ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

181 - 185

292 25 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၈၁ ..... နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ (13)

    သူ့ရဲ့ ပိုင်နိုင်လှသောလက်ညှိုးတိုက်ကွက်လွဲချော်သွား
တာမြင်တော့ ရှဲပူတိကိုယ်တိုင် နဲနဲတော့အံသြမိသွားသည်။ရှဲပူတိက သူရဲ့ စိတ်အာရုံတွေကို သိုင်းပြိုင်စင်တခုလုံးဆီသို့  ဖြန့်ကျက်ရှာဖွေလိုက်၏ ။ အဲ့ဒါတောင်မှ ရှောင်လုံဘယ်ရောက်သွားလဲဆိုတာကို သူ့လုံးဝရှာလို့မတွေ့ပေ..။

  ".... ဒါ.....သူ့သိုင်းဝိညဉ်ရဲ့ ဒုတိယမွေးရာပါစွမ်းရည်ထင်တယ်... ?"
ချန်ကျန်းက ရှောင်လုံပျောက်ကွယ်သွားသော သိုင်းပြိုင်စင်ထက်ကို မျက်လုံးမှေးကြည့်ရင်း အလေးအနက်လေသံဖြင့် ပြောလိုက်သည် ။

ဒုတိယမွေးရာပါစွမ်းရည် ဟုတ်လား... ?

သူသိုင်းဝိညာဉ်ရဲ့ဒုတိယစွမ်းရည်က ကိုယ်ဖျောက်နိုင်တဲ့ စွမ်းရည်ပဲ... !

"... ဒါက အရမ်းကို အစွမ်းထက်လွန်းတဲ့ မွေးရာပါစွမ်းရည်တခုပဲ..."
ဒေါင်ဝူဟန်ရဲ့ အနောက်ဘက်မှာထိုင်နေသော စစ်သူကြီးတယောက်က အံသြတကြီးရေရွတ်လိုက်သည်

"...အခု ကျွန်တော်မျိုးတောင်မှ ဟောင်ရှောင်လုံရဲ့ အသက်ရှုစည်းချက်ကို အာရုံခံလို့မရပါဘူး... "

ထိုစစ်သူကြီးက အတွင်းအားအရာမှာ ကောင်းကင်အဆင့် ၃ သို့ ရောက်ရှိနေသော သိုင်းပညာရှင်တယောက်ပဲ ဖြစ်ပါသည် ။ ကောင်းကင်အဆင့် ၃ သိုင်းပညာရှင်ကတောင် ရှောင်လုံကိုယ်ဖျောက်ထားတာကို အာရုံခံလို့မရဘူးဆိုတော့ ရှောင်လုံရဲ့ ကိုယ်ဖျောက်စွမ်းရည်က ဘယ်လောက်အစွမ်းဖက်တယ်ဆိုတာကို တွေးကြည့်လိုက်ရုံနဲ့ သိနိုင်လေသည် ။

သိုင်းပြိုင်ကွင်းပတ်ပတ်လည်မှာရှိနေသော ပွဲကြည့်ပရိတ်သတ်တွေက သိုင်းပြိုင်စင်ပေါ်ကနေ ရှောင်လုံပျောက်သွားတာကိုမြင်တော့ အံသြသွားကြပြီး ရုတ်ရုတ်သဲသဲ ဆူညံသံတွေထွက်ပေါ်လာကြသည်။

ချိုင်လီ ၊ ယန်ယု နှင့် ဒန်ရှန်နီတို့အပါအဝင် တခြားသိုင်းပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွှဲခဲ့ကြသော ပြိုင်ပွဲဝင်တွေအကုန်လုံးလဲ သူတို့စိတ်အာရုံတွေကိုဖြန့်ကြက်ပြီး ရှောင်လုံကိုယ်ပျောက်နေတာကိုများရှာတွေ့မလားဆိုပြီး ကြိုးစားရှာဖွေလိုက်ကြသည် ။

လူတိုင်းလိုလိုက ရှောင်လုံကိုရှာဖွေနေစဉ် ရှောင်လုံက ရှဲပူတိအနောက်ဘက် လေထုအလွှာ ကြားကွက်လပ်တခုထဲကနေ ရုတ်တရက်ပြန်ပေါ်လာပြီး
ရှဲပူတိနောက်ကျောကို ရုတ်တရက် လက်ဝါးဖြင့် တချက်ရိုက်ထုတ်လိုက်သည်။

ရှောင်လုံလက်ဝါးရိုက်ချက်က ရှဲပူတိကို ထိမှန်တော့မယ့်အချိန်မှာပဲ
ရှဲပူတိရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ အနက်ရောင်မီးတောက်တွေက လွှမ်းခြုံရစ်ပတ်သွားလေသည် ။ အဲ့မြင်ကွင်းကိုတွေ့လိုက်တော့ ရှောင်လုံမျက်နှာထားကညတည်ကြည်သွားပြီး သူ့လက်ဝါးကိုအလျင်အမြန်ပြန်ရုတ်သိမ်းကာအနောက်ဘက်သို့ ခုန်ရှောင်လိုက်သည် ။

ရှဲပူတိကလဲ လည်ပတ်ရင်း ရှောင်လုံနဲ့ ဆန့်ကျင်ရာဘက်သို့ ဝဲပျံသွားလေသည် ။ သူတို့နှစ်ယောက်က နောက်ထပ်တကြိမ် မျက်နှာချင်းဆိုင်မိကြပြန်သည် ။

သူတို့ဦးခေါင်းက လေထုထဲမှာတော့ ရှောင်လုံရဲ့ နဂါးနက်ကြီးနဲ့ ရှဲပူတိရဲ့ ဖီးနစ်ငှက်တို့က အကြိတ်အနယ် တိုက်ခိုက်နေကြတုံးပဲ ဖြစ်သည် ။ နဂါးဟိန်းသံ နှင့် ဖီးန်ငှက်အော်မြည်သံတွေက သိုင်းပြိုင်ကွင်းတခုလုံးကိုဆူညံနေစေသည် ။ သူတို့သိုင်းဝိညဉ်နှစ်ခု တိုက်ခိုက်ရာကနေ ထွက်ပေါ်လာနေသော အင်အားလှိုင်းတွေက သိုင်းပြိုင်ကွင်းတခုလုံးကို လွင့်စင်ရောက်ရှိနေ၏ ။

ကောင်းကင်ယံထက်မှာ တောက်ပနေသော နေမင်းကြီးတောင်မှ အနက်ရောင်နဂါးကြီးနဲ့ အနက်ရောင်ဖီးနစ်ငှက်တို့၏ အနက်ရောင် မီးတောက်တွေ စွမ်းအင်တွေရဲ့ ဖုံးကွယ်ခြင်းကိုခံထားရသည် ။

ခန္ဓာကိုယ်တခုလုံးကို အနက်ရောင်မီးတောက်တွေက ချပ်ဝတ်တန်ဆာကဲ့သို့ လွှမ်းခြုံပေးထားသော ရှဲပူတိကို ရှောင်လုံက မျက်မှောင်ကြုတ်ရင်း အကဲခတ်လိုက်သည် ။ အနက်ရောင်မီးတောက်တွေက ရှောင်လုံနဲ့ ဆယ်မီတာလောက် မနီးမဝေးနေရာမှာ ရှိနေတာပဲ ဖြစ်သည် ။ ဒါကြောင့်မို့ အခုလက်ရှိအခြေအနေမှာ ရှောင်လုံအနေနဲ့ အနက်ရောင်မီးတောက်တွေကို ဖြိုခွင်းချိုးဖျက်နိုင်မယ့် နည်းလမ်းတခုကို အလျင်အမြန် ရှာဖွေတွေ့ရှိဖို့ လိုအပ်နေသည် ။

တခြားတဖက်မှာလဲ ရှဲပူတိက ရှောင်လုံလိုမျိုး မျက်မှောင်ကြုတ်ရင်း သူ့ကိုပြန်လည်အကဲခတ်နေ၏ ။ ရှောင်လုံကိုယ်ဖျောက်လိုက်တဲ့ တခနဏမှာ သူအနေနဲ့ ရှောင်လုံတည်ရှိမှုကို ဘယ်လိုမှကို အာရုံခံလိုမရခဲ့ပေ.. ။ ဒီတချက်ထဲနဲ့တင် ရှောင်လုံကို အနိုင်ရရှိဖို့က သူတွက်ဆထားတာထက်ကို ပိုပြီးခက်ခဲနေလေပြီ.. ။

ရှောင်လုံလက်နှစ်ဖက်ကနေ အေးစက်စက်အလင်းတန်းနှစ်ခု ရောင်ပြန်ဟပ်လာသည် ။ ရှောင်လုံက သူ့လက်ထဲမှာ ထဲ့သိမ်းထားသော နတ်ဓားနှစ်လက်ကို အပြင်ခေါ်ထုတ်လိုက်တာပဲ ဖြစ်သည် ။ နတ်ဓားနှစ်လက်အပြင်ကိုရောက်လာတာနဲ့ ရှောင်လုံက ခပ်တင်းတင်းကိုင်ဆွဲကာ သူနောက်ကျောက နတ်ဆိုးမိစ္ဆာတောင်ပျံတွေကို ဖြန့်ထုတ်လိုက်သည် ။ အဲ့နောက် နတ်ဆိုးမိစ္ဆာတောင်ပံတွေနဲ့အတူ သူရဲ့ သူရဲအရိပ်ကိုယ်ဖော့စွမ်းရည်ကိုပါ တပြိုင်နက်ထဲသုံးရင်း ရှဲပူတိကို နတ်ဓားနှစ်လက်ဖြင့် လှမ်းခုတ်ပိုင်းလိုက်သည်။

".... ငရဲမင်းရဲ့ ဒေါသ... "

ဓားအလင်းတန်းနှစ်ခုက မြေကြီးထဲမှာမြုံနေသော မီးတောင်ကြီးနှစ်ခုပေါက်ကွက်ထွက်လာသလို ၊ သားရဲကြီးတွေ အကောင်တသောင်းလောက်က မြေပြင်ကိုတပြိုင်နက် ဆောင့်နင်းလိုက်သလို မျိုး ပြင်းထန်သောအရှိန်အဟုန်ဖြင့် ရှဲပူတိကို လျင်မြန်စွာတိုက်ခိုက်လာသည်။

အရမ်းကို မြန်ဆန်ပါလား... !

ရှဲပူတိလဲ ရှောင်လုံသိုင်းကွက်ရဲ့ အမြန်နှုန်းကြောင့် ခနတာလောက်မှင်သက်သွားသည် ။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသောအနက်ရောင်မီးတောက်တွေက ပိုမိုအားကောင်းလာပြီး ရှောင်လုံရဲ့ ငရဲမင်းဒေါဥိုင်းကွက်က ရှဲပူတိရဲ့ အနက်ရောက်မီးတောက်တွေကြားထဲမှာ ပျော်ဝင်သွားသကဲ့သို့ ဖြစ်သွားသည် ။ ထိုနောက် အနက်ရောင်မီးတောက်တွေက ငရဲမင်းဒေါသသိုင်းကွက်ကို ဝါးမြိုပသ်လိုက်သလိုမျိုး လုံးဝပျောက်ကွယ်သွားသည် ။

.ထိပ်တန်းအဆင့် ၁၃ သိုင်းဝိညဉ်တခုဖြစ်သောအနက်ရောင်ဖီးနစ်
ငှက်ရဲ့ အနက်ရောင်မီးတောက်တွေက အရာရာကို ဝါးမြိုနိုင်စွမ်းရှိတယ်ဆိုတာက အလကားနာမယ်ကျော်ခဲ့တာမှ မဟုတ်ပဲ.. ။ သူတို့က ရှောင်လုံနတ်ဓါးတွေရဲ့ဓားအလင်းတန်းတွေကိုပါ ဝါးမြိုပြရင်း သူတို့နာမယ်ကျော်တာ အလာကားမဟုတ်ကြောင်း သက်သေပြလိုက်သည် ။

အနက်ရောင်ဖီးနစ်မိးတောက်တွေက ရှောင်လုံသိုင်းကွက်ကိုဝါးမြိုပစ်ပီးတာနဲ့ ရှဲပူတိကလဲ သူရှိနေသောနေရာကနေ ဖျက်ကနဲပျောက်ကွယ်သွားသည် ။ အဲ့နောက် သူလက်ညှိုးနဲ့ ရှောင်လုံကို လှမ်းထိနိုင်သောနေရာမှာ ပြန်လည်ပေါ်ထွက်လာ၏ ။ ဒါပေမယ့် ရှဲပူတိက သူပထမက အသုံးပြုခဲ့သော  "... တံလျှပ် ဟင်းလင်းပြင်လက်ချောင်းသိုင်း.. " ကို အသုံးပြုခြင်းမရှိတော့ပေ.. ။

"... ကြယ်ပျံလက်ချောင်းသိုင်း... "

ရှဲပူတိက လက်ညှိုးတချက်ထိုးလိုက်ရုံနဲ့ သူ့လက်ညှိုးအစစ်ကဲ့သို့ လက်ညှိုးတွေအများကြီးက ရုတ်တရက်ပေါ်ထွက်လာပြီး ပြန့်ကျဲသွားသည်။ လက်ညှိုးပျံတွေအများကြီးက ကြယ်မိုးတွေရွာသကဲ့သို့ ရှောင်လုံကိုပစ်မှန်ထားပြီး ရောက်ရ်ှလာကြသည်။

ရှောင်လုံက ဒိတကြိမ်မှာတော့ ရှောင်ပုန်ခြင်း ၊ ပုန်ကွယ်ခြင်းတို့ အလုပ်တော့ပဲ သူ့ကလဲလက်တဖက်ကို မြှောက်ရင်း လေထဲသို့ လက်ညှိုးတချက် ထိုးချလိုက်သည် ။ ရှောင်လုံလက်ညှိုးကနေ ရောင်ခြည်စက်ဝန်းတွေအများကြီး ထွက်ပေါ်လာပြီး သူဆီကို လျင်မြန်စွာဝဲပျံလာနေသော ကြယ်ပျံလက်ညှိုးတွေနဲ့ သွာရောက်ထိခိုက်မိကြသည်။

"..  ဖုန်း... ဖုန်း.... "
လက်ညှိုးသိုင်းနှစ်ခု ထိခိုက်မိတာကနေ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံနက်ကြီးတွေ ထွက်ပေါ်လာသည် ။

ကျယ်လောင်သော အသံတွေက ပွဲကြည့်စင်ထက်မှာရှိနေသော ပရိတ်သတ်တွေရဲ့ နားစည်ကို ပြင်းထန်စွာ သွားရောက်ရိုက်ခတ်လိုက်ပြီး ပရိတ်သတ်တွေအကုန်လုံးလိုလိုက သူတို့နားတွေကို လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်ကြသည် ။

ပြင်းထန်သော ထိတွေ့မိမှုကနေ သက်ရောက်လာသောစွမ်းအင်တွေကြောင့် ရှောင်လုံလဲ တောင့်မခံနိုင်တော့ပဲ အနောက်သို့ ခြေလှမ်းသုံးလှမ်းဆုတ်ပေးလိုက်ရသည် ။

ရှောင်လုံကသူ့သိုင်းလေ့ကျင့်ခဲ့စဉ်က စီကပ်အသီးတွေ မီနဂါးပုလဲလုံးတွေအများကြီးကို မြိုချရင်း သိုင်းလေ့ကျင့်ခဲ့သည် ။ အဲ့ဒါကြောင့်လဲ သူ့ခန္ဓာကိုယ်ရဲ့ ကြံခိုင်သန်းစွမ်းမှုက အဆင့်တူသိုင်းသမားတွေထက် အတင့်တဆင့်လောက်ကို ပိုမိုသန်မာတာပဲ ဖြစ်သည်။

သူခန္ဓာကိုယ်ရဲ့ ကြံခိုင်သန်မာမှုက အတွင်းအားအရာမှာ ကောင်းကင်အဆင့်၂ သို့ရောက်ရှိနေသော ရှဲပူတိလိုမျိုး သိုင်သမားနဲ့တောင် နှိုင်းယှဉ်နိုင်၏ ။ ရှဲပူတိကလဲ သိုင်းလေ့ကျင့်တဲ့နေရာမှာ ရှောင်လုံကဲ့သို့ ကံကောင်းခြင်းတချို့ကို ပိုင်ဆိုင်ထားတဲ့သူပဲ ဖြစ်သည်။

အဓိကတချက်ကိုပြောရမယ်ဆိုရင် သူ့မိသားစုရဲ့ သံယံဇာတ အရင်းအမြစ်ကို ညွှန်ပြရမှာပဲ ဖြစ်သည် ။ ရှဲမိသားစုက သူတို့ရဲ့ အရင်းအမြစ်စွမ်းအင်တွေကို ရှဲပူတိအပေါ်သိူ့ ပုံအောအသုံးပြုပေးထားတာကြောင့် ရှဲပူတိရဲ့ ခုခံမှုနဲ့ စွမ်းအားက ကောင်းကင်အဆင့် ၃ သိုင်သမားအဆင့် သို့ရောက်လုနီးနေသော လူတယောက်နဲ့ ညီမျှသည်။

"... မီးတောင် ဖောက် လက်ညှိုး..."
ရှဲပူတိပုံရိပ်က ဝေ့ဝါးသွားပြီး သူ့ကသိုင်းကွက်အသစ်တခုကို အသုံးပြုကာနောက်တကြိမ်တိုက်ခိုက်လိုက်ပြန်သည် ။

ရှောင်လုံလဲ သူ့သိုင်းဝိညဉ်ရဲ့ ဒုတိယစွမ်းရည်ဖြစ်သော ကိုယ်ဖျောက်စွမ်းရည်ကို နောက်တကြိမ်ထုတ်သုံးလိုက်ပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွား၏ ။

ရှဲပူတိရဲ့ လက်ညှိုးသိုင်းက လူမရှိသောနေရာကို ထပ်မံကျရောက်သွားပြန်သည် ။ သူတို့နှစ်ယောက်၏ သိုင်းပြိုင်ပွဲက တယောက်ကတိုက်ခိုက်လိုက် တယောက်ကနောက်ဆုတ်လိုက် နောက်တခါ နောက်ဆုတ်တဲ့ လူက ပြန်ပြီးတိုက်ခိုက်လိုက် စသဖြင့် ပြေးတိုင်းလိုက်တိုင်းကစားနေသလိုမျိုး ဖြစ်နေသည် ။

ထိပ်တိုက်တွေ့ဆုံမှုပေါင်းများစွာကြုံတွေ့ခဲ့ပြီးနောက် သိုင်းပြိုင်စင်
ကြီးတောင်မှ ရှောင်လုံတို့နှစ်ယောက်လက်ချက်ဖြင့် ပျက်စီးလုမတတ်ဖြစ်လာပြီး ခုတ်ရာထစ်ရာတွေကလဲ သိုင်းပြိုင်စင်တခုလုံးမှာ ပွစာကျဲနေသည်။

အဲ့လိုနဲ့တခနအတွင်းအတွင်းမှာပဲ ရှောင်လုံနဲ့ ရှဲပူတိတို့ က အကြိမ်အရေအတွက်များစွာ ထိပ်တိုက်တွေ့ခဲ့ကြ၏ ။သူတို့နှစ်ယောက်တိုက်လိုက်နေတာက အရမ်းလျင်မြန်လွန်းတာမို့ တချို့ သိုင်းပညာအဆင့်နိမ့်သော ပွဲကြည့်သူတွေဆိုရင် သူတို့နှစ်ယောက်တိုက်ခိုက်နေတာကိုဝိုးတဝါး အနေအထာ့းဖင့် သာမြင်တွေ့နိုင်တော့သည်။ 

ဘန်း .....!
နှစ်ယောက်လုံးက နောက်ဆုံးတကြိမ်ထပ်မံရင်ဆိုင်တွေ့ကြပြီးအဲ့ဒီကနေ ကွဲကွာပြီးနောက် သိုင်းပြိုင်စင်ပေါ်မှာ မျက်နှာချင်းဆိုင်းပြန်ပြီးရပ်လိုက်ကြသည်။

အကြိမ်အရေအတွက်များစွာ ရင်ဆိုင်တွေ့ပြီးတဲ့နောက် အပေါ်ယံကြည့်ရင်တော့ သူတို့နှစ်ယောက်ရဲ့ စွမ်းအားတွေက ထပ်တူညီနေတယ်လို့ထင်ရပေမယ့် မျက်စိစူးရှပြီး သိုင်းပညာအဆင့်မြင့်သူတွေကတော့ရှောင်လုံဘက်က အနဲငယ်အရေးနိမ့်နေတာကိုမြင်တွေ့နိုင်သည်။

စွမ်းအားအရာမှာပဲ ဖြစ်စေ အတွင်းအားအရာမှာပဖြစ်စေ ရှောင်လုံရှဲပူတိနဲ့ နှိုင်းယှဉ်ရင် အနဲငယ်ပျော့ပြီး နိမ့်ကျနေ၏ ။ ရုတ်တရက် နဂါးအနက်ကြီးရဲ့ စူးစူးရှရှဖြင့် ရှည်လျားစွာမြည်ဟိန်းလိုက်သံက လူတွေတော်တော်များများ၏အာရုံတွေကို ဆွဲဆောင်လိုက်သည်။ ရှောင်လုံပြိုင်ပွဲအပေါ် အာရုံရောက်နေကြတဲ့သူတွေက နဂါးအနက်ကြီးနှင့် ဖီးနစ်ငှက် တို့ရဲ့ တိုက်ပွဲကို ရုတ်တရက်လှမ်းကြည့်လိုက်ကြသည်။

ဖီးနစ်ငှက်ရဲ့ လက်သည်းရာကြီးက နဂါးနက်ကြီးရဲ့ နောက်ကျောဘက်သို့ စူးစိုက်ဖောက်ဝင်နေတာကိုမြင့်တွေ့လိုက်ကြသည် ။နဂါးနက်ကြီးဆီကနေ နဂါးအကြေးခွံတွေ ပဲ့ကျလာပြီး သွေးတွေကျလဲ မိုးရွာသလို ကျဆင်းနေလေသည် ။

ကမ္ဘာဦးနဂါးနက်ကြီး ဒဏ်ရာရရှိသွားလေသည် ။ အဲ့ဒီအခြေအနေကိုကြည့်ရင်းရှောင်လုံမျက်နှာထားက ရုတ်တရက်တည်ကြည်သွားကာ သူကနဂါးနက်ကြီးရဲ့ ဦးခေါင်းထက်သို့ ခုန်တက်လိုက်သည် ။

အဲ့နောက်ရှောင်လုံဘာလုပ်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ပရိတ်သတ်ကြီးရဲ့ မျက်လုံးတွေအောက်မှာပဲ နဂါးနက်ကြီးကို  ပြာလဲ့လဲ့ အလင်းတန်းတွေက လွှမ်းခြုံသွား၏ ။

ပြာလဲ့လဲ့ အလင်းတန်းအောက်မှာ မီးနစ်ငှက်ရဲ့ မီးတောက်ကြောင့် လောင်ကြွမ်းနေသော နဂါးနက်ကြီး၏ အစိတ်အပိုင်းတွေက တဖြည်းဖြည်းပြန်လည်သက်သာလာပြီး သွေးထွက်နေတာလဲ ရပ်တန့်သွားသည်။ ပဲ့ကျသွားသော နဂါးအကြေးခွံတွေကလဲ နောက်တဖန်ပြန်ပြီး အသစ်ထွက်ပေါ်လာသည် ။

အဲ့မြင်ကွင်းကိုကြည့်ရင်း အားလုံးကပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည် ။

".... ဒါ ....ဒါဘယ်လို ဖြစ်ရတာလဲ ...? "
"... နဂါးနက်ကြီးကဘာလို့ ဒီလာက်မြန်မြန်ပြန်ကောင်းလာတာလဲ .."

