ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

306 - 310

234 17 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၀၆ ......ငါကဘာလို့ထွက်ပြေးရမှာလဲ...?

  အစကတော့ ကျောက်ချန်က ရှောင်လုံကို အိမ်ထဲအထိ ဝင်ဖမ်းဖို့ စီစဉ်ထားတာပဲ ဖြစ်သည် ။ သိုသော်အခု ရှောင်လုံပြန်ရောက်လာပြီဆိုတော့ အတော်ပဲ ဖြစ်သွားလေသည်။

".... အိမ်တော်ထိန်းဖန် .... ခင်ဗျားရဲ့ အမှိုက်လိုကောင် တွေကိုပြောထားလိုက် ...ဟောင်ရှောက်လုံ သတိမထားမိသွားစေနဲ့လို့ ...
ကျုပ်မရောက်မချင်း တစက်လေးမှ မလှုပ်ရှားကြဖို့ မှာထားလိုက် ...."

"... ကောင်းပါပြီ သခင်လေး...."

အိမ်တော်ထိန်းဖန်က ကျောက်ချန်စိတ်ကြေနပ်သွားအောင် အလျင်အမြန်ပြန်ဖြေလိုက်သည်။ ခနလောက်နေတော့ ကျောက်ချန်က သိုင်းသမားလူတစုနှင့်အတူ ရှောင်လုံအိမ်တော်ဆီသို့ ထွက်လာလေသည်။

သူတို့လာနေစဉ် ရှောင်လုံကတော့ ခြံဝန်းထဲသို့ ဝင်လိုက်သည်။ ရှောင်လုံကိုမြင်လိုက်တော့ ကျင်းရန်၊ လီဖေး ၊ ဂျိဒေါင်နှင့် ဖန်အင်ချောင်တို့က စိတ်ဓတ်တွေပြန်လည်တက်ကြွလာသည်။ သူတို့လေးယောက်က ရှောင်လုံဆီသို့ အပြေးတပိုင်းလာရင်း နှုတ်ဆက်လိုက်ကြသည်။

အပြန်အလှန် နှုတ်တက်ကြပြီးတာနဲ့ ရှောင်လုံက သူမရှိစဉ်ကာလအတွင်း အိမ်တော်အခြေအနေကို မေးမြန်းလိုက်သည် ။
ကျင်းရန်က အခြေအနေတွေကိုရှင်းပြလိုက်သည်။ သူ့မရှိစငသ်ကာလအတွင်း ကျောက်ချန်လူတွေက သူတို့လူစုကို မျက်စိဒေါက်ထောက်ကြည့်နေတာကို သိသွားတော့ ရှောင်လုံက သရော်ပြုံး ပြုံးလိုက်၏ ။

ထိုနောက် ရှောင်လုံက သူ့စိတ်ဝိညာဉ်အာရုံကိုဖြန့်ကျက်လိုက်ပြီး ရုတ်တရက်ပျောက်ကွယ်သွားလေသည်။ ရှောင်လုံပြန်ပေါ်လာချိန်မှာတော့ သူ့လက်ထဲမှာ ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားကြသော သတ်လတ်ပိုင်းအရွယ်လူလေးယောက် ပါလာသည်။

ရှောင်လုံက သူ့လက်ထဲက လူတယောက်ချင်းဆီကို ခြံဒေါင့်သို့ ကန်ထုတ်လိုက်သည် ။ ရှောင်လုံက ထိုလူကြီးလေးယောက်က  အရုပ်လေးတွေကဲ့သို့ စိတ်ရှိလက်ရှိပြုမူနေတာကို ကျင်းရန်တို့လူစုက ပါးစပ်အဟောင်းသားဖြင့်ငေးကြည့်နေကြလေသည်။ ထိုသတ်လတ်ပိုင်းအရွယ်လူလေးယောက်က သူတို့ကိုစောင့်ကြည့်နေသော ကျောက်ချန်၏ လက်အောက်ငယ်သားတွေကို သူတို့သိထားသည်။ ထိုအပြင် ထိုသတ်လတ်ပိုင်းအရွယ်လူလေးယောက်စလုံးက ကောင်းကင်အဆင့်၈ သိုင်းသမားတွေကြီးပဲ ဖြစ်သည်။

ဒါ...ဒါ ဆိုရင် သခင်လေး ရှေးခတ်နတ်ဘုရားမျိုးနွယ်စုမှ သိုင်းပညာရှင်ရဲ့ ဂူဗိမာန်ကို ရှာတွေ့ခဲ့ပြီလား..?

အဲ့ဒီ အကြောင်းအရင်ကလွဲ၍ ရှောင်လုံအတွင်းအားတွေကို အချိန်ခုနှစ်လလေးအတွင်းမှာ အခုလောက်အထိ တိုးတက်လာစေသည့် အကြောင်းအရာကိုသူတို့ စဉ်စားလို့မရကြပေ...။

".... သခင်လေးရဲ့အတွင်းအားတွေက   ကောင်းကင်အဆင့်၈ ကိုကျော်ဖြတ်သွားပြီး ကောင်းကင်အဆင့်၈ နောက်ဆုံးအဆင့်ထိ ရောက်သွားပြီထင်တယ် ... အင်းအထွတ်အထိပ်အဆင့်ကို ရောက်နေတာလဲ ဖြစ်နိုင်ပါတယ်လေ ...."

ကျင်းရန်က ရှောင်လုံကိုကြည့်ရင်း မှန်းဆကြည့်လိုက်သည်။ ကျင်းရန်၏အတွေ့အကြံတွေအရ ရှောင်လုံက သူအတွင်အားတွေ ကောင်းကင်အဆင့်၇ အလယ်အဆင့်မှာရှိနေစဉ် အချိန်ကပင် ကောင်းကင်အဆင့်၈ နောက်ဆုံးအဆင့် သိုင်းသမားတွေကို အနိုင်ယူနိုင်စွမ်းရှိတာကို ကျင်းရန် သိထားသည်။

ထိုကြောင့် ရှောင်လုံအတွင်းအားတွေသာ ကောင်းကင်အဆင်၈ကို ရောက်ရှိသွားပြီဆိုရင် တခြား ကောင်းကင်အဆင့်၈ သိုင်းသမားတွေကို အလွယ်တကူရင်ဆိုင်နိုင်တာက ထူးဆန်းသောကိစ္စတခုတော့မဟုတ်ပေ ...။

ရှောင်လုံကတော့ သူ့တပည့်လေးယောက်ရဲ့ ခေါင်းထဲမှာ ဘာတွေတွေးနေသလဲဆိုတာကို မသိပေ ... ။ သူကမြေကြီးပေါ်မှာ လဲကျနေသည့် လူလေးယောက်ကိုကြည့်ရင်း အေးစက်သက်လေးသံဖြင့်

".... ပြောစမ်း.... မင်းတို့ရဲ့ သခင်ကျောက်ချန်က ငါ့ကိုဘာလို့ အဲ့လောက်ထိ ရန်လိုနေရတာလဲ  ....?"

သူနဲ့တခါမှ မသိထားသောလူတယောက်က သူအပေါ်ဘာကြောင့် အခုလောက်အထိ ပြင်းပြင်းထန်ထန် ရန်လိုနေရသလဲ ဆိုတာကို ရှောင်လုံက သိချင်နေသည်။

မြေကြီးပေါမှာလဲကျနေသော လူလေးယောက်က ရှောင်လုံအမေးစကားကို လျစ်လျုရှုထားကြသည် ။သူတို့က ရှောင်လုံကိုသာ သနားသလိုမျိုး စိုက်ကြည့်နေကြသည် ။ တယောက်ကဆီက  စကားသံထွက်ပေါလာသည်

".... ကောင်လေး ... မင်းအသိညဏ်ရှိသေးတယ်ဆိုရင် ငါတို့ကိုအခုချက်ချင်းလွှတ်ပေးလိုက်သင့်တယ်နော် ... အဲ့လိုမှမဟုတ်ရင်
မင်းသေချင်တာတောင် မသေရဘူးဖြစ်သွားလိမ့်မယ် ...."

"... ဟုတ်တယ် .... မင်းငါတို့ကို အခုလွှတ်ပေးလိုက်မယ်ဆိုရင် ငါတို့သခင်လေးက မင်းအလောင်းကို မဖျက်ဆီပဲ အကောင်းပကတိထားပေးချင် ထားပေးလိမ့်မယ် ...."

နောက်လူတယောက်က ရှောင်လုံကိုအထင်အမြင်သေးစွာဖြင့်ကြည့်ရင်း ထပ်ပြောလိုက်သည်။

"... အဲ့လိုလား....?"
ရှောင်လုံ မျက်နှာထားက ချက်ချင်းကို အေးစက်တင်းမာသွားသည်  ။ ထိုနောက် ရှောင်လုံက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည် ။ ရှောင်လုံလက်ကနေ ထွက်ပေါ်လာသော ဆွဲငင်အားက စကားပြောလိုက်သည့် လူနှစ်ယောက်ကို ဆွဲယူလိုက်၏ ။

ရှောင်လုံက ထိုလူကြီးနှစ်ယောက်အား အရုပ်လေးတွေကဲ့သို့ လည်ပင်းကနေ ကိုင်မြှောက်ရင်း အေးစက်စက်ပြောလိုက်သည်

".... ကောင်းပြီလေ ခင်ဗျားတို့စကားအတိုင်း ခင်ဗျားတို့အလောင်းတွေကိုတော့ ကျုပ်အကောင်းပကတိအတိုင်းထားပေးမှာပါ...."

သူ့စကားဆုံးတာနဲ့ ရှောင်လုံက လည်ပင်းတွေကိုဆုပ်ကိုင်ထားသော လက်ချောင်းတွေအပေါ်သို့ အားစိုက်လိုက်သည် ။ ထိုနောက်
"... ဂျွတ် ....ဂျွတ် ...."
ဆိုသည့် အသံနှင့်အတူ ထိုလူကြီးနှစ်ယောက်၏ လည်ပင်းတွေက ဘေးသို့ စောင်းကျသွားသည်။

ထိုလူကြီးနှစ်ယောက်က ရှောင်လုံအခုလို လုပ်ရဲလိမ့်မည်ဟု မထင်ထားသောကြောင့် အံသြမှင်သက်စွာဖြင့် မျက်လုံးတွေပြူးကျယ်ရင်း မြေကြီးပေါ်သို့ လဲပြိုသွားသည် ။ ကျန်ရှိသော လူနှစ်ယောက်ကလဲ သူတို့အဖော်တွေရဲ့ အလောင်းတွေကိုကြည့်ရင်း သွေးပျက်ခြောက်ခြားကုန်ကြသည်။ အစောပိုင်းက သူတို့ရဲ့ မျက်နှာထက်မှာရှိနေသော မောက်မာထောင့်လွှားမှုတွေရဲ့နေရာကို ကြောက်ရွံတုန်လှုပ်မှုတွေက အစားထိုးဝင်ရောက်သွားသည်။

ရှောင်လုံက သူတို့အနားကို ချဉ်းကပ်သွားသည်။ ရှောင်လုံလာနေတာမြင်တော့ နှစ်ယောက်စလုံးက ကြောက်လန့်တကြားဖြင့်

".... မင်း...မင်း....ငါတို့ကို သတ်လို့မရဘူးနော်...."

"... ခင်ဗျားတို့ မသေချင်ရင် ကျုပ်မေးတာကိုကောင်းကောင်းဖြေ .... ကျောက်ချန်က ကျုပ်ကိုဘာလို့ အဲ့လောက်ထိ ရန်ငြိုးဖွဲ့နေရတာလဲ ....?"

ရှောင်လုံမျက်လုံးတွေက အေးစက်စက် အလင်းတန်းတွေနဲ့ တောက်ပလာသည်။

"....ကျွန်တော်တို့မသိပါဘူး .... ကျွန်တော်တို့ကိုမသတ်ပါနဲ့ ကျွန်တော်တို့လဲ တကယ်ကိုမသိလို့ပါ ...."

".... ကျွန်တော်တို့ကို သခင်လေး လှုပ်ရှားမှုတွေစောင့်ကြည့်ခိုင်းထားတဲ့သူက အိမ်တော်ထိန်းဖန် ပါ .... သခင်လေးကျောက်ချန်က ဘာကြောင့် သခင်လေးကို အခုလောက်အထိ မုန်တီးနေသလဲဆိုတာကိုတော့ ကျွန်တော်လဲ မသိပါဘူး ...."

ထိုလူကြီးနှစ်ယောက်က သူတို့လွတ်လို့လွတ်ငြားဖြင့် သိထားသလောက်ကိုပြောပြလိုက်ကြသည် ။

".... အဲ့လိုဆိုမှတော့ ခင်ဗျားတို့နှစ်ယောက် အသက်ရှင်ခိုင်းလို့လဲ ဘာထူးတော့မှာလဲ ...."

ရှောင်လုံ မှတ်ချက်ပေးလိုက်သည်။ ထိုနောက် နောက်ထပ်စကားမဆိုတော့ပဲ လေထဲသို့လက်သီးတချက်ထိုးလိုက်သည်။

ရှောင်လုံ၏ ထူးခြားလေဟာနယ်နတ်လက်သီးက ကျောက်ချန်လက်အောက်ငယ်သားနှစ်ယောက်ရင်ဘတ်သို့ ဖောက်ထွက်သွားပြီး သူတို့ရင်ဘတ်မှာ လက်သီးအရွယ်အစားလောက် အပေါက်ကြီးတွေဖြစ်ပေါ်လာသည်။

ကျင်းရန် ၊ လီဖေး ၊ ဂျိဒေါင်နှင့် ဖန်အင်ချောင်တို့က ကျောက်ချန်လက်အောက်ငယ်သားလေးယောက်ကို ရှောင်လုံ မျက်တောင်မချက်မခတ်ပဲ သတ်ပစ်လိုက်တာကိုကြည့်ရင်း အရမ်းကို အံသြတုန်လှုပ်သွားကြသည်။

".... သခင်လေး ကျွန်တော်တို့ နတ်ဘုရားအသင်္ချေမြို့ကနေ အခုချက်ချင်းထွက်သွားမှထင်တယ်နော် ...."

ကျင်းရန်က ဆင်ဆင်ခြင်ခြင်ဖြင့် ပြောလိုက်သည် ။ ကျောက်ချန်က သူလူတွေအသတ်ခံရလိုက်တဲ့အပေါ် အခဲကြေမှမဟုတ်ဘူးဆိုတာကို သူသိထားသည်။

"... ထွက်သွားကြမယ် ဟုတ်လား ...?"

ရှောင်လုံက အဝေးကောင်းကင်တနေရာသို့ မော့ကြည့်ရင်း

".... ကျုပ်တို့အခုထွက်သွားချင်ရင်တောင် အချိန်မမှီတော့ဘူး ...."

ကျင်းကန်နှင့်တခြားသုံးယောက်က ရှောင်လုံ၏ပြန်ဖြေမှုအပေါ်၌ ဇဝေဇဝါဖြစ်နေကြစဉ် မိုးကုတ်စက်ဝိုင်းကြီး၏ အဝေးကနေ အမဲရောင်အစက်လေးတွေပေါ်လာသည်။ ထိုအမဲစက်လေးတွေက ရှောင်လုံတို့လူစုရှိရာသို့ အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ပျံသန်းလာကြသည်။

ရှောင်လုံကတော့ ထိုအမဲစက်လေးတွေက ကျောက်ချန်လူစု ပျံသန်းလာတာမှန်းသိနေသည်။ ရှောင်လုံက စဉ်းစားကြည့်လိုက်သည်
အော်ကျောက်ချန်.... ကျောက်ချန်  ... မင်းအနံခံ တယ်ကောင်းပါလားကွ ..... ငါမြို့တံခါးဝကိုရောက်ကတည်းက မင်းထွက်လာတာ မင်းဆီကို သတင်းရောက်နေပြီးသားကိုး .....။

.ကျောက်ချန်တို့လူစု ပျံသန်းလာတာကိုမြင်သော်လည်း ရှောင်လုံကထွကိပြေးတိမ်းရှောင်ခြက်းမရှိပဲ သု့ရှိနေငည့်နေရာ၌ပင် တည်တည်ငြိမ်ငြိမ် ရပ်နေသည် ။ ခနလောက်ကြာတော့ ကျောက်ချန်နှင့် အပေါင်းအပါတွေက ရှောင်လုံခြံဝန်းထဲသို့ ဆင်းသက်လိုက်ကြသည်။

ကျောက်ချန်က ဆင်းဆင်းချင်းမှာ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်လေသည် ။ ထိုအခါ မြေကြီးပေါ်မှာ လဲလျောင်းနေကြသည့် သူ့လက်အောက်ငယ်သားလေးယောက်၏ အလောင်းတွေကိုမြင်လိုက်သည်။
ကျောက်ချန်မျက်နှာက ချက်ချင်းဆိုသလို သုန်မှုန်သွားလေသည်။ ကျောက်ချန်က ရှောင်လုံက ဒေါသတကြီးအော်ငေါက်လိုက်၏

"....ဟြောင့် မင်းက ငါ့လူတွေကိုသတ်ရဲတယ်ပေါ့ ...."

သူဆိုလိုချင်တာက ခွေးကိုရိုက်ချင်ရင်တောင် ခွေးရှင်မျက်နှာကိုထောက်ရမည်ဆိုသည့် သဘောပင်ဖြစ်သည် ။ အခုတော့ ရှောင်လုံက ခွေးကို ရိုက်ထုတ်ရုံသာမက သတ်ပါသတ်လိုက်သည် မဟုတ်ပါလား ....။

  ထိုလူလေးယောက်လေးယောက်က သူလူတွေဆိုတာကို ရှောင်လုံသိထားမှန်း ကျောက်ချန်နားလည်ထားသည်။

ရှောင်လုံက မျက်နှာသေလေးဖြင့် ပြန်မေးလိုက်သည်

"... ငါကဘာလို့ မသတ်ရဲရမှာလဲ ...?"

