ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

63.8K 4.3K 23

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

271 - 275

302 23 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၇၁ ......

"... လင်ရှောင် ... ဟူရှန်ဘာဖြစ်လို့လဲမသိဘူး ..မင်းတို့လေးယောက်သွားကြည့်လိုက်ကြစမ်း..."

ဟူဟန်က ခရမ်းရောက်ဝတ်စုံကိုဝတ်ဆင်ထားသည့် အဖိုးအိုအား အမိန့်ပေးလိုက်သည် ။ သူကထပ်ပြောလိုက်သည်

".... တကယ်လို့ ဖြုတ်ဦးနှောက်နဲ့ကောင် တကောင်ကောင်က ငါ့သားကို ထိခိုက်ဒဏ်ရာရအောင်လုပ်ဖို့ကြိုးစားနေတယ်ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် အဲ့ဒိနေရာမှာတင်သတ်လာခဲ့ ....ကြားလား..."

ခရမ်းရောင်ဝတ်စုံနှင့်အဖိုးအိုအပါအဝင် နောက်ထပ်လူသုံးယောက် ကမတ်တပ်ထရပ်လိုက်ပြီး

".... ကောင်းပါပြီ....ဂိုဏ်းချုပ်.... "

"... အင်း အခုချက်ချင်းသွားတော့...."

ဟူဟန်က ထပ်မံအမိန့်ပေးလိုက်သည်။

သူတို့လေးယောက်က ဟူဟန်ကိုအရိုအသေပေးကာ ဟူရှန်အချက်ပြသည့်နေရာသို့ အလျင်အမြန်ထွက်ခွာသွားကြသည် ။

ထိုအခိုက်ရှောင်လုံကတော့ သူဆီသို့ တဟုန်ထိုးပြေးလာကြသော ဘီလူးကိုးကောင်ဂိုဏ်းသားကိုတချက်ကြည့်လိုက်ပြီး လေထဲသို့ခုန်တက်လိုက်သည် ။ဟူရှန်တို့မျက်လုံးရှေ့မှာပင် လေထဲသို့ ခုန်တက်လိုက်သော ရှောင်လုံကိုယ်က အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် စတင်လည်လာသည် ။ ထိုလည်ပတ်မှုကနေ ဓားအလင်းတန်းမြောက်မြားစွာထွက်လာသည် ။ ရှောင်လုံ၏ ဓားအလင်းတန်းတွေက မိုးကြိုးခက်ပန်းခက်နွယ်တွေအဖြစ်သို့ ပြောင်းလဲသွားကြသည်။ မိုးကြိုးခက်နွယ်တွေက တဖြည်းဖြည်းသိပ်သည်းလာပြီးနောက် မိုးကြိုးနဂါးငယ်လေးတွေဖြစ်တည်လာပြီး ထိုမိုးကြိုးနဂါးလေးတွေက အရပ်လေးမျက်နှာသို့ ပြန်ကျဲပြီး ထွက်သွားကြသည် ။

ရှောင်လုံက နတ်ဓားသိုင်းကျမ်းမှ စတုတ္ထသိုင်းကွက်ဖြစ်သည့် "... မိုးကြိုးပင်လယ်... " သိုင်းကွက်အား ထုတ်သုံးလိုက်ခြင်းပင်.....

တစက္ကန့်လောက်ကိုမကြာခင်လေးမှာ ကောင်ကင်ဘီလူးဂိုဏ်းသား အယောက်နှစ်ဆယ်ကျော်က မိုးကြိုးနဂါးလေးတွေနဲ့ တိုက်မိကုန်ကြသည် ။ မိုးကြိုးနဂါးလေးတွေနဲ့ ထိပြီးသည့်နောက် သူတို့နောက်မှာဝန်းရံနေကြသည့် သိုင်းဝိညာဉ်တွေပျောက်ဆုံးကုန်ကာ အတွင်းအားချီတွေလဲ လျော့ကျကုန်ကြသည် ။ ထိုနောက် တယောက်ပြီး တယောက် အဝေးသို့ လွင့်စင်ကုန်ကြ၏ ။

သူတို့မြေကြီးပေါကိုကျလာတော့ သူတို့ခန္ဓာတွေက မီးသွေးတုံးလို့ မဲချိတ်ကုန်လေသည်။ အသားကင်အနံကဲ့သို့ လူအသားမီးလောင်သည့် ညှော်နံတခုလဲထွက်ပေါ်လာလေသည်။ ရှောင်လုံကိုတိုက်ခိုက်ဖို့ ပြေးလာကြသည့် ကောင်းကင်ဘီလူးဂိုဏ်းက သိုင်းသမားတွေထဲမှာ သိုင်းပညာအဆင့်အမြင့်ဆုံးက ကောင်းကင်အဆင့်၃ သိုင်းသမားဖြစ်ပြီး အဆင့်အနိမ့်ဆုံးသူကတော့ မြေကြီးအဆင့်သာရှိသေးတာဖြစ်သည်။

သူတို့ကဲ့သို့ သိုင်းအဆင့်မျိုးနှင့် ရှောင်လုံနတ်ဓားသိုင်း၏ စတုတ္ထသိုင်းကွက်ဖြစ်သည့် မိုးကြိုးပင်လယ်သိုင်းကွက်ကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မည်နည်း... ။ ရှောင်လုံရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် သူ့အခုထုတ်သုံးလိုက်သည့် မိုးကြိုးပင်လယ်ဓားသိုင်းအား ကောင်းကင်အဆင့်ရမှာနောက်ဆုံးအဆင့်ကိုရောက်ရှိနေသည့် သိုင်းသမားတောင်မှ ခုခံနိုင်ရန်မလွယ်ကူပေ.. ။

ရှောင်လုံက မြေကြီးပေါသို့ ညင်သာစွာဆင်းသက်လာပြီးနောက် လမ်းမထက်က မဲတူနေသည့် ခန္ဓာကိူယ်တွေကို တချက်လှမ်းကြည့်လိုက်သည်။ ထိုနောက် ဟူရှန်နားသို့ လမ်းလျှောက်လာသည် ။

ဟူရှန်ကတော့ မဲတူးကာ လမ်းမထက်မှာ တစစီပြန့်ကျဲနေသည့် အလောင်းတွေကိုကြည့်ရင်း ကြက်သေသေနေလေသည် ။ အလောင်းတွေဆီကနေ ထွက်ပေါနေသော အသားကင်အနံတွေက သူကြောက်စိတ်ကို ပို၍ ကြီးထွားလာစေရန်ထောက်ပံပေးနေသည်။

ဟူရှန်က ရှောင်လုံသူ့အနားသို့ ချဉ်ကပ်လာနေတာကိုကြည့်ရင်း သူ့တခါမှမခံစားရဘူးသည့် သေခြင်း၏နိမိတ်တွေကိုစတင်မြင်ယောင်ခံစားလာရသည်။

"... မင်း...."
ဟူရှန်က အနောက်ကိုဆုတ်ရင်း အားမွေးကာ ရှောင်လုံကိုခြောက်လှန့်ဖို့ကြိုးစားလိုက်သည်

".... မင်းကဘယ်ကကောင်လဲကွ.... ? မိစ္ဆာနက်မြို့ထဲမှာ မင်းငါ့ကိုသတ်ပြီးရင် အသက်ရှင်ရက်နဲ့ထွက်သွားနိုင်မှာမဟူတ်ဘူးဆိုတာကိူ မင်းမသိဘူးလား....?"

"... ထြက်သြားရမယ်... ဟူတ္လား... ?"

ရှောင်လုံက ခေါင်းခါပြလိုက်သည် ။ ထိုနောက် အလင်းရောင်တချက်လက်သွားပြီး ရှောင်လုံက ဟူရှန်အနားသို့ရောက်ရှိသွားလေသည်။ ရှောင်လုံက ဟူရှန်ကို သေချာချိန်၍ လက်သိးတချက်ထိုးချလိုက်သည်။
ဟူရှန်လဲ ကြောက်ကြောက်လန့်လန့်ဖြင့် ရှောင်လုံလက်သီးချက်ကိုကာကွယ်ရန် ကြိုးစားလိုက်၏။ သို့ပေမယ့် သူမလှုပ်ရှားနိုင်ခင်လေးမှာပဲ ကျည်ဆန်တခုလိုမြန်ဆန်သော ရှောင်လုံလက်သီးချက်က သယရင်ဘတ်ကိုထိမှန်သွားပြီပဲ ဖြစ်သည်။ ရှောင်လုံလက်သီးချက်က ဟူရှန်ကိုယ်ပေါသို့ကျရောက်သွားပေမယ့် လက်သီးအနေုက်ကနေပါလာသည့် အင်အားလှိုင်းတွေက လမ်းမထက်မှ အဆောက်အဦးတွေကို တုန်ခါသွားစေသည်အထိ ပြင်းထန်လေသည်။

ရှောင်လုံလက်သီးချက်က ဟူရှန်အဝတ်အစားတွေက အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး သူကိူယ်တိုင်မှာ လေနှင့်အတူ လွင့်ပျံသွားသည့် သစ်ရွက်လေးတခုနှယ် အဝေးသို့ လွင့်ထွက်သွားပါသည် ။ ဟူရှန်က မီတာနှစ်ဆယ်လောက်အကွာအထိကို လွင့်စင်သွားသည် ။

ရှောင်လုံကတော့ ပန်းဥယျာဉ်ထဲမယ် လမ်းလျှောက်နေသကဲ့သို့ ဟူရှန်နောက်ကို အေးအေးဆေးဆေးလိုက်လာသည် ။ အခုအချိန်မှာရှောင်လုံလက်သီးချက်ကြောင့် ဟူရှန် အဝတ်အစားတွေက အစိတ်စိတ်အမွှာမွှာဖြစ်ကုန်တာမို့ သူကိုယ်ပေါ်မှာ အဝတ်စတမျှင်တောင်မရှိတော့ပေ ..။ ကိုယ်တုံးလုံးဖြစ်နေသော ဟူရှန်ကိုမြင်တော့ ရှောင်လုံက သူ့ကမျင်းကြောထတတ်သည့် သူအောက်ပိုင်းကိုတချက်လှမ်းကြည့်လိုက်သည် ။

ဟူရှန်က ဗလတောင့်တောင့်နှင့်လူငယ်တယောက်ဖြစ်ပေမယ့် သူ့ညီငယ်လေးကတော့ တီကောင်အလား ထင်မှတ်မှားရလောက်အောင် သေးငယ်လေသည် ။
ရှောင်လုံက ".. ဟွန့်.. " ကနဲ့ အသံတချက်ပြုကာ ထိုတီကောင်လေးကို သူ့ခြေထောက်နှင့် အားကုန်ဆောင့်နင်းချလိုက်သည် ။

မိစ္ဆာနက်မြို့ထဲက မိန်းမပျိုလေးတွေထဲမှာ ဒီတီကောင်လေးကြောင့် ဒူးနှင့်မျက်ရည်သုတ်ခဲ့ကြရသူတွေမနဲလှပေ... ။ အခုကစ်ချက်က သူတိုကိုယ်စား ရှောင်လုံက အကြွေးတောင်းပေးလိုက်ခြင်းပင်.... ။

ရှောင်လုံက ဟူရှန်ရဲ့ ဥတလုံးကို ချိန်ရွယ်ကာ ဆောင့်နင်းချလိုက်ခြင်းဖြစ်သည် ။ ဟူရှန်ပါးစပ်ကနေ အသတ်ခံရလိုက်သည့် ဝက်တကောင်လို နာနာကျင်ကျင်ညီတွားသံနှင့်အတူ အမြှပ်တစီစီ ထွက်လာသည် ။

မိစ္ဆာနက်မြို့ထဲကလူတွေကတော့ ရှောင်လုံးကစ်ချက်ကိုမြင်တော့ ပျော်ရွှင်စွာဖြင့် စိတ်ထဲမှာကျိတ်ပြီး လက်ခုပ်တီးပေးနေကြလေသည်။ ဝက်တကောင်လို အော်ဟစ်နေသောလူယုတ်မာ ဟူရှန်ကိုကြည့်ရင်း သူတို့စိတ်ထဲမှာ အတော်လေးကို ကျေနပ်ဝမ်းမြောက်နေကြသည်။

လမ်းမထက်မှ လူအုပ်ကြ်ီးရဲ့မျက်နှာထက်မှာ အပြုံးပန်တွေပွင့်လန်းနေသလောက် ကောင်းကင်ဘီလူးဂိုဏ်းသားတွေမျက်နှာတွေကတော့ သွေးရောင်ပျောက်ဆုံးနေကြလေပြီ... ။ အကယ်၍ရှောင်လုံသာ ဟူရှန်ကို သတ်လိုက်မယ်ဆိုရင် သူတို့ကောင်းကင်ဘီလူးဂိုဏ်းလဲ ရှောင်လုံနှင့်အတူတူ အမှုပတ်တော့မှာမဟူတ်ပါလား... ။

သူတို့ကရှောင်လုံကိုတားဆီဖို့ ပြင်ဆင်နေစဉ်မှာ အဝေးကနေ မိုးခြိမ်းသလို အသံတခုထွက်ပေါ်လာပါသည်

".... ရာရာစစ ဘယ်ကောင်ကငါတို့သခင်လေးကို ထိခိုက်အောင်လုပ်ရဲတာလဲ.... !"

ထိုအသံကြောင့် လူအုပ်ကြိးလဲ အံသြမှင်သက်သွားပြီး အသံလာရာသို့ လှမ်းမျှော်ကြည့်လိုက်ကြသည် ။
သူတို့ကြည့်နေစဉ်မှာပဲ အဝေးကလူလေးယောက်က သူတို့ရှိရာသို့ အလျင်အမြန်ပျံသန်းလာနေတာကိုမြင်လိုက်ကြသည် ။ ထိုလူလေးယောက်ကို မျက်ခုံးမွှေးထူထူနှင့် လူကြီးတယောက်က ဦးဆောင်လာခြင်းပင်... ။

"... အဲ့လူကြီးက ဘီလူးကိုးကောင်ဂိုဏ်းက အကြီးအကဲ လင်ရှောင် မဟူတ်လား.... ?"

"... ဟုတ်တယ် ဘီလူးကိုးကောင်ဂိုဏ်းထဲမှာတော့ အကြီးအကဲလင်ရှောင်ထက် အစွမ်းထက်သူဆိုရင် ဂိုဏ်းချုပ် ဟူဟန် နဲ့ စုမိန်းမိန်း တို့ပဲ ရှိတော့တာ... လင်ရှောင်က ကောင်းကင်အဆင့်ရ မှာ အထွတ်အထိပ်အဆင့်ကိုရောက်နေသူတယောက်ပဲ.... "

"...လင်ရှောင်နဲ့အတူ ကောင်ကင်ဘီလူးဂိုဏ်းကညထိပ်တန်းအကြီးအကဲ ရှဲကောင်း ၊ ချန်နန်ဟွာ ၊ လုရီတို့လဲ ပါလာကြတာပဲကိူး.... "

ပတ်ဝန့ကျင်မှ လူအုပ်ကြီးဆီကနေ အံသြထိတ်လန့်စွာဖြင့် တီတိုးရေရွတ်သံတွေထွက်ပေါ်လာကြသည်။

ရှောင်လုံကလဲ ဟူရှန်ကို ထပ်ပြီးနှိပ်စက်ဖို့ လုပ်နေတာကိုရပ်လိုက်ကာ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူကြည့်လိုက်တော့ လူရိပ်လေးခုက သူတို့ရှိနေတဲ့နေရာကိုဦးတည်ပြီး အလွန်လျင်မြန်စွာဖြင့် ပျံသန်းလာနေတာကိုမြင်လိုက်ရသည်။

လင်ရှောင်ပါလား.... ?
ထိုသူလေးယောက်ထဲမှာ အရှေ့ဆုံးကနေဦးဆောင်လာသည့် အဖိုးအိုကိုသာ ရှောင်လုံက အာရုံစိုက်ပြီး အကဲခတ်လိုက်သည်။ လင်ရှောင်ရဲ့အကြောင်းကို ချန်ရှောင်ထျန်က တခါပြောပြဘူးသည်။ ဘီလူးကိုးကောင်ဂိုဏ်းထဲမှာတော့ လင်ရှောင်က စွမ်းအားအရာမှာ အဆင့်၃ နေရာတွင် ရှိနေသူ တယောက်လဲ ဖြစ်သည် ။ လင်ရှောင်ရော ချန်ရှောင်ထျန်ရောက ကောင်းကင်အဆင့်ရ မှာ အထွတ်အထိပ်အဆင့်သို့ရောက်နေကြသူကြီးပဲ ဖြစ်ပေမယ့် တကယ်တမ်း လင်ရှောင်က ချန်ရှောင်ထျန်ထက်ကိုပင် ပိုအစွမ်းထက်သူတယောက်လဲ ဖြစ်သည်။

မျက်စိတမှိတ်အတွင်းမှာပဲ လင်ရှောင် တို့လူက ဟူရှန်အနားသို့ရောက်ရှိလာကြသည်။ လမ်းမထက်သို့ ခြေချပြီးသည့်နှင့် လင်ရှောင် လုပ်လိုက်တာက ပတ်ဝန်ကျင်းကို ပထမဦးဆုံး စေ့စေ့စပ်စပ်နှင့် အကဲခတ်လိုက်ခြင်းပင်... ။ လင်ရှောင်က အဝတ်ဗလာနှင့် ဟူရှန် ကိုမြင်လိုက်သောအခါ သူမျက်နှာက ချုပ်ထိန်း၍ မရလောက်အောင် ပျက်ယွင်းသွားတော့သည်။

"... သခင်လေး... ဘယ်လိုဖြစ်ရတာလဲ...?"

လင်ရှောင်က ဟူရှန်နံဘေးသို့ အလျင်အမြန်ချဉ်ကပ်သွားရင်းမေးလိုက်သည်။

လင်ရှောင်က ဟူရှန်ကို ထမလိုက်သည် ။ ဟူရှန်ရင်ဘတ်က ရှောင်လုံလက်သီးချက်ကြောင့် ချိုင်ဝင့်နေတာကိုမြင်တော့ သူမျက်နှာက ပို၍ ရှုံ့မဲ့သွားလေသည်။ ဟူရှန်အောက်ပိုင်းက ဥတလုံးကြေနေပြီး သွေးအလိမ်းလိမ်းဖြစ်နေတာကိုမြင်တော့ သူ့ရဲ့၉၀ရာခိုင်နှုန်းလောက် ရှုံ့မဲ့နေသည့် မျက်နှာက ၁၀၀ ရာခိုင်နှုန်းအပြည့်ကို ရှုံ့မဲ့သွားပါတော့သည်။ တခြားအကြီးအကဲသုံးယောက်ဖြစ်ကြသည့် ရှဲကောင်း ၊ ချန်နန်ဟွာ နှင့်လုရီ တို့ကလဲ ဒေါသပေါက်ကွဲသွားသည့် မျက်နှာတွေဖြစ်ကုန်ကြသည်။

လင်ရှောင်က ရှောင်လုံကိုချာကနဲ လှည့်ညကည့်လိုက်သည် ။ သူကိုယ်ထဲကနေ လူသတ်ချင်စိတ်တွေက ရေကာတာကျိုးပေါက်လာသလိုမျိုး ဝုန်းဒိုင်းကြဲကာ ထွက်ပေါ်လာလေသည်။ လင်ရှောင်ကိုယ်ထဲကနေ ထွက်လာသည့် လူသတ်အရိပ်အငွေ့တွေကြောင့် ပတ်ဝန်းကျင်မှာလဲ အေးစက်စူရှသည့် လေအေးတွေစတင်တိုက်ခတ်လာလေသည်။

"... မင်းဘယ်လိုသေချင်လဲ ပြောစမ်း....?"

