ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

371 - 375

214 16 0
By Azure5549

ပြိုင်ဘက်ကင်းသိူင်းဝိညာဉ်

အပိုင်း ၃၇၁ .....

".... ငါတို့ရဲ့ ယှဉ်ပြိုင်ခွင့်ကို ပယ်ဖျက်ပြစ်မယ် ဟုတ်လား ....."

ရှောင်လုံမျက်နှာက အကျပ်ရိုက်နေသလိုမျိုး ဖြစ်သွားသည်  ။ ကျောင်းရှု နှင့် ကျန်းဖူတို့ကတော့ ရယ်ကျဲကျဲဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည် ။

ရှောင်လုံတို့က ကြောက်လန့်သွားရမည့်အစား  ပြုံးစိစိဖြစ်နေကြတာကိုမြင်တော့ နန်းတော်အစောင့်အရမ်းကိုဒေါကန်သွားလေသည် ။

ဒီကောင်တွေက ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့လေ...!

သူက ရဲမက်အဖွဲ့၏ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။ ထိုကြောင့် လူတောင်းမြို့ထဲတွင်ရှိကြသော မိသားစုကြီးတွေကတောင် သူကိုမြင်သောအခါ ရိုရိုသေသေဖြင့် ဆက်ဆံကြလေသည် ။

သူက ရှောင်လုံဆီကို လျှောက်လာပြီး

".... ဟေ့ကောင် မင်းနာမယ်ဘယ်သူလဲ ....? မင်းဘယ် မိသားစုကလဲ ....? ဟိုနေရာကိုသွားပြီစ မတ်တပ်ရပ်နေစမ်း .....!"

သူက ရင်ပြင်ကျယ်ထဲမှ ထောင့်စွန်းတစ်နေရာကို လက်ညိုးညွှန်ပြလိုက်ပြီး

"... ဒီကနေ အဲ့ဒီနေရာကို လှိမ့်ပြီးသွား  ပြီးရင် အဲ့နေရာမှာ တစ်နာရီသွားရပ်စမ်း ...
ပြီးမှပြိုင်ပွဲအတွက် မင်းနာမယ်စာရင်းပေးလို့ရမယ်....."

နန်းတော်အစောင့်က တန်းစီနေကြသော လူအုပ်ကြီးအရှေ့တွင် ဟိတ်ဟန်ထုတ်လိုဟန်ဖြင့်
သူ့ အာဏာကို ထုတ်ပြလိုက်သည် ။ သူက ဟောင်ဖွာဖွာနှင့် ပြောလိုက်တာကြောင့် တန်းစီနေကြသောသူတွေက ရှောင်လုံတို့ကို အာရုံစိုက် ကြည့်လာကြသည် ။

လှိမ့်ပြီးသွားရမယ် ......!

တစ်နာရီကြာအောင်လည်း မတ်တပ်ရပ်ရမယ် ...!

ရှောင်လုံက သူ့ကိုယ်သူ အဟုတ်ကြီးမှတ်နေသော
နန်းတော်အစောင့်ကိုကြည့်ရင်း စိတ်ဆိုးရမလား ရယ်ရမလားဆိုတာကို ဆုံးဖြတ်ရခက်သွားသည်။

".... ငါက အဲ့ဒီနေရာမှာ တစ်နာရီသွားမရပ်ဘူးဆိုရင်ရော .....?"

ရှောင်လုံက မထီတရီပြုံးရင်မေးလိုက်လေသည်။

ရှောင်လုံစကားကိုကြားတော့ ရဲမက်ခေါင်းဆောင်မျက်နှာက ချကိချင်းမဲမှောင်သွားပြီး

".... မင်းသွားမရပ်ဘူးဆိုတာ သေချာလား ...?"

".... တစ်ရာ ရာခိုင်နှုန်းသေချာတယ် ...."

လူအများက သူ့ကို အထင်ကြီးလာအောင်လုိ့ လုပ်ချင်သော ရဲမက်ခေါင်းဆောင်က ရှောင်လုံ၏ ဂျစ်တီးဂျစ်ကန် အမူအရာကြောင့် ဒေါသတွေက ငယ်ထိပ်ထိရောက်အောင့် ဆောင့်တက်သွားလေသည် ။

မင်းလို ပါချီပါချက်ကောင်လေးက ငါ့ကို လူပုံအလယ်မှာ စိန်ခေါ်ရဲတယ်ပေါ့လေ.....!

"..... မင်း ဒီနေရာကနေ အခုချက်ချင်း ထွက်သွားစမ်း .... မင်းရဲ့ ယှဉ်ပြိူင်ခွင့်ကို ပယ်ဖျက်လိုက်ပြီ .... "

သူက ရှောင်လုံကို အော်လိုက်သည်

".... အေး  မင်းအိမ်ရောက်ရင် မင်းတို့ မိသားစုက အကြီးအကဲကို ချက်ချင်းခေါ်လာခဲ့ .... မင်းလို သောက်မှန်းကန်မှန်း မသိတဲ့ကောင်က ဘယ်လို မိသားစုမျိုးကနေ ပေါက်ဖွားလာသလဲ ဆိုတာကို ငါသိချင်တယ် ....."

ရှောင်လုံက ဆက်ပြောချင်စိတ် ကုန်ခမ်းသွားသည့် ပုံစံဖြင့် ကျောင်းရှု ၊ ကျန်းဖူတို့နှင့်အတူ နန်းတော်တံခါးဆီသို့ ဆက်လျှောက်သွားလေသည်။

ထိုမြင်ကွင်းကိုလည်း မြင်ရော ရဲမက်ခေါင်းဆောင်၏ မျက်နှာက ညိုမဲနေရာကနေ ဒေါသထွက်လွန်းလို့ ုပြာနှမ်းသွားပြီး သူ့ခါးတွင် ချိတ်ဆွဲထားသော ဓားရှည် အားဆွဲထုတ်လိုက်သည်။

"..... ဟေ့ကောင်.... နန်းတော်ထဲကို အခွင့်မရှိပဲ ဝင်ရင်သေဒဏ်ပဲကွ  ...."

ထိုနောက် ရဲမက်ခေါင်းဆောင်က သူ့၏ ဓားရှည်အား အတွင်းအားများနှင့် ပေါင်းစပ်ကာ လေထဲသို့ ခုန်ရင်း ရှောင်လုံနောက်ကျောကို ပိုင်းချလိုက်သည်  ။

ရဲမက်အဖွဲ့ငယ်၏ ခေါင်းဆောင် တစ်ယောက်ဖြစ်တာကြောင့် ရဲမက်ခေါင်းဆောင်ကလည်း ခေသူတစ်ယောက်တော့ မဟူတ်ပေ ...။ သူက မြေကြီးအဆင့်၁၀ သိုင်းသမားတစ်ယောက်ဖြစ်သည် ။ ရဲမက်ခေါင်းဆောင်၏ ဓားချက်က ရှောင်လုံနောက်ကျောအား ထိမှန်သွားလေသည် ။

သူ့ဓားချက်က ရှောင်လုံနောက်ကျောကို သေချာစွာ ထိမှန်သွားတာ မြင်တော့မှ ရဲမက်ခေါင်းဆောင် ရင်ထဲက အကျိတ်အခဲ တစ်ချို့ ပြေလျော့သွားသည်။ ရှောင်လုံက ဂျစ်တီးဂျစ်ကန် လုပ်နေတာကြောင့် သူ့ဆီမှာလည်း အစွမ်းအစတစ်ချို့ ရှိနိုင်သည်ဟု ရဲမက်ခေါင်းဆောင်စိတ်ထဲမှာ တွေးခဲ့မိသည် ။ ရှောင်လုံကို တော်တော်လေး ရှင်းယူရလိမ့်မည်ဟု သူကတွေးမိခဲ့လေသည်။
အခုတော့ ငှက်ပျောသီး အခွံနွှာစားရတာထက်တောင် ပိုမိုလွယ်ကူနေလေသည် ။

"... လက်စသတ်တော့ မင်းက ပန်ထိုးခေါင်းအုံးတစ်လုံးပဲကွ .... အမြင်မှာသာ လှနေတာ
လက်တွေ့တော့ သုံးစားလို့ မရဘူးပဲ ....."

ရဲမက်ခေါင်းဆောင်က အကျယ်ကြီး အော်ရီလိုက်လေသည် ။ သို့သော် သူရီသံ မဆုံးသေးခင်မှာ ရှောင်လုံကို ထိမှန်သွားသော သူ့ဓားရှည်ကြီးက အနောက်ဘက်သို့ ပြန်ကန်ထွက်လာလေသည် ။

ဓားရှည်ကြီးနောက်သို့ ပြန်ကန်လာတာကိုမြင်တော့ ရဲမက်ခေါင်းဆောင်က အရမ်းကိုကြောက်လန့်သွားပြီး အနောက်ဘက်သို့ အချင်အမြန်ခုန်ရှောင်လိုက်လေသည် ။ ဓားရှည်ကြီးက သူ့မျက်နှာနှင့် တလက်မအကွာလောက်ကနေ " ဝီ " ကနဲ ဖြတ်သန်းသွားသည် ။
ရဲမက်ခေါင်းဆောင်၏ နောက်ကျောတစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားလေသည် ။

သူက ရှောင်လုံအား စူးစူးဝါးဝါးစိုက်ကြည့်ကာ
ရှက်ဒေါသဖြင့်

".... သူတို့လူစုက နန်းတော်ထဲကို အခွင့်မရှိဘဲ ဖြတ်သန်းကြတဲ့လူတွေပဲ .... အကုန်လုံး ဝိုင်းပြီးတိုက်ကြ ....."

ရဲမက်တွေက ထိုအခါကြမှ သတိဝင်လာကြပြီး လက်နက်ကိုယ်စီဆွဲကိုင်ကာ ရှောင်လုံတို့ကို တိုက်ခိုက်ဖို့ ပြေးလာကြလေသည်။

ရှောင်လုံမျက်လုံးတွေက အေးစက်သွား၏ ။

မင်းတုိ့က ဒီလမ်းကို ရွေးချယ်ချင်မှတော့
ကိုဘာသာကို အပြစ်တင်ပေတော့ ......!

ထိုနောက် သူလက်နှစ်ဖက်ကိုမြှောက်၍ လက်ဝါးတွေက အပြင်ဘက်သို့ ညင်သာစွာ ဆန့်ထုတ်လိုက်သည် ။ ကြောက်လန့်တုန်လှုပ်နေကြသော မျက်လုံးများအောက်တွင် ရှောင်လုံလက်ဝါးဆီကနေ ကြောက်မက်ဖွယ်ရာ နတ်ဆိုးအတွင်းအားတွေ ထွက်ပေါ်လာသည် ။
ထိုနတ်ဆိုးအတွင်းအားတွေက နတ်ဆိုးနဂါးကြီးတစ်ကောင်အဖြစ်သို့ ပုံသဏ္ဍာန်ပြောင်းလဲသွားလေသည် ။

နတ်ဆိုးနဂါးကြီး လေပေါ်တွင် ဝဲပျံလိုက်ရုံနဲ့တင်
ရဲမက်တွေအကုန်လုံး အနောက်ဘက်သို့ လွင့်စင်သွားလေသည်။ သူတို့ မြေကြီးပေါ်ကို ပြန်ကျလာတော့ ခန္ဓာကိုယ်တစ်ခု လုံး မဲနက်သွားကြပြိး မြေပြင်ထက်တွင် နာကျင်စွာဖြင့် လူးလှိမ့်နေကြသည် ။

ရှောင်လုံ၏ စကြာဝဠာနတ်ဆိုး အတွင်းအားချီတွေက အရင်ကထက်ပိုပြီး ကြောက်စရာကောင်းလာသည် ။ နန်းတော်စောင့် ရဲမက်များကို အသာထားလို့ အဆင့်၄ စကြာဝဠာသိုင်းပညာရှင်တောင်မှ ရှောင်လုံ၏ နတ်ဆိုးအတွင်းအားချီတွေကို ခုခံနိုင်စွမ်း မရှိပေ..။

စဦးပိုင်းမှာတော့ ရဲမက်ဝင်ရောက်ရွေးချယ်ဖို့ အတွက် လာတန်းစီနေကြသူတွေက ရှောင်လုံတို့ ကံဆိုးမိုးမှောင်ကြတာကိုကြည့်ရင်း ပျော်ရွှင်နေကြလေသည် ။ သူတို့စိတ်ထဲတွင် ရှောင်လုံကို သေလူအဖြစ် သတ်မှတ်ပြီးသားဖြစ်သည် ။ သို့သော် မြေကြီးပေါ်တွင် မဲတူးကာ တွန့်လိမ်ကောက်ကွေးနေကြသော ရဲမက်တွေကိုကြည့်ပြီး အကုန်လုံးက ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေကုန်ကြသည် ။

ရှောင်လုံကို ကြည့်နေကြသော သူတို့မျက်လုံးတွေထဲတွင် ကြောက်လန့်တုန်လှုပ်မှုတွေက ကြီးစိုးနေကြသည် ။

နန်းတော်အပြင်ဘက်တွသ် ထိုကဲ့သို့ အဖြစ်အပျက်များ ဖြစ်နေစဉ် နန်းတော်ထဲမှာတော့ ပွဲတော်ကြီးတစ်ခုလို ရယ်မောသံများဖြင့် ပြည့်နှက်နေ၏ ။ နန်းတော်ဆောင်ထဲတွင် အပျိုတော်လေးတွေက မလုံတလုံ အဝတ်အစားများဖြင့်  တီးမှုတ်ကခုန်ရင်း နန်းဆောင်အတွင်းမှာရှိနေကြသော လူတွေကို ဧည့်ခံနေကြသည်။

နန်းဆောင်အတွင်းမှ ဘုရင်ထိုင်သော ပလ္လင်ထက်တွင် ဆံပင်တွေဖြူဖွေနေသော မျက်နှာနီနီဖြင့် လူကြီးတစ်ယောက် ထိုင်နေသည် ။
သူမျက်လုံးတွေက တစ်ခါတစ်ရံ လှစ်ဟထွက်ပေါ်လာသော ကချေသည်လေးများ၏ အလှရတနာတရားတွေလေးတွေပေါ်တွင် စုံချည်ဆန်ချည် ကူးခပ်နေ၏ ။

ပလ္လင်ထက်တွင် ထိုင်နေသော အဖိုးအိုက နတ်ဘုရားကျောင်းတော်၏ မဟာ အကြီးအကဲ ဖြစ်သူ ဂိုဂွမ် ဖြစ်သည် ။

နတ်ဘုရားကျောင်းတော်တွင် စုစုပေါင်း မဟာအကြီးအကဲ ကိုးယောက်သာ ရှိသည် ။ သူတို့တစ်ယောက်ချင်းဆီကလည်း စကြာဝဠာအဆင့် ၁၀နှင့် အထက် သိုင်းပညာရှင်တွေဖြစ်ကြသလို သူမတူ စွမ်းအားတွေကိုလည်း ပိုင်ဆိုင်ထားကြသည် ။ ဂိုဂွမ် အောက်တွင် နတ်ဘုရားကျောင်းတော်မှ အကြီးအကဲ ဆယ်ယောက် ထိုင်နေကြသည် ။

လူခိုင်က သတ်လိုက်ရသည့် အကြောင်းအရင်မှာ အောင်းပိုင်ရွှယ်အတွက် လက်စားချေခြင်းဖြစ်သလို အဓိကကတော့ ရှောင်လုံကို ထွက်လာဖို့
မျှားခေါ်ချင်တာပဲ ဖြစ်သည် ။ထိုကြောင့် နတ်ဘုရား ကျောင်းတော်က ရှောင်လုံ ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဖမ်းနိုင်ရန်အတွက် လူတောင်းနိုင်ငံထဲတွင် သူတို့ရဲ့ မဟာအကြီးအကဲတစ်ယောက်ကိုတောင် အသင့်စောင့်နေခိုင်းထားသည် ။

ဂိုဂွမ်အောက်တွင် ထိုင်နေကြသောအကြီးအကဲ ဆယ်ယောက်ထဲတွင် ယောင်ဖေး၏ ဘိုးဘေးဖြစ်သူ ယောင်ရှန်လည်းတစ်ယောက် အပါအဝင်ဖြစ်သည်။

သူတို့မျိုးနွယ်စု၏ အထူးချွန်ဆုံး မျိုးဆက်လေးက ရှောင်လုံလက်ချက်နှင့် သေဆုံးသွားတာကြောင့်
ရှောင်လုံကို လက်စားချေရန်အတွက် ယောင်ရှန်က လူတောင်းနိုင်ငံတွင် သူကိုပါ တာဝန်ပေးရန် နတ်ဘုရားကျောင်းတော်ကို တောင်းဆိုထားခြင်းဖြစ်သည်  ။

ရှောင်လုံခေါင်းကို သူ့လက်နှင့်ကိုယ်တိုင် ဖြတ်ရမှ ယောင်ရှန်ရင်ထဲမှာ တောက်လျှောကိနေသော အမုန်းမီးတွေကို ငြှိမ်းသက်နိုင်မှာပဲ ဖြစ်သည်။

".... အားလုံးပဲ .... တစ်ခွက်လောက် သောက်လိုက်ကြရအောင် ....."

