ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

241 - 245

271 21 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၄၁ .......

ရှောင်လုံ အခင်းဖြစ်ပွားနေသည့်နေရကိုရောက်တော့ ကျောင်းရှုနှင့် ကျန်းဖူတို့နှစ်ယောက်က တခြား လူလေးယောက်နှင့် ကောင်းကင်ထက်မှာ တိုက်ပွဲဖြစ်ပွားနေတာကိုမြင်လိုက်ရသည်။ ကျန်းဖူ ရ်ုဆိုင်နေရသည့်ရန်သူက လီလူဆရာ လီမိုလင် ဖြစ်ပြီး ကျောင်းရှုကတော့ ယောင်အိမ်တော်၏ ဘိုးဘေးဖြစ်သူအပါအဝင် နတ်ဘုရားကျောင်း၏ ဝတ်စုံကိုဝတ်ဆင်ထားသော နောက်ထပ်လူနှစ်ယောက် အပြင်းအထန်တိုက်ခိုက်နေလေသည် ။

ဒါပေမယ့် ယောင်ဖေးကတော့ ပျောက်ချင်းမလှပျောက်ဆုံးနေသည် ။

သူတို့တိုက်ပွဲတွေဖြစ်ပွားနေသည့် အောက်ဘက်ကလမ်းမပေါ်မှာတော့ မင်္ဂလာဧည့်ကြိုပွဲမှာ ပါဝင်လာကြသည့် ဂိုအိမ်တော်အစောင့်တွေ သွေးအိုင်ထဲမှာ လဲကျနေကြတာကို ရှောင်လုံ မြင်လိုက်ရသည်။ သူတို့နှင့် သိပ်မဝေးသော လမ်းထောင့်တနေရာမှာတော့ ဂိုတန်က တခြားကျန်ရှိနေသော ဂိုအိမ်တော်အစောင့်တွေနှင့်အတူ ဟောင်မင်းရှေ့ကနေ ဝိုင်းပတ်ကာ ကာကွယ်ပေးနေသည် ။

သူ့ညီမလေး ဟောင်မင်းနှင့် ဂိုတန် တိုနြှစ်ယောက်လုံး ဘာမှမဖြစ်တာကိုမြင်တော့မှ သူ့ရင်ဘတ်ထဲမှာ ဆို့နေသည့် အလုံးကြီးပြုတ်ကျသွားသလိုမျိုး ရှောင်လုံသက်ပြင်းချနိုင်သွားသည် ။

ရှောင်လုံ ရောက်လာတာကိုမြင်တော့ လမ်းတဖက်မှာရှိနေသည့် ဟောင်မင်း ဂိုတန်နှင့်အတူ ရှောင်လုံဆီသို့ ပြေးလွှားလာကြသည်

"... အ...အကိုကြီး ..."

"... ညီမလေး ... နင်ဘာမှ မဖြစ်ဘူးမလား..?"

ရှောင်လုံကစိတ်ပူစွာဖြင့် မေးမြန်းလိုက်သည် ။
"... ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး ..."

ဂိုတန်တို့ကခေါင်းခါပြလိုက်ကြသည် ။ သူတို့နှစ်ယောက်လုံးဘာမှမဖြစ်တာကိုကြားတော့မှ  ရှောင်လုံရင်ဘတ်ထဲမှာ လက်ကျန် တင်းကျပ်နေတာတွေ အကုန်လုံး လျော့ကျသွာတော့သည်။ ထိုအချိန် စူးရှသောလေချွန်သံတွေနှင့်အတူ လူရိပ်နှစ်ခုကတိုက်ပွဲဖြစ်ပွားနေသည့်နေရာတွေဆီသို့ ရောက်ရှိလာကြသည်။
ရောက်ရှိလာကြသောလူနှစ်ယောက်ကတော့ ဒေါင်ရမ်းအင်ပါရာပြည့်ရှင် ဒေါင်ရမ်နှင့် ဂိုမိသားစုဘိုးဘေး ဂိုချန်တို့ပဲ ဖြစ်ကြသည်။

"... ငါတို့ သွားကြစို့ ..."

ဘုရင်ဒေါင်ရမ်နှင့် ဂိုချန်တို့ယောက်လာတာကိုမြင်တော့ ကျန်းဖူနှင့် တိုက်ပွဲဖြစ်နေသည့် လီမိုလင်က ကျောင်းရှုအနောက်သို့ ဆုတ်သွားစေရန်အတွက်ကျောင်းရှုဆီသို့ ပြင်းထန်သောလက်ဝါးတခုရိုက်ထုတ်လိုက်သည် ။ပြင်းထန်သောလက်ဝါးရိုက်ချက်ကိုရိုက်ထုတ်ပြီးတဲ့နောက်လီမိုလင်က သူမရဲ့  တခြားအဖွဲ့သားတွေကို နောက်ဆုတ်ဖို့  အော်ဟစ်အမိန့်ပေးလိုက်သည်။

ကျန်းဖူက လီမိုလင်၏ လက်ဝါးရိုက်ချက်ကိုနယနောက်မဆုတ်ပဲ ထိပ်တိုက်ရင်ဆိုင်ခိုက်သည် ။

မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ပျောက်ကွဲသံကြီးနှင့်အတူ ထွက်ပေါလာသည့် ပြင်းထန်သော ပြန်ကန်မှုအားကြောင့် နှစ်ယောက်လုံးက အနောက်ဘက်သို့ ဆုတ်လိုက်ကြရသည်။ လီမိုလင်က ထိုအခွင့်အရေးက အမိအရဖမ်းဆုတ်ရင်း လေဟာနယ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည် ။

ယောင်မိသားစုဘိုးဘေ ယောင်ရှန် နှင့်အတူ နတ်ဘုရားကျောင်းတော်လက်က တခြားအကြီးအကဲသုံးယောက်ကလဲ လီမိုလင်နည်းအတိုင်းလုပ်ဆောင်လိုက်ကြသည်။ သူတို့သုံးယောက်စလုံးက အားကုန်ထုတ်ကာ ကျောင်းရှုဆီသို့ လက်ဝါးတွေပြိုင်တူရိုက်ထုတ်လိုက်ကြသည်။ ကျောင်းရှုကို အနောက်ဘက်သို့ ရှောင်တိမ့်စေပြီးသည့်နောက် သူတို့သုံးယောက်စလုံးကလဲ လိမိုလင်နည်းတူ ရှောင်လုံတို့အရှေ့ဘက်ကနေ ပျောက်ကွယ်သွာတော့သည် ။

သူတို့လေးယောက်စလုံး ပျောက်ကွယ်သွားပီးချိန်မှ ဒေါင်ရမ်နှင့် ဂိုချန်တို့ရောက်ရှိလာသည် ။ သူတို့အကုန်လုံးရဲ့ မျက်နှာထားတွေက အေးစက်မာကျောပြီးတည်ငြိမ်နေ၏ ။  သူတို့ကိုကြည့်ရတာ သိပ်မကြာခင်မှာပေါက်ကွဲထွက်လာတော့မည့် မီးတောင်ကြီးတွေနှင့် တူညီနေသည် ။ အထူးဒေါသထွက်နေသည့်သူကတော့ ဂိုချန်ပင် ။ သွေးအိုင်ထဲမှာ အတုံးအရုံး လဲကျနေကြသော သူရဲ့ ဂိုမိသား စုဝင်တွေကိုကြည့်ရင်း ဂိုချန်မျက်နှာထားက မဲမှောင်ရှုံ့မဲနေလေသည်။

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၄၁ (B)

".... ယောင်မိသားစုက တကယ်ကိုတရားလွန်တာပဲ... "

ဂိုချန်ကသွားထဲကနေ လေထွက်လာသလိုမျိုးအသံဖြင့် ကြိမ်းဝါးလိုက်သည် ။ သူ့ရင်ထဲက ဒေါသတွေကိုထိန်းချုပ်လို့မရနိုင်အောင် ဖြစ်နေပြီး အတုန်းအရုန်းလဲကျနေကြသောသူ့လူတွေကိုကြည့်ရင်း မျက်လ့်ုးတွေက သူ့ ရဲရဲနီနေသည် ။

ဤနေ့က ဂိုမိသားစုအတွက် နေ့ထူးနေ့မြတ်တခုပင်ဖြစ်သည် ။ အဲ့ဒါကို ယောင်ရှန်  က သူရဲ့ စကြာဝဠာအဆင့်သိုင်းပညာရှင်ဆိုသည့် အဆင့်အတန်းကိုလျစ်လျူရှုကာ ဂိုတန်နှင့် ဂိုမိသားစုဝင်တွေကိုတိုက်ခိုက်ပြီး အရှက်မရှိလုပ်ရပ်တွေကိုလုပ်ဆောင်ခဲ့တမဟူတ်ပါလား.. ။ အခုလုပ်ရပ်က ဂိုချန်ရင်ထဲကို လက်ပစ်ဗုံးသုံးလုံးလောက် ပစ်သွင်းလိုက်သကဲ့သို့ သူ့ရင်ထဲမှာ ဒေါသတွေဖြင့် ဗလောင်ဆူကာ ပေါက်ကွဲနေသည်။

ဒေါင်ရမ်နှင့် ဂိုချန်တို့ရောက်ပြီးသိပ်မကြာခင်မှာပဲ ဒေါင်ဝူဟန်နှင့် တခြားဂိုမိသားစုမှ သိုင်းပညာရှင်တွေရောက်ရှိလာကြသည် ။

အခုလိုမျိုးဖြစ်ရပ်တွေကြုံတွေ့ခဲ့ပေမယ့် မင်္ဂလာအခမ်းအနားကအရေးကြီးတာမို့ တန်ဖိုးရှိသောအချိန်တေ်ိကိုကုန်ဆုံးလိုက်၍ မဖြစ်ချေ... ။ ထိုကြောင့် ဂိုချန်က နောက်မှရောက်ရှိလာသည့် ဂိုမိသားစုသိုင်းပညာရှင်တွေကို အခုနေရာမှာနေပြီး စီမံခန့်ခွဲဖို့ စေခိုင်းလိုက်သည် ။ ထိုနောက်သူက ရှောင်လုံဘက်သို့လှည့်ကာ ရှောင်လုံဆီကနေ ဘာဆက်လုပ်ရမယ်ဆိုသည့် အကြံကိုတောင်းခံလိုက်သည် ။ ရှောင်လုံကတော့ လက်ရှိအစီအစဉ်အတိုင်း ဂိုတန်နှင့် ဟောင်မင်းတို့နှစ်ယောက်ကို ဂိုမိသားစုမှ သိုင်းပညာရှင်တွေနဲ့အတူ ဂိုအိမ်တော်သို့ဆက်လက် ပို့ဆောင်ဖို့သာ ဆုံးဖြတ်လိုက်သည် ။

"... သခင်လေး... ယောင်ဘိုးဘေနဲ့ အဲ့ဒိလူတွေကို....  သခင်လေး ကျွန်တော်တိူ့ကိုဘာလုပ်စေချင်ပါသလဲ... ?"

ဂိုတန်တို့လူစုဆက်လက်ထွက်ခွာသွားပြီးမှ ကျောင်းရှုက ရှောင်လုံအနားသို့ ချဉ်းကပ်ကာ အကြံတောင်းခံလိုက်သည်။

  ရှောင်လုံကတော့ ခေါင်းခါပြလိုက်ပြီး

"....လိုက်ဖို့မလိုသေးပါဘူး... "

ယောင်ရှန်က အခုမှ စကြာဝဠာအဆင့် ၃ သိုင်းပညာရှင်အဆင့်ကိုသာရောက်နေသေးပေးမယ့် နတ်ဘုရားကျောင်းတော်ဘက်ကလီမိုလင်နှင့် တခြားသိုင်းပညာရှင်တွေရဲ့ အကူအညီကြောင့်မို့လို့ သူ့ကိုသတ်ဖို့ဆိုတာက လွယ်ကူသောကိစ္စတခုတော့မဟူတ်ပေ... ။

"...အကို ဒေါင်ရမ်... "

ရှောင်လုံက ဒေါင်ရမ်းအင်ပါရာပြည့်ရှင်ကိုကြည့်ကာ

"... ကျုပ်တခုလောက်တော့ ဒုက္ခပေးရအုံးမယ်... ကျုပ်ကိုကူညီတဲ့အနေနဲ့ နန်းတွင်း မြို့ကိုပိတ်ဆို့ပြီး နတ်ဘုရားကျောင်းတော်နဲ့ တခြားယောင်အိမ်တော်ကလူတွေကို ပိုက်စိတ်တိုက် ရှာဖွေပေးပါ... "

ဒေါင်ရမ်းဘုရင်မင်းမြတ်က ရှောင်လုံကို လေးလေးစားစားဖြင့်ကြည့်ကာ

"... သခင်လေးရယ်... ဒီကိစ္စအတွက်လောက်ကတော့ ကျွန်တော့တာဝန်သါထားစမ်းပါ....ဒါကကျွန်တော်လုပ်သင့်တဲ့ အရာတခုပါ  "

ရှောင်လုံကသူခေါင်းကိုညိတ်ပြလိုက်သည်။

ရှောင်လုံရဲ့ တောင်းဆိုမှုကြောင့် ဂိုချန်ကလဲ သူ့လူတွေကို မြို့ကိုပိတ်ဆို့ရှာဖွေရာမှာ ဒေါင်ရမ်းအင်ပါရာဘုရင်မင်းမြတ်ကို ကူညီနိုင်ရန်အတ်က်စေလွှတ်လိုက်သည် ။

နောက်ထပ်တနာရီလောက်အကြာမှာတော့ ဟောင်မင်းနှင့် ဂိုတန်က ဂိုမိသားစုသိုင်းပညာရှင်တွေနှင့်အတူ ဂိုအိမ်တော်သို့ ဘေးကင်းစွာဖြင့်ရောက်ရှိသွားကြသည် ။ ဟောင်မင်းတို့ ဂိုအိမ်တော်သို့ရောက်ရှိသွားပြီမှ ဟောင်မိသားစုဝင်တွေလဲ ဂိုိအိမ်တော်သို့ လိုက်သွားကြသည် ။

"... လုံအာ...  ငါတို့ယောင်မိသားစုနဲ့ ငြိမ်းချမ်းရေးယူလိုက်မယ်ဆိုရင်ရော ...မကောင်းဘူးလား... ?"

သူတို့ဂိုအိမ်တော်သို့ သွားနေသောလမ်းမှာ စုရန်က စိုးရိမ်နေသော မျက်နှာထားဖြင့် ရှောင်လုံကိုအကြံပေးလိုက်သည် ။ သူတို့လာရာလမ်းတလျှောက်မှာ ယောင်မိသားစုဘိုးဘေးနှင့် နတ်ဘုရကျောင်းတော်မှလူများသတ်ဖြတ်ထားသော ဂိုမိသားစုဝင်တွေကိုကြည့်ရင်း စုရန်တယောက် မျက်နှာပျက်ယွင်းနေလေသည်။

ရှောင်လုံက သူ့အမေကိုကြည့်ရင်း သူ့အမေအရမ်းစိုးရိမ်နေတာကို သတိပြုမိသွားသည် ။ သူကခေါင်းကိုခါပြရင်း

".... အမေရေ... ကျွန်တော်တို့ဘက်ကစပြီး ငြိမ်းချမ်းရေးကမ်းလှမ်းမယ်ဆိုရင်တောင်မှ ယောင်မိသားစုဘက်ကဘယ်လိုလုပ်သဘောတူပါ့မလဲ... ?"

ရှောင်လုံနှင့် ယောင်ဖေးတို့နှစ်ယောက်ကြားက
ရန်ငြိုးတွေကို ချုပ်ငြိမ်းသွားဖို့ဆိုတာက တယောက်ယောက်သေဆုံးသွားမှသာ ဖြစ်လာနိုင်တော့မည့်အရာတခုဖြစ်သည်။ ရှောင်လုံက နှစ်ပေါင်းထောင်ချီရာဇဝင်ရှိခဲ့သော ယောင်အိမ်တော်ကြီးတခုလုံးကိုမီးလောင်တိုက်သွင်းပစ်ခဲ့သည့် အချက်တခုနှင့်ပဲ ယောင်အိမ်တော်ဘက်က ရှောင်လုံကို တသက်ကြေမှာမဟုတ်တော့ပေ... ။

နောက်ပြီး ရှောင်လုံစိတ်ထဲမှာလဲ ယောင်မိသားနှင့် ငြိမ်းချမ်းရေးယူရန် ဘယ်တုံးကမှ စိတ်ကူးမရှိခဲ့ပေ..။
စုရန်ကတော့သူမသား၏ အဖြေကိုနားထောင်းရင်း သက်ပြင်းကျိတ်ချလိုက်သည် ။ တကယ်တော့ သူမရဲ့အကြံပြုချက်တွေက ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကို သူမကိုယ်တိုင်လဲ နားလည်သွားသည်။

."... ဒါပေမယ့် နတ်ဘုရားကျောင်းတော်ဆိုတာက...?"

စုရန်က ခနလောက်တုန့်ဆိုင်းနေပြီးမှ ဆက်ပြောလိုက်သည် ။ စုရန်က "...နတ်ဘုရားကျောင်း .."
ဆိုသည့်စကားလုံးအား ထဲ့သွင်းပြောဆိုလာချိန်မှာတော့ ဟောင်ပန်မျက်နှာထက်မှာပါ စိုးရိမ်ပူပန်သည့်အရိပ်အယောင်တွေ ထင်ယပ်လာသည် ။

တကယ်တော့ ယောင်မိသားစု၏ ဘိုးဘေဖြစ်သူ ယောင်ရှန်က အဲ့လောက်ထိ ကြောက်စရာမကောင်းလှပေ... ။ သူနောက်မှာရှိနေသည့် နတ်ဘုရားကျောင်းတော်ကသာ အဓိကအန္တရာယ်တခုဖြစ်သည်။

ကျောင်းရှု ၊ ကျန်းဖူ ၊ ယူမင်းနှင့် ဖေးဟိုတိူ့နတ်ဘုရားကျောင်းတော်အကြောင်းဆွေးနွေးမှုတွေကို နားထောင်ဘူးတာမို့ နတ်ဘုရားကျောင်းတော်ကဘယ်လောက်ထိကြောက်စရာကောင်းတယ်ဆိုတာကို ဟောင်ပန်တို့လဲ သိသင့်သလောက်သိထားသည်။

နတ်ဘုရားကျောင်းတော်ဆိုသည်မှာ ဒေါင်ရမ်းအင်ပါရာနိုင်ငံတော်ကြီးကပင် ကြောက်ရွံထိန့်လန့်ရသည့် နိုင်ထက်လိုမင်းနှိပ်စက်တတ်သော အင်အားကြီးအဖွဲ့အစည်းတခုပင်ဖြစ်သည် ။

"... အဖေ နဲ့အမေ...  စိတ်ချနေပါ...  တနေ့ကျရင် ကျွန်တော်လက်နဲ့ နတ်ဘုရားကျောင်းတော်ကြီးတခုလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ပစ်ပါ့မယ်..."

ရှောင်လုံက တိုင်တည်သစ္စာဆိုသလိုမျိုး တလုံးချင်းရေရွတ်လိုက်သည် ။

နောက်ပြီး အဲ့ဒိနေ့ကိုရောက်ဖို့လဲ သိပ်မကြာတော့ပါဘူး...... !

သိုပေမယ့် ဟောင်ပန်နှင့် စုရန်တို့ရဲ့ စိတ်ထဲမှာတော့ ရှောင်လုံကသူတို့နှစ်ယောက်ကို နှစ်သိမ့်ပေးနေတယ်လို့ ထင်သွားသည်။ ဒါကြောင့်မို့ သူတိုနြှစ်ယောက်က နတ်ဘုရားကျောင်းတေယ်အကြောင်းကိုထပ်မပြောတေါ့ပဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

.နောက်ထပ်တနာရီလောက်ကြာပြီးနောက် ရှောင်လုံတို့လဲ ကြီးကျယ်ခမ်းနားသည့် ဂိုအိမ်တော်ဆီသို့ရောက်ရှိလာကြသည် ။ သူတို့ရောက်လာချိန်မှာတော့ ဂိုချန် ၊ ဂိုရှီဝမ် ၊ ဂိုရှီယွမ် နှင့် ဂိုတန်တို့က သူတို့လူစုကို ဂိုအိမ်တော်၏ အပေါက်ဝမှာ လူကိုယ်တိုင် စောင့်ကြိုနေတာကိုမြင်လိုက်ရသည် ။  ထိုနောက် ဂိုချန်က ဦးဆောင်ကာ ရှောင်လုံတို့လူစုကို ဂိုအိမ်တော်၏ ဧည့်ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်သွားသည် ။ ထိုနောက် သူတို့အိမ်တော်နစ်ခုမျလူတွေက တဖက်စီထိုင်လိုက်ကြသည် ။

."...ဒေါင်ရမ်း ဘုရင်မင်းမြတ် ...ရောက်ရှိလာပါပြီ...."

