ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

51.2K 3.5K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

156 - 160

329 28 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၅၆ ..... ကျောင်းရှုနဲ့ ယူမင်းတို့ရောက်ရှိလာခြင်း

ဂိုရှီးယန်က ဟောင်မင်းနဲ့ သူ့သားဂိုတန်ကို သဘောတူလက်ခံလိုက်ရတဲ့ အဓိကအကြောင်းအရင်းကလဲ ရှောင်လုံကြောင့်ပဲဖြစ်သည်။
အမှန်တိုင်းပြောရရင်လက်ရှိအခြေအနေမှာ ရှောင်လုံတို့ဟောင်ကခန်အနေဖြင့် ဂိုမိသားစုနဲ့ နှိုင်းယှဉ်ရင် များစွာမှ အဆင့်နိမ်နေသေး၏ ။ ဒါပေမယ့် ဂိုရှီးယန်က ရှောင်လုံအပေါ်အရမ်းကို တန်ဖိုးထားလေးစားတာပဲဖြစ်သည် ။ ရှောင်လုံရဲ့ ပါရမီအစွမ်းအစနဲ့သာဆို နောက်တချိန်မှာ ဒေါင်ရမ်းအင်ပါရာနိုင်ငံမှာတောင် ထင်ရှားကျော်ကြားသော လူတယောက်ဖြစ်လာမယ်ဆိုတာကို ဂိုရှီးယန်စိတ်ထဲမှာ အလိုလိုသိနေသည် ။

  ဂိုအိမ်တော်ကနေ ထျန်ယွမ်အိမ်တော်ကိုပြန်ရောက်တာနဲ့ ရှောင်လုံကအချိန်မဆိုင်းဘဲ သူ့ရဲ့နှောင်ဖွဲ့ခြင်နတ်ဘုရားလက်စွပ်ကို စတင်ကာ
ရှေးဟောင်းတိုက်ပွဲနယ်မြေထဲသို့ သိုင်းလေ့ကျင့်ရန် ဝင်လိုက်၏ ။

တိုက်ပွဲနယ်မြေအတွင်းသို့ရောက်တာနဲ့ ရှောင်လုံက သူ့ရဲ့နတ်အတွင်းအားနည်းစနစ်တခုထဲအပေါကိုပဲ အာရုံအပြည့်အဝစူးစိုက်ထားကာ
နတ်ဓားသိုင်း ၊ နတ်ဆိုးလက်သည်းသိုင်း ၊ လင်းလောင်ရွှေကိုယ်လုံသိုင်း ၊ ချည်နှောင်ချင်းနတ်လက်ဝါးသိုင်းအပါအဝင် တခြားသိုင်းပညာတွေကို ခနဘေးချိတ်ထားလိုက်သည် ။

အခုရှောင်လုံအတွက် အရေးအကြီးဆုံးက သူ့ရဲ့အတွင်းအားချီတွေအလျင်အမြန်တိုးတက်လာဖို့ပဲ ဖြစ်သည် ။ သိုင်းကျမ်းတွေဆိုတာကလဲအရေးကြီးပေမယ့် တကယ်တော့ ပံပိုးပေးတဲ့ အရာတွေမဟူတ်လား  ...။

ဒါအပြင်သူ့ရဲ့ သိုင်းကျမ်းစွမ်းရည်ကလဲ တနှစ်အတော့အတွင်းပြောပလောက်အောင်မတိုးတက်လာနိုင်ပေ.. ။

ရှောင်လုံသာ သူ့ရဲ့အတွင်းအား အရာမှာကောင်းကင်အဆင့်သို့ရောက်ရှိသွားပြီဆိုရင် သူ့ရဲ့စွမ်းအားတွေက အဆပေါင်းများစွာကိုခုန်တက်လာတော့မှာပဲ ဖြစ်သည် ။

ရှောင်လုံက နတ်အတွင်းအားနည်းစနစ်တခုထဲအပေါ အာရုံစူးစိုက်ထားတယ်ဆိုပေမယ့် တနေ့ကို နှစ်နာရီလောက်အချိန်ပေးကာ
ဖေးဟို ဒါမှမဟုတ် ဟောက်ထျန်နဲ့ သိုင်းဖလှယ်လေ့ရှိသည် ။

အတွေ့အကြုံရင်ကျက်နေသော ကောင်ကင်သိုင်းသမားနှစ်ယောက်နဲ့ ယှဉ်ပြိုင်နေရမှုကြောင့် ရှောင်လုံက သူ့အတွင်းအားချီတွေအပေါ
ထိုးထွင်းသိမြင်လာတာတွေ ပိုများလာ၏ ။

နောက်ထပ်အချိန်ကိုးရက်က ကုန်ဆုံးသွားပြန်သည် ။
တခုသောမနက်ခင်းအချိန်မှာ ဖေးဟိုနဲ့ ဟောက်ထျန်က ရှောင်လုံခြံဝန်းထဲသို့ရောက်လာကာရှောင်လုံကို သတင်းပို့လိုက်၏
"... ဂိုဏ်းချုပ်... ဆရာယူမင်းက အခုပဲ စာပို့လာပါတယ်... သူနဲ့ လက်ဝဲရံကိုယ်ရံတော် ကျောင်းရှုတို့ နောက်တနာရီအတွင်းရောက်လာပါမယ်တဲ့... "

"...အိုး...နောက် တနာရီဆိုရောက်လာတော့မယ်ဟုတ်လား.. ?"
ရှောင်လုံလဲ ဖေးဟိုသတင်းစကားကြားတော့ အရမ်းကိုပျော်ရွှင်သွားကာ အသက်ပြင်းပြင်းတချက်ရှုထုတ်လိုက်ပြီး
"... ငါတို့မြို့တံခါးဝကို သွားကြရအောင်.. "

ရှောင်လုံက နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ် တယောက်ဖြစ်ပေမယ့်
ကျောင်းရှုဆိုတာက စကြာဝဠာအဆင့် သိုင်းသမား တယောက်မဟူတ်လား.. ။ ဒါကြောင့်မို့ ကျောင်းရှုအဝေးကနေ သူ့ဆီလာတာ
ကိုမြို့တံခါးဝလောက်မှာတော့ သွားကြိုသင့်တယ်လို့ ရှောင်လုံကစဉ်းစားလိုက်၏ ။

"...ဟုတ်ကဲ့ ဂိုဏ်းချုပ်... "
ဖေးဟိုနဲ့ ဟောက်ထျန်ကပြန်ဖြေလိုက်ကာ ရှောင်လုံက ကျောင်းရှုရောက်လာတာကို မြို့တံခါးအဝင်ဝမှာ သွားကြိုမယ့်အပေါ် သူ့တို့စိတ်ထဲတစုံတရာ ထူးဆန်းသလိုမျိုး မခံစားရပေ.. ။

ဒေါင်ရမ်းအင်ပါရာနိုင်ငံရာနိုင်ငံကို အုပ်ချုပ်သော ကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ ဘုရင်မင်းမြတ်ကိုယ်တိုင်တောင်မှ စကြာဝဠာအဆင့်သိုင်းသမားတယောက်နဲ့ တွေ့ရင် ရိုရိုသေသေ ဆက်ဆံလေ့ရှိ
သည် ။ ပြီးတော့ ကျောင်းရှုဆိုတာက သာမန်ရိုးရိုးအဆင့် စကြာဝဠာသိုင်သမားတယောက်လဲ မဟုတ်ချေ.. ။

ဒါကြောင့်မို့ ရှောင်လုံက ဖေးဟို ၊ ဟောက်ထျန်တို့နဲ့ အတူ မြို့တံခါးဝသို့သွားကာ ယူမင်းနဲ့ ကျောင်းရှု တို့ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေကြသည် ။

စကြာဝဠာအဆင့်သိုင်းသမားတယောက်ကို မကြာခင်မြင်တွေ့ရတော့မယ်လို့ စဉ်းစားရုံနဲ့ ဖေးဟို ၊ ဟောက်ထျန်တို့ရဲ့ လက်ဝါးပြင်မှာ စိတ်လှုပ်ရှားနေမှုကြောင့် ချွေးစေးတွေထွက်လာသည် ။ သူတို့နှစ်ယောက်လုံးက ကောင်းကင်သိုင်သမားတွေဖြစ်ကြတာမို့ နိုင်ငံအတွင်းသူတို့ရဲ့ အရေးပါအရာရောက်မှုကလဲဘတကယ့်ထိတ်တန်းအနေအထားမှာရှိသည် ။ အထူးသဖြင့် ဟောက်ထျန်ဆိုရင် ပိုမိုမြင့်မားသော
အနေအထားတခုမှာ ရှိနေတာမဟုတ်လား.. ။

ဒါပေမယ့် သူတို့ဘာသာဘယ်လောက်ကြီးကျယ်မြင့်မြတ်သော ကောင်းကင်အဆင့်သိုင်းသမားကြီးဖြစ်နေပါစေ စကြာဝဠာသိုင်းသမားတယောက်အရှေ့ရောက်ရင် ဘာကောင်မှကိုမဟုတ်တော့ပေ... ။
ရှောင်လုံကြောင့်သာမဟုတ်ရင် သူတို့နှစ်ယောက်လုံးက စကြာဝဠာအဆင့်သိုင်းသမားတယောက်နဲ့ တွေ့ကြုံဖို့တောင် အရည်အချင်းပြည့်
မှီခြင်းမရှိချေ.. ။

သူတို့သုံးယောက် မြို့တံခါးဝသို့ရောက်ပြီး သိပ်မကြာခင်မှာပဲ အဝေးက တောင်တန်းတွေပေါ်ကနေ လူရိပ်နှစ်ခုပေါ်ထွက်လာသည်။ တဖြည်းဖြည်းနီးကယ်လာသော လူရိပ်နှစ်ခုကို အကဲခတ်နေရင်း လူရိပ်တခုက သူတို့ဆရာ ယူမင်းဆိုတာကို ဟောက်ထျန်တို့ တွေ့လိုက်ရသည် ။

သူတို့နှစ်ယောက်လုံးက ကြံပုံသဏ္ဍာန်သားရဲကြီးတွေကို စီးနင်လာကြသည် ။ ယူမင်းက အသက်ငါးဆယ်အရွယ်လောက်ရှိတဲ့ ခန္ဓာကိုယ်တုတ်ခိုင်သန်စွမ်းသော လူကြီးရဲ့အနောက်ကနေ ပါလာတာပဲ ဖြစ်သည်။ သူတို့စီးလာတဲ့ သားရဲကြီးတွေရဲ့ ကြံသတ္တဝါနဲ့ မတူတဲ့ အချက်က သားရဲကြီးတွေမှာက ကြံကဲ့သို့ အမြီးမပါပေ.. ။ အဲ့ဒီအစား သူ့တို့ကိုယ်မှာ မီးတောက်ကဲ့သို့ အရောင်တွေ တောက်ပနေ၏ ။

သူတို့နှစ်ယောက်နဲ့ မြို့တံခါးအဝက အတော်အတင့်ကိုကွာနေသေးပေမယ့် ရှောင်လုံ ၊ ဖေးဟိုနဲ ဟောက်ထျန်တို့ကတော့ သတ်လတ်ပိုင်းအရွယ်လူကြ်ီးရဲ့ ခန္ဓာကိုယ်ကနေထွက်ပေါ်နေသော ကြောက်စရာလှတဲ့ အရှိန်အဝါတွေကို စတင်ခံစားနေရပြီပဲ ဖြစ်သည် ။

ဒီသတ်လတ်ပိုင်းအရွယ်လူကြ်ိးက သူတို့နတ်တံခါးဂိုဏ်းရဲ့ လက်ဝဲကိုယ်ရံတော် ကျောင်းရှုဆိုတာကို ရှောင်လုံစိတ်ထဲမှာ သဘေယပေါက်လိုက်သည်။

ကျောင်းရှုနဲ့ ယူမင်းတို့ စီးနင်လာသော သားရဲကြီးတွေက ကြည့်တော့သာနှေးတယ်လို့ထင်ရပေမယ့် တကယ်တမ်း အလွန်တရာကို မြန်ဆန်တာပဲ ဖြစ်သည် ။ စက္ကန့်ပိုင်းလောက်အကြာမှာပဲ ယူမင်းနဲ့ ကျောင်းရှုတို့က ရှောင်လုံတို့ရပ်နေတဲ့နေရာနဲ့ မီတာတရာလောက်အကွာကိုရောက်ရှိလာလေသည် ။

လူပုံကိုပိုမိုထင်ရှာလာတော့ ရှောင်လုံက ကျောင်းရှုရဲ့ ပုံသဏ္ဍာန်သေချာအကဲခတ်လိုက်သည် ။ ကျောင်းရှုရဲ့ မျက်လုံးတွေက သာမန်ထက်ကြီးမားပြီး လုံးဝန်းနေပြီး သံမဏိသိမ်းငှက်ရဲ့မျက်လုံးတွေကဲ့သို့ အေးစက်စူးရှကာ အလွန်ကြီးမားသောစွမ်းအားတွေကို သိုလှောင်ထားသည်။

ရှောင်လုံက သူ့ကိုအကဲခတ်နေစဉ်မှာပဲ သူကလဲ ရှောင်လုံကိုတဖန်ပြန်ပြီး အကဲခတ်နေသည်။ ယူမင်းရဲ့ အသေးစိတ်ပြောပြချက်အရ
ဒီအရပ်ရှည်ရှည်နဲ့ အသက်နှစ်ဆယ်မကျော်သေးသော လူငယ်လေးက အရင်နတ်တံခါးဂိုဏ်းချုပ် ရန်ဝူကောင်းရဲ့ တပည့် နတ်လက်စွပ်ကိုပိုင်ဆိုင်ထားသော ရှောင်လုံဖြစ်တယ်ဆိုတာကို ကျောင်းရှုလဲ သဘောပေါက်လိုက်သည် ။

  ရှောင်လုံတို့သုံးယောက်က အရှေ့ကိုထွက်လာရင်းနဲ့ ကျောင်းရှုတို့ကိုကြိုဆိုလိုက်သည်။ ယူမင်းနဲ့ ကျောင်းရှုတို့ကလဲ သူတို့စီးတော်ယဉ် သားရဲကြီးတွေပေါ်ကနေ ခုန်ဆင်းလိုက်သည် ။

"... နတ်တံခါးဂိုဏ်းအကြီးအကဲ ယူမင်း ဂိုဏ်းချုပ်ကို ဂါရဝါပြုပါတယ်.. "
ယူမင်းက နတ်တံခါးဂိုဏ်းရဲ့ သတ်မှတ်ထားသောပုံသဏ္ဍာန်အတိုင်းရှောင်လုံရှေ့မှာ ရိုရိုသေသေ ဒူးထောက်ရင်း ဂါရဝပြုလိုက်သည်။

နတ်တံခါးဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းအရ စကြာဝဠာအဆင့် သိုင်သမားတွေဆိုရင် ဂိုဏ်းချုပ်နဲ့ တွေ့တဲ့နေရာမှာ ဒူးထောက်ပြီး ဂါရဝပြုစရာမလိုပဲ ဦးညွတ်ပြီးပဲ အလေးပြုခွင့်ပေးထားသည်။

".. လက်ဝဲကိုယ်ရံတော် ကျောင်းရှု ၊ အကြီးအကဲ ယူမင်းတို့ နေသာသလိုနေကြပါ... "
ရှောင်လုံက အရှေ့သိူ့ထွက်ကာ သူတို့နှစ်ယောက်ကို အဲ့လောက်ထိဂါရဝပြုစရာမလိုကြောင်းပြောလိုက်၏ ။

အဲ့အချိန်မှာပဲ ဟောက်ထျန်နဲ့ ဖေးဟိုတို့ကလဲ အရှေ့သို့ အလျင်အမြန်ထွက်ကာ အလွန်တရာရိုသေလေးစားသောအမူအရာဖြင့် ကျောင်းရှုကို နှုတ်ဆက်လိုက်သည်
"... နတ်တံခါးရဲ့ ဂိုဏ်းသား ဖေးဟို ၊ ဟောက်ထျန် လက်ဝဲကိုယ်ရံတော် ကျောင်းရှုကို ဂါရဝပြုပါတယ်.. "
ကျောင်းရှုက ခေါင်းညိတ်ပြရင်းနဲ့ သူတို့နှစ်ယောက်ကို မတ်တပ်ရပ်ခိုင်းလိုက်သည် ။

အဲ့နောက် ဖေးဟိုနဲ့ ဟောက်ထျန်က ယူမင်းကို ထပ်မံနှုတ်ဆက်လိုက်ကြသည်
"... ဆရာ နေကောင်းပါရဲ့လား.. "
ယူမင်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏ ။

အဲ့နောက်မှာတော့ ရှောင်လုံက အားလုံးကို ထျန်ယွမ်အိမ်တော်သွားဖို့ ပြောလိုက်၏ ။
သူတို့ ထျန်ယွမ်အိမ်တော်သို့ သွာူနေသော လမ်းခရီးမှာ ကျောင်းရှုက ယူမင်းကို ပြောလိုက်သည်
"... မင်းရဲ့ တပည့်နှစ်ယောက်က ဘယ်ဆိုးလို့လဲကွ... "
ဖေးဟိုနဲ့ ဟောက်ထျန်တို့ရဲ့ ခန္ဓာကိုယ်ကြံခိုင်မှု အပါအဝင် တခြားအချက်အလက်တွေက သူတို့နဲ့တန်းတူအဆင့်က ကောင်းကင် သိုင်းသမားတွေနဲ့ နှိုင်းယှဉ်ရင် အရမ်းသန်မာနေတာကို ကျောင်းရှုက တချက်ကြည့်ရုံနဲ့ အလွယ်တကူတွေ့မြင်နိုင်လေသည် ။

ယူမင်းက လေးလေးစားစား ပြန်ဖြေလိုက်၏
"... လက်ဝဲကိုယ်ရံတော်က သူတို့ကိုမြှောက်လွန်းနေပါပြီ.. "

အမှန်တကယ်တော့ ဖေးဟိုနဲ့ ဟောက်ထျန်ကို စစတွေ့ချင်းမှာ သူတို့ရဲ့အရင်ကပုံစံနဲ့မတူသော အနေအထားကြောင့်  ယူမင်းကိုယ်တိုင် အရမ်းကို အံသြနေတာပဲ ဖြစ်သည်။

