ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

נכתב על ידי Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... עוד

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

376 - 380

219 17 0
נכתב על ידי Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၇၆ ......

ကမ္ဘာမြေကြီးတစ်ခုလုံးကို မဟူရာခြုံလွှာကြီး ဖုံးလွမ်းကာ တစ်လောကလုံးအမှောင်ကျသွား၏။
ရှောင်လုံတို့လူစုက တောနက်တစ်ခုအတွင်း၌ စခန်းချနားလိုက်သည် ။ ထိုနောက် ရှောင်လုံက သူ့ကိုယ်ထဲက မီးအဆီအနှစ်များဖြင့် မီးပုံလေးတစ်ခုကို မွှေးလိုက်သည် ။ရှောင်လုံက မီးပုံအနားတွင် ထိုင်ရင်း သရဲဘုရင်သိုင်းလေ့ကျင့်သော ဂူထဲမှ ရရှိခဲ့သည့် သရဲဘုရင်လက်စွပ်ကို ထုတ်ကြည့်လိုက်သည် ။

မီးရောင်အောက်တွင် ရှိနေသော သရဲဘုရင်လက်စွပ်လေးဆီမှ ခရမ်းနက်ရောင်တစ်ချို့ ထွက်ပေါ်နေ၏ ။ လက်စွပ်ပေါတွင် ထွင်းထုထားသည့် နတ်ဆိုးနဂါးနှစ်ကောင်ကို ကြည့်ရတာပိုပြီး ကြောက်စရာကောင်းလာသည် ။
ရှောင်လုံက သရဲဘုရင်လက်စွပ်အတွင်းသို့ သူ့စိတ်ဝိညာဉ်စွမ်းအားများဖြင့် အကြိမ်ကြိမ်အခါခါရှာဖွေခဲ့သော်လည် နာမယ်ကြီးနေသည့် သရဲဘုရင်ကျမ်းစာအုပ်ကို ရှာမတွေ့ခဲ့ပေ ..။
သရဲဘုရင်၏ လက်စွပ်ထဲတွင် သရဲဘုရင်ဆေးလုံးများကလွဲ၍ အကန့်အသတ်မရှိကျယ်ဝန်းသော သွေးပင်လယ်ကြီးသာ ရှိသည် ။ သို့သော် ရှောင်လုံစိတ်ထဲတွင် ထိုသွေးပင်လယ်ကြီးက တစ်ခုခု ထူးခြားနေသလိုမျိုး ခံစားနေရသည် ။
ထိုကြောင့် ရှောင်လုံက နည်းလမ်းပေါင်းစုံကို အသုံးပြု၍ သွေးပင်လယ်အတွင်းသို့ ဝင်ရောက်ရှာဖွေရန် ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့လေသည်။
ရှောင်လုံက သူ့လက်ထဲမှာ သရဲဘုရင်လက်စွပ်လေးကို ဖင်ပြန်ခေါင်းပြန်ကြည့်နေသည် ။ ထိုနောက်  သွေးပင်လယ်အတွင်းမှ လျှိုဝှက်ချက်တွေကို နောက်မှ ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။
".... ဂိုဏ်းချုပ် ...မြင့်မြတ်သော ဗုဒ္ဓမြို့တော်က ရှေ့နားမှာပဲ .... ကျွန်တော်တို့ ခနနားကြအုံးမလား...?"
ကျောင်းရှုက ပြောလိုက်သည် ။
ရှောင်လုံက ခနလောက် စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်
"..... ကောင်းပြီလေ .... ကျုပ်တို့ မြင့်မြတ်တဲ့ ဗုဒ္ဓမြို့တော်မှာ ခနလောက်နားကြတာပေါ့ ......"
လွန်ခဲ့သောနှစ်က မြင့်မြတ်သောဗုဒ္ဓအင်ပါရာနိုင်ငံ၏ ဘုရင်ဖြစ်သူ ရှိဖန်ထျန်ကသာ  မြင့်မြတ်သောဗုဒ္ဓ ဗုဒ္ဓတံဆိပ်တော်ကို မပေးခဲ့လျှင်
ရှောင်လုံအနေနှင့် ဗုဒ္ဓလှိုဏ်ဂူထဲသို့ ဝင်ခွင့်ရခဲ့မှာ မဟုတ်ပေ ...။
ဗုဒ္ဓလှိုဏ်ဂူထဲကို မဝင်ခဲ့ဘူးဆိုရင်လည်း နတ်တောင်ရွှမ်းမီကို အရယူနိုင်ခဲ့မှာ မဟုတ်ပေ ...။
နတ်တောင်ရွှမ်းမီ၏ အထောက်အပံကြောင့်သာ ရှောင်လုံအတွင်းအားတွေက တဟုန်ထိုးတိုးတက်လာခဲ့တာဖြစ်သည် ။ နတ်တောင်ရွှမ်းမီကိုသာရှာမတွေ့ခဲ့လျှင် ယခုလိုအချိန်မှာ ရှောင်လုံက စကြာဝဠာ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေအုံးမှာ မဟုတ်ပေ..။ သူအတွင်းအားတွေက အလွန်ဆုံးကောင်းကင်အဆင့် ၁၀လောက်ကိုသာ ရောက်ရှိနေအုံးမှာပဲ ဖြစ်သည် ။
ထိုကြောင့် ရှောင်လုံစိတ်ထဲတွင် ရှိဖန်ထျန်အပေါ်ကို တစ်စုံတစ်ရာ ပြန်လည်ပေးဆပ်ဖို့ အကြွေးကျန်နေ သေးသလိုမျိုး ခံစားနေရသည် ။ အဲ့ဒါကြောင့် ရှောင်လုံက ခရီးလမ်းကြုံနေစဉ် ရှီဖန်ထျန်ဆီကို ဝင်ပြီး နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်သည် ။
ရှောင်လုံက ရှီဖန်ထျန်အကြောင်းကို တွေးနေရင်း သူကို ရှဲပူတိပြောသည့် အကြောင်းအရာတစ်ခုကို သတိရမိသွားလေသည်။ ရှဲပူတိပြောစကားတွေအရ ရှီဖန်ထျန်၏ သမီးဖြစ်သူ ရှီရှောင်ဖေးဟာ နှင်းလေ တိုင်းပြည်အတွင်း ပြိုင်ဘက်ကင်း အလှဘုရင်မ တစ်ပါး ဖြစ်သည် ။
"..... ရှီရှောင်ဖေးက ရှဲပူတိ ပြောသလောက်ရော လှရဲ့လားမသိဘူး .... ဟိုကောင် ပေါက်ကရတွေပြောနေတာပဲနေမှာပါ ...."
ရှောင်လုံက ရင်ထဲမှာပဲ ကျိတ်ရယ်လိုက်သည် ။
ထိုနောက် သူရိန်နေမင်းကြီးက အရှေ့အရပ်ကနေ ထွက်ပေါ်လာပြီး အမှောင်ထုနေရာသို့ နေမင်းကြီး၏အလင်းရောင်များက အစားထိုးဝင်ရောက်လာသည် ။
ရှောင်လုံတို့လည်း မနက်လင်းတာနဲ့ မြင့်မြတ်သော ဗုဒ္ဓမြို့တော်ကြီးသို့ ပျံသန်းသွားလိုက်သည်။
နာရီဝက်အကြာတွင် သူတို့လူစုက မြင့်မြတ်သော ဗုဒ္ဓ မြို့တော်ဆီသို့ ရောက်ရှိသွားသည် ။
ရှောင်လုံက လွန်ခဲ့သော နှစ်တွေတုံးကလည်း နတ်တောင်ရွှမ်းမီကို ရှာဖွေရန်အတွက် ဗုဒ္ဓအင်ပါရာနိုင်ငံသို့ လာခဲ့ဘူးသေးသည် ။ သို့သော် သူအနေနှင့် ဗုဒ္ဓအင်ပါရာနိုင်ငံ၏ နန်းတွင်းမြို့တော်ထဲကိုတော့ မရောက်ရှိခဲ့ပေ ..။
မြင့်မြတ်သော ဗုဒ္ဓမြို့တော်အတွင်းမှ လေထုထဲတွင် များပြားသော ဗုဒ္ဓစွမ်းအားတွေစုစည်းလျက်ရှိသည်
ဤ ဗုဒ္ဓစွမ်းအားတွေက လူတစ်ဦးတစ်ယောက်ဆီကနေ မြစ်ဖျားခံလာတာမျိုးမဟုတ်ပဲ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းပင် ...။
မြို့ထဲက လမ်းမထက်တွင် စျေးရောင်စျေးဝယ်များဖြင့် စည်းကားသိုက်မြိုက်နေ၏ ။
သို့သော် ဆိုင်များတွင် ရောင်းချသော ပစ္စည်းတိုင်းလိုလိုက ဗုဒ္ဓနှင့် တစ်နည်းနည်း ဆက်စပ်နေသည် ။ တချို့ဆိုင်များက ဗုဒ္ဓဆင်းတုတော်တွေကိုရောင်းချကြပြိး တချို့ဆိုင်တွေကတော့ ဗုဒ္ဓနှင့် ဆက်စပ်သော ပစ္စည်းများနှင့် သိုင်းကျမ်းများကို ရောင်းချကြသည်။
သို့သော် ရောင်းချသော သိုင်းကျမ်းတွေက အဆင့်နိမ့်သိုင်းကျမ်းမျှသာ ဖြစ်ကြသည် ။
ဤကဲ့သို့ အဆင့်နှင့် သိုင်းကျမ်းတွေက  ရှောင်လုံစိတ်အာရုံကို ညို့ငင်နိုင်စွမ်းမရ်ှပေ ..။
သို့သော် ရှောင်လုံက စိတ်ဝင်စားမှုကြောင့် ဆိုင်တစ်ဆိုင်အတွင်းသို့ဝင်လိုက်သည်။ ထိုနောက် သိုင်းကျမ်းစာအုပ်များကို ဟိုလှန်ီးလှန်ဖြင့် လျှောက်ကြည့်နေသည်။
သူတို့လမ်းမထက်တွင် လျှောက်ကြည့်ပြီးနောက် ဆိုင်အတွင်းသို့ ဝင်လိုက်ချိန်တွင် နေမွန်းတည့်ခါနီးနေပြီပဲ ဖြစ်သည် ။ ရှောင်လုံတို့က သိုင်းကျမ်းစာအုပ်အရောင်ဆိုင်အတွင်းကနေ ပြန်ထွက်လာပြီးနောက် ဗုဒ္ဓအိမ်တော်ဟူသည့် စားသောက်ဆိုင်တစ်ခုကို တွေ့ပြီး ဆိုင်အတွင်းသို့ ဝင်လိုက်ကြသည် ။
ရှောင်လုံပါးစပ်က လူတောင်းနိုင်ငံ၏ လနှင်းဝိုင် ၊
ဒေါင်ရမ်းအင်ပါရာနိုင်ငံ၏ ပြင်းပြသောအရသာ ဝိုင်နှင့် တောက်ပသော နေစင်းမြို့တော်က မူလဝိုင်တို့ မြည်စမ်းပြီးဖြစ်သည် ။ သို့သော် ဗုဒ္ဓတိုင်းပြည်မှ အရက်တွေကိုတော့ တစ်ခါမှ မြည်းစမ်းဘူးခြင်း မရ်ှသေးပ ..။
ဗုဒ္ဓအိမ်တော် စားသောက်ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် သင်းပျံမွေးကြိုင်သော ဝိုင်ရနံက သူတို့ နှာခေါင်းဆီသို့လာပြီး ကလူကျီစယ်လေသည်။ ဤဝိုင်နရံတွေက ရှောင်လုံ အနံခံဘူးသော မည်သည့် ဝိုင်ရနံနဲ့မှ မတူပေ ...။ သူက အနံတစ်ခုထဲပေါ်တွင် အခြေခံထားခြင်းပင် ...။
ထိုဝိုင်၏ ရနံကို ရှုရှိုက်လိုက်ရုံဖြင့် ထူးခြားကောင်းမွန်သောအရသာတစ်ခုအား ခံစားရတော့မယ်ဆိုတာကို ကြိုပြီးသိနိုင်သည် ။
ရှောင်လုံတို့အနောက်တွင် ဧရာမရုပ်သေးရုပ်ကြီးနှစ်ရုပ်က ကပ်ပါလာတာကြောင့် သူတို့လူစု ဆိုင်ထဲသို့ဝင်လိုက်တာနဲ့ ဆိုင်အတွင်းမှ လူများ၏ စိတ်အာရုံတွေက သူတို့လူစုအပေါ်သို့  စုပြုံရောက်ရှိလာသည် ။ ထိုနောက်လူတွေက ရှောင်လုံတို့လူစုကို မသိမသာ အကဲခတ်ရင်း တီးတိုးသဖန်း ပြောဆိုမှုတွေဖြစ်ပေါ်လာသည် ။
ရှောင်လုံက ဧရာမရုပ်သေးရုပ်ကြီး နှစ်ရုပ်စလုံး၏ စကြာဝဠာအဆင့် အော်ရာတွေကို ရုပ်သိမ်းထားသော်လည်း ထိုအရုပ်ကြီးများ၏ ၁၂ ပေ နီးပါးမြင့်မားသည့် အရပ် နှင့် ကြံခိုင်တောင့်တင်းသော ခန္ဓာကိုယ်တွေကို ကြည့်ရုံဖြင့် စားသောက်သူတွေက ကြောက်လန့်နေကြသည် ။
".... သူတို့က အရပ်ဆယ်မျက်နှာတိုင်းပြည်ကလာတဲ့ သားရဲသိုင်းပညာရှင်တွေလား ....?"
လူတစ်ယောက်က ရှောင်လုံတို့နောက်မှ ဧရာမရုပ်သေးရုပ်ကြီးနှစ်ကို ငေးကြည့်ရင်း တအံ့တသြဖြင့်ရေရွတ်လိုက်သည် ။
".... မဟုတ်လောက်ဘူး ... သားရဲလူသားတွေက မိစ္ဆာမျိုးနွယ်ဝင်တွေနဲ့ တူကြတယ်ကွ ...သူတို့နှစ်ယောက်ကတော့ သားရဲလူသားမဟူတ်တာ သေချာတယ် ....."
ပထမလူနှင့် တစ်ဝိုင်းထဲထိုင်နေသော လူကရှင်းပြလိုက်သည် ။ ရှောင်လုံကတော့ မှတ်ချက်စကားတွေကို နားထောင်ရင်း မသိမသာ ပြုံးလိုက်ပြီး ကျောင်းရှုတို့နှင့်အတူ ပြတင်းပေါက်နားမှ စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်သည် ။
ရုပ်သေးရုပ်ကြီးနှစ်ရုပ်ကတော့ ရှောင်လုံတို့အနောက်နားတွင်သာ မတ်တပ်ရပ်နေကြသည်။
ခနလောက်ကြာတော့ စားပွဲထိုးလေးတစ်ယောက်က ရှောင်လုံတို့ အနားသို့ မဝင့်မရဲဖြင့် ချဉ်းကပ်လာပြီး
"... သခင်လေးတို့ ဘာများမှာလိုပါသလဲ ..."
"... မင်းတို့ဆီမှာရှိတဲ့ အကောင်းဆုံး ဝိုင်သုံးပုလင်းနဲ့ စားပွဲအပြည့်စားသောက်စရာတွေ ချကွာ ....ဝိုင်သုံးပုလင်းကို အရင်ဆုံးယူလာခဲ့ ...."
".... ဝိုင်တွေအရင်ယူလာရမယ် ..."
စားပွဲထိုးလေးက အနဲငယ် မှင်သက်သွားသည် ။
စားပွဲထိုးလေး၏ အမူအရာကိုမြင်တော့ ရှောင်လုံဘာမှ ပြောမနေတော့ဘဲ သူ့ရဲ့ သိုလှောင်လက်စွပ်သို့ ဖွင့်အြလိုက်သည်။ ရှောင်လုံ၏ သိုလှောင်လက်စွပ်အတွင်းမှ တောင်ပုံရာပုံဖြစ်နေသော ရွှေဒင်္ဂါးများမှ ထွက်ပေါ်လာသည့် အလင်းရောင်တွေက စားပွဲထိုးလေးမျက်လုံးကိုတောင် ကျိမ်းစပ်သွားစေသည် ။ ရှောင်လုံအနေနှင့် ဤ ကဲ့သို့ အခြေအနေမျိုးကို ခနခန ကြုံတွေ့ခဲ့ပြီးပြီမဟုတ်ပါလား ....။
ရှောင်လုံ သိုဆလှာင်လက်စွပ်အတွင်းမှ ရွှေဒင်္ဂါးတွေကိုမြင်တော့ စားပွဲထိုးလေးက ဒူးညွတ်ကျသွားလုမတတ် တုန်လှုပ်သွားသည် ။
ထိုနောက် သူက ရှောင်လုံအမှာစာကို အမြန်ဆုံး လုပ်ဆောင်ပေးနိုင်ရန်အတွက် အလျင်အမြန်ထွက်ခွာသွားလေသည် ။
သိပ်မကြာခင်မှာပဲ စားပွဲထိုးလေးက ဝိုင်သုံးပုလင်းနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
စားသောက်ဆိုင်၏ အမည်က သူတို့၏ နာမယ်ကြီး ဝိုင်ပုလင်းအမည်ကို ကိုယ်စားပြုထားခြင်းပင် ..။
ရှောင်လုံက ဝိုင်ပုလင်း အဖုံးကိုဖွင့်ကာ ကျောင်းရှုတို့နှစ်ယောက်ကို တစ်ခွက်စီငှဲ့ပေးလိုက်သည် ။ ထိုနောက် သူတို့သုံးယောက်က ဝိုင်တွေကို တစ်ကျိုက်ထဲ မော့ချလိုက်သည်။
ထိုအခါ နက်ရှိုင်းသော မီးခိုးအရသာ အနဲငယ်ပါဝင်နေသော ဝိုင်တွေက သူတို့လည်ချောင်းအတွင်းသို့ စူးရှစွာတိုးဝင်လာလေသည်။ သူအရသာက အနဲငယ် စပ်သော်လည်း ဝမ်းဗိုက်အတွင်းသို့ ရောက်လာသောအခါ ရေပြင်ပေါ်မှ လှေလေး တစ်စီးနှယ် ငြိမ့်ငြိမ့်လေး စီးဆင်းသွားသည်။
ထိုကြောင့် ရှောင်လုံတို့စိတ်ထဲတွင် တစ်ခွက်သောက်ပြီးသည်နှင့် နောက်တစ်ခွက်ကို ဆက်ပြီးသောက်ချင်စိတ် ဖြစ်ပေါ်လာလေသည် ။
".... အား .....မဆိုးဘူးပဲ ...."
ရှောင်လုံက ဗုဒ္ဓအိမ်တော် ဝိုင်ကို ချီးကျူးလိုက်သည် ။ ဗုဒ္ဓအိမ်တော် ဝိုင်က  တောက်ပသောနေမင်းမြို့မှ မူလ ဝိုင်နှင့် မယှဉ်နိုင်သော်လည်း ကောင်းမွန်သော ဝိုင်တစ်ခု ဖြစ်လေသည်။
ကျောင်းရှု နှင့် ကျန်းဖူတို့ကလည်း ရှောင်လုံစကားအပေါ် ခေါင်းညိတ်ရင်း ထောက်ခံလိုက်ကြသည် ။ သူတို့ သုံးယောက် စကားတပြောပြောဖြင့် သောက်သုံးနေကြစဉ် ဆိုင်အတွင်းသို့ ဗိုက်ပူပူဖြင့် လူကြီးက နောက်လိုက်လေးယောက်နှင့်အတူ ဆိုင်အတွင်းသို့ ဝင်လာသည်။
ထိုလူကြီး၏ ပုံသဏ္ဍာန်ကိုကြည့်ပြီး ရှောင်လုံက ပြုံးစိစိဖြစ်သွားလေသည် ။ ထိုလူကြီးက ပုတီးစေ့လေးလို သေးငယ်နေသော မျက်လုံး ၊ ကြီးမားသော နှာခေါင်း ၊ ပါးစပ်ကျယ်ကျယ် နှင့် မိန်းမတစ်ယောက်လိုမျိုး ပါးလွှာသော မျက်ခုံးတွေကို ပိုင်ဆိုင်ထားသည် ။ ထိုအပြင် အဲ့ဒီလူကြီး၏ ဝမ်းဗိုက်ပူပူက ရေစည်ပိုင်းတစ်ခုလောက်ကို ကောင်းကောင်းကြီးသယ်နိုင်လေသည် ။
အဲ့ဒီလူကြီးက ဆိုင်ထဲကိုရောက်တာနဲ့ တစ်နေရာမှာ ဝင်ထိုင်လိုက်သည် ။ သိုသော်လည်း သူ့မျက်လုံးတွေကတော့ ဆိုင်တစ်ခုလုံးကို ဖြန့်ကျက်ပြီး အကဲခတ်လိုက်သည် ။ ထိုနောက် ရှောင်လုံအနောက်မှာ ရပ်နေသည့် ဧရာမရုပ်သေးရုပ်ကြီးနှစ်ခုကိုမြင်တော့ ထူးဆန်းသောရတနာပစ္စည်းကိုမြင်တွေ့လိုက်ရသလိုမျိုး သူ၏ ပုတီးစေ့မျက်လုံးလေးတွေက အရောင်လက်သွားလေသည်။
ဖက်တီးကြီးက မတ်တပ်ထရပ်ရင်း ရှောင်လုံတို့ ဝိုင်အနားသို့ ချဉ်းကပ်လာသည် ။  ဖက်တီးကြီး၏ ပုတီးစေ့မျက်လုံးလေးတွေက သူ့အရုပ်နှစ်ရုပ်ကို စူးစိုက်ကြည့်နေတာမြင်တော့ ရှောင်လုံလည်း ဇဝေဇဝါဖြစ်သွားသည် ။
ဒီဖက်တီးက ငါ့အရုပ်တွေအကြောင်းကို သိနေ လို့များလား....?
လင်းလောင်ရတနာစေတီအတွင်းမှ ရှောင်လုံ ရရှိခဲ့သော ဧရာမရုပ်သေးရုပ်ကြီးတွေက ရှေးခေတ်ဦး ဧရာမ ရွှေရောင်လူသား မျိုးနွယ်စုကနေ ဆင်းသက်လာခြင်းဖြစ်သည် ။ ထိုမျိုးနွယ်စုမှ သေဆုံးသွားသော လူတွေကို ထူးဆန်းသော အတတ်ပညာတစ်ခု အသုံးပြု၍ ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲထားခြင်း ဖြစ်သည် ။
ယခုခေတ်တွင် လက်တဆုပ်စာလောက်လူတွေကသာ ဧရာမရွေရောင်လူသားမျိုးနွယ်စုအား မှတ်မိကြသည် ။
ကျောင်းရှု နှင်းကျန်းဖူပင်လျှင် ထိုဖက်တီး၏ အပြုအမူကြည့်ပြီး အံသြသွားလေသည် ။
သူတို့ ဇဝေဇဝါဖြစ်ပြီး အံ့သြနေကြစဉ် ဖက်တီးက သူတို့ အရှေ့သို့ ရောက်ရှိလာပြီး
"..... ညီကို ....ဒါက မင်းရဲ့ အစောင့်တွေလားကွ ...?"
သူက ရှောင်လုံအနောက်မှ ဧရာမရုပ်သေးရုပ်ကြီးနှစ်ခုကို လက်ညိုးထိုးရင်း မေးလိုက်သည် ။ ရှောင်လုံက အနဲငယ် အကျပ်ရိုက်သွားသော်လည်း ပြန်ဖြေလိုက်သည့
"..... ဟုတ်တယ် .....ဘာဖြစ်လို့လဲ ....?"
သူက ဖက်တီး၏  မေးခွန်းကို အဓိပ္ပယ်ဖော်လို့ မရသေးပေ ...။
ဖက်တီးက ရယ်ပြလိုက်ပြီး
"..... ဒီလိုပါ .... အကိုက ညီလေးရဲ့ ကိုယ်ရံတော်နှစ်ယောက်ကိုဝယ်ချင်လို့... အဲ့ဒါငါ့ညီများရောင်းချင်မလားလို့ မေးကြည့်တာ .....!"
ဖက်တီးစကားကိုကြားပြီးနောက် ရှောင်လုံတို့လူစုက အနဲငယ် မှင်သက်သွားသည် ။
  ရယ်လိုက်သောအခါ ပျောက်ကွယ်သွားတတ်သော ဖက်တီး၏ မျက်လုံးနှစ်ဖက်ကိုကြည့်ရင်း ရှောင်လုံက တော်တော်လေး သဘောကျသွားသည်။ ထိုနောက် သူက ပြန်မေးလိုက်သည် ။
"..... ခင်ဗျား ကျုပ်ကိုယ်ရံတော် နှစ်ယောက်ကို ဝယ်ချင်တာ သေချာတယ်နော် ...?."

