ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

316 - 320

253 28 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၁၆ ....... သေချာစဉ်းစားသင့်တယ်

ရှောင်လုံအရှေ့ကိုရောက်တော့ တုဟွာကန်က ရှောင်လုံကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်ပြီး ခေါင်းခါလိုက်လေသည်။

".... ကောင်လေး ... မင်းအခုလိုသိုင်းအဆင့်ကိုရောက်ဖို့ အခက်အခဲတွေအများကြီးကျော်ဖြတ်လာခဲ့ရမှာပဲ ..... ကောင်းကင်အဆင့်၁၀ကိုရောက်နေကတည်းက မင်းအစွမ်းအစကမဆိုးလို့ ပြောရမယ် .... မင်းသာ ဆရာကောင်းနောက်ကိုလိုက်ခဲ့မယ်ဆိုရင် အခုချိန်ဆို မင်းအနာဂတ်က သာယာစိုပြည်နေလောက်ပြီ .... ကံမကောင်းစွာနဲ့ မင်းက ဆရာရွေးမှားသွားတာပဲ ..... အဲ့ဒါကြောင့် မင်းဒီနေ့သေရတော့မယ် ...."

ရှောင်လုံက စွင်းဟောက်ရန်အနောက်ဘက်ကနေ အတူတူပါလာတာကြောင့် တုဟွာကန်က ရှောင်လုံကို စွင်းဟောက်ရန်၏ နောက်လိုက်တယောက်ဟု ထင်မြင်နေတာပဲ ဖြစ်သည်။

ရှောင်လုံကတော့ ထုံပေပေဖြင့် ပြန်မေးလိုက်လေသည်

"... ခင်ဗျား တကယ်ပြောနေတာလား ....?"

တုဟွာကန်က ရှောင်လုံ၏ ရိုင်းဆိုင်းသောအမူအရာကို မြင်တော့ ပြုံးလိုက်ပြီး

"... တခုခု ဆန်းကြယ်တာတွေသာ မဖြစ်လာခဲ့ရင် မင်းသေချာပေါက်သေရမှာပေါ့ကွ ...."

".... တုဟွာဟန် .... အဲ့ကောင်လေးနဲ့ ဘာလို့အချိန်ဖြုန်းနေတာလဲ .... သူ့ကိုမြန်မြန် ရှင်းပစ်လိုက်လေ ....."

တုဟွာကန်နံဘေးမှ လီလီက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်

".... နင်သူ့ကို အပြတ်ရှင်းပြီးရင် ငါတို့လေးယောက်ပေါင်းပြီး ပင်ဖန် နဲ့ စွင်းဟောက်ရန်တို့နှစ်ယောက်ကို အပြတ်ရှင်းလို့ရပြီ....."

လီလီစကားကြာသတော့ တုဟွာကန်က ရှောက်လုံနှင့်ထပ်ပြီးအချိန်မဖြုန်းတော့ပေ ...။ သူ့ကဖျက်ကနဲဆိုသလို အရှေ့သို့ လျင်မြန်စွာရောက်ရှိလာပြီး ရှောင်လုံနှလုံးနေရာက်ို  လက်ဝါးနှင့် လှမ်းရိုက်လိုက်သည်။

".... အင်း တချက်လောက်တော့ သတ်ရတာတော့ တကယ်ကိုပျင်းစရာကောင်းတာပဲ ...."

တုဟွာကန်က ရှောင်လုံကို စက်ဆုပ်ရွံရှာသလိုကြည့်ပြီး ခေါင်းခါလိုက်လေသည်။သူကရှောင်လုံကို တချက်ထဲနှင့် အေဥတ်နိုက်သည်ဟု တထစ်ချ ယုံကြည်ထားလေသည်။ ဘာကြောင့်လဲဆိုတော့ ရှောင်လုံလိုမျိုး ကောင်းကင်အဆင့်၁၀ သိုင်းသမားတယောက်က တုဟွာကန်ကဲ့သို့ စကြာဝဠာ တပိုင်း သိုင်းသမားတယောက်၏ တိုက်ခိုက်မှာကို ရှောင်တိမ်းနိုင်ဖို့ရာ
ထူးခြားဆန်ကြယ်သော အခြေအနေတွေဖြစ်ပေါ်လာဖို့ လိုအပ်သည်။

သိုသော် တုဟွာကန်၏ လက်က ရှောင်လုံရင်ဘတ်နှင်ထိတွေ့သွားချိန်မှာတော့ တုဟွာကန်စိတ်ထဲမှု တခုခု မှားယွင်းနေတာကို ခံစားမိလိုက်လေသည်။ သူလက်က ရှောင်လုံရင်ဘတ်နေရာကို ထိတွေ့လိုက်တာနဲ့ မတူပဲ ရှေးဟောင်းရေခဲသံမဏိတုံးကြီးကို ရိုက်နှက်မိသလိုမျိုး သူလက်တခုလုံးထုံကျင် ကိုက်ခဲသွားသည်။

တုဟွာကန်တယောက် ရှောင်လုံကို ကြည့်လိုက်တော့ ရှောင်လုံက တည်ငြိမ်သော ဟန်ပန်ဖြင့် သူရပ်နေရာကနေ တလက်မမှမရွေ့ပဲ တည်တည်ငြိမ်ငြိမ်ရှိနေတာကို မြင်လိုက်လေသည်။ တုဟွာကန်တယောက် ပါးစပ်အဟောင်းသားဖြင့် အံသြမှင်သက်နေစဉ် ရှောင်လုံကိုယ်ထဲကနေ ပေါက်ကွဲထွက်လာသောစွမ်းအင်တခုကြောင့် တုဟွာကန်လဲ ကြောက်လန့်တကြားဖြင့် နောက်ကိုခုန်ပြီးဆုတ်ရန် ကြိုးစားလိုက်သည်။ သိုသော် သူကခြေတလှမ်းဟာလောက်နောက်ကျသွားလေသည်။

စစ်ပုဆိန်အရိပ်တခုက လေထုအားဖောက်ထွက် လာပြီး သူပုခုံးတဖက်ကိုစိုက်ဝင်သွားသည်။ သူ့ပခုံးကနေ သွေးတွေးအများကြီးစီးကျလာလေသည်။

တုဟွာကန်က နာကျင်စွာညည်းတွားရင်း လီလီ ရှိနေသောနေရာသို့ သုတ်သုတ်ပြာပြာ ရောက်ရှိသွားသည်။ ထိုနောက်သူက ရှောင်လုံကို စိုးရိမ်ကြောက်လန့်စွာဖြင့် လှမ်း ကြည့်လိုက်သည်။
တုဟွာကန်က ခြေတလှမ်းနောက်ကျခဲ့သော်လည်းကံကောင်းစွာဖြင့် အချိန်ရှောင်တိမ်းနိုင်ခဲ့လေသည်။ ထိုကဲ့သို့ မရှောင်တိမ်းနိုင်ခဲ့ပါက ရှောင်လုံစစ်ပုဆိန်က သူ့နှလုံးသား တည့်တည့်ကိူ ဖောက်ဝင်သွားမှာပဲ ဖြစ်သည်။

သူမ နံလေးမှ ညီတွားသံတခုကို ကြားလိုက်တော့ စွင်းဟောက်ရန်တို့ တိုက်ပွဲအပေါ်အာရုံရောက်နေသည့် လီလီက အသံလာရာသို့ မသိမသာ ငဲ့စောင့်ကြည့်လိုက်သည်။ ထိုအချိန်တွင် တုဟွာကန် ပခုံးမှ စစ်ပုဆိန်ဒဏ်ရာကြီးကိုမြင်ပြီး လီလီိတယေညက် မျက်လုံးပြူးသွားလေသည်။

တိုက်ပွဲအလည်မှာရောက်နေသော ပင်ဖန်နှင့် စွင်းဟောက်ရန်တို့နှစ်ယောက်ပင် ရှောင်လုံကို အန္တရယ်တွေကြားမှ တချက်လှမ်းကြည့်လိုက်သည် ။ တုဟွာကန် ဒဏ်ရာရရှိသွားခြင်းကို စွင်းဟောက်ရန်ကလွဲ၍ တခြားလူတွေအကုန်လုံးက အံသြသွားကြသည်။

"... နင်တကယ်ကို သုံးစားလို့မရတာပါလား ....
ကောင်းကင်အဆင့် ၁၀ အထွတ်အထိပ်သိုင်းသမားလေးတယောက်ကိုတောင် မယှဉ်နိုင်ဘူးဟုတ်လား ...?"

လီလီက တုဟွာကန်ကို စိတ်ဆိုးစွာဖြင့် ဆူငေါက်လိုက်သည်။ လီလီအော်ငေါက်တာကို ခံလိုက်ရတော့ တုဟွာကန်မျက်မှာတခုလုံး ရဲရဲနီသွားသော်လည်း လီလီကိုတော့ ပြန်မပြောရဲချေ.... ။ထိုကြောင့်သူက ဆင်ခြေသာပေးလိုက်သည်

"... ဒီကောင်လေးက သာမန်သိုင်းသမားမဟုတ်ဘူး အရမ်းအစွမ်းထက်တယ် ...."

လီလီက ".. ဟွန်.." ကနဲ အသံပြုပြီးနောက် ရှောင်လုံကိုအကဲခတ်လိုက်သည်

"... ကြည့်ရတာ ငါ့တို့နင့်ကိုအထင်သေးမိပြီထင်တယ် .... နင်ကတုဟွာကန်ကို ဒဏ်ရာရအောင်လုပ်နိုင်တယ်ဆိုတော့ မဆိုးဘူးပဲ..."

ရှောင်လုံက တုဟွာကန်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်းက တုဟွာကန် ပေါ့ဆခဲ့လို့ ဖြစ်နိုင်သော်လည်း တုဟွာကန်လို သိုင်းသမားတယောက်လို ဒဏ်ရာရရှိအောင် စွမ်းဆောင်နိုင်တယ်ဆိုကတည်းက ရှောင်လုံကလဲ ခေသူတယောက်မဟုတ်ဘူးလို့ လီလီက တွေးမိလိုက်သည်။

".... ငါ နင့်ကိုအခွင့်အရေးတခုပေးမယ် .... နင် ငါတို့အဖွဲ့နဲ့ ပူးပေါင်းပြီး စွင်းဟောက်ရန်တို့နှစ်ယောက်ကို ဝိုင်းသတ်ပေးမယ်ဆိုရင် ငါတို့ နှင်းနဂါးမြို့တော်ကို ပြန်ရောက်တဲ့အခါ ငါနင်အတွက် ဆရာဆီမှာ ထောက်ခံပေးမယ် ..... နင်မှာသာ အရည်အချင်းရှိတယ်ဆိုရင် ဆရာက ငါတို့လိုမျိုး နင်ကိုတပည့်အဖြစ် လက်ခံချင်လက်ခံမှာပေါ့ ....."

လီလီက အထက်ဆီမှနေ၍ ပြောလိုက်သည်။
ထိုအပြင် ရှောင်လုံက သူမ မျှားလိုက်သည့် ငါးစားအား ဟပ်ကိုဟပ်ရမည်ဟု လီလီက ယုံကြည်နေလေသည်။

အမှန်တော့ လီလီရဲ့ စကားကတပ်မက်ဖွယ်ရာအတိပင်ဖြစ်သည်။ ဘတ်လန်းဒေသအတွင်း၌  လီလီ၏ ဆရာဖြစ်သူ နှင်းနဂါး အောင်းဂူဆီမှာ  တပည့်ဖြစ်ရန်အတွက် ဘာပဲ လုပ်ရလုပ်ရ လုပ်မယ့်သူတွေက မရေတွက်နိုင်အောင် များပြားလေသည်။ သို့သော် အဲ့ဒီလူတွေက အောင်းဂူ နှင့် တွေ့ရဖို့ဝေးစွ အောင်းဂူကိုတချက်လေးတောင်မှ မမြင်ဘူးကြပေ ...။

တချို့ ပါရမီရှင်သိုင်းသမားတွေက အောင်းဂူ၏ သွေးနဂါးအိမ်တော်ရှေ့တွင် ဆယ်ရက်ဆယ်ညတိုင်တိုင်ဒူးထောက်၍ ရှိခိုး တောင်းဆိုခဲ့သော်လည်း အောင်းဂူ  မျက်နှာကိုတောင် မမြင်ခဲ့ရပေ ...။ အခုလိုမျိုး နှင်နဂါးအောင်းဂူ၏ တပည့်တယောက်ကိုယ်တိုင် နှင်းနဂါးအောင်းဂူနှင့် မိတ်ဆက်ပေးမည့်ဆိုသည့် အခွင့်အရေးက တခါမှတခါတောင်ရခဲလှသည်။

"..... ငါက နှင်းနဂါးမြို့တော်ကို သစ္စာရမယ် ဟုတ်လား ....?"

ရှောင်လုံက ထပ်ခါထပ်ခါရေရွတ်လိုက်ပြီး ပြုံးလိုက်လေသည်။ သူစိတ်ထဲမှာတော့တွေးမိလိုက်သည်။
အော် သူတို့ကငါ့ကို စွင်းဟောက်ရန်ရဲ့ လက်အောက်ငယ်သားတယောက်လို့ ထင်နေကြပုံပဲ ....။

  လီလီက မခို့တရို့ အပြုံးလေးဖြင့် ခေါင်းဘိတ်ပြလိုက်ပြီး

".... ဟူတ်တယ် ငါပြောချင်တာအဲ့ဒါပဲ ...."

အဲ့နောက် သူမက ထပ်ပြောလိုက်သည်

"....  အခုလိုမျိုး အခွင့်အရေးကို နင့်သဘဝတလျှောက်မှာ တကြိမ်ကြုံရဖို့ မလွယ်ဘူးနော် .... အဲ့ဒါကြောင့် နင်သေချာစဉ်းစားသင့်တယ် ...."

ဘာတဲ့ တသက်မှတခါကြုံရတဲ့ အခွင့်အရေး ....?
အောင်းဂူဆီမှာ တပည့်ဖြစ်နိုင်ဖို့ ထောက်ခံပေးမယ်....ဟုတ်လား ....?
ရှောင်လုံက သူ့ရင်ထဲမှာပဲ ကျိတ်ရယ်လိုက်လေသည်။

".... ဘယ်လိုလဲ နင်သေချာစဉ်းစားပြီးပြီလား ....?"

ရှောင်လုံ အချိန်အတော်ကြအောင် ငြိမ်သက်သွားတာမြင်တော့ လီလီက မေးလိုက်သည်။

"... ဒီလိုလုပ်ပါလား ... ငါကလဲ နင်တို့လူစု သေချာစဉ်းစားနိုင်အောင် အခွင့်အရေးတခုပေးမယ်လေ ဘယ်လိုလဲ .....အခုလို အခွင့်အရေးမျိုးက တသက်မှာမှ တကြိမ်လောက်ပဲ ကြုံနိုင်တာနော် ... နင်တို့သေချာစဉ်းစားသင့်တယ်  ...."

ရှောင်လုံက လီလီအမေးစကားကို ခပ်ပြုံးပြုံးအမူအရာဖြင့် ပြန်ဖြေလိုက်သည်။

လီလီ နှင့် တုဟွာကန်တို့နှစ်ယောက်စလုံးက ရှောင်လုံဘာပြောချင်တာလဲဆိုတာကို စဉ်းစားမရတာကြောင့် အံအားသင့်နေလေသည်။

ရှောင်လုံကပဲ ထပ်ပြောလိုက်သည်

".... ဒီလိုပါ ... နင်တို့လေးယောက်စလုံး နှင်းနဂါးမြို့ကို သစ္စာခံထားရာကနေ ငါ့ဆီမှာ သစ္စာခံလိုက်ကြ ... အဲ့ဒါဆိုရင် နင်တို့ အသက်တွေကို ချမ်းသားပေးဖို့ ငါ စဉ်းစားပေးမယ်လေ..."

ရှောင်လုံစကားကြားလိုက်သူအကုန်လုံးက မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး တကိုယ်လုံးတောင့်တင်းသွားကြသည်။ ပင်ဖန်ကလဲ ရှောင်လုံကို
ထူးဆန်းသော အမူအရာဖြင့် ငေးကြည့်နေလေသည်။
ဒီကောင်လေး မနိုင်တော့မှန်းသိလို့ စိတ်လွတ်သွားတာများလား ....?
သူက စွင်းဟောက်ရန်ကို ရှောင်လုံများဦးနှောက်ထဲမှာ မူလီတွေများချောင်နေသလားဆိုပြီး အဖြေတောင်းသလိုမျိုး လှမ်းကြည့်လိုက်လေသည်။

ရှောင်လုံစကားကြောင့် ပင်ဖန်က အံသြရုံသာ အံသြသွားသော်လည်း  လီလီနှင့် တုဟွာကန်တို့နှစ်ယောက်ကတော့ မြုံနေရာကနေ အချိန်မရွေးပေါက်ကွဲသွားတော့မည့် မီးတောင်ကြီးနှစ်လုံးကဲ့သို့  ဖြစ်လာကြသည်။ အထူးသဖြင့် လီလီက တကိုယ်လုံးနီရဲပြီး  နတ်ပူးသလိုမျိုး တုန်ယင်နေသည်။ ထိုနောက် သူမကိုယ်ထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသည့် လူသတ်ချင်သော အရိပ်အယောင်တွေပေါက်ကွဲထွက်လာသည် ။ထိုအပြင် ပတ်ဝန်းကျင်တခုလုံးမှာလဲ အနက်ရောင် နှင်းပွင့်ချပ်တွေက စတင်ကျဆင်းလာသည်။

"...  နင်အခု ဘာစကားပြောလိုက်တာလဲ ....?!"