ရှောင်လုံတို့လူစု ထိုင်ပြီးသိပ်မကြာခင်မှာပဲ ဂိုအိမ်တေယ်၏ အိမ်တော်ထိမ်းချုပ် ကျန်းယုက ဒေါင်ရမ်ရောက်ရှိလာကြောင်း ကြော်ငြာသံထွက်ပေါ်လာသည် ။

ဒေါင်ရမ်းရှင်ဘုရင်က လူကိုယ်တိုင်ရောက်ရှိလာတယ်..ဟူတ်လား..!

ရှောင်လုံညီမလေးဟောင်မင်း၏ မင်္ဂလာပွဲ့သိုလာရောက်ပွဲတက်လာသည့် ဧည့်ပရိတ်သတ်တွေအကုန်လုံးက ကျန်းယု၏ ကြော်ငြာမောင်းခတ်သံကိုနယးထောင်ရင်း အံသြမှင်သက်ကုန်ကြသည်။ ထိုနောက် သူတိုအြကုန်လုံးထိုင်နေရာကနေ မတ်တပ်ထရပ်ကာ ဒေါင်ရမ်းအင်ပါရာပြည့်ရှင်အား ကြိုဆိုရန်အတွက် ဧည့်ခန်းမဆောင်အပြင်ဘက်သို့ အလျိုလျိုထွက်သွားငြသည် ။

ဤနေ့က သူ့ညီမလေး၏ မင်္ဂလာပြွဲဖစ်ပေမယ့် ရှောင်လုံကိုယ်တိုင်ကလဲ ဧည့်ပရိတ်သတ်တပိုင်းလိုမျိုးဖြစ်နေသည် ။ ဒေါင်ရမ်က မင်္ဂလာဧည့်ခံပွဲဆီသို့ လူကိုယ်တိုင်လာရောက်၍ ချီးမြှောက်ပေးတာမို့ ရှောင်လုံစိတ်ထဲမှာ သူကိုသွားကြိုသင့်တယ်လို့ ယူဆပြီး မတ်တပ်ထရပ်လိုက်သည်။

"... ဟားဟား...ဂုဏ်ပြုပါတယ်.. ဂုဏ်ပြုပါတယ်
.."
ရှောင်လုံတို့လူစု အိမ်တော်အပေါက်ဝသို့မရောက်သေးခင်မှာပဲ ဒေါင်ရမ်းအင်ပါရာပြည့်ရှင်က ဂိုအိမ်တော်အတွင်းသို့ ပြုံးရွှင်နေသည့် မျက်နှာဖြင့်ရောက်ရှိလာပြီး လက်သီးနှစ်ဖက်ကိုထပ်၍ နှူတ်ဆက်လိုက်သည်။

ရှောင်လုံနှင့်ဂိုချန်တို့နှစ်ယောက်ကလဲ လက်သီးဆုတ်ရင်း ပြန်၍ နှုတ်ဆက်လိုက်ကြသည် ။ ဒေါင်ရမ်းအင်ပါပြည့်ရှင်နောက်ကနေ ပါလာသည့် မင်းသား၂ ဒေါင်ဝူဟန်ကလဲ လက်နှစ်ဖက်ကို လက်သီးဆုတ်ပုံစံလုပ်ကာ ရှောင်လ့်ုနှင့် ဂိုချန်တို့့နှစ်ယောက်အား ရိုရိုလေးစားစွာဖြင့် ဂုဏ်ပြုစကားဆိုလိုက်သည်။ ဒေါင်ရမ်နှင့်အတူ ဒေါင်ဝူဟန်အပြင် ချောမောလှပပြီး နန်းဆန်သောအမျိးသမိးကြီးတယောက်လဲ ပါလာသည်။

ထိုအမျိုးသမီးက ဒေါင်ဝူဟန်၏ အမေဖြစ်နိုင်တယ်ဆိုတာကို ရှောင်လုံကတွေးမိလိုက်သည်။ သူအတွေးတွေကမျန်ကန်လေသည် ။ ဒေါင်ရမ်က ထိုအမျိုးသမီးကိူ ဒေါင်ဝူဟန်၏ အမေအဖြစ် မိတ်ဆက်ပေးလိုက်သည်။

ဒေါင်ရမ်းအင်ပါရာပြည်ရှင်ရောက်ရှိလာခြင်းက မင်္ဂလာဧည့်ခံပွဲကြီးတခုလုံးကို အစွမ်းကုန်စည်းကားသိုက်မြိုက်သွားစေသည် ။ ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်းမှာရှိသော အင်းအားကြီးအဖွဲ့အစည်းတိုင်းလိုလိုက ဂိုအိမ်တော်သို့လာရောက်၍ ဂုဏ်ပြုစကားလာဆိုကြသည် ။ ဂုဏ်ပြုသံ ၊ ချီးမွန်းသံ ၊ ရယ်သံမောသံတွေနှင့်အတူ ဝိုင်ခွက်ချင်းတိုက်သံတွေ အဆက်မပြတ်ထွက်ပေါ်လာပါတော့သည် ။

ဒေါင်ရမ်းအင်ပါရာဘုရင်မင်းမြတ်ရောက်ရှိလာပြီးသည့်နောက် ရှောင်လုံတို့လူစုက ဒေါင်ရမ်နှင့်အတူ သူတို့အဖွဲ့မှထိပ်တန်းအဆင့် သိုင်သမားတွေကိုခေါ်ဆောင်ကာ သီးသန့်ခန်းအတွင်းသို့ ဝင်လိုက်ကြသည်။
ဂိုအိမ်တော်၏ သီးသန့်ခန်းအတွင်းသို့ရောက်လာပေမယ့် ရှောင်လုံကတော့ စိတ်အေး၍မနေနိုင်သေးပေ.. ။
သူကကျောင်းရှု ၊ ကျန်းဖူနှင့် ယူမင်းတို့အား ပတ်ဝန်းကျင်မှာ ရုတ်တရက်ဖြစ်လာနိုင်သော မမြင်ရသည့် အခြေအနေတွေကို သတိထားပြီးစောင့်ကြည့်ကြရမ်မှာကြားလိုက်သည် ။

ယောင်ရှန်က ဟောင်မင်းတို့ကို လုပ်ကြံရန်ကြိုးစားလိုက်သည့် သူ့အကြံအစည်တွေအအောင်မြင်လိုက်တာကြောင့် ထွက်ပြေးသွားပေမယ့် ယောင်ရှန်တို့၏ အကြံအစည်တွေက အခုလိုမျိုးလွယ်လွယ်ကူကူနဲ့ ပြီဆုံးသွားမှာမဟူတ်ဘူးဆိုတာကို ရှောင်လုံအလိုလိုသိနေသည် ။

နောက်တခုအရမ်းထူးဆန်းနေတာက ဒီနေ့တနေ့လုံးမှာ ယောင်ဖေး၏ အရိပ်အယောင်ကိုလုံးဝမမြင်ရခြင်းပင်... ။

မင်္ဂလာဧည့်ခံပွဲကြီး အစည်းကားဆုံးအချိန်သို့ရောက်ရှိလာချိန်မှာ ဟောင်မိသားစု၏ အစောင့်တယောက်က ရှောင်လုံအရှေ့သို လျင်မြန်စွာပြေးလွှာလာပြီး

"... သခင်လေး ....ဒေါင်ကိုးခုကုန်သည်အဖွဲ့အစည်းရဲ့ ဋ္ဌာနခွဲတော်တော်များများကို လူတစုက ရက်ရက်စက်စက် ဝန်းရံတိုက်ခိုက်ခံနေကြတယ်လို့ အခုပဲ သတင်းရလာပါတယ်...."

  ဒေါက်ကိုးခုကုန်သည်အဖွဲ့ရဲ့ ဋ္ဌာနခွဲတွေကို ဝိုင်းဝန်းလုပ်ကြံနေကြတယ် ဟူတ်လား......!

ကြီးမားကျယ်ပြန့်သော ဧည်ခန်းမဆောင်ကြီးတခုလုံးကရုတ်တရက်ဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်းလိုလိုက ရှောင်လုံဘာဆက်လုပ်မလဲဆိုတာကို ဝိုင်းအကဲခတ်လိုက်ကြသည် ။

အစောင့်၏သတင်းစကားကိုကြားကြားချင်းမှာ ရှောင်လုံမျက်လုံးထဲကနေ စူးရှရှအလင်းတန်းတခုထွက်ပေါ်လေသည်။ဒီလိုမျိုးကတော့ ဗေဒင်မေးနေစရာမလိုတော့ပေ.. ။ အခုလိုမျိုးဒေါက်ကိုးခုကုန်သည်အဖွဲ့အစည်း၏ ဋ္ဌာနခွဲများ ဝိုင်းဝန်းတိုက်ခိုက်ခံနေရခြင်းက နတ်ဘုရားကျောင်းတော်ဘက်မှ
လူတွေနဲ့ ယောင်မိသားစုတို့ရဲ့ လက်ချက်ဆိုတာသေချာနေပြီပဲ မဟုတ်ပါလား... ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၄၂ .... ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်

  ဆယ့်နှစ်ခုထက်မနဲသော ဒေါက်ကိုးခုကုန်သည်အဖွဲ့ ဋ္ဌာနခွဲတွေတိုက်ခိုက်ခံရခြင်းက ယောင်မိသားစုနှင့် နတ်ဘုရားကျောင်းတော်တို့၏ လက်ချက်ဆိုတာကို ရှောင်လုံစဉ်းစားမိသလိုမျိုး မင်္ဂလာပွဲသို့လာရောက်ကြသည့် လူတွေအကုန်လုံးက စဉ်းစားမိလိုက်ကြသည် ။

အပ်တချောင်းပြုတ်ကျသွားသည်ကိုတောင် ကြားနိုင်သည်အထိ ဧည့်ခန်းမဆောင်ကြီးတခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားပါသည် ။

"... သခင်လေး ... ကျွန်တော်အဲ့ဒီဋ္ဌာနခွဲတွေဆီကိုသွားလိုက်ရမလား ...?"

ခနလေညက်ကြာတော့ ကျန်းဖူကမတ်တပ်ရပ်ရင်း ပြောလိုက်သည် ။

"... မလိုပါဘူး ..."

ရှောင်လုံကတော့ ခေါင်းယမ်းပြလိုက်သည်။

အခုတိုက်ခိုက်ခံနေရသည့် ဒေါက်ကိုးခုကုန်သည်အဖွဲ့ ဋ္ဌာနခွဲတွေက ဆယ်ခုထက်မနဲပေ ..။ နောက်ပြီး ကျန်းဖူက တယောက်ထဲမဟူတ်လား ...။ ကျန်းဖူအနေဖြင့် သူ့ကိုယ်သူ ကိုယ်ပွားဆယ်ခုကျော်ခွဲနိုင်ခဲ့မယ်ဆိုရင်တောင် အခုချိန်ဋ္ဌာနခွဲတွေကိုသွားခြင်းက
ရန်သူတွေ ကြိုတင်ကြံစည်ထားသည့် သတ်ကွင်းထဲသို့အလွယ်တကူဝင်ရောက်သွားခြင်းနှင့်တူနေသည်။

ယောင်မိသားစုနှင့် နတ်ဘုရားကျောင်းတော်တို့ဘက်ကနေ အခုလိုမျိုးရှောင်လုံရဲ့ ဒေါက်ကိုးခုကုန်သည်အဖွဲ့ဋ္ဌာနခွဲတွေကို တိုက်ခိုက်ရသည့်အဓိကရည်ရွယ်ချက်က ကျောင်းရှု နှင့် ကျန်းဖူကို ရှောင်လုံအနားကနေ ထွက်သွားစေလိုသည့် ရည်ရွယ်ချက်ပင်ဖြစ်သည်။

".... လူတွေရောဘယ်လောက်ထိ သေကြသေးလဲ ..."

ရှောင်လုံကနောက်သို့ပြန်လှည့်ကာ ဟောင်မိသားစု၏ အစောင့်ကိုတိုက်ရိုက်မေးလိုက်သည်။

"... ကျွန်တော်ရရှိထားတဲ့သတင်းအရဆို အဲ့ဒီဋ္ဌာနခွဲတွေရဲ့ အ.....အဖွဲ့ဝင်တွေက ......သူ...သူတို့...."

ဟောင်မိသားစု၏ အစောင့်ကဆက်ပြောရန်တွန့်ဆုတ်နေလေသည် ။

"... ပြောစမ်း....သူတို့ဘာဖြစ်လဲ ...?"

ရှောင်လုံက အသံကိုမြှင့်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။

"... ဋ္ဌာနခွဲက အဖွဲ့ဝင်တွေအကုန်လုံးနီးပါး အသက်ဆုံးရှုံးခဲ့ကြပါတယ် ... သူတို့ထဲက ကံကောင်းတဲ့သူတချို့သာ ထွက်ပြေးနိုင်လွတ်မြောက်နိုင်ခဲ့တာပါ သခင်လေး ...."

ဟောင်မိသားစု၏အစောင့်က သူသိထားတာတွေအကုန်လုံးကို မခြွင်းမချန် ဖွင့်ဟပြောလိုက်သည်။

အကုန်လုံးနီးပါးသေးတယ် ..ဟူတ်လား ....!
ရှောင်လုံမျက်နှာတခုလုံး နီရဲတင်းမာလာသည်။ ရှောင်လုံပိုင်ဆိုင်သော ဒေါက်ကိုးခုကုန်သည်အဖွဲ့၏ ဋ္ဌာနခွဲတခုချင်းစီမှာ အဖွဲ့ဝင် သုံးရာကနေ နီးပါးရှိကြသည်။အခုဝိုင်းဝန်းတိုက်ခိုက်ခံနေရသော ဋ္ဌာနခွဲတွေအကုန်လုံးကလူတွေကို ပေါင်းတွက်လိုက်မယ်ဆိုရင် လူသူုံးထောင်ကနေ လေးထောင်နီးပါးရှိကြသည်။

" .... ဋ္ဌာနခွဲအသီးသီးက အဖွဲ့ဝင်တွေအကုန်လုံးအခုချက်ချင်း နန်းတွင်းမြို့တော်ကိုလာပြီး စုရုံးရမယ်
ကျုပ်အမိန့်ကိုအခုချက်ချင်း ထုတ်ပြန်လိုက်...."

ရှောင်လုံ၏ တင်းမာခက်ထန်နေသော အမိန့်သံထွက်ပေါ်လာသည် ။

ယောင်အိမ်တော် .... နတ်ဘုရားငျောင်းတော် ... မင်းတို့ထမင်းဝအောင် စားထားကြအုံးပေါ့ကွာ ....မင်းတို့အကုန်လုံး ဒိအကြွေးကို နောက်ပိုင်းကြရင် အတိုးနဲ့ပြန်ပေးဆပ်ရလိမ့်မယ် ...."

"... သခင်လေးရဲ့ အမိန့်တိုင်းအခုချက်ချင်းဆောင်ကွက်လိုက်ပါ့မယ် ..."

ဟောင်မိသားစု၏အစောင့် ရဲမက်ကလေးစားစွာဖြင့် ပြန်ဖြေလိုက်သည် ။ ရှောင်လုံက ထိုအစောင့်ကိုထွက်သွားဖို့ လက်ခါပြလိုက်သည်။ ဒီနေ့က သူညီမလေးဟောင်မင်း၏ မင်္ဂလာပွဲနေ့မဟုတ်ပါလား ....
ဒီနေ့ကသူ့မဘဝမှာအရေးအကြီးဆုံးနေ့လေးတနေ့လဲ ဖြစ်သည် ။

ရှောင်လုံတို့ဘက်မှာ ထိုအဖြစ်အပျက်တွေဖြစ်ပွားနေသည့်အချိန် ဒေါင်ရမ်းနန်းတွင်း၏ မြောက်ဘက်ခြမ်းမှာရှိသော လူမနေထိုင်သော အိမ်ပျက်ကြီးတခုအတွင်းမှာ လေထုလှိုင်းတွေတုန်ခါလာပြီး လီမိုလင် ၊ ယောင်မိသားစုဘိုးဘေး ယောင်ရှန် နှင့် နတ်ဘုရားကျောင်းတော်ဘက်မှ အကြီးအကဲနှစ်ယောက်တို့ကတူန်ခါနေသော လေထုအတွင်းကနေ ထွက်ပေါ်လာကြသည်။ သူတို့လူစုထဲမှာ အောင်းပိုင်ရွှယ်နှင့် ယောင်ဖေးတို့နှစ်ယောက်လဲ ပါဝင်နေသည် ။

.သူတို့ခြောက်ယောက်စလုံး လေဟာနယ်အတွင်းကနေ ပေါ်ထွက်လာပြီးသည်နှင့် လီမိုလင်က ကြိတ်မနိုင်ခဲမရလေသံဖြင့် ပြောလိုက်သည်

".... အဲ့ကောင်လေး ...ဟောင်ရှောင်လုံက အခုလောက်ထိ သည်းခံနိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး ... ကြည့်ရတာငါတို့စီစဉ်ထားတဲ့အတိုင်းတော့ဖြစ်နိုင်မယ်မထင်ဘူး ..."

အောင်းပိုင်ရွှယ်ကလဲ မျက်မှောင်ကြုတ်လိုက်ပြီး

"... ကျောင်းရှု နှင့် ကျန်းဖူတို့နှစ်ယောက် ကှိနေသရွေ့ကတော့ ..ကျွန်တော်တို့လုပ်ချင်တိုင်းလုပ်လို့ရမှာမဟုတ်ဘူး ..."

  ယောင်ဖေးက "..ဟွန်း ..." ကနဲ အသံပြုလိုက်ပြီး

"...ဟောင်ရှောင်လုံအနားမှာ ကျောင်းရှုနှင့် ကျန်းဖူရှိနေလဲ ကိစ္စမရှိပါဘူး ... ကျုပ်ရဲ့ ပုံသဏ္ဍာန်ကင်းမဲ့ အဆိပ်ကို အဆင့်မြင့် စကြာဝဠာသိုင်းပညာရှင်တွေတောင်မှ အာရုံမခံနိုင်ပါဘူး ..."

ယောင်ဖေးက ပြောရင်းနဲ့ သူ့၏ သိုလှောင်လက်စွပ်အတွင်းမှ ခရမ်းရင့်ရောင်ပုလင်းလေးတခုကို ထုတ်ယူလိုက်သည် ။

"... ပုံသဏ္ဍာန်ကင်းမဲ့ အဆိပ် ပါလား...."

အဆိပ်ပုလင်းကိုကြည့်ရင်း အဆင့်မြင့်စကြာဝဠာသိုင်းပညာရှင်တဦးဖြစ်သည့် လီမိုလင်အပါအဝင် ကျန်လူတွေအကုန်လုံးရဲ့ မျက်နှာတွေပျက်ကုန်ကြသည်။

ပုံသဏ္ဍာန်ကင်းမဲ့ အဆိပ်က အဆိပ်အားလုံးနေရာကိုအစားထိုးနိုင်သည် ။ သူ့ကိုအဆိပ်တွေကြားထဲမှာမှ အဆိပ်ဘုရင်တခုဟု သတ်မှတ်ထားကြသည်။ ကောလဟာလသတင်းတွေအရ ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်သည် အရောင် ၊ အနံ ၊ အရာသာဟူ၍ လုံးလုံးမရှိချေ ...။သူ့ကို လူမျက်စိနှင့် လုံးဝကို မမြင်နိုင်ပေ ..။
အဆင့်မြင့် စကြာဝဠာအဆင့် သိုင်းပညာရှင်တွေတေုင်မှ ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်ကို အာရုံခံနိုင်စွမ်းမရှိချေ ...။

အကယ်၍ တစုံတယောက်က ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်ကိုမိသွားခဲ့မယ်ဆိုရင် ထိုသူက စကြာဝဠာသိုင်းသမားဆိုရင်တော့ သိပ်ပြီး ပြသနာမရှိပေ ..။ အဘယ်ကြောင့်ဆိုသော် စကြာဝဠာအဆင့်သိုင်းပညာရှင်တယောက် အဆိပ်မိသွားခဲ့တယ်ဆိုရင် ထိုသူက သူ့ကိုယ်တွင်းမှာ ရှိသော စကြာဝဠာစွမ်းအားတွေကိုထိန်းချုပ်ကာ အဆိပ်ကို အပြင်ဘက်သို့ ဖြည်းဖြည်းချင်းစွန့်ထုတ်နိုင်စွမ်းရှိသည် ။ သို့ပေမယ့် စကြာဝဠာအဆင့်အောက် သိုင်းသမားတွေကသာ ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်မိခဲ့မယ်ဆိုရင် မုချဧကန်သေဆုံးမှာပဲ ဖြစ်သည်။

အဆိပ်မိလိုက်သောသူက သူ့တကိုယ်လုံးကို ပုရွက်ဆိတ်ပေါင်း သိန်းနဲ့သန်းနဲ့ချီပြီး ကိုက်ခဲနေသလို
မြွေသိန်းသန်းများစွာရဲ အစွယ်တွေက သူတို့ကိုယ်ထဲသို့တပြိုင်နက် စူးဝင်လာနေသလို သိန်းသန်းချီသောမကောင်းသည့် သရဲတစ္ဆေတွေ ဝိုင်းဝန်းနှိပ်စက်နေသလိုမျိုးကို သေတဲ့အထိခံစားသွားရမှာပဲ ဖြစ်သည်။

ဒါပေမယ့်  ပုံသဏ္ဍာန်ကင်းမဲ့အဆိပ် ပျောက်ကွယ်နေခဲ့တာက နှစ်ပေါင်းနှစ်ရာကျော်ကြာမြင့်ခဲ့လေပြီ ..။ ထိုကဲ့သို့ ရှားပါးစွာဖြင့်ပျောက်ကွယ်နေသည့်အဆိပ်က  ယောင်ဖေးလက်ထဲသို့ရောက်နေခဲ့မှန်း ဘယ်သူကမှ မသိခဲ့ပေ ..။ ယောင်မိသားစု၏ ဘိုဘေးဖြစ်သူ ယောင်ရှန်တောင်မှ ထိုအကြောင်းကိုကြိုတင်သိရှိထားခြင်းမရှိချေ ...။

"... ဟုတ်တယ် ...ဒါက ပုံသဏ္ဍာန်ကင်းမဲ့ အဆိပ်ပဲ ..."