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၇၇ .......

ဖက်တီး သူ့ဆ်ိကို လာနေစဉ် ရှောင်လုံစိတ်ထဲမှာ အတွေးပေါင်းစုံ ဖြစ်ပေါ်လာသည် ။ သို့သော် ဖက်တီးက သူနောက်က အရုပ်ကြီးတွေကို လာဝယ်တာလို့တော့ သူတစ်ခါမှ မတွေးခဲ့ပေ ..။

".... သေချာတာပေါ့ ငါ့ညီရယ် ...."

ဖက်တီးက မျက်လုံးတွေပျောက်သွားအောင် ထပ်ရယ်လိုက်သည် ။

".... ခင်ဗျားက ကျုပ်ကိုယ်ရံတော်တွေကို ဘာလို့ ဝယ်ချင်တာလဲ ....?"

ရှောင်လုံက မေးလိုက်သည် ။ ဖက်တီးဘာကြောင့်မို့ သူ့အရုပ်ကြီးတွေကို ဝယ်ချင်နေသလဲဆိုတာကို ရှောင်လုံက အရမ်းကိုသိချင်နေသည် ။ ထိုအပြင် ဖက်တီး၏ အတွင်းအားတွေက အခုမြေကြီးအဆင့်၈ သာ ရှိနေသေးတာကြောင့် အတွင်းအားပိုင်းမှာ  သူ့ထက်အများကြီးအဆင့်မြင့်သော အရုပ်တွေ၏ အတွင်းအား အဆင့်ကို ခန့်မှန်းနိုင်ဖို့လဲ မဖြစ်နိုင်ပေ ..။ သူသိနေလဲ့မယ်ဆိုရင်လဲ အခုလိုမျိုး လာဝယ်ရဲမှာ မဟူတ်ပေ ....။

ဖက်တီးက ပြုံးလိုက်ပြီး

".... ဘာကြောင့်လဲဆိုတော့ ငါညီနောက်က ကိုယ်ရံတော်တွေက စောက်ရမ်းကို အထာကျလို့ကွ ...."

အထာကျတယ်  .....!

ရှောင်လုံ ၊ ကျောင်းရှု နှင့် ကျန်းဖူတို့က ရယ်ချင်နေတာကို အောင့်မထားနိုင်တော့ပေ...။ အမှန်တိုင်းဝန်ခံရလျှင် အရပ်ဆယ်နှစ်ပေနီးပါးမြင့်သော ဧရာမရုပ်သေးရုပ်ကြီးတွေကို ကိုယ်ရံတော်တွေလို အနောက်မှာ ထားထားရသည်က ဖက်တီးပြောသလို အမှန်တကယ်ပင် အထာကျလေသည် ။

ရှောင်လုံက ရီမောရင်း ခေါင်းခါပြလိုက်သည်

".... ခင်ဗျား ကျုပ်ကိုယ်ရံတေယ်တွေကို မဝယ်နိုင်ပါဘူး  ...!"

ရှောင်လုံက အမှန်တိုင်းပြောလိုက်ခြင်းပင် ....။
စကြာဝဠာအဆင့်၁၀  သိုင်းပညာရှင်တစ်ယောက်ကို မဆိုထားနှင့် သာမန်အဆင့် စကြာဝဠာသိုင်းပညာရှင် တစ်ယောက်ကိုတောင်မှ ပိုက်ဆံတွေ ပုံပေးပြီး ဝယ်ချင်တိုင်းဝယ်ချင်မရပေ ...။

သို့သော် ဖက်တီးက ရှောင်လုံပြောချင်သောစကား၏ အဓိပ္ပါယ်ကို နားလည်မှုလွဲကာ သူက စျေးမြင့်မြင့်ပေးလိုက်သည်

".... ရွှေဒင်္ဂါ တစ်သန်း ပေးမယ်ကွာ ဘယ်လိုလဲ..?"

ရွှေဒင်္ဂါးတစ်သန်း ....!

စားသောက်နေသူတွေအကုန်လုံး မျက်လုံးပြူးကုန်ကြလေသည် ။
ရွှေဒင်္ဂါးတစ်သန်းဆိုသော ပမဏက မြင့်မြတ်သော ဗုဒ္ဓမြို့တော်အတွင်းမှာတောင် အလွန်များပြားသော ပမာဏတစ်ခုဖြစ်သည် ။

သူ့ပတ်ဝန်းကျင်က လူတွေအကုန်လုံး အံ့အားသင့်သွားတာကိုမြင်တော့ ဖက်တီးမျက်နှာက အရမ်းကို ကျေနပ်သွားလေသည် ။
သိုသော် ရှောင်လုံက ခေါင်းခါပြလိုက်ပြန်သည်။

ရှောင်လုံ ခေါင်းခါတာကိုမြင်တော့ ဖက်တီးက အံ့သြသွားပေမယ့် စျေးထပ်တိုးပေးလိုက်သည်

"...ငါ့ညီ အကိုပြောချင်တာက ကိုယ်ရံတော်တစ်ယောက်ကို ရွှေဒင်္ဂါး တစ်သန်းလို့ပြောတာနော် ..စုစုပေါင်း ရွှေဒင်္ဂါး နှစ်သန်းပေါ့....."

သို့သော် ရှောင်လုံက ခေါင်းခါနေဆဲပင် ....။
ဖက်တီးက သဘောရိုးရိုးဖြင့် လာရောက်ကမ်းလှမ်းသည့်အတွက်သာ သူက မောင်းမထုတ်သေးတာပဲ ဖြစ်သည် ။ နို့မို့ အခုအချိန်လောက်ဆိုရင် အဝေးသို့ ကန်ထုတ်ပြီးနေလောက်ပြီ ...။

ရှောင်လုံက သူ့ကမ်းလှမ်းချက်ကို ထပ်မံငြင်းဆန်လိုက်တော့ ဖက်တီးက စိတ်ပျက်လက်ပျက်ဖြစ်သွား၏ ။ သူက အနောက်သို့ လှည့်ကာ သူ့စားပွဲဆီသို့ ပြန်သွားတော့မည့်အချိန်တွင် အသံတစ်ခုထွက်ပေါ်လာသည်

"... အရပ်ရှည်လို့လဲ အလကားပါကွာ .... အပေါ်ယံလောက်ပဲ ကြည့်လိုကောင်းပြီး ဘာအစွမ်းအစမှ မရှိတာမျိုးလဲ ဖြစ်နေအုံးမယ် ... ဒီလိုအစောင့်မျိုးကို ခေါ်သွားရင် ကြည့်လို့သာ ကောင်းချင်ကောင်းမယ် ... အေး တကယ်တမ်းတိုက်ပွဲ ဖြစ်လာရင်တော့ တိုဖူး ပွပွကြီးလေးတွေ  တစ်ချက်ထဲနဲ့ ကြေမွကုန်မှာပဲ....."

ထိုစကားသံထဲတွင် ထေ့လုံးငေါ့လုံးများဖြင့် ပြည့်နှက်နေလေသည် ။ တိုဖူးပွပွကြီးတွေဆိုတာက ရှောင်လုံအနောက်မှ ဧရာမရုပ်သေးရုပ်ကြီး နှစ်ခုကို ဆိုလိုလိုက်ခြင်းပင်  ....။

ရှောင်လုံ အရုပ်ကြီးတွေကို လှောင်ပြောင်လိုက်သူက တန်ဖိုးကြီး ပိုးဖဲအကျီ ဝတ်ဆင်ထားကာ ဆီရွှဲနေသော ဆံပင် နှင့် ဖြူဖျော့ဖျော့ မျက်နှာကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ယောက် ဖြစ်သည်။

".... သူက ချန်မိသားစုရဲ့ အကြီးဆုံးသခင်လေး ချန်လျိုဂွမ် မဟုတ်လား ....!"

ချန်လျိုဂွမ်ဟူသော အမည်ကို ကြားလိုက်တာနဲ့ တော်တော်များများက မျက်နှာတွေပျက်ကုန်ကြသည် ။ကြည့်ရတာ မြင့်မြတ်သော ဗုဒ္ဓမြို့တော်အတွင်း၌ ချန်မိသားစု၏ အကြီးဆုံးသခင်လေး ချန်လျိုဂွမ်က  အတော်လေးကို နာမယ်ဂုဏ်သတင်း ကျော်ကြားပုံပေါ်သည်။

ချန်လျိုဂွမ် ....?
ရှောင်လုံက ချန်လျိုဂွမ်ကို မသိသော်လည်း ပတ်ဝန်းကျင်မှ လူတွေ၏ မျက်နှာထားတွေကို ကြည့်ရုံဖြင့် ချန်လျိုဂွမ်က ခေသူတစ်ယောက်မဟူတ်ဘူးဆိုတာကို သဘောပေါက်လိုက်သည်။

နေအုံး ချန်မိသားစု ....?
ရှောင်လုံက တစ်စုံတစ်ခုကိုတွေးမိလိုက်လေသည်။
ချန်မိသားစုက မြင့်မြတ်သောဗုဒ္ဓအင်ပါရာနိုင်ငံအတွင်းမှာတော့ ထိပ်တန်းမိသားစုကြီးတစ်ခု ဖြစ်သည် ။

ရှောင်လုံက မြတ်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံမှာ နတ်တောင်ရွှမ်းမီလာရောက်ရှာဖွေခဲ့စဉ်အချိန်မှာ
သူနှင့်ကြုံတွေခဲ့သော ချန်မိသားစုမှ ချန်တင်းယွမ်ကို ဖျက်ကနဲ သတိရလိုက်သည် ။

ထိုအချိန်တုံးက ရှောင်လုံကို မြင့်မြတ်သော ဗုဒ္ဓယဇ်ပလ္လင်ကြီးက ရွေးချယ်လိုက်သဖြင့်  မနာလို ဖြစ်သွားသော ချန်တင်းယွမ်ဟာ သူ့ကို အမှောင်ထဲကနေ အဆိပ်အပ်ဖြင့် လုပ်ကြုံလိုက်တာပဲ ဖြစ်သည် ။ သို့သော် သူရဲ့ လုပ်ကြံမှုက ရှုံးနိမ့်ခဲ့လေသည်။ ထိုအချိန်တွင် ရှောင်လုံက ချက်ချင်း လက်တုန့်မပြန်သေးဘဲ တေးမှတ်ထားခဲ့သည်။ သူ နတ်တောင်ရွှမ်းမီကို ရှာဖွေပြီးတော့မှ ချန်အိမ်တော်ဆီသို့ အလည်သွားရင်း ချန်တင်းယွမ် သတ်ဖြတ်ခဲ့လေသည် ။

".... မင်းနဲ့ ချန်တင်းယွမ်းက ဘာတော်လဲ ....?"