ကျောက်ချန်က ရှောင်လုံအား စူးစူးဝါးဝါးစိုက်ကြည့်ရင်း သူ့မျက်လုံးထဲမှာ ပြာလဲ့လဲ့ အလင်းတန်းတွေ တောက်ပလာသည် ။ ထိုနောက် ကျောက်ချန်က ရုတ်တရက်ရယ်ချလိုက်သည်

"....  ဟောင်ရှောင်လုံ ....ဟောင်ရှောင်လုံ.... ဟိုအဖိုးကြီး ဟီယွမ်ရှုန်းက  ကာကွယ်ပေးထားလို့ ငါက မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား ....?"

"... ငါမင်းကို တခုတော့ပြောလိုက်မယ် .... ငါ့ကို အပြစ်ပြုမိထားတဲ့ သူတွေအကုန်လုံး သက်ဆိုးမရှည်ကြဘူးကွ ...."

ထိုနောက် ကျောက်ချန်ကိုယ်ထဲကနေ ပြာလဲ့လဲ့ မီးတောက်တွေ ထွက်ပေါ်လာပြီး လှပစွာ ယိမ်းနွဲ့နေကြသည် ။ ပတ်ဝန်ကျင်မှ လေထုက ထိုအပြာရောင်မီတောက်တွေ့နှင့် တွေ့ဆုံသွားသည့်အခါ ပတ်ဝန်းကျင်တခုလုံးက မီးတောင်တခုအတွင်းသို့ရောက်သွားသည့်နှယ် အပူချိန်တွေတဟုန်ထိုး မြင့်တက်လာလေသည်။

မြင့်တက်လာနေသော အပုရှိန်ကြောင့် အခန်းထောင့်တနေရာ၌ ရှိနေသော အိုးကြီးတလုံးအတွင်းမှ ရေတွေ တဖြည်းဖြည်းနှင့်အငွေ့ပျံလာ မြူနှင်တွေအဖြစ်သို့ ပြောင်းလဲကုန်တာကို ကျင်းရန်
တို့မြင်တွေ့လိုက်သည် ။

ထို ရေငွေ့ပူတွေက သူတို့လေးယောက်အနားသို့ ဝိုင်းပတ်လာသည်။ ထိုရေနွေးငွေ့ထိတွေ့မိလိုက်သောအခါ သူတို့အသားထဲက အင်မတန်နာကျင်သွားကြသည်။

ထိုအချိန်၌ ဆံပင်ငွေရောင်နှင့် အိမ်တော်ထိန်းဖန်က ရှေ့ထွက်လာပြီး

"....သခင်လေး ... ဒိလို အဆင့်မျိုးလောက်ကိုတော့ သခင်လေးလက်တွေ ညစ်ပတ်ခံစရာမလိုပါဘူး ... ကျွန်တော်မျိုးကိုသာတာဝန်ပေးလိုက်ပါ .... သခင်လေးကို အာခံမိတဲ့ အကျိုးဆက်ကို ဒီကောင်တွေသိသွားအောင် ကျွန်တော်မျိုး ပြသပေးလိုက်ပါ့မယ် ...."

အိမ်တော်ထိန်းဖန်ကလဲ စကြာဝဠာသိုင်းပညာရှင်တယောက်ပဲ ဖြစ်သည်။ ထိုကြောင့် ရှောင်လုံလိုမျိုး ကောင်းကင်အဆင့် သိုင်းသမားလောက်ကို သူကမျက်လုံးထဲတောင် ထဲ့မထားပေ ...။

"... မလိုဘူး ...."

  ကျောက်ထျန်က လက်ထောင်ပြလိုက်သည်။
ထိုနောက် ကျောက်ချန်က ရှောင်လုံ ကြည့်ရင်း စိတ်ကြေနပ်သွားသလိုမျိုး အားရပါးရပြုံးလိုက်ပြီး ခနဲ့တဲ့တဲ့လေသံဖြင့်

".... ကျုပ်ကိုယ်တိုင်ပဲ လုပ်မယ် .... နောက်ပြီးကျုပ်က ဟိုအဖိုးကြီး  ဟီယွမ်ရှုန်းကိုလဲ ကျုပ်သတ်ချင်တဲ့လူကို ဘယ်သူတဦးတယောက်မှ ဝင်ကယ်လိုမရဘူးတိုတာကို သိသွားစေချင်တယ် ...."

"... သခင်လေးရဲ့ အမိန့်တိုင်းပါ ...."

ကျောက်ချန်ဖြစ်ချင်တာကို သိလိုက်တော့ အိမ်တော်ထိန်းဖန်နှင့် တခြားလူတွေက အနောက်ဆုတ်ပေးလိုက်ကြသည်။

ရှောင်လုံကလဲ ကျင်းရန်တို့လူစုကို အနောက်ဆုတ်နေရန် မျက်ရိပ်ပြလိုက်သည်။ ကျောက်ချန်က တည်ငြိမ်နေသော ရှောင်လုံကိုကြည့်ရင်း သူ့နှုတ်ခမ်းတွေက ခပ်မဲ့မဲ့ ပြုံးသွားလေသည်။

".... သေတော့မယ်လူတယောက် ဒိလောက်ထိတည်ငြိမ်နေတာကို ငါပထမဆုံးမြင်ဘူးတာပဲ ...."

သူ့စကားကြားပေမယ့် ရှောင်လုံဘက်က တုန့်ပြန်လာတာကိုမမြင်တော့ ကျောက်ချန်စိတ်ထဲမှာ ရှောင်လုံကိုဖြည်းဖြည်းချင်း ကစားပြီးမှသတ်မယ်လို့ ဆုံးဖြတ်လိုက်သည်။ သူ့လိုစကြာဝဠာသိုင်းပညာရှင်တယောက်က ကောင်းကင်အဆင့်သိုင်းသမားတယောက်ကို စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သတ်ပစ်လိုက်နိုင်သည်ဟု ကျောက်ချန်က တွက်ဆထားသည်။

"... မင်းက ငါ့ကိုသတ်နိုင်မယ်ဆိုတာရော သေချာရဲ့လား ....?"

ရှောင်လုံက ကျောက်ချန်စကားကြီးစကားကျယ်ပြောနေတာကို အမြင်ကတ်ပြီး ပြန်မေးလိုက်သည်။

ကျောက်ချန်က ရှောင်လုံအဲ့လိုမျိုးမေးလာလိမ့်မယ်လို့ ထင်မထားတာကြောင့် ခနလောက်ဆွံအသွားသည်။ ထိုနောက် သူ့ဘဝတလျှောက်လုံးမှာ ရယ်စရာအကောင်းဆုံး ဟာသပျက်လုံးတခုအား ကြားလိုက်ရသလိုမျိုး ဟက်ဟက်ပက်ပက်ရယ်ချလိုက်သည်  ။  အိမ်တော်ထိန်းဖန်တို့ လူစုကလဲ ရှောင်လုံရဲ့ ရူးကြောင်ကြောင်မေးခွန်းကိုကြားပြီး ဝါးလုံးထိုး ရယ်မောလိုက်ကြသည်။ ရှောင်လုံက သေခါနီးကယောင်ကတမ်းဖြစ်နေပြီလို့ သူတို့က ယူဆလိုက်လေသည်။

ဘာတဲ့ စကြာဝဠာသိုင်းပညာရှင်တယောက်က
ကောင်းကင်သိုင်းသမားတယောက်ကို သတ်နိုင်ရဲ့လား ....?
  အကယ်၍ စကြာဝဠာသိုင်းသမားတယောက်ကသာ သတ်ချင်စိတ်ရှိမယ်ဆိုရင် ကောင်းကင်အဆင့်၁၀ မှာအထွတ်အထိပ်သို့ရောက်ရှိနေသည့် သိုင်းသမားတယောက်ကိုတောင် ပုရွက်ဆိတ်တကောင်လိုမျိုး အလွယ်တကူသတ်ပြစ်နိုင်တယ်လို့ သိုင်းဝိညာဉ်ကမ္ဘာကြီးအတွင်းကလူတွေအကုန်လုံး သိထားကြတာပဲ ဖြသ်သည်။ ထိုကြောင့် ရှောင်လုံမေးခွန်းက ရူးကြောင်ကြောင်ဆန်နေသည် ။

ထိုအပြင်သူတို့ဘဝတလျှောက်လုံးမှာ စကြာဝဠာသိုင်းပညာရှင်လက်ကနေ ထွက်ပြေးလွတ်မြောက်သွားသည့် ကောင်းကင်အဆင့်သိုင်းသမားရယ်လိုဘ တခါမှမကြားဘူးပေ....။

ကျောက်ချန်က နောက်ဆုံးတော့ ရယ်နေတာကို ကြိုးစားရပ်လိုက်သည်။ ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ ရယ်မြူးဟန်တွေကျန်ရှိနေသေးသည် ။ သူက ရှောင်လုံက ရယ်စရာပြောတတ်သော လူရွှင်တော်တယောက်ကဲ့သို့ ကြည့်လိုက်ပြီး

".... မင်း ငါ့လက်ကနေ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား...?"

"... ထွက်ပြေးရမယ် ဟုတ်လား ...?
ငါကဘာလို့ထွက်ပြေးရမှာလဲ ....?"

ရှောင်လုံက ကျောက်ချန်စကားအပေါ်  အံသြသွားဟန်ဖြင့် ပြန်မေးလိုက်သည် ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၀၇ ......

         ကျောက်ထျန်ကလှောင်ပြုံးပြုံးလိုက်ပြီး
".... မင်းတကယ်ပဲ ငါနဲ့တိုက်ခိုက်ချင်လား ...."
သူ့အသံထဲမှာ လှောင်ပြောင်မှုအပြည့်ပါဝင်နေသည်။
ခပ်လှမ်း လှမ်းမှာရပ်နေကြသော အိမ်တော်ထိန်းဖန်နှင့်တခြားလူတွေကတော့ ကျောက်ချန်ကိုကြားပြီး ရှောင်လုံလွတ်လမ်းမရှ်ိတော့ဘူးဟုယူဆကာ တိတ်တဆိတ်ခေါင်းခါယမ်းလိုက်ကြသည် ။

".... ဒီကောင်လေး ဆေးစားမှားနေတာများလား....? သူ့ကသခင်လေးနဲ့ တကယ်ပဲတိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား ....?"

ကျောက်ချန်လက်အောက်ငယ်သားတွေက ရှောင်လုံကိုအရူးတယောက်လိုမျိုး သူတို့အချင်းချင်းလှောင်ပြောင်လိုက်ကြသည် ။

".... ငါအထင်တော့ ဒိကောင်သခင်လေးကို အရမ်းကြောက်သွားတဲ့ပုံစံပဲ .... သူထွက်ပြေးလဲမလွတ်နိုင်ဘူးဆိုတာကို သိသွားလို့ မထူးဇတ်ခင်းပြီး သခင်လေးကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာနေမှာ ....."

တယောက်က ရယ်ရင်း မှတ်ချက်ချလိုက်သည် ။
သူ့လက်အောက်ငယ်သားတွေရဲ့ လှောင်ပြောင်နေကြသောစကားကိုကြားတော့ ကျောက်ချန်က ရပ်ဖို့ လက်ထောင်ပြလိုက်လေသည်။ သူက လက်ထောင်ပြပြီးနောက် ရှောင်လုံကိုပြန်ကြည့်လိုက်ပြီး

".... ငါမင်းကို အနိုင်ကျင့်တယ်လို့တော့အပြောမခံနိုင်ဘူး ... အဲ့တော့မင်းရဲ့သိုင်းဝိညာဉ်ကို အခုချက်ချင်းဆင့်ခေါ်လိုက် .... နောက်ပြီး ငါမင်းကိုအကျောပေးအုံးမယ် .... မင်းနဲ့တိုက်ခိုက်တဲ့နေရာမှာ ငါလက်ဖက်ကိုအသုံးမပြုဘူးကွာ ... အဲ့ဒါအပြင် မင်းငါ့ကိုခြေတလှမ်းဆုတ်သွားအောင် လုပ်နိုင်ရင် ငါမင်းကို လွတ်ပေးလိုက်မယ် ...."

စကားဆုံးတာနဲ့ ကျောက်ချန်က သူ့လက်နှစ်ဖက်စလုံးကိုနောက်ပစ်ထားလိုက်ကာ သူကတော့ တောင်ကြီးတလုံးလို မားမားမတ်မတ်ရပ်နေသည်။ သူ့ပုံစံကိုကြည့်ရတာ ရှောင်လုံတိုက်ခိုက်မှု တွေကို မခုခံပဲ ရပ်နေမယ့်ပုံပေါ်လေသည်။

"... မင်းတကယ်ပြောတာနော် ...."

ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်သည်။ ရုတ်တရက် ရှောင်လုံကိုယ်ထဲကနေထွက်ပေါ်လာသော ရက်စက်ကြမ်းကြုတ်သော နတ်ဆ်ုးစွမ်းအင်တွေက လှိုင်းလုံးကြီးများသဖွယ် ခြံ
ဝန်းတခုလုံးကို ဖုံးအုပ်သွားလေသည် ။ ထိုအပြင် ရှောင်လုံကိုယ်ထဲမှ ထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအားတခုက ကောင်းကင်ယံထိအောင် ထိုးတက်သွားသည်။

ရှောင်လုံကိုယ်ပေါ်မှာရှိနေသော ရက်စက်ကြမ်းကြုတ်သော စွမ်းအားတွေတဖြည်းဖြည်း သိပ်သည်းလာပြီး
မိစ္ဆာတိမ်တိုက်တွေအဖြစ် ဖွဲ့စည်းလာတာကို အိမ်တော်ထိန်းဖန်တို့လူစု  မြင်တွေ့လိုက်လေသည်။ ထိုမြင်းကွင်းကို မြင်တွေ့လိုက်ကြသောအခါ အိမ်တော်ထိန်းဖန်တို့လူစုသာ မက ခြံဝန်းအတွင်းရှိနေကြသောလူတွေအကုန်လုံး အံသြမှင်သက်ကုန်ကြသည်။

လူတယောက်၏ မိစ္ဆာဓတ်ချီတွေက အတိုင်းအတာတခု သို့ရောက်မှသာ သူ့ကိုယ်ထက်မှာ မိစ္ဆာဓတ်တိမ်တိုက် ဖြစ်ပေါ်လာနိုင်တာပဲ ဖြစ်သည်။
သို့သော်ထိုကဲ့သို့ ဖြစ်ပေါ်လာစေရန် လိုအပ်ချက်များစွာလဲ ရှိသည်။စကြာဝဠာအဆင့်မိစ္ဆာသိုင်းတချို့တောငခ ထိုကဲ့သို့ မိစ္ဆာဓတ်တိမ်တိုက်တွေဖြစ်လာအောင် မစွမ်းဆောင်နိုင်ကြပေ ...။

"....ဟောင် ရှောင်လုံက ဘယ်လို အတွင်းအားကျင့်စဉ်မျိုးကို လေ့ကျင့်တာလဲမသိဘူး...?"

ကျောက်ချန်ကိုယ်တိုင်တောင် အတော်လေးကို အံသြမှင်သက်နေသည်။

သူတို့အံသြမှင်သက်နေကြစဉ် ရှောင်လုံနောက်ကျောက်ဘက်မှ အနက်ရောင်တောက်ပြောင်နေသည့် မိစ္ဆာတောင်ပံတစုံထွက်ပေါ်လာသည်။ ထိုမိစ္ဆာတောင်ပံတွေထက်မှာရှိနေသည့် ရှေးဟောင်းအက္ခရာတွေက မသိမသာတောက်ပ၍ အအေးဓတ်တွေကို ထုတ်လွှတ်ပေးနေသည်။

".... အင်း မင်းရဲ့ သရုပ်ပြကွက်တွေကတော့မခေဘူးပဲ ...."

ကျောက်ချန်က ရှောင်လုံအပေါ်ဖြစ်ပေါ်နေသော မိစ္ဆာ တိမ်တိုက်တေလွကိုကြည့်ရင်း စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်လေသည်။

".... မင်းသိုင်းကွက်တွေကလဲ မင်းရဲ့သရုပ်ပြကွက်တွေလိုပဲ အစွမထက်ပါစေလို့ ငါဆုတောင်းပါတယ် .."

ရှောင်လုံဦးခေါင်းထက်တွင် ဖြစ်ပေါနေသော မိစ္ဆာဓတ်တိမ်တိုက်တွေကြောင့် ရှောင်လုံအတွင်းအားတွေမြင့်တက်လာနေတာကို ခံစာမိပေမယ့် ထိုမျှလောက်စွမ်းအားက ကျောက်ချန်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိသေးပေ ...။

စက္ကန့်ပိုင်းအတွင်းမှာပဲ ရှောင်လုံက အရင်တိုက်ခိုက်လိုက်သည် ။ ရှောင်လုံကသူ့လက်နှစ်ဖက်အား လက်သည်းပုံ သဏ္ဍန်ပြုလုပ်၍ ကျောက်ချန်ကို ကုတ်ဆွဲလိုက်သည်။ရှောင်လုံလက်သည်းမှကြောက်မက်ဖွယ်ရာ မိစ္ဆာဓတ်စွမ်းအားတွေထွက်ပေါ်လာလေသည် ။ ထိုမိစ္ဆာဓတ်စွမ်းအားတွေက အစွယ်ငေါငေါနှင့် တစ္ဆာကြီးများအဖြစ်သို့ပြောင်းလဲသွားသည် ။

တစ္ဆေကြီးတွေက ချွန်မြသော အစွယ်တွေရှိသည့်ပါးစပ်တွေကို ဟပြရင်း ကျောက်ချန်အား လက်သည်းချွန်ချွန်များဖြင့် ကုတ်ဆွဲလိုက်သည်။ တစ္ဆေတွေရဲ့ ကြီးမားသောလက်သည်းရာကြီးတွေက လေဟာနယ်ကိုဖောက်ထွင်း၍ ကျောက်ချန်ရှိရာဆီသို့ ရောက်ရှိလာကြသည်။

ထိုလက်သည်းရာကြီးတွေ ကျောက်ချန်ပေါ်သို့ မကျရောက်သေးခင်မှာပဲ အကြိုရောက်ရှိလာသော စွမ်းအားတွေကြောင့် ကျောက်ချန်အဝတ်အစားတွေတဖျက်ဖျက်ခါနေလေသည် ။ ခပ်လှမ်းလှမ်းတွင် ရပ်ကြည့်နေကြသော ကျောက်ချန်လက်အောက်ငယ်သားတွေထဲမှာ အကြီးအကဲချန်က လွဲ၍ တခြားလူတွေက ရှောင်လုံ၏ ပြင်းထန်သော စွမ်းအားတွေကို မခုခံနိုင်ကြပေ ...။ သူတို့က အနောက်ဘက်သို့ ဆုတ်သွားကြလေသည်။

အဓိကတိုက်ခိုက်လိုက်သော သိုင်းကွက်မရောက်လာသေးခင်ရောက်ရှိလာသော အကြိုအတွင်းအားလှိုင်းတွေက ဒီလောက်တောင် အစွမ်းထက်နေပါလား ....!

