ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

431 - 435

174 18 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၃၁ .....

ရှ်ီရှောင်ဖေး မျက်လုံးတွေက နီရဲလာပြီး ရှဲဟွေအား ဒေါသတကြီးဖြင့် ပါးရိုက်ဖို့ ကြိုးစားလိုက်သည်။
ရှဲဟွေက ရှ်ီရှောင်ဖေး၏ သွယ်လျလှပသော လက်လေးကို ဖမ်းဆုပ်ကာ သူနှာခေါင်းနားသို့ ဆွဲကပ်လိုက်သည် ။ ထိုနောက် ရှီရှောင်ဖေး လက်ဖမိုးအား အနည်းငယ် နမ်းရှုံ့လိုက်ပြီး ရယ်မောကာ

"... မင်းလက်လေးရဲ့ အနံကတောင် တော်တော်မွှေးတာပါလား  ဟားဟား ..."

ရှဲဟွေကိုကြည့်ရင်း ရှီရှောင်ဖေးက ဒေါသထွက်လွန်းလို့ စကားပင် ပြန်မပြောနိုင်တော့ပေ ။

"... စိတ်မပူပါနဲ့ အချစ်ကလေးရေ .... ဒီညတော့ ငါမင်းကို လက်ဖျားနဲ့တောင်မထိသေးပါဘူး .... မနက်ဖြန်ညအတွက် ပိုပြီး ရင်ခုန်စရာကောင်းအောင် မင်းကို ခဏလောက်တော့ ချမ်းသာပေးထားလိုက်မယ် ..."

ထိုနောက် ရှဲဟွေက မြူးကြွသောပုံသံဖြင့်  လေချွန်ကာ အခန်းထဲကနေ ထွက်ခွာသွားသည်။

မနက်ဖြန်ကြရင် သူငါ့ကို တကယ်ပဲ လာကယ်နိုင်ပါ့မလား ....?

ရှီရှောင်ဖေးစိတ်ထဲမှာ  ရှောင်လုံမနက်ဖြန်ပေါ်လာဖို့ မျှော်လင့်နေသော်လည်း ရှောင်လုံတကယ်ပေါ်လာပါ့မလားဆိုသည့် အတွေးက ရှီရှောင်ဖေးကို နှိပ်စက်နေသည် ။ သို့သော် သူမအဖမ်းခံရသည့် သတင်းကို ရှောင်လုံသိမှသိပါ့မလားဆိုတာကိုလည်း ရှီရှောင်ဖေးက စိုးရိမ်နေသည် ။

ထိုညက တိတ်ဆိတ်ငြိမ်သက်စွာနှင့်ပင် ကုန်လွန်သွားသည်။ နောက်တစ်နေ့မနက်ခင်းတွင် ထွက်ပေါ်လာသော နေရောင်ခြည်အလင်းတန်းများနှင့်အတူ စကြာဝဠာနတ်ဘုရားမြို့တစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည် ။ ဤနေ့ဟာ စကြာဝဠာနတ်ဘုရားဂိုဏ်းမှ  သခင်လေး၏ မင်္ဂလာနေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည် ။

ရှဲဟွေ၏ မင်္ဂလာဆောင်သတင်းက တိမ်ကြယ်တာရာတိုင်းပြည်ကြီးတစ်ခုလုံးသို့ အလျင်အမြန် ပျံနှံသွားသည် ။ စကြာဝဠာနတ်ဘုရားတစ်မြို့လုံးတွင် မင်္ဂလာ ဆိုင်းပုဒ်များ ပြည့်နှက်နေပြီး တစ်မြို့လုံးမှလူတွေကလည်း စကြာဝဠာနတ်ဘုရားဂိုဏ်း သခင်လေး၏ မင်္ဂလာဆောင်ကို ဝင်ရောက်ဆင်နွှဲဖို့ အားသန်နေကြသည်။

နာမယ်ကြီး သိုင်းမိသားစုများ ၊ သိုင်းမိသားစုလေးများနှင့် နာမယ်ကြီး အင်အားစုများမှ လူတွေက ရှဲဟွေ၏ မင်္ဂလာဆောင်ကို ဂိုဏ်ပြုရန်အတွက် စကြာဝဠာနတ်ဘုရားမြို့ဆီသို့ စုပြုံရောက်ရှိလာကြသည် ။

  စကြာဝဠာဂိုဏ်း ဋ္ဌာနချုပ်နေရာမှာလည်း ပုံသဏ္ဍာန်မျိုးစုံဖြင့် ရထားလုံးများ ၊ လှပခန့်ငြားသော စီးတော်ယဉ်များ ၊ စွမ်းအား မြင့်မားသော သားရဲကြီးများစသဖြင့် အဆက်မပြတ် ဝင်ထွက်သွားလာနေကြသူများနှင့် ပြည့်နှက်နေသည် ။

".... နတ်ဘုရားအလယ် အဆင့်ဝိညာဉ်ဆေးလုံး ဆယ်လုံး ....!"

".... အနှစ်တစ်သောင်းသက်တမ်းရှိ ကျောက်စိမ်းနှလုံးသား မြက် ... သုံးပင် ..."

"... ကောင်းကင်နဂါးသလင်းကျောက် ... နှစ်ခု ..."

စကြာဝဠာနတ်ဘုရားဂိုဏ်းမှ အကြီးအကဲတစ်ယောက်ဖြစ်သူ လင်းရှောင်က မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်လာကြသူများ၏ ဂုဏ်ပြုလက်ဆောင်များကို အောင်မြင်ထည်ဝါသော အသံဖြင့် ကြော်ငြာပေးနေသည် ။ မင်္ဂလာဂုဏ်ပြုလက်ဆောင်များက ဧည့်ပရိတ်ကြီးကို အံ့သြမှင်သက်သွားစေသည် ။

ဂုဏ်ပြုလက်ဆောင်အဖြစ်ပေးသော အနိမ့်ဆုံး အဆင့်ဆေးလုံးမှာ အဆင့်နိမ့် နတ်ဘုရားအဆင့် ဝိညာဉ် ဆေးလုံးဖြစ်သည် ။ မင်္ဂလာဧည့်ခံပွဲသို့ရောက်ရှိလာကြသူတွေက စကြာဝဠာနတ်ဘုရားဂိုဏ်း၏ အရှိန်အဝါကြောင့် သူတို့ဆီမှာ ပိုင်ဆိုင်သော ကောင်းပေ့ ၊ ရှားပေ့ဆိုသည့် ပစ္စည်းတွေကိုသာ ယူဆောင်လာကြသည်။

  ဂုဏ်ပြုလက်ဆောင်များက တခြားလူများ၏ မျက်လုံးထဲမှာ ရတနာပစ္စည်းများ ဖြစ်နေသော်လည်း ရှဲဟွေ မျက်လုံးထဲမှာတော့ သာမန်ပစ္စည်းများသာ ဖြစ်သည်။ ထိုကြောင့် ရတနာအများစု အများစုကို ခြံဝန်းတစ်ခုအတွင်သို့ စုပြုံ၍ ပြစ်ထဲ့လိုက်သည် ။ သူတို့က ရှားပါးသော်လည်း စကြာဝဠာနတ်ဘုရားဂိုဏ်း၏ ရတနာခန်းမဆောင်အတွင်း၌ သိမ်းဆည့်ရလောက်သည်အထိ အဖိုးမတန်သေးပေ။
အဆင့်မြင့် ကောင်းကင်အဆင့်ဆေးလုံးတွေမှသာ ရတနာခန်းမဆောင်နှင့် ထိုက်တန်သည်။

ထိုအချိန်တွင် အကြီးအကဲလင်း ၏ ကြည်လင်ပြတ်သားသော ကြော်ငြာသံထွက်ပေါ်လာသည်

"... လေဟာနယ်တံခါးဂိုဏ်းက အဆင့်မြင့်ကောင်းကင်အဆင့် ဆေးလုံးဖြစ်တဲ့ မဟာနဂါးကျား နူပျိုဆေးတစ်လုံးကို မင်္ဂလာလက်ဖွဲ့ အဖြစ် ပေးအပ်လာပါတယ် ..."

ထိုကြော်ငြာသံက ကြည့်ရှုနေကြသော ပရိတ်သတ်ကြီးကို လှုပ်လှုပ်ရွရွဖြစ်သွားစေသည်။
လှုပ်လှုပ်ရွရွမဖြစ်ပဲ ခံနိုင်ရိုးလား .....
အဆင့်မြင့် နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးတွေက သိုင်းလောကထဲတွင် အလွန်ကိုရှားပါးသည်။

လေဟာနယ်နတ်တံခါးဂိုဏ်းဟာ တိမ်ကြယ်တာရာတိုင်းပြည်အတွင်းမှ ထိပ်တန်းသိုင်းဂိုဏ်းကြီးတစ်ခုဆိုသည့် ဂုဏ်ပုဒ်အတိုင်း သူတုိ့ပေးသည့် မင်္ဂလာလက်ဖွဲ့ပင်
အဆင့်မြင့်နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးဖြစ်နေသည် ။

အချိန်တွေက လျန်မြန်စွာကုန်ဆုံးသွားပြီး နေမွန်းတည့်အချိန်သို့ ရောက်ရှိသွားသည်။ စကြာဝဠာဋ္ဌာနချုပ်၏ အတွင်းပိုင်းခန်းမဆောင်အား စကြာဝဠာသိုင်းပညာရှင်များ အတွက်သာ ကန့်သတ်ထားပြီး အပြင်ပိုင်းမှာတော့ စကြာဝဠာအဆင့်အောက် သိုင်းသမားများကို ဧည့်ခံသည်။

ထိုကြောင့် စကြာဝဠာအဆင့် ၇ ၊ အဆင့် ၈ သိူင်းသမားများက စကြာဝဠာနတ်ဘုရား ဂိုဏ်း၏ တံခါးဝကိုပင် ဖြတ်ကျော်ရန် အရည်အချင်းမပြည့်မှီကြပေ ။ သူတို့ကဋ္ဌာနချုပ်အပြင်ဘက် စားသောက်ဆိုင်များတွင်သာ ဝိုင်းဖွဲ့၍ ရှဲဟွေ မင်္ဂလာပွဲကျင်းပနေသည့် ဋ္ဌာနချုပ် အိမ်တော်အတွင်းသို့ အရေးကြီး ဧည့်ပရိတ်သတ်များဝင်ထွက်သွားလာနေကြတာကို အားကျသောမျက်လုံးများဖြင့် လှမ်းမျှော်ကြည့်နေကြသည်။

"... ငါကြားတဲ့ သတင်းတွေအရဆိုရင် စကြာဝဠာနတ်ဘုရားဂိုဏ်းချုပ်က နတ်ဘုရားအဆင့်ကိုရောက်ရှိသွားပြီတဲ့ .... အဲ့ဒီသတင်းက မှန်ရဲ့လားမသိဘူး ...?"

"... ငါ့အထင်တော့ မှန်မယ်ထင်တယ် ... အဲ့ဒိသတင်းက ရှဲဟွေဆီကနေ တိုက်ရိုက်ထွက်လာတဲ့ သတင်းလို့ပြောတယ် ...
ဒီလောက်အရေးကြီးတဲ့ သတင်းကို ရှဲဟွေက စနောက်ရဲမှာ မဟုတ်ဘူး ..."

အတွင်းခန်းမဆောင်ထဲမှာရှိနေကြသော စကြာဝဠာသိုင်းပညာရှင်များက လေးနက်သောအမူအရာများဖြင့် အချင်းချင်းတီးတိုးဆွေးနွေးနေကြသည်။ မနေ့ညက ရှဲဟွေပါးစပ်ကနေ ထုတ်ပြောခဲ့သော သူ့အဖေ နတ်ဘုရားအဆင့် သိုင်းပညာရှင်ဖြစ်သွားပြီဆိုသည့် သတင်းဟာ ဒီနေ့မနက်မှာတော့ ထိပ်တန်းမိသားစုမှ သိုင်းပညာရှင်နားထဲသို့ ရောက်ရှိသွားလေသည်။
တိမ်ကြယ်တာရာတိုင်းပြည်အတွင်းမှ အင်အားစုများအတွက် ဤသတင်းဟာ ရှဲဟွေ၏ မင်္ဂလာပွဲထက်ကို ပိုပြီး အကျိုးသက်ရောက်မှုကြီးမားလေသည်။

တိမ်ကြယ်တာရာတိုင်းပြည်အတွင်းမှာ နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်မှ မရှိသေးပေ ။ ယခုလိုမျိုး နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက် ထွက်ပေါ်လာခြင်းက
တိမ်ကြယ်တာရာတိုင်ပြည်အတွင်းမှ လက်ရှိအာဏာခွဲဝေမှုများအပေါ် များစွာ အကျိုးသက်ရောက်သွားနိုင်သည် ။
ဤသတင်းကိုကြားပြီးနောက် အင်အားကြီးအဖွဲ့များက အမူရာအမျိုးမျိုး ဖြစ်သွားကြသည် ။

တစ်ချို့ သိုင်းမိသားစုများက ရှဲဟွေ၏ မင်္ဂလာအခမ်းအနားမပြီးခင်မှာ စကြာဝဠာနတ်ဘုရားဂိုဏ်းအတွက် သစ္စာခံနိုင်ဖို့ အခွင့်အရေးရအောင်ရှာမည်ဟု ဆုံးဖြတ်ထားကြသည် ။ စကြာဝဠာနတ်ဘုရားဂိုဏ်းချုပ် နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပြီဆိုကတည်းက တိမ်ကြယ်တာရာတိုင်းပြည်ကြီးကို စကြာဝဠာနတ်ဘုရားဂိုဏ်းက အနှေးနှင့် အမြန် အုပ်စိုးတော့မယ်ဆိုတာကို ထိုသိုင်းမိသားစုများက ကြိုမြင်ထားကြသည်။ ထိုကြောင့် သူတို့သာ စောစောစီးစီး သစ္စာခံထားလိုက်မယ်ဆိုရင် စကြာဝဠာနတ်ဘုရားဂိုဏ်းက တိမ်ကြယ်တာရာတိုင်းပြည်၏ အရှင်သခင် ဖြစ်လာပြီး နောက်ပိုင်းမှာ သူတို့အတွက် အကျိုးအမြတ်များစွာ ရရှိလာနိုင်သည် မဟုတ်ပါလား ။

"... ပဟေဋ္ဌိမြို့ထဲမှာ ဟောင်ရှောင်လုံက စကြာဝဠာနတ်ဘုရားဂိုဏ်သား တစိသောင်းကျော်ကို သတ်မိန့်ပေးလိုက်တယ်ဆိုတဲ့ သတင်းကိုရော ကြားပြီးပြီလား ... ?"

"... ဟုတ်တယ် အဲ့ဒီသတင်းကို ငါလည်း ကြာပြီးပြီ
သေသွားတဲ့ ဂိုဏ်းသားတွေထဲမှာ အကြီးအကဲ ဟူချန်ရဲ့ တစ်ဦးတည်းသော သားတောင်ပါတယ်လို့ ကြားတယ် ....အဲ့ကောင်လေးကလည်း အသေဆိုးနဲ့ကို သေရတာတဲ့  "

"... ငါတို့တော့ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်ရပြီထင်တယ် ... ဟောင်ရှောင်လုံဆိုတဲ့ကောင်ကလည်း နတ်တံခါးဂိုဏ်းချုပိဖြစ်လာတာမှ မကြာသေးဘူး အရမ်းကို မောက်မာထောင်လွှားလွန်းတယ် ... ဒီကောင်က စကြာဝဠာနတ်ဘုရားဂိုဏ်းသား တစ်သောင်းကျော်ကို သတ်မိန့်ပေးရဲဆိုကတည်းက တော်ရုံဇတော့ မဟုတ်လောက်ဘူး .... ငါတော့ ကြိုတောင်ပြောနိုင်သေးတယ် ... မကြာခင်မှာ ဟောင်ရှောင်လုံနဲ့သူရဲ နတ်တံခါးဂိုဏ်းက ငါတို့စကြာဝဠာတိုင်းပြည်ထဲကနေ လုံးဝပျောက်ကွယ်သွားလိမ့်မယ် ..."

