အခန်း (၁၁၁၉)(စာစဉ် ၈၀- အပိုင်း ၁၃)
“ပုဒ်မရဲ့နောက်မှ အဆက်ရှိသေးတယ်”
“သူတို့က တစ်ဦးနဲ့ တစ်ဦး ဖေးမရင်း တစ်ဦး အသက်ရှင်နေရတာ တစ်ဦးကြောင့်ဆိုတဲ့ ပုံစံမျိုးနဲ့ အသက်ရှင်ခဲ့ကြတယ် . . .”
“ကလေးနှစ်ယောက်က မွေးရာပါ ဒဏ်ရာကြောင့် ရော၊ ခွဲစိတ်ခဲ့တဲ့ ဒဏ်ရာကြောင့်ပါ အများကြီး ခံစားခဲ့ ရတယ်၊ နောက်ပြီး သူတို့က အားလည်း နည်းနေကြ သေးတယ်လေ၊ အသက် ၂ နှစ်ပြည့်တာတောင် စကား မပြောနိုင်ကြသေးဘူး၊ ၃ နှစ်လည်းပြည့်ရော သူတို့က မှောက်ပြီးသွားနိုင်ရုံပဲ ရှိသေးတယ်၊ ဒဏ်ရာ ရထားတဲ့ ခြေထောက်တွေကလည်း မသက်သာကြဘူးလေ . . .”
“သူတို့ ၄ နှစ် ရောက်တဲ့အခါမှာတော့ ပထမဆုံး စကားကို သင်ယူနိုင်ခဲ့တယ်၊ အဲဒီအချိန်မှာ အဲဒီစကား လုံး တစ်လုံးကိုပဲ သူတို့ပြောနိုင်ခဲ့ကြတယ် . . .”
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်သည်။
“အဲဒီစကားလုံးက အစ်ကိုကြီးတဲ့ . . .”
နားထောင်နေသော ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့၏ မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်လာလေ သည်။
ရဲရှောင်ကိုလည်း ဝမ်းနည်းမှု၊ အံ့ဩမှု စသည့်ခံစား ချက်များ ပါဝင်နေသည့် အကြည့်များဖြင့် စိုက်ကြည့် လျက် ရှိနေကြသည်။
ရဲရှောင် ပြောသမျှ နားထောင်ရင်း သူမတို့၏ နှလုံး သား တစ်ခုလုံးလည်း ပေါက်ကွဲထွက်မတတ် ခံစားနေ ရသည်။
“တစ်နေ့မှာတော့ ကလေးနှစ်ယောက်လုံး မတ် တပ်ရပ်ပြီး စကားပြောနိုင်ခဲ့ကြတယ် . . .”
ရဲရှောင်က တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။
“သူတောင်းစားလေးကတော့ အဲဒီ မြင်ကွင်းကို ကြည့်ပြီး စိတ်လှုပ်ရှားသွားတာပေါ့၊ ပျော်ပွဲရွှင်ပွဲ လုပ် ဖို့ဆိုပြီးတောင် အစားအစာတွေ အများကြီးကို ခိုးယူခဲ့ တယ်၊ သူတို့ရဲ့အစ်ကိုကြီးကို စကားတွေ အများကြီး ပြန်ပြောနိုင်ပြီလေ . . .”
“အဲဒီနေ့မှာ သူတို့တွေ အစားအသောက်တွေ စား သောက်ရင်း ပျော်ရွှင်ခဲ့ကြတယ် ဒါပေမယ့် သူတောင်း စားလေးက သိပ်ပြီး လောဘကြီးခဲ့တယ်၊ ခိုးလာတာ တွေ များတော့ လူတွေရောက်လာပြီး အဆုံးသတ်မှာ အဲဒီလူတွေက သူတောင်းစားလေးရဲ့ လက်တွေကို ဖြတ်ပစ်ခဲ့ကြတယ်၊ မိန်းကလေးတွေက သူတို့ရဲ့ အစ် ကိုကြီးကို ကြည့်ပြီး အသံကျယ်ကြီးတွေနဲ့ အော်ဟစ် ငိုယိုခဲ့ကြတာပေါ့ . . .”
နောက်ဆုံးတွင် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ မျက် ဝန်းထဲရှိ လေးလံလှသည့် မျက်ရည်များကို မတားဆီး နိုင်တော့ဘဲ ငိုကြွေးလိုက်ကြသည်။
သူမတို့ မျက်နှာပေါ်၌ ဝမ်းနည်းနေသည့် ပုံရိပ်များ လည်း ထင်ဟပ်နေသလို ပျော်ရွှင်နေသည့် ပုံရိပ်များ လည်း ထင်ဟပ်နေလေသည်။
“သူတောင်းစားလေးက လက်မှာ ဒဏ်ရာရသွားခဲ့ ပေမယ့် တောင့်ခံထားတုန်းပဲ၊ သူသာ လဲကျသွားရင် သူလည်း သေသွားနိုင်သလို ကလေးနှစ်ယောက်လည်း သေသွားနိုင်တယ်လေ၊ အဲဒီနှစ်တွေက သူတောင်းစား လေးအတွက်တော့ အရမ်းကို ခက်ခဲတဲ့နှစ်တွေပေါ့”
“ဒီလိုနဲ့ ကလေးသုံးယောက်က အသက်ရှင်နိုင်ဖို့ ရုန်းကန်ခဲ့ကြရတယ် . . .”
ရဲရှောင်က ညီမနှစ်ဦးအား ကြည့်ရင်း ညင်သာစွာ ဖြင့် ပြောလိုက်သည်။
“အဲဒီလိုနဲ့ ကလေးတွေရဲ့ မွေးနေ့ကို ရောက်လာခဲ့ တယ်၊ သူတောင်းစားလေးက မွေးနေ့ပွဲအတွက် ပေါင် မုန့်တွေကို ခိုးယူလာခဲ့တယ်၊ အနည်းဆုံးတော့ သူ့ညီမ တွေကို ဝဝလင်လင် စားစေချင်တယ်၊ သူငတ်ရင် ငတ် ပါစေ သူ့ညီမတွေက သူ့အတွက် အရေးကြီးဆုံးပဲ . . .”
ရဲရှောင်က ရီဝေသော မျက်လုံးများဖြင့် အဝေးတစ် နေရာသို့ ကြည့်ရင်း ပြောလိုက်သည်။
“ဒါပေမယ့် သူအိမ်ပြန်ရောက်တဲ့အခါ အံ့ဩသွား ခဲ့ရတယ်၊ ကလေးတွေ ဘယ်သွားလဲဆိုတာကို သူ မသိတော့ဘူး၊ တစ်ယောက်ယောက်က ခေါ်သွားတာ လည်း ဖြစ်ကောင်းဖြစ်မှာပေါ့ . . .”
“သူ့ညီမလေးတွေ ပျောက်သွားလို့ သူအရူးကြီး တစ်ယောက်လိုကို လိုက်ရှာခဲ့တယ် ဒါပေမယ့် အရိပ် အယောင်ကိုတောင် မတွေ့ရတော့ဘဲ ကလေးတွေက ပျောက်ကွယ်သွားခဲ့တယ်၊ နှစ်ပေါင်းများစွာ ကြာတဲ့ အထိ သူ့ညီမနှစ်ယောက်ရဲ့ သတင်းကို မကြားခဲ့ရဘူး”
ရဲရှောင်က ဝမ်းနည်းမှုအပြည့်ဖြင့် ပြောလိုက်၏။
“မိန်းကလေးတွေကလည်း သူတို့ရဲ့ အစ်ကိုကြီးကို မတွေ့နိုင်ခဲ့တော့ဘူး၊ သူတို့ အစ်ကိုကြီးရဲ့ နာမည်ကို တောင် သိခွင့်မရလိုက်ကြဘူးလေ၊ သူတို့က အမြဲတမ်း အစ်ကိုကြီးလို့ပဲ ခေါ်ခဲ့ကြတာ . . .”
“ဒီလိုနဲ့ တစ်နေ့ကျတော့ သူတောင်းစားလေးက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်အောင်လုပ်နိုင်တဲ့ ထိပ် တန်းပညာရှင် တစ်ယောက် ဖြစ်လာခဲ့တယ် . . .”
“အဲဒီလိုနဲ့ သွားရင်းလာရင်းနဲ့ အမွှာညီမနှစ်ဦးရဲ့ တိုက်ပွဲကို သူတွေ့ခဲ့ရတယ်လေ၊ ညီမနှစ်ယောက်က အားနည်းသူတွေတော့ မဟုတ်ဘူး ဒါပေမယ့် အဲဒီ အချိန်မှာ အရေးနိမ့်နေတယ် . . .”
ရဲရှောင်မှ ခပ်အေးအေးပင် ပြောလိုက်သည်။
“သူတို့ရဲ့ ပြိုင်ဘက်က အစွမ်းထက်နေလို့လည်း မဟုတ်ဘူး၊ လူပိုများနေလို့လည်း မဟုတ်ဘူး၊ အဓိက က အဲဒီအချိန်မှာ မိုးသက်မုန်တိုင်း ကျနေလို့ပဲ . . .”
“ညီမနှစ်ယောက်လုံးက အစွမ်းထက်တဲ့ လူတွေ ဖြစ်ကြပေမယ့် မိုးစက်တွေကြားမှာ သူတို့ရဲ့ ဒဏ်ရာ ဟောင်းက ပြန်ပေါ်လာတယ်လေ၊ အဲဒီတော့ ကောင်း ကောင်းမွန်မွန် ပြန်ပြီး မတိုက်နိုင်ဘူးပေါ့ . . .”