"...အဲ့ဒါဟောင်ရှောင်လုံ ကြောင့် ...! ဟောင်ရှောင်လုံသိုင်းဝိညသင်ရဲ့ တတိယမွေးရာပါစွမ်းရည်ပဲ ...."

ရှောင်လုံရဲ့ နဂါးနက်ကြီးက ဒဏ်ရာကရှိနေရာကနေ အလျင်အမြန်ပြန်ကောင်းလာနေတာကိုမြင်တော့ သိုင်းပညာရှင်တချို့က အဲ့နောက်ကွယ်က အကြောင်းအရင်းကို သေချာစဉ်းစားကြည့်လိုက်ပြီး ရှောင်လုံသိုင်းဝိညဉ်ရဲ့ တတိယမွေးရာပါစွမ်းရည်ဖြစ်နိုင်တယ်ဆိုတာကို
ခန့်မှန်းမိလိုက်ကြသည်။

သိုင်းပညာရှင်တွေရဲ့ ကျာ်လောင်သောအာမေထိတ်အသံတွေကြောင့် ပွဲကြည့်ပရိတ်သတ်တွေအကုန်လုံးလဲ အံသြ မှင်သက်ကုန်ကြသည်။ ရှောင်လုံသိုင်းဝိညဉ်ဆီမှာ တတိယမွေးရာပါစွမ်းရည်ရှိနေမှန်းသူတို့လုံးဝ မထင်ထားကြပေ ..။

အခုဏှောင်လုံရောက်ရှိနေသော သိုင်းဝိညဉ်သင်ကမ္ဘာကြီးမှာက သိုင်းဝိညဉ်တွေက များသောအားဖြင့် မွေးရာပါစွမ်းရည်တခုသာ ပိုင်ဆိုင်ကြပြီး ဒုတိယမွေးရာပါစွမ်းရည်ပါရှိတယ်ဆိုရင်တောင် အတော်လေးကို ထူးဆန်းသော ကိစ္စတခုဖြစ်သည် ။ အခုကြတော့ ရှောင်လုံသိုင်းဝိညဉ်က တတိယမွေးရာပါစွမ်းရည်ကိုတောင်ပိုင်ဆိုင်ထားတယ်တဲ့လား ....။

ချိုင်လီ ၊ ဒန်ရှန်နီ နှင့်တခြားပြိုင်ပွဲဝင်တွေအကုန်လုံးက အံသြလွန်းလို့ သူတို့ထိုင်နေရာကနေ ခုန်ထလိုက်ကြသည် ။ မင်းသားဒေါင်ဝူဝန်နဲ့ အမတ်ချန်ကျန်းတို့ကတော့ အဲ့လောက်ထိ အိနြေ္ဒမပျက်သွားပေမယ့် သူတို့လဲ အကြီးအကျယ်အံသြသွားကြောင်းကိုသူတို့မျက်နှာတွေကြည့်လိုက်ရုံနဲ့ သိနိုင်လေသည်။

တတိယမွေးရာပါစွမ်းရည်ကိုပိုင်ဆိုင်င်ထားတဲ့ သူတွေက ရှောင်လုံတို့အခုလက်ရှိနေထိုင်သော နှင်းလေတိုင်း ကြီးတခုလုံးမှာတောင် လက်တဆုပ်စာလောက်လူအရေအတွက်သာ ရှိသည်။ထိပ်တန်းပါရမီရှင်တွေလို့ဆိုနိုင်သော ဒေါင်ရမ်းအင်ပါရာပြည့်ရှင်နဲ့ မင်းသားဒေါင်ဝူဝန်တို့ရဲ့သိုင်းဝိညဉ်တွေကတောင် တတိယမွေးရာပါစွမ်းရည်ကိုပိုင်တိုင်ထားခြင်း မရှိပေ ...။

ရှဲပူတိလဲ တခြားလူတွေကဲ့သို့ အံသြသွားလေသည် ။ ရှောင်လုံသိုင်းဝိညဉ်က တတိယမွေးရာပါစွမ်းရည်ကိုပိုင်တိုင်ထားရုံတင်မက အဲ့ဒိသွမ်းရည်ကလဲ ဒဏ်ရာကိုပြန်ကုသပေးနိုင်တဲ့ စွမ်းရည်ဖြစ်နေလေသည် ။

ချက်ချင်းအားအင်ပြန်ဖြည့်တင်းမှု စွမ်းရည်က ကိုယ်ပျောက်စွမ်းရည်ကဲ့သို့ တိုက်ပွဖြစ်တဲ့နေရာမှာ အရမ်းအသုံးဝင်ပြီး ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်သော စွမ်းဆောင်ရည်တခုလိုဆိုရင်လဲ မမှားပေ ..။

တကယ်တော့ ရှောင်လုံရဲ့ တတိယစွမ်းရည်ဖြစ်တဲ့ ခနချက်ချင်းကုန်ဆုံသွားသောအားအင်တွေပြန်လည်ဖြည့်တင်းမှုက အရင်တုံးကဆိုရင် အသုံးပြုလိုက်လို့ ကုန်ဆုံးသွားသော အတွင်းအားတွေကသာ ပြန်လည်ဖြည့်တင်းပေးနိုင်တာပဲ ဖြစ်သည် ။ ဒါပေမယ့် ရှောင်လုံကောက်းကင်သိုင်းသမားအဆင့်သို့ ကျော်ဖြတ်ရောက်ရှိခဲ့ပြီးတဲ့နောက် သူ့စွမ်းရည်တွေကလဲ နောက်တကြိမ်ဆင့်ကဲ့ပြောင်းလဲသွားခဲ့သည်။

ဆင့်ကဲ့ပြောင်းလဲမှုပြီးတဲ့နောက်မှာ သူ့တတိယစွမ်းရည်က ကုန်ဆုံးသွားသော အတွင်းအားတွေကို ချက်ချင်းဆိုသလို ပြန်လည်ဖြည့်တင်းပေးနိုင်ရုံတင်မက ဒဏ်ရာရရှိတာတွေကိုပါ ကုသနိုင်စွမ်းရှိလာတာကို အံသြစဖွယ်တွေ့ရှိလိုက်ရသည် ။

ခနလောက်မှင်သက်ခဲ့ပြီးတဲ့နောက် ရှဲပူတိကလဲ သူရဲ့အနက်ရောင်ဖီးနစ်ငှက် သိုင်းဝိညဉ်အနောက်သို့ ပြန်ခုန်သွားလိုက်ပြီး 
"... မင်းသိုင်းဝိညဉ်က မွေးရာပါစွမ်းရည်သုံးခုကို ပိုင်ဆိုင်ထားမယ်လို့ငါမထင်ထားဘူး ... ဒါပေမယ့် နောက်ထက်သိုင်းဝိညဉ် တခုတော့ မရှိတော့ဘူးမလား ...."

နောက်ထပ်သိုင်းဝိညဉ်တခု တခု ...!

ရှဲပူတိစကားကြားတော့ လူအုပ်ကြီးလဲအရမ်းကိုအံသြသွားသည်။
ရှဲပူတိဆိုလိုချင်တာက ရှောင်လုံတယောက် အမွှာသိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောချင်တာလား ....?

ရှောင်လုံလဲ အနဲငယ်အံအားသင့်သွားသည် ။ ရှဲပူတိက သူဆီမှာ နောက်ထပ်သိုင်းဝိညဉ်တခုပိုင်ဆိုင်ထားတာကို ခန့်မှန်းနိုင်လိမ့်မယ်လို့ ရှောင်လုံ ထင်မထားခဲ့ပေ ..။

"... အပြာရောင်နဂါး ထွက်လာခဲ့ ...."
သူ့လျှို့ဝှက်ချက်ကို ဆက်လက်ထိမ်းသိမ်းလို့ မရမှတော့ ရှောင်လုံကလဲ ထပ်ပြီး ဖုံးကွယ်မထားချင်တော့ပေ ..။ ရှောင်လုံရဲ့ ကျယ်လောင်သော အော်ခေါ်သံအောက်မှာ သူခန္ဓာကိုယ်တခုလုံး ရေခဲပြာရောင် အလင်းတန်းတွေဖြင့် တောက်ပလာလေသည်။

အားလုံးရဲ့ ကြက်သေသေနေသော အကြည့်တွေ့အောက်မှာ ကောင်းကင်တခုလုံးကို လှုပ်ခါသွားအောင်  ဟိန်းဟောက်သံပေးလိုက်တဲ့ နဂါးအပြာရောင်က ရှောင်လုံနောက်ကျောဘက်ကနေ ထွက်ပေါ်လာပါသည် ။ နဂါးအပြာရောင်ကြီးထွက်ပေါ်လာပြီးတဲ့နောက် ရှောင်လုံအပေါ်ကို ဖိနှိပ်ထားသော အနက်ရောင်ဖီးနစ်ငှက်ရဲ့ အရှိန်အဝါတွေက သိသိသာသာကိုလျော့ကျသွားပြီး နဂါးတကောင်ရဲ့ ကြီးမားသောခွန်အားက ကမ္ဘာကြီးတခုလုံးကိုတောင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည် ။

အပြာရောင်နဂါးကြီးထွက်ပေါ်လာမှုနဲ့အတူ ရှောင်လုံတခုလုံးအပြာရောင် အလင်းရောင်တွေဖြင့် စူးရှစွာလင်းလက်တောက်ပလာပါတော့သည်

#

#commentများစွာမန့်ပေးကြသောချစ်ပရိတ်သတ်ကြီးအတွက်

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၈၂ ....... နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ ( 14)

     အားလုံးရဲ့ ကြက်သေသေနေသော အကြည့်တွေ့အောက်မှာ ကောင်းကင်တခုလုံးကို လှုပ်ခါသွားအောင်  ဟိန်းဟောက်သံပေးလိုက်တဲ့ နဂါးအပြာရောင်က ရှောင်လုံနောက်ကျောဘက်ကနေ ထွက်ပေါ်လာပါသည် ။ နဂါးအပြာရောင်ကြီးထွက်ပေါ်လာပြီးတဲ့နောက် ရှောင်လုံအပေါ်ကို ဖိနှိပ်ထားသော အနက်ရောင်ဖီးနစ်ငှက်ရဲ့ အရှိန်အဝါတွေက သိသိသာသာကိုလျော့ကျသွားပြီး နဂါးတကောင်ရဲ့ ကြီးမားသောခွန်အားစွမ်းရည်တွေထွက်ပေါလာသည်။ ထိုစွမ်းရည်တွေက ကမ္ဘာကြီးတခုလုံးကိုတောင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိလေညက်သည်အထိညထင်မှတ်မှားသွားစေနိုင်သည်။ ။

အပြာရောင်နဂါးကြီးထွက်ပေါ်လာမှုနဲ့အတူ ရှောင်လုံကိုယ်ရောင်ကိုယ်ဝါတွေက ပိုပြီးတောက်ပလာလေသည် ။

ဒါ...ဒါ ဒုတိယသိုင်းဝိညဉ်မဟုတ်လား ....!

ဟောင်ရှောင်လုံက တကယ်ပဲ သိုင်းဝိညဉ်နှစ်ခုကိုပိုင်ဆိုင်ထားတာလား....!

ပြီးတော့ သူနောက်ထပ်ပိုင်ဆိုင်ထားသော  သိုင်းဝိညဉ်က သိုင်းဝိညဉ်ကမ္ဘာကြီးမှာ တခါမှမပေါ်လာခဲ့ဘူးသေးသော အပြာရောင်နဂါးသိုင်းဝိညဉ်ဖြစ်နေသည် ။

သိုင်းပြိုင်ပွဲတွေစတင်လာကတည်းက အခုအချိန်အထိ တချက်ကလေးမှ အိနြေ္ဒမပျက်ခဲ့သောဒေါင်ဝူဟန်တယောက် ရှောင်လုံရဲ့ နဂါးပြာကြီးကိုမြင်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့မင်းသားတယောက်ဆိုတဲ့
ဂုဏ်ပုဒ်ကိုပါမေ့လျော့သွားပြီး သူထိုင်နေတဲ့နေရာကနေ ဖင်မီးစွဲနေသလိုမျိုး ရုတ်တရက်ခုန်ထလိုက်တော့သည်။သူနောက်ကျောဘက်မှာရှိနေကြသော ဒေါင်ရမ်းအင်ပါရာတိုင်းပြည်၏ ထင်ရှားကျော်ကြားသော စစ်သူကြီးတွေအကုန်လုံးကလဲ သူလိုမျိုး အကုန်ခုန်ထလိုက်ကြသည် ။ သူတို့ရဲ့မျက်နှာထားတွေက အလွန်တရာမှ ထူးဆန်းအံသြဖွယ်ရာကောင်းသော အရာတခုကိုမြင်တွေ့လိုက်ရတဲ့ ပုံစံဖြစ်နေကြသည်။

ဒါဟာ တကယ်ကိုမထင်မှတ်ထားတဲ့ ကိစ္စတခုပဲ ဖြစ်သည် ....။

အခုလိုအဆင့်တန်းမျိုးနဲ့ ထိပ်တန်းအမွှာသိုင်းဝိညဉ် ...!
သေချာပြောရမယ်ဆိုရင် အခုရှောင်လုံတို့နေထိုင်ကြသည့် နှင်းလေတိုင်းပြည်ကြီးမှာ ရှောင်လုံလိုမျိုး အဆင့်မြင့်အမြွှာသိုင်းဝိညဉ်နှစ်ခုကို ပိုင်ဆိုင်ထားတဲ့သူဆိုတာက မရှိသလောက်ကို ရှားပါးလွန်းသည်။ဤကမ္ဘာကြီးမှာက အဆင့်မြင့်သော အမွှာသိုင်းဝိညဉ်ကိုမဆိုထားနှင့် အဆင့်မြင့်သိုင်းဝိညဉ်တခုကို ပိုင်ဆိုင်ဖို့ဆိုတာတောင် မှ အလွန်ခက်ခဲလှသည့်ကိစ္စတခုဖြစ်သည် ...။

ဒီလိုလူမျိုးရဲ့ အနာဂတ်မှာ အတွင်းအားအဆင့်တိုးတက်နိုင်စွမ်းကလဲ ကြောက်စရာကောင်းလွန်းသောအနေအထားတခုမှာရှိနေပြီဆိုတာကိုလဲ သူတို့ရိပ်မိလိုက်ကြသည်။

အခုလိုမျိုးအဆင့်မြင့်အမွှာသိုင်းဝိညဉ်ကိုမြင်တွေ့လိုက်ရလို့ သူတို့ဘယ်လောက် ရင်ခုန်စိတ်လှုပ်ရှားနေကြလဲဆိုတာကိုသူတို့ ကိုယ်တိုင်တောင် မသိကြတော့ပေ ....။ ရှောင်လုံဆီမှာ ဒုတိယသိုင်းဝိညဉ်ရှိလိမ့်မယ်လို့ ခန့်မှန်းနိုင်ထားတဲ့ ရှဲပူတိလိုလူတောင် ရှောင်လုံထုတ်ပြလိုက်သော သိုင်းဝိညဉ်ကို ငေးကြည့်ရင်းအရမ်းကို အံသြမှင်သက်နေလေသည်။

ရှဲပူတိက ရှေး ဟောင်း စာပေတွေကို အရမ်းလေ့လာသူမို့ သူကရှောင်လုံဆီမှာ ဒုတိယသိုင်းဝိညဉ်ရှိနိုင်တယ်ဆိုတာကို အကြမ်းမျင်းအားဖြင့် ခန့်မှန်းလိုက်နိုင်ခြင်းပင် ဖြစ်သည် ။ သူတခါတုံးက သူ့တို့ ရှဲမိသားစုပိုင်စာကြည့်တိုက်ထဲမှာရှိသော ဟောင်နွမ်းယိုယွင်းနေသည့် စာအုပ်အိုကြီးထဲမှာ သိုင်းဝိညဉ်တခုက တတိယမွေးရာပါစွမ်းရည်ကိုပိုင်ဆိုင်ထားတယ်ဆိုရင် အဲ့ဒိသိုင်းဝိညဉ်က အမွှာသိုင်းဝိညဉ်ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းလို့ သေချာတယ်လို့ ရေးသားထားတာကို ဖတ်ရှုခဲ့ရဘူးသည် ။

ကိုးဆယ်ရာခိုင်နှုန်း ..... !

