ ရှောင်လုံရင်ထဲက အလုံးကြီးပြုတ်ကျသွားသည်။ ယခု ကုန်ဆုံးခဲ့သော အချိန်တစ်လအတွင်းမှာ ရှောင်လုံက စာဖိုမှုးတစ်ယောက်ဖြစ်နေခဲ့သည်။ သူ့၏ အဓိကတာဝန်မှာ နှင်းလေတိုင်းပြည်မှ အလှဘုရင်မလေး ပူဆာသမျှကို ချက်ကျွေးဖို့ပင် ။

ရှောင်လုံတို့ နတ်တံခါးဂိုဏ်းအတွင်းသို့ ဝင်လိုက်ချိန်မှာ မျက်ရည်စိုရွှဲလျက် ပြေးလာသော ထျန်လေးကိုမြင်တွေ့လိုက်လေသည်။ ရှောင်လုံက အကြာကြီး ပျောက်နေတာကြောင့် ထျန်လေးစိတ်ထဲမှာ ရှောင်လုံသူ့ကို မလိုချင်တော့လို့ ပြစ်သွားပြီဟု ယူဆထားလေသည်။

ရှောင်လုံက သူ့ခရီးထွက်မှာကို ထျန်လေးကိုမပြောပြခဲ့ပေ ။ အကယ်၍ ထျန်လေး သိခဲ့မယ်ဆိုရင်
ရှောင်လုံနှင့်အတူ တန်းလန်းတန်လန်း လိုက်လာအုံးမှာပဲ ဖြစ်သည်။

"... အကိုကြီး ...ဒီညတော့ ကျွန်တော်ကို အသားကင် ကျွေးရမယ်နော် ..."

ထျန်လေးက ရှောင်လုံလက်ကိုဆွဲယမ်းကာ အပြစ်ကင်းသော မျက်လုံးတောက်တောက်များဖြင့် ကြည့်ရင်း တောင်းဆိုလိုက်သည်။
ရှောင်လုံက  ရှီရှောင်ဖေး ၊ ထျန်လေး တို့နှင့် ရင်ဆိုင်ရမှာကို အင်အားကြီး ရန်သူအယောက်တစ်သောင်းနှင့် ရင်ဆိုင်ရမှာထက် ပိုပြီးကြောက်လေသည်။ နောက်ဆုံးတော့ ရှောင်လုံလည်း ခေါင်းညိတ် သဘောတူလိုက်ရသည်။

နတ်တံခါးဂိုဏ်းရှေ့မှ ရင်ပြင်ကျယ်ထဲတွင် မီးပုံကြီးတစ်ပုံကို ဖိုထားသည် ။ ထိုမီးပုံပတ်လည်တွင် လူခုနှစ်ယောက် ထိုင်နေကြသည်။ မီးပုံပေါ်တွင် ဟင်းခတ်အမွေးအကြိုင်များဖြင့် စီမံ၍ ကင်ထားသော အသားမှထွက်လာသော ဆီတွေက မီးပုံပေါ်သို့ ကျပြီး တရှဲရှဲ မြည်နေသည်။ ထိုပြင် လေထဲသို့ လွင့်ပျံလာသော အသားကင်အနံက လူခုနှစ်ယောက်၏ နှာခေါင်းများသို့ လာရောက်ကျီစယ်နေသည်။

".... ဂိုဏ်းချုပ် ... ဂိုဏ်းချုပ်က သခင်မလေး ရှီ ကို ကယ်တင်သွားပြီးနောက် ရှဲဟွေက ခွေးရူးတစ်ကောင်လို ဖြစ်သွားတယ် ... အဲ့နောက် ကျွန်တော်တို့ နတ်တံခါးဂိုဏ်းနှင့် နတ်တံခါးဂိုဏ်းအပေါ် သစ္စာခံတဲ့လူတွေ သူတို့နယ်မြေထဲကိုဝင်လာရင် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ သတ်ရမယ်လို့ အမိန့်ထုတ်လိုက်တယ်လေ.... "

  ကျောင်းရှုက ရှောင်လုံကို သတင်းပို့လိုက်သည်။
သို့သော်   ရှဲဟွေတို့နယ်မြေထဲတွင် နတ်တံခါးဂိုဏ်းသား သိပ်များများစားစားမရှိသည့် အချက်က နတ်တံခါးဂိုဏ်းကို ကံကောင်းသွားစေသည်။

".... ဂိုဏ်းချုပ်က ပဟေဋ္ဌိမြို့မှာ  ကျင်းမိသားစုရဲ့ ဂိုဏ်းချုပ်ကို ခေါင်းဖြတ်သတ်လိုက်ပြီးတဲ့နောက် ကျွန်တော်တို့ကို အာခံနေတဲ့ မိသားစု ဆယ့်လေးခုထဲကမှ ဆယ်ခုက ကျွန်တော်ဆီမှာ လာပြီး သစ္စာခံကြပါတယ် ... "

ကျန်းဖူက သတင်းကောင်းကို ရှောင်လုံအား အသိပေးလိုက်သည်။
ထိုနောက် ရှောင်လုံက နတ်တံခါးဂိုဏ်း၏ လက်ရှိအခြေအနေများအပြင် သိုင်းလောကအတွင်း၌ ဖြစ်ပျက်သွားသည့် ကိစ္စရပ်များကို ကျောင်းရှုနှင့် ကျန်းဖူတို့အား အသေးစိတ်မေးမြန်းလိုက်သည်။

ကျန်းဖူတို့ကလည်း သူတို့သိထားသလောက် ပြန်ဖြေလိုက်ကြသည်။ နတ်တံခါးဂိုဏ်းကိစ္စ လာရောက်စွက်ဖက်ရာတွင် ရှုံးနိမ့်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ  နတ်ဘုရားကျောင်းတော်ဘက်က
ငြိမ်ချက်သားကောင်းနေသည်။ ရှောင်လုံတို့ သုံးယောက်စကားကောင်းနေကြစဉ် ထျန်လေးကတော့ ရှောင်လုံမရှိသည့် ရက်များအတွက် အတိုးချကာ  စားသုံးနေသည်။ ရှောင်လုံ မရှိသည့်ရက်များက ထျန်လေးအတွက် ငရဲခံခဲ့ရသည့် နေ့ရက်များပင် ဖြစ်သည်။

ရှီရှောင်ဖေးနှင့် သူမ၏ အပျိုတော်လေးနှစ်ယောက်ကလည်း ထျန်လေးကဲ့သို့ အားရပါးရ စားသုံးနေသော်လည်း သူတို့ပုံစံက ထျန်လေးထက်စာရင် အမြင့်တင့်တယ်လေသည်။ 
မီးသမင်အသားတွေကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အားရပါးရ စားသုံးနေသော်လည်း ရှီရှောင်ဖေးမျက်လုံးတွေက ကျောင်းရှုတို့နှင့် ဆွေးနွေးနေသည့် ရှောင်လုံမျက်နှာကို မကြာခဏ ခိုးကြည့်နေသည်။

  မီးပုံမှ အလင်းတန်းများ ထင်ဟပ်နေသည့် ရှောင်လုံမျက်နှာက ရှင်းပြ၍ မရနိုင်သော ဆွဲငင်ဓတ်တစ်ချို့ ထွက်ပေါ်နေသည်ဟု ရှီရှောင်ဖေးစိတ်ထဲမှာ ခံစားနေရသည်။ မီးပုံစုဝေးပွဲက နာရီအနည်းငယ်အကြာတွင် အဆုံးသတ်သွားပြီး အားလုံးက ကိုယ်နေရာသို့ ကိုယ်ပြန်သွားကြသည်။

သို့သော် ရှောင်လုံ သူ့ခြံဝန်းအတွင်းသို့ ခြေတလှမ်းဝင်လိုက်ချိန်မှာ အနောက်မှ လှမ်းပြောလိုက်သည့် ရှီရှောင်ဖေး အသံကိုကြားလိုက်ရသည်။

"... အကိုဟောင် .... ညီမ ကြယ်လေးတွေ ကြည့်ချင်လို့.... ညီမကို အဖော်ပြုပေးနိုင်မလား ဟင် ....?"

ရှီရှောင်ဖေးက လရောင်အောက်တွင် ရွှမ်းလဲ့တောက်ပနေသော မျက်လုံးများဖြင့် ရှောင်လုံကိုတောင်းဆိုလိုက်သည်။

"... ကြယ်တွေကိုကြည့်ချင်လို့ ....?"