အတွင်းခန်းမဆောင်ထဲမှ သိုင်းပညာရှင် အကုန်လုံးနီးပါးက ပဟေဋ္ဌိမြို့အတွင်းမှာ ဖြစ်ပွားခဲ့သည်အဖြစ်အပျက်ကို ဆွေးနွေးငြင်းခုန်နေကြသည် ။

".... ရှီရှောင်ဖေး လည်း စကြာဝဠာနတ်ဘုရားဂိုဏ်းချုပ်သားနဲ့ လက်ထပ်နိုင်တာ တကယ်ကို ကံကောင်းတာပဲ...
စကြာဝဠာနတ်ဘုရားဂိုဏ်းက နောက်မှာရှိနေမှတော့ သူ့အဖေက တိမ်ကြယ်တာရာတိုင်းပြည်မှာပါ သိုင်းဂိုဏ်းတစ်ခု လာတည်ထောင်လို့ရပြီလေ...."

"... ဒါပေမယ့် ရှီရှောငိဖေးလို့ အလှဘုရင်မလေးကိုတော့ နှမျောမိတယ်ကွာ .... ငါသာ ရှီရှောင်ဖေးနဲ့ လမင်းကြီးအောက်မှာ ဝိုင်တူတူသောက်ခွင့်ရခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ...."

စကားခေါင်းစဉ်က ပဟေဋ္ဌိမြို့ကနေ ရှီရှောင်ဖေးဆီသို့ လမ်းကြောင်းပြောင်းသွားလေသည်။
ထိုအချိန်တွင် စကြာဝဠာနတ်ဘုရားမြို့၏ တောင်ဘက်တံခါးနား၏ လေဟာနယ်ထဲမှ ညင်သာသောစွမ်းအင်လှိုင်းများနှင့်အတူ ရှောင်လုံ ထွက်ပေါ်လာသည် ။ ရှောင်လုံက ညပိုင်းသိုင်းလေ့ကျင့်နေချိန်မှာ နတ်နဂါးသိုင်းဟန် ဆယ့်သုံးကွက်၏ အဆီအနှစ်တစ်ချို့ ရုတ်တရက် ဖမ်းဆုပ်မိခဲ့တယကြောင့် နာရီအနည်းငယ် ကြန့်ကြာသွားခြင်းဖြစ်သည်။

ရှောင်လုံက ခေါင်းကို အနည်းငယ်စောင်းကာ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။ နေ့မွန်းတည့်ချိန်သို့ ရောက်ရှိနေတာကြောင့်  စကြာဝဠာနတ်ဘုရားမြို့ကြီးတစ်ခုလုံးက နေမင်းကြီး၏ ပြင်းထန်သော အလင်းရောင်များအောက်တွင်တလက်လက်တောက်ပလျက် ရှိသည်။

ရှောင်လုံက စကြာဝဠာဋ္ဌာနချုပ်အနားကိုရောက်တော့ သိုင်းမိသားစုများ ၊ သိုင်းဂိုဏ်းများမှ လူပေါင်းစုံ ဝင်ထွက်သွားလာနေကြတာကို မြင်တွေ့လိုက်သည်။ ရှောင်လုံစိတ်ထဲမှာ သံသယဖြစ်သွားသည်။ ထိုနောက် ဖြတ်သွားဖြတ်လာများလူများ၏ စကားကိုနားထောင်ရင်း ဤနေ့က စကြာဝဠာနတ်ဘုရားဂိုဏ်းမှ သခင်လေး ရှဲဟွေ၏ မင်္ဂလာနေ့ရက်ဆိုတာကို ရှောင်လုံ နားလည်သွားသည်။

ရှောင်လုံးမျက်လုံးတွေက ကြောက်စရာကောင်းလောက်အောင် အေးစက်မာကျောသွားသည်။
ထိုနောက် ရှောင်လုံကိုယ်ထဲမှ လူသတ်ချင်စိတ်တွေက မီတာငါးထောင်လောက် ကြီးမားသော နှင်းမုန်တိုင်းကြီးတစ်ခုလို ပေါက်ကွဲထွက်လာသည်။
ဖြတ်သွားဖြတ်လာ သိုင်းသမားများက ရုတ်တရက်ဖြစ်ပေါ်လာသော ပြင်းထန်သိပ်သည်းနေသည့် သတ်ဖြတ်ခြင်းအော်ရာတွေကို ခံစားမိပြီး
လွတ်ရာကျွတ်ရာသို့ အလျင်အမြန် ထွက်ပြေးကြသည်။

ရှောင်လုံကိုယ်ထဲမှ ထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်းအော်ရာတွေကို တောင်ဘက်တံခါးတွင် စောင့်ကြပ်နေကြသော စကြာဝဠာနတ်ဘုရားဂိုဏ်းသားများက သတိပြုမိသွားသည် ။

"... ခင်ဗျားက ဘယ်ကလာတာလဲ ... ခင်ဗျားဆီမှာ ဖိတ်စာပါလား ...?"

တောင်ဘက်တံခါးကိုစောင့်ကြပ်နေကြသော စကြာဝဠာနတ်ဘုရား ဂိုဏ်းသားများက ရှောင်လုံအား ဝန်းရံ၍ မေးခွန်းထုတ်လိုက်သည်။

ရှဲဟွေက မနေ့ညတုံးက ဖိတ်စာပါသော သူကိုသာ မြို့ထဲသို့ပေးဝင်ရမည်ဟု ရုတ်တရက် အမိန့်ထုတ်လိုက်သည်။ ထိုကြောင့် စကြာဝဠာနတ်ဘုရားမြို့က အရင်ကနဲ့ မတူတော့ပေ ။ ယခင်က မည်သူမဆို ဝင်ထွက်သွားလာနိုင်သော်လည်း ယခုအချိနိမှာတော့ မြို့အတွင်းသို့ ဝင်နိုင်ရန်အတွက် ဖိတ်စာကိုအရင်ဆုံး ပြသရန် လိုအပ်သည်။

သို့သော် ရှောင်လုံက သူ့ကိုမေးလိုက်သည့် စကားကို မကြားသည့်ပုံစံဖြင့် တောင်ဘက်မြို့တံခါးအတွင်းသို့ တည့်တည့်မတ်မတ်ဝင်သွားလေသည်။ ရှောင်လုံအပြုအမူကြောင့် စကြာဝဠာနတ်ဘုရားဂိုဏ်းသားများ၏ မျက်နှာတွေက တင်းမာခက်ထန်ကုန်သည်။

"... ဟေ့ကောင် ..မင်းအဲ့ဒီနေရာမှာ ရပ်နေစမ်း..."

အစောင့်တစ်ယောက်က ရှောင်လုံကို လှမ်းအော်ပြောလိုက်သည်

"... ကောင်လေး ... မင်းဖိတ်စာကို ပြနိုင်ရင်ပြ ... မပြနိုင်လို့ကတော့ ငါတို့ကို အပြစ်....!"

ထိုအစောင့်၏ စကားမဆုံးသေးခင်မှာ ပြင်းထန်သော စွမ်းအားတစ်ခုက သူ့ဆီသို့ တဟုန်ထိုးရောက်ရှိလာသည် ။ ထိုအစောင့်က တစ်စုံတစ်ရာမတုန့်ပြန်နိုင်ခင်မှာ ပြင်းထန်သော စွမ်းအား၏လွှမ်းမိုမှုအောက်ကို ရောက်ရှိသွားပြီး
တော်တော်ဝေးဝေးသို့ လွင့်ထွက်ကာ မြို့တံတိုင်းနံရံကြီးနှင့် သွားစောင့်မိလေသည်။

မြို့တံခါးနားတွင် ရှိနေကြသူတွေ အကုန်လုံး အံ့သြမှင်သက်ကုန်ကြသည်။ ရှဲဟွေကို ဂုဏ်ပြုဖို့ ရောက်ရှိလာကြသော သိုင်းပညာရှင်တွေကလည်း
ရှောင်လုံကိုကြည့်ပြီး သူတို့များ အမြင်မှားသွားသလဲဟု ထင်မြင်ကာ အရမ်းကို အံ့အားသင့်ကုန်ကြသည်။

သခင်လေးရှဲဝေရဲ့ မင်္ဂလာပွဲကိုတောင် ပြသနာလာရှာရဲသူ ရှိနေသေးတာပါလား ....!

မမျှော်လင့်ထားသော အခြေအနေကြောင့် မှင်သက်သွားကြသော စကြာဝဠာနတ်ဘုရား ဂိုဏ်းသားများတွေလည်း သတိပြန်ဝင်လာပြီး ဒေါသတကြီးအော်ဟစ်ကာ ရှောင်လုံကိုပြေးပေါက်မရှိအောင် ဝိုင်းပတ်ထားလိုက်ကြသည်။

သို့သော် ရှောင်လုံကတော့ မျက်လုံးတွေ ရဲရဲနီလျက်
သူကိုဝိုင်းပတ်ထားကြသည့် လူတွေကို  မမြင်သည့်အလား မြို့အတွင်းသို့ ဆက်ဝင်သွားလေသည် ။

ရှောင်လုံ၏ အတင့်ရဲသော့အမူအရာကြောင့် စကြာဝဠာနတ်ဘုရားဂိုဏ်းသားတွေက ရှောင်လုံကို တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက် လိုက်ကြသည်။ သို့သော် သူတို့ကိုယ်တိုင် တိုက်ခိုက်မှုများနှင့် လက်နက်များကို ပစ်လွှတ်၍ တိုက်ခိုက်မှုများက ရှောင်လုံနှင့် ပေသုံးဆယ်အကွာကိုလည်းရောက်ရော အလိုလို အလိုလိုအနောက်သို့ ပြန်ကန်ထွက်သွားကြသည်။

ရှောင်လုံ တောင်ဘက်မြို့တံခါးကမှ မြို့အတွင်းသို့ ရောက်ရှိလာချိန်တွင် တောင်ဘက်မြို့တံခါးမှာ စောင့်ကြပ်နေကြသည့် ဂိုဏ်းသားအယောက်လေးရာစလုံးသွေးအိုင်ထဲမှာ အတုန်းအရုန်း လဲကျနေကြသည်။

နတ်ဆိုးဧကရာဇ်တစ်ယောက်နှင့်တူနေသော ရှောင်လုံကိုကြည့်ပြီး မြို့ထဲသို့ဝင်လိုသည့် သိုင်းသမားများက အဝေးသို့ ကြောက်လန့်တကြားထွက်ပြေးကြလေသည်။

သို့သော် ရှောင်လုံကတော့ ကြောက်လန့်တုန်လှုပ်စွာဖြင့် ငေးကြည့်နေကြသောအကြည်တွေကို မမြင်သည့်အလား စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ဆက်လျှောက်သွားလေသည်။

ရှောင်လုံက စကြာဝဠာနတ်ဘုရားမြို့အတွင်းသို့ ခိုးဝင်ကာ ရှီရှောငိဖေးကို တိတ်တဆိတ်ကယ်တင်ဖို့ စီစဉ်ထားတာပဲ ဖြစ်သည်။ သို့သော် ရှဲဟွေက ရှီရှောင်ဖေးကို အလျင်အမြန်လက်ထပ်ဖို့ ကြိုးစားလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ ။
ထိုပြင် သူရောက်လာသည့်အချိန်ကလည်း နေမွန်းတည့်နေချေပြီ ။ ထိုကြောင့် တိတ်တဆိတ်ကယ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ မမှီနိုင်တော့ပေ ။

တခြားနည်းလမ်း ရွေးချယ်စရာမရှိတော့တာကြောင့် ရှောင်လုံက ရှဲဟွေအပါအဝင် စကြာဝဠာ နတ်ဘုရားဂိုဏ်းတစ်ခုလုံးနှင့်  ထိပ်တိုက် ရင်ဆိုင်ကာ ရှီရှောင်ဖေးကို ရအောင်ကယ်တင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည် ။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၃၂ .....

ရှောင်လုံက စကြာဝဠာနတ်ဘုရားဂိုဏ်း၏ ဋ္ဌာနချုပ်နှင့် တဖြည်းဖြည်းနီးကပ်လာသည်။
သို့သော် တောင်ဘက်မြို့တံခါးမှ မတော်တဆမှုက စကြာဝဠာနတ်ဘုရားဂိုဏ်သားအားလုံးကိုတပ်လှန့်လိုက်သလို ဖြစ်သွားပြီး ရှောင်လုံအနားသို့ ရောက်ရှိလာသော ဂိုဏ်းသားအရေအတွက်က အချိန်ကြာလာသည်နှင့်အမျှ ပိုပိုပြီး များပြားလာသည်။

စဦးပိုင်းတွင် စကြာဝဠာနတ်ဘုရားမြို့ကြီးဟာ စီတန်းနေသော ရထားလုံးများ ၊ လူများဖြင့် မင်္ဂလာပွဲတော် အရိပ်အငွေ့များဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ခက်ထန်သောအမူအရာဖြင့် တောင်ဘက်မြို့တံခါးဆီသို့ သွားနေကြသော စကြာဝဠာနတ်ဘုရားဂိုဏ်းသားများကြောင့် မင်္ဂလာပွဲတော်အရိပ်အငွေ့များက လူသတ်ပွဲကြီးသဖွယ် ပြောင်းလဲသွားသည် ။

စွမ်းအားမြင့်မားသော သိုင်းသမားများစွာက သူရှိရာအရပ်သို့လာနေတာကို ဦးတည်၍ လယနေတာကို သိသော်လည်း ရှောင်လုံက အားလုံးက်ု လျစ်လျူရှုထားလိုက်သည် ။ သူခြေလှမ်းတွေက တစ်ချက်လေးမှ ယိမ်းယိုင်သွားခြင်းမရှိပေ ။
ရှောင်လုံက စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်ဆီသို့ တည်ငြိမ်သောခြေလှမ်းများဖြင့် ဆက်လက်လျှောက်လမ်းနေသည်။

စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်အတွင်း၌

"... ဘာပြောတယ် ...? တောင်ဘက်မြို့တံခါးကိုစောင့်ကြပ်နေတဲ့ သိုင်းသမားအယောက်တစ်ယောက်ကျော် အသတ်ခံလိုက်ရတယ် ဟုတ်လား..?"

ချန်ရှောင်ဖန်က သူ့ကိုသတင်းလာပုိ့သော ဂိုဏ်းသားကို မယုံနိုင်သလိုငေးကြည့်ရင်း ပြန်မေးလိုက်သည် ။

စကြာဝဠာနတ်ဘုရားမြို့ထဲကိုဝင်ပြီး ငါတို့ဂိုဏ်းသားကို သတ်ရဲတဲ့ သူတောင်ရှိနေပြီလား .....!

ဤကဲ့သို့ ဖြစ်ပျက်ဟာ စကြာဝဠာနတ်ဘုရားဂိုဏ်း စတင်တည်ထောင်ချိန်မှ ယခုနှစ်ပေါင်းသောင်းကျော်ကြာမြင့်လာချိန်အထိ တစ်ခါသာဖြစ်ဘူးသည်။ ချန်ရှောင်ဖန်းက အုပ်ချုပ်ရေးပိုင်းတွင် ကြီးကြပ်ရသောအကြီးအကဲတစ်ယောက် ဖြစ်တာကြောင့် စကြာဝဠာနတ်ဘုရားမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များက သူနှင့် အများကြီး သက်ဆိုင်နေသည်။

".... အကြီးအကဲ ...ကျွန်တော်တို့ ဒီကိစ္စကို သခင်လေးဆီကိုပါ သတင်းပို့လိုက်ရမလား ...?"

ချန်ရှောင်ဖန်းက လက်ထောင်ပြလိုက်ပြီး

".... ဒီလိုကိစ္စသေးသေးလေးကတော့ သခင်းလေးကို သတင်းပို့နေစရာမလိုပါဘူး ...သတင်းပို့လိုက်မှ သူစိတ်ညစ်သွားအုံးမယ် ..."

