Switch

By Hay_Mern_Ko

7.1K 747 319

When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12... More

Prologue
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Epilogue
Farewell

Chapter - 7

186 20 4
By Hay_Mern_Ko

Unicode

အပိုင်း ၇။ အချိန်ပိုင်းအလုပ်

ယနေ့ကျောင်းဆင်းချိန်တွင် ရှောင်းကျန့်က အိမ်တန်းမပြန်ရဘဲ ဝမ်ရိပေါ်အလုပ်လုပ်ခဲ့သည့်ကဖေးဆိုင်သို့ သွားရသည်။ သူအလုပ်မလာတာကြာပြီဖြစ်တာကြောင့် ဤမနက်တွင် ဆိုင်ရှင်ထံမှ သတိပေးစာရရှိခဲ့သောကြောင့်ဖြစ်သည်။ ဆိုင်ရှင်က သူဒဏ်ရာရခဲ့ကြောင်းကိုသိခဲ့သောကြောင့် အလုပ်မထုတ်ဘဲ သတိပေးစာပဲပို့ခြင်းဖြစ်မည်ဟု ရှောင်းကျန့်ကခန့်မှန်းချက်ပြုလိုက်သည်။ သို့သော် ဆိုးသည်က ဆိုးသည်ပင်။ ပန်းကန်ပင်တစ်ခါမှမဆေးဖူးသည့်ရှောင်းကျန့်လိုသခင်လေးက ဆိုင်ဝန်ထမ်းလုပ်ရမည်ဆိုသည်မှာ အတော်လေးအကျပ်ရိုက်စရာကောင်းသည့်ကိစ္စရပ်မျိုးပင် ဖြစ်သည်။

ဆိုင်သို့ရောက်သည့်အခါ ဝန်ထမ်းယူနီဖောင်းလဲပြီး အခြားဝန်ထမ်းများ၏လုပ်ဆောင်ချက်များအတိုင်း သူလည်းလိုက်လုပ်ရသည်။ ပန်းကန်များကိုသယ်သည့်အခါ မပြုတ်ကျအောင် ကြိုးစားနေရသည်မို့ အေးစိမ့်စိမ့်လေထုကြားမှရှောင်းကျန့်က ချွေးများစို့လာခဲ့သည်။ အခြားသူများကို ဝန်ဆောင်မှုပေးနေရသည်က သခင်လေးတစ်ယောက်အနေဖြင့် အတော်လေးကို မကျေမနပ်ဖြစ်စရာပင် ဖြစ်နေပါ၏။

" အစပ်မထည့်ဖို့မှာထားတယ်မလား။ ဒါကဘာလို့စပ်နေတာလဲ "

ရှောင်းကျန့် ဟင်းပွဲသွားပို့ခဲ့သည့် စားပွဲဝိုင်းမှ စားသုံးသူတစ်ယောက်ထံမှ မကျေမနပ်တုံ့ပြန်ချက်တစ်ခုထွက်လာသည်မို့ ရှောင်းကျန့်က ထိုဝိုင်းဆီသို့ ပြဿနာဖြေရှင်းရန် သွားရသည်။ ထိုဝိုင်းအတွက် မှာစဉ်က စာဖိုမှူးကို အစပ်မထည့်ဖို့ပြောခဲ့သည်ကို သူအသေအချာမှတ်မိပါသည်။ ဟင်းကလည်း အစပ်ပါပုံရမနေပါချေ။

" ကျွန်တော် စာဖိုမှူးကို အစပ်မထည့်ဖို့ သေချာပြောလိုက်ပါတယ် "

" အဲ့တော့ ငါက အပြစ်မရှိအပြစ်ရှာနေတာပေါ့ "

" မဟုတ်ဘူးလား "

ရှောင်းကျန့်၏ တုံ့ပြန်စကားကြောင့် ထိုအမျိုးသမီးက တော်တော်လေး ဒေါသထွက်သွားပုံရသည်။

" နင်တို့ ကာစတန်မာကို ဘယ်လိုဆက်ဆံရမလဲမသိဘူးလား။ ငါစပ်တယ်ဆိုစပ်လို့ပေါ့။ နင်တို့မန်နေဂျာသွားခေါ်လိုက် "