ကျောက်ချန်က ရှောင်လုံလက်သည်းသိုင်းကို နဲနဲလောက်တော့ ဖြုံသွားသည်။ ထိုကြောင့် သူ့ကိုယ်ထဲမှ စကြာဝဠာအတွင်းအားတွေကိုအသုံးပြုကာ သူ့ကိုယ်ပတ်လည်၌ အကာအကွယ်တခု ပြုလုပ်ထားလိုက်သည်။

ထိုအကာအကွယ်ပြုလုပ်ပြီးချိန်တွင် ရှောင်လုံ၏နတ်ဆိုးလက်သည်းသိုင်းက အကာအကွယ်၏မျက်နှာပြင်ပေါ်သို့ ကျရောက်လာလေသည်။

ဘုန်း......
လေထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးတခု ထွက်ပေါ်လာသည် ။ ထိုပေါက်ကွဲရာမှ ထွက်ပေါ်လာသော စွမ်းအားတွေက ကျောက်ချန်လက်အောက်ငယ်သားတွေရဲ့ နားစည်ကိုပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။ သူတို့အကုန်လုံးက နားတွေကို အလျင်အမြန် ပိတ်ဆို့ရင်း မျက်နှာတွေရှုံ့မဲ့ ကုန်ကြသည်။

ရှောင်လုံရဲ့ ပြင်းထန်သောသိုင်းကွက်ကို ကျောက်ချန်က လက်နောက်ပစ်ရင်း မည်ကဲ့သို့ ခုခံလိုက်တယ်ဆိုတာကို  သူ့လက်အောက်ငယ်သားတွေက စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။ သူတို့မြင်လိုက်ရတာကတော့ ရှောင်လုံလက်သည်းချက်နှင့်ထိမိသောအခါ ကျောက်ချန်က တချက်တုန်သွားပြီး အနောက်ဘက်သို့ ယိုင်လဲကျမတတ်ဖြစ်သွားသည်။ သူ့ကအရှိန်ကို ထိန်းသသည့်အနေဖြင့် အနောက်ကိုဆုတ်ပေးလိုက်ရသည်။

တလှမ်း ....
နှစ်လှမ်း ....
သုံးလှမ်း ....
ကျောက်ချန်က သူ့ကိုသူတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန်အတွက် ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသည်။ ထိုအပြင် ရှောင်လုံ၏ နတ်ဆိုးလက်သည်းသိုင်းကွက်နှင့် ကျောက်ချန်ကိုယ်ပေါ်မှ အတားအဆီးအလွှာတို့က တပြိုင်နက်ပျောက်ကွယ်သွားလေသည်။

ကျောက်ချန်က သူအနောက်ဆုတ်လာရာမှ ထင်ကျန်ခဲ့သော ခြေရာသုံးခုကို မယုံနိုင်သလိုမျိုး ငေးကြည်ဘနေလေသည်။
ဒီခြေလှမ်းတွေက တကယ်ပဲ ငါခြေလှမ်းတွေလား...?
ငါလို စကြာဝဠာသိုင်းပညာရှင်တယောက်က ကောင်းကင်သိုင်းသမားတယောက်ကြောင့် တကယ်ပဲ အနောက်ဆုတ်ပေးလိုက်ရတာလား ....?

ကျောက်ချန်တောင်မှ အနောက်ဆုတ်သွားတာကိုမြင်တော့ သူ့လက်အောက်ငယ်သားတွေက အံသြစွာဖြင့် စူးရှသောလေးအေးတွေကို စုပ်သွင်းမိလိုက်ကြသည်။
အထူးသဖြင့် ထိုကဲ့သို့ တုန်လှုပ်သွားသည့်နေရာမှာ ကျောက်ချန်နှင့်အတူပါလာသော စကြာဝဠာတပိုင်း ကောင်းကင်တပိုင်း သိုင်းသမားတွေက အဆိုးဆုံးပင်ဖြစ်သည်။ သူတို့က စကြာဝဠာအဆင့်နှင့် ကောင်းကင်အဆင့်ကြားမှ ရှိနေကြသူတွေဖြစ်တာကြောင့် ထိုအဆင့်နှစ်ဆင့် မည်မျှလောက်အထိ ကွာခြားချက်ကြီးမားတယ်ဆိုတာကိုသိထားကြသည်။

ကျောက်ချန်က မလှုပ်ရှားပဲ သူတို့လေးယောက်က စိတ်ရှိလက်ရှိတိုက်ခိုက်ခိုင်းမယ်ဆိုရင်တောင် သူတို့လေးယောက်က ကျောက်ချန်ခြေတလှမ်းနောက်ဆုတ်သွားအောင် တိုက်ခိုက်နိုင်စွမ်းမရှိကြပေ ...။

အခုတော့ ......?
သူတို့ရဲ့ အံသြတုန်လှုပ်နေသောအကြည့်တွေက ရှောင်လုံအပေါ်သို့ စုပြုံကျရောက်သွားသည်။
ဒါဆိုရင် ဒီကောင်လေးက ငါတို့လေးယောက်ပေါင်းတာထက်တောင် ပိုပြီးအစွမ်းထက်နေတာများလား....?
သို့သော် သူတို့အရှေ့မှာရှိနေသော ဆံပင်အနက်နှင့် လူငယ်လေးက ကောင်းကင်အဆင့်၁၀ အဆင့်ကိုသာ ရောက်ရှိသေးတယ်ဆိုတာကိုလဲ သူတို့သေချာသိထားလေသည် ။ ထိုလူလေးယောက်က ရှောင်လုံကို ကြည့်ရင်းကြည့်ရင်းနဲ့ သူတို့ခေါင်းတွေ ချာချာလည်လာသလိုမျိုး ခံသားလိုက်ရလေသည်။

  ထိုအချိန်တွင် အံသြမှင်သက်နေသော ကျောက်ချန်လဲ သတိပြန်ဝင်လာပြီး မျက်မှာက ရှုံ့မဲသွားလေသည်။ သူက ရှောင်လုံကို စိန်းစိန်းစိုက်ကြည့်လိုက်သည်။
ငါတကယ်ပဲ ကောင်းကင်သိုင်းသမားတယောက်လက်ချက်နဲ့ အနောက်ဆုတ်လိုက်ရတာလား .....။
ဒီသတင်းသာ ပျံနှံသွားမယ်ဆိုရင် ငါက ဘတ်လန်းဒေသတခုလုံးမှာ လူရယ်စရာကြီးဖြစ်နေတော့မှာပဲ ...။

သူကရှောင်လုံကို ကြည့်နေရင်း မျက်လုံးထဲမှာ လူသတ်ချင်သည့် စိတ်ဆန္ဒတွေပိုမို ပြင်းထန်လာသည်။
ကျောက်ချန်ဘဝမှာ အခုကဲ့သို့  လူတယောက်အား ပြင်းပြင်းထန်ထန် သတ်ချင်စိတ်မျိုး တခါမှ မဖြစ်ဘူးသေးပေ ...။ ကျောက်ချန်က ရှောင်လုံအနားသို့ တလှမ်းချင်းချဉ်းကပ်လာသည်။  သူ့ကိုယ်၌ ဖြစ်ပေါ်နေသည့် အပြာရောင်မီးတောက်တွေက ပို၍ ကြမ်းတမ်းစွာ ယိမ်းနွဲ့လာကြသည်။

".... ဘာလဲ .... မင်းပြောတော့ မင်းလက်တွေကိုအသုံးမပြုဘူးပဲ  ငါ့ကိုအကြောပေးမယ်ဆို..."
ကျောက်ချန်က ကြမ်းတမ်းသောအမူအရာဖြင့် သူ့ဆီကိုလျှောက်လာတာကိုမြင်တော့ ရှောင်လုံက ထိကပါးရိကပါးပြောလိုက်သည်

".... အခုတော့မင်းက ငါ့ကိုကြောက်လို့ မင်းစကားကိုမတည်နိုင်တော့ဘူးပေါ့လေ ...."

ရှောင်လုံ၏ လှောင်ပြောင်စကားကိုကြားတော့ ကျောက်ချန်လာနေရာကနေ ရပ်သွားသည်။ ရှောင်လုံပြောတာကလဲ အမှန်ပင်ဖြစ်သည် ။
ကျောက်ချန်က ရှောင်လုံကိုအစောပိုင်းမှာ အထင်သေးခဲ့လေသည် ။ ထိုကြောင့်သူက ရှောင်လုံနှင့်တိုက်ခိုက်ရာမှာ လက်တွေကိုအသုံးမပြုရုံသာမက ရှောင်လုံကသူ့ကိုအနောက်သို့ ခြေတလှမ်းဆုတ်သွားအောင် လုပ်နိုင်ခဲ့ရင်ရှောင်လုံတို့လူစုကို လွတ်ပေးမယ်လို့ ကတိပေးလေသည်။

ကျောက်ချန်က သိပ်ပြီးရှက်တတ်တဲ့သူတယောက်မဟုတ်သော်လည်း ရှောင်လုံစကားကြောင့် သူ့ပါးနှစ်ဖက်က မီးလောင်နေသလိုမျိုး ရဲရဲနီလာသည်။
သို့သော်သူရင်ထဲမှာက ထိုကဲ့သို့ ရှက်ရွံမှုတွေထက်စာရင် ရှောင်လုံကိုသတ်ချင်စိတ်က ပို၍ ပြင်းထန်နေ၏ ။

".... ဝင်ရိုးစွန်အပြာရောင်မီးတောက်...."

ကျောက်ချန်ကသိုင်းကွက်နာမယ်ကို မာန်သွင်းအော်ဟစ်ရင်း အရှေ့ဘက်သို့ ပြေးထွက်လာပြီး ရှောင်လုံကို လက်ဝါးနဲ့ အားကုန်ရိုက်ချ လိုက်သည်။
ခြံဝန်းတခုလုံးကို အပြာရောင်မီးတောက်တွေကလွှမ်းမိုးသွားလေသည်။ ထိုမီးတောက်တွေက ရှောင်လုံကို ဝါးမြိုဖျက်ဆီးဖို့ အားမာန်အပြည့်ဖြင့် ရောက်ရှိလာချိန်မှာ ရှောင်လုံလူရိပ်က မြင်ကွင်းကနေ ရုတ်တရက်ပျောက်ကွယ်သွားသည်။

အပြာရောက်မီးတောက်တွေက ရှောင်လုံရပ်နေသည့်အနောက်ဘက်က ကျောက်တောင်ပို့လေးတခုပေါ်သို့ ကျရောက်သွားလေသည်။အပြာရောင်မီးတောက်တွေထိမှန်သွားသော ထိုကျောက်တောင်ပို့ က အမှုန့်ဘဝသို့ ရောက်ရှိသွားလေသည်။

ရှောင်လုံက သူ့တိုက်ကွက်ကနေ နောက်တကြိမ်လွတ်
မြောက်သွားတာကိုမြင်တော့ ကျောက်ချန်မျက်နှာက အလွန်ကိုမဲမှောင်ရှုံ့မဲသွားလေသည် ။

ကျောက်ချန်ကသူ့၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်၍
ရှောင်လုံရှိနေသော နေရာကို ရှာဖွေလိုက်သည်။ ထိုသို့ရှာဖွေနေစဉ် သူ့အနောက်ဘက်မှ အားကောင်သောစွမ်းအားတခုဝင်ရောက်လာတာကို သတိပြုမိလိုက်လေသည် ။ ကျောက်ချန်လဲ နှစ်ခါစဉ်းစားမနေတော့ပဲ ခန္ဓာကိုယ်အား လှည့်ပတ်၍ တိမ်းရှောင်လိုက်ပြီး လက်ဝါးတချက် ပြန်ရိုက်လိုက်သည်။

သူ့ရဲ့ လှုပ်ရှားမှုက အလွန်မြန်ဆန်သော်လည်း သူ့လက်ဝါးချက်က ဘယ်သာမှမရှိသည့် လေထုပေါ်ကိုသာ ကျရောက်သွားလေသည်။ ထိုအပြင် ရှောင်လုံက နောက်တကြိမ် ထပ်မံ၍ ပျောက်ကွယ်
သွားပြန်သည် ။

ရှောင်လုံက သူ့သိုင်းဝိညာဉ်၏ မွေးရာပါစွမ်းရည်ကို အစွမ်းကုန်အသုံးပြုလျက် ကျောက်ချန် အလစ်ဖမ်းတိုက်ခိုက်လိုက် ပြန်လည်ပျောက်ကွယ်သွားလိုက် လုပ်နေသည်။ အိမ်တော်ထိန်း၏ ဖန်တို့ရဲ့ အမြင်မှာတော့ ကျောက်ချန်က ရှောင်လုံသိုင်းလေ့ကျင့်ရာမှာ အသုံးပြုသည့် အရုပ်ကြီးတခုနှင့် တူနေသည်  ။ သူက ရှောင်လုံပေါ်လာမှသာလျင် တန်ပြန်တိုက်ခိုက်နိုင်ပြီး ကျန်တဲ့အချိန်မှာတော့ စဉ်းနှီးတုံးပေါ်က ငါးတကောင်လိုမျိုး ရှောင်လုံ၏ စိတ်ကြိုက်တိုက်ခိုက်မှုကို လည်စဉ်းခံနေရသည်။

ရှောက်လုံက သူ့သိုင်းဝိညာဉ်၏ ကိုယ်ပျောက်ခြင်းနှင့် သရဲအရိပ်စွမ်းရည်တွေနဲ့ အတူ သူရဲ့ ကောင်းကင်အဆင့်၁၀ အတွင်းအားတွေကိုပေါင်းစပ် အသုံးပြုထားခြင်းကြောင့် ရှောင်လုံအမြန်နှုန်းက ခန့်မှန်းလို့ မရနိုင်အောင် မြန်ဆန်သွက်လက်နေသည်။

စကြာဝဠာသိုင်းပညာရှင်ဖြစ်သော အိမ်တော်ထိန်းဖန်ကသာ ရှောင်လုံ၏ ဝိုးတဝါးပုံရိပ်ကိုတွေ့မြင်နိုင်သည်။ စကြာဝဠာတပိုင်းသိုင်းသမားလေးယောက်ကတော့ ရှောင်လုံတိုက်ခိုက်လာသောအခါ အလွန်လျင်မြန်သော အနက်ရောင်အစက်အပျောက်ကိုပဲ မြင်လိုက်ရသည်။ ကောင်းကင်အဆင့်၁၀ သိုင်းသမားတွေကတော့ ရှောင်လုံနှင့်တိုက်လိုက်ရမည်ဆိုပါက ရှောင်လုံတိုက်ခိုက်သမျှကို လည်စင်းခံနေရမှာပဲ ဖြစ်သည်။ သူတို့က ရှောင်လုံမည်ကဲ့သို့ လှုပ်ရှားသွားတယ်ဆိုတာကို တစက်ကလေးမှ တွေ့မြင်နိုင်စွမ်းမရှိပေ ...။

ကျောက်ချန်က အရူးမီးဝိုင်းသလိုမျိုး ဖြစ်နေလေသည်။ ရှောင်လုံကို တခနတာလောက် အထင်သေးမှုက သူ့အားအခုကဲ့သို့ ကြီးမားသောအကျိုးဆက်တွေကို ခံစားရစေလိမ့်မယ်လို့ ကျောက်ချန်တခါမှ မထင်ထားခဲ့ပေ ...။

"....ပင်လယ်ပြာကောင်းကင်ကို ဝါးမျိုးခြင်း ..."

ကျောက်ချန်က သိုင်းကွက်အမည်အား မာန်သွင်း၍ အော်လိုက်သည်။

ကျောက်ချန်ခန္ဓာကိုယ်နားမှာ ဝိုင်းပတ်နေကြသော အပြာရောင်မီးတောက်တွေကနေ အပြာရောင်မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုနောက် မီးပင်လယ်ကြီးက ကောင်းကင်ကြီးအား ဝါးမျိုလိုက်သလိုမျိုး ဖုံးလွှမ်းသွားသည်။ ရှောင်လုံရဲ့ ခြံဝန်းတခုလုံးကိုလဲ အပြာရောင်မီးတောက်တွေက ဝါးမျိုသွားသည် ။

ထိုအပြာရောင်မီတောက်တွေက သူတုိ့သွားရာလမ်းတလျှောက်ရှိနေသော အရာဝတ္ထုတိုင်းကို ပြာအဖြစ်လောင်ကျွမ်းသွားစေသည်။ ထိုကဲ့သို့ ပြာဖြစ်သွားသောအထဲမှာ ခြံဝန်းကိုကာရံထားသည့် ကျောက်နံရံများပင် ပါဝင်သည်။

အိမ်တော်ထိန်းချန် ၊ ကျင်းရန်နှင့် တခြားလူတွေအကုန်လုံးက ခြံအပြင်သို့ ကမန်းကတမ်းထွက်ပြေးကြရလေသည်။ ထိုမီးပင်လယ်ကြီး၏ ကြီးမားသော ဖိအားတွေအောက်မှာ ရှောင်လဲ ဆက်လက်ပုန်းကွယ်နိုင်စွမ်း မရှိတော့ချေ ....။

".... ကြယ်ပြိုလက်သီး ..."