ရှောင်လုံက ချန်လျိုဂွမ်က်ု မျက်လုံးမှေးကြည့်ရင်း ရုတ်တရက်မေးလိုက်သည် ။ ရှောင်လုံ ဤကဲ့သို့ မေးလာလိမ့်မည်ဟု မထင်ထားသောကြောင့် ချန်လျိုဂွမ်က တခနလောက် မှင်သက်သွားသည်။

"... ချန်တင်းယွမ်က ငါ့ညီပဲ ...."

ခနကြာတော့ ချန်လျို ပြောလိုက်သည်

".... မင်း ငါ့ညီနဲ့ သိနေတယ်ဆိုကတည်းက ငါမင်းကို အခွင့်အရေးတစ်ခုပေးလိုက်မယ် ...."

ချန်လျိုဂွမ်က ရှောင်လုံ နှင့် ချန်တင်းယွမ်တို့နှစ်ယောက်ကို သူငယ်ချင်းတွေလို့ ထင်သွားခြင်းဖြစ်သည် ။ ရှောင်လုံက မထီတရီပြုံးလိုက်ပြီး ပြန်မေးလိုက်သည်ယ

".... ဘာအခွင့်အရေးလဲ ....?"

".... ငါဆိုတဲ့ ကောင်ကလည်း လူအထင်ကြီးအောင် လုပ်တာလောက် စောက်မြင်ကတ်တာ မရှိဘူး...."

ရှောင်လုံက ယခုကဲ့သို့ ဧရာမ လူသားကြီးနှစ်ယောက်ကို ခေါ်လာခြင်းမှာ တမင်သတ်သတ် လူအထင်ကြီးအောင် လုပ်ခြင်းဟု ချန်လျိုဂွမ်က စွပ်စွဲလိုက်ခြင်းဖြစ်သည် ။ ချန်လျိုဂွမ်က ရှောင်လုံအနောက်မှ ဧရာမလူသားတစ်ယောက်ကို မောက်မာစွာဖြင့် လက်ညိုးထိုးရင်း ပြောလိုက်သည်

"....  မင်းအစောင့်နှစ်ယောက်ထဲက တစ်ယောက်က ငါအစောင့်တစ်ယောက်ရဲ့  တိုက်ခိုက်မှုကို ခုခံနိုင်မယ်ဆိုရင် ငါမင်းတို့ကို ထွက်သွားခွင့်ပေးလိုက်မယ်  ....."

ရှောင်လုံက မမှုသလိုမျို ပခုံးနှစ်ဖက်တွန့်ပြလိုက်ပြီး

"... ငါ့အစောင့်က မင်းအစောင့်ရဲ့ တိုက်ခိုက်မှုကို အထိအခိုက် မရှိဘဲ ကာကွယ်န်ုင်ခဲ့ရင်ရော .....?"

ရှောင်လုံပြန်မေးတာကိုကြားတော့ ချန်လျိုဂွမ်၏ မျက်နှာထက်မှာ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာသည်။
သူက အနောက်ဘက်မှာရှိနေသော သူ့အစောင့်တွေဘက်သို့ လှည့်ကြည့်လိုက်ပြီး

".... ကိုယ်လူတို့ ..... ဟိုကောင်လေးကတော့ သူအစောင့်တွေက မင်းတို့တိုက်ခိုက်မှုကို အထိအခိုက်မရှိကာကွယ်နိုင်တယ်လို့ လေကြွားနေပြီ ....."

ချန်လျိုဂွမ်အနောက်မှာရှိနေကြသော အစောင့်များ၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတွေဖြစ်ပေါ်လာကြသည်။

ထိုနောက် ချန်လျိုဂွမ် ရွေးချယ်လိုက်သော အစောင့်တစ်ယောက်က အုပ်စုထဲကနေ ထွက်လာပြီး
ရှောင်လုံတို့ကို မောက်မာသော မျက်နှာထားဖြင့် ကြည့်လိုက်သည် ။ ထိုနောက် အစောင့်၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော စွမ်းအားတွေက စားသောက်ဆိုင်ကြီးတစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။ထိုစွမ်းအင်များကြောင့် ရှောင်လုံတို့ကလွဲ၍ တခြားဧည့်သည်တွေအကုန်လုံး ထိတ်လန့်ကုန်ကြသည် ။

".... စွမ်းအားတွေက ကြောက်စရာကောင်းလှချည်လား ...ဒါက ကောင်းကင်အဆင့်၁၀ သိုင်းသမားတစ်ယောက်ရဲ့ စွမ်းအားတွေပဲ ....."

စားသောက်ဆိုင်အတွင်းရှိနေသော အဆင့်မြင့်ကောင်းကင်သိုင်းသမားများထံမှ အာမေထိတ်အသံတွေ ထွက်ပေါ်လာသည် ။

".... ဘယ်လို ကောင်းကင်အဆင့် ၁၀ သိုင်းသမား ..?"

တခြားလူတွေလည်း အရမ်းကို အံ့သြကုန်ကြသည်
ရှောင်လုံထံမှ ဧရာမအရုပ်ကြီး နှစ်ခုကိုဝယ်ဖို့ ရည်ရွယ်ထားသော ဖက်တီးတောင်မှ ရှောင်လုံအနားကနေ အလျင်အမြန် ထွက်ခွာသွားလေသည် ။

သူ့ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အာမေထိတ်အသံတွေကို နားထောင်ရင် ချန်လျိုဂွမ်မျက်နှာထက်တွင် ကျေနပ်သောအပြုံးတစ်ခု ဖူးပွင့်လာသည်။ မြင့်မြတ်သော ဗုဒ္ဓ မြို့တော်ဆီသို့ ခရီးထွက်မလာခင်မှာ ချန်မိသားစုက သူ့ကိုကာကွယ်စောက်ရှောက်ပေးနိုင်ရန်အတွက် အဆင့်မြင့်ကောင်းကင်သိုင်းသမား ခြောက်ယောက်ကို စီစဉ်ပေးလိုက်ခြင်းဖြစ်သည်။ အဆင့်မြင့်ကောင်းကင်သိုင်းသမား ခြောက်ယောက်ထဲတွင် နှစ်ယောက်က အဆင့်၁၀ သိုင်းသမားတွေဖြစ်ကြသည်။

မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံထဲတွင် ကောင်းကင်အဆင့် ၁၀ သိုင်းသမားတစ်ယောက်၏  အရေးပါမှုကို စားသောက်ဆိုင်အတွင်းမှ  လူတိုင်းလိုလို နားလည်ထားကြသည် ။

ချန်လျိုဂွမ်က ပြောလိုက်သည်

".... ဟုတ်တယ် ကောင်းကင်အဆင့် ၁၀ သိုင်းသမားပဲ ... တ်တိကျကျပြောရမယ်ဆိုရင် သူက ကောင်းကင်အဆင့် ၁၀ အလယ်အဆင့်ကို ရောက်နေတဲ့ သိုင်းသမားပဲ...."

ချန်လျိုဂွမ်က လူအုပ်ကြီးကို ကြည့်ရင်း သူ့ကိုယ်ရံတော်၏ အစွမ်းကို အတည်ပြုပေးလိုက်သည်။

"... ကောင်းကင်အဆင့် ၁၀ အလယ်အဆင့်သိုင်းသမား ....?"

စားသောက်ဆိုင်အတွင်း၌ နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည် ။ ချန်လျိုဂွမ်က ရှောင်လုံကိုကြည့်လိုက်ပြီး

".... ဘယ်လိုလဲ ...? မင်းရဲ့ တိုဖူးပွပွကြီးတွေက ငါ့အစောင့်ရဲ့ လက်ဝါးတစ်ချက်ကို ခုခံနိုင်လိမ့်မယ်လို့ ထင်နေတုံးပဲလား ....? သိုင်းလောကမှာ အဓိကအရေးကြီးတာက ခန္ဓာကိုယ်အရွယ်အစား မဟုတ်ဘူကွ အတွင်းအားပဲ နားလည်လား ....?"

ရှောင်လုံက အဓိပ္ပါယ်မရှိတာတွေကို အဖက်လုပ်ပြီး ပြန်မဖြေချင်တော့ပေ ...။ သူက ရုပ်သေးရုပ်ကြီးတစ်ရုပ်ကို မျက်လုံးဖြင့် တစ်ချက်ကြည့်ပြီး အချက်ပြလိုက်သည်။ ထိုအခါ ဧရာမရုပ်သေးရုပ်ကြီးက ချန်လျိုဂွမ် အစောင့် နှင့် ရင်ဆိုင်ရန်အတွက် အရှေ့သို့ ထွက်လာသည် ။

ထိုမြင်ကွင်းကိုကြည့်ပြီး ချန်လျိုဂွမ်က ခနဲ့လိုက်သည်

".... ကောင်လေး .... မင်းအစောင့်နှစ်ယောက်စလုံးကို တစ်ပြိုင်နက် တိုက်ခိုက်ခိုင်းလိုက်ပါလားကွာ  .... မင်း နောက်မှ နောင်တရနေမှာစိုးလို့ပြောတာ ...."

အရှေ့ထွက်လာသော ဧရာမ ရုပ်သေးရုပ်ကြီးက ချန်လျိုဂွမ်၏ အစောင့်အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သို့သော် ချန်လျိုဂွမ်၏ အစောင့်ကတော့ သူ့ကိုယ်သူ အထင်ကြီးနေသည့် ပုံစံဖြင့် လက်နှစ်ဖက်ကိုပိုက်ပြီး
မတ်တပ်ရပ်နေလေသည်။

".... ကောင်းပြီ .... ငါမင်းကိုအရင်တိုက်ဖို့ အကြောပေးလိုက်မယ် ...."

အစောင့်၏ စကားအဆုံးတွင် ဧရာမရုပ်သေးရုပ်ကြီးက သူ့လက်ကိုမြှောက်၍ အစောင့်၏ ခေါင်းကိုထုချလိုက်သည် ။ ချန်လျိုဂွမ်၏ အစောင့် က သူ့ဆီသို့ လျှပ်စီးလက်သလို ရောက်ရှိလာသော ဧရာမလက်ဝါးကြီးကို ကြောက်အမ်းပြီး ငေးကြည့်နေသည် ။ သူ့က ရှောင်တိမ်းဖို့ကိုပင် သတိမရတော့ပေ ..။

အား .......!

စူးရှသော အော်သံ တစ်ခုက လေထဲတွင် လွင့်ပျံလာသည်။

သူတို့မျက်စိရှေ့ကိုမြင်ကွင်းကို ကြည့်ရင်း လူတွေ အားလုံး၏ မျက်နှာမှာ သွေးရောင်တွေ ပျောက်ဆုံးကုန်ကြသည် ။ ချန်လျိုဂွမ်၏ စကြာဝဠာအဆင့် သိုင်းသမား လက်ဝါးတစ်ချက်ထဲဖြင့် မြေကြီးအတွင်းသိူ့ ကျွံဝင်သွားလေသည် ။လည်ပင်းကစ၍ ခြေထောက်အထိက မြေကြီးထဲသို့ ကျွံဝင်သွားပြီး ခေါင်းလေးသာ မြေကြီးပေါ်တွင် ကျန်နေခဲ့သည်  ။

သို့သော် သူ့ခေါင်းကလည်း ပြင်းထန်သော အင်အားသက်ရောက်မှုကြောင့် တစစီပေါက်ကွဲသွားလေသည် ။ပေါက်ကွဲသွားသော သွေးအမှုန့်အစများနှင့် ဦးနှောက်မှ အဖတ်တွေက  ချန်လျိုဂွမ်၏ မျက်နှာဆီသို့ လေထဲကနေ ပျံလွင့်လာသည် ။

ကောင်းကင်သိုင်းသမားများကြားထဲတွင် လက်ဝါး တစ်ချက်ထဲနဲ့ ကောင်းကင်အဆင့် ၁၀ အလယ်အဆင့်ရောက်နေတဲ့ သိုင်သမားတစ်ယောက်ကို သတ်နိုက်သည့် လူက အလွန်ကိုရှားပါးလေသည်။

လူတွေအကုန်လုံးက ဧရာမလူသားကြီးကို မျက်လုံးပြူးပြီး ငေးကြည့်နေကြလေသည့။
အခြေအနေတွေက ချန်ချိုဂွမ် ခန့်မှန်းထားသလိုဖြစ်သွားတာပဲ မဟုတ်လား ...။
လက်ဝါးတစ်ချက်ထဲဖြင့် သူ့ဘက်မှ သိုင်းသမား အသက်ပျောက်သွားလေသည် ။ သူ့ ခန့်မှန်းချက်က မှန်နေသော်လည်း သူ့ဘက်နှင့်ကိုယ်ဘက် လွဲသွားတာလေး တစ်ခုသာ ပြောစရာရှိသည်။

ဗုဒ္ဓအိမ်တော် စားသောက်ဆိုင်တစ်ခုလုံးကို တိတ်ဆိတ်ခြင်းက ကြီးစိုးသွားသည် ။ ယခုအချိန်တွင် ရေတစ်စက်ကျလိုက်သည့်အသံက လူတွေ၏ နှလုံးခုန်သံထက်ကိုပင် ပို၍ ကျယ်လောင်နေသည်။

လူတွေအကုန်လုံးက ဧရာမလူသားကြီးကို ကြောက်ရွံမှု နှင့် လေးစားမှု ရောထွေနေသော အကြည့်ဖြင့် ငေးကြည့်နေကြသည် ။ ထိုအပြင် သူတိုိ့စိတ်ထဲ၌ ခန့်မှန်းချက်မျိုးစုံ ဖြစ်ပေါ်နေကြသည်။

".... ကောင်းကင်အဆင့်၁၀ အလယ်အဆင့် သိုင်းသမားတစ်ယောက်ကို တစ်ချက်ထဲနဲ့ သတ်လိုက်တယ်ဆိုတော့ စကြာဝဠာတစ်ပိုင်း အဆင့် သိုင်းသမားများလား .....?!.
စကြာဝဠာသိုင်းပညာရှင်အဆင့်ကို ရောက်လုနီးပါးဖြစ်နေတဲ့ သိုင်းသမားတွေကသာ အခုလိုမျိုး စွမ်းဆောင်နိုင်တာမဟူတ်လား .....?!"

သို့သော် သူတို့ရှေ့တွင် ရှိနေသည့် ဧရာမလူသားကြီးကို စကြာဝဠာသိုင်းပညာရှင်တစ် ယောက်ဟု မထင်ရဲကြပေ ...။ မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံကြီးတစ်ခုလုံးမှာတောင် စကြာဝဠာသိုင်းပညာရှင်တွေက လက်တဆုပ်စာလောက်သာ ရှိကြသည်။စကြာဝဠာသိုင်းပညာရှင်ပြီးရင် စကြာဝဠာတစ်ပိုင်းအဆင့် သိုင်သမားက အစွမ်းအထက်ဆုံး မဟုတ်ပါလား ။

ထိုအချိန်တွင် ချန်လျိုဂွမ်၏ မျက်တောင်ပေါ်မှာတင်နေသော သွေးတစ်စက်က သူ့နှုတ်ခမ်းထောင့်စွန်းနားသို့ ကျဆင်းလာသည်။ကြောင်တောင်တောင်ဖြစ်နေသည့် ချန်ချိုဂွမ်က သူ့နှုတ်ခမ်းထောင့်မှ နွေးနေသော အရည်တွေကို လက်ခုံဖြင့် သုတ်လိုက်ပြီး သူ့လက်ကို ငေးကြည့်လိုက်သည်။

သူလက်ပေါ်တွင် သွေးစက်များနှင့် တခြားအချွဲအကျိများ ကပ်ပါလာလေသည်။ ချန်လျိုဂွမ်က ထိုအချွဲအကျိတွေကိုကြည့်ရင်း လည်ချောင်းထဲသို့ ပျို့တက်လာလေသည် ။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၇၈ .....

သူလက်ပေါ်မှ မီးခိုးရောင်အချွဲအကျိတွေကိုကြည့်ပြီး ချန်လျိုဂွမ် ခေါင်းထဲသို့ အတွေးတစ်ခုရောက်ရှိလာသည် ။
ဦးနှောက် ......?

