ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၉၁ ......
သုံးနာရီကြာပြီးနောက် ရှောင်လုံက ကျားကွဲတောင်ကြားကနေ နတ်ဘုရားအသင်္ချေမြို့သို့ အချိန်မှီပြန်ရောက်လာခဲ့သည် ။ သို့ပေမယ့် ရှောင်လုံပြန်ရောက်လာချိန်က ညလယ်သို့ရောက်ရှိနေပြီပဲ ဖြစ်သည်။
." သခင်လေး ...."
ကျင်းရန် တို့လူစုက ခြံဝန်းလေးအပြင်ဘက်၌ အချိန်အတေ်ာကြာအောင် စောင့်ဆိုင်းနေကြဟန်တူသည် ။ သူတို့ကရှောင်လုံရောက်လာတာကို မြင်သည်နှင့် အလျင်အမြန်ပြေးထွက်ကာ နှုတ်ဆက်လိုက်ကြသည် ။
ရှောင်လုံက ခေါင်းညိတ်ပြ၍ ခြံဝန်းထဲသို့ ဝင်လိုက်၏ ။ ရှောင်လုံက သူတို့လူစု လေလံတင်ပွဲပြီးချိန်ကြရင်လဲ နတ်ဘုရားအသင်္ချေမြို့ ပတ်ဝန်ကျင်၌ လေးပင်လယ်တောင်မှ နတ်ဘုရားဂူကို ရှာဖွေရအုံးမှာဖြစ်သောကြောင့် ခြံဝန်းတခုဝယ်ယူရန်ဆုံးဖြတ်လိုက်လေသည် ။
ရှောင်လုံဝယ်ထားသည့် ခြံဝန်းလေးက သိပ်မကြီးသော်လည် စျေးနှုန်းကတော့ သိန်းဂဏန်းနီးပါးကို ကပ်နေလေသည်။ သို့ပေမယ့် ရွှေဒင်္ဂါးတွေက ရှောင်လုံအတွက် ရှားပါးပစ္စည်းတွေတော့မဟုတ်ပေ ...။
ယခုနှစ်တွေအတွင်း ဒေါက်ကိုးခုကုန်သည်အဖွဲ့၏ နှစ်စဉ်ဝင်ငွေက ရှောင်လုံ မရေမတွက်နိုင်အောင်ပင် တိုးပွားလာသည် ။ ထိုအတူ သူလမ်းတလျှောက်သတ်ဖြတ်ခဲ့သည့် ကောင်းကင်သိုင်းသမားတွေရဲ့ သိုလှောင်လက်စွပ်အတွင်းမှ ရရှိခဲ့တာတွေကိုပါတွက်ကြည့်မယ်ဆိုရင် ရှောင်လုံက အတော်လေးကို ကြယ်ဝချမ်းသာသူတယောက်ဖြစ်နေပြီပဲ ဖြစ်သည်။ အထူးသဖြင့် အဆိပ်ဘုရင်ဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်နှင့် ဂိုဏ်းသားတွေဆီကနေ ရှောင်လုံအတော်လေးကို စုဆောင်းမိလိုက်သည်။
.ခြံဝန်းထဲသို့ဝင်ပြီးနောက် ရှောင်လုံက ကျင်းရန်တို့လုစုနှင့် ခနလောက်စကားပြောလိုက်ပြီး နတ်တောင်ရွှမ်းမီအတွင်းသို့ဝင်လိုက်လေသည်။
နတ်တောင်ရွှမ်းမီထဲကိုရောက်တော့ ရှောင်လုံက ဂျန်ကျုံးဆီက ရရှိခဲ့သော သိုင်းကျမ်းနှသ်ခုကိုထုတ်လိုက်ပြီး စတင်လေ့ကျင့်တော့သည် ။
အခုဆိုရင် ရှောင်လုံသိုင်းကျမ်းတွေကို ရရှိခဲ့တာ အချိန်အနဲငယ်ကြာမြင့်ခဲ့ပြီပဲ ဖြစ်သည်။ ရှောင်လုံကလဲ သိုင်းကျမ်းနှစ်ခုကိုစိတ်ဝင်စားနေသည်။ ထိုကြောင့် သူ့ အားလပ်ချိန်တော်တော်များများကို ထိုသိုင်ကျမ်း နှစ်ခုအပေါ်မှာသာစုပြုံပေးထားတာကြောင့် အခုဆိုရင်တော်တော်လေး ခရီးရောက်နေပြီပဲ ဖြစ်သည် ။
နတ်တောင်ရွှမ်းမီအတွင်းရှိနေသည့် ရှောင်လုံအရိပ်က ဟိုဟိုဒီဒီအဆက်မပြတ် ရောက်ရှိနေလေသည်။ ရှောင်လုံက သူ့လက်သီးတွေကိုလဲ အဆက်မပြတ်ထိုးလွှတ်လိုက်သေးသည် ။
ရှောင်လုံလက်သီးချက်တွေကနေ အကောင်အထည်မရှိသော ပုံရိပ်ယောင်လက်သီးချက်တွေကြောင့် လေထုတခုလုံးတုန်ခါနေလေသည်။ရှောင်လုံလက်သီးချက်တွေက ကြည့်လိုက်သာ ပုံရိပ်ယောင်လက်သီးချက်ဖြစ်နေပေမယ့် တကယ်တမ်းရောက်ရှိလာတာကတော့ တကယ့်လက်သီးအစစ်ဖြစ်နေပြီး မြင်ရသည်မှာ ထူးခြားဆန်းပြားနေသည်။
ရှောင်လုံက ထူးခြားလေဟာနယ်နတ်လက်သီးသိုင်း လေ့ကျင့်နေခြင်းပင် ....။
ထူးခြားလေဟာနယ်နတ်လက်သီးသိုင်းလေ့အချိန်ကြာနေချိန်ကြာသွားပြီးနောက် ရှောင်လုံက သူ့လက်ကောက်ဝတ်အား ဆတ်ကနဲလှည့်၍ သူ့ကိုယ်ခန္ဓာအတွင်းစီးဆင်းနေသည့် စွမ်းအင်စီးကြောင်းတွေကို လမ်းကြောင်းပြောင်းလိုက်သည်။ ရှောင်လုံမျက်လုံးထဲမှ အနက်ရောင်တွေ ရုတ်တရက်တောက်ပလာသည် ။ ထိုနောက် ရှောင်လုံပါးစပ်ကနေ လေလှိုင်းလုံးကြီးတွေကဲ့သို့ အသံလှိုင်းတွေ ပေါက်ကွဲထွက်ပေါ်လာ၏ ။
ထိုအသံလှိုင်းတွေက နတ်တောင်ရွှမ်းမီထဲမှ ရှေးဟောင်ဘုရားကျောင်းအတွင်း ပဲ့တင်ညံနေလေသည်။ ဘုရားကျောင်းအတွင်းမှ ပဲ့တင်သံတွေက အချိန်အတော်ကြာမှ ပျောက်ကွယ်သွား၏ ။
ရှောင်လုံအသံလှိုင်းတွေရဲ့တိုက်ခိုက်နိုင်မှုစွမ်းရည်က အဆိပ်ဘုရင်ဂိုဏ်းမှ အကြီးအကဲ ဂျန်ကျုံးထက် နှစ်ဆနီးပါစလောက် ပိုမိုအစွမ်းထက်နေလေသည်။ ရှောင်လုံက သိုင်းကျမ်းနှစ်ခုလေ့ကျင့်ပြီးချိန်မှာတော့ ကောင်းကင်ကြီးက ရောင်နီသန်းလာနေလေပြီ..။ ရှောင်လုံလဲ လေလံတင်ပွဲရှိနေတာကြောင့်သိုင်းလေ့ကျင့်နေတာကိုရပ်၍ နတ်တောင်ရွှမ်းမီထဲကနေ ထွက်လာလိုက်သည်။
ရှောင်လုံ နတ်တောင်ရွှမ်းမီထဲကနေ ထွက်လာတော့ ခြံဝန်းထဲမှာ သူ့ကိုအသင့်စောင့်ဆိုင်နေကြသည့် ကျင်းရန် တို့လူစုအားမြင်လိုက်လေသည်။ ထိုနောက် သူတို့ငါးယောက်က အချိန်ဆွဲမနေတော့ပဲ လေလံတင်အိမ်ရှိရာသို့
ထွက်လာကြသည် ။
ဒီတကြိမ်လေလံတင်ပွဲမှာက စိတ်ဝင်စားဖွယ်ရာ ပစ္စည်းတွေအမြောက်အမြားကို လေလံတင်ပြသမှာဖြစ်သောကြောင့် နတ်ဘုရားအသင်္ချေမြို့ကြီးတခု လူသူအများဖြင့် စည်းကာသနေ၏ ။ ထိုအပြင် လေလံတင်ပွဲသို့ တကွေ့ရွေ့ သွားနေကြသည့် လူအုပ်ကြီးကလဲ တိုးမပေါက်နိုင်အောင်ပင်များပြားလှသည် ..။
လေလံတင်ပွဲမှာ ပြသမယ်လို့ နာမယ်ကြီးနေကြသည့် ကောင်းကင်အဆင့် ဂရိတ်တထောင်သိုင်းကျင့်စဉ် နှင့် ပြိုင်ဘက်ကင်း လေဖောက်လက်ညိုးသိုင်တို့အပြင် ဟာကျူလီယန်ဘုရင်၏ ကျောက်စိမ်းပြား သတင်းတွေက ဘတ်လန်းဒေသတခုလုံးသို့ ပျံနှံနေလေသည်။ ထိုကြောင့် အင်အားကြီး
သိုင်းဂိုဏ်းတွေက ထိုအခွင့်အရေးကိုလက်လွတ်မခံချင်ဘဲ လေလံတင်ပွဲပြသမည့် နတ်ဘုရားအသင်္ချေမြို့
သို့ အစုလိုက်အပြုံလိုက် ရောက်ရှိနေကြခြင်း ဖြစ်သည်။
".... ကြည့်စမ်း .... သူက အပြစ်မြို့တော်ရဲ့
သခင်လေး ကျောက်ချန် မဟုတ်လား ....?"
လူအုပ်ကြီးထဲမှာ အုတ်အုတ်ကျက်ကျက် ဆွေးနွေးသံတွေထွက်လာသည် ။ ဆူဆူညံညံအသံတွေကြောင့် ရှောင်လုံလဲ စိတ်ဝင်စားသွားသည်။ သူက လူအုပ်ကြီးကြည့်နေကြသော နေရာသို့ လှမ်းကြည့်လိုက်၏။
ရှောင်လုံကြည့်နေစဉ် တိုးမပေါက်အောင် များပြားနေသည့် လူအုပ်ကြားထဲမှ လူသွားလမ်းလေးတခုဖြစ်ပေါ်လာသည် ။ ထိုလူသွားလမ်းထဲကနေ တန်ဖိုးကြီးပိုးဖဲ အကျီကိုဝတ်ဆင်ထားသော လူငယ်တယောက် လမ်းလျှောက်လာသည်။ ထိုလူငယ်ဘေးနားမှာ ကိုယ်ရံတော် အများအပြားလဲ ပါလာကြသည် ။
"... သခင်လေး ကျောက်ချန်ပါရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူးကွာ.... ငါကြားဘူးတာတော့ သခင်လေး ကျောက်ချန်က အပြစ်မြို့တော်ဝန်ရဲ့ ဆယ်သုံးယောက်မြောက်သားတဲ့...
နောက်ပြီး အပြစ်မြို့တော်ဝန်ရဲ့ သားသမီးတွေထဲမှာ သခင်လေးကျောက်ချန်က အရည်အချင်းအရှိဆုံးလိုလဲ ကြားဘူးတယ်
..အဲ့ဒါကြောင့်လဲ အပြစ် မြို့တော်ဝန်က ကျောက်ချန်ဆို အရမ်းပစားပေးတယ်တဲ့ ...."
".... ငါတော့ သခင်လေးကျောက်ချန်ရဲ့ အတွင်းအားတွေ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို အသိချင်ဆုံးပဲ .... သတင်းတွေမှာ ကြားဘူးတာကတော့ သ လွန်ခဲ့သောအနှစ်သုံးဆယ်ထဲက ကျောက်ချန်အတွင်းအားတွေ စကြာဝဠာသိုင်းပညာရှင် အဆင့်ကိုရောက်ရှိသွားပြီလို့ ပြောကြတာပဲ ...."
လူအုပ်ကြီးထဲမှာ ဆူဆူညံညံဖြင့် ဆွေးနွေးသံတွေ အဆက်မပြတ်ထွက်ပေါနေသည်။ သိုင်းမိသားစုတွေ နှင့် သိုင်းဂိုဏ်းတွေမှ မိသားစုဝင်တွေက ကျောက်ချန်ကို လေးစားအားကျသောအကြည့်တွေနဲ့ ငေးကြည့်နေကြသည် ။
သူနံဘေးမှ လူတွေဆီကနေ ဆွေးနွေသံတွေကိုကြားတော့ ရှောင်လုံက အနဲငယ်အံသြသွားသည် ။ ထိုနောက် တိုက်တိုက်ဆိုင်ဆိုင်ပင် ကျောက်ချန်က ရှောင်လုံအရှေ့ကနေ ဖြတ်သွားလေသည်။ ကျောက်ချန်က ရှောင်လုံရှေ့မှာ ခနရပ်၍ ရှောင်လုံကိုစိုက်ကြည့်လိုက်သည်။ ကျောက်ချန်အကြည့်တွေက သူ့ကို အကဲခတ်နေသောရှောင်လုံအကြည့်တွေနဲ့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ကျောက်ချန်နှင့် အကြည်ချင်းဆုံမိတော့ ရှောင်လုံစိတ်ထဲမှာ သူ့ကိုမမြင်နိုင်သော အားအင်တခု ဖုံးလွှမ်းသွားသလိုမျိုး ခံစားလိုက်ရသည်။ကျောက်ချက်အကြည့်တွေက ရှောင်လုံစိတ်ဝိညာဉ်ကို ကိုင်လှုပ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ရှောင်လုံက ချက်ချင်းဆိုသလို သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည် ။ ရှောင်လုံ အခြေအနေက ပုံမှန်ပြန်ဖြစ်သွားချိန်မှာတော့ ကျောက်ချန်နှင့် သူရဲ့အစောင့်တွေက လေလံတင်ပွဲကျင်းပမည့် ဟောခန်းမထဲသို့ ရောက်ရှိသွားကြလေပြီ ..။
".... သခင်လေး မျက်နှာက ဖြူဖတ်ဖြူရော်နဲ့ပါလား ....သခင်လေး အဆင်ပြေရဲ့လား?"
ကျင်းရန်က ရှောင်လုံအနားကို တိုးကပ်၍ ဂရုတစိုက်မေးလိုက်သည်။
ရှောင်လုံက ကျင်းရန်စကားကိုပြန်မဖြေပဲ ကျောက်ချန်နောက်ကျောကိုသာ မျက်နောင်မခတ်ပဲစိုက်ကြည့်နေပြီး
".... ငါတို့လဲ ဝင်ကြစို့ ...."
သူတို့ကြုံတွေ့လိုက်တာက စက္ကန့်ပိုင်းလေသာကြာမြင့်ခဲ့ပေမယ့် ရှောင်လုံကတော့
ကျောက်ချန် ခွန်အားကို ခန့်မှန်းနိုင်သွားပြီပဲ ဖြစ်သည်။ ကျောက်ချန်က စကြာဝဠာသိုင်းပညာရှင်တယောက် ဖြစ်နေပြီဆိုတာကို ရှောင်လုံသဘောပေါက်သွားသည်။ ရှောင်လုံကို လွှမ်းမိုးသွားသည့် စွမ်းအားမျိုးက တကယ်စကြာဝဠာသိုင်းပညာရှင်တယေညက်မဟုတ်သေးပဲ လိမ်လှည်ပြီး ထုတ်နိုင်တဲ့ဟာမျိုးမဟုတ်ပေ ...။
ထိုအပြင် ကျောက်ချန်မျက်ဝန်းတွေက သူ့ဘယ်သူလဲဆိုတာကို သိနေဟန်တူသည်။
လေလံတင်အိမ်အဝကိုရောက်တော့ ရှောင်လုံက သူတို့လူစု၏ ဝင်ကြေးအဖြစ် ရွှေ
ဒင်္ဂါး ဆယ်သိန်းပေးချေလိုက်သည် ။ ထိုနောက် ကျင်းရန်တို့နှင့်အတူ လေလံတင်မည့် ခန်းမဆောင်အတွင်းသို့ ဝင်လိုက်သည်။
လေလံတင်အိမ်အတွင်းကိုရောက်တော့ ရှောင်လုံက ချောင်ကျသောနေရာတခုရှာ၍ ထိုင်လိုက်လေသည်။ နတ်ဘုရားအသင်္ချေမြို့၏ လေလံတင်ခန်းမဆောင်ကြီးကို အထပ်သုံးထပ်ဖြင့် တည်ဆောက်ထားသည်။
ဒုတိယထပ်နှင့် တတိယထပ်တို့ကို သီးသန့်အခန်းတွေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ထိုအထပ်တွေက အထူးသဖြင့် စကြာဝဠာအဆင့် သိုင်းပညာရှင်တွေအတွက် ရည်ရွယ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုကြောင့် ရှောင်လုံတို့လုစုက တခြားသိုင်းသမားတွေကဲ့သို့ ပထမအထပ်၌သာ နေရာယုလိုက်ကြသည် ။
ကျောက်ချန်ကတတိယထပ်၏ သီသန်းခန်း၉
အတွင်း ထိုင်နေ၏ ။ ထိုအခန်းအား အထူးပြုလုပ်ထားသည့် သလင်းကျောက်မှန်နံရံတွေနဲ့ တည်ဆောက်ထားပေမယ့် ကျောက်ချန်ကတော့ ရှောင်လုံ ပထမထပ်၏ ချောင်ကျကျနေရာ၌ နေရာယူလိုက်တာကို သတိပြုမိလိုက်သည်။
"... ဟောင်ရှောင်လုံဆိုတာ သူလား....?"
