ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

351 - 355

226 21 1
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၅၁ .....

နှစ်နာရီခန့်ကြာပြီနောက် ဒေါင်ရမ်တို့လူစုက တောင်ဘက်နေဝင်ချိန်အိမ်တော်သို့ ပြန်လည်ရောက်ရှိလာကြသည် ။ ထိုအခါ ဟောင်ပန်နှင့် စုရန်တို့က မျက်ရည်တွေကြားမှပင် ရှောင်လုံတို့ကို
လိုက်ပို့လိုက်သည် ။

ဒေါင်ရမ်ကညသူနှင့်အတူ အဖိုးအိုနှစ်ယောက်ကို ခေါ်လာပြီး ရှောင်လုံကတော့ ကျောင်းရှု နှင့် ဧရာမတစ္ဆေကြိးဖန်ယန်အား သူနှင့်အတူ ခေါ်လာလိုက်သည်။ ကျန်းဖူ ၊ ယူမင်းနှင့် တခြားလူတွေကိုတော့ တောင်ဘက်နေဝင်ချိန်အိမ်တော်၏ အန္တရာယ်တွေကို ကာကွယ်ပေသနိုင်ရန်အတွက် ချန်ထားခဲ့လိုက်သည်။

အစပိုင်းမှာတော့ ဒေါင်ရမ်က သူ့သားဒေါင်ဝူဟန်ကိုပါ အတူတူခေါ်သွားဖို့ စဉ်းစားထားခဲ့သည် ။ သို့သော် ဒေါင်ဝူဟန်က သူတို့လူစုအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာနိုင်သည် ဆိုသည့်အချက်ကိုတွက်ဆကာ နန်းတော်ထဲမှာပဲ ချန်ထားခဲ့လိုက်သည်။

ခရီးဆက်နေကြသော လူခြောက်ယောက်စလုံးမှာ စကြာဝဠာအဆင့် သိုင်းပညာရှင်တွေကြီးပဲ ဖြစ်ကြတာကြောင့် လဝက်ခန့်အကြာတွင် သူတို့က
စမ်းချောင်းနတ်အင်ရာပါနိုင်ငံထဲကနေဖြစ်ကျော်ကာ နေဘုရင်အင်ပါရာနိုင်ငံသို့ ရောက်ရှိသွားကြသည်။ရှောင်လုံတို့က နေဘုရင်အင်ပါရာနိုင်ငံအား ကျော်ဖြတ်ပြီးတာနဲ့
မူလသစ်တောဆီသို့ ရောက်ရှိတော့မှာပဲ ဖြစ်သည်။

မြူနှင်းများကြားထဲမှ လှပသောလမင်း၏ အလင်းရောင်များက ဖြာကျနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကိုကိုယ်လက်ကိုပင် ပြန်မမြင်နိုင်လောက်သော မှောင်မိုက်နေသော အမှောင်ထုကြီးက ဝါးမြိုသွားသည်။

ရှောင်လုံတို့ခြောက်ယောက်က နေဘုရင်အင်ပါရာရာနိုင်ငံထဲမှာရှိသော ကျက်တီးခေါင်ပြင် တောင်စောင်းတစ်ခုတွင် ခနရပ်လိုက်သည်။ 

".... ကျုပ်တို့ဒီနေရာမှာ ခနလောက်ရပ်နားကြရအောင် ...မနက်ဖြန်မှ ခရ်ိးဆက်ကြတာပေါ့ ..."

ရှောင်လုံက အကြုံပြုလိုက်သည်။ ဒေါင်ရမ်ကလဲ သဘောတူလိုက်တာကြောင့် သူတို့ခြောက်ယောက်က တောင်ကုန်းလေးတစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည် ။

ထိုအခါရှောင်လုံက သူ့ကိုယ်ထဲမှ မီးအဆီအနှစ်တွေကို အသုံးပြု၍ မီးပုံတစ်ခုကို ဖန်တီးလိုက်သည်။ ရှောင်လုံက ထင်းတွေကိုအသုံးမပြုဘဲ  သူ့ကိုယ်ထဲမှ မီးအဆီအနှစ်သက်သက်ဖြင့်သာ မီးမွှေးထားတာကို မြင်တော့ ဒေါင်ရမ်နှင့် တခြားလူတွေအကုန်လုံး အံသြမှင်သက်ကုန်ကြသည်။

ရှောင်လုံ ပြုလုပ်ထားသော မီးပုံက သစ်သားကိုမီးရှို့ထားခြင်းထက် အများကြီးပိုလင်းကာ တောင်ကုန်းထိပ်တစ်ခုလုံးတွင် နေခင်းကြောင်တောင်ကဲ့သို့ လင်းထိန်နေသည်။

ကျောင်းရှုက ရှောင်လုံနှင့်အတူနေထိုင်ခဲ့စဉ်၌ အံသြစရာပေါင်းမြောက်များစွာကို မြင်တွေ့ခဲ့ဘူးတာကြောင့် သူအနေဖြင့် ဒေါင်ရမ်နှင့် အဖိုးအိုနှစ်ယောက်ထက်စာရင် အများကြိးပို၍  တည်ငြိမ်နေသည်။

ဒေါင်ရမ်နှင့် အဖိုးအိုနှစ်ယောက်မှာမူ ရှောင်လုံအား အံသြခြင်းများစွာဖြင့် ငေးမောကြည့်နေကြသည်။
ထိုနောက် သူတို့အားလုံးက မီးပုံဘေးတွင် ဝိုင်းဖွဲ့ကာ ထိုင်လိုက်ကြသည် ။ ဒေါင်ရမ်တို့လူစုက ရှောင်လုံနံဘေးတွင် ဝင်ထိုင်လိုက်သည့် ဧရာမလူသားကြီးကို
စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ဖန်ယန်က သူ့တကိုယ်လုံးကို အဝတ်နက်ကြီးဖြင့် ခြုံထားပြီး ခရီးထွက်လာသည့် လမ်းတစ်လျှောက်တွင် စကားတခွန်းမှလဲ မပြောပေ ...။
သို့သော် ဖန်ယန်ကိုယ်မှ ထွက်ပေါနေသည့် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါတွေက ဒေါင်ရမ်ရင်ထဲမှာ တစ်မျိုးကြီး ခံစားနေရသည်။

ထိုကဲ့သို့ ထူးဆန်းသောလူတွေကို ဦးဆောင်ထားနိုင်ခြင်းကြောင့် ဒေါင်ရမ်က ရှောင်လုံ၏ နောက်ခံအကြောင်းကို အရမ်းစိတ်ဝင်စားနေလေသည် ။ သိူ့သော် ရှောင်လုံက တခွန်းမှမဟတာကြောင့် ဒေါင်ရမ်အနေဖြင့် မေးဖို့ ခက်နေသည်။

  ဒေါင်ရမ်လိုမျိုး ဒေါင်ရမ်းတက္ကသိုလ်၏ ကာကွယ်စောက်ရှောက်သူအဖိုးအိုနှစ်ယောက်ကလဲ ဖန်ယန်နှင့် ပတ်သတ်ပြီး အရမ်းကို စိတ်ဝင်စားနေသည်။ သူတို့စိတ်ထဲတွင် ဖန်ယန်နှင့် ပတ်သတ်ပြီး
ဖြစ်နိုင်ခြေများစွာကို ခန့်မှန်းနိုင်ခဲ့သော်လည် ဖန်ယန်က တစ္ဆေတစ်ကောင်ဖြစ်နေလိမ့်မယ်လို့
လုံးဝထင်မထားကြပေ ...။

  သိုင်းဝိညာဉ်ကမ္ဘာကြီးစတင်တည်ထောင်လာချိန်ကတည်းက အခုအချိန်အထိ သရဲဘုရင်ကသာ တစ္ဆေမိစ္ဆာတွေကို ထိန်းချုပ် နိုင်စွမ်းရှိခဲ့သည်။

ညက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကုန်ဆုံးသွားလေသည်။
ထိုနောက်  နေမင်းကြီး၏ နွေးထွေးသော နေရောင်ခြည်က မနက်ခင်းမြူနှင်းများကို ဖောက်ထွင်းလျှက် အရှေ့ဘက်မိုးကုတ်စက်ဝိုင်းကနေ  ထွက်ပေါ်လာသည်။  မြေကြီးပေါ်တွင်  ရှောင်လုံကိုယ်ထဲမှ မီးအဆီအနှစ်များဖြင့် မွှေးထားသော မီးပုံကြီးက လောင်စာထပ်ထဲ့စရာမလိုပဲ တောက်လောင်လျှက်ရှိနေတာကို မြင်တော့ ဒေါင်ရမ်တို့ လူစုလဲ အရမ်းကို အံသြမှင်သက် သွားကြသည်။

အားလုံးက ခရီးဆက်ဖို့ အတွက် မတ်တပ်ထရပ် လိုက်သောအခါ ရှောင်လုံကမြေကြီးပေါ်မှာ မီးအဆီအနှစ်တွေကို လက်တချက်ဝှေ့ယမ်း၍  သူ့ဒန်ထျန်ထဲတွင် အသာအယာ ပြန်သိမ်းလိုက်သည် ။

ထိုကဲ့သို့ ထူးဆန်းသောမြင်ကွင်းကြောင့် ဒေါင်ရမ်နှင့် အဖိုးအိုနှစ်ယောက်မှာ မျက်လုံးများဝိုင်းလျှက်  အံသြသွားကြပြန်သည်။
ဒေါင်ရမ်က တလက်လက်တောက်ပနေသော မျက်လုံး ၊  ဓားနှင့်တူသော မျက်ခုံးများကြောင့် ဆွဲဆောင်မှုရှိနေသည့် ရှောင်လုံကို ကြည့်ရင်း ထို လူငယ်လေးလေး၏ အနာဂတ်ကို မည်သို့မျှ ခန့်မှန်းလို့ မရနိုင်သလိုမျိုး ခံစားနေရသည်။

"... သွားကြစို့ ..."
ရှောင်လုံက သူ့၏မီးအဆီအနှစ်တွေကို ပြန်ရုပ်သိမ်းပြီးတာနဲ့ ပထမဆုံးပျံသန်းသွားလိုက် သည်။ ထိုအချိန်ကြမှ ဒေါင်ရမ်တို့လူစုလဲ သတိပြန်ဝင်လာကြပြီး ရှောင်လုံအနောက်သို့ အလျင်အမြန် လိုက်သွားကြသည်။

ငါးရက်ခန့်ကြာသောအခါ ရှောင်လုံတို့လူစုက နေဘုရင်အင်ပါရာနိုင်ငံ၏ မြောက်ဘက်အကျဆုံးနေရာသို့ ရောက်ရှိလာကြသည်။ တောက်ပသောနေမင်း မြို့တော်နှင့် ခပ်လှမ်းလှမ်းအကွာတွင် ရှိနေသော ရှောင်လုံက မြို့ထဲသို့ ဝင်ထွက်သွားလာနေကြသော ရထားလုံးများနှင့် အဆုံးမရှိသော မြင်လှည်းတွေကိုကြည့်ပြီး ပြောလိုက်သည်

"... ကျုပ်တို့မြို့ထဲမှာ ခနလောက်ဝင်နားကြရအောင် ... မြို့ထဲမှာနေပြီး မူလသစ်တောရဲ့ အခြေအနေကို အရင်ဆုံးလေ့လာကြတာပေါ့ ..."

"...ကောင်းပါပြီ ..."

ဒေါင်ရမ်ကလဲ သဘောတူလိုက်သည်။ သူကလဲ ရှောင်လုံနှင့် အတွေးချင်းတူနေ၏ ။ သူတို့က အခုဆိုရင် တောက်ပသောနေမင်းမြို့တော်အထိတောင်ရောက်နေပြီဖြစ်သဖြင့် မူလတောအုပ်အတွင်းသို့ ကမှုးရှုးထိုးဖြင့် ဝင်သွားစရာမလိုသေးပေ ...။

တောက်ပသောနေမင်းမြို့တော်သည် နေဘုရင်အင်ပါရာနိုင်ငံ၏ နန်းတွင်းမြို့တော်တစ်ခုမဟူတ်သော်လည်း နေဘုရင်အင်ပါရာနိုင်ငံထဲမှ အကြီးဆုံးမြို့များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သူက မူလတောအုပ်နှင့် နီးကပ်နေတာကြောင့် ဒေါင်ရမ်းအင်ရာမြို့၏ နန်းတွင်းမြို့ဖြစ်သော ဒေါင်ရမ်းနန်းတွင်းမြို့တော်ကဲ့သို့ စည်ကားသိုက်မြိုက်နေလေသည်။

မြို့ထဲမှ လမ်းမများပေါ်တွင် ကောင်းကင်အဆင့် သိုင်သမားများကို နေရာတိုင်းလိုလိုတွေ့မြင်နိုင်လေသည်။ အဆင့်မြင့်ကောင်းကင်သိုင်းသမား တစ်ချို့ကိုတောင် တစ်ခါတစ်လေ တွေ့မြင်ရ၏ ။
တချို့နိုင်ငံများအတွက် ကောင်းကင်သိုင်သမားဆိုတာက သူတို့နိုင်ငံ၏ အဓိကပင်မထောက်တိုင်ကြီးများဖြစ်ကြသည်။

သို့သော် ဤနေရာတွင် ကောင်းကင်သိုင်းသမားတွေက သိပ်ပြိးအဆင့်မရှိကြပေ ..။ ထိုအပြင် မြို့ထဲမှ ဆိုင်များ၏ ဆိုင်ရှင်တွေကလဲ ကောင်းကင်သိုင်သမားတွေကြီးပဲ ဖြစ်သည်။
ကျောင်းရှု ၊ ဒေါင်ရမ်နှင့် တခြားလူတွေလဲ တစ်နေရာထဲတွင် ကောင်းကင်သိုင်သမား အများအပြားကို မြင့်တွေ့လိုက်ရခြင်းကြောင့်
အရမ်းကို အံသြသွားကြသည်။

ဒေါင်ရမ်းအင်ပါရာနိုင်ငံ၏ လူဥိးရေအချိုးအရဆိုရင် အယောက်တစ်သောင်းမှာမှ တစ်ယောက်လောက်သာ ကောင်းကင်သိုင်းသမားဖြစ်နိုင်ခြေရှိသည်။ သို့သော် တောက်ပသောနေမင်းမြို့ထဲမှာတော့လူအယောက်တစ်ရာတွင် တစ်ယောက်လောက်က ကောင်းကင်သိုင်းသမားဖြစ်နေသည်။

ရှောင်လုံတို့လူစုက လူအုပ်ကြားထဲတွင် လိုက်ပါစီးမျောရင်းမြို့ထဲသို့ ပတ်ကြည့်လိုက်ကြသည်။ ခနလောက်ကြာသော်အခါ ရှောင်လုံတို့က ချောမွေ့သောခရီးစဉ်ညအမည်ရှိ စားသောက်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။

ချောမွေ့သောခရီးစဉ်စားသောက်ဆိုင်က သူ့၏ အရှေ့ဘက်ကို အရမ်းကို ခမ်းနားကြီးကျယ်စွာဖြင့် ပြင်ဆင်ထားတာပဲ ဖြစ်သည်။ ထိုအပြင် လူတွေအများကြီးက ဆိုင်ထဲတွင် အလှုပေးနေသည်အလား ဝင်ထွက်သွားလာနေကြသည်။

သို့သော် ဝင်ထွက်သွားလာနေသူတို့၏ အသွင်အပြင်အမျိုးမျိုးကို အကဲခတ်ကြည့်ရုံဖြင့် သူတိုကလဲရှေးဟောင်းနဂါးမျိုးနွယ်စု၏ အမွေအနှစ်ရတနာများအတွက် လာရောက်တယ်ဆိုတာကို သိနိုင်သည်။

ရှောင်လုံတို့လူစုလဲ ဆိုင်အတွင်းသို့ဝင်လိုက်ကြသည်။ သတင်းအချက်အလက်တွေကို စုဆောင်းရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ လူမျိုးစုံသွားလာနေသည့် စားသောက်ဆိုင်များတွင် စုံစမ်းခြင်းပင် ဖြစ်သည်။

ရှောင်လုံက ဆိုင်အတွင်းကို အကဲခတ်ကြည့်လိုက်တော့ ဆိုင်ထဲမှ စာပွဲတစ်ရာကျော်ကျော်မှာ အားလုံးလိုလို၌ စားသောက်သူများဖြင့် ပြည့်နှက်နေလေသည်။ ယခုတကြိမ်စားသောက်ဆိုင်ထဲ ဝင်လိုက်သည့် အဓိကရည်ရွယ်ချက်မှာ သတင်းစုံစမ်းရန်ဖြစ်တာကြောင့် ရှောင်လုံတို့လူစုက ပထမထပ် သို့ တက်မနေတော့ပဲ လူများသည့် မြေညီထပ်မှ စားပွဲအလွတ်တစ်လုံးတွင်သာ နေရာယူလိုက်ကြသည်။

သူတို့ထိုင်ပြီးတာနဲ့ ရှောင်လုံက စာပွဲထိုးလေးကို  မေးလိုက်သည်
".... မင်းတို့ဆီမှာ ရှိတဲ့ အကောင်းဆုံးဝင်ကဘာလဲ ....?"