ယောင်ဖေးက ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး

".... ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်ကို ကျုပ်ကျီးနက်တောင်ကုန်းဘက်မှာရှိသောဂူတခုထဲကနေ လွန်ခဲ့သောတနှစ်ကတည်းက ရခဲ့တာပဲ .... ကျုပ်ဂိုအိမ်တော်မှာရှိတဲ့အစောင့်တယောက်ကိုစည်းရုံးပြီး အခုမင်္ဂလာပွဲက ဝိုင်ပုလင်းတွေထဲကို ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်ရောစပ်ခိုင်းထားတယ် ...ဂိုမိသားစုက အဲ့ဒိဝိုင်ပုလင်းတွေကို ဒီနေ့မင်္ဂလာဆောင်ကျရင် တည့်ခင်းဧည်ခံလိမ့်မယ် ..."

  ယောင်ဖေး၏ မျက်လုံးအိမ်ထဲမှာ ကြမ်းတမ်းရက်စက်လိုသောအရိပ်အယောင်တချို့ထင်ယပ်လာပြီး

".... ဟောင်ရှောင်လုံဆိုတဲ့ကောင်သာ ပုံသဏ္ဍာန်အဆိပ်ကိုသောက်လိုက်မလို့ကတော့ ...ဟားဟား...."

အမှန်တော့ ယောင်ဖေးစိတ်ထဲမှာက ရှောင်လုံပုံသဏ္ဍာန်မဲ့အဆိပ်ကိုသောက်လုံးမိလို့ တွန့်လိမ်ကောက်ကွေးနေမည့် အဖြစ်ကိုမြင်ယောင်ပြီးနေပြီပဲ ဖြစ်သည်။ ယောင်ဖေးရဲ့ အကြံအစည်ကိုကြားတော့ာလီမိုလင်အပါအဝင် တခြားသူတွေအကုန်လုံးက အသက်ပြင်းပြင်းတချက်ရှုလိုက်ကြသည် ။ ယောင်ဖေးအကြံအစည်အတိုင်းသာ တကယ်တမ်းဖြစ်လာမယ်ဆိုရင် ဤနေ့က ရှောင်လုံညီမလေးဟောင်မင်း၏ မင်္ဂလာပွဲ့နေဖြစ်သလို ဂိုအိမ်တော်ကိုရောက်နေကြသည့်လူတွေအကုန်လုံး၏ နောက်ဆုံးနေ့ရက်လဲ ဖြစ်သွားနိုင်သည်။

  ရှောင်လုံ နှင့်အတူ ဟောင်မိသားစုဝင်တွေအကုန်လုံးသေဆုံးသွားရမည့်အပြင်ဂိုအိမ်တော်၏ အိမ်တော်သားများ ၊ မင်္ဂလာပွဲတက်ရောက်ချီးမြှင့်ကြသူသည့် အင်အားကြီး၊ အင်အားငယ်သိုင်းဂိုဏ်းများ မှ ဂိုဏ်းချုပ်တွေ ၊ ဂိုဏ်သားတွေအပြင် တော်ဝင်မျိုးနွယ်စုကလူတွေ အကုန်လုံးလဲ သေပွဲဝင်ကြရမှာဖြစ်သည်။

  ဂိုအိမ်တော်၏ ဘိုဘေးဖြစ်သူ ဂိုချန် ၊ ဒေါင်ရမ်းအင်ပါရာဘုရင်မင်းမြတ် ၊ ကျောင်းရှု ၊ ကျန်းဖူ နှင့် စကြာဝဠာအဆင့်သိုင်းပညာရှင်များသာ ထိုကပ်ဘေးကြီးကိုကျော်လွှားနိုင်ပြီး အသက်ဆက်ရှင်နိုင်မှာ ဖြစ်သည်။

  ".... ဒါကနဲနဲတော့ မများလွန်းဘူးလားကွ .."

ယောင်ဖေးရဲ့အကြံအစည်တွေအကုန်လုံးကိုနားထောင်ပြီးချိနိမှာတော့ ယောင်အိမ်တော်၏ ဘိုးဘေး ယောင်ရှန် က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည် ။

"... အခုဂိုအိမ်တော်ထဲမှာ ဒေါင်ဝူဟန်နဲ့ မိဖုရား ဖေး တိုလဲ ရှိနေတယ်မဟူတ်လား ...."

  ဒေါင်ရမ်းအင်ပါရာပြည်ရှင်က သူ့သားတော်တွေအထဲမှာမှ မင်းသား၂ ဖြစ်သူ ဒေါင်ဝူဟန်အား အနှစ်သက်ဆုံးဖြစ်သည် ။ဒေါင်ဝူဟန်ကို သူ၏ ထီနန်းအမွေကိုဆက်ခံသူအဖြစ်လဲ တရားဝင်သတ်မှတ်ထားပြီးဖြစ်သည်။ ထိုအတူ မိဖုရားဖေးကလဲ ဒေါင်ရမ်းဘုရင်မင်းမြတ်၏ အချစ်ဆုံး မိဖုရားတယောက်ဖြစ်ပြီး သူမကဒေါင်ဝူဟန်၏ အမေလဲ ဖြစ်သည် ။

ယောင်ဖေး၏ ပုံသဏ္ဍာန်ကင်းမဲ့ အဆိပ်ကြောင့်သာ သူတို့နှစ်ယောက်စလုံး ဂိုအိမ်တော်ထဲမှာ သေဆုံးသွားမယ်ဆိုရင် သူတို့အကြားမှာရှိနေကြသော အမုန်းတရားတွေက သွေးကြွေးတခုအဖြစ်သို့ပြောင်းလဲသွားမှာဖြစ်ပြီး ထာဝရကြေအေးလို့မရသော ကမ္ဘာမကြေရန်သူတော်ကြီးတွေ ဖြစ်လာကြမှာပဲ ဖြစ်သည် ။

  ထိုကဲ့သို့သော အခြေအနေတွေဖြစ်လာပြ်ိဆိုရင် ယောင်အိမ်တော်ကို  ဒေါင်ရမ်းအင်ပါရာနိုင်ငံတော်အတွင်းမှာ နောက်ထက်တဖန် ပြန်လည်ထူထောင်ဖို့တာက ဘယ်လိုနည်းနဲ့မှ ဖြစ်လာနိုင်မှ မဟုတ်တော့ပေ ...။

  ယောင်ဖေးက သူ့အဖိုးဘာတွေစိတ်ပူနေတယ်ဆိုတာကို သိလိုက်ပြီး

".... အဖိုး ... ကျွန်တော်တို့ ဒေါင်ဝူဟန်ကိုမသတ်ဘူးဆိုရင်တောင်မှ ဒေါင်ရမ်က ကျွန်တော်တို့ကိုအလွတ်ပေးမှာမဟုတ်ဘူး ... အဲ့လိုဆိုမှတော့ ကျွန်တေယ်တို့က ဘာလို့ဒေါင်ဝူဟန်လောက်ကိုဂရုစိုက်နေရမှာလဲ ...? နောက်ပြီး ကျွန်တော်တို့ကလဲ ဒေါင်ရမ်းအင်ပါရာနိုင်ငံတော်ကို သိပ်မကြာခင်အချိန်တွင်းမှာ ဖျက်ဆီးပစ်တော့မှာမဟူတ်လား ....? ကျွန်တော်တို့သာအခုချိန်မှာ ဒေါင်ဝူဟန်ကိုသတ်လိုက်မယ်ဆိုရင် အဲ့ဒိအဖိုးကြီးဒေါင်ရမ်ရဲ့ လက်တဖက်ကို ဖြတ်ပစ်လိုက်သလိုပဲ ..... ဒေါင်ရမ်ဘက်ကသာသူ့လက်ရုံးတဖက်ဆုံးရှုံးသွားမယ်ဆိုရင် ကျွန်တော်တို့ဒေါင်ရမ်းအင်ပါရာနိုင်ငံကိုဖျက်ဆီး သိမ်းပိုက်တဲ့နေရာမှာ ပိုမိုလွယ်ကူလာတော့မှာပါ ...."

  ယောင်ဖေး၏ ရှင်းပြချက်ကိုနားထောင်ပြီးတော့မှ ယောင်ရှန်က သဘောတူဟန်ဖြင့် ခေါင်းကိုညိတ်ပြလိုက်သည် ။

သူတို့ဆွေးနွေးနေကြချိန် ဂိုအိမ်တော်ဘက်မှာတော့
ရယ်မောပျော်ရွှင်သံတွေဖြင့် ပြန်လည်ပြည့်နှက်နေပြီ ဖြစ်သည်။ ထိုသို့ပျော်ရွှင်နေရခြင်းကလဲ ရှောင်လုံက သူရဲ့ဒေါက်ကိုးခုကုန်သည်အဖွဲ့ကို ယောင်အိမ်တော်ဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်သတင်းကို တခြားသူတွေမသိအောင် ဖုံးကွယ်ထားလို့ပဲ ဖြစ်သည် ။ ရှောင်လုံက သတင်းကိုအမှောင်ချထားလို့သာ ဂိုအိမ်တော်တခုလုံးအခုလိုပျော်ရွှင်နေရခြင်းဖြစ်သည် ။ မင်္ဂလာအချိန်သို့ နီးကပ်လာသည့်အချိန်မှာတော့ ဂိုတန်က အနီရောင်မင်္ဂလာသတို့သမီးဝတ်စုံအား လှပသေသပ်စွာ ဝတ်ဆင်ထားသည့် ဟောင်မင်းလက်လေးကိုဆွဲကိုင်ကာ မင်္ဂလာပွဲထုံးစံအတိုင်း မိုးမြေနှင့် မိဘဘိုးဘွားတွေကို ကန်တော့ဖို့ရောက်ရှိ
လာကြသည် ။

  "....ပထမဆုံးအနေနဲ့ ကောင်းကင်နှင့် မြေကြီးကို ကန့်တော့ပါ ...."

မင်္ဂလာအစီအစဉ် တင်ဆက်သူ၏ အောင်မြင်ထည်ဝါသော ကြော်ငြာသံထွက်ပေါ်လာသည် ။

ဂိုတန်နှင့် ဟောင်မင်းတို့က အစီအစဉ်မှူးညွန်ကြားသည့်အတိုင်းလုပ်ဆောင်လိုက်ကြသည် ။ အစီအစဉ်မှူးက ဆက်လက်၍

".... ဒုတိယအနေနဲ့ မိဘတွေကို ဂါရဝပြုကြပါ ..."

နေနဲ့လ ရွှေနဲ့မြကဲ့သို့လိုက်ဖက်ညီကြသော ဂိုတန်နှင့် ဟောင်မင်းတို့နှစ်ယောက်ကိုကြည့်ရင်း ဟောင်ပန် ၊ စုရန် ၊ ဂိုရှီယွမ် ၊ တခြားအကြီးအကဲတွေနှင့် ရှောင်လုံကိုယ်တိုင်ကပါ အရမ်းကိုကျေနပ်ပျော်ရွှင်နေသည် ။

အစီအစဉ်မှူး၏ ညွန်ကြားချက်အတိုင်းမိဘတွေကိုဂါရဝပြုပြီးသည့်နောက် ဂိုတန်နှင့် ဟောင်မင်းတို့နှစ်ယောက်က တသက်လုံးကောင်းအတူဆိုးအတူရင်
ဆိုင်ကြုံတွေ့ကြရမယ့် ခင်ပွန်းနှင့် ဇနီး ဖြစ်လာသည့်အထိမ်းအမှတ်ဖြင့် တယောက်ကိုတယောက် ဂါရဝပြုလိုက်ကြသည်။ 

  သူတို့နှစ်ယောက် ဂါရဝပြုပြီးသည့်နောက် မင်္ဂလညပွဲ အစီအစဉ်က ပြီးဆုံးသွားလေသည် ။

"... ကောင်းတယ် ...ကောင်းတယ် ....  ကဲအားလုံးပဲ ကိုယ်နေရာကိုယ်ယူပေးကြပါ ...ကျုပ်တို့အားလုံး ပျော်ပျော်ရွှင်ရွှင် စားသောက်ကြတာပေါ့ ... ဒီနေ့ကကျုပ်မြေးနဲ့ မိန်းကလေးဟောင်းမင်းတို့ရဲ့ မင်္ဂလာအထိမ်းအမှတ်နေ့ပဲ.... အားလုံး မမူးပဲ ပြန်ဖို့တော် မစဉ်းစားကြနဲ့နော် ...."

  မင်္ဂလာအစီအစဉ်တွေပြီးဆုံးပြီးနောက် စားသောက်ပွဲအစီအစဉ်ကိုဆက်လက်ကျင်းပရန်အတွက် ဂိုချန်က ကြော်ငြာမောင်းခတ်လိုက်သည် ။

  ဂိုချန်ရဲ့ ဖိတ်ခေါ်သံကိုကြားတော့ရောက်ရှိလာကြသည့် ဧည့်ပရိတ်တွေကလဲ စားပွဲတွေမှာ ဝင်ပြီးနေရာယူလိုက်ကြသည် ။ ထိုလူတွေထဲမှာ ရှောင်လုံညီမလေးမင်္ဂလာပွဲကို လာရောက်ကြည့်ရှုကြသည့် ဒေါင်ရမ်းအင်ပါရာနိုင်ငံ၏လက်အောက်ခံနိုင်ငံတွေမှ သိုင်းဂိုဏ်းချုပ်ကြီးများလဲ အပါအဝင်ဖြစ်သည်။

  ဂိုချန်ရဲ့ ကြော်ငြာသံအဆုံးမှာ ဂိုရှီဝမ်က ဂိုအိမ်တော်၏ အဓိကအိမ်တော်ထိန်းကြီး ကျန်းယုကို ဧည့်ပရိတ်သတ်တွေအတွက် စားသောက်ဖွယ်ရာများနှင့် ဝိုင်များကို စတင် တည့်ခင်းဧည့်ခံဖို့ ခေါင်းညိတ်ပြီး အချက်ပြလိုက်သည်။

  "... ကောင်းပါပြီ ..သခင်ကြီး ..."

အိမ်တော်ထိန်းကြီးကျန်းယုက အမိန့်ကိုရိုသေစွာနာခံရင်း စားသောက်ဖွယ်ရာတွေတည့်ခင်းဖို့အတွက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

".... စားသောက်ဖွယ်ရာတွေနဲ့ ဝိုင်တွေ ယူလာခဲ့ကြဟေ့ ...."

ကျန်းယု၏ အမိန့်သံအဆုံးမှာ အသင့်စောင့်နေကြသည့် ဂိုအိမ်တော်၏ အစေခံတွေက စားသောက်ဖွယ်ရာတွေနှင့် ဝိုင်ပုလင်းတွေကို လူတွေစောင့်ဆိုင်နေကြသော စာပွဲဝိုင်းတွေဆီသို့ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အလျင်အမြန် တည့်ခင်းလိုက်ကြသည် ။

သိပ်မကြာသောအချိန်လေးအတွင်းမှာပဲ စာပွဲဝိုင်းတွေထက်မှာ အရောင်အနံအရသာဖြင့် သင်းပျံကြိုင်လှိုင်နေသော စားသောက်ဖွယ်ရာတွေနှင့် ဝိုင်ပုလင်းတွေကို အစီအရီတည့်ခင်းလို့ ပြီးသွားလေသည် ။

  စားပွဲဝိုင်းတခုချင်းဆီမှာ မတူညီသော စားသောက်ဖွယ်ရာ ဆယ့်ခြောက်မျိုးစီပါဝင်ကြသည် ။ဆယ့်ခြောက်မျိုးထဲမှာ ရေပေါ်ရေအောက် ကုန်းပေါ်နှင့် ကောင်းကင်ထက်က သားရဲမျိုးစုံ၏ အရသာရှိလှသော အသားတွေကို ဂိုအိမ်တော်၏ နာမယ်ကြီးစာဖိုမှူးတွေက လက်စွမ်းပြချက်ပြုတ်ထားကြသည်။ စားသောက်ဖွယ်ရာနှင့် ဝိုင်ပုလင်းတွေရောက်ရှိလာချိန်မှာတော့ ဧည့်ခံပွဲ အခမ်းအနား၏ အရှိန်က ပို၍ မြင့်တက်လာကာ ပိုမိုသက်ဝင်လှုပ်ရှားလာသည် ။

  ဘယ်သူမှမသောက်ကြသေးခင်မှာ ဂိုတန်က ဝိုင်ခွက်ကိုမြှောက်ပင့်ကာ ဟောင်ပန် ၊စုရန် နှင့် ရှောင်လုံတို့ဘက်သို့ ဆုတောင်းမင်္ဂလာပြုရင်း သောက်ဖို့ဟန်ပြင်လိုက်ချိန်မှာတော့ ရှောင်လုံဆီကနေ တားဆီးသံတခု စူးရှစွာထွက်ပေါ်လာသည်

"... နေအုံး မသောက်နဲ့အုံး ....."

  ရှောင်လုံဆီကနေ အလောတကြီးပုံစံဖြင့် ရုတ်တရက် တားမြစ်သံကိုကြားတော့ ဧည့်ပရိတ်သံတွေအကုန်လုံးလဲ အံအားသင့်သွားကြသည် ။ ရှောင်လုံက သူလက်ထဲမှာ ကိုင်ထားသည့် ဝိုင်ခွက်အတွင်းမှ ဝိုင်ကို
သေချာစွာစူးစိုက်ကြည့်နေရင်း

".... ဒီဝိုင်တွေက တခုခုမှားနေတယ် ...."

"... ဘယ်လို ... ဝိုင်တွေဆီမှာ ပြသနာရှိနေတယ် ဟူတ်လား ...?"

ဝိုင်တွေကိုသောက်သုံးဖို့ ဟန်ပြင်နေကြသူတွေအကုန်လုံးကရှောင်လုံစကားကိုကြားတော့ အံသြမှင်သက်ကုန်ကြသည် ။

"... ဒါ ...ဒါက ...?"

