ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.7K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

206 - 210

247 24 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၀၆ ..... သူတော်စင်ပြခန်း

   ယောင်ဖေးကအတန်ကြာအောင်စဉ်းစားလိုက်ပြီး ရှောင်တန်ကိုသူနားလာဖို့ဘအချက်ပြလိုက်သည်။ ရှောင်တန်သူ့အနားရောက်လာချိန်မှာတော့ တစုံတရာကိုပြောလိုက်သည်။

".... ကောင်းပါပြီသခင်လေး စိတ်ချနေပါ ...."
ရှောင်တန်က ယောင်ဖေး၏ ညွန်ကြားချက်အပေါ်ကို ရိုရိုသေသေပြန်ဖြေလိုက်သည် ။

ယောင်ဖေးဆီကနေ သွားးနိုင်ပြီလို့ အချက်ပြတာကိုမြင်တော့ရှောင်တန်လဲ ဟောခန်းမထဲကနေထွက်ခွာသွားသည်။

သူတို့နဲ့တချိန်ထဲဂိုအိမ်တော်မှာ ထမ်းစင်ဖြင့်ပြန်လည်သ်ာဆောင်လာသောသူ့သားနှစ်ယောက်ကိုကြည့်ရင်း ဂိုရှီဝမ်မျက်နှာထားက မဲမှောင်လျက်ရှိသည်။ ကြောက်စရာကောင်သော လူသတ်ချင်တွေစိတ်တွေက သူ့နှလုံသားထဲကနေ စိမ့်ထွက်လာနေသည်။

"... ဟောင်ရှောင်လုံ ....မင်းတော့လား...!!"
ဂိုရှီဝမ်က အံတင်းတင်းကြိတ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ဂိုအိမ်တော်ကလတွေအကုန်လုံးလဲ ဂိုရှီဝမ်၏ဒေါသတကြီးအော်ဟစ်သံတွေကြောင့် နေရာမရှိကြောင့် ကြောက်လန့်တုန်ယင်နေကြသည်။ ဂိုရှီဝမ်ဆိကနေ အခုလောက်ထိ ပြင်းပြင်းထန်ထန် ဒေါသထွက်နေပုံကို သူတို့ပထမဆုံးတွေ့ကြုံဘူးကြတာပဲ ဖြစ်သည်။

အကုန်လုံးက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဟောခန်းမထဲကိုသူတို့ရောက်နေတာ ဂိုရှီဝမ်မသိအောင် အတတ်နိုင်ဆုံးကိုယ်ကို ကျုံရင်း နေလိုက်ကြသည်။ သူတို့အထဲမှာ ဂိုအိမ်တော်၏ အဓိကအိမ်တော်ထိန်းကြီး ကျင်းယုလဲ တယောက်အပါအဝင်ဖြစ်သည်။

ကျင်းယုရင်ထဲမှာလဲ ထမ်းစင်ပေါ်က သူ့သခင်လေးနှစ်ယောက်ကိုကြည့်ရင်း  လူသတ်ချင်စိတ်တွေ တိတ်တဆိတ်ဖြစ်ပေါ်နေလေသည် ။ ဂိုရှီနှင့် ဂိုဖေးဆိုတာက သူတို့ဂိုအိမ်တော်၏
အရေးပါသောသခင်လေး နှစ်ယောက်မဟုတ်လား....။ အဲ့ဒါကိုသိတာတောင်မှ ငါတို့သခင်လေးနှစ်ျယာက်ရဲ့ ချီပင်လယ်တွေကို ဖျက်ဆီးပစ်ရဲတယ်ပေါ့လေ ...။ အခုလုပ်ရပ်က ဂိုအိမ်တော်၏ မျက်နှာကို အိုးမဲသုတ်လိုက်တာပဲ မဟုတ်ပါလား...။

သေချာတာတော့ သူတို့တွေက ငါတို့ဂိုအိမ်တော်ကိုမျက်လုံးထဲ လုံးဝထဲ့မထားဘူးဆိုတာပဲ ...။

ဟောင်ရှောင်လုံ ...မင်းတော်တော်လေးကိုအတင့်ရဲနေတယ်ပေါ့ ....။

အခုဖြစ်ရပ်က တခြားမိသားကြီးတွေကြားထဲမှာ ဂိုအိမ်တော်ကို အလှောင်ခံအအပြောင်ခံ ဘဝရောက်သွားစေသည့် ဖြစ်ရပ်တခုပဲ ဖြစ်သည်။အဲ့လိုမျိုးသူတို့အိမ်တော်တခုလုံး လူရယ်စရာဘဝကိုရောက်လာမှတော့ အဓိကအိမ်တော်ကြီးတယောက်အနေဖြင့် သူတို့အခုလိုဖြစ်ရသည့်အဓိကတရားခံကိုအမှုန့်မကြိတ်ချင်ပဲ နေပါ့မလား ...။

"... ဂိုဏ်းချုပ်  .... ဒိကိစ္စကိုကျွန်တော်တို့ ဘိုဘေးကို သတင်းပို့လိုက်ရင်ကောင်မလား  ..?"
ကျန်းယုက မေးလိုက်သည်။

ဂိုရှီဝမ်၏ မျက်လုံးတွေက အမုန်းမီးတွေဖြင့် ရဲရဲနီနေကာ
".... အဖေကအခု စကြာဝဠာသိုင်သမားအဆင့်ကြိရောက်ဖို့ တခါးပိတ်သိုင်းလေ့ကျင့်နေတာ အထွတ်အထိပ်အတင့်ကိုရောက်နေပြီ ... ငါတို့အခုအချိန်ကျမှ သူ့ကိုသွားအနှောက်ပေးလို့မရဘူး ... သူစိတ်အခြေအနေ တခုခုမှားယွင်းသွားပြီး သိုင်းလေ့ကျင့်တဲ့နေရာကိုသွားထိခိုက်ပြီဆိုရင် အဲ့ဒီအကျိုးဆက်ကို မင်းရောငါရော ခံနိုင်မှာမဟုတ်ဘူး..."

"... ကောင်းပါပြီ ဂိုဏ်းချုပ် ..."
ကျန်းယုက ပြန်ဖြေလိုက်၏ ။ အဲ့နောက် သူကပြောဖို့ခနလောက်တွန့်ဆုတ်နေပြီမှ ပြောလိုက်သည်
"....ဟောင်ရှောင်လုံရဲ့ ညီမဟေင်မင်းက ကျွန်တော်တို့ဂိုအိမ်တော်ရဲ့ သခင်လေး ဂိုထန်နဲ့ စေ့စပ်ထားကြတယ်မဟုတ်လာဂိုဏ်းချုပ် ....ကျွန်တော်တို့ဒိကိစ္စကို ....?"

"... စေ့စပ်ထားတယ် ဟုတ်လား...?"
ဂိုရှီဝမ်မျက်နှာထားကတင်းမာသွားပြီး
ငါ့ညီ ဂိုရှီယွမ်ဆီကို လျှို့ဝှက်စာတစောင်ပို့လိုက်လိုက် ... သူ့ကိုပြောလိုက် အဲ့ကောင်လေးဂိုထန်နဲ့ ဟောင်မိသားစုကြားက မင်္ဂလာကိစ္စတွေကို ခြွင်းချက်မရှိ ပယ်ဖျက်ပစ်လိုက်လို့..."

"... ဟောင်ရှောင်လုံရဲ့ ညီမလေး ဟူတ်လား... ဒီလိုအတင့်အတန်းမရှိတဲ့ဟာတွေက ငါတို့ရဲ့ မိသားစုထဲကိုဝင်လာချင်တယ်ပေါ့လေ ..."

ကျန်းယုက ဂိုရှီဝမ်းအမိန့်အတိုင်း ဂိုရှီယွမ်ဆီကိုပို့ဖို့အတွက် လျှို့ဝှက်စာတစောင်ကိုအလျင်အမြန်စီစဉ်လိုက်သည်။ ထိုနောက်သူကထပ်ပြီးမေးလိုက်သည်
"... ဒါဆိုကျွန်တော်တို့ဟောင်ရှောင်လုံကိုရော ...?"

".... အဖေက ဒိတခေါက်တံခါးပိတ်သိုင်းလေ့ကျင့်ပြီးတာနဲ့ စကြာဝဠာသိုင်သမားအဆင့်ကိုရောက်ရှိသွားဖို့က သေချာသလောက်ရှိတယ် ..."
ဂိုရှီဝမ်က အေးစက်စက်ပြန်ဖြေရင်း
".... အဖေသိုင်းလေ့ကျင့်ရာကနေ ထွက်လာမှ ငါ့တို့ဟောင်ရှောင်လုံနဲ့ ကျောင်းရှုဆိုတဲ့အကောင်ကိုအပြတ်ရှင်းကြတာပေါ့ ...."

"... ဂိုဏ်းချုပ်ကတကယ့်ကို အမျှော်အမြင်ရှိလှပါတယ်..."

အချိန်သုံးရက်ကမသိလိုက်မသိဘာသာဖြင့် ကုန်ဆုံးသွား၏။ ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်းမှာရှိသော တခြားထိပ်တန်းအင်အားကြီးမိသားစုတွေက သူ့တို့ပွဲကြီးပွဲကောင်း တပွဲတော့ကြည့်ရပြီဆိုပီး ဂိုအိမ်တော်က ဟောင်ရှောင်လုံကို ဘယ်လိုမျိုး ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မလဲဆိုတာကို စောင့်ကြည့်လို့နေသည်။ ဒါပေမယ့် အံသြစရာတခုက ဂိုမိသားစုကညရှောင်လုံအပေါ်ကို ဘာတုန့်ပြန်မှုမှမရှိပေ ...။

အရာရာအားလုံးက ဘာမှမဖြစ်ခဲ့သလိုမျိုးတိတ်ဆိတ်ငြိမ်သက်နေသည် ။ ဂိုမိသားစုရဲ့ ငြိမ်သက်နေမှုကိုကြည့်ရင်း ပွကြီးပွဲကောင်းစောင့်နေကြသူတွေအကုန်လုံး စိတ်ပျက်ကုန်ကြသည်။

ဂိုမိသားစုရဲ့အဓိကစီးပွားရေးဖြစ်သော ရတနာတသိန်းလေလံတင်အိမ်က ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်းမှာရှိသော ကုန်သွယ်စီးပွားရေးလုပ်ငန်းတွေထဲမှာ အကြီးဆုံးလုပ်ငန်းတခုလို့ဆိုနိုင်သည်။ သူရဲ့ဆိုင်ခွဲတွေကဒေါင်ရမ်းအင်ပါတခုလုံးကိုဖြန့်ကျက်အုပ်စ်ိုးထားသည် ။

ရတနာတသိန်းကုန်သွယ်စီးပွားရေလုပ်ငန်းစုကိုစတင်တည်ထောင်လာတာ အခုဆိုရင် နှစ်ပေါင်တထောင်နီးပါးလောက်ရှိတော့မည်။ သူ၏တနှစ်တာဝင်ငွေက ကြောက်စရာကောင်းအောင်များပြားလွန်းသည်။ ဂိုမိသားစုဆိုတာကလဲ ဒေါင်ရမ်းအင်ပါရာနိုင်ငံကြီးတခုလုံးမှာတောင် ရှဲမိသားစုနှင့် ယောင်မိသာစုတို့အောက်အနဲငယ်လောက်ပဲ နိမ့်ကျသော ထိပ်တန်းမိသားစုကြိးတခုဖြစ်သည်။

အဲ့လိုမျိုးထိပ်တန်းမိသားစုကြီးတခုက အရေးပါသော သခင်လေးနှစ်ယောက်ရဲ့ သိုင်းပညာတွကိုလုံးဝသုံးစားလို့မရတော့သည်အထိဖျက်ဆီးပြစ်ခံလိုက်ရတာတောင်မှ သူတို့ကတကယ်ပဲသည်းခံနေနိုင်တာလား....?

ဒီလိုပုံစံက အရင်တုံးက ဂိုမိသားစု၏ ပြသနာတွေကိုကိုင်တွယ်ဖြေရှင်းပုံနှင့် လုံးဝကိုကွဲပြားနေသည်။ ဟောင်ရှောင်လုံက ဒုတိယမင်းသားလေး ဒေါင်ဝူဟန်နှင့် ညီအကိုဆက်ဆံရေး ရှိတယ်ဆိုတာတောင် ဂိုမိသားစုအခုလိုမျိုးငြိမ်သက်နေတာက တကယ်ကိုအဓိပ္ပါယ်ကင်းမဲ့လှပါသည်။ သူတို့အိမ်တော်ကြီးက အခုလိုမျိုးအစော်ကားခံလိုက်ရတာတောင် ဆူညံပွက်လောရိုက်နေရမယ့်အစား သူတို့အိမ်ထဲကနေ အီးပေါက်သံတခုတောင်မကြားရပေ ...။

ဂိုမိသားစုရဲ့ တုန်ပြန်မှုက လုံးဝကိုမှုမမှန်ပေ ...။

သူ့ဘေးနားကလူတွေ၏ တွတ်တိုးအတင်းပြောနေမှုတွေကို
လျစ်လျူရှုရင်း ရှောင်လုံက သိပ်မကြာခင်မှာပဲ ဒေါင်ရမ်းတကထကသိုလ်နယ်မြေသို့ရောက်ရှိလာသည်။ ထိုနောက် နာရီလက်တန်လည်ပတ်သည့်ပုံအတိုင်း ဒေါင်ရမ်းတက္ကသိုလ်အတွင်းစည်းနယ်မြေအတွင်းသို့ စတင်လှည့်ပတ်တော့သည်။ ဒီနေ့တနေ့လုံး ရှောင်လုံက ဒေါင်ရမ်းတက္ကသိုလ်၏အတွင်းစည်းနေရာတော်တော်များများကိုရောက်ရှိခဲ့ပေမယ့် ပကတိစိတ်ဝိညဉ်ပုလဲလုံးရဲ့ တည်နေရာကိုတော့ အာရုံမခံနိုင်ခဲ့ပေ ..။

ကောင်းကင်ကြီးတခုလုံးမှောင်ရိပ်သန်းလာတာကိုမြင်တော့ ရှောင်လုံလဲ တောင်ဘက်နေဝင်ချိန်အိမ်တော်သို့ပြန်လာလိုက်သည်။ သူ့အခန်းထဲကိုရောက်ရှိပြီးနှင့် ရှောင်လုံက သူ့၏ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ကို စတင်ကာ ရှေးဟောင်းတိုက်ပွဲနယ်မြေအတွင်းသို့ သိုင်းလေ့ကျင့်ရန် ထပ်မံဝင်ရောက်လိုက်သည်။

သုံးရက်တိုင်တိုင်ဒေါင်ရမ်းတက္ကသိုလ်အတွင်းစည်းနေရာအနှံကိုလည်ပတ်အာရုံခံခဲ့ပေမယ့် ပကတိစိတ်ဝိညဉ်ပုလဲလုံး တည်နေရာကိုတော့ ရှောင်လုံအနေနှင့် ဘယ်လိုမှအာရုံမခံနိုင်ခဲ့ပေ ..။

နောက်ထပ်အချိန်ဆယ်ရက်သည်လဲ အခုလိုမျို တူညီသောပုံစံဖြင့်ထပ်မံကုန်လွန်သွားပြန်သည်။ အဲ့ဒိနေ့ညမှာတော့ ရှောင်လုံက သူ့ခြံဝန်းအလည်မှာတင်ပျင်ခွေထိုင်နေလျက်ရှိသည်။

ရှောင်လုံကမျက်မှောင်ကြုတ်၍ တစုံတရာကိုအတွေးနက်နေပုံရသည် ။
အချိန်လဝက်ကုန်သွားခဲ့ချေပြီ ..။ ဒီအချိန်ဆယ့်ငါးရက်စလုံး သူ့အနေဖြင့် ဒေါင်ရမ်းတက္ကသိုလ်၏ နေရာအနှံသို့ တလက်မမကျန် ရောက်ရှိပြီးနေပြီပဲ ဖြစ်သည်။ နောက်ဆုံးဒေါင်ရမ်းတက္ကသိုလ်အတွင်းစည်းတပည်မတွေ၏ အိပ်ဆောင်ကိုတောင်မှ သူရောက်ရှိခဲ့သည်။

ဒါပေမယ့် ပကတိစိတ်ဝိညဉ်ပုလဲလုံးက ဒေါင်ရမ်းတက္ကသိုလ်နယ်မြေအတွင်းမှာမရှိသကဲ့သို့ သူ၏တည်နေရာကို ဘယ်လိုမှအာရုံခံလို့မရပဲပေ ..။ ရှောင်လုံ ကိုယ်ထဲက လင်းလောင်းရတနာစေတီနှင့် နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်တွေက သူတို့ထက်အဆင့်မြင့်သော ရတနာတခုလို အာရုံခံမိတယ်ဆိုရင် ရှောင်လုံ၏ ကိုယ်တွင်းမှာ အခုလိုမျိုး ငြိမ်သက်စွာ
ဖြင့်နေနိုင်မှာ မဟုတ်ပေ ။

".... ပကတိစိတ်ဝိညဉ်ပုလဲလုံးက ဒေါင်ရမ်းတက္ကသိုလ်နယ်မြေအတွင်းမှာ မရှိတာများလား...?"
ရှောင်လုံက ဖြန့်ကျက်တွေးလိုက်သည်။

ထိုနောက် အတွေးတခုကလျှပ်စီးလျက်သကဲ့သို့ သူ့ခေါင်းထဲကိုရောက်ရှိလာသည်။ အခုဆိုရင် ဒေါင်ရမ်းတက္ကသိုလ် မးနယ်မြေတခုလုံးမှာ သူမရောက်ရှိသေးသည့်နေရာဆိုလို့ တနေရာသာကျန်ရှိတော့သည် ။ အဲ့ဒါကတော့

"... စကြာဝဠာ ပြခန်း ..."