ရှောက်လုံက ဘယ်နေရာကိုသွားသွား ဝိုင်ကောင်းကောင်းကိုသာ အရင်ဆုံးရှာဖွေတတ်သူ ဖြစ်၏ ။
စာပွဲထိုးလေးက ပြုံးလိုက်ပြီး
"... သခင်လေး ... ကျွန်တော်တို့ဆီမှာရှိတဲ့ အကောင်းဆုံးဝိုင်ရဲ့ နာမယ်က မူလဝိုင် ပါ .... မူလဝိုင်ကို မူလတောအုပ်ထဲမှာရှိတဲ့ သစ်သီးနှင့် ပန်း အမျိုးပေါင်းတစ်ရာကျော်ကို သေချာပေါင်းစပ်ပြီး ဝိုင်ချက်ထားတာပါ .... အဲ့ဒါကြောင့် စျေးကလဲ မသေးဘူးဗျ .. ဝိုင်တဂျားကို ရွှေဒင်္ဂါး နှစ်သောင်း တန်ကြေးရှိပါတယ် ...."

"... အိုး .... ရွှေဒင်္ဂါးနှစ်သောင်းတောင်မှလား ..."

ရှောင်လုံက အနဲငယ်အံအားသင့်သွားသည်။ ရှောင်လုံမြည်စမ်းဘူးသည့် စျေးအကြီးဆုံးဝိုင်မှာ
ဒေါင်ရမ်းတက္ကသိုလ်အတွင်းရောင်းချသည့် ပြင်းပြသော အရသာ ဝိုင်ပဲ ဖြစ်သည်။ ထိုဝိုင်တစ်ပုလင်းတန်ကြေးမှာ ရွှေဒင်္ဂါးတစ်သောင်းဖြစ်သည်။ သို့သော် မူလဝိုင်က ပြင်းပြသောအရသာ ဝိုင်ထက် နှစ်ဆနီးပါး ပို့၍ တန့်ကြေးမြင့်နေသည်။

စာပွဲထိုးလေးက ထပ်ပြောလိုက်သည်

".... သခင်လေး ... ကျွန်တော်တို့ဆိုင်မှာ မူလဝိုင်အပြင် နဂါးကျားဝိုင် ၊ မြောက် ဝိုင် ဆိုတဲ့ တခြားကောင်းတဲ့ ဝိုင်တွေလဲ ရှိပါတယ် ... သူတို့ဆို ရွှေဒင်္ဂါး ရာဂဏန်းလောက်ပဲ ကျတာပဲ ...."

ရှောင်လုံ အံသြသွားပုံကိုမြင်တော့ စားပွဲထိုးလေး၏ စိတ်ထဲတွင် မူလဝိုင်က ရှောက်လုံအတွက် အရမ်းကိုတန်ဖိုးကြီးသည့် ဟုထင်သွားသည်။
ထိုကြောင့်သူက တခြားစျေးပေါသော ဝိုင်များဖြင့် မိတ်ဆက်ပေးလိုက်ခြင်းပင် ....။
မူလဝိုင်၏ စျေးနှုန်းကို ကြားလိုက်တာနဲ့ ရှောင်လုံပုံသံအတိုင်း အံသြမှင်သက်သွားကြသည့်
ဧည့်သည်အများအပြားကိုလဲ သူကတွေ့ခဲ့ဘူးသည်။

နောက်ပြီးတော့ ဝိုင်တစ်ပုလင်းကို ရွှေဒင်္ဂါးနှစ်သောင်းပေးပြီး သောက်နိုင်တဲ့သူက အလွန်ကို ရှားပါးလေသည်။  ရှောင်လုံကလဲ စားပွဲထိုးလေး အမြင်မှားနေတာကို စိတ်ထဲမထားဘဲ ပြောလိုက်သည်

".... ငါတို့ဝိုင်းကို ပထမဆုံး မူလဝိုင်ငါးပုလင်း အရင်ယူခဲ့ နောက်ပြီး မင်းတို့ဆိုင်ရဲ့ နာမယ်ကြီးဟင်ပွဲတွေကို ချကွာ ...."

ဝိုင်ပုလင်းငါးလုံး ...!
စားပွဲထိုးလေးက ရှောင်လုံကို မျက်လုံးပြူးကြည့်လိုက်ပြီး
"...  သခင်လေး ...သခင်လေး တစ်ကယ်ပဲ ဝိုင်ပုလင်းငါးလုံး မှာချင်တာသေချာပါတယ်နော်..."
မူလဝိုင် ငါးပုလင်းမှ ရွှေဒင်္ဂါးတသန်းနီးပါး တန်ကြေးရှိနေသည်။

ရှောင်လုံက ခေါင်းညိတ်ပြပြီး  သိုလှောင်လက်စွပ်
တကွင်းအား ထုတ်လိုက်သည်။ ထိုနောက် အထဲတွင် တောင်ပုံရာပုံရှိနေသည့်ရွှေဒင်္ဂါးတွေကို စားပွဲထိုးလေးမြင်နိုင်ရန် အတားအဆီးအလွှာကို ဖွင့်လှစ်ပေးလိုက်သည်။ ရှောင်လုံ ထုတ်ပြလိုက်သော သိုလှောင်လက်စွပ်မှာ သွေးနဂါးဂိုဏ်းမှ လီလီ ၏ သိုလှောင်လက်စွပ်ပဲ ဖြစ်သည်။ လီလီကို သတ်ပြီးနောက် သိုလှောင်လက်စွပ်က ရှောင်လုံအပိုင် ဖြစ်လာခဲ့သည်။

အထဲတွင် ရှိနေသော ရွှေဒင်္ဂါးတွေကိုကြည့်ပြီး စားပွဲထိုးလေးက တစ်ကိုယ်လုံး တုန်နေလေသည်။
ကြောက်လန့်မှုကြောင့်လား စိတ်လှုပ်ရှားမှုကြောင်လားဆိုတာကိုတော့ သူကိုယ်တိုင်သာ သိပေလိမ့်မည်။

ထိုနောက်တွင် ရှောင်လုံတို့အပေါ်ဆက်ဆံသည့် စားပွဲထိုးလေး၏ အပြုအမူများက တစ်ရာရှစ်ဆယ်ဒီဂရီ တိတိကို ပြောင်းလဲ သွားသည်။ သူက တက်ကြွသော ကြက်ဖကြီးတစ်ကောင်လို ခေါင်းအဆက်မပြတ်ညိတ်ပြလိုက်ကာ
ရှောင်လုံတို့မှားထားတာကို အမြန်ဆုံး ယူလာပေးခဲ့မဘ်ဆိုသည့် အကြောင်း ထပ်တလဲလဲ ပြောလိုက်သည်။

ခနလောက်ကြာသော စားပွဲထိုးလေးက စားပွဲအပြည့် မွေးပျံသင်းကြိုင်နေသော စားသောက်ဖွယ်ရာများနှင့်အတူ ဝိုင်ငါးပုလင်းကို ယူ၍ ပြန်လည်ရောက်ရှိလာသည်။
ဝိုင်တွေကို လာချပေးပြီးသော်လည်း စားပွဲထိုးလေးက ရှောင်လုံတို့ ဝိုင်းနားကနေ ထွက်မသွားသေးဘဲ ရှောင်လုံတို့မှားတာကို အမြန်ဆုံးလုပ်ဆောင်နိုင်ရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်နေသည်။

ဒေါင်ရမ်းတက္ကသိုလ်၏ ကာကွယ်စောင်ရှောက်သူ
အဖိုးအိုတစ်ယောက်ကဝိုင်ပုလင်းတစ်လုံးကို ငှဲ့ကာ
ခွက်ငါးလုံးထဲသို့ အညီအမျှထဲ့လိုက်သည်။ သူတို့က လူခြောက်ယောက်လာကြတာဖြစ်ပေမယ့် ဧရာမတစ္ဆေကြီးဖန်ယန်ကတော့ စားပွဲဝိုင်းတွင် ဝိုင်မထိုင်ဘဲ ရှောင်လုံအနောက်တွင်သာ မားမားမတ်မတ်ရပ်နေသည်။

ရှောင်လုံက အရက်ခွက်တစ်လုံးကို ကိုင် မြှောက်လိုက်ပြီး

"... အကိုဒေါင်ရမ် .... အတူတူသောက်ကြရအောင် ..."

ဒေါင်ရမ်ကလဲ သူ့ခွက်ကို အလျင်အမြန်မြှောက်လိုက်ပြီး

"... သခင်လေး ဟောင် ...."

ထိုနောက်တွင် သူတို့လူစုက ခွက်အပြည့်ထဲ့ထားသော မူလဝိုင်တွေကို တကျိုက်ထဲ မော့သောက်လိုက်ကြသည်။ ဝိုင်တွေက လည်ချောင်းထဲသို့ မီးတောက်တစ်ခုလို ချောချောရှုရှု ဝင်သွားပြီး  အဲ့နောက် သွေးကြောများထဲတွင် ငြိမ့်ညောင်းစွာ စီးမျောရင်း လှည့်ပတ်နေကြသည်။
နောက်ဆုံးတွင် အမေ့ရင်ခွင်ထဲတွင် အဖက်ခံထားလိုက်ရသလိုမျိုး တကိုယ်လုံး နွေးထွေးသွားလေသည် ။ ဝိုင်အရာတွေက တလှည့်စီ ပြောင်းလဲနေကြပြီး တစ်ကြိမ်သောက်မိလိုက်ရုံဖြင့် မရပ်နိုင်တော့လောက်အောင် ဆွဲဆောင်နေသည်။

စားပွဲထိုးလေးက ဝိုင်ခွက်ကိုမော့ချလိုက်သည့် ရှောင်လုံမျက်နှာပေါ်မှ အပြောင်းအလဲများကို စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် စောင့်ကြည့်နေသည်။
ရှောင်လုံက စားပွဲထိုးလေးကို လှည့်ကြည့်ကာ ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်

"... မဆိုးဘူးပဲကြ ..."

မူလဝိုင်က ပြင်းပြသောအရသာ ဝိုင်ထက် အဆင့်တစ်ဆင့်လောက်ကိုပို့မြင့်နေသည်။ ရှောင်လုံ ချီးကျူးစကားကိုကြားတော့မှ စားပွဲထိုးလေးက ပြုံးပြီး သူရင်ထဲမှာပဲ သက်ပြင်းကြီးတစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။

"... ဒါနဲ့ မင်းတို့ဆိုင်မှာ မူလဝိုင် ပုလင်း ဘယ်နှပုလင်းလောက်ကျန်သေးလဲ ...?"

ရှောင်လုံက ရုတ်တရက်မေးလိုက်သည်။

ထိုကဲ့သို့ မေးမည်ဟု မထင်ထားတာကြောင့် စားပွဲထိုးလေးက ခနလောက်မှင်သက်သွားပြီးမှ
".... ဆိုင်အောက်က ဝိုင်ခန်းထဲမှ ဝိုင်ပုလင်းပေါင်း
၅၃၂ ပုလင်းတိတိ ရှိပါသေးတယ် သခင်လေး ..."

ရှောင်လုံက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး
"... ငါအကုန်ယူလိုက်မယ် ...."

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၅၂

"... အကုန်လုံးယူမယ် ဟုတ်လား ..?"

စာပွဲထိုးလေးက ထစ်ငေါ့စွာဖြင့် ပြန်မေးလိုက်သည်။

"... ဘာလို့လဲ အကုန်လုံး ဝယ်လို့မရဘူးလား...?"

"... မ...မ..မဟူတ်ပါဘူး ...ဝယ်လို့ရပါတယ် ...ဝယ်လို့ရတာပေါ့ဗျာ ...."

စားပွဲထိုးလေးက ကဗျာကရာပြန်ဖြေလိုက်သည်။
ဤကဲ့သို့ ဝိုင်ပုလင်းတွေအကုန်ဝယ်လိုက်သည့် အဖြစ်မျိုးမှာ သူတို့စားသောက်ဆိုင်တွင် တစ်ခါမှ မဖြစ်ဘူးသေးပေ..။ ထိုနောက် စားပွဲထိုးလေးက ရှောင်လုံအမှာအတိုင်းဆောင်ရွက်ပေးရန် ဆိုင်ရှင်ရှိရာသို့ သုတ်ခြေတင်ပြေးတော့သည်။

ရှောင်လုံက ပြုံးကာ ဒေါင်ရမ်တို့ကို ရှင်းပြလိုက်သည်

".... သိုင်းလေ့ကျင့်တာက လွဲပြီး ကျုပ်ဝါသနာ ပါတာဆိုလို့ ဝိုင်သောက်တာပဲ ရှိတယ်..."

ခနလောက်ကြာတော့ စားပွဲထိုးလေးက ဆိုင်ရှင်နှင့်အတူ ပြန်ရောက်လာပြီး

"... ဆိုင်ရှင်ကြိး ..... ဒီက သခင်လေးက ကျွန်တော်တို့ဆီမှာ လက်ကျန်ရှိတဲ့ မူလဝိုင်တွေအကုန်လုံးကို ဝယ်ချင်လို့တဲ့ ....."

ဆိုင်ရှင်က မှိုရထားသော မျက်နှာဖြင့် ပြုံးရွှင်နေပြီး
"... ကျွန်တော်ကြားတာတော့ သခင်လေးက ဝိုင်ပုလင်းတွေအကုန်လုံး ဝယ်ချင်လို့တဲ့ .... အမှန်တိုင်းပြောရရင် ကျွန်တော်တို့ဆိုင်က ရှိတဲ့ ဝိုင်ပုလင်းတွေအကုန်လုံးကို ဝယ်လို့မရဘူးလို့တော့ စည်းကမ်းမရှိပါဘူး ... နောက်လာမယ့် ဧည့်သည်တွေအတွက် နဲနဲချန်ထားပြီး သခင်လေးကို ဝိုင်ပုလင်း ငါးရာ ပဲရောင်းရင်ရော အဆင်ပြေမလား...?"

ဆိုင်ရှင်က ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။

ပုလင်းငါးရာ ...?
ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။
"... ကောင်းပြီလေ ..."
သူက ဝိုင်ပုလင်းတွေ အကုန်လုံးမဝယ်ရလဲ စိတ်ထဲ သိပ်ရှိသူတစ်ယောက်မဟုတ်ပေ ..။ အဓိကအချက်မှာ ကောင်းမွန်သော ဝိုင်ကို သောက်ခွင့်ရဖို့ပဲ ဖြစ်သည်။

ရှောင်လုံက ချောချောရှုရှုဖြင့် သဘောတူလိုက်တာကိုမြင်တော့မှ ဆိုင်ရှင်စိတ်ထဲမှာ တင်းကျပ်နေတာတွေ ပြေလျေ့ာသွားသည်။ ထိုနောက် ရှောင်လုံက မူလ ဝိုင်ပုလင်းငါးရာအတွက် ရွှေဒင်္ဂါး သန်းတရာကို ပေးချေလိုက်သည်။ ထိုအခါ ဆိုင်ရှင်က ဝိုင်ပုလင်းတွေကို သွားယူရန်အတွက် ရှောင်လုံတို့ကို ခနစောင့်ပေးဖို့ ပန်ကြားလိုက်သည်။

ဆိုင်ရှင်ထွက်သွားတော့ ရှောင်လုံတို့က လက်ကျန် ဝိုင်ပုလင်းတွေကို သောက်ရင်း ဘေးဘက်ဝိုင်းတွေက ဆွေးနွေးသံများကို နားစွင့်နေကြသည်။

".... နဂါးမျိုးနွယ်စုရဲ့ အမွေးအနှစ်ပစ္စည်း သတင်းက မှန်ရောမှန်ရဲ့လား မသိပါဘူးကွာ
သတင်းထွက်နေတာက အခုဆိုရင် နှစ်ဝက်လောက်ကိုရှိနေပြီ ...ဒါပေမယ့် ဘယ်သူမှ အခုချိန်အထိ ရှာမတွေ့ကြသေးဘူး...."

"... မှန်တော့မှန်လောက်ပါတယ် ... ဒါပေမယ့် မှန်တာ မမှန်တာက ငါတို့အတွက် သိပ်ပြီး အရေးမကြီးပါဘူးကွာ ... ငါတို့က စည်းကားနေတာကို ပျော်ချင်လို့  ရောက်လာကြတာမဟုတ်လား ..."

"... ဟူတ်တယ် .... ကံကောင်းပြီး နဂါးဥလေးတစ်လုံလောက်သာရကြည့်ပါလား ... နောက်တစ်နေ့ နေထွက်တာကို မမြင်ရဘဲ နေသွားလိမ့်မယ် ..."

