ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

246 - 250

277 27 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
စာစဉ်၁၇
အပိုင်း ၂၄၆ .....

    အရှေ့မှာစောင့်ကြိုနေသော ပြင်းထန်သောသေဆုံးခြင်းအရောင်အဝါတွေနှင့် စူးစူးရှရှသွေးညှီနံတွေကြောင့် ရှောင်လုံလဲ သူခရီးဆက်နေသည့်အရှိန်ကို လျော့ချလိုက်သည်။ ရှောင်လုံကအရှေ့သို့ ပိုမိုနီးကပ်လာလေလော သေဆုံးခြင်းအရောင်အဝါတွေနဲ့ သွေးညှီနံတွေက ပို၍ဆိုးရွားလာလေ ဖြစ်နေသည်။

".... ဒီနေရာက သေဆုံးခြင်းအရောင်အဝါတွေက ကြောက်စရာကောင်းလှချည်လား ..."

ရှေ့မှာစောင့်ကြိုနေသောအန္တရာယ်ကိုတွေးတောရင်း ရှောင်လုံရဲ့ အသက်ရှုနှုန်းတွေက ပိုပြီးမြန်ဆန်လာသည်။

အခုလောက်ထိ သေဆုံးခြင်းအရောင်အဝါတွေသိပ်သည်းနေရခြင်းက လူတယောက်နှစ်ယောက်သေဆုံးလိုက်ရုံနဲ့ ဖြစ်လာနိုင်သောအရာတခုမဟုတ်ပေ ...။တစ်နေရာထဲမှာ လူပေါင်းထောင်သောင်းချီ၍ အစုလိုက်အပြုံလိုက်သေဆုံးမှသာ အခုလိုမျိုးသိပ်သည်းသော သေဆုံးခြင်းအရောင်အဝါမျိုးတွေ ဖြစ်ပေါ်လာနိုင်သည်။

လူပေါင်းထောင်သောင်းနှင့်ချီ၍ သေဆုံးနိုင်သော ဖြစ်နိုင်ချေကလဲ တခုပဲရှိသည် ။ အဲ့ဒါကတော့အရှေ့ဘက်မှာ တိုက်ပွဲဖြစ်နေကြလို့ပင် ....။ အသက်ရှုကြပ်လောက်အောင် ကြိုင်လှိုင်နေသော  သွေးညှီနံတွေက တိုက်ပွဲ၏ အခြေအနေ အထွတ်အထိပ်သို့ရေညက်နေမှုကို ညွှန်ပြနေသည် ။

ရှောင်လုံက သူ့စိတ်အာရုံတွေကို အရှေ့ဘက်သို့ရောက်နိုင်သမျှရောက်အောင် လွှင့်ထုတ်ရင်း အာရုံခံကြည့်လိုက်သည် ။ ထိုနောက် ရှောင်လုံက သတိဝိရီယဖြင့် ဖြည်းဖြည်းချင်းခရီးဆက်နေရာ ဆယ်မိနစ်လောက်အကြာမှာတော့ တောင်ကုန်းလေးတခုဆီသို့ရောက်ရှိသွားသည် ။

တောင်းကုန်ထက်ကနေ မြင့်တွေ့လိုက်ရသောမြင်ကွင်းက ရှောင်လုံခန့်မှန်းထားသကဲ့သို့ပင် ...။ သူနှင့် အတော်ဝေးကွာသော ဟင်းလင်းပြင်နေရာကျယ်ကြီးတခုထဲမှာ လူပေါင်းများစွာတိုက်ခိုက်နေကြလေသည်။

သူတို့ဝတ်ဆင်ထားကြသော အနီရောင် နှင့် အဝါရောင်အကျီတွေကို ကြည့်ချင်းအားဖြင့် စစ်တပ်နှစ်ခု တိုက်ခိုက်နေကြမှန်း အလိုလိုသိနိုင်လေသည် ။ ဓားတွေလှံတွေကိုင်ဆွဲထားကြသော စပ်တပ်နှစ်ခုက အကြိတ်အနယ်ကိုတိုက်ခိုက်နေကြသည် ။

စစ်သည်ပေါင်းများစွာ၏ မာန်သွင်းအော်ဟစ်မှုတွေ ၊ နာကျင်စွာညည်းညူသံတွေ ၊ ဒေါသတကြီး အော်ဟစ့်ကိမ်းမောင်းသံတွေက မိုင်ပေါင်းများစွာထိအောင် ပျံလွင့်နေ၏ ။ ထိုစစ်တပ်နှစ်ခု၏ ပြင်းထန်သော တိုက်ခိုက်မှုတွေကြောင့် ကောင်းကင်ကြီးတခုလုံးတောင်မှ သိမ့်သိမ့်တုန်အောင် မည်ဟိန်းလာသည် ။

သေဆုံးခြင်းအရောင်အဝါတွေနဲ့ ဆိုးရွားသော သွေးညှီနံတွေစုပေါင်း၍ ကောင်းကင်ယံထက်မှာ သွေးနီရောင် ဝိညာဉ်တိမ်တိုက်တွေဖြစ်တည်လာကြသည် ။

  အနီအနားရှိ အင်ပါရာနိုင်ငံတွေက ဘတ်လန်းဒေသကို ဘေးမဲ့ပေးထားကြပေမယ့် ဘတ်လန်းနယ်မြေအတွင်းမှာလဲ မတူညီသောအင်အားစုပေါင်းများစွာထိန်းချုပ်ထားကြသည့် မြို့ပေါင်းတသောင်းကျော် ရှိသည် ။ ကြီးမားသောအင်းအားစုတွေဆိုရင် နှစ်မြို့သုံးမြို့အထိကို ထိန်းချုပ်ထားကြသည်။

ဘတ်လန်းဒေသအတွင်းက ထိပ်တန်းမိသားစုကြီးတွေကတော့ ဆယ်မြို့ထက်မနဲသော မြို့ပေါင်းများစွာကို ကိုင်တွယ်အုပ်ချုပ်ကြသည် ။

မြို့နှစ်မြို့ကြားမှာဖြစ်ပွားကြသော အားပြိုင်မှုတိုက်ပွဲတွေက ဘတ်လန်းဒေသမှာတော့ အမြဲလိုလို မြင်တွေ့နေရသော ကိစ္စတခုပင်ဖြစ်သည် ။ ဒီနေ့အတွက် ဒီမြို့ကို မိသားစုတခုကအုပ်ချုပ်မင်းလုပ်ကြပေမယ့် နောက်တနေ့နေမထွက်ခင်မှာပဲ အုပ်ချုပ်သော မိသားစုကပြောင်းလဲသွားလေ့ရှိသည် ။

ထိုကြောင့် ရှောင်လုံက ပြင်းထန်သောတိုက်ပွဲကို မြင်တွေ့နေရပေမယ် သူစိတ်ထဲမှာ ကြိုတင်တွက်ဆထားသောကြောင့် သိပ်ပြီးထူးဆန်အံသြခြင်းတော့မဖြစ်ပေ ..။ ဘတ်လန်းနယ်မြေအတွင်း တိုက်ပွဲတွေဖြစ်ပွားကြတာက ထူးဆန်းသောကိစ္စတွေမှ မဟုတ်ပဲလေ ..။

ကောင်းကင်ယံထက်မှာဖြစ်တည်နေသော သေဆုံးခြင်းအရောင်အဝါတွေနှင့် သွေးဓတ်စွမ်းအင်တွေကနေ ဖြစ်တည်လာသော ဝိညာဉ်တိမ်တိုက်တွေကိုကြည့်ရင်း ရှောင်လုံခေါင်းထဲမှာ အကြံတခုရုတ်တရက်ပေါ်ပေါက်လာသည် ။

ဝိညာဉ်တိမ်တိုက်ဆိုတာက သိပ်သည်းသော သွေးချီဓတ်စွမ်အားတွေစုပေါင်းခြင်းဖြင့် ဖြစ်ပေါ်လာသောအ
ရာတခုဖြစ်သည် ။ သွေးချီဓတ်စွမ်းအင်ဆိုတာကလဲ ရှောင်လုံသူ့ရဲ့ နတ်ဆိုးလက်သည်းသိုင်းကို လေ့ကျင့်နိုင်ဖို့ရာ အဓိကလိုအပ်နေသည့် စွမ်းအင်တခုပင်ဖြစ်သည်။

ဤနှစ်ပိုင်းတွေအတော်အတွင်း ရှောင်လုံအနေဖြင့် သူသိုင်းလေ့ကျင့်ရာမှာအဓိကလိုအပ်သော စွမ်းအင်ဖြစ်သည့် သွေးချီဓတ်စွမ်းအင်တွေရှားပါးမှုကြောင့် နတ်ဆိုးလက်သည်းသိုင်းကို လေ့ကျင့်ရန်အခွင့်မသာခဲ့ပေ ...။ နတ်ဆိုးလက်သည်းသိုင်း၏စွမ်းဆောင်ရည်ကလဲ ကြောက်စရာကောင်းအောင်ထက်မြက်လှသည် ။ နတ်ဆိုးလက်သည်းသိုင်း၏ သိုင်းကွက်တခုချင်းဆီကလဲ ကမ္ဘာကြီးတခုလုံး လှုပ်ခါသွားစေမတတ် ပြင်းထန်ကြသည် ။  နတ်ဆိုးလက်သည်းသိုင်းကွက်ထဲကမှ မည့်သည့်သိုင်းကွက်ကိုမဆို ကျွမ်းကျင်ပိုင်နိုင်သူအဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပြီဆိုရင် သိုင်းကွက်ကိုထုတ်သုံးလိုက်သည်နှင့် သိုင်းကွက်မှ ထွက်လာသော တိုက်ပွဲစွမ်းအားက ရှောင်လုံအခုလေ့ကျင့်လျက်ရှိသော နတ်ဓားသိုင်းထက် ပိုမိုစွမ်းအားပြင်းထန်သည်။

ရှောင်လုံလဲ တုန့်ဆိုင်းမနေတော့ပဲ နတ်ဆိုးလက်သည်းသိုင်းကျမ်းထဲမှာ ဖော်ပြထားသည့် ပုံစံအတိုင်း သွေးချီဓတ်စွမ်းအားတွေကိုစတင်စုပ်ယူဖို့ ကြိုးစားလိုက်သည်။ သူ့လက်ဆယ်ချောင်စလုံးကို လက်သည်းပုံစံစုသည်းလိုက်ပြီး သွေးဝိညာဉ်တိမ်တိုက်တွေတည်ရှိရာ ကောင်းကင်ထက်သို့ ဆန့်တန်းလိုက်၏ ။

ရှောင်လုံလက်တွေကောင်းကင်သို့ဆန့်တန်းလိုက်သည်နှင့် ချက်ချင်းဆိုသလိုပဲ သွေးဝိညာဉ်တိမ်တိုက်ဆီကနေ အနီရောင်စီးကြောင်းတွေက ရှောင်လုံလက်ရှိရာဆီသို့ စီးမျောလာကြသည်။ စီးဆင်းလာသောအနီရောင်သွေးစ်ီးကြောင်းတွေက ရှောင်လုံလက်ထဲကနေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက်ဆုံးမှာတော့ သွေးကြောတွေထဲအထိ ရောက်ရှိသွားကြသည်။

ရှောင်လုံက သူ့လက်နှစ်ဖက်ကို လက်သည်းပုံသဏ္ဍာန်စုစည်းကာ လေဟာနယ်ထဲသို့ တချက်ကုတ်ဆွဲလိုက်သည်။

နတ်ဆိုးလက်သည်းသိုင်းကိုထုတ်သုံးလိုက်သည်နှင့် ရှောင်လုံလက်သည်းနှစ်ခုဆီကနေ ကြောက်မက်ဖွယ်ရာအော်မြည်သံကြီးတွေထွက်ပေါ်လာလေသည်။
ထိုနောက် ရှောင်လုံလက်သည်းရာကြီးကလေဟာနယ်ကို ဆုတ်ဖြဲကာ အဝေးတနေရာမှာရှိနေသော တောင်နံရံတခုပေါ်သို့ကျရောက်သွားသည်။

ရှောင်လုံလက်သည်းနှင့်ထိမှန်သွားသောတောင်နံရံတ်ြဝန်ကျင်ကို အနက်ရောင်တိမ်တိုက်တွေက ဖုံးအုပ်သွားပြီး လေထုအတွင်းမှာလဲ ဆယ့်ငါးခုထက်မနဲသော ကြောက်မက်ဖွယ်ရာအရိပ်မျိုးစုံဖြစ်ပေါ်လာကြသည် ။ ထိုကြောက်စရာကောင်းသော အရိပ်တွေဆီကနေ ထွက်ပေါ်လာသော စူးစူးရှရှအော်မည်ဟစ်ကြွေးသံများက ကြားလိုက်ရသူအပေါင်းကို ကြက်သီးမွေးညှင်းတွေပါထောင်ထလာစေနိုင်သည်။

သူပထမဆုံး ကြိုးစားအားထုတ်မှု၏ ရလဒ်ကိုကြည့်ရင် ရှောင်လုံတယောက် အတော်လေးကိုကျေနပ်ပျော်ရွှင်သွားသည် ။ သွေးဆုံးသွားကြသော ဝိညာဉ်တွေဆီကနေရရှိလာသည့် သွေးချီဓတ်စွမ်းအင်တွေကိုအသုံး၍ နတ်ဆိုးလက်သည်းသိုင်းကိုလေ့ကျင့်ခြင်းက ရှောင်လုံမျှော်မှန်းထားတာထက် အဆပေါင်းများပိုမိုတိုးတက်လာစေသည်။ အခုရလဒ်အတိုင်းသာဆိုရင် ရှောင်လုံ ဒီနေရာမှာ နှစ်လသုံးလနီးပါးလောက်သိုင်းလေ့ကျင့်လိုက်ရုံနဲ့တင် နတ်ဆိုးလက်သည်းသိုင်း၏ ပထမသိုင်းကွက်ကို ကျွမ်းကျင်ပိုင်နိုင်သူအဆင့်အထိ ရောက်ရှိသွားနိုင်သည်။

ရှောင်လုံလဲ သူအတွေးတွေကိုရပ်ဆိုင်းကာ တန်ဖိုးကှိသောအချိန်တွေကိုအကောင်းဆုံးအသုံးချဖို့ပြင်ဆင်လိုက်သည် ။ ရှောင်လုံက သွေးဝိညာဉ်တိမ်တိုက်တွေဆီကနေ သွေးချီဓတ်စွမ်းအားတွေကိုအဆက်မပြတ်စုပ်ယူရင်း သူ၏ နတ်ဆိုးသိုင်းကွက်၏ ပထမသိုင်းကွက်ဖြစ်သော "... နတ်ဆိုးတထောင် ပူဆွေးငိုကြွေး
ခြင်း..." သိုင်းကွက်ကို မရပ်မနားလေ့ကျင့်လိုက်သည် ။

နှစ်နာရီကျော်လောက်ကြာသွားပြီးနောက် ရှောင်လုံက နတ်ဆိုးလက်သည်းသိုင်းကွက်၏ သိုင်းလေ့ကျင့်မှုအပေါ် စိတ်နှစ်မြှပ်သွားပြီး သူ့စိတ်တွေက ပတ်ဝန်ကျင်နှင့် ကင်းလွတ်နေသော အနေအထားတခုဆီရောက်ရှိသွားသည် ။ ထိုသို့ စျန်ဝင်စားသွားမှုကြောင့် အချိန်နှစ်နာရီလောက်လေးသာ သိုင်းလေ့ကျင့်ရပေမယ့်
".. နတ်ဆိုးတထောင်ပူဆွေးငိုကြွေးခြင်း ..." သိုင်းကွက်၏ အနှစ်သာရကို ပိုမိုလျင်မြန်စွာဖြင့် ထိုးထွင်းသိမြင်လာသည် ။

ရှောင်လုံသိုင်းကွက်ကိုထုတ်သုံးလိုက်သည့်အချိန်မှာလဲ လေဟာနယ်ကိုဖောက်ထွင်းသွားသော လက်သည်းရာကြီးက အရင်ကထက်နှစ်ဆနီးပါး ပို၍ ကြီးမားလာပြီး လက်သည်းရာကြီးနှင့်အတူပါလာကြသော နက်ပြာရောင် မြူနှင်တွေကလဲ ပိုမိုသိပ်သည်းလာကြသည်။ နက်ပြာရောင် မြူနှင်းတွေထဲကနေ ထွက်ပေါ်လာလေ့ရှိသောအော်မြည်သံတွေက နတ်ဆိုးမိစ္ဆာထောင်းပေါင်းများစွာတို့ လှောင်အိမ်အတွင်းကနေ ရုန်းထွက်ဖို့အတွက် အော်ဟစ်ငိုကြွေးနေသည့်အသံတွေလိုမျိုး ပိုပြီးကြောက်စရာကောင်းလာသည်။

"...နတ်ဆိုးတထောင် ပူဆွေးငိုကြွေးခြင်း ..." သိုင်းကွက်ကိုထုတ်သုံးလိုက်စဉ် နက်ပြာရောင်မြူနှင်းတွေက လက်သည်းရာကြီးနှင့်အတူ လိုက်ပါသွားသလို ရှောင်လုံအနားကိုလဲ အတားအဆီအလွှာတခုနှယ် လွှမ်းခြုံပေးထားသည် ။ ထိုအချက်က နတ်ဆိုးလက်သည်းသိုင်း နာမယ်ကျော်ကြားရခြင်း၏ အဓိကအချက်ပင်ဖြစ်သည်။ နတ်ဆိုးလက်သည်းသိုင်းကွက်တွေက ရန်သူကိုသွားရောက်တိုက်ခိုက်သလို သိုင်းကွက်ထုတ်သုံးသူကိုလဲ အကာအကွယ်ပေးထားခြင်းကြောင့် တိုက်ခိုက်မှုရော ခုခံမှုပါနှစ်မျိုးလုံးပါဝင်နေသည့် သိုင်းကျမ်းတခုအဖြစ် သိုင်းဝိညာဉ်ကမ္ဘာကြီးမှာ အလွန်ကိုနာမယ်ကျော်ကြားသည် ။ နတ်ဆိုးလက်သည်းသိုင်းကွက်တွေက အင်းအားပြင်းထန်ပြီး ခန့်မှန်းရခက်ခဲ့သောတိုက်ခိုက်မှုစွမ်းရည်နှင့် ခုခံမှုစွမ်းရည်တွေကိုပိုင်ဆိုင်ကြသည် ။

ရှောင်လုံတယောက် နတ်ဆိုးလက်သည်းသိုင်းလေ့ကျင့်မှုအပေါ် စျန်ဝင်စားနေစဉ် အဝေးကနေစူးရှသောလေချွန်သံတခုထွက်ပေါ်လာသည် ။ လေချွန်သံနှင့်အတူ နီလာခရမ်းရောင် ဝတ်ဆင်ထားသည့်အရိပ်နှစ်ခု ရွေ့လျားလာသည် ။ ထိုနောက် သတ်လတ်ပိုင်းအရွယ်ရှိ လူကြီးနှစ်ယောက်က တိုက်ပွဲဖြစ်ပွားနေသောနေရာ၏ တခြားတဖက်မှာရှိသော တောင်ထိပ်ပေါ်သို့ဆင်းသက်လိုက်ကြသည်။

ထိုနှစ်ယောက်ထဲမှ တယောက်၏ မျက်နှာမှာ ကန်လန့်ဖြတ်ခုတ်ပိုင်းခံထားရသော ဓားဏ်ရာတခုရှိပြီး တခြားတယောက်ကတော့ မြင်းနှာခေါင်းကဲ့သို့ လျည်လျားသော နှာခေါင်းကိုပိုင်ဆိုင်ထားသည်။ သူတို့နှစ်ယောက်က မုန်တိုင်းထန်နေသလိုမျိုး အပြင်းအထန်တိုက်ခိုက်နေကြသည့် စစ်တပ်နှစ်ခုကို အပေါ်စီးကနေ ကြည့်ရင်း ကျေနပ်သွားသလိုမျိုး ခေါင်းတဆတ်ဆတ်ညိတ်လိုက်ကြသည်။

"... သတ်ကြ ..သတ်ကြစမ်း .... များများသေလေ ပိုကောင်းလေပဲ ....မင်းတို့သေလို့ ဝိညာဉ်သွေးချီတွေပိုများလာလေလေ ငါတို့ပြုလုပ်မွမ်းမံနေတဲ့ ရုပ်သေရုပ်အလောင်းကောင်တွေက မြေကြီးအဆင့်၆ အဆင့်ကို တက်လှမ်းဖို့အခွင့်အရေးပိုများလေပဲ ...."

