GTKWF (Myanmar Translation )

By Liz_774

337K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 43

2K 286 37
By Liz_774

{Unicode}

အပိုင်း ၄၃

လျန်ရှောင်ထန်မှာ ကြောက်ရွံ့လွန်းလှသဖြင့် သူမတစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေမှုကြောင့် ဒီအခြေအနေတွင် အလုပ်ဆက်လုပ်ရန် မဖြစ်နိုင်တော့တာမို့ ရှန့်ချောင်က သူမကို အသံသွင်းစတူဒီယိုဆီ ခေါ်သွားသည်။

ဝန်ထမ်းများကား ပြန်မလာကြသေးချေ။ ထို့ကြောင့် တစ်ခန်းလုံးတွင် သူမတို့နှစ်ဦးတည်းသာ ရှိသည်။ ရှန့်ချောင် သူမအတွက် ရေနွေးတစ်ခွက် ဌဲ့ထည့်ပေးလိုက်ကာ ခပ်တိုးတိုးမေးသည်။

"နင် ခဏလောက် တစ်ယောက်ထဲ နေဖို့ လိုလား?"

လျန်ရှောင်ထန်က တိတ်တဆိတ် ခေါင်းညိတ်ပြသည်။

"အိုကေ၊ ငါ အပြင်မှာ ရှိနေမယ်"

သူမ တံခါးဆွဲဖွင့်ကာ အပြင် ထွက်လာသည်။

ဖန်းပိုင်က ကော်ရစ်ဒါတွင် ဒါရိုက်တာ၏ လက်ထောက်ထံ ယခုလေးတင်ဖြစ်ပျက်ခဲ့သည်ကို ရှင်းပြနေသည်။ သူတို့နှစ်ယောက်စလုံးမှာ ငယ်ရွယ်သူများဖြစ်သည်မို့ လွယ်လင့်တကူ ဒေါသထွက်လာသည်။ ရှန့်ချောင် အပြင်ထွက်လာသည်ကို မြင်လျှင် နှစ်ယောက်လုံး အလောတကြီး မေးလာသည်။

"ကောင်မလေး ဘယ်လိုနေလဲ? အစ်မ တကယ်ပဲ ရဲမခေါ်ဘူးလား?"

"သူက ရဲမတိုင်ချင်ဘူး၊ လောလောဆယ်ခဏလောက် သူ စိတ်ငြိမ်သွားအောင် စောင့်ရအောင်"

ဖန်းပိုင် သူမထံ ခဏမျှ စိုက်ကြည့်နေပြီး နောက်ဆုံးတွင် မနေနိုင်ပဲ ဘေးနားဆွဲခေါ်ကာ မေးသည်။

"အစ်မချောင်ချောင်၊ သူက ရှီးကွမ်းမို့လို့ အစ်မ ကူညီတာလား?"

အချိန်တခဏမျှ ရှန့်ချောင် အံ့အားသင့်သွားရပြီး ချက်ချင်း ပြန်မဖြေချေ။ ရှန့်ချောင် ကြမ်းပြင်ဆီ ငုံ့ကြည့်ပြီးမှ တိုးတိုးပြန်ဖြေသည်။

"ရှောင်ပိုင်၊ နင် ပြင်းထန်တဲ့ ကူကယ်ရာမဲ့ အခြေအနေမျိုး ကြုံဖူးလား? အဲ့ဒါက... ထွက်လမ်းမရှိပဲ ပိတ်မိနေပြီး တခုထဲသော လမ်းကလည်း ငရဲဆီသွားတဲ့လမ်းဖြစ်နေတာ"

ဖန်းပိုင် တွေးတောလိုက်ကာ ခေါင်းယမ်းသည်။

"ငါ့အတွက် အဆိုးဆုံးအချိန်က အထက်တန်းကျောင်းနောက်ဆုံးနှစ်ပဲ"

သူမ အနည်းငယ်ရယ်မောလိုက်သည်။

"စီနီယာနှစ်မှ မျှော်လင့်ချက်ရှိသေးတယ်၊ ဘယ်ချိန်ပြီးဆုံးမလဲဆိုတာကို နင် ရေတွက်ပြီး စောင့်မျှော်လို့ ရသေးတယ်၊ တကယ့်ငရဲဘုံဆိုတာက လွတ်လမ်းလုံးဝမရှိဘူး၊ တစ်ယောက်ယောက်က လက်ကမ်းလာပြီး နင့်ကို ဆွဲထုတ်ပေးဖို့ မျှော်လင့်ရုံပဲ တတ်နိုင်မယ်"

"အစ်မချောင်၊ အစ်မမှာ အဲ့လိုချိန် ရှိခဲ့ဖူးလား?"

(ငါ့မှာရော ရှိခဲ့ဖူးလား?)

သူမထံတွင် ဒီလိုမျိုး မရှိခဲ့ဖူးတာ ဘယ်လိုများ ဖြစ်နိုင်ပါ့မလဲ?

သူမ ရှန့်ချောင်ဖြစ်လာမှန်း သိလိုက်ရသည့်နေ့၊ ကမ္ဘာပေါ်မှ သူမ ပျောက်ကွယ်သွားသည့်နေ့၊ ထို့ပြင် သူမမိဘနှစ်ပါးနှင့် အစ်ကိုဖြစ်သူက သူမထံ စိမ်းကားသည့် အကြည့်တွေနှင့် ကြည့်လာသည့်နေ့။

သူမ ကူကယ်ရာမဲ့လွန်းခဲ့ရသဖြင့် ထိုနေ့ကို သူမ လုံးဝမမှတ်မိချင်ပေ။

ထိုအချိန်ခဏတွင် တစ်စုံတစ်ယောက်က သူမဆီ လက်ကမ်းလာကာ ဘာဆက်လုပ်သင့်သည်ဟု ပြောလာပေးရန် မျှော်လင့်ခဲ့ဖူးသည်။

ရှန့်ချောင် ပြုံးရင်း ခေါင်းခါသည်။

"မရှိဘူး၊ တကယ်လို့ တနေ့ကျ ငါ ဒီလိုအခြေအနေမျိုး ရောက်ချိန်ကျရင် ဒီနေ့ ငါလုပ်ခဲ့သလိုမျိုး တစ်ယောက်ယောက်က ဖေးကူပေးဖို့ မျှော်လင့်ရုံပဲ၊ ငါ့အတွက်ငါ လုပ်တယ်ပဲ တွေးကြပါစို့"

ဖန်းပိုင်က ခေါင်းတညိတ်ညိတ်ဖြင့် နားလည်ဟန်ပေါ်သည်။ ထို့နောက် တစ်စုံတစ်ခုကို သူ တွေးမိသွားကာ ထူးဆန်းသည့် မျက်နှာဖြင့် ဆိုသည်။

"အစ်မရှန့်ချောင်၊ ဒီနေ့လိုမျိုး ထပ်မဆဲနဲ့တော့... ဒါက အစ်မပုံရိပ်ကို အရမ်းထိခိုက်တယ်!"

ကျောက်ကပ်ပျက်စီး၊ ပန်းသေပန်းညှိုး၊ သုတ်လွှတ်စော၊ ဒီစကားလုံးတွေ ပေါင်းစပ်မှုရဲ့ အကျိုးသက်ရောက်ချက်က သေလောက်တယ်!! ဒါက ကျိန်းသေပေါက် ယောကျ်ားတစ်ယောက်ရဲ့ နှလုံးသားကို ထိုးဖောက်ပစ်နိုင်တဲ့ ဓါးပဲ!!"

သူမအား ရိုးရှင်းစွာပင် ဘာသာဗေဒဉာဏ်ကြီးရှင်ဟု ခေါ်ဆိုနိုင်သည်။ ချီးမွမ်းစကားရော ဆဲဆိုခြင်းပါ တစ်ချိန်ထဲမှာ ဘယ်လိုများ ကျွမ်းကျင်နေရတာလဲ?

ရှန့်ချောင် - "ငါဆူဆဲပြီး ကျိန်ပေမဲ့ ငါက မိန်းမကောင်းလေး"

ဖန်းပိုင် - "..... အင်း အင်း ဟုတ်ပါတယ်"

သိပ်မကြာခင်မှာပင် အသံသွင်းခန်း၏ တံခါးပွင့်လာကာ လျန်ရှောင်ထန်က တံခါးဝတွင် ရပ်ရင်း နှုတ်ခမ်းတင်းတင်းစေ့ကာ လေသံတိုးတိုးဖြင့် ဆိုသည်။

"ရှန့်ချောင်.... ကျဲ၊ စောနကအတွက် ကျေးဇူးတင်ပါတယ်"

ရှန့်ချောင် ပြုံးကာ အနားလျှောက်သွားရင်း မေးသည်။

"နေလို့ သက်သာလား?"

"အင်း"

"အလုပ်ဆီ ပြန်သွားချင်လား?"

လျန်ရှောင်ထန်၏ မျက်ဝန်းတို့ နီရဲနေသည်။

"ပြန်မသွားချင်ဘူး၊ ဒါမဲ့ ငါ့ရဲ့ အလုပ်သင်ရီပို့ကို ဘယ်လိုလုပ်မလဲ....."

တက္ကသိုလ်ကျောင်းစည်းကမ်းချက်မှာ အလုပ်သင်ရီပို့မပါပဲ ဘွဲ့မပေးချေ။ ထို့ပြင် ယခုချိန်၌ အလုပ်အသစ်ရှာဖွေရန်လည်း အချိန်မမှီတော့။

ရှန့်ချောင် - "ဒါဆို ရဲတိုင်ပြီး သူ့ကို ဖမ်းခိုင်းလိုက်၊ ပြီးရင် နင့်အလုပ်သင်ပြီးတဲ့အထိ ဆက်လုပ်လို့ ရပြီ"

"မဖြစ်ဘူး၊ ဘာသက်သေမှ မရှိဘူး"

သူမက ခေါင်းယမ်းကာ ငိုချတော့မည့်ပုံစံဖြစ်သည်။ အဆုံးတွင်တော့ သူမက ဘွဲ့မရသေးသည့်မိန်းကလေးငယ်မျှသာဖြစ်ပြီး ဘဝအတွေ့အကြုံမရှိသေးပေ။

ငိုရှိုက်ရင်းနှင့်ပင် လျန်ရှောင်ထန်က

"အရင်က အလုပ်သင်တွေလည်း သူအနိုင်ကျင့်တာ ခံရဖူးတယ်၊ ရဲတိုင်လို့လည်း အကျိုးမရှိဘူး၊ ဘာသက်သေမှ မရှိဘူး၊ ပြီးတော့ သူ့မိသားစုကလည်း ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေ၊ ကုမ္ပဏီကို မဝင်ခင်အထိ ဒီအကြောင်းတွေ မသိခဲ့ဘူး၊ ပုံမှန်ဆို ငါတို့ သူ့ကို ရှောင်လေ့ရှိတယ်၊ အရင်ကလည်း ငါ့ကို ရုံးခန်းဆီ ခေါ်ဖူးတယ်၊ အကြိမ်တိုင်း ငါ အရမ်းကြောက်နေပေမဲ့ အရင်ကတော့ ဘာမှ မလုပ်ဖူးဘူး......"

သူတို့ကိုယ်တိုင်မကြုံတွေ့ရသေးသည်မို့ သူတို့အလှည့်ရောက်လာမည်မဟုတ်ဟု နုံနုံအအတွေးတောနေခြင်းဖြစ်သည်။

ရှန့်ချောင် သက်ပြင်းချကာ တစ်ရှူးထုတ်ယူလိုက်ပြီး မျက်ရည်သုတ်ပေးလိုက်သည်။

"ကောင်းပြီ ကောင်းပြီ၊ မငိုနဲ့တော့၊ နင့်အပြစ်မဟုတ်ဘူးနော်"

လျန်ရှောင်ထန်၏ စိတ်အခြေအနေတည်ငြိမ်သွားချိန်မှ ရှန့်ချောင် သူမကို မေးလိုက်သည်။

"ဒါဆို ငါ နင့်ကို မေးမယ်၊ တကယ်လို့ ငါရဲဆီ ဖုန်းဆက်ပြီး ငါ့ရဲ့ မင်းသမီးဆိုတဲ့ နာမည်ကို သုံးပြီး လူထုအမြင်မှာ နာမည်ပျက်စေပြီး သူအလုပ်ထွက်ရအောင် လုပ်ရင် နင် တရားရုံးမှာ သက်သေထွက်ဆိုရဲလား?"