“သူတောင်းစားလေးက အသက်အရွယ် ကြီးရင့် လာပြီး ကျင့်ကြံမှုအပိုင်းမှာလည်း အားကောင်းလာခဲ့ တယ်၊ ဒီအမွှာညီအစ်မနှစ်ယောက်က သူ့ရဲ့ပျောက်ဆုံး နေတဲ့ ညီမလေးတွေလား ဆိုတာကို အဲဒီအချိန်မှာ သူ တွေးလိုက်မိတယ် . . .”
ရဲရှောင်မှပြောရင်းဖြင့် သက်ပြင်းမောကြီး ချလိုက် ပြန်သည်။
“အဲဒီလိုနဲ့ အဲဒီနှစ်ယောက်ကို သူကူညီဖို့ ဆုံးဖြတ် ခဲ့တယ်၊ သူ့ညီမတွေ ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့၊ သူ့ ညီမတွေ ဒုက္ခရောက်နေတဲ့အချိန် ကူညီလိုက်ရတဲ့ သဘောနဲ့ကို သူက ကူညီပေးခဲ့တာ . . .”
“သူက လက်ရှိကမ္ဘာမှာ ကျင့်ကြံမှုအဆင့် ထိပ်ဆုံး ကို ရောက်နေပြီးသား သူလည်း ဝင်လိုက်ရော တိုက်ပွဲ က ပြီးဆုံးသွားတယ်၊ အဲဒီနောက်တော့ သူလည်း ပြန် ထွက်သွားခဲ့တယ်လေ၊ တကယ်တော့ အဲဒီအချိန်မှာ သူကလည်း အခက် ခဲတွေနဲ့ ပြည့်နှက်နေတဲ့အချိန်ပဲ”
“သူက မိန်းကလေးနှစ်ယောက်ကိုတော့ ဘာကိုမှ သွားပြီးမမေးခဲ့ဘူး ဘာလို့လဲဆိုတော့ သူစိတ်မပျက် ချင်လို့ပဲ နောက်ပြီးတော့ တကယ်လို့ အဲဒီမိန်းကလေး နှစ်ယောက်က သူ့ညီမတွေသာ ဖြစ်နေမယ်ဆိုရင် သူ့ ကြောင့်နဲ့ ညီမနှစ်ယောက်ကို ဒုက္ခတွင်းထဲ ဆွဲမခေါ် စေချင်တဲ့ သဘောပဲ အဲဒါကြောင့်မလို့ တိုက်ခိုက်ပေး ပြီးတာနဲ့ ချက်ချင်းပဲ ထွက်သွားခဲ့တာ . . .”
“သူက သူ့ညီအစ်ကိုအတွက် ကလဲ့စားချေပေးချင် တယ် ဆိုပေမယ့် တခြားလူတွေကိုတော့ ဒုက္ခမရောက် စေချင်ဘူးလေ . . .”
“အဲဒီနောက် ညီမနှစ်ယောက်ရဲ့ နောက်ကို သူက တိတ်တဆိတ်နဲ့ လိုက်ကြည့်ခဲ့သေးတယ်၊ မိန်းကလေး တွေ အပြန်အလှန် ပြောနေတဲ့ စကားတွေအရ အဲဒီ မိန်းကလေး နှစ်ယောက်က သူရဲ့ ပျောက်ဆုံးနေတဲ့ ညီမလေးတွေဆိုတာကို သူသေချာသိလိုက်ရတယ်”
“အဲဒီအချိန်မှာ သူကလည်း အန္တရာယ်တွေနဲ့ အနီး ကပ်ကို ရှိနေခဲ့တာ၊ ဒါပေမယ့် သူ့စိတ်ထဲမှာ စိတ်အေး သွားခဲ့ရတယ် သူ့ညီမလေးတွေက ကောင်းကောင်းမွန် မွန် ရှင်သန်နေတယ် မဟုတ်လား၊ ထိပ်သီးပညာရှင် နှစ်ယောက်လည်း ဖြစ်နေပြီ သူတို့ကို ထောက်ပံ့ပေး မယ့် အင်အားစုကလည်း ရှိနေပြီ၊ အဲဒီတော့ သူ့ညီမ တွေကို ဘယ်သူမှ အနိုင်မကျင့်ဝံ့ကြတော့ဘူးလေ၊ သူ ကျေနပ်သွားခဲ့တယ် . . .”
“မိန်းကလေးတွေကတော့ သူတို့ရဲ့ အစ်ကိုကြီးကို ရှာဖို့ လက်မလျှော့ခဲ့ကြဘူး ဒါပေမယ့် သူကလည်း သေလူလို ဖြစ်နေပြီဆိုတော့ သူ့ညီမတွေကို ဒီကိစ္စမှာ မပါဝင် မပတ်သက်စေချင်တော့ဘူး . . .”
“အဲဒီလိုနဲ့ သူတောင်းစားလေးက စိတ်ချလက်ချနဲ့ ထွက်လာခဲ့လိုက်တော့တယ်၊ သုံးလကြာတော့ သူ့ကို လိုက်လံဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ကြတယ်၊ နောက်ဆုံး မှာ သူ့ရဲ့ညီအစ်ကိုအတွက် ကလဲ့စားချေရင်း သူလည်း သေဆုံးသွားခဲ့ရတယ် . . .”
“ပုံပြင်ကတော့ ဒီနေရာမှာပဲ အဆုံးသတ်သင့်တာ ပေါ့ . . .”
ရဲရှောင်မှ ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်သည်။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း ရှုံးပွဲချ ငိုရင်း မျက် ရည်များကြားမှ -
“ဒီလိုကြီး အဆုံးသတ်တာ မဖြစ်နိုင်ဘူး၊ အဲဒီလို ကြီး အဆုံးမသတ်နိုင်ဘူး . . .”
“စာကြောင်းတစ်ကြောင်းဆုံးလို့ ပုဒ်မချလိုက်ရရင် တောင် အဲဒီပုဒ်မနောက်မှ စာကြောင်းတွေ ဆက်ရေး လို့ ရသေးတယ်၊ ဒီပုံပြင်ကလည်း ဒီလိုအဆုံးသတ်မှာ မယုံနိုင်ဘူး . . .”
ယွဲ့ရှောင်က မျက်ရည်များကို သုတ်ရင်း -
“အရှေ့ခန်းမက လူတွေနဲ့ တိုက်ခိုက်နေတုန်း သူ တို့ရဲ့ ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာခဲ့တယ်၊ အဲဒီ အတွက် အားအင်အပြည့်နဲ့ မတိုက်ခိုက်နိုင်ခဲ့ဘူး၊ အခြေအနေက တော်တော် ဆိုးရွားနေတဲ့အချိန်မှာပဲ ရှောင်ဧကရာဇ်လို တစ်ကိုယ်တော် တစ်ယောက်က ပေါ်လာပြီး ကူညီပေးခဲ့တယ် . . .”
“အသေးစိတ်တစ်ခုချင်းစီကို မှတ်မိနေတုန်းပဲ ဘာ လို့ အမြဲတမ်း သွေးအေးတတ်တဲ့ ရှောင်ဧကရာဇ်က အခုလိုမျိုး ဘာကြောင့် ကူညီခဲ့တယ်ဆိုတာကို ကျွန်မ တို့ နားမလည်နိုင်ခဲ့ဘူး၊ အခုတော့ ကျွန်မတို့ သိသွား ပြီ . . .”
“သူလုပ်ပေးခဲ့တာအတွက် ကျွန်မတို့က ကျေးဇူး တင်နေခဲ့တာ၊ အဲဒါကြောင့် သူ့အတွက် တစ်ခုခုပြန်ပြီး လုပ်ပေးချင်ခဲ့တာ ဒါပေမယ့် သူက ကျွန်မတို့ရဲ့ အစ်ကို ကြီးဆိုတာကို တစ်ခါမှ မတွေးထားခဲ့မိဘူး . . .”
မိန်းကလေးနှစ်ဦး၏ မျက်လုံးများထဲမှ မျက်ရည် များမှာ တားမရဆီးမရပင် စီးကျနေတော့သည်။
“သိသာသိခဲ့ရင် အစောကြီးကတည်းက ကလဲ့စား ချေပေးခဲ့တာ ကြာရောပေါ့၊ ကျွန်မတို့ မသိခဲ့ကြဘူး သိ ကို မသိခဲ့ကြဘူး . . .”