မျက်နှာ၌ အမာရွတ်ရှိနေသော လူကြီးကမြူးထူးပျော်ရွှင်နေဟန်ဖြင့် ရယ်မောပြောဆိုလိုက်သည်။

နှာခေါင်းရှည်ရှည်ဖြင့် နောက်လူကြီးတယာက်ကလဲ

".... ငါးနှစ်လောက်ကြာတာနဲ့ ငါတို့ညီအကိုနှစ်ယောက်ရဲ့ ရုပ်သေးရုပ်အလောင်းကောင်တွေ မြေကြီးအဆင့်၇ ကိုတက်လှမ်းနိုင်တော့မှာပဲ .... အဲ့ဒိအချိန်ကြလို့ ငါတို့နှစ်ယောက်ရဲ့ အင်အားကိုသာ ပူပေါင်းလိုက်မယ်ဆိုရင်   ကောင်ကင်ဘီလူးဂိုဏ်းမှာ သူတို့ ဂိုဏ်းချုပ်ကလွဲပြီး ဘယ်သူကမှ ငါတို့ပြိုင်ဘက်ဖြစ်မလာနိုင်တော့ဘူး ...!"

မျက်နှာတွင်ကန့်လန့်ဖြတ်ဓားဏ်ရာရှိသော လူကြိးက နီရဲနေသောဝိညာဉ်တိမ်တိုက်များစွာဖြစ်ပေါနေသည့် တိုက်ပွဲအပေါ်ဘက် ကောင်းကင်သို့မော့ကြည့်လိုက်သည်။ ထိုနောက် သူကရုတ်တရက်မျက်မှောင်ကြုတ်လိုက်ပြီး

"... ဟေ့ရောင် ...တခုခုတော့မှားနေပြီဟ .... ဒီနေ့ကောင်းကင်က ဝိညာဉ်သွေးချီဓတ်စွမ်းအင်တွေ သာမန်ထက် အရမ်းကိုနဲပါးနေသလိုပဲ  ...?"

မျက်နှာတွင်အမာရွတ်ရှိသောလူကြီး၏ အာမေထိတ်ရေရွတ်သံကိုကြားတော့ မြင်းမျက်နှာရှိသည့်လူကြီးက ကောင်းကင်ထက်သို့ အလျင်အမြန်မော့ကြည့်လိုက်သည် ။ တချက်ကြည့်လိုက်ရုံနဲ့တင် ကောင်းကင်ထက်က ဝိညာဉ်သွေးချီဓတ်စွမ်းအင်တွေ အရမ်းကိုနဲပါးလာနေတာကို သူကိုယ်တိုင်လဲ သိလိုက်သည်။

သူတို့နှစ်ယောက်က မနေ့ကလဲ ဝိညာဉ်သွေးချီဓတ်တွေကို ရုပ်သေးရုပ်အလောင်းကောင်တွေအတွက် စုစည်းခဲ့သေးသည် ။မနေ့က သူတို့စုစည်းပြီးလို့ ထွက်သွားတဲ့အချိန် ကောင်းကင်ထက်မှာ ဝိညာဉ်သွေးချီဓတ်တွေအမြောက်အများကျန်နေတာကို သူတို့သတိရမိလိုက်သည် ။ နောက်ပြီး ဒိနေ့မှာလဲ တိုက်ပွဲဖြစ်ပွားမှုတွေက အရင်နေ့ကထက်ပိုပြီးပြင်းထန်တာမို့ ဝိညာဉ်သွေးချီဓတ်စွမ်းအင်တွေက လျော့နဲသွားရမယ့်အစားပိုလို့ တိုးများလာရမှာမဟုတ်လား  ..။ သူတို့စိတ်ထဲမှာ တခုခုတော့မှားယွင်းနေပြီဆိုတာကိုအလိုလိုနားလည်လိုက်သည်။

အဆက်မပြတ်ဖြစ်ပွားနေကြသောတိုက်ပွဲကြောင့်မို့လို သေဆုံးခြင်းအရောင်အဝါတွေပိုလို့များပြားနေတာကိုသူတို့တွေ့နေရသည် ။ သို့ပေမယ့် ဝိညာဉ်သွေးချီဓတ်စွမ်းအင်တွေကတော့ သေဆုံးခြင်းအရောင်အဝါတွေနဲ့စာရင် အလွန်တရာကိုနဲပါးနေလေသည်။

"... ဟာ.... ဟိုဘက်ကိုကြည့်လိုက်စမ်း... ဘယ်သူလဲမသိဘူး သွေးဝိညာသ်ူချီဓတ်စွမ်းအင်တွေကို စုပ်ယူနေတယ်ကွ ..."

ခနတာကြာပြီးနောက် မြင်းမျက်နှာဖြင့်လူကြီးက ဝိညာဉ်တိမ်တိုက်တွေဆီကနေ စီးကျလာနေသော အနီရောင်စီးကြောင်းတွေက တခြားတောင်ထိပ်တခုဆီသို့ စီးမျောသွားနေတာကို သတိပြုမိလိုက်သည်။

အဲ့ဒါကိုမြင်တော့ အမာရွတ်ဖြင့်လူကြီးက လှောင်ရယ်ရယ်လိုက်ကာ

".... တကယ်ကိုသေချင်နေတဲ့ကောင်ပါလား ... တစ္ဆော တိုက်ပွဲနယ်မြေကိုလာပြီး ငါတို့နှစ်ယောက်ဆီကနေ သွေးဝိညာဉ်ချီဓတ်စွမ်းအားတွေကို လာခိုးရဲတယ်ပေါ့လေ .... အဲ့ကောင်က သေချင်နေမှတော့ ငါတို့သူဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြရင်မကောင်းဘူးလားကွ ...."

မျက်နှာ၌အမာရွတ်ရှိသောလူကြီးက သူ့စကားမဆုံးခင်မှာပဲ ရှောင်လုံရှိနေသည့် တောင်ထိပ်သို့ အနက်ရောင်မီးခိုးငွေ့တွေအဖြစ်ပြောင်းလဲကာ ပျံသန်းသွားပြီပဲ ဖြစ်သည်။

မြင်းမျက်နှာဖြင့်လူကြီးကလဲ အလျင်အမြန်ပျံသန်း၍ လိုက်သွားသည်။ သူတို့က ပျံသန်းလာပြီး ရှောင်လုံနှင့်မနီမဝေးနေရာမှာ ဆင်းသက်လိုက်ကြသည်။ ထိုနောက် ရှောင်လုံ နတ်ဆိုးလက်သည်းသိုင်းလေ့ကျင့်နေတာကိုအကဲခတ်လိုက်ကြသည်။ ရှောင်လုံက နတ်ဆိုးသိုင်းကွက်အပေါ် စျဉ်ဝင်စား၍ လေ့ကျင့်နေစဉ်မှာပင် ထိုသိုင်းကွက်ကို အမူမှတ်အမှန်မဲ့ ရုတ်တရက်ထုတ်သုံးမိလိုက်သည် ။ ရှောင်လုံလက်တဖက်ကို ဝေ့ယမ်းလိုက်တယ်ဆိုရင်ပဲ သူ့အရှေ့ဘက်မှာရှိနေသော လေဟာနယ်တခုလုံး ဆုတ်ပြဲသွားပြီး ကြောက်မက်ဖွယ်ရာအော်မြည်ငိုကြွေးသံပေါင်းများစွာ ဖြစ်ပေါ်လာသည်။ မျက်နှာတွင်အမာရွတ်ရှိသောလူကြီးနဲ့ မြင်းမျက်နှာဖြင့် လူကြီးတို့က တယောက်နှင့် တယောက်အကြည့်ချင်းဖလှယ်လိုက်ကြသည် ။ ရှောင်လုံသိုင်းကွက်ကို ကြည့်ရင်း သူတို့မျက်နှာတွေက အရမ်းကိုထိန့်လန့်ကြောက်ရွံနေ့ကြသည် ။

"...ဒိကောင်လေးလေ့ကျင့်နေတဲ့သိုင်းက .... စောက်ရမ်းကြမ်းလှချည်လားကွ .... ?!"

သူတို့နှစ်ယောက်က ခနတာလောက် အံသြမှင်သက်စွာငေးကြည့်ပြီးသည့်နောက်မှာ ကန့်လန့်ဖြတ်အမာရွတ်နှင့်လူကြ်ိးက ရုတ်တရက်ပြောလာသည်

".... ဒီကောင်သိုင်းက ငါတို့ကောင်းကင်ဘီလူဂိုဏ်းရဲ့ လက်ဝါးသိုင်းထက်တောင်ပိုပြီး ကြမ်းတမ်းနေပါလား ....?!"

မြင်းမျက်နှာဖြင့်လူကြ်ိးကလဲ အံသြနေသောမျက်နှယဖြင့်

"....သူလေ့ကျင့်နေတာ ကောင်းကင်အဆင့်သိုင်းကျမ်းများလား ....?"

ကောင်းကင်အဆင့်သိုင်းကျမ်း ....!

ဖြစ်နိုင်ချေကိုစဉ်းစားမိပြီး သူတို့နှစ်ယောက်ရဲ့မျက်လုံးတွေ ရုတ်တရက် အရောင်တောက်လာကြသည်။ ထိုနောက် မြင်းမျက်နှာဖြင့်လူကြီးက အားရပါးရရယ်မောရင်း

"...ဟား....ဟား... ငါတို့ အခုလိုမျိုး ကံကောင်းလိမ့်မယ်လို့ ထင်မထားဘူး ...ညီလေးရေ ကြည့်ရတာ ငါတို့နှစ်ယောက်ကို မိုးကောင်းကင်က ပစ်မထားဘူးပဲကွ .... ဒိကောင်းကင်အဆင့်သိုင်းကျမ်းကိုသာရလိုက်ရင် ငါတို့သိုင်းအဆင့်တွေက တဟုတ်ထိုးကိုတိုးတက်လာတော့မှာကွ .... အဲ့ကျရင် ချန်ရှောင်ထျန်ဆိုတဲ့ အဖိုးကြီးတောင် ငါတို့ပြိုင်ဘက်မဖြစ်နိုင်တော့ဘူး ...ချန်ရှောင်ထျန်မရှိမှတော့ မိုးကောင်းကင်ဘီလူးသိုင်းဂိုဏ်းကြီးတခုက သူတို့လက်ခုပ်ထဲက ရေဖြစ်လာပြ်ီပေါ့...."

မျက်နှာတွင်ဓားဒဏ်ရာရှိသော လူကြီးက မြင်းမျက်နှာလူကြီးရဲ့ စကားကိုထောက်ထံဟန်ဖြင့် ရယ်မောရင်း ခေါင်းညိတ်ပြလိုက်သည်။

".... လာကွာ .... အဲ့ကောင်လေးကိုငါတို့ အရှင်ဖမ်းကြရအောင် .... သူလွတ်သွားရင်ငါတို့ရင်ကျိုးနေရမယ် ..."

".. ဟူတ်တယ် ဒိကောင်ကိုဖမ်းပြီး သူကျင့်နေတဲ့
သိုင်းကျမ်းအကြောင်းကိုစစ်မေးရမယ် .... ငါတို့ဆီကနေ သွေးဝိညာဉ်ချီဓတ်စွမ်းအင်တွေကို လာခိုးမိတဲ့အကျိုးရလဒ်က ဘာဆိုတာကို ဒီကောင်နားလည်သွားစေရမယ် ..."

ထိုနောက် သူတို့နှစ်ယောက်ကရှောင်လုံသိုင်းလေ့ကျင့်နေသည့် တောင်ထိပ်နားသို့ အလျင်အမြန်ချဉ်းကပ်လာကြသည်။ ရှောင်လုံအနားသို့ မျက်စိတမှိတ်အတွင်းမှာပဲ ရောက်ရှိလာကြသည်။ သူတို့နှစ်ယောက်က တယောက်ကအရှေ့မှာနေပြီး အနောက်ကအနေုာက်ဘက်မှာနေ၍ ရှောင်လုံထွက်မပြေးနိုင်အောင် ကာရံထားလိုက်သည် ။သူတို့နှစ်ယောက်က ရှောင်လုံထွက်ပြေးနိုင်မည့်လမ်းတွေအကုန်လုံးကို ပိတ်ဆို့ပြီးချိန်ကြမှ ရှောင်လုံမျက်စိမှိတ်ရင်းထိုင်လျက်ရှိနေသည့်နေရာသို့ လမ်းလျှောက်သွားလိုက်သည် ။

..........................______........................

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

စာစဉ်... ၁၇

အပိုင်း.... ၂၄၇

ထိုလူကြီးနှစ်ယောက်က သူနှင့် မီတာတရာလောက်အကွာသို့ရောက်လာချိန်မှာတော့ ရှောင်လုံက သူ သိုင်းလေ့ကျင့်နေတာတွေကို ဖြည်းဖြည်းချင်း ရပ်တန့်ပစ်လိုက်သည်။ ထိုနောက် နတ်ဆိုးလက်သည်သိုင်း စွမ်းရည်တွေကို သူ့ကိုယ်ထဲသို့ပြန်လည် စီးဆင်ခိုင်းလိုက်သည်။
သူ့သိုင်းကွက်တွေအကုန်လုံးကို အကုန်အစင်ရုတ်သိမ်းလိုက်ပြီးသည်နှင့် ရှောင်လုံက သူ့ပြေးလမ်းတွေကိုပိတ်ဆို့ကာ ချဉ်းကပ်လာနေကြသော လူနှစ်ယောက်ကို သေချာအကဲခတ်လိုက်သည်။

အမှန်တကယ်တော့သူတို့နှစ်ယောက် သတိမပြုမိခင်ကတည်းက ရှောင်လုံကသူတိုနှစ်ယောက် တခြားတောင်ထိပ်တခုမှရောက်နေတာကို သိရှိပြီးဖြစ်သည်။ သို့ပေမယ့် သူတို့နှစ်ယောက်စလုံးက ကောင်းကင် အဆင့်၆သိုင်းသမားတွေကြီးဖြစ်တာကြောင့် ရှောင်လုံက သူတို့နှစ်ယောက်ကို သိပ်ပြီးဂရုမစိုက်ခဲ့ခြင်းပင်ဖြစ်သည်။

  အမာရွတ်ရှိသောလူကြီးနှင့် မြင်းမျက်နှာနှင့် လူကြီးတို့က ရှောင်လုံနှင့် ဆယ်မီတာလောက်အကွာမှာ ရပ်ရင်း သူတို့ကိုအကဲခတ်နေသောရှောင်လုံကို စူးစိုက်ကြည့်လိုက်ကြသည်။

မျက်နှာတွင်းဓားဒဏ်ရာရှိသောလူကြိးက ရှောင်လုံကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး သူ့မျက်နှာထက်မှာ ရင်းနှီးဖော်ကွောအပြုံးတခုဖြစ်ပေါ်လာသည်

"... ဒီကညီလေး....မင်းကဘယ်သိုင်းဂိုဏ်းကလဲဆိုတာ သိခွင့်ရှိမလား.... ? အကိုတို့က မင်းကိုဘယ်လိုခေါ်ရမလဲ ....?"

မျက်နှာ၌အမာရွတ်ရှိသော လူကြီးက ရှောင်လုံကိုဖမ်းဆီးဖို့ ကြံစည်ထားပြီး  သိုင်းကျမ်းကိုအရယူဖို့ စဉ်းစားထားပေမယ့် ရှောင်လုံနောက်ခံအကြောင်းကိုအရင်စုံစမ်းလိုက်လေသည် ။ သို့ပေမယ့် သူကဖြည်းဖြည်းမှန်မှန် နည်းကိုသာအသုံးပြုလိုက်သည် ။ ရှောင်လုံနောက်ခံအကြောင်းစုံစမ်းပြီးချိန်ကြမှ သူတို့စဉ်းစားထားသည့်အတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့အနေနဲ့ ရှောင်လုံလေ့ကျင့်နေသော သိုင်းကျမ်းကိမက်မောပေမယ့် ပြသနာကိုတော့မီးခွက်ထွန်းပြီး မရှာရဲကြပေ... ။

သူတို့နှစ်ယောက်အဖွဲ့ဝင်ထားသော ကောင်းကင်ဘီလူးသိုင်းဂိုဏ်းကလဲ ဘတ်လန်းဒေသထဲမှာ အင်အားနည်းသည်ဟုမဆိုနိုင်ပေ.. ။ သို့ပေမယ့် ဘတ်လန်းဒေသထဲမှာ   သူတို့ကောင်းကင်ဘီလူးဂိုဏ်းကို ပုရွက်ဆိတ်တကောင်လို ညှစ်ချေပစ်နိုင်သော
အင်အားကြီးသိုင်းဂိုဏ်းတွေကလမြောက်မြားစွာ ရှိကြသည်။

အကယ်၍ ဤလူငယ်လေးကသာ ထိုကဲ့သို့သော သိုင်းဂိုဏ်းကြီးများ၏ အဖွဲ့ဝင်တယောက်ဖြစ်နေမယ်ဆိုရင် မျက်နှာမှာအမာရွတ်လူကြီးက ထိုလူငယ်လေး အပေါ်ကိုမကောင်းကြံစည်ဖို့ရာ  နောက်ပိုင်းတွင်ကြုံတွေလာရမည့် အကျိုးဆက်ကိုအရင်ဆုံး စဉ်းစားရမှပဲ ဖြစ်သည်။

နောက်ခံအကြောင်းကို ထဲ့မစဉ်းစားမိလို့ အင်အားကြီးအဖွဲ့အစည်းတခုကို ရန်စလိုက်မိပြီဆိုရင်တော့ သူ့အနေဖြင့် ကမ္ဘာမြေအဆုံးထွက်ပြေးမယ်ဆိုရင်တောင် လွတ်မြောက်နိုင်မှာမဟုတ်ပေ.... ။

ရှောင်လုံက သူရှေ့ကလူနှစ်ယောက် ဘာတွေစဉ်းစားနေတယ်ဆိုတာကို သူတို့မျက်နှာကြည့်ရုံနဲ့တင် နားလည်လိုက်သည်။ သူရင်ထဲမှာ ကျိတ်ပြီးပြုံးလိုက်ပေမယ့် အပြင်ပန်းကတော့ ထုံပေပေ အမူအရာဖြင့်

".... ဘာလို့မေးတာတုံးဗျ.... ?"