လျန်ရှောင်ထန်က လက်အချင်းချင်းဆုပ်နယ်နေရင်း သူမနှုတ်ခမ်းတွေ ဖြူဖျော့သွားသည်။ အချိန်အတော်ကြာမှ တုန်ယင်တကြီး ဆိုလာသည်။

"တောင်းပန်ပါတယ်... ငါ မလုပ်ချင်...."

မျက်နှာပေါ် မျက်ရည်အပြည့်ဖြင့် ရှန့်ချောင်ထံ မော့ကြည့်လာသည်။

"ငါ တောင်းပန်ပါတယ်၊ ငါ တကယ်တောင်းပန်ပါတယ်...."

ရှန့်ချောင် သူမခေါင်းကို ထိတွေ့လိုက်သည်။

"နင် ဘာအမှားမှ မလုပ်ထားတဲ့အတွက် တောင်းပန်စရာမလိုဘူး၊ အခု ငါ့လက်ထောက်ကို နင့်အစား ခွင့်ယူခိုင်းလိုက်မယ်၊ နင် အိမ်အရင်ပြန်၊ ဒီကိစ္စကို မိဘတွေနဲ့ ဆွေးနွေးပြီး အဖြေရှာလိုက် ဟုတ်ပြီလား?"

"အိုကေ..."

လျန်ရှောင်ထန်၏ ရုံးခန်းတည်ရှိရာ အထပ်ကို မေးမြန်းပြီးနောက် ဖန်းပိုင်ကို သူမ၏ အစ်ကိုအဖြစ် ဟန်ဆောင်စေကာ ခွင့်ယူခိုင်းသည်။

ဖန်းပိုင် - "ခွင့်ယူတဲ့ အကြောင်းပြချက်က ဘာလဲ?"

ရှန့်ချောင် အေးစက်စွာ ဆိုလိုက်သည်။

"ခွေးကိုက်ခံရလို့"

အိမ်ပြန်ရန် လျန်ရှောင်ထန် ကားခေါ်လိုက်ပြီးနောက် အလုပ်ပြန်စရန် ဝန်ထမ်းတစ်ယောက်ပြီးတစ်ယောက် အသံလွှင့်ခန်းဆီ ပြန်ရောက်လာသည်။ ရှန့်ချောင်၏ ကြော်ငြာစာသားမှာ များများစားစားမကျန်လှပဲ တစ်နာရီမကြာခင်မှာပင် အလုံးစုံပြီးစီးသွားသည်။

ကားမောင်းကာ ရှန့်ချောင်ကို အိမ်ပြန်ပို့ချိန်တွင် ဖန်းပိုင်က မကျေမချမ်းဖြစ်နေဆဲ။

"ဒီလိုအောက်တန်းစားမျိုး၊ သူ့လိုလူမျိုးကို ရဲလက်ခေါ်အပ်သင့်တယ်!! အစ်မချောင်ချောင် သူ ရဲမခေါ်ချင်ဘူးပြောတုန်းက ဘာလို့ နားထောင်လိုက်တာလဲ! အစ်မက သူ့အစားတောင် ဝင်ကူညီချင်နေသေးတယ်"

"သူ့မှာလည်း အကြောင်းရှိမှာပေါ့၊ ဒါက သူ့ဘဝလေ၊ ငါတို့ သူ့အစား ဝင်ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူး"

နောက်ခံအင်အားမရှိသူအနေနှင့် အပျံသင်စဌက်ငယ်ပမာ မိန်းကလေးငယ်များမှာ ဒီလူမှုအသိုင်းအဝိုင်းတွင် အသာစီးယူနိုင်သည်ဟူ၍ မရှိပေ။ သူမသာ ခွန်အားမဲ့လျှင် အကြိမ်ပေါင်းများစွာပင် သူမနှင့် မသက်ဆိုင်သည့် သံသယနှင့် စွပ်စွဲမှုများကို လက်သင့်ခံရပေမည်။ မြို့တော်တွင် နေထိုင်ခြင်း၌ တောင့်ခံနိုင်ရန်အတွက်ပင် ခွန်အားလိုအပ်သည်။

"ဒါဆို အဲ့ဒီတာဝန်ခံကို ဒီတိုင်း လွှတ်လိုက်မှာလား? နောက်ကျ သူ တခြားလူတွေကို ထပ်အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ?"

ရှန့်ချောင် ရယ်မောကာ သက်ပြင်းချသည်။

"ရှောင်ပိုင်၊ နင်က လက်ထောက်အဖြစ် မကျွမ်းကျင်ရင် နောင်ကျ Avengers ထဲ ဝင်လို့ရတယ်၊ နင့်နာမည်က Justice Man ဖြစ်သင့်တယ်"

ရယ်မောရင်း သူမနဖူးထောင့်စွန်းကို ရှန့်ချောင် ဖိနှိပ်လိုက်သည်။

"ငါ တခြားနည်းလမ်း စဉ်းစားပါ့မယ်"

အိမ်ရောက်ချိန်တွင် အင်တနက်အပေါ်၌ လျန်ရှောင်ထန်၏ ကုမ္ပဏီနှင့် ထို ဝန်ထမ်းနာမည်ကို ရိုက်ရှာလိုက်သည်။ ယင်းကုမ္ပဏီမှာ သေးငယ်လှသည်မဟုတ်၊ လုပ်ကိုင်ခဲ့သည့် ပရောဂျက်နာမည်ပေါင်းများစွာ ပေါ်ထွက်လာသည်။ သို့ရာတွင် ထိုတာဝန်ခံနှင့် ပတ်သက်၍မူ သူမ မည်သည့်သတင်းအချက်အလက်မှ ရှာမတွေ့ချေ။

ယခင်က အနိုင်ကျင့်ခံခဲ့ရသည့် အလုပ်သင်များမှာ တိတ်တဆိတ် သည်းခံရေငုံနှုတ်ပိတ်နေမည်မှာ မျှော်လင့်ထားသော ကိစ္စပင်။

အတော်လေးနာမည်ကျော်ကြားသည့် တက္ကသိုလ်ကျောင်းသားဖိုရမ်ထဲ ရှန့်ချောင် မွှေနှောက်ရှာဖွေလိုက်သည်။ ဘွဲ့ရပြီးစလူငယ်များက သူတို့၏ အတွေ့အကြုံများကို ဝေမျှထားပြီး စောဒဂတက်ထားသလို အချင်းချင်းလည်း နှစ်သိမ့်ပေးကြသည်။

ခဏမျှ တွေးတောပြီးနောက် သူမ ပေ့မင်းဖန်ဆီ ဖုန်းခေါ်လိုက်သည်။

"နင့်မှာ ရှိတဲ့ ရေတပ်၊ ငါ့ကို ခဏဌားလို့ ရမလား?"

ပေ့မင်းဖန် - "နင် ဘယ်သူ့ကို အပုပ်ချချင်တာလဲ? ငါ့လက်ထဲမှာ ဘာသတင်းရှိလဲ အရင်ကြည့်ပေးမယ်"

ရှန့်ချောင် - "....."

သူမ သူ့ကို လျန်ရှောင်ထန်အကြောင်း ပြောပြလိုက်ကာ သူက ဖုန်းထဲမှ သက်ပြင်းချသည်။

"နင်ပြောစမ်း၊ နင်က တရားမျှတရေး ဥပဒေ ဘက်တော်သားလား? နင့် ကိုယ်နင် တကယ်ပဲ လူထုအကျိုးဆောင် ထင်နေတာလား? ရှန့်ချောင်၊ နင် ဘယ်လိုများ ငါ့ဆီက ရေတပ်လာဌားရဲတာလဲ? နင် ဒီနေ့ ငါ့ကို ဘယ်လောက်ပြဿနာရှာလဲ သိလား? နင် ဘယ််လိုများ အဲ့လိုလုပ်ရတာလဲ? တကယ်ပဲ အဆင်အခြင်မရှိလိုက်တာ"

"ထပ်မလုပ်တော့ဘူး၊ ငါမှားသွားတယ်၊ တောင်းပန်တယ်နော်၊ ဒါဆို ငါ ရေတပ်ဌားလို့ ရပြီလား?"

".... အဲ့ကိစ္စ စိတ်မပူနဲ့၊ ငါ လုပ်လိုက်မယ်"

ရှန့်ချောင်က သံသယမကင်းဖြစ်နေဆဲ။

"နင် လုပ်နိုင်လို့လား?"

ပေ့မင်းဖန် မှင်သက်သွားသည်။

"အနည်းဆုံးတော့ ငါ့မှာ သမီးရှိတယ်၊ ငါ့သမီး ကြီးပြင်းတဲ့ လမ်းကြောင်းကို ကြိုရှင်းပေးတယ်လို့ သဘောထားတာပေါ့"

ခဏတုံ့သွားပြီးနောက် သူဆက်ဆိုသည်။

"အလယ်ခေတ်သူတော်ကောင်းမကြီးရေ၊ ကျေးဇူးပြုပြီး ငါ နင့်ကို တောင်းပန်ပါရစေ၊ နောင်ကျ နင်ဒီလိုဖြစ်ရပ်မျိုး ကြုံရင် နင် စိတ်လိုက်မာန်ပါမလုပ်ပဲ ငါဖြေရှင်းဖို့ ထားပေးလို့ ရမလား? နင်က မင်းသမီးမှန်း ကိုယ့်ကိုယ်ကိုယ် သိတယ်မလား?"

ရှန့်ချောင် - "....အခြေအနေက ရုတ်တရက်ဖြစ်သွားတာ၊ ငါ တကယ်ပဲ စိတ်လောသွားတာပါ၊ ငါတောင်းပန်ပါတယ်"

(အခေါက်တိုင်း နင် ဒီလောက် မြန်မြန်တောင်းပန်တာက ဘာကိုမှ မပြောင်းလဲစေနိုင်ဘူးလို့!!!)

ပေ့မင်းဖန်ခမျာ သူမကြောင့် ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင်ကြပ်လာသည်။ ထို့ကြောင့် ထိုနေ့လယ်ခင်း မုန့်ရှင်းချန် သူ့ဆီ ဖုန်းဆက်လာချိန်တွင် မနေနိုင်ပဲ ညည်းညူလိုက်သည်။

"မင်း ငါ့ကို မိတ်ဆက်ပေးတဲ့ ဒီမိန်းကလေးက တကယ့်ကိုပဲ၊ ငါ အနုပညာရှင်အများကြီး ပျိုးထောင်ဖူးပေမဲ့ ဒီလောက်ထိ ပြဿနာရှာပြီး တရားနည်းလမ်းကျတဲ့ သူမျိုး မမြင်ဖူးဘူး"

မုန့်ရှင်းချန် ဖုန်းထဲမှ သဘောတကျ ရယ်မောသည်။

"အဲ့ဒီကောင်မလေးက ခင်များကို ဘာလုပ်လို့လဲ?"

ပေ့မင်းဖန်က သူ့ကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဖြစ်ပွါးခဲ့သည့် ခိုးကူးကိစ္စနှင့် ဒီနေ့ဖြစ်ခဲ့သမျှကို ပြောပြသည်။

"ငါတို့ ကြင်နာတတ်တဲ့အကြောင်း ပြောမယ်ဆိုရင်ညသူက တကယ့်ကို ကြင်နာတတ်တဲ့သူ၊ ဒါပေမဲ့ ဒီလောကထဲမှာ မင်းပြောကြည့်၊ ကြင်နာတတ်တဲ့သူတွေက အပစ်ပယ်ခံရတယ်၊ သူက လူသစ်လည်း မဟုတ်ပဲနဲ့ သူ ဘယ်လိုများ ဒီလိုလုပ်နိုင်တာလဲ?"