ရှောင်လုံက ရှီရှောင်ဖေးကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။ ရှောင်လုံစိုက်ကြည့်နေတာကိုမြင်တော့ ရှီရှောင်ဖေးမျက်နှာက နီရဲတွတ်လာသည်။
သို့သော် လကို တိမ်မည်းတစ်ချို့ က ဖုံးအုပ်သွားတာကြောင့် နီရဲတွတ်နေသည့် ရှီရှောင်ဖေး၏ မျက်နှာလေးကို ရှောင်လုံ ကသတိမပြုမိလိုက်ချေ ။

ရှီရှောင်ဖေးက ခေါင်းညိတ်ပြလိုက်သည်

"... ညီမ ငယ်ငယ်က လသာတဲ့ ညတွေမှာ မေမေနဲ့အတူ  ကြယ်တွေကိုကြည့်လေ့ရှိတယ်....
ဒီနေ့ညလည်း ညီမစိတ်ထဲမှာ ကြယ်တွေကြည့်ချင်လာလို့ .... အကိုဟောင် ညီမကို အဖော်ပြုပေးနိုင်မလား ....?"

မျှော်လင့်စောင့်စားနေသည့် ရှီရှောင်ဖေးမျက်နှာလေးကိုကြည့်ပြီး နောက်ဆုံးတော့ ရှောင်လုံလည်း ခေါင်းညိတ်ပြလိုက်သည် ။ သိုင်းလေ့ကျင့်ခြင်းက ရှောင်လုံအတွက် အရေးကြီးသော်လည်း တစ်ညလောက်သိုင်းမကျင့်ပဲ မိန်းမချောလေးနှင့်အတူ ကြယ်တွေကို ကြည့်ရတာကလည်း သိပ်ပြီးမဆိုးလှပေ။

ထိုနောက် ရှောင်လုံက ရှီရှောင်ဖေး၏ ဖြူဝင်းသွယ်လျသောလက်တစ်ဖက်ကို ဆွဲကိုင်ကာ
သူ့အိမ်၏ အမိုးပေါ်သို့ ခုန်တက်လိုက်သည်။
ရှောင်လုံက သူမလက်ကို ကိုင်ထားတာမို့ ရှီရှောငိဖေးရင်ထဲမှာ ရင်ခုန်သံများ ဝုန်းဒိုင်းကျဲသွားသည်။

အမိုးပေါ်တွင်ထိုင်ပြီးနောက် ရှောင်လုံက ကောင်းကင်ကြီးကို မော့ကြည့်လိုက်လေသည်။
ရှောင်လုံက ကောင်းကင်ထက်တွင် ပြန့်ကျဲ့နေသော ကြယ်လေးတွေကိုမြင်လိုက်သည်။ အမှောင်ထုကြီးကို အံတုကာ တလက်လက်တောက်ပနေသော ကြယ်တွေကိုကြည့်ရင်းရှောင်လုံ စိတ်ထဲမှာ
ငြိမ်းချမ်းမှုကိုခံစားလိုက်ရသည်။

ရှောင်လုံနံဘေးမှာထိုင်နေသည့် ရှီရှောင်ဖေ၏ ရင်ခုန်သံတွေကလည်း တဖြည်းဖြည်းနှင့်ပြန်လည် တည်ငြိမ်လာသည်။ ရှီရှောင်ဖေးက ကြယ်တွေကို ငေးကြည့်နေသော အေးချမ်းတည်ငြိမ်သည့် ရှောင်လုံမျက်နှာလေးကို ငေးကြည့်ရင်း သူမနှုတ်ခမ်းတွေက အလိုလို ပြုံးသွားသည်။
ထိုနောက် ရှီရှောင်ဖေးက ရှောင်လုံကြည့်နေသည့်
ကြယ်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ကြီးအား မော့ကြည့်လိုက်ပြီး တိတ်တဆိတ်ရေရွတ်လိုက်သည်။

".... အရမ်းကို လှတာပဲ ...."

ရှီရှောင်ဖေးအသံကိုကြားမှ ငြိမ်အေးမှု အတွင်း နစ်မျောနေသည့် ရှောင်လုံလည်း သတိပြန်ဝင်လာပြီး ဘေးကို လှည့်ကြည့်လိုက်သည်။ ကောင်းကင်ကြီးကိုမော့ကြည့်နေသည့် ရှီရှောင်ဖေး၏ ဟန်ပန်အမူအရာက လွန်စွာ ဆွဲဆောင်ဖို့ ကောင်းနေသည်။ ဖြောင့်စင်းသောနှာတံ ၊ နှင်းဆီရောင်တောက်ပနေသော နှုတ်ခမ်း နှင့်အတူ ရှီရှောင်ဖေး၏ ကိုယ်သင်းရနံလေးတွေကလည်း ရှောင်လုံနှာခေါင်းကို ကလူကျီစယ်နေသည်။

"... ညီမအမေကတော့ ညီမကို အရမ်းချစ်မှာပဲနော်..."

ရှောင်လုံက အာရုံစူးစိုက်၍ ပြောလိုက်သည်။
ရှီရှောင်ဖေးက ရှောင်လုံကိုကြည့်ကာ တောက်ပစွာပြုံးလိုက်သည်။ ထိုအပြုံးလေးက ရှောင်လုံ နှလုံးသားကို တိုက်ရိုက် ထိမှန်သွားလေသည်။

"... ဟုတ်တယ်အကို... အမေက ညီမကို အရမ်းချစ်တာ ... ဒါပေမယ့် အမေကတော့ အရမ်းမုန်းဖို့ကောင်းတာပဲ သိလား ... သူက ညီမ ငယ်ငယ်လေးကတည်းက အခုအချိန်ထိ အမြဲတမ်းသိုင်းကိုပဲ အတင်းအကျပ် လေ့ကျင့်ခိုင်းတယ် ..."

ရှောင်လုံက နူးညံစွာ ရယ်မောလိုက်ပြီး

"... ဒါကလည်း ညီမအဖေက ညီမကို  အရမ်းချစ်လို့ ပဲလေ ..."

သိုင်းဝိညာဉ်ကမ္ဘာကြီးထဲမှာ သန်မာအစွမ်းထက်သူတွေက အားနဲသူတွေကို အမဲလိုက်ကြသည်။
ရှီဖန်ထျန်က ရှီရှောင်ဖေး ကိုယ်ကိုကိုယ် ကာကွယ်နိုင်ရန်အတွက် အမုန်းခံကာ သိုင်းပညာကို အတင်းအကျပ်လေ့ကျင့်ခိုင်ခြင်းပင် ။

ရှီရှောင်ဖေးက ခေါင်ညိတ်ပြလိုက်သည်

"... ညိီမလည်း သိပါတယ် ..."

ထိုနောက် သူမ မျက်နှာလေးက မှိုင်းညို့သွားပြီး

"... အကိုဟောင် ...ညီမက  အသုံးမဝင်တဲ့ လူတစ်ယောက် ဖြစ်နေတာလား....ဟင် ...?"

ရှီရှောင်ဖေး မေးလိုက်သည့် မေးခွန်းကြောင့် ရှောင်လုံလည်း အံ့သြမှင်သက်သွားသည်။ သို့သော် ရှီရှောင်ဖေးက ရှဲဟွေလက်ထဲမှာ အဖမ်းခံခဲ့ရသည့် ကိစ္စကို ဆိုလိုခြင်မှန်း ချက်ချင်း သဘေယပေါက်လိုက်သည်။

"... အဲ့လို မဟုတ်ပါဘူး ..."

ရှောင်လုံက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်

"... ညီမက အရည်အချင်းရှီပြီသားပါ ... ညီမရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ညီမထက်သာတဲ့လူဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲ ရှိတော့တယ် ... ဥပမာပြောရရင် ...ညီမသိုင်းလေ့ကျင့်တာဝယ်လောက်ကြာသေးလို့လဲ ... အခုဆို ညီမက စကြာဝဠာ သိုင်းပညာရှင်တစ်ယောက်တောင် ဖြစ်နေပြီ
ဒါက တကယ့်ကို အံသြဖွယ်ရာကောင်းတဲ့ အောင်မြင်မှုမျိုးပဲ ..."

ထိုစကားက ရှောက်လုံမြှောက်ပင့်ပြောချင်း မဟုတ်ပေ ။ သိုင်းဝိညာဉ်ကမ္ဘာကြီးထဲတွင်  နှစ်တစ်ထောင်ကျော် သိုင်းလေ့ကျင့်သော်လည်း စကြာဝဠာ သိုင်းပညာရှင ဖြစ်မလာသူက ရေတွက်၍ မရနိုင် အောင် များပြားသည်။

ရှောင်လုံကိုကြည့်နေသော ရှီရှောင်ဖေး၏ လှပသောမျက်လုံးလေးတွေက စိုစွတ်လာပြီး

"... အခုလို နှစ်သိမ့်ပေးတာ ကျေးဇူးတင်ပါတယ်အကိုဟောင် .....ဒါ.....ဒါနဲ့....
ညီမအကို ပုခုံပေါ်မှာ ခဏလောက် မှီလို့ရမလားဟင် ...?"

