ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

406 - 410

199 21 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၀၆

ရှောင်လုံမျက်နှာကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေပြီး

".... အိုး ...ကျုပ်ကဘာကြောင့် မလာရဲရမှာလဲ ...?"

ရှောင်လုံ၏ တုန့်ပြန်စကားသံကြောင့် လီမိုလင်မျက်လုံးထဲက လူသတ်ချင်စိတ်တွေက ပိုမိုပြင်းထန်လာလေသည် ။ သို့သော် သူမက အေးစက်စက်ပြုံးလိုက်ပြီး

".... ဟောင်ရှောင်လုံ .... နင်ဆီမှာ အဆိပ်နောက်ချေးပိုးလေးတွေ ရှိနေလို့ နင်ကိုယ်နင် တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား ... ? အခုငါတို့က နတ်နဂါးချပ်ဝတ်တန်ဆာတွေကို ဝတ်ထားတာ
နင့်ရဲ့ အဆိပ်နောက်ချေးပိုးတွေက ငါတို့ကိုဘာမှ မလုပ်နိုင်တော့ပါဘူး ....."

"... ဟုတ်ပါ့မလား ...."

ရှောင်လုံက ခနဲ့တဲ့တဲ့ အသံဖြင့် ခပ်ငေါ့ငေါ့ ပြောလိုက်သည် ။

".... ဟောင်ရှောင်လုံ ...မင်းဆီမှာရှိနေတဲ့ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်နဲ့ ပကတိစိတ်ဝိညာဉ်ပုလဲတွေကို အခုချက်ချင်းထုတ်ပေးစမ်း ...."

လီမိုလင်နံဘေးမှာရှိနေသည့် လွေယန်က ရုတ်တရက်ဝင်ပြောလိုက်သည် ။

".... မင်းထွက်ပြေးဖို့ကြိုးစားနေတယ်ဆိုရင်တော့ ငါမင်းကို တစ်ခုပြောလိုက်မယ် .... ငါတို့က ဒီနေရာတစ်ခုလုံးက လေဟာနယ်တွေကို ရွှေပိုးချည်ကောင်ရဲ့ အမျှင်နဲ့ ပိတ်ဆို့ထားပြီးပြီ ... မင်းနှောင်ဖွဲ့ခြင်း နတ်ဘုရား လက်စွပ်နဲ့ ပကတိစိတ်ဝိညာသ်ူပုလဲတွေကို ထုတ်ပေးမယ်ဆိုရင် ငါမင်းကို သက်သက်သာသာသေခွင့်ပေးမယ်...."

ရွှေပိုးချည်ကောင်၏ အမျှင်က ရှားပါးသော စိတ်ဝိညာဉ်ဆိုင်ရာ ပစ္စည်းတစ်ခုဖြစ်ပြီး သူက လေဟာနယ်ဆက်သွယ်မှုကို ဖြတ်တောက်နိုင်သည့် အစွမ်းသတ္တိထူးကို ပိုင်ဆိုင်ထားသည် ။ စကြာဝဠာသိုင်းပညာရှင်တစ်ယောက်က လေဟာနယ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သော်လည်း သူတို့ရှိနေသောနေရာတစ်ဝိုက်မှာ လေဟာနယ်ဆက်သွယ်မှု ပြတ်တောက်နေခဲ့လျှင် သူတို့လည်း ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပေ ။

ရွှေပိုးချည်ကောင်၏ အမျှင်ဆိုသည့် စကားကိုကြားတော့ ကျောင်းရှုနှင့် ကျန်းဖူက မျက်နှာပျက်သွားသည် ။
နတ်ဘုရားကျောင်းတော်က ဤကဲ့သို့ ထူးခြားသောအရာဝတ္ထုတွေကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ ။

သူတို့နှစ်ယောက်လုံးက ဒဏ္ဍာရီဆန်သော ရွှေပိုးချည်ကောင်၏ အမျှင်အကြောင်းကို ကောင်းကောင်းကြီးသိထားကြသည် ။ ရွှေပိုချည်ကောင်က အနှစ်တစ်သောင်းကြာမှ ပိုးချည်မျှင်ကို တစ်ခုသာ ထုတ်သည် ။ ရွှေပိုချည်ကောင်၏ အမျှင်က စကြာဝဠာသိုင်းပညာရှင်များ၏ ကြံခိုင်မာကျောလှပါသည်ဆိုသော အသားကိုတောင် အပြင်းအထန် နာကျင်စေနိုင်စွမ်းရှိသည် ။

သို့သော် ရှောင်လုံက လွေယန်ကို လျစ်လျူရှုကာ ချန်ထျန်ချီတို့ လူစုဘက်သို့ ကြည့်လိုက်ပြီး သူလက်သူကြွယ်ကညနတ်လက်စွပ်ကို ထောင်ပြလိုက်သည် ။ ရှောင်လုံ လက်သူကြွယ်တွင် ဝတ်ဆင်ထားသော နတ်လက်စွပ်က နေရောင်ခြည်အောက်တွင် အေးစက်စက် အလင်းတန်းများဖြင့် တောက်ပလာသည် ။ ထိုအပြင် နတ်လက်စွပ်ဆီကနေ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လျက်ရှိနေသည် ။

"... နတ်လက်စွပ်ပါလား ....!"

နတ်လက်စွပ်ကိုမြင်လိုက်တော့ ချန်ထျန်ချီအနောက်မှာရှိနေကြသည့် နယ်မြေခေါင်းဆောင်တွေကဘမျက်နှာပျက်ကုန်ကြသည်။ ထိုအတူ သူတို့မျက်လုံးထဲမှာ မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေကြသည် ။

နတ်တံခါးဂိုဏ်းကို အမြင့်မြတ်ဆုံးကိုယ်စားပြုသည့် သင်္ကေတမှာ နတ်လက်စွပ်ပင် ဖြစ်သည် ။ ရှောင်လုံက ရုတ်တရက်ပြောလိုက်သည်

"...နတ်လက်စွပ်ကို မြင်ရခြင်းဟာ ဂိုဏ်းချုပ်ကိုမြင်ရခြင်းပဲ ....ချက်ချင်း ဒူးထောက်ကြစမ်း ...."

ရှောင်လုံ အသံထဲမှာ ထူးခြားသော လွှမ်းမိုးမှုအရိပ်အယောင် တစ်ချို့ပါဝင်နေသည်။
ချန်ထျန်ချီဘက်မှ နယ်မြေခေါင်းဆောင်တွေကဘရှောင်လုံအသံကိုကြားပြီး တုန်လှုပ်ခြောက်ခြားကုန်ကြသည် ။ ထူးခြားသော လွှမ်းမိုးမှုကြောင့် သူတို့အကုန်လုံး ဒူးကွေးညွတ်၍ အလေးပြုတော့မည့် အချိန်မှာ ချန်ထျန်ချီ၏ ကျယ်လောင်သော အော်သံကြောင့် သတိပြန်ဝင်လာကြသည် ။

".... ဟောင်ရှောင်လုံ  .... နတ်လက်စွပ်လေး တစ်ကွင်းကြောင့်နဲ့ မင်းကိုယ်မင်း နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်လို့ ထင်နေတာလား ....
အဲ့ဒါက တကယ်ကို ရယ်စရာမကောင်းဘူးလား ...!
အခုငါက ဂိုဏ်းကလူအများစုရဲ့ ထောက်ခံမှုနဲ့ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေပြီ ... မင်းက ဆရာက တပည့်အဆင့်လေက်ပဲ ရှိတယ် .... ဆရာရဲ့ တပည့် မင်းက ငါတို့ နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပဲကွ .... မင်းလို ဂိုဏ်းသားတစ်ယောက်က ငါလိုဂိုဏ်းချုပ်ကိုမြင်နေတာတောင် ဘာလို့ ဒူးထောက်ပြီး ဂါရဝမပြုသေးတာလဲ ...?!"

ထိုနောက် ချန်ထျန်ချီက ကျောင်းရှု နှင့် ကျန်းဖူတို့ဘက်သို့ လှည့်ကြည့်ကာ တင်းမာခက်ထန်သော လေသံဖြင်

".... ကျောင်းရှု ၊ ကျန်းဖူ  ဂိုဏ်းချုပ်ကိုမြင်နေတာတောင် မင်းတို့က ဂါရဝအပြုသေးဘူးလား ...
ငါတို့ဂိုဏ်းရဲ့ စည်းကမ်းထဲမှာ ဂိုဏ်းချုပ်ကိုမြင်ပြီး
ဂါရဝမပြုရင် ဂိုဏ်းရဲ့ သစ္စာဖောက်အဖြစ်ဘသတ်မှတ်နိုင်တယ်ဆိုတဲ့ အချက်ကိုတော့ မင်းတို့နှစ်ယောက် ကောင်းကောင်ကြီး နားလည်တယ်မဟုတ်လား .....!"

ကျောင်းရှု နှင့် ကျန်းဖူလည်း မျက်နှာ မည်းမှောင်သွားသည် ။ ချန်ထျန်ချီက ဂျပိုးကိုလိပ်ဖြစ်အောင်ပြောပြီး သူတို့နှစ်ယောက်ကိုပါ သစ္စာဖောက်အဖြစ် စွပ်စွဲလိမ့််မယ်လို့ သူတုိ့ဘယ်တုံးကမှ ထင်မထားခဲ့ပေ ။

ချန်ထျန်ချီစကားအဆုံးမှာ သု့နောက်တွင်ရပ်နေသည့် နယ်မြေခေါင်းဆောင် တစ်ယောက်က အရှေ့သို့ ထွက်လာပြီး ခပ်ငေါက်ငေါက်မေးလိုက်သည်

" ... ဟောင်ရှောင်လုံ မက်မွန်ပန်းပင်လယ်ဂိုဏ်းချုပ်နဲ့ စည်းချက်ညီတောင်ကြားဂိုဏ်းခွဲက နယ်မြေခေါင်းဆောင်ကို သတ်ခဲ့တဲ့ လူက မင်းမဟုတ်လား ....? နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းဝင်တစ်ယောက်ဖြစ်ပြီး တစ်ဂိုဏ်းသားချင်း ညီအကိုတွေကို သတ်ဖြတ်တယ်ပေါ့လေ .... မင်းအပြစ်ကိုမင်းနားမလည်သေးဘူးလား .... အခုချက်ချင်း ဒူးထောက်ပြီး ဂိုဏ်းချုပ်ချန်ကို တောင်းပန်စမ်း ...."

အဲ့ဒီစကားကိုကြားတော့ ရှောင်လုံမျက်နှာထားက တင်းမာသွားပြီး

"....  အဲ့ဒါက မင်းတို့ရဲ့ ရွေးချယ်မှုဆိုမှတော့ မင်းတို့ အကုန်လုံး ငရဲကိုသွားကြပေတော့ ..."

ချန်ထျန်ချီက ကျယ်လောင်စွာဖြင့် ဟားတိုက်ရယ်မောလိုက်ပြီး

".... ဟောင်ရှောင်လုံ ...မင်းကိုမင်းတော်တော်လေးကို ဘဝင့်မြင့်နေတာပါလား ... မင်းကိုမင်း နတ်ဘုရားအဆင့် သိုင်းသမားတစ်ယောက်လို့ ထင်နေတာလား ....?"

ဂူဝမ်နှင့် တခြားနယ်မြေခေါင်းဆောင်တွေကလည်း ရှောင်လုံကိုကြည့်ရင်း လှောင်ပြောင်ရယ်မောလိုက်ကြသည်။

ရှောင်လုံဆီမှာက အဆိပ်နောက်ချေးပ်ုးတွေရှိသလို နတ်ဘုရားကျောင်းတော်ဘက်မှာလည်း နတ်နဂါး ချပ်ဝတ်တန်ဆာတွေရှိသည် ။ ထိုကြောင့် ချန်ထျန်ချီနှင့် နယ်မြေခေါင်းဆောင်များစိတ်ထဲမှာ ရှောင်လုံ၏ အဆိပ်နောက်ချေးပိုးလေးတွေက သူတို့ယခင်က နာမည်ဂုဏ်သတင်းထက် လျော့ကျနေသည်။

ထိုအချိန်တွင် ထျန်လေးက ရှောင်လုံကိုမေးလိုက်သည်

".... အကိုကြီး... ကျွန်တော်ရောတိုက်လိုက်ရမှာလား ....?""

ရှောင်လုံက ကြားကြားချင်းမှာ အံသြသွားသော်လည်း သု့မျက်နှာထက်တွင် တောက်ပစွာပြုံးလိုက်သောအပြုံး တစ်ခုဖြစ်ပေါ်လာပြီး

".... အင်း နောက်ပိုင်းကြရင် မင်းစိတ်ရှိလက်ရှိကို တိုက်ခိုက်လို့ရတယ် ...."

ရှောင်လုံ၏ ခွင့်ပြုချက်ကိုကြားတော့ ထျန်လေးက အရမ်းပျော်ရွှင်သွားပြီး အားရဝမ်းသာဖြင့်ခေါင်းညိတ်ပြလိုက်သည်

".... ကောင်းပြီ အကိုကြီး အဲ့ကောင်တွေအကုန်လုံးကို ကျွန်တော်ဆီက နို့တွေ ခိုးသွားတဲ့ကောင်တွေလို သဘောထားပြီး ကျွန်တော်အစွမ်းအကုန်သုံးတိုက်ခိုက်မယ် ...."