ထိုနောက် ချန်ရှောင်ဖန် မျက်လုံးတွေက အေးစက်သွားပြီး

".... ငါတို့ရဲ့ စကြာဝဠာနတ်ဘုရားမြို့ထဲကိုလာပြီး
ငါတို့ဂိုဏ်းသားတွေကို သတ်ရဲတယ်ဆိုမှတော့ အဲ့ကောင် သေချင်နေတာပဲ ဖြစ်ရမယ် .... မင်းတို့သူ့ကို မိရင် တစ်ခါထဲ မသတ်နဲ့အုံး .... သူ့ကိုအရှင်ဖမ်းပြီး
သူ့မိသားစုနဲ့ သူ့ဂိုဏ်းအကြောင်းကို ရအောင် မေး .... အေးပြိ်းရင်တော့ အဲ့ကောင်ရဲ့ ဆွေးစဉ်မျိုးဆက်အကုန်လုံး မျိုးတုံးပြီသာ မှတ်ပေတော့ ...."

".... ကောင်းပါပြီ အကြီးအကဲ ..."

မြို့စောင့်တာဝန်ကိုယူထားသောဂိုဏ်းသားက အရိုအသေပေးပြီးနောက် ချန်ရှောင်ဖန်း အရှေ့ကနေ ထွက်သွားသည် ။

တခြားတဖက်မှလူက စကြာဝဠာနတ်ဘုရားမြို့ထဲမှာ လာရမ်းကားရဲတယ်ဆိုမှတော့ သူ့ဆီမှာလည်း အစွမ်းတစ်ချို့ ရှိနိုင်တယ်လို့ ချန်ရှောင်ဖန်က ယူဆလိုက်သည် ။ ထိုကြောင့်သူက စကြာဝဠာအဆင့် သိုင်းပညာရှင်နှစိယောက်ကို အခြေအနေ သွားကြည့်ဖို့ အမိန့်ပေးလိုက်သည်။

".... မင်းတို့ငါပြောတာကိုမှတ်ထား ... အဲ့ကောင်ကို အရှင်ရအောင် ဖမ်းခဲ့ ...."

ထိုနောက် သူက အေးစက်စက်လေသံဖြင့် သတိပေးလိုက်သည်

".... အေး အဲ့ကောင်လွတ်သွားရင်တော့ ဘယ်လို အကျိုးဆက် ခံစားရမယ်ဆိုတာကို မင်းတို့သိလောက်မှာပါ ...."

".... စိတ်ချပါ အကြီးအကဲ ..."

စကြာဝဠာသိုင်းပညာရှင်နှစ်ယောက်က ချန်ရှောင်ဖန်ကို ဂါရဝပြုပြီးနောက် လေဟာနယ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် စကြာဝဠာနတ်ဘုရားမြို့ တောင်ဘက်ပိုင်း၌ မြို့စောင့်ဂိုဏ်းသားများက ရှောင်လုံအနားတွင် တင်းတင်းကျပ်ကျပ် ဝန်းရံပိတ်ဆို့ထားကြသည် ။  မြေပြင်နှင့် ကောင်းကင်ကြီးတစ်ခုလုံးမှာ စကြာဝဠာနတ်ဘုရားဂိုဏ်းသားများနှင့် ပြည့်နှကိနေသည်။

စကြာဝဠာနတ်ဘုရားမြို့က စကြာဝဠာနတ်ဘုရားဂိုဏ်း အခြေစိုက်ရာ မြို့တစ်မြို့ ဖြစ်နေတာကြောင့် ဂိုဏ်းသားအယောက် တစ်သန်းကနေ နှစ်သန်းလောက်ကို အလွယ်တကူ စုစည်းနိုင်သည်။ ထိုအပြင် စကြာဝဠာ နတ်ဘုရားမြို့အတွင်းသို့ ဝင်ခွင့်ရသည့် ဂိုဏ်းသားတွေအကုန်လုံးက ကောင်းကင်အဆင့်နှင့် အထက် အတွင်းအားတွေကို ပိုင်ဆိုင်ကြသည်။

ကောင်းကင်အဆင့်သိုင်းသမား အယောက်ဆယ်သိန်း .....!

ဤမြင်ကွင်းအား ကြည့်ရုံဖြင့် စကြာဝဠာနတ်ဘုရားဂိုဏ်း မည်မျှ စွမ်းအားကြီးမားသည်ဆိုတာကို သိနိုင်သည်။
ရှောင်လုံကတော့ သူ့ပတ်ဝန်းကျင်မှာ အနက်ရောင် ပင်လယ်ကြီးလိုမျိုးသိပ်သည်းစွာဖြင့် ဝန်းရံထားသော စကြာဝဠာနတ်ဘုရားဂိုဏ်းသားတွေကို အေးစက်စက်စိုက်ကြည့်လိုက်သည် ။သို့သော် ရှောင်လုံက မျက်နှာတစ်ချက်ပျက်သွားခြင်း မရှိပေ ။ အရှေ့ကိုသာ ဆက်လျှောက်လိုက်သည်။

ထိုအချိန်တွင် ဝန်းရံထားသော စကြာဝဠာနတ်ဘုရားဂိုဏ်းသားများဘက်ကနေ ရှောင်လုံကို တစ်ချိန်ထဲမှာ စုပြုံတိုက်ခိုက်လာသည်။
ပထမဦးဆုံးအကြိမ် တိုက်ခိုက်မှုတွင် စကြာဝဠာနတ်ဘုရား ဂိုဏ်သားများက သူတို့၏ အစွမ်းအထက်ဆုံးသိုင်းကွက်များကို အသုံးပြု၍ အပြင်းအထန် တိုက်ခိုက်ကြသည် ။

သူတို့ကိုကြည့်ရင်း ရှောင်လုံက သူ့ချီပင်လယ်ကို နှိုးစွလိုက်သည်။ ထိုနောက် ရှောင်လုံသွေးကြောတွေထဲမှာ လှည့်ပတ်စီးဆင်းနေသည့် နတ်ဆိုးအတွင်းအားတွေက အပြင်ဘက်ဆီသို့ ဆောင့်ထွက်လာသည်။ ရှောင်လုံအနားတွင် လေရဟတ်ကြီးနှင့် တူသောပြိုးပြိူးပျက်ပျက်လက်နေသည့် နတ်ဆိုးအတွင်းအားတွေထွက်ပေါ်လာသည်။ ထိုအတွင်းအားတွေက ဧရာမလှိုင်းလုံးကြီးကဲ့သို့ စကြာဝဠာနတ်ဘုရားဂိုဏ်းသားများကို ဆွဲယူသွားသည်။

စက္ကန့်ပိုင်းလောက်အတွင်းမှာ ဆွဲယူခံလိုက်ရသော စကြာဝဠာနတ်ဘုရားဂိုဏ်းဝါးများက ပတ်ဝန်းကျင်မှာရှိနေသည့် အအောက်အဦးများနှင့်ရိုက်မိ သွားကြသည်။ ရှောင်လုံရှိနေသောနေရာတစ်စိုက်တွင် ပြိုလဲ ပျက်ဆီနေသော အအောက်အဦးများဖြင့် ပြည့်နှက်သွားသည် ။

ရှောင်လုံကတော့ ခံစားချက်ကင်းမဲ့နေသောအမူအရာဖြင့် သွေး ချင်းချင်းနီနေသော လမ်းမပေါ်သို့ ဆက်လျှောက်သွားလိုက်သည်။
လမ်းမထက်တွင် ချိတ်ဆွဲထားသော မင်္ဂလာအထိမ်းအမှတ်ဆိုင်းပုဒ်တွေအကုန်လုံးကလည်း ပြိုလဲ ပျက်ဆီးကုန်ကြသည်။ ရှောင်လုံဗဟိုပြု၍ သူနှင့် မီတာတစ်သောင်းပတ်လည်တွင်ရှိနေသည့် အရာအားလုံး အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားကြသည် ။

ရှောင်လုံကို ပိတ်ဆို့ထားသည့် စကြာဝဠာဂိုဏ်းသားတွေထဲမှ အယောက် တစ်သောင်းကျော် ပွဲချင်းပြီး သေဆုံးသွားကြသည် ။ တောက်ပနေသော နေရောင်ခြည်အောက်တွင် လေအေးများက ရုတ်တရက် တိုက်ခိုက်လာသည် ။

သူကြောင့် လူတစ်သောင်းကျော် သေဆုံးသွားခဲ့သော်လည်း ရှောင်လုံမျက်နှာထားက မည်သည့်အရာကိုမှ ဖမ်းမမိလောက်အောင် တည်ငြိမ်နေသည် ။ သို့သော် သိပ်မကြာခင်အချိန်မှာ စကြာဝဠာနတ်ဘုရားဂိုဏ်းသား နောက်ထပ် တစ်သုတ်က ရှောင်လုံအရှေ့၌  နောက်တစ်ကြိမ် ပိတ်ဆို့တားဆီးလိုက်ကြပြန်သည်။

ထိုလမ်းမထက်တွင်လည်း သွေးပင်လယ်ကြီးဖြင့် ပြည့်နှက်သွားသည်။ အချိန်ကြာလာသည်နှင့်အမျှ
ရှောင်လုံလက်အောက်တွင် သေဆုံးခဲ့ရသော စကြာဝဠာနတ်ဘုရားဂိုဏ်းသားအရေအတွက်က မရေတွက်နိုင်လောက်အောင် များပြားလာသည်။
စကြာဝဠာနတ်ဘုရားဂိုဏ်းသားများနှင့် ရင်ဆိုင်ချိန်မှာ ရှောင်လုံကလည်း တစ်စက်ကလေးမှ အလျော့ပေးခြင်းမရှိပေ ။

ရှောင်လုံ၏ ဆရာဖြစ်သူ ရန်ဝူကောင်း ပျောက်ကွယ်သွားပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာမှာ နတ်တံခါးဂိုဏ်းလက်အောက်မှ နယ်မြေတော်တော်များများကို စကြာဝဠာနတ်ဘုရားဂိုဏ်းက ဝါးမြိုသွားခဲ့သည်။
ထိုပြင် စကြာဝဠာနတ်ဘုရားဂိုဏ်းလက်ချက်ဖြင့် သေဆုံးခဲ့ရသော နတ်တံခါးဂိုဏ်းသား အရေအတွက်ကလည်း လူအယောက် ဆယ်သိန်းထက် မနည်းပေ ။

ရှောင်လုံနှင့် စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်က တဖြည်းဖြည်း နီးကပ်လာသည်။ လူပေါင်းများစွာကို သတ်ဖြတ်ပြီးနောက် ရှောင်လုံ ခန္ဓာကိုယ်ပတ်လည်တွင် ဝိုင်းပတ်နေသည့် နတ်ဆိုးချီ စွမ်းအားတွေကလည်း ပို၍ သိပ်သည်းလာကြသည် ။ ရှောင်လုံမျက်လုံးတွေကလည်း မီးကျီခဲတွေလိုမျိုး ရဲရဲနီနေသည်။
ရှောင်လုံ ပတ်ဝန်းကျင်းမှာ ရစ်ခွေနေသည့် သတ်ဖြတ်ခြင်း အော်ရာများက တဖြည်းဖြည်းနှင့် ပို၍သိပ်သည်းလာပြီး နောက်ဆုံးတွင် အနက်ရောင် ဆီနှင်းပွင့်များအဖြစ် ကောင်းကင်ထက်ကနေ ကျဆင်းလာသည်။

တောက်ပသောနေရောင်ခြည်အောက်တွင် အနက်ရောင် ဆီးနှင့်ပွင့်များ အဆက်မပြတ်နေသည့် မြင်ကွင်းက ထူးခြားဆန်းကြယ်ပြီး  ကြောက်ရွံဖွယ်ရာကောင်းလှသည်။

".. ငရဲမီးတောက်၏ ဒေါသမာန်ဟုန် ...."

".... လေနတ်ဘုရား ကန်ချက် ..."

ရှောင်လုံအရှေ့တွင် ရုတ်တရက် လူရိပ်နှစ်ခုပေါ်လာသည် ။ ထိုလူနှစ်ယောက်က ရှောင်လုံကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသည်။ ထိုနောက် မရေတွက်နိုငိသော ခြေလှမ်းများက ပြင်းထန်သော မုန်တိုင်းတစ်ခုသဖွယ် ပြောင်းလဲသွားသည်။
ပြင်းထန်သောသိုင်းကွက်နှစ်ခုစလုံးက ရှောင်လုံသေကွင်းသေကွက်နေရာများဆီသို့ ရောက်ရှိလာသည်။ ရှောင်လုံသာ ထိမှန်လိုက်မယ်ဆိုရင် ပြင်းထန်စွာ ဒဏ်ရာရရှိ သွားနိုင်သည် ။

စကြာဝဠာအဆင့် သိုင်းပညာရှင်တွေပါလား...!

ရှောင်လုံက သူ့လက်ဝါးနှစ်ဖက်ကို အရှေ့သို့ ဆန့်ထုတ်လိုက်သည် ။ လက်ဝါးနှစ်ဖက်ကနေ ထွက်ပေါ်လာသည်လ မရေတွက်နိုင်သော လက်ဝါးရာများက ငရဲမီးတောက်လှံရိပ်များနှင့် ခြေထောက် ပုံရိပ်များကို တစ်စစီ ဖြိုခွင်းဖျက်ဆီးလိုက်သည် ။ ထိုနောက် ရှောင်လုံပံရိပ်က မြေပြင်ထက်ကနေ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ရှောင်လုံပြန်ပေါ်လာချိန်မှာတော့ သူက စကြာဝဠာသိုင်းပညာရှင် နှစ်ယောက် အရှေ့သို့ ရုတ်တရက် ရောက်ရှိသွားသည်။ 

ရှောင်လုံလက်ထဲတွင် အန်မီနက်စစ်ပုဆိန်ကို ကိုင်ဆွဲထားသည် ။ ထိုနောက် ရှောင်လုံက သူ့လက်ထဲမှ စစ်ပုဆိန်ကို  စကြာဝဠာသိုင်းပညာရှင်တစ်ယောက်၏ နှလုံးနေရာသို့ ချိန်ရွယ်၍ အရှေ့သို့ ဆောင့်ထိုးလိုက်သည်။ ထိုနောက် ရှောင်လုံ၏ နောက်တစ်ကြိမ် လွှဲယမ်းလိုက်သော စစ်ပုဆိန် အရိပ်တွေက ကျန်ရှိနေသေးသော စကြာဝဠာသိုင်းပညာရှင်၏ ရင်ဘတ်ကို ခုတ်ပိုင်းသွားသည် ။

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားတာကြောင့် စကြာဝဠာသိုင်းပညာရှင်နှစ်ယောက်အတွက် တုန့်ပြန်ချိန် မရှိခဲ့ပေ ။ သူတို့ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေရုံလေးသာ တတ်နိုင်ခဲ့သည် ။

ရှောင်လုံက စစ်ပုဆိန်အဖျားကိုကို မြေကြီးပေါ်သို့ ဆောင့်ချလိုက်သည် ။ မြေကြီးပေါ်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ကြောငလးများ ဖြစ်ပေါ်လာသည် ။ ထိုအတူ စကြာဝဠာသိုင်းပညာရှင်နှစ်ယောက်၏ ခန္ဓာကိုယ်ကြီးကလည်း မြေကြီးပေါ်သို့ ပြိုလဲကျသွားသည် ။

"... မင်း ....မင်းဘယ်သူလဲ ....?"