ရှီရှောင်ဖေး၏ အကြည့်တွေက လီလူထွက်မသွားခင်သူ့ကိုကြည့်ခဲ့သော အကြည်နှင့်တူသည်ဟု ရှောင်လုံစိတ်ထဲမှာ ခံစားလိုက်ရသည်။  လီလူလည်း ထိုကဲ့သို့ ကြည့်ပြီးနောက် ရှောင်လုံဘဝထဲကနေ ပျောက်ကွယ်သွားလေသည်။

"... အင်း ...""

ရှောင်လုံက ခေါင်းညိတ်လိုက်သည်။

ရှောင်လုံခွင့်ပြုချက်ကိုရပြီးသည့်နောက် ရှီရှောင်ဖေးက သူမ၏ ဦးခေါင်းကို ရှောင်လုံပုခုံးဖက်သို့ ဖြည်းဖြည်းချင်းမှီချလိုက်၏ ။ ရှောင်လုံ၏ ယောက်ျားပီသသော ကိုယ်သင်းရနံကလည်း ရှီရှောင်ဖေးနှာခေါင်းထဲသို့ ဝင်သွားသည်။ ရှီရှောင်ဖေး ၏ရင်ခုန်သံတွေ မြန်ဆန်လာသလို အမှောင်ထဲသို့ရောက်နေသည့် သူမမျက်နှာလေးကလည်း ရဲရဲနီသွားသည်။

ထိုပုံစံအတိုင်း နှစ်ယောက်စလုံးက တိတ်ဆိတ်ပြီး ကြယ်များဖြင့် လင်းလက်တောက်ပနေသော ကောင်းကင်ကြီးအား မော့ကြည့်နေကြသည်။
အချိန် အတန်ကြာပြီးနောက် ရှောင်လုံက ဘေးကို လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ပုခုံးထက်တွင် အပြစ်ကင်းစွာဖြင့် အိမ်မောကျနေသည့် ရှီရှောင်ဖေးကို မြင်လိုက်ရသည်။

အိပ်ပျော်နေသော နတ်သမီးလေး၏ မျက်တောင်တွေက လိပ်ပြာလေးတွေလိုမျိုး တဖျတ်ဖျတ် ခတ်နေ၏ ။ ထိုပြင် နူးညံသောအသားအရေနှင့်အတူ ပြစ်မျိုးမဲ့မထင် မျက်နှာလေးက ပန်းချီ နတ်ဘုရားတစ်ယောက် ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ကိုကြည့်နေရသည်နှင့် တူနေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၄၄......

ရှောင်လုံက အလှဘုရင်မလေးကို နှိုးဖို့ တွန့်ဆုတ်နေတာကြောင့် သူ့ပုခုံးထက်တွင် ဆက်ပြီးအိပ်ခိုင်းထားလိုက်သည်။

တဖြည်းဖြည်းနှင့် ကောင်းကင်ထက်က ကြယ်လေးတွေပျောက်ကွယ်သွားသလို ညအမှောင်ထု၏ နေရာကို မနက်ခင်းရောင်ခြည်များက အစားထိုးဝင်ရောက်လာကြသည်။

နေရောင်ခြည်က သူ့မ မျက်နှာထက်ကို ကျဆင်းလာချိန်မှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ရှီရှောင်ဖေးက ခပ်တိုးတိုး တစ်ချက်ညည်းရင်း နိုးလာသည်။  ရှီရှောင်ဖေးက ရှောင်လုံပုခုံးထက်တွင် အိပ်ပျော်မိသွားတာကို သူ့ကိုယ်သူ မယုံနိုင်အောင်ဖြစ်သွားသည်။

"... အကိုဟောင် ...ကျွန်မ ..."

ရှီရှောင်ဖေးက ရှက်သွားတာကြောင့် သူမ၏ ပါးနှစ်ဖက်က ပန်းသီးလေးတွေကဲ့သို့ နီရဲနေလေသည်။

"... ဘာမှမဖြစ်ပါဘူး...""

ရှောင်လုံကစလိုက်သည်

" ... ညီမလို အလှပဂေးတစ်ယောက်အတွက် ခေါင်းအုံးတစ်လုံးး ဖြစ်ခွင့်ရဖို့ဆိုတာက အကိုတို့လို ယေက်ျားသား အများစုရဲ့ စိတ်ကူးယဉ် အိမ်မက်တစ်ခုပါပဲ ..."

ရှီရှောင်ဖေး မျက်နှာလေးက ပို၍ နီရဲတွတ်သွားသည်။  ရှောင်လုံက ရှီရှောင်ဖေးကိုသူမအဆောင်ဆီသို့ ပြန်လိုက်ပို့လိုက်သည်။
ထိုနောက် ရှောင်လုံက သူ့တံခါးပိတ် သိုင်းလေ့ကျင့်မည့် ကိစ္စနှင့်စပ်လျဉ်း၍ လိုအပ်သည့်များကိုပြင်ဆင်ရန် ကျောင်းရှု နှင့် ကျန်းဖူတို့ကို သွားရှာလိုက်သည်။

ဒီတကြိမ် ရှောင်လုံက ကမ္ဘာဦးနတ်နဂါးတစ်ကောင်ကိုယ်ထဲမှ စွမ်းအားတွေကို စုပ်ယူရမှာပဲ ဖြစ်သည်။ အမှန်တိုင်းဆိုရလျင် ထိုသို့ တံခါးပိတ်လေ့ကျင့်ရာတွင်ဘအချိန်မည်မျှ ကြာမည်ဆိုတာကို သူကိုယ်တိုင်လည်း မသိပေ ။

ထိုကြောင့် ရှီရှောင်ဖေး ၊ သူမ၏ အပျိုတော်နှစ်ယောက် နှင့် ထျန်လေးတို့ကို သူသိုင်းလေ့ကျင့်နေစဉ်အချိန်အတွင်း နတ်တံခါးဂိုဏ်း၏ အပြင်ဘက်သို့ မထွက်ကြရန် အတန်တန်မှာ ကြားလိုက်သည်။

ရှောင်လုံက ပြန်လာတာမကြာသေးချိန်တွင်  တံခါးပိတ် သိုင်းလေ့ကျင့်တော့မှာကိုကြားတော့ ထျန်လေးမျက်နှာက ရှစ်ခေါက်ချိုးဖြစ်ပြီး ဆူပုတ်နေလေသည်။

ထျန်လေး၏ ရှစ်ခေါက်ချိုး မျက်နှာကို မြင်တော့ ရှောင်လုံက ရယ်မောကာ

"... ကောင်လေး မင်းလည်း ငါမရှိတုံးမှာ အပျင်းကြီးမနေနဲ့အုံးနော် ... အကိုကြီး တံခါးပိတ် သိုင်းလေ့ကျင့်ပြီးထွက်လာချိန်မှာ မင်းသိုင်းပညာတွေ တိုးတက်လာတာကိုပြနိုင်ရင် မင်းကို မီးသမင် အကောင်တစ်ရာ ကင်ကျွေးမယ် ...ဘယ်လိုသဘောရလဲ ....?"

".... အကောင်တစ်ရာ ...?"

ထျန်လေး မျက်လုံးတွေက ကျောက်မြတ်ရတနာတွေကဲ့သို့ တလက်လက်တောက်ပလာသည်။
ထိုနောက် သူက လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်သည်။

"... အကိုကြီး စိတ်ချပါ ကျွန်တော်သေချာပေါက်
ကြိုးစားပါ့မယ် ..."

ရှောင်လုံက မှာစရာရှိတာတွေကို မှာပြီးနောက် နတ်တောင်ရွှမ်းမီအတွင်းသို့ ဖျတ်ကနဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ထိုနောက် ကမ္ဘာဦး နတ်နဂါးရုပ်အလောင်းကြီး ဆယ်သုံးခုကို ငေးကြည့်နေ၏ ။ ရှောင်လုံက ကမ္ဘာဦးနတ်နဂါးအလောင်း ဆယ့်သုံးခုကိုကြည့်ရင်း ခဏလောက် စဉ်းစားချင့်ချိန်နေသည်။

ထိုနောက် ရှောင်လုံက မီနဂါးဆီက စွမ်းအားတွေကို အရင်ဆုံး စုပ်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
ရှောင်လုံရရှိထားသော ကမ္ဘာဦး နတ်နဂါး ဆယ့်သုံးရုပ်ထဲတွင် မီနဂါးက စွမ်းအား အနိမ့်ဆုံးဖြစ်သည်။

ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားသော  ကမ္ဘာဦးနဂါးတွေဆီမှ စွမ်းအားတွေကို  ပထမဆုံးအကြိမ်အဖြစ် စုပ်ယူဖို့ ကြိုးစားမည့် ရှောင်လုံအတွက် စွမ်းအားအနည်းဆုံးနဂါးက စုပ်ယူရအလွယ်ဆုံးဖြစ်သည်။

