ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၁၁ .....
အကယ်၍ သူတွေ့ဆုံမယ့်သူက ယောင်ဖေးဆိုရင်တော့ ရှောင်လုံက ယောင်ဖေးကို ပုရွက်ဆိတ်တကောင်ကဲ့သို့ လက်တဖက်ထဲတောင် ညစ်ချေနိုင်သည်ဟု ယုံကြည်နေသည် ။
ရှောင်လုံက နတ်တောင်ရွှမ်းမီထဲကနေ အပြင်ကမ္ဘာသို့ထွက်တော့မည်အချိန်တွင် အမည်မသိသစ်ပင်ကြီးပေါ်တွင် အနီရောင်သစ်သီးများစွာ သီးနေတာကို အံသြစဖွယ်မြင်တွေ့လိုက်ရလေသည်။ အမည်မသိ သစ်ပင်ကြီး၏ ပင်စည်က ပို၍ ကြီးမားလာကာ သစ်ကိုင်းပိုထူလာပြီး သစ်ရွက်တွေပိုမို သိပ်သည်းစွာပေါက်လာကိုလဲ ရှောင်လုံ သတိပြုမိလိုက်သည် ။
ရှောင်လုံက အမည်မသိသစ်ပင်ကြီးအား မျက်လုံးလေးအပြူးသားဖြင့် အံသြစွာ ငေးကြည့်နေလေသည်။ လွန်ခဲ့သောလတွေတုံးက ရှောင်လုံက ထိုအမည်မသိသစ်ပင်ကြီး ပို၍ကြီးမားသန်စွမ်းလာအောင် နည်းမျိုးစုံအသုံးပြု၍ စမ်းသပ်ခဲ့သည်။ သို့သော် အမည်မသိသစ်ပင်ကြီးက အခုကဲ့သို့ သစ်သီးတွေသီးလာဖို့ ဝေးဖွ တစ်စင်တီမီတာလေးတောင်မှ ကြီးလာခြင်းမရှိချေ... ။
အခုတော့ သူအလိုလို ရှည်ပြီးကြီးလာရုံမက အသီးတွေပါ သီးလာခြင်းကြောင့် ရှောင်လုံ အံသြဘနန်းဖြစ်သွားရခြင်းပင်
တစ်လုံး ....နှစ်လုံး.....သုံးလုံး.........!
ရှောင်လုံရေတွက်ကြည့်လိုက်သောအခါ အမည်မသိသစ်ပင်ကြီးပေါ်တွင် သစ်သီး နှစ်ဆယ့်ခြောက်လုံးရှိနေတာကိုမြင်လိုက်ရသည် ။ သစ်သီးနှစ်ဆယ့်ခြောက်လုံးဆိုတာက ထိုအမည်မသိသစ်ပင်ကြီးအား ရှောင်လုံ ကျားကွဲတောင်ကြားအောက်တွင် စတင်တွေ့ရှိချိန်က သီးနေသောအသီးအရေအတွက်ထက်ကိုပင် ပိုမိုများပြားနေသည် ။
အမည်မသိ သစ်ပင်ကြီး မည်သို့မည်ပုံ ကြီးမားလာသည်ကို ရှောင်လုံက စဉ်စားကြည့်လိုက်သည် ။ ထိုနောက် ရှောင်လုံက လေထုထဲတွင် သိပ်သည်းစွာရောနှောလျက်ရှိနေသော နဂါးအဆီအနှစ်တွေကို သတိပြုမိလိုက်သည်။ ထိုကြောင့် အမည်မသိသစ်ပင်ကြီး ကြီးထွားလာရသည့် အကြောင်းအရင်က နဂါးအဆီအနှစ်တွေကြောင့်လို့ ရှောင်လုံက အကြမ်းမျင်းကောက်ချက်ချလိုက်သည်။
ရှောင်လုံက သူ့လက်နှစ်ဖက်အား စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်လိုက်သည်။ ထိုအခါဆွဲငင်အားတခုဖြစ်ပေါ်လာပြီး အမည်အသိသစ်ပင်ကြီးပေါ်မှ အသီးတလုံးကို ဆွဲယုလိုက်သည်။
ရှောင်လုံက ပျံသန်းလာသောအသီးကို ပါးစပ်ထဲသို့ တိုက်ရိုက်မြိုချလိုက်လေသည်။
မီးသစ်သီးက ရှောင်လုံပါးစပ်အတွင်းသို့ ရောက်ရှိသွားသောအခါ သန့်စင်သော မီးဒြပ်စင် စွမ်းအားတွေအဖြစ်သို့ အရည်ပျော်သွားသည်။ ထိုနောက် မီးဒြပ်စင်စွမ်းအားတွေက ရှောင်လုံခန္ဓာကိုယ်တခုလုံးသို့ ပျံနှံသွားပါသည် ။ အမွေးတိုင်တတိုင်ထွန်းစာလောက်ကြာပြီးနောက် ရှောင်လုံက မီးသစ်သစ်ထဲမှ စွမ်းအားတွေအကုန်လုံးကို စုပ်ယူလို့ ပြီးသွားသည်။
ရှောင်လုံ၏ သွေးကြောတွေ နှင့် ချီပင်လယ်ကြီးတို့က မြေနဂါးဥမှ စွမ်းအားတွေက စုပ်ယူပြီးတဲ့နောက်မှ ကြောက်စရာကောင်လောက်သည့် အဆင့်တခုသိုပ ရောက်ရှိနေပြီပဲ ဖြစ်သည်။ ထိုကြောင့် ရှောင်လုံက မီးသစ်သီကဲ့သို့ ရှားပါးသော ဆေးသစ်သီးထဲမှ စွမ်းအားတွေကို စုပ်ယူသည့်နေရာမှာတောင် တင်ပျင်ခွေထိုင်ပြီး အတွင်းအားလေ့ကျင့်နေစရာမလိုတော့ပေ... ။
သိုသော် မီးသစ်သီးထဲမှ စွမ်းအားတွေကို စုပ်ယူပြီးသည့်နောက်မှာ ရှောင်လုံက ခေါင်းခါလိုက်သည်။ နဂါးအဆီအနှစ်တွေကို စုပ်ယူပြီးဖြစ်ပေါ်လာသော မီးသစ်သီးက သူအတွင်းအားတွေကို တိုးပွားလာစေသော်လည်း မသိမသာလေးသာ တိုးပွားစေခြင်းဖြစ်သည်။ ထိုကြောင့် ရှောင်လုံအတွင်းအားတွေက ကောင်းကင်အဆင့်၌သာ ရှိနေသေးသည်။ ထိုကြောင့် ရှောက်လုံက တခြားမီးသစ်သီးတွေကို သူမိဘမောင်နှမတွေအတွက်ပဲ သိမ်းထားလိုက်တော့သည်။
ထိုနောက်တော့ ရှောင်လုံက အပြင်လောဘကြီးဆီသို့ ပြန်ထွက်လာသည်။ ထိုနောက် သစ်ခေါင်းကြီးအပြင်ပါထွက်၍ သရဲမြို့တော်ပေါ်ထွက်လာနိုင်သည့် နေရာကို မှန်းဆကာ ပျံသန်းသွားလေသည်။
ရှောင်လုံက မြေနဂါးဥကို စုပ်ယူနေခြင်းကြောင့် အချိန်လဝက်နီးပါးကြန့်ကြာနေပြီး အခုဆိုရင် သရဲမြို့တော် ပေါ်ထွက်လာတာက ရှစ်ရက်လောက်ကြာမြင့်နေခဲ့ပြီပဲ ဖြစ်သည်။
လရောင်အောက်တွင် ရှောင်လုံက တစ္ဆေတကောင်အလား ရိပ်ခနဲ ရိပ်ခနဲ အလွန်လျင်မြန်စွာ ပျံသန်းနေသည်။ ရှောင်လုံကသူရည်ရွယ်သောနေရာသို့ အဟန့်အတားမရှိ ပျံသန်းသွားနိုင်လိုက်သည် ။ ထိုကြောင့် တရက်နှင့် တညကြာပြီးချိန်မှာ သူရည်ရွယ်ထားသည့် နတ်ဆိုးဝိညာဉ်တောင်ရှိရာသို့ ရောက်ရှိသွားသည်။
တကယ်တော့ နတ်ဆိုးဝိညာဉ်တောင်တန်းကြီးဟာ ထူးဆန်းသောဒေသကို ကာရံပေးထားသည့် တောင်တန်းရှည်ကြီးတခုပင်ဖြစ်သည်။ ထိုတောင်တန်းကြီးက မျက်စိတဆုံး ကြည့်မဆုံးအောင်ရှည်လျားသည်။ သရဲမြို့တော်ဟာလဲ ဘတ်လန်းကန့်သတ်နယ်မြေထဲမှ တခုအပါအဝင်ဖြစ်သော်လည်း နတ်ဆိုးဝိညာဉ်တောင်ကြီးကတော့ အယုတ်ညံဆုံးနေရာတွေထဲက တခုဖြစ်သည်။
နတ်ဆိုးဝိညာဉ်တောင်တန်းရှိနေသည့်နေရာကို သရဲနယ်မြေ၏ အတွင်းပိုင်းဟု မသတ်မှတ်နိုင်သော်ငြားလဲ ထိုနတ်ဆိုးဝိညာဉ်တောင်တန်းကြီးပေါ်တွင် နတ်ဆိုးဝိညာဉ် ၊ နတ်ဆိုးမိစ္ဆာ
နှင့် နတ်ဆိုးတွေအများကြီး စုစည်းနေထိုင်ကြသည်။ ထိုတောင်ကြီးက မြေကြမ်းသောနေရာတခုလဲ ဖြစ်သည်။ ထိုအပြင် နတ်ဆိုး သရဲ အရောင်အဝါတွေက မိုးကောင်ကင်အထိ မြင့်တက်နေသော ကြောက်စရာကောင်းသည့် နေရာတခုလဲ ဖြစ်သည်။
သိုသော် ရှောင်လုံ နတ်ဆိုးဝိညာဉ်တောင်သို့ ရောက်ရှိချိန်မှာ ရှောင်လုံကို အံသြသွားစေသည်မှာ ထူထပ်များပြာသော နတ်ဆိုးမိစ္ဆာ အရောင်အဝါတွေကြောင့်မဟုတ်ပဲ နတ်ဆိုးတောင်တန်းကြီး၏ အပေါ်တွင် မျောလွင့်လျက်ရှိနေသည့် ဧရာမမြို့တော်ကြီးတခုကြောင့်ပင် ဖြစ်သည်။
မီးကျီခဲလိုမျိုး နီရဲနေသည့် ဧရာမမြို့တော်ကြီးက မိုင်တသောင်းလောက်အထိ ရှည်လျားပြီး မိုင်တသောင်းနီးပါးလောက် မြင့်မားသည် ။ ထိုမြိုတော်ကြီး၏ မြို့တံတိုင်းတွေက မီတာလေးရာလောက်မြင့်မားကာ အမျိုးအမည်မသိသော သံမဏ်တခုဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
ထိုအပြင် မြို့ရိုးကြီးအပေါ်မှ သွေးတွေအဆက်မပြတ် စီးကျလျက်ရှိနေသည်။ ထိုသွေးတွေက အနီနှင့် အနက်ရောစပ်ထားသည့် ခပ်ရင့်ရင်အရောင်ဖြစ်သည် ။ ထိုကဲ့သို့အဆက်မပြတ်စီးကျနေသော သွေးတွေက မိုင်ပေါင်းအတော်ဝေးသည့်နေရာမှ မြင်လိုက်ရသူကိုတောင် တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည်။
ရှောင်လုံက အလောင်းကောင်ပေါင်းတသောင်းလောက်တပြိုင်က်ပုပ်သိုးနေသလိုမျိုး မနှစ်မြို့ဖွယ် အနံဆိုးကိုပါရှုရှိုက်မိလိုက်လေသည်။ ထိုအနံဆိုးကြီးက ရှောင်လုံခန္ဓာကိုယ်ကနေ ဘယ်တော့မှ မပျောက်ကွယ်တော့ဘူးလို့ထင်ရသည်အထိ ပြင်းထန်လေသည်။
မြို့ပေါ်မှ လေထုအရောင်ကလဲ အမှောင်ကဲ့သို့ ခပ်မွဲမွဲအရောင်တခုဖြစ်သည်။ ထိုခပ်မှိုင်းမှိုင်းလေထု အလွှာကြီးက သရဲနယ်မြေအတွင်းအနီရောင် ထွန်းလင်းတောက်ပနေသည့် လရောင်ကိုပင် ပိတ်ဆို့တားဆီးထားသည်။
ရှောင်လုံက ထိုအနက်ရောက်လေထုအလွှာကြီးအား အနီးကပ်ကြည့်လိုက်သောအခါကြမှ ထိုအနက်ရောက်လေထုအလွှာက ပျံသန်းနေကြသော နတ်ဆိုးမိစ္ဆာတွေ ၊ သရဲတစ္တေတွေသရဲတပိုင်း နတ်ဆိုးတပိုင်း မိစ္ဆာတွေ ဖြစ်နေတာကို မြင်တွေ့လိုက်ရသည် ။
ငိုကြွေးညည်းတွားသံတွေ နှင့် စူးကနဲအော်ဟစ်သံတွေကလဲ သရြဲမို့တော်တခုလုံးထဲတွင် သံစုံတီးဝိုင်းကြီးတခုတီးခတ်နေသလိုမျိုး ပဲ့တင်ညံနေသည်။ ထိုကဲ့သို့ အော်ဟစ်ညီတွားသံတွေက ကြားလိုက်ရသူတွေရဲ့နားစည်ကို ထိုးဖောက်သွားတော့မတတ် ဆူညံနေသည်။
ရှောင်လုံက မျောလွင့်နေသော ဧရာမမြို့တော်ကြီးကို ကြည့်ရင်း သူ့စိတ်ထဲမှာ မည်မျှလောက်ထိ အံသြနေတယ်ဆိုတာကို စကားဖြင့် ဖော်ပြရန်ပင် မလွယ်ကူပေ... ။ ရှောင်လုံကမျော
လွင့်မြို့တော်ကြီးအား တအံတသြငေးမော၍ ကြည့်နေစဉ်
စူးကနဲ့အော်မြည်သံတခုက ရုတ်တရက်ထွက်ပေါ်လာသည်။
တစ္ဆေနှင့်တူသော သတ္တဝါကြီးတကောင်က အနက်ရောင်တိမ်တိုက်ဆီမှာ ပျံသန်းနေရာကနေ လမ်းကြောင်းပြောင်း၍ ရှောင်လုံရှိနေသည့်နေရာသို့ တည့်တည့်မတ်မတ်ပျံသန်းလာသည်။
ရှောင်လုံလဲ ဆတ်ကနဲ သတိဝင်လာသည်။ ထိုနောက် မည်သည့်သတ္တဝါအမျိုးအစားဆိုတာကိုတောင် ခွဲခြားမနေတော့ပဲ ထိုသတ္တဝါကြီးကိုချိန်ရွယ်ကာ လက်ဝါးတချက်ရိုက်ထုတ်လိုက်သည်။
ရှောင်လုံလက်ဝါးစာမိပြီးနောက် တစ္ဆေကြီးက လေထဲမှာပင် ပေါက်ကွဲသွားလေသည်။ ရှောင်လုံကလဲ ထပ်ပြီး တွေဝေမနေတော့ပဲ ဧရာမမျောလွင့် မြို့တော်ကြီးဆီသို့ ပျံသန်းသွားတော့လေသည်။
သို့သော် ဧရာမမြို့တော်ကြီး၏ မြို့တံခါးကို မရေတွက်နိုင်သော နတ်ဆိုးဝိညာဉ်တွေ ၊ နတ်ဆိုးမိစ္ဆာတွေနှင့် သရဲတပိုင်း
နတ်ဆိုးတပိုင်း သတ္တဝါကြီးအုပ်ကြီးက ပိတ်ဆို့ထားကြသည်။
သူတို့အထပ်ထပ်ကာရံထားပုံမှာ သူတို့ကြားထဲကနေ ရေတစက် စိမ့်ဝင်သွားဖို့တောင် မလွယ်ကူပေ...။ ထိုကြောင့် ရှောငမလုံက သရဲမြို့တော်အတွင်းသို့ ဝင်ချင်တယ်ဆိုရင် ထိုတစ္ဆေအုပ်ကြီးထဲသို့ ဖောက်ဝင်ရတော့မှာပဲ ဖြစ်သည်။
သရဲမြို့တော်နှင့် မလှမ်းမကမ်းနေရာတွင် ဂိုဏ်းတဂိုဏ်းဝတ်စုံကိုဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ်လူကြီးသုံးယောက်က နတ်ဆိုးမိစ္ဆာအုပ်ကိုရှင်လင်း၍ သရဲမြို့အတွင်းဝင်နိုင်ရန်အတွက် ကြိုးစားနေတာကို ရှောင်လုံမြင်လိုက်သည်။ သို့သော်သူတို့လူစု အောင်မြင်ခံနီးကြမှ ပိုမိုများပြားသော
တစ္ဆေအုပ်ကြီးရောက်ရှိလာပြီး သူတို့ကို တစစီဖြစ်အောင် ဆုတ်ဖြဲကာ အရှင်လတ်လတ် ဝါးမြိုပစ်လိုက်သည်။
ထိုလူကြီးသုံးယောက်၏ ခန္ဓာကိုယ်မှ ခေါင်း ၊ လက် ၊ ပေါင်နှင့် တခြားအစိတ်အပိုင်းတွေကို နတ်ဆိုးမိစ္ဆာတွေ နဲ့ တစ္ဆေတွေကို တစသီ ဆုတ်ဖြဲ၍ ဝါးစားလိုက်ကြသည်။ သွေးသံရဲရဲဖြင့် ကြောက်မက်ဖွယ်ရာမြင်ကွင်းကိုမြင်တော့ ရှောင်လုံက မျက်မှောင်ကြုတ်သွားလေသည်။
ထိုကဲ့သို့ ကြောက်လန့်တုန်လှုပ်ဖွယ်မြင်ကွင်အား သတ်လတ်ပိုင်းအရွယ်လူကြီးသုံးယောက်ကဲ့သို့ သရဲမြို့တော်အတွင်းဝက်ရန်ကြိုးစားနေကြသည့် လူတွေအကုန်လုံး မြင်တွေ့လိုက်ရလေသည်။ သွေးပျက်တုန်လှုပ်ဖွယ်ရာမြင်ကွင်းကို ကြည့်ရင်း အားလုံးက အနောက်သို့ ကြောက်လန့်တကြား ပြန်ပြေးကြသည်။
သူတို့မျက်နှာတွေက စက္ကုတရွက်လို ဖြူဖတ်ဖြူရော်ဖြစ်သွားကြသည်။ ထိုအပြင် သတ်လတ်ပိုင်းအရွယ်လူကြီးသုံးယောက် တစစီဆုတ်ဖြဲခံလိုက်ရသော မြင်ကွင်းက သူတို့ကိုအချိန်အတော်ကြာအောင် ချိန်းခြောက်နေတော့မှာပဲ ဖြစ်သည်။
ထိုကဲ့သို့ တစစီဆုတ်ဖြဲခံလိုက်ရသူသုံးယောက်လုံးက ကောင်းကင်အဆင့်၁၀ နောက်ဆုံးအဆင့် သိုင်းသမားတွေ ကြီးပဲ ဖြစ်ကြသည်။
".... ဟော ဟိုကိုကြည့်လိုက်ကြစမ်း..... နောက်ထပ်လူတယောက် သရဲမြို့တော်ထဲကို ဝင်ဖို့ ကြိုးစားနေပြန်ပြီ..... !"