နောက်ထပ်လူတစ်ယောက်က ထပ်ပြောလိုက်သည်
"... ငါကြားတာတော့ နတ်ဘုရားကျောင်းတော်ကလူတွေလဲ လာကြတယ်ဆို ....!"

"....ဒီနေရာမှာ နတ်ဘုရားကျောင်းတော်က လူတွေကြီးပဲ ရှိနေတယ်လို့ မင်းထင်နေတာလားကွ ... ကြယ်တာရာတိုင်းပြည်က နတ်တံခါးဂိုဏ်းချုပ် ချန်ထျန်ချီလဲရောက်နေတယ် ... နောက်ပြီး အရပ်ဆယ်မျက်နှာတိုင်းပြည်က သားရဲဘုရင်
လူကျန်းယီ လဲ ရောက်နေတယ်လို့ ကြားတာပဲ .."

နတ်တံခါးဂိုဏ်းချုပ် ချန်ထျန်ချီ ဟုတ်လား ...?
ထိုစကားသံကြောင့် ရှောင်လုံက မျက်မှောင်ကြုတ်သွားသည်။ သူစိတ်ထဲမှာတော့
"... ချန်ထျန်ချီ ....ချန်ထျန်ချီ ....ရာရာစစ မင်းက မင်းကိုမင်းနတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လို့ ကြွေးကြော်ထားတယ်ပေါ့လေ ...."

ထိုစကားကြောင့် ကျောင်းရှုကလဲ ရွံရှာသလိုမျိုး နှာခေါင်းရှုံ့လိုက်သည်။

"... ဆရာကျောင်း ....ဘာဖြစ်လို့လဲ ...?"

ကျောင်းရှာမျက်နှာတွင် အမူအရာပျက်သွားတာကိုမြင်တော့ ဒေါင်ရမ်က မေးလိုက်သည်။

"... ဘာမှ မဖြစ်ပါဘူး ..." ကျောင်းရှုက ခေါင်းခါပြလိုက်သည်။ ထိုအချိန်တွင် ဝိုင်ပုလင်းသွားယူသည့် ဆိုင်ရှင်က ပြန်ရောက်လာသည်။ သို့သော် သူ့နောက်တွင် မုတ်ဆိတ်မွှေးထူလပစ်ဖြင့် ပိန်ပိန်ပါပါး လူကြီးတစ်ယောက်က ကပ်ပါလာသည်။ ဆိုင်ရှင်က စိတ်ရှုပ်ထွေးနွေးသောမျက်နှာဖြင့် ရှောင်လုံကိုကြည့်ကာ

"... သခင်လေး .... ကျွန်တော်တောင်းပန်ပါတယ်ဗျာ
သခင်လေးကို ဝိုင်ဆယ်ပုလင်းပဲ ရောင်းလို့ရပါတော့မယ်....."

"... ဆယ်ပုလင်း ...?"
ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့် ဆိုင်ရှင်ဆက်ပြောမည့်စကားကိုစာင့်ဆိုင်းနေလိုက်သည်။

".... အခုပဲ ကျွန်တော်တို့ တောက်ပသောနေမင်းမြို့ မြို့တော်ဝန်ရဲ့ အိမ်တော်ထိန်းကြီးက ကျန်တဲ့ ဝိုင်တွေအကုန်လုံးကို ဝယ်သွားလို့ပါ ...အဲ့ဒါကြောင့်
အဲ့ဒါကြောင့် ...."
ဆိုင်ရှင်က ထပ်မပြောတော့ပေမယ့် သူပြောချင်တာက လယ်ပြင်တွင်ဆင်သွားသလိုမျိုး ထင်ရှားနေလေပြီ ..။ထိုနောက် ဆိုင်ရှင်က သူနောက်တွင်ပါလာသည့် မုတ်ဆိတ်မွှေးထူလပစ်ဖြင့် လူကြီးကို မိတ်ဆက်ပေးလိုက်သည်

"... သူကတော့ တောက်ပသောနေမင်းမြို့တော်ဝန်အိမ်တော်ရဲ့ အိမ်တော်ထိန်း ချန်ပါ ..."

အိမ်တော်ထိန်း ချန်က အထက်ဆီးပုံစံဖြင့် ခေါင်းတချက် ညိတ်ပြလိုက်ပြီး
"... အမှန်တော့ ကျုပ်က မြို့တော်ဝန်အမိန့်နဲ့ မူလဝိုင်တွေအကုန်လုံးကို ဝယ်မလို့ပဲ ...ဒါပေမယ့် ဆိုင်ရှင်ကြီးကို မျက်နှာသာပေးတဲ့အနေနဲ့ မင်းတို့ကို ဝိုင်ဆယ်ပုလင်း ဝယ်ခွင့်ပြုလိုက်မယ် ...."

သူ့စကားသံကို နားထောင်ခြင်းအားဖြင့် ဆိုင်ရှင်ကသာ ရှောင်လုံ တို့အတွက် မတောင်းဆိုပေးခဲ့လျှင် သူတို့အနေဖြင့် ဝိုင်တစ်ပါလင်းတောင်မှ ဝယ်လို့မရမယ့် ပုံစံဖြစ်နေသည်။ အိမ်တော်ထိန်းချန်စကားကြောင့် ဒေါင်ရမ် ၊ ကျောင်းရှု နှင့် အဖိုးအို နှစ်ယောက်က နှဖူးကြောတွေ ရှုံ့သွားကြသည်။

"... အော် ... လက်စသတ်တော့အဲ့ဒီလိုကိုး ..."

ရှောင်လုံက စိတ်မဝင်စားသလိုမျိုး ပြန်ဖြေလိုက်သည်။

အိမ်တော်ထိန်းချန်က ရှောင်လုံအမူအရာကြောင့် မျက်မှောင်ကြုတ်သွားပြီး

"... ဟေ့ကောင် ...  ... ငါတုိ့ မြို့တော်ဝန်က ဘာကြောင့် ဒီလောက် ဝိုင်တွေအမျာကြီးကို ဝယ်တယ်ဆိုတဲ့ အကြောင်းအရင်းကို မင်းသိသွားရင် ကြောက်သေးတွေပါထွက် ကျလာလိမ့်မယ် ... မင်းသိပ်တော့လန့်မသွားနဲ့အုံး
ငါတို့ မြို့တော်ဝန်အိမ်တော်မှာ မူလဝိုင်နဲ့ နတ်ဘုရားကျောင်းတော်က အကြီးအကဲတွေကို ဧည့်ခံမလို့ကွ..."

သူ့စကားဆုံးတာနဲ့ အိမ်တော်ထိန်းချန်က ရှောင်လုံကိုပြုံးပြုံးကြီး စိုက်ကြည့်နေလိုက်သည်။ အိမ်တော်ထိန်းချန်က ရှောင်လုံ သူ့ကို ငိုယိုပြီး တောင်းပန်လာမည့် အချိန်ကို စောင့်စားနေ၏။

သူတို့အတွက်တော့ နတ်ဘုရားကျောင်းတော်၏ အကြီးအကဲတွေကို အခုလိုမျိုး မြို့တော်ဝန်အိမ်တော်မှာ ဧည့်ခံခွင့်ရခဲ့တာကိုက ဂုဏ်ယူစရာ ကိစ္စကြီးတစ်ခု ဖြစ်နေလေသည်။ ထိုကဲ့သို့ နတ်ဘုရားကျောင်းတော်မှ အကြီးအကဲတွေကို ဧည့်ခံခွင့်ရဖို့ဆိုတာက ထိပ်တန်းမိသားစုကြီးတွေ မျှော်လင့်စောင့်စားနေကြသည့် အိမ်မက်တစ်ခုလဲ ဖြစ်သည် ။

အိမ်တော်ထိန်းချန်က ရှောင်လုံကို အထင်သေးသောအမူအရာဖြင့် မျက်လုံးမှေးပြီး ကြည့်နေစဉ် ရှောင်လုံက သူနောက်မှ ဖန်ယန်အား တချက်ငဲ့ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်

"... သတ် ...."

   "... ကောင်းပါပြီ သခင် ...."

တစ္ဆေကြီးဖန်ယန်က ရိုရိုသေသေဖြင့် အလေးပြုလိုက်သည်။ အိမ်တော်ထိန်းချန်တစ်ယောက် ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိလိုက်သေးခင်မှာကဲ တစ္ဆေကြီးဖန်ယန်က သူရှေ့သို့ သရဲတကောင်းနှယ် ရုတ်တရက်ရောက်ရှိလာသည်။

ထိုနောက် ဖန်ယန်ကသူ၏ ကြီးမားသောလက်သည်းကြီးငါးချောင်းဖြင့် အိမ်တော်ထိန်းချန်၏ ဥိးခေါင်းကို ကုတ်ဆွဲလိုက်သည်။ အိမ်တော်ထိန်းချန်က အခုမှ ကောင်းကင်အဆင့်သာရှိသေးသည့် သိုင်းသမားတစ်ယောက်ဖြစ်သည်။ ထိုကြောင့် သူအနေဖြင့် ဖန်ယန်ကဲ့သို့ သိုင်းပညာရှင်မျိုးကို အဘယ်သို့ ခုခံနိုင်အံနည်း ..။

သူလှုပ်ရှားဖို့ အချိန်မရသေးခင်မှာပဲ ဖန်ယန်လက်သည်းတွေက သူ့ဦးခေါင်းခွံထဲထိ အလွယ်တကူဖောက်ဝင်သွားလေသည်။ ဖန်ယန်က အိမ်တော်ထိန်းချန်ဥိးခေါင်ကနေ အဆီအနှစ်တွေကို စုပ်ယုလိုက်သည်။ ဆိုင်ရှင်၏ ကြောက်လန့်တုန်လှုပ်နေသော မျက်လုံးတွေအောက်မှာပဲ အိမ်တော်ထိန်းဖန်က လေလျော့ခံလိုက်ရသော ပုဖောင်းတစ်လုံးလို့ ပြားချပ်သွားလေသည်။

ရှောင်လုံအမိန့်အတိုင်းဆောင်ရွက်ပြီးတာနဲ့ ဖန်ယန်က ရှောင်လုံနောက်နားမှ သူရပ်နေသည့်နေရာသို့ ပြန်လည်ရောက်ရှိလာသည်။ လူတစ်ယောက်ကိုသတ်လိုက်သော်လည်း သူ့မျက်လုံးထဲတွင် ခံစားချက်တစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်းမရှိပေ ..။

ထိုနောက်တွင် အဆီအနှစ်များခမ်းခြောက်သွားသော ခန္ဓာကိုယ်ကြီးက မြေကြီးပေါ်သို့ ပြိုလဲကျသွားသည်။ ထိုအချိန်ကြမှ တခြားဝိုင်းမှ ဧည့်သည့်တွေက အိမ်တော်ထိန်းချုပ် အသတ်ခံလိုက်တာကိုမြင်ပြီး ဆိုင်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

သို့သော် တောက်ပသောနေမင်းမြို့တော်က မူလတောအုပ်နှင့် မလှမ်းမကမ်းတွင် ရှိနေသည့် မြို့တစ်မြို့ ဖြစ်တာကြောင့် နေ့တိုင်းလိုလိုဖြစ်ပွားလေ့ရှိသော သတ်ဖြတ်မှုတွေက ထူးဆန်းသောကိစ္စတော မဟုတ်တော့ပေ ..။

သို့သော် ဒေါင်ရမ်နှင့် အဖိုးအိုနှစ်ယောက်ကမူ ရှောင်လုံနောက်နားတွင် မားမားမတ်မတ်ရပ်နေသည့် ဖန်ယန်အား တုန်လှုပ်စွာဖြင့် ငေးကြည့်နေကြသည်။ ဖန်ယန်တိုက်ခိုက်လိုက်စဉ် သူ့ကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် တစ္ဆေအော်ရာတွေကို သူတို့စိတ်ထဲတွင်သေချာ ဖမ်းမိလိုက်သည်။

စကြာဝဠာအဆင့်တစ္ဆေတစ်ကောင် ....?!

ဒေါင်ရမ်တို့ သုံးယောက်က မျက်လုံးအပြူးသားဖြင်ပ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့က ဖန်ယန်ကို တစ္ဆေတစ်ကောင်လို သိနေပေမယ့် သူတို့စိတ်ထဲမှာတော့ ယုံကြည်ရခက်ခဲနေသည်။ ထိုအပြင် ရှောင်လုံအနေနှင့် စကြာဝဠာအဆင့်  တစ္ဆေတစ်ကောင်းအား မည်ကဲ့သို့ သိမ်းသွင်းနိုင်ခဲ့သလဲဆိုတာကို သူတို့ စဉ်းစားလို့ မရအောင်ဖြစ်နေသည် ..။

ရှောင်လုံက ဆိုင်ရှင်အား မထုံတတ်ထေးပုံစံဖြင့် ကြည့်လိုက်ပြီး

"...  မှတ်မိသလောက်တော့ မူလဝိုင်တွေကို ကျုပ်က အရင်ဆုံး ဝယ်လိုက်တာမဟုတ်ဘူးလား ...?"

ရှောင်လုံအသံကြောင့် ဆိုင်ရှင်က  မှင်သက်နေရာကနေ သတိပြန်ဝင်လာပြီး သူ့လည်ချောင်းကယားသလိုလို ချောက်နေသလိုလိုဖြစ်လာတာကြောင့်ဘဆိုင်ရှင်က ကမန်းကတမ်းပြန်ဖြေလိုက်သည်

"... ဟူတ် ..ဟူတ်ပါတယ် သခင်လေးက အရင်ဆုံးဝယ်တဲ့သူပါ ...."

"... ဟုတ်ပြီလေ .. အဲ့ဒါဆို အခုဘယ်လိုလုပ်ပေးမှာလဲ ...?"
ရှောင်လုံက ဆိုင်ရှင်အား စူးရှစွာ စိုက်ကြည့်လိုက်လေသည်။  ရှောင်လုံစကားကြောင့် ဆိုင်ရှင်နဖူးထက်ကနေ ချွေးအေးတွေစီးကျလာလေသည်။ ထိုနောက်သူက စဉ်းစားမနေတော့ပဲ ပြောလိုက်သည်

".... သူတို့အကုန်လုံးက သခင်လေးအပိုင်ပါ ..."

"... အဲ့ဒါဆိူ ကျုပ်ဝယ်ထားတဲ့ ဝိုင်ပုလင်း ငါးရာ စလုံးကို သွားယူလာခဲ့ ...."

ရှောင်လုံမျက်နှာထားက ဖော်ဖော်ရွေရွေရှိနေရာကနေ တင်းမာခက်ထန်လာသည်။

"... ကောင်း ...ကောင်းပါပြီ သခင်လေး ...ခနလေး စောင့်ပေးပါနော် ....."

ဆိုင်ရှင်က ဝိုင်ပုလင်းထားသည့် အခန်းရှိရာသို့ လုံးနေအောင်ပြေးလေသည်။ အိမ်တော်ထိန်းကြီချန်ကို
ကြက်ကလေးတစ်ကောင်လို အလွယ်တကူ သတ်နိုင်သော ရှောင်လုံနောက်နားမှဧရာမလူသားကြီးက စကြာဝဠာသိုင်းပညာရှင်ဖြစ်လောက်တယ်ဆိုတာကို သူစိတ်ထဲတွင် ခန့်မှန်းမိပြီးသားဖြစ်သည်။

အစေခံတစ်ယောက်ကတောင် စကြာဝဠာသိုင်းပညာရှင်ဆိုင်ရင် .....?

ဆိုင်ရှင်က အဆုံးထိ ဆက်မတွေးရဲလောက်အောင် ကြောက်လန့်တုန်လှုပ်သွားလေသည်။ အမြီးတန်းနေအောင် ပြေးသွားသော ဆိုင်ရှင်ကိုကြည့်ပြီး ရှောင်လုံ နှုတ်ခမ်းတွေက ကွေးညွတ်သွားသည်။

နတ်ဘုရားကျောင်းတော်ဟုတ်လား ....?