ရှောင်လုံက ဆုံးဖြတ်ချက် ချပြီးသည့်နောက်ဘဗုဒ္ဓဆယ်ဆူ အစီအရင်အတွင်း၌ တင်ပျင်ခွေ ထိုင်ချလိုက်သည်။ ထိုနောက် ရှောက်တုံဂျန်နှင့် ကျူးဝူဂျိ တို့၏ သိုလှောင်လက်စွပ်အတွင်းမှ ရရှိခဲ့သော အဆင့် ၁ ဝိညာဉ်ကျောက်တုံးတွေကို ထုတ်လိုက်သည်။ အဆင့် ၁ ဝိညာဉ်ကျောက်တုံးတွေကို အစီအရင်၏ အလယ်ဗဟိုချက်တွင်းထား၍
အစီအရင်ကို စတင်လိုက်သည်။

ရှောက်တုံဂျန်တို့ဆီကနေ ရှောင်လုံက အဆင့် ၁ ဝိညာဉ်ကျောက်တုံး အတုံးတစ်ထောင်နီးပါးလောက် ရရှိခဲ့သည်။ ထိုဝိညာဉ်ကျောက်တုံး အရေအတွက်က ဗုဒ္ဓဆယ်ဆူ အစီအရင်အား ရက်ပေါင်းများစွာကြာသည်အထိ ဆက်လက်တည်မြဲနေအောင် လုံလောက်သည့် ပမဏတစ်ခုဖြစ်သည်။

ဗုဒ္ဓဆယ်ဆူ အစီအရင်က ထောက်ပံပေးထားတာကြောင့် နတ်နဂါးဆီက စွမ်းအားတွေကို  စုပ်ယူရာတွင် ပိုမိုလွယ်ကူလာမှာ ဖြစ်သည်။

ရှောင်လုံက နတ်နဂါးမြက်ပင် ရှစ်ခုကို အလျင်အမြန်မြိုချလိုက်ပြီးနောက် နတ်အတွင်းအားကျင့်စဉ်ကို စတင်လိုက်သည်။
ထိုနောက် မီးနဂါးရုပ်အလောင်းဆီက စွမ်းအင်တွေကို ပါးစပ်အတွင်းသို့ စုပ်သွင်းလိုက်သည်။

နဂါးအဆီအနှစ်စွမ်းအင်တွေက မြောက်များစွာသော အနီရောင် အမျှင်တန်းများအနေဖြင့် ပေါ်ထွက်လာသည်။ ထိုစွမ်းအင်တွေက မီးနဂါးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုနောက် မီးနဂါးလေးတွေက ရှောင်လုံကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားကြသည်။

မီးနဂါးတွေ ဝင်လာသည်နှင့်တစ်ပြိုင်နက် ရှောင်လုံခန္ဓာကိုယ်က မခံမရပ်နိုင်အောင် နာကျင်လာသည်။ ရှောင်လုံက အံကြိတ်ကာ နတ်အတွင်းအားနည်းစနစ်အတိုင်း ခန္ဓာကိုယ်ထဲမှ အတွင်းအားတွေကညအဆက်မပြတ် လှည့်ပတ်စီးဆင်းစေလိုက်သည်။ ထိုနောက် သူ့ကိုယ်ထဲသို့ ဝင်လာသည့် မီးနဂါသ အဆီအနှစ်များကို စတင်စုပ်ယူတော့သည်။

တရက် .....

နှစ်ရက် ......

မျက်သိတမှိတ်အတွင်း အချိန်တစ်လ ကုန်လွန်သွားသည်။ ရှောင်လုံတစ်ကိုယ်လုံးကို ရဲရဲနီနေသော မီးကျီခဲများနှင့်တူသည့် အလွှာတစ်ခုက ဖုံးအုပ်ထားသည်။ ထိုအလွှာကြီက လျော့နည်းလာခြင်းမရှိပဲ ဖြည်းဖြည်းချင်းညပိုမိုခိုင်မာလာသည်။
ရှောင်လုံ၏ အရေပြားက သလင်းကျောက်တစ်ခုလို တဖိတ်ဖိတ်တောက်ပနေသည်။

အချိန်တစ်လကျော်သွားသော်လည်း ရှောင်လုံ ခန္ဓာကိုယ်အား ဖုံးအုပ်ထားသော အနီရောင် အလင်းတန်းများက လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၍ သိပ်သည်းလာသည်။
ရှောင်လုံက မီးသလင်းကျောက် ရုပ်ထုကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်နှယ် ဖြစ်နေသည်။

ဤသို့ဖြင့်  အချိန် ခြောက်လက ထပ်မံ၍ ကုန်လွန်သွားပြန်သည်။
ရှောင်လုံခန္ဓာကိုယ်ကနေ ထွက်ပေါ်နေသည့် အနီရောင်အလင်းတန်းတွေကြောင့် နတ်တောင်ရွှမ်းမီကြီး တစ်ခုလုံ အနီရောင်သန်းနေသည်။
ထိုအနီရောင် အလင်းတန်းများကြားတွင် ရှောင်လုံပုံရ်ိပ်က ပျောက်ကွယ်နေသည်။

တစ်နေ့မှာတော့ တောက်ပနေသည့် အနီရောင်အလင်းတန်းများကြားမှ အရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရိပ်က တဖြည်းဖြည်း ကြည်လင်လာသည်။ နောက်ဆုံးမှာတော့ ထိုအရိပ်ကြီးက မီးနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ရှောင်လုံ၏ စိတ်ဝိညာဉ်ထဲတွင် တဖြည်းဖြည်း ဝေဝါးလာသည်။ ထိုနောက် ရှောင်လုံက  ကမ္ဘာဦး မီးနတ်နဂါးကြီးတစ်ကောင်ဖြစ်နေသည်ဆိုသော အိမ်မက်ကို မက်နေသည်။ အိမ်မက်ထဲမှာ မီးနဂါးဖြစ်နေသည့် ရှောင်လုံက မီးပင်လယ်အတွင်းသို့ ပျော်ရွှင်စွာ ခုန်ချလိုက်သည်။

ရှောင်လုံ မျက်စိရှေ့တွင် အစက်အပြောက်များကို မြင်လိုက်ရသည်။ ထိုအစက်အပြောက်များက တဖြည်းဖြည်းကြီးမားလာ၏ ။ ထို အစက်လေးများအားလုံး ပေါင်းစည်းသွားသောအခါ
သူ့ရှိနေသော ကမ္ဘာကြီးတစ်ခုလုံးက ကြီးကျယ်ခမ်းနားသော အလင်းတန်းများဖြင့် တောက်ပလာသည်။

ထိုနောက် ရှောင်လုံကလည်း နိုးလာသည်။ ရှောင်လုံ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ
ရဲရဲနီနေသောမီးတောက်များ စီဆင်းနေသည့် အနီရောင် မီးပင်လယ်ကြီးကို မြင်တွေ့လိုက်ရသည်။

ရှောင်လုံက သူ့လက်တွေကို လှုပ်ရှားကြည့်လိုက်သည်။ ထိုအခါ ရှောင်လုံလက်၏ လှုပ်ရှားမှုအတိုင်း မီးနဂါးလေးတွေက လေထဲတွင် ကခုန်နေကြသည်။

အရမ်းကိုသန့်စင်တဲ့ မီးအဆီအနှစ်စွမ်းအင်တွေပါလား .....!

ကမ္ဘာဦး မီးနဂါးဆီက စွမ်းအားတွေကို စုပ်ယူခဲ့ပြီးနောက် ရှောင်လုံက သု့ပတ်ဝန်းကျင်မှာကှိနေသည့် သန့်စင်သော မီးအဆီအနှစ်များကို အာရုံခံနိုင်လာသည်။ ထိုနောက် ရှောင်လုံက သူ့ချီပင်လယ်အတွင်းသို့ စိတ်လှုပ်ရှားစွာဖြင့် အကဲခတ်ကြည့်လိုက်သည်။

ရှောင်လုံချီပင်လယ်အတွင်း၌ သက်ဝင်လှုပ်ရှားနေသော အတွင်းအားချီများဖြင့် ပြည့်နှက်နေ၏ ။ အတိတ်က ရှောင်လုံ ချီပင်လယ်ဝါ မြစ်ကြီးတစ်ခုနှင့် တူခဲ့သည်။ ယခုအချိန်မှာတော့ ပင်လယ်ကြီးတစ်ခု အဖြစ်သို့ ဆင့်ကဲ့ ပြောင်းလဲသွား၏ ။

စကြာဝဠာအဆင့် ၅ ....!