"..... အား .....!"
သူ့မျက်နှာထက်က သွေးရောင်တွေအကုန်လုံး ပျောက်ဆုံးသွားလေသည် ။ ထိုနောက် သူဖင်ကို တစ်ယောက်ယောက်က တူနှင့် ထုလိုက်သလိုမျိုး အနောက်ဘက်သို့ အလန့်တကြား ခုန်ပြီး ဆုတ်သွားလေသည်။

အနောက်သို့ ခုန်ဆုတ်ပြီးသည့်နှင့် သူ့မျက်နှာထက်က အချွဲအကျိတွေက ကဗျာကရာသုတ်လိုက်သည် ။ သို့သော် အချွဲအကျိတွေကို တစ်ချက်သုတ်လိုက်တိုင်းမှာ ထိုအချွဲအကျိတွေကို သူ့မျက်နှာထက်တွင် သုတ်လိမ်းနေသလိုဖြစ်နေသည် ။ ထိုကြောင့် သူဆီကနေ ငယ်သံပါအောင် အော်သံတွေက ထပ်ခါထပ်ခါထွက်ပေါ်နေလေသည်။

ချန်လျိုဂွမ်က ငယ်ငယ်ကတည်းက အရမ်းကို အသန့်အပြန့်ကြိုက်တတ်သူတစ်ယောက်ဖြစ်သည်။ သူ့ဘဝတွင် ယခုကဲ့သို့ ဆိုးရွားသောအဖြစ်အပျက်များနှင့် တစ်ခါမှ ကြုံတွေ့ဘူးခြင်းမရှိသေးပေ ...။

ချန်လျိုဂွမ်က မိန်းမ တစ်ယောက်လိုမျိုး စွေ့စွေ့ခုန်နေတာကိုမြင်တော့ ရှောင်လုံက လှောင်ပြုံးပြုံးရင်း မတ်တပ်ထရပ်လိုက်သည်။ကျောင်းရှု နှင့် ကျန်းဖူတို့ကလည်း သူနောက်ကနေ လိုက်ပါသွားကြသည်။

ရှောင်လုံက ချန်လျိုဂွမ် ဆီသို့ လမ်းလျှောက်သွားလိုက်သည်။  ချန်လျိုဂွမ်ကတော့ သူ့ဆီသို့ ရှောင်လုံလာနေတုကိုတောင် မသိတော့ပဲ အရူးတစ်ယောက်လို အော်ဟစ်နေသည် ။ ရှောင်လုံက သူ့ရှေ့တည့်တည့်သို့ရောက်လာတော့မှ ချန်ရှောင်ထျန်လည်း အလန့်တကြားအော်ရင်း အနောက်သို့ ခုန်ပြီး ဆုတ်သွားပြန်သည်

".... မင်း.....m မင်း. ဘာလုပ်ချင်လို့လဲ  ....?"

သူ့ကိုကြည့်ရတာ ဂုဏ်သရေရှိသော သခင်လေး တစ်ယေညက်နှင့်မတူဘဲ ကောင်လေးတွေ အုပ်စုလိုက်ကြီးအနောက်ကနေ အလိုက်ခံရသော မိန်းကလေးတစ်ယောက်နှင့်တူနေသည် ။

".... ဘယ်လိုလဲ ကျုပ်ရဲ့ တိုဖူးပွပွကြီးက စွမ်းရဲ့လား.....?"

ရှောင်လုံက မျက်နှာထားတည်တည်ဖြင့်  မေးလိုက်သည် ။

"....မ...မ...သူက တိုဖူးပွကြီး မဟူတ်ပါဘူး.....!"

ချန်လျိုဂွမ်က ထိတ်ထိတ်ပျာပျာဖြင့် လက်ခါပြလိုက်သည်။

ထိုအချိန်တွင် ချန်လျိုဂွမ်ဘက်မှ အစောင့်တစ်ယောက်က အရှေ့သို့ထွက်လာပြီး ချန်လျိုဂွမ် ရှေ့တွင် တံတိုင်းတစ်ခုလိုကာရံပေးလိုက်ပြီး

".... ဒီက ညီလေး ... ကျုပ်တို့ရဲ့ ချန်သခင်လေးက ချန်အိမ်တော်ရဲ့ အရိုက်အရာကို ဆက်ခံရမယ့် လူတစ်ယောက်ပါ .... ကျုပ်တို့ ဒီတစ်ကြိမ် မြင့်မြတ်တဲ့ ဗုဒ္ဓမြို့တော်ကိုလာတာ ကျုပ်တို့ ဂိုဏ်းချုပ် နဲ့ မဟာအကြီးအကဲ နှစိယောက်လဲပါလာပါတယ် .... ကျုပ်တို့ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတွေက စကြာဝဠာသိုင်းပညာရှင်တွေပါ .... သူတို့ကအခု တိုင်ကန် မင်းသားလေးရဲ့ ဧည့်သည်အဖြစ် တွေ့ဆုံနေကြတာပါ .... အဲ့ဒါကြောင့် ကျုပ်တို့အားလုံး ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြရင် မကောင်းဘူးလား .....?"

ထိုအစောင့်၏ စကားက အပေါ်ယံကြည်လျှင် ယဉ်ကျေးသည်ဟုဆိုနိုင်သော်လည်း ရှောင်လုံတို့ကို သွယ်ဝိုက်၍  ခြိမ်းခြောက်စကားဆိုလိုက်ခြင်းပင် ...။
ရှောင်လုံက နှုတ်ခမ်းလေးက ယောင်ယောင်လေး တွန့်ကွေးသွားသည် ။ သူ့စိတ်ထဲမှာတော့
"...မင်းပြောချင်တာက မင်းတို့သခင်လေးကို ထိရင် ငါတို့လည် မလွတ်မြောက်ဘူးလို့ ပြောချင်တာ မဟုတ်လား ...."

ရှောင်လုံက ခေါင်းကို တစ်ချက်ဆတ်ပြလိုက်သည်။
ထိုအချိန်တွင် ဧရာမရုပ်သေးရုပ်ကြီးနှစ်ရုပ်ထဲက တစ်ရုပ်က အရှေ့သို့  ထွက်လာပြီး ချန်လျိုဂွမ်အရှေ့တွင် ကာရံပေးထားသော အစောင့်၏ ရက်ဘတ်သို့ လက်ဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်လေသည်။

အဖြစ်အပျက်တွေက အရမ်းကိုမြန်ဆန်တာကြောင့် အစောင့်အနေဖြင့် သူ့ရင်ဘတ်သို့ လက်ဝါးကြီးလာရောက်ထိမှန်တာကို ငေးကြည့်ရုံလေးသာ တတ်နိုင်လိုက်သည် ။

အုန်း ......
အစောင့် ၏ ရင်ဘတ်တစ်ခု လုံးပွင့်ထွက်သွားပြီး
သူ့ကိုယ်တွင်း အင်္ဂါတွေက လမ်းမထက်တွင် ပွစာကျဲသွားသည် ။

ချန်လျိုဂွမ်မျက်နှာထက်မှ သွေးရောင်တွေက ပိုမိုဖျော့တော့လာပြီး သူက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်

".... ညီ ....ညီလေး .... မင်း....မင်းနဲ့ အကို့ညီလေးတိုဘက မိတ်ဆွေတွေမဟူတ်လား ..... ငါ့...ငါ့ကို ဒီတစ်ခါတော့ ချမ်းသာပေးပါကွာ ....."

ချန်လျိုဂွမ်က ချန်တင်းယွမ်နာမယ်ကို ထဲ့ပြောလာသော ရှောင်လုံက ရင်ထဲမှာ ကျိတ်ရယ်လိုက်သည်။
ဟားဟား....ဒီကောင်က သူ့ညီနဲ့ ငါ့ကို ရန်သူတွေမှန်း မသိထားဘူးထင်တယ် ...!

".... မင်းညီ ချန်တင်းယွမ်ရဲ့ မျက်နှာကိုထောက်ထားပြီး မင်းကို အသက်ချမ်းသာပေးရမယ်ပေါ့ ဟုတ်လား .....?"
ရှောင်လုံက မာဆတ်ဆတ်မေးလိုက်သည်။

".... ဟုတ် ...ဟုတ်...ဟုတ်ပါတယ်  ...."

ချန်လျိုဂွမ်က မျော်လင့်ချက်ကြိုးလေးတစ်မျှင်ကို မြင်လိုက်သလိုမျိုး ခေါင်းကိုအဆက်မပြတ် ညိတ်ပြလိုက်သည် ။

".... ဒါနဲ့ မင်းညီ ချန်တင်းယွမ် ဘယ်လို သေသွားလဲ ဆိုတာကိုရော သိလား ....?"

ရှောင်လုံက အေးစက်စက်ဖြင့် မေးလိုက်ပြန်သည်။

ချန်လျိုဂွမ်လဲ ကြောင်အမ်းသွားသည် ။ သူစိတ်ထဲတွင် သူ့ကြောက်စိတ်ကြောင့် ရှောင်လုံစကားအပေါ်  အဓိပ္ပါယ်ကောက်လွဲသွားမှာကို စိုးရိမ်နေသည် ။

"... ငါ့ညီ ဘယ်လို သေသွားလဲလဲ ဟုတ်လား ...?"

ထိုစကားကို ရေရွတ်လိုက်ပြီးနောက် သူကတစ်စုံတစ်ရာကို တွေးမိလိုက်သလိုမျိုး မျက်နှာ ဖြူဖပ်ဖြူရော်ဖြင့် ရှောင်လုံကို မျက်လုံးကြီးပြူးရင်း ငေးကြည့်နေလေသည်။

".... မင်း ...မင်း ...."
သူ့ပါးစပ်မှ စကားနှစ်လုံးသာ ထွက်ပေါ်လာသည် ။
သူ့ညီချန်တင်းယွမ်က ချန်အိမ်တော်ထဲက သူ့ခြံတွင်းအတွင်း လုပ်ကြံခံ ခဲ့ရတာပဲ ဖြစ်သည်။
ချန်မိသားစုက အဲ့ဒီအချိန်ကနေ ယခုအထိ လူသတ်တရားခံကို မရပ်မနား ရှာဖွေခဲ့သော်လည်း
သဲလွန်စကို လုံးဝရှာမတွေ့ခဲ့ပေ ...။

လူသတ်တရားခံက ငါ့..ငါ့ရှေ့က ဆံပင်အနက်နဲ့ ကောင်လေးလား .......?!

ရှောင်လုံက အပိုစကားထပ်မပြောတော့ပဲ ချန်လျိုဂွမ်အား သတ်ပြစ်ရန် ဧရာမရုပ်သေးရုပ်ကြီးတွေကို အမိန့်ပေးလိုက်သည်။
ရှေးဟောင်းရုပ်သေးရုပ်ကြီးတွေက ရှောင်လုံစိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားတာပဲ ဖြစ်သည်။ ထိုကြောင့် သူ့စိတ်ကိုတစ်ချက် ညွတ်လိုက်ရုံဖြင့် အရုပ်ကြီးတွေကို အမိန့်ပေးနိုင်လေသည်။

ချန်လျိုဂွမ်၏ ကြောက်လန့်တုန်လှုပ်နေသော မျက်လုံးများအောက်တွင် ရှောင်လုံအမိန့်ရသွားသော ဧရာမရုပ်သေးရုပ်ကြီး နှစ်ရုပ်က အရှေ့သို့ ထွက်လာကြသည် ။ ထိုနောက် သူတို့လက်ဝါးတစ်ချက်ထဲဖြင့် ချန်လျိုဂွမ်အား မြေကြီးထဲတွင် မြှပ်နှံလိုက်သည်။ ချန်လျိုဂွမ်ကလည်း သူ့ရဲ့ပထမအစောင့် နည်းတူ အဆုံးသတ်သွားလေသည် ။

ကျန်ရှိနေသေးသော ချန်လျိုဂွမ်၏ အစောင့်လေးယောက်က အရမ်းကိုကြောက်လန့်သွားပြီး ဆိုင်ထဲကနေ ထွက်ပြေးဖို့ ကြိုးစားကြလေသည် ။
သို့သော် ဧရာမရုပ်သေးရုပ်ကြီးနှစ်ရုပ်က လေဟာနယ်ကို ဖြတ်သန်းသွားသော လက်သီးတစ်ချက်စီ ထိုးချလိုက်သည် ။ ထိုလက်သီးချက်ကြောင့် ပျံသန်းထွက်ပြေးဖို့ ကြိုးဟားနေကြသော အစောင့်လေးယောက်စလုံး မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာသည် ။

စားသောက်ဆိုင်အတွင်းမှ လူတွေက ချန်လျိုဂွမ်နှင့် သူလူ ခြောက်ယောက် အသတ်ခံရနေတာကိုမြင်သော်လည်း စကားတစ်လုံးမှ မဟရဲသလို တစ်စက်ကလေးကို မလှုပ်ရဲကြပေ ..။

".... သွားစို့ ...."
ရှောင်လုံက ကျောင်းရှု နှင့် ကျန်းဖူဘက်သို့ လှည့်ကြည့်ရင်း ပြောလိုက်သည် ။
ထိုနောက် သူတို့လူစုက စားသောက်ဆိုင်ထဲကနေ ထွက်ခွာလာကြသည်။ စားသောက်ဆိုင်ထဲမှ အုံခဲနေသော လူတွေက သူတို့ဖြတ်သွားနိုင်ရန်အတွက် လမ်းအကျယ်ကြီး ဖွင့်ပေးလိုက်ကြသည် ။ရှောင်လုံက ဖက်တီးဘေးကနေ ဖြတ်သွားစဉ် တစ်ချက်လှမ်းစလိုက်သည်။

".... ဗျို့ ဒီကအကိုကြီး ကျုပ်ကိုယ်ရံတော်တွေကို ဝယ်ချင်သေးရဲ့လား .....?"

ရှောင်လုံစကားကိုကြားလိုက်တော့ ဖက်တီးတစ်ကိုယ်လုံးက ငှက်ဖျားတက်နေသလိုမျိုး တုန်ယင်နေလေသည်။
သူက ငိုတော့မည့်အသွင်ဖြင့် ကြမ်းပြင်ပေါ်သို့ ကဗျာကရာ ဒူးထောက်လိုက်ပြီး

"... မ....မ.....မ ....မလိုချင်တော့ပါဘူး .... အာ...မှား...မှားလို့ ... အကို ... မဟုတ်သေးပါဘူး...ကျွန်တော်က စီနီယာ လို့ခေါ်လိုက်တာပါ .... ကျွန်တော်မှားသွားပါတယ်ဗျာ
အသက်ကို ချမ်းသာပေးပါ ....."

ရှောင်လုံက ဖက်တီးကို သဘောကျလို့ လှမ်းစလိုက်သော်လည်း ဖက်တီးကတော့သူရင် တစ်ခုလုံးဗြောင်းဆန်းနေအောင် ကြောက်လန့်သွားသည်။ ရှောင်လုံက ပြုံးလိုက်ပြီး ဖက်တီးကို ထပ်မစတော့ပဲ ဆိုင်ထဲကနေ ထွက်လာလိုက်သည် ။ သူထပ်ပြီးစနေရင် ဖက်တီးတစ်ယောက် အသက်ထွက်သွားနိုင်လေသည် ။

ဆိုင်ထဲကနေ ရှောင်လုံတို့လူစု အေးအေးလူလူ ထွက်ခွာသွားတာကိုမြင်တော့မှ ဖက်တီးတစ်ယောက် အသက်ရှုနိုင်တော့သည် ။ သူ့စိတ်ထဲမှာတော့ သူ့ကိုယ်သူ ကျိမ်ဆဲနေလေသည် ။

အို မေမေရေ ....သားတော့ သေမင်းနှုတ်ခမ်းမွှေးကို သွားဆွဲနှုတ်ချင်တဲ့ အခြေအနေ အထိ လောဘကြီးခဲ့ပါလား .....!

ရှောင်လုံထွက်ခွာသွားပြီး ခနအကြာတွင် တိတ်ဆိတ်ငြိမ်သက်နေသော စားသောက်တိုင်ကြီးတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည် ။

ချန်အိမ်တော်ရဲ့ အကြီးဆုံးသခင်လေး သခင်လေး အသတ်ခံလိုက်ရပြီ ......!

ထိုသတင်းမှာ မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံအတွက် အင်မတန် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ပုဒ်ပင် ဖြစ်သည် ။

".... ချန်မိသားစုက ချန်လျိုဂွမ်ကို သူတို့မိသားစုရဲ့ ဆက်ခံသူအဖြစ်ရွေးချယ်ထားတာကွ ... အခုခရီးစဉ်မှာ သူ့အသတ်ခံလိုက်ရပြီဆိုတော့ ချန်မိသားစုဘက်က ဘယ်လို တုန့်ပြန်လာမလဲ မသိဘူးနော် ....!"