ယွဲ့ရှောင်တို့ ယွဲ့ဟန်တို့နှစ်ဦးလုံး ရဲရှောင် ပြော သမျှကို သံသယမရှိဘဲ ခြွင်းချက်မရှိ ယုံကြည်နေကြ သည်။
ထိုဇာတ်လမ်းက သူမတို့၏ နှလုံးသားထဲ၌ စူးတစ် ချောင်းပမာ စူးဝင်စိုက်နစ်နေသည့် ဇာတ်လမ်းတစ်ပုဒ် ပင် ဖြစ်၏။
ထို့ပြင် သူမတို့၏ လျှို့ဝှက်ချက်ကို သိသောလူက လည်း တစ်ဦးတစ်ယောက်တည်း သာလျှင် ရှိပါတော့ သည်။
#translator
#ကြွေရွက်ဝါ
အခန်း (၁၁၂၀)(စာစဉ် ၈၀ - အပိုင်း ၁၄)
“အစ်ကိုနှင့်ညီမများ ပြန်လည်ဆုံစည်းခြင်း”
မိန်းကလေး နှစ်ဦးမှာ သူမတို့၏ ဇာတ်လမ်းကို မည်သူ့ကိုမှ ပြောပြခဲ့ဖူးခြင်း မရှိပေ။
မည်မျှထိဆိုလျှင် ငယ်စဉ်ကတည်းက သူမတို့အား ခေါ်ဆောင်သွားသည့် ဆရာကိုပင် မပြောပြခဲ့ခြင်း ဖြစ် သည်။
အတိတ် နေ့ရက်များဆီက ဝမ်းနည်းဖွယ်ကောင်း သည့် ထိုဖြစ်ရပ်များမှာ သူမတို့၏ နှလုံးသား၌ သံမှို ပမာ မြဲမြံစွာ စူးစိုက်လျက်ရှိသည်။
ဘယ်သောအခါ နှုတ်၍ ရနိုင်မည် မဟုတ်သည့် ကြေကွဲစရာ ဖြစ်ရပ်များပါပင်။
သူတို့ သုံးဦးမှာ တစ်ဦးနှင့် တစ်ဦး ဖေးမရင်းဖြင့် အသက်ရှင်နိုင်ရန် ကြိုးစားခဲ့ကြသည်။
ဒုက္ခိတ ညီမနှစ်ဦးနှင့် သူတောင်းစားလေးတို့မှာ ကြယ်ရောင်စုံများအား မြင်နေရသည့် ယိုယွင်းပျက်စီး နေသည့် တဲအိုပျက်လေးတွင် ဆင်းရဲချို့တဲ့စွာ နေထိုင် ခဲ့ကြရသည်။
အမိုးအကာမလုံ၊ လေဒဏ်မိုးဒဏ် မခံနိုင်သည့် ထို တဲအိုပျက်လေး၌ နုံချာစွာ နေထိုင်ခဲ့ရသော်လည်း သူ တို့သုံးဦးမှာ အေးအတူပူအမျှ ရှိခဲ့ကြသည်။
အဖာအထေးများ မည်မျှ ပြည့်နှက်နေပါစေ၊ မည် မျှ ယိုယွင်းနေပါစေ အစ်ကိုကြီး၏ မေတ္တာများဖြင့် လွှမ်းခြုံထားသည့် ထိုတဲအိမ်လေးက သူမတို့ကို လုံခြုံ မှုအပြည့်ပင် ပေးစွမ်းနိုင်ခဲ့သည်။
ကံကြမ္မာ အလှည့်အပြောင်းအရ ဆရာဖြစ်သူ၏ ခေါ်ဆောင်ခြင်းကို ခံရသော်လည်း အစ်ကိုဖြစ်သူကို ပြန်ရှာရန် အမြဲလိုလို အားထုတ်ခဲ့ကြသည်။
ချင်းဟွာနန်းတော်သို့ ရောက်သွားပြီးသော သူမတို့ အဖို့ လမ်းပြမည့်လူမရှိဘဲ ပြန်သွားမည်ဆိုပါက လမ်း ပျောက်သွားမည်မှာ သေချာလှသည်။
ထို့ပြင် သူမတို့၏ ခြေထောက်များက ကောင်းစွာ မလှုပ်ရှားနိုင်သေးဘဲ ခြေလှမ်း လှမ်းလိုက်တိုင်းလည်း နာကျင်နေတုန်းပင် ဖြစ်သည်။
ထို့ကြောင့် ခရီးဝေးကို မသွားနိုင်သေးသဖြင့် အား မတန်၍ မာန်လျှော့ခဲ့ရပြန်သည်။
ပိုဆိုးသည်မှာ သူမတို့ နေထိုင်ခဲ့သည့် တဲအိုလေး မည်သည့် နေရာ၌ ရှိသည်ကို အတိအကျ မသိတော့ ခြင်း ဖြစ်သည်။
ထို့ကြောင့် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့သည် ဆရာ ဖြစ်သူကိုပင် အချိန်အတန်ကြာ မုန်းတီးနာကျည်းခဲ့ရ သည်။
နောက်ဆုံးတွင်မူ ဆရာဖြစ်သူက သူမတို့ ကောင်း စားရေး အတွက်သာ လုပ်ခဲ့ခြင်း ဖြစ်သည်ကို နား လည်သွားကြပြီး ဆရာဖြစ်သူအပေါ် စိတ်လျှော့လိုက် ကြသည်။
သို့သော် စိတ်ထဲ၌မူ နောင်တရနေမိတုန်းပါပင်။
(ငါတို့နဲ့ အတူတူ ဘာလို့ ငါတို့ အစ်ကိုကြီးကိုပါ မခေါ်ခဲ့ရတာလဲ မသိဘူး . . .)
ချင်းဟွာနန်းတော်၌ တိမ်မြူခိုးနန်းတော်၊ ရေခဲ တိမ်တိုက်နန်းတော်တို့နှင့် မတူသည့် အချက်တစ်ချက် ရှိသည်။
တိမ်မြူခိုး နန်းတော်နှင့် ရေခဲတိမ်တိုက်နန်းတော် တို့က အမျိုးသမီး ဂိုဏ်းသူများကိုသာ လက်ခံသော် လည်း ချင်းဟွာနန်းတော်မှာမူ ယောက်ျားလေးများကို ပါလက်ခံတတ်ကြသည်။
အမွှာညီအစ်မလည်း သူမတို့ နေရာမှ ပြန်လည် ထွက်ခွာလာပြီးနောက် တဲငယ်လေး ရှိရာမြို့သို့ ချက် ချင်းဆိုသလို သွားခဲ့ကြသည်။
သူမတို့အား စောင့်ရှောက်ပေးခဲ့သည့် အစ်ကိုကြီး ဖြစ်သူကို တွေ့နိုင်ရန်အလို့ငှာ သွားရှာခဲ့ကြခြင်းပါပင်။
သို့သော် နှစ်ပေါင်းများစွာ ထိုနေရာသို့ ကြိမ်ဖန် များစွာ သွားခဲ့သည့်တိုင် အစ်ကိုဖြစ်သူကိုမူ မတွေ့ရ တော့ချေ။
သူမတို့ နေထိုင်ခဲ့သည့် တဲငယ်လေး ရှိရာနေရာမှာ လည်း လွင်တီးခေါင်ပြင်ပင် ဖြစ်နေ၍ တဲငယ်လေး အသစ်တစ်လုံးကိုပင် ထပ်မံ၍ ဆောက်ခဲ့ကြသည်။
သို့သော် ထိုတဲငယ်လေးကို ယခင်အတိုင်း ကြယ် တာရာများကို မြင်နိုင်ရန် အမိုးမမိုးဘဲ အလွတ်အတိုင်း သာ ထားထားလေသည်။
သူမတို့ ပြုလုပ်ထားသည့် ထိုတဲငယ်လေး အနား သို့ မည်သူမှလည်း မကပ်ဝံ့ကြပေ။
သူမတို့ ပြန်သည့်အခါတိုင်းလည်း တဲငယ်လေးထဲ ၌ အစ်ကိုဖြစ်သူကို လွမ်းစိတ်ဖြင့် ရက်အတန်ကြာ နေ ထိုင်တတ်ကြသည်။
(ငါတို့ရဲ့ အစ်ကိုကြီးက ဒီနေရာကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်လာနိုင်မှာပါ . . .)
သို့သော် သစ်ပင်ထက်မှ ကြွေလွင့်သွားရသည့် ရော်ရွက်လေးပမာ သူမတို့၏ မျှော်လင့်ချက်မှာလည်း ထိုအတိုင်းပင် ကြွေလွင့်ခဲ့ရသည်။
မမွေးရုံတမယ် ကျွေးမွေးပြုစု စောင့်ရှောက်ပေးခဲ့ သည့် အစ်ကိုဖြစ်သူ၏ အမည်ကို မသိ၍ လိုက်ရှာရန် မှာလည်း သူမတို့အတွက် ခက်ခဲခဲ့သည်။
နောက်ဆုံးတွင် ရာသီများစွာ ကုန်ဆုံးသွားသည့် တိုင် သူမတို့၏ အစ်ကိုကြီးအား ရှာမတွေ့တော့၍ သေ ဆုံးသွားပြီဟုသာ ထင်မှတ်လိုက်ကြတော့သည်။
သို့သော် ယခုအခါ သူမတို့ရှေ့ရှိ လူငယ်လေးမှာ ထိုကြေကွဲစရာ ဇာတ်လမ်းကို အစအဆုံး ပြောပြနိုင် လျက်ရှိသည်။
ထို့ပြင် မည်သူမှ မသိသည့် သူမတို့၏ လျှို့ဝှက် ချက်ကိုပင် ပြောပြနိုင်နေပါသေးသည်။
မိန်းကလေး နှစ်ဦးလည်း တရှုံ့ရှုံ့ ငိုကြွေးရင်းဖြင့် ရဲရှောင်အား နူးညံ့သည့် မျက်ဝန်းများဖြင့် ကြည့်လျက် ရှိနေသည်။
ထိုစဉ် ယွဲ့ရှောင်မှ ရှိုက်သံကြားမှ တုန်ယင်သော အသံဖြင့် -
“အဲ အဲဒီနောက်တော့ရော . . .”
ရဲရှောင် ပြုံးလျက် -
“နောက်တော့ ဘာမှ မထူးတော့ဘူးလေ၊ အရွယ် ရောက်လာတဲ့ သူတောင်းစားလေးက သူ့ညီအစ်ကို အတွက် ကလဲ့စားချေဖို့ ကြိုးစားရင်း ရန်သူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ် . . .”
“ဒါပေမယ့် အံ့ဩဖို့ကောင်းတာက သူက မသေခဲ့ ဘူး၊ သူ့ရဲ့ အပြင်ပန်း ခန္ဓာကိုယ်က သေဆုံးခဲ့ပေမယ့် သူ့ရဲ့ဝိညာဉ်ကတော့ ရှင်သန်နိုင်ခဲ့တယ် . . .”