စကြာဝဠာသိုင်းပညာရှင်တစ်ယောက်က မေးလိုက်သည်။ သူ့မျက်လုံးထဲတွင် အကြောက်တရားများနှင့် ပြည့်နှကိနေသည် ။

ရှောင်လုံက ထိုသူ၏ မေးခွန်းကိုကြားတော့ လက်ညိုးတစ်ချက် ထိုးလိုက်သည်။ ရှောင်လုံ လက်ညိုးက စကြာဝဠာသိုင်းသမားနှစ်ယောက်လုံး၏ နားထင်ကနေ ထုတ်ချင်းဖောက်ထွက်သွားသည်။ ထိုသိုင်းပညာရှင်က  ရှောင်လုံအား မယုံနိုင်သလိုမျိုး မျက်လုံးပြူးရင်း ငေးကြည့်နေလေသည်။

ရှောင်လုံက ထိုသိုင်းပညာရှင်နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များအား အဆိပ်နောက်ချေးပိုးများကို အစာကျွေးရန်အတွက် လင်းလောင်ရတနာစေတီအတွင်းသို့ ပစ်ထဲ့လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည် ။

ထိုအချိန်တွင် စကြာဝဠာနတ်ဘုရားဋ္ဌာနချုပ်တစ်ခုလုံး်ုတ်အုတ်ကျက်ကျက် ဖြစ်လာသည်။ ရှောင်လုံ  တောင်ဘက်မြို့တံခါးမှာ စကြာဝဠာနတ်ဘုရားဂိုဏ်းသား အယောက်သုံးရာကျော်သတ်ခဲ့သော်လည်း မင်္ဂလာပွဲသို့ ရောက်ရှိနေကြသည့် ဧည့်ပရိတ်သတ်များက သတိမထားမိကြပေ ။ သို့သော် စကြာဝဠာနတ်ဘုရားဂိုဏ်သားတွေ ပိုပိုပြီးသေလာသည်နှင့်အမျှ လေထုထဲမှာဖြစ်ပေါ်လာသော   သေဆုံးခြင်း အော်ရာတွေက ပိုမို သိပ်သည်းလာသည်။ ထိုပြင် ပြင်းထန်သောတိုက်ပွဲတွေကြောင့် စွမ်းအင်လှိုင်းတွေက မင်္ဂလာပွဲကျင်းပနေသည့် ဋ္ဌာနချုပ်နှင့် တဖြည်းဖြည်း နီးကပ်လာတာကို ဋ္ဌာနချုပ်အတွင်းသို့ ရောက်ရှိနေကြသည် ဧည့်ပရိတ်သတ်တွေက သတိပြုမိလိုက်ကြသည်။ ထိုကြောင့် အတွေ့အကြုံရင့်သိုင်းပညာရှင်များပီပီ တစ်ခုခုမှားယွင်းနေပြီဆိုတာကို ချက်ချင်းသဘောပေါက်လိုက်ကြသည် ။

လူတစ်ယောက်က စကြာဝဠာနတ်ဘုရားမြို့အတွင်းသို့ဝင်လာပြီး မြင်မြင်သမျှ အကုန်လုံးကို သတ်ပြစ်နေသည်ဆိုသော အံ့သြဖွယ်ရာ ကောင်းလှသည့်သတင်းကို ဧည့်ပရိတ်သတ်တွေအကုန်လုံး သိသွားကြသည်။

"... ငါများ နားကြားလွဲတာများလား ...? စကြာဝဠာနတ်ဘုရားမြို့ထဲကိုဝင်ပြီး စကြာဝဠာနတ်ဘုရားဂိုဏ်းသားတွေကို သတ်ရဲတဲ့လူက လောကကြီးမှာ တကယ်ပဲ ရှိနေတာလား ....?"

"... အဲ့ကောင် သေဖို့ကတော့ သေချာသလောက်ရှိနေပါပြီ ...ဒါပေမယ့် စကြာဝဠာနတ်ဘုရားမြို့ထဲအထိ လာရဲတယ်ဆိုမှတော့ သူ့ဆီမှာအားကိုးစရာ ဝှက်ဖဲတစ်ခုခုရှိနေတယ်ထင်တယ် ..."

".... ဘယ်လို ဝှကိဖဲမျိုးပဲ ရှိရှိ သူတစ်ယောက်ထဲနဲ့ စကြာဝဠာနတ်ဘုရားဂိုဏ်း တစ်ခုလုံးကို ခံချနိုင်ပါ့မလား ....? သူဘယ်မိသားစုက တပည့်လဲ ဆိုတာကိုတော့ သိချင်မိတယ်.... အဲ့ကောင်ကြောင့် သူမိသားစုတစ်ခုလုံး ကပ်ဆိုးကျရောက်တော့မှာပဲ ...."

အတွင်းဘက်ခန်းမဆောင်ထဲမှာရှိနေကြသော ဧည့်ပရိတ်သတ်တွေက စကြာဝဠာနတ်ဘုရားဂိုဏ်း၏ နယ်မြေအတွင်းသို့ ရောက်ရှိနေသော်လည်း ပွင့်ပွင့်လင်းလင်းကို ပြောဆိုဆွေးနွေးနေကြသည်။ လေဟာနယ်တံခါးဂိုဏ်းနှင့် အဖြူရောင် ဖီးနစ်အိမ်တော်မှ သိုင်းပညာရှင်များကတော့ စကြာဝဠာနတ်ဘုရားဂိုဏ်း၏ ကံဆိုးမှုကို ကျိတ်ပြီး ဝမ်းသာနေကြသည် ။

လူတစ်ယောက်က စကြာဝဠာနတ်ဘုရား ဂိုဏ်းချုပ် သားဖြစ်သူ၏ မင်္ဂလာဆောင်မှာ ယခုလိုမျိုး လာရောက်ရမ်းကားခြင်းက ဘယ်လိုရလဒ်ပဲ ထွက်ပေါ်သည်ဖြစ်စေ စကြာဝဠာနတ်ဘုရားဂိုဏ်း၏ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်သွားစေနိုင်သည်။

".... ဘာပြောတယ် ...ငါလွှတ်လိုက်တဲ့ လူနှစ်ယောက်လုံးသေပြီ ဟုတ်လား ..."

ချန်ရှောင်ဖန်ရင်ထဲမှာ အံ့သြခြင်းနှင့် တုန်လှုပ်ခြင်းတွေက တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။
သူလွှတ်လိုက်သော သိုင်းသမားနှစ်ယောက်ထဲမှ တစ်ယောက်က စကြာဝဠာအဆင့် ၄ သိုင်းပညာရှင်ဖြစ်ပြီး နောကိတစိယောက်က စကြာဝဠာအဆင့်၃ သိုင်းပညာရှင်ဖြစ်သည်။
သူတို့နှစ်ယောက်စလုံး မိနစ်ပိုင်းအတွင်းမှာ အသတ်ခံလိုက်ရမယ်လို့ ချန်ရှောင်ဖန်းက လုံးဝကို မမျှော်လင့်ထားခဲ့ပေ ။

ထိုနောက် ချန်ရှောင်ဖန်း၏ အကြည့်တွေက ရှဲဟွေရှိနေသည့် ခန်းမဆောင်ဆီသို့ အလျင်အမြန်ရောက်ရှိသွားသည် ။ အခြေအနေတွေက ဤမျှအထိကြီးမားလာပြီဆိုမှတော့ သူအနေနှင့် ရှဲဟွေအား မဖြစ်မနေ အကြောင်းကြားရတော့မှာပဲ ဖြစ်သည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၃၃......

ချန်ရှောင်ဖန်က နောက်ဆုံးမှာတော့ ရှဲဟွေ နေထိုင်ရာအဆောင်ဆီသို့ ရောက်ရှိလာသည်။ အစေခံမိန်းမပျိုလေးများက ရှဲဟွေအား  မင်္ဂလာသတို့သား အဝတ်အစားကို ကူညီဝတ်ဆင်ပေးနေကြသည်။ချန်ရှောင်ဖန်းက ပါးစပ်ပိတ်လိုက်ဖွင့်လိုက်ဖြင့် အချိန်အတော်ကြာအောင် ထိုကိစ္စအား ထုတ်ဖော်ပြောရန် တွန့်ဆုတ်နေသည်။

".... ဘာဖြစ်လို့လဲ ပြောပါ ...?".
ရှဲဟွေ က ချီတုံချတုံဖြစ်နေသည့် ချန်ရှောင်ဖန်းကို သတိပြုမိလိုက်သည်။

ထိုအခါချန်ရှောင်ဖန်းက အလျင်အမြန် သတင်းပို့လိုက်သည်

".... လူတစ်ယောက်က ကျွန်တော်တို့စကြာဝဠာ နတ်ဘုရားမြို့ထဲကို အတင်းအကျပ်ဝင်လာပြီး လမ်းတစ်လျှောက်င စကြာဝဠာနတ်ဘုရားဂိုဏ်သားအများကြီး သတ်ခဲ့ပါတယ် ... အဲ့ဒါကြောင့် ကျွန်တော်က သူ့နဲ့ ရင်ဆိုင်ဖို့ စကြာဝဠာသိုင်းပညာရှင်နှစ်ယောက်ကို စေလွှတ်ခဲ့သေးပါတယ် ...ဒါပေမယ့် .....!"

ချန်ရှောင်ဖန်း၏ စကားသံက ထိုနေရာတွင် ရပ်တန့်သွားသည်။ ချန်ရှောင်ဖန်စကားကို ကြားသော်လည်း ရှဲဟွေကတော့ မှန်ကြည့် မပြတ်ပေ။
ရှဲဟွေက သူ့ပုံရိပ်ကို မှန်ထဲမှာ လှည့်ပတ်ကြည့်ရှုရင်း ချန်ရှောင်ဖန်းအား မေးလိုက်သည်

".... ကျုပ်နဲ့ ဒီဝတ်စုံနဲ့ လိုက်ရဲ့လား ...?"

ချန်ရှောင်ဖန်က တောက်ပသော အနီရောင် သတို့သား ဝတ်စုံကို ဆင်းမြန်းထားသည့် ရှဲဟွေအား ကြောင်တောင်တောင်ဖြင့်  တစ်ချက်လှမ်းကြည့် လိုက်သည်။ နဂိုထဲက ရုပ်ရေချောမောသော ရှဲဟွေဟာ တောက်ပသော အနီရောင် ဝတ်စုံနှင့် အတူ အရမ်းကို တည်ကြည်ခန့်ငြားနေသည် ။
သို့သော် ဤကဲ့သို့ အခြေအနမှာ ရှဲဟွေက အခုလိုမျိုး မေးလိမ့်မည်ဟု ချန်ရှောင်ဖန်းက လုံးဝကို မမျှော်လင့်ထားခဲ့ပေ ။

ရှဲဟွေက သူနောက်မှ အစေခံမိန်းမပျိုလေးဘက်သို့ လှည့်လိုက်ပြန်သည်

".... မင်းတို့ သခင်မလေးကိုပြင်ဆင်ပေးနေတာရော ပြီးပြီလား ...?"

".... သခင်မလေးကို အကုန်လုံးဆင်ယင်ပြီးပါပြီ သခင်လေး ...."
အစေခံ မိန်းမပျိုလေးက ရိုရိုသေသေပြန်ဖြေလိုက်သည် ။

ရှဲဟွေက ခေါင်းညိတ်ပြလိုက်သည်

".... အင်း အဲ့ဒါဆို နင်တို့သခင်မလေးကို မင်္ဂလာခန်းမဆာင်ကို ခေါ်ခဲ့လိုက်တော့ ..."

ထိုနောက် ရှဲဟွေက ချန်ရှောင်ဖန်ကို လှည့်ကြည့်ကာ

"... ကျုပ်တို့လည်း သွားကြမယ် ..."

ရှဲဟွေက သူနေထိုင်ရာ ခန်းမဆောင်ထဲကနေ ခြေလှမ်းကျဲကျဲ ဖြစ်ထွက်သွားသည်။
လမ်းတွင် ချန်ရှောင်ဖန်းက မအောင့်နိုင်တော့ပဲ မေးလိုက်သည်
".... သခင်လေး ...ကျွန်တော်တို့ အဲ့ဒီလူကို ဘယ်လိုလုပ်ကြမလဲ ..."

ရှဲဟွေက လက်ကို အသာအယာ ဝေ့ယမ်းပြလိုက်ပြီး

".... အလောတကြီးလုပ်မလိုပါဘူး  ... ကျုပ်ရဲ့ မင်္ဂလာ အခမ်းအနားပြီးမှ အဲ့ဒီကိစ္စကို ဆက်ပြောကြတာပေါ့ ..."

စကြာဝဠာနတ်ဘုရားမြို့အတွင်းသို့ ဖြတ်ကျော်ရောက်ရှိလာသူက ရှီရှောင်ဖေးပြောသည့် လူဆိုတာကို ရှဲဟွေက နားလည်လိုက်သည်။ သူမျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းများထွက်ပေါ်လာသည်။

မနေ့ညက ရှီရှောင်ဖေးပြောသည့် လေသံနှင့် အမူအရာကို ပြန်လည်မြင်ယောင်ရင်း ရှဲဟွေကိုယ်ထဲမှ ပိုမိုသိပ်သည်းသော လူသတ်ချင်စိတ်တွေ ထွက်ပေါ်လာသည်။

ဂိုဏ်းက လူတွေအများကြီး အသတ်ခံနေရတာတောင်မှ မင်္ဂလာဆောင်ချင်နေသေးသည့် ရှဲဟွေကို ချန်ရှောင်ဖန်က အံ့သြတကြီး ငေးကြည့်လိုက်သည်။
ထိုပြင် ရှဲဟွေကိုယ်ထဲမှ ရုတ်တရက် သိပ်သည်းစွာထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်းအော်ရာများကလည်း ချန်ရှောင်ဖန်းအား အံ့သြမှင်သက်သွားစေသည် ။

ကြည့်ရတာ သခင်လေးနဲ့ မြို့ထဲကို အတင်းအကျပ်ဝင်လာသူကြားမှ ရန်ကြွေးတွေ ရှိနေတယ်ထင်တယ် .....!

"....စဉ်းစားကြည့်လိုက်တော့လဲ .... ကျုပ်သိုင်းမပြိုင်ရတာ အတော်ကို ကြာနေပြီပဲ ..."

ရှဲဟွေက ဆိုလိုက်သည် ။
ရှဲရှောင်ဖန်းက နောက်တစ်ကြိမ် မှင်သက်သွားပြန်သည်။
သခင်လေးက အဲ့ဒီလူကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းချင်နေတာလားမသိဘူး ....!