အချိန်အတော်ကြာသည်အထိ သူ တညည်းတညူ ဆိုပြီးနောက် မုန့်ရှင်းချန် ပြန်ဖြေသည်ကို ကြားလိုက်သည်။

"ဖြစ်နိုင်တာက သူက အချိန်အကြာကြီး အမှောင်ထဲနေခဲ့ရလို့ ထပ်ပြီး မှောင်မိုက်တာတွေကို သည်းမခံနိုင်တော့တာ ထင်တယ်"

ပေ့မင်းဖန် အေးခဲသွားသည်။ သူမ၏ ယခင်က အတင်းအဖျင်းအားလုံးကို အမှတ်ရလိုက်ပြီး နောက်ဆုံးတွင် ထပ်မဆိုတော့ချေ။

ဖုန်းချပြီးနောက် မုန့်ရှင်းချန် တွေးတောလိုက်ကာ သူ့ဖုန်းကို ဖွင့်ပြီး 'ရှန့်ချောင် ခိုးကူးကိစ္စ" ဟု ရိုက်ထည့်လိုက်သည်။ သတင်းဗီဒီယိုများက ဖောင့်ဆိုဒ်အကြီးဖြင့် အလျင်အမြန်ပေါ်ထွက်လာကာ သူ ဗီဒီယိုတစ်ခုကို နှိပ်ကာ ဝင်ကြည့်လိုက်သည်။

သူ သုံးကြိမ်တိတိ ကြည့်ရှုသည်။

အဲ့ဒီ စိတ်လှုပ်ရှားကြီးနေတဲ့ ဒေါသပုန်ထနေတဲ့ မိန်းမငယ်လေးက လွန်ခဲ့တဲ့ နှစ်ရက်က သူ့ရှေ့ရှိ နူးညံ့ပြီး သိမ်မွေ့တဲ့ မိန်းကလေးတဲ့လား?

ရှန့်ချောင်က ပြောင်းလဲသွားပြီဟု သူ အမြဲခံစားနေရသလို သူ့ရှေ့ရှိ 'သူမ'က သူ့အပေါ် ရိုးသားမှုမရှိဟု ခံစားနေရသည်။

သို့သော် ဗီဒီယိုထဲရှိ ထိုအချိန်ခဏတွင် ဂါဝန်မကာ စင်ပေါ်သို့ပြေးတက်သွားသည့် လက်ထောက်နှစ်ယောက် ဆွဲချရသည့် မိန်းကလေးငယ်မှာ တောက်ပသည့်အလင်းတန်းပမာ လန်းဆန်းလွန်းလှသဖြင့် အနီးနားရှိ လူများမှာ အဆွဲဆောင်မခံရပဲ မနေနိုင်ချေ။

(သူပြောနေတဲ့ သီချင်းနာမည်က ဘာတဲ့လဲ? Wind & Cold?)

(ဟော့ရှီး?)

(အဲ့ဒီနာမည်ကြီး အိုင်ဒေါလ်လား?)

.......

....

ညအချိန်တွင် အမျိုးသမီးဝန်ထမ်းအား နာမည်ကြီး မီဒီယာကုမ္ပဏီမှ တာဝန်ခံက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကို ဖော်ထုတ်ထားသည့် အမည်မဖော်လိုသည့် ပိုစ့်က အဓိက ဖိုရမ်များတွင် ပြန့်နှံ့လာသည်။

ထိုပိုစ့်များအောက်တွင် ပရော်ဖက်ရှင်နယ် ရေတပ်များ ထောက်ခံအားပေးနေကာ နာမည်ကြီးလာမှုမှာ မြင့်တက်လာသည်။ ကုမ္ပဏီနာမည်နှင့် တာဝန်ခံဒါရိုက်တာနာမည်ကို ဝါးထားသော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြထားပြီး စူးရှသည့်မျက်လုံးပိုင်ရှင် အင်တာနက်အသုံးပြုသူများက ချက်ချင်းပင် တစ်စုံတစ်ခုသော ကုမ္ပဏီနှင့် တာဝန်ခံဒါရိုက်တာကို ရွေးထုတ်လာသည်။

ထိုသူကား ထပ်ခါတလဲလဲ ကျူးလွန်သူဖြစ်ကာ ယခင်ဖြစ်ရပ်များရှိ နစ်နာသူများက တိတ်တဆိတ် နှုတ်ထွက်ရန် ရွေးချယ်ခဲ့ကြသည်။ ရဲတိုင်သူ တစ်ဦးသာရှိခဲ့သော်လည်း သက်သေအထောက်အထားမရှိသည်မို့ အမှုတည်ဆောက်နိုင်ခြင်းမရှိပေ။ လူများစွာက သူတို့၏ နှောက်ယှက်ခံရမှုအတွေ့အကြုံကို နာမည်ဝှက်ဖြင့် ထုတ်ဖော်ပြောဆိုလာသည်။

အကယ်၍ တရားဥပဒေက ထိုလူအား အပြစ်မပေးနိုင်လျှင် ပြည်သူလုထုက သူ့အလုပ် သူ လုပ်ပေမည်။ မကြာခင်မှာပင် ထိုကုမ္ပဏီကို ဘွဲ့ရပြီးသူများက သပိတ်မှောက်ကြသည်။ အထင်ကရ ကောလိပ်များနှင့် တက္ကသိုလ်များရှိ ကျောင်းသားများက သူတို့၏ ဂျူနီယာ ညီငယ်၊ ညီမငယ်များကို အလုပ်သင်အတွက် ထိုကုမ္ပဏီသို့ သွားရောက်ခြင်း မပြုရန် သတိပေးစကားဆိုသည်။

ကျောင်းများသည်ပင် ဘွဲ့နှင့်သဘင် အခမ်းအနားမကျင်းပခင် တရက်အလို၌ အလုပ်ခွင်ရှိ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုကို မည်ကဲ့သို့ တွန်းလှန်ရမည်နှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် နည်းလမ်းများကို ကျောင်းသားများအား သင်ကြားပေးသည်။

အစပထမပိုင်းတွင် ကုမ္ပဏီက စွပ်စွဲချက်များကို ငြင်းဆန်ခဲ့သော်လည်း ပရော်ဖက်ရှင်ရေတပ်များ၏ ပြင်းထန်သည့် တိုက်ခိုက်မှုကို သည်းမခံနိုင်တော့ပဲ ထိုတာဝန်ခံဒါရိုက်တာကို စစ်ဆေးရန် အလုပ်မှ ဆိုင်းငံ့လိုက်သည်။ ရလဒ်ကား မည်သို့ပင်ဖြစ်စေ ထိုကုမ္ပဏီရှေ့မဆက်နိုင်ခြင်းက မိန်းကလေးများစွာ၏ မတရားခံရမှုကို ရှောင်လွှဲပြီးသားဖြစ်သွားသည်။

လျန်ရှောင်ထန်က သုံးရက်တိတိ အိမ်တွင် အနားယူကာ မိဘများနှင့် ဆွေးနွေးပြီး နောက်ဆုံးတွင် အလုပ်မှ နှုတ်ထွက်ရန် ဆုံးဖြတ်သည်။ ကုမ္ပဏီထံ သူမ ထွက်စာ သွားတင်ချိန်ကြမှသာ တာဝန်ခံကို အလုပ်ဆိုင်းငံ့ထားမှန်း သိရှိသည်။

အဆောက်အအုံတစ်ခုလုံးကား အားလပ်ချိန်တွင် ထိုအကြောင်းကိုသာ ဆွေးနွေးနေသည်။

လျန်ရှောင်ထန် အွန်လိုင်းမတက်သည်မှာ ရက်အတော်ကြာပြီဖြစ်ပြီး သူမဖုန်းထုတ်ကာ ရှာဖွေကြည့်ချိန်တွင် ထိုပိုစ့်ကို မြင်လိုက်ရသည်။ သက်တမ်းရင့်ရှီးကွမ်းတစ်ယောက်ဖြစ်သည်နှင့်အညီ ရေတပ်အကောင့်များ၏ လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးကျွမ်းဝင်သည်။

ဘယ်သူကများ ဒီလိုပိုစ့်အတွက် ရေတပ်ဌားရမ်းရန် ငွေကုန်ခံမည်နည်း?

ရှာဖွေသူနေရာတွင် ရှန့်ချောင်၏ နာမည်ကို ရိုက်ထည့်နေသည့် သူမလက်ချောင်းများ တုန်ယင်နေသည်။ ဒီနာမည်ကို မြင်တွေ့ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ကျေးဇူးတင်စိတ်ဖြင့် ရှာဖွေသည်မှာမူ ဒီအကြိမ်က ပထမဆုံးဖြစ်သည်။

ရှန့်ချောင်၏ ပရိသတ်အင်အားမှာ ၁၀ မီလီယံကျော်နေလေပြီ။

သူမ မက်ဆေ့ချ်ပို့ရာနေရာကို ဖွင့်လိုက်ကာ စကားလုံး နှစ်လုံးချရေးသည်။ [Thank You]

ရှန့်ချောင်တွင် ဖန်များစွာရှိပြီး နေ့စဉ်နေ့တိုင်းပင် ထောင်ပေါင်းများစွာသော မက်ဆေ့ချ်များ လက်ခံရရှိသည်။ သူမ၏ ကျေးဇူးတင်စကား မက်ဆေ့ချ်ကို ရှန့်ချောင် ဘယ်တော့မှ မတွေ့ခြင်းမျိုး ဖြစ်နိုင်သည်။ ထို့ကြောင့် အနာဂတ်တွင် သူမကို နောက်ထပ်တကြိမ်တွေ့ဆုံခွင့်ရခဲ့လျှင် လျန်ရှောင်ထန်က ရှန့်ချောင်ကို ကျေးဇူးတင်ပါသည်ဟု ကိုယ်တိုင်ကိုယ်ကျ ပြောလိုသည်။

ထို့ပြင် တောင်းပန်ပါသည်ဟူ၍လည်း။

****
ရှန့်ချောင်က ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းမရှိသော်လည်း အင်တာနက်ပေါ်ရှိ အခြေအနေကို ဂရုတစိုက်ကြည့်ရှုသည်။ ရုပ်ရှင်ဧကရာဇ်ကို ပျိုးထောင်ခဲ့သည့် ရွှေရောင်မန်နေဂျာတစ်ယောက်အနေဖြင့် သူ့လက်ရာကား သေသပ်လှသည်။ ရှန့်ချောင် စိတ်ကျေနပ်စွာဖြင့် ကွန်ပျူတာပိတ်လိုက်သည်။

မနက်ဖြန်ကား 'Starlight Junior' တတိယပိုင်းထုတ်လွှင့်မှုအတွက် နောက်ဆုံးရိုက်ကူးရေးနေ့ဖြစ်သည်။ ပေ့မင်းဖန်က အထူးသဖြင့် ဖုန်းခေါ်လာကာ မည်ကဲ့သို့သော မကောင်းသည့်အလုပ်များမလုပ်ရန်နှင့် သူမ၏ သက်တန့်ချေးတုံးများသာ ရိုးရိုးရှင်းရှင်း ထုတ်လွှတ်ရန် လိုကြောင်းဆိုသည်။

တံခါးဘဲလ်မြည်ချိန်တွင် ရှန့်ချောင်က ဖုန်းဖြေနေဆဲဖြစ်ပြီး ဖုန်းပြောရင်း တံခါးဖွင့်ချိန်တွင် အံ့အားသင့်သွားရသည်။ တံခါးအပြင်ဘက်တွင် မုန့်ရှင်းချန်က နူးနူးညံ့ညံ့ပြုံးလျက် မတ်တပ်ရပ်နေသည်။

"စီနီယာမုန့်၊ ရှင်ပြန်လာပြီလား?"