စကြာဝဠာပြခန်းဆိုတာက ဒေါင်ရမ်းတက္ကသိုလ်၏ တားမြစ်နယ်မြေတခုဖြစ်သည်။ စကြာဝဠာပြခန်းထဲက ကြားကွက်လပ်အလွှာတွေကို ဒေါင်ရမ်းတက္ကသိုလ်၏ စကြာဝဠာအဆင့်သိုင်းပညာရှင်တွေက ဖွင့်လှစ်ပေးထားတာဖြစ်သည်။

စကြာဝဠာပြခန်းသည် ရှောင်လုံဆီမှာ ဘုရင့်ရွှေတံဆိပ်တော်ရှိနေရုံနှင့် အလွယ်တကူဝင်ရောက်နိုင်မည့်နေရာတခုမဟုတ်ပေ ..။ သူကတနှစ်လုံးမှာမှ တကြိမ်သာဖွင့်လှစ်သည်။
စကြာဝဠာပြခန်းကိုဖွင့်လှစ်ဖို့ရာအတွက် စကြာဝဠာအဆင့်သိုင်းပညာရှင်တွေက သူတို့အတွင်းအားတွေကို အတူတူပေါင်းစည်းကြရသည်။

စကြာဝဠာပြခန်းအတွင်းမှာရှိနေသည့်  စကြာဝဠာဝိညဉ်စွမ်းအင်တွေက အတွင်းအားလေ့ကျင့်ခန်းအတွက် အရမ်းကိုအကျိုးရှိသောစွမ်းအင်တမျိုးဖြစ်သည်။ စကြာဝဠာပြခန်းကိုတကြိမ်ဖွင့်လှစ်တိုင်းမှာ ဒေါင်ရမ်းတက္ကသိုလ်က ကျောင်းသားဆယ်ယောက်ကိုသာရွှေးချယ်၍ ပြခန်းအတွင်းမှာ သိုင်းလေ့ကျင့်ရန်အတွက် စေလွှတ်လေ့ရှိသည်။

"... စကြာဝဠာပြခန်း ..."
ရှောင်လုံနှုတ်ဖျားကနေ ခပ်တိုးတိုးရေရွတ်သံထွက်ပေါ်လာသည်။ ခနကြာတော့ ရှောင်လုံက ကျောင်းရှုကလာဖို့ ဆင့်ခေါ်လိုက်သည် ။ ထိုနောက် ရှောင်လုံက နောက်တကြိမ်စကြာဝဠာပြခန်းကိုဖွင့်လှစ်သည့်အခါ သူဝင်ရောက်ချင်တယ်ဆိုသည့်အကြောင်းကို  ကျောင်းရှု အားပြောလိုက်ပြီး  ဒေါင်ရမ်ဆီသို့ ပြောပေးဖို့ နန်းတွင်းကို စေလွှတ်လိုက်သည်။

ဒေါင်ရမ်းတက္ကသိုလ်အား စတင်တည်ထောင်သူတယောက်အနေဖြင့် ဒေါင်ရမ်းဘုရင်မင်းမြတ်ကနှစ်စဉ် စကြာဝဠာပြခမ်းအတွင်းဝင်ရောက်ဖို့အတွက် ကျောင်းသားသုံးယောက်ကို ရွေးချယ်ခွင့်ရှိလေသည် ။ ကျန်ရှိသောနေရာ ၇ ခုကိုတော့ ဒေါင်ရမ်းအင်ပါရာနိုင်ငံ၏ ထိပ်တန်းမိသားစုဖြစ်သော ရှဲ ၊ ယောင် ၊ ဂို ၊ ရန် ၊ ကျောက် ၊ ချန် ၊ ဟုန် မိသားစုကြီး ၇ခုက တနေရာစီခွဲဝေယူ ကြသည်။

မနက်သောစောအချိန်မှာပဲ ကျောင်းရှုက ဒေါင်ရမ်းနန်းတွင်းဆီကနေ ပြန်လည်ရောက်ရှိလာပြီး ရှောင်လုံတောင်းဆိုထားသည့်စကြာဝဠာပြခန်းထဲ့သို့ဝင်ရောက်ချင်သည့်ကိစ္စအပေါ် ဒေါင်ရမ်ကသဘောတူလိုက်ကြောင်း  သတင်းပို့လိုက်သည်။
ထိုနောက် ပြခန်းအတွင်းဝင်ရောက်သည့်အခါမှ ရှောင်လုံအနေနှင့် အထူးဂရုစိုက်ရမည့် ကိစ္စတွေကိုပါ တဆက်တည်းရှင်းပြလိုက်သည်။

"... နှစ်လာကြာရင် ...ဟူတ်လား ...?"
ရှောင်လုံကရေရွတ်လိုက်သည်။

နောက်နှစ်လဆိုရင်ဒေါင်ရမ်းတက္ကသိုလ်၏ စကြာဝဠာပြခန်းကိုနောက်တကြိမ်ဖွင့်လှစ်ဖို့ အချိန်ကိုရောက်ရှိလာပြီပဲ ဖြစ်သည်။ ဒါကြောင့်မို့ စကြာဝဠာပြခန်းအတွင်းသို့ ရှောင်လုံဝင်ရောက်ချင်ရင် အချိန်နှစ်လကိုစောင့်ဆိုင်းရုံကလွဲပြီး တခြားရွေးချယ်စရာနည်းလမ်းမရှိပေ ...။ စကြာဝဠာပြခန်းကိုဖွင့်လှစ်ဖို့ရန်အတွက် ဒေါင်ရမ်ကိုယ်တိုင်တောင်မှ ကိုယ်သဘောနှင့်ကိုယ်ဆောင်ရွက်လို့ မရချေ ..။

ဒါကြောင်မို့ရှောင်လုံလဲ မကြာခင်မှာရောက်ရှိလာမည့် အချိန်နှစ်လကို သိုင်းလေ့ကျင့်ခန်ူတွေ ကြိုးကြိုးစားစားလေ့ကျင့်ခြင့်အားဖြင့် စောင့်ဆိုင်းနေလိုက်သည်။

တနေ့ရှောင်လုံက သူ့ခြံဝန်းအတွင်း နတ်ဓားသိုင်းကွက်တွေကိုလေ့ကျင့်နေစဉ် ဖေးဟိုကရုတ်တရက်ရောက်ရှိလာပြီးညသတင်းပို့လိုက်သည်
"... ဂိုဏ်းချုပ် ....ဂိုရှီရန်က ဂိုထန်နှင့် သခင်မလေးဟောင်မင်းတို့ရဲ့ မင်္ဂလာကိစ္စရပ်တွေကိုဖျက်သိမ်းပြစ်လိုက်တယ်ဆိုတဲ့ကောလဟလတွေက နေပြည်တော်တခုလုံးမှာ ပြန့်နှံနေပါတယ် ...."

ဖေးဟိုသတင်းပို့ချက်ကိုကြားတော့ ရှောင်လုံကသိုင်းလေ့ကျင့်နေရာကနေ ရပ်တန့်လိုက်သည်။ သူမျက်လုံးထဲကနေ အေးစက်စက်အလင်းတန်းတွေထွက်ပေါ်လာပြီး
"... ဒီကိစ္စကို ဂိုရှီရန်ကိုယ်တိုင် ကြော်ငြာလိုက်တာလား...?"

"... အဲ့လိုဆိုပြီးကောလဟာလတွေထွက်ပေါ်နေတာပါ ဂိုဏ်းချုပ် ..."
ဖေးဟိုက အလျင်အမြန်ပြန်ဖြေပြီး ရှောင်လုံရှေ့ကနေ ပြန်လည်ထွက်ခွာသွားသည်။

ဖေးဟိုထွက်သွားပြီးနောက် ရှောင်လုံကသူ့လက်အတွင်းမှာရှိနေသော နတ်ဓားနှစ်လက်ကို ရုတ်တရက်လွှဲယမ်းလိုက်သည် ။ရှောင်လုံဓားချက်အဆုံးမှာ လှပငြို့ငင်နိုင်စွမ်းရှိသည့် ပန်းပွင့်နှစ်ခုက လေထဲမှာရုတ်တရက်ပေါ်ပေါက်လာသည်။ ထိုနောက် ချက်ချင်းဆိုသလိုပဲ မြင်ကွင်းကနေ ပျောက်ကွယ်သွားသည်။ပန်းနှစ်ပွင့် ပျောက်ကွယ်သွားပြီး မျက်စိတမှိတ်လောက်အကြာမှာပဲ ရှောင်လုံနှင့်မလှမ်းမကမ်းမှာ တည်ရှိနေသော ဧရာမကျောက်တုံးကြီးတခုလုံးက အမှုန့်အဖြစ်သို့ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည် ။

ဒီရက်ပိုင်းတွေအတွင်းမှာ ရှောင်လုံက သူ၏ ထိုက်ကျလက်ဝါးသိုင်းစွမ်းရည်ကို တခြားတဖက်ကမ်းကပန်းပွင့် သိုင်ူကွက်အတွင်းရောစပ်ဖို့ ကြိုးစားလေ့ကျင့်ခဲသည်။ အခုဆိုရင် ရှောင်လုံ၏ တခြားတဖက်ကမ်းကပန်းပွင့်သိုင်းကွက်က အရင်ကထက် ပိုမိုစွမ်းအားပြင်ထန်လာသလို ဘယ်လိုခုခံရမယ်ဆိုတာကလဲ ပိုမို့ခန့်မှန်းရခက်ခဲလာပြီး ခုခံလို့မလွယ်ကူသောသိုင်းကွက်တခုဖြစ်လာသည်။

ရှောင်လုံက သူ၏အခုလက်ရှိစွမ်းအားတွေနှင့်ဆိုရင် အလယ်အဆင့်၂ ကောင်းကင်သိုင်းသမားတယောက်ကိုတောင် တချက်ထဲနှင့် သတ်ဖြတ်နိုင်သည်ဟု သူ့ကိုယ်သူယုံကြည်ချက်အပြည့်ရှိနေသည်။

ရှောင်လုံကသူ့ခြံဝန်းအတွင်းသိုင်းလေ့ကျင့်နေရင်း ငရဲမုန်တိုင်းသိုင်းကွက် ၊ နတ်မျက်ရည်သိုင်းကွက် ၊ ငရဲမင်း၏ဒေါသသိုင်းကွက် ၊ မိုးကြိုးပင်လယ်သိုင်းကွက်နှင့် တခြားတဖက်ကမ်းကပန်းပွင့်သိုင်းကွက်တွေကို ထပ်ခါထပ်ခါပြန်လေ့ကျင့်နေသည်။

နာရီပေါင်းအတော်ကြာအောင်လေ့ကျင့်ပြီးမှ ရှောင်လုံကသူသိုင်းလေ့ကျင့်မှုကိုရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ထဲမှာရှိနေသော လေအညစ်အကြေးတွေကိုမှုတ်ထုတ်လိုက်သည်။ ထိုနောက်သူ့စိတ်ထဲမှာသေချာစဉ်းစားလိုက်သည်။ အခုဆိုရင်ရှောင်လုံကနတ်ဓားသိုင်းကျမ်း၏  သိုင်းကွက်

စတင်လေ့ကျင့်ဖို့ စွမ်းရည်လုံလောက်စွာရှိနေခဲ့လေပြီ ..။

သူရဲ့ ပဉ္စစမြောက်သိုင်းကွက်ဖြစ်သော တခြားတဖက်ကမ်းကပန်းပွင့်သိုင်းကွက်သည် အခုဆိုရင် အထွပ်အထိပ်အဆင့်သို့ရောက်နေခဲ့ပြီပဲ ဖြစ်သည်။

ရှောင်လုံအတွေးတွေထဲမှာ ပျော်ဝင်နေချိန် အပြင်ဘက်ကကောလဟာလတွေကိုသွားရောက်စုံစမ်းနေသည့် ဖေးဟိုကပြန်ရောက်ရှိလာပြီး ရှောင်လုံထံသတင်းပို့လိုက်သည်
"... ဂိုဏ်းချုပ် ...ကျွန်တော်မျိုးသေသေချာချာစုံစမ်းခဲ့ပြီးပါပြီ... ကျွန်တော်မျိုးစုံစမ်းရရှိခဲ့တဲ့ သတင်းအချက်အလက်တွေအရ ဒီမင်္ဂလာပွဲကို ဂိုရှီရန်ကိုယ်တိုင်ဖျက်သိမ်းခဲ့တာလို့ကြားပါတယ် ... ဂိုတန်ကတော့ သူ့အဖေဖျက်သိမ်းတာကိုသဘောမတူဘူးလို့လဲ သိရပါတယ် ..."

အဲ့ဒီစကားကိုကြားတော့မှ ရှောင်လုံမျက်နှာထားက မဆိုသလောက်လေး ပျော့ပျောင်းသွားလေသည်။

"... ပထမဆုံး ဒိကိစ္စကို ညီမလေးဟောင်မင်းမသိစေနဲ့အုံး..."
ရှောင်လုံကလေးနက်သောအသံဖြင့် သတိပေးလိုက်သည်။

"... ကောင်းပါပြီဂိုဏ်းချုပ် ..."ဖေးဟိုကပြောလိုက်သည်။

"... မင်းလုပ်စရာရှိတာတွေသွားလုပ်လိုက်အုံး ..."
ရှောင်လုံက အမိန့်ပေးလိုက်သည်။

ဖေးဟိုလဲရှောင်လုံအမိန့်ကိုနာခံရင်းခြံဝန်းထဲကနေထွက်ခွာသွားတော့သည်။

"... နောက်ထပ်ခုနှစ်လလောက်ဆိုရင် အဖေ ၊ အဖေ ၊ ဟောင်မင်းနဲ့ ရှောင်ဟိုင်တို့ ဒေါင်ရမ်းနေပြည်တော်ကိုရောက်လာတော့မှာပဲ ..."
ရှောင်လုံကမျက်မှောင်ကြုတ်ရင်းစဉ်းစားလိုက်သည်။
အခုမင်္ဂလာပွဲဖျက်သိမ်းလိုက်သည့်ကိစ္စကို သူလဲအကြာကြီးထိန်းချုပ်ထားနိုင်မှာမဟုတ်ပေ ..။ အနှေးနှင်အမြန်ဆိုသလိုဒီကိစ္စကို ဟောင်မင်းသိရှိသွားမှာပဲမဟုတ်လား...။

#
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၀၇ .... ပြန်လည်မွေးဖွားခြင်းမျက်လုံး

    ".... ဂိုအိမ်က အဖိုးကြီး ဂိုချန်က စကြာဝဠာသိုင်းသမားအဆင့်ကိုရောက်ဖို့ တခါးပိတ်သိုင်းလေ့ကျင့်နေတယ်ပေါ့လေ..."
ရှောင်လုံရင်ထဲမှာ ကျိတ်ရယ်လိုက်သည်။ ဂိုအိမ်တော်ဘက်က သူတို့ဒီလောက်ထိအစော်ကားခံထားရတာတောင် ဘာကြောင့်မတုန့်ပြန်သေးလဲဆိုသော အဖြေအားရှောင်လုံကသိရှိပြီးဖြစ်သည်။

သူတို့ချက်ချင်းမတုန့်ပြန်ပေးတာက သူတို့အခွင့်အခါကောင်းလို့စောင့်ဆိုင်းနေလို့ပဲ ဖြစ်သည်။ သူတို့ရဲ့ ဘိုးဘေး ဂိုချန် ကတံခါးပိတ်သိုင်းလေ့ကျင့်နေရာကနေ စကြာဝဠာသိုင်သမားအဖြစ်သို့အောင်မြင်စွာရောက်ရှိသွားပြီးမှ သူ့ကိုရင်ဆိုင်ဖို့ ဂိုရှီဝမ်ကဆုံးဖြတ်ထားတယ်ဆိုတာကို ရှောင်လုံကနားလည်လိုက်သည် ။

အဲ့လိုဆိုမှတော့ သူတို့နဲ့ အပြင်းပြေကစားပွဲလေးတခုလောက်ကစားရသေးတာပေါ့ ...!
ရှောင်လုံကစဉ်းစားရင်းသူ့နှုတ်ခမ်းထက်မှာ လှောင်ပြုံးတခုဖြစ်ပေါ်လာလေသည်။

အဲ့ဒိလိုနဲ့ အချိန်တလကထပ်မံကုန်လွန်သွားပြန်သည်။

နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်အတွင်းက ရှေးဟောင်တိုက်ပွဲနယ်မြေအတွင်းရှောင်လုံတယောက် တင်ပျင်ခွေထိုင်ရင်း
သူ့ရဲ့နတ်အတွင်းအားနည်စနစ် အပြင် ကိုယ်ခန္ဓာအသွင်ပြောင်းသိုင်းကျမ်းကိုပါတပြိုင်နက်ထဲ လေ့ကျင့်နေသည်။

ကောင်းကင်နှင့်မြေကြီးကြားက ဝိညဉ်စွမ်းအင်တွေသာမက ငရဲကဝိညဉ်စွမ်အင်တွေကပါ ရှောင်လုံထံသို့ တပြိုင်နက်ထဲရောက်ရှိလာနေသည်။

ရှောင်လုံကိုယ်တွင်းက နဂါးနက်ကြီးနှင့် နဂါးအပြာရောင်ကြီးတို့ကလဲ သူ့ခေါင်းထက်မှာဝဲပျံနေရင်း ရှေးဟောင်းနဂါးကမ္ဘာကနေ စိမ့်ထွက်လာနေသော နဂါးချီစွမ်အင်တွေကို အငမ်းမရဝါးမြိုနေသည်။

ရဲရဲနီနေသည့် အနီရောင်နဂါးချီစွမ်အင်အမျှင်တန်းတွေက အမွှာနဂါးနှစ်ကောင်၏ ကိုယ်ခန္ဓာအတွင်းသို့ဖြတ်သန်းပြီးနောက် ရှောင်လုံဆီကိုပါရောက်ရှိလာနေသည်။

ရှောင်လုံက ထူးခြားသည့် အသက်ရှုနည်းအတိုင်းတသမတ်တည်း အသက်ရှုနေပြီး သူ့ကိုယ်တွင်းကနေ ဝင်းလဲ့တောက်ပနေသော အပြာရောင်နှင့် အနက်ရောင်အလင်းတန်းတွေ
တဖျတ်ဖျတ်ထွက်ပေါ်နေသည် ။