မြင်းမျက်နှာနှင့်လူကြီးက ကြင်နာချင်ယောင်ဆောင်သောအပြုံးဖြင့်

"..... ဒီလိုပါညီလေးရယ်....မင်းဆရာနဲ့ ငါတို့ဆရာက သူငယ်ချင်းတွေဖြစ်နေနိုင်တယ်လေ.... အဲ့ဒါကြောင့် မင်းရဲ့ဂိုဏ်းကိုမေးတာပါ... "

"... ခင်ဗျားအတွေးလွန်နေပါပြီ....ကျုပ်က ဒီဘတ်လန်းဒေသထဲမှာ ရှိတဲ့ ဘယ်သိုင်းဂိုဏ်းကမှ မဟုတ်ဘူး..... "

ထိုနောက် ရှောင်လုံက ခပ်လှောင်လှောင်လေသံဖြင့် ထပ်ပြောလိုက်သည်

".... အဲ့ဒါကြောင့် ခင်ဗျားတို့ကျုပ်ကို သတ်လိုက်ရင် ဘယ်သိုင်းဂိုဏ်းကမှ ခင်ဗျားတို့ကိုလာပြီး ရန်ရှာမှာ မဟုတ်ဘူး.... "

ရှောင်လုံ စကားကြားတော့ အမာရွတ်နှင့် လူကြီးရော မြင်းမျက်နှာနှင့် လူကြီးပါ အငိုက်မိသွားကြသည်။  ရှောင်လုံက အခုလိုမျိုး ဒဲ့ဒိုးကြီးပြောလာလိမ့်မယ်လို့ သူတို့စိတ်ထဲမှာ ဘယ်တုံးကမှ ထင်မထားခဲ့ပေ...။ သူတို့နှစ်ယောက်က တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည် ။သူတို့သတ်မှာကိုသိနေတာတောင် ရဲ့ရင်တည်ကြည်နေသော ရှောင်လုံမျက်နှာထားကိုကြည့်ရင်း သူတို့စိတ်ထဲမှာ စိုးရိမ်စိတ်အနဲငယ်ဖြစ်ပေါ်လာကြသည် ။

သူက ဒီဘတ်လန်းဒေသက မဟုတ်ဘူးဆိုပါလား.....!

ဒါဆိုရင် ဒီကောင်လေးမျက်နှာက ဘာကြောင့် ဒီလောက်ထိယုံကြည်မှုတွေနဲ့ပြည့်နှက်နေရတာလဲ..... ?

သူတို့နှစ်ယောက်က ရှောင်လုံကိုတချက်ကြည့်လိုက်ရုံနဲ့ ရှောင်လုံက အခုထိ ကောင်းကင်အဆင့်၆ သိုင်းသမားအဆင့်ပဲ ရှိသေးတယ်ဆိုတာကို သိလိုက်ကြသည်။ ဒါပေမယ့် သူတို့နှစ်ယောက်ကလဲ ကောင်းကင်အဆင့်၆ သိုင်သမားနှစ်ယောက်မဟုတ်လား.... ။ သူတို့နှစ်ယောက်သာ ပူးပေါင်းတိုက်ခိုက်လိုက်မယ်ဆိုရင် ဒီကောင်လေးဘယ်လိုလုပ်ထွက်ပေးနိုင်ပါ့မလဲ.... ။

".... ခင်ဗျားတို့လုပ်စရာရှိတာကိုလုပ်ပါ... "

သူတို့နှစ်ယောက်က အတွေးကမ္ဘာထဲနှစ်မျောနေစဉ် ရှောင်လုံဆီကနေ စကားသံထပ်မံ၍ ထွက်ပေါ်လာသည်

".... ကျုပ်ကတော့ ခင်ဗျားတို့ကို အခွင့်အရေးတခုပဲပေးနိုင်မယ်.... အဲ့ဒါကြောင့် ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို အရင်တိုက်ခိုက်ပေတော့.... "

ရှောင်လုံရဲ့ စကားကြီးစကားကျယ်ကိုကြားတော့ သူတို့နှစ်ယောက်လုံးမျက်နှာတွေက ရှုံ့မဲ့ကုန်ကြသည် ။ ထိုနောက် သူတို့နှစ်ယောက်က တစုံတရာကို သံသယဖြစ်နေသည့် ပုံစံဖြင့် တယောက်မျက်နှာတယောက်ထပ်ကြည့်လိုက်ကြသည် ။ သူတို့နှစ်ယောက်စလုံး  ဘယ်သူကမှ အရင်စပြီးမတိုက်ခိုက်ရဲကြပေ...။

တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြသော ထိုလူကြီးနှစ်ယောက်ကိုကြည့်ရင်း ရှောင်လုံက ပြုံး၍ ခေါင်းခါလိုက်သည်

"... ခင်ဗျားတို့နှစ်ယောက်စလုံးက ကျုပ်လေ့ကျင့်နေတာ ကောင်းကင်အဆင့်သိုင်းကျမ်းတခုဟုတ်မဟုတ်ဆိုတာကို သိချင်နေကြတာမဟုတ်လား....ကျုပ်ရှင်းရှင်းပဲပြောမယ်... ခင်ဗျားတို့ထင်နေတာအမှန်ပဲ....
ကျုပ်လေ့ကျင့်နေတာကောင်းကင်အဆင့်သိုင်းကျမ်းပဲ... ကောင်းကင်အဆင့်သိုင်းကျမ်းထဲမှာတောင် အဆင့်နိမ့်ကောင်းကင်အဆင့်သိုင်းကျမ်းလိုမျိုး သာမာန်ညောင်ညသိုင်းကျမ်းမျိုး မဟူတ်ဘူးနော်... ..."

သာမာန်အဆင့်နိမ့် ကောင်းကင်အဆင့် သိုင်းကျမ်းမျိုးတောင် မဟုတ်ဘူးဆိုပါလား...။
ဒါ.... ဒါဆို အဆင်မြင့်ကောင်းကင်အဆင့်သိုင်းကျမ်းမျာလား.....။
ရှောင်လုံစကားအောက်မှ ဖြစ်နိုင်ချေကို စဉ်းစားမိပြီး သူတို့နှစ်ယောက်လုံးရဲ့ မျက်လုံးတွေကအရောင်တောက်လာသည် ။

ထိုနောက် သူတို့နှစ်ယောက်က ဘာဖြစ်မှန်းဖြစ်သွားမှန်း မသိလိုက်ခင်မှာပဲ ရှောင်လုံက လေထဲသို့ခုန်ပျံလိုက်သည်။ ပြီးတာနဲ့ သူလက်တွေကို လက်သည်းပုံသဏ္ဍာန်စုစည်းလိုက်ပြီး ဆန့်ကျင်ဘက်အရပ်နှစ်ခုကို ခုတ်ပိုင်းလိုက်လေသည်။ ရှောင်လုံလက်သည်းနှစ်ခုဆီကနေ ကြီးမားသောအနက်ရောင်လက်သည်းရာကြီးနှစ်ခုက လေထုထဲမှာ ဖြစ်တည်လာသည် ။
ထိုနောက် လက်သည်းရာနှင့် ပါလာသော အနက်ရောင်မြူနှင်များကြားမှ နတ်ဆိုးမိစ္ဆာပုံသဏ္ဍာန်များစွာက ဒေါသတကြီး အော်ဟစ်ငိုကြွေးလိုက်ကြသည်  ။ လက်သည်းရာကြီးနှစ်ခုကြောင့် ကမ္ဘာလေထုကြီးတောင် ဆုတ်ပြဲသွားမတတ်ဖြစ်သွားပြီး လင်းထိန်နေသော ပတ်ဝန်းကျင်တခုလုံးကို အမှောင်ထုကြီးကဝါးမျို ကြီးစိုးသွားလေသည်။

သူတို့နှစ်ယောက်အနားသို့တဖြည်းဖြည်း နီးကပ်လာနေသော အနက်ရောင်လက်သည်းကြီးနှစ်ခုကိုကြည့်ရင်း အမာရွတ်မျက်နှာနှင့် လူကြီးရော မြင်းမျက်နှာနှင့်လူကြီးရဲ့ ခေါင်းထဲမှာပါ အချက်ပေးခေါင်းလောင်းသံတွေ မည်ဟိန်းလာကြသည် ။ သူတို့နှစ်ယောက်က တုန့်ဆိုင်းမနေပဲ အနောက်သို့ ခုန်ပျံရင်း ရှောင်တိမ်းလိုက်ကြပြီး အတွင်းကိုယ်စီထုတ်ကာ ရှောင်လုံလက်သည်းရာကြီးကို တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြသည်။

"... ကောင်းကင်အလောင်းကောင်လက်သီးသိုင်း.... "

".... တောအလောင်းကောင်သိုင်း... "

သူတို့နှစ်ယောက်ဆီကနေ ပြိုင်တူဟစ်ကြွေးသံထွက်ပေါ်လာသည် ။ သူတို့နှစ်ယောက်ဆီက သိုင်းကွက်တွေထွက်မလာခင်မှာပဲ ပတ်ဝန်ကျင်းတခုလုံးကို သေဆုံးခြင်းနမိတ်ပုံရိပ်တွေကအရင် လွှမ်းခြုံသွားသည် ။ ထိုနောက် သန့်ရှင်းလတ်ဆတ်သောလေထုတခုလုံးကို လူအယောက်တရာလောက်တပြိုင်နက်ထဲသေဆုံးနေသကဲ့သို့ ညှီစို့စို့ အနံဆိုးကြီးက ဖုံးလွှမ်းသွားသည်။

တစက္ကန့်၏ ဆယ်ပုံပုံတပုံလောက် မကြာခင်မှာပဲ သူတို့လက်သီးသိုင်းနှင့် ရှောင်လုံ၏ လက်သည်းရာကြီးတို့ ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြသည်။

ဖုန်း..... ဖုန်း......

လက်သီးရာနှစ်ခုနှင့် လက်သည်းရာနှစ်ခုထိတွေ့မှုကနေ
ကြောက်မက်ဖွယ်ရာမိုးကြိုးပစ်သံကြီးကဲ့သို့ ကျယ်လောင်သော မည်ဟိန်းသံတွေ ဖြစ်ပေါ် လာသည် ။ လေထုတခုလုံး ပြင်းထန်သွာတုန်ခါသွားပြီး ပတ်ဝန်ကျင်တခုလုံး၌ ရှိနေသော အရာဝတ္ထုတွေအကုန်လုံး လေပြင်းမုန်တိုင်းနှင့် ရင်ဆိုင်တွေမိလိုက်သကဲ့သို့ အဝေးကိုလွင့်ပျံသွားကြသည် ။ သူတို့ရှိနေကြသည့် တောင်ထိပ်တခုလုံး ဖုန်မှုန်တွေဖြင့် ဖုံးလွှမ်းသွားသည်။တောင်နံရံထက်မှာလဲ ထင်ရှားသော အက်ကြောင်းကြီးမှာ ဖြစ်ပေါ်လာသည် ။

သူတို့နှစ်ယောက်၏လက်သီးသိုင်းဖြင့် ထိပ်တိုက်ရင်ဆိုင်ပြီးတာတောင်မှ ရှောင်လုံရဲ့ နတ်ဆိုးလက်သည်းကြီးက အားပျော့၍ ပျောက်ပျက်သွားခြင်းမရှိပေ ....။ ပျောက်ပျက်သွားခြင်းမရှိသည့်အပြင် သူတို့ထံသို့ ပိုမိုလျင်မြန်စွာပျံသန်းလာနေတာကိုမြင်တော့  သူတို့နှစ်ယောက်စလုံး မျက်စိပျက်မျက်နှာပျက်တွေ ဖြစ်ကုန်ကြသည်။ သူတို့ ကမန်းကတမ်း ခုန်ရှောင်ဖို့ပြင်ဆင်နေစဉ်မှာပဲ ရှောင်လုံရဲ့ လက်သည်းကြီးက သူတို့ရင်ဘတ်နေရာဆီသို့ ထိမှန်သွားသည်။

လေပေါ်သို့ ခုန်ပျံလိုက်သည့် သူတို့နှစ်ယောက်စလုံး မြေကြီးပေါ်သို့ ဇောက်ထိုးပြန်ကျလာလေသည်။ သူတို့နှစ်ယောက်ပြန်ကျလာသည့်အရှိန်ဖြင့် တောင်ကုန်းထိပ်တွင် နောက်တကြိမ် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားပြန်သည် ။
မြေကြီးနှင့်ရိုက်မိပြီးနောက် သူတို့ပါးစပ်ကနေ သွေးတွေအဆက်မပြတ်အန်ထုတ်လိုက်ကြသည် ။ သူတို့ဆီက အန်ထွက်လာသောသွေးတွေဖြင့် တောင်ကုန်းထိပ်က အဝါရောင်မြေကြီးတခုလုံး ရဲရဲနီသွားသည်။

"... မင်း... မင်း....ဒါဘယ်လုပ်ဖြစ်နိုင်မှာလဲ... ?"

သူတို့နှစ်ယောက်စလုံးက ရှောင်လုံကို ကြောက်လန့်တကြားပုံစံဖြင့်ငေးကြည့်ရင်း ထစ်ထစ်ငေါ့ငေါ့ ရေရွတ်လိုက်သည်။ ရှောင်လုံကိုငေးကြည့်နေသော သူတို့မျက်လုံးအိမ်ထဲမှာ မယုံကြည်နိုင်မှုတွေ ၊ ကြောက်လန့်တုန်လှုပ်မှုတွေ အထင်သားပေါ်လွင်နေသည် ။

သူတို့နှစ်ယောက်စလုံးက ကောင်းကင်အဆင့်၆ သိုင်းသမားတွေချည်းဖြစ်သည် ။ ထိုအပြင် ရှောင်လုံကိုသူတို့နှစ်ယောက်စလုံးပူးပေါင်း၍ တိုက်ခိုက်တာလဲ ဖြစ်သည် ။ သို့ပေမယ့် ထိုလူငယ်လေးကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ဖို့ဝေးစွ တကယ်တမ်းဏ်ရာရရှိသွားသူတွေကတော့ သူတို့နှစ်ယောက် ဖြစ်နေသည်။

ရှောင်လုံကတော့ သူတို့နှစ်ယောက်မျက်နှာက ကြောက်လန့်တုန်လှုပ်မှုတွေကို မသိချင်ယောင်ဆောင်ပြီး သူတို့အနားသို့ တဖြေးဖြေး ချဉ်းကပ်လာသည်။ ထိုနောက် သူဆီက အေးစက်သက်အသံထွက်ပေါ်လာသည်

"... ခင်ဗျားတို့ကို ကျုပ်ပြေားထားသလိုပဲ...ကျုပ်ခင်ဗျားတို့အပေါ်ကို အခွင့်အရေးတခုပေးပြီးပြီ.... ခင်ဗျားတို့က အဲ့ဒီအခွင့်အရေးကိုမှ အသုံးမချနိုင်ဘဲ.... "

ထိုလူကြီးနှစ်ယောက်က ရှောင်လုံချဉ်းကပ်လာတာကိုမြင်တော့ မြေကြီးပေါကနေ ကမန်းကတမ်းကုန်းရုံးထလိုက်ပြီး အနောက်ဘက်သို့ သုတ်သုတ်ပြာပြာ ထွက်ပြေးကြသည် ။

ရှောင်လုံနှင့် မလှမ်းမကမ်းအထိရောက်အောင် ထွက်ပြေးပြီးနောက် မျက်နှာတွင်အမာရွတ်ရှိနေသောလူကြီးက သူ့ရင်ထဲက ကြောက်ရွံမှုတွေကို ကြိုးစားထိန်းချုပ်ရင်း ရှောင်လုံကို အသံကျယ်ကျယ်ဖြင့် ပြန်မေးလိုက်သည်

"... မင်း.... မင်းဘာလုပ်ချင်လို့လဲ... ?"

"... ကျုပ်ကဘာလုပ်ချင်လဲ.... ဟူတ်လား...?"

ရှောင်လုံက လှောင်ရယ် ရယ်လိုက်ပြီး

".... ခင်ဗျားတို့က  နတ်ဆိုးလက်သည်းသိုင်းကို
လိုချင်လို့ ကျုပ်ကိုဖမ်းမလို့မဟုတ်ဘူးလား...."

သူတို့ရဲ့ ရည်ရွက်ချက်က  လယ်ပြင်မှာဆင်သွားသလိုမျိုး ရှောင်လုံကထုတ်ဖော်ပြောလိုက်သည်။ ရှောင်လုံစကားကိုနားထောင်ပြီး သူတို့နှစ်ယောက်လုံးက မျက်စိပျက်မျက်နှာပျက်ဖြစ်ကုန်ကြသည် ။ ရှောင်လုံကတော့သူတို့အကြံအစည်တွေကို စစချင်းထဲက သိနေပြီးသားဖြစ်သည်။

မြင်းမျက်နှာနှင့်လူကြီးက ရှိုးတိုးရှန့်တန့်အမူအရာဖြင့် မချိပြုံးလေးကြိုးသားပြုံလိုက်ပြီး

"... ဒီကညီလေး... အကို...အကိုတို့ကလေ..."

သူ့စကားမဆုံးခင်မှာပဲ ရှောင်လုံပုံရိပ်က သူ့အရှေ့ကနေ ဝေဝါး၍ ပျောက်ကွယ်သွားသည် ။ ထိုနောက် ချက်ချင်းဆိုသလို သူတို့နှစ်ယောက်အနားမှာ ပြန်ပေါ်လာသည် ။ ရှောင်လုံက နောက်ထပ်တကြိမ်ထပ်မံတိုက်ခိုက်လိုက်သည်။ သူတို့နှစ်ယောက်ကလဲ ရှောင်လုံတိုက်ခိုက်မှုကို အလျင်အမြန်ခုခံကန်ကြိုးစားလိုက်ပေမယ့် ခြေတလှမ်းစာလောက်နောက်ကျသွားပြန်သည် ။

ရှောင်လုံလက်ချက်မိပြီး သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်တွေက မလှမ်းမကမ်းမှာရှိနေသော တောင်နံရံဖြင့် သွားတိုက်မိကြသည် ။ သူတို့ခန္ဓာတွေနှင့် တိုက်မိသည့် အရှိန်ကြောင့် တောင်နံရံဆီကနေ ကျောက်တုံးကျောက်ခဲများတဖြုတ်ဖြုတ်ကြွေကျလာသည် ။

ရှောင်လုံက ခြေကားယားလက်ကားယားလဲကျနေသော သူတို့အနားသို့ ထပ်မံ၍ ချဉ်းကပ်လာသည် ။

"... ညီလေး... ညိလေး အကိုတို့မှားပါတယ်...အကိုတို့နှစ်ယောက်လုံး သူတော်ကောင်းကိုစော်ကားမိသလိုဖြစ်သွားတယ်.... အကိုတို့တောင်းပန်ပါတယ်.. အကိုတို့အသက်ကိုတော့ချမ်းသာပေးပါ...."