ဖုန်းထဲမှ ပေ့မင်းဖန်က

"ရှင်းချန် ရောက်လာပြီလား၊ ဒါဆို ငါ မပြောတော့ဘူး၊ နင် သူ့ဆီက သင်တာကို အာရုံစိုက်၊ နောက်လကျရင် ဇာတ်လမ်းရိုက်ဖို့ ငါတို့ မျှော်မှန်းထားတယ်"

ရှန့်ချောင် ဖုန်းချလိုက်ကာ မုန့်ရှင်းချန်ကို အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်သည်။ ပုံမှန်အတိုင်းပင် သူ ဘာသောက်ချင်လဲ သူမ မေးမြန်းကာ လက်ဖက်ရည်ယူလာပြီး မှတ်စုစာအုပ်ထုတ်ယူလာသည်မှာ ကျောင်းသားကောင်းပမာ။

မုန့်ရှင်းချန်က သူမကို ခဏမျှစိုက်ကြည့်ကာ ဗီဒီယိုထဲရှိ မိန်းကလေးငယ်ကို အမှတ်ရရင်း သူ့ရှေ့ရှိ မျက်လွှာချထားသည့် မိန်းကလေးကို နှိုင်းယှဉ်လျှင် ကွဲပြားသော လူနှစ်ယောက်ဟုပင် ခံစားမိသည်။

သူက ခပ်ဖြေးဖြေးဆိုသည်။

"ငါ မရှိတုန်း မင်း အတော်လေး အလုပ်များနေတယ် ကြားတယ်"

ရှန့်ချောင် - "ကိစ္စအသေးလေးပါ၊ ဖြေရှင်းပြီးပြီ၊ စီနီယာ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်"

ကြည့်စမ်း၊ ထပ်ပြီး ဒီယဉ်ကျေးပြီး အနှောင်အဖွဲ့ကင်းတဲ့ စိတ်သဘောထားနဲ့၊ အဓိကအချက်မှာ ထိုအပြုအမူနှင့်ပတ်သက်ပြီး သူ အမှားတခုမှ မရှာနိုင်ခြင်းပင်။

သူမထံချန်ထားခဲ့သည့် ဇာတ်ညွှန်းတစိတ်တပိုင်းကို ရှန့်ချောင် သူ့ထံ ကမ်းပေးလာကာ အကြံဉာဏ်ကို အားတက်သရော မေးမြန်းသည်။

"စီနီယာမုန့်၊ ရှင်ခိုင်းတဲ့အတိုင်း အိမ်စာကို အကောင်းဆုံး လုပ်ထားတယ် ဒါပေမဲ့ ဘယ်နားမှားနေတာလဲ?"

မုန့်ရှင်းချန် သူ့အတွေးတို့ ရုတ်သိမ်းလိုက်ကာ တိတ်တဆိတ်ရယ်မောလိုက်ပြီး ဇာတ်ညွှန်းကို လှမ်းယူကာ ရှင်းပြသည်။

ရှန့်ချောင် ချက်ချင်းပင် သင်ယူသည့် စိတ်နေစိတ်ထားဖြစ်သွားကာ သူ့ရှင်းပြချက်ကို နားထောင်နေသည်မှာ တိမ်ရှင်းသွားသည့် လမင်းကို ကြည့်နေသည့်ဟန်။ နေ့လယ်ခင်းမှာ လျှင်မြန်စွာ ကုန်ဆုံးသွားကာ သူ ညစာအတွက် ထပ်နေဦးမလား ရှန့်ချောင် တွေးနေစဉ်မှာပင် စားပွဲပေါ်ရှိ ဖုန်းမြည်လာသည်။

မုန့်ရှင်းချန် လှမ်းကြည့်ကာ မည်သူဖုန်းခေါ်မှန်း သေချာမမြင်နိုင်ခင်မှာပင် အခန်းတဖက်ရှိ မိန်းကလေးက ဖုန်းကို ချက်ချင်းကောက်ယူရင်း ဆိုသည်။

"ဆောရီး၊ ကျွန်မ ဒီဖုန်းကိုင်မှ ရမှာမို့"

ထို့နောက် အိပ်ခန်းထဲထိ ဝင်ပြေးသွားသည်။

သူမမျက်ဝန်းထဲရှိ တည်ငြိမ်သည့်အမူအရာမှ စိတ်လှုပ်ရှားသည့် အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်ကို သူ သတိမပြုပဲ မနေနိုင်ချေ။

ဖုန်းဖြေပြီး ခဏအကြာတွင် သူမပြန်ထွက်လာကာ သူ့ထံဆိုလာသည်။

"စီနီယာမုန့်၊ ဒီနေ့ည ကျွန်မသူငယ်ချင်းက တွေ့ဖို့ ပြောလာလို့၊ ဒီညတော့ ညစာအတူမစားနိုင်တော့ဘူး၊ တောင်းပန်ပါတယ်"

မုန့်ရှင်းချန် ပြုံးရင်း

"ရတယ်လေ၊ ဒါဆို ငါ အခုပြန်တော့မယ်၊ နောက်နေ့တွေ့မယ်"

"အွန်း တာ့တာ စီနီယာ"

သူမ သူ့ကို တံခါးဝထိ လိုက်ပို့သည်။ ထိုအချိန်ခဏလေးအတွင်းတွင် သူ ဗီဒီယိုထဲတွင် မြင်ခဲ့ရသည့် တောက်ပသည့် ရှင်သန်မှုအလင်းတန်းကို သူမထံတွင် မြင်လိုက်ရသည်။ ကြည့်ရတာ သူ့ကြောင့် သူမက ထိုအလင်းကို ချိုးနှိမ်ထားခြင်း ဖြစ်ဟန်တူသည်။

မုန့်ရှင်းချန် အောက်ဆုံးကားပါကင်ထိ ဆင်းသွားကာ ကားထဲတွင် ထိုင်ရင်း စီးကရက်တလိပ်ကို မီးညှိလိုက်ပြီးနောက် ပြန်ဖို့ အလျင်မလိုချေ။

မကြာလှသော အချိန်၌ ကားမီးရောင်တစ်စုံက အမှောင်ကို ထိုးခွင်းလာပြီး ကားစက်သံညံညံကို ကြားလိုက်ရသည်။ ထိုကားက ပါကင်ထဲဝင်လာကာ အနီးနားတွင် နေရာယူသည်။ ကားထဲမှ အနက်ရောင်ထသွားထလာဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ထွက်လာသည်။ ထိုသူမှာ အရပ်မြင့်ပြီး သူ့ခေါင်းထက်တွင် ဦးထုပ်တစ်လုံးဆောင်းထားကာ ဓါတ်လှေကားဆီ ဦးတည်လျှောက်သွားသည်။

မုန့်ရှင်းချန်၏ အကြည့်မှာ ထိုသူနှင့်အတူ ဓါတ်လှေကားဝင်ပေါက်အထိ ရွေ့လျားလိုက်ပါသွားကာ မည်သည့်အချိန်ကတည်းက စောင့်ဆိုင်းနေမှန်း မသိသည့် ရှန့်ချောင်ကို ထိုနေရာတွင် မြင်လိုက်ရသည်။

သူမက တောင်ပံတဖျတ်ဖျတ်ခတ်နေတဲ့ ဌက်ငယ်ပမာပင်။ မီးအလင်းရောင်က ဖုံးကွယ်ရန်ခက်ခဲသည့် ချစ်ခြင်းမေတ္တာတို့ ပြည့်နှက်နေသည့် သူမမျက်နှာထက် ဖြာကျနေသည်။ သူတို့ ပြောနေသည်ကို မကြားရသော်လည်း သူမက ထိုလူထံ ချစ်ခင်မြတ်နိုးကာ အလေးအနက်ထားသည့်မျက်နှာနှင့် ကြည့်နေသည်မှာ  သူမရှေ့ရှိသူမှာ သူမ၏ ကမ္ဘာကြီးဖြစ်လေဟန်။

သူတို့နှစ်ယောက်လုံး ဓါတ်လှေကားထဲ ဝင်ရောက်သွားချိန်မှသာ မုန့်ရှင်းချန် စီးကရက်မီးငြှိမ်းလိုက်ပြီး ကားစက်နှိုးလိုက်သည်။

(ဟမ့်!! ဒီသစ္စာမရှိတဲ့ ကောင်မလေးကတော့!!)

****
ဘယ်သူများ မုန့်ရှင်းချန်ကို တာဝန်ယူချင်ကြလဲ?

မနေ့ကအကြွေးပါ။ ဒီနေ့အတွက် တပိုင်းထပ်လာပါမယ်။

****



{Zawgyi}

အပိုင္း ၄၃

လ်န္ေရွာင္ထန္မွာ ေၾကာက္ရြံ႕လြန္းလွသျဖင့္ သူမတစ္ကိုယ္လုံး အဆက္မျပတ္ တုန္ယင္ေနမွုေၾကာင့္ ဒီအေျခအေနတြင္ အလုပ္ဆက္လုပ္ရန္ မျဖစ္နိုင္ေတာ့တာမို႔ ရွန့္ေခ်ာင္က သူမကို အသံသြင္းစတူဒီယိုဆီ ေခၚသြားသည္။

ဝန္ထမ္းမ်ားကား ျပန္မလာၾကေသးေခ်။ ထို႔ေၾကာင့္ တစ္ခန္းလုံးတြင္ သူမတို႔ႏွစ္ဦးတည္းသာ ရွိသည္။ ရွန့္ေခ်ာင္ သူမအတြက္ ေရေႏြးတစ္ခြက္ ဌဲ့ထည့္ေပးလိုက္ကာ ခပ္တိုးတိုးေမးသည္။

"နင္ ခဏေလာက္ တစ္ေယာက္ထဲ ေနဖို႔ လိုလား?"

လ်န္ေရွာင္ထန္က တိတ္တဆိတ္ ေခါင္းညိတ္ျပသည္။

"အိုေက၊ ငါ အျပင္မွာ ရွိေနမယ္"

သူမ တံခါးဆြဲဖြင့္ကာ အျပင္ ထြက္လာသည္။

ဖန္းပိုင္က ေကာ္ရစ္ဒါတြင္ ဒါရိုက္တာ၏ လက္ေထာက္ထံ ယခုေလးတင္ျဖစ္ပ်က္ခဲ့သည္ကို ရွင္းျပေနသည္။ သူတို႔ႏွစ္ေယာက္စလုံးမွာ ငယ္ရြယ္သူမ်ားျဖစ္သည္မို႔ လြယ္လင့္တကူ ေဒါသထြက္လာသည္။ ရွန့္ေခ်ာင္ အျပင္ထြက္လာသည္ကို ျမင္လၽွင္ ႏွစ္ေယာက္လုံး အေလာတႀကီး ေမးလာသည္။

"ေကာင္မေလး ဘယ္လိုေနလဲ? အစ္မ တကယ္ပဲ ရဲမေခၚဘူးလား?"

"သူက ရဲမတိုင္ခ်င္ဘူး၊ ေလာေလာဆယ္ခဏေလာက္ သူ စိတ္ၿငိမ္သြားေအာင္ ေစာင့္ရေအာင္"

ဖန္းပိုင္ သူမထံ ခဏမၽွ စိုက္ၾကည့္ေနၿပီး ေနာက္ဆုံးတြင္ မေနနိုင္ပဲ ေဘးနားဆြဲေခၚကာ ေမးသည္။

"အစ္မေခ်ာင္ေခ်ာင္၊ သူက ရွီးကြမ္းမို႔လို႔ အစ္မ ကူညီတာလား?"