ဒီနှစ်လသိုင်းလေ့ကျင့်မှုအတော့အတွင်း ရှောင်လုံကိုယ်တွင်းမှာရှိနေသည့် နဂါးချီစွမ်းအားတွေက သူ့စပြီးလေ့ကျင့်စဉ်ကထက် ဆယ်ဆလောက်ပိုမိုများပြားလာခဲ့လေပြီ ..။ နဂါးချီစွမ်စအားတွေက ရှောင်လုံကိုယ်တွင်းက သွေးကြောတွေနှင့် ချီပင်လယ်အတွင်းရှိနှင့်နေပြီးဖြစ်သော ငရဲဝိညဉ်အတွင်းအားတွေနဲ့ စွမ်းအားမတူညီမှုတခုခုနှင့်တခု တွန်းကန်ရန်စောင်နေခြင်းမရှိပဲ သမမျှတစွာရှိနေသည်။

အခုဆိုရင် ရှောင်လုံ၏ ချီပင်လယ်အပေါ်ဘက်မှာ မူလနဂါးချီစွမ်းအင်တွေက လျင်မြန်စွာစုစည်းနေကြပြီး တဖြည်းဖြည်းနှင့် စုစည်းနေသော မူလနဂါးချီတွေကနေ မီလိုမျိုးရဲရဲနီနေသည့် ကမ္ဘာဦးနတ်နဂါးတကောင်အသွင်ဖြစ်ပေါ်လာနေသည်။

ငရဲဝိညဉ်စွမ်းအင်တွေကတော့ ငရဲက နတ်ဆိုးအထွတ်အထိပ်တကောင်ပုံစံပြောင်းလဲလာသည်။ အချိန်တွေကုန်လွန်သွားသည်နှင့်အမျှ ရှောင်လုံကိုယ်တွင်းမှာ ဝိုးတဝါးရှိနေသည့်ပုံရိပ်နှစ်ခုက တဖြည်းဖြည်းနှင့် ပိုမိုထင်ရှားလာကြသည်။

သူချီပင်လယ်အတွင်း ပြောင်းလဲမှုတွေကိုအာရုံခံမိပြီး ရှောင်လုံစိတ်ထဲမှာ အရမ်းကိုထူးဆန်းအံသြသွား၏ ။ ကျောင်းရှု၏ ရှင်းပြချက်တွေအရဆိုရင် ကောင်းကင်အဆင့်၁၀ အထွတ်အထိပ်ကိုရောက်နေပြီး သိပ်မကြာခင်အချိန်အတွင်းမှာ စကြဝဠာသိုင်းသမားအတင့်သို့ရောက်ရှိတော့မယ့်သူတွေရဲ့ ကိုယ်တွင်းမှာသာ သူတို့ရဲ့အတွင်းအားချီတွေက အခုလိုမျိုးပုံသဏ္ဍာန်တွေပြောင်းလဲလာတတ်တာပဲ ဖြစ်သည်။

ဒါပေမယ့် ရှောင်လုံအတွင်းအားချီတွေကလဲ အခုဆိုရင်း ပုံသဏ္ဍာန်တွေအဖြစ်သို့ တဖြည်းဖြည်းစတင်ပြောင်းလဲနေပြီမဟုတ်လား....။

သူသာစကြာဝဠာသိုင်းသမားအဆင့်ကိုကျော်ဖြတ်ရောက်ရှိတော့မည့်အချိန်ဆိုရင် ရှောင်လုံကိုယ်တွင်းမှာဖြစ်ပေါ်နေသည့် ပုံသဏ္ဍာန်တွေက အရိပ်အယောင်မဟုတ်တော့ပဲ ဆင့်ကဲပြောက်းလဲမှုတွေဖြစ်ပေါ်လာပြီး တကယ့်အစစ်အမှန်အစိုင်အခဲဘဝသို့ပြောင်းလဲလာတော့မှာပဲ ဖြစ်သည်။

သူ့ချီပင်လယ်အတွင်းက ပြောင်းလဲမှုတွေကို ခံစားမိပြီး ရှောင်လုံမျက်နှာက အရမ်းကိုကျေနပ်ပျော်ရွှင်နေသည်။ သူ့အတွင်းအားတွေကပုံသဏ္ဍာန်တွေအဖြစ်သို့ပြောင်းလဲလာပြ်ိးနောက်မှာ ရှောင်လုံရဲ့ မူလနဂါးချီစွမ်အင်တွေကို စုပ်ယူနိုင်စွမ်း
အပြင် ငရဲကဝိညဉ်စွမ်းအင်တွေကိုစုပ်ယူစွမ်းကပါ သိသိသာသာကို ပိုမိုလျင်မြန်လာသည်။

ဆယ်ရက်ကထပ်မံကုန်လွန်သွားပါသည် ။ ရှောင်လုံက သူ့အချိန်တွေအကုန်လုံးက ရှေးဟောင်းတိုက်ပွဲနယ်မြေအတွင်းသိုင်းလေ့ကျင့်နေရင်းနှင့်သာကုန်လွန်လိုက်ပါသည်။

အခုဆိုရင် ရှောင်လုံက နတ်အတွင်းအားနည်းစနစ်ရယ် ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းရယ်ကို တပြိုင်နက်ထဲအလွယ်တကူ လေ့ကျင့်နေနိုင်ပြီပဲ ဖြစ်သည်။

သူဒီလပိုင်းတွေအတွင်းလေ့ကျင့်မှုကြောင့်တိုးတက်လာမှုတွေအရ ရှောင်လုံ၏အတွင်းအားတွေက ကောင်းကင်အဆင့်၁
နောက်ဆုံးအဆင့်ကနေ ကောင်းကင်အဆင့်၁ နောက်ဆုံး၏ထွတ်အထိပ်အဆင့်သို့ရောက်ရှိနေခဲ့ပြီ ...။

အတွင်းအားအဆင့်တက်သည့်နေ့မှာပဲ  သူ့နတ်လက်စွပ်အတွင်းက နတ်ဓားသိုင်းကျမ်းကို ထုတ်ယူလိုက်သည်။ ရှောင်လုံက အခုဆိုရင် တခြားတဖက်ကမ်းကပန်းတပွင့်သိုင်းကွက်ကိုအပြည့်အဝနားလည်နေပြီပဲ ဖြစ်သည်။ ဒါကြောင့်မို့အခုအချိန်အခါက နောက်ထပ်သိုင်းတကွက်ကိုလေ့ကျင့်ဖို့ရာအချိန်ကောင်တခုမဟုတ်ပါလား....။

ရှောင်လုံက နတ်ဓားသိုင်းကျမ်းစာအုပ်အတွင်းကနေ ဆဋ္ဌမသိုင်းကွက်၏ လှုပ်ရှားမှုတွေကို သေသေချာချာလေ့လာလိုက်သည် ။

ဆဋ္ဌမသိုင်းကွက်ကတော့
"... ပြန်လည်မွေးဖွားခြင်းမျက်လုံး ..."

ဆဋ္ဌမမြောက်သိုင်းကွက် ပြန်လည်မွေးဖွားခြင်းမျက်လုံးအကြောင်း ဖော်ပြထားတာတွေကို ဖတ်ရှုပြီးနောက် ရှောင်လုံက မျက်လုံးကိုမှိတ်ကာ သူလေ့လာခဲ့ရတာတွေကို ပြန်လည်ဆင်ခြင်သုံးသပ်လိုက်သည်။

ရှောင်လုံက ပြန်လည်မွေးဖွားခြင်းမျက်လုံးသိုင်းကွက်၏ ရွေ့လျားမှု ၊ သိုင်းကွက်ထုတ်သုံးချိန်မှာ အတွင်းအား လှည့်ပတ်မှုလမ်းကြောင်းတွေအကြောင်းကို အပြည့်အဝနားလည်ပြီးနောက် နတ်ဓားသိုင်းကျမ်းကို သူ့ရဲ့နတ်လက်စွပ်ထဲ့သို့ ပြန်သိမ်းထားလိုက်သည်။

ရှောင်လုံက ပြန်လည်မွေးဖွားခြင်းမျက်လုံးသိုင်းကွက်ကိုဖတ်ရှုပြီးသည့်နှင့် ချက်ချင်းလေ့ကျင့်ဖို့မပြုလုပ်သေးပေ ။ သူ့မျက်လုံးနှစ်ဖက်ကိုမှိတ်ရင်း သူ့စိတ်ထဲမှာ ပြန်လည်မွေးဖွားခြင်းမျက်လုံးသိုင်းကွက်၏ လှုပ်ရှားရွေ့လျားမှုတွေ ၊ အတွင်းအားလည်ပတ်ပုံတွေအကြောင်းကို နောက်ထပ်တကြိမ် ထပ်မံဆင်ခြင်သုံးသပ်လိုက်သည်။

တနာရီလောက်မလှုပ်မရှက်ငြိမ်သက်နေသည့် ရှောင်လုံလက်ထဲသို့ နတ်ဓားနှစ်လက်ကရုတ်တရက်ရောက်ရှိလာကြသည်။ ထိုနောက်ရှောင်လုံကလျပ်စီးလျက်သကဲ့သို့ သူ့နတ်ဓားနှစ်လက်ကို လွှဲယမ်းလိုက်သည်။

ရှောင်လုံနတ်ဓားတွေကနေ မရေမတွက်နိုင်သည့် အေးစက်စက်ဓားအလင်းတန်းတွေပေါ်ပေါက်လာပြီး ထူးခြားသောစက်ဝိုင်းပုံဏ္ဍာန်ဖြင့် စတင်လည်ပတ်တော့သည်။

ဓားအလင်းတန်းတွေက စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ဆန်းကြယ်စွာလည်ပတ်နေပြီး လေထဲမှာ သတ်ချင်ဆန္ဒပြင်းပြနေသည့် အနီရဲရဲ မျက်လုံးကြီးတလုံး ပေါ်ပေါက်လာသည်။

မနှစ်မျို့စရာ မျက်လုံးရဲရဲကြီးက တစ္ဆေလိုလို အနီရင်ရင့်အရောင်တွေဖြင့်တောက်ပနေသည်။  အနီရောင်တွေဖြင့်တောက်ပနေသည့် ဧရိယာပတ်လည်တခုလုံးက ပုံရိပ်ယောင်တွေကဲ့သို့ အိမ်မက်ဆန်ဆန်ဖြစ်ပေါ်နေသည်။

အဲ့နောက်မှာတော့ လည်ပတ်နေသည့်အနီရောင်မျက်လုံးကြီးဆီကနေ အေးတိအေးစက် ဓားဆန္ဒတွေ ဖြစ်ပေါ်လာသည်။
အဲ့ဒိဓားဆန္ဒတခုထဲနှင့်ပင် မီတာလေးရာလောက်ကွားဝေးသည့်နေရာက နံရံတခုကိုဖောက်ထွင်းသွားဖို့ လုံလောက်သည်။

တချိန်ထဲမှာပဲ ပြန်လည်မွေးဖွားခြင်းမျက်လုံးဆီကနေ ပြန်လည်မွေးဖွားခြင်းအလင်းရောင်ဆိုသည့် အရာတွေကို ထုတ်လွှတ်ပေးသည်။  အဲ့ဒီစွမ်းအားက ပြိုင်ဘက်သိုင်သမားကို ဘဝ၏ ပြန်လည်မွေးဖွားခြင်း အတွေ့အကြုံတွေကိုခံစားသွာစေသည် ။ သူ့စိတ်ထဲမှာ မလွန်ဆန်နိုင်သော သဘာဝ၏နာကျင်မှုတွေကိုပြင်းထန်စွာခံစားရစေသည်။

အဲ့ဒါကတော့ ပြန်လည်မွေးဖွားခြင်းမျက်လုံ၏ ကြောက်မက်ဖွယ်ရာအကောင်းဆုံးစွမ်းရည်တခုပဲ ဖြစ်သည်။

မှတ်တမ်းတွေ၏အဆိုအရ ပြန်လည်မွေးဖွားခြင်းမျက်လုံးသိုင်းကွက်ကို ကျွမ်းကျင်ပိုင်နိုင်သွားပြီဆိုရင် မီတာတသန်းပတ်ချာလည်အတွင်းရှိနေသော သက်ရှိတွေအကုန်လုံးကို သတ်ရောက်နိုင်သည့်စွမ်းရည်ရှိသည်။ပြန်လည်မွေးဖွားခြင်းမျက်လုံကိုရင်ဆိုင်ရသည့်သက်ရှိမှန်သမျှ မတူညီသော ဘဝပုံရိပ်ယောင်အသီးသီးနှင့် ရင်ဆိုင်ကြုံတွေကြရမှာဖြစ်သည်။

ပထမတကြိမ်သိုင်းကွက်ကိုလေ့ကျင့်ပြီးတာနဲ့ ရှောင်လုံက ရပ်တန့်လိုက်သည် ။ ထိုနောက် မျက်လုံးကိုမှိတ်ကာ သူသိုင်းကွက်ပထမဆုံးအကြိမ်အသုံးပြုလိုက်စဉ်က ဖြစ်ပျက်ခဲ့သည့် အရာတွေအကုန်လုံးကို အသေးစိတ်ပြန်လည်စဉ်းစားလိုက်သည် ။

နောက်တနာရီအကြာမှာတော့ ဒုတိယတကြိမ်ထပ်မံလေ့ကျင့်လိုက်သည်။ ဒီတကြိမ်မှာတော့ ပြန်လည်မွေးဖွားခြင်းမျက်လုံး ကနေ ထွက်ပေါ်လာနေသည့် အနီရင့်ရောင်တွေကအရင်တကြိမ်ကထက် အနဲငယ်ပိုပြီး တောက်ပလာသည်။

တိုက်ခိုက်မှုလွယ်ခြုံနေသည့် ဧရိယာပမဏာကလဲ မီတာလေးဆယ်ပတ်ဝန်းကျင်ကနေ မီတာတရာနှစ်ဆယ့်လောက်အထိကျယ်ပြန့်သွားပါသည်။ ပြန်လည်မွေးဖွားခြင်းအလင်းတန်းတွေကလဲ ပိုမိုသန်မာလာသည်။

တကြိမ်လေ့ကျင့်ပြီးတိုင်းမှာ ရှောင်လုံကတခါရပ်တန့်ပြီး လေ့ကျင့်စဉ်က အဖြစ်အပျက်တွေကို နားလည်အောင်စဉ်းစားလိုက်သည်။ ပြီးမှနောက်တကြိမ်ထပ်မံလေ့ကျင့်သည် ။ အဲ့လိုမျိုးထပ်ခါထပ်ခါလေ့ကျင့်နေသည်။

ရှောင်လုံက တကြိမ်လေ့ကျင့်လိုက် ၊ စဉ်စားဆင်ခြင်လိုက်ကိုထပ်ခါထပ်ခါပြုလုပ်ပြီးတဲ့နောက် ပြန်လည်မွေးဖွားခြင်းမျက်လုံးသိုင်းကွက်၏ တိုက်ခိုက်မှုစွမ်းရည်တွေက တဖြည်းဖြည်းပိုမိုတိုးတက်လာသည်။

နောက်ထပ်အချိန်ဆယ်ရက်က ထပ်မံကုန်ဆုံးသွားသည်။ အခုဆိုရင် စကြာဝဠာပြခန်းကိုဖွင့်လှစ်ကလဲ အချိန်တရက်သာလိုတော့သည်။ အဲ့ကျမှသိုင်းပညာကိုရူးရူးမူးမူးလေ့ကျင့်နေသည့် ရှောင်လုံက ရှေးဟောင်းတိုက်ပွဲနယ်မြေအတွင်းကနေ ထွက်လာသည်။

ဒီအချိန်ဆယ်ရက်လောက် မနေမနားလေ့ကျင့်မှုကြောင့် ရှောင်လုံ၏ ပြန်လည်မွေးဖွားခြင်းသိုင်းကွက် စွမ်းအားတွေကအရင်ကထက်နှစ်ဆနီးပါးလောက်ပိုမိုတိုးတက်လာပြီး သူ့အတွင်းအားချီတွေကပါ သိသိသာသာကိုများပြားလာသည်။

အခုဆိုရင်ရှောင်လုံကိုယ်တွင်းမှာရှိနေသော အတွင်းအားချီတွေက ပုံသဏ္ဍာန်တွေအဖြစ်သို့ပြောင်းလဲနေလေပြီ ..။ ဒါအပြင် မီးနဂါးပုလဲလုံး နှင့် ရှေးဟောင်းတိုက်ပွဲနယ်မြေအတွင်းက
အလွန်အစွမ်းထက်သော စိတ်ဝိညဉ်စွမ်းအားတွေကြောင့် ရှောင်လုံအတွင်းအားတွေက တနေ့ထက်တနေ့ သိသာထင်ရှားစွာဖြင့် တိုးတက်လာနေသည်။

ရှေးဟောင်းတိုက်ပွဲနယ်မြေအတွင်းကနေ ထွက်လာပြီးနောက်ညရှောက်လုံက ကျောင်းရှုနှင့် ဖေးဟိုကိုဆင့်ခေါ်လိုက်သည်။ သူတို့ရောက်လာတော့ ဒေါင်ရမ်းနေပြည်တော်နှင့် တောင်ဘက်နေဝင်ချိန်အိမ်တော်ရဲ့ အခြေအနေတွေကို မေးမြန်းစုံစမ်းလိုက်သည်။

"... ဂိုဏ်းချုပ် ... သိပ်မကြာသေးခင်ကပဲ ...ယောင်မိသားစုနဲ့ ဂိုမိသားစုတို့ပူးပေါင်းပြီး လေလံတင်ပွဲတခုကျင်းပကြပါတယ် ..."
ဖေးဟိုကပြောလိုက်သည်။

ရှောင်လုံက အနဲငယ်အံသြသွားကာ ဖေးဟိုဆိုလိုချင်သည့်စကားအဓိပ္ပါယ်ကို စဉ်းစားလိုက်သည်
"... ယောင်မိသားစုနဲ့ ဂိုမိသားစုတို့ပူပေါင်းနေကြတယ်လို့ပြောချင်တာလား...?"

"... ကျွန်တော်လဲ အဲ့လိုမျိုးထင်မိပါတယ်..."
ဖေးဟိုကခေါင်းညိတ်ပြလိုက်သည်။

ကျောင်းရှုက မဲ့ပြုံးတချက်ပြုံးလိုက်ပြီး
"... အခုဆိုရင် ဒေါင်ရမ်းနေပြည်တော်တခုလုံးမှာ ဂိုဏ်းချုပ်က ယောင်မိသားစုနဲ့ ဂိုမိသားစုကိုကြောက်လို့ တောင်ဘက်နေဝင်ချိန်အိမ်တော်အတွင်းကနေ ခြေတလှမ်းမှမထွက်ရဲတော့ဘူးဆိုပြီး ကောလဟာလတွေပြန်လွင့်နေပါတယ် ..."