ဂိုဂွမ်က သူ့ဝိုင်ခွက်ကို မြှောက်၍ တခြားအကြီးအကဲတွေကို ပြောလိုက်သည် ။

ယောင်ရှန် နှင့် အကြီးအကဲ ကိုးယောက်ကလည်း သူတို့ ခွက်ထဲမှ ဝိုင်တွေကို တစ်ကျိုက်ထဖြင့် မော့ချလိုက်သည် ။

ဂိုဂွမ်က သူနှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး

".... ဒီနိုင်ငံက လနှင်းဝိုင်က တကယ်ကိုကောင်းတာပဲ  .... ငါတော့ တကယ်ကို ကြိုက်နေပြီ ...."

ထိုအချိန်တွင် ယောင်ရှန်က ပြောလိုက်သည်

".... မဟာအကြီးအကဲကြီး .... အခုဆိုရင် ကျွန်တော်တို့ စောင့်နေတာ သုံးနှစ်နီးပါးရှိနေပါပြီ
ဟောင်ရှောင်လုံဆိုတဲ့ ကောင်ကသုံးနှစ်ကြာအောင် ပုန်းအောင်းနေမှတော့ လာမယ့်ပုံစံလည်း မပေါ်တော့ပါဘူး .... ဒီကောင် ဘယ်တွင်းမှာ သွားအောင်းနေလဲ မသိပါဘူး ....."

ယောင်ရှန် ဘေးမှ အကြီးအကဲ ဂျန်ရှီကလည်း ပြုံးလိုက်ပြီး

".... ဒီကောင်ကိုကြည့်ရတာ ကျုပ်တို့ နတ်ဘုရားကျောင်းတော်ကို အတော်လေးကြောက်လန့်နေပုံပဲ
ဒါပေမယ့် သူသာ နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပိတစ်ယောက် ဖြစ်သွားမယ်ဆိုရင် ကျုပ်တို့ နတ်ဘုရားကျောင်းတော်အတွက်လည်း မကောင်းဘူးနော် ..."

ဂျန်ရှီစကားကိုကြားတော့ ဂိုဂွမ်က အရေးမထားသောပုံစံဖြင့် ရယ်လိုက်ပြီး

".... မင်းတို့ အဲ့ကိစ္စကို စိတ်ပူနေစရာမလိုပါဘူး...
ဟောင်ရှောင်လုံက နတ်တံခါးဂိုဏ်းချုပ် ဘယ်တောမှ ဖြစ်လာမှာ မဟုတ်ဘူး .... အခု သူ့ကိုယ်သူ ဂိုဏ်းချုပ်လို့ ကြော်ငြာထားတဲ့ ချန်ထျန်ချီက အပြစ်တော်မြို့ဝန်နဲ့ မဟာမိတ် ဖွဲ့လိုက်ပြီ ....
နောက်ပြီး ငါတို့နတ်ဘုရားကျောင်းတော်ဘက်ကလဲ 
နတ်တံခါးဂိုဏ်းရဲ့ ဋ္ဌာနချုပ်မှာကိုသွားဖို့ အကြီးအကဲ လီမိုလင်ကို စေလွှတ်လိုက်ပြီး ..
အခုချိန်လောက်ဆို လီမိုလင်တို့လူစုက ကောင်းကင်ပိုက်ကွန်ကြီးကို ဆင်ပြီးနေလောက်ပြီ
ဟောင်ရှောင်လုံ တိုးဝင်လာတာကို စောင့်နေဖို့ပဲ လိုတော့တယ် ..... သူပေါ်လာတဲ့တစ်နေ့ဟာ သူရဲ့သေနေ့ပဲ ....."

ထိုအချိန်၌ နတ်တော်အပြင်ဘက်ကနေ အားကောင်းသော စွမ်းအင်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာလေသည် ။ ဂိုဂွမ်တို့လည်း အံ့သြသွားပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

".... လူတောင်း နန်းတော်ထဲကိုတောင် ပြသနာ လာရှာရဲတယ်တွေ ရှိနေပါလား ...."

ဂျန် ရှီက ပြောလိုက်သည်

".... ဟောင်ရှောင်လုံများဖြစ်နေမလား ....? သူရောက်တာလားများ ဖြစ်နေမလား ....."

ယောင်ရှန်က သူစိတ်ထဲတွင် ပေါ်လာသည့် အတွေးကို ချကိချင်း ထုတ်ပြောလိုက်သည်

ဂိုဂွမ်က ပလ္လင်ပေါ်ကနေ မတ်တပ်ထရပ်လိုက်ပြီး
အေးစက်စက်ဖြင့် ခနဲ့စကာဆိုလိုက်သည်

".... ဟောင်ရှောင်လုံ .... မင်းဖြစ်ပါစေလုိ့ပဲ ဆုတောင်းတယ် .... မင်းကြောင့်ငါတို့ စောင့်နေရတာ သုံးနှစ်ပြည့်တော့မယ်ကွ .... လာလာ .... ငါတို့ သိုင်းဝိညာဉ်လောကကြီးရဲ့ အတောက်ပဆုံး ကြယ်ပွင့်လေးကို သွားကြိုလိုက်ရအောင် ...."

နန်းဆောင်အတွင်းမှာ အကြီးအကဲတွေက ဂိုဂွမ်နှင့်အတူ နန်းတော်ဝင်ပေါက်ရှိရာသို့ ပျံသန်းသွားလိုက်ကြသည် ။

သူတို့လူစု ပျံသန်း လာနေကြစဉ်အချိန်မှာ ရှောင်လုံက နန်းတော်တံခါးအဝတွင်ရပ်ရင်း မခံချိမခံသာဖြစ်အောင် အော်ပြောလိုက်သည်

".... စကြာဝဠာ သိုင်းပညာရှင် ဆယ့်တစ်ယောက် တောင်ပါလား   .... ကြည့်ရတာ နတ်ဘုရားကျောင်းတော်က ငါ့ကို တော်တော်လေး အလေးထား တာပဲ ..."

တောကိပသော အလင်းတန်းတစ်ချက်နှင့်အတူ ဂိုဂွမ်နှင့် အကြီးအကဲဆယ်ယောက်က နန်းတော်တ့်ခါးဝသို့  ရောက်ရှိလာကြသည် ။ စကြာဝဠာသိုင်းပညာရှင် ဆယ့်တစ်ယောက်ဆီကနေ ထွက်ပေါ်နေသော စွမ်းအားတွေကြောင့် ရင်ပြင်ကျယ်ကြီးထဲကို အသက်ရှု ကျပ်သွားနိုင်လောက်အောင် ပြင်းထန်သည့် ဖိအားများက ဖုံးလွှမ်းသွားသည် ။

တချို့မိသားစုများမှ သိုင်းသမားများနှင့် အစောင့်ရဲမက်တစ်ချို့တို့ မတုန့်ပြန်နိုင်ခင်လေးမှာ
ပြင်းထန်သော ဖိအားကြောင့် သူတိူ့ခန္ဓာပေါက်ကွဲသွားသည် ။ တခြားသူတွေက လွတ်ရာကင်းရာသို့ ကြောက်လန့်တကြား ထွက်ပြေးကြလေသည် ။

".... ဟောင်ရှောင်လုံဆိုတာ မင်းလား ..."

ဂိုဂွမ်က ရှောင်လုံတစ်ကိုယ်လုံးကို အကဲခတ်လိုက်လေသည် ။

".... ဟောင်ရှောင်လုံ .... မင်းပေါ်လာရဲသေးတယ်ပေါ့ ....."

ယောင်ရှန်က ခနဲ့စကားဆိုလိုက်သည်

".... ဒီနေ့တော့ မင်းဘဝ အဆုံးသတ်ပြီပဲ .... မင်း ထွက်ပြေးနိုင်သေးလားဆိုတာ ကြည့်ကြသေးတာပေါ့ ......"

ဂိုဂွမ်က ရှောင်လုံ ၊ ကျောင်းရှု နှင့် ကျန်းဖူတို့ သုံးယောက်ကို ဝိုင်းထားရန် အကြီးအကဲဆယ်ယောက်ကို အချက်ပြလိုက်သည် ။

ဂိုဂွမ်က ကျောင်းရှု နှင့် ကျန်းဖူကို ကြည့်ပြီး ပြောလိုက်သည်

".... ခင်ဗျားတို့ နှစ်ယောက်က နတ်တံခါးဂိုဏ်းရဲ့ လက်ဝဲကိုယ်ရံတော်နဲ့ လက်ယာကိုယ်ရံတော် မဟုတ်လား  ... အမှန်တိုင်းပြောရရင် ဟောင်ရှောင်လုံအတွက်လောက်နဲ့ ခင်ဗျားတို့ အသက်ကိုရင်းရလောက်တဲ့အထိ တန်ရဲ့လား ....?
ခင်ဗျားတို့ နှစ်ယောက်သာ နတ်ဘုရားကျောင်းတော်နဲ့ ပူးပေါင်းမယ်ဆိုရင် နတ်ဘုရားကျောင်းတော်ဘက်ကနေ ခင်ဗျားတို့ တစ်ခါမှ အိမ်မက်တောင် မမက်ဘူးသေးတဲ့ အကျိုးအမြတ်တွေကို ပေးစွမ်းနိုင်ပါတယ် ..... ဘယ်လိုလဲ ....?"

အောက်မှာ ကျောက်ရီရဲ့  hydra ဟိုက်ဒရာ ပုံပြလိုက်ပါတယ်


....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၇၂ ......

နတ်ဘုရားကျောင်းတော်ကို သစ္စာခံရမယ် ဟုတ်လား .....!

ဂိုဂွမ်၏ ဆွဲဆောင်မှုကိုကြားပေမယ့် ကျောင်းရှု နှင့် ကျန်းဖူတို့နှစ်ယောက်ကတော့ တည်တည်ငြိမ်ငြိမ်ပဲရှိနေကြသည် ။

ကျောင်းရှုတို့အမူအရာတွေကို မြင်တော့ ယောင်ရှန်က နှာခေါင်းရှုံ့လိုက်ပြီး

"..... ကျုပ်တို့ဂိုဏ်းရဲ့ ဘုန်းတော်ကြီးက ခင်ဗျားတို့ သိုင်းအဆင့်ကို လေးစားနေလို့သာ အခုလိုမျိုးကမ်းလှမ်းနေတာနော် .... ခင်ဗျားတို့ အဆင့်ကို ကိုယ်ဘာသာသိကြပါ ....
အဲ့လိုမဟုတ်ရင် ခင်ဗျားတို့လဲ ဟောင်ရှောင်လုံနဲ့ အတူတူ အဆုံးသတ်သွားရလိမ့်မယ် ....."

ကျောင်းရှုက ယောင်ရှန်အား စက်ဆုပ်ရွံရှာသလို ကြည့်လိုက်ပြီး

".... ငါတို့ကိုသတ်မယ်ပေါ့ ... မင်းစောက်ဆင့်နဲ့လား ....?"

ယောင်ရှန်ကဲ့သို့ စကြာဝဠာအဆင့်၆ သိုင်းပညာရှင်မျိုးကို ကျောင်းရှုတို့က မျက်လုံးထဲပင် ထဲထားကြတာမဟုတ်ပေ ..။
တောက်ပသောနေမင်းမြို့က တိုက်ပွဲမှာ လီမိုလင်နှင့် ယောင်ရှန်တို့သာ အပြေးမမြန်ခဲ့ရင် သူ့လက်ချက်ဖြင့် ယောင်ရှန်ဇတ်သိမ်းခဲ့ဖို့က သေချာသလောက်ကိုရှိနေသည်  ။

ကျောင်းရှု၏ လှောင်ပြောင်စကားကြောက့် ယောင်ရှန်မျက်လုံးတွေက နီရဲလာပြီး

"... ခင်ဗျား ....ခင်ဗျား .....!"

သို့သော် ယောင်ရှန်က သူကိုယ်သူ ကျောင်းရှု၏ ပြိုင်ဘက်မှန်းကိုတော့ သိထားသည် ။
ထိုအချိန်တွင် ဂိုဂွမ်က ကြားဖြတ်ပြောလိုက်သည်

".... ဟောင်ရှောင်လုံ .... မင်းက နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်နဲ့ ပကတိသိတ်ဝိညာဉ်ပုလဲလုံးတို့ကို အသာတကြည်ပေးမယ် ဆိုရင် ငါမင်းကို သက်တောင်သက်သာပဲ သေခိုင်းလိုက်မယ် ..... လူခိုင်ဘယ်လိုသေသွားရသလဲဆိုတာကို မင်းသိပြီးပြီလား ...
ငါတို့က သူ့ကိုအရှင်လတ်လတ် အရေခွံဆုပ်ပြစ်တာနော် ..... အေး အဲ့လိုမျိုး ၁၅ ရက်လောက်ကြာအောင် တောက်လျှောက်နှိပ်စက်တာ ...."

ရှောင်လုံမျက်လုံးထဲတွင် စူးရှသောအလင်းတန်း တချက် ဖြတ်ပြေးသွားသည် ။ ထိုနောက် သူ့ကိုယ်၏ အတွင်းပိုင်းမှ အနက်ရောက်နတ်မိစ္ဆာချီ စွမ်းအားတွေ ထွက်ပေါ်လာသည် ။

".... ကောင်းပြီလေ.... ခင်ဗျား ဖော်စပ်ထားတဲ့ ဆေးကို ခင်ဗျား ပြန်သောက်ဖို့သာ ပြင်ထား ...."

ဂိုဂွမ်က ရှောင်လုံစကားကို လှောင်ရယ်ရယ်လိုက်ပြီး
".... ဟဟ အဲ့လိုလား ....? ဟောင်ရှောင်လုံ ...ဟောင်ရှောင်လုံ  ... လူကသေခါနီးနေပြီ  .... လေကတော့ ကျယ်နေတုံးပါလား .... ကျောင်းရှု နဲ့ ကျန်းဖူတို့ နှစ်ယောက်ထဲနဲ့ မင်းကိုကာကွယ်နိုင်မယ်လို့ မင်းထင်နေတာလား .....?"