ကျောင်းရှုရဲ့ ချီးကျူးစကားကိုကြားတော့ ဖေးဟိုနဲ့ စစ်သူကြီးချုပ် ဟောက်ထျန်ကိုမျက်နှာက ပါးစပ်ကနားရွက်ကိုဘတက်ချိတ်မတတ်ကို
ပြုံးရွှင်သွားကြသည် ။

အဲ့အချိန်မှာပဲ စစ်သူကြီးချုပ် ဟောက်ထျန်က အဖြစ်မှန်ကို ရှင်းပြလိုက်၏
"... လက်ဝဲကိုယ်ရံတော်ကြီး... တကယ်တော့ ကျွန်တော်မျိုးတို့ သိုင်းပညာမှာ ဒီအနေအထားအထိရောက်လာတာက ဂိုဏ်းချုပ်ရဲ့ ကျေးဇူးတရားတွေကြီးပါပဲ.. "

"... အိုး... ?"
ဟောက်ထျန်ပြောတဲ့ စကားကို ကြားတော့ ကျောင်းရှု နဲ့ ယူမင်းတို့နှစ်ယောက်လုံး အံသြသွားကြသည် ။

ရှောင်လုံက ပြုံးရင်း ဝင်ပြောလိုက်သည်
"... အဲ့လောက်ကြီးလဲ မဟုတ်ပါဘူး... သူတို့ကို သိုင်းကျင့်စဉ်တချို့ပဲပေးခဲ့တာပါ...  သူတို့အခုလိုအနေအထားရောက်နေတာက သူတို့ကြိုးစားမှုတွေကြီးပါပဲ.. "

ရှောင်လုံစကားက သူ့ကိုယ်သူ့နှိမ့်ချသလို ဖြစ်နေပေမယ့် သူ့စကားရဲ့ လျှို့ဝှက်အဓိပ္ပါယ်က ဟောက်ထျန်ပြောတာအမှန်တွေကြီးပဲလို့ ထောက်ခံလိုက်တာပဲ ဖြစ်သည် ။

လက်ဝဲကိုယ်ရံတော်ကျောင်းရှုနဲ့ ယူမင်းတို့က ရှောင်လုံ ဟောက်ထျန်နဲ့ ဖေးဟိုကို ပေးလိုက်တယ်ဆိုတဲ့ သိုင်းကျင့်စဉ်အပေါ် အရမ်းကိုသိတ်ဝင်စားသွားကြသည် ။

သိပ်မကြာခင်မှာပဲ သူတို့ထျန်ယွမ်အိမ်တော်သို့ရောက်လာကြသည်။
သူတို့ငါးယောက် ထျန်ယွမ်အိမ်တော်က မိန်းခန်းမဆောင်ထဲကိုရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟောင်ပန်နဲ့ စုရန်တို့ရှိနေတာကိုမြင့်တွေ့လိုက်ရသည် ။ ရှောင်လုံက ကျောင်းရှုနဲ့ ယူမင်းတို့ရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းဆိုတာကို တည်ကြည်လေးနက်စွာဖြင့် သူ့မိဘတွေကို မိတ်ဆက်ပေးလိုက်သည်။

အထူးသဖြင့် သူ့ကကျောင်းရှုကို အထူးအလေးထားပြီး မိတ်တက်ပေးလိုက်၏ ။ ယူမင်းထျန်ယွမ်အိမ်တော်ကိုလာတာက ပထမဦးဆုံးအကြိမ်မဟုတ်ပေမယ့် ဟောင်ပန်နဲ့ စုရန်တို့ကတော့ ယူမင်းနဲ့ တခါမှ မဆုံဘူးကြပေ.. ။ ရှောင်လုံက ယူမင်းတိုတာ စစ်သူကြီးချုပ် ဟောက်ထျန်နဲ့ ဖေးဟိုတို့ရဲ့ဆရာဖြစ်တယ်ဆိုတာကို မိတ်ဆက်ပေးလိုက်တော့
ဟောင်ပန်နဲ့ စုရန်တို့နှစ်ယောက်လုံး အရမ်းကိုအံအားသင့်သွားကြသည် ။

အဲ့နောက် ရှောင်လုံက ကျောင်းရှု ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို တိတိကျကျ ပြောပြီး မိတ်မဆက်ပေးပေမယ့် ဟောင်ပန်နဲ့ စုကန်တို့က ရှောင်လုံရဲ့ တည်ကြည်လေးနက်နေသောအသံကို နားထောင်ရုံနဲ့တင် ကျောင်းရှုက အရမ်းကိုအရေးကြီးသောဧည့်သည်တယောက်ဖြစ်တယ်ဆိုတာကို သဘောပေါက်လိုက်ကြသည် ။

"... စီနီယာ ကျောင်းရှု ၊ စီနီယာ ယူမင်းတို့နေကောင်းကြရဲ့လား.. "
ဟောင်ပန်တို့က စဦးနှုတ်ဆက်လိုက်သည် ။

ဟောင်ပန်နဲ့ စုရန်တို့က ရှောင်လုံရဲ့ မိဘတွေဖြစ်တာမို့ ကျောင်းရှုနဲ့ ယူမင်းတို့ကလဲ အထက်ဆီးဆန်သောအမူအရာတွေမပြကြပဲ သူတို့ကလဲ ပြန်ပြီး ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်ကြသည် ။

အဲ့နောက် ဟောင်ပန်တို့က ရှောင်လုံအမူအရာကြည့်ရုံတင် ကျောငိးရှုတျု့နဲ့ အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးကြမယ်ဆိုတာကို သဘောပေါက်သွားကာသူတို့ထပ်ပြီး မနှောက်ယှက်တော့ပဲနဲ့ မိန်းခန်းမဆောင်ထဲကနေ ထွက်သွားကြသည် ။ 

ဟောင်ပန်နဲ့ စုရန်တို့ထွက်သွားပြ်ိးတော့မှ ရှောင်လုံက ယူမင်းကိုလွန်ခဲ့သောနှစ်တွေအတောအတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာကို မေးမြန်းလိုက်၏ ။ ယူမင်းသာ တစုံတရာကိစ္စနဲ့ မတွေ့ကြုံခဲ့ဘူးဆိုရင် လွန်ခဲ့သောခြောက်နှစ်လောက်ကတည်းက သူအနေနဲ့ လူတောင်းနိုင်ငံကို ပြန်ရောက်လာရမှာပဲ ဖြစ်သည် ။

ယူမင်းက လွန်ခဲ့တဲ့ နှစ်တွေအတွင်းသူဘာတွေတွေ့ကြုံခဲသလဲဆိုတာကို အလျင်အမြန် ရှင်းပြလိုက်သည်။

ယူမင်းအနေနဲ့ နှင်းလေတိုင်း ကနေ ထွက်သွားပြီးနောက် တိမ်ကြယ်တာရာတိုင်း ကိုရောက်ဖို့က ဂျော့ပင်လယ်သေဆိုတဲ့နေရာကို ဖြတ်သန်းသွားဖို့ လိုအပ်လေသည်။ သူဂျော့ပင်လယ်သေကို ဖြတ်သန်းနေစဉ်မှာပဲ ယူမင်းက ကြောက်မက်ဖွယ်ရာလေစုပ်ဝဲကြီးတခုနဲ့ ရင်ဆိုင်တွေ့ခဲ့ကာ အဲ့ဒီလေရဟတ်ကြီးက သူ့ကို စုပ်ယူကာ ဂျော့ပင်လယ်သေထဲက ဘယ်နေရာမှန်းမသိသောနေရာတခုဆီသို့ ပို့လိုက်သည်။ ဒါကြောင့်မို့ ယူမင်းလဲ ဂျော့ပင်လယ်သေထဲမှာ ခြောက်နှစ်ကြာအောင်ပိတ်မိနေတာပဲ ဖြစ်သည် ။

ခြောက်နှစ်ကြာပြီးတဲ့နောက် အဲ့ဒီနေရာမှာ ထွက်လမ်းကြီးတခုပေါ်ပေါက်လာကာ ယူမင်းရဲ့ လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့သည်။
ရှောင်လုံရဲ့ ယူမင်းရဲ့အတွေ့အကြုံကိုနားထောင်ရင်း အရမ်းကိုအံ
သြနေ၏ ။

ယူမင်းခြောက်နှစ်ကြာအောင် နောက်ကျနေတာက ဒါကြောင့်ကိုး...?

ရှောင်လုံမျက်နှာမှာ ခပ်မဲ့မဲ့အပြုံးတခု ဖြစ်ပေါ်လာကာ ယူမင်းကံကောင်းလားကံဆိုးလားဆိုတာကိုတော့သူသေချာမသိပေ.. ။ အဲ့အချိန်မှာ သူထင်နေတာက သူ့ဆရာတူအကို ချန်ထျန်ချီက သူ့အကြောင်းကိုသိသွားပြီး ယူမင်းကိုချုပ်နှောင်စစ်မေးနေတယ်လို ထင်နေတာမဟုတ်လား.. ။

ယူမင်းနောက်ကျနေသောအကြောင်းအရင်းကို သိရှိပြီးတဲ့နောက် ရှောင်လုံက စကားလမ်းကြောင်းလွှဲလိုက်သည်
"... လက်ဝဲကိုယ်ရံတော် ကျောင်းရှု ၊ အကြီးအကဲယူမင်း...
ခင်ဗျားတို့အနေနဲ့ နှောင်ဖွဲ့ခြင်းနတ်ဘုရာူလက်စွပ်ဆိုတဲ့ ကောင်းကင်ရတနာအကြောင်းကို ကြားဘူးကြလား... ?"

"...နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်... !"
ကျောင်းရှုရော ယူမင်းပါ ရှောင်လုံရုတ်တရက်မေးမြန်းမှု အပေါ် အလွန်တုန်လှုပ်သွားကြသည် ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၅၇ ....နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ရဲ့ ပိုင်ရှင်ဟောင်း

    ယူမင်းနောက်ကျနေသောအကြောင်းအရင်းကို သိရှိပြီးတဲ့နောက် ရှောင်လုံက စကားလမ်းကြောင်းလွှဲလိုက်သည်
"... လက်ဝဲကိုယ်ရံတော် ကျောင်းရှု ၊ အကြီးအကဲယူမင်း...
ခင်ဗျားတို့အနေနဲ့ နှောင်ဖွဲ့ခြင်းနတ်ဘုရာူလက်စွပ်ဆိုတဲ့ ကောင်းကင်ရတနာအကြောင်းကို ကြားဘူးကြလား... ?"

"...နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်... !"
ကျောင်းရှုရော ယူမင်းပါ ရှောင်လုံရုတ်တရက်မေးမြန်းမှု အပေါ် အလွန်တုန်လှုပ်သွားကြသည် ။

  သူတို့ ရုတ်တရက်ပြင်းပြင်းထန်ထန် အံသြသွားသောအမူအရာကိုကြည့်ရုံနဲ့တင် သူတို့နှစ်ယောက်က နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်အကြောင်း ကြားဘူးကြတယ်ဆိုတာကို ရှောင်လုံ သဘောပေါက်သွား၏ ။

သူ့အတွေ့မဆုံးခင်မှာပဲ ကျောင်းရှုက ပြောလိုက်သည်
"... ဂိုဏ်းချုပ်...  နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ဆိုတာက ကောင်းကင်ရတနာတွေထဲက ထိပ်တန်းရတနာတခုပဲ... သူရဲ့ သတ်မှတ်ချက်က အဆင့်၆ ကောင်းကင်ရတာပါ... "

"..အဆင့် ၆ ကောင်းကင်ရတနာ... !"
ကျောင်းရှုစကားကြားတော့ ရှောင်လုံမျက်လုံးက အရောင်တချက်လက်သွားကာ သူအရမ်းကိုပျော်ရွှင်သွား၏ ။

သူကိုယ်တိုင်ကလဲ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်က လင်းလောင်ရတနာစေတီထက်ကို ပိုပြီးအဆင့်မြင့်တဲ့ကောင်းကင်ရတနာတခုဖြစ်နိုင်တယ်ဆိုတာကို ခန့်မှန်းထားတာပဲ ဖြစ်သည် ။ ဒါပေမယ့် နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်က ကောင်းကင်ရတနာအဆင့်သတ်မှတ်ချက်မှာ အဆင့်၆ နေရာလောက်ထိ မြင့်မားမယ်မှန်းတော့ သူမထင်ခဲ့ပေ  .။

ကောင်းကင်ရတနာတွေရဲ့ အဆင့်၁ ကနေ ၁၀ အတွင်းက တဆင့်မြင့်သွားတိုင်းကို သူတို့ရဲ့ စွမ်းအားတွေက များစွာကွာခြားသွားသည်။
အဆင့်အမြင့်ဆုံး ကောင်းကင်ရတနာကို ပိုင်ဆိုင်လေလေ ပိုင်ရှင်ဖြစ်သူရဲ့ အစွမ်းက သူမတူအောင်အောင် တိုးတက်လာနိုင်လေပဲ ဖြစ်သည်။

ဒါဆိုရင် နှောင်ဖွဲ့ခြင်း နတ်ဘုရားလက်စွပ်က လင်းလောင်ရတနာစေတီထက်ကို အဆင့် သုံးဆင့်ပိုမြင့်တာပေါ့.... !

"... လက်ဝဲကိုယ်ရံတော်ပြောတာမှန်ပါတယ်... "
အဲ့အချိန်မှာ ယူမင်းက ဝင်ပြီးရှင်းပြလိုက်၏
"... ဂိုဏ်းချုပ်.. နှောင်ဖွဲ့ခြင်းနတ်ဘုရာူလက်စွပ်ဆိုတဲ့ ကောင်းကင်ကတနာက လွန်ခဲ့တဲ့ နှစ်ပေါင်းအနှစ်သုံးထောင်လောက်တုံးက သိုင်းဝိညဉ်ကမ္ဘာကြီးရဲ့ တနေရာမှာ ပေါ်ပေါက်လာခဲ့ဘူးပြီး ဆိုးရွားသောအဖြစ်အပျက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်... အဲ့ဒီအချိန်မှာ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ကို ပိုင်ဆိုင်ထားတဲ့သူက လင်ရှန်းကျယ် ဆိုတဲ့သူပါ....  သူက နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တယောက်ပေါ့....
ူသူ့ရဲ့ဗိဇကိုက အစုလိုက်အပြုံလိုက် သတ်ဖြတ်ရတာကို သဘောတွေ့တဲ့ သူတယောက်ပေါ့....  သိုင်းဝိညဉ်ကမ္ဘာကြီးရဲ့ အင်းအားစုပေါင်းများစွာရဲ့ ဒေါသတွေကိုလဲ နှိုးဆွခဲ့တယ်လေ....  ဒါကြောင့်မို့ အားလုံးက ပူးပေါင်းပြီး လင်ရှန်းကျယ်ကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်လင်ရှန်းကျယ်က အရမ်းစွမ်းအားကြီးမားပေမယ့် အင်းအားစုပေါင်းများစွာရဲ့ အဆက်မပြတ်တိုက်ခိုက်မှုအောက်မှာ သူနောက်ဆုံးတေ့ာ အသက်ပေးလိုက်ရပါတယ်....  သူတည်ထောင်ထားတဲ့ နတ်ဆိုးဂိုဏ်းလဲ တနေ့ထဲမှာပဲ သိုင်းအင်းအားစုပေါင်းမျာစွာရဲ့ ချေမှုန်းခံလိုက်ရပါတယ်..... !"

"... နတ်ဆိုးဂိုဏ်းချုပ် လင်ရှန်းကျယ် ဟူတ်လား.. ?"
ရှောင်လုံလဲ ယိုင်လဲမတတ်အံသြသွား၏ ။ နှောင်ဖွဲ့ခြင်းနတ်ဘုရား လက်စွပ်ရဲ့ အရင်ပိုင်ရှင်ဟောင်းက နတ်ဆိုးဂိုဏ်းချုပ်တယောက် ဖြစ်နေတာကိုမြင်တော့ ရှောင်လုံအရမ်းကို အံအားသင့်သွားသည်။

"...ဟုတ်ပါတယ် ..."
ကျောင်းရှုက ထပ်ပြီးရှင်းပြလိုက်သည်
"...အဲ့အချိန်မှာ လင်ရှန်းကျယ်က စကြာဝဠာအဆင့်၉ အထွတ်အထိပ်ကိုရောက်နေပါပြီ...  နတ်ဘုရားအဆင့်ကိုရောက်ဖို့ ခြေတလှမ်းစာလောက်ပဲ လိုတော့တဲ့ လူတယောက်ပေါ့...  သူ့လက်လောက်မှာသေခဲ့ရတဲ့ ကောင်းကင်သိုင်သမား စကြာဝဠာအဆင့် သိုင်သမားတွေဆိုတာကလဲ မရေတွက်နိုင်လောက်အောင်ပါပဲ...  အဲ့ဒီအချိန် သိုင်းဝိညဉ်ကမ္ဘာက ရှိရှိသမျှ အင်အားစုတွေအကုန်လုံးပူးပေါင်းပြီး သူ့ကို သတ်လိုက်နိုင်ပေမယ့် သူတို့ရဲ့ အစွမ်းထက် သိုင်းပညာရှင် တဝက်နီးပါးလောက်ကိုတော့ပေးဆပ်လိုက်ရပါတယ်... "

"...စကြာဝဠာအဆင့်၉ သိုင်းသမား.... "

"... သိုင်းပညာရှင်တယောက်လောက်သေခဲ့ရတယ်.. !"

ရှောင်လုံလဲ သူအခုလေးတင်ကြားရလိုက်ရဲ့ စကားအပေါ် အရမ်းကိုတုန်လှုပ်သွား၏ ။ ပြီးတော့ နတ်ဘုရားအဆင့် ဆိုတဲ့ စကားတောင်
ပါသေးတယ်မဟုတ်လား.. ။

ဒါဆိုရင် စကြာဝဠာအဆင့်ကိုကျော်သွားရင် နတ်ဘုရားအဆင့်ကို ရောက်မှာပေါ့... !