ကျောက်ချန်က သူ့နံဘေးက အစောင့်ကိုမေးလိုက်သည်။
ကျောက်ချန်နံဘေးမှာရပ်နေသည့် ငွေရောက်ဆံပင်နှင့်လူကြီးက အရှေ့ထွက်လာပြီး
ပြန်ဖြေလိုက်သည်
"... ဟုတ်ပါတယ် သခင်လေး...."
ကျောက်ချန်က ခေါင်းညိတ်လိုက်သည် ။ သူမျက်လုံးတွေကတော့ ညအမှောင်မှာရှိနေသည့် ကြယ်လေးတွေကဲ့သို့ တဖျက်ဖျက်လင်းလက်နေသည် ။ သူစိတ်ထဲမှာ ဘာတွေတွေးတွေနေသလဲဆိုတာကိုတော့ မည်သူမှ မသိပေ..။
ရှောင်လုံထိုင်ချလိုက်ပြီးနောက်မှာပဲ သူနံဘေးဘက်ကနေ ဆူဆူညံညံဆွေးနွေငြင်းခုန်သံတွေထွက်လာလေသည်
".... ဒီတကြိမ်လေလံတင်ပွဲမှာ ထောင်စုနှစ်မြို့တော်က စီနီယာ ဟီယွမ်ရှုန်းတောင်
ရောက်နေပါလား ...."
".... စ်ီနီယာ ဟီယွမ်ရှုန်းရောက်နေတယ် ဟုတ်လား ....? ......
ဟုတ်ပြီ .... စီနီယာ ဟီယွမ်ရှုန်းရဲ့ ဘိုးဘေးက ရှေးခတ်က နာမယ်ကြီး နတ်ဘုရင်ခြောက်ယောက်ထဲက တယောက်ဖြစ်တဲ့ ဟာကျူလီယန်ဘုရင် ပဲလေ ...။ စီနီယာ ဟီယွမ်ရှုန်းက ဟာကျူလီယန် ကျောက်စိမ်းပြားကြောင့် ရောက်လာတာဖြစ်ရမယ် .... စီနီယာ ယီဟွမ်ရှုန်းက အဲ့ဒီကျောက်စိမ်းပြားကို မရရအောင် ယူတော့မယ် ထင်တယ်နော် ...."
"....အင်း မင်းပြောတာလဲ ဖြစ်နိုင်ပါတယ် ... ဒါပေမယ့် အပြစ်မြို့တော်ဝန်ရဲ့သား သခင်လေး ကျောက်ချန်လဲရောက်နေတယ်လေ ...သူကလဲ အဲ့ဒီကျောက်စိမ်းပြားကြောင်းရောက်လာတာနေမှာ .... ဒီတကြိမ်တော့ စီနီယာ ဟီဟွမ်ရှုန်းတယောက် သူစိတ်ကြိုက်မလုပ်နိုင်တော့ဘူးထင်တယ် ...."
ဟီဟွမ်ရှုန်း .....ဟုတ်လား?
သူ့နံဘေးက ဆွေးနွေးသံတွေကိုနားထောင်ရင်း ရှောင်လုံလဲ အံအားသင့်သွားသည်။ ဟာကျူလီယန်ဘုရင်၏ ကျောက်စိမ်းပြားက ဟီဟွမ်ရှုန်းကိုတောင် ဆွဲဆောင်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ ...။
ထောင်စုနှစ်မြို့ကြီးကလဲ ဘတ်လန်းဒေသ၏ မြို့ကြီးဆယ်မြို့ထဲက တမြို့ပဲ ဖြစ်သည်။ သို့သော်လည်း ထိပ်တန်းဆယ်မြို့ထဲမှ သူအဆင့်က အောက်ခြေသို့ အနဲငယ် ရောက်နေသည်။ ဟီဟွမ်ရှုန်းက ထောင်စုနစ်မြို့တော်၏ မြို့တော်ဝန်တယောက်ဖြစ်သလို ဘတ်လန်းဒေသမှ နာမယ်ကြီးသိုင်းပညာရှင်တွေထဲမှာလဲ တယောက်အပါအဝင်ဖြစ်သည်။
ပုံမှန်ဆိုရင် ဘတ်လန်းဒေသ၏ ထိပ်သီးသိုင်းပညာရှင်ဆယ်ယောက်ကို လူမြင်ကွင်း၌ တွေ့မြင်ရခဲသည် ။ ထိုကြောင့် လေလံတင်အိမ်ကိုရောက်ရှိနေကြသည့် လူအုပ်ကြီးက သူတို့လေးဟားအားကျရသော ဟီဟွမ်ရှုန်းကို မြင်တွေ့ချင်နေကြသည် ။
ရှောင်လုံက သူလိုပဲ လေလံတင်အိမ်၏ ချောင်ကျနေနေရာတွင် နေရာယူထားသည့် လူတယောက်ကို သတိထားမိလိုက်တာကြောင့် မျက်မှောင်ကြုတ်သွားလေသည်။ ထိုလူကတော့ ရှောင်လုံ အချစ်တော်ကြီး ယောင်ဖေးပင်ဖြစ်သည် ။
ယောင်ဖေးကိုမြင်လိုက်တာနဲ့ ရှောင်လုံမျက်လုံးတွေက ရေခဲတုံးကဲ့သို့ အေးစက်သွားလေသည်။ ယောင်ဖေးကို အခုလိုမျိုး ဘတ်လန်းဒေသမှာ မြင်ခိုက်ရခြင်းက သာမန်တိုက်ဆိုင်တာမျိုး မဟုတ်ဘူးဆိုတာကိုလဲ သူနားလည်လိုက်သည်။
ထိုအချိန်၌ ယောင်ဖေးကလဲ တစုံတရာကို ခံစာမိသည့်နှယ် သူ့ခေါင်းကိုလှည့်၍ ရှာင်လုံတိုဘက်ကို လှမ်းကြည့်လိုက်လေသည်။ ယောင်ဖေး နှင့် ရှောင်လုံက အကြည့်ချင်းထိပ်တိုက်တွေ့သွားကြသည်။
ရှောင်လုံကို မမျှော်လင့်ပဲ မြင်လိုက်တေယ့ ယောင်ဖေးတယောက် ကြက်သေသေသွားလေသည် ။ ထိုနောက် သူမျက်နှာက သားကောင်ကိုမြင်တွေ့လိုက်သည့် မုဆိုးတယောက်ကဲ့သို့ ပျော်ရွှင်သွားလေသည်။ သူ့မျက်လုံးထဲမှာ ရှောင်လုံကို သတ်ချင်စိတ်တွေကို ထင်ထင်ရှားရှား မြင်နိုင်၏ ။
ရှောင်လုံကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း ယောင်ဖေးက အသံတိတ်ရေရွတ်လိုက်သည်
ဟောင်ရှောင်လုံ ...မင်းတော့ သေဖို့သာပြင်ထားပေတော့ ......?
ယောင်ဖေး၏ အသံမထွက်ပဲ နှုတ်ခမ်းလှုပ်သွားသည့် အဓိပ္ပါယ်ကို ခန့်မှန်းမိလိုက်တော့ ရှောင်လုံ မျက်နှာထက်မှာလဲ မထီတရီ အပြုံးတခုပေါ်ပေါက်လာ၏ ။
#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၉၂ .....
ရှောင်လုံနှင့် ယောင်ဖေးက ခနတာလောက်အကြည့်ချင်းဆုံလိုက်ပြီးနောက် နှစ်ယောက်စလုံး အကြည်လွှဲလိုက်ကြသည်။
ယောင်ဖေးက ဘတ်လန်းဒေသကိုလာရဲကတည်းက သူ့ကိုဒီနေရာမှာပဲ ထာဝရမြှပ်နှံထားလိုက်တော့မယ်လို့ ရှောင်လုံက ဆုံးဖြတ်လိုက်သည်။ ရှောင်လုံမျက်လုံးတခုလုံး လူသတ်ချင်စိတ်တွေနဲ့ တလက်လက်တောက်ပနေလေသည်။
တခနလောက်အကြာမှာတော့ လေလံတင်ခန်းမဆောင်ကြီးရဲ့ တံခါးကို ပိတ်လိုက်ပြီး လေလံတင်ပွဲစတင်ဖို့အတွက် အချက်ပြလိုက်သည် ။ တခေါင်းလုံးဆွတ်ဆွတ်ဖြူနေပြီး နက်ပြာရောင်
သူငယ်အိမ် ရှိသည့် အဖိုးအိုက လေလံတင်ပွဲကို ဦးဆောင်ကျင်းပမှာပဲ ဖြစ်သည်။ သူကတော့ နတ်ဘုရားအသင်္ချေမြို့၏ ထိပ်တန်းအဆင့် အကဲဖြတ်သူတဦးဖြစ်သည့် ဖန်ဒေါင်ပဲ ဖြစ်သည်။
ဖန်ဒေါင်က လေလံတင်မည့်စင်မြင့်ထက်ကို
တက်လာပြီး လေလံတင်ပွဲ၏ စည်းမျဉ်းစည်းကမ်းတွေနှင့် လိုက်နာရမည့်အချက်အလက်တွေကို ပထမဆုံး ရှင်းလင်းပြောကြားလိုက်သည်။ ထိုနောက် သူက အချိန်ဆိုင်းမနေတော့ပဲ ပထမဆုံးလေလံတင်မယ့် ပစ္စည်းကို အလျင်အမြန်ပဲ ထုတ်ပြလိုက်လေသည်။
ပထမဆုံးလေလံတင်မည့် ပစ္စည်းကတော့ ရောဂါမျိုးစုံပျေက်ကင်းနိုင်သည့် နတ်ဆေး တွေ ၊ ဝိညာဉ်ကျောက်တုံးတွေ ၊ ဝိညာဉ်ဆေးလုံးတွေ မဟုတ်ပဲ သွေး မိစ္ဆာဆိုသည့် ဓားတိုတချောင်းပင်ဖြစ်သည် ။ ထိုဓားတိုလေးက အနက်ရောင်သွေးတွေစွန်းထင်း
နေဟန်ဖြင့် သူ့ဓားသွားထက်မှာ ကြက်သွေးရောင်သန်းနေသည် ။
ဖန်ဒေါင်၏ ရှင်းပြချက်အရ သွေးမိစ္ဆာဆိုသည့် ဓားတိုလေးကို လွန်ခဲ့သော နှစ်ပေါင်းတထောင်ခန့်က ချန်ဖန် အမည်ရှိ စကြာဝဠာသိုင်းသမားတယောက် အသုံးပြုခဲ့ခြင်းဖြစ်သည် ။ သွေးမိစ္ဆာအမည်ရှိ ဓားတို၏ ဓားသွားတွေက အင်မတန်ကို ထက်မြနေသည် ။ သူ့၏ ထူးခြားချက်က ရန်သူ၏ သွေးတွေကိုစုပ်ယူနိုင်ခြင်းဖြစ်သည်။
ဟုတ်ပါတယ် ......
ရန်သူသွေးတွေကို စုပ်ယူနိုင်ခြင်းဖြစ်သည် ။
မိစ္ဆာသွေးဓားတိုနှင့် ထိုးခံရသူအကုန်လုံးက သူတို့သေဆုံးသွားသည့်အခါ မာမီအလောင်းကောင်ကဲ့သို့ တကိုယ်လုံးမှ သွေးတွေအကုန်လုံး ခြောက်ခန်းသွားလေ့ရှိသည်။
မိစ္ဆာသွေးဓားတို၏ ရန်သူသွေးအားစုပ်ယူနိုင်သော ထူးခြားကြောက်မက်ဖွယ် စွမ်းရည်က လေလံတင်ခန်းမထဲမှ သိုင်းသမားတွေ အကုန်လုံးရဲ့ စိတ်အာရုံကို ဆွဲဆောင်လိုက်လေသည်။ သူတို့မျက်လုံးတွေက လောဘအရောင်ဖြင့် တလက်လက်တောက်ပလာသည်။
ဘတ်လန်းဒေသ၌ နေထိုင်ရသူတွေအဖို့ သတ်ဖြတ်ခြင်းတွေက မလွဲမသွေကြုံတွေရမည့် အရာတွေပဲ ဖြစ်သည်။ ထိုကြောင့် လက်နက်ကောင်းတခုကို ပိုင်ဆိုင်ထားမယ် ဆိုရင် သူတို့ရဲ့ အသက်ရှင်နိုင်စွမ်းက ပိုမိုများပြားလာတော့မှ မဟုတ်ပါလား ...။
သိုသော်လည်း ဖန်ဒေါင်ကြော်ငြာလိုက်သည် မိစ္ဆာသွေး ဓားတို၏ လေလံတင်စျေးက လူ တော်တော်များများကို သက်မောချသွားစေသည်။
ရွှေဒင်္ဂါး သိန်းငါးဆယ် .....!
ရွှေဒင်္ဂါး သိန်းငါးဆယ်ဟာ မိစ္ဆာသွေးဓားတိုအတွက် လေလံစတင် စျေးသာရှိသေးသည် ။ သိုင်းမိသားစုကြီးတွေနဲ့ သိုင်းဂိုဏ်းကြီးတွေမှ လူတွေအဖို့ ရွှေဒင်္ဂါးသိန်းငါးဆယ်ဆိုတာက သိပ်များသောပမာဏတခုမဟုတ်သော်လည်း ရွှေဒင်္ဂါးသိန်းလေးဆယ်ဆိုတာက တောင်ပေါ်မှာမြင်တွေ့နေရသည့် ကျောက်စရစ်ခဲတွေမှ မဟုတ်ပဲ ....။
ဖန်ဒေါင်အသံဆုံးတာနဲ့ စျေးပေးသံတွေချက်ချင်းထွက်ပေါ်လာလေသည်
".... သိန်းခြောက်ဆယ် ...."
သိန်းခြောက်ဆယ် .....!
စျေးပေးသူက ချက်ချင်းဆိုသလို ဆယ်သိန်းမြှင့်ပေးလိုက်သည် ။ခန်းမဆောင်ထဲက လူတွေလဲ အသံထွက်ပေါ်လာသည့် သီးခန်းအခန်း ၆ သို့ ဝိုင်းကြည့်လိုက်ကြသည် ။
"... ခြောက်ဆယ့်တသိန်း ....?"
ထိုအချိန်၌ နောက်ထပ်စျေးမြှင့်ပေးသံတခုထွက်လာသည် ။
"... သိန်း ခုနှစ်ဆယ် .....!"