“ကံတရားကြောင့် ဆိုရမလား သူက အဆင့်နိမ့် နယ်ပယ်က လူငယ်လေးတစ်ယောက်ရဲ့ ကိုယ်ထဲကို ပြန်ဝင်စားခဲ့တယ်၊ ပိုပြီး တိုက်ဆိုင်သွားက အဲဒီလူငယ် လေးရဲ့ နာမည်ကလည်း ရဲရှောင်တဲ့၊ သူတောင်းစား လေးရဲ့ နာမည်နဲ့ အတူတူပဲ ဖြစ်နေတာပေါ့ . . .”
“အဲဒီနောက်တော့ သူက သူ့ညီမ နှစ်ယောက်ကို တွေ့လိုက်ရတယ်၊ အံ့ဩစရာကောင်းတာက သူ့ညီမ နှစ်ယောက်က သူ့မျိုးနွယ်ကို ပြဿနာရှာဖို့ ရောက် လာကြတာလေ . . .”
ရဲရှောင်က နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။
“ဒါကတော့ အဆုံးသတ်ပေါ့လေ၊ ငါသိသလောက် ဇာတ်လမ်းအဆုံးသတ်ကတော့ ဒီမှာပဲ၊ ဘာဆက်ဖြစ် မလဲဆိုတာတော့ မသိသေးဘူး . . .”
ရဲရှောင်မှ အဆုံးသတ်အား ပြောလိုက်ချိန် ညီမနှစ် ဦးလုံးမှာ ဆတ်ကနဲပင် တုန်သွားကြသည်။
စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး ကတုန် ကယင် ဖြစ်နေကြပြီး မျက်ရည်မိုးများမှာလည်း တား ဆီးမရနိုင်အောင်ပင် ဖြစ်နေကြသည်။
ထိုအချိန် သူမတို့မှာ ထိပ်သီးပညာရှင်ကြီးများနှင့် ပင် မတူတော့ဘဲ ဝမ်းပန်းတနည်း ငိုကြွေးနေသည့် ကလေးငယ်များနှင့်ပင် တူနေသည်။
ထို့ပြင် စွန့်ပစ်ခံရသည့် ကလေးငယ်နှစ်ဦး မိဘ ဖြစ်သူများနှင့် ပြန်ဆုံတွေ့ရသည့် မြင်ကွင်းမျိုးဖြင့် လည်း တူနေပါသေးသည်။
ယခု ရဲရှောင် ပြောခဲ့သည့် စကားများက ခြွင်းချက် မရှိ ယုံကြည်ဖွယ်ကောင်းနေပြီး ထိုဇာတ်လမ်းကို သိ သော လူကလည်း သူမတို့၏ အစ်ကိုကြီး တစ်ဦးသာ လျှင်ရှိ၏။
လက်ရှိ သူမတို့ရှေ့၌ ရှိနေသည့် လူငယ်မှာ အစ်ကို ဖြစ်သူနှင့် ရုပ်ချင်းမတူသော်လည်း အကြောင်းအရာ အသေးစိတ်ကို သိနေ၍ သူမတို့၏ အစ်ကိုကြီးပင် သေ ချာပေါက် ဖြစ်လိမ့်မည်။
(ခန္ဓာကိုယ် ပြောင်းလဲရုံလောက် မပြောနဲ့ ကမ္ဘာ ကြီး တစ်ခုလုံးပြောင်းလဲသွားရင်တောင် ရှင်က ကျွန်မ တို့ အစ်ကိုကြီး ဖြစ်နေရုံနဲ့တင် လုံလောက်ပြီ . . .)
ရဲရှောင်မှ ရှက်အမ်းအမ်းဖြင့် -
“ကောင်မလေးတွေ ဘာလို့ ကလေးတွေလို အခု လောက်ထိ ငိုနေရတာလဲ၊ မျက်ရည်တွေက မကုန်ကျ သေးဘူးလား၊ မင်းတို့ကိုယ် မင်းတို့လည်း ကြည့်ပါဦး မင်းတို့ကအခု မိန်းမကြီးတွေ ဖြစ်နေကြပြီ၊ အခုထိကို အရင်တုန်းက အတိုင်းပဲလား . . .”
မိန်းကလေးများမှာလည်း ဆက်၍ မတောင့်ခံနိုင် တော့ဘဲ ချက်ချင်းပင် ရဲရှောင် ရင်ခွင်ထဲ ပြေးဝင်ရင်း-
“အစ်ကိုကြီး . . .”
သူမတို့အဖို့ နှစ်ပေါင်းများစွာ ခေါ်ချင်နေခဲ့သည့် နာမည်အား ပြန်ခေါ်ခွင့် ရလိုက်ပြီ ဖြစ်သည်။
ရဲရှောင်အား ဖက်ထားသည့် သူမတို့၏ လက်များ မှာလည်း အစပိုင်း၌ ကတုန်ကယင် ဖြစ်နေသည့်တိုင် နောက်ပိုင်းတွင်မူ တင်းကြပ်စွာပင် ဖက်ထားလိုက်ကြ သည်။
ရဲရှောင်မှာမူ ဖျစ်ညှစ်ခံထားရ၍ အသက်ရှူကြပ် မတတ်ပင် ဖြစ်နေရသည်။
မိန်းကလေးများမှာ ချင်းရန်နယ်ပယ်၏ ထိပ်သီး ပညာရှင်များ ဖြစ်နေကြပြီ မဟုတ်ပါလား။
အကယ်၍ ရဲရှောင်သာ မူလတာအို အဆင့်သို့ မရောက်သေးပါက သူမတို့၏ ဖျစ်ညှစ်မှုကြောင့် မတော်တဆပင် အသက်ထွက်သွားနိုင်သည်။
ရဲရှောင်လည်း ငုံ့ကြည့်လိုက်ချိန် သူ၏ဝတ်ရုံတစ်ခု လုံး မိန်းကလေးများ၏ မျက်ရည်များဖြင့် စိုရွှဲနေသည် ကို မြင်တွေ့လိုက်ရသည်။
(ဘုရား ဘုရား မိန်းကလေးတွေက တော်တော် ခံ စားချက် ကြီးမားတာပါလား၊ သူတို့တွေက ရေနဲ့လုပ် ထားတဲ့အတိုင်းပဲ . . .)
ရဲရှောင် သက်ပြင်းချရင်း တွေးလိုက်မိသည်။
မိန်းကလေးနှစ်ဦးက ချင်းရန်နယ်ပယ်၏ ထိပ်သီး ပညာရှင် ပုံစံမျိုး၊ ချင်းဟွာနန်းတော်၏ ရေခဲနတ်သမီး ပုံစံမျိုးများ မပေါက်တော့ဘဲ မျက်ရည်အရွှဲသားဖြင့်ပင် ရှိနေကြသည်။
မသိပါက ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲသွား၍ ဝမ်း နည်းပက်လက် ငိုကြွေးနေသည့် ပုံစံမျိုးဖြင့်ပင် ငိုကြွေး နေကြခြင်း ဖြစ်ပါတော့သည်။
#translator
#ကြွေရွက်ဝါ
အခန္း (၁၁၁၉)(စာစဥ္ ၈၀- အပိုင္း ၁၃)
“ပုဒ္မရဲ႕ေနာက္မွ အဆက္႐ွိေသးတယ္”
“သူတို႔က တစ္ဦးနဲ႔ တစ္ဦး ေဖးမရင္း တစ္ဦး အသက္႐ွင္ေနရတာ တစ္ဦးေၾကာင့္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ အသက္႐ွင္ခဲ့ၾကတယ္ . . .”
“ကေလးႏွစ္ေယာက္က ေမြးရာပါ ဒဏ္ရာေၾကာင့္ ေရာ၊ ခြဲစိတ္ခဲ့တဲ့ ဒဏ္ရာေၾကာင့္ပါ အမ်ားႀကီး ခံစားခဲ့ ရတယ္၊ ေနာက္ၿပီး သူတို႔က အားလည္း နည္းေနၾက ေသးတယ္ေလ၊ အသက္ ၂ ႏွစ္ျပည့္တာေတာင္ စကား မေျပာႏိုင္ၾကေသးဘူး၊ ၃ ႏွစ္လည္းျပည့္ေရာ သူတို႔က ေမွာက္ၿပီးသြားႏိုင္႐ုံပဲ ႐ွိေသးတယ္၊ ဒဏ္ရာ ရထားတဲ့ ေျခေထာက္ေတြကလည္း မသက္သာၾကဘူးေလ . . .”
“သူတို႔ ၄ ႏွစ္ ေရာက္တဲ့အခါမွာေတာ့ ပထမဆုံး စကားကို သင္ယူႏိုင္ခဲ့တယ္၊ အဲဒီအခ်ိန္မွာ အဲဒီစကား လုံး တစ္လုံးကိုပဲ သူတို႔ေျပာႏိုင္ခဲ့ၾကတယ္ . . .”
ရဲေ႐ွာင္မွ ျပဳံးလ်က္ ေျပာလိုက္သည္။
“အဲဒီစကားလုံးက အစ္ကိုႀကီးတဲ့ . . .”
နားေထာင္ေနေသာ ယြဲ႕ေ႐ွာင္ႏွင့္ ယြဲ႕ဟန္တို႔၏ မ်က္လုံးမ်ားထဲတြင္ မ်က္ရည္မ်ားျဖင့္ ျပည့္လာေလ သည္။
ရဲေ႐ွာင္ကိုလည္း ဝမ္းနည္းမႈ၊ အံ့ဩမႈ စသည့္ခံစား ခ်က္မ်ား ပါဝင္ေနသည့္ အၾကည့္မ်ားျဖင့္ စိုက္ၾကည့္ လ်က္ ႐ွိေနၾကသည္။
ရဲေ႐ွာင္ ေျပာသမွ် နားေထာင္ရင္း သူမတို႔၏ ႏွလုံး သား တစ္ခုလုံးလည္း ေပါက္ကြဲထြက္မတတ္ ခံစားေန ရသည္။
“တစ္ေန႔မွာေတာ့ ကေလးႏွစ္ေယာက္လုံး မတ္ တပ္ရပ္ၿပီး စကားေျပာႏိုင္ခဲ့ၾကတယ္ . . .”