ဆိုင်အတွင်း၌ ဆူဆူပူပူဖြစ်လာသည်မို့ မကြာခင်အချိန်အတွင်းမှာပင် ဆိုင်ရှင်ရောက်လာခဲ့သည်။

" ဘယ်လိုဖြစ်တာလဲ "

" သည်အစ်မက သူအစပ်မထည့်ဖို့မှာထားလျက်သားနဲ့ ဟင်းပွဲက စပ်နေတယ်ဆိုလို့ "

" ရှင်ကဆိုင်ရှင်လား။ သည်မှာ စပ်လား၊ မစပ်လား ကိုယ်တိုင် စားကြည့်လိုက် "

ထိုအခါ ဆိုင်ရှင်က ရှောင်းကျန့်ကိုတစ်ချက်ကြည့်ပြီး စားပွဲပေါ်မှ ဟင်းကို အနည်းငယ်ယူကာ မြည်းကြည့်သည်။ ငရုတ်သီးမပါသော်လည်း ငရုတ်ကောင်းအနည်းငယ်ပါသွားပုံရသည့်ဟင်းက ရှိန်းတိန်းတိန်းဖြစ်ရုံမျှသာဖြစ်ပြီး စပ်သည်ဟုတော့ဆို၍မရနိုင်ပါချေ။

" အစ်မအဆင်မပြေရင် ကျွန်မတို့ ပြန်လဲပေးပါ့မယ်။ အဆင်မပြေမှုအတွက်တောင်းပန်ပါတယ် "

" ဟင်းက အချိုးမပြေတာနဲ့ ဆိုင်ဝန်ထမ်းက အချိုးမပြေတာနဲ့ဆို ရှင်တို့ဆိုင် ကြာကြာဖွင့်ရမှာမဟုတ်ဘူး "

" ရိပေါ် တောင်းပန်လိုက်လေ "

အမျိုးသမီး၏စကားကြောင့် ဆိုင်ရှင်က ရှောင်းကျန့်နားကပ်၍ ခပ်တိုးတိုးပြောလာသည့်အခါ ရှောင်းကျန့်ရင်ထဲမှ မကျေနပ်မှုများက ပို၍တောင် ပွားများလာ​တော့၏။

" တောင်းပန်ရအောင် ကျွန်တော် ဘယ်နေရာမှားသွားလို့လဲ "

" ရိပေါ် "

ဆိုင်ရှင်က ရှောင်းကျန့်ကို ခပ်စူးစူးကြည့်ပြီး အရိပ်အကဲပြသော်လည်း ရှောင်းကျန့်က မသိချင်ယောင်ဆောင်သည်။

" အခုထိ အချိုးက မပြင်သေးဘူး။ စိတ်ပျက်စရာပဲ။ သည်လိုဝန်ထမ်းမျိုးရှိနေသရွေ့ ဆိုင်က ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး "

" မင်းက ဘယ်သူ့ကို စိတ်ပျက်တယ်လို့ပြောလိုက်တာလဲ။ စိတ်ပျက်စရာကောင်းတာက မင်းမဟုတ်ဘူးလား။ ဘာမဟုတ်တဲ့ ကိစ္စလေးကို ကြီးအောင်လုပ်ပြီး သူကပဲ ပြောရတယ်ရှိသေးတယ် "

" ရိပေါ် တော်လောက်ပြီ! "

ပြဿနာမကြီးစေချင်ပုံရသည့် ဆိုင်ရှင်က သူ့ကိုတားလာသောကြောင့် ရှောင်းကျန့်က လေပူများကို တစ်ချက်မှုတ်ထုတ်၍ ထွက်လာရန်ပြင်သည့်အချိန်တွင် ကြားလိုက်ရသည့်စကားကြောင့် သူ၏ ဒေါသများက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

" ရှင် သူ့ကို အလုပ်ထုတ်မလား၊ သည်ဆိုင်ကို ကျွန်မ ဝန်ဆောင်မှုညံ့တဲ့အကြောင်းတင်ရမလား တစ်ခုရွေးလိုက် "

" အလုပ်လေးတစ်ခုပဲမလား။ ဘယ်သူကဘယ်သူ့ကိုကြောက်ရမှာလဲ "