ကျောက်ချန်က ရှောင်လုံကိာပုန်းကွယ်နေရာနေ အောင်မြင်စွာခေါ်ထုတ်ပြီးတဲ့နောက် ကြမ်းတမ်းစွာဖြင့် စတင်တိုက်ခိုက်တော့သည်။ သူ့ကိုယ်မှ အပြာရောင်မီးတောက်တွေက ညအမှောင်မှာ ကြယ်တပွင့်ကြွေကျလာသလိုမျိုး ရှောင်လုံဆီသို့ အလျင်အမြန်ရောက်ရှိသွားသည်။ ထိုမီးတောက်တွေက လေထုကိုဖောက်ထွက်ကာ ရှောင်လုံအရှေ့သို့ မျက်စိတမှိတ် အတွင်းမှာပဲ ရောက်ရှိလာသည်။ ရှောင်လုံအရှေ့ကိုရောက်တာနဲ့ မီးတောက်ကြီးက "အုန်း " ကနဲ့ပေါက်ကွဲသွားလေသည်။  ထိုကဲ့သို့ပေါက်ကွဲမှုကနေ အရာအားလုံးကို ဝါးမြိုဖျက်ဆီးပြစ်နိုင်သော ကြောက်မက်ဖွယ်ရာ ဖျက်ဆီးစွမ်းရည်တွေထွက်ပေါ်လာသည်။

ရှောင်လုံကလဲ သူ့ရဲ့ ကမ္ဘာဗုဒ္ဓလက်ဝါးသိုင်းကို ထုတ်သုံးလိုက်သည်။ ရှောင်လုံလက်ဝါးမှ  ရွေရောင်တောက်ပနေသော ဗုဒ္ဓရုပ်ပွားတော်များစွာ ထွက်ပေါ်လာပြီး ဖျက်ဆီးစွမ်းရည်တွေနဲ့ ထိပ်တိုက်တွေ့ဆုံကြလေသည် ။

ထိုကဲ့သို့ စွမ်းအားနှစ်ခု  အကြီးအကျယ်တိုက်ခိုက်မှုကနေထွက်ပေါ်လာသော စွမ်းအားတွေက ဒီတကြိမ်မှာတော့ ရှောင်လုံအပေါ်သို့ ကျရောက်သွားသည်။  လေထဲမှာရှိနေသော ရှောင်လုံက ဆယ်နှစ်မီတာလောက်
အထိ လွင့်ထွက်သွားသည်။ ဆယ်နှစ်မီလောက်အထိ ဆုတ်ပြီးမှ ရှောင်လုံကသူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းနိုင်လိုက်သည်။ သူ့ကိုယ်သူတည်ငြိမ်အောင် မလုပ်နိုင်သေးခင်မှာ ကျောက်ချန်၏ နောက်တကြိမ်တိုက်ကွက်က ထပ်မံရောက်ရှိလာပြန်သည်။

ရှောင်လုံလဲ စဉ်းစားချိန်မရတော့ပဲ ထူးခြားလေဟာနယ် နတ်လက်သီးသိုင်းကိုသာ အလျင်အမြန် ထုတ်သုံးလိုက်သည်။ ဧရာမလက်သီးရာကြီးတွေက ကောင်းကင်တခုလုံးကို ဖုံးအုပ်သွားမတတ် ထူးခြားဆန်းကြယ်စွာ ဖြစ်ပေါ်လာသည်။ ထိုလက်သီးရာတွေထဲမှာ ပုံရိပ်ယောင်လက်သီးချက်အတုတွေ များစွာပါဝင်နေပြီး လက်သီးချက်အစစ်ကိုတော့ ရှာတွေ့ရန်အလွန်ခက်ခဲလှသည် ။

ထူးခြားလေဟာနယ် နတ်လက်သီးသိုင်း ......!

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၀၈ ...... သရဲမြို့တော်ပြန်ပေါ်လာခြင်း

ရှောင်လုံနှင့်တိုက်ခိုက်နေသည့် ကျောက်ချန်က ကောင်းကင်တခုလုံးကိုဖုံးအုပ်သွားသော လက်သီးရာကြီးတွေကိုကြည့်ရင်း အံသြမှင်သက်သွားသည်။ ထိုနောက် သူ့ခေါင်းထဲ့သို့အတွေးတခုကရုတ်တရက်ရောက်ရှိလာ လေသည်။

".... ဒါ...ဒါက ဒဏ္ဍာရီပုံပြင်တွေထဲမှာ ကြားကြားနေရတဲ့ ထူးခြားလေဟာနယ် နတ်ကမ္ဘာက လက်သီသိုင်းဆိုတာများလား ....?"

ကျောက်ချန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေသည့် အပြာရောင်မီးတောက်တွေက လေထဲမှာ အပြာရောင်ပန်းပွင့်တွေ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
အဝေးမှ ကြည့်ရှုသူအပေါင်းက ကောင်းကင်ယံထက် မှာ ဖူးပွင့်လာကြသည့် အပြာရောင်ပန်းပွင့်တွေကိုကြည့်ရင်း အိမ်မက်ကမ္ဘာတခုထဲသို့ရောက်ရှိသွားသလ်ုမျိုး အံသြမှင်သက်သွားကြသည်။

ရှောင်လုံ၏ ထူးခြားလေးဟာနယ်နတ်လက်သီးသိုင်းနှင့် အပြာရောင်ပန်းပွင့်တွေက လေထဲမှာ တွေ့ဆုံသွားကြသည်။ ရှောင်လုံလက်သီးချက်နှင့်တွေ့ဆုံသောအခါ ပန်းပွင့်တွေ တပွင့်ပြီးတပွင့် အမှုန့်ဖြစ်ကုန်ကြလေသည်။
သိုသော် တပွင့်ပျက်ဆီးသွားတိုင်းမှာ နောက်ထပ်ပန်းတပွင့်က ပျက်စီးသွားသည့် ပန်းပွင့်နေရာသို့ အစားထိုးဝင်ရောက်လာကြသည်။

ပတ်ဝန်းကျင်တခုလုံးက မီးတောက် မီးလျှံတွေနှင့် ပြည့်နှက်နေလေသည်။ ကျောက်ချန်က လေထဲကနေ ရှောင်လုံက အသေအကြေစိုက်ကြည့်နေကာ

".... မင်းအခုသုံးလိုက်တဲ့ သိုင်းကွက်က ထူးခြားလေဟာနယ် နတ်လက်သီးသိုင်း မဟုတ်လား...?"

ထူးခြားလေဟာနယ် နတ်လက်သီးသိုင်း ဟာ ထူးခြားလေဟာနယ် နတ်ကမ္ဘာ၏ အဆင့်မြင့်သိုင်းကျမ်းတခုဖြစ်သည်။

အပြစ်မြို့တော်၏ သခင်လေးတယောက်အနေဖြင့် ကျောက်ချန်ဆီမှာ သိုင်းကျင့်စဉ်တွေ  သိုင်းကျမ်းတွေဆိုတာက ရှားပါးပစ္စည်းမဟုတ်ပေ ...။ သိုသော် သူတို့ဆီမှာ ကောင်းကင်လေဟာနယ်နတ်လက်သီးသိုငး ကဲ့သို့ ဒဏ္ဍာရီထဲက သိုင်းကျမ်းတွေကို ပိုင်ဆိုင်ထားခြင်းမရှိပေ ...။

ရှောင်လုံကလဲ ကျောက်ချန်တယောက် ထူးခြားလေဟာနယ်နတ်လက်သီးသိုင်းအား မှတ်မိလိမ့်မယ်လို့ ထင်မထားခဲ့ပေ ..။ သို့သော်ရှောင်လုံက အမှန်အတိုင်းပဲ ဖြေလိုက်သည်

"... ဟုတ်တယ် ငါသုံးလိုက်တာက ထူးခြားလေဟာနယ်နတ်လက်သီးသိုင်းပဲ ....."

"....မင်းငါ့ကို ထူးခြားလေဟာနယ် နတ်လက်သီးသိုင်းပေးရင် ငါမင်းကို သက်သက်သာသာနဲ့ သေခိုင်းလိုက်မယ် ...."

ကျောက်ချန်မျက်လုံးတွေက လောဘရမက်ဖြင့် တလက်လက်တောက်ပလာသည် ။

".... ဟားဟား မပေးရင်ရော ....?"

ရှောင်လုံက ခနဲ့တဲ့တဲ့ ပြန်မေးလိုက်သည်။ ထိုနောက် သူ့နဖူးထက်မှာ ဒေါင်လိုက်အကွဲကြောင်းတခုဖြစ်ပေါ်
လာပြီး ငရဲမျက်လုံးပွင့်လာသည် ။ ထိုငရဲမျက်လုံးဆီကနေ ရဲရဲနီနေသော အလင်းတန်းနှစ်ခုထွက်ပေါ်လာသည်။

ကျောက်ချန်က သူ့စိတ်ဝိညာဉ်နှင့် တစုံတရာ တိုက်မိသွားသလိုမျိုး ငေးတိငေးကြောင်ဖြစ်သွားသည်။ ကျောက်ချန် ငေးကြောင်ကြောင်ဖြစ်နေစဉ် ရှောင်လုံလက်ထဲသို့ မဲနက်နေသည့် နတ်ဓားနှစ်လက်ရောက်ရှိလာသည်။ ရှောင်လုံက ကျောက်ချန် မှင်သက်နေတာကို အကောင်းဆုံးအသုံးချကာ သူ့လက်ထဲက နတ်ဓားတွေနဲ့ ခုတ်ပိုင်းလိုက်သည်။ ရှောင်လုံနတ်ဓားတွေဆီကနေ နှစ်ပေါင်းသန်းနှင့်ချီ၍ မြုံနေသော မီးတောက်ကြီးပျောက်ကွဲလာသလို သားရဲအကောင်တသိန်းလောက်က မြေကြီးအားတပြိုင်နက် ဆောင့်နင်းချလိုက်သလို ုဓားအလင်းတန်းတွေ ထွက်ပေါ်လာသည် ။ ထိုကဲ့သို စွမ်းအားပြင်းထန်သော ဓားအလင်းတန်းတွေက ကျောက်ချန်ဆီသို့ မျက်စိတမှိတ်မတွင်းမှာပင် ရောက်ရှိသွားသည်။

ရှောင်လုံက နတ်ဓားသိုင်းကွက်၏ တတိယသိုင်းကွက်ဖြစ်သော "..ငရဲမင်း၏ ဒေါသ.."
သိုင်းကွက်အား အသုံးပြုလိုက်တာပဲဖြစ်သည်။
ကျောက်ချန်အံသြမှင်သက်သွားသည့် အချိန်ကလဲ တခနတာလေးသာ ကြာမြင့်ပြီး သူကချက်ချင်းသတိပြန်ဝင်လာသည်။ သို့သော် သူ့နှလုံ
သားကို ရည်ရွယ်နေသည့် ငရဲမင်းဒေါသ သိုင်းကွက်က သူ့ခန္ဓာ၌ ချပ်ဝတ်တန်ဆာသဖွယ် ကာရံပေးထားသော မီးတောက်တွေထဲသို့ ထိုးဖောက်ပြီးဖြစ်နေသည်။

ရှောင်လုံ ဓားသိုင်းက ကျောက်ချန်အသားနှင့်မထိခင်လေးမှာ ကျောက်ချန်ကိုယ်ထဲကနေ မျက်စိကန်းမတတ် အလင်းရောင်တွေ ပေါက်ကွဲထွက်ပေါ်လာသည် ။ ထိုနောက် ဧရာမတွင်းနက်ကြီးတခုဖြစ်ပေါ်လာပြီး ရှောင်လုံဓားအလင်းတန်းတွေကို တွင်းနက်ထဲသို့ စုပ်ယူကာ ကျောက်ချန်ကို ကာကွယ်ပေးလိုက်သည်။ ထိုတွင်းနက်ကြီးထဲသို့ ဝင်သွားသည့် ရှောင်လုံ ဓားအလင်းတန်းတွေက ပင်လယ်ထဲသို့ စီးဝင်သွားသည့် ရေစက်ရေပေါက်တွေကဲ့သို့ ပျောက်ကွယ်သွားပါသည်။

ရှောင်လုံက ကျောက်ချန်ဆင့်ခေါ်လိုက်သော စကြာဝဠာ လေဟာနယ်ကြီးကို မျက်စိမှေးကြည့်လိုက်သည်။

သိုင်သမားတယောက်က စကြာဝဠာအဆင့်သို့ ရောက်ရှိသွားသည့်အခါ သူတို့က လေဟာနယ်နိယာမကို အလိုလို ကျွမ်းကျင်သွားသည်။
ထိုနောက် သူတို့ရဲ့ စကြာဝဠာချီပင်လယ်အတွင်းမှာ သီးခြားလေဟာနယ် နေရာတခုလဲ ပွင့်လာသည်။

ရန်သူနှင့် တွေ့ဆုံသောအခါ စကြာဝဠာသိုင်းသမားတယေညက်က သူချီပင်လယ်မှ လေဟာနယ်ကြီးကို လက်ရှိကမ္ဘာသို့ ဆင့်ခေါ်ကာ တိုက်ခိုက်မှု နှင့် ခုခံမှုတွေကို ပြုလုပ်နိုင်ကြသည်။

ကျောက်ချန်က ရှောင်လုံအား လှောင်ပြောင်သောအကြည့်တွေနဲ့ ကြည့်လိုက်ပြီး

"....ဟောင်ရှောင်လုံ ....မင်းလို့အဆင့်လောက်နဲ့ ငါကိုထိခိုက်အောင်လုပ်နိုင်ပါ့မလားကွ ... သေချာစဉ်းစားပါအုံး
ငါက အခုမင်းကို စကြာဝဠာ သိုင်းပညာရှင်တယောက်နဲ့
ကောင်းကင်အတင့်သိုင်းသမားတယောက်ကြားမှာ ဘယ်လောက်ထိ ကွာဟချက်ကြီးမားတယ်ဆိုတာကို
လက်တွေ့ပြပေးမယ် ...."

ထိုနောက် မြောက်မြားစွာသောအတွင်းအားချီစွမ်းအင်တွေနဲ့အတူ ကျောက်ချန်၏ စကြာဝဠာလေဟာနယ်နေရာပတ်လည်နားမှာ အပြာရောင်အလင်းတန်းတွေ တောက်ပလာသည် ။ ထိုနောက် ကမ္ဘာကြီးတခုလုံးကို တုန်ခါသွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာ အပူစွမ်းအား ရှောင်လုံတကိုယ်လုံးကို ဖုံးလွှမ်းသွားလေသည်။

ထိုအပူဓတ်တွေ ရောက်မလာသေးခင်မှာတောင် ရှောင်လုံစိတ်ထဲမှာ သူတကိုယ်လုံး မကြာခင်မှာ ပြာဖြစ်တော့မည်ဟု ခံစားနေရသည်။ ရှောင်လုံကဲ့သို့ သူများထက် ပို၍ ခန္ဓာကိုယ်ကြံခိုင်ကျန်းမာသော လူတယောက်တောင်မှ ကျောက်ချန်၏ အလွန်ပြင်းထန်သော အပူဓတ်တွေကို မခံနိုင်ပေ ...။

အကယ်၍ ရှောင်လုံသာ ကျောက်ချန်ရဲ့ အပူစွမ်းအား
တွေနဲ့ထိတွေ့လိုက်မယ်ဆိုရင် ပြာပုံအတိဖြစ်သွားမှာက အသေအချာပင်ဖြစ်သည်။ ထိုကြောင့် ရှောင်လုံလဲတုန့်ဆိုင်းမနေရဲတော့ပဲ လေထဲသို့ ခုန်ရင်း ကိုယ်ဖျောက်လိုက်သည်။  ရှောင်လုံပျောက်ကွယ်သွားပြီး သိပ်မကြာခင်မှာပဲ ကျင်းရန် ၊ လီဖေး ၊ဂိုဒေါင်နှင့် ဖန်အင်ချောင်တို့ လူစုကလဲ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။

ခနလောက်ကြာတော့ ကျောက်ချန်၏ ဒေါသတကြီးကြိမ်းဝါးသံတွေက နတ်ဘုရားအသင်္ချေမြို့အတွင်း၌ ပဲ့တင်ထပ်နေသည်။

".... ရှာကြစမ်း .... ဘတ်လန်းဒေသကြီးတခုလုံးကို မြေလှန်ရမယ်ဆိုရင်တောင် အဲ့ကောင်ကိုငါ့ရှေ့ မရောက်ရောက်အောင် ခေါ်လာခဲ့ ...."