ရဲေ႐ွာင္က တည္ၿငိမ္စြာျဖင့္ပင္ ေျပာလိုက္သည္။
“သူေတာင္းစားေလးကေတာ့ အဲဒီ ျမင္ကြင္းကို ၾကည့္ၿပီး စိတ္လႈပ္႐ွားသြားတာေပါ့၊ ေပ်ာ္ပြဲ႐ႊင္ပြဲ လုပ္ ဖို႔ဆိုၿပီးေတာင္ အစားအစာေတြ အမ်ားႀကီးကို ခိုးယူခဲ့ တယ္၊ သူတို႔ရဲ႕အစ္ကိုႀကီးကို စကားေတြ အမ်ားႀကီး ျပန္ေျပာႏိုင္ၿပီေလ . . .”
“အဲဒီေန႔မွာ သူတို႔ေတြ အစားအေသာက္ေတြ စား ေသာက္ရင္း ေပ်ာ္႐ႊင္ခဲ့ၾကတယ္ ဒါေပမယ့္ သူေတာင္း စားေလးက သိပ္ၿပီး ေလာဘႀကီးခဲ့တယ္၊ ခိုးလာတာ ေတြ မ်ားေတာ့ လူေတြေရာက္လာၿပီး အဆုံးသတ္မွာ အဲဒီလူေတြက သူေတာင္းစားေလးရဲ႕ လက္ေတြကို ျဖတ္ပစ္ခဲ့ၾကတယ္၊ မိန္းကေလးေတြက သူတို႔ရဲ႕ အစ္ ကိုႀကီးကို ၾကည့္ၿပီး အသံက်ယ္ႀကီးေတြနဲ႔ ေအာ္ဟစ္ ငိုယိုခဲ့ၾကတာေပါ့ . . .”
ေနာက္ဆုံးတြင္ ယြဲ႕ေ႐ွာင္ႏွင့္ ယြဲ႕ဟန္တို႔မွာ မ်က္ ဝန္းထဲ႐ွိ ေလးလံလွသည့္ မ်က္ရည္မ်ားကို မတားဆီး ႏိုင္ေတာ့ဘဲ ငိုေႂကြးလိုက္ၾကသည္။
သူမတို႔ မ်က္ႏွာေပၚ၌ ဝမ္းနည္းေနသည့္ ပုံရိပ္မ်ား လည္း ထင္ဟပ္ေနသလို ေပ်ာ္႐ႊင္ေနသည့္ ပုံရိပ္မ်ား လည္း ထင္ဟပ္ေနေလသည္။
“သူေတာင္းစားေလးက လက္မွာ ဒဏ္ရာရသြားခဲ့ ေပမယ့္ ေတာင့္ခံထားတုန္းပဲ၊ သူသာ လဲက်သြားရင္ သူလည္း ေသသြားႏိုင္သလို ကေလးႏွစ္ေယာက္လည္း ေသသြားႏိုင္တယ္ေလ၊ အဲဒီႏွစ္ေတြက သူေတာင္းစား ေလးအတြက္ေတာ့ အရမ္းကို ခက္ခဲတဲ့ႏွစ္ေတြေပါ့”
“ဒီလိုနဲ႔ ကေလးသုံးေယာက္က အသက္႐ွင္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ၾကရတယ္ . . .”
ရဲေ႐ွာင္က ညီမႏွစ္ဦးအား ၾကည့္ရင္း ညင္သာစြာ ျဖင့္ ေျပာလိုက္သည္။
“အဲဒီလိုနဲ႔ ကေလးေတြရဲ႕ ေမြးေန႔ကို ေရာက္လာခဲ့ တယ္၊ သူေတာင္းစားေလးက ေမြးေန႔ပြဲအတြက္ ေပါင္ မုန္႔ေတြကို ခိုးယူလာခဲ့တယ္၊ အနည္းဆုံးေတာ့ သူ႕ညီမ ေတြကို ဝဝလင္လင္ စားေစခ်င္တယ္၊ သူငတ္ရင္ ငတ္ ပါေစ သူ႕ညီမေတြက သူ႕အတြက္ အေရးႀကီးဆုံးပဲ . . .”
ရဲေ႐ွာင္က ရီေဝေသာ မ်က္လုံးမ်ားျဖင့္ အေဝးတစ္ ေနရာသို႔ ၾကည့္ရင္း ေျပာလိုက္သည္။
“ဒါေပမယ့္ သူအိမ္ျပန္ေရာက္တဲ့အခါ အံ့ဩသြား ခဲ့ရတယ္၊ ကေလးေတြ ဘယ္သြားလဲဆိုတာကို သူ မသိေတာ့ဘူး၊ တစ္ေယာက္ေယာက္က ေခၚသြားတာ လည္း ျဖစ္ေကာင္းျဖစ္မွာေပါ့ . . .”
“သူ႕ညီမေလးေတြ ေပ်ာက္သြားလို႔ သူအ႐ူးႀကီး တစ္ေယာက္လိုကို လိုက္႐ွာခဲ့တယ္ ဒါေပမယ့္ အရိပ္ အေယာင္ကိုေတာင္ မေတြ႕ရေတာ့ဘဲ ကေလးေတြက ေပ်ာက္ကြယ္သြားခဲ့တယ္၊ ႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့ အထိ သူ႕ညီမႏွစ္ေယာက္ရဲ႕ သတင္းကို မၾကားခဲ့ရဘူး”
ရဲေ႐ွာင္က ဝမ္းနည္းမႈအျပည့္ျဖင့္ ေျပာလိုက္၏။
“မိန္းကေလးေတြကလည္း သူတို႔ရဲ႕ အစ္ကိုႀကီးကို မေတြ႕ႏိုင္ခဲ့ေတာ့ဘူး၊ သူတို႔ အစ္ကိုႀကီးရဲ႕ နာမည္ကို ေတာင္ သိခြင့္မရလိုက္ၾကဘူးေလ၊ သူတို႔က အၿမဲတမ္း အစ္ကိုႀကီးလို႔ပဲ ေခၚခဲ့ၾကတာ . . .”
“ဒီလိုနဲ႔ တစ္ေန႔က်ေတာ့ သူေတာင္းစားေလးက ကမ႓ာတစ္ခုလုံးကို တုန္လႈပ္ေအာင္လုပ္ႏိုင္တဲ့ ထိပ္ တန္းပညာ႐ွင္ တစ္ေယာက္ ျဖစ္လာခဲ့တယ္ . . .”
“အဲဒီလိုနဲ႔ သြားရင္းလာရင္းနဲ႔ အမႊာညီမႏွစ္ဦးရဲ႕ တိုက္ပြဲကို သူေတြ႕ခဲ့ရတယ္ေလ၊ ညီမႏွစ္ေယာက္က အားနည္းသူေတြေတာ့ မဟုတ္ဘူး ဒါေပမယ့္ အဲဒီ အခ်ိန္မွာ အေရးနိမ့္ေနတယ္ . . .”
ရဲေ႐ွာင္မွ ခပ္ေအးေအးပင္ ေျပာလိုက္သည္။
“သူတို႔ရဲ႕ ၿပိဳင္ဘက္က အစြမ္းထက္ေနလို႔လည္း မဟုတ္ဘူး၊ လူပိုမ်ားေနလို႔လည္း မဟုတ္ဘူး၊ အဓိက က အဲဒီအခ်ိန္မွာ မိုးသက္မုန္တိုင္း က်ေနလို႔ပဲ . . .”
“ညီမႏွစ္ေယာက္လုံးက အစြမ္းထက္တဲ့ လူေတြ ျဖစ္ၾကေပမယ့္ မိုးစက္ေတြၾကားမွာ သူတို႔ရဲ႕ ဒဏ္ရာ ေဟာင္းက ျပန္ေပၚလာတယ္ေလ၊ အဲဒီေတာ့ ေကာင္း ေကာင္းမြန္မြန္ ျပန္ၿပီး မတိုက္ႏိုင္ဘူးေပါ့ . . .”
“သူေတာင္းစားေလးက အသက္အ႐ြယ္ ႀကီးရင့္ လာၿပီး က်င့္ၾကံမႈအပိုင္းမွာလည္း အားေကာင္းလာခဲ့ တယ္၊ ဒီအမႊာညီအစ္မႏွစ္ေယာက္က သူ႕ရဲ႕ေပ်ာက္ဆုံး ေနတဲ့ ညီမေလးေတြလား ဆိုတာကို အဲဒီအခ်ိန္မွာ သူ ေတြးလိုက္မိတယ္ . . .”
ရဲေ႐ွာင္မွေျပာရင္းျဖင့္ သက္ျပင္းေမာႀကီး ခ်လိုက္ ျပန္သည္။
“အဲဒီလိုနဲ႔ အဲဒီႏွစ္ေယာက္ကို သူကူညီဖို႔ ဆုံးျဖတ္ ခဲ့တယ္၊ သူ႕ညီမေတြ ဟုတ္ဟုတ္မဟုတ္ဟုတ္ေပါ့၊ သူ႕ ညီမေတြ ဒုကၡေရာက္ေနတဲ့အခ်ိန္ ကူညီလိုက္ရတဲ့ သေဘာနဲ႔ကို သူက ကူညီေပးခဲ့တာ . . .”