လင်ရှောင်ကစကားတလုံးချင်းဆီကို ဖြည်းဖြည်းနှင့် အလေးအနက်ပြောလိုက်သည် ။ စကားသံမဆုံးခင်မှာပဲ သူ့က မြေအောက်ငရဲကနေ လွတ်မြောက်လာသည့် နတ်ဆိုးတဦးအသွင်ဖြင့် သူကိုယ်ထဲမှ အတွင်းအားတွေ ပေါက်ကွဲထွက်လာသည်။

သူတို့ရဲ့ သခင်လေး ဟူရှန်က သူတို့ဘီလူးကိုးကောင်ဂိုဏ်း ထိန်းချုပ်ထားသည့် မိစ္ဆာနက်မြို့ထဲမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဥတလုံးတောင်မှ နင်းချေခံလိုက်ရတယ်မဟူတ်ပါလား.... ။

သေစမ်း..... !
လင်ရှောင်မျက်လုံးထဲကနေ ရက်စက်ကြမ်းကြုတ်သည့် အနက်ရောင်အလင်းတန်းတွေထွက်ပေါ်လာသည်။

သို့ပေမယ့် လင်ရှောင်အတွင်းအားတွေကို အကုန်ထုတ်ကာ တိုက်ခိုက်မှု မစတင်နိုင်ခင်လေးမှာပဲ သူရှေ့သို့လူရိပ်တခုက ဖျက်ကနဲရောက်ရှိလာပါသည် ။ ထိုလူရိပ်ဆီကနေ တောင်တတောင်လုံး ပြိုကျသွာစနိုင်လောက်အောင် ပြင်းထန်သည့် လက်သီးတချက်ထွက်ပေါ်လာသည် ။

စာအုပ်အသစ်ထွက်ပြီနော်
အားပေးကြပါအုံး
စာအုပ်အမည် 📚 ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်(ရှောင်လုံ) ၊ (စာစဉ် - ၂၃)
စာရေးသူ 🖋 Tun Myint Aung

စာမြည်း။ ။ ဟီဟိုင်နှင့် လူဂျင်တို့ကလည်း ထိုမြင်ကွင်းကို မရည်ရွယ်ပဲ ကြည့်ဖြစ်သွားကြသည်။ လူခိုင်က ဆံပင် အနက်ရောင်နှင့် လူငယ်လေး မျက်နှာကို မြင်လိုက်သော အခါ တစ်ကိုယ်လုံး တုန်လာပြီး မျက်လုံးတွေက မယုံကြည်နိုင် သလိုမျိုး ပြူးကျယ် သွားလေသည်။ ထိုနောက် သူ့နှုတ်ခမ်းတွေက တစ်စုံတစ်ရာကို ပြောချင်စိတ်ဖြင့် တဆတ်ဆတ် တုန်ယင်လာသည်။ လူခိုင်က သူမသေချင်မှာ ရှောင်လုံကိုမြင် လိုက်ရုံနဲ့တင် သူ့ရင်ထဲမှာ အပျော်များဖြင့် ပြည့်နှက် သွားသည်။
လူအုပ်ကြီးက ရှောင်လုံနှင့် ဖန်ယန်တို့ ဝင်နိုင်အောင် လမ်းဖယ် ပေးလိုက်ကြသည်။ ရင်ပြင်ကျယ် ပတ်ဝန်းကျင်အား တင်းကျပ်စွာ တားဆီး ပိတ်ဆို့ထားသည့် အစောင့်တွေက ရှောင်လုံတို့ နှစ်ယောက်အား ရှေ့ဆက်ပြီး တိုးမလာဖို့ အတွက် အော်ဟစ် အမိန့်ပေး လိုက်ကြသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၇၂ .....

  သေစမ်း..... !
လင်ရှောင်မျက်လုံးထဲကနေ ရက်စက်ကြမ်းကြုတ်သည့် အနက်ရောင်အလင်းတန်းတွေထွက်ပေါ်လာသည်။

သို့ပေမယ့် လင်ရှောင်အတွင်းအားတွေကို အကုန်ထုတ်ကာ တိုက်ခိုက်မှု မစတင်နိုင်ခင်လေးမှာပဲ သူရှေ့သို့လူရိပ်တခုက ဖျက်ကနဲရောက်ရှိလာပါသည် ။ ထိုလူရိပ်ဆီကနေ တောင်တတောင်လုံးကိုတောင် ပြိုကျသွားစေနိုင်အောင် ပြင်းထန်သည့် လက်သီးတချက်ထွက်ပေါ်လာသည် ။ လင်ရှောင်လဲ အံသြထိန်လန့်သွားပြီး ကာကွယ်နိုင်ဖို့ အလျင်အမြန်ကြိုးစားလိုက်သည် ။ ဒါပေမယ့် သူ့ရင်ဘတ်တခုလုံးကြေမွသွားသလိုမျိုး နာကျင်မှုကို ခံစားလိုက်ရ၏ ။ လင်ရှောင်က သူ့ရင်ဘတ်ကိုထိမှန်နေသော လက်သီးကို အံသြမှင်သက်စွာဖြင့်ငေးကြည့်နေလေသည်။

ထိုနောက် ချက်ချင်းဆိုသလို လင်ရှောင်တယောက် သွေးတွေအန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ကလဲ လမ်းထောင့်နားသို့ရောက်သည့်အထိ ယိုင်ထိုးကာဆုတ်ပေးလိုက်ရသည် ။ လမ်းထောင့်ကိုရောက်တော့ မြေကြ်ီးပေါ်သို့လဲကျသွားလေသည်။

ရှောင်လုံကတော့ လက်သီးသိုင်းကိုပြန်ရုတ်သိမ်းရင်း မြေကြီးပေါ်မှာလဲကျနေတဲ့ လင်ရှောင်ကိုအေးစက်စက် လှမ်းကြည့်လိုက်သည် ။လမ်းမပေါ်မှ လူတွေအကုန်လုံးကလဲ လင်ရှောင်လိုလူမျိုးက အခုလိုအဖြစ်ဆိုးကြုံတွေရလိမ့်မယ်လို့ မထင်ထားသောကြောင့် လင်ရှောင်ကို အံသြမှင်သက်စွာဖြင့် မယုံနိုင်သလို ငေးကြည့်နေကြသည်။

ဘီလူးကိုးကောင်ဂိုဏ်း၏ တတိယမြောက် အစွမ်းအထက်ဆုံး လင်ရှောင်က ရှောင်လုံရဲ့ လက်သီးချက်တခုကိုတောင် ခုခံနိုင်စွမ်း မရှိလိမ့်မယ်လို့ သူတို့ကထင်မထားကြပေ ...။
လင်ရှောင်ဆိုတာက ကောင်းကင်ဘီလူးဂိုဏ်းချုပ် ချန်ရှောင်ထျန်ထက်ကိုပင် ပိုအစွမ်းထက်သည့် ကောင်းကင်အဆင့် ၇ အထွပ်အထိပ်ကိုရောက်နေတဲ့ သိုင်းသမားတဦးတယောက်ပါလား ...။

လင်ရှောင်နှင့်အတူရောက်လာကြသည့် ရှဲကောင်း ၊ ချန်နန်ဟွာ နှင့် လုရီတို့ပင် လင်ရှောင်တယောက် အခုလောက်ထိ အဖြစ်ဆိုးသွားလိမ့်မည်လို့ ထင်မထားကြပေ..။ သူတိုက ကောင်းကင်ဘီလူးဂိုဏ်းမှ ချန်ရှောင်ထျန်ထဲ့ပေးလိုက်သော ဂိုဏ်းသားနှစ်ယောက်နှင့်အတူ မြေကြီးပေါမှာ လဲကျနေသော လင်ရှောင်ကိုကြည့်ရင်း အံသြမှင်သက်နေကြလေသည်။ 

ခနလောက်ကြာတော့မှ ရှဲကောင်းတို့က ပြန်ပြိ်းသတိဝင်လာကြသည် ။

"... အကြီးအကဲ လင် ..."

သူတို့က စိုးရိမ်တကြီးအော်ဟစ်ကာ လင်ရှောင်ကို ထူမဖို့အတွက် လင်ရှောင်လဲကျနေသည့်နေရာသို့ ခပ်သုတ်သုတ်ပြေးသွားကြသည် ။ သူတို့က လင်ရှောင်ကို ဖေးမဖို့ အတွက် အလုပ်များနေကြစဉ် ရှောင်လုံ ပုံရိပ် သူတို့နားကိုဖျက်ကနဲ ရောက်ရှိလာသည် ။ ရှဲကောင်း ၊ ချန်နန်ဟွာ နှင့် လုရီတို့က သတိတချက်ကလေးမှ မလွတ်ရဲပဲ ရှောင်လုံကို မျက်စိဒေါက်ထောက်ကာ စောင့်ကြည့်နေလေသည် ။ သူတို့စောင့်ကြည့်နေစဉ်မှာပဲ ဗုဒ္ဓရုပ်ပွားတော်တဆူမှ လင်းလောက်တောက်ပသော ဗုဒ္ဓရောင်ခြည်တော်တွေက  ထွက်ပေါ်လာတာကို အံသြစဖွယ်မြင်တွေ့လိုက်ရသည်။ ထိုရောင်ခြည်တော်တွေက ရှဲကောင်း ၊ ချန်နန်ဟွာနှင့် လုရိတို့ကို မုန်တိုင်းတခုသဖွယ်သယ်ဆောင်သွားတော့သည်။ထိုမုန်တိုင်းကြီးက သူတို့ထူမပေးထားသည့် လင်ရှောင်ကိုလဲ သူတို့နဲ့ အတူ ခေါ်ဆောင်သွားတော့သည် ။

ဘီလူးကိုးကောင်ဂိုဏ်းက ရောက်ရှိလာသည့် တပ်ကူလေးယောက်ထဲမှာ လင်ရှောက်တယောက်သာ ကောင်းကင်အဆင့်၇ အထွတ်အထိပ်မှာ ရှိနေတာဖြစ်သည် ။ တခြားအကြီးအကဲသုံးယောက်ထဲမှ အစွမ်းအထက်ဆုံးသူက ကောင်းကင်အဆင့် ၇ စဥိးအဆင့်သာ ရှိသေးသည် ။

ရှောင်လုံ၏ လက်ရှိအမြန်နှုန်းက သူရဲ့ သရဲအရိပ်ကိုယ်ဖော့သိုင်းနှင့်အတူ တွဲဖက်၍ အသုံးလိုက်မယ်ဆိုရင် ကောင်းကင်အဆင့်၈ စဦးအဆင့် သိုင်းသမားတယောက်ရဲ့ အမြန်နှုန်းလောက်ကို မြန်ဆန်လေသည်။
အကြီးအကဲသုံးယောက်ကိုမဆိုထားနှင့် လင်ရှောင်ကိုယ်တိုင်တောင်မှ ရှောင်လုံရဲ့ လှုပ်ရှားမှုတွေကို သဲသဲကွဲကွဲမြင်နိုင်စွမ်းမရှိပေ ..။

ရှောင်လုံ၏ ကမ္ဘာဗုဒ္ဓလက်ဝါးတချက်ထဲနှင့် လင်ရှောင်တို့လေးယောက်စလုံး လွှင့်ထွက်သွားကြခြင်းဖြစ်သည် ။ ရှောင်လုံကတော့ သူတို့လဲကျနေသည့်နေရာသို့ တည်တည်ငြိမ်ငြိမ်ဖြင့် လမ်းလျှောက်လာလိုက်သည် ။

အမှန်တော့ လင်ရှောင်က သူ့ရဲ့အစွမ်းနဲ့ဆိုရင် သူသာသတိလက်လွတ်ဖြစ်မနေခဲ့ပါက ရှောင်လုံသိုင်းကွက် တော်တော်များများကို ရှောင်တိမ်းနိုင်စွမ်းရှိပါသည်။ သို့ပေမယ့် အခုချိနိမှာတော့ အရမ်းကိုနောက်ကျသွားခဲ့လေပြီ ...။ လင်ရှောင်ကိုယ်တိုင်လဲ ရှောင်လုံလက်ချက်ဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားခဲ့လေပြီ ..။ အခုချိန်မှာတော့ ရှောင်လုံသိုင်းကွက်ကို ခုခံနိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ကို ခဲယဉ်နေပြီပဲ ဖြစ်သည်။

  မြေကြီးပေါ်မှာ လဲကျနေသည့် လူလေးယောက်ကိုကြည့်ရင်း ရှောင်လုံမျက်လုံးထဲမှာ အေးစက်စက်အလင်းတန်းတွေတောက်ပလာလေသည် ။ ထိုနောက် ရှောင်လုံလက်ထဲသို့ တလက်လက်တောက်ပနေသည့် နတ်ဓားနှစ်လက်ရောက်ရှိလာလေသည်။ ရှောင်လုံက သူ့လက်ထဲမှာ သိမ်းထားသည့် နတ်ဓားနှစ်လက်ကို အပြင်ဘက်သို့ခေါ်ထုတ်လိုက်ခြင်းပင် ...။ ရှောင်လုံလက်ထဲက မျက်စိကျိမ်းမတတ်တောက်ပနေသည့် နတ်ဓားနှစ်လက်ကိုကြည့်ရင်း ဘီလူးကိုးကောင်ဂိုဏ်းက ထိပ်တန်းအကြီးအကဲလေးယောက်ရဲ့ မျက်နှာတွေထက်မှာ ကြောက်ရွံတုန်လှုပ်မှုအရိပ်အယောင်တွေ အထင်သားပေါ်လာကြသည်။

"... မင်း .... မင်း ...."

လင်ရှောင်နှင့် တခြားအကြီးအကဲသုံးယောက်တို့က ရှောင်လုံးမတိုက်ခိုက်သေးသည့် အခွင့်အရေးကိုအသုံးယြချကာ လေးဖက်လေးလံ ခွဲပြေးဖို့ ကြံစည်လိုက်ကြသည်။ သူတို့ကိုကြည့်ရင်း ရှောင်လုံက ခပ်မဲ့မဲ့ပြုံးလိုက်လေသည်။
ဝှစ် ...ဝှစ် ....
ထိုနောက် သူ့လက်ထဲမှ နတ်ဓားတွေကို ဝေ့ယမ်းလိုက်သည်။ လေထဲမှာ အေးစက်စက် ဓားရောင်ခြည်တန်းအမြောက်အများ တွေထွက်ပေါ်လာပါသည်။ ထိုနောက် တချိန်ထဲလိုလိုမှာပဲ မတူညီသောနေရာတွေမှ အော်သံလေးခုက တပြိုင်နက်ထဲကို ထွက်ပေါ်လာပါသည်။

လင်ရှောင် နဲ့ အကြီးအကဲသုံးယောက်တို့၏ လည်ပင်းကနေသွေးတွေ ပန်းထွက်လာနေတာကိုကြည့်ရင်း လူအုပ်ကြီးနှင့်အတူ ကောင်းကင်ဘီလူးဂိုဏ်းသားနှစ်ယောက်က ကြက်သေသေသွားကြသည် ။ လင်ရှောင်တို့လည်ပင်က သွေးတွေကြောင့် မြေပြင်တခုလုံး သွေးချင်းချင်းနီရဲသွားလေသည်။

ဘီလူးကိုးကောင် ဂိုဏ်းချုပ် ဟူဟန်အတွက်တော့ လင်ရှောင်က အရမ်းကိုအားကိုရသည့် ညာလက်ရုံးတယောက်ပင်ဖြစ်သည်။ ရှဲကောင်း ၊ ချန်နန်ဟွာ နှင့် လူရီတို့ကလဲ ဟူဟန်ကို အလွန်အမင်းသစ္စာရှိကြသူတွေဖြစ်သည် ။ ရှောင်လုံက သူဘီလူးကိုးကောင်ဂိုဏ်းကို ချေမှုန်းဖို့အတွက် ဆုံးဖြတ်လိုက်ပြီးကတည်းက ဟူဟန်ရဲ့ အင်အားတွေအားနဲကုန်အောင်လို့ သူဘေးနားကအားကိုရသည့် လူရင်းတွေကိုအရင်ဆုံး အပြတ်ရှင်းဖို့ ကြံရွယ်ထားလေသည်။

လင်ရှောင်တို့လေးယောက်ကို အပြတ်ရှင်းပြီးတဲ့နောက် ရှောင်လုံက သူကိုအံသြမှင်သက်စွာ ငေးကြည့်နေတာတွေကို လျစ်လျူရှုရင်း ဟူရှန် ရှိနေသည့်နေရာသို့ ချဉ်းကပ် သွားသည် ။

  ဥတလုံးကြေနေသည့် ဟူရှန် ဒုက္ခကလဲမသေးလှပေ ..။ ဟူရှန်က သူ့အောက်ပိုင်းကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ မျက်နှာကလဲ နာကျင်လွန်းတာကြောင့် ရှုံမဲ့နေသည် ။ ရှောင်လုံသူ့အနားကိုလာတာမြင်တော့ ဟူရှန်မျက်နှာထက်မှာ သေခြင်းအရိပ်အယောင်တွေက ဖုံးအုပ်လာနေသလိုမျိုး  သူ့မျက်နှာတလုံးက တဖြည်းဖြည်း မဲမှောင်လာသည်။

ဟူရှန်ကကြောက်လန့်တကြားဖြင့် အော်ဟစ်တောင်းပန်လိုက်သည်
"....အကိုလေး ကျွန်တော်ကိုမသတ်ပါနဲ့ ....ကျွန်တော့ကိုမသတ်ပါနဲ့ဗျာ ...ကျွန်တော်ကအခုမှငယ်ငယ်ပဲရှိသေးတာ ...ကျွန်တော်မသေချင်သေးဘူး .....!"

ရှောင်လုံက အကြီးအကဲရှောင်တို့လေးယောက်ကို ကြက်ကလေးငှက်ကလေး သတ်သလို သတ်ထားတာကိုမြင်တော့ ဟူရှန်က သူ့အလှည့်ရောက်လာမှာကို အရမ်းကြောက်လန့်နေသည် ။

"...စိတ်မပူပါနဲ့ ...ငါမင်းကိုမသတ်ပါဘူး ..."

ရှောင်လုံက အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်သည်။ ဟူရှန်က သူ့အပြစ်တွေကြောင့် အကြိမ်တထောင်မကသေဖို့ထိုက်တန်ပေမယ့် ရှောင်လုံက သူ့ကိုအသုံးချသရာနေရာရှိသေးတာကြောင့် လောလောဆယ်မှာအသက်ချမ်းသာပေးထားလိုက်သည်။

ရှောင်လုံက သူ့ကိုမသတ်ဘူးလို့ပြောတာကိုကြားတော့ ဟူရှန်စိတ်ထဲမှာ ပျော်ရွှင်မှုတဝက် ကြောက်လန့်မှုတဝက်ဖြစ်နေလေသည်။  ထိုအခါကြမှ ဟူရှန်ကသက်ပြင်းတချက်မှုတ်ထုတ်လိုက်သည်။ သူအထင် သူက ဘီလူးကိုးကောင်ဂိုဏ်းချုပ်ရဲ့ သားဖြစ်တာကြောင့် ရှောင်လုံက သူ့ဂုဏ်ပုဒ်ကိုကြောက်ရွံပြီး မသတ်တာလို့ ထင်နေသည်။ ထိုကဲ့သို့တွေးမိလိုက်သောအခါ ဟူရှန်ရင်ထဲမှာ သတ်ချင်ဖြတ်ချင်စိတ်တွေဖြစ်ပေါ်လာသည်။ ဟူရှန် သူ့အဖေ ဟူဟန် နှင့်ဘီလူးကိုးကောင်ဂိုဏ်းမှ တခြားအကြီးအကဲတွေ အမြန်ဆုံးရောက်လာပါစေလို့သာ စိတ်ထဲကျိတ်၍ ဆုတောင်းနေသည်။
သူအဖေရောက်လာလို့ကတော့ ရှောင်လုံကို သူအခုခံနေရတာထက် အဆတထောင် အဆတသောင်းလောက် ပြန်နှိပ်စက်မယ်လို့လဲ စိတ်ထဲမှာ ကြိမ်းဝါးထားသည်။

  ရှောင်လုံက ဟူရှန်အကြံအစည်တွေအကုန်လုံးကို သူ့မျက်လုံးထဲမှာ ဖတ်လိုက်မိတာကြောင့် ရှောင်လုံမျက်နှာထက်မှာ ခနဲ့ပြုံးတခုပေါ်ပေါက်လာသည်။ ရှောင်လုံက အကြံကြီးသည့်ဟူရှန်ကိုကြည့်ရင်း တိတ်တဆိတ်ပဲ ရယ်မောလိုက်သည်။

ထိုနောက် ရှောင်လုံက ဟူရှန်တယောက် အတွင်းအားတွေကိုအသုံးမပြုနိုင်အောင် အတွင်းအားသွောကြောမကြီးတွေကို ပိတ်ထားလိုက်သည်။ ထိုနောက်ဟူရှန်ကို ကောင်ကင်ဘီလူးဂိုဏ်းဋ္ဌာနချုပ်သို့ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။

ကျောက်သားပြင်လမ်းမထက်ကနေ တရွတ်တိုက်ဆွဲခေါ်ခြင်းခံလိုက်ရတာကြောင့် ဟူရှန်အောက်ပိုင်းတခုလုံး စုတ်ပြတ်သတ်ကုန်ကာ သူ့ဆီကနေ အော်ဟစ်ငြီးတွားသံတွေအဆက်မပြတ်ထွက်ပေါ်လာပါသည် ။ ရှောင်လုံက ဟူရှန်ကို ဆွဲခေါ်သွားတာ တော်တော်ဝေးဝေးကိုရောက်ချိန်ကြမှ ငေးတိငေးကြောင်ဖြစ်နေကြသည့် ကောင်ကင်ဘီလူးဂိုဏ်းသားနှစ်ယောက်လဲ သတိပြန်ဝင်လာကြသည်။ သူတို့နှစ်ယောက်က ရှောင်လုံအနောက်သို့ အလျင်အမြန်လိုက်သွားကြသည်။ ရှောင်လုံအနားကို ရောက်တော့ ရှောင်လုံကိုရပ်တန့်ခိုင်းချင်ပေမယ့် သူတို့ဆီမှာအဲ့လောက်ထိ သတ္တိမရှိကြပေ ...။

ဘီလူးကိုးကောင်ဂိုဏ်း၏ ဋ္ဌာနချုပ်အတွင်း၌
ဟူရှန်က မျက်မှောင်ကြုတ်ရင်း ဂိုဏ်းချုပ်ထိုင်ခုံထက်မှာ ထိုင်နေသည်။
အခုဆိုရင် သူက လင်ရှောင်ကို ဟူရှန်အားကူညီဖို့စေလွှတ်ထားခဲ့တာ အချိန်တော်တော်လေးကိုကြာမြင့်နေပြီပဲဖြစ်သည် ။ အခုထိ လင်ရှောင်ဆီကနေ ကိစ္စကိုဖြေရှင်းပြီးကြောင့် သတင်းပို့တာကို မကြားသေးတာကြောင့် ဟူဟန်က မျက်မှောင်ကြုတ်နေခြင်းပင်ဖြစ်သည်။

  ဟူဟန်ထိုင်ခုံထက် အနဲငယ်နိမ့်သောနေရာမှာထိုင်နေသူကတော့ ဖြူဝင်းတောက်ပနေသည့် အသားကိုပိုင်ဆိုင်ထားသော ဆွဲမက်ဖွယ်ရာ မိန်းမပျိုလေးတယောက်ပင်ဖြစ်သည်။ ဒါပေမယ့် သူမရဲ့ လက်သည်းတွေက သာမန်ထက်ကိုသိသိသာသာ ရှည်လျားလေသည်။ သူမက ကျောက်စိမ်းကဲ့သို့ အစိမ်းရောင်ဝတ်စုံကိုဆင်မြန်းထားသည် ။ သူမကတော့ ကောင်ကင်ဘီလူးဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ဖြစ်သူ စုမိန်းမိန်း ပင်ဖြစ်သည်။ သူမက သိုင်းပညာပိုင်းမှာ ဟူဟန် နီပါးလောက်ကိုအစွမ်းထက်သူတယောက်ဖြစ်သည်။

"... ဂိုဏ်းချုပ် ... ကျွန်မ အခြေအနေ သွားကြည့်လိုက်ရမလား...?"