ရှောင်လုံက စကြာဝဠာအဆင့် ၄ အလယ်အဆင့်ကနေ စကြာဝဠာအဆင့် ၅ အထိ တိုက်ရိုက်ရောက်ရှိသွားသည်။ ရှောင်လုံ၏ လက်ရှိအတွင်းအားအဆင့်က စကြာဝဠာ အဆင့်၅ စဦး အဆင့်ဖြစ်သည်။ တိတိကျကျဆိုရလျင် စဦး အဆင့် အလယ်အဆင့်သို့ ရောက်ရှိရန် ခြေတလှမ်းသာ လိုတော့သည့် အထွတ်အထိပ်အဆင့်ကို ရောက်သွားသည်။

အလယ်အဆင့် စကြာဝဠာ သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် သေးငယ်သော အဆင့်တက်မှုလေးတစ်ခုဖြစ်နေသော်လည်း ခွန်းအားပိုင်းမှာတော့ အကြီးအကျယ်ကို ပြောင်းလဲသွားလေ့ရှိသည်။

ကောင်းကင် အတွင်းအား အဆင့်တွင် ကောင်းကင်အဆင့် ၄ သိုင်းသမားက ကောင်းကင်အဆင့် ၅ သိုင်းသမားကို အနိုင်ရလိုလျင် သူ့ဆီမှာရှိနေသည့် ရတနာပစ္စည်းများအပြင် အသေအကျေကို တိုက်ခိုက်ရန်လိုအပ်သည်။ အမှန်တိုင်းဆိုရလျင်  ရှောင်လုံကဲ့သို့ ထိပ်တန်းအမြွှာသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင် သိုင်းလုလင်များကလွဲ၍ အဆင့်မတူသည့် ပြိုင်ဘက်အား အနိုင်ရဖို့ဆိုတာက လွယ်ကူသော ကိစ္စတစ်ခုမဟုတ်ပေ။

စကြာဝဠာသိုင်းပညာရှငိတစ်ယောက်ဖြစ်လာပါက
ထိုအချက်ဟာ ပိုပြီးထင်ရှားလာသည်။ အတွင်းအားပိုင်းမှာ အဆင့်ငယ်လေးတစ်ခုလောက်သာ ကွာခြားနေသော်လည်း ခွန်းအားပိုင်းမှာတော့ များစွာကို ကွာခြားသွားသည်။

ထိုကြောင့် ရှောင်လုံခွန်အားတွေက သူတံခါးပိတ် လေ့ကျင့်ခန်း မဝင်ခင် အချိန်ကနှင့် နှိုင်းယှဉ်ကြည့်ပါက ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာကို တိုင်းတာရန်ခက်ခဲလှသည်။

".... ရှဲဟွေ ..."

ရှောင်လုံက တီးတိုးရေရွတ်လိုက်သည်။ ရှောင်လုံက သူ့၏ လက်ရှိခွန်အားနှင့်ဆိုလျင် စကြာဝဠာအဆင့်၆ အထွတ်အထိပ်အဆင့်သို့ရောက်နေသည့် ရှဲဟွေအား သူတင်ကိုယ်တင် တိုက်ခိုက်နိုင်သည်ဟု ယုံကြည်နေသည်။

ရှောင်လုံက ခန္ဓာကိုယ်တွင်းပြောင်းလဲမှုတွေကို ဆက်ပြီး လေ့လာကြည့်လိုက်သည်။ မီးနတ်နဂါးဆီမှ စွမ်းအားတွေကို စုပ်ယူခဲ့ပြီးနောက်
ရှောင်လုံ၏ စိတ်ဝိညာဉ်ဆိုင်ရာ အင်အားတွေက ယခင်ကထက် ခြောက်ဆ ၊ ခုနှစ်ဆ နီးပါးလောက်
ပိုမိုအစွမ်းထက်လာသည်။ ရှောင်လုံ ခန္ဓာကိုယ်မှ အရေပြား နှင့် သွေးကြောတွေက နတ်နဂါးတစိကောင်၏ ခန္ဓာကိုယ်အလား ကြံခိုင်သန်စွမ်းလာသည်။

ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကို လေ့လာစမ်းစစ်ပြီးနောက် ရှောင်လုံက နတ်တောက်ရွှမ်းမီ အပြင်ဘက်သို့ ထွက်လိုက်သည်။
သူအနေနှင့် ရှီရှောငိဖေးကို မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံသုိ့ ပြန်ပို့ပေးရမည့် ကိစ္စ ရှိနေသေးသည့် မဟုတ်လား ....။

".... မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံရဲ့ ရတနာဆောင်ထဲမှာ နတ်နဂါးမြက် ဘယ်နှစ်ခုလောက် ရှိနေမလဲမသိဘူး ....?"

ရှောင်လုံက တစိယောက်ထဲ အတွေးရေယဉ်ကြော၌ စီးမျောသွားသည်။ အကယ်၍ နတ်နဂါးမြက် ဆယ့်ရှစ်ပင်လောက်သာ ရရှိခဲ့ပါက ရှောင်လုံနောက်ထပ်  ကမ္ဘာဥိးနတ်နဂါးနှစိကောင်ဆီမှ စွမ်းအားတွေကို စုပ်ယူနိုင်မှာပဲဖြစ်သည်။

ထိုအချိန်ကြရင် ရှောင်လုံ ခွန်အားတွေကလည်း နှစ်ဆကနေ သုံးဆ နီးပါးလောက် တိုးတက်လာနိုင်သည်။ ထိုအချိန်ရောက်လို့ ရှောက်လုံက ရှဲဟွေနှင့် ပြန်တွေခဲ့လျင် ရှဲဟွေဆိုသည့်ကောင်ကို လက်ဝါးတချက်ထဲနှင့် အသားပြားဖြစ်သွားအောင် လုပ်နိုင်မှာပဲ ဖြစ်သည်။

ရှောင်လုံ တံခါးပိတ် သိုင်းလေ့ကျင့်ရာမှ ပြန်ထွက်လာတာကို မြင်တော့  အားလုံးက ဝမ်းသာသွားကြသည်။ ထျန်လေးက ရှောင်လုံကိုမြင်သည်နှင့် အဝေးကနေ ကမန်းကတမ်း ပြေးလာပြီး ရှောင်လုံကို လှည့်ပတ်ကာ ကြော်ငြာလိုက်သည်

".... အကိုကြီး ...အကိုကြီး... ကျွန်တော် ဒီခုနှစ်လ အတွင်း အပျင်းအကြီးဘူး ...ကြိုးကြိုးစားစား လေ့ကျင့်တယ်နော် ..."

ထိုနောက် ထျန်လေးက သူ့စကားဆုံးသည့်နှင့် ကိုယ်ထဲမှ အော်ရာတွေကို ထုတ်ပြလိုက်သည်။
ထျန်လေး ကိုယ်ထဲက ထွက်ပေါ်လာသော စွမ်းအားတွေကိုကြည့်ရင်း ရှောင်လုံလည်း အနည်းငယ် အံ့အားသင့်သွားသည်။ ရှောင်လုံ တံခါးပိတ်သိုင်းလေ့ကျင့်ခန်း မဝင်ရသေးခင်မှာ ထျန်လေး၏ အတွင်းအားတွေက စကြာဝဠာ အဆင့် ၃ နောက်ဆုံး၏ အထွတ်အထိပ်အဆင့်မှာသာ ရှိနေသေးသည်။ အခုသူက စကြာဝဠာအဆင့် ၄ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေချေပြီ ။
ထျန်လေး၏ ပင်ကိုယ်စွမ်းရည်က ခရမ်းရောင်ဝါးမြိုမျောက်လေးကဲ့သို့ အရမ်းကြောက်စရာကောင်းတယ်ဆိုတာကို ရှောင်လုံ သဘောပေါက် သွားသည်။

"... ကောင်ပြီ ... ဒီည မင်းအတွက် မီးသမင်အကောင် တစ်ရာ ကင်ကျွေးမယ် ဟုတ်ပြီလား ...!"