ရှောင်းကျန့်က လှည့်၍ ထိုအမျိုးသမီးကြားအောင်ပြောရင်း ယူနီဖောင်းကို ချွတ်ပြီး ဆိုင်ထဲမှ ထွက်သွားတော့သည်။ အိမ်သို့ပြန်သည့်လမ်းတစ်လျှောက်တွင်လည်း ရင်ထဲမှ မကျေနပ်မှုများကို ဖယ်ဖျောက်နိုင်ဖို့ လမ်းပေါ်ရှိ တွေ့သမျှကျောက်တုံးများကို အငြိုးများဖြင့် ကန်ထုတ်နေတော့၏။ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် ကြီးပြင်းလာသည့် ရှောင်းကျန့်က ဤသို့အခြေအနေမျိုးကြုံတွေ့မည်ကို စိတ်တောင်မကူးဖူးပါချေ။ အလုပ်လုပ်ရသည့်အပြင် တပါးသူဆီက မထီမဲ့မြင်ပြုမှုကိုပါ ခံခဲ့ရသေးသည်။ ထိုကိစ္စက တော်တော်လေးကို ခံပြင်းဖို့ကောင်းသည်။ သူ့လိုသခင်လေးတစ်ယောက်ကို ယခင်က တစ်ယောက်မှ ဤကဲ့သို့ မဆက်ဆံဖူးပါချေ။ ပြဿနာများ၏ အရင်းခံတစ်စုံတစ်​​ယောက်အကြောင်းကိုတွေးမိသည့်အခါ ပို၍ပင်ဒေါသထွက်လာတော့သည်။

သောက်ကျိုးမပေးတဲ့ဝမ်မျိုးနဲ့ကောင်။

" စောစောပြန်လာတာပဲ။ အဖေက သားကို အလုပ်သွားတယ်ထင်နေတာ "

ပုံမှန်ဆို အလုပ်ချိန်က နောက်ကျမှပြီးသည်ကို သိပုံရသည့် ဝမ်ရိပေါ်၏အဖေက အိမ်သို့စောပြန်ရောက်လာသည့်ရှောင်းကျန့်ကို အပြုံးလေးနှင့်ကြိုဆိုသည်။ အရင်ရက်များကလည်း အလုပ်မသွားခဲ့သည့်အပေါ် ဘာမေးခွန်းမှထုတ်မလာသည့် ဝမ်ရိပေါ်၏အဖေက ဝမ်ရိပေါ်ရခဲ့သည့်ဒဏ်ရာကြောင့်ပဲလားဆိုသည်ကိုတော့ ရှောင်းကျန့်လည်း တပ်အပ်မပြောနိုင်ပါချေ။

စိတ်မကြည်မလင်ဖြစ်နေသည့် ရှောင်းကျန့်က မျက်မှောင်ကြုတ်ထားပြီး ပြန်ဖြေချင်စိတ်လည်း ရှိမနေသောကြောင့် အခန်းထဲသို့သာ ဝင်၍ အနားယူတော့သည်။ ပုံမှန်ဆို အိမ်ရောက်သည်နှင့် ရေမိုးချိုးပြီး လာမည့်အတန်းချိန်များအတွက် ပြင်ဆင်ရသည့်ရှောင်းကျန့်က ယခုလို တစ်ယောက်တည်းစာလေ့လာရသည့်အခါ အချိန်ကိုသေချာမစီမံနိုင်တာမို့ အခက်တွေ့နေရသည်။ စိတ်ရှင်းလင်းအောင် ရေချိုးချင်ပါသော်လည်း ကျဉ်းမြောင်းသည့်ရေချိုးခန်းလေးက သူ့စိတ်ကို ပို၍ပင် ညစ်ညူးစေမည်ကိုသိသောကြောင့် ရှောင်းကျန့်က သက်ပြင်းချ၍ ခေတ္တအိပ်ရန်သာ ကြံတော့သည်။ အိပ်ရန်ကြိုးစားနေသည့်အတောအတွင်း သူတို့ခန္ဓာကိုယ်ပြန်ပြောင်းနိုင်မည့် နည်းလမ်းများစွာကိုလည်း တွေးတောနေသေးသည်။ ဤတစ်ခေါက် နမ်းသည့်နည်းလမ်းက အလုပ်မဖြစ်သွားသည်မှာ ဘာအကြောင်းကြောင့်လဲဆိုသည်ကို သူတကယ်စဉ်းစား၍မရနိုင်ပါ။ ထိုရက်တွေအတွင်းဖြစ်ခဲ့သည့်အဖြစ်အပျက်များထဲမှ သူမှတ်မိသည့် ထူးထူးခြားခြားဖြစ်ရပ်ဆို၍ ထိုကိစ္စသာရှိသည်။ နမ်းခြင်းကပင် အဖြေမဟုတ်လျှင် ဘယ်အရာက အဖြေဖြစ်နိုင်ပေလိမ့်မလဲ။