ဂိုချန် ၊ ဒေါင်ရမ် ၊ ကျောင်းရှု နှင့် ကျန်းဖူတို့ကလဲ အံသြနေသောမျက်နှာထားဖြင့် တယောက်ကိုတယောက်ကြည့်လိုက်ကြသည် ။

  သူတို့ဆီကနေ စကားသံတခွန်းမှ ထွက်မလာခင်လေးမှာပဲ ရှောင်လုံကိုယ်ထဲက အပြာအနက်စူးရှတောက်ပသောအလင်းတန်းတွေနှင့်အတူ သူ့သိုင်းဝိညာဉ်နဂါးကြီးနှစ်ကောင်ထွက်လာကြသည် ။ နဂါးအပြာကြိးနှင့် နဂါးအနက်ရောင်ကြီးတို့က ရှောင်လုံနောက်ကျောဘက်ကနေ ပေါ်ထွက်လာကြသည် ။ 

နဂါးအပြာကြီးနှင့် နဂါးအနက်ရောင်ကြီးတုိ့က ရှောင်လုံလက်ထဲမှာကိုင်ထားသည့် ဝိုင်ပုလင်းထဲမှ တစုံတခုကို ပြိုင်တူစုပ်လိုက်ကြပြီး နဂါးနှစ်ကောင်၏စုပ်ယူမှုအောက်မှာ ဝိုင်ပုလင်းထဲကနေ ခရမ်းနက်ရောင်အလင်းတန်းတွေထွက်ပေါ်လာပါသည် ။ ထိုနောက်ခရမ်းနက်ရောင်အလင်းတန်းတွေကလေထဲမှာလာရောက်စုစည်းကြပြီး အလင်းတန်းတွေကနေ မိစ္ဆာသားရဲပုံသဏ္ဍာန်တခုက ဝိုးတဝါးဖြစ်ပေါ်လာသည် ။လေထဲမှာ ဖြစ်ပေါ်လာသည့် မိစ္ဆာသားရဲဆီကနေ နားကွဲမတတ်စူးရှစွာအော်ဟစ်သံကြီးက လူတိုင်းကိုတုန်တက်သွားစေလေသည် ...........။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၄၃

  နဂါးအပြာကြီးနှင့် နဂါးအနက်ရောင်ကြီးတုိ့က ရှောင်လုံလက်ထဲမှာကိုင်ထားသည့် ဝိုင်ပုလင်းထဲမှ တစုံတခုကို ပြိုင်တူစုပ်လိုက်ကြသည် ။ ထိုကဲ့သို့ နဂါးနှစ်ကောင်၏စုပ်ယူမှုအောက်မှာ ဝိုင်ပုလင်းထဲမှ ခရမ်းနက်ရောင် အလင်းတန်းတွေထွက်ဖြာလာပါသည် ။ ထိုနောက်ခရမ်းနက်ရောင်အလင်းတန်းတွေက လေထဲမှာ စုစည်းကာ ထိုအလင်းတန်းတွေကနေ မိစ္ဆာသားရဲပုံသဏ္ဍာန်ကြီးတခုက ဝိုးတဝါးဖြစ်ပေါ်လာသည် ။လေထဲမှာ ဖြစ်ပေါ်လာသည့် မိစ္ဆာသားရဲဆီကနေ နားကွဲမတတ်စူးရှစွာအော်ဟစ်သံကြီးထွက်ပေါ်လာပြီး ထိုအသံကြီးကြောင့် လူတိုင်းကတုန်တက်သွားလေသည် ။

   ဝိုင်ပုလင်းထဲကနေ ထူးခြားဆန်းကျယ်သော ခရမ်းနက်ရောင် အလင်းတန်းတွေကလေထဲသို့ ထွက်ပေါ်လာကာ ထူးဆန်းသောမိစ္ဆာသားရဲကြီးပုံစံဖြစ်လာပြီး အသံနက်ကြီးဖြင့် အော်ဟစ်နေတာကိုကြည့်ရင်း ဧည့်ခံပွဲသို့ရောက်ရှိနေကြသည့်လူတိုင်းလိုလိုမျက်နှာမှ သွေးရောင်တွေဖျော့တော့သွားကြသည် ။ လေထဲကမိစ္ဆာသားရဲကြီးက အဖြူရောင်အခိုးအငွေ့တွေဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာခြင်းပင် ...။ အခုလိုမျိုး အခိုးအငွေ့တွေက မိစ္ဆာသားရဲအသွင်ကိုပြောင်းလဲခြင်းကို အရမ်းကိုအဆိပ်ပြင်းသောအဆိပ်များတွင်သာ မြင်တွေ့နိုင်သည်။

လေထဲမှာ ဖြစ်ပေါ်နေသော မိစ္ဆာသားရဲ၏ ပုံသဏ္ဍာန်ကိုကြည့်ရင်း ကျောင်းရှုခေါင်းထဲမှာ တစုံတရာကိုပြန်လည်၍စဉ်းစားမိလိုက်သည် ။ သူကရုတ်တရက်ပြောချလိုက်သည်

".... ဒါ...ဒါ...ပုံသဏ္ဍာန်ကင်းမဲ့ အဆိပ်မဟုတ်လား ...." (ပုံသဏ္ဍာန်ကင်းမဲ့ဆိုတာ အဆိပ်က အရောင်အနံအရသာမရှိခြင်းကိုဆိုလိုခြင်းပင်)

ပုံသဏ္ဍာန်ကင်းမဲ့အဆိပ် ....ဟုတ်လား...?

"... ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်..."
ဆိုသည့်အသံကိုလဲကြားလဲ ဧည့်ခံပွကြိုရောက်ရှိနေကြသည့် သိုင်းဂိုဏ်းချုပ်ကြီးများပါမကျန် လူတွေအကုန်လုံ၏ မျက်နှာတွေ ဖြူဖျော့ကုန်ကြသည် ။ ဒေါင်ရမ်းအင်ပါရာဘုရင်မင်းမြတ်နှင့် ဂိုချန်တို့နှစ်ယောက်လဲ အံသြတကြီးဖြင့် ထိုင်နေရာကနေ
ခုန်ထမိလိုက်ကြသည် ။

"... ပုံသဏ္ဍာန်ကင်းမဲ့အဆိပ် ...ဒါ...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ...!"

"... ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်ပျောက်ကွယ်နေတာက နှစ်ပေါင်းနှစ်ရာကျော်ကြာနေပြီမဟူတ်လား... အခုဘယ်လိုလုပ်ပြီးပေါ်လာရတာလဲ ..?"

ဂိုအိမ်တော်သို့ရောက်ရှိနေကြသည့် ဧည့်ပရိတ်သတ်တွေဆီကနေ  အံသြတုန်လှုပ် စိုးရိမ်ပူပန်စွာဖြင့် ဆွေးနွေးသံတွေထွက်ပေါ်လာသည် ။ အခုဧည်ခံပွဲသို့ရောက်ရှိနေကြသည့် လူတော်တော်များများက သိုင်းဂိုဏ်းချုပ်တွေ တော်ဝင်မိသားစုမှ အကြီးအကဲတွေဖြစ်တာကြောင့်မို့ သာမန်ပြည်သူတွေထက်စာရင် ပိုမိုအသိညဏ်ကြွယ်ဝကြသည်။ ထိုကြောင့် သူတို့က ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်နှင့်စပ်လျင်း၍ အကြောင်းအရာတခုနှစ်ခုလောက်ကိုကြားဘူးကြလေသည် ။ အမြဲတမ်းလိုလို တည်တည်ကြည်ကြည်ရှိနေတတ်သော ရှောင်လုံတောင်မှ ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်၏ နာမယ်ကိုလဲ ကြားရော သူ့မျက်နှာထက်မှာ အံသြမှု အရိပ်အယောင်တွေသိသိသာသာ ဖြစ်ပေါ်လာလေသည်။

အစောပိုင်းက သူ့ခန္ဓာကိုယ်ထဲမှာရှိနေသော သိုင်းဝိညာဉ်နဂါးနှစ်ကောင်စိတ်လှုပ်ရှားနေတာကိုရှောင်လုံစိတ်ထဲမှာ ခံစားမိလိုက်ပေမယ့် ဘယ်လိုအကြောင်းကြောင့်လဲဆိုတာကိုတော့ သူနားမလည်ခဲ့ပေ ...။ ရှောင်လုံလဲ စိတ်လှုပ်ရှားနေကြတဲ့သူနဂါးနှစ်ကောင်ကို ကြည့်ရင်းသူတိုရဲ့ စိတ်ခံစားချက်အတိုင်းလိုက်ကာ နောက်ဆုံးမှာတော့ နဂါးနှစ်ကောင်က ဂိုအိမ်တော်ကအစေခံလာချပေးသည့် ဝိုင်ပုလင်းကိုကြည့်ရင်း စိတ်လှုပ်ရှားနေကြတာကိုသတိပြုမိလိုက်သည် ။

ဝိုင်ပုလင်းမှာများ ပြသနာတခုခုရှိနေတာလား...!

ရှောင်လုံက သူတွေ့ရှိမှုကိုအပြန်အလှန်စဉ်းစားမိရင်း ဝိုင်အရက်တွေက တခုခုထူးခြားနေသည့်ကိုသတိပြုမိသွားတာကြောင့် ဂိုတန်က သူတို့ကို ဦးညွတ်ကာ ဂုဏ်ပြုမင်္ဂလာအရက်ကို သောက်သုံးတော့မည်အချိန်မှာ သူ အချိန်မှီတားဆီလိုက်ခြင်းဖြစ်သည်။ ရှောင်လုံက ဂိုတန်ကို ဝိုင်အရက်မသောက်ဖို့ တားဆီးလိုက်ပေမယ့် ဝိုင်အရက်ထဲမှာ ပုံသဏ္ဍာန်ကင်းမဲ့ အဆိပ်ပါနေတာကိုတော့ သူကိုယ်တိုင်လဲ မသိခဲ့ပေ ...။

ဒါတကယ့်ကို ပုံသဏ္ဍာန်ကင်းမဲ့ အဆိပ်ပါလား....!

  ခနတာလောက်အံသြမှင်သက်သွားပြီးနောက်မှာတော့ ရက်စက်ကြမ်းကြုတ်လိုသောအလင်းတန်းတခု ခပ်မှိန်မှိန်ထွက်ပေါ်လာသည် ။သူ့ဂင်ထဲမှာ အဆိပ်ခတ်သည့်တရားခံကိုအမှုန့်ချေပစ်ချင်စိတ်တွေကလဲ ကောင်းကင်ယံထက်ထိတိုင်အောင် မြင့်တက်လာနေသည်။ ထိုတရားခံကိုဒေါကန်နေသည့်လူကကှောင်လုံတယောက်ထဲတော့မဟုတ်ချေ ...။ ဒေါင်ရမ်းအင်ပါရာဘုရင်မင်းမြတ် ၊ ဂိုအိမ်တော်၏ ဘိုးဘေး ဂိုချန် ၊ ကျောင်းရှု ၊ကျန်းဖူနှင့် မင်္ဂလာဧည့်ခံပွဲသို့တက်ရောက်လာကြသည့် ဂိုဏ်းချုပ်အသီးသီး၏ မျက်လုံးတွေကလဲ ဒေါသထွက်လွန်းလို့ နီရဲနေကြသည်။

"... ဘယ်ကောင်လဲ ...ဘယ်ကောင်လဲကွဟေ... ဘယ်ကောင်က ဂိုမိသားစုရဲ့ မင်္ဂလာဆောင်ကိုလာပြီးအဆိပ်လာခပ်ရဲတာလဲ ..."

ထိပ်တန်းမိသားစုကြီးတခု၏ ဂိုဏ်းချုပ်တယောက်က သူ့ဒေါသတွေကိုထိန်းချုပ်ထားလို့ မရတော့သည့်ပုံစံဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

အမှန်တော့ အခုလိုမျိုး အဆိပ်ခတ်လိုက်သည့်လူရဲ့ ရည်ရွယ်ချက်က လယ်ပြင်မှာဆင်သွားသကဲ့သို့ ထင်ထင်းရှားရှားကြီးပေါ်နေခဲ့ပြီလေ ...။ သူအကြံအစည်က ဂိုမိသားစု၏မင်္ဂလာပွဲကိုတက်ရောက်ကြသည့်လူတိုင်းရဲ့အသက် ဇိဝိတ်ကို ချွေလိုခြင်းပင်ဖြစ်သည်။ သူအဆိပ်ခတ်လိုသည့်လူတွေထဲမှာ ရှောင်လုံညီမလေးမ မင်္ဂလာပွဲသို့တက်ရောက်ဂုဏ်ပြုကြသည့် သိုင်းဂိုဏ်းအသီးသီးမှ ဂိုဏ်ချုပိတွေ ခေါင်းဆောင်တွေနှင့် ဂိုဏ်းသားတွေလဲ ပါဝင်လေသည်။

ဂိုအိမ်တော်မှ မင်္ဂလာသတိုသမီးကြိုဆိုရေးအဖွဲ့က ရှောင်လုံညီမလေးဟောင်မင်းအား တောင်ဘက်နေဝင်ချိန်အိမ်တော်ကနေ လာရောက်ခေါ်ဆောင်စဉ် လမ်းခရီတဝက်မှာ ချောင်းမြောင်းလုပ်ကြံခံရသည့် သတင်းကိုရှောင်လုံက ဖုံးဖိထားတာကြောင့် ထိုကဲ့သို့ အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ခြင်းကို မင်္ဂလာဧည့်ခံပွဲရောက်နေကြသောလူတော်တော်များများက မသိကြပေ ..။

သူတို့သာ ထိုအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုသိခဲ့မယ်ဆိုရင် အခုလိုမျိုး ဂိုအိမ်တော်၏မင်္ဂလာပွဲမှာ အဆိပ်ခပ်သည့်နောက်ကွယ်မှတရားခံက ယောင်အိမ်တော်လူတွေ ဖြစ်နိုင်တယ်ဆိုတာကို အလွယ်တကူခန့်မှန်းမိကြမှာဖြစ်သည်။

ရှောင်လုံက စိတ်လှုပ်ရှားဒေါကန်နေကြသည့် ဧည့်ပရိတ်သတ်ကြီးကို တချက်အကဲခတ်ကြည့်ရင်း

".... တရားခံက ယောင်မိသားစုကလူတွေပဲ ..."

"... ဘယ်လို ...? ယောင်မိသားစု ...ဟုတ်လား...?"

ရှောင်လုံစကားသံအဆုံးမှာတော့ သေဘေးနှင့်ကပ်သီးလေးလွတ်ထားလို့ ဒေါကန်နေကြသော လူတွေအကုန်လုံးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

"... ဟူတ်တယ် ... အခုဖြစ်ရပ်ကို ယောင်မိသားစုက လုပ်တာပဲ ... အစောပိုင်းက ကျုပ်တို့ဘက်ကနေ  မိန်းကလေးဟောင်မင်းကို တောင်ဘက်နေဝင်ချိန်အိမ်တော်ကနေ သွားရောက်ခေါ်ဆောင်ခဲ့တယ် ...ကျုပ်တို့ခေါ်ဆောင်လာပြီး လမ်းတဝက်လဲရောက်ရော ကျုပ်တို့မင်္ဂလာအဖွဲ့ကို ယောင်မိသားရဲ့ ဘိုးဘေနဲ့ နတ်ဘုရားကျောင်းတော်မှလူတွေက ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြတယ်...."

ဂိုချန်က ကြားဖြတ်၍ ဝင်ပြောလိုက်သည်။

ဂိုမိသားစုရဲ့ မင်္ဂလာသတို့သမီးကြိုဆိုရေးအဖွဲ့ကို ယောင်အိမ်ကလူတွေနဲ့ နတ်ဘုရားကျောင်းတော်ကလူတွေက လုပ်ကြံတိုက်ခိုက်ခဲ့တယ် ...ဟူတ်လား ...?
ထိုသတင်းစကားကြောင့် ဧည့်ခံပွဲအတွင်းမှာ ဗုံးတလုံးပေါက်ကွဲသွားသလိုမျိုး ဆူညံပွက်လောရိုက်ကုန်ကြသည် ။

"... ယောင်အိမ်တော်ကမိုက်ရိုက်လှချည်လား ... ငါတို့အကုန်လုံးကိုပါ သတ်ပစ်ဖို့ကြံစည်နေတာပေါ့လေ...ငါတို့ ဒိကိစ္စကို လက်တုန့်ပြန်ကိုပြန်ရမယ် ....
ယောင်မိသားစုဝင်မှန်သမှကိုတယောက်မကျန်သုတ်သက်ပစ်ရမယ် ...."

"... ကြာတယ်ကွာ... အခုချက်ချင်းယောင်မိသားစုဝင်မှန်သမျှကို လိုက်ရှာပြီးသတ်ပစ်မယ် ...."

အင်အားကြီးသိုင်းဂိုဏ်းများမှဂိုဏ်းချုပိ  များနှင့် တော်ဝင်မျိုးနွယ်မှ အကြီးအကဲတော်တော်များများက ယောင်မိသားစုဝင်မှန်သမျှကို အမြစ်ဖြတ်ဖို့အတွက် ဒေါသတကြီးအော်ဟစ်လိုက်ကြသည် ။

  ဒေါင်ရမ်းအင်ပါရာပြည့်ရှင်က သူ့လက်ကိုဝေ့ယမ်းကာ ဒေါသထွက်နေသည့်လူအုပ်ကြီးကို စိတ်ထိန်းခိုင်းလိုက်သည် ။ ထိုနောက် သူ့နံဘေးမှာရှိနေသော သူ့သားဒေါင်ဝူဟန်ဘက်သို့လှည့်ကာ

"... ငါ့အမိန့်ကိုထုတ်ပြန်လိုက်စမ်း ... ဒေါင်ရမ်းအင်ပါရာနိုင်ငံနဲ့ ငါ့ရဲ့လက်အောက်ခံနိုင်ငံအသီးသီးက စစ်တပ်တွေအကုန်လုံး ယောင်မိသားစုဝင်တွေကို ပူးပေါင်းရှာဖွေကြရမယ် .... ငါ့ဒေါင်ရမ်းအင်ပါရာနိုင်ငံရဲ့ ပိုင်နက်ထဲမှာ ယောင်မိသားစုဝင်တယောက်ကျန်နေတာကိုတောင်ငါမမြင်ချင်ဘူး ...."

ဘုရင်ဒေါင်ရမ် ၏ မျက်လုံးအိမ်ထဲမှာ အေးစက်နေသော လူသတ်ချင်စိတ် အငွေ့အသက်တွေဖြင့်ပြည့်နှက်နေလေသည် ။ ထိုအငွေ့အသက်တွေကြောင့် သူ့အနားမှာရှိနေကြသည့်လူတွေအကုန်လုံးကကြောက်လန့်တကြားဖြင့် နောက်တွန့်ကုန်ကြသည် ။

  ယောင်မိသားစုဘက်ကနေ ဂိုအိမ်တော် မှာကျင်းပနေသည့် မင်္ဂလာဆောင်အား အဆိပ်ခတ်ဖို့ကြံစည်လိုက်ခြင်းက ပျားအုပ်ကို တုတ်နဲ့ထိုးလိုက်သလိုမျိုးဖြစ်သွားပြီး ထိုလုပ်ရပ်က ဒေါင်ရမ်အင်ပါရာဘုရင်မင်းမြတ်ကိုအကြီးအကျယ် စိတ်ဆိုးဒေါသထွက်သွားစေသည်။ ဝိုင်အရက်တွေထဲမှာ တခုခုလွဲမှားနေတာကိုသာ ရှောင်လုံသတိမပြုမိခဲ့ဘူးဆိုရင် သူ့သားဒေါင်ဝူဟန် နဲ့ သူရဲ့ချစ်လှစွာသော မိဖုရားဖေးတို့အသက်ဆုံးရှုံးရတော့မှာဖြစ်သည် ။ နောက်ပြီး သူ့တိုင်းပြည်ထဲက အင်အားကြီးအဖွဲ့အစည်းတော်တော်များများရဲ့ ဂိုဏ်းချုပ်တွေနဲ့ ဂိုဏ်းဝင်တွေလဲ သေဆုံးကုန်မှာမို့လို့ ဒေါင်ရမ်းအင်ပါရာနိုင်ငံ၏ အင်အားတွေကအတော်လေးကို ချိနဲ့ကုန်မှာမဟုတ်ပါလား ...။ 

  ဒေါင်ရမ်းအင်ပါရာဘုရင်မင်းမြတ်၏ ကိုယ်ထဲကနေ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာလူသတ်စွမ်းအင်တွေကို ခံစားမိပြီး လူတွေအားလုံး၏ စိတ်ထဲမှာ အတွေးတခုထဲကိုသာတွေးမိလိုက်ကြသည် ။

"...အင်း ယောင်မိသားစုနဲ့ ဒေါင်ရမ်းအင်ပါရာနိုင်ငံတော့ ဒီဘဝဒီမျှပဲ ထင်တယ်  ...."

  ရှောင်လုံက ဒေါင်ရမ်းနန်းတွင်းမြို့တော်မှာ တည်ရျိသော ယောင်မိသားစု၏ ဋ္ဌာနချုပ်နေအိမ်ကို ပြာဖြစ်အောင်မီးရှို့ဖျက်ဆီခဲ့ပေမယ့် ဒေါင်ရမ်းအင်ပါရာနိုင်ငံ၏ မြို့ငယ်လေးများ ချောင်ကျသောနေရာများနှင့် လူသူမနေထိုင်သောနေရာတော်တော်များများမှာ ယောင်မိသားစုဝင်တွေနေထိုင်လျက်ရှိနေသေးသည် ။

သို့ပေမယ့်ဒိတကြိမ်မှာတော့ သူတိုအားလုံးအမြစ်ကနေ လှန်ပစ်ခံရချေပြီ ....။ ထိုအခိုက် ရှောင်လုံကဂိုရှီယွမ်ကိုအေးစက်စက်ကြည့်လိုက်ပြီး

".... ဒီနေ့အတွက် အစားအသောက်တာဝန်ယူထားတဲ့အစေခံတွေအကုန်လုံးကိုဖမ်းလိုက်ပါ ..... မင်္ဂလာပွဲပြီးတာနဲ့သူတို့ကိုတယောက်ချင်းသေချာစစ်ရမယ် ..."

