Hot Chocolate

De D_De_Dee

9.8K 1.3K 172

သူ့အပေါ်ကျွန်တော်ရဲ့ခံစားချက်တွေက ချောကလက်ပူပူတစ်ခွက်လို အရမ်းချိုမြိန်ပေမယ့် သူကတော့ ချောကလက်ဆိုခါးသက်သက်လေး... Mai multe

အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)

အပိုင်း(၁)

977 47 0
De D_De_Dee

ကျွန်တော်သူ့ကိုစတွေ့တဲ့အချိန်ကတည်းက သူ့နောက်ကိုပြေးလိုက်တယ်၊ သူနဲ့အတူ ဘေးချင်းယှဉ်လက်တွဲသွားနိုင်ဖို့ ကျွန်တော်အားကုန်သုံးပြီး သူ့နောက်ကိုပြေးလိုက်ခဲ့တယ်၊ မရပ်မနား ပြေးလိုက်နေရင်း ဘယ်ထိရောက်ပြီး ဘယ်မှာစလဲ ကျွန်တော်တဖြည်းဖြည်းဝေဝါးလာခဲ့တယ်။ သတိထားမိတဲ့အချိန်မှာ ကျွန်တော့်အရှေ့မှာ ဘာမှမရှိတော့ဘူး၊ ဆက်တိုးမိရင် ကျမယ့်ချောက်နက်တစ်ခုကိုကျွန်တော်မြင်လိုက်ရတယ်၊ သူ့ကြောင့်ပျောက်ဆုံးနေခဲ့တဲ့ ကျွန်တာ့်အသိစိတ်က ကျွန်တော့်ဆီမှာ ပြန်ရောက်ရှိနေပြီထင်ပါရဲ့။

သူ့ဘဝထဲက‌ထွက်ပြီး ကိုယ့်ဘဝကိုယ်ပြန်ရှာဖို့အချိန်ကျပြီဆိုတာကိုလည်း ကျွန်တော်တွေးမိသွားသည်။ သူ့မင်္ဂလာဆောင်သတင်းသည် ကျွန်တော့်အတွက်ဘဝပျက်စရာသတင်းဖြစ်ခဲ့သော်လည်း ထိုသတင်းကြောင့်ပင်ကျွန်တော်လမ်းမှန်သို့ရောက်လာခဲ့ခြင်းပင်ဖြစ်သည်။ car accident ဖြစ်ခဲ့မှုအပေါ်ကျွန်တော် ကျေးဇူးတင်စိတ်ပင်ဝင်မိ၏။

မျက်စိဖွင့်ကြည့်လိုက်မိ‌တော့ ဆေးရုံမျက်နှာကျက်အဖြူရောင်က ကျွန်တော့်အမြင်အာရုံထဲ ချင်းနင်းဝင်ရောက်လာခဲ့တယ်။ ကျွန်တော့်ရဲ့အသိစိတ်တွေကလည်း ထိုအဖြူရောင်ကဲ့သို့ရှင်းလင်းနေခဲ့လေပြီ။

လွန်ခဲ့သော၅နှစ်~

ယနေ့တွင် A တက္ကသိုလ်၏ ‌ကြိုဆိုပွဲပါတီအခမ်းအနားရှိလေသည်။ စီနီယာတန်းဖြစ်နေပြီဖြစ်သော ဂျိုရှုအာအဖို့ ထိုပွဲသည်တက်ဖို့မလိုပေ။ သို့သော်ငြား သူမတက်လို့လည်းမရစရာအခြေအနေအကြောင်းအရပ်များလည်းရှိပေသည်။ အကြောင်းသည်ကား သူသည်လည်းကျောင်းသားသစ်နှင့်မခြားသောကြောင့်ပင်။ ‌ကိုးရီးယားတွင် နှစ်နှစ်တက်၍ မနှစ်ကတင်မှ သူ၏အဘွားနေမကောင်းသောကြောင့် LAသို့ပြန်ကာ အဘွားအားစောင့်ရှောက်ရင်း တတိယနှစ်ကိုတက်ခဲ့ခြင်းဖြစ်သည်။