ဟူဟန်ရဲ့ တင်းမာနေသော မျက်နှာထားကိုကြည့်ရင်း စုမိန်းမိန်းက ပြောလိုက်သည်။အရမ်းကြာနေတာတောင် လင်ရှောင်နှင့် တခြားအကြီးအကဲသုံးယောက်စလုံးဆီက ဘာသတင်းမှမရတာကိုမြင်တော့ သူမကိုယ်တိုင်လဲ အံအားသင့်နေသည်။

"... ဂိုဏ်းချုပ်.... အကြီးအကဲ လင် ရဲ့ အစွမ်းနဲ့ဆိုရင် မိစ္ဆာနက်မြို့တမြို့လုံးမှာ သူ့ကိုအနိုင်ယူနိုင်တဲ့လူဆိုလို့ သွေးမျိုကျောင်းကကျောင်းအုပ် ဂျန်ထျန်ဟွမ် တယောက်လောက်ပဲ ရှိပါတယိ ...."

ထိုအချိန်၌ ဘီလူးကိုးကောင်ဂိုဏ်းမှ အကြီးအကဲတယောက်က မတ်တပ်ရပ်ရင်းပြောလိုက်သည်

".... ဒါကြောင့်မို့ ... ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်ချုပ်တို့ အဲ့လောက်ထိကြီး စိုးရိမ်နေစရာမလိုပါဘူး...ကျွန်တော်အထင်တော့ အကြီးအကဲ လင်တို့က သတင်းပို့ဖို့ သတိမေ့နေကြတာနေမှာပါ ... သိပ်မကြာခင် သူတို့ပြန်ရောက်လာကြမှာပါ ...."

ဟူဟန်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ ထိုအကြီးအကဲပြောသည့် စကာူက အမှန်ပင် ...။ မိစ္ဆာနက်မြို့ထဲမှာတော့ သူနဲ့ စုမိန်းမိန်းကလွဲ၍ လင်ရှောင်ကို ယှဉ်နိုင်တဲ့သူက ဂျန်ထျန်ဟွမ် တယောက်သာရှိလေသည် ။ ထိုအချက်ကို စဉ်းစားမိတော့ ဟူဟန်စိတ်ထဲမှာ ပူပန်နေသည့် သောကတဝက်လောက်က လျော့ကျသွားလေသည်။

ဟူဟန် မျက်နှာထားက ပြန်ပြီးကြည်ကြည်လင်လင် ဖြစ်လာစဉ်မှာပဲ ဘီလူးကိုးကောင်ဂိုဏ်းသားတယောက်က ခန်းမတောင်ထဲသို့ ဝရုန်သုန်းကားပြေးဝင်လာသည်။ သူပုံစံက အရမ်းကိုကြောက်လန့် တုန်လှုပ်နေဟန်ရသည်။ ထိုဂိုဏ်းသား၏ အမူအရာကိုမြင်တော့ ဟူဟန်တယောက် သူရင်ထဲမှ ကြည်လင်နေသောစိတ်လေးက ပြန်ပျောက်သွားပြီး မျက်မှောင်ကြုတ်သွားပြန်သည်။ 

ခန်းမဆောင်ထဲက အကြီးအကဲတွေအကုန်လုံးရဲ့အကြည့်တွေက ထိုဂိုဏ်းသား အပေါသို့ ကျရောက်သွားကြသည် ။ ဂိုဏ်းသားက ဟူဟန်အရှေ့ကိုရောက်တော့ ကပျာကရာ ဒူးထောက်ချလိုက်ပြီး သူ့ပါးစပ်ကတလစပ်ရေရွတ်သံထွက်ပေါလာသည် ။

"... ဂိုဏ်းချုပ်ကြီး ...မကောင်း...မကောင်းတော့ဘူး ..."

  ထိုဂိုဏ်းသားရဲ့စကားကိုကြားလိုက်တော့ ဟူဟန်မျက်နှာတခုလုံး ရှုံ့မဲ့သွားကာ သူက ငေါက်ငမ်း၍ မေးလိုက်သည်

"... ဟေ့ကောင် ....မကောင်ဘူး...မကောင်းဘူး ပြောမနေနဲ့ ...ာဖြစ်လာတာလဲ ပြောဟ ...."

"... ဂိုဏ်းချုပ်ကြီး .... အကြီးအကဲလင် ....သူ....သူ....သူတို့အကုန်လုံး အသတ်ခံလိုက်ရပြီ ...."

"... ဘာပြောတယ် ...?"
ဟူဟန်ဒေါသတွေက ခန်းမဆောင်တခုလုံးကို ဗုံးတလုံးပေါက်ကွဲသွားသည့်နှယ် ပျံနှံသွားသည်။  ခန်းမဆောင်ထဲမှာ ရှိနေကြသော လူတွေရဲ့စိတ်ထဲမှာလဲ အံသြပြီး မယုံနိုင်အောင်ဖြစ်နေကြသည် ။ ဟူဟန်နှင့် စုမိန်းမိန်းတို့ရဲ့ မျက်နှာထားတွေကတေ့ာတင်းမာ ခက်ထန်ကုန်ကြသည်။

".မင်းတုိ့သခင်လေး ဟူရှန်ရော ဘယ်မှာလဲ ...?"

ဟူရှန်က ထိုင်နေရာကနေ ခုန်ထိကာ ဒေါသတကြီးဖြင့် မေးမြန်းလိုက်သည် ။

"... သခင်...သခင်လေး အဲ့လူသတ်သမားက ဖမ်းဆီးခေါ်ဆောင်သွားပါတယ် ..."

ဘီးလူးကိုးကောင်ဂိုဏ်းသားက ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြန်ဖြေလိုက်သည် ။

"... ဖမ်းသွားတယ် ...ဟူတ်လား ....?"

အဲ့ဒါကိုကြားတော့မှ ဟူဟန်က သက်ပြင်းချလိုက်နိုင်သည် ။ ဖမ်းသွားတယ်ဆိုကတည်းက သူ့သားအသက်ရှင်ရက်ရှိနေနိုင်သေးတယ်မဟူတ်ပါလား ....။

"... ဒါပေမယ် ...သခင်လေး ...သူ....သူ....."

ထိုဂိုဏ်းသားက ဆက်ပြောရမှာကို ကြောက်နေသည်နှယ် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။

"... ဟေ့ကောင် ... မင်းအရင်သေချင်နေတာလား ...ဘာတွေတွန့်ဆုတ်တွန်ုဆုတ်ဖြစ်နေရတာလဲ ... ပြောစမ်း ... မင်းတို့သခင်လေး ဘာဖြစ်လဲဆိုတာကို ...."

"... အဲ့ဒီလူသတ်သမားက သခင်လေးရဲ့ ....ဥ....ဥတလုံးကို နင်းချေပလိုက်ပါတယ် ... သခင်လေး ဒီတသက်တော့ သူညီလေးကို အသုံးမချနိုင်တော့ထင်ပါတယ် ....."

ဥတလုံးနင်းချေခံလိုက်ရတယ် ....?
ဘီလူးကိုးကောင်ဂိုဏ်းက အကြီးအကဲတွေအကုန်လုံး အံသြမှင်သက်ကုန်ကြသည်။ ထိုနောက် သူတို့မျက်နှာတွေက ထူးဆန်းအံသြသည့်အမူအရာတွေဖြစ်ပေါ်လာကြသည် ။

"... ဟေ့ကောင် ...မင်းဘာပြောလိုက်တယ် ...?"

ဟူဟန်ဆီကနေ ဒေါသတကြီးဟိန်းဟောက်မေးမြန်းသံထွက်ပေါလာသည် ။ ထိုနောက် ပုလ္လင်ထက်မှာထိုင်နေသည့် သူ့လူရိပ်ကပျောက်ကွယ်သွားပြီး သတင်းလာပို့သည့် ဂိုဏ်းသားအနားသို့ ဖျက်ကနဲ ရောက်ရှိသွားသည်။

သူ့က သတင်းလာပို့သည့် ဂိုဏ်းသားကို အကျီကော်လံကနေ လေပေါသို့ဆွဲမြှောက်လိုက်လေသည် ။ ထိုကိုယ်သူထဲကနေ လူသတ်ခြင်စိတ်တွေက ဟာရီကိန်းမုန်တိုင်းတခုလို ပြင်းထန်စွာတိုက်ခတ်နေသည်။

ဟူဟန် လေထဲဆွဲမြှောက်တာကို ခံလိုက်ရတော့ ထိုဂိုဏ်းသားရဲ့ မျက်နှာလဲ လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားပြီး မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားလေသည်။

"...သ..သခင်လေး ....သူ...သူ....."

သူက ထစ်ထစ်ငေါ့ငေါ့ဖြင့် ဗလုံးပထွေရေရွတ်လိုက်လေသည် ။ ထိုဂိုဏ်းသား ဖြစ်ပျက်နေပုံကိုမြင်တော့ ဟူဟန်စိတ်ထဲမှာ ပိုပြီးဒေါသပေါက်ကွဲသွားလေသည်။ ဟူဟန်က ဂိုဏ်းသားရဲ့ ရက်ဘတ်ကို လက်ဝါးတချက်ရိုက်ချလိုက်သည်။ ဟူဟန်လက်ဝါးချက်ကြောင် ထိုဂိုဏ်းသားလဲ ခန်းမဆောင်အပေါက်ဝထိအောင် လွင့်ထွက်သွားလေသည်။ ခန်းမဆောင်အပေါက်ဝမှာ ပိတ်ဆို့ကာရံထားသည့် ကျောက်တံခါးကြီးနှင့်တိုက်မိကာ မြေကြီးပေါ်သို့ ပြန်ပြီးပြုတ်ကျလာလေသည် ။

ဂိုဏ်းသားက မြေကြီးပေါကနေ အတင်း ကုန်ရုံးထလာပြီး ဒူးထောက်ချလိုက်ကာ

"....ဂိုဏ်းချုပ်ကြီး ညှာတာပေးပါ ...ညှာတာပေးပါ ...."

ဟူဟန်က "... ဟွန့် ..." ကနဲ့ အသံပြုလိုက်ပြီး

"... မင်းမြင်တွေ့ခဲ့ရတာတွေကို တခုမကျန်အသေးစိတ် ပြန်ပြောပြစမ်း  ..."

ဟူဟန်အနေနဲ့ အကြီးအကဲလင်တို့ ဘယ်လိုဘယ်ပုံသေဆုံးသွားတယ်ဆိုတာကို အရမ်းသိချင်နေခြင်းကြောင့်သာ ထိုဂိုဏ်းသားက အခုလိုမျိုး အသက်ဆက်ရှင်ခွင့်ရခဲ့တာဖြစ်သည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း၂၇၃ ...... ကောင်းကင်ဘီလူးဂိုဏ်းအားဖြိုခွင်းရန်ကြံသည်ခြင်း

"... ကောင်းပါပြီ ဂိုဏ်းချုပ် ...."

ဘီလူးကိုးကောင်ဂိုဏ်းသားက ကြောက်ကြောက်လန့်လန့်ဖြင့် သူသိသမျှအားလုံးကို အသေးစိတ်ပြန်ပြောင်း ပြောပြလိုက်သည်။ ဂိုဏ်းသားပြန်ပြောင်းပြောပြသည့်အထဲမှ ထိုလူငယ်က သူ့သားအောက်ပိုင်းကိုနင်းချေလိုက်သည့်အပိုင်းကိုရောက်တော့ ဟူဟန်မျက်နှာက အေးစက်မာကျောသွားလေသည်။ ရှောင်လုံက လင်ရှောင်ကိုလက်သီးတချက်ထဲနဲ့ ဒဏ်ရာရစေခဲ့ပြီး ရှဲကောင်း ၊ ချန်နန်ဟွာ နှင့် လုရီတို့သုံးယောက်ကိုလဲ လက်ဝါးတချက်ထဲနှင့် အဝေးသို့လွင့်ထွက်သွားစေတာကိုကြာူလိုက်ရတော့ ဟူဟန် ၊စုမိန်းမိန်းနှင့် တခြားအကြီးအကဲတွေအကုန်လုံးက မယုံနိုင်လောက်အောင် အံအားသင့်ကုန်ကြလေသည်။

ဘီလူးကိုးကောင်ဂိုဏ်းသားက သူ့ကိုဝိုင်းကြည့်နေကြသောလူတွေကိုကြည့်ရင်း အသံတုန်တုန်ဖြင့် ထပ်ရှင်းပြလိုက်သည်

".... အဲ့ဒိဆံပင်အနက်ရောင်နဲ့ကောင်က အကြီးအကဲအကုန်လုံးကိုဒဏ်ရာရအောင်လုပ်ပြီးတဲ့နောက်မှာ သူက အကြီးအကဲလင် တို့ထွက်မပြေးနိုင်ခင်လေးမှာပဲ သူတို့လည်ပင်းတွေအကုန်လုံးကိုလှီးပြီးအချိန်မှီ သတ်ပလိုက်ပါတယ် ...."

အဲ့ဒိအကြောင်းကိုကြားလိုက်ရတော့ ဟူဟန်မျက်နှာထားက ထိန်းချုပ်မရအောင် ပျက်ယွင်းသွားသည် ။ဟူဟန်က သူ့မျက်လုံးတွေထဲမှာပေါနေသည့် အံသြထိတ်လန့်မှုတွေကို ထိန်းချုပ်မထားနိုင်တော့ပေ ...။

"... အဲ့နောက် ဘာဆက်ဖြစ်လဲ ..?"

ဟူဟန်က တည်ကြည်နေသောမျက်နှာထားဖြင့် မေးလိုက်သည်။

".... အဲ့ကောင်က အကြီးအကဲလေးယောက်ကို သတ်ပြီးတဲ့နောက် သခင်လေးကို ကောင်းကင်ဘီလူးဂိုဏ်းဋ္ဌာနချုပ်တည်နေရာကို တရွတ်တိုက်ဆွဲပြီး ခေါ်သွားပါတယ် ... "

ဂိုဏ်းသားက အလျင်အမြန်ပြန်ဖြေလိုက်၏ ။

"... ဘယ်လို ကောင်းကင်ဘီလူးဂိုဏ်း၏ ဋ္ဌာနချုပ်ထဲကို ဟူတ်လား ...?"

ခန်းမဆောင်ထဲက လူတွေအကုန်လုံး ကြံရာမရဖြစ်ကုန်ကြသည် ။

"... အဲ့ဒိဆံပင်အနက်နဲ့ကောင်က ချန်ရှောင်ထျန်ငှါးထားတဲ့ ပရော်ဖက်ရှင်နယ် သိုင်းသမားတယောက်များလား ....?"

".... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီဆံပင်အနက်နဲ့ကောင်က ကောင်ကင်ဘီလူးဂိုဏ်းနဲ့ တနည်းနည်းကိုပတ်သတ်နေရမယ် ....."

ကောင်းကင်ဘီလူးဂိုဏ်းမှအကြီးအကဲတွေက တယောက်ပြီးတယောက် သူတို့အမြင်တွေကို ထုတ်ပြောလိုက်ကြသည် ။ ဒုတိယတယောက်ရဲ့ အမြင်ကိုကြားလိုက်ချိန်မှာတော့ ဟူဟန်မျက်နှာက ရှုံမဲ့သွားလေသည်။

ဟူဟန်က ကောင်းကင်ဘီလူးဂိုဏ်းနှင့် ထိုလူငယ်လေးတို့အကြားက ပတ်သတ်ဆက်နွယ်မှုတွေကို အဖြေထုတ်နေခြင်းဖြစ်သည်။

အကယ်၍ ထိုလူငယ်လေးက ချန်ရှောင်ထျန်ငှါးရမ်းထားတဲ့သူတယောက်ဆိုရင် သူ့သားဟူရှန်ကို ကောင်းကင်ဘီလူးဂိုဏ်းဋ္ဌာနချုပ်သို့ ဘာရည်ရွယ်ချက်နှင့် ခေါ်သွားရတာလဲ ....။

ကောင်းကင်ဘီလူးဂိုဏ်းက ဘီလုးကိုးကောင်ဂိုဏ်းက တရားဝင်ဉ်ကြေငြာတဲ့ သဘောလား ....?

စုမိန်းမိန်းကလဲ ထိုကိစ္စ၏ ဖြစ်နိုင်ခြေကို ထိုင်ခုံမှာထိုင်ရင်းနဲ့ တိတ်တဆိတ်စဉ်းစားနေလေသည်။ ထိုကြောင့် သူမဆီက စကားတခွန်းမှ ထွက်မလာခဲ့ပေ ။

"... ဂိုဏ်းချုပ် ... အဲ့ဒိဆံပင်အနက်နဲ့ကောင်က ဘယ်သူပဲဖြစ်စေ သူက သခင်လေးကို ကောင်ကင်ဘီလူးဂိုဏ်းရဲ့ ဋ္ဌာနချုပ်ကိုခေါ်သွားမှတော့ ....ကျွန်တော်တို့ကောင်းကင်ဘီလူးဂိုဏ်းကို အခုချက်ချင်းသွားဝိုင်းမှ ထင်တယ် ..."

အားလုံးက စဉ်းသားခန်းဝင်နေသည့်အချိန်မှာ အကြီးအကဲတယောက်က ဝင်၍ အကြံပြုလိုက်သည်။

ထိုအကြီးအကဲစကားကိုကြာူတော့ ဟူဟန်မျက်လုံးထဲမှာ အရောင်တချို့ လင်းလက်သွားသည်။

"... ဒုဂိုဏ်းချုပ် ... ခင်ဗျား ဘယ်လိုသဘောရလဲ ...?"

ဟူဟန်က ဒုဂိုဏ်းချုပ် စုမိန်းမိန်းဘက်သို အကြံတောင်းသလိုမျိုး လှည့်ကြည့်လိုက်သည် ။

စုမိန်းမိန်းက အလေးအနက်လေသံဖြင့် ပြောလိုက်သည်

".... ဂိုဏ်းချုပ်.... ကောင်ကင်ဘီလူးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချန်ရှောင်ထန်န်ကိုလာဖို့သာ အရင်ဆုံးဆင့်ခေါ်လိုက်ပါ ....ပြီးရင် သူ့ကိုသခင်လေးကို ထုတ်ပေးဖို့ အမိန့်ပေးလိုက်ပါ .... ကျွန်မကတော့ ဆံပင်အနက်နဲ့ လူငယ်လေးအကြောင်းကို စုံစမ်းထားလိုက်ပါ့မယ် ...."