ရှောင်လုံစကားကိုကြားတော့မှညငိုချန်နှင့်ဂိုဂှီယွမ်တို့က တွေးဝေးငေးမော်နေရာကနေပြန်ပြီးအသက်ဝင်လာပြီး အရေးကြီးသည့်အချက်ကိုလုပ်ဆောင်ဖ်ု့အတွက်သတိပြုမိသွားသည်။

ဒါဟုတ်တာပဲ ....!

အခုအဆိပ်ခပ်သည့်ကိစ္စကို ယောင်မိသားစုကနောက်ကွယ်ကနေကြိုးကိုင်နေပေမယ့် ဂိုမိသားစုထဲမှာသစ္စာဖောက်မရှိဘဲနဲ့ သူတို့အကြံအစည်ကိုအောင်မြင်အောင် ဘယ်လိုနည်းနဲ့မျှ လုပ်ဆောင်၍ မရချေ ...။ဝိုင်ပုလင်းတွေကိုလဲ ဂိုအိမ်တော်ကလူမပါဘဲ အဆိပ်ခပ်ရန်မလွယ်ပေ ...။

ဂိုချန်က ရှောင်လုံအမိန့်အတိုင်း ဒီနေ့အတွက် အစားအသောက် တာဝန်ယူထားကြသည့် အစေခံတွေအကုန်လုံးကို ဖမ်းဆီးထိန်းသိမ်းထားဖို့ အိမ်တော်ထိန်းကြီး ကျန်းယုအား အမိန့်ပေးလိုက်သည်။ကျန်းယုက ဂိုချန်အမိန့်တိုင်းလုပ်ဆောင်ရန်ထွက်သွားသည် ။ ဒါပေမယ့် ခနလောက်နေတော ကျန်းယုက ခပ်သုတ်သုတ်ပုံစံဖြင့် ပြန်ရောက်လာပြီး အစားအသောက်တာဝန်ယူထားရသည့် ဂိုမိသားစုမှ အစေခံတွေအကုန်လုံး အဆိပ်မိ၍ သေဆုံးကုန်ကြောင်းကို ဂိုချန်ထံ ပြန်လည်သတင်းပို့လိုက်သည်။

  "... ဘာပြောတယ် ...? အကုန်လုံးသေကုန်ကြပြီဟုတ်လား ....? "

ကျန်းယုစကားကိုကြားတော့ ဂိုချန်မျက်နှာကညတမုဟုတ်ချင်းကို မဲ့ရှုံ့သွားသည် ။ ဒါကယောင်မိသားစု၏ နောက်ဆက်တွဲ အစီအမံဆိုတာသေချာနေလေပြီ ...။ ဂိုချန်ခန္ဓာကိုယ်ကညဒေါသထွက်လွန်းလို့ တဆတ်ဆတ်တုန်ယင်နေလေသည် ။

"... အခုတည့်ခင်းဧည်ခြံထားတဲ့ အစားအသောက်တွေ ဝိုင်ပုလင်းတွေအကုန်လုံးကို ချက်ချင်းအသစ်တွေနဲ့ လဲပစ်စမ်း ....အကုန်လုံးကိုလဲပစ်"

ဂိုချန်က ဂိုရှီယွမ်ကိုကြည့်ရင်း အမိန့်ပေးလိုက်သည်။
ဝိုင်ပုလင်းအကုန်လုံးကို အဆိပ်ခပ်ထားလား မခပ်ထားဘူးဆိုတာက မသေချာပေမယ့် ဂိုချန်ကတော့ အန္တရာယ်ကင်းရှင်းရေးကိုသာ အဓိကထားပြီး အစားအသောက်တွေနဲ့ ဝိုင်ပုလင်းတွေအကုန်လုံးကို အသစ်တွေနဲ့ လဲခိုင်းလိုက်သည်။ ဂိုရှီဝမ်က ဂိုချန်၏ အမိန့်အတိုင်းအလျင်အမြန်လုပ်ဆေုင်လိုက်လေသည်။ အခုလိုမျိုး ကြီးမားသော အခမ်းအနားအစီအစဉ်ကြီးကို ဧည်ခြံရန်အတွက် ဂိုမိသားစုမှာလဲ အရေးပေါ် အစီအမံတွေရှိသည် ။

အစားအသောက်အသစ်တွေနှင့် ဝိုင်ပုလင်းထဲမှာ အဆိပ်မပါသည့်ကို ရှောင်လုံက အတည်ပြုပြီးချိန်ကြမှ အားလုံးလဲ စိတ်သက်သာရာရသွားကြသည်။ ထိုနောက် အစားအသောက်ကျွေးမွေးသည့်အစီအစဉ်ကိုစတင်လိုက်တော့သည် ။ သို့ပေမယ့် မင်္ဂလာပွဲ၏ စည်းကားသိုက်မြိုက်စွာ သက်ဝင်လှုပ်ရှားနေမှုတွေကတော့အဆိပ်ခပ်ခံရသည့် ဖြစ်ရပ်ကြောင့် သိသိသာသာကိုလျော့ကျသွားပါသည်။

ဂိုအိမ်တော်ထဲမှာ အကျွေးအမွေးအစီအစဉ်တေ်ိကိုစတင်နေသည်နှင့် တပြိုင်နက် ဒေါင်ရမ်းအင်ပါရာနန်းတွင်းမြို့တော်၏ မြောက်ဘက်အစွန်နားမှာတည်ရှိသောလူသူမနေထိုင်သည့် အိမ်ပျက်ကြီးအတွင်းမှာရှိနေသော ယောင်ဖေးမျက်နှာက တွန့်လိမ်လို့နေလေသည်။ ရှောင်လုံက ပုံသဏ္ဍာန်ကင်းမဲ့ အဆိပ်ကိုတွေ့ရှိသွားတယ်ဆိုတာကို သူသိရှိပြီးနေလေပြီ ..။

ယောင်မိသားစု၏ ဘိုးဘေးဖြစ်သူ ယောင်ရှန်၏ မျက်နှာက ယောင်ဖေးထက်စာရင် ပိုမိုရှုံ့မဲ့နေလေသည် ။ ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်းကလျှို့ဝှက်နေရာတွေ မှာကျန်ရှိနေသော သူ့၏ယောင်မိသားစုဝင်တွေကြုံတွေလာရတော့မယ့် အရေးကိုတွေးမိပြီး သူ့က သိသိသာသာကိုမျက်နှာ ပျက်နေသည် ။

သူ့သွေးချွေးပေါင်းများစွာကျဆင်းပြီး နှစ်ပေါင်းများစွာကတည်းက တည်ထောင်ထားခဲ့ရသောယောင်မိသား
အိမ်တော်ကြီးတခုလုံး ကအခုဆိုရင်လေထဲမှာ ပြာတွေအပြစ်သို့ပြောင်လဲသွားတော့မှာဖြစ်သည် ။ ဒေါင်ရမ်းအင်ပါရာပြည့်ရှင်ဘက်ကသာ တကယ်တမ်းလှုပ်ရှားလာပြီဆိုရင် သူရဲ့ယောင်မိသားစုဝင်တွေတယောက်မှ အသက်ရှင်နိုင်ဖို့ မလွယ်ဘူးဆိုသည့်အချက်ကို ယောင်ရှန်အသိဆုံးဖြစ်သည်။

"... အဲ့ခွေးကောင်လေး ဟောင်ရှောင်လုံက ....ပုံသဏ္ဍာန်ကင်းမဲ့အဆိပ်ကိုတောင် ရှာတွေ့နိုင်လိမ်မယ်လို့ တကယ်ထင်မထားမိဘူး ...!"
အောင်းပိုင်ရွှယ်က မကျေမချမ်းဖြစ်နေသောညလေသံဖြင့် ပြောလိုက်သည် ။

ယောင်ဖေးက ခနဲ့သောလေသံဖြင့်

".... အခုရလဒ်ကလဲ မဆိုးလှပါဘူး .... ကျုပ်လဲ ဒိကောင်ကိုအလွယ်လူမျိုး မယအလွယ်တကူသေမသွားစေချင်တာတော့အမှန်ပဲ ... အဲ့ကောင့်ကိုဘကျပ်ြလက်နဲ့ပဲ သတ်ပစ်ချင်တာ .... သူမသေခင်မှာလဲ ကျုပ်လက်ထဲမှာ အသက်ရှင်နေရတာက သေသွားရတာထက်ကို ဘယ်လောက်ထိပိုပြီးခံရခက်တယ်ဆိုတဲ့ အရသာကိုလဲ မြည်းစမ်းခိုင်းလိုက်ချင်သေးတယ် ...."

ထိုအခိုက် လီမိုလင်ကဝင်၍ စကားဖြတ်ပြောလိုက်သည်

".... လီလူဆီမှာ အဆင့်မြင့်နတ်ဘုရားမျိုးနွယ်ရဲ့ သွေးမျိုးဆက်ပိုင်ဆိုင်တာကို နတ်ဘုရားကျောင်းတော်ရဲ့ခေါင်းဆောင်ကြီးကရှာဖွေတွေ့ရှိထားပြီပြီ .....
နတ်ဘုရားကျောင်းတော်ရဲ့အရှင်သခင်ကြီးက သိပ်မကြာခင်မှာ လီလူကို နတ်ဘုရားကျောင်းတော်ရဲ့ တော်ဝင်မိန်းမပျိုလေးအဖြစ်သို့ တိုးမြှင့်ပေးတော့မယ် ... အဲ့ဒာကြောင့် ငါတို့အခုလိုတွေလုပ်နေတယ်ဆိုတာကိုဘယ်လိုနည်းနဲ့မှ သူသွားသိလို့မဖြစ်ဘူး ...."

ယောင်ဖေးက လီမိုလင်ဆိုလိုချင်သည့် အဓိပ္ပါယ်ကိုကောင်းကောင်းကြီးနားလည်လိုက်သည်။

"... ကောင်းပြီ ...ငါတို့ပြန်ဆုတ်ကြမယ် ..."

လီမိုလင်က မပြောချင်ပြောချင်လေသံဖြင့် အမိန့်ပေးလိုက်သည်

"...နောင်အနာဂတ်မှာ ဟောင်ရှောင်လုံဆိုတဲ့ကောင်လေးကိုသတ်ဖို့ ငါတို့အတွက်အခွင့်အရေးတွေအများကြီးရလာအုံးမှာပါ...."

ထိုနောက် သူမခန္ဓာကိုယ်အားတချက်ယိမ်းလိုက်သည်ဆိုရင်ပဲ လေဟာနယ်ထဲသို့တိုးဝင်ပျောက်ကွယ်သွားလေသည် ။ ကျန်ရှိသော လူငါးယောင်ကလဲ သူမနောက်ကနေလိုက်ပြီး အိမ်ပျက်ကြီးအတွင်းကနေညတယောက်ချင်းပျောက်ကွယ်သွားကြသည် ။ သူတို့အားလုံး ပျောက်ကွယ်သွားသည့်နှင့် အိမ်ပျက်ကြီးကနဂိုပုံစံအတိုင်းပြန်လည်တိတ်ဆိတ်သွားသည်။
ညချမ်းအချိန် ပုစဉ်ယသ်ကွဲလေးများ၏ အော်မြည်သံကလွဲ၍ အရာအားလုံးကို အမှောင်ထုကြီးကဝါးမျိုထားပြီး အသံတွေလဲ တိတ်ဆိတ်ငြိမ်သက်နေသည် ။

ထိုအချိန်မှာတော့ ရှောင်လုံကလဲ ဂိုအိမ်တော်ကနေ တောင်ဘက်နေဝင်ချိန်အိမ်တော်ဆီသို့ ပြန်လည်၍ညရောက်ရှိနေလေပြီ ..။ 

သူ့ခြံဝန်လေးထဲမှာ တိတ်ဆိတ်စွာရပ်နေရင်း ရှောင်လုံရင်ထဲမှာ အခုနေ့အတွင်းဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေကို ပြန်လည်တွေးတောကြည့်နေသည်။ဂိုအိမ်တော်၏ မင်္ဂလာသတို့သမီးကြိုဆိုရေး အဖွဲ့နှင့် သူရဲ့ ဒေါက်ကိုးခုကုန်သည်အဖွဲ့ဋ္ဌာနခွဲတွေ အတိုက်ခိုက်ခံခဲ့ရတာကို ပြန်တွေးမိပြီး သူ့မျက်နှာထားက အေးစက်မာကျောနေလေသည်။သူသာပုံဏ္ဍာန်ကင်းမဲ့အဆိပ်ကိုရှာမတွေ့လိုက်ဘူးဆိုရင် သူ့မိဘတွေအပါအဝင်ဟောင်မိသားစုကလူတွေအကုန်လုံးလဲ မျိုးပြုတ်သွားနိုင်သည် ။ ထိုအကြောင်းကိုစဉ်းစားမိပြီး ရှောင်လုံရင်ထဲမှာ ယောင်အိမ်တော်အပေါ်သို့ ဒေါသလှိုင်းလုံးကြီးတွေ ထိန်းမရသိမ်းမရအောင် ထကြွလာပြီးသူ့မျက်နှာတခုလုံးဒေါသအရိပ်အယောင်တွေဖြင့် နီရဲခက်ထန်လာသည်။

  နတ်ဘုရားကျောင်းတော် ....
  ယောင်အိမ်တော် .......
  မင်းတို့အားလုံးကိုငါအမြန်ဆုံး သုတ်သင်ဖယ်ရှားပစ်မယ်ကွ ......

နတ်ဘုရားကျောင်းတော်နှင့် ယောင်မိသားစုဝင်တွေအကုန်လုံး မျိုးမပြုတ်သေးသရွေ့ ရှောင်လုံရင်ထဲမှာ ခိုးလုခိုးလုဖြစ်အောင် စိုက်နေသော ဆူးတချောင်းကို နုတ်လို့ရအုံးမှာမဟုတ်ပေ ...။

ထိုနောက်ရှောင်လုံက အတွေးအားလုံးကိုခေတ္တခနရပ်ဆိုင်းကာ နတ်တောင်ရွှမ်းမီ၏ ရှေးဟောင်ဘုရားကျောင်းအတွင်းသို့ သိုင်းလေ့ကျင့်ရန်ဝင်လိုက်သည်။
နောက်တနေ့မနက်မိုးလင်းသည်နှင့် ရှောင်လုံကနတ်တောင်ရွှမ်းမီအတွင်းကနေ သိုင်းလေ့ကျင့်နေတာတွေကိုရပ်နားလိုက်ပြီး အပြင်လောကဆီသို့ ပြန်ထွက်လာသည်။ အပြင်ဘက်ကိုပြန်ထွက်ပြီးတာနဲ့ ရှောင်လုံက အဓိကဧည့်ခန်းမဆောင်သို့ ဦးတည်သွားလိုက်သည်။

  ဧည့်ခန်းမဆောင်အတွင်းမှာ သူ့မိဘနှစ်ယောက်လုံးထိုင်လျက်စကားပြောနေကြတာကိုမြင်တော့ ရှောင်လုံက အနဲငယ်ချီတုံချတုံဖြစ်သွားပြီးမှ ဘတ်လန်းနယ်မြေသို့ သူသွားမည့်အကြောင်းကို ပြောပြလိုက်သည် ။

"... ဘာပြောတယ် ....လုံအာ ...နင်ထပ်ပြီး ခကီးထွက်အုံးမယ် ဟူတ်လား ....သားရယ် နင်မြတ်မြတ်သောဗုဒ္ဓနိုင်ငံကနေ ပြန်ရောက်လာတာတောင်ဘယ်လောက် ကြာသေးလို့လဲ .... ထပ်ပြီးခရီးထွက်အုံးမလို့လား ....?"

  သူ့အမေ ဝမ်းနဲစွာပြောဆိုနေတာကိုကြားတော့ ရှောင်လုံရင်ထဲမှာ သူ့မိဘတွေအပေါ်တာဝန်မကျေသလိုမျိုး ခံစားလိုက်ရသည် ။ သူကတိတ်တဆိတ်သက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်သည်

"... ဟုတ်တယ် အမေ ...ကျွန်တော်ထပ်ပြီးခရီးထွက်ရအုံးမယ် ..."

သူဘတ်လန်းနယ်မြေသို့ ခရီးထွက်ရမည့်ကိစ္စကိုရှောင်လွှဲလို့မရေပေ ...။ ဘတ်လန်းနယ်မြေသို့သွားမှသာ သူအရေးတကြီးလိုအပ်နေသည့် အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေကို အများအပြားရရှိနိုင်မှာဖြစ်သည် ။

သို့ပေမယ့် အခုအချိန်မှာ သူ့ရဲ့အတွင်းအားတွေက ကောင်းကင်အဆင့်၆သို့ ကျော်ဖြတ်ရောက်ရှိနိုင်ဖို့က ပိုပြီးအရေးကြီးနေတာကြောင့် ရှောင်လုံကသူ့အတွင်းအားတွေအဆင့်တက်သွားပြီမှသာ ဘတ်လန်းဒေသသို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည် ။

ထိုကြောင့် ရှောင်လုံက ဘတ်လန်းဒေသဆီသို့ နောက်ထပ်တလကြာပြီးတော့မှ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။

#

ဝန်ဇင်းမှာဒိနေ့စာအုပ်ထွက်တယ်နော်အားပေးကြပါအုံး
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၄၄ ...... ကောင်းကင်အဆင့်၆သိုင်းသမားအဆင့်သို့ရောက်ရှိခြင်း

     ရှောင်လုံက သူဘတ်လန်းဒေသသို့နောက်ထပ်တလလောက်ကြာတော့မှ ခရီးထွက်မယ်လို့ပြောလိုက်တာကြောင့် ငြိုးငယ်နေသော စုရန်မျက်နှာလေးကအနဲငယ်ပြန်၍ ရွှင်ပြလာသည်။

ထိုနောက် ရှောင်လုံက အခုလာမည့်တလအတောအတွင်းမှာ သူ့အတွင်းအားတွေကောင်းကင်အဆင့်၆ သို့ကျော်ဖြတ်ရောက်ရှိသွားနိုင်ဖို့ကိုသာ အဓိကအာရုံစိုက်ထားလိုက်သည် ။ သူရဲ့အချိန်တော်တော်များများကိုလဲ နတ်တောင်ရွှမ်းမီအတွင်း သိုင်းလေ့ကျင့်ရင်းနှင့်သာ ကုန်ဆုံးစေလိုက်သည် ။

နတ်တောင်ရွှမ်းမီအတွင်းသိုင်းလေ့ကျင့်နေသော ရှောင်လုံက နတ်တောင်ရွှမ်းမီသိုင်းအပြင် နတ်အတွင်းအား နည်းစနစ် ၊ ကိုယ်ခန္ဓာအသွင်ပြောင်းသိုင်းကျမ်းတို့ကိုလဲ တလှည့်စီပြောင်းလဲလေ့ကျင့်လိုက်သည်။
ထိုအပြင်ရှောင်လုံက ရှေးဟောင်းရုပ်သေးရုပ်ထိန်းချုပ်အတတ်ပညာနှင့် စိတ်အာဏာနည်းစနစ်တွေကိုလဲ ပိုမိုတိုးတက်လာအောင် ကြိုးစားလိုက်သည်။ သူတို့နှစ်ခုလုံးကလဲ ရှောင်လုံအတွက်တော့ အရမ်းကိုအရေးပါလှသည် ။

အကယ်၍ ရှေးဟောင်ရုပ်သေးရုပ်ထိန်းချုပ်နည်းစနစ်နှင့် စိတ်အာဏာနည်းစနစ်တို့ကိုသာ ပေါင်းစပ်ပြီးအသုံးချလိုက်မယ်ဆိုရင် ကောင်းကင်အဆင့်သိုင်သမားအများအပြားပါဝင်သည့် အင်အားစုကြီးတခုကိုအောင်မြင်စွာ ဖွဲ့စည်းထိန်းချုပ်နိုင်လာမယ်လို့ ရှောင်လုံစိတ်ထဲမှာယုံကြည်နေသည်။