လီလီက ဓားသွားကဲ့သို့ ထက်မြနေသော အကြည့်ဖြင့်  ရှောင်လုံကိုစူးစိုက်ကြည့်ရင်း ရှူးရှူးရှဲရှဲ မေးလိုက်သည်။

လီလီက နှင်းနဂါးအောင်းဂူ အနှစ်သက်ဆုံးတပည့်မတယောက်ဖြစ်တာကြောင့်
နှင်းနဂါးမြို့ထဲတွင် သူမကအတော်လေးကို အရေးပါအရာရောက်သူတဦးဖြစ်သည်။ ထိုအပြင် နှင်းနဂါးဂိုဏ်းမှ တပည့်တိုင်းလိုလိုက သူမကို ပိုးပန်းနေတာကြောင့် နေ့တိုင်းလိုလို သာယာနာပျော်ဖွယ်ကောင်းသော ချစ်စကားတွေကိုသာ အမြဲလိုလို ကြားနေရသူ တယောက်လဲ ဖြစ်သည်။ နှင်းနဂါးမြို့တော်အတွင်းမှာတော့ သူမက စကားလေးတခွန်းထဲနှင့် မိုးနှင့် လေကို ဆင့်ခေါ်နိုင်စွမ်းရှိသည့်အထိ အာဏာရှိသူတယောက်လဲ ဖြစ်သည်။
အခုတော့ သူမအချိန်မရွေး ခြေထောက်နှင့် နင်းသတ်ပစ်လိုက်နိုင်သည့် ပုရွက်ဆိတ်တကောက်လို ကောင်းကင်အဆင့်၁၀ သိုင်းသမားလေးတယောက်က သူမကို သူ့လက်အောက်မှာ သစ္စာခံဖို့ ပြောလိုက်သံကိုကြားတော့
လီလီက အသားတွေတဆတ်ဆတ်တုန်လာသည် အထိဆတ်ဆတ်ခါအောင် နာသွားသည်။

သူကိုသစ္စာခံပြီး လက်အောက်ငယ်သားအဖြစ်နေရမယ်...!
ထိုစကားက ခပ်ရိုင်းရိုင်း ပြောရမယ်ဆိုရင် ကျွန်တယောက်လုပ်ခိုင်းတာ မဟုတ်လား ....?
ဒါငါ့ကိုစော်ကားတာပဲ ......!
ဒါ ငါ့ကိုတမင်သက်သက် စော်ကားလိုက်တာပဲ ...!

".... ငါပြောတာကို သေချာမကြားလိုက်လို့လား ...?"

ရှောင်လုံက သူ့ကိုဝါးစားမတတ်ကြည့်နေကြသလို အကြည့်တွေကို မမြင်ချင်ယောင်ဆောင်ကာ

".... အခွင့်အရေးက နှစ်ခါမလာဘူးနော် .... နင်တို့ သေချာ စဉ်းစားကြ ....."

ရှောင်လုံစကားအဆုံးမှာတော့ ခံပြင်းဒေါသထွက်နေသည့် အော်ဟစ်သံတခုထွက်ပေါ်လာသည် ။ထိုနောက် လီလီက သူ့မခန္ဓာကိုယ်အား လှည်ပတ်လိုက်လေသည်။ လီလီကို ဗဟိုပြု၍ အားကောင်သော လေမုန်တိုင်းတခု စတင်ဖြစ်ပေါ်လာလေသည်။ ထိုလေမုန်တိုင်းကြီးက လေနဂါးကြီးတကောင်ပုံစံသို့ ပြောင်းလဲသွားလေသည်။ လေနဂါးကြီးက လေထဲတွင် လူးလွန့်၍ ရှောင်လုံရှိရာသို့ မြွေလိမ်မြွေကောက်  ပုံစံဖြင့် ပျံသန်းသွားလေသည်။

ရှောင်လုံက ဒေါသတကြီးတိုက်ခိုက်လာသော လီလီ၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန်အတွက် သူ့ခန္ဓာကိုယ်အား နတ်ဆိုးခန္ဓာကိုယ်အသွင်သို့ ပြောင်းလဲထားလိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့်သာ စောင့်ဆိုင်းနေလေသည်။

နတ်ဆိုးခန္ဓာကိုယ်အသွင်သို့ ပြောင်းလဲလိုက်သည်နှင့် ရှောင်လုံနောက်ကျောဘက်မှ အနက်ရောင် တောက်ပနေသော တောင်ပံတစုံနှင့်အတူ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လဲ သတ်ဖြတ်ခြင်း အရိပ်အယောင်တွေ စတင် လွှမ်းမိုးလာသည်။ရှောင်လုံက သူလက်ထဲမှာရှိနေသော အန်မီနက်စစ်ပုဆိန်ကို အပြင်ဘက်သုိ့ ခေါ်ထုတ်လိုက်ပြီး အန်မီနက်သိုင်း စစ်ပုဆိန်သိုင်းကျမ်းထဲမှ သိုင်းကွက်တခုအား ထုတ်သုံးလိုက်သည်။

".... တောင်ကိုမှောက် ပင်လယ်ကိုသွန် ...."

ရှောင်လုံ စစ်ပုဆိန်ဆီကနေ စစ်ပုဆိန်အရိပ်ပေါင်း သန်းနဲ့ချီ၍ ထွက်ပေါ်လာပြီး ထိုစစ်ပုဆိန်အရိပ်တွေက အင်အားပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းတခုလိုမျိုး စုစည်းသွားကြသည်။ ထိုနောက်
လီလီ လေမုန်တိုင်းနှင့် ရှောင်လုံ လေမုန်တိုင်းတို့က လေထဲတွင် တွေ့ဆုံသွားကြသည်။

လေမုန်တိုင်းတွေထိတွေ့မိကြပြီး နှစ်ခုလုံး အားပြယ်သွားချိန်မှာတော့ လီလီက သူမခန္ဓာကိုယ်အား ပင်လယ်အကျယ်ကြီးထဲတွင် ကူးခတ်နေသော နဂါးတကောင်လိုမျိုး လေထဲတွင် ယိမ်းနွဲ့လှည့်ပတ်ရင်း ရှောင်လုံနှင့် သူမအကြားက အကွာအဝေးကို နီးကပ်သွားအောင်ကြိုးစားလိုက်သည်။ ထိုနောက် သူမ၏ လက်ဝါးတွေကို ဓားသွားပုံသဏ္ဍာန်ပြုလုပ်၍  ရှောင်လုံ နံကြားထဲသို့ ထိုးစိုက်ချလိုက်သည်။

".... နဂါးသတ် လက်ဝါးသိုင်း ...."

လီလီ သိုင်းကွက်ကို မြင်တော့ စွင်းဟောက်ရန်က မျက်နှာပျက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သတိပေးလိုက်သည်

".... အကိုဟောင် သတိထား .....!"

နဂါးသတ် လက်ဝါးသိုင်း ဟုတ်လား ...?
ရှောင်လုံမျက်လုံးထဲကနေ ရေခဲငွေ့တွေထွက်ပေါ်လာပြီး ရှောင်လုံက သူ့လက်တွေကို လက်သည်းပုံသဏ္ဍာန် စုစည်းလိုက်သည် ။ ထိုနောက် ရန်သူအား ကုတ်ဆွဲလိုက်သည်။

နတ်ဆိုးတထောင် အော်မြည်သံတွေနှင့်အတူ နတ်ဆိုး အော်ရာတွေက ကောင်းကင်တခုလုံးကို ဖုံးလွှမ်းသွားလေသည်။

နတ်ဆိုးလက်သည်းသိုင်း .....!

ရှောင်လုံက နတ်ဆိုးလက်သည်းသိုင်းကိုအသုံးပြု လိုက်သောအခါ ကောင်းကင်ယံတွင် ပျံဝဲ နေကြသည့် နတ်ဆိုးတွေနှင့် သရဲတစ္ဆေတွေကို ဆွဲဆောင်လိုက်သလိုမျိုး ဖြစ်သွားသည်။ ထိုကြောင့် နတ်ဆိုးတွေနှင့် သရဲတစ္ဆေတွေက ရှောင်လုံ နတ်ဆိုးလက်သည်းရာကြီးထဲကို ဝရုန်းသုန်းကား ပြေးဝင်လာကြသည်။  ထိုကဲ့သို့ ပြေးဝင်လာခြင်းက ရှောင်လုံနတ်ဆိုးလက်သည်းသိုင်း၏တိုက်ခိုက်မှုစွမ်းအားတွေကို နှစ်ဆနီးပါးလောက် ပို၍ မြင့်တက်သွားစေသည်။

ကြီးမားသော အနက်ရောင် လက်သည်းရာကြီးက သူမတကိုယ်လုံးကို ဖုံးအုပ်လာတာမြင်တော့ လီလီမျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ လီလီက ကြောက်ရွံသွားသော နဂါးလေးတကောင်ကဲ့သို့ အနောက်သို့ ကမန်းကတမ်းထွက်ပြေးရန်ကြိုးစားလိုက်သည်။ သိူ့သော် ရှောင်လုံက အရှေ့သို့ တဟုန်ထိုး ပျံသန်းလာပြီး အငိုက်မိသွားသော လီလီကို စစ်ပုဆိန်ဖြင့် ပိုင်းချလိုက်သည်။

".... စစ်ပုဆိန် ကြယ်စင်စု ....."

ရှောင်လုံစစ်ပုဆိန်မှ  မရေတွက်နိုင်သော စစ်ပုဆိန်အရိပ်တွေ ထွက်ပေါ်လာပြီး ထိုစစ်ပုဆိန်အရိပ်တွေက ညဦးယံတွင် ကြွေကျလာသော ကြယ်ပျံတွေလိုမျိုး တလက်လက်တောက်ပလာသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၁၇ .....

    ကြယ်များကြွေကျလာသလိုမျိုး အဆက်မပြတ်ကျေဆင်းလာနေသည့် စစ်ပုဆိန်အရိပ်တွေကိုကြည့်ရင်း လီလီမျက်လုံးထဲတွင် အကြောက်တရားတွေဖြစ်ပေါ်လာ၏ ။ ထိုနောက် လီလီက နဂါးသတ်လက်ဝါးသိုင်း အသုံးပြု၍ သူမလက်ဝါးနှစ်ဖက်ကို အဆက်မပြတ်ရိုက်ထုတ် လိုက်သည်။

နဂါးသတ်လက်ဝါးသိုင်းပညာမှာ တခြားသိုင်းကွက်စွမ်းအားတွေကို လမ်းတဝက်တွင်
ချေဖျက်နိုင်စွမ်းရှိလေသည် ။ ထိုနဂါးသတ်လက်ဝါးသိုင်းက နှင်းနဂါး မြို့တော်ဝန် အောင်းဂူအား နာမယ်ကျော်စေခဲ့သည့် သိုင်းကွက်တခုလဲ ဖြစ်သည် ။

အရင်တုံးကဆို လီလီက သူမထက်အတွင်းအားမြင့်မားသော ပြိုင်ဘက်တွေနှင့်တွေ့ဆုံရင်တောင်မှနဂါးသတ်လက်ဝါးသိုင်းကို အသုံးပြုလိုက်တယ်ဆိုရင် ဆယ်ကြိမ်တွင် ကိုးကြိမ်လောက်တော့ အလုပ်ဖြစ်ခဲ့လေသည်။
အခုရှောင်လုံနှင့်တွေ့ဆုံစဉ် သူမ၏အစွမ်းလှသည့် နဂါးသတ်လက်ဝါးသိုင်းက အစွမ်းတွေပျောက်ဆုံးနေလေသည်။ လီလီက ထိုအဖြစ်အပျက်ကို ကြည့်ရင်း အံသြထိတ်လန့်မိသွားသည်။ သူမကြည့်နေစဉ် ရှောင်လုံ၏ စစ်ပုဆိန်အရိပ်တွေက နဂါးလက်ဝါးသိုင်းကို ဖောက်ထွက်ကာ သူမနှင့် တဖြည်းဖြည်းနီးကပ်လာသည်။

ထိုနောက် ရှောင်လုံ၏ စသ်ပုဆိန်အရိပ်တွေက လီလီကိုယ်ပေါ်သို့ သည်းနေသည့် မိုးသီးမိုးပေါက်ပမာ ကျရောက်လာသည် ။
ဖူး......
လီလီလဲ သွေးတွေအန်ထုတ်ကာ အနောက်ဘက်သို့ လွင့်စင်သွားလေသည်။ ထိုနောက် ကြမ်းပြင်နှင့် ကျယ်လောင်စွာ ရိုက်ခတ်မိသွားသည်။ လီလီ ကြမ်းပြင်နှင့်ထိတွေ့ပြီးနောက် ပတ်ဝန်းကျင်မှ အသံတွေအကုန်လုံးက ငြိမ်ကျသွားပါသည်။

ပင်ဖန်နှင့် စွင်းဟောက်ရန်တို့နှစ်ယောက်က လီလီအဖြစ်ကိကြည့်ရင်သ အံသြမှင်သက်နေလေသည် ။ ဖုန်မှုန့်တွေငြိမ်သက်သွားပြီးနောက် ဒဏ်ရာများစွာဖြင့် စုတ်ပြတ်သတ်နေသည့် လီလီပုံရိပ်ကို မြင်လိုက်ကြသည် ။ ထိုအပြင် သူမဒဏ်ရာတွေကနေ စီကျနေသောသွေးတွေကြောင့် ဝတ်စုံတခုလုံး ရဲရဲနီနေသည်။

တခနလောက်ကြာပြီးမှ တုဟွာကန်က အရင်ဆုံး သတိပြန်ဝင်လာသည်။

"... ညီမ ၅ ...."
သူက လီလီတခုခုဖြစ်သွားမှာကို စိုးရိမ်နေသော အသံဖြင့် အသံကုန်အော်ရင်း လီလီလဲလျောင်းနေသော နေရာသို့ အလျင်အမြန်ပြေးလွှားသွားလေသည် ။ တုဟွာကန်၏ အော်သံကြောင့် သတ်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်က
လဲ သတိပြန်လည်လာပြီး လ်ိလီအနားသို့ စိုးရိမ်နေသောအမအရာဖြင့် အလျင်အမြန်ပြေးသွားလေသည်။
နှင်းနဂါးအောင်ဂူတွင်  တပည့်တွေ၁၂ယောက်ကျော်ရှိသော်လည်း သူက တပည့်အားလုံးထဲတွင် လီလီကို အနှစ်သက်ဆုံးဖြစ်သည်။ ထိုကြောင့် လီလီသာ တခုခု ဖြစ်သွားခဲ့မယ်ဆိုရင် ...... သူတို့ဂိုဏ်းချုပ် ဘယ်လိုတုန့်ပြန်မလဲဆိုတာကို တွေးမိပြီး ဝတ်စုံပြာနှင့် လူကြီးနှစ်ယောက်က
မျက်ကလူးဆန်ပြာဖြစ်ကုန်ကြသည်။

လီလီက နာကျင်မှုကြောင့် ညီးလိုက်သည်။ထိုနောက် သူ့ကိုထူမတ်ပေးထားသောလူတွေအကုန်လုံးကိုတွန်းထုတ်၍ ယိုင်ထိုးယိုင်ထိုးဖြင့် မတ်တပ်ရပ်ရန်ကြိုးစားလိုက်သည် ။ ထိုနောက် ရှောင်လုံကို ကြည့်လိုက်သော သူမမျက်လုံးအိမ်ထဲတွင် အကြောက်တကြားတွေပါဝင်နေလေသည်။ သို့သော် သူမရင်ထဲမှ အကြောက်တရားတွေကို ရှက်ရွံမှု၊ ဂုဏ်သိက္ခာကျဆင်းမှု နဲ့ ဒေါသတရားတွေက အနိုင်ယူသွား သည်။

သူမက စကြာဝဠာတပိုင်းအဆင့် သိုင်းသမာတယောက်ဖြစ်သလို သူ့မ၏ဆရာကလဲ နာမယ်ကျော်ထိပ်သီးသိုင်းပညာရှင်တယောက်ဖြစ်သည်။
စကြာဝဠာတပိုင်းကောင်းကင်တပိုင်းအဆင့်တွင် သူမအား အနိုင်ယူနိုင်သူတွေကို လက်ချိုးရေတွက်လို့ပင် ရနိုင်သည်။သို့သော် ကောင်းကင်အဆင့်၁၀ သာရှိနေသော အင်းစက်လေးတကောင်က သူမကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် လုပ်နိုင်ခဲ့လေသည်။

ကောင်းကင်အဆင့်၁၀ အထွပ်အထိပ်သိုင်းသမား...!

လီလီက မီးတောက်လာတော့မတတ် နိရဲနေသော မျက်လုံးတွေဖြင့် ရှောင်လုံအား အငြိုးတကြီးစိုက်ကြည့်လိုက်ပြီး

".... ကလေးဘဝကနေ အခုချိန်အထိ ငါ့ကို ဘယ်သူမှ ဒဏ်ရာရအောင်မလုပ်ရဲဘူး .... ဘယ်သူမှ မလုပ်ရဲခဲ့ဘူးဟဲ့ ..... ငါနင့်ကိုသတ်မယ် .... ငါနင့်ကို သတ်ရမှ ကြေနပ်မယ် ...."

