မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

33K 3.2K 81

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
853--854
855--856
857
858
859
860
861
862
863
864
865
866
867
868
869
870
871
872
873
874
875
876
877
878
879
880
881
882
Chapter (883)အတိတ်မှ စကားပြောသော အမှန်တရားများ
Chapter (884)ခွဲထွက်မည့် နည်းလမ်း
Chapter (885) "သေခြင်းမှ လွတ်မြောက်လာသောလူ"
Chapter (886) "ဂိုဏ်းအတွင်း ဆေးကြောခြင်း"
Chapter (887) "မစောင့်စားနိုင်တော့ခြင်း"
Chapter (888) "နီးလျက်နှင့်ဝေး"
Chapter (889)"သိုင်းလောကကြီးက ကောင်းတယ်"
Chapter (890) "ဂွမ်လင်းရှောင်"
Chapter (891)"ခင်ဗျားဘာတွေ ဖြစ်နေတာလဲ"
Chapter (892)"အနက်ရောင် မဟာမိတ်မြင်းတပ်"
Chapter (893)"ကျုပ်လည်း လိုက်မယ်"
Chapter (894)"မြင်းများ၏ ဘုရင်"
Chapter (895)"မြင်းဘုရင် လာပြီ"
Chapter (896)"အကျိုးနှင့်အကြောင်း"
Chapter (897)"အနက်ရောင် မြင်းတပ် အတွင်းဝယ်"
Chapter (898)"ရန်သူတွေ ဘယ်လောက်များသလဲ"
Chapter (899)"ရယ်မောခြင်း ဧကရာဇ်အတုမရှိတဲ့ သူရဲကောင်း"
Chapter (900)"ချက်ချင်းအကျိုးသက်ရောက်ခြင်း"
Chapter (901)"လိဝူလျန် ဆိုသည်မှာ"
Chapter (902)"ထိုအချက်ကြောင့်ပင်"
Chapter (903)"လူသားများ၏ လောဘစိတ်"
Chapter (904)"ဘာကြောင့်လဲ"
Chapter (905)"မင်းအတွက် တိုက်ခိုက်မယ့် မီးခိုးရောင်ဝံပုလွေ"
Chapter (906)"ကောင်းကင်ဝိညာဉ်တောင်"
Chapter (907)"ကောင်းကင်ဝိညာဉ် ချောက်ကမ်းပါး"
Chapter (908)"ကလဲ့စား လာချေသည့် မိန်းမပျို"
Chapter (909)"ချောက်ကမ်းပါးထဲ ခုန်ချခြင်း"
Chapter (910)"အနီရောင်နှင့် အဖြူရောင် တိမ်တိုက်များ"
Chapter (911)"ကောင်းကင်ဝိညာဉ် အငွေ့အသက်"
Chapter (912)"ဖရိုဖရဲ ဝိညာဉ်တိမ်တိုက်"
Chapter (913)"ပြင်းထန်စွာ စုပ်ယူခြင်း"
Chapter (914)"အရိုးများဖြင့် ပြည့်နှက်နေခြင်း"
Chapter (915)"ငါ့ရဲ့ဝိညာဉ်စွမ်းအားက မင်းရဲ့ခွန်အား"
Chapter (916)"လူသေသော်လည်း နာမည်မသေ"
Chapter (917)"လိဝူလျန် ဘယ်မှာလဲ"
Chapter (918)"မင်းက အသက်ရှင်နေသေးတယ်"
Chapter (919)"ထူးဆန်းသော မှိုပွင့်"
Chapter (920)"ဆိုးတူကောင်းဖက် သူငယ်ချင်း"
Chapter (921)"ဒါကဘဝပဲ"
Chapter (922)"တစ္ဆေမှို"
Chapter (923)"ကံကောင်းမှုက ဘယ်လိုများလဲ"
Chapter (924)"ငါကတကယ်ပဲ အဲဒီလို လူမျိုးလား"
Chapter (925)"ကြိုတင်ကတိတောင်းခြင်း"
Chapter (926)"ဆုံးရှုံးမခံနိုင်"
Chapter (927)"ရွှေရောင်လင်းယုန်"
Chapter (928)"လင်းယုန်ဘာသာစကား ပြောနိုင်သလား"
Chapter (929)"မင်း အရူးမလုပ်နဲ့"
Chapter (930)"ဆေးလုံးဖြင့် မျှားခေါ်ခြင်း"
Chapter (931)"မင်းကို ထိခွင့် မရှိဘူးလား"
Chapter (932)"ဉာဏ်တုံးသော လင်းယုန်ကြီး"
Chapter (933)"မီးအပ် . . ."
Chapter (934)"လင်းယုန်ကြီး၏ အမြန်နှုန်း"
Chapter (935)"မိုးကြိုးမုန်တိုင်း ရွှေလင်းယုန်"
Chapter (936)"ကြယ်ဓား"
Chapter (937)"အရွယ်ရောက်မှ ပြန်ဆုံကြမယ်"
Chapter (938)"အဆင့်တက်ခြင်း"
Chapter (939)"အရိပ်မဲ့"
Chapter (940)"ဓားချက်တစ်ချက်ဖြင့် ပြဿနာကို ဖြေရှင်းခြင်း"
Chapter (941)"ဒေါသထွက်သွားခြင်း"
Chapter (942)"မင်းဘယ်သူလဲ"
Chapter (943)"ဟန်ပိုင်ယွဲ့"
Chapter (944)"ဆုလာဘ်လော အိပ်မက်ဆိုးလော"
Chapter (945)"ဧကရာဇ် ခြေလှမ်း"
Chapter (946)"ဧကရာဇ် ဓားချက်"
Chapter (947)"နှင်းကိုးလွှာ ကောင်းကင်"
Chapter (948)"ကြောက်မက်ဖွယ် ကောင်းသော"
Chapter (949)"တစ်ဦးတည်းသော လူ"
Chapter (950)"ငါပါ"
Chapter (951)"ခိုင်မြဲသော ညီအစ်ကို သံယောဇဉ်"
Chapter (952)"အကန့်သတ်မဲ့ ရဲရင့်မှု"
အခန်း (၉၅၃)"သရုပ်ဆောင် ပီပြင်မှု"
အခန်း (၉၅၄)"အလိုက်အထိုက် ပြောဆိုတတ်ခြင်း"
955---958
အခန်း (၉၅၉)"ကြောင်တစ်ကောင်မှ ရိုက်နှက်ခြင်း"
အခန်း (၉၆၀)"ပါးစပ်ဖွာခြင်း"
အခန်း (၉၆၁)"ထူးဆန်းသော အပြုအမူ"
အခန်း (၉၆၂)"တစ်လှေတည်းစီး တစ်ခရီးတည်းသွား"
အခန်း (၉၆၃)"အထင်နှင့် အမြင်"
အခန်း (၉၆၄)"လူလိမ်"
အခန်း (၉၆၅)"ခေါ်ရခက်ခြင်း"
အခန်း (၉၆၆)"ရွှမ်ပိုင်၏အထင်"
အခန်း (၉၆၇)"အချစ်ရေးကံကောင်းသူ"
အခန်း (၉၆၈)"ရွှမ်ပိုင်၏ သဝန်တိုမှု"
အခန်း (၉၆၉)"တရားလွန် ပြောဆိုခြင်း"
အခန်း (၉၇၀)"အမှားကျူးလွန်ခြင်း"
အခန်း (၉၇၁)"ဆရာသမားအပေါ် အထင်ကြီးမိခြင်း"
အခန်း (၉၇၂)"ကျားရှေ့မှောက်လျက်လဲ"
အခန်း (၉၇၃)"ဘာအတွက် ကြောက်ရမလဲ"
အခန်း (၉၇၄)"ပြဿနာပေါင်းသောင်းခြောက်ထောင်"
အခန်း (၉၇၅)"သတ်ဖြတ်ရန် အဆင်သင့် ဖြစ်ခြင်း"
အခန်း (၉၇၆)"စော်ကားချင်တိုင်း စော်ကားလို့ ရသလား"
အခန်း (၉၇၇)"ရှင်းပြရန် ကြိုးစားခြင်း"
အခန်း (၉၇၈)"ကိုယ်တိုင် လက်စားချေလိုခြင်း"
အခန်း (၉၇၉)"သုတ်သင်ရန် အကြောင်းပြချက်"
အခန်း (၉၈၀)"ဆရာသမား"
အခန်း (၉၈၁)"ရင်းနှီးနေသည့် ကိုယ်သင်းရနံ့"
အခန်း (၉၈၂)"မီးခိုးရောင်တောင်မှ လူထူးဆန်းကြီး"
အခန်း (၉၈၃)"လျှို့ဝှက်အဖွဲ့စည်းကြီး ပြန်ပေါ်လာခြင်း"
အခန်း (၉၈၄)"ပစ်မှတ်"
အခန်း (၉၈၅)"ရုပ်ဆိုးနေသလား"
အခန်း (၉၈၆)"နိမိတ် စီရင်စု"
အခန်း (၉၈၇)"ဆောင်မျိုးနွယ်စု၏ ပိုင်နက်"
အခန်း (၉၈၈)"ပြဿနာကို မီးခွက်ထွန်းရှာ"
အခန်း (၉၈၉)"ဆောင်ဂျူ၏ တူ"
အခန်း (၉၉၀)"ရဲရင့်သောလူ"
အခန်း (၉၉၁)"အဆုံးမဲ့သည့် ဒေါသများ"
အခန်း (၉၉၂)"ဆောင်မျိုးနွယ်စု"
အခန်း (၉၉၃)"ဖယ်ကျဉ်ခြင်း"
အခန်း (၉၉၄)"ကျိုးကြောင်းမဆင်ခြင်နိုင်ခြင်း"
အခန်း (၉၉၅)"သတ်ဖြတ်ခြင်း နတ်ဘုရား ပြန်ပေါ်လာခြင်း"
အခန်း (၉၉၆)"သတ်လိုက်"
အခန်း (၉၉၇)"ရေစက်ရှိ၍ ဆုံတွေ့ရခြင်း"
အခန်း (၉၉၈)"အမှိုက်မှ ရွှေဖြစ်"
999---1004
1005---1006
1007---1008
1009---1010
1011---1012
1013---1014
1015---1016
1017---1018
1019---1020
1021---1022
1023---1026
1027---1031
1032---1036
1037--1038
1039---1040
1041---1042
1043---1044
1045----1046
1047---1048
1049----1050
1051---1052
1053---1054
အခန်း (၁၀၅၅)"ကောင်းကင်တံခါး မုဒ်ဝ ပွင့်နေပြီ"
အခန်း (၁၀၅၆)"စိတ်လွတ်သွားသည့် ဟန်ပိုင်ယွဲ့"
1057---1058
1059---1060
1061---1062
1063---1064
1065----1066
1067---1068
1069---1070
1071-----1072
1073----1074
1075---1076
1077----1078
1079-----1080
1081----1082
1083----1084
1085----1086
1087----1088
1089----1090
1093------1094
1095----1096
1097----1098
1099----1100
1101-----1102
1103----1104
1105-----1106
1107----1108
1109---1110
1111-----1112
1113------1114
1115------1116
1117---1118
1119-----1120
1121----1122

1091----1092

148 16 2
By KazunoMora

အခန်း (၁၀၉၁)(စာစဉ် ၇၈- အပိုင်း ၁၃)

“ခေါင်းဆောင် ရွေးချယ်ခြင်း”

လူတိုင်းမှာ ရဲရှုဇန်ပြောသည့် စကားများကို ငြိမ် သက်စွာဖြင့် နားထောင်နေတုန်းပါပင်။

ထိုစကားလုံးများက သူတို့ကိုယ်တိုင်လည်း ပြော ချင်နေခဲ့သည့် စကားများပင် မဟုတ်ပါလား။

ယခုအခါ ရဲရှုဇန်မှ သူတို့အစား ထုတ်ဖော်ပြောပြ လိုက်သလို ဖြစ်သွားခဲ့သည်။

နောက်ဆုံးတွင် တိတ်ဆိတ်နေသည့် အခန်းထဲ၌ ရဲရှုဇန်၏ ပင့်သက်ရှိုက်သံ တိုးတိုးလေး ထွက်ပေါ်လာ လေသည်။

ထိုစဉ် ရဲရှုချင်က စိတ်ထိခိုက်နေသည့် ဟန်မျိုးဖြင့် သက်ပြင်းချလိုက်ရင်း -

“ဒါဆိုရင် ငါမှားခဲ့တာပေါ့ . . .”

“ငါလက်လျှော့ဖို့ ဆုံးဖြတ်လိုက်ကတည်းက မှားခဲ့ တာပေါ့၊ ငါမင်းတို့ကို နာကျင်စေခဲ့သလို ငါ့ကိုယ်တိုင် ကိုလည်း နာကျင်စေခဲ့တယ် . . .”