".... ဘယ်လို တုန့်ပြန်ရမလဲကွ .....? ချန်မိသားစုရဲ့ ဂိုဏ်းချုပ်က အင်မတန်ဒေါသကြီးတဲ့ လူတစ်ယောက်ကွ ... အခုသူ့သားအသတ်ခံခိုက်ရပြီဆို တော့ အဲ့ဒိဆံပင်အနက်နဲ့ကောင်းလေးရှာပြီး သေချာပေါက်သတ်ပြစ်လိမ့်မယ် .... နောက်ပြီး ဆံပင်အနက်နဲ့ ကောင်းလေးက ချန်တင်းယွမ်ကိုလည်း သူပဲ သတ်ခဲ့တာလို့ ပြောချင်တာလား ......?"

"...ချန်လျိုဂွမ်ကို သတ်ရဲတယ်ဆိုမှတော့ အဲ့ကောင်လေးရဲ့ နောက်ခံကလည်း ပေါ့သေးသေးတော့ မဟုတ်လောက်ဘူးကွ  .....!"

နေရာတိုင်းလိုလိုတွင် ချန်လျိုဂွမ် အသတ်ရသည့် ကိစ္စနှင့် ပတ်သတ်ပြီး အကြိတ်အနယ်ကို ဆွေးနွေးနေကြသည် ။ ရှောင်လုံ ၊ ကျောင်းရှု နှင့် ကျန်းဖူတို့ကတော့ စားသောက်ဆိုင်ထဲကနေ ထွက်လာပြီးသည့်နောက်မှာ ဖြစ်ခဲ့သမျှ အရာအားလုံးကို မေ့လျော့သွားဟန်ဖြင့် လမ်းမတစ်လျှောက် ဟိုဟို ဒီဒီလျှောက်သွားနေလေသည်။
မြင့်မြတ်သော ဗုဒ္ဓမြို့တော်တွင် ခရီးတစ်ထောက်ရပ်နားရသည့် အဓိကရည်ရွယ်ချက်မှာ ရှီဖန်ထျန်နှင့် တွေ့ဆုံချင်လို့ပဲ ဖြစ်သည် ။

သူတို့သုံးယောက်က ဟိုဟိုဒီဒီလျှောက်ကြည့်နေစဉ် လမ်းမထက်မှ လူတွေက တစ်နေရာသို့ သုတ်သုတ်ပြာပြာ သွားနေကြတာကို သတိပြုမိလိုက်သည်။ ရှောင်လုံ လည်းစပ်စုချင်သွားသည် ။
ဘာကိစ္စနဲ့ အဲ့လောက်ထိ စည်ကားနေကြတာလဲ မသိဘူး ....?
ထိုကြောင့် သူက ဖြတ်သွားဖြတ်လာလူငယ်တစ်ယောက်ကို တားဆီပြီး ဘာဖြစ်နေသလဲဆိုတာကို မေးမြန်းလိုက်သည်။

ထိုလူငယ်က ရှောင်လုံစကားကိုကြာူတော့ အနဲငယ် အံသြသွားလေသည် ။ သူက ရှောင်လုံအနောက်မှ ဧရာမလူသားကြီးနှစ်ယောက်ကို မဝံမရဲဖြင့် တစ်ချက်ခိုးကြည့်လိုက်ပြီးမှ

".... ဒီနေ့က မြင့်မြတ်သော ဗုဒ္ဓရဲ့ မွေးနေ့ဆိုတာ ဒိက ညီကို မသိဘူးလား ....?"

".... မြတ်မြတ်သော ဗုဒ္ဓရဲ့ မွေးနေ့ .....?"

ရှောင်လုံက နှစ်ခုသုံးခါလောက် ရေရွတ်လိုက်သည်။ မြင့်မြတ်သောဗုဒ္ဓအင်ပါရာနိုင်ငံတွင် မြင့်မြတ်သောဗုဒ္ဓအင်ပါရာနိုင်ငံကိုတည်ထောင်သူ တစ်ယောက်ထဲကိုသာ မြင့်မြတ်သော ဗုဒ္ဓဟု ခေါ်ကြသည် ။ ထိုသူက ရှီဖန်ထျန်၏ ဆရာဖြစ်သူ ယခင်က အင်ပါရာဘုရင်မင်းမြတ်ပင် ဖြစ်သည် ။

".... ဟုတ်တယ် ဒီနေ့က မြင့်မြတ်သော ဗုဒ္ဓ ရဲ့  မွေးနေ့ပဲ .... အဲ့ဒါကြောင့် လူတွေအများကြီးက မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ကြီးရှိရာကို သွားနေကြတာပဲ ... သူတို့က အဲ့ဒိမှာ အမွှေးတိုင်ထွန်းပြီး မြင့်မြတ်သော ဗုဒ္ဓအတွက် ဆုတောင်းပေးကြမလို့လေ  ....."

လူငယ်က ဆက်ရှင်းပြလိုက်သည်

".... နောက်ပြီး မြင့်မြတ်သောဗုဒ္ဓရဲ့ နှစ်စဉ်မွေးနေ့တိုင်းမှာ မင်းသမီးရှီရှောင်ဖေးက မြင့်မြတ်သောဗုဒ္ဓကျောင်းတော်ကို လာလေ့ရှိတယ် ....."

ရှီရှောင်ဖေး အမည်ကိုထဲ့ ပြောချိန်တွင် လူငယ်မျက်နှာမှာ ကြည်ညိုလေးစားခြင်းများနှင့် ပြည့်နှက်နေသည် ။

".... ရှီရှောင်ဖေးလည်း လာတယ် ဟုတ်လား...?"

ရှောင်လုံလည်း နဲနဲတော့ စိတ်ဝင်စားသွားသည်။

ထိုလူငယ်က ရှောင်လုံအား နားလည်ပါတယ်ဆိုသော အကြည့်ဖြင့် ကြည့်ရင်း

".... ညီကို ... ခင်ဗျားလဲ လိုက်ခဲ့ပါလား ...? ခင်ဗျားက ကျုပ်တို့ မင်းသမီးကို မမြင်ဘူးသေးဘူး မှတ်လား ...? အရင်နှစ်ကကျင်းပတဲ့ မွေးနေ့ပွဲမှာတော့ ကျုပ် အဝေးကနေ မင်းသမီးမျက်နှာကို ဖျက်ကနဲလေး မြင်လိုက်ရတယ်ဗျာ ... အဲ့နေ့ကစပြီး တစ်လလောက် ကောင်းကောင်းကို မအိပ်နိုင်တော့ဘူး ...မျက်လုံးမှိတ်လိုက်တိုင်း  သူ့မျက်နှာလေးပဲ မြင်ယောင်နေမိတယ်ဗျာ  "

ရှောင်လုံက ပါးစပ်အဟောင်းသားဖြင့် ပြန်မေးလိုက်သည်

".... ရှီရှောင်ဖေးက အဲ့သလောက်တောင် လှသလား ...?"

"...သူ့မျက်နှာလေးကိုဖျက်ကနဲ မြင်မိရုံနဲ့ တစ်လလောက်အိပ်လို့မရတော့ဘူး ဟူတ်လား .... ခင်ဗျားဟာက နဲနဲတော့ ပိုနေပြီမဟုတ်လား....?"

ရှောင်လုံက သူ့ကိုမယုံသင်္ကာအမူအရာဖြင့် ကြည့်နေတာကိုမြင်တော့ လူငယ်က

".... အေးလေ ..ခင်ဗျားက မယုံဘူးပေါ့ ...?

ပြောနေရင်းနဲ့ လူငယ်က ရှီရှောင်ဖေး၏ မျက်နှာလေးကိုပြန်ပြီး အမှတ်ရသွားဟန်ဖြင့်

".... လှပတယ်ဗျာ ... လှတာမှ အတော်လေးကိုလှတာ ....! မင်းသမီးရှီရှောင်ဖေးဆီက စကားတစ်လုံးလောက်ကြားရဖို့အတွက် ကျုပ်အသက်သက်တမ်းထဲက ဆယ်နှစ်လောက်ကို ရင်းနှီးရဲတယ်ဗျာ..."

လူငယ်ပုံစံက စားချင်တာကို မစားရသော ကလေးငယ်လေးတစ်ယောက်နှင့်တူပြီး သူ့ပါးစပ်ကနေ သရေတွေပါ စီးကျနေလေသည် ။

ရှောင်လုံက လူငယ်၏ ရဲတင်းသောအမူအရာကိုကြည့်ပြီး ရယ်မောလိုက်သည်

"..... ညွှန်းလှချည်လား ကိုယ်လူရ ....ခင်ဗျားကြောင့် ကျုပ်တောင် အတော်လေး စိတ်ဝင်စားသွားပြီ ....."

ဗုဒ္ဓယဇ်ပလ္လင်ဆီမှ ဗုဒ္ဓရောင်ခြည်တော်များနှင့် သန့်စင်ပေးခြင်းကို ခံထားရတာကြောင့် ချီဖန်ထျန်ပြောပုံအရ ရှောင်လုံကိုလည်း မြင့်မြတ်သော ဗုဒ္ဓအင်ပါရာဘုရင်မင်းမြတ်၏ တပည့်တစ်ယောက်ဟု သတ်မှတ်နိုင်လေသည် ။ ထိုကြောင့် ရှောင်လုံက ခရီးလမ်းကြုံနေစဉ်မှာ သူ့ဆရာအတွက် အမွှေးတိုင်ထွန်းပြီး ဆုတောင်းပေးဖို့ ဆုံးဖြတ်လိုက်သည် ။

ရှောင်လုံဆီက စကားသံကိုကြားတော့မှ စိတ်ကူးယဉ်ကမ္ဘာအတွင်း မျောလွင့်နေသော လူငယ်က သတိပြန်ဝင်လာပြီး အားပါးတရ ရယ်မောလိုက်သည် 

"....ကောင်းတယ် ...ကောင်းတယ် ...ခင်ဗျား စိတ်မပျက်စေရဘူး ...."

ထိုနောက် လူငယ်က ရှောင်လုံလက်ကိုဆွဲကာ

"... ကိုယ်လူရေ မြန်မြန်လာဗျို့ .... နောက်ကျသွားရင် နေရာကောင်းကောင်းရမှာ မဟုတ်တော့ဘူး  ....."

နေရာကောင်းကောင်း ဟုတ်လား ...?

ရှောင်လုံက မချိပြုံးပြုံးလိုက်ပြီး

"....ဒိနေ မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ထဲကို လူတွေအများကြီး လာကြတာလား ....?"

လူငယ်က ပြောလိုက်သည်

".... ဟုတ်တယ် ဒီနေက လူများတယ် ...ဒါပေမယ့် ယောက်ျားလေးပိုများတယ် .... ယောက်ျားလေးတွေ အကုန်လုံးနီးပါးက မင်းသမီး ရှီရှောင်ဖေးကိုကြည့်ဖို့ လာကြတာ .... ကျုပ်တို့သာ မြင်ကွင်းကောင်းကောင်းမရှာနိင်ရင် မင်းသမီးရှီရှောင်ဖေး မပြောနဲ့ သူရဲ့နောက်လိုက် အပျိုတော်လေးတွေရဲ့ ဖင်ကိုတောင် မြင်လိုက်ရမှာ မဟုတ်ဘူး ...."

လူငယ်စကားကိုကြားတော့ ရှောင်လုံ ၊ ကျန်းဖူ နှင့် ကျောင်းရှုတို့လည်း တဟားဟားဖြင့် ပွဲကျသွားသည်။

လူငယ်က မချိုမချဉ်မျက်နှာထားဖြင့် ထပ်ပြောလိုက်သည်။

"... ဟုတ်တယ် ....မင်းသမီး ရှီရှောင်ဖေးကို ခနထားအုံး .... သူဘေးက အပျိုတော်တွေကတောင် အင်မတန်ကိုလှတာနော် .... သူတို့ထဲက တစ်ယောက်ယောက်ရဲ့ ဖင်ကို မြင်လိုက်ရလဲ နဲလားဗျ...."

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၇၉ ......

  ရှောင်လုံတို့လူစုက မြင့်မြတ်သောဗုဒ္ဓကျော်တော်ဆီသို့ ဦးတည်သွားနေကြစဉ် ချန်အိမ်တော်မှ လူတွေနေထိုင်သော တိုင်ကန် မင်းသားနန်းတော်ထဲသို့ ချန်အိမ်တော်၏ အစောင့်တစ်ယောက်က အူယားဖားယားဖြင့် ပြေးဝင်လာလေသည်။

"..  ဂိုဏ်းချုပ်ကြီး ....မကောင်းတော့ဘူး ...မကောင်းတော့ဘူး ..... "

ထိုအသံကို ချန်ချန်း နှင့် မဟာအကြီးအကဲနှစ်ယောက်တို့က မျက်နှာတွေပျက်ကုန်ကြလေသည်။
ထိုနောက် ချန်ချန်း မမေးခင်မှာ ချန်အိမ်တော်အစောင့်က သတင်းပို့လိုက်သည်

".... အကြီးဆုံး သခင်လေးကို တစ်ယောက်ယောက်က သတ်သွားလို့တဲ့ ......"

"..... ဘာပြောတယ်ကွ ....?"

ချန်ချန်းနှင့် မဟာအကြီးအကဲ နှစ်ယောက်က ထိုင်နေရာကနေ ခုန်ထလာကြသည် ။ သူတို့မျက်နှာတွေက မဲမှောင်ပြီး မယုံကြည်နိုင်သလိူ ဖြစ်နေကြသည် ။

ချန်ချန်းတို့ကို ဧည့်ခံနေသည့် မင်းသား တိုင်ကန်လည်း မမျှော်လင့်ထားသော သတင်းစကားကြောင့် အရမ်းကို အံ့အားသင့်သွားသည် ။
ချန်အိမ်တော်ရဲ့ အကြီးဆုံးသားကို သတ်ရဲတဲ့သူတောင်ရှိနေသေးတာလား ....?
ထိုအပြင် ချန်အိမ်တော်က ဂိုဏ်းချုပ်နှင့် မဟာအကြီးနှစ်ကောင်ကလည်း မြင့်မြတ်သော
ဗုဒ္ဓမြို့ထဲတွင် ရှိနေကြတာပဲ မဟုတ်လား ....။

".... ဗုဒ္ဓအိမ်တော် စားသောက်ဆိုင်ထဲမှာ ဖြစ်ခဲ့တာပါ .... သခင်လေးရဲ့ ရုပ်အလောင်းက အဲ့ဒိမှာပဲ ရှိနေပါသေးတယ် ...."

ချန်အိမ်တော် အစောင့်က ထပ်ပြောလိုက်သည်။

".... ဗုဒ္ဓအိမ်တော် စားသောက်ဆိုင်...."

ချန်ချန်း၏  မျက်လုံးတွေက သွေးတွေ စီးကျလာလုမတတ် နီရဲလာပြီး သူက  မင်းသား တိုင်ကန်ကို နှုတ်ဆက်လိုက်သည်။

".... မင်းသားလေး ကျွန်တော်တို့ကို ခွင့်ပြုပါအုံး..."

မင်းသားတိုင်ကန်က ပြောလိုက်သည်

".....ကျုပ်တို့ မြို့ထဲမှာ အဲ့လိုတွေသာ တကယ်ဖြစ်ခဲ့တယ်ဆိုရင် ကျုပ်လဲခင်ဗျားနဲ့ အတူလိုက်ခဲ့ပါ့မယ် .... မြင့်မြတ်သော ဗုဒ္ဓမြို့တော်ထဲမှာ ဘယ်သူက အဲ့လောက်ထိ အတင့်ရဲနေသလဲဆိုတာကို ကျုပ်ကလည်း တွေ့ချင်သေးတယ် ...."

မင်းသားက သူ့စကားအဆုံးတွင် အကျီလက်စကို တစ်ချက်ခါလိုက်သည် ။ ထိုနောက် ပြင်းထန်းသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာပြီး ထိုစွမ်းအားတွေက သူတုိ့အနားက လေဟာနယ်ကြီးကိုတောင် တွန့်ခေါက်သွားစေသည် ။ မင်းသား တိုင်ကန်ဟာလည်း အစွမ်းထက် သိုင်းပညာရှင်တစ်ဦး ဖြစ်တယ်ဆိုတာကို သံသယဖြစ်စရာမလိုပေ ...။

".... အဲ့လိုဆိုရင်တော့ မင်းသားလေးကိုပဲ အားကိုးရမှာပဲ ....."

ချန်ချန်းက လက်ဝါးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း လေးလေးစားစား ပြန်ဖြေလိုက်သည် ။ ထိုနောက်သူက အစောင့်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး

".... မင်းရှေ့ကနေ လမ်းပြစမ်း ...."

ထိုနောက် မင်းသား တိုင်ကန် ၊ ချန်ချန်း ၊ မဟာအကြီးအကဲ နှစ်ယောက် နှင့် မင်းသားအိမ်တော်မှ သိုင်းပညာရှင်တွေက ကြမ်းတမ်းခက်ထန်သောအမူအရာများဖြင့် ဗုဒ္ဓအိမ်တော် စားသောက်ဆိုင်ရှိရာသို့ ချီတက်လာကြသည်။ သူတို့ကို ကြည့်ပြီး လမ်းသွားလမ်းလာတွေအကုန်လုံးက ကြောက်ရွံထိတ်လန့်ကုန်သည် ။

"... အဲ့ဒါ...မင်းသားတိုင်ကန် မဟုတ်လား ....?"

".... ဘယ်သူက မင်းသားတိုင်ကန်ကို ပြသနာ သွားရှာပြန်ပြီလဲ မသိဘူး  ....?"