ရှောင်လုံကရယ်မောလိုက်သည်။ ထျန်လေးတစ်ယောက် အခုလိုကြိုးကြိုးစားစားနှင့်
သိုင်းလေ့ကျင့်တာက သူကတိပေးခဲ့သည့် မီးသမင်အကောင်တစ်ရာအတွက် ဆိုတာကို ရှောင်လုံ နားမလည်ပဲ နေပါ့မလား ။

မျှော်လင့်ထားသည့်အတိုင်း မီးသမင်အကောင်တစ်ရာဆိုသည့် စကားကိုကြားပြီးနောက် ထျန်လေးမျကိနှာက ဝင်းပသွားသည်။ ထိုနောက် ထျန်လေးက မီးသခင်အကောင်တစ်ရာ ကို ဂါထာတစ်ခုလို ရေရွတ်ရင်း ခြံဝန်းအခြံ ခုန်ပေါက်ပြေးလွှားနေလေသည်။

ထျန်လေး၏ အပြုအမူကိုကြည့်ရင်း ရှီရှောင်ဖေးနှင့် တခြားလူများက ရယ်မောလိုက်ကြသည်။ သူတို့အားလုံးလည်း ထျန်လေးကိုကြည့်ရင်း ကလေးဘဝကို ပြန်လည်မြင်ယောင်ကာ စိတ်ပျော်ရွှင်လာကြသည်။

ထိုညကလေးက ကောင်းမွန်သော အသားကင် ၊ ဝိုင် များဖြင့် ပျော်ပျော်ရွှင်ရွှင်ဖြင့် ကုန်ဆုံးသွား၏ ။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၄၅

နောက်တစ်နေ့မနက်ခင်း တွင် ကျောင်းရှု ၊ ကျန်းဖူတို့နှင့်အတူ နတ်တံခါးဂိုဏ်းမှ သိုင်းပညာရှင်များက  မြင့်မြတ်သော ဗုဒ္ဓအင်ပါယာနိုင်ငံသို့ ခရီးထွက်ကြမည့် ရှောင်လုံ  ၊
ရှီရှောင်ဖေး ၊ ရှောင်ရို နှင့် ရှောင်ယုတို့ကို နှုတ်ဆက်စကား လာပြောကြသည်။

နတ်တံခါးဂိုဏ်းမှ စတင်ခရီးထွက်လာရာ တစ်လကြာပြီးသည့်နောက် ရှောင်လုံတို့က မိစ္ဆာသားရဲတောအုပ်၏ အပြင်ဘက်အစပ်နားသို့ ရောက်ရှိလာသည်။

မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံသို့ ရောက်ရှိရန်အတွက် မိစ္ဆာသားရဲတောအုပ်က ဖြတ်လမ်းတစ်ခုဖြစ်သည်။ သို့သော် ရှောင်လုံတိုဘ မိစ္ဆာသားရဲတောအုပ် ကျော်ဖြတ်စဉ် အန္တရာယ်အနည်းငယ်နှင့် ရင်ဆိုင်ခဲ့ရသည်။

မိစ္ဆာသားရဲတောအုပ်ထဲတွင် မှီတင်းနေထိုင်ကြသော သားရဲကြီးတွေက ယခင်ကထက် ပိုပြီး ဒေါသထွက်နေသလို ကြမ်းတမ်းနေကြသည်။ ထိုပြင် မိစ္ဆာသားရဲကြီးတွေက သူတို့နယ်မြေထဲတွင် နေထိုင်ရမည့်အစား တခြားနေရာများသို့ လျောက်ပတ်နေကြသည်။

ထိုကြောင့် ရှောင်လုံတို့က တတ်နိုင်သမျှ မိစ္ဆာသားရဲတွေ သတိမပြုမိအောင် ကြိုးစား၍ မိစ္ဆာသားရဲတောအုပ်ကို ကြိုးစားပမ်းစား ကျော်ဖြတ်ခဲ့ရသည်။
ထိုကဲ့သို့ သတိထားခဲ့တာတောင်မှ  ရှောင်လုံတုိ့လူစု မိစ္ဆာသားရဲအုပ်များနှင့် တွေ့ကြုံခဲ့ရသည်။

ရှောင်လုံတို့ကို ကံကောင်းသွားသည့်အချက်မှာ ထိုမိစ္ဆာသားရဲတွေက သာမန်အဆင့် မိစ္ဆာသားရဲများဖြစ်နေကြသည်။ သူတို့ထဲက အများစုဟာ ကောင်းကင်အဆင့် မိစ္ဆာသားရဲများဖြစ်ကြသည် ။ သားရဲခေါင်းဆောင် အနည်းစုလောက်ကသာ စကြာဝဠာအဆင့် သားရဲများဖြစ်ကြသည်။ သူတို့က အရေအတွက်များပြားသော်လည်း ရှောင်လုံတို့အတွက်တော့ ပြသနာတစ်ခု မဟူတ်ခဲ့ပေ။ သူတို့အချိန်ကိုသာ အနည်းငယ် နှောင့်နှေးစေခဲ့သည်။

ရှောင်လုံတို့လူစုက မိစ္ဆာသားရဲတောအုပ်ကိုကျော်ဖြတ်ရာတွင် အချိန်တစ်လကျော်လောက် ကြာမြင့်သွားခဲ့သည်။ ယခင် ရှောင်လုံ ၊ ကျောင်းရှု ၊ ကျောင်းဖူတို့ မိစ္ဆာသားရဲတောအုပ်ကို ဖြတ်သန်းစဉ်က ရက်နှစိဆယ်သာ ကြာမြင့်ခဲ့၏ ။

  အနောက်မှာ ကျန်ရစ်ခဲ့သော မိစ္ဆာသားရဲတောအုပ်ကြီးကိုကြည့်ရင်း ရှောင်ယုက ရက်ဘတ်ကိုဖိကာ သက်ပြင်းချလိုက်သည်

" .... အဲ့ဒီ မိစ္ဆာသားရဲတွေက ဘာကြောင့် အခုလိုမျိုး ကြမ်းတမ်းရိုင်းဆိုင်းနေကြတာလဲ မသိဘူး.... ?"

ရှောင်ရိုကလည်း ထောက်ခံလိုက်သည်

".... သခင်လေး ဟောင် ပါလာတာ ကံကောင်းတာပဲ... နို့မို့ဆိုရင် မိစ္ဆာသားရဲတောအုပ်ကို ကျော်ဖြတ်ဖို့ လွယ်မှာမဟုတ်ဘူး ...."

သူတို့မိစ္ဆာသားရဲတောအုပ်ကို ကျော်ဖြတ်စဉ် စကြာဝဠာအဆင့် ၃ မိစ္ဆာသားရဲများနှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။
ရှီရှောငိဖေးက ရှောင်လုံသာမပါခဲ့လျင် မိစ္ဆာသားရဲများ၏ ကြမ်းတမ်းရက်စက်တတ်ပုံကို တွေးကြည့်ရင်း ကျက်သီး ထသွားသည်။

ရှီရှောင်ဖေးက မြင့်မြတ်သော ဗုဒ္ဓအင်ပါရာတိုင်းပြည်ထဲကနေ အပြင်သိုင်းလောကသို့ တစ်ခါမှ မထွက်ခဲ့ဘူးပေ ။ ထိုကြောင့် မ ကိုယ်ကိုကိုယ် သိုင်းလောက၏ ထိပ်သီးသိုင်းပညာရှင် တစ်ယောက်နှယ် ထင်မှတ်ကာ ဂုဏ်ယူနေခဲ့ဘူးသည်။ သို့သော် မကြာသေးခင်ကမှ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံတွေကြောင့် သူမဟာ ရေတွင်းထဲက ဖားသူငယ်လေးတစ်ကောင် ဖြစ်နေတယ်ဆိုတာကို ရှီရှောင်ဖေး သဘောပေါက်သွားလေသည်။

မိစ္ဆာသားရဲတောအုပ်ကိုကျော်ဖြတ်ပြီးနောက် သုံးရက်အကြာတွင် ရှောင်လုံတို့လူစုက မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည်။ မြင့်မြတ်သော ဗုဒ္ဓအင်ပါရာမြို့တော်အတွင်းမှ ရင်းနှီးနေသော ပတ်ဝန်းကျင်ကို ပြန်မြင်ရချိန်မှာ ရှီရှောင်ဖေမျက်နှာထက်တွင် အပြုံးပန်းများ ပွင့်လန်းလာသည်။ ရှီရှောင်ဖေးက နဂိုထဲကမှ နတ်သမီးရှုံးအောင် လှပသူတစ်ယောက်ဖြစ်သည်။ ဤကဲ့သို့ အင်မတန်လှပသူတစ်ယောက်က နေကြာပန်းလေးပွင့်လာသလိုမျိုး စိတ်လွတ်ကိုယ်လွတ် ပြုံးရယ်လိုက်သောအခါ ပတ်ဝန်းကျင်မှာရှိနေသည့် လူတွေအကုန်လုံးက အံ့သြမှင်သက်ကုန်ကြသည်။

ရှီရှောင်ဖေးက ပုံမှန်ဆို နန်းတော်ထဲကနေ မြို့ထဲသို့ ထွက်ခဲသည်။ သူမက မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ဆီသို့ တစ်နှစ်တစ်ခါ လာရောက်ပြီး ဂါရဝပြုလေ့ရှိသော်လည်း လူတော်တော် များများဟာ ရှီရှောင်ဖေး၏ မျက်နှာကို မမြင်ဘူးကြပေ ။

ရှီရှောင်ဖေး၏ အလှတရားဟာ ပတ်ဝန်းကျင်မှာရှိနေသည့် ထင်ရှားသော မိသားစုကြီးများက တပည့်သားများ၏ နှလုံးသား မောင်းခလုတ်ကို နှိပ်လိုက်သလိုမျိုး ဖြစ်သွားသည်။

".... မိန်းကလေး ... ကျွန်တော်နာမယ်က ကျူးဝူနမ်ခေါ်ပါတယ် ... ကျွန်တော်က ကျူးမိသားစုရဲ့ အဓိက မျိုးဆက်တစ်ယောက်ပါ ..."