ထိုနောက် လီလီတကိုယ်ထဲမှ ထွက်ပေါ်လာသော မီးတောက်တွေက နံဘေးတွင်  ကြမ်းတမ်းစွာလောင်မြိုက်လာပြီး သူမအနောက်ဘက်တွင် ကြီးမားသော ဖီးနစ်ငှက်ကြီးတကောင် ထွက်ပေါ်လာသည်။

ထိပ်တန်းအဆင့်၁၂ အဖြူရောင် ဖီးနစ်ငှက် သိုင်းဝိညာဉ်......!

  ဤ အဖြူရောင် ဖီးနစ်ငှက် သိုင်းဝိညာဉ်ကြောင့်လဲ နှင်းနဂါးအောင်းဂူက သူတပည့်တွေအားလုံးထဲမှာ လီလီကို အရမ်းမျက်နှာသာ ပေးခဲ့ခြင်းဖြစ်သည်။

အဖြူရောင်ဖီးနစ်ငှက်ကြီးက လီလီ ဦးခေါင်းထက်တွင် ပျံဝဲနေ၏ ။ ထိုနောက် ဖီးနစ်ငှက်ကြီးက ကောင်းကင်နှင့် မြေကြီးတွေကိုတောင် တုန်ခါသွားစေနိုင်သည့် ရှေးခတ်အခါက အသံနှင့် ဟိန်းဟောက်ဟစ်ကြွေးလိုက်သည်။ ဖီးနစ်ငှက်၏ အသံတွေက မိုင်းပေါင်းများစွာတိုင်းအောင် ရောက်ရှိသွားလေသည်။

ထိုအပြင် လီလီပတ်ဝန်းကျင်၌ လောင်းကျွမ်းလျက်ရှိနေသော မီးတောက်တွေက ဖီးနစ်ငှက်ပေါ်လာပြ်ိးနောက်မှာ ပိုပြီး အားကောင်းစွာတောက်လောင်လာကြသည်။ ထိုနောက် လီလီကို ဗဟိုပြု၍ ပြင်းထန်သော ဖိအားကြီးတခုက အရပ်လေးမျက်နှာစလုံးကို ကျရောက်သွားသည်။

ပင်ဖန်နှင် တခြားလူတွေအကုန်လုံးက ထိုအဖြစ်အပျက်ကို အံသြမှင်သက်စွာငေးကြည့်ရင်း
ဘာပြောရမှန်းမသိအောင် ဖြစ်နေကြလေသည်။ သူတို့ရဲ့ အံအားသက့်နေသော အကြည့်တွေအောက်မှာ အန်မီနက်စစ်ပုဆိန်နှင့် ထိမှန်ထားသော လီလီ ကိုယ်ပေါ်မှ ဒဏ်ရာတွေက အလျင်အမြန်ကို ပြန်လည်သက်သာလာပြီး နောက်ဆုံးတွင် အစင်းရာလေးတခုတောင်မှ မကျန်ရှိတော့ပေ ...။

လီလီက သူမ၏ ဖီးနစ်ငှက်ကြီးနှင့်အတူ လေထဲတွင် ပျံဝဲကာ ရှောင်လုံအားအေးစက်စက်စိုက်ကြည့် လိုက်သည်။

".... ငါ့ဆီမှာထိပ်တန်း အဆင့် ၁၂ သိုင်းဝိညာဉ်ရှိနေလို့ နင်အရမ်းအံသြနေတာလား ....? ငါနင့်ကိုပြောပြလိုက်အုံးမယ် .... ငါရဲ့ အဖြူရောင်ဖီးနစ်ငှက်ကြီးက ထူးခြားတဲ့ မီးတောက်တွေကိုပိုင်ဆိုင်ထားတယ် .... အဲ့ဒါကြောင့်  ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပါစေ
ငါကို သေအောင်သတ်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး...
စောနက နင်ငါ့ကို ဒဏ်ရာရအောင်လုပ်လိုက်တာက ဘယ်လောက်ဖိ ရူးမိုက်တဲ့ အပြုအမူလဲ ဆိုတာကို နင်သဘေယပေါက်သွားပြီလား ..... နင်လုပ်ခဲ့တဲ့ကိစ္စတွေအတွက် ငါ့အရှေ့မှာ ဒူးထောက်ပြီး ပြန်တောင်းပန်စေရမယ် ...."

လီလီက ပြောနေရင်းနဲ့ သူမရင်ထဲမှ ရှောင်လုံအပေါ် မုန်တီးနေသော စိတ်ခံစားချက်တွေက ပို၍ မြင့်တက်လာသည်။ လီလီ၏ ထိပ်တန်းအဆင့်၁၂ အဖြူရောင် ဖီးနစ်ငှက်သိုင်းဝိညာဉ်က ပင်ဖန်နှင့် စွင်းဟောက်ရန်တို့ကို အံသြသွားစေပေမယ့် ရှောင်လုံကတော့ တည်တည်ငြိမ်ငြိမ်ဘဲ ရှိနေလေသည်။ ထိပ်တန်းအဆင့် ၁၂ သိုင်းဝိညာဉ်မျိုးကိုမဆိုထားနှင့် ထိပ်တန်းအဆင့်၁၃ သိုင်းဝိညာဉ်ကတောင် ရှောင်လုံကို မျက်တောင် တချက်ခတ်သွားအောင် မစွမ်းဆောင်နိုင်ပေ ...။

  ဒေါင်ရမ်းနိင်ငံက ကျင်းပသော နိုင်ငံပေါင်းစုံ သိုင်းပြိုင်ပွဲယှဉ်ပြိုင်စဉ်အချိန်က ရှောင်လုံနှင့် ဗိုလ်လုပွဲတွင် သိုင်းပြိုင်ခဲ့သည့် ရှဲပူတိ၏ သိုင်းဝိညာဉ်က ထိပ်တန်းအဆင့်၁၃ အနက်ရောင်မီးတောက်ဖီးနစ်ငှက်ကြီး ဖြစ်သည်။ သိုသော် ထိုသိုင်းပြိုင်ပွဲတွင် ရှောင်လုံကသာ ချန်ပီယံဖြစ် ခဲ့သည် ။ အဆင့်ချင်း နှိုင်းယှဉ်မယ်ဆိုရင် ရှဲပုတိ၏ အနက်ရောင်မီးတောက်ဖီးနစ်ငှက်ကြီးက အဖြူရောင်ဖီးနစ်ငှက်ထက်စာရင် နှစ်ဆင့်လောက်ပို၍ မြင့်မားသည်။

သူမ၏ အဖြူရောင်ဖီနစ်ငှက်အား ထုတ်ပြလိုက်တာတောင်မှ ရှောင်လုံ တည်ငြိမ်လျက်ရှိနေတာကိုမြင်တော့ သူမရင်ထဲတွင် ဒေါသမီးတောက်တွေကို လောင်စာဆီဖြန်းခံလိုက်သလိုမျိုး ဟုန်းဟုန်းလာသလို ခံစားလိုက်ရသည် ။

".... အဖြူရောင် နတ်ဖီးနစ်လက်သည်း...."

လီလီက မာန်သွင်းအော်ဟစ်ကာ ရှောင်လုံဆီသို့ တဟုန်ထိုး တိုးဝင်လာသည်။ ထိုနောက် ကောင်းကင်ပေါ်ကနေ ကြီးမားသော လက်သည်းရာကြီးတခုက ရှောင်လုံအပေါ်သို့ ကျရောက်လာသည်။ ထိုလက်သည်းရာကြီး မရောက်လာသေးခင်အချိန်၌
ရှောင်လုံကိုယ်နားမှာ သိပ်သည်းစွာ စုစည်းဖြစ်ပေါ်နေသော  လူသတ်စွမ်းအားတွေက အမြောက်နှင့် ထုခံလိုက်ရသလိုမျိုး ပေါက်ကွဲသွားပြီး
ရှောင်လုံ ခန္ဓာကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါတွေပါ မှေးမှိန်သွားသည်။

လီလီ၏ ဖီးနစ်လက်သည်းရာကြီး ရှောင်လုံအပေါ် ကျရောက်လာမည့်အချိန်တွင် ရှောင်လုံဆီကနေ စူးစူးဝါးဝါး အော်သံတခုထွက်ပေါလာသည်။ ထိုနောက် ပင်ဖန် ၊ စွင်းဟောက်ရန် ၊ တုဟွာကန် နှင့် သတ်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်၏ မှင်သက်နေသော အကြည့်တွေအောက်တွင် ခမ်းနားထည်ဝါသော နဂါးဟိန်းသံတခုနှင့်အတူ ရှောင်လုံအနောက်ဘက်မှ ဧရာမအနက်ရောင်နဂါးကြီး တကောင်က ရုတ်တရက်ထွက်ပေါ်လာသည်။

".... ကမ္ဘာဦး အနက်ရောင် နတ်နဂါးကြီးပါလား...!xz

ပင်ဖန်နှင့် စွင်းဟောက်ရန်တို့ဆီကနေ ကျယ်လောင်စွာဖြင့် အာမေထိတ်အသံတွေထွက်ပေါ်လာသည်။

ရှောင်လုံသိုင်းဝိညာဉ် ထိပ်တန်းအဆင့် ၁၂  ကမ္ဘာဦးနတ်နဂါးတကောင်ဖြစ်နေလိမ့်မည်ဟု ဘယ်သူကမှ ထင်မထားခဲ့ကြပေ ..။ ရှောင်လုံနှင့် လီလီတို့၏ သိုင်းဝိညာဉ်တွေက ထိပ်တန်းအဆင့်၁၂ ချင်း တူညီနေကြသော်လည်း ရှောင်လုံ၏ ကမ္ဘာဦးအနက်ရောင် နတ်နဂါးကြီးက အနဲငယ်မျှ ပို၍ အစွမ်းထက်သည်။

  လီလီက ရှောင်လုံဦးခေါင်းထက်တွင် ဝဲပျံနေသည့် ဧရာမအနက်ရောင် နဂါးကြီးကို အံသြမှင်သက်စွာဖြင့် ငေးကြည့်နေလေသည်။ ထိုနောက် လိလီကြည့်နေစဉ် ရှောင်လုံက လေထဲသို့ ခုန်တက်လိုက်ပြီး ဖီးနစ်ငှက်ကြိး၏ ခန္ဓာကိုယ်အား လက်သီးဖြင့် ထိုးချလိုက်လေသည်။

  ရှောင်လုံလက်သီးချက်က အိမ်မက်ဆန်ဆန်နှင့် အရမ်း ထူးခြားဆန်းကြယ်လွန်းသည်။ ရှောင်လုံက ထူးခြားလေဟာနယ် နတ်လက်သီးသိုင်းကို အသုံးပြုလိုက်တာပဲ ဖြစ်သည် ....။

ဘုန်း .... 
မိုးခြိမ်းလိုက်သလိုမျိုး ကျယ်လောင်သော ပေါက်ကွဲသံကြီးက မိုင်းပေါင်များစွာအထိ ပျံလွင့်သွားသည်။ လီလီ၏ အဖြူရောင်မီးတောက်တွေက အနောက်သို့ လွင့်စင်သွားသလို အဖြူရောင် လက်သီးရာကြီးကလဲ အစိတ်စိတ်အမွှာမွှာ ကျိုးပျက်သွားသည်။ ထိုကဲ့သို့ သူမ၏ သိုင်းကွက်တွေပျက်ဆီးသွားမှုတွေက လီလီအပေါ်ကိုလဲ အကျိုးသက်ရောက်လာသည်။

လီလီက သူမအခြေအနေတွေကို တည်ငြိမ်အောင်မထိန်းနိုင်သေးခင် ခြေလှမ်းနှစ်ဆယ်လောက်အနောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်လိုက်ရသည်။

"... နင်..... နင်......."

လီလီက ရှောင်လုံကို ကြောက်ရွံထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။ ရှောင်လုံကလဲ နောက်ထပ်တိုက်လိုက်မှုတွေကို မပြုလုပ်တော့ပဲ မြေကြီးပေါ်သို့ ပြန်ဆင်းလာသည်။ ထိုနောက် သူက လီလီကို အေးစက်စက်ဖြင့်စိုက်ကြည့်လိုက်သည်။

ရှောင်လုံနှင့် လီလီတို့၏ တိုက်ပွဲကို ဘေးက ရပ်ကြည့်နေကြသော လူအုပ်ကြီးကလဲ အသက်ရှုဖို့ကိုတောင် မေ့လျော့နေကြဟန်တူသည်။
"... ညီ၄ .... သူကဘယ်သူလဲ ...?"

ထိုအချိန်တွင် ပင်ဖန်ဆီက အမေးစကားထွက်ပေါ်လာသည်။ ရှောင်လုံကြောင့် ပင်ဖန်ကပြောမပြတတ်အောင် တုန်လှုပ်သွားကာ စွင်းဟောက်ရန်ကိုမေးနေစဉ် သူ့ခေါင်းတွေကိုလဲ အလုပ်ပေးလိုက်သည်။
ဒီကောင်လေးက ဘယ်သူလဲ ....?
ဘတ်လန်းဒေသထဲမှ ဒီလို လူစွမ်းကောင်မျိုးထွက်ပေါ်လာတာကို ငါတခါမှ တကြားဘူးပါဘူး ....?

  စွင်းဟောက်ရန်ကလဲ ခေါင်းခါလိုက်ပြီး

"....ကျွန်တော်လဲ သူ့အကြောင်းကိုသေချာမသိပါဘူး ....."

"... မင်းလဲမသိဘူး ဟူတ်လား ...?"

ပင်ဖန်က စွင်းဟောက်ရန်စကားကြောင့် အသက်မရှုနိုင်သလိုမျိုး ဖြစ်သွားသည်။ သူစိတ်ထဲမှာ စွင်းဟောက်ရန်က ရှောင်လုံနှင့်အတူတူရောက်ရှိလာတာမို့ ရှောင်လုံအကြောင်းကို သေချာပေါက် သိထားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပဲ ဖြစ်သည်။

စွင်းဟောက်ရန်က ခေါင်းညိတ်ပြပြီး

".... ကျွန်တော် ဒီကိုမလာခင်က ဝူကျန်နဲ့တွေ့ပြီး သူလက်ထဲမှာ သေမလိုကိုဖြစ်ခဲ့တာ ... သူကဝူကျန်ကို သတ်ပြီး ကျွန်တော်ကို ကယ်ခဲ့တာပေါ့ ...."

"... ဝူကျန့်လဲ  သေပြီ ....ဟုတ်လား ...?"
ပင်ဖန်က ပါးစပ်အဟောင်းသားဖြင့် ငြိမ်ကျသွားလေသည်။ စွင်းဟောက်ရန်က နောက်တကြိမ်ခေါင်းညိတ်ပြ၍ အလေးအနက်ပြောလိုက်သည်။

".... ဟုတ်တယ် အကို ၃ သူက ဝူကျန့်ကို သုံးကွက်ထဲနဲ့ ဇတ်သိမ်းပလိုက်တာ ....!"