ဆိုင်ရှင်က ဒီတကြိမ်မှာတော့ စက္ကန့်ပိုင်းလောက်အတွင်းမှာပဲ ရှောင်လုံငွေးရှင်းထားပြီးဖြစ်သော ဝိုင်ပါလင်းငါးရာနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။

တချိန်ထဲမှာမှာပဲ မြို့တော်ဝန်အိမ်တော်၏ ဧည့်ခန်းမဆောင်အတွင်းမှာရှိသော မြို့တော်၏ထိုင်ခုံတွင် အစိမ်းရောင်ကိုယ်ကျပ်ဝတ်စုံကို ချပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိစွာဖြင့် လှပနေသော မိန်းမတစ်ယောက် ထိုင်နေသည် ။
သူမကတော့ တခြားလူမဟုတ် လီလူ၏ ဆရာဖြစ်သူ လီမိုလင် ပဲ ဖြစ်သည်။

သူအောက်နားကထိုင်ခုံတွင် ယောင်မိသားစု၏ ဘိုးဘေး ယောင်ရှန် ရှိနေပြိး သူနံလေးတွင် ယောင်ဖေးထိုင်နေသည်။ သူတို့်သုံးယောက်အပြင် နတ်ဘုရားကျောင်းတော် ဝတ်စုံအား ဝတ်ဆင်ထားကြသည့် အဖိုးအိုသုံးယောက်လဲ ထိုင်နေကြသည်။

ထိုလူခြောက်ယောက်က ထိုင်နေသော်လည်း တောက်ပသောနေမင်းမြို့၏ မြို့တော်ဝန်
ဝမ်ချောင် ကမူ ထိုင်ခုံတွင် ဝင်မထိုင်ရဲပေ ...။
ဝမ်ချောင်က ဦးးခေါင်းကိုအရှေ့သို့ အနဲငယ်ကိုင်းညွတ်ကာ ပြုံးရွှင်နေသောအမူအရာဖြင့် မတ်တပ်ရပ်နေသည်။

ဝမ်ချောင်က ပြုံးကာ လီမိုလင်အား မျက်နှာလုပ်လိုက်သည်

".... အကြီးအကဲ လီနဲ့ တခြားအကြီးအကဲများခင်ဗျာ ကျွန်တော်တို့ တောက်ပသောနေမင်းမြို့ရဲ့
မူလဝိုင်က သိုင်းလောကတခွင်မှာ  တကယ့်ကို နာမယ်ကြီးပါတယ်...တစ်ခွက်လောက်သောက်မိလိုက်ရုံနဲ့ အကြီးအကဲတို့အားလုံး နှစ်သက်သွားစေရမယ်လို့ ကျွန်တော်ရဲရဲကြီး အာမခံနိုင်ပါတယ်  ...."

သိုသော် လီမိုလင်က သိပ်ပြီးစိတ်ဝင်စားဟန်မပြပဲ
"... တကယ်လား ...?"
ထိုနောက်သူမက ဧည့်ခန့်ထဲမှ နောက်ဆုံးထိုင်ခုံကို လက်ညိုးထိုးပြလိုက်ပြီး
"... နင်လဲ အဲ့မှာ ဝင်ထိုင်လိုက် .."

"... အကြီးအကဲ လီကို ကျေးဇူးအများကြီးတင်ပါတယ် ...."

ဝမ်ချောင်က အရမ်းက ပျော်ရွှင်သွားပြီး လီမိုလင်ညွှန်ပြသောခုံတွင် အလျင်အမြန်ဝင်ထိုင်လိုက်သည်။

သို့သော် သူဖင်နှင့် ထိုင်ခုံက ထိလိုက်ပြီးသိပ်မကြာခင်မှာပဲ  အစောင့်စစ်သားတစ်ယောက် ဧည့်ခန်းအတွင်းသို့ အူယားဖားယား ပုံစ့်ဖြင့်ပြေးဝင်လာလေသည် ။ ဝမ်ချောင်က ဗရမ်းပတာဝင်လာသော အစောင့်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး စိတ်ထိန်းကာ အသံမှန်မှန်ဖြင့် မေးလိုကိသည်

".... ဘာဖြစ်လာရတာလဲ ... ? ငါမှာလိုက်တဲ့ မူလဝိုင်ကရော ဘယ်မှာလဲ ....?"

ထိုအစောင့်က အိမ်တော်ထိန်းချန်နှင့်အတူ ချောမွေ့သော ခရီးစဉ် စားသောက်ဆိုင်သိူ့ အတူတူလိုက်ပါသွားသူတစ်ယောက်ဖြစ်သည်။
အစောင့်က ဝမ်ချောင်ရှေ့တွင် ဒူးထောက်ချကာ ငိုယိုပြီး တိုင်ကြားလိုက်သည်
"... မြို့တော်ဝန်... ..လူတစ်ယောက်က အိမ်တော်ထိန်းချန်ကို  သတ်ပြီး
ကျွန်တော်တို့မှာထားတဲ့ ဝိုင်ပုလင်းတွေပါ အတင်းအကျပ်လုယူသွားပါတယ်  ...."

"... ဘာပြောတယ်ကွ ..."

ဝမ်ချောင်က ဒေါသခြောင်းခြောင်းထွက်ကာ ထိုင်နေရာကနေ ခုန်ထလိုက်သည်။

.........

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၅၃ ......

တောက်ပသောနေမင်းမြို့တော်၏ ပိုင်နက်ထဲတွင် မြို့တော်ဝန်၏ အိမ်တော်ထိန်းအား သတ်ရဲသူ ရှိလိမ့်မည်ဟု လီမိုလင်နှင့် တခြားအကြီအကဲတွေက လုံးဝကို ထင်မထားခဲ့ကြပေ ...။

သို့သော် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အမွေအနှစ်ပစ္စည်းတွေကြောင့် တောက်ပသောနေမင်းမြို့တော်သို့ နိုင်ငံပေါင်းစုံမှ လူပေါင်းစုံရောက်ရှိလာကြသည်။ ထိုကြောင့် ထိုလူများကြားထဲတွင် မိစ္ဆာစိတ်ပေါက်နေသည့် လူတွေပါလာသည်မှာ မထူးဆန်းပေ ..။

ဝမ်ချောင်ကတော့ သတင်းလာပို့သည့် အစောင့်ကို မဲမှောင်ရှုံ့မဲ့နေသောမျက်နှာဖြင့် မာမာထန်ထန်စိုက်ကြည့်လိုက်ပြီး

"... ဟေ့ကောင် ဘာတွေဖြစ်ခဲ့တာလဲ ....?      အစကနေ အဆုံးအထိ တစ်လုံးမကျန်ပြောပြစမ်း...."

  သူ့ပိုက်နက်ထဲတွင် သူ့လူတစ်ယောက်အသတ်ခံ ရရုံသာမက ထိုကိစ္စမှာ နတ်ဘုရား၏ အကြီးအကဲများရှေ့တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ဤကိစ္စက ဝမ်ချောင်ကို အကြီးအကျယ် မျက်နှာပျက်စေခဲ့ရသည်။

အစောင့်က ဖြစ်စဉ်အသေးစိတ်ကို မချွင်းမချန် အမှန်တိုင်း ရှင်းပြလိုက်သည်။

အစပိုင်းမှာတော့ လီမိုလင်နှင့်တခြားအကြီးအကဲတွေက ဝမ်ချောင်တို့ကိစ္စကို သိပ်ပြီး စိတ်မဝင်စားကြပေ ...။ သို့သော်  အိမ်တော်ထိန်းချန် ဝိုင်ဝယ်စဉ်မှာ နတ်ဘုရားကျောင်းတော်မှ အကြီးအကဲများကို ဂုဏ်ပြုဧည့်ခံရန်အတွက် ဝယ်ရခြင်းဖြစ်သည် ဟု တဖက်လူအားသေချာရှင်းပြခဲ့သည့် ဆိုသောနေရာကိုရောက်တော့ သူတို့လူစုလဲ မျက်နှာထားတွေပျက်ကုန်ကြသည်။
"... ငါတို့အတွက် ဝယ်တယ်လုိ့ပြောတာကိုတောင် တဖက်လူက သတ်ရဲသေးတယ်ပေါ့လေ ...."

ထိုအချိန်တွင် အစောင့်က ချေမွေ့သောခရီးစဉ် စားသောက်ဆိုင်တွင်ဖြစ်ခဲ့သည့်  အဖြစ်အပျက်များကို အစအဆုံး ပြန်ပြောပြလို့ ပြီးသွားသည်။ ထိုအချိန်၌
လီမိုလင်က ".. ဟွန့်..."ကနဲ့ နှာခေါင်းရှုံ့လိုက်၏ ။
အခန်းအတွင်းမှ အပူချိန်တွေက ချက်ချင်းကို ခုန်ဆင်းသွားလေသည်။

အေးစက်လာသော ပတ်ဝန်ကျင်းကြောင့် ဝမ်ချောင်နှင့် အစောင့်စစ်သားတို့က နှုတ်ခမ်းတွေ ပြာလာပြီး တဆတ်ဆတ် တုန်နေကြသည်။
ထိုအချိန်၌ ယောင်ဖေးမျက်နှာထက်တွင် လှောင်ရိပ်တချို့ ဖြစ်ပေါ်လာပြီး

"... အော် ...လောကာကြီးမှာ ကျုပ်တို့ နတ်ဘုရားကျောင်းတော်ကိုတောင် မျက်စိထဲ ထဲ့မထားသူတွေ ရှိနေသေးပါလား ....! ကြည့်ရတာ ကျုပ်တို့ကဘာမှမလုပ်ဘဲ ငြိမ်နေကြလို့ ခေါင်းပေါ်တက်ပြီး အီးပါချင်နေကြတယ်ထင်တယ် ...
အဲ့ဒါဆိုလဲ နဂါးမှန်းသိအောင် လို့ အမောက်ထောင်ပြရသေးတာပေါ့ ....."

ယောင်ရှန်ကလဲ သဘောတူသလိုမျိုး ခေါင်းညိတ်ပြလိုက်သည်

".... အဲ့ဒီအစီအစဉ်ကောင်းတယ် ... အခုဆိုရင်တောက်ပသော နေမင်းမြို့ထဲကို  အနယ်နယ် အရပ်ရပ်က  သိုင်းပညာရှင်တွေ ရောက်နေကြတာ မဟုတ်လား ..... ငါတို့ နတ်ဘုရားကျောင်းတော်အကြောင်းကို လူတွေအကုန်လုံးသိသွားအောင် တစ်ယောက်လောက်ကို စံနမူအနေနဲ့ သတ်ပြလိုက်တာပေါ့ .... အဲ့ဒါမှ နောက်ပိုင်းကြရင် ငါတို့ နတ်ဘုရားကျောင်းတော်ကို ဘယ်သူမှ အထင်မသေးရဲတော့မှာ ....."

လီမိုလင်ကလဲ ခေါင်းညိတ်ပြလိုက်သည်

"..... ယောင်ရှန် .... ယောင်ဖေး ... နင်တုိ့ငါးယောက် ချောမွေ့သော ခရီးစဉ် စားသောက်ဆိုင်ကိုသွားလိုက် ....တစ်ခုတော့ မှတ်ထားလိုက် ဘယ်သူဘယ်ဝါဆိုတာကို ဂရုစိုက်နေစရာမလိုဘူး ..... ငါတို့ကျောင်းတော်ကို စော်ကားရဲသူမှန်ရင် အပြစ်က သေဒဏ်ပဲ ...."

လီမိုလင်စကားအဆုံးတွင် ယောင်ရှန် ယောင်ဖေးနှင့် နတ်ဘုရားကျောင်းတော်မှ အကြီးအကဲသုံးယောက်တို့က မတ်တပ်ထရပ်လိုက်ကြပြီး လီမိုလင်အမိန့်အား လေးစားစွာဖြင့် နာခံလိုက်ကြသည်။

".... စိတ်ချပါ အကြီးအကဲလီ ... အဲ့ဒိမောက်မာတဲ့ ကောင်တွေကို သတ်ပြီးတာနဲ့ တောက်ပသောနေမင်းမြို့ တံခါးဝမှာ တလတိတိ ချိတ်ဆွဲထားပေးလိုက်ပါ့မယ် .... ကျွန်တော်တို့ နတ်ဘုရားကျောင်းတော်ကို ဖီဆန်ရဲသူတွေရဲ့ အဆုံးသတ်က ဤအရာဆိုတာကို လူတွေအားလုံသိသွားအောင် ပြသပေးလိုက်ပါမယ် ..."

ယောင်ဖေးက ပြောလိုက်သည်။
ယောင်ဖေးတို့ ငါးယောက်က လီမိုလင်အမိန့်အတိုင်းဆောင်ရွက်ရန်အတွက် ဧည့်ခန်းမဆောင်ထဲကနေ ထွက်လာကြသည် ။ ထိုနောက် ဝမ်ချောင်နှင့် သူ့ လက်အောက်ငယ်သားများ၏ ဦးဆောင်မှုဖြင့်
ချောမွေ့သော ခရီးစဉ် စားသောက်ဆိုင်သို့ ချီတက်လာကြသည်။

ချောမွေ့သော ခရီးစဉ် စားသောက်ဆိုင် အတွင်း၌
ရှိနေသည့် ရှောင်လုံတို့လူစုက
ပျော်ပွဲစားထွက်လာသလိုမျိုး ဝိုင်ပုလင်းတွေကို တစ်လုံးပြီးတစ်လုံး ဖွင့်ကာ ပျော်ရွှင်စွာဖြင့် သောက်သုံးနေကြသည် ။

ရှောင်လုံက ဆိုင်ရှင်အား ဖန်ယန်လက်ချက်ဖြင့် သေဆုံးသွားသော အလောင်းကို ဖယ်ရှားခိုင်းထားတာကြောင့် ရှောင်လုံတို့၏ ပျော်ရွှင်သော အရက်ဝိုင်းလေးက ပျက်မသွားခဲ့ပေ ..။

"... သခင်လေး ...နတ်ဘုရားကျောင်းတော်ဘက်ကလဲ ဒီတိုင်းကြီး ငြိမ်နေမယ်လို့တော့ မထင်ဘူး ...တစ်ခုခု တုန့်ပြန်လာလိမ့်မယ် ...."

ရှောင်လုံက ဝိုင်တစ်ခွက်မော့သောက်ရင်း ပြန်ဖြေလိုက်သည်

".... ခင်ဗျားတို့ ခနနေရင် တွေပါလိမ့်မယ် ..."

အစောပိုင်းက ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်၌ နတ်ဘုရားကျောင်းတော်က အစော်ကားခံထားရတာမို့ ဒိတိုင်းကြီးတော့ ငြိမ်နေမှာမဟုတ်ဘူးဆိုတာ ရှောင်လုံက ခန့်မှန်းပြီးသားဖြစ်သည်။

အချိန်မရွေး စည်ကားသိုက်မြိုက်နေသော စားသောက်ဆိုင်ထဲတွင် တစထက်တစ လူတွေကျဲပါးလာသည်။ တခြားဧည့်သည်တွေက ဤနေရာ၌ ဆက်ရှိနေမယ်ဆိုရင် ရှောင်လုံတို့ကြောင့် သူတို့ပါအဆစ်ပါသွားမည်ကို စိုးရိမ်ကြတာတာမို့ ကျသင့်ငွေကို အလျင်အမြန်ရှင်းကာ စားသောက်ဆိုင်ထဲကနေ  သုတ်ခြေတင် ထွက်ပြေးကုန်ကြသည် ။ သူတို့ဂုဏ်သတင်းမကျဆင်း သွားစေရန်နှင့် ပွဲကြီးပွဲကောင်းကြည့်ရှုရန်အတွက် စားသောက်ဆိုင်ထဲတွင် လက်တစ်ဆုပ်စာလောက် လူတွေသာ ကျန်ရှိတော့သည် ။

ရှောင်လုံစကားဆုံးပြီးနောက်တွင် သိပ်မကြာလိုက်ပေ ..။ စားသောက်ဆိုင်အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံတွေထွက်ပေါ်လာသည်။ ဤသည်ကား နတ်ဘုရားကျောင်းတော်မှ လူတွေရောက်ရှိလာပြီဆိုတာကို အချက်ပြနေခြင်းပင် ...။

".... မြို့တော်ဝန်အိမ်တော်က လူတွေရောက်လာကြပြီပဲ .... !"

"... သူတို့က နတ်ဘုရားကျောင်းတောင်ရဲ့ အကြီးအကဲတွေမဟုတ်လား .... အားလုံးပေါင်း ငါးယောက်တောင် လာတာပဲ ...."

လမ်းမထက်မှ လူအုပ်ကြီးက နတ်ဘုရားကျောင်း၏ အကြိးအကဲငါးယောက်ကိုမြင်ပြီး တော်တော်လေးကို အံသြမှင်သက်သွားကြသည်။
ထိုအပြင် နတ်ဘုရားကျောင်းတော်၏ အကြီးအကဲတွေအကုန်လုံးမှာ စကြာဝဠာအဆင့် သိုင်းပညာရှင်တွေကြီးပဲ ဖြစ်ကြသည်။

စကြာဝဠာသိုင်းပညာရှင် ငါးယောက်တောင် ရောက်လာကြတာ ပဲ .....!