အရမ်းကို တက်ကြွနေသော ထျန်လေးကိုကြည့်ရင်း ရှောင်လုံက အားပါးတရ ပြုံးလိုက်သည်။
ရှောင်လုံတို့ နှစ်ယောက် စကားကောင်းနေစဉ် လီမိုလင်ဆီက အသံတစ်ခု ထွက်ပေါ်လာပြီး သူမပုံရိပ်က ရုတ်တရက်ကြီး ဝေဝါးပျောက်ကွယ်သွားသည် ။ လီမိုလင်ပြန်ပေါ်လာချိန်မှာတော့ သူမလက်ထဲမှာ မိုးပြာရောင် ဓားတစ်လက်နှင့်အတူ ရှောင်လုံကို ချိန်ရွယ်ထားလေသည် ။

မိုးပြာရောင်ဓားကနေ မိုးပြာရောင်အလင်းတန်စတွေဖြာထွက်နေပြီး ထက်မြသော ဓားအလင်းတန်းတွေကလည်း အရပ်လေးမျက်နှာစလုံးကို ဖြန့်ကျက်ရောက်ရှိနေသည် ။ လီမိုလင်လက်ထဲမှာ ကိုင်ထားသည့် မိုးပြာရောက်ဓားဟာ နတ်ဘုရားအဆင့်ဓား တစ်လက်ဆိုတာ ယုံမှားသံသယရှိစရာမလိုပေ ။

နတ်ဘုရား ကျောင်းတော်ဘက်က ယခုတစ်ကြိမ်မှာ ရှောင်လုံကိုသတ်ဖြတ်နိုင်ဖို့ အတွက် အကုန်လုံးကို ပုံအောရင်းထားလေသည် ။ ထိုကြောင့်လည်း သူတို့က သိုင်းလောကထဲတွင် အလွန်ရှားပါးသော ရွှေပိုးချည်ကောင်၏ အမျှင်ကို အသုံးပြုဖို့ လက်မတွန့်သည့်အပြင်  အကြီးအကဲ ဆယ့်ငါးယောက်စလုံးအား လီမိုလင်ကဲ့သို့ နတ်နဂါး ချပ်ဝတ်တန်ဆာများ၊  နတ်ဘုရားအဆင့် လက်နက်များ တပ်ဆင်ပေးထားသည် ။

လီမိုလင် စတင်တိုက်ခိုက်သည့် အချိန်မှာပဲ လွေယန်နှင့် တခြားအကြီးအကဲတွေကလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သည် ။ သူတို့က ရှောင်လုံ ၊ ကျောင်းရှု နှင့် ကျန်းဖူတို့သုံးယောက်ကို အဓိကထားပြီး တိုက်လိုက်လိုက်ကြသည် ။

ဤမြင်ကွင်းကိုကြည့်နေရင်း ချန်ထျန်ချီ မျက်နှာထက်တွင် အပြုံးတစ်ချို့ ဖြစ်ပေါ်လာသည်။
ဤအရာက သူနှင့် နတ်ဘုရားကျောင်းတော်တို့ သဘောတူညီထားသောအရာတစ်ခုဖြစ်သည်။ နတ်ဘုရားကျောင်းတော်ဘက်က ရှောင်လုံကိစ္စကို ဖြေရှင်းပေးရမှာပဲ ဖြစ်သည် ။ သို့သော် သူ့ဘက်ကလည်း နတ်ဘုရားကျောင်းတော်ကို ကောင်းမွန်သောအရာတွေအများကြီးပေးဖို့ သဘောတူထားရသည် ။

နတ်ဘုရားကျောင်းတော်က တိမ်ကြယ်တာရာတိုင်ပြည်တွင်လည်း ဆက်လက်နယ်ချဲ့ဖို့ အစီအစဉ်ရှိသည် ။ ထိုကဲ့သို့ အစီအစဉ်ရှိနေသော နတ်ဘုရားကျောင်းတော်အတွက် တိမ်ကြယ်တာရာတိုင်းပြည်၏ အင်အားကြီး အဖွဲ့တစ်ခုဖြစ်သော နတ်တံခါးဂိုဏ်းနှင့် မိတ်ဖွဲ့လိုက်ရခြင်းမှာ အချိုစားချင်နေတုံး ပျားရည်အိုးထဲ ပြုတ်ကျသွားခြင်းနှင့် အလားသဏ္ဍာန်တူနေသည်။

လီမိုလင်က ရှောင်လုံအနားသို့ရောက်တော့မည်အချိန်တွင် ရှောင်လုံနှင့် ထျန်လေးတို့က သူတို့ မြင်ကွင်းကနေ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထိုကြောင့် အမည်းရောင်တိမ်တိုက်ကြီး တစ်ခုက ရုတ်တရက် ဖြစ်တည်လာသည်။

".... အဆိပ်နောက်ချေးပိုးတွေပါလား ...."

နတ်ဘုရားကျောင်းတော်မှ အကြီးအကဲတစ်ယောက်က ဖြူဖတ်ဖြူရော် မျက်နှာဖြင့် အကျယ်ကြီးအော်လိုက်သည် ။ အားလုံးက ချက်ချင်းဆိုသလို သတိအနေအထားဖြစ်သွားကြသည်။

".... အဆိပ်နောက်ချေးပိုးတွေက ဘာကြောင့် အခုလောက်အထိ များနေရတာလဲ .... ! ငါတို့ရထားတဲ့ သတင်းထဲမှာတော့ သူတို့အရေအတွက်က အကောင်တစ်သောင်းလောက်ပဲ ရှိတာပါ ...."

လွေယန်က အဆိပ်နောက်ချေးပိုးများစုဖွဲ့ထားခြင်းကြောင့် ဖြစ်ပေါ်လာသော အမည်းရောင်တိမ်တိုက်ကြီးကိုကြည့်ရင်း အံ့သြတကြီး ရေရွတ်လိုက်သည် ။

သူတို့ရရှိထားသော သတင်းအရ ရှောင်လုံ ထိန်းချုပ်နိုင်သည့် အဆိပ်နောက်ချေးပိုးအရေအတွက်မှာ အကောင်တစ်သောင်းထက်မပိုပေ ။
သို့သော် အခုသူတို့မြင်တွေ့နေရသည့် အဆိပ်နောက်ချေးပိုးတွေက အကောင်သုံးသောင်းနီးပါး ရှိနေသည် ။

ဤအရေအတွက်က လီမိုလင်ကိုပါ ကြောက်လန့်သွားစေသ်ာလည်း သူမဆီက ခနဲ့တဲ့တဲ့ စကားသံ ထွက်ပေါ်လာသည်

".... ငါတို့ဆီမှာ  နတ်ဘုရားအဆင့် လက်နက်တွေနဲ့ နတ်နဂါးချပ်ဝတ်တန်ဆာတွေရှိနေပြီမဟုတ်လား .. အဲ့ဒါကြောင့် သူတို့ကို သတ်ဖို့ သိပ်ပြီး အားစိုက်စရာမလိုပါဘူး ....သူတို့ အရေအတွက်က ဘယ်လောက် ဖြစ်နေပါစေ ငါတို့အတွက် ချွေးတောင်ထွက်မှာ မဟုတ်ဘူး ...."

ထိုနောက် လီမိုလင်က  အားလုံးစိတ်ထဲက အကြောက်တရားတွေကို လျော့နဲ့သွားအောင်လို့ လုပ်မယ်လို့ဆုံးဖြတ်ပြီး အဆိပ်နောက်ချေးပိုးတွေကို သတ်ရန်အတွက် သူမလက်ထဲမှ မိုးပြာရောင် ဓားကို လွှဲယမ်းလိုက်သည်။

ထန်.....ထန်....ထန် .......

သွားကြိမ်းမတတ် စူးရှသော ပွတ်တိုက်သံတွေ ထွက်ပေါ်လာသည် ။ သူမ၏ နတ်ဘုရာအဆင့် ဓားနှင့် ခုတ်ပိုင်းခံလိုက်ရသော်လည်း အကောင်းပကတိရှိနေသေးသော အဆိပ်နောက်ချေးပိုးတွေကိုကြည့်ရင်း လီမိုလင်တစ်ယောက် မျက်လုံးပြူးချေပြီ ...။

".... ဒါဘယ်လိုဖြစ်ရတာလဲ ....? အဆိပ်နောက်ချေးပိုးတွေရဲ့ ခုခံနိုင်စွမ်းက  နတ်ဘုရားအဆင့် လက်နက်နဲ့ သတ်ဖြတ်လို့မရလောက်အောင် ကြောက်စရာကောင်းနေပြီလား ....?"

လွေယန်တို့ကလည်း လီမိုလင်နှင့်အတူ အဆိပ်နောက်ချေးပိုးလေးတွေကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လိုက်သော်လည်း ရလဒ်ကတော့ တူညီနေသည် ။ သူတို့အကုန်လုံး မျက်စိပျက်မျက်နှာပျက် ဖြစ်ကုန်ကြသည်။

လီမိုလင်က သူမ၏ အစွမ်းအထက်ဆုံး ဓားသိုင်းကို အသုံးပြု၍ မိုးပြာရောင်ဓားကို နောက်တစ်ကြိမ်လွှဲယမ်းလိုက်သည် ။ သို့သော် သူမဓားချက်က အဆိပ်နောက်ချေးပိုးလေးတွေကို အနောက်သို့ လွင့်ပျံသွားသော်လည်း ခဏအကြာတွင် အဆိပ်နောက်ချေးပိုးလေးတွေက သူမအနားသို့ တိုက်ခိုက်ရန်အတွက်ပြန်လည်ရောက်ရှိလာတာကို မြင်တွေ့လိုက်ရသည် ။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၀၇ .....

   "... မဖြစ်နိုင်ဘူး...."

".... ဘယ်လိုဖြစ်ပြီး အဆိပ်နောက်ချေးပိုးတွေရဲ့ ခုခံနိုင်စွမ်းက ဒိလောက်တောင် ကြောက်စရာကောင်းလာရတာလဲ ....?"

လီမိုလင်က စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ရှောင်လုံနှင့် ထျန်လေးတို့က လူမြင်ကွင်း၌ ပြန်ပေါ်လာကြသည် ။ ရှောင်လုံက ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ရင်း လှောင်ပြုံးလေးဖြင့်

".... အော် ....ခင်ဗျားတို့ကို  ကျုပ်ရဲ့ အဆိပ်နောက်ချေးပိုးတွေက ဆင့်ကဲပြောင်းလဲနိုင်စွမ်းရှိတယ် ဆိုတာကို ပြောဖို့မေ့သွားတယ် ...."

ရှောင်လုံက အဆိပ်နောက်ချေးပိုးတွေပိုပြီး ဆင့်ကဲ့ပြောင်းလဲလာစေဖို့အတွက် သူ့ဆီမှာရှိနေသော နဂါးသွေးကျောက်တွေကိုတောင် ရက်ရက်ရောရော အသုံးပြုခဲ့သည် ။အဆိပ်နောက်ချေးပိုးတွေအတွက်  နဂါးသွေးကျောက်က စကြာဝဠာသိုင်းပညာရှင်တစ်ယောက်၏ရုပ် အလောင်းထက်စာရင် ပိုပြီး ဆင့်ကဲပြောင်းလဲစေတာကို ရှောင်လုံတွေ့ရှိလိုက်သည်။

နောက်ဆုံးတွင် ရှောင်လုံက နတ်နဂါးဆေးလုံးတွေကိုပါ ထုတ်ကျွေးခဲ့လေသည် ။

"... သူတို့က ဆင့်ကဲပြောင်းလဲနိုင်စွမ်းရှိတယ် ဟုတ်လား ....?"

ရှောင်လုံစကားကိုကြားလိုက်တော့ လီမိုလင်အပါအဝင် ပတ်ဝန်းကျင်က လူတွေအကုန်လုံးမျက်နှာတွေ ဖြူဖွေးသွားကြသည်။
ထိုလူတွေထဲတွင် ချန်ထျန်ချီတို့ နတ်တံခါးဂိုဏ်းက လူတွေလည်းပါဝင်ကြသည် ။ သူတို့စိတ်ထဲမှာ ရှောင်လုံရဲ့ အဆိပ်နောက်ချေးပိုးတွေက  ဆင့်ကဲ့ပြောင်းလဲလာပြီး ကြောက်စရာကောင်းသော ခုခံမှုစွမ်းရည်ကို ပိုင်ဆိုင်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဘူးခဲ့ကြပေ ။

ရှောင်လုံက နတ်ဘုရားကျောင်းတော်မှ အကြိ်းအကဲ များ၏ တုန်လှုပ်နေသောမျက်နှာတွေကို လျစ်လျူရှုရင်း ချန်ထျန်ချီဆီသို့ တစ်ယောက်တည်း လမ်းလျှောက်သွားလိုက်သည်။
သူတို့ရှေ့သို့ ရှောင်လုံရုတ်တရက်ရောက်လာတာကိုမြင်တော့ ချန်ထျန်ချီနှင့် နတ်တံခါးဂိုဏ်းမှ အကြီးအကဲတွေက မသိလိုက်မသိဘာသာဖြင့် အနောက်သို့ ခြေတလှမ်းစီ ဆုတ်မိသွားကြသည် ။

"....ဟောင်ရှောင်လုံ .မင်းဘာလုပ်ချင်လို့လဲ ...?"

ချန်ထျန်ချီက ရုတ်တရက်အော်ပြောလိုက်သည်။
ရှောင်လုံက ချန်ထျန်ချီကိုကြည့်ရင်း ရွံရှာသလိုမျိုး နှာခေါင်းရှုံ့လိုက်ပြီး

"... ကျုပ်ဘာလုပ်ချင်လဲ ဟုတ်လား ...?"

ထိုနောက် ချန်ထျန်ချီ၏ သတိအနေအထားဖြစ်နေသောပုံစံက်ုမြင်တော့ ရှောင်လုံက လှောင်ရယ်ရယ်လိုက်ပြီး

".... စိတ်မပူပါနဲ့ ခင်ဗျားတို့ကတော့ အဆိပ်နောက်ချေးပိုးတွေ သုံးရလောက်တောင် မတန်သေးပါဘူး..."

ရှောင်လုံ လှောင်ပြောင်စကားကိုကြားပြီး ချန်ထျန်ချီအပါအဝင် နတ်တံခါးဂိုဏ်း၏ အကြီးအကဲတွေအကုန်လုံး ဒေါသထွက်ကုန် ကြသည် ။ တစ်ချို့က မျက်နှာတွေနီရဲပြီး ရှက်ရွံသွားကြသည် ။ သူတို့ဘာမှမပြောရသေးခင် တောက်ပသောအလင်းတန်းတစ်ခုက ဖျတ်ကနဲ လက်သွားပြီး ရှောင်လုံလက်ထဲသို့ တဖိတ်ဖိတ်တောက်ပနေသော ဓားတစ်စုံ ရောက်ရှိလာသည်။

".... နတ်ဓားတွေပါလား ...."

ချန်ထျန်ချီက ရှောင်လုံလက်ထဲက နတ်ဓားနှစ်လက်ကို စူးစူးစိုက်စိုက်ကြည့်ရင်း ရေရွတ်လိုက်သည် ။ သူ့ဆရာ ရန်ဝူကောင်း  လွန်ခဲ့သော အနှစ်ငါးဆယ်ခန့်က ပျောက်ကွယ်သွားချိန်တွင် ချန်ထျန်ချီက နတ်ဓားနှစ်လက်ကို အသည်းအသန် ရှာဖွေခဲ့လေသည်။ ဤနတ်ဓားနှစ်လက်က သူ့အမြဲအိမ်မက်မက်နေရသေည နတ်ဘုရားအဆင့် လက်နက်တွေ ဖြစ်သည် ။

ရန်ဝူကောင်းက သူ့ကိုတပည့်အဖြစ် လက်ခံပြီး သိပ်မကြာခင်မှာ နတ်ဓားသိုင်းကို တစ်ခါကစားပြခဲ့ဘူးသည်။ ထိုအချိန်မှစ၍ နတ်ဓားသိုင်း၏ ကြမ်းတမ်းမှု ၊ သွေးဆာမှုနှင့် ကြီးကျယ်ခမ်းနားမှုတွေက သူ့ရင်ဘတ်ထဲတွင် နေရာယူသွားသည် ။ ချန်ထျန်ချီစိတ်ထဲမှာ နတ်ဓားနှစ်လက်ကို ကိုင်ပြီး သိုင်းလောကကြီးတစ်ခုလုံးကို အုပ်စိုးနေသည့် သူ့ပုံရိပ်တွေကို မကြာခဏ မြင်ယောင်ခဲ့ဘူးသည် ။

"...ဟုတ်တယ် နတ်ဓားတွေပဲ ...."