စုမိန်းမိန်းကဲ့ အစီအစဉ်က သူတွေးထားတာနဲ့ တထပ်ထဲကျနေတာကြောင့် ဟူဟန်က ခေါင်းညိတ်ပြပြီး အဲ့ဒိအတိုင်းဆက်လုပ်ဖို့ အတည်ပြုလိုက်သည်။ ဆံပင်အနက်နှင့် လူင်ါလေးရဲ့ ဇစ်မြစ်ကို မသိသေးပဲနဲ့ ကောင်းကင်ဘီလူးဂိုဏ်းကိုတန်းပြီး တိုက်ခိုက်တာက အကျိုးရှိသောလုပ်ရပ်ပေ ...။ ပထမဆုံး ဆံပင်အနက်နှင့် လူငယ်လေးအကြောင်းကို အသေးစိတ်စုံစမ်းပြီးမှ ကောင်းကင်ဘီလူးဂိုဏ်းကိုချေမှုန်းပစ်မယ်ဆိုရင်လဲ အရမ်းကြီးတော့ နောက်မကျသေးဘူးမဟူတ်လား ...။

ထိုနောက် ဟူဟန်က အချိန်ဆွဲမနေတော့ပဲ ချန်ရှောင်ထျန်အား သူ့သားကိုထုတ်ပေးခိုင်းဖို့ သွားပြောရန် အကြီးအကဲတယောက်ကို အမိန့်ပေးလိုက်သည်။ ဆံပင်အနက်ရောင်နှင့် လူင်ါလေးအကြောင်းစုံစမ်းဖို့ကိုတော့ စုမိန်းမိန်းအားလွှဲအပ်ထားလိုက်သည်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ချန်ရှောင်ထျန်ကို သွားပြောဖို့ စေခိုင်းလိုက်သည့် အကြီးအကဲက ရင်ဘတ်ကဒဏ်ရာတခုနှင့်အတူ သွေးတွေစွန်းပေနေသောအဝတ်အစား နဲ့ ပြန်လာတာကိုမြင်လိုက်ရသည်။ ထိုအပြင် သူတယောက်ထဲ ပြန်လာတာပဲ ဖြစ်သည်။ ထိာအဖြစ်အပျက်ကိုမြင်တော့ ဘီလူးကိုကောင်ဂိုဏ်းကညလူတွေအကုန်လုံး ဒေါသတွေပေါက်ကွဲ ကုန်လေသည်။ ဟူဟန်မျက်နှာထားကလဲ ကြောက်စရာကောင်းလောက်အောင် အေးစက်မာကျောသွားသည် ။

"... ဂိုဏ်းချုပ် .... ချန်ရှောင်ထျန်ကပြောလိုက်တယ် .... ဂိုဏ်းချုပ်က သခင်လေးကိုပြန်ခေါ်ချင်တယ်ဆိုရင် ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ရှေ့မှာ ဒူးထောက်ပြီးတောင်းပန်ရမယ်လို့ပြောတယ် ..."

ဒဏ်ရာရလာသည့် အကြီးအကဲဆီကနေ ကျိတ်ခဲမရနှင့် ပြန်လည်ပြောပြသံထွက်ပေါ်လာသည်။

"... ဘာပြောတယ်ကွ ...?"

ခန်းမဆောင်ထဲမှာရှိသော အကြီးအကဲတွေအကုန်လုံး ဆီကနေ ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းသံတွေ ထွက်ပေါ်လာသည်။

"... ချန်ရှောင်ထျန်က ဇက်ကောင်းလို့ ဓားတောင်းနေပြီ ထင်တယ် .... ဒီကောင်ဘာဆေးစားထားလို့ ဒီလောက်ထိ အတင့်ရဲနေတာလဲ ..."

"... ဂိုဏ်းချုပ် ...ချန်ရှောင်ထျန်လှောင်ပြောင်နေတာကို ကျွန်တော်တို့အခုလိုမျိုးသည်းခံနေလို့မဖြစ်ဘူး... ကျွန်တော်မျိုးတို့ အခုချက်ချင်းကောင်းကင်ဘီလူးဂိုဏ်းကို သွားတိုက်ခိုက် ပစ်ရမယ် ..."

"... ဟူတ်တယ် ....ကျုပ်တို့ အခုချက်ချင်းကောင်းကင်ဘီလုးဂိုဏ်းကိုသွားတိုက်ခိုက်ပြီး သခင်လေးကိုကယ်တင်ရမယ် ....ပြီးရင်ချန်ရှောင်ထျန်ကိုဖမ်းပြီး ဂိုဏ်းချုပ်အရှေ့မှာ ခွေးတကောင်လို ဒူးထောက်ခိုင်းထားရမယ်..."

"... အဲ့ကောင်ချန်ရှောင်ထျန်က သူ့ငှါးထားတဲ့ ဆံပင်အနက်နဲ့ကောင်က သူ့ကိုကူညီနေလို့ ကျုပ်တို့ ဘီလူးကိုးကောင်ဂိုဏ်းဘက်ကသူ့ကိုမထိရဲဘူးလို့ ထင်နေပုံပဲ ...."

"... ဟူတ်တယ် ...ကောင်းကင်ဘိလူးဂိုဏ်းကို ချေမှုန်းပစ်ရမယ် ..."

"... ကောင်းကင်ဘီလူးဂိုဏ်ူကိုချေမှုန်းပစ်ရမယ် ..."

အကြီးအကဲတွေအကုန်လုံးဆီကနေ သံပြိုင်ဟစ်ကြွေးသံထွက်ပေါ်လာပါသည်။ ဆူညံပွက်လောရိုက်နေသည့် အကြီးအကဲတွေကိုကြည့်ရင်း ဟူဟန်လဲ နဲနဲစိတ်ရှုပ်သွားသည်။ သူရင်ထဲမှာတော့ လူသတ်ချင်စိတ်တွေက ထိန်းသိမ်းမရအောင် ဆောင့်ထွက်လာနေသည်။

သူက ဘီလူးကိုးကောင်ဂိုဏ်းချုပ်တယောက်ဖြစ်သလို မိစ္ဆာနက်မြို့၏ မြို့တော်ဝန်တယောက်လဲ ဖြစ်သည် ။ ဒါအပြင် မိစ္ဆာနက်မြို့ထဲမှာ သူ့က အာဏာအရှိဆုံးလူသားတယောက်လဲ ဖြစ်သည် ။ သူအနေနဲ့ အခုလိုစော်ကားမှုမျိုးကို ဘယ်တုံးကမှ မကြုံတွေ့ခဲ့ရပေ ...။

အရင်တုံးကဆိုရင် သူကခြေတချက်စောင့်ဖိုတောင်မလိုပေ ...အဲ့ဒါကိုပဲ ချန်ရှောင်ထျန်ကတော့ သေးထွက်လုမတတ်ကြောက်ရွံနေပြီပဲ ဖြစ်သည်။

တခနလောက်ကြာတော့ ဟူဟန်က သူရင်ထဲမှာ ဆူပွက်နေသည့် လူသတ်ချင်စိတ်တွေကို ကြိုးစား၍ ထိန်းချုပ်လိုက်သည်။ထိုနောက် သူလက်နှစ်ဖက်ကိုထောင်ပြရင်း ဆူညံနေသည့် အကြီးးအကဲတွေကို ငြိမ်သက်ဖို အချက်ပြလိုက်သည် ။ ခန်းမဆောင်ကြီးတခုလုံး ငြိမ်သက်သွားတော့မှ ဟူဟန်က သူ့ရှေ့ကအကြီးအကဲတွေအကုန်လုံးကို တချက်ဝေ့ကြည့်ရင်း တည်ကြည်သောအသံဖြင့်

"... ကောင်းကင်ဘီလူးဂိုဏ်းကို ချေမှုန်းပစ်ရမယ် ... ချန်ရှောင်ထျန်ရော ဆံပင်အနက်နဲ့ကောင်ရော သေချင်းဆိုးနဲ့ သေရမယ် ..ဒါပေမယ့် အခုတော့မဟုတ်သေးဘူး ...."

ချန်ရှောင်ထျန်က အခုလိုမျိုး ပိုပြီးရိုင်းဆိုင်းပြလေလေ ဟူဟန်က စိတ်လိုက်မာန်ပါမလုပ်ပဲ ပိုပြီးသတိထားလေဖြစ်သည်။

"... ဒုဂိုဏ်းချုပ် ... ခင်ဗျားလူတွေကိုပြောလိုက် ... ဆံပင်အနက်နဲ့ကောင်အကြောင်းကို အမြန်ဆုံးစုံစမ်းလိုက်လို့ ...."

ဟူဟန်က စုမိန်းမိန်ကိုလှမ်းကြည့်ရင်းပြောလိုက်သည် ။

"... နောက်ပြီး ဆံပင်အနက်နဲ့ကောင်ထက် ကောင်ကင်ဘီလူးဂိုဏ်းကို အမှောင်ထဲကနေ
စောင့်ကြပ်ပေးနေတဲ့ သိုင်းပညာရှင်တွေ ရှိမရှိကိုလဲ ရအောင်စုံစမ်းထားလိုက် ..."

"... ကောင်းပါပြီ ဂိုဏ်ချုပ် ..."

ထိုအခိုက် ဒဏ်ရာနှင့်ပြန်လာသည့်အကြီးအကဲက တခုခုကိုပြောချင်ဟန်ဖြင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီးမှ နောက်ဆုံးသူက စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့်

".... ဂိုဏ်းချုပ်ကြီး .. ချန်ရှောင်ထျန်က ဂိုဏ်းချုပ်ကို သတင်းစကားပါးလိုက်ပါသေးတယ် .... သူကမနက်ဖြန်ကျရင် သခင်လေးရဲ့လက်တဖက်ကို ဖြတ်ပစ်မယ်တဲ့ ... တဘက်ခါကျရင် နောက်ထပ်လက်တဖက်နဲ့ ခြေထောက်တဖက်ကို ဖြတ်ပစ်မယ်လို့ပြောတယ် ... နောက်ဆုံးနေ့ကျရင်တော့ ကျန်နဲ့ခြေထောက်တဖက်နဲ့အတူ တကိုယ်လုံးကို မသန်မစွမ်းဖြစ်အောင် လုပ်ပစ်မယ်လို့ပြောတယ် ....."

"... ဘာပြောတယ် ....အဲ့ခွေးသူတောင်းစားကအဲ့လိုပြောသလား ...?"

အကြီးအကဲ၏စကားက ဟူဟန်ရင်ထဲမှ ငြိမ်းကာစဒေါသတွေကို ဓတ်ဆီဖျန်းပေးလိုက်သလိုဖြစ်သွားကာ ဟူဟန်တယောက်ထိန်းချုပ်လို့မရအောင် ပေါက်ကွဲသွားသည်။ ခန်းမဆောင်ကြီး၏ နံရံတွေ ၊ ကြမ်းပြင်တွေနဲ့ ထောက်တိုင်ကြီးတွေကို အဖြူရောင် ရေခဲအလွှာတခုဖုံးအုပ်လာလေသည်။ ဟူဟန်အနောက်ဘက်မှာတော့ ရေခဲမြွေနဂါး သဏ္ဍာန်ကြီးတခု ဝိုးတဝါးပေါ်ထွက်လာလေသည်။ ဟူဟန်သာမက ဘီလူးကိုးကောင်ဂိုဏ်းမှ အကြီးအကဲတွေအကန်လုံး ပေါက်ကွဲကုန်ကြတာပဲ ဖြစ်သည်။

"... ဂိုဏ်းချုပ် ...အဲ့ဒီချန်ရှောင်ထျန်ကို ဒီအတိုင်းလွှတ်ထာလို့ မဖြစ်တော့ဘူးထင်တယ် ... ဒီကောင်တော်တော်ကို မိုက်ရိုက်နေပြီ .... ကျေးဇူးပြုပြီး ဂိုဏ်းချုပ်အမိန့်တချက်သာပေးလိုက်ပါ... ကျွန်တော်တို့ ချန်ရှောင်ထျန်ခေါင်းကိုဖြတ်ပြီး ယူလာပေးပါ့မယ် ...."

အကြီးအကဲတယောက်က သူ့ဒေါသကို ချုပ်ထိန်းနိုင်စွမ်း မရှိတော့ပဲ ထိုင်နေရာကနေခုန်ထကာ ဟူဟန်ဆီက အမိန့်ကိုနောက်တကြိမ် တောင်းခံလိုက်ပါသည် ။

"... ဟုတ်ပါတယ် ...ဂိုဏ်းချုပ် ... ကျွန်တော်ကိုအမိန့်ပေးလိုက်ပါ ..."

တခြားအကြီးအကဲတွေဆီကလဲ တောင်ဆိုသံတွေအဆက်မပြတ်ထွက်ပေါ်လာပါသည်။
ဟူဟန်က အသက်ကိုတချက်ပြင်းပြင်းရှုသွင်းလိုက်သည်။ သူ့မျက်လုံးတွေထဲမှာတော့ ကြောက်စရာကောင်သည့် အနက်ရောက်အလင်းတန်းတွေတောက်ပလာပြိး

".... ကျုပ်အမိန့်ကိုထုတ်ပြန်လိုက် ... အခုချိန်ကစပြီး ကောင်းကင်ဘီလူးဂိုဏ်းက လူမှန်သမျှကို တွေ့တဲ့နေရာမှာတင်အပြတ်ရှင်းရမယ် ...."

"... ဂိုဏ်းချုပ်ရဲ့ အမိန့်တိုင်းလိုက်နာပါ့မယ် ..."

အကြီးအကဲတွေအကုန်လုံးက ဦးညွတ်၍ တညီတညွတ်ထဲ ပြန်ဖြေလိုက်ကြသည် ။ ဟူဟန်၏ အေးစက်တင်းမာနေသည့် မျက်နှာထားကိုကြည့်ရင်း သူတို့ထပ်မံ၍ မတောင်းဆိုရဲတော့ပေ ...။

သူတို့အခုလိုမျိုး ဆူပွက်နေသည့်အချိန် ကောင်းကင်ဘီလူးဂိုဏ်း၏ မိန်းခန်းမဆောင်အတွင်းမှာတော့ ရှောင်လုံက ဂိုဏ်းချုပ်ထိုင်ခုံမှာထိုင်နေသည် ။ ချန်ရှောင်ထျန် ၊ ဂျန်ထျန်ဟွမ် ၊ကန်ခမ်း ၊ချိုင်မင် ၊ကောင်းကင်ဘီလူးဂိုဏ်းမှအကြီးအကဲတွေနှင့် သွေးမျိုကျောင်းမှ အကြီးအကဲတွေအကုန်လုံးက ရှောင်လုံတဖက်တချက်စီမှာ ခပ်ရိုရို့အနေအထားဖြင့် မတ်တပ်ရပ်နေကြသည် ။ ခန်းမဆောင်အလည်က ကြမ်းပြင်ထက်မှာ ဖင်ထိုင်ရက်ထိုင်နေသည့် ဟူရှန်ကတော့ ကောင်ကင်ဘီလူးဂိုဏ်းနှင့် သွေးမျိုကျောင်းက လူတွေရှောင်လုံရှေ့မှာ ရိုရိုသေသေရပ်နေကြတာကို မျက်လုံးလေးအပြူးသားဖြင့် အံသြတုန်လှုပ်စွာ ငေးကြည့်နေလေသည်။

ဟူရှန်စိတ်ထဲမှာတော့
ကောင်းကင်ဘီလူးဂိုဏ်းနဲ့ သွေးမျိုကျောင်းက သိုင်းပညာရှင်တွေပါလား ...?

သူကရှောင်လုံကို ကြောက်လန့်စွာဖြင့် ထပ်ကြည့်လိုက်သည် ။
ဒီကောင်လေးက တကယ္ပဲ ဘယ်သူလဲ ...?
ဒီကောင် ဘာလုပ်ချင်နေတာလဲ ...?
ဟူရှန်က ထပ်ပြီးမတွေးရဲတော့ပေ ....။

သွေးမျိုကျောင်း နဲ့ ကောင်းကင်ဘီလူးဂိုဏ်းက သိုင်းပညာရှငိတွေအကုန်လုံးက ခေါင်းလေးတွေငုံပြီး ရိုရိုသေသေလေး မတ်တပ်ရပ်နေကြသည် ။ သူတို့လုပ်ရဲတာဆိုလို့ အသက်ရှုနေတာတခုပဲ ရှိလေသည်။

အခုချိန်မှာ ကောင်းကင်ဘီလူးဂိုဏ်းက ခန်းမဆောင်၏ကြမ်းပြင်ထက်သို့ ရေတစက်ကကျသွားမယ်ဆိုရင် ကြည်ကြည်လင်လင်ကြားနိုင်ရလောက်အောင်
ခန်းမဆောင်ကြီးတခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည် ။

ထိုအချိန်၌ ချန်ရှောင်ထျန်ဆီက သတင်းပို့သံထွက်ပေါ်လာသည်

"...သခင်လေး .... အခုပဲ ဘီလူးကိုးကောင်ဂိုဏ်းချုပ် ဟူဟန်က ကျွန်တော်တို့ ကောင်းကင်ဘီလူးဂိုဏ်းသာမှန်သမျှကို တွေ့တဲ့ နေရာမှာတင် အပြတ်ရှင်းဖို့အတွက် အမိန့်ထုတ်ပြန်လိုက်ပါတယ် ... "

"... အိုး ...ဟုတ္လား ..?"

ရှောင်လုံက အာမေထိတ်သံပြုပြီး ခန်းမဆောင်အလည်မှာ မျက်သိသူငယ်ဖြင့်ထိုင်မေသော ဟူရှန်ကို တည်တည်ငြိမ်ငြိမ်ပဲ လှမ်းကြည့်လိုက်လေသည် ။ ရှောင်လုံရဲ့ အကြည့်တချက်က ဟူရှန်ကို အရိုးထဲအထိ ကြောက်လန့်သွားစေလေသည်။ သူ့ကတခုခုပြောချင်ဟန်ဖြင့် နှုတ်ခမ်းတွေတုန်လာပြီး မျက်နှာတခုလုံးလဲ ဖြူဖတ်ဖြူရော်ဖြစ်သွားတော့သည်။

ချန်ရှောင်ထျန်က ရှောင်လုံကို သတင်းပို့ပြီးသည့်နောက် သူရပ်နေသည့် နေရာသို့ နောက်ပြန်ဆုတ်သွားသည်။ ခန်းမဆောင်ကြီးကနောက်ထပ်တကြိမ် ငြိမ်သက်သွားပြန်သည် ။ ကောင်းကင်ဘီလူးဂိုဏ်းနှင့် သွေးမျိုကျောင်းကတွေအကုန်လုံးက ရှောက်လုံနှုတ်ဖျားကနေ ထွက်ကျလာမည့် အမိန့်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေကြလေသည်။

အပိုင်း ၂၇၄.......

unicode
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း၂၇၃ ...... ​ကောင်းကင်ဘီလူးဂိုဏ်းအားဖြိုခွင်းရန်ကြံသည်ခြင်း

"... ​ကောင်းပါပြီ ဂိုဏ်းချုပ် ...."

ဘီလူးကိုး​ကောင်ဂိုဏ်းသားက ​​ကြောက်​ကြောက်လန့်လန့်ဖြင့် သူသိသမျှအားလုံးကို အ​သေးစိတ်ပြ​န်​ပြောင်း​ ပြောပြလိုက်သည်။ ဂိုဏ်းသားပြန်​ပြောင်း​ပြောပြသည့်အထဲမှ ထိုလူငယ်က သူ့သား​အောက်ပိုင်းကိုနင်း​ချေလိုက်သည့်အပိုင်းကို​ရောက်​တော့ ဟူဟန်မျက်နှာက ​အေးစက်မာ​ကျောသွား​လေသည်။ ​ရှောင်လုံက လင်​ရှောင်ကိုလက်သီးတချက်ထဲနဲ့ ဒဏ်ရာရ​စေခဲ့ပြီး ရှဲ​ကောင်း ၊ ချန်နန်ဟွာ နှင့် လုရီတို့သုံး​ယောက်ကိုလဲ လက်ဝါးတချက်ထဲနှင့် အ​ဝေးသို့လွင့်ထွက်သွား​စေတာကိုကြာူလိုက်ရ​တော့ ဟူဟန် ၊စုမိန်းမိန်းနှင့် တခြားအကြီးအကဲ​တွေအကုန်လုံးက မယုံနိုင်​လောက်​အောင် အံအားသင့်ကုန်ကြ​လေသည်။

ဘီလူးကိုး​ကောင်ဂိုဏ်းသားက သူ့ကိုဝိုင်းကြည့်​နေကြ​သောလူ​တွေကိုကြည့်ရင်း အသံတုန်တုန်ဖြင့် ထပ်ရှင်းပြလိုက်သည်

".... အဲ့ဒိဆံပင်အနက်​ရောင်နဲ့​ကောင်က အကြီးအကဲအကုန်လုံးကိုဒဏ်ရာရ​အောင်လုပ်ပြီးတဲ့​နောက်မှာ သူက အကြီးအကဲလင် တို့ထွက်မ​ပြေးနိုင်ခင်​လေးမှာပဲ သူတို့လည်ပင်း​တွေအကုန်လုံးကိုလှီးပြီးအချိန်မှီ သတ်ပလိုက်ပါတယ် ...."