ခဏကြာပြီးနောက် ချန်ရှောင်ဖန်နှင့် ရှဲဝေတို့က ကျန်ရှိနေသေးသော စကြာဝဠာနတ်ဘုရားဂိုဏ်းမှ သိုင်းပညာရှင်များများဟာ မင်္ဂလာ ကျင်းပမည့် အတွင်းဘက်ခန်းမဆောင် ဆီသို့ ရောက်ရှိလာကြသည် ။ ရှဲဝေတို့ရောက်ရှိလာတာကိုမြင်တော့  ဆူညံပွက်လောရိုက်နေသော အစည်းအဝေး ခန်းမဆောင်ကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည် ။ 

ရှဲဟွေကိုမြင်တော် ရောက်ရှိလာကြသည့် ဧည့်ပရိတ်သတ်အပေါင်းက မတ်တပ်ရပ် နှုတ်ဆက်လိုက်သည်။ ရှဲဟွေကလည်း တပြုံးပြုံးဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ ရှဲဟွေနှင့် အကြီးအကဲတွေ ရောက်ရှိလာပြီး သိပ်မကြာခင်မှာ လှပသော အနီရောင် သတို့သမီး ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှီရှောင်ဖေးကလည်း အတွင်းဘက်ခန်းမဆောင်ထဲသို့ ရောက်ရှိခါသည်။
သို့သော်   အနီရောင် အဝတ်စဖြင့်  ဖုံးအုပ်ထားသည့် ရှီရှောင်ဖေး မျက်နှာထက်တွင် မျက်ရည်များတသွင်သွင်စီးကျနေသည်ဆိုတာကို မည်သူမှ မသိကြပေ ။

စကြာဝဠာနတ်ဘုရား ဋ္ဌာနချုပ်အပြင်ဘက်
ရှောင်လုံက  နေမင်းကြီး၏ ပူစပ်ပူလောင် အလင်းတန်းများအောက် တည်တည်ငြိမ်ငြိမ်ဖြင့် လျှောက်လှမ်းနေဆဲပင် ..။ သူ့ကိုယ်ထဲမှ ထွက်ပေါ်နေသည့် သိပ်သည်သော နတ်ဆိုးချီများကြောင့် ရှောင်လုံက ငရဲပြည်ကနေ စေလွှတ်လိုက်သည် နတ်ဆိုးကိ်ုယ်စားလှယ်တစ်ယောက်အလား မြင်လိုက်ရသူအပေါင်းကို ကြောက်ရွံစိတ်တွေဖြစ်ပေါ်လာစေသည် ။ ရှောင်လုံက လမ်းတစ်လျှောက် သူသတ်ခဲ့သည့် စကြာဝဠာနတ်ဘုရားဂိုဏ်းသားအရေအတွက်ကိုပင် ရေတွက်ရန်အတွက် စိတ်မဝင်စားတော့ပေ ။

ဋ္ဌာမချုပိဝန်းကျင်၌ စောင့်ကြပ်နေကြသောစကြာဝဠာနတ်ဘုရားဂိုဏ်းသားများက သူတို့ရှိရာသို့ ရောက်ရှိလာသော ရှောင်လုံကို လေးလံနေသော  စိတ်ဖြင့် ကြည့်နေကြသည်။
တောက်ပသောနေရောင်ခြည်အောက်တွင် ရှောင်လုံ တစ်ကိုယ်လုံးကို အနက်ရောင် အလင်းတန်းများဖြင့် ဆေးခြယ်ထားသကဲ့သို့ ဖြစ်နေသည်။

ရှောင်လုံ ဖြတ်သန်းလာရာလမ်းတစ်လျှောက်မှာလည်း အလောင်းတွေပုံထပ်ကာ သွေးချောင်းစီ ကျန်ရစ်ခဲ့သည် ။ ရှောင်လုံနှင့် စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်တို့ နီးကပ်လာချိန်တွင် အတွင်းဘက်ခန်းမဆောင်ထဲသို့ ရောက်ရှိနေကြသော သိုင်းပညာရှင်များက ရှောင်လုံ
ကိုယ်ထဲကနေ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းအော်ရာတွေကို
အာရုံခံမိလိုက်ကြသည်။

ထိုအချိန်၌ တိမ်ကြယ်တာရာတိုင်းပြည်ထဲမှ ထိပ်တန်းမိသားစု တစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သော ဂူလင်းမိုက မတ်တပ်ထရပ်ကာပြောလိုက်သည်

"... သခင်လေး ရှဲဟွေ... အဲ့ဒိအရူးက စကြာဝဠာနတ်ဘုရားမြို့ထဲမှာတောင်  ပြသနာလာရှာရဲတယ်ဆိုမှတော့  သူ့အသက်ဆက်မရှင်ချင်တော့တာပဲ ဖြစ်ရမယ် ...
ကျွန်တော်နဲ့ ကျွန်တော်မိသားစုက အကြီးအကဲတွေသွားပြီး သူ့ကို ဖမ်းခေါ်လာခဲ့ပါ့မယ် ...."

စကြာဝဠာနတ်ဘုရားဂိုဏ်းချုပ် နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပြီဆိုသော သတင်းကို ကြားပြီးကတည်းက ဂူလင်းမိုက စကြာဝဠာနတ်ဘုရားဂိုဏ်းဆီမှာ သစ္စာခံဖို့ ဆုံးဖြတ်ပြီးသားဖြစ်သည်။သို့သော် သူက လူအများရှေ့မှောက်တွင် ဗြောင်ကျကျ သစ္စာခံရမှာကိုတော့ အနည်းငယ် တွန့်ဆုတ်နေသည် ။  ယခုဆိုရင် သူ့လိုချင်နေသော အခွင့်အရေးက မျက်စိရှေ့မှောက်မှာပဲ ပေါ်လာခဲ့ချေပြီ ။

ဂူလင်းမို စကားအဆုံးတွင် တခြားသိုင်းမိသားစုများမှ ဂိုဏ်းချုပ်တွေဆီကလည်း ဂူလင်းမိုနည်းတူ စကားသံတွေ အသီးသီး ထွက်ပေါ်လာသည် ။ သူတို့ကလည်း တရားခံကို ရှဲဟွေ စီရင်နိုင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်ပေးလိုကြောင့် အသီးသီ ထုတ်ဖော်ပြောကြားလိုက်သည် ။

".... ဒါဆိုရင်လည်း ကျုပ်က အားလုံးကိုပဲ ဒုက္ခပေးရတော့မှာပဲ ...."

ရှဲဝွေက ပြုံးရင်း ပြန်ဖြေလိုက်သည် ။

"... သခင်လေးက အနာလွန်းနေပါပြီ ...."

ဂူလင်းမိုတို့က အလျင်အမြန်ပြန်ပြောလိုက်သည်။
ထိုနောက် လာရောက်ရမ်းကားသူကို ဖမ်းဆီရန်အတွက် ခန်းမဆောင်အတွင်းကနေ ထ်ထွက်ခွာသွားကြသည်။

ဂူလင်းမိတို့လူစု စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်အပြင်သို့ ထွက်လိုက်သည်နှင့် နတ်ဆိုးချီများ ဝန်းရံနေသော ရှောင်လုံပုံရိပ်ကို ချက်ချင်းတွေ့လိုက်ကြသည် ။ သူတို့ အပြင်သို့ရောက်ရှိလာချိန်က ရှောင်လုံကလည်း ဋ္ဌာနချုပ်အရှေ့သို့ ရောက်ရှိလာချိန်နှင့် တိုက်ဆိုင်သွားသည်။

ဂူလင်းမိုက ရှောင်လုံကိုမြင်တော့ အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည် ။ ထိုနောက် ဂူလင်းမိုက စကားရှည်မနေတော့ပဲ တခြားလူများထက်ဦးအောင် အရင်ဆုံးတိုက်ခိုက်လိုက်သည် ။ ဂူလင်းမိုက ရှောင်လုံရင်ဘတ်မှ သွေကွင်းသေကွက်နေရာသို့ အားပါသော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။

ရှောင်လုံကလည်း ဂူလင်းမိုအား အေးစက်စက်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ဂူလင်းမိုလက်သီး သူ့ရင်ဘတ်နှင့် နီးကပ်လာချိန်မှာတော့ ရှောင်လုံက ဂူလင်းမိုလက်သီးကို ပြင်းထန်အားပါသော လက်သီးဖြင့် တန်ပြန်ထိုးလိုက်သည် ။

ရှောင်လုံ၏ အပြုအမူကိုမြင်တော့ ဂူလင်းမိုက အေးစက်စက်မျက်နှာထားဖြင့် လှောင်ရယ်လိုက်သည် ။ ဂူလင်းမို၏ အဓိကအားသာချက်မှာ သူ့ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ရာ ကြံခိုင်စွမ်းရည်ပင် ဖြစ်သည်။
ဂူလင်းမို၏ အတွင်းအားက စကြာဝဠာအဆင့်၄ နောက်ဆုံးအဆင့်၏ အထွတ်အထိပ်မှာသာ ရှိနေသေးသော်လည်း စကြာဝဠာအဆင့် ၅သို့ရောက်ရှိနေသည့် သိုင်းပညာရှင်များတောင်မှ သူနှင့် လက်သီးချင်း ယှဉ်မထိုးရဲပေ ။

ထိုပြင် ရှောင်လုံ၏ အတွင်းအားအဆင့်ကလည်း
စကြာဝဠာအဆင့် ၄ အလယ်အဆင့်၌သာရှိနေသေးသည် ။ ဤအချက်က ရှောင်လုံကို သူ့အရင်ဆုံး တိုက်ခိုက်ရဲသည့် အဓိကအကြောင်းအရင်းပင်ဖြစ်သည် ။

သို့သော် တစ်က္ကန့်၏ သုံးပုံ တစ်ပုံလောက်ကြာပြီးနောက် ဂူလင်းမိုမျက်နှာထားက တောင့်တင်းသွားသည်။ သူ့မျက်လုံးတွေက ရှောင်လုံကို အလွန်ကြောက်လန့်စွာဖြင့် လှမ်းကြည့်မိလိုက်သည်။ သိုသော် သူနောက်ဆုတ်ဖို့ကတော့ အရမ်းကိုနောက်ကျသွားချေပြီ ။

ဘုန်း ....
ကျယ်လောင်သော မြည်ဟိန်းသံကြီးနောက်ကနေ
တဂျွတ်ဂျွတ် အရိုးကျိုးသံတွေ ထွက်ပေါ်လာသည်။
ဂူလင်းမိုက သူ့ကိုကြည့်ပြီး တုန်လှုပ်အံ့အားသင့်နေကြသော သိုင်းမိသားစုများ၏ ဂိုဏ်းချုပ်များရှေ့မှောက်ကနေ စူးရှစွာအော်ဟစ်ရင်း ဋ္ဌာနချုပ်အတွင်းသို့ လွင့်ထွက်သွားသည်။ သူက ဋ္ဌာနချုပ်ကိုစောင့်ကြပ်နေကြသော ဂိုဏ်းသားအယောက်တစ်ရာကျော်ကို တိုက်မိပြီး နောက်ဆုံးတွင် ဋ္ဌာနချုပ်အတွင်း အလှဆင်ထားသော တောင် အတုနှင့် သွားတိုက်မိလေသည်။

ဂူဂိုဏ်းချုပ်ကို လက်သီးတစ်ချက်ထဲနှင့် လွင့်စင်သွားအောင် လုပ်ပြီးနောကိ ရှောင်လုံက ဧရာမ ဆေဘာဓားကြီးကို ကိုင်ဆွဲကာ လေထဲသို့ ခုန်တက်လိုက်သည် ။ ရှောင်လုံလက်ထဲမှာကိုင်ထားကတော့ သူ နဂါးသိုက်ထဲကနေ ရရှိခဲ့သော မဟာနဂါးဆေဘာဓားကြီးပင် ဖြစ်သည် ။

ရှောင်လုံက သူ့ပတ်ဝန်းကျင်မှ အံ့သြမှင်သက်နေမှုများကို လျစ်လျူရှုကာ မာန်သွင်း၍ အော်လိုက်သည် ။ ထိုနောက် ဧရာမ မဟာနဂါးဆေဘာဓားကြီးဖြင့် ဒေါက်လိုက် ခုတ်ပိုင်းလိုက်သည်။

".... နဂါး ကမ္ဘာ ဖြိုခွဲခြင်း ..."

ရှောင်လုံသိုင်းကွက်အဆုံးတွင် လေဟာနယ်ထဲမှာ ဆေဘာဓားအလင်းတန်းများနှင့်အတူ သွေးနီရောင်နဂါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။
ထိုသွေးနဂါးကြီးဆီကနေ အသက်ရှုရခက်လောက်အောင် သွေးဆာသော အရိပ်အယောင်တွေ ထွက်ပေါ်လာသည် ။

ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်း အော်ရာများက စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်အရှေ့တွင် ပျံနှံသွားသည် ။ မင်္ဂလာအခမ်းအနား အစီအစဉ်အတိုင်း ဆောင်ရွက်တော့မည့် ရှဲဟွေနှင့် ဋ္ဌာနချုပိအတွင်းမှ သိုင်းပညာရှင်များက သတ်ဖြတ်ခြင်းအော်ရာတွေ သိပ်သည်းစွာ ထ်ခက်ပေါ်နေသည့် နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့လှမ်းကြည့်လိုက်ချိန်တွင် သွေးပျက်ကြောက်မက်ဖွယ်ရာ ဧရာမ ဆေဘာဓားကြီး၏ အလင်းတန်းများနှင့် သွေးနဂါးတစ်ကောင်ကို အံ့သြဖွယ်ရာ မြင်တွေ့လိုက်ကြသည်။

ဆေဘာအလင်းတန်းများက ဋ္ဌာနချုပ်နှင့် နောက်ဆုံးမှာတော့ ထိမှန်သွားသည်။ စကြာဝဠာနတ်ဘုရားဂိုဏ်း၏ ဋ္ဌာနချုပိတစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ယမ်းသွားသည်။

သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ ပျံတက်လိုက်ကြသည်။ ထိုအခါ စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်၏ အရှည်အတိုင်း အရှေ့မှ အနောက် နှစ်ခြမ်းကွဲသွားအောင် ခုတ်ပိုင်းထားသည့် ဆေဘာဓားရာ ကြီးကို အကုန်လုံး မျက်ဝါးထင်ထင်မြင်တွေ့လိုက်ကြရသည်။ထိူနောက် အားကောင်းသော ဆေဘာစွမ်းအင်များက ဆေဘာဓားရာကြီး ထိမှန်ထားသောနေရာတွေကို ဖျက်ဆီးပြစ်လိုက်သည်။ နက်ရှိုင်းစွာ ဖြစ်ပေါ်နေသည့် ဆေဘာဓားရာကြီးနံဘေးတွင် ကျိမ်းစပ်စပ် ဆေဘာစွမ်းအင်များက အဆက်မပြတ်ထွက်နေသလို ထိုကဲ့သို့ ထွက်ပေါ်နေသည့် ဆေဘာစွမ်းရည်များကြောင့် လေထုတစ်ခုလုံး တုန်လာသွားသည်။

ဤရလာဒ်ဟာ မြင်တွေ့လိုက်ရသူတိုင်းကို ပါးစပ်အဟောင်းသားဖြင့် အသက်ရှုမှားသွားစေသည်။

ဆေဘာဓားတစ်ချက်ထဲမှာပါတဲ့ စွမ်းအားက ကြောက်စရာကောင်းလှချည်လား ....!

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၃၄ .....

ထိုအချိန်၌ ရှီရှောင်ဖေးက သူ့မခေါင်းပေါ်မှ အဝတ်စကို ဆွဲဖယ်ကာ ကောင်းကင်ထက်မှ လူရိပ်ကိုလှမ်းကြည့်လိုက်သည် ။ ထိုနောက် သူမ မျက်နှာထက်တွင် မျက်ရည်တွေ တသွင်သွင်စိးကျလာသည်

သူလာပြီ.... သူရောက်လာပြီ.... သူငါ့ကိုကယ်ဖို့ တကယ်ရောက်လာတာပဲ .....!

လူတွေအကုန်လုံး ဆေဘာဓားရာကြီးအောင် အံ့အားသင့်နေကြစဉ် လူရိပ်တစ်ခုက ရုတ်တရက် ပျံသန်းလာပြီး ရှောင်လုံကို အလစ်အငိုက် ဝင်တိုက်ခိုက်လိုက်သည်။ထိုနောက် မိုးပြေးကဲ့သို့ လက်သီးချကိတွေက ရှောင်လုံကိုယ်ပေါ်သို့ အဆက်မပြတ်ကျရောက်လာသည်။

"... သခင်လေးပဲ ...."