ချန်ထျန်ချီမျက်လုံးထဲက လိုချင်တက်မက်မှုတွေက ရှောင်လုံအကြည့်စူးစူးအောက်ကနေ မလွတ်မြောက်နိုင်ခဲ့ပေ ။ရှောင်လုံက  အရိုးထဲအထိစိမ့်သွား
လောက်အောင် အေးစက်နေသော အသံဖြင့်

".... ချန်ထျန်ချီ ..မင်းက ဆရာ့ဆန္ဒကို လွန်ဆန်ပြီး နတ်တံခါးဂိုဏ်းချုပ်နေရာကို အတင်းအကျပ် လုယူခဲ့တယ်.... ဒီနေတော့ ဆရာရဲ့ လက်စွဲ နတ်ဓားနှစ်လက်နဲ့ ငါတို့ဂိုဏ်းရဲ့ သစ္စာဖောက်လောက်ကောင်ကို သုတ်သင်ပြစ်ရမယ် ... မင်းရဲ့ နတ်ဓားနှစ်လက်အောက်မှာသေရမှာဆိုတော့ သိပ်ပြီး နောင်တရစရာတော့မရှိပါဘူး ...."

ရှောင်လုံစကားကိုကြားသော်လည်း ချန်ထျန်ချီကမျက်နှာတစ်ချက်ပျက်သွားခြင်းမရှိပေ။ သူက ဟိတ်ဟန်အပြည့်ဖြင့် ခွန်းတုန့်ပြန်လိုက်သည်

".... ငါက နတ်ဓားတွေအောက်မှာ သေရမယ်ဟုတ်လား ..? ဟောင်ရှောင်လုံ ..ဟောင်ရှောင်လုံ ... အဆိပ်နောက်ချေးပိုးတွေမရှိပဲနဲ့ မင်းက ငါ့ပြိုင်ဘက်တစ်ယောက် ဖြစ်နိုင်လိမ့်မယ်လို့ ထင်နေတာလား ....?"

သူ့စကားအဆုံးမှာ ချန်ထျန်ချီ၏ ကိုယ်ရောင်ကိ်ုယ်ဝါတွေက တဟုန်ထိုး မြင့်တက်လာပြိ်း သူဦးခေါက်းထက်တွင် သန့်စင်မြင့်မြတ်သော ကိုယ်ရောင်ကိုယ်ဝါတွေကို ထုတ်လွှင့်ပေးနေသည့် တောင်ပံဆယ့်နှစ်ခုနှင့် လက်တစ်ဖက်က ချွန်မြိနေသောလှံတစ်ချောင်းကိုကိုင်ဆောင်ထားသည့် လူပုံသဏ္ဍာန်တစ်ခု ပေါ်လာသည် ။

ဤအရာက ချန်ထျန်ချီ၏ အဆင့်မြင့် ထိပ်တန်းအဆင့် ၁၃ သိုင်းဝိညာဉ်ဖြစ်သော တောင်ပံဆယ့်နှစ်ခု စစ်ပွဲနတ်သား ဖြစ်သည် ။ တောင်ပံဆယ့်နှစ်ခု စစ်ပွဲနတ်သား၏ တိုက်ခိုက်စွမ်းရည်က သူ့အမျိုးအစားတွေထဲ၌ အဆင့်အမြင့်ဆုံး ဖြစ်သည်။

ချန်ထျန်ချီက သူ့သိုင်းဝိညာဉ်ကိုဆင့်ခေါ်ပြီးတာနဲ့ အချိန်ဆိုင်းမနေတော့ပဲ ချက်ချင်းကို ဝိညာဉ်အသွင်သို့ပြောင်းလဲလိုက်သည် ။ ဝိညာဉ်နှင့် ပေါင်းစပ်ကာ ဝိညာဉ်အသွင်သို့ပြောင်းလဲပြီးသည့်နောက် ချန်ထျန်ချီ၏ ဆံပင်မွှေးနှင့် မျက်ခုံးမွှေးတွေက ရွှေအိုရောင်ဖျော့ဖျော့ တောက်ပလာသည်။ထိုနောက် နတ်သားတွေ ဝတ်ဆင်လေ့ရှိသော စစ်ချပ်ဝတ်တန်ဆာတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည် ။ ထိုချပ်ဝတ်တန်ဆာများဆီမှ ရွှေရောင်ခြည်တန်းတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လျက်ရှိနေသည် ။

နောက်ဆုံးတွင် ချန်ထျန်ချီကိုယ်ထဲမှ မြင့်မြတ်သန့်စင်သော အရောင်အဝါတွေထွက်ပေါ်လာပြီး ထိုအရောင်အဝါတွေက ရင်ပြင်ကျယ်အတွင်းမှာရှိနေသည့် မှောင်မိုက်အေးစက်မှုနေသည့်အရာတွေကို ဆေးကြော သန့်စင်ပြစ်လိုက်သည် ။

ချန်ထျန်ချီက သူ့အရှိန်အဝါတွေကို အစွမ်းကုန်မြှင့်တင်ရင်း ရှောင်လုံကို အေးစက်စက်စိုက်ကြည့်လိုက်သည်

".... ဟောင်ရှောင်လုံ မင်းငါနဲ့ တစ်ယောက်တစ်ယောက်ချင်း သူသေကိုယ်သေ ရင်ဆိုင်ရဲလား ..."

ထိုနောက် ချန်ထျန်ချီက ရှောင်လုံအဖြေကို စောင့်စားမနေတော့ပဲ လေထဲသို့ ခုန်တက်လိုက်သည်။

ရှောင်လုံကလည်း ရေခဲတမျှ အေးစက်မေသောအသံဖြင့် ပြန်ပြောလိုက်သည်

".... မင်းကဘာကောင်မို့လို့ ...ငါကမင်းကို ကြောက်နေရမှာလဲ ....?"

သူစကားသံအဆုံးတွင် ရှောင်လုံပုံရိပ်က ရုတ်တရက်ပျောက်ကွယ်သွားသည် ။
ထိုနောက် ငရဲမှသတ္တဝါတွေ၏ အော်ဟစ်ငိုကြွေးသံတွေနှင့်အတူ ကြီးမားသော လေမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည် ။ ရှောင်လုံ စကြာဝဠာအဆင့်သို့ ရောက်ရှိလာပြီးနောက် သူရဲ့ နတ်ဓားသိုင်းကွက်စွမ်းဆောင်ရည်တွေက သိသိသာသာကြီးကို တိုးတက်လာသည်။

နတ်ဓားသိုင်းကွက်၏ ပထမဆုံးသိုင်းကွက်ဖြစ်သော ငရဲမုန်တိုင်းသိုင်းကွက်က ကြောက်မက်ဖွယ်ရာ လေဆင်နှာမောင်းကြီးတစ်ခုလို သူလမ်းကြောင်းမှာရှိနေသည့် အရာမှန်သမျှကို ဖျက်ဆီချေမှုန်းပစ်နိုင်သည် အထိ အစွမ်းထက်လာသည် ။

ချန်ထျန်ချီက သူ့လက်ထဲမှ လှံရှည်ဖြင့် အရှေ့သို့ ဆောင့်ထိုးချလိုက်သည်

".... ကမ္ဘာမြေကြီးရဲ့တိုက်ပွဲမီးတောက် ....."

ထိုနောက် ကောင်းကင်ထက်မှ မရေတွက်နိုင်သော လှံရိပ်တွေက မိုးရွာသလိုမျိုးကျဆင်းလာသည်။ ထိုလှံရိပ်တွေနဲ့အတူပါလာသော ပလက်တီနမ်မီး
တောက်တွေက လေဟာနယ်တစ်ခုလုံးကို လောင်းကျွမ်းသွားစေသည်။ ထိုနောက် တောင်ကြားထဲတွင် ပေါက်ကွဲသံများအဆက်မပြတ်ထွက်ပေါ်လာပြီး ရှောင်လုံကိုယ်ပေါ်သို့ စူးရှသော လှံရိပ်တွေ အဆက်မပြတ်ကျဆင်းလာသည် ။ ထိုလှံရိပ်တွေက ရှောင်လုံ ငရဲမုန်တိုင်းနှင့် ထိတွေ့မိသွားသည်။

ချန်ထျန်ချီ၏ မီးတောက်တွေက ငရဲမုန်တိုင်းသိုင်းကွက်ကို ခုခံနိုင်စွမ်းရှိနေတူမြင်တော့ ရှောင်လုံလည်း အနည်းငယ် အံ့သြသွားသည်။

"... ဂိုဏ်းချုပ် ...အဲ့ဒါက နတ်သားမီးတောက်တွေပဲ.... အဲ့ဒီမီးတောက်တွေကို သတိထားပါ ဂိုဏ်းချုပ် ...."

ကျောင်းရှု ၏ သတိပေးသံက ထွက်ပေါ်လာသည်။
နတ်သားမီးတောက်ဟာ အလင်းဒြပ်စပ်များထဲတွင် စွမ်းအားအကြီးမားဆုံး မီးတောက်ဖြစ်သည်။ နတ်သားမီးတောက်က အမှောင်ဒြပ်စင်တွေကို ဖြိုခွင်းနိုင်စွမ်းရှိသလို မကောင်းသောအအေးဓတ် များကိုလည်း ဖယ်ရှားနိုင်စွမ်းရှိသည် ။

".... ဟောင်ရှောင်လုံ ....ငါ့ရဲ့ နတ်သားမီးတောက် အရသာက ဘယ်လိုလဲ ....?"

ရှောင်လုံနားထဲမှာ ချန်ထျန်ချီ၏ လှောင်ပြောင်သံကို ကြားလိုက်ရသည်

"..... အော်ဟုတ်သားပဲ ငါမင်းကို တစ်ခုပြောဖို့မေ့နေတယ် ... ငါရဲ့ နတ်သားမီးတောက်က မင်းရဲ့ နတ်ဆိုးအတွင်းအားကို ပြသနာပေးနိုင်တယ်နော် ..."

".... ကြည့်ကြသေးတာပေါ့ ...."

  ချန်ထျန်ချီစကားကြားသော်လည်း ရှောင်လုံကတော့ တည်ငြိမ်နေဆဲပင် ။ ထိုနောက် ရှောင်လုံကိုယ်ထဲမှ နတ်ဆိုးအတွင်းအားတွေက ဆောင့်ထွက်လာပြီး သူ့ခန္ဓာကိုယ်က နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားသည် ။ ထိုနောက်
သူ့ကိုယ်ထဲမှ အနက်၊ အပြာရောင်နဂါးကြီးနှစ်ကောင် ပျံသန်းထွက်ပေါ်လာသည် ။ ရှောင်လုံလည်း ဝိညာဉ်အသွင်သို့ ပြောင်းလဲလိုက်သည် ။

ရှောင်လုံက ဝိညာဉ်အသွင်သို့ ပြောင်းလဲပြီးသည့်နှင့် သူ့လက်ထဲမှာ နတ်ဓားတွေကို ကိုင်ဆွဲကာ နောက်တစ်ကြိမ်ခုတ်ပိုင်းလိုက်သည် ။ နတ်ဓားမှာ ထွက်ပေါ်လာသည့် မရေတွက်နိုင်သော ဓားအလင်းတန်းများက လျှပ်စီးနဂါးလေးများအသွင်သို့ ပြောင်းလဲကုန်ကြသည်။ ချန်ထျန်ထျီက ဧရာမ လှိုင်းလုံးကြီးကဲ့သို့ ဖြစ်ပေါ်လာသော ရှောင်လုံ၏ လျှပ်စီနဂါးအုပ်ထဲတွင် နစ်မြှပ်သွားသည် ။

ချန်ထျန်ချီက သူ့ကိုတဖြည်းဖြည်နှင့် လွှမ်းခြုံလာသော လျှပ်စီနဂါးလေးတွေကိုကြည့်ပြီး အနည်းငယ်တုန်လှုပ်သွားသော်လည်း သူ့လက်ထဲမှာကိုင်ထားသည့် လှံကို ပင့်မြှောက်ကာ

".... အလင်းလမ်းကြောင်း...."

ထိုနောက် ချန်ထျန်ချီ၏ လှံဖျားတွင် လှံအရိပ်လေးများစုစည်းကာ မြင့်မြတ်တောက်ပသော အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းကြီးက မရပ်တန့်နိုင်သော နတ်စွမ်းအားတစ်ခုလို တရှိန်ထိုး ထွက်ပေါ်လာသည်။

စဦးပိုင်းတွင် ချန်ထျန်ချီ၏ မြင့်မြတ်သော အလင်းတန်းများဖြင့် အားပြိူင်နေသော ရှောင်လုံ ငရဲမုန်တိုင်းကြီးက ထိုအလင်းတန်းကြီးကြောင့် တစ်စစီပြိုကွဲသွားသည် ။

ဤမြင်ကွင်းကိုကြည့်ရင်း ရှောင်လုံလည်း မျက်မှောင်ကြုတ်သွားသည် ။ ချန်ထျန်ချီ၏ တောက်ပသောအလင်းတန်းက ထိုမျှလောက် စွမ်းအားကြီးလိမ့်မည်ဟု ရှောင်လုံ စိတ်ထဲမှာ ထင်မထားခဲ့ပေ ။ သို့သော် ချန်ထျန်ချီက စကြာဝဠာအဆင့် ၆ သို့ရောက်ရှိရန်အတွက် ခြေတစ်လှမ်းစာလောက်သာ လိုအပ်သည့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည် ။

ရှောင်လုံရှေ့တွင် ကာရံထားသော ငရဲမုန်တိုင်းကြီး ပြိုကွဲသွားတာကြောင့် ချန်ထျန်ချီ၏ လှံတံရှည်ကြီးက ရှောင်လုံရှေ့သို့ ရုတ်တရက်ရောက်ရှိလာသည် ။ ထိုအချိန်တွင် ချန်ထျန်ချီမျက်နှာထက်မှာ လှောင်ပြုံးတစ်ချို့ ဖြစ်ပေါ်လာပြီး

"....  ဟောင်ရှောင်လုံ ဆရာ့ရဲ့အစွမ်းထက်လှပါတယ်ဆိုတဲ့ နတ်ဓားသိုင်းက မင်းလက်ထဲရောက်တော့ ဒီလောက်ပဲ အစွမ်းရှိတာလား ...စိတ်ပျက်စရာကောင်းလိုက်တာကွာ .....?"