အဲ့ဒိအ​ကြောင်းကိုကြားလိုက်ရ​တော့ ဟူဟန်မျက်နှာထားက ထိန်းချုပ်မရ​အောင် ပျက်ယွင်းသွားသည် ။ဟူဟန်က သူ့မျက်လုံး​တွေထဲမှာ​ပေါ​နေသည့် အံသြထိတ်လန့်မှု​တွေကို ထိန်းချုပ်မထားနိုင်​တော့​ပေ ...။

"... အဲ့​နောက် ဘာဆက်ဖြစ်လဲ ..?"

ဟူဟန်က တည်ကြည်​နေ​သောမျက်နှာထားဖြင့် ​မေးလိုက်သည်။

".... အဲ့​ကောင်က အကြီးအကဲ​လေး​ယောက်ကို သတ်ပြီးတဲ့​နောက် သခင်​လေးကို ​ကောင်းကင်ဘီလူးဂိုဏ်းဋ္ဌာနချုပ်တည်​နေရာကို တရွတ်တိုက်ဆွဲပြီး ​ခေါ်သွားပါတယ် ... "

ဂိုဏ်းသားက အလျင်အမြန်ပြန်​ဖြေလိုက်၏ ။

"... ဘယ်လို ​ကောင်းကင်ဘီလူးဂိုဏ်း၏ ဋ္ဌာနချုပ်ထဲကို ဟူတ်လား ...?"

ခန်းမ​ဆောင်ထဲက လူ​တွေအကုန်လုံး ကြံရာမရဖြစ်ကုန်ကြသည် ။

"... အဲ့ဒိဆံပင်အနက်နဲ့​ကောင်က ချန်​ရှောင်ထျန်ငှါးထားတဲ့ ပ​ရော်ဖက်ရှင်နယ် သိုင်းသမားတ​ယောက်များလား ....?"

".... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီဆံပင်အနက်နဲ့​ကောင်က ​ကောင်ကင်ဘီလူးဂိုဏ်းနဲ့ တနည်းနည်းကိုပတ်သတ်​နေရမယ် ....."

​ကောင်းကင်ဘီလူးဂိုဏ်းမှအကြီးအကဲ​တွေက တ​ယောက်ပြီးတ​ယောက် သူတို့အမြင်တွေကို ထုတ်​ပြောလိုက်ကြသည် ။ ဒုတိယတ​ယောက်ရဲ့ အမြင်ကိုကြားလိုက်ချိန်မှာ​တော့ ဟူဟန်မျက်နှာက ရှုံမဲ့သွား​လေသည်။

ဟူဟန်က ​ကောင်းကင်ဘီလူးဂိုဏ်းနှင့် ထိုလူငယ်​လေးတို့အကြားက ပတ်သတ်ဆက်နွယ်မှု​တွေကို အ​ဖြေထုတ်​နေခြင်းဖြစ်သည်။

အကယ်၍ ထိုလူငယ်​လေးက ချန်​ရှောင်ထျန်ငှါးရမ်းထားတဲ့သူတ​ယောက်ဆိုရင် သူ့သားဟူရှန်ကို ​ကောင်းကင်ဘီလူးဂိုဏ်းဋ္ဌာနချုပ်သို့ ဘာရည်ရွယ်ချက်နှင့် ​ခေါ်သွားရတာလဲ ....။

​ကောင်းကင်ဘီလူးဂိုဏ်းက ဘီလုးကိုး​ကောင်ဂိုဏ်းက တရားဝင်ဉ်​ကြေငြာတဲ့ သ​ဘောလား ....?

စုမိန်းမိန်းကလဲ ထိုကိစ္စ၏ ဖြစ်နိုင်​ခြေကို ထိုင်ခုံမှာထိုင်ရင်းနဲ့ တိတ်တဆိတ်စဉ်းစား​နေ​​လေသည်။ ထို​ကြောင့် သူမဆီက စကားတခွန်းမှ ထွက်မလာခဲ့​ပေ ။

"... ဂိုဏ်းချုပ် ... အဲ့ဒိဆံပင်အနက်နဲ့​ကောင်က ဘယ်သူပဲဖြစ်​စေ သူက သခင်​လေးကို ​ကောင်ကင်ဘီလူးဂိုဏ်းရဲ့ ဋ္ဌာနချုပ်ကို​ခေါ်သွားမှ​တော့ ....ကျွန်​တော်တို့​ကောင်းကင်ဘီလူးဂိုဏ်းကို အခုချက်ချင်းသွားဝိုင်းမှ ထင်တယ် ..."

အားလုံးက စဉ်းသားခန်းဝင်​နေသည့်အချိန်မှာ အကြီးအကဲတ​ယောက်က ဝင်​၍ အကြံပြုလိုက်သည်။

ထိုအကြီးအကဲစကားကိုကြာူ​တော့ ဟူဟန်မျက်လုံးထဲမှာ အ​ရောင်တချို့ လင်းလက်သွားသည်။

"... ဒုဂိုဏ်းချုပ် ... ခင်​ဗျား ဘယ်လိုသ​ဘောရလဲ ...?"

ဟူဟန်က ဒုဂိုဏ်းချုပ် စုမိန်းမိန်းဘက်သို အကြံ​တောင်းသလိုမျိုး လှည့်ကြည့်လိုက်သည် ။

စုမိန်းမိန်းက အ​လေးအနက်​လေသံဖြင့် ​ပြောလိုက်သည်

".... ဂိုဏ်းချုပ်.... ​ကောင်ကင်ဘီလူးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချန်​ရှောင်ထန်န်ကိုလာဖို့သာ အရင်ဆုံးဆင့်​ခေါ်လိုက်ပါ ....ပြီးရင် သူ့ကိုသခင်​လေးကို ထုတ်​ပေးဖို့ အမိန့်​ပေးလိုက်ပါ .... ကျွန်မက​တော့ ဆံပင်အနက်နဲ့ လူငယ်​လေးအ​ကြောင်းကို စုံစမ်းထားလိုက်ပါ့မယ် ...."

စုမိန်းမိန်းကဲ့ အစီအစဉ်က သူ​တွေးထားတာနဲ့ တထပ်ထဲကျ​နေတာ​ကြောင့် ဟူဟန်က ​ခေါင်းညိတ်ပြပြီး အဲ့ဒိအတိုင်းဆက်လုပ်ဖို့ အတည်ပြုလိုက်သည်။ ဆံပင်အနက်နှင့် လူငါ်​လေးရဲ့ ဇစ်မြစ်ကို မသိ​သေးပဲနဲ့ ​ကောင်းကင်ဘီလူးဂိုဏ်းကိုတန်းပြီး တိုက်ခိုက်တာက အကျိုးရှိ​သောလုပ်ရပ်​ပေ ...။ ပထမဆုံး ဆံပင်အနက်နှင့် လူငယ်​လေးအ​ကြောင်းကို အ​သေးစိတ်စုံစမ်းပြီးမှ ​ကောင်းကင်ဘီလူးဂိုဏ်းကို​ချေမှုန်းပစ်မယ်ဆိုရင်လဲ အရမ်းကြီး​တော့ ​နောက်မကျ​သေးဘူးမဟူတ်လား ...။

ထို​နောက် ဟူဟန်က အချိန်ဆွဲမ​နေ​တော့​ပဲ ​ချန်​ရှောင်ထျန်အား သူ့သားကိုထုတ်​ပေးခိုင်းဖို့ သွား​ပြောရန် အကြီးအကဲတ​ယောက်ကို အမိန့်​ပေးလိုက်သည်။ ဆံပင်အနက်​ရောင်နှင့် လူငါ်​လေးအ​ကြောင်းစုံစမ်းဖို့ကို​တော့ စုမိန်းမိန်းအားလွှဲအပ်ထားလိုက်သည်။

ဒါ​ပေမယ့် သိပ်မကြာခင်မှာပဲ ချန်​ရှောင်ထျန်ကို သွား​ပြောဖို့ ​စေခိုင်းလိုက်သည့် အကြီးအကဲ​က ရင်ဘတ်ကဒဏ်ရာတခုနှင့်အတူ ​သွေး​တွေစွန်း​ပေ​နေ​သောအဝတ်အစား နဲ့ ပြန်လာတာကိုမြင်လိုက်ရသည်။ ထိုအပြင် သူတ​ယောက်ထဲ ပြန်လာတာပဲ ဖြစ်သည်။ ထိာအဖြစ်အပျက်ကိုမြင်​တော့ ​ဘီလူး​ကို​ကောင်ဂိုဏ်းကညလူ​တွေအကုန်လုံး ​ဒေါသ​တွေ​ပေါက်ကွဲ ကုန်​လေသည်။ ဟူဟန်မျက်နှာထားကလဲ ​ကြောက်စရာ​ကောင်း​လောက်​အောင် ​အေးစက်မာ​ကျောသွား​သည် ။

"... ဂိုဏ်းချုပ် .... ချန်​ရှောင်ထျန်က​ပြောလိုက်တယ် .... ဂိုဏ်းချုပ်က သခင်​လေးကိုပြန်​ခေါ်ချင်တယ်ဆိုရင် ဂိုဏ်းချုပ်ကိုယ်တိုင် သူ့​ရှေ့မှာ ဒူး​ထောက်ပြီး​တောင်းပန်ရမယ်လို့​ပြောတယ် ..."

ဒဏ်ရာရလာသည့် အကြီးအကဲဆီက​နေ ကျိတ်ခဲမရနှင့် ပြန်လည်​ပြောပြသံထွက်​ပေါ်လာသည်။

"... ဘာ​ပြောတယ်ကွ ...?"

ခန်းမ​ဆောင်ထဲမှာရှိ​သော အကြီးအကဲ​တွေအကုန်လုံး ဆီက​နေ ​ဒေါသတကြီး​အော်ဟစ်ကြိမ်း​မောင်းသံ​တွေ ထွက်​ပေါ်လာသည်။

"... ချန်​ရှောင်ထျန်က ဇက်​ကောင်းလို့ ဓား​တောင်း​နေပြီ ထင်တယ် .... ဒီ​ကောင်ဘာ​ဆေးစားထားလို့ ဒီ​လောက်ထိ အတင့်ရဲ​နေတာလဲ ..."

"... ဂိုဏ်းချုပ် ...ချန်​ရှောင်ထျန်​လှောင်​ပြောင်​နေတာကို ကျွန်​တော်တို့အခုလိုမျိုးသည်းခံ​နေလို့မဖြစ်ဘူး... ကျွန်​တော်မျိုးတို့ အခုချက်ချင်း​ကောင်းကင်ဘီလူးဂိုဏ်းကို သွားတိုက်ခိုက် ပစ်ရမယ် ..."

"... ဟူတ်တယ် ....ကျုပ်တို့ အခုချက်ချင်း​ကောင်းကင်ဘီလုးဂိုဏ်းကိုသွားတိုက်ခိုက်ပြီး သခင်​လေးကိုကယ်တင်ရမယ် ....ပြီးရင်ချန်​ရှောင်ထျန်ကိုဖမ်းပြီး ဂိုဏ်းချုပ်အ​ရှေ့မှာ ​ခွေးတ​ကောင်လို ဒူး​ထောက်ခိုင်းထားရမယ်..."

"... အဲ့​ကောင်ချန်​ရှောင်ထျန်က သူ့ငှါးထားတဲ့ ဆံပင်အနက်နဲ့​ကောင်က သူ့ကိုကူညီ​နေလို့ ကျုပ်တို့ ဘီလူးကိုး​ကောင်ဂိုဏ်းဘက်ကသူ့ကိုမထိရဲဘူးလို့ ထင်​နေပုံပဲ ...."

"... ဟူတ်တယ် ...​ကောင်းကင်ဘိလူးဂိုဏ်းကို ​ချေမှုန်းပစ်ရမယ် ..."

"... ​ကောင်းကင်ဘီလူးဂိုဏ်ူကို​ချေမှုန်းပစ်ရမယ် ..."

အကြီးအကဲ​တွေအကုန်လုံးဆီက​နေ သံပြိုင်​ဟစ်​ကြွေးသံထွက်​ပေါ်လာပါသည်။ ဆူညံပွက်​လောရိုက်​နေသည့် အကြီးအကဲ​တွေကိုကြည့်ရင်း ဟူဟန်လဲ နဲနဲစိတ်ရှုပ်သွားသည်။ သူရင်ထဲမှာ​တော့ လူသတ်ချင်စိတ်​တွေက ထိန်းသိမ်းမရ​အောင် ​ဆောင့်ထွက်လာ​​နေသည်။

သူက ဘီလူးကိုး​ကောင်ဂိုဏ်းချုပ်တ​ယောက်ဖြစ်သလို မိစ္ဆာနက်မြို့၏ မြို့​တော်ဝန်တ​ယောက်လဲ ဖြစ်သည် ။ ဒါအပြင် မိစ္ဆာနက်မြို့ထဲမှာ သူ့က အာဏာအရှိဆုံးလူသားတ​ယောက်လဲ ဖြစ်သည် ။ သူအ​နေနဲ့ အခုလို​စော်ကားမှုမျိုးကို ဘယ်တုံးကမှ မကြုံ​တွေ့ခဲ့ရ​ပေ ...။

အရင်တုံးကဆိုရင် သူ​ကခြေတ​ချက်​စောင့်ဖို​တောင်မလို​ပေ ...အဲ့ဒါကိုပဲ ချန်​ရှောင်ထျန်က​တော့ ​သေးထွက်လုမတတ်​ကြောက်ရွံ​နေပြီပဲ ဖြစ်သည်။

တခန​လောက်ကြာ​တော့ ဟူဟန်က သူရင်ထဲမှာ ဆူပွက်​နေသည့် လူသတ်ချင်စိတ်​တွေကို ကြိုးစား၍ ထိန်းချုပ်လိုက်သည်။ထို​နောက် သူလက်နှစ်ဖက်ကို​ထောင်ပြရင်း ဆူညံ​နေသည့် အကြီးးအကဲ​တွေကို ငြိမ်​သက်ဖို အချက်ပြလိုက်သည် ။ ခန်းမ​ဆောင်ကြီးတခုလုံး ငြိမ်သက်သွား​တော့မှ ဟူဟန်က သူ့​ရှေ့ကအကြီးအကဲ​တွေအကုန်လုံးကို တချက်​ဝေ့ကြည့်ရင်း တည်ကြည်​သောအသံဖြင့်

"... ​ကောင်းကင်ဘီလူးဂိုဏ်းကို ​ချေမှုန်းပစ်ရမယ် ... ချန်​ရှောင်ထျန်​ရော ဆံပင်အနက်နဲ့​ကောင်​ရော ​သေချင်းဆိုးနဲ့ သေရမယ် ..ဒါ​ပေမယ့် အခု​တော့မဟုတ်​သေးဘူး ...."

ချန်​ရှောင်ထျန်က အခုလိုမျိုး ပိုပြီးရိုင်းဆိုင်းပြ​လေ​လေ ဟူဟန်က စိတ်လိုက်မာန်ပါမလုပ်ပဲ ပိုပြီးသတိထား​​လေဖြစ်သည်။

"... ဒုဂိုဏ်းချုပ် ... ခင်​ဗျားလူ​တွေကို​ပြောလိုက် ... ဆံပင်အနက်နဲ့​ကောင်အ​ကြောင်းကို အမြန်ဆုံးစုံစမ်းလိုက်လို့ ...."

ဟူဟန်က စုမိန်းမိန်ကိုလှမ်းကြည့်ရင်း​ပြောလိုက်သည် ။

"... ​နောက်ပြီး ဆံပင်အနက်နဲ့​ကောင်ထက် ​ကောင်ကင်ဘီလူးဂိုဏ်းကို အ​မှောင်ထဲက​နေ ​
​စောင့်ကြပ်​ပေး​နေတဲ့ သိုင်းပညာရှင်​တွေ ရှိမရှိကိုလဲ ရ​အောင်စုံစမ်းထားလိုက် ..."

"... ​ကောင်းပါပြီ ဂိုဏ်ချုပ် ..."

ထိုအခိုက် ​ဒဏ်ရာနှင့်ပြန်လာသည့်အကြီးအကဲက တခုခုကို​ပြောချင်ဟန်ဖြင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်​နေပြီးမှ ​နောက်ဆုံးသူက စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့်

".... ​ဂိုဏ်းချုပ်ကြီး .. ချန်​ရှောင်ထျန်က ဂိုဏ်းချုပ်ကို သတင်းစကားပါးလိုက်​ပါ​သေးတယ် .... သူကမနက်ဖြန်ကျရင် သခင်​လေးရဲ့လက်တဖက်ကို ဖြတ်ပစ်မယ်တဲ့ ... တဘက်ခါကျရင် ​နောက်ထပ်​လက်တဖက်နဲ့ ​ခြေ​ထောက်တဖက်ကို ဖြတ်ပစ်မယ်လို့​ပြောတယ် ... ​နောက်ဆုံ​း​နေ့ကျရင်​တော့ ကျန်နဲ့​ခြေ​ထောက်တဖက်နဲ့အတူ တကိုယ်လုံးကို မသန်မစွမ်းဖြစ်​အောင် လုပ်ပစ်မယ်လို့​ပြောတယ် ....."

"... ဘာ​ပြောတယ် ....အဲ့​ခွေးသူ​တောင်းစားကအဲ့လို​ပြောသလား ...?"

အကြီးအကဲ၏စကားက ဟူဟန်ရင်ထဲမှ ​ငြိမ်းကာစ​ဒေါသ​တွေကို ​ဓတ်ဆီဖျန်း​ပေးလိုက်သလိုဖြစ်သွားကာ ဟူဟန်တ​ယောက်ထိန်းချုပ်လို့မရ​အောင် ​ပေါက်ကွဲသွားသည်။ ခန်းမ​ဆောင်ကြီး၏ နံရံ​တွေ ၊ ကြမ်းပြင်​တွေနဲ့ ​ထောက်တိုင်ကြီး​တွေကို ​အဖြူ​ရောင် ​ရေခဲအလွှာတခုဖုံးအုပ်လာ​လေသည်။ ဟူဟန်အ​နောက်ဘက်မှာ​တော့ ​ရေခဲ​မြွေနဂါး သဏ္ဍာန်ကြီးတခု ဝိုးတဝါး​ပေါ်ထွက်လာ​လေသည်။ ဟူဟန်သာမက ​ဘီလူးကိုး​ကောင်ဂိုဏ်းမှ အကြီးအကဲ​တွေအကန်လုံး ​ပေါက်ကွဲကုန်ကြတာပဲ ဖြစ်သည်။

"... ဂိုဏ်းချုပ် ...အဲ့​ဒီချန်​ရှောင်ထျန်ကို ဒီအတိုင်းလွှတ်ထာလို့ မဖြစ်​တော့ဘူးထင်တယ် ... ဒီ​ကောင်​တော်​တော်ကို မိုက်ရိုက်​နေပြီ .... ​ကျေးဇူးပြုပြီး ဂိုဏ်းချုပ်အမိန့်တချက်သာ​ပေးလိုက်ပါ... ကျွန်​တော်တို့ ချန်​ရှောင်ထျန်​ခေါင်းကိုဖြတ်ပြီး ယူလာ​ပေးပါ့မယ် ...."

အကြီးအကဲတ​ယောက်က သူ့​ဒေါသကို ချုပ်ထိန်းနိုင်စွမ်း မရှိ​တော့​ပဲ ထိုင်​နေရာက​နေခုန်ထကာ ဟူဟန်ဆီက အမိန့်ကို​​နောက်တကြိမ် တောင်းခံလိုက်ပါသည် ။

"... ဟုတ်ပါတယ် ...ဂိုဏ်းချုပ် ... ကျွန်​တော်ကိုအမိန့်​ပေးလိုက်ပါ ..."

တခြားအကြီးအကဲ​တွေဆီကလဲ ​တောင်ဆိုသံ​တွေအဆက်မပြတ်ထွက်​ပေါ်လာပါသည်။
ဟူဟန်က အသက်ကိုတချက်ပြင်းပြင်းရှုသွင်းလိုက်သည်။ သူ့မျက်လုံး​တွေထဲမှာ​တော့ ​ကြောက်စရာ​ကောင်သည့် အနက်​ရောက်အလင်းတန်း​တွေ​တောက်ပလာပြိး

".... ကျုပ်အမိန့်ကိုထုတ်ပြန်လိုက် ... အခုချိန်ကစပြီး ​​ကောင်းကင်ဘီလူးဂိုဏ်းက လူမှန်သမျှကို ​တွေ့တဲ့​နေရာမှာတင်အပြတ်ရှင်းရမယ် ...."

"... ဂိုဏ်းချုပ်ရဲ့ အမိန့်တိုင်းလိုက်နာပါ့မယ် ..."