အခုတော့ ၉၀ ရာခိုင်နှုန်းလောက်ပဲ သေချာသည့်သူ့ ခန့်မှန်းချက်က အမှန်တကယ်ဖြစ်နေခဲ့ပြီလေ ....။  နဂါးပြာကြီးကိုဆင့်ခေါ်လိုက်ပြီးတဲ့နောက်တရိပ်ရိပ်တက်လာသော ရှောင်လုံရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေက အမြင့်ဆုံးအနေအထားသို့ရောက်ရှိလာကြသည် ။ အခုလက်ရှိရှောင်လုံဆီကနေ ပတ်ဝန်းကျင်ပေါသို့သက်ရောက်နေသည့်  ဖိအားတွေက ရှဲပူတိထက်ကိုကျော်လွန်သွားခဲ့လေပြီ ။

သိုင်းဝိညဉ်ကိုဆင့်ခေါ်လိုက်တာက  သိုင်းဝိညဉ်နဲ့ရောစပ်ပြီး ဝိညဉ်အသွင်ပြောင်းလဲလိုက်တာလောက်အထိ
သိုင်းဝိညဉ်ပိုင်ရှင်ရဲ့ အတွင်းအားတွေကို
မတိုးပွားလာစေပေမယ့် သိုင်းဝိညဉ်ပိုင်ရှင်၏ ခွန်းအားတွေကိုတော့ သိသိသာသာ ကြံခိုင်သန်မာ လါစေသည်။

ရှောင်လုံခေါင်းပေါ်မှာ ကူးခတ်ဝဲပျံနေသည့် နဂါးအပြာကြီးကြောင့် ပတ်ဝန်းကျင်ကလူတွေအကုန်လုံးရဲ့ စိတ်ထဲမှာ ရှောင်လုံကိုယ်တိုင်က ကမ္ဘာဦးနဂါးကြီးတကောင်နှင့် အလားသဏ္ဍာန်တူညီလာသလိုမျိုး ထင်မြင်လာကြသည်။

သိုင်းပြိုင်စင်အောက်ကနေကြည့်ရှုနေကြသည့် ချိုင်လီ ၊ ဒန်ရှန်နီတို့အပြင် ပွဲကြည့်စင်ပေါ်က တော်ဝင်မျိုးနွယ်စုတွေရဲ့ မိန်းမပျိုလေးတွေကတော့ ရှောင်လုံကိုကြည့်ရင်း အရောင်တွေတလက်လက်တောက်ပနေသော မျက်လုံးရွှဲကြီးတွေဖြင့် မျက်တောင်မခတ်တမ်းအားပေးကြည့်ရှုနေကြသည် ။

သူ့အရှိန်အဝါတွေကအထွတ်အထိပ်ကိုရောက်လာတာနဲ့ ရှောင်လုံကလေထဲကိုခုန်ပျံရင်း ရှဲပူတိကို တောင်ပြိုလက်သီးသိုင်းဖြင့် တချက် လှမ်းထိုးလိုက်သည် ။ ရှောင်လုံလက်သီးချက်က ရှဲပူတိနဲ့ အကြားမှာခံနေသော လေထုကြီးကို လောင်းကျွမ်းသွားမတတ် ထိုးဖောက်ထွက်လာပြီး ပြင်းထန်သောစွမ်းအားကြောင့် လေထုအတွင်းမှာ လေချွန်သံကဲ့သို့ ကျယ်လောင်သောမြည်သံကြီးပေါ်ပေါက်လာလေသည် ။ ထိုနောက် လေထဲမှာ အသံထက်မြန်သော စွမ်းအားလှိုင်းတချို့ လူးလွန့်ပြေးလွှားလာကြသည် ။

  ရှောင်လုံရဲ့ တိုက်ခိုက်မှုစွမ်းအားကိုကြည့်ရင်း ရှဲပူတိမျက်နှာထားကရုတ်တရက် တည်ကြည်သွားသည် ။ သူကလဲ တုန့်ဆိုင်းမနေတော့ထဲသို့ဝဲပျံလိုက်ကာ လက်ညှိုးသိုင်းကိုအသုံးပြုရင်း ရှောင်လုံလက်သီးသိုင်းကိုတန်ပြန်တိုက်ခိုက်လိုက်သည်။

"... ကောင်းကင်ဖြိုခွဲ လက်ညှိုး "

ရှဲပူတိခန္ဓာကိုယ်တခုလုံးမှာရှိနေကြသော အတွင်းအားတွေအကုန်လုံးက သွေးကြောတွေထဲကိုလှည့်ပတ်ရင်း  သူ့လက်ညိုးထိပ်မှာလာရောက်စုစည်းသည်။ ရွှန်းစိုနက်ပြောင်နေသော အလင်းတန်းတခုကရှဲပူတိလက်ညှိုးကနေထွက်လာပြီး ရှောင်လုံလက်သီးနှင့် သွားရောက်ထိတွေ့မိကြသည် ။ သူတို့နှစ်ခုကလေထုအတွင်းမှာ ထိတွေ့မိကြပြီး ပြင်းပြင်းထန်ထန်ကိုပေါက်ကွဲသွားကြသည်။ သူတို့ပေါက်ကွဲမှုစွမ်းပကားကြောင့် သိုင်းပြိုင်စင်ကြီးတခုလုံးပါ သွက်သွက်ခါအောင် လှုပ်ယမ်းသွား၏ ။

လေထဲရှိနေသော လူရိပ်နှစ်ခုကလဲ ပြန်လည်၍ ကွဲကွာသွားကြသည် ။ထိပ်တိုက်တွေ့မှုပြီးတဲ့နောက် ရှောင်လုံက သိုင်းပြိုင်စင်ပေါ်သို့ပေါ့ပါးစွာဖြင့် ပြန်လည်ဆင်းသက်လာနိုင်ပေမယ့် ရှဲပူတိကတော့ သူ့အနောက်ဘက်မှာရှိနေသော ဖီးနစ်ငှက်ကြီးနဲ့ သွားရောက်တိုက်မိသည်အထိ ဆုတ်လိုက်ရသည်။

အခုဆိုရင် အခြေအနေတွေက ပြောင်းပြန်အနေအထားသို့ရောက်ရှိသွားခဲ့လေပြီ.!

နဂါးပြာကြီးကိုဆင့်ခေါ်ပြီးတဲ့နောက် ရှောင်လုံရဲ့ ခန္ဓာကိုရဲ့ မာကျောမှုနှင့် အတွင်းအားတွေက ရှဲပူတိထက်ကို အနဲငယ်မျှ ပို၍  သာလွန်သွားခဲ့လေပြီ ။

အဲ့နောက် ရှောင်လုံက သူ့နတ်ဓားနှစ်လက်ကိုကိုင်ဆွဲရင်း လေထဲသို့ ဝဲပျံလိုက်ကာ နောက်တကြိမ်ထပ်မံ၍တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။ လေထဲရောက်လာသောရှောင်လုံခန္ဓာကိုယ်က တဖြည်းဖြည်းလည်ပတ်နေရာကနေ ဂျင်တလုံးလိုမျိုး မွှတ်နေအောင် လည်ပတ်လာသည် ။

"... မိုးကြိုးမုန်းတိုင်း ...."

ရှောင်လုံရဲ့နတ်ဓားနှစ်လက်ကနေ မိုးကြိုးခက်နွယ်တွေမြောက်မြားစွာပေါ်ထွက်လာပြီး မိုးကြိုးခက်နွယ်တွေကနေတဆင့် မိုးကြိုးနဂါးလေးတွေအဖြစ်သို့ပြောင်းလဲသွားကြသည် ။ မိုးကြိုးနဂါးလေးတွေက ရှဲပူတိဆီသို့ တလဟောစီးဆင်းနေသော မြစ်တစင်းလိုမျိုး ရှုထောင့်ပေါင်းစုံကနေ စတင်တိုက်ခိုက်ဖို့ ပြေးလာကြသည် ။

  ရှောင်လုံသိုင်းကွက်ရဲ့ စွမ်းအားပြင်းထန်ပုံကိုရိပ်မိလိုက်သော ရှဲပူတိကလဲ သူလက်နှစ်ဖက်ကိုအဆက်မပြတ်လှုပ်ရှားရင်း ရှောင်လုံတိုက်ခိုက်မှုကို ခုခံဖို့ ကြိုးစားလိုက်သည် ။ ရှဲပူတိရဲ့ လက်နှစ်ဖက်ကနေ လက်ညိုးရာပေါင်းများစွာ ပျံသန်းထွက်ပေါ်လာသည် ။ ရှဲပူတိရဲ့ လက်ညှိုးရာတွေက မိုးကြိုးနဂါးလေးတွေကို ရင်ဆိုင်ဟန့်တားဖို့ကြိုးစားပေမယ့် သူတို့ကို အနဲငယ်စွမ်းအားပျော့သွားအောင်သာလုပ်နိုင်ခဲ့ပြီး
တားဆီးချေဖျက်နိုင်တဲ့ အဆင့်ထိရောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ ။ အတားအဆီးတွေကနေ လွတ်မြောက်လာသောမိုးကြိုးနဂါးလေးတွေက ပိုပြီး ဒေါသထွက်လာကြတဲ့ပုံစံဖြင့် ရှဲပူတိကိုတိုက်ခိုက်ဖို့ရာ ပိုမိုလျင်မြန်သောအရှိန်အဟုန်ဖြင့်ကူးခပ်လာကြသည် ။

သူရဲ့ တန်ပြန်ခုခံလိုက်သောသိုင်းကွက်က အသုံးမဝင်တော့တာကိုမြင်တော့ ရှဲပူတိက သူ့ခန္ဓာလုံးမှာရှိနေသော အတွင်းအားတွေကို အစွမ်းကုန်ထုတ်သုံးလိုက်သည် ။ သူ့ခန္ဓာကိုယ်ထဲကနေ အတွင်းအားတွေမြောက်များစွာ ထွက်ပေါ်လာပြီးသည့်နောက် သူ့ကိုယ်ပတ်ဝန်းကျင်မှာရစ်ပတ်လွှမ်းခြုံထားသော အနက်ရောင်မီးတောက်တွေက ကမ္ဘာပေါကရှိရှိသမျှအရာအားလုံးကို လောင်ကျွမ်းပစ်နိုင်တဲ့အထိ ပိုမို အားကောင်းစွာတောက်လောင်လာကြသည် ။

မိုးကြိုးနဂါးလေးတွေနဲ့ ရှဲပူတိရဲ့ အနက်ရောင်မီးတောက်တို့ ရင်ဆိုင်
တွေ့ကြလေသည် ။ မိုးကြိုးနဂါးလေးရဲ့ ပြင်းထန်သောစွမ်းအားကြောင့် ရှဲပူတိကိုယ်မှာ ရစ်ပတ်ကာကွယ်ပေးထားသည့် အနက်ရောင်မီးတောက်တွေကိုယ်ချပ်အကာအကွယ်က တဖြည်းဖြည်းနှင့် ပြိုကွဲပျောက်ကွယ် လာလုမတတ်ဖြစ်လာသည် ။ ထိုနောက် အနက်ရောင်မီးတောက်တွေက ဆိုင်မဆင့်ဗုံမဆင့် ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။

အနက်ရောင်မီးတောက်တွေရဲ့ အကာအကွယ်ပျောက်ဆုံးသွားချိန်မှာတော့ ရှဲပူတိလဲ သူ့သိုင်းဝိညဉ်ဖီးနစ်ငှက်ကြီးနှင့် အတူ အနောက်သို့ လွင့်စင်သွားတော့သည် ။ ဖီးနစ်ငှက်ရဲ့နာကျင်စွာဖြင် ငြီးငြူလိုက်သော အော်မြည်သံကလဲ စူးရှစွာဖြင့် ထွက်ပေါ်လို့လာသည် ။

  ဖီးနစ်ငှက်ရဲ့ အနက်ရောင်မီးတောက်တွေက အရာရာကိုလောင်ကျွမ်းပစ်နိုင်စွမ်း ရှိသည်ဟု ဆိုကြသော်လည်း အဲ့ဒါကအမြဲသောမှန်ကန်နေသောထာဝရအမှန်တရားတခုတော့ မဟုတ်ပေ ..။ အနက်ရောင်မီးတောက်တွေရဲ့ စွမ်းဆောင်ရည်က သူ့ကိုပိုင်ဆိုင်ထားသောပိုင်ရှင်အပေါ်မှာလဲ များစွာသက်ဆိုင်နေသည် ။

နဂါးအပြာကြီးကြောင့် ရှဲပူတိက ရှောင်လုံရဲ့ ဖိအားပေးမှုကိုစတင်ခံစားနေရပြီပဲ ဖြစ်သည် ။ သူရဲ့အနက်ရောင်မီးတောက်တွေက ရှောင်လုံရဲ့ တိုက်ခိုက်မှုကို အတိုင်းအတာတခုအထိ ဝါးမြိုဖျက်စီးပေးလိုက်လို့သာ အခုလောက်အထိ အားနဲသွားတာပဲ ဖြစ်သည် ။

လေထဲမှာရှိနေသော ရှောင်လုံက သူ့ရဲ့နတ်ဓားနှစ်လက်ကို ထပ်မျံဝ့ယမ်းလိုက်ပြန်သည် ။ ခရမ်းရောင်ပွင့်ဖက်တွေရှိသော ပန်းနှစ်ပွင့်က လေထဲမှာ စတင်ဖူးပွင့်လာတာကို တွေ့မြင်လိုက်ကြသည် ။ ပန်းပွင့်တခုစီက အရွယ်ရောက်ပြီးသာလူကြီးတယောက်ရဲ့ လက်ဝါးအရွယ်ျလာက်ရှိလေသည် ။ ခရမ်းရောင်ပွင့်ဖက်တွေဆီက ဆွဲဆောင်မှုရှိသော နက်ပြာရောင်အလင်းတန်းတွေ တောက်ပစွာထွက်ပေါ်လာသည်။

  နက်ပြာရောင်ပန်းနှစ်ပွင့်က လေထဲမှာ လည်ပတ်နေတာကိုမြင်တော့ လူတွေအကုန်လုံးလဲ အံသြမှင်သက်ကုန်ကြသည် ။ထိုနောက်ပန်းနှစ်ပွင့်က သူတို့လည်ပတ်နေသောနေရာကနေ ဆိုင်းမဆင့်ဗုံမဆင့်ပျောက်ကွယ်သွားတော့သည် ။

ရှဲပူတိလဲ ပျောက်ကွယ်သွားသောပန်းနှစ်ပွင့်ကြောင့် အရမ်းအံသြသွားလေသည် ။ အဲ့နောက် သူ့မျက်နှာတချက်ပျက်သွားပြီး အနောက်သို့အလျင်အမြန်ပြန်ဆုတ်ဖို့ ကြိုးစားလိုက်သည် ။

"... ဝါးမြို အနက်ရောင်မီးတောက် ..."
ရှဲပူတိပါးစပ်ကနေ ကျယ်လောင်စွာအော်သံတခုထွက်ပေါ်လာပါသည်။ အနက်ရောင်မီးတောက်တွေက ရှဲပူတိကိုယ်ကနေ နောက်တကြိမ်တောက်လောင်လာဖို့ ဟန်ပြင်နေစဉ်မှာပဲ တခုခုနဲ့ထိမိလိုက်သလိုမျိုး ရုတ်တရက်ပေါက်ကွဲသွားပြီး နေရာအနှံသို့ ပြန့်စင်သွားသည် ။

ဖီးနစ်ငှက်ကျောပေါ်မှာရောက်ရှိနေသောရှဲပူတိဆီကနေ ခပ်တိုးတိုးငြီးငြူသံတခုထွက်ပေါ်လာပြီး ဖီးနစ်ငှက်ပေါ်ကနေ သိုင်းပြိုင်စင်အောက်သို့ ဇောက်ထိုးပြုတ်ကျသွားလေသည် ။ သိုင်းပြိုင်စင်နဲ့ မရိုက်မိခင်မှာ ရှဲပူတိက သူ့ကိုယ်သူတည်ငြိမ်အောင် ထိမ်းလိုက်ပြီး သိုင်းပြိုင်စင်ပေါ်သို့ သက်ဆင်းလိုက်သည် ။

  ရှဲပူတိ ရင်ဘတ်နေရာမှာ ပန်းပွင့်အရာနှစ်ခုထင်ကျန်နေတာကို သေချာစူးစိုက်ကြည့်မယ်ဆ်ုရင် မြင်တွေ့နိုင်သည် ။ ပန်ပွင့်အရာတွေကနေ နက်ပြာရောင်စွမ်းအားတခု တလွင့်လွင့်ထွက်ပေါ်နေ၏ ။

  ရှဲပူတိခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိသော အကျီကတော့ အစိတ်စိတ်အမွာမွာ ဆုတ်ပြဲသွားသည် ။ ရှဲပူတိရင်ဘတ်က ပန်းနှစ်ပွင့်အရာက ရှောင်လုံရဲ့ ပန်းနှစ်ပွင့်သိုင်းကွက်နဲ့ ထိတွေ့မိပြ်ိး ပေါ်ပေါက်လာတာပဲ ဖြစ်သည် ။

"... ဘယ်လိုလာမလဲဆိုတာကို ခန့်မှန်းလို့မရတဲ့သိုင်းကွက်ပါလား ...အရမ်းကိုကြောက်စရာကောင်းတာပဲ ..."

"....ရှဲပူတိရဲ့ အနက်ရောင်မီးတာက်တွေကတောင် မတားဆီးနိုင်ဘူးဆိုတော့ .... ဒါက ဘယ်လိုအတွင်းအားမျိုးပါလိမ့် ....သူ့စွမ်းပကားကလဲ ကြောက်ခမန်းလိလိပါပဲလား .... "

သိုင်းပြိုင်ကွင်းတခုလုံးဆီကနေ သက်ပြင်းချသံ အာမေထိတ်ရေရွတ်သံတွေထွက်ပေါ်လာပါသည် ။ ဒေါင်ဝူဟန်ကလဲ ရှောင်လုံတိုက်လိုက်မှုကို နှစ်သက်စွာဖြင့် စိုက်ကြည့်နေ၏ ။

ရှောင်လုံရဲ့ အတွင်းအားအဆင့်ကသာ သူနဲ့တူညီနေမယ်ဆိုရင်
ရှောင်လုံရဲ့တိုက်ခိုက်မှုကို သူအနေနဲ့ရော ခုခံနိုင်ပါ့မလား ....?
ဒေါင်ဝူဟန်က စဉ်းစားခန်းဝင်လိုက်သည် ။

"... ချန်ကျန်း ... ရှောင်လုံ လေ့ကျင့်ထားတဲ့ အတွင်းအားက ဘယ်လိုအတွင်းအားမျိုးလဲဆိုတာကို မင်းခွဲခြားနိုင်လား ...?"
နောကိဆုံမှာတော့ ဒေါင်ဝူဝန်ကမနေနိုင်တော့ဘဲ သူ့နံဘေးက ချန်ကျန်းကိုမေးမြန်းလိုက်သည် ။

"... ကျွန်တော်မျိုးလဲ သေချာမပြောတတ်ပါဘူး မင်းသားလေး..."
ချန်ကျန်းကလဲ ကူရာကယ်ရာမဲ့နေသလိုပုံစံဖြင့် ခေါင်းခါယမ်းပြလိုက်သည် ။

ချန်ကျန်းအနေနဲ့လဲ အခုလိုအတွင်းအားမျိုးကို အခုမှပထမဆုံးစမြင်ဘူးတာပဲ ဖြစ်သည်။ အဲ့ဒီအချိန်မှာ ရှောင်လုံက သူ့နဂါးနက်ကြီးရဲ့ခေါင်းပေါ်ကနေ ခုန်ချပြီး သိုင်းပြိုင်စင်ထက်သို့ ငြင်းသာစွာ ကျဆင်းလာသည် ။

ရှဲပူတိက သူ့ရင်ဘတ်နေရာက ဒဏ်ရာကိုပွတ်သပ်ရင်း ရှောင်လုံကိုမျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည် ။ သူ့မျက်လုံးထဲမှာတော့ တိုက်ပွဲယှဉ်ပြိုင်ရတဲ့အပေါ်ရူးသွပ်မှုတွေ အထင်သားပေါ်ထွက်လာပြီး
"... ဟောင်ရှောင်လုံ .... မင်းရဲ့ အမွာသိုင်းဝိညဉ်က တကယ့်ကိုအစွမ်းထက်တယ်ဆိုတာတော့ ငါဝန်ခံပါတယ် ... ဒါပေမယ့် ငါကအခုလိုမျိုး လွယ်လွယ်ကူကူနဲ့တော့ အရှုံးပေးမယ့်ကောင်မဟုတ်ဘူး..."
ရှဲပူတိရဲ့ စကားသံအဆုံးမှာ သူ့နောက်ဘက်မှာရှိနေသော ဖီးနစ်ငှက်ကြီးက အနဲငယ်ဝေဝါးသွားပြီး ရှဲပူတိနှင့် စတင်ပေါင်းစပ်တော့သည်။
ရှဲပူတိက သူ့ဖီးနစ်ငှက်သိုင်းဝိညဉ်နဲ့ ရောယှက်ပြီး ဝိညဉ်အသွင်ပြောင်းလဲလိုက်တာပဲ ဖြစ်သည် ။

ဖီးနစ်ငှက်ကြီးနဲ့ပေါင်းစပ်လိုက်ပြီးနောက် ရှဲပူတိကိုယ်ထဲမှာရှိသောစွမ်းအားတွေက မီးတောက်ကြ်ိးပေါက်ကွဲသလိူမျိုးပေါက်ကွဲထွက်လာသည် ။ ကောင်းကင်ထက်က တိမ်တိုက်တွေလွှင့်စင်လာပြီး တောက်ပနေသော ကောင်းကင်ကြီးတခုလုံးမဲမှောင်သွားကာ ရှဲပူတိမျက်လုံအလည်ကနေ စွမ်းအားကြီးမားသော စွမ်းရည်ရောင်ခြည်တန်းတွေထွက်ပေါ်လာသည် ။

ရှေးဟောင်းနတ်ဘုရားတွေရဲ့ ချပ်ဝတ်တန်တာကဲ့သို့ ရွှန်းစိုနေသောအနက်ရောင်ချပ်ဝတ်တန်ဆာတခုက ရှဲပူတိရဲ့ မျက်လုံး ၊ ပါးစပ်၊ နှာခေါင်းကလွဲပြီးတကိုယ်လုံးကို ဖုံးအုပ်ပေးလိုက်သည် ။