".... လာလာ ငါတို့လည်း ပွဲကြီးပွဲကောင်းသွားကြည့်ကြရအောင် ....!"

အားမေထိတ်ရေရွတ်သံ ၊ တီးတိုးဆွေးနွေးသံများနှင့် လမ်းမတစ်လျှောက် ဆူပွက်သွားလေသည်။ မင်းသားတိုင်ကန်ဟာ ဘုရင် ရှီဖန်ထျန်၏ အငယ်ဆုံး ညီ ဖြစ်သည်။ မြင့်မြတ်သော ဗုဒ္ဓအင်ပါရာ နိုင်ငံအတွင်း၌ မင်းသားတိုင်ကန်က ဘုရတ်မင်းမြတ်ပြီးရင် အာဏာ အကြီးဆုံး လူတစ်ယောက်ဖြစ်သည်။

ခနလောက်ကြာတော့ မင်းသားတိုင်ကန်တို့လူစုက ဗုဒ္ဓအိမ်တော် စားသောက်ဆိုင်ရှိရာသို့ ရောက်ရှိလာကြသည် ။ စားသောက်ဆိုင်နားကိုရောက်တာနဲ့ မင်းသားတိုင်ကန်၏ ရဲမက်တွေက စနစ်တကျလေ့ကျင့်ထားသောပုံစံဖြင့် စားသောက်ဆိုင် ပတ်ဝန်းကျင်ကို အလျင်အမြန် ဝိုင်းရံလိုက်ကြသည် ။ ချန်ချန်း နှင့် မဟာအကြီးအကဲနှစ်ယောက်က ဆိုင်အတွင်းသို့ ဝင်လိုက်ကြသည် ။

သူတို့လူစု စားသောက်ဆိုင်အတွင်းသို့ ဝင်လိုက်တာနဲ့ စားသောက်ဆိုင်ထဲက လေထုထဲတွင်ရှိနေသည့် ပြင်းထန်သော သွေးညှီနံတွေကို အရင်ဆုံး ရှုရှိုက်မိလိုက်သည် ။ ချန်ချန်းက မီးကျီခဲလို ရဲရဲနီနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို စေ့စေ့စပ်စပ် အကဲခတ်လိုက်သည် ။ ထိုအပြင် လူသတ်ခြင်စိတ်တွေက သူ့ကိုယ်ထဲကနေ တားမရဆီးမရအောင် ထွက်ပေါ်နေသည် ။

".... ဂွမ်အာ ....."
ချန်ချန်းက ချန်လျိုဂွမ်၏ ရုပ်အလောင်းကို တွေ့မြင်သွားပြီး အလျင်းအမြန်ပြေးသွားလေသည်။ ထိုနောက် နီးရဲနေသော သူ့မျက်လုံးထဲမှ မျက်ရည်တွေ အဆက်မပြတ်စီးကျလာ၏ ။ ဧရာမရုပ်သေးရုပ်ကြီးလက်ချက်ဖြင့် ချန်လျိုဂွမ် ဦးခေါင်းက တစစီကြေမွနေသော်လည်း ချန်ချန်းကတော့ တစ်ချကမကြည့်ရုံဖြင့် သူ့သားကို မှတ်မိလေသည် ။

ဦးခေါင်းမရှိသော သူ့သား၏ ရုပ်အလောင်းကိုကြည့်ရင်း ချန်ချန်း၏ ရင်ဘတ်အတွင်း၌ ပြင်းထန်သော အမုန်းမီးတွေတောက်လောင်လာသည် ။ နှလုံးကွဲကြေမတတ် နာကျင်မှုများနှင့် မကောင်းသော စိတ်ခံစားချက်များကြောင့် သူ့ရင်ဘတ်တစ်ခုလုံး နေလို့ထိုင်လို့မရအောင် ပူစပ်ပူလောင်ဖြစ်နေသည်။

မဟာအကြီးအကဲ နှစ်ယောက်ကလည်း ကိုယ်အင်္ဂါမစုံလင်ပဲသေသွားရသော ချန်လျိုဂွမ်၏ ရုပ်အလောင်းကို ကြည့်ရင်း အံ့သြပြီး ဒေါသထွက်ကုန်ကြသည် ။
မင်းသားတိုင်ကန်လည်း ချန်လျိုဂွမ်ကို အသတ်ခံရသော မြင်ကွင်းကို ကြည့်ရင်သ တုန်လှုပ်သွားလေသည်။

  ချန်ချန်းက သူ့ရင်ဘတ်ထဲတွင် တဟုန်းဟုန်းတောက်လောင်နေသော တွေ့သမျှလူတွေအကုန်လုံးကို သတ်ပြစ်ချင်စိတ်များအား ကြိုးစား၍ ထိန်းချုပ်လိုက်သည် ။ သူက ဓားမြောင့်ကဲ့သို့ စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အေးစက်စက်မေးလိုက်သည်

".... တခြားဖက်က လူဘယ်နှစ်ယောက်ပါလဲ ...?"

ချန်မိသားစုမှ အကြီးအကဲတစ်ယောက်က အရှေ့ထွက်လာပြီး

".... ကျွန်တော်မျိုး ဆိုင်ရှင်ကို သေချာမေးပြီးပါပြီ
တခြားဖက်က လူငါးယောက် ပါတယ်လို့ပြောပါတယ် ... ဒါပေမယ့် သခင်လေးတို့ကိုတော့ လူနှစ်ယောက်ပဲ တိုက်ခိုက်တာလို့ပြောတယ် ...သခင်လေးလေးကို လက်ဝါးတစ်ချက်ထဲနဲ့ သတ်သွားတာလို့ပြောတယ် .... ဆိုင်ရှင် ပြောပုံအရဆိုရင် သခင်လေးတတို့ကို သတ်သွားတဲ့ တရားခံက စကြာဝဠာတစ်ပိုင်းသိုင်းသမားအဆင့်လောက်ရှိနိုင်တ်ာလို့ပြောပါတယ် ...."

".... စကြာဝဠာ တစ်ပိုင်း သိုင်းပညာရှင်ဟူတ်လာ..?"

ချန်ချန်း၏ အကြည့်တွေက ပိုပြီးအေးစက်သွားပြီး
သွားကြားထဲမှ ထွက်လာသော လေသံဖြင့်

".... ငါ့သားကိုသတ်သွားတာ ဘယ်ကောင်ပဲ ဖြစ်နေပါစေ ....သူတို့သေတာပဲ ငါမြင်ချင်တယ် ...
အဲ့ကောင်တွေက စကြာဝဠာသိုင်းပညာရှင်ဖြစ်နေရင်တောင် သူတို့သေကိုသေရမယ် ...."

ချန်ချန်းက သူ့လက်မောင်းပေါ်က သွေးကြောစိမ်းတွေ ထောင်ထလာသည်အထိ  အံကြိတ်ထားလိုက်သည် ။
ချန်အိမ်တော်က အကြီးအကဲတွေ တစ်ခွန်းမှ ဝင်မပြောသော်လည်း သူတို့စိတ်တွေက  ချန်ချန်းနှင့် တထပ်တည်း တူနေကြသည် ။

".... သူလို့ ဘယ်ရောက်နေလဲဆိုတာကို စုံစမ်းပြီးပြီလား ...?"

ချန်ချန်းက ရေခဲတမျှ အေးစက်နေသောအသံဖြင့် မေးလိုက်သည် ။

ချန်အိမ်တော်မှ အကြီးအကဲက ပြန်ဖြေလိုက်သည်

".... ကျွန်တော်မျိုးတို့ စုံစမ်းပြီးပါပြီ ဂိုဏ်းချုပ် ...
သူတို့လူစုက မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ရှိရာကို ဥိးတည်ပြီး သွားနေကြပါတယ် ...
ဒီနေ့က မြင့်မြတ်သော ဗုဒ္ဓရဲ့ မွေးနေ့ပါ ..... အဲ့ဒါကြောင့် မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ကို သွားတဲ့လူ များနေပါတယ် ....."

"..... မြင့်မြတ်သော ဗုဒ္ဓကျောင်းတော် ....!"

ချန်ချန်း မျက်လုံးထဲမှ လူသတ်ချင်စိတ်တွေ ဆောင့်ထွက်လာ၏ ။ ထိုနောက် ချန်ချန်းက သူ့သားအလောင်းကိုကြည့်ရင်း သစ္စာဆိုလိုက်သည်

".... ဂွမ်အာ .... သားစိတ်ချပါ ... ခနနေရင် သူတို့ခေါင်းကို ဖြတ်ပြီး သားအတွက် အဖေ ပြန် ကလဲ့စားချေပေးပါ့မယ်....."

ချန်ချန်းက အကြီးအကဲဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး

".... မင်းတို့သခင်လေး အလောင်း နဲ့ ဒီကအလောင်းတွေအကုန်လုံးကို ပြန်သယ်သွားလိုက်  ...."

ထိုနောက် ဒေါသပုန်ထနေသော ချန်ချန်းတို့လူစုက မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ရှိရာသို့ ဆက်လက်ချီတက်လာကြသည် ။ တခြားတစ်ဖက်မှာလည်း ရှောင်လုံတို့နှင့်တွေ့ဆုံခဲ့သော လူငယ်လေးက သူတို့လူစုအား မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ရှိရာ သို့ ခေါ်ဆောင်သွားလေသည်။

လမ်းခရီးတွင် လူငယ်က သူ့အမည်ကိ မိတ်ဆက်လိုက်သည် ။ လူငယ်၏ အမည်က ဝမ်ဒေါင် ဖြစ်သည် ။ သူက မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံထဲမှ ဝမ် မိသားစု၏ တပည့်တစ်ယောက်ဖြစ်သည် ။ သို့သေည် ဝမ်မိသားစု နှင့် ချန်မိသားတို့၏ အနေအထားက အရမ်းကိုကွာခြားကြသည် ။

ဝမ်ဒေါင်ကမေးလိုက်သည်

"..... ညီကို ... ခင်ဗျားက ဘယ်မိသားစုကလဲ ....?"

ရှောင်လုံက ပြန်ပြောလိုက်သည်

"....ကျုပ်က ဟောင် မိသားစုကပါ ..."

ဝမ်ဒေါင်က အနဲငယ် ဇဝေဇဝါဖြစ်သွားပြီး

"... ဟောင်မိသားစု ဟုတ်လား ....?"

သူက မြင့်မြတ်သော ဗုဒ္ဓအင်ပါရာ နိုင်ငံအတွင်း၌ ဟောင်မိသားစု နာမယ်ကို တစ်ခါမှမကြာဘူးပေ..။
သို့သော် သူက ဆက်မမေးတော့ပဲ ရယ်မောရင်း ပြောလိုက်သည်

"... ညီကိုဟောင် .... ခင်ဗျား ဒီအစောင့် နှစ်ယောက်ကို ဘယ်ကနေ ရှာတွေ့လာတာလဲ ....?
ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့နှစ်ယောက်ကိုကြည့်ရတာ တော်တော်လေးကို အထာကျတယ်ဗျာ ...."

ဝမ်ဒေါင်၏ ချီးကျူးစကားကိုကြားတော့ ရှောင်လုံကပြုံးလိုက်ပြီး

".... ဟုတ်လား ...? ခင်ဗျားကို တိုးတိုးလေးပြောရအုံးမယ် ....ကျုပ်ကို အဲ့ဒီလူနှစ်ယောက်ကို ဆော်ကြောင်တဲ့ နေရာမှာသုံးတာဗျ ... သူတို့ပါနေသော ကောင်မလေးတွေက စိတ်ဝင်စားကြတယ်လေ....."

ဝမ်ဒေါင်က မြွေမြွေချင်း ခြေမြင်ပါတယ်ဆိုတဲ့ သဘောနဲ့ လက်မထောင်ပြလိုက်ပြီး

"....ဟားဟား လက်စသတ်တော့  ညီကိုကလည်း နှာသမားပဲကိုး .... ကောင်းတယ်ဗျို့ ကျုပ်ကလည်း ဝါသနာတူချင်းပဲ အပေါင်းအသင်းလုပ်ချင်တာ
ဗုဒ္ဓကျောင်းတော်ထဲကို ရောက်တာနဲ့ ခင်ဗျားအစောင့်နှစ်ယောက်ကြောင့် မင်းသမီး ရှီရှောင်ဖေးကို ခင်ဗျားကို သေချာပေါက်သတိထားမိမှာပဲ ... ပြောလို့မရဘူး သူက ကျုပ်တို့ဘက်ကိုတောင် ခနခန ကြည့်ချင်ကြည်နေမှာ  ....."

ရှောင်လုံက အားရပါးရ ရယ်မောရင်း

"... စိတ်ချစမ်းပါ ဒီအကွက်တွေက ကျုပ်လုပ်နေကြပါ ....."

ထိုနောက် သူတို့နှစ်ယောက်က လူအုပ်ကြီူအနောက်ကနေ ဗုဒ္ဓကျောင်းတော်အတွင်းသို့ တရွေ့ရွေ့လိုက်ဝင်သွားလေသည် ။ ကျောင်းရှု နှင့် ကျန်းဖူတို့ကလည်း ရှောက်လုံပျော်နေတာကိုကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။
ရှောင်လုံ ပခုံပေါ်မှာရှိနေသော တာဝန်တွေက အလွန်ကို များပြားတာတောင် ရှောင်လုံ ပျော်နေတယ်ဆိုသော အချိန်က အလွန်ကိုရှားပါးလေသည် ။ သူတို့အနေနဲ့လည်း ရှောင်လုံပျော်နေတာကို မမြင်ရတာ အတော်လေးကြာနေလေပြီ ။

မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ကြီးအား ကျွန်းကြီးတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည် ။ ကျောင်းတော်ကြီးကို အဝေးမှ လှမ်းမျှော်ကြည့်လျှင် တလိမ့်လိမ့် မြင့်တက်လာသော လှိုင်လုံးကြီးများနှင့်တူနေသည်။
ကျောင်းတောင်အရှေ့ဘက်တွင် ကြီးမားကျယ်ဝန်းသော ရင်ပြင်ကျယ်ကြီးတစ်ခုလဲရှိသည် ။ ထိုရင်ပြင်ကျယ်ကြီးထဲတွင် လူအယောက်ငါးသောင်းလောက် ချောင်ချောင်ချိချိ နေထိုင်နိုင်သည်။
သို့သော် ယခုအချိန်မှာတော့ လူအယောက်ငါးသောင်းလောက်ဆန့်သော ရင်ပြင်ကျယ်ကြီးထဲတွင်  တိုးမပေါက်အောင် များပြားသော လူများနှင့် ပြည့်နှက်နေသည်။

ရင်ပြင်ကျယ်အတွင်းမှ အမျိုးသား ၊ အမျိုးသမီးတွေက တောက်ပ သန့်ရှင်းနေသော အကျီအစား မျိုးစုံကို ဝတ်စားထားကြသည် ။
ဗုဒ္ဓကျောင်းတော်ကြီးကို ဝင်နိုင်သော ဝင်ပေါက် ရှစ်ခုရှိလေသည် ။ ဝင်ပေါက်တစ်ခုချင်းစီက  လူဆယ်ယောက် တပြိုက်နက်ထဲ ဝင်ထွက်သွားလာနိုင်သည်အထိ ကြီးမားကြသည် ။

အလည်ဝင်ပေါက်ပေါ်တွင် မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ဟူသည့်အမည်ကို ရှေးဟောင်းသင်္ကေတများဖြင့် ရေးထိုးထားသည် ။ ကျောင်းတော်ထဲမှ နံရံများပေါ်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များပုံများအပြင် ဗုဒ္ဓနှင့်သက်ဆိုင်သော မြင်ကွင်းတွေကိုလည်း မြင်တွေ့နိုင်သည်။

"... ညီကို ဘာလုပ်နေတာတုံး အဲ့ဒါတွေကနောက်မှ ကြည့်လို့ရတယ် ....  အခု ဗုဒ္ဓခန်းမဆောင်ထဲကို မြန်မြန်သွားကြရအောင် ...."

ဝမ်ဒေါင်က ရှောင်လုံလက်ကိုဆွဲရင်း အသေခံတပ်သားတစ်ယောက် ကျပ်ပိတ်သိပ်နေသောလူအုပ်ကြားထဲကနေ အတင်း ဖြတ်ဝင်သွားလေသည်။ သူကသွားနေရင်းနဲ့ ရှင်းပြလိုက်သည်

".... ညီကို ခင်ဗျားနောက်ကျသွားရင် မင်းသမီးရှိရှောင်ဖေးရဲ့ အရိပ်လေးကိုတောင် မြင်လိုက်ရမှာမဟုတ်ဘူး .... မင်းသမီးရှီရှောင်ဖေးက ဗုဒ္ဓရုပ်ပွားတော်တွေကို ဂါရဝပြုဖို့အတွက် အဓိကလာတာ .... အဲ့ဒါကြောင့် သူပြန်မသွားချင်မှာ ကျုပ်တို့က နေရာကောင်းကောင်းကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်မယ် ...."