အကြီးအကဲ​တွေအကုန်လုံးက ဦးညွတ်၍ တညီတညွတ်ထဲ ပြန်​ဖြေလိုက်ကြသည် ။ ဟူဟန်၏ ​အေးစက်တင်းမာ​နေသည့် မျက်နှာထားကိုကြည့်ရင်း သူတို့ထပ်မံ၍ မ​တောင်းဆိုရဲ​တော့​ပေ ...။

သူတို့အခုလိုမျိုး ဆူပွက်​နေသည့်အချိန် ​ကောင်းကင်ဘီလူးဂိုဏ်း၏ မိန်းခန်းမဆောင်အတွင်းမှာ​တော့ ​ရှောင်လုံက ဂိုဏ်းချုပ်ထိုင်ခုံမှာထိုင်​နေသည် ။ ချန်​ရှောင်ထျန် ၊ ဂျန်ထျန်ဟွမ် ၊ကန်ခမ်း ၊ချိုင်မင် ၊ကောင်းကင်ဘီလူးဂိုဏ်းမှအကြီးအကဲ​တွေနှင့် ​သွေးမျို​ကျောင်းမှ အကြီးအကဲ​တွေအကုန်လုံးက ​ရှောင်လုံတဖက်တချက်စီမှာ ခပ်ရိုရို့အ​နေအထားဖြင့် မတ်တပ်ရပ်​နေကြသည် ။ ခန်းမ​ဆောင်အလည်က ကြမ်းပြင်ထက်မှာ ဖင်ထိုင်ရက်ထိုင်​နေသည့် ဟူရှန်က​တော့ ​ကောင်ကင်ဘီလူးဂိုဏ်းနှင့် ​သွေးမျို​ကျောင်းက လူ​တွေ​ရှောင်လုံ​ရှေ့မှာ ရိုရို​သေ​သေရပ်​နေကြတာကို မျက်လုံး​လေးအပြူးသားဖြင့် အံသြတုန်လှုပ်စွာ ​ငေးကြည့်​နေ​လေသည်။

ဟူရှန်စိတ်ထဲမှာ​တော့
​ကောင်းကင်ဘီလူးဂိုဏ်းနဲ့ ​သွေးမျို​ကျောင်းက သိုင်းပညာရှင်​တွေပါလား ...?

သူက​ရှောင်လုံကို ​ကြောက်လန့်စွာဖြင့် ထပ်ကြည့်လိုက်သည် ။
ဒီကောင်လေးက တကယ်ပဲ ဘယ်သူလဲ ...?
ဒီ​ကောင် ဘာလုပ်ချင်​နေတာလဲ ...?
ဟူရှန်က ထပ်ပြီးမ​တွေးရဲ​တော့​ပေ ....။

​သွေးမျို​ကျောင်း နဲ့ ​ကောင်းကင်ဘီလူးဂိုဏ်းက သိုင်းပညာရှငိ​တွေအကုန်လုံးက ​ခေါင်း​လေး​တွေငုံပြီး ရိုရို​သေ​သေ​လေး မတ်တပ်ရပ်​နေကြသည် ။ သူတို့လုပ်ရဲတာဆိုလို့ အသက်ရှု​နေတာတခုပဲ ရှိ​လေသည်။

အခုချိန်မှာ ​ကောင်းကင်ဘီလူးဂိုဏ်းက ခန်းမ​ဆောင်၏ကြမ်းပြင်ထက်သို့ ရေတစက်ကကျသွားမယ်ဆိုရင် ကြည်ကြည်လင်လင်ကြားနိုင်​ရ​လောက်​အောင်
ခန်းမ​ဆောင်ကြီးတခုလုံးက တိတ်ဆိတ်ငြိမ်သက်​နေသည် ။

ထိုအချိန်၌ ချန်​ရှောင်ထျန်ဆီက သတင်းပို့သံထွက်​ပေါ်လာသည်

"...သခင်​လေး .... အခုပဲ ဘီလူးကိုး​ကောင်ဂိုဏ်းချုပ် ဟူဟန်က ကျွန်​တော်တို့ ​ကောင်းကင်ဘီလူးဂိုဏ်းသာမှန်သမျှကို ​တွေ့တဲ့ နေရာမှာတင် အပြတ်ရှင်းဖို့အတွက် အမိန့်ထုတ်ပြန်လိုက်ပါတယ် ... "

"... အိုး ...ဟုတ်လား ..?"

​ရှောင်လုံက အာ​မေထိတ်သံပြုပြီး ခန်းမ​ဆောင်အလည်မှာ မျက်သိသူငယ်ဖြင့်ထိုင်​မေ​သော ဟူရှန်ကို တည်တည်ငြိမ်ငြိမ်ပဲ လှမ်းကြည့်လိုက်​လေသည် ။ ​ရှောင်လုံရဲ့ အကြည့်တချက်က ဟူရှန်ကို အရိုးထဲအထိ ​ကြောက်လန့်သွား​စေ​လေသည်။ သူ့ကတခုခု​ပြောချင်ဟန်ဖြင့် နှုတ်ခမ်း​တွေတုန်လာပြီး မျက်နှာတခုလုံးလဲ ဖြူဖတ်ဖြူ​ရော်ဖြစ်သွား​တော့သည်။

ချန်​ရှောင်ထျန်က ​ရှောင်လုံကို သတင်းပို့ပြီးသည့်​နောက် သူရပ်​နေသည့် ​နေရာသို့ ​နောက်ပြန်ဆုတ်သွားသည်။ ခန်းမ​ဆောင်ကြီးက​နောက်ထပ်တကြိမ် ငြိမ်သက်သွားပြန်သည် ။ ​ကောင်းကင်ဘီလူးဂိုဏ်းနှင့် ​သွေးမျို​ကျောင်းက​တွေအကုန်လုံးက ​ရှောက်လုံနှုတ်ဖျားက​နေ ထွက်ကျလာမည့် အမိန့်ကိုသာ တိတ်တဆိတ် ​စောင့်ဆိုင်း​နေကြ​လေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၇၄ .....

ချန်ရှောင်ထျန်က ရှောင်လုံကို သတင်းပို့ပြီးသည့်နောက် သူရပ်နေသည့် နေရာသို့ နောက်ပြန်ဆုတ်သွားသည်။ ခန်းမဆောင်ကြီးကနောက်ထပ်တကြိမ် ငြိမ်သက်သွားပြန်သည် ။ ကောင်းကင်ဘီလူးဂိုဏ်းနှင့် သွေးမျိုကျောင်းကတွေအကုန်လုံးက ရှောက်လုံနှုတ်ဖျားကနေ ထွက်ကျလာမည့် အမိန့်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေကြလေသည်။

ခန်းမဆောင်ကြီးတခုလုံးကို ရှောင်လုံက သူလက်တင်နေရာသို့ တဒေါက်ဒေါက်ခေါက်နေသည့် အသံကသာ ကြီးစိုးနေသည်။ ရှောင်လုံက အခုချက်ချင်း ကောင်းကင်ဘီလုးဂိုဏ်းအား သိမ်းပိုက်နိုင်တယ်ဆိုတာကို သံသယဖြစ်စရာမလိုပေ ...။ ဒါပေမယ့် ရှောင်လုံက ဘီလူးကိုးကောင်ဂိုဏ်းကို သိမ်းပိုက်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဘီလူးကိုးကောင်ဂိုဏ်းကို သိမ်းပိုက်နိုင်တာကမှန်ပေမယ့် ကောင်းကင်ဘီလူးဂိုဏ်းနှင့် သွေမျိုကျောင်းမှ လူအမြောက်အများက်ု ရင်းနှီးလိုက်ရမှာပဲ ဖြစ်သည်။

အဲ့ဒါဆိုရင် ရှောင်လုံက မိစ္ဆာနက်မြို့ကြီးကိုသိမ်းပိုက်နိုင်မယ်ဆိုရင်တောင် အခွံသာသာပဲ ကျန်ရှိတော့မယ့် မိစ္ဆာနက်မြို့ကြီးကိုပိုင်ဆိုင်သွားမှာဖြစ်သည်။
အကယ်၍ တခြားမြို့တခုက အင်းအားချိန်နဲ့နေသော မိစ္ဆာနက်မြို့ကြီးကို ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် သူတို့မိစ္ဆာနက်မြို့အနေနှင့် ခုခံနိုင်ဖို့က အရမ်းကိုခက်ခဲတော့မှာပဲ ဖြစ်သည်။ အဲ့ဒါက ရှောင်လုံမမြင်ချင်ဆုံးအရာတခုပဲ ဖြစ်လေသည်။

နောက်ပြီး ရှောင်လုံကနောက်ထပ် လဝက်လောက်သာ ထပ်စောင့်ရန်လိုအပ်တော့သည်။ ရှောင်လုံရဲ့လက်ရှိ ဒုတိယအဆင့်ကိုရောက်ရှိနေသော စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ စွမ်းအားတွေအရ နောက်ထပ်လဝက်လောက်ဆိုရင်ပဲ ရှောင်လုံက ဘီလူးကိုးကောင်ဂိုဏ်းမှနောက်ထပ် ကျန်ရှိသေးသော အကြ်ိးအကဲတွေကို သူ့လက်အောက်သို့ သိမ်းသွင်းနိုင်တော့မှာဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ပြီးတဲ့အချိန်က ရှောင်လုံ ဘီလူးကိုးကောင်ဂိုဏ်းကို တိုက်ခိုက်ဖို့ အချိန်တန်သည့် အချိန်ပင်ဖြစ်လေသည်။

ဟူရှန်ကိုသေကိုသေသင့်သော လူတယောက်ဖြစ်သည် ။ ဟူရှန်ကိုသတ်ပြီးမှတော့ ဟူဟန်ကို ကိုလဲ အသက်ရှင်လျက်ထားလို့ မဖြစ်ပေ ...။ရှောင်လုံက ဘီလူးကိုးကောင်ဂိုဏ်းမှ ဒုဂိုဏ်းချုပ် စုမိန်းမိန်းကိုတော့ သူမသာ သူဆီမှာ သစ္စာခံမယ်ဆိုရင် အသက်ချမ်းသာပေးဖို့ ရည်ရွယ်ထားသည်။

တခနလောက်အကြာမှာ ရှောင်လုံက ချန်ရှောင်ထျန်ကိုပြောလိုက်သည်

".... ဒီကောင်ကို မြေအောက်က အကျဉ်းထောင်ထဲမှာ ချုပ်ထားလိုက် ..."

ရှောင်လုံက ဟူရှန်ကို လက်ညိုးထိုးလိုက်ရင်းနဲ့ပြောလိုက်သည် ။ ထိုနောက် ဆက်မပြောသေးပဲ ခနလောက်ရပ်လိုက်သည် ။ ပြီးတော့မှ ထပ်ပြောလိုက်သည်

".... နောက်နှစ်ရက်နေရင် ဒီကောင်လက်ကိုဖြတ်ပြီး ဟူဟန်ဆီကိုပို့ပေးလိုက် ...."

"... သခင်လေးရဲ့ အမိန့်တိုင်းပါ ..."

ချန်ရှောင်ထျန်က လေးလေးစားဟားဖြင့် ဦးညွတ်၍ ပြန်ဖြေလိုက်သည်။

"..... မ..မလုပ်...မလုပ်ကြပါနဲ့ဗျာ ... ကျွန်တော်တောင်းပန်ပါတယ် .... ခင်ဗျားတို့ ဘာပဲလိုချင်လိုချင် ကျွန်တော်တို့ ဘီလူးကိုးကောင်ဂိုဏ်းက ပေးနိုင်စွမ်း ရှိပါတယ် ....ကျွန်တော်လက်ကိုတော့မဖြတ်ကြပါနဲ့ဗျာ ..."

ဟူရှန်က ရှောင်လုံအမိန့်စကားကိုကြားတော့ သူ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားကာ  သနားညှာတာပေးဖို့စတင်တောင်းပန်တော့သည်။ ကောင်းကင်ဘီလူးမှ အကြီးအကဲနှစ်ယောက်က ဟူရှန်ကို မြေအောက်အကျဉ်ထောင်ထဲ့သို့ တရွတ်တိုက်ဆွဲခေါ်သွားလေသည်။

ဟူရှန်ကတော့ ပြင်းပြင်းထန်ထန်ကို ရုန်းနေပြီး သူ့ကိုလွတ်ပေးဖို့ အဆက်မပြတ်တောင်းဆိုနေသည်မှာ နောက်ဆုံး ရှောင်လုံတို့ သူ့အသံကိုမကြားရတော့သည့် အချိန်အထိပင်ဖြစ်သည်။

ဟူရှန်က သူတို့မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီးတဲ့နောက် ရှောင်လုံက ချန်ရှောင်ထျန်နှင့် ချန်ထျန်ဟွမ်တို့ဘက်ကိုပြန်လှည့်လိုက်ကာ

"... ခင်ဗျားတို့နှစ်ယောက်စလုံး ဘီလူးကိုးကောင်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်အကဲခတ်ထားပြီး တခုခုထူးတာနဲ့ ကျုပ်ဆီကို ချက်ချင်းသတင်းပို့ပါ ..."

"... ကောင်းပါပြီ သခင်လေး...."

ရှောင်လုံက ချန်ရှောင်ထျန်နှင့် ဂျန်ထျန်ဟွမ်တို့နှစ်ယောက်ကို အမိန့်ပေးပြီသည့်နောက် အားလုံးကို ဂရုတစိုက်နေကြဖို့မှာကြားရင်း ခန်းမဆောင်ထဲကနေ ထွက်သွားခိုင်းလိုက်သည်။ သူတယောက်ထဲ ခန်းမဆောင်ထဲမှာ ကျန်ရှိတော့သည့် အချိန်ကြမှ ရှောင်လုံက နတ်တောင်ရွှမ်းမီထဲသို့ ဝင်လိုက်သည်။ နတ်တောင်ရွှမ်းမီထဲကိုရောက်တာနဲ့ ရှောင်လုံက ဗုဒ္ဓနတ်တွင်းရေတစက်ကိုမြိုချရင်း အတွင်းအားကိုဆက်လက်လေ့ကျင့်တော့သည်။

ထိုသို့ဖြင့် အချိန်နှစ်ရက်က ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကုန်လွန်သွားလေသည်။ နှစ်ရက်မြောက်နေ့ကိုရောက်တော့ ရှောင်လုံက ဟူရှန်လက်တဖက်ကိုဖြတ်ပြီး ဘီလူးကိုးကောင်ဋ္ဌာနချုပ်ကို ပို့ဖို့ ချန့်ရှောက်ထျန်အား အမိန့်ပေးလိုက်သည်။

သူ့ဆီကို ရောက်ရှိလာသော သူ့သားရဲ့ လက်တဖက်ကိုကြည့်ရင်း ဟူဟန်ဒေါသတွေက ထိန်းမရသိမ်းမရကိုပေါက်ကွဲသွားလေသည်။ ဒါပေမယ့် ဟူဟန်က ကောင်းကင်ဘီလူးဂိုဏ်းကို အခုချက်ချက်း တိုက်ခိုက်ဖို့အတွက စိတ်လိုက်မာန်ပါ အမိန့်ပေးခြင်းမရှိသေးပေ ...။

ဟူဟန်က အခုချိန်အထိ ကောင်းကင်ဘီလူးဂိုဏ်းကို ဝင်မတိုက်သေးပေမယ့် မိစ္ဆာနက်မြို့ထဲမှာတော့ ဘီလူးကိုးကောင်ဂိုဏ်းသားတွေနဲ့ ကောင်းကင်ဘီလူးဂိုဏ်းသားတွေက သူတပြန်ကိုယ်တပြန် အလစ်ချောင်း၍ တိုက်ခိုက်မှုတွေ မကြခနဆိုသလို ဖြစ်ပွားနေသည်။ ဒါအပြင် အရင်ကတည်းကဖြစ်ပွားနေသည့် ဘီလူးကိုးကောင်ဂိုဏ်းနှင့် သွေးမျိုးကျောင်းတို့ရဲ့ ပဋိပက္ခဖြစ်နေမှု တွေကိုသာထဲ့တွက်လိုက်တော့မယ်ဆိုရင် မိစ္ဆာနက်မြို့ကြီးက အလောင်းချင်းထပ်နေသည့် ငရဲနယ်မြေကြီးတခုဖြစ်လာလေသည်။

နေခင်းကြောင်တောင်ကြီးတောင်မှ မိစ္ဆာနက်မြို့၏ လမ်းမတွေထက်မှာ လူသူအရိပ်အယောင်တွေ ကင်းမဲ့နေပြီး မြို့က မြို့ပျက်ကြီးတခုအလား ဖြစ်နေလေသည်။

အချိန်ဆယ်ရက်က ထပ်မံ၍ ကုန်ဆုံးသွားပြန်သည်။

ဘီလူးကိုးကောင်ဂိုဏ်း၏ မိန်းခန်းမဆောင်အတွင်း၌

". .... ကောင်ကင်ဘီလူးဂိုဏ်းမှာ အဲ့ဒီဆံပင်အနက်နဲ့ကောင်ကလွဲပြီးတခြား စောင့်ရှောက်နေကြတဲ့ သိုင်းပညာရှင်တွေ မရှိဘူးဆိုတာသေချာလား .... မင်းသေချာစုံးစမ်းလာရဲ့လား ..?"

  ဟူဟန်က မိန်းခန်းမဆောင်ထဲက ဂိုဏ်းချုပ်ထိုင်ခံထက်မှာ ထိုင်နေရင်းနဲ့ အကြီးအကဲ ဖန်ဟိုင်အား ထပ်မံ၍ အတည်ပြုမေးမြန်းလိုက်သည် ။ 

ဖန်ဟိုင်က လေးလေးစားစားပင်ပြန်ဖြေလိုက်သည်

"...အဲ့ဒီသတင်းကအမှန်ပါပဲ ကျွန်တ်ာမျိုးသေချာက်ု စုံစမ်းလာတာပါ ဂိုဏ်းချုပ် ....ကောင်းကင်ဘီလူးဂိုဏ်းထဲမှာ ဆံပင်အနက်နဲ့ ကျက်သရေတုံးကလွဲပြီး တခြားဘယ်သိုင်းပညာရှင်မှ မရှိပါဘူး ...နောက်ပြီး အဲ့ဒီကျက်သတုံးလေးက လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကမှ ကျွန်တော်မျိုးတို့ ဘတ်လန်းဒေသကို ရောက်ရှိလာတယ်ဆိုတာကိုလဲ ကျွန်တော်မျိုးစုံစမ်း သိရှိခဲ့ပါတယ် ..."

"... နှစ်ဝက်လောက်ကမှ ဘတ်လန်းနယ်မြေကို ရောက်လာတာ ဟုတ်လား ...?"

ဟူဟန်မျက်လုံးထဲက တောက်ပြောင်သောအလင်းတန်းတွေ စူးရှစွာထွက်ပေါ်လာပြီး

"....မင်းပြောတဲ့အတိုင်းဆို အဲ့ဒီဆံပင်အနက်နဲ့ကောင်က  ငါတို့ဘတ်လန်းဒေသမှာ ဘာနောက်ခံဘက်ဂရောင်းမှ မရှိတဲ့ကောင်ပေါ့ ...ဟုတ်လား ...?"

ဖန်ဟိုင်က ခေါင်းညိတ်ပြလိုက်ပြီး

"... ဟုတ်ပါတယ်ဂိုဏ်းချုပ် ..."

"... ဒီကောင်လေးက ဘယ်အင်ပါရာနိုင်ငံကနေ ငါတို့ဘတ်လန်းဒေသထဲကိုဝင်လာတယ်ဆိုတာကိုရော မင်းစုံစမ်းလို့ရခဲ့လား ...?"

ဟူဟန်က ထပ်မေးလိုက်လေသည်။

"... အဲ့ဒါကိုတော့ ကျွန်တော်မျိုး မစုံစမ်းနိုင်သေးပါဘူးဂိုဏ်းချုပ် ..."

ဖန်ဟိုင်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။ ဟူဟန်က ခေါင်းညိတ်လိုက်လေသည်။ ဒီရက်ပိုင်းတွေအတွင်း  ဆံပင်အနက်နဲ့ကောင်လေးက ဘတ်လန်းဒေသ၏ အင်အားကြီးဟာဂျီမွန်တခုခုနှင့် ပတ်သတ်ဆက်နွယ်နေမှာကို သူကအစိုးရိမ်ဆုံးဖြစ်သည်။ အခုဖန်ဟိုင် စုံစမ်းချက်အရ ဆံပင်အနက်နဲ့ကောက်လေးက ဘတ်လန်းဒေသမှာ နောက်ခံမရှိဘူးဆိုတာကို ဟူဟန်က နားလည်သွားသည် ။ အခုဆိုရင် ကောင်းကင်ဘီလူးဂိုဏ်းကို သူစိတ်တိုင်းကျ လုပ်နိုင်ပြီမဟူတ်ပါလား....။

ဆံပင်အနက်နဲ့ကောင်လေးက ဘယ်အင်ပါရာနိုင်ငံကပဲ လာလာဟူဟန်စိတ်ထဲမှာ အဲ့လောက်ထိဂရုစိုက်ခြင်းမရှိပေ ...။ ဘာကြောင့်လဲဆိုတော့ ဘတ်လန်းဒေသက ဘယ်အင်ပါရာနိုင်ငံမှ ဝင်ပြီးမစွက်ဖက်နိုင်သည့် လွတ်လပ်သောဒေသတခုဖြစ်နေလို့ပင်....။ ဘတ်လန်းဒေသ၏ အရေးအခင်းတွေကို ထိပ်တန်းအင်ပါရာနိုင်ငံကြီးသုံးခု၏ ရှင်ဘုရင်တွေတောင်မှ ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိပေ ...။

"... ဂိုဏ်းချုပ် ...ဒါဆိုရင် ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ ..."