စကြာဝဠာနတ်ဘုရား ဂိုဏ်းသားများက ရေရွတ်လိုက်သည် ။ ရှောင်လုံကို ရုတ်တရက်တိုက်ခိုက်လိုက်သူမှာ စကြာဝဠာနတ်ဘုရားဂိုဏ်းမှ ရှဲဟွေ ဖြစ်သည်။
လေဟာနယ်တံခါးဂိုဏ်း ၊ အဖြူရောင် ဖီးနစ်အိမ်တော်နှင့် တခြားထိပ်တန်းအင်အားစု ရှစ်ခုမှ သိုင်းပညာရှင်များလည်း အံ့အားသင့်သွားကြသည်။
ရှဲဟွေက ကျူးကျော်လာသူကို အခုလိုမျိုး သူ့ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်လိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပေ ။

ရှဲဟွေက တိမ်ကြယ်တာရာတိုင်းပြည်အတွင်းမှ လူငယ်မျိုးဆက်ထဲတွင် ရှုံးပွဲမရှိ စစ်နတ်ဘုရားဆိုသော အမည်ဖြင့် ထင်ရှားကျော်ကြားသူတစိယောက်ဖြစ်သည် ။ ထိုပြင် သူနောက်ဆုံး သိုင်းယှဉ်ပြိုင်ခဲ့သည့်အချိန်ကလည်း အလွန်ကို ကြာမြင့်နေခဲ့လေပြီ ။

ယနေတော့ ရှဲဟွေ၏ အစွမ်းကို နောက်တစ်ကြိမ်မြင်တွေ့နိုင်ရန် အခွင့်အရေးပေးလာခဲ့ချေပြီ..။

ကောင်းကင်ထက်တွင် ရှိနေသော ရှောင်လုံက သူ့ဆီကို မိုးသီးမိုးပေါက်သဖွယ်ကျရောက်လာသော လက်သီးချက်တွေကိုကြည့်ရင်း မသိမသာလေး မျက်နှာပျက်သွားသည်။

"... မြန်လှချည်လား ...""

ရှောင်လုံမျက်နှာထားက အရင်ကထပ်ပိုပြီး တည်ကြည်လေးနက်သွားသည် ။ ထိုနောက် သူ့လက်ထဲမှာ မဟာနဂါးဆေဘာဓားကြီးအား အလျားလိုက် မွှေ့ယမ်းကာ တစ်ကိုယ်လုံးဓားရိပ်များဖြင့် လွှမ်းခြုံထားလိုက်သည်။

ထန်...ထန် ...

ရှဲဟွေ လက်သီးချက်မှ ထပ်မံထွက်ပေါ်လာသည် စွမ်းအားတွေက မဟာနဂါးဆေဘာဓားဆီကနေ ရှောင်လုံကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ရှောင်လုံလည်း အနောက်သို့ ခြေတစ်လှမ်းပြီး တစ်လှမ်း ဆုတ် ပေးလိုက်ရသည်။ ရှောင်လုံက ပြန်ကန်အားကြောင့် မီတာပေါင်းများစွာ အနောက်ဆုတ်လိုက်ရသည် ။ နောက်ဆုံးမှာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းလိုက်နိုင်သော်လည်း ရှဲဟွေလက်သီးချက်များကြောင့် ရှောင်လုံ လက်နှစ်ဖက်စလုံး ထုံကျင်သွားသည်။
ထိုပြင် ရှောင်လုံက သူ့လက်ထဲမှ မဟာနဂါးဆေဘာကြီးကိုတောင် လွတ်ကျလုမတတ် ဖြစ်သွားသည်။

ရှောင်လုံက သူနှင့် ဆန့်ကျင်ဘက်အရပ်မှာရှိနေသည့် အနီရောင် သတို့သား ဝတ်စုံကို ဆင်မြန်းထားသော လူငယ်အား အကဲခတ် လိုက်သည်။

သူက စကြာဝဠာနတ်ဘုရားဂိုဏ်းရဲ့ သခင်လေး ရှဲဟွေဆိုတာလား  ....!

ရှဲဟွေက ကျူးကျော်လာသူကို တစ်ချက်ထဲနှင့် မီတာပေါင်းများစွာ လွင့်ထွက်သွားအောင် လုပ်နိုင်လိုက်တာကိုမြင်တော့ စိုးရိပ်ပူပန်နေကြသူတွေမျက်နှာက အနည်းငယ် ရွှင်ပြလာကြသည်။

".... မင်းရဲ့ စကြာဝဠာအဆင့် ၄ အဆင့်လောက်နဲ့ စကြာဝဠာ နတ်ဘုရားမြို့ထဲကိုလာပြီး ရမ်းကားချင်တယ်ပေါ့ ...."

ချန်ရှောင်ဖန်းက  ကောင်းကင်ထက်မှ ရှောင်လုံလူရိပ်ကို မော့ကြည့်ရင်း လှောင်ပြောင် ခနဲ့လိုက်သည်

".... ငါကမင်းကို အနည်ဆုံးတော့ စကြာဝဠာ အဆင့် 10 သိုင်းပညာရှင်လို့ ထင်နေခဲ့တာ....."

ဟိုရှီက ကလည်း ဝင်ပြောလိုက်သည်

"... သခင်လေး က သူ့ခွန်အားကို မပြတာ အတော်ကြာနေခဲ့ပြီ ... အခုတော့ ဒီကောင်ကို သခင်လေးက သူ့ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပြီ ... အဲ့ကောင်တော့ သခင်လေး လက်အောက်မှာသေရတာကိုပဲ ဂုဏ်ယူသင့်ပါတယ်..."

"... သခင်လေးက လူငယ်မျိုးဆက်တွေထဲမှာပြိုင်ဘက်မရှိတဲ့ လူတစ်ယောက်ပဲ.... စကြာဝဠာ အဆင့် ၄ သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖိုဘက သခင်လေးအတွက်တော့ ငှက်ပျောသီးအခွံနွှာစားသလောက်တောင် မခက်ပါဘူး ..."

ဟူချန်က ကျေနပ်အားရနေသော မျက်နှာဖြင့် အားရပါးရရယ်မောလိုက်သည်။

သို့သော် ရှီရှောငိဖေးကလွဲ၍ ဧည့်ခံပွဲသို့ရောက်ရှိနေသည့် မည်သူကမှ ရှောင်လုံကို မမြင်ဘူးကြပေ ။ ထိုကြောင့်ကျူးကျော်လာသူက ရှောင်လုံဆိုတာကိူလည်း မည်သူမှ မရိပ်ကြသေးပေ။

ရှဲဟွေက ရှောင်လုံကို တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်လိုက်ပြီး

".... မနေ့ညက ရှီရှောင်ဖေးပြောတာတော့ သူမှာ ချစ်ရတဲ့သူတစ်ယောက်ရှိတယ်တဲ့.... ငါက သူချစ်ရသူတဲ့ ဖိနပ်ကို သယ်ပေးဖို့လောက်တောင် အဆင့်အတန်းမရှိဘူးတဲ့လေ ... ငါမှာတော့ အထင်တွေကြီးလိုက်ရတာ ....အခုမြင်ရသလောက်တော့ မင်းက သူလိုကိုယ်လို ငပိန်း တစ်ကောင်ထက် ဘာမှ ပိုပြီး မထူးခြားပါဘူး ..."

ရှောင်လုံမျက်ခုံးတွေက အပေါ်သို့ ပင့်တက်သွားသည်

"...  သူမ ချစ်ရတဲ့သူ ... ? ငါ့ကိုပြောတာများလား..?"

သို့သော် ယခုအချိန်က အဲ့ဒီအရာကို စဉ်းစားနေရမည့် အချိန်မဟုတ်သေးပေ ။ ရှောင်လုံက သူ့စိတ်ဝိညာဉ်အား ဖြန့်ကျက်လိုက်သည်။ ထိုနောက် ရှောင်လုံက ဋ္ဌာနာချုပ်ထဲ၌ အနီရောင်သတို့သမီးဝတ်စုံဖြင့် အသက်ရှုမှားမတတ် လှပနေသော  ရှီရှောင်ဖေးကို မြင်လိုက်သည်။
ရှီရှောငိဖေးကလည်း ရှောင်လုံကို စတင်တွေ့ရှိချိန်ကစလို့ ယခုအချိန်အထိ ရွှမ်းလဲ့သောမျက်လုံးများဖြင့်  မျက်တောင်တစ်ချက်မခတ်ပဲ ငေးကြည့်နေသည်။
သူတို့နှစ်ယောက်က လေထဲမှာပဲ အကြည့်ချင်းဆုံသွားကြသည် ။

"... ခဏလောက်ကြာရင် မင်းအသဲနှလုံးကို တူးထုတ်ပြီး ခွေးကျွေးပြစ်မယ် ..."

ရှောင်လုံနှင့် ရှီရှောင်ဖေးတို့က အကြည်စိုက်နေတာကြကိုမြင်တော့ ရှဲဟွေက ဒေါသတကြိး အော်ပြောလိုက်သည်။ အစပိုင်းမှာတော့ ရှဲဟွေစိတ်ထဲမှာ ရှီရှောင်ဖေး၏ အညွှန်းစကားကြောင့် သူပြိုင်ဘက် အတွင်းအားအဆင့်မြင့်နေမှာကို အနည်းငယ်စိုးရိပ်နေခဲ့သည်။ သို့သော် ရှောင်လုံ၏ လက်ရှိစွမ်းအားကို မြင်လိုက်ချိန်မှာတော့ ရှဲဟွေ ကလုံးဝကိုစိတ်အေးသွားသည် ။

"... ဟုတ်ပါ့မလား ...?"

ရှီရှောင်ဖေး အန္တရာယ်ကင်းနေတာကိုမြင်တော့ ရှောင်လုံက အတော်လေးစိတ်အေးသွားသော်လည်း မျက်နှာထားကတော့ အေးစက်နေဆဲပင် ။ အကယ်၍ ရှီရှောငိဖေးသာ အပျိုရေပျက်သွားခဲ့ပြီးဆိုရင်ရှောင်လုံက သူ့ဆရာတူအကို ရှီဖန်ထျန်နှင့် မျက်နှာချင်းတောင်မှ ဆိုင်ရဲတော့မှ မဟုတ်ပေ ။

ရှဲဟွေက စကားမပြန်တော့ပဲ ရုတ်တရက် လှုပ်ရှားလိုက်သည် ။ သူ့လက်ကို လက်သည်းပုံသဏ္ဍာန်ပြောင်းလဲ၍ ရှောင်လုံ၏ သေကွင်းသေကွက်နေရာဖြစ်သော နှလုံးအား ကုတ်ဆွဲလိုက်သည်။

မီးခိုးရောင် လက်သည်းရာကြီးက လေဟာနယ်အားဖြတ်သန်း၍ အလွန်လျင်မြန်စွာထွက်ပေါ်လာသည် ။ ရှဲဟွေ၏  လှုပ်ရှားမှုက အလွန်ကိုလျင်မြန်တာကြောင့် ရှောင်လုံအနေနဲ့ သူ့လှုပ်ရှားမှုတွေကိုမြင်သည်ဆိုရုံလေးသာ ဖမ်းမိလိုက်သည်။ ရှဲဟွေ လက်သည်းက ရှောင်လုံရင်ဘတ်ပေါ်သို့ ကျရောက်လာမည့်အချိန်တွင် ရှောင်လုံက အသည်းအသန်ကို ရှောင်တိမ်းလိုက်ရသည်။ ထိုကြောင့် ရှဲဟွေလက်သည်းရာက ရှောင်လုံနှလုံးနှင့် လက်မအနည်းငယ်အကွာမှ ဖြတ်သန်းသွားသည်။

သို့သော် သူ့ရင်ဘတ်ပေါ်တွင် လက်ငါးချောင်းပုံသဏ္ဍန် ဆုတ်ပြဲသွားသလို အရေးပြားမှာလည်း လက်ငါးချောင်းရာကြီးထင်သွားသည်။ ထိုလက်သည်းရာမှ သွေးများ စိမ့်ထွက်လာသည်။

ရှောင်လုံရင်ဘတ်ကနေ သွေးထွက်လာတာကိုမြင်တော့ ရှဲဟွေက တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏ ။ ထိုနောက် သူ့မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး

".... မဆိုးပါဘူး ငါရဲ့ နှလုံးဖောက်လက်သည်းသိုင်းကို ရှောင်နိုင်တယ်ဆိုတော့  မင်းတုန့်ပြန်မှုက ချီးကျူးထိုက်ပါပေတယ် ...ဒါပေမယ့် ငါကအခုမှ သွေးပူလေ့ကျင့်ခန်း ဆင်းနေတဲ့ အဆင့်ပဲ ရှိသေးတာနော် ..."

သူ့စကားအဆုံးမှာ ရှဲဟွေ တစ်ကိုယ်လုံးကို မီခိုးနက်ရောင် အလင်းတန်းများ လွှမ်းခြုံသွားသည်။ သူ့၏လက်သည်းနှစိဖက်ကလည်း သိပ်သည်းများပြားသော သေခြင်းအော်ရာများ ရောစက်သွားသည်။

သို့သော် သေခြင်းအော်ရာများကြားတွင် အသက်ဓတ်စွမ်းအင်အမျှင်တန်းတစ်ချို့လည်းပါ ဝင်နေသည်။ သေခြင်း နှင့် ရှင်းခြင်းက ဒင်္ဂါးပြားတွင်ပါသော ခေါင်းနှင့် ပန်းကဲ့သို့ ဆန့်ကျင်ဘက် ဓတ်သဘောများဖြစ်ကြပြီး ပေါင်း စပ်၍ မရပေ ။သို့သော် ရှဲဟွေ လက်သည်းမှာတော့ ထို ဆန့်ကျင်ဘက် ဓတ်နှစ်ခုစလုံး အတူတူပါဝင်နေသည်။

"... သေခြင်းနတ်ဘုရား သိုင်းကွက် ..."

လေဟာနယ်တံခါးဂိုဏ်းမှ အကြီးအကဲတစိယောက်က တုန်လှုပ်နေသောမျက်နှာထားဖြင့် ရုတ်တရက် ရေရွတ်လိုက်သည်။ ထိုရေရွတ်သံကြောင့် မြေပြင်ထက်မှ တခြားသိုင်းပညာရှင်များ၏ မျက်နှာတွေကလည်း ဖြူဖတ်ဖြူရော် ဖြစ်သွားကြသည် ။

"....သေခြင်းနတ်ဘုရား သိုင်းကွက် .... ? လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက ပျောက်ကွယ်နေတဲ့ သေခြင်းနတ်ဘုရားသိုင်းကွက်လား ....?!"

လူတွေအကုန်လုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။
ရှေးခတ်ဦးအချိန်
ရှေးခတ်ဘုရင်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သော
သရဲဘုရင်ဆီမှာ ကျော်ကြားသော လက်အောက်ငယ်သားနှစိယောက်ရှိသည်။ သူတို့ထဲက တစ်ယောက်၏ အမည်မှာ
"... သေခြင်းနတ်ဘုရား.."
ဖြစ်သည်။

သေခြင်းနတ်ဘုရားက ရှေးခတ်ဘုရင်များနှင့် မယှဉ်နိုင်ခဲ့သော်လည်း သူစွမ်းအားက သူခေတ်မှာတော့ ထိပ်တန်းအဆင့်မှာ ရှိနေခဲ့သည်။ သူကို သေခြင်းနတ်ဘုရားရယ်လုိ့ နာမယ်ကြီးစေခဲ့သည့် သိုင်းကျမ်းက အခုရှဲဟွေ ထုတ်သုံးလိုက်သော သေခြင်းနတ်ဘုရား သိုင်းကွက်ပင် ဖြစ်သည်။

".... ဟုတ်တယ် သေခြင်းနတ်ဘုရားသိုင်းကွက်ပဲ.."

ရှဲဟွေက ဂုဏ်ယူနေသောမျက်နှာထားဖြင့် ပြန်ဖြေလိုက်သည် ။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်
သရဲမြို့တော် ပေါ်လာချိန်မှာ ရှဲဝေကလည်း သရဲမြို့တော်သို့ သွားခဲ့သည်။ ရှဲဝေက သရဲဘုရင်သိုင်းကျမ်းကို မရှာနိုင်ခဲ့သော်လည်း သေခြင်းနတ်ဘုရားသိုင်းကျမ်းကို သရဲမြို့တော်ထဲကနေ ရှာတွေ့ခဲ့သည် ။

ကုန်ဆုံးခဲ့သော နှစ်တွေအတွင်း စကြာဝဠာနတ်ဘုရားဂိုဏ်း၏ အထွတ်အမြတ်နယ်မြေထဲမှာ သေခြင်းနတ်ဘုရား သိုင်းကွက်ကို အပြင်းအထန်လေ့ကျင့်ခဲ့သည်။ ရှဲဟွေ၏ အရည်အချင်းနှင့် မလျော့သော ဇွဲကြောင့် နောက်ဆုံးမှာတော့ သေခြင်းနတ်ဘုရားသိုင်းကွက်ကို လေ့ကျင့်နိုင်ခဲ့သည်။

ဒီနေ့မှာတော့  သူ့သိုင်းပညာအစွမ်းကို ပြသဖို့ရာအတွက် အလွန်ကြီးမားသော အခွင့်အရေးတစ်ခု ရောက်ရှိလာခဲ့သည်။

ထိုနောက် ရှဲဟွေက လက်သည်းနှစ်ဖက်အား ထူးဆန်းသိုင်းကွက် ပုံသဏ္ဍာန်ဖြင့် ခုတ်ပိုင်းလိုက်၏ ။

"... သေခြင်းနတ်ဘုရား အရိုးမဲ့ လက်သည်း သိုင်း.."