အခ်ိန္တခဏမၽွ ရွန့္ေခ်ာင္ အံ့အားသင့္သြားရၿပီး ခ်က္ခ်င္း ျပန္မေျဖေခ်။ ရွန့္ေခ်ာင္ ၾကမ္းျပင္ဆီ ငုံ႔ၾကည့္ၿပီးမွ တိုးတိုးျပန္ေျဖသည္။

"ေရွာင္ပိုင္၊ နင္ ျပင္းထန္တဲ့ ကူကယ္ရာမဲ့ အေျခအေနမ်ိဳး ၾကဳံဖူးလား? အဲ့ဒါက... ထြက္လမ္းမရွိပဲ ပိတ္မိေနၿပီး တခုထဲေသာ လမ္းကလည္း ငရဲဆီသြားတဲ့လမ္းျဖစ္ေနတာ"

ဖန္းပိုင္ ေတြးေတာလိုက္ကာ ေခါင္းယမ္းသည္။

"ငါ့အတြက္ အဆိုးဆုံးအခ်ိန္က အထက္တန္းေက်ာင္းေနာက္ဆုံးႏွစ္ပဲ"

သူမ အနည္းငယ္ရယ္ေမာလိုက္သည္။

"စီနီယာႏွစ္မွ ေမၽွာ္လင့္ခ်က္ရွိေသးတယ္၊ ဘယ္ခ်ိန္ၿပီးဆုံးမလဲဆိုတာကို နင္ ေရတြက္ၿပီး ေစာင့္ေမၽွာ္လို႔ ရေသးတယ္၊ တကယ့္ငရဲဘုံဆိုတာက လြတ္လမ္းလုံးဝမရွိဘူး၊ တစ္ေယာက္ေယာက္က လက္ကမ္းလာၿပီး နင့္ကို ဆြဲထုတ္ေပးဖို႔ ေမၽွာ္လင့္႐ုံပဲ တတ္နိုင္မယ္"

"အစ္မေခ်ာင္၊ အစ္မမွာ အဲ့လိုခ်ိန္ ရွိခဲ့ဖူးလား?"

(ငါ့မွာေရာ ရွိခဲ့ဖူးလား?)

သူမထံတြင္ ဒီလိုမ်ိဳး မရွိခဲ့ဖူးတာ ဘယ္လိုမ်ား ျဖစ္နိုင္ပါ့မလဲ?

သူမ ရွန့္ေခ်ာင္ျဖစ္လာမွန္း သိလိုက္ရသည့္ေန႔၊ ကမၻာေပၚမွ သူမ ေပ်ာက္ကြယ္သြားသည့္ေန႔၊ ထို႔ျပင္ သူမမိဘႏွစ္ပါးႏွင့္ အစ္ကိုျဖစ္သူက သူမထံ စိမ္းကားသည့္ အၾကည့္ေတြႏွင့္ ၾကည့္လာသည့္ေန႔။

သူမ ကူကယ္ရာမဲ့လြန္းခဲ့ရသျဖင့္ ထိုေန႔ကို သူမ လုံးဝမမွတ္မိခ်င္ေပ။

ထိုအခ်ိန္ခဏတြင္ တစ္စုံတစ္ေယာက္က သူမဆီ လက္ကမ္းလာကာ ဘာဆက္လုပ္သင့္သည္ဟု ေျပာလာေပးရန္ ေမၽွာ္လင့္ခဲ့ဖူးသည္။

ရွန့္ေခ်ာင္ ျပဳံးရင္း ေခါင္းခါသည္။

"မရွိဘူး၊ တကယ္လို႔ တေန႔က် ငါ ဒီလိုအေျခအေနမ်ိဳး ေရာက္ခ်ိန္က်ရင္ ဒီေန႔ ငါလုပ္ခဲ့သလိုမ်ိဳး တစ္ေယာက္ေယာက္က ေဖးကူေပးဖို႔ ေမၽွာ္လင့္႐ုံပဲ၊ ငါ့အတြက္ငါ လုပ္တယ္ပဲ ေတြးၾကပါစို႔"

ဖန္းပိုင္က ေခါင္းတညိတ္ညိတ္ျဖင့္ နားလည္ဟန္ေပၚသည္။ ထို႔ေနာက္ တစ္စုံတစ္ခုကို သူ ေတြးမိသြားကာ ထူးဆန္းသည့္ မ်က္ႏွာျဖင့္ ဆိုသည္။

"အစ္မရွန့္ေခ်ာင္၊ ဒီေန႔လိုမ်ိဳး ထပ္မဆဲနဲ႔ေတာ့... ဒါက အစ္မပုံရိပ္ကို အရမ္းထိခိုက္တယ္!"

ေက်ာက္ကပ္ပ်က္စီး၊ ပန္းေသပန္းညႇိုး၊ သုတ္လႊတ္ေစာ၊ ဒီစကားလုံးေတြ ေပါင္းစပ္မွုရဲ့ အက်ိဳးသက္ေရာက္ခ်က္က ေသေလာက္တယ္!! ဒါက က်ိန္းေသေပါက္ ေယာက်္ားတစ္ေယာက္ရဲ့ ႏွလုံးသားကို ထိုးေဖာက္ပစ္နိုင္တဲ့ ဓါးပဲ!!"

သူမအား ရိုးရွင္းစြာပင္ ဘာသာေဗဒဉာဏ္ႀကီးရွင္ဟု ေခၚဆိုနိုင္သည္။ ခ်ီးမြမ္းစကားေရာ ဆဲဆိုျခင္းပါ တစ္ခ်ိန္ထဲမွာ ဘယ္လိုမ်ား ကၽြမ္းက်င္ေနရတာလဲ?

ရွန့္ေခ်ာင္ - "ငါဆူဆဲၿပီး က်ိန္ေပမဲ့ ငါက မိန္းမေကာင္းေလး"

ဖန္းပိုင္ - "..... အင္း အင္း ဟုတ္ပါတယ္"

သိပ္မၾကာခင္မွာပင္ အသံသြင္းခန္း၏ တံခါးပြင့္လာကာ လ်န္ေရွာင္ထန္က တံခါးဝတြင္ ရပ္ရင္း ႏွုတ္ခမ္းတင္းတင္းေစ့ကာ ေလသံတိုးတိုးျဖင့္ ဆိုသည္။

"ရွန့္ေခ်ာင္.... က်ဲ၊ ေစာနကအတြက္ ေက်းဇူးတင္ပါတယ္"

ရွန့္ေခ်ာင္ ျပဳံးကာ အနားေလၽွာက္သြားရင္း ေမးသည္။

"ေနလို႔ သက္သာလား?"

"အင္း"

"အလုပ္ဆီ ျပန္သြားခ်င္လား?"

လ်န္ေရွာင္ထန္၏ မ်က္ဝန္းတို႔ နီရဲေနသည္။

"ျပန္မသြားခ်င္ဘူး၊ ဒါမဲ့ ငါ့ရဲ့ အလုပ္သင္ရီပို႔ကို ဘယ္လိုလုပ္မလဲ....."

တကၠသိုလ္ေက်ာင္းစည္းကမ္းခ်က္မွာ အလုပ္သင္ရီပို႔မပါပဲ ဘြဲ႕မေပးေခ်။ ထို႔ျပင္ ယခုခ်ိန္၌ အလုပ္အသစ္ရွာေဖြရန္လည္း အခ်ိန္မမွီေတာ့။

ရွန့္ေခ်ာင္ - "ဒါဆို ရဲတိုင္ၿပီး သူ႔ကို ဖမ္းခိုင္းလိုက္၊ ၿပီးရင္ နင့္အလုပ္သင္ၿပီးတဲ့အထိ ဆက္လုပ္လို႔ ရၿပီ"

"မျဖစ္ဘူး၊ ဘာသက္ေသမွ မရွိဘူး"

သူမက ေခါင္းယမ္းကာ ငိုခ်ေတာ့မည့္ပုံစံျဖစ္သည္။ အဆုံးတြင္ေတာ့ သူမက ဘြဲ႕မရေသးသည့္မိန္းကေလးငယ္မၽွသာျဖစ္ၿပီး ဘဝအေတြ႕အၾကဳံမရွိေသးေပ။

ငိုရွိုက္ရင္းႏွင့္ပင္ လ်န္ေရွာင္ထန္က

"အရင္က အလုပ္သင္ေတြလည္း သူအနိုင္က်င့္တာ ခံရဖူးတယ္၊ ရဲတိုင္လို႔လည္း အက်ိဳးမရွိဘူး၊ ဘာသက္ေသမွ မရွိဘူး၊ ၿပီးေတာ့ သူ႔မိသားစုကလည္း ကုမၸဏီရဲ့ ရွယ္ယာရွင္ေတြ၊ ကုမၸဏီကို မဝင္ခင္အထိ ဒီအေၾကာင္းေတြ မသိခဲ့ဘူး၊ ပုံမွန္ဆို ငါတို႔ သူ႔ကို ေရွာင္ေလ့ရွိတယ္၊ အရင္ကလည္း ငါ့ကို ႐ုံးခန္းဆီ ေခၚဖူးတယ္၊ အႀကိမ္တိုင္း ငါ အရမ္းေၾကာက္ေနေပမဲ့ အရင္ကေတာ့ ဘာမွ မလုပ္ဖူးဘူး......"

သူတို႔ကိုယ္တိုင္မၾကဳံေတြ႕ရေသးသည္မို႔ သူတို႔အလွည့္ေရာက္လာမည္မဟုတ္ဟု ႏုံႏုံအအေတြးေတာေနျခင္းျဖစ္သည္။

ရွန့္ေခ်ာင္ သက္ျပင္းခ်ကာ တစ္ရွူးထုတ္ယူလိုက္ၿပီး မ်က္ရည္သုတ္ေပးလိုက္သည္။

"ေကာင္းၿပီ ေကာင္းၿပီ၊ မငိုနဲ႔ေတာ့၊ နင့္အျပစ္မဟုတ္ဘူးေနာ္"

လ်န္ေရွာင္ထန္၏ စိတ္အေျခအေနတည္ၿငိမ္သြားခ်ိန္မွ ရွန့္ေခ်ာင္ သူမကို ေမးလိုက္သည္။

"ဒါဆို ငါ နင့္ကို ေမးမယ္၊ တကယ္လို႔ ငါရဲဆီ ဖုန္းဆက္ၿပီး ငါ့ရဲ့ မင္းသမီးဆိုတဲ့ နာမည္ကို သုံးၿပီး လူထုအျမင္မွာ နာမည္ပ်က္ေစၿပီး သူအလုပ္ထြက္ရေအာင္ လုပ္ရင္ နင္ တရား႐ုံးမွာ သက္ေသထြက္ဆိုရဲလား?"

လ်န္ေရွာင္ထန္က လက္အခ်င္းခ်င္းဆုပ္နယ္ေနရင္း သူမႏွုတ္ခမ္းေတြ ျဖဴေဖ်ာ့သြားသည္။ အခ်ိန္အေတာ္ၾကာမွ တုန္ယင္တႀကီး ဆိုလာသည္။

"ေတာင္းပန္ပါတယ္... ငါ မလုပ္ခ်င္...."

မ်က္ႏွာေပၚ မ်က္ရည္အျပည့္ျဖင့္ ရွန့္ေခ်ာင္ထံ ေမာ့ၾကည့္လာသည္။

"ငါ ေတာင္းပန္ပါတယ္၊ ငါ တကယ္ေတာင္းပန္ပါတယ္...."

ရွန့္ေခ်ာင္ သူမေခါင္းကို ထိေတြ႕လိုက္သည္။

"နင္ ဘာအမွားမွ မလုပ္ထားတဲ့အတြက္ ေတာင္းပန္စရာမလိုဘူး၊ အခု ငါ့လက္ေထာက္ကို နင့္အစား ခြင့္ယူခိုင္းလိုက္မယ္၊ နင္ အိမ္အရင္ျပန္၊ ဒီကိစၥကို မိဘေတြနဲ႔ ေဆြးေႏြးၿပီး အေျဖရွာလိုက္ ဟုတ္ၿပီလား?"