အစောင့်နှစ်ယောက်ပါသော ရုပ်ချောချောနှင့် လူငယ်တစ်ယောက်က ရှီရှောင်ဖေး အနားသို့ ရောက်လာသည် ။
ထိုလူငယ်က သူ့လက်ထဲမှ ကျောက်စိမ်း ယပ်တောင်ကို ဟန်ပါပါ ပိတ်လိုက်ပြီး ဟိတ်ဟန် အပြည့်ဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"... ကျူးဝူနမ် ...?"
  ရှီရှောင်ဖေးက တခစ်ခစ် ရယ်လိုက်သည်။ သူမ၏ ရယ်သံက ကျောက်စိမ်းခွက်အတွင်းသို့ ပုလဲလုံးလေးများ ကျဆင်းသွားသည့်နှယ် သံစဉ်တစ်ခုလို ထွက်ပေါ်လာသည်။

ကျူးဝူနမ် ...?
ရှောင်လုံကလည်း ထိုနာမည်ကြောင့် ခေါင်းခါလိုက်သည်။ ကျူးဝူနမ်ဆိုသော အမည်က လူတွေကို အတွေးမှားသွားစေနိုင်သည်။ ယောက်ျားသားတစ်ယောက်အတွက် သူမစွမ်းဆောင်နိုင်ပါဘူးဆိုသည့် စကားကလွဲ၍ အကုန်လုံး အဆင်ပြေသည်မဟုတ်ပါလား ....။

ထိုလူငယ်၏ အမည်ကြောင့် ရှောင်လုံစိတ်ထဲမှာ ရွှေအိမ်တော်ကုန်သည်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ကျူးဝူဂျိကို သတိရမိလိုက်သည်။ သူတို့နှစ်ယောက်ကြားတွင် နာမည်တစ်လုံးသာ ခြားနားကြသည်။

ကျူးဝူနမ်နှင့် တပည့်နှစ်ယောက်က ရှီရှောင်ဖေး ရယ်မောနေတာကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် ငုတ်တုတ်မေ့နေကြသည်။

"...အော် လက်စသတ်တော့ သခင်လေးကျူးကို ...
ဒါနဲ့ သခင်လေး ကျူးက ဘာကိစ္စများရှိလို့လဲ ...?"

ရှီရှောင်ဖေးက ရယ်မောနေတာကို ရပ်ကာ မေးလိုက်သည်။  မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံအတွင်းမှာတော့ ကျူးမိသားစုက ထိပ်တန်းမိသားစုတစ်ခုဆိုတာက သူမလည်း ကြားဘူးသည်။ ရှီရှောင်ဖေး၏ ချိုသာသောအသံကြောင့် စိတ်ကူးကမ္ဘာအတွင်း လွင့်မျောနေသည့် ကျူးဝူနမ်တစ်ယောက် သတိပြန်ဝင်လာသည်။
ကျူးဝူနမ်ကလည်း ခေသူတစ်ယောက်မဟုတ်တာ
ကြောင့် ချက်ချင်း အိနြေ္ဒဆယ်ကာ ဖော်ဖော်ရွေရွေ ပြုံးပြလိုက်ပြီး

"... မိန်းကလေးတို့ ဘယ်သွားနေတယ် ဆိုတာကို သိခွင့်ရှိမလား ...? တစ်ခုခုရော စားပြီးပြီလား ...?
ကျွန်တော်က နံပါတ်တစ်အိမ်မက်ဆိုတဲ့ စားသောက်ဆိုင်ကောင်းတစ်ခုကို သိထားလို့ပါ ...
သူတို့ရောင်းတဲ့ ဝိုင်နဲ့ စားစရာတွေကို တစ်ခါစားဘူးရုံနဲ့ တစ်သက်မမေ့လောက်အောင် ကောင်းလွန်းတယ်လေ ... မိန်းကလေးတို့ မစားရသေးဘူးဆိုရင် အဲ့ဒီဆိုင်မှာ ဧည့်ခံချင်လို့ပါ ..."

ကျူးဝူနမ်၏ မျက်လုံးတွေက ရှီရှောင်ဖေး ၊ ရှောင်ရိုနှင့် ရှောင်ယုတိုဆီမှာသာ စုန်ချည်ဆန်ချည်ပြေးလွှားနေသည်။ ရှောင်လုံကိုတောင် မြင်ပုံတောင် မရပေ ။ ထိုကြောင့် ရှီရှောင်ဖေးတို့ သုံးယောက်ကိုသာ စားသောက်ဆိုင်သို့ ဖိတ်ခေါ်လိုက်သည်။

သို့သော် ရှီရှောင်ဖေး နှုတ်ခမ်းတွေက မချိုမချဉ် ပြုံးလိုက်သည်။ သူမက ရှောင်လုံကို လက်ညိုးထိုးပြလိုက်ပြီး

"... စိတ်မကောင်းပါဘူး သခင်လေးကျူးရယ် ...
ဟောဒီက သခင်လေး ဟောင်က ကျွန်မတို့က အရင်ဆုံးဖိတ်ထားတယ်လေ ... ကျွန်မတို့က အခုပဲ ဗုဒ္ဓအိမ်တော်စားသောက်ဆိုင်ကို သွားနေကြတာ ..."

ထိုအချိန်ကြမှာ ကျူးဝူနမ်က ရှောင်လုံကိုတွေ့သွားသည်။ ကျူးဝူနမ်က သူ့ရုပ်ရေပေါ်တွင် အမြဲတမ်း ယုံကြည်ချက်အပြည့်ရှိခဲ့သည်။ သိုသော် ရှောင်လုံ မျက်နှာကိုမြင်တော့ သူ့ပါးစပ်ထဲသို့ ယင်ကောင်တစ်အုပ်ဝင်သွားသလိုမျိုး မျက်နှာ ရှုံ့မဲ့သွားသည်။ ရှောင်လုံ၏ တည်ကြည်ခန့်ငြားသော ရုပ်ရေနှင့်နှိုင်းယှဉ်ပါက သူ၏ ချောမောလှပါသည်ဆိုသော ရုပ်က ဝက်တစ်ကောင်နှင့် တူသွားတာကို ကျူးဝူနမ် တွေ့ရှိလိုက်ရသည်။

"... ဒီက ညီကို ..."

ကျူးဝူနမ်က ခြိမ်းခြောကိသော မျက်နှာထားဖြင့် ရှောင်လုံအနားသို့ သွားလိုက်သည်။ သို့သော် သူ့ပါးစပ်မှ နောက်ထပ်စကားလုံးတွေ ထွက်ကျမလာခင်မှာ ရှောင်လုံက မလှမ်းမကမ်းတွင်ရှိနေသည့် ကျောက်ရုပ်ထုကြီးကို လက်ညိုးတစ်ချက် ထိုးလိုက်သည်။ ထိုကျောက်ရုပ်ထုကြီးက ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားပြီး လမ်းမတစ်လျှောက် ပြန့်ကျဲသွားသည်။

ကြီးမားသော ကျောက်ရုပ်ကြီးက လူကြီးနှစ်ယောက် အရပ်လောက် ရှည်သည့်အပြင် ခိုင်ခန့်မှုအရာတွင် နာမည်ကျော်ကြားသော နှမ်းဖက်ကျောက်ကို အသုံးပြု၍ ထုလုပ်ထားခြင်းဖြစ်သည်။

ကျူးဝူနမ်က လမ်းမတစ်လျှောက်ဖြစ်ပေါ်လာသော ဖုန်လုံးကြီးကို အံ့သြမှင်သက်စွာဖြင့် ငေးကြည့်ရင်း သူ့နှုတ်ဖျားမှ စကားလုံးတွေက ရုတ်တရက် ပျောက်ဆုံးသွားလေသည် ။ ထိုနောက် သူမျက်နှာက သွေးရောင်ပျောက်ဆုံးကာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

ထိုကျောက်ရုပ်ကြီးကို အင်မတန်ခိုင်ခံသည့် နှမ်းဖက်ကျောက်ဖြင့် တည်ဆောက်ထားတာကို သူကြားဘူးလေသည်။  သူတို့ကျူးအိမ်တော်မှ မဟာအကြီးအကဲတစ်ယောက်  အားကုန်ရိုက်လိုက်သည့် လက်ဝါးတစ်ချက်ကတောင်မှ ကျောက်ရုပ်ကြီးကို အမှုန့်ဖြစ်သွားအောင် မလုပ်နိုင်စွမ်း မရှိပေ ။

သို့သော် သူ့ရှေ့မှ လူငယ်လေးက လက်ညိုးတစ်ချက်သာ အသုံးပြုလိုက်လေသည်။

ပတ်ဝန်းကျင်မှာရှိနေသည့် လူတွေကလည်း ဤမြင်ကွင်းကြောင့် သေးထွက်ကျလုမတတ် ကြောက်လန့်သွားကြသည်။

"... သွားစို့် ..."