မြင်းမျက်နှာနှင့်လူကြီးက တုန်ယင်နေသောအသံဖြင့် သနားစဖွယ်ငိုယိုပြီးတောင်းပန်လိုက်သည်။ သူတို့စိတ်ထဲမှာ ရှောင်လုံက သူတို့နှစ်ယောက်ထက်ပိုပြီး အစွမ်းထက်ကြောင်းကိုလက်မခံချင်ပေမယ့် နောက်ဆုံးမှာတော့ အမှန်တရားကို လက်ခံလိုက်ရသည် ။ ရှောင်လုံနှင့်ယှဉ်ရင် သူတို့နှစ်ယောက်စလုံးကဆယ်နှစ်သား ကလေးလေးတွေလိုဖြစ်နေကြပြီး  ရှောင်လုံတိုက်ခိုက်မှုတွေကို ဘယ်လိုနည်းနဲ့မှ ခုခံနိုင်စွမ်း မရှိကြပေ... ။

".... ခွှင့်လွှတ်ပေးရမယ်...ဟုတ်လား... အင်း......?.

ရှောင်လုံက မေးစေ့ကိုပွတ်ရင်း အချိန်ဆွဲလိုက်ပြီး

".... ကောင်းပြီလေ....ခင်ဗျားတို့ကိုမသတ်တော့ဘူး...ခင်ဗျားတို့အတွက်ရွေးချယ်စရာတခုပေးမယ်... "

ထိုလူကြီးနှစ်ယောက်က ရှောင်လုံစကားကိုနားထောင်ရင်း မယုံနိုင်သလို ငေးတိငေးကြောင်ဖြစ်သွားကြသည်။ သူတို့စိတ်ထဲမှာက သူတို့ ကျိမ်းသေပေါက်ကိုသေရတော့မယ်လို့ သတ်မှတ်ထားပြီးဖြစ်သည် ။ ရှောင်လုံက သူတို့အသက်ကို ချမ်းသာပေးမှာ မဟုတ်ဘူးလို့ပဲ တွက်ဆထားကြသည်။
အခုလိုမျိုး ရှောင်လုံက သူတို့အသက်ကို ချမ်းသာပေးလိုက်ခြင်းကြောင့် သူတို့စိတ်ထဲမှာ မယုံကြည်နိုင်အောင်ဖြစ်နေကြသည်... ။

ဒီကောင်လေး ငါတို့နှစ်ယောက်ရဲ့ အသက်ကိုဘာလို့များချမ်းသာပေးတာပါလိမ့်...?

"... ညီ..ညီလေးက အကိုတို့ကိုမသတ်တော့ဘူးလား... ?"

မျက်နှာတွင်အမာရွတ်နှင့်လူကြီးက သတိထားပြီးမေးလိုက်သည်။

"... ဟူတ်တယ်... မသတ်တော့ဘူး... "

ရှောင်လုံကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည် ။

ရှောင်လုံစကားကိုကြားတော့ အမာရွတ်နှင့်လူကြီးက ခနတောက်ချီတုံချတုံဖြစ်သွားပြီးမှ ထပ်ပြောလိုက်သည်

"... မင်းက ငါတို့နှစ်ယောက်ကို မင်းဆီမှာ သစ္စာခံစေချင်တာလား.... ?"

အခုလိုရည်ရွယ်ချက်ကလွဲပြီး သူတို့အသက်ကိုချမ်းသာပေးရမယ့် တခြားရည်ရွယ်ချက်မရှိနိုင်ဘူးဆိုတာကို သူတို့နှစ်ယောက်လုံး နားလည်လိုက်ကြသည်။

ရှောင်လုံက တည်တည်ကြည်ကြည်ဖြင့် ခေါင်းညိတ်ပြတာကိုမြင်တော့ သူတို့နှစ်ယောက်စလုံး နှုတ်ဆိတ်သွားသည်။
ရှောင်လုံကတော့ သူတို့နှစ်ယောက်ဆုံးဖြတ်တာကို စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်နေသည်။

ရှောင်လုံရည်ရွယ်ချက်အတိုင်း ဘတ်လန်းဒေသကြီးတခုလုံးကိုထိန်းချုပ်ဖို့အတွက်ဆိုရင် ဖြေးဖြေးနှင့်မှန်မှန်သာလျှောက်လှမ်းရမှာ ဖြစ်သည်။ တကယ်ဆိုစဦးကတည်းက သူတို့နှစ်ယောက်စလုံးကို သိမ်းသွင်းဖို့အတွက် ရှောင်လုံစိတ်ထဲမှာ ရည်ရွယ်ထားပြီးဖြစ်သည် ။ရှောင်လုံစိတ်ထဲမှာ သူတို့နှစ်ယောက်ကို အသုံးချပြီး သူတို့အဖွဲ့ဝင်ထားသည့် ဂိုဏ်းကိုအရင်ဆုံး ထိန်းချုပ်ကာ အဲ့ဒီကနေတဆင့် ဘတ်လန်းနယ်မြေကြီးတခုလုံးကိုပါ သူ့လက်အောက်သို့ သိမ်းသွင်းရန် ရည်ရွယ်ထားသည်။

သူတို့နှစ်ယောက်က ရှောင်လုံရည်ရွယ်ချက်အတွက် တန်ဖိုးတစုံတရာသာ မရှိခဲ့ဘူးဆိုရင် သူတို့နှစ်ယောက်စလုံး အခုချိန်ဆိုရင် ရှောင်လုံလက်ချက်ဖြင့် ဆယ်ခါပြန်ကို သေနေလေါက်ပြီ... ။

"... ကျုပ်သဘောတူတယ်... "

ခနတာလောက်ကြာလောက် မြင်းမျက်နှာနှင့်လူကြီးက အရင်ဆုံးစပြောလိုက်သည်

"...ငါမင်းဆီမှာ သစ္စာခံပါမယ်.... "

"... ကောင်းပြီလေ....အခုခင်းဗျားရဲ့ စိတ်ဝိညာဉ်ပင်လယ်ကို ဖွင့်ပေး....  ကျုပ်က ခင်ဗျားရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲမှာ စိတ်ဝိညာဉ်အမှတ်အသားတခုလုပ်မယ်... "

"... ဘယ်လို... စိတ်ဝိညာဉ်အမှတ်အသားလုပ်မယ်... ဟူတ်လား...?"

သူတို့နှစ်ယောက်စလုံးက အံသြတုန်လှုပ်သောမျက်နှာဖြင့်ပြိုင်တူပြန်မေးလိုက်ကြပြီး ".. စိတ်ဝိညာဉ်အမှတ်အသား.."
ဟု ကြားလိုက်သည့်နှင့် သူတို့မျက်နှာတွေက စက္ကူစုတ်တခုလိုမျိုး ဖြူဖွေးသွားသည်။

သူတို့နှစ်ယောက်ရဲ့ ဖြစ်ပျက်သွားသောမျက်နှာထားကိုကြည့်ရင်း ရှောင်လုံက သူ့ရင်ထဲမှာပဲ ကျိတ်ပြီး ရယ်လိုက်သည် ။ သူတို့ဘယ်လိုမျိုးတွေးပြီး အကြံထုတ်နေလဲဆိုတာကို ရှောင်လုံက မသိပဲနေပါ့မလား... ။

သူတို့နှစ်ယောက်က ပထမဆုံးအနေနှင့် ရှောင်လုံဆီမှာသစ္စာခံချင်ယောင်ဆောင်လိုက်မယ်..... ပြီးရင်ရှောင်လုံကို သူတို့ကောင်းကင်ဘီလူးဂိုဏ်းထဲကို အယုံသွင်းပြီးခေါ်သွားမယ်....ကောင်းကင်ဘီလူဂိုဏ်းကိုရောက်တော့မှ တခြားသိုင်းသမားတွေကို အချက်ပေးပြီး ရှောင်လုံကို ဝိုင်းဖမ်းကြမယ်..... စသဖြင့် သူတို့ရဲ့ ကလေးသာသာအတွေးတွေအကုန်လုံးကို ရှောင်လုံကသိနှင့်ပြီဖြစ်သည်။

"... ဘာလဲ....မင်းတို့နှစ်ယောက်က ငါ့အခွင့်အရေးပေးနေတာကို ယူဖို့ စိတ်မပါဘူးပေါ့လေ.... ?"

ရှောင်လုံကမျက်နှာထားတင်းတင်းဖြင့် ပြောလိုက်ပြီး သူ့မျက်လုံးထဲတွေက လူသေတွေကိုကြည့်နေသောမျက်လုံးကဲ့သို့ အေးစက်သွားသည်။

#

အပိုင်း ၂၄၈ ......မိစ္ဆာနက်မြို့တော်

    မျက်နှာတွင်အမာရွတ်ရှိသောလူကြီးနှင့် မင်းမျက်နှာဖြင့်လူကြီးတို့ရဲ့ မျက်နှာထက်မှာ ကြောက်လန့်တုန်လှုပ်မှုတွေအထင်းသားပေါ်လွင်နေလေသည်။
ရှောင်လုံအနေဖြင့် ထိုကဲ့သို့ထူးဆန်းသောနည်းလမ်းမျိုးကိုသိနေလိမ့်မည်ဟု သူတို့စိတ်ထဲမှာ ထင်မထားခဲ့ပေ ...။

စိတ်ဝိညာဉ်၌ အမှတ်အသားပြုလုပ်ခြင်းသည် လျှို့ဝှက်ဆန်းကြယ်သောနည်းလမ်းတခုဖြစ်သည့်အပြင် သိုင်းဝိညာဉ်ကမ္ဘာကြီးထဲကနေ ပျောက်ဆုံးသွားခဲ့တာ နှစ်ပေါင်းအတော်လေးကိုကြာမြင့်နေခဲ့လေပြီ ...။

.လွန်ခဲ့သောနှစ်ပေါင်းခြောက်ရာခန့်က စိတ်ဝိညာဉ်အမှတ်အသားပြုလုပ်ခြင်းနည်းလမ်းကိုသိရှိထားသော စကြာဝဠာသိုင်းသမားတယောက်က ထိုစိတ်ဝိညာဉ်အမှတ်အသားပြုလုပ်ခြင်းနည်းလမ်းကိုအသုံးပြု၍ သိုင်းဂိုဏ်းပေါင်းများစွာကို ထိန်းချုပ်နိုင်ခဲ့သည်။ ထိုအဖြစ်အပျက်က သိုင်းဝိညာဉ်ကမ္ဘာကြီးတခုလုံးကို ကမ္ဘာဖျက်မိုးကြိုးမုန်တိုင်းတွေကျလာသလိုမျိုး တုန်လှုပ်ခြောက်ခြားသွားစေသည် ။

ထိုခေတ်အခါက သာမန်လူသားတွေသာမက သိုင်းပညာရှငိတွေအကုန်လုံးပါ ကျီးလန့်စာ စားပြီးနေထိုင်ခဲ့ကြရသည်။ ထိုစကြာဝဠာသိုင်းသမား၏ လက်အောက်တွင် သေဆုံးခဲ့သော ကောင်းကင်သိုင်းသမားတွေဆိုတာက ရေတွက်လို့တောင်မရနိုင်ပေ ..။

ကောင်းကင်သိုင်းသမားပေါင်း သိန်းသန်းချီ သွေးမြေကျခဲ့ရသည်။ မြေကြီးအဆင့်သိုင်းသမားဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ ...။

သေဆုံးခဲ့သောလူများ၏သွေးတွေက ပင်လယ်ထဲသို့စီးကျကာ ကြည်လင်တောက်ပနေသောပင်လယ်ကြီးတခုလုံး အနီရောင်သွေးပင်လယ်အဖြစ်သို့ပြောင်းလဲသွားခဲ့သည် ။ ထိုအခြင်းအရာကိုကြည့်လိုက်ရုံနဲ့တင် ထိုခေတ်အခါက ဘယ်လောက်ထိဆိုးရွားသောပျက်ကပ်ကြီးကျရောက်ခဲ့တယ်ဆိုတာကိုသိနိုင်လေသည်။

အဆုံးသတ်မှာတော့ ထိုစကြာဝဠာသိုင်းသမားလုပ်ရပ်က ထူးဆန်းသောသီးခြားနေရာများတွင်းဇတ်မြှပ်နေထိုင်ကြသော အဆင့်မြင့်စကြာဝဠာအဆင့်သိုင်သမားများကို စိတ်ဆိုးဒေါသတွေထွက်လာစေသည်။ သူတို့အကုန်လုံး ဇတ်မြှပ်နေထိုင်ရာကနေ ထိုစကြာဝဠာသိုင်သမားနောက်သို့ တလကြမ်းလိုက်လံခြေမှုန်းကြတော့သည်။ အဲ့ဒါတောင်မှ နတ်ဘုရားအဆင့်ကိုရောက်လုနီးသိုင်းသမားတွေပါဝင်လာချိန်ကြမှ ထိုတံရားခံစကြာဝဠာသိုင်သမားကို အသေသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစကြာဝဠာသိုင်သမားအား သုတ်သင်သည့် ဖြစ်ရပ်ကို "... ဘီလူအမဲလိုက်ခြင်း ..." ဟူ၍ နောက်လာနောက်သားတွေက သတ်မှတ်ခေါ်ဝေါ်ကြသည်။

သူ့ရှေ့မှာရှိနေကြသောလူနှစ်ယောက်မျက်နှာထက်မှာ အတွေးမျိုးစုံဖြတ်သန်းစီးဆင်းနေတာကိုမြင်တော့ ရှောင်လုံက လှောင်ပြုံးပြုံးလိုက်ပြီး သူမျက်လုံးတွေက အေးစက်စက်စူးရှတောက်ပလာသည်။ ထိုနောက် ရှောင်လုံက သူ့လက်အတွင်းထဲ့သိမ်းထားသော နတ်ဓားနှစ်လက်အား အပြင်ဘက်သို့ ဆင့်ခေါ်လိုက်သည်။

နတ်ဓားနှစ်လက်ကလဲ ထူးခြားသောမြည်ဟိန်းသံတွေနှင့်အတူ လေထုတခုလုံးမှာ အင်အားလှိုင်းတွေဗြောင်းဆန်သွားစေသည့်အထိ လည်ပတ်ရင်း ထွက်ပေါ်လာကြသည်။ နတ်ဓားနှစ်လက်၏ ကိုယ်ခန္ဓာထက်တွင်း ထူးဆန်းသောအနက်ရောင်အရည်တမျိုး စီးဆင်းလျက်ရှိသည်။ နတ်ဓားနှစ်လက်ကိုကြည့်ရင်း ရှောင်လုံရှေ့မှာ အတွေးလွန်နေကြသော
လူနှစ်ယောက်စလုံး ပြန်လည်သတိဝင်လာကြသည်။ သူတို့မျက်နှာတွေက ထိန်းချုပ်၍ညမရအောင်ညပျက်ယွင်းသွားပြီး

".... ကျ...ကျွန်တော်လက်ခံပါတယ် ... ကျွန်တော် စိတ်ဝိညာဉ်ပင်လယ်မှာကာရံထားတဲ့ အတားအဆီကို အခုပဲ ဖွင့်ပေးပါ့မယ် ...."

မြင်းမျက်နှာနှင့်လူကြီးက ဆက်လက်ဟန်မဆောင်နိုင်တော့ပဲ ကမန်းကတမ်း အဖြေပေးလိုက်သည်။

"... ကျွန်တော်လဲ လက်ခံပါတယ် ...."

ဓားဒဏ်ရာဖြင့် လူကြီးကလဲ တုန့်ဆိုင်းမနေရဲတော့ပေ...။

သေဆုံးသွားတာထက် ရှောင်လုံလက်အောက်မှာနေဖို့ သူတို့ရဲ့စိတ်ဝိညာဉ်ပင်လယ်ကို ဖွင့်လှစ်ပေးလိုက်ခြင်းက ပိုကောင်းတယ်မဟုတ်ပါလား ....။ ထိုကဲ့သို့ပြုလုပ် လိုက်ခြင်းဖြင့် ရှောင်လုံကသူတို့ရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သွားပေမယ့် အနဲဆုံးတော့ သူတို့သစ္စာမဖောက်သရွေ့ အသက်ရှင်နေနိုင်သေးတယ်မဟုတ်ပါလား ...။

ထိုလူကြီးနှစ်ယောက်စလုံး ဟန်မနိုင်အောင် တုန်လှပ်ြသွားတာကိုမြင်တော့ ရှောင်လုံက "... ဟွန့် ..."
ကနဲ အသံပြုလိုက်ပြီး သူတို့ရဲ့ စိတ်ဝိညာဉ်အတားအဆီးကိုဖွင့်လှစ်ခိုင်းခိုက်သည် ။ ထိုနောက် သူရဲ့ စိတ်အာဏာ နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

ရှောင်လုံ၏ မျက်လုံးအိမ်အတွင်းဘက်မှာ ခရမ်းရောင်တောက်ပနေသော ထူးခြားသည့်စိတ်လက္ခဏာနှစ်ခု ဖြစ်ပေါ်လာပြီး ရှောင်လုံမျက်လုံးအိမ်ထဲကနေ ပျံထွက်သွားသည်။ထိုစိတ်လက္ခဏာနှစ်ခုက ရှောင်လုံမျက်လုံးထဲကနေ ထွက်သွားပြီးနောက် အမာရွတ်ဖြင့်လူကြီးနှင့် မြင်းမျက်နှာရှိသောလူကြီးတို့၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ တိုက်ရိုက်ဝင်သွားပြီး သူတို့ရဲ့ စိတ်ဝိညာဉ်ပင်လယ်ဗဟိုချက်၌ ထင်ရှားပြတ်သားသောအမှတ်အသားတခုစီ ပြုလုပ်လိုက်သည်။

ဘတ်လန်းဒေသသို့ ခရီးထွက်လာသည့် သုံးလတာကာလအတော်အတွင်း ရှောင်လုံက ရှေးဟောင်းရုပ်သေးရုပ်ထိန်းချုပ်နည်းစနစ်ရဲ့ ပထမအဆင့်သို့အောင်မြင်စွာရောက်ရှိသွားခဲ့သည် ။ ထိုကြောင့် ရှောင်လုံအနေဖြင့် တခြားသူတွေရဲ့ စိတ်ပင်လယ်ထဲတွင်ညအမှတ်အသားပြုလုပ်နိုင်ပြီပဲ ဖြစ်သည် ။

ထိုမျှသာမက ရှောင်လုံအနေနှင့် ရှေးဟောင်ရုပ်သေးရုပ်ထိန်းချုပ်နည်းစနစ်မှ စိတ်ဝိညာဉ်အမှတ်အသားပြုလုပ်သည့်နည်းလမ်းကို စိတ်အာဏာနည်းစနစ်ဖြင့် ပေါင်းစပ်နိုင်ခဲ့သည် ။ ထိုကြောင့် စိတ်အာဏာနည်းစနစ်ဖြင့်လဲ တခြားသူတွေရဲ့ စိတ်ပင်လယ်ထဲမှာ စိတ်ဝိညာဉ်အမှတ်အသားပြုလုပ်နိုင်ပြီပဲ ဖြစ်သည်။

ထိုကဲ့သို့ပြုလုပ်ခြင်းက ပိုကောင်းသောရလဒ်တွေကြိပေးစွမ်းနိုင်သည်။ စိတ်အာဏာနည်းစနစ်ကိုအသုံးပြု၍ တစုံတယောက်၏ စိတ်ပင်လယ်ထဲမှာ အမှတ်အသားပြုလုပ်ထားပေမယ့် ထိုသူက သာမန်လူတယောက်နှင့် ကွာခြားခြင်းမရှိချေ ...။ ထိုသူနှင့် အရမ်းနီးကပ်သောလူများပင် စိတ်ဝိညာဉ်အမှတ်အသားပြုလုပ်ခံထားရသည်ကို သိနိုင်စွမ်းမရှိပေ...။

ရှောင်လုံ၏ စိတ်လက္ခဏာတွေက သူတို့စိတ်ပင်လယ်အတွင်းခတ်နှိပ်သွားတာကို ခံစားမိလိုက်တော့ ထိူလူကြီးနှစ်ယောက်လုံးက ရှောင်လုံအပေါ် ကလိန့်စေ့ညဏ်ဆင်လိုသည့် အတွေးတွေအကုန်လုံးကို ချက်ချင်းဆိုသလို စွန့်ပယ်လိုက်ကြသည်။

"... ရော့ ...ဒီဆေးနှစ်လုံးကိုသောက်လိုက် ...."