"အိုေက..."

လ်န္ေရွာင္ထန္၏ ႐ုံးခန္းတည္ရွိရာ အထပ္ကို ေမးျမန္းၿပီးေနာက္ ဖန္းပိုင္ကို သူမ၏ အစ္ကိုအျဖစ္ ဟန္ေဆာင္ေစကာ ခြင့္ယူခိုင္းသည္။

ဖန္းပိုင္ - "ခြင့္ယူတဲ့ အေၾကာင္းျပခ်က္က ဘာလဲ?"

ရွန့္ေခ်ာင္ ေအးစက္စြာ ဆိုလိုက္သည္။

"ေခြးကိုက္ခံရလို႔"

အိမ္ျပန္ရန္ လ်န္ေရွာင္ထန္ ကားေခၚလိုက္ၿပီးေနာက္ အလုပ္ျပန္စရန္ ဝန္ထမ္းတစ္ေယာက္ၿပီးတစ္ေယာက္ အသံလႊင့္ခန္းဆီ ျပန္ေရာက္လာသည္။ ရွန့္ေခ်ာင္၏ ေၾကာ္ျငာစာသားမွာ မ်ားမ်ားစားစားမက်န္လွပဲ တစ္နာရီမၾကာခင္မွာပင္ အလုံးစုံၿပီးစီးသြားသည္။

ကားေမာင္းကာ ရွန့္ေခ်ာင္ကို အိမ္ျပန္ပို႔ခ်ိန္တြင္ ဖန္းပိုင္က မေက်မခ်မ္းျဖစ္ေနဆဲ။

"ဒီလိုေအာက္တန္းစားမ်ိဳး၊ သူ႔လိုလူမ်ိဳးကို ရဲလက္ေခၚအပ္သင့္တယ္!! အစ္မေခ်ာင္ေခ်ာင္ သူ ရဲမေခၚခ်င္ဘူးေျပာတုန္းက ဘာလို႔ နားေထာင္လိုက္တာလဲ! အစ္မက သူ႔အစားေတာင္ ဝင္ကူညီခ်င္ေနေသးတယ္"

"သူ႔မွာလည္း အေၾကာင္းရွိမွာေပါ့၊ ဒါက သူ႔ဘဝေလ၊ ငါတို႔ သူ႔အစား ဝင္ဆုံးျဖတ္ေပးပိုင္ခြင့္ မရွိဘူး"

ေနာက္ခံအင္အားမရွိသူအေနႏွင့္ အပ်ံသင္စဌက္ငယ္ပမာ မိန္းကေလးငယ္မ်ားမွာ ဒီလူမွုအသိုင္းအဝိုင္းတြင္ အသာစီးယူနိုင္သည္ဟူ၍ မရွိေပ။ သူမသာ ခြန္အားမဲ့လၽွင္ အႀကိမ္ေပါင္းမ်ားစြာပင္ သူမႏွင့္ မသက္ဆိုင္သည့္ သံသယႏွင့္ စြပ္စြဲမွုမ်ားကို လက္သင့္ခံရေပမည္။ ၿမိဳ႕ေတာ္တြင္ ေနထိုင္ျခင္း၌ ေတာင့္ခံနိုင္ရန္အတြက္ပင္ ခြန္အားလိုအပ္သည္။

"ဒါဆို အဲ့ဒီတာဝန္ခံကို ဒီတိုင္း လႊတ္လိုက္မွာလား? ေနာက္က် သူ တျခားလူေတြကို ထပ္အနိုင္က်င့္ရင္ ဘယ္လိုလုပ္မလဲ?"

ရွန့္ေခ်ာင္ ရယ္ေမာကာ သက္ျပင္းခ်သည္။

"ေရွာင္ပိုင္၊ နင္က လက္ေထာက္အျဖစ္ မကၽြမ္းက်င္ရင္ ေနာင္က် Avengers ထဲ ဝင္လို႔ရတယ္၊ နင့္နာမည္က Justice Man ျဖစ္သင့္တယ္"

ရယ္ေမာရင္း သူမနဖူးေထာင့္စြန္းကို ရွန့္ေခ်ာင္ ဖိႏွိပ္လိုက္သည္။

"ငါ တျခားနည္းလမ္း စဥ္းစားပါ့မယ္"

အိမ္ေရာက္ခ်ိန္တြင္ အင္တနက္အေပၚ၌ လ်န္ေရွာင္ထန္၏ ကုမၸဏီႏွင့္ ထို ဝန္ထမ္းနာမည္ကို ရိုက္ရွာလိုက္သည္။ ယင္းကုမၸဏီမွာ ေသးငယ္လွသည္မဟုတ္၊ လုပ္ကိုင္ခဲ့သည့္ ပေရာဂ်က္နာမည္ေပါင္းမ်ားစြာ ေပၚထြက္လာသည္။ သို႔ရာတြင္ ထိုတာဝန္ခံႏွင့္ ပတ္သက္၍မူ သူမ မည္သည့္သတင္းအခ်က္အလက္မွ ရွာမေတြ႕ေခ်။

ယခင္က အနိုင္က်င့္ခံခဲ့ရသည့္ အလုပ္သင္မ်ားမွာ တိတ္တဆိတ္ သည္းခံေရငုံႏွုတ္ပိတ္ေနမည္မွာ ေမၽွာ္လင့္ထားေသာ ကိစၥပင္။

အေတာ္ေလးနာမည္ေက်ာ္ၾကားသည့္ တကၠသိုလ္ေက်ာင္းသားဖိုရမ္ထဲ ရွန့္ေခ်ာင္ ေမႊေႏွာက္ရွာေဖြလိုက္သည္။ ဘြဲ႕ရၿပီးစလူငယ္မ်ားက သူတို႔၏ အေတြ႕အၾကဳံမ်ားကို ေဝမၽွထားၿပီး ေစာဒဂတက္ထားသလို အခ်င္းခ်င္းလည္း ႏွစ္သိမ့္ေပးၾကသည္။

ခဏမၽွ ေတြးေတာၿပီးေနာက္ သူမ ေပ့မင္းဖန္ဆီ ဖုန္းေခၚလိုက္သည္။

"နင့္မွာ ရွိတဲ့ ေရတပ္၊ ငါ့ကို ခဏဌားလို႔ ရမလား?"

ေပ့မင္းဖန္ - "နင္ ဘယ္သူ႔ကို အပုပ္ခ်ခ်င္တာလဲ? ငါ့လက္ထဲမွာ ဘာသတင္းရွိလဲ အရင္ၾကည့္ေပးမယ္"

ရွန့္ေခ်ာင္ - "....."

သူမ သူ႔ကို လ်န္ေရွာင္ထန္အေၾကာင္း ေျပာျပလိုက္ကာ သူက ဖုန္းထဲမွ သက္ျပင္းခ်သည္။

"နင္ေျပာစမ္း၊ နင္က တရားမၽွတေရး ဥပေဒ ဘက္ေတာ္သားလား? နင့္ ကိုယ္နင္ တကယ္ပဲ လူထုအက်ိဳးေဆာင္ ထင္ေနတာလား? ရွန့္ေခ်ာင္၊ နင္ ဘယ္လိုမ်ား ငါ့ဆီက ေရတပ္လာဌားရဲတာလဲ? နင္ ဒီေန႔ ငါ့ကို ဘယ္ေလာက္ျပႆနာရွာလဲ သိလား? နင္ ဘယ္္လိုမ်ား အဲ့လိုလုပ္ရတာလဲ? တကယ္ပဲ အဆင္အျခင္မရွိလိုက္တာ"

"ထပ္မလုပ္ေတာ့ဘူး၊ ငါမွားသြားတယ္၊ ေတာင္းပန္တယ္ေနာ္၊ ဒါဆို ငါ ေရတပ္ဌားလို႔ ရၿပီလား?"

".... အဲ့ကိစၥ စိတ္မပူနဲ႔၊ ငါ လုပ္လိုက္မယ္"

ရွန့္ေခ်ာင္က သံသယမကင္းျဖစ္ေနဆဲ။

"နင္ လုပ္နိုင္လို႔လား?"

ေပ့မင္းဖန္ မွင္သက္သြားသည္။

"အနည္းဆုံးေတာ့ ငါ့မွာ သမီးရွိတယ္၊ ငါ့သမီး ႀကီးျပင္းတဲ့ လမ္းေၾကာင္းကို ႀကိဳရွင္းေပးတယ္လို႔ သေဘာထားတာေပါ့"

ခဏတုံ႔သြားၿပီးေနာက္ သူဆက္ဆိုသည္။

"အလယ္ေခတ္သူေတာ္ေကာင္းမႀကီးေရ၊ ေက်းဇူးျပဳၿပီး ငါ နင့္ကို ေတာင္းပန္ပါရေစ၊ ေနာင္က် နင္ဒီလိုျဖစ္ရပ္မ်ိဳး ၾကဳံရင္ နင္ စိတ္လိုက္မာန္ပါမလုပ္ပဲ ငါေျဖရွင္းဖို႔ ထားေပးလို႔ ရမလား? နင္က မင္းသမီးမွန္း ကိုယ့္ကိုယ္ကိုယ္ သိတယ္မလား?"

ရွန့္ေခ်ာင္ - "....အေျခအေနက ႐ုတ္တရက္ျဖစ္သြားတာ၊ ငါ တကယ္ပဲ စိတ္ေလာသြားတာပါ၊ ငါေတာင္းပန္ပါတယ္"

(အေခါက္တိုင္း နင္ ဒီေလာက္ ျမန္ျမန္ေတာင္းပန္တာက ဘာကိုမွ မေျပာင္းလဲေစနိုင္ဘူးလို႔!!!)

ေပ့မင္းဖန္ခမ်ာ သူမေၾကာင့္ ေဒါသထြက္လြန္းသျဖင့္ အသက္ရွူပင္ၾကပ္လာသည္။ ထို႔ေၾကာင့္ ထိုေန႔လယ္ခင္း မုန့္ရွင္းခ်န္ သူ႔ဆီ ဖုန္းဆက္လာခ်ိန္တြင္ မေနနိုင္ပဲ ညည္းညဴလိုက္သည္။

"မင္း ငါ့ကို မိတ္ဆက္ေပးတဲ့ ဒီမိန္းကေလးက တကယ့္ကိုပဲ၊ ငါ အႏုပညာရွင္အမ်ားႀကီး ပ်ိဳးေထာင္ဖူးေပမဲ့ ဒီေလာက္ထိ ျပႆနာရွာၿပီး တရားနည္းလမ္းက်တဲ့ သူမ်ိဳး မျမင္ဖူးဘူး"

မုန့္ရွင္းခ်န္ ဖုန္းထဲမွ သေဘာတက် ရယ္ေမာသည္။

"အဲ့ဒီေကာင္မေလးက ခင္မ်ားကို ဘာလုပ္လို႔လဲ?"

ေပ့မင္းဖန္က သူ႔ကို တိုက္ရိုက္ထုတ္လႊင့္မွုတြင္ ျဖစ္ပြါးခဲ့သည့္ ခိုးကူးကိစၥႏွင့္ ဒီေန႔ျဖစ္ခဲ့သမၽွကို ေျပာျပသည္။

"ငါတို႔ ၾကင္နာတတ္တဲ့အေၾကာင္း ေျပာမယ္ဆိုရင္ညသူက တကယ့္ကို ၾကင္နာတတ္တဲ့သူ၊ ဒါေပမဲ့ ဒီေလာကထဲမွာ မင္းေျပာၾကည့္၊ ၾကင္နာတတ္တဲ့သူေတြက အပစ္ပယ္ခံရတယ္၊ သူက လူသစ္လည္း မဟုတ္ပဲနဲ႔ သူ ဘယ္လိုမ်ား ဒီလိုလုပ္နိုင္တာလဲ?"