“မင်းတို့ကို ခံစားရအောင် လုပ်ခဲ့သလို ငါ့ကိုယ်ငါ လည်း ခံစားအောင် လုပ်ခဲ့မိတယ်၊ ဒီနေ့ ငါတို့ဆုံးရှုံးခဲ့ ရတဲ့ အုပ်စု ၃ စုကလည်း ငါ့ကြောင့်ပဲ ဆုံးရှုံးခဲ့ရတာ”

“ဒါပေမယ့် ပြန်စတင်ဖို့ဆိုတာ နောက်မကျသေးပါ ဘူး အဖေ . . .”

ရဲနန်ရှန်က အဖေဖြစ်သူအားကြည့်ရင်း ပြောလိုက် သည်။

“ပျက်စီးခြင်းဆိုတဲ့အရာမရှိရင် တည်ဆောက်ခြင်း ဆိုတဲ့အရာကလည်း ရှိနိုင်မှာ မဟုတ်ဘူးလေ . . .”

“ရှောင်ရှောင်ရဲ့ လုပ်ရပ်က သွေးအေးပြီးရက်စက် တယ်ဆိုပေမယ့် ကျွန်တော်တို့ကို တစ်သွေးတည်းတစ် သားတည်း ဖြစ်သွားအောင် လုပ်ပေးလိုက်သလိုပဲ”

“ရဲမျိုးနွယ်က အခုဆိုရင် လုံးဝကို သန့်စင်သွားပြီ၊ နောက်ပြီး ရဲမျိုးနွယ်က လူတိုင်းက ကျွန်တော်တို့ရဲ့ လူတွေ ဖြစ်ကုန်ကြပြီ၊ ကျွန်တော်တို့တွေ အချင်းချင်း ကြားမှာ မလိုမုန်းထားတဲ့စိတ်တွေလည်း မရှိကြတော့ ဘူး . . .”

“အဲဒီလို တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားကြမှ တော့ ပြန်လည်တည်ဆောက်ရတာ လွယ်မှာပါ၊ ကျွန် တော်တို့ မျိုးနွယ်ကိုလည်း ပြန်ပြီး မြင့်တက်အောင် လုပ်ကြမယ် . . .”

“အခုလိုကိစ္စတွေ ဖြစ်သွားလို့ ကျွန်တော်တို့တွေ အားနည်းသွားပြီး တခြားမျိုးနွယ်တွေနဲ့ ရင်ဆိုင်ဖြေ ရှင်းရမှာတွေ ရှိနိုင်တယ် ဆိုပေမယ့် ကျွန်တော်တို့တွေ အတူတကွသာ ရှိနေရင် ရဲမျိုးနွယ်စုက ပြိုကွဲသွားမှာ မဟုတ်ပါဘူး . . .”

“အနာဂတ်မှာ ရဲမျိုးနွယ်စုကြီးက ပိုပြီး အင်အား တောင့်တင်းလာရမယ်၊ ဘာလို့လဲဆိုတော့ မျိုးနွယ်စု ထဲမှာ ကျွန်တော်တို့ကို ရပ်တန့်တားဆီးနိုင်တဲ့အရာ တွေ မရှိတော့လို့လေ၊ ဒါကတန်ဖိုးအရှိဆုံး အကျိုး အမြတ်ကို ရလိုက်တာပဲ . . .”

“ဟုတ်တယ် . . .”

ကျန်လူများလည်း ရဲနန်ရှန်၏ စကားကို ဝိုင်းဝန်း ထောက်ခံလိုက်ကြသည်။

ရဲရှုဇန်မှာမူ သူပြောဆိုခဲ့သည့် စကားများက လွန် မှန်းသိသွား၍ ခေါင်းငုံ့လျက်သားဖြင့် ရှိနေသည်။

ထို့နောက် စိတ်မကောင်းဖြစ်သည့် အသံဖြင့် -

“အစ်ကိုချင် . . .”

“ဒီစကားလုံးတွေကို ငါတကယ် မပြောချင်ပါဘူး၊ အရင်က ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောနေ တာကလည်း မဖြစ်သင့်ပါဘူးလေ . . .”

“အဲဒါကြောင့် ငါပြောခဲ့တဲ့ စကားတွေကို မင်းစိတ် ထဲ မထားပါနဲ့ . . .”

ညီဖြစ်သူ၏ စကားကို နားထောင်ရင်း ရဲရှုချင်၏ မျက်လုံးများမှာ မျက်ရည်များဖြင့် စိုနေလေသည်။

ထို့နောက် တုန်ယင်သော အသံဖြင့် -

“ပြီးသွားတဲ့ကိစ္စတွေက ဘာမှလုပ်လို့မရတော့ဘူး၊ ဒါပေမယ့် ငါကဘယ်လိုများ မေ့ပျောက်နိုင်မှာလဲ”

ထိုစကားကြောင့် ရဲရှုဇန်မှာမျက်နှာပျက်ယွင်းသွား ပြီး ချက်ချင်းပင် ဒူးထောက်လိုက်ကာ -

“ဒီစကားလုံးတွေကို သတိလက်လွတ်ပြောခဲ့မိတာ ငါမိုက်မဲတာပါ၊ ငါကရိုင်းစိုင်းပြီး မင်းကို ဆန့်ကျင်မိ သလို ဖြစ်ခဲ့တယ်၊ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ”

“မင်းသာ စိတ်ကျေနပ်မယ်ဆိုရင် ငါ့ကို အပြစ်ပေး လိုက်ပါ၊ ငါခံယူဖို့ အသင့်ပါ . . .”

ရဲရှုချင်အဖို့ အတိတ်၌ မည်မျှမှားခဲ့ပါစေ အရေး မကြီးတော့၊ လက်ရှိ၌ မျိုးနွယ်စုခေါင်းဆောင် ပြန်ဖြစ် နေပြီ မဟုတ်ပါလား။

ထိုမျှမက အထောက်အပံ့ကောင်းကောင်း ပေးနိုင် သည့် မြေးဖြစ်သူလည်း ရှိနေပါသေးသည်။

ထို့ကြောင့် ရဲရှုချင်ဘက်မှ သူ့အား စော်ကားသည် ဟု ခံစားရ၍ အပြစ်ပေးမည်ဆိုလျှင်လည်း မည်သူကမှ တားဝံ့လိမ့်မည် မဟုတ်ချေ။

(ငါမှားခဲ့တယ် အဲဒီတော့ရော ဘာဖြစ်လဲ . . .)

(ငါ့မြေးက ငါတို့မျိုးနွယ်စုကို ပြန်ရယူပေးပြီးသွား ပြီလေ၊ ဘယ်သူကများ ငါ့ကို အထွန့်တက်ရဲလဲ . . .)

အကယ်၍ သူ့အား မကျေနပ်သည့် လူများရှိလျှင် လည်း ရဲရှုချင်ဘက်မှ ထိုသို့ တွေးနိုင်မည်မှာ သေချာ လှသည်။

ချင်းရန်နယ်ပယ်၌ အင်အားသာလျှင် ဥပဒေသပင် မဟုတ်ပါလား။

သို့သော် ရဲရှုဇန်မှာမူ စိတ်ထဲရှိ စကားလုံးများကို အထိန်းကွပ်မဲ့ ပြောဆိုခဲ့ပြီး လက်ရှိ အခြေအနေအား လျစ်လျူရှုခဲ့မိသည်။

သူ၏ လုပ်ရပ်က သေဘေးမှ လွတ်လာသောလူက သေဘေးနှင့် ထပ်မံ၍ ရင်ဆိုင်နေသလိုပင် ဖြစ်နေလေ သည်။

ထိုစဉ် ရဲရှုချင်က ညီဖြစ်သူအနား လျှောက်သွားပြီး ပခုံးကို ကိုင်လိုက်ကာ -

“ညီလေး . . .”

“ငါက ဘယ်လိုလူမျိုးလဲဆိုတာကို မင်းမေ့နေပြီ လား၊ မင်းရဲ့ စကားလုံးတွေက ငါ့ကို အလင်းပြပေးခဲ့ တယ် အဲဒါက ကောင်းတဲ့ကိစ္စပဲ မဟုတ်လား၊ အခု ဘာတွေများ လုပ်နေတာလဲ ထစမ်းပါကွာ . . .”

ထို့နောက်‌ ဘေးဘီဝဲယာအား ကြည့်လိုက်ပြီး လေး နက်သော အသံဖြင့် -

“ငါတို့တွေ ဘယ်ဟာမှန်တယ် မှားတယ်ဆိုတာကို လက်ခံပြီး ပြင်ဖို့ ကြိုးစားကြရမယ် ဒါပေမယ့် ငါရဲမျိုး နွယ်စုရဲ့ ခေါင်းဆောင်နေရာကို ထပ်ပြီး မယူနိုင်တော့ ဘူး ညီလေး . . .”

ထိုစကားကြောင့် ရှိနေသော လူများအားလုံးမှာ အံ့ ဩမှင်သက်သွားကြသည်။

“ခေါင်းဆောင် . . .”

“ကျေးဇူးပြုပြီး ထပ်ပြီး စဉ်းစားပေးပါဦး၊ ကျုပ်တို့ ကို ထပ်ပြီး စိတ်ပျက်အောင် မလုပ်ပါနဲ့ . . .”

“အတိတ်က အမှားဆိုတာ အနာဂတ်အတွက် သင် ခန်းစာပါပဲ၊ လူတစ်ယောက်ရဲ့ အမှားကို ပြုပြင်တယ် ဆိုတာ ကောင်းတဲ့အရာတစ်ခုပဲ မဟုတ်ဘူးလား . . .”

“အခု အသိလည်း ဝင်နေပြီဆိုတော့ ဘာလို့ လက် လျှော့တော့မှာလဲ . . .”

ရဲရှုချင်မှ ပြုံးလိုက်ပြီး -

“မင်းတို့ ဘာစဉ်းစားနေလဲဆိုတာကို ငါနားလည် ပါတယ်၊ ငါက နောင်တရပြီး ဝမ်းနည်းနေလို့ အခု ဒါမျိုးလုပ်တာ မဟုတ်ပါဘူး . . .”

“ငါခေါင်းဆောင်နေရာကို ငြင်းရတဲ့ အကြောင်းပြ ချက်က ဒီနေရာကို ပိုပြီးအရည်အချင်းရှိတဲ့ လူဆီပဲ လက်ဆင့်ကမ်းပေးချင်လို့ပါ . . .”

“ငါ့လူတွေ . . .”

“နေ့လယ်ကျရင် ဘိုးဘေးခန်းမကို လာခဲ့ကြပါ အဘိုးကို ငါမျိုးနွယ်စုခေါင်းဆောင် အသစ် ရွေးလိုက် ပြီဆိုတာ သတင်းပို့ရမယ် ပြီးရင်တော့ ငါ့နေရာကို ငါ့ သားဖြစ်တဲ့ နန်ရှန်ကို လွှဲပေးမယ် . . .”

“ငါကတော့ သက်ကြီးဝါကြီး တစ်ယောက်အနေနဲ့ ပဲ သက်ကြီးဝါကြီးအဖွဲ့မှာ ပါဝင်တော့မယ်၊ ဒီအဖြေကို အားလုံးက ကျေနပ်နိုင်ကြမယ်လို့ ထင်ပါတယ် . . .”

အဘိုးကြီးရဲမှာ ပြောနေရင်းဖြင့် ခေတ္တမျှ နားလိုက် သည်။

ထို့နောက်မှ ဆက်လက်၍ -

“ငါဆုံးဖြတ်ပြီးသွားပြီမလို့ ငါ့စိတ်ကို ပြောင်းလဲဖို့ မကြိုးစားကြပါနဲ့တော့ . . .”

“ဟားဟား ငါတို့က မိသားစုတွေပဲ မင်းတို့အားလုံး စိတ်အေးသွားကြပြီဆိုတာကိုလည်း ငါသိပါတယ် . . .”

“မိသားစုတွေဖြစ်တဲ့ ငါတို့မျိုးနွယ်မှာ မျိုးနွယ်ကို မြင့်တက်အောင် ဦးဆောင်ပေးနိုင်တဲ့ ခေါင်းဆောင် ကောင်းတစ်ယောက် ရှိဖို့ပဲ လိုတာပါကွ . . .”

“ငါအုပ်ချုပ်မှ မဟုတ်ပါဘူး နန်ရှန်ကလည်း မျိုး နွယ်ကို မြင့်တက်အောင် လုပ်ပေးနိုင်ပါတယ် . . .”

“အဲဒီတော့ မင်းတို့ ငါ့ကို နှစ်သိမ့်ဖို့ မကြိုးစားကြနဲ့ တော့၊ အနည်းဆုံးတော့ ငါ့ရဲ့ အမြင်တွေလည်း ကျယ် သွားခဲ့ပါပြီ ဟား ဟား . . .”

ကျန်လူများလည်း အဘိုးကြီးရဲနှင့်အတူ လိုက်ပါ ရယ်မောလိုက်ကြပြီး အခန်းတစ်ခုလုံးမှာ ရယ်မောသံ များဖြင့် ပြည့်နှက်သွားတော့သည်။

ထိုစဉ် ရဲနန်ရှန်မှ ပျာသလဲလဲဖြင့် -

“အဖေ . . .”