  ရှဲပူတိရဲ့ လုပ်ဆောင်မှုကို မြင်တော့ ရှောင်လုံကလဲ လက်တချက်ဝေ့ယမ်းပြီး သူ့ရဲ့အမွာသိုင်းဝိညသ်ူကိုသူ့ဦးခေါင်းထက်မှာ ဝဲပျံစေလိုက်သည် ။ သူ့ဦးခေါင်းထက်မှာ ဝဲပျံနေသော အမွာသိုင်းဝိညဉ်က တဖြည်းဖြည်း သူ့ကိုယ်နဲ့ နီးကပ်လာပြီး ရှောင်လုံကိုယ်နဲ့ စတင်ပေါင်းစပ်တော့သည် ။ အကြေးခွံအရောင်းနှစ်မျိုးက ရှောင်လုံ ခန္ဓာကိုယ်ပေါ်မှာစတင်ထွက်ပေါ်လာသည် ။ အသက်ဝင်နေသော နဂါးနက်ကြီးနဲ့ နဂါးပြာကြီးတို့ရဲ့ ဦးခေါင်းတွေက ရှောင်လုံကျောကုန်းထက်မှာ တက်တူးထိုးထားသကဲ့သို့ ပေါ်ပေါက်လာသည် ။ ရှောင်လုံလက်နှစ်ဖက်ကနေလဲ နဂါးအစွယ်ကဲ့သို့ စူးရှချွန်မြနေသော ဆူးချွန်တွေထွက်ပေါ်လာသည် ။

  ရှဲပူတိရဲ့ ဝိညဉ်အသွင်ပြောင်းလဲမှုက သူ့ကိုအရင်ကထက်နှစ်ဆနီးပါး ပိုမိုအားကြီးလာစေသည် ။ ရှောင်လုံက သူ့အမွှာသိုင်းဝိညဉ်တွေနဲ့ မပေါင်းစပ်ခင်ကတည်းက ရှဲပူတိဝိညဉ်အသွင်မပြောင်းလဲရသေးခင်ထက် အနဲငယ်သာလွန်နေတာမဟုတ်လား ... ။ အခုသူ့အမွာသိုင်းဝိညဉ်နဲ့ ပေါင်းစပ်ပြီး ဝိညဉ်အသွင်ပြောင်းလဲလိုက်တဲ့အခါမှာတော့သူစွမ်းအားတွေက ရှဲပူတိထက်သိသိသာသာကို သာလွန်သွားပါသည် ။

"... နတ်ဘုရား အာဏာ လက်ညိုးသိုင်း ..."
ဝိညဉ်အသွင်ပြောင်းလဲပြီးတာနဲ့ ရှဲပူတိကအရင်ဆုံးစတင်တိုက်ခိုက်လိုက်သည် ။ သူ့လက်ညှိုးသိုင်းက လေထုကို ဖောက်ထွက်လာပြီး ရှောင်လုံဆီသို့ လျှပ်တပျက်ရောက်ရှိလာသည် ။

ရှဲပူတိက ရှောင်လုံကို လှမ်းထိုးလိုက်တဲ့ လက်ညိုးသိုင်းရဲ့ အင်အားကြီးမားပုံက သူ့လမ်းတလျှောက်မှာရှိနေသော အရာဝတ္ထုမှန်သမျှကို အမှုန့်အဖြစ်သို့ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

".... ဒါ...ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာလောက်ထဲက တိမ်မြှပ်ပျောက်ကွယ်နေတဲ့ နတ်ဘုရားအာဏာလက်ညိုးသိုင်းမဟုတ်လား ..."
ဒေါင်ဝူဟန်နံဘေးမှာထိုင်နေသော ထိပ်တန်းစစ်ဗိုလ်ချုပ် တယောက်ဆီကနေ အံသြတကြီးရေရွတ်သံထွက်ပေါ်လာသည်။

"... နတ်ဘုရား အာဏာ လက်ညိုးသိုင်းက ထိပ်တန်းမြေကြီယအဆင့် သိုင်းကျမ်းတခုပဲ .."
ချန်ကျန်းဆီကနေလဲ အံသြစွာဖြင့် ရေရွတ်သံထွက်ပေါ်လာပါသည်။

ရှဲပူတိရဲ့ နတ်ဘုရားအာဏာလက်ညိုးသိုင်းက ရှောင်လုံရင်ဘတ်နဲ့ နီးကပ်သောအကွာအဝေးသို့ လျင်မြန်စွာရောက်ရှိလာပါသည်။ တချိန်ထဲမှာပဲ ရှောင်လုံကလဲ သူ့လက်သီးဖြင့် ရှဲပူတိလက်ညိုးသိုင်းကို တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၈၃ ....... နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ ( 15)

"... နတ်ဘုရား အာဏာ လက်ညိုးသိုင်းက ထိပ်တန်းမြေကြီးအဆင့် သိုင်းကျမ်းတခုပဲ .."
ချန်ကျန်းဆီကနေလဲ အံသြစွာဖြင့် ရေရွတ်သံထွက်ပေါ်လာပါသည်။

ရှဲပူတိရဲ့ နတ်ဘုရားအာဏာလက်ညိုးသိုင်းက ရှောင်လုံရင်ဘတ်နဲ့ နီးကပ်သောအကွာအဝေးသို့ လျင်မြန်စွာရောက်ရှိလာပါသည်။ တချိန်ထဲမှာပဲ ရှောင်လုံကလဲ သူ့လက်သီးဖြင့် ရှဲပူတိလက်ညိုးသိုင်းကို တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။

   ".... ဖုန်း ...."
ပြင်းထန်သောစွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့မိတာကြောင့် ထွက်ပေါ်လာသော အင်အားလှိုင်းတွေက သိုင်းပြိုင်စင်တခုလုံးသို့ ပျံနှံသွားပါသည်။ ရှဲပူတိရဲ့ နတ်ဘုရားအာဏာ လက်ညိုးသိုင်းကို ရှောင်လုံက လက်သီးတချက်ထဲနဲ့ ချေဖျက်လိုက်သည် ။

တိတိကျကျပြောရမယ်ဆိုရင် သိုင်းကွက်တခုစွမ်းအားမြင့်မမြင့်ဆိုတာက အသုံးပြုလိုက်သောသူတယောက်ရဲ့ အတွင်းကျကျနားလည်မှုအပြင် အတွင်းအားဘယ်လောက်အထိ သုံးနိုင်လဲအပေါ်မှာပဲ အဓိကမူတည်နေပါသည် ။

ရှဲပူတိကိုလက်ညိုးသိုင်းကိုချေဖျက်ပြီးပေမယ့် ရှောင်လုံကရပ်တန့်ဖို့စိတ်ကူးမရှိပဲ ရှဲပူတိကိုယ်ကို လက်သီးဖြင့်ထပ်မံထိုးချလိုက်သည်။
ရှဲပူတိက သူ့သိုင်းကွက်ကို ရှောင်လုံ အလွယ်တကူချေဖျက်ပြလိုက်လို့ အံအားသင့်သွားပေမယ့် ရှောင်လုံတိုက်ခိုက်လာမှုကို ခုခံတဲ့နေရာမှာတော့  တုန့်ဆိုင်းနေခြင်းမရှိခဲ့ပေ ....။ ရှဲပူတိက ရှောင်လုံလက်သီးကို သူ့လက်သီးဖြင့် တန်ပြန်ထိုးနှက်လိုက်သည် ။

လက်သီးနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားကြပြီးအဲ့ဒီကနေ ထွက်ပေါ်လာသောသက်ရောက်အားတွေကြောင့် ရှဲပူတိကိုယ်လုံးက တုန်ခါသွားသည်။ သူ့လက်တချောင်းလုံးက ဘာအာရုံမှကို မခံစားနိုင်တော့တဲ့အထိ ထုံကျင်သွားကာ အနောက်သို့ ယိုင်ထိုးပြီး ဆုတ်လိုက်ရသည် ။

သူ့ခန္ဓာကိုယ်က ဖီးနစ်မီးတောက်တွေကတော့ ရှောင်လုံလက်သီးကိုသွားရောက်လောင်ကျွမ်းပါသည် ။ ဒါပေမယ့် ရှဲပူတိရဲ့ ဖီးနစ်ငှက်မီးတောက်တွေက ရှောင်လုံကိုယ်ပေါ်မှာရှိသော နဂါးအကြေးခွံတွေနဲ့ ထိတွေ့လိုက်တဲ့ခနမှာ အဝေးသို့ပြန့်ကျဲ့လွင့်စင်သွားပါတော့သည်။

နဂါးအကြေးခွံတွေရဲ့ သိပ်သည်းစွာကာကွယ်ထားမှုရဲ့အောက်မှာ ရှဲပူတိရဲ့ ဖီးနစ်မီးတောက်က ရှောင်လုံကိုထိခိုက်အောက်လုပ်ဖို့ထားတော့ သူ့ ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရန်ပင် မလွယ်ကူပေ ...။

အဲ့ဒီခနမှာ ရှောင်လုံလူရိပ်က ဝေဝါးသွားပြန်ပြီး သူ့လက်ထဲမှာကိုင်ဆွဲထားသော နတ်ဓားတွေကို လွှဲယမ်းလိုက်ပြန်သည် ။ "... တခြားတဖက်ကမ်းခြေက ပန်းပွင့် ..."
အမည်ရှိ သိုင်းကွက်ကို ထပ်မံထုတ်သုံးလိုက်ပြန်သည် ။ လေထဲမှာစိတ်ခြောက်ခြားစရာကောင်းလောက်အောင်တောက်ပနေသော နက်ပြာရောင် ပန်းတပွင့်က ထပ်မံဖူးပွင့်လာပြန်သည် ။ အဲ့နောက် တောက်ပနေသော နက်ပြာရောင်ပန်းပွင့်က အရင်တခေါက်ကလိုမျိုး သရဲတကောင်ကဲ့သို့ ရုတ်တရက်ပျောက်ကွယ်သွားပြန်သည် ။

နက်ပြာရောင်ပန်ပွင့်ပျောက်ကွယ်သွားချိန်နဲ့ တပြိုင်နက်ထဲလိုလိုမှာပဲ
ရှဲပူတိဆီကနေ ငြီးငြူသံတခုထွက်ပေါ်လာသည် ။ တခြားတဖက်ကမ်းက ပန်းပွင့်က ရှဲပူတိရင်ဘတ်ကို လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ထပ်မံ၍ ထိမှန်သွားခြင်းပဲ ဖြစ်သည် ။

ရှဲပူတိကိုယ်တိုင်ကလဲ သူ့ရဲ့ဖီးနစ်ငှက်သိုင်းဝိညဉ်နှင့်ပေါင်းစပ်ပြ်ိး ဝိညဉ်အသွင်ပြောင်းလဲထားတာကြောင့် သူ့ကိုယ်ပေါ်မှာ အနက်ရောက်မီးတောက်တွေက သံကျပ်ကာဝတ်စုံလိုမျိုး ကာကွယ်ပေးထားကြပေမယ့် ရှောင်လုံသိုင်းကွက်ရဲ့ ပြင်ထန်လှသောစွမ်းပကားကြောင့် ရှဲပူတိအနေဖြင့် မရှုမလှ ခံလိုက်ရဆဲပဲ ဖြစ်သည်။ ရှောင်လုံရဲ့ ပန်းပွင့်သူ့ရင်ဘတ်ပေါ်သို့ ကျရောက်လာသောနေရာက မခံမရပ်နိုင်သောနာကျင်စေတာပဲ ဖြစ်သည်။

အဲ့့ဒါအပြင် သူကိုယ်ခန္ဓာကို မီးတောက်တွေက ကာကွယ်ပေးထားပေမယ့် လာရောက်ထိမှန်သော ပန်းပွင့်ကနေတဆင့် ရှောင်လုံရဲ့အအေးဓတ် စွမ်းအင်တွေကို သူ့ကိုယ်ထဲသို့ ဖြည်းဖြည်းချင်းစိမ့်ဝင်လာနေသလိုမျိုး ခံစားလိုက်ရသည် ။ ရှဲပူတိအနေနဲ့တော့ လုပ်ဆောင်စရာနည်းလမ်းက တခုပဲရှိသည် ။အဲ့ဒါကတော့ သူ့ရဲ့ဖီးနစ်မီးတောက်တွေကို အသုံးပြုပြီးရှောင်လုံရဲ့ အအေးဓတ်စွမ်းအင်ကို ဖိနှိပ်ချေဖျက်ပစ်လိုက်ဖို့ပဲ ဖြစ်သည်။

သူရဲ့ ပထမတိုက်ကွက်က ပစ်မှတ်ကိုထိမှန်ပြီးတာနဲ့ ရှောင်လုံကလဲတုန့်ဆိုင်းနေခြင်းမရှိပဲ နောက်ထပ်တကြိမ်ထပ်မံတိုက်ခိုက်လိုက်သည် ။

ရှောင်လုံရဲ့ "... တခြားတဖက်ကမ်းက ပန်းပွင့်..." ဟုသော သိုင်းကွက်က ဒေါင်ဝူဟန်ကိုတောင် ခေါင်းခြောက်စေတဲ့အထိ တကယ့်ကို ခန့်မှန်းရခက်ခဲစေသည့် သိုင်းကွက်တခုပဲ ဖြစ်သည်။သူ့ရဲ့အဓိကအားသာချက်က သူပျောက်ကွယ်သွားပြီး ပစ်မှတ်ဆီသို့ သွားနေသောလမ်းတလျှောက်လုံးမှာ ပြိုင်ဘက်အနေနှင့် သူ့လားရာကို ဘယ်လိုမှ အာရုံခံလို့ မရခြင်းပဖြစ်သည် ။ သူသွားတဲ့ လမ်းတလျှောက်လုံးမှာ ဘယ်လိုစွမ်းအင်လှုပ်ရှားမှုမှ ထင်ကျန်ခဲ့ခြင်းမရှိပေ ။

အဲ့လိုမျိုး ဆိုမှတော့ ဘယ်သူကဘယ်လိုနည်းနဲ့ ရှောင်တိမ်းလို့ရပါ့မည်နည်း ...? သူကဘာနဲ့တူသလဲဆိုရင် ရှောင်လုံသိုင်းဝိညဉ်ရဲ့ မွေးရာပါစွမ်းရည်တခုဖြစ်သော ကိုယ်ပျောက်ခြင်းနှင့် အနဲငယ်တူညီလေသည် ။ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာက တယောက်နဲ့တယောက်အကြား မျက်သိဖြင့် မမြင်နိုင်သော ကြားကွက်လပ်အလွှာများစွာ တည်ရှိပါသည် ။ ရှောင်လုံရဲ့ ကိုယ်ပျောက်ခြင်းက အဲ့ဒိမမြင်နိုင်သော ကြားကွက်လပ်အလွှာတခုထဲသို့ ဝင်ရောက်ပုန်းအောင်းလိုက်ခြင်းပဲ ဖြစ်သည် ။ အရမ်းအစွမ်းထက်သော စိတ်အာရုံဖြန့်ကြက်စွမ်းရည်ကိုသာ ပိုင်ဆိုင်ထားခြင်းမရှိရင် သူ့ရှိနေသော ကြားကွက်လပ်အလွှာကို ဘယ်လိုမှ အာရုံခံလို့ရမှာ မဟုတ်ပေ ...။

သိုင်းပြိုင်စင်အောက်က ရှဲပူတိကိုနိုင်မယ်လို့တွက်ဆထားသူတွကတော့ သိုင်းပြိုင်စင်ပေါ်က ရှဲပူတိကိုကြည့်ရင်း ခေါင်းတွေပဲ ခါယမ်းလိုက်ကြသည် ။ အရင်တုံကဆိုရင် ရှောင်လုံက ရှဲပူတိနဲ့ ဆယ်မီတာပတ်လည်ကိုလာလို့မရပေ ။ ရှဲပူတိရဲ့ ဖီးနစ်မီးတောက်တွေက သံကျပ်ကာအကျီသဖွယ် ကာရံပေးထားလို့ပဲ ဖြစ်သည် ။

အခုအချိန်မှာတော့ ရှောင်လုံရဲ့ ပြင်းပြင်းထန်ထန်ထိုးနှက်မှုတွေကြောင့်မို့  ရှဲပူတိရဲ့ ဖီးနစ်မီးတောက်တွေက တဖြည်းဖြည်းအာပျော့လာခဲ့ချေပြီ ..။ ရှဲပူတိ ဘက်ကကြည့်မယ်ဆိုရင်လဲ သူ့ရဲ့အဓိကအားသာချက်တခုဖြစ်သော ဖီးနစ်မီးတောက်တွေပျောက်ဆုံးကုန်တဲ့အပြင် ရှောင်လုံရဲ့ တိုက်ခိုက်မှုကိုလဲ သူ့အနေနဲ့ ဘယ်လိုနည်းနဲ့မှ အာရုံခံလို့မရဘူးဆိုမှတော့ အရှုံးပေးဖို့ နည်းလမ်းတခုသာကျန်ရှိတော့လေသည်။

ထိုနောက် ဆယ်မိနစ်နီးပါးကြာချိန်မှာတော့ ရှောင်လုံရဲ့ ငရဲမင်းဒေါသ သိုင်းကွက်က ရှဲပူတိရင်ဘတ်ကို တည့်မတ်စွာ ထိမှန်သွားတော့သည် ။ ရှဲပူတိရဲ့ သိုင်းပြိုင်စင်ရဲ့ အစပ်နားလောက်အထိ လွင့်ပျံသွားသည် ။ အဲ့အချိန်ကျမှ ရှောင်လုံက သူတိုက်ခိုက်နေတာတွေကို ခနရပ်တန့်လိုက်၏ ။

သိုင်းပြိုင်ကွင်းကြီးတခုလုံးက ရှောင်လုံနဲ့့ရှဲပူတိတို့ နှစ်ယောက်ထဲ ရှိနေသည်အလား တိတ်ဆိတ်ငြိမ်သက်နေပါသည် ။ ပရိတ်သတ်ကြီယက ရှောင်လုံတို့ပြိုင်ပွဲကို ကြည့်ရတာ အနှောက်အယှက်ဖြစ်မှာစိုးလို့
သူတို့အနေနဲ့ အသက်ရှုရမှာကိုတောင် ဝန်လေးနေကြတာပဲ ဖြစ်သည် ။

အားလုံးရဲ့ မျက်တောင်မခတ်ကြည့်ရှု့နေမှုတွေအောက်မှာ ရှဲပူတိကလဲကျနေရာကနေ ကြိုးစားပြီးမတ်တပ်ရပ်လိုက်သည် ။ သူခြေထောက်နှစ်ခေါင်းက တုန်ခါနေပြီး သူအနေနဲ့ အချိန်မရွေး ပြန်လဲကျသွားတော့မတတ်ဖြစ်နေသည် ။

ဒါပေမယ့် ရှဲပူတိပါးစပ်ကနေ ရုတ်တရက်ဟိန်းဟောက်သံတခုထွက်ပေါ်လာသည် ။ သူ့ဟိန်းသံရဲ့နောက်မှာ သူခန္ဓာကိုယ်ထဲကနေ တောက်ပနေသော အလင်းတန်းတွေထွက်ပေါ်လာပြီး သူက ရှောင်လုံကိုသွားရောက်တိုက်ခိုက်လေသည်။

ဒါပေမယ့် သူရှောင်လုံအနားသို့ ရောက်ပြီး တိုက်ခိုက်ဖို့ဟန်ပြင်နေစဉ်မှာ သူ့ထက်ပိုပြီးချင်မြန်သော ရှောင်လုံကသူကို လက်ဝါးတချက်ဖြင့် သိုင်းပြိုင်စင်အောက်သို့ ပြုတ်ကျသွားတဲ့အထိ ရိုက်ထုတ်လိုက်သည်။

ချန်ပီယံလောင်ကြီး ရှဲပူတိတယောက် ရှုံးနိမ့်သွားခဲ့ချေပြီ ....!