နတ်ဘုရားကျောင်းတော်မှ စကြာဝဠာသိုင်းပညာရှင်ငါးယောက် ရောက်ရှိလာသည်ဆိုသော အော်ပြောသံကို ကြားလိုက်ရတော့ ဆိုင်တံခါးနှင့် ကွယ်ကာပုန်းအောင်းနေသည့် ဆိုင်ရှင်မျက်နှာတစ်ခုလုံး  ဖြုဖတ်ဖြူရော် ဖြစ်သွားသည်။ သူတို့က ဖြစ်ပွားခဲ့သော အဖြစ်အပျက်များ၏ တရားခံကို သူခေါင်းပေါ်သို့ သာ ပုံချလိုက်မယ်ဆိုရင် သူအနေနှင့် အခါတစ်ရာပြန်လောက်သေတာတောင်မှ လုံးလောက်အုံးမှာ မဟုတ်ပေ ...။

အပြင်ဘက်မှ ဆူညံသံတွေကိုကြားတော့ ရှောင်လုံက သူ့စားပွဲမှ လူတွေကိုပြောလိုက်သည်

"....ဟဟ .... စကြာဝဠာသိုင်းပညာရှင်ငါးယောက်တောင်မှ ရောက်လာတယ်ဆိုတော့ နတ်ဘုရားကျောင်းတော်ကတော့ တကယ့်ကို ရက်ရောတာပဲ  .... ကြည့်ရတာ...ဒီနေ့အတွက် ကျုပ်တို့ ဝိုင်သောက်နေတဲ့  အစီအစဉ်ကို ဒီနေရာမှာပဲ ရပ်လိုက်ရတော့မယ်ထင်တယ် ...."

ရှောင်လုံစကားအဆုံးတွင်  စားသောက်ဆိုင်၏ ဝင်ပေါက်ကြီးက ပေါက်ကွဲသံနှင့်အတူ တစ်စစီ ကျိုးကြေသွားသည်။ မြို့တော်ဝန်အိမ်တော်မှ အစောင့်တွေက စားသောက်ဆိုင်အတွင်းသို့ အုံလိုက်ကျင်းလိုက်ဝင်လာကြပြီး ဆိုင်အတွင်းမှ ယင်တစ်ကောင်တောင် ထွက်သွားလို့မရနိုင်အောင် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားလိုက်သည်။

ယောင်ဖေးတို့လူစုက အစောင့်များ၏ နောက်ကနေ သက်တောင့်သက်တာပုံစံဖြင့် လိုက်ပါလာကြသည်။
စားသောက်ဆိုင်ထဲကိုရောက်တော့ ယောင်ဖေးက
ဆိုင်အခြေအနေကိုတစ်ချက်လောက် အကဲခတ်လိုက်လေသည်။ သူ့အကြည့်တွေက ရှောင်လုံဆီသို့ ရောက်ရှိသွားသောအခါ သူ့ပါးစပ်ကနေ အာမေထိတ်အသံထွက်ပေါ်လာသည်

"... ဟောင်ရှောင်လုံ ...."

ယောင်ရှန်ကလဲ ရှောင်လုံတို့လူစုထဲတွင် ဒေါင်ရမ်းဘုရင်မင်းမြတ် ဒေါင်ရမ်လဲ ပါလာတာကို သတိပြုမိလိုက်သည်
".... ဒေါင်ရမ်... မင်းလဲ ဒီငချွတ်လေးနဲ့ အတူ ပါလာတာကိုကွ ...."

ယောင်ဖေးနှုတ်ဖျားကနေ ထွက်ကျလာသည့် ရှောင်လုံအမည်ကြောင့် လူအုပ်ကြီးက နောက်တစ်ကြိမ် အုတ်အုတ်ကျက်ကျက် ထပ်ဖြစ်သွားကြသည် ။ 

"... ဟောင်ရှောင်လုံ ....?ဘယ်က ဟောင်ရှောင်လုံလဲ နတ်ဘုရားကျောင်းတော်က အကြီးအကဲ အောင်းပိုင်ရွှယ်ကို သတ်လိုက်တဲ့ ဟောင်ရှောင်လုံလား ....?!"

ပွဲကြီးပွဲကောင်းကြည့်ရပြီဆိုပြီး စောင့်ဆိုင်နေကြသော သိုင်းပညာရှင်များက ရှောင်လုံနာမယ်ကို သိပြီးနောက် အံသြသွားကြသည်။ ထိုနောက် လူတွေအကုန်လုံး၏ အကြည့်တွေက ရှောင်လုံကိုယ်ပေါ်သို့ စု ပြုံ ကျရောက်လာလေသည်။

လူတွေအများကြီးက သူ့ကိုအာရုံစိုက်ပြီး ကြည့်နေကြတာကို မြင်တော့ရှောင်လုံ မျက်နှာယောင်ယောင်လေး ပြုံးသွားပြီး
"...ဒီလောက်ဝေးတဲ့နေရာမှာရှိနေတဲ့ တောက်ပသောနေမင်းမြို့တော်က လူတွေတောင် ငါ့ကို သိနေကြတယ်ဆိုတော့
ငါ တော်တော်လေးကို နာမယ်ကြီးနေတာပါလား...? "

ရှောင်လုံက ထိုင်ခုံကနေ ဖြည်ဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။ ကျောင်းရှု နှင့် တခြားလူတွေကလဲ ရှောင်လုံနောက်ကနေ လိုက်ပြီး မတ်တပ်ရပ်လိုက်ကြသည်။ ရှောင်လုံမတ်တပ်ရပ်တာကိုမြင်တာနဲ့ ယောင်ဖေးက အနောက်သို့ ခြေတစ်လှမ်း အလိုလို ဆုတ်မိသွား သည်။

ထိုအပြုအမူကိုမြင်တော့ ရှောင်လုံက ခပ်လှောင်လှောင်ပုံစံဖြင့် ရယ်လိုက်ပြီး

"... ယောင်ဖေး ...ယောင်ဖေး မင်းပဲ ငါ့ကိုတစ်ချိန်လုံး သတ်ချင်နေတာမဟူတ်ဘူးလား..?
လာစမ်းပါ တစ်ပွဲလောက်စမ်းကြည့်ရအောင် ...
ဒေါင်ရမ်းတက္ကသိုလ်မှာတုံးက မင်း ချီးတွေ အဝစားခဲ့ရတာကို မေ့နေပြီလားကွ ....!"

ဒေါင်ရမ်း တက္ကသိုလ် ......!
အဲ့ဒီနှစ်က ယောင်ဖေးတစ်ယောက် ရှောင်လုံမိဘများကို  ပြန်ပေးဆွဲခြိမ်းခြောက်ခဲ့တာကြောင့် ရှောင်လုံက အရမ်းကို ဒေါသထွက်သွားပြီး
ယောင်ဖေးအား စည်ပိုင်ကြီးနှင့် အပြည့်ထဲ့ထားသော ချီးတွေကို အတင်းအကျပ် မြိုချခိုင်းခဲ့သည် ။
လီမိုလင်တို့လူစုသာ အချိန်မှီရောက်မလာခဲ့လျှင် ယောင်ဖေး အခုချိန်ထိ အသက်ဆက်ရှင်နေမှာတောင် မဟုတ်ပေ ...။

ချီးစားတယ် ဟုတ်လား ...?
လူတွေက ယောင်ဖေးအား ထူးဆန်းသော ချီးစားသတ္တဝါတစ်ကောင်လိုမျိုး ဝိုင်းကြည့်လိုက်ကြပြီး သူတို့စိတ်ထဲတွင်

"... ဟောင်ရှောင်လုံက နတ်ဘုရားကျောင်းတေယ်ရဲ့ အကြီးအကဲကိုတောင် ချီးကျွေးနိုင်ခဲ့တာပါလား..."

လူတွေက ချီးစားတယ်တိုသည့် ယောင်ဖေးကို မယုံကြည်နိုင်စွာဖြင့် ငေးမောကြည့်နေကြသည်။
ရှောင်လုံက ယောင်ဖေး၏ အနာကို ဆားသိပ်ပေးလိုက်လေသည်။

ယောင်ဖေးကတော့ ယင်ကောင်တွေအများကြီးကို မြိုချမိလိုက်သလိုမျိုး သူမျက်နှာတစ်ခုလုံး ရှုံမဲ့သွားလေသည်။ သူက ရှောင်လုံကို မျက်ထောင်နီကြီးဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

အချိန်တွေကြာသွားခဲ့သော်လည်း ထိုနှစ်ပိုင်းတွေက ရှောင်လုံလက်ချက်နဲ့ သူခံစားရခဲ့ရတာတွေကို ယောင်ဖေး၏စိတ်ထဲတွင် အဘယ်သို့ မေ့နိုင်ပါအံနည်း....။ သူ့ရင်ထဲတွင် ရှောင်လုံအား မည်မျှ မုန်းတီးနေသလဲဆိုတာကို စကားလုံးဖြင့် ဖော်ပြနိုင်စွမ်းမရှိတော့ချေ ...။

အမှန်တော့ ထိုချီးစည်ပိုင်းတွေကို  ယောင်ဖေးက  ရှောင်လုံ အတွက်အထူးသီးသန့်ပြင်ဆင်ပေးထားခြင်းဖြစ်သည်။သို့သော် နောက်ဆုံး၌ ကိုယ့်ရှုးနှင့်ကိုယ်ပြန်ပက်ခံခဲ့ရပြီး ယောင်ဖေးက သူ့အသက်ဆက်ရှင်နိုင်ရန်အတွက်  ထိုစည်ပိုင်းကြီးထဲမှ ချီးတွေကို ကျောင်းသူကျောင်းသားများအလည်တွင် စားပြခဲ့ရသည်။ ထိုအချိန်ကတည်းက ယောင်ဖေးစိတ်ထဲတွင် နောင်တချိန်၌ အခွင့်သာခဲ့လျှင် ရှောင်လုံကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်သတ်ပြစ်မည် ဟု သံဓိဋ္ဌာန် ချခဲ့ပြီးသားဖြစ်သည်။

ရှောင်လုံကို မုန်းတီစွာ စိုက်ကြည့်နေသည့် ယောင်ဖေးမျက်လုံးတွေက သွေးကျလုမတတ် နီရဲတွတ်လာသည် ။ ယောင်ဖေးက အံကို တင်းတင်းကြိတ်ကာ ရှောင်လုံအား မျက်ထောင်နီကြီးဖြင့် မျက်တောင်မချက်မခတ်ဘဲ စိုက်ကြည့်နေသည်။

သို့သော် ယောင်ဖေးအကြည့်တွေက ရှောင်လုံကို ပန်းနှင့်ပေါက်သလိုမျိုးဖြစ်နေသည်။ ထိာနောက် ရှောင်လုံက ယောင်ဖေးကိုယ်ပေါ်မှာ ဝတ်ဆင်ထားသည့် နတ်ဘုရားကျောင်းတော်အကြီးအကဲ ဝတ်စုံကို သတိပြုမိသွားပြီး

".... ကြည့်ရတာမင်းလဲ စကြာဝဠာသိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီ ထင်တယ် ....ဒါဆို  ဒီလိုလုပ်ပါလားကွ ... ငါဒီနေရာမှာပဲ ရပ်နေမယ်ကွာ ...မင်းအတွင်းအာတွေကို အကုန်ထုတ်ပြီး ငါ့ကိုတိုက်နိုင်တယ် ... မင်း ငါ့ကို ခြေတလှမ်းဆုတ်အောင် လုပ်နိုင်မယ်ဆိုရင် ငါမင်းကို ထွက်သွားခွင့်ပြုလိုက်မယ် ...."

ရှောင်လုံစကားပြောနေသည့်တစ်ချိန်ထဲတွင် ကျောင်းရှု ၊ ဒေါင်ရမ်နှင့် တခြား စကြာဝဠာအဖိုးအို နှစ်ယောက်က နတ်ဘုရားကျောင်းတော်မှ အကြီးအကဲများ၏ လှုပ်ရှားမှုတွေကို အမြဲမပြတ် အကဲခတ်နေသည်။

ရှောင်လုံစကားကြောင့် လူတွေလဲ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြန်သည်။
လွန်ခဲ့သော ခြောက်လခန့် 
ရှောင်လုံ စကြာဝဠာအဆင့်၁၀ အထွတ်အထိပ် အဆင့်မှာပဲ ရှိနေစဉ် နတ်ဘုရားကျောင်းတော်၏ စကြာဝဠာ သိုင်းပညာရှင်အား သတ်နိုင်ခဲ့သည်ဟု ကောလဟာလတွေထွက်ပေါ်ခဲ့သော်လည်း လူအတော်များများ၏စိတ်ထဲမှာတော့ ရှောင်လုံက အရမ်းကို ရဲတင်းလွန်းသည်ဟု ထင်မြင်နေကြ သည်။

သူတို့စိတ်ထဲတွင် အချိန်ခြောက်လဆိုသည့် အချိန်တိုလေးထဲမှာ ရှောင်လုံက စကြာဝဠာအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု လုံးဝကို ထင်မထားကြပေ ...။ ထိုကြောင့် ကောင်းကင်အဆင့်၁၀ အထွတ်အထိပ်သိုင်းသမား တစ်ယောက်ဟာ မည်သို့ပင် အစွမ်းထက်နေပါစေ စကြာဝဠာသိုင်းပညာရှင်တစ်ယောက်၏ အားကုန်တိုက်ခိုက်မှုကို ခြေတလှမ်းတောင်မှ နောက်မဆုတ်ပဲ ခုခံနိုင်ရမည်ဆိုသည့်ကိစ္စမှာ ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင်ပေ   ...။ 

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၅၄ ....

ယောင်ဖေး၏ မျက်နှာက ပိုပိုပြီး ရှုံ့မဲလာသလို
အံကိုတင်းတင်းကြိတ်၍ လက်သီးဆုပ်ထားတာကြောင့် သူ့လက်ပေါ်တွင် သွေးကြောစိမ်းကြီးများ ထောင်ထနေသည်။

".... ဘာလဲ ....မင်းမှာ သတ္တိ မရှိဘူးလား ...?"

ရှောင်လုံက ခနဲ့တဲ့တဲ့ ဆိုလိုက်သည်။ ရှောင်လုံ၏ လှောင်ပြောင်သံအဆုံးတွင် ယောင်ဖေးရင်ထဲမှ ချုပ်တီးထားသော ဒေါသတွေ ပေါက်ကွဲထွက်လာသည်။ ယောင်ဖေးက ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ ထိုနောက် ယောင်ဖေးကိုယ်ထဲမှ ပြင်းထန်သော စကြာဝဠာစွမ်းအားတွေကို အပြင်ဘက်သို့ အကန်အသတ်မရှိ ထွက်ပေါ်လာကြသည်။

  ထိုနောက် ယောင်ဖေး၏ သိုင်း ဝိညာဉ်ကြီးကလဲ သူ့ဦးခေါင်းထက်တွင် ပေါ်လာသည် ။ ယောင်ဖေး၏ သိုင်းဝိညာဉ်က အမှောင်ထုနှင့် ရစ်ပတ်လွှမ်းခြုံထားသော အနက်ရောင် စစ်ဘုရင် သိုင်းဝိညာဉ်ပဲ ဖြစ်သည်။ အနက်ရောင်စစ်ဘုရင်မှာ သိုင်းဝိညာဉ်များထဲ၌ အမှောင်ထုကို အစိုးရသည့် စစ်ဘုရင်တစ်ပါး ဖြစ်သည်။

ယောင်ဖေးက အချိန်ဆွဲမနေဘဲ သူ့သိုင်းဝိညာဉ်နှင့် ပေါင်းစပ်ကာ ဝိညာဉ်အသွင်သို့ ပြောင်းလဲလိုက်သည်။ထိုအခါ ကြမ်းတမ်းသော အနက်ရောင်မီးတောက်တွေက သူ့ကိုယ်ထက်တွင်
မီးတောက်တစ်ခုသဖွယ် ဖုံးလွှမ်းသွားပါသည်။

".... ဟောင်ရှောင်လုံ မင်းငါ့ကိုစော်ကားခဲ့တဲ့နေ့ကတော့ မင်းက ကောင်းကင်အဆင့်၂ သိုင်းသမားပဲ ရှိသေးတယ် မဟုတ်လား  ....အခုမှ ဘယ်နှနှစ်ရှိသေးလဲ.... မင်းကိုမင်း ငါ့ထက်သာနေပြီလို့ ထင်နေတာလား ...."