ကျောက်ချန်ကိုယ်မှ အပြာရောင်မီးတောက်တွေက ကြမ်းတမ်းစွာ ကခုန်ရင်း ခြံဝန်းထဲမှ ရှိရှိသမျှ အရာအားလုံးကို မီးလောင်တိုက်သွင်းပလိုက်သည်။

သူက ကောင်းကင်အဆင့်၁၀ သို့ကျော်ဖြတ်ရောက်ရှိနေပေမယ့် သူ့ရဲ့တကယ့်လက်ရှိစွမ်းအားက စကြာဝဠာသိုင်းပညာရှင်တယောက်ကို အနိုင်ယူဖို့ကတော့ အဝေးကြီးလိုနေသေးတယ်ဆိုတာကို ရှောင်လုံသိပြီးသား ဖြစ်သည်။

တကယ်တမ်းစကြာဝဠာ သိုင်းပညာရှင်တယောက်နှင့် ကြုံတွေလာသောအခါ သူမည်မျှ ခံနိုင်ရည်ရှိတယ်ဆိုတာကို စမ်းသပ်ချင်လို့သာ ရှောင်လုံက ကျောက်ချန်နှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ခွန်အားနှင့် ခုခံမှုခြင်းယှဉ်သောအခါ ရှောင်လုံက စကြာဝဠာသိုင်းသမားတယောက်ကို ယှဉ်နိုင်ရန် အဝေးကြီး လိုနေသေးသည် ။ သို့သော် ရှောင်လုံက သူ့သိုင်းဝိညာဉ်၏ ကိုယ်ဖျောက်ခြင်းနှင့် သရဲအရိပ်ကိုယ်ဖော့နိုင်စွမ်းတွေကို ပိုင်ဆိုင်ထားတာကြောင့် သူတကယ်ထွက်ပြေးချင်ပြီဆိုရင် ကျောက်ချန်လဲ သူ့ကိုတားဆီးနိုင်မှာမဟုတ်ပေ .။

ထိုအပြင်ရှောင်လုံက သိုင်းလောက၏ နံပါတ်တစ်ဖြစ်သော နတ်တောင်ရွှမ်းမီသိုင်းကိုလဲ ထုတ်မသုံးခဲ့ချေ..။
ရှောင်လုံက သူ့ဆီမှာနတ်တောင်ရွှမ်းမီ ပိုင်ဆိုင်ထားကြောင့် တခြားသူတွေသိသွားပါက သူ့သေတွင်းသူတူးသလိုမျိုး ဖြစ်နေမယ်ဆိုတာကိုလဲ နားလည်ထားသည်။ထိုကြောင့် သူ့ဆီမှာ နတ်တောင်ရွှမ်းမီအား ကာကွယ်နိုင်ရန် လုံလောက်သောစွမ်းအားရှိပါမှ နတ်တောင်ရွှမ်းမီအကြောင်း လူသိခံတော့မယ်လို့ သူဆုံးဖြတ်ထားသည်။

".... အင်းစကြာဝဠာ သိုင်းပညာရှင် အဆင့်ကို အမြန်ဆုံးရောက်ရှိအောင်လုပ်ဖို့ နည်းလမ်းတခုပဲ ကျန်တော့တယ် ...."
ရှောင်လုံက စဉ်းစားကြည့်လိုက်သည်။  သူ့သာစကြာဝဠာသိုင်းပညာရှင်အဆင့်သို့ ရောက်ရှိသွားပါက ကျောက်ချန်ကိုအနိုင်ယူဖို့ဆိုတာ မိနစ်ပိုင်းလောက်သာ ကြာမြင်တော့မှာ ဖြစ်သည်။

ရှောင်လုံက ရှေ့ကိုဘာဆက်လုပ်ရမလဲဆိုသည့်အပေါ် အတွေးနက်နေစဉ် ကျင်းရန်တို့လူစုကတော့ ရှောက်လုံအနောက်မှာပဲ တိတ်တဆိတ်ရပ်နေကြသည်။
တကယ်တော့ သူ့ကို အရမ်းကိုတုန်လှုပ်နေကြတာပဲ ဖြစ်သည်။ 

ကျင်းရန်က ရှောင်လုံ လေ့လာရေးခရီးစဉ်ကနေ ပြန်လာပြီးတဲ့နောက် သု့အတွင်းအားတွေ ကောင်းကင်အဆင့်၈ သို့ရောက်ရှိသွားပြီလို့သာ အစောပိုင်းက ယူဆခဲ့ခြင်းဖြစ်သည်။ သို့သော် ရှောင်လုံက
စကြာဝဠာ စဦးအဆင့် သိုင်းပညာရှင်တယောက်ဖြစ်သော ကျောက်ချန်သိုင်းကွက်တွေကို ခုခံနိုင်ရုံသာမက
ကျောက်ချန်လက်ကနေ အန္တရာယ်ကင်းကင်းဖြင့် ထွက်ပြေးလာနိုင်လိမ့်မယ်လို့ သူလုံးဝထင်မထားပေ ...။

ကျောက်ချန်နှင့် ရှောင်လုံတို့နှစ်ယောက်၏ ရင်သပ်ရှုမောဖွယ်ရာ သိုင်းကွက်တွေကို ပြန်လည်မြင်ယောင်ရင်း
ကျင်းရန်တို့လူစုရင်ထဲက သူ့တို့ရင်ထဲကစိတ်လှုပ်ရှားမှုတွေကို မထိန်းသိမ်းနိုင်အောင် ဖြစ်နေကြသည်။
ဒါက ငါတို့နားလည်နိုင်တာထက် အရမ်းကိုမြင့်သွားပြီ...။

"... ကျုပ်မသွားခင်ခင်ဗျားတို့ကို ယောင်ဖေး အကြောင်းစုံစမ်းထားခိုင်းတယ်မဟုတ်လား ... သူ့အကြောင်းဘာထူးသေးလဲ ...."

ရှောင်လုံက ကျောက်ချန်တို့လူစုအား ရုတ်တရက်လှည့်ကြည့်ကာ မေးလိုက်သည် ။ရှောင်လုံက သူ့နတ်ဘုရားအသင်္ချေမြို့ကနေ ထွက်မလာခင်မှာ ယောင်ဖေးလှုပ်ရှားမှုတွေကို အသေးစိတ်စောင့်ကြည့်ထားရန်အတွက် ကျင်းရန်တုိ့လူစုအား မှာထားခဲ့သည် ။ အစောပိုင်းက ကျောက်ချန်နှင့် သူ့လူတွေရောက်ရှိလာတာကြောင့် ယောင်ဖေးအကြောင်းကို အခုမှ သေချာမေးမြန်နိုင်တာပဲ ဖြစ်သည် ။

ကျင်းရန်က အရှေ့ကိုအလျင်အမြန်ထွက်လာပြီး ရိုရိုသေသေပြန်ဖြေလိုက်သည်

"..... ကျွန်တော်တို့ လေ့လာသိရှိရသလောက်တော့
ယောင်ဖေးက သရဲနယ်မြေထဲကို ဦးတည်သွားနေပါတယ် သခင်လေး ...."

"... သရဲနယ်မြေ ဟုတ်လား ....?"

ရှောင်လုံလဲ မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်သည်။
ယောင်ဖေးက သရဲနယ်မြေထဲကို ဘာသွားလုပ်ပါလိမ့် ...?
သရဲနယ်မြေက သရဲတစ္ဆေတွေနဲ့ နတ်ဆိုးဝိညာဉ်တို့ ပျော်စံရာဖြစ်တဲ့ အပြင် ဘတ်လန်းဒေသ၏ အကြီးမားဆုံး တားမြစ်နယ်မြေတခုဆိုတာကို ရှောင်လုံက သိရှိထားသည်။ မဆင်မခြင်ဝင်ရောက်သွားကြသော ကောင်းကင်အဆင့်နိမ့် သိုင်းသမားတချို့က သရဲတစ္ဆေတွေနဲ့ နတ်ဆိုးဝိညာဉ်တွေအတွက် အဟာရဒါန အဖြစ် အဆုံးသတ်သွားလေ့ရှိသည်။

စကြာဝဠာ စဦးအဆင့် သိုင်းပညာရှင်တွေတောင်မှ သရဲနယ်မြေအတွင်းဆီသို့ သွားရန်အတွက် သုံးလေးခါလောက်စဉ်းစားကြရသည်။ သရဲနယ်မြေအတွင်းပိုင်း၌ နှစ်ပေါင်းထောင်နှင့်ချီ သက်တမ်းရှိသော နတ်ဆိုးမိစ္ဆာကြီးတွေ နေထိုင်ကြသည်။

နတ်ဆိုးဝိညာဉ်တွေက နတ်ဆိုးမိစ္ဆာတွေအဖြစ်သို့ ပြောင်းလဲသွားသည့်အခါ ကမ္ဘာကြီးကိုကိုင်လှုပ်နိုင်သည့် အထိ စွမ်းအားကြီးမားသွားကြသည် ။ တချို့ နတ်မိစ္ဆာကြီးတွေဆိုရင် အဆင့်မြင့်စကြာဝဠာသိုင်းပညာရှင်တွေနဲ့တောင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြသည်။

".... ကျွန်တော်မျိုး ကြားဘူးတဲ့ ကောလဟာလတွေအရတော့ သရဲနယ်မြေထဲမှာ သိပ်မကြာခင် သရဲမြို့တော်ကြီး ပေါ်ထွက်လာမယ်လို့ ပြောနေကြတာပါပဲ .....ကျွန်တေယ်မျိုးအထင်တော့  ယောင်ဖေးက သိပ်မကြာခင်မှာ ပေါ်ထွက်လာတော့မယ့် သရဲမြို့တော်ထဲ ကိုဝင်ဖို့ ကြံစည်နေတယ်လို့ မြင်ပါတယ်...."

ဖန်အင်ချောင်ကသူ့အမြင်ကို ဝင်ပြောလိုက်သည်။

"... ဘယ်လို သရဲမြို့တော် ဟုတ်လား ...?"

ရှောင်လုံက နဲနဲတော့အံအားသင့်သွားသည်။သူက သရဲနယ်မြေအကြောင်းကိုသာ ကြားဘူးပြီး သရဲမြို့တေယ်အကြောင်းကိုတော့ တခါမှမကြားဘူးပေ ...။

".... သရဲမြို့တော်ကို ရှေးခတ်ဘုရင်ခြောက်ပါးထဲက တယောက်က တည်ထောင်ခဲ့တာပါ .... သူကလဲ သူ့ကိုယ်သူ သရဲဘုရင်လို့ နာမယ်သတ်မှတ်ထားပါတယ်... သူတည်ထောင်ထားတဲ့ သရဲမြို့တော်က သရဲနယ်မြေအတွင်းမှာ နှစ်ထောင်ကြာရင်တခါပြန်ပေါ်လာလေ့ရှိပါတယ် ....ကောလဟာလတွေအရတော့ သရဲမြို့တော်ထဲမှာ အင်မတန်ရှားပါးလှသော သိုင်းကျင့်စဉ်တွေ ၊ သိုင်းကျမ်းတွေ ၊ သက်စောင့်ဆေးတွေ ၊ အတွင်းအားတိုးပွားစေတဲ့ဆေးတွေနဲ့ ဆေးပင်ဆေးမြစ်တွေအမြောက်အမြားရှိတယ်လို့ ဆိုကြပါတယ် ....နောက်ပြီး ရှေးခတ်က နတ်ဘုရားအဆင့် လက်နက်ပြုလုပ်သူတွေကိုယ်တိုင် ထွင်းထုထားသည့် မှော်လက်နက်လဲ ရှိတယ်လို့ ပြောကြပါတယ် .... သရဲမြို့တော်ပေါ်လာတဲ့ အချိန်တိုင်းမှာ ဘတ်လန်းဒေသက သိုင်းသမားတွေအကုန်လုံး သရဲမြို့တော်ကနေ ရရှိလာမယ့် ပစ္စည်းတွေကို စိတ်ကူးရင်းပြိး သရဲမြို့တော်ကို သုတ်ခြေတင်လာလေ့ရှိကြပါတယ် ...."

ကျင်းရန်က ရှောင်လုံဇဝေဇဝါဖြစ်နေတာမြင်တော့ သေချာ ရှင်းပြလိုက်သည် ။

ကျင်းရန်ရှင်းပြချက်အဆုံးမှာ ရှောင်လုံမျက်လုံးတွေကြောင့် စိတ်ဝင်စားမှုကြောင့် တဖျက်ဖျက်လက်လာသည်။ သရဲမြို့တော်က ရှေးခတ်ဘုရင်တပါးရဲ့အမွေးအနှစ်မြို့ ဖြစ်နေလိမ့်မယ်လို့ ရှောင်လုံက ထင်မထားပေ ...။ ဤအရာက သူ့အတွက် အံသြစေမှုတခုပင်ဖြစ်သည်။
ရှေးခတ်အခါက သိုင်းဝိညာဉ်ကမ္ဘာကြီးကို ခုနှစ်ခြောက်ယောက်က အညီအမျှ အုပ်စိုးကြလေသည်။ ဘုရင်တိုင်းဘုရင်တိုင်းက သူတို့အုပ်စိုးသည့်နေရာဒေသတွေမှာတော့ ကြမ်းတမ်းသော ဟာဂျီမွန်ကြီးတွေပဲ ဖြစ်သည်။

ထိုရှေးခတ်ဘုရင်ခြောက်ပါးထဲမှာမှ သရဲဘုရင်က အထူးခြားဆုံး ဘုရင်တပါးလဲဖြစ်သည်။ သူက သန်းထောင်နဲ့ချီသော ဝိညာဉ်စစ်တပ်ကို ပိုင်ဆိုင်သူတယောက်လဲ ဖြစ်သည်။ ထိုအပြင် သူ့ခန္ဓာကိုယ်ကလဲ တစ္ဆေတပိုင်း ၊ လူတပိုင်း ၊ နတ်တပိုင်း ဖြစ်သည် ။

"... စိတ်ဝင်စားစရာပါလား ...."

ရှောင်လုံက ရေရွတ်လိုက်သည် ။ အစကတော့သူက မိစ္ဆာနက်မြို့တော်ကိုပြန်၍ သွေးမြစ်ကမ်းမြို့တော်နှင့် ပတ်ဝန်းကျင်မှ မြို့တွေကို သိမ်းပိုက်ဖို့ ကြံစည်ထားတာပဲ ဖြစ်သည်။ အခုတော့ နှစ်တထောင်မှတခါ ပေါ်လာတတ်သည့် သရဲမြို့တော်နှင့် တိုက်တိုက်ဆိုင်ဆိုင် လာဆုံတွေ့နေတာကြောင့် ရှောင်လုံက သူ့အစီအစဉ်တွေကို ခေတ္တ ရွေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်သည်။

"... ခင်ဗျားတို့ အရင်ဆုံး သွေးမြစ်ကမ်းမြို့ကိုပြန်ပြီး အခြေအနေတွေကို ထိန်းသိမ်းထားလိုက် .... ကျုပ်ကတော့ သရဲမြို့တော်ဆီကို ခရီးဆက်ခိုက်အုံးမယ် ..... ကျုပ်ပြန်ရောက်လာတာနဲ့ အဆိပ်ငါးပါးဂိုဏ်းကို တိုက်ခိုက်ပြီး သွေးမြစ်ကမ်းမြို့ကို သ်ိမ်းပိုက်ကြတာပေါ့....."
ရှောင်လုံက တည်ကြည်စွာဖြင့် အမိန့်ပေးလိုက်သည်။

ကျင်းရန်တို့လေးယောက်ကလဲ ရှောင်လုံအမိန့်အား မလွန်ဆန်ရဲကြပေ ...။ သူတို့ ဦးညွတ်ရင်း ရှောင်လုံကို နှုတ်ဆက်စကားတိုလိုက်ကြသည်။

ထိုနောက် ရှောင်လုံပုံရိပ်က  လေဟာနယ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

".... ကျွန်မအထင်တော့ သခင်လေးက မိုးနတ်မင်းကြီး ပြန်ဝင်စားတဲ့လူပဲ ဖြစ်ရမယ် ...."