ဖန်ဟိုင်က ဟူဟန်အနားသို့ တိုးကပ်ရင်း သတိထားပြီးမေးလိုက်သည်။

ဖန်ဟိုင်စကားကိုကြားတော့ ဟူဟန်မျက်လုံးထဲမှာ လူသတ်လိုသော ရက်စက်ကြမ်းကြုတ်သည့် အလင်းတန်းတွေထွက်ပေါ်လာပြီး

"... အခုချက်ချင်းငါ့အမိန့်ကိုထုတ်ပြန်လိုက် .... ဘီလူးကိုးကောင်ဂိုဏ်းက ရှိရှိသမျှ အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေအကုန်လုံး လုပ်လက်စ အလုပ်တွေကိုရပ်နားပြီး မိန်းခန်းမဆောင်ထဲကို အခုချက်ချင်းလာစုရမယ် ...."

ဟူဟန်၏ အမိန့်စကားကိုကြားတော့ ဖန်ဟိုင်က အလွန်ပျော်ရွှင်သွားဟန်ဖြင့်

".... ကောင်းပါပြီ ဂိုဏ်းချုပ် ....ကျွန်တော်မျိုးအခုချက်ချင်း အကြောင်းကြားလိုက်ပါ့မယ် ...."

ဟူဟန်ကနောက်ဆုံးမှာတော့ ကောင်းကင်ဘီလူးဂိုဏ်းကို အမြစ်ဖြတ်ပသ်ဖို့ ဆုံးဖြတ်လိုက်ပြ်ိဆိုတာကို ဖန်ဟိုင်နားလည်သွားလေသည်။

လမင်းကြီး၏ အေးမြသောအလင်းရောက်နှင့်အတူ ညက တိတ်ဆိတ်ငြိမ်သက်နေပါသည် ။ တချိုလမှောင်ရိပ်ကျနေသောနေရာတချို့တောင်မှ လရောင်ကွက်တိကွက်ကျားဖြင့် လင်းလက်နေပါသည် ။

ထိုအချိန်၌ ဝတ်စုံနက်ကိုဆင်မြန်းထားသည့် လူရိပ်ပေါင်းများစွာက ကောင်းကင်ဘီလူးဂိုဏ်း၏ ဋ္ဌာနချုပ်ထဲသို့ တိတ်တဆိတ်ချဉ်ကပ်လာပါသည် ။ သူတို့ကိုကြည့်ရတာ လရောက်အောက်မှာကျက်စားတတ်သည့် ဝိညာဉ်တစ္ဆေများနဲ့တောင် တူနေလေသည်။ ရုတ်တရက်ရှေ့ဆုံးမှလူရိပ်က အချက်ပြလိုက်သည်။ စုစည်းနေကြသော ဝတ်စုံနက်တွေက ကောင်းကင်ဘီလူးဂိုဏ်း၏ ဋ္ဌာနချုပ်ထဲသို့ လူခွဲဝင်သွားကြသည်။

ထိုဝတ်စုံနက်တွေက သူတို့လမ်းတလျှောက်ကြုံတွေခဲ့ရသည့် ကောင်းကင်ဘီလူးဂိုဏ်းသားတွေကို တခြားသူတွေမသိအောင် တိတ်တဆိတ်ပင်အပြတ်ရှင်းခဲ့သည် ။ ကောင်းကင်ဘီလူးဂိုဏ်းသားတွေ တယောက်ပြီးတယောက် သေဆုံးကုန်ကြသည် ။  ကောင်းကင်ဘီလူးဂိုဏ်းသေဆုံးမှုကြောင့် သေခြင်းနမိတ်ပုံရိပ်တွေက ကောင်းကင်ဘီလူးဂိုဏ်းအတွင်းမှာ စတင်လွှမ်းမိုးလာပါသည်။ စက္ကန်ပိုင်းလောက်အတွင်းမှာပဲ ဝတ်စုံနက်လူစုက ရှောင်လုံတို့အစည်းအဝေးပြုလုပ်သည့် မိန်းခန်းမဆောင်ထဲသို့ရောက်ရှိလာသည်။

ထိုအချိန်၌ ဝတ်စုံနက်တယောက်ဆီမှ စကားသံထွက်ပေါ်လာသည်

" .... ဂိုဏ်းချုပ် .... ဟိုကောင်းရှောင်ရှောင်ထျန်တွေ ကျွန်တော်တို့အခုလိုရုတ်တရက် ကောင်းကင်ဘီလူးဂိုဏ် ဝင်တိုက်လိမ့်မယ်လို့ ထင်ထားမှာမဟူတ်ဘူး ..."

နောက်တနောက်ကလဲ ရွှင်ပြနေသည့်ပုံစံဖြင့် ပြုံးရယ်ကာ

"...ဘယ်သူကသိမှာလဲ ချန်ရှောင်ထျန်တယောက် စမောလေးနဲ့ နှစ်ပါးသွားနေရင် သွားနေလောက်တယ် .... ကောင်းကင်ဘီလူးဂိုဏ်းတိုက်ခိုက်ခံနေရတာကိုသာ သိလိုက်ရင်တော့ အဲ့ကောင်ချန်ရှောက်ထျန် ပုဆိုးမနိင် ပုဝါမ နိုင်နဘြ့ နဲ့ပြေးလာမှာ ..."

ထိုအကြီးအကဲ၏စကား ဝတ်စုံနက်တွေအကုန်လုံးကို  ပွဲကျသွားစေသည်။ ဟူဟန်ကလဲ ခပ်ဖွဖွပြုံးနေပေမယ့် သူ့မျက်နှာကတော့ အေးစက်တင်းမာနေသည်။

"... ကောင်းကင်ဘီလုးဂိုဏ်းကို ဝါးမြိုပြီးတာနဲ့ ခွေးသူတေင်ဓား ချန်ရှောင်ထျန်ရော ဆံပင်အနက်နဲ့ကောင်ရောကို ငါ့အတွက်ချန်ထားလိုက် ... ဖန်ဟိုင် ... မင်းတို့လေးယောက် သခင်လေးကို ဖမ်းဆီထားနိုင်တဲ့နေရာတွေကို သွားကြည့်လိုက် ..."

  "... ကောင်းပါပြီ ဂိုဏ်းထျုပ်

ဒါပေမယ့် ထိုအချိန်မှာပင် ဟူဟန်က အကြီးအကဲတယောက်ကို ကောင်းကင်ဘီလူးဂိုဏ်း၏ မိန်းခန်းမဆောင်အဝင်ဝတံခါးကို ချိုးဖျက်ပြစ်ဖို့ စေခိုင်းသည်။အားလုံးက ကိုယ်စီကိုယ်ငှ တာဝန်ကျတဲ့အရာတွေကို လုပ်ဆောင်ဖို့ ခပ်သုတ်သုတ် ပြေးလွှား ရန်ပြင်ဆင်လိုက်ချိန် စုမိန်းမိန်းဆီက ရုတ်တရက် အော်ဟစ်တားဆိသံထွက်ပေါ်လာလေသည်။

"... နေကြပါအုံး ..."

ဟူဟန်နှင့် တခြားလူတွေလဲ လုပ်လက်စကိုရပ်တန့်ကာ စုမိန်းမိန်းကိုဝိုင်းကြည့်လိုက်ကြသည်။
စုမိန်းမိန်းကထပ်ပြောလိုက်သည်

"....ဂိုဏ်းချုပ် ...ကျွန်မစိတ်ထဲမှာ တခုခုမှားယွင်နေသယောင် ခံစားရနေတယ် ...
ကျွန်မတို့ကောင်းကင်ဘီလူးဂိုဏ်ထဲကို ဝင်လာရတာက အရမ်းကိုလွယ်လွန်းမနေဘူးလား...?"

သူတို့လူစုဝင်လာသည့် လမ်းတလျှောက်လုံးမှာ ခက်ခဲသည့် အတားအဆီးတွေကြုံတွေခဲ့ရခြင်းမရှိပေ ..
။ သူတို့လူစုက ကောင်းကင်ဘီလူးဂိုဏ်းထဲသို့ 
ပျော်ပွဲစားထွက်နေသလိုမျိုး အသာတကြည်ဝင်ခဲ့ရသည်နှင့် တူနေသည်။

စုမိန်းမိန် ထောက်ပြသည့်စကားကိုကြားတေယ့ ဟူဟန်လဲ မျက်မှောင်ကြုတ်သွားလေသည်။

".. ဒုဂိုဏ်းချုပ် ... ခင်ဗျားက အတွေးလွန်နေပြီထင်တယ် .... ကျွန်တော်တို့ကောင်းကင်ဘီလူးဂိုဏ်းကို ဝင်ိတိုက်ခိုက်မယ့်အချိန်ကို ဘယ်သူ့ကမှသိကြတာမဟုတ်ဘူး....အခုစစ်ဆင်ရေးက ထိပ်တန်းအကြီးအကဲတွေသာ သိကြတဲ့ အထူးစစ်ဆေးရေးတခုပဲ .... အဲ့ဒါကြောင့် အခုလိုချောချောမွေ့မွေ့ ဝင်လာနိုင်ခဲ့တာက သိပ်ပြီးမထူးဆန်းတော့ပါဘူး.."

ထိုအချိန်၌ အကြီးအကဲတယောက်က ရယ်မောရင်း ဝင်ပြောလိုက်သည်။ စုမိန်းမိန်က ထိုအကြီးအကဲစကားကို ခွန်းတုန့်ပြန်ခြင်းမရှိပေ ...။

".. တော်ကြတော့ ...... မင်းတို့တွေရန်ပဲ ဖြစ်နေကြတော့မှာလား....  ကောင်းကင်ဘီလူးဂိုဏ်းထဲကို တဟုန်ထိုး ဝင်ရောက်ပြီးတာနဲ့ ကောင်းကင်ဘီလူးဂိုဏ်းက တခြားအကြီးအကဲတွေထက်စာရင်  ကန်ခမ်းကိုအရင်ဆုံးသတ်ကြ ..ချန်ရှောင်ထျန်ကိုတော့ ငါအတွက်ထားလိုက် ..."

ဟူဟန်က အမိန့်ပေးလိုက်လေသည် ။

"... နောက်ပြီး တခုခုမှားယွင်းနေတဲ့လို့ ခံစ းမိတာနဲ့  ချက်ချင်းပြန်ဆုတ်လာကြကွ ...ကြားကြလား ...?"

အကြီးအကဲတွေအကုန်လုံးက အသံတိုးတိုးဖြင့်
"... ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး ..." ဟုပြန်ဖြေလိုက်ကြသည်။

ထိုနောက် အချိန်ဆွဲမနေတော့ပဲ ဟူဟန်က သူကိုယ်တိုင်ပင် မိန်းခန်မဆောင်၏ တံခါးကို လက်ဝါးတချက်ထဲနဲ့ ရိုက်ချိုးကာ ခန်းမဆောင်အတွင်းသို့ လျက်တပြတ်ဝင်ရောက်သွားလေသည် ။ ခန်းမဆောင်ထဲကိုရောက်တော့ ဟူဟန်က ပတ်ဝန်းကျင်ကို တချက်အကဲခတ်လိုက်သည်။ သို့ပေမယ့် ခန်းမဆောင်ကြီးတခုလုံးက စွန့်ပစ်ထားသည့် အခန်းပျက်ကြီးတခုလိုမျိုး လူသူတယောက်တလေတောင်မှ မရှိပဲ တိတ်ဆိတ်ငြိမ်သက်နေလေသည် ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၇၅ .....

  ထိုနောက် အချိန်ဆွဲမနေတော့ပဲ ဟူဟန်က သူကိုယ်တိုင်ပင် မိန်းခန်မဆောင်၏ တံခါးကို လက်ဝါးတချက်ထဲနဲ့ ရိုက်ချိုးကာ ခန်းမဆောင်အတွင်းသို့ လျက်တပြတ်ဝင်ရောက်သွားလေသည် ။ ခန်းမဆောင်ထဲကိုရောက်တော့ ဟူဟန်က ပတ်ဝန်းကျင်ကို တချက်အကဲခတ်လိုက်သည်။ သို့ပေမယ့် ခန်းမဆောင်ကြီးတခုလုံးက စွန့်ပစ်ထားသည့် အခန်းပျက်ကြီးတခုလိုမျိုး လူသူတယောက်တလေတောင်မှ မရှိပဲ တိတ်ဆိတ်ငြိမ်သက်နေလေသည် ။

ဟူဟန်က မတ်တပ်ရပ်ရင်းနဲ့ သူစိတ်ထဲမှာတော့ သံသယစိတ်တွေတဖွားဖွားဖြစ်ပေါ်နေသည်။ သူနောက်ကနေ တရှိန်ထိုးလိုက်ဝင်လာကြသော ဘီလူးကိုးကောင်ဂိုဏ်းကအကြီးအကဲတွေကလဲ ထူးခြားစွာတိတ်ဆိတ်နေသည့် အခန်းကြီးကိုကြည့်ရင်း ဇဝေဇဝါဖြစ်ကုန်ကြလေသည်။

"... ဂိုဏ်းချုပ် ..."

စုမိန်းမိန်းကအနားကိုကပ်လာပြီး

"..... အခုအခြေအနေကတခုခုတော့မှားနေပုံပဲနော် ...."

ဟူဟန်ကခေါင်းညိတ်ပြလိုက်လေသည် ။ သူစိတ်ထဲမှာလဲ စုမိန်းမိန်းကဲ့သိုပ ခံစားနေရ၏
ထိုအချိန်မှာပဲ ""..ဘန်း ..." ဆိုပြီး ကျယ်လောင်
သောအသံတခုထွက်ပေါ်လာလေသည်။ ဟူဟန်နှင့် ဘီလူးကိုကောင်းဂိုဏ်းကလူတွေအကုန်လုံးလဲ အနောက်ဘက်ကို ချာကနဲ့လှည့်ကြည့်လိုက်ကြသည်။ သူတို့ဝင်လာခဲ့သည့် တံခါးကြီးက ပြန်ပိတ်နေတာကိုမြင်လိုက်ကြသည်။ ထူးဆန်းသောအဖြစ်အပျက်ကြောင့် အကုန်လုံး စိတ်ထဲမှာ စိုးရိမ်စိတ်တွေဝင်လာကြသည်။

".... ဂိုဏ်းချုပ် ဟူဟန် နဲ့ ကောင်ကင်ဘီလူးဂိုဏ်းက အကြီးအကဲအပေါင်းတို့ကို ကျုပ်တို့ကောင်းကင်ဘီလူးဂိုဏ်းကနေကြိုဆိုပါတယ်နော် .... ဂိုဏ်းချုပ်တို့လာမယ်ဆိုတာကို စောစောစီးစီ သိမယ်ဆိုရင် ကျွန်တော်ကဧည့်ခံစားပွဲတခုလောက်ပြင်ဆင်ထားတာပေါ့ဗျာ ...."

ထို့အချိန်၌ အသံတခုထွက်ပေါ်လာလေသည်။
ဟူဟန်နှင့် ဘီလူးကိုးကောင်ဂိုဏ်းမှ အကြီးအကဲတွေက အသံလာရာကိုလှမ်းကြည့်လိုက်တော့ ဆံပင်အနက်နှင့် လူငယ်လေးတယောက်က အတွင်းခန်းမဆောင်ထဲကနေ ထွက်လာတာကိုမြင်လိုက်ကြသည် ။ သူနောက်မှာ ချန်ရှောင်ထျန် ၊ ကန်ခမ်း နှင့် ကောင်းကင်ဘီလူးဂိုဏ်းမှ အကြီးအကဲတချို့လဲ ပါလာသည်။ သို့ပေမယ့် ဝူဟန်ကို အဓိကအံသြသွားစေသည့် အချိန်က ဆံပင်အနက်နဲ့ကောင်လေး၏ အနောက်ဘက်မှာ ချန်ရှောင်ထျန်အပြင် သွေးမျိုကျောင်းရဲ့ကျောင်းအုပ် ဂျန်ထျန်ဟွမ် နှင့် လက်ထောက်ကျောင်းအုပ် ချိုင်မင်တို့လဲ ပါဝင်နေတာကို သူကအံသြဖွယ်ရာမြင်လိုက်ရလို့ပင်ဖြစ်သည်။

အံသြမှင်သက်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည့် ဟူဟန်တို့လူစုရဲ့အရှေ့မှာပင် ရှောင်လုံက သူခန်းမဆောင်ထဲသို့ ဝင်လာပြီးသည့်နှင့် ဂိုဏ်းချုပ် ပုလ္လင်ထက်သို့ တန်းပြီးတက်သွားလေသည်။ ချန်ရှောင်ထျန်နှင့် ကန်ခမ်းတို့က ရှောင်လုံဘယ်ဖက်မှာ ရိုရိုကျိုးကျိုးဖြင့် မတ်တပ်ရပ်နေကြပြီး ဂျန်ထျန်ဟွမ်တို့၏ သွေးမျိုကျောင်းလူစုကတော့ ရှောင်လုံညာဘက်မှာ ဝင်ရပ်လိုက်ကြသည်။

ထိုအဖြစ်အပျက်ကိုမြင်တော် ဟူဟန်နှင့် စုမိန်းမိန်းတို့က တယောက်မျက်နှာတယောက်ကြည့်ကာ အကြည့်ချင်းဖလှယ်လိုက်ကြသည် ။ သူတို့မျက်လုံးတွေထဲမှာ အံသြတုန်လှုပ်သည့် အရိပ်အယောင်တွေဖြစ်ပေါ်နေတာကို နှစ်ယောက်စလုံး သတိထားမိလိုက်ကြသည်။

ပုလ္လင်ထက်မှာ ထိုင်ပြီးသည့်နောက် ရှောင်လုံက ချန်ရှောင်ထျန်အား စကားမပြောခင် ဟူဟန်နှင့် စုမိန်းမိန်းတို့နှစ်ယောက်ကို အရင်ဆုံးတချက်လှမ်းကြည့်လိုက်သည်

".... ဟူရှန်ကို ခေါ်လာခဲ့လိုက်ပါ ...."

".... ဟုတ်ကဲ့ ....သခင်လေး..."

ချန်ရှောင်ထျန်က ရိုရိုသေသေဖြင့် ဦးညွတ်ရင်း ပြန်ဖြေလိုက်သည် ။
ဘယ်လို သခင်လေး ဟူတ်လား ....?
ဟူဟန်နှင့် စုမိန်းမိန်းတို့က ချန်ရှောင်ထျန်ဆီက သခင်လေးဆိုသည့် ရည်ညွန်းခေါ်တိုသံကိုလဲကြားရော နောက်ထပ်တကြိမ် ထပ်မံ၍ အံသြသွားကြပြန်သည် ။ ဟူဟန်တို့လူစု အံအားသင့်နေစဉ် ချန်ရှောင်ချန်က ဟူရှန်ကိုခေါ်လာဖို့အတွက် သူ့လူတွေကို အချက်ပြလိုက်သည်။

တခနကြာတော့ ကောင်းကင်ဘီလူးဂိုဏ်း၏ အကြီးအကဲနှစ်ယောက်က ဟူရှန်ကို မိန်းခန်းမဆောငလအတွင်းသို့ တရွတ်တိုက်ဆွဲခေါ်လာသည် ။ အခုအချိန်မှာ ဟူရှန်လက်နှစ်ဖက်စလုံးကို ခုတ်ဖြတ်ထားပြီးဖြစ်သည် ။ ဟူရှန်က မွဲတေတေမျက်လုံးဖြင့် ဆံပင်တွေကလဲ ရှုပ်ပွနေသည်။ သူ့တကိုယ်လုံးမှ သွေးမစွန်းသည့် နေရာဟူ၍ ရှာလို့ပင်မရတော့ပေ ...။

သူ့သား၏ အဖြစ်ဆိုးကြီးကိုမြင်တော့ ဟူရှန်၏ မျက်လုံးနက်ထဲမှာ ကလဲ့စားချေကာ လူသတ်ချင်သည့် အရိပ်အယောင်တွေ ဆောင့်ထွက်လာသည် ။

"... အဖေ .... ကျွန်တော်ကိုကယ်ပါအုံး .... အဖေရေ ...သားကိုမြန်မြန်ကယ်ပါ ..."