ယခုစတုတ္ထနှစ်တွင်မှ အဘွားသည်လည်း ကိုးရီးယားတွင်နေချင်သည်ဆိုလာသောကြောင့် မိဘများရှိရာ ကိုးရီးယားသို့ပြန်လာပြီး ကျောင်းဆက်တက်ခြင်းဖြစ်ပေသည်။ ယခင်ခင်ခဲ့သောသူငယ်ချင်းများမှလည်း ဇွတ်အတင်းတိုက်တွန်းသောကြောင့် မသွားချင်လည်းသွားရပေဦးမည်ဖြစ်သည်။ လူတအားများလျှင် စိတ်ရှုပ်ရသောကြောင့် သူပထမနှစ်တက်စဉ်တုန်းကပင် ကြိုဆိုပွဲမတက်ပေ။ ယခုအတန်းကြီးခါမှ တက်ရပေဦးမည်။

ကျောင်းတက်ရလွယ်စေရန် ကျောင်းနှင့်နီးသောနေရာတွင် တိုက်ခန်းတခန်းငှား၍နေလေရာ အသွားအပြန်တော့ပူစရာသိပ်မလိုပေ။ အတန်းချိန်များမတူသဖြင့် အားလုံးနှင့်အချိန်ညှိကာ ညနေ ၅နာရီခွဲတွင်စုံရန်သတ်မှတ်လိုက်ကြလေသည်။ ကျောင်းအနီးရှိ ‌အကင်ဆိုင်ခပ်ကြီးကြီးတဆိုင်အား ဆိုင်လုံးပြတ်ငှားလိုက်ခြင်းဖြစ်သဖြင့် အေးဆေးသည်ဟူ၍တော့ ဆိုနိုင်သည်။

ဂျိုရှုအာတစ်ယောက်ယနေ့အတန်းသည်မနက်တွင်သာ ရှိသဖြင့် တနေ့လည်လုံးအခန်းတွင်း အပျင်းကြီးကာနေနေလေသည်။ ၄နာရီထိုးမှသာ ပွဲသွားရန်စပြင်ဆင်လေသည်။ရေချိုးကာဝတ်ရမည့် အဝတ်စားကိုရွေးချယ်လိုက်သည်။ ‌ကိန်းကြီးခမ်းကြီးနိုင်မည်ဆိုးသဖြင့် ပေါ့ပေါ့ပါးပါးအဝတ်များသာဝတ်ရန်တွေးထားသည်။ ရာသီဥတုသည်လည်း နေ၍ကောင်းနေသောကြောင့် ရိုးရိုးရှင်းရှင်းပင် အဖြူပေါ်အနက်စင်းခပ်ကျဲကျဲပါသော ရှပ်အင်္ကျီနှင့် ‌ဘောင်းဘီအနက်ကိုပင် ဝတ်ဆင်လိုက်သည်။ ညပိုင်းတွင် အေးတတ်သောကြောင့်ကုတ်အင်္ကျီမထူမပါးတစ်ထည်အားလက်မှကိုင်ကာ ထွက်လာလိုက်လေသည်။

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်မှာ တံခါးခေါက်ရန်ကြံနေသော သူ၏သူငယ်ချင်း၊ တနည်း သူ့အားဤပွဲသို့မရမကခေါ်ပါသော ကောင်စီဥက္ကဌ ချွဲဆွန်းချောလ်ပင်ဖြစ်သည်။ဂျိုရှုအာတစ်ယောက် အလိုမကျဟန် မျက်မှောင်ကုတ်ကြည့်လိုက်ရာ သကောင့်သားမှာ သူ့အားရယ်ပြသည့်အလား အပြုံးခပ်ကြီးကြီးထုတ်ပြလာလေသည်။

"ရှုအာ မင်းပြောတော့မလာချင်ဘူးဆိုပြီး ခုကျတော့လည်း အရမ်းတက်ကြွနေသလိုပဲနော် အခုမှ၅ နာရီပဲရှိသေးတာကို မင်းကသွားတော့မို့ပေါ့"

"အပိုတွေမပြောစမ်းနဲ့ ဆွန်းချောလ် ငါအခုချိန်ထွက်မှ ၅ခွဲကိုမှီတယ်ဆိုရုံလေးလေ မင်းအဖေလမ်းတွေကရှင်းနေတာမဟုတ်ဘူး "

"ငါ့အဖေသူ့ဘာသူ အလုပ်မှာပါကွာ ဟားဟား"

"ရွဲ့ပြောတာ ငါ့သား‌လေးရေ"

သေမလိုရယ်နေသောဆွန်းချောလ်အား စိတ်မရှည်ဟန်‌တွန်းဖယ်ကာထွက်‌လာလေတော့ နောက်မှလိုက်ကာ တတွတ်တွတ်လိုက်ပြောပြန်သည်။