"... သုံး..သုံး....သုံးကွက် ဟုတ်လား ...?"
့ပင်ဖန်တယောက် ပါးစပ်ဟစိဟစိဖြင့် ဘာဆက်ပြောရမှန်းမသိအောင် တုန်လှုပ်သွားလေသည်။

သူတို့နှစ်ယောက် စကားကောင်းနေစဉ် စူးစူးဝါးဝါးအော်ဟစ်သံတခု ထွက်ပေါ်လာပြီး လီလီခန္ဓာကိုယ်တွင် လောင်ကျွမ်းနေသော အဖြူရောင်မီးတောက်တွေက ကောင်းကင်ယံထိအောင် တဖြောင့်ထဲ ထိုးတက်သွားသည်။ ထိုအချိန်၌  လိလီကိုယ်ပေါ်သို့ အဖြူရောင်ချပ်ဝတ်တန်ဆာတွေက စတင်ဖုံးအုပ်လာသည်။ ထိုသို့ ချပ်ဝတ်တန်ဆာတွေ ဖုံးအုပ်သွားပြီးနောက် လီလီ ရင်ဘတ်နေရာတွင် အခုချက်ချင်းထပျံသွားတော့မတတ် လွန်စွာအသက်ဝင်သော အဖြူရောင်ဖီးနစ်ငှက် ရုပ်ပုံတခု ပေါ်လာသည်။

  ရှောင်လုံ၏ အစွမ်းတွေကြောင့် လီလီက သူမသိုင်းဝိညာဉ်နှင့် မပေါင်းစပ်လို့ မရတော့ပေ ..။
လီလီက သူမသိုင်းဝိညာဉ်နှင့် ပေါင်းစပ်၍ ဝိညာဉ်အသွင်ပြောင်းလိုက်တာကိုမြင်တော့ ရှောင်လုံကလဲ တုန့်ဆိုင်းမနေဘဲ သူရဲ့ အနက်ရောင်နဂါးကြီးကိုဆင့်ခေါ်၍ ဝိညာဉ်အသွင်သို့ ပြောင်းလိုက်သည်။

ရှောင်လုံခန္ဓာကိုယ်ထက်တွင် အနက်ရောင်နဂါးအကြေးခွံတွေက ချပ်ဝတ်တန်တာသဖွယ် စတင် ဖုံးအုပ်လာသည် ။ ထိုအပြင် အကြေးခွံတွေရဲ့ အပေါ်တွင် ချွန်မြနေသော အစူးချွန်လေးတွေ ပေါက်လာပြီး ရှောင်လုံကို နီညိုရောင်စွမ်းအားတွေ ဖုံးလွှမ်းသွားသည် ။ နီညိုရောင်စွမ်းအားတွေရစ်သိုင်းနေသော ရှောင်လုံကိုရုတ်တရက် ကြည့်မိလိုက်ပါက ကမ္ဘာဦးနဂါးကြီးတကောင်အလား ထင်မှတ်မှားသွားမှာပဲ ဖြစ်သည်။

  ပြင်းထန်သော အရှိန်အဟုန်နှစ်ခုတို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ပင်ဖန်စိတ်တွေက လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။ ပင်ဖန်က လီလီကို လှည့်ကြည့်လိုက်သည်။ လီလီက ဒဏ္ဍာရီလာ ဖီးနစ်ငှက်ကြီးတကောင်အလား ကောင်းကင်ကိုးခုကို ဖြတ်သန်းကျော်ဖြတ်သွားတော့မည့်ပုံစံဖြင့် လေဟုန်အတွင် ပျံဝဲလျက်ရှိသည်။ သူမ၏ ဖီးနစ်ငှက်အော်မြည်သံတွေကြောင့် ကောင်းကင်ထက်တွင် ပြင်းထန်သော လေမုန်တိုင်းကြီးတွေဖြစ်ပေါ်လာသည်။ ထိုအပြင် သူမခန္ဓာကိုယ်နံဘေးတွင်ရှိသော အဖြူရောင်ဖီးတောက်တွေက ကမ္ဘာကြီးတခုလုံးကို ဝါးမျိုသွားတော့မည်ဟန်ဖြင့် တောက်လောင်နေသည်။

".... ဖီးနစ်ငှက် အစာသုတ် ...."

သူမ၏ မာန်သွင်းအော်ဟစ်သံအဆုံး၌ ကောင်းကင်ထက်တွင် ဝဲပျံနေသော လီလီက ဖီးနစ်ငှက်ကြီးတကောင် သားကောင်တွေ့၍ စိုက်ဆင်းလာသလိုမျိုး ရှောင်လုံရှိရာသို့ ရုတ်တရက် စိုက်ဆင်းလာသည်။

ထိုနောက်လီလီက သူမလက်တွေကို ဧရာမအဖြူရောင်ဓားကြီး အဖြစ်သို့ပြောင်းလဲလိုက်ကာ ရှောင်လုံ လည်ပင်းကို ရုတ်တရက်ခုတ်ပိုင်း လိုက်သည်။ ဧရာမဓားသွားကြီးက သူလည်ပင်နားသို့ ရောက်လာတာမြင်တော့ ရှောင်လုံက ခါးကိုယိမ်းနွဲ့ကာ စစ်ပုဆိန်ကိုခွန်းအားအပြည့်ဖြင့် လွှဲယမ်းလိုက်သည်။ ရှောင်လုံ၏ စစ်ပုဆိန်အရိပ်တွေက ပင်လည်နက်ကြီးထဲမှ လေစုပ်ဝဲကြီးတခုနှင့် အလားသဏ္ဍာန်တူနေသည်။

".... ပင်လယ် ကြယ်ငင်သိုင်း ...."

လီလီ၏ အဖြူရောင်ဧရာမဓားသွားကြီးက လေစုပ်ဝဲအတွင်းသို့ ရောက်ရှိသွားပြီး
ချွမ်.....ချွမ်....ချွမ်
သတ္တုချင်း ထိမိသံတွေအဆက်မပြတ်ထွက်ပေါ်လာသည်။ ထိုနောက် ဓားအရိပ်နှင့် ပုဆိန်အရိပ်တွေက မှေးမှိန်ပျောက်ကွယ်သွားလေသည်။

သိုသော် မုန်တိုင်းကြီး၏ အလည်တွင် တောက်ပသော အလင်းတန်းကြီး တခုဖြစ်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ရှောင်လုံ၏ အန်မီနက်စစ်ပုဆိန်ကြီးဟာ ပင်လယ်နက်ထဲမှ နတ်နဂါးကြီးတကောင်အလား လီလီရင်ဘတ်တည့်တည့်သို့ ထိုးဖောက်သွားသည်။

ကောင်းကင်ထက်မှ မချိတင်ကဲ အော်ဟစ်သံတခုနှင့် ပုလဲလုံးကဲ့သုိ့ နီးစွေးနေသည့် သွေးစက်တွေက ပင်ဖန်နှင့် တခြားလူတွေအပေါ်သို့ မိုးရွာချလိုက်သလိုမျိုး ကျဆင်းလာသည်။ လီလီလဲ လေနှင်ရာလွင့်မျောသွားသည့် သစ်ရွက်လေးတခုလို အဝေးသို့ လွင့်မျောသွားပြီး မလှမ်းမကမ်းမှ ကျောက်တိုင်ကြီးတခုနှင့် သွားရောက်တိုက်မိလေသ ည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၁၈ .....

လီလီနှင့် တိုက်မိသော ကျောက်တိုင်ကြီးပေါ်တွင် အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာပြီး ကျောက်စရစ်ခဲလေးတွေကဲ့သို့ ကြေမွသွားသည်။ လီလီက ထိုကျောက်အမှုန့်အသားများအောက်တွင် မြှပ်နှံပြီးသားဖြစ်သွားသည်။

"... ညီမ ငါး ...."

ထိုအဖြစ်အပျက်ကိုမြင်တော့ တုဟွာကန်မျက်နှာတခုလုံး ဖြူဖတ်ဖြူရော်ဖြစ်သွားကာ သူက ကျောက်ပုံကြီးရှိရာသို့ ကမူးရှုးထိုး ပြေးသွားလေသည်။ ထိုနောက် ကျောက်ခဲတွေကို တူးထုတ်ကာ လီလီကို ဆွဲထုတ်လိုက်သည်။

အပြာရောင်ဝတ်စံဖြင့် သတ်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်ကလဲ တုန်တုန်ယင်ယင်ဖြင့် ခြေမကိုင်မိလက်မကိုင်မိဖြသ်နေကြသည်။ လီလီရင်ဘတ်ကို ဖောက်ထွက်သွားသည့် စစ်ပုဆိန်သွားအရွယ်အပါက်ကြီးကိုမြင်တော့ သူတို့သုံးယောက်စလုံး စူးရှသော လေအေးတွေကို ရှိုက်သွင်းလိုက်ကြသည်။

ထိုအပေါက်ကြီးကနေ သွေးတွေက အဆက်မပြတ် ယိုစီးကျနေ၏ ။ သူတီု့ကို အကြီးအကျယ် တုန်လှုပ်သွားစေသည့်အရာမှာ လီလီဒဏ်ရာအဖျားတွင် လှိုက်စားနေသည့် အနက်ရောက်မီးတောက်တွေပဲ ဖြစ်သည်။ ထိုအနက်ရောက်မီးတောက်တွေက လီလီအသားတွေကို လှိုက်စားပစ်နေသည်။ လီလီ၏ အဖြူရောင်မီးတောက်တွေက အနက်ရောင်မီးတောက်နှင့်တွေ့ဆုံသောအခါ ဆင်ဖြူကိုမြင်လိုက်ရသော ဆင်မဲတကောင်လိုမျိုး အဝေးသို့ထွက်ပြေးကြလေသည်။ထိုကြောင့် အသက်မသေမချင်း ဒဏ်ရာတွေကို အလျင်အမြန်ကုစားနိုင်စွမ်းရှိသည့် လီလီ တယောက် ဒီတကြိမ်မှာတော့ ဒဏ်ရာတွေပျောက်ကင်းသွားအောင် မစွမ်းဆောင်နိုင်တော့ပေ ....။

".... ဒါ ...ဒါက ဘယ်လိုဖြစ်ရတာလဲ ....?"

တုဟွာကန်တို့သုံးယောက်က လီလီဒဏ်ရာတွေ ပို၍ ဆိုးရွားလာတာကိုမြင်တော့ သူတို့မြင်နေတာကို မယုံကြည်နိုင်လောက်အောင် ထိတ်လန့် သွားကြသည်။

ထိုနောက် လူရိပ်တခုက သူတို့နှင့် ခပ်လှမ်းလှမ်းသို့ ရောက်ရှိလာပြီး သူလက်ထဲက စစ်ပုဆိန်ကို လွဲယမ်းလိုက်သည်။ ထိုကြောင့် နောက်ထပ်ကြောက်မက်ဖွယ်ရာကောင်းသည့် စစ်ပုဆိန်မုန်တိုင်း တခုက ထပ်မံဖြစ်ပေါ်လာပြန်သည်။ တုဟွာနန်တို့သုံးယောက်စလုံးက ရှောင်လုံ စစ်ပုဆိန်ကိုကိုင်၍ လွဲယမ်းနေတာကိုမြင်လိုက်ရသည် ။

သိုသော် တုဟွာကန်နှင့် တခြားလူနှစ်ယောက်က ရှောင်လုံ၏ အန္တရာယ်များသောစစ်ပုဆိန်နဲ့ ထိပ်တိုက်မတွေ့ရဲကြပေ ..။ သူတို ချီတုံချတုံဖြစ်နေစဉ် ရှောင်လုံစစ်ပုဆိန်က လီလီလည်ပင်းကို ထိုးဖောက်သွားလေသည်။

တုဟွာနန်တို့ ဖေးမပေးထားသည့် လီလီကဲ့ မျက်လုံးတွေက တဖြည်းဖြည်း အရောင်မှိန်လာသည်။ လီလီက ရှောင်လုံကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီးနောက်  အနိုင်နိုင်အားယူ၍ ပြောလိုက်သည်။

".... နင် ...နင်ငါ့ကိုသတ်ရဲတယ်ပေါ့လေ....?"

ရှောင်လုံလိုမျိုး ကောင်းကင်အဆင့် သိုင်းသမားလေးလက်ထဲမှ သေရလိမ့်မယ်လို့ လီလီတယောက် ဘယ်သောအခါကမှ စဉ်းစာူမိခဲ့မှာမဟုတ်ပေ ...။ ထိုအပြင် သူမက သေခြင်းတရားကိုလဲ တခါမှ မစဉ်းစားဘူးခဲ့ပေ ...။ နှင်းနဂါး အောင်းဂူ အချစ်ဆုံးတပည့်မတယောက်ဖြစ်တာ ကြောင့် ဘတ်လန်းဒေသတွင် လီလီကို သတ်ရဲသူက မရှိသလောက်ကိုရှားပါးသည်။

"... သတ်ရဲတော့ ဘာဖြစ်လဲ ...?"

ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်ရင်း

".... ငါ နင့်ကိုအစောကြီးထဲက ပြောဘူးပါတယ် ...
နင်မှာ အခွင့်အရေးတခါပဲ ရှိပါတယ်လို့ ...."
ထိုနောက် ရှောင်လုံက လီလီလည်ပင်မှာ စိုက်ဝင်နေသည့် စစ်ပုဆိန်ကို ဆွဲထုတ်လိုက်သည်။

လီလီလည်ပင်မှ သွေးတွေက အရှိန်အဟုန်ပြင်းစွာဖြင့် ပန်းထွက်လာပြီး သူမကိုယ်မှ အဖြူရောင်မီးတောက်တွေကလဲ တဖြည်းဖြည်း အရောင်မှိန်လာသည်။ 

လီလီက သူမ၏နောက်ဆုံးအချိန်တွင် တုဟွာကန်၏ လက်ကို တင်းတင်းကျပ်ကျပ်ဖြင့်ဆုပ်ကိုင်ရင်း တိမ်ဝင်နေသော အသံဖြင့်

".... ဆ..ဆရာကိုပြောလိုက်ပါ .... ငါသူကို မပြုစုနိုင်တော့ဘူးလို့ ..... ပြီး...ပြီးတော့ .... အဲ့ကောင်ကို ငါ့အစား အပိုင်းတသိန်းလောက် ဖြစ်အောင် ခုတ်သတ်ပေးဖို့ ပြောပေးပါ ....."

လီလီစကားကိုကြားတော့ တုဟွာကန်က ငိုကြီးချက်မဖြင့် မျက်ရည်တွေစီးကျလာလေသည်။
နောက်ဆုံးတွင် လီလီက ဇက်ကျိုးကျပြီး ငြိမ်သက်သွားလေသည်။

".... ညီမ ၅ ...ညီမ၅ ...နင်မသေရဘူး ...."

တုဟွာကန်က ငိုရင်း လှုပ်နှိုးလိုက်သည်။
သို့သော် ပြန်ဖြေသံက နတ္ထိပင် ....။

တုဟွာကန်တယောက် သတိလက်လွတ်ဖြင့် ငိုကြွေးနေစဉ် လေထဲမှာ လေချွန်သံကဲ့သို့ အသံစူးစူးတခုထွက်ပေါ်လာသည်။  တုဟွာကန်လဲ သတိပြန်ဝင်လာပြီး ကြည့်လိုက်တော့ ရှောင်လုံလက်ထဲမှာ စစ်ပုဆိန်မရှိတော့ပဲ တောက်ပနေသော အနက်ရောင်ဓားနှစ်လက်ရောက်ရှိနေတာကိုမြင်လိုက်ရသည်။ ရှောင်လုံဓားချက် မရောက်လာသေခင်မှာ အေးစက်နေသော လေအေးတွေအရင်ဆုံး တိုက်ခတ်လာသည်။

တုဟွကန်တယောက် မျက်စိပျက်မျက်နှာပျက်ဖြစ်သွားသည်။ သူ့မျက်လုံးထဲမှာ ကြောက်ရွံတုန်လှုပ်မှုတွေ ဖုံးလွှမ်း
လာသော်လည်း တုဟွာကန်က အတွေ့အကြုံရင့် သိုင်းသမားတဦးပြီပြီ သူလက်ကိုအလျင်အမြန်ဆုတ်ထုတ်၍

".... နဂါး ပတ်ကွင်း ...."

တုဟွာကန်လက်ဝါးချက်မှာ ထွက်ပေါ်လာသော စွမ်းအားတွေက နဂါးအရွတ်နှင့် ပြုလုပ်ထားသော ကြိုးကွင်းတခုအသွင်သို့ ပြောင်းလဲသွားသည်။ထို နဂါးကြိုးကွင်းနှင့် ရှောင်လုံကို ရစ်ပတ်ချည်နှောင်ထားဖို့ ကြိုးစားလိုက်သည်။

သိုသော် နဂါးပတ်ကြိုးကွင်းက ရှောင်လုံဆီသို့ မရောက်ခင် ရှောင်လုံးဓားချက်နှင့် တွေ့ပြီး အပိုင်းပိုင်းပြတ်သွားသည်။ ထိုနောက် ရှောင်လုံ နတ်ဓားနှစ်လက်က တုဟွာကန်လည်ပင်းကို ဖြတ်ပိုင်းသွားမတတ် ဖြစ်သွားသည်။

ရှောင်လုံက တစ္ဆေသရဲတကောင်လိုမျိုး တုဟွာကန်ကို အဆက်မပြတ်တိုက်ခိုက်လေသည်။ထိုနောက် ရှောင်လုံက ဝတ်စုံပြာနှင့်လူကြီးနှစ်ယောက်အနားသို့ ရုတ်တရက်  ရောက်ရှိသွားသည်။ နောက်တကြိမ် ရှောင်လုံ ဓားချက်က အနိုင်ယူသွားပြန်သည်။

ရှောင်လုံ ခြေထောက်က မြေကြီးနှင့်ထိလိုက်မိချိန်တွင် တုဟွာကန်နှင့် သတ်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်က ဒယီဒယိုင်ဖြစ်လာပြီး မြေကြီးပေါ်သို့ လဲပြိုသွားသည်။ ပင်ဖန်နှင့် စွင်းဟောက်ရန်တို့နှစ်ယောက်က လိမ့်ဆင်းလာသော ဦးခေါင်းသုံးလုံးကို အံသြမှင်သက်စွာဖြင့် ငေးကြည့်နေသည်။

စကြာဝဠာတပိုင်းသိုင်းသမား လေးယောက်စလုံး
အကုန်သေကုန်ပြီ .......!