ဂိုဂွမ်က အကြီးအကဲဆယ်ယောက်ကို မျက်ရိပ်ပြလိုက်သည် ။ ထိုနောက် သူကိုယ်ထဲမှ အရှိန်အဝါတွေ ပေါက်ကွဲထွက်လာသလို သူနောက်မှ ဧရာမဝက်ဝံကြီးတစ်ကောင် ထွက်ပေါ်လာသည် ။ ဤဝက်ဝံကြီးကတော့ ဂိုဂွမ်၏ သိုင်းဝိညာဉ်ပဲ ဖြစ်သည် ။

ဂိုဂွမ်က သူ့သိုင်းဝိညာဉ်ကိုဆင့်ခေါ်ပြီးသည့်နှင့် ချက်ချင်းဆိုသလို ဝိညာဉ်အသွင်သို့ ပြောင်းလဲလိုက်သည် ။ သူ့လက်တွေက အရင်ကထက် နှစ်ဆကြီးလာသလို  ဝက်ဝံလက်သည်း ပုံသဏ္ဍာန်ဖြစ်သွားသည် ။ ထိုနောက် သူက ကျန်းဖူကို ရိုက်ချလိုက်သည် ။

သူတိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် နတ်ဘုရားကျောင်းတော်မှ အကြီးအကဲ ဂျန်ရှီ ဦးဆောင်သောလူလေးယောက်အဖွဲ့က ကျောင်းရှုကို ဝင်ရောက်တိုက်ခိုက်ကြလေသည် ။

ဂိုဂွမ် နှင့် ကျန်းဖူတို့က သူမသာ ကိုာ်မသာ သိုင်းပညာရှင်များ ဖြစ်ကြသည် ။ ထိုအပြင် ဂျန်ရှီနှင့်သူ့အဖွဲ့မှ လူတွေက စကြာဝဠာအဆင့်၁၀ အထွတ်အထိပ်အဆင့် သို့ မရောက်ကြသေးသော်လည်း စကြာဝဠာအဆင့်၁၀ အလယ်အဆင့် နှင့် စကြာဝဠာအဆင့်၁၀ စဦးအဆင့် သိုင်းပညာရှင်များပါဝင်သည့် အားကောင်းသော အဖွဲ့တစ်ခုဖြစ်သည်။

ဂျန်ရှီနှင့် တခြားအကြီးအကဲလေးယောက်က ရှောင်လုံကို သတ်ပြီးသည်အထိ ကျောင်းရှုကို ထိန်းချုပ်ထားဖို့ ကြိုးစားလိုက်သည် ။

နတ်ဘုရား ကျောင်းတော်ဘက်က ရှောက်လုံနှင့်အတူ ကျောင်းရှု နှင့် ကျန်းဖူတို့ပါလာနိုင်တာကို တွက်ဆပြီး အစောကြီးထဲက အခုလိုမျိုး အစီအစဉ် ဆွဲထားခဲ့တာပဲ ဖြစ်သည်  ။

ယောင်ရှန် တခြားအကြီးအကဲ လေးယောက်က ရှောင်လုံကို လှောင်အိမ်ထဲမိနေသော ကြွက်လေးတစ်ကောင်လိုမျိုးကြည့်လိုက်ကြသည်

".... ဟောင်ရှောင်လုံ .... ကျောင်းရှု နဲ့ ကျန်းဖူတို့ အကာအကွယ်မရှိရင် မင်းကိုသတ်ဖို့က လက်ဝါးတစ်ချက်တောင် မြှောက်စရာမလိုဘူးကွ."

ယောင်ရှန်က ခနဲ့လိုက်သည်

".... ဒီလိုနေရာမှာ သုံးနှစ်တိတိစောင့်လာခဲ့တာက မင်းကို ငါလက်နဲ့ ကိုယ်တိုင်သတ်ဖို့ပဲ .... !"

ယောင်ရှန်က စကားမဆုံးသေခင်မှာပဲ သူ့လက်ဝါးနှစ်ဖက်ကို ဓားတစ်ချောင်းပုံသဏ္ဍာန်ပြုလုပ်၍ ရှောင်လုံတည့်တည့်သို့ ပိုင်းချလိုက်လေသည် ။

"... တောင်ဖြတ် လက်ဝါး ...."

ယောင်ရှန် လက်ဝါး၏ အရှိန်အဟုန်က အမှန်တကယ်ပင် တောင်ကြီးတစ်လုံးအား တစ်ချက်ထဲဖြင့် ပိုင်းဖြတ်နိုင်သည်အထိ အလွန်ကို ပြင်းထန်လေသည်။

တခြားအကြီးအကဲလေးယောက်ကတော့ ဘေးမှာ ပဲ အသာအယာရပ်ကြည့်နေကြသည် ။ ယောင်ရှန်ကဲ့သို့ စကြာဝဠာအဆင့် ၆ သိုင်းပညာရှင်တစ်ယောက်သည် ရှောင်လုံကို သတ်ဖို့ လုံလောက်တာထက်ပင် ပိုလျှံနေသေးသည်။

သူ့ရှေ့မှ လူငါးယောက်ကိုကြည့်ရင်း ရှောင်လုံ နှုတ်ခမ်းတွေက ယောင်ယောင်လေး တွန့်ကွေးသွားသည် ။ ထိုနောက် ရှောင်လုံက လက်တစ်ချက်ယမ်းလိုက်သည် ။ ထိုအခါ ရှောင်လုံလက်ထဲကနေ မရေတွက်နိုင်သော အနက်ရောင် နောက်ချေးပိုးလေးတွေ အများကြီးထွက်ပေါ်
လာပြီး ယောင်ရှန်တို့ ငါးယောက်ဆီသို့ ပျံသန်းသွားကြသည် ။

ရှောင်လုံလက်ထဲကနေ အနက်ရောင် နောက်ချေးပိုးလေးတွေ အများကြီး ထွက်လာတာကိုမြင်လိုက်တော့ ယောင်ရှန်က အကျယ်ကြီး အော်ရယ်လိုက်သည်။ သူတို့စိတ်ထဲတွင် သာမန် နောက်ချေးပိုးလေးတွေဟုသာ ထင်မှတ်နေခြင်းဖြစ်သည် ။

".... ဟောင်ရှောင်လုံ .... အဆိပ်ပိုးကောင်တွေက စကြာဝဠာသိုင်းပညာရှင်တွေကို ရန်မပြုနိုင်ဘူးဆိုတာ မင်းမသိဘူးလား ....ဟားဟား....."

စကြာဝဠာသိုင်းပညာရှင်တို့၏ ခန္ဓာကိုယ်တွေက အသက်ဓတ်အလွန်ပြင်းထန်ပြီး သာမန်အဆိပ်လောက်ကိုတော့ ဂရုစိုက်စရာကို မလိုပေ ...။

တခြားအကြီးအကဲ လေးယောက်ကလည်း ယောင်ရှန်နှင့်အတူ ရယ်မောလိုက်ကြသည် ။ သူတို့ကလဲ အနက်ရောင်နောက်ချေးပိုးလေးတွေကို မျက်လုံးထဲ ထဲ့ထားခြင်းမရှိပေ ...။ထိုကြောင့် ရှောင်လုံ စေလွှတ်လိုက်သော အနက်ရောင်နောက်ချေးပိုးလေးတွေ သူတို့အရှေ့သို့ ရောက်လာသောအခါ ယောင်ရှန်နှင့် အကြီးအကဲလေးယောက်က အကျီလက်ဖြင့် သာမန်ကာလျှံကာမျှသာ ဝေ့ယမ်းလိုက်သည်။ သူတို့က အတွင်းအားတွေကို မီးတောက်အဖြစ်ပြောင်းလဲ၍ ထိုအဆိပ်ပိုးကောင်တွေကို မီးရှို့သတ်လိုက်ခြင်းပင် ....။

သို့သော် နောက်ထပ် ထပ်မံဖြစ်ပေါ်လာသော အခြေအနေတွေက သူတို့ကို အရမ်း အံသြသွားစေလေသည် ။ အနက်ရောင်နောက်ချေးပိုးလေးတွေက သူတို့ရဲ့ အတွင်းအားမီးတောက်တွေကြားမှ သွားဖြဲရင်း ပျံသန်းလာကြသည် ။

".... ဒါ ....ဒါဘယ်လိုဖြစ်ရတာလဲ ....?"

အကြီးအကဲတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်ပြီး သူ့ထံသို့ ပျံသန့းလာနေသော အနက်ရောင်နေချေးပိုးလေးတွေကို လက်ဝါးနှစ်ဖက်ဖြင့် အားကုန်ရိုက်ချလိုက်သည်။
အနက်ရောက် နောက်ချေးပိုးလေးတွေက သူလက်ဝါးချက်နှင့် ထိမှန်ကာ အနောက်ဘက်ကို လွင့် ပျံသွားသော်လည်း သူ့ရှေ့သို့ ချက်ချင်းဆိုသလို ပြန်လည်ရောက်ရှိလာသည်။

နတ်ဘုရားကျောင်းမှ အကြီးအကဲ ငါးယောက်စလုံး မျက်နှာတွေပျက်ကုန်ကြသည် ။ သူတို့၏ ကြောက်လန့်တုန်လှုပ်နေကြသော အမူအရာတွေကိုမြင်တော့ ရှောင်လုံက မထီတရီပြုံးလိုက်လေသည် ။

ရှောင်လုံက အနက်ရောင် နောက်ချေးပိုးလေးတွေကို မူလတောအုပ်ထဲကနေ ဖမ်းဆီးကာ သူ့အမိန့်အတိုင်း လုပ်ဆောင်တတ်းစေရန်အတွက် လေ့ကျင့်ပေးထားခြင်းဖြစ်သည် ။  အနက်ရောင် နောက်ချေးပိုးလေးတွေနှင့် သူကိုယ်တိုင်တွေ့ကြုံဘူးတာကြောင့် သူတို့ကမည်မျှကြောက်စရာကောင်းတယ်ဆိုတာကို ရှောင်လုံသိထားသည် ။

ထိုကြောင့်လဲ ရှောင်လုံက သူ့စိတ်ဝိညာဉ်စွမ်းအားတွေနှင့်အတူ ရှေးဟောင်းရုပ်သေးရုပ်ထိန်းချုပ်နည်း အတတ်ပညာနှင့် စိတ်အာဏာနည်းစနစ်တို့ကို ရောစပ်ကာ အဆိပ်နောက်ချေးပိုးလေးတွေကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးသားခဲ့ခြင်းဖြစ်သည် ။ အခုအချိန်မှာ ရှောင်လုံထိန်းချုပ်နိုင်သော အဆိပ်နောက်ချေးပိုး အရေအတွက်က အကောင်တစ်သောင်းနီးပါး ရှိလာခဲ့ချေပြီ ...။

".... ဒီကောင်တွေက ဘာကောင်တွေတုံးဟ ....?"

ယောင်ရှန်၏ ဒေါသတကြီး အော်ဟစ်သံထွက်ပေါ်လာလေသည် ။ အဆိပ်နောက်ချေးပိုးလေးတွေက သူ့အတွင်းအား မီးတောက်ကို မကြောက်ရွံသလို ဘယ်လိုမှလဲ သတ်လိုမရအောင် ဖြစ်နေသည် ။

ယောင်ရှန် အော်သံကိုကြားတော့ ဂိုဂွမ် နှင့် ကျောင်းရှုကို ဝိုင်းရံထားသော အကြီးအကဲတွေက ယောင်ရှန်တို့ အခြေအနေကို သတိပြုမိသွားကြသည်။ နတ်ဘုရားကျောင်းတော်မှ အကြီးအကဲတစ်ယောက်က သူ့လက်မောင်းတွင် စူးရှသော နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည် ။ သူက လက်မောင်း အကျီကို မကြည့်လိုက်တော့ အဆိပ်နောက်ချေးပိုးတစ်ကောင်၏ အစွယ်က သူ့အသားထဲသို့ စိုက်ဝင်နေတာကို မြင်လိုက်ရသည် ။

သူမတုန့်ပြန်နိုင်ခင်မှာပဲ သူ့တစ်ကိုယ်လုံး ထုံကျင်လာပြီး ကျောက်ရုပ်ကြီးတစ်ရုပ်လို ဖြစ်သွားလေသည်။ ထိုနောက် သူကိုယ်ထဲမှ အတွင်းအားချီတွေကလဲ အငွေ့ပျံပျောက်ဆုံးသွားသလိုမျိုး လုံးဝကို စုစည်းလို့ မရတော့ပေ ..။

ထိုအကြီးအကဲက စက္ကန့်ပိုင်းအတွင်းမှာပဲ အတွင်းအားတွေ စုစည်းမရတော့သလို တစ်ကိုယ်လုံး ထုံပေပေဖြစ်ပြီး နဲနဲလေးမှ မလှုပ်ရှားနိုင်တော့ပေ ။

ထိုအကြီးအကဲက သူ့ကိုယ်ပေါ်သို့ အဆိပ်နောက်ချေးပိုးတွေ ကျရောက်လာတာကို မျက်လုံးကြီးပြူးရင်း ကြည့်နေရုံလေးသာ တတ်နိုင်တော့သည် ။  အဆိပ်နောက်ချေးပိုးလေးတွေက အကြီးအကဲ၏ လက် ၊ ပေါင် ၊ ခါး ၊ ရင်ဘတ် ၊ ခေါင်း နှင့် နှာခေါင်းတွေ နားတွေထဲကိုပါ ဖောက်ဝင်သွားကြသည် ။

".... အား ....ကယ်ကြပါအုံး .... ကယ်ကြပါအုံး ....!"

ထိုအကြီးအကဲက ဂိုဂွမ်နှင့် ယောင်ရှန်တို့ရှိရာကို လှမ်းကြည့်ရင်း တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်လိုက်သည် ။

အဆိပ်နောက်ချေးပိုးလေးတွေက  စက္ကန့်ပိုင်းအတွင်းမှာပဲ အကြီးအကဲ၏ အသားတွေကို လျင်မြန်စွာဖြင့် စားသုံးလိုက်တာကိုမြင်တော့ဂိုဂွမ်တို့လဲသတိအနေအထားဖြစ်ကုန်ကြ
သည်။

".... အား ....အားလုံးပဲ ကျွန်တော့ကို ကယ်ကြပါအုံး ....အား သေပါပြီ ......"

အကြီးအကဲက စူးရှသောအသံဖြင့် ငယ်သံပါအောင်အော်လိုက်လေသည် ။ သူက ရုန်ကန်ပြီး ထွက်ပြေးဖို့ ကြိုးစားသော်လည်း သူ့ခန္ဓာကိုယ်ကြီးက သူ့အလိုကို မလိုက်နိုင်ခဲ့ပေ ...။

ဆယ်စက္ကန့်လောက်ကြာပြီးနောက်တွင် အဆိပ်နောက်ချေးပိုးလေးတွေက သူတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီးသွားလေသည်။ ငယ်သံပါအောင် အော်နေသောအကြီးအကဲ၏ တစ်ကိုယ်လုံးတွင် အရိုးဖြူဖြူများနှင့် ဦးခေါင်းခွံတို့သာ ကျန်ရစ်ခဲ့လေသည်။ ထိုရလဒ်ကိုမြင်လိုက်သော ယောင်ရှန်တို့အကုန်လုံး ဆံပင်မွှေးတွေထောင်လာပြီး အသက်ရှုမှားကုန်ကြသည်။

ဒီ အကောင်သေးသေးလေးတွေက ကြောက်ဖို့ ကောင်းလှချည်လား ....!

အခုအရိုးပဲကျန်သော အကြီးအကဲက စကြာဝဠာအဆင့်၅ သိုင်းပညာရှင်တစ်ယောက်ဖြစ်သည် ။ သို့သော် စကြာဝဠာအဆင့် အကြီးအကဲ၏ အိမ်မက်ဆိုးကြီးက ရပ်တန့်မသွားသေးပေ ..။ အဆိပ်နောက်ချေးပိုးလေးတွေက အကြီးအကဲ၏ အသားတွေအကုန်လုံးကို ကိုက်စားပြီးတာနဲ့ သူတို့၏ ပါးစပ်သေးသေးလေးတွေကိုဟကာ တစုံတရာကို စုပ်သွင်းလိုက်သည်။
သူတို့စုပ်အားကြောင့် အရိုးပဲကျန်တော့သည့် အကြီးအကဲ၏ စိတ်ဝိညာဉ်က အပိုင်းတစ်ထောင်နီးပါးလောက် ပြတ်ထွက်ကာ ဘဝဇတ်သိမ်းသွားရလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်တော့ စိတ်ဝိညာဉ်ကို အားကိုးနေကြသည့် စကြာဝဠာသိုင်းပညာရှင်တွေအကုန်လုံး တုန်လှုပ်ခြောက်ခြားကုန်လေသည်။

"... ဒါ ...ဒါတွေက ရှေးဟောင်း အလောင်းကောင် အဆိပ် နောက်ချေးပိုးတွေပဲ ......!"