သီးသန်းခန်း၆ မှလူက ထပ်ပြောလိုက်သည်။
လေလံစျေးတွေက တဖြည်းဖြည်း မြင့်တက်လာပြီး နောက်ဆုံးမှာတော့ ရွှေဒင်္ဂါသိန်းတရာကိုကျော်သွား၏ ။ တခြားသူတွေက လေလံတင် စျေးကို ဘယ်လောက်တိုးမြှင့်ပေးသည်ဖြစ်စေ သီးသန့်ခန်း၆ ကလူကတော့ သူနဂိုပေးထားတဲ့စျေးထက် ဆယ်သိန်းစီတိုး မြှင့်ပေးနေဆဲဖြစ်သည်။
ရှောင်လုံကတော့ တည်တည်ငြိမ်ငြိမ်ပဲရှိနေသည် ။ သွေးမိစ္ဆာဓားက ဓားကောင်းတလက်ဖြစ်ပေမယ့် ရှောင်လုံကဲ့သို့ နတ်ဓားတွေကို ပိုင်ဆိုင်ထားသူ တယောက်အတွက်က သိပ်ပြီး မက်လောက်စရာမရှိလှပေ ...။
နောက်ဆုံး၌ သွေးမိစ္ဆာဓားကို သီးသန့်အခန်း၆ က အနိုင်ရသွားလေသည် ။သွေးမိစ္ဆာဓားအပြီး နောက်တခါလေလံတင်မည့် ပစ္စည်းကတော့
ဝိညာဉ်ဆေးပင်သုံးခုပါသည့် ကျောက်စိမ်းသေတ္တာလေး တခု ဖြစ်သည် ။ ထိုသေတ္တာအထဲမှာ ရှိနေတာကတော့ ဘဝစိတ်ဝိညာဉ်ဆေးမြစ်ပဲ ဖြစ်သည် ။ ဘဝစိတ်ဝိညာဉ်ဆေးမြစ်က သိုင်းဝိညာဉ်ကမ္ဘာကြီး၌ အင်မတန်မှကိုတွေ့မြင်ရခဲသော ဆေးမြစ်တမျိုးလဲ ဖြစ်သည်။
့အခုကျောက်စိမ်းသေတ္တာထဲမှာ ရှိနေသော ဘဝစိတ်ဝိညာဉ်ဆေးပင်တွေအကုန်လုံးက
နှစ်တထောင်ထက်ပို၍ သက်တမ်းရင့်သည့် ဆေးမြစ်တွေပဲ ဖြစ်ကြသည်။ ထိုကဲ့သို့ သက်တမ်းတထောင်နှင့်အထက် ဘဝစိတ်ဝိညာဉ် ဆေးမြစ်တွေရဲ့ တန်ဖိုးကလဲ
ကောင်းကင်ကြီးအထိကို မြင့်တက်နေခေသည်။
ဘဝစိတ်ဝိညာဉ်ဆေးမြစ်ကိုကြည့်ရင်း ရှောင်လုံမျက်လုံးတွေက အရောင်တောက်လာလေသည် ။ အခါလေလံတင်မည့် ဘဝစိတ်ဝိညာဉ်ဆေးမြစ်ကို ရှောင်လုံသာ ရရှိခဲ့မယ်ဆိုရင် ရှောင်လုံရဲ့ ရှေးဟောင်းရုပ်သေးရုပ်ထိန်းချုပ်နည်း စနစ်နှင့် စိတ်အာဏာနည်းစနစ်တွေက နောက်တဆင့်သို့တက်လှမ်းနိုင်တော့မှာပဲ ဖြစ်သည် ။ ထိုအပြင်ရှောင်လုံရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက နှစ်ဆနီးပါး သို့မဟုတ် သုံးဆလောက် ပိုမိုတိုးပွားလာမှာလဲ ဖြစ်သည်။
" .... ဒီဆေးမြစ်လေးခုကတော့ ဘဝစိတ်ဝိညာဉ်ဆေးမြစ်တွေပဲ .....သူတို့ရဲ့ စဦးစျေးနှုန်းက တခုချင်းစီကို ရွှေဒင်္ဂါး သိန်းသုံးဆယ်ပါ .....သူတို့ သုံးခုပေါင်းရဲ့ လေလံစျေးနှုန်းကတော့ ရွှေဒင်္ဂါးသိန်းကိုးဆယ်ပဲ ဖြစ်ပါတယ် ....."
ဖန်ဒေါင်က အရင်ဆုံး ဘဝစိတ်ဝိညာဉ်ဆေးမြစ်၏ အသုံးဝင်ပုံတွေကို အရင်ဆုံးရှင်းပြလိုက်သည် ။ နောက်ဆုံးမှာတော့ လေလံစျေးနှုန်းကို ကြော်ငြာလိုက်သည့။
.ဒီတကြိမ်မှာတော့ သွေးမိစ္ဆာဓားတို၏ လေလံစျေးကို ကြော်ဂြာတုံးကနှင့် မတူပဲ ဟောခန်းမကြီးတခုလုံး ငြိမ်ကျသွားလေသည်။ ဘယ်သူကမှ အလျင်အမြန်စျေးပေးခြင်း မရှိကြသေးပေ ...။
.ဘဝစိတ်ဝိညာဉ်ဆေးမြစ်က စိတ်ဝိညာဉ်ကို အကျိုးများစေသည့် ဆေးမြစ်တခုဖြစ်သော်လည်း သူ့ရဲ့အကျိုးကျေးဇူးတွေကို အပြည်အဝ ခံစားနိုင်ဖို့အတွက် သူနှင့်လိုက်ဖက်သည့် စိတ်ဝိညာဉ်ကျင့်စဉ်ရှိဖို့လဲလိုအပ်လေသည်။
အဲ့လိုမှမဟုတ်ရင် သူဆီက အကျိုးကျေးဇူးကို အပြည့်အဝခံစားနိုင်မှာ မဟုတ်ပဲ သာမာန်လောက်သာ ရရှိမှာဖြစ်သည်။ထိုအပြင် သိုင်းဝိညာဉ်ကမ္ဘာကြီးမှာ အရှားပါးဆုံးပစ္စည်းက စိတ်ဝိညာဉ်ကို လေ့ကျင့်ရသည့် သိုင်းကျင့်စဉ်တွေပဲ ဖြစ်သည် ။
".... သိန်းတရာ...."
နောက်ဆုံးမှာတော့ စျေးပေးမယ့်သူတယောက် ထွက်ပေါ်လာသည် ။ လူတွေအကုန်လုံးက အသံထွက်ပေါ်လာသည့်နေရာကိုလိုက်ကြည့်လိုက်တော့ သီးသန့်ခန်း ၆ ကပဲ ဖြစ်နေတာကို မြင်လိုက်ကြသည်။
".... သိန်း ၁၁၀ ...."
သီးသန့်ခန်း ၇ ဆီက စျေးမြှင့်ပေးသံထွက်ပေါ်လာသည် ။
". သိန်း ၁၅၀ ...."
သိန်း ၁၅၀ ......! သီးသန့်အခန်း ၆ က သိန်လေးဆယ်ကို မျက်တောင်တချက်မခတ်ပဲ မြှင့်ပလိုက်တာကြောင့် လူတွေအကုန်လုံး အံသြမှင်သက်ကုန်လေသည်။
သီးသန့်ခန်း ၆ ကလေလံ စျေးကို တဟုန်ထိုးမြှင့်ပလိုက်သည် ။ ရှောင်လုံကတော့ အခုချိန်အထိ တည်တည်ငြိမ်ငြိမ်ရှိနေပြီ လေလံပွဲထဲမှာ ဝင်မပါသေးပေ ...။ သိုသော် ဘဝစိတ်ဝိညာဉ်ဆေးမြစ်တွေကို သီးသန့်အခန်း ၆ က သိန်း၁၅၀ အထိ စျေးမြှင့်ပေးပြီးတဲ့နောက် သီးသန့်အခန်း ၇ ကအသံထပ်ပြီး ထွက်မလာတော့ပဲ ငြိမ်ကျသွားသည် ။ သီးသန့်အခန်း၇ ကသိုင်းပညာရှင်၏ စိတ်ထဲမှာ ဘဝစိတ်ဝိညာဉ်ဆေးမြစ်တွေက ရှားပါးသော်လည်း သိန်း၁၅၀ လောက်ထိတော့ မတန်ဘူးလို့ ယူဆသွားခြင်းဖြစ်သည် ။
"... စျေးမြှင့်ပေးချင်တဲ့သူ တယောက်ယောက်များ ရှိပါသေးသလား ....?"
ဟောခန်းမဆောင်ကြီးက တခနတာလောက် တိတ်ဆိတ်သွားပြီးတဲ့နောက် ဖန်ချောင်က ဟောခန်းမကြီးကို အကဲခတ်ရင်း မေးလိုက်သည် ...။
ဖန်ဒေါင် က တိတ်ဆိတ်မှုကိုသာ ထပ်မံရရှိလိုက်သည် ။
ပရိတ်သံဆီက တုန်ပြန့်လာတာကို မမြင်တော့
ဖန်ဒေါင်က ကြော်ငြာလိုက်သည်
"... အဲ့ဒါဆို လေလံစျေးကိုပိတ်ပါမယ်
သိန်း ၁၅၀ တကြိမ် ...."
".... သိန်း ၁၅၀ နှစ်ကြိမ် ...."
ဘယ်သူမှာထပ်မံ၍ စျေးမြှင့် မပေးတော့ဘူးလို့ ထင်နေစဉ် အသံတခုက ရုတ်တရက်ထွက်ပေါ်လာသည်
"... ရွှေဒင်္ဂါး သိန်း၁၆၀ ...."
လူတွေအကုန်လုံးက အသံထွက်ပေါ်လာရာကို ဝိုင်းကြည့်လိုက်ကြသည် ။ ဒီတကြိမ် စျေးမြှင့်ပေးလိုက်သူကတော့ ယောင်ဖေးဖြစ်နေလေသည်။ ရှောင်လုံလဲ ခနလောက်အံအားသင့်သွားပြီးနောက် သူ့မျက်နှာထက်မှာ မထီတရီအပြုံးတခု ဖြစ်ပေါ်လာ၏ ။ ယောင်ဖေးကလဲ ထိုဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခုကို စိတ်ဝင်စားနေလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ...။
".... သိန်း ၁၇၀ ...."
ရှောင်လုံက ချက်ချင်းစျေးမြှင့်ပေးလိုက်သည်။
ရှောင်လုံစျေးမြှင့်ပေးတာကိုမြင်တော့ ယောင်ဖေးက ရှောင်လုံအား အမှုန့်ခြေပစ်ချင်သည့် မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်သည်။
".... သိန်း ၁၈၀ ...."
ယောင်ဖေးက ရေခဲတမျှ အေးစက်နေသောအကြည့်ဖြင့် ရှောင်လုံအားကြည့်ရင်း စျေးထပ်မံ မြှင့်လိုက်သည်။
".... သိန်း ၁၉၀ ...."
".... သိန်း ၂၀၀ ..."
လေလံဟောခန်းမကြီးထဲမှာ ရှောင်လုံနှင့် ယောင်ဖေးတို့အသံကသာ သူတပြန်ကိုယ်တပြန်ထွက်ပေါ်နေသည် ။ သူတို့နှစ်ယောက်က တခါလေလံပစ်ရင် ရွှေဒင်္ဂါးဆယ်သိန်းစီမြှင့်ပေးလိုက်ကြလေသည်။ ထိုကြောင့် ဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခု၏ စျေးနှုန်းက ရွှေဒင်္ဂါးသိန်းနှစ်ရာ အဖြစ်သို့ တမဟုတ်ချင်းရောက်ရှိသွားသည် ။ ရှောင်လုံနှင့် ယောင်ဖေးတို့ဝင်ပါလာသောအခါ သီးသန့်အခန်း၆
မှလူက လက်ရှောင်သွားလေသည် ။
ဟောခန်းမထဲက လူတွေကတော့ ရှောင်လုံနှင့်ယောင်ဖေးက ဘယ်သူဘယ်ဝါ ဖြစ်နိုင်တယ်တိုတာကို ခန့်မှန်းရင်း အံသြမှင်သက် နေကြသည်။ ဘတ်လန်းဒေသ၏ ကြွယ်ဝချမ်းသာသော ထိပ်တန်းမိသားစုကြီးတွေတောင် ဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခုအတွက်နဲ့ ရွှေဒင်္ဂါ သိန်း၂၀၀ ကို မသုံးနိင်ကြပေ ...။
"... သိန်း ၂၁၀ ...."
ယောင်ဖေးက သူနှင့်အပြိုင် ရွှေဒင်္ဂါးသိန်း၂၀၀ အထိ စျေးလိုက်မြှင့်ပြီး ပေးတာကိုတွေ့တော့ ရှောင်လုံက စျေးထပ်မံ မြှင့်လိုက်၏ ။
စပ်ဖြဲဖြဲ ဖြစ်နေသည့် ရှောင်လုံမျက်နှာကို ကြည့်ရင်း ယောင်ဖေးရင်ထဲမှာ လူသတ်ချင် စိတ်တွေပေါက်ဖွားလာသည် ။ယောင်ဖေးက သူ့လက်သည်းကို အသားထဲအထိ စိုက်ဝင်သွားအောင် လက်သီးဆုပ်လိုက်သည်။
သူကနောက်ဆုံးမှာတော့ စိတ်လျော့လိုက်၏ ။
ယောင်ဖေးက ထပ်မံစျေးမပေးတော့ ဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခုကို ရွှေဒင်္ဂါး သိန်း၂၁၀ဖြင့် ရှောင်လုံက ပိုင်ဆိုင်သွား၏ ။
ရှောင်လုံက ဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခုအတွက် ကျသင့်ငွေကိုပေးချေပြီးနောက် သူ့ရဲ့နတ်လက်စွပ်ထဲမှာ ထဲ့သိမ်းထားလိုက်သည် ။ သူ့မျက်လုံးတွေကတော့ ယောင်ဖေးကို တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်လိုက်သည် ။ ယောင်ဖေးဘာတွေကြံစည်နေလဲဆိုတာကို သူအသိဆုံးဖြစ်လေသည် ။
ယောင်ဖေးက အသဲအသန်လိုချင်နေသော်လည်း စျေးထပ်ပြီးမပေးတော့သည့် အကြောင်းအရင်းက လေလံတင်ပွဲဆပြီးတာနဲ့ ရှောင်လုံကိုသတ်ပြီး ဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခုကို အရယူဖို့ ကြံစည်ထားခြင်းကြောင့်ဖြစ်သည် ။
ဘဝစိတ်ဝိညာဉ်ဆေးမြစ် သုံးခုကိုလေလံတင်ပြီးသည့်နောက် နောက်ထပ်ပစ္စည်းအခုနှစ်ဆယ်လောက်ကို ထပ်မံ၍ လေလံပစ်လိုက်သည် ။ ဒီတကြိမ် နတ်ဘုရားအသင်္ချေမြို့က လေလံတင်သည့် ပစ္စည်းတိုင်းက အလွန်ကိုရှားပါး အဖိုးထိုက်တန်ကြလေသည် ။ ထိုကြောင့် လေလံတင်ဟောခန်းမကြီးအတွင်းမှာ လေလံစျေးပေးသံတွေအဆက်မပြတ်ထွက်ပေါ်နေ၏။ သိုသော် ရှောင်လုံနှင့် ယောင်ဖေးတို့နှစ်ယောက်ကတော့ မည်သည့်အရာကိုမှ ထပ်မဝယ်တော့ပဲ ငြိမ်နေကြလေသည် ။
".... နောက်တခါ လေလံတင်မယ့် ပစ္စည်းကတော့ ဝိညာဉ်အဆင့်၁ ကျောက်တုံးတွေပဲ ဖြစ်ပါတယ် ...."
ဖန်ဒေါင်က ဝိညာဉ်သစ်သားတချို့ကို ရောင်းချပြီးနောက် နောက်ထပ်ပစ္စည်းတခုကို မိတ်ဆက်ပေးလိုက်သည် ။
ဝိညာဉ် အဆင့် ၁ ကျောက်တုံး ....!
ထိုစကားကိုကြားချိန် ရှောင်လုံမျက်လုံးတွေက အရောင်တောက်လာလေသည်။
သူတို့နောက်ဆုံးတော့ ဝိညာဉ်ကျောက်တုံးတွေကို ရောင်းပြီပဲ .....။
အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေက ရှောင်လုံ နတ်ဘုရားအသင်္ချေမြို့သို့ရောက်လာရသည့် အဓိကအကြောင်းအရင်းတခုပင် မဟုတ်ပါလား .....။
"... ဝိညာဉ်အဆင့်၁ ကျောက်တုံးတွေအကြောင်းကိုတော့ ခင်ဗျားတို့အားလုံးလဲ သိပြီးလောက်ပြီလို့ထင်ပါတယ် ... အာဒါကြောင့် အထူးတလည်တော့ မိတ်ဆက်ပေးမနေတော့ပါဘူး .... အခုလေလံတင်မှာကတော့
ဝိညာဉ်အဆင့်၁ ကျောက်တုံး ၅၉ တုံးပါ ....
လေလံစတင်မည့်စျေးကတော့ ရွှေဒင်္ဂါး သိန်းငါးရာပဲ ဖြစ်ပါတယ် .... ကဲ လေလံ စတင်ပါပြီ ...."
ဖန်ဒေါင်အသံက ဟောခန်းမကြီးတခုလုံးကို လွှမ်းခြုံသွားသည် ။
ရွှေဒင်္ဂါးသိန်းငါးရာ ...... ဖန်ဒေါင်ခေါ်စျေးကိုကြားတော့ အကုန်လုံး ကြက်သီးမွှေးညှင်းတွေထသွားကြလေသည်။ ရွှေဒင်္ဂါး သိန်းငါးရာဆိုသည့် ပမဏက ဘတ်လန်းဒေသအတွင်းမှာဆိုရင်တော့ အလွန်များပြားသော ငွေးကြေးပမာဏ တခုပင် ...။
".... သိန်း ၆၀၀ ...."