တစ်ဖက်တွင်လည်း ချမှတ်ထားသည့်ပုံစံခွက်အတိုင်းနေနေရသည့် ဝမ်ရိပေါ်က အိပ်ချိန်ရောက်ပြီမို့ မီးများကိုပိတ်ရင်း အိပ်ရာထက်တွင် အနားယူသည်။ တစ်နေ့တခြား ပိုပိုအေးလာသည့်ရာသီဥတုကြောင့် အလုပ်သမားများက သူအိမ်သို့ပြန်ရောက်ခါနီးအချိန်တွင် အမြဲတမ်း အပူပေးစက်ကို ဖွင့်ထားပေးသည်။ ရှောင်းကျန့်၏ခန္ဓာကိုယ်နှင့်နေထိုင်ရသည်က သက်တောင့်သက်သာရှိလှသည်မှာတော့ အမှန်ပင်။ အခန်းကျယ်ကြီးထဲမှာ နေရသလို၊ အမျိုးအစားစုံလင်များပြားလှသည့် အသုံးအဆောင်များက သုံး၍ပင် မကုန်နိုင်အောင်ရှိသည်။ နေ့စဉ်ပစ္စည်းများသည်လည်း တစ်ရက်နှင့်တစ်ရက် မထပ်အောင် အသုံးပြုလို့ရသည်အထိ ပေါများလွန်းသည်။ သို့သော် သူ၏ စိတ်အစဉ်ကတော့ ခန္ဓာကိုယ်နှင့် ဆန့်ကျင်စွာပင် ဖိအားများလျက်ရှိသည်။ ကျောင်းစာနှင့် အပြင်သင်တန်းတို့အပြင် သူတို့၏မူလခန္ဓာကိုယ်ပြန်ရဖို့အတွက်လည်း ခေါင်းခြောက်နေရသည်။ တစ်ချိန်တည်းမှာပင် သူ၏ဖခင်ဖြစ်သူက တစ်ဇွတ်ထိုးဆန်သည့် သခင်လေးရှောင်းနှင့်နေရသည်မှာ အဆင်ပြေပါရဲ့လားဆိုသည်ကိုလည်း စိုးရိမ်ရသေးသည်။ ယခင်က ကျောင်းစာနှင့် အလုပ်များကိုသာ အာရုံစိုက်ရသည့် သူ့ဦးနှောက်က ယခုဆိုလျှင် များစွာသောအရာအားလုံးကို ထည့်စဉ်းစား​နေရသည်မို့ သူမှ ဖိစီးမှုမများလျှင် မည်သူများပါတော့မလဲ။

*  *  *  *  *

စာလုံးပေါင်းအမှားတွေတွေ့ရင် ထောက်ပြလို့ရပါတယ်နော်။>.< စာစစ်ထားပေမယ့် ဟေမာန်က မျက်စိလျှမ်းတတ်လို့ပါ။

Zawgyi

အပိုင္း ၇။ အခ်ိန္ပိုင္းအလုပ္

ယေန႕ေက်ာင္းဆင္းခ်ိန္တြင္ ေရွာင္းက်န့္က အိမ္တန္းမျပန္ရဘဲ ဝမ္ရိေပၚအလုပ္လုပ္ခဲ့သည့္ကေဖးဆိုင္သို႔ သြားရသည္။ သူအလုပ္မလာတာၾကာၿပီျဖစ္တာေၾကာင့္ ဤမနက္တြင္ ဆိုင္ရွင္ထံမွ သတိေပးစာရရွိခဲ့ေသာေၾကာင့္ျဖစ္သည္။ ဆိုင္ရွင္က သူဒဏ္ရာရခဲ့ေၾကာင္းကိုသိခဲ့ေသာေၾကာင့္ အလုပ္မထုတ္ဘဲ သတိေပးစာပဲပို႔ျခင္းျဖစ္မည္ဟု ေရွာင္းက်န့္ကခန့္မွန္းခ်က္ျပဳလိုက္သည္။ သို႔ေသာ္ ဆိုးသည္က ဆိုးသည္ပင္။ ပန္းကန္ပင္တစ္ခါမွမေဆးဖူးသည့္ေရွာင္းက်န့္လိုသခင္ေလးက ဆိုင္ဝန္ထမ္းလုပ္ရမည္ဆိုသည္မွာ အေတာ္ေလးအက်ပ္ရိုက္စရာေကာင္းသည့္ကိစၥရပ္မ်ိဳးပင္ ျဖစ္သည္။