ကျောင်းရှုနှင့် တိုက်ခိုက်နေသော ဂျန်ရှီပါးစပ်မှ အာမေထိတ်အသံထွက်ပေါ်လာလေသည် ။

"....ဘယ်လို  အလောင်းကောင် အဆိပ် နောက်ချေးပိုး  ...ဟုတ်လား ....?"
ဂိုဂွမ်က အသံတွေပါ တုန်သွားသည် ။
နတ်ဘုရားကျောင်းတော်ဘက်မှ လူတွေအကုန်လုံး မျက်နှာတွေ ပျက်ကုန်ကြသည် ။

"..... အလောင်းကောင်း အဆိပ် နောက်ချေးပိုး ....
တကယ်ကို ကြောက်စရာကောင်းတဲ့ သတ္တဝါတွေပဲ ....!"

အကြီးအကဲတစ်ယောက်က တုန်နေသော သူခြေထောက်တွေကို ကြိုးစားထိန်းချုပ်ရင်းပြောလိုက်သည်

"..... ဒီ အလောင်းကောင် အဆိပ်နောက်ချေးပိုးတွေက ကမ္ဘာလောကကြီးကနေ ပျောက်ကွယ်သွားတာ နှစ်ပေါင်းတစ်ထောင်ကျော်ကြာနေပြီမဟုတ်လား ... ဘယ်လိုလုပ်ပြီး အခုအချိန်မှာ ပြန်ပေါ်လာရတာလဲ ....?  "

သူတို့အကုန်လုံးက အဆိပ်နောက်ချေးပိုးလေးတွေ၏ နာမယ်ဂုဏ်သတင်းကို ကြားသိပြီးသား ဖြစ်သည်။ သူတို့ တုန်လှုပ်ကြောက်လန့်နေကြစဉ်မှာပဲ နောက်ထပ်အကြီးအကဲတစ်ယောက်က အဆိပ်နောက်ချေးပိုးလေးတစ်ကောင် အကိုက်ခံလိုက်ရပြီး ပထမအကြီးအကဲ လိုမျိုး ဇတ်သိမ်းသွားလေသည်။

ကြောက်လန့်တကြားအော်ဟစ်သံတွေက အဆက်မပြတ်ထွက်ပေါ်လာသည် ။ယောင်ရှန်တို့လူစုအတွက် အဆိပ်နောက်ချေးပိုးလေးတွေ၏ အကျိုးသက်ရောက်မှု အရမ်းကိုကြီးမားလေသည်။ သူတို့အကုန်လုံး သေးထွက်ကျလုမတတ် ကြောက်လန့်နေကြသည်။
သူတို့မျက်လုံးထဲတွင်  အနက်ရောင် အဆိပ်နောက်ချေးပိုးလေးတွေကို  သူတို့အသက်ကို ရိတ်သိမ်းဖို့ ရောက်လာသည့် အနက်ရောင် သေမင်းများသဖွယ် မြင်ယောင်လာကြသည်။

"... သူတို့ခေါင်းတွေကိုပဲ တိုက်ကြ .... သူတို့ခေါင်းမှာ အပြင်းအထန်ဒဏ်ရာရသွားရင် အဆိပ်နောက်ချေးပိုးတွေ သေကုန်လိမ့်မယ် ....."

ဂျန်ရှီက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။
ဂျန်ရှီစကားကိုကြားတော့ အကြီးအကဲတွေအကုန်လုံးက အသက်လုပွဲ ဆင်နွှဲတော့မည့်ပုံစံဖြင့် လက်နက်တွေကို အလျင်အမြန် ထုတ်လိုက်ကြသည် ။

သို့သော် အဆိပ်နောက်ချေးပိုးလေးတွေ၏ ခံနိုင်မှုစွမ်းရည်က သူတို့ထင်ထားတာထက် အများကြီး သာလွန်နေတယ်ဆိုတာကို မကြာခင်မှာ သူတို့အကုန်လုံး ကောင်းကောင်ကြီး သဘောပေါက်သွားကြသည်။ သာမန်လက်နက်တွေက အဆိပ်နောက်ချေးပိုးလေးတွေ၏ ကိုယ်ပေါ်တွင် အစင်းရာလေးတစ်ခုထင်အောင်တောင်မှ မလုပ်နိုင်ကြပေ ...။

နတ်ဘုရားအဆင့်လက်နက် ကိုသုံးရမှာလား....?

သိုင်းဝိညာဉ်ကမ္ဘာကြီးပေါ်တွင် နတ်ဘုရားအဆင့်လက်နက်တွေက အလွန်ကို ရှားပါးပြီး ကံကောင်းမှသာ တွေ့ကြုံနိုင်သည့် လက်နက်များဖြစ်ကြသည် ။ သူတို့က စကြာဝဠာ သိုင်းပညာရှင်များထက်ကိုပင် ပို၍ ရှားပါးသေးသည် ။ နတ်ဘုရားကျောင်းတော်မှ  အကြီးအကဲများဖြစ်ကြသော ယောင်ရှန် နှင့် တခြားလူများတွင် နတ်ဘုရားအဆင့် လက်နက်တစ်ခုတောင်မှ ပိုင်ဆိုင်ထားကြခြင်းမရှိပေ..။

သူတို့က ကြံရာမရဖြစ်ပြီး ကြက်သေသေကုန်ကြသည် ။ ရင်ပြင်ကျယ်ကြီး တစ်ခုလုံးက လူတွေအကုန်လုံး စိတ်ပျက်လက်ပျက်နှင့် ဆောက်တည်ရာမရ ဖြစ်နေကြပြီး သူတို့အပေါ် သေခြင်း အရိပ်အယောင်များက ဖုံးလွှမ်းနေ၏ ။

နောက်ချေးပိုး ပုံစံလေးပါ
ရှောင်လုံဖမ်းထားတာကတော့ အနက်ရောင်ပေါ့


....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၇၃ ......

အချိန်ခနလေးအတွင်းမှာပဲ နတ်ဘုရားကျောင်းတော်ဘက်မှ အကြီးအကဲ သုံးယောက်က အဆိပ်နောက်ချေးပိုးလေးများလက်ချက်ဖြင့် ကျဆုံးသွားလေသည် ။ သူတို့၏ စိတ်ဝိညာဉ်များကိုလည်း နောက်ချေးပိုးလေးများက အစိတ်စိတ်အမွှာမွှာဖြစ်အောင် ကိုက်ဖဲ့စားသုံးလိုက်ကြသည် ။

ရုတ်တရက်ပြောင်းလဲသွားသောအခြေအနေတွေအပေါ်ကို အကုန်လုံးက လိုက်မမှီနိုင်အောင် ဖြစ်ကုန်ကြလေသည် ။ ယောင်ရှန် နှင့် တခြားအကြီးအကဲများမှာ ရှောင်လုံအားသတ်ဖို့ မဆိုထားနှင့် သူ့ဆံပင်မွှေးတစ်ချောင်းကိုတောင် မထိနိုင်ကြပေ ...။ အဆိပ်နောက်ချေးပိုးလေးများလက်ချက်ဖြင့်  သူတို့အသက်သေမသွားအောင်ကို ဂရုစိုက်နေကြရသည် ။

စဦးပိုင်းတွင် အကြီးအကဲငါးယောက်က ရှောင်လုံကို  ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်သည် ။ သူတို့ထဲက သုံးယောက်သေဆုံးသွားသောအခါ ယောင်ရှန် နှင့် တခြားအကြီးအကဲ တစ်ယောက်သာ ကျန်ရှိတော့သည် ။ ထိုကြောင့် အဆိပ်နောက်ချေးပိုးလေးများ၏ အာရုံက သူတို့နှစ်ယောက်အပေါ်သို့ စုပြုံ၍ ကျရောက်လာကြသည် ။

ယောင်ရှန် က ဘယ်ဘက်ကိုထွက်ပြေးလိုက် ညာဘက်ကိုခုန်ရှောင်လိုက်ဖြင့် သူ့အခြေအနေက  အရမ်းကိုဆိုးရွားနေသည် ။ ယောင်ရှန်ကို ဒေါသထွက်စေသည့်အချက်မှာ ဘေးမှ ကျားချောင်းချောင်းနေသော ရှောင်လုံက အခွင့်သာပြီးဆိုတာနဲ့ သူ့ကို ဝင်ဝင်ပြီး ဒုက္ခ ပေးခြင်းကြောင့် ဖြစ်သည်။

ငရဲမုန်တိုင်း ......!

နတ်မျက်ရည်သိုင်းကွက် ....!

ငရဲဘုရင်၏ ဒေါသ .....!

ရှောင်လုံက ယောင်ရှန်အား စမ်းသပ်သေည အရုပ်တသ်ခုလိုမျိုး သူ့နတ်ဓားသိုင်း၏ တိုးတက်မှုအခြေအနေတွေကို တစ်ကွက်ချင်း စမ်းသပ်နေလေသည် ။ စကြာဝဠာ အဆင့် ၆ သိုင်းပညာရှင်လိုလူမျိုးကို ပစ်မှတ်အနေဖြင့် ထား၍ လေ့ကျင့်ဖို့ဆိုတာ မလွယ်ကူလှပေ ...။

ရှောင်လုံက စကြာဝဠာသိုင်းသမားဖြစ်လာပြီးနောက်ပိုင်းတွင် နတ်ဓားသိုင်းကျမ်းအပေါ် အဆလ့အကျင့် နဲခဲ့သည် ။ ထိုကြောင့် ယောင်ရှန်ကို အသုံးပြု၍ နတ်ဓားသိုင်းကွက်၏ အနှစ်သာရအား ဖမ်းဆုပ်မိအောင် အထပ်ထပ်အခါခါလေ့ကျင့်နေလေသည် ။ရှောင်လုံက ထိုကဲ့သို့ လေ့ကျင့်နေရင်း
နတ်ဓားသိုင်းကွက်တွေက သူထင်ထားတာထက် ပိုပြီး ထက်မြက်နေတာကို တွေ့ရှိလိုက်သည် ။

  နတ်ဓားသိုင်းကွက်ထဲသို့ သူ့နားလည်ထားသော လေဟာနယ်နိယာမနှင့် မကုန်ခမ်းနိုင်သောနတ်ဆိုးအတွင်းအားချီတွေကို ပေါင်းထဲလိုက်သောအခါ ကမ္ဘာကြီးပေါ်သို့ ငရဲနေ့ရက်ကျရောက်လာသလိုမျိုး ကောင်းကင်ကြီးတစ်ခုလုံး မဲမှောင်သွားလေသည် ။

ယောင်ရှန်ဆီသို့ အေးစက်နေသော ငရဲမုန်တိုင်းများ ၊ နတ်ဆိုးများအော်မြည်သံများကြားထဲက ကျဆင်းလာသော မျက်ရည်များ ၊ ငရဲမင်း၏ ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးသံများ နှင့်  မရေတွက်နိုင်သောနတ်ဆိုးဝိညာဉ်များ၏ ဝမ်းနဲပူဆွေးစွာ ငိုကြွေးသံတွေက တစ်ခုပြီးတစ်ခု ကျရောက်လာနေသည် ။

ထိုနောက် မိနစ်အနဲငယ်အကြာတွင် ရှောင်လုံက ကိုယ်တိုင်ထိုးထွင်းသိမြင်သော အနေအထားတစ်ခုကို ရောက်ရှိသွားသည် ။
( ရုတ်တရက် ညဏ်အလင်းရသွားတာမျိုး )

ရှောင်လုံစိတ်ထဲတွင် ကောင်းကင်နှင့် မြေကြီးက ပေါင်းစပ်သွားသလိုမျိုး ခံစားလိုက်ရသည် ။ သူ့ကိုယ်တိုင်ကလည်း ငရဲ၏ ပြယုဂ် တစ်ခု ဖြစ်သွားလေသည် ။ အဝေးမှ လှမ်းကြည့်မယ်ဆိုရင် ရှောင်လုံတစ်ကိုယ်လုံးကို အနက်ရောင်နတ်ဆိုးချီများ လွှမ်းခြုံနေတာကို မြင်တွေ့နိုင်သည် ။

ယောင်ရှန်က အဆိပ်နောက်ချေးပိုးလေးတွေကို ခုန်ရှောင်ရင်း ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
ယောင်ရှန်၏ မျက်လုံးထဲတွင် ရှောင်လုံက ငရဲပြည်မှ စေလွှတ်လိုက်သော နတ်ဆိုးတစ်ကောင် ဖြစ်နေသည် ။ သူရင်ထဲ၌ ပြောမပြတတ်သော ကြောက်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။ 

အကယ်၍ ရှောင်လုံဆီမှာ အလောင်းကောင် အဆ်ပ်နောက်ချေးပိုး စစ်တပ်ကြီးတစ်ခု ရှိနေတယ်ဆိုတာကို သူကြိုသိခဲ့လျှင် သူ့ကို သေအောင်ရိုက်နှက်မယ်ဆိုရင်တောင် လူတောင်းနိုင်ငံကို လာခဲ့မှာ မဟုတ်ပေ ...။ အခုတော့ ကိုယ်သေတွင်းကို ကိုတူးခဲ့လေပြီ ..။

".... အကြီးအကဲ ဂိုဂွမ် ... ...ကျွန်တော်တို့ နောက်ဆုတ်သင့်ပြီထင်တယ်နော် .....!"

ယောင်ရှန်က အဆိပ်နောက်ခေးပိုးလေးတွေကို ရှောင်ရင်း လှမ်းအော်လိုက်သည် ။ သူအသံထဲတွင် ကြောက်ရွံမှုတွေက အထင်းသားပါဝင်နေသည်။ယောင်ရှန်က ထပ်အော်ပြောလိုက်သည်

".... ကျွန်တော်တို့ ဒီထက်ပိုပြီး မခံနိုင်တော့ဘူး ...
အခုနောက်မဆုတ်ရင် ကျွန်တော်တို့ရဲ့ အဆိပ်နောက်ချေးပိုး အစာဖြစ်ကုန်လိမ့်မယ် ....."

ယောင်ရှန်က သေမင်းနှင့်အကြိတ်အနယ်ကို စစ်ထိုးနေရလေသည်။ အဆိပ်နောက်ချေးပိုးလေးတွေ သူ့ကို ကိုက်မိခံနီးဖြစ်ခဲ့သော အကြိမ်အရေအတွက်က အနဲလှပေ  .။ယောင်ရှန်က ဘေးကိုတစ်ချက်လှည့်ကြည့်လိုက်တော့ သူတို့အဖွဲထဲကမှ နောက်ဆုံးကျန်ရှိသောအကြီးအကဲအား အဆိပ်နောက်ချေးပိုးလေးက တစစီကိုက်ဖဲ့စားနေတာကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် သူခြေထောက်တွေ ပျော့ခွေလာပြီး မြေကြီးပေါ်သို့ လဲကျလုမတတ် ဖြစ်သွားလေသည် ။

"..... ပြန်ဆုတ်ကြ ...."