ထိုအချိန်တွင် အပြင်ဘက်မှ ရပ်ကြည့်နေသူတဦးက မြို့ထဲဝင်ဖို့ ကြိုးစားနေသည့် ရှောင်လုံကို သတိပြုမိသွ့ားပြီး အာမေထိတ်အသံ ထွက်ပေါ်လာသည်။
"..... ကောင်းကင်အဆင့်၁၀ အထွတ်အထိပ်အဆင့်လောက်နဲ့... ? နောက်ထပ်လူတယောက်တော့ သရဲမြို့တော်ရဲ့
မြို့တံခါးလေးကိုတောင် မကိုင်ရသေးခင် တစစီဆုတ်ဖြဲခံရအုံးမယ်ထင်တယ် ....."
နောက်ထပ်လူတယောက်က လှောင်ပြောင်လိုက်သည်။
"... ဟုတ်ပကွာ.... အခုဆိုရင် သရဲမြို့တော်ပေါ်လာတာပဲ ကိုးရက်ရှိနေပြီ..... နောက်ပြီး သရဲမြို့တော်ကို စောင့်ကြပ်နေကြတဲ့ နတ်ဆိုးမိစ္ဆာတွေ သရဲတစ္ဆေတွေကလဲ ပိုပိုပြီး များလာတယ်..... အဲ့ဒါကြောင့်် စကြာဝဠာသိုင်းသမားတယောက် ရှေ့ဆုံးကနေ ဦးဆောင်ပေးပဲနဲ့ ဘယ်သူမှ သရဲမြို့တော်ထဲကို ဝင်နိုင်ကြမှာ မဟုတ်ဘူး..... "
ထိုသို့ လူအုပ်ကြီးက ရှောင်လုံကို ကြည့်ရင်း အတင်းပြောနေကြစဉ် ရှောင်လုံကတော့ မြို့တံခါးနှင့် မီတာသုံးရာလောက် ကွာဝေးသောနေရာဆီသို့ ရောက်ရှိနေပြီပဲ ဖြစ်သည်။
နတ်ဆိုးဝိညာဉ်တွေ ၊ နတ်ဆိုးမိစ္ဆာတွေက သူတို့ရဲ့ သားကောင်အသစ်ဖြစ်သော ရှောင်လုံကိုမြင်တွေ့သွားကြသည်။
သူတို့အကုန်လုံးက ထက်မြနေသော အစွယ်တွေကိုဖြဲပြ၍ လက်သည်းတွေကို စိတ်လှုပ်ရှားနေသလို လွှဲယမ်းရင်း ရှောင်လုံဆီသို့ တဟုန်ထိုး ပျံသန်းလာကြသည်။
ထိုအခြင်းအရာကိုမြင်တော့ ရှောင်လုံက "... ဟွန့်... "
ကနဲ့ အသံပြုလိုက်ပြီး ထိုမိစ္ဆာတွေရှိရာသို့ ကမ္ဘာ့ဗုဒ္ဓလက်ဝါးတချက် ရိုက်ထုတ်လိုက်သည်။ ထိုအချိန်တွင် ရှောင်လုံလက်ဝါးချက်ထဲကနေ မရေမတွက်နိုင်သော ဗုဒ္ဓရုပ်ပွားတော်တွေထွက်ပေါ်လာသည် ။ ထွက်ပေါ်လာသည့် ဗုဒ္ဓရုပ်ပွားတော်တွေကြောင့် ထိုဧရိယာပတ်လည်တွင် ဗုဒ္ဓရောင်ခြည်တွေ ထွန်းလင်းတောက်ပလာသည်။
နတ်ဆိုးတွေ နတ်ဆိုးမိစ္ဆာတွေနှင့် သရဲဝိညာဉ်တွေက မချိမဆံဖြင့် ထွန့်ထွန့်လူး အော်ဟစ်ရင်း ကမ္ဘာလောကကြီးဆီကနေ ထာဝရပျောက်ကွယ်သွားကြလေသည်။
ထိုနောက် ဗုဒ္ဓရောင်ခြည်တွေက ပျောက်ကွယ်မသွားပဲ ရှောက်လုံခန္ဓာကိုယ်ပတ်လည်တွင် အတားအဆီးအလွှာတခုလိုမျိုး လွှမ်းခြုံပေးထားသည်။ ရှောင်လုံကို တိုက်ခိုက်ဖို့ပြင်ဆင်နေသည့် နောက်ထပ်နတ်ဆိုးမိစ္ဆာအုပ်ကြီးက သူတို့ ကမ္ဘာပေါ်တွင် အကြောက်လန့်ရဆုံးအရာတခုကို မြင်တွေ့လိုက်ရသည်နှယ် အနောက်သို့ ဝရုတ်သုန်းကားပြန်ပြေးကြလေသည်။
တချို့ နတ်ဆိုးမိစ္ဆာတွေကတော့ အချိန်မှီ ထွက်မပြေးနိုင်ခဲ့ပေ... ။ သူတို့က ရှောင်လုံခန္ဓာကိုယ်တွင် ကာရံပေးထားသည့် ဗုဒ္ဓရောင်ခြည်တော်တွေနှင့်ထိတွေ့မိကြလေသည်။ ထိုကဲ့သို့ ထိတွေ့မိခြင်းကြောင့် နတ်ဆိုးမိစ္ဆာတွေကိုယ်က ဆီပူထဲတွင် ထဲကျော်လိုက်သလိုမျိုး ရှဲ ကနဲအသံနှင့်အတူ စိမ်းနက်ရောက်အငွေ့တွေထွက်ပေါ်လာသည် ။ နတ်ဆိုးမိစ္ဆာတွေရဲ့ ညီတွားအော်ဟစ်တွေကြောင့် သရဲမြို့တော်အရှေ့တွင် ကမ္ဘာပျက်နေသလိုမျိုး ပွက်ပွက်ညံနေသည်။
ဗုဒ္ဓရောင်ခြည်တော်တွေနှင့် အနဲငယ်ထိတွေ့မိသော သရဲဝိညာဉ်တွေ နတ်ဆိုးမိစ္ဆာတွေက အနောက်သို့ ကြောက်လန့်တကြား ပြန်ပြေးကြသည်။ ရှောင်လုံအကြောင်း အတင်းပြောနေကြသူတွေအကုန်လုံးက အဲ့ဒိမြင်ကွင်းအား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြလေသည် ။ ရှောင်လုံပုံရိပ်က သရဲမြို့တော်အတွင်း တိုးဝင်ပျောက်ကွယ်သွားပြီးသည့်အချိန်ကြတော့မှ သူတိူ့အကုန်လုံး သတိပြန်ဝင်လာကြသည်။
"..... ဒီကောင်လေးက ဘယ်သူတုံး..... သူဆီမှာညဘယ်လိုလုပ်ပြီး အဲ့လောက်ဖိ သန့်စင်တဲ့ ဗုဒ္ဓစွမ်းအားတွေ ရှိနေရတာလဲ..... ?"
".... သူက မြင့်မြတ်သော ဗုဒ္ဓတိုင်းပြည်က အင်ပါရာဘုရင်မင်းမြတ်ရဲ့ လျှို့ဝှက်တပည့်တယောက်များလား..... ?"
".... ဒိကောင်လေး အခုသုံးလိုက်တဲ့ လက်ဝါးချက်က ဘယ်လို လက်ဝါးသိုင်းမျိုးလဲ.... ? ဗုဒ္ဓအင်ပါရာဘုရင်မင်းမြတ်ဆီမှာ အဲ့လောက်ထိအစွမ်းထက်တဲ့ လက်ဝါးသိုင်း ရှိလို့လားကွ..... ?"
လူအုပ်ကြီးက အလွန်ထိတ်လန့်သွားကြသလို အင်မတန်လဲ နောင်တရသွားကြသည်။ ရှောင်လုံက ဗုဒ္ဓစွမ်းအားတွေသန့်စင်တွေကိုပိုင်ဆိုင်တယ်ဆိုတာ သူတို့စောစောသိထားမယ်ဆိုရင် ရှောင်လုံအနောက်ကနေ သရဲမြို့တော်ထဲကို ယပ်ခတ်ပြီး ဝင်သွားရုံပဲ မဟုတ်လား..... ။
ရှောင်လုံက သရဲမြို့တံခါးဝကို ရောက်တော့ အနောက်သို့ပြန်
လှည့်ကြည့်လိုက်သည်။ သူဖြတ်သန်းပြီးသည့်နှင့် သရဲတစ္ဆေတွေနဲ့ နတ်ဆိုးမိစ္ဆာတွေအကုန်လုံးက မြို့တံခါးအရှေ့မှ သူတို့နေရာတွေဆီသို့ ပြန်လည်ရောက်ရှိနေကြပြီပဲ ဖြစ်သည် ။ ထိုနတ်ဆိုးမိစ္ဆာတွေနှင့် ရှောင်လုံက ကိုးမီတာလောက်ပဲကွာဝေးပေမယ့်လည်း သူတို့က ရှောင်လုံဆီကို ခြေတလှမ်းတောင်မှ တိုးမလာနိုင်ကြပေ..။
ဘာကြောင့်လဲဆိုတော့ သရဲမြို့တံခါးဝတွင် ထူးခြားသည့် အစီအရင်တွေကို ရေးဆွဲထားလေသည်။ ထိုအစီအရင်တွေကြောင့် နတ်ဆိုးတွေက သရဲမြို့တော်အတွင်းသို့ မဝင်နိုင်ကြပေ..။
ကောင်းကင်ယံထက်တွင်ရှိနေသည့် နတ်ဆိုးမိစ္ဆာတွေအတွက်လဲ ကောင်းကင်ထက်က လေဟာနယ်ထဲတွင် အစီအရင်တွေကို ရေးဆွဲထားလေသည်။ ထိုကြောင့် နတ်ဆိုးမိစ္ဆာတွေအကုန်လုံးက သရဲမြို့တော်မြို့တော်အတွင်းဝင်ရောက်ဖို့ ကြံစည်သူတွေကို အငြိုးတကြီး ဆုတ်ဖြဲပြစ်နေကြတာပဲ ဖြစ်သည်။
ရှောင်လုံက သရဲမြို့အတွင်းသို့ ဝင်လိုက်သည်။ လမ်းတခုအတွင်းကိုရောက်တော့ အရိုးကွဲမတတ်ချမ်းစိမ့်မေသည့် လေတချက်တိုက်ခတ်လာသည်။ ထိုအပြင် တခါတလေ ထွက်ပေါ်လာနေသည့် ငြီးတွားသံကြီးတွေက တော်ရုံသိုင်းသမားတယောက်အား သွေးပျက်သွားစေနိုင်သည်။
ရှောင်လုံက မြို့ထဲကိုအကဲခတ်ကြည့်လိုက်တော့ ခြောက်သွေ့မှုနှင့် လွန်စွာအထီးကျန်ဆန်မှုအရိပ်အယောင်တွေကိုသာ ခံစားမိလိုက်သည်။ ရှောင်လုံ၏ ဘယ်ညနှစ်ဖက်စလုံးတွင် ပြိုလဲနေသည့် အဆောက်အဦးများ ၊ တစစီဆုတ်ပြဲနေသော ပရိဘောဂများနှင့် ဦးခေါင်းဖြတ်ခံထားရသော အလောင်းတွေက နေရာအနှံတွင် ပွစာကျဲနေလေသည် ။ထိုအပြင် တစစီဆုတ်ဖြဲခံထားရသည့့်အလောင်ကောင်များနှင့် အိုင်ထွန်းနေသောသွေးအိုင်တွေက မြင်ကွင်းကို ပို၍ ကြောက်မက်ဖွယ်ကောင်းလာအောင် ပံပိုးပေးနေသည်။
#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၁၂ ......
သရြဲမို့တော်အတွင်း၌ သွေးရနံတွေက လေထုထဲတွင် ရောစပ်နေကြသည် ။ မကြာခင်အချိန်အတွင်းမှာ ကြီးမားသောကပ်ဘေးကြီးတခု ကျရောက်တော့မည့် အသွင်ကိုဆောင်နေသည် ။
တစ္ဆေတွေနှင့် နတ်ဆိုးတွေ၏ အရောင်အဝါတွေက သရဲမြို့တော်အပြင်ဘက်၌သာ ရှိနေကြပြီး မြို့အတွင်းပိုင်းမှာတော့ သူတို့ တကောင်တလေမှကို မမြင်ရပေ ။ သိုသော် သူတုိ့မြို့ထဲမှာ လုံးဝမရှိတာမျိုး မဟုတ်ပဲ တနေရာရာတွင် ထိန်းချုပ်ခံထားရတာမှန်းကို ရှောင်လုံကနားလည်ထားသည်။
ထိုထိန်းချုပ်ထားသည့် အတားအဆီးကျိုးပေါက်သွားသည့်နှင့် မြောက်မြားစွာသော တစ္ဆေတွေပေါ်လာမှာပဲ ဖြစ်သည်။ ရှောင်လုံက အတွင်းအားတွေကို အဆင်သင့်အသုံးပြုနိုင်အောင် အသင့်ပြင်ထား၍ မြို့ထဲသို့ သတိကြီးကြီးထားကာ ဆက်ဝင်လာလိုက်သည်။
ရှောင်လုံရဲ့ အတွင်းအားတွေက မြေနဂါးဥကြောင့် ကောင်းကင်အဆင့်၁၀အထွပ်အထိပ်အဆင့်ထိအောင် တိုးတက်လာခဲ့ပေမယ့် သရဲမြို့တော်ဆိုတာက စကြာဝဠာအဆင့် သိုင်းပညာရှင်တွေတောင်မှ အချိန်မရွေး ကျဆုံးသွားသည့် နေရာတခုပင် မဟူတ်ပါလား......။
ရှောင်လုံက ပတ်ဝန်းကျင်းကို အဆက်မပြတ်အကဲခတ်၍ နာရီဝက်လောက်ကြာအောင် ဆက်ဝင်လာခဲ့သည်။ သူဝင်လာရာလမ်းတလျှောက်မှာတော့ လူသူကင်းမဲ့ချက်ပင်ရှိသည်။ လေထဲတွင် ရောနှောနေသည့် သေခြင်းအရိပ်အယောင်တွေကလွဲ၍ တခြား ရှောင်လုံနှင့် အဖော်ပြုနေသော အရာဆိုလို့ အော်မြည်နေသည့် လေသံတွေသာ ရှိလေသည်။
ရှောင်လုံမြင်တွေခဲ့ရသော ကိုယ်လက်အင်္ဂါမစုံတော့သည့် အလောင်းကောင်တွေက လွန်ခဲ့သော ရှစ်ရက်လောက်ကတည်းက သရဲမြို့တော်အတွင်းသို့ ဝင်သွားကြသည့် သိုင်းဂိုဏ်းတွေအချင်းချင်း အားပြိုင်မှု၏ ရလဒ်တွေဖြစ်နိုင်သည်။ သူတို့အလောင်းတွေက ပုပ်ပွသွားခြင်း မရှိသေးပေ... ။
ရှောင်လုံက သူ့ရဲ့စိတ်အာရုံတွေကို အမြင့်ဆုံးအနေအထား၌ တပ်လှန့်၍ မြို့ထဲကိုဆက်ဝင်လာလိုက်သည်။ ခနလောက်ကြာသော သူ့အရှေ့ဘက်မှ အော်မြည်သံသဲ့သဲ့ကို့ကြားလိုက်ရလေသည်။ ထိုအသံက အလွန်ကို တိုးညှင်းသော်လည်း ရှောင်လုံကတော့ ကြားလိုက်ရသည်။
ဒါ လူတယောက်အသံပဲ..... !