ဆိုင္သို႔ေရာက္သည့္အခါ ဝန္ထမ္းယူနီေဖာင္းလဲၿပီး အျခားဝန္ထမ္းမ်ား၏လုပ္ေဆာင္ခ်က္မ်ားအတိုင္း သူလည္းလိုက္လုပ္ရသည္။ ပန္းကန္မ်ားကိုသယ္သည့္အခါ မျပဳတ္က်ေအာင္ ႀကိဳးစားေနရသည္မို႔ ေအးစိမ့္စိမ့္ေလထုၾကားမွေရွာင္းက်န့္က ေခြၽးမ်ားစို႔လာခဲ့သည္။ အျခားသူမ်ားကို ဝန္ေဆာင္မႈေပးေနရသည္က သခင္ေလးတစ္ေယာက္အေနျဖင့္ အေတာ္ေလးကို မေက်မနပ္ျဖစ္စရာပင္ ျဖစ္ေနပါ၏။

" အစပ္မထည့္ဖို႔မွာထားတယ္မလား။ ဒါကဘာလို႔စပ္ေနတာလဲ "

ေရွာင္းက်န့္ ဟင္းပြဲသြားပို႔ခဲ့သည့္ စားပြဲဝိုင္းမွ စားသုံးသူတစ္ေယာက္ထံမွ မေက်မနပ္တုံ႕ျပန္ခ်က္တစ္ခုထြက္လာသည္မို႔ ေရွာင္းက်န့္က ထိုဝိုင္းဆီသို႔ ျပႆနာေျဖရွင္းရန္ သြားရသည္။ ထိုဝိုင္းအတြက္ မွာစဥ္က စာဖိုမႉးကို အစပ္မထည့္ဖို႔ေျပာခဲ့သည္ကို သူအေသအခ်ာမွတ္မိပါသည္။ ဟင္းကလည္း အစပ္ပါပုံရမေနပါေခ်။

" ကြၽန္ေတာ္ စာဖိုမႉးကို အစပ္မထည့္ဖို႔ ေသခ်ာေျပာလိုက္ပါတယ္ "

" အဲ့ေတာ့ ငါက အျပစ္မရွိအျပစ္ရွာေနတာေပါ့ "

" မဟုတ္ဘူးလား "

ေရွာင္းက်န့္၏ တုံ႕ျပန္စကားေၾကာင့္ ထိုအမ်ိဳးသမီးက ေတာ္ေတာ္ေလး ေဒါသထြက္သြားပုံရသည္။

" နင္တို႔ ကာစတန္မာကို ဘယ္လိုဆက္ဆံရမလဲမသိဘူးလား။ ငါစပ္တယ္ဆိုစပ္လို႔ေပါ့။ နင္တို႔မန္ေနဂ်ာသြားေခၚလိုက္ "

ဆိုင္အတြင္း၌ ဆူဆူပူပူျဖစ္လာသည္မို႔ မၾကာခင္အခ်ိန္အတြင္းမွာပင္ ဆိုင္ရွင္ေရာက္လာခဲ့သည္။

" ဘယ္လိုျဖစ္တာလဲ "

" သည္အစ္မက သူအစပ္မထည့္ဖို႔မွာထားလ်က္သားနဲ႕ ဟင္းပြဲက စပ္ေနတယ္ဆိုလို႔ "

" ရွင္ကဆိုင္ရွင္လား။ သည္မွာ စပ္လား၊ မစပ္လား ကိုယ္တိုင္ စားၾကည့္လိုက္ "