ထိုအချိန်တွင် ဂိုဂွမ်အော်သံထွက်ပေါ်လာသည်။
ရုတ်တရက်ထွက်ပေါ်လာသော ဂိုဂွမ်၏ အသံက
ယောင်ရှန်နားထဲမှာတော့ သဘာဝတေးဂီတသံ တသ်ခုလိုမျို အလွန်ကို ချိုမြနေသည် ။ ယောင်ရှန်က နောက်ကျသည့် ခြေထောက်သစ္စာဖောက်ပုံစံဖြင့် လေထဲသို့ ခုန်ပျံရင်း ကမန်းကတမ်းထွက်ပြေးလေသည် ။

သို့သော် သူခုန်ပျံလိုက်သည့်အချိန်တွင် တောက်ပနေသောကောင်းကင်ကြီးတစ်ခုလုံးက အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ယောင်ရှန်တို့ ကိုယ်လက်ချောင်းတွေကို ပြန်ပြီးမမြင်နိုင်လောက်သည်အထိ ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထူကြီးက ကြီးစိုးသွားသည်။ ထိုနောက် အမှောင်ထုထဲကနေ တစ္ဆေစွမ်းအားတွေက ဧရာမလှိုင်းလုံးကြီးတွေကဲ့သို့ တလိမ့်လိမ့် ထွက်ပေါ်လာသည်။

ယောင်ရှန်က အရမ်းကို ထိတ်လန့်သွားသည် ။ ထိုအပြင် နတ်ဆိုးဝိညာဉ်တွေက သူ့ဆီသို့ အလုအယက်ပြေးလာတာကိုလည်း မြင်တွေ့လိုက် ရသည်။

".... ဒါ ...ဒါက ဘယ်လိုတွေဖြစ်ကုန်တာလဲ ....?"

ယောင်ရှန် က ချောင်ပိတ်ရိုက်ခံရသေည ခွေးတစ်ကောင်လိုမျိုး အရမ်းကို ဒေါသထွက်လာသည်။
ထိုနောက် သူ့လမ်းကို ပိတ်ဆို့ထားသော နတ်ဆိုး ဝိညာဉ်တွေကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

သူတိုက်ကွက်တွေက အကျိုးသက်ရောက်တာကို မြင်တော့မှ ယောင်ရှန်လည်း သက်ပြင်းချနိုင်သွားသည်။ သူ့စိတ်ထဲတွင် နတ်ဆိုးဝိညာဉ်တွေက အဆိပ်နောက်ချေးပိုးတွေလို ကြောက်စရာမကောင်းဘူးလို့ ထင်မှတ်သွားသည်။

  ".... ဒီဟာက တစ္ဆေ အစီအရင် တစ်ခုဖြစ်မယ်ထင်တယ် .... အားလုံးပဲ အစီအရင်ကို မြန်မြန်ဖောက်ထွက်ကြ .."

ဂိုဂွမ်၏ သတိပေးသံ ထွက်ပေါ်လာသည် ။ သို့သော်လည်း ဂိုဂွမ်၏ သတိပေးသံ မဆုံးသေးခင်မှာပဲ ယောင်ရှန်လက်မောင်းနေရာ၌ ဆစ်ကနဲ နာကျင်သွားသည် ။ ထိုနောက် သူခန္ဓာကိုယ်တစ်ခုလုံးက လေးလံ ထုံမှိုင်းလာသည်။

ဒါ...ဒါ.......?!

ယောင်ရှန်၏ တုန်လှုပ်ခြောက်ခြားနေသောအကြည့်တွေအောက်မှာပဲ အဆိပ်နောက်ချေးပိုး တစ်အုပ်က သူရှိရာသို့ ပျံသန်းလာကြလေသည်။

"....အကြီးအကဲ ဂိုရွမ် ....ကျွန်တော်ကို ကယ်ပါ ...ကျွန်တော်ကို မြန်မြန်ကယ်ပါ ....."

ယောင်ရှန်က အရူးတစ်ယောက်လို အော်ဟစ်၍ အကူအညီတောင်းလိုက်သည် ။ သို့သော်လည်း သူပြန်ကြားလိုက်ရသော အသံတွေက မရေမတွက်နိုင်သော တစ္ဆေများ၏ စူးရှစွာ အော်မြည်သံများပင် ....။

သူ့ကို ဘယ်သူမှ လာမကူတာကိုမြင်တော့ ယောင်ရှန်က အရမ်းကို ဒေါသထွက်သွားပြီး

".... ဂိုဂွမ် .... ဂျန်ရှီ ....မျိုးမစစ်တွေ ...မင်းတို့အကုန်လုံးလည်း အသေးဆိုးသေဖို့သာ ပြင်ထား ....."

ယောင်ရှန်က သေခါနီးစိတ်လှုပ်ရှားနေသော ပုံစံဖြင့် နတ်ဘုရားကျောင်းတော်မှ အကြီးအကဲတွေကို တစ်ယောက်ချင်း ကျိမ်စာတိုက်၍ အော်ဆဲလေသည် ။ ဂိုဂွမ် ၊ဂျန်ရှီ နှင့် တခြားအကြီးအကဲတွေကလည်း ယောင်ရှန်၏ ကျိမ်စာတိုက်ပြီး ဆဲဆိုသံကြောင့် မျက်နှာတွေနီရဲအောင် ဒေါငတွေထွက်လာကြသော်လည်း ယောင်ရှန်ကို လျစ်လျူရှုထားလိုက်သည် ။

ရှောင်လုံက မဟာသရဲအလံတိုင်ကို အသုံးပြု၍ ဂိုဂွမ်တို့လူစုပြေးမယ်လမ်းအား တစ္ဆေအစီအရင်ဖြင့် ထောက်ချောက်ဆင်ထားခြင်းဖြစ်သည် ။
အလောင်းကောင်းအဆိပ်နောက်ချေးပိုးတွေမှန်း သိတာနဲ့ နတ်ဘုရားကျောင်းတော်က လူတွေထွက်ပြေးကြမယ်ဆိုတာကို ရှောင်လုံက တွက်ဆထားပြီးဖြစ်သည် ။

တစ္ဆေအစီအရင်ထဲမှာ ဒေါသတကြီး ခုန်ပေါက်ရင်း ကျိမ်စာတိုက်ဆဲဆိုနေသော ယောင်ရှန်ကို ကြည့်ရင်း ရှောင်လုံက အကြံတစ်ခုရသွားသည် ။ ထိုနောက်သူက အလောင်းကောင်အဆိပ်နောက်ချေးပိုးလေးတွေကို တစ္ဆေအစီအရင်အပြင်ဘက်သို့ ပြန်ခေါ်လိုက်သည် ။

သေရတော့မယ်ဆိုပြီး စိတ်ရှိလက်ရှိဆဲဆိုနေသော ယောင်ရှန်က သူဆီသို့ အုံလိုက်ကျင်းလိုက်လာနေသေည အဆိပ်နောက်ချေးပိုးလေးတွေ အနောက်ဆုတ်သွားတာကိုမြင်ပြီး ကြောင်တောင်တောင်ဖြစ်သွားကာ

"..... ဒါက ဘယ်လိုဖြစ်တာလဲ ....?"

ထိုနောက် သူက ဝမ်းသာလုံးဆို့သွားသည် ။
ဟောင်ရှောင်လုံက ငါ့ကို မြန်မြန်ဆန်ဆန်သတ်ဖို့ မစဉ်းစားထားဘူးထင်တယ် .....!

သို့သော် စက္ကန့်ပိုင်းလောက်အတွင်းမှာ ယောင်ရှန်က မရေမတွက်နိုင်သော များပြားသော သရဲတစ္ဆေများကြားထဲ၌ နစ်မြှပ်သွားလေသည် ။
ထိုနောက် ယောင်ရှန်၏ ငယ်သံပါအောင် အော်မြည်သံတွေက အစီအရင်ထဲ၌ အဆက်မပြက်ထွက်ပေါ်လာလေသည် ။

အချိန်ခနလေးအတွင်းမှာပဲ တစ္ဆေတွေက ယောင်ရှန်တစ်ကိုယ်လုံးကို ဝါးမြိုစားသုံးပြစ်လိုက်သည်။ ထိုနောက် ရှောင်လုံက ယောင်ရှန် စိတ်ဝိညာဉ်ထဲမှ အသိညဏ်တွေကို မဝါတစ္ဆေအလံတော်ထဲမှ တစ္ဆေအော်ရာများကိုအသုံးပြု၍  ဖျက်ဆီးပြစ်လိုက်သည်။

ယောင်ရှန် စိတ်ဝိညာဉ်ကို အလံတိုင်ထဲသို့ ထဲ့သွင်း
ပြီးသည့်နောက်မှာ ရှောင်လုံက ဂိုဂွမ်တို့ လူစုဘက်ကို လှည့်ကြည့်လိုက်သည်။ သူကြည့်လိုက်သည့် အချိန်မှာ ဂိုဂွမ် ၊ ဂျန်ရှီ နှင့် တခြားအကြီးအကဲတွေက တစ္ဆေအစီအရင်ထဲမှ လေဟာနယ်ကို ဆုတ်ဖြဲကာ အပြင်ဘက်သို့ ထွက်ပြေးသွားကြပြီပဲ ဖြစ်သည် ။ သို့သော် ကျောင်းရှု နှင့် ကျန်းဖူက နတ်ဘုရားကျောင်းတော်မှ အကြီးအကဲ နှစ်ယောက်ကို တားဆီနိုင်လိုက်၏

ရှောင်လုံက မဟာတစ္ဆေအလံတော်ကြီးကို ပြန်လည်သိမ်းဆည်းလိုက်သည်။

"... ဂိုဏ်းချုပ် ..ကျွန်တော်တို့နောက်ကနေ လိုက်သွားလိုက်ရမလား.... ?"

ကျောင်းရှုက အမိန့်တောင်းလိုက်သည် ။

ရှောင်လုံက ဂိုဂွမ်တို့ထွက်ပြေးသွားသောနေရာကိုကြည့်ရင်း ခေါင်းခါပြလိုက်ပြီး

".... ထားလိုက်ပါတော့ ....."

စဦးပိုင်းကတည်းက ကြိုတင်စီစဉ်ထားသော ရှောင်လုံ၏အစီအစဉ်ထဲတွင် ဂိုဂွမ်ကို သတ်ဖို့က အဓိကရည်ရွယ်ချက် မဟုတ်ချေ  ...။ နောက်ပြီး ဂိုဂွမ်က စကြာဝဠာအဆင့်၁၀ အထွတ်အထိပ် သိုင်းပညာရှင်တစ်ယောက် မဟုတ်လား .....။

ရှောင်လုံသတ်ဖို့ရောက်ရှိနေသော နတ်ဘုရားကျောင်း၏ အကြီးအကဲ ၁၁ ယောက်ထဲတွင် ဂိုဂွမ် ၊ ဂျန်ရှိ နှင့် အကြီးအကဲ နှစ်ယောက် လွတ်မြောက်သွားပြီး ရှောင်လုံက တခြားအကြီးအကဲ ၇ ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည် ။ ထိုအရာက သူတုိ့လူစုအတွက် ကြီးမားသောအောင်မြင်မှုကြီးတစ်ခုပင် ဖြစ်သည်။

ရှောင်လုံကရင်ထဲမှာ ကြိမ်းဝါးလိုက်သည် ။

မင်းတို့မှတ်ထား .... ဒါက အတိုးပဲ ရှိသေးတယ် ....!

ထိုနောက် ရှောင်လုံက လူခိုင်အကြောင်းကို တွေးမိသွားတာကြောင့် ကောင်းကင်ကြီးကို မော့ကြည့်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်

".... သူငယ်ချင်း ....တစ်နေ့ကြရင် နတ်ဘုရားကျောင်းတော်ကို အမြစ်ပြတ်ချေမှုန်းပြီး လီမိုလင်ကိုလည်း မင်းခံစားခဲ့ရတာထက် ဆယ်ဆပိုပြီး ခံစားသွားရအောင် ဆုံးမပေးမယ်လို့ ငါကတိပေးပါတယ်ကွာ ....."

ထိုနောက် ရှောင်လုံက  အကြီးအကဲ ခုနှစ်ယောက်၏ သိုလှောင်လက်စွပ်တွေကို နတ်လက်စွပ်ထဲသို့ ထဲ့သိမ်းလိုက်ပြီး ကျောင်းရှုတို့ဘက်သို့ လှည့်ကာ

".... ကျုပ်တို့လဲ ခရီးဆက်ကြစို့ ...."

သူတို့သုံးယောက်စလုံး လူတောင်းနိုင်ငံထဲကနေ ထွက်ခွာလာကြသည်။

လူတောင်းနိုင်ငံမှ အပြစ်အပျက်တွေက သိုင်းဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးကို တောမီးလောက်သလိုမျိုး အလျင်အမြန် ပျံနှံသွားလိမ့်မယ်ဟု ရှောင်လုံက ယုံကြည်ထားသည်။

ရှောင်လုံတို့လူစုနှင့် ဂိုဂွမ်တို့လူစု ထွက်ခွာသွားပြီးနောက် သူတို့တိုက်ပွဲများကြားထဲမှ ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သောလူတွေက
နန်းတော်ရင်ပြင်ကျယ်ထဲသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည် ။ ရှောင်လုံတို့၏  ပြင်းထန်သော တိုက်ပွဲများကြောင့် နန်းတော်ထဲမှ အဆောက်အဦးတွေအကုန်လုံး ပြိုလဲကာ အပျက်အဆီးပုံဘဝသို့ရောက်ရှိသွားတာကိုကြည့်
ပြီး သူတို့အကုန်လုံး တုန်လှုပ်ခြောက်ခြားကုန်သည်  ။

ယနေ့မှစ၍ လူတောင်းနန်းတော်ကြီးက ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပြီပဲ ဖြစ်သည် ။

သူတို့လူစု ခရီးဆက်သော လမ်းခရီးတွင် ကျောင်းရှုက ပြောလိုက်သည်

".... ဂိုဏ်းချုပ် .....  ထွက်ပြေးသွားတဲ့ ဂိုဂွမ်တို့လူစုဆီကနေ အလောင်းကောင်အဆိပ်နောက်ချေးပိုးတွေကို ဂိုဏ်းချုပ် ထိန်းချုပ်နိုင်တဲ့ သတင်းက သိုင်းဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးကို အချိန်ခနလေးအတွင်းမှာ ပျံနှံသွားလိမ့်မယ်နော် ..."

ရှောင်လုံက ကျောင်းရှု စိတ်ပူနေသည့်အချက်ကို နားလည်လိုက်ပြိး

".... အဲ့ဒါလဲ သိပ်တော့မဆိုးလှပါဘူး ...."

ထိုသတင်းသာ ပျံနှံသွားခဲ့လျှင် အရင်က ရှောင်လုံကို ရန်ရှာဖို့ ပြင်ဆင်ထားကြသူတွေက အခုချိန်မှာတော့ 
နှစ်ခါသုံးခါလောက် ပြန်စဉ်းစားသွားကြမှာပဲ ဖြစ်သည် ။ ထိုကြောင့် ရှောင်လုံအတွက်လည်း မလိုအပ်ပဲ အချိန်ကုန်နေရတာတွေ လျော့ကျသွားတော့မှာ မဟုတ်ပါလား ....။

ရှောင်လုံပိုင်ဆိုင်ထားသော အဆိပ်နောက်ချေးပိုးလေးတွေက အဆင့်မြင့် စကြာဝဠာသိုင်းပညာရှင်တွေကိုတောင်မှ ကောင်းကောင်းကြီး ဒုက္ခပေး သတ်ဖြတ်နိုင်စွမ်းရှိလေသည်။ ဂိုဂွမ် တို့လူစုကတော့ နောက်ကျသောခြေထောက် သစ္စာဖောက်ဟု နှလုံးသွင်းကာ ကိုယ်စွမ်းရှိသမျှကို မရပ်မနားထွက်ပြေးကြလေသည် ။ သူတို့က နာရီပေါင်းများစွာကြာအောင် မရပ်မနားပျံသန်းလိုက်ကြသည်။

ရှောင်လုံတို့ မလိုက်လာတော့ဘူးဆိုတာ သေချာသွားမှတော့ ဂိုဂွမ်တို့လူစုက လူသူကင်းမဲ့နေသော တောင်ကတုံးတစ်ခုပေါ်တွင် ခေတ္တရပ်နားလိုက်ကြသည် ။ သူတို့ဟာ သေမင်း နှုတ်ခမ်းမွေးကို သွားဆွဲနှုတ်ဖို့ကြိုးစားခဲ့ကြသည့် လူမိုက်များပင် မဟုတ်ပါလား ........!