ထိုမြင်ကွင်းကို ကြည့်နေကြသောနယ်မြေခေါင်းဆောင်တွေက ပျော်ရွှင်စွာဖြင့် ချန်ထျန်ချီကို အော်ဟစ်ချီးကျူးကြလေသည် ။

".... ဂိုဏ်းချုပ်က တကယ်ကိုစွမ်းအား ကြီးမားလှပါပေတယ် ... "

နယ်မြေခေါင်းဆောင် ဂူဝမ်က ပြုံးလိုက်ပြီး

".... ဟောင်ရှောင်လုံဆိုတဲ့ သစ္စာဖောက် ... မင်းက ဒီအဆင့်လောက်နဲ့ ဂိုဏ်းချုပ် ဖြစ်ချင်နေသေးတယ်ပေါ့လေ .... မင်းက တကယ့်ကိုရယ်စရာကောင်းတဲ့ လူပျက်တစ်ယောက်ပဲ .... မင်း နတ်တံခါးဂိုဏ်းချုပ်ဖြစ်ချင်ရင် ငါတို့ဂိုဏ်းချုပ် ချန်ထျန်ချီရဲ့ သိုင်းဆယ်ကွက်လောက်ကို အရင်ဆုံး ခုခံကြည့်စမ်းပါအုံး  ...."

"... ဆယ်ကွက်တောင်လား ....?"

တခြားနယ်မြေခေါင်းဆောင် တစ်ယောက်ကလည်း ဝင်ပြီးသရော်လိုက်သည်

".... ဂိုဏ်းချုပ်ချန်က အခုထိ အစွမ်းကုန်ထုတ်ပြီး တိုက်ရသေးတာမဟုတ်ဘူး ... ဂိုဏ်းချုပ်သာ အစွမ်းကုန်သုံးပြီးတိုက်မယ်ဆိုရင် ဟောင်ရှောင်လုံဆိုတဲ့ကောင်က သိုင်းကွက်သုံးကွက်တောင် ခံမှာမဟုတ်ဘူး ...."

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၀၈ ......

နတ်တံခါးဂိုဏ်းမှ အကြီးအကဲများနှင့် နယ်မြေခေါင်းဆောင်တွေက ချန်ထျန်ချီကို တစ်ယောက်ပြီး တစ်ယောက်  ချီးကျူးကြလေသည်။ သူတို့က စဦးပိုင်းတွင် ချန်ထျန်ချီအတွက် အနည်းငယ် စိုးရိမ်နေကြသော်လည်း ချန်ထျန်ချီ၏ တောက်ပသောအလင်းတန်းတွေက ရှောင်လုံ၏ နတ်ဆိုးအတွင်းအားကို တောက်လျှောက်ဖိနှိပ်ထားနိုင်တာမြင်တော့ သူတို့စိတ်ထဲမှာ သက်သာရာရသွားကြသည်။

သူတို့စိတ်သက်သာရာရနေသလောက် ကျောင်းရှု နှင့် ကျန်းဖူတို့ကတော့ မျက်မှောင်ကြုတ်သွားကြသည် ။ သို့သော် ချန်ထျန်ချီနှင့် ရှောင်လုံတို့၏ ဂိုဏ်းချုပ်နေရာလုပွဲက သူတို့ဝင်ပြီးစွက်ဖက်လို့ရသည့် နေရာမဟုတ်ဘူးဆိုတာကို သူတိုစိတ်ထဲမှာ နားလည်ထားကြသည် ။

သို့သော် နယ်မြေခေါင်းဆောင်တွေက ရှောင်လုံကို လှောင်ပြောင်စရာသတ္တဝါတစ်ကောင်လိုမျိုး ဝိုင်းပြီး
သရောနေကြတာကိုမြင်တော့ ထျန်လေးက သည်းမခံနိုင်တော့ပေ ။ သူ့မျက်လုံးတွေက ဒေါသကြောင့် ရဲရဲနီလာပြီး

".... ငါမင်းတို့ အကုန်လုံးကို ရိုက်ပြစ်မယ် ...."

ထိုနောက် သူလက်သေးသေးလေးကို လွှဲယမ်းရင်း သူအမေဆီက နို့ကို စို့သည့်အခါတွင် အသုံးပြုလေ့ရှိသည့် အားကို ထုတ်သုံး၍ သူနှင့် အနီဆုံးမှာရှိနေသည့် နယ်မြေခေါင်းဆောင်တစ်ယောက်ကို အားပါးတရ ထိုးချလိုက်သည်။

ထျန်လေး လက်သီးဖြင့် ထိုးလိုက်သော နယ်မြေခေါင်းဆောင်ကလည်း သူ့ကို နို့နံမစင်သေးသော ကလေးလေးတစ်ယောက်က ရန်လာရှာတာကိုမြင်တော့ ဒေါသူပုန်ထသွားပြီး

".... ခွေးသားလေး  ... တော်တော်သေချင်နေတယ်ဟုတ်လား .....!"

ထိုနောက် သူကလည်း လက်ကို ဆန့်ထုတ်၍ ထျန်လေးကို လက်သီးတစ်ချက်ထဲဖြင့် သတ်ပြစ်ဖို့ ကြံစည်လိုက်သည် ။ သူ့က ထျန်လေးကို ယင်ကောင်တစ်ကောင်လောက်ပင် အလေးအနက်မထားပေ ။

သို့သော် ထိုနယ်မြေခေါင်းဆောင်က ချက်ချင်းကိုမျက်နှာပျက်သွားသည်။ သူ့စိတ်ထဲမှာ သူ့ထံသို့ ကြီးမားသောအင်အားကြီးတစ်ခု တိုးဝင်လာနေတာကိုခံစားမိပြီး ရှောင်တိမ်းရန်ကြိုးစားလိုက်သည် ။ သို့သော် နောက်ကျသွားချေပြီ ။ ထျန်လေး၏ အားပါပြင်းထန်သော လက်သီးချက်က သူ့ရင်ဘတ်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ကျရောက်လာလေသည် ။ နယ်မြေခေါင်းဆောင်က စူးစူးဝါးဝါးတစ်ချက်အော်ရင်း အဝေးသို့ လွင့်ထွက်သွားသည် ။

ချန်ထျန်ချီ၏ လှောင်ရိပ်သမ်းနေသောမျက်နှာကိုမြင်တော့ ရှောင်လုံမျက်နှာထက်တွင် မချိုမချဉ် အပြုံးတစ်ချို့ ဖြစ်ပေါ်လာသည် ။ အမှန်တော့ ရှောင်လုံကလည်း သူ့ခွန်းအား အစစ်အမှန်ကို ထုတ်သုံးခြင်း မရှိသေးပေ ။ သူက သိုင်းကွက်နှစ်ခုကို သွေးပူလေ့ကျင့်ခန်း လှုပ်ရှားရုံလောက်သာ ထုတ်သုံးလိုက်ခြင်းဖြစ်သည်။

".... ငရဲမင်း ဒေါသ ...."

ရှောင်လုံ နတ်ဓားတွေက နောက်တစ်ကြိမ် လှုပ်ရှားသွားပြန်သည် ။ ထိုနောက် တောက်ပနေသော ဓားအလင်းတန်းနှစ်ခုက ချန်ထျန်ချီဆီသို့ မျက်စိတမှိတ်အတွင်း ရောက်ရှိသွားသည်။ ထိုအခါ ချန်ထျန်ချီကိုယ်ထဲမှ မြင့်မြတ်သော ရောင်ခြည်တန်းတစ်ခုဖြာထွက်လာသည်

".... နတ်သားဘုန်းတန်ခိုးအတားအဆီး ...."

ထိုနောက် ချန်ထျန်ချီကိုယ်ထဲမှ ထွက်ပေါ်လာသော မြက့်မြတ်သည့် ရောင်ခြည်တန်းတွေက သူ့ခန္ဓာကိုယ်နံဘေးတွင် တောင့်တင်းကြံခိုင်သော အတားအဆီးတစ်ခု အဖြစ် ပြောင်းလဲဖြစ်ပေါ်လာသည်။ ရှောင်လုံ၏ ငရဲမင်းဒေါသ သိုင်းကွက်က ချန်ထျန်ချီ အတားအဆီးနှင့်တိုက်ရိုက်ထိမှန်သွားပြီး စွမ်းအားလှိုင်းတွေအများကြီး ဖြာထွက်လာသည် ။ ချန်ထျန်ချီ ကိုယ်မှာကာရံပေးထားသော အတားအဆီးအလွှာက အနည်းငယ် လှုပ်ရှားသွားသော်လည်း အကောင်းပကတိအတိုင်း ရှိနေသည် ။

ဤအဖြစ်အပျက်ကိုမြင်တော့ ချန်ထျန်ချီစိတ်ထဲမှာ ယုံကြည်ချက်တွေပိုပြီး ပြည့်ဝလာသည်။

"... ဟောင်ရှောင်လုံ ...မင်းဆီမှာ ဒီလိုပျင်းစရာကောင်းတဲ့ သိုင်းကွက်တွေပဲ ရှိတာလား .... မင်းအစွမ်းက ဒီလောက်ပဲလား ... ငါသိုင်းကွက်ထုတ်လိုက်ရင် မင်း တုန့်ပြန်ချိန်တောင် ရလိုက်မှာမဟုတ်ဘူးနော် ... မင်းမသေခင် အစွမ်းကုန် ထုတ်သွားအုံး နောက်မှ နောင်တရနေမယ် ...."

"... တခြားတစ်ဖက်ကမ်းမှ ပန်းပွင့် ...."

ချန်ထျန်ချီ၏ စကားအဆုံးတွင် လေထဲမှာ အနက်ရောင်ပန်းပွင့်နှစ်ခု ရုတ်တရက် ဖြစ်တည်လာပြီး ချန်ထျန်ချီ၏ အတားအဆီးကို ပြင်းထန်စွာ ရိုက်ချလိုက်သည် ။ ထိုအချိန်တွင် အတားအဆီက ပိုမိုပြင်းထန်စွာ လှုပ်ခတ်သွားသည် ။

တခြားတစ်ဖက်ကမ်းမှ ပန်းပွင့်သိုင်းကွက်ပြီးသည့်နောက် ချန်ထျန်ချီအရှေ့တွင် မီးကျီခဲကဲ့သို့ ရဲရဲနီနေသော ထူးခြားသည့် မျက်လုံးကြီးတစ်ခု ဖြစ်ပေါ်လာသည် ။

ထိုကြောက်မက်ဖွယ်ရာကောင်းသည့် မျက်လုံးကြီးက လေထဲတွင် မြင့်မားသော အရှိန်ဖြင့် စတင်လည်ပတ်လေသည် ။ ထိုမျက်လုံးကြီးကိုကြည့်ရင်းနဲ့  ချန်ထျန်ချီစိတ်တွေက တဖြည်းဖြည်း ရှုပ်ထွေးနောက်ကျလာသည်။

".... ပြန်လည်မွေးဖွားခြင်း မျက်လုံး ...."

ချန်ထျန်ချီက လုံးဝကို တုန်လှုပ်သွားသည်။
ချန်ထျန်ချီက ရန်ဝူကောင်းနံဘေးတွင်နှစ်ပေါင်းနှစ်ရာကျော် တပည့်အဖြစ်နေခဲ့တာကြောင့်  နတ်ဓားသိုင်းကွက် တော်တော်များများကို မြင်တွေ့ခဲ့ဘူးသလို သူတို့အကြောင်းကိုလည်း ကောင်းကောင်းကြီး နားလည်ထားသည် ။

ပြန်လည်မွေးဖွားခြင်းမျက်လုံးသိုင်းကွက်က အလွန်ကို ထူးခြားသော သိုင်းကွက်တစ်ခုဖြစ်သည်။
သူက ရန်သူ၏ စိတ်ဝိညာဉ်အား တိုက်ခိုက်နိုင်သည်အပြင် ခန္ဓာကိုယ်ကိုယ်လည်း တိုက်ခိုက်နိုင်သည့် စွယ်စုံသုံး သိုင်းကွက်တစ်ခုဖြစ်သည် ။

ရုတ်တရက်ထွက်ပေါ်လာသော ကျယ်လောင်သည့် အက်ကွဲသံကြီးနှင့်အတူ ချန်ထျန်ချီလည်း လုံးဝကို မျက်နှာပျက်သွားသည် ။ ထိုအက်ကွဲသံကား ချန်ထျန်ချီ၏ နတ်သားဘုန်တန်ခိုးအတားအဆီး အလွှာကြီး ဖြိုပျက်သွားသည့် အသံပင်......။

ထိုနောက် ချန်ထျန်ချီမျက်လုံးထဲမှာ သူဆီသို့ အလျင်အမြန်ရောက်ရှိလာသော ထက်မြနေသည့် ဓားအလင်းတန်းတွေကို မြင်တွေ့လိုက်ရသည်။
ချန်ထျန်ချီကလည်း တုန့်ဆိုင်းမနေဘဲ သူ့လက်ထဲက နတ်သားလှံတံကို အဆက်မပြတ်လွဲယမ်း လိုက်သည်။ သူလှံဖျားမှ မရေတွက်နိင်သော မီးတောက်တွေထွက်ပေါ်လာသည် ။

တစ်ချိန်မှာပဲ သူပုံရိပ်က ဝေ့ဝါးပျောက်ကွယ်တော့မည့်ဟန်ပြင်လိုက်သည် ။ သို့သော် ခြေတစ်လှမ်း နောက်ကျသွားချေပြီ ။
ထက်မြနေသော ဓားအလင်းတန်းက နတ်သားမီးတောက်တွေကို ဖောက်ထွက်ရင်း ချန်ထျန်ချီလည်ပင်းအား အနည်းငယ် ပိုင်းဖြတ်မိသွားသည် ။ ချန်ထျန်ချီလည်ပင်းမှ သွေးတွေအများကြီး စီးကျလာသည် ။

ချန်ထျန်ချီက သူ့လည်ပင်းအား ဆုပ်ကိုင်းရင်း အနောက်သို့ ယိုင်ထိုးကာ ဆုတ်လိုက်ရသည်။ ချန်ထျန်ချီက သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက် သူ့စိတ်ထဲမှာ ကြောက်ရွံမှုနှင့် ဒေါသဖြစ်မှုတွေကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည် ။

အကယ်၍ သူ့ရဲ့ နတ်သားဘုန်တန်ခိုးအတားအဆီး အလွှာသာမရှိခဲ့လျှင် ရှောင်လုံ ဓားချက်က ချန်ထျန်ချီအား ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရသွားစေနိုင်သည် ။

ထိုအချိန်တွင် ချန်ထျန်ချီ၏ လည်ပင်နားတွင် မြင့်မြတ်သောအလင်းရောင်တစ်ခုက နူးညံစွာ တောက်ပလာပြီး သူ့လည်ပင်းက ဒဏ်ရာကို လျင်မြန်စွာ ကုသပေးလိုက်လေသည်။ ချန်ထျန်ချီ၏ တောက်ပသောရောင်ခြည်တန်းက မကောင်းမှု အမှောင်မိုက်အားလုံး၏ ရန်သူဖြစ်သည်အပြင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ပြန်လည်ကုသမှု စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ချန်ထျန်ချီလည်ပင်းမှ ဓားခုတ်ရာက အလျင်အမြန်ကို ပြန်လည်သက်သာသွားသည်။ သူ့လည်ပင်းမှ ဒဏ်ရာသက်သာလာပြီးနောက် ချန်ထျန်ချီက မီးတောက်နေသောအကြည့်ဖြင့် ရှောင်လုံအား စိုက်ကြည့်လိုက်သည် ။ ထိုနောက် ချန်ထျန်ချီက သူ့လက်ထဲမှာကိုင်ထားသောလှံကို ရှောင်လုံဘက်သို့ ချိန်ရွယ်ကာ 

"... ငရဲနှစ်ခြမ်းကွဲ လှံ ...."