ရှောင်လုံ၏ လက်ရှိ်အစွမ်းနဲ့ဆိုရင် ရှေးဟောင်ရုပ်သေးရုပ်ထိန်းချုပ်နည်းအတတ်ပညာ၌ ပထမအဆင့်သို့ရောက်ရှိရန်အတွက် အချိန်သုံးလနီးလောက်လိုအပ်သေးသည်။ ထိုအဆင့်သို့ရောက်ရှိခဲ့မည်ဆိုရင် ရှောင်လုံကကောင်းကင်အဆင့်၆ ရုပ်သေးရုပ်လူသားတွေကိုသာမက ကောင်းကင်အဆင့်၇ ရုပ် သေးရုပ်လူသားတွေကိုပါထိန်းချုပ်နိုင်စွမ်းရှိလာတော့မှာဖြစ်သည် ။

ထိုအပြင်ရှောင်လုံအခုလက်ရှိလေ့ကျင့်လျက်ရှိသော စိတ်အာဏာနည်းစနစ်ကလဲ လူသာူတွေကိုထိန်းချုပ်အမိန့်ပေးနိုင်စွမ်းရှိတာမို့ ရှောင်လုံအနေဖြင့် စိတ်အာဏာနည်းစနစ်ကိုအသုံးပြုကာ ကောင်းကင်အဆင့်၆ အဆင့်၇ သိုင်သမားတွေကို ထိန်းချုပ်နိုင်တော့မှာဖြစ်သည်။

  အချိန်တွေက ရေစီကြောင်းတခုကဲ့သို့တသွင်သွင်စီးဆင်းသွားပြီး ရက်နှစ်ဆယ်ဆိုသည့်အချိန်က တမုဟူတ်ချင်းကို ကုန်ဆုံးသွားပါတော့သည်။

ထိုကုန်ဆုံးသွားသည့်ရက်နှစ်ဆယ်အတွင်းမှာ ရှောင်လုံကသူ့အချိန်အများစုကို နတ်တောင်ရွှမ်းမီအတွင်းနေထိုင်၍ သိုင်းလေ့ကျင့်ခဲ့သည် ။ ကျန်ရှိသောအချိန်တွေကိုတော့ သူ့မိဘတွေ နဲ့ သူ့ညီလေး ၊ ညီမလေးတို့ရဲ့ သိုင်းလေ့ကျင့်ရာမှာ အဖော်ပြုရင်းသူတို့ရဲ့ သိုင်းကျင့်စဉ်တွေအတွက်လိုအပ်ချက်တွေကိုညွှန်ကြားပြသ၍ ကုန်ဆုံးစေလိုက်သည်။

ရှောင်လုံမိဘတွေ  သူ့ညီလေး ညီမလေးတို့ပိုင်ဆိုင်ထားကြသော သိုင်းဝိညာဉ်တွေရဲ့ စွမ်းရည်အကန့်အသတ်ကြောင့်မို့ သူတို့အနေဖြင့် ကောင်းကင်အဆင့်သိုင်သမားဖြစ်လာဖို့က အခွင့်အရေးမရှိပင် ...။ သို့ပေမယ့် ရှောင်လုံက သူ့မိဘတွေ နဲ့ သူ့ညီအကိုမောင်နှမတွေအတွက် သိုင်းအဆင့်တက်နိုင်အောင် သူ ကူညီနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

အနာဂတ်တွင်သူနှင့်နီးစပ်သူတွေအကုန်လုံးကိုကောင်းကင်သိုင်းသမားဖြစ်လာအောင် မြှင့်တင်ပေးဖို့ရှောင်လုံစိတ်ထဲမှာ အခိုင်အမာဆုံးဖြတ်ထားသည် ။ ထိုကဲ့သို့လုပ်ဆောင်ရန်အတွက် စကြာဝဠာအဆင့်သိုင်းပညာရှင်ဖြစ်တာတောင်မှ မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် ရှောင်လုံက စကြာဝဠာ အဆင့်ထက်ပိုမြင့်သော နတ်ဘုရားအဆင့်သို့တက်လှမ်း၍ သူနှင့်နီးစပ်သူတွေအတွက် ကြိုစားပေးဖို့ ဆုံးဖြတ်ထားသည်။ 

  အကယ်၍ နတ်ဘုရားအဆင့်သို့ရောက်ပြီးတာတောင် မကူညီနိုင်သေးဘူးဆိုရင် ထိုထက်မြင့်သောအဆင့်တွေကိုတက်လှမ်းဖို့လဲ ရည်ရွယ်ထားသည်။
နတ်ဘုရားအဆင့်ရဲ့အထက်မှာ တခြားအစွမ်းထက်သောအဆင့်များစွာလဲ ကျန်ရှိပါသေးသည် ။

ကုန်ဆုံးသွားသည့်ရက်နှစ်ဆယ်အတွင်းမှာ ရှောင်လုံ၏ ကြိုးကြိုးစားစားလေ့ကျင့်မှုတွေကြောင့် သူချီပင်လယ်အတွင်း ငရဲဝိညာဉ်စွမ်းအားတွေ ၊ မူလနဂါးစွမ်းအားတွေနဲ့ ရှေးဟောင်းဗုဒ္ဓစွမ်းအင်တွေဟာ အကန့်အသတ်မရှိလောက်အောင် တိုးပွား၍ မြင့်တက်လာသည် ။

  ထို ချီစွမ်းအင်သုံးမျိုးကနေ နတ်ဆိုးမိစ္ဆာပုံသဏ္ဍာန်တခု ၊ ရွှေရောင်နဂါးပုံသဏ္ဍာန်နှင့် ရွှေရောင်ဗုဒ္ဓ ရုပ်ပွားတော်ပုံသဏ္ဍာန်တခုစီက ရှောင်လုံချီပင်လယ်အတွင်းဖြစ်တည်လာကြသည် ။ ထိုပုံသဏ္ဍာန်တွေက စဦးပိုင်းမှာတော့ အခိုးအငွေ့သက်သက်သာရှိခဲ့ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ သက်ရှိတွေအလား ပိုမိုထင်ရှားစွာဖြစ်တည်လာကြသည်။

  ရှောင်လုံက သူ့ရဲ့အသက်ရှုလေ့ကျင့်စဉ်အတွင်း အသက်ရှုသွင်းရှုထုတ်လုပ်ချိန်မှာလဲ ထိုရုပ်ထုကြီးတွေက ရှောင်လုံနှင့်ထပ်တူလုပ်ဆောင်ကြသည် ။ သူတို့အသက်ရှုဖို့ ကြိုးစားလိုက်သည်နှင့် ရှောင်လုံဦးခေါင်းထက်လေဟာနယ်ထဲမှာ ရှိနေကြသော ငရဲဝိညာဉ်စွမ်းအား ၊ မူလနဂါးစွမ်းအား နှင့် ရှေးဟောင်း ဗုဒ္ဓစွမ်းအားတွေက ရေခရားအတွင်းမှာလောင်းချလိုက်သကဲ့သို့ ပေါများစွာကျဆင်းလာပါတော့သည်။

အနက် ၊ အပြာရောင်နဂါးနှစ်ကောင်ကလဲ ရှောင်လုံးဥိးခေါင်းထက်မှာ ပျော်ရွှင်မြူထူးစွာဖြင့် ဝဲပျံလျက်ရှိနေသည်။
သူတို့ပျော်ရွှင်မြူထူးစွာဖြင့် ဟိန်းဟောက်လိုက်သည့် နဂါးဟိန်းသံတွေက ရှောင်လုံသိုင်းလေ့ကျင့်နေသော ရှေးဟောင်းဘုရားကျောင်းဆောင်အတွင်းမှာ ဆူညံ၍ ပဲ့တင်ညံနေသည် ။

သူတို့၏ကြီးမားသောခန္ဓာကိုယ်ကြီးထက်မှာရှိနေကြသည် နဂါးအကြေးခွံတွေကလဲ စတီးကဲ့သို့တောက်ပပြောင်လက်နေသည်။

ရှောင်လုံအတွင်းအားတွေက ကောင်းကင်အဆင့်သို့မြင့်တက်လာပြီးသည့်နောက် သူ၏ သိုင်းဝိညာဉ်နဂါးနှစ်ကောင်ကလဲ ဝိညာဉ်အဆင့်ကနေ ခန္ဓာကိုယ်ပိုင်ဆိုင်သော သက်ရှိနဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

ထိုကြောင့် ရှောင်လုံအနောက်ဘက်မှာဝဲပျံနေကြသော နဂါးကြီးနှစ်ကောင်ကိုအမှတ်မဲ့ ကြည့်လိုက်မယ်ဆိုရင်  ကြီးမားသောအပြာရောင် နှင့် အနက်ရောင်တောင်ကြီး နှစ်လုံးနှင့်ထောင်ထားသည်နှင့်အလားသဏ္ဍာန်တူနေသည်။

ရှောင်လုံက သူ့ပုံမှန်သိုင်းလေ့ကျင့်နေသည့်အတိုင်း
ဗုဒ္ဓနတ်တွင်းရေတစက်ကိုသောက်သုံးကာ ရှေးဟောင်ဗုဒ္ဓကျောင်းဆောင်၏ အလယ်၌ရှိသော ဗုဒ္ဓဆယ်ဆူအခင်းအစီအရင်အတွင်းသို့ဝင်လိုက်သည်။ အစီအရင်၏ အလည်သို့ရောက်သည်နှင့် ရှောင်လုံက နတ်တောင်ရွှမ်းမီသိုင်း ၊ နတ်အတွင်းအားနည်းစနစ်နှင့် ကိုယ်ခန္ဓာအသွင်ပြောင်းသိုင်းကျမ်းတွေကို တပြိုင်နက်ထဲလေ့ကျင့်လိုက်သည် ။

ဗုဒ္ဓဆယ်ဆူအစီအရင်အတွင်းမှာနေ၍ သိုင်းလေ့ကျင့်မှုတွေများလာသောအခါ ဗုဒ္ဓဆယ်ဆူအစီအရင်ကနေပေးစွမ်းသော အားသာချက်တခုကိုရှောင်လုံတွေ့ရှိလိုက်သည်။ ဗုဒ္ဓဆယ်ဆူအစီအရင်က သူ့၏ အဓိကအားသာချက်တခုဖြစ်သော ဗုဒ္ဓကမ္ဘာမှ ဗုဒ္ဓစွမ်းအင်တွေနှင့်သိုင်းလေ့ကျင့်သူအားချိတ်ဆက်ပေးမှုအပြင် သိုင်းလေ့ကျင့်သူအား ထာဝရညဏ်အလင်းရ အခြေအနေရအောင် စွမ်းဆောင်ပေးနိုင်သည်။

သိုင်းလေ့ကျင့်သူတယောက်က ထို ထာဝရညဏ်အလင်းရ အခြေအနေသို့ရောက်ရှိသွားပြီဆိုရင် သူအနေဖြင့် လက်ရှိလေ့ကျင့်လျက်ရှိနေသော သိုင်းပညာရပ်တွေကိုအရင်ကထက်ပိုမိုလျင်မြန်စွာ ထိုးထွင်းသိမြင်နိုင်စွမ်းရှိလာသည်။

ဗုဒ္ဓဆယ်ဆူအစီအရင်အတွင်းနေထိုင်၍ သိုင်းလေ့ကျင်မှုတွေပြီးဆုံးသွားချိန်တိုင်းမှာ သူ့စိတ်ဝိညာဉ် အပါအဝင် သူ့ခန္ဓာကိုယ်တခုလုံးက သန့်စင်သောရေခဲမြစ်အတွင်း စိမ်ပြီး ဆေးကြောသန့်စင်ခံလိုက်ရသလိုမျိုး ရှောင်လုံစိတ်တခုလုံး သန့်ဂှင်းလတ်ဆတ်၍ အေးချမ်းငြိမ်းအေးနေသည်။

  ရှောင်လုံကသူ့ရဲ့ အသက်ရှုလေ့ကျင့်ခန်း ကျင့်စဉ်တွေကိုဆက်လက်လုပ်ဆောင်လိုက်သည် ။ သူ့ရှုသွင်းလိုက်သော ငရဲဝိညာဉ်စွမ်းအား ၊ မူလနဂါးစွမ်းအားတွေနှင့် ဗုဒ္ဓစွမ်းအားတွေက ရှောင်လုံသွေးကြောတွေထဲမှာ ပိုမိုချောမွတ်စွာလှည့်ပတ်စီးဆင်းလာသည်။

တစထက်တစပိုမိုများပြားလာကြသောစွမ်းအင်သုံးမျိုးက ရှောင်လုံအဆင့်၆သိုင်းသမားဖြစ်ရန် တားဆီးထားသည့် အတာအဆီးအလွှာကို စတင်တိုက်ခိုက်တော့သည်။အတားအဆီးအလွှာနှင့် အတွင်းအားတွေ တိုက်ခိုက်မှုကြောင့် ရှောင်လုံတကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာသည့်အထိ ပြင်းထန်သော နာကျင်မှုတေ်ိကိုခံစားလိုက်ရသည် ။

သို့ပေမယ့် ရှောင်လုံကသူ့အချိန်ကျရောက်လာခဲ့ပြီဆိုတာကိုသိနေသည် ။ ထိုကြောင့် သူ့ခန္ဓာကိုယ်တခုလုံးမှာ ပြင်းထန်စွာနာကျင်ခံစားနေရတာတွေကို ကြိုးစားထိန်းချုပ်ရင်း အတွင်းအားတွေက အဆင့်၆ အတားအဆီးအလွှာကို တိုက်ခိုက်နေသည့် ဖြစ်စဉ်ပေါ်မှာသာ အာရုံစူးစိုက်ထားလိုက်သည် ။

ခန္ဓာကိုယ်တခုလုံးပေါက်ကွဲထွက်သွားတော့မတတ် နာကျင်လာပေမယ့် ရှောင်လုံကတော့ အံတင်းတင်းကြိတ်ပြီးတောင့်ခံထားလိုက်သည် ။ သူ့အတွင်းအားတွေကို အဆင့်၆ အတားအဆီးအလွှာသို့တိုက်ခိုက်ဖို့ကိုသာ စိတ်ညွတ်ထားလိုက်သည်။

ကောင်းကင်အဆင့်သိုင်းသမားတယောက်ဖြစ်လယခဲ့ပြီးသည့်နောက် အထူးသဖြင့် ကောင်းကင်အလယ်အဆင့်သိုင်းသမားတွေအတွက် နောက်တဆသ့်ကို တက်ဖို့ရာ အလွန်အမင်းကိုခက်ခဲလှသည်။ သူတို့နောက်တဆင့်ကိုတက်ဖို့အတွက်ကြိုးစားရာမှာရရှိလာတဲ့ နာကျင်မှုတွေက မြေကြီးအဆင့်သိုင်းသမားဖြစ်စဉ်က အဆင့်တက်ရာမှာကြုံတွေ့ခဲ့ရသည့် နာကျင်မှုတွေထွက် အဆတရာလောက် ပိုမိုဆိုးရွားလေသည်။

ထိုကြောင့် ရှောင်လုံလိုမျိုး စိတ်ဓတ်ကြံခိုင်လှပါသည့်ဆိုသော လူတယောက်အတွက်တောင်မှ ယခုခံစားနေရသည့် အသဲခိုက်မတတ် နာကျင်မှုတွေကြောင့် သတိလက်လွတ်အော်ဟစ်မိတော့မတတ်ဖြစ်နေသည်။

တခနတာလောက်ကြာမြင့်ပြီးသည့်နောက် ရှောင်လုံကိုယ်အတွင်းကနေ ပေါက်ကွဲသံကြီးတခုထွက်ပေါ်လာပြီး ရှောင်လုံခန္ဓာကိုယ်တခုလုံး သွက်သွက်ခါအောင်လှုပ်ယမ်းသွားသည် ။ရှောင်လုံကိုယ်ထဲကနေညထွက်ပေါ်လာသည့် အလင်းတန်းသုံးခုဖြင့် ရှေးဟောင်ဘုရားကျောင်းဆောင်တခုလုံး ထွန်းလင်းတောက်ပသွားသည်။

ကောင်းကင်အဆင့် ၆ သို့ရောက်ရှိသွားလေပြီ...!

အဆင့်၆ အတားအဆီးအလွှာကြီး ကျိုးပေါက်သွားပြီးနောက် ငရဲဝိညာဉ်အတွင်းအားတွေ ၊ မူလနဂါးအတွင်းအားတွေနဲ့ ဗုဒ္ဓအတွင်းအားတွေက  ကောင်းကင်အဆင့်၆ သွေးကြောအသစ်တွေဆီသို့ ပျော်ရွှင်မြူးထူးစွာဖြင့် ခုန်ပေါက်စီးဆင်းသွားကြသည်။

ရှောင်လုံကိုယ်ပေါ်မှာဝဲပျံနေသည့် နဂါးနှစ်ကောင်ဆီမှလဲ တောက်ပသောအလင်းတန်းတွေထွက်ပေါ်လာသည် ။ ထိုနောက် သူတို့ကိုယ်ပေါမှ နဂါးအကြေးခွံတွေက နွေဦးသစ်ရွက်ကြွေသကဲ့သို့ တဖြုတ်ဖြုတ်ကျဆင်းလာသည် ။ ပြုတ်ထွက်သွားသောအကြေးခွံအဟောင်တွေနေရာမှာ ကျစ်လစ်သိပ်သည်းပြီးညပိုမိုတောက်ပြောင်သော အကြေးခွံအသစ်တွေထွက်ပေါ်လာသည် ။ အကြေးခွံအသစ်တွေနှင့်အတူ သူတို့ခန္ဓာကိုယ်တွေကပို၍ ကြီးမားလာသည်။

ရှောင်လုံ ကောင်းကင်သိုင်သမားအဆင့်သို့ ရောက်ရှိလာပြီးသည့်နောက် ရှောင်လုံ၏အတွင်းအားတွေတဆင့်မြင့်တက်လိုက်တိုင်းမှာ သူ့သိုင်းဝိညာဉ်တွေဆီမှာလဲ တခါဆင့်ကဲ့ပြောင်းလဲမှုဖြစ်စဉ်တွေဖြစ်လာကြသည်။

ကောင်းကင်အဆင့်၆ သို့အဆင့်တက်သွားခဲ့ပေမယ့် ရှောင်လုံကတော့ သူသိုင်းလေ့ကျင့်နေတာတွေကို မရပ်လိုက်သေးပေ ...။ သူ့ခန္ဓာကိုယ်ထဲက အတွင်းအားလှိုင်းတံပိုးကြီးတွေ တဖြည်းတဖြည်း တည်ငြိမ်လာတာကိုခံစားမိချိန်ကြမှ ရှောင်လုံက သူ့သိုင်းလေ့ကျင့်နေတာတွေကိုရပ်လိုက်သည်။

ထိုနောက် သူစိတ်ဝိညာဉ်ကိုအသုံးပြုရင်း ခန္ဓာမှ ပြောင်းလဲမှုတွေကိုအသေးစိတ်အကဲခတ်လိုက်သည်။ တွေ့ရှိမှုတွေက ရှောင်လုံကိုအရမ်းပျော်ရွှင်သွားစေသည် ။ ကောင်းကင်အဆင့်၆သို့ ရောက်ရှိလာပြီးနောက် ရှောင်လုံခန္ဓာကိုယ်တခုလုံးပေါက်ကွဲသွားတော့မတတ် စွမ်းအားတွေပြည့်ဝနေသည် ။ ထိုအပြင် ကောင်ကင်အဆင့်၇ သို့တက်လှမ်းနိုင်ဖို့ရာ ပို၍ နီးစပ်လာသည်။

ကောင်းကင်အဆင့်၇ ကိုရောက်သည်နှင့် ရှောင်လုံက အဆင့်မြင့်ကောင်းကင်သိုင်းသမားတယောက်ဖြစ်လာတော့မှာဖြစ်သည်။ အဆင့်မြင်ကောင်းကင်သိုင်းသမားတယောက်က ဘယ်နိုင်ငံအတွင်းနေထိုင်သည်ဖြစ်စေ မြင့်မားသောဂုဏ်ဒြပ်တွေကို ပိုင်ဆိုင်ကြသည် ။ နိုင်ငံတိုင်းလိုလိုက သူတို့ကို အလွန်အမင်းတန်ဖိုးထား ဆက်ဆံကြသည် ။

သူ့အတွင်းအားတွေကောင်းကင်အဆင့်၆ သိူ့ရောက်ရှိလာပေမယ့် ရှောင်လုံက ဘတ်လန်းဒေသသို့ အစောတလျင်ခရီးဆက်ရန် မပြင်ဆင်သေးပေ ..။ သူမိသားစုနှင့်အချိန်အတော်ကြာအောင် အဖော်ပြုနေထိုင်လိုက်သည် ။

သူ့ညီမလေးဟောင်မင်းကလဲ ဂိုတန်နှင့်အတူ  တောင်ဘက်နေဝင်ချိန်အိမ်တော်ဆီသို့ မကြာခနအလည်အပတ်လာလေ့ရှိသည်။

  ကြင်စဦးပျော်ရွှင်မြူးထူးနေကြသော ဇနီးမောင်နှံကိုကြည့်ရင်း ရှောင်လုံက သူ့ညီမလေးအတွက် အရမ်းကိုကျေနပ်ပျော်ရွှင်နေသည် ။ ဟောင်မင်းတယောက် မှန်ကန်သောရွေးချယ်မှုတခုလုပ်ခဲ့သည်ဟု သူစိတ်ထဲမှာ ယုံကြည်နေသည် ။

ပျော်ရွှင်နေကြသောစုံတွဲကိုကြည့်ရင်း ရှောင်လုံရင်ထဲမှာ ပျော့ပျောင်းသောအဖြူရောင်ပိုးဖဲအကျီတို့ကိုကြိုက်နှစ်သက်ကာ ပါးချိုင်လေးနှစ်ဖက်ပေါ်အောင် ချိုသာစွာပြုံးတတ်သည့် လီလူပုံရိပ်က သူ့ရင်ထဲသို့ ရုတ်တရက်တိုးဝင်လာသည် ။

"... လီလူတယောက်ဘာတွေများလုပ်နေလဲမသိဘူး ...သူအဆင်မှပြေပါမလား ....?"