ပင်ဖန်နှင့် စွင်းဟောက်ရန်တို့နှစ်ယောက်က အံအားသင့်နေသော မျက်နှာအမူအရာဖြင့် သူတို့အကြည့်တွေကို ခေါင်းပြတ်တွေဆီကနေ ရှောင်လုံ အပေါ်သို့ လွဲပြောင်းလိုက်သည်။  လီလီသာ မတော်မဆမှုတွေနဲ့ မကြုံခဲ့ရဘူးဆိုရင် နောက်ထပ်ဆယ်နှစ်လောက်ကြာပါက စကြာဝဠာသိုင်းပညာရှင်အဆင့်ကို အလွယ်တကူ ရောက်ရှိနိုင်လိမ့်မည်ဆိုသည့်  သူ့ဆရာ၏ နိမိတ်ဖတ်စကားကို စွင်းဟောက်ရန်နားထဲမှာ ပြန်လည်ကြားယောင်မိလိုက်သည် ။

ပြသနာတွေအကုန်လုံးကို ဖြေရှင်းပြီးတဲ့နောက် ရှောင်လုံက နတ်ဓားနှစ်လက်ကိုပြန်သိမ်း၍ အလောင်းလေးလောင်းရှိရာသို့ သွားလိုက်သည်။ ထိုနောက် အလောင်းတွေဆီက သိုလှောင်လက်သွပ်တွေကို  ဖြုတ်ယူလိုက်သည်။ လက်ဖျောက်တချက်တီးလိုက်တယ်ဆိုရင်ပဲ ရှောင်လုံလက်ထဲမှ စစ်မှန်သော မီးအဆီအနှစ်တွေက အလောင်းတွေပေါ်သို့ ကျသွားလေသည်။
ထိုအလောင်းတွေက မီးအဆီအနှစ်နဲ့ ထိထိချင်းမှာပဲ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားသည်။

စွင်းဟောက်ရန်က ရှောင်လုံမီးအဆီအနှစ်၏ အစွမ်းထက်ပုံကို ဝူကျန့်အလောင်းအား မီးသဂြိုလ်စဉ်အချိန်က တခါမြင်ဘူးတာကြောင့် အခုချိန်တွင် သိပ်ပြီး အံသြဟန်မပြပေ ...။ သိုသော် ပင်ဖန်အတွက်တော့ အလွန်ကို အံသြမှင်သက်ဖွယ်ရာမြင်ကွင်းတခုဖြစ်သွားခဲ့လေသည် ။ ပင်ဖန်ဘဝတလျှောက်တွင် အခုလိုမျိုး စကြာဝဠာသိုင်းသမား၏ ခန္ဓာကိုယ်အား ပြာအတိဖြစ်သွားစေနိုင်သော မီးကို တခါမှမမြင်ဘူးခဲ့ပေ ...။ ထိုကဲ့သို့ မီးမျိုးရှိသည်ဟုသာ ကြားဘူးခဲ့ပြီး အခုမှ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပဲ ဖြစ်သည်။
ရှောင်လုံကို ကြည့်ရင်း သူ့တကိုယ်လုံး အဖျားမိနေသလိုမျိုး တုန်နေသည်။

အလောင်းလေးလောင်းစလုံးကို အစဖျောက်ပြီးနောက် ရှောင်လုံက ပင်ဖန်နှင့် စွင်းဟောက်ရန်တို့အနားကို ပြန်လာလိုက်သည်။ ရှောင်လုံလာနေတာမြင်တော့ ပင်ဖန်က တုန်တုန်ယင်ယင်နှင့် စိတ်လှုပ်ရှားနေသည် ။ သူက ဂုဏ်သိက္ခာကြီးမားသော ပုဂ္ဂိုလ်တယောက် အရှေ့သို့ ရောက်လာသည့် ကလေးလေးနှယ် ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဖြစ်နေသည် ။

"... အကို ၃ ... အကို၃ ကိုမိတ်ဆက်ပေးရအုံးမယ်...
ဒါက အကိုဟောင် တဲ့ ....."

စွင်းဟောက်ရန်က ရှောင်လုံနှင့် ပင်ဖန်တို့ကို မိတ်ဆက်ပေးလိုက်သည် ။ထိုနောက် သူက ရှောင်လုံကိုကြည့်ကာ

"... အက်ိုဟောင်ရေ ... ဒါကတော့ ကျွန်တော့ အကို ၃ ... သူနာမယ်က ပင်ဖန် ပါ ...."

ပင်ဖန်က ကဗျာကရာအရှေ့ထွက်လာပြီး

"... အကိုဟောင် ... အကိုဟောင် အခုလိုမျိုး ကျွန်တော့အသက်ကိုကယ်ပေးတဲ့ ကျေးဇူးကို တသက်မမေ့ပါဘူး ...."

ရှောင်လုံက ပြုံးရင်းနဲ့ ပြန်ဖြေလိုက်သည်

".... ကြုံကြိုက်လို့ ကူညီပေးတာပဲ ....အဲ့လောက်ထိ စိတ်ထဲထားမနေပါနဲ့ဗျာ ...."

"... အကို ၃ .... ဆရာနဲ့ အကိုကြီးတို့ရော ဘယ်ရောက်နေကြလဲ ....?"

စွင်းဟောက်ရန်က စိုးရိမ်နေသောအမူအရာဖြင့် မေးလိုက်ပြီး

"... ဆရာနဲ့ အကိုကြီးတို့တော့ အန္တရာယ်နဲ့ ကြံနေပြီထင်တယ် ....."

ပင်ဖန်လဲ မျက်နှာပျက်သွားပြီး

".... ငါသူတို့နဲ့ လမ်းခွဲခဲ့တာ နေ့တဝက်ရှိနေပြီ....အဲ့ဒါကြောင့် အခုသူတို့ဘယ်ရောက်နေလဲဆိုတာကိုတော့ ငါလဲမသိတော့ဘူး ...ဒါပေမယ့်  ငါအကိုကြီး သရဲဘုရင်နန်းတော်ရဲ့အတွင်းပိုင်းဆီသွားနေတာကိုနောက်ဆုံးအနေနဲ့ မြင်လိုက်မိတယ် ...."

"... သရဲဘုရင်နန်းတော် အတွင်းပိုင်း .....!"
စွင်းဟောက်ရန်က ရေရွတ်ရင်း
".. ဒါဆို ဘာစောင့်နေတာလဲ အခုသွားကြမယ်လေ..."
သူကပြောရင်း ရှောင်လုံကိုကြည့်ကာ
".... အကိုဟောင် ... အကိုဟောင်ရော ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ ?"

"... ကျုပ်လဲ ခင်ဗျားတို့နဲ့ အတူ လိုက်ခဲ့မယ်လေ..."

ရှောင်လုံက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။ စွင်းဟောက်ရန်ပြောပုံအရဆိုရင် သရဲဘုရင်ကျမ်းက သရဲဘုရင်နန်းတော်၏ အတွင်းပိုင်းမှာ ပေါ်လာဖို့များလေသည်။ထိုကြောင့် ရှောင်လုံက စွင်းဟောက်ရန်တို့နှင့်အတူ လိုက်၍ သရဲဘုရင်ကျမ်းကို သူရနိုင်မလားဆိုပြီး ကံစမ်းချင်နေတာပဲ ဖြစ်သည် ။ ရှောင်လုံအတွက်တော့  တခြားသိုင်းကျမ်းရယ်လို့ မလိုအပ်တော့ပေမယ့်
သရဲဘုရင်သိုင်းကျမ်းထဲမှ သိုင်းအမြင်တချို့ကို ရရှိခဲ့မယ်ဆိုရင် ရှောင်လုံရဲ့သိုင်းကျင့်စဉ်အတွက် များစွာအထောက်အကူပြုနိုင်သည်။ 

သရဲဘုရင်သိုင်းကျမ်းထဲမှာ သရဲဘုရင်က သူ့ဘဝတလျှောက်သိုင်းလေ့ကျင့်ရာမှ ရရှိခဲ့သောအတွေ့အကြုံတွေကို ရေးမှတ်ထားနိုင်တယ်မဟုတ်လား ....။ အကောင်းဆုံးကတော့ သရဲဘုရင်ကိုယ်တိုင် ဖော်စပ်ထားသည့် သရဲဘုရင်ဆေးလုံးကို ရရှိအောင်ကြိုးသားဖို့ပဲ ဖြစ်သည်။ကောလဟာလတွေထဲမှာတော့ သရဲဘုရင်ဆေးလုံးက ကောင်းကင်သိုင်းသမားတယောက် စကြာဝဠာအဆင့်ကိုကျော်ဖြတ်တဲ့နေရာမှာ အများကြီးအထောက်အကူပြုနိုင်တယ်လို့ ပြောကြသည်။

ရှောင်လုံက သူတို့နှစ်ယောက်နှင့်အတူ လိုက်ပါလာမယ်ဆိုတာကို ကြားတော့ စွင်းဟောက်ရန်နှင့် ပင်ဖန်တို့က အရမ်းကိုပျော်ရွှင်သွားလေသည်။
".... ဒါဖြင့် အကိုဟောင် ကျွန်တော်တို့ သွားကြတော့မလား ....?"
စွင်းဟောက်ရန်က ရိုရိုသေသေမေးမြန်းလိုက် သည်။ ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။

သရဲဘုရင်ကျောင်းတော်ထဲမှ ရတနာပစ္စည်းတွေအကုန်လုံးကို လီလီတို့လူစုက အပြောင်းရှင်းထားပြီးဖြစ်သည်။ထိုအပြင် ရှောင်လုံက လီလီတို့လေးယောက်စလုံး၏ သိုလှောင်လက်စွပ်တွေကိုရရှိနေပြီးပြီဆိုမှတော့ သူတို့အနေဖြင့် သရဲဘုရင်ကျောင်းတော်အတွင်းသို့ ထပ်မံ၍ ရှာဖွေရန်မလိုအပ်တော့ပေ ...။

ရှောင်လုံတို့လူစုက သရဲဘုရင်နန်းတော်၏ အတွင်းပိုင်းသို့ ဦးတည်၍ ပျံသန်းသွားလိုက်သည်။
သူတို့လူစု သရဲဘုရင်နန်းတော်၏အလည်ဗဟိုချက်နှင့် နီးကပ်လာသောအခါ သရဲတစ္ဆေတွေနှင့် နတ်ဆိုးမိစ္ဆာတွေ၏ အော်ရာတွေက အတိုင်းအတာတခုလောက်အထိ သိပ်သည်းလာတာကို ခံစားမိလိုက်သည်။ ထိုကဲ့သို့ သိပ်သည်းနေသည့် အော်ရာတွေက အစွယ်ချွန်ချွန်ပါသော ပုံသဏ္ဍာန်မျိုးစုံအဖြစ်သို့ ပြောင်းလဲနေကြပြီး သရဲဘုရင်နန်းတော်ထက်က ကောင်းကင်ကြီးတခုလုံးကို ပတ်ရံထားသည်။
အဝေးမှကြည့်ပါက သရဲတောင်ကြီး သို့မဟုတ် နတ်ဆိုးမိစ္ဆာတောင်ကြီးတလုံးနှင့် တူနေသည်။

တရက်လန့်ကြာပြီးနောက် ရှောင်လုံတို့လူစုက မြေအောက်နန်းတော်ကို သွားသည့် အပေါက်ဝသို့ရောက်ရှိလာသည်။ မြေအောက်နန်တော်သို့ သွားသောအပေါက်ကြီးက မီတာလေးဆယ်လောက်ကျယ်ဝန်းပြီး မီတာလေးဆယ်လောက်မြင့်မားသည်။ ထိုအပေါက်ကြီးအတွင်း၌ မဆုံးနိုင်သော အမှောင်ထုကြီးက စောင့်ကြိုနေသည်။

ရှောင်လုံက အပေါက်ဝနှင့် ပေသုံးရာလောက်အကွာအဝေးတွင် ရှိနေသော်လည်း မြေအောက်နန်းတော်အတွင်းပိုင်းကနေ ထွက်ပေါ်လာသော သရဲမိစ္ဆာတွေ၏ အော်ရာတွေက ရှောင်လုံကို ကြောက်လန့်တုန်လှုပ်သွားစေသည်အထိ စွမ်းအားကြီးမားသည်။ ရှောင်လုံက မြေအောက်နန်းတော်အတွင်းသို့ ဝင်ရာမှာကိုတောင် စိတ်ထဲတွင် မသက်မသာ ဖြစ်လာသည် ။

ရှောင်လုံက မျက်မှောင်ကြုတ်သွားသည်။ ရှောင်လုံ
အနေနှင့် ဤသိုင်းဝိညာဉ်ကမ္ဘာကြီးတွင် စတင်မွေးဖွားလာကတည်းကနေ အခုအချိန်အထိ ထိုကဲ့သို့ စိတ်မသက်မသာဖြစ်မှုမျိုးနှင့် တကြိမ်မှ မကြုံခဲ့ရဘူးပေ ...။

"... အကိုဟောင် ကျွန်တော်တို့ ဝင်ကြတော့မလား...?"

စွင်းဟောက်ရန်က မေးလိုက်သည်။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။ ရှောင်လုံက သူဒီနေရာကိုရောက်လာပြီဆိုမှတော့ သရဲဘောကြောင်ပြီး ပြန်မသွားချင်ပေ ...။ ရှောင်လုံက အသက်သေရမှာထက် သရဲဘောကြောင်သူတယောက် ဖြစ်မှာကို ပို၍ ကြောက်ခန့်သူတယောက်ဖြစ်သည်။ ထိုအပြင် နတ်တောင်ရွှမ်းမီကဲ့သို့ ဒဏ္ဍာရီလာရတနာမျိုးကို ပိုင်ဆိုင်ထားသည့် ရှောင်လုံအနေဖြင့် ကြီးမားသောမှားယွင်းမှုတွေကို ကြုံတွေ့ရဖို့ခက်သည် ...။

ရှောင်လုံတို့သုံးယောက်က ဝင်ပေါက်ဆီသို့ ပျံသန်းသွားလိုက်သည်။ မျက်စိတမှိတ်အတွင်းမှာပင် ရှောင်လုံတို့သုံးယောက်အား သရဲမိစ္ဆာအော်ရာတွေနှင့်ပြည့်နှက်နေသည့် မြေအောက်နန်းတော်ထဲမှ အမှောင်ထုကြီးက ဝါးမြိုသွားသည်။

"....အကိုဟောင် မြေအောက်နန်းတော်က နန်းတော်က မရေတွက်နိုင်တဲ့ သရဲတစ္ဆေ မိစ္ဆာတွေနဲ့ ပြည့်နှက်နေတာနော် ... နောက်ပြီး ထောင်ချောက်တွေလဲအများကြီးရှိတယ် .... သူရဲ့တည်ဆောက်ထားပုံကလဲ ဝင်္ကပါလိုရှုပ်ထွေးတယ် ....
ကျွန်တော်တို့ အရမ်းကို ဂရုတစိုက်နဲ့ သွားမှ တော်ကြာကျမယ်ဗျ..."

ရှောင်လုံက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ပင်ဖန်စကားအဆုံးတွင်
ရှောင်လုံတို့လူစုရှိနေသော နေရာနှင့် မလှမ်းမကမ်းမှ ကြောက်မက်ဖွယ်ရာ အသံနက်ကြီးဖြင့် အော်ဟစ် လိုက်သည့် အသံပဲ့တင်လှိုင်းတွေ ထွက်ပေါ်လာသည်။

#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၁၉ .....

    အရပ်လေးမျက်နှာမှ ရုတ်တရက်ထွက်ပေါ်လာသော စူးစူးဝါးဝါးအော်မြည်သံတွေထွက်ပေါ်လာသာအခါ ရှောင်လုံလဲ အရမ်းကို အံအားသင့်သွားလေသည်။ ထိုနောက် ရှောင်လုံတို့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။ လမ်းလျှောက်နေကြသော လူသွားလမ်းနှင့်အတူ ပင်ဖန်နှင့် စွင်းဟောက်ရန်တို့နှစ်ယောက်လဲ ပျောက်ကွယ်သွား သည် ။

  ".... ဘာလဲ .... ဘာဖြစ်ကုန်တာလဲ ....?"
ရှောင်လုံက နဖူးမှ ငရဲမျက်လုံးကိုဖွင့်၍ ပတ်ဝန်းကျင်အား အကဲခတ်လိုက်လေသည် ။ ထိုအခါ လေဟာနယ်ထဲမှ သရဲတစ္ဆေတွေက အစွယ်ချွန်ချွန်ကြီးတွေနဲ့အတူ သူ့အား သားကောင်တကောင်ကဲ့သို့ ကြည့်၍ တဟုန်ထိုးပြေးထွက်လာကြတာကိုမြင်လိုက်လေသည်။

ရှောင်လုံက တုန့်ဆိုင်းမနေဘဲ ကမ္ဘာ့ဗုဒ္ဓလက်ဝါးတွေ
ကို အဆက်မပြတ်ရိုက်ထုတ်လိုက်လေသည် ။ မြေပြင်မှ ရုတ်တရက်ထွက်ပေါ်လာသော ဗုဒ္ဓရုပ်ပွားတွေကြောင့် ပတ်ဝန်းကျင်တခုလုံး ရွှေရောင်လင်းထိန်းသွား၏ ။ မြင့်မြတ်သော ဗုဒ္ဓစွမ်းအားတွေက သရဲတစ္ဆေတွေကို သန့်စင်လိုက်တာမို့ ပတ်ဝန်းကျင်မှ သရဲတစ္ဆေတွေ ပြန်လည်ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်၌ အရာအားလုံးက တဖန်ပြန်၍ တိတ်ဆိတ်သွားလေသည်။

သိုသော် ရှောင်လုံက ထိုသရဲတစ္ဆေတွေအား သုတ်သင်ရှင်းလင်းပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်နတ်ဆိုး မိစ္ဆာတအုပ်က ထပ်မံပေါ်ထွက်လာသည်။

".... ဒါ....ဒါက ထောက်ချောက်အစီအရင်တခုများလား ....?"