ရှောင်လုံက လက်ခါပြလိုက်ကာ
"... သူတို့ပြောချင်တာပြောပါစေ ..."
ထိုနောက်သူကဖေးဟိုကိုထပ်ပြီးမေးလိုက်သည်
"... အဖေတို့ အခုလောက်ဆိုရင်ဘယ်ရောက်နေကြပြီလဲ ..?"

"... ဂိုဏ်းချုပ် ... သခင်ကြီးဟောင်ပန်တို့ကအခုဆိုရင် မြောက်ဘက်ရေမြှပ်နိုင်ငံကို ရောက်ရှိနေကြပါပြီ ... နောက်ထပ်လေးလလောက်ဆိုရင်ပဲ ဒေါင်ရမ်းနေပြည်တော်ကိုရောက်ရှိလာတော့မှာပါ ..."
ဖေးဟိုက လေးစားစွာပြန်ဖြေရင်း
"... ဆရာကလဲ အခုဆိုရင် သခင်ကြီးတို့လူစုနဲ့ ပူးပေါင်းမိသွားပါပြီ..."

ယူမင်းကသူမိဘတွေဆီကိုရောက်ရှိသွားပြီဆိုတာကိုကြားတော့ ရှောင်လုံကိုပိုပြီးစိတ်ချလက်ချဖြစ်သွားသည်။

"... ဒါနဲ့ ဂိုဏ်းချုပ် ... ဒီတကြိမ် စကြာဝဠာပြခန်းဖွင့်လှစ်တဲ့အခါ ယောင်ဖေးလဲ ဝင်မယ်လို့ ကျွန်တော်မျိုး သိထားပါတယ် ...ယောင်ဖေးအပြင် ကောင်းကင်အဆင့်ရှစ်အဆင့်ကိုရောကနေတဲ့ ဂိုရှုဖေး လဲဝင်မယ်လို့ကြားပါတယ် သူကဂိုမိသားစုရဲ့ အားထားရတဲ့ သိုင်သမားတယောက်ပါ ... ရှဲမိသားစုကတော့ရှဲပူတိဝင်မယ်လို့ ကြားပါတယ် ..."
ဖေးဟိုကထပ်ပြောလိုက်သည်။

ဖေးဟိုစကားကြားတော့ ရှောင်လုံကလှောင်ပြုံးတခုပြုံးလိုက်သည်။

စကြာဝဠာပြခန်းအတွင်းမှာ စကြာဝဠာဝိညဉ်စွမ်းအင်တွေရှိပေမယ့် သူတို့က အဆင့်မြင့်ကောင်းကင်သိုင်သမားတွေအတွက်တော့ ကြီးကြီးမားမားအကျိုးသက်ရောက်မှုမရှိပေ ...။

အဲ့ဒါကိုကြည့်ချင်းအားဖြင့် ယောင်ဖေး နဲ့ ဂိုမိသားစုသိုင်သမားက သူကိုပစ်မှတ်ထားဖြေရှင်းဖို့ ဝင်လာကြတယ်ဆိုတာက မြေကြီးလက်ခတ်မလွဲသေချာနေပြီမဟုတ်ပါလာ..။

"... ဂိုဏ်းချုပ် ...စိတ်မပူပါနဲ့ မနက်ဖြန်စကြာဝဠာပြခန်းဖွင့်တဲ့အခါ ဒေါင်ရမ်ကို ဂိုဏ်းချုပ်ကိုကာကွယ်ဖို့အတွက် အဆင့်မြင့်စကြာဝဠာသိုင်သမားနှစ်ယောက် စီစဉ်ပေးဖို့ ကျွန်တော်ပြောထားလိုက်ပါ့မယ် ..."

ရှောင်လုံကခေါင်းညိတ်ပြလိုက်သည်။

စကြာဝဠာပြခန်းအတွင်း ပကတိစိတ်ဝိညဉ်ပုလဲလုံးရှိနေဖို့က ဆယ်ပုံမှာ ကိုးပုံလောက်နေချာနေပြီမဟုတ်လား..။ဒါကြောင်မို့ မနက်ဖြန် စကြာဝဠာပြခန်းအတွင်းဝင်ရောက်သည့်အခါ ရှောင်လုံအနေနှင့်ရရှိလာသည့် အခွင့်အရေးတွေကိုအကောင်မွန်ဆုံးအသုံးချပြီး ပကတိစိတ်ဝိညဉ်ပုလဲလုံးကိုစည်းရုံးသိမ်းသွင်းနိုင်ဖို့ ကြိုးစားရမှာပဲ ဖြစ်သည်။

နောက်တနေ့မနက်မှာတော့ ကောင်းကင်တခုလုံးကနေမင်းကြီးရဲ့ရောင်ခြည်တွေဖြင့် ကြည်လင်တောက်ပလို့နေသည်။

ရှောင်လုံက တောင်ဘက်နေဝင်ခ်ျန်အိမ်တော်ကနေ ထွက်လာလိုက်သည်။ ကျောင်းရှုနှင့် ဖေးဟိုကို ခေါ်ဆောင်သွားခြင်းမရှိပဲ သူတယောက်တည်းဒေါင်ရမ်းတက္ကသိုလ်သို့ ဦးတည်သွားလိုက်သည်။ ဒေါင်ရမ်းတက္ကသိုလ်နယ်မြေအတွင်းကိုရောက်တော့ စကြာဝဠာပြခန်းရှိရာ တက္ကသိုလ်၏အနောက်ဘက် တောင် ရှိရာသို့ တည့်တည့်မတ်မတ်သွားလိုက်သည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၀၈ ..... စကြာဝဠာပြခန်းဖွင့်ခြင်း

      ရှောင်လုံက စကြာဝဠာပြခန်းတည်ရှိရာအနောက်ဘက်တောင်ကိုရောက်တော့ အမြဲလိုလိုလူတွေဖြင့် စည်းကားလျက်ရှိသော အနောက်ကဘက်တောင် ကြီးတခုလုံး ခြောက်ကပ်နေတာကိုမြင်တွေ့လိုက်ရသည်။

အနောက်ဘက်တောင်ကို စကြာဝဠာပြခန်းဖွင့်လှစ်ဖို့ရာအတွက်တခြားကျောင်းသားတွေမလာနိုင်အောင် ခနတာပိတ်ထားခြင်းဖြစ်သည်။ ရှောင်လုံကိုယ်တိုင်လဲ သူဘယ်သူဘယ်ဝါဆိုတာကို သေချာစစ်ဆေးပြီးမှ အနောက်ဘက်တောင်သို့ဝင်ခွင့်ရလေသည်။

"... ရှောင်လုံ ...."
သူအနောက်ဘက်တောင်ရှိရာသို့ရောက်ချိန်မှာ မျက်နှာတခုလုံး ပြုံးပျော်ရွှင်နေသည့် ရှဲပူတိနှင့်ရင်ဆိုင်တွေ့လေသည် ။ ရှောင်လုံလဲရှဲပူတိကို ပြန်ပြုံးပြလိုက်သည်။

"... ဟေ့ကောင် ... မင်းကတောင်ဘက်နေဝင်ချိန်အိမ်တော်မှာပဲ လပေါင်းများစွာပုန်းအောင်းနေတယ်ပေါ့လေ ... ငါ့ဆိုမင်းအရိပ်တောင်လုံးဝမမြင်ရဘူး ... မင်းမရှိတုံး ငါတယောက် ပြင်းပြသောအရသာ ဝိုင်အိမ်မှာ သွားသောက်ဖြစ်သေးတယ် .... ဒါပေမယ့်တယောက်တည်းသောက်ရတာ အထီးကျန်ဆန်ပြီး သိပ်အရသာမရှိလှပါဘူးကွာ..."
ရှဲပူတိက စသလိုပုံစံဖြင့် ရှောင်လုံပုခုံးကို တချက်လှမ်းထိုးကာ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

ရှောင်လုံက ပြန်ဖြေလိုက်သည်
".... စကြာဝဠာပြခန်းဖွင့်ပြီးရင် ငါတို့သွားသောက်လို့ရတာပဲကွ...."

ရှောင်လုံစကားကြောင့် ရှဲပူတိမျက်နှာတခုလုံးပြုံးရွှင်သွားပြီး
"... ကောင်းပြီလေ ...ဒါဆိုရင် အဲ့ဒိကိစ္စကအတည်ဖြစ်သွားပြီနော် .... ဒါပေမယ့် အဲ့အခါကြရင်ငါတုိ့တခွက်နှစ်ခွက်သောက်ရုံလောက်နဲ့တော့ မလုံလောက်ဘူးကွ ...တဆိုင်လုံးကရှိရှိသမျှဝိုင်တွေကအကုန်လုံး ဖြိုပစ်မယ်..."

ရှောင်လုံက ရယ်မောရင်း ခေါင်းညိတ်ပြလိုက်ကာ
"... ဟုတ်ပါပြီကွာ ...ဒိတခေါက်ကငါတိုက်ပါ့မယ် ..."

သူတို့နှစ်ယောက်ကရယ်ရယ်မောမောဖြင့် စကားပြောရင်းအနောက်ဘက်တောင်က သတ်မှတ်ထားသော စုံမှတ်ရှိရာသို့ လမ်းလျှောက်သွားကြသည်။

"... ငါကြားတာတော့ ဒေါင်ဝူဟန်ကမင်းကို ရွှေရောင်ဘုရု့တံဆိပ်ပြားတောင် ပေးထားတယ်ဆိုကွ..."
ရှဲပူတိက စပ်ဖြဲဖြဲလုပ်ရင်း
".... သူကလဲမင်းကို ညီလေးလို့တောင် ခေါ်တယ်ဆို..."

ရှဲပူတိတယောက် သူ့လက်ထဲက ရွှေရောင်ဘုရင့်တံဆိပ်ပြား
ဒေါင်ဝူဟန်ပေးထားတယ်လို့ အထင်မှားနေတာကိုမြင်တော့
ရှောင်လုံက သေသေချာချာပြန်မရှင်းပြတော့ပဲ ပြုံးရုံသာပြုံးပြလိုက်ပြီး
".... ဒီတကြိမ် စကြာဝဠာပြခန်းထဲကို ယောင်ဖေး နဲ့ ဂိုမိသားစုက ဂိုရှုဖေး တို့လဲ ဝင်မယ်ဆိုကွ ဟုတ်လား....?"

ရှဲပူတိကခေါင်းညိတ်ပြရင်း
"... မင်းပိုပြီးဂရုစိုက်အုံးမယ်ကွ ... စကြာဝဠာပြခန်းအတွင်းမှာ ကျောင်းသားတွေအချင်းချင်းတိုက်ခိုက်သတ်ဖြတ်တာတွေကိုတားမြစ်ထားပေမယ့်  ဘာမဆိုဖြစ်သွားနိုင်တယ် ... ယောင်ဖေးဆိုတဲ့ကောင်က အဆိပ်ပြင်းတဲ့မြွေတကောင်လိုပဲ .. ..
သူအငြိုးအတေးထားလိုက်ပြ်ီဆိုတာနဲ့ အဲ့လူမသေမချင်းညရပ်မယ့်ကောင်မဟုတ်ဘူး..."

"... ကောင်ပြီလေ ...ငါသတိထားပါ့မယ်..."
ရှောင်လုံက ရှဲပူတိသတိပေးမှုအပေါ် ခေါင်းညိတ်တုန့်ပြန်လိုက်သည်။

ခနလောက်အကြာမှာတော့ သူတို့နှစ်ယောက်လုံးက အတောက်ဘက်တောင်မှာ သတ်မှတ်ထားသည့် ဆုံမှတ်နေရာသို့ရောက်ရှိလာကြသည်။ သူတို့ရောက်တော့ ယောင်ဖေးကကြိုရောက်နေတာကိုမြင်တွေ့လိုက်ရသည်။

ဒီတခေါက်စကြာဝဠာပြခန်းအတွင်းဝင်ရောက်ကြမည့် ရှောင်လုံနှင့် ရှဲပူတိအပါအဝင် လူဆယ်ယောက်လုံး စုစည်းမိသွားကြသည် ။ ရှောင်လုံနှင့် ရှဲပူတိရောက်လာတာကိုမြင်တော့ လူတွေအကုန်လုံးကသူတို့ကိုဝိုင်းကြည့်လိုက်ကြသည်။ သူတို့အကြည့်တခုစီမှာ အဓိပ္ပါယ်တခုစီပါဝင်နေသည်။

ယောင်ဖေးရဲ့ မျက်လုံးထဲမှာတော့ ရှောင်လုံကိုကြည့်ရင်း
ရက်စက်ကြုမ်းကြုတ်လိုသော အရိပ်အယောင်တွေဖျက်ကနဲပေါ်လာပြီး ချက်ချင်းဆိုသလိုပြန်လည်ပျောက်ကွယ်သွား၏ ။
ယောင်ဖေးက သူ့အကြည့်တွေကိုချက်ချင်းဆိုသလို ရုပ်သိမ်းလိုက်ပေမယ့်ရှောင်လုံကတော့ဖမ်းမိလိုက်သည်။ ယောင်ဖေးအပြင် တခြားလူတယောက်ဆိကနေလဲ ပြင်းပြသောလူသတ်ချင်စိတ်တွေကို ရှောင်လုံစိတ်ထဲမှာ ခံစားမိလိုက်သည်။

ရှောင်လုံက သူအာရုံရလိုက်သည့်နေရာကိုလှမ်းကြည့်လိုက်သော အနက်ရောင်ဝတ်စုံကိုဝတ်တင်ထားသည့် အသက် ၂၈နှစ်အရွယ်လူငယ်တယောက်ကိုမြင်တွေ့လိုက်သည်။ လူငယ်၏နားထင်ပေါ်မှာ အနီရောင်ဓားဒဏ်ရာခပ်ဖျော့ဖျော့ထင်ကျန်နေသည်။

"... ဂိုအိမ်တော်ကဂိုရှုဖေးဆိုတာသူပေါ့ ..."
ရှောင်လုံကြည့်နေတာနေရာကိုလိုက်ကြည့်ရင်းရှဲပူတိက သတိပေးလိုက်သည်။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်၏ ။ ရှဲပူတိ၏ရှင်းပြချက်ကိုမကြားဘူးဆိုရင်တောင်မှ အဲ့ဒီလူဘယ်သူဆိုတာကို သူခန့်မှန်းမိနေပြီပြဲဖစ်သည်။ အခုလက်ရှိအချိန်မှာ သူ့ကိုအသေစေချင်ဆုံးက ဂိုမိသားစုနှင့် ယောင်မိသားစုတို့နှစ်ခုပဲ မဟုတ်လား...။

ရှောင်လုံရောက်လာတာကိုမြင်တော့ ခရမ်းရောင်ကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ်လူကြ်ိးနှစ်ယောက်ကို သူ့ကိုခေါင်းညိတ်ပြရင်းနှုတ်ဆက်လိုက်သည်။ ကျောင်းရှု၏ ကြိုတင်ပြောပြထားပုံအရဆိုရင် ဒိသတ်လတ်ပိုင်းအရွယ်လူကြီးက ဒေါင်ရမ်းဘုရင်မင်မြတ်အမိန့်နှင့် စကြာဝဠာပြခန်းအတွင်းကိုရောက်ရင် သူ့ကိုကာကွယ်ဖို့ တာဝန်ပေးထားသောလူနှစ်ယောက်ဆိုတာကိုရှောင်လုံကသဘောပေါက်လိုက်သည်။

သူတို့ဆယ်ယောက်စလုံး စုံညီစွာရောက်ရှိနေကြပေမယ့် တယောက်နှင့်တယောက်စကားပြေဆိုကြချင်းမရှိပေ..။ ပတ်ဝန်းကျင်တခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး ထူးဆန်းသောအနေအထားတခုကိုဖော်ဆောင်နေသည် ။

ရုတ်တရက် ကောင်းကင်ယံကနေ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်ထန်သော ဖိအားတခုက အနောက်ဘက်တောင် ပတ်ဘန်ကျင်းတခုလုံးကို ပြန်နှံရောက်ရှိလာသည်။

ရှောင်လုံတို့အားလုံး အပေါ်ကိုမော့ကြည့်လိုက်တော့ အရပ်ရှည်ရှည်ပုံသဏ္ဍာန် ၆ ခုက ကောင်းကင်ထံမှာပေါ်လာတာကိုမြင်လိုက်ကြရသည်။ ပုံသဏ္ဍာန်၆ ခုက တခြား လေဟာပြင်နခုအတွင်းရှိနေသကဲ့သို့ အိမ်မက်မက် မြင်ကွင်းကိုဖော်ဆောင်နေသည်။

ရှောင်လုံတို့လဲ အဲ့ဒီလူခြောက်ယောက်ကဘယ်သူတွေဆိုတာကို သဲသဲကွဲကွဲ မမြင်ရပေ ..။

".... ကြီးမြတ်လှသောဘုရင်မင်းမြတ်နဲ့ စကြာဝဠာ ဆရာကြီးတွေကို ဂါရဝပြုပါတယ် ...!"
ကောင်းကင်ထက်မှာ ဝိုးတဝါးပေါ်လာသည့် ပုံရိပ်ခြောက်ခုကိုမြင်တော့ ရှဲပူတိအပါအဝင်တခြားလူတွေအကုန်လုံးကအလျင်အမြန်ဦးညွတ်ကာ ဂါရဝပြုလိုက်ကြသည်။ ရှောင်လုံလဲ သူတို့အတိုင်းလိုက်ပြီးဂါရ ဝပြုလိုက်သည်။

ဒီလူခြောက်ယောက်ကို ဘယ်သူဘယ်ဝါမှန်း မမြင်ရပေမယ့် လူတိုင်း၏ စိတ်ထဲမှာတော့ အဲ့ဒိပုံရိပ်၆ ခုက ဒေါင်ရမ်းအင်ပါရာဘုရင်မင်းမြတ်နှင့် ဒေါင်ရမ်းတက္ကသိုလ်ကာကွယ်ရေးမှုး၅ယောက်ဆိုတာကို အလိုလိုသိလိုက်ကြသည်။ တက္ကသိူလ်ကာကွယ်ရေးမှု ငါးယောက်စလုံးက စကြာဝဠာအဆင့်သိုင်းသမားတွေပဲ ဖြစ်သည်။