သူ့စကားသံအဆုံးမှာ လှံထိပ်မှ မြင့်မြတ်သော အလင်းရောင်ခြည်တန်း တစ်ခုက မီးတောင်ပေါက်ကွဲသလိုမျိုး တဟုန်ထိုး ထွက်ပေါ်လာသည် ။
အမြှောက်ဆံနှင့်တူသော အလင်းတန်းက ရှောင်လုံရှိရာသို့ အလျင်အမြန်ရောက်ရှိလာသည်။

".... ဓားတောင် ...မီးပင်လယ် ...."

ရုတ်တရက် ရှောင်လုံအရှေ့တွင် ဓားတောင်ကြီးတစ်ခု ပေါ်လာသလို ဓားတောင်ပတ်လည်တွင်  နတ်အတွင်းအားချီများမှ ဖြစ်ပေါ်လာသော မီးပင်လယ်ကြီး တောက်လောင်လာသည် ။

ထန် ....ထန်....
ဘုန်း.....ဘုန်း ....

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံများဖြင့် ကောင်းကင်ကြီးတစ်ခုလုံး ပဲ့တင်ညံသွားသည် ။ကောင်းကင်ထက်မှ ရှောင်လုံ နှင့် ချန်ထျန်ချီတို့၏ လူရိပ်တွေက  ပေါ်သည့်တစ်လှည့် ပျောက်ချည် ဖြစ်နေကြသည်။
ချန်ထျန်ချီ ပေါ်လာပါက ကောင်းကင်ကြီးကညလင်သွားလိုက် ရှောင်လုံ ပေါ်လာပါက မှောင်သွားလိုက် တသဖြင့် လင်းတစ်လှည့် မှောင်တစ်လှည့် ဖြစ်နေကြသည်။

ရှောင်လုံကငရဲမှ နတ်ဆိုးကြီး တစ်ကောင်လိုမျိုး သူ့တစ်ကိုယ်လုံးတွင် ငရဲမှလာသော နတ်ဆိုးမီးတောက်များ လောင်ကျွမ်းနေသည် ။ ချန်ထျန်ချီကတော့ ကောင်းကင်မှ နတ်သားတစ်ပါးသဖွယ် မြင့်မြတ်သော အလင်းတန်းများ၏
သင်္ကေတပြယုဒ်တစ်ခုအဖြစ် ရွှေဖြူရောင်မီးတောက်များဖြင့် တောက်ပနေသည်။

အဖြူ ၊ အနက် အရိပ်တွေက တလှည့်စီ တိုက်ခိုက်နေကြသည် ။ သူတို့နှစ်ယောက်က အချိန်ခဏလေးအတွင်းမှာ သိုင်းကွက်ပေါင်းများစွာ ဖလှယ်ပြီးသွားကြသည် ။ ပြင်းထန်သောအားအင်နှင့် တိုက်ခိုက် ထိတွေ့မှုများကြောင့် သူတို့နှစ်ယောက်ပတ်ဝန်းကျင်မှ လေဟာနယ်တွေက တစ်စစီဖြစ်သွားလုမတတ်  အက်ကြောင်းတွေဖြစ်ပေါ်လာသည် ။

ရှောင်လုံ နှင့် ချန်ထျန်ချီတို့နှစ်ယောက်ကတော့ တိုက်ပွဲ ထဲတွင် နစ်မျောနေကြသည် ။ သူတို့စိတ်ထဲတွင် တိုက်ခိုက်ဖို့ကလွဲ၍ တခြားမည်သည့်အရာမှကို မစဉ်းစားမိတော့ပေ ။

သို့သော် သူတို့အောက်ဘက်က နတ်တံခါးဂိုဏ်း၏ ရင်ပြင်ကျယ်ထဲတွင် လီမိုလင် နှင့် လွေယန် တို့လူစုက ကြိတ်မနိုင်ခဲမရဖြစ်ပြီး ဒေကန်နေကြသည်။ ရှောင်လုံ၏ ဆင့်ကဲပြောင်းလဲထားသော အဆိပ်နောက်ချေးပိုးတွေက ကြောက်မက်ဖွယ်ရာခုခံစွမ်းအားကို ပိုင်ဆိုင်နေသည့်အပြင် သူတို့၏ အမြန်နှုန်းကလည်း ကြောက်ခမန်းလိလိတိုးတက်လာကြသည် ။

ဤအရာက သူတို့ရရှိထားသော သတင်းအချက်အလက်ဖြင့် အများကြီးကွာခြားနေသည် ။ အစက နတ်နဂါးချပ်ဝတ်တန်ဆာနှင့် နတ်ဘုရားအဆင့်လက်နက်တွေကိုသာ သုံးခဲ့မယ်ဆိုလျှင် အဆိပ်နောက်ချေးပိုးတွေကို အလျင်အမြန် ချေမှုန်းပြစ်နိုင်မည်ဟု သူတို့စိတ်ထဲမှာ ထင်ထားခဲ့သည်။ သို့သော် ယခုအခြေအနေတွေက သူတို့ထင်ထားသည်နှင့် တက်တက်စင်အောင် လွဲနေတာကို အံ့သြဖွယ်ရာမြင်တွေ့လိုက်ရသည် ။

အဆိပ်နောက်ချေးပိုးတွေရဲ့ ခုခ့်နိုင်စွမ်းက သူတို့အကုန်လုံးကို အံ့အားသင့်သွားစေသည်။ သူတို့ရဲ့ ခွန်အားအကုန်ကို အချိန်အကြာကြီး အသုံးပြုခဲ့တာတောင်မှ အဆိပ်နောက်ချေးပိုး အနည်းငယ်ကိုသာ သတ်နိုင်ခဲ့သည်။

ထိုအပြင် ရှောင်လုံ ထိန်းချုပ်နိုင်သော အဆိပ်နောက်ချေးပိုးအရေအတွက်က အကောင်သုံးသောင်းကျော်နေလိမ့်မယ်လို့လဲ သူတို့ထင်မထားခဲ့ပေ ။ သူတို့သတ်နိုင်သည့် အရေအတွက် ရှောင်လုံထိန်းချုပ်ထားသည့် အရေအတွက်နှင့် နှိုင်းယှဉ်လျှင် ဘာမှကို မပြောပလောက်ပေ ။

သူတို့က ရှောင်လုံချမှတ်ထားသောတိုက်ပွဲဗျူဟာထဲမှ  အဆိပ်နောက်ချေးပိုးပထမတိုက်စစ်ကို ခုခံနိုင်ရုံလေးရှိနေစဉ် အဆိပ်နောက်ချေးပိုးတွေက ဒုတိယတိုက်စစ်ကို စတင်လာသည် ။ ထိုနောက် အဆိပ်နောက်ချေးပိုးအုပ်ကြီးက ပင်လယ်ထဲမှ မဆုံးနိုင်သော လှိုင်းလုံးကြီးတွေကဲ့သို့ တလိမ့်ပြီးတလိမ့် ချီတက်လာကြသည် ။

"... သေစမ်း .....!"

လီမိုလင်က သူမရင်ထဲမှ ဒေါသကိုမထိန်းနိုင်တော့ပဲ  ရှုးရှုးရှဲရှဲ ဖြစ်နေသည်။ နတ်နဂါးချပ်ဝတ်တန်ဆာတွေက သူတို့ကို ကာကွယ်ပေးထားတယ်ဆိုသော်လည်း သူတို့ခန္ဓာကိုယ်မှ နေရာတိုင်းကိုတော့ ကာကွယ်ပေးထားခြင်းမဟုတ်ပေ ။ နတ်နဂါးချပ်ဝတ်တန်တာက သူတို့ ရင်ဘတ် ၊ ခြေထောက် ၊လက် ၊ မျက်နှာ စသည့် နေရာများကိုသာ ဖုံးကွယ်ပေးထားခြင်းဖြစ်ပြီး သူတို့ရဲ့ မျက်လုံး၊ ပါးစပ် နှင့် နှာခေါင်းကို ဖုံးအုပ်ထားခြင်းမရှိပေ ။

ထိုနောက် အချိန်ကြာလာသည်နှင့်အမျှ အဆိပ်နောက်ချေးပိုးလေးတွေက တစ်ယောက်ယောက် ညွှန်ကြားလိုက်သလိုမျိုး လီမိုလင်တို့၏ မျက်လုံး
နှာခေါင်းနှင့် ပါးစပ်ထဲသို့ တိုးဝင်ရန် ကြိုးစားကြလေသည်။

ဤမြင်ကွင်းကိုမြင်ပြီး လီမိုလင်တစ်ယောက် ကျိမ်ဆဲနေစဉ်မှာ သူမနားထဲမှာ နတ်ဘုရားကျောင်းတော်မှ အကြီးအကဲတစ်ယောက်၏ အော်သံကိုကြားလိုက်ရသည် ။ လီမိုလင် ၊ လွေယန်နှင့် တခြားအကြီးအကဲတွေက အသံကြားရာသို့ လှမ်းကြည့်လိုက်ကြသည်။

သူတို့ကြည့်လိုက်စဉ်မှာ အော်သံထွက်ပေါ်လာသော အကြီးအကဲ၏ မျက်လုံးတစ်ဖက်ကို အဆိပ်နောက်ချေးပိုးတွေက စားသုံးပြီးဖြစ်နေသည် ။ ထိုနောက် အဲ့ဒိအကြီးအကဲ၏ လှုပ်ရှားမှုတွေက တဖြည်းဖြည်းနှေးကွေးလာပြိး နောက်ဆုံးတွင် လုံးဝကိုမလှုပ်တော့ပေ ။

"... အား..အား မလုပ်ပါနဲ့ ....."

သူကြောက်လန့်တကြားအော်ဟစ်နေစဉ် သူမျက်လုံးနောက်တစ်ဖက်ဆီသို့ ဦးတည်လာသည့် အဆိပ်နောက်ချေးပိုးတွေအများကြီး ရောက်ရှိလာသည်။

အဆိပ်နောက်ချေးပိုးလေးတွေက အကြီးအကဲ၏ မျက်လုံးနှစ်ဖက်ကို စားသုံးပြီးသည်နှင့် သူ့ကိုယ်ထဲသို့ ဖောက်ထွင်းတိုးဝင်သွားကြသည်။ ထိုနောက်မှာတော့ အကြီးအကဲဆီက မဆုံးနိုင်သော အူလှိုက်သဲလှိုက် အော်ဟစ်ညီးတွားသံတွေ ထွက်ပေါ်လာသည်။ ထိုအော်သံများက ပတ်ဝန်းကျင်မှာ ရပ်ကြည်နေကြသူအပေါင်းကို တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ထောင်လာသည်အထိ ကြောက်ရွံထိတ်လန့်သွားစေသည် ။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၀၉ ......

လီမိုလင်က အခုတစ်ကြိမ်မှသာ အဆိပ်နောက်ချေးပိုးတွေ လူသားစားတာကိုမြင်တွေ့ဘူးခြင်းဖြစ်သည် ။ သူမကဲ့သို့ သံမဏိလိုမျိုး  စိတ်ဓတ်ပိုင်ရှင်တောင်မှ
သူမရှေ့က အဖြစ်အပျက်ကြောင့် သွေးပျက်ပြီး ရက်ထဲကနေ လှိုက်ကာ အံချင်စိတ်တွေဖြစ်ပေါ်လာသည် ။

".... ဟောင်ရှောင်လုံကို သတ်ကြ ...."