ရှောင်လုံက သူရဲ့နတ်လက်စွပ်ထဲကနေ လက်မအရွယ်အစားလောက်ရှိသော တဖျတ်ဖျတ် အရောင်လက်နေသည့် ဆေးနှစ်လုံးကိုထုတ်ပေးလိုက်သည်။

ရှောင်လုံလက်ဝါးပေါ်က ထိုဆေးလုံးနှစ်လုံးကိုငေးကြည့်ရင်း သူတို့နှစ်ယောက်ရဲ့မျက်နှာတွေက ပိုပိညပြီးပျက်လာသည်

"... ဒါ....ဒါကရော ...?"

သူတို့နှစ်ယောက်စလုံးက မသောက်ခင်လေးမှာ သိချင်စိတ်ကိုမထိန်းချုပ်နိုင်တော့ပဲ မေးလိုက်သည်။

သူ့ကိုမေးခွန်းပြန်ထုတ်လာတာကိုကြည့်ရင်းရှောင်လုံရဲ့ မျက်နှာထားက ရေခဲတုံးကဲ့သို့ အေးစက်တင်းမာသွားပြီး

"... ငါမင်းတို့ကိုသောက်လို့ပြောရင် သောက်လေ ...ဘာကိုလာပြီး အထွန့်တက်နေတာလဲ ...!"

ထိုနောက်ရှောင်လုံက သူ့လက်ကိုတချက်ယမ်းလိုက်သည်ဆိုရင်ပဲ ထိုဆေးလုံးနှစ်လုံးက မျက်နှာပျက်နေကြသည့် လူကြီးနှစ်ယောက်ရဲ့လက်ဝါးပြင်ထက်သို့ ရောက်ရှိသွားကြသည် ။

သူတို့လက်ထဲသို့ရောက်ရှိလာသော ဆေးလုံးကိုကြည့်လိုက် ရှောင်လုံမျက်နှာကိုကြည့်လိုက်နှင့် ထိူလူကြီးနှသ်ယောက်မျက်နှာတွေက ငိုချတော့မတတ် ရှုံ့မဲ့လာသည် ။ အဆုံးသတ်မှာတော့ သူတို့နှစ်ယောက်စလုံးက ဆက်လက်အချိန်ဆွဲမနေရဲတော့ပဲ လက်ထဲက ဆေးလုံးကို မျိုချလိုက်ကြသည်။

ဆေးလုံးက သူတို့ပါးစပ်အတွင်းသို့ ဝင်ရောက်သွားသည့်နှင့်တပြိုင်နက်ထဲမှာပဲ နွေးထွေးသောသွမ်းအင်တခုက သူတို့ခန္ဓာကိုယ်အနှံဆီသို့ ပျံနှံသွားသည်။ သူတို့ကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေအကုန်လုံး ချက်ချင်းဆိုလို သက်သာလာတာကို ထိုလူကြီးနှစ်ယောက်လုံး ခံစားလိုက်ရသည်။

ရှောင်လုံရဲ့ စိတ်ကောင်းစေတနာအပေါ် သူတို့စော်ကားမိခဲ့ပြီဆိုတာကို ထိူလူကြီယနှစ်ယောက်စလုံး သဘောပေါက်သွားသည် ။ ထိုဆေးလုံးတွေက သူတို့ထင်နေသလိုမျိုး အဆိပ်ဆေးလုံးမဟုတ်ပဲ စျေးကြီးသည့် ပြန်လည်ကုသခြင်းဆေးလုံးတွေဖြစ်နေတာကို သူတို့သိသွားကြသည်။ သူတို့နှစ်ယောက်လုံးက ရှောင်လုံကိုကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

"... အင်းကောင်းပြီ ...အခုကျုပ်ကို ခင်ဗျားတို့ကောင်းကင်ဘီလူးဂိုဏ်းရှိရာကိုခေါ်သွားပေတော့ ... လမ်းမှာ ခင်ဗျားတို့ဂိုဏ်းရဲ့ ဂိုဏ်းတွင်းအခြေအနေကို ဆွေးနွေ့းကတာပေါ့ ...."

ရှောင်လုံက ဘာဆက်လုပ်ရမလဲဆိုတာကို ညွန်ကြားလိုက်သည်။

"... ကောင်းပါပြီ သခင် ..."

ထိုလူကြီးနှစ်ယောက်လုံးက ရိုရိုသေသေ ဦးညွတ်၍ ပြန်ဖြေလိုက်သည်။ ထိုနောက်ရှောင်လုံက သူအခုလေးတင် စည်းရုံးလာသော အဖွဲ့သားနှစ်ယောက်ကိုခေါဆောင်၍ တိုက်ပွဲဖြစ်နေသည့် ကျယ်ပြန့်သော ဟင်းလင်းပြင်နေရာဆီကနေ ထွက်ခွာလာကြသည်။

နတ်လက်သည်းသိုင်းအတွက် ဒီနေရာကိုနောက်တခေါက်ပြန်လာအုံးမယ်ဟု ရှောင်လုံစိတ်ထဲမှာ တေးထားလိုက်သည်။ လမ်းခရီးတလျှောက်လုံးမှာ ကောင်းကင်ဘီလူးဂိုဏ်းမှ လူကြီးနှစ်ယောက်က သူတို့ဂိုဏ်းရဲ့ အခြေအနေအရပ်ရပ်ကို မကွယ်မဝှက်ပဲ ပြည့်ပြည့်စုံစုံရှင်းပြလိုက်ကြသည် ။

မြင်းမျက်နှာနှင့်လူကြီးနာမယ်က တုရှင်း ဟုဖြစ်ပီး မျက်နှာတွင်ကန်လန့်ဖြတ်ဓားဏ်ရာရှိသောလူကြီးကတော့ တန်းကွမ်းလျန် ပဲ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက ကောင်းကင်ဘီလူးဂိုဏ်းရဲ့ အကြီးအကဲတွေဖြစ်ကြပြီး ကောင်းကင်ဘီးလူးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူ ချန်ရှောင်ထျန်ကတော့ သူတို့နှစ်ယောက်ရဲ့ဆရာ ဖြစ်သည်။ 

ချန်ရှောင်ထျန်ဆီမှာက စုစုပေါင်းတပည့်ငါးယောက်ရှိသည် ။ တပည့်ငါးယောက်ထဲမှာ တုရှင်းနှင့် တန်းကွမ်းလျန် တို့က သိုင်းပညာအမြင့်ဆုံးဟု ဆိုနိုင်သည်။ တခြားတပည့်သုံးယောက်ကတော့ အခုမှကောင်းကင်
အဆင့်၃  ၊ အဆင့် ၄ နှင့် အဆင့် ၅ သိုင်းသမားတွေဖြစ့်ကြသည်။

ကောင်းကင်ဘီလူဂိုဏ်းမှာက သူတို့အပြင် ကောင်းကင်သိုင်းသမားပေါင်းတရာ့သုံးဆယ်နီးပါးလောက်ရှိသည် ။ သို့ပေမယ့် ထိုကောင်းကင်သိုင်းသမားတွေထဲမှာ အယောက်နှစ်ဆယ်က ကောင်းကင်အလယ်အဆင့် သိုင်းသမားတွေဖြစ်ကြပြီး အဆင့်မြင့်ကောင်းကင်သိုင်းသမားအရေအတွက်ကတော့ နှစ်ယောက်သာရှိသည်။

ထိုကောင်းကင်သိုင်းသမားနှစ်ယောက်ထဲက တယောက်က ကောင်းကင်အဆင့်၇နောက်ဆုံးအဆင့် သိုင်သမားဖြစ်သူ သူတို့ဆရာ ချန်ရှောင်ထျန် ဖြစ်ပြီး တခြားတယောက်တော့ ကောင်းကင်ဘီလူးဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သူ ကန်ခမ် ပဲဖြစ်သည်။ သူကတော့ ကောင်းကင်အဆင့်၇ ရဲ့အလယ်အဆင့်မှာ အထွပ်အထိပ်အဆင့်သို့ရောက်နေသူဖြစ်သည်။

သူတို့စကားပြောနေရင်း ချန်ရှောင်ထျန်၏ သိုင်းဝိညာသ်ူအကြောင်းကိုကြားသိချိန်မှာတော့ ရှောင်လုံစိတ်ထဲမှာ အတော်လေးကို အံသြမိသွားသည်။ ချန်ရှောင်ထျန်၏ သိုင်းဝိညာဉ်က  လေမီးသစ်ပင်ဖြစ်နေတာကို အံသြစဖွယ်ကြားသိလိုက်ရသည်။

လေမီးသစ်ပင်က သဘာဝသိုင်းဝိညာဉ်အမျိုးအစားတခုဖြစ်ပြီး အဆင့်၁၁ သိုင်းဝိညာဉ်တွေထဲမှာလဲ နံပါတ်တစ်နေရာက သိုင်းဝိညာဉ်တခုဖြစ်သည်။ ရှောင်လုံတို့နေထိုင်သည့် သိုင်းဝိညာဉ်ကမ္ဘာကြီးအတွင်း၌ သိုင်းဝိညာဉ်ပေါင်းများစွာရှိကြပေမယ့် သဘာဝသိုင်းဝိညာဉ်တွေပေါ်ထွက်လာမှုကတော့ အလွန်ပင်ရှားပါးလှသည်။ ထိုအပြင် သဘာဝသိုင်းဝိညာဉ်တိုင်းလိုလိုက ထိပ်တန်းအဆင့်လွန်သိုင်းဝိညာဉ်တွေဖြစ်သည်။

ကန်ခမ်၏ သိုင်းဝိညာဉ်ကတော့ ချန်ရှောင်ထျန်သိုင်းဝိညာဉ်ထက်စာရင် အနဲငယ်အဆင့်နိမ့်သည် ။ သူ့သိုင်းဝိညာဉ်က လက်နက်အမျိုးအစားထဲတွင်ပါဝင်သော ထိပ်တန်းအဆင့် ၁၀ သိုင်းဝိညာဉ်ဖြစ်သည့် ကောင်းကင်နှစ်ခြမ်းခွဲတူ ပင်ဖြစ်သည်။ ကန်ခမ်က အကြီးအကဲချုပ် တယောက်ဖြစ်ပေမယ့် ကောင်းကင်ဘီလူဂိုဏ်းထဲ၌ သူရဲ့လွှမ်းမိုးအာဏာရှိမှုက ဂိုဏ်းချုပ်တယောက်ဖြစ်သူ ချန်ရှောင်ထျန်နှင့် တန်းတူနီးပါးရှိသည် ။

ကောင်းကင်ဘီလူးဂိုဏ်းထဲမှာက အကြီးအကဲပေါင်းနှစ်ဆယ်ကျော်ကျော်ရှိပြီး ထိုအထဲကမှ တဝက်လောက်က ကန်ခမ်လက်အောက်ကဖြစ်ပြီး သူ့အမိန့်ကိုတသွေမတိမ်းနာခံကြသူတွေဖြစ်သည်။ 

အနှစ်ချုပ်ကြည့်လိုက်တော့ ကောင်းကင်ဘီလူဂိုဏ်းအား ချန်ရှောင်ထျန်တယောက်ထဲက အပြည်အဝထိန်းချုပ်ထားခြင်းမဟုတ်ကြောင်းကို ရှောင်လုံနားလည်သွားသည် ။

"... ကန်ခမ် ...."

ရှောင်လုံက ထိုနာမယ်က ထပ်ခါထပ်ခါနှင့် တဖွဖွရွတ်လိုက်သည်။

ကန်ခမ်ရဲ့စွမ်းအားက ချန်ရှောင်ထျန်ကို မယှဉ်နိုင်ပေမယ့် သူကလဲ ချန်ရှောင်ထျန်နှင့် ပခုံးချင်းယှဉ်နိုင်သူတယောက်ဖြစ်သည် ။ သူတို့နှစ်ယောက်က အားသာချက်ကိုယ်စီရှိကြသည်။

တုရှင်းနှင့် တန်းကွမ်းလျန်တို့က ရှောင်လုံကို မြောက်ဘက်ခြံဝန်းအတွင်းသို့ခေါ်ဆောင်လာကြသည်။ ရှောင်လုံတို့လူစုပျံသန်းလာတာ သုံးနာရီနီးပါးလောက်ကြာချိန်မှာတော့ ရွှေဝါရောင်သဲသောင်ပြင်ထက်မှာ  တည်ဆောက်ထားသည့် ကြီးမားသောမြို့ကြီးတမြို့က သူတို့မြင်ကွင်းထဲမှာပေါ်လာသည် ။

ထိုမြို့ကြီးက အလွန်တရာကိုကြီးမားလှသည်။ သဲကန္တရအတွင်း နှစ်ပေါင်းများစွာကြာအောင် ကြံကြံခံရှိ့နေရခြင်းကြောင့် ရာသီဥတုဒဏ်ဖြင့် မြို့တံတိုင်းတွေက ပြောက်ကျားကွက်တွေဖြစ်နေသည်။ မြို့တံတိုင်း၏ ထိပ်ပိုင်းမှာတော့ မထင်မရှားအနက်ရောင်အလင်းတွေရောင်ပြန်ဟပ်နေပြီး မြို့တံတိုင်းကြီးက အလှဆင်ထားသလိုဖြစ်နေသည်။ ထိုမှေးမှိန်သောအနက်ရောင်အလင်းတန်းတွေက နှစ်ပေါင်းများစွာက မြို့တ့်တိုင်းထက်မှာ ပြန်ကျဲ့ကျခဲ့သော သွေးတွေ့ကာင့် ဖြစ်နိုင်တယ်ဆိုတာကို ရှောင်လုံကခန့်မှန်းမိလိက်ြသည်။ ထိုအလင်းတန်းက လူတွေအစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရခြင်း၏ နိမိတ်ပင်ဖြစ်သည်။ လူပေါင်းများစွာဆီက စွန်းထင်နေသောသွေးတွေကနေ အခုလိုမျိုး အလင်းတန်းတွေဖြစ်ပေါ်လာခြင်းပင် ...။

အသတ်ခံထာယရသည့်လူအရေအတွက်က တသန်း သို့မဟုတ် ဆယ်သန်းနီးပါးဖြစ်နိုင်သည်။

"... ဒါက မိစ္ဆာနက် မြို့တော်မဟုတ်လား ...?"

ရှောင်လုံကမေးလိုက်သည်။

"... ဟုတ်ပါတယ်သခင်လေး .... ဒါက မိစ္ဆာနက်မြို့တော်ပါ ...."

တုရှင်းနှင့် တန့်ကွမ်းချန်တို့နှစ်ယောက်က ပြန်ဖြေလိုက်သည်။

"... သခင် ..."ဆိုသည့် စကားလုံးအသုံးအနှုန်းက သူ့နားထဲမှာ အနဲငယ်ထော်လော်ကန့်လန့်နိုင်နေတာကြောင့် ရှောင်လုံက တုရှင်းနှင့် တန်းကွမ်းလျန်တို့နှစ်ယောက်ကို သူ့အား ".. သခင်လေး .." လို့သာပြောင်းထဲခေါ်ဝေါ်ဖို့ ညွန်ကြားထားခြင်းဖြစ်သည်။

ကောင်းကင်ဘီလူးဂိုဏ်းက မိစ္ဆာနက်မြို့အတွင်းမှာတည်ရှိလေသည်။ ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ယေညက်နှင့်အတူ မိစ္ဆာနက်မြို့တံခါးအဝသို့ လိုက်ပါသွားသည်။

"... အိုး .... အကြီးအကဲ တုရှင်းနှင့် အကြီးအကဲ တန့်ကွမ်းလျန် တို့နှစ်ယောက်ပါလား ...."