ရှောင်လုံက ချက်ချင်းဆုံးဖြတ်ချက်ချ၍ အသံထွက်ပေါ်လာရာနေရာသို့ ဦးတည်ပျံသန်းသွားလေသည်။ ရှောင်လုံက သရဲမြို့ထဲသို့ စဝင်လာကတည်းကနေအခုအချိန်အထိ လူတယောက်ကိုမှ မတွေ့ရပေ... ။ ထိုကြောင့် အဲ့ဒီလူကိုတွေ့ရင် သူထက်အရင်စောစော ဝင်လာခဲ့သည့် လူတွေဘယ်ရောက်ကုန်ကြတယ်ဆိုတာကို မေးနိုင်ဖိုအတွက်
့ကောင်းမွန်သောအခွင့်အရေးတခုပင်မဟုတ်ပါလား.....။
ရှောင်လုံက အသံထွက်ပေါ်လာသည့် နေရာကို သွားရင်း ပျက်စီးယိုယွင်းနေသည့် ခြံဝန်းတခုအနားသို့ ရောက်ရှိလာသည်။ ထိုခြံဝန်း အလည်တွင်း ချောမောလှပသည့် မိန်းမပျိုလေးတယောက်ကို မြင်လိုက်ရသည်။ ထိုမိန်းမပျိုလေးက သူ့အရှေ့တွင်ရှိနေသည့် ဓားထက်ထက်တွေကိုကိုင်ဆောင်ထားသော တောင့်တောင့်တင်းတင်းဖြင် လူကြီးနှစ်ယောက်အား
ကြောက်လန့်စွာဖြင့် အသနားခံနေလေသည်။
".... ကျွန်မတောင်းပန်ပါတယ်ရှင်.... ကျွန်မကို လွှတ်ပေးကြပါ..... ကျွန်မကို လွှတ်ပေးမယ်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရ ကျွန်မလုပ်ပေးပါ့မယ်..."
မိန်းမပျိုလေး တောင်းပန်စရာဆိုနေသည်။
"..... မင်းပြောတာနော် မင်းကိုလွှတ်ပေးရင် ဘာပဲ ဖြစ်ဖြစ်လုပ်ပေးမယ်လို့...... ?"
ဝတ်စုံအစိမ်ရောင် ဝတ်ဆင်ထားသော လူကြီးက တဏှာခိုးဝေနေသော မျက်နှာဖြင့် ပြန်မေးလိုက်ပြီး
".... နင့်ကိုလွှတ်ပေးလိုက်ဖို့တော့ မဖြစ်နိုင်ဘူး...
ငါလဲ ညီလေးလဲ ပျင်းနေတာအတော်ကြာပြီ..... နင့် ငါ့ညီလေးကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ငါနင့်ကိုလွှတ်ပေးဖို့ စဉ်းစားပေးမယ်... နင်လွတ်နိုင် မလွတ်နိုင်ဆိုတာက နင်အပေါ်မှာပဲ မူတည်နေပြီနော်...... "
သူအဖော်ဆီမှ မြူးထူးနေသည့် ရယ်မောသံထွက်ပေါ်လာသည်။
မိန်းမပျိုလေးက ငိုရှိုက်နေတာကို ချုပ်တည်း၍ အံကြိတ်ရင်း ခေါင်းခါလိုက်လေသည်။ ဝတ်စုံစိမ်းဝတ်ဆင်ထားသော လူကြီးက မိန်းမပျိုလေးရှိရာသို့ ခြေလှမ်းကြဲကြီးဖြင့်လာကာ မိန်းမပျိုလေး၏ ရင်ဘတ်မှ အဝတ်ကိုလှမ်းဆွဲ၍ ဆုတ်ဖြဲရန်ကြံစည်လိုက်သည်။ မိန်းမပျိုလေးက ထိုလူကြီးနှင့် ခွန်းအားချင်း မယှဉ်နိုင်သောကြောင့် သူရင်ဘတ်နေရာက အဝတ်တွေဆုတ်ပြဲသွားပြီး ကျောက်စိမ်းကဲ့သို့ သွေးကြောလေးတွေ ယှက်ဖြာနေသည့် ရင်သားနှစ်ခု ပေါ်လာသည်။ မိန်းမပျိုးလေး၏ ငရံကိုယ်လေးက ကြောက်လန့်ရှက်ရွံမှုအပါအဝင် အေးစက်နေသည့် လေအေးတိုက်ခတ်မှုကြောင့် တုန်ခါသွားသည်။
ထိုကဲ့သို့ နို့နှစ်ရောင် ရင်သားနှစ်ခုတုန်ခါသွားသည့် မြင်ကွင်းက ထိုလူကြီးနှစ်ယောက်ကို ဂလု ဆိုပြီး တံတွေးတွေ မြိုချသွားစေသည်။
အံသြမှင်သက်ဖွယ်ရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော မြင်ကွင်းကိုကြည့်ရင်း ထိုလူကြီးနှစ်ယောက်က မိန်းမပျိုလေးကို ရေမဆေးပဲ မြိုချပစ်တော့မည့် ပုံစံဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေလေသည်။ ထိုနောက် ဝတ်စုံစိမ်းနဲ့လူက မိန်းမပျိုလေး၏ အောက်ဘက် တောအုပ်လေးရှိရာနေရာကို ထပ်မံဆုတ်ဖြဲပစ်ရန်ကြိုးစားလိုက်လေသည်။
သိုသော် သူလက်တွေကလေထဲတွင်ရပ်တန့်သွားပြီး မျက်လုံးထဲမှ စူးရှရှအလင်းတန်းတွေထွက်ပေါ်လာပါ သည်။ ထိုနောက် သူမျက်လုံးတွေက သရဲတကောင်ကို မြင်တွေ့လိုက်ရသလိုမျိုး အလွန်အမင်းပြူးကျယ်လာပြီး ဒယီးဒယိုင်ဖြစ်ကာ မြေကြီးပေါ်သို့ လဲကျသွားပါသည်။
ရှောင်လုံက ခြံဝန်းပျက်လေးထဲက လူသုံးယောက်အရှေ့သို့ ရောက်ရှိလာလေသည်။ တခြာလူကြီးတယောက်က သူ့လူရဲ့ အလောင်းကိုယ်ကြီးကိုမြင်တော့ အရမ်းကို တုန်လှုပ်ခြောက်ခြားသွားလေသည်။
ထိုနောက် သူ့က ရှောင်လုံကို ကြောက်လန့်သွားသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအချိန်ကြမှ ကြောက်လန့်တုန်လှုပ်နေသည့် မိန်းမပျိုလေးက သတိပြန်ဝင်လာပြီး သူမအဝတ်အစားတွေကို လုံလုံခြုံခြုံဖြစ်အောင် ဖုံးမိကာ ရှောင်လုံအနားသို့ ရှက်ရွံနေသောအမူအရာဖြင့် ချဉ်ကင်လာရင်း
".... အခုလိုမျိုး ကူညီပေးတာကိူ ကျေးဇူးအများကြီးတင်ပါတယ်ရှင်.... "
သို့သော် သူ့မစကားအဆုံး၌ ထိုမိန်းမပျိုလေး၏ လက်ကရုတ်တရက် လှုပ်ရှားသွားလေသည်။ သူမက ရှောင်လုံအနောက်ဘက်ကို ချွန်မြနေသည့် ဓားထိုဖြင့် ထိုးချလိုက်ခြင်းပင်.... ။
အကယ်၍ ရှောင်လုံ၏ ကျောရိုးဆစ်တွေကသာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားမယ်ဆိုရင် ရှောင်လုံဘယ်လောက်ပင်အစွမ်းထက်နေပါစေ သူထက်အဆင့်နိမ့်သော သိုင်းသမားတွေရဲ့ အလွယ်တကူသတ်ခြင်းကို ခံရတော့မှာပဲ ဖြစ်သည်။
မိန်းမပျိုလေး၏ မျက်နှာထက်တွင် သနားစဖွယ် ကြောက်ရွံတုန်လှုပ်နေသော အမူအရာအစား ရက်စက်ကြမ်းကြုတ်၍သွေးဆာနေသည့် အမူအရာတွေက အစားထိုးဝင်ရောက်လာသည်။ သူမဆီက တဟားဟား ရယ်မောသံက ရှောင်လုံနားထဲသို့ ရောက်ရှိလာသည်။
"..... ကောင်လေး ... နင်က မိန်းမချောလေးရှေ့မှာ အရမ်းသူရဲကောင်းလုပ်ချင်နေမှတော့ နင်အပြစ်နဲ့နင်ပဲပေါ့ .... ဒါပေမယ့် နင်ကစိတ်ကောင်ရှိတယ်ဆိုတော့ ငါကနင်အလောင်းကို မဖျက်စီးပဲ အကောင်းပကတိချန်ထားပေးပါ့မယ် ..."
စူးရှသော ဓားမြောင်က ရှောင်လုံကျောရိုးအတွင်းသို့ စိုက်ဝင်သွားလေသည်။
ရှောင်လုံကျောရိုးထဲသို့ ဓားမြောင်စိုက်ဝင်သွားချိန်တွင် တခြားလူတယောက်ဆီက ဝမ်းသာအားရရယ်မောသံထွက်ပေါ်လာသည်
"... ဟားဟား....ကောင်လေးရာ မင်းအတွေ့အကြုံနုသေးပါတယ် .... မင်းငါတို့လို အဖွဲမျိုးရှိနေမယ်လို့ မထင်ထားဘူးမဟုတ်လား...
မင်းအရင်မှာ ငါတို့လက်ချက်နဲ့ သိုင်းဂိုဏ်းတွေက တပည့် ဆယ်ရှစ်ယောက်လောက်သေပြီးပြီကွ .... မင်းနဲ့ဆို ဆယ့်ကိုးယောက်မြောက်ပေါ့ကွာ...."
ဒီလူသုံးယောက်က တကယ်တမ်းတော့ တဖွဲ့ထဲဖြစ်နေကြသည် ....!
ထိုလူသုံးယောက်က မိန်းမချောလေးတယောက်ကို ဘန်းပြ၍ ရှောင်လုံလိုမျိုး သိုင်းဂိုဏ်းတွေက တပည့်တွေကို အာရုံလှည့်စားကာ အလစ်အငိုက်တိုက်ခိုက်နေကြတာပဲ ဖြစ်သည်။ ထိုကဲ့သို့ သတ်ဖြတ်၍ သူတို့ကိုယ်ပေါ်မှာ ပါလာသော အဖိုးတန်ရတနာတွေကို လုယူနေကြတာဖြစ်သည်။
ရှောင်လုံက သူကိုအလစ်အငိုက်တိုက်ခိုက်လာသော လူနှစိယောက်ကိုကြည့်ရင်း သူ့မျက်နှာထက်တွင် မထီတရီအပြုံးတခု ဖြစ်ပေါ်လာသည်
".... အော် အဲ့လိုလား ....?"
မိန်းမပျိုလေးနဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးတို့က ရှောင်လုံ ကျောရိုးထဲကို ဓားဝင်သွားတာတောင် နာကျင်စွာမအော်သံကို မကြားရပဲ အဲ့ဒိအစား အလွန်တည်ငြိမ်နေသော ရှောင်လုံကို သတိပြုမိလိုက်လေသည်။ ထိုအခါကြမှ သူတို့နှစ်ယောက်က ရှောင်လုံကျောက အနာကို ကြည့်လိုက်ကြသည်။ သူတို့ရဲ့ ထက်မြနေသော ဓားမြောင်က ရှောင်လုံအရေပြားအလွှာကိုတောင် မဖောက်နိုင်ပဲ ရပ်တန့်နေတာကို သူတို့ အံအားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။ မိန်းမပျိုလေး၏ ထက်မြနေသော ဓားမြောင်က ရှောင်လုံအရေပြားကို ဖောက်ထွက်နိုင်ဖို့ ဝေးစွ အဆင်းရာတခုထင်ကျန်အောင်တောင်မှ မစွမ်းဆောင်နိုင်ပေ....။
".... ဒါ...ဒါက ဘယ်လိုဖြစ်ရတာလဲ ...?"
မိန်းမပျိုလေးက သူ့ရဲ့ ပွဲတိုင်းကျော် ဓားမြောင်ကိုကြည့်ရင်း အံသြမှင်သက်သွားသည်။
သူတို့စိတ်ထဲတွင် အရင်ဆုံးတွေစမိလိုက်သော စကားက "... မဖြစ်နိုင်ဘူး.." ဆိုသည့်စကားပင်ဖြစ်သည်။
ရှောင်လုံကတော့ အံသြမှင်သက်နေသူနှစ်ယောက်ကိုကြည့်ရင်း ခပ်ဖွဖွပြုံးလိုက်လေသည်။
ရှောင်လုံက လင်းလောင်ရတနာစေတီ၏ အမွေအနှစ်သိုင်းကျမ်းတခုဖြစ်သော လင်းလောင်ကိုယ်လုံသိုင်းကိုလေ့ကျင့်ခဲ့တာ နှစ်ပေါင်းအတော်ကိုကြာမြင့်ခဲ့လေပြီ ။ ထိုအပြင် အခုနှစ်ပိုင်းတွေအတွင်း ရှောင်လုံစားသုံးခဲ့သော ဝိညာဉ်သစ်သီးတွေ ၊ အတွင်းအားဖြည့်ဆေးလုံးတွေက မရေတွက်နိုင်သော များပြားလှသည်။
ရှောင်လုံ မြေနဂါးဥဆီမှ စွမ်းအင်တွေကို စုပ်မယူရသေးခင်အချိန်ကတည်းက ရှောင်လုံခန္ဓာကိုယ်၏ မာကျောမှုမှာ စကြာဝဠာစဦးအဆင့် သိုင်းပညာရှင်တယောက်နှင့်တောင် ယှဉ်နိုင်စွမ်းရှိသည် ။ သာမန် ဓားတွေ လက်နက်တွေက ရှောင်လုံကို ထိခိုက်ဒဏ်ရာရအောင်လုပ်နိုင်ဖို့ ဝေးစွ သူ့အရေးပြားကိုပင်
ထိုးဖောက်နိုင်စွမ်းမရှိပေ ..။
ရှောင်လုံကိုယ်ထဲမှ အတွင်းအားတွေ ကန်ထွက်လာပြီး သူ့အနားက လူနှစ်ယောက်ကို တွန်းကန်ပစ်လိုက်သည်။ မိန်းမပျိုလေး၏ ဓားမြောင်ကလဲ လေထဲသို့ အပိုင်းပိုင်းပြတ်၍ လွင့်စင်သွားသည်။ ထိုနောက် ရှောင်လုံလက်ကနေ ဆွဲငင်းအားတခု ဖြစ်ပေါ်လာပြီး လူကြီးကို ဆွဲယူကာ လည်ပင်းကနေ ကိုင်မြှောက်ထားလိုက်သည်။
ထိုနောက် ရှောင်လုံက ရေခဲတမျှ အေးစပ်နေသော အသံဖြင့်
"... ဘာတဲ့ ...ဆယ့်ကိုးယောက်မြောက်ဟုတ်လား ..?"
ရှောင်လုံလည်ပင်းကနေ ကိုင်မြှောက်ခံရသော လူကြီးက တခုခုပြောချင်ဟန်ဖြင့် မျက်နှာတခုလုံး နီရဲလာသည်။ သိုသော် ရှောင်လုံက သူ့လက်ကို အနဲငယ်အားထပ်စိုက်လိုက်ကာ ထိုလူကြီး၏ လည်ပင်းအား ဆတ်ခနဲလိမ်ချိုးပစ်လိုက်၏။ ထိုနောက် ရှောင်လုံအကြည့်တွေက မိန်းမပျိုလေးပေါ်သို့ ကျရောက်လာသည်။
ထိုအချိန်တွင် မိန်းမပျိုလေးက အလွန်လျင်မြန်စွာဖြစ်ပျက်သွားသော အဖြစ်အပျက်တွေအပေါ် အံသြမှင်သက်နေရာကနေ သတိပြန်လည်လာပြီး
"... သခင်လေး ...သနားပါအုံး..... သူ...သူတို့ကျွန်မကို အတင်းစေခိုင်းလို့ ကျွန်မစိတ်ဆန္ဒမပါပဲ လုပ်ရတာပါ .... "
မိန်းမပျိုလေးက မြေကြီးပေါ်မှာ လဲလျောင်းနေသော အလောင်းတွေကို တုန်တုန်ယင်ယင်ဖြင့် လက်ညိုးထိုးပြလိုက်သည်။
".... ပြောစမ်း .... သရဲမြို့တော်ထဲကို ဝင်သွားတဲ့ သူတွေဘယ်ရောက်ကုန်ကြပြီလဲ ....?"
ရှောင်လုံက မိန်းမပျိုလေး ၏ တောင်းပန်စကားကို လျစ်လျူရှုကာ အေးစက်စက်မေးလိုက်သည်။
"... သူတို့က သရဲဘုရင်နန်းတော်ဆီသို့ သွားကြပါတယ် ....."
မိန်းမပျိုလေးက အလျင်အမြန်ပြန်ဖြေလိုက်သည်။
"... သရဲဘုရင်နန်းတော် ...?"
ရှောင်လုံက မျက်မှောင်တွန့်၍ စဉ်းစားကြည့်လိုက်သည်။
".... ဟုတ်.....ဟုတ်ပါတယ် သူတို့အကုန်လုံး သရဲဘုရင်နန်းတော်ကိုသွားကြပါတယ်.... သရဲဘုရင်နန်းတော်က သရဲမြို့တော်ရဲ့ မြောက်ဘက်ခြမ်းမှာ တည်ရှိတာပါ .... သရဲဘုရင်နန်းတော်အတွင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ သိုင်းကျမ်း ၊ သိုင်းကျင့်စဉ် ၊ ဆေးဝါးရတနာတွေအများကြီးရှိတယ်လို့ ကျွန်မကြားဘူးပါတယ် ...အဲ့ဒါအပြင် သရဲဘုရင်ကိုယ်တိုင်ဖော်စပ်ထားတဲ့ .သရဲဘုရင်ဆေးလုံးလဲ ရှိတယ်လို့ ကြားဘူးပါတယ်..