ထိုအခါ ဆိုင္ရွင္က ေရွာင္းက်န့္ကိုတစ္ခ်က္ၾကည့္ၿပီး စားပြဲေပၚမွ ဟင္းကို အနည္းငယ္ယူကာ ျမည္းၾကည့္သည္။ င႐ုတ္သီးမပါေသာ္လည္း င႐ုတ္ေကာင္းအနည္းငယ္ပါသြားပုံရသည့္ဟင္းက ရွိန္းတိန္းတိန္းျဖစ္႐ုံမွ်သာျဖစ္ၿပီး စပ္သည္ဟုေတာ့ဆို၍မရနိုင္ပါေခ်။

" အစ္မအဆင္မေျပရင္ ကြၽန္မတို႔ ျပန္လဲေပးပါ့မယ္။ အဆင္မေျပမႈအတြက္ေတာင္းပန္ပါတယ္ "

" ဟင္းက အခ်ိဳးမေျပတာနဲ႕ ဆိုင္ဝန္ထမ္းက အခ်ိဳးမေျပတာနဲ႕ဆို ရွင္တို႔ဆိုင္ ၾကာၾကာဖြင့္ရမွာမဟုတ္ဘူး "

" ရိေပၚ ေတာင္းပန္လိုက္ေလ "

အမ်ိဳးသမီး၏စကားေၾကာင့္ ဆိုင္ရွင္က ေရွာင္းက်န့္နားကပ္၍ ခပ္တိုးတိုးေျပာလာသည့္အခါ ေရွာင္းက်န့္ရင္ထဲမွ မေက်နပ္မႈမ်ားက ပို၍ေတာင္ ပြားမ်ားလာ​ေတာ့၏။

" ေတာင္းပန္ရေအာင္ ကြၽန္ေတာ္ ဘယ္ေနရာမွားသြားလို႔လဲ "

" ရိေပၚ "

ဆိုင္ရွင္က ေရွာင္းက်န့္ကို ခပ္စူးစူးၾကည့္ၿပီး အရိပ္အကဲျပေသာ္လည္း ေရွာင္းက်န့္က မသိခ်င္ေယာင္ေဆာင္သည္။

" အခုထိ အခ်ိဳးက မျပင္ေသးဘူး။ စိတ္ပ်က္စရာပဲ။ သည္လိုဝန္ထမ္းမ်ိဳးရွိေနသေ႐ြ႕ ဆိုင္က ဘယ္ေတာ့မွ တိုးတက္မွာ မဟုတ္ဘူး "

" မင္းက ဘယ္သူ႕ကို စိတ္ပ်က္တယ္လို႔ေျပာလိုက္တာလဲ။ စိတ္ပ်က္စရာေကာင္းတာက မင္းမဟုတ္ဘူးလား။ ဘာမဟုတ္တဲ့ ကိစၥေလးကို ႀကီးေအာင္လုပ္ၿပီး သူကပဲ ေျပာရတယ္ရွိေသးတယ္ "

" ရိေပၚ ေတာ္ေလာက္ၿပီ! "

ျပႆနာမႀကီးေစခ်င္ပုံရသည့္ ဆိုင္ရွင္က သူ႕ကိုတားလာေသာေၾကာင့္ ေရွာင္းက်န့္က ေလပူမ်ားကို တစ္ခ်က္မႈတ္ထုတ္၍ ထြက္လာရန္ျပင္သည့္အခ်ိန္တြင္ ၾကားလိုက္ရသည့္စကားေၾကာင့္ သူ၏ ေဒါသမ်ားက အျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိသြားသည္။

" ရွင္ သူ႕ကို အလုပ္ထုတ္မလား၊ သည္ဆိုင္ကို ကြၽန္မ ဝန္ေဆာင္မႈညံ့တဲ့အေၾကာင္းတင္ရမလား တစ္ခုေ႐ြးလိုက္ "

" အလုပ္ေလးတစ္ခုပဲမလား။ ဘယ္သူကဘယ္သူ႕ကိုေၾကာက္ရမွာလဲ "