ရှောင်လုံက သူ့ကို မချိုမချဉ်ပြုံးကာ လှမ်းကြည့်နေသည့် ရှီရှောင်ဖေးကို ခပ်တည်တည်စိုက်ကြည့်ရင်း ပြောလိုက်သည်။ ရှီရှောင်ဖေးမျက်နှာထားကိုကြည့်ရုံဖြင့် သူ့ကိုတမင်ချောက်ချသည်ဆိုတာကို ရှောင်လုံကသိလိုက်သည်။
ထိုကြောင့် စကားတွေ အများကြီးပြောပြီး  ပြသနာအရှည်ကြီးကို မရှင်းရသေးခင် သူ့စွမ်းအား တစ်စိတ်တစ်ပိုင်းကို ထုတ်ပြလိုက်ခြင်းပင် ။
ရှောင်လုံတို့ထွက်သွားပြီး အတန်ကြာသည်အထိ ကျူးဝူနမ်က ကျောက်ရုပ်ကြီးတစ်ခုလို ငြိမ်သက်နေဆဲပင် ။

"... သခင်လေး .."

အစောင့် တစ်ယောက်က ကျူးဝူနမ်ကို ခေါ်လိုက်သည်။ ထိုအသံကြောင့် ကျူးဝူနမ်လည်းညသတိပြန်ဝင်လာသည်။ ထိုအခါ သူနောက်ကျောတစ်ခုလုံး ချွေးများဖြင့် ရွဲနစ်နေတာကို ကျူးဝူနမ်တွေ့လိုက်သည်။

သိပိမကြာခင်မှာပဲ ရှောင်လုံတို့က မြင့်မြတ်သော ဗုဒ္ဓနန်းတော်ဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။
ရှောင်လုံရောက်ရှိလာသည့် သတင်းကြောင့် နန်းတော် တစ်ခုလုံး ဆူပွက်သွားလေသည်။ အမှန်ဆို ရှောင်လုံ မြင့်မြတ်သောဗုဒ္ဓအင်ပါရာနန်းတွင်းသို့ နောက်ဆုံးရောက်ရှိခဲ့သည့်အချိန်က သိပ်မကြာသေးပေ ။ သို့သော် ရှောင်လုံ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကတော့ ထိုအချိန်ကနှင့်စာရင် များစွာ ခြားနားသွားလေပြီ ။

  လီမိုလင်အပါအဝင် နတ်ဘုရားကျောင်းတော်မှ အကြီးအကဲတွေကို နတ်တံခါးဂိုဏ်းရှေ့မှ ရင်ပြင်ကျယ်ထဲတွင် အနိုင်ရခဲ့ပြီး နတ်တံခါးဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ဆက်ခံနိုင်ခဲ့သည်။ ထိုပြင် စကြာဝဠာနတ်ဘုရား၏ ဋ္ဌာနချုပ်နေရာဖြစ်သော စကြာဝဠာနတ်ဘုရားမြို့အတွင်းကိုလည်း တစ်ယောက်ထဲသွားကာ  ပွဲကြမ်းလာခဲ့သေးသည်။ 
ဤ သတင်းတွေက တိမ်ကြယ်တာရာတိုင်းပြည်ကိုသာမက နှင်းလေတိုင်းပြည်တစ်ခုလုံးကိုပါ ပြန့်နှံနေလေသည်။

ထိုကြောင့် ရှောင်လုံက နှင်းလေတိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသော  မိန်းကလေတိုင်းအတွက် စံပြခင်ပွန်းတစ်ယောက် ဖြစ်သွားသည်။ ထိုပြင် လူငယ်တိုင်းအတွက် ရှောင်လုံက စံပြသူရဲကောင်းတစ်ယောက် ဖြစ်လာသည်။

ရှောင်လုံရောက်လာသည့် သတင်းကြောင့် ရှီဖန်ထျန်ကလည်း အရမ်းကိုပျော်ရွှင်သွားသည်။
ရှောင်လုံကိုမြင်လိုက်သည်နှင့် ရှီဖန်ထျန်က ရှောက်လုံအနားသို့ လျှောက်လာပြီး ပုခုံးကိုလက်ဖြင့် တစ်ချက်ထိုးကာ

".... ကောင်လေး မင်း တော်တော်လေး ကို လက်စွမ်းထက်နေပါလား..."

သိုင်းဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးတွင် ရှီဖန်ထျန် နှုတ်ဖျားမှ ဤကဲ့သို့ ထုတ်ဖော်ချီးကျူးခြင်းကို ခံရသူမှာ ရှောင်လုံ တစ်ယောက်ထဲသာ ရှိသည်။

"... ငါ့သမီးကလည်း မင်းကို တော်တော်မှ ဒုက္ခပေးရဲ့လားကွ ဟေ...?"

ရှီဖန်ထျန်က ရယ်မောရင် မေးလိုက်သည်။

"... အဖေ့ ...."

ရှီရှောင်ဖေးက မျက်နှာလေး ဆူပုတ်ကာ ခြေထောက်ဆောင့်ပြီး ခေါ်လိုက်သည် ။ ရှီရှောငိဖေး အမူအရာကိုမြင်တော့ ရှီဖန်ထျန်က တဟားဟား အော်ရယ်လိုက်ပြီး

"... ကြည့်စမ်း... ကြည့်စမ်း... ငါတောင် ဘာမှ မပြောရသေးဘူး ..နင်က ဆူပုတ်နေပြီ ... ကြည့်ရတာ ငါတော့ မင့်ကိုနိုင်မှာ မဟုတ်တော့ဘူး ... နင့်ကို ညီလေး ရှောင်ဆီလက်ထဲ အပ်ပြီး ဆုံးမခိုင်းမှပါပဲ ... "

ရှီဖန်ထျန်စကားက အဓိပ္ပါယ်နှစ်ခွ ဆောင်နေတာကြောင့် ရှီရှောင်ဖေး မျက်နှာက ပန်းသီးလေးတစ်လုံးလို နီရဲသွားသည်။ ထိုနောက် ရှီရှောင်ဖေးက ရှောင်လုံကို မသိမသာ ခိုးကြည့်လိုက်သည်။

ရှီဖန်ထျန်က စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ဖို့ အမိန့်ပေးလိုက်သည်။ ထိုနောက် သူတို့ ဆရာတူညီအကိုနှစ်ယောက်က အားရပါးရသောက်သုံးကြလေသည်။

သုံးကြိမ်မြောက်သောက်ပြီးချိန်တွင် ရှောင်လုံက ခွက်ကို စားပွဲပေါ်သို့ ချကာ ပြောလိုက်သည်

".. ဒီတစ်ကြိမ် ကျွန်တော် အကို့ဆီကိုလာတာက ရှောင်ဖေးကို ပြန်ပို့တာနဲ့ အတူ အကိုဆီက တောင်းဆိုစရာလေးလည်း တစ်ခုလောက်ရှိသေးလို့ ..."

ရှီဖန်ထျန်ကလည်း ခွက်ကိုချရင်း ပြုံးကာ

"... ညီလေးရာ မင်းကလည်း သူစိမ်းတွေလိုမျိုး လုပ်နေပြန်ပါပြီ ... မင်း ဘာလိုချင်လည်း ပြောစမ်းပါကွ ..."

"... ကျွန်တော် ရှောင်ဖေးဆီက ကြားတာတော့ အကိုတို့ မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနန်းတွင်းထဲက ရတနာဆောင်ထဲမှာ နတ်နဂါးမြက် တစ်ချို့ ရှိတယ်ဆို ..."

ရှောင်လုံကလည်း သွယ်ဝိုက်မနေဘဲ တဲ့တိုးပြောလိုက်သည်။

"... ငါ့ညီက နတ်နဂါးမြက် လိုချင်နေတာလား ...?"

ရှီဖန်ထျန်က အံ့သြသွားသည်။
ရှီဖန်ထျန် အမူအရာကိုမြင်တော့ ရှောင်လုံစိတ်ထဲမှာ လေးလံသွားသည်။ ရှောင်လုံစိတ်ထဲမှာ ကျင်းအိမ်တော်က အဖြစ်အပျက်ကဲ့သို့ တခြားသူ့ကို ရောင်းလိုက်တာမျိုး မဖြစ်ပါစေနဲ့လို ကျိတ်ပြီး ဆုတောင်းလိုက်သည်။

အပိုင်း ၄၄၆....

Continue Reading

You'll Also Like

194K 2.3K 71
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
31.3K 1.2K 23
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
41.4K 2K 74
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
79K 1.9K 56
Y/n and Luz are best friends who have gone through thick and thin. But this time, they will go through thicker and thinner. They are both considered...