ထိုအချိန်၌ သီးသန့်အခန်း၉ မှ ကျောက်ချန်၏
အသံထွက်ပေါ်လာသည် ။
သိန်း.....သိန်း ၆၀၀ ...ဟူတ်လား ....?
တချို့လူတွေဆီမှ တုန်တုန်ယင်ယင်ရေရွတ်သံ ထွက်ပေါ်လာသည် ။
ကျောက်ချန်၏ စျေးပေးသံကို မီးကိုရေနှင့် ငြိမ်းလိုက်သည်နှယ် ဆူညံနေသည့် ဟောခန်းမကြီးတခုလုံးကို ငြိမ်သက်သွားစေသည်။
#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၉၃ ......
ရွှေဒင်္ဂါး သိန်းခြောက်ရာ ....!
ထိုစျေးပေးသံက သိုင်းသမားတော်တော်များများကို တုန်လှုပ်သွားစေလေသည်။ သူတို့အတွက်ကတော့
ဖန်ဒေါင် စခေါ်သည့် စစချင်းစျေးကပင် အတော်လေးကို များနေပြီပဲ ဖြစ်သည် ။ အဲ့လို မိုးထိမြင့်နေသောစျေးကို တယောက်ယောက်က အခုလိုမျိုး ချက်ချင်းသိန်းတရာ ုမြှင်ပေးလိုက်မယ်လို့ ဘယ်သူကမှ ထင်မထားကြပေ ...။
"... ဒီအသံက သခင်လေး ကျောက်ချန်ရဲ့ အသံမဟုတ်လား ....?"
".... ဘယ်သူ ... အပြစ်မြို့တော်က သခင်လေး ကျောက်ချန်လား ....?"
လေလံတင်ခန်းမဆောင်ကြီးတခုလုံး ဆူဆူညံညံဆွေးနွေးသံတွေဖြင့် ဆူပွက်လောရိုက်နေလေသည်။ ကျောက်ချန်က သူအသံကို မဖျက်ပဲ လေလံစျေးပေးလိုက်တာကြောင့် ခန်းမဆောင်ထဲမှာရှိနေကြသည့် သိုင်းသမားတော်တော်များများက အသံပိုင်ရှင်ကို ချက်ချင်း ခန့်မှန်းနိုင်လိုက်ကြသည်။
ကျောက်ချန် ....?
ရှောင်လုံလဲ မျက်မှောင်ကြုတ်သွားလေသည်။
ကျောက်ချန်ကလဲ ဒီတခေါက်လေလံတင်မည့် အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေကို စိတ်ဝင်စားနေလိမ့်မယ်လို့ သူမထင်ထားပေ ...။
အခုခန်းမဆောင်အတွင်းသို့ ရောက်ရှိနေကြသည့် သိုင်းသမားတော်တော်များများက အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေကို လေလံပစ်ဖို့ စိတ်ဝင်စားကြပေမယ့် ကျောက်ချန်ရဲ့ ဇစ်မြစ်ကို သိရှိပြီးနောက် အများစုက လက်ရှောင်ကုန်ကြသည်။
".... သီသန့်အခန်း၉ က လေလံစျေးကို ရွှေဒင်္ဂါးသိန်း ၆၀၀ သို့မြှင့်ပေးထားပါတယ်....
စျေးပိုပေးချင်သူများ ရှိပါသလား ....?"
လူတွေ ခနလောက်ငြိမ်သက်နေတာကိုမြင်တော့ ဖန်ဒေါင်က လေလံစမှတ်လိုက်သည်။
"... သိန်း ၇၀၀ ..."
လူတွေအကုန်လုံးရဲ့ စိတ်ထဲမှာ ထိုအဆင့်၁ ဝိညာဉ်ကျောက်တုံးတွေကို ကျောက်ထျန်ရရှိသွားပြီလို့ ထင်နေကြစဉ် သီးသန့်အခန်း ၁၂ မှ အသံသြဇာ နှင့်ပြည့်စုံသောအသံတခု ထွက်ပေါ်လာလေသည်။ ခန်းမဆောင်ကြီးတခုလုံး နောက်တကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည် ။
"... ရွှေဒင်္ဂါး သိန်း ၇၀၀... ! ဘယ်သူကများ သတ္တိကောင်းပြီး သခင်လေး ကျောက်ချန်ကို စိန်ခေါ်ရဲတာလဲ မသိဘူးနော်....?"
လူတော်တော်များများကတော့ သီးသန့်အခန်း ၁၂ ကလူကို နှစ်တထောင်မြို့တော်ဝန် ဟီယွမ်ရှုန်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်ကြသည်။ အခုလေလံတင်ခန်းမဆောင်ထဲ၌ ကျောက်ချန်၏ နောက်ကြောင်းအား သိရှိပြီးတာတောင် အခုကဲ့သို့ စျေးပေးရဲသူက လက်တဆုပ်စာလောက်သာရှိလေသည် ။
ထိုကြောင့် အခုစျေးပြိုင်ပေးလိုက်သူက ဘတ်လန်းဒေသ၏ ထိပ်သီးသိုင်းအကျော်အမော် ဆယ်ယောက်ထဲမှ တယောက်ဖြစ်သူ ဟီယွမ်ရှုန်း ဖြစ်နိုင်သည်ဟု လူတွေက ထင်မှတ်လိုက်ကြခြင်းဖြစ်သည် ။
သိန်း ၇၀၀ အထိ တိုးပေးတာကိုမြင်တော့ သီးသန့်ခန်း ၉ ထဲမှာရှိနေသည့် ကျောက်ချန်တယောက် မျက်ခုံတွန့်သွားလေသည်။ တခြားသူတွေက ဟီဟွမ်ရှုန်း အသံကို သိချင်မှ သိနိုင်ပေမယ့် ကျောက်ချန်ကတော့ သိလေသည်။ သိပ်မကြာခင်က ဟီယွမ်ရှုန်း သူတို့အပြစ် နန်းတော်ဆီသို့ လာရောက်လည်ပတ်ဘူးသည်။
ထိုကြောင့် ကျောက်ချန်က ဟီယွမ်ရှုန်းအသံကို မှတ်မိနေခြင်းဖြစ်သည်။
ထိုအချိန်၌ ကျောက်ချန်နံဘေးမှာရပ်နေသည့် တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသောအဖိုးအိုက
ကျောက်နားအနားသို့ ကပ်လာပြီးပြောလိုက်သည်
".... သခင်လေး ... စီနီယာ ဟီ က လိုချင်နေမှတော့ ...ကျွန်တော်တို့ ....?"
ကျောက်ချန်က အရေးမထားသလိုမျိုး
"... ဟွန့် ..." ကနဲ အသံပြုလိုက်ပြီး
".... ဘာစီနီယာ ဟီလဲ ...? အဲ့တော့ဘာဖြစ်လဲ ... ကျုပ်တို့က သူ့ကို နေရာတကာကြောက်နေရမှာလား ....?"
ကျောက်ချန်စကားကိုကြားတော့ အဖိုးအိုကလဲ ထပ်ပြီး မဖြောင်းဖြရဲတော့ပေ..။အနောက်ဆုတ်၍ သူ့နေရာမှာပဲ ပြန်ရပ်နေလိုက်သည် ။
"... သိန်း ၈၀၀ ..."
ကျောက်ချန်က လေလံတင်စျေးကို ရက်ရက်စက်စက်မြှင့်ပလိုက်ပြန်သည် ။
ကျောက်ချန်အသံက ခန်းမဆောင်တခုလုံးကိုပဲတင့်ထပ်သွားသည်။
"... သိန်းကိုးရာ ..."
ကျောက်ချန်စကားဆုံးသည်နှင့် ဟီယွမ်ရှုန်းက ချက်ချင်းစျေးမြှင့်လိုက်သည် ။
"... သိန်းတထောင် ...."
"... သိန်းတထောင့်တရာ...."
ကျောက်ချန်နှင့် ဟီယွမ်ရှုန်းတို့ အပြန်အလှန်စျေးပေးသံကလွဲ၍ လူပေါင်းသိန်းနဲ့ချီ၍ ရှိနေကြသောခန်းမဆောင်ကြီးတခုလုံး အပ်ကျသံကို ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်နေသည် ။ ကျောက်ချန်နှင့် ဟီယွန်ရှုန်းတို့အသံ တခါထွက်ပေါ်လာတိုင်းမှာ
သိုင်းသမားတွေ၏ ခန္ဓာကိုယ်တွေက တုန်တုန်တက်သွားလေသည် ။
သိန်းတထောင့်တရာ ....?
ဒါက ဘယ်လိုဖြစ်နေကြတာလဲ မသိဘူး......?
သိန်းတထောင့်တရာဆိုသည့် ရွှေဒင်္ဂါးတွေကိုသာ ထပ်၍ စီလိုက်မယ်ဆိုရင် မီတာလေးရာမြင့်မားသော တောင်ကြီးတလုံးထက်တောင် ပိုမြင့်နေအုံးမှာပဲ ဖြစ်သည် ။ ထိုရွှေဒင်္ဂါး သိန်းတထောင့်တရာဆိုသည့် ပမဏက ဆည်တခုကိုတောင် ဖို့ပစ်လိုက်နိုင်သည်။
ကျောက်ချန်နှင့် ဟီယွမ်ရှုန်းတို့ အကြိတ်အနယ်ပြိုင်ဆိုငိနေကြတာကို ကြည့်ရင်း အမြဲလိုလိုတည်ငြိမ်နေတတ်သော ရှောင်လုံစိတ်ထဲမှာတောင် အနဲငယ် တုနလှုပ်သွားသည်။
ထို အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေအတွက် ရှောင်လုံကိုယ်တိုင်လဲ ရွှေဒင်္ဂါးသန်း ၁၁၀၀ ပေးချေနိုင်လေသည် ။ သိုသော် ဟီယွမ်ရှုန်းကလဲ အဲ့ဒီ အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေကို စိတ်ဝင်စားနေလိမ့်မယ်လို့ သူကမထင်ထားပေ...။ အဲ့ဒါကြောင့်ရှောင်လုံက လက်လျော့ဖို့ပဲ ဆုံးဖြတ်လိုက်သည် ။ ရှောင်လုံက သူခွန်အားနဲနေသေးသည့်အချိန်မှာ ဘတ်လန်းဒေသ၏ ထိပ်သီးသိုင်းသမားနှင့် ရန်သူမဖြစ်ချင်သေးပေ ...။ နောက်ပြီး ရှောင်လုံအတွက် ထိုအဆင့်၁ ဝိညာဉ်ကျောက်တုံးတွေက လိုအပ်တယ်လို့ ဆိုနိုင်ပေမယ့် မရှိမဖြစ်ရှိရမည့်ပစ္စည်းတော့ မဟုတ်ချေ...။
ထိုနောက် ရှောင်လုံက ပတ်ဝန်းကျင်ကိုတချက်အကဲခတ်လိုက်လေသည်။ သူ့အကြည့်တွေက ယောင်ဖေးကိုယ်ပေါ်၌ ရပ်တန့်သွားသည် ။ ရှောင်လုံထိုင်နေသည့်နေရာကဆိုရင် ယောင်ဖေးကို သဲသဲကွဲကွဲမြင်နိုင်သည် ။ ယောင်ဖေးကတော့ တစုံတရာကိုအတွေးနက်နေသည်နှယ်မလှုပ်မရှားပဲ ငြိမ်ငြိမ်လေးထိုင်နေသည် ။
ဘဝစိတ်ဝိညာဉ်ဆေးမြစ်ပြီးနောက် ယောင်ဖေးက ရှောင်လုံလိုမျိုး တခြားဘာပစ္စည်းမှ ထပ်ဝယ်ခြင်းမရှိပေ ...။
နောက်ဆုံးမှာတော့ အဆင့် ၁ ဝိညာဉ်ကျောက်တုံးတွေကို ဟီယွမ်ရှုန်းက ရွှေဒင်္ဂါး သိန်း ၂၂၀၀ ဖြင့် အနိုင်ရသွားသည် ။
သီးသန့်ခန်း ၉ အတွင်းမှာရှိနေသည့် ကျောက်ချန်မျက်နှာက မဲမှောင် ရှုံ့မဲ့နေသည်။
သူမျက်လုံးတွေဆီက အေးစက်စက်အလင်းတန်းတွေလဲတောက်ပနေ၏ ။
အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေပြီးတဲ့နောက် နောက်ထပ်လေလံတင်မည့် ပစ္စည်းကတော့ သိသိသာသာကို ကျိုးပဲ့နေသည့် ဓားရှည်တချောင်းပင်ဖြစ်သည် ။ တခြားကျန်ရှိနေသည့် ဓားကိုယ်မှာတော့ ရှေးဟောင်းအက္ခရာ စာသားတွေကို သိပ်သည်းစွာ ထွင်းထုထားသည် ။
".... ကျုပ်တို့ လေလံတင်အိမ်က ကျွမ်းကျင်သူတွေ အထပ်ထပ်အခါခါလေ့လာပြီး ဆုံးဖြတ်ထားတာကတော့ ဒီဓားကျိုးကြီးက ရှေးဟောင်းအမွေအနှစ်တခုပဲ ...."
ဖန်ဒေါင်က အားမာန်အပြည့်ဖြင့် ရှင်းပြလိုက်သည်။
".... ဒီဓားကျိုးကြီးကို ဘယ်လို ဒြပ်စင်မျိုးနဲ့ တည်ဆောက်ထားတယ်ဆိုတာကို မသိရပေမယ့်
သူ့က သံမဏိကို ထောပတ်တုံးတခုလို လှီးဖြတ်နိုင်စွမ်းရှိပါတယ် .... နောက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာလဲ ရှေးကျတဲ့ ဓားသိုင်းကျမ်းတခုကို ထွင်းထုထားပါတယ်...
အဲ့ဒီဓားသိုင်းကျမ်းက မပြည်စုံပေမယ့် ကျုပ်တို့ကျွမ်းကျင်သူတွေကတော့ အနိမ့်ဆုံးကောင်းကင်အဆင့်သိုင်းကျမ်းတခုဖြစ်နိုင်တယ် ဆုံးဖြတ်ကျပါတယ် ...."
အနိမ့်ဆုံးကောင်းကင် အဆင့်ဓားသိုင်းကျမ်း .....!
ထိုသိုင်းကျမ်းက မပြည့်စုံသေးပေမယ့် အနိမ့်ဆုံးကောင်းကင်သိုင်းကျမ်းဖြစ်နိုင်သည် ဆိုသည့်အချက်က သိုင်းသမားတော် တော်များများ၏ စိတ်အာရုံကိုဆွဲဆောင်နိုင်လိုက်သည်။
ရှောင်လုံလဲ သူ့ရဲ့စိတ်ဝိညာဉ် အာရုံခံမှုကိုအသုံးချ၍ ဓားကျိုးကြီးကို လေ့လာကြည့်လိုက်သည်။ သို့သော်လည်း ဓားကျိုးဆီက ထူးခြားချက်ကို တစုံတရာကို ရှာမတွေ့ခဲ့ပေ ...။အဲ့ဒါကြောင့် ရှောင်လုံလဲ စိတ်ပျက်သွားလေသည် ။ ကောင်းကင်အဆင့်သိုင်းကျမ်းဆိုတာက မက်လောက်စရာဖြစ်ပေမယ့် တဝက်တပျက်ပဲ ရှိသည့် သိုင်းကျမ်းတခုဖြစ်တာကြောင့် ရှောင်လုံက စိတ်မဝင်စားတော့ပေ ...။ နောက်ပြီးသူဆီမှာလဲ ထိပ်သီး သိုင်းကျမ်းတွေက တပုံတပင်ပဲ မဟုတ်ပါလား....။
.ထိုဓားကျိုးကြီးအား သီးသန့်အခန်း၂ က ဝယ်
ယူသွားသည် ။
".... အင်း လေလံတင်ပွဲကတော့ တဖြည်းဖြည်း အထွတ်အထိပ်ကိုရောက်လာပါပြီ .... အခုကတော့ သိုင်းကျင့်စဉ်
တခုနဲ့ သိုင်းကျမ်းတခုကိုလေလံတင်မှာပဲ ဖြစ်ပါတယ် .... သိုင်းကျင့်စဉ်နာမယ်ကတော့ ဂရိတ်တထောင်သိုင်းကျင့်စဉ်ပဲ ဖြစ်ပါတယ် ... သိုင်းကျမ်းကတော့ ပြိုင်ဘက်ကင်းလေဖောက်လက်ညိုးသိုင်း ပါ ....အားလုံးပဲ ကြားဘူးကြမယ်လို့ထင်ပါတယ် ...."