ဒါကရှောင်လုံဘဝမှာ ပထမဆုံး ကြားဘူးခဲ့တာပဲ ဖြစ်သည် ။
ကျောင်းရှုက ဆက်ပြီး ရှင်းပြလိုက်ပြန်သည်
"... အဲ့ဒီနှစ်တုံးကတိုက်ပွဲတွေမှာတော့ သွေးတွေဆိုတာ မြစ်လိုကို စီးဆင်းနေတာပေါ့... "
အဲ့နောက်မှာတော့ ကျောင်းရှုက ရုတ်တရက်ပြုံးလိုက်ကာ ရှောင်လုံကို
ပြောလိုက်သည်
"... အဲ့တုံးက အရင်ဂိုဏ်းချုပ်ဟောင်းရဲ့ လက်ချက်နဲ့ လင်ရှန်းကျယ်
သေခဲ့ရတာလေ... "

"... ဆရာသတ်လိုက်တာ ဟူတ်လား.. ?"
ကျောင်းရှုပြောပြတဲ့ စကားက သူတကယ့်ကို လုံးဝမမျှော်လင့်ထားသောစကားပဲ ဖြစ်သည် ။ ကျောင်းရှုက ခေါင်းညိတ်ပြရင်းနဲ့ ဆက်ပြောလိုက်သည်
"... ဟူတ်ပါတယ် အရင်ဂိုဏ်းချုပ်က အဲ့အချိန်မှာ စကြာဝဠာအဆင့်၈ ရဲ့ အထွတ်အထိပ်ကိုရောက်နေပါပြီ... တခြားသူတွေနဲ့ ပေါင်းပြီး
လင်ရှန်းကျယ်ကို သတ်ခဲ့တာပါ... "
အဲ့နောက် ကျောင်းရှုက တစုံတရာကိုသတ်ရသွားသလို သူ့အသံက
တည်ကြည်သွား၏
"... ကျွန်တော်မျိုး အမှတ်မမှားဘူးဆိုရင် လင်ရှန်းကျယ်က နှင်းမရှိ
တောင်ပေါ်မှာ သေခဲ့တာပါ... "

ရှောင်လုံက ကျောင်းရှုစကားကိုဆက်လက်မျှော်လင့်နေ၏ ။
"..  အဲ့ချိန်တုံးက ဒေါင်းရမ်းအင်ပါရာနိုင်ငံတောင် မရှိသေးပါဘူး
နှင်းမရှိတောင်က ဒေါင်ရမ်းအင်ပါနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာပဲ တည်ရှိတာပါ....  ဒါပေမယ့် အခုဆိုရင် နှစ်ပေါင်းသုံးထောင်ကျော်သွားခဲ့ပြီ
နှင်းမရှိတောင်ရဲ့ တကယ့်နေရာအစစ်အမှန်ကို ပြန်ရှာဖို့ဆိုတာ မလွယ်ကူတော့ပါဘူး... "
ကျောင်းရှုကပဲ စကားဆက်လိုက်၏
"... လင်ရှန်းကျယ်သေသွားပြီးတဲ့နောက်မှာ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်က ပိုင်ရှင်မဲ့ ဖြစ်သွားခဲ့ပါတယ်... အဲ့အချိန်က သိုင်းဂိုဏ်းပေါင်းများစွာ လူတွေ ပစ္စည်းတွေ အများကြီးအသုံးချပြီး ရှာဖွေခဲ့ပေမယ့် အခုချိန်ထိရှာတွေ့တယ်ဆိုတဲ့ သတင်းတော့မကြားမိသေးပါဘူး..."

ရှောင်လုံရဲ့ စိတ်တွေက အရမ်းကိုလှုပ်ရှားလာ၏ ။
နှင်းမရှိတောင်.....  ဒါဆိုရင်  ယုဝေနိုင်ငံထဲက ညဏ်အလင်းရရေကန်ပတ်ဝန်းကျင်က နှင်းမရှိတောင်များ ဖြစ်နေမလား... ?
ဖြစ်နိုင်တယ်... ။

အဲ့လိုမှမဟုတ်ရင် သူနှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်က ညဏ်အလင်းရရေကန်ကနေ ဘယ်လိုပေါ်ထွက်လာတယ်ဆိုတဲ့ ကိစ္စက အရမ်းကိုရှုတ်ထွေးသွားတော့မှာမဟုတ်လား.. ။

ကျောင်းရှုပြောပြသော နောက်သတင်းအချက်အလက်တခုကိုလဲ ရှောင်လုံအရမ်း စိတ်ဝင်စားသွားသည် ။ လွန်ခဲ့သော နှစ်သုံးထောင်တုံးကတောင် သူ့ဆရာရန်ဝူကောင်းက စကြာဝဠာအဆင့်၈ ရဲ့ အထွတ်အထိပ်ကိုရောက်နေပြီလေ...  သူ့ဆရာတကယ်ပျောက်ကွယ်သွားတာက အခုမှ အနှစ်၆၀ ပဲရှိသေးတာမဟုတ်လား.. ။ ဒါဆို သူ့ဆရာမသေခင် သိုင်းပညာ ဘယ်လောက်အဆင့်ထိကို ရောက်သွားပါလိမ့်.... ?

ဆရာ စကြာဝဠာအဆင့်ကနေ နတ်ဘုရားအဆင့်ကို ရောက်သွားလားမသိဘူး....?

တကယ်ပဲဆရာသာ နတ်ဘုရားအဆင့်ကိုရောက်ရှိသွားခဲ့တယ်ဆိုရင်
သူဘယ်လိုသေသွားရတာလဲ.... ?

တယောက်ယောက်ကလုပ်ကြံလိုက်တာများလား...?

ဘယ်သူကအဲ့လောက်ထိအောင် အစွမ်းထက်တာလဲ... ?
နေအုံး....ဒါဆို ဆရာများအခုချိန်ထိအသက်ရှင်ရက်ရှိနေသေးတာများလား.... အဲ့ဒီအတွေးက ရှောင်လုံခေါင်းထဲသို့ ရုတ်တရက်ဝင်ရောက်လာလေသည် ။အရင်တုံးက ရှောင်လုံစိတ်ထဲတချိန်လုံး သူ့ဆရာသေပြီလုိ့ပဲထင်နေခဲ့တာမဟုတ်လား....။ သူထင်နေသလိုမျိုး မဟုတ်ခဲ့ဘူးဆိုရင်ရော.... ? တနေရာရာကိုများခရီးဆက်နေသလား... ?
နတ်တံခါးဂိုဏ်းက လူတွေတချိန်လုံး ပြောသလိုမျိုး မသေပဲနဲ့ ပျောက်ဆုံးနေတာများလား.... ?

"..   ဒါနဲ့ ဂိုဏ်းချုပ်...  ဘာလို့ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်အကြောင်းကို ရုတ်တရက်မေးတာလဲ... ?"
အကြီးအကဲ ယူမင်းက မေးလိုက်၏ ။ မိန်းခန်းမဆောင်ထဲက လူတွေအကုန်လုံး ရှောင်လုံအဖြေကိုအာရုံစိုက် နားစွင့်နေကြသည်။

"... အင်း.... အမှန်တိုင်းပြောရမယ်ဆိုရင်တော့ အခုငါ့မှာ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ရှိနေတယ်.... "
အားလုံးက ဝေခွဲမရဖြစ်နေစဉ်မှာပဲ ရှောင်လုံက ပွင့်ပွင့်လင်းလင်းပြောပြလိုက်သည် ။

သူက နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်အကြောင်းကို ယူမင်း နဲ့ ကျောင်းရှုတို့ဆီမှာ မေးမြန်းတယ်ဆိုကတည်းက သူ့မှာနှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ရှိနေတာကို သူတို့နှစ်ယောက်အား ဖုံးကွယ်မထားချင်တော့ပေ.. ။

ပြီးတော့ သူ့ဆီမှာ လင်းလောင်းရတနာစေတီပိုင်ဆိုင်ထားတဲ့ အကြောင်းကိုလဲ ယူမင်းက ကျောင်းရှုကို ပြောပြထားမယ်ဆိုတာက တရာရာခိုင်နှုန်းလောက် သေချာတယ်မဟူတ်လား....  ။ ကျောင်းရှုက သူ့မှာ အဆင့်၉ ကောင်းကင်ရတနာတခု ရှိနေတာကို သိပြီးမှတော့ နောက်ထပ်တခုထပ်ရှိတယ်လို့ကြားလဲ သိပ်ပြီးကွဲပြားခြားနားမှာမှ မဟူတ်တော့တာ.. ။

".... ဘယ်လို... ?"
မိန်းခန်းမဆောင်အတွင်းထိုင်နေကြတဲ့ လူလေးယောက်လုံး ရှောင်လုံက သူ့ဆီမှာနှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ရှိနေတယ်ဆိုတဲ့အကြောင်းကိုလဲ ပြောပြလိုက်ရော အံသြတကြီးဖြင့် သူတို့ထိုင်နေသော ထိုင်ခုံတွေကနေ ရုတ်တရက် ခုန်ထလိုက်ကြသည် ။ အံအားသင့်နေကြသော လူတွေအထဲမှာ ဖေးဟိူနဲ့ ဟောက်ထျန်တို့နှစ်ယောက်လဲ အပါအဝင်ဖြစ်သည် ။ သူတို့အနေနဲ့လဲ ရှောင်လံနှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ကို ရယူပိုင်ဆိုင်ထားတဲ့ အကြောင်းကို တစွန်းတစိမှ သိထားခြင်းမရှိပေ... ။

   အားလုံးရဲ့ အံသြပြူးကျယ်နေသော မျက်လုံးတွေအောက်မှာပဲ ရှောင်လုံက သူ့ကိုယ်ထဲမှာရှိနေသော နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ကို
အပြင်ဘက်သို့ဆင့်ခေါ်လိုက်၏ ။

သူတို့လေးယောက်လုံးရဲ့မျက်လုံးတွေက ရှောင်လုံခေါင်းပေါ်ကနေထွက်ပေါ်လာသော ရွှေရောင်အလင်းတွေဖြင့် တဖိတ်ဖိတ်တောက်ပနေတဲ့ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ပေါသို့ ကျရောက်သွားလေသည်။

နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်က ပြောမပြနိုင်သော ဆွဲဆောင်မှုတခုရှိနေကာ ကျောင်းရှုတို့လေးယောက်စလုံး လက်စွပ်ကနေ မျက်လုံးမခွာနိုင်ပဲ ကြောင်စီစီဖြင့် ငေးကြည့်နေကြသည် ။

ကျောင်းရှုကတော့ တကယ်ကိုစိတ်လှုပ်ရှားနေတာပဲ ဖြစ်သည် ။ လွန်ခဲ့တဲ့တနှစ် ယူမင်း နတ်တံခါးဂိုဏ်းရဲ့ ဋ္ဌာနချုပ်ကို ပြန်လာစဉ်က
ယူမင်းကသူတို့က ရှောင်လုံရဲ့ ထိပ်တန်းအဆင့်လွန် အမြွာသိုင်းဝိညဉ်အကြောင်းရော ရှောင်လုံပိုင်ဆိုင်ထားတဲ့ ကောင်းကင်ရတနာအဆင့်၉ ဖြစ်သော လင်းလောင်းရတနာစေတီ အကြောင်းကိုပါ အသေးစိတ်ရှင်းပြခဲ့တယ်မဟုတ်လား  ...။

ယူမင်းရဲ့ ရှင်းပြချက်ကိုနားထောင်ရင်း သူရော ကျန်းဖူရော အရမ်းကိုအံသြခဲ့ရတာပဲ ဖြစ်သည် ။ အခု ရှောင်လုံက အဆင့်၆ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ကိုပိုင်ဆိုင်ထားတယ်ဆိုတာ သူကိုယ်တိုင်ထပ်ပြီး  မျက်မြင်ကိုယ်တွေ့ကြုံတွေ့ရပြန်ပြီ... ။

အခုကျောင်းရှုရင်ထဲမှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားပျော်ရွှင်နေတယ်ဆိုတာကို ပြောပြရန်ခက်ခဲလှသည် ။ရှောင်လုံက အဆင့်၁၀ အတွင်းမှာရှိသော ကောင်းကင်ရတနာနှစ်ခုကိုပိုင်ဆိုင်ထားတဲ့အပြင်
သူ့ရဲ့သိုင်းဝိညဉ်ကလဲ ထိပ်တန်းအဆင့်လွန် အမြွာနဂါးသိုင်းဝိညဉ်ဆိုတော့ ရှောင်လုံရဲ့ အနာဂတ်မှာ ဘယ်လောက်ထိ တိုးတက်သွားနိုင်တယ်ဆိုတာက ကျောင်းရှုတောင်မှ မခန့်မှန်းနိုင်တော့ပေ။

  "... နတ်တံခါးဂိုဏ်းချုပ်.... သိုင်းလေကတခွင် ပြိုင်ဘက်ကင်းသည်... "
ကျောင်းရှုက အချိန်အနဲငယ်ကြာတော့မှ သူ့ရင်ထဲက ရင်ခုန်စိတ်
လှုပ်ရှားနေတာတွေကို ကြိုးစားထိန်းချုပ်လိုက်ကာ ရုတ်တရက်ဒူးထောက်ချပြီး ရှောင်လုံကို လေးစားစွာဖြင့် ဂါရဝပြုလိုက်သည်။

"...ဂိုဏ်းချုပ်... သိုင်းလေကတခွင့် ပြိုင်ဘက်ကင်းသည်... "
ယူမင်း ၊ ဟောက်ထျန်နဲ့ ဖေးဟိုတို့ကလဲ ကျောင်းရှုနောက်ကနေလိုက်ကာ ဒူးထောက်ချရင်းရှောင်လုံကိုဂါရဝပြုလိုက်ပြီး သူတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုတွေ့ရင် ရွတ်ဆိုရသော ဆောင်ပုဒ်ကို ပြိုင်တူရွတ်ဆိုလိုက်ကြသည် ။

တလောကလုံး ပြိုင်ဘက်ကင်းတယ်.. ဟူတ်လား... ?

ရှောင်လုံလဲ ဒူးထောက်ရင်း သူ့ကိုဂါရဝပြုနေကြသော လူလေးယောက်ကို ကူရာကယ်ရာမဲ့နေသော အကြည့်ဖြင့် ကြည့်လိုက်၏။

".. ခင်ဗျားတို့ လေးယောက်လုံး ထကြပါ.. "
ရှောင်လုံက အားလုံးကို ဖေးမထူရင်း မတ်တပ်ရပ်ခိုင်းလိုက်သည်။
"... ကျေးဇူးပါ ဂိုဏ်းချုပ်.. "
ကျောင်းရှုက အရင်မတ်တပ်ရပ်လိုက်ကာ ယူမင်း ၊ ဟောက်ထျန်နဲ့ ဖေးဟိုတို့လဲ ကျောင်းရှုနောက်ကနေ လိုက်ပြီး မတ်တပ်ရပ်လိုက်ကြသည် ။

အဲ့နောက်မှာတော့ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်အကြောင်းဘာတွေသိထားလဲဆိုတာရယ် နတ်တံခါးဂိုဏ်းရဲ့ လက်ရှိအခြေအနေဘယ်လိုကှိတယ်ဆိုတာရယ်ကို ရှောင်လုံက ကျောင်းရှုနဲ့ ယူမင်းတို့ကို မေးမြန်းလိုက်သည် ။ 

ကျောငိးရှုနဲ့ ယူမင်းက ရှောင်လုံမေးမြန်တဲ့ ကိစ္စတွေအပေါ သူ့တို့သိထားသလောက် အစွမ်းကုန်ပြန်လည်ဖြေကြားလိုက်သည် ။
နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်အကြောင်းနဲ့ နတ်တံခါးဂိုဏ်းရဲ့ လက်ရှိအနေအကြောင်းကို ကြားသိပြီးနောက် ရှောင်လုံက ကျောင်းရှုနဲ့ ယူမင်းကိုကြည့်ရင်း ပြောလိုက်သည်
"...နောက်ထပ် ဆယ်ရက်နေရင် ကျုပ်တို့ ဒေါင်ရမ်းအင်ပါရာနိုင်ငံကိုသွားကြမယ်.. "

"... ဂိုဏ်းချုပ်က ဒေါင်ရမ်းအင်ပါရာနိုင်ငံကိုသွားမလို့လား... "
ကျောင်းရှု နဲ့ ယူမင်းက အံသြစွာဖြင့် ပြန်လည်မေးလိုက်၏ ။

အဲ့အချိန်မှာ ဟောက်ထျန်က ကြားဝင်ပြီး ရှင်းပြလိုက်သည်
".. ဒီလိုပါ လက်ဝဲကိုယ်ရံတော်နဲ့ ဆရာယူမင်း...  ဂိုဏ်းချုပ်က ဒိနှစ်မှာ ကြယ်စကြာဝဠာကျောင်းရဲ့ တကျောင်းလုံးချန်ပီယံ ဖြစ်ခဲ့ပြီလေ
ဒါကြောင့်မို့ ဂိုဏ်းချုပ်က အခုလူတောင်းနိုင်ငံကိုကိုယ်စားပြု၍ ဒေါင်ရမ်းအင်ပါရာနိုင်ငံကိုသွားပြီး... နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမှာပါ... !"

"... နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲကို သွားပြိုင်ရမယ်... ?"
ကျောင်းရှုရော ယူမင်းရောက ရှောင်လုံကို မယုံနိုင်သလို မျက်လုံးတွေပြူးရင်း ကြည့်လိုက်ကြသည် ။

ဒေါင်ရမ်းအင်ပါရာနိုင်ငံက လက်ခံကျင်းပပေးသော နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲအကြောင်းကို ကျောင်းရှု နဲ့ ယူမင်းတို့ နဲနဲလောက်ကြားဘူလေသည် ။ သူတို့နေ့ထိုင်တဲ့ တိမ်ကြယ်တာရာတိုင်းမှာလဲ အင်ပါရာဘုရင်မင်းမြတ်က သူလက်အောက်နိုင်ငံအသီးသီးဆီကနေ ထူးချွန်သော ပါရမီရှင်တွေကို ရွေးချယ်ကာ သိုင်းပြိုင်ပွဲ ကျင်းပလေ့ရှိသည်။

ဒါပေမယ့် သူတို့ရဲ့ ဂိုဏ်းချုပ် ရှောင်လုံက အခုမှ အသက်၁၇ နှစ်ပဲ ရှိသေးတာမဟုတ်လား... ။ ၁၇ နှစ်နဲ့ ဘယ်လိုလုပ်ပြီး နိုင်ငံတနိုင်ငံကို ကိုယ်စားပြုကာ နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာလဲ... ?