ထိုကဲ့သို့ သရဲတစ္ဆေတွေနှင့် နတ်ဆိုးမိစ္ဆာတွေက ပျောက်ကွယ်သွားလိုက် ပြန်လည်ပေါ်ထွက်လာလိုက် ဖြစ်နေတာကိုမြင်တော့ ရှောင်လုံက သူထောင်ချောက် အစီအရင်တခုအတွင်း ရောက်ရှိနေမှန်းကိုသဘောပေါက်သွားလေသည်။
ဒါ....စွမ်းအားမြင့် သရဲထောက်ချောက်တခုပဲ ဖြစ်ရမယ် .....!

အခုအချိန်၌ အရေးအကြီးဆုံးက ထောက်ချောက်၏ ဗဟိုချက်ကိုရှာတွေ့နိုင်ဖို့ပဲ ဖြစ်သည်။ ရှောင်လုံက လက်ရှိအခြေအနေတွေကို ဖြေရှင်းဖုိ့အတွက် နည်းလမ်းရှာကြည့်လိုက်လေသည်။အစီအရင်ထောက်ချောက်ထဲသို့ရောက်ရှိနေသည့် ရှောင်လုံပုံရိပ်က လျင်မြန်စွာဖြင့် နေရာအနှံကို ရောက်ရှိနေသည်။ ရှောင်လုံက တိုးပွားလာသော သရဲတစ္ဆေတွေကို သတ်ရင်း သူတို့ထွက်ပေါ်လာရာ အစီအရင်၏ ဗဟိုချက်နေရာကိုရှာဖွေနေခြင်းဖြစ်သည်။

"... ဒီမှာပဲ  ...."

ခနလောက်ကြာသောအခါ အစီအရင်၏ ဘယ်ဘက်မှ နေရာတခုကို ငေးကြည့်ရင်း ရှောင်လုံမျက်လုံးတွေက အရောင်လက်သွားသည်။
ရှောင်လုံက ထိုနေရာသို့ အလျင်အမြန်သွားလိုက်သည်။

ရှောင်လုံလေ့ကျင့်ထားသော ကမ္ဘာဗုဒ္ဓလက်ဝါး သိုင်းကို သရဲတစ္ဆေတွေက အလွန်ကြောက်လန့်သဖြင့် ရှောင်လုံက အစီအရင်၏ ဗဟိုချက်နေရာသို့ အခက်အခဲမရှိ သွားနိုင်လိုက်သည်။ သို့သော် အစီအရင်၏ ဗဟိုချက်နှင့်နီးလာသောအခါ သရဲတစ္ဆေတွေ၏ အရှိန်အဝါတွေကို ပို၍ သိပ်သည်းပြီး များပြားလာသည်။

ထိုအပြင် ရှောင်လုံက ပို၍ အစွမ်းထက်သည့် နတ်ဆိုးမိစ္ဆာတွေနှင့် ကြုံတွေ့လာရသည်။  ရှောင်လုံက သရဲတစ္ဆေတွေကို ငယ်နိုင်ဖြစ်သော ဗုဒ္ဓလက်ဝါးသိုင်းအား အသုံးပြုနေတာတောင် သူ့အမြန်နှုန်းက သိသိသာသာကို ကျဆင်းလာသည်။
အလွန်များပြားလာသော နတ်ဆိုးမိစ္ဆာတွေကြောင့် ရှောင်လုံလဲ အရှေ့ဆက်သွားဖို့ကိုတောင် တော်တော်လေးကြိုးစားနေရသည်။

ရှောင်လုံက သူ့ကိုယ်တွင်းမှ အတွင်းအားချီတွေကို အစွမ်းကုန်နှိုးထ၍ ဗုဒ္ဓစွမ်းအင်တွေကို အပြင်ဘက်သို့ လွှင့်ထုတ်လိုက်သည်။ထိုအခါ မှောင်မိုက်နေသော ဂူကြီး၏ နေရာတေ်ာတော်များများတွင် ဗုဒ္ဓရောင်ခြည်တွေနဲ့ လင်းထိန်လာသည်။ ဗုဒ္ဓရောင်ခြည်တော်တွေနှင့် ထိတွေ့မိပြီး ရှောင်လုံအနီးတွင်ရှိနေကြသော နတ်ဆိုးမိစ္ဆာတွေအကုန်လုံး အငွေ့ပျံပျောက်ကွယ်သွားကြသည်။

ရှောင်လုံက ရရှိလာသော အခွင့်အရေးကို မိမိရရ အသုံးပြု၍ အစီအရင်၏ ဗဟိုချက်သို့ တဟုန်ထိုး ပျံသန်းသွားသည်။ မိနစ်နှစ်ဆယ်ခန့်ကြာသောအခါ ရှောင်လုံက ကျယ်ဝန်းသော ဟောခန်းမကြီးတခုအတွင်းသို့ ရောက်ရှိသွားသည်။

ထိုဟောခန်းမကြီးအလည်တွင် တမီတာခန့်မြင့်သော အလံတခုကို စိုက်ထူထားသည်။ အလံပေါ်တွင် အောက်လမ်းအရုပ်စာတွေကို ရေးဆွဲထားပြီး အနက်အလံတိုင်ပေါ်မှာတော့
ထူးခြားသော အဆောင်လက်ဖွဲ့တွေကို ထွင်းထုထားသည်။

ထိုအဆောင်လက်ဖွဲ့စာသားတွေကို ရှေးခတ်လက်ရေးမူဖြင့် ရေးဆွဲထားသည်။  သရဲတစ္ဆေ အရှိန်အဝါတွေက ထိုအလံတိုင်ကနေ ထွက်ပေါ်နေခြင်ပင်...။
ထိုအရှိန်အဝါတွေကနေတဆင့် တိမ်တိုက်ကဲ့သို့များပြားသော သရဲမိစ္ဆာတွေအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။

ရှောင်လုံထံတွင် ငရဲမျက်လုံးရှိနေခြင်းကြောင့်သာ ထိုအလံတိုင်အား ရှာတွေ့ခဲ့တာလဲ ဖြစ်သည်။ ငရဲမျက်လုံးသာမရှိခဲ့လျင် ရှောင်လုံအနေဖြင့် များပြားသော သရဲတစ္ဆေတွေကိုကျော်ဖြတ်၍ မှောင်ပိန်းနေသည့် ဂူကြီးထဲတွင် အလံတိုင်အား ရှာတွေ့နိုင်မှာ မဟုတ်ပေ ...။

ရှောင်လုံအခုမြင်တွေ့နေသော အလံတိုင်က နတ်ဆိုးမိစ္ဆာအစီအရင်၏ ဗဟိုချက်ပင်ဖြစ်သည်။သိုသော် ဟောခန်းမအလည်တွင် ရှိနေသည့် အလံတိုင်အား ရှောင်လုံ နှုတ်ယူတော့မည့် အချိန်၌
ခန်းမဆောင်အတွင်း အနက်ရောင်အလင်းတန်းတွေက တဖျက်ဖျက်လက်လာသည်။ ထိုနောက် ရှောင်လုံနှင့် အလံတိုင်ကြားထဲတွင် ကြီးမားသော သရဲကြီးတကောင် ရောက်ရှိလာပြီး ရှောင်လုံကို လမ်းပိတ်ဆို့ထားလိုက်သည်။

ထိုဧရာမ တစ္ဆေကြီးက သုံးမီတာလောက် မြင့်မားသလို သူကိုယ်ပေါ်တွင် မြွေအကြေးခွံနှင့်တူသော အနက်ရောင်အကြေးခွံတွေက ချပ်ဝတ်တန်ဆာသဖွယ် ဖုံးအုပ်ပေးထားသည်။ တစ္ဆေကြီးက အချွန်တခုချင်း၏ထိပ်တွင် ဦးခေါင်းခွံတွေနှင့် တန်ဆာဆင်ထားသည့်  သုံးမြှောင့်ခက်ရင်းသွားကို ဆုပ်ကိုင်ထားသည်။ နီးစွေးနေသော သွေးစက်တွေက သုံးမြှောင်ခက်ရင်းသွားမှ တစက်ချင်းစီးကျလျက်ရှိသည် ။

ထိုဧရာမတစ္ဆေကြီးက လျင်မြန်သော အမြန်နှုန်းကို ရှောင်လုံကို ရုတ်တရက်တိုက်ခိုက်လာသည်။ သူ့၏အမြန်နှုန်းက ကျောက်ချန်ထက်ကိုတောင် ပို၍ မြန်ဆန်နေသည်။ ရှောင်လုံက အနဲငယ် အံသြသွားသော်လည်း အန်မီနက်စစ်ပုဆိန်ကိုကိုင်ဆွဲကာ တန်ပြန်တိုက်ခိုက်လိုက်သည်။

ထန် ....ထန် .....
စူးရှသော သတ္တုချင်း ထိခိုက်မိသံတွေ အဆက်အပြတ်ထွက်ပေါ်လာသည် ။ထိုကဲ့သို့ ခုတ်ပိုင်းလာမှ ရှောင်လုံလက်တခုလုံး ထုံကျင်လာသလို အနောက်ကိုလဲ ခြေလှမ်းအနဲငယ်လောက် ဒယီးဒယိုင် ဖြင့် ဆုတ်လိုက်ရသည်။ သို့သော် တစ္ဆေကြီးကတော့ ကြီးမားသောတောင်ကြီးတလုံးလို ခိုင်မာစွာ စွဲမြဲနေသည်။

ဧရာမ တစ္ဆေကြီးက စကြာဝဠာအဆင့်သို့ရောက်နေသည့် ပုံပြောင်းတစ္ဆေတကောင်ပင်ဖြစ်သည်။ သိုင်းလေ့ကျင့်သော လူသားတွေက စကြာဝဠာအဆင့်သို့ ရောက်ရှိလာသောအခါ သူတို့ရဲ့ခန္ဓာကိုယ်အား မြွေအရေခွံလဲသလိုသို့ ပုံပြောင်းရသည်။ ရှောင်လုံ အရှေ့ဘက်မှ တစ္ဆေကြီးကလဲ စကြာဝဠာအဆင့်ရောက်နေတာကြောင့် မူလတစ္ဆေခန္ဓာကိုယ်မှ စကြာဝဠာခန္ဓာကိုယ်သို့ ပြောင်းလဲထားခြင်းဖြစ်သည်။ တစ္ဆေတွေ စကြာဝဠာအဆင့်သို့ ရောက်ရှိလာသောအခါ သူတို့၏ မူလခန္ဓာကိုယ်မှ အသွေးအသားရှိသော ခန္ဓာကိုယ်အစစ်သို့ ပြောင်းလဲသွားလေသည်။

ထိုကဲ့သို့ပြောင်းလဲထားသော တစ္ဆေတွေက စွမ်အား
တိုက်ခိုက်မှု ၊ ခုခံမှု စသဖြင့် နေရာတိုင်းလိုလိုတွင် သာမန်စကြာဝဠာအဆင့် လူသိုင်းသမားတွေထက်
ပို၍ သာလွန်ကြသည် ။ သူတို့က အင်မော်တယ်အဆင့်နားသို့ ရောက်ရှိသွားခြင်းပင် ..။
စကြာဝဠာအဆင့် လူသိုင်းပညာရှင်တယောက်တောင်မှ စကြာဝဠာအဆင့်ရောက်ရှိနေသော တစ္ဆေတကောင်ကိုမြင်ရင် ရင်မဆိုင်ရဲဘဲ ထွက်ပြေးကြသည် ။

ရှောင်လုံက အချိန်ဆိုင်းမနေတော့ဘဲ သူ၏ အနက်ရောင်နှင့် အပြာရောင် နဂါးနှစ်ကောင်စလုံးကိုဆင့်ခေါ်၍ ချက်ချင်းဝိညာဉ်အသွင်ကိုပြောင်းလဲလိုက်သည်။ ရှောင်လုံက နတ်ဆိုးမိစ္ဆာအစီအရင်အတွင်း ရောက်ရှိနေတာကြောင့် သူ့လျှို့ဝှက်ချက်တွေ ပေါက်ကြာသွားမှာကို စိုးရိမ်စရာမလိုပေ ...။ ထိုကြောင့် ရှောင်လုံက ဖုံးကွယ်မနေတော့ဘဲ  အစွမ်းကုန်ထုတ်သုံး လိုက်ခြင်းပင် ...။

အနက် နှင့် အပြာရောင် အကြေးခွံတွေက ရှောင်လုံကိုယ်ပေါသို့ စတင်ဖုံးအုပ်လာသည်။ ရှောင်လုံ ဝိညာဉ်အသွင်သို့ ပြောင်းလဲပြီးသည့်နှင့် ခရင်းခွကြီးကို ကိုင်ထားသော တစ္ဆေကြီး၏ တိုက်ခိုက်မှုက အချိန်ကိုက် ကျရောက်လာသည်။

သူခန္ဓာကိုယ်အားဖောက်ထွက်မတတ် ရောက်ရှိလာသော ခရင်းခွကြီးကို ကြည့်ရင်း ရှောင်လုံက တိုက်ပွဲဆာလောင်နေသော ဘီလူးကြီးတကောင်လို မျက်လုံးတွေအရောက်တောက်လာသည်။ ရှောင်လုံကလဲ အန်မီနက်စစ်ပုဆိန်ကြီးကိုလွှဲယမ်း၍ ခရင်းခွကြီးနှင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

  ရှောင်လုံ ကျောက်ချန်နှင့် နတ်ဘုရားအသင်္ချေမြို့တော်တွင် ရင်ဆိုင်ခဲ့စဉ် သူ့အတွင်းအားတွေက ကောင်းကင်အဆင့်၁၀ အလည်အဆင့်၌သာရောက်ရှိသေးသည်။ ထိုအပြင် လူပုံအလည်တွင် တိုက်ခိုက်ကြတာကြောင့် ရှောင်လုံက သူ့စွမ်းအာအကုန်လုံးကို ထုတ်မသုံးနိုင်ခဲ့ပေ ...။
ထိုကြောင့် သူက ကျောက်ချန်နှင့် သာမန်ကာလျှံကာ လောက်သာတိုက်ခိုက်၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

သို့သော် အခုအခြေအနေက ကွဲပြားလေသည်။ အခုချိန်တွင် ရှောင်လုံအတွင်းအားတွေက ကောင်းကင်အဆင့်၁၀ အထွပ်အထိပ်သို့ရောက်ရှိနေခဲ့လေပြီ ..။ ထိုကြောင့် သာမန်စကြာဝဠာ သိုင်းပညာရှင်တယောက်က ရှောင်လုံကို အနိုင်ရဖို့မလွယ်ကူပေ ...။ အခုချိန်တွင် စကြာဝဠာအဆင့် တစ္ဆေကြီးက ရှောင်လုံအတွက် အကောင်းဆုံးပြိုင်ဘက်တယောက် ဖြစ်လာနိုင်သည်။

စကြာဝဠာသိုင်းပညာရှင်မဖြစ်သေးသောရှောင်လုံက စကြာဝဠာအဆင့် တစ္ဆေကြီးကြီးအား အနောက်သို့ဆုတ်သွားအောင်တိုက်ခိုက်နေသည်ကိုမြင်ကွင်းကို  တယောက်ယောက်  မြင်ခဲ့ပါကအံသြလွန်းလို့အသက်ရှုရပ်သွားနိုင်သည်။

တစ္ဆေကြီးကိုအနောက်ဘက်သို့ တွန်းထုတ်ပြီးတဲ့နောက် ရှောင်လုံက လေထဲသို့ ပျံဝဲရင်း အန်မီနက်စစ်ပုဆိန်ကြီးကို လွှဲယမ်းခိုက်သည်။
အန်မ်ိနက်စစ်ပုဆိန်မှ  စစ်ပုဆိန်အရိပ်တွေက ညကောင်းကင်ယံတွင် ကြွေကျလာသော ကြယ်ပွင့်တွေကဲ့သို့ တလက်လက် ထွက်ပေါ်လာသည်။

".... စစ်ပုဆိန် ကြယ်စင်စု ...."