ရှောင်လုံပုံရိပ်က သူ့တို့အရှေကနေ ပျောက်ကွယ်သွားပြီးနောက် လီဖေးက ရုတ်တရက်ပြောလိုက်လေသည်။

#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၀၉ .....မြေနဂါးဥ

      သရဲနယ်မြေက ဘတ်လန်းဒေသ၏ မြောက်ဘက်စူးစူး၌ တည်ရှိသည်။ နတ်ဘုရားအသင်္ချေမြို့ နှင့်လဲ သိပ်မဝေးလှသောနေရာတွင် ရှိသည်။
နှစ်ပတ်ခန့်ကြာသောအခါ ရှောင်လုံက သရဲနယ်မြေ၏ နယ်နမိတ်ဧရိယာအတွင်းသို့ ရောက်ရှိသွားသည်။

  အစိမ်ရောင်မြူနှင်းငွေ့တွေရစ်သိုင်းနေသည့် သရဲနယ်မြေအတွင်းဘက်သို့ ရှောင်လုံ စူးစိုက်ကြည့်လိုက်သည် ။ ထိုအစိမ်းရောင်မြူနှင်းမျာ ကြားတွင် အနက်နှင့်မီးခိုးရောယှက်နေသည့် စွမ်းအင်တွေလဲရှိနေသည်။

ထိုအစိမ်းရောင်မြူနှင့်ထဲတွင်ပါဝင်သော မနှစ်မြို့ဖွယ်ရာကောင်းသည့် သေခြင်းအရိပ်အယောင်တွေက ရှောင်လုံတကိုယ်လုံးသို့ လွှမ်းခြုံသွားသည်။

ထိုအခြင်းအရာကိုမြင်တော့ ရှောင်လုံက သူ့အတွင်းအားတွေကို အလျင်အမြန်ထုတ်သုံး၍ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အတားအဆီးတခု ဖန်းတီးလိုက်သည်။ ထိုနောက် ရှောင်လုံက သေခြင်းအရိပ်အယောင်တွေကိုကျော်ဖြတ်၍ အစိမ်းရောင်မြူနှင်းတွေ လွှမ်းခြုံထားသည့် သရဲနယ်မြေအတွင်းသို့စတင်  ဝင်ရောက်သွားသည်။

သရဲနယ်မြေအတွင်းသို့ နေရောင်ခြည်တစက်မှ ဝင်ရောက်နိုင်ခြင်းမရှိချေ ....။ ထိုကြောင့် မျက်လုံးဖြင့် မြင်နိုင်သောနေရာမှန်သမျှကို ဆည်းဆာရောင်
အမှောင်ထုကြီးက ဖုံးအုပ်ထားသည်။
ရှောင်လုံက သရဲနယ်မြေအတွင်းပိုင်းအထိရောက်အောင် ဆက်၍ တိုးဝင်သွားသည်။ ထိုသို့ သွားနေစဉ် ထူးခြားသောအော်မြည်သံတွေနှင့် ဆူဆူညံညံအသံတွေက ရှောင်လုံနားထဲသို့ မကြာခနရောက်ရှိလာကြသည်။
".... ဂူး .....ဂါး.....ဂါး....."
ရုတ်တရက်ထွက်ပေါ်လာသော အသံတွေနှင့်အတူ သစ်ပင်အိုကြီးတပင်ပေါ်မှာ နားနေကြသော အနက်ရောင်ကျီးကန်တွေ ဝရုန်းသုန်းကား ထပျံသွားကြသည်။

ထိုကဲ့သို့သရဲနယ်မြေ အတွင်းပိုင်းသို့ သွားနေရာ တနာရီခန့်ကြာတော့ ရှောင်လုံက အစိမ်းရောင်ရေကန်ကြီးတခု၏ အစပ်နားသို့ ရောက်ရှိလာသည်။
ရေကန်ကြီးအတွင်းမှ ရေတွေက အံသြဖွယ်ရာကောင်းလောက်အောင် စိမ်းနေကြသည်။ ထိုအစိမ်းရောင်ရေတွေကိုမြင်လိုက်ရုံနဲ့တင် ရင်ထဲမှာ အော်ရလီဆန်သောခံစားချက်ကြီးကို ဖြစ်ပေါ်လာစေသည်။

ရေကန်၏ မျက်နှာပြင်ထက်မှာတော့  ရေပွက်လေးများက တပွက်ပွက် ဆူပွက်နေကြသည် ။ ထိုရေပွက်လေးတွေကနေ တဆင့် ရေကန်အောက်ခြေမှ နတ်ဆိုးချီတွေကို လေထဲသို့ လွှင့်ထုတ်နေသည်။
သရဲနယ်မြေအတွင်း၌ နေအလင်းရောင်လုံးဝ မရှိပေ ...။ နေမင်းအစား ကောင်းကင်ထက်တွင် သွေးနီရောင်ကဲ့သို့ ရဲရဲနီနေသော လမင်း တစင်းက ထွန်းလင်းတောက်ပနေသည်။

ထိုကဲ့သို့ နီရဲနေသော လမင်းကြီးရဲ့ အလင်းရောင်အောက်မှာ ကန်ရေပြင်ကြီးက ရဲရဲနီသော အရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရေကန်၏ အစပ်တွင် အသီးသုံးလုံး သီးနေသည့် မကြီးလွန်းမသေးလွန်းသော အပင်တပင်ရှိနေသည်။
ထိုအပင်၏ ပင်စည်က အနက်ရောင်ဖြစ်ပြီး  ရွှေရောင်သစ်သီးသုံးလုံး သ်ီးနေသည် ။
ထိုရွှေရောင်အသီးတွေထံမှ ဆွဲဆောင်မှုရှိသော အနံတွေ ထွက်ပေါ်နေသည်။

"..... အဆိပ်ဖြေနိုင်တဲ့ အသီးတွေပါလား .... ဘယ်လိုလုပ်ဒီနေရာမှာ လာသီးနေရတာလဲ ....?"
ရှောင်လုံမျက်လုံးက အရောင်တွေလက်လာသည်။
ထိုနောက်ရှောင်လုံက အပင်ရှိရာဆီသို့ ခပ်သုတ်သုတ် သွားလိုက်သည်။

ရှောင်လုံမြင်တွေ့နေသော အဆိပ်ဖြေအသီးတွေက အဆိပ်အမျိုးပေါင်းတရာကျော်ကို အဆိပ်ဖြေနိုင်စွမ်းရှိသည် ။ထိုသစ်သီးတွေကို သိုင်းလောကထဲမှာ အလွန်မြင်တွေ့ရခဲသည် ။ ရှောင်လုံက အသီးရှိရာသို့ လက်လှမ်းလိုက်စဉ်
ရေကန်ထဲမှ အစိမ်းရောင်တဝက် အနက်ရောင်တဝက် သတ္တဝါကြီးတကောင် ထွက်ပေါ်လာသည်။

ထိုသတ္တဝါကြီးက ချွန်ထက်နေသော အစွယ်များရှိသည့် ပါးစပ်ကိုအကျယ်ကြီးဟရင်း ရှောင်လုံကို သရဲမရဲစီးနေသလိုမျိုး ရှောင်လုံကို အငြိုးတကြီး လိုက်ကိုက်သည် ။

ထိုသတ္တဝါကြီး၏ ပါးစပ်မှ လူသေသောအနံလိုမျိုး ပုပ်အက်နေသည့် အနံတွေထွက်ပေါ်လာပြီး ရှောင်လုံရှိနေသော ပတ်ဝန်းကျင်တခုလုံးကို အနံဆိုးကြီးက ဖုံးလွှမ်းသွားပါသည် ။

ထိုသတ္တဝါကြီး  သူကိုလိုက်ကိုက်ဖို့ ကြံစည်နေတာကို မြင်တော့ ရှောင်လုံမျက်လုံးထဲကနေ စူးရှသောအလင်းတန်းတွေထွက်ပေါ်လာပြီး ရှောင်လုံလက်ထဲသို့ နတ်ဓားနှစ်လက်ကလျက်တပြက် ရောက်ရှိလာသည် ။ရှောင်လုံက နတ်ဓားတွေကိုခုတ်ပိုင်းလိုက်တယ်ဆိုရင်ပဲ နတ်ဓားတွေဆီက ဓားအလင်းတန်းတွေအများကြီး ဖြာထွက်လာသည်။ ထိုဓားအလင်းတန်းတွေက နီရဲနေသောလရောင်အောက်တွင်  ပျောက်ကွယ်သွားကြလေသည်။

ဓားအလင်းတန်းပျောက်ကွယ်သွားပြီး ခနအကြာမှာတော့ အော်ဟစ်ငြီးတွားသံတခု ထွက်ပေါ်လာသည်။ ထိုအော်ဟစ်ငြီးတွားသံအဆုံးမှာ ရှောင်လုံကိုလိုက်ကိုက်နေသည့် နတ်ဆိုးသတ္တဝါကြီး၏ ခန္ဓာကိုယ်က အစိတ်စိတ်အပိုင်းပိုင်းဖြစ်ကာ ရေကန်ထဲသို့ ပြုတ်ကျသွားသည်။

ရှောင်လုံအခုမြင်တွေရသော နတ်ဆိုးသတ္တဝါကြီးက သရဲနယ်မြေထဲတွင် မကြာခနမြင်တွေ့ရလေ့ရှိသည့် သတ္တဝါဖြစ်ပြီး သူတို့ကို နတ်ဆိုးဝိညာဉ်ဟု အများက ခေါ်ကြသည် ။ သူတို့က ကောင်းကင်အဆင့်သာမန်သိုင်းသမားတွေအတွက်တော့ အိမ်မက်ဆိုးကြီးဖြစ်သော်လည်း ရှောင်လုံကိုတော့ သိပ်ပြီး ပြသနာမပေးနိုင်ချေ ...။

ရှောင်လုံက အနက်ရောင်အပင်လေးတွင်သီးနေသည့် အဆိပ်ဖြေအသီးတွေကို ဖြုတ်ယူကာ နတ်လက်စွပ်ထဲသို့ ထဲ့သိမ်းလိုက်သည် ။ ထိုနောက် ရှောင်လုံက သူနတ်ဘုရာသအသင်္ချေမြို့သို့ စစရောက်ချင်းမှာ ဝယ်ယူခဲ့သော မြေပုံကို ထုတ်ကြည့်လိုက်သည် ။

ကျင်းရန်၏ ပြောစကားအရ  သရဲမြို့တော်က နှစ်တထောင်လျင်တခါ နတ်ဆိုးဝိညာဉ်တောင်နားတွင် ပေါ်လာလေ့ရှိသည်။ ထိုကြောင့် ရှောင်လုံက နတ်ဆိုးဝိညာဉ်တောင်သို့ အမြန်ဆုံးရောက်အောင် သွားရမှာပဲ ဖြစ်သည် ။
".... နတ်ဆိုးဝိညာဉ်တောင် ...."
ရှောင်လုံက သိပ်မကြာခင်မှာ နတ်ဆိုးဝိညာဉ်တောင်ကို မြေပုံထဲတွင် ရှာတွေ့သွားသည် ။ ထိုနောက် ရှောင်လုံက နတ်ဆိုးဝိညာဉ်တောင်အကွာအဝေးနှင့် သူ့ရဲ့အခုလက်ရှိအမြန်ဆုံးကို ချိန်ဆကြည့် လိုက်သည်။ ထိုအခါ သူအနေနှင့် နတ်ဆိုးဝိညာဉ်တောင်သို့ ရောက်ရန် သုံးလေးရက်လောက် ခရီးဆက်ရအုံးမယ်ဆိုတာကို နားလည်လိုက်သည် ။

သို့သော် လျို့ဝှက်ဆန်းကြယ်သော သရဲမြို့တော်ကြက နောက်ထပ် ခုနှစ်ရက် ရှစ်ရက်နေမှ ပေါ်ထွက်လာမှာပဲဖြစ်သည် ။
ရှောင်လုံက အခြေအနေကိုတွက်ဆပြီးနောက် နားနားနေနေဖြင့် ခရီးဆက်ဖို့ ဆုံးဖြတ်လိုက်သည်။