"စတာပါကွာ ရုပ်ကြီးကလည်း၊ မြင်နေရတာ ရယ်ပဲရယ်ချင်တယ် ခွိ"

ဂျိုရှုအာအငွေ့ပျံပြီးသာပျောက်သွားလိုက်ချင်သည်။' ဒီကောင် ဘာလာရှုပ်တာတုန်းဟ' ဟူ၍ပင်တွေးလိုက်မိသည်။ ဂျိုရှုအာ၏အတွေးများအား သိလိုက်ဟန် ချွဲဆွန်းချောလ်ကဆိုလာသည်။

"မင်းဘာတွေးနေလဲငါသိတယ်၊ ဘာလာလုပ်လဲဆိုတော့ မင်းနဲ့တူတူသွားရအောင်လို့လေ ငါ့ကားဝပ်ရှော့ပို့လိုက်လို့"

အချစ်ဆုံးသူငယ်ချင်းဖြစ်သည်မို့ ပြောမနာဆိုမနာ၊ သူLAသွားတုန်းကလည်း သူနှင့်အမြဲတမ်းအဆက်အသွယ်ရှိနေသည်မှာ ဆွန်းချောလ်တစ်ယောက်သာရှိလေသည်။

"ငါ့ကို အဖေလို့ခေါ်လေ စဉ်းစားပေးမယ်"

လူယုတ်မာပြုံးပြုံးကာ ပြောလိုက်သောဂျိုရှုအာ အားကြည့်ကာ မျက်နှာအားရှုံ့မဲ့ရင်း ချွဲဆွန်းချောလ်ခေါင်းခါမိသည်။ ချောချောလေး၊ ‌အနေအေးတည်ငြိမ်သူလေးဆိုသောဂုဏ်ပုဒ်များသည် ဂျိုရှုအာနှင့်မဆိုင်မှန်း သူငယ်ချင်းအရင်းကြီးဖြစ်သော ချွဲဆွန်းချောလ်သာအတပ်သိလေသည်။

"ဘာအဖေတုန်း ဒါမှမဟုတ် မင်း ငါ့ဆီကနေ daddy အခေါ်ခံချင်နေတာလား ဆောရီးကွာ ငါကအခေါ်ခံရမယ့်ဘက်ကဆိုတော့ ဆောရီးပဲ ဟားဟား"

"မင်းပြေးနိုင်မှလွတ်မယ် သားလေး"

ထို့နောက် နှစ်ယောက်သား ကားပါကင်ထိစိန်ပြေးတမ်းကစားလိုက်ရသည်။ နှစ်ယောက်လုံးမောပန်းလာမှ ရပ်လိုက်ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းအော်ရီမိကြလေသည်။ ထို့နောက်ကားပေါ်တက်ကာ ကြိုဆိုပွဲသို့သွားလိုက်ကြသည်။
ကားပေါ်တွင်လည်း ရှေးဟောင်းနှောင်းဖြစ်အကြောင်းအရာများ ထပ်ပြောကြသေးသည်။ သူပြန်ရောက်တာသိပ်မကြာသေး၍ ကျောင်းအခြေအနေနှင့် ပြောင်းလဲမှုများအား မေးမိနေသည်။

"နေပါဦး အခုကအဲဆိုငါတို့က အဲကိုပဲတန်းသွားရုံပဲမလား"

"မဟုတ်ဘူး ငါ့သူငယ်ချင်းတစ်ယောက်ဝင်ခေါ်ဦးမှာ သူလည်းငါ့လိုပဲ ကားဝပ်ရှော့ပို့ထားရလို့"

"ဘယ်လိုကောင်တွေတုန်း နှစ်ယောက်လုံးတူတူကြီး မင်းဟာကဟုတ်မှလည်းပြောစမ်းပါ၊ ရိုးရိုးပြောလည်း ငါခေါ်တင်မှာပါ‌"

"မင်းပြောလည်းပြောချင်စရာပဲ တူတူဆို ငါ့ကားနဲ့သူ့ကားနဲ့တိုက်မိတာလေ"

"သူငယ်ချင်းဆို"

"အေ တူတူသွားသောက်ကြတာ ငါ့ကားနဲ့သွားတာ အပြန် ပြန်လိုက်ပို့တော့ သူ့ကားကအိမ်ရှေ့မှာရပ်ထားတာကို ငါကမမြင်ပဲ ဝင်တိုက်လိုက်တာ"