ေရွာင္းက်န့္က လွည့္၍ ထိုအမ်ိဳးသမီးၾကားေအာင္ေျပာရင္း ယူနီေဖာင္းကို ခြၽတ္ၿပီး ဆိုင္ထဲမွ ထြက္သြားေတာ့သည္။ အိမ္သို႔ျပန္သည့္လမ္းတစ္ေလွ်ာက္တြင္လည္း ရင္ထဲမွ မေက်နပ္မႈမ်ားကို ဖယ္ေဖ်ာက္နိုင္ဖို႔ လမ္းေပၚရွိ ေတြ႕သမွ်ေက်ာက္တုံးမ်ားကို အၿငိဳးမ်ားျဖင့္ ကန္ထုတ္ေနေတာ့၏။ ေျခေမႊးမီးမေလာင္၊ လက္ေမႊးမီးမေလာင္ ႀကီးျပင္းလာသည့္ ေရွာင္းက်န့္က ဤသို႔အေျခအေနမ်ိဳးႀကဳံေတြ႕မည္ကို စိတ္ေတာင္မကူးဖူးပါေခ်။ အလုပ္လုပ္ရသည့္အျပင္ တပါးသူဆီက မထီမဲ့ျမင္ျပဳမႈကိုပါ ခံခဲ့ရေသးသည္။ ထိုကိစၥက ေတာ္ေတာ္ေလးကို ခံျပင္းဖို႔ေကာင္းသည္။ သူ႕လိုသခင္ေလးတစ္ေယာက္ကို ယခင္က တစ္ေယာက္မွ ဤကဲ့သို႔ မဆက္ဆံဖူးပါေခ်။ ျပႆနာမ်ား၏ အရင္းခံတစ္စုံတစ္​​ေယာက္အေၾကာင္းကိုေတြးမိသည့္အခါ ပို၍ပင္ေဒါသထြက္လာေတာ့သည္။

ေသာက္က်ိဳးမေပးတဲ့ဝမ္မ်ိဳးနဲ႕ေကာင္။

" ေစာေစာျပန္လာတာပဲ။ အေဖက သားကို အလုပ္သြားတယ္ထင္ေနတာ "

ပုံမွန္ဆို အလုပ္ခ်ိန္က ေနာက္က်မွၿပီးသည္ကို သိပုံရသည့္ ဝမ္ရိေပၚ၏အေဖက အိမ္သို႔ေစာျပန္ေရာက္လာသည့္ေရွာင္းက်န့္ကို အၿပဳံးေလးႏွင့္ႀကိဳဆိုသည္။ အရင္ရက္မ်ားကလည္း အလုပ္မသြားခဲ့သည့္အေပၚ ဘာေမးခြန္းမွထုတ္မလာသည့္ ဝမ္ရိေပၚ၏အေဖက ဝမ္ရိေပၚရခဲ့သည့္ဒဏ္ရာေၾကာင့္ပဲလားဆိုသည္ကိုေတာ့ ေရွာင္းက်န့္လည္း တပ္အပ္မေျပာနိုင္ပါေခ်။

စိတ္မၾကည္မလင္ျဖစ္ေနသည့္ ေရွာင္းက်န့္က မ်က္ေမွာင္ၾကဳတ္ထားၿပီး ျပန္ေျဖခ်င္စိတ္လည္း ရွိမေနေသာေၾကာင့္ အခန္းထဲသို႔သာ ဝင္၍ အနားယူေတာ့သည္။ ပုံမွန္ဆို အိမ္ေရာက္သည္ႏွင့္ ေရမိုးခ်ိဳးၿပီး လာမည့္အတန္းခ်ိန္မ်ားအတြက္ ျပင္ဆင္ရသည့္ေရွာင္းက်န့္က ယခုလို တစ္ေယာက္တည္းစာေလ့လာရသည့္အခါ အခ်ိန္ကိုေသခ်ာမစီမံနိုင္တာမို႔ အခက္ေတြ႕ေနရသည္။ စိတ္ရွင္းလင္းေအာင္ ေရခ်ိဳးခ်င္ပါေသာ္လည္း က်ဥ္းေျမာင္းသည့္ေရခ်ိဳးခန္းေလးက သူ႕စိတ္ကို ပို၍ပင္ ညစ္ၫူးေစမည္ကိုသိေသာေၾကာင့္ ေရွာင္းက်န့္က သက္ျပင္းခ်၍ ေခတၱအိပ္ရန္သာ ႀကံေတာ့သည္။ အိပ္ရန္ႀကိဳးစားေနသည့္အေတာအတြင္း သူတို႔ခႏၶာကိုယ္ျပန္ေျပာင္းနိုင္မည့္ နည္းလမ္းမ်ားစြာကိုလည္း ေတြးေတာေနေသးသည္။ ဤတစ္ေခါက္ နမ္းသည့္နည္းလမ္းက အလုပ္မျဖစ္သြားသည္မွာ ဘာအေၾကာင္းေၾကာင့္လဲဆိုသည္ကို သူတကယ္စဥ္းစား၍မရနိုင္ပါ။ ထိုရက္ေတြအတြင္းျဖစ္ခဲ့သည့္အျဖစ္အပ်က္မ်ားထဲမွ သူမွတ္မိသည့္ ထူးထူးျခားျခားျဖစ္ရပ္ဆို၍ ထိုကိစၥသာရွိသည္။ နမ္းျခင္းကပင္ အေျဖမဟုတ္လွ်င္ ဘယ္အရာက အေျဖျဖစ္နိုင္ေပလိမ့္မလဲ။