မိန်းခန်းမဆောင်ထဲသို့ ကြမ်းကြမ်းတမ်းတမ်းဖြင့် တရွတ်တိုက်ဆွဲခေါ်လာရသည့်မို့ ဟူရှန်က သူ့အဖေ ဟူဟန်ကိုလဲမြင်ရော အားကိုးတကြီးဖြင့် အသနားခံလိုက်သည် ။ သူ့အတွင်းအားသွေးလွှတ်ကြောမကြီးတွေကို ရှောင်လုံက ပိတ်ဆို့ထားတာကြောင့် ဟူရှန်က သူ့ကိုတရွတ်တိုက်ဆွဲလာသည့် ကောင်းကင်ဘီလူးဂိုဏ်းက အကြီးအကဲနှစ်ယောက်လက်ကနေ ရုန်ထွက်နိုင်ခြင်းမရှိပေ ...။

"... ငါ့သားကို အခုချက်ချင်းလွှတ်လိုက်စမ်း..."

ဟူရှန်က ရှောင်လုံကို အငြိုးတကြီး စူးစိုက်ကြည့်ရင်းနဲ့ အမိန့်ပေးလိုက်သည် ။ သူရပ်နေသည့် ကြမ်းပြင်နားမှာ ရေခဲလွှာတချို့ စတင်ဖြစ်ပေါ်လာသည် ။ သူ့မျက်လုံးတွေက ရေခဲအပြာရောင်ကဲ့သို့ အရောင်ပြောင်းသွားပြီး မျက်လုံးထဲကနေ သက်တန့်ရောင်စဉ်တွေ တလက်လက်တောက်ပလာသည် ။ရှောင်လုံကတော့ ဟူဟန်မျက်လုံးထဲကနေ ထွက်လာသည့် သက်တန့်ရောင်စဉ်လှိုင်းတွေကို မမြင်သည့်နှယ် အေးဆေးတည်ငြိမ်စွာဖြင့်ပြောလိုက်သည်

".... ခင်ဗျားရဲ့သားကို လွှတ်ပေးရမယ်ဟုတ်လား ....? အင်းအဲ့ဒီကိစ္စက သိပ်တော့လဲ မခက်ပါဘူး ..."

ရှောင်လုံကဆက်ပြောလိုက်သည်

".... ခင်ဗျား ဒီခန်းမဆောင်ထဲကနေ အသက်ရှင်ရက်ထွက်သွားနိုင်မယ်ဆိုရင် တော့ဖြစ်နိုင်မှာပါ ..."

"... ဘာပြောတယ်ကွ ..."

ဟူဟန်တယောက် ပေါက်ကွဲသွားလေသည်။ သို့ပေမယ့် သူတို့ဘေးနားက အော်သံတခုထွက်ပေါ်လာသည်။ မမျှော်လင့်သောအော်သံကြောင့် ဟူဟန်နှင့် စုမိန်းမိန်းတို့နှစ်ယောက်လဲ မှင်သက်သွားကြသည်  ။ သူတို့လှည့်ကြည့်လိုက်သော အေးစက်စက်အလင်းတန်းပေါင်းများစွာက သူတို့ရှိနေသည့်နေရာသို့ ချိန်ရွယ်ထားကြတာကိုမြင်လိုက်ကြလေသည်။ ထိုအခါ ဟူဟန်နှင့် စုမိန်းမိန်းတို့ကလဲ အတွေ့အကြုံရင်သိုင်းသမားတွေပီပီ ဘေးတဖက်တချက်သို့ ခုန်ရှောင်လိုက်ကြသည်။  ဟူဟန်နှင့် စုမိန်းမိန်းတို့က သူတို့နှစ်ယောက်အားတိုက်လိုက်လာသည့်မျက်နှာတွေကိုလဲ မြင်ရော သူ့တို့ ဒေါသတွေကို ထိန်းချုပ်လို့မရတော့ပေ...။သူတို့ကို အလစ်ငိုက်ဖမ်းပြီး တိုက်ခိုက်လာသူတွေကတော့ သူတို့နှင့်အတူပါလာကြသည့် ဘီလူးကိုးကောင်ဂိုဏ်းမှ အကြီးအကဲများပင်ဖြစ်သည်။

  ဟူဟန် နှင့် စုမိနိးမိန်းတို့ရဲ့မျက်နှာက ဒေါသကြောင့်နီရဲခက်ထန်နေပေမယ့် ဖန်ဟိုင်တို့လူစုကတော့ ဟူဟန်တို့နှစ်ယောက်က်ု ရှိသည်ဟုပင်သဘောမထားပဲ ရှောင်လုံရှေ့သို့ သွားလိုက်ကြသည် ။ ရှောင်လုံအရှေ့ကိုရောက်တာနဲ့  ဒူးထောက်ချကာ ရှောင်လုံအား နှုတ်ဆက်စကားဆိုလိုက်သည်

".... သခင်လေးကို ဂါရဝပြုပါတယ် ..."

လာပြန်ပြီလား သခင်လေး ...?

ဟူဟန်နှင့် စုမိန်းမိန်းက ရှောင်လုံနဲ့ သစ္စာဖောက်  ဖန်ဟိုင်တို့ အဖွဲ့ကို မယုံနိုင်သလိုငေးကြည့်နေကြသည် ။

"...မတ်တပ်ရပ်ကြပါ ..."

ရှောင်လုံက ပြောလိုက်သည်။

."... ကျေးဇူးတင်ပါတယ် သခင်လေး ..."

ရှောင်လုံဆီက အမိန့်ကိုရတော့မှ ဖန်ဟိုင်တို့လဲ ရှောင်လုံဘေးတဖက်တချက်စီမှာ ဝင်ပြီးရပ်လိုက်ကြသည်။ အမှန်တော့ ဖန်ဟိုင်က ရှောင်လုံထံမှာ သစ္စာခံထားတာက အတော်လေးကြာမြင့်နေခဲ့ပြီဖြစ်သည်။ ကောင်းကင်ဘီလူးဂိုဏ်းမှ စောင့်ကြပ်နေသည့် သိုင်းသမားမရှိကြောင်းကိုလဲ ရှောင်လုံစေခိုင်းချက်ဖြင့် ဖန်ဟိုင်က ဟူဟန်ဆီသို့ သတင်းပို့လိုက်ခြင်းပင် ....။ အဲ့ဒါကြောင့်သာမဟုတ်ရင် ဖန်ဟိုင်အနေဖြင့် ရှောင်လုံဘတ်လန်းဒေသကိုရောက်ရှိနေတာက အချိန်၆လကျော်လောက်သာ ရှိသေးတယ်ဆိုတာကို ဘယ်လိုလုပ်သိနိုင်ပါ့မည်နည်း ....။

   ဟူဟန်က သစ္စာဖောက် ဖန်ဟိုင်ကိုဒေါသတကြီးကြည့်ရင်း ဖန်ဟိုင်က သူဆုံးဖြတ်ချက်လွဲမှားသွားအောင်လို့ တမင်သက်သက် သတင်းအမှားတွေပို့လိုက်တယ် ဆိုတာကို သဘောပေါက်သွားလေသည်။  ဟူဟန်က ဘီလူးကိုးကောင်ဂိုဏ်းထဲမှာတော့ လင်ရှောင်ပြီးရင် ဖန်ဟိုင်ကို အယုံကြည်ဆုံးဖြစ်သည်။သူယုံကြည်ရသည့် ဖန်ဟိုင် အခုလိုမျိုး
သစ္စာဖောက်လိမ့်မယ်လို့ သူအိမ်မက်တောင်မမက်ဘူးပေ ...။

  ရှောင်လုံဘေးနားမှာ ရပ်နေသည့် ဖန်ဟိုင်က သူ့ကိုစိန်းစိန်းဝါးဝါး စိုက်ကြည့်နေသော ဟူဟန်ကိုကြည့်ရင်း ဟူဟန်တယောက်သူ့ကို တစစီဆုတ်ဖြဲကာ သူ့အသားကိုစားပြီး သူ့သွေးကိုသောက်ချင်နေတယ် ဆိုတာကို သဘောပေါက်လိုက်သည်။ သို့ပေမယ့် ဖန်ဟိုင်မျက်နှာထက်မှာတော့ ပြောင်ချော်ချော် အပြုံးတခုသာ ဖြစ်ပေါ်လာပြီး

".... ဟူဟန် ...ငါအကောင်းနဲ့အကြံပေးလိုက်မယ် မင်းခုခံမနေနဲ့တော့ .... မင်းခုခံနေရင် မင်းပဲ ပိုထိခိုက်မှာ ...."

"... ခွေးသူတောင်းစား ... ငါမင်းကို အခုချက်ချင်းသတ်မယ် ...."

ဟူဟန်က သူ့ကိုလှမ်းခနဲ့နေသည့် ဖန်ဟိုင်ကိုကြည့်ရင်း ရင်ထဲက ဒေါသတွေကို ထိန်းချုပ်လို့မရတော့ပေ ...။  ချက်ချင်းဆိုသလိုပဲ သူကိုယ်ထဲကနေ ခရမ်းနက်ရောင် အလင်းတန်းတွေတောက်ပစွာထွက်ပေါ်လာသည် ။ ထိုနောက် ဟူဟန်က အလင်းတန်းကဲ့သို့ လျင်မြန်သော အမြန်နှုန်းဖြင့် ဖန်ဟိုင်အနားသို့ တမဟုတ်ချင်းရောက်ရှိသွားသည် ။ သူ့လက်ဝါးတချက်ကို ဖန်ဟိုင်၏သေကွင်းသေကွက်သို့ ချိန်ရွယ်ကာ ရိုက်ထုတ်လိုက်သည်။

  ဟူဟန် လက်ဝါးရာကြီးက လေထုအတွင်း၌ ထူးဆန်းပြီး စူးရှသောလေချွန်သံတွေကိုဖြစ်ပေါ်လာစေသည်။ ဟူဟန်ကလဲ ဂျန်ထျန်ဟွမ်ကဲ့သို့ပင် ...။ သူ့အယုံကြည့်ရဆုံးသူက သူ့နောက်ကျောကိုဓားနှင့်ထိုးသွားတာကိုမြင်တော့ အခုသူ့စိတ်ထဲမှာ သစ္စာဖောက်လောက်ကောင်ကို တချက်ထဲနှင့် အသေသတ်ဖို့စိတ်တခုထဲသာရှိနေသည် ။  သို့ပေမယ့် ဟူဟန် လက်ဝါးရာကြီးက ဖန်ဟိုင်နှင့် ထိ မသွားခင်လေးမှာ မြေကြီးထဲကနေ ထွက်ပေါ်လာသည့် မရေတွက်နိုင်သော ဗုဒ္ဓရုပ်ပွားတော်တွေက ဟူဟန် လက်ဝါးချက်ကို ပိတ်ဆို့တားဆီးလိုက်ကြသည်။

ဝုန်း ......
ခန်းမဆောင်ကြီးအတွင်း၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံတွေ မည်ဟိန်းထွက်ပေါ်လာသည်။ ဟူဟန်က သူဆီကို အင်အားကြီးမားသောစွမ်းအင်တခုလာနေတာကို ခံစားမိလိုက်သည် ။ ထိုနောက် ဟူဟန်လဲ မထင်မှတ်ထားသောအဖြစ်အပျက်ကြောင့် အငိုက်မိသွားပြီးအနောက်သို့ ခြေလှမ်းတော်တော်များများ ယိုင်ထိုးကာ ဆုတ်ပေးလိုက်ရသည်။ဟူဟန့က သူလက်ဝါးချက်ကို ခုခံလိုက်သည့် သိုင်းပညာရှင်ကိုရှာကြည့်လိုက်တော့ ဆံပင်အနက်နှင့်ကောင်လေး ဖြစ်နေတာကို
အံအားသင့်ဖွယ် မြင်လိုက်ရသည် ။

ရှောင်လုံက ဟူဟန်သိုင်းကွက်ကို ခုခံနိုင်ရုံတင်မက ဟူဟန်ကိုပါအနောက်ဆုတ်သွားအောင် စွမ်းဆောင်နိုင်တာ
မြင်တော့ စုမိန်းမိန်းကိုယ်တိုင်လဲ အရမ်းကို အံသြတုန်လှုပ်သွားသည်။

ရှောင်လုံက ဟူဟန်နှင့် သူ့အနောက်မှာ ရပ်နေသည့် စုမိန်းမိန်းအပါအဝင် အကြီးအကဲတွေကိုတချက်လှမ်းကြည့်လိုက်ပြီး

".... မိစ္ဆာနက်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်က ကျုပ်လက်အောက်ကိုရောက်နေပြီ .... ခင်ဗျားတို့အခု ကျုပ်ဆီမှာ သစ္စာခံမယ်ဆိုရင်နောက်မကျသေးပါဘူး ... ခင်ဗျားတို့ သစ္စာခံမယ်ဆိုရင် ကျုပ် ခင်ဗျားတို့အသက်ကိုချမ်းသာပေးမယ် ...."

"... အခွင့်အရေးဆိုတာက စီးဆင်းသွားတဲ့ရေလိုပဲ ဘယ်တော့မှ နှစ်ခါပြန်မလာတော့ဘူးနော်.... ခင်ဗျားတို့ သေချာစဉ်းစားကြပါ ..."

မိန်းခန်းမဆောင်ကြီးတခုလုံးမှာ ရှောင်လုံ၏ ညို့ငင့်ဓတ်ရှိသော အသံကသာ လွင့်မျောထွက်ပေါ်နေသည်။ စုမိန်းမိန်းနှင့် တခြားအကြီးအကဲလေးယောက်တို့ရဲ့ မျက်နှာထက်မှာ ချီတုံချတုံ ဖြစ်နေသည့် အမူအရာတွေဖြစ်ပေါ်လာသည် ။ ရှောင်လုံစကားကြားတော့ ဟူဟန်မျက်နှာက ရှုံ့မဲ့သွားသည် ။

".... ကျွန်တော် လက်နက်ချပါ့မယ် ... ကျွန်တော် သခင်လေးဆီမှာ သစ္စာခံပါ့မယ် ..."

တခနအကြာမှာတော့ ဟူဟန်ဘက်မှာ ကျန်ရှိနေသေးသည့် အကြီးအကဲတွေထဲက တယောက်က ရုတ်တရက်ထပြောလိုက်သည်။ သူ့စကားအဆုံးမှာ သူ့နောက်ကနေလိုက်ပြီး ရှောင်လုံထံ သစ္စာခံလိုသူတွေအများအပြားပေါ်ထွက်လာသည်။

ဟူဟန်က ဒေါသထွက်နေသည့် ခြင်္သေ့တကောင်လို ဆံပင်မွှေးတွေထောင်တက်လာသည့် အထိ ဒေါသထွက်သွားပြီး အကျယ်ကြီး ဟိန်းဟောက်လိုက်သည် ။ ထိုနောက် သူ့ဒေါသကိုမထိန်းနိုင်တော့ပဲ ရှောင်လုံထံ၌ သစ္စာခံဖို့ ပြောလိုက်သည့် ဘီလူးကိုးကောင်ဂိုဏ်းမှ အကြီးအကဲနှစ်ယောက်ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။

ဘယ်သူကမှ ဟူဟန်အခုလိုမျိုး ရုတ်တရက်တိုက်ခိုက်လာလိမ့်မည်ဟု ထင်မထားကြပေ ...။ ဘီလူးကိုးကောင်ဂိုဏ်းက အကြီးအကဲနှစ်ယောက်လဲ ဟူဟန် ရုတ်တရက်တိုက်ခိုက်လာတာကြောင့်အငိုက်မိသွားပြီး ဟူဟန်လက်သီးချက်ကြောင့် သေဆုံးသွားကြသည် ။ သူတို့ခန္ဓာကိုယ်တွေက ခန်းမဆောင်အပြင်ဘက်သို့ လွင့်ထွက်သွားကြသည် ။ စုမိန်းမိန်းနှင့် တခြားအကြီးအကဲနှစ်ယောက်လဲ ကျားနာကြီတကောင်လိုဖြစ်နေသည့် ဟူဟန်ကိုကြည့်ရင်း အနောက်သို့ ခြေတလှမ်းစီဆုတ်သွားကြသည်။

ဟူဟန် လုပ်ရပ်က သူတို့အကုန်လုံးကြောက်လန့်သွားစေသည်။ အဲ့ဒါကြောင့် ရှောင်လုံဆီမှာ သစ္စာခံလိုသည့်နောက်ထပ် အကြီးအကဲသုံးယောက်တောင်မှ သူတို့ဆန္ဒတွေကို ထုတ်ဖော်မပြောရဲတော့ပေ ...။

ရှောင်လုံက ချန်ရှောင်ထျန် ၊ ကန်ခမ်း ၊ ဂျန်ထျန်ဟွမ် နှင့် ချိုင်မင်တို့ကို တချက်လှမ်းကြည့်ကာ အချက်ပေးလိုက်သည် ။ သူတို့အကုန်လုံးက ရှောင်လုံ ဘာလုပ်ချင်တယ်ဆိုတာကို သဘောပေါက်သွားကြပြီး ဟူဟန်ကို လေးဖက်လေးလံ ဝိုင်းရံကာ ပိတ်ဆို့ထားလိုက်ကြသည် ။

  စုမိန်းမိန်းကိုတော့ ရှောင်လုံက မတိုက်ခိုက်သေးပဲ စောင့်ကြည့်နေသည် ။ စုမိန်းမိန်းကတော့ ချန်ရှောင်ထျန်တို့ကြောင့် အခက်တွေ့နေသည့် ဟူဟန်ကိုကြည့်လိုက် ရှောင်လုံကိုကြည့်လိုက်ဖြင့် ဂဏှာမငြိမ်ဖြစ်နေလေသည်။ သူမက ဘာဆက်လုပ်ရမယ်ဆိုတာကို မဆုံးဖြတ်နိုင်ပဲ ဖြစ်နေလေသည်။

သူမရဲ့ အကြည့်တွေအောက်မှာပဲ ချန်ရှောင်ထျန် ၊ ဂျန်ထျန်ဟွမ် တို့နှင့်တိုက်ခိုက်နေသည့်ဟူဟန်က  တယောက်တယောက်ချင်းဆိုရင်တော့ အနိုင်ရနိုင်ပေမယ့် အခုက လေးယောက်တယောက်တိုက်ခိုက်နေရတာကြောင့် တဖြည်းဖြည်းနှင့် အနောက်ဆုတ်ပေးလာရသည် ။

လူငါးယောက်ဆီကနေ ထွက်ပေါ်လာသော အတွင်းအားလှိုင်းတွေကြောင့် ခန်းမဆောင်ကြီးတခုလုံးမှာ ပြင်းထန်သော အတွင်အားလှိုင်းတွေ ပြည့်နှက်နေသည်။
သူနှင့်အဆင့်သိပ်မကွာသော လူလေးယောက်နှင့်တိုက်ခိုက်နေရတာကြောင့် ဟူဟန်က တဖြည်းဖြည်းနှင့် အရေးနိမ့်လာသည်။ ဟူဟန်တယောက်တချက်လေးသတိလက်လွတ်ဖြစ်သွားစဉ်မှာ ဂျန်ထျန်ဟွမ်ရဲ့ "...အဝါရောင်စမ်းချောင် မျက်လုံး.." စာမိသွားလေသည်။ အဝါရောင်စမ်းချောင်မျက်လုံး၏ ပြင်းထန်သောစွမ်းအားကြောင့် ဟူဟန်ခန္ဓာကိုယ်အနှံကနေ သွေးတွေ စီးကျလာပါသည် ။

ဟူဟန်ကို အဝါရောင်စမ်းချောင်းမျက်လုံး ထိမှန်သွားပြီးနောက် ဂျန်ထျန်ဟွမ်က မာန်သွင်းအော်ဟစ်ကာ ကောင်းကင်ထက်က လေဟာနယ်ထဲသို့ လက်ညိုးတချက်ထိုးလိုက်သည်

"... နတ်ဆိုး ကပ်ဘေးကြုံတွေခြင်း လက်ချောင်းသိုင်း ..."

ဂျန်ထျန်ဟွမ် လက်ညိုးထိုးလိုက်သည့် လေဟာနယ်ကြီးတခုလုံးက ကျယ်လောင်သောအပေါက်ကြီးတခုအဖြစ် ဆုတ်ပြဲသွားလေသည်။ ချက်ချင်းဆိုသလိုပဲ ထိုအပေါက်ကြီးထဲကနေ  ဧရာမလက်ညိုးရာကြီးတခုက လျပ်စီးလက်လိုက်သလို ဟူဟန် ရှိရာသို့ ပြုတ်ကျလာပါတော့သည်။

Continue Reading

You'll Also Like

92.2K 3.2K 54
On October 31 1981 the Potter family's lives were forever changed. Harry James Potter became the boy-who-lived, but that was not the only thing to h...
135K 2.8K 109
Requests are open!!!
7.1K 214 52
After Niku's adventure in Alola he wants to find out about the issue in the Orre Region. Let's see him help the Pokémon who are surrounded in darknes...
244K 7.6K 50
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...