လီလူအကြောင်းတွေးမိပြီး ရှောင်လုံရင်တခုလုံး တမ်းတလွမ်းဆွတ်မှုတွေဖြင့် ပြည့်လျှံ
လာသည် ။

နောက်ထပ်အချိန်ဆယ်ရက်ကထပ်မံ၍ ကုန်လွန်သွားပါသည် ။

ကုန်လွန်သွားသည့်အချိန်ဆယ့်ရက်အတွင်းမှာတော့ ရှောင်လုံက မကြာသေးခင်ကမှ အဆင့်တက်ခဲ့သည့် သူ့အတွင်းအားတွေကို  တည်ငြိမ်သွားအောင်သာအားစိုက်၍ ကြိုးစားလိုက်သည်။ တခြားအချိန်တွေမှာတော့ ရှေးဟောင်းရုပ်သေးရုပ်ထိန်းချုပ်နည်းနှင့် စိတ်အာဏာ နည်းစနစ်တို့ကိုတိုးတက်လာအောင် ကြိုးစားလိုက်သည်။

အစကတော့ ရှေးဟောင်းရုပ်သေးရုပ်နည်းစနစ်ကို အဆင့်တစ်ရောက်ဖို့အတွက် အချိန်သုံးလလောက်လိုအပ်သည့်ဟု ရှောင်လုံစိတ်ထဲမှာတွက်ဆထားခဲ့သည်။ ဒါပေမယ့် အချိန်နှစ်လအတွင်းမှာပဲ ရှောင်လုံက ရှေးဟောင်းရုပ်သေးရုပ်နည်းစနစ်၏ အဆင့်၁ သို့ ရောက်ရှိသွားသည် ။

".... အင်း .... ငါ ဘတ်လန်းဒေသကိုသွားဖို့အချိန်တန်ပြီထင်တယ် .... "

တခုသောနေ့မှာ ရှောင်လုံက နတ်တောင်ရွှမ်းမိထဲကနေထွက်လာပြီး သူ့ရဲ့လက်ရှိအခြေအနေကိုအကဲခတ်ကာ ရေရွတ်လိုက်သည်။

ဘတ်လန်းဒေသ .....!

ဘတ်လန်းဒေသသို့ ရှောင်လုံသွားချင်နေရခြင်းက အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေကို ဝယ်ယူမည့် ကိစ္စအပြင် တခြားအရေးကြီးသောရည်ရွယ်ချက်တခုလဲ ရှိနေသေးသည် ။

ရှောင်လုံ၏ရည်ရွယ်ချက်က သူထိန်းချုပ်နိုင်မည့် အင်အားစုကြီးတခုကိုတည်ထောင်လိုခြင်းပင်ဖြစ်သည်။
ရှောင်လုံက ဘုရင်ဒေါင်ရမ်ကဲ့သို့ အင်အားကြီးအင်ပါရာနိုင်ငံကြီးတခုကိုတည်ထောင်ရန် ဆန္ဒရှိနေသည်။

ဘတ်လန်းဒေသက ရှောင်လုံရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက်  အသင့်တော်ဆုံးနေရာတခုဖြစ်သည် ။ ဘတ်လမ်းဒေသကဲ့သို့ဝေးလံခေါင်သီသောနေရာကို အင်းအားကြီးတိုင်းပြည်ကြီးသုံးခုလုံးက လျစ်လျူရှုထားတာမို့ ရှောင်လုံအတွက် အနာဂတ်မှာ ရင်ဆိုင်ကြုံတွေလာနိုင်ရသည့် ကိစ္စတော်တော်များများကို ဖြေရှင်းပြီဖြစ်နေသည်။

ဧည့်ခန်းမဆောင်အတွင်းထိုင်နေသော စုဂန်က ရှောင်လုံဘတ်လန်းဒေသသို့ မကြာခင်ခရီးထွက်ဖို့ပြင်ဆင်နေတာကိုကြားသိလိုက်သည် ။ ထိုအပြင် ရှောင်လုံက ဘတ်လန်းဒေသသို့ ကျောင်းရှုနှင့် ကျန်းဖူတို့မပါပဲ တယောက်တည်းခရီးထွက်မှာဖြစ်သည်။

ထိုအကြောင်းကိုသိသွားတော့ စုရန်က စိုးရိမ်ပူပန်စွာဖြင့်

"... လုံအာ ...နင်က ဘတ်လန်းဒေသကိုတယာက်ထဲ ခရီးထွက်မလို့ဆို ...မသွားရပါဘူး...."

စုရန်က ဘတ်လန်းဒေသအကြောင်း ကျောင်းရှုနှင့် ကျန်းဖူတို့နှစ်ယောက်ပြောဆိုဆွေးနွေးတာကို နားထောင်ဘူးလေသည်။ ထိုကြောင့် ဘတ်လန်းဒေသက လူဆိုး ၊သူခိုး ၊ လူသတ်သမားနှင့် ဆိုးရွာသောလူတွေပြည့်နှက်နေသော နေရာတခုဆိုတာကိုသိထားသည်။

"... သခင်မကြီးပြောတာ မှန်ပါတယ် သခင်လေး ...  ဘတ်လန်းဒေသလို့နေရာမျိုးကို သခင်လေးတယောက်တည်းသွားဖို့ မသင့်တော်ပါဘူး ... ကျန်းဖူဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ် တယောက်လောက်တော့ လိုက်ခဲ့သင့်ပါတယ် ..."

ကျောင်းရှုက ဖြောင်းဖြပြောဆိုလိုက်လေသည်။

ကျောင်းရှုစကားအဆုံးမှာ ကျန်းဖူက

"... ဟူတ်ပါတယ် သခင်လေး ...ဘတ်လန်းဒေသဆိုတာက မြင့်မြတ်သောဗုဒ္ဓအင်ပါရာနိုင်ငံလို တည်ငြိမ်အေးချမ်းတဲ့နေရာတခုမဟူတ်ပါဘူး .... ဘတ်လန်းဒေသဆိုတာက ကောင်းကင်အဆင့်၁၀ သိုင်းသမားတယောက်တောင် အချိန်မရွေးသေဆုံးသွားနိုင်တဲ့နေရာတခုပါ ...."

ရှောင်လုံကတော့ ခေါင်းမာစွာဖြင့်

".... ထပ်မပြောပါနဲ့တော့ ...ကျုပ်ဆုံးဖြတ်ပြီးပြီ ...ဘတ်လန်းဒေသကိုကျုပ်တယောက်ထဲ သွားမယ် ...."

ရှောင်လုံက ဒိတကြိမ်မှာကြုံတွေ့လာနိုင်သည့်အခက်အခဲတွေကို အသုံးချရင်း သူ့ကိုယ်သူပိုမိုချွန်ထက်လာအောင် သွေးချင်နေတာပဲ ဖြစ်သည်။ အခုတခေါက်ခရီးစဉ်က အရမ်းကိုအန္တရာယ်များတယ်ဆိုတာကို သူအသိဆုံးဖြစ်သည်။ အန္တရာယ်များတာမှ ကျောင်းရှုနှင့် ကျန်းဖူတို့နှစ်ယောက်စလုံးပါနေရင်တောင် သူလုံခြုံရေးကို အမြဲတမ်းကာကွယ်နိုင်လိမ့်မယ်လို့ အာမှခံချက်မရှိပေ ...။

ဟောင်ပန်နှင့် စုရန်တို့နှစ်ယောက်ကထပ်ပြောဖို့ ပြင်လိုက်ချိန်မှာပဲ ရှောင်လုံကပေါ့ပေါ့ပါးပါးရယ်မောလိုက်ပြီး

".... အဖေ နဲ့အမေ ...စိတ်မပူပါနဲ့တော့ ...ကျွန်တော်က နတ်တောင်ရွှမ်းမီရဲ့ပိုင်ရှင်လေ .... ကျွန်တေယ်လွယ်လွယ်ကူကူနဲ့သေမှာမဟုတ်ပါဘူး ..."

ရှောင်လုံတို့နေထိုင်သည့် သိုင်းဝိညာဉ်ကမ္ဘာကြီးမှာက နတ်တောင်ရွှမ်းမီနှင့်ပတ်သတ်၍ ဆိုရိုးစကားတွေလဲရှိကြသည်။ အဲ့ဒါကတော့ နတ်တောင်ရွှမ်းမီအား ကိုင်ဆိုင်ထားသည့် လူတယောက်ကို ထူးခြားဆန်းကြယ်သော စွမ်းအားများက စောက်ရှောက်ကြသည် ။နတ်တောင်ရွှမ်းမီကိုပိုင်ဆိုင်ထားသူတယောက်က အလွယ်တကူဖြင့် သေဆုံးလေ့မရှိပေ ...။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၄၅ .... ဘတ်လန်းဒေသသို့ခရီးစဉ်

     ".... နတ်တောင်ရွှမ်းမီပိုင်ရှင်က အလွယ်တကူသေဆုံးလေ့မရှိဘူး ........ဟုတ်လား ...?"

ဟောင်ပန်နှင့်စုရန်လဲ အံသြသွားကြသည် ။ သူတို့နှစ်ယောက်လုံးက ရှောင်လုံဆီမှာ ကောင်းကင်ရတနာတွေကိုပိုင်ဆိုင်ထားတာကိုသိကြပေမယ့် ရှောင်လုံပိုင်ဆိုင်ထားသည့် ကောင်းကင်ရတနာတွေအကြောင်းကိုတော့ အသေးစိတ်ကိုတော့ နားမလည်ကြပေ .....။

ထိုအခိုက် ကျောင်းရှုကရှေ့သို့ထွက်လာ၍ ရှောင်လုံစကားကိုထောက်ခံလိုက်သည်

".... သခင်ကြီး ဟောင် ..... သခင်လေးပြောတာအမှန်ပါပဲ .... နတ်တောင်ရွှမ်းမီနဲ့ပတ်သတ်ပြီး အဲ့လိုမျိုး သတင်းစကားတွေက တကယ်ရှိခဲ့ပါတယ် ..."

ကျောင်းရှု၏ အနောက်နားမှာရပ်နေသည့် ကျန်းဖူကလဲ ကျောင်းရှုပြောဆိုတာ မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်သည် ။ ကျောင်ရှုရော ကျန်းဖူရော နှစ်ယောက်စလုံးက ထိုသတင်းစကားတွေကို ကြားသိခဲ့ဘူးကြသည် ။

ကျောင်းရှုနှင့် ကျန်းဖူတို့နှစ်ယောက်ကိုယ်တိုင်က ထောက်ခံစကားဆိုနေသည်ကိုကြည့်ရင်း ဟောင်ပန်နှင့်စုရန်တို့စိတ်ထဲမှာ ရှောင်လုံအပေါ် စိုးရိမ်နေတာတွေအနဲငယ်လျော့ကျသွားသည်။ သို့ပေမယ့် ရှောင်လုံတယောက် သူအမေ၏ စိုးရိမ်ပူပန်စွာဖြင့် တတွတ်တွတ်မှာကြားချင်းကိုတော့ ရှောင်လွဲနိုင်ခြင်းမရှိခဲ့ပေ ...။ စုရန်က ရှောင်လုံလက်ကိုဆွဲကိုင်ကာ ခရီးထွက်စဉ်ကာလအတွင်း ကိုယ်ကိုကိုယ်ဂရုစိုက်ရမည့်အကြောင်း ၊ အန္တရာယ်ကင်းဖို့က အရာအားလုံးထက်အရေးကြီးကြောင်း ၊ အမြဲသတိဝိရီယစွဲကိုင်ကာ ပတ်ဝန်းကျင်ကိုဂရုစိုက်သင့်ကြောင်း ၊ တခြားသူတွေနဲ့ ရန်မဖြစ်သင့်ကြောင်းစသဖြင့် တနာရီနီပါးလောက်ကြာအောင် မရပ်မနားမှာကြားလိုက်သည်။

သူအမေ့က သူ့ကိုကလေးငယ်လေးတယောက်လိုမျိုး တတွတ်တွတ်မှာနေတာကိုနားထောင်ရင်း ရှောင်လုံရင်ထဲမှာ မဲ့ပြုံးပြုံးမိပေမယ့် အပြင်ဘက်ကတော့ စိတ်ရှည်လက်ရှည်ဖြင့် ဂရုတစိုက်နားထောင်ပေးလိုက်သည် ။

  နောက်ထပ်နှစ်နာရီလောက်ကြာချိန်မှာတော့ ရှောင်လုံက သူ့ရှေ့မှာရှိနေကြသည့်ဟောင်ပန် ၊ စုရန် ၊ ကျောင်းရှု နှင့် ကျန်းဖူတို့လေးယောက် ကို နှုတ်ဆက်စကားဆိုလိုက်သည် ။ ရှောင်လုံဆီမှာက သူစီးနင်းဖို့အတွက် သူရဲ့ သိုင်းဝိညာဉ်အမွှာနဂါးနှစ်ကောင်အပါအဝင် နတ်တောင်ရွှမ်းမီလဲ ရှိနေသည် ။ ထိုကြောင်မို့ရှောင်လုံက နောက်ထပ်စီးတော်ယဉ်တွေ အကုန်လုံးကို ဒေါင်ရမ်းအင်ပါရာနိုင်ငံထဲမှာ ချန်ထားခဲ့လိုက်ပြီး ခြေကျင်ပဲ ခရီးထွက်လာသည်။

တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသောရှောင်လုံပုံရိပ်လေးကိုကြည့်ရင်း စုရန်မျက်လုံးနှစ်ဖက်က ပို၍နီရဲလာကာနောက်ဆုံးမှာတော့ မျက်ရည်စတွေစတင်ကျဆင်းလာသည် ။

"... မိန်းမရယ် ...မငိုပါနဲ့ကွာ .... လုံအာက ငါတို့ကိုနှစ်နှစ်အတွင်းရောက်အောင် ပြန်လာပါ့မယ်လို့ ကတိပေးသွားတာပဲ ..."

ဟောင်ပန်က သူ့ဇနီး၏ ပခုံးနှစ်ဖက်ကိုအသာအယာပုတ်ရင်း နှစ်သိမ့်စကားဆိုလိုက်သည် ။

စုရန်ကလဲ ခေါင်းညိတ်ပြလိုက်ပြီး လက်တဖက်ဖြင့်မျက်ရည်တွေကိုသုတ်ကာ

"... လီလူလေးရော ဘယ်တွေရောက်လို့ဘာတွေလုပ်နေလဲမသိဘူးနော် ..."

စုရန်ရုတ်တရက်ပြောဆိုလာသောစကားကိုနားထောင်ရင်း ဟောင်ပန်လဲ ခနတာလောက်မှင်သက်မိသွားပြီး သူကပြန်ဖြေလိုက်သည်

".. စိတ်မပူပါနဲ့ မိန်းမရယ် ... လုံအာနဲ့ လီလူတို့နှစ်ယောက်က သေချာပေါက်ကို လက်ထပ်ကြမှာပါ ..."

စုရန်က သူမခေါင်းကိုနောက်ထပ်တကြိမ်ထပ်ငြိမ့်ပြလိုက်သည်  ။ ထိုနောက် သူတို့လေးယောက်က မြို့အဝင်တံခါးဝကနေ တောင်ဘက်နေဝင်ချိန်အိမ်တော်ဆီသို့ အတူတကွ ပြန်လာကြသည်။

သူတို့လေးယောက်တောင်ဘက်နေဝင်ချိန်အိမ်တော်သို့ ပြန်နေခိုက် ဒေါင်ရမ်းအင်ပါရာနိုင်ငံလက်အောက်က နိုင်ငံတခုအတွင်းမှာရှိနေသော ယောင်ဖေးက သူ့လက်အောက်ငယ်သား တယောက်၏သတင်းကို့ချက်ကိုနားထောင်နေသည်။သတင်းပို့ချက်ကိုနားထောင်ရင်း သူ့မျက်လုံးထဲမှာ ရက်စက်လိုသော အရိပ်အယောင်တွေထင်ဟပ်လာသည် ။
ယောင်ဖေးကမေးလိုက်သည်

"... ဟောင်ရှောင်လုံဆိုတဲ့ကောင်ကတယောက်တည်း ဒေါင်ရမ်းအင်ပါရာနိုင်ငံကနေ ထွက်သွားတယ်ဆိုတာ သေချာတယ်နော် ....?"

"... ဟုတ်ပါတယ်သခင်လေး ..... ကျွန်တော်မျိုးသတင်းအတိအကျကို ရထားတာပါ...."

သတင်းလာပို့သည့် ယောင်ဖေး၏ လက်အောက်ငယ်သားတယောက်က ယောင်ဖေးကို ရိုသေစွာဖြင့် ဦးညွတ်ရင်း ထပ်ပြီး သတင်းပို့လိုက်သည်

".... ကျောင်းရှု နဲ့ ကျန်းဖူတို့နှစ်ယောက်လုံး ဟောင်ရှောင်လုံနဲ့အတူလိုက်မသွားကြပါဘူး ...အခုသူတို့နှစ်ယောက် တောင်ဘက်နေဝင်ချိန်အိမ်တော်ထဲမှာ ရှိနေကြပါတယ် ...."

ထိုသတင်းစကားကိုကြားချိန်မှာ ယောင်ဖေးက အူလှိုက်သည်းလှိုက်ကိုရယ်မောလိုက်ပြီး

".... ဟောင်ရှောင်လုံ ...အိုး....ဟောင်ရှောင်လုံလေးရ .... ဒီတကြိမ်လဲ မင်းငါ့လက်ကနေ လွတ်အောင်ပြေးနိုင်အုံးမလားဆိုတာကို ကြည့်ကြသေးတာပေါ့ကွာ ...."

ထိုနောက်သူကသတင်းလာပို့သည့်လူဘက်သို့ပြန်လှည့်လိုက်ပြီး

".... အဲ့ကောင်ဘယ်ကို သွားတယ်ဆိုတာကိုရော မင်းတို့စုံစမ်းလာခဲ့လား ...."

"... အခုထိတော့မသိရသေးပါဘူး ..."

ထိုလက်အောက်ငယ်သားကပဲ

".....  ဒါပေမယ့် သူကအခုတောင်ဘက်ကိုဦးတည်ပြီးခရီးဆက်နေပါတယ် ..."

"... တောင်ဘက်ကိုဦးတည်ပြီးသွားနေတယ်...ဟူတ်လား"

ယောင်ဖေးကသူ့ဘာသာရေရွတ်လိုက်ပြီးနောက်

".... လူတွေလွှတ်ပြီး တောင်ဘက်နေဝင်ချိန်အိမ်တော်ရဲ့ လှုပ်ရှားမှုတွေကို တခုမကျန် အသေးစိတ်စောင့်ကြည့်နေလိုက် ..."
ပြောပြီးသည့်နှင့်ယောင်ဖေးက အစောင့်ရဲမက်အား သူအမိန့်အတိုင်းဆက်လက်ဆောင်ရွက်ရန် အချက်ပြလိုက်သည်  ။

အစောင့်ရဲမက်က ယောင်ဖေးကို လေးလေးသားစား ဦးညွတ်ပြီးနောက် ယောင်ဖေးအမိန့်တိုင်းဆောင်ရွက်ရန် အပြင်သို့ပြန်ထွက်သွားသည် ။

"...တောင်ဘက် ...."