ဂျိုရှုအာ ပြန်ပင်မဖြေနိုင်တော့ပဲ အော်ရီမိတော့သည်။ ခန့်မှန်း၍မရအောင်ပင်မူးနေလောက်မှန်းခန့်မှန်းမိရာ အချင်းချင်းတိုက်မိတာကပင် တော်သေးသည်ဆိုရမည်။

"ရယ်ရင်းလည်းသေသွားဦးမယ်"

"သေရင်တောင်တန်တယ်ဟျောင့်ရေ တိုက်စရာရှားလို့အချင်းချင်းတိုက်ရတယ်လို့ တကယ့်ကောင်တွေကွာ"

"‌အေ ရယ်နေရယ်နေ ကားပြင်လို့မပြီးမချင်း မင်းနဲ့ပဲလိုက်ကပ်စီးမှာလေ"

"ဘာကိစ္စတင်ခေါ်ရမှာလဲ လစ်ဟျောင့် ကားပေါ်ကအခုကန်ချရမှာလား"

ဆွန်းချောလ်တစ်ယောက်လျှာထုတ်ပြလိုက်ကာ

"ကန်မချခင်အရင်ရပ်တော့ ဟိုရှေ့မှာရောက်ပြီ"

ကားကိုရပ်လိုက်ကာ ချွဲဆွန်းချောလ် သူ့သူငယ်ချင်းထံဖုန်းခေါ်သည်အားစောင့်နေလိုက်သည်။ ဖုန်းချပြီး ခဏအကြာတွင် အပြင်ထွက်လာသောသူတို့နှင့်ရွယ်တူ ကောင်လေးတစ်ယောက်ကိုသူမြင်လိုက်ရသည့်တခဏ ဂျိုရှုအာ၏အချိန်စီးဆင်းမှုသည် ရပ်တန့်သွားပြီဟုပင်အထင်မှားနိုင်ဖွယ်ရာရှိသည်။

ထိုသူ‌ကားပေါ်ရောက်လာသည်အထိ ဂျိုရှုအာ၏နှလုံးခုန်သံသည်  သံစုံတီးဝိုင်းထက်ပင်ပိုမိုကျယ်လောက်လျှက်ရှိလေသည်။ ပါးနှစ်ဖက်ပင်ပူနွေးလာသည်အထိ ရင်ခုန်သံသည်မြန်နေသည်မှာ ချွဲဆွန်းချောလ် သူ့အားခေါ်၍ထိုသူနှင့် မိတ်ဆက်ပေးသည့်အထိပင်။

"ရှုအာ ဒါ ယွန်းဂျောင်ဟန် မနှစ်ကမှငါတို့ကျောင်းကိုပြောင်းလာတာ၊ သူကလည်းကောင်စီဝင်ပဲ အတွင်းရေးမှူးလေ"

"ဂျောင်ဟန် ဒါ ဂျိုရှုအာ၊ ဒီကောင်က LAသားလေ၊ ကိုးရီးယားနာမည်လည်းရှိတယ် ဟုန်းဂျီဆူးတဲ့ မင်းကြိုက်တဲ့နာမည်သာခေါ်၊ သူကကျမင်းနဲ့ပြောင်းပြန် ဒီကောင်ကမနှစ်က LAမှာသွားတက်ပြီး ခုမှဒီကိုပြန်ပြောင်းလာတာ"

ချွဲဆွန်းချောလ်၏မိတ်ဆက်ပေးမှုအဆုံး အချင်းချင်းပြုံးပြနှုတ်ဆက်ရင်း မိတ်ဖွဲ့လိုက်ကြ၏။ ယွန်းဂျောင်ဟန်ကပင်စ၍ ဖော်ရွေသောအပြုံးဖြင့် စကားစလိုက်သည်။

"ဂျိုရှုအာ-ရှီး မင်္ဂလာပါ ငါ့ကိုလည်း ဆွန်းချောလ်ကိုခင်သလိုပဲခင်နိုင်ပါတယ် အသက်လည်းတူတူပဲမလား ငါပေါ့ပေါ့ပါးပါးပြောလည်းကိစ္စမရှိဘူးမလား"