အခ်ိန္အေတာ္ၾကာသည္အထိ သူ တညည္းတညဴ ဆိုၿပီးေနာက္ မုန့္ရွင္းခ်န္ ျပန္ေျဖသည္ကို ၾကားလိုက္သည္။

"ျဖစ္နိုင္တာက သူက အခ်ိန္အၾကာႀကီး အေမွာင္ထဲေနခဲ့ရလို႔ ထပ္ၿပီး ေမွာင္မိုက္တာေတြကို သည္းမခံနိုင္ေတာ့တာ ထင္တယ္"

ေပ့မင္းဖန္ ေအးခဲသြားသည္။ သူမ၏ ယခင္က အတင္းအဖ်င္းအားလုံးကို အမွတ္ရလိုက္ၿပီး ေနာက္ဆုံးတြင္ ထပ္မဆိုေတာ့ေခ်။

ဖုန္းခ်ၿပီးေနာက္ မုန့္ရွင္းခ်န္ ေတြးေတာလိုက္ကာ သူ႔ဖုန္းကို ဖြင့္ၿပီး 'ရွန့္ေခ်ာင္ ခိုးကူးကိစၥ" ဟု ရိုက္ထည့္လိုက္သည္။ သတင္းဗီဒီယိုမ်ားက ေဖာင့္ဆိုဒ္အႀကီးျဖင့္ အလ်င္အျမန္ေပၚထြက္လာကာ သူ ဗီဒီယိုတစ္ခုကို ႏွိပ္ကာ ဝင္ၾကည့္လိုက္သည္။

သူ သုံးႀကိမ္တိတိ ၾကည့္ရွုသည္။

အဲ့ဒီ စိတ္လွုပ္ရွားႀကီးေနတဲ့ ေဒါသပုန္ထေနတဲ့ မိန္းမငယ္ေလးက လြန္ခဲ့တဲ့ ႏွစ္ရက္က သူ႔ေရွ႕ရွိ ႏူးညံ့ၿပီး သိမ္ေမြ႕တဲ့ မိန္းကေလးတဲ့လား?

ရွန့္ေခ်ာင္က ေျပာင္းလဲသြားၿပီဟု သူ အျမဲခံစားေနရသလို သူ႔ေရွ႕ရွိ 'သူမ'က သူ႔အေပၚ ရိုးသားမွုမရွိဟု ခံစားေနရသည္။

သို႔ေသာ္ ဗီဒီယိုထဲရွိ ထိုအခ်ိန္ခဏတြင္ ဂါဝန္မကာ စင္ေပၚသို႔ေျပးတက္သြားသည့္ လက္ေထာက္ႏွစ္ေယာက္ ဆြဲခ်ရသည့္ မိန္းကေလးငယ္မွာ ေတာက္ပသည့္အလင္းတန္းပမာ လန္းဆန္းလြန္းလွသျဖင့္ အနီးနားရွိ လူမ်ားမွာ အဆြဲေဆာင္မခံရပဲ မေနနိုင္ေခ်။

(သူေျပာေနတဲ့ သီခ်င္းနာမည္က ဘာတဲ့လဲ? Wind & Cold?)

(ေဟာ့ရွီး?)

(အဲ့ဒီနာမည္ႀကီး အိုင္ေဒါလ္လား?)

.......

....

ညအခ်ိန္တြင္ အမ်ိဳးသမီးဝန္ထမ္းအား နာမည္ႀကီး မီဒီယာကုမၸဏီမွ တာဝန္ခံက လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မွုကို ေဖာ္ထုတ္ထားသည့္ အမည္မေဖာ္လိုသည့္ ပိုစ့္က အဓိက ဖိုရမ္မ်ားတြင္ ျပန့္ႏွံ့လာသည္။

ထိုပိုစ့္မ်ားေအာက္တြင္ ပေရာ္ဖက္ရွင္နယ္ ေရတပ္မ်ား ေထာက္ခံအားေပးေနကာ နာမည္ႀကီးလာမွုမွာ ျမင့္တက္လာသည္။ ကုမၸဏီနာမည္ႏွင့္ တာဝန္ခံဒါရိုက္တာနာမည္ကို ဝါးထားေသာ္လည္း အေသးစိတ္အခ်က္အလက္မ်ားကို ေဖာ္ျပထားၿပီး စူးရွသည့္မ်က္လုံးပိုင္ရွင္ အင္တာနက္အသုံးျပဳသူမ်ားက ခ်က္ခ်င္းပင္ တစ္စုံတစ္ခုေသာ ကုမၸဏီႏွင့္ တာဝန္ခံဒါရိုက္တာကို ေရြးထုတ္လာသည္။

ထိုသူကား ထပ္ခါတလဲလဲ က်ဴးလြန္သူျဖစ္ကာ ယခင္ျဖစ္ရပ္မ်ားရွိ နစ္နာသူမ်ားက တိတ္တဆိတ္ ႏွုတ္ထြက္ရန္ ေရြးခ်ယ္ခဲ့ၾကသည္။ ရဲတိုင္သူ တစ္ဦးသာရွိခဲ့ေသာ္လည္း သက္ေသအေထာက္အထားမရွိသည္မို႔ အမွုတည္ေဆာက္နိုင္ျခင္းမရွိေပ။ လူမ်ားစြာက သူတို႔၏ ေႏွာက္ယွက္ခံရမွုအေတြ႕အၾကဳံကို နာမည္ဝွက္ျဖင့္ ထုတ္ေဖာ္ေျပာဆိုလာသည္။

အကယ္၍ တရားဥပေဒက ထိုလူအား အျပစ္မေပးနိုင္လၽွင္ ျပည္သူလုထုက သူ႔အလုပ္ သူ လုပ္ေပမည္။ မၾကာခင္မွာပင္ ထိုကုမၸဏီကို ဘြဲ႕ရၿပီးသူမ်ားက သပိတ္ေမွာက္ၾကသည္။ အထင္ကရ ေကာလိပ္မ်ားႏွင့္ တကၠသိုလ္မ်ားရွိ ေက်ာင္းသားမ်ားက သူတို႔၏ ဂ်ဴနီယာ ညီငယ္၊ ညီမငယ္မ်ားကို အလုပ္သင္အတြက္ ထိုကုမၸဏီသို႔ သြားေရာက္ျခင္း မျပဳရန္ သတိေပးစကားဆိုသည္။

ေက်ာင္းမ်ားသည္ပင္ ဘြဲ႕ႏွင့္သဘင္ အခမ္းအနားမက်င္းပခင္ တရက္အလို၌ အလုပ္ခြင္ရွိ လိင္ပိုင္းဆိုင္ရာေႏွာက္ယွက္မွုကို မည္ကဲ့သို႔ တြန္းလွန္ရမည္ႏွင့္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္နိုင္မည့္ နည္းလမ္းမ်ားကို ေက်ာင္းသားမ်ားအား သင္ၾကားေပးသည္။

အစပထမပိုင္းတြင္ ကုမၸဏီက စြပ္စြဲခ်က္မ်ားကို ျငင္းဆန္ခဲ့ေသာ္လည္း ပေရာ္ဖက္ရွင္ေရတပ္မ်ား၏ ျပင္းထန္သည့္ တိုက္ခိုက္မွုကို သည္းမခံနိုင္ေတာ့ပဲ ထိုတာဝန္ခံဒါရိုက္တာကို စစ္ေဆးရန္ အလုပ္မွ ဆိုင္းငံ့လိုက္သည္။ ရလဒ္ကား မည္သို႔ပင္ျဖစ္ေစ ထိုကုမၸဏီေရွ႕မဆက္နိုင္ျခင္းက မိန္းကေလးမ်ားစြာ၏ မတရားခံရမွုကို ေရွာင္လႊဲၿပီးသားျဖစ္သြားသည္။

လ်န္ေရွာင္ထန္က သုံးရက္တိတိ အိမ္တြင္ အနားယူကာ မိဘမ်ားႏွင့္ ေဆြးေႏြးၿပီး ေနာက္ဆုံးတြင္ အလုပ္မွ ႏွုတ္ထြက္ရန္ ဆုံးျဖတ္သည္။ ကုမၸဏီထံ သူမ ထြက္စာ သြားတင္ခ်ိန္ၾကမွသာ တာဝန္ခံကို အလုပ္ဆိုင္းငံ့ထားမွန္း သိရွိသည္။

အေဆာက္အအုံတစ္ခုလုံးကား အားလပ္ခ်ိန္တြင္ ထိုအေၾကာင္းကိုသာ ေဆြးေႏြးေနသည္။

လ်န္ေရွာင္ထန္ အြန္လိုင္းမတက္သည္မွာ ရက္အေတာ္ၾကာၿပီျဖစ္ၿပီး သူမဖုန္းထုတ္ကာ ရွာေဖြၾကည့္ခ်ိန္တြင္ ထိုပိုစ့္ကို ျမင္လိုက္ရသည္။ သက္တမ္းရင့္ရွီးကြမ္းတစ္ေယာက္ျဖစ္သည္ႏွင့္အညီ ေရတပ္အေကာင့္မ်ား၏ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ရင္းႏွီးကၽြမ္းဝင္သည္။

ဘယ္သူကမ်ား ဒီလိုပိုစ့္အတြက္ ေရတပ္ဌားရမ္းရန္ ေငြကုန္ခံမည္နည္း?

ရွာေဖြသူေနရာတြင္ ရွန့္ေခ်ာင္၏ နာမည္ကို ရိုက္ထည့္ေနသည့္ သူမလက္ေခ်ာင္းမ်ား တုန္ယင္ေနသည္။ ဒီနာမည္ကို ျမင္ေတြ႕ရသည္မွာ သူမအတြက္ ပထမဆုံးအႀကိမ္ မဟုတ္ေသာ္လည္း ေက်းဇူးတင္စိတ္ျဖင့္ ရွာေဖြသည္မွာမူ ဒီအႀကိမ္က ပထမဆုံးျဖစ္သည္။

ရွန့္ေခ်ာင္၏ ပရိသတ္အင္အားမွာ ၁၀ မီလီယံေက်ာ္ေနေလၿပီ။

သူမ မက္ေဆ့ခ်္ပို႔ရာေနရာကို ဖြင့္လိုက္ကာ စကားလုံး ႏွစ္လုံးခ်ေရးသည္။ [Thank You]

ရွန့္ေခ်ာင္တြင္ ဖန္မ်ားစြာရွိၿပီး ေန႔စဥ္ေန႔တိုင္းပင္ ေထာင္ေပါင္းမ်ားစြာေသာ မက္ေဆ့ခ်္မ်ား လက္ခံရရွိသည္။ သူမ၏ ေက်းဇူးတင္စကား မက္ေဆ့ခ်္ကို ရွန့္ေခ်ာင္ ဘယ္ေတာ့မွ မေတြ႕ျခင္းမ်ိဳး ျဖစ္နိုင္သည္။ ထို႔ေၾကာင့္ အနာဂတ္တြင္ သူမကို ေနာက္ထပ္တႀကိမ္ေတြ႕ဆုံခြင့္ရခဲ့လၽွင္ လ်န္ေရွာင္ထန္က ရွန့္ေခ်ာင္ကို ေက်းဇူးတင္ပါသည္ဟု ကိုယ္တိုင္ကိုယ္က် ေျပာလိုသည္။

ထို႔ျပင္ ေတာင္းပန္ပါသည္ဟူ၍လည္း။

****
ရွန့္ေခ်ာင္က ကိုယ္တိုင္ ပါဝင္ပတ္သက္ျခင္းမရွိေသာ္လည္း အင္တာနက္ေပၚရွိ အေျခအေနကို ဂ႐ုတစိုက္ၾကည့္ရွုသည္။ ႐ုပ္ရွင္ဧကရာဇ္ကို ပ်ိဳးေထာင္ခဲ့သည့္ ေရႊေရာင္မန္ေနဂ်ာတစ္ေယာက္အေနျဖင့္ သူ႔လက္ရာကား ေသသပ္လွသည္။ ရွန့္ေခ်ာင္ စိတ္ေက်နပ္စြာျဖင့္ ကြန္ပ်ဴတာပိတ္လိုက္သည္။

မနက္ျဖန္ကား 'Starlight Junior' တတိယပိုင္းထုတ္လႊင့္မွုအတြက္ ေနာက္ဆုံးရိုက္ကူးေရးေန႔ျဖစ္သည္။ ေပ့မင္းဖန္က အထူးသျဖင့္ ဖုန္းေခၚလာကာ မည္ကဲ့သို႔ေသာ မေကာင္းသည့္အလုပ္မ်ားမလုပ္ရန္ႏွင့္ သူမ၏ သက္တန့္ေခ်းတုံးမ်ားသာ ရိုးရိုးရွင္းရွင္း ထုတ္လႊတ္ရန္ လိုေၾကာင္းဆိုသည္။

တံခါးဘဲလ္ျမည္ခ်ိန္တြင္ ရွန့္ေခ်ာင္က ဖုန္းေျဖေနဆဲျဖစ္ၿပီး ဖုန္းေျပာရင္း တံခါးဖြင့္ခ်ိန္တြင္ အံ့အားသင့္သြားရသည္။ တံခါးအျပင္ဘက္တြင္ မုန့္ရွင္းခ်န္က ႏူးႏူးညံ့ညံ့ျပဳံးလ်က္ မတ္တပ္ရပ္ေနသည္။

"စီနီယာမုန့္၊ ရွင္ျပန္လာၿပီလား?"