သူရေရွတ်လိုက်သည့် စကားသံမဆုံးသေခင်မှာပဲ လေထဲသို့ခုန်လိုက်သည့် ယောင်ဖေးပုံရိပ်က တဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွားလေသည် ။ သူက လေဟာနယ်ကို ဖောက်ထွင်းကာ တောင်ဘက်ဆီသို့ ဦးတည်၍ ပျံသန်းလာသည်။

ဆယ်ရက်ကြာပြီးနောက် ယောင်ဖေးက သစ်ပင်ကင်းမဲ့နေသော ကုန်းမြေတခုပေါသို့ဆင်းသက်လာသည် ။ သူ့ခြေထောက်ကမြေကြီးကိုထိလိုက်သည်နှင့် ယောင်ဖေးက သူ့လက်ညိုးတချောင်းကို အရှေ့ဘက်သို့ ဒေါသတကြီးဆန့်ထုတ်လိုက်သည် ။ ယောင်ဖေးနှင့် အနဲငယ်ကွာဝေးသောနေရာမှာရှိနေသည့် တောင်ကုန်းငယ်လေးတခုက ယောင်ဖေးလက်ညိုးကနေ ထွက်လာသောအလင်းတန်းတွေနှင့် ထိကာ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားသည်။

ယောင်ဖေးအနေဖြင့် အခုဆယ်ရက်လုံးလုံး ရှောင်လုံအနောက်သို့ ထပ်ချပ်မကွာ ခြေရာခံပြီးလိုက်ခဲ့သည် ။ သို့ပေမယ့် လမ်းခရီးတလျှောက်မှာ ရှောင်လုံအရိပ်ကိုမြင်ရဖို့ဝေးစွ ရှောင်လုံကျန်ရစ်ခဲ့သော ဆံပင်တချောင်းကိုပင် သူမမြင်ခဲ့ရချေ ...။

သူ့လက်အောက်ငယ်သားတွေရဲ့ အဆက်မပြတ်သတင်းပို့ချက်တွေအရ ရှောင်လုံက ခရီးဆက်နေသည့်နေရာမှာ အရပ်မျက်နှာကိုပြောင်းလဲခြင်းမရှိပဲ တောင်ဘက်အရပ်တခုကိုသာ ဦးတည်၍ ခရီးဆက်နေခြင်းဖြစ်သည်။  သူအနေနဲ့လဲ ဆယ်ရက်စလုံး မရပ်မနားပဲ ရှောင်လုံအနောက်ကိုသာ ထပ်ချပ်မခွာလိုက်ခဲ့ပေမယ့် ရှောင်လုံရဲ့ ခြေရာလေးတခုကိုတောင် မမြင်ခဲ့ရပေ ....။

"....ဟောင်ရှောင်လုံ .... မင်းပဲ ပုန်းနိုင်မလား ငါကပဲရှာနိုင်မလား ....ကြည့်ကြသေးတာပေါ့ကွာ ...."

ယောင်ဖေးဆီကနေ ဒေါသတကြီကြိမ်းဝါးသံထွက်ပေါ်လာပြီးနောက် သူ့ပုံရိပ်က နောက်တကြိမ်ထပ်မံ၍ပျောက်ကွယ်သွားသည် ။ ယောင်ဖေးက ရှောင်လုံသွားလောက်မယ့်နေရာတွေကို မှန်းစ၍ တလကြမ်းလိုက်ပြန်သည် ။

သူ့အနေနဲ့ ရှောင်လုံအခုလိုမျိုးတယောက်တည်း ခရီးထွက်လာမယ့် အချိန်ကို စောင့်မျှော်နေခဲ့တာ အတော်ကြာခဲ့လေပြီ ..။ အခုလိုမျိုးအခွင့်အရေးကို နောက်တကြိမ်ထပ်ရဖို့မလွယ်ကူပေ ....။ ယောင်ဖေးအနေနှင့် ရရှိလာသော အခွင့်အရေူကို မလွတ်တမ်းအသုံးချ၍ ရှောင်လုံကိုအပြတ်ရှင်းချင်နေသည် ။ 

တလခန့်ကြာသောအခါ .....

စပရင်းဖော အင်ပါရာနိုင်ငံနှင့် နီးစပ်သော နယ်စပ်နေရာတခု၌ ရှောင်လုံပုံရိပ်က ရုတ်တရက်ပေါ်လာသည် ။ မှောင်မိုက်နေသော ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ရှောင်လုံက ပတ်ဝန်းကျင်ကိုလဲ တချက်အကဲခတ်လိုက်သည် ။ ထိုနောက် သူ့ရှေ့မှာ ရှိနေသော တောင်ကုန်တခုပေါသို့ ခုန်တက်ကာ သူအနားယူမည့်နေရာကို သေချာဆုံးဖြတ်လိုက်သည်။ ရှောင်လုံက မနက်ဖြန်ကျမှ ခရီးဆက်ရန် ဆုံးဖြတ်လိုက်၏။

အမှန်တော့ ယောင်ဖေးသူနောက်ကနေ တောက်လျှောက်လိုက်နေတာကို ရှောင်လုံသတိမပြုမိတာမျိုးမဟုတ်ချေ...။ ယောင်ဖေးသူ့နောက်ကိုနောက်ယောင်ခံလိုက်နေစဉ်ကာလတလျှောက်လုံးမှာ ရှောင်လုံက ဗုဒ္ဓဆယ်ဆူအစီအရင် ဝင်္ကပါအတွင်း၌ သိုင်လေ့ကျင့်နေခြင်းဖြစ်သည်။ ထိုနောက်ရှီဖန်းထျန်ပေးအပ်ထားသည့်ကောင်းကင် အဆင့် ဝိညာဉ်ကျောက်တုံးမှ စွမ်းအားတွေကိုအသုံးပြုကာ နတ်တောင်ရွှမ်းမီနှင့်အတူ ပျံသန်းခရီးဆက်နေခြင်းပင်ဖြစ်သည်။

ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးတွေက အလွန်ကို တန်ဖိုးထိုက်တန်ပေမယ့် ရှောင်လုံစိတ်ထဲမှာတော့ သူ့ စွမ်းအားတွေကို တိုးတက်လာအောင် လုပ်ပေးနိုင်တာထက် မည့်သည့်အရာကမှ ပို၍ တန်ဖိုးမရှိဟု သတ်မှတ်ထားသည်။

ပို၍မြင့်မားသောစွမ်းအားတွေကိုပိုင်ဆိုင်လာမှသာ သိုင်းဝိညာဉ်ကမ္ဘာကြီးအတွင်းက ထိပ်တန်းနေရာတခုမှာ ရပ်တည်လာနိုင်မှာဖြစ်သည်။ အကယ်၍ ကိုယ်ပိုင်စွမ်းအားသာမရှိခဲ့ဘူးဆိုရင် ဘယ်လောက်ပင် စည်းစိမ်ချမ်းသာတွေ တန်ခိုးအာဏာတွေရှိပါစေ သူတို့က  တံလျှပ်တခုပမာ အလျင်အမြန် ပျောက်ကွယ်သွားနိုင်သည်..။

နောက်ပြီး နတ်တောင်ရွှမ်းမီအတွင်းနေထိုင်၍ သိုင်းလေ့ကျင့်ခြင်းအားဖြင့် ယောင်ဖေး၏ နောက်ယောင်ခံလိုက်မှုကိုလဲ အလိုလို ကာကွယ်ပြီးဖြစ်နေသည် ။ နတ်တောင်ရွှမ်းမီဆီမှာ ကမ္ဘာမြေကြီးနှင့် မသက်ဆိုင်သော သူ့ကိုယ်ပိုင်ကမ္ဘာငယ်လေးတခုရှိသည် ။ ထိုသီးခြားကမ္ဘာငယ်လေးအတွင်းသို့ရောက်သွားမယ်ဆိုရင် အပြင်ဘက်က ခြေရာခံလို့မရတော့ပေ ..။

ယောင်ဖေးကဲ့သို့ ကောင်းကင်အဆင့်၁၀ အထွပ်အထိပ်အဆင့်ကို ရောက်ရှိနေသော သိုင်းသမားတယောက်ကို မဆိုထားနှင့် စဦးအဆင့် စကြာဝဠာသိုင်းပညာရှင်တွေတောင်မှ နတ်တောင်ရွှမ်းမီအတွင်းက သီးခြားကမ္ဘာငယ်လေးကို ထောက်လှမ်းခြေရာခံနိုင်စွမ်းမရှိချေ ...။

တောအုပ်လေးတခုအတွင်းကိုရောက်တော့ ရှောင်လုံကအနားယူဖို့နေရာကို ရွေးချယ်လိုက်၏ ။ ထိုနောက် သူ့အတွင်းအားကိုအသုံးပြု၍ မီးဖိုတခု ပြုလုပ်လိုက်သည်။ ဆောင်းတွင်းကာလကလဲ မကုန်ဆုံးသေးတာပေ ..။ မီးပုံလေးဆီက အနွေးဓတ်တွေက ရှောင်လုံထိုင်နေသည့် နေရာတဝိုက်ဆီသို့ လွှမ်းခြုံနွေးထွေးသွားကာ  အအေးဓတ်တွေကိုလွင့်စင်သွားစေသည်။

"... တကယ်လို့ ငါရဲ့ ကိုယ်ခန္ဓာအသွင်ပြောင်းသိုင်းကျမ်းက အဆင့်ဆယ့်နှစ်ကိုရောက်ပြီဆိုရင် သိုင်းကျမ်းက ပြီးပြည့်စုံသောအဆင့်ကိုရောက်သွားပြီ .... ငါတကယ်ပဲ အစစ်အမှန်မူလစွမ်းအားတွေကို စုစည်းနိုင်ပါ့မလား...."

  တဖျစ်ဖျစ်တောက်လောင်နေသော မီးပုံကြီးကိုကြည့်ကာ ရှောင်လုံစဉ်းစားမိလိုက်သည်။ ထိုနောက် ရှောင်လုံက နတ်လက်စွပ်အတွင်းသိမ်းဆည်းထားသော ပြင်းပြသောအရသာဝိုင်ပုလင်းထုတ်၍ တကျိုက်မော့သောက်လိုက်သည်။

ရက်အနဲငယ်ကြာရင် ရှောင်လုံက ခန္ဓာကိုယ်အသွင်ပြောင်းသိုင်းကျမ်း၏ အဆင့်၁၁ "... တိုက်ခိုက်ခြင်းပုံသဏ္ဍာန်.." ကနေ နောက်တဆင့်သို့ တက်လှမ်းနိုင်တော့မှာဖြစ်သည်။

  ရှောင်လုံကမ္ဘာမြေကြီးပေါက လူသားတယောက်ဖြစ်စဉ်က သူ့ရဲ့ ဘိုးဘေတယောက် ပြောဘူးတာကို ကြားခဲ့ရဘူးသည် ။ ခန္ဓာကိုယ်အသွင်ပြောင်းသိုင်းကျမ်းအား အဆင့် ၁၂ ကျော်လွန်အောင် လေ့ကျင့်ပြီးသည့်နှင့် ထိုသူတယောက်က အသေးစားပြည့်စုံခြင်း အဆင့်သို့ရောက်ရှိသွားလေသည်။  ထိုသူ၏ ဒန်ထျန်အတွင်းမှာ ရှိနေသော အစစ်အမှန်ကိုယ်တွင်းစွမ်းအားတွေကလဲ အစစ်အမှန်မူလစွမ်းအင်တွေအဖြစ်သို့ ဆင့်ကဲ့ပြောင်းလဲသွား၏ ။

  အစစ်အမှန်မူလစွမ်အားတွေက ထိုသူ၏ ကိုယ်ခန္ဓာကိုယ်အား ပြည့်စုံသောပန်းပုရုပ်ထုတခုကဲ့သို့ ပြန်လည်တည်ဆောက်မှာပဲ ဖြစ်သည်။ ထိုနောက် ထာဝရနုပျိုငယ်ရွယ်သော ပုံစံကို တသက်လုံး ထိန်းထားနိုင်တော့မှာ ဖြစ်သည်။ ထိုသူ၏ အသက်ကိုလဲ ပိုမိုရှည်လျားသွားစေသည်။ ရှောင်လုံသာ အဲ့ဒီအဆင့်ကိုရောက်ရှိသွားမယ်ဆိုရင် သူ့၏ ဒန်ထျန်က အတွင်းဗဟိုချက် တခုအဖြစ်ပြောင်းလဲသွားမှာဖြစ်သည်။ 

အတွင်းဗဟိုချက်တခုက ဝိညာဉ်စွမ်းအားတွေကို တချိန်လုံးလိုလိုစုပ်ယူနိုင်စွမ်းရှိသည် ။ ထိုဝိညာသ်ူစွမ်းအားတွေကိုအသုံးပြုကာ သူ့ဘာသာသူ အဆပေါင်းများစွာ ပို၍ ကြီးထွားလာနိုင်စွမ်းလဲရှိသည်။ ဆိုလိုသည်မှာ ရှောင်လုံအနေဖြင့် အိပ်နေမယ်ဆိုရင်တောင် ကိုယ်တွင်းစွမ်းအားတွေကတော့ သူ့ဘာသာသူတချိန်လုံး လေ့ကျင့်နေတော့မှာဖြစ်သည်။ 
ပိုမိုအဓိကကျသောအချက်တခုလဲရှိသေးသည် ။ ရှောင်လုံဒန်ထျန်က အတွင်းဗဟိုချက် အဖြစ်သို့ ပြောင်းလဲသွားပြီဆိုရင် ရှောင်လုံအနေဖြင့် ဓားတချောင်းအပေါ်ကနေ ပျံသန်းနိုင်တော့မှာဖြစ်သည်။

ဓားပျံသန်းခြင်း .....!

ရှောင်လုံခန့်မှန်းချက်အရဆိုရင် ဓားပျံသန်းခြင်းက သူရဲ့အပြာရောင်နဂါးအမြန်နှုန်းထက် ပိုမိုမြန်ဆန်နိုင်သည်။ ရှေးဟောင်း ဒဏ္ဍာရီအဆိုတွေအရ သိုင်းလေ့ကျင့်သူတဦးသည် သူ၏ ဒန်ချန်ကို အတွင်းဗဟိုချက် အဖြစ်သို့ ပြောင်းလဲနိုင်သွားပြီဆိုရင် တရက်ကို မီတာငါးသောင်းနီးပါး သူ့ဓားပေါ်ကနေ ပျံသန်းနိုင်စွမ်းရှိလာသည်။

"... အင်း နတ်အတွင်းအားနည်းစနစ် မှာဆိုရင်လဲ ငါကအဆင့် ၄ရဲ့ အစွန်အဖျားကိုရောက်နေပြီ ..."

ရှောင်လုံက တဦးထဲရေရွတ်လိုက်သည်။

နတ်အတွင်းအားနည်းစနစ်ရဲ့ အဆင့်၄ ကိုရောက်ရှိလာပြီဆိုရင် ရှောင်လုံအနေနှင့် ပုံရိပ်ယောင်တွေ ၊ လေဟာနယ်အတားအဆီးအလွှာတွေနဲ့ တောင်တတောင်ကနေတခြားတောင်တတောင်ကိုတောင် ဖောက်ထွင်းကြည့်ရှုနိုင်သော ငရဲမျက်လုံးအား ဖွင့်လှစ်နိုင်တော့မှာဖြစ်သည်။  နောက်ပြီး ငရဲမျက်လုံးက ထူးခြားသောစိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကိုလဲ လုပ်ဆောင်နိုင်သေးသည် ။

အကယ်၍ ရှောင်လုံသာ ငရဲမျက်လုံးကိုဖွင့်လိုက်နိုင်ပြီဆိုရင်   နောက်ထပ်အရေးကြီးသော ဝှက်ဖဲတခုက သူလက်ထဲကိုရောက်လာတော့မှာဖြစ်သည်။

ပိုပြီးအရေးကြီးတာက ရှောင်လုံကြုံတွေလာနိုင်သည့် ပြသနာတော်တော်များများ လျော့ကျသွားမှာပဲ ဖြစ်သည်။

မနက်မိုးသောက်အချိန်ကိုရောက်တာနဲ့ ရှောင်လုံက သူစခန်းချထားသည့် ခြေရာလက်ရာတွေကို တခုမှမကျန်အောင် ဖျောက်ဖျက်ပစ်လိုက်သည် ။ ထိုနောက် လေထဲသို့ ခုန်ကာ လေဟာနယ်အတွင်းတိုးဝင်ပျောက်ကွယ်သွားသည် ။ သူစီစဉ်ထားသည့်ဘတ်လန်းဒေသသို့ခရီးစဉ်အတိုင်း ဆက်သွားလိုက်သည်။

နောက်ထပ်အချိန်သုံးလက ထပ်မံကုန်ဆုံးသွားပြန်သည် ။

အချိန်သုံးလအကြာမှာတော့ ရှောင်လုံကနှင်းလေတိုင်းပြည်ကြီးကိုကျော်ဖြတ်ကာ ဘတ်လန်းဒေသသို့ ရောက်ရှိသွားပါသည်။

ခပ်သုတ်သုတ်ခရီးဆက်နေသည့် ခရီးစဉ်တလျှောက်လုံးမှာ ရှောင်လုံက မလိုလားအပ်သည့် ပြသနာတွေကိုရှောင်တိမ်းသည့်အနေဖြင့် သူ့အချိန်အများစုကို နတ်တောင်ရွှမ်းမီအတွင်းသိုင်းလေ့ကျင့်ရင်းဖြင့်သာ ပျံသန်း ခရီးဆက်ခဲ့သည်။ တကြိမ် ရှောင်လုံတောနက်တခုအတွင်း စခန်းချနေခိုက် ဓားမြအဖွဲ့လေးတခုနှင့် ရင်ဆိုင်တွေ့ခဲ့သည်။ ဓားမြတွေက ရှောင်လုံကို ခုခံနိုင်စွမ်းမရှိသော ခရီးသွားတယောက်လို့သာထင်မြင်ခဲ့သည်။ ရှောင်လုံကတော့ သူတို့အားလုံးကို အလွယ်တကူပဲ ပညာပေးခဲ့သည် ။

ရှောင်လုံရဲ့ အခုလက်ရှိအစွမ်းနဲ့ဆိုရင် အဆင့်၇ ကောင်းကင်သိုင်းသမားနှစ်ယောက်လောက်ကို ချွေးမထွက်ပဲ အလွယ်တကူ ရင်ဆိုင်နိုင်စွမ်းရှိသည်။

"... ဘတ်လန်း ဒေသ ဆိုတာ ဒါကြီးလား ....?"

ရှောင်လုံ ကသူ့မျက်စိတလုံးမှာရှိနေသည့် ပူပြင်းခြောက်သွေ့နေသော နေရာကျယ်ကြီးကိုကြည့်ကာ ရေရွတ်လိုက်သည်။ တဝီဝီမြည်၍ ပူပြင်းခြောက်သွေ့နေသော လေထုအတွင်းမှာ ဖုန်မှုန့်တွေသဲတွေ လွင့်ပျံလျက်ရှိနေသည်။  ဒီမြေပေါကိုစတင်ခြေချလိုက်မိသည်နှင့် ရှောင်လုံစိတ်ထဲမှာ ပြင်းထန်သောသတ်ဖြတ်ခြင်းစွမ်းအားတွေအပြင် မိစ္ဆာဓတ်စွမ်းအားတွေ ၊ ပြောမပြတတ်လောက်အောင် သွေးဆာမှုတွေ ၊ ရက်စက်ဆိုးသွမ်းမှုတွေနဲ့အတူ ခြောက်သွေ့အထီးကျန်မှုတွေက လေထဲမှာပါဝင်နေတာကို သတိပြုမိလိုက်သည်။

ကှောင်လုံက မမျှော်လင့်ပဲ ရင်ဆိုင်ကြုံတွေ့လာနိုင်ရသော အဖြစ်အပျက်တွေအတွက်
သူ့အတွင်းအား တွေအပြင် သူ့ကိုယ်တွင်းသွမ်းအာတွေကိုပါ အသင့်ပြင်ထားလိုက်သည်။ သူက ခြေလှမ်းမှန်မှန်ဖြင့် ဘတ်လန်းဒေသ၏ မြောက်ဘက်အကျဆုံးနေရာ၌ တည်ဆောက်ထားသော အပြစ်မြို့တော်တည်ရှိရာ မြောက်ဘက်သို့ ဦးတည်၍ သွားလိုက်သည်။

  "... အရှေ့ဘက်မှာ သေဆုံးမှု ရောင်ဝါလက္ခဏာ တွေနဲ့  သွေးညှီနံကိုတွေလဲ ရနေပါလား ....!"

နှစ်နာရီကျော်လောက်ပျံသန်းပြီးနောက် ရှောင်လုံက ရုတ်တရက်ပျံသန်းနေတာကို ရပ်တန့်လိုက်သည်။

သူ့ခေါင်းထဲမှာတော့ အချက်ပေးခေါင်းလောင်းသံတွေ ဆူညံလာပါတော့သည် ။

Continue Reading

You'll Also Like

26.6K 588 42
A student from the Paldea region took an interest in traveling to other regions to learn new things.
175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
17K 743 29
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...
151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...