ရေလှိုင်းကြီးများနှင့်တူသော သေခြင်းအော်ရာများက ကောင်းကင်ထက်တွင် စတင်လည်ပတ်လာသည်။ ထိုကဲ့သို့ တိမ်တိုက်များ လည်ပတ်ရာမှ ကောင်းကင်ထက်တွင် သေခြင်းနတ်ဘုရား၏ ကိုယ်ပွားများ ဖြစ်ပေါ်လာသည်။ ထိုကိုယ်ပွားတွေက လက်သည်းချွန်ချွန်ကြီးများကို ကောင်းကင်ထက်သို့ မြှောက်ပင့်လျက် ရှောင်လုံအား အလည်ခေါင်တွင် ထဲ၍ ဝိုင်းကာ မနှစ်မြို့ဖွယ်ရာကောင်းသည့် အသံသေး အသံကြောင်များဖြင့် ဟစ်ကြွေး လိုက်ကြသည်။

သေခြင်းနတ်ဘုရားကိုယ်ပွားများ၏ ဝိုင်းပတ်ခြင်းကို ခံလိုက်ရချိန်မှာတော့ ရှောင်လုံကလည်းတုန့်ဆိုင်နေခဲ့ခြင်းမရှိပေ ။
သူကလည်း နတ်ဆိုးအသွင်သို့ ပြောင်းလဲလိုက်သည် ။ ရှောင်လုံကျောဘက်တွင် အနက်ရောင်တောက်ပနေသည့် လှပခန့်ငြားသော တောင်ပံတစ်စုံ ထွက်ပေါ်လာသည်။

ရှောင်လုံက ငရဲနတ်ဆိုးဆီကနေ စွမ်းအားတွေကို စုက်ယူထားတာကြောင့် ရှောင်လုံ၏ နတ်ဆိုးအသွင်ပြောင်းလဲခြင်း နည်းစနစ်ဟာ ယခင်ကထက်များစွာ တိုးတက်လာသလို တောင်ပံများကို အသုံးပြု၍ ပျံသန်းလာရာမှာ နောက်တစ်ဆင့်သို့ တိုးတက်လာခဲ့သည်။

ထိုပြင် အနက်ရောင်တောင်ပံများပေါ်တွင်ရှိနေသည့် ရွှေရောင်ရှေးဟောင်းသင်္ကေတစာများ တလက်လက်တောက်ပလာသည်။

"....သွေး နဂါးကောင်ကင်သို့ ပျံတက်ခြင်း...."

ထိုနောက် လေဟာနယ်ထဲမှ ထွက်ပေါ်လာသော သွေးနဂါးအုပ်ကြီးက ကောင်းကင်ထက်တွင် ပေါ်ထွက်လာသည် ။ ထိုနောက် သွေးနဂါးများဖြင့် သေခြင်းနတ်ဘုရား၏ ကိုယ်ပွားများက အသီးသီး တိုက်ခိုက်ကြသည် ။

သူတို့အင်အားစုနှစ်ခု၏ တိုက်ခိုက်မှုနှုန်းက အလွန်ကို လျင်မြန်တာကြောင့် ကောင်းကင်ထက်တွင်  အနီရောင်အလင်းတန်းများနှင့် အနက်ရောင်အလင်းတန်းများက လျင်မြန်စွာ ပြေးလွှားနေကြသည် ။

သေခြင်းအော်ရာများနှင့် အသက်ရှု ကျပ်လောက်အောင် ပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာ တွေကလည်း အသီးသီး တိုက်မိကြကုန်သည် ။ ထိုစွမ်းအား နှစ်ခု ထိတွေ့မှုကြောင့် ဖြာထွက်လာသော စွမ်းအင်လှိုင်းတွေက စကြာဝဠာနတ်ဘုရားဂိုဏ်း ဋ္ဌာနချုပ်နှင့် ပတ်ဝန်းကျင်မှ နေရာများဆီသို့ စွမ်းအင်မိုးများ ရွာသွန်းဖြိုးသကဲ့သို့ ကျဆင်းလာသည်။

ပြင်းထန် သောထိပ်တိုက်ထိတွေ့မှုကြောင့် ရှောင်လုံခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားပြီး အနောက်သို့ နောက်ထပ်တစ်ကြိမ် ဆုတ်ပေးလိုက်ရပြန်သည်။ ရှောင်လုံလက်ထဲမှာ ကိုင်ထားသည့် မဟာနဂါးဆေဘာဓားကြီးက ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ရတနာတွေထဲက တစ်ခုဖြစ်သော်လည်း ရှောင်လုံ၏ အတွင်းအားက ပြိူင်ဘက်ထက်စာရင် အလွန်ကို နိမ့်ကျနေတာကြောင့် သူ့စွမ်းအားအစစ်အမှန်ကို ထုတ်ပြနိုင်ခြင်း မရှိသလို ဖြစ်နေသည်။

ရှောင်လုံနှင့် ရှဲဟွေတို့ကြားမှ အတွင်းအားကွာခြားချက်ဟာ နေမွန်းတည့်ချိန်ကဲ့သို့ အလွန်ကို ထင်ရှားနေသည်။ ထိုကြောင့်  သွေးနဂါးများ၏ သတ်ဖြတ်ခြင်းအော်ရာများက  သေခြင်းနတ်ဘုရား၏ အော်ရာတွေကို ယှဉ်နိုင်စွမ်း မရှိခဲ့တာပဲ ဖြစ်သည် ။

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၃၅ .....

ရှဲဟွေက ခနဲ့သလိုမျိုးပြောလိုက်သည်

".... မင်းရဲ့ ဆေဘာဓားသိုင်းကလည်း မဆိုးဘူးပဲကိုး ... ဒါပေမယ့် အသုံးပြုနေတဲ့လးကအသုံးမကျပဲ ဖြစ်နေတော့ နှမျောစရာကောင်းတယ်ကွာ ...."

ရှဲဟွေက ထိုကဲ့သို့ တည်တည်ငြိမ်ငြိမ်ပြောလိုက်သော်လည်း သူ့ရင်ထဲမှာတော့ အရမ်းကို တုန်လှုပ်နေသည်။ သူက စကြာဝဠာအဆင့် ၆ သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ စကြာဝဠာ အဆင့် ၆ကိုမှ စကြာဝဠာအဆင့် ၇ သိုင်းသမားအဖြစ်သို့ရောက်ကှိရန်အတွက် ခြေတစ်လှမ်းစာလောက်သာလိုတော့သည့် သိုင်းသမားဖြစ်သည် ။ သို့သော် သူနှင့် ယှဉ်ပြိုင်သော သိုင်းသမား၏ အတွင်းအားက စကြာဝဠာအဆင့် ၄ အလယ်အဆင့် ၌သာရှိနေသေးသည်။

ရှဲဟွေစစချင်းမှာ တခြားတစ်ဖက်ကို အသာအယာပဲ အနိုင်ယူနိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။

"... ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးက ဒီမှာပဲ အဆုံးသတ်တော့မှာပါ ..."

ရှဲဟွေက အရှေ့ဘက်သို့ ခုန်လိုက်သည်။ သူ့ကိုယ်နားတွင်  မဆုံးနိုင်သော သေခြင်းအော်ရာများက ကြောင်လိမ်ပုံသဏ္ဍာန်အတိုင်း စတင်လည်ပတ်လာသည် ။ ထိုပြင် သူ့နဖူးထက်မှာရှိသော အဆောင်လက်ဖွဲ့ပုံစံ သင်္ကေတလေးကနေ အရောင်တွေ ထွက်ပေါ်လာပြီး ရှဲဟွေ၏ စွမ်းအားများက ပိုမိုမြင့်တက်လာသည်။ ရှဲဟွေဟာ သေခြင်းနတ်ဘုရားတစ်ပါးအလား ဖြစ်သွားသည်။

မြေပြင်ပေါ်ကနေ လှမ်းကြည့်နေသော လူတွေက ရှဲဟွေကိုကြည့်ပြီးရင်ထဲကနေ ကျိတ်ချီးကျူးလိုက်ကြသည်။

"... ကြည့်ရတာ ငါသိုင်းဝိညာဉ်ကို ဆင့်ခေါ်မှ ရတော့မယ်ထင်တယ် ...."

ရှဲဟွေ၏စွမ်းအားတွေက တရိပ်ရိပ်မြင့်တက်လာတာကိုမြင်တော့ ရှောင်လုံက နောက်ဆုံးအကွက်ကို ထုတ်မသုံးလိုမြရတော့ပေ ။

ရှီရှောင်ဖေးအတွက်  စိုးရိမ်စရာမရှိတော့သည်နောက် ရှောင်လုံက ရှဲဟွေနှင့် အမှန်တကယ်ကို သိုင်းပြိုင်ချင်စိတ်ဖြစ်နေသည်။ ထိုပြင် အဆိပ်နောက်ချေးပိုးတေ်ိကိုလည်း အသုံးမပြုလိုပေ။

အားလုံး၏ စောင့်ကြည့်နေကြသောမျက်လုံးတွေအောက်မှာ ရှောင်လုံကိုယ်ထဲကနေ အပြာရောင်နဂါးကြီးနှင့် အနက်ရောငလနဂါးကြီးတို့ ထွက်ပေါ်လာသည်။ သူတို့၏ ဟိန်းဟောက်သံများကလေဟာနယ် ကြီးကိုတောင် တွန့်ခေါက်သွားစေသည် အထိပြင်းထန်လေသည်။

အနက်ရောင် နဂါးကြီးနှင့် အပြာရောင်နဂါးကြီးကိုမြင်ပြီး လူတွေအကုန်လုံး တုန်လှုပ်ခြောက်ခြားကုန်ကြသည် ။

"... အမွှာ သိုင်းဝိညာဉ် ပါလား ...ဒါ...ဒါဆို သူက ဟောင်ရှောင်လုံပေါ့ ..."

"... နတ်တံခါးဂိုဏ်းချုပ် ..."

အားလုံးက လေထဲတွင် ပျံဝဲနေသည့် နဂါးနှစ်ကောင်ကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေကြသည် ။ အထူးသဖြင့် ဂူလင်းမိုနှင့်အတူ ကျူးကျော်လာသူကို ဝိုင်းဖမ်းကာ စကြာဝဠာနတ်ဘုရားဂိုဏ်းအား မျက်နှာလုပ်လိုသူတွေက အဆိုးဆုံးဖြစ်သည်။ သူတို့ဖမ်းဖို့ ကြိုးစားလိုက်သူက ရှောင်လုံဖြစ်နေမှန်းသိသွားပြီးနောက် သူတို့မျက်နှာတွေက ဖြူုဖတ်ဖြူရော်ဖြစ်ကုန်ကြသည် ။ ထိုပြင် တစ်ကိုယ်လုံး ဇောချွေးများဖြင့် ရွှဲနစ်သွားကြသည်။

ကျူးကျော်လာသူက နတ်တံခါး ဂိုဏ်းချုပ်ပါလား....!

နတ်တံခါးဂိုဏ်းချုပ် ဟောင်ရှောင်လုံဆိုသောအမည်ကို ကြားလိုက်သည်နှင့် သူတို့မျက်လုံးထဲတွင် ပထမဆုံးမြင်ယောင်လာသည်မှာ သိုင်းလောကတွင် အရမ်းကို နာမယ်ကြီးနေသော အဆိပ်နောက်ချေးပိုးများပင် ဖြစ်သည်။ အဆိပ်နောက်ချေးပိုးအကြောင်းကိုတွေးမိသည်နှင့် သူတို့မျက်နှာတွေက ပိုပြီး ပျက်လာကြသည်။

စကြာဝဠာ နတ်ဘုရားဂိုဏ်းကလူတွေကလည်း သူတို့ကဲ့သို့ တစ်ပုံစံထဲ ဖြစ်နေကြသည် ။ စကြာဝဠာနတ်ဘုရားဂိုဏ်း အုပ်ချုပ်ရေးအပိုင်းတွင် အကြီးအကဲနေရာရထားသည့် ချန်ရှောင်ဖန်းဆိုရင် ပဟေဋ္ဌိမြို့အတွင်းဖြစ်ပျက်ခဲ့သည့် ရှောင်လုံ၏ ရိုင်းပြမှုအကြောင်းကို မကြာခဏ ပြောလေ့ရှိသည်။
တစ်ခါကဆိုရင် ချန်ရှောင်ဖန်းက ရှောင်လုံ နှင့် နတ်တံခါးဂိုဏ်းအား အမြစ်ပြတ် ချေမှုန်းပြစ်မယ်ဖြစ်ကြောင်းကိုတောင် အော်ဟစ်ကြွေးကြော်ခဲ့ဘူးသည်။

သို့သော် တကယ်တမ်းရှောင်လုံနှင့် မျက်နှာချင်းဆိုင် ကြုံတွေ့လာချိန်မှာ တော့ သူတို့ရင်ထဲမှာ အလိုလို ကြောက်ရွံစိတ်တွေ ဖြစ်ပေါ်လာလေသည်။

အံ့သြ တုန်လှုပိနေကြသည့် လူအများကြားတွင် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ယောက်ဖြစ်သော ဟူချန်ကသာ ရှောင်လုံအား မီးတောက်နေသောမျက်လုံးဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေသည် ။

သူစွမ်းအားတွေကို အကောင်းမွန်ဆုံး စုစည်းနေသည့် ရှဲဟွေကိုယ်တိုင်တောင်မှ သူ့ပြိုင်ဘက်က ရှောင်လုံ ဖြစ်နေတာကိုသိပြီး အံ့အားသင့်သွားသည်။

"... ဘယ်သူကများ လက်ရဲဇက်ရဲနဲ့ ငါတို့ စကြာဝဠာနတ်ဘုရားမြို့ထဲကို လာပြီး ငါတို့ ဂိုဏ်းသားတွေကို သတ်ရဲတာလဲလို့ စဉ်းစားနေတာ ...  ဟောင်ရှောင်လုံ ....လက်စသတ်တော့ မင်းဖြစ်နေတာကိုး ..."

ရှဲဟွေ၏ အကြည့်တွေက ပိုမိုစူးရှ အေးစက်လာပြီး

"....ဒါပေမယ် မင်းဆီမှာ အဆိပ်နောက်ချေးပိုး အုပ်စုလိုက်ကြီးရှိနေတာနဲ့တင် ငါတို့ စကြာဝဠာနတ်ဘုရားဂိုဏ်းတစ်ခုလုံးရဲ့ တိုက်ခိုက်မှုကို ခံနိုင်လိမ့်မယ်လို့ ထင်နေရင်တော့ မှားသွားမယ်နော် ..."