တစ္ဆေကြီးက ရှောင်တိမ်းဖို့ ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီး စစ်ပုဆိန်တိုက်ကွက်က သူ့ခန္ဓာကိုယ်အား ထိမှန်သွားသည်။  အလွန်အမင်နာကျင်မှုကြောင့် တစ္ဆေကြီးဆီက အက်ကွဲနေသော အသံဖြင့် ညီးတွားသံတခုထွက်ပေါ်လာသည် ။ ထိုအပြင် သူ့ခန္ဓာကိုယ်က အဝေးသို့  လွင့်ပျံသွားကာ ဟောခန်းမအဆုံးတွင်ရှိသော ကျောက်တိုင်ကြီးနှင့် သွားတိုက်မိပြီး ခန်းမဆောင်ကြီးတခုလုံး သွက်သွက်ခါအောင် လှုပ်ယမ်းသွားသည်။

  သူ့၏ ပြင်းထန်သော တိုက်ကွက်က တစ္ဆေကြီးနှင့် ထိမှန်သွားတာကိုမြင်ပေမယ့် ရှောင်လုံစိတ်ထဲမှာတော့ ဝမ်းသာမှု တစုံတရာ ဖြစ်ပေါ်လာခြင်းမရှိပေ ...။ ဘာကြောင့်လဲဆိုတော့ စကြာဝဠာ အဆင့် ရောက်ရှိနေသည့် တစ္ဆေတကောင်ကို ထိုမျှလောက် ထိခိုက်မှုလောက်နှင့် အလွယ်တကူ ရှုံးနိမ့်သွားအောင် မလုပ်နိုင်ဘူးဆိုတာကို သူသိနေခြင်းကြောင့်ဖြစ်သည် ...။

ရှောင်လုံခန့်မှန်းထားသည့် အတိုင်းပင် ...။ စက္ကန့်ပိုင်းလောက်အကြာမှာပဲ တစ္ဆေကြီးက မတ်တပ်ပြန်ရပ်လာသည်။ ထိုနောက် ရှောင်လုံကိုကြည့်၍ ဒေါသတကြီး ဟိန်းဟောက်လိုက်သည် ။ ထိုအပြင် တစ္ဆေကြီး၏ မျက်လုံးတွေက ရဲရဲနီလာသလို သူကိုင်ထားသော ခရင်းခွကြီးဆီက မနှစ်မြို့ဖွယ်ရာအနီရောင်ကြီး ထွက်ပေါ်လာသည်။ အဲ့နောက် တစ္ဆေကြီးက ရှောင်လုံရှိရာသို့ ကမှုးရှုးထိုး ပြေသလာသည်။

သူ့အတွင်းအားအကုန်အသုံးပြု၍ တိုက်ခိုက်လိုက်သော စစ်ပုဆိန်ကြယ်စင်စုသိုင်းကွက်က တစ္ဆေကြီးအား  ဒဏ်ရာအနဲငယ်မျှသာ ရရှိစေခဲ့တာကိုမြင်တော့ ရှောင်လုံမျက်လုံးတွေကအံသြမှုကြောင့် ပြူးကျယ်သွားပြီး စဉ်းစားမိလိုက်သည် ။
စကြာဝဠာအဆင့် တစ္ဆေတွေရဲ့ ခုခံနိုင်စွမ်းအားက ကြောက်စရာကောင်းလှချည်လား .....?

စကြာဝဠာအဆင့် တစ္ဆေကြီးက စကြာဝဠာအဆင့် သိုင်းပညာရှင်တွေကဲ့သို့ သူတို့၏ ချီပင်လယ်အား စကြာဝဠာလေဟာနယ်အဖြစ်သို့ ပြောင်းလဲနိုင်ခြင်း
မရှိတာလေးတခုသာ ခံသာသွားသည် ။ အဲ့လိုသာမဟုတ်ရင် စကြာဝဠာအဆင့်တစ္ဆေကြီးက ရှောင်လုံအတွက်တော့ အိမ်မက်ဆိုးကြီးတခု ဖြစ်လာနိုင်သည်။

တစ္ဆေကြီး၏ တိုက်ခိုက်မှု နီးကပ်လာတာကိုမြင်တော့ ရှောင်လုံက သူလက်တွေကိုကွေးညွတ်၍ စစ်ပုဆိန်နှင့် ပြန်လည်ခုခံလိုက်သည်။ လေထဲတွင် လည်ပတ်နေသည့် စွမ်းအားလေပွေငယ်လေးတခုဖြစ်ပေါ်လာသည်။

".... ကောင်းကင်ကိုထက်ခြမ်းခြမ်း ....ကမ္ဘာကြီးကိုပြောင်းပြန်လှန် ....."

တစ္ဆေကြီးနှင့် စွမ်းအင်လေပွေငယ်နှင့် ကြုံတွေ့ပြီး အခက်တွေ့နေစဉ် ရှောင်လုံက အခွင့်ရေးကို မိမိရရအသုံးချလိုက်သည်။ ရှောင်လုံက အန်မီနက်စစ်ပုဆိန်နှင့် စွမ်းအင်လေပွေ၏ အလည်တွင် ထိန်းချုပ်ခံထားရသော တစ္ဆေကြီးရင်ဘတ်ကို ထိုးချလိုက်သည်။

ရှောင်လုံစစ်ပုဆိန်နှင့် ထိတွေ့မိပြီး စွမ်းအင်လေလေပွေအချုပ်ခံထားရသည့် တစ္ဆေကြီးက အဝေးသို့ လွင့်ထွက်သွားသည်။ တစ္ဆေရင်ဘတ်မှ စီးကျလာသော သွေးတွေကြောင့်  ဟောခန်းမကြမ်းပြင် ထက်တွင် အစိမ်းရောင်အခိုးအငွေ့တွေ ထွက်ပေါ်လာသည်။

  ဒီတကြိမ် ရှောင်လုံစစ်ပုဆိန်က သူ့ရင်ဘတ်သို့ ထိုးစိုက်မိသွားသော်လည်း တစ္ဆေကြီးကတော့ နောက်တကြိမ်ခုန်ထရင်း ရှောင်လုံကို အငြိုးတကြီး တိုက်ခိုက်လာပြန်သည် ။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှောင်လုံမျက်နှာက ရှုံ့မဲ့သွားလေသည်။
မဖြစ်ဘူး ...မဖြစ်ဘူး...
ဒီပုံစံဆိုရင်  ဧရာမတစ္ဆေကြီးရဲ့ စိတ်ဝိညာဉ်ရှိတဲ့နေရာကို ရှာ ရမယ်ထင်တယ် .... အဲ့ဒါမှ တစ္ဆေကြီးကိုတချက်ထဲနဲ့ ပွဲသိမ်းနိုင်မှာ .....။

  စကြာဝဠာအဆင့်ရောက်ရှိနေသည့် တစ္ဆေသရဲတွေ၏ ခန္ဓာကိုယ်အားဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် သူ့အတွက် အကျိုးမရှိနိုင်ဘူး ဆိုတာကို ရှောင်လုံကောင်းကောင်းကြီးသဘော ပေါက်သွားသည်။ တကယ်တော့ စကြာဝဠာအဆင့်တစ္ဆေတကောင်အားသတ်လိုလျင်
သူ့စိတ်ဝိညာဉ်အား ဖျက်ဆီးဖြစ်ရမှာပဲ ဖြစ်သည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၂၀ .....

  တစ္ဆေတကောင်၏ စိတ်ဝိညာဉ် လူသားတယောက်နှင့် ကွဲပြားခြင်းမရှိပေ ...။ စိတ်ဝိညာဉ်တွေက တစ္တေတွေနဲ့ လူသားတွေအတွက် အရေးအကြီးဆုံးအရာတခုပင်ဖြစ်သည်။

သို့သော် တစ္ဆေတွေကိုယ်ထဲတွင် စိတ်ဝိညာဉ်ရှိနေသောနေရာကို ရှာဖွေရတာကို ပြောသလောက် မလွယ်ကူချေ ..။ တချို့ တစ္ဆေတွေ၏ စိတ်ဝိညာဉ်က သူတို့ ခေါင်းထဲတွင် ရှိကြသည်။ တချို့ စိတ်ဝိညာဉ်တွေက နှလုံးသား၏ အနက်ရှိုင်းတွင် နေရာတွင် ကွယ်ဝှက်နေကြပြီး တချို့ စိတ်ဝိညာဉ်တွေက ပေါင် ၊ တချို့က စိတ်ဝိညာဉ်တွေကတော့ ဂျိုင်းကြားတွင်း ပုန်းအောင်းနေကြသည် ။

ဟုတ်သားပဲ ငါ့မှာ ငရဲမျက်လုံးရှိနေသေးတာပဲ ...!
ရှောင်လုံက ရုတ်တရက်အကြံရသွားသည်။
သာမန်နည်လမ်းမျိုးဖြင့် တစ္ဆေကြီးကိုယ်တွင်းက စိတ်ဝိညာဉ်ကို ရှာတွေ့နိုင်ဖို့ မလွယ်သော်လည်း ငရဲမျက်လုံးကတော့ စိတ်ဝိညာဉ်ကိုရှာတွေ့နိုင်ဖို့ ပို၍ အခွင့်အရေးများသည်။

ရှောင်လုံက သူ့နဖူးထက်တွင်ရှိနေသော ငရဲမျက်လုံးကို ဖွင့်လိုက်သည်  ။ ရှောင်လုံငရဲမျက်လုံးကနေ ထွက်ပေါ်လာသော အနီရောင်အလင်းတန်းတွေက တစ္ဆေကြီး၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားလေသည်။

သူ့ရဲ့ ငရဲမျက်လုံးက တကယ်ပဲ အလုပ်ဖြစ်နေတာကိုမြင်တော့ ရှောင်လုံလဲ အရမ်းပျော်သွားသည်။ တောက်ပနေသော အနီရောင် အလင်းတန်းအောက်တွင် ရှောင်လုံက တစ္ဆေကြီးကိုယ်ပေါ်မှ မြွေအကြေးခွံကဲ့သို့ ချပ်ဝတ်တန်ဆာတွေကို ဖောက်ထွင်း၍  အတွင်းပိုင်းအထိ မြင်နိုင်သွားသည်။

သူနားရဲ့ အနောက်မှာပဲကိုး....!

ငရဲမျက်လုံး၏ အကူအညီဖြင့် ရှောင်လုံက တစ္ဆေကြီးရဲ့ စိတ်ဝိညာဉ်ကိုရှာတွေ့သွားလေသည်။
တစ္ဆေကြီး၏ စိတ်ဝိညာဉ်က သူ့နား၏ အနောက်ဘက်တွင် ရှိနေလေသည်။ ထိုစိတ်ဝိညာဉ်လေးက မျက်လုံးအရွယ်အစားလောက်ရှိပြီး တေ အနက်ရောင်အလင်းတန်းတွေဖြင့် တဖျက်ဖျက် တောက်ပလျက်ရှိသည်။ 

ဧရာမတစ္ဆေကြီးက သုံးမြှောင့်ခရင်းခွကိုမြောက်၍ ကာကွယ်ဖို့ ကြိုးစားလိုက်လေသည် ။ သို့သော် ရှောင်လုံက ကိုယ်ဖျောက်စွမ်းရည်ကိုအသုံးပြု၍ လေဟာနယ်ကွပ်လပ်တွေအတွင်းပုန်းအောင်းလိုက်တာမို့ တစ္ဆေကြီး၏ မြင်ကွင်းရှေ့ကနေ ရုတ်တရက် ပျောက်ကွယ်သွားသည်။  ထိုနောက် အခွင့်အခါကောင်းကိုစောင့်၍ အန်မီနက်စစ်ပုဆိန်ဖြင့် ထိုးချလိုက်သည်။

ရွှီ.......

ရှောင်လုံ၏ စစ်ပုဆိန်က တစ္ဆေကြီးနားအနောက်တွင်ရှိနေသော စိတ်ဝိညာဉ်အလုံးလေးကို တိကျစွာဖောက်ဝင်သွားသည် ။ တစ္ဆေကြီးဆီကနေ အေးစက်နေသော သံမဏိတုံးတတုံးအား ရေနွေးပူပူထဲသို့ ပစ်ချလိုက်သလိုမျိုး အော်မြည်သံတွေထွက်ပေါ်လာသည်။

ရှောင်လုံက အနောက်လက်သိုပ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

"... လူ ...လူသား.... မင်းကိုငါသတ်မယ် ...."
တစ္ဆေကြီးက အက်ကွဲနေသောလေသံဖြင့် လူသားစကားကိုပြောလိုက်သည်။ ထိုနောက် ဒေါသတကြီး ဟိန်းဟောက်ရင်း သူ့ခန္ဓာကိုယ်ပတ်လည်မှ တစ္ဆေအော်ရာတွေကို ပို၍ မြင့်တက်လာသည်။ ထို ဧရာမ တစ္ဆေကြီး၏ တစ္ဆေ အော်ရာတွေကနေ တစ္ဆေပုံသဏ္ဍာန်သတ္တာဝါ တွေဖြစ်ပေါ်လာသည်။

သိုင်းလေ့ကျင့်သော တစ္ဆေတွေက စကြာဝဠာအဆင့်သုိ့ ကျော်ဖြတ်ပြီးသွားသောအခါ လူစကားပြောနိုင်လာသည် ။ သိုသော် ထိုကဲ့သို့ ပြောဆိုမှုထက်စာရင် သူ့စစ်ပုဆိန် တစ္ဆေကြီး၏ စိတ်ဝိညာဉ်အား ထိုးဖောက်သွားတာတောင်မှ တစ္ဆေကြိးမသေသည့်  အချက်က ရှောင်လုံကိုပိုပြီး အံအားသင့်စေသည်။

ရှောင်လုံကြည့်နေစဉ်မှာဘဲ တစ္ဆေကြီးပတ်လည်တွင် ပေါ်ထွက်လာသော တစ္ဆေပုံသဏ္ဍာန်သတ္တဝါတွေက ဧရာမအရိုးခေါင်းကြီးတခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့တကိုယ်လုံးကို အုပ်ဆိုင်းထားလိုက်သည်။
ထိုနောက် ရှောင်လုံအား ချုပ်နှောင်ကြိုးဟားနေသည့် ဆွဲငင်အားတခုဖြစ်ပေါ်လာသည်။ ထိုဆွဲငင်အားကြောင့် ရှောင်လုံက မြေကြီးပေါ်တွင်ခြေကုပ်ယူမထားနိုင်တော့ပဲ ဧရာမဦးခေါင်းခွံကြီး၏ ပါးစပ်ထဲသို့ မျောပါလာသည်။

သူမြို့ချခံရတော့မယ့်အရေးကိုမြင်တော့ ရှောင်လုံက ကိုယ်ဖျောက်သိုင်းကိုအသုံးပြု၍ ပေါက်ကွယ်သွားပြီး  ဥိးခေါင်းခွံကြီး၏ အထက်တွင် ပြန်ပေါ်လာလေသည်။ ထိုနောက် ရှောင်လုံခန္ဓာကိုယ်ထဲကနေ ဗုဒ္ဓရောင်ခြည်တော်တွေ ဖြာထွက်လာပြီး ရှောင်လုံက ကမ္ဘာဗုဒ္ဓလက်ဝါးသိုင်းအားအသုံးပြု၍ တစ္ဆေကြီး၏ ဥိးခေါင်းခွံကြီးအား ကိုက်ချလိုက်သည်။

ဖုန်း ...
မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော မည်ဟိန်းသံကြီးတခုပေါထွက်လာသည် ။ ရှောင်လုံ၏ ကမ္ဘာဗုဒ္ဓလက်ဝါးသိုင်းကွက်က တစ္ဆေကြီးရဲ့ ငယ်ထိတ်တည့်တည်သို့ ထိမှန်သွားလေသည်။ တစ္ဆေကြီးဆီက နာနာကြောက်ရွံနေသော အော်ဟစ်သံတွေထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင်ရှိနေသော တစ္ဆေအော်ရာတွေကလဲ တဖြည်းဖြည်း လျော့ကျလာသည်။

ရှောင်လုံ၏ ကမ္ဘာဗုဒ္ဓလက်ဝါးသိုင်းချက်က တစ္ဆေကြီးရဲ့ စိတ်ဝိညာဉ်နေရာသို့ ထိမှန်မသွားခဲ့သော်လည်း ထိုလက်ဝါးသိုင်းကွက်ထဲတွင် ဗုဒ္ဓစွမ်းအားတွေ အမြောက်အမြားပါဝင်လေသည်။
ဗုဒ္ဓစွမ်းအားတွေက တစ္ဆေသရဲအတွက်တော့အိမ်မက်ဆိုးကြီးပင် ....။ ရှောင်လုံ၏ ဗုဒ္ဓစွမ်းအားတွေက တစ္ဆေကြီးရဲ့ ဦးခေါင်းထက်မှ စီးဝင်လာပြီး သူ့စိတ်ဝိညာဉ်ကိုပါ အကျိုးသက်ရောက်သွားသည်။

သူ့ရိုက်ချက်က တစ္ဆေကြိးကို အောင်မြင်စွာ ထိမှန်သွားပြီးနောက် ရှောင်လုံက ခန္ဓာအားလှည့်ပတ်၍ ဘေးသို့ ရှောင်တိမ်းလိုက်သည်။ တစ္ဆေကြီးဆီက နာနာကျင်ကျင်အော်ဟစ်နေစဉ် ရှောင်လုံက တစ္ဆေကြီးဦးခေါင်းထက်တွင် ရှိနေသည့် သရဖူနှင့်တာသောနေရာကို နောက်တကြိမ် ရိုက်ချလိုက်သည်။
ထိုရိုက်ချက်၏ စွမ်းအားတွေကလဲ တစ္ဆေကြီးရဲ့ စိတ်ဝိညာဉ်အပေါ်သို့ အကျိုးသက်ရောက်သွားလေသည်။

တစ္ဆေကြီးက လွင့်ထွက်သွားပြီး ခန်းမကျယ်၏ အဆုံးမှ ကျောက်တိုင်ကြီးနှင့် သွားတိုက်မိလေသည်။ထိုကြောင့် တစ္ဆေအော်ရာတွေကနေ ဖြစ်ပေါ်လာသည့် ဧရာမဦးခေါင်းခွံကြီးကလဲ တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွား ပါသည်။

သိုသော် မကြာခင်မှာဘဲ တစ္ဆေကြီးက လဲကျနေရာမှ လူးလဲထလာပြန်သည်။ ထိုနောက် တစ္ဆေကြီးက ရှောင်လုံကို မီးထွက်မတတ် နီဲရဲနေသော မျက်လုံးဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။ ထိုနောက် သူ့မျက်လုံးထဲတွင် ကြောက်ရွံထိတ်လန့်သော အရိပ်အယောင်တွေပေါ်လာပြီး တစ္ဆေကြီးက ထွက်ပြေးဖို့သာ ကြိုးစားလိုက်တော့သည် ။

သိုသော် တစ္ဆေကြိးရဲ့ စိတ်ကိုကြိုမြင်နေသောရှောင်လုံက သူရဲအရိပ်ကိုယ်ဖော့သိုင်းကိုအသုံးပြု၍ တစ္ဆေကြီးအရှေ့တွင် လျင်မြန်စွာ ပိတ်ဆို့ထားလိုက်လေသည်။  ထိုအထူ သူ့လက်ထဲ ရောက်ရှိလာသည့် နတ်ဓားနှစ်လက်ဆီကနေ အေးစက်စူးရှနေသော အလင်းတန်းတခုက ဖျက်ကနဲထွက်ပေါ်လာသည်။

"... ငရဲမုန်တိုင်း သိုင်းကွက် ...."