ထိုနောက် ပတ်ဝန်းကျင်ကိုတချက်အကဲခတ်ရင်း ရှောင်လုံပုံရိပ်က အမှောင်ထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။ ထိုနောက် ရှောင်လုံက သစ်ပင်ကြီးအိုကြီး တပင်ပေါ်မှာ ပြန်ပေါ်လာသည်။ရှောင်လုံက တင်ပျင်ခွေထိုင်ချလိုက်သည်။
ထိုနောက် သူအန်မီနက်သုခဘုံမှ ရရှိခဲ့သော နဂါးသွဲကြာပန်းကိုထုတ်၍ မြိုချလိုက်သည်။
ရှောင်လုံက နဂါးသွဲ့ကြာပန်းထဲမှ စွမ်းအားတွေကို အချိန်အတော်ကြာအောင် စုပ်ယူလိုက်ရသည်။
ခနလောက်ကြာတော့ လေထဲမှာ စူးရှသောလေချွန်သံတွေထွက်ပေါ်လာသည် ။ ကြာပန်းမှစွမ်းအားတွေကို စုပ်ယူနေသည့် ရှောင်လုံလဲ မျက်လုံးတွေပွင့်လာသည်။
ရှောင်လုံက လေချွန်သံထွက်ပေါ်လာသည့်နေရာကို လှည့်ကြည့်လိုက်တော့ အပြာရောင်ဝတ်စုံနှင့် သတ်လတ်ပိုင်းအရွယ်လူနှစ်ယောက် အဝေးကနေ ပျံသန်းလာတာကိုမြင်လိုက်ရသည် ။
"..... ငါတို့ဒိတကြိမ် သရဲမြိုတော်ကို လာတဲ့ခရီးစဉ်ကတော့ တကယ်ကိုအကျိုးအမြတ်ထွက်ပြီထင်တယ် ....."
".... ဟဟ ...ဟုတ်တာပေါ့ကွ ..... ငါတို့ညီအကိုနှစ်ယောက် ဒီမြေနဂါးဥထဲက စွမ်းအားတွေကို စုပ်ယူလိုက်တာနဲ့ ငါတို့ညီအကိုနှစ်ယောက် စကြာဝဠာသိုင်းသမားဖြစ်နိုင်မယ့် အခွင့်အရေးက ဆယ်ပုံမှာ ကိုးပုံလောက်အထိကို တိုးတက်လာမှာပဲ...."
သူတို့တီတိုးပြောဆိုနေကြသော စကားသံတွေက ရှောင်လုံနားထဲသို့ ရောက်ရှိလာသည်။
မြေနဂါးဥ ......!
ထိုလူကြီးနှစ်ယောက်၏ စကားပြောဆိုပုံကိုကြည့်ရုံနဲ့ မြေနဂါးဥကို သူတို့ရရှိထား ပြီးပြီဆိုတာကို ရှောင်လုံနားလည် လိုက်သည် ။
မြေနဂါးမျိုးနွယ်ကလဲ တခြားနဂါးမျိုးနွယ်စု များကဲ့သို့ မျိုးတုံးသွားခဲ့တာ ကြာခဲ့လေပြီ ....။
မြေနဂါးဥတလုံးက အခုအချိန်အထိ ဆက်လက် ရှင်သန်နေနိုင်လိမ်မယ့်လို့ ရှောင်လုံထင်မထားခဲ့ပေ ....။
နဂါးဥတလုံးထဲတွင် သန့်စင်သော နဂါးအဆီအနှစ်တွေပါဝင်လေသည်။ ထိုသန့်စင်သော နဂါးအဆီ အနှစ်စွမ်စွမ်းအားတွေက ရှောင်စုပ်ယူခဲ့သည့် ဘဘာဝဝိညာဉ်စွမ်းအင်ငါးတွေမှာပါဝင်သောစွမ်းအားတွေနဲ့ လားလားမှ မဆိုင်ချေ ...။
အကယ်လို့ ....ငါသာ......!
ထိုအတွေးကိုစဉ်းစားမိရုံနဲ့တင် ရှောင်လုံနှလုံးခုန်သံတွေက ပရမ်းပတာဖြစ်လာသည် ...။ ရှောင်လုံကချက်ချင်း မတ်တပ်ထရပ်လိုက်သည်။
ထိုနောက် လေထဲသို့ တချက်ခုန်၍  သတ်လတ်ပိုင်း အရွယ်လူကြီးနှစ်ယောက်အား လမ်းပိတ်ရပ်လိုက် သည် ။
".... ဘယ်သူလဲ......?"
ချန်နိုင်မင် နှင့် တုရှန်းကျယ်တို့ နှစ်ယောက်က သူတို့အရှေ့မှာ လူငယ်လေးတယောက်ရုတ်တရက်ပေါ်လာတာကိုမြင်တော့ အံအားသွားကြပြီး အတွေ့အကြုံရင် သိုင်းပညာရှင်တွေပီပီ အချိန်မရွေးတိုက်ခိုက်နိုင်ရန် အတွင်းအားတွေကို စုစည်းထားလိုက်သည်။
".... ခင်ဗျားတို့ရထားတဲ့ မြေနဂါးဥကို ကျုပ်လိုချင်တယ် ...."
ရှောင်လုံက မဟုတ်တာတွေပြော၍ အချိန်ကုန်မခံတော့ပဲ သူ့လိုချင်တာကို ဒဲ့ဒိုးပြောချလိုက်သည် ...။  ရှောင်လုံစကားသံကြားတော့ ချန်နိုင်မင် နှင့် တုရှင်းကျယ်တို့ နှစ်ယောက်က မျက်မှောင်ကြုတ်သွားကြပြီး  ရှောင်လုံအခြေအနေကို အကဲခတ်လိုက်ကြသည် ။
ရှောင်လုံအတွင်းအားတွေက အခုမှ ကောင်းကင်အဆင့်၁၀ အလယ်အဆင့်မှာသာရှိနေသေးတာကိုမြင်တော့မှ သူတို့က စိတ်သက်သာရာရသွားသလိုမျိုး သက်ပြင်းချလိုက်ကြသည်။
".... မင်းအမေကိုလိုချင်ပါလားကွ ....  ငါကတော့ ဘယ်ကသူရဲကောင်ကြီးများ ငါတို့ကိုဝင်တားတာလဲလို့ လတ်စသတ်တော့ ချာတိတ်လေးတကောင်းဖြစ်နေပါလား....."
  ချန်နိုင်မင်က ရှောင်လုံကိုကြည့်ရင်း လှောင်ရယ်ရယ်လိုက်သည် ။ သို့သော် ချက်ချင်းဆိုသလို သူ့မျက်နှာအမူအရာတွေက
ခက်ထန်လာပြီး
"..... ချာတိတ် .... မင်းနေ့ခင်းကြောင်တောင်ကြီး အိမ်မက်မက်နေတာလား ....?"
ကောင်းကင်အဆင့်၁၀ အလယ်အဆင့် ချာတိတ်လေးက မြေနဂါးဥကို ငါတုိ့လို စကြာဝဠာတပိုင်းဖြစ်နေတဲ့ သိုင်းပညာရှင်နှစ်ယောက်ဆီက လာလုရဲတယ်ပေါ့လေ .....။
တုရှင်းကျယ်ကလဲ ရှောင်လုံကို စတစီ ဆုတ်ဖြဲချင်နေသော အကြည့်ဖြင့်ကြည့် လိုက်ပြီး
".... ကောင်လေး .... မင်း ငါတို့နှစ်ယောက်ဆီက မြေနဂါးဥကို လိုချင်တယ်လို့ ပြောလိုက်တာလား .....?"
သူစကားသံက လှောင်ပြောင်မှုတွေနဲ့ ပြည့်နှက်နေသည်။ ထိုနောက် ချန်နိုင်မင် နှင့် တုရှင်းကျယ်တို့က တယောက်မျက်နှာ တယောက်ကြည့်ရင်း "...တဟားဟား ..."
ရယ်မောလိုက်ကြသည် ။
".... မင်းပြောတာမှန်တယ်ကွ ...ငါတို့ဆီမှာ မြေနဂါးဥတလုံးရှိတယ် ...."
ချန်နိုင်မင်က ရှောင်လုံကိုငေးကြည့်ကာ သရော်သောလေသံဖြင့်
"..... ဒါပေမယ့် ချာတိတ်ရယ် .... မင်းဆီမှာ ငါတို့နှစ်ယောက်ဆီက ပစ္စည်းကို လုနိုင်တဲ့ စွမ်းရည်ရှိလို့လား .....?"
".... နိုင်မင် .... မင်းဘာလို့ လေကုန်ခံပြီးပြောနေတာလဲ .... အဲ့ခွေးကောင်လေးကို မြန်မြန် သတ်လိုက်ရင် ပြီးနေပြီ မဟုတ်လား....မင်းလုပ်နေတာနဲ့ တခြားလူတွေပါအာရုံစိုက်လာတော့မယ် ....."
တုရှင်းကျယ်က စိတ်မရှည်သောလေသံဖြင့် ပြောလိုက်သည်။
"... မင်းကလဲ နေစမ်းပါအုံးကွာ ဒီနေရာမှာ ဘယ်သူမှမရှိပါဘူး ...ငါတို့ လဲပျင်းစရာခရီးစဉ်ကြီးကိုဖြတ်သန်းလာရတာကြာခဲ့ပြီလေကွာ ... အခုတော့ ဒီချာတိတ်လေးနဲ့ နဲနဲလောက် ကစားကြရအောင်..."
ချန်နိုင်မင်က တုရှင်းကျယ်ကို ဖြောင်းဖြစကားဆိုလိုက်သည် ။ ထိုနောက်သူက ရှောင်လုံကိုစိုက်ကြည့်ရင်း
"..... ကောင်လေး မင်းအရင်ဆုံး ငါတို့နှစ်ယောက်ကို မှားပါပြီဆိုတဲ့အကြောင်း ဒူးထောက်တောင်းပန်လိုက် ..... ပြီးရင် ဟိုးနားက.မိစ္ဆာသားရဲကြီးရဲ့ ချီးပုံကိုတွေ့လား
အေး အဲ့ဒါကိုပါစားလိုက် ....နောက်ဆုံးအနေနဲ့ ငါတို့ညီအကိုနှစ်ယောက်ဆီမှာ ကျွန်ခံပါမယ်လို့ ကတိသစ္စာဆိုလိုက် .... မင်းငါပြောတာတွေကို ကောင်းကောင်းလုပ်နိုင်ရင်တော့ ငါမင်းအသက်ကို ချမ်းသာပေးချင်စိတ်ဝင်ရင် ဝင်လာမှာ .....အဲ့ဒါအပြင် မင်းကို မြေနဂါးဥရဲ့ အခွံကိုလဲ စွန့်ကြဲချင် စွန့်ကြဲမိမှာပေါ့ကွ ....."
ချန်နိုင်မင်က ခပ်လှမ်းလှမ်းမှာရှိနေသည့် မည့်သည့်သတ္တဝါဆီကမှန်းမသိသော ဧရာမချီးပုံကြီးတပုံအား  လက်ညိုးထိုးပြ လိုက်သည်။ သူလက်ညိုးထိုးပြလိုက်သော ချီးပုံကြီး၏အမြင့်က လူကြီးခါးတဝက်လောက်အထိကို ရောက်ရှိနေသည်။
တုရှင်းကျယ်က ချန်နိုင်မင်၏ အကြံကို သဘောကျသွားသည့်ပုံစံဖြင့် အူလှိုက်သဲလှိုက်ရယ်မောကာ
"..... ငါကတော့ မြေနဂါးဥအခွံကြီးက မာလွန်းလို့  မင်းအစာမကြေမှာကိုပဲ စိုးရိမ်မိတယ်ကွာ ....ဟားဟား....."
မြေနဂါးဥတလုံး၏ အခွံတွေက နှစ်တထောင်သံမဏိထက်ကို ပို၍ မာကျောလေသည်။ ထိုကဲ့သို့ မာကျောလှသည့် မြေနဂါးဥအခွံကြီးကို ရှောင်လုံက ကြိုးစားပမ်းစား ဝါးစားပြနေသည့် မြင်ကွင်းကို မြင်ယောင်ရင်း တုရှင်းကျယ်တယောက် မရီပဲ မနေနိုင်တော့ပေ ....။
သိုသော် သူအားရပါးရ ရယ်မောနေစဉ်မှာ လူရိပ်တခုက သူ့အရှေ့သို့ ဖျက်ကနဲရောက်ရှိလာလေသည်။ တုရှင်းကျယ်က တစ္ဆေတကောင်ကဲ့သို့ မြန်ဆန်သော ရှောင်လုံကိုအံသြပြူးကျယ်စွာ ငေးကြည့်ရင်း အရီရပ်သွားလေသည်။ အဲ့ဒီနောက် သူ့လည်ပင်ဆီကလာသော အေးစက်နေသည့် နာကျင်မှုတခုကို ခံစားလိုက်ရသည်။
တုရှင်းကျယ်က အမှုမဲ့ အမှတ်မဲ့ ပုံစံဖြင့် သူ့လည်းပင်ကို စမ်းကြည့်လိုက်သည်။တုရှင်းကျယ်လက်တွေက လည်ပင်းအသားနှင့် မထိသေးခင် ပူနွေးပျစ်ခွဲနေသည့် အရည်တွေကို အရင်ဆုံး ထိတွေ့မိလိုက်သည်။ ထိုနောက် သူလက်ချောင်းတွေကြားမှ သွေးတေ်ွ ယိုစီးကျလာသည်။
".... မင်း....မင်း ....."
သူက ရှောင်လုံကို မျက်လုံးကြီးပြူးကြည့်ကာ စကားဆုံးအောင်ပင် မဆိုနိုင်တော့ပေ ...။
ရှောင်လုံမျက်လုံးမှ အကြည့်တွေကတော့ ပုရွက်စိတ်တကောင်ကို သတ်လိုက်သည့်နှယ် အေးစက်တည်ငြိမ်နေသည် ။ထိုနောက် သူ့လက်ဝါးရိုက်ချက်က တုရှင်းကျယ်ရင်ဘတ် ဆီသို့ လျပ်စီးလက်လိုက်သလိုမျိုး ရောက်ရှိသွားသည်။ တုရှင်းကျယ်လဲ ရှောင်လုံလက်ချက်မိကာ အစောပိုင်းက ချန်နိုင်မင် လက်ညိုးထိုးပြသော ချီးပုံကြီးဆီသို့ လွင့်စင်သွားသည် ။ တုရှင်းကျယ်က ချီးပုံကြီးပေါ်မှာ ခနလောက်တွန့်လိမ့်နေပြီး နောက်ဆုံးမှာတော့ ငြိမ်ကျသွားလေသည်။
ရှောင်လုံက ချန်နိုင်မင်ကို စူးစိုက်ကြည့်လိုက်ပြီး
"... ခင်ဗျားကြီးကအရမ်းကစားချင်နေတယ်ပေါ့လေ .... ကောင်းပြီ...ခင်ဗျားဆန္ဒအတိုင်း  ကျုပ် ကစားပေးမယ် ဟုတ်ပြီလား ...."
တုရှင်းကျယ်တိုက်ခိုက်ခံလိုက်ရတာကိုကြည့်ရင်း အံသြမှင်သက်နေသည့် ချန်နိုင်မင်က ရှောင်လုံအသံကိုကြားတော့မှ သတိပြန်ဝင်လာလေသည် ။ သူ့မျက်လုံးတွေကတော့ ရှောင်လုံကို နတ်ဆိုးမိစ္ဆာတကောင်မြင်လိုက်ရသလိုမျိုး ကြောက်ရွံစွာဖြင့် 
ငေးကြည့်နေသည် ။
".... ညီလေး...မ....မဟုတ်သေးပါဘူး.... စီနီယာ.....!"
ချန်နိုင်မင်နှုတ်ကနေ ထစ်ထစ်ငေါ့ငေါ့ဖြင့် စကားတွေထွက်ပေါ်လာသည်။ သို့သော်သူ့စကားဆုံးသေးခင်မှာ ရှောင်လုံလက်သီးချက်က သူ့ကိုယ်ပေါ်သို့ ကျရောက်လာသည် ။ ချန်နိုင်မင်ကလဲ တုရှင်းကျယ်ကဲ့သို့ လူကြီးခါးလောက်ရှိသော ဧရာမချီးပုံကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ရှောင်လုံက ချီးပုံပေါ်က အလောင်းနှစ်လောင်းအားအေးစက်စက် စိုက်ကြည်လိုက်လေသည် ။ ခနနေတော့ ရှောင်လုံက အလောင်းတွေပေါ်က သိုလှောင်လက်စွပ် နှစ်ကွင်းအား ရှာတွေ့သွားသည်။
ချန်နိုင်မင်၏ သိုလှောင်လက်စွပ်ထဲတွင် လူကြီးနှစ်ယောက် ဆင့်ရပ်ထားသလောက် မြင့်မားသည့် ဧရာမဥကြီးတလုံးကို ရှာတွေ့လိုက်သည်။ ထိုဥကြီး၏ အခွံပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးခတ်အရာတွေက တတန်းပြီးတတန်းသိပ်သည်းစွာ ရှိနေကြသည်။
ထိုဥကြီးအတွင်း၌ ကြောက်မက်ဖွယ်ရာ စွမ်းအင်တွေ စုစည်းနေတာကို ရှောင်လုံခံစားမိလိုက်လေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၁၀ ..... မြေနဂါးဥမှ စွမ်းအားတွေကိုစုပ်ယူခြင်း

     ဧရာမဥကြီးကိုကြည့်ရင်း ရှောင်လုံမျက်လုံးတွေက အရောင်တလက်လက်တောက်ပလာသည်။
ဒီဥကြီးက မြေနဂါးဥအစစ်အမှန်ဆိုတာကို ရှောင်လုံခံစားမိလိုက်သည်။

မြေနဂါးဥ ....အား ......!
ငါတော့ ရတနာပုံဆိုက်တာပဲ .....!
နဂါးဥတွေထဲမှာ နဂါးတကောင်၏ စစ်မှန်သောအဆီအနှစ်တွေ ပြည့်ဝစွာပါဝင်သည်။

ထိုမြေနဂါးဥဆီက စွမ်းအားတွေအကုန်လုံးကို စုပ်ယူပြီးသည့်ရှောင်လုံကောင်းကင်အဆင့် ၁၀ ရောက်နိုင်မယ့် အခွင့်အရေးက ပို၍ များပြားလာတော့မှာ ဖြစ်သည်။ ကံကောင်လျင် ထိုထက်မြင့်သောအဆင့်တွေကိုတောင်ရောက်သွားနိုင်သည်။

ဥပမာ ....စကြာဝဠာ သိုင်းပညာရှင်အဆင့် .......

ရှောင်လုံက သူ့စိတ်တွေလှုပ်ရှားထကြွနေတာကို အတော်လေးထိန်းချုပ်လိုက်ရသည် ။ ရှောင်လုံက စောနကလူကြီးနှစ်ယောက်ကိုမသတ်ချင်မှာ ထိုမြေနဂါးဥကြီးကို ဘယ်ကနေရခဲ့သလဲဆိုတာကို
မမေးလိုက်တဲ့အတွက် နောင်တနဲနဲတော့ရသွားသည်။ အကယ်၍ ထိုလူကြီးတွေက မြေနဂါးဥကို ရှေးဟောင် နဂါးသိုက်ထဲက ရခဲ့တယ်ဆိုရင် ရှောင်လုံအနေနှင့် ထိုဂူအတွင်းမှာ နောက်ထပ်နဂါးရတနာတွေကိုတောင် ရှာတွေ့နိုင်လေသည်။

ခနလောက်ကြာတော့ ရှောင်လုံက အလောင်းတွေကို ခြေရာလက်ရာမကျန် ဖျောက်ဖျက်ကာ အလျင်အမြန်ထွက်ခွာသွားသည်။ အခုချိန်၌ ရှောင်လုံအတွက် အရေးအကြီးဆုံးက မြေနဂါးဥထဲမှ စွမ်းအားတွေကိုစုပ်ယူရန်အတွက် လုံခြုံစိတ်ချရသော နေရာတခု ရှာတွေ့ဖို့ပဲ ဖြစ်သည်။

သိုသော် သရဲမြို့တော်ပေါ်လာမည့်အချိန်ကလဲ သိပ်မလိုတော့ပေ ....။ သိုပေမယ့် ရှောင်လုံက သရဲမြို့တော်ကိစ္စကို ခနနောက်ဆုတ်လိုက်သည်။

သရဲမြို့တော် တခါပေါ်လာရင် တလကြာပြီးချိန်မှ ပြန်လည်ပျောက်ကွယ်သွားလေ့ရှိသည်။ ထိုနောက် ရှောင်လုံမြေနဂါးဥထဲက စွမ်းအားတွေကိုစုပ်ယူပြီး ချိန်ကြမှ သရဲမြို့တော်သို့ သွားမယ်ဆိုရင်လဲ နောက်မကျသေးပေ ...။ ထိုအပြင် သရဲမြို့တော်စစပေါ်လာချင်းမှာ ရတနာလုသောသူအများအပြားကြောင့် ပြင်းထန်သော တိုက်ပွဲတွေဖြစ်ပွားလေ့ရှိသည် ။ ရှောင်လုံက ထိုအချက်တွေကိုပါထဲ့တွက်၍ အခြေအနေတည်ငြိမ်သွားကာမှ စတင်လှုပ်ရှားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

နာရီဝက်ခန့်ကြာသောအခါ ရှောင်လုံက တောင်ကြီးတလုံး၏ အလည်နားမှာရှိသော ဧရာမသစ်ပင်ကြီးအတွင်း၌ သစ်ခေါင်းပေါက်တခုဖောက်လိုက်သည်။ ရှောင်လုံအပေါက်ဖောက်လိုက်သော သစ်ပင်ကြီး၏ပင်စည်က လူကြီးဆယ်ယောက်ဖက်စာလောက်အထိ ကြီးမားပြီး သိပ်သည်းစွာပေါက်ရောက်နေသော သစ်ကိုင်းနှင့်သစ်ရွက်များက သစ်ခေါင်းပေါက်ကြီးကို လုံခြုံစွာ ဖုံးကွယ်ပေးထားသည်။

ရှောင်လုံက သစ်ခေါင်းပေါက်အတွင်းသို့ ဝင်လိုက်သည် ။ သစ်ခေါင်းပေါက်အတွင်းပိုင်းက လူဆယ့်ငါးယောက်လောက် သက်တောင်သက်သာနေနိုင်သည့် အထိကြီးမားပါသည် ။ ထိုအပြင် အခေါက်ပေါက်အတွင်းပိုင်းမှ ကြမ်းပြင်ထက် အပေါက်ဝက လူကြီးတရပ်စာလောက် ပိုမြင့်သောနေရာ၌ ရှိလေသည်။ ထိုကြောင့် အပြင်ဘက်မှဘူတွေက သစ်ခေါင်းအတွင်း ထိုင်နေသောလူကို သတိပြုမိရန်မလွယ်ကူပေ ...။

သစ်ခေါင်းပေါက်ထဲကိုရောက်သည့်နှင့် ရှောင်လုံက နတ်တောင်ရွှမ်းမီအား အပြင်ဘက်သို့ ခေါ်ထုတ်လိုက်သည်။ ထိုနောက် နတ်တောင်ရွှမ်းမီ၏ အပြင်ဘက်ကို သဲစေ့အရွယ်အစား လောက်ဖန်တီး၍ မြေနဂါးဥနှင့်အတူ အထဲသို့ဝင်လိုက်သည် ။

မြေနဂါးဥ၏ အပြင်ဘက်အခွံနံရံက သံမဏိထက်ပင် ပို၍ မာကျောသေးသည်။ ဥအတွင်းမှ စွမ်းအင်တွေအား ထိုဥနံရံကြီးကိုတဆင့်ခံ၍ စုပ်ယူနေပါက ဥထဲမှ စွမ်းအားအကုန်လုံးကို စုပ်ယူနိုင်ရန် အလွန်ကြာညောင်းမှာပဲ ဖြစ်သည် ။ ထိုအပြင် မာကျောနေသော ဥနံရံကို ဖြတ်သန်းစုပ်ယူဖို့ကလဲ အခက်အခဲကြီးတခုပင် ဖြစ်သည်။

သိုသော် ထိုအရာက တခြားသူတွေကိုသာ အခက်တွေ့စေနိုင်သည် ။ ရှောင်လုံကဲ့သို့ လင်လောင်ရတနာစေတီအတွင်းမှ သားရဲတထောင်ဆေးဒယ်အိုးကို ပိုင်ဆိုင်ထားသူတယောက်အဖို့ မာကျောသော ဥနံရံက ပြသနာတခုမဟုတ်ပေ ...။

ရှောင်လုံက လင်းလောင်ရတနာစေတီကို အပြင်ဘက်သို့ ဆင့်ခေါ်လိုက်သည် ။ လင်းလောင်ရတနာစေတီအပြင်ရောက်လာတော့ သားရဲတထောင်ဆေးယ်အိုးအတွင်းဘက်သို့ မြေနဂါးဥကြီးကို စုပ်ယူနိုင်ရန်အတွက် သူ့အတွင်းအားတွေကို သားရဲတထောင်ဆေးဒယ်အိုးဆိသို့ ထောက်ပံပေးလိုက်သည် ။ မြေနဂါးဥကြီး သားရဲတထောင်ဆေးဒယ်အိုးအတွင်းရောက်သည်နှင့် ရှောင်လုံက နတ်ဆိုးတထောင် ဖျက်ဆီးခြေမှုန်းခြင်း အစီအရင်ကို စတင်လိုက်ပါသည် ။ ထိုနောက် ကောင်းကင်နှင့် မြေကြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း အစီအရင်ကိုလဲ စတင်လိုက်သည် ။