အလောတကြီးဖြစ်နေသော ဝမ်ဒေါင်ကိုကြည့်ပြီး ရှောင်လုံလည်း ကူရာကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။ သို့သော် ဗုဒ္ဓကျောင်းတောင်အတွင်းကလည် လူငယ်အများစုက ဝမ်ဒေါင်နည်းတူ သုတ်သုတ်ပြာပြာဖြစ်နေကြတာကို ရှောင်လုံ သတိပြုမိလိုက်သည် ။ သူတို့  လူသွားစင်္ကြန်တွေအများကြီးကို ဖြတ်သန်းပြီးချိန်ကြမှ ဗုဒ္ဓကျောင်းတော်အတွင်းက
ဗုဒ္ဓ ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာကြသည်။

သို့သော် ရှောင်လုံတို့ရောက်ရှိလာချိန်တွင် ဗုဒ္ဓခန်းမဆောင် အရှေ့မှ ရင်ပြင်ကျယ်ထဲ၌ အထဲသို့ ဝင်ချင်သော လူများနှင့် ပြည့်နှက်နေတာကို မြင်တွေ့လိုက်ရသည်။

ဝမ်ဒေါင် တစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားပုံဖြင့်

".... သွားပြီ ...ကျုပ်တို့တော့ နောက်ကျသွားပြီထင်တယ် .... အခုအချိန်မှတော့ မင်းသမီးနားက အပျိုတော်ရဲ့ ဖင်ကိုတောင် မြင်ရမှာ မဟုတ်တော့ဘူး .....!"

ရှောင်လုံက ဖင်မကြည့်ရလို့ စိတ်ပျက်လက်ပျက်ဖြစ်နေသော ဝမ်ဒေါင်ကို ကြည့်ပြီး ပြုံးလိုက်သည်

".... ဝမ်ဒေါင် စိတ်မပူစမ်းပါနဲ့ ငါမှာ အကြံရှိပါတယ်...မင်းမြင်ချင်တဲ့ ဟာကို သေချာပေါက်မြင်စေရမယ် ဟုတ်ပြီလား ..."

ရှောင်လုံစကားအဆုံးတွင် သူတို့နောက်ကနေ တိတ်တဆိတ်လိုက်ပါသော ဧရာမလူသားကြီးနှစ်ယောက်က အရှေ့သို့ထွက်လာကြပြီး လူပင်လယ်ကြီးထဲကနေ  သူတို့ ဖြတ်သွားနိုင်ဖို့ အတွက် လမ်းရှင်းပေးလိုက်ကြသည် ။ ကျပ်ပိတ်နေသော လူတွေက သူတို့နှစ်ယောက်အတွက် လမ်းဖယ်ပေးကြတာကိုမြင်တော့ ဝမ်ဒေါင်မျက်နှာက မျှော်လင့်ချက်ရောင်ခြည်များဖြင့် ဝင်းပသွားလေသည် ။

ခနကြာပြီးနောက် ရှောင်လုံတို့လူစုက မြက့်မြတ်သော ဗုဒ္ဓ ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာကြသည်။ ရှောင်လုံက ခန်းမဆောင်ထဲကိုရောက်တာနဲ့ ပထတန်းကို ဦးတည်ပြီးသွားလိုက်သည်။  ဝမ်ဒေါင်အယူအဆအတိုင်း နေရာကောင်းကောင်းသာ ရှာဖွေထားမယ်ဆိုလျှင် ရှီရှောင်ဖေး၏ မျက်နှာလောက်ကိုအသားထားအုံး သူမ၏ ဖင် နှင့် ရင်သားတွေကိုတောင် ဆသသေချာချာ တွေ့မြင်နိုင်မှာ မဟုတ်ပါလား ....။

ရှောင်လုံက အရာရာကို ထင်ထင်ရှားရှား မြင်နိုင်မည့် အရှေ့ဆုံးတန်းမှ အကောင်းဆုံးနေရာကို ဧရာမလူသားကြီးနှစ်ယောက်၏ အကူအညီဖြင့် အရယူလိုက်သည် ။ သူ အနှစ်နှစ်အလလ မျှော်လင့်ထားခဲ့သောနေရာကို ရောက်လာတော့ ဝမ်ဒေါင်မျက်နှာက နေရောင်ခြည်နှင့် ထိတွေ့ထားသော နေရာပန်းပွင့်လေးတစ်ခုနှယ် ဝင်းလက်တောက်ပနေသည်။

သို့သော် မြင့်မြတ်သော ဗုဒ္ဓကျောင်းတော် တံခါးကြီးကတော့ တင်းတင်းကျပ်ကျပ်ကို ပိတ်ဆို့ထားဆဲပင် ...။
ရှောင်လုံက ပိတ်ထားသောတံခါးကြီးကို ကြည့်ပြီး
မျက်မှောင်ကြုတ်သွားသည် ။ ရှောင်လုံ မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ကို လာရသည့် အဓိကရည်ရွယ်ချက်မှာ မြင့်မြတ်သော ဗုဒ္ဓရုပ်ထုကို ဂါရဝပြုချင်လို့ပဲ ဖြစ်သည် ။ မင်းသမီးရှီရှောင်ဖေးကို မြင်ရမမြင်ရချင်းမှာ သူ့အတွက် သိပ်ပြီး အရေးမပါလှပေ ..။

ရှောင်လုံ မျက်မှောင်ကြုတ်နေတာကိုမြင်တော့ ဝမ်ဒေါင်က ရှင်းပြလိုက်သည်

".... မင်းသမီးရှီရှောင်ဖေး မလာသေးလို့ တံခါးကို ပိတ်ထားတာ သူ ဂါရဝပြုပြီးမှ တခြားလူတွေ ဂါရဝပြုဖို့အတွက် ဗုဒ္ဓကျောင်းတော်တံခါးကို ဖွင့်ပေးမှာ ....."

ဝမ်ဒေါင်စကားကိုကြားတော့မှ ရှောင်လုံ မျက်နှာထားက အနဲငယ် ပြေလျော့သွားသည်။

ထိုနောက် လူအုပ်ကြီးက ရုတ်တရက်ဆိုသလို  ရုတ်ရုတ်သဲသဲ  ဖြစ်လာလေသည် ။

".... မင်းသမီး ရှီရှောင်ဖေး လာပြီဟေ့ ...."

".... မင်းသမီး လာပြီတဲ့ကွ .... ကြည့်လို့ရတဲ့ နေရမှန်သမျှကို ကြည့်ပေတော့ ... ဘယ်နေရာကိုပဲ မြင်လိုက်မြင်လိုက် မင်းအတွက် အကျိုးမယုတ်စေရဘူး ....."

ရူးသွပ်နေကြသော လူအုပ်ကြီးကိုကြည့်ရင်း ရှောင်လုံလဲ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၈၀ .....

  လူတွေရုတ်ရုတ်သဲသဲ ဖြစ်လာတာကိုကြည့်ပြီး ဝမ်းဒေါင်တစ်ယောက် ဂဏှာမငြိမ် ဖြစ်လာသည်။ ထိုနောက် သူက နေရာအနှံသို့ ကျီးကန်းတောင်မှောက်လိုက်ကြည့်လေသည် ။

  တစ်ယောက်တည်း ပြာယာခပ်နေသော ဝမ်ဒေါင်ကိုကြည့်ရင်း ရှောင်လုံလည်း ဘာပြောကမှန်းမသိအောင် ဖြစ်သွားသည် ။

".... သူရောက်နေပြီ ....သူရောက်နေပြီ ....."

ဝမ်ဒေါင်က တစ်နေရာသို့ကြည့်ရင်း ဤစကားကို ဂါထာတစ်ခုလို အကြိမ်ကြိမ်ရေရွတ်နေသည် ။
ရှောင်လုံလဲ ဝမ်ဒေါင်ပြောနေသည့်နေရာကိုလှမ်းနေကြည့်လိုက်တော့ ရူးသွပ်နေကြဟန်တူသည့် လူငယ်များကြားမှ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ယောက် လမ်းလျှောက်လာတာကိုမြင်လိုက်ရသည် ။

သူမ၏ မျက်လုံးတွေက စမ်းချောင်းလေးလိုကြည်လင်တောက်ပနေပြီး နို့နှစ်ရောင်ဖြူဖွေးသောအသားအရေနှင့်အတူ ဆံပင်ကို ရိုးရိုးလေး ထုံးဖွဲ့ထားသည်။ သူမက နဂါးနှင့် ဖီးနစ်ငှက်ပုံစံ ဆံထိုးလေးကိုအသုံးပြု၍ နူးညံသော ပိတုန်းရောင် ဆံကေသာအား ထုံးဖွဲ့ထားခြင်းဖြစ်သည်။ သူမခန္ဓာကိုယ်ပေါ်မှ ချပ်ရပ်သော အဖြူရောင်ဝတ်စုံလေးကြောင့် လှပသော ခန္ဓာကိုယ်၏ အမို့အမောက်အရှိုက်အဝန်းတွေ အကုန်လုံးက ပေါ်လွင်ထင်ရှားနေသည် ။
သူမဟာ လူဘုံလူနန်းနှင့်လားလားမှမဆိုင်သော ကောင်းကင်ထက်မှ နတ်သမီးလေးတစ်ပါး ဆင်းသက်လာသည့်နှင့် တူနေသည် ။

သူမက ရှောင်လုံ မြင်ချင်နေသော ရှီရှောင်ဖေး ဖြစ်သည် ။
ရှီရှောင်ဖေးဟာ နှင်းလေတိုင်းပြည်ကြီး၏ နံပါတ်တစ်အလှဘုရင်မအဖြစ်နာမယ်ကျော်ကြားသူတစ်ယောက်လည်းဖြစ်သည်။

ရှောင်လုံကိုယ်တိုင်တောင်မှ ရှီရှောင်ဖေးမျက်နှာထက်က သူ့အကြည်တွေကို တော်တော်နှင့် ရုပ်သိမ်းနိုင်ခြင်းမရှိပေ ..။ ထိုအပြင် ရှီရှောင်ဖေး၏ မျက်နှာသွင်ပြင်က လီလူနှင့် အနဲငယ် ဆင်တူနေသည် ။

မင်းသမီးရှီရှောင်ဖေးက အပျိုတော်ခြောက်ယောက် ခြံရံ၍ မြင့်မြတ်သော ဗုဒ္ဓရင်ပြင်ကျယ်အတွင်းသို့ ဖြတ်သန်းလာသည်။
ဆူညံပွက်လောရိုက်နေသော ရင်ပြင်ကျယ်ကြီးတစ်ခုလုံးက မီးကိုရေနှင့် ငြှိမ်းသက်လိုက်သည်နှယ် တိတ်ဆိတ်ငြိမ်သက်သွားသည်။

အဝေးကမြင်တွေ့လိုက်ရသော ရှီရှောင်ဖေး၏ အလှတရားက နတ်ပြည်မှ နတ်ဘုရားမ တစ်ပါးနှင့်တူပြီး အနီးကပ်မြင်တွေ့ရသောအခါ အသက်ရှုမှားလောက်အောင် ပိုပြီးလှပလာသည် ။
ရှီရှောင်ဖေးက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို သိမ်းယူသွားနိုင်သည်အထိလှပသလို သူမကိုမြင်တွေ့လိုက်ရသော မိန်းကလေးများစိတ်ထဲတွင် ကိုယ်၏ မပြည့်စုံမှုများကိုလည်း  မြင်ယောင်လာစေနိုင်သည်။

ရင်ပြင်ကျယ်အတွင်း၌ လှပစွာ ဖူးပွင့်နေကြသော ပန်းပွင့်လေးများပင် ရှီရှောင်ဖေးအရှေ့ကိုရောက်တော့ အရောင်မှိန်လျော့ကုန်ကြသည် ။ ရင်ပြင်ကျယ်ကြီးက မည်သည့်အသံမှ မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသော်လည်းလူတွေရင်ထဲမှ မီးရထားခုတ်မောင်းသံကဲ့သို့  တဒုတ်ဒုတ် ခုန်နေမှာကို ရှောင်လုံ မြင်ယောင်မိလိုက်သည်။ သူအနေနှင့်လည်း ရှီရှောင်ဖေးကို ဤမျှလောက်အထိ လှပလိမ့်မည်ဟု မထင်ထားခဲ့ပေ ..။ လီလူလည်း အသက်ရှုမှားမတတ် လှပပေမယ့် ရှီရှောင်ဖေးနှင့် ယှဉ်လိုက်မည်ဆိုရင်တော့ မသိမသာလေး နိမ့်ကျနေသည် ။

ရှောင်လုံအနောက်တွင် အားလုံးထက်အရပ်ရှည်သော ဧရာမရုပ်သေးရုပ်ကြီးနှစ်ရုပ်က ထီးထီးကြီးရပ်နေတာကြောင့် ကျပ်ပိတ်သိပ်နေသော လူအုပ်ကြားထဲတွင် ရှောင်လုံက အရမ်းကို ထင်ရှားပေါ်လွင်နေသည် ။ ထိုကြောင့် ရှီရှောင်ဖေးကလည်း ရှောင်လုံရှိရာသို့ မသိမသာလေးကြည့်မိသွားသည် ။

ရှောင်လုံကိုမြင်တော့ စမ်းချောင်းလေးတစ်ခုလိုကြဘ်လင်နေသည့် သူမမျက်လုံးထဲတွင် လှိုင်းတွန့်လေးတစ်ချို့ မသိမသာလှုပ်ရှားသွားသည် ။ ရှီရှောင်ဖေးမျက်နှာကို အနီးကပ်မြင်လိုက်ရသော ဝမ်ဒေါင်တစ်ယောက်သည်လည်း ပါးစပ်မှ အရူးတစ်ယောက်လို ထပ်ခါထပ်ခါရေရွတ်နေသည်

".... လှတယ် ...သိပ်ကိုလှလွန်းတယ် ... "

ဝမ်ဒေါင်က ထိုစကားကို ရေရွတ်ရင်း ပါးစပ်မှ သရေများပင် စီးကျလာနေသည် ။ ဝမ်ဒေါင်က တီးတိုးရေရွတ်လိုက်ခြင်းဖြစ်သော်လည်း အပ်ကျသံကိုကြားနိုင်လောက်အောင် ငြိမ်သက်နေသည့်  ပတ်ဝန်းကျင်ကြောင့် သူအသံက အရမ်းကျယ်လောင်သွားသလိုမျိုးဖြစ်သွားသည် ။ လူတွေက သူ့ကို အကုန်ဝိုင်းကြည့်လိုက်ကြသည်။

ရှောင်လုံကတော့ ဝမ်ဒေါင်ကိုကြည့်ရင်း မချိပြုံးလေးသာ ပြုံးနိုင်တော့သည် ။ ရှောင်လုံက ဤကဲ့သို့ ကိစ္စရပ်များနှင့် များစွာကြုံတွေ့ခဲ့ဘူးသော်လည်း အရှက်မရှိသူတစ်ယောက်တော့ မဟုတ်ပေ ။
ဤအချိန် ဝမ်ဒေါင်ဘေးနားတွင် နေနေရတာက သူပါးပြင်တစ်ခုလုံးကို မီးမြှိုက်ခံထားရသလိုမျိုး ပူလောင်နေသည် ။ ရှောင်လုံက သူ့ခြေအောက်အောက်တွင် သူပုန်းအောင် နိုင်ရန် တွင်းတစ်ခုပေါ်လာဖို့သာ ဆုတောင်းလိုက်သည် ။

ဝမ်ဒေါင် ပါးစပ်မှ သရေတွေစီးကျနေသည့်အပြင် ရိုင်းစိုင်းသော အကြည့်ရိုင်းတွေကြောင့် ရှီရှောင်ဖေးမျက်နှာထက်တွင် မနှစ်မြို့သော အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားသည် ။

သူမအနေနှင့် ဤကဲ့သို့ လူတွေကို ခနခန မြင့်တွေ့ဘူးလေသည် ။ သူမ အမုန်းဆုံးကလည်း ဤကဲ့လိုလူတွေပင်ဖြစ်သည် ။ထိုကြောင့် ရှီရှောင်ဖေး စိတ်ထဲတွင် ဝမ်ဒေါင်နှင့် နီးကပ်စွာရပ်နေသည့် ရှောင်လုံကိုပါ အထင်သေးသွားသည် ။

ရှောင်လုံက ရုပ်ရေချောမောသော လူငယ်တစ်ယောက်ဖြစ်သည့်အပြင် သူ့နောက်မှ ဧရာမလူသားကြီးတွေကြောင့် လူအုပ်ထဲမှာသူက အင်မတန်ထင်ရှားနေသော်လည်း ကံမကောင်းစွာဖြင့် နှာဘူးသမားတစ်ယောက်ဖြစ်နေသည်ဟု ရှီရှောင်ဖေးက ထင်မြင်သွားသည်။
ယခုလိုမျိုး မိသားစုအားကိုးဖြင့် ရောက်ရာအရပ်တွင် ပြသနာပတ်ရှာတတ်သော လူတွေကို ရှီရှောင်ဖေးက အမုန်းဆုံးဖြစ်သည်။

ရှီရှောင်ဖေး မျက်လုံးထဲတွင် မနှစ်မြို့သောအရိပ်အယောင်တွေက ဖျက်ကနဲလေးသာ ဖြစ်ပေါ်သွားသော်လည်း ရှောင်လုံကတော့ သေချာကို မြင်တွေ့လိုက်ရသည် ။ ရှောင်လုံက သူ့စိတ်ထဲမှာပဲ ခေါင်းခါလိုက်လေသည်
ကြည့်ရတာ ငါတော့ လူပေါင်းမှားပြီးထင်တယ်....။

သို့သော် ရှီရှောင်ဖေး အထင်ကြီးခြင်း မကြီးခြင်းကိင ရှောင်လုံက သိပ်ပြီးဂရုစိုက်နေခြင်းမရှိပေ ...။ သူစိတ်ထဲတွင် ရှီရှောင်ဖေးနှင့် ထပ်ပြီးပတ်သတ်ဆက်နွယ်ဖို့လည်း ရည်ရွယ်ချက်မရှိပေ ..။

ရှ်ီရှောင်ဖေးက အြင့်မြတ်သောဗုဒ္ဓခန်းမဆောင် တံခါးကို ဖွင့်တော့မည့်အချိန်တွင် ရင်ပြင်ကျယ်အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ ဖြသ်လာသောအသံတွေ ထွက်ပေါ်လာသည် ။

"... ဘာဖြစ်တာလဲမသိဘူး .....?"