ငရဲမှလာသော အော်မြည်သံတွေနှင့်တူသည့် ငိုကြွေးမည်းတမ်းနေသောအသံတွေက တစ္ဆေကြီးအား ချက်ချင်းဆိုသလို ဝိုင်းပတ်သွားသည်။
ထိုနောက် လေဓားတွေက တစ္ဆေကြီး အသားတွေကိုခုတ်ပိုင်းသွားပြီး သတ္တုချင်းထိတွေ့သံတွေနှင့်အတူ မီးပွားတွေ ဖြာထွက်လာသည်။ထိုနောက် တစ္ဆေကြီးကိုယ်ထဲက အနက်ရောင်သွေးစက်တွေ ပန်းထွက်လာသည်။ တစ္ဆေကြီး၏ ခန္ဓာကိုယ်တွင် လေဓားတွေအများကြီးနှင့် ခုတ်ပိုင်းခံလိုက်ရတာကြောင့် ပြတ်ရှရာတွေအများကြီး ဖြစ်ပေါ်လာသည်။

ထိုအပြင် သူ့ခန္ဓာကိုယ်ထက်တွင် ဖုံးအုပ်ပေးထားသည့် မြွေအကြေးခွံချပ်ဝတ်တန်ဆာတွေကလဲ တဖြည်းဖြည်းအက်ကွဲကာ ကြွေကျကုန်သည်။ ရှောင်လုံ၏ ငရဲမုန်တိုင်းသိုင်းကွက်ပျောက်ကွယ်သွားသောအခါ တစ္ဆေကြိး၏ ပုံပျက်ပန်းပျက် ခန္ဓာကိူယ်ကြီးကပေါ်ထွက်လာသည်။ ရှောင်လုံက ငရဲမုန်တိုင်းသိုင်းကွက်ဖြင့် တိုက်ခိုက်နေသောအချိနိတွင် စူးရှထက်မြနေသော ဓားအရိပ်တွေက တစ္ဆေကြီး၏ စိတ်ဝိညာဉ်ကို အကြိမ်အရေအတွက်များစွာ ရိုက်ခတ်သွားကြသည်။
ထိုကြောင့် တစ္ဆေကြီးက တဖြည်းဖြည်းအားနဲလာပြီး ရှောင်လုံငရဲမုန်တိုင်း၏ အလည်ဗဟိုချက်ဆီသို့ ရောက်ရှိသွားခဲ့ခြင်းသည်။

  ".. ကျွန်တော်ကိုမသတ်ပါနဲ့ ...  ကျွန်တော်ကို အသက်ချမ်းသာပေးပါ ...အသက်ချမ်းသာပေးမယ်ဆိုရင် ကျွန်တော်သခင်လေးရဲ့ ကျွန်အဖြစ်နေပါမယ် ....."

တစ္ဆေကြီးက ဒယီးဒယိုင်ဖြင့် ညီးတွားကာ အသက်ချမ်းသာပေးဖို့ တောင်းဆိုလိုက်လေသည်။
တစ္ဆေကြီးက ရှောင်လုံကို သူ့ထက်ကြမ်းတမ်းသော တစ္ဆေတကောင်အဖြစ်သို့ ရှုမြင်ပြီး သူ့မျက်လုံးထဲတွင် ကြောက်ရွံမှုတွေ အထင်းသား ဖြစ်ပေါ်နေသည်။ ထိုအပြင် ရှောင်လုံလက်အောက်တွင် ခိုလှုံချင်သောပုံစံဖြင့် အသနားခံလိုက်သည်။

တစ္ဆေကြီး၏စိတ်ဝိညာဉ်အားအကြိမ်းပေါင်းများ စွာထိခိုက်အောင် လုပ်ထားတာတောင် တစ္ဆေကြီးက အခုအချိန်အထိ အသက်ရှင်နေတာကိုမြင်တော့ ရှောင်လုံလဲ အရမ်းကိုတုန်လှုပ်သွားသည်။
ရှောင်လုံက စိတ်ထဲမှာပဲ ကျိတ်ကာရေရွတ်လိုက်သည်။
အင်း... စကြာဝဠာအဆင့်ရောက်သွားတဲ့ တသ္ဆေတွေက ကြောက်ခမန်းလိလိကို ကြံခိုင်သန်စွမ်းတာပါလား ......!
တစ္ဆေကြီးက သူ့တကိုယ်လုံးတွင် အားအနဲဆုံးလိုဆိုင်နိုင်သည့် စိတ်ဝိညာဉ်အား အကြိမ်းပေါင်းမြောက်များစွာ တိုက်ခိုက်ခံထားရတာတောင် အခါအချိန်အထိ အသက်ရှင်နိုင်နေလေသည်။ ထိုအခြင်းအရာကိုမြင်ပြီး စကြာဝဠာအဆင့် တစ္ဆေတကောင်က ဘယ်လောက်ထိ သတ်ရခက်ခဲတယ်ဆိုတာကို ရှောင်လုံတယောက် ကောင်းကောင်းကြီး သဘေယပေါက်သွားတော့သည်။

".... ငါရဲ့ အစေခံအဖြစ်နေမယ် ဟူတ်လား ...?"

ရှောင်လုံက သူ့အရှေ့တွင် ဒူးထောက်ချက်ရှိနေသော ဧရာမတစ္ဆေကြီးကိုကြည့်ရင်း လိုချင်စိတ်ကြောင့် မျက်လုံးတွေအရောင်လက်လာသည်။
အင်း ....ငါစိတ်အာဏာသိုင်းနဲ့ ရှေးဟောင်းရုပ်သေးရုပ်ထိန်းချုပ်နည်းစနစ်တွေကိုပေါင်းစပ်အသုံးပြုလိုက်ရင် ဒီကောင်ကြီးကို ထိန်းချုပ်လို့ ရနိုင်မလားမသိဘူး ....။
ရှောင်လုံက အကြံထုတ်လိုက်သည်။

ရှောင်လုံစိတ်ဝိညာဉ်စွမ်းအားတွေက သူကောင်းကင်အဆင့်၁၀ အထွပ်အထိတ်သို့ရောက်ရှိလာပြီးနောက်တွင် အလွန် လျင်မြန်စွာ တိုးပွား လာကြသည်။ ထိုကြောင့် ရှောင်လုံက
စကြာဝဠာတပိုင်း သိုင်းသမားတွေ၏ စိတ်ပင်လယ်ထဲတွင် အလွယ်တကူ စိတ်ဝိညာဉ်အမှတ်အသား ပြုလုပ်နိုင်စွမ်း ရှိနေပြီပဲ ဖြစ်သည်။ သို့သော် ရှောင်လုံက စကြာဝဠာအဆင့် တစ္ဆေတယောက်ကို ထိန်းချုပ်နိုင်ဖို့တော့ ယုံကြည်ချက်မရှိသေးပေ ...။ ကောင်းကင်အဆင့်နှင့် စကြာဝဠာအဆင့်က အလွန်ကိုကွာခြားလွန်းလှသည်။

ရှောင်လုံ၏ ရတက်မအေးဖြစ်နေပုံကိုမြင်တော့ တစ္ဆေကြီးက နည်လမ်းကို ရှင်းပြလိုက်သည်။
".... သခင်လေး ကျွန်တော့ဆီမှ သွေးအာဏာ သဘောတူညီချက်ဆိုတဲ့ နည်းစနစ်တခုရှိပါတယ် ...
အဲ့ဒီနည်းစနစ်ကို အသုံးပြုမယ်ဆိုရင် သခင်လေးအနေနဲ့ ကျွန်တော်ကို အလွယ်တကူ ထိန်းချုပ်ထားနိုင်မှာပါ ...."

".. သွေးအာဏာ ....."

ရှောင်လုံက တောင်ငယ်လေး တလုံးနှင့်တူသော ဧရာမတစ္ဆေကြီးကိုကြည့်ရင်း သူဆက်ရှင်းပြတာကို နားစွင့်နေလေသည်။

"... ဟူတ်ပါတယ် ...."

တစ္ဆေကြီးက ခေါင်းညိတ်၍ လူအရေပြားအပိုင်းအစတခုနှင့်တူသော ကားချပ်တခုကိုထုတ်ယူလိုက်ပြီး
".... ဒီဟာက သရဲဘုရင်ကြီးရဲ့ နန်းတော်ထဲမှာ ကျွန်တော်ရှာတွေ့ထားခဲ့တဲ့ သွေးအာဏာ သဘောတူညီချက် နည်းစနစ်ပါ .... သခင်လေး အနေနဲ့ ဒီသိုင်းကျင့်စဉ်ကို လေ့ကျင့်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ တစ္ဆေသရဲတွေဆီက စွမ်းအားတွေကို စုပ်ယူနိုင်ယုံသာမက သခင်လေးရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကလဲ သိသိသာသာကို တိုးတက်လာမှာပါ ..အဲ့ဒီသိုင်းကျင့်စဉ်ကိုလေ့ကျင့်ပြီးသူက တစ္ဆေသရဲတွေကို အခိုင်းအစေအဖြစ်လဲ ထိန်းချုပ်နိုင်ပါတယ် ...."

သွေးအာဏာ သဘောတူညီချက် .....!
သရဲဘုရင်ချန်ထားခဲ့သော သိုင်းကျင့်စဉ်တခု.....!

သရဲတစ္ဆေတွေဆီက စွမ်းအားကိုစုပ်ယူပြီး မိမိအတွင်းအားတွေကို တိုးများလာအောင် စွမ်းဆောင်နိုင်တယ် ......!
ရှောင်လုံလဲ အရမ်းကို အံသြမှင်သက်သွားပါသည်။

ထိုနောက် သူညာလက်မှ စုပ်အားတခုဖြစ်ပေါလာပြီး တစ္ဆေကြီးလက်ထဲက လူအရေခွံကားချပ်က ရှောင်လုံလက်ထဲသို့ ရောက်ရှိလာသည်။ ထိုကားချပ်ကိုလက်ထဲရောက်လာတော့ ရှောင်လုံလဲ စိတ်ဝင်တစားကို လေ့လာကြည့်လိုက်သည်။

ရှောင်လုံက တစ္ဆေကြီး၏ စကားတိုင်းကိုအမှန်လို့ မယုံကြည်ထားပေ ...။ ထိုကြောင့် သွေးအာဏာ သဘောတူညီချက် သိုင်းကျင့်စဉ်ကို မလေ့ကျင့်ခင်မှာ
သိုင်းကျင့်စဉ် အစစ် ဟုတ်မဟုတ်ဆိုတာကို အရင်ဆုံး စူးစမ်းလေ့လာကြည့်လိုက်သည်။

ရှောင်လုံက လူအရေပြားပုံသဏ္ဍာန် ကားချပ်ကို သုံးခါလောက် ဖင်ပြန်ခေါင်းပြန်လေ့လာပြီးတဲ့နောက်တစ္ဆေကြီးပြောတာ မှန်ကန်ကြောင်းကို လက်ခံသွားသည်။ တစ္ဆေကြီးက သူ့ကိုအမှန်ပြောခဲ့တာပဲ ဖြစ်သည် ။ သွေးအာဏာ သဘောတူညီချက်သိုင်းကျင့်စဉ်က တစ္ဆေကြီးပြောသည့်အတိုင်းပင် ...။ ထိုသိုင်းကျမ်းကို လေ့ကျင့်ပြီးတဲ့နောက်တွင် သရဲတစ္ဆေတွေဆီက စွမ်းအားတွေကို စုပ်ယူနိုင်စွမ်း ရှိလာနိုင်ယုံမက တစ္ဆေသရဲတွေကိုလဲ ကျွန်အဖြစ် ထိန်းချုပ်နိုင်တော့မှာ ဖြစ်သည်။

သို့သော် သွေးအာဏာ သဘေယတူညီချက် သိုင်းကျင့်စဉ်ကို လ်ေကျင့်ရနလအတွက် အရေးအကြီးဆုံးအချက်တခု လိုအပ်လေသည်။ သွေးအာဏာသဘောတူညီချက်သိုင်းကျင့်စဉ်ကိုလေ့ကျင့်နိုင်ရန်အတွက် ပြင်းပြခိုင်မာပြီး ကြွယ်ဝများပြားသာ စိတ်ဝိညာဉ်စွမ်အားတွေရှိရန်  အဓိကလိုအပ်လေသည်။ သွေးအာဏာ သဘောတူညီချက်သိုင်းကျင့်စဉ်ကို လေ့ကျင့်သူသည် ထိုကဲ့သို့ ထက်သန်ခိုင်မာသော စိတ်ဝိညာဉ်စွမ်းမျိုး မပိုင်ဆိုင်ထားခဲ့ပါက သိုင်းကျမ်းလေ့ကျင့်ရာမှ တန်ပြန်ဆိုးကျိုးတွေကြောင့်တစ္ဆေတပိုင်း လူတပိုင်း ဘဝသို့ ရောက်ရှိသွားနိုင်လေသည် ။

ရှောင်လုံက စိတ်ဝိညာဉ်ဆိုင်ရာ သိုင်းကျင့်စဉ်တွေဖြစ်ကြသော စိတ်အာဏာ သိုင်းကျင့်စဉ်နှင့် ရှေးဟောင်းရုပ်သေးရုပ်ထိန်းချုပ်နည်း သိုင်းကျင့်စဉ်တို့ကိုလေ့ကျင့်ထားတာကြောင့် သာမာန်သိုင်းသမားတွေထက်စာရင် သူ့ရဲ့ စိတ်ဝိညဉ်စွမ်းအားတွေကို အရမ်းကိုသာလွန်နေသည်။ ထိုကြောင့် သိုင်းကျမ်းကနေ ဘက်ပြန်လာမည့် ဆိုကျိုးတွေက ရှောင်လုံကိုတော့ ထိခိုက်အောင် စွမ်းဆောင်နိုင်မှာမဟုတ်ပေ ....။
ရှောင်လုံက သူ့လက်ထဲရောက်ရှိနေသော သိုင်းကျင့်စဉ်ကိုကြည့်ရင်း အရမ်းကိုကျေနပ်သွားသည်။

အခုသူ့လက်ထဲရောက်ရှိနေသော သရဲဘုရင်၏ သိုင်းကျင့်စဉ်ကြောင့် ရှောင်လုံအခြေအနေက ပင်လယ်အတွင်းသို့ ပြန်လွှတ်ပေးလိုက်သည့် ငါးတကောင်နှင့် တူသွားသည်။ အစပိုင်းတွင် ရှောင်လုံစိတ်ထဲမှာ အဆုံးမရှိအောင် များပြားနေသော တစ္ဆေသရဲတွေကြောင့် အရမ်းကိုစိတ်ပူခဲ့ရလေသည်။ အခုတော့ သူ့စိတ်ပူခဲ့တာတွေက ပိန်းကြာရွက်တွင် ရေတင်သကဲ့သို့ လျောကျပျောက်ဆုံးသွားခဲ့လေပြီ ...။

ထိုနောက် ရှောင်လုံက သွေးအာဏာ သဘောတူညီချက် သိုင်းကျင့်စဉ်ထဲတွင် ဖော်ပြထားသည့် အတိုင်းသူ့လက်ချောင်းတခုကို အချွန်နှင့် ဖောက်လိုက်သည်။ ကျဆင်းလာသော သွေးကိုးစက်ကိုအသုံးပြု၍ ရှောင်လုံလက်တွေက
နန်းတော်ကိုးခုကို အလျင်အမြန်ရေးဆွဲလိုက်သည်။
ထိုနန်းတော်ကိုးခုက တဖြည်းဖြည်းသေးငယ်လာပြီး ဧရာမတစ္ဆေကြီး၏ မျက်ခုံးနှစ်ခုအကြားသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

နောက်ဆုံးတွင် စကြာဝဠာအဆင့်ရောက်နေသော ဧရာမတစ္ဆေကြီးက ရှောင်လုံ၏အစေခံတယောက်ဖြစ် လာချေပြီ .....။

Continue Reading

You'll Also Like

131K 3.6K 200
Author: Banshenghuan/半生欢 Category: Tanmei Novels Status: 469 chapter (Ongoing) (The end of the world + no heroine + strong) Book 1 Introducing: In t...
175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
26.3K 580 41
A student from the Paldea region took an interest in traveling to other regions to learn new things.
537K 18.3K 77
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...