ထို အစီအရင်နှစ်ခုကို စတင်ပြီးနောက် မြေနဂါးဥအခွံပတ်လည်တွင် အလင်းရောင်တွေ တဆတ်ဆတ် ခုန်လာသလိုမျိုး ဖြစ်လာသည် ။ အလင်းရောင်တွေက ပိုပိုပြီးလဲ တောက်ပလာသည်။

ဆယ်မိနစ်ခန့်ကြာသောအခါ မြေကြီးအားကိုယ်စားပြုသော တောက်ပသောအဝါရောင် အလင်းတန်းတွေက သားရဲတထောင်ဆေးဒယ်အိုး၏ အနဲငယ်ဟနေသောနေရာကနေ စွမ်းအင် အမျှင်လေးတွေပုံစံဖြင့် တငွေ့ငွေ့ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်အမျှင်တန်းလေးတွေက သေးငယ်သော်လည်း သူတို့အထဲမှာ ပါဝင်နေသည့် စွမ်းအင်တွေကတော့ ကြောက်ခမန်းလိလိကို များပြားလေသည်။

ထိုအခြင်းအရာကိုမြင်လိုက်တော့ ရှောင်လုံက အရမ်းဝမ်းသာသွား၏ ။ ထိုနောက် သူက ဆေးဒယ်အိုးအဖုံးကို ရိုက်ဖွင့်ကာ မြေနဂါးဥအတွင်းမှ နဂါးအဆီအနှစ်တွေကို သူ့ခန္ဓာကိုယ်အတွင်းသို့ စတင်စုပ်ယူတော့သည်။
ရှောင်လုံက မြေနဂါးဥအတွင်းမှ များပြားလှသော နဂါးအဆီအနှစ်တွေကို နတ်အတွင်းအားကျင့်စဉ် အသုံးပြု၍ သူ့ခန္ဓာကိုယ်အတွင်းသို့  စည်းချက် ညီညီဖြင့် စုပ်ယုလိုက်သည်။

နဂါးအဆီအနှစ်တွေက ရှောင်လုံခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာပြီးနောက် သူ့တကိုယ်လုံးမှာရှိနေသော ဆဲလ်တွေဆီသို့ အလျင်အမြန် ပြန်နှံရောက်ရှိသွားသည် ။ ထိုနောက် ရှောင်လုံ ကိုယ်အတွင်းမှ သွေးကြောတွေ ၊ ချီပင်လယ်တွေထဲမှာ များပြားသော စွမ်းအားတွေနဲ့ ပြည့်နှက်လာသည်။ ထိုအပြင် ရှောင်လုံက နဂါးအဆီတွေကို သူစုပ်ယူနေသည့် အမြန်နှုန်းကိုလဲ ထပ်မံတိုးမြှင့်လိုက်သည်။ ရှောင်လုံ သွေးကြောတွေနှင့် ချိပင်လယ်တွေထဲတွင် အတွင်းအားတွေက နေစရာလက်ကျန်နေရာ မရှိလောက်အောင် ပြည့်ဝလာသည် ။ ထိုကြောင့် သူတို့အရွယ်အစားက အတွင်းအားတွေကိုလက်ခံနိုင်အောင် တဖြည်းဖြည်းကြီးမားလာကြသည်။

ဥပမာဆိုရရင် ရှောင်လုံကိုယ်ထဲမှ သွေးကြောတွေ နဲ့ ချီပင်လယ်ဆို့က ခြောက်သွေ့နေသော သဲကန္တာရကြီးနှင့်တူပြီး မြေနဂါးဥမှ နဂါးအဆီအနှစ်တွေကသော စိမ်းလန်းနေသည့် အသတ်ဓတ်နှင့်တူသည် ။ ရှောင်လုံဘဝတလျှောက်လုံးတွင် သူ၏ ချီပင်လယ်နှင့် သွေးကြောတွေ အခုလောက်အထိ တက်ကြွသော အသက်ဓတ်တွေနှင့် ပြည့်စုံနေတာမျိုးကို တခါမှ မမြင်ဘူးပေ ..။

တနာရီ .....
နှစ်နာရီ ကြာပြီးနောက် .....

ရှောင်လုံ ဦးခေါင်းထက်တွင် အနက်ရောင် နဂါးကြီးနှင့် အပြာရောင်နဂါးကြီးတို့က ဝဲပျံ၍ ထွက်ပေါ်လာကြသည်။ သူတို့နှစ်ကောင်ကလဲ စိတ်လှုပ်ရှား ပျော်ရွှင်နေကြဟန်တူသည်။ နဂါးနှစ်ကောင်က စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ကိုမျက်နှာမူ၍ ဟိန်းဟောက်လိုက်ကြသည်။

ရှောင်လုံက မြေနဂါးဥအတွင်းမှ နဂါးအဆီအနှစ်တွေကို ပို၍ စုပ်ယူလေလေ ရှောင်လုံသိုင်းဝိညာဉ်နဂါးနှစ်ကောင်က ပိုမိုပြီး သက်ရှိနဂါးတွေနဲ့ တူလာကြသည်။ ထိုအပြင် သူတို့အရွယ်အစားတွေကလဲသိသိသာသာကို ကြီးမားလာကြသည်။

ရှောင်လုံသိုင်းဝိညာဉ်နဂါးနှစ်ကောင်အတွက် မြေနဂါးဥမှ နဂါးအဆီအနှစ်တွေက တန်ဖိုးမဖြတ်နိုင်သည့် အကောင်းဆုံး ဖြည့်စွက်စာပဲ ဖြစ်သည်။ ရှောင်လုံက နဂါးအဆီအနှစ်တွေကို ပိုပြီးစုပ်ယူလေလေ ရှောင်လုံနဂါးနှစ်ကောင်က ရှောင်လုံနှင့်ထပ်တူ ပိုမိုကြီးမားသောအကျိုးအမြတ်တွေကို ခံစားရလေပဲ ဖြစ်သည် ။ သူတို့က တစထက်စစ ပိုမိုသန်မာအားကောင်းလာကြသည် ။

အချိန်တရက်က ထပ်မံကုန်လွန်သွားပြန်သည်။

ရှောင်လုံခန္ဓာကိုယ်အား မျက်စိကျိမ်းမတတ်တောက်ပနေသော ရောင်ခြည်တန်းတွေက လွှမ်းခြုံထားကြသည် ။ ထိုအပြင် နဂါးအဆီအနှစ် စွမ်းအားတွေက ရှေးဟောင်ဘုရားကျောင်း၏ လေထုအတွင်းသို့ စိမ့်ဝင်ပျံနှံနေသည်။ နတ်တောင်ရွှမ်းမီအတွင်းသို့ ရှောင်လုံထဲ့ထားသော အမျိုးအမည်မသိ မီးတောက်သစ်ပင်ကြီးဆီကတောင် ခပ်ဖျော့ဖျော့ အလင်းတန်းတွေနဲ့ တောက်ပလာသည်။

အကယ်၍ တစုံတယောက်က သေချာစောင့်ကြည့်နေမယ်ဆိုပါက လေထုထဲအတွင်သို့ စိမ့်ဝင့်နေသည့်
နဂါးအဆီအနှစ်တွေကို အမျိုးအမည်မသိ သစ်ပင်ကြီးက ဖြည်းဖြည်းချင်း စုပ်ယူနေတယ်ဆိုတာကို တွေ့မြင်နိုင်သည် ။

ထိုအမျိုးအမည် မသိသော သစ်ပင်ကြိးကလဲ နဂါးအဆီအနှစ်တွေကို စုပ်ယူနိုင်စွမ်းရှိလေသည် ......!

သို့သော် ထိုသစ်ပင်ကြီးက ရှောင်လုံကိုယ်ထဲကနေ ထုတ်ပယ်ပသ်လိုက်သည့် နဂါးအဆီအနှစ် စွမ်းအားတွေကိုသာ စုပ်ယူနေခြင်းဖြစ်သည်။ ထိုကြောင့် ရှောင်လုံ မြေနဂါးဥထဲမှ စွမ်းအားတွေကို စုပ်ယူသောရာတွင် အနှောင်အယှက်မဖြစ်ပေ ...။

ထိုကဲ့သို့ အခြေအနေဖြင့် အချိန်သုံးရက်ကုန်လွန်သွားသည့်အခါ အမည်မသိ မီးတောက်သစ်ပင်ကြီး၏ သစ်ကိုင်းများပေါ်တွင် သရေကျလောက်သည့် အဆင်းရနံဖြင့် ပြည့်စုံနေသော အနီရောင် အသီးတွေသီးလာသည်။

အချိန်တွေကဆက်လက်ရွေ့လာနေပြီး
အချိန်ဆယ်ရက်ကုန်လွန်သွားပြန်သည်။
ရှောင်လုံခန္ဓာကိုယ်အနားမှ မျက်စိကျိမ်းမတတ် ရောင်ခြည်တန်းတွေက ပိုပြီးတောက်ပလာနေသည်။
ထိုအပြင် ရှောင်လုံတင်ပျင်ခွေထိုင်ရင်း နဂါးအဆီအနှစ်တွေကို စုပ်ယူနေသည့် ရှေးဟောင်း
ဘုရားကျောင်းဆောင်အတွင်း၌ ပိရမစ်ပုံသဏ္ဍာန် သက်တန့်တခု ဖြစ်ပေါ်လာသည်။

အမည်မသိ သစ်ပင်ကြီးက နဂါသအဆီးအနှစ်တွေကို စုပ်ယူနေစဉ် သူ့၏ များပြာသော သစ်ရွက်တွေက အနီရောင်တိမ်တိုက်တွေကဲ့သို့ စွမ်းအားတွေကို မှုတ်ထုတ်လျက်ရှိနေသည်။ ရှောင်လုံက ရှေးဟောင်းဘုရားကျောင်း၏ ဗုဒ္ဓဆယ်ဆူ အစီအရင်အတွင်း၌ ထိုနေခြင်းဖြစ်သည်။ တိုက်ဆိုင်စွာဖြင့် ရှောင်လုံထိုင်နေသည့်နေရာနားကို အမည်မသိသစ်ပင်ကြီးမှ မှုတ်ထုတ်လိုက်သောအနီရောင် တိမ်တိုက်တွေက ဖုံးကွယ်သွားပါသည်။

ရှောင်လုံပုံသဏ္ဍာန်ကို အဝေးကိုလှမ်းမျှော်ကြည့်လိုက်မယ်ဆိုရင် အိပ်ပျော်နေသည့် မီးနဂါးကြီးတကောင်နှင့် တူနေတာကို မြင်တွေ့နိုင်သည် ။ ရှောင်လုံအနားမှာရှိနေသော လေထုသည်   လွန်ခဲ့သော ဆယ်ရက်ခန့်နှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါးဖြစ်လာသည်။

ဆယ်ငါးရက်ဆိုသည့် အချိန်က ကုန်ဆုံးသွားပြန်သည်။

တရက်သောနေ့တွင် ရှေးဟောင်းဘုရားကျောင်းအတွင်း တလက်လက် တောက်ပနေသည့် အလင်းတန်းတွေအကုန်လုံးက ရုတ်တရက်ပျောက်ကွယ်သွားလေသည်။ ထိုအချိန်၌ ရှေးဟောင်ဘုရားကျောင်းအတွင်း တင်ပျင်ခွေထိုင်နေသည့် ရှောင်လုံကိုယ်ထဲမှ ကောင်းကင်နှင့် မြေကြီးကိုတောင် တုန်ခါသွားစေနိုင်သည့် အံသြဖွယ်ရာကောင်းလွန်းလှသော စွမ်းအင်အလင်းတန်းတွေ ပေါက်ကွဲထွက်ပေါ်လာသည် ။

ရှောင်လုံကိုယ်ကနေမြစ်ဖျားခံသည့် ခမ်းနား ထည်ဝါသော နဂါးစွမ်းအင်တွေက ဟောခန်းမကြီး တခုလုံးသို့  အလျင်အမြန် ပျံနှံသွားသည်။

  ရှောင်လုံ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဧရာမသစ်ပင်ကြီး၏ အပြင်ဘက်ကမ္ဘာတွင်ရှိသော ကောင်းကင်မှ အရောင်တွေပါ ပြောင်းလဲကုန်သည်။

လတဝက်ခန့် .....
ရှောင်လုံက မြေနဂါးဥကြီးအတွင်းမှ စွမ်းအားတွေကို စုပ်ယူနိုင်ရန်အတွက် လတဝက်လောက် အချိန်ယူလိုက်ရသည် ။ မြေနဂါးဥအတွင်းမှ နဂါးအဆီအနှစ်လေးက နဂါးငယ်လေးတကောင်နှင့်တူညီလေသည်။ ထိုကြောင့် ရှောင်လုံက နဂါးလေးတကောင်ဆီမှ စွမ်းအားတွေကို စုပ်ယူလိုက်နိုင်ခြင်းပင် ....။

ရှောင်လုံက စိတ်စွမ်းအားကို ထုတ်လွှင့်၍ သူ့ခန္ဓာကိုယ်မှ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအခြေတွေကို အကဲခတ်လိုက်၏ ။ ရှောင်လုံ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရှိသောသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေက အရင်ကထက် ငါးဆမှ ခြောက်ဆနီးပါးအထိ ပို၍ ကြီးမားကျယ်ပြန့်လာကြသည်။ ထိုအပြင် သူ့တို့က အရင်ကထက်လဲ ပို၍ ကြံခိုင်လာသည်။ ထိုအပြင်ရှောင်လုံသွေးကြောတွေက တကယ့်နဂါးအစစ်တကောင်နဲ့တောင် တူနေသည် ။ သူတို့က အပြင်ဘက်ကမ္ဘာတွင်ရှိနေသည် ဝိညာဉ်စွမ်းအားတွေကို အဆက်မပြတ် ဝါးမျို စုပ်ယူနေကြသည်။

ရှောင်လုံ၏ ဒန်ထျန်အတွင်းမှာတော့ စစ်မှန်သော အဆီအနှစ်တွေက သလင်းကျောက်အရည်အပိုင်းလေးတွေကဲ့သို့ စုစည်းဖြစ်ပေါ်နေကြသည်။

"... ဒါ....ဒါက ...."
ရှောင်လုံက အရမ်းကို အံသြဝမ်းမြောက်သွားသည်။
နောက်ဆုံးမှာတော့ ရှောင်လုံ၏ ကိုယ်တွင်းစွမ်းအားတွေအကုန်လုံးက စစ်မှန်သော အဆီအနှစ်တွေအဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့လေပြီ ....။ ထိုသလင်ကျောက်အရည်တွေထဲမှာ ရှောင်လုံမျှောင်မှန်းထားသည့်ထက် ပို၍ ပြင်းထန်သော စွမ်းအားတွေ ကိန်းအောင်နေကြသည်။ ထိုစစ်မှန်သော အဆီအနှစ်တွေက သူ့ခန္ဓာကိုယ်အား တပါတ်လည်ပတ်လိုက်တိုင်း ရှောင်လုံစိတ်ထဲမှာ သူ့ခန္ဓာကိုယ်ကြီး ပိုပိုပြီး ကြံခိုင်သန်စွမ်းလာနေတာကို ခံစားမိနေသည်။

ရှောင်လုံအတွင်းအားတွေက အဆင့် ၁၀ အလယ်မှ အထွပ်အထိပ် အဆင့်အထိရောက်ရှိသွားသည်။ အတွင်းအားတွေက သူ့မျှော်မှန်းထားသည့်အတိုင်း စကြာဝဠာသိုင်းပညာရှင် အဆင့်အထိ မရောက်သွားသောကြောင့် ရှောင်လုံက အနဲငယ်စိတ်ပျက်သွားသော်လည်း ရှောင်လုံက ဖြေတွေးလိုက်သည်
အင်း ......
ငါ့လို အတွင်းအားအဆင့်တက်ဖို့ သူများတွေထက် ပိုမိုများပြားသည့် စွမ်းအင်တွေကို လိုအပ်နေသူတယောက်အတွက် အခုလို ရလဒ်က သိပ်ပြီးမထူးဆန်းတော့ပါဘူးလေ  ....။

ကောင်းကင်အဆင့် သိုင်းသမားတယောက်က စကြာဝဠာအဆင့်သို့ ကူးပြောင်းရောက်ရှိရန် မလွယ်ကူပေ ...။ထိုအပြင် မိုးကောင်းကင်ကြီးကို ဖီဆန်နိုင်စွမ်းအားတွေ ရှိနေသည့် မြေနဂါးဥကြီးကတောင် တလအတွင်းမှာ ကောင်းကင်သိုင်းသမားတယောက်ကို စကြာဝဠာသိုင်းပညာရှင် အဆင့်သို့ ရောက်ရှိသွားစေဖို့က မဖြစ်နိုင်သော ကိစ္စတခုလဲ ဖြစ်သည်။

".... သရဲမြို့တော်ကို သွားဖို့အချိန်တန်ပြီထင်တယ် ...."

ရှောင်လုံက မတ်တပ်ထရပ်ရင်း သူ့ဘာသာရေရွတ်လိုက်သည် ။ ထိုနောက် သူ့မျက်လုံးထဲတွင် စူးရှသောအလင်းတန်းတွေဖြစ်ပေါ်လာသည်။
ရှောင်လုံစိတ်ထဲတွင် သူနောက်ထပ်တကြိမ် ကျောက်ချန်နှင့် ပြန်လည်တွေ့ဆုံပါက နတ်တောင်ရွှမ်းမီသိုင်းကို အသုံးမပြုရင်တောင် ကျောက်ချန်နှင့် သူတင်ကိုယ်တင် တိုက်ခိုက်နိုင်စွမ်းရှိနေပြီဟု အပြည့်အဝ ယုံကြည်နေသည်။

Continue Reading

You'll Also Like

533K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
21.2K 446 42
What If Chloe lukasiak has a twin sister who is the favorite?
18.8K 748 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
168K 25.7K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...