ရှဲပူတိသိုင်းပြိုင်စင်အောက်သို့ ပြုတ်ကျလာတာကို ပရိတ်သတ်ကြီး
အံသြဝိုင်းစက်နေသောမျက်လုံးတွေဖြင့် မှင်သက်စွာငေးကြည့်နေကြသည်။ အဲ့နောက် ပရိတ်သတ်ကြီးဆီကနေ ကမ္ဘာကြီး နှစ်ခြမ်းကွဲလုမတတ် ကျယ်လောင်သော ချီးကျူးအားပေးသံတွေထွက်ပေါ်လာတော့သည်။ ပရိတ်သတ်ကြီးရဲ့ စိတ်လှုပ်ရှားစွာ အော်ဟသ်နေကြတဲ့အသံတ်ေက အချိန်အတော်ကြာတဲ့အထိကို ရပ်တန့်သွားခြင်းမရှိပေ ..။

နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲကြီး၏ နောက်ဆုံးသိုင်းပြိုင်ပွဲက ပြီးဆုံးသွားခဲ့ချေပြီ ....။ ပထမနေရာကို အားလုံးက မထင်မှတ်ထားကြတဲ့ရှောင်လုံက ရယူပိုင်ဆိုင်သွားလေသည် ။ သိုင်းပြိုင်ပွဲမစတင်ခင်တုံးက အခုလိုမျိုး ပြိုင်ပွဲရလဒ်က ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူတဦးတယောက်ကမှ ထင်ထားခဲ့မှာမဟုတ်ပေ ...။

အဲ့ဒါထက်ပိုပြီး အံသြစရာကောင်းသောအချက်က အခုနှစ်နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ၏ ချန်ပီယံဖြစ်တဲ့ ရှောင်လုံက ထိပ်တန်းအဆင့် အမွှာသိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားတဲ့ အချက်ပဲဖြစ်သည် ။

သူ့သိုင်းဝိညဉ်တွေထဲက နဂါးပြာကြီးဆိုရင် သိုင်းဝိညဉ်ကမ္ဘာကြီးမှာ အခုအချိန်အထိ တခါမှ ပေါ်ပေါက်လာခြင်းမရှိသေးသော ကမ္ဘာဦးနတ်နဂါးတကောင်ပဲ ဖြစ်သည် ။

သိုင်းပြိုင်ပွပြီးဆုံးသွားပေမယ့် အခုသိုင်းပြိုင်ပွဲကို ပြန်ပြောင်းသုံးသပ်ကြမယ့်သူတွေအတွက်တော့ အခုနှစ်သိုင်းပြိုင်ပွဲက သူ့တို့ရင်ထဲမှာ သံမှိုရိုက်ထားသလို အမြဲထင်ကျန်ရစ်နေတော့မှာပဲ ဖြစ်သည် ။

ရွှေပွဲလာပရိတ်သတ်ကြီးက အခုလိုမျိုး ထိပ်တန်းအမွာသိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားတဲ့ ယှဉ်ပြိုင်မှုကိုကြည့်ရှုလိုက်ရတာနဲ့တင် အရမ်းကိုပိတီဖြစ်ကျေနပ်နေကြတာပဲ ဖြစ်သည် ။

ပရိတ်သတ်ကြီးတင်မက မင်းသားဒေါင်ဝူဟန် နဲ့ အမတ်ချန်ကျန်းတုိ့ကပါ အရမ်းကို အံသြဆန်းကြယ်စွာခံစားနေကြရတာပဲ ဖြစ်သည် ။
သူ့အဖေ ဘုရင်မင်းမြတ်ကိုသာ အခုပြိုင်ပွဲအကြောင်း အသေးစိတ်အစီရင်ခံလိုက်ရင် သူ့အဖေလဲ သူ့လိုမျိုး အရမ်းအံသြသွားမယ်ဆိုတာ ဒေါင်ဝူဟန်စိတ်ထဲမှာ အလိုလို သိနေသည် ။

ခနအကြာမှာတော့ ချန်ကျန်းက ရှောင်လုံ ချန်ပီယံဖြစ်ကြောင်းကိုကြော်ငြာမောင်းခတ်လိုက်သည် ။ ချန်ကျန်းကြော်ငြာသံအဆုံးမှာတော့ပရိတ်သတ်ကြီးဆီကနေ နားကန်းလုမတတ်ကျယ်လောင်သောလက်ခုပ်သံတွေ ထွက်ပေါ်လာပါတော့သည် ။

သိုင်းပြိုင်ပွဲပြီးဆုံးသွားခဲ့ပေမယ့် ဆုချီးမြှင့်ပွဲကိုတော့ မနက်ဖြန်မှသာထပ်မံကျင်းပမှာပဲ ဖြစ်သည် ။သိုင်းပြိုင်စင်ပေါ်ကနေဆင်းလာသော ရှောင်လုံက ပန်ယုရှေ့ကနေ ဖြတ်ပြီး သူ့ထိုင်နေကျနေရာမှာ ပြန်ဝင်ထိုင်လိုက်သည်။ ရှောင်လုံသူ့ရှေ့ကနေ ဖြတ်သွားတော့မှာကို့မင်တော့ ပန်ယုမျက်နှာမှာ ကြောက်လန့်တကြားတည်ဆောက်ထားတဲ့ မချိပြုံးတခု ရုတ်တရက်ပေါ်ပေါက်လာသည် ။ အဲ့နောက်သူက အနောက်သို့ ခြေတလှမ်းတောင်မှ ရှောင်လုံဖြတ်သန်းသွားဖို့ ဆုတ်ပေးလိုက်
သည် ။

အဲ့ူးာနဲ့တင်မပြီးသေးပဲ ရှောင်လုံသူ့အနားကနေ ဝေးကွာသွားတ်ဲအချိန်အထိ ပန်ယုခင်ဗျာ အသက်ပြင်းပြင်တောင် မရှုရဲပေ ..။ သူ့နောက်ကျောကို စမ်းကြည်မယ်ဆိုရင် ချွေးစေးတွေဖြင့် စိုရွှဲနေတာကို သိနိုင်သည်  ။ ပန်ယုစိတ်ထဲမှာ ရှောင်လုံနဲ့ ထိပ်တိုက်ရင်မဆိုင်လိုက်ရတဲ့ အပေါ် မိုးနတ်မင်းကြီးအား အကြိမ်ကြိမ်ကျေးဇူးတင်စကားဆိုလိုက်သည်။

ရှောင်လုံသိုင်းပြိုင်ကွင်းထဲကနေ ထွက်လာတော့ အရင့်နေကနဲ့မတူပဲ သိုင်းပြိုင်ကွင်းအပြင်ဘက်မှာ သူ့ကိုများပြားလှသော လူအုပ်ကြီးကစောင့်ဆိုင်နေတာကိုမြင်လိုက်ရသည် ။

ရှောက်လုံအပြင်ထွက်လာတာကိုမြင်တာနဲ့ သူတို့က ရှောင်လုံနာမယ်ကိုကျယ်လောင်စွာအော်ပြီး နှုတ်ဆက်လိုက်ကြသည်
"... ဟောင်ရှောင်လုံ ....ဟောင်ရှောင်လုံ .....ဟောင်ရှောင်လုံ....!"

ဟောင်ရှောင်လုံဆိုသော နာမယ်အား သုံးကြိမ်သုံးခါဟစ်ကြွေးလိုက်ကြသည် ။ အစကတော့ လူနဲနဲကပဲ အော်ဟစ်ကြပေမယ့် အဲ့နောက်မှာတော့ အသံကိုတဖြည်းဖြည်း ပိုမိုကျယ်လောင်လာလေသည်။

အခုဆိုရင်ရှောင်လုံက ဒေါင်ရမ်းအင်ပါရာနိုင်ငံမှာရှိသော လူငယ်တိုင်းရဲ့ စံပြထားရတဲ့သူတယောက် ဖြစ်သွားခဲ့လေပြီ ..။

ထိပ်တန်းအမွာသိုင်းဝိညဉ် .....!

ကြောက်စရာကောင်းလွန်းလှတဲ့ ပါရမီအရည်အချင်း ...!

အဲ့ဒိအချက်နှစ်ချက်လုံးနဲ့ ပြည့်စုံသောလူဆိုလို့ ဒေါင်ရမ်းအင်ပါရာနိုင်ငံကိုတည်ထောင်ခဲ့သော သမိုင်းတလျှောက်လုံးမှာ ရှောင်လုံက ပထမဆုံးလူသားတယောက်ဖြစ်လာသည် ။ အုပ်ခဲသော လူသာပရိတ်သတ်တွေက ရှောင်လုံအနားကိုတိုးကပ်နိုင်ဖို့ ကြိုးစားလိုက်ပြသည်။

ကံအားလျှော်စွာဖြင့် ကျောင်းရှု ၊ ယူမင်း နဲ့ ဖေးဟိုတို့ကသူ့အကှေ့ကနေ ဒိုင်ခံတားဆီပေးထားတာကြောင့်မို့သာ ရှောက်လုံတယောက် ကံကောင်းသွားခဲ့သည်။ အဲ့လိုမှမဟုတ်ရင် ထိပ်တန်းမိသားစုတွေရဲ့ ခပ်ကဲကဲ မိန်းမပျိလေးတွေရဲ့ လက်ချက်ကြောင့်မို့ ရှောင်လုံတယောက် အဝတ်အစားအစုံအလင်ဖြင့် ဒီလူအုပ်ကြီးထဲကနေ ထွက်ဖို့ဆိုတာက ရှဲပူတိအကြိတ်အနယ် ယှဉ်ပြိုင်ရတာထက်ကို ပိုမိုခက်ခဲမှာပဲ ဖြစ်သည်။

ကျောင်းရှု ၊ ယူမင်းတို့ရဲ့ ကာကွယ်မှုဖြင့် ရှောင်လုံထွက်ခွာသွားပြီးတဲ့နောက်မှ ဒေါင်ရမ်းရင်ပြင်ကျယ်ကြီးက အရင်ကလိုမျို ပြန်လည်ငြိမ်သက်သွားတော့သည် ။

မေ့မရသောအရသာ စားသောက်ဆိုင်ရဲ့ သီးသန့်ခန်းနံပါတ်နှစ်အတွင်းမှာတော့ ယောင်ဖေးက ရန်ခမ်းနဲ့ ပန်ယုကို မဲမှောင်သောမျက်နှာထားဖြင့် ခပ်တင်းတင်းစိုက်ကြည့်နေသည် ။

"... သုံးစားလို့မရတဲ့ကောင်တွေ .."
ယောင်ဖေး ပါးစပ်ကနေ ဒေါသတကြီးရွတ်ဆိုသံတခုထွက်ပေါ်လာသည် ။ ယောင်ဖေးရဲ့ စူးရှသောအကြည်တွေအောက်မှာ ရန်ခမ်းရဲ့ ပန်ယုတို့နှစ်ယောက်လုံး ဒူးခိုင်ခိုင်ဖြင့် ရပ်နေဖို့တောင် ခက်ခဲနေလေသည်။

"... ဒါပေမယ့် ဟောင်ရှောင်လုံဆီမှာ ထိပ်တန်းအမွာသိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားမယ်လို့ ငါမထင်ထားဘူး .... အင်းရှဲပူတိလိုကောင်ကတောင် သူ့ပြိုင်ဘက်မဖြစ်နိုင်ခဲ့ဘူးပဲ ..."
ယောင်ဖေးအသံက သွားကြားထဲကနေ ရွတ်ဆိုနေသကဲ့သို့ အေးစက်မာကျောနေသည် ။ သူ့မျက်လုံးတွေကလဲ သွေးဆာနေသလိုမျိုး နီရဲနေသည် ။

ထိပ်တန်းအမွှာသိုင်းဝိညဉ်....!

ဒါဆိုရင် နဂါးအပြာရောင်ကြီးက အဆင့်၁၄ သိုင်းဝိညဉ်တောင်ဖြစ်နိုင်တာပဲ ...!

အဆင့် ၁၄ သိုင်းဝိညဉ် ...! အဲ့လိုသိုင်းဝိညဉ်မျိုးကို ဒဏ္ဍာရီထဲက တခေတ်တယောက်ကျော်ကြားသော သိုင်းသမားတွေသာ ပိုင်ဆိုင်ခဲ့တာမဟုတ်လား ...။ ဒါပေမယ့် ဘာကျောထောက်နောက်ခံမှမရှိသော သာမန်နိုင်ငျံလးတခုရဲ့ ဆင်းဆင်းရဲရဲမိသားစုတခုကနေ အခုလိုမျိုးကြောက်မက်ဖွယ်ရာအဆင့် သိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားတာက တကာ့်ကို အံသြစရာဖြစ်ရပ်တခုပဲ မဟုတ်လား..။

ယောင်ဖေးဆီမှာသာ အဲ့လိုအဆင့်သိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားခဲ့ပြီး သူမိသားစုရဲ့ဘဏ္ဍာရေးအခြေအနေနဲ့သာဆိုရင် သူ့အနေနဲ့ စကြာဝဠာသိုင်းသမားအဆင့်သို့ မလွဲဧကန်ရောက်ရှိမှာပဲ ဖြစ်သည်။

"...မုန်းစရာကောင်းလိုက်တာကွာ..."
ယောင်ဖေးက ရုတ်တရက်အော်ဟစ်လိုက်သည် ။ အဲ့နောက် သူ့ကိုယ်ထဲကနေ ကြောက်မက်ဖွယ်ရာစွမ်းအားတွေထွက်ပေါ်လာပြီး အခန်းထဲမှာရှိနေသော စားပွဲတွေအကုန်လုံး အမှုန့်ဘဝကိုရောက်ရှိသွားလေသည် ။

ရန်ခမ်းနဲ့ ယန်ယုလဲ မျက်စိပျက်မျက်နှာပျက်ပြီူ အနောက်သို့ အလျင်အမြန်ဆုတ်လိုက်ကြသည် ။ အဲ့နောက် ယောင်ဖေးက သူ့စိတ်ကို ကြိုးစားထိန်းချုပ်ခိုက်ပြီး သူ့ရဲ့အေးစက်စက်မျက်လုံးတွေဖြင့် ရန်ခမ်းတို့နှစ်ယောက်ကို ဝေ့ဝှိုက်ကြည့်လိုက်သည်
"... ကောင်းပြ်ီး ...မင်းတို့သွားကြတော့ ..."

ရန်ခမ်းနဲ့ ပန်ယုလဲ ယောင်ဖေးစကြာကိုကြားကြာချင်း အရမ်းကိုအံသြသွားသည် ။ အဲ့နောက် သူတို့ခေါင်းတွေကို ဆန့်စေ့ကောက်စားနေသောကြက်လိုမျိုး အဆက်မပြတ်ညိတ်ပြလိုက်ပြီး အသက်ဘေးနဲ့ကြုံတေ့်တော့မယ်အလား အခန်းထ့ကြနေ အလျင်အမြန်ထွက်ပြေးတော့သည် ။

တချိန်ထဲလိုလိုမှာပဲ ဒေါင်ရမ်းနန်းတွင်းရဲ့ မြေအောက်နန်းဆောင်တခုအတွင်း ဒေါင်ရမ်းအင်ပါရာပြည့်ရှင်က သူ့သားနဲ့ အမတ်ချန်ကျန်းတို့ နှစ်ယောက် အသေးစိတ်အစီရင်ခံမှုကို စိတ်ဝင်တစားနားထောင်နေသည်။ သူလဲ ကြားကြားချင်းမှာ မယုံနိုင်အောင်အံသြသွားလေသည်။

"...  ထိပ်တန်းအမွာသိုင်းဝိညဉ် .... အဲ့ကောင်လေးက တကယ်ပဲ ထိပ်တန်းအမွှာသိုင်းဝိညဉ်ကိုပိုင်တိုင်ထားတာလား...?"
ဒေါင်ရမ်းအင်ပါရာပြည့်ရှင်က သူတယောက်ထဲစကားပြောနေသလိုမျို ခပ်တိုးတိုးရေရွတ်လိုက်သည်  ။အခုသေချာကြည့်မယ်ဆိုရင် သူ့မျက်နှာမှာ အမြဲရှိနေသော ရာဇအိနြေ္ဒတွေ ခနတာပျောက်ကွယ်နေမှာကိုမြင်တွေ့နိုင်သည် ။

ဒေါင်ဝူဟန်လဲ အကြီးအကျယ်အံအားသင့်သွားဟန်ရတဲ့ သူ့အဖေကိုကြည့်ရင်း သူ့ကိုယ်တိုင်လဲအံသြသွားပါသည် ။ သူ့အနေနဲ့ ဒိနေ့ဒိအချိန်အထိ သူ့အဖေအခုလိုအမူအရာပျက်ယွင်းတာမျိုးကို တကြိမ်မှ မမြင်ဘူးခဲ့ပေ  ...။ သူ့အဖေရဲ့ တောက်ပနေသော မျက်လုံးနှစ်ခုထဲမှာ မျှော့်လင်ချက်အရိပ်အယောင်တွေအပြင် ပီတိဖြစ်နေမှုတွေကိုပါ မြင်တွေ့နိုင်သည် ။

<___________________________________________>

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း၁၈၄...တောင်ဘက်နေဝင်ချိန်အိမ်ဂေဟာကိုဝယ်ယူခြင်း

ဒေါင်ဝူဟန်လဲ အကြီးအကျယ်အံအားသင့်သွားဟန်ရတဲ့ သူ့အဖေကိုကြည့်ရင်း သူ့ကိုယ်တိုင်လဲအံသြသွားပါသည် ။ သူ့အနေနဲ့ ဒိနေ့ဒိအချိန်အထိ သူ့အဖေအခုလိုအမူအရာပျက်ယွင်းတာမျိုးကို တကြိမ်မှ မမြင်ဘူးခဲ့ပေ  ...။ သူ့အဖေရဲ့ တောက်ပနေသော မျက်လုံးနှစ်ခုထဲမှာ မျှော့်လင်ချက်အရိပ်အယောင်တွေအပြင် ပီတိဖြစ်နေမှုတွေကိုပါ မြင်တွေ့နိုင်သည် ။

  အမတ်ချန်ကျန်းလဲ ဒေါင်ရမ်းအင်ပါရာပြည့်ရှင်၏ ရှောင်လုံသတင်းအပေါ် တုန့်ပြန်မှုပုံစံတွေက အရမ်းကိုထူးခြားလွန်းတာမို့ သူလဲအံသြသွားသည် ။ ခနလောက်ကြာတော့မှ ဒေါင်ရမ်းအင်ပါရာပြည့်ရှင်က သူယောင်ယောင်မှားမှား ဖြစ်နေရာကနေ ပြန်လည်အိနြေ္ဒဆည်လာနိုင်ပြီး

"... မနက်ဖြန် ဆုချီးမြှင့်ပွဲပြီးတာနဲ့ ဟောင်ရှောင်လုံကိုငါနဲ့တွေ့ဖို့ခေါ်လာခဲ့ ..."

"... ဖခမည်းတော်က ဟောင်ရှောင်လုံနဲ့တွေ့မလို့လား...?"

ဒေါင်ဝူဟန်တယောက် အတော်လေးကို ခေါင်းရှုပ်သွားလေသည်။  တကယ်ဆိုရင် ဒေါင်ရမ်းအင်ပါရာပြည့်ရှင်က အခုလိုမျိုး နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာအနိုင်ရသော ပါရမီရှင်တွေနဲ့ တွေ့ဆုံလေ့မရှိပေ။အရင်နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲတွေတုံးကဆိုရင်လဲ အခုလိုမျိုး ခေါ်တွေ့တာမျိုးမလုပ်ခဲ့ပေ ..။

"...ဟူတ်တယ် ...."

ဒေါင်ရမ်းဘုရင်မင်းမြတ်က သူ့စကားကိုထပ်မံ၍ အတည်ပြုလိုက်သည် ။ ထိုနောက်မင်းသားဒေါင်ဝူဟန်လဲ အထွန့်မတတ်ရဲတော့ပဲ လေးစားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်

"... မှန်လှပါ ...ဖခမည်းတော်ရဲ့ အမိန့်တိုင်းဆောင်ရွက်ပါ့မယ်..."

"... ကောင်းပြီ ...မင်းတို့သွားကြတော့ ...."

ဒေါင်ဝူဟန်နဲ့ ချန်ကျန်းတို့နှစ်ယောက်လဲ ဒေါင်ရမ်းအင်ပါရာပြည့်ရှင်ကို အရိုအသေပေးရင်း နောက်ဆုတ်ကာအခန်းထဲကနေ ပြန်လည်ထွက်ခွာသွားကြသည် ။

ရှောင်လုံတို့လေးယောက်ကတော့ ဒေါင်ရမ်းရင်ပြင်ကျယ်ကနေ ထွက်လာပြီးတဲ့နောက် အိမ်ခြံမြေအရောင်းဋ္ဌာနတခုကို သွားလိုက်သည်။

သူတို့အတွက် အခုလက်ရှိနေစရာမရှိသောပြသနာကို အရေးတကြီးဖြေရှင်ဖို့ လိုအပ်နေတယ်မဟုတ်လား ...။ အဲ့လိုပဲမဟုတ်ရင် ဒီနေ့လဲ မရင်နေ့ကလိုမျိုး လမ်းမပေါ်မှာ ထပ်ပြီးအိပ်ရမှာပဲ ဖြစ်သည် ။

နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့လူက လမ်းမပေါ်မှာအိပ်နေရတယ်ဆိုရင် တကယ့်ကိုလူကြားလို့မကောင်းတဲ့ ကိစ္စတခုဖြစ်လာမှာမဟုတ်လား ။ ရှောင်လုံတို့သုံးယောက်က အိမ်ခြံမြေ အရောင်းဆိုင်တွေရှိရာကိုရောက်လာကြတော့
".. ယုံကြည်ခြင်းကောင်းကင် .."
ဆိုသည့်အိမ်ခြံမြေအရောင်း ဆိုင်အတွင်းသို့ ဝင်လိုက်ကြသည် ။

ဒေါင်ရမ်းအင်ပါရာနိုင်ငံထဲမှာ ထင်ရှားကျော်ကြားသော အိမ်ခြံမြေကိုယ်စားလှယ်ကြီးသုံးခုရှိသည် ။ ပထမတခုက ရှောင်လုံညီမလေး ဟောင်မင်းနဲ့ စေ့စပ်ထားသော ဂိုထန်တို့ မိသားစုက ပိုင်ဆိုင်သည့် ရတနာတသိန်းအိမ်တော်ပဲ ဖြစ်သည် ။ နောက်တခုက ရှဲပူတိတို့ ရှဲမိသားစုက ပိုင်ဆိုင်သော "....ထာဝရမျှော်မှန်းချက် ..."
အရောင်းဆိုင် ဖြစ်ပြီး နောက်ဆုံးတခုကတော့ အခုရှောင်လုံတို့ရောက်ရှိနေသော "...ယုံကြည်ခြင်းကောင်းကင်.."
အရောင်းဆိုင်ပင် ဖြစ်ပါသည် ။

ရှောင်လုံတို့လူစုဆိုင်အတွင်းသို့ ဝင်လိုက်တာနဲ့ ရှောင်လုံနာမယ်ကို ကျယ်လောင်စွာ အော်ဟစ်သံတွေထွက်ပေါ်လာသည်

"... ဟောင်ရှောင်လုံ ...ဟောင်ရှောင်လုံပါလား ...ဟောင်ရှောင်လုံရောက်လာတယ်ဟေ့....."