  .......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၇၄ .....

တောင်ကုန်ထိပ်တွင် ရပ်နားလိုက်ကြသော ဂိုဂွမ် ၊ ဂျန်ရှီ နှင့် တခြားအကြီးအကဲနှစ်ယောက်မှာ မျက်နှာတွေ ရှုံ့မဲ့နေကြသလို တစ်ယောက်နှင့် တစ်
ယောက်လဲ စကားမပြောနိုင်ကြပေ ..။

"... ဆရာ ဂိုဂွမ် ..... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ....?"

အတန်ကြာပြီးမှ ဂျန်ရှီက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ မေးမြန်းလိုက်သည် ။

ဂိုဂွမ်က မိုးကောင်းကင်အား ကူရာကယ်ရာ မဲ့နေသော အဖိုးအိုတစ်ယောက်လို ငေးကြည့်နေရင်း

".... နတ်ဘုရားကျောင်းတော်ကိုပဲ အရင်ဆုံး ပြန်ကြတာပေါ့ ....."

နတ်ဘုရားကျောင်းတော်တို့ ပြန်ရောက်တာနဲ့ သူတို့အကုန်လုံး အပြစ်ဒဏ်ခံရဖို့က သေချာနေသည် ။

"..... ဟောင်ရှောင်လုံဆိုတဲ့ ကောင်းလေးက အဆိပ်နောက်ချေးပိုးတွေကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် တကယ်ကို မထင်ထားခဲ့ဘူး ....."
ဂျန်ရှီက ပြောလိုက်သည်

".... နောင်ဆို သူကိုသတ်ဖို့ဆိုတာက အရမ်းကို ခက်သွားပြီ ...."

ဂိုဂွမ်က ဂျန်ရှီစကားအပေါ် ထောကိခံသလိုမျိုး ခေါင်းညိတ်ပြလိုက်၏ ။ ထိုနောက် သူမျက်လုံးထဲတွင် အလင်းရောင်တစ်ခုက ဖျက်ကနဲလက်သွားပြီး

".... ဒီကောင်လေး ဘယ်လိုများလုပ်လဲ မသိဘူး ..?"

  ဂိုဂွမ်က ရှောင်လုံ အဆိပ်နောက်ချေးပိုးတွေကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်တာကို ဆိုလိုခြင်းဖြစ်သည်။

ဂျန်ရှီက ခေါင်းခါလိုက်ပြီး

"....ကျင့်စဉ် နည်းစနစ် တစ်ခုခုကို အသုံးပြုထားလို့နေမှာပါ .... ရှေးခတ်တုံးကဆိုရင် သရဲဘုရင်က သိန်း သန်း ချီနေတဲ့ နတ်ဆိုးဝိညာဉ်တွေကိုတောင် ထိန်းချုပ်နိူင်ခဲ့တာမဟုတ်လား ..... ဒါပေမယ့် အလောင်းကောင် အဆိပ်နောက်ချေးပိုးတွေကို ထိန်းချုပ်နိုင်တဲ့ ကျင့်စဉ်ကိုတော့ ကျွန်တော်လဲ တစ်ခါမှ မကြားဘူးဘူး ....."

"....သူအသုံးပြုတာက အရပ်ဆယ်မျက်နှာတိုင်ပြည်က နာမယ်ကြီး သားရဲထိမ်းသိမ်းခြင်း အတတ်ပညာများလား..?"

အကြီးတစ်ယောက်က ဝင်ရောက်ဆွေးနွေးလိုက်သည်။

အရပ်ဆယ်မျက်နှာ တိုင်းပြည်၏ သားရဲထိန်းသိမ်းခြင်း အတတ်ပညာက သားရဲ မျိုးစုံ ကိုထိန်းချုပ်နိုင်သည့် အတွက် နာမယ်ကျော်ကြားသော အတတ်ပညာ တစ်ခုဖြစ်သည် ။

ဂိုဂွမ်က ထိုအကြံညဏ်ကို ငြင်းဆန်လိုဝန်ဖြင့် ခေါင်းခါပြလိုက်ပြီး

"..... မဖြစ်နိုင်ဘူး ... သားရဲ ထိန်းချုပ်ခြင်း အတတ် ပညာအကြောင်းကို ကျုပ်ကောင်းကောင်းကြီးသိတယ် ... သူကိုအသုံးပြုလိုက်ရင် လူတစ်ယောက်က သားရဲ နှစ်ကောင်လောက်ပဲ အများဆုံးထိန်းချုပ်နိုင်တာ .... ကဲ့ပါ အဲ့ဒီကိစ္စတွေကို အသာထားလိုက်အုံး ... အခုအရေးကြီးတာက နတ်ဘုရားကျောင်းတော်ကို အမြန်ပြန်ပြီး ဂိုဏ်းချုပ်ဘုန်းတော်ကြီးကို အကြောင်းစုံ ရှင်းပြဖို့ပဲ .... ဂိုဏ်းချုပ် ဘုန်းတော်ကြီးရဲ့ ဂမ္ဘီရ အတတ်ပညာနဲ့ ဆိုရင်
အကြောင်းအရင်းကို သေချာပေါက်သိရမှာပဲ ....."

ဂျန်ရှီတို့ သုံးယောက်ကလည်း သဘောတူလိုက်ကြသည် ။ ထိုနောက် ဂိုဂွမ်တို့က ခြေရာလက်ရာဖျောက်ဖျက်၍ သူတို့ရဲ့  အပြန်ခရီးကိုစတင် လိုက်သည်။ ဆယ်ရက်ကြာပြီးနောက် ဂိုဂွမ်တို့က နှင်းလေ တိုင်းပြည်ကြီး၏ နယ်နိမိတ်ကနေ လွန်မြောက်လာပြီး ကျယ်ပြန့်သော သမုဒ္ဒရာ အစပ်နားသို့ ရောက်ရှိလာကြသည်။

သူတို့ အခုရောက်ရှိနေသောနေရာက သိုင်းဝိညာဉ်ကမ္ဘာကြီးထဲမှ ကန့်သတ်နယ်မြေတစ်ခုပဲ ဖြစ်သည် ။ ထိုအတူ နာမယ်ကြီး နတ်ဘုရားကျောင်းတော်ကို ချောက်နက်ပင်လယ်သေ ကြီး၏ အထက်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

ချောက်နက် ပင်လယ်သေ အတွင်းသို့ ရောက်လာသောအခါ အကြီးအကဲဂိုဂွမ်တို့ လူစုက အကွေ့အကောက် အလှည့်အပတ်များဖြင့် အပြောင်းအလဲ မြန်သည့် ထူးဆန်းသောပျံသန်းနည်းမျိုးဖြင့် ပျံသန်း နေကြသည်။ ထိုကဲ့သို့ နာရီအတန်ကြာအောင် ပျံသန်းပြီးနောက် ကျွန်တစ်ကျွန်းအပေါ်သိူ့ ရောက်ရှိလာကြသည်။

ထိုကျွန်းကြီး၏ပုံစံက ပုံသဏ္ဍာန်မမှန်သော စက်ဝန်းကြီးတစ်ခု နှင့် အလားသဏ္ဍာန်တူ၏ ။ စက်ဝန်း ပုံသဏ္ဍာန် ကျွန်းကြီးက ချောက်နက် ပင်လယ်သေ ကြီး၏ အပေါ်တွင် အပိုင်းအစလေး တစ်ခု အဖြစ် ဝဲပျံနေခြင်းဖြစ်သည် ။

ကျွန်းပေါ်တွင် မိုးထိုးနေသော ရှေးဟောင်းသစ်ပင်ကြီးလည်း ရှိသည် ။ ထိုအတူ ထူးခြားသော ပုံသဏ္ဍာန်ရှိသည့် မိစ္ဆာသားရဲတွေကလည်း ကျွန်းပတ်လည်တွင် ဝန်းရံပျံသန်းလျက်ရှိကြသည် ။ သူတို့ကိုယ်ပေါ်ကနေ ရှေးခေတ်ဦး ၏ ကြမ်းတမ်းသော အငွေ့အသက်များ ပျံလွင့်နေသည်။

ထိုသတ္တဝါကြီးတွေကိုမြင်လိုက်သော အခါ ဂိုဂွမ် ၊ ဂျန်ရှီ နှင့် တခြားအကြီးအကဲ နှစ်ယောက်၏ မျက်လုံးများထဲတွင် ကြောက်ရွံသော အရိပ်အယောင်များဖြစ်ပေါ်လာသည် ။ ဂိုဂွမ်လိုမျိုး စကြာဝဠာအဆင့် ၁၀ တွင် အထွတ်အထိပ်ရောက်နေသည့် သိုင်းပညာရှင်ကတောင် ထိုသတ္တဝါကြီးတွေကိုမြင်တော့ အတော်လေး ကြောက်လန့်သွားပုံရသည် ။ ဂိုဂွမ်ပုံစံကို ကြည့်လျှင် ထိုသတ္တဝါကြီးတွေက ဘယ်လောက်အထိ ကြောက်စရာကောင်းတယ်ဆိုတာကို သိနိုင်သည်။

  သူတို့ လေးယောက်က ကျွန်းအနားသို့ သတိဖြင့် ချဉ်းကပ်လာကြသည်။ ထိုနောက် မြေပြင်ပေါ်သို့သက်ဆင်းလိုက်ကြသည်။ မြေပြင်ပေါ်ကိုရောက်တော့ သူတို့ရှေ့မှာရှိနေသည့် တောအုပ်ကြီးထဲကို ဖြတ်လိုက်ကြသည်။ ဂိုဂွမ်တို့က တနာရီနီးပါးကြာအောင်း လမ်းလျှောက်ပြီးနောက်
တောင်ထွတ် တစ်ခုဆီသို့ ရောက်ရှိလာကြသည်။
ထိုတောင်ထွတ်ပေါ်တွင် ကြီးကျယ်ခမ်းနားသော  နန်းတော်ကြီးတစ်ခုကို တည်ဆောက်ထားလေသည် ။

သူတို့လေးယောက်က နန်းတော်၏ ထိပ်ဆုံးသို့ ခြေကျင်တက်သွားကြသည် ။ သူတို့က အပြင်လောကတွင် ဘာကောင်ကြီးဖြစ်နေပါစေ ကျွန်းပေါ်မှာတော့  လမ်းလျှောက်ရုံသာ တတ်နိုင်ကြသည် ။

နန်းတော်ထိပ်သို့ တက်နေစဉ် လမ်းတစ်ဝက်ကိုရောက်တော့ ရွှေရောင် ပိုးဖဲအကျီကို ဝတ်ဆင်ထားသည့် ရုပ်ရေချောမောသော လူငယ်တစ်ယောက်နှင့် လမ်းမှာတွေ့လိုက်သည်။
ထိုလူငယ်က ပြာလဲ့လဲ မျက်ဝန်းတစုံ နှင့် အနဲငယ် ချွန်ထွက်နေသော နားနှစ်ဖက်ကို ပိုင်ဆိုင်ထားသည် ။

ဂိုဂွမ်တို့လူစုကို မြင်လိုက်တော့ လူငယ်က အြံ့သသွားပုံရပြီး

".. ဂိုဂွမ် .... ခင်ဗျားတို့က လူတောင်းနိုင်ငံမှာ စောင့်ကြပ်နေရမှာမဟုတ်လား .... ဘာလို့ ပြန်လာတာတုံး ...?"

ဂိုဂွမ်မျက်နှာက အနဲငယ် နီရဲသွားလေသည်။

ဂျန်ရှီနှင့် တခြားအကြီးအကဲ နှစ်ယောက်က ရှေ့ထွက်ရင်း နှုတ်ဆက်လိုက်ကြသည်

".... အကြီးအကဲ လွေယန် ကို ဂါရဝပြုပါတယ် .."

ထိုလူငယ်ကလည်း နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲဆယ်ယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည် ။  ထိုအပြင် လွေယန်၏ အဆင့်က ဂိုဂွမ် ထက်ကို ပိုမြင့်သေးသည်။

လွေယန်က သူ့ကိုနှုတ်ဆက်လာသော လူသုံးယောက် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည် ။
ဂိုဂွမ်က အနဲငယ် တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်

"....လူတောင်းနိုင်ငံကို ဟောင်ရှောင်လုံ ရောက်လာ
တယ် .. "

".... ဟောင်ရှောင်လုံ ပေါ်လာတယ်.....!"

လွေယန်က သူ့ရှေ့ကလူလေးယောက်ကို ထူးဆန်းသလို ကြည့်လိုက်ပြီး

"..... သူ့ခေါင်းကရော ....?"

သူက ဂိုဂွမ်တို့လူစု ရှောင်လုံခေါင်းကို ဖြတ်ပြီး ပြန်လာတယ်လို့ ထင်လိုက်ခြင်းပင် ။ ဂိုဂွမ်တို့ လေးယောက်က လွေယန်မေးခွန်ကို ဘယ်လိုမျိုး ပြန်ဖြေရမလဲမသိ ဖြစ်သွားကြပြီး ရှက်ရွံမှုကြောင့် မျက်နှာတွေ နီရဲလာကြသည်။

ဂိုဂွမ်တို့၏ ထူးဆန်းသော အမူအရာတွေကို အကဲခတ်မိလိုက်တော့ လွေယန်က ဂျန်ရှီကို လက်ညိုးထိုးလိုက်ပြီး

".... ဂျန်ရှီ မင်းပြောစမ်းကွာ .... ဘာဖြစ်လာတာလဲ ...? ယောင်ရှန် နဲ့ တခြားလူတွေရော ဘယ်ရောက်နေတာလဲ .....?"

ဂျန်ရှ်ီက ကွယ်ဝှက်မထားရဲတော့ပဲ အမှန်တိုင်း ဖွင့်ပြောလိုက်တော့သည်

"... ကျွန်တော်တို့ လေးယောက်ပဲ အသက်ရှင်ခဲ့တာပါ ...အကြီးအကဲ ယောင်ရှန်နဲ့ တခြားလူတွေအကုန်လုံး သေကုန်ပါပြီ ...."

".... ဘာပြောတယ်ကွ ....!"

လွေယန်က မထင်မှတ်ထားသော စကားကြောင့်  အရမ်းကို အံ့အားသင့်သွားလေသည်။
ငါရှေ့က လူလေးယောက်ပဲ အသက်ရှင်နိုင်ခဲ့တယ်..
တခြား စကြာဝဠာ သိုင်းပညာရှင် ခုနှစ်ယောက်စလုံး
သေကုန်ကြပြီ ......!

ဂျန်ရှီက သေချာရှင်းပြလိုက်သည်

"..... ဟောင်ရှောက်လုံဆီမှာ ရှေးခေတ်က အလောင်းကောင် အဆိပ်နောက်ချေးပိုးတွေ ရှိပါတယ် ... အဲ့ဒါထက်ကြောက်ဖို့ ကောင်းတာက သူတို့ အဲ့ဒီသတ္တဝါလေးတွေကို ထိန်းချုပ်နိုင်ပါတယ် .."

".... အလောင်းကောင် အဆိပ် နောက်ချေးပိုး ဟုတ်လား  ....?"

လွေယန်မျက်နှာထားက လေးနက် တည်ကြည် သွားသည် ။

ဂျန်ရှီက မဲ့ကာရွဲ့ကာဖြင့် ဆက်ပြောလိုက်သည်

"..... ဟုတ်ပါတယ် အဆိပ်နောက်ချေးပိုးတွေပါ ...နောက်ပြီး သူထိန်းချုပ်နိုင်တဲ့ အကောင်ရေကလည်း အကောင် တစ်သောင်းထက်မနဲပါဘူး .... ကျွန်တော်တို့လဲ မြန်လို့ပေါ့ ... နို့မိုဆိုရင် ...."