"... ထပါ ..."
တည်ကြည်လေးနက်သောအသံတခုက ကောင်ကင်ထက်ကနေ ထွက်ပေါ်လာသည်။အဲ့ဒိအသံကိုကြားတော့ ရှောင်လုံအပါအဝင်  လူဆယ်ယောက်လုံးက ပြန်ပြီးမတ်တပ်ရပ်လိုက်သည်။

ထိုနောက် အဲ့ဒိလူရိပ်၆ ခုက ရုတ်တရက် တူညီသော လက်လှုပ်ရှားဟန်တွေဖြင့် ဝေ့ယမ်းလိုက်သည်။  သူတို့ကိုယ်ထဲကနေ တောက်ပသော အလင်းရောင်ခြည်တွေမြောက်များစွာထွက်ပေါ်လာသည်။ ထိုနောက် ပိရမစ်ပုံသဏ္ဍာန်အလင်းတန်းတခုက သူတို့၏အပေါ် ကောင်းကင်ထက်ကနေ ကျဆင်းလာသည်။

ကောင်းကင်ထက်မှာရှိနေသော မြောက်မြားစွာသော အလင်တန်းတွေကနေ ပုံသဏ္ဍာန်အဖြစ်သို့ဖွဲ့စည်းလာကြသည်။ အဲ့နောက် ရှောင်လုံတို့အားလုံး၏ အကြည့်တွေအောက်မှာပဲ အဲ့ဒိပုံသဏ္ဍာန်က ခြောက်ထောင့်ပုံ အခင်းအကျင်းတခုသို့ပြောင်းလဲသွားသည်။

"... ဒါက ...?"
ရှောင်လုံက မျက်မှောင်ကြုတ်ပြီး ကောင်းကင်ထက်ကိုကြည့်လိုက်သည်။

"... အဲ့ဒါက ရှေးဟောင်းအခင်အကျင်းတခုပဲကွ ..."
ရှဲပူတိကရှောင်လုံကို အသံလှိုင်းပေးပို့နည်းကိုအသုံးပြု၍ ပြောလိုက်သည်။
"...ရှေးဟောင်းအခင်အကျင်းဟုတ်လား...?"
ရှောင်လုံစိတ်ထဲမှာ အရမ်းကိုအံအားသင့်သွားသည်။ ဒေါင်ရမ်းတက္ကသိုလ်က အခုလိုမျိုး အစွမ်းထက်သည့်ရှေးဟောင်းအခင်းအကျင်တွေကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူထင်မထားခဲ့ပေ ...။

ရှေးဟောင်းအခင်းအကျင်းတခုစီတိုင်းက ကြီးမားသောစွမ်းအားတွေကိုပိုင်ဆိုင်ကြသည်။  သူတို့ကိုစတင်လိုက်ပြီဆိုတာနဲ့
မယုံကြည်နိုင်သော စွမ်းအားတွေကို ထုတ်လုပ်ပေးနိုင်စွမ်းရှိကြသည်။

".... ဒိကြီးမြတ်လှတဲ့ ရှေးဟောင်းအခင်းအကျင်းနာမယ်က ခြောက်ထောင့်ကြယ်အခင်းအကျင်းတဲ့ကွ ... လွန်ခဲ့တဲ့ အဲ့ဒိအခင်းအကျင်းကို ဒေါင်ရမ်းဘုရင်မင်းမြတ်က ရှေးဟောင်းလှိုဏ်ဂူတခုထဲကနေ ရှာဖွေ့တွေ့ခဲ့တာလို့ပြောတယ် ... ဒါပေမယ့် ငါသိရသလောက်တော့ ခြောက်ထောင်ကြယ်အခင်းအကျင်းက ပြီးပြည့်စုံတဲ့ အခြေအနေမဟုတ်ဘူးတဲ့ ... အစ်ိတ်အပိုင်းတချို့မပါဝင်ပဲ ပျောက်ဆုံးနေတယ်လို့ပြောတယ် ... အဲ့ဒါတောင်မှ အဲ့ဒိအခင်းအကျင်းကို စတင်ဖို့ ဒေါင်ရမ်းဘုရင်မင်းမြတ်နဲ့ တခြားစကြာဝဠာ သိုင်သမားငါးယောက် လိုအပ်တယ်လေ .. စတင်ပြီးရင်လဲ ထွက်လာတဲ့ စွမ်းအားတွေက ကြောက်စရာကောင်းလွန်းတယ်ကွ ..."
ရှဲပူတိ၏ အသံက ရှောင်လုံနားထဲသို့ ရောက်ရှိလာပြန်သည်။
( p.s အသံလှိုင်းပေးပို့နည်းဆိုတာက အသံမထွက်ပဲ စိတ်ထဲကနေ ဟိုဘက်လူကို စာလှမ်းပို့လိုက်သည့်နည်းလမ်းပါ ...)

မပြည့်စုံသေးဘူး ...!

ရှောင်လုံကတည်ကြည်လေးနက်နေသည့် မျက်နှာဖြင့် ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်သည်။ အဲ့ဒိအချိန်သူတို့ခေါ်ပေါ်မှာတော့ ဒေါင်ရမ်းဘုရင်မင်မြတ်ဒေါင်ရမ်အပါအဝင် တခြားလူငါးယောက်က ခြောက်ထောင့်ကြယ်အခင်းအကျင်းအတိုင်း မတူညီသော ထောင့်တခုစီမှာနေရာယူပြီးနေပြီပဲ ဖြစ်သည်။

လူတိုင်းက သူတို့လက်တွေကို မတူညီရှေးဟောင်းအက္ခရာပုံသံတွေရေးဆွဲလိုက်ကြသည်။ ထိုနောက် လေထဲမှာပေါ်ပေါက်လာသည့် ရှေးဟောင်းအက္ခရာတွေကို အခင်းအကျင်းဆီသို့ပိုတောင့်လိုက်သည်။ အက္ခရာတွေရောက်ရှိသွားသည်နှင့် ငြိမ်သက်နေသော အခင်းအကျင်းတခုလုံးကစတင်လည်ပတ်လာသည်။

ထိုနောက်မှာတော့ အချင်းအကျင်းအလည်ကနေ တောက်ပသောအလင်းတန်းတခုက ကောင်းကင်ယံထက်သို့ ထောင်တက်သွားသည်။ အလင်းတန်းပျောက်ကွယ်သွားသည့်နှင့် ကြီးမားသောလေဟာနယ်တံခါးတခုက လေထဲမှာ ပေါ်လာသည်။

လေဟာနယ်တံခါးဆီကနေ စကြာဝဠာစွမ်းအင်တွေမျောလွင့်ထွက်ပေါ်နေ၏ ။

စကြာဝဠာပြခန်း ...!

ရှောင်လုံက ကောင်းကင်ထက်မှာပေါ်လာသည့် ဧရာမတံခါးကြီးကို မျက်တောင်မခတ်ပဲ ငေးကြည့်နေလေသည်။
"... စကြာဝဠာပြခန်းပွင့်လာပြီ ... စကြာဝဠာပြခန်းအတွင်းဝင်ရောက်ကြမယ့် ကျောင်းသားတွေအကုန်လုံး စကြာဝဠာပြခန်းအတွင်းမှာအချင်းချင်း တိုက်ခိုက် သတ်ဖြတ်တာတွေကိုတားမြတ်ထားတယ်တိုတာကို သတိပြုကြပါ .... စည်းကမ်းအလိုက်နာတဲ့လူမှန်သမျှကို ကျောင်းကနေခြွင်းချက်မရှိထုတ်ပယ်သွားမယ် ... အားလုံးနားလည်ကြပြီလား ...?"
ဒေါင်ရမ်းဘုရင်မင်းမြတ်၏ တည်ကြည့်ခန့်ငြားသောအသံက ကောင်းကင်ထက်ကနေ ထွက်ပေါ်လာသည်။

အားလုံးက ပြိုင်တူခေါင်းညိတ်ပြရင်း
"... နားလည်ပါပြီ ..အရှင်မင်ကြီး..."

".. ကောင်းပြီ  ... မင်းတို့ဝင်လို့ရပြီ ... အခုကနေစပြီးတလကြာလို့ရှိရင် အထဲမှာမင်းတို့ဘာတွေပဲလုပ်နေပါစေအပြင်ကိုအလိုလို ပြန်ရောက်လာလိမ့်မယ် ..."

ဒေါင်ရမ်းဘုရင်မင်းမြတ်၏စကားအဆုံးမှာတော့ ကျောင်းသားတယောက်က လေထဲကိုခုန်ပျံရင်း လေဟာနယ်တံခါးကြီးအတွင်းသို့တိုးဝင်သွားလေသည်။ သူနောက်ကနေ တယောက်ပြီးတယောက် အလျင်အမြန်လိုက်ပါသွားကြသည်။

"... ငါတို့လဲ သွားကြစို့ ...."
ရှဲပူတိကရှောင်လုံကိုကြည့်ရင်းပြောလိုက်သည်။

ရှောင်လုံကခေါင်းညိတ်ပြရင်းတုန့်ပြန်လိုက်သည်။ ထိုနောက်သူတို့နှစ်ယောက်စလုံး လေထဲသို့ ပြိုင်တူပျံသန်းကာ လေဟာနယ်တံခါးကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

သူတို့နှစ်ယောက် လှုပ်ရှားတာကိုမြင်တော့ ရှောင်လုံတို့ လှုပ်ရှားတာကိုရပ်စောင့်နေကြသည့် ယောင်ဖေးနှင့် ဂိုရှုဖေးတို့က ရှောင်လုံတို့အနောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွားသည်။

ကျောင်းသားဆယ်ယောက်စလုံးဝင်ရောက်ပြီးချိန်မှာတော့ လေဟာနယ်တံခါးကြီးက ဖြည်းညင်းစွာပိတ်သွားတော့သည်။ တံခါးအဆုံးထိပိတ်ပြီးချိန်မှာတော့ ဘယ်တုံးကမှမပေါ်လာခဲ့ဘူးသလိုမျိုး လေထဲမှာပျောက်ကွယ်သွားတော့သည် ။
ပတ်ဝန်းကျင်တခုလုံး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။

ရှောင်လုံ စကြာဝဠာပြခန်းအတွင်းသို့ ဝင်မိလိုက်သည်နှင့်တပြိုင်နက် များပြာလှသော စကြာဝဠာစွမ်းအားတွေက သူ့ကိုလွှမ်းခြုံသွားသကဲ့သို့ခံစားလိုက်ရသည်။ အသက်ကိုတချက်ပြက်ပြင်းရှုသွင်းလိုက်တော့ သူ့ခန္ဓာတခုလုံး ပေါ့ပါးလန်းဆန်းသွားသလိုမျိုး ခံစားလိုက်ရသည်။

ရှောင်လုံက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။သူ့လေ့လာမှုရဲ့အဆုံးမှာ စကြာဝဠာပြခန်းက ကိုယ်ပိုင်ကမ္ဘာငယ်လေးတခုကဲ့သို့ဖြစ်နေတာကို အံသြစဖွယ်တွေ့ရှိလိုက်ရသည်။
ရှောင်လုံလှမ်းမျှော်ကြည့်လိုက်တော့ မဆုံးနိုင်သည့်မျက်ခင်းပြင်ကြီးအပါအဝင် မြစိမ်းရောင်ရေပြင်ကျယ်ကြီးကို မြင်တွေ့လိုက်ရသည် ။

ထိုအပြင် အဲ့ဒီကမ္ဘာငယ်လေးအတွင်းမှာ မိုးကောင်းကင်နှင့်ထိမိတော့မတတ်မြင့်မားလှသည့် သစ်ပင်ကြီးနဲ့ အလယ်အဆင့် မိစ္ဆာသားရဲတချို့လဲ ရှိကြသည်။

ရုတ်တရက်တချိန်လုံးငြိမ်သက်နေသည့် လင်းလောင်ရတနာစေတီနှင့် နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်က တုန်ခညသွားလေသည်။ ကောင်းကင်ရတနာနှစ်ခု၏ တုန်ပြန်မှုကိုမြင်တော့ ရှောင်လုံစိတ်ထဲမှာအရမ်းကိုပျော်ရွှင်သွားသည်။

သူခန့်မှန်းချက်ကမှန်နေပြီလေ ..။ ပကတိစိတ်ဝိညဉ်ပုလဲလုံးက တကယ်ကို စကြာဝဠာပြခန်းအတွင်းမှာရှိနေတယ်မဟုတ်ပါလား ..။

ရှောင်လုံနှင့်ရှဲပူတိတို့နှစ်ယောက်က မြေကြီးနားသို့ကပ်ရင်းပျံသန်းလိုက်ကြသည်။ ချက်ချင်းဆိုသလို  လူနှစ်ယောက်ကသူတို့သွားမယ့်လမ်းကိုလာရောက်ပိတ်ဆို့လေသည်။ သူတို့နှစ်ျယာက်ကတော့ ဘယ်သူတွေရှိအုံးမှာလဲ ...ယောင်ဖေးနဲ့
ဂိုရှုဖေးတို့နှစ်ယောက်ပေါ့ ...။

သူတို့ကိုမြင်တော့ ရှဲပူတိက ငေါ့တော့တော့အသံဖြင့်
"... ယောင်ဖေး ...ဂိုရှုဖေး .... မင်းတို့ဘာလုပ်တာလဲကွ ...? စကြာဝဠာပြခန်းအတွင်းကိုဝင်ရောက်ကြတဲ့ ကျောင်းသားတွေအကုန်လုံးအချင်းချင်း တိုက်ခိုက်သတ်ဖြတ်တာတွေကို တားမြစ်ထားတယ်ဆိုတာ မင်းတိုမသိကြဘူးလား... အဲ့ူးာက ငါတို့တက္ကသိုလ်ရဲ့စည်းကမ်းပဲ ... မင်းတို့ကကျောင်းစည်းကမ်းကိုဖောက်ဖျက်ရဲတယ်ပေါ့လေ  ...?"

"... ကျောင်းစည်းကမ်းဟုတ်လား ....?"
ယောင်ဖေးက လှောင်ပြုံးပြုံးလိုက်ပြီး
"... ငါကိုကျောင်းစည်းကမ်းဘာတွေနဲ့ လာခြိမ်းခြောက်မနေနဲ့ ... ယောင်ဖေးဆိုတဲ့ငါ တကယ်သတ်ချင်လာပြီဆိုရင်
စကြာဝဠာအဆင့်သိုင်သမားတယောက်တောင် ငါ့ကိုမတားဆီးနိုင်ဘူးကွ ... ငါက ဟောင်ရှောင်လုံကိုပဲ သတ်ချင်တာပါ ... မင်းအခုထွက်သွားမယ်ဆိုရင် မင်းကိုအသက်ရှင်ခွင့်ပေးလိုက်မယ် ... အဲ့လိုမှမဟုတ်ရင်တော့ ငါမတော်တဆ
လက်လွန်ပြီး မင်းကိုပါသတ်မိရင်တော့ ငါကိုအပြစ်မဆိုနဲ့... "

#

#ဒီနေ့Wun_zinnမှာလဲအပိုင်း၁၅၀ထိထွက်ပါတယ်
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၀၉ .... ပကတိဝိညာဉ်ပုလဲလုံးရှာပုံတော်

   ယောင်ဖေးက သူ့လက်ကိုမြှောက်လိုက်သည်။ သူလက်ဝါးကနေ အနက်ရောင်မီးတောက်တွေထွက်ပေါ်လာပြ်ိး မီးတောက်ကြီးကပိုပိုကြီးမားလာသည်။ ယောင်ဖေးလက်ဝါးမှာရစ်ပတ်နေသည့် အနက်ရောင်မီးတောက်တွေကနေ ကြောက်စရာကောင်းလှသောစွမ်းအင်တွေထွက်ပြီး မြင်လိုက်ရသူတွေကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်စွမ်းရှိသည်။

   ယောင်ဖေး လက်ဝါးပြင်မှာရစ်ပတ်နေသည့် အနက်ရောင်မီးတောက်တွေက ရှဲပူတိသိုင်းဝိညာဉ်ဖြစ်သော အနက်ရောင်ဖီးနစ်ငှက်မီးတောက်တွေနဲ့ တူညီခြင်းမရှိပေ ..။ ရှဲပူတိ၏ အနက်ရောင်မီးတောက်တွေထဲမှာ လွှမ်းမိုးမှု ၊ မောက်မာမှု ၊ ဖျက်ဆီးနိုင်စွမ်းကြမ်းတမ်းမှု တွေပါဝင်နေပြီး ယောင်ဖေး၏ မိးတောက်တွေကတော့ ကမ္ဘာမြေကြီး၏ အနက်ရှိုင်းဆုံး ငရဲကနေထွက်ပေါ်လာသည့် မီးလျှံတွေနှင့်တူညီသည်။ မြင်ရလိုက်သည်နှင့် အဆိပ်ပြင်းသောမြွေတကောင် ပါးစပ်အကျယ်ကြီးဟထားသကဲ့သို့ အရိုးစိမ့်လောက်အောင် ကြောက်စရာကောင်းလှသည်။

သူရဲ့မီးတောက်တွေက ရှောင်လုံနတ်ဆိုးအတွင်းအားတွေနဲ့လဲ တူညီမှုအနဲငယ်ရှိပေမယ့် ကွဲပြားမှုတွေလဲရှိသည်။ တချိန်ထဲမှာပဲ ဂိုရှုဖေးကိုယ်ထဲကနေ အတွင်းအားတွေပေါက်ကွဲထွက်လာပြီး သူ့ရဲ့ကိုယ်ရှိန်ကိုယ်ဝါတွေက တမဟုတ်ချင်းကိုတိုးတက်လာသည်။ သူ့ကိုယ်ပတ်ဝန်းကျင်မှာ လိပ်ပြာကဲ့သို့ ငှက်သေးသေးလေးတွေများစွာရစ်ပတ်နေပြီး ဂိုရှုဖေးကိုယ်ကနေ အနက်ရောင် ဆိုးယုတ်သော ကိုယ်ရှိန်ကိုယ်ဝါတွေထွက်ပေါ်နေသည်။

ဂိုရှုဖေးကိုယ်နားမှာ ဝဲပျံနေသည့် ငှက်သေးသေးလေးတွေမှာ အစိမ်းရောက်မျက်လုံးတောက်တောက်လေးတွေရှိကြပြီး လက်သည်းသေးသေးလေးနှစ်ခုကလဲ အစိမ်းရောင်တွေဖြင့် တောက်ပနေသည်။

အခုဂိုရှုဖေးအသုံးပြုလိုက်တာကတော့ သူ့၏ သိုင်းဝိညာဉ်ဖြစ်သော ငရဲတစ္ဆေလိပ်ပြာ  ဖြစ်သည် ။ နာမယ်ကြားလိုက်ရုံနဲ့တင် တော်ရုံတန်ရုံသိုင်းပညာတယောက်ကို ကြက်သီးမွှေးညှင်းထောင်ထသွားစေနိုင်သည့် သိုင်းဝိညာဉ်တခုပဲဖြစ်သည်။

သိုင်းဝိညာဉ်ကမ္ဘာကြီးမှာက အောက်လမ်းသိုင်းဝိညဉ်အမျိုးအစားတခုရှိသည်။ များသောအားဖြင့် အောက်လမ်းသိုင်းဝိညဉ်တွေက ယုတ်မာ ၊ ဆိုးသွမ်း ပြီး မနှစ်မျို့စရာ ပုံပန်းသဏ္ဍာန်တွေရှိကြသည်။ ငရဲတစ္ဆေလိပ်ပြာ သိုင်းဝိညာဉ်ကလဲ အောက်လမ်းသိုင်းဝိညဉ်အမျိုးအစားထဲမှာ ပါဝင်သည့် သိုင်းဝိညာဉ်ဖြစ်သည်။

ဂိုရှုဖေး ကိုယ်နားမှာ ငရဲတစ္တေလိပ်ပြာ သိုင်းဝိညဉ်လေးတွေ ဆယ့်နှစ်ကောင်နီးပါးလောက် ရှိနေတယ်ဆိုတာက ဂိုရှုဖေးဆ်ီမှာ တူညီသော သိုင်းဝိညဉ်ဆယ့်နှစ်ခုကို ပိုင်ထားခြင်းမဟုတ်ပေ ..။ အဲ့ဒါက ငရဲတစ္ဆေလိပ်ပြာသိုင်းဝိညာဉ်၏ စွမ်းရည်တခုပဲ ဖြစ်သည်။

ပုံတူပွားနိုင်ခြင်း ...!