ရှောင်လုံ ယောင်ဖေးကို ချီးတွေ အတင်းအကျပ်စား ခိုင်းခဲ့စဉ်မှာ သူ့အတွင်းအားက ကောင်းကင်အဆင့်၂ မှာသာရှိသေးပြီး ယောင်ဖေးကတော့ ထိုအချိန်တွင် ကောင်းကင်အဆင့်၁၀ နောက်ဆုံးအဆင့်ကိုရောက်ရှိနေခဲ့လေပြီ ။ အဲ့ဒီအချိန်ကဆိုရင် ယောင်ဖေးက ရှောင်လုံကို ပုရွက်ဆိတ်တစ်ကောင်လို့ ညစ်ခြေပြစ်နိုင်စွမ်းလဲရှိသည်။

ထိုကြောင့် နှစ်ပေါင်းများစွာကြာလာသည်တိုင်အောင် ရှောင်လုံက သူ့ထက်ကိုပိုပြီး သန်မာနေလိမ့်မည်ဟု ယောင်ဖေးစိတ်ထဲတွင် လုံးဝကို မယုံကြည်ထားပေ ..။

ယောင်ဖေး စကြာဝဠာအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ သိပ်ပြီး မကြာမြင့်သေးသော်လည်း သူ့ခွန်အားတွေကတော့ စကြာဝဠာအဆင့်၁ နောက်ဆုံးအဆင့် သိုင်းပညာရှင်နှင့် ယှဉ်နိုင်စွမ်းရှိသည် ..။

ယောင်ဖေးက သု့နဂိုနေရာကနေ ဖျက်ကနဲ ပျောက်ကွယ်သွားပြီး ရှောင်လုံနှင့် အနီဆုံးနေရာ၌ ပြန်ပေါ်လာသည်။ ထိုနောက် သူက ရှောင်လုံအား လျှပ်စီးထက်ပို၍ မြန်ဆန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။

ရှောင်လုံကလဲ သူ့ခန္ဓာကိုယ်အား နတ်ဆိုးခန္ဓာကိုယ်အသွင်ကို ပြောင်းလဲလိုက်ခြင်းကြောင့် သူ့ကိုယ်ထဲကနေ
ကြောက်မက်ဖွယ်ရာကောင်းသည့် မိစ္ဆာစွမ်းအင်တွေ  အများအပြား ထွက်ပေါ်လာသည်။ တချိန်မှာပဲ ရှောင်လုံခန္ဓာကိုယ်အနားတွင် ရွှေရောင်အလင်းတန်းတစ်ခုက အဆက်မပြတ် လှည့်ပတ်နေသည်။

လေထဲမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ယောင်ဖေး၏ လက်သီးချက်က ရှောင်လုံ၏ နှလုံးအပေါ်နားက ရင်ဘတ်နေရာကို တည့်တည့်မတ်မတ် ကို ထိမှန်သွား၏ ။ သို့သော် လူအုပ်ကြီးကတော့ မျက်လုံးတွေပြူးကျယ်ကုန်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်လုံက  ယောင်ဖေး အားကုန်ထိုးနှက်လာသော လက်သီးချက်အား သူ့ခန္ဓာကိုယ်သန်မာမှု တစ်ခုထဲကိုသာ အသုံးချ၍ ခုခံလိုက်တာကို သူတို့မြင်လိုက်ရလို့ပဲ ဖြစ်သည်။

ထိုကဲ့သို့ အံသြသွားသူများကြားထဲတွင် ယောင်ဖေး
ကိုယ်တိုင်လဲ ပါဝင်နေသည်။ ရှောင်လုံက သူ့ရဲ့ အစွမ်းအထက်ဆုံး လက်သီးချက်ကို ခန္ဓာကိုယ်ကြံခိုင်သန်စွမ်းမှု တစ်ခုထဲဖြင့် ခုခံနိုင်စွမ်းရှိလိမ့်မည်ဟု ယောင်ဖေး တခါမှ အိမ်မက် မမက်ဘူးခဲ့ပေ ...။

ထိုမြင်ကွင်းကိုကြည့်ပြီး ယောင်ရှန် ၊ နတ်ဘုရားကျောင်းမှ အကြီးအကဲ သုံးယောက် နှင့်  ဝမ်ချောင်တို့၏ မျက်လုံးတွေက မျက်လုံးအိမ်ထဲကနေ ကျွတ်ထွက်လာတော့မတတ်
ပြူးကျယ်သွားကြသည်။ထိုအတူ ဆိုင်ရှင်၏ အသက်ရှုသံတွေက ပို၍ မြန်ဆန်လာသည်။

ယောင်ဖေးမျက်လုံးထဲတွင်ဖြစ်ပေါ်နေသည့် တုန်လှုပ်ခြောက်ခြားမှုတွေကို ဖမ်းမိလိုက်တော့
ရှောင်လုံ နှုတ်ခမ်းက မသိမသာ တွန့်ကွေးသွားပြီး

"...ဘာလဲ အံသြနေတာလား ...? လွန်ခဲ့တဲ့ နှစ်တွေတုံးကတော့ မင်းပြောသလို ငါက ကောင်းကင်အဆင့်၂ သိုင်းသမားအဆင့်မှာပဲ ရှိခဲ့တာလေ.... ပြောရမှာတော့ စိတ်မကောင်းပါဘူးကွာ အခုလက်ရှိမှာတော့ မင်းငါ့ကို ယှဉ်နိုင်မှာမဟုတ်တော့ဘူး ... ငါမင်းကို ကျော်တက်သွားတဲ့ အမြန်နှုန်းနဲ့ဆိုရင်  အနာဂတ်မှာရော
မင်းငါ့ကို ပြန်ပြီး လိုက်လို့မှီမယ်လို့ထင်လား ...?"

စကားအဆုံး၌ သူ့ရင်ဘတ်ကနေ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအားလှိုင်းက ရှောင်လုံရင်ဘတ်နှင့် ထိကပ်နေသော  ယောင်ဖေးကို အနောက်ဘက်သို့ လွှင့်စင်သွားစေသည်။

".... ဖေးအာ ....!"

ယောင်ရှန်က ယောင်ဖေးကို ဝင်ကယ်တော့မည့် အချိန်တွင် ကြီးမားသော ခွန်အားတစ်ခုက သူ့အား လှုပ်မရအောင် ချုပ်ကိုင်ထားလေသည်။ ယောင်ရှန်က ထိုခွန်အားကို တန်ပြန်ချေဖျက်ရန်အတွက် လေထဲသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သို့သော် အင်အားနှစ်ခု တွေ့ဆုံပြီးသည့်နောက်တွင် ယောင်ရှန်ကသာ အနောက်ဘက်သို့ ခြေလှမ်းများစွာ ဆုတ်ပေးလိုက်ရသည်။

သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းပြီးသည့်နောက် ယောင်ရှန်က ကျောင်းရှုအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ရှောင်လုံနှင့် ယောင်ဖေးတို့ကိစ္စကို ယောင်ရှန်  ဝင်ရောက်မစွက်ဖက်နိုင်ရန်အတွက် ကျောင်းရှုက တားဆီးလိုက်ခြင်းဖြစ်သည်။

ယောင်ဖေးက ဆိုင်တံခါးကနေ ကျော်ကာ လမ်းမပေါ်သို့ ပြုတ်ကျသွားသည်။ သူပြုတ်ကျလာသော အရှိန်ကြောင့် လမ်းမထက်တွင် ပင့်ကူမျှင်ကဲ့သိူ့ အက်ကြောင်းတွေ ဖြစ်ပေါ်လာကြသည်။
ထိုအတူ ယောင်ဖေး၏ အကြီးအကဲ ဝတ်စုံတသ်ခုလုံးတွင် သွေးများဖြင့် စွန်းထင်းသွားသည်။ သူ့ကိုယ်ထဲမှ တောက်ပစွာ ထွက်ပေါ်နေသော ခမ်းနားထည်ဝါသည့် အနက်ရောင်အလင်းတန်းတွေကလဲ မွဲတေတေဖြစ်ကာ တဖြည်းဖြည်း အရောင်မှိန်လာကြသည်။

ရှောင်လုံက လမ်းမထက်မှာ လဲကျနေသည့် ယောင်ဖေးကို မထီတရီကြည့်ကာ အနားသို့ လမ်းလျှောက်သွားသည်။

ရှောင်လုံ အောင်းပိုင်ရွှယ်ကို သတ်ဖြတ်ခဲ့သည်အချိန်တွင် ရှောင်လုံအတွင်းအားက ကောင်းကင်အဆင့်၁၀ အထွတ်အထိပ်အဆင့်၌သာရှိနေသေးသည်။ သို့သော် အခုအချိန်မှာတော့ ရှောင်လုံက စကြာဝဠာ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ချေပြီ ...။

ဤအခြေအနေတွင် စကြာဝဠာအဆင့်၂ သိုင်းသမားတစ်ယောက်ကတောင် ရှောင်လုံကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်တော့ပ ..။ ယောင်ဖေးလို အခုမှ စကြာဝဠာသိုင်းသမားစဖြစ်သော လူမျိုးဆိုရင်တော့ ရှောင်လုံက အယားတောင် ပြေမှာမဟုတ်ပေ ..။

ရှောင်လုံအနေနှင့် ယောင်ဖေးလိုလူမျိုးကိုသတ်ဖို့အတွက် သူ့သိုင်းဝိညာဉ်တွေကိုတောင် ဆင့်ခေါ်စရာမလိုပေ ..။သို့သော် ယောင်ရှန်က ဒေါသတကြီးကြိမ်းဝါးကာ ရှောင်လုံကိုတိုက်ခိုက်ရန်အတွက် ပြေးလာသည်။

သို့သော်သူလှုပ်ရှားလိုက်သည့် တခနတွင် သူ့ထက်ပိုမြန်သော ကျောင်းရှုက သူ့ရှေ့သို့ ရောက်နေကာ သူသွားမည့်လမ်းကြောင်းအာ ပိတ်ဆို့ထားလိုက်သည်။

ထိုနောက် ဒေါင်ရမ်တို့သုံးယောက်နှင့် နတ်ဘုရားဂိုဏ်းမှ အကြီးအကဲများကြားတွင် တိုက်ပွဲတွေဖြစ်ပေါ်လာသည်။ စားသောက်ဆိုင်ထဲတွင် ဖျက်ဆီးစွမ်းအင်လှိုင်းတွေများဖြင့် ပြည့်နှက်လာပြီး ထိုစွမ်းအင်လှုင်တွေက အနီနားရှိ တည်ခိုအိမ်များနှင့် စားသောက်ဆိုင်များအထိပါ ပျံနှံ ရောက်ရှိသွားသည်။

ထိုစွမ်အားတွေရောက်ရှိသွားသည့် နေရာမှန်သမျှ
ကြိတ်စက်ထဲ ထဲ့ကြိတ်ခံလိုက်ရသလိုမျိုး တစစီဖြစ်ကုန်ကြပြီး လမ်းတစ်ခုလုံး ဖုန်မှုန်များဖြင့် ပြည့်နှက်သွားသည်။

မလှမ်းမကမ်းနေရာတွင် ရပ်ကြည့်နေကြသော လူအုပ်ထဲမှ ရှောင်တိမ်းရန်နှောင့်နျေးခဲ့သော လူတချို့လဲ ဖျက်ဆီးစွမ်းအင်လှိုင်းများကြောင့်
သူတို့ကိုယ်ခန္ဓာတွေ ပေါက်ကွဲကာ သွေးမိုးအဖြစ် ကောင်းကင်ထက်ကနေ ရွာကျလာသည်။ ထိုလူများကြားထဲတွင် အဆင့်မြင့်ကောင်းကင် သိုင်သမား များတောင် ပါဝင်နေကြသည်။

အဆင့်မြင့်ကောင်းကင်သိုင်သမားများ၏ ခန္ဓာကိုယ် သန်မာသည်ဆိုတာက မှန်ကန်သော်လည်း သူတိူ့က စကြာဝဠာသိုင်းပညာရှင်များနှင့် ယှဉ်ဆိုင်တွေ့ချိန်ဝယ် အရုပ်ကျားလောက်သာသာ ဖြစ်သွားကြသည်။

ယောင်ဖေးက ရှက်ရွံနေသောအမူအရာဖြင့် ကမန်းကတမ်းထရပ်ဖို့ ကြိုးစားလိုက်သည်။ ရှောင်လုံကိုကြည့်နေသော မျက်လုံးများထဲတွင်
မီးတောက်ကဲ့သို့ အမုန်တရားများဖြင့် ပြန်နှက်နေသည်။ ယောင်ဖေးဆီကနေ မကြေမချမ်းရေရွတ်သံတွေထွက်ပေါ်လာသည်
 
".... ဘာကြောင့်လဲ .... ? ဘာကြောင့်လဲ ...?
ဒါလုံးဝမဖြစ်နိုင်ဘူး .... ဒါလုံးဝကို မဖြစ်နိုင်ဘူး..."

ထိုနောက်တွက် သူ့ကိုယ်ထဲမှ တေုက်ပသော အနက်တောင်မီးတောက်များ နောက်တကြိမ်ထပ်မံ၍ ထွက်ပေါ်လာကြသည် ။ ယခုတစ်ကြိမ် ထွက်ပေါ်လာသော အနက်ရောင်မီးတောက်တွေက ရှောင်လုံအား အမှောင်ထုအတွင်းသို့ ဝါးမျိုလိုသည့် ရည်ရွယ်ချက်ဖြင့် ရှောင်လုံရှိရာသို့ အလျင်အမြန်ရောက်ရှိလာကြသည်။

သို့သော် ရှောင်လုံအနားကိုရောက်တော့ မမြင်နိုင်သောအတားအဆီးတစ်ခုနှင့် ရင်ဆိုင်တွေ့ကာ အနက်ရောင်မီးတောက်တွေက ရှေ့ဆက်မသွားနိုင်တော့ပေ ...။ အနက်ရောင်မီးတောက်တွေက ရှောင်လုံအနားတွင် ကျားတစ်ကောင်ကဲ့သို့ ဝိုင်းပတ်ကာ ရှောင်လုံအားဝါးမြိုနိုင်ရန်အတွက် အခွင့်အရေးရလာမည့်အချိန်ကို စောင့်စားနေသည်။

ရှောင်လုံကတော့ အေးစက်စက်အမူအရာဖြင့် ယောင်ဖေးအနားသို့ ဆက်ပြီးလျှောက်သွားလိုက်သည်။ ထိုနောက် အန်မီနက်စစ်ပုဆိန်က သူ့လက်ထဲသို့ ဖျက်ကနဲရောက်ရှိလာသည် ။ ရှောင်လုံက အန်မီနက်စစ်ပုဆိန်ဖြင့် ယောင်ဖေးကို ခုတ်ခိုက်သည်။ တလိမ့်လိမ့်မြင့်တက်လာသော လှိုင်းလုံးများက အနက်ရောင်မီးတောက်များအပေါ်ကို လွမ်းမိုးချုပ်ကိုင်လိုက်ကြပြီး ပိုင်ရှင်ရှိရာသို့ ပြန်တွန်းထုတ်လိုက်သည်။

  ခနအကြာတွင် ရှောင်လုံ စစ်ပုဆိန်အရိပ်ကြီးက ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုး သွားသည်။ထိုနောက် စက္ကန့်ပိုင်းလောက်ကြာပြီချိန်တွင်  ရှောင်လုံ၏ စစ်ပုဆိန်အရိပ်ကြီးက အာကသထဲမှ ကြယ်တစ်လုံး ကြွေကျလာသလိုမျိုး ယောင်ဖေးအပေါ်သို့ ကျဆင်းလာသည်။ အခြေအနေတွေ မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို လူတွေ မသိလိုက်သေးခင်မှာပဲ ရှောင်လုံစစ်ပုဆိန်က ယောင်ဖေး၏ ရင်ဘတ်ထဲသို့ စိုက်ဝင်နေပြီပဲ ဖြစ်သည်။

".... ဖေးအာ ..."