ရှီရှောင်ဖေးက အနောက်သို့ လှည်ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးက အနဲငယ်မျက်မှောင်ကြုတ်သွားလေသည်။
မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ကို ပြသနာလာရှာရဲတဲ့သူ ရှိတယ်ပေါ့လေ .....!
ချစ်စရာကောင်းသော ရှီရှောင်ဖေးတစ်ယောက် မျက်မှောင်ကြုတ်လိုက်တာကိုကြည့်ပြီး ရင်ပြင်ကျယ်အတွင်းမှ လူငယ်များစိတ်ထဲတွင် ယားကျိယားကျိ ဖြစ်ကုန်သည် ။
သူတို့စိတ်ထဲတွင် ......
အော်အလှနတ်ဘုရားမလေးရယ် .... စိတ်ဆိုးလို့ မျက်မှောင်ကြုတ်လိုက်တဲ့ အမူအရာလေးကတောင် တသက်မေ့မရအောင် ချစ်စရာကောင်းလွန်းလှပလားကွာ ........

".... ဘာဖြစ်တာလဲ မသိဘူး သွားကြည့်ကြရအောင် ...."

ရှီရှောင်ဖေးက သူ့နောက်မှ မိန်းမပျိုလေးတွေကို ပြောလိုက်သည် ။ ရင်ပြင်ကျယ်အတွင်းမှ လူတွေက အပြင်ဘက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်လာတာကိုကြားသော်လညအး လုံးဝစိတ်မဝင်စားကြပေ ...။ သူတို့စိတ်ဝင်စားသည်မှာ ရှီရှောင်ဖေးတစ်ယောက်သာရှိသည် ။ ထိုကြောင့် ရှီရှောင်ဖေး အနောက်သို့ တစီတတန်းကြီး လိုက်ပါလာကြသည် ။

ဝမ်ဒေါင်က ရှီရှောင်ဖေးမျက်နှာကို မမြင်ရတော့ သူမ ဖင်ကို ရန်သူတစ်ယောက်နှယ် မျက်တောင်မခတ်တမ်း အငြိုးတကြီး စိုက်ကြည့်နေတာကို ရှောင်လုံမြင်လိုက်လေသည် ။
ရှောင်လုံက ဘူးလွန်းမက ဘူးလွန်သော ဝမ်ဒေါင်ကိုကြည့်ပြီး ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။
သူက ဝမ်ဒေါင်ခေါင်းကို ဒေါင်ကနဲနေအောင် ခေါက်လိုက်ပြီး

".... ကိုယ်လူရေ ....ခင်ဗျားနဲနဲတော့များပြီထင်တယ်နော် ...."

ထိုအခါကြမှ ဝမ်ဒေါင်လည်း သတိပြန်ဝင်လာတော့သည် ။  ထိုအချိန်တွင် မြင့်မြတ်သော ဗုး§းဓကျောင်းတော် အပြင်ဘက်မှာတော့ အင်းသားတိုင်ကန် က ကျောင်းတော်ကြီးတစ်ခုလုံးကို ပြေးပေါက်မရှိအောင် ဝိုင်းပတ်ထားဖို့အတွက်  သူ့ရဲမက်တွေကို လက်ဝေ့ယမ်းကာ အချက်ပြလိုက်သည်။

".....ကျောင်းတော်ထဲကနေ ယင်ကောင်တစ်ကောက်တောင်မှ ပျံထွက်မသွားစေနဲ့ ....."

" ...ဟူတ်ကဲ့ပါ မင်းသားလေး .."

ရဲမက်တွေက လူစုခွဲ၍ ကျောင်းတော်အပြင်မှ  ဝင်ပေါက်ရှစ်ခုလုံးက်ု ပိတ်ဆို့ထားလိုက်သည် ။

ချန်ချန်းကလည်း မြင့်မြတ်သောဗုဒ္ဓကျောက်းတော်၏ ဝင်ပေါက်ကိုကြည့်ရင်း သူ့နောက်မှ အကြီးအကဲကိုသေချာ ပြန်မေးလိုက်သည်

".... အဲ့ကောင်တွေလူစု ဒီထဲမှာရှိနေတာရော သေချာရဲ့လား ....."

မြင့်မြတ်သော ဗုဒ္ဓ ဘုရင်မင်းမြတ်ကို ဂါရဝပြုရန်အတွက် မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်ကို တည်ဆောက်ထားခြင်း ဖြစ်သည် ။ ထိုကြောင့် ကျောင်းတော်ထဲတွင် လူသတ်သမားရှိနေတာ မသေချာဘဲနဲ့ မိုက်ရူးရဲဆန်ဆန် ဝင်ရောက်ရှာဖွေလို့ မဖြစ်ပေ ..။

ချန်အိမ်တော်မှ အကြီးအကဲက ခေါင်းညိတ်ပြလိုက်ပြီး

"... သခင်လေးကို သတ်သွားတဲ့လူတွေ အထဲမှာရှိတာ သေချာပါတယ် "

ထိုအချိန်တွင် ရှီရှောင်ဖေးက မြင့်မြတ်သော ဗုဒ္ဓကျောင်းတော်၏ အဝင်ပေါက်ဆီသို့ရောက်ရှိလာသည်။ သိုင်းဂိုဏ်းမှ တပည့်တွေကလည်း သူမနောက်ကနေ တစီတတန်းကြီး လိုက်ပါလာကြသည် ။

ရှီရှောင်ဖေးကို မြင်လိုက်တော့ မင်းသားတိုင်ကန်က ရှေ့ထွက်လာပြီး နှုတ်ဆက်လိုက်သည့

".... မင်းသမီး ရောက်လာပြီလား ....."

ချန်ချန်းကလည်း ရှီရှောင်ဖေးကို ရိုရိုသေသေဖြင့် နှုတ်ဆက်လိုက်သည် ။ ချန်ချန်းက စကြာဝဠာသိုင်းပညာရှင်တစ်ယောက်ဖြစ်တာမို့ တော်ဝင်မျိုးနွယ်များရှေ့တွင် ဒူးထောက်ပြီး ဂါရဝပြုစရာမလိုပေ ...။

"... ဦးရီတော် ....အခု ဘာတွေဖြစ်နေကြတာလဲ ....?"

ရှ်ီရှောင်ဖေးက နန်းတော်အဝသို့ အစောင်စစ်သည်တွေအများကျြိးဖြင့် လာရောက်ပိတ်ဆို့ထားတာကို ကြည့်ပြီး တအံ့တသြမေးလိုက်သည်။

တိုင်ကန်က ရှင်းပြလိုက်သည်

"....ဒီလိုပါ မင်းသမီး .... အစောပိုင်းက ဗုဒ္ဓအိမ်တော်စားသောက်ဆိုင်ထဲမှာ ချန်အိမ်တော်ရဲ့ သခင်လေး ချန်လျိုဂွမ် အသတ်ခံလိုက်ရတယ် .... သူက သတ်သွားတဲ့လူက မြင့်မြတ်တဲ့ ဗုဒ္ဓကျောင်းတော်ထဲကို ရောက်နေတယ်ဆိုလို့ အခုလိုမျိုး လာဝိုင်းတာပါ ...."

".... ဘယ်လို ချန်အိမ်တော်က သခင်လေး အသတ်ခံလိုက်ရတယ် ဟုတ်လား ....?"

ရှီရှောင်ဖေးလည်း မထင်မှတ်ထားသော သတင်းကြောင့် မျက်လုံးပြူးသွား၏ ။  သူမနောက်မှ ပါလာကြသော သိုင်းဂိုဏ်းများမှ တပည့်တွေကလည်း ထိုသတင်းကိုကြားပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည် ။

ချန်အိမ်တော်ရဲ့ အရိုက်မရာကို ဆက်ခံမယ့် သခင်လေး အသတ်ခံလိုက်ရခြင်းမှာ မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံအတွင်း၌ အလွန်ကြီးမားသော သတင်းတစ်ပုဒ်ဖြစ်လာမှာ မလွဲဧကန်ပင် ...။

ထိုအချိန်တွင် ရှောင်လုံနှင့် ဝမ်ဒေါင်တို့ကလည်း ဝင်ပေါက်အနီးသို့ရောက်ရှိလာကြသည် ။
ရှောင်လုံတို့ရောက်လာပြီ းသိပ်မကြာခင်မှာ လူတစ် ယောက်က ရုတ်တရက် ထအော်လိုက်သည်

"... သူ ....သူပဲ .... သူက ချန်အိမ်တော်ရဲ့ သခင်လေး ချန်လျိုဂွမ် ကို သတ်သွားတာ ...."

ထိုလူက ရှောင်လုံကို လက်ညိုးထိုးရင်းအော်ပြောလိုက်သည် ။ ရှီရှောင်ဖေး အပါအဝင် လူတွေအကုန်လုံး၏ အကြည့်တွေက ရှောင်လုံကိုယ်ပေါ်သို့ စုပြုံပြီး ကျရောက်လာသည် ။

လက်ညိုးထိုးခံရသောသူက ရှောင်လုံဖြစ်နေတာကိုမြင်တော့ ရှီရှောင်ဖေးက အနဲငယ် အံ့အားသင့်သွားသည် ။

".... သူကိုး ....!"

ထိုနောက် သူမက ခေါင်းကိုမသိမသာ ခါယမ်းလိုက်သည်။ ရှောင်လုံက မိသားစုအားကိုးဖြင့် နေရာတကာတွင် ပြသနာလိုက်ရှာတတ်သူဟု သူမခန့်မှန်းထားသည်နှင့် တစ်ထပ်တည်း မှန်နေတယ်မဟုတ်ပါလား ....။
အင်း သူပြသနာရှာလိုက်တဲ့ မီးက သူ့မိသားစုကိုပါ လောင်ကျွမ်း ပျက်ဆီး သွားစေနိုင်တယ် ဆိုတာကို ဒီလူ မသိသေးဘူးထင်တယ် ...။
ဒီလူက ဘယ်မိသားစုနေလာတာလဲ မသိဘူး ။

ချန်ချန်းကတော့ သွေးဆာနေသောမျက်လုံးများဖြင့် စောစောက အော်လိုက်တဲ့လူက သေချာထပ်မေးလိုက်သည်

".... မင်းပြောတာ အဲ့ကောင်လား ...."

သူရင်ထဲမှ လူသတ်ချင်စိတ်တွေက တားမရဆီးမရအောင် ထွက်ပေါ်နေလေသည် ။ ချန်ချန်းက ရှောင်လုံတို့လူစုကို ဧည့်ခံဘူးသော စားပွဲထိုးလေးကို သူတို့နှင့်အတူ ခေါ်ဆောင်လာတာပဲ ဖြစ်သည် ။

ဗုဒ္ဓအိမ်တော်စားသောက်ဆိုင်မှ စားပွဲထိုးလေးက သေချာသော ပုံစံဖြင့် ခေါင်းဘိတ်ပြလိုက်သည်

".... ဟုတ်တယ်သူပဲ .... သူတို့ဝိုင်းကိုကျွန်တော်ကိုယ်တိုင်ဧည့်ခံခဲ့ရတာ ....

ရှောင်လုံ အနောက်မှာရှိနေသော ဧရာမလူသားကြီးတွေက သူများထက်စာရင် ထူးခြားနေတာမို့ စားပွဲထိုးလေးက တစ်ချက်ကြည့်ရုံဖြင့် ရှောင်လုံတို့လူစုအား မှတ်မိသွားသည် ။
သူတို့နှစ်ယောက်ကြောင့်လည်း ရှောင်လုံအား ယုံကြည်ချက်ရှိရှိဖြင့် လက်ညိုးထိုးခြင်းဖြစ်သသည်။

".... စားပွဲထိုးလေး ရှင်းပြသံကိုကြားတော့မှ ရှောင်လုံမျက်နှာကို ကြောင်ကြည့် နေသော ဝမ်ဒေါင်တစ်ယောက် သတိပြန်ဝင်လာပြီး တုန်ယင်နေသေညအသံဖြင့် ထစ်ထစ်ငေါ့ငေါ့မေးလိုက်သည်

".... သူ.....သူငယ်ချင်း ..... ချန်...ချန်အိမ်တော်သခင်လေးကို မင်းသတ်ခဲ့တာလား ....?!"

ရှောင်လုံက ရှီရှောင်ဖေး ဖင်ကိုမြင်နေရသောအချိန်နှင့် တခြားဆီဖြစ်နေသော ဝမ်ဒေါင် မျက်နှာကိုကြည့်ကာ မချိုမချဉ် ပြုံးပြလိုက်ပြီး

".... မင်းဘယ်လိုထင်လဲ ....?"

ရှောင်လုံပြန်ဖြေစကား ကိုကြားတော့ ဝမ်ဒေါင်က အားတွေအကုန်လုံးကုန်ဆုံးသွားသည်နှယ်  ဒူးခွေကျလုမတတ် ဖြစ်သွားသည် ။ရှောင်လုံအနားတွင်ရှိနေကြသော သိုင်းမိသားစုများ၏ ဂိုဏ်းသားတွေက ရှောင်လုံနှင့် လွတ်ရာကင်းရာသို့ အလျင်အမြန် ထွက်ပြေးကြသည်။

ရှောင်လုံအနားတွင် လူတော်တော်များများ ရှင်းလငမးသွားတာကိုမြင်တော့ ချန်ချန်းက မာန်သွင်းအော်ဟစ်ရင်း လက်သီးတစ်ချက်ထိုးချလိုက်သည်။

".... ခွေးသားလေး ...အကန့်အသတ်မရှိ ပင်လယ်လက်ဝါးသိုင်းကို မြည်းကြည့်စမ်း .....!"

ချန်ချန်းလက်ဝါးမှ အကန်အသတ်မရှိအောင်များပြားသော စွမ်းအင်တွေထွက်ပေါ်လာပြီး လေဟာနယ်ကို တစစီ ရိုက်ခွဲဖျက်ဆီးပြစ်လိုက်သည်။  ဧရာမရေလှိုင်းကြီးများနှင့်တူသော စွမ်းအားတွေက ရှောင်လုံကိုယ်ပေါ်သို့ စုပြုံပြီးကျရောက်လာသည် ။

ရှောင်လုံညာဘက်တွင်ရှိနေသော ဝမ်ဒေါင်ဟာလည်း ဤတိုက်ပွဲအတွင်း ဧရိယာအတွင်း၌ ပါဝင်သွားသည်။ မိုးကောင်ကင်ကြီးကို ဖုံးကွယ်သွားလုမတတ် ကြီးမားလာနေသော ဧရာမလှိုင်းလုံးတွေကိုကြည့်ရင်း ဝမ်ဒေါင်ခြေဗထာက်တွေက ထိန်းချုပ်လို့မရအောင် တုန်ခါနေသည်။

ချန်အိမ်တော်၏ ဂိုဏ်းချုပ် ချန်ချန်းအသုံးပြုလိုက်သော အကန့်အသတ်မရှိ ပင်လယ် လက်ဝါး သိုင်းကွက်က အဆင့်မြင့် ကောင်းကင်အဆင့် သိုင်းကျမ်းတစ်ခုဖြစ်သည် ။ အကန့်အသတ်မရှိ ပင်လယ်လက်ဝါးသိုင်းက တောင်ကြ်ိးတစ်ခုလုံးက်ုတောင် တစစီ ခွဲခြေပစ်နိုင်သည်အထိ စွမ်းအားကြီးမားသည် ။ ချန်ချန်း၏ အားထားရသော သိုင်းကွက်တစ်ခုလည်း ဖြစ်သည် ။

ချန်အိမ်တော်၏ ဂိုဏ်းချုပ် ချန်ချန်း စကြာဝဠာသိုင်းပညာရှင် ဖြစ်လာခဲ့သည်မှာ နှစ်တရာကျော်ကျော်လေးသာ ရှိသေးသော်လည်း ယခုအချိန်တွင် သူ့အတွင်းအားတွေက စကြာဝဠာအဆင့်၄ သို့ ရောက်ရှိနေခဲ့လေပြီ ။

အပိုင်း ၃၈၁ .....

המשך קריאה

You'll Also Like

19.1K 774 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
21.2K 446 42
What If Chloe lukasiak has a twin sister who is the favorite?