"... ဂိုဏ်းချုပ်.. ဂိုဏ်းချုပ်အတွင်းအားက မြေကြီးအဆင့်၁၀ ကို ရောက်ရှိနေပြီလား... ?"
ယူမင်းက သူ့ရင်ထဲမှာ မအောင့်အည်းနိုင်တော့ပဲ ရှောင်လုံကိုထုတ်မေးလိုက်သည် ။

ရှောင်လုံက ကြယ်စကြာဝဠာတကျောင်းလုံးရဲ့ ချန်ပီယံဖြစ်ခဲ့တယ်ဆိုကတည်းက သူ့ရဲ့အတွင်းအားက အနဲဆုံး မြေကြီးအဆင့်၁၀ ကိုတော့ရောက်နေလောက်ပြီလို့ ယူမင်းက တွက်ဆလိုက်တာပဲ ဖြစ်သည်။

ရှောင်လုံက အခုမှဘယ်အသက်အရွယ်ရှိသေးလို့လဲ... ? အမှန်တိုင်းပြောရရင် အခုလက်ရှိရှောင်လုံအသက်အရွယ်က ချာတိတ်သာသာပဲ ရှိသေးတာမဟုတ်လား.. ။ ဒီလိုချာတိတ်လေးရဲ့ အတွင်းအားက
မြေကြီးအဆင့်၁၀ကို ရောက်ရှိနေပြီဆိုတာက ယူမင်းဖို့တော့ အတော့ကို ယုံကြည်ရခက်ခဲနေလေသည် ။ ကျောင်းရှုကိုယ်တိုင်တောင် ရှောင်လုံကို နားမလည်သလို စိုက်ကြည့်လိုက်၏ ။

ရှောင်လုံကခေါင်းညိတ်ပြကာ
"... လွန်ခဲ့တဲ့ နှစ်လလောက်က ကျုပ်ရဲ့အတွင်းအားတွေက မြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့ အထွတ်အထိပ်ကို အဆင့်တက်ခဲ့တယ်
နောက်နဲနဲလောက်ဆိုရင်ပဲ မြေကြီးအဆင့်ကနေ ကောင်းကင်အဆင့်ကို ကျော်ဖြတ်နိုင်တော့မှာပါ... "

လွန်ခဲ့တဲ့ နှစ်လထဲက မြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့ အထွပ်အထိပ်သိုင်သမားဖြစ်နေခဲ့တာ... ဟူတ်လား.. ?

ကောင်းကင်သိုင်သမားဖြစ်ဖို့ ခြေတလှမ်းသာသာလောက်ပဲလိုတော့တယ်... !

ကျောင်းရှုရော ယူမင်းရောရှောင်လုံစကားကို ကြားတော့ လေအေးတချက်ကိုပြိုင်တူရှုသွင်းလိုက်ကာ သူ့တို့မျက်လုံးတွေက ပြူးရလွန်းလို့ မျက်လုံးအိမ်ကနေ ကျွတ်ထွက်မတတ်ကို ပြူးကြယ်သွားကြသည်။

အသက်၁၇ နှစ်နဲ့ မြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့ အထွတ်အထိပ်အဆင့် သိုင်းသမားဟုတ်လား.. ?
နှစ်လလောက်က....
ဒါဆို ဂိုဏ်းချုပ်အသက်က အခုထိ ၁၆ နှစ်ပဲ ရှိသေးတာပေါ့... ?!

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၅၈ ....ဒေါင်ရမ်းအင်ပါကာနိုင်ငံသို့ ခရီးစဉ်

     ကျောင်းရှုရော ယူမင်းရောရှောင်လုံစကားကို ကြားတော့ လေအေးတချက်ကိုပြိုင်တူရှုသွင်းလိုက်ကာ သူ့တို့မျက်လုံးတွေက ပြူးရလွန်းလို့ မျက်လုံးအိမ်ကနေ ကျွတ်ထွက်မတတ်ကို ပြူးကြယ်သွားကြသည်။

အသက်၁၇ နှစ်နဲ့ မြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့ အထွတ်အထိပ်အဆင့် သိုင်းသမားဟုတ်လား.. ?
နှစ်လလောက်က....
ဒါဆို ဂိုဏ်းချုပ်အသက်က အခုထိ ၁၆ နှစ်ပဲ ရှိသေးတာပေါ့... ?!

ရှောင်လုံက သိပ်မကြာခင်အချိန်တွင်းမှာ ကောင်းကင်သိုင်သမားအဆင့်ကိုကျော်ဖြတ်နိုင်တော့မယ်ဆိုတာကိုကြားတော့ ကျောင်းရှုရော ယူမင်းရော မယုံနိုင်အောင် ဖြစ်သွားကြသည်။ ဒါတောင်မှ ရှောင်လုံက အတွင်းအားအရာမှာ ကောင်းကင်အဆင့်ရောက်နေတဲ့လူတယောက်ကဲ့သို့ သူ့ရဲ့ကိုယ်တွင်းစွမ်းအားက ကောင်းကင်အဆင့်ရောက်နေပြီဆိုတာကို ကျောင်းရှုတို့အား ထုတ်မပြောသေးပေ.. ။

ကောင်းကင်အဆင့်၂ ရောက်နေတဲ့ အတွေ့အကြုံရင် သိုင်သမား စစ်သူကြီးချုပ် ဟောက်ထျန်တောင် အခုလက်ရှိမှာ ရှောင်လုံရဲ့ ပြိုင်ဘက်မဖြစ်နိုင်တော့ဘူးဆိုတာကို ကြားလိုက်ရင် ကျောင်းရှုနဲ့ ယူမင်းတို့နှစ်ယောက် အံသြစရာတွေများလွန်းလို့ ရူးသွားနိုင်တယ်မဟုတ်လား..။

သူတုိ့အားလုံး ပြောကြဆိုကြပြီးနောက် ရှောင်လုံက ကျောင်းရှုနဲ့ ယူမင်းက သူ့ရဲ့ထျန်ယွမ်အိမ်တော်မှာပဲ တည်းခိုခိုင်းလိုက်သည်။
နောက်ထပ်ဆယ်ရက်ဆိုရင် သူတို့နှစ်ယောက်လုံးက ရှောင်လုံကိုအဖော်ပြုကာ ဒေါင်ရမ်းအင်ပါရာနိုင်ငံသို့ ခရီးစဉ်စတင်ကြမှာပဲ ဖြစ်သည်။

ဒီဆယ်ရက်အတောအတွင်းမှာ ရှောင်လုံက ဒေါင်ရမ်းအင်ပါရာနိုင်ငံသွားမယ်ခရီးစသ်ူမစတင်မှီ များစွာသော ပြင်ဆင်စရာရှိတာတွေကို ဖေးဟိုအား စေခိုင်းထား၏ ။ သူဘယ်အချိန်မှာ လူတောင်းနိုင်ငံကို ပြန်လာနိုင်မယ်ဆိုတာက မသေချာသေးဘူးမဟုတ်လား.. ။ ဒါကြောင့်မို့
ရှောင်လုံဆီမှာ ကြိုတင်ပြင်ဆင်ထားရမယ့်ကိစ္စတွေက များစွာရှိနေ၏။

ဒေါက်ကိုးခုကုသည်သည်အဖွဲ့ရဲ့ ဆက်သွားရမယ့်လမ်းကြောင်း ၊
စီမံခန့်ခွဲ့မှု ၊ သူ့မိသားစုရဲ့ အနာဂတ် အဲ့ဒီကိစ္စတွေအားလုံးကို ရှောင်လုံအနေနဲ့ ကြိုတင်ပြင်ဆင်ထားရမှာပဲ ဖြစ်သည် ။

ရှောင်လုံက နောင်တချိန်မှာ ဒေါင်ရမ်းအင်ပါရာနိုင်ငံထဲမှာ အခြေချနေထိုင်ဖို့ စိတ်ကူးရှိနေတာပဲ ဖြစ်သည် ။ အဲ့အတွက်ကြောင့် ဒေါက်ကိုးခုကုန်သည်အဖွဲ့ရဲ့ ဋ္ဌာနချုပ်နေရာကိုလဲ ပြန်လည်သတ်မှတ်ဖို့ လိုနေသေးတယ်မဟုတ်လား ...။

ရှောင်လုံက သူ့ဒေါင်ရမ်းအင်ပါရာနိုင်ငံမှာ အသားကျသွားပြီဆိုတယနဲ့ သူမိသားစုကိုခေါ်ဖို့ စိတ်ကူးထား၏ ။
အချိန်ဆယ်ရက်က လျင်မြန်စွာပဲ ကုန်ဆုံးသွားသည်။

ရှောင်လုံက သူ့အချိန်အများစုကို နတ်အတွင်းအားလေ့ကျင့်ခြင်းအပြက် ဖေးဟိုနဲ့ လိုအပ်သော အစီအမံတွေစီစဉ်နေရင်းနဲ့ပဲ ကုန်ဆုံးစေခဲ့သည် ။

အဲ့ဒီအချိန်တုံးကရှောင်လုံရဲ့ နတ်လက်စွပ်ထဲမှာ အဆင့်၁၀ သားရဲကြီးတွေရဲ့ အမြူတေပေါင်းတသောင်းနီးပါလောက်ရှိနေပြီး ဒိပမဏက ရှောင်လုံသိုင်းလေ့ကျင့်ဖို့အတွက်လုံလောက်မှုရှိသောအနေအထားတခုပဲ ဖြစ်သည်။

အဆင့်၁၀ သားရဲအမြူတေ အခုတသောင်းက ငွေးကြေးအရ အရမ်းများပြားသော ပမာဏတခုလို့ထင်ရပေမယ့် အခုလက်ရှိ ဒေါက်ကိုးခုကုန်သည်အဖွဲ့ရဲ့ လည်ပတ်ပုံနဲ့ဆိုရင် သိပ်ပြီးစာဖွဲ့စရာမလိုတဲ့ ပမဏပဲ ဖြစ်သည်။

ရှောင်လုံအတွက်တော့ သူသိုင်းလေ့ကျင့်ရာမှာလိုအပ်သော သားရဲအမြူတေပမဏာကို အမဲလိုက်ပြီး ရှာဖွေနေစရာမလိုတော့ပေ ..။
(သားရဲအမြူတေက မီနဂါးပုလဲပြုလုပ်ရာမှာ လိုအပ်တဲ့ ပစ္စည်းပါ.. )

ဒိဆယ်ရက်အတွင်း ရှောင်လုံရဲ့ မနေမနားလေ့ကျင့်မှုအောက် သူ့ရဲ့အတွင်းအားချီတွေက ပမဏာနဲနဲလောက် ထပ်ပြီးတိုးတက်လာ၏။

ဒီနေ့မှာ ကောင်းကင်ကြီးက ကြည်လင်တောက်ပနေသလို တခါတရံလေးပြေလေညှင်းလေးတွေ ဆော့ကစားနေတဲ့ လှပသောနေလေးတနေ့ပဲ ဖြစ်သည် ။ လူတောင်းနိုင်ငံရဲ့ မြို့တံခါးဂိတ်မှာတာ့ လူတွေအများကြီး တန်းစီရပ်နေကြသည် ။

လူအုပ်ထဲမှာက ဟောင်မိသားစုဝင်တွေအပြင် လူတောင်းနိုင်ငံဘုရင်မင်းမြတ် လူကျန်းနဲ့ သူ့သား လူခိုင် ၊ ကြယ်စကြာဝဠာကျောင်းရဲ့ ကျောင်းအုပ်ကြီး စွင်းကျန်း နဲ့ လက်ထောက်ကျောင်းအုပ် ရှောင်းချူးတို့လဲ ပါဝင်သည် ။ သူတို့က ရှောင်လုံဒေါင်ရမ်းအင်ပါရာနိုင်ငံသို့ သွားမယ်ခရီးစဉ်ကို လာရောက်ပို့ဆောင်ကြတာပဲ ဖြစ်သည် ။

ဒေါင်ရမ်းအင်ပါရာနိုင်ငံသို့ သွားမယ့်ခရီးစဉ်အတွက် ရှောင်လုံက လူတွေသိပ်အများကြီး ခေါ်ဆောင်သွားခြင်းမရှိချေ... ။ ကျောင်းရှုနဲ့
ယူမင်းတို့အပြင် ဖေးဟိူတယောက်ကိုပဲ သူ့နဲ့အတူခေါ်ဆောင်သွားမှာ ဖြစ်သည် ။ ဟောက်ထျန်က လူတောင်းနိုင်ငံရဲ့ တဦးတည်းရှိသော စစ်သူကြီးချုပ် ဖြစ်တာမို့ သူ့ရဲ့မြင့်မားသော ဂုဏ်ပုဒ်အရရော ရာထူးအရသူမှာဆောင်ရွက်စရာ တာဝန်များစွာရှိနေတယ်မဟုတ်လား.. ။
ဒါကြောင့် စစ်သူကြီးချုပ်ဟောက်ထျန်ကိုတော့ ရှောင်လုံက လူတောင်းနိုင်ငံမှာပဲ ချန်ထားခဲ့လိုက်သည် ။ ဒါအပြင် လူတောင်းနိုင်ငံနဲ့ ထျန်ယွမ်အိမ်တော်ရဲ့ လုံခြုံရေးအတွက် စိတ်ချထားရမယ့် လူတယော်ရှိဖို့လဲ လိုအပ်တယ်မဟူတ်လား... ။

သူတို့လေးယောက်က မြို့တံခါးဝမှာ အတန်းလိုက်ရပ်နေကြသည်။
ဘုရင်လူကျန်း ၊ ရှောင်ချူးနဲ့ တခြားသူတွေကတော့ ရှောင်လုံဘေးမှာရပ်နေတဲ့ ယူမင်းကိုတခါမှမမြင်ဘူးသေယကြောင့် မသိကြပေ.. ။
ဒါပေမယ့် စွင်းကျန်းကတော့ယူမင်းကို အရင်ကတခါမြင်ဘူးထားလေသည် ။ ဒါကြောင်မို့ သူကယူမင်းကိုမြင်လိုက်တာနဲ့ စွင်းကျန်က အရမ်းကိုအံသြသွားကာ အရှေ့ကိုအမြန်ပြေးထွက်လာပြီး အရမ်းကိုရိုသေလေးစားသောအမူအရာဖြင့် နှုတ်ဆက်စကားဆိုလိုက်သည် 
"... စီနီယာ ယူမင်း နေကောင်းပါရဲ့လားခင်ဗျ... "

စွင်းကျန်းပါးစပ်ကနေ ထွက်လာသော "..စီနီယာ.. " ဆိုတဲ့ စကားကိုကြားတော့ ဘုရင်လူကျန်း ၊ လက်ထောက်ကျောင်းအုပ် ရှောင်းချူးနဲ့ တခြားသူတွေက အရမ်းအံအားသင့်သွားကြသည် ။ အဲ့နောက် ယူမင်းက စစ်သူကြီးချုပ် ဟောက်ထျန်နဲ့ ဖေးဟိူတို့နှစ်ယောက်ရဲ့ ဆရာ ဖြစ်တယ်ဆိုတာကိုလဲ ကြားရော သူတို့အားလုံးအံသြကြက်သေသေသွားကာ သူတို့လဲ အရှေ့သို့အလျင်အမြန်ထွက်လာကြပြီး ယူမင်းကို
နှုတ်ဆက်လိုက်ကြသည် ။ စစ်သူကြီးချုပ် ဟောက်ထျန်ရဲ့ ဆရာက
စကြာဝဠာအဆင့်ရောက်ဖို့ အနဲငယ်သာလိုသော ကြောက်စရာကောင်းတဲ့ သိုင်သမားတယောက်ဆိုတာ သူတို့အားလုံး ကြားဘူးထားကြသည် ။

ဒါတောင်မှ ယူမင်းက ရှောင်လုံကို ".. သခင်လေး .." လို့ ရည်ညွှန်းခေါဆိုတာကိုကြားတော့ စွင်းကျန်းအပါအဝင် သူတို့အားလုံးရဲ့
နဖူးပြင်ထက်မှာ ဇောချွေးတွေပြန်လာကြသည် ။

နောက်ထပ်ထူးခြားတာတခုကိုလဲ သူတို့သတိထားမိလိုက်၏ ။ အဲ့ဒါကတော့ ယူမင်းက သူဘေးမှာရပ်နေသော ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်နဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးကို အရမ်းကိုရိုကျိုးလေးစားစွာ ဆက်ဆံနေတာကို သတိထားမိလိုက်ကြသည် ။

စစ်သူကြီးချုပ်ဟောက်ထျန်နဲ့ ဖေးဟိုတောင် အဲ့လူကြီးအရှေ့ရောက်
အပြစ်လုပ်ထားတာကို ဖမ်းမိထားတဲ့ ကလေးငယ်လေးတွေကဲ့သို့ မလုံမလဲ ဖြစ်နေတာကိုလဲ မြင်တွေ့လိုက်ကြသည် ။ ဒါတောင်မှ
အဲ့ဒီသတ်လတ်ပိုင်းအရွယ်လူကြီးရော ယူမင်းရောက ရှောင်လုံကို
"...သခင်လေး.. " ဟု ခေါ်ဝေါ်တာကို သူတို့အားလုံး မြင်တွေ့နေရသည် ။

ခနလောက်နှုတ်ဆက်စကားပြောပြီးတဲ့နောက် ရှောင်လုံ ၊ ကျောင်းရှု
ယူမင်း နဲ့ ဖေးဟိုတို့က သူတို့သက်ဆိုင်ရာ စီးတော်ယဉ်သားရဲကြီးတွေပေါ်သို တက်လိုက်ကြပြီး လူတောင်းနိုင်ငံကနေ စတင်ထွက်ခွာလာကြသည် ။ ရှောင်လုံလူရိပ်က ဟိုအဝေးမှာ ပျောက်ကွယ်သွားချိန်အထိ ဘုရင်လူကျန်း ၊ ကျောင်းအုပ်ကြီး စွင်းကျန်အပါအဝင် ရှောင်လုံကို လာနှုတ်ဆက်ကြသော လူတွေအကုန်လုံးက ရှောင်လုံကို ပျောက်ကွယ်သွားသော အဝေးတနေရာကိုပဲ ငေးမောကြည့်နေ၏ ။

ဘုရင်လူကျန်းအပါအဝင် ဘယ်သူမှ နောက်ထပ်နေ့တဝက်ကြာတာတောင် လှုပ်ရှားမယ့်အနေအထားကိုမမြင်တာမို့ ဟောင်ပန်က
သတိထားပြီး ဖြည်းဖြည်းပြောလိုက်သည်
"... အရှင်မင်းကြီး ... ကျွန်တော်တို့ ပြန်ကြတော့မလား... ?"