.."
မိန်းမပျိုလေးက ရှောင်လုံစိတ်ဝင်စားနိုင်မည့် အရာတွေကို ရွေးထုတ်၍ ကမန်းကတမ်းရှင်းပြလိုက်လေသည်။
ထိုနောက် ရှောင်လုံက သရဲဘုရင်နန်းတော်နှင့်ပတ်သတ်၍ သူသိချင်နေတာကို အကုန်လုံးကို ထပ်ပြီးမေးလိုက်သည်။ မိန်းမပျိုလေးက သူသိထားသမျှကို မချွင်းမချန်ပဲ အမှန်တိုင်းပြောပြလိုက်သည်။
".... သခင်လေး ....သခင်လေးကျွန်မကို ....?"
ရှောင်လုံ၏ နောက်ဆုံးမေးခွန်းကိုဖြေပြီးတဲ့နောက်
မိန်းမပျိုလေးက မျက်နှာလေးကို သနားစဖွယ်ကောင်းအောင်ပြုလုပ်၍ အသနားခံလိုက်သည် ။
ရှောင်လုံကတော့ တည်တည်ကြည်ကြည်ပဲ ရှိနေသည်။ မိန်းမပျိုလေးရဲ့ စကားအဆုံးတွင် ရှောင်လုံက မိန်းမပျိုလေး၏ နဖူးကို လက်ညိုးတချက်ထိုးလိုက်သည်။ ရှောင်လုံ၏
ပကတိစိတ်ဝိညာဉ်လက်ညိုးချက်က မိန်းမပျိုလေး၏ ဦးခေါင်းကိုဖောက်ထွက်သွားလေသည်။
".... နင့်က ငါ့မေးတာကို ဖြေပေးတဲ့ အတွက် နင်အလောင်းကို အကောင်းပကတိချန်ထားပေးခဲ့မယ် ..."
( တရုတ်တွေက သေဆုံးသွားတဲ့ အခါ အလောင်းက အကောင်းပကတိရှိနေရင် ကောင်းရာမွန်ရာကို ရောက်တယ်လို့ အယူအဆရှိကြပါတယ် ....)
ကောင်းမလေးက ရှောင်လုံကို မယုံကြည်နိင်သလိုကြည့်ရင်း မြေကြီးပေါ်သို့ လဲပြိုသွားလေသည်။ သူမ ဖုံးကွယ်ထားသော နို့နှစ်ရောင် တောင်ပူစာလေးနှစ်ခုကလဲ ကောင်းကင်ကို မျက်နှာမူရင် ပြန်လည်ပေါ်လာသည်။
"... သရဲဘုရင် နန်းတော် ....""
ရှောင်လုံက တယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး သရဲဘုရင်နန်းတော် ရှိရာသို့ ပျံသန်းသွားသည်။
အော် သူတို့အကုန်လုံး သရဲဘုရင်နန်းတော်ကိ သွားနေကြလို့ ငါလာတဲ့ လမ်းတလျှောက်မှာ လူတယောက်ကိုမှ မမြင်ခဲ့တာပဲ .....!
ဒါဆို ကျောက်ချန်နဲ့ ယောင်ဖေးတို့ နှစ်ယောက်စလုံးလဲ သရဲဘုရင်နန်းတော်ကို ရောက်နေကြလောက်ပြီ .....!
ရှောင်လုံက ပျံသန်းနေရင်း စဉ်းစားကြည့်လိုက်လေသည်။
ရှောင်လုံက သရဲဘုရင်နန်းတော်ရှိရာသို့ အရှိန်ကုန်တင်၍ ပျံသန်းနေသောကြောင့် သရဲမြို့တော်၏ လေထုထဲတွင် ရှောင်လုံအရိပ်တွေသာ ကျန်ရစ်ခဲ့သည်။ နေ့တဝက်နီးပါး ပျံသန်းပြီးနောက် သူသွားချင်နေသည့် နေရာသို့ ရောက်ရှိလာသည်။
ရှောင်လုံက လေထဲတွင်ရပ်ရင်း သူ့အရှေ့ဘက်ကို ကျော်ကြည့်လိုက်သည်။ သရဲဘုရင်နန်းတော်ကို ထူးခြားသော ပုံသဏ္ဍာန်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုအပြင် နန်းတော်ကြီး ခန့်မှန်းရခက်လောက်အောင်လဲ ကျယ်ဝန်းသည်။
ထိုအပြင် နန်းတော်ထက်ရှိနေသော သရဲတစ္ဆေနှင့် နတ်ဆိုးမိစ္ဆာတွေရဲ့ အရောင်အဝါတွေက အရမ်းကို
သိပ်သည်းကာ သရဲ တိမ်တိုက် နတ်ဆိုး တိမ်တိုက်တွေ ဖြစ်ပေါ်နေသည်။
ရှောင်လုံ မြင်နေတာကတော့ နာမယ်ကျော် သရဲဘုရင်နန်းတော်ကြီးပင် ဖြစ်သည်။ သရဲဘုရင် သိုင်းလေ့ကျင့်ရာနေရာတခု ဖြစ်သောကြောင့် သရဲဘုရင်နန်းတော်ကြီးက ဘတ်လန်းဒေသ၏ ကြီးကျယ်ခမ်းနားသောနေရာတွေထဲမှာ တခုအပါအဝင်ဖြစ်သည်။
#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၁၃ .......
ရှောင်လုံက လေထဲတွင် ခနရပ်နေပြီးနောက် သရဲဘုရင်နန်းတော်၏ အမိုးတခုပေါ်တွင်း ဆင်းလိုက်သည်။ သရဲဘုရင်နန်းတော်ပေါ်တွင် ဆင်းသက်ပြီးနောက် သူ့စိတ်စွမ်းအားတွေက အတိုင်းအတာ တခုအထိသာ အသုံးပြလိုရတော့တာကို ရှောင်လုံသတိပြုမိလိုက်သည်။
ရှောင်လုံ၏ စိတ်စွမ်းအားတွေက မီတာတရာလောက်ကိုသာ မြင်နိုင်စွမ်းရှိတော့သည်။ သိုသော် သရဲဘုရင်နန်းတော်ကြီးကတော့ အလွန် ကြီးမားကျယ်ဝန်းသောကြောင့် တရာမီတာလောက်လေး အာရုံခံနိုင်စွမ်းက အရမ်းကို နဲပါးလွန်လေသည်။
ထိုနောက် ရှောင်လုံက အကြ့့တခုကိုတွေးမိလိုက်ပြီး
သူ့နဖူးထက်တွင် ဒေါင်လိုက်ကွဲကြောင်းတခုဖြစ်ပေါ်လာသည်။ ရှောင်လုံက ငရဲမျက်လုံးကို အသုံးပြုလိုက်ခြင်းပင် ....။ သရဲဘုရင်နန်းတော်ထဲတွင် ငရဲမျက်လုံးကတော့ စိတ်စွမ်းအားတွေထက် များစွာ အသုံးတည့်လေသည်။
သရဲဘုရင်နန်းတော်အတွင်း၌ နံရံများစွာရှိနေသော်လည်း ငရဲမျက်လုံးကို အသုံးပြုပြီးနောက် ရှောင်လုံက ထိုနံရံတွေနောက်တွင် မည်သည့်ပစ္စည်းရှိနေသလဲ ဆိုတာကိုတောင် မြင်နိုင်သွားသည်။ သိုသော် ရှောင်လုံ၏ ငရဲမျက်လုံးကလဲ မီတာတထောင်ပတ်လည်ကိုသာ မြင်နိုင်စွမ်းရှိသည်။
မီတာတထောင်ပတ်လည် .....
ရှောင်လုံက စိတ်ပျက်လက်ပျက်ပုံစံဖြင့် ခေါင်းခါလိုက်လေသည်။ တကယ်တော့ ကြီးမားလှသော သရဲနန်းတော်ထဲတွင် မီတာတထောင်ဆိုသည့် အကွာအဝေးကလဲ သိပ်မထူးလှပေ...။ ရှောင်လုံက အမိုးပေါ်ကနေ မြေကြီးပေါ်သို့ ခုန်ချလိုက်သည်။ အမိုးပေါ်တွင်နေပါက ထင်ရှားသော ပစ်မှတ်တခုဖြစ်လာနိုင်သည်။
ရှောင်လုံခြေထောက်နှင့်မြေကြီး ထိထိချင်းမှာပင် သူ့အရှေ့ဘက်မှ အားကောင်းသည့် စွမ်းအင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်လာလေသည်။ ထိုကဲ့သို့ အင်အားပြင်းထန်သော စွမ်းအင်လှုပ်ခတ်မှုကို ကြည့်လိုက်ရုံနဲ့တင် ကောင်းကင်တပိုင်း စကြာဝဠာ တပိုင်း သိုင်းသမားနှစ်ယောက် တိုက်ခိုက်နေကြမှန်း ရှောင်လုံက ခန့်မှန်နိုင်လိုက်သည်။ ထိုအပြင် ထိုသိုင်းသမားနှစ်ယောက်က ကျားကွဲတောင်ကြားတွင် ရှောင်လုံကြုံတွေ့ခဲ့ရသည့့်အဖိုးအိုထက် ပို၍ စွမ်းအားကြီးတယ်ဆိုတာကိုလဲ သတိပြုမိလိုက်သည်။
ရှောင်လုံကအရှေ့ဘက်ကိုခုန်၍ စွမ်းအင်လှိုင်းတွေ လှုပ်ခတ်နေသည့်နေရာဆီသို့ ချဉ်ကပ်လာသည်။
ခနကြာတော့ ရှောင်လုံတယောက် တိုက်ပြွဲဖစ်ပွားရာနေရာဆီသို့ ရောက်ရှိလာသည်။
အနီဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တယောက်နှင့် ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်တို့ တိုက်ပွဲဖြစ်နေကြတာပဲ ဖြစ်သည်။ အနီရောင်ဝတ်စုံဝတ်စုံကိုဝတ်ဆင်ထားသော လူငယ်၏ ရင်ဘတ်နေရာတွင် ရှောင်လုံအရင်က မြင်ဘူးသော
ခေါင်းနှစ်လုံးနှင့် ဒဏ္ဍာရီလာသားရဲကြီးတကောင်ပုံကို ရေးဆွဲထားလေသည်။ ထိုခေါင်းနှစ်လုံးနှင့် ဒဏ္ဍာရီသားရဲကြီးပုံကို ရှောင်လုံ နတ်ဘုရားအသင်္ချေမြို့၌ ဟီယွမ်ရှုန်းနှင့် တွေဆုံခဲ့စဉ်က ဟီယွမ်ရှုန်းရင်ဘတ်တွင် မြင်တွေ့ခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်က ရာစုနှစ်တထောင်မြို့ကဖြစ်ပြီး ဟီယွမ်ရှုန်း၏ တပည့်တယောက်ဖြစ်နိုင်တယ်ဆိုတာကို ရှောင်လုံ သဘောပေါက်သွားသည်။ ထိုရာတွင် ခရမ်းရောင်လူငယ်၏ ရင်ဘတ်မှာတော့ ဆင်တကောင်ပုံကို ရေးဆွဲထားလေသည်။
ဆင်တကောင် ....?
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က နတ်ဘုရားအသခေင်္ချေမြို့မှ လျိုဝူဂျင် ၏ တပည့်ဖြစ်နိုင်သည်။
လျိုဝူဂျင်က နတ်ဘုရားအသင်္ချေမြို့၏ မြို့တော်ဝန်တယောက် ဖြစ်သလို ဘတ်လန်းဒေသ၏ ထိပ်သီးသိုင်းပညာရှင်တဦးလဲ ဖြစ်သည်။
သူတို့နှစ်ယောက် တိုက်ခိုက်နေပုံကို ကြည်ချင်းအားဖြင့် လျိုဝူကျင်၏ တပည့်က ဟီယွမ်ရှုန်း တပည့်ထက် အနဲငယ်စွမ်းရည်ပိုမြင့်နေလေသည်။ လက်သီး နှင့် လက်ဝါးတို့ လေထဲတွင် တွေ့ဆုံသွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။
လျိုဝူဂျင်၏ တပည့်က လေထဲမှ သူလှုပ်ရှားမှု ဟန်ပန်တွေကို ရုတ်တရက်ပြောင်းလဲလိုက်သည်။ သူကနောက်ကျွမ်းထိုး၍ ယီဟွမ်းရှုန်းတပည့်၏ နောက်ကျောကို စက်ဝိုင်းပုံသဏ္ဍာန် လည်ပတ်၍ လက်ဝါးတချက်ရိုက်ထုတ်လိုက်သည်။
ဖူး......
စွင်းဟောက်ရန်ပါးစပ်ထဲကနေ သွေးတပွက် အန်ထွက်လာပြီး မြေကြီးပေါ်သို့ ပက်လက် ပြုတ်ကျသွားသည်။
စွင်းဟောက်ရန်ကို ဒဏ်ရာရရှိသွားအောင် တိုက်ခိုက်ပြီးနောက် ဝူကျန့်ကလဲ မြေကြီးပေါ်ကို ပြန်ဆင်းလာသည် ။ စွင်းဟောက်ရန်၏ ဆိုးရွားသော အခြေအနေကိုမြင်တော့ သူ့မျက်နှာထက်တွင် ရက်စက်တော့မည့် အပြုံးတခုဖြစ်ပေါ်လာသည်
".... စွင်းဟောက်ရန် .... မင်းဒီလိုနေရာမှာ သေရလိမ့်မယ်လို့ မထင်ထားဘူးမဟုတ်လားကွ ...?"
စွင်းဟောက်ရန်က သူ့နှုတ်ခမ်းဖျားက သွေးတွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ သူ့အခြေအနေတွေက ဆိုးရွားနေသော်လည်း စွင်းဟောက်ရန်၏ မျက်လုံးထဲမှာတော့ အကြောက်တရားတစုံတရာဖြစ်ပေါ်လာခြင်းမရှိချေ..။
စွင်းဟောက်ရန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်
".... ငါသေသွားရင် ငါ့ဆရာက ငါ့အစားကလဲ့စားချေပေးလိမ့်မယ် ...."
ထိုစကားကို ကြားတော့ ဝူကျန့်က ဟက်ဟက်ပက်ပက်ရယ်မောကာ
".... မင်းဆရာက ဟူတ်လား ...? စွင်းဟောက်ရန် ...စွင်းဟောက်ရန် .... မင်းဆရာ အဖိုးကြီးက သရဲမြို့တော်ထဲကနေ အသက်ရှင်ရက် ထွက်သွားနိုင်မယ်လိုဘ မင်းထင်နေတာလား...?"
ငါမင်းကိုတခုလောက်တော့ပြောလိုက်အုံးမယ်....
သရဲမြို့တော်ထဲကိုရောက်နေတဲ့ မင်းဆရာအပါအဝင် မင်းရဲ့ ဆရာတူမောင်နှမ ကိုးယောက်စလုံး သရဲမြို့တော်ထဲကနေ အသက်ရှင်ရက်ထွက်သွားနိင်မှာ မဟုတ်တော့ဘူးကွ...."
".... မင်း...မင်းဘာပြောလိုက်တယ် ...?"
စွင်းဟောက်ရန်က နောက်ထပ် သွေးတခါထပ်အန်လိုက်ပြီး သူ့မျက်နှာ တခုလုံး ဖြူဖတ်ဖြူရော်ဖြစ်သွားလေသည်။
"... ငါဘာပြောလိုက်သလဲ ဟုတ်လား....?"
ဝူကျန့်က လှောင်ပြောင်သောအမူအရာဖြင့် ထပ်ပြောလိုက်သည်
".... ငါပြောလိုက်သလဲ သိချင်ရင် မင်းဆရာဟီယွမ်ရှုန်းနဲ့ ငရဲပြည်မှာတွေ့တဲ့ အခါ မေးကြည့်ပေါ့ သားရယ် ....ဟားဟား....."
ထိုနောက် ဝူကျန်က သူ့လက်ဝါးနှစ်ဖက်ဖြင့် စွင်းဟောက်ရန် နှလုံးနေရာသို့ အားကုန်ရိုက်ချလိုက်လေသည်။ စွင်းဟောက်ရန်က အလျင်အမြန်ရှောင်တိမ်းဖို့ ကြိုးစားလိုက်လေသည်။ သိုသော် ဝူကျန့်လက်ဝါးတွေက အရိပ်တခုလို သူနောက်ကနေ အမြဲကပ်ပါလာသည်။ ဝူကျန့် လက်ဝါးက စွင်းဟောက်ရန်ကို ထိဖို့ တဖြည်းဖြည်းနီးကပ်လာလေသည်။ ဝူကျန့်လက်ဝါးချက်က စွင်းဟောက်ရန်နှင် ထိတွေ့တော့မည့်ဆဲဆဲတွင် ကောင်းကင်ထက်မှာ ရွှေရောင်တွေနဲ့ တောက်ပလာပြီး ကြီးမားသော ဗုဒ္ဓဆင်းတုတော်ကြီးတွေက မြေကြီးထဲကနေ ထွက်ပေါ်လာလေသည်။
ဝူကျန်က အံအားသင့်သွားသော်လည်း သူ့နေရာကို ရုတ်တရက်ပြောင်းလဲ၍ အလစ်အငိုက်တိုက်ခိုက်လာသူကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ထွက်ပေါ်လာသော ပြင်းထန်သည့် ပေါက်ကွဲအားတွေက ဝူကျန်အား မီတာပေါင်းများစွာ လွင့်ထွက်သွားစေသည်။ ဝူကျန့်က အရမ်းကိုထိတ်လန့်သွားကာ ပတ်ဝန်းကျင်အား ကျီးကန်းတောင်မှောက် အကဲခတ်လိုက်သည် ။ ထိုအချိန်တွင် ဆံပင်အနက်နှင့်ကောင်လေးတယောက်က စွင်းဟောက်ရန်အရှေ့သို့ ရောက်ရှိနေတာကို သူမြင်လိုက်ရသည်။
ရှောင်လုံက ဝူကျန် အံသြနေတာကို လျစ်လျူရှုကာ
စွင်းဟောက်ရန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး
"... မင်း အဆင်ပြေရဲ့လား ....?"