သတ်လတ်ပိုင်းအရွယ် လူကြီးက စိတ်လှုပ်ရှားနေဟန် ပြုံးရွှင်နေသောမျက်နှာထားဖြင့် ရှောင်လုံရှေ့သို့အလျင်အမြန်ရောက်ရှိလာပြီး

"... သခင်လေးဟောင်ရှောင်လုံ .... တကယ့်ကိုရှားပါးလွန်းတဲ့ ဧည့်သည်ပဲ ...ကျွန်တော်လဲ အခုလေးတင် ဒေါင်ရမ်းသိုင်းရင်ပြင်ကျယ်ကနေ ပြန်ရောက်လာတာ ....စစချင်း သခင်လေးကို ရုတ်တရက်မြင်လိုက်တော့ ကျွန်တ်ာမျက်စိမှားနေတယ်ပဲထင်မိတာ ..."

နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲကြီးအဆုံးမှာ ဒေါင်ရမ်းနိုင်ငံမှာနေထိုင်ကြသော လူတိုင်းလိုလိုက ရှောင်လုံကိုသိရှိနေကြပြီပဲဖြစ်သည်။ ဒါကြောင့်မို့ ဧည့်ခန်းဆောင်အတွင်း အိမ်ဝယ်ဖို့ ရောက်ရှိနေသော ဧည့်သည်တွေကလဲ ရှောင်လုံကိုအန်ီးကပ် မြင်တွေလိုက်ရတော့ အရမ်းကိုအံသြသွားကြလေသည် ။ သတ်လတ်ပိုင်းအရွယ်လူကြီးက ရှောင်လုံစိတ်ကိုနားလည်သည့်အလား ရှောင်လုံတို့လူစုကို သီးသန့်ခန်းတခုအတွင်းသို့ ခေါ်ဆောင်သွားပါသည် ။

သီးသန့်ခန်းအတွင်းသို့ရောက်တော့ သတ်လတ်ပိုင်းအရွယ်လူကြီးက အရင်ဆုံး သူ့ကိုယ်သူမိတ်ဆက်စကားဆိုလိုက်သည် ။ သူ့နာမယ်က ကျောက်ဟူ ဖြစ်ပြီး သူက ယုံကြည်ခြင်းကောင်းကင် အိမ်ခြံမြေအရောင်းဆိုင်၏ ကြီးကြပ်ရေးမှုးတယောက်ပဲ ဖြစ်သည် ။

ရှောင်လုံလာရတဲ့ ရည်ရွယ်ချက်ကိုသိရှိ ပြီးတဲ့နောက် ကျောက်ဟူက ပြုံးရင်းမေးလိုက်သည်
"... သခင်လေးသဘောကျ ကြိုက်နှစ်သက်နေတဲ့ နေရာများရှိနေပါသလားခင်ဗျာ...?"

ရှောင်လုံက ခနလောက် စဉ်းစားလိုက်ပြီး

"...ကျုပ်အတွက် နေရာက သိပ်အရေးမကြီးပါဘူး .... အဓိကလိုအပ်တာက အိမ်ကြီးကြီးတအိမ်ဖြစ်ဖို့ပဲ .... ကြီးလေကောင်းလေပဲ ..."

ကျောက်ဟူက ရှောင်လုံလိုအပ်ချက်ကိုထဲ့သွင်းကာ ရှောင်လုံအတွက်သင့်တော်နိုင်မည့် နေရာတော်တော်များများကို အလျင်အမြန်စဉ်းစားပေးလိုက်သည်။
နောက်ဆုံးမှာတော့ ရှောင်လုံက တောက်ဘက်နေဝင်ချိန် ဆိုတဲ့ အိမ်တော်တခုကိုသဘောကျသွားကာ ဝယ်ယူရန် ရွေးချယ်လိုက်ပါသည် ။

ကျောက်ဟူ အကြုံပြုသော နေရာတွေအများကြီးထဲမှာ တောင်ဘက်နေဝင်ချိန် အိမ်တော်က အကြီးမားဆုံးနဲ့ တသီးတသန့်အဆန်ဆုံးအိမ်တလုံး ဖြစ်သည်။ အဲ့ဒီအချက်တွေက ရှောင်လုံလိုအပ်ချက်နဲ့ ကိုက်ညီနေတာမို့ ရှောင်လုံက တောင်ဘက်နေဝင်ချိန်အိမ်တော်ကိုပဲ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်သည် ။

ဒါပေမယ့် ရှောင်လုံတို့က ငွေထုတ်ရှင်းတော့မယ့်အချိန်မှာ ကျောက်ဟူက ရယ်မောရင်း ငြင်းဆိုလိုက်ပြီး

".... မလိုပါဘူး ..မလိုပါဘူး သခင်လေးရယ် .... သခင်လေး ဟောင်ရှောင်လုံက တောင်ဘက်နေဝင်ချိန် အိမ်တော်ကိုသဘောကျနေမှတော့ သခင်လေးပိုင်ဆိုင်လိုက်ပြီလို့သာ သဘောထားလိုက်ပါလေ..."

"... ပေးဖို့မလိုဘူး ဟုတ်လား ..."

ကျောက်ဟူစကားကြာတော့ ရှောင်လုံလဲ အရမ်းကိုအံအားသင့်သွားသည် ။ တောင်ဘက်နေဝင်ချိန်အိမ်တော်ကြီးကမီတာတသောင်း နီးပါးလောက်ကျယ်ဝန်းတာပဲ ဖြစ်သည် ။ သူကအနဲငယ် ချောင်ကျသောနေရာမှာတည်ရှိပေမယ့် ဒေါင်ရမ်းအင်ပါရာနိုင်ငံမှာက အိမ်ခြံမြေဝယ်မယ်ဆိုရင် တလက်မအလိုက်ကို ရွှေဒင်္ဂါးနဲ့ မြှောက်ကါ ဝယ်ယူရလေ့ ရှိသည် ။

အခုလက်ရှိစျေးကွက်အတွင်းမှာ တောင်ဘက်နေဝင်ချိန်လိုမျိုး အိမ်တော်တခုဆိုရင် အနဲဆုံး ရွှေဒင်္ဂါး သိန်းနှစ်ဆယ်ကနေ သိန်းသုံးဆယ်နီးပါးလောက် ပေါက်စျေးရှိသည် ။ ဒါတောင်မှ ဒီလောက်စျေးကြီးတာကြီးကို ယုံကြည်ခြင်းကောင်းကင် အိမ်ခြံမြေအဖွဲ့အစည်းက ငါ့ကို အလကားပေးချင်တာလား ....?

"... ဟုတ်ပါတယ် သခင်လေး .... သခင်လေး နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့တဲ့အတွက် ကျွန်တော်တို့ ယုံကြည်ခြင်းကောင်းကင် အဖွဲ့အစည်းကပေးသော ဂုဏ်ပြုလက်ဆောင်တခုလို့ပဲ မှတ်ယူလိုက်ပါ...."
အခုလိုမျိုး ဆုံးဖြတ်ချက်လောက်ကတော့ ကျွန်တော့ဆီမှာအခွင့် အာဏာအပြည့်အဝရှိပြီးသားပါ ...."

ရှောင်လုံလဲ ခနလောက်ငြိမ်သက်ပြီး စဉ်းစားလိုက်သည် ။

"... ကဲပါ သခင်လေးရှောင်လုံရယ် ...ဒါလေးက ကျွန်တော်တို့ဘက်ကနေ သခင်လေးကို ဂုဏ်ပြုတာပါ ......သိပ်အများကြီးမစဉ်းစားပါနဲ့ ကျွန်တော်တို့ဂုဏ်ပြုလက်ဆောင်ကိုသာ လက်ခံလိုက်ပါဗျာ..."
ကျောက်ဟူက ထပ်မံ၍ ဖြောင်းဖျစကားဆိုလိုက်သည် ။

"... ဒါဆ်ုလဲ ...ကောင်းပြီလေ ..."
ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည် ။ တခြားတဖက်က ဒီလောက်ထိ  ထက်ထက်သန်သန်ပေးအပ်နေမှတော့ သူ့လက်ခံလိုက်သင့်တယ်မလား ..။

ရှောင်လုံလက်ခံလိုက်တာကိုမြင်တော့ ကျောက်ဟူရဲ့မျက်နှာကဝင်းပသွားကာ
"... သခင်လေး ...သခင်လေးအိမ်တော်မှာခိုင်းစေဖို့အတွက် အစေခံတွေရောလိုသေးလား ...? လာပါ သခင်လေး ...ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အစေခံစျေးကွက်ကိုလိုက်ပြပေးပါ့မယ် ..."

ကျောက်ဟူက အတင်းဖိတ်ခေါ်နေတာကိုမြင်တော့ ရှောင်လုံတို့လူစုလဲ မငြင်းဆန်တော့ပဲ ယုံကြည်ခြင်းကောင်းကင် အစေခံစျေးကွက်ရှိရာသို့ လိုက်သွားကြသည် ။ ရှောင်လုံကအစေခံစျေးကိုရောက်တော့ သူ့ကြိုက်နှစ်သက်သည့် အစေခံ သုံးဆယ့်နှစ်ယောက်ကိုသေသေချာချာရွေးချယ်လိုက်သည် ။ ရှောင်လုံလိုအပ်တာတွေအကုန်လုံးကိုစီစဉ်ပေးပြီးတာနဲ့ ကြီးကြပ်ရေးမှုးကျေါကိဟူကိုတိုင် ရှောင်လုံတို့ကို တောက်ဘက်နေဝင်ချိန် အိမ်တော်သို့ကိုယ်တိုင်ကိုယ်ကြ လိုက်လံပို့ဆောင်ပေးလိုက်သည် ။

တောင်ဘက်နေဝင်ချိန်အိမ်တော်၏ အနောက်ဘက်မှာ တောင်ကုန်းငယ်လေးတခုရှိပြီး အိမ်တော်တခုလုံးကိုလဲ လှပခန့်ငြားစွာတည်ဆောက်ထားသည် ။ သို့ပေမယ့်ဘတောင်ဘက်နေဝင်ချိန် စံအိမ်တော်ကြီးက  လူမနေတာပဲ ချိတ်ပိတ်ထားတာ အနဲငယ်ကြာမြင့်နေပြီမို့ ခြံဝန်းထဲမှာ မြက်ပင်တွေက အတော်လေးကိုရှည်လျားနေတာကိုတွေ့လိုက်ရသည်။ အခန်းတော်တော်များများကလဲ ဖုန်အလိမ်းလိမ်းဖြင့် ညစ်ပတ် နေကြလေသည် ။

အဲ့နောက် ဖေးဟိုက အစေခံတွေကို ဦးဆောင်ပြီး တောင်ဘက်နေဝင်ချိန်အိမ်တော်ကို စတင်ရှင်လင်းကြသည် ။ ရှောင်လုံကတော့ အစေခံတွေရှင်းလင်းပြီးချိန်မှာ ခန့်ငြာထည်ဝါစွာ အရောင်တောက်လာသော တောင်ဘက်နေဝင်ချိန်အိမ်တော်ကြီးကိုကြည့်ရင်း အတော်လေးကို သဘောကျနေသည် ။ အခုချိန်ကနေစပြီး တောင်ဘက်နေဝင်ချိန်အိမ်တော်က ဒေါင်ရမ်းအင်ပါရာနိုင်ငံမှာသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုချဲ့ထွင်ဖို့အတွက် ခြေကုပ်စခန်းတခုဖြစ်လာခဲ့ချေပြီ ...။

အခုအချိန်က လူတောင်းနိုင်ငံမှာ ကျန်ရစ်ခဲ့သော သူ့မိသားစုကို ခေါ်ဖို့ အချိန်ကျလာခဲ့ပြီလေ ...။ ရှောင်လုံနှင့်အတူ တောင်ဘက်နေဝင်ချိန်အိမ်တော်ကို တပါတ်လောက်ပတ်ကြည့်ပြီးတဲ့နောက် ကျောက်ဟူကရှောင်လုံကို နှုတ်ဆက်၍ အိမ်ခြံခြေအရောင်းဆိုင်သို့ ပြန်သွားသည် ။ သူမပြန်ခင်မှာ ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်း ရှောင်လုံနေထိုင်နေစဉ် ဘာပဲလိုလို သူ့ကိုလာရှာဖို့ အတန်တန်မှာသွားခဲ့သည်။

ရှောင်လုံလဲ ဟူကျောက်ကို အိမ်တော်တံခါးဝထိ လိုက်လံပို့ဆောင်ပေးပြီးတဲ့နောက် အိမ်တော်အတွင်းသို့ပြန်ဝင်လာခဲ့သည်။ သူ့အိမ်တော်ထဲကိုရောက်တဲ့အချိန်မှာတော့ အပြင်ဘက်မှာ အလင်းရောင်တွေပျောက်ဆုံးကာ ညအချိန်သို့ ရောက်ရှိနေလေပြီ ...။

ရှောင်လုံက အစေခံတွေကို ခြံဝန်းအလည်မှာ မီးပုံကြီးတခုဖိုခိုင်းလိုက်ပြီး သူ့ရဲ့အသားကင်အစွမ်းကိုပြသတော့သည် ။ အဲ့နောက် သူ့သိုလှောင်လက်စွပ်ထဲမှာ သိမ်းဆည်းထားသော ဝိုင်ပုလင်းတွေကိုထုတ်ရင်း ကျောင်းရှု ၊ ယူမင်း ၊ ဖေးဟိတို့နဲ့  အတူ အိမ်အသစ်ပြောင်းရွေ့ပွဲအခမ်းအနားကို ကိုစတင်ဖွင့်လှစ်လိုက်သည်။

ရှောင်လုံအနေနှင့် အခုလိုမျိုး စိတ်ပျော်ရွှင်မှုမျိုးကို မခံစားခဲ့ရတာ အတော်လေးကိုကြာမြင့်ခဲ့ပြီပဲ ဖြစ်သည်။ နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာ ချန်ပီယံအဖြစ် ဗိုလ်ဆွဲခဲ့တာက ရှောင်လုံကိုအတော်လေး ပျော်ရွှင်စေခဲ့သည် ။နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာ ဗိုလ်ဆွဲလိုက်ရသောခံစားချက်က သူ့အရင်ကမ္ဘာဟောင်းတုံးက သိုင်းဘုရင်ဘွဲ့ကို ဆွတ်ခူးခဲ့တာထက်ကို ပိုမိုစိတ်ကျေနပ်စရာကောင်းနေသည် ။ အခုလက်ရှိ ဟောင်ရှောင်လုံဆိုတဲ့ဘဝက သူဆက်လက်စိုက်ထူရမယ့် သူ့ဘဝရဲ့ မှတ်တိုင်တခုဖြစ်လာခဲ့ပြီးမဟုတ်ပါ လား ..။

ရှောင်လုံကနိုင်ငံပေါင်းစုံသိုင်ူပြိုင်ပွဲမှာ သူ့ရဲ့ထိပ်တန်းအမွှာသိုင်းဝိညဉ်ကိုထုတ်ဖော်ပြသခဲ့ပေမယ့် သူ့စိတ်ထဲမှာ အဲ့ဒိကိစ္စအပေါ် စိုးရိမ်နေတာမျိုးမရှိပေ။ ရှဲပူတိနဲ့ မယှဉ်ပြိုင်ခင်ကတည်းက သူသာသူ့ရဲ့ အမွှာသိုင်းဝိညဉ်နှစ်ကောင်လုံးကို မဆင့်ခေါ်ခဲ့ဘူးဆိုရင် သူ့အတွက်နိုင်နိုင်ခြေမရှိဘူးဆိုတာကို ရှောင်လုံက ကြိုတင်တွက်ဆပြီးသားဖြစ်သည်။

သူ့ရဲ့အမွှာသိုင်းဝိညဉ်က လူသိရှင်ကြားဖြစ်သွားခဲ့ရပြီဆိုပေမယ့်
ရှောင်လုံဆီမှာက တခြားလူမသိသေးသော ဝှက်ဖဲပေါင်းများစွာကျန်ရှိနေသေးသည်။
ခန္ဓာကိုယ်အသွင်ပြောင်းသိုင်းကျမ်းကို လေ့ကျင့်မှုက ရှောင်လုံက တခြားသိုင်းသမားတွေထက်တမူထူးခြားစေခဲ့သည် ။ အခုလက်ရှိရှောင်လုံကိုယ်ထဲမှာ ပုံမှန် အတွင်းအားအပြင် ခန္ဓာကိုယ်အသွင်ပြောင်းသိုင်းကျမ်းလေ့ကျင့်မှုကြောင့် စွမ်းအားအသစ်တမျိုးဖြစ်သည့် ကိုယ်တွင်းစွမ်းအားကိုပါ ပိုင်ဆိုင်လာခဲ့သည် ။ ကိုယ်တွင်းစွမ်းအားရှိနေသည့်အချက်က ရှောင်လုံရဲ့ အဓိက ဝှက်ဖဲတခုဖြစ်၏ ။ ထိုအပြင် သူ့ကိုယ်ထဲမှာ လင်းလောင်ရတနာစေတီနဲ့ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ဆိုသော ထိပ်တန်း ကောင်းကင်ရတနာနှစ်ခုလဲ ရှိနေသေးတယ်ဆိုတာကို သူ့၏ သစ္စာခံလူယုံတွေကလွဲပြီး တခြားဘယ်သူမှသိရှိထားခြင်းမရှိပေ ..။

ရှောင်လုံကိုယ်ထဲက ကောင်းကင်ရတနာတခုချင်းဆီမှာ သူ့ရဲ့အမွေအနှစ်သိုင်းကျမ်းတခုစီရှိနေသည့်အပြင် သုံးတတ်မယ်ဆိုရင် ကောင်းကင်ရတနာတွေကိုလဲ လက်နက်တခုသဖွယ်အသုံးပြုလို့ရ၏ ။

ဥပမာအနေနဲ့ဆိုရရင် ရှောင်လုံက လင်းလောင်းစေတီရဲ့ ဒုတိယအလွှာအတွင်းသို့ ဝင်ခွင့်ရခဲ့ပြီးတဲ့နောက် နတ်ဆိုးမိစ္ဆာတထောင်ဖျက်စီးခြင်း အခင်းအကျင်းနဲ့ ကမ္ဘာမြေကြီး၏ အရင်းမူလအခြေအနေသို့ ပြန်လည်ပြောင်းလြဲခင်း အခင်းအကျင်း ဝင်္ကပါနှစ်ခုကို အသုံးပြုနိုင်ခဲ့လေပြီ...။ ရှောင်လုံအနေနှင့် သူ့ရဲ့ပြိုင်ဘက်တွေကို လင်းလောင်ရတနာစေတီအတွင်းက နတ်ဆိုးတထောင် ဆေးဒယ်အိုးအတွင်းသို့ တိုက်ရိုက်စုပ်ယူနိုင်ည့် စွမ်းရည်ကိုလဲပိုင်ဆိုင်ထားသည် ။ အဲ့နောက် သူတို့ခန္ဓာကိုယ်ကို  စွမ်းအင်တခုအဖြစ်ဖျက်စီးဖြိုခွဲဖျက်ဆီးပစ်ရန်အတွက်လဲ "... နတ်ဆိုးမိစ္ဆာတထောင် ဖျက်ဆီးခြင်းအခင်းအကျင်း..." ကိုအသုံးပြုနိုင်သည်။ ထွက်ပေါ်လာတဲ့ စွမ်းအင်ကို ကမ္ဘာမြေကြီး၏မူလအရင်းအမြစ်စွမ်းအင်အဖြစ်သို့  ပြောင်းလဲကာ ဆေးဝါးဖော်စပ်ရာတွင်အသုံးပြုနိုင်သည် ။

နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ရဲ့ အသုံးဝင်ပုံကတော့ ရန်သူနဲ့ သူ့ပတ်ဝန်းကျင်မှာရှိသောအရာတွေကို ခနတာလောက် ရပ်တန့်ပစ်လိုက်နိုင်စွမ်းရှိသည်။ ဒါအပြင်ရှောင်လုံပိုပြီး အစွမ်းထက်လာသည်နှင့်အမျှ သူ့တချက်အာရုံစိုက်လိုက်တာနဲ့ လူတယောက်ရဲ့ အတွေးတွေ.... အသက်ရှုနေတာတွေ.....ကိုပါ ရပ်တန့်ပစ်နိုင်စွမ်းရှိလာမှာပဲ ဖြစ်သည် ။

လူတယောက်ရဲ့ အသက်ရှုနေတာတို့ သူတွေးနေသော အတွေးတွေကို အာရုံတချက်စူးစိုက်လိုက်ရုံနဲ့ ရပ်တန်ပစ်လိုက်နိုင်တယ်ဆိုတာက ဘယ်လောက်တောင်ကြောက်စရာကောင်းသောစွမ်းရည်တခုဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်လေသည် ..။

"... ဖေးဟို ...  ကျုပ် ပြောထားတဲ့ ကိစ္စကို စုံးစမ်းပြီးပြီလား...?"