ပုံတူပွားနိုင်ခြင်းစွမ်းရည်က ဂိုညီအကို ရှောင်လုံကိုသတ်ဖို့စေလွှတ်လိုက်သော ဝတ်စုံနက်ပိုင်ဆိုင်သည့် ခရမ်းရောင်မျက်လုံးလင်းနို့ သိုင်းဝိညဉ်နှင့် အလားသဏ္ဍာန်တူသည်။

အနက်ရောင်မီးတောက်တွေက ယောင်ဖေး လက်ဝါးပြင်မှာ တောက်လောက်နေပြီး သူကရုတ်တရက်ရှောင်လုံကို တိုက်ခိုက်လိုက်သည်။ယောင်ဖေးစတင်တိုက်ခိုက်လိုက်တာကိုမြင်တော့ ဂိုရှုဖေးကလဲ တုန့်ဆိုင်းနေခြင်မရှိပဲ သူလဲ အလျင်အမြန်တိုက်ခိုက်လိုက်သည်။

သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည့်ဆိုရင်ပဲ ငရဲတစ္ဆေလိပ်ပြာတွေက ရှောင်လုံကို တိုက်ခိုက်ဖို့ တဟုန်ထိုးပျံသန်းသွားကြသည် ။

လက်တလောဖြစ်ပေါ်လာသည့် အခြေအနေတွေကြောင့် ရှဲပူတိလဲ အံသြမှင်သက်သွားသည်။

အဲ့လောက် ရုတ်တရက်လေတိုးသံနှင့်အတူ မီးတောက်ကဲ့သို့ ရဲရဲနီနေသော လက်ဝါးရာကြီးနှစ်ခုက လေဟာနယ်အတွင်းကနေ ရုတ်တရက်ထွက်ပေါ်လာသည်။ မီးတောက်လက်ဝါးရာနှစ်ခုက ယောင်ဖေးလက်ဝါး အပြင် ငရဲတစ္ဆေလိပ်ပြာတွေနဲ့ ရင်ဆိုင်တွေ့မိကြသည်။

လေထုထဲကနေ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံ
ကြီးတခုပေါ်ထွက်လာသည်။ စွမ်းအင်လှိုင်းတွန့်တွေကြောင့် လေထုတခုလုံး လေပြင်းမုန်တိုင်းတိုက်ခတ်သကဲ့သို့ လှိုင်းတွန့်တွေထကုန်ကြသည်။

ယောင်ဖေး၏ မီးလက်ဝါးကတဖြည်းဖြည်းဖျော့တော့ပျောက်ကွယ်သွားသလို ဂိုရှုဖေး၏ ငရဲတစ္ဆေလိပ်ပြာတွေကလဲ အမှုန့်အစတွေအဖြစ် လေထုထဲမှာ ပျောက်ကွယ်သွားသည်။

ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းတွေကအရပ်လေးမျက်နှာစလုံးကို ပျံနှံရောက်ရှိသွားလေသည်။

ယောင်ဖေးက သူတို့ကိုတန်ပြန်တိုက်ခိုက်လာသည့် ပြင်းထန်သောစွမ်းအင်တွေကို တောင်ခံနိုင်သိမ်းရှိပေမယ့် ဂိုရှုဖေးမှာတော့အဲ့လိုစွမ်းအားမရှိပေ  ..။ သူကအနောက်ဘက်သို့ ဆယ်မီတာနီးပါးလောက် ယိုင်ထိုးရင် ဆုတ်သွားသည် ။

ဖူး.....!

ကြီးမားသော တန်ပြန်အားအင်တွေက ဂိုရှုဖေးကိုယ်ထဲကသွေးတွေကို ပြောင်းပြန်စီးဆင်သွားစေပြီး သူပါးစပ်ထဲကနေ ကြက်သွေးရောင် အရည်တွေ အံထွက်လာပြီး မြေကြီးကြမ်းပြင်တခုလုံး ရဲရဲနီသွားသည်။

ထိုနောက်မှာတော့ လူနှစ်ယောက်က သူတို့ရှိရာသို့ အလျင်အမြန်ပျံသန်းလာနေတာကိုမြင်လိုက်ရသည်။

"... ဂျန်ယန် ..."

"... လူရှီ ..."

ရောက်ရှိလာသော လူနှစ်ယောက်ကိုမြင်တာနဲ့ ယောင်ဖေးမျက်နှာတခုလုံး ရှုံမဲ့သွားလေသည်။ သူတို့နှစ်ယောက်ကတော့ ရှောင်လုံကိုကာကွယ်ဖို့ တာဝန်ပေးအပ်ခြင်းခံထားရသည့် သိုင်းသမားနှစ်ယောက်ပဲ ဖြစ်သည်။

"... သခင်လေး ရှောင်လုံ  ... ဘာမှမဖြစ်ဘူးမဟုတ်လား...?"
မြေကြီးပေါ်သို့ သက်ဆင်းလာပြီးသည့်နှင့် ဂျန်ယန်တို့က ရှောင်လုံကိုဂရုတစိုက်မေးမြန်လိုက်သည်။ သူတို့ရှောင်လုံကိုဆက်ဆံသည့်ပုံစံက အရမ်းကိုရိုကျိုးပြီး ယဉ်ကျေးနေသည်။

"... ကျုပ်အဆင်ပြေပါတယ် ...
ရှောင်လုံက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။

"... ဂျန်ယန် ...လူရှီ ...မင်းတို့ဒါက ဘာအဓိပ္ပါယ်လဲကွ...?"
ယောင်ဖေးက အသစ်ရောက်ရှိလာသည့်လူနှစ်ယောက်ကို အေးစက်စက်စိုက်ကြည့်ရင်း အော်ငေါက်လိုက်သည်။

အတွင်းစည် တပည့်တွေအတွက် ကောင်းကင်စာရင်းဆိုသည့် သတ်မှတ်ချက်တခုရှိသည်။  အတွင်းစည်းတပည့်တွေကသာ ကောင်းကင်စာရင်းထဲမှာ ပါဝင်ခွင့်ရှိကြသည် ။ ယောင်ဖေး ကလဲ အဲ့ဒိစာရင်းထဲမှာ တယောက်အပါအဝင်ဖြစ်သလို ဂျန်ယန် ၊ လူရှီတို့ကလဲ အဲ့ဒီစာရင်းထဲက လူတွေဖြစ်ကြသည်။

သူတို့အချင်းချင်းက အခုအချိန်မတိုင်ခင်အထိ တခါမှာထိပ်တိုက်ရင်ဆိုင်ဘူးခြင်းမရှိကြသေးပေ ..။ အခုသူ့ကိစ္စကို ကောင်းကင်စာရင်းထဲကသိုင်သမားနှစ်ယောက်က ဝင်ရောက်စွက်ဖက်တာကိုမြင်တော့ ယောင်ဖေးက ဒေါသတကြီးအော်ဟစ်လိုက်ခြင်းပင်ဖြစ်သည်။

"... ဒိလိုပါပဲကွ ..."
ဂျန်ယန်က သိပ်ပြီးဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်ပြီး
"... ငါတို့စကြာဝဠာပြခန်းထဲကို ဝင်လာတာရတဲ့ တခုတည်းသောအကြောင်းအရင်းက သခင်လေး ရှောင်လုံကြုံတွေလာမယ့် အန္တာရယ်တွေကို ကာကွယ်ပေးဖို့ပဲ ..."

ဂျန်ယန် စကားကိုကြားတော့ ယောင်ဖေးမျက်နှာထားက ပိုမိုအေးစက်မာကျောသွားပြီး
"... အခုလိုလုပ်ဖို့ ဒေါင်ဝူဟန်က မင်းတို့နှစ်ယောက်ကို ခိုင်းထားတာလား ...?"

ဂျန်ယန်နှင့် လူရှီတို့ကတော့ ယောင်ဖေးကိုအဖက်လုပ်ပြီး ပြန်ဖြေခြင်းမရှိတော့ပေ ...။

ယောင်ဖေးက ရှောင်လုံဘက်သို့မျက်နှာမူလိုက်ပြီး
"... ဟောင်ရှောင်လုံ ... ဒီတကြိမ်လဲ မင်းကံကောင်းသွားတယ်မှတ်ပါ ... ဒေါင်ဝူဟန်က မင်းကို စကြာဝဠာပြခန်းအတွင်းဝင်နိုင်မယ့် နေရာတနေရာကို ရှာပေးခဲ့ရုံမက အထဲထိပါ သူလူနှစ်ယောက်ကိုစေလွှတ်ပြီးလိုက်ကာကွယ်ပေးနေလိမ့်မယ့်လို့ ငါထင်မထားဘူး ... ဒီကောင်က တကယ့်ကို ကြိုးစားအားထုတ်ထားတာပဲ ..."

"... နောက်တကြိမ်တော့အခုလိုကံကောင်းမှာ မဟုတ်တော့ဘူး ဆိုတာကို... မင်းမြဲမြဲမှတ်ထားလိုက် ..."

ရှောင်လုံကို သတိပေးပြီးတာနဲ့ ယောင်းဖေက သူတို့ရှေ့ကနေ အလျင်အမြန်ပျောက်ကွယ်သွားသည်။ ဂျန်ယန်နှင့် လူရှီနှစ်ယောက် ရှိနေမှတော့ ရှောင်လုံကိုလုပ်ကြံဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာကို ယောင်ဖေးစိတ်ထဲမှာနားလည်လိုက်သည်။

သူက ဂျန်ယန် နှင့် လူရှီတို့နှစ်ယောက်ထဲက တယောက်ချင်းစီကို အသာစီးရအောင်ယှဉ်ပြိုင်နိုင်ပေမယ့် နှစ်ယောက်စလုံးကိုတော့ တပြိုင်နက်ထဲရင်ဆိုင်နိုင်စွမ်းမရှိပေ ...။

ဂိုရှုဖေးကလဲ အခုမှ ကောင်းကင်အဆင့်၈ ပဲရှိသေးသည့် သိုင်သမားတယောက်မို့ သူ့တို့တကယ်တမ်းရင်ဆိုင်တိုက်ခိုက်ကြပြီဆိုရင် သူ့တို့ဘက်ကအရေးနိမ့်ဖို့ ရာခိုင်နှုန်းများနေမှန်းကို လူလည်ယောင်ဖေးက မသိပဲနေပါ့မလား ...။

ယောင်ဖေးထွက်သွားတာကိုမြင်တော့ ဂိုရှုဖေးကလဲ ရှောင်လုံတို့ရှေ့မှာမနေရဲတော့ပဲ အလျင်အမြန်ထွက်ပြေးသွားသည်။ သူတို့နှစ်ယောက်လုံးထွက်သွားတာမြင်ပေမယ့် ဂျန်ယန်တို့ကလဲ သူတို့နှစ်ယောက်ကိုတားဆီးတာမျိုးမလုပ်ကြပေ ..။ သူတို့၏ တခုတည်းသောတာဝန်က ရှောင်လုံကို စကြာဝဠာပြခန်းအတွင်းမှာ တလလုံးလုံး ဘေမသီရန်ခမအောင်ကာကွယ်စောက်ရှောက်ဖို့ပဲ ဖြစ်သည်။ တခြားကိစ္စတွေအတွက်တော့ သူတို့ကသိပ်ပြီးစိတ်မဝင်စားကြပေ ..။

ထွက်သွားတဲ့ ယောင်ဖေး နှင့် ဂိုရှုဖေးကိုကြည့်ရင်း ရှောင်လုံမျက်နှာပေါ်မှာ လှောင်ပြုံးတခုပေါ်လာသည်။ ဒါပေမယ့် ရှောင်လုံစိတ်ထဲမှာတော့ သူစကြာဝငြာပြခန်းအပြင်ကိုရောက်သည့်နှင့်တပြိုင်နက် သူခါးပိုက်ထောင်ထဲရောက်နေသည့် အဆိပ်ပြင်းသောမြေပွေးတကောင်နှင့်တူသော ယောင်ဖေးကိစ္စကို အလျင်အမြန်ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်ပြီဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်သွားသည်။

ပထမကတော့ ရှောင်လုံက ယောင်ဖေးကို ထမင်းသို့ဟင်းသိုးတကောင်လိုသဘောထားပြီး သူအနဲငယ်ကစားဖို့ လွှတ်ပေးထားတာဖြစ်သည်။။ ဒါပေမယ့် သူမြင့်မြတ်သော ဗုဒ္ဓနိုင်ငံက ဗုဒ္ဓလှိုက်ဂူကြီးထဲမှာ godly mt. xumi ကိုသွားရှာချိန် သူ့မိသားစုကို အခုလိုအဆိပ်ပြင်းသည့် မြွေပွေးတကောင်နှင့် ဘယ်လိုလုပ်ပြီး ထားခဲ့နိုင်ပါ့မလဲ ...။

"... ရှောင်လုံ ...သွားစို့လေ ..."
ရှဲပူတိကပြောလိုက်သည် ။ အတွေးထဲနစ်မြောနေသည့် ရှောင်လုံလဲ သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်၏ ။

သူတို့ခရီးဆက်နေကြသည့် လမ်းခရီးမှာ ရှဲပူတိက ရှောင်လုံကိုမထိတထိစလိုက်သည်
"... ကောင်လေး  ... ငါကတော့ မင်းဘာလို့ ဒီလောက်တောင်မှ တည်ငြိမ်ပြီး အကြောက်တရားကင်မဲ့နေသလဲလို့ အံသြနေမိတာ ... လက်စသတ်တော့ မင်းကအစောကြီးထဲက ဒေါင်ဝူဟန်ရဲ့ လူတွေမင်းနားမှာရှိနေတယ်ဆိုတာကိဘသိနေတာပဲကွ ... ငါမင်းအတွက်စိတ်ပူတာတွေကတော့ အလကားပါပဲကွာ  ...."

ရှောင်လုံ ကစပ်ဖြဲဖြဲနှင့်ပြန်ဖြေလိုက်သည်
"... စိတ်မစိုးပါနဲ့ကွာ ...ဒိကနေထွက်ပြီးရင် မင်းကို ပြင်းပြသောအရသာဝိုင် တွေအကြိုက်လိုက်တိုက်ပါ့မယ် ..."

"... ကောင်းတယ် ...ငါလဲအဲ့စကားပဲ ကြားချင်နေတာ..."
အဲ့နောက်မှတော့ သူတို့နှစ်ယောက်လုံးကတယောက်မျက်နှာတယောက်ကြည့်ပြီးရယ်မောလိုက်ကြသည် ။

သူတို့လေးယောက်ကလဲ အနှေးမမြန်အရှိန်ဖြင့် ခရီးတက်နေကြသည် ။ အချိန်တွေကြာလာသည့်နှင့်အမျှရှောင်လုံကိုယ်ထဲမှာ ရှိနေသည့် လင်းလောင်ရတနာစေတီနှင့် နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်တို့ဆီကနေ တုန်ခါမှုနှုန်းတွေ ပိုစိပ်လာသည်။ အဲ့ဒါက ရှောင်လုံတို့တဖြည်းဖြည်းနှင့် ပကတိစိတ်ဝိညာဉ်ပုလဲလုံးရှိနေသည့်နေရာသို့ရောက်ရန်နီးစပ်လာနေပြီဆိုတာကိုအချက်ပြနေသည်။

"... ရှောင်လုံ ...ငါတို့ လူစုခွဲပြီးသိုင်းလေ့ကျင့်ရအောင်လား..
? စကြာဝဠာပြခန်းထဲမှာ တိမ်မြှပ်ပျောက်ကွယ်နေတဲ့ ရတနာတွေအများကြီးရှိတယ်ကွ ... မင်းနဲ့ငါ ဘယ်သူပိုပြီးကံကောင်မလဲဆိုတာ စမ်းကြည့်ကြတာပေါ့ ..."
ရှဲပူတိက အရင်အကြုံပြုစကားဆိုလိုက်သည်။

ရှောင်လုံကလဲ ငြင်းပယ်ရန်ဆန္ဒမရှိပဲ
"... ကောင်းပြီလေ ..."