ဂရိတ်တထောင် သိုင်းကျင့်စဉ် .....!
ပြိုင်ဖက်ကင်း လေဖောက်လက်ညိုးသိုင်း....!
ထိုနာမယ်နှစ်ခုကြောင့် လေလံတင် ခန်းမဆောင်ထဲမှာရှိနေကြသောလူတွေဆီကနေ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သံတွေ ထွက်ပေါ်လာလေသည်။ လေလံတင်ခန်းမဆောင်ထဲက လူအတော်တော်များများက ထိုသိုင်းကျမ်းနှစ်ခုကြောင့် လေလံတင်ပွဲကိုရောက်လာကြခြင်းဖြစ်သည်။
"... ဂရိတ်တထောင်သိုင်းကျင့်စဉ်ရော ပြိုင်ဘက်ကင်းလေဖောက်လက်ညိုးသိုင်းရောက ကောင်းကင်အဆင့်သိုင်းပညာရပ်တွေပါ ...."
ဖန်ဒေါင်က ဆက်ပြီး ရှင်းပြလိုက်သည်
".... ကောင်းကင်အဆင့်သိုင်းကျမ်း နဲ့ သိုင်းကျင့်စဉ်ဆိုတာက ဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာကို အားလုံးပဲ သိပြီးကြမှာပါ .... အဲ့ဒါကြောင့် ကျုပ်က အားလုံးရဲ့ အချိန်ကို မဖြုန်းတော့ပါဘူး....."
".... လေလံလာတင်တဲ့ သိုင်းကျမ်းပိုင်ရှင်ရဲ့ သဘောထားအရ .... ဂရိတ်တထောင် သိုင်းကျင့်စဉ်ရော ပြိုင်ဘက်ကင်း လေဖောက်လက်ညိုးသိုင်းရောကို တပြိုင်နက်ထဲ လေလံတင်မှာပဲ ဖြစ်ပါတယ် ... သူတို့ရဲ့ လေလံစတင်မယ့်စျေးက ရွှေးဒင်္ဂါး သိန်း ၂၀၀၀ ပဲ ဖြစ်ပါတယ် .... အခုစျေးစပေးနိုင်ကြပါပြီ ....."
သိန်း ၂၀၀၀ .......!
ဖန်ဒေါင်၏စကားသံအဆုံးမှာ လေလံတင်ခန်းမဆောင်ထဲက လူတွေအကုန်လုံး ငြိမ်ကျသွားလေသည်။ ငြိမ်တာမှ သူတို့ရင်ဘတ်က ရင်ခုန်သံတွေကိုတောင် သူတို့ပြန်ကြားနိုင်သည်အထိ တိတ်ဆိတ်သွားလေသည်။
ရွှေဒင်္ဂါးသိန်းနှစ်ထောင်....!
တချို့လူတွေကတော့ အဲ့ဒီခေါ်စျေးကိုကြားပြီး အသံရှုမှားသွားကြသည်။ ဂရိတ်တထောင်သိုင်းကျင့်စဉ် နှင့် ပြိုင်ဘက်ကင်းလေဖောက်လက်ညိုးသိုင်းတွေက ကောင်းကင်အဆင့်သိုင်းကျမ်းတွေဖြစ်တာကြောင့် စျေးကြီးမယ်ဆိုတာကိုတော့ သူတို့ ခန့်မှန်းထားကြသည်။ သိုသော်လည်း အခုကဲ့သို့ မတန်မဆကြီးဖြစ်နေလိမ်မယ်လို့တော့ ထင်မထားပေ ...။
ဘတ်လန်းဒေသမှာ ဘယ်သူရွှေဒင်္ဂါးသိန်းတထောင်ကို ပတ်ကနဲထုတ်သုံးနိုင်ပါ့မည်နည်း ....?
လက်တဆုပ်စာလောက်သော ထိပ်တန်းမိသားစုတွေကသာ ထိုပမဏာကို
တတ်နိုင်ကြသည် ။
ယောင်ဖေးလဲ သိသိသာသာကို မျက်မှောင်ကြုတ်သွားသည် ။ ရွှေဒင်္ဂါးသိန်း၂၀၀၀က သူတို့ယောင်မိသားစုအတွက် သိပ်ပြီးမပြောပလောက်သောပမဏ တခုဖြစ်သော်လည်း သူကဘတ်လန်းဒေသအား ရှောင်လုံကိုသတ်ဖို့ ရည်ရွယ်ချက်တခုထဲနဲ့ရောက်လာခဲ့ခြင်းဖြစ်သည် ။ ထိုကြောင့် သူဆီမှာက အဲ့လောက်ငွေကြေးပမဏာအများကြီး မပါလာခဲ့ပေ ...။
"... သိန်း ၂၁၀၀ ..."
ကျောက်ချန်၏ အသံက ခန်းမဆောင်ထဲမှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။ သိုပေမယ့် ကျောက်ချန်အသံအဆုံးမှာ ဟီယွန်ရှုန်းအသံက ကပ်ပါလာသည် ။ စောနက အဆင့်၁ ဝိညာဉ်ကျောက်တုံးအား လုသလိုမျိုး သူတို့နှစ်ယောက်က အပြိုင်အဆိုင်ကိုစျေးပေးကြလေသည်။တိတ်ဆိတ်နေသော ခန်းမဆောင်ကြီးတခုလုံးမှာ ကျောက်ချန်နှင့် ယီယွမ်ရှုန်းတို့နှစ်ယောက်၏ အသံကသာ လွှမ်းမိုးထားကြသည်။
ရှောင်လုံကတော့ ကျောက်ချန်တို့နှစ်ယောက်ကိုတည်တည်ငြိမ်ငြိမ် နဲ့ပဲ ကြည့်နေလေသည်။ ထိုကောင်းကင်သိုင်းကျမ်း နှစ်ခုလုံးကို ကျောက်ချန်ပဲရရ ဟီယွမ်ရှုန်းပဲ ရရ ရှောင်လုံအတွက်တော့ သိပ်ပြီး အရေးမပါလှပေ ....။
ဒီတကြိမ်မှာတော့ ဂရိတ်တထောင်သိုင်းကျင့်စဉ်နှင့် ပြိုင်ဘက်ကင်းလေဖောက်လက်ညိုးသိုင်းတွေကို ကျောက်ချန်က သိန်း ၃ထောင်ဖြင့် အနိုင်ရသွားသည်။ ကောင်းကင်အဆင့် သိုင်းကျမ်းနှစ်ခုကိုလေလံတင်ပြီးသည့်နောက် လေလံပွဲ၏ အရှိန်အဟုန်က ထိပ်ဆုံးသို့ရောက်ရှိလာပြီပဲ ဖြစ်သည် ။
ထိုကြောင့် ဒီနေ့အတွက် နောက်ဆုံးလေလံတင်မည့် ပစ္စည်းအလှည့်သို့ရောက်ရှိလာပြီပဲ ဖြစ်သည်။ နောက်ဆုံးလေလံတင်မယ့် ပစ္စည်းကတော့ လူတွေအားလုံးမျှော်လင့်ထားကြသည့်အတိုင်း ဟာကျူလီယန် ကျောက်စိမ်းပြားပဲ ဖြစ်သည်။
ဟာကျူလီယန်ကျောက်စိမ်းပြားကိုတော့ ဟီယွမ်ရှုန်းက ရွှေဒင်္ဂါး သိန်း၃၅၀၀နီးပါးဖြင့် လေလံအောင်သွားသည် ။
ဟာကျူလီယန်ကျောက်စိမ်းပြားကိုလေလံတင်ပြီးတဲ့နောက် နတ်ဘုရားအသင်္ချေမြို့၏ ကြီးကျယ်ခမ်းနားသော လေလံတင်ပွဲကြီးလဲ ပြီးဆုံးသွားလေသည်။
ဒီတကြိမ်မှာ ရှောင်လုံက သူလိုချင်နေသည့် အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေကိုမရခဲ့ပေမယ့် လက်ဗလာကြီး ပြန်ခဲ့ရတာတော့မဟုတ်ပေ ...။ ရှောင်လုံက သူ့အတွက် အရေးပါသည့် ဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခုကို အရဝယ်နိုင်ခဲ့သည်။
ရှောင်လုံက ကျင်းရန်တို့လူစုကိုဦးဆောင်၍ လေလံတင်ခန်းမဆောင်ထဲကနေ ပြန်ထွက်လာလိုက်သည် ။ ရှောင်လံကိုချောင်းနေသည့် ယောင်ဖေးက သူ့အရှေ့သို့ရုတ်တရက်ရောက်ရှိလာပြီး လမ်းပိတ်ဆို့လိုက်သည် ။
ယောင်ဖေးက
".... ဟောင်ရှောင်လုံ .... မင်းဒီနေရာမှာ ငါနဲ့တွေ့ရလိမ့်မယ်လို့ အိမ်မက်တောင်မမက်မိဘူးမဟုတ်လား .....?"
ပြောပြီးတာနဲ့ ယောင်ဖေးတကိုယ်လုံးမှာ အနက်ရောင် စွမ်းအင်တန်းတွေ ဖျိုးဖျိုးဖျက်ဖျက်လင်းလက်လာသည်။
"... ဘာလဲ မင်းက ဒီနေရာမှာ တိုက်ခိုက်ချင်လို့လား ....?"
ရှောင်လုံကတော့ တစက်ကလေးမှ စိတ်မပူသော မျက်နှာပေးဖြင့် ပြန်မေးလိုက်သည် ။
ခိုက်ရန်ဖြစ်ပွားခြင်းနှင့် သတ်ဖြတ်ချင်းတွေက ဘတ်လန်းဒေသထဲမှာ မကြာခနကြုံတွေရသည့် ကိစ္စတွေပဲ ဖြစ်သည်။ သိုသော်လည်း ဘတ်လန်းဒေသ၏ ထိပ်တန်းမြို့ကြီး ဆယ်မြို့အတွင်းမှာတော့ ခိုက်ရန်ဖြစ်ပွားချင်းကိုတားမြစ်ထားလေသည်။ စကြာဝဠာအဆင့်သိုင်းပညာရှင်တယောက်တောင်မှ ထိုစည်းကမ်းကိုလွန်ဆန်ပြီး ရန်မဖြစ်ရြဲကပေ ...။
ယောင်ဖေးက ရှောင်လုံကိုအေးစက်စက်စိုက်ကြည့်လိုက်ပြီး
".... မင်းသိပ်ကြောက်သွားတာလား...? စိတ်ချစမ်းပါ.... နတ်ဘုရားအသင်္ချေမြို့ထဲမှာတော့ မင်းကိုငါ ဘာမှမလုပ်ပါဘူး ....ဒါပေမယ့် မင်း ဘဝတလျှောက်လုံး နတ်ဘုရားအသင်္ချေမြို့ထဲကနေ အပြင်ကိုမထွက်ပဲ နေနိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်...."
ထိုစကားအဆုံးမှာတော့ ယောင်ဖေးက လူ့အုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။ ပျောက်ကွယ်သွားသော ယောင်ဖေးနောက်ကျောကိုကြည့်ရင်း ရှောင်လုံမျက်နှာထက်မှာ လှောင်ပြုံးတခုဖြစ်ပေါ်လာလေသည် ။ ထိုနောက် ရှောင်လုံတို့လူစုလဲ ထွက်ခွာဖို့ ပြင်လိုက်ကြသည်။ သိုသော် ရှောင်လုံရှိရာသို့ လူငယ်နှစ်ယောက် ရောက်ရှိလာလေသည်။
ရှောင်လုံက ထိုလူငယ်နှစ်ယောက်ကို မြင်မြင်ချင်းမှတ်မိလိုက်သည်။ သူတို့က ကျောက်ချန်၏ အစောင့်အရှောက်တွေပဲ ဖြစ်ကြသည်။ လူငယ်နှစ်ယောက်က ရှောင်လုံတို့သွားမည့်လမ်းအား ပိတ်ဆို့ တားဆိီးလိုက်လေသည်။
"... ဟေ့ကောင် လူလိမ်လူကောက်လေး....
မင်းကိုငါတို့သခင်လေးက တွေ့ချင်လို့တဲ့
ငါတို့နဲ့ ခနလိုက်ခဲ့စမ်း....."
ရှောင်လုံခြေလှမ်းတွေရပ်သွားတာမြင်တော့ အစောင့်တယောက်က ရှောင်လုံကို မျိုချိုးမျှစ်ချိုးပြောရင်း အားရပါးရရယ်မောလိုက်သည်။
#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၉၄ ......
"... မင်းတို့သခင်လေးက ငါနဲ့တွေ့ချင်တယ်ပေါ့ ..."
ရှောင်လုံက စိတ်ကြီးဝင်နေသော လူငယ်နှစ်ယောက်ကို တချက်စိုက်ကြည့်ရင်း
"... ငါကငြင်းလိုက်မယ်ဆိုရင်ရော....?"
ရှောင်လုံက ကျောက်ချန်နှင့် ပဋိပက္ခ ဖြစ်ချင်သူတယောက်တော့ မဟုတ်ပေ....။ သိုသော်လည်း ပဋိပက္ခမဖြစ်ချင်တာကြောင့် သူ့ကိုလုပ်ချင်သလို လုပ်နေတာကို သည်းခံမည့် လူမျိုးလဲမဟုတ်ပေ ..။
"...ဘယ်လို ..မင်းက ငြင်းမယ်ဟုတ်လား...?"
ချန်ချန်း နှင့် ကျန်းချူ နှစ်ယောက်က တယောက်မျက်နှာတယောက်ကြည့်ရင်း ခွက်ထိုးခွက်လှန်ရယ်မောလိုက်ကြသည်။
ရယ်နေရင်းနဲ့ပဲ ချန်ချန်းက ပြောလိုက်သည်
".... ဒီမှာ သူခိုးလေး .... ငါတို့သခင်လေးဆိုတာက သခင်လေး ကျောက်ချန်မှန်း မသိသေးဘူးထင်တယ် .... ဒီဘတ်လန်းဒေသကြီးတခုလုံးမှာတော့ ငါတို့သခင်လေး စကားကို လွန်ဆန်ရဲတဲ့သူမရှိဘူးကွ ....."
".....ငါတို့သခင်လေးက မင်းလိုကောင်ကို အခေါ်လွတ်တယ်ဆိုတာက မင်းဘဝမှာ အကြီးမြတ်ဆုံး ဂုဏ်ယူစရာ ဖြစ်ရပ်တခုပဲကွ နားလည်လား ....."
ကျန်းချူက မဲ့ကာရွဲ့ကာဖြင့် ပြောလိုက်သည်
"..... သူခိုးလေး .... မင်းငါတို့နောက်ကို အသာတကြည်လိုက်ခဲ့လို့ပဲ ငါအကြံပေးလိုက်မယ်နော် ..အေး အဲ့လိုမှမဟုတ်ရင်တော့ .....ဟီဟီ....."
ပြောနေရင်း သူ့မျက်လုံးထဲက ရန်လိုသော အရိပ်အယောင်တွေထွက်ပေါ်လာသည် ။
ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်လေသည်
".... အေး မင်းတို့ သခင်လေးကတွေ့ချင်တယ်ဆိုရင် သူကိုလာခိုင်းလိုက် ....ကြာလား ....?"
ထိုလူငယ်နှစ်ယောက်၏ တုန့်ပြန်မှုကိုမစောင့်တော့ပဲ ရှောင်လုံက ကျင်းရန်တို့ဘက်ကို လှည့်ကြည့်ရင်းပြောလိုက်သည်
".... သွားစို့ ...."
"... ကောင်းပါပြီ သခင်လေး ..."
သွားကြမယ် ဟူတ်လား ....?
ရှောင်လုံက သူ့တို့သခင်လေး ဘယ်သူဘယ်ဝါဆိုတာကို သိနေတာတောင်ထွက်သွားမယ်လို့ပြောရဲတာမြင်တော့ ချန်ချန်း တို့နှစ်ယောက်စလုံး ဒေါသတွေ ထွက်ကုန်ကြသည်။
"... မျိုးမစစ်ကောင် .... မင်းသေချင်နေတာပဲ....!"