ဟောင်ပန်စကားကိုကြားတော့မှ ရှောင်လုံပျောက်ကွယ်သွားသောနေရာဆီသို့ ငေးမေ.ကြည့်နေကြတဲ့သူတွေအကုန်လုံး သတိပြန်လည်လာကြသည်။ ဘုရင်လူကျန်းက သတိပြန်ဝင်လာကာ ဟောင်ပန်ကို ဖော်ရွေစွာပြုံးပြရင်း ပြောလိုက်သည်
".. အာ... ဟုတ်ပ... ဟူတ်ပ... အကိုဟောင်ပန်... ကျွန်တော်တို့ ပြန်ကြရအောင်... "

အကိုဟောင်ပန်.. ဟုတ်လား... ?

ဟောင်ပန်လဲ ဘုရင်လူကျန်းသူ့ကို ရည်ညွှန်းခေါ်ဆိုတဲ့ စကားကို
ကြားတာ့ နားကြားလွဲသွားသလိုမျိုးကို အံသြသွားလေသည် ။ လူတောင်းနိုင်ငံရဲ့ အကြီးမြတ်ဆုံးသော ဘုရင်မင်းမြတ်က သူ့ကို "..အကိုဟောင်ပန်.." လို့ သုံးနှုန်းခေါဝေါ်နေပါလား...? ငါများနားကြားမှားသလားဟ... ? သူ့အရင်ဟောင်ကလန်မှာ နေထိုင်တုံးကဆိုရင် ဟောင်ပန်တယောက် အခုလိုအခြေအနေမျိုးကို အိမ်မက်ထဲတောင် ထဲ့မမက်ဘူးပေ... ။

".. အရှင်မင်းကြီး... မသင့်တော်ဘူးထင်ပါတယ်... အရှင်မင်းကြီး အရှေ့ကနေ အရင်ကြွပါ... "
ဟောင်ပန်ကအရင်အမြန်ပြန်ဖြေလိုက်၏ ။ ဘုရင်လူကျန်းက သူ့ကို
အကိုဟောင်ပန်လို့ ခေါ်တယ်ဆိုတာက ရှောင်လုံကြောင့်ဆိုတာကို
ဟောင်ပန်တယောက် နားလည်လိုက်သည် ။ ဒါပေမယ့် ဟောင်ပန်စိတ်ထဲမှာ လူတောင်းနိုင်ငံဘုရင်မင်းမြတ်နဲ့ ညီအကိုဖြစ်လာမယ့်အပေါ
မဝံမရဲ ဖြစ်နေလေသည် ။

ဟောင်ပန်က ရိုရိုသေသေဖြင့် ဘုရင်လူကျန်းကို အရင်သွားဖို့ သူကနောက်ချန်နေခဲ့လိုက်သော်လဲ ဘုရင်လူကျန်းကတော့ အရမ်းကိုနွေးထွေးသောအမူအရာဖြင့် ဟောင်ပန်လက်ကိုကိုင်ဆွဲကာ ဟောင်ပန်နဲ့ ဘေးချင်းယှဉ်ရက်ပဲ လျှောက်ရင်း လူတောင်းမြို့ထဲသို့ ပြန်ဝင်လာလိုက်သည် ။

ဘုရင်လူကျန်းက ဟောင်ပန်လက်ကိုကိုင်ဆွဲကာ မြို့ထဲဝင်သွားတဲ့ မြင်ကွင်းကိုကြည့်ရင်း စွင်းကျန်းရော ရှောင်းချူး စိတ်ထဲမှာရော ဒါဟာသဘာဝမကျဘူး.. ရယ်စရာကောင်းတယ်လို့ မခံစားရပေ...။
အဲ့ဒိအစားသူတို့က ဘုရင်လူကျန်းအပေါ်ကိုတောင် ကျိတ်ပြီးအားကျနေကြသည် ။

လူတောင်းနန်တွင်းမြို့တော်အတွင်းသို့  ပြန်ဝင်လာပြီးတဲ့နောက် ဘုရင်လူကျန်းက နန်းတော်က ပြန်ဖို့ စိတ်ကူးမရှိသေးပဲ ဟောင်ပန်တို့နေထိုင်တဲ့ ထျန်ယွမ်အိမ်တော်သို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်သည် ။ ထျန်ယွမ်အိမ်တော်ကိုရောက်တော့လဲ ဘုရင်လူကျန်းက ဟောင်ပန်နဲ့ ဘေးချင်းယှဉ်ရက် ထိုင်ကာ ငယ်ပေါင်းကြီးဖော်တွေလိုမျိုး အချိန်အတော်ကြာအောင် အားရပါးရစကားပြောသွား၏ ။ အဲ့နောက် မှောင်ရီသမ်းလာတဲ့အချိန်ကြမှ သူ့ရဲ့နန်တွင်းကိုပြန်သွား၏ ။

ဘုရင်လူကျန်းကို ထျန်ယွမ်အိမ်တော်ရဲ့ တံခါးဝသို့ လိုက်ပါပို့ဆောင်ကာ လူတောင်းနိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်သောအုပ်ချုပ်သူကြီး
သူ့မြင်ကွင်းရှေ့ကနေ ပျောက်ကွယ်သွားတာကိုကြည့်ရင်း
ဟောင်ပန်တယောက် အိမ်မက်ကမ္ဘာထဲ ရောက်ရှိနေသလိုမျိုး ခံစားနေရသည် ။

သူကိုရင်းနီးဖော်ရွေစွာ ဆက်ဆံပြီး သူ့လက်ကိုကိုင်ဆွဲကာ အားရပါးရစကားပြောသွားတဲ့ လူအကြောင်းကို ပြန်စဉ်းစားရင် ဟောင်ပန်တယောက် ကြက်သီးမွှေးညှင်း ထလာသလိုမျိုး ခံစားလိုက်ရ၏။
ဒါဟာ တကယ်ပဲ လူတောင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ် လူကျန်း ဟူတ်ပါတယ်နော်... ?

ဒီကိစ္စတွေက အမှန်တကယ်ဖြစ်ပွားခဲ့ပေမယ့် ဟောင်ပန်စိတ်ထဲမှာတော့ ယုံကြည်ရခက်ခဲနေတုံးပဲ ဖြစ်သည် ။ နန်တွင်းကိုပြန်ရောက်ရောက်ချင်းမှာပဲ ဘုရင်လူကျန်းက စစ်သူကြီးချုပ်ဟောက်ထျန်ကို အခစားဝင်ဖို့ ဆင့်ခေါ်လိုက်သည် ။

စစ်သူကြီးချုပ်ဟောက်ထျန်ကနန်တွင်းကိုရောက်တော့ ဘုရင်လူကျန်းနဲ့အတူတူ စစ်တပ်ကိစ္စ ၊ တိုင်ပြည်နယ်စပ်ရေးရာ ကိစ္စတွေကို ဆွေးနွေးကြသည် ။ အဲ့နောက် ဘုရင်လူကျန်းက စကားပြောနေရင်း ခနလောက် တုန့်ဆိုင်းသွားပြီးမှ မေးလိုက်သည်
"... စစ်သူကြီးချုပ်  ... မောင်မင်းကို ငါကိုယ်တော် တခုလောက်မေးချင်တယ်.. "

"... အရှင်မင်းကြီး သိချင်တာကိုမေးမြန်းနိုင်ပါတယ်.. "
စစ်သူကြီးချုပ်ဟောက်ထျန်က ပြန်ဖြေလိုက်သည် ။ သူကိုယ်တိုင်ဘုရင်လူကျန်း ဘာမေးချင်လဲဆိုတာကို မသိသေးပေ... ။ ဒါပေမယ့် ဘုရင်လူကျန်း ဘာသိချင်နေလဲဆိုတာကိုတော့ သူအရိက်အမြွက် ခန့်မှန်းနိုင်လေသည် ။

စစ်သူကြီးချုပ် မျှော်လင့်ထားသော မေးခွန်းကိုပဲ ဘုရင်လူကျန်းက မေးလိုက်သည်
"... အဲ့... အဲ့ဒီ စီနီယာ ကျောင်းရှုရဲ့ တကယ့်ဘဝအစစ်အမှန်ကဘာလဲ... "
ဘုရင်လူကျန်းက အနဲငယ်စိတ်လှုပ်ရှားနေသလိူမျိုး မေးမြန်းလိုက်သည် ။

"... ကျွန်တော်မျိုးကြီးက စီနီယာ ကျောင်းရှုရဲ့ ဘဝအစစ်အမှန်ကိုတော့ ထုတ်ဖော်မပြောရဲပါဘူး.... ဒါပေမယ့် ကျွန်တော်မျိုးပြောနိုင်တာတခုက စီနီယာ ကျောင်းရှုက ကျွန်တော့ဆရာ ယူမင်းထက် အများ
ကြီးပိုပြီး အစွမ်းထက်တယ်ဆိုတာပဲ... "

အများကြီး ပိုအစွမ်းထက်တယ် ဟူတ်လား... ?

စစ်သူကြီးချုပ် ဟောက်ထျန်ရဲ့ဆရာ ယူမင်းဆိုတာက စကြာဝဠာအဆင့်ကိုရောက်တော့မယ့် သိုင်သမားတယောက်မဟုတ်လား.. ။ စီနီယာယူမင်းထက်တောင် အများကြီးပိုအစွမ်းထက်တယ်ဆိုတော့
မဟုတ်မှလွဲရော....  ဒီစီနီယာ ကျောင်းရှုက..... ?
ကျောင်းရှုရဲ့ ဖြစ်နိုင်ချေကိုစဉ်းစားရင်း ဘုရင်လူကျန်းမျက်နှာမှာ သွေးရောင်တွေအနဲငယ် ပျောက်ဆုံးသွားကာ ဖြူဖတ်ဖြူလျော် ဖြစ်သွားသည် ။ ဘယ်သူဘယ်ဝါဖြစ်နိုင်တယ်ကို စဉ်းစားလိုက်ရုံနဲ့တင် သူအရိုးထဲကနေ စိမ့်ပြီးချမ်းလာသလို ခံစားလိုက်ရကာ နဂါးပုလ္လင်ထက်ကနေ ပြုတ်ကြတော့မတတ် ဖြစ်သွားသည် ။ သူနှလုံးသားကလဲ အပြင်ကို ခုန်ထွက်လုမတတ်ကို အဆက်မပြတ်ခုန်နေ၏ ။

ဒါဆို စီနီယာ ကျောင်းရှု ဆိုတာ... ? ဘုရင်လူကျန်းလဲ ဆက်တွေးဖို့တောင် မဝံမရဲ ဖြစ်သွားသည် ။

ဒါဆို ဟောင်ရှောင်လုံကရော ဘာလဲ.. ? ဟောင်ရှောင်လုံရဲ့ တကယ့်ဘဝအစစ်အမှန်ကရော ဘာလဲ..? ကျောင်းရှုလို လူပုဂ္ဂိုလ်ကတောင် ရှောင်လုံကို သခင်လေးလို့ ခေါ်နေပါလား... !

သူရဲ့နဂါးဝတ်စုံတခုလုံး ချွေးတွေဖြင့် ရွှဲနစ်လာ၏ ။ တချိန်ထဲမှာပဲ ဟောင်ပန်ကို ညီအကိုအရင်းသဖွယ် ဆက်ဆံလိုက်မှုအပေါ်ကို ပြန်စဉ်းစားရင်း အရမ်းကိုပျော်ရွှင်သွားသည် ။ သူ့သာဟောင်ပန်ကို အပြစ်ပြုမိမယ်ဆိုရင် ရှောင်လုံ စိတ်ထဲမှာ ခုသွားမှာမဟူတ်လား.. ။ ပြီးတော့
ကျောင်းရှုက အီးတချက်ပေါက်လိုက်ရုံနဲ့ တင် သူတို့လူတောင်တနိုင်ငံကလုံးကို ချေမှုန်းနိုင်တယ်ဆိုတာ သူ့အသိဆုံးပဲ ဖြစ်သည် ။

"... အမိန့်တော်ချမယ်.. အမိန့်တော်ချမယ်... ဒီနေ့ဒီအချိန်ကစပြီး
ဟောင်ပန်ကို တော်ဝင်မှုးမတ်အဖြစ် သတ်မှတ်စေ...."
ဘုရင်လူကျန်းက သူ့အတွေ့ကမ္ဘာထဲကနေ လန့်နိုးလာကာ သူ့ဘေးမှာ ခစားနေသော ကုန်းကုန်းတယောက်ကို ချက်ချင်းအမိန့်ပေးလိုက်သည်
"... စုရန်ကိုလဲ နိုင်ငံရဲ့အဆင့်တစ် လေဒီအဆင့်သို့ သတ်မှတ်စေ...  "

ဘုရင်လူကျန်းဘေးမှာ ခစားနေသော ကုန်းကုန်းလဲ အရမ်းကိုအံသြသွားကာ
"... အရှင်မင်းကြီး... ဒီ...ဒိလိုလုပ်ဖို့ မသင့်တော်ဘူးထင်တယ်နော်... "

လူတောင်း တနိုင်ငံလုံးမှာမှ တောင်ဝင် မှုးမတ်အဖြစ်သတ်မှတ်ခံထားရတဲ့ လူဆိုလို့ သုံးယောက်သာရှိသည် ။ သူတို့အားလုံးကလဲ လူတောင်းနိုင်ငံကို စတင်တည်ထောင်ကတည်းက ပါဝင်လာကြတဲ့ သူတွေကြီးပဲ ဖြစ်သည် ။

အခုလိုမျိုး ဟောင်ပန်ကို ဆိုင်းမဆင့်ဗုံမဆင့် တောင်ဝင်မှုးမတ်အဖြစ်သတ်မှတ်လိုက်ခြင်းက ပြည်သူတွေကို ရာထူးသတ်မှတ်တဲ့ အပေါ်များစွာ အကျိုးသက်ရောက်သွားမှာဖြစ်ပြီး ဝန်ကြီးမှုးမတ်တွေရဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ခြင်းကိုလဲ ခံရနိုင်သည် ။

ကုန်းကုန်းက ထပ်ပြောဖို့ ပြင်နေတုံးမှာပဲ ဘုရင်လူကျန်းလက်ဝါးက သူ့မျက်နှာနဲ့ မိတ်ဆက်သွားကာ ကုန်းကုန်းလဲ အဝေးသို့ လွင့်ပျံသွားသည် ။

"...ဟေ့ကောင်...ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါပြောရအောင်.... မင်းက ဘုရင်လား.... ငါကဘုရင်လားကွ... ?"
ဘုရင်လူကျန်းက ဒေါသတကြီးဟိန်းဟောက်လိုက်လေသည် ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၅၉ ..... တောင်ဘက်တောင်ကြားမြို့ကိုဖြတ်သွားခြင်း

ဘုရင်လူကျန်းရဲ့ လက်ဝါးနဲ့ မိတ်ဆက်ပြီးတဲ့နောက် ကုန်းကုန်းရဲ့ မျက်နှာက သွေးမရှိတော့သယောင်ဖျော့တော့သွားကာ လဲကျနေရာကနေ ချက်ချင်းဒူးထောက်ချလိုက်ပြီး အဆက်မပြတ်အသနားခံတော့သည်
".. ကျွန်တော်မျိုး သေသင့်ပါတယ်... ကျွန်တော်မျိုးကြီးသေသင့်ပါတယ်.."

အဲ့နောက် သိပ်မကြာခင်မှာပဲ ဘုရင်လူကျန်းက ဟောင်ပန်ကို တောင်ဝင်မှုးမတ်အဖြစ် သတ်မှတ်လိုက်သော သတင်းက လူတောင်းနန်းတွင်းမြို့တော်တခုလုံးကို တောမီးလောင်သကဲ့သို့လျင်မြန်စွာ ပျံနှံသွား၏ ။ နန်းတွင်းမြို့တခုလုံး ဘုရင်လူကျန်းရဲ့ ရုတ်တရက်ချမှတ်လိုက်သော အမိန့်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည် ။

"... ဟောင်ပန်ကိုဟုတ်လား... ? သူက ဟောင်ရှောင်လုံရဲ့ အဖေမဟုတ်လား... ? ဒေါင်ရမ်းအင်ပါရာနိုင်ငံကကျင်းပမယ့် နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာ ငါတို့လူတောင်းနိုင်ငံကိုကိုယ်စားပြုပြီး သိုင်းယှဉ်ပြိုင်မယ့် ဟောင်ရှောင်လုံတယောက် နံပါတ်တစ်နေရာကိုရရင်တောင် ဘုရင်လူကျန်းက ဟောင်ပန်ကို အခုလိုမျိုး ထိပ်တန်းတော်ဝင်ဘွဲ့
ဖြစ်တဲ့ တော်ဝင်မှုးမတ်ဘွဲ့ကိုပေးပါမလား... ?" 

".. ဒါလဲ ဟုတ်တာပဲ... ပြီးတော့ ဟောင်ရှောင်လုံက အခုထိ သိုင်းပြိုင်ပွဲမှာ ဗိုလ်ဆွဲသေးတာမှမဟူတ်တာ... ? ပြီးတော့ ဟောင်ရှောင်လုံက အခုထိ ကောင်းကင်အဆင့်ကိုတောင်ရောက်သေးတာမှမဟုတ်တာ... ဒီလောက်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ သိုင်းပြိုင်ပွဲပြီးရင် သူအသက်ရှင်ရက် ရှိနေနိုင်မယ်လို့ဘယ်သူကအာမခံနိုင်မှာလဲ ...?"

"... ဒါမှမဟုတ် ဘုရင်လူကျန်းခေါင်းကို မြင်းကန်ခံရလို့ အခုလိုမျိုး ပေါက်ကတွေ လျှောက်လုပ်နေတာများလား... ?"