ဖုန္းထဲမွ ေပ့မင္းဖန္က

"ရွင္းခ်န္ ေရာက္လာၿပီလား၊ ဒါဆို ငါ မေျပာေတာ့ဘူး၊ နင္ သူ႔ဆီက သင္တာကို အာ႐ုံစိုက္၊ ေနာက္လက်ရင္ ဇာတ္လမ္းရိုက္ဖို႔ ငါတို႔ ေမၽွာ္မွန္းထားတယ္"

ရွန့္ေခ်ာင္ ဖုန္းခ်လိုက္ကာ မုန့္ရွင္းခ်န္ကို အထဲဝင္ဖို႔ ဖိတ္ေခၚလိုက္သည္။ ပုံမွန္အတိုင္းပင္ သူ ဘာေသာက္ခ်င္လဲ သူမ ေမးျမန္းကာ လက္ဖက္ရည္ယူလာၿပီး မွတ္စုစာအုပ္ထုတ္ယူလာသည္မွာ ေက်ာင္းသားေကာင္းပမာ။

မုန့္ရွင္းခ်န္က သူမကို ခဏမၽွစိုက္ၾကည့္ကာ ဗီဒီယိုထဲရွိ မိန္းကေလးငယ္ကို အမွတ္ရရင္း သူ႔ေရွ႕ရွိ မ်က္လႊာခ်ထားသည့္ မိန္းကေလးကို ႏွိုင္းယွဥ္လၽွင္ ကြဲျပားေသာ လူႏွစ္ေယာက္ဟုပင္ ခံစားမိသည္။

သူက ခပ္ေျဖးေျဖးဆိုသည္။

"ငါ မရွိတုန္း မင္း အေတာ္ေလး အလုပ္မ်ားေနတယ္ ၾကားတယ္"

ရွန့္ေခ်ာင္ - "ကိစၥအေသးေလးပါ၊ ေျဖရွင္းၿပီးၿပီ၊ စီနီယာ ဂ႐ုစိုက္မွုအတြက္ ေက်းဇူးတင္ပါတယ္"

ၾကည့္စမ္း၊ ထပ္ၿပီး ဒီယဥ္ေက်းၿပီး အေႏွာင္အဖြဲ႕ကင္းတဲ့ စိတ္သေဘာထားနဲ႔၊ အဓိကအခ်က္မွာ ထိုအျပဳအမူႏွင့္ပတ္သက္ၿပီး သူ အမွားတခုမွ မရွာနိုင္ျခင္းပင္။

သူမထံခ်န္ထားခဲ့သည့္ ဇာတ္ညႊန္းတစိတ္တပိုင္းကို ရွန့္ေခ်ာင္ သူ႔ထံ ကမ္းေပးလာကာ အႀကံဉာဏ္ကို အားတက္သေရာ ေမးျမန္းသည္။

"စီနီယာမုန့္၊ ရွင္ခိုင္းတဲ့အတိုင္း အိမ္စာကို အေကာင္းဆုံး လုပ္ထားတယ္ ဒါေပမဲ့ ဘယ္နားမွားေနတာလဲ?"

မုန့္ရွင္းခ်န္ သူ႔အေတြးတို႔ ႐ုတ္သိမ္းလိုက္ကာ တိတ္တဆိတ္ရယ္ေမာလိုက္ၿပီး ဇာတ္ညႊန္းကို လွမ္းယူကာ ရွင္းျပသည္။

ရွန့္ေခ်ာင္ ခ်က္ခ်င္းပင္ သင္ယူသည့္ စိတ္ေနစိတ္ထားျဖစ္သြားကာ သူ႔ရွင္းျပခ်က္ကို နားေထာင္ေနသည္မွာ တိမ္ရွင္းသြားသည့္ လမင္းကို ၾကည့္ေနသည့္ဟန္။ ေန႔လယ္ခင္းမွာ လၽွင္ျမန္စြာ ကုန္ဆုံးသြားကာ သူ ညစာအတြက္ ထပ္ေနဦးမလား ရွန့္ေခ်ာင္ ေတြးေနစဥ္မွာပင္ စားပြဲေပၚရွိ ဖုန္းျမည္လာသည္။

မုန့္ရွင္းခ်န္ လွမ္းၾကည့္ကာ မည္သူဖုန္းေခၚမွန္း ေသခ်ာမျမင္နိုင္ခင္မွာပင္ အခန္းတဖက္ရွိ မိန္းကေလးက ဖုန္းကို ခ်က္ခ်င္းေကာက္ယူရင္း ဆိုသည္။

"ေဆာရီး၊ ကၽြန္မ ဒီဖုန္းကိုင္မွ ရမွာမို႔"

ထို႔ေနာက္ အိပ္ခန္းထဲထိ ဝင္ေျပးသြားသည္။

သူမမ်က္ဝန္းထဲရွိ တည္ၿငိမ္သည့္အမူအရာမွ စိတ္လွုပ္ရွားသည့္ အလင္းတန္းအျဖစ္ ေျပာင္းလဲသြားသည္ကို သူ သတိမျပဳပဲ မေနနိုင္ေခ်။

ဖုန္းေျဖၿပီး ခဏအၾကာတြင္ သူမျပန္ထြက္လာကာ သူ႔ထံဆိုလာသည္။

"စီနီယာမုန့္၊ ဒီေန႔ည ကၽြန္မသူငယ္ခ်င္းက ေတြ႕ဖို႔ ေျပာလာလို႔၊ ဒီညေတာ့ ညစာအတူမစားနိုင္ေတာ့ဘူး၊ ေတာင္းပန္ပါတယ္"

မုန့္ရွင္းခ်န္ ျပဳံးရင္း

"ရတယ္ေလ၊ ဒါဆို ငါ အခုျပန္ေတာ့မယ္၊ ေနာက္ေန႔ေတြ႕မယ္"

"အြန္း တာ့တာ စီနီယာ"

သူမ သူ႔ကို တံခါးဝထိ လိုက္ပို႔သည္။ ထိုအခ်ိန္ခဏေလးအတြင္းတြင္ သူ ဗီဒီယိုထဲတြင္ ျမင္ခဲ့ရသည့္ ေတာက္ပသည့္ ရွင္သန္မွုအလင္းတန္းကို သူမထံတြင္ ျမင္လိုက္ရသည္။ ၾကည့္ရတာ သူ႔ေၾကာင့္ သူမက ထိုအလင္းကို ခ်ိဳးႏွိမ္ထားျခင္း ျဖစ္ဟန္တူသည္။

မုန့္ရွင္းခ်န္ ေအာက္ဆုံးကားပါကင္ထိ ဆင္းသြားကာ ကားထဲတြင္ ထိုင္ရင္း စီးကရက္တလိပ္ကို မီးညႇိလိုက္ၿပီးေနာက္ ျပန္ဖို႔ အလ်င္မလိုေခ်။

မၾကာလွေသာ အခ်ိန္၌ ကားမီးေရာင္တစ္စုံက အေမွာင္ကို ထိုးခြင္းလာၿပီး ကားစက္သံညံညံကို ၾကားလိုက္ရသည္။ ထိုကားက ပါကင္ထဲဝင္လာကာ အနီးနားတြင္ ေနရာယူသည္။ ကားထဲမွ အနက္ေရာင္ထသြားထလာဝတ္စုံကို ဝတ္ဆင္ထားသည့္ လူတစ္ေယာက္ထြက္လာသည္။ ထိုသူမွာ အရပ္ျမင့္ၿပီး သူ႔ေခါင္းထက္တြင္ ဦးထုပ္တစ္လုံးေဆာင္းထားကာ ဓါတ္ေလွကားဆီ ဦးတည္ေလၽွာက္သြားသည္။

မုန့္ရွင္းခ်န္၏ အၾကည့္မွာ ထိုသူႏွင့္အတူ ဓါတ္ေလွကားဝင္ေပါက္အထိ ေရြ႕လ်ားလိုက္ပါသြားကာ မည္သည့္အခ်ိန္ကတည္းက ေစာင့္ဆိုင္းေနမွန္း မသိသည့္ ရွန့္ေခ်ာင္ကို ထိုေနရာတြင္ ျမင္လိုက္ရသည္။

သူမက ေတာင္ပံတဖ်တ္ဖ်တ္ခတ္ေနတဲ့ ဌက္ငယ္ပမာပင္။ မီးအလင္းေရာင္က ဖုံးကြယ္ရန္ခက္ခဲသည့္ ခ်စ္ျခင္းေမတၱာတို႔ ျပည့္ႏွက္ေနသည့္ သူမမ်က္ႏွာထက္ ျဖာက်ေနသည္။ သူတို႔ ေျပာေနသည္ကို မၾကားရေသာ္လည္း သူမက ထိုလူထံ ခ်စ္ခင္ျမတ္နိုးကာ အေလးအနက္ထားသည့္မ်က္ႏွာႏွင့္ ၾကည့္ေနသည္မွာ  သူမေရွ႕ရွိသူမွာ သူမ၏ ကမၻာႀကီးျဖစ္ေလဟန္။

သူတို႔ႏွစ္ေယာက္လုံး ဓါတ္ေလွကားထဲ ဝင္ေရာက္သြားခ်ိန္မွသာ မုန့္ရွင္းခ်န္ စီးကရက္မီးျငႇိမ္းလိုက္ၿပီး ကားစက္ႏွိုးလိုက္သည္။

(ဟမ့္!! ဒီသစၥာမရွိတဲ့ ေကာင္မေလးကေတာ့!!)

****
ဘယ္သူမ်ား မုန့္ရွင္းခ်န္ကို တာဝန္ယူခ်င္ၾကလဲ?

မေန႔ကအေႂကြးပါ။ ဒီေန႔အတြက္ တပိုင္းထပ္လာပါမယ္။

****

Continue Reading

You'll Also Like

9.4K 1.4K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...
88.5K 2.3K 71
Akina Uchiha, the little sister of Itachi Uchiha, was known for her open and cheerful nature. There was hardly anyone in the Uchiha clan who behaved...
835K 69.6K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
73.3K 5.3K 95
ဒီ​လောက်နှစ်​တွေအကြာကြီးကြာခဲ့တာ​​တောင် ကိုယ် အခုချိန်ထိ မင်းတစ်​ယောက်တည်းကိုပဲ သ​​​ဘောကျ​နေခဲ့တာပါ ...