စွင်းဟောက်ရန်ကလဲ ရှောင်လုံနောက်ကျောကိုကြည့်ရင်း အံသြမှင်သက်နေရာမှ ရှောင်လုံအသံကြောင့် သတိပြန်ဝင်လာပြီး သူကခေါင်းညိတ်ပြလိုက်သည်
".... ကျုပ် အဆင်ပြေပါတယ် ....."
ရှောင်လုံက ခနလောက်စဉ်းစားပြီးတဲ့နောက် အဖြူရောင် ဂဒိုဒါမာ ( ganoderma) ရိုးတံတခုကို သူရဲ့ နတ်လက်စွပ်ထဲကနေ ထုတ်ယူလိုက်သည် ။ ထို ဂဒိုဒါမာဆေးမြစ်အပြင်ရောက်လာသော သူ့အနံတွေက အခါပတ်ဝန်းကျင်တခုလုံးကို မွေးကြိုင်သွားစေသည် ။ ထိုအပြင် မဲမှောင်ထိုင်းမှိုင်းနေသည့် ကောင်းကင်ကြီးက နေ့အလား လင်းထိန်သွားလေသည်။
"..... ဒါ....ဒါက အဖြူရောင် ဂဒိုဒါမာ ရိုးတံ မဟုတ်လား ....!"
ဝူကျန် နှင့် စွင်းဟောက်ရန်တို့ နှစ်ယောက်က ရှောင်လုံလက်ထဲမှ အဖြူရောင်မှိုတက်နေသောပုံစံနှင့်တူသည့် ရိုးတံလေးကို စူးစိုက်ကြည့်ရင်း ပါးစပ်ကနေ အာမေထိတ်အသံတွေ ထွက်ပေါ်လာသည်။ ထိုအဖြူရောင် ရိုးတံလေးက သလင်းကျောက်ကဲ့သို့ ထွင်းဖောက်မြင်နိုင်ပြီး သူထဲတွင် အဖြူရောင်အဆီအနှစ်လေးတွေက လှည့်ပတ်သွားလာနေသည်။
ထို ဂဒိုဒါမာရိုးတံကို ရှောင်လုံက ကျားကွဲတောင် အောက်ခြေတွင် ရှာတွေ့ခဲ့တာပဲ ဖြစ်သည်။ နှစ်တရာ သက်တမ်းရှိသော ဂဒိုဒါမာရိုးတံကို နေရာတိုင်းတွင် တွေ့မြင်နိုင်သော်လည်း နှစ်တထောင်နှင့် အထက် ကတော့ အလွန်ကိုရှားပါးပြီး ပိုက်ဆံရှိတိုင်း ဝယ်ယူလို့ ရသော အရာတခုမဟုတ်ချေ ...။ အခုရှောင်လုံလက်ထဲမှ ရှိနေသော ဂဒိုဒါမာတွေ၏ ဘုရင် အဖြူရောင် ဂဒိုဒါမာကတော့ သိုင်းဝိညာဉ် ကမ္ဘာကြီးထဲတွင် ပျောက်ကွယ်နေခဲ့တာ နှစ်ပေါင်းထောင်ချီကြာမြင့်နေခဲ့လေပြီ..။
ဂဒိုဒါမာဘုရင်ဖြစ်သော အဖြူရောင်ဂဒိုဒါမာ ရိုးတံက အတွင်းအားတွေကို တိုးတက်စေနိုင်သော အကျိုးကျေးဇူးရှိသည့်အပြင် ဒဏ်ရာတွေကို ကုသသောနေရာမှာတော့ နတ်ဆေးတခုပင် ဖြစ်သည်။
အလိုရမက်ကြောင့် အဖျားတက်သလို ဖြစ်နေသော လူနှစ်ယောက်၏ မျက်လုံးတွေအောက်မှာ ရှောင်လုံက အဖြူရောင် ဂဒိုဒါမာရိုးတံကို စွင်းဟောက်ရန်လက်ထဲသို့ ထဲ့ပေးလိုက်သည်
"... ရော ဒီရိုးတံလေးကို မြိုချလိုက် ...."
စွင်းဟောက်ရန်က အဖြူရောင်ဂဒိုဒါမာ ရိုးတံကိာကိုင်ကာ ရှောင်လုံကို မယုံနိုင်သလိုမျိုး ငေးကြောင်ကြည့်နေသည် ။ ထိုနောက် စွင်းဟောက်ရန်က သူများနားကြားလွဲသွားသလာဆိုပြီး ပြန်မေးလိုက်သည်
".... မင်းတကယ်ပဲ ငါ့ကို ဒီလောက်အဖိုးတန်တဲ့ဆေးရိုးတံ မြိုချခိုင်းတာလား....?"
ရှောင်လုံကခေါင်းညိတ်ပြလိုက်ပြီး
"... ဟုတ်တယ် စီနီယာ ဟီယွမ်ရှုန်း ကျေးဇူးကို ဆပ်တဲ့အနေနဲ့ပေါ့ ...."
နတ်ဘုရားအသင်္ချေမြို့တွင် ဟီဟွမ်ရှုန်းက သူ့ကိုဝင်ရောက်ကာကွယ်ခဲ့တာကြောင့် ရှောင်လုံက ဟီယွမ်ရှုန်းကို ကျေးဇူးပြန်ဆပ်သည့် အနေဖြင့် သူ့တပည့်အား အခုလိုပြန်ပြီး ကယ်လိုက်တာပဲ ဖြစ်သည်။
ထိုအပြင် အဖြူရောင် ဂဒိုဒါမာက တခြားလူတွေရဲ့ အမြင်မှာ တန်ဖိုးကြီးမားသော ဆေးဝါးတခုဖြစ်ပေမယ့် ရှောင်လုံအတွက်တော့ သိပ်ပြီးအရေးမပါလှပေ ..။ ရှောင်လုံ၏ နတ်လက်စွပ်ထဲတွင် ဆေးပင် ဆေးမြစ်ပေါင်း အပုံလိုက်ကြီးရှိနေသည်။
ထိုအထဲတွင် အဖြူရောင် ဂဒိုဒါမာက အဆင့်အနိမ့်ဆုံးဖြစ်လေသည်။
"... လက်စသတ်တော့ ဒိကညီကိုက ဆရာနဲ့ မိတ်ဆွေတွေကိုး....."
စွင်းဟောက်ရန်က ရှောင်လုံစကားကြားတော့ စိတ်လဲရှင်းသွားပေမယ့် သူက ထပ်ငြင်းလိုက်သည်
"... ညီကိုလဲ စေတနာကိုတော့ တကယ့်အသိအမှတ်ပြုပါတယ် ... ဒါပေမယ့် ညီကို လက်ဆောင်က တန်ဖိုးကြီးမားလွန်းတယ် ... ညီကို တချိန်ချိန်မှာ သုံးဖို့ အတွက်ပဲ ချန်ထားလိုက်ပါ...
"
သူက အဖြူရောင်ဂဒိုဒါမာကို ရှောင်လုံလက်ထဲသို့ ပြန်ထဲ့ပေးလိုက်သည် ။ ရှောင်လုံလက်ဆောင်က အလွန်တန်ဖိုးကြီးနေတာကြောင့် စွင်းဟောက်ရန်က လက်ခံဖို့အတွက် ရှက်ရွံနေခြင်းပင်ဖြစ်သည်။
ထိုအချိန်တွင် အရိပ်တခုက ရှောင်လုံကို ပြန်ကမ်းပေးနေသော စွင်းဟောက်ရန်လက်ထဲက အဖြူရောင်ဂဒိုဒါမာကို လုယူဖို့ ကြိုးစားလိုက်လေသည်။
သို့သော် သူ့လက်က အဖြူရောင်ဂဒိုဒါမာပေါ်သို့ မရောက်ခင်မှာ ရေစီကြောင်းတခုလို ပြင်းထန်သော စစ်ပုဆိန် အရိပ်တခုပေါ်လာပြီး ကြီးမားသော လေလှိုင်းတွေနှင့်အတူ ကြမ်းတမ်းသည့် မုန်တိုင်းတခုဖြစ်ပေါ်လာသည်။ ဝူကျန့်က လုယူဖို့ ကြိုးစားနေရာကနေ အနောက်သို့ အလျင်အမြန်ပြန်ဆုတ်လိုက်သည် ။
"... တောင်ဖြတ် လက်ဝါး ...."
ထိုနောက် ကြမ်းတမ်းစွာအော်မြည်နေသော လေ မုန်တိုင်းကြီးကို လက်ဝါးစောင်းဖြင့် ပိုင်းချလိုက်သည်။ ဓားကဲ့သို့ လက်ဝါးတွေက စစ်ပုဆိန်ကြောင့် ဖြစ်ပေါ်လာသို့ မုန်တိုင်း နှင့် ထိမှန်သွားလေသည်။
ဖုန်း ....
မိုးကြိုးပစ်ချလိုက်သလိုမျိုး ကျယ်လောင်သည့် ပေါက်ကွဲမှုတခုဖြစ်ပေါ်လာပြီး လေထုတခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။
မြောက်မြားစွာသော စစ်ပုဆိန် အရိပ်တွေက ပျောက်ကွယ်ကုန်ကြသည်။ ဝူကျန်က ကြမ်းတမ်းသော လေမုန်တိုင်းကို ကာကွယ်နိုင်လိုက်သော်လည်း သူနောက်ကျောဘက် အကျီတခုလုံးက ချွေးအေးတွေဖြင့် စိုရွှဲနေသည်။
သူကရှောင်လုံကို ကြောက်လန့်စွာဖြင့် တချက်စောင်း ကြည့်လိုက်သည်။ ရှောင်လုံ စစ်ပုဆိန်သိုင်းကွက်က ဘယ်လောက်အထိ ကြောက်စရာကောင်းတယ်ဆိုတာကို သူအသိဆုံးပင်မဟုတ်ပါလား ....။
ဒီဆံပင် အနက်နဲ့ကောင်က ဘယ်သူလဲ .... ?
ကောင်းကင်အဆင့်၁၀ အထွပ်အထိပ်သိုင်းသမားလေးတယောက်က ဘာလို့ ဒိလောက်တောင် အစွမ်းထက်နေရတာလဲ .....?
ဝူကျန့်က သူ့အခြေအနေမဟန်တာကို သဘောပေါက်သွားပြီး ချောင်းဟန့်လိုက်ကာ
".... မိတ်ဆွေ .... ဒီဟာက ကျုပ်တို့ နတ်ဘုရားအသင်္ချေမြို့နဲ့ ရာစုနှစ်တထောင်မြို့နှစ်ခုကြားက ကိစ္စပါ
.... မိတ်ဆွေ ဝင်မစွက်ဖက်ရင် ကောင်းမယ်နော်...."
ရှောင်လုံက မထုံတက်သေး အမူအရာဖြင့် ပြန်မေးလိုက်သည်
".... ကျုပ်က ဝင်စွက်ဖက်မယ်ဆိုရင်ရော...ခင်ဗျားဘာလုပ်ချင်လဲ.....?"
ရှောင်လုံ နတ်ဘုရားအသင်္ချေမြို့တွင် ကျောက်ချန်၏ နောက်လိုက်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်ထန်ထန် ဖြစ်ခဲ့စဉ်အခါက မြို့စောင့်တပ်တွေရောက်လာပြီး အဖြစ်မှန်ကို သေချာမစုံစမ်းပဲ ကျောက်ချန်လက်အောက်ငယ်သားတွေဘက်ကနေ ရပ်တည်ကာ ရှောင်လုံကို အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့လေသည်။ ထိုကြောင့် သူအပေါ်ကောင်းရင် သူကဆယ်ဆပိုကောင်းသလို သူအပေါ်ဆိုးရင်လဲ သူကဆယ်ဆလောက် ပြန်ဆိုးတတ်သော ရှောင်လုံစိတ်ထဲမှာ နတ်ဘုရားအသင်္ချေမြို့ကို သိပ်ပြီး အခဲကျေနေတာတော့ မဟုတ်ပေ။
ရှောင်လုံစကားကြားတော့ ဝူကျန့်က ခေါင်းခါလိုက်ပြီး
".... မိတ်ဆွေရဲ့ အစွမ်းကတော့ မဆိုးပါဘူး.... ဒါပေမယ့် ကျုပ်တို့ကိစ္စကိုတော့ ဝင်မပါရင်ကောင်းလိမ့်မယ် .... ဒီကိစ္စကြောင့် မိတ်ဆွေကိုတင်မကဘူး မိတ်ဆွေရဲ့ မိသားစုအပေါ်ကိုပါ ကပ်ဘေး တခုကျရောက်လာစေနိုင်တယ်ဆိုတာကိုရော တွေးမိရဲ့လား ...."
ဝူကျန်က ရှောင်လုံကို နတ်ဘုရားအသင်္ချေမြို့ နှင့် ခြိမ်းခြောက်လိုက်သည်။ ဘတ်လန်းဒေသတွင် နတ်ဘုရားအသင်္ချေမြို့နှင့် ပတ်သတ်၍ ဝင်ရောက်စွက်ဖက်ရဲသူဆိုလို့ လက်တဆုပ်စာသာရှိလေသည်။
ထိုအချိန်၌ စွင်းဟောက်ရန်ကလဲ ဝင်၍ ဖြောင်းဖြလိုက်လေသည်
".... ညီကို ... ခင်ဗျားအတွက် မကောင်းပါဘူး... ဒိလောက်နဲ့တင် ကျုပ်က အတော်လေးကို ကျေးဇူးတင်နေပါပြီ ... အခုသွားပါတော့ ....."
ရှောင်လုံဆီမှာ သူ့ဆရာရဲ့ ကျေးဇူးလေးရှိရုံလောက်နဲ့ ရှောင်လုံ နတ်ဘုရားအသချေင်္မြို့ကို အာမခံသင့်ဘူးလို့ စွင်းဟောက်ရန်က ယူဆကာ ထိုကဲ့သို့ ဖြောင်းဖြလိုက်တာပဲ ဖြစ်သည်။
#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၁၄ ......
စွင်းဟောက်ရန်က သူ့ကိုဝင်မပါဖို့ ဖြောင်းဖြနေတာမြင်တော့ ရှောင်လုံခေါင်းခါရင်း စဉ်းစားလိုက်သည်။
ငါယောက်ျားတယောက်လုပ်နေပြီး ဒီလိုခြိမ်းခြောက်နေတာတွေကို ကြောက်နေရမှာလား ....?
ငါကနတ်ဘုရားကျောင်းတော်လိုမျိုး အဖွဲ့အစည်းကိုတောင် မကြောက်ခဲ့တာ သူတိုလို့ နတ်ဘုရားအသင်္ချေမြို့လောက်ကိုတော့ စာရင်းထဲတောင်မထဲ့ဘူး .....။
ရှောင်လုံငြိမ်သက်သွားတာကိုမြင်တော့ ဝူကျန်က ရှောင်လုံ နတ်ဘုရားအသင်္ချေမြို့၏ နောက်ခံကိုကြောက်လန့်ပြီး နောက်ဆုတ်ဖို့ စဉ်းစားနေပြီလို့ထင်လိုက်သည် ။ သူက ခပ်ရိရိပုံစံဖြင့် ပြုံးရင်း
".... မိတ်ဆွေက တကယ့်ကိုပညာရှိတာပဲ .... ကိုအသက်ကို ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ သိသားပဲ .... ဟုတ်ပါတယ်လေ အသက်ရှင်နေမှလဲ ပျော်ရွှင်မှုတွေကို ခံစားနိုင်မှာမဟုတ်လား ...."
သူ့စကားအဆုံး၌ ဝူကျန်က စွင်ဟောက်ရန်ကိုင်ထားသော အဖြူရောင်ဂဒိုဒါမာရိုးတံကို အာသာငမ်းငမ်းဖြင့် စိုက်ကြည့်လိုက်သည်။ ထိုနောက် သူက ရှောင်လုံကိုပိုင်ပြီမထင်နှင့် လက်ကိုဖြန့်၍ တောင်းလိုက်၏ ။
သိုသော် သူလက်ကိုရှေ့သို့ ဆန့်ထုတ်လိုက်စဉ်မှာ စစ်ပုဆိန်အရိပ်တွေက နောက်တကြိမ်ထပ်မံရောက်ရှိလာပြန်သည်။ ဒီတကြိမ် စစ်ပုဆိန်အရိပ်တွေ၏ စွမ်းအားက အရင်ကထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်နေတာကြောင့် ဝူကျန့်လဲ နောက်သို့ ကြောက်လန့်တကြားခုန်ဆုတ်သွားရလေသည်။
ထိုနောက် သူဆီသို့ လိုက်ပါလာသော စစ်ပုဆိန်အရိပ်တွေအား အရင်တဆခါက်ကလိုမျိုး တောင်ခွဲလက်ဝါးသိုင်းအပြု၍ တားဆီးရန်ကြိုးစားလိုက်သည်။
ဝူကျန့်က နောက်ထပ်တကြိမ် မီတာများစွာဆုတ်သွားရပြန်သည်။ ထိုအပြင် သူ့မျက်နှာတခုလုံးတွင် ချွေးသီးချွေးပေါက်တွေနှင့် ပြည်နှက်နေသည်။
".... မင်း....!"