ချန်ချန်းက ရှောင်လုံရင်ဘတ်ကို ဒေါသတကြီးထိုးချလိုက်သည်။ ချန်ချန်း၏ ပြင်းထန်သောလက်သီးချက် အနောက်ကနေ ကျားတကောင်ပါးစပ်ဟနေသည့် ပုံရိပ်ယောင်ကြီးပါ ကပ်ပါလာသည်။
လက်သီးချက်မရောက်လာခင် သူဆီကို ပြင်းထန်သောစွမ်းရည်တွေလာရောက်ရိုက်ခတ်နေတာကိုမြင်တော့ ရှောင်လုံလဲ ရန်သူကို ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ပေ ...။ ရှောင်လုံက ဘေးတဖက်ကိုအမြန်ရှောင်တိမ်း၍ ထူးခြားလေဟာနယ်နတ်လက်သီးသိုင်း ကိုအသုံးပြု၍ တန်ပြန်တိုက်ခိုက်လိုက်သည် ။
ထူးခြားလေဟာနယ်နတ်လက်သီးသိုင်းက ဖမ်းဆုပ်၍ မရအောင် အလွန်သိမ့်မွေ့နူးညံလွန်းပြီး သိုင်းကွက်ထဲမှာ တကယ့်လက်သီးအစစ်နှင့် ပုံရိပ်ယောင်လက်သီးချက်တွေရောထွေးနေလေသည်။ ရှောင်လုံလက်သီးသိုင်းနှင့် ကျားလက်သီးသိုင်းတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည် ။
ဖုန်း .....
ဆိုပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးတခုထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တခုလုံးကို ဖုန်မှုန့် သဲမှုန့်တွေဖုံးလွှမ်းသွား၏ ။ ရှောင်လုံခန္ဓာကိုယ်က တချက်တုန်သွားပြီး အနောက်ဘက်သို့ ခြေဆယ်လှမ်းထက်မနဲ ဆုတ်ပေးလိုက်ရသည်။ သို့သော် ချန်ချန်းကလဲ ရှောင်လုံအတိုင်း ခြေဆယ်လှမ်းလောက်ဆုတ်လိုက်ရလေသည်။
".... မင်း ...မင်း .... "
ချန်ချန်းက ရှောင်လုံကိုကြည့်ရင်း အရမ်းကိုအံသြသွားလေသည် ။ သူကရှောင်လုံကိုပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေသည် ။ ချန်ချန်းက ကောင်းကင်အဆင့်၈ နောက်ဆုံးအဆင့်ကိုရောက်နေသည့် သိုင်းသမားတတယောက်ဖြစ်လေသည် ။ သိုသော်ရှောင်လုံက ကောင်းကင်အဆင့်၈ ကိုတောင် မရောက်သေးဘူးဆိုတာကို သူသိထားလေသည် ။ထိုကြောင့် ချန်ချန်းက သူနှင့်ထပ်တူနီးပါးအစွမ်းထက်သည့် ရှောင်လုံကိုကြည့်ရင်း အရမ်းအံသြသွားခြင်းဖြစ်သည် ။
ကျန်းချူကလဲ ချန်ချန်းအတိုင်းပင်....။
".... ကောင်စုတ်လေး .... ဒါကြောင့်မင်းက ဒီလောက်လေကျယ်ရဲတာကိုး .... မင်းအစွမ်းအစကလဲ ဘယ်ဆိုးလို့လဲ ...."
ထိုနောက် ကျန်းချူ က လှောင်ပြုံးပြုံးလိုက်ပြီး
".... မင်းရဲ့ နှမ်းစေ့လောက် ခွန်အားလေးနဲ့ ငါတို့သခင်လေး အမိန့်ကို လွန်ဆန်နိင်မယ်လို့ မင်းထင်နေတယ်ပေါ့လေ ....? ငါမင်းကိုတခုလောက်တော့ပြောလိုက်အုံးမယ်.... မင်း စကြာဝဠာအဆင့်သိုင်းသမားတယောက်ဖြစ်နေရင်တောင် ငါတို့သခင်လေးအမိန့်ကိုလွန်ဆန်ရင်တော့ မင်းအရှေ့မှာ သေလမ်းတခုပဲ စောင့်ကြိုနေမှာ ...."
ကျန်းချူ ကိုယ်ထဲမှ အနက်ရောင် အလင်းရောင်တွေထွက်ပေါ်လာလေသည်။ ချန်ချန်း သူ့လက်ကို လက်သည်းသဖွယ်စုစည်း၍ ရှောင်လုံကို ခုတ်ပိုင်းလိုက်လေသည် ။
အနက်ရောင် အလင်းတန်းတွေက လူကြီးလက်မောင်းလုံးအရွယ်ရှိသော မြွေကြီးတွေအဖြစ်သို့ ပြောင်းလဲသွားကြသည် ။ ထိုမြွေကြီးတွေက နှာခေါင်းကိုရှုံ့ချည်ပွချည် လုပ်ရင်း ရှောင်လုံဆီကို တဟုန်ထိုး ပျံသန်းလာကြသည်။
ကျန်းချူက ကောင်းကင်အဆင့်၉ စဦးအဆင့် သိုင်းသမားတယောက်ဖြစ်လေသည် ။ သူနှင့် ချန်ချန်းက ကြည့်တော့သာ အတွင်းအားတွေက အဆင့်ငယ်လေးတဆင့်လောက်ကွာခြားတယ်လို့ ထင်ရပေမယ့် သူရဲ့တိုက်ခိုက်မှုစွမ်းရည်က ချန်ချန်းထက် အဆပေါင်းစွာပို၍ အစွမ်းထက်လေသည် ။
ရှောင်လုံလဲ မျက်မှောင်ကြုတ်၍ မျက်နှာထား တင်းမာသွားသည် ။ ထိုနောက် သူလက်နှစ်ဖက်ကိုရိုက်ထုတ်လိုက်လေသည်။
ရှောင်လုံလက်ဝါးနှစ်ဖက်ကနေ ရွှေရောင်အကွင်းတွေ မြောက်မြားစွာ ထွက်ပေါ်လာ၏ ။ ထိုရွှေရောင်အကွင်းတွေဖြတ်သန်းသွားရာ လမ်းတလျှောက်က ကျန်းချူ၏ တိုက်ခိုက်မှုစွမ်းအားတွေ ဖြည်းဖြည်းချင်းလျော့ကျကုန်ပြီး နောက်ဆုံးမှာတော့ လုံးဝကိုရပ်တန့်သွားလေသည်။
ဒါ....ဒါ ဘာသိုင်းကြီးလဲဟ ....!
သူသိုင်းကွက်တွေအကုန်လုံး လေထဲမှာ ရပ်တန့်ကုန်တာကိုကြည့်ရင်း ကျန်းချူတယောက် ကြက်သေသေသွားလေသည်။
ထိုအချိန်၌ ကျင်းကန်တို့လေးယောက်က လေထဲမှ မြွေတွေအကုန်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းလိုက်ကြသည် ။
"... ဘယ်ကောင်တွေလဲကွ ... ဘယ်ကောင်တွေက အတင့်ရဲပြီး နတ်ဘုရားအသင်္ချေမြို့ထဲမှာ တိုက်ခိုက်နေကြတာလဲ ....?"
အဝေးတနေရာမှ မိုးကြိမ်းသလိုမျိုး အော်ဟစ်ကြိမ်းမောင်းသံတခု ထွက်ပေါ်လာလေသည်။ ထိုအော်သံကြောင့် လမ်းမတလျှောက်အဆောကခအဦးများပင် တုန်ခါသွားကြသည်။ ထိုနောက် မျက်စိတမှိတ်အတွင်းမှာပင် အနက်ရောင်ချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ထားကာ မြေကြီးကျားတွေကို စီးနင်းလာသည့် မြို့စောင့်တပ်ဖွဲ့တဖွဲ့ ရောက်ရှိ
လေသည်။
နတ်ဘုရားအသင်္ချေမြို့၏ မြို့စောင့်တပ်ကိုမြင်တော့ ချန်ချန်းနှင့် ကျန်းချူတို့လဲ မတတ်သာတော့ပဲ သိုင်းကွက်တွေကို ပြန်ရုပ်သိမ်းလိုက်ကြသည်။ မြို့စောင့်တပ်ဖွဲ့ကို သတ်လတ်ပိုင်းအရွယ် လူကြီးတယောက်ကဦးဆောင်လာခြင်း
ဖြစ်သည် ။ သူက ရှောင်လုံနှင့် ချန်ချန်တို့အရှေ့မှာ ရပ်လိုက်သည်။
"...ခေါင်းဆောင် ဝမ် ..."
သတ်လတ်ပိုင်းအရွယ်လူကြီးကိုမြင်တော့ ချန်ချန်းက လက်သီးဆုပ်၍ အပြုံးဖြင့် နှုတ်ဆက်လိုက်သည် ။
ဝမ်ဟိုင်ကလဲ ချန်ချန်း နှင့် ကျန်းချူတို့နှစ်ယောက်ကို မြင်လိုက်တော့ အံသြသွားပုံရသည် ။ သူကလဲ ရယ်မောရင်း ပြောလိုက်သည်
"..... အော်လက်စသတ်တော့ အကိုကျန်းချူနဲ့ အကို ချန်ချန်းတို့ပဲ ...."
ထိုနောက် ဝမ်ဟိုင်က မြေကြီးကျားကြီးပေါ်ကနေ လက်ထောက်၍ ခုန်ဆင်းလိုက်သည်။ ရှောင်လုံကတော့ သူနေရာမှာပဲတည်တည်ငြိမ်ငြိမ်ဖြင့် ရပ်ကြည့်နေလေသည်။ ချန်ချန်းနှင့် ကျန်းချူတို့နှစ်ယောက်က နတ်ဘုရားအသင်္ချေမြို့၏ မြို့စောင့်တပ်မှ ခေါင်းဆောင်နဲ့ခင်နေတာမြင်တော့ ရှောင်လုံလဲ အနဲငယ်အံသြသွားသည် ။ သူတို့နှုတ်ဆက်ပုံကိုကြည့်ရုံနဲ့တင် သူတို့ချင်းတော်တော်လေးရင်းနီးကြမယ်ဆိုတာကို ရှောင်လုံ နားလည်လိုက်သည် ။
ထိုခေါင်းဆောင်က အခုဖြစ်ရပ်ကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပေမယ်ဆိုတာကို ရှောင်လုံက ရပ်ကြည့်နေလေသည်။
ထိုအချိန်၌ ကျန်းချူက အခြေအနေတွေကို အပြုံးလေးဖြင့် ရှင်းပြလိုက်သည်
"... ခေါင်းဆောင်ဝမ် .... ခင်ဗျားက တကယ့်ကိုအချိန်ကိုက်ရောက်လာတာပဲဗျာ.."
သူက ရှောင်လုံကိုလက်ညိုးတချောင်ဖြင့် ထိုးပြရင်း ဆက်ပြောလိုက်သည်
"....အရင်က ကျွန်တော်တို့နဲ့ ဒိကောင်စုတ်လေးကြားမှာ တော်တော်လေးကို ရန်ငြိုးရန်စ တွေရှိခဲ့တယ်ဗျ... အခုကျွန်တော်တို့ တချက်လောက် သတိလက်လွတ်ဖြစ်သွားတာကို အသုံးချပြီး ဒိကောင်တွေက ချုံခိုတိုက်ခိုက်တယ်လေ...."
ဝမ်ဟိုင်က ခေါင်းညိတ်ပြလိုက်သည်
"... အော် လက်စသတ်တော့ ဒိလိုကိုး....."
ထိုနောက်သူက ရှောင်လုံကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး
".... ဟေ့ကောင် ... နတ်ဘုရားအသင်္ချေမြို့ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်ဆိုတာ မင်းနားမလည်ဘူးလား ..... "
ထိုနောက် သူက ရှောင်လုံရှင်းပြတာကိုစောင့်မနေတော့ပဲ သူနောက်က စစ်သားတွေကို လက်ပြလိုက်ပြီး
".... ငါ့လူတို့ ဒီကောင်တွေအကုန်လုံးကိုဖမ်းပြီး အကျဉ်းထောင်ထဲမှာ ပိတ်ထားလိုက်ကြစမ်း ...."
"... ဟုတ်ကဲ့ပါ ခေါင်းဆောင်ကြီး..."
မြို့စောင့်စစ်သည်တွေက ရှောင်လုံတို့ငါးယောက်ကို အလျင်အမြန် ဝိုင်းပတ်လိုက်ကြသည် ။
ထိုမြင်းကွင်ကိုမြင်တော့ ရှောင်လုံနှုတ်ခမ်းထက်မှာ မထီတရီအပြုံးတခုပေါ်ထွက်လာလေသည်။ ဒိကောင်တွေက သူ့ကိုကစားဖို့ ရည်ရွယ်ထားမှတော့ ရှောင်လုံက သူ့တို့အကုန်လုံးကိုသတ်ပစ်ပြီးမှ ထွက်သွားဖို့ ဝန်လေးနေမှာမဟုတ်ပေ ...။
ရှောင်လုံက သူ့လက်ထဲမှ နတ်ဓားနှစ်လက်ကို ဆင့်ခေါ်၍ သွေးချောင်းစီးပစ်ဖို့ ကြံစည်နေစဉ်
လေဟာနယ်ထဲကမှ ရုတ်တရက်အသံတခု ထွက်ပေါ်လာသည်
"... ရပ်လိုက်ကြစမ်း...."
အသံက အရမ်းမကျယ်ပေမယ့် ထိုအသံထဲမှာ အရာအားလုံးကို ချေဖျက်နိုင်သည့် စွမ်းအားရှိလေသည်။ အားလုံးလဲ အသံထွက်ပေါ်လာသည့် နေရာကို လှမ်းကြည့်လိုက် ကြသည်။
သူတို့ကြည့်နေစဉ်လေဟာနယ်ထဲကနေ ပိုးစာပင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မီးခိုရောင်ဆံပင်ရှိသော အဖိုးအိုတယောက် ပေါ်ထွက်လာသည်။ ထိုအဖိုးအို၏ ရင်ဘတ်နေရာမှာ အလွန်အသက်ဝင်သည့် အနီရောင် မီးတောက် သားရဲတွေဝန်းရံထားသော ခေါင်းနှစ်လုံးနှင့် ကောင်းကင်ဘုံ သားရဲကြီး၏ တံဆိပ်အမှတ်အသားကိုရေးဆွဲထားသည် ။
အဲ့ဒိအဖိုးအိုကိုမြင်လိုက်တော့ ချန်ချန်းနှင့် ကျန်းချူတို့နှစ်ယောက်က မျက်နှာတွေ ပျက်ကုန်ပြီး အနဲငယ်ဖြူဖတ်ဖြူရော်တောင်ဖြစ်သွားကြသည် ။ ဝမ်ဟိုင်က အဖိုးအို
ရှိရာသို့ ကမန်းကတန်းပြေးသွားပြီး
"... စီနီယာ ဟီကို ဂါရဝပြုပါတယ် ...."
စီနီယာဟီ ဟူတ်လား ...?
ထိုနာမယ်က ရှောင်လုံစိတ်ထဲမှာ ဗုံးတလုံးကဲ့သို့ ပေါက်ကွဲသွားလေသည်။ ထိုအဖိုးအိုကတော့ ထောင်စုနှစ်မြို့တော်ဝန်တယောက်ဖြစ်သလို ဘတ်လန်းဒေသ၏ ထပ်သီးသိုင်းသမားဆယ်ယောက်ထဲမှ တယောက်ဖြစ်သည့် ဟီယွမ်ရှုန်းပင် ဖြစ်သည်။
ဟီယွမ်ရှုန်းက ဝမ်ဟိုင်ကိုလျစ်လျူရှု၍ ရှောင်လုံရှိရာသို့ လျှောက်လာလေသည်။ သူက ရှောင်လုံအရှေ့ကိုရောက်တော့ သူဆီက ရှိတယ်ဆိုရုံလေးသာရှိသည့် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ရှောင်လုံကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။ သူ့မျက်လုံးထဲမှာတော့ ချီးကျူးလိုသည့် အရိပ်အယောင်တွေ ပါဝင်နေလေသည် ။
ဟီယွမ်ရှုန်းက ပြုံးလိုက်ပြီး
".... ကောင်လေး ..မင်းကဘယ်ဆိုးလိုတုံး... မင်းငါ့ကို ဆရာတော်ချင်လား ....?"
ဆရာတော်ချင်လား ....?
ရုတ်ရုတ်သဲသဲတွေဖြစ်နေတာကြောင့် အခြေ့နေကြည့်ရန် ထိုနေရာသို့
စုရုံးရောက်ရှိနေကြသည့် လူတွေအကုန်လုံးက ဟီယွမ်ရှုန်းစကားကြောင့် အံသြမှင်သက်ကာ ကြက်သေသေ ကုန်ကြသည် ။
ထိုကဲ့သို့ အံသြသွားသည့်နေရာမှာ ဝမ်ဟိုင် ၊ ကျန်းချူ နှင့် ချန်ချန်း တိုသုံးယောက်က အဆိုးဆုံးပင်ဖြစ်သည် ။ သူတို့က နားကြားများလွဲလိုက်သလားဆိုပြီး ပါးစပ်လေးအဟောင်းသားဖြင့် ဟီယွမ်ရှုန်းကို ငေးကြည့်နေကြလေသည်။
ရှောင်လုံလဲ ဘာလုပ်ရမလဲမသိပဲ ချွေးတွေပြန်လာလေသည် ။ သူ့ရှေ့က အဖိုးအိုကိုသာ ဟီဟွမ်ရှုန်းလို့ မသိထားခဲ့ဘူးဆိုရင် အဲ့ဒိအဖိုးကြီး သေချာပေါက်ရူးနေတယ်လို့ပဲ သူထင်မိမှာဖြစ်သည်။
ရှောင်လုံပြန်မဖြေနိုင်ခင်မှာပဲ ကျန်းချူက သတိထား၍ ရှေ့ထွက်လာပြီး ပြောလိုက်သည်။
"... စီနီယာဟီ .... ဒီကောင်လေးက ကျွန်တော်တို့ သခင်လေး ....."