တစ္ဖက္တြင္လည္း ခ်မွတ္ထားသည့္ပုံစံခြက္အတိုင္းေနေနရသည့္ ဝမ္ရိေပၚက အိပ္ခ်ိန္ေရာက္ၿပီမို႔ မီးမ်ားကိုပိတ္ရင္း အိပ္ရာထက္တြင္ အနားယူသည္။ တစ္ေန႕တျခား ပိုပိုေအးလာသည့္ရာသီဥတုေၾကာင့္ အလုပ္သမားမ်ားက သူအိမ္သို႔ျပန္ေရာက္ခါနီးအခ်ိန္တြင္ အၿမဲတမ္း အပူေပးစက္ကို ဖြင့္ထားေပးသည္။ ေရွာင္းက်န့္၏ခႏၶာကိုယ္ႏွင့္ေနထိုင္ရသည္က သက္ေတာင့္သက္သာရွိလွသည္မွာေတာ့ အမွန္ပင္။ အခန္းက်ယ္ႀကီးထဲမွာ ေနရသလို၊ အမ်ိဳးအစားစုံလင္မ်ားျပားလွသည့္ အသုံးအေဆာင္မ်ားက သုံး၍ပင္ မကုန္နိုင္ေအာင္ရွိသည္။ ေန႕စဥ္ပစၥည္းမ်ားသည္လည္း တစ္ရက္ႏွင့္တစ္ရက္ မထပ္ေအာင္ အသုံးျပဳလို႔ရသည္အထိ ေပါမ်ားလြန္းသည္။ သို႔ေသာ္ သူ၏ စိတ္အစဥ္ကေတာ့ ခႏၶာကိုယ္ႏွင့္ ဆန့္က်င္စြာပင္ ဖိအားမ်ားလ်က္ရွိသည္။ ေက်ာင္းစာႏွင့္ အျပင္သင္တန္းတို႔အျပင္ သူတို႔၏မူလခႏၶာကိုယ္ျပန္ရဖို႔အတြက္လည္း ေခါင္းေျခာက္ေနရသည္။ တစ္ခ်ိန္တည္းမွာပင္ သူ၏ဖခင္ျဖစ္သူက တစ္ဇြတ္ထိုးဆန္သည့္ သခင္ေလးေရွာင္းႏွင့္ေနရသည္မွာ အဆင္ေျပပါရဲ႕လားဆိုသည္ကိုလည္း စိုးရိမ္ရေသးသည္။ ယခင္က ေက်ာင္းစာႏွင့္ အလုပ္မ်ားကိုသာ အာ႐ုံစိုက္ရသည့္ သူ႕ဦးႏွောက္က ယခုဆိုလွ်င္ မ်ားစြာေသာအရာအားလုံးကို ထည့္စဥ္းစား​ေနရသည္မို႔ သူမွ ဖိစီးမႈမမ်ားလွ်င္ မည္သူမ်ားပါေတာ့မလဲ။

*  *  *  *  *

စာလုံးေပါင္းအမွားေတြေတြ႕ရင္ ေထာက္ျပလို႔ရပါတယ္ေနာ္။>.< စာစစ္ထားေပမယ့္ ေဟမာန္က မ်က္စိလွ်မ္းတတ္လို႔ပါ။

Continue Reading

You'll Also Like

291K 8.2K 137
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."
31K 766 14
Y/n has always had a knack for helping people, and because she is a famous singer moving to Paris, France to help others, a certain Master has decide...
151K 5.8K 12
2 tom dylogii ,,Agony"
91.8K 188 17
My wlw thoughts Men DNI 🚫 If you don't like these stories just block don't report