“ဒါကကောင်းတဲ့ဆုံးဖြတ်ချက်လို့တော့ ကျွန်တော် မထင်ဘူး၊ အဖေက ကျန်းကျန်းမာမာနဲ့ လုပ်နိုင်ကိုင် နိုင်စွမ်းလည်း ရှိသေးတယ်၊ အဲဒါကြောင့် ဒါမျိုးလုပ်ဖို့ က စောနေပါသေးတယ် . . .”

“နောက်ပြီး ကျွန်တော်က မျိုးနွယ်စုဆီ ပြန်လာ တာ မကြာသေးဘူးဆို‌တော့ ချင်းဟွာနန်းတော်က ပြဿနာ လာရှာနိုင်တယ် . . .”

“တကယ်လို့ ကျွန်တော်သာ ခေါင်းဆောင်နေရာ ဆက်ခံလိုက်တယ်ဆိုတာ သူတို့သိရင် ရဲမျိုးနွယ်စုကို ပြဿနာ ရှာလာနိုင်တယ် အဲဒီလိုသာဆိုရင် . . .”

“အတိတ်က အကြောင်းတွေကို ပြန်ပြီး တွေးမနေ နဲ့၊ ငါတို့တွေ အများကြီး သင်ယူခဲ့ပြီးသွားပြီ သင်ခန်း စာတွေလည်း အများကြီး ရပြီးပြီ . . .”

“ငါတို့တွေ တစ်ခါအညံ့ခံပေးပြီးသွားပြီ နာကျင်မှု တွေလည်း ခံစားရပြီးပြီ အခုထပ်ပြီးတော့ အညံ့လုံးဝ မခံနိုင်တော့ဘူး . . .”

ရဲရှုချင်က ခိုင်မာ ပြတ်သားစွာ ပြောလိုက်သည်။

“ဒီတစ်ကြိမ်သာ ငါတို့ထပ်ပြီး နောက်ဆုတ်လိုက် ရင် အရှုံးပေးမှုတွေနဲ့ အသားကျသွားမှာတောင် စိုးရ တယ်၊ အဲဒီတော့ သူတို့ထပ်လာမယ်ဆိုရင်လည်း ငါတို့ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့ . . .”

“အဲဒီလို ခေါင်းမငုံ့ အရှုံးမပေးဘဲ အသေတိုက်ခိုက် ရတာကို ငါတော့ ပိုသဘောကျမိတယ် မင်းရော ဘယ် လိုထင်လဲ၊ ကျန်တဲ့လူတွေရော ဘယ်လိုထင်လဲ . . .”

“ဟုတ်ပါတယ် ထောက်ခံပါတယ် . . .”

“ဟုတ်တယ် သဘောတူတယ် . . .”

ကြက်သီးမွှေးညှင်း ထလောက်အောင်ပင် လူတိုင်း မှာ သံပြိုင်ပင် ထောက်ခံလိုက်ကြသည်။

နှစ်ပေါင်းများစွာ ငုံ့ခံရင်း မာန်မာနများကို ချိုးနှိမ်ခဲ့ ရသည့် လူများ တွန်းလှန်လျှင် ထိုလူများ၏ သွေးက ပို ၍ပင် ရဲရဲတောက်နိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် ရဲမျိုးနွယ်၏ အနာဂတ်က မှန်းဆရန် ပင် ခက်ခဲနေပါတော့သည်။
. . .

အစည်းအဝေး လုပ်နေစဉ်မှာပင် အသံတစ်သံကို အားလုံး ကြားလိုက်ကြရသည်။

“မင်းတို့တွေတကယ်ပဲ ဆုံးဖြတ်ပြီးသွားကြပြီပေါ့”

ထိုအသံနှင့်အတူ အခန်းတံခါး ရုတ်တရက်ပွင့်သွား ပြီး ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခု ဝင်လာလေသည်။

ထိုပုံရိပ်မှာ ရဲမျိုးနွယ်စု၏ ဥသျှောင်ကြီးဖြစ်သူ ရဲရှန်ချန်ပင် ဖြစ်၏။

ထို့ကြောင့် ရှိနေသော လူများမှာ မတ်တပ်ထရပ် လိုက်ပြီး အရိုအသေပြုလိုက်ကြသည်။

ရဲရှန်ချန်၏ မျက်နှာမှာ ကန်ရေပြင်ကဲ့သို့ တည်ငြိမ် နေပြီး မျက်လုံးများမှာ အေးစက်စက် ဖြစ်နေသည်။

သူ၏ အရှိန်အဝါကြောင့် မည်သူမှ အသံမထွက်ဝံ့ ဘဲ ငြိမ်သက်စွာ ရှိနေကြသည်။

စိတ်ဓာတ်မာကြောသည့် ရဲနန်ရှန်ပင် ထို့အတူ ဖြစ် နေရသည်။

ထိုအချိန် ရဲရှန်ချန်မှ လျှောက်လာနေရင်းဖြင့် အား လုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး -

“ငါအလောင်းတွေကို မြင်ခဲ့ပြီးသွားပြီ . . .”

“မင်းတို့တွေ ကောင်းကောင်းလုပ်ခဲ့ကြတာပဲ . . .”

“ကျေးဇူးတင်ပါတယ် အဘိုး . . .”

အားလုံးမှာ တစ်ပြိုင်တည်းပင် ဖြေလိုက်ကြ၏။

စင်စစ် ရဲရှန်ချန်မှ သူတို့အား ချီးကျူးလိုက်ခြင်း မဟုတ်ကြောင်း သိနေလေသည်။
သို့သော် ၎င်းတို့အဖို့ မည်သို့ တတ်နိုင်ပါတော့မည် နည်း။

ရဲရှုချင်နှင့် ရဲနန်ရှန်တို့ ဦးဆောင်သည့် အဖွဲ့မှာ သုံး ဖွဲ့ရှိနေ၍ ရဲရှန်ချန်အနေဖြင့် အပြစ်ပေးချင်လျှင်ပင် အားလုံးကို အသေသတ်ရန်မှာ မဖြစ်နိုင်ချေ။

ထို့ပြင် မျိုးနွယ်စုထဲ၌လည်း သေသူကသေ၍ လူ များစွာ မကျန်ရှိတော့ပြီ မဟုတ်ပါလား။

တကယ်တမ်းတွင် ရဲရှုစင်မှ ရဲနန်ရှန်တို့အုပ်စုအား အစကတည်းကပင် သတ်ချင်နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ထိုသို့လုပ်သည်ကို ရဲရှန်ချန် သိလျှင်ပင် သူ့အား အပြစ်မပေးနိုင်ကြောင်းကိုလည်း သိနေသည်။

မည်သည့်ဘက်မှ သတ်သတ် ရဲရှန်ချန်အနေဖြင့် ပြစ်ဒဏ်ကြီးကြီးမားမား ပေး၍ မရနိုင်ပြီ။

အကြောင်းမှာ မျိုးနွယ်စု၏ အင်အား ယုတ်လျော့ သွားမည်စိုးရိမ်သောကြောင့်ပင် ဖြစ်ပါတော့သည်။

#translator
#ကြွေရွက်ဝါ

အခန်း (၁၀၉၂)(စာစဉ် ၇၈- အပိုင်း ၁၄)

“ပြန်လည် တည်ငြိမ်သွားခြင်း”

ရဲရှန်ချန်လည်း အခန်းထဲရှိ လူများကို ကြည့်လိုက် ရင်း -

“နန်ရှန် . . .”

“မင်းရဲ့သားက အခုဘယ်အဆင့်ရောက်ပြီလဲ . . .”

ရဲနန်ရှန်မှ -

“ကျုပ် ကျုပ် သူ့ကို မေးခဲ့ဖို့တောင် အချိန်မရှိလိုက် ဘူး . . .”

(ဘယ်လို မမေးခဲ့လိုက်ဘူး ဟုတ်လား၊ တကယ်ဆို မေးဖို့တောင် လိုသေးလို့လား ဒီလောက်ထိ လူတွေ အများကြီးကို သတ်ခဲ့တာ၊ အဲဒါတောင် မင်းတို့က သူ့ အဆင့်ကို မသိကြဘူးလား . . .)

(သူ့ဟာသူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အကြမ်းဖျဉ်းလောက်တော့ ခန့်မှန်းနိုင်ကြရမှာပေါ့)

(နောက်ပြီး သူက သိပ်ငယ်သေးတယ်၊ ဒီလို လူ ငယ်တစ်ယောက်က အကန့်သတ်ဆိုတာ ရှိမှာပဲ၊ ဘာ လဲ ဒါမှမဟုတ် သူ့မှာ ဖော်ပြဖို့တောင် ခက်ခဲတဲ့ စွမ်း အင်တွေ ရှိနေလို့လား . . .)

ထိုစဉ် လူအများတွင်းမှ အသံတစ်သံထွက်ပေါ်လာ လေသည်။

“အဘိုး . . .”

“ဦးလေးနန်ရှန်ရဲ့ သားဆိုတာ လီမျိုးနွယ်နဲ့ ကျုပ် တို့ကို တောင်ပေါ်ဆီ ခေါ်သွားခဲ့တဲ့ လူငယ်ပဲလေ၊ ကျုပ်တို့က နာမည်တင် တူနေတာမဟုတ်ဘူး မျိုးနွယ် စုပါ တူနေတာဗျ . . .”

ထိုသို့ ပြောလိုက်သူမှာ ရဲလျန်ချန်ပင် ဖြစ်၏။

ရဲလျန်ချန်မှာ ယခုရှိနေသည့် လူများထဲ၌ အသက် အငယ်ဆုံးဖြစ်ရုံမက အားအနည်းဆုံးလည်းဖြစ်သည်။

သွေးညှီနံ့များ ဖုံးရန် အမွှေးနံ့သာများကို ဖြန်းခဲ့ ကတည်းက အဖေဖြစ်သူက အပြစ်ပေးသည့်အနေဖြင့် တံခါးအား‌ စောင့်ကြပ်ရန် ခိုင်းစေခဲ့သည်။

သို့သော် ၎င်းတို့ထက် စွမ်းအားကြီးသည့် ရဲရှန်ချန် ဝင်လာချိန်တွင်မူ သတိမပြုမိခဲ့ဘဲ ယခုဆူညံသံများ ကြားရသည့်အခါမှသာ အပြေးတပိုင်း ရောက်လာခြင်း ဖြစ်သည်။

ရဲရှောင် မည်သူမည်ဝါမှန်း သိနေ၍ သူ့အဖို့ အမှန် တရားကို အချိန်အကြာကြီး မထိန်းသိမ်းလို၊ မမြိုသိပ် ထားလိုပေ။

ယခုအခါ ထိုအမှန်တရားကို ချပြရန် အခွင့်အရေး ရလာပြီဖြစ်၍ သူ့အနေဖြင့် မည်သို့မှ လက်လွတ်ခံလိမ့် မည် မဟုတ်ချေ။

“ဪ သူလား . . .”

ထိုသို့ ရေရွတ်ရင်း ရဲရှန်ချန်၏ မျက်လုံးများက ထူး ဆန်းသည့် ခံစားချက်မျိုး ဖုံးလွှမ်းသွားသည်။

ထို့နောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် -

“သူဆိုရင်တော့ ငါစိတ်အေးသွားပါပြီ၊ ရဲမျိုးနွယ်စု ကလည်း အခုကစပြီး လုံခြုံသွားပြီ . . .”

ရဲရှန်ချန်အဖို့ ဝတ်ရုံနက် အမျိုးသမီးနှင့် ဝတ်ရုံဖြူ ဝတ် လူတို့အား ယခုအချိန်ထိ ကောင်းစွာ မှတ်မိနေပါ သေးသည်။

ထိုလူများနှင့်အတူ ၎င်းတို့၏ ဖော်ပြနိုင်ရန် ခက်ခဲ သည့် စွမ်းအားများကို မှတ်မိနေသည် ဆိုသည်က ပို၍ ပင် မှန်ကန်နိုင်သည်။

ထိုလူများနှင့် မိတ်ဆွေဖြစ်နေသည့် ရဲရှောင်က သူ တို့၏ မျိုးနွယ်စုဝင် ဖြစ်နေ၍ ရဲမျိုးနွယ်အဖို့ မည်သည့် အရာကို စိတ်ပူစရာ ရှိပါဦးမည်နည်း။

ထိုဝတ်ရုံနက် အမျိုးသမီးနှင့် ဝတ်ရုံဖြူဝတ် လူတို့ မှာ ရဲရှန်ချန် ခန့်မှန်းသည်ထက်ပင် ပို၍ စွမ်းအားကြီး မားနိုင်သည်။

ထို့ကြောင့် အင်အားကြီးမားသူများနှင့် မိတ်ဆွေ ဖြစ်ခြင်းက ရဲမျိုးနွယ်အတွက် ကောင်းသောအရာများ ပင် မဟုတ်ပါလား။

မူလတာအိုအဆင့် ပညာရှင်ပင်လျှင် ထိုလူများ၏ အဆင့်ကို ကောင်းစွာ မမြင်နိုင်၍ အလွန်အစွမ်းထက် မည်မှာ သေချာလှသည်။

ထို့ကြောင့် ရဲမျိုးနွယ်အား ချင်းဟွာနန်းတော်ဘက် မှ တိုက်ခိုက်လာလျှင်ပင် လွယ်ကူတော့မည်မဟုတ်ပါ။

ထိုအချက်များကြောင့် ရဲရှန်ချန်အဖို့ ရဲမျိုးနွယ်စု လုံခြုံသွားပြီဟု သတ်မှတ်လိုက်ရခြင်း ဖြစ်သည်။

ထိုသို့ သတ်မှတ်ခြင်းက ယခုပစ္စပ္ပုန်အတွက်သာ မက နောင်အနာဂတ်အတွက်ပါ လုံခြုံသွားပြီဟု ဆိုလို ခြင်းပါပင်။

မည်သို့ပင် ဖြစ်နေပါစေ လှိုင်းတံပိုးထန်ခဲ့ရသော ရဲ မျိုးနွယ်အဖို့ ဒုက္ခများ ကင်းဝေးကာ ငြိမ်းချမ်းသာယာ သော ရွှေရောင်နေ့ရက်များကို ရောက်နိုင်တော့မည်။

သို့သော် ရဲမျိုးနွယ်မှာမူ ထိုသို့ ဖြစ်နိုင်သော်လည်း အခြားမျိုးနွယ်မှာမူ ထိုသို့ မဖြစ်နိုင်ချေ။

“ဒါဆိုရင်တော့ ငါပြန်ပြီး အနားယူသင့်ပြီ . . .”