" တော်ဝင်ထိပ်တန်းအလွှာကနေ ဟိုးအောက်ခြေလူတန်းစားတွေအထိ အင်းအားကြီး အင်အားသေး သိုဏ်းဂိုဏ်းတွေအကုန်လုံးမှာ
ဟောင်ပန်ကို တော်ဝင်မှုးမတ်ခန့်အပ်လိုက်တဲ့ သတင်းအပေါ်
ဆွေးနွေးကြတဲ့ အသံတွေဖြင့် ဆူညံနေကြသည် ။

သာမန်လူတန်းစားတချို့ဆို သူတို့ဘုရင် ရူးသွပ်သွားပြီလို့တောင် ထင်နေကြသည် ။ နန်းတွင်းထဲက ခန်းမဆောင်တခုအတွင်းမှာတော့
အုပ်ချုပ်ရေးဆိုင်ရာ အမတ်မင်းတွေရော စစ်တပ်က စစ်သူကြီးတွေပါ
လူစုံတက်စုံရောက်ရှိနေကြသည် ။

စစ်သူကြီးချုပ်ဟောက်ထျန်က စစ်တပ်ဘက်က ခေါင်းဆောင်နေရာမှာ ရပ်နေပြီး သူရဲ့တခြားတဖက်မှာတော့ အရပ်ရှည်ရှည် ကိုယ်လုံးကိုပေါက်တောင့်တောင့်တင်းတင်းနဲ့ တခေါင်းလုံး ဖြူဖွေးနေသော အသက်ရှစ်ဆယ်အရွယ် လူကြီးတယောက် ရပ်နေ၏ ။ သူကတော့
အုပ်ချုပ်မှုရေးရာမှာ အကြီးအကဲဖြစ်တဲ့ အမတ်ချုပ် ဝူဖန်းပဲ ဖြစ်သည် ။

"... အရှင်မင်းကြီး...  ဟောင်ပန်ကို တောင်ဝင်မှုးမတ်ဘွဲ့ အပ်နှင်းလိုက်တဲ့ ကိစ္စက တကယ်ကိုမသင့်တော်ပါဘူး... "

တကယ့်ကိုမသင့်တော်ဘူး ဟုတ်လား... !

နိုင်ငံအတွင်းက မြောက်များစွာသော မှုးမတ် ၊ စစ်သူကြီးတွေကြားထဲမှာ စစ်သူကြီးချုပ် ဟောက်ထျန်နဲ့ အမတ်ချုပ် ဝူဖန်းတို့ နှစ်ယေညက်သာ ဘုရင်လူကျန်းကို အခုလိုလေသံမျိုးနဲ့ ပြောရဲတာပဲ ဖြစ်သည်။

"... အမတ်ချုပ်ကြီးပြောတာ မှန်ကန်ပါတယ်....အရှင်မင်းကြီး
ကျွန်တော်မျိုးတို့ တိုင်းပြည်ကိုစတင်တည်ထောင်လာကတည်းက
လူသုံးယောက်ထဲကိုသာ တော်ဝင်မှုးမတ်အဖြစ် ဂုဏ်ပြု သတ်မှတ်ခဲ့ပါတယ်...  အဲ့ဒီသုံးယောက်လုံးကလဲ ကျွန်တော်မျိုးတို့ တိုင်းပြည်ကို စတင်တည်ထောင်တဲ့ နေရာမှာ အဓိကကျတဲ့နေရာတွေကနေ ပါဝင်ခဲ့သူတွေကြီးပါပဲ... "
အုပ်ချုပ်ချုပ်အဖွဲ့ထဲက အမတ်တယောက်က ပြောလိုက်သည် ။

သူနောက်ကနေ ဆက်ကာ အမတ်တော်တော်များများကလဲ သူတို့အမြင်ကိုပြောကြားလိုက်သည် ။ တော်တော်များများကတော့ ဟောင်ပန်ကို တော်ဝင်မှုးမတ်ခန့်အပ်တဲ့ အပေါ် ကန်ကွက်ကျသူတွေကြီးပဲ
ဖြစ်သည် ။

".. တော်ပြီ ထပ်မပြောနဲ့တော့... "
တခြားမှုးမတ်တယောက်က လျှောက်တင်ဖို့ ကြိုးစားနေစဉ်မှာပဲ
နဂါးပုလ္လင်ထက်မှာ တချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေသော ဘုရင်လူကျန်းက သူထိုင်နေရာကနေ ရုတ်တရက်ထလိုက်ရင်း ပြောလိုက်သည်။

ဘုရင်လူကျန်းက  အမတ်ချုပ်ဝူဖန်းအပါအဝင် သူ့နောက်က အမတ်တွေအကုန်လုံးကို လက်ညှိုးထိုးလိုက်ရင်း ဒေါသတကြီးဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်
".... မောင်မင်းတို့အားလုံး ခွေးအီးပေါက်သလို တချိန်လုံးဟောင်ဖွာ ဟောင်ဖွာ လုပ်နေကြမှာလား... ! တကယ်ပဲ ခွေးအီပေါက်တာမှ နားထောင်ရကောင်းအုံးမယ်....   လူကျန်းဆိုတဲ့ငါက...  လူတောင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ်ပဲ...   ငါကြိုက်တဲ့သူ့က တော်ဝင်မှုးမတ်ရာထူးပေးမယ်ကွာ...  မင်းတို့သောက်ပူတပြားသားမှမပါဘူး.. နားလည်ပြီလား... "

ဝန်ကြီးတွေအကုန်လုံးလဲ ပါးစပ်အဟောင်သားဖြင့် ဘာပြန်ပြောရမလဲမသိဖြစ်ကုန်ကြသည် ။ နန်းတွင်ညီလာလံကျင်းပသော ဧည့်ခန်းဆောင်ကြီးတခုလုံးလဲ အပ်ကျသံတောင် ကြားနိုင်လောက်တဲ့ အထိတိတ်ဆိတ်သွားတော့သည် ။

ခွေးအီးပေါက်တာက ပိုပြီးနာဝင်ပီယံ ရှိတယ်ဟုတ်လား... !

ပုံမှန်တိုင်းဆို ဂုဏ်ကျက်သရေနဲ့ တည်တည်နေတတ်သော ဘုရင်လူကျန်းပါးစပ်ကနေ သာမန်လူတန်းစားတွေသုံးနှုန်းတဲ့ စကာလုံးမျိုး ထွက်ပေါ်လာပါလား....။ သူတို့အကုန်လုံးကို ကျိမ်ဆဲပြီး ခွေးအီးပေါက်သလိုမျိုးလို့တောင် သုံးနှုန်းလိုက်တယ်မဟုတ်လား... ။

လူတောင်းနန်တော်တွင်းမှာ ဟောင်ပန်ကိစ္စအရေး အငြင်းပွားနေကြစဉ် ရှောင်လုံတို့လူစုကတော့ အာရုံဦးမြို့ကိုဖြတ်သန်းကာ လူတောင်းနိုင်ငံရဲ့ နယ်စပ်တနေရာသို့ရောက်ရှိနေပြီပဲ ဖြစ်သည် ။

သူတို့ ခရီးဆက်နေတဲ့ လမ်းခရီးမှာပဲ ဘုရင်လူကျန်းက သာ့အဖေဟောင်ပန်ကို တော်ဝင်မှုးမတ်အဖြစ်ခန့်အပ်လိုက်သော သတင်းစကားကို ရှောင်လုံလက်ခံရရှိသည် ။ ရှောင်လုံကတော့ အဲ့ဒီကိစ္စတွေအပေါ
သိပ်ပြီးစိတ်ဝင်စားလေ့မရှိချေ.. ။ သူ့အတွက်တော့ သူ့အဖေကို လူတောင်းနိုင်ငံက တော်ဝင်မှုးမတ် ခန့်အပ်မခန့်အပ်ဆိုတာ သိပ်အရေးပါလှတဲ့ ကိစ္စတခုမဟုတ်ပေ ...။

သူ့ဒေါင်ရမ်းအင်ပါရာနိုင်ငံမှာ အခြေကျတာနဲ့ ရှောင်လုံက သူ့မိသားစုတွေအကုန်လုံးကို ဒေါင်ရမ်းအင်ပါရာနိုင်ငံသို့ခေါ်ဆောင်ကာ ဒေါင်ရမ်းအင်ပါရာ နိုင်ငံမှာပဲ အခြေကျနေထိုင်ဖို့ စိတ်ကူးထားလေသည်။

လဝက်လောက် ခရီးဆက်ပြီးနောက် ရှောင်လုံတို့လူစုက လူတောင်းနိုင်ငံ၏ တောင်ဘက်အစွန်ဆုံးနယ်စပ်မြို့ဖြစ်သော တောင်ဘက်တောင်ကြားမြို့ဆီသို့ရောက်ရှိလာကြသည် ။

တောင်ဘက်တောင်ကြားမြို့သို့ရောက်တော့  ဒိမြို့ရဲ့ မြို့တော်ဝန်
ဝေ့ရင်းနဲ့ သူ့ရဲ့ကိုယ်လုပ်တော်လေးတို့ရဲ့ နောက်ဆုံးအခြေအနေမြင်ကွင်းက ရှောင်လုံစိတ်ထဲကို ရုတ်တရုက်ဝင်ရောက်လာသည်။
ဝေ့ရင်းသေဆုံးသွားပြီးတဲ့နောက်ဘုရင်လူကျန်းက စွင်းရှန်း ဆိုတဲ့ လူတယောက်ကို တောင်ဘက်တောင်ကြားမြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့တာပဲ ဖြစ်သည်။

မြို့တော်ဝန်အဖြစ် တိုးမြှင်မခန့်အပ်ရသေးစဉ်အခါက စွင်းရှန်းက နယ်ခြားစောင့်တပ်ကို ဦးဆောင်နေသော စစ်သူကြီးတယောက်ပဲ ဖြစ်ကာ စစ်သူကြီးချုပ်ဟောက်ထျန်ရဲ့ လက်အောက်ငယ်သားတယောက်ဖြစ်သည် ။

ရှောင်လုံတို့လူစု တောင်ဘက်တောင်ကြားမြို့တော်ထဲသို့ရောက်တဲ့အခါမှာတော့ အချိန်အတော်လေးကိုလင့်နေပြီပဲ ဖြစ်သည် ။ ဒါကြောင့်မို့ ရှောင်လုံလဲ ဒီမြို့မှာပဲ တစ်ညလောက်အနားယူပြီးမှ သူတို့ခရီးကိုဆက်ကြဖို့ ဆုံးဖြတ်လိုက်သည် ။

ရှောင်လုံက သူရောက်နေတဲ့ သတင်းကို မြို့တော်ဝန် စွင်းရှန်းအား သွားပြောဖို့တော့ စိတ်ကူးမရှိချေ ...။ ရှောင်လုံတို့လူစုက မြို့တော်ဝန်အိမ်တော်နီးစပ်သောနေရာမှာ ရှိတဲ့ "...နွေးထွေးသော စားစရာ.." ဟု အမည်ရတဲ့ တည်းခိုဆောင်မှာ အခန်းလေးခန်းငှါးရမ်းကာ တညတာတည်းခိုလိုက်ကြသည် ။

ညကတဖြည်းဖြည်းနဲ့ ပိုမိုနက်ရှိုင်းလာ၏ ။ လမင်းကြီး၏အလင်းရောင်ကလဲ ရေလှိုင်းကြက်ခွပ်ကလေးတွေကဲ့သို့ လှိုင်းထရင်း တလောကလုံးကိုဖြန့်ကျက်တောက်ပနေသည် ။

ရှောင်လုံတယောက် သူ့အခန်းထဲမှာ တင်ပျင်ခွေထိုင်ရင်း အတွင်းအားကျင့်နေစဉ်မှာပဲ သူခေါင်းပေါ်က အမိုးကနေ တိုးညှင်းသော ခြေသံတခုကို ကြားလိုက်ရသည် ။ ရှောင်လုံလဲ သတိအနေအထားဖြစ်သွားကာ အခန်းအပြင်သို့ခုန်ထွက်လိုက်၏ ။ ခြေသံထွက်ပေါ်လာသောနေရာကို လှမ်းကြည့်လိုက်တော့ မျက်နှာဖုံးစွပ်အနက်ရောင်ကိုယ်ကျပ်အကျီဖြင့် လူနှစ်ယောက်ကိုမြင်တွေ့လိုက်လေသည်။ သူတိုနြှစ်ယောက်က ပေါ့ပါးလျင်မြန်စွာပဲ တည်းခိုဆောင်ရဲ့ အုတ်တံတိုင်းကိုကျော်လွန်ကာ မြို့တော်ဝန်အိမ်တော်ထဲသို့ ခုန်ဝင်သွားကြသည် ။

ရှောင်လုံ သူ့အခန်းအပြင်ဘက်ကိုရောက်လာချိန်မှာပဲ ကျောင်းရှု
ယူမင်းနဲ့ ဖေးဟိုတို့လဲ သူတို့အခန်းထဲကနေ အသီးသီးထွက်လာကြသည် ။

".. ဂိုဏ်းချုပ်... ကျွန်တော်တို့... ?"
ကျောင်းရှုက ရှောင်လုံအရှေ့သို့ လျှောက်လာရင်းမေးလိုက်သည်။

ရှောင်လုံက တည်ကြည်လေးနက်နေသော အသံဖြင့်
"..  ဘာတွေဖြစ်နေလဲဆိုတာကို ခနလောက်စောင့်ကြည့်ကြတာပေါ့..."

သူတို့စကားပြောနေစဉ်မှာပဲ မြို့တော်ဝန်အိမ်တော်အတွင်းသို့ ခိုးဝင်သွားကြတဲ့ ဝတ်စုံနက်နှစ်ယောက်က အဆောက်အဦးတခုရှေ့ကို ရောက်တော့ ရပ်တန့်လိုက်၏ ။ အဲ့နောက် ဝတ်စုံနက်တယောက်က သူ့အကျီရင်ဘတ်ထဲက ပိုက်ကဲ့သို့ အရာဝတ္ထုတခုကို ထုတ်ယူလိုက်ကာ အခန်းတခုအတွင်းသို့ မှုတ်သွင်းလိုက်၏ ။

ခနလောက်ကြာတော့ နောက်ထပ်ဝတ်စုံနက်တယောက်က အခန်းအတွင်းသို့ လျင်မြန်စွာဝင်ရောက်သွား၏ ။ သူပြန်ထွက်လာတဲ့အခါမှာတော့ သူ့ပုခုံးထက်မှ ရှည်မျောမျောအိတ်တလုံးကို ထမ်းလာသည်။

ဝတ်စုံနက်နှစ်ယောက်က သူ့တို့ပတ်ဝန်းကျင်းကို ဂရုတစိုက်အကဲခတ်လိုက်ကြကာ စောင့်ကြပ်နေသော အိမ်တော်စောင့်စသ်သားတွေကို
ကျော်ဖြတ်ပြီး အုတ်တံတိုင်းပေါ်သို့ ခုန်ကျော်လိုက်ကြသည်။

ရှောင်လုံတို့က ဝတ်စုံနက်နှစ်ယောက်ရဲ့ အပြုအမူကို သေချာစွာမြင်တွေ့လိုက်ကြရသည် ။ သူတို့အပြုအမူကို အကဲခတ်ရုံနဲ့ အခန်းထဲသို့ မေ့ဆေးမှုတ်သွင်းကာ အခန်းထဲက လူတယောက်ကို ခေါ်ဆောင်လာတယ်ဆိုတာကို သိနိုင်လေသည် ။

"...ကျောင်းရှု... ယူမင်း... ခင်ဗျားတို့နှစ်ယောက်ဒိနေရာမှာပဲ ခနလောက်စောင့်နေကြအုံး...  ဖေးဟိုနဲ့ ကျုပ်က သူတို့နောက်လိုက်ပြီး အကဲခတ်လိုက်အုံးမယ်.. "
ရှောင်လုံက ပြောလိုက်သည် ။

"... ဒါပေမယ့် ဂိုဏ်းချုပ်... !"
ကျောင်းရှု နဲ့ ယူမင်းက စိတ်မချသော အမူအရာဖြင့် ပြောလိုက်သည်။

".. စိတ်မပူပါနဲ့...  ဒါကငချွတ်လေးတွေပါ...  ဘာပြသနာမှ မရှိပါဘူး... "
ရှောင်လုံက သူတို့ကို စိတ်ချနေဖို့ပြောလိုက်သည်။

"...ကောင်းပါပြီ... ဂိုဏ်းချုပ်... "
နှစ်ယောက်လုံးက ရှောင်လုံစိတ်ဓတ်ကိုသိနေတာမို့ အလျော့ပေးလိုက်ကြသည် ။

အဲ့နောက်မှာတော့ ရှောင်လုံနဲ့ ဖေးဟိုလဲ အုတ်တံတိုင်းကိုခုန်ကျော်ကာ ဝတ်စုံနက်နှစ်ယောက် အနောက်သို့ တိတ်တဆိတ်လိုက်သွားကြသည် ။  အမှန်တိုင်းပြောရမယ်ဆိုရင် ရှောင်လုံက ဒီလိုမျိုး
တခြားသူတွေရဲ့ ကိစ္စမှာ ဝင်ရောက်စွက်ဖက်တာမျိုး ဝါသနာမပါချေ..။

ဒါပေမယ့် ဒီလူတွေက မြိူ့တော်ဝန်အိမ်တော်ထဲကို ခိုးဝင်ပြီး လူတယောက်ကို ဖမ်းဆီးသွားတာမဟုတ်လား... ။ ဒါကြောင့်မို့ ရှောင်လုံက စိတ်ဝင်စားပြီး ဒီလူတွေ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာကို သိချင်စိတ်ပြင်းပြသွားတာပဲ ဖြစ်သည် ။

ဒီကိစ္စရပ်တွေက အတော့ကို ရှုပ်ထွေးလိမ့်မယ်လို့ ရှောင်လုံကတွက် ဆလိုက်သည် ။

      ရှောင်လုံနဲ့ဖေးဟိုလဲ ဝတ်စုံနက်တွေရဲ့အနောက်ကနေ တချိန်လုံး လိုက်ပါသွားကြသည် ။ တနာရီနီးပါးလောက်ကြာတော့ ဝတ်စုံနက်နှစ်ယောက်က လူမနေတာကြာပြ်ီဖြစ်သော ဟောင်းနွမ်းနေတဲ့ ခြံဝန်းပျက်ကြီးထဲသို့ ဝင်သွားတာကိုရှောင်လုံတို့နှစ်ာက် မြင်တွေ့လိုက်ရသည်။

  ခြံဝန်းထဲမှာတော့ လူခြောက်ယောက် ရှိနေပြီး သူတို့က ဝတ်စုံနက်နှစ်ယောက် ပြန်အလာကို စောင့်ဆိုင်းနေဟန်တူသည် ။ ရှောင်လုံက သူတို့ဝတ်ဆင်ထားသောဝတ်စုံကို ကြည့်လိုက်တာနဲ့ ဒီလူတွေက ဓား
ကြ်ိးဂိုဏ်းက လူတွေမှန်း ချက်ချင်းသိသွား၏ ။

ဓားကြီးဂိုဏ်းပါလား... !