လီမိုလင်က အရေးအကြီးဆုံးလူကို သတိရသွားပြီး အော်ဟစ်သတိပေးလိုက်သည် ။ အဆိပ်နောက်ချေးပိုးတွေက ထိန်းချုပ်ထားသူက ရှောင်လုံ ဖြစ်သည် ။ ထိုကြောင့် ရှောင်လုံကိုသာ သတ်နိုင်ခဲ့ရင် ထိန်းချုပ်သူကင်းမဲ့သွားသော အဆိပ်နောက်ချေးပိုးကိစ္စကို အသာအယာ ဖြေရှင်းနိုင်သည် ။ ထိုအပြင် သူတို့ တိမ်ကြယ်တာရာတိုင်းပြည်သို့ ရောက်နေရသည့် အဓိကရည်ရွယ်ချက်မှာလည်း ရှောင်လုံကို သတ်ဖို့ မဟုတ်ပါလား ...။

သို့သော် နတ်ဘုရားကျောင်းတော်ဘက်က လူများ၏ ပတ်ပတ်လည်လည်တွင် အဆိပ်နောက်ချေးပိုးများ ဝန်းရံထားတာကြောင့် ရှောင်လုံဆီကို ရောက်ရှိဖို့ မလွယ်ကူပေ ။

ချန်ထျန်ချီတို့အဖွဲ့က နယ်မြေခေါင်းဆောင်တွေလည်း နတ်ဘုရားကျောင်းတော်မှ အကြီးအကဲ တစ်ယောက်ကို အဆိပ်နောက်ချေးပိုးတွေ စားသုံးသွားသည့် မြင်ကွင်းကိုကြည့်ရင်း အကုန်လုံး မျက်နှာတွေ ဖြူဖတ်ဖြူရော် ဖြစ်ကုန်ကြသည် ။

သူတို့ယခင်က အဆိပ်နောက်ချေးပိုးတွေနဲ့ ပတ်သတ်ပြီး ကောလဟာလမျိုးစုံ ကြားခဲ့ဘူးသော်လည်း ကောလဟာလဟု မှတ်ယူကာ သိပ်ပြီး အလေးထားခဲ့ခြင်းမရှိပေ ။ ယခု သူတို့မျက်မြင်ကိုယ်တွေ့ ကြုံချိန်ကြမှ အကုန်လုံး ဆောက်တည်ရာမရ ဖြစ်ကုန်ကြသည် ။

နတ်ဘုရားကျောင်းတော်က လူတွေ ကျဉ်းထဲကျပ်ထဲရောက်နေတာကိုမြင်တော့ ကျောင်းရှုတို့ကလည်း မီးလောင်ရာလေပင့်ပေးလိုက်သည် ။ သူတို့နှစ်ယောက်က ဘေးမှာနေရင်း နတ်ဘုရားကျောင်းတော်က လူတွေရဲ့ အမှားကို စောင့်ကာ ကောင်းကောင်းကြီး ဒုက္ခပေးလေသည် ။

ကျောင်းရှု နှင့် ကျန်းဖူတို့က သူမနှင့် လွေယန်ကို အဓိကထားပြီး နှောက်ယှက်နေတာမြင်တော့ လီမိုလင်တစ်ယောက် အရမ်းကို ဒေါသထွက်လာသည်။ ထိုအပြင် ကျောင်းရှုက တမင်ရည်ရွယ်ပြီးလား သို့မဟုတ် မတော်တဆလားမသိ သူမ၏ ဖွံ့ထွားသော ရွှေရင်အစုံနားကို ခဏခဏပတ်မှတ်ထား တိုက်လိုက်လေသည် ။ကျောင်းရှုတိုက်ခိုက်ပုံကြောင့် လီမိုလင်တစ်ယောက် ဒေါသထွက်လွန်းလို့ ရူးမတတ် ဖြစ်နေသည် ။

ထိုအပြင် ကျောင်းရှုတိုက်ခိုက်နေတာကိုကြည့်ပြီး ကျန်းဖူ ပါးစပ်ကနေ  သရော်တော်တော်စကားတွေ အဆက်မပြတ်ထွက်ပေါ်နေသည်

"... ကျောင်းရှု  မင်ဘာလို့ ဖင်ကြီးတဲ့ လူတွေကိုပဲ အဓိကထားပြီး လိုက်တိုက်ခိုက်နေတာလဲ ....?
မင်း အဲ့ဖင်ရှုံ့ကြီးကို ကြည့်ရုံနဲ့ ကလေးမွေးပြီးလောက်ပြီဆိုတာကိုတောင် နားမလည်ဘူးလား..
အဲ့ ဖင်ရှုံ့ကြီး သွားတိုက်ခိုက်တော့ မင်းဘာအရသာ ရှိမှာလဲကွ ....?"

ကျန်းဖူက လီမိုလင်ဖင်ကိုကြည့်ပြီး ထိကပါးရိကပါး ပြောလိုက်သည်။

"... ဖင်ရှုံ့ကြီး ......ကဘေး မွေးပြီးပြီ ....?"

ကျန်းဖူစကားကြားတော့ လီမိုလင်မျက်လုံးတွေက မီးထွက်လုမတတ် နီရဲလာသည် ။ သူမက အခုအချိန်အထိ ယင်ဖိုတောင် မသန်ဘူးသေးသူတစ်ယောက်ဖြစ်သည် ။ အဲ့ဒါကိုတောင် ကျန်းဖူက ကလေးမွေးပြီး ဖင်ရှုံ့နေပြီလို့ပြောတော့ လီမိုလင်တစ်ယောက် အရမ်းကို ပေါက်ကွဲသွားသည် ။

".... ငါ နင်တို့နှစ်ယောက်လုံးကို အရှင်လတ်လတ် အရေခွံဆုပ်ပြစ်မယ် ...."

လီမိုလင်၏ ဒေါသတကြီး ကြိမ်းဝါးသံ ထွက်ပေါ်လာသည် ။ ထိုနောက် လီမိုလင်က အဆိပ်နောက်ချေးပိုးတွေကို ဂရုမစိုက်တော့ပဲ သူမလက်ထဲမှ မိုးပြာရောင်ဓားဖြင့် ကျန်းဖူကို စိတ်ရှိလက်ရှိ ခုတ်ပိုင်းလိုက်သည် ။

ကျန်းဖူက သူ့ဓားကို ဝေ့ယမ်းရင်း အဝေးသို့ ခုန်ရှောင်လိုက်ပြီး

"..... မြေခွေအိုမကြီး.... ငါခန့်မှန်းတာမှန်သွားလို့ နင်အရမ်း စိတ်လှုပ်ရှားသွားတာလား ....!"

ဘာ... ခန့်မှန်းတာမှန်တယ်ဟုတ်လား....?
လီမိုလင်က စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ ထိုနောက် သူမမျက်လုံးထဲမှာ ကျန်းဖူကလွဲပြီး တခြားဘယ်သူကိုမှ မမြင်တော့ပေ ။ ကျန်းဖူကိုသာ သည်းကြီးမဲကြီး လိုက်လံတိုက်ခိုက်လေသည်။

".... လီမိုလင် သတိထား ...."

လီမိုလင် ကျန်းဖူနှင့်တိုက်ခိုက်နေစဉ် အဆိပ်နောက်ချေးပိုးတွေအများကြီးက လီမိုလင်နံဘေးမှာ ဝန်းရံလာတာကိုမြင်တော့ လွေယန်က ကမန်းကတမ်း အော်ဟစ်သတိပေးလိုက်သည်။
လွေယန် အော်သံကိုကြားတော့မှ လီမိုလင်စိတ်တွေက ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာသည် ။

ထိုနောက် လီမိုလင်က သူမလက်ထဲမှာကိုင်ဆောင်ထားသည့် မိုးပြာရောင်ဓားက်ု ထူးဆန်းသော ပုံစံဖြင့် ဝေ့ယမ်းလိုက်သည်။ သူမဓားကွက်အဆုံးတွင် ဖီးနစ်ငှက်တစ်ကောင်၏ စူးစူးနစ်နစ် အော်ဟစ်သံ ထွက်ပေါ်လာပြီး မိုးပြာရောင် ဓားအလင်းတန်းတွေက ဖီးနစ်ပုံသဏ္ဍာန်သို့ ပြောင်းလဲကာ ပတ်ဝန်းကျင်တစ်ခုလုံးက်ု ရိုက်ခတ်သွားသည်။

လီမိုလင်ကလည်း သိုင်းကွက်ထုတ်ပြီးတာနဲ့ အနောက်သို့ ကမန်းကတမ်း ခုန်ရှောင်လိုက်သည်။

ဒန်....ဒန်....ဒန်......
လေထဲတွင် သတ္တုချင်း ထိခိုက်မိသံတွေ အဆက်မပြတ်ထွက်ပေါ်လာသည် ။ လီမိုလင်၏ မိုးပြာရောင် ဖီးနစ်ကြီးက အဆိပ်နောက်ချေးပိုးလေးတွေကို အဝေးသို့ လွင့်ထွက်သွားစေသော်လည်း လီမိုလင်ကျောဘက်မှာတော့ ချွေးစေးများဖြင့် စိုရွှဲသွားသည် ။

လီမိုလင်စိတ်ထဲမှာ အဆိပ်နောက်ချေးပိုတွေက သူမ၏ ချယ်ရီနှုတ်ခမ်းထဲကနေ လည်ပင်း ၊ ထိုနောက် သူမအသားတွေကို ဝါးမြိုကာ သူမ၏ ရင်ဘတ်သို့ရောက်လာ အဲ့ဒီနောက် သူမ၏ မွေးရာပါလယ်တစ်ကွက်နေရာ ၊ သူမဖင် စသဖြင့် သူမသာအငိုက်မိခဲ့လျှင် အဆိပ်နောက်ချေးပိုးတွေ ဝင်ရောက်လာမည့် လမ်းကြောင်းကိုမြင်ယောင်ရင်း ရွှေရင်တစ်ခုလုံး သိမ့်သိမ့်ခုန်သွားသည်။

ထိုအချိန်တွင် အနောက်ဘက်သို့ လွင့်စင်သွားသည့် အဆိပ်နောက်ချေးပိုးလေးတွေက သူမဆီသို့ နောက်တစ်ကြိမ် ပျံသန်းလာကြပြန်သည် ။ ထိုနောက် သူမ၏ ကိုယ်သင်းရနံက အဆိပ်နောက်ချေးပိုးတွေကို ဆွဲဆောင်နိုင်ဟန်တူသည် ။ အချိန်ကြာလာသည်နှင့်အမျှ လီမိုလင်ဆီသို့ ရောက်ရှိလာသော အဆိပ်နောက်ချေးပိုးတွေက တစ်စထက်တစ်စ ပိုမိုများပြားလာသည် ။

ယခုအချိန်မှာ လီမိုင်လင်စိတ်ထဲမှာ ကျန်းဖူကို ဂရုစိုက်မနေနိုင်တော့ပေ။ သူမလက်ထဲမှ မိုးပြာရောင် ဓားကို အဆက်မပြတ်ဝေ့ယမ်းရင်း အဆိပ်နောက်ချေးပိုးတွေကို အဝေးသို့ မောင်းထုတ်ပြစ်နေသည် ။ ထိုအချိန်၌ လီမိုလင်နှင့် သိပ်မဝေးသောနေရာမှာရှိနေသည့်အကြီးအကဲ တစ်ယောက်ဆီကနေ စူးစူးရှရှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။

လီမိုလင် လှည့််ကြည့်လိုက်ချိန်မှာတော့ ထိုအကြီးအကဲ၏ ပါးစပ်တစ်ခုလုံးမှာ အဆိပ်နောက်ချေးပိုးများဖြင့် ပြည့်နှက်နေလေပြီ ။ အကြီးအကဲ၏ ပါးစပ်ထဲမှာ အဆိပ်နောက်ချေးပိုးများဖြင့် ပြည့်နှက်နေတာကြောင့် အဲ့ဒီအကြီးအကဲက ဝူးဝူးဝါးဝါးသာ အော်ဟစ်နိုင်လေသည် ။

အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး လီမိုလင်ရင်ထဲကနေ အန်ချင်စိတ်တွေ အလုံးလိုက်အရင်းလိုက် ပျို့တက်လာသည် ။ နောက်ဆုံးမှာတော့ သူမက ချုပ်တည်းမထားနိုင်တော့ပေ ။ လွန်ခဲ့သော နှစ်ရက်က စားခဲ့သော ပင်လယ်သားရဲ၏အသားတွေကို တဝေါ့ဝေါ့ဖြင့် အဆက်မပြတ် အန်ထုတ်လိုက်ရသည် ။

လီမိုလင် အခြေအနေမကောင်းတာကို သတိပြုမိတော့ လွေယန်က သူဓားကိုဝေ့ယမ်းရင်း လီမိုလင်ကိုကာကွယ်ပေးလိုက်သည် ။

"... အကြီးအကဲ လီ ....ခင်ဗျားအဆင်ပြေရဲ့လား?"

လွေယန်က စိုးရိမ်တကြီးမေးလိုက်သည် ။

လီမိုလင်က ခေါင်းကိုအသာအယာ ညိတ်ပြလိုက်သည် ။

ထိုအချိန်၌ ကျန်းဖူဆီက စကားသံ ထပ်မံထွက်ပေါ်လာပြန်သည် ။

"... ဝါး .... နင်ကိုယ်ဝန်ရတာကလည်း မြန်လှချည်လား .....?"

ထိုနောက် သူမျက်လုံးတွေက လီမိုလင် ဝမ်းဗိုက်နေရာသို့ရောက်ရှိသွားပြီး

".... နင်ဗိုက်ကတော့ ဗိုက်ကြီးသည်နဲ့ မတူသေးပါလား ...."

သူမတစ်ကိုယ်လုံးကို စိန်ပြေနပြေ အကဲခတ်နေသည့် ကျန်းဖူအကြည့်တွေကြောင့် လီမိုလင်လည်း သွေးအန်ထွက်လုမတတ် ဒေါသတွေထွက်လာသည် ။

".... နင် ...နင် ....."

လီမိုလင်က ကျန်းဖူအား ချက်ချင်းသတ်ပြီး အရေခွံဆုပ်တော့မည့်ပုံစံမျိုး စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်  ။
သို့သော် အဆိပ်နောက်ချေးပိုးတွေက သူမကဒေါသ ကောင်းကောင်း ထွက်ခွင့်မပေးချေ ။

လွေယန်က သူဓားကို အဆက်မပြတ်လွှဲယမ်းရင်း အမောတကောပြောလိုက်သည်

".... အကြီးအကဲလီ ...ဒီဟာတွေက ဆုံးမှာမဟုတ်ဘူး  ....ကျုပ်တို့ အရင်ဆုံး ပြန်ဆုတ်ကြရင်ကောင်းမယ် ...."