ရဲရှန်ချန်လည်း သူ့ပခုံးထက်ရှိ ဝန်ထုတ်ဝန်ပိုးများ လျော့ကျသွား၍ စိတ်ပေါ့ပါးစွာဖြင့်ပင် ရယ်မောရင်း ပြောလိုက်သည်။

ထို့နောက် ထွက်သွားရန် ဟန်ပြင်ပြီးမှ လူများကို ပြန်ကြည့်လိုက်ရင်းဖြင့် -

“မင်းတို့တွေ ပြိုင်ပွဲကို အေးဆေးသွားကြ ဘာဆုံး ဖြတ်ချက်လုပ်လုပ် ငါ့ကို သတင်းပို့ဖို့ မလိုတော့ဘူး၊ ငါသွားပြီဟေ့ ဟား ဟား ဟား . . .”

“အဘိုး သူနဲ့ မတွေ့ချင်တော့ဘူးလား သူက ကျုပ် တို့ရဲ့ ပါရမီရှင်လေးလေ သာမန်လူငယ်လေး မဟုတ် ဘူးဗျ . . .”

လူတစ်ဦးမှ ထပြောလိုက်သည်။

“အင်း သူ့ကို မတွေ့တာ ပိုကောင်းပါတယ်၊ တွေ့ ခြင်း မတွေ့ခြင်းက ဘာမှအရေးမကြီးပါဘူးကွာ၊ သူ လည်း ရဲမျိုးနွယ်စုဝင်ရဲ့ ကလေးတစ်ယောက်ပဲလေ၊ သူနေသာသလို နေပါစေ . . .”

ရဲရှန်ချန်လည်း ရယ်မောပြောဆိုပြီးနောက် စက္ကန့် ပိုင်းအတွင်းမှာပင် ပျောက်ကွယ်သွားပါတော့သည်။

ရဲရှန်ချန်အဖို့ ရဲရှောင်နှင့် တွေ့ရမှာ နေရခက်လှ၍ မတွေ့ဆုံခြင်းက ပို၍ ကောင်းလိမ့်မည်။

ရဲမျိုးနွယ်စု၏ ဥသျှောင်ကြီး ဖြစ်သော်လည်း ထို အရာကို ရဲရှောင်က အရေးတယူဖြင့် စာရင်းထဲပင် ထည့်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ရဲရှောင်၏ ရှေ့၌ အမှိုက်တစလိုပင် ဖြစ်‌ နေမည်မှာ သေချာလှသည်။

ထိုအချက်များကြောင့် ရဲရှန်ချန်က ရဲရှောင်ရှေ့သို့ မသွားတော့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ရဲရှောင် ဘေးနားရှိ လူနှစ်ဦးမှာ အကြည့် တစ်ချက်ဖြင့်ပင် သူတို့မျိုးနွယ်စုကို ပြိုကွဲအောင် လုပ် နိုင်စွမ်း ရှိနေသည်။

ထို့ကြောင့် ရဲရှောင်နှင့် မတွေ့သည်က သူ့အဖို့ ပို၍ ကောင်းပေလိမ့်မည်။

သွေးထွက်သံယို ကိစ္စများ ဖြစ်ပွားပြီးနောက် ရဲမျိုး နွယ်စုတွင် ဆူးငြောင့်ခလုတ်များ ရှင်းလင်းသွားပြီ ဖြစ် သည်။

တစ်နည်းအားဖြင့် ရဲမျိုးနွယ်၏ ခေတ်တစ်ခေတ် ကို ပြန်လည် ထူထောင်ရမည့် အချိန် ရောက်ရှိသွားပြီ ဖြစ်ပါတော့သည်။
. . .

နောက်တစ်နေ့မှာ ရဲမျိုးနွယ်စုမှ လူတိုင်းအတွက် အလုပ်များသော နေ့တစ်နေ့ဟုပင် ဆိုရမည်။

ထို့ပြင် ရဲမျိုးနွယ်၏ အိမ်တော်အများအပြား၌ ငို ကြွေးသံများ၊ ပူဆွေးသံများဖြင့် ဆူညံပွက်လောရိုက် လျက် ရှိသည်။

ထိုသို့ ငိုကြွေးနေသူများက သေဆုံးသွားသည့် လူ များ၏ မိသားစုဝင်များပင် ဖြစ်၏။

တစ်ချိန်တည်းမှာပင် သတင်းစကားများကလည်း တောမီးပမာ ပျံ့နှံ့သွားလေသည်။

“ဟိတ်လူတွေ ဟိတ်လူတွေ သိပြီးကြပြီလား . . .”

“ရဲမျိုးနွယ်စုလေ အား ဖြစ်ပျက်သွားတာ ကြောက် ဖို့တောင် ကောင်းတယ် . . .”

“ဟေ ဘာတွေလဲ ပြောစမ်းပါဦးဟ . . .”

“ရဲနန်ရှန်ရဲ့သား ပြန်ရောက်လာကတည်းက ရဲမျိုး နွယ်ရဲ့ အခြေအနေတွေက အတော်ကြီးကို ပြောင်းလဲ သွားတာပဲ . . .”

“အဲဒီကောင်လေးက ငယ်ရွယ်ပြီး သိုင်းလောက မှာ ပြိုင်ဘက်ကင်း တစ်ယောက်လိုကို အစွမ်းထက် တယ်ဆိုပဲ . . .”

“အစွမ်းမထက်ရိုး နေမလား သူ့လုပ်ရပ်ကို ကြည့် လေ စရောက်ရောက်ချင်းပဲ သူ့ကို ဆန့်ကျင်တဲ့လူတွေ ကို သတ်ဖြတ်ပစ်ခဲ့တယ် . . .”

“ဟေ အဲဒါ အမှန်ပဲလား . . .”

“ဪ ဟုတ်ပါတယ်ဆို အမှန်ပဲကွ . . .”

“မယုံရင် မင်းကိုယ်တိုင် သွားကြည့်ပါလား . . .”

“ဘုရား ဘုရား သူက အဲဒီလောက်တောင် သွေး အေးပြီး ရက်စက်တာလား၊ သူ့လူတွေကိုတောင် သူက သတ်ခဲ့တယ်ပေါ့လေ ဟုတ်လား . . .”

“အေး ဟုတ်ပါတယ်ဆို ငါတို့တောင် အဲဒီသတင်း ကို ကြားကြားချင်း မယုံနိုင်ဘူး မထင်မှတ်ဖို့ကောင်း တဲ့ ကိစ္စကြီးပဲလေ . . .”

“ဒါဆို ဒါဆို သူက ရဲနန်ရှန်နဲ့ ချင်းဟွာနန်းတော်က နတ်သမီးတို့ရဲ့ သားပေါ့ ဟုတ်တယ်မှတ်လား . . .”

“ဟုတ်တယ်လေ သူပဲပေါ့ . . .”

“ဟာ ဒါဆို အဖေတူသားပဲကွ ရဲနန်ရှန်လည်း ငယ် ငယ်တုန်းက ပါရမီရှင်တစ်ယောက်ဆိုပြီး နာမည်ကြီးခဲ့ တာလေ၊ သူနဲ့ သက်တူရွယ်တူတွေ ကြားထဲမှာ သူ့ကို ဘယ်သူမှ မကျော်နိုင်ခဲ့ဘူး၊ အခု သူ့သားကလည်း သူ့ လိုပဲ သူ့ထက်တောင် ပိုသာနေသေးတယ် . . .”

“ဟုတ်တယ် ဒါပေမယ့် သိပ်ပြီး ရက်စက်လွန်းနေ သလိုပဲ၊ ကိုယ့်မျိုးနွယ်စုက လူတွေကို တွေဝေမှုမရှိဘဲ အကုန်သတ်ခဲ့တာဆိုတော့ ဒါကြီးကတော့ကွာ . . .”

“ပြင်ပက အနှောက်အယှက်တွေကို ရင်ဆိုင်ဖို့က အတွင်းပိုင်းမှာ တည်ငြိမ်နေမှ ဖြစ်မှာလေ ဒါတွေက မျိုးနွယ်စုက လူငယ်တစ်ယောက် ရင်ဆိုင်ကြုံတွေ့ရ မယ့် အရာတွေပဲ . . .”

“ဒီလို ကြုံတွေ့ရမယ့် အချိန်မှာလည်း သွေးချောင်း စီးနေမှာ အမှန်ပဲလေ ဒါနဲ့ အဲဒီကောင်လေးရဲ့ နာမည် ကရော ဘယ်လိုတဲ့လဲ . . .”

“အင်း ရဲရှောင်တဲ့ . . .”

“ရဲရှောင် ဟုတ်လား . . .”

“ဟုတ်တယ်လေ . . .”

“ဒါဆို ရှောင်ဧကရာဇ်နဲ့တူတူပဲလား ရှောင်ဆိုတာ ရယ်မောခြင်းလို့ အဓိပ္ပာယ်ရတယ်လေ . . .”

“ငါလည်း အဲဒီလိုပဲ ထင်တယ် အတူတူပဲပေါ့ . . .”

“ဒီလိုကိုး ဘုရား ဘုရား သူက အဲဒီလိုနာမည်နဲ့ လူ ပါလား၊ သူက ထူးခြားတဲ့ လူအဖြစ်နဲ့ ထွက်ပေါ်လာဖို့ မွေးဖွားလာတဲ့ လူအတိုင်းပဲ . . .”

“ဒီကောင်လေးက နောက်ဆုံးမှာ ပြိုင်ဘက်ကင်း လူတစ်ယောက် ဖြစ်သွားလိမ့်မယ်လို့ ငါထင်တယ်၊ ရှောင်ဧကရာဇ်ထက်တောင် မလျော့နိုင်ဘူး . . .”

ထိုသတင်းစကားများက အခြား မျိုးနွယ်စုများထံ သို့ တောမီးပမာ ပျံ့နှံ့သွားလေသည်။

ထို့ကြောင့် အခြားမျိုးနွယ်စုများမှာ ထိတ်လန့်၍ သာ ရှိနေတော့သည်။

“ဘာ ရဲရှုစင် သေသွားပြီ ဟုတ်လား . . .”

“ဒီအတိုင်းကြီး သေသွားခဲ့တယ်ပေါ့ . . .”

“ရဲမျိုးနွယ်စုရဲ့ ထိပ်သီးအင်အားစု တစ်ဝက်က လည်း သေသွားကြပြီပေါ့ ဒါဆို သူတို့တွေ အားနည်း သွားကြပြီ ထင်တယ်၊ ဒါလည်း ကောင်းတာပဲ . . .”

“ဟုတ်တော့ မဟုတ်သေးဘူး အဲဒီရဲရှောင်ဆိုတဲ့ ကောင်လေးက သွေးအေးပြီး ရက်စက်တယ်လို့ ပြော ကြတယ်၊ အချိန်တိုအတွင်းမှာ သူ့ကို ဆန့်ကျင်တဲ့ လူ တွေကို သတ်ဖြတ်ပစ်ခဲ့တာပဲ ကြည့်လေ . . .”

“ဘုရား ဘုရား သူက အဲဒီလောက်တောင် အစွမ်း ထက်တာလား . . .”

“ဟုတ်တယ် တကယ်အစွမ်းထက်တာ . . .”

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ဒီကောင်လေးနဲ့ စင် ပေါ်မှာ‌ တွေ့ရမှာပဲ . . .”

“သူက အဲဒီလောက်ထိ အစွမ်းထက်နေရင် ငါတို့ လူတွေအတွက် အန္တရာယ်များလွန်းတယ် . . .”