"... စီနီယာ အကိုဝေ...  !"
အဲ့ဒီအချိန်မှာ အထဲဝင်သွားသော ဝတ်စုံနက်နှစ်ယောက်က လူငယ်တယောက်ကို ခေါ်ပြီးနှုတ်ဆက်လိုက်ကာ သူတို့ကျောကုန်းပေါက ရှည်မျောမျော အဝတ်အိတ်ကိုဘေးသို့ ညင်ညင်သာသာ ချလိုက်သည် ။

လူငယ်က ပြန်မေးလိုက်သည်
"... ငါမှာလိုက်တဲ့လူရော... မင်းတို့ခေါ်လာနိုင်ရဲ့လား...?"
သူမျက်စိက ဝတ်စုံနက်နှစ်ယောက်ချလိုက်သော အိတ်ကို တချက်အကဲခတ်ရင်း ပြောလိုက်သည်။

"...စီနီယာ အကိုဝေ...  အကိုမှာတဲ့ အတိုင်း စွင်းရှန်း ရဲ့ သမီးက ဒီအိတ်ထဲမှာပါလာပါတယ် ..."
ဝတ်စုံနက်တယောက်က ပြုံးပြလိုက်ရင်းနဲ့ သူတို့စောစောက ဘေးနားချလိုက်သော အိတ်ကို လက်ညှိုးညွန်ပြလိုက်သည်
".. နောက်တနာရီလောက်နေရင်တော့ နှိုးလာမယ်ထင်တယ်.. "

ဝတ်စုံနက်စကားကိုကြားသော လူငယ်က ကျေနပ်သွားသလို ပုံစံဖြင့် ပြုံးလိုက်ကာ
"... မဆိုးဘူး... မင်းတော်တယ်.. "
အဲ့နောက်သူက အဝတ်အိတ်ဆီကို သွားကာ ချည်နှောင်ထားတဲ့ ကြိုးထုံးကို ဖြေလိုက်သည် ။ အဝတ်အိတ်ထဲကနေ အသက်၁၇ နှစ် ၁၈
နှစ်အရွယ် ချောမောလှပသော မိန်းမပျိုလေးတယောက် ပေါ်ထွက်လာသည် ။

".... ငါ့အဖေ အသတ်ခံလိုက်ရပြီးတဲ့နောက် ဒီအဖိုးကြီး စွင်းရှန်းကို
သူတို့က မြို့တော်ဝန်ရာထူးပေးအပ်လိုက်မယ်လို့ ငါမထင်ထားခဲ့ဘူး
ဒီအဖိုးကြီးက တော်တော့ကိုခေါင်းမာတယ်... ငါတို့ဓားကြီးဂိုဏ်းက ပူးပေါင်းဖို့ ကမ်းလှမ်းတာကို အကြိမ်ကြိမ်ငြင်းဆန်ခဲ့တယ်... အင်းလေ သူအတွက် ဘယ်ဟာကောင်းတယ်... ဘယ်ဟာဆိုးတယ်ကို
မခြွဲခားတတ်မှတော့ ....ဟီးဟီး.... စွင်းရှန်း မင်းရဲ့ အငယ်ဆုံးသမီးလေးက အတော့ကို ကိတ်ပြီး မှည့်နေတာပါလား...  ဒီညတော့ မင်းသမီးအငယ်ဆုံးလေး ဘယ်လို အရသာကိုပေးစွမ်းနိုင်မလဲဆိုတာ မြည်းစမ်းကြည့်ရတာပေါ့ကွာ... "

တခြားဂိုဏ်းသားတွေက လူငယ်စကားကိုကြားတော့ သရေတများများဖြစ်ကုန်ကြကာ လူငယ်ကို မနာလိုသောအကြည့်ဖြင့် ဝိုင်းကြည့်လိုက်ကြသည် ။

ရှောင်လုံလဲ လူငယ်ကို ခပ်လှမ်းလှမ်းကနေ မြင်တွေ့ပြီး အတော့ကိုအံသြသွားလေသည် ။ သူက အရင်မြို့တော်ဝန်ဟောင်း ရဲ့ သားဖြစ်ကာ ဓားကြီးဂိုဏ်းရဲ့ ဂိုဏ်းဝင်တယောက်ဖြစ်နေတဲ့ ဝေရှောင်ဒန်
ပဲ ဖြစ်သည် ။

ဝေရှောင်ဒန်က ဓားကြီးဂိုဏ်းသားတွေကိုလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်
"... မင်းတို့အားလုံးသွားလို့ရပြီ... အပြင်မှာ မျက်လုံးရှင်ရှင်နဲ့ စောင့်ကြပ်နေကြနော် ကြားလား... "
သူ့ကိုကြည့်ရုံနဲ့ စွင်းရှန်း သမီးအငယ်ဆုံးလေးကို အိမ်ပျက်ကြီးထဲမှာ
ပျော်ပါးရမယ့် အပေါ် အတော့ကိုစိတ်လှုပ်ရှားနေဟန်ပေါက်နေသည်။

"...ဟုတ်.. စီနီယာအကိုဝေ.. "
ဓားကြီးဂိုဏ်းသားတွေက မနာလိုအားကျနေသော လေသံဖြင့် ပြန်ဖြေလိုက်ကြသည် ။

သူတို့ပြန်ဖြေသံမဆုံးခင်ကလေးမှာပဲ တခြားအသံတခု ရုတ်တရက်ထွက်ပေါ်လာလေသည် ။အသံက ရုတ်တရက်ထွက်ပေါ်လာတာမို့ ဝေရှောင်ဒန်ရဲ့ ခန္ဓာကိုယ်က အံသြတုန်လှုပ်မှုကြောင့် အနဲငယ် တုန်ခါသွားသည် ။

သူအသံပေါ်ထွက်လာတဲ့နေရာကို လှည့်ကြည့်လိုက်တော့ အသက်၁၇ နှစ်လောက်အရွယ် လူငယ်တယောက်က သက်လတ်ပိုင်းအရွယ်လူကြီးတယောက်နဲ့အတူ သူတို့ရှိနေတဲ့နေရာကို အေးဆေးစွာ လျှောက်လှမ်းလာတာကိုမြင်တွေ့လိုက်ကြသည်။

ဝေရှောင်ဒန်က ချက်ချင်းဆိုသလိုပဲ နောက်သို့လှည့်ကာ ာတွကို အောက်စိုက်ထားလိုက်သည် ။

        @@@@@@--------------@@@@@@

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၆၀ ..... နေရာပေါင်းစုံကနေ ဝိုင်းရံခံရခြင်း

     
အပိုင်း ၁၆၀ ...  နေရာပေါင်းစုံကနေ ဝိုင်းရံခံရခြင်း

    ဝေရှောင်ဒန်က ရှောင်လုံနဲ့ ဖေးဟိုကို ခနလောက်အကဲခတ်ကြည့်လိုက်ပြီး သူနောက်က ဓားကြီးဂိုဏ်းသားတွေနဲ့အတူ ရှောင်လုံတို့နားသို့ လျှောက်လာသည် ။

".. မင်းက ဘယ်သူလဲ... ?"
ဝေရှောင်ဒန်က ရှောင်လုံမျက်နှာကိုတည့်တည့်စိုက်ကြည့်ရင်းနဲ့ မေးလိုက်သည် ။

သူမေးခွန်းမေးနေစဉ်မှာပဲ သူ့မျက်လုံးထောင့်ကနေ ဝတ်စုံနက်နှစ်ယောက်အား  စွင်းရှန်း သမီးကိုအဝတ်အိတ်ထဲအမြန်ပြန်ထဲ့လိုက်ဖို့
အချက်ပြလိုက်သည် ။ ရှောင်လုံက ဝတ်စုံနက်နှစ်ယောက်ရဲ့ တိတ်တဆိတ်လှုပ်ရှားမှုကို သတိပြုမိပေမယ့် ပါးစပ်ကထုတ်ဖော်မပြောပဲ
သူမျက်နှာပဲ ခပ်ရိရိ အပြုံးတခုပေါ်လာကာ ဝေရှောင်ဒန်ကို ပြောလိုက်သည်
"...ငါဘယ်သူလဲဆိုတော့ မင်း အသက်ကို ယူမယ့်လူတယောက်ပေါ့
..."

ငါအသက်ကိုကို နှုတ်ယူမယ့်သူ.... !

ဝေရှောင်ဒန် ရင်ထဲမှ အရမ်းစိုးရိမ်သွားပေမယ့် သူ့မျက်နှာထက်မှာတော့ သရော်ပြုံးတခုပေါ်ထွက်လာကာ
"... မင်းငါ့ကို လာနောက်နေတာလား... ? ငါတို့က ဓားကြီးဂိုဏ်းရဲ့ ဂိုဏ်းသားတွေနော်... "

".. ငါပုံစံက မင်းကိုနောက်နေတာနဲ့ တူလို့လား... သေချာကြည့်စမ်းပါအုံး... "
ရှောင်လုံက သူ့ပုခုံးကို တွန့်ပြရင်း ပြန်ပြောလိုက်သည်
"... ငါသတ်ချင်တဲ့သူကလဲ ဓားကြီးဂိုဏ်းရဲ့ ဂိုဏ်းသားတွေပဲ... "

ရှောင်လုံစကားပြောနေစဉ်မှာပဲ ဝေရှောင်ဒန်က သူ့လက်ကိုတချက်ခါယမ်းလိုက်သည် ။ အပ်ပေါင်းမြောက်မြားစွာက လေဟူန်ကိုခွင်းကာ ရှောင်လုံနဲ့ ဖေးဟိုဆီသို့ရောက်ရှိလာကြသည် ။ ဝေရှောင်ဒန် ပစ်ခွင်းလိုက်သော အပ်တွေက လရောင်အောက်မှာ စိမ်းမြမြ အရောင်တွေ ထွက်ပေါ်နေသည် ။ ဒီအပ်တွေကို ကြည့်ရုံနဲ့ ပြင်းထန်သော အဆိပ်တမျိုး သုတ်လိမ်းထားတယ်ဆိုတာကို သိနိုင်သည် ။

အဲ့မြင်ကွင်းကိုမြင်တော့ ရှောင်လုံကတချက်ပြုံးလိုက်ကာ သူရော ဖေးဟိုရောက သူတို့လက်ဝါးတွေကို လေထဲသို့ ပြိုင်တူရိုက်ထုတ်လိုက်သည် ။ သူတို့နှစ်ယောက်ရဲ့ လက်ဝါးဆီကနေ ပြင်ထန်သော လေးပြင်းတခုထွက်ပေါ်လာကာ အဆိပ်တွေအကုန်လုံး နေရာလွဲကုန်ကြပြီး
မြေကြီးပေါ်သို့ ကျရောက်သွားလေသည် ။

သူရဲ့ ချောင်းမြောင်းလုပ်ကြံမှုကို တဖက်လူနှစ်ယောက်က အသာအယာ တုန့်ပြန်ကာကွယ်နိုင်သွားတာကိုမြင်တော့ ဝေရှောင်ဒန်မျက်နှာက သွေးရောင်တွေပျောက်ဆုံးသွားကာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည် ။ အဲ့နောက်မှာတော့ ဝေရှောင်ဒန်ကသူ့နောက်မှာ ရပ်နေသော ဓားကြီးဂိုဏ်းသားတွေကိုတောင် အချက်မပေးတော့ပဲ နောက်သို့လှည့်ကာ တချို့ထဲ ထွက်ပြေးဖို့ ကြိုးစားလိုက်သည် ။

ကြောက်လန့်တကြားထွက်ပြေးသွားသောဘေလရှောင်ဒန်ကိုကြည့်ရင်း ရှောင်လုံက တချက်ပြုံးလိုက်သည် ။ အဲ့နောက် သူ့ခန္ဓာကိုယ်ကညလက်ရှိရပ်နေသောနေရာကနေ ပျောက်ကွယ်သွားကာ ဝေရှောင်ဒန်အရှေ့သို့ ရောက်ရှိသွားသည် ။

ဝေရှောင်ဒန်လဲ သူ့ရှေ့ကို သရဲတကောင်လို ရုတ်တရက်ရောက်လာလာသော ရှောင်လုံကိုကြည့်ရင်း ကြောက်လန့်တကြား လက်သီးတချက် ထိုးလိုက်သည် ။ ရှောင်လုံက ဝေရှောင်ဒန်ရဲ့ လက်သီးကို သာ့လက်ဝါးဖြင့် ဖမ်းဆုပ်ထားလိုက်သည် ။ အဲ့နောက် သူ့ဖမ်းဆုပ်ထားသော လက်သီးကို အနဲငယ်အားထဲ့ကာ ညစ်ချလိုက်သည် ။

အရိုးကျိုးသံ တဖျောက်ဖျောက်ထွက်ပေါ်လာကာ ဝေရှောင်ဒန်ရဲ့
နာကျင်စွာအော်ဟစ်သံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တခုလုံးကို ဖုံးလွမ်းသွားလေသည် ။

ရှောင်လုံရဲ့ အခုလက်ရှိ ခွန်အားနဲ့သာဆို သူ့နဲနဲလေးအားစိုက်လိုက်ရုံနဲ့ အနှစ်တထောင် သက်တမ်းရှိသော သစ်ပင်ကြီးတပင်ကိုတောင် ချိုးချေပစ်လိုက်နိုင်သည် ။ ဝေရှောင်ဒန်ဆိုရင်တော့ စကားထဲတောင် ထဲ့ပြောဖို့မလိုချေ... ။

ဝေရှောင်ဒန်လက်က အရိုးကို ချိုးပစ်လိုက်ပြီးတဲ့နောက် ရှောင်လုံက သူ့ကို သူ့နဂိုရပ်နေသောနေရာဆီသို့ ပြန်ပစ်လိုက်သည် ။ဝတ်စုံနက်နှစ်ယောက်အပါအဝင် တခြားဓားကြီးဂိုဏ်းသားတွေကလဲ ဖေးဟိုတိုက်ခိုက်မှုကို ခံလိုက်ရကာ သူတို့ဆီကနေလဲ အသဲခိုက်အောင် နာကျင်နေသော ညီးတွားသံတွေထွက်ပေါ်လာကြသည်။

သွေးညှီနံတွေက ညင်သာစွာတိုက်ခတ်နေသော လေပြည်လေညှင်းလေးတွေနဲ့အတူ မျောလွင့်သွားလေသည် ။ ဝေရှောင်ဒန်လဲ သူ့လက်အောက်ငယ်သားတွေဆီကနေ လာတဲ့ သွေးညှီနံတွေကို ရလိုက်ကာ သူမျက်နှာမှာ အရမ်းကိုကြောက်လန့်တုန်လှုပ်သွားတဲ့ပုံစံ
ပေါ်ပေါက်လာသည် ။

သူမတ်တပ်ရပ်နေတဲ့နေရာကနေ ဖင်ထိုင်ရက်ပြုတ်ကြသွားကာ
သွေးရောင်ပျောက်ဆုံးနေသောမျက်နှာဖြင့် မြေကြီးပေါ်မှာ လူးလှိမ့်နေရင်း အသနားခံလိုက်သည်
  "... ကျွန်တော့ကို မသတ်ပါနဲ့.... ကျွန်တော်အသက်ကိုချမ်းသာပေးပါဗျာ... စီနီယာတို့လိုချင်တာအကုန်လုံးကိုပေးပါ့မယ်... "

"...ငါတို့လိုချင်တာကိုပေးမယ်ဟူတ်လား... "
ရှောင်လုံက လှောင်ပြောင်သရော်လိုက်သည်
"...မင်းက ငါတို့ကိုဘာပေးနိုင်လဲဆိုတာ ပြောစမ်းပါအုံး....?"

ဝေရှောင်ဒန်လဲ ဘာပြန်ဖြေရမလဲမသိဖြစ်သွားပြီး ခနလောက် အံသြမှင်သက်သွားသည် ။ အဲ့နောက်
"... ကျွန်တော်တောင်းပန်ပါတယ်.. ကျွန်တော်ကိုသွားခွင့်ပေးကြပါ
စီနီယာတို့ ဘာခိုင်းခိုင်းလုပ်ပေးပါ့မယ်... "
ဝေရှောင်ဒန်က မြေကြီးကိုခေါင်းနဲ့ဆောင့်ရင်း အသနားခံလိုက်သည်။

ရှောင်လုံက အေးစက်စက်လေသံဖြင့် ထပ်ပြောလိုက်သည်
"... မင်းက မင်းအဖေထက်တောင်ပိုပြီး သရဲဘောကြောင်တာပဲကွ... "

"..ကျွန်တော့်အဖေ... ?" ဝေရှောင်ဒန်က သူ့အဖေနာမယ်ကိုထဲ့ပြောတာမြင်တော့ ခနလောက် အံသြမှင်သက်သွား၏ ။ ပြီးတော့ သူ့မျက်လုံးတွေက အံသြလွန်းလို့ ပြူးကျယ်လာကာ
"... မင်း...မင်းကို....."