ရှဲပူတိကအရင်မပြောဘူးဆိုရင်တောင် သူကအဲ့လိုစပြီပြောတော့မှမဟုတ်လား...။ သူတို့က ရင်းနှီးနေသည့် သူသယ်ချင်းတွေဖြစ်ကြပေမယ့် ပကတိစိတ်ဝိညဉ်ပုလဲအကြောင်းကိုတော့ ရှောင်လုံက သူ့အရင်းနှီးလုံးလူတွေကလွဲပြီး တခြားလူတွေကိုပြောပြလိုခြင်းမရှိပေ ...။ပြောပြရာကနေ မထင်မှတ်ထားသည့် အရှုပ်ပုံဇတ်လမ်းတွေပေါ်ပေါက်လာနိုင်တယ်မဟုတ်လား ...။

ရှဲပူတိထွက်သွားပြီးတဲ့နောက် ရှောင်လုံက ဂျန်ယန်နှင့် လူရှီကိုလဲ ရှဲပူတိပြောတဲ့ဆင်ခြေကဲ့သို့ သီးခြားစီ လူခွဲလေ့ကျင့်ချင်ကြောင်းပြောလိုက်သည်။

ရှောင်လုံတောင်းဆိုတာကိုကြားတော့  ဂျန်ယန်နှင့် လူရှီတို့က တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်။ အဲ့နောက်ဂျန်ယန်က အလေးအနက်လေသံဖြင့်
"...ဒိလိုဆိုမှတော့ သခင်လေးရှောင်လုံ ... ကျေးဇူးပြုပြီး အသံထုတ်လွင့်ခြင်း အဆောင်လက်ဖွဲ့လေးကို ကိုင်ထားပေးပါ ...သခင်လေးဆီမှာ အန္တရာယ်တခုခုနှင့် ကြုံလာပြီဆိုတာနဲ့
ကျွန်တော်တို့ဆီကို စာလှမ်းပို့လိုက်ပါ ... ကျွန်တော်တို့အမြန်ဆုံးရောက်အောင်လာပါ့မယ် ..."
ပြောပြီးသည့်နှင့် ဂျန်ယန်က ထူးဆန်းသော မျဉ်ကြောင်းတွေရေးဆွဲထားသည့် လက်ဝါးတဝက်လောက်အရွယ် အဆောက်လက်ဖွဲ့တခုကိုထုတ်ရင်း ရှောင်လုံကိုပေးအပ်လိုက်သည်။

အဆောင်လက်ဖွဲ့ကိုယူပြီးသည့်နှင့် ရှောင်လုံကခေါင်းညိတ်ပြလိုက်လေသည်
"...ကောင်းပါပြီ အဲ့လိုပဲ လုပ်ကြတာပေါ့ ..."

ဂျန်ယန်တို့နှစ်ယောက်လုံးက ရှောင်လုံကိုနှုတ်ဆက်ပြီး ထွက်သွာကြသည်။ ရှောင်လုံကသူတို့နှစ်ယောက်စလုံး ပျောက်ကွယ်သွားပြ်ိးချိန်အထိ စောင့်ပြီးမှ အနောက်သို့ လှည့်လိုက်သည်။ ထိုနောက် ပကတိစိတ်ဝိညဉ်ပုလဲလုံး ကိုအာရုံခံမိသည့် တောင်းတန်းဒေသဆီသို့ ပျံသန်းသွားတော့သည်။

သူ့ပျံသန်းလာပြီး သိပ်မကြာခင်မှာပဲ တောင်ကြားတခုဆီသို့ရောက်ရှိလာသည်။ တောင်ကြားထဲကို ချဉ်းကပ်လာသည့်နှင့် ရှောင်လုံကိုယ်ထဲမှာ တုန်ခါလျက်ရှိသည့် လင်းလောင်ရတနာစေတီနှင့် နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်တို့ဆီကနေ တုန်ခါမှုတွေက ရုတ်တရက်ဆိုသလို ရပ်တန့်သွားသည်။

ရှောင်လုံလဲ မြေကြီးပေါ်သို့ ဆင်းလိုက်သည်။ သူ့ကိုယ်ထဲကကောင်းကင်ရတနာတွေ၏ အစောပိုင်းတုန်ပြန်မှုအရ ပကတိစိတ်ဝိညာဉ်ပုလဲလုံးက တောင်ကြားထဲက တနေရာရာမှာရှိနေလိမ့်မယ်ဆိုတာကိုရှောင်လုံကသဘောပေါက်လိုက်သည်။ ဒါပေမယ့် လင်းလောင်ရတနာစေတီနှင့် နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်တို့ကသူတို့ထက်အတင့်မြင့်တဲ့လူနဲ့တွေ့ဆုံမှာမို့လို့ ပိုပြီး တုန်ခါလာရမယ့်အစား ဘာကြောင့်အခုလိုမျိုး ထူးထူးဆန်းဆန်း တုန်ခါနေတာတွေ ရပ်သွားကြတာလဲ ....?

ရှောင်လုံလဲ ခုန်ရင်း တောင်ကြားထဲသို့ဝင်လိုက်သည်။ တောင်ကြားတခုလုံးမှာ ကိုယ်လက်ကိုကိုယ်ပြန်မမြင်ရလောက်အောင် နက်မှောင်နေသည့် မီးခိုးငွေ့တွေက လွမ်းခြုံထားသည်။ ရှောင်လုံလဲ သူ့အရှေ့ဆယ်မီတာလောက်ကိုသာ မှုန့်မှုန်ဝါးဝါးမြင်တွေ့ရသည်။

ရှောင်လုံ ကောင်းကင်သိုင်သမားတယောက်ဖြစ်လာပြီးကတည်းက ဘယ်လောက်ထူထပ်သည့်မြူတွေနှင့် ကြုံတွေပါစေ အနဲဆုံး သူ့အရှေ့ဘက်မီတာသုံးရာလောက်ကို သဲသဲကွဲကွဲမြင်နိုင်စွမ်းရှိသည် ။ အခုကြတော့ ထူးဆန်စွာဖြင့် သူ့အရှေ့ဘက်ဆယ်မီတာကိုတောင် မှုန်မှုန်ရီရီလေးသာ မြင်တွေ့ရသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၁၀ ..... ကြောက်စရာကောင်းသောတောင်
                  ကြား

       ပတ်ဝန်းကျင်၌ ဖုံးအုံးနေကြသော မြူနှင်တွေ၏ မတူထူးခြားနေမှုကို ခံစားလိုက်ရသဖြင့် ရှောင်လုံလဲသူ့၏စိတ်အာရုံတွေကို အစွမ်းကုန်နှိုးကြားစေလိုက်သည် ။ သူကအချိန်ဆိုင်းနေခြင်းမရှိပဲ သူ့ရဲ့နတ်ဆိုးခန္ဓာကိုယ်အသွင်သို့ ချက်ချင်းဆိုသလိုပြောင်းလဲလိုက်သည်။ ထိုနောက် အသင့်ပျံသန့်နိုင်ရန် နတ်ဆိုးတောင်ပံနှစ်ခုကို ဆန့်တန်းကာ သတိကြီးကြီထားပြီး တောင်ကြားအတွင်းသို့ ဝင်လိုက်သည်။ သူ့မျက်လုံးတွေကလဲ ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသမျှကိုအဆက်မပြတ်စောင့်ကြည့်နေသည်။

တောင်ကြား၏ အရပ်လေးမျက်နှာစလုံးက ခြောက်ခြားစရာကောင်းလောက်အောင်ညတိတ်ဆိတ်ငြိမ်သက်နေသည် ။ ကြားလိုက်ရသူ၏ အရိုးထဲအထိစိမ့်သွားအောင် ကြောက်လန့်စေသော စူးစူးရှရှအော်သံတွေက တောင်ကြားအတွင်းကနေ မကြာခနထွက်ပေါ်လာသည်။

  ရှောင်လုံလဲထူပိန်းနေသည့်ငွေရောင်မှိုင်းမှိုင်း မြူနှင်းတွေအတွင်းသို့တနာရီကြာအောင် သတိဝီရီယဖြင့် ဖြည်းဖြည်းချင်း တိုးဝင်လ်ုက်သည်။ ပတ်ဝန်ကျင်တခုလုံးကို ငွေရောင်မှိုင်းမှိုင်းမြူနှင်းတွေကသာ ရစ်ပတ်လွှမ်းခြုံထားပြီး တခြားဘာကိုမှမြင်တွေ့ရခြင်းမရှိပေ..။

ရှောင်လုံဝင်လာသည့် လမ်းတလျှောက်စလုံး တိတ်ဆိတ်၍ ငြိမ်သက်မှုကကြီးစိုးနေသည်။ အဲ့လိုမျိုး မူမမှန်သောတိတ်ဆိတ်ငြိမ်သက်နေမှုက ရှောင်လုံကို ပိုမိုစိုးရိမ်လာစေသည်။ သူ့စိတ်ထဲမှာ အန္တရာယ်တခုခုကျရောက်တော့မည်ဆိုတာကို အလိုလို ခံစားမိနေသည်။

  ငွေရောင်မှိုင်းညို့နေသော မြူနှင်းတွေအတွင်းသို့ဝင်လာရခြင်းက ရှောင်လုံအတွက်တော့သေခြင်းတရားဖြင့်ပြည့်နှက်နေသည့် ငရဲပြည်သို့ အလည်တခေါက်လျှောက်လှမ်းခါခြင်းဖြင့် တူညီနေသည်။

တရွေ့ရွေ့ဖြင့် နောက်ထပ်အချိန်တနာရီက ထပ်မံကုန်လွန်သွားပြန်သည် ။ အခုချိန်အထိထထူးခြားလာတာဆိုလို့ သူတိုးဝင်လာသည့် မြူနှင်းထုက ပိုမိုသိပ်သည်းလာတာပဲ ရှိသည် ။

ရှောင်လုံ ပထမဦးဆုံးတောင်ကြားအတွင်းသို့ ဝင်လာချိန်မှာ သူ့အရှေ့ဘက်ဆယ်မိတာလောက်ကို သဲသဲကွဲကြွဲမင်တွေ့ရသေးသည် ။ အခုချိန်မှာတော့ သူ့လက်ကိုအရှေ့သို့ဆန့်တန်းပြီးကြည့်မယ်ဆိုရင်တောင် သေချာမမြင်ရတော့ပေ ..။

   ရှောင်လုံလဲ အရှေ့သို့တည့်တည့်မတ်မတ်ဆက်လျှောက်လာလိုက်သည်။ သူမျက်လုံးရှေ့မှာကာရံနေသော မြူနှင်းတွေက ထူးဆန်းစွာဖြင့် ရုတ်တရက် ကြည်လင်ပျောက်ကွယ်သွားသည်။ မြူနှင်တွေကြည်လင်သွားသည့်အခါ ထူးခြာသော အော်မြည်သံတွေထွက်ပေါ်လာသည် ။

    ရှောင်လုံလဲ ဖြစ်လာသမျှတွေကိုချက်ချင်းတုန့်ပြန်နိုင်အောင် သူ့စိတ်အာရုံတွေကိုအစွမ်းကုန်နှိုးထထားပြီး အတွင်းအားတွေကိုလဲ အသင့်သုံးနိုင်အောင် ပြင်ဆင်ထားလိုက်သည် ။ စူးစူးရှရှအော်မြည်သံတွေဖြင့် တောင်ကြား တခုလုံးပဲ့တင်နေသည်။

ဒီစူးစူးရှရှအော်ဟစ်သံက မိစ္ဆာသားရဲမျိုးနွယ်ဝင်မဟုတ်သော တခြား သက်ရှိအမျိုးအစားတခုဆီကနေ လာနေတယ်လို့ ရှောင်လုံကအကျဉ်းချုံးသတ်မှတ်လိုက်သည်။ အခုအော်မြည်သံတွေက ငရဲကလာသော မိစ္ဆာဘီလူးတွေ အော်မြည်သံနှင့် အနဲငယ်တူညီသည်။

ရွှပ်......!
  စွမ်းအားပြင်းထန်သောအရာတခုက မြူနှင်းတွေကို ဖောက်ထွက်ရင်း ရုတ်တရက် ရှောင်လုံကိုတိုက်လိုက်လာသည် ။ ရှောင်လုံလဲ သူ့သိုင်းဝိညာဉ်၏မွေးရာပါစွမ်းရည်တခုဖြစ်သော သရဲအရိပ်ကိုယ်ဖော့သိုင်းအပြင် နတ်ဆိုးတောင်ပံတွေကိုခတ်ရင်း ဘေးတဖက်သို့ အလျင်အမြန်ရှောင်တိမ်းလိုက်သည်။

နက်မှောင်ပြောင်လက်နေသည့် သတ္တဝါတကောင်ကမြူနှင်တွေကြားထဲကနေ ရုတ်တရက်ပေါ်ထွက်လာသည် ။ သူကလူပုံသဏ္ဍာန်ဖြင့် အနဲင်ါတူညီမှုရှိပေမယ့် သူ့မှာကရဲရဲနီနေသော မျက်လုံးတွေအပြင် လက်လေးဖက်ပါရှိသည် ။ သူ့ခန္ဓာကိုယ်တခုလုံးကို ကြောက်မက်ဖွယ်ရာမီတောက်တွေက ရစ်ပတ်ထား၏။

ရှောင်လုံက ထူးဆန်းသောသတ္တဝါကြီး၏ စဦးတိုက်ခိုက်မှုကို မဆိုသလောက်လေးပဲလျင်မြန်စွာရှောင်တိမ်းနိုင်လိုက်ခြင်းဖြစ်သည်။ ထိုနောက်ထူးဆန်းသောသတ္တဝါကြီးက ရှောင်လုံကိုကုတ်ဆွဲလိုက်သည်။
ငရဲကနေလာသော အငြိုးကြီးမားသည့် မီးတောက်တွေနှင့်တူညီသော သူ့ခန္ဓာကိုယ်ပတ်လည်က ကြေညက်မက်ဖွယ်ရာ မီးတောက်လှိုင်းတွေက ရှောင်လုံဆီသို့ လာဟပ်သည်။ ပြင်းထန်သောအပူချိန်ကြောင့်သူ့ခန္ဓာကိုယ်တခုလုံးကို အပ်ပေါင်းများသွာဖြင့် ထိုးစိုက်နေသလိုမျိုး ရှောင်လုံစိတ်ထဲမှာ ခံစားလိုက်ရသည်။

သာမန်အခြေအနေမှာဆိုရင် ရှောင်လုံဆီမှာက နတ်ဆိုးခန္ဓာကိုယ်ရှိသည့်အပြင် နှစ်ပေါင်းများစွာ နဂါးမီးတောက်ပုလဲလုံးတွေကို ဝါးမြိုရင်း သိုင်းလေ့ကျင့်ခဲ့မှုတွေကြောင့် သာမာန်လူပြည်မှာရှိသော မီးတောက်တွေ၏ ပြင်းထန်သောအပူချိန်တွေက သူကို ထိခိုက်အောင် စွမ်းဆောင်နိုင်စွမ်းမရှိပေ ..။

ဒါပေမယ့် အခုမီးတောက်ကြတော့ အပးချိန်လေးတချက်လောက်ဟပ်လိုက်ရုံနဲ့တင် ရှောင်လုံကိုနာကျင်သွားစေသည်။ အဲ့လိုဆိုကတည်းက ဒိမီးတောက်ကဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာကို တွေးကြည့်ရုံနှင့်သိနိုင်သည်။

ထူးဆန်းသောသတ္တဝါကြီးက ရှောင်လုံအနားကိုတော့ ချဉ်ကပ်လာခြင်းမရှိပေ ...။  အဲ့ဒီအစားသူက ရှောင်လုံကိုမမြင်သည့်အလား ထူပိန်းနေသော မြူနှင်းတွေကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

ရှောင်လုံက ထူးဆန်းသောသတ္တဝါတကောင်၏ တိုက်ခိုက်မှုကိုရှောင်တိမ်းပြီး သိပ်မကြာခင်လေးမှာပဲ နောက်ထပ်ထူးဆန်းသောအနက်ရောင်သတ္တဝါတကောင်က ရှောင်လုံကို ထပ်မံတိုက်ခိုက်လာပြန်သည် ။

ရှောင်လုံလဲ  သတိကြီးစွာဖြင့် သရဲအရိပ်ကိုယ်ဖော့သိုင်းကို နတ်ဆိုးတောင်ပံတွေနှင့် ရောစပ်ကာအသုံးပြုလိုက်သည်။ အခုလိုမျိုး တူညီသော ဖြစ်စဉ်တွေက မကြာခနဆက်ဖြစ်လာသည်။ အနက်ရောင်သတ္တဝါတွေက မကုန်ခမ်းနိုင်သလို အဆက်မပြတ် တကောင်ပြီးတကောင် ထွက်ပေါ်လာသည်။

တကောင်က မြူနှင်းအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည့်နှင့် နောက်ထပ်တကောင်က ချက်ချင်းဆိုသလို ပေါ်ပေါက်လာသည် ။  အနက်ရောင်သတ္တဝါကြီးတွေ တကောင်ပေါ်လာတိုင်းရှောင်လုံမျက်နှာက တခါရှုံမဲ့လာသည်။ သူတို့ရဲ့ တိုက်ခိုက်နှုန်းတွေအပြင် သူတို့ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ပတ်နေသော မီးတောက်တွေက တဖြည်းဖြည်းနှင့် ပိုမိုကြောက်စရာကောင်းလာသည် ။

စဦးပိုင်းမှာတော့ အဲ့ဒီသတ္တဝါကြီးတွေက သူတို့ကိုယ်မှာရသ်ပတ်နေသော မီးတောက်စွမ်းအားလှိုင်းအချို့ကိုသာ ထုတ်လွှတ်တိုက်ခိုက်ပြီး ထွက်သွားကြတာပြဲဖစ်သည်။ ဒါပေမယ့် ရှောင်လုံအတွက်ကတော့ သူ့အရေပြားတခုလုံးကိုမီးနှင့်မြိုက်သလို ပူလောင်စွာခံစားနေရသည် ။ အဲ့ဒိပူလောင်သောခံစားမှုတွေက သူ့အရေးပြားတွေဆီကနေ သူ့ကိုယ်တွင်းအင်္ဂါတွေထဲအထိ စိမ့်ဝင်လာသည်။