“မလိုပါဘူးကွာ ရဲမျိုးနွယ်စုမှာ ရဲရှန်ချန်ကလွဲပြီး အင်အားကြီးတာ ဘယ်သူများ ရှိလို့လဲ၊ သူတို့ရဲ့ မျိုး ဆက်သစ်တွေထဲမှာ အတော်ဆုံးဆိုလို့ မူလတာအို အဆင့်တစ်လောက်ပဲ ရှိမှာ၊ ရဲရှောင် ဆိုတာကလည်း အဲဒီလောက်ကြီးထိ အစွမ်းမထက်နိုင်ပါဘူး . . .”

“ဟုတ်တယ် အဲဒါဖြစ်နိုင်တယ် . . .”

“အို ဘာကြီးပဲဖြစ်ဖြစ်ကွာ နဂါးဖြစ်ဖြစ်၊ ကျားဖြစ် ဖြစ်၊ ဖားဖြစ်ဖြစ် ငါတို့ တိုက်ခိုက်ကြရမှာပဲ၊ အခုလို သူ့အကြောင်းတွေ ကြားရုံနဲ့ ငါတို့တွေ ကြောက်လန့် ပြီး နောက်ဆုတ်လို့ မဖြစ်ဘူး . . .”

“ဟုတ်တယ် အဲဒါ မှန်တယ် . . .”

“တွေးကြောက်နေရင် နှစ်ခါပြန်သေတယ် ဖြစ်လာ တဲ့ အရာမှန်သမျှ ထိပ်တိုက် ရင်ဆိုင်တာ အကောင်း ဆုံးပဲ . . .”

ထိုသို့ဖြင့် လူသတင်း လူချင်းဆောင်လာသည့် သတင်းစကားများကို ထင်ကြေးအမျိုးမျိုးပေးရင်းဖြင့် ဝေဖန် ပြောဆိုနေကြပါတော့သည်။

#translator
#ကြွေရွက်ဝါ


အခန္း (၁၀၉၁)(စာစဥ္ ၇၈- အပိုင္း ၁၃)

“ေခါင္းေဆာင္ ေ႐ြးခ်ယ္ျခင္း”

လူတိုင္းမွာ ရဲ႐ႈဇန္ေျပာသည့္ စကားမ်ားကို ၿငိမ္ သက္စြာျဖင့္ နားေထာင္ေနတုန္းပါပင္။

ထိုစကားလုံးမ်ားက သူတို႔ကိုယ္တိုင္လည္း ေျပာ ခ်င္ေနခဲ့သည့္ စကားမ်ားပင္ မဟုတ္ပါလား။

ယခုအခါ ရဲ႐ႈဇန္မွ သူတို႔အစား ထုတ္ေဖာ္ေျပာျပ လိုက္သလို ျဖစ္သြားခဲ့သည္။

ေနာက္ဆုံးတြင္ တိတ္ဆိတ္ေနသည့္ အခန္းထဲ၌ ရဲ႐ႈဇန္၏ ပင့္သက္႐ိႈက္သံ တိုးတိုးေလး ထြက္ေပၚလာ ေလသည္။

ထိုစဥ္ ရဲ႐ႈခ်င္က စိတ္ထိခိုက္ေနသည့္ ဟန္မ်ိဳးျဖင့္ သက္ျပင္းခ်လိုက္ရင္း -

“ဒါဆိုရင္ ငါမွားခဲ့တာေပါ့ . . .”

“ငါလက္ေလွ်ာ့ဖို႔ ဆုံးျဖတ္လိုက္ကတည္းက မွားခဲ့ တာေပါ့၊ ငါမင္းတို႔ကို နာက်င္ေစခဲ့သလို ငါ့ကိုယ္တိုင္ ကိုလည္း နာက်င္ေစခဲ့တယ္ . . .”

“မင္းတို႔ကို ခံစားရေအာင္ လုပ္ခဲ့သလို ငါ့ကိုယ္ငါ လည္း ခံစားေအာင္ လုပ္ခဲ့မိတယ္၊ ဒီေန႔ ငါတို႔ဆုံး႐ႈံးခဲ့ ရတဲ့ အုပ္စု ၃ စုကလည္း ငါ့ေၾကာင့္ပဲ ဆုံး႐ႈံးခဲ့ရတာ”

“ဒါေပမယ့္ ျပန္စတင္ဖို႔ဆိုတာ ေနာက္မက်ေသးပါ ဘူး အေဖ . . .”

ရဲနန္႐ွန္က အေဖျဖစ္သူအားၾကည့္ရင္း ေျပာလိုက္ သည္။

“ပ်က္စီးျခင္းဆိုတဲ့အရာမ႐ွိရင္ တည္ေဆာက္ျခင္း ဆိုတဲ့အရာကလည္း ႐ွိႏိုင္မွာ မဟုတ္ဘူးေလ . . .”

“ေ႐ွာင္ေ႐ွာင္ရဲ႕ လုပ္ရပ္က ေသြးေအးၿပီးရက္စက္ တယ္ဆိုေပမယ့္ ကြၽန္ေတာ္တို႔ကို တစ္ေသြးတည္းတစ္ သားတည္း ျဖစ္သြားေအာင္ လုပ္ေပးလိုက္သလိုပဲ”

“ရဲမ်ိဳးႏြယ္က အခုဆိုရင္ လုံးဝကို သန္႔စင္သြားၿပီ၊ ေနာက္ၿပီး ရဲမ်ိဳးႏြယ္က လူတိုင္းက ကြၽန္ေတာ္တို႔ရဲ႕ လူေတြ ျဖစ္ကုန္ၾကၿပီ၊ ကြၽန္ေတာ္တို႔ေတြ အခ်င္းခ်င္း ၾကားမွာ မလိုမုန္းထားတဲ့စိတ္ေတြလည္း မ႐ွိၾကေတာ့ ဘူး . . .”

“အဲဒီလို တစ္ေပါင္းတစ္စည္းတည္း ျဖစ္သြားၾကမွ ေတာ့ ျပန္လည္တည္ေဆာက္ရတာ လြယ္မွာပါ၊ ကြၽန္ ေတာ္တို႔ မ်ိဳးႏြယ္ကိုလည္း ျပန္ၿပီး ျမင့္တက္ေအာင္ လုပ္ၾကမယ္ . . .”

“အခုလိုကိစၥေတြ ျဖစ္သြားလို႔ ကြၽန္ေတာ္တို႔ေတြ အားနည္းသြားၿပီး တျခားမ်ိဳးႏြယ္ေတြနဲ႔ ရင္ဆိုင္ေျဖ ႐ွင္းရမွာေတြ ႐ွိႏိုင္တယ္ ဆိုေပမယ့္ ကြၽန္ေတာ္တို႔ေတြ အတူတကြသာ ႐ွိေနရင္ ရဲမ်ိဳးႏြယ္စုက ၿပိဳကြဲသြားမွာ မဟုတ္ပါဘူး . . .”

“အနာဂတ္မွာ ရဲမ်ိဳးႏြယ္စုႀကီးက ပိုၿပီး အင္အား ေတာင့္တင္းလာရမယ္၊ ဘာလို႔လဲဆိုေတာ့ မ်ိဳးႏြယ္စု ထဲမွာ ကြၽန္ေတာ္တို႔ကို ရပ္တန္႔တားဆီးႏိုင္တဲ့အရာ ေတြ မ႐ွိေတာ့လို႔ေလ၊ ဒါကတန္ဖိုးအ႐ွိဆုံး အက်ိဳး အျမတ္ကို ရလိုက္တာပဲ . . .”

“ဟုတ္တယ္ . . .”

က်န္လူမ်ားလည္း ရဲနန္႐ွန္၏ စကားကို ဝိုင္းဝန္း ေထာက္ခံလိုက္ၾကသည္။

ရဲ႐ႈဇန္မွာမူ သူေျပာဆိုခဲ့သည့္ စကားမ်ားက လြန္ မွန္းသိသြား၍ ေခါင္းငုံ႔လ်က္သားျဖင့္ ႐ွိေနသည္။

ထို႔ေနာက္ စိတ္မေကာင္းျဖစ္သည့္ အသံျဖင့္ -

“အစ္ကိုခ်င္ . . .”

“ဒီစကားလုံးေတြကို ငါတကယ္ မေျပာခ်င္ပါဘူး၊ အရင္က ျဖစ္ခဲ့တဲ့အေၾကာင္းအရာေတြကို ျပန္ေျပာေန တာကလည္း မျဖစ္သင့္ပါဘူးေလ . . .”

“အဲဒါေၾကာင့္ ငါေျပာခဲ့တဲ့ စကားေတြကို မင္းစိတ္ ထဲ မထားပါနဲ႔ . . .”

ညီျဖစ္သူ၏ စကားကို နားေထာင္ရင္း ရဲ႐ႈခ်င္၏ မ်က္လုံးမ်ားမွာ မ်က္ရည္မ်ားျဖင့္ စိုေနေလသည္။

ထို႔ေနာက္ တုန္ယင္ေသာ အသံျဖင့္ -

“ၿပီးသြားတဲ့ကိစၥေတြက ဘာမွလုပ္လို႔မရေတာ့ဘူး၊ ဒါေပမယ့္ ငါကဘယ္လိုမ်ား ေမ့ေပ်ာက္ႏိုင္မွာလဲ”

ထိုစကားေၾကာင့္ ရဲ႐ႈဇန္မွာမ်က္ႏွာပ်က္ယြင္းသြား ၿပီး ခ်က္ခ်င္းပင္ ဒူးေထာက္လိုက္ကာ -

“ဒီစကားလုံးေတြကို သတိလက္လြတ္ေျပာခဲ့မိတာ ငါမိုက္မဲတာပါ၊ ငါက႐ိုင္းစိုင္းၿပီး မင္းကို ဆန္႔က်င္မိ သလို ျဖစ္ခဲ့တယ္၊ ေက်းဇူးျပဳၿပီး ငါ့ကိုခြင့္လႊတ္ေပးပါ”

“မင္းသာ စိတ္ေက်နပ္မယ္ဆိုရင္ ငါ့ကို အျပစ္ေပး လိုက္ပါ၊ ငါခံယူဖို႔ အသင့္ပါ . . .”

ရဲ႐ႈခ်င္အဖို႔ အတိတ္၌ မည္မွ်မွားခဲ့ပါေစ အေရး မႀကီးေတာ့၊ လက္႐ွိ၌ မ်ိဳးႏြယ္စုေခါင္းေဆာင္ ျပန္ျဖစ္ ေနၿပီ မဟုတ္ပါလား။

ထိုမွ်မက အေထာက္အပံ့ေကာင္းေကာင္း ေပးႏိုင္ သည့္ ေျမးျဖစ္သူလည္း ႐ွိေနပါေသးသည္။

ထို႔ေၾကာင့္ ရဲ႐ႈခ်င္ဘက္မွ သူ႕အား ေစာ္ကားသည္ ဟု ခံစားရ၍ အျပစ္ေပးမည္ဆိုလွ်င္လည္း မည္သူကမွ တားဝံ့လိမ့္မည္ မဟုတ္ေခ်။

(ငါမွားခဲ့တယ္ အဲဒီေတာ့ေရာ ဘာျဖစ္လဲ . . .)

(ငါ့ေျမးက ငါတို႔မ်ိဳးႏြယ္စုကို ျပန္ရယူေပးၿပီးသြား ၿပီေလ၊ ဘယ္သူကမ်ား ငါ့ကို အထြန္႔တက္ရဲလဲ . . .)

အကယ္၍ သူ႕အား မေက်နပ္သည့္ လူမ်ား႐ွိလွ်င္ လည္း ရဲ႐ႈခ်င္ဘက္မွ ထိုသို႔ ေတြးႏိုင္မည္မွာ ေသခ်ာ လွသည္။

ခ်င္းရန္နယ္ပယ္၌ အင္အားသာလွ်င္ ဥပေဒသပင္ မဟုတ္ပါလား။

သို႔ေသာ္ ရဲ႐ႈဇန္မွာမူ စိတ္ထဲ႐ွိ စကားလုံးမ်ားကို အထိန္းကြပ္မဲ့ ေျပာဆိုခဲ့ၿပီး လက္႐ွိ အေျခအေနအား လ်စ္လ်ဴ႐ႈခဲ့မိသည္။

သူ၏ လုပ္ရပ္က ေသေဘးမွ လြတ္လာေသာလူက ေသေဘးႏွင့္ ထပ္မံ၍ ရင္ဆိုင္ေနသလိုပင္ ျဖစ္ေနေလ သည္။

ထိုစဥ္ ရဲ႐ႈခ်င္က ညီျဖစ္သူအနား ေလွ်ာက္သြားၿပီး ပခုံးကို ကိုင္လိုက္ကာ -

“ညီေလး . . .”