သူတို့၏ဘလက်ရှိအနေအထားက ဆင့်ကဲ့ပြောင်းလဲထားသော အဆိပ်နောက်ချေးပိုးတွေကို သတ်ဖို့အတွက် မဖြစ်နိုင်ပေ ။ အခုလိုမျိုး ဆက်ပြီး တောင့်ခံနေမယ်ဆိုရင် နောက်ဆုံးမှာ သူတို့အကုန်လုံး အဆိပ်နောက်ချေးပိုးအစာတွေ ဖြစ်သွားနိုင်သည် ။

လီမိုလင်လည်း ဤအချက်ကို အစောကြီးထဲက သဘောပေါက်ထားသော်လည်း သူမစိတ်ထဲမှာ အရှက်တကွဲ တပ်ပြန်ဆုတ်သွားရမှာကို လက်မခံနိုင်အောင် ဖြစ်နေသည် ။ ဒီတစ်ကြိမ် ရှောင်လုံကိုသသတ်နိုင်ရန်အတွက် သူတို့ဘက်က
နတ်နဂါးချပ်ဝတ်တန်ဆာများ  နတ်ဘုရားအဆင့်လက်နက်များ ၊ နှင့် အင်မတန်ရှားပါးလှသော ရွှေပိုးချည်ကောင်၏ ရွှေပိုးမျှင်ကိုတောင် အသုံးပြုခဲ့သည် ။
သို့သော် ဤမျှထောင့်စေအောင် ပြင်ဆင်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ဖို့ ရာခိုင်နှုန်းမျာနေသည် ။

သူတို့ အခုလိုမျိုး အရှက်တကွဲ ရှုံးနိမ့်ခဲ့သည့် သတင်းသာ သိုင်းလောကထဲမှာ ပျံနှံသွားမယ်ဆိုရင် နတ်ဘုရားကျောင်းတော်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်သွားနိုင်သည် ။ ထိုအပြင် သူတို့ နတ်ဘုရားကျောင်းတော်ကို ပြန်ရောက်ရင်လည်း ကြီးလေးသော ပြစ်ဒဏ်ကို ကြိမ်းသေချာပေါက်ကျခံရမှာပဲ ဖြစ်သည်။

နတ်ဘုရားကျောင်းတော်၏ ကြောက်မက်ဖွယ်ရာ အပြစ်ပေးမှုတွေကို ပြန်လည်မြင်ယောင်ရင်း လီမိုလင်တစ်ကိုယ်လုံး တုန်တက်သွားသည်။

".... အကြီးအကဲလီ ... ကျုပ်တို့ စခန်းကို အရင်ပြန်ပြီး အခုအခြေအနေကို သေသေချာချာ သတင်းပြန်ပို့ကြရအောင် ... ဂိုဏ်းချုပ် ဘုန်တော်ကြီးကလည်း အခုအခြေအနေတွေကိုကြားရင် ကျုပ်တို့အပြစ်တွေကို လျော့ပေါ့ပေးမှာပါ ...."

လွေယန်က လီမိုလင်စိုးရိမ်နေသော အချက်ကို  နားလည်ပြီးနောက် ဖြောင်းဖြပြောဆိုလိုက်သည်။

သို့သော် လီမိုလင်ကတော့ တုန့်ဆုန်နေဆဲပင် ....!

ရုတ်တရက် ထွက်ပေါ်လာသော စူးစူးဝါးဝါးအော်ဟစ်သံတစ်ခုက သူတို့နှစ်ယောက်ကို လက်ရှိ အခြေအနေသို့ ပြန်လည်ဆွဲခေါ်လိုက်သည် ။အသံထွက်ပေါ်လာရာကို လှမ်းကြည့်လိုက်တော့  နတ်ဘုရားကျောင်းတော်က နောက်ထပ်အကြီးအကဲ တစ်ယောက် အဆိပ်နောက်ချေးပိုးလက်ချက်မိသွားတာကို မြင်တွေ့လိုက်ရသည်။ ထိုအကြီးအကဲ ဇတ်သိမ်းကို အားလုံးက သဘောပေါက်လိုက်ကြသည် ။

".... ပြန်ဆုတ်ကြ ...."

   လီမိုလင်စိတ်ထဲက မပါသော်လည်း အားလုံးကို အော်ဟစ်အမိန့်ပေးလိုက်သည် ။

လီမိုလင်နှင့် လွေယန်က အရင်ဆုံး ပျောက်ကွယ်သွားကြသည် ။ သူတို့နှစ်ယောက် ပျောက်ကွယ်သွားပြီးနောက်မှာ အရင်ထဲက ထွက်ပြေးချင်နေကြသည့် အကြီးအကဲတွေအကုန်လုံး ရင်ပြင်ကျယ်ထဲကနေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကုန်ကြသည်။

ကျောင်းရှု နှင့် ကျန်းဖူက နတ်ဘုရားကျောင်းတော်က လူတွေ အခုလိုမျိုး အမြီးတန်းနေအောင် ထွက်ပြေးသွားလိမ့်မည်ဟု မထင်ထားကြပေ ။ သူတို့ သတိဝင်လာချိန်မှာတော့ နောက်ကျသွားချေပြီ ။ အမှန်တော့ သူတို့နှစ်ယောက်ထဲ့နဲ့လည်း နတ်ဘုရားကျောငိးတော်ကလူတွေအကုန်လုံးကို ဟန့်တားနိုင်ဖို့ မဖြစ်နိုင်ပေ ။

နတ်ဘုရားကျောင်းတော်ကလူတွေ ထွက်ပြေးသွားပြီးနောက် ရင်ပြင်ကျယ်ကြီးထဲမှာ  နတ်တံခါးဂိုဏ်းမှ အကြီးအကဲများနှင့် အရိုးဖြူဖြူများသာ ကျန်ရှိတော့သည်  ။နယ်မြေခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေက အရိုးဖြူဖြူတွေကိုကြည့်ရင်း မျက်စိမျက်နှာပျက်ကုန်ကြသည်။
သူတို့စိတ်ကူးထားခဲ့သော အဖြစ်အပျက်နှင့် လက်ရှိအခြေအနေကို လုံးဝကို ခြားနားနေလေသည်။

နတ်ဘုရားကျောင်းတော်ကလူတွေထွက်ခွာသွားပြီးနောက် အဆိပ်နောက်ချေးပိုးတွေက နတ်တံခါးဂိုဏ်းက လူတွေအနားသို့ ရောက်ရှိလာကြသည်။ အဆိပ်နောက်ချေးပိုးတွေက နတ်နဂါးချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ထားသည့် နတ်ဘုရားကျောင်းက အကြီးအကဲတွေကိုတောင်
ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ်ဆိုမှတော့ သူတို့လို ချပ်ဝတ်တန်ဆာတစ်ခုမှ မရှိသည့်
လူတွေရဲ့ဘဝက တွေးရဲဖွယ်ရာမရှိပေ ။

ကောင်းကင်ထက်မှ အလင်းရောင်တွေကို ပိတ်ဆို့နိုင်သည့်အထိ များပြားသော အဆိပ်နောက်ချေးပိုးအုပ်ကြီးကိုကြည့်ရင်း နတ်တံခါးဂိုဏ်းက လူတွေအကုန်လုံး အရိုးထဲထိ စိမ့်နေအောင် ကြောက်လန့်ကုန်ကြသည် ။

သေခြင်းတရားက သူတို့လို တိုက်ပွဲများစွာ ရင်ဆိုင်ဘူးကြသော သိုင်းသမားရင့်မာကြီးများ အတွက် သိပ်ပြီး ထူးခြားသော ကိစ္စတစ်ခုမဟုတ်သော်လည်း နတ်ဘုရားကျောင်းတော်က အကြီးအကဲတွေကို အဆိပ်နောက်ချေးပိုးလေးတွေ တစ်စစီကိုက်ဖဲ့စားနေသော မြင်ကွင်းက သူတို့၏ ခိုင်မာသော စိတ်ဓတ်တွေကို ရိုက်ချိုးပစ်နေလေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၁၀ .....

သို့သော် နတ်ဘုရားကျောင်းတော်မှ လူများအတွက်  ကံကောင်းသွားသည့်အချက်မှာ
အဆိပ်နောက်ချေးပိုးလေးတွေက သူတို့ကို တိုက်ခိုက်ခြင်းမရှိသေးပဲ ဝိုင်းရုံသာ ဝိုင်းထားကြသည်။ သို့သော် ဧရာမ တိမ်မည်းတိုက်ကြီးတစ်ခုလို များပြားလှသော အဆိပ်နောက်ချေးပိုးလေးတွေ သွားဖြဲ၍
ခြိမ်းခြောက်နေတာကို ရပ်ကြည့်နေရတာကိုက ကြက်သီးထချင်စရာကောင်းနေသည် ။

အကုန်လုံးက အဆိပ်နောက်ချေးပိုးလေးတွေကိုအာရုံစိုက်နေကြစဉ် ကောင်းကင်ထက်မှာ ပြင်းထန်သော အားအင်လှိုင်းတွေ ဖြစ်ပေါ်လာသည်။

အကုန်လုံးမော့ကြည့်လိုက်တော့ ချန်ထျန်ချီနှင့် ရှောင်လုံတို့နှစ်ယောက်ကြားမှ တိုက်ပွဲက  အထွတ်အထိပ်ဆီသို့ ရောက်ရှိနေလေပြီ ။ သို့သော် သူတို့နှစ်ယောက်ကြားမှာ ရှောင်လုံ က တဖြည်းဖြည်း ပို၍  အစွမ်းထက်လာသော်လည်း ချန်ထျန်ချီကတော့ စိတ်ရှုပ်ထွေးရင်း ဒေါကန်လာပုံပေါ်နေသည်။

ရှောင်လုံ ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ နှစ်ဆယ့်လေးနှစ်ကျော်ကြာသွားခဲ့ပြီပဲ ဖြစ်သည်။ သူမွေးကတည်းက အခုအချိန်အထိ ဒီနေ့လောက် စိတ်ရှိလက်ရှိ အစွမ်းကုန်တိုက်ခိုက်ရတယ်ဆိုတာက တစ်ခါမှမရှိခဲ့ပေ ။ ချန်ထျန်ချီနှင့် ဂိုဏ်းချုပ်နေရာလုပွဲ ဖြစ်နေသော်လည်းရှောင်လုံကတော့ သူစိတ်ရှိလက်ရှိ တိုက်ခိုက်နေရခြင်းကြောင့် အရမ်းကို ကျေနပ်အားရ ပျော်ရွှင်နေ၏ ။

ရှောင်လုံအတွင်းအားက စကြာဝဠာအဆင့် ၄ စဦးအဆင့်သာရှိနေသေးတာကြောင့် ချန်ထျန်ချီနှင့်ယှဉ်လျှင် အနည်းငယ် အားနည်းချက်ရှိနေသည်။သို့သော်  သူ့ခန္ဓာကိုယ်ကတော့ အလွန်ကို ကြံခိုင်သန်မာနေသည် ။ ရှောင်လုံခန္ဓာကိုယ်က စကြာဝဠာအဆင့်၅ အထွတ်အထိပ်သို့ရောက်နေသည့် သူ့ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်နိုင်တယ်ဆိုတာကို ချန်ထျန်ချီလည်း သဘောပေါက်သွားသည်။

သို့သော် ချန်ထျန်ချီကို တကယ်အံ့သြသွားစေသည့်အချက်က ရှောင်လုံကိုယ်ထဲမှာ သူ့အတွင်းအားထက်သာလွန်နေသည့် နောက်ထပ် အင်အားတစ်ခုရှိနေခြင်းပင် ဖြစ်သည် ။ ချန်ထျန်ချီ သတိထားမိသော နောက်ထပ်အင်အားတစ်ခုက ရှောင်လုံကိုယ်တွင်းစွမ်းအားတွေကနေတစ်ဆင့် ဆင့်ကဲပြောင်းလဲသွားသည့် စစ်မှန်သော အဆီအနှစ် စွမ်းအားများပင် ဖြစ်သည် ။

ချန်ထျန်ချီလိုမျိုး ထိပ်တန်းအဆင့်၁၃ သိုင်းဝိညာဉ်ကိုပိုင်ဆိုင်ထားသည့်အပြင် စကြာဝဠာအဆင့်၅ အထွတ်အထိပ်သို့ ရောက်ရှိနေသော သိုင်းပညာရှင်တစ်ယောက်ကို ချောက်ကမ်းပါးစွန်းသို့ ပို့ဆောင်လိုက်သည့်အချက်မှာ ရှောင်လုံ သိုင်းဝိညာဉ်၏ မွေးရာပါစွမ်းရည်ပင် ဖြစ်သည်။ ရှောင်လုံ သိုင်းဝိညာဉ်က ချန်ထျန်ချီသိုင်းဝိညာဉ်လိုမျိုး  သူ့ခန္ဓာကိုယ်မှ ဒဏ်ရာတွေကို ကုသနိုင်သည့်အပြင် ကုန်ဆုံးသွားသောအတွင်းအားချီတွေကိုလည်း ချက်ချင်းဆိုသလို ပြန်လည်ဖြည့်တည်းပေးနိုင်စွမ်းရှိသည် ။ ထိုကြောင့် တိုက်ပွဲအချိန်တွေကြာလာသော်လည်း ရှောင်လုံကိုယ်ထဲက အတွင်းအားတွေကတော့ ဘယ်တော့မှ ကုန်ဆုံးသွားခြင်းမရှိပေ ။

ချန်ထျန်ချီ၏ သိုင်းဝိညာဉ်က ဒဏ်ရာကိုသာ ကုသပေးနိုင်ပြီး ကုန်ဆုံးသွားသော အတွင်းအားကိုတော့ ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း မရှိပေ ။ အကယ်၍ တိုက်ပွဲက အခုလိုမျိုး ဆက်လက်ကြာရှည်နေမည်ဆိုလျှင် အတွင်းအားလိုအပ်ချက်ကြောင့် တကယ်တမ်း ရှုံးနိမ့်သွားမည့်လူက ချန်ထျန်ချီ ဖြစ်နိုင်သည် ။

ချန်ထျန်ချီက  တစ်စုံတစ်ရာကို စိတ်ဆုံးဖြတ်လိုက်သလိုမျိုး သူ့မျက်လုံးတွေက သွေးဆာသည့် ပုံစံသို့ပြောင်းလဲသွားသည် ။ ထိုနောက် သူ့ခန္ဓာကိုယ်နံဘေးမှာ တောက်လောင်နေသည့် ရွှေဖြူရောင်မီးတောက်တွေက သူကိုယ်ထဲမှ  အလုံးအရင်းနှင့် ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားတွေကြောင့် ရုတ်တရက်ပြန့်ကျဲ့ကာ နောက်ဆုံးတွင် ပေါက်ကွဲသွားလေသည်။
ထိုပေါက်ကွဲမှုကိုကြည့်ရင်း ကျောင်းရှု နှင့် ကျန်းဖူတို့နှစ်ယောက်စလုံး မျက်နှာတွေ ပျက်ကုန်ကြသည် ။

ဒါ....ဒါက .......?!

".... မီးတောက်ကမ္ဘာ ဖောက်ခွဲဖျက်ဆီးခြင်း ....."