သူတို့လူစု မြို့တံခါးနားကိုရောက်တော့ မြို့တံခါးစောင့်တပ်၏ ခေါင်းဆောင်ဖြစ်ဟန်တူသော လူတယောက်က တုရှင်းနှင့် တန့်ကွမ်းလျန်တို့အနားကို ပြုံးလျက် လျှောက်လာပြီး  သူတို့နှစ်ယောက်ကိုနှုတ်ဆက်စကားဆိုလိုက်သည်။

ထိုနောက် မြို့စောင့်တပ်ခေါင်းဆောင်က သူ့လက်အောင်ငယ်သားတွေကို မြို့တံခါးဖွင့်ဖို့ စေခိုင်းလိုက်သည်။ ရှောင်လုံတို့လဲ မိစ္ဆာနက်မြို့အတွင်းသို့ ချောချောမွေ့မွေ့ရောက်ရှိလာကြသည်။

မြို့ထဲသို့ရောက်ပြီး မြို့ထဲမှလမ်းမတွေထက်မှာ လမ်းလျှောက်နေစဉ် ရှောင်လုံက မြို့အခြေအနေကို အကဲခတ်လိုက်သည်။ မိစ္ဆာနက်မြို့ထဲမှ လမ်းမကြီးများက မီတာနှစ်ဆယ်နီးပါးကျယ်ပြန့်ပြီး လမ်းမတဖက်တချက်ဆီမှာ ဆိုင်းခန်းများဖြင့် ပြည့်နှက်နေလေသည်။ ဆိုင်ခန်းပေါင်းမြောက်များစွာရှိနေပေမယ့် မိစ္ဆာ နက် မြို့ကြီးက ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်းက တခြားမြို့တော်တွေကဲ့သို့ စည်းကားသိုက်မြိုက်မှုမရှိပဲ  ခြောက်ကပ် တိတ်ဆိတ်နေသည်။

မိစ္ဆာနက်မြို့ထဲက ဆိုင်ခန်းတော်တော်များများ၏ ဆိုင်တံခါးအဝနှင့် ဆိုင်နံရံထက်မှာ ဓား ၊ လှံ နှင့် တခြားလက်နက်တွေဖြင့် ထိခိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာသည့် အစင်ကြောင်းတွေဖြင့် ပြည့်နှက်နေသည်။

တချို့ဆိုင်တွေရဲ့ ဆိုင်းပုဒ်တွေဆိုရင် ထက်ချမ်းကွဲအက်နေသည် ။ သူတို့လျှောက်လှမ်းလာသော လမ်းမတလျှောက်မှာလဲ သွေးတွေအိုင်ထွန်းနေသည့် သွေးကွက်မျာဖြင့် ပြည့်နှက်နေသည် ။

လမ်းမထက်က သွေးကွက်တွေ မခြောက်သေးတာကိုကြည့်လျှင် အခုလေးတင်မှ တိုက်ပွဲပြီးဆုံးသွားတယ်ဆိုတာကို သိနိုင်သည် ။

ရှောင်လုံတို့လူစု လမ်းမထက်မှာလျှောက်နေစဉ် လမ်းထဲက လူတွေကလဲ ရှောင်လုံတို့ကို စူးစမ်းသောအကြည့်တွေဖြင့် အကဲခတ်နေသည်။ သို့ပေမယ့် ထိုစူးစမ်းသည့်အကြည့်တွေက တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်မျက်နှာကို တွေ့မြင့်လိုက်ချိန်မှာတော့  ကြောက်ခန့်တုန်လှုပ်သည့်အမူမရာတွေအဖြစ်သို့ပြောင်းလဲသွားကြသည်။ တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်ကိုမြင်တော့ လတ်လျားလတ်လျားလုပ်နေကြသည့် လမ်းသွားလမ်းလာတွေအကုန်လုံး လွတ်ရာကင်းရာသို့ သုတ်သုတ်ပြာပြာထွက်ပြေးကြလေသည်။

တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်က ကောင်းကင်ဘီလူးဂိုဏ်း၏ အကြီးအကဲဝတ်စုံတွေကိုဝတ်ဆင်ထားကြသည် ။ ကောင်းကင်ဘီလူဂိုဏ်းဆိုတာကလဲ မိစ္ဆာနက်မြို့ထဲမှာရှိသော ထိပ်တန်းသိုင်းဂိုဏ်းကြီးသုံးခုထဲမှာ တခုအပါအဝင်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည့်နေရာမှာ ပြိုင်ဘက်ကင်းလေသည်။

#

အပိုင်း ၂၄၉..... သရဲအရိပ်မြို့တော်

ရှောင်လုံအနောက်မှာပါလာသော တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်ကိုမြင်တော့ ဘယ်သူကမှရှောင်လုံကိုပြသနာမရှာရဲတော့ပေ... ။ သူတို့နှစ်ယောက်သာမပါလာဘူးဆိုရင် ရှောင်လုံအနေနှင့် မိစ္ဆာနက်မြို့အတွင်းသို့အခုလိုမျိုးချောချောမွေ့မွေ့ဝင်လာနိုင်မှာ မဟုတ်ပေ... ။ မိစ္ဆာနက်မြို့အတွင်းသို့ လူသစ်တယောက်ရောက်လာတယ်ဆိုရင်ပဲ ရောက်ရှိခါသည့်လူသစ်ကို
မြို့သူမြို့သားတွေက ဝိုင်းဝန်၍ ပညာစမ်းလေ့ရှိသည်။

ရှောင်လုံလဲ လေ့လာအကဲခတ်မှုတွေအရ မိစ္ဆာနက်မြို့အတွင်းမှ အိမ်ဂေဟာတော်တော်များများမှာ ပြင်းထန်သော သတ်ဖြတ်ခြင်းနိမိတ်ပုံရိပ်တွေလွှမ်းမိုးနေပြီး သွေးညှီနံအချို့ပင်ပေါ်ထွက်နေကြသည် ။ မိစ္ဆာနက်မြို့အတွင်းမှ လူတော်တော်များများက အဆင့်မြင့်အတွင်းအားသိုင်းကျမ်းတွေကိုပိုင်ဆိုင်ထားကြသည် ။

မြို့ပေါ်ကလမ်းမတွေထက်မှာ ပြေးလွှာဆော့ကသားနေကြသည့် ကလေးလေးတွေတောင်မှ အရိုင်းဆန်သော အငွေ့အသက်တွေရှိနေသည်။ ထိုကြောင့် ဘတ်လန်းဒေသအတွင်းမှာ အသက်ရှင်နေနိုင်သောလူတွေအကုန်လုံးက သာမန်ပျော့တီးပျော့ဖတ်လူသားတွေမဟုတ်ကြပေ... ။ ဘတ်လန်းဒေသအတွင်းမှာ စိတ်ဓတ်ပျော့ညံသူတွေအတွက် နေရာမရှိချေ... ။

ရှောင်လုံတို့လူစုကလမ်းမကြီး တလျှောက်ဆက်လျှောက်နေစဉ်မှာပင်

".... ကျွန်တော် ...ကျွန်တော်တောင်ပန်ပါတယ် ...ကျွန်တော်ကိုမသတ်ပါနဲ့..... "

ဆိုသည့် ရုတ်ရုတ်သဲသြဲဖစ်သောအသံတွေထွက်ပေါ်လာသည် ။ အသံထွက်ပေါ်လာသည့်နေရာကိုရှောင်လုံလှမ်းကြည့်လိုက်တော့ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် လူကြီးတယောက်က မိန်းမကြီးတယောက်ရှေ့မှာ ငိုယိုပြီးတောင်းပန်နေတာကိုမြင်လိုက်ရသည် ။

ထိုမိန်းမကြီးကရှောင်လုံဘက်သို့ကျောပေး၍ညရပ်နေ၏ ။ ထိုကြောင့် ရှောင်လုံအနေဖြင့် ထိုမိန်းမကြီး၏ မျက်နှာသွင်ပြင်ကိုတော့မြင်တွေ့ရခြင်းမရှိပေ ...။ သို့ပေမယ့် ထိုမိန်းမကြီး၏ နောက်ကျောဘက်ကတော့ ယောက်ျားလေးများသဘောကျသည့်ပုံစံအတိုင်း အတော်လေးဆူဖြိုးတောင့်တင်းကာ သူ့နေရာနှင့်သူ အမို့အရှိုက်များဖြင့် ပြည့်စုံနေသည်။

ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့်လူကြီးက ခွင့်လွှတ်ပေးဖို့တောင်းပန်နေစဉ်မှာပဲ ဆူဖြိုးတောင့်တင်းသောမိန်းမကြီးက သူမခါးမှာလွယ်ထားသော ဓားအိမ်ထဲကနေ ဓားရှည်ကိုဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည် ။ သူမရဲ့ ဓားရှည်က နေရောင်ခြည်နဲ့ထိတွေ့မိပြီး ကျောရိုးစိမ့်သွားအောင့်ကြောက်စရာကောင်းသော ကျောက်စိမ်းပြာရောင်အလင်းတန်းတွေ ထွက်ပေါ်လာသည်။

ထိုမိန်းမကြီး၏ အပြုအမူကိုကြည့်ရင်း ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် လူကြီးကပို၍ကြောက်လန့်လာဟန်ဖြင့် သူ့ဥိးခေါင်းကို မြေကြီးနှင့်ထိလုမတတ် ဦးညွတ်ကာအရိုအသေပေးရင်း

"... မ..ကျွန်တော်ကိုမသတ်ပါနဲ့ ...ကျွန်တော်နောက်တခါအခုလိုမျိုး မလုပ်ရဲတော့ပါဘူး ..."

ခန္ဓာကိုယ်တောင့်တင်းသောလူကြီး၏ စကားသံမဆုံးသေးခင်မှာပဲ ဆူဖြိုးဖွံထွားသောမိန်းမကြီး၏ လက်ကောက်ဝတ်ကရုတ်တရက်လှုပ်ရှားသွားသည်။ သူမလက်ထဲမှာရှိသော ဓားရှည်က တောက်ပစွာကွေးညွတ်သွား၏ ။ ချက်ချင်းဆိုသလို ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့်လူကြီး၏ တောင်းပန်အသနားခံနေသံတွေကလဲ ထာဝရရပ်တန့်သွားတော့သည်။ ထိုလူကြီးက မိန်းမကြီးရှိရာသို့လက်ညိုးထိုးကာ တစုံတရာပြောဖို့ကြိုးစားလိုက်ပေမယ့် သူ့လက်ညိုးက မိန်းမကြီးရှိနေရာသို့မရောက်သေးခင်လမ်းတဝက်မှာပဲ သူ့ကိုယ်လုံးကြီးက တဆတ်ဆတ်တုန်ယင်ကာ လမ်းဘေးသို့ ပြိုလဲကျသွားသည်။

ထိုလူကြီး၏ လည်ပင်းနေရာကနေ စီးကျလာနေသော အနီရင်ရောင့်သွေးတွေက လမ်းမျက်နှာပြင်တခုလုံးကို ကင်းပတ်စပေါ်မှာ အနီရောင်စုတ်တံဖြင့် ရေးဆွဲလိုက်သလိုမျိုး ချင်းချင်းနီသွားသည်။

လမ်းသွားလမ်းလာတွေကတော့ အခင်းဖြစ်သွားသည့်နေရာနှင့် မလှမ်းမကမ်းကနေ ရပ်ကြည့်နေကြသည်။ သူတို့ကသေဆုံးသွားသည့်လူကြီးကိုကြည့်ကာ ရယ်ရယ်မောမော စကားပြောဆိုနေကြတာကိုကြည့်ချင်းအားဖြင့် အခုကဲ့သို့အဖြစ်အပျက်တွေက သူတို့အတွက်တော့ သိပ်ပြီးမထူးဆန်းတော့ဘူးဆိုတာကိုသိနိုင်သည်။

ဗလတောင့်တောင့်ဖြင့်လူကြီကို သတ်လိုက်ပြီးနောက် ခန္ဓာကိုယ်လှပသောမိန်းမကြီးက ထိုလူကြီး၏ ရုပ်အလောင်းကိုတချက်ကလေးတောင်မှ ငဲ့ကြည့်ချင်းမရှိပဲ ထိုအခင်းဖြစ်ပွားသည့်နေရာကနေ အေးအေးလလူလူထွက်ခွာသွားသည်။ သူမက ထွက်သွားဖို့အနောက်ဘက်ကိုလှည့်လိုက်ချိန်မှာတော့ ရှောင်လုံက ထိုမိန်းမကြီ မျက်နှာ၏ တစိတ်တပိုင်းကိုမြင်တွေ့လိုက်လေသည် ။ သူမမျက်နှာက လှပပေမယ့် ရေခဲသမျှ အေးစက်နေသည် ။

ထိုမိန်းမကြီးက ထွက်ခွာသွားတော့မည့်အချိန်မှာ ရှေုင်လုံမျက်နှာကိုတချက်အကဲခတ်ပြီး ကြည်လိုက်သည်။ ရှောင်လုံအနောက်ဘက်မှာရပ်နေကြသော တုရှင်း နှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်ကိုမြင်လိုက်တော့ သူမမျက်နှာက တခနတာလောက် ပျက်ယွင်းသွားသည်။ ဒါပေမယ့် ထိုကဲ့သို့ မျက်နှာပျက်သွားမှုက ခနတာလေးသာကြာမြင့်လိုက်သည်။ ထိုနောက် ထိုမိန်းမကြီးက ရှောင်လုံရှေ့ကနေ ပွတ်ကာသီကာလေး
ထွက်ခွာသွားသည်။

ထိုမိန်းမကြီးက သာမန်အညတြလူတယောက်မဟုတ်ဘူးဆိုတာကိုခံစားမိလိုက်တော့ ရှောင်လုံရင်ထဲမှာ စိုးထိတ်မိသွားသည်။ သူမရဲ့ အစွမ်းက ရှောင်လုံနှင့် တန်းတူနီးပါးလောက်ရှိပြီး အတွင်းအားမှာလဲ အနဲဆုံး ကောင်းကင်အဆင့် ၇သိုင်းသမားအဆင့်လောက်ရှိနိုင်သည်။ 

".... ဒိမိန်းမက သရဲအရိပ်ဂိုဏ်းထဲက လူတယေညက်ဖြစ်နိုင်တယ် ...."

ထိုမိန်းမကြီးက ရှောင်လုံမြင်ကွင်းရှေ့ကနေ ပျောက်ကွယ်သွားပြီးနောက် တုရှင်းက ရှောင်လုံအနားသို့တိုးကပ်ရင်း ရှင်းပြလိုက်သည်။

".... ဘယိလို ...သရဲအရိပ်ဂိုဏ်းဟုတ်လား ...?"

ရှောင်လုံက သူတခါမှမကြားဘူးသောနာမယ်တခုကြောင့် အနဲငယ်ဇဝေဇဝါဖြစ်သွားသည်။

"... ဟုတ်ပါတယ် ... သခင်လေး ... သရဲအရိပ်ဂိုဏ်းရဲ့ စွမ်းအားအာဏာက ကျွန်တော်တို့ကောင်းကင်ဘီလူးဂိုဏ်းနဲ့ ဆိုရင် တန်းတူနီးပါးလောက်ရှိပါတယ် .... အမှန်တိုင်းပြောရမယ်ဆိုရင် သူတို့ဂိုဏ်းကတောင် ကျွန်တော်တို့ဂိုဏ်းထက် နဲနဲပိုပြီး အစွမ်းထက်ပါသေးတယ် ..."

တန်ကွမ်းလျန်က ထပ်ပြောလိုက်သည်

".... သရဲအရိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကောင်းကင်အဆင့်၈ ကိုရောက်ရှိနေတဲ့ အဆင့်မြင့်သိုင်းသမားတယောက်ပါ .... အဲ့မိန်းမက သရဲအရိပ်ဂိုဏ်းချုပ်ရဲ့ တပည့်မ ကွေ့ယင်း ဖြစ်မယ်နဲ့တူတယ် .... သူတို့ဂိုဏ်းရဲ့ ဋ္ဌာနချုပ်က ကျွန်တော်တို့မိစ္ဆာနက်မြို့တော်နဲ့သိပ်မဝေးတဲ့ သွေးမြစ်ကမ်းမြို့ထဲမှာ တည်ရှိတာပါ ..."

သွေးမြစ်ကမ်းမြို့တော်ဟုတ်လား ....? အင်း ...ငါမိစ္ဆာနက်မြို့ကို ထိန်းချုပ်ပြီးတာနဲ့ မိစ္ဆာနက်မြို့ရဲ့ ပတ်ဝန်းကျင်ကမြို့တွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်
ရှောင်လုံက သူစိတ်ထဲမှာပဲ ရေရွတ်ရင်း ခေါင်းညိတ်ပြလိုက်၏ ။

.ထိုနောက် တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်ကရှောင်လုံကို သူတို့နေထိုင်သည့်နေရာသို့ခေါ်ဆောင်သွားကြသည်။

မိစ္ဆာနက်မြို့ကဲ့သို့ အဓိကမြို့တော်ထဲမှာ ကိုယ်ပိုင်အိမ်တော်ရှိနေခြင်းက စွမ်းအားနှင့် အာဏာရှိမှုတို့၏ သင်္ကေတတရပ်ပင်ဖြစ်သည် ။ ယေဘုယျအနေဖြင့် တုရှင်းနှင့် တန့်ကွမ်းလျန်တို့ကဲ့သို့ ကောင်းကငအလယ်အဆင့်ကိုရောက်ရှိနေသည့် သိုင်သမားများသာ မိစ္ဆာနက်မြို့တော်အတွင်းမှာ ကိုယ်ပိုင်အိမ်တော်တွေကိုပိုင်ဆိုင်နိုင်ကြသည် ။ သူတို့ထက် အတွင်းအားနှင့် ဂုဏ်ပုဒ်နိမ့်ကျသူများကတော့ အများဆုံး သာမန်ခြံဝန်လေးငယ်လေးကိုသာ ပိုင်ဆိုင်နိုင်သည်။

အိမ်တော်အတွင်းသို့ရောက်တော့ အစေခံတွေက တုရှင်းနှင့် တန့်ကွမ်းချန်တို့ကိုအပြေးအလွှာလာရောက်ကြိုဆိုကြသည် ။ ထိုနောက်တုရှင်းတို့က ဦးဆောင်၍ ရှောင်လုံကိုမိန်းခန်းမဆောင်ထဲသို့ခေါ်သွားကြသည် ။

မိန်းခန်းမဆောင်ထဲကိုရောက်တော့

ရှောင်လုံက ခန်းမဆောင်၏ အလည်မှာရှိသောခုံ၌ ဝင်ထိုင်လိုက်သည် ။ ထိုင်ပြီးသည့်နှင့် ရှောင်လုံက အိမ်တော်ထဲမှာရှိကြသည့် အစောင့်တွေနှင့် အစေခံတွေအကုန်လုံးကို မိန်းခန်းမဆောင်အတွင်းစုစည်းပေးဖို့အတွက် တုရှင်းတို့နှစ်ယောက်ကိုညွန်ကြားလိုက်သည် ။တုရှင်းနှင့်တန့်ကွမ်းချန်တို့ကလဲ ရှောင်လုံရဲ့ ရည်ရွယ်ချက်ကို နားလည်ထားကြတာကြောင့်မို့ ဘာတခွန်းမှပြန်ပြီးမေးခွန်းထုတ်ခြင်းမရှိဘဲ ရှောင်လုံအမိန့်ပေးသည့်အတိုင်း ချက်ချင်းဆောင်ရွက်ပေးလိုက်သည် ။

အိမ်တော်ထဲက အစောင့်တွေနဲ့ အစေခံတွေအကုန်လုံး မိန်းခန်းမဆောင်ထဲကိုရောက်ရှိလာတော့ ခန်းမဆောင်၏ အလည်မှာရှိသော အကြီးအကဲ ထိုင်ခုံ၌ လူစိမ်းတယောက်ထိုင်နေတာကို ကြည့်ပြီး သူတို့မျက်နှာထက်မှာ အံသြမှုအရိပ်အယောင်တွေ ပေါ်လာသည်။ အရင်က ခန်မဆောင်၏ အလည်ခုံမှာထိုင်လေ့ရှိ့ကသော တုရှင်းနှင့် တန့်ကွမ်းလျန်တို့က ရှောင်လုံနှင့် ဘေးတဖက်တချက်ဆီက သာမန်ထိုင်ခုံတွေမှာသာ ဝင်ထိုင်နေကြတာကို သူတို့အံသြစဖွယ်မြင်လိုက်ကြသည် ။

မိန်းခန်းမဆောင်အတွင်းအကုန်လုံးစုစည်းပြီးချိန်မှာတော့ တုရှင်းက ရှောင်လုံနှင့် သူတို့အားလုံးကို မိတ်ဆက်ပေးလိုက်သည် ။ သို့ပေမယ့် တုရှင်းက ရှောင်လုံကို သခင်လေးတယောက်ဟုသာ မိတ်ဆက်ပေးလိုက်ပြီး ရှောင်လုံ၏ နောက်ကြောင်းကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ ..။ ထိုနောက် တုရှင်းက အစောင့်တွေနဲ့ အစေခံတွေအကုန်လုံးကိုတချက်ဝေ့ကြည့်လိုက်ပြီး ရှောင်လုံကို မြင်ရင် သူနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်ကိုမြင်သကဲ့သို့ ရိုရိုသေသေဆက်ဆံရမည့်အကြောင်း အသိပေးလိုက်သည်။

ငယ်ရွယ်နုနယ်သေးသော ရှောင်လုံပုံစံကိုကြည့်ရင်း အားလုံး၏ စိတ်ထဲမှာ သိချင်စိတ်နှင့် သံသယစိတ်တွေတပြိုင်နက်ထဲ ဖြစ်ပေါ်လာကြသည် ။ သို့ပေမယ့် ဘယ်သူဘယ်သူကမှ တုရှင်းကိုပြန်ပြီး မေးခွန်းမထုတ်ရဲကြပေ ...။ သူတို့က တုရှင်းမှာကြားသည့်အတိုင်း လုပ်ဆောင်ပါ့မည်ဟု ခေါင်းညိတ်ပြရုံသာ တတ်နိုင်ကြလေသည် ...။

တုရှင်းက မိတ်ဆက်ပေးပြီးသည့်နောက် ရှောင်လုံက အိမ်တော်အတွင်းမှ အစောင့်တွေနဲ့ အစေခံတွေအကုန်လုံးကို တချက်ဝေ့ဝှိုက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာဖြင့် သူတို့သိချင်နေသောအရာကို ပြောပြလိုက်သည်

".... ခင်ဗျားတို့အကုန်လုံးက ကျုပ်ဘယ်သူဘယ်ဝါဆိုတာကို သိချင်နေကြမယ်ဆိုတာ ကျုပ်နားလည်ပါတယ် .... ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ဘယ်ကိစ္စကပြောသင့်တယ် ဘယ်ကိစ္စက မပြောသင့်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းသိထားဖို့လိုမယ် ....
ဒီခန်းမဆောင်ကနေ အပြင်ကိုရောက်လို့ ကျုပ်ဘယ်သူဘယ်ဝါဆိုတဲ့အကြောင်းကို ဆွေးနွေးပြောဆိုရဲသူ ဘယ်သူပြဲဖစ်ပါစေ အဲ့လူဘယ်သူမှန်းက ကျုပ်သိလို့ကတော့ အဲ့နေရာမှာတင်အသတ်ခံရမယ် ... နားလည်ကြလား ...?"