ဂျိုရှုအာတစ်ယောက် ယွန်းဂျောင်ဟန်၏ဆံနွယ်ရှည်များ၊ မျက်လုံးတောက်တောက်လေးများ၊ အပြုံးလှလှလေးများထံတွင် ကျရှုံးနစ်ဝင်သွားပြီဟုပင် မိမိကိုယ်ကို ထင်‌မြင်မိသည်။ သူသည်လည်း ဖော်ရွေသောအပြုံးစစ်ကိုထုတ်ပြကာ

"အာ ရတာပေါ့ ငါတို့လည်းသူငယ်ချင်းပဲကို အဆင်ပြေပြီးသားပါကွာ"

"အဲကောင်အကျင့်မကောင်းဘူး မပေါင်းနဲ့ဂျောင်ဟန် ငါတို့ကားမရှိသေးလို့နေ့တိုင်းကပ်စီးမယ်ပြောတာတောင် မစီးခိုင်းတာ"

ချွဲဆွန်းချောလ်၏သာသနာဖျက်သံကန့်လန့်ကြောင့် ဂျိုရှုအာ‌ဦးနှောက်အလုပ်ပေးကာ ပါးစပ်အားအမြန်ဖွင့်ရလေတော့သည်။

"ငါဘယ်တုန်း‌ကပြောလို့လဲ မင်းနားကြားမှားတာနေမှာပေါ့ ငါကအဲလိုပြောစရာလား"

အဆုံး၌ ချွဲဆွန်းချောလ်၏ငါသိတယ်နော်ဟူသော အကြည့်နှင့်သာ ရင်ဆိုင်လိုက်ရပြီး မလုံမလဲအကြည့်လွဲမိသည်။ ဘာမျှသိပုံမရသော ယွန်းဂျောင်ဟန်သာ သူတို့နှစ်ယောက်၏ friendship ကိုကြည့်၍သဘောတကျရယ်နေတော့သည်။

ဤသို့ဖြင့်သုံးယောက်သား ကြိုဆိုပွဲပါတီသို့သွားကြလေရာ ၅ခွဲအနည်းငယ်ကျော်မှသာရောက်ရှိလေတော့သည်။ ပါကင်ထိသုံးယောက်လုံးတူတူသာသွားကြပြီး ဆိုင်ထဲသို့ဝင်ကြလေသည်။ သူတို့ဝင်လာကြသော် နှုတ်ဆက်ကြသူများလည်းဆူညံနေလေသည်။ ကောင်စီဥက္ကဌနှင့် အတွင်းရေးမှူးအပြင် ဂျိုရှုအာကိုယ်တိုင်သည်လည်း ဒီနှစ်မှပြန်တက်လေသောကြောင့် ဆူညံသံများပွက်ပွက်ညံနေတော့သည်။

"အောင်မလေး ပေါ်မှပေါ်လာပါ့မလား ဟုန်းဂျီဆူတို့များ ချွဲဆွန်းချောလ်သာဇွတ်မခေါ်ရင် ငါတို့မျက်နှာလေးတောင်မြင်ရမှာမဟုတ်လောက်ဘူး တစ်နှစ်လောက်မတွေ့လိုက်တာစိမ်းကားနေပုံများကွာ"

"ဟုတ်ပါ့ ငါအဲကောင်ကိုပြန်လာတယ်ဆိုတာ အခုလူမြင်မှကိုယုံတော့တယ် ကျောင်းပြောင်းလက်မှတ်တွေကျောင်းကိစ္စတွေလာလုပ်တဲ့တနေ့ပဲ ကျောင်းမှာ‌ပေါ်လာတာလေ"

"ရော့ နောက်ကျတဲ့တစ်ခွက်၊ ငါတို့ကိုအခုမှမျက်နှာလာပြတဲ့အတွက် တစ်ခွက် သောက် ဟျောင့်"

Continuă lectura

O să-ți placă și

819K 18.6K 47
In wich a one night stand turns out to be a lot more than that.
1.3M 53.3K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
2.2K 184 2
ချစ်လို့ပင်မဝနိုင်သော ကိုယ့်အချစ်ဦးလေးရယ် တသက်လုံးစာ ကိုယ့်ရင်ခွင်မှာ ခိုနားလှည့်စမ်းပါ့ကွယ် ချစ်လို့ပင်မဝနိုင်သော ကိုယ့်အချစ်ဦးလေးရယ် တသက်လုံးစာ ကိ...
16.3K 434 11
မှောင်ပါတယ်နော်ကြိုက်မှဖတ်ပါ