“ငါက ဘယ္လိုလူမ်ိဳးလဲဆိုတာကို မင္းေမ့ေနၿပီ လား၊ မင္းရဲ႕ စကားလုံးေတြက ငါ့ကို အလင္းျပေပးခဲ့ တယ္ အဲဒါက ေကာင္းတဲ့ကိစၥပဲ မဟုတ္လား၊ အခု ဘာေတြမ်ား လုပ္ေနတာလဲ ထစမ္းပါကြာ . . .”

ထို႔ေနာက္‌ ေဘးဘီဝဲယာအား ၾကည့္လိုက္ၿပီး ေလး နက္ေသာ အသံျဖင့္ -

“ငါတို႔ေတြ ဘယ္ဟာမွန္တယ္ မွားတယ္ဆိုတာကို လက္ခံၿပီး ျပင္ဖို႔ ႀကိဳးစားၾကရမယ္ ဒါေပမယ့္ ငါရဲမ်ိဳး ႏြယ္စုရဲ႕ ေခါင္းေဆာင္ေနရာကို ထပ္ၿပီး မယူႏိုင္ေတာ့ ဘူး ညီေလး . . .”

ထိုစကားေၾကာင့္ ႐ွိေနေသာ လူမ်ားအားလုံးမွာ အံ့ ဩမွင္သက္သြားၾကသည္။

“ေခါင္းေဆာင္ . . .”

“ေက်းဇူးျပဳၿပီး ထပ္ၿပီး စဥ္းစားေပးပါဦး၊ က်ဳပ္တို႔ ကို ထပ္ၿပီး စိတ္ပ်က္ေအာင္ မလုပ္ပါနဲ႔ . . .”

“အတိတ္က အမွားဆိုတာ အနာဂတ္အတြက္ သင္ ခန္းစာပါပဲ၊ လူတစ္ေယာက္ရဲ႕ အမွားကို ျပဳျပင္တယ္ ဆိုတာ ေကာင္းတဲ့အရာတစ္ခုပဲ မဟုတ္ဘူးလား . . .”

“အခု အသိလည္း ဝင္ေနၿပီဆိုေတာ့ ဘာလို႔ လက္ ေလွ်ာ့ေတာ့မွာလဲ . . .”

ရဲ႐ႈခ်င္မွ ျပဳံးလိုက္ၿပီး -

“မင္းတို႔ ဘာစဥ္းစားေနလဲဆိုတာကို ငါနားလည္ ပါတယ္၊ ငါက ေနာင္တရၿပီး ဝမ္းနည္းေနလို႔ အခု ဒါမ်ိဳးလုပ္တာ မဟုတ္ပါဘူး . . .”

“ငါေခါင္းေဆာင္ေနရာကို ျငင္းရတဲ့ အေၾကာင္းျပ ခ်က္က ဒီေနရာကို ပိုၿပီးအရည္အခ်င္း႐ွိတဲ့ လူဆီပဲ လက္ဆင့္ကမ္းေပးခ်င္လို႔ပါ . . .”

“ငါ့လူေတြ . . .”

“ေန႔လယ္က်ရင္ ဘိုးေဘးခန္းမကို လာခဲ့ၾကပါ အဘိုးကို ငါမ်ိဳးႏြယ္စုေခါင္းေဆာင္ အသစ္ ေ႐ြးလိုက္ ၿပီဆိုတာ သတင္းပို႔ရမယ္ ၿပီးရင္ေတာ့ ငါ့ေနရာကို ငါ့ သားျဖစ္တဲ့ နန္႐ွန္ကို လႊဲေပးမယ္ . . .”

“ငါကေတာ့ သက္ႀကီးဝါႀကီး တစ္ေယာက္အေနနဲ႔ ပဲ သက္ႀကီးဝါႀကီးအဖြဲ႕မွာ ပါဝင္ေတာ့မယ္၊ ဒီအေျဖကို အားလုံးက ေက်နပ္ႏိုင္ၾကမယ္လို႔ ထင္ပါတယ္ . . .”

အဘိုးႀကီးရဲမွာ ေျပာေနရင္းျဖင့္ ေခတၱမွ် နားလိုက္ သည္။

ထို႔ေနာက္မွ ဆက္လက္၍ -

“ငါဆုံးျဖတ္ၿပီးသြားၿပီမလို႔ ငါ့စိတ္ကို ေျပာင္းလဲဖို႔ မႀကိဳးစားၾကပါနဲ႔ေတာ့ . . .”

“ဟားဟား ငါတို႔က မိသားစုေတြပဲ မင္းတို႔အားလုံး စိတ္ေအးသြားၾကၿပီဆိုတာကိုလည္း ငါသိပါတယ္ . . .”

“မိသားစုေတြျဖစ္တဲ့ ငါတို႔မ်ိဳးႏြယ္မွာ မ်ိဳးႏြယ္ကို ျမင့္တက္ေအာင္ ဦးေဆာင္ေပးႏိုင္တဲ့ ေခါင္းေဆာင္ ေကာင္းတစ္ေယာက္ ႐ွိဖို႔ပဲ လိုတာပါကြ . . .”

“ငါအုပ္ခ်ဳပ္မွ မဟုတ္ပါဘူး နန္႐ွန္ကလည္း မ်ိဳး ႏြယ္ကို ျမင့္တက္ေအာင္ လုပ္ေပးႏိုင္ပါတယ္ . . .”

“အဲဒီေတာ့ မင္းတို႔ ငါ့ကို ႏွစ္သိမ့္ဖို႔ မႀကိဳးစားၾကနဲ႔ ေတာ့၊ အနည္းဆုံးေတာ့ ငါ့ရဲ႕ အျမင္ေတြလည္း က်ယ္ သြားခဲ့ပါၿပီ ဟား ဟား . . .”

က်န္လူမ်ားလည္း အဘိုးႀကီးရဲႏွင့္အတူ လိုက္ပါ ရယ္ေမာလိုက္ၾကၿပီး အခန္းတစ္ခုလုံးမွာ ရယ္ေမာသံ မ်ားျဖင့္ ျပည့္ႏွက္သြားေတာ့သည္။

ထိုစဥ္ ရဲနန္႐ွန္မွ ပ်ာသလဲလဲျဖင့္ -

“အေဖ . . .”

“ဒါကေကာင္းတဲ့ဆုံးျဖတ္ခ်က္လို႔ေတာ့ ကြၽန္ေတာ္ မထင္ဘူး၊ အေဖက က်န္းက်န္းမာမာနဲ႔ လုပ္ႏိုင္ကိုင္ ႏိုင္စြမ္းလည္း ႐ွိေသးတယ္၊ အဲဒါေၾကာင့္ ဒါမ်ိဳးလုပ္ဖို႔ က ေစာေနပါေသးတယ္ . . .”

“ေနာက္ၿပီး ကြၽန္ေတာ္က မ်ိဳးႏြယ္စုဆီ ျပန္လာ တာ မၾကာေသးဘူးဆို‌ေတာ့ ခ်င္းဟြာနန္းေတာ္က ျပႆနာ လာ႐ွာႏိုင္တယ္ . . .”

“တကယ္လို႔ ကြၽန္ေတာ္သာ ေခါင္းေဆာင္ေနရာ ဆက္ခံလိုက္တယ္ဆိုတာ သူတို႔သိရင္ ရဲမ်ိဳးႏြယ္စုကို ျပႆနာ ႐ွာလာႏိုင္တယ္ အဲဒီလိုသာဆိုရင္ . . .”

“အတိတ္က အေၾကာင္းေတြကို ျပန္ၿပီး ေတြးမေန နဲ႔၊ ငါတို႔ေတြ အမ်ားႀကီး သင္ယူခဲ့ၿပီးသြားၿပီ သင္ခန္း စာေတြလည္း အမ်ားႀကီး ရၿပီးၿပီ . . .”

“ငါတို႔ေတြ တစ္ခါအညံ့ခံေပးၿပီးသြားၿပီ နာက်င္မႈ ေတြလည္း ခံစားရၿပီးၿပီ အခုထပ္ၿပီးေတာ့ အညံ့လုံးဝ မခံႏိုင္ေတာ့ဘူး . . .”

ရဲ႐ႈခ်င္က ခိုင္မာ ျပတ္သားစြာ ေျပာလိုက္သည္။

“ဒီတစ္ႀကိမ္သာ ငါတို႔ထပ္ၿပီး ေနာက္ဆုတ္လိုက္ ရင္ အ႐ႈံးေပးမႈေတြနဲ႔ အသားက်သြားမွာေတာင္ စိုးရ တယ္၊ အဲဒီေတာ့ သူတို႔ထပ္လာမယ္ဆိုရင္လည္း ငါတို႔ ေသတဲ့အထိ တိုက္ခိုက္ၾကတာေပါ့ . . .”

“အဲဒီလို ေခါင္းမငုံ႔ အ႐ႈံးမေပးဘဲ အေသတိုက္ခိုက္ ရတာကို ငါေတာ့ ပိုသေဘာက်မိတယ္ မင္းေရာ ဘယ္ လိုထင္လဲ၊ က်န္တဲ့လူေတြေရာ ဘယ္လိုထင္လဲ . . .”

“ဟုတ္ပါတယ္ ေထာက္ခံပါတယ္ . . .”

“ဟုတ္တယ္ သေဘာတူတယ္ . . .”

ၾကက္သီးေမႊးညႇင္း ထေလာက္ေအာင္ပင္ လူတိုင္း မွာ သံၿပိဳင္ပင္ ေထာက္ခံလိုက္ၾကသည္။

ႏွစ္ေပါင္းမ်ားစြာ ငုံ႔ခံရင္း မာန္မာနမ်ားကို ခ်ိဳးႏွိမ္ခဲ့ ရသည့္ လူမ်ား တြန္းလွန္လွ်င္ ထိုလူမ်ား၏ ေသြးက ပို ၍ပင္ ရဲရဲေတာက္ႏိုင္သည္ မဟုတ္ပါလား။

ထို႔ေၾကာင့္ ရဲမ်ိဳးႏြယ္၏ အနာဂတ္က မွန္းဆရန္ ပင္ ခက္ခဲေနပါေတာ့သည္။
. . .

အစည္းအေဝး လုပ္ေနစဥ္မွာပင္ အသံတစ္သံကို အားလုံး ၾကားလိုက္ၾကရသည္။

“မင္းတို႔ေတြတကယ္ပဲ ဆုံးျဖတ္ၿပီးသြားၾကၿပီေပါ့”

ထိုအသံႏွင့္အတူ အခန္းတံခါး ႐ုတ္တရက္ပြင့္သြား ၿပီး ပိန္ပိန္ပါးပါး ပုံရိပ္တစ္ခု ဝင္လာေလသည္။

ထိုပုံရိပ္မွာ ရဲမ်ိဳးႏြယ္စု၏ ဥေသွ်ာင္ႀကီးျဖစ္သူ ရဲ႐ွန္ခ်န္ပင္ ျဖစ္၏။

ထို႔ေၾကာင့္ ႐ွိေနေသာ လူမ်ားမွာ မတ္တပ္ထရပ္ လိုက္ၿပီး အ႐ိုအေသျပဳလိုက္ၾကသည္။

ရဲ႐ွန္ခ်န္၏ မ်က္ႏွာမွာ ကန္ေရျပင္ကဲ့သို႔ တည္ၿငိမ္ ေနၿပီး မ်က္လုံးမ်ားမွာ ေအးစက္စက္ ျဖစ္ေနသည္။

သူ၏ အ႐ွိန္အဝါေၾကာင့္ မည္သူမွ အသံမထြက္ဝံ့ ဘဲ ၿငိမ္သက္စြာ ႐ွိေနၾကသည္။

စိတ္ဓာတ္မာေၾကာသည့္ ရဲနန္႐ွန္ပင္ ထို႔အတူ ျဖစ္ ေနရသည္။

ထိုအခ်ိန္ ရဲ႐ွန္ခ်န္မွ ေလွ်ာက္လာေနရင္းျဖင့္ အား လုံးကို တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး -

“ငါအေလာင္းေတြကို ျမင္ခဲ့ၿပီးသြားၿပီ . . .”

“မင္းတို႔ေတြ ေကာင္းေကာင္းလုပ္ခဲ့ၾကတာပဲ . . .”

“ေက်းဇူးတင္ပါတယ္ အဘိုး . . .”