ရှောင်လုံက ပြောနေရင်းနဲ့ သူကိုယ်ထဲက စူးရှသော ကြောက်မက်ဖွယ်ရာ စွမ်းအားတွေကိုလွှင့်ထုတ်လိုက်သည် ။ ရှောင်လုံကိုယ်ထဲကနေထွက်လာသော ကြီးမားသည့်စွမ်းအင်တွေက မိန်းခန်မဆောင်ကြီးတခုလုံးကို လွှမ်းခြုံသွားပါသည် ။

ကျောချမ်းဖွယ်ရာ အေးစက်သည့်အရောင်အဝါတွေရဲ့ လွှမ်းမိုးခြင်းကိုခံလိုက်ရပြီးသည့်နောက် အစောင့်တွေနဲ့ အစေခံတွေအားလုံးရဲ့စိတ်ထဲမှာ သူတို့အကုန်လုံး နှစ်ပေါင်းထောင်ချီနေသော ရေခဲချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသလိုမျိုး ခံစားလိုက်ကြရသည်။ သူတို့မျက်လုံးထဲမှာ ချက်ချင်းဆိုသလို ကြောက်လန့်တုန်လှုပ်သည့်အရိပ်အယောင်တွေပေါ်လာကြပြီး သူတို့အကုန်လုံးက အလျင်အမြန်ဒူးထောက်ချလိုက်ကြသည် ။ ပြီးတာနဲ့ ရှောင်လုံအကြောင်းကို တခွန်းမှမဟရဲပါကြောင်း ကတိစကားဆိုလိုက်ကြသည်။
ရှောင်လုံကိုယ်ထဲက စွမ်းအားတွေထွက်ရှိလာသည့်ထိုအခိုက်မှာပင် ရှောင်လုံက သူတို့သခင်တွေထက်ကိုပိုပြီး အစွမ်းထက်တယ်ဆိုတာကို သူတို့အကုန်လုံးနားလည်သွားကြသည် ။

ဒူးထောက်နေကြသော အစောင့်တွေနဲ့ အစေခံတွေကိုကြည့်ရင်း ရှောင်လုံက သူတို့တုန့်ပြန်မှုကို ကျေနပ်သွားသလိူမျိုး ခေါင်းညိတ်လိုက်သည်။ ထိုနောက်သူတို့အကုန်လုံးကို မတ်တပ်ရပ်ခိုင်းခိုက်ပြီး လက်ခါပြလိုက်ကာ

"... မင်းတို့အကုန်လုံးပြန်နိုင်ပြီ .... မင်းတို့လုပ်စရာရှိတာတွေကို သွားလုပ်ကြတော့ ...."

"... သခင်လေးရဲ့ အမိန့်အတိုင်းပါ ..."

အားလုံးက တပြိုင်နက်ထဲ ပြန်ဖြေလိုက်ကြပြီး မိန်းခန်းမဆောင်အတွင်းကနေ နောက်ကျသည့်ခြေထောက်သစ္စာဖောက်ပုံစံမျိုးဖြင့် သုတ်သုတ်ပြာပြာ ထွက်သွားကြသည် ။

ရှောင်လုံက သူ့အကြည့်တွေကိုထွက်ခွာသွားကြသည့် အစောင့်တွေနှင့် အစေခံတွေ ကိုစူးစိုက်ကြည့်နေရာကနေ ပြန်ရုပ်သိမ်းလိုက်သည် ။ ရှောင်လုံစီစဉ်ထားသည့် ကောင်းကင်ဘီလူးဂိုဏ်းကို သိမ်းပိုက်ရမည့် အစီအစဉ်က အခုမှ စတင်မှာဖြစ်သည်။ ထိုကြောင့်မို့ သူဘယ်သူဘယ်ဝါဆိုတာကို ရန်သူတွေစောစောစီးစီသိသွားတာမျိုးကို ရှောင်လုံက မလိုလားချေ..။ သူဘယ်သူဘယ်ဝါဆိုတာက ချန်ရှောင်ထျန်နှင့် ကမ်ခန် တို့သိသွားပြီဆိုရင် ရှောင်လုံ၏ ကောင်းကင်ဘီလူးဂိုဏ်းကိုဝါးမျိုသိမ်းပိုက်ရမည့် အစီအစဉ်တွေက ပိုမိုခက်ခဲလာတော့မှာပဲ ဖြစ်သည်။

ရှောင်လုံက သူထုတ်ပြလိုက်တော့ စွမ်းအားတွေကြောင့် တစုံတယောက်ကသာ ညှင်းပန်နှိပ်စက်ပြီး မမေးမြန်းခဲ့ဘူးဆိုရင် အိမ်တော်အတွင်းရှိကြသော ဘယ်သူကမှ သူ့အကြောင်းကို ထုတ်ဖော်ပြောရဲဆိုမှာ မဟူတ်တော့ဘူးဆိုတာကို ယုံကြည်နေသည်။

ရှောင်လုံအနေနှင့် သူတို့အားလုံးကိုလဲ စိတ်ဝိညာဉ်အမှတ်အသားပြုလုပ်နိုင်ပါသည် ။ သို့ပေမယ့်စိတ်ဝိညာဉ်အမှတ်အသားတခါပြုလုပ်လိုက်တိုင်းမှာ ရှောင်လုံကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေများစွာကို အသုံးပြုရန်လိုအပ်သည်။ စိတ်ဝိညာဉ်စွမ်းအားတွေကိုအလွန်အကျူးအသုံးချလိုက်ခြင်းကလဲ ဆိုးကျိုးတွေ
ကိုဖြစ်ပေါ်လာစေနိုင်သည်။ ထိုအရာက သိုင်းကျင့်သူတယောက်၏ အနာဂတ်မှာကျင့်စဉ်တွေ အဆင့်တက်သည့်ဖြစ်စဉ်ကိုပါ နှောင့်နှေးသွားစေသည်။ ထိုကြောင့် ရှောင်လုံက မလိုအပ်ပဲနဲ့ သူ့စိတ်ဝိညာဉ်စွမ်းအားတွေကို အသုံးပြုလိုခြင်းမရှိပေပ ...။

"... သခင်လေး ...ကျွန်တော်တို့ဘက်ဆက်လုပ်ကြမလဲ ....?"

အစောင့်တွေနဲ့ အစေခံတွေအကုန်လုံးမိန်းခန်းမဆောင်ထဲကနေ ထွက်ခွာသွားပြီးနောက် တန့်ကွမ်းလျန်က ရှောင်လုံအမိန့်ကိုတောင်းခံလိုက်သည်။

ရှောင်လုံကတော့သူတို့နှစ်ယောက်ကိုအကဲခတ်သလို ကြည့်ရင်း

".... မလောပါနဲ့အုံး ...အချိန်တန်လာပြီဆိုရင် မင်းတို့ဘာလုပ်ရမယ်ဆိုတာကို ငါပြောမယ် .."

နှစ်ယောက်လုံးက ရိုသေစွာဖြင့် ဦးညွတ်ရင်း ရှောင်လုံအမိန့်ကိုနာခံလိုက်ကြသည်။

ရှောင်လုံလက်ထဲမှာ မှိတ်တုတ်မှိတ်တုတ်လင်းနေသည့်သေးငယ်သော အလင်းလေးတခု တောက်ပလာသည်  ။ ရှောင်လုံက သူ့နတ်လက်စွပ်ထဲကနေ ဝိညာဉ်ဆေးလုံးနှစ်လုံး ထုတ်ယူလိုက်ခြင်းပင် ...။

"... ဒီဟာက အဆင့် ၉ ဝိညာဉ်ဆေးလုံးတွေပဲ ..."

ထိုနောက်ရှောင်လုံက ဆေးနှစ်လုံးကို တုရှင်းနှင့် တန့်ကွမ်းလျန်တို့ရဲ့ လက်ထဲသို့ လွဲပြောင်းပေးလိုက်သည်။ စွမ်းအားတွေပြည့်ဝနေသည့် မွေးကြိုင်သောဆေးရနံက တုရှင်းနှင့် တန့်ကွမ်းချန်တုိ့ရဲ့ နှာခေါင်းထဲသို့တိုးဝင်လာသည် ။

"... ဒါ....ဒါ....အဆင့်၆ ဝိညာဉ်ဆေးလုံးတွေပဲ ..."

တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်က သူတို့လက်ထဲရောက်လာသည့် ဆေးလုံးတွေကိုကြည့်ရင်း အံစြွာဖြင့် ရေရွတ်လိုက်ကြသည်။ ဘတ်လန်းဒေသကဲ့သို့ လိုရာရနေသည့်နေရာမျိုးမှာပင် အဆင့်၆ ဝိညာဉ်ဆေးလုံးဆိုတာက အလွန်ကိုရှားပါးသောအရာဝတ္ထုတခုဖြစ်သည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၅၀ .... ဧရာမရုပ်သေးရုပ်ကြီးများကိုစတင်ထိန်းချုပ်ခြင်း

    "... ဒါ....ဒါ....အဆင့်၆ ဝိညာဉ်ဆေးလုံးတွေပဲ ..."

တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်က သူတို့လက်ထဲရောက်လာသည့် ဆေးလုံးတွေကိုကြည့်ရင်း အံစြွာဖြင့် ရေရွတ်လိုက်ကြသည်။ ဘတ်လန်းဒေသကဲ့သို့ လိုရာရနေသည့်နေရာမျိုးမှာပင် အဆင့်၆ ဝိညာဉ်ဆေးလုံးဆိုတာက အလွန်ကိုရှားပါးသောအရာဝတ္ထုတခုဖြစ်သည်။

     ".... သခင်လေး ...ဒီဟာက ကျွန်တော်တို့ကိုဆုချတာလား ....?"

တုရှင်းက စကားကိုအရိပ်အခြေကြည့်၍ညမေးလိက်ြသည် ။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီး

".... ဟုတ်တယ် .... မင်းတို့နောက်ပိုင်းမလုပ်ကောင်းကောင်းလုပ်ရင် ဒီထက်များတဲ့ အဆင့်၆ ဝိညာသ်ူဆေးလုံးတွေကို ပိုင်ဆိုင်ရလိမ့်မယ် ..."

ရှောင်လုံက သူတို့နှစ်ယောက်၏ စိတ်ဝိညာဉ်အား ထိန်းချုပ်ထားပေမယ့် သူ့အမိန့်မှန်သမျှကို အတင်ူအကျပ်ကြီးစေခိုင်းဖို့အတွက် ဆန္ဒမရှိပေ  ..။ ရှောင်လုံက အပြစ်ပေးခြင်းနှင့် ဆုလဘ်ပေးခြင်းတို့ကို ခွဲခြားသတ်မှတ်ထားသည့်လူတယောက်ပင်ဖြစ်သည်။ သူ့အတွက်စွမ်းစွမ်းတမံဆောင်ရွက်ပေးသူမှန်သမှကို ဆုချသည့်နေရာမှာလဲ နှောင်နှေးတတ်သူတယောက်မဟုတ်ပေ ...။

ထိုအပြင် တခြားသူတွေအတွက်တော့ အဆင့်၆ ဝိညာဉ်ဆေးလုံးဆိုတာက ရရှိနိုင်ဖို့မလွယ်ကူပေမယ့်  ရှောင်လုံကဲ့သို့ လင်းလောင်ရတနာစေတီအတွင်းက သားရဲတထောင်ဆေးယ်အိုးရှိသူအဖို့ကတော့ အဆင့်၆ ဝိညာဉ်ဆေးလုံးဆိုတာ အဲ့လောက်ထိ ခက်ခဲသောအရာတခုမဟုတ်ပေ ...။

"...သခင်လေးကို ကျေးဇူး အများကြီးတင်ပါခင်ဗျ....! ကျွန်တော်တို့သေတဲ့အထိ သခင်လေးအမိန့်မတိုင်း တသွေမတိမ်ဆောင်ရွက်ပါ့မယ် ...."

တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်က ဒူးထောက်၍ဆေးလုံးကိုလက်ခံယူရင်း ကတိစကားဆိုလိုက်ကြသည် ။

သူတို့ပြောတဲ့စကားသံကိုနားထောင်သူတိုင်း သူ့တို့ပြောဆိုလိုက်သည့်စကားတွေက ရင်ထဲအသဲထဲကနေလာသောစကားတွေဆိုတာကို သိနိုင်သည်။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီး သူတို့လုပ်ဆောင်စရာရှိတာတွေကိုလုပ်ဆောင်ရန် ထွက်သွားခွင့်ပြုလိက်ြသည်။ ရှောင်လုံက စိတ်ထဲမှာ ကောင်းကင်ဘီလူဂိုဏ်းကြီးတခုလုံးကို ထိန်းချုပ်နိုင်မည့် အကြံအစည်တခုကိုတွေးထားပြီးဖြစ်သည်။

ထိုသိုဖြင့် ရှောင်လုံက တုရှင်းတို့၏ အိမ်ဂေဟာအတွင်းနေထိုင်၍ သိုင်းလေ့ကျင့်ခန်းတွေကိုစတင်လိုက်သည် ။

ရှောင်လုံအနေနှင့် ကောင်းကင်ဘီလူဂိုဏ်းအားသိမ်းပိုက်ဖို့အတွက် သင့်တော်သည့်အချိန်ကို စောင့်ဆိုင်ရအုံးမှာဖြစ်သည်။ ကိစ္စတခုကိုအလျင်စလိုလုပ်ခြင်းဖြင့် နောက်ကနေနောင်တတွေ တသီကြီးတွဲပါလာနိုင်သည်။ အခုလိုမျိုး သိုင်းဂိုဏ်းကြီးတခုလုံးကို ထိန်းချုပ်ရမည့် လုပ်ငန်းကို အစောတလျင်လုပ်ဆောင်၍ညမသင့်တော်ပေ ...။ အခန့်မသင့်ပါက သူအကြံအစည်တွေအကုန်လုံးရေစုန်မျောသွားနိုင်သည်။

ရှောင်လုံအတွက် အခုပထမဆုံးအရေးကြီးနေတာက တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်၏ စိတ်ပင်လယ်အတွင်းမှာ စိတ်ဝိညာဉ်အမှတ်အသား ခတ်နှိပ်ရန်မသုံးပြုလိုက်သည့် သူရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို အမြန်ဆုံးပြန်လည်ပြည့်တင်းလာအောင် လုပ်ဆောင်ဖို့ပဲ ဖြစ်သည်။

အချိန်ခုနှစ်ရက်က လျင်မြန်စွာကုန်ဆုံးသွားလေသည်။

ခုနှစ်ရက်ကျော်လာသည်အထိ အိမ်ဂေဟာအတွင်းမှာတော့ အရာအားလုံးက ပုံမှန်အတိုင်းရှိနေဆဲပင်..။

မိန်းခန်းမဆောင်အတွင်းမှာပြောကြားခဲ့သော ရှောင်လုံ၏ ပြင်းပြင်းထန်ထန် သတိပေးစကားကြောင့်
အိမ်တော်အတွင်းမှ အစောင့်တွေနဲ့ အစေခံတွေက ရှောင်လုံအကြောင်းကိုအပြင်လူကိုပြောဖို့ဝေစွ သူတို့အချင်းချင်းတွေရင်တောင် ရှောင်လုံအကြောင်းကိုစကားမဟရဲကြပေ ..။ ထိုကဲ့သို့ လုပ်ဆောင်ထားမှုကြောင့် တုရှင်းတို့ရဲ့အိမ်တော်အတွင်းမှာ ရှောင်လုံရောက်ရှိနေတာကို ကောင်းကင်ဘီလူးဂိုဏ်ထဲမှာရှိနေသည့် ချန်ရှောင်ထျန် နှင့် ကန်ခမ်တို့လုံးလုံး မသိမပြုမိကြချေ  ...။

ချန်ရှောင်ထျန်နှင့် ကန်ခမ်တို့က သူရောက်နေတာကိုမသိကြတာကြောင့် ရှောင်လုံအနေနှင့်လဲ တုရှင်းတို့အိမ်တော်အတွင်းမှာ ရှေးဟောင်ရုပ်သေးရုပ်ထိန်းချုပ်နည်းစနစ်နှင့် စိတ်အာဏာ နည်းစနစ်တွေကိုစိတ်အေးလက်အေးဖြင့် လေ့ကျင့်နိုင်နေသည်။