ဂျန်ရှီက အဆိပ်နောက်ချေးပိုးလေးတွေ လက်ချက်ဖြင့်  အကြီးအကဲ ခုနှစ်ယောက် သေဆုံးသွားသောမြင်ကွင်းကို ပြန်လည်မြင်ယောင်ရင်း ကျောချမ်းလာသလိုမျိုး တစ်ကိုယ်လုံး တုန်တက်သွားသည် ။

အကောင်တစ်သောင်းလို့ကြားလိုက်တော့ လွေယန်လဲ မျက်လုံးပြူးသွားလေသည်။

".... ဒီကိစ္စ ကို တုန့်နှေးနေလို့မဖြစ်ဘူး ... ဂိုဏ်းချုပ်ဘုန်းတော်ကြီးကို အမြန်ဆုံးသတင်းပို့မှရမယ်  ...."

လွေယန် က လေးလေးနက်နက်ပြောလိုက်သည်။

ခနကြာပြီးနောက် နန်းတော်ထိပ်မှ ခန်းမဆောင်ကြီးတစ်ခုထဲတွင် လူတွေအများကြီး မတ်တပ်ရပ်နေကြသည် ။ ခန်းမကြီးအဆုံးမှ ဂိုဏ်းချုပ် ထိုင်ခုံပေါ်တွင် တစ်ကိုယ်လုံးကို အနက်ရောင် မြူနှင်းများလွှမ်းခြုံထားသည့် လူငယ်တစ်ယောက်က ထိုင်နေသည် ။

လူငယ်အား ဖုံးလွှမ်းထားသော အနက်ရောင်မြူနှင်းများကြားထဲမှ မိုးခြိမ်းသံကဲ့သို့ တော်လဲ သံကြီးတွေက တစ်ချက်တစ်ချက်ထွက်ပေါ်နေသလို သိပ်သည်းနေသော သေဆုံးခြင်း အော်ရာတွေကလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။ အနက်ရောင်မြူနှင်းများကြားမှ လူငယ်က သေခြင်းတရား၏ တမာန်တော်တစ်ယောက်ကဲ့သို့
အလွန်ကို ကြောက်မက်ဖွယ်ရာကောင်းနေ၏ ။

အနက်ရောင်မြူနှင်များ ဖုံးလွှမ်းနေတာကြောင့် လူငယ်၏ မျက်နှာကို ဝိုးတဝါးသာ မြင့်တွေနိုင်သည်။ ဝိုးတဝါးမြင်တွေ့ရသော မျက်နှာသွင်ပြင်အရ လူငယ်တစ်ယောက်နှင့်တူနေသည်။ အနက်ရောင်မြူနှင်းများဘေးတွင် အဖြူရောင်ဖိုးဖဲဝတ်စုံကို သေသပ်လှပစွာ ဝတ်ဆင်ထားသည့် အင်မတန်ချောမောလှပသော မိန်းမပျိုလေးတစ်ယောက်က အေးစက်စက်မျက်နှာထားဖြင့် မတ်တပ်ရပ်နေသည်။ ထိုမိန်းမပျိုလေးက ရှောင်လုံ အနှစ်နှစ်အလလ တွေ့ချင်နေသည့် လီလူ  ဖြစ်သည် ။ 

ဆယ်စုနှစ်တစ်ခုလောက်ကို ကျော်ဖြတ်ပြီးသည့်နောက် လီလူ၏ မျက်နှာထက်တွင်အမြဲလိုလိုရှိနေခဲ့သော သဘာဝအတိုင်း ရိုးသားဖြူစင်ပြီး နွဲ့ဆိုးဆိုးမှုတွေက လုံးဝကို ပျောက်ဆုံးသွားခဲ့လေပြီ ...။
သူမမျက်နှာထက်တွင် အေးစက်တင်းမာမှု တစ်ခုသာ ကျန်ရှိတော့သည် ။

"....ဟောင်ရှောင်လုံက ရှေးဟောင်း အလောင်းကောင် အဆိပ်နောက်ချေးပိုးတွေကို ထိန်းချုပ်နိုင်တယ်လို့ မင်းဆိုလိုချင်တာလား....?"

ဂိုဂွမ်၏ သတင်းပို့ချက်ကိုနားထောင်ပြီးနောက် အနက်ရောင်မြူနှင်းများကြားမှ နူးညံသိမ့်မွေ့သော
အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ကြားလိုက်ရသူအပေါင်း၏ စိတ်ဝိညာဉ်အတွင်းထိအောင် စိမ့်ဝင်သွားနိုင်စွမ်းရှိလေသည်။

"...ဟူတ်ပါတယ် ဂိုဏ်းချုပ်ကြီး ခင်ဗျား ...."

ဂိုဂွမ်က ဒူးထောက်ချရင်း အလျင်အမြန်ပြန်ဖြေလိုက်၏ ။

"..... ကျွန်တော်မျိုးတာဝန် မကျေခဲ့ဘူး ...ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ ဂိုဏ်းချုပ် ....."

အနက်ရောင် မြူနှင်းများ ဖုံးလွှမ်းထားသော လူငယ်က နတ်ဘုရားကျောင်းတော်၏ ထူးခြားဆန်းကျယ်သော ဂိုဏ်းချုပ်ဘုန်းတော်ကြီးပင်ဖြစ်သည် ။ သူ့အမည်က ယင်းထျန်  ဖြစ်သည် ။

ဂျန်ရှီနှင့် တခြားအကြီးအကဲနှစ်ယောက်ကလည်း ဒူးထောက်ပြီး အပြစ်တောင်းခံလိုက်ကြသည် ။

ထိုအချိန်၌ အနက်ရောင်မြူနှင်းများကြားမှ အားကောင်းသော စွမ်းအားတစ်ခုက ရုတ်တရက် ဆောင့်ထွက်လာသည် ။  ထိုစွမ်းအား၏ အောက်တွင် ဂိုဂွမ် ၊ ဂျန်ရှီ နှင့် တခြားလူတွေက အရုပ်သာသာ ဖြစ်သွားကြသည် ။ ထိုနောက် ချက်ချင်းဆိုသလို သူတို့လေးယောက်စလုံး ခန်းမဆောင်အပြင်ဘက်သို့ လွင့်ထွက်သွားလေသည်။
သူတို့လေးယောက်က နှုတ်ခမ်းမှ စီးကျလာသော သွေးတွေကိုပင် မသုတ်ရဲကြသေးပဲ မြေကြီးပေါ်ကနေ လူးလဲထပြီး ခန်းမဆောင်အတွင်းသို့ နောက်တစ်ကြိမ်ဝင်ကာ အလျင်အမြန် ဒူးထောက်လိုက်ကြသည် ။

ခန်းမဆောင်ကြိးတစ်ခုလုံးက အသက်ရှုကျပ်လုမတတ် တိတ်ဆိတ်ငြိမ်သက်သွားလေသည် ။ ဂိုဂွမ်နှင့် တခြားအကြီးအကဲ သုံးယောက်၏ နဖူးထက်ကနေ ချွေးတွေ တလဟော စီးကျလာသည် ။

".... ထွက်သွားစမ်း  ...."

အနက်ရောင်မြူနှင်းများကြားမှ တင်းမာသော အသံထွက်ပေါ်လာသည် ။

".... အခုလိုမျိုး အသက်ချမ်းသာပေးတာ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး ...."

ဂိုဂွမ်တုိ့ ၏ မျက်လုံးထဲတွင်  မျှော်လင့်ချက်ရောင်ခြည် များသန်းလာကြသည် ။ သူတို့က ယင်းထျန်ကို ကျေးဇူးတင်စကားပြောပြီး ခန်းမဆောင်အတွင်းကနေ ခပ်သုတ်သုတ် ထွက်ခွာသွားကြသည် ။

ထိုဖြစ်စဉ် အစကနေ အဆုံးအထိ လီလူဆီကနေ စကားတစ်ခွန်းမှ ထွက်ပေါ်လာခြင်းမရှိပေ ...။
သူမက ဟောင်ရှောင်လုံဆိုသည့်အမည်ကို ကြားတာတောင်မှ မမှတ်မိသလိုမျိုးဖြစ်နေသည်။
ဟောင်ရှောင်လုံဆိုသည့် အမည်က သူမနှင့် မည်သို့မှ မသက်ဆိုင်သလိုမျိုး ဖြစ်နေသည်။

ဂိုဂွမ်တို့လူစု ထွက်ခွာသွားပြီးနောက် ယင်းထျန် ကပြောလိုက်သည်

".... လွေယန် ...."

လွေယန်က အရှေ့ထွက်၍ ယင်းထျန်ကို ဦးညွတ် ဂါရဝပြုလိုက်ပြီး

"... ကျွန်တော်မျိုး ရှိပါတယ် ဂိုဏ်းချုပ် ....!.

".... အကြီးအကဲ ခြောက်ယောက်ကို ဦးဆောင်ပြီး
တိမ်ကြယ်တာရာ တိုင်းပြည်ထဲက နတ်တံခါးဂိုဏ်း ဋ္ဌာနချုပ်နေရာကို  အခုချက်ချင်း ခရီးထွက်စမ်း .... မင်းတို့နဲ့ အတူ နတ်နဂါး ချပ်ဝတ်တန်ဆာ ၁၅ စုံကိုလဲ ယူသွားလိုက် ....."

ယင်းထျန်က အမိန့်ပေးလိုက်သည်

  "....နောက်ပြီးတော့ ဟောင်ရှောင်လုံက်ို လျော့မ
တွက်ဖို့  လီမိုလင်ကို သတိပေးလိုက် ....."

မူလတောအုပ်အတွင်းမှ နဂါးမြို့တော်ထဲတွင်  နဂါးမျိုးနွယ်စု၏ အမွေအနှစ်ပစ္စည်းများ ပေါ်ထွက်ခဲ့ရာ နတ်ဘုရားကျောင်းတော်က ကမ္ဘာဦးနတ်နဂါးများ၏ ရုပ်အလောင်း သုံးခုကို အရယူနိုင်ခဲ့သည် ။ ယင်းထျန်ပြောသည့် နတ်နဂါး ချပ်ဝတ်တန်ဆာဆိုသည်မှာ  ကမ္ဘာဦးနတ်နဂါးကြီးများ၏ အကြေးခွံနှင့် အရေပြားတို့ကို အသုံးပြု၍ ရှေးဟောင်း ချပ်ဝတ်တန်ဆာပြုလုပ်နည်းစနစ်ကိုအသုံးချပြီး ပြုလုပ်ထားတာပဲ ဖြစ်သည်။

နတ်နဂါးချပ်ဝတ်တန်ဆာ၏ ခုခံနိုင်စွမ်းက ကြောက်မက်ဖွယ်ရာ ကောင်းလှသည် ။ သာမန် နတ်ဘုရားအဆင့် လက်နက်တွေကို အသုံးပြုမယ်ဆိုရင်တောင် သူတို့၏ ခုခံမှုကို ထိုးဖောက်နိုင်စွမ်းမရှိပေ ..။

".... ဂိုဏ်းချုပ် အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ် ...""

လွေယန်က လေးလေးစားစား ပြန်ဖြေလိုက်သည်။
နတ်နဂါး ချပ်ဝတ်တန်ဆာတွေနဲ့ဆိုရင် ရှောင်လုံ၏
အဆိပ်နောက်ချေးပိုးလေးတွေကို ကြောက်စရာမလိုတော့ပေ ....။

"..... အေး တိမ်ကြယ်တာရာတိုင်းပြည်ထဲက နတ်တံခါး ဋ္ဌာနချုပ်မှာ ဟောင်ရှောင်လုံ ပေါ်လာပြီဆိုတာနဲ့ ..... မင်းကို အကုန်လုံး အားကုန်ထုတ်ပြီးသူ့ကို သတ်ဖို့ကြိုးစားကြ ...ပြီးရင် အဲ့ကောင်ရဲ့ ခေါင်းကို ငါဆီကို ယူလာခဲ့ ...."

ယင်းထျန်၏ မျက်လုံးထဲတွင် စူးရှရှအလင်းတန်းတစ်ခုက ဖျက်ကနဲလက်သွားပြီး

".... အေး အဲ့လိုမှ မဟုတ်ရင်တော့ မင်းတို့တစ်ယောက်မှ ပြန်လာစရာမလိုတော့ဘူး ....."

ယင်းထျန်ကစကားတွေက နူးညံသိမ့်မွေ့နေသော်လည်း  လွေယန် ကတော့ ကျောရိုးထဲအထိ စိမ့်နေအောင် ကြောက်လန့်သွားလေသည်။

နတ်နဂါး ချပ်ဝတ်တန်ဆာ ပုံပြလိုက်ပါတယ်
👇👇👇


....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၇၅ ......
လွေယန်က ဂိုဏ်းချုပ် ယင်းထျန် ၏ အမိန့်အတိုင်း နတ်နဂါးချပ်ဝတ်တန်ဆာ ၁၅ စုံကို ယူဆောင်၍ တိမ်ကြယ်တာရာတိုင်းပြည်သို့ ချက်ချင်းခရီးထွက်သွားလေသည် ။
ဤအချိန်တွင် လူတောင်းနိုင်ငံအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းက ဒေါင်ရမ်းအင်ပါရာနိုင်ငံအပါအဝင် တခြား အင်ပါရာနိုင်ငံများဆီသို့ အလျင်အမြန်ပျံနှံသွား၏။
ဤသတင်းက ကြီးသထက် ကြီးလာသော လေပွေမုန်တိုင်းကြီးတစ်ခုနှင့် အလားသဏ္ဍာန်တူလေသည်။ နှင်းလေတိုင်းပြည်ကြီးထဲမှ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် နေရာအားလုံးသို့ ပျံနှံသွားသည် ။
နှင်းလေတိုင်ပြည်ကြီးက ရှောင်လုံကြောင့် နောက်ထပ်တစ်ကြိမ် ထိတ်လန့်သွားကြပြန်သည်။
သုံးနှစ်တိုင်တိုင် ပျောက်ဆုံးနေသော ရှောင်လုံဟာ သူပြန်လည်ပေါ်ထွက်လာသည်နှင့် နတ်ဘုရားဂိုဏ်းမှ အကြီးအကဲ ၇ယောက်ကို တစ်ပြိုင်နက်တည်း ဇိဝိတ်ချွေပြစ်လိုက်သည့် သတင်းက လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားနေ၏ ။
တောက်ပသော နေမင်းမြို့တော်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ရှောင်လုံက နတ်ဘုရားကျောင်းတော်က အကြီးအကဲ ယောင်ဖေးကို သတ်ပြီး နှင်းလေတိုင်းပြည်ကြီး တစ်ခုလုံးတွင် နာမယ်ကျော်ကြားခဲ့သည် ။ သို့သော် သုံးနှစ်ကြာပြီးနောက် အကြီးအကဲ ခုနှစ်ယောက်ကို တစ်ပြိုင်နက်တည်း သတ်ပြစ်လိုက်လေသည် ။
လူတောင်းနိုင်ငံထဲက မေ့မရသော အရသာ စားသောက်ဆိုင်အတွင်း၌ ......
"..... မင်းတို့ အားလုံး မမြင်လိုက်ရတာနာတယ် ကွာ.. နတ်နဂါးသခင်လေး သူလက်လေးတွေကို ဟောဒီလို အသာအယာလေးပဲ ဝေ့ယမ်းလိုက်တာကွ .... နတ်ဘုရားကျောင်းတော်က အကြီးအကဲဆိုတဲ့လူတွေကကွာ  တံစဉ်နဲ့ ရိတ်လှီးခံလိုက်ရတဲ့ လူတွေလိုပဲ တစ်ယောက်ပြီး တစ်ယောက်ကို လဲကျကုန်တာ ......"
သိုင်းသမားတစ်ယောက်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေကို အာပေါင်အာရင်း သန်သန်ဖြင့် ပြန်ပြောပြနေလေသည် ။ ထိုသိုင်းသမားက နတ်ဘုရားကျောင်းတော်မှ အကြီးအကဲတွေကို သူ့ကိုယ်တိုင်သတ်ခဲ့သလိုမျိုး အားပါးတရကို ပြန်ပြောင်းပြောပြနေသည် ။
  ဤသိုင်းသမားက နန်းတော်ရဲမက်အလုပ်ကိုလျှောက်ထားရန် လူတောင်းနန်းတွင်းသို့ရောက်ရှိနေသူတစ်ယောက်ဖြစ်သည် ။ သူက ရှောင်လုံတို့၏ ပြင်းထန်သော တိုက်ပွဲများကြားတွင် ကံသီစွာဖြင့် အသက်ရှင်နေခဲ့သူလည်း ဖြစ်သည်။
သူက စိတ်ဝင်စားနေကြသော လူတွေကို တစ်ချက်အကဲခတ်လိုက်ပြီး ဆက်မပြောသေးဘဲ လနှင်း ဝိုင်ကို တစ်ကျိုက်မော့လိုက်သေးသည်။
သူကို မျှော်လင့်တကြီးဝိုင်းကြည့်နေကြတာကိုမြင်တော့ ထိုသိုင်းသမား စိတ်မှာပဲ တော်တော်လေးကို ကျေနပ်အားရသွားလေသည် ။