အားလုံးမွာ တစ္ၿပိဳင္တည္းပင္ ေျဖလိုက္ၾက၏။

စင္စစ္ ရဲ႐ွန္ခ်န္မွ သူတို႔အား ခ်ီးက်ဴးလိုက္ျခင္း မဟုတ္ေၾကာင္း သိေနေလသည္။
သို႔ေသာ္ ၎တို႔အဖို႔ မည္သို႔ တတ္ႏိုင္ပါေတာ့မည္ နည္း။

ရဲ႐ႈခ်င္ႏွင့္ ရဲနန္႐ွန္တို႔ ဦးေဆာင္သည့္ အဖြဲ႕မွာ သုံး ဖြဲ႕႐ွိေန၍ ရဲ႐ွန္ခ်န္အေနျဖင့္ အျပစ္ေပးခ်င္လွ်င္ပင္ အားလုံးကို အေသသတ္ရန္မွာ မျဖစ္ႏိုင္ေခ်။

ထို႔ျပင္ မ်ိဳးႏြယ္စုထဲ၌လည္း ေသသူကေသ၍ လူ မ်ားစြာ မက်န္႐ွိေတာ့ၿပီ မဟုတ္ပါလား။

တကယ္တမ္းတြင္ ရဲ႐ႈစင္မွ ရဲနန္႐ွန္တို႔အုပ္စုအား အစကတည္းကပင္ သတ္ခ်င္ေနခဲ့ျခင္း ျဖစ္သည္။

အကယ္၍ ထိုသို႔လုပ္သည္ကို ရဲ႐ွန္ခ်န္ သိလွ်င္ပင္ သူ႕အား အျပစ္မေပးႏိုင္ေၾကာင္းကိုလည္း သိေနသည္။

မည္သည့္ဘက္မွ သတ္သတ္ ရဲ႐ွန္ခ်န္အေနျဖင့္ ျပစ္ဒဏ္ႀကီးႀကီးမားမား ေပး၍ မရႏိုင္ၿပီ။

အေၾကာင္းမွာ မ်ိဳးႏြယ္စု၏ အင္အား ယုတ္ေလ်ာ့ သြားမည္စိုးရိမ္ေသာေၾကာင့္ပင္ ျဖစ္ပါေတာ့သည္။

#translator
#ေႂကြ႐ြက္ဝါ

အခန္း (၁၀၉၂)(စာစဥ္ ၇၈- အပိုင္း ၁၄)

“ျပန္လည္ တည္ၿငိမ္သြားျခင္း”

ရဲ႐ွန္ခ်န္လည္း အခန္းထဲ႐ွိ လူမ်ားကို ၾကည့္လိုက္ ရင္း -

“နန္႐ွန္ . . .”

“မင္းရဲ႕သားက အခုဘယ္အဆင့္ေရာက္ၿပီလဲ . . .”

ရဲနန္႐ွန္မွ -

“က်ဳပ္ က်ဳပ္ သူ႕ကို ေမးခဲ့ဖို႔ေတာင္ အခ်ိန္မ႐ွိလိုက္ ဘူး . . .”

(ဘယ္လို မေမးခဲ့လိုက္ဘူး ဟုတ္လား၊ တကယ္ဆို ေမးဖို႔ေတာင္ လိုေသးလို႔လား ဒီေလာက္ထိ လူေတြ အမ်ားႀကီးကို သတ္ခဲ့တာ၊ အဲဒါေတာင္ မင္းတို႔က သူ႕ အဆင့္ကို မသိၾကဘူးလား . . .)

(သူ႕ဟာသူ ဘယ္ေလာက္ပဲ အစြမ္းထက္ေနပါေစ အၾကမ္းဖ်ဥ္းေလာက္ေတာ့ ခန္႔မွန္းႏိုင္ၾကရမွာေပါ့)

(ေနာက္ၿပီး သူက သိပ္ငယ္ေသးတယ္၊ ဒီလို လူ ငယ္တစ္ေယာက္က အကန္႔သတ္ဆိုတာ ႐ွိမွာပဲ၊ ဘာ လဲ ဒါမွမဟုတ္ သူ႕မွာ ေဖာ္ျပဖို႔ေတာင္ ခက္ခဲတဲ့ စြမ္း အင္ေတြ ႐ွိေနလို႔လား . . .)

ထိုစဥ္ လူအမ်ားတြင္းမွ အသံတစ္သံထြက္ေပၚလာ ေလသည္။

“အဘိုး . . .”

“ဦးေလးနန္႐ွန္ရဲ႕ သားဆိုတာ လီမ်ိဳးႏြယ္နဲ႔ က်ဳပ္ တို႔ကို ေတာင္ေပၚဆီ ေခၚသြားခဲ့တဲ့ လူငယ္ပဲေလ၊ က်ဳပ္တို႔က နာမည္တင္ တူေနတာမဟုတ္ဘူး မ်ိဳးႏြယ္ စုပါ တူေနတာဗ် . . .”

ထိုသို႔ ေျပာလိုက္သူမွာ ရဲလ်န္ခ်န္ပင္ ျဖစ္၏။

ရဲလ်န္ခ်န္မွာ ယခု႐ွိေနသည့္ လူမ်ားထဲ၌ အသက္ အငယ္ဆုံးျဖစ္႐ုံမက အားအနည္းဆုံးလည္းျဖစ္သည္။

ေသြးညႇီနံ႔မ်ား ဖုံးရန္ အေမႊးနံ႔သာမ်ားကို ျဖန္းခဲ့ ကတည္းက အေဖျဖစ္သူက အျပစ္ေပးသည့္အေနျဖင့္ တံခါးအား‌ ေစာင့္ၾကပ္ရန္ ခိုင္းေစခဲ့သည္။

သို႔ေသာ္ ၎တို႔ထက္ စြမ္းအားႀကီးသည့္ ရဲ႐ွန္ခ်န္ ဝင္လာခ်ိန္တြင္မူ သတိမျပဳမိခဲ့ဘဲ ယခုဆူညံသံမ်ား ၾကားရသည့္အခါမွသာ အေျပးတပိုင္း ေရာက္လာျခင္း ျဖစ္သည္။

ရဲေ႐ွာင္ မည္သူမည္ဝါမွန္း သိေန၍ သူ႕အဖို႔ အမွန္ တရားကို အခ်ိန္အၾကာႀကီး မထိန္းသိမ္းလို၊ မၿမိဳသိပ္ ထားလိုေပ။

ယခုအခါ ထိုအမွန္တရားကို ခ်ျပရန္ အခြင့္အေရး ရလာၿပီျဖစ္၍ သူ႕အေနျဖင့္ မည္သို႔မွ လက္လြတ္ခံလိမ့္ မည္ မဟုတ္ေခ်။

“ဪ သူလား . . .”

ထိုသို႔ ေရ႐ြတ္ရင္း ရဲ႐ွန္ခ်န္၏ မ်က္လုံးမ်ားက ထူး ဆန္းသည့္ ခံစားခ်က္မ်ိဳး ဖုံးလႊမ္းသြားသည္။

ထို႔ေနာက္ စိတ္သက္သာရာ ရသြားဟန္ျဖင့္ -

“သူဆိုရင္ေတာ့ ငါစိတ္ေအးသြားပါၿပီ၊ ရဲမ်ိဳးႏြယ္စု ကလည္း အခုကစၿပီး လုံျခဳံသြားၿပီ . . .”

ရဲ႐ွန္ခ်န္အဖို႔ ဝတ္႐ုံနက္ အမ်ိဳးသမီးႏွင့္ ဝတ္႐ုံျဖဴ ဝတ္ လူတို႔အား ယခုအခ်ိန္ထိ ေကာင္းစြာ မွတ္မိေနပါ ေသးသည္။

ထိုလူမ်ားႏွင့္အတူ ၎တို႔၏ ေဖာ္ျပႏိုင္ရန္ ခက္ခဲ သည့္ စြမ္းအားမ်ားကို မွတ္မိေနသည္ ဆိုသည္က ပို၍ ပင္ မွန္ကန္ႏိုင္သည္။

ထိုလူမ်ားႏွင့္ မိတ္ေဆြျဖစ္ေနသည့္ ရဲေ႐ွာင္က သူ တို႔၏ မ်ိဳးႏြယ္စုဝင္ ျဖစ္ေန၍ ရဲမ်ိဳးႏြယ္အဖို႔ မည္သည့္ အရာကို စိတ္ပူစရာ ႐ွိပါဦးမည္နည္း။

ထိုဝတ္႐ုံနက္ အမ်ိဳးသမီးႏွင့္ ဝတ္႐ုံျဖဴဝတ္ လူတို႔ မွာ ရဲ႐ွန္ခ်န္ ခန္႔မွန္းသည္ထက္ပင္ ပို၍ စြမ္းအားႀကီး မားႏိုင္သည္။

ထို႔ေၾကာင့္ အင္အားႀကီးမားသူမ်ားႏွင့္ မိတ္ေဆြ ျဖစ္ျခင္းက ရဲမ်ိဳးႏြယ္အတြက္ ေကာင္းေသာအရာမ်ား ပင္ မဟုတ္ပါလား။

မူလတာအိုအဆင့္ ပညာ႐ွင္ပင္လွ်င္ ထိုလူမ်ား၏ အဆင့္ကို ေကာင္းစြာ မျမင္ႏိုင္၍ အလြန္အစြမ္းထက္ မည္မွာ ေသခ်ာလွသည္။

ထို႔ေၾကာင့္ ရဲမ်ိဳးႏြယ္အား ခ်င္းဟြာနန္းေတာ္ဘက္ မွ တိုက္ခိုက္လာလွ်င္ပင္ လြယ္ကူေတာ့မည္မဟုတ္ပါ။

ထိုအခ်က္မ်ားေၾကာင့္ ရဲ႐ွန္ခ်န္အဖို႔ ရဲမ်ိဳးႏြယ္စု လုံျခဳံသြားၿပီဟု သတ္မွတ္လိုက္ရျခင္း ျဖစ္သည္။

ထိုသို႔ သတ္မွတ္ျခင္းက ယခုပစၥပၸဳန္အတြက္သာ မက ေနာင္အနာဂတ္အတြက္ပါ လုံျခဳံသြားၿပီဟု ဆိုလို ျခင္းပါပင္။

မည္သို႔ပင္ ျဖစ္ေနပါေစ လိႈင္းတံပိုးထန္ခဲ့ရေသာ ရဲ မ်ိဳးႏြယ္အဖို႔ ဒုကၡမ်ား ကင္းေဝးကာ ၿငိမ္းခ်မ္းသာယာ ေသာ ေ႐ႊေရာင္ေန႔ရက္မ်ားကို ေရာက္ႏိုင္ေတာ့မည္။

သို႔ေသာ္ ရဲမ်ိဳးႏြယ္မွာမူ ထိုသို႔ ျဖစ္ႏိုင္ေသာ္လည္း အျခားမ်ိဳးႏြယ္မွာမူ ထိုသို႔ မျဖစ္ႏိုင္ေခ်။

“ဒါဆိုရင္ေတာ့ ငါျပန္ၿပီး အနားယူသင့္ၿပီ . . .”

ရဲ႐ွန္ခ်န္လည္း သူ႕ပခုံးထက္႐ွိ ဝန္ထုတ္ဝန္ပိုးမ်ား ေလ်ာ့က်သြား၍ စိတ္ေပါ့ပါးစြာျဖင့္ပင္ ရယ္ေမာရင္း ေျပာလိုက္သည္။

ထို႔ေနာက္ ထြက္သြားရန္ ဟန္ျပင္ၿပီးမွ လူမ်ားကို ျပန္ၾကည့္လိုက္ရင္းျဖင့္ -

“မင္းတို႔ေတြ ၿပိဳင္ပြဲကို ေအးေဆးသြားၾက ဘာဆုံး ျဖတ္ခ်က္လုပ္လုပ္ ငါ့ကို သတင္းပို႔ဖို႔ မလိုေတာ့ဘူး၊ ငါသြားၿပီေဟ့ ဟား ဟား ဟား . . .”

“အဘိုး သူနဲ႔ မေတြ႕ခ်င္ေတာ့ဘူးလား သူက က်ဳပ္ တို႔ရဲ႕ ပါရမီ႐ွင္ေလးေလ သာမန္လူငယ္ေလး မဟုတ္ ဘူးဗ် . . .”

လူတစ္ဦးမွ ထေျပာလိုက္သည္။

“အင္း သူ႕ကို မေတြ႕တာ ပိုေကာင္းပါတယ္၊ ေတြ႕ ျခင္း မေတြ႕ျခင္းက ဘာမွအေရးမႀကီးပါဘူးကြာ၊ သူ လည္း ရဲမ်ိဳးႏြယ္စုဝင္ရဲ႕ ကေလးတစ္ေယာက္ပဲေလ၊ သူေနသာသလို ေနပါေစ . . .”