“သူက လက္႐ွိကမ႓ာမွာ က်င့္ၾကံမႈအဆင့္ ထိပ္ဆုံး ကို ေရာက္ေနၿပီးသား သူလည္း ဝင္လိုက္ေရာ တိုက္ပြဲ က ၿပီးဆုံးသြားတယ္၊ အဲဒီေနာက္ေတာ့ သူလည္း ျပန္ ထြက္သြားခဲ့တယ္ေလ၊ တကယ္ေတာ့ အဲဒီအခ်ိန္မွာ သူကလည္း အခက္ ခဲေတြနဲ႔ ျပည့္ႏွက္ေနတဲ့အခ်ိန္ပဲ”
“သူက မိန္းကေလးႏွစ္ေယာက္ကိုေတာ့ ဘာကိုမွ သြားၿပီးမေမးခဲ့ဘူး ဘာလို႔လဲဆိုေတာ့ သူစိတ္မပ်က္ ခ်င္လို႔ပဲ ေနာက္ၿပီးေတာ့ တကယ္လို႔ အဲဒီမိန္းကေလး ႏွစ္ေယာက္က သူ႕ညီမေတြသာ ျဖစ္ေနမယ္ဆိုရင္ သူ႕ ေၾကာင့္နဲ႔ ညီမႏွစ္ေယာက္ကို ဒုကၡတြင္းထဲ ဆြဲမေခၚ ေစခ်င္တဲ့ သေဘာပဲ အဲဒါေၾကာင့္မလို႔ တိုက္ခိုက္ေပး ၿပီးတာနဲ႔ ခ်က္ခ်င္းပဲ ထြက္သြားခဲ့တာ . . .”
“သူက သူ႕ညီအစ္ကိုအတြက္ ကလဲ့စားေခ်ေပးခ်င္ တယ္ ဆိုေပမယ့္ တျခားလူေတြကိုေတာ့ ဒုကၡမေရာက္ ေစခ်င္ဘူးေလ . . .”
“အဲဒီေနာက္ ညီမႏွစ္ေယာက္ရဲ႕ ေနာက္ကို သူက တိတ္တဆိတ္နဲ႔ လိုက္ၾကည့္ခဲ့ေသးတယ္၊ မိန္းကေလး ေတြ အျပန္အလွန္ ေျပာေနတဲ့ စကားေတြအရ အဲဒီ မိန္းကေလး ႏွစ္ေယာက္က သူရဲ႕ ေပ်ာက္ဆုံးေနတဲ့ ညီမေလးေတြဆိုတာကို သူေသခ်ာသိလိုက္ရတယ္”
“အဲဒီအခ်ိန္မွာ သူကလည္း အႏၲရာယ္ေတြနဲ႔ အနီး ကပ္ကို ႐ွိေနခဲ့တာ၊ ဒါေပမယ့္ သူ႕စိတ္ထဲမွာ စိတ္ေအး သြားခဲ့ရတယ္ သူ႕ညီမေလးေတြက ေကာင္းေကာင္းမြန္ မြန္ ႐ွင္သန္ေနတယ္ မဟုတ္လား၊ ထိပ္သီးပညာ႐ွင္ ႏွစ္ေယာက္လည္း ျဖစ္ေနၿပီ သူတို႔ကို ေထာက္ပံ့ေပး မယ့္ အင္အားစုကလည္း ႐ွိေနၿပီ၊ အဲဒီေတာ့ သူ႕ညီမ ေတြကို ဘယ္သူမွ အႏိုင္မက်င့္ဝံ့ၾကေတာ့ဘူးေလ၊ သူ ေက်နပ္သြားခဲ့တယ္ . . .”
“မိန္းကေလးေတြကေတာ့ သူတို႔ရဲ႕ အစ္ကိုႀကီးကို ႐ွာဖို႔ လက္မေလွ်ာ့ခဲ့ၾကဘူး ဒါေပမယ့္ သူကလည္း ေသလူလို ျဖစ္ေနၿပီဆိုေတာ့ သူ႕ညီမေတြကို ဒီကိစၥမွာ မပါဝင္ မပတ္သက္ေစခ်င္ေတာ့ဘူး . . .”
“အဲဒီလိုနဲ႔ သူေတာင္းစားေလးက စိတ္ခ်လက္ခ်နဲ႔ ထြက္လာခဲ့လိုက္ေတာ့တယ္၊ သုံးလၾကာေတာ့ သူ႕ကို လိုက္လံဖမ္းဆီးၿပီး သတ္ျဖတ္ခဲ့ၾကတယ္၊ ေနာက္ဆုံး မွာ သူ႕ရဲ႕ညီအစ္ကိုအတြက္ ကလဲ့စားေခ်ရင္း သူလည္း ေသဆုံးသြားခဲ့ရတယ္ . . .”
“ပုံျပင္ကေတာ့ ဒီေနရာမွာပဲ အဆုံးသတ္သင့္တာ ေပါ့ . . .”
ရဲေ႐ွာင္မွ ေဖ်ာ့ေတာ့စြာ ျပဳံးရင္း ေျပာလိုက္သည္။
ယြဲ႕ေ႐ွာင္ႏွင့္ ယြဲ႕ဟန္တို႔လည္း ႐ႈံးပြဲခ် ငိုရင္း မ်က္ ရည္မ်ားၾကားမွ -
“ဒီလိုႀကီး အဆုံးသတ္တာ မျဖစ္ႏိုင္ဘူး၊ အဲဒီလို ႀကီး အဆုံးမသတ္ႏိုင္ဘူး . . .”
“စာေၾကာင္းတစ္ေၾကာင္းဆုံးလို႔ ပုဒ္မခ်လိုက္ရရင္ ေတာင္ အဲဒီပုဒ္မေနာက္မွ စာေၾကာင္းေတြ ဆက္ေရး လို႔ ရေသးတယ္၊ ဒီပုံျပင္ကလည္း ဒီလိုအဆုံးသတ္မွာ မယုံႏိုင္ဘူး . . .”
ယြဲ႕ေ႐ွာင္က မ်က္ရည္မ်ားကို သုတ္ရင္း -
“အေ႐ွ႕ခန္းမက လူေတြနဲ႔ တိုက္ခိုက္ေနတုန္း သူ တို႔ရဲ႕ ဒဏ္ရာေဟာင္းေတြ ျပန္ေပၚလာခဲ့တယ္၊ အဲဒီ အတြက္ အားအင္အျပည့္နဲ႔ မတိုက္ခိုက္ႏိုင္ခဲ့ဘူး၊ အေျခအေနက ေတာ္ေတာ္ ဆိုး႐ြားေနတဲ့အခ်ိန္မွာပဲ ေ႐ွာင္ဧကရာဇ္လို တစ္ကိုယ္ေတာ္ တစ္ေယာက္က ေပၚလာၿပီး ကူညီေပးခဲ့တယ္ . . .”
“အေသးစိတ္တစ္ခုခ်င္းစီကို မွတ္မိေနတုန္းပဲ ဘာ လို႔ အၿမဲတမ္း ေသြးေအးတတ္တဲ့ ေ႐ွာင္ဧကရာဇ္က အခုလိုမ်ိဳး ဘာေၾကာင့္ ကူညီခဲ့တယ္ဆိုတာကို ကြၽန္မ တို႔ နားမလည္ႏိုင္ခဲ့ဘူး၊ အခုေတာ့ ကြၽန္မတို႔ သိသြား ၿပီ . . .”
“သူလုပ္ေပးခဲ့တာအတြက္ ကြၽန္မတို႔က ေက်းဇူး တင္ေနခဲ့တာ၊ အဲဒါေၾကာင့္ သူ႕အတြက္ တစ္ခုခုျပန္ၿပီး လုပ္ေပးခ်င္ခဲ့တာ ဒါေပမယ့္ သူက ကြၽန္မတို႔ရဲ႕ အစ္ကို ႀကီးဆိုတာကို တစ္ခါမွ မေတြးထားခဲ့မိဘူး . . .”
မိန္းကေလးႏွစ္ဦး၏ မ်က္လုံးမ်ားထဲမွ မ်က္ရည္ မ်ားမွာ တားမရဆီးမရပင္ စီးက်ေနေတာ့သည္။
“သိသာသိခဲ့ရင္ အေစာႀကီးကတည္းက ကလဲ့စား ေခ်ေပးခဲ့တာ ၾကာေရာေပါ့၊ ကြၽန္မတို႔ မသိခဲ့ၾကဘူး သိ ကို မသိခဲ့ၾကဘူး . . .”