ယောင်ရှန်ဆီမှ စိုးရိမ်တကြီးအော်ခေါ်သံထွက်ပေါ်လာသည်။ ထိုအချိန်တွင် ယောင်ရှန်က စက္ကန့်ပိုင်းလောက် စိတ်ထွေပြားသွားတာကြောင့် ကျောင်းရှု၏ လက်သီးတစ်ချက်ကို ထိမှန်သွားပြီး အနောက်သို့ လွင့်ထွက်သွားသည်။

ယောင်ရှန်က ယောင်မိသားစု၏ ဘိုးဘေးတစ်ယောက်ဖြစ်သလို စကြာဝဠာအဆင့်သို့ ရောက်ရှိနေခဲ့တာကလဲ နှစ်ပေါင်းများစွာကြာမြင့်နေပြီး ဖြစ်သော်လည်း သူအတွင်းအားတွေက စကြာဝဠာအဆင့်၆ ၌သာ ရှိနေသေးသည်။
ထိုကြောင့် သူအနေနှင့် ကျောင်းရှုအား ဘယ်လိုနည်းနှင့်မှ မယှဉ်နိုင်ခဲ့ပေ  ...။ 
ယောင်ရှန်ကလဲ ယောင်ဖေးနည်းတူ စက္ကန့်ပိုင်းအတွင်းမှာပဲ ရှုံးန်ိမ်သွားသည်။

ရှောင်လုံက ယောင်ဖေးရင်ဘတ်အတွင်းသို့ စိုက်ဝင်နေသော အန်မီနက်စစ်ပုဆိန်အား ချက်ချင်းပြန်ပြီး ဆွဲမထုတ်သေးပေ ...။ ရှောင်လုံလက်ကက စစ်ပုဆိန်အရိုးကိုကိုင်ကာ ဆွဲလှည့်လိုက်သည်။
စစ်ပုဆိန်က ဖောက်စက်တစ်ခုလိုမျိုး မွှတ်နေအောင် လည်ကာ ယောင်ဖေးခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါတွေကို တစစီ ကြိတ်ချေပစ်လိုက်သည်။

အန်မီနက်စစ်ပုဆိန်က အဆက်မပြတ်လည်ပတ်နေ၏ ။ သူကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါတွေ တစ်စစီ ကြိတ်ချေခံလိုက်ရခြင်းကြောင့် ယောင်ဖေးလည်ချောင်းထဲမှ သေခါနီးဝက်တစ်ကောင်လိုမျိုး မချိမဆန့် အော်သံတွေထွက်ပေါ်လာသည်။

မချိမဆန့်ခံစားနေရသော ယောင်ဖေးအဖြစ်ကိုမြင်ပြီး တောက်ပသောနေမင်းမြို့တော်ဝန်၏ မျက်နှာထက်တွင် သွေးရောင်ပျောက်ဆုံးကာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဆုတ်သွားသည်။ ထိုအပြင် သူ့အကျီတစ်ခုလုံး ချွေးစေများဖြင့် စိုရွှဲနေသည်။ ယောင်ဖေး၏ ဆိုးဆိုးရွားရွား အခြေအနေကိုမြင်ပြီး ပတ်ဝန်းကျင်မှ သိုင်းပညာရှင်တွေက ကျောရိုးထဲအထိ စိမ့်နေအောင် ထိတ်လန့်သွားကြသည်။ ရှောင်လုံကိုကြည့်နေသော သူတို့မျက်လုံးများထဲတွင် ကြောက်ရွံခြင်း တစ်ခုကသာ ကြီးစိုးနေသည် ။

ယောင်ဖေး၏ ကိုယ်တွင်းအင်္ဂါတွေကို ကြိတ်ချေပြီးနောက် ရှောင်လုံက အန်မီနက်စစ်ပုဆိန်အား ပြန်ဆွဲထုတ်လိုက်သည်။ ယောင်ဖေးက အချိန်မရွေး ပြိုလဲကျတော့မည့် အသွင်ပြင် ဒယီးဒယိုင်ဖြစ်နေလေသည်။

ယောင်ဖေးရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခုဖြစ်ပေါ်နေသောလည်း ယောင်ဖေးက လှုပ်ရှားနေနိုင်သေးသည်။ ယောင်းဖေက သူကိုယ်သူ တည်ငြိမ်အောင်လို့ အရင်ဆုံးထိန်းလိုက်သည် ။ ထိုနောက်သူက  ရှောင်လုံအား သွေးကျလုမတတ် မျက်ထောင်နီကြီးဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
ယောင်ဖေးရင်ထဲတွင် ဖြစ်ပေါ်နေသော အမုန်တရားတွေက သေရမှာကို ကြောက်လန့်သည့် စိတ်ထက်ပင် သာလွန်သွားသည်။

ယောင်ဖေးက လက်တစ်ဖက်ဖြင့် သူ့နှုတ်ခမ်းမှ စီးကျလျှက်ရှိနေသော သွေးတွေကို ခမ်းကြမ်းကြမ်းသုတ်ကာ  မချိပြုံးပြုံးလိုပြီး

".... အော် ...ဟောင်ရှောင်လုံ ...ဟောင်ရှောင်လုံ  ..
မင်းငါ့ကို သတ်ပြီးတာနဲ့ လီလူကို ကယ်နိုင်မယ်လို့ ထင်နေတာလား ...? နတ်ဘုရားကျောင်းရဲ့ တပည့်ရွေးချယ်ပွဲမှာ မင်းလီလူကို ကယ်ဖို့ စီစဉ်ထားတယ်ဆိုတာကို ငါသိပြီးသားပါ .. .. ဒါပေမယ့် ငါပြောတာကိုယုံလိုက် ... မင်းအသက်ရှင်နေသရွေ့ လီလူကို ဘယ်တော့မှ ကယ်လို့ ရမှာ မဟုတ်တော့ဘုး ...."

"... ဟဟ . ... အဲ့ဒလိုလား ...? "

ရှောင်လုံက ထီမထင်သော မျက်နှာပေးဖြင့် ပြန်မေးလိုက်သည်။ ရှောင်လုံ၏ ဂျစ်ကန်ကန်အမူအရာကိမြင်တော့ ယောင်ဖေးက သဘောထားကြီးသော အကိုကြီးတစ်ယောက်လို ပြုံးလိုက်ပြီး

".... မင်းကို အမှန်တိုင်းပြောရမယ်ဆိုရင် အခု လီလူက နတ်ဘုရားကျောင်းတော်က ရွေးချယ်ထားတဲ့ မြင့်မြတ်သော မိန်းမပျိုလေးတစ်ယောက် ဖြစ်နေပြီ ... ဂိုဏ်းချုပ် ဘုန်းတော်ကြီးက လီလူကို သူ့နေရာဆက်ခံဖို့ သေချာ ရွေးထားတာ ..."

ယောင်းဖေစကားက အောင်းပိုင်ရွှယ်စကားနှင့် တထပ်ထဲ တူနေတာကိုကြားတော့ ရှောင်လုံက စိတ်ရှုပ်သလိုမျိုး မျက်မှောင်ကြုတ်သွားသည်။
ထိုကိစ္စမှာ ဤရက်ပိုင်းတွေအတွင်း ရှောင်လုံစိုးရိမ်နေခဲ့ရသော ကိစ္စတစ်ခုပင် ...။

"... လီလူက တကယ်ကို ...တကယ်ကို ....?!"
ရှောင်လုံက သွေးတွေစီးကျလျှက်ရှိနေသည့် အန်မီနက်စစ်ပုဆိန်ကို လက်တစ်ဖက်ကိုင်ကာ ယောင်ဖေးရှိနေသော နေရာသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားပြီး ရေခဲတမျှ အေးစက်နေသော အသံဖြင့်

"....မင်း နောက်ဆုံး ပြောချင်တာ ရှိသေးလား ...?"

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၅၅

ယောင်ဖေးက လှောင်ပြုံး ပြုံးလိုက်ပြီး

".... အေးအေး ... အခုတော့ မင်းစိတ်ကြိုက်မောက်မာထားလိုက်အုံးပေါ့ကွာ ...  နတ်ဘုရားကျောင်းတော်ကို သနားညှာတာပေးဖို့ မင်း ဒူးထောက်တောင်းပန်ရမယ့် နေ့တစ်နေကိုရောက်လာဖို့ သိပ်မလိုတော့ပါဘူး....  မင်းသိထားဖို့က နတ်ဘုရားကျောင်းတော်ကိုဘဖိဆန်သူမှန်သမှ ဘယ်သူမှ ဇတ်သိမ်းမကောင်းကြဘူးဆိုတာပဲ ..."

ရှောင်လုံက လေကုန်ခံပြီး နောက်ထပ် စကားထပ်မဆိုတော့ပေ ..။ သူက အန်မီနက် စစ်ပုဆိန်ဖြင့် ယောင်ဖေး မျက်ခုံးနှစ်ခုကြားထဲသိူ့ ဆတ်ကနဲ ထိုးချလိုက်သည်။

  ယောင်ဖေးအရှေ့ဘက်တွင် မျက်လုံးကျိမ်းလောက်အောင် တောက်ပသော အလင်းတန်းတစ်ခုက ဖျက်ကနဲ လက်သွားသည်။
ထိုနောက် တစ်မီတာလောက်ကျာ်ပြီး တစ်မီတာလောက်မြင့်သော စကြာဝဠာလေဟာနယ်လေးတစ်ခုက သူ့အရှေ့တွင် ပေါ်လာပြီး ရှောင်လုံတိုက်လိုက်မှုကို တားဆီလိုက်သည်။
ဤသည်ကား ယောင်ဖေး၏ စကြာဝဠာလေဟာနယ်ပင် ဖြစ်သည်။

သို့သော် ရှောင်လုံ၏ အန်မီနက်စစ်ပုဆိန်က သူ့ရဲ့ စကြာဝဠာလေဟာနယ်ကြီးထဲသို့ ဖောက်ဝင်လာနိုင်တာမြင်တော့ ယောင်ဖေးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ရှောင်လုံရဲ့ အန်မီနက်စစ်ပုဆိန်က စကြာဝဠာလေဟာနယ်ကို ဖောက်ထွက်လာပြီးနောက် ယောင်ဖေး၏ နားထင်သို့ ဖောက်ဝင်သွားသည်။

ထိုနောက် ရှောင်လုံက စစ်ပုဆိန်ကိုကိုင်ထားသည့် လက်ထဲသို့ အားနဲနဲ ထဲ့ကာ စစ်ပုဆိန်အား ယောင်ဖေး ဦးနှောက်အတွင်းထိရောက်အောင် ထိုးစိုက်လိုက်သည်။ ထိုနောက် အန်မ်ိနက်စစ်ပုဆိန်နှင့်အတူပါလာသော ရှောင်လုံ၏ မီးအဆီအနှစ်များက ယောင်ဖေး အသိညဏ်ပင်လယ်အတွင်းသုိ့ ဝင်ကာ စိတ်ဝိညာဉ်အား ဖျက်ဆီးပစ်လိုက်သည်။

ယောင်ဖေး၏ သူငယ်အိမ်ထဲတွင် အလင်းရောင် မရှိတော့သလိုမျိုး ယောင်ဖေးမျက်လုံးတွေက အရောင်မှိန်ကျသွားသည်။ 

".... ဖေးအာ ...."

ကျောင်းရှုနှင့်တိုက်ခိုက်နေသော ယောင်ရှန်ထံမှ နှလုံးကွဲကြေစွာဖြင့် အော်ဟစ်လိုက်သောအသံ ထွက်ပေါ်လာသည် ။

ယောင်ဖေးဟာ ယောင်မိသားစု၏ မျှော်လင့်ချက် ..
ထိုအပြင်  အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးကြမှ ယောင်ဖေး စကြာဝဠာအဆင့်သို့
ရောက်ရှိခဲ့တာပဲ ဖြစ်သည်။ ယောင်ဖေး၏ အသက်ကင်းမဲ့သွားသော ခန္ဓာကိုယ်ကြီး မြေကြီးပေါ်သို့ ပြိုလဲကျသွားကာကိုကြည့်ပြီး ယောင်ရှန်စိတ်ထဲတွင် သူတို့ယောင်အိမ်တော်ကြီးရဲ့ အနာဂတ်တွေအကုန်လုံး မြေကြီးပေါ်သို့ ပြိုကျသွားသလိုမျိုး ခံစားလိုက်ရသည်။

ယောင်ဖေးသေတာကိုမြင်ပြီး လူတွေလဲ အံအားသင့်ကုန်ကြသည်။

"... ကျုပ်တို့ သွားကြမယ်.... "ထိုအချိန်တွင် ဒေါင်ရမ်တို့လူစုနှင့် တိုက်ခိုက်နေသော အကြီးအကဲတစ်ယောက်က သူ့အဖွဲ့ဝါးတွေကို အော်ဟစ်သတိပေးလိုက်သည်။
အခြေအနေတွေက သူတို့ မျှောင်လင့်ထားသလို ဖြစ်မလာတာသည့်အပြင် အခုအချိန်မှာ ထွက်မပြေးဘူးဆိုရင် သူတို့အနေနဲ့  အရမ်းနောက်ကျသွားနိုင်သည်။

"... သူတိူ့ကို တစ်ယောက်မှ မလွတ်စေနဲ့ ...."
ရှောင်လုံက အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုက လေဟာနယ်ကို ဆုတ်ဖြဲကာ ရှောင်လုံအရှေ့သို့ လျှပ်တပြက် ရောက်ရှိလာသည်။

"... သခင်လေး သတိထား...."

ကျောင်းရှုက ရှောင်လုံအရှေ့သို့ ကမှုးရှုထိုး ပြေးလာပြီး ရှောင်လုံအား အစိမ်းရောင်အလင်းများ ထိမှန်မည့် အရေးကနေ ကယ်တင်ပေးလိုက်သည်။

ထိုနောက်  မျက်စိကြိမ်းမတတ် လင်းနေသော အလင်းတန်းတွေက နောက်တစ်ကြိမ်ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထိုအလင်းတန်းတွေ ပျောက်ကွယ်သွားချိန်တွင် အားလုံး၏ မြင်ကွင်းထဲသို့ ချောမောလှပသောမိန်းမ တစ်ယောက် ပုံရိပ်က ဝင်ရောက်လာသည်။
လီမိုလင်ရောက်ရှိလာခြင်းပင် ....။

မြေကြီးပေါ်တွင် လဲလျောင်းနေသော ယောင်ဖေး၏ အလောင်းကိုမြင်ပြီး လီမိုလင်၏ ချောမောလှပသောမျက်နှာလေးက အလွန်တရာကို တင်းမာခက်ထန်သွားသည်။

လီမိုလင်က ရှောင်လုံကိုအေးစက်စက်စိုက်ကြည့်လိုက်ပြီး နာမယ်ကို တလုံးချင်း ခေါ်လိုက်သည်

".... ဟောင် ....ရှောင် ...လုံ ....."

သူမကိုယ်ထဲမှ ထွက်ပေါ်လာသော ကြောက်ခမန်းလိလိများပြားသည့် လူသတ်ချင်သောဆန္ဒ တွေကြောင့် သိုင်းအဆင့်နိမ့်သူတွေအကုန်လုံး အသက်ရှုဖို့တောင် ခက်ခဲကုန်ကြသည်။ ထိုနောက် ကြမ်းတမ်းသော စွမ်းအားတွေက လီမိုလင်ခန္ဓာကိုယ်နံဘေးတွင်  လှည့်ပတ်ရင်း ပြင်းထန်သော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ထိုနောက် ဧရာမအမြှီးကိုးချောင်းက လီမိုလင်အနောက်ကနေ ထွက်ပေါ်လာပြီး လေထဲတွင် ညင်သာစွာ ယိမ်နွဲ့နေကြသည်။ ထိုနောက် အမြှီးတွေက ရှောင်လုံကိုသတ်ဖြတ်ရန်အတွက် စူးရှစွာလည်ပတ်ရင်း ရောက်ရှိလာကြသည်။
သို့သော် လီမိုလင်၏ ဧရာမအမြီးကြီးတွေ ရှောက်လုံဆီသို့ ရောက်မလာခင်မှာ ကျောင်းရှုက
သူတို့နှစိယောက်ကြားထဲသို့ ရောက်ရှိလာသည်။

ကျောင်းရှုက လီမိုလင်အမြီးကို  ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးချလိုက်သည်။ ပြင်းထန်သော လက်သီးမုန်တိုင်းကြီးက လီမိုလင် အမြီးများ၏ တိုက်ခိုက်မှုတွေကို အောင်မြင်စွာဖြင့် ကာကွယ်နိုင်သွားသည်။

"...ဖယ်စမ်းဟာ ..."

လီမိုလင်မျက်လုံးထဲမှ ကျောချမ်းလောက်ဖွယ်ရာ အလင်းတန်းတချို့ထွက်ပေါ်လာသည်။

  ကျောင်းရှကလဲ လီမိုလင်အား စက်ဆုပ်ရွံရှာသလိုကြည့်လိုက်ပြီး

".... မြွေခွေးအိုမကြီး ... ထွက်သွားရမှာ နင်ဟ...."

မြေခွေးအိုမကြီး ....?
ကျောင်းရှုစကားက လီမိုလင် လှုပ်ရှားမှုတွေကို ခေတ္တခန တုန့်ဆိုင်သွားစေသည်။ ထိုနောက် လီမိုလင်က အရှိုက်ကို လက်သီးပုန်းတစ်ချက် ထိမှန်သွားသလိုမျိုး မွှန်ထူသွားလေသည်။

"....ခွေးအိုကြီး ..နင်က ရာရာစစ ငါ့ကို မြေခွေးအိုမကြီးလို့ ခေါ်ရဲတယ်ပေါ့လေ .....?"