ရှဲဟွေစကားကောင်းနေစဉ်မှာပဲ ရှောင်လုံက အနက်ရောင်နဂါး ၊ အပြာရောင်နဂါးများနှင့် ရောစပ်ကာ ဝိညာဉ်အသွင်သို့ ပြောင်းလဲလိုက်သည်။ ရှောင်လုံ ခန္ဓာကိုယ်ထက်မှာ စတင်ဖုံးအုပ်လာသည့် နဂါးအကြေးခွံများက နေရောင်အောက်တွင် တစ်လက်လက်တောက်ပလာကြသည် ။ ရှောင်လုံ ကျောကုန်းပေါ်တွင် အနက်ရောင်နဂါး နှင့် အပြာရောင်နဂါးကြိးများ၏ ဦးခေါင်းပုံသဏ္ဍာန် တက်တူး
များဖြစ်ပေါ်လာသည် ။

ရှောင်လုံက ရှဲဟွေအား ခံစားချက်ကင်းမဲ့နေသော အေးစက်စက်မျက်နှာထားဖြင့် စိုက်ကြည့်ပြီး

".... မင်းက စောက်စကားတော်တော်များပါလား..."

သူစကားဆုံးတာနဲ့ ရှောင်လုံက အရင်ဆုံးတိုက်ခိုက်လိုက်သည်။ ရှောင်လုံက သတ်ခြင်းဆန္ဒအပြည်ဖြင့် လက်သီးကို လွှဲယမ်းလိုက်သည်။

ရှောင်လုံလက်သီးများကြောင့် ကောင်းကင်ကြီးတစ်ခုလုံး အုံ့မှိုင်းသွားပြီး စိတ်ပျော်ရွှင်စရာ နေရာတစ်ခုသို့ ရောက်ရှိသွားသလိုမျိုး ဖြစ်သွားသည်။ သို့သော် လက်ဆုပ်လက်ကိုင်တော့ မပြနိုင်ပေ ။

မဟာလေဟာနယ်လက်သီးသိုင်း.....!

ရှောင်လုံက သူ့ရဲ့လက်သီးသိုင်းကို ရှဲဟွေက လက်သီးသိုင်းဖြင့်သာ တုန့်ပြန်လိမ့်မယ်လို့ ကြိုတင်တွက်ဆထားခဲ့သည်။ သို့သော် ရှဲဟွေက ထဲ တန်ပြန်ခုခံခြင်းမရှိဘဲ အနောက်သို့ ဆုတ်သွားသည်။

ထိုနောက် ရှဲဟွေက သူ့လက်နှစ်ဖက်ဖြင့််ချက်ပြလိုက်ပြီး

"... ရုပ်အလောင်းမဲ့အဆိပ် အမှုန့်တွေကို အသင့်ပြင်ကြ ..."

ချန်ရှောင်ဖန်းနှင့် စကြာဝဠာနတ်ဘုရားဂိုဏ်းမှ တခြားအကြီးအကဲများက တစ်ပြိုင်နက်ထဲ လှုပ်ရှားလိုက်ကြသည် ။ သူတိူ့က လေထဲတွင် ချက်ချင်းဆိုသလို ပေါ်လာကြသည်။ ထိုနောက် ချန်ရှောင်ဖန်းတို့က ရှောင်လုံကို အလယ်မှာထားကာ ပြေးပေါက်မရှိအောင် ဝန်းရံထားလိုက်သည်။

ရှောင်လုံကို ပြေးဖောက်မရှိအောင် ဝိုင်းရံပြီးနောက် သူတို့လက်ထဲမှ အစိမ်းရောင့်အမှုန့်များကိုရှောင်လုံဆီသို့ ပစ်ပေါက်လိုက်ကြသည် ။

မြေပြင်ထက်မှ သိုင်းပညာရှင်များက ချန်ရှောင်ဖန်းတို့အသုံးပြုနေသော ရုပ်အလောင်းမဲ့ အဆိပ် အား ကြောက်လန့်တုန်လှုပ်သောမျက်နှာများဖြင့်
ငေးကြည့်နေကြသည် ။

သိုင်းလောကထဲတွင် အဆိပ်အပြင်းဆုံး အဆိပ် ...!

စကြာဝဠာသိုင်းပညာရှင်များ ခန္ဓာကိုယ်က အလွန်တရာကိုမာကျောလေသည်။ ထိုကြောင် သာမာန်အဆိပ်တွေက စကြာဝဠာသိုင်းပညာရှင်များအပေါ်  အကျိုးသက်ရောက်မှု မရှိပေ ။ သို့သော် ခြွင်းချက်တော့ ရှိ၏။
စကြာဝဠာသိုင်းပညာရှင်များက အဆိပ်ဒဏ်ကို မမှုသော်လည်း အဆိပ်တိုင်းတော့ မပြီးပေ ။ ရုပ်အလောင်းမဲ့ အဆိပ်ကား ရှေးခေတ်ကတည်းက ယခုထက်တိုင် အမည်ကျော်ကြားသော အဆိပ်တစ်မျိုးဖြစ်သည်။

အကယ်၍ သိုင်းပညာရှင်တစ်ယောက်က အဲ့ဒီအဆိပ်မိပြီး ဖြေဆေးကို အချိန်မှီ မသောက်နိုင်ခဲ့ရင် သူ့တစ်ကိုယ်လုံးမှ အသားများက ဆယ့်စက္ကန့်အတွင်းမှာ ပြည်အရည်များ အဖြစ်သို့ ပြောင်းလဲသွားပြီး အရိုးများသာ ကျန်ရစ်ခဲ့မှာ ဖြစ်သည်။

  ရုပ်အလောင်းမဲ့အဆိပ်၏ ဆိုးကျိုးတွေက ထိုနေရာမှာတင် မရပ်သေးပေ ။ သူက အသားများကို ပြည်အရည်များအဖြစ် ပြောင်းလဲနိုင်သလို အရိုးတွေကိုပါ ဆွေးမြေ့စေနိုင်သည်။ထိုကြောင့် အဆိပ်မိလိုက်သူတွေက မခံမရပ်နိုင်သော နာကျင်မှုတွေကို ခံစားကြရသည်။

စကြာဝဠာအဆင့် သိုင်းပညာရှင်များတောင်မှ သူ့ကိုယ်ထဲမှာရှိသည့် စကြာဝဠာအတွင်းအားကို အသုံးပြု၍ ရုပ်အလောင်းမဲ့ အဆိပ်ကို မထုတ်ပယ်နိုင်ဘူးဆိုလျှင် စကြာဝဠာအဆင့်အောက် သိုင်းသမားများအတွက်ကတော့ ဆိုဖွယ်ရာပင်မရှိတော့ပေ ။

မြေပြင်ထက်ကနေ မော့ကြည့်နေကြသူတွေအကုန်လုံးက လွတ်ရာကင်းရာသို့ထွက်ပြေးကြလေသည်။ ရုပ်အလောင်းမဲ့ အဆိပ်ကိုလည်း ရှဲဟွေက သရဲမြို့တော်တွင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
ရှဲဟွေအတွက် အကျိုးအမြတ်ထွက်သွားသည်က ရုပ်အလောင်းမဲ့ အဆိပ် ဖော်စပ်နည်းကို ရရှိခဲ့ခြင်းပင်။

"....ဟောင်ရှောင်လုံ ...မင်းဆီမှာက အဆိပ်နောက်ချေးပိုးတွေရှိတယ် ...ငါ့မှာက ရုပ်အလောင်းမဲ့ အဆိပ်ရှိတယ် .... မင်းရဲ့ ပိုးမွှားတွေက ပိုကောင်းသလား ငါရဲ့ အဆိပ်မှုန့်တွေကပဲ ပိုကောင်းသလားဆိုတာကို ကြည့်ကြသေးတာပေါ့ ..."

   ရှဲဟွေက ဟိတ်ကြီးဟန်ကြီးဖြင့် ရယ်မောလိုက်သည်။

အစိမ်းရောင် အဆိပ်မှုန့် တွေက ရှောင်လုံး ပြေးလမ်းတွေအကုန်လုံးကို အဖက်ဖက်ကနေ ပိတ်ဆို့ထားသည်။ ရှောင်လုံက ကောလဟာလတွေထဲက အတိုင်း မည်မျှပင် အစွမ်းထက်ပါစေ ရူပ်အလောင်းမဲ့ အဆိပ်အမှုန့်ကြုံရင်တော့ သေချာပေါက်သေဆုံးရမှာပဲ ဖြစ်သည် ။

ချန်ရှောင်ဖန်းတို့ ကြဲလွှတ်လိုက်သော အစိမ်းရောင်အဆိပ်မှုန့်များက ရှောင်လုံဆီသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။

ရှောင်လုံက သူ့ကို ပိတ်ဆို့ထားသော အစိမ်းရောင် အဆိပ်ပင်လယ်ကြီးကို မြင်သော်လည်း တုန်လှုပ်သွားခြင်းမရှိပေ ။ ရှောင်လုံကလက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်ဆိုရင်ပဲ သူ့လက်ထဲသို့ နဂါးသွဲ့ကြာပွင့် တစ်ခု ရောက်ရှိလာသည်။
ထိုနဂါးသွဲ့ ကြာပွင့်က အနှစိသောင်းကျော်သက်တမ်းရှိလေသည် ။

ရှောင်လုံက တုန့်ဆိုင်နေခြင်းမရှိပေ ။ ချက်ချင်းကို မြိုချလိုက် ၏ ။ နဂါးသွဲ့ကြာပွင့်က အဆိပ်အမျိုးပေါင်း တစ်သောင်းကျော်ကို အဆိပ်ဖြေနိုင်စွမ်းရှိသည်။ ထိုအဆိပ်တစ်သောင်းကျော်ထဲတွင် ရုပ်အလောင်းမဲ့ အဆိပ်လည်း ပါဝင်နေသည် ။ ရုပ်အလောင်းမဲ့ အဆိပ်မှုန့်တွေက  ကြောက်မက်ဖွယ်ရာကောင်းသည့် အဆိပ်တစ်မျိုး ုဖစ်သော်လည်း နဂါးသွဲ့ကြာပွင့်ကတော့ ထို အဆိပ်အား နာခံတတ်သော ကလေးတစ်ယောက် ဖြစ်အောင် ဖိနှိပ်နိုင်စွမ်းရှိသည်။

ရှောင်လုံက နဂါးသွဲ့ကြာပွင့်ကိုမြိုချပြီးနောက် မရေတွက်နိုငိသော ဆေးအမှုန့်တွေက ရှောင်လုံကိုယ်ပေါ်သို့ ကျရောက်လာသည်။ ဤမြင်ကွင်းကိုမြင်တော့မှ စကြာဝဠာနတ်ဘုရားဂိုဏ်းက လူတွေအကုန်လုံး တိတ်တခိုး သက်ပြင်းချလိုက်ကြသည်။

သူတိုဘက ရှောင်လုံဘာကိုမြိုချလိုက်သဲဆိုတာကို သဲသဲကွဲကွဲ မမြင်သော်လည်း ရုပ်အလောင်းမဲ့ အဆိပ်က တော်ရုံနှင့် အဆိပ်ဖြေလို့မရပေ ။ ရုပ်အလောင်းမဲ့ အဆိပ်ကိုသာ အလွယ်တကူ အဆိပ်ဖြေနိုင်မယ်ဆိုရင် ရုပ်အလောင်းမဲ့ အဆိပ်ဟူသော နာမယ်က  ရှေးခတ်ကနေ အခုချိန်အထိ ကျော်ကြားနေစရာ မကြောင်းမရှိပေ။

သို့သော် သူတို့ သက်ပြင်းချပြီး အသက်ပြန်မရှုသွင်းနိုင်ခင်မှာပဲ ရှောင်လုံဘက်က စတင်တုန့်ပြန်လာသည်။ ရှောင်လုံက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်ဆိုရင်ပဲ အနက်ရောင် တိမ်တိုက်ကြီးနှင့်တူသော အဆိပ်နောက်ချေးပိုးတွေအများကြီး ထွက်ပေါ်လာသည်။
ထိုနောက် အဆိပ်နောက်ချေးပိုးလေးတွေက ရှောင်လုံ အစီအစဉ်အတိုင်း အုပ်စုခွဲကာ နေရာအစုံကို ဖြန့်ကျက်တိုက်ခိုက်လိုက်သည်။

".... အ....အအိပ်နောက်ချေးပိုးတွေ ..."

ချန်ရှောင်ဖန်မျက်နှာက အဆိပ်နောက်ချေးပိူးတွေကိုမြင်ပြီး ဖြူဖွေးသွားသည်။ ထိုနောက် သူက ကပျာကသီဖြင့် လက်ကိုယမ်းကာ သူ့ဆီလယနေသော အဆိပ်နောက်ချေးပိုးတွေကို ခုခံဖို့အတွက် ကြိုးစားလိုက်သည်။

စကြာဝဠာနတ်ဘုရားဂိုဏ်းကလူတွေအကုန်လုံး အဆိပ်နောက်ချေးပိုးများဖြင့် အလုပ်ရှုပ်နေစဉ် ရှောင်လုံက ရှီရှောင်ဖေး အနားသို့ ဖျတ်ကနဲ ရောက်ရှိသွားသည်။  ရှောင်လုံကိုမြင်လိုက်တော့ စော်ကားမှုတွေအကုန်လုံးကို တစ်ချိန်လုံးစိတ်တင်းကာ သည်းခံခဲ့ရသော ရှီရှောင်ဖေးတစ်ယောက် မျက်ရည်မိုးတွေ ရွာသွန်းဖြိုးလိုက်သည်။ ရှီရှောင်ဖေးက ရှောင်လုံရင်ခွင်ကျယ်ထဲသို့ အပြေးခုန်ဝင်ကာ ရှောင်လုံအား တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ရှီရှောင်ဖေးလက်တွေက ရှောင်လုံကျောပြင်ကို ရေဘဝဲတစ်ကောင်လိုမျိုး မလွတ်တန်းရစ်ပတ်ထားသည်။

ရှောင်လုံက သူ့ရင်ဘတ်နှင့် ရှီရှောငိဖေး၏ နူးညံ့အိနေသော တောင်ပူစာလေးနှစ်လုံးလာထိနေတာကို သိသွားပြီး အဲ့ဒီနေရာမှာတင် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြင့် ရှိုးတိုးရှန့်တန့်ဖြစ်သွားသည်။
ရှီရှောင်ဖေးက လူတွေအများကြီး ကြားထဲမှာသူ့ကိုအခုလိုမျိုး မလွတ်တမ်း ဖက်တွယ်ထားလိမ့်မယ်လို့ သူတစ်ခါမတွေးခဲ့ဘူးပေ။

"... စိတ်မပူပါနဲ့ အားလုံး အဆင်ပြေသွားမှာပါ..."

ရှောင်လုံက နှစ်သိမ့်စကားဆိုလိုက်သည် ။

".. အွန်း ..."

ရှီရှောင်ဖေးဆီက နူးညံသော ညည်းသံတစ်ခုထွက်ပေါ်လာသည် ။ ထိုပြင် ရှီရှောင်ဖေး နှာခေါင်းမှ ရှုထုတ်နေသော လေနွေးလေးတွေက ရှောင်လုံလည်ပင်းအား ကလူကျီစယ်နေသည်။
ရှီရှောငိဖေး မျက်နှာက ခရမ်းချဉ်သီးတစ်လုံးလိုမျိုး နိရဲတွတ်နေ၏ ။ နောက်ဆုံးမှာတော့ ရှီရှောင်ဖေးက ရှောင်လုံကို ဖက်တွယ်ထားရာကနေလွှတ်လိုက်သည်။

"... အရှက်မရှိ လင်ငယ်နေတဲ့ဟာမနဲ့ ကြာကူလီကောင် စုံတွဲကို သတ်ကြစမ်း..."

သူနှင့် မင်္ဂလာဆောင်တော့မည့် သတို့သမီးက လူတွေအများကြီးရှေ့မှာ ရှောင်လုံရင်ခွင်ထဲသို့ ဒိုင်ဗင်ထိုးဝင်သွားတာကိုမြင်တော့ ရှဲဟွေရင်ထဲမှာ  အမျက် ခြောင်းခြောင်းထွက်ကာ ဒေါသတကြီး အော်ဟစ်အမိန့်ပေးလိုက်သည် ။  

အပိုင်း ၃၃၆ .....

Continue Reading

You'll Also Like

59K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...
13K 291 15
An alternate Jason Uchiha timeline
533K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
197K 2.3K 73
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်