ယြဲ႕ေ႐ွာင္တို႔ ယြဲ႕ဟန္တို႔ႏွစ္ဦးလုံး ရဲေ႐ွာင္ ေျပာ သမွ်ကို သံသယမ႐ွိဘဲ ႁခြင္းခ်က္မ႐ွိ ယုံၾကည္ေနၾက သည္။
ထိုဇာတ္လမ္းက သူမတို႔၏ ႏွလုံးသားထဲ၌ စူးတစ္ ေခ်ာင္းပမာ စူးဝင္စိုက္နစ္ေနသည့္ ဇာတ္လမ္းတစ္ပုဒ္ ပင္ ျဖစ္၏။
ထို႔ျပင္ သူမတို႔၏ လွ်ိဳ႕ဝွက္ခ်က္ကို သိေသာလူက လည္း တစ္ဦးတစ္ေယာက္တည္း သာလွ်င္ ႐ွိပါေတာ့ သည္။
#translator
#ေႂကြ႐ြက္ဝါ
အခန္း (၁၁၂၀)(စာစဥ္ ၈၀ - အပိုင္း ၁၄)
“အစ္ကိုႏွင့္ညီမမ်ား ျပန္လည္ဆုံစည္းျခင္း”
မိန္းကေလး ႏွစ္ဦးမွာ သူမတို႔၏ ဇာတ္လမ္းကို မည္သူ႕ကိုမွ ေျပာျပခဲ့ဖူးျခင္း မ႐ွိေပ။
မည္မွ်ထိဆိုလွ်င္ ငယ္စဥ္ကတည္းက သူမတို႔အား ေခၚေဆာင္သြားသည့္ ဆရာကိုပင္ မေျပာျပခဲ့ျခင္း ျဖစ္ သည္။
အတိတ္ ေန႔ရက္မ်ားဆီက ဝမ္းနည္းဖြယ္ေကာင္း သည့္ ထိုျဖစ္ရပ္မ်ားမွာ သူမတို႔၏ ႏွလုံးသား၌ သံမိႈ ပမာ ၿမဲျမံစြာ စူးစိုက္လ်က္႐ွိသည္။
ဘယ္ေသာအခါ ႏႈတ္၍ ရႏိုင္မည္ မဟုတ္သည့္ ေၾကကြဲစရာ ျဖစ္ရပ္မ်ားပါပင္။
သူတို႔ သုံးဦးမွာ တစ္ဦးႏွင့္ တစ္ဦး ေဖးမရင္းျဖင့္ အသက္႐ွင္ႏိုင္ရန္ ႀကိဳးစားခဲ့ၾကသည္။
ဒုကၡိတ ညီမႏွစ္ဦးႏွင့္ သူေတာင္းစားေလးတို႔မွာ ၾကယ္ေရာင္စုံမ်ားအား ျမင္ေနရသည့္ ယိုယြင္းပ်က္စီး ေနသည့္ တဲအိုပ်က္ေလးတြင္ ဆင္းရဲခ်ိဳ႕တဲ့စြာ ေနထိုင္ ခဲ့ၾကရသည္။
အမိုးအကာမလုံ၊ ေလဒဏ္မိုးဒဏ္ မခံႏိုင္သည့္ ထို တဲအိုပ်က္ေလး၌ ႏုံခ်ာစြာ ေနထိုင္ခဲ့ရေသာ္လည္း သူ တို႔သုံးဦးမွာ ေအးအတူပူအမွ် ႐ွိခဲ့ၾကသည္။
အဖာအေထးမ်ား မည္မွ် ျပည့္ႏွက္ေနပါေစ၊ မည္ မွ် ယိုယြင္းေနပါေစ အစ္ကိုႀကီး၏ ေမတၱာမ်ားျဖင့္ လႊမ္းျခဳံထားသည့္ ထိုတဲအိမ္ေလးက သူမတို႔ကို လုံျခဳံ မႈအျပည့္ပင္ ေပးစြမ္းႏိုင္ခဲ့သည္။
ကံၾကမၼာ အလွည့္အေျပာင္းအရ ဆရာျဖစ္သူ၏ ေခၚေဆာင္ျခင္းကို ခံရေသာ္လည္း အစ္ကိုျဖစ္သူကို ျပန္႐ွာရန္ အၿမဲလိုလို အားထုတ္ခဲ့ၾကသည္။
ခ်င္းဟြာနန္းေတာ္သို႔ ေရာက္သြားၿပီးေသာ သူမတို႔ အဖို႔ လမ္းျပမည့္လူမ႐ွိဘဲ ျပန္သြားမည္ဆိုပါက လမ္း ေပ်ာက္သြားမည္မွာ ေသခ်ာလွသည္။
ထို႔ျပင္ သူမတို႔၏ ေျခေထာက္မ်ားက ေကာင္းစြာ မလႈပ္႐ွားႏိုင္ေသးဘဲ ေျခလွမ္း လွမ္းလိုက္တိုင္းလည္း နာက်င္ေနတုန္းပင္ ျဖစ္သည္။
ထို႔ေၾကာင့္ ခရီးေဝးကို မသြားႏိုင္ေသးသျဖင့္ အား မတန္၍ မာန္ေလွ်ာ့ခဲ့ရျပန္သည္။
ပိုဆိုးသည္မွာ သူမတို႔ ေနထိုင္ခဲ့သည့္ တဲအိုေလး မည္သည့္ ေနရာ၌ ႐ွိသည္ကို အတိအက် မသိေတာ့ ျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ ယြဲ႕ေ႐ွာင္ႏွင့္ ယြဲ႕ဟန္တို႔သည္ ဆရာ ျဖစ္သူကိုပင္ အခ်ိန္အတန္ၾကာ မုန္းတီးနာက်ည္းခဲ့ရ သည္။
ေနာက္ဆုံးတြင္မူ ဆရာျဖစ္သူက သူမတို႔ ေကာင္း စားေရး အတြက္သာ လုပ္ခဲ့ျခင္း ျဖစ္သည္ကို နား လည္သြားၾကၿပီး ဆရာျဖစ္သူအေပၚ စိတ္ေလွ်ာ့လိုက္ ၾကသည္။
သို႔ေသာ္ စိတ္ထဲ၌မူ ေနာင္တရေနမိတုန္းပါပင္။
(ငါတို႔နဲ႔ အတူတူ ဘာလို႔ ငါတို႔ အစ္ကိုႀကီးကိုပါ မေခၚခဲ့ရတာလဲ မသိဘူး . . .)
ခ်င္းဟြာနန္းေတာ္၌ တိမ္ျမဴခိုးနန္းေတာ္၊ ေရခဲ တိမ္တိုက္နန္းေတာ္တို႔ႏွင့္ မတူသည့္ အခ်က္တစ္ခ်က္ ႐ွိသည္။
တိမ္ျမဴခိုး နန္းေတာ္ႏွင့္ ေရခဲတိမ္တိုက္နန္းေတာ္ တို႔က အမ်ိဳးသမီး ဂိုဏ္းသူမ်ားကိုသာ လက္ခံေသာ္ လည္း ခ်င္းဟြာနန္းေတာ္မွာမူ ေယာက်္ားေလးမ်ားကို ပါလက္ခံတတ္ၾကသည္။
အမႊာညီအစ္မလည္း သူမတို႔ ေနရာမွ ျပန္လည္ ထြက္ခြာလာၿပီးေနာက္ တဲငယ္ေလး ႐ွိရာၿမိဳ႕သို႔ ခ်က္ ခ်င္းဆိုသလို သြားခဲ့ၾကသည္။
သူမတို႔အား ေစာင့္ေ႐ွာက္ေပးခဲ့သည့္ အစ္ကိုႀကီး ျဖစ္သူကို ေတြ႕ႏိုင္ရန္အလို႔ငွာ သြား႐ွာခဲ့ၾကျခင္းပါပင္။
သို႔ေသာ္ ႏွစ္ေပါင္းမ်ားစြာ ထိုေနရာသို႔ ႀကိမ္ဖန္ မ်ားစြာ သြားခဲ့သည့္တိုင္ အစ္ကိုျဖစ္သူကိုမူ မေတြ႕ရ ေတာ့ေခ်။
သူမတို႔ ေနထိုင္ခဲ့သည့္ တဲငယ္ေလး ႐ွိရာေနရာမွာ လည္း လြင္တီးေခါင္ျပင္ပင္ ျဖစ္ေန၍ တဲငယ္ေလး အသစ္တစ္လုံးကိုပင္ ထပ္မံ၍ ေဆာက္ခဲ့ၾကသည္။
သို႔ေသာ္ ထိုတဲငယ္ေလးကို ယခင္အတိုင္း ၾကယ္ တာရာမ်ားကို ျမင္ႏိုင္ရန္ အမိုးမမိုးဘဲ အလြတ္အတိုင္း သာ ထားထားေလသည္။
သူမတို႔ ျပဳလုပ္ထားသည့္ ထိုတဲငယ္ေလး အနား သို႔ မည္သူမွလည္း မကပ္ဝံ့ၾကေပ။
သူမတို႔ ျပန္သည့္အခါတိုင္းလည္း တဲငယ္ေလးထဲ ၌ အစ္ကိုျဖစ္သူကို လြမ္းစိတ္ျဖင့္ ရက္အတန္ၾကာ ေန ထိုင္တတ္ၾကသည္။
(ငါတို႔ရဲ႕ အစ္ကိုႀကီးက ဒီေနရာကို တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ျပန္လာႏိုင္မွာပါ . . .)
သို႔ေသာ္ သစ္ပင္ထက္မွ ေႂကြလြင့္သြားရသည့္ ေရာ္႐ြက္ေလးပမာ သူမတို႔၏ ေမွ်ာ္လင့္ခ်က္မွာလည္း ထိုအတိုင္းပင္ ေႂကြလြင့္ခဲ့ရသည္။
မေမြး႐ုံတမယ္ ေကြၽးေမြးျပဳစု ေစာင့္ေ႐ွာက္ေပးခဲ့ သည့္ အစ္ကိုျဖစ္သူ၏ အမည္ကို မသိ၍ လိုက္႐ွာရန္ မွာလည္း သူမတို႔အတြက္ ခက္ခဲခဲ့သည္။
ေနာက္ဆုံးတြင္ ရာသီမ်ားစြာ ကုန္ဆုံးသြားသည့္ တိုင္ သူမတို႔၏ အစ္ကိုႀကီးအား ႐ွာမေတြ႕ေတာ့၍ ေသ ဆုံးသြားၿပီဟုသာ ထင္မွတ္လိုက္ၾကေတာ့သည္။
သို႔ေသာ္ ယခုအခါ သူမတို႔ေ႐ွ႕႐ွိ လူငယ္ေလးမွာ ထိုေၾကကြဲစရာ ဇာတ္လမ္းကို အစအဆုံး ေျပာျပႏိုင္ လ်က္႐ွိသည္။
ထို႔ျပင္ မည္သူမွ မသိသည့္ သူမတို႔၏ လွ်ိဳ႕ဝွက္ ခ်က္ကိုပင္ ေျပာျပႏိုင္ေနပါေသးသည္။
မိန္းကေလး ႏွစ္ဦးလည္း တ႐ႈံ႕႐ႈံ႕ ငိုေႂကြးရင္းျဖင့္ ရဲေ႐ွာင္အား ႏူးညံ့သည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လ်က္ ႐ွိေနသည္။
ထိုစဥ္ ယြဲ႕ေ႐ွာင္မွ ႐ိႈက္သံၾကားမွ တုန္ယင္ေသာ အသံျဖင့္ -
“အဲ အဲဒီေနာက္ေတာ့ေရာ . . .”