အဲ့ဒိအပူစွမ်းအင်တွေက ရှောင်လုံကို အလွန်အမင်းနာကျင်စေသည် ။ ထူးဆန်းသေအနက်ရောင်သတ္တဝါကြီးဆယ့်နှစ်ကောင်လောက်၏တိုက်ခိုက်လာမှုကို အောင်မြင်စွာရှောင်တိမ်းခဲ့ပြီးနောက် ရှောင်လုံစိတ်ထဲမှာ တဖြည်းဖြည်းနှင့် စိုးရိမ်ပူပန်မှုတွေကြီးစိုးလာလေသည်။ သူစိုးရိမ်ပူပန်စွာဖြင့်ဆက်လျှောက်နေစဉ်မှာပဲ နောက်ထပ် အနက်ရောင်သတ္တဝါတကောင်က သူ့ရှေ့ဘက်ကနေ ရုတ်တရက်ပေါ်ထွက်လာပြန်သည် ။

ရှောင်လုံက သရဲအရိပ်ကိုယ်ဖေ့ာသိုင်းကို သူတတ်နိုင်သမျှအမြန်ဆုံးအနေဖြင့် အသုံးချလိုက်ပေမယ့် သူ့လက်တဖက်ကိုတော့ အမျိုးအမည်မသိ ထူးဆန်းသောမီးတောက်အနဲငယ်စွဲညိသွားခဲ့လေသည်။ ရှောင်လုံစိတ်ထဲမှာ သူ့တကိုယ်လုံးငရဲမှာ မီကင်းခံလိုက်သလိုမျိုး ခံစားလိုက်ရသည်။

အရိုးထဲထိစိမ့်နေအောင် ပြင်းပြင်းထန်ထန်နာကျင်မှုက ရှောင်လုံလိုမျိုး စိတ်ဓတ်မာကျောသူကိုတောင် မခံမရပ်နိုင်ဖြစ်စေသည်။

အား.....!
ရှောင်လုံဆီကနေ နာနာကျင်ကျင်အော်သံထွက်ပေါ်လာသည်။

နာကျင်မှုတွေ့လျောနဲသွားပြီးတဲ့နောက် ရှောင်လုံကသူ့လက်ကိုမီးတောက်လာဟပ်သည့်နေရာကို အကဲခတ်လိုက်သည်။ မီးတောက်ကြောင့်ဖြစ်ပေါ်လာသည့်ဒဏ်ရာက ဥမင်လှိုဏ်ခေါင်းတခုလိုမျိုး သူ့ရဲ့အသားထဲ သွေးထဲ ကနေ အရိုးထဲအထိပါ ဖောက်ဝင်သွားလေသည်။

ရှောင်လုံလဲ ရူးမတတ်အံသြသွားသည်။

အခုတကြိမ်ကပထမဆုံးအနေဖြင့် သူ၏မာကျောလှသော ခန္ဓာကိုယ်ခုခံမှုကို ဖောက်ထွင်းကာ သူ့ကိုအခုလောက်အထိဒဏ်ရာရစေခဲ့ခြင်းပင် ...။

ရှောင်လုံလဲ ထပ်မံတုန့်ဆိုင်းမနေတော့ပဲ သူရဲ့ နဂါးအနက်ရာင်ကြီးနှင့် နဂါးအပြာရောင်ကြီးကိုဆင့်ခေါ်ရင်း တခါထဲ ဝိညဉ်အသွင်ပြောင်းလဲလိုက်သည်။

သူ့၏ အမွှာသိုင်းဝိညဉ်နှစ်ခုနှင့် ရောစပ်ပြောင်းလဲပြီးတဲ့နောက် အပြာရောင် တဝက် အနက်ရောင်တဝက်နဂါးအကြေးခွံတွေက ရှောင်လုံကိုယ်ပေါ်သို့ ဖုံးအုပ်သွားသည်။ သူ့အရိုးထဲအထိ ချိုင့်ဝင်သွားသောဒဏ်ရာတွေကတဖြည်းဖြည်းနှင့် ပြန်လည်ပျောက်ကင်းသွား၏ ။

နောက်ထပ်အနက်ရောင်သတ္တဝါဆန်းတကောင်ပေါ်ထွက်လာပြ်ိး ရှောင်လုံကို တဟုန်ထိုးလိုက်လံတိုက်ခိုက်လေသည်။ ရှောင်လုံလဲ သူ့ရဲ့ အမြန်နှုန်းကို တတ်နိုင်သလောက်အမြန်ဆုံးအသုံးချရင်း လွတ်အောင် ထွက်ပြေး၏ ။

  ဝိညဉ်အသွင်ကိုပြောင်းလဲပြီးသည့်နောက် ရှောင်လုံလဲ အမြန်နှုန်းတွေကသိသိသာသာကို တိုးတက်လာခဲ့သည်။ သူ့တကိုယ်လုံးကို ထူထပ်သောနဂါးအကြေးခွံတွေက ဖုံးအုပ်ထားပေမယ့် အနက်ရောက်သတ္တဝါဆန်းကြီးတွေကိုယ်မှာရစ်ပတ်လျက်ရှိသော အမျိုးအမည်မသိသော မီးတောက်တွေ၏ ပြင်းပြသောအပူချိန်ကို ရှောင်လုံ ခံစားနေရဆဲပဲ ဖြစ်သည်။

နာရီဝက်လောက်ကြာမြင့်သွားသည်....။
ဝိညာဉ်အသွင်ကိုပြောင်းလဲပြီးတဲ့နောက် ရှောင်လုံက အနက်ရောင်သတ္တဝါဆန်းတွေ၏ တိုက်လိုက်မှုကို နာရီဝက်လောက်ကြာအောင်တောင်ခံနိုင်လိုက်သည်။ ဒါပေမယ့် နာရီဝက်ကြာပြီးသည့်နောက် သူအခြေအနေကတဖြည်းဖြည်းဆိုးရွားလာလေသည်။

အရင်ကောင်တွေထက်ကိုမြန်သည့် နောက်ထပ်အနက်ရောင်သတ္တဝါဆန်းတကောင်က ထူထပ်နေသော မြူနှင်းတွေကြားထဲကနေ ထပ်မံထွက်ပေါ်လာသည်။ ဒီတကြိမ်မှာတောင် သူ့၏ဝိညဉ်အသွင်ပြောင်းလဲမှုကြောင့်သိသိသာသာကို မြန်ဆန်လာသည့် အမြန်နှုန်းနှင့်တောင်မှ အနက်ရောက်သတ္တဝါဆန်း၏ တိုက်ခိုက်လာမှုကိုရှောင်လုံအနေဖြင့် ရှောင်တိမ်းနိုင်စွမ်းမရှိတော့ပေ ..။

ရှောင်လုံ၏ လက်နှစ်ဖက်စလုံးကို အနက်ရောင်သတ္တဝါဆန်းကိုယ်ကထူးဆန်းသောမီးတောက်တွေ ထိမှန်သွားသည်။ မီးတောက်တွေက သူ့လက်ပေါ်က နဂါးအကြေးခွံတွေ သတင်လောင်ကျွမ်းလာသည်။ သူ့မျက်လုံးရှေ့မှာပဲ လက်ပေါ်က နဂါးအကြေးခွံတွေက တခုပြီးတခု ကွာကျလာသည်။

အခုနောက်ဆုံးတိုက်ခိုက်လာသည့် သတ္တဝါကြီး၏ အမြန်နှုန်းက အရင်တိုက်ခိုက်သည့် သတ္တဝါတွေထက် ၆ ဆနီးပါးလောက်ပိုမိုမြန်ဆန်လေသည်။

မီနစ်ပိုင်းလောက်အတွင်းမှာပဲ ရှောင်လုံခန္ဓာကိုယ်အပေါ်မှာ ဖုံးအုပ်ကာကွယ်ပေးထားသည့် နဂါးအကြေးခွံတွေအကုန်လုံးကတခုမကျန်ကွာကျသွားသည်။ ရှောင်လုံလဲ သူကိုယ်ပေါ်ကနဂါးအကြေးခွံတွေကွာကျမှုကြောင့် သွေးတရဲရဲသံတရဲရဲ ဖြစ်နေသည် ။

  အနက်ရောင်သတ္တဝါဆန်းကြီး၏ မီးတောက်တွေက ရှောင်လုံကိုယ်ပေါ်မှာ ဖုံးအုပ်ပေးထားသည့် နဂါးအကြေးခွံတွေကို တိုက်စားပြီးတဲ့နောက် မကျေသေးဟန်ဖြင့် သူ့အသားတွေကိုဖြတ်သန်းရင်း အရိုးထဲအထိပါ ဖောက်ဝင်သွားသည်။

ငါဒီနေရာမှာ သေရလိမ့်မယ်လို့ မထင်ထားမိဘူး ....!
ရှောင်လုံ စိတ်ထဲမှာတွေးတောလိုက်သည် ။
". .. ငါဒီကမ္ဘာကြီးကနေသေသွားပြီးရင် လူပြည်ကို ပြန်ရောက်နိုင်ပါ့မလား ....?"

ရှောင်လုံက ပြင်းထန်သော နာကျင်မှုကြောင့် သတိလစ့မတတ်ဖြစ်လာပြီး သူ့တကိုယ်လုံးက ယိုင်ထိုးလာသည်။ သူတုန်ပြီး မြေကြီးပေါ်သို့လဲကျတော့မည့်အချိန်မှာ ပတ်ဝန်းကျင်ကိုဖုံးလွမ်းထားသည့် ထူထပ်သိပ်ငးသည်းနေသော ငွေရောင်မှိုင်းမှိုင်း မြူနှင့်ငွေ့တွေက ရုတ်တရက်ပျောက်ကွယ်သွားသည်။

ထူးဆန်းစွာပဲ သတ္တဝါဆန်းကြီးတွေ အော်မြည်နေသည့် စူးစူးရှရှအော်ဟစ်သံတွေကလဲ ရုတ်တရက်တိတ်ဆိတ်သွား၏။

ရှောင်လုံက တမဟုတ်ချင်းပြောင်းလဲသွားသော သူ့၏ ပတ်ဝန်းကျင်ကို အံသြမှင်သက်စွာဖြင့် ငေးကြည့်လိုက်သည်။ တောင်ကြားတခုလုံးကို ဖုံးလွှမ်းထားသည့် ထူထပ်သောမြူနှင်းတွေက ပျောက်ကွယ်သွားပြီး တောင်ကြားတခုလုံး ကြည်ကြည်လင်လင် ပြန်ဖြစ်သွားသည်။

ကြည်လင်နေသော တောင်ကြားပတ်ဝန်းကျင်မှာ အနက်ရောင်ကျောက်တုံးတွေက ပြန့်ကျဲစွာဖြင့် ရှိနေသည်။ အနက်ရောက်ကျောက်တုံးတွေအပြင်း ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် အနက်ရောင်အပင်တချို့လဲ ပေါက်ရောက်နေသည်။ သစ်ပင်တိုင်းလိူလိုက လူ၏လက်နှစ်ဖက်ကဲ့သို့ သစ်ကိုင်းနှစ်ကိုင်းပါရှိကြသည်။

ရှောင်လုံလဲ နတ်လက်စွပ်အတွင်းက သွေးတိတ်ဆေးထုတ်ယူလိုက်ပြီး  သူ့ကိုယ်သူတည်ငြိမ်လာအောင်အရင်ဆုံးကြိုးစားလိုက်သည်။ ထိုနောက် ဆေးလုံးကိုမြိုချရင်း သူ့သိုင်းဝိညဉ်၏ တမဟုတ်ချင်းအတွင်းအားပြန်လည်ဖြည့်တည်းပေးခြင်း
စွမ်းရည်ကိုထုတ်သုံးလိုက်သည်။

သူကိယ်ထဲကနေ အပြာရောင်စွမ်းအင်တွေ ထွက်ပေါ်လာပြီး ရှောင်လုံကို ဖြည်းဖြည်းဒဏ်ရာကနေ သက်သာလာစေသည်။
နာရီဝက်နီးပါးလောက်အကြာမှာတော့ သူ့ကိုယ်ထဲကနေ ထွက်ပေါ်နေသည့် အပြာရောင်အလင်းတန်းတွေက တဖြည်းဖြည်းပျောက်ကွယ်သွားပါသည်။

ရှောင်လုံကိုယ်ပေါ်က ဒဏ်ရာတွေအကုန်လုံးကလဲ အနာကျက်ကုန်သည်။ ထိုနောက် အရင်အတိုင်း ပြန်ဖြစ်သွားသည်။

သူရဲ့အရေးပြားအပေါ်ကိုသာကြည့်မယ်ဆိုရင် ရှောင်လုံအစောပိုင်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်ဆိုတာကိ
ဘယ်သူမှယုံနိုင်မှာမဟုတ်ပေ  ...။

ဖူး....!
ရှောင်လုံလဲ သက်ပြင်းတချက်မှုတ်ထုတ်လိုက်သည်။ ထိုနောက် တောင်ကြာအတွင်းသို့ ဆက်ဝင်လာလိုက်သည်။ တနာရီလောက်ကြာသွားတော့ တောင်ကြား၏ လမ်းဆုံးနေရာသို့ရောက်ရှိလာသည်။

တောင်ကြား၏ အဆုံးဘက်ကတောင်နံရံထက်မှာ အနက်ရောက်အပေါက်ကြီးရှိ၏ ။ ထိုအနက်ရောက်အပေါက်ကြီးအတွင်းကနေ စီစီလောင်လောင်အသံတွေက တအီအီထွက်ပေါ်နေသည်။

ရှောင်လုံလဲ ဝင်ရမဝင်ရဆိုပြီး ခနကြာအောင်ညတွန့်ဆုတ်နေပြီးမှ သူ့ကိုယ်သူအားတင်ကာ အနက်ရောင်အပေါက်ကြီးအတွင်းသို့ ဝင်လိုက်သည်။ သူဒီနေရာအထိတောင်ကြိုးစားပန်သားရောက်ရှိအောင် အခက်အခဲအမျိုးအျိုးကိုရင်ဆိုင်ကာလာခဲ့ပြီးမှတော့ အခုလှိုဏ်ခေါင်းကြီး၏ အဆုံးဘက်မှာ ဘာရှိတယ်ဆိုတာကိုမသိရမခြင်း ရှောင်လုံက လက်လျော့လိုစိတ်မရှ်ိပေ ...။

ရှောင်လုံက အနက်ရောင်လှိုဏ်ဂူအတွင်းသို့ ခြေတလှမ်းချလိုက်သည့်နှင့် သူ့ကိုယ်ထဲမှာရှိနေသော လင်းလောင်ရတနာစေတီနှင့် နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်တွေက ရုတ်တရက်တုန်ခါလာကြသည်  ။

သူတို့နှစ်ခုက ရှောင်လုံတောင်ကြားထဲကိုဝင်လာပြီး အခုအချိန်ကျမှ စတင်တုန်ခါလာတာပဲ ဖြစ်သည်။ ကောင်းကင်ရတနာနှစ်ခု၏ ပြင်းပြင်းထန်ထန်တုန့်ပြန်မှုကို မြင်သည့်နှင့် ရှောင်လုံလဲ အရမ်းကိုပျော်ရွှင်သွားသည်။

သူတို့ရဲ့တုန့်ပြန်မှုကိုကြည့်ချင်းအားဖြင့် ပကတိစိတ်ဝိညဉ်ပုလဲလုံးက တောင်ကြားထဲက ဒီအနက်ရောင်လှိုဏ်ဂူကြီးအတွင်းရှိနေမယ်ဆိုတာကို ရှောင်လုံစိတ်ထဲမှာ အလိုလိုသိလိုက်သည်။

ရှောင်လုံလဲ အနက်ရောင်လှိုဏ်ဂူကြီးအတွင်းသို့ ဆက်ဝင်လာလိုက်သည်။ လှိုဏ်ဂူကြိးတခုလုံးမှောင်ပိန်းနေသည့်ကလွဲပြီး တခြာဘာကိုမှ မမြင်ရပေ ..။ ရှောင်လုံလဲ တဖြည်းဖြည်း အမှောင်နှင့်အသားကျလာပြီး သူ့မျက်လုံးတွေက အရှေ့ဘက်မီတာတရာလောက်ကိုမြင်နိုင်လာသည်။

အနက်ရောင်လှိုဏ်ဂူကြီးအတွင်းမှာက အပြင်ဘက်ကလိုမျိုး ငွေရောင်မြူနှင်းတွေမရှိပေမယ့် ရှောင်လုံက တစက်ကလေးမှ သတိလက်လွတ်တော့မနေရဲပေ ...။

သူကဝိညဉ်အသွင်ပြောင်းလဲထားခြင်းကို ပြန်လည်ရုပ်သိမ်းခြင်းမရှိပဲ အဲ့ဒိပုံစံအတိုင်း အဆက်မပြတ် ထိမ်းသိမ်းထားသည်။ သူ့မျက်လုံးတွေက လှိုဏ်ဂူကြီး၏ အရပ်လေးမျက်နှာသလုံးကို လှည့်ပတ်၍ အကဲခတ်နေသည်။

လှိုဏ်ခေါင်းကြီးကလဲ အဆုံးမရှိသည့် ဟန်ဖြင့် အလွန်တရာကိုရှည်လျားပါသည်။ အခုဆိုရင်ရှောင်လုံလှိုဏ်ဂူကြီးအတွင်းသို့ဝင်လာတာက နာရီပေါင်းမျာစွာကြာမြင့်နေပြီဖြစ်ပေမယ့် အခုထိ လှိုဏ်ဂူကြီးအဆုံးကိုမရောက်ရှိသေးပေ ...။

အပိုင်း ၂၁၁ ... အစီအစဉ်

Continue Reading

You'll Also Like

98.1K 2.1K 26
Jujutsu Kaisen Gojo reader is in the world of FairyTail. Starting at the conclusion of the Phantom Guild Arc what kind of mischief will we see with o...
11.1K 226 20
Idk first story so please be nice
166K 25.5K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
76.1K 3.5K 89
Y/N, a once valiant warrior, is losing himself to a malevolent curse, and Jingliu is unwavering in her determination to save him. As they grapple wit...