ဒါပေမယ့် သူ့စကားမဆုံးသေးခင်မှာပဲ ဟီယွမ်ရှုန်းက သူ့လက်စအကျီကို တချက် ခါယမ်းလိုက်သည် ။ ကျန်းချူတယောက် သူ့ရင်ဘတ်ကို တောင်ကြီးတလုံးပြေးဆောင့်သလိုမျိုး ခံစားလိုက်ရလေသည်။ ကျန်းချူက စူးစူးဝါးဝါးအော်ဟစ်ရင်း လမ်းအဆုံးသို့တိုင် လွှင့်စင်သွားလေသည်။ ထိုနောက် ကျောက်တံခါးကြီးတခုနှင့်တိုက်မိပြီး သူ့ဆီက ညည်းညူသံသဲသဲလေးတောင် ထွက်မလာနိုင်တော့ပေ ....။
"... ငါ ..ဟီယွမ်ရှုန်း ရှေ့မှာ... မင်းလိုခွေးသာသာ အစေခံကောင် ဝင်ပြောရဲတယ်ပေါ့လေ ...."
ဟီယွမ်ရှုန်းက ဟွန့်ကနဲ့ အသံပြုရင်း ကျန်းချူကိုကန်ထုတ်လိုက်သော ခွေးတကောင်လိုမျိုး တချက်လေးတောင် လှည့်မကြည့်ပေ ...။
ချန်ချန်းက လမ်းအဆုံး၌ ကားယားကြီးလဲကျနေသော ကျန်းချူ အလောင်းကြီးကိုကြည့်ရင်း အရမ်းကိုကြောက်လန့်သွားပြီး အရိုးချင်းဂေါင်ဂင်ရိုက်သံတွေ ထွက်ပေါ်လာလေသည်။ထိုနောက် မြေကြီးပေါ်သို့ ဖင်ထိုင်ရက်လဲကျသွားသည် ။
ဟီယွမ်ရှုန်းက ချန်ချန်းကို လက်ညိုးတချက်ထိုးလိုက်လေသည်။ ချန်ချန်းလဲ မီတာပေါင်း များစွာတိုင်အောင် လွင့်ထွက်သွားလေသည်။ ပြန်ကျလာသော သွေးတွေအဆက်မပြတ် အန်ထုတ်လိုက်ရသည်။
".... ဟေ့ခွေးကောင်.... မင်းပြန်ပြီး မင်းသခင်ကို ပြောလိုက်စမ်း ... ငါဒီကောင်လေးကို သဘောကျတယ်ဆိုတာ ...."
ဟီယွမ်ရှုန်းက ချန်ချန်းကိုကြည့်ရင်းပြောလိုက်လေသည် ။
"... ဟုတ်...ဟုတ် ..ဟုတ်ကဲ့ပါ ... ကျွန်တော့အသက်ကိုချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...."
ချန်ချန်းက ဟီယွမ်ရှုန်းကို တချက်လောက်ဂါရဝပြူရင်း ဟီဟွမ်ရှုန်း စိတ်ပြောင်းသွားမှာ ကြောက်သည့်နှယ် ခြေကုန်သုတ်၍ ထွက်ပြေးတော့သည် ။
ဝမ်ဟိုင်လဲ သူ့လည်ပင်းတွေယားလာသလိုမျိုး ခံစားလိုက်ရပြီး နေမထိထိုင်မသာ ဖြစ်နေလေသည်။ သူကဟီယွမ်ရှုန်း သတိထားမိသွားမှာကို ကြောက်နေသည်နှယ် တစက်ကလေးမှ မလှုပ်ရဲပေ ...။
"... မင်းကရော ဘာကိစ္စနဲ့ ထွက်မသွားသေးတာလဲ ...မင်းကဘာကိုဘာလုပ်ချင်သေးလို့လဲ ...?"
ဟီယွမ်ရှုန်းက ဝမ်ဟိုင်ကို အေးစက်စက်စိုက်ကြည့်ရင်း ရုတ်တရက်မေးလိုက်လေသည်။
"... ဟုတ်...ဟုတ်...ဟုတ်ကဲ့ပါစီနီယာဟီ..."
ဟီယွမ်ရှုန်း စိုက်ကြည့်တာကို ခံလိုက်ရတော့ဝမ်ဟိုင်တယောက် အသဲတွေအူတွေ
ဗြောင်းဆန်သွားသလိုမျိုး ခံစားလိုက်ရပြိး သူစီးတော်ကျားပေါ်ကိုတောင် မတက်နိုင်တော့ပဲ သူစစ်သားတွေနဲ့အတူ ကမန်းကတမ်း ထွက်ပြေးလေသည်။
#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၉၅ ....
ဝမ်ဟိုင်နှင့် မြို့စောင့်တပ်သားတွေအဝေးကိုထွက်ပြေးသွားပြီးတဲ့နောက် ရှောင်လုံက ဟီယွမ်ရှုန်းကို ကြည့်လိုက်လေသည်။ ဟီယွမ်ရှုန်းက သူ့ကိုဘာကြည့်ပြီး တပည့်အဖြစ်ရွေးချယ်ချင်သွားသလဲ ဆိုတာကိုရှောင်လုံ မစဉ်းစားနိုင်အောင်ဖြစ်နေလေသည် ။
ဟီယွမ်ရှုန်းက ဘတ်လန်းဒေသ၏ ထိပ်တန်းသိုင်းပညာရှင်ဆယ်ဦးထဲမှ တဦးဖြစ်သောကြောင့် သူသာတပည် ရွေးချယ်မယ်လို့ကြော်ငြာလိုက်မယ်ဆိုရင် လာရောက်တန်းကြမည့် လူတန်းကြီးက မိုင်တရာလောက်ကို ရှည်းလျားနိုင်သည်။
ဟီယွမ်ရှုန်းက ရှောင်လုံစိတ်ထဲမှာ သံသယဖြစ်နေမှာကို ခံစားမိလိုက်တော့ သူက ပေါ့ပေါ့ပါးပါးရယ်မောလိုက်ပြီး
".... ကောင်လေး .... ငါမင်းကိုဘာကြောင့်တပည့်အဖြစ် ရွေးတယ်ဆိုတာကို စဉ်းစားနေတာလား....? မင်းကိုပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ငါက လူတယောက်ရဲ့ အနာဂတ်အောင်မြင်နိုင်စွမ်းကို ခန့်မှန်းနိုင်တဲ့ လျို့ဝှက်သိုင်းကျင့်စဉ်ကိုလေ့ကျင့်ထားတယ်ကွ ... သူက မင်းအနာဂတ်မှာဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာကို အတိအကျကြီးမဟုတ်တောင် အတော်လေးမှန်အောင် ခန့်မှန်းနိုင်တယ် .... မင်းက ငါ့စိတ်ကူးထဲမှာ မှန်းထားတဲ့ တပည့်မျိုးပဲ ..."
ရှောင်လုံလဲ ခေါင်းရှုပ်သွားလေသည် ။
ငါ့ကိုတပည့်တော်ချင်တာက အဲ့လောက်တောင်ပဲ ရိုးရှင်းသလား ....?
သို့သော် လူတယောက်၏ အနာဂတ်အောင်မြင်နိုင်စွမ်းကိုကြည့်နိုင်တဲ့ လျှို့ဝှက်သိုင်းကျမ်းတခု ဟီယွမ်ရှုန်းဆီမှာ ရှိနေခြင်းက ရှောင်လုံကို အရမ်းအံသြသွားစေသည်။
အဲ့လိုနည်းစနစ်မျိုးက အကြမ်းဖျင်းလောက်သာ ခန့်မှန်းနိုင်တယ်ဆိုပစေအုံး အမှန်တိုင်း ဝန်ခံရမယ်ဆိုရင် နဲနဲတော့ကြောက်စရာကောင်းလေသည် ။
ဟီယွမ်ရှုန်းက ထပ်ပြောလိုက်သည်
".... ကောင်လေး .... မင်းသိုင်းလေ့ကျင့်တာ အခုချိန်အထိ နှစ်တရာတောင်မရှိသေးဘူးမဟုတ်လား .... နှစ်တရာတောင်မရှိသေးပဲနဲ့ မင်းက ကောင်းကင်အဆင့်၈ နောက်ဆုံးအဆင့် သိုင်းသမားကိုအနိုင်ယူနိုင်နေပြီဟုတ်လား ... ငါကြုံတွေဘူးတဲ့ ပါရမီရှင်တွေကြားထဲမှာ တောင် မင်းရဲ့ အရည်အချင်းမျိုးက ထိပ်ဆုံးသုံးယောက်ထဲမှာရှိနေတယ် ...."
နှစ်တရာ...? ရှောင်လုံက ပြုံးလိုက်လေသည် ။
သူ့သိုင်းလေ့ကျင့်တာက နှစ် နှစ်ဆယ်ကျော်ကျော်လေးသာ ရှိသေးမှန်းကို ဟီယွမ်ရှုန်း
သိသွားမယ်ဆိုရင် ဘယ်လိုမျိုး တုန့်ပြန်လိမ့်မလဲဆိုတာကို မြင်ယောင်ပြီး ရှောင်လုံက ပြုံးလိုက်ခြင်းဖြစ်သည်။
ကောင်းကင်အဆင့်ကို ကျော်ဖြတ်ရောက်ရှိသွားသော သိုင်းသမားတော်တော်များများက လျှို့ဝှက်ကျင့်စဉ်တွေကို လေ့ကျင့်၍ သူတို့ကိုယ်သူတို့ ငယ်ရွယ်နေအောင် ပြုလုပ်ထားလေ့ရှိသည် ။ ထိုကြောင့် ရှောင်လုံတို့သိုင်းဝိညာဉ်ကမ္ဘာကြီး မှာက ရုပ်ရေကိုကြည့်၍ အသက်ကိုခန့်မှန်းလို့ မရနိုင်ပေ..။
"... ဘယ်လိုလဲ .... ? ငါပြောတာမှန်တယ်မဟုတ်လား ....?"
ရှောင်လုံက တချိန်လုံးငြိမ်သက်နေတာကိုမြင်တော့ ဟီယွမ်ရှုန်းက သူ့ခန့်မှန်းတာမှန်သွားလို့ ရှောင်လုံငြိမ်နေတယ်လို့ ထင်သွားကာ ပြုံး၍ပြောလိုက်သည်
".... ကောင်လေး .... အခုတော့ ဒီတိုင်းလေးပဲ ငါ့ကိုဦးတိုက်ပြီး ကန့်တော့လိုက်ကွာ .... ငါရဲ့ ထောင်စုနှစ်မြို့ကို ပြန်ရောက်မှ နာမယ်ကြီးသိုင်းသမားတွေအကုန်လုံးကို ဖိတ်စာတွေဝေလိုက်မယ် .... အဲ့ကြမှ မင်းရဲ့တပည့်ခံယူပွဲကို ငါကြီးကြီးမားမား ကျင်းပပေးမယ် ...."
ဟီယွမ်ရှုန်က ရှောင်လုံ သူ့ကိုအားရဝမ်းသာ
ဖြင့် အရိုအသေပေးတော့မယ်လို့ထင်နေစဉ် ရှောင်လုံကတော့ အရိုအသေပေးရမည့်အစားခေါင်းကိုသာ ခေါင်းခါပြလိုက်သည် ။
".... အခုလိုမျိုး စီနီယာဟီ ကူညီပေးတဲ့ကျေးဇူးတွေကို ကျွန်တောတကယ်မမေ့ပါဘူး.. ဒါပေမယ့် ကျွန်တော့မှာက ဆရာရှိပြီးသာမို့လို့ပါ ...."
ရှောင်လုံစိတ်ထဲမှာတော့ နတ်တံခါးဂိုဏ်း၏ အရင်ဂိုဏ်းချုပ်ဟောင်းဖြစ်သူ ရန်ဝူကောင်း တဦးထဲကိုသာ သူ့ဆရာအဖြစ်သတ်မှတ်ထားလေသည် ။
မြင့်မြတ်သော ဗုဒ္ဓတိုင်းပြည်သော သွားသောခရီးစဉ်မှာ ရှောင်လုံက ရှိထျန်ဖူကို ဆရာတူအကို အဖြစ်အသိအမှတ်ပြုလိုက်သော်လည်း အဲ့ဒါက မမျှော်လင့်ထားသော အခြေအနေကြောင့် ပဲ ဖြစ်သည်။
ဟီယွမ်ရှုန်းက သူ့နားကြားများလွဲသလားဆိုပြီး သူ့နားကိုသူ မယုံနိုင်အောင်ဖြစ်သွားလေသည်။
နေပါအုံး ... ဒီကောင် ငါ့ကိုငြင်းလိုက်တာလား....?
အဲ့နောက် သူကပြုံးမိသွားလေသည်။
ဟုတ်သားပဲ ငါ့ကိုငါမှ မိတ်ဆက်မပေးရသေးတာ .... ဒီလို အရည်အချင်းနဲ့လူမျိုးက တော်ရုံလူမျိုးကို ဘယ်လိုလုပ်ဆရာတော်ချင်ပါ့မလဲလေ ....။
".... ကောင်လေး ... မင်းက ငါဘယ်သူလဲ ဆိုတာကို မသိသေးဘူးမဟုတ်လား...?"
ထိုနောက် ဟီယွမ်ရှုန်းက ဖော်ဖော်ရွေရွေပြုံးလိုက်ပြီး
".... ငါက ဟီယွမ်ရှုန်းပါ ထောင်စုနှစ်မြို့တော်ကြီးရဲ့ မြို့တော်ဝန်တယောက်ပေါ့...."
ထိုနောက်သူက ရှောင်လုံနားမလည်သေးမှာကိုစိုးရိမ်သွားပြီး နောက်တကြောင်းထပ်ဖြည့်ပြောလိုက်သေးသည်
".... မင်း ဘတ်လန်းဒေသက ထိပ်တန်းသိုင်းပညာရှင် ဆယ်ယောက်ကို သိတယ်မဟုတ်လား အေးငါကအဲ့ထဲကတယောက်ပဲ ...."
ဟီယွမ်ရှုန်းတယောက် သူ့ကို အကြိတ်အနယ်ရှင်းပြနေတာမြင်တော့ ရှောင်လုံက မချိပြုံးလေးပြုံးပြလိုက်ပြီး
"... စီနီယာ ဟီ .. စီနီယာဟီက ဘယ်လောက်နာ
မယ်ကြီးတယ်ဆိုတာကို ကျွန်တော်သိပြီးသားပါ ...."
ဒီတကြိမ်မှာတော့ ဟီယွမ်ရှုန်းတယောက် ဇဝေဇဝါဖြစ်သွားပြီး ရှောင်လုံကို အဖြေရှာသလို စူးစိုက်ကြည့်နေသည်။ ဒီကောင်စုတ်လေးက ငါဘယ်သူဆိုတာကို သိထားတာတောင် ငါ့ကို ဆရာအဖြစ်ဂါရဝပြုဖို့ ငြင်းဆန်နေဆဲပါလား....?
".... ဘာကြောင့်လဲ ...?"
ဟီယွမ်ရှုန်းက တည်ကြည်သောအသံဖြင့်မေးလိုက်သည်
ရှောင်လုံက ပြန်ဖြေလိုက်သည်
".... ကျွန်တော့ရင်ထဲမှာတော့ ဆရာတယောက်ပဲ ရှိလို့ပါ စီနီယာဟီ ...."
ဟီယွမ်ရှုန်းက လက်မလျော့သေးသလိုမျိုး ထပ်မံ၍ ဖြောင်းဖျလိုက်သည်
".... ဒီမယ်ကောင်လေး..ငါတို့နေ့ထိုင်တဲ့ သိုင်းဝိညာဉ်ကမ္ဘာကြီးထဲက စကြာဝဠာသိုင်းပညာရှင် အကုန်လုံးလိုလိုမှာ ဆရာတယောက်ထက်မနဲရှိကြတယ်ကွ ... ငါကိုယ်တိုင်လဲ လူလေးယောက်ကို ငါ့ဆရာတွေအဖြစ် သတ်မှတ်ထားတယ် ..."