လီမိုလင်က အရမ်းကို ဒေါသထွက်သွားလေသည် ။
ထိုနောက် ဧရာမအမြီးကိုးချောင်းက သူမခေါင်းပေါ်တွင်ပေါ်လာကြသည်။ လီမိုလင်က သူ့သိုင်းဝိညာဉ်နှင့် ပေါင်းစပ်ကာ ဝိညာဉ်အသွင်သို့ ပြောင်းလဲလိုက်သည်။ သူမမျက်ခုံးပေါ်တွင် အမြီးကိုချောင်းအရောင်များနှင့် ကိုက်ညီသော မတူညီသည့် အစက်ကိုးခုဖြစ်ပေါ်လာသည်။
ထိုနောက် သူမလက်နှစ်ဖက်စလုံးက မြေခွေးလက်သည်းများအသွင်သို့ ပုံစံပြောင်းသွားသည်။

"... ခွေးအိုကြီး  ....သေပေတော့ ....!! "

လီမိုလင်က ချွန်မြနေသောလက်သည်းများဖြင့် လှမ်းကုတ်ဆွဲလိုက်သည်။ ကျောင်းရှုက နှာခေါင်းရှုံကာ သူသိုင်းဝိညာဉ်အား ဆင့်ခေါ်လိုက်သည်။ ထိုနောက် သိုင်းဝိညာဉ်နှင့် ချက်ချင်းပေါင်းစပ်၍ လီမိုလင်တိုက်ခိုက်မှုကို ခုခံကာကွယ်လိုက်သည်။

လီမိုလင်က အရမ်းကိုစွမ်းအားကြီးမားသူတစ်ယောက်ဖြစ်သည်။ သူမရောက်ရှိလာပြီး ကျောင်းရှုကို ထိမ်းသိမ်းပေးထားတာကြောင့် ယောင်ရှန် နှင့် တခြားလူများအပေါ်မှ ဖိအားတွေ လျော့ကျသွားလေသည် ။

ဒေါင်ရမ်က ယောင်ရှန်နှင့် ယှဉ်ဆိုင်လိုက်သည်။
ရှောင်လုံနှင့် တစ္ဆေကျြိးဖန်ယန်တို့နှစ်ယောက်ကတော့ နတ်ဘုရားကျောင်းတော်မှ အကြီးအကဲတစ်ယောက်ကို ပူးပေါင်းတိုက်ခိုက် လိုက်ကြသည်။
ဒေါင်ရမ်ဘက်က အဖိုးအိုနှစ်ယောက်နှင့် နတ်ဘုရားကျောင်းတော်မှ အဖိုးအိုနှစ်ယောက်တို့က အသီးသီးတိုက်ခိုက်နေကြသည်။

နတ်ဘုရားကျောင်းတော့၏ အကြီးအကဲများထဲတွင် အတွင်းအားအဆင့်အနိမ့်ဆုံးသိုင်းပညာရှင်က စကြာဝဠာအဆင့်၂ သိုင်းပညာရှင်ဖြစ်သည်။
ထိုသူက ရှောင်လုံနှင့်   ဖန်ယန်တို့၏ ပစ်မှတ်ဖြစ်လာသည် ။

ထိုအကြီးအကဲက ပြင်းထန်သော လက်သီးတစ်ချက်က ဖန်ယန်ကို ဒယီးဒယိုင်ဖြင့် အနောက်ဆုတ်သွားစေသည်။ ထိုနောက် အကြီးအကဲက ရှောင်လုံကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး

"....ဟောင်ရှောင်လုံ ... ကောင်းကင် သိုင်းသမားအဆင့်နဲ့ စကြာဝဠာသိုင်းပညာရှင်ကိုသတ်နိုင်တယ်ဆိုကတည်းက မင်းကိုငါ အတော်လေး ချီုးကျူမိပါတယ် .."

ရှောင်လုံက အကြီးအကဲ၏  ချီးကျူးစကားကို မကြားလိုက်သလိုမျိုး ခပ်တည်တည်ပဲ ရှိနေသည်။
ရှောင်လုံက သူ့ကိုမျက်လုံးထဲတောင် ထဲ့မထားတာကိုမြင်တော့ အကြီးအကဲ နှလုံးသားထဲမှ ဒေါသတရားတွေ လျှံကျလာပြီး

"... ဟောင်ရှောင်လုံ .... မင်းလိုမျိုး ကောင်းကင်အဆင့် သိုင်းသမားပေါက်စလေးက ငါ့လို စကြာဝဠာအဆင့် ၂ သိုင်းပညာရှင်ကိုရော သတ်နိုင်မှာတဲ့လား .... မင်းရဲ့ စိတ်ကူးရင် အိမ်မက်ထဲကနေ နိုးထဖို့ လိုနေပြီနော် ...."

    ရှောင်လုံက သူတို့မျက်စိရှေ့မှာပဲ ယောင်ဖေးကို သတ်ခဲ့သော်လည်း သူ့ကိုယ်ထဲမှစကြာဝဠာစွမ်းအားတွေကို ထုတ်မပြခဲ့ပေ ...။ ထိုကြောင့် နတ်ဘုရားကျောင်းတော်နှင့် ရပ်ကြည့်နေကြသော သိုင်းပညာရှင်များ၏ စိတ်ထဲတွင် ရှောင်လုံက ကောင်းကင်အဆင့်၌သာ ရှိနေသေးသည်ဟု ထင်နေကြခြင်းဖြစ်သည်။

ထိုအပြင် လွန်ခဲ့သော ခြောက်လခန့်က ကောင်းကင်အဆင့်သိုင်းသမားအဆင့်သာရှိနေသေးသည့် ရှောင်လုံက အခုအချိန်မှာ စကြာဝဠာအဆင့် သိုင်းသမားတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမိမှာမဟုတ်ပေ ....။

"... ခင်ဗျားက အဲ့လိုထင်တယ်ပေါ့ ...?"

ရှောင်လုံက ပုခုံးတွန့်ပြလိုက်သည်။

"...ငရှုပ်လေး... သေပေတော့..."
နတ်ဘုရားကျောင်းတော်၏ အကြီးအကဲက ရှောင်လုံ၏ သေကွင်းသေကွက်နေရာကို ရွေးချယ်ကာ အားပြင်းသော လက်သီးတချက်ဖြင့်
ထိုးချလိုက်သည်။ သူလက်သီးက ရှောင်လုံအနားသို့ မျက်စိတမှိတ်အတွင်းမှာပဲ ရောက်ရှိလာသည်။

သူနှင့်တစ်ချိန်ထဲမှာပဲ ရှောင်လုံက သူ့ကိုယ်ထဲမှ အတွင်းအားတွေကို ထုတ်ဖော်လိုက်သည်။ သူ့ဆီကနေ  မြင်းရိုင်းတစ်ကောင်ကဲ့သို့ ရိုင်းဆိုင်းပြင်းထန်သော စွမ်းအား တွေထွက်ပေါ်လာသည်။ ထိုစွမ်းအားတွေက အရပ်လေးမျက်နှာစလုံးသို့ အလျင်အမြန် ပျံနှံသွားသည်။

ရှောင်လုံက သူ့စွမ်းအားတွေကို ဖုံးကွယ်မထားတော့ပေ ...။သူ့ကိုယ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာစွမ်းအားတွေက ပတ်ဝန်းကျင်မှ လူတွေ၏ စိတ်အာရုံကို ဆွဲဆောင်လိုက်သည်။

ရှောင်လုံ၏ စွမ်းအားတွေက နတ်ဘုရားကျောင်းတော်၏ အကြီးအကဲကိုတောင် အံသြမှင်သက်သွားစေသည် ။

".... ဒါ.....ဒါ ... စကြာဝဠာအဆင့် စွမ်းအားတွေပဲ..."

နတ်ဘုရားကျောင်းတောင်မှ အကြီးအကဲတစ်ယောက်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ရေရွတ်လိုက်သည်။

"... ဘယ်လို ...စကြာဝဠာစွမ်းအား ဟုတ်လား ..."

ထိုစကားက ပတ်ဝန်းကျင်မှာ ရှိနေကြသော လူတွေ၏ စိတ်အာရုံထဲတွင် ဒိုင်းနမိုက်တစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားသည်။ ယောင်ရှန်နှင့် တိုက်ခိုက်နေသော ဒေါင်ရမ်ကလဲ ရှောင်လုံရ်ှရာသို့ အံသြစွာဖြင့် လှမ်းကြည့်လိုက်သည်။
သူစိတ်ထဲတွင် မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်။
ဟောင်ရှောင်လုံက တကယ်ပဲ စကြာဝဠာအဆင့်ကိုရောက်ရှိနေပြီလား .... !

ထိုအပြင် သူနှင့် ရှောင်လုံက ဒေါင်ရမ်းအင်ပါရာနိုင်ငံကနေ အခုနေရာအထိ အတူတူ ခရီးထွက်လာပေမယ့် သူက ရှောင်လုံ ခွန်အားတွေကို နဲနဲလေးမှ မရိပ်မိခဲ့ပေ ...။

ရှောင်လုံ၏ အံသြဖွယ်ရာ အဆင့်တက်နှုန်းက ယောင်ရှန်ကိုပိုပြီး အံအားသင့်သွားစေခဲ့သည်။
ယောင်ရှန်စိတ်ထဲတွင် ....
ဒီကောင်လူမှ ဟုတ်ရဲ့လား ....?

လွန်ခဲ့သော ခြောက်လခန့်က ရှောင်လုံ၏အတွင်းအားအဆင့်မှာ ကောင်းကင်အဆင့် ၁၀ အထွတ်အထိပ် အဆင့်၌သာရှိခဲ့သည်။ သို့သော် ခြောက်လကြာပြီးနောက် စကြာဝဠာသိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ချေပြီ ...။

လီမိုလင် ကဲ့သို့ အတွေ့အကြုံရင့် သိုင်းပညာရှင်တစ်ဦးတောင်မှ သူမျက်လုံးထဲက တုန်လှုပ်ခြောက်ခြားမှုတွေကို ဖုန်းကွယ်မထားနိုင်တော့ပေ..။သို့သော် သူမက စက္ကန့်ပိုင်းအတွင်းမှာပဲ
အိနြေ္ဒပြန်ဆည်နိုင်လိုက်သည်။ ထိုနောက် သူမရင်ထဲတွင်ဖြစ်ပေါ်နေသော ရှောင်လုံအား မဖြစ်မနေသုတ်သင်ပြစ်ရမည်ဆိုသည့် ဆုံးဖြတ်ချက်က ပိုပြီး ခိုင်မာလာသည်။

အားလုံး၏ တုန်လှုပ် ၊ အားကျ ၊ မနာလို ဖြစ်နေသည့် အကြည့်တွေအောက်မှာပဲ ရှောင်လုံက စတင်တိုက်ခိုက်လိုက်သည်။ သူ့လက်သီးက နတ်ဘုရားကျောင်းတော်၏ အကြီးအကဲ ရှိရာသို့ ပျံသန်းသွားသည်။ အကြီးအကဲကလဲ အန္တရာယ်အငွေ့အသက်တွေကို ခံစားမိကာ မှင်သက်နေရာကနေ လန့်နိုးလာပြီး သူ့လက်ကိုပင့်မြှောက်၍ ရှောင်လုံလက်သီးကို ကာကွယ်ရန်ကြိုးစားလိုက်သည်။

ဘန်း ....
ထိတွေ့မှုမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အကြီးအကဲ၏ စိတ်ထဲတွင် သူ့လက်တစ်ခုလုံး ပြုတ်ထွက်သွားလုမတတ် ခံစားလိုက်ရပြီး အနောက်ဘက်သို့ ခြေလှမ်းများစွာ ဆုတ်ပေးလိုက်ရသည်။

အကြီးအကဲက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားရင်း သူ့မျက်နှာထားကတော့ ရှုံ့မဲ့နေလေသည်။

"... မင်း ...."
သူကပြောဖို့ ကြိုးစားလိုက်စဉ် သူ့ရှေ့မှ လူရိပ်က နောက်တကြိမ် ရွေ့လျားသွားပြန်သည်။ ရှောင်လုံက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ရွှေရောင်လက်သီးရာကြီးက လေထုထဲတွင် ဖူးပွင့်လာသည်။ တစ်ချို့လက်သီးချက်တွေက နူးညံသိမ့်မွေ့ကာ တချို့ကတော့ ကျောက်ဆောင်များသဖွယ်မာကျောပြီး တချို့လက်သီးကတော့ ရန်သူကို အာရုံရှုပ်ထွေးသွားစေနိုင်သော ပုံရိပ်ယောင်မျှသာ ဖြစ်ကြသည်။ ရှောင်လုံက အလွန်ထူးဆန်းသော အံသြဖွယ်ရာ လက်သီးသိုင်းတစ်ခုအား ထုတ်သုံးလိုက်သည်။

".... ဒါ...ဒါက ထူးခြားလေဟာနယ် နတ်လက်သီးသိုင်း မဟုတ်လား ...."

အံသြသွားသော အကြီးအကဲက ရှောင်လုံ၏ ထူးခြားဆန်းကြယ်သလို ခန့်မှန်းရခက်ခဲသော လက်သီးသိုင်းဖြင့် ရင်ဆိုင်လိုက်ရသည်

"... ထူးခြားလေဟာနယ် နတ်လက်သီးသိုင်း ...."

"... ဟောင်ရှောင်လုံက ဘယ်လိုဖြစ်လို့  ဒီလက်သီးသိုင်းကို သိနေရတာလဲ ..?"

လူအုပ်ထဲတွင် နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။ ရှေးဟောင်းနတ်နဂါးမျိုးနွယ်စု၏ အမွေအနှစ် ပစ္စည်းကိစ္စကြောင့် မူလတောအုပ်ရှိရာသို့ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိနေကြသော သိုင်းပညာရှင်တွေက မနဲလှပေ ..။ ထိုလူများထဲတွင် တချို့ကစကြာဝဠာသိုင်းပညာရှင်များဖြစ်ကြသည်။

စကြာဝဠာသိုင်းပညာရှင်များက အတွေ့အကြုံရင့် သိုင်းသမားများ ဖြစ်ကြတာကြောင့် ရှောင်လုံ အသုံးပြုလိုက်သော ထူးခြားလေဟာနယ်နတ်လက်သီး သိုင်းကိုသိနေကြသည်မှာ
မထူးဆန်းလှပေ ...။

ထူးခြားလေဟာနယ်လက်သီးသိုင်းကို အသုံးပြုပြီးသည့်နောက် ရှောင်လုံက သူ့လက်ကို လက်သီးဆုပ်ထားရာမှ လက်ဝါးပုံသဏ္ဍာန်ပြောင်းလဲကာ နောက်ထပ်သိုင်းကွက်တမျိုးကို ထုတ်သုံးလိုက်သည်။ လေထဲတွင် စူးရှသော လေချွန်သံများနှင့် အတူ ရွှေရောင်အကွင်းများက အလွှာလိုက် ဖြစ်ပေါ်လာကြသည်။

ပတ်ဝန်းကျင်မှ ရပ်ကြည့်နေကြသော သိုင်းပညာရှင်များက ရှောင်လုံလက်ဝါးသိုင်းထွက်ပေါ်လာပြီးနောက်တွင် လေထုအတွင်းမှ ပြောင်းလဲမှုတွေကို သတိပြုမိသွားကြသည်။
လေထုတစ်ခုလုံး ရေခဲတုံးကြီးတစ်ခုလို အေးခဲရပ်တန့်သွားခြင်းပင် ...။

"... ဒါ ...ဘယ်လို သိုင်းပညာမျိုးလဲ ....?"

အရပ်ဆယ်မျက်နှာ တိုင်းပြည်မှ စကြာဝဠာ သိုင်းပညာရှင် တစ်ယောက်က  တအံတသြရေရွတ်လိုက်သည်

".... ကြည့်ရတာတော့ နှောင်ဖွဲ့ခြင်းနတ်ဘုရား လက်ဝါးသိုင်းနဲ့ အတော်လေးကို တူနေသလိုပဲ.....""

လူတစ်ယောက်က မသေမချာ ပုံစံဖြင့် ပြောလိုက်သည်။

"... ဘယ်လို နှောင်ဖွဲ့ခြင်း နတ်ဘုရား လက်ဝါးသိုင်း ...ဟုတ်လား ...?"
နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်ဝါးသိုင်း အကြောင်းကို ကြားဘူးသူ တချို့က အံသြသွားကြသည်။ သို့သော် တချို့ကတော့ ဇဝေဇဝါ ဖြင့် ကြည့်နေကြသည်။
သူတို့ မကြားဘူးသည်မှာ သေချာနေသည်။

".... နှောင်ဖွဲ့ခြင်းနတ်ဘုရား လက်ဝါးသိုင်းဆိုတာက
နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ရဲ့ အမွေအနှစ် သိုင်းကျမ်းတစ်ခုပဲ ...."
အစောပိုင်းက သိုင်းပညာရှင်ကပဲ ထပ်ရှင်းပြလိုက်သည်။ ထိုသိုင်းပညာရှင်က နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ဟု ပြောလိုက်ချိန်တွင် သူရင်ထဲမှ စိတ်လှုပ်ရှားမှုတွေကို
ထိန်းချုပ်လို့ မရအောင် ဖြစ်နေသည်။

"... နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ဟုတ်လား...
အဲ့ဒီလက်စွပ်က ကောင်းကင်ရတနာ စာရင်းရဲ့ အဆင့် ၆ နေရာမှာရှိနေတဲ့ ရတနာပစ္စည်း မဟုတ်လား ....?"

တစ်ယောက်က သူသိထားတာကို ရုတ်တရက် ပြောချလိုက်သည်။

အပိုင်း ၃၅၆ .....

Continue Reading

You'll Also Like

26.5K 587 42
A student from the Paldea region took an interest in traveling to other regions to learn new things.
195K 2.3K 71
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
21K 511 34
----"𝚆𝙴 𝚆𝙴𝚁𝙴 𝙱𝙾𝚁𝙽 𝙵𝙾𝚁 𝚃𝙷𝙸𝚂."---- ⚜️Meet Xavier Mikaelson he's the original heretic and happens to be the twin brother of the big bad...
538K 18.3K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...