ခုနှစ်ရက်ဆိုသည့်အချိန်ကာလက ရှောင်လုံကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် ပြည်စုံလုံလောက်လေသည်။ ရှောင်လုံရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက အရင်အတိုင်းပြန်လည်ပြည့်တင်းလာရုံသာမက အရင်ကထက်ကို ပို၍တိုးပွားလာကြသည်။ စိတ်ဝိညာဉ်စွမ်းအားတွေကို ကုန်ဆုံးအောင် အသုံးပြု၍ ပြန်လည်ဖြည့်တင်းခြင်းလုပ်ငန်းစဉ်က ရှောင်လုံစိတ်ဝိညာဉ်စွမ်းအားတွေကို အလျင်အမြန်တိုးတက်လာအောင်လဲ အကူအညီပေးသည်။

အခြေအနေတွေက သူတွက်ဆထားသလို ဖြစ်နေတာကိုကြည့်ရင်း ရှောင်လုံစိတ်ထဲမှာကျေနပ်သွားသည်။

ရှောင်လုံက သူရဲ့တိုးပွားလာသည့် စိတ်ဝိညာဉ်စွမ်းအားတွေနှင့်အတူ လင်လောင်းစေတီ၏ တတိယအလွှာအတွင်းသို့ ထပ်မံ၍ ဝင်လိုက်သည်။ တတိယအလွှာထဲကိုရောက်သည်နှင့် ရှောင်လုံက တတိယအလွှာ၏ ကောင်းကင်ယံထက်မှာ လွှင့်မျောနေသော ယဇ်ပုလ္လင်ထက်ကို တက်လိုက်သည်။

ဧရာမရုပ်သေးရုပ်ကြီးဆယ့်ကိုးရုပ်ကတော့ ရှောင်လုံမြင့်တွေ့ခဲ့သည့် ပုံစံအတိုင်း ယဇ်ပုလ္လင်ထောင့်စွန်းနားမှာ မျက်လုံးမှတ်ပြီး တရားထိုင်နေသည့်ပုံစံဖြင့် ရှိနေကြသည်။

ရှေးဟောင်ရုပ်သေးရုပ်နည်းစနစ်၏ ပထမအဆင့်သို့တက်လှမ်းနိုင်ခဲ့သည့် အတွက် ရှောင်လုံဆီမှာ တခြားသက်ရှိတွေကို စိတ်ဝိညာဉ်အမှတ်အသားပြုလုပ်နိုင်သည့်စွမ်းရည်အား ပိုင်ဆိုင်လာပေမယ့် အခုသူ့အရှေ့မှာရှိနေသည့် ဧရာမရုပ်သေးရုပ်ကြီးတွေအပေါ် အကျိုးသက်ရောက်မှုရှိမရှိကိုတော့ အခုချိန်အထိ မစမ်းသပ်ရသေးပေ ...။

အခုဆိုရင် ရှောင်လုံက ကောင်းကင်ဘီလူးဂိုဏ်းကိုသိမ်းပိုက်ဖို့ ရည်ရွယ်ထားပြီးဖြစ်သည်။ အကယ်၍ ရှာက်လုံသာ ဧရာမရုပ်သေးရုပ်ကြီးတွေကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုရင် ရှောင်လုံရည်ရွယ်ထားသော ကောင်းကင်ဘီလူးဂိုဏ်းအား ထိန်းချုပ်လို့သည့် အကြံအစည်တွေ အထမြောက်လာဖို့ ပို၍ ရာခိုင်နှုန်းများလာမှာပဲ ဖြစ်သည်။

ယဇ်ပုလင်အစွန်းနားကိုလျှောက်သွားရင်း ရှေညက်လုံက သူနှင့်အဝေးဆုံး ဘယ်ဘက်ထောင့်နားမှာရှိနေသည့် ရုပ်သေးရုပ်ကြီးကိုလှမ်းကြည့်လိုက်သည်။

ယဇ်ပုလ္လင်ထက်မှာရေးသားထားသည့် ရှေးဟောင်းလင်းလောင်မျိုးနွယ်စုစာသားတွေအရ တစုံတယောက်က ဧရာမရုပ်သေးရုပ်ကြီးတွေကို ထိန်းချုပ်လိုလျင်
သတ်မှတ်ထားတဲ့ အဆင့်တွေအတိုင်းလုပ်ဆောင်ရမှာဖြစ်သည်။ တန်းသီရပ်နေကြသော ဧရာမရုပ်သေးရုပ်တွေကြားထဲမှာ  ပထမဆုံးတန်း၏ ညာဘက်မှာရှိသော ရုပ်သေးရုပ်က နံပါတ်တစ်ဖြစ်သည်။

ရှောင်လုံက နံပါတ်တစ်ရုပ်သေးရုပ်ကြီးအရှေ့သို့ အရင်ဆုံးလမ်းလျှောက်သွားလိုက်သည်။ ရုပ်သေးရုပ်ကြီးရဲ့အရှေ့ကိုရောက်တော့ ရှေးဟောင်ရုပ်သေးရုပ်ထိန်းချုပ်နည်းစနစ်ကိုစတင်အသုံးပြုလိုက်ကာ ဧရာမကုပ်သေးရုပ်ကြီးနှင့်ဆက်သွယ်နိုင်ရန် ကြိုးစားလိုက်သည်။

ရှောင်လုံက သူရဲ့စိတ်ဝိညာဉ်စွမ်းအားတွေကို သတင်စုစည်းလိုက်တော့ သူရဲ့အသိညဏ်ပင်လယ်ကြီးတခုလုံး လှိုင်းတံပိုးတွေထကြွလှုပ်ခတ်လာသည်။ ထိုနောက်ရှောင်လုံက သူ့အသိညဏ်ပင်လယ်အတွင်းမှ မမြင်နိုင်သော စိတ်ဝိညာဉ်စွမ်းအားတွေကို ဧရာမရုပ်သေးရုပ်ကြီးရဲ့ မျက်ခုံးနှစ်အလည်သို့ ဖြတ်သန်းကာ အရုပ်ကြီး၏ စိတ်ဝိညာဉ်အတွင်း၌ အမှတ်အသားပြုလုပ်နိုင်ရန်ကြိုးစားလိုက်သည်။

ရှောင်လုံကိုယ်ထဲမှာရှိသော စိတ်ဝိညာဉ်စွမ်းအားတွေ အရုပ်ကြီးစိတ်ထဲသို့ ဝင်ရောက်သွားချိန်မှာတော့ အရုပ်ကြီးထဲကနေ ကြောက်စရာကောင်းလောက်အောင်ပြင်းထန်သည့် စုပ်အားတကြီး ပေါ်ထွက်လာသည်။ သူ့စိတ်ဝိညာဉ်စွမ်းအားတွေက အရုပ်ကြီးကိူယ်ထဲသို့ စီးဝင်သွားနေတာကို ရှောင်လုံခံစားမိလိုက်သည်။ရှောင်လုံစိတ်ဝိညာဉ်စွမ်းအားတွေက အရုပ်ကြီးကိုယ်ထဲသို့ အင်မတန်လျင်မြန်သောအမြန်နှုန်းဖြင့်စီးဝင်နေရာကနေ ရှောင်လုံကအလျင်အမြန် ပြန်ထိန်းချုပ်ဖို့ကြိုးစားလိုက်တော့ သူ့စိတ်ဝိညာဉ်စွမ်းအားတွေကို ထိန်းချုပ်လို့မရတော့ပေ ...။ 

"... ဒါ....ဒါဘယ်လိုဖြစ် ...?"

ရှောင်လုံမျက်နှာက သိသိသာသာကို သွေးရောင်တွေဖျော့တော့သွားသည်။

အခုကဲ့သို့အမြန်နှုန်းနှင့်သာဆက်လက်စီးဆင်းနေမယ်ဆိုရင် ရှောင်လုံအသိညဏ်ပင်လယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေအကုန်လုံးက နှစ်မိနစ်အတွင်းမှာပဲ ပြောင်တလင်းခါအောင်ကုန်ဆုံးသွားတော့မှာဖြစ်သည်။ ထိုကဲ့သို့ ရှောင်လုံ၏ အသိညဏ်ပင်လယ်ထဲက သိညဏ်စွမ်းအားတွေအကုန်လုံးသာ ပျောက်ဆုံးသွားမယ်ဆိုရင် သူ အရူးတယောက်ဖြစ်သွားတာနဲ့ ဘာမှခြားနားမှာမဟုတ်တော့ပေ ...။

ရှောင်လုံက ရှေးဟောင်ရုပ်သေးရုပ်နည်းစနစ်ကို နောက်တကြိမ်အလျင်အမြန်အသုံးချ၍ သူနှင့် ရုပ်သေးရုပ်ကြားမှ စိတ်ချင်းဆက်နွယ်နေမှုတွေကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားလိုက်သည်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ ကြိုးစားကြိုးစား သူနှင့်ရုပ်သေးရုပ်ကြီးတို့ကြားက စိတ်ဝိညာဉ်အချင်းချင်း ဆက်နွယ်နေမှုတွေကို ဘယ်လိုနည်းနဲ့မှ အဆုံးသတ်ပစ်လို့မရဘူးဆိုတာကို ရှောင်လုံနားလည်သွားသည်။

"... ဒါ....ဒါ.... ဘာကြောင့်အလုလိုတွေဖြစ်နေရတာလဲ ...?"

ရှောင်လုံကအခြေအနေအရပ်ရပ်ကို ချင့်ချိန်စဉ်းစားပြီးနောက် ရုပ်သေးရုပ်ကြီးကို အဝေးသို့ အားကုန်ရိုက်ထုတ်ပစ်လိုက်သည်။ ထိုကြတော့မှ ရုပ်သေးရုပ်ကြီးဆီကနေ လာသော ပြင်းထန်သည့် စုပ်အားကြီးက ရုတ်တရက် ပျောက်ဆုံးသွားတော့သည်။

ရှောင်လုံရင်ထဲမှာတော့ အသက်လုတိုက်ပွဲကြီးတပွဲ ဖြစ်လိုက်ရသလိုမျိုး ရင်တလှပ်လှပ်တုန်ယင်သွားသည်။ သူသာ အခုလိုနည်းလမ်းမျိုးကို အချိန်မှီမစဉ်စားမိလိုက်ဘူးဆိုရင် အခုချိန်ရောက်ဆို အသိညဏ်ပျောက်ဆုံးသွားသည့် အရူးတယောက်ဖြစ်နေလောက်ပြီမဟူတ်ပါလား ...။ ရှောင်လုံတကုန်လုံး ယိမ်းထိုးလာပြီး ယဇ်ပုလ္လင်ထက်သို့ ဖင်ထိုင်ရက်ပြုတ်ကျသွားကာ ဟောဟဲစိုက်ရင်း အသက်ရှုနေရသည်။

ရှောင်လုံက သူ့နဖူးထက်ကိုသုတ်လိုက်တော့ အေးစက်နေသည့် ချွေးစက်တွေက သူလက်ထဲကနေ စီးကျလာသည်။

တော်သေးတာပေါ့ ...သေတော့မလို့ .... !
ရှောင်လုံက သူဘာသာတွေးမိလိုက်သည်။

ရှောင်လုံက သူ့ကိုယ်သူ တည်ငြိမ်လာအောင် လုပ်ဆောင်နေစဉ် နံပါတ်တစ်ရုပ်သေးရုပ်ကြီး၏ မျက်လုံးက ဖျက်ကနဲပွင့်လာသည်။ရုပ်သေးရုပ်ကြီး မျက်လုံး၏ အနက်ရှိုင်းဆုံးနေရာကနေ တောက်ပသောအစိမ်းရောင်အလင်းတန်းနှစ်ခုထွက်ပေါ်လာသည်။ ထိုနောက် ရုပ်သေးရုပ်ကြီးက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်။ သူတခါလှုပ်ရှားလိုက်တိုင်း ယဇ်ပုလ္လင်ကြီးတခုလုံး တကြိမ်တုန်ခါသွားသည်။

  ဧရာမရုပ်သေးရုပ်ကြီးက ထိုင်လျက်အနေအထားမှာရှိနေစဉ် ရှောင်လုံက အရုပ်ကြီး၏ အရပ်ကို သုံးမီတာနီးပါးလောက်မြင့်မားနိုင်သည်ဟု ခန့်မှန်းလိုက်သည်။ ။ ဧရာမရုပ်သေးရုပ်ကြီးက မတ်တပ်ထရပ်လိုက်သောအခါ ရှောင်လုံမျှော်မှန်းထားတာထက်ကိုများစွာ ကျော်လွန်သွားသည်။

ရှောင်လုံအရှေ့မှာ မတ်တပ်ရပ်နေသည့် အရုပ်ကြီးက လေးမီးတာနီးပါးလောက်မြင့်မားပြီး သူ့ခန္ဓာကိုယ်ကလဲ သာမန်သိုင်းသမားတယောက်ထက် နှစ်ဆနီးပါးပို၍ ကြီးမားသည်။ သူ့ကိုကြည်ရတာ တောင်ကုန်သေးသေးလေးတခုနှင့်တူနေသည်။

"... အားဖန် ..... သခင်ကို နှုတ်ဆက်ပါတယ် .."

ဧရာမအရုပ်ကြီးက မတ်တပ်ထရပ်ကာ ရှောင်လုံအနားသို့ ရောက်တော့ ဒူးထောက်ချရင်း နှုတ်ဆက်စကားဆိုလိုက်သည် ။

ပထမဦးဆုံးအကြိမ်ကြိုးစားလိုက်စဉ်မှာပဲ  အရုပ်ကြီး၏ စိတ်ပင်လယ်ထဲသို့ စိတ်ဝိညာသ်ူအမှတ်အသားကို အောင်အောင်မြင်မြင် ခတ်နှိပ်နိုင်ခဲ့တာကိုမြင်တော့မှ ရှောင်လုံရင်ထဲမှာ သက်ပြင်းချနိုင်သွားသည်။

"... အားဖန် ....? "

ထိုအခိုက် တချို့သော မှတ်ညဏ်အပိုင်းအစတွေက ရှောင်လုံအသိညဏ်ပင်လယ်ထဲသို့ ရောက်ကှိလာသည် ။ ထိုအသိညဏ်အပိုင်းအစတွေက အားဖန်ဆိုသော ရုပ်သေးရုပ်ကြီးနှင့် ပတ်သတ်နေသည်။

နံပါတ်တစ် ရုပ်သေးရုပ်ကြီးက ကောင်းကင်အဆင့်၆ စဦးအဆင့် သိုင်းသမားလောက် အစွမ်းရှိသည်။ သို့ပေမယ့် အခုရုပ်သေးရုပ်ကြီးကို ရှေးဟောင်ဧရာမမျိုးနွယ်ကနေ ပြုလုပ်ထားခြင်းဖြစ်သောကြောင့် သူ့ခန္ဓာ ကိုယ်၏ ခုခံနိုင်စွမ်းနှင့် ခွန်းအားကတော့ တခြားအဆင့်တခုသို့ရောက်ရှိနေလေသည်။ ထိုကြောင့် ရုပ်သေးရုပ်ကြီး၏ အတွင်းအားတွေက အခုမှ ကောင်းကင်အဆင့်၆ စဦးအဆင့်သာရှိနေသေးပေမယ့် ရုပ်သေးရုပ်ကြီးက အဆင့်၆ နောက်ဆုံးအဆင့်ကောင်းကင်သိုင်းသမားတွေဖြစ်ကြသော တုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက်ပူပေါင်းခြင်းထက်ကို ပိုမိုသန်မာမှုရှိသည်။

သူ့ရှေ့မှာဒူးထောက်နေသည့် ဧရာမရုပ်သေးရုပ်ကြီးကိုကြည့်ရင်း ရှောင်လုံမျက်လုံးတွေအရောင်လက်သွားသည်။

ဧရာမရုပ်သေးရုပ်ပေါင်း ဆယ့်ကိုးရုပ် ...။
အတန်းလိုက်စီထားကြသော ရုပ်သေးရုပ်ကြီးတွေက တရုပ်ထက်တရုပ်ပို၍ အစွမ်းထက်သည်ဟု ယဇ်ပုလ္လင်ထက်က စာထဲမှာရေးသားထားသည်။

အကယ်၍ ပထမဆုံး စူပရင်း ရုပ်သေးရုပ်ကြီးကတောင်မှ ကောင်းကင်အဆင့်၆ စဦးအဆင့် ရှိနေတယ်ဆိုရင် ဒုတိယနှင့် တတိယ ရုပ်သေးရုပ်ကြီးတွေတိုရင်ရော အခြေပနေဘယ်လိုရှိနိုင်မလဲ  ....? သူတို့က ဘယ်လောက်ထိ အစွမ်းထက်နိုင်မလဲ ...?

ထိုအကြောင်းကိုတွေးမိတော့ ရှောင်လုံရင်ထဲမှာ စိတ်လှုပ်ရှားလာပြီး နှလုံးခုန်သံတွေမြန်ဆန်လာသည်။

"... ထတော့ ..."

ရှောင်လုံက အမိန့်ပေးလိုက်သည်။ ထိုနောက်ရှောင်လုံက ဒုတိယရုပ်သေးရုပ်ကြီးကို အလျင်စလို ထိန်းချုပ်ဖို့ မကြိုးစားသေးပဲ ကုန်ဆုံးသွားသည့် သူ့စိတ်ဝိညာဉ်စွမ်းအားတွေကို အရင်ဆုံးပြန်လည်ဖြည့်တင်းလိုက်သည်။ ရှောင်လုံစိတ်ဝိညာဉ်စွမ်းအားတွေက နဂိုအတိုင်းပြည်လည်၍ ပြည့်နှက်လာပြီးနောက် စိတ်ဝိညာဉ်စွမ်းအားတွေက အရင်ကထက်လဲ ပိုမို များပြားလာသည်။

ရှောင်လုံစိတ်ဝိညာဉ်စွမ်းအားတွေက ပြန်လည်ဖြည့်တင်းနေသည့် အချိန်တလျှောက်လုံး အားဖန်က ရှောင်လုံအနားမှာ ကျောက်ရုပ်ကြီးတရုပ်လိုရပ်ရင်း ကာကွယ်စောက်ရှောက်နေသည်။

သူ့စိတ်ဝိညာဉ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းပြီးနောက် ရှောင်လုံက ဒုတိယ စူပရင်း ရုပ်သေးရုပ်ကြီးရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။ ထိုနောက် စိတ်ဝိညာဉ်အမှတ်အသားခပ်နှိတ်သည့် လုပ်ငန်းစဉ်ကိုစတင်တော့သည်။ ဒုတိယ စူပရင်း ရုပ်သေးရုပ်ကြီးက အမဖြစ်ဟန်တူသည် ။ အမအရုပ်ဖြစ်ပေမယ့် သူ့ရဲ့ပုံပန်းသွင်ပြင်ကတော့ ပထမ ရုပ်သေးရုပ်ကြီးကဲ့သို့ ကြီးမားလှသည်

Continue Reading

You'll Also Like

79K 1.9K 56
Y/n and Luz are best friends who have gone through thick and thin. But this time, they will go through thicker and thinner. They are both considered...
21.1K 443 42
What If Chloe lukasiak has a twin sister who is the favorite?
11.5K 248 20
Idk first story so please be nice
12.9K 289 15
An alternate Jason Uchiha timeline