သူကမျက်နှာ ရှုံ့မဲ့ရင်း ရှောင်လုံအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
ရှောင်လုံက မရီချင်ရီချင်ဖြစ်နေသော ပုံစံဖြင့်
".... မင်းကိုငါက ထွက်သွားပါ့မယ်လို့ ပြောမိလို့လား...?"
ဝူကျန် မျက်လုံးထဲ၌ အနက်ရောင်အလင်း တခုက ဖျက်ကနဲ လက်သွားပြီး
"....မိတ်ဆွေ ....တကယ်ပဲ ခင်ဗျားမိသားစုကပ်ဘေးစိုက်မှာကို ထဲ့မတွက်တော့ဘူးလား ....."
".... အဲ့ဒါက မင်းတုိ့ နတ်ဘုရားမြို့တော်ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ရအုံးမှာပေါ့....."
အဲ့ဒီစကားပြောပြီးတာနဲ့ ရှောင်လုံကနောက်ထပ်စကားထပ်မပြောတော့ပဲ အန်မီနက် စစ်ပုဆိန်ကိုကိုင်ကာ ခုတ်ပိုင်းလိုက်လေသည်။ အန်မီနက်စစ်ပုဆိန်မှ မီတာလေးထောင်နီပါး မြင့်မားသည့် ရွှေရောင်စစ်ပုဆိန်အလင်းတန်းတွေထွက်ပေါ်လာသည်။ ထိုအပြင် စစ်ပုဆိန်အလင်းတန်းတွေက လေထုကိုဖောက်ထွက်သွားလိုမျိုး လေထုတခုလုံး တုန်ခါသွားသည်။ ထိုကဲ့သို့ ဖောက်ထွက်လာသည့် စစ်ပုဆိန်အရိပ်တွေက ဝူကျန့် အရှေ့သို့ အလျင်အမြန်ရောက်ရှိလာလေသည်။
ထိုကဲ့သို့ အခြေအနေတွေရုတ်တရက်ပြောင်းလဲသွားမှုက ဝူကျန့်၏ ကိုယ်ကိုကိုယ်ယုံကြည်ချက်တွေအား ရိုက်ချိုးလိုက်သလိုမျိုး ဖြစ်သွားသည်။
"..... ယိမ်းနွဲ့နဂါးခြေလှမ်း .... "
ဝူကျန်က နှစ်ခါစဉ်းစားမနေတော့ပဲ နဂါးတကောင်ကဲ့သို့ ကောင်းကင်ပေါ် ခုန်တက်လိုက်သည်။
သူက ရွှေရောင်စစ်ပုဆိန်အလင်းတွေနဲ့ ပွတ်ကာသီကာလေး လွတ်မြောက်သွားသည်။ ထိုနောက် ပေါက်ကွဲသံတခုက သူ့နားထဲသို့ရောက်ရှိလာလေသည်။ ဝူကျန့်က အနောက်ကိုလှည့်ကြည့်လိုက်တော့ အစောပိုင်း သူရပ်နေသည့်နေရာအနောက်တွင်ရှိနေသည့် နန်းတော်ပုံသဏ္ဍာန်အဆောက်အဦးကြီးက အလည်ကနေ ထက်ပိုင်ဖြတ်သွားတကို မြင်လိုက်ရလေသည်ူ
ထိုရလဒ်ကိုကြည့်ရင်း ဝူကျန်မျက်နှာ၌ သွေးရောင်တွေပျောက်ဆုံးသွားသည်။
ဝူကျန်က ကံကောင်းလို့ အချိန်မှီလေး ရှောင်တိမ်းနိုင်ခဲ့တာပဲ ဖြစ်သည်။ သူသာမရှောင်တိမ်းနိုင်ခဲ့ပါက အခုနှစ်ပိုင်းဖြတ်နေမှာက သူပဲ ဖြစ်လေသည်။
ဝူကျန်တယောက် အန္တရာယ်ကနေ လွတ်မြောက်သွားလို့ သက်ပြင်းချနေစဉ်မှာ သူ့ကိုယ်ပေါ်သို့ တောက်ပသော ရွှေရောင်အလင်းတန်းတွေက ဖုံးလွှမ်းသွားသည်။ သူ့လှည့်ကြည့်လိုက်တော့ ရှောင်လုံက သူ့ဆီသို့ နတ်နဂါးကြီးတကောင်အလား ဆင်းသက်လာတာကိုမြင်လိုက်ရသည်။ ရှောင်လုံက အရှေ့သို့ ခုန်ထွက်လာပြီး စစ်ပုဆိန်နှင့် နောက်တကြိမ်တိုက်ခိုက်လိုက်ပြန်သည်။
မျက်စိကျိမ်းမတတ်တောက်ပနေသော စစ်ပုဆိန်အလင်းတန်းတွေက သူ့ဆီသို့ အလျင်အမြန်ရောက်ရှိလာလေသည်။
".... သွေးနီလက်ဝါး ...."
ဝူကျန်လဲ ကြောက်လန့်ကာ အသံကုန်အော်လိုက်သည်။ သူ့လက်ဝါးက သွေးနီရောင်သို့ ပြောင်းလဲကာအရင်ကထက် နှစ်ဆနီးပါးပိုမိုကြီးမားလာသည်။ ဝူကျန်လက်ဝါးနှင့် ရှောင်လုံ စစ်ပုဆိန်အရိပ်တွေက လေထဲတွင် တွေ့ဆုံသွားကြသည်။ ထိုကဲ့သို့ တွေ့ဆုံမှုကြောင့် ပေါက်ကွဲသံတွေ အဆက်မပြတ်ထွက်ပေါ်လာလေသည်။
ပေါက်ကွဲမှုကနေထွက်ပေါ်လာသည့် ပြင်းထန်သော ပြန်ကန်အားတွေက ဝူကျန့်ကိုအနောက်ဘက်သို့ တွန်းထုတ်ပစ်လိုက်သည်။ ထိုကဲ့သို့ လွင့်စင်သွားသည့် ဝူကျန့်နောက်သို့ ခန့်မှန်းရခက်သော စစ်ပုဆိန်အလင်းတန်းတခုက လိုက်ပါလာသည်။ ဝူကျန်က ဖျက်ကနဲ အလင်းတန်းလေးကိုသာ မြင်တွေ့လိုက်ပြိ်း သူ့ရင်ဘတ်တခုလုံး စုတ်ပြတ်သွားသလိုမျိုး နာကျင်သွားလေသည်။
ဝူကျန်က စစ်ပုဆိန်တလက်စိုက်ဝင်နေသော သူ့ရင်ဘတ်ကိုပြန်ငုံကြည့်လိုက်သည်။ ထိုစစ်ပုဆိန်၏ထိပ်ဖျားက သူရင်ဘတ်ကို ဖြည်းဖြည်းချင်းဖောက်ဝင်လာပြီး နောက်ကျောဘက်ထိအောင် ဖောက်ထွက်သွားလေသည်။
ရှောင်လုံက အေးစက်စက်အမူအရာဖြင့် စစ်ပုဆိန်အား ရုတ်တရက်ဆွဲနှုတ်ယူပြီးနောက် မြေကြီးပေါ်သို့ ဆင်းလာသည်။ လေပေါ်တွင်ကျန်ခဲ့သော ဝူကျန်ကိုယ်ထဲမှ သွေးတွေက ရေကာတာကျိုးပေါက်သလိုမျိုး ကျဆင်းလာပြီး ဝူကျန်လဲ မြေကြီးပေါ်သို့ ထိုးစိုက်ကျလာသည်။
ဝူကျန်တယောက် ကောင်းကင်ယံကနေ ကျွမ်းပြန်ကျလာတာကိုကြည့်ရင်း စွင်းဟောက်ရန်က အရမ်းကိုအံအားသင့်သွားလေသည်။
ထိုအပြင် ဝူကျန်က အချိန်မရွေးသေဆုံးသွားတော့မည့်ပုံစံဖြင့် အသက်ငွေ့ငွေ့လေးပဲ ကျန်ရှိတော့တာကို သူသတိပြုမိလိုက်သည်။
ဝူကျန်ဘယ်လောက်ထိအစွမ်းထက်သလဲဆိုတာကို
သူအသိဆုံးပင်ဖြစ်သည်။ ဝူကျန်က စကြာဝဠာတပိုင်း ကောင်းကင်တပိုင်း သိုင်းသမားတယောက်ဖြစ်သလို နတ်ဘုရားအသင်္ချေမြို့တော်ဝန်၏ ဒုတိယတပည့်လဲ ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်တခုအတွင်း သူ့နှင့်အဆင့်တူသော သိုင်းသမားတွေက ဝူကျန့်ကို အနိုင်ယူနိုင်ဖို့ဝေးစွ သူ့နှင့်အဆင့်တူယှဉ်ပြိုင်နိုင်သော သိုင်းသမားရယ်လို့ ပေါ်မထွက်မလာသေးပေ ...။
အခုတော့ ဝူကျန်က ကောင်းကင်အဆင့်၁၀ အထွပ်အထိပ်သိုင်သမားလေးတယောက်လက်ချက်ဖြင့် သေပွဲဝင်ရတေ့ာမှာပဲ ဖြစ်လေသည်။ ထိုအပြင် ရှောင်လုံနှင့် ဝူကျန့်တို့နှစ်ယောက်က သိုင်းကွက်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့သော်လည်း ဝူကျန်တယောက် တိုက်ခိုက်ချိန်မရခဲ့ပဲ အမြဲလိုလို ခုခံသည့်အနေအထားဖြင့်သာ ကုန်ဆုံးခဲ့သည်။
စွင်းဟောက်ရန်တယောက် အတွေးကမ္ဘာအတွင်း နစ်မြှပ်နေစဉ် ဝူကျန်က မြေကြီးပေါ်သို့ ကုန်းရုန်းထလာသည်။ ဝူကျန်က အငြိုးကြီးသော မြွေတကောင်လိုမျိုး ရှောင်လုံကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး အက်ကွဲနေသော အသံဖြင့်
"..... မင်း.....မင်းနောင်တရလိမ့်မယ် .....!"
".... ငါဆိုတဲ့ကောင်ကလဲ မွေးကတည်းက အခုချိန်အထန နောင်တမရခဲ့ဘူးဘူး ..... ငါဆုံးဖြတ်ပြီးတဲ့ ကိစ္စတခါကိုလဲ ဘယ်တော့မှ နောင်တရနေမှာမဟုတ်ဘူး ....."
ရှောင်လုံက ဝူကျန်အား အေးစက်စက်စိုရ်ကြည့်လိုက်လေသည်။
ထိုနောက် ဝူကျန်ကညရှောင်လုံအနောက်နားမှာရှိနေသော စွင်းဟောက်ရန်ကိုကြည့်ကာ ရယ်သံတခုထွက်ပေါ်လာသည်။ ထိုရယ်သံထဲတွင် အထီကျန်မှုနှင့် ကူရာကယ်ရာကင်းမဲ့မှု အငွေ့အသက်တွေပါဝင်နေသည်။ ဝူကျန်က ခြောက်ကပ်ကပ်ရယ်ရင်း
".... ကဲကိုယ်လူတို့ ... ငါတော့အရင်သွားနှင့်ပြီး... မင်းတို့လဲ မကြာခင်ငါ့အနောက်ကို လိုက်လာကြရမှာပါကွာ ...."
ထိုနောက် ကျားကန်ထားရသည့် သူ့ခန္ဓာကိုယ်က ယိုင်ကာ မြေကြီးပေါသို့ လဲပြိုကျသွားလေသည်။
သူကလုံးဝမလှုပ်တော့သလို သူ့ဆီကစကားသံတွေလဲ ထပ်မံ၍ ထွက်မလာတော့ပေ ...။
ရှောင်လုံက သူရဲ့ အန်မီနက်စစ်ပုဆိန်ကို လက်ထဲ ပြန်ထဲ့သိမ်းခိုက်ပြီးဘူကျန်အလောင်းနားသို့ ချဉ်းကပ်သွားသည်။ ထိုနောက် ဝူကျန် ကိုယ်ပေါ်မှ သိုလှောင်လက်စွပ်ကို ဖြုတ်ယူလိုက်သည်။ ဝူကျန်သိုလှောင်လက်စွပ်အတွင်းသို့ စိတ်ဝိညာဉ်အစွမ်းဖြင့် ဝင်ကြည့်လိုက်တော့ ဝိညာဉ်ဆေးလုံးတွေ ၊ ရောဂါကုသဆေးတွေနှင့် ချောင်ကျသော နေရာတွင်သိမ်းထားသည့် အဆင့်၁ ဝိညာဉ်ကျောက်တုံး နှစ်တုံးကိုပါ ရှာတွေ့လိုက်သည်။
ဝူကျန်၏ဝိညာဉ်ဆေးလုံးတွေက အဆင့်၈ အဆင့်၉ အဆင့်ရှိ ဝိညာဉ်ဆေးလုံးတွေပဲဖြစ်သည်။ အခုဝိညာဉ်ဆေးလုံးတွေကို အရင်ကသာရှာတွေ့ခဲ့မယ်ဆိုရင် ရှောင်လုံ ပျော်ရွှင်မိမှာ ဖြစ်သည်။ အခုတော့ အဆင့်၈ အဆင့်၉ ဝိညာဉ်ဆေးလုံးအဆင့်လောက်က ရှောင်လုံအတွက် ဘောင်မဝင်တော့ပေ ...။ ရောဂါပျောက်ကင်းစေသော ဆေးမြစ် ဆေးပင်တွေကတော့ ရှောင်လုံဆီမှာ နတ်လက်စွပ်နှင့် အပြည့်နီးပါးကို ရှိလေသည်။ ထိုအပြင် ရှောင်လုံ နတ်လက်စွပ်ထဲမှ ရောဂါပေါက်ကင်းစေနိုင်သည့် ဆေးမြစ်ဆေးပင် တွေက နှစ်သုံးသောင်းနှင့် အထက်သက်တမ်းရှိသော ဆေးပင်တွေကြီးပဲ ဖြစ်သည်။
ရှောင်လုံက ဝူကျန်လက်စွပ်အား သာမန်ကာလျှံကာလောက်သာ ကြည့်၍ သူရဲ့ နတ်လက်စွပ်ထဲသို့ ပစ်ထဲ့လိုက်သည်။ ထိုနောက် ဝူကျန့်အလောင်းကို ကြည့်၍ လက်ကိုတချက်ဝေ့ယမ်းလိုက်သည်။ ရှောင်လုံလက်ထဲမှ ထွက်ပေါ်လာသော မီးတောက်တွေက ဝူကျန့် အလောင်းပေါ်သို့ ကျရောက်သွားပြီး မျက်စိတမှိတ်အတွင်းမှာပင် ဝူကျန့်တကိုယ်လုံး ကိုလောင်းကျွမ်းဖျက်ဆီးလိုက်သည်။ နောက်ဆုံးတွင် ဝူကျန်အလောင်းကြီးက ပြာပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
မီးတောက် ၏ ကြောက်မက်ဖွယ်ရာစွမ်းအားကိုမြင်တွေ့လိုက်တော့ စွင်းဟောက်ရန်က စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချမိသွားလေသည်။
ထိုအပြင် သူ့အခုမြင်နေသောအရာက သူသိထားသည့် အသိညဏ်တွေကို စိန်ခေါ်နေလေသည်။ စွင်းဟောက်ရန်သက်တမ်းတလျှောက် အခုလိုမျိုး မြင်ကွင်းကိုတခါမှ မမြင်ဘူးခဲ့ပေ ...။
ဒါကဘယ်လို အတွင်းအားမျိုးကနေ ဖြစ်ပေါ်လာတဲ့ မီးတောက်မို့လို့ ဒိလောက်ထိအောင် ကြောက်စရာနေရတာလဲ .....?!
စကြာဝဠာတပိုင်းသိုင်းသမားတယောက်၏ ခန္ဓာကိုယ်က သံသယဖြစ်စရာမလိုလောက်အောင် မာကျောလေသည်။ ထိုကြောင့် သာမာန်မီးတောက်တခုက စကြာဝဠာတပိုင်းသိုင်းသမား၏ ခန္ဓာကိုယ်အား လောင်းကျွမ်းဖျက်ဆီးနိုင်ဖို့ ဝေးစွ
ဆံပင်တစ်ပင်ကိုတောင် လောင်ကျွမ်းနိုင်ဖို့ မလွယ်ကူပေ ...။အခုလိုမျိုး တကိုယ်လုံး ပြာအတိဖြစ်သွားဖို့ဆိုတာက လုံးဝကိုမဖြစ်နိုင်သော အရာတခုဖြစ်သည်။
ရှောင်လုံက စွင်းဟောက်ရန်ဆီသို့ ပြန်လျှောက်လာလိုက်သည်။ ရှောင်လုံသူဆီကိုလာနေတာမြင်တော့မှ စွင်းဟောက်တယောက် အတွေးကမ္ဘာကနေ လန့်နိုးလာပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့်
"ညီ.....ညီအကို အခုလိုကူညီတာကို..... ကျေး....ကျေးဇူးအထူတင်ပါတယ်ဗျာ ... ညီအကိုရဲ့ ကျေးဇူးကို ကျုပ်စွင်းဟောက်ရန် တသက်လုံး အမှတ်ရနေပါမယ် ...."