ချန်ထျန်ချီဆီက စူးရှသော မာန်သွင်းအော်ဟစ်သံထွက်ပေါ်လာသည် ။ ရုတ်တရက်ပေါက်ကွဲသွားသော အလင်းတန်းတွေကြောင့် ချန်ထျန်ချီက နေမင်းတစင်းနှင့် တူနေသည်။
ပေါက်ကွဲမှုကနေ ထွက်ပေါ်လာသော အလင်းရောင်ခြည်တန်းကြီးက ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရှိနေသည့် အရာဝတ္ထုတွေ အကုန်လုံးကို ချိုးခြေ ဖျက်ဆီးပြစ်လိုက်သည် ။ ဤပေါက်ကွဲမှု၏ စွမ်းပကားကြောင့် ပတ်ဝန်းကျင်မှ လေဟာနယ်များပါ အက်ကြောင်းထပြီး တစစီကြေမွကုန်ကြသည် ။

ကျောင်းရှု ၊ ကျန်းဖူ ၊ အကြီးအကဲများနှင့် နယ်မြေခေါင်းဆောင်များ၏ အကြည့်တွေအောက်မှာ ဆွဲငင်အားတစ်ခုက ရှောင်လုံကို  ပေါက်ကွဲမှု၏ ဗဟိုချက်ဆီသို့ ဆွဲခေါ်သွားလေသည်။ အချိန်အတော်ကြာပြီးနောက် ပေါက်ကွဲမှုကနေ ထွက်ပေါ်လာသည့် စွမ်းအားတွေလည်း တဖြည်းဖြည်း ငြိမ်သက်လာပြီး ပတ်ဝန်းကျင်က မူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်လာသည်။

ချန်ထျန်ချီက ဆံပင်တွေ ဖရိုဖရဲဖြစ်နေသလို တစ်ကိုယ်လုံး သွေးမရှိတော့သလိုမျိုး ဖြူဆုတ်နေသည်။ ထိုအပြင် သူ့ခန္ဓာကိုယ်ကလည်း မြေကြီးပေါ်သို့ ပြိုလဲကျလုမတတ် ပြိုင်ထိုးနေသည်။

သူအခုအသုံးပြုလိုက်သည် မီးတောက်ကမ္ဘာ ဖျက်ဆီးခြင်း သိုင်းကွက်က သူ့တစ်ကိုယ်လုံးမှာ ရှိနေသည့် အတွင်းအားအကုန်လုံးကို စုစည်း၍  ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်ခု အဖြစ် ဖောက်ခွဲပြစ်လိုက်ခြင်းဖြစ်သည် ။

ဤသိုင်းကွက်က အလွန်ကို စွမ်းအားကြီးမားသော်လည်း သူရဲ့အဓိက အားနည်းချက်တစ်ခုကက သိုင်းကွက်ကို အသုံးပြုပြီးသည်နှင့် အသုံးပြုလိုက်သူ၏ ကိုယ်ထဲမှာ မတ်တပ်ရပ်စရာ အားမရှိတော့လောက်အောင် စွမ်းအားတွေ ကုန်ခမ်းသွားခြင်းပင် ။  ချန်ထျန်ချီအနေနဲ့ သူ့ရဲ့ မူလအခြေအနေသို့ ပြန်ရောက်ချင်တယ်ဆိုရင် ခြောက်လလောက်ကို အချိန်ယူပြီး အတွင်းအား ပြန်လေ့ကျင့်ရမှာပဲ ဖြစ်သည်။

ရှောင်လုံ ရှိနေသော လေဟာနယ်တစ်ခုလုံး ပျက်ဆီးကြေမွသွားတာကိုမြင်တော့မှ ချန်ထျန်ချီရင်ထဲက အလုံးကြီး ပြုတ်ကျသွားသည် ။  ထိုအပြင် ရှောင်လုံ ကိုယ်ရောင်ကိုယ်ဝါနှင့် အသက်ဓတ်ကိုလည်း ရှာမတွေ့တော့ပေ ။
ချန်ထျန်ချီက  အက်ကွဲနေသောအသံဖြင့်  အကျယ်ကြီး အော်ရယ်လိုက်သည်

".... ဟောင်ရှောင်လုံ ...ဟောင်ရှောင်လုံ ... မင်းလိုမျိုး သိုင်းဝိညာဉ်ကမ္ဘာကြီးရဲ့ နှစ်ယောက်မရှိတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်လည်း ... ငါနဲ့တွေ့တော့ မရဏလမ်းကို စံမြန်းသွားရပြီ မဟုတ်လား ...ဟားဟားဟား ......"

ချန်ထျန်ချီက အခုသိုင်းကွက်ကို စကြာဝဠာအဆင့် ၆ သိုင်းသမားတစ်ယောက်နှင့် သူသေကိုယ်သေတိုက်ခိုက်ရာတွင် တစ်ကြိမ် အသုံးပြုခဲ့ဘူးသည်။ ထိုအပြင် သိုင်းကွက်၏ အင်းအားအပြင်းဆုံးလို့ဆိုနိုင်သည့် ဗဟိုချက်မကိုရောက်နေသည့် ရှောင်လုံ အနေနှင့် ဘယ်လိုမှ အသက်ရှင်စရာနည်းလမ်းမရှိပေ ။

ဤရလဒ်က ချန်ထျန်ချီလက်က နယ်မြေခေါင်းဆောင်တွေ နဲ့ အကြီးအကဲတွေကို  အပြုံးကြီးပြုံးသွားစေသည်။

".... ဂိုဏ်းချုပ် ....ဂိုဏ်းချုပ် ချန် နိုင်ပြီ ......!"

ဂူဝမ်က အကျယ်ကြီး အော်ရယ်လိုက်သည် ။

".... ဂိုဏ်းချုပ်ချန်နိုင်ပြီ ...."

".... ငါတို့ ဂိုဏ်းချုပ် ချန်နိုင်ပြီကွ ....."

နယ်မြေခါင်းဆောင်များ ၊ အကြီးအကဲများထံမှ အားရဝမ်းသာစွာဖြင့် ဟစ်ကြွေးလိုက်သော အသံတွေ ထွက်ပေါ်လာသည်။ ကျောင်းရှု နှင့် ကျန်းထူတို့နှစ်ယောက်ကတော့ ရှောင်လုံ ပျောက်ကွယ်သွားသော နေရာသို့ ပျံသန်းရောက်ရှိသွားကြသည် ။ ထိုကြောင့်သူတို့ စိတ်ဝိညာဉ်ကို ဖြန့်ကျက်ကာ ရှောင်လ့်ုရှိနေသောနေရာကို ရှာဖွေလိုက်သည် ။ ရှောင်လုံလိုလူမျိုးက အခုလိုမျိုး သေသွားလိမ့်မယ်လို့ သူတို့စိတ်ထဲမှာလုံးဝကို မယုံကြည်ကြပေ ။

တိတိကျကျကဆိုရရင် ရှောင်လုံ သေသွားလိမ့်မယ်လို့ သူတို့လုံးဝကိုမယုံကြည်ပေ ။
သူတို့ တုန့်ပြန်မှုကိုမြင်တော့ ချန်ထျန်ချီက စကားနာထိုးလိုက်သည်

".... ခင်ဗျားတို့ အဲ့ဒီလောက် အားစိုက်ပြီး ရှာနေစရာမလိုတော့ပါဘူး .... ကျုပ်ခင်ဗျားတို့ နှစ်ယောက်ကို တည့်တည့်ပဲ ပြောမယ် .... ကျုပ်က မီးတောက်ကမ္ဘာဖောက်ခွဲဖျက်ဆီးခြင်း သိုင်းကွက်ကိုသုံးပြီး စကြာဝဠာအဆင့် ၆ စဦးသိုင်းပညာရှင်တစ်ယောက်ကိုတောင် သတ်ခဲ့ပြီးပြီ .... ဟောင်ရှောင်လုံဆီမှ မသေနိုင်တဲ့ အင်မော်တယ် ခန္ဓာကိုယ်မျိုးရှိနေမယ်လို့တော့ ကျုပ်မယုံဘူး ...နောက်ပြီး ဟောင်ရှောင်လုံ ခန္ဓာကိုယ်က ဘယ်လောက်ပဲ မာကျောတယ်ပြောပြော စကြာဝဠာအဆင့်၆ စဦးသိုင်းပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်နိုင်ပါ့မလား .....?"

ချန်ထျန်ချီစကားက ကျောင်းရှု တို့၏ နောက်ဆုံးမျှော်လင့်ချက်လေးကို ရိုက်ချိုးပြစ်လိုက်လေသည်။

စကြာဝဠာအဆင့်၆ စဦးသိုင်းသမားတစ်ယောက်တောင် ချန်ထျန်ချီရဲ့ မီးတောက်ကမ္ဘာဖောက်ခွဲ ဖျက်ဆီးခြင်း သိုင်းကွက်နဲ့ သေသွားတယ်ဆိုပါလား .....!
ချန်ထျန်ချီပုံစံကလည်း ယုံကြည်ချက်အပြည့်ရှိနေသလို မဟုတ်ကဟုတ်က လျှောက်ပြောနေသည့် ပုံစံမျိုး မဟုတ်ပေ ။

ဒါ....ဒါဆိုရင် ဂိုဏ်းချုပ် တကယ်ပဲ သေသွားပြီလား....?!

ကျောင်းရှုတို့နှစ်ယောက်က ရှောင်လုံခန္ဓာကိုယ်နှင့် ပတ်သတ်ပြီး မယုံကြည်နိုင်လောက်သည့် အံ့သြမှင်သက်ဖွယ်ရာ ဖြစ်ရပ်တွေအများကြီးကို မြင်တွေ့ခဲ့ရဘူးသည် ။ သို့သော် ရှောင်လုံက နတ်ဘုရားတစ်ပါး မဟုတ်ပေ ။ ရှေးခတ်ဦးကဆိုရင် နတ်ဘုရားများတောင်မှ ကြေလွင့်ခဲ့ရသည် သာဓကများရှိခဲ့သည် ။

".... ကျောင်းရှု ၊ ကျန်းဖူ ....!"

ချန်ထျန်ချီက ခပ်မာမာ လေသံဖြင့် အမိန့်ပေးလိုက်သည်

"... အခုဆိုရင် ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဟောင်ရှောင်လုံလည်း သေပြီ .... ကျုပ်ကမှ နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အစစ်ပဲ ... ဂိုဏ်းချုပ်ကိုမြင်နေတာတောင်မှ ခင်ဗျားတို့ ဂါရဝမပြုကြသေးဘူးလား  .....!"

"... မဟုတ်ဘူး ....အကိုကြီး မသေဘူး .... အကိုကြီး သေတယ်ဆိုတာ မဖြစ်နိုင်ဘူး .....!"
ထိုအချိန်၌ ထျန်လေးက ဒေါသတကြီး ဝင်ပြောလိုက်သည် ။  သူမျက်နှာက ရှောင်လုံအတွက် အရမ်းကိုအရမ်းကို ပူဆွေးသောကရောက်နေပုံရသည် ။ ထိုနောက် ထျန်လေးက ချန်ထျန်ချီကို နီရဲစိုစွတ်နေသောမျက်လုံးတွေနဲ့ စိန်းစိန်းဝါးဝါးစိုက် ကြည့်လိုက်ပြီး သူ့လက်သီးသေးသေးလေးဖြင့် အားကုန်ထိုးချလိုက်သည်။

".... ခွေးသားလေး ... မင်းကလည်း သေချင်နေတယ်ဆိုမှတော့ မင်းဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့ကွ ..."

ချန်ထျန်ချီ၏ စကားသံက ကြောက်မက်ဖွယ်ရာကောင်းအောင် အေးစက်နေသည် ။ ထိုနောက် ချန်ထျန်ချီက သူရဲ့ နတ်သားလှံတံကိုကိုင်ဆွဲကာ ထျန်လေးကို ဆောင့်ထိုးချလိုက်သည် ။

ချန်ထျန်ချီ၏ မျက်လုံးထောင့်စွန်းက စူးရှသော အလင်းတန်း တစ်ခုကို ရုတ်တရက် ဖမ်းမိလိုက်သည်။ သို့သော် ထိုအလင်းတန်းက သူမတန့်ပြန်နိုင်လောက်အောင် အလွန်လျင်မြန်တာကြောင့် ချန်ထျန်ချီ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားသည် ။ ချန်ထျန်ချီက သူဆီကိုရောက်ရှိလာသည့် အလင်းတန်းအား  နတ်သားလှံ ကိုင်ဆွဲကာ ပါးစပ်အဟောင်းသားဖြင့် ငေးမောကြည့်နေရုံလေးသာ တတ်နိုင်လိုက်သည်။

".... နတ်သားဘုန်းတန်ခိုး အတားအဆီး ..."

  ချန်ထျန်ချီ၏ မသိစိတ်က သူ့ခန္ဓာကိုယ်အတွက် အရေးပေါ် အကာအကွယ်တစ်ခုကို ထုတ်သုံးနိုင်လိုက်သော်လည်း ထိုအကာအကွယ်က ပြည့်စုံသော ပုံသဏ္ဍာန်သို့ မရောက်ရှိခင်လေးမှာ စူးရှသော အလင်းတန်းက ချန်ထျန်ချီ လည်ပင်းကို ပိုင်းဖြတ်သွားလေသည် ။

ချန်ထျန်ချီလက်ထဲက လှံတံက လေထဲမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ ထိုနောက် ချန်ထျန်ချီက သူ့လည်ပင်းဆီကနေ အေးစက်မှုနှင့် နာကျင်မှုကို တစ်ပြိုက်နက်တည်း ခံစားလိုက်ရသည်။

သူရဲ့နောက်လက်တစ်ဖက်က လည်ပင်းကို  ဆုပ်ကိုင်ထားလိုက်သည် ။ သူလက်ဆီသို့ ပူနွေးပျစ်ချွဲသော အရည်တွေအများကြီး စီးကျလာလေသည်။

ထိုနောက် ဖျက်ကနဲလက်သွားသော အလင်းတန်းတစ်ခုနှင့်အတူ ချန်ထျန်ချီအရှေ့သို့ လူတစ်ယောက်ရောက်ရှိလာသည် ။

"... ဟောင်ရှောင်လုံ ...မင်း....မင်း ....."

ချန်ထျန်ချီက သူ့အရှေ့သို့ရောက်လာသော လူကိုကြည့်ပြီး မယုံနိုင်သလိုမျိုး ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။

ရင်ပြင်ကျယ်ထဲမှာတော့ ချန်ထျန်ချီအတွက် ဝမ်းသာအားရ ဟစ်ကြွေးသံတွေက ရုတ်တရက် ငြိမ်ကျသွားသည် ။ ဝမ်းသာအားရဖြစ်နေသူအကုန်လုံးက ရုတ်တရက် သရဲတစ်ကောင်ကိုမြင်သလိုမျိုး မျက်လုံးတွေပြူးရင်း ရှောင်လုံကို ငေးမောကြည့်နေကြသည် ။

"... ဘာလဲ .....ငါမသေသေးတော့ မင်း အရမ်းစိတ်ပျက်သွားတာလား .....?"

ရှောင်လုံက ငရဲမှလာသော နတ်ဆိုးတစ်ကောင်လိုမျိုး ချန်ထျန်ချီအား အေးစက်စက် စိုက်ကြည့်လိုက်သည် ။

Continue Reading

You'll Also Like

175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
534K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
157K 3.9K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
13.5K 314 16
An alternate Jason Uchiha timeline