"...ဟူတ်ပ... မင်းအဖေကိုသတ်ခဲ့တာ ငါပဲ... မင်းငါ့ကိုကလဲ့စားမချေချင်ဘူးလားကွ... ?" ရှောင်လုံက ပြုံးရင်းမေးလိုက်သည်
ဝေရှောင်ဒန်မျက်နှာမှာ ခံစားမှုပေါင်စုံ ဖြစ်ပေါ်လာကာ နောက်ဆုံးမှာတော့ သူ့ကကြိုးစား ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်
"... ဒီက အကိုလေးက နောက်နေပြန်ပါပြီ... "

ရှောင်လုံလဲ သူ့ခေါင်းကို တချက်ခါယမ်းလိုက်ကာ သူ့ရဲ့နတ်ဓားနှစ်လက်ကိုဆင့်ခေါ်လိုက်သည် ။ သူထပ်ပြီး အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ထပ်မပြောချင်တော့ပဲ သူရဲ့ဓားကိုင်လက်ကို တချက်လွှဲယမ်းလိုက်၏ ။ ရေခဲတမျှအေးစက်နေသော ဓားအလင်းတန်းနှစ်ခုထွက်ပေါ်လာကာ အလင်းတန်းတခုက ဝေရှောင်ဒန် လည်ပင်းကို ဖြတ်သန်းသွားပြီး နောက်တခုကတော့ သူ့မျက်ခုံးနှစ်ခုကြားသို့ ဖြတ်သန်းသွားလေသည် ။

ဝေရှောင်ဒန်က မျက်လုံးကြီးပြူးကျယ်လာပြီး တဆတ်ဆတ်တုန်ယင်လာကာ မြေကြီးပေါ်သို့လဲကျသွား၏ ။ မြေကြီးတခုလုံး ဝေရှောင်ဒန်သွေးတွေဖြင့် နီရဲသွားတော့သည် ။

"... ဂိုဏ်းချုပ်... ဒီကောင်မလေးကိုရော ဘယ်လိုလုပ်ကြမလဲ... ?"
ဖေးဟိုက တောင်ဘက်တောင်ကြားမြို့ ရဲ့ မြို့တော်ဝန်သမီကိုထဲ့ထားသော အဝတ်အိတ်ကို လက်ညှိုးညွန်ပြရင်းနဲ့ မေးလိုက်သည်။

"...သူမကို အရင်သယ်လာလိုက်.. "
ရှောင်လုံက တည်ကြည်နေသော လေသံဖြင့် ပြောလိုက်သည်။
"...ကောင်းပါပြီ ဂိုဏ်းချုပ်.. "

ခနလောက်အကြာမှာတော့ ရှောင်လုံနဲ့ ဖေးဟိုတို့နှစ်ယောက်က မြို့တော်ဝန်သမီးကို သယ်ဆောင်လာပြီး အိမ်အိုကြီးထဲကနေ ထွက်ခွာလာကြသည် ။ သိပ်မကြာခင်မှာပဲ သူတို့တည်းခိုနေသော တည်းခိုဆောင်သို့ ပြန်လည်ရောက်ရှိလာကြသည် ။

မေ့မျောနေသော ကောင်မလေးတယောက်နဲ့ အတူပြန်ရောက်လာတာမြင်တော့ ကျောင်းရှုနဲ့ ယူမင်းက ဖေးဟိုကို ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုမေးမြန်းလိုက်လေသည် ။ ဖေးဟိုက ဖြစ်ပျက်ခဲ့သမျှကို လေးလေးစားစား ပြန်လည်ပြောပြလိုက်၏ ။

သူတို့စကားပြောနေစဉ်မှာပဲ စွင်းရှန်းရဲ့ သမီးလေးက သတိပြန်ရလာသည် ။ သူမကို အပ်ရာထက်မှာ သိပ်ထားပြီး ဘေးနားမှာကျတော့ သူစိမ်းလူလေးယောက်ရှိနေတာကိုမြင်တော့ စွင်းရှန်းသမီးက အရမ်းကိုကြောက်လန့်သွားလေသည်
"... ရှင်... ရှင်တို့ဘယ်သူတွေလဲ...?  ဘာလိုချင်လို့ အခုလိုလုပ်တာလဲ.. ?"

ရှောင်လုံက ဖေးဟိုကို ရှင်းပြလိုက်ဆိုတဲ့ အကြည့်ဖြင့် တချက်လှမ်းကြည့်လိုက်သည် ။ဖေးဟိုလဲ ဒီညအတွင်းဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောင်းပြောပြလိုက်သည် ။

ဖေးဟိုရှင်းပြတာနားထောင်ပြီးနောက်မှာတော့ စွင်းရှန်းသမီးက အနဲငယ်စိတ်သက်သာရာရသွားပုံရသည် ။ဒါပေမယ့် ရှောင်လုံတို့အပေါ် သတိထားနေသောစိတ်ကိုတော့ မလျော့ချနိုင်သေးပေ...  ။ ဘာကြောင့်လဲဆိုတော့ သူမစိတ်ထဲမှာက ဖေးဟိုစကားကို တရာရာခိုင်နှုန်းမယုံကြည်နိုင်သေးပေ... ။

"... နင် ပြန်လို့ရပြီ... "
ရှောင်လုံက ပြောလိုက်သည် ။ ဒီကောင်မလေး သူတို့ကို ယုံကြည်ကြည် မယုံကြည်ကြည် ရှောင်လုံကတော့ သိပ်ဂရုမစိုက်ချေ... ။ အခုလိုဖြစ်ပျက်ခဲ့တာကလဲ အကျိုးအကြောင်းတိုက်ဆိုင်ခဲ့လို့ ဖြစ်ခဲ့ရတာမဟုတ်လား.. ။

"... ကျွန်မသွားလို့ရပြီ ဟူတ်လား... "
စွင်းလျန်က သံသယမကင်းသေးသော ပုံစံဖြင့် ထပ်မေးလိုက်သည်။
အဲ့နောက် သူမက သတိကြီးကြီးထားကာ တံခါးဝသို့လျှောက်သွားလိုက်သည် ။ အဲ့နောက်မှာတော့ သူမမသွားခင် အခန်းထဲက လူလေးယေက်ကို တချက်ပြန်ကြည့်လိုက်၏ ။

သူမက အခန်းထဲကနေ ထွက်လာပြီး တည်းခိုဆောင်အပြင်ဘက်သို့ ရောက်လာသည်အထိ ဘာအန္တရာယ်မှ မကြုံတွေတာကိုမြင်တော့
စိတ်သက်သာရာရသွားသလိုမျိး သက်ပြင်းတချက်မှုတ်ထုတ်လိုက်ကာ
ဒိနေရာကနေ ခပ်သုတ်သုတ်ထွက်သွားတော့သည်။ အဲ့နောက် လမ်းမတလျှောက် ခပ်သွက်သွက် အပြေးတပိုင်းလျှောက်လာကာ စွင်းလျန်က သူ့မရဲ့ မြို့တော်ဝန် အိမ်တော်သို့ ပြန်လည်ရောက်ရှိလာသည် ။

အဲ့ဒီအချိန်မှာ မြို့တော်ဝန်အိမ်တော်ထဲမှာလဲ စွင်းလျန်ပျောက်ဆုံးနေတာကို သတိပြုမိသွားကြပြီး အိမ်တော်တခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြလေသည် ။

ဟောခန်းထဲကနေ သူ့သမီးကိုရှာဖွေဖို့ ဒေါသတကြီးအမိန့်ပေးနေတဲ့ စွင်းရှန်းက သူ့သမီး ဘေမသီရန်မခပဲ ပြန်ရောက်လာတာမြင်တော့
စိတ်လှုပ်ရှားစွာဖြင့် မေးမြန်လိုက်သည်
  "... စွန်းလျန်.. သမီး.... ဘယ်လိုဖြစ်ရတာတုံး..."

စွင်းလျန်လဲ သူ့အဖေ မေးသံကြားတော့ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျဆင်းလာကာ ဖေးဟို ပြောသမျှ အကုန်လုံးကို ပြန်ပြောင်းပြောပြလိုက်သည် ။ 

"... ဓားကြီးဂိုဏ်းဟုတ်လား... ?"
စွင်းလျန် ပြောပြတာကို နားထောင်ရင် စွင်းရှန်းရင်ထဲက ဒေါသတွေပေါက်ကွဲထွက်လာကာ
"....ဒီကောင်တွေက ငါတို့ကို အင်အားနဲတယ်ဆိုပြီး အနိုင်ကျင့်လို့ရမယ်ထင်နေတာပေါ့လေ ..."

"... မြို့တော်ဝန်...  အဲ့ဒိလူလေးယောက်ကိုလဲ ကျွန်တော်မျိုးစိတ်ထဲမှာ သိပ်ပြီးမသင်္ကာဘူး .."
မြို့တော်ဝန်အိမ်ဂေဟာရဲ့ အိမ်တော်ထိန်းကြီးက ဝင်ပြောလိုက်၏
"... သူတို့အဆိုအရ ဝတ်စုံနက်နှစ်ယောက် သခင်မလေးကို ဖမ်းဆီခေါဆောင်သွားတယ်ဆို...  အဲ့ဒါဆို အဲ့ဒိအချိန်ထဲက သူတို့ကဘာလို့မတားဆီးရတာလဲ... ?သူတို့က သခင်မလေးကို ဝတ်စုံနက်နှစ်ယောက်က မြို့စွန်က အိမ်ပျက်ကြီးဆီကို ခေါ်ဆောင်သွားတဲ့ အချိန်ထိဘာလို့စောင့်ဆိုင်းနေကြတာလဲ ?  ..."

စွင်ရှန်း လဲ အိမ်တော်ထိန်ကြီးရဲ့ စကားအပေါ် မျက်မှောင်ကြုပ် စဉ်းစားလိုက်သည် ။
"... အခုသခင်မလေး ပြန်ပြောပြတာတွေက သူတို့ပါးစပ်ကစကားလေ... တကယ်တမ်းဘာတွေဖြစ်ခဲ့သလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ဘူးမဟုတ်လား... ?"
အိမ်တော်ထိန်း လူဝမ် ကထပ်ပြောလိုက်သည်
"... သူတို့ကိုယ်တိုင်က ဓားကြီးဂိုဏ်းသားတွေဖြစ်နေရင်ရော ဘယ်လိုလုပ်ကြမလဲ...  ဒါမှမဟုတ်လဲ သူတို့က သခင်မလေးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးမှ လုပ်ဇတ်ဆင်ပြီး သခင်မလေးကို ပြန်လွှတ်လိုက်ကာ ဓားကြီးဂိုဏ်းကို ချောက်တွန်းလိုက်တာလဲ ဖြစ်နိုင်ပါတယ်... "

စွင်းရှန်း မျက်လုံးကနေ စူးရှသောအလင်းတန်းတခုထွက်ပေါ်လာကာ
သူကအနောက်က အစောင့်ကိုလှည့်ကြည့်ရင်း အမိန့်ပေးလိုက်သည်
"... မင်းတို့လေးယောက် မြို့ရဲ့ မြောက်ဘက်အစွန်ကိုသွားပြီး အိပ်ပျက်ကြီးထဲမှာ ဓားကြီးဂိုဏ်းသားတွေရဲ့ အလောင်းရှိမရှိ သွားစစ်ဆေးလိုက်...  ကျန်တဲ့လူတွေကလဲ ငါနဲ့အတူ နွေးထွေးသောအရသာ တည်ခိုဆောင်ကို လိုက်ခဲ့ကြ.... "

"...သူတို့ပြောတာ မှန်နေရင်တော့ ကိစ္စမရှိဘူး... !"

"... သူတို့လေးယောက်က လုပ်ဇတ်ဆင်ပြီး ဓားကြီးဂိုဏ်းကို ချောက်တွက်ခဲ့တယ်ဆိုရင်တော့... !"
ပြောနေရင်းနဲ့ စွင်းရှန်း မျက်လုံးတွေက ပိုမိုစူးရှလာသည်။

သိပ်မကြာခင်မှာပဲ မြို့တော်ဝန်အိမ်တော်စောင့်တပ်က နွေးထွေးသောအရသာ တည်ခိုးဆောင်သို့ အဖက်ဖက်ကနေ ဝိုင်းရံပိတ်ဆို့ထားလိုက်ကြသည် ။

အနားက သာမန်ပြည်သူတွေလဲ မြို့စောင့်တပ်က တည်းခိုဆောင်ကို လာဝိုင်းတာမြင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည် ။

တည်းခိုဆောင်ထဲက အခန်းတခုအတွင်းမှာတော့ ဖေးဟိုက ရှောင်လုံကိုပြောလိုက်၏
"... သခင်လေး ပြောတာတကယ်မှန်တာပဲ... ဒီစွင်းရှန်းက သူ့သမီးကို ကျွန်တော်တို့ ကယ်ဆယ်ခဲ့တယ်ဆိုတာကို တကယ်မယုံတာပဲ.."

ရှောင်လုံက တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည် ။
တကယ်တမ်းပြောရမယ်ဆိုရင် စွင်းရှန်းက အခုလိုဖြစ်ပျက်ခဲ့တယ်ဆိုတာကို မယုံကြည်တာကလဲ သိပ်တော့မထူးဆန်းလှပေ.. ။ တခြားသူဆိုရင်လဲ စွင်းရှန်းလိုမျိုး အခုဖြစ်ပွားခဲ့တာအပေါ် ယုံကြည်ကြမှာ မဟုတ်ပေ.. ။

".. ဂိုဏ်းချုပ်.. ကျွန်တော်မျိုး ထွက်ပြီး ဖြေရှင်းလိုက်ရမလား?... "
ယူမင်းက အရှေ့သို့ထွက်ရင်း ရှောင်လုံသဘောထားကို မေးမြန်းလိုက်သည် ။ ရှောင်လုံကတော့  အေးဆေးသေ အမူအရာဖြင့် လက်ကာပြလိုက်သည်
"... ရပါတယ်.. မလိုသေးဘူး... "

သူတို့စကားပြောနေစဉ်မှာပဲ တည်းခိုဆောင်ရဲ့ တံခါးက ရုတ်တရက် ပွင့်ထွက်သွားကာ မြို့စောင့်တပ်စစ်သည်တွေက တည်းခိုဆောင်ထဲသို့ ကြမ်းကြမ်းတမ်းတမ်းဝင်ချလာသည် ။ အဲ့နောက်မှာတော့ မြို့တော်ဝန် ဟိတ်ဟန့်အပြည့်ဖြင့် စွင်ရှန်းပါလာလေသည် ။

စွင်းရှန်းက ရှောင်လုံတို့ အခန်းထဲသို့ ဝင်လိုက်သည်။ အခန်းထဲရောက်တော့ ရှောင်လုံကို မြင်တွေ့လိုက်ကာ သူမျက်နှာက အရမ်းကို အံသြတုန်လှုပ် မှင်သက်သွားလေသည် ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကယအကြာက စွင်းရှန်းတယောက် လူတောင်းနန်းတွင်းမြို့တော် စစ်သူကြီးချုပ်အိမ်တော်မှာ စစ်သူကြီးချုပ်ဟောက်ထျန်ထံသို့ စစ်မှုရေးရာ အကြောင်းအရာတွေအစီးရင်ခံဖို့ စစ်သူကြီးတယောက်နဲ့ အတူလိုက်ပါခဲ့ဘူးလေသည် ။ အဲ့အချိန်တုံးက သူက စစ်သူကြီးမဖြစ်သေးပဲ သာမန်ရိုးရိုး စစ်သားရာထူးနဲ့သာ ရှိနေသေးသည် ။

သူက  စစ်သူကြီးချုပ် အိမ်တော်ထဲကိုတောင် ဝင်ဖို့ အရည်အချင်းမရှိသေးပေ ။ ဒါကြောင်မို့ အိမ်တော်အပြင်ဘက်မှာပဲ သူ့ရဲ့ စစ်သူကြီးပြန်အလာကိုစောင့်ဆိုင်နေလေသည် ။ အဲ့ဒီအချိန်တုံးက သာကရှောင်လုံကို တခါမြင်ဘူးတာပဲ ဖြစ်သည် ။ အချိန်နေပြီဖြစ်ပေမယ့်
သူဦးနှောက်ထဲမှာတော့ မန်ေတနေ့ကိုလို ရှင်းရှင်းလင်းလင်းကို မှတ်မိနေလေသည် ။

စစ်သူကြီးချုပ် ဟောက်ထျန်က ဒီလူငယ်လေးရှေ့မှ. အရမ်းကိုလေးစားရိုကျိုးနေသော အမူအရာက သူ့ဦးနှောက်ထဲမှာ အခုအချိန်ထိ စွဲထင်နေခဲ့တာပဲ ဖြစ်သည် ။ အဲ့ဒါကြောင့် သူကသိချင်စိတ်ပြင်းပြသွားကာ စုံစမ်းကြည့်လိုက်တော့ အဲ့ဒီကောင်းလေးနာမယ်က ဟောင်ရှောင်လုံဆိုတာကို သူသိခဲ့ရသည် ။

"..... သခင်လေး... သခင်လေးဟောင် ..!"
စွင်းရှန်းအတွေးတွေက လွင့်မောနေရာကနေ လက်ရှိကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကာ သူမျက်နှာက ချက်ချင်းကိုပျက်သွားသည်။ သူဒူးခေါင်းတွေကလဲ ခွေကျမတန်ကိုဖြစ်နေသည် ။
"... ဒါ...ဒါဆို သခင်လေးဟောင်က ကျွန်တော်သမီးရဲ့ ကယ်တင်ရှင်ပေါ့.... "

သူတကယ်ပဲ ဟောင်ရှောင်လုံကို ဝိုင်းဖို့ စစ်တပ်ကိုပဲ ခေါ်ဆောင်ခဲ့တာပါလား... ? ဒီသတင်းကသာ စစ်သူကြီးချုပ် ဟောက်ထျန်ရဲ့ နားထဲရောက်သွားမယ်ဆိုရင် သူတော့ ငါးပါးမှောက်ပြီ မဟုတ်လား... သူအဆုံးသတ်ကို သူဘာသာသူတောင် မတွေးရဲပေ... ။ ပြီးနောက် သိပ်မကြာခင်မှာပဲ ဘုရင်မင်းမြတ် လူကျန်းက ဟောင်ရှောင်လုံ အဖေ ဟောင်ပန်ကို တော်ဝင်မှုးမတ်အဖြစ်ခန့်အပ်ခဲ့တာကိုသူသတင်းရထားတယ်လေ....  သူအထောက်တော်တွေရဲ့ အဆိုအရ ဘုရင်လူကျန်းက ဟောင်ပန်ကို ညီအကိုတယောက်သဖွယ်ရင်းရင်းနှီးနှီး ဆက်ဆံတယ်ဆိုတာကိုလဲ သူသိထားလေသည် ။

Continue Reading

You'll Also Like

256K 3.7K 94
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
19.5K 1.5K 40
Rinata come cattiva dell'Otome game, l'unico modo per schivare permanentemente il bad end è sposare letteralmente chiunque al di fuori del gioco. Per...
72.6K 2.1K 196
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
65.7K 3.4K 93
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...