ရဲေ႐ွာင္ ျပဳံးလ်က္ -
“ေနာက္ေတာ့ ဘာမွ မထူးေတာ့ဘူးေလ၊ အ႐ြယ္ ေရာက္လာတဲ့ သူေတာင္းစားေလးက သူ႕ညီအစ္ကို အတြက္ ကလဲ့စားေခ်ဖို႔ ႀကိဳးစားရင္း ရန္သူေတြရဲ႕ သတ္ျဖတ္ျခင္းကို ခံခဲ့ရတယ္ . . .”
“ဒါေပမယ့္ အံ့ဩဖို႔ေကာင္းတာက သူက မေသခဲ့ ဘူး၊ သူ႕ရဲ႕ အျပင္ပန္း ခႏၶာကိုယ္က ေသဆုံးခဲ့ေပမယ့္ သူ႕ရဲ႕ဝိညာဥ္ကေတာ့ ႐ွင္သန္ႏိုင္ခဲ့တယ္ . . .”
“ကံတရားေၾကာင့္ ဆိုရမလား သူက အဆင့္နိမ့္ နယ္ပယ္က လူငယ္ေလးတစ္ေယာက္ရဲ႕ ကိုယ္ထဲကို ျပန္ဝင္စားခဲ့တယ္၊ ပိုၿပီး တိုက္ဆိုင္သြားက အဲဒီလူငယ္ ေလးရဲ႕ နာမည္ကလည္း ရဲေ႐ွာင္တဲ့၊ သူေတာင္းစား ေလးရဲ႕ နာမည္နဲ႔ အတူတူပဲ ျဖစ္ေနတာေပါ့ . . .”
“အဲဒီေနာက္ေတာ့ သူက သူ႕ညီမ ႏွစ္ေယာက္ကို ေတြ႕လိုက္ရတယ္၊ အံ့ဩစရာေကာင္းတာက သူ႕ညီမ ႏွစ္ေယာက္က သူ႕မ်ိဳးႏြယ္ကို ျပႆနာ႐ွာဖို႔ ေရာက္ လာၾကတာေလ . . .”
ရဲေ႐ွာင္က ႏူးညံ့စြာ ျပဳံး၍ ေျပာလိုက္သည္။
“ဒါကေတာ့ အဆုံးသတ္ေပါ့ေလ၊ ငါသိသေလာက္ ဇာတ္လမ္းအဆုံးသတ္ကေတာ့ ဒီမွာပဲ၊ ဘာဆက္ျဖစ္ မလဲဆိုတာေတာ့ မသိေသးဘူး . . .”
ရဲေ႐ွာင္မွ အဆုံးသတ္အား ေျပာလိုက္ခ်ိန္ ညီမႏွစ္ ဦးလုံးမွာ ဆတ္ကနဲပင္ တုန္သြားၾကသည္။
စိတ္လႈပ္႐ွားမႈေၾကာင့္ တစ္ကိုယ္လုံး ကတုန္ ကယင္ ျဖစ္ေနၾကၿပီး မ်က္ရည္မိုးမ်ားမွာလည္း တား ဆီးမရႏိုင္ေအာင္ပင္ ျဖစ္ေနၾကသည္။
ထိုအခ်ိန္ သူမတို႔မွာ ထိပ္သီးပညာ႐ွင္ႀကီးမ်ားႏွင့္ ပင္ မတူေတာ့ဘဲ ဝမ္းပန္းတနည္း ငိုေႂကြးေနသည့္ ကေလးငယ္မ်ားႏွင့္ပင္ တူေနသည္။
ထို႔ျပင္ စြန္႔ပစ္ခံရသည့္ ကေလးငယ္ႏွစ္ဦး မိဘ ျဖစ္သူမ်ားႏွင့္ ျပန္ဆုံေတြ႕ရသည့္ ျမင္ကြင္းမ်ိဳးျဖင့္ လည္း တူေနပါေသးသည္။
ယခု ရဲေ႐ွာင္ ေျပာခဲ့သည့္ စကားမ်ားက ႁခြင္းခ်က္ မ႐ွိ ယုံၾကည္ဖြယ္ေကာင္းေနၿပီး ထိုဇာတ္လမ္းကို သိ ေသာ လူကလည္း သူမတို႔၏ အစ္ကိုႀကီး တစ္ဦးသာ လွ်င္႐ွိ၏။
လက္႐ွိ သူမတို႔ေ႐ွ႕၌ ႐ွိေနသည့္ လူငယ္မွာ အစ္ကို ျဖစ္သူႏွင့္ ႐ုပ္ခ်င္းမတူေသာ္လည္း အေၾကာင္းအရာ အေသးစိတ္ကို သိေန၍ သူမတို႔၏ အစ္ကိုႀကီးပင္ ေသ ခ်ာေပါက္ ျဖစ္လိမ့္မည္။
(ခႏၶာကိုယ္ ေျပာင္းလဲ႐ုံေလာက္ မေျပာနဲ႔ ကမ႓ာ ႀကီး တစ္ခုလုံးေျပာင္းလဲသြားရင္ေတာင္ ႐ွင္က ကြၽန္မ တို႔ အစ္ကိုႀကီး ျဖစ္ေန႐ုံနဲ႔တင္ လုံေလာက္ၿပီ . . .)
ရဲေ႐ွာင္မွ ႐ွက္အမ္းအမ္းျဖင့္ -
“ေကာင္မေလးေတြ ဘာလို႔ ကေလးေတြလို အခု ေလာက္ထိ ငိုေနရတာလဲ၊ မ်က္ရည္ေတြက မကုန္က် ေသးဘူးလား၊ မင္းတို႔ကိုယ္ မင္းတို႔လည္း ၾကည့္ပါဦး မင္းတို႔ကအခု မိန္းမႀကီးေတြ ျဖစ္ေနၾကၿပီ၊ အခုထိကို အရင္တုန္းက အတိုင္းပဲလား . . .”
မိန္းကေလးမ်ားမွာလည္း ဆက္၍ မေတာင့္ခံႏိုင္ ေတာ့ဘဲ ခ်က္ခ်င္းပင္ ရဲေ႐ွာင္ ရင္ခြင္ထဲ ေျပးဝင္ရင္း-
“အစ္ကိုႀကီး . . .”
သူမတို႔အဖို႔ ႏွစ္ေပါင္းမ်ားစြာ ေခၚခ်င္ေနခဲ့သည့္ နာမည္အား ျပန္ေခၚခြင့္ ရလိုက္ၿပီ ျဖစ္သည္။
ရဲေ႐ွာင္အား ဖက္ထားသည့္ သူမတို႔၏ လက္မ်ား မွာလည္း အစပိုင္း၌ ကတုန္ကယင္ ျဖစ္ေနသည့္တိုင္ ေနာက္ပိုင္းတြင္မူ တင္းၾကပ္စြာပင္ ဖက္ထားလိုက္ၾက သည္။
ရဲေ႐ွာင္မွာမူ ဖ်စ္ညႇစ္ခံထားရ၍ အသက္႐ွဴၾကပ္ မတတ္ပင္ ျဖစ္ေနရသည္။
မိန္းကေလးမ်ားမွာ ခ်င္းရန္နယ္ပယ္၏ ထိပ္သီး ပညာ႐ွင္မ်ား ျဖစ္ေနၾကၿပီ မဟုတ္ပါလား။
အကယ္၍ ရဲေ႐ွာင္သာ မူလတာအို အဆင့္သို႔ မေရာက္ေသးပါက သူမတို႔၏ ဖ်စ္ညႇစ္မႈေၾကာင့္ မေတာ္တဆပင္ အသက္ထြက္သြားႏိုင္သည္။
ရဲေ႐ွာင္လည္း ငုံ႔ၾကည့္လိုက္ခ်ိန္ သူ၏ဝတ္႐ုံတစ္ခု လုံး မိန္းကေလးမ်ား၏ မ်က္ရည္မ်ားျဖင့္ စို႐ႊဲေနသည္ ကို ျမင္ေတြ႕လိုက္ရသည္။
(ဘုရား ဘုရား မိန္းကေလးေတြက ေတာ္ေတာ္ ခံ စားခ်က္ ႀကီးမားတာပါလား၊ သူတို႔ေတြက ေရနဲ႔လုပ္ ထားတဲ့အတိုင္းပဲ . . .)
ရဲေ႐ွာင္ သက္ျပင္းခ်ရင္း ေတြးလိုက္မိသည္။
မိန္းကေလးႏွစ္ဦးက ခ်င္းရန္နယ္ပယ္၏ ထိပ္သီး ပညာ႐ွင္ ပုံစံမ်ိဳး၊ ခ်င္းဟြာနန္းေတာ္၏ ေရခဲနတ္သမီး ပုံစံမ်ိဳးမ်ား မေပါက္ေတာ့ဘဲ မ်က္ရည္အ႐ႊဲသားျဖင့္ပင္ ႐ွိေနၾကသည္။
မသိပါက ကမ႓ာႀကီးတစ္ခုလုံး ၿပိဳကြဲသြား၍ ဝမ္း နည္းပက္လက္ ငိုေႂကြးေနသည့္ ပုံစံမ်ိဳးျဖင့္ပင္ ငိုေႂကြး ေနၾကျခင္း ျဖစ္ပါေတာ့သည္။
#translator
#ေႂကြ႐ြက္ဝါ