ရှောင်လုံနှင့် မျက်နှင်းချင်းဆိုင်ရပ်လိုက်သောအခါ စွင်းဟောက်ရန်၏ မျက်လုံးထဲတွင် ကြည်ညိုလေးစားမှု တွေဖြစ်ပေါ်လာသည်။ ထိုအပြင် သူအမူအရာတွေက အလိုလို ရိုကျိုးသွားတာကိုလဲ စွင်းဟောက်ရန်တယောက် သတိမပြုနိုင်လိုက်ပေ ..။
စွင်းဟောက်ရန်စကားကိုကြားတော့ ရှောင်လုံက ပြုံးလိုက်သည်။ ထိုနောက် ခေါင်းခါပြရင်း ပြောလိုက်သည်
".... မလိုပါဘူးဗျာ ...ကျုပ်အစောကြီးထဲက စီနီယာဟီယွမ်ရှုန်းကြောင့် ကူညီတာလို့ ပြောပြီးပြီပဲ
ကဲအခု အဖြူရောင်ဂဒိုဒါမာကို မျိုချလိုက်တော့ ... ကျုပ်က ခင်ဗျားဒဏ်ရာတွေကို ကုသပေးမယ်...."
".... ကောင်းပါပြီ ...."
စွင်းဟောက်ရန်က မငြင်းရဲတော့ပဲ လက်ခံလိုက်ရသည်။ ထိုနောက် စွင်ဟောက်ရန်က အဖြူရောင်ဂဒိုဒါမာရိုးတံကို မြိုချလိုက်သည်။ ရှောင်လုံကတော့ သူလက်ဝါးနှစ်ဖက်တွင် အတွင်းအားတွေကို စုစည်း၍ စွင်းဟောက်ရန်ကျောကုန်းနှင့် ထိကပ်လိုက်သည်။ သူက အဖြူရောင်ဂဒိုဒါမာရိုးတံဆ်ီမှ စွမ်းအားတွေကို စွင်းဟောက်ရန် အလွယ်တကူစုပ်ယူနိုင်ရန်အတွက် အတွင်းအားဖြည့်၍ ကူညီပေးလိုက်ခြင်းပင်...။
သုံးနာရီအကြာသောအခါ ရှောင်လုံ အကူအညီကြောင့်မို့ စွင်းဟောက်ရန်က အဖြူရောင်ဂဒိုဒါမာထဲမှ ဆေးစွမ်းတွေကို အကုန်အစင်စုပ်ယူလို့ ပြီးသွားလေသည်။
"...အခလိုကူညီပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ...."
စွင်းဟောက်ရန်က လက်နှစ်ဖက်ကိုထပ်၍ ရှောင်လုံကို နောက်တကြိမ်ကျေးဇူးထပ်တင်လိုက်လေသည်။ အဖြူရောင်ဂဒိုဒါမာဆီက စွမ်းအားတွေကို စုပ်ယူပြီးတဲ့နောက် သူ့အခုရရှိခဲ့သော ဒဏ်ရာတွေသာမက အရင်ကပုန်းအောင်ကြွင်းကျန်နေသည့် ဒဏ်ရာအဟောင်းတွေပါ ပျောက်ကင်းကုန်တာကို စွင်းဟောက်ရန်သတိပြုမိလိုက်သည်။ ထိုအပြင် သူအတွင်းအားချီတွေကလဲ အရင်ကထက်စာရင် ပို၍ လှုပ်ရှားထကြွနေသည်။
".... မလိုပါဘူးဗျာ ...."
ထိုနောက် ရှောင်လုံကမေးလိုက်သည်
"... ဒါနဲ့ စီနီယာဟီ ဘယ်ရောက်နေတယ်ဆိုတာကိုရော ခင်ဗျားသိလား .....?"
စွင်းဟောက်ရန်က ခေါင်းလာပြလိုက်ပြီး
"... ကျွန်တော်က ဆရာတို့နဲ့ ကွဲသွားတာကြာပြီ ...အခုဆရာနဲ့ တခြားညီအကိုမောင်မှမ တွေဘယ်ရောက်နေကျလဲဆိုတာ မသိတော့ဘူး .... ဒါပေမယ့် ဝူကျန်ပြောပုံအရဆိုရင် လျိုဝူဂျင်က ဆရာကိုတခုခုလုပ်ဖို့ ကြံစည်ထားပုံပဲ ... ကြည့်ရတာ ဆရာတော့ အန္တရာယ်နဲ ကြုံတွေနေပြီထင်တယ် ..."
စွင်းဟောက်ရန်က ပြောရင်းနဲ့ စိတ်လှုပ်ရှားလာသည်။
"... ဒီနေရာကနေ အရင်ထွက်သွာူကြတာပေါ့ဗျာ ..."
ရှောင်လုံက အကြံပြုလိုက်သည်။
စွင်းဟောက်ရန်ကလဲ ခေါင်းညိတ်ပြလိုက်သည်။ ထိုနောက် သူတို့နှစ်ယောက်က အခင်းဖြစ်ပွားရာနေရာကနေ ပျံသန်းထွက်ခွာသွားလေသည်။
".... ဒီတကြိမ် သရဲမြို့တော်ပေါ်ထွက်လာတော့ စီနီယာဟီနဲ့ လျိုဝူဂျင်တို့ နှစ်ယောက်ပဲ လာကြတာလား ....?"
ပျံသန်းနေစဉ် ရှောင်လုံက မေးလိုက်သည်။
"... မဟုတ်ဘူး ကျွန်တော်သိထားသလောက်တော့ ကျွန်တော့ ဆရာနဲ့ လျိုဝူဂျငခအပါအဝင် ဆေဘာအင်ပါရာမြို့က စီနီယာ ယန်ယီ နဲ့ သရဲဝက်ဝံမြို့က စီနီယာ ဝမ်ကျင့် တို့လဲ လာကြပါတယ် ...."
စွင်းဟောက်ရန်ကပဲ ထပ်ပြောလိုက်သည်
"..... သူတို့လာချင်အောင် ဆွဲဆောင်နေတဲ့ ကောလဟာလတွေလဲ ရှိနေတယ် ... ပြောကြတာတော့ ဒီတကြိမ်သရဲမြိုတော်နှင့်အတူ သရဲဘုရင်ကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့ သရဲဘုရင်ကျမ်းလဲ အတူတူပေါ်လာမယ်လို့ ပြောနေကြတာပဲ ...."
ဆေဘာအင်ပါရာမြို့တော်က ယန်ယီ .....!
သရဲဝက်ဝံမြို့က ဝမ်ကျင့်.
အခုချိန်သရဲမြို့တော်ထဲတွင် ဘတ်လန်းဒေသ၏ ထ်ိပ်တန်းသိုင်းပညာရှင်သုံးယောက် ရောက်ရှိနေတာကိုသိသွားတော့ ရှောင်လုံအရမ်းကို အံအားသင့်သွားလေသည်။ ထိုအပြင် တခြားထိပ်သီးသိုင်းသမား ခြောက်ယောက်ကလဲ မရောက်သေးတာလဲ ဖြစ်နိုင်သလို စွင်းဟောက်ရန်မသိတာလဲ ဖြစ်နိုင်သည်။
".... သရဲဘုရင်ကျမ်းက အဲ့လောက်ထိအောင်ကို အစွမ်းထက်သလား ....?"
ရှောင်လုံကမေးလိုက်သည်။
#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၁၅ ......
စီနီယာ ဟီယွမ်ရှုန်းကဲ့သို့ သိုင်းကျမ်းမရှားသည့် ထိပ်သီး သိုင်းပညာရှင်မျိုးကတောင် သရဲဘုရင်သိုင်းကျမ်းကြောင့် သရဲမြို့တော်သို့ ရောက်ရှိနေကတည်းက သရဲဘုရင်သိုင်ကျမ်းက တော်ရုံတန်ရုံသိုင်းကျမ်းတခုတော့ မဖြစ်နိုင်ဘူးဟု ရှောင်လုံက ယူဆလိုက်သည်။
စွင်းဟောက်ရန်က တည်တည်ကြည်ကြည်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
"..... ဟုတ်တယ် .... သရဲဘုရင်ကျမ်းက အရမ်းကိုအစွမ်းထက်တယ် .... သရဲဘုရင်ကျမ်းမှာ အဆင့်ဆယ်ဆင့်ရှိတယ် ..ရှေးခတ် မှတ်တမ်းမှတ်ရာတွေအရ သရဲဘုရင်ကျမ်းကို အဆင့်ကိုးအထိရောက်အောင်ကျင့်နိုင်မယ်ဆိုရင် မရေမတွက်နိုင်သော သက်တမ်းအပြင် သိုင်းလောကတခွင်မှာလဲ ပြိုင်ဘက်ကင်းသွားပြီလို့ ဆိုရိုးစကားရှိတယ် ....
အဲ့ဒါထက်ထူးခြားတာတခုက သရဲဘုရင်သိုင်းကျမ်းကိုအဆင့်ကုန်လေ့ကျင့်ပြီးရင် အင်မော်တယ် တယောက်ဖြစ်လာနိုင်တယ်တဲ့ ....."
(အင်မော်တယ် = မသေမျိုး ...)
တလောကလုံး ပြိုင်ဘက်ကင်း သွားမယ်.....!
အင်မော်တယ်တယောက်တောင် ဖြစ်လာနိုင်တယ်..!
သရဲဘုရင်သိုင်းကျမ်းကို စွင်းဟောက်ရန် အလွန်အကျုးမြောက်ပင့်ပြောဆိုနေတာကိုမြင်တော့ ရှောင်လုံက သူရင်ထဲမှာပဲ ကျိတ်ရယ်လိုက်လေသည်။ ရှောင်လုံပိုင်ဆိုင်ထားသော နတ်အတွင်း အားကျင့်စဉ်ဟာအုပ်၏ ပထမစာမျက်နှာတွင်လဲ သူ့ဆရာ ရန်ဝူကောင်းက ဒီသိုင်းကျမ်းကိုလေ့ကျင့်ပြီးပါက တလောကလုံးတွင် ပြိုင်ဘက်မရှိတော့ဘူးလို့ ရေးသားထားကို ရှောင်လုံ ပြန်သတိ ရမိလိုက်သည်။
သိုင်းကျမ်းပေါင်းမြောက်မြားစွာကို နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးသည့်နောက် ရှောင်လုံသဘောပေါက်လာတာ တခုရှိလေသည်။ ထိုအရာကတော့ သိုင်းသမာစတယောက် ပြိုင်ဘက်ကင်းခြင်း မကင်းခြင်းဆိုတာက သိုင်းကျမ်းနှင့်မသက်ဆိုင်ပဲ လေ့ကျင့်သူနဲ့သာ ဆိုင်တယ်ဆိုသည့် အချက်ပင်ဖြစ်သည်။
"... ဒါဆို သရဲဘုရင်က သူလေ့ကျင့်ခဲ့တဲ့သက်တမ်းတလျှောက်မှာ အဆင့်ဘယ်လောက်အထိ ရောက်ခဲ့လဲ ....?"
ရှောင်လုံက ထပ်မေးလိုက်သည်။ စွင်းဟောက်ရန်က ရှင်းပြလိုက်လေသည်။
".... စီနီယာသရဲဘရင်က သရဲဘုရင်သိုင်းကျမ်းမှာ အဆင့်ခုနှစ် အထိရောက်ခဲ့တယ်လို့တော့ ကျုပ်ကြားဘူးတာပဲ..... သူက သရဲဘုရင်သိုင်းကျမ်းမှာ အဆင့်၇ ပဲ ရောက်ရှိခဲ့ပေမယ့် ရှေးခတ်က ဘုရင်ခြောက်ပါးထဲမှာ ဒုတိယအစွမ်းအထက်ဆုံးဘုရင်တဲ့ .... တတိယနေရာက ဟာကျူလီယန် ဘုရင်တောင်မှ သရဲဘုရင်ဆီမှာ တခါရှုံးဘူးတယ်လို့ ပြောကြတယ်.... တကယ်လို့ သရဲဘုရင်သာ အဆင့်၈ ရောက်အောင်လေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် စကြာဝဠာဘုရင်တောင်မှ သူ့ကိုယှဉ်နိုင်မှာ မဟုတ်တော့ဘူး ....."
စကြာဝဠာ ဘုရင် .....!
စကြာဝဠာ ဘုရင်က ရှေးခတ်ဘုရင်တွေထဲမှာ တခတ်တယောက် အစွမ်းအထက်ဆုံး ဘုရင်တပါးဖြစ်သည်။ စွင်းဟောက်ရန်စကားကြားလိုက်တော့ သရဲဘုရင်သိုင်းကျမ်းကို သိပ်ပြီးအထင်မကြီးသည့် ရှောင်လုံတောင်မှ နဲနဲတော့ဖြုံသွားလေသည်။
ဒါဆို သရဲဘုရင်ကျမ်းက အစွမ်းထက်လှချည်လား.
..! အဆင့်၇ သာ ရောက်ရှိထားသည့် သရဲဘုရင်ကတောင် ရှေးခတ် အစွမ်းထက်လှသော ဘုရင်တွေကြားထဲမှာ ဒုတိယနေရာကို အခိုင်အမာ ရယူထားနိုင်တယ် ဆိုကတည်းက သရဲဘုရင်သိုင်းကျမ်းက အချဉ်မဟုတ်ဘူးဆိုတာကို ရှောင်လုံသဘောပေါက်သွားသည်။
"... ဒါနဲ့ ခင်ဗျား အန်မီနက် စစ်သူကြီးအကြောင်းကိုရော ကြားဘူးသလား ....?"
ရှောင်လုံက ရုတ်တရက်အကြံရကာ စွင်းဟောက်ရန်ကိုမေးလိုက်သည်။
"... အန်မီနက်စစ်သူုကြီး ဟုတ်လား ...!"
စွင်းဟောက်ရန်က အံသြနေသော မျက်နှာဖြင့် ရှောင်လုံကိုကြည့်လိုက်ပြီး
"..... ညီကိုကလဲ အန်မီနက်စစ်သူကြီးကို သိနေလိမ့်မယ်လို့ ကျုပ်မထင်ထားဘူး .... တကယ်တော့ အန်မီနက်စစ်သူကြီးက စကြာဝဠာ ဘုရင်မင်းမြတ်ရဲ့ ညီတော်ပါ ....."
".... စကြာဝဠာ ဘုရင်ရဲ့ ညီတော် ...?"
ဒီတကြိမ်တော့ ရှောင်လုံအံအားသင့်ရမည့် အလှည့်ပင်ဖြစ်သည်။
အန်မီနက်စစ်သူကြီးက ဘုရင်ခြောက်ပါးထဲကမှ ခေါင်းဆောင်ရဲ့ ညီပါလား .....!
အန်မီနက်စစ်သူကြီးက နာမယ်ကျော်ကြားဝူတယောက်လို့တော့ ရှောင်လုံကခန့်မှန်းထားလေသည်။
သို့သော် အန်မီနက်စစ်သူကြီးက စကြာဝဠာဘုရင်မင်းမြတ်၏ ညီတော်ဖြစ်နေသည့်အချက်သည် သူမျှော်မှန်းထားတာထက် အရမ်းကိုကျော်လွန်သွားပြီပဲ ဖြစ်သည်။
စွင်းဟောက်ရန်က ခေါင်းညိတ်ပြလိုက်ပြီး
"... ဟုတ်တယ်ဗျ.... အန်မီနက်စစ်သူကြီးက စကြာဝဠာ ဘုရင်ရဲ့ ညီတော့တယောက်ဖြစ်တယ်ဆိုတာကို ကျုပ်တောင်မှ ရှေးဟောင်းစာအုပ်တခုထဲကနေ တွေ့ခဲ့တာ ....စာအုပ်ထဲမှာတော့ အန်မီနက်စစ်သူကြီးက တောတောင်ရေမြေမှာပဲ ပျော်မွေ့သူတယောက်လို့ ဖော်ပြထားတယ် ...အဲ့ဒါကြောင့်လဲ သူအကြောင်းကို သိတဲ့လူရှားတာထင်တယ် ....."
ရှောင်လုံက ခေါင်းညိတ်လိုက်သည်။
လက်စသတ်တော့ ဒိလိုကိုး ......!
".... စကြာဝဠာ ဘုရင်မင်းမြတ်ရဲ့ ညီတော်တယောက်အနေနဲ့ အန်မီနက် စစ်သူကြီးကလဲ တော်တော်လေး အစွမ်းထက်တယ်လို့ ရေးသားထားတယ် ...."