ရဲ႐ွန္ခ်န္လည္း ရယ္ေမာေျပာဆိုၿပီးေနာက္ စကၠန္႔ ပိုင္းအတြင္းမွာပင္ ေပ်ာက္ကြယ္သြားပါေတာ့သည္။

ရဲ႐ွန္ခ်န္အဖို႔ ရဲေ႐ွာင္ႏွင့္ ေတြ႕ရမွာ ေနရခက္လွ၍ မေတြ႕ဆုံျခင္းက ပို၍ ေကာင္းလိမ့္မည္။

ရဲမ်ိဳးႏြယ္စု၏ ဥေသွ်ာင္ႀကီး ျဖစ္ေသာ္လည္း ထို အရာကို ရဲေ႐ွာင္က အေရးတယူျဖင့္ စာရင္းထဲပင္ ထည့္လိမ့္မည္ မဟုတ္ေခ်။

ထို႔ေၾကာင့္ ရဲေ႐ွာင္၏ ေ႐ွ႕၌ အမိႈက္တစလိုပင္ ျဖစ္‌ ေနမည္မွာ ေသခ်ာလွသည္။

ထိုအခ်က္မ်ားေၾကာင့္ ရဲ႐ွန္ခ်န္က ရဲေ႐ွာင္ေ႐ွ႕သို႔ မသြားေတာ့ရန္ ဆုံးျဖတ္လိုက္ျခင္း ျဖစ္သည္။

ထို႔ျပင္ ရဲေ႐ွာင္ ေဘးနား႐ွိ လူႏွစ္ဦးမွာ အၾကည့္ တစ္ခ်က္ျဖင့္ပင္ သူတို႔မ်ိဳးႏြယ္စုကို ၿပိဳကြဲေအာင္ လုပ္ ႏိုင္စြမ္း ႐ွိေနသည္။

ထို႔ေၾကာင့္ ရဲေ႐ွာင္ႏွင့္ မေတြ႕သည္က သူ႕အဖို႔ ပို၍ ေကာင္းေပလိမ့္မည္။

ေသြးထြက္သံယို ကိစၥမ်ား ျဖစ္ပြားၿပီးေနာက္ ရဲမ်ိဳး ႏြယ္စုတြင္ ဆူးေျငာင့္ခလုတ္မ်ား ႐ွင္းလင္းသြားၿပီ ျဖစ္ သည္။

တစ္နည္းအားျဖင့္ ရဲမ်ိဳးႏြယ္၏ ေခတ္တစ္ေခတ္ ကို ျပန္လည္ ထူေထာင္ရမည့္ အခ်ိန္ ေရာက္႐ွိသြားၿပီ ျဖစ္ပါေတာ့သည္။
. . .

ေနာက္တစ္ေန႔မွာ ရဲမ်ိဳးႏြယ္စုမွ လူတိုင္းအတြက္ အလုပ္မ်ားေသာ ေန႔တစ္ေန႔ဟုပင္ ဆိုရမည္။

ထို႔ျပင္ ရဲမ်ိဳးႏြယ္၏ အိမ္ေတာ္အမ်ားအျပား၌ ငို ေႂကြးသံမ်ား၊ ပူေဆြးသံမ်ားျဖင့္ ဆူညံပြက္ေလာ႐ိုက္ လ်က္ ႐ွိသည္။

ထိုသို႔ ငိုေႂကြးေနသူမ်ားက ေသဆုံးသြားသည့္ လူ မ်ား၏ မိသားစုဝင္မ်ားပင္ ျဖစ္၏။

တစ္ခ်ိန္တည္းမွာပင္ သတင္းစကားမ်ားကလည္း ေတာမီးပမာ ပ်ံ႕ႏွံ႔သြားေလသည္။

“ဟိတ္လူေတြ ဟိတ္လူေတြ သိၿပီးၾကၿပီလား . . .”

“ရဲမ်ိဳးႏြယ္စုေလ အား ျဖစ္ပ်က္သြားတာ ေၾကာက္ ဖို႔ေတာင္ ေကာင္းတယ္ . . .”

“ေဟ ဘာေတြလဲ ေျပာစမ္းပါဦးဟ . . .”

“ရဲနန္႐ွန္ရဲ႕သား ျပန္ေရာက္လာကတည္းက ရဲမ်ိဳး ႏြယ္ရဲ႕ အေျခအေနေတြက အေတာ္ႀကီးကို ေျပာင္းလဲ သြားတာပဲ . . .”

“အဲဒီေကာင္ေလးက ငယ္႐ြယ္ၿပီး သိုင္းေလာက မွာ ၿပိဳင္ဘက္ကင္း တစ္ေယာက္လိုကို အစြမ္းထက္ တယ္ဆိုပဲ . . .”

“အစြမ္းမထက္႐ိုး ေနမလား သူ႕လုပ္ရပ္ကို ၾကည့္ ေလ စေရာက္ေရာက္ခ်င္းပဲ သူ႕ကို ဆန္႔က်င္တဲ့လူေတြ ကို သတ္ျဖတ္ပစ္ခဲ့တယ္ . . .”

“ေဟ အဲဒါ အမွန္ပဲလား . . .”

“ဪ ဟုတ္ပါတယ္ဆို အမွန္ပဲကြ . . .”

“မယုံရင္ မင္းကိုယ္တိုင္ သြားၾကည့္ပါလား . . .”

“ဘုရား ဘုရား သူက အဲဒီေလာက္ေတာင္ ေသြး ေအးၿပီး ရက္စက္တာလား၊ သူ႕လူေတြကိုေတာင္ သူက သတ္ခဲ့တယ္ေပါ့ေလ ဟုတ္လား . . .”

“ေအး ဟုတ္ပါတယ္ဆို ငါတို႔ေတာင္ အဲဒီသတင္း ကို ၾကားၾကားခ်င္း မယုံႏိုင္ဘူး မထင္မွတ္ဖို႔ေကာင္း တဲ့ ကိစၥႀကီးပဲေလ . . .”

“ဒါဆို ဒါဆို သူက ရဲနန္႐ွန္နဲ႔ ခ်င္းဟြာနန္းေတာ္က နတ္သမီးတို႔ရဲ႕ သားေပါ့ ဟုတ္တယ္မွတ္လား . . .”

“ဟုတ္တယ္ေလ သူပဲေပါ့ . . .”

“ဟာ ဒါဆို အေဖတူသားပဲကြ ရဲနန္႐ွန္လည္း ငယ္ ငယ္တုန္းက ပါရမီ႐ွင္တစ္ေယာက္ဆိုၿပီး နာမည္ႀကီးခဲ့ တာေလ၊ သူနဲ႔ သက္တူ႐ြယ္တူေတြ ၾကားထဲမွာ သူ႕ကို ဘယ္သူမွ မေက်ာ္ႏိုင္ခဲ့ဘူး၊ အခု သူ႕သားကလည္း သူ႕ လိုပဲ သူ႕ထက္ေတာင္ ပိုသာေနေသးတယ္ . . .”

“ဟုတ္တယ္ ဒါေပမယ့္ သိပ္ၿပီး ရက္စက္လြန္းေန သလိုပဲ၊ ကိုယ့္မ်ိဳးႏြယ္စုက လူေတြကို ေတြေဝမႈမ႐ွိဘဲ အကုန္သတ္ခဲ့တာဆိုေတာ့ ဒါႀကီးကေတာ့ကြာ . . .”

“ျပင္ပက အေႏွာက္အယွက္ေတြကို ရင္ဆိုင္ဖို႔က အတြင္းပိုင္းမွာ တည္ၿငိမ္ေနမွ ျဖစ္မွာေလ ဒါေတြက မ်ိဳးႏြယ္စုက လူငယ္တစ္ေယာက္ ရင္ဆိုင္ၾကဳံေတြ႕ရ မယ့္ အရာေတြပဲ . . .”

“ဒီလို ၾကဳံေတြ႕ရမယ့္ အခ်ိန္မွာလည္း ေသြးေခ်ာင္း စီးေနမွာ အမွန္ပဲေလ ဒါနဲ႔ အဲဒီေကာင္ေလးရဲ႕ နာမည္ ကေရာ ဘယ္လိုတဲ့လဲ . . .”

“အင္း ရဲေ႐ွာင္တဲ့ . . .”

“ရဲေ႐ွာင္ ဟုတ္လား . . .”

“ဟုတ္တယ္ေလ . . .”

“ဒါဆို ေ႐ွာင္ဧကရာဇ္နဲ႔တူတူပဲလား ေ႐ွာင္ဆိုတာ ရယ္ေမာျခင္းလို႔ အဓိပၸာယ္ရတယ္ေလ . . .”

“ငါလည္း အဲဒီလိုပဲ ထင္တယ္ အတူတူပဲေပါ့ . . .”

“ဒီလိုကိုး ဘုရား ဘုရား သူက အဲဒီလိုနာမည္နဲ႔ လူ ပါလား၊ သူက ထူးျခားတဲ့ လူအျဖစ္နဲ႔ ထြက္ေပၚလာဖို႔ ေမြးဖြားလာတဲ့ လူအတိုင္းပဲ . . .”

“ဒီေကာင္ေလးက ေနာက္ဆုံးမွာ ၿပိဳင္ဘက္ကင္း လူတစ္ေယာက္ ျဖစ္သြားလိမ့္မယ္လို႔ ငါထင္တယ္၊ ေ႐ွာင္ဧကရာဇ္ထက္ေတာင္ မေလ်ာ့ႏိုင္ဘူး . . .”

ထိုသတင္းစကားမ်ားက အျခား မ်ိဳးႏြယ္စုမ်ားထံ သို႔ ေတာမီးပမာ ပ်ံ႕ႏွံ႔သြားေလသည္။

ထို႔ေၾကာင့္ အျခားမ်ိဳးႏြယ္စုမ်ားမွာ ထိတ္လန္႔၍ သာ ႐ွိေနေတာ့သည္။

“ဘာ ရဲ႐ႈစင္ ေသသြားၿပီ ဟုတ္လား . . .”

“ဒီအတိုင္းႀကီး ေသသြားခဲ့တယ္ေပါ့ . . .”

“ရဲမ်ိဳးႏြယ္စုရဲ႕ ထိပ္သီးအင္အားစု တစ္ဝက္က လည္း ေသသြားၾကၿပီေပါ့ ဒါဆို သူတို႔ေတြ အားနည္း သြားၾကၿပီ ထင္တယ္၊ ဒါလည္း ေကာင္းတာပဲ . . .”

“ဟုတ္ေတာ့ မဟုတ္ေသးဘူး အဲဒီရဲေ႐ွာင္ဆိုတဲ့ ေကာင္ေလးက ေသြးေအးၿပီး ရက္စက္တယ္လို႔ ေျပာ ၾကတယ္၊ အခ်ိန္တိုအတြင္းမွာ သူ႕ကို ဆန္႔က်င္တဲ့ လူ ေတြကို သတ္ျဖတ္ပစ္ခဲ့တာပဲ ၾကည့္ေလ . . .”

“ဘုရား ဘုရား သူက အဲဒီေလာက္ေတာင္ အစြမ္း ထက္တာလား . . .”

“ဟုတ္တယ္ တကယ္အစြမ္းထက္တာ . . .”

“ဘယ္လိုပဲျဖစ္ျဖစ္ ငါတို႔ေတြ ဒီေကာင္ေလးနဲ႔ စင္ ေပၚမွာ‌ ေတြ႕ရမွာပဲ . . .”

“သူက အဲဒီေလာက္ထိ အစြမ္းထက္ေနရင္ ငါတို႔ လူေတြအတြက္ အႏၲရာယ္မ်ားလြန္းတယ္ . . .”

“မလိုပါဘူးကြာ ရဲမ်ိဳးႏြယ္စုမွာ ရဲ႐ွန္ခ်န္ကလြဲၿပီး အင္အားႀကီးတာ ဘယ္သူမ်ား ႐ွိလို႔လဲ၊ သူတို႔ရဲ႕ မ်ိဳး ဆက္သစ္ေတြထဲမွာ အေတာ္ဆုံးဆိုလို႔ မူလတာအို အဆင့္တစ္ေလာက္ပဲ ႐ွိမွာ၊ ရဲေ႐ွာင္ ဆိုတာကလည္း အဲဒီေလာက္ႀကီးထိ အစြမ္းမထက္ႏိုင္ပါဘူး . . .”

“ဟုတ္တယ္ အဲဒါျဖစ္ႏိုင္တယ္ . . .”

“အို ဘာႀကီးပဲျဖစ္ျဖစ္ကြာ နဂါးျဖစ္ျဖစ္၊ က်ားျဖစ္ ျဖစ္၊ ဖားျဖစ္ျဖစ္ ငါတို႔ တိုက္ခိုက္ၾကရမွာပဲ၊ အခုလို သူ႕အေၾကာင္းေတြ ၾကား႐ုံနဲ႔ ငါတို႔ေတြ ေၾကာက္လန္႔ ၿပီး ေနာက္ဆုတ္လို႔ မျဖစ္ဘူး . . .”

“ဟုတ္တယ္ အဲဒါ မွန္တယ္ . . .”

“ေတြးေၾကာက္ေနရင္ ႏွစ္ခါျပန္ေသတယ္ ျဖစ္လာ တဲ့ အရာမွန္သမွ် ထိပ္တိုက္ ရင္ဆိုင္တာ အေကာင္း ဆုံးပဲ . . .”

ထိုသို႔ျဖင့္ လူသတင္း လူခ်င္းေဆာင္လာသည့္ သတင္းစကားမ်ားကို ထင္ေၾကးအမ်ိဳးမ်ိဳးေပးရင္းျဖင့္ ေဝဖန္ ေျပာဆိုေနၾကပါေတာ့သည္။

#translator
#ေႂကြ႐ြက္ဝါ

Continue Reading

You'll Also Like

343K 34.2K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
189K 29.7K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
412K 51.2K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
26.8K 1.5K 148
Description ကိုအထဲမှာ ထည့်ပေးထားပါတယ်ရှင့်။ဒီမှာရေးလိုက်တာနဲ့ တင်လို့မရလို့ပါရှင့်