"... နောက်ပြီးတော့ ဘာဆက်ဖြစ်သေးလဲ ....?"
လူတစ်ယောက်က မအောင့်နိုင်တော့ပဲ မေးလိုက်သည်။
"... ဘာဆက်ဖြစ်ရမှာတုံး နတ်ဘုရားကျောင်းက လူတွေက သေးထွက်ကျမတတ် ကြောက်ပြီး အကုန်ထွက်ပြေးကြတယ်လေ .... သူတို့ပြေးတာမှ အမြီးကို တန်းနေတာပဲ ကိုယ်လူတို့ရေ ....."
ထိုသိုင်းသမားက အားရပါးရ ရယ်မောရင်း စကားဝိုင်းကို အဆုံးသတ်လိုက်သည်။ သူပါးစပ်က တံတွေးတွေက ပတ်ဝန်းကျင်မှ လူများ၏ မျက်နှာပေါ်နှင့် အကျီအဝတ်အစားတွေပေါ်သို့ လွင့်စင်သွားသည် ။
".... နောက်တော့ရော ဘာဆက်ဖြစ်သေးလဲကွ ..?"
ပထမမေးသူကပဲ ထပ်မေးလိုက်သည် ။
"... ဟိူဘက်က အမြီးတန်းနေအောင် ထွက်ပြေးပါပြီ ဆိုမှ မင်းက ဘာထပ်ဖြစ်စေချင်လို့လဲ ....?"
ရဲမက်အဖြစ် သွားအရွေးခံသော သိုင်းသမားက ပုခုံးနှစ်ဖက်ကို တွန့်ပြရင်း ပြန်ဖြေလိုက်သည်။
ဤကဲ့သို့ မြင်ကွင်းတွေကို နှင်းလေတိုင်းပြည်ကြီးထဲက အင်ပါရာနိုင်ငံတိုင်းလိုလို တွင် တွေ့မြင်နိုင်သည်။
".... ဟောင်ရှာင်လုံက အလောင်းကောင် အဆိပ်နောက်ချေးပိုး အကောင်းတစ်သောင်းလောက်ကို ထိန်းချုပ်နိုင်တယ်ဟုတ်လား ....? ဒါ ကောင်းကင်ဆန္ဒကို သွေဖီတာပဲမဟူတ်လား ....?
သူဆီမှာအရင်ကတည်းက နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်နဲ့ ပကတိစိတ်ဝိညာဉ်ပုလဲတို့ရှိပြီးနေပြီလေ .... အခုကြတော့ အလောင်းကောင်းအဆိပ်နောက်ချေးပိုး စစ်တပ်ကြီးတစ်ခုကို ထပ်ပိုင်ဆိုင်သွားပြီတဲ့လား...!"
"... ဟောင်ရှောင်လုံက နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို မရရအောင် ပြန်လည်သိမ်းပိုက်မှာပဲကွ ... သူသာနတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာမယ်ဆိုရင် နတ်ဘုရားကျောင်းတော်နဲ့တော့ ပွဲကြီးပွဲကောင်းကြည့်ရပြီပေါ့ကွာ....
ဘယ်ဖက်က နိုင်သွားမလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲကွ .....!"
"...ပြောဖို့တော့ ခက်တယ်ကွ ... နတ်ဘုရားကျောင်းတော်ရဲ့ အစွမ်းကလည်း ငါတို့ခန့်မှန်းလို့ရတဲ့ အရာတစ်ခုမဟူတ်ဘူး .... ဒါနဲ့ ငါ ကောလဟာလ တစ်ခုကြားထားသေးတယ်ကွ ... နတ်ဘုရားကျောင်းတော်ရဲ့ ဂိုဏ်းချုပ်က နတ်ဘုရားအဆင့်ကို ကျော်ဖြတ်ရောက်ရှိသွားပြီတဲ့ ..."
လူများကြားထဲတွင် တချို့က အံ့သြကြသည် ။ တချို့က  ရှောင်လုံ ဒုက္ခရောက်တော့မှာကို ပျော်နေကြသည် ။ တချို့ကတော့ ရှောင်လုံနှင့်် နတ်ဘုရားကျောင်းတော်တို့၏ အားပြိူင်ပွဲကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေကြသည် ။
တစ်ခုတော့သေချာလေသည် ။ စကားဆိုသည်မှာ ထုံးစံအတိုင်း စသည့်နေရာကနေ ကားသွားလေ့ရှိသည် ။ ထိုကြောင့် ရှောင်လုံ သတင်းများထဲတွင် အမှန်ရော အမှားပါ ရောထွေးနေသည်။
တချို့က ရှောင်လုံထံတွင် သန်းနှင့် ချီသော အဆိပ်နောက်ချေးပိုးတွေ ရှိသည်ဟု ပြောကြသည် ။ နောက်ထပ် သတင်းများတွင် ရှောင်လုံဆီမှာရှိနေသော အကောင်အရေအတွက်က နေ့စဉ်နှင့်အမျှကို တိုးပွားလာသည် ။
ထိုအပြင် ရှောင်လုံက သန်းနှင့်ချီသော နတ်ဆိုးနဂါး
စစ်တပ်ကြီးကို ပိုင်ဆိုင်ထားသည်ဟူသော ကောလဟာလတွေကလည်း ပျံနှံနေသည် ။
ရှောင်လုံက ခရီးသွားနေရင်း သူနှင့်ပတ်သက်သော မဟုတ်မှန်သည့် သတင်းတော်တော်များများကို
နေ့စဉ်နှင့်အမျြှုကားနေရလေသည် ။ ယခုအချိန်မှာ ရှောင်လုံက မချိပြုံးလေးပြုံးရင်း ခေါင်းခါနေရုံသာ တတ်နိုင်တော့သည် ။

ရှောင်လုံ ဆီမှာ နတ်ဘုရားကျောင်းတော်နှင့် ယှဉ်ပြိုင်ဖို့ အရည်အချင်းမရှိဘူးလုိ့ သတ်မှတ်ထားသူတွေကပါ ရှောင်လုံအပေါ် အမြင်တွေပြောင်းလဲကုန်ကြသည် ။
လူတောင်းနိုင်ငံနယ်နိမိတ်အတွင်းကနေ ထွက်လာပြီးသည့်နောက် ရှောင်လုံက သူတို့ခရီးသွားနေသည့် အမြန်နှုန်းကို လျော့ချလိုက်သည် ။ သူက တိမ်ကြယ်တာရာတိုင်ပြည်သို့ ခရီးသွားနေရသော အချိန်ကို သိုင်းလေ့ကျင့်ရာတွင် အကျိုးရှိရှိ အသုံးချလိုက်သည် ။
ယခင်က လင်းလောင်ရတနာစေတီ၏ တတိယအလွှာထဲမှ ဧရာမ အနက်ရောင် ရုပ်သေးရုပ်ကြီး ဆယ်ခုကိုသာ ရှောင်လုံ ထိန်းချုပ်နိုင်ခဲ့သည် ။ ထိုကြောင့် ရှောင်လုံက ယခုခရီးစဉ်အတွင်း အားလပ်သောအချိန်များတွင် ကျန်ရှိနေသေးသော  ဧရာမရုပ်သေးရုပ်ကြီး ကိုးခုကို ထိန်းချုပ်နိုင်ဖို့ အတွက် အပြင်းအထန် ကြိုးစားလိုက်သည်။
ရှောင်လုံ ယခုပိုင်ဆိုင်ထားသော စိတ်ဝိညာဉ်စွမ်းရည်များအရ ဧရာမရုပ်သေးရုပ်ကြီး ဆယ်ကိုးခုစလုံးကို တပြိုင်နက်တည်း ထိန်းချုပ်ဖို့အတွက် အခက်အခဲ မရှိတော့ပေ ။
အနက်ရောင် ရုပ်သေးရုပ်ကြီး ဆယ်ကိုးရုပ်ထဲတွင်
အစွမ်းအထက်ဆုံးအရုပ်က စကြာဝဠာအဆင့် ၁၀
နောက်ဆုံးအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ထိုကြောင့်ရှောင်လုံက အစွမ်းအထက်ဆုံးရုပ်သေးရုပ်နှစ်ရုပ်ကို သူဘေးတွင် စစ်ကူအဖြစ်ထားလိုက်သည် ။တစ်ချို့ ကိစ္စများတွင်  ကျောင်းရှု ၊ ကျန်းဖူနှင့်  သူ့ကိုယ်တိုင် မျက်နှာထွက်ပြလို့ မရသော အလုပ်များရှိလေသည်။ ထိုကိစ္စများတွင် စကြာဝဠာအဆင့် ဧရာမ ရုပ်သးရုပ်ကြီးနှစ်ခုကို  ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်သည်။
ဧရာမရုပ်သေးရုပ်တွေကို ထိန်းချုပ်ပြီးသည်နှင့် ရှောင်လုံက လင်းလောင်ရတနာစေတီ၏ စတုတ္ထအလွှာနှင့် ပဉ္စမအလွှာတွေကိုပါ တပြိုင်နက်ထဲ ဖွင့်လိုက်သည် ။ လင်းလောင်ရတနာစေတီ၏ စတုတ္ထအလွှာ တွင် မရေတွက်နိုင်သောအ တွင်းအား ဆေးလုံးများဖြင့် ပြည့်နှက်နေသည်။ ဤ ဆေးလုံးများထဲမှ အများစုက အဆင့် ၁၀ ဝိညာဉ်ဆေးလုံးနှင့် ကောင်းကင်အဆင့် ဆေးလုံးတွေဖြစ်ကြသည် ။ ထိုဆေးလုံးတွေထဲမှာ နတ်ဘုရားအဆင့်ဆေးလုံးတွေကလည်း အများအပြားပါဝင်နေသည်။ သို့သော် နတ်ဘုရားအဆင့်ဆေးလုံးတွေ အကုန်လုံးက အဆင့်နိမ့် နတ်ဘုရားဆေးလုံးတွေဖြစ်ကြသည်။ သူတို့၏စွမ်းဆောင်ရည်က ရှောင်လုံအပေါ်တွင် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိနိုင်ပေ ...။
  လင်းလောင်ရတနာစေတီ၏ ပဉ္စမ အလွှာထဲတွင်   ဝိညာဉ်ကျောက်တုံးတွေက တောင်ကြီးတွေလိုမျိုး စီတန်း၍ တည်ရှိနေတာကိုမြင်တော့ ရှောင်လုံလည်း အရမ်းကို အံ့သြမှင်သက်သွားလေသည် ။ 
ထို ဝိညာဉ်ကျောက်တုံးတောင်ကြီးများထဲတွင် အဆင့်၃ ၊ အဆင့် ၂ ၊ အဆင့် ၁ ဝိညာဉ်ကျောက်တုံး တွေအများအပြားပါဝင်နေသည် ။
အဆင့် ၃ ဝိညာဉ်ကျောက်တုံးနှင့် အဆင့် ၂ ဝိညာဉ်ကျောက်တုံးတွေကတော့ ရှောင်လုံအတွက် သိပ်ပြီး အသုံးမဝင်လှပေ ...။ သို့သော် အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေကတော့ ရှောင်လုံအတွက် အရမ်းကို အဓိပ္ပါယ်ရှိနေသည် ။
ပြိးခဲ့သော နဂါးအမွေအနှစ်လုပွဲတွင် ကမ္ဘာဦး နတ်နဂါးကြီးများ၏ ရုပ်အလောင်းတွေကို နတ်တောင်ရွမ်းမီအတွင်းသို့ ရွေ့ပြောင်းနိုင်ရန်အတွက် ရှောင်လုံဆီမှာရှိနေသော အဆင့်၁ ဝိညာဉ်ကျောက်တုံး အကုန်လုံးကို ဗုဒ္ဓဆယ်ဆူ အစီအရင်အတွင်း၌ အသုံးပြုခဲ့ရသည် ။
ယခုလက်ရှိအချိန်မှာ အဆင့် ၁ ဝိညာဉ်ကျောက်တုံးတွေက ရှောင်လုံ အတွက် အရမ်းကို ရှားပါးသော အရာတစ်ခုဖြစ်နေသည် ။
ရှောင်လုံက လင်းလောင်းရတနာစေတီ၏ ပဉ္စမအလွှာသို့ စိတ်ဝိညာဉ်အာရုံဖြင့် စေ့စေ့စပ်စပ်ကြည့်တော့ အဆင့်၁ ဝိညာဉ်ကျောက်တုံး အတုံးသုံးရာနီးပါးရှိနေတာကို မြင်တွေ့လိုက်သည်။
အဆင့်၁ ဝိညာဉ်ကျောက်တုံး အတုံးသုံးရာဆိုရင် ရှောင်လုံအတွက်တော့ အချိန်အတိုင်းအတာတစ်ခုထိအောင် ဖူလုံသွားပြီပဲ ဖြစ်သည် ။
".... ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးတွေ မရှိတာ နာတာပဲ ...."
ရှောင်လုံစိတ်ထဲမှာ အနဲငယ်ဝမ်းနည်းသွားသည်။

  အဆင့် ၁ ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြု၍ ဗုဒ္ဓဆယ်ဆူအစီအရင်ကိုစတင်လိုက်သော်လည် အစီအရင်၏ အစွမ်း အကုန်လုံးကို မပြသနိုင်သေးဘူးဆိုတာ ရှောင်လုံသဘောပေါက်လိုက်သည်။
အကယ်၍ ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးများကိုသာ အသုံးပြုခဲ့လျှင် နတ်တောင်ရွှမ်းမီအတွင်းမှ ဗုဒ္ဓဆယ်ဆူ အစီအရင်က အရင်ကထက် ပိုပြီး အစွမ်းထက်လာနိုင်လေသည်။ ရှောင်လုံထံတွင်
ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး ရှိခဲ့ပေမယ့် သူအသုံးပြုပြီးပြီပဲ ဖြစ်သည် ။
လင်းလောင်ရတနာစေတီ၏ ပဉ္စမမြောက် အလွှာကိုဖွင့်လှစ်ပြီးသည့်နောက် ဆဋ္ဌမအလွှာကိုပါ တပါတည်း ဖွင့်ဖို့ ရှောင်လုံက ကြိုးစားလိုက်သည် ။
သို့သော် သူ့၏ လက်ရှိခွန်အားဖြင့် ဆဋ္ဌမအလွှာကို ပိတ်ဆို့ထားသည့် အတားအဆီးအား မဖျက်ဆီးနိုင်သေးပေ ..။ ထိုကြောင့် ဆဋ္ဌမမြောက်အလွှာကို ဖွင့်ဖို့ကတော့ အချိန်တစ်ခုလောက်လိုအပ်နေသေးသည် ။

အပိုင်း ၃၇၆ ......

Continue Reading

You'll Also Like

211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
152K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
Re:Cursed By

Adventure

43.5K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
19.3K 784 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...