စွင်းဟောက်ရန်က ထပ်ပြောလိုက်သည်။
သူတို့နှစ်ယောက်က အပြန်အလှန်စကားပြောရင်းနဲ့ ခရီးဆက်လာကြသည်။ သို့သော် အန်မီနက်စစ်သူကြီးက လျှို့ဝှက်သူတယောက်ဖြစ်တယကြောင့် စွင်းဟောက်ရန်ကိုယ်တိုင်လဲ အန်မီနက်စစ်သူကြီးအကြောင်းကို အနဲငယ်သာသ်ိလေသည်။
သူတို့ပျံသန်းလာသော ခရီးတလျှောက်တွင် သိုင်းဂိုဏ်းကြီးတွေမှ တပည့်တွေက ရတနာပစ္စည်းတွေကြောင့် အပြန်အလှန်တိုက်ခိုက်နေကြသည့် မြင်ကွင်းတွေ အဆက်မပြတ်မြင်တွေ့ခဲ့ရသည်။ ရှောင်လုံတို့နှစ်ယောက်ကတော့ တိုက်ပွဲတွေကို လျစ်လျူရှုပြီး ခရီးဆက်လာကြသည်။ သရဲဘုရင်နန်းတော်ထဲတွင် အချင်းချင်း သတ်ဖြတ်နေတာတွေက နေရာအနှံကို ဖြစ်ပွားနေကြတာပဲ ဖြစ်သည်။ သူတို့စိတ်ထဲမှာ ထိုတိုက်ပွဲတွေကို လျစ်လျူရှုထားတာတောင်မှ မြင်ရတွေ့ရတာတွေက စိတ်မချမ်းသာစရာပင်ဖြစ်သည်။
ရှောင်လုံက သူတို့ပျံသန်းလာရာလမ်းတလျှောက် ပျံကြဲနေသော အလောင်းတွေကိုကြည့်ပြိး ခေါင်းခါလိုက်လေသည် ။
ဤကမ္ဘာပေါ်တွင် နေထိုင်ကြသော လူတိုင်းက အသက်ရှင်နေထိုင်ရခြင်းသည် အရာအားလုံးထက်အဖိုးတန်တယ်ဆိုတာကို နားလည်ထားကြသည်။ သိုသော် လောဘဇောတိုက်လာသောအခါ အရေးအကြီးဆုံး အသက်ကိုတောင် ငဲ့ကွက်ခြင်းမရှိကြတော့ပေ ...။
ငှက်တွေက အစာအတွက်အသေခံကြသည်။
လူတွေကတော့ ပစ္စည်းဥစ္စာ ဓနစည်းစိမ်တွေ အတွက် အသေခံကြသည် ။
စွင်းဟောက်ရန်နှင့်ရှောင်လုံတို့က နောက်ထပ်နှစ်နာရီကြာအောင် ထပ်မံပျံသန်းလိုက်ကြသည်။ ရှောင်လုံတို့နှစ်ယောက်၏ ပျံသန်းနှုန်းက အလွန်ကိုမြန်ဆန်သော်လည်း ကျယ်ဝန်းလှသည့် သရဲဘုရင်နန်းတော်ကြီး၏ ဆယ်ပုံတပုံကိုတောင် မရောက်ရှိသေးပေ ...။
ထိုအချိန်တွင် စွင်းစောက်ရန်က ခနရပ်နား၍ သူ့အိပ်ထဲမှ မြေပုံအပိုင်းအစတခုကိုထုတ်လိုက်သည်။ သူက မြေပုံအဝါရောင်ကို သေချာအကဲခတ်ပြီးနောက် တနေရာကို လက်ညိုးထောက်ပြလိုက်သည်
".... ကျွန်တော်အရှေ့မှာ သရဲဘုရင်သိုင်းလေ့ကျင့်ခဲ့တဲ့ သရဲဘုရင်ကျောင်းတော်ကြီးရှိတယ်
အကိုဟောင် ဝင်ချင်စိတ်ရှိလား .....?"
ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီး
"....ခနတဖြုတ် ဝင်ကြတာပေါ့ ...."
ရှောင်လုံက သရဲဘုရင်နန်းတော်နှင့် ရင်းနှီးခြင်းမရှိပေ ...။ သို့သော် သရဲဘုရင်ကျောင်းတော်ကြီးက သရဲဘုရင်သိုင်းလေ့ကျင့်ခဲ့သည့် နေရာတခုဖြစ်တာကြောင့် အထဲတွင် တန်ဖိုးရှိတခုခုများရှိနိုင်မလားဟု ရှောင်လုံကတွက်ဆ၍ အထဲသို့ ဝင်ရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။
ရှောင်လုံသဘောတူတာကိုမြင်တော့ စွင်းဟောက်ရန်က ဦးဆောင်၍ သရဲဘုရင်ကျောင်းတော်ရှိရာသို့ ပျံသန်းလိုက်သည်။ ဆယ်မိနစ်ခန့်ကြာသောအခါ သူတို့နှစ်ယောက်က သရဲဘုရင်ကျောင်းတော်အား လှမ်းမြင်နိုင်သော အကွာအဝေးသို့ ရောက်ရှိလာကြသည်။
သရဲဘုရင်ကျောင်းဆောင်၏ အပေါ်တွင် သိပ်သည်း
သော သရဲအော်ရာတွေက ခေါင်းအုံးနှင့်တူသော သရဲတိမ်တိုက်တွေအဖြစ်သို့ စုစည်းဖြစ်ပေါ်နေလေသည်။ ရှောင်လုံတို့အဝေးမှာရှိနေတာတောင် ထိုသရဲတိမ်တိုက်တွေဆီကနေ ထွက်ပေါ်လာသည် စူးစူးဝါးဝါး အော်ဟစ်သံတွေက သူတို့စိတ်ဝိညာဉ်ကို လှုပ်ခါသွားစေသည်။
သူတို့နှစ်ယောက် သရဲဘုရင်ကျောင်းတော် အနားသို့ရောက်ရှိလာသောအခါ ကျောင်းတော်အတွင်း တိုက်ပွဲဖြစ်ပွားသံ နှင့် စိတ်ဆိုးစွာဖြင့် အော်ဟစ်သံတွေကိုကြားလိုက်ရသည်။ သရဲဘုရင်ကျောင်းတော်ထဲကို သူတို့ထက်အရင်ရောက်ရှိနေတဲ့သူတွေရှိနေပြီဆိုတာကို ရှောင်လုံသဘောပေါက်လိုက်သည်။
".... ဒါ...ဒါက တတိယဆရာတူအကိုရဲ့ အသံပဲ ....!"
ထိုအော်ဟစ်သံကို ကြာစလိုက်ရသောအခါ စွင်းဟောက်ရန်တယောက် မျက်နှာပျက်သွားပြီး
"... တတိယဆရာတူအကိုတော့ အန္တရာယ်ကြုံနေပြီထင်တယ် .....!"
ထိုနောက် သူတို့နှစ်ယောက်က သရဲဘုရင်ကျောင်းတော်အတွင်းသို့ တဟုန်ထိုး ပျံသန်းသွားလိုက်သည်။ သရဲဘုရင်ကျောင်းတော်ထဲကိုရောက်တော့ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မုတ်ဆိတ်မွေးနှင့် သတ်လတ်ပိုင်းလူကြီးကို အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သတ်လတ်ပိုင်း အရွယ်လူနှစ်ယောက်က ဝိုင်းဝန်းညှပ်ပိတ်၍ တိုက်ခိုက်နေတာကို မြင်လိုက်ရသည်။
ထို အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ်လူကြီး၏ အကျီရင်ဘတ်နေရာတွင် စွင်းဟောက်ရန်ကဲ့သို့ ခေါင်းနှစ်လုံးနှင့် ကောင်းကင်သားရြဲကီးပုံကို ရေးဆွဲထားသည်။
ထိုကဲ့သို့ တိုက်ခိုက်နေကြသော လူသုံးယောက်နှင့် မလှမ်းမကမ်းတွင် တိုက်ပွဲကိုကြည့်ရှုနေကြသည့် လူငယ်စုံတွဲ တတွဲလဲရှိနေသည်။
သိုသော် ထိုလူငယ်စုံတွဲကလဲ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူနှစ်ယောက်နှင့် တဖွဲ့တည်းဖြစ်ကာ သူတို့နှစ်ယောက်ကလဲ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။
".... နှင်းနဂါး မြို့က လူတွေပါလား ....!"
စွင်းဟောက်ရန်က သူ့အကို၃ အား ဝန်ရံတိုက်ခိုက်နေကြသည့် သတ်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်ကိုမြင်တော့ သူ့မျက်နှာတလုံး နီရဲခက်ထန်လာသည်။ ထိုအပြင် လူငယ်စုံတွဲကလဲ နှင်းနဂါးမြိုတော်ဝန်၏ တပည့်တွေဖြစ်ကြသည်။
နှင်းနဂါးမြို့တော် .....!
ရှောင်လုံလဲ အံသြသွားသည်။ ထိုနောက် ရှောက်လုံက အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော သတ်လတ်ပိုင်း အရွယ်လူကြီးနှစ်ယောက်၏ အကျီလက်နေရာတွင် အဖြူရောင်နဂါးကြီး တကောင်ပုံကို မြင်လိုက်ရသည်။ နှင်းနဂါးမြို့က ဘတ်လန်းဒေသ၏ ထိပ်တန်းဆယ်မြို့ထဲမှာ တမြို့အပါအပါအဝင်ဖြစ်သည်။ ထိုအပြင် နှင်းနဂါးမြို့က စွင်းဟောက်ရန်တို့ရဲ့ ထောင်စုနှစ်မြို့ထက် တဆင့်ပိုမြင့်သောမြို့တမြို့လဲ ဖြစ်သည်။ နှင်းနဂါးမြို့၏ မြို့တော်ဝန် အောင်းဂူ
ကလဲ နာမယ်ကျော်သိုင်းပညာရှင်တဦးဖြစ်သည်။
"... အဲ့ဒိလူငယ်စုံတွဲက နှင်းနဂါး အောင်းဂူရဲ့ တပည့်တွေပဲ ဖြစ်ရမယ် ...."
ရှောင်လုံက စဉ်းစားကြည့်လိုက်သည်။
"...ရှေ့ထွက်ပြီး တိုက်ခိုက်နေတဲ့လူနှစ်ယောက်ကတော့ သူတို့ရဲ့ ကိုယ်ရံတော်တွေနဲ့တူတယ် .."
ထိုအချိန်တွင် စွင်းဟောက်ရန်၏ အကို၃ ဖြစ်သော ပင်ဖန်ရဲ့ ပခုံးကို အားပြင်းသော လက်သီးတချက် ထိမှန်သွားလေသည်။ ပင်ဖန် ပါးပ်ကနေ သွေးတွေစီးကျလာပြီး သူကလဲ အနောက်ဘက်သို့ ယိုင်ထွက်သွားသည်။
"... အကို ၃ ...."
စွင်းဟောက်ရန်က စိုးရိမ်တကြီးအော်ခေါ်ရင်း ပင်ဖန်ပခုံးကို လက်သီးဖြင့် ထိုးလိုက်သည့် အပြာရောင်ဝတ်စုံနှင့် လူကြီးအား တဟုန်ထိုးဝင်ရောက်တိုက်ခိုက်လေသည်။ သူစိတ်ထဲမှာတော့ သူ့အကို၃ နှင်းနဂါးမြို့က လူတွေနဲ့ ဘာကြောင့် တိုက်ပွဲ ဖြစ်နေသလဲဆိုတာကို မသဲကွဲသေးပေမယ့် သူ့ဆီမှာ အသေးစိတ်မေးမြန်းဖို့အတွက် အချိန်မရတော့ပေ ...။
စွင်းဟောက်ရန်၏ အားကုန်ထိုးလိုက်သော လက်သီးချက်ကြောင့် သက်လတ်ပိုင်းအရွယ် လူကြီးက အနောက်သို့ ဆုတ်ခွာသွားလေသည်။ ထိုကြောင့် ပင်ဖန်က အဲ့ဒီအခွင့်အရေးကိုအသုံးချကာ ဒုတိယလူအား လက်သီးတချက်ထိုးလိုက်သည်။ တိုက်ပွဲက ရုတ်တရက် ညီမျှသွားလေသည်။
".... ညီ ၄ .... မင်းဘာလာလုပ်တာတုံး ...အမြန်ပြေးတော့ ......!"
ပင်ပန်က စွင်းဟောက်ရန်ကို မြင်လိုက်တော့ ပျော်ရွှင်သွားရမည့်အစား သူက အရမ်းဒေါသထွက်နေဟန်ဖြင့် အော်ဟစ် သတိပေးလိုက်သည်။ အကယ်၍ သူ့ညီ၄နေရာကို ရောက်ရှိလာသူက သူ့အကို၁ သာဖြစ်နေမယ်ဆိုရင် သူအတွက် လွတ်လမ်းကိုမျှော်လင့်လို့ရနိုင်သေးသည်။ သို့သော် စွင်းဟောက်ရန်၏ အတွင်းအားက သူ့ထက်ပင် အနဲငယ် လျော့ကျနေသေးသည်။
သူ့ညီ၄ နှင့်အတူတူပါလာသော ဆံပင်အနက်နှင့်ကောင်လေးကိုတော့ သူတခါမှ မမြင်ဘူးပေ ... ။ ထိုအပြင် အဲ့ဒိလူငယ်လေးက အခုမှ ကောင်းကင်အဆင့်၁၀ အထွပ်အထိပ်အဆင့်၌ သာရှိသေးသည်။ အခုလိုမျိုး စကြာဝဠာတပိုင်းသိုင်းသမား လေးယောက်နှင့် တိုက်ပွဖြစ်နေသော အခြေအနေတွင် ကောင်းကင်အဆင့်၁၀ အထွပ်အထိပ်အဆင့် သိုင်းသမားမဆိုထားနှင့် စကြာဝဠာတပိုင်းအဆင့်ကိုရောက်နေသည့် သိုင်းသမားတယောက်တောင်မှ သူ့တို့အတွက် သိပ်ပြီး အကူအညီပေးနိုင်မှာ မဟုတ်ပေ ...။
"... ထွက်ပြေးတယ်ဟုတ်လား ...? မင်းတို့ရောက်လာမှတော့ ထွက်ပြေးဖို့ အိမ်မက်မက်မနေနဲ့တော့ ....."
လူငယ်စုံတွဲက ပင်ဖန်တို့ကို လှောင်ပြောင်ရင်း သူတို့လူစုအား ထွက်မပြေးနိုင်အောင် ဝိုင်းရံ ထားလိုက်သည်။ ရှောင်လုံမှန်းဆချက်က မှန်လေသည်။ ထိုလူငယ်စုံတွဲက နှင်းနဂါးမြို့တော်ဝန်၏ တပည့်တွေပဲ ဖြစ်သည်။ လူငယ်နာမယ်က တုဟွာကန် ဖြစ်ပြီး မိန်းကလေး နာမယ်ကတော့ လီလီ ပဲဖြစ်သည်။ထိုအပြင် အပြာရောင်ဝတ်စုံနှင့် လူကြီးနှစ်ယောက်က လိ်ီလီတို့၏ သက်တော်စောင့်တွေပဲ ဖြစ်သည်။ သူတို့လေးယောက်စလုံးက အင်မတန်အစွမ်းထက်ကြသလို သူတို့အတွင်းအားတွေကလဲ စကြာဝဠာတပိုင်း အဆင့်ကို ရောက်ရှိနေကြသည်။
လီလီက အရှေ့ကို လျှောက်လာပြီး ရှောင်လုံနှင့် စွင်းဟောက်ရန်တို့နှစ်ယောက်ကို ခပ်မြန်မြန် အကဲခတ်လိုက်သည်။ ထိုနောက်သူမက ရှောင်လုံနှင့်စွင်းဟောက်ရန်အား မျက်လုံးထဲကို ထဲ့မထားသောပုံစံဖြင့် လှောင်ရယ်ရယ်လိုက်သည်။
လီလီက ပင်ဖန်ကိုကြည့်ကာ
".... ပင်ဖန် .... သရဲမြို့တော်ကို နင်တို့ထောင်စုနှစ်မြို့က လူတွေ မလာသင့်ဘူး .... "
လီလီက နှလုံးကွဲကြေမတတ် ဝမ်းနဲသွားသည့်ဟန်ပန်ဖြင့် ခေါင်းခါ၍ ဆက်ပြောလိုက်သည်
".... ပြောရတာတော့စိတ်မကောင်းဘူးဟာ .... နင်တို့ ဆရာတပည့် ခြောက်ယောက်ကစလုံး သိပ်မကြာခင် သရဲမြို့ထဲမှာပဲ မြေမြှပ်သဂြိုလ်ခံရတော့မှာ .... နောက်ထပ်တလလောက်ကြာရင် နင်တို့ရဲ့ထောင်စုနှစ်မြို့ကြီးကလဲ ဘတ်လန်းမြေပုံပေါ်ကနေ ထာဝရပျောက်ကွယ်သွားတော့မှာ...."
လီလီစကားကိုကြားတော့ စွင်းဟောက်ရန်တယောက် မျက်စိပျက် မျက်နှာပျက်ဖြစ်သွားသည်။
လီလီစကားတွေအရ သူတို့ရဲ့ နှင်းနဂါးမြို့ကလဲ ထောင်စုနှစ်မြို့ကို ထောက်ချောက်ဆင်နေပြီပေါ့....!
ဒါဆိုရင် အခုအစီအစဉ်ကို နှင်းနဂါးမြို့နဲ့ နတ်ဘုရားအသင်္ချေမြို့တို့က ပူးပေါင်းကြံစည်တာလား ......!
တုဟွာကန် က သတ်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်အား မာနထောင်လွှာစွာဖြင့် အမိန့်ပေးလိုက်သည်
".... မင်းတို့နှစ်ယောက် က အဲ့ဒီဆရာတူတပည့်နှစ်ကောင်ကို ရင်ဆိုင်ထားလိုက် .... ဒီကောင်လေးကို ငါအပြတ်ရှင်းလိုက်မယ် ....."
".... ကောင်းပါပြီ သခင်လေး ...."
သတ်လတ်ပိုင်းအရွယ်လူကြီနှစ်ယောက်က ရိုရိုသေသေဖြင့် ပြန်ဖြေလိုက်ပြီး ပင်ဖန်နှင့် စွင်းဟောက်ရန်တို့နှစ်ယောက်ကို ချက်ချင်းဝင်ရောက်တိုက်ခိုက်လေသည်။
တုဟွာကန်က ရန်သူသုံးယောက်ထဲကမှ အားအနဲဆုံးလို့ ထင်ရသည့် ရှောင်လုံကို ရွေးချယ်လိုက်ခြင်းဖြစ်သည် ။