ဟီယွမ်ရှုန်းပြောသည်က ရှောင်လုံတို့နေထိုင်သော သိုင်းဝိညာဉ်ကမ္ဘာကြီး၏ ယေဘုယျအမှန်တရား တခုဖြစ်လေသည် ။ စကြာဝဠာသိုင်းပညာရှင်တွေဆီမှာ ဆရာတယောက်ထက်မနဲ ရှိကြသည် ။ ဟီယွမ်ရှုန်းရဲ့ ဖြောင်းဖျစကားကိုကြားပေမယ့် ရှောင်လုံက ခေါင်းကိုသာ ခါပြလိုက်သည်။
ရှောင်လုံကို ကြည့်နေသည် ဟီယွမ်ရှုန်းကိုယ်ထဲုနေ မမြင်နိုင်သော ဖိအားတွေထွက်ပေါ်လာပြီး ထိုဖိအားတွေက ရှောင်လုံတကိုယ်လုံးကို လွှမ်းခြုံရောက်ရှိသွားသည် ။ ရှောင်လုံ နံဘေးမှာ ရပ်နေကြသည့် ကျင်း ရန်တို့လေးယောက်၏ မျက်နှာတွေက ဖြူဖတ်ဖြူရော်ဖြစ်ကုန်ကြလေသည် ။
ဟီယွမ်ရှုန်း၏ ဖိအားတွေကို ခံစားနေရပေမယ့် ရှောင်လုံကတော့ တည်တည်ငြိမ်ငြိမ်ပဲရှိနေသည် ။ တည်ငြိမ်နေသေးသော ရှောင်လုံကိုကြည့်ပြီး ဟီယွမ်ရှုန်းက ဖိအားတွေကို တဖြည်းဖြည်းချင်းထပ်တိုးလိုက်လေသည် ။ ထိုနောက် ဟီယွမ်ရှုန်းပေးနေသော ဖိအားတွေက ဒီရေကဲ့သို့ ရုတ်တရက် ဆုတ်ခွာ၍ ပျောက်ကွယ်သွားတော့သည်။
ဟီယွန်ရှုန်းက ရှောင်လုံကိုကြက်ပွဲ၌ ရှုံးနိမ့်သွားသည့် ကြက်တကောင်လိုမျိုး ကြည့်ရင်း ပြုံးလိုက်ကာ
" .... ကောင်လေး ...မင်းစိတ်က အဲ့လောက်ထိခိုင်မာနေမှတော့ ငါမင်းကို အတင်းအကျပ်မလုပ်တော့ပါဘူးကွာ ... မင်းစိတ်ပြောင်းသွားပြီဆိုရင် ငါ့ကိုအချိနိမရွေး ထောင်စုနှစ်မြို့မှာ လာရှာကွာ .... ငါကမင်းအတွက် အမြဲအဆင့်သင့်ပါ .... ကဲရော့ ဒါက ထောင်စုနှစ်တံဆိပ်ပြားပဲ .."
ဟီယွမ်ရှုန်းက သူ့အိပ်ထဲကနေ ဆွဲသီးအရွယ်အစားလောက်ရှိသည့် တံဆိပ်ပြားတခုကိုထုတ်၍ ရှောင်လုံကိုပေးလိုက်သည် ။
ရှောင်လုံက ခေါင်းနှစ်လုံးရှိသည့် ကောင်းကင်သားရဲကြီးပုံထွင်းထုထားသည့် တံဆိပ်ပြားကို လက်ခံလိုက်ယူသည်။ သူ့ကိုပေးသော တံဆိပ်ပြားမှာ ထွင်းထုထားသော ခေါင်းနှစ်လုံး သားရဲကြီးက ဟီယွမ်ရှုန်း ရင်ဘတ်ကပုံနှင့် ထပ်တူနီးပါးကို တူနေသည်။
ထိုနောက် ဟီယွမ်ရှုန်းက နှုတ်ဆက်စကားပင် မဆိုတော့ပဲ လက်တဖက်ဖြင့် လေဟာနယ်ကိုဆုတ်ဖြဲလိုက်ပြီး ထိုလေဟာနယ်အတွင်းသုိ့ တိုးဝင်ပျောက်ကွယ်သွားသည် ။ ဟီယွမ်ရှုန်း တံဆိပ်ပြားကို နတ်လက်စွပ်အတွင်း သိမ်းဆည်းပြီးနောက် ရှောင်လုံက ကျင်းရန်တို့လေးယောက်နှင့်အတူ
သူဝယ်ထားသည့် ခြံဝန်းလေးဆီသို့ ပြန်လာလိုက်ကြသည် ။
နတ်အသင်္ချေမြို့၏ တောင်ဘက်ခြမ်းမှာရှိသော လှပခမ်းနားစွာဆင်ခြယ်ထားသည့် အိမ်ခန်းတခုအတွင်း၌ ကျောက်ချန်က အင်မတန်ကို စိတ်ပျက်လက်ပျက်ပုံစံဖြင့် ထိုင်နေသည်။ ကျောက်ချန်က သူ့ရှေ့မှာ ဒူးထောက်နေသည့် ချန်ချန်းကို ဒေါသတကြီးဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည် ။
"... အမှိုက်လို သုံးစားမရတဲ့ကောင် ...."
ကျောက်ချန်က ဒူးထောက်နေသည့် ချန်ချန်းကို သနားညှာတာခြင်းမရှိပဲ ပြေးကန်လိုက်သည် ။ ကျောက်ချန်က စူးစူးဝါးဝါးအော်ဟစ်ရင်း အခန်းထဲကနေ ခြံဝန်းထောင့်အထိ လွင့်ထွက်သွားလေသည်။
ထိုနောက် ကျောက်ချန်က ဒေါသမပြေသေးဟန်ဖြင့် သူ့ဘေးနားက ထိုင်ခုံတလုံးကို လက်နဲ့ အမှုန့်ဖြစ်အောင် ညစ်ချေလိုက်လေသည်။ ကျောက်ချန်မျက်လုံးတခုလုံးက စူးရှလင်းလက်လာပြီး
".... အဲ့ဒီအဖိုးကြီး ဟီယွမ်ရှုန်းက ကျုပ်နဲ့လိုက်ပြီ ထိပ်တိုက်တွေ့နေတာ အကြိမ်ပေါင်း မနဲတော့ဘူး .... ဟီယွမ်ရှုန်း ငါခွန်အားကြီးလာတဲ့နေတနေ့ကြရင် မင်းရဲ့ ထောင်စုနှစ်မြို့တခုလုံးကို အမှုန့်ချေပြီး မင်း မိန်းမတွေအကုန်လုံးကို သိမ်းပိုက်ပြမယ် ..."
အပြစ်မြို့တော်ကနေ ကျောက်ချန်နှင့်အတူ လိုက်ပါလာကြသော အစောင့်တွေအကုန်လုံး စကားတလုံးမှ ဝင်မပြောရဲကြပဲ ခေါင်းငုံပြီး သာ တိတ်တဆိတ်နေ နေကြသည်။
ထောင်စုနှစ်မြို့တော်ကို အမှုန့်ချေပစ်မယ် ဟုတ်လား ....?
ထိုစကားကိုအခါလက်ရှိ အပြစ်မြို့တော်၏ မြို့တော်ဝန်တောင်မှ ရဲရဲဝံဝံ မပြောရဲပေ ...။ အခုဆိုရင် ထောင်စုနှစ်မြို့တော်ကြီးကို တည်ထောင်ခဲ့တာက နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီပဲ ဖြစ်ပြီး သိုင်းဂိုဏ်းပေါင်းများစွာလဲ အမြစ်တွယ်နေပြီဖြစ်သည်။
ထိုကြောင့် ထောင်စုနှစ်မြို့တော်ကို ချေမှုန်းဖို့ဆိုတာက လွယ်ကူသောကိစ္စတခုမဟုတ်ပေ ...။
ကျောက်ချန်က သူ့နံဘေးက ဆံပင်ငွေရောင်ဖြင့် အဖိုးအိုကို ကြည့်လိုက်ပြီး ပြောလိုက်သည်
"... အိမ်တော်ထိန်း ဖန် .... ခင်ဗျားဟောင်ရှောင်လုံကို မျက်ခြေမပြတ်စောင့်ကြည့်ထားလိုက် .... သူနတ်ဘုရားအသင်္ချေမြို့ကနေ ထွက်ပြီဆိုတာနဲ့ ကျုပ်ကိုချက်ချင်းသတင်းလာပို့ပါ ...."
"... သခင်လေး အမိန့်တိုင်းဆောင်ရွက်ပါ့မယ် ..."
အိမ်တော်ထိမ်ဖန်က ရိုရိုသေသေပြန်ဖြေလိုက်သည် ။
ကျောက်ချန်ကခေါင်းညိတ်ပြလိုက်သည် ။ကျောက်ချန် မျက်လုံးထဲမှာတော့ အငြိုးတရားတွေနဲ့ ပြည့်နှက်နေလေသည် ။ ကျောက်ချန်က သွားကြားထဲကထွက်လာသော အသံဖြင့် ရေရွတ်လိုက်သည်
".... ကောင်လေး .... မင်းနတ်ဘုရားအသင်္ချေမြို့ကနေ အပြင်ကိုထွက်လိုက်ပြီဆိုတာနဲ့ ကျောက်ချန်ဆိုတဲ့ ငါ့အမိန့်ကို ဖီဆန်ရင်ဘယ်လိုမျိုး ဇတ်သိမ်းရမယ် ဆိုတာကို မင်းသိသွားစေရမယ် ... ဟီယွမ်ရှုန်းဆိုတဲ့ အဖိုးကြီးက ကာကွယ်ပေးထားလို့ ငါမင်းကိုမသတ်ရဲဘူးထင်နေရင်တော့ မင်းမှားသွားပြီ ....."
ရှောင်လုံက သူ့ခြံဝန်းထဲသို့ ရောက်ရောက်ချင်းကျင်းရန်တို့ကိုလူစုကို နှုတ်ဆက်လိုက်သည်။ ထိုနောက် နတ်တောင်ရွှမ်းမီထဲသို့ ချက်ချင်း ဝင်လိုက်သည် ။ နတ်တောင်ရွှမ်းမီထဲမှ ရှေးဟောင်းဘုရားကျောင်းထဲသို့ ရောက်သည်နှင့် ရှောင်လုံက သူ့ဝယ်လာသည့် ဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခုစလုံးကို မြိုချလိုက်သည်။ ထိုနောက် ရှေးဟောင်းရုပ်သေးရုပ်နည်းစနစ်နှင့် စိတ်အာဏာနည်းစနစ်တွေကို အာရုံစိုက်ပြီး လေ့ကျင့်လိုက်သည်။
ကျောက်ချန်က ဟီယွမ်ရှုန်းပြောစကားကြောင့်မို့ သူ့ကို လူပုံအလယ်မှာတော့ မသတ်ရဲဘူးဆိုတာကိုတော့ ရှောင်လုံက ယုံကြည်ထားသည်။ ထိုကြောင့် ရှောင်လုံ နတ်အသင်္ချေမြို့ထဲမှာ ရှိနေသမျှကာလပတ်လုံး သူအန္တရာယ်ကြုံတွေ့မှာကိုတော့ စိုးရိမ်စရာမလိုပေ....။
ရှောင်လုံက ရှေးဟောင်းဘုရားကျောင်း၏ အလည်၌ တင်ပျင်ခွေထိုင်နေရင်း သူ့စိတ်ဝိညာဉ်ပင်လယ်ထဲမှာ လှိုင်းတွေ ထန်လာတာကို ခံစားမိလိုက်သည် ။ ရှောင်လုံစိတ်ဝိညာဉ်ပင်လယ်ထဲ၌ ကျယ်လောင်စွာမည်ဟိန်းရင်း လည်ပတ်နေသော လေဆင်နှာမောင်းစွမ်းအင် တခုဖြစ်ပေါ်လာသည်။ ထိုနောက် မိုးပြာရောင်စွမ်းအင်တန်းတွေက အဆပေါင်းများစွာဖြာထွက်လာပြီး စွမ်းအားတွေက စိတ်ဝိညာဉ်ပင်လယ် ထဲသို့ စီးကျလာသည်။ သူ့စိတ်ဝိညာဉ်ပင်လယ်ထဲမှာ စိတ်စွမ်းအားတွေတိုးပွားလာတာကို ခံစားမိလိုက်တော့ ရှောင်လုံက ရှေးဟောင်းရုပ်သေးထိန်းချုပ်နည်းစနစ်နှင့် စိတ်အာဏာ နည်းစနစ်တုိ့ကို တပြိုင်နက်ထဲ ထုတ်သုံး၍ တိုးပွားလာသော စွမ်းအားတွေကို စုပ်ယူလိုက်သည်။
အချိန်ဆယ်ရက်ကုန်ဆုံးသွားလေသည်။
ကုန်ဆုံးသွားသည့် အချိန်ဆယ်ရက်အတွင်း ရှောင်လုံ၏ အဆက်မပြတ်စုပ်ယူသန့်စင်မှုတွေအောက်မှာ ဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခုစလုံးမှ စွမ်းအားတွေအကုန်လုံး ကုန်ဆုံးပျောက်ကွယ်သွားလေသည်။
ရှောင်လုံ၏ စိတ်ဝိညာဉ်ပင်လယ်ကြီးက သူမဟုတ်သလိုမျိုး ပြန်လည်တည်ငြိမ်သွားလေသည် ။ ရှောင်လုံ စိတ်ပင်လယ်၏ လေဟာနယ်ထဲမှာတော့ အနက်ရောင်နဂါးနှင့် အပြာရောင်နဂါကြီးတို့က ပျော်ရွှင်မြူးထူးစွာ ဆော့ကစားလျက်ရှိနေသည် ။ ရှောင်လုံစိတ်ဝိညာဉ်ပင်လယ်ထဲထက်က လေဟာနယ်အတွင်းမှာတော့ နဂါးစွမ်းအားတွေ နဂါးဟိန်းသံတွေနဲ့ ဆူညံပွက်လောရိုက်နေသည်။
ဆယ်ရက်ကြာပြီးနောက် ရှောင်လုံက ပထမဆုံးအကြိမ် မျက်လုံးပွင့်လာသည်။ ရှောင်လုံနဖူးထက်က ငရဲမျက်လုံးကလဲ ရှောင်လုံမျက်စိနှစ်လုံးနှင့်အတူ တပြိုင်နက်ထဲ ပွင့်လာသည်။ ငရဲမျက်လုံးကနေ ရွှမ်းရွှမ်းစိုကာနီရဲနေသည့် အနီရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းတွေက မိုးကြိုးမုန်တိုင်းတခုအဖြစ်သို့ပြောင်းလဲသွားပါသည် ။
ဘဝစိတ်ဝိညာဉ်ဆေးမြစ်သုံးခုမှ စွမ်းအားတွေကိုစုပ်ယူပြီးတဲ့နောက် ရှောင်လုံက သူရဲ့ ရှေးဟောင်းရုပ်သေးရုပ်နည်းစနစ်ကျင့်စဉ်၌ တတိယအဆင့်သို့ကျော်ဖြတ်ရောက်ရှိသွားသည် ။ ထိုကြောင့် ရှောင်လုံ စိတ်ဝိညာဉ်စွမ်းအားတွေက သိသာထင်ရှားစွာ တိုးပွားလာခြင်းဖြစ်သည်။
ထိုကဲ့သို့ တိုးပွားသော စိတ်ဝိညာဉ်စွမ်းအားတွေကြောင့် ငရဲမျက်လုံး၏ စိတ်ပိုင်ဆိုင်ရာတိုက်ခိုက်မှုတွေက အရင်ကထက် ပို၍ အစွမ်းထက်လာလေသည်။
ဒီတကြိမ် ဘဝစိတ်ဝိညာဉ်ဆေးမြစ်တွေမှ စွမ်းအားတွေကို စုပ်ယူလိုက်ခြင်းက သူ့စိတ်ဝိညာဉ်စွမ်းအားတွေကို အဓိကတိုးတက်စေခဲ့တာမှန်ပေမယ့် ရှောင်လုံစိတ်ထဲမှာတော့ သူရဲ့ အတွင်းအားချီတွေနဲ့ ကိုယ်တွင်းစွမ်အားတွေကပါ တိုးပွားလာသလိုမျိုး ခံစားနေရသည်။
".... အင်း ကျားကွဲတောင်ကြားကို နောက်တကြိမ် သွားဖို့အချိန်တန်ပြီထင်တယ်...."
ရှောင်လုံက ဆုံးဖြတ်လိုက်သည် ။
ကျားကွဲတောင်ကြားက မြေပုံထဲမှာပျောက်ကွယ်သွားသော လေးပင်လယ်တောင်ဖြစ်နိုင်တယ် ဆိုတာကို ရှောင်လုံစိတ်ထဲမှာအလိုလို ခံစားမိနေသည်။