ရှောင်လုံက ဝိုင်တငုံလောက်ကိုမြိုချရင်း ဖေးဟိုကိုလှမ်းမေးလိုက်သည်။

ဖေးဟိုက လေးလေးစားစားပြန်ဖြေလိုက်၏

"... ဂိုဏ်းချုပ် ... ကျွန်တော်မျိုး စုံစမ်းထားတဲ့ အချက်အလက်တွေအရ ........အကြင်နာမဲ့သခင်လေးက ဒေါင်ရမ်းအင်ပါရာနိုင်ငံရဲ့ အာဏာအရှိဆုံး သခင်လေး ငါးယောက်ထဲမှာ ဒုတိယနေရာမှာသာရှိနေတယ်ဆိုပေမယ့်.....  သူ့ရဲ့တကယ့် ခွန်အားနဲ့ အာဏာရှိမှုတွေကတော့ မင်းသား ၂ ဒေါင်ဝူဟန်နဲ့ မတိမ်းမယိမ်းမှာရှိနေပါတယ် ..."

ဒေါင်ဝူဟန်လောက်နီးနီး အစွမ်းထက်တယ်ဟုတ်လား....!

ရှောင်လုံက ယောင်ဖေးကို အဲ့လောက်ထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ပေ ...။ထိုကြောင့် ယောင်ဖေးက ဒေါင်ဝူဟန်ထက် စွမ်းအားမနိမ့်ဘူးဆိုတာကိုကြားတော့ သူ့စိတ်ထဲမှာ အနဲငယ်အံသြမိသွား၏ ။

"... ပြိးတော့ ယောင်ဖေးက ယောင်မိသားစုထဲမှာလဲ တော်တော်လေးကို ဦးစားပေးခံရပါတယိ .... သူ့ကို ယောင်မိသားစုရဲ့ ဂိုဏ်ချုပ်ကြီးက အတော်လေးချစ်ခင်နှစ်သက်တယ်လို့ ကြားမိပါတယ် ... ယောင်ဖေးဆီမှာက သူ့မိသားစုရဲ့ အာဏာနဲ့ လွှမ်းမိုးမှုအပြင် သူ့ကိုယ်တိုင်ကလဲ အင်းအားကြီးမားသော အဖွဲ့အစည်းတခုကိုပိုင်ဆိုင်ထားပါတယ် ...
အကယ်၍ ယောင်ဖေးသာ သူ့ရဲ့ကိုယ်ပိုင်အင်အားစုကို အသုံးပြုလိုက်မယ်ဆိုရင်သူ့အင်အားစုတွေက ကျွန်တော်တို့ အရင်နေထိုင်ခဲ့တဲ့ လူတောင်းလို နိုင်ငံငယ်လေးလောက်ကို အသာလေးချေမှုန်းပစ်လိုက်နိုင်စွမ်းရှိပါတယ် ..."

ယောင်ဖေးရဲ့ ကိုယ်ပိုင်စစ်တပ်က လူတောင်းနိုင်ငံလောက်ကိုအသာလေးချေမှုန်းနိုင်စွမ်းရှိတယ်ဆိုတာကိုကြားတော့ ရှောင်လုံက
မျက်မှောင်ကြုတ်ရင်း စဉ်းစားခန်းဝင်လိုက်သည်။ ယောင်ဖေးဆီမှာ အဲ့လောက်ထိ အစွမ်းထက်တဲ့ ကိုယ်ပိုင်စစ်တပ်တခုပိုင်ဆိုင်လိမ့်မယ်လို့ သူမထင်ထားခဲ့ပေ ...။ ပြီးတော့ သူနောက်မှာ နှစ်ပေါင်းနှစ်ထောင်ကျော် က တည်ထောင်ထားခဲ့တဲ့ အင်အားကြီး ယောင်မိသားစုတခုလုံးကလဲ ကျောထောက်နောက်ခံအဖြစ်ရှိနေတယ်မဟုတ်လား ..။
ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်းမှာ ယောင်မိသားစုက ဘယ်လောက်ထိစွမ်းအားကြီးစွာ အမြစ်တွယ်နေလဲဆိုတာကို ဘယ်သူမှမသိနိုင်ဘူးလေ ...။

အဲ့အချိန်မှာပဲ ကျောင်းရှုက ရှောင်လုံတို့အမြင်မှာ ဘာမှရှိမနေသောကောင်းကင်ထက်က လေဟာနယ်ကြီးကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သူဆီကနေ
ခပ်လှောင်လှောင် ရေရွတ်သံ ထွက်ပေါ်လာသည်

"... မင်းရောက်လာမှာတော့ ဘာလို့ပုန်းနေရတာလဲကွ ..."

ကျောင်းရှုက သူ့လှမ်းကြည့်လိုက်သော လေဟာနယ်ကြီးကို လက်ညိုးဖြင့်တချက်တောက်ချလိုက်သည် ။ကျောင်းရှုရဲ့ လက်ညိုးကြောင့် ဝတ်စုံနက်အဖိုးအို ပုန်းအောင်းနေသော ကောင်ကင်ထက်က လေဟာနယ် ကြားကွက်လပ်အလွှာကြီးက ပြိုကွဲထွက်သွားသည်။ ထိုနောက်  ဝတ်စုံနက်ကို ချပ်ချပ်ရပ်ရပ်ဝတ်ဆင်ထားသည့် အဖိုးအိုတယောက်  လေထဲကနေခွေးကျဝက်ကျ ပြုတ်ကျလာတော့သည်။

သူ့မျက်နှာက ကျောင်းရှုကို ငေးကြည့်ရင်း အလွန်အမင်းထိတ်လန့်နေဟန်တူသည် ။ သူ့က ညအမှောင်ထုနဲ့ ရောယှက်ကာ ရှောင်လုံတို့အစွမ်းဖြင့် မမြင်နိုင်သော ကောင်းကင်ထက်က  သီးခြားလေဟာနယ်အလွှာတခုအတွင်းလုံခြုံစွာပုန်းအောင်းနေခဲ့တာလေ .... အဲ့ဒါကိုတောင် ကျောင်းရှုက မြင်ဖြစ်အောင် မြင်လိုက်တယ်ဆိုတော့ သူ့မှမထိတ်လန့်ရင် ဘယ်သူကထိတ်လန့်ပါ့မလဲ ...။

ဒါအပြင်သူပုန်းအောင်နေရာကနေ ပြုတ်ကျလာပြီးတဲ့နောက် ဒဏ်ရာကြီးကြီးမားမားမရခဲ့ပေမယ့် သူတကိုယ်လုံးက ကျောက်ရုပ်ကြီးတရုပ်လိုဖြစ်သွားပြီယ
နဲနဲလေးမှ လှုပ်ရှားလို့မရတော့ချေ ..။

"...လေဟာနယ် ကြားကွက်လပ်အလွှာတွေကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သူ ...."
ဝတ်စှုနက်အဖိုးအို၏ ခေါင်းထဲသို့ ဖြစ်နိုင်ခြေ အတွေးတခုက ရုတ်တရက်ရောက်ရှိ လာသည်။

သူကကျောင်းရှုက ထိန့်လန့်တုန်လှုပ်စွာကြည့်ရင်း

ကြားကွက်လပ်အလွှာကို ထိန်းချုပ်နိုင်သူ ....!

စကြာဝဠာအဆင့်သိုင်သမား.....!

ဒီလူကသေချာပေါက်ကို စွမ်းအားကြီးမားတဲ့ စကြာဝဠာသိုင်သမားတယောက်ပြဲဖစ်ရမယ် ....!

#

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း၁၈၅ ... ကောင်းကင်သိုင်းသမားတယောက်ကိုဆေးအဖြစ်  
                     ပြောင်းလဲသန့်စင်ယူခြင်း

ကြားကွက်လပ်အလွှာကို ထိန်းချုပ်နိုင်သူ ....!

စကြာဝဠာသိုင်သမား.....!

ဒီလူကသေချာပေါက်ကို စွမ်းအားကြီးမားတဲ့ စကြာဝဠာသိုင်သမားတယောက်ပြဲဖစ်ရမယ် ....!

ထိုအကြောင်းစဉ်းစားမိလိုက်တော့ ဝတ်စုံနက်အဖိုးအိုရဲ့စိတ်ထဲကို အကြောက်တရားတွေက မြွေတကောင်လိုတဖြည်းဖြည်း တိုးဝင်လာနေသည် ။

သူစိတ်ထဲကနေ ကြိမ်ဆဲလိုက်သည် 

အကြင်နာမဲ့ သခင်လေးပြောတော့ ဟောင်ရှောင်လုံကို စောင့်
ကြပ်နေတဲ့လူတွေထဲမှာ သိုင်းပညာအဆင့်အမြင့်ဆုံးက မြေကြီးအဆင့်၁၀ သိုင်းသမားဆို ....!

".. ပြောစမ်း ...မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ...?"

ရှောင်လုံဆီကနေ ရေခဲတမျှအေးစက်နေသော မေးမြန်းသံထွက်ပေါ်လာသည် ။ အဖိုးအိုလဲ အရမ်းကိုတုန်လှုပ်သွားပေမယ့် စကားတလုံးမှတော့ပြန်ဖြေခြင်းမရှိပေ ...။

အဖိုးအိုရဲ့ ခေါင်းမာပုံကိုကြည့်ရင်း ကျောင်းရှု နဲ့ ယူမင်းတို့ရဲ့မျက်နှာထားတွေက ရက်စက်တော့မည့်ဟန်ဖြင့် အေးစက်တင်းမာလာကြသည်။ ရှောင်လုံကတော့ ကျောင်းရှုတို့ဘာမှမလုပ်ခင်ကတည်းက လက်ပြပြီးတားဆီထားလိုက်၏ ။
အဲ့နောက်ရှောင်လုံက အဖိုးအိုရဲ့ရင်ဘတ်တည့်တည့်ကို လက်ညိုးဖြင့်ထိကပ်ကာ သူ့ရဲ့နတ်ဆိုးရေခဲဓတ်စွမ်းအားတွေကို့အဖိုးအို၏ ဒွါရခုနှစ်ပေါက်သို့ရောက်ရှိသွားအောင် ထိုးသွင်းလိုက်သည် ။

ရှောင်လုံရဲ့ နတ်ဆိုးရေခဲဓတ်စွမ်းအားတွေကြောင့် အဖိုးအိုစိတ်ထဲမှာ  သူ့ကိုပုရွက်စိတ်အကောင်တသိန်းလောက်ဝိုင်းကိုက်နေသလို ခံစားလိုက်ရသည် ။ စိတ်ဓတ်ခိုင်မာလှပါတယ်ဆိုတဲ့ စကြာဝဠာအဆင့်သိုင်းသမားတွေတောင်မှ သူတို့ရဲ့အတွင်းအားကို အသုံးမပြုနိုင်ခဲ့လျင် အခုလိုနှိပ်စက်မှုမျိုးကိုခံစားနိုင်မှာမဟုတ်ပေ ..။နောက်ပြီး ဝတ်စုံနက်အဖိုးအိုက  စကြာဝကြာအဆင့်သိုင်းသမားတယောက်မှ မဟုတ်ဘဲ ...။

တစိမ့်စိမ့် ယားယံလွန်းတာမို့ အဖိုးအိုကသူ့ရင်ဘတ်ကို လက်သည်းဖြင့် တဗျင်းဗျင်း ကုတ်ဆွဲလိုက်သည် ။ မျက်စိတမှတ်လောက်အချိန်တွင်းမှာပဲ အဖိုးအိုအကျီရင်ဘတ်နေရာမှာ သွေးတွေအိုင်ထွန်းနေလေပြီ ...။

"... အကြင်နာ ...အကြင်နာမဲ့သခင်လေးပါ ...သူစေခိုင်းလိုက်လို့အခုလိုမျိုးလုပ်ရတာပါ ..."

နောက်ဆုံးမှာတော့ အဖိုးအိုကရှောင်လုံနတ်ဆိုး ရေခဲဓတ်စွမ်းအားတွေရဲ့ နှိပ်စက်မှုကိုမခံစားနိုင်တော့ပဲ စေခိုင်းလိုက်တဲ့သူကိုထုတ်ဖော်ပြောဆိုလိုက်သည် ။

အကြင်နာမဲ့ သခင်လေးဟုတ်လား ....!

ရှောင်လုံကသူ့ရင်ထဲမှာပဲ ကြိတ်ရယ်လိုက်သည် ။

တကယ်ဆို အဖိုးအိုကပါးစပ်ကနေ ထုတ်ဖေါ်မပြောခဲ့ဘူးဆိုရင်တောင် ရှောင်လုံက ဒါဘယ်သူ့လက်ချက်ဆိုတာကို ခန့်မှန်းမိနေပြီသားလေ ..။

ဝတ်စုံနက်နဲ့အဖိုးအိုစွမ်းအားကလဲ ပေါ့သေးသေးတော့မဟုတ်ပေ..။
သူက ကောင်းကင်အဆင့် ၈ ဒါမှမဟုတ် ကောင်းကင်အဆင့်၉ သိုင်းသမားတယောက်ဖြစ်နိုင်ခြေများသည် ။ ရှောင်လုံဆီကို ဘယ်သူကအငြိုးကြီးစွာဖြင့် ကောင်းကင်အဆင့် ၉ သိုင်းသမားတယောက်ကိုစေ
လွှတ်လိုက်ပါ့မလဲ ....

အခုလိုမျိုးကောင်းကင်အဆင့်၉ သိုင်းသမားကိုစေခိုင်းနိုင်တဲ့သူဆိုလို့ ရှောင်လုံ၏အခုလက်ရှိရန်သူတွေထဲမှာ အကြင်နာမဲ့သခင်လေးတယောက်သာရှိသည် ။

".... ကျွန်...ကျွန်တော်တောင်းပန်ပါတယ်....ကျွန်တော့အသက်ကိုတေါ့ ချမ်းသာပေးကြပါ ..."

အဖိုးအိုက သူ့ကိုစေခိုင်းလိုက်တဲ့သူနာမယ်ကိုပြောပြပြီးတာနဲ့ သူ့အသက်ကိုချမ်းသာပေးဖို့စတင် အသနားခံလိုက်၏ ..။

ကျောင်းရှု ၊ ယူမင်း နှင့် ဖေးဟိုတို့ရဲ့ အကြည့်တွေက ရှောင်လုံဆီသို့စုပြုံရောက်ရှိလာလေသည် ။ ရှောင်လုံက ဝတ်စုံနက်အဖိုးအိုကိုကြည့်ရင်း သူ့စိတ်ထဲမှာ အကြုံတခုရုတ်တရက်ပေါ်လာသည် ။ အဲ့နောက် သူ့ကယူမင်း နဲ့ဖေးဟိုဘက်သို့လှည့်ရင်းပြောလိုက်သည်

"... ခင်ဗျားတို့နှစ်ယောက် ဒိမှာပဲ စောင့်ကြပ်နေအုံး ... ကျောင်းရှု
ဦးလေးကတော့ ကျုပ်ကိုတဆိတ်လောက်ကူညီပါအုံး ..."

ပြောပြီးတာနဲ့ ရှောင်လုံကသူ့ကိုယ်ထဲမှာရှိနေသော လင်းခေါင်ရတနာစေတီကိုအပြင်ဘက်သို့ခေါ်ထုတ်လိုက်သည် ။

ယူမင်း နဲ့ ဖေးဟိုက ရှောင်လုံ ဘာလုပ်ချင်နေတယ်ဆိုတာကိုမသိကြပေမယ့် ဘာမေးခွန်းမှ မေးမြန်ခြင်းတော့မရှိကြပေ ..။ သူတို့နှစ်ယောက်က ရှောင်လုံအမိန့်ကို လေးစားစွာနာခံရင်း ပတ်ဝန်းကျင်ကိုတဝိုက်စောင့်ကြပ်နေဖို့  ရုတ်တရက်ပျောက်ကွယ်သွားကြသည် ။

"... ဂိုဏ်းချုပ် ... ဘာလုပ်....?"

ကျောင်းရှုက ဝေခွဲမရဖြစိနေသောပုံစံဖြင့်မေးလိုက်သည် ။

"... ဦးလေးရဲ့ အတွင်းအားတွေကို ကျုပ်ကိုထဲ ပို့ပေးပါ .."

ရှောင်လုံကကျောင်းရှုကိုကြည့်ရင်း တောင်းဆိုလိုက်သည် ။
ဝေခွဲမရဖြစ်နေပေမယ့် ကျောင်းရှုက ရှောင်လုံတောင်းဆိုတဲ့အတိုင်းဆောင်ရွက်ပေးလိုက်သည် ။ သူ့ကိုယ်ထဲကအတွင်းအားတွေကိုစုစည်းရင်း ရှောင်လုံနောက်ကျောကို ထိကပ်ကာ သူ့ရဲ့စွမ်းအားကြီးမားလှသော စကြာဝဠာအဆင့် အတွင်းအားတွေကို ရှောင်လုံကိုယ်ထဲသို့ ထဲ့သွင်းပေးလိုက်သည်။

ကျောင်းရှု၏ အတွင်းအားတွေက သူ့ကိုယ်ထဲသို့ လှိုင်းလုံးကြီးတွေသဖွယ်တိုးဝင်လာတာကို ခံစားမိတော့ ရှောင်လုံက သူ့ရှေ့နားမှာ လည်ပတ်နေသောလင်းလောင်ရတနာစေတီကို လက်ဝါးဖြင့်တချက်ရိုက်လိုက်သည် ။ ရှောင်လုံလက်ဝါးက လင်းလောင်ရတနာစေတီပေါ်သို့ ထိမှန်သွားပြီး သိပ်မကြာခင်မှာပဲ သားရဲတထောင်ဆေးဒယ်အိုးရှိနေသည့် လင်းလောင်စေတီ၏ ဒုတိယအလွှာကနေ တောက်ပသောအလင်းတန်းတွေထွက်ပေါ်လာ၏ ။

ရှောင်လုံက သူ့လက်ဝါးရိုက်ချက်ဖြင့် လင်းလောင်ရတနာစေတီဒုတိယအလွှာမှာရှိသော နတ်ဆိုးမိစ္ဆာတထောင် ချေမှုန်းဖျက်စီးခြင်း အခင်းအကျင်းဝင်္ကပါ ကို စတင်လိုက်တာပဲ ဖြစ်သည် ။ အဲ့ဒါကြောင့်မို့ နတ်ဆိုးမိစ္ဆာတထောင်ချေမှုန်းဖျက်စီးခြင်း အခင်းအကျင်းက အသက်ဝင်လာပြ်ီး သူ့ဆီကနေ ပြင်းထန်သောစုပ်အားတခုဖြစ်ပေါ်လာကာ ဝတ်စုံနက်အဖိုအိုကို သားရဲတထောင် ဆေးဒယ်အိုးအတွင်းသို့ အတင်းအကျပ်စုပ်သွင်းလိုက်သည် ။

လင်းလောင်းရတနာစေတီက ဝတ်စုံနက်အဖိုးအိုကို အတင်းအကျပ်စုပ်သွင်းသွားတာကိုကြည့်ရင်း ကျောင်းရှု ၊ ယူမင်း နဲ့ ဖေးဟိုတို့ရဲ့
့မျက်လုံးတွေက သူတို့မျက်လုံးအိမ်တွေကနေ ကျွတ်ထွက်မတတ်ပြူးထွက်လာကြသည် ။

သူတို့သုံးယောက်လုံးက ရှောင်လုံဆီမှာလင်းလောင်ရတနာစေတီရှိထားတာကိုသိထားကြပေမယ့် လင်လောင်ရတနာစေတီကို အခုလိုမျိုး အသုံးပြုလို့ရတာကိုတော့ သိထားခြင်းမရှိကြပေ ..။ သူတို့သုံးယောက်ရဲ့ ပြူးကျယ်နေသော မျက်လုံးတွေရှေ့မှာပဲ ဝတ်စုံနက်အဖိုးအိုကိုအထဲသို့ စုပ်သွင်းလိုက်သော  လင်းလောင် ရတနာစေတီက ပြင်းပြင်းထန်ထန် လှုပ်ခတ်လာပြီး သူ့ကိုယ်ထဲကနေ တောက်ပသော အလင်းတန်းတွေ အများကြီးထွက်ပေါ်လာသည် ။

လင်းလောင်ရတနာစေတီအတွင်းမှာတော့ အဖိုးအိုရဲ့ ကြောက်လန့်တကြားဖြင့် တောင်းပန်သောအသံတွေနှင့် ဆူညံနေလေသည် ။

"... ဟောင်ရှောင်လုံ ...ဟောင်ရှောင်လုံ ...မင်းကိုငါတောင်းပန်ပါတယ်ကွာ ..ငါကိုသွားခွင့်ပေးပါ ...ငါမင်းဆီမှာ လက်နက်ချပါတယ်
မင်းကိုလဲငါ့ဆရာအဖြစ် တဘဝလုံး သတ်မှတ်ပါ့မယ် ..."

".... ငါအခုလိုမျိုး ကောင်းကင်အဆင့် ၈ သိုင်းသမားအတင့်ကိုရောက်ဖို့ နှစ်ပေါင်း ၆၀၀ နီးပါးလောက် မဆုတ်မနစ်လေ့ကျင့်လာရတာကွ
ငါဒီလိုမျိုး မသေချင်သေးဘူး .... ဟောင်ရှောင်လုံမင်းကိုငါတောင်းပန်ပါတယ် ... ငါ့အသက်ကိုချမ်းသာပေးပါ ...."

လင်းလောင်ရတနာစေတီအတွင်းက အဖိုးအိုရဲ့ ငယ်သံပါအောင် ကြောက်လန့်တကြားအော်ဟစ်သံတွေကိုနားထောင်ရင်းကျောင်းရှု
ယူမင်းနဲ့ ဖေးဟိုတို့သုံးယောက်လုံး ကြက်သီးမွှေညှင်းတွေထလာကြသည်။

အဲ့ဒိအချိန် ကမ္ဘာမြေကြီးရဲ့ မူလအခြေအနေ သို့ ပြန်လည်ပြောင်းလြဲခင်း အခင်းအကျင်းက အသက်ဝင်လာပြီး သားရဲတထောင် ဆေးဒယ်အိုးအတွင်းမှာ ပြင်းထန်သောမီးတောက်တွေထွက်ပေါ်လာသည်။
အဖိုးအိုလဲ သူ့အတွင်းအားကိုအစွမ်းကုန်ထုတ်ရင်း ဒယ်အိုးအတွင်းမှာလောင်းမြိုက်နေသော မီးတောက်တွေကို ကြိုးစားငြိမ်းသတ်လိုက်သည်  ။ ဒါပေမယ့် သူ့ကြိုးစားမှုက အရာမဝင်ခဲ့ပေ ..။ မီးတောက်တွေကို ဝတ်စုံနက်အဖိုးအိုရဲ့ ခန္ဓာကိုယ်တခုလုံးကို တဖြည်းဖြည်းနှင့် ဝါးမြိုသွားလေသည် ။

အခုလိုမျိုး ပြင်းထန်စွာခံစားရမှုကို ဝတ်စုံနက်အဖိုးအိုအနေနဲ့ ဘယ်လိုနည်းနဲ့မှမခံစားနိုင်ပေ ..။ အခုသူခံစားနေရတဲ့ နှိပ်စက်မှုက အစောပိုင်းက ရှောင်လုံရဲ့ နတ်ဆိုးရေခဲဓတ်စွမ်းအားကြောင့် ခံစားရတာထက် အဆပေါင်းများစွာ ပိုဆိုး၏ ။

အဖိုးအိုရဲ့ နာကျင်စွာအော်ဟစ်နေသံကိုနားထောင်းရင်း ရှောင်လုံက သူ့ကိုယ်ထဲမှာရှိနေသော ကျောင်းရှုရဲ့အတွင်းအားတွေကို ကမ္ဘာမြေကြီး၏ အရင်းမူလ အခြေအနေသို့ ပြန်လည်ပြောင်းလခြင်းအခင်းအကျင်းစတင်နိုင်ဖို့အတွက် ထောက်ပံပေးလိုက်သည်။ ရှောင်လုံကိုယ်ထဲကကျောင်းရှုရဲ့ စွမ်းအားကြီးမားသောအတွင်းအားတွေကို လက်ခံရရှိပြီးနောက် ကမ္ဘာမြေကြီးရဲ့ အရင်းမူလ အခင်းအကျင်းက ပိုမိုအားကောင်းလာပြီး သူ့ကနေထွက်ပေါ်လာသော မီးတောက်တွေကလဲ ပိုမိုပြင်းထန်လာသည် ။

အဖိုးအိုက အခုချိန်မှာ ရှောင်လုံကိုဆရာအဖြစ်သတ်မှတ်ပြီး တသက်လုံးအလုပ်အကြွေးပြုပါ့မယ်လို့ ကတိပြုနေပေမယ့် အကြင်နာမဲ့သခင်လေးအရှေ့ကိုသာ ပြန်ရောက်သွားရင်း ရှောင်လုံကို ဘယ်လိုပြန်ပြီး ဒုက္ခပေးမလဲဆိုတာကို ဘယ်သူကသိနိုင်မှာလဲ ....။

အပြည့်အဝ ယုံနိုင်စရာမရှိတဲ့ လူတယောက်ကိုရှောင်လုံကအသက်ချမ်းသာပေးလိုခြင်းမရှိပေ ..။  ရန်သူကို သနားညှာတာလိုက်ခြင်းက မိမိကိုယ်ကို ဒုက္ခရောက်အောင်လုပ်ခြင်းပဲ ဆိုတာကို ရှောင်လုံကောင်းကောင်းကြီးနားလည်ထားသည် ။

သားရဲတထောင် ဆေးဒယ်အိုးက သားရဲအမြူတွေကိုတောင် ဝိညဉ်အတွင်းအားဆေးလုံးအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိမှတော့ လူသိုင်းသမားတယောက်ဆိုရင်လဲ အဲ့လိုလုပ်ပေးနိုင်စွမ်းရှိလောက်တယ်လို့ ရှောင်လုံကတွေးထင်လိုက်တာပဲ ဖြစ်သည်။သားရဲတထောင်ဆေးယ်အိုးက လူသိုင်းပညာရှင်တယောက်ကိုလဲ ဝိညဉ်အတွင်းအားဆေးလုံးအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိမရှိဆိုတာကိုလဲ ရှောင်လုံစိတ်ထဲမှာ သိချင်စိတ်ပြင်းပြနေသည် ။

ကောင်းကင်းသိုင်သမားတယောက်ရဲ့ သွေးကြောတွေနဲ့့ချီပင်လယ်အတွင်းမှာ များပြားသော အတွင်းအားဓတ်တွေက ပြည့်ဝစွာ သိူလှောင်ထားကြသည် ။ ဒါအပြင် သူတို့ရဲ့ အသားတွေ သွေးအဆီအနှစ်တွေကလဲ အဆင့်မြင့်သက်စောင့်ဆေးနဲ့ နှိုင်းယှဉ်နိုင်စွမ်းရှိသည် ။

သားရဲတထောင်ဆေးဒယ်အိုးအတွင်းမှာရှိနေသော အဖိုးအိုက သူ့အတွင်းအားရှိသလောက် သူ့ကိုဝါးမြိုနေသောမီးတောက်မီးလျှံတွေကိုအစွမ်းကုန်ခုခံနေလေသည်။ သူ့ဆီကနေ နာနာကျင်ကျင်အော်ဟစ်သံတွေကလဲ အဆက်မပြတ်ထွက်ပေါ်နေ၏ ။  သူ့အော်သံတွေက တဖြည်းဖြည်းအားပျော့လာပြီး နောက်ဆုံးမှာတော့ လုံးဝကိုပျောက်ကွယ်သွားတော့သည်။

အဖိုးအိုရဲ့ အော်ညည်းသံပျောက်ကွယ်သွားပြီးတဲ့နောက် လင်းလောင်ရတနာစေတီကနေ ထွက်ပေါ်နေသော အလင်းတန်းတွေက ပိုမိုတောက်ပလာကြသည် ။ တချိန်ထဲမှာပဲ လင်လောင်ရတနာစေတီရဲ့ ဒုတိယအလွှာမှာ တည်ရှိသော သားရဲတထောင်ဆေးဒယ်အိုးဆီကနော မီးပွားတွေအများကြီးထွက်ပေါ်လာသည် ။

လေးနာရီလောက်အကြာမှာတော့ သားရဲတထောင်ဆေးဒယ်အိုးဆီကနေ တဝီဝီမြည်သံတွေက စည်းချက်ညီညီထွက်ပေါ်လာပြီး တောက်ပသောအလင်းတန်းတခုရုတ်တရက်ထွက်ပေါ်လာသည် ။ တောက်ပသောအလင်းတန်းကြီးက ဒယ်အိုးအဖုံးထဲကနေ လင်းလောင်ရတနာစေတီရဲ့အပေါ်ဘက် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ထိုနောက် လက်မအရွယ်လောက်ရှိသော လုံးဝန်းချောမွတ်နေသည့်ဆေးလုံးတလုံးက သားရဲတထောင်ဒယ်အိုးအတွင်းကနေ ပျံသန်းထွက်ပေါ်လာပြီး လင်းလောင်ရတနာစေတီအပြင်ဘက်သို့ ထွက်လာလေသည် ။

ဝိညဉ်ဆေးလုံးတလုံး ဖြစ်ပေါ်လာမှုကြောင့် ကောင်းကင်ကြီးတခုလုံးကို မဲမှောင်သောတိမ်တိုက်တွေက ဖုံးအုပ်သွားပြီး တိမ်မဲတွေထဲကနေ တချက်ချက် မိုးခြိမ်းသံနဲ့အတူ လျှပ်စီးအလင်းတန်းတွေပါထွက်ပေါ်လာသည်။

အဲ့နောက် အရောင်စုံလင်လှသော သက်တန့်ကြီးတခုက ကောင်းကင်ယံမှာ ဖြစ်ပေါ်လာပြီး စံအိမ်အနောက်ဘက်ကနေ ကျားဟိန်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။ အဖြူအမဲရောစပ်ထားသော ကျားကြီးတကောင်ပုံရိပ်က လေထဲမှာ ပေါ်လာပြီး သိပ်မကြာခင်မှာပဲ  ပြန်လည်ပျောက်ကွယ်သွားသည် ။

တောင်ဘက်နေဝင်ချိန်စံအိမ်တခုလုံးမှာရှိနေသော စွမ်းအင်တွေက
ပြင်းထန်စွာ လှုပ်ရှားယိမ်းထိုးကုန်ကြသည် ။ ယူမင်းနဲ့ ဖေးဟိုက လင်လောင်စေတီနားမှာ ဝဲပျံနေသော ဝိညဉ်ဆေးလုံးကို ငြိမ်သက်စွာငေးကြည့်နေကြသည် ။ကျောင်းရှု လဲ ယူမင်းတို့ကဲ့သို့ အလင်းရောက်တွေဖြင့် တလက်လက်တောက်ပနေသော လက်မအရွယ်ဆေးလုံးလေးကိုငေးကြည့်နေ၏ ။

အဲ့နောက် သူ့တို့သုံးယောက်ဆီကနေ အာမေထိတ်ရေရွတ်သံတခုက တပြိူင်နက်ထဲထွက်ပေါ်လာသည်
"... အဆင့် ၇ ဝိညဉ်ဆေးလုံး ..."

အဆင့် ၇ ဝိညဉ်ဆေးလုံးနှင့် အထက် ဆေးလုံးတွေကို အောင်မြင်စွာ ပေါ်ပေါက်လာတဲ့အခါ ထင်းရှားသော နိမိတ်ပုံရိပ်တခုခုက ကောင်းကင်ယံမှာ ဖြစ်ပေါ်လာတတ်ပြီး ပတ်ဝန်ကျင်းမှာရှိနေသော ဝိညဉ်စွမ်းအားတွေကို အကြီးအကျယ်ပြောင်းလဲသွားစေနိုင်သည်။

အဆင့်၇ ဝိညဉ်ဆေးလုံးကို ဖော်စပ်ဖို့ရာက အလွန်ကိုခက်ခဲသောအဆင့်တွေ အများကြီးကိုကျော်ဖြတ်ရသည် ။ အောင်မြင်နှုန်စွမ်းကလဲ အလွန်ကိုနဲပါးလှသည်။ ဒါအပြင် ဆေးလုံးဖော်စပ်ရာမှာပါဝင်ပစ္စည်းတခုခုလိုအပ်နေမယ်ဆိုရင်လဲ ဆေးလုံးဖော်စပ်နိုင်ဖို့ကဘယ်လိုမှ မဖြစ်နိုင်ပေ ..။ အတင်းအကျပ်ဖော်စပ်ခဲ့မယ်ဆိုရင် တန်ဖိုးကြီးမားလှသော ပါဝင်ပစ္စည်းတွေအကုန်လု့း အလဟာသ ဖြစ်သွားနိုင်သည်။

အခုဆိုရင် အဲ့လောက်ဖော်စပ်ရခက်ခဲသောဆေးလုံးကို ရှောင်လုံကလင်းလောင်ရတနာစေတီအစွမ်းဖြင့် ဖော်စပ်နိုင်ခဲ့ပြီမဟုတ်လား..။

အတွေးကိုယ်စီဖြင့် ငေးမောနေကြသောကျောင်းရှုတို့သုံးယောက်ကိုကြည့်ရင်း ရှောင်လုံက ခေါင်းခါလိုက်သည် ။ အမှန်တကယ်ဆိုရင် ကျောင်းရှုလိုမျိုး စကြာဝဠာအဆင့် သိုင်းသမားတယောက်ကသာ ရှောင်လုံကို ထောက်ပံမပေးခဲ့ဘူးဆိုရင် သူ့အနေနဲ့ ဝတ်စုံနက်အဖိုးအိုကို သားရဲတထောင်ဒယ်အိုးအတွင်းထဲ့ပြီး ဆေးလုံးအဖြစ်ဖော်စပ်နိုင်ဖို့
ဘယ်လိုနည်းနဲ့မှာ မဖြစ်နိုင်ပေ ...။

အထူးသဖြင့် " နတ်ဆိုးမိစ္ဆာတထောင် ဖျက်စီးချေမှုန်းခြင်း " အခင်းအကျင်းနဲ့
".. ကမ္ဘာမြေကြီး၏ အရင်းမူလစွမ်းအားအဖြစ် ပြန်လည်ပြောင်းလဲခြင်း..."  အခင်းအကျင်းတွေကို အသက်သွင်းဖို့က ဘယ်လောက်ထိ စွမ်းအင်လိုအပ်ချက်ကြီးမားတယိဆိုတာကို ရှောင်လုံတယောက် ကောင်းကောင်းကြီးနားလည်သွားသည်။

ပြီးတော့ ကျောင်းရှုက အခုမှစကြာဝဠာသိုင်းသမားအဆင့်ကိုရောက်ရှိထားသူတယောက်မဟုတ်ပဲ အဆင့်မြင့် စကြာဝဠာသိုင်းသမားတယောက် ဖြစ်သည် ။ သူ့အတွင်အားတွေ ဘယ်လောက်ထိများပြားလှတယ်ဆိုတာကို စဉ်းစားလို့တောင် ရနိုင်မှာမဟုတ်ပေ ..။ ဒါပေမယ့် အခု ဝတ်စုံနက်အဖိုးအိုကို သားရဲတထောင်ဒယ်အိုးအတွင်းထဲ့ပြီး ဆေးဖော်စပ်တဲ့နေရာမှာ ကျောင်းရှုက သူ့ရဲ့ အတွင်းအား တဝက်ထက်ပိုပြီး အသုံးပြုလိုက်ရတာပဲ ဖြစ်သည် ။

အဆင့်မြင့် စကြာဝဠာသိုင်းသမားတယောက်ဆီက အတွင်းအားတဝက်ကျော်ကျော် ....!

ဒါကြောင့်မို့ အဆင့်၁ ဝိညဉ်ကျောက်တုံးက ဆေးဖော်စပ်တဲ့နေရာမှာမရှိမဖြစ်အရေးကြီးတဲ့ပစ္စည်းတခုဖြစ်နေတာမဟုတ်လား ....,

အဆင့် ၃ ဝိညဉ်ကျောက်တုံးက အဆင့်၅ ဝိညဉ်ဆေးလုံးကို ဖော်စပ်ဖို့အတွက် လုံလောက်သော စွမ်းအင်ပမာဏရှိသည်။ အဆင့်၂ ဝိညဉ်ကျောက်တုံးကတော့ အဆင့် ၆ ဝိညဉ်ဆေးလုံး ဖော်စပ်မှုကို ထောက်ပံပေးနိုင်ပြီး အဆင့် ၇ ဝိညဉ်ဆေးလုံးဖော်စပ်ဖို့အတွက်ကတော့ အဆင့် ၁ ဝိညဉ်ကျောက်တုံး လိုအပ်တာပဲ ဖြစ်သည်။

ဒါပေမယ့် ထိပ်တန်းလေလံတင်အိမ်တွေမှာတောင် အဆင့်၁ ဝိညဉ်ကျောက်တုံးကို လေလံတင်တာမျိုးကအလွန်ကိုရှားပါးသည်။ ပြီးတော့ အဆင့် ၁ ဝိညဉ် ကျောက်တုံးက ပိုက်ဆံရှိတိုင်းဝယ်နိုင်သော အရာတခုလဲမဟုတ်ပေ ...။ အဲ့လိုဆိုမှတော့ သူတို့ဘယ်ကနေ သွားရှာရတော့မှာလဲ ...?

ရှောင်လုံက သူ့လက်ဝါးကိုဖြန့်ရင်း လေထဲမှာဝဲပျံနေသော
အတွင်းအားဆေးလုံးလေးကိုလှမ်းဖမ်းလိုက်သည် ။အတွင်းအားဆေးလုံးရဲ့ မျက်နှာပြင်ထက်မှာ အဖြူအနက်ရောယှက်နေသောကျားတကောင်၏ ပုံရိပ်ကို ဝိုးတဝါးမြင်တွေ့နိုင်သည်။

ဒီအဖြူအမဲရောယှက်နေသော ကျားကြီးက သားရဲတထောင်ဆေးဒယ်အိုးနဲ့ ဆေးဖော်စပ်ခံလိုက်ရသော ဝတ်စုံနက်အဖိုးအိုပိုင်ဆိုင်သည့်သူ့၏ သိုင်းဝိညဉ်ပဲ ဖြစ်ပါသည် ။

အဆင့် ၇ ဝိညဉ်အတွင်းအားဆေးလုံးက အတွင်းအားတွေကို တိုးတက်စေရုံတင်မက သုံးစွဲသူ၏ ကိုယ်ခန္ဓာခုခံနိုင်မှုစွမ်းအား ပို၍အားကောင်းလာစေသည့် အပြင် သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ နဲ့စိတ်ဝိညဉ်ကိုပါ သန်မာလာစေနိုင်သည် ။ ရှောင်လုံလဲ အဆင့် ၇ ဝိညဉ်ဆေးလုံးလေးကို ဆုပ်ကိုင်ထားရင်း အတွေးကမ္ဘာထဲမှာ လွင့်မျောနေလေသည်။

မနက်မိုးသောက် ကောင်းကင်ထက်မှာ အလင်းရောင်တွေ တစွန်းတစထွက်ပေါ်လာနေပြီဖြစ်သည် ။ မနက်မိုးလင်တာနဲ့ ရှောင်လုံက ဒေါင်ရမ်းရင်ပြင်ကျယ်သိူ့သွားကာ ချန်ပီယံဘွဲ့အတွက် ဆုကို လက်ခံရအုံးမှာပဲ ဖြစ်သည်။
ဒါကြောင့်မို့ ရှောင်လုံက ဝိညဉ်ဆေးလုံးကို သူဒေါင်ရမ်းရင်ပြင်ကျယ်မှာ ကျင်းပမယ့် ဆုချီးမြင့်ပွဲကိုတက်ရောက်ပြီး ပြန်လာမှ သောက်သုံးဖို့ ဆုံးဖြတ်လိုက်သည်။

Continue Reading

You'll Also Like

31.3K 1.2K 23
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
150K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
13